အခန်း (၁၉၆-၂၀၀)
Vol. 8 Ch. 196-200
အပိုင်း (၁၉၆) ယန်အရည်စက်စုဆောင်းခြင်း
လွန်ခဲ့တဲ့ရက်တွေတုန်းက အနက်ရောင်အမှတ်အသား နေရာတွင် ယန်အမျိုးအစား အဖိုးတန်ရတနာတစ်ခုကို
သူအာရုံခံမိခဲ့သည်။ ဒါပေမယ့် ထိုနေရာက အနက်ရောင်အမှတ်အသား နေရာဖြစ်နေတဲ့အတွက် သူလက်လျှော့
ခဲ့ရသည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့တွင်ထိုနေရာကိုသွားရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။
ကျွန်းတစ်ခုလုံးကို အိတ်သွန်ဖာမှောက် လှန်လှောရှာဖွေပြီးသွားပြီဖြစ်သည်။ ဒါပေမယ့် အခုအချိန်ထိ
ယန်အရည်စက်၄၀၀မစုဆောင်း နိုင်သေးတဲ့အတွက် ထိုနေရာကိုသွားရုံကလွဲပြီး အခြားရွေးချယ်စရာ
မရှိတော့ချေ။ သူသိချင်တာတစ်ခုက ဘယ်လိုမိစ္ဆာသားရဲမျိုးက ထိုနေရာကိုစောင့်ကြပ်နေတာလဲဆိုတာပင်။
ထိုနေရာကို စောင့်ကြပ်နေတဲ့ မိစ္ဆာသားရဲက လွန်ခဲ့တဲ့ရက်တုန်းက တွေ့ခဲ့တဲ့ဧရာမလင်းယုန်ကြီးတွေလိုသာ
ဖြစ်မယ်ဆိုရင်တော့ သူ့တွင်ယန်မီးတောက်တောင်ပံ ရှိနေတယ်ဆိုရင်တောင်မှ လွတ်မြောက်လိမ့်မည်
မဟုတ်ချေ။ တစ်ရက်လောက ်အချိန်ဖြုန်းပြီးတဲ့အချိန်မှာတော့ ထိုနေရာကို ရန်ကိုင်ရောက်ရှိလို့လာခဲ့သည်။
ရန်ကိုင်က အင်းဆက်တွေကို ပြင်ဆင်ထားဖို့ အမိန့်ပေးထားလိုက်သည်။ ထိုအချိန်တွင် သူ့ရင်ဘတ်က
မူလယန်ကတုန့်ပြန်လာခဲ့သည်။ မူလယန်၏ တုန့်ပြန်ပုံအရ ထိုယန်အမျိုးအစား ရတနာက အဆင့်နိမ့်လိမ့်မည်
မဟုတ်ချေ။ ထိုရတနာကို သူသန့်စင်နိုင်ခဲ့ရင် လိုအပ်နေတဲ့ ယန်အရည်စက်၁၀၀စက်ကို ရရှိနိုင်လောက်
ပေသည်။ ရန်ကိုင်လည်း ရဲဆေးတင်လိုက်ပြီး တစ်လှမ်းခြင်းတစ်လှမ်းခြင်း လမ်းလျှောက်သွားလိုက်သည်။
လေထဲတွင် သွေးနဲ့တွေပျံ့နေခဲ့ပြီး နေရာတွင်မိစ္ဆာသားရဲ အရိပ်အယောင်ကို မြင်တွေ့နေရသည်။ ပေတစ်ထောင်
နားကို နီးကပ်လာပြီးတဲ့နောက်မှာတော့ သွေးနံ့ကပိုမိုထူထဲလာခဲ့ပြီး ရန်ကိုင်လည်း သူနဲ့မနီးမဝေးတွင်
ရှိနေတဲ့ အနက်နီရောင်ကျောက်တုံးကို မြင်တွေ့လိုက်ရသည်။ သူအာရုံခံစားနေရတဲ့ အဖိုးတန်ရတနာက
ထိုကျောက်တုံးပင်ဖြစ်သည်။
ထိုကဲ့သို့အရွယ်လောက် ရှိတဲ့ကျောက်တုံးနဲ့ဆိုရင် ယန်အရည်စက်၄၀၀ပြည့်အောင် စုဆောင်းဖို့အလွယ်လေးပင်
ဖြစ်သည်။ ထိုကျောက်တုံး သွေးတိုက်ပွဲဂိုဏ်းမိုင်းတွင်းနေရာတွင် တွေ့ရတဲ့ယန်ကျောက်တုံးတွေနဲ့
အတူတူဖြစ်ပြီး အရွယ်အစားပဲ ကွာခြားတာဖြစ်သည်။ ဂရုတစိုက်နဲ့ အရှေ့ကို ဆက်သွားလိုက်ပြီးနောက်
ကျော်ကတုံးအောက်ခြေတွင် လိုဏ်ဂူသေးသေးလုံး တစ်လုံးကိုတွေ့လိုက်ရပြီး ထိုလိုဏ်ဂူတွင်
မိစ္ဆာသားရဲတစ်ကောင်ရှိနေခဲ့ကာ ခရမ်းရောင်မျက်လုံးတစ်စုံက သူ့ကိုစိုက်ကြည့်နေခဲ့သည်။ ရန်ကိုင်လည်း
ရုတ်တရက် နှလုံးခုန်သံ မြန်သွားခဲ့ရသည်။ ဒါပေမယ့် မိစ္ဆာသားရဲက သူ့ကိုလာပြီးတိုက်ခိုက်မယ့်ပုံမပေါ်ပဲ
လိုဏ်ဂူထဲမှာသာ ဆက်ပြီးလဲလျောင်းနေခဲ့ပြီး သူ့ကိုရန်လိုစွာနဲ့ ကြည့်နေခဲ့သည်။
ထိုနေရာက သူ့နေရာဖြစ်သည်။ မိစ္ဆာသားရဲတွေက သူ့တိုနေရာကို အလွယ်တကူနဲ့ လက်လွတ်တတ်လေ့
မရှိကြပဲ နောက်ဆုံးမျှော်လင့်ချက်မရှိတော့မှသာ လက်လွတ်တတ်ကြသည်။ ပေသုံးရာအတွင်း သူရောက်လာ
တာနဲ့ မိစ္ဆာသားရဲက တစ်ချက်ဟိန်းလိုက်ပြီး ခရမ်းရောင်မျက်လုံးအစုံတွင် ရက်စက်တော့မည့် အရိပ်အယောင်
ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ကိုအနီးကပ်မလာဖို့ရာ သတိပေးနေခဲ့သည်။ ထိုမိစ္ဆာသားရဲ ဖြေးဖြေးချင်း ထလိုက်ပြီး
လိုဏ်ဂူအပြင်ကို ထွက်လာခဲ့သည်။
ထိုမိစ္ဆာသားရဲက ဧရာမဝံပုလွေတစ်ကောင်နဲ့ ဆင်တူပြီး သူ့ကိုယ်ပေါ်ကတော့ အမွှေးတွေကတော့
အနက်နီရောင်ဖြစ်နေခဲ့သည်။ ထိုဝံပုလွေအမြင့်က ပေ၂၀လောက်မြင့်ပြီး ရန်ကိုင်ကို စူးစိုက်ပြီး ကြည့်နေခဲ့သည်။
မမြင်နိုင်တဲ့ ဖိအားတစ်ခုက သူ့ကိုဝန်းရံလာခဲ့ပြီး ရန်ကိုင်ကို အသက်ရှုကြပ်လာစေခဲ့သည်။ အဆင့်၆
မိစ္ဆာသားရဲ….ထိုမိစ္ဆာသားရဲ ဧရာမလင်းယုန်ကြီးတွေထက် အားမနည်းတဲ့ အဆင့်၆မိစ္ဆာသားရဲတစ်ကောင်ပင်
ဖြစ်သည်။ ထိုကဲ့မိစ္ဆာသားရဲမျိုးနဲ့ ရင်ဆိုင်ရချိန် ရန်ကိုင်အဖို့အားကုန်ထုတ်သုံးရင်တောင်မှ ထိုမိစ္ဆာသားရဲကို
သတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုမိစ္ဆာသားရဲကို အာရုံစိုက်ထားရင်း ရန်ကိုင်က ကျောက်တုံးတစ်တုံးကို
ကောက်ယူလိုက်သည်။ ချက်ချင်းပဲ ထိုကျောက်တုံးကို မိစ္ဆာသားရဲဆီပစ်လိုက်သည်။
ထိုကဲ့သို့ ရန်စမှုမျိုးက မိစ္ဆာသားရဲကို လုံးဝဒေါသထွက်သွားစေခဲ့သည်။ ချက်ချင်းပဲ ဝံပုလွေမျက်လုံးထဲ
အနီရောင်လက်သွားတာကို ရန်ကိုင်မြင်တွေ့လိုက်ရပြီး ထိုမိစ္ဆာသားရဲက ပေသုံးရာကိုမျက်တောင်တစ်ခတ်
အတွင်းဖြတ်သန်းလာကာ ရန်ကိုင်ညာဘက်နားသို့ ရောက်လာခဲ့သည်။မြန်လွန်းတယ်ရန်ကိုင်လည်း ဖြူလျော်
သွားခဲ့ပြီး တုန့်ဆိုင်းနေခြင်းမရှိပဲ ချက်ချင်းလှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ ထွက်ပြေးတော့သည်။
သူ့နောက်ကနေ လေတိုးသံတွေကို ကြားနေခဲ့ရသည်။ မိစ္ဆာသားရဲ့ သူ့ဆီတဖြည်းဖြည်းနီးကပ်လာခဲ့ပြီး
ရန်ကိုင်တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့ရသည်။ ရေခဲတမျှအေးစက်မှုက သူ့ကျောရိုးတစ်လျှောက်
ဖြတ်ပြေးသွားခဲ့ပြီး သူ့အရှိန်ကိုအဆုံးစွန်မြင့်ကာ ချက်ချင်ထွက်ပြေးတော့လေသည်။
‘‘သခင်လေး၊ အခြေအနေမကောင်းဘူ။ အဲ့ကောင်လိုက်မှီလာတော့မယ် ’’ နတ်ဆိုးအိုကြီးက ထိတ်လန့်တကြား
အော်ဟစ်လိုက်သည်။ ‘‘ အဲ့လိုဆိုရင် ကူညီပေးဦး ’’ ရန်ကိုင်လည်း ချက်ချင်းဝရုန်းသုန်းကာ ထွက်ပြေးလာရတာ
ဖြစ်တဲ့အတွက် စဉ်းစားချိန်မရှိခဲ့ချေ။ နတ်ဆိုးအိုကြီးလည်း ဝိဉာဉ်ဖျက်ဆီးခြင်း အရိုးထဲဝင်ရောက်သွားခဲ့ပြီး
အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် ဝံပုလွေသားရဲဆီ တိုးဝင်သွားလိုက်သည်။ ထိုမိစ္ဆာသားရဲက
ချက်ချင်းပဲ ပါးစပ်ဟကာ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကို ကိုက်ချုလိကသ်ည်။ နတ်ဆိုးအိုကြီးလည်း
တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ အော်တော့လေသည်။ ကံကောင်းစွာနဲ့ပဲ
ဝံပုလွေက ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကို မဝါးနိုင်တဲ့အတွက် ပြန်ထွေးထုတ်လိုက်သည်။
ဒါပေမယ့် နတ်ဆိုးအိုကြီးကတော့ ကြောက်လန့်နေတုန်းပင်။ ထိုခဏတာတုန့်နှေးမှုကြောင့် ရန်ကိုင်လည်း
ဝံပုလွေသားရဲနှင့် အကွာအဝေး အနည်းငယ်ခြားနိုင်ခဲ့သည်။ မီတာ၃၀၀လောက် ပြေးပြီးတဲ့အချိန်မှာတော့
သူစီစဉ်ထာခဲ့တဲ့နေရာကို ရောက်လာခဲ့ပြီး ရန်ကိုင်လည်း ဆက်ပြီးမပြေးတော့ပဲ ပြန်လှည့်ကာမိစ္ဆာသားရဲကို
စိုက်ကြည့်လိုက်သည်။ ရန်ကိုင်ပုံရိပ်က လက်ခနဲဖြစ်သွားခဲ့ပြီး ပေအနည်းငယ်အကွာတွင် ပြန်ပေါ်လာခဲ့သည်။
သူခြေမချရသေးခင်မှာပဲ ဝံပုလွေကသူ့ဆီတစ်ဟုန်ထိုး ပြေးဝင်လာခဲ့သည်။ ထိုဝံပုလွေ၏အမြန်နှုန်းက
ကောင်းကင်ဝါးမြိုခြင်းအင်းဆက်အောက် မနိမ့်ချေ။ ရန်ကိုင်လည်း တုန့်နှေးမနေရဲပဲ ချက်ချင်းပဲ
လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ ဝံပုလွေသားရဲကို ရှောင်ရှားလိုက်သည်။ ထိုအချိန်တွင ်နတ်ဆိုးအိုကြီး
လည်း ဝင်ရောက်တိုက်ခိုက်လိုက်ပြီး ဝံပုလွေအာရုံကို ရန်ကိုင်ဆီမှ လွှဲပြောင်းစေလိုက်သည်။
ရန်ကိုင်အဖို့ အရှင်လတ်လတ် ဝါးစားခံရခြင်း အကြိမ်များစွာ သီသီလေး လွတ်မြောက်ခဲ့ရသည်။ အခုအချိန်တွင်
ရန်ကိုင်တစ်ကိုယ်လုံး ချွေးအေးတွေနဲ့ စိုရွှဲနေခဲ့သည်။ ချီပြောင်းလဲခြင်းအဆင့်၉နဲ့ အဆင့်၆မိစ္ဆာသားရဲကို
ရင်ဆိုင်ဖို့ကြိုးစားတာက တကယ်ကို ရူးမိုက်တဲ့လုပ်ရပ်တစ်ခုပင်ဖြစ်သည်။ သူ့ရဲ့လှုပ်ရှားမှုပညာရပ်ကြောင့်သာ
မဟုတ်ရင် မိစ္ဆာသားရဲသတ်လို့ သူသေသွားခဲ့တာ ကြာလောက်ပြီဖြစ်သည်။ ဒါပေမယ့် ကျွန်းပေါ်က
ထွက်သွားဖို့ဆိုရင်လည်း အခုလိုလုပ်မှပဲ ရပေလိမ့်မည်။ အမွှေးတိုင်တစ်တိုင်စာလောက်ကြာအောင ်
ပတ်ပြေးပြီးတဲ့အချိန်မှာတော့ ရန်ကိုင်ကပြုံးလိုက်ပြီး ယန်မီးတောက်တောင်ပံကိုသုံးကာ ကောင်ကင်ပါ်
ပျံသန်းသွားလိုက်သည်။
‘‘နတ်ဆိုးအိုကြီး၊ အဲ့ကောင်ကိုအင်းဆက်တွေနဲ့အတူတူ အလုပ်ရှုပ်အောင ်လုပ်ထားလိုက်ဦး။ ငါအရင်
ထွက်သွားလိုက်ဦးမယ် ’’ ပြောပြီးတာနဲ့ ရန်ကိုင်လည်း ယန်ကျောက်တုံးကြီးရှိတဲ့နေရာကို ပျံသန်းသွား
လိုက်သည်။ ‘‘ သခင်လေး၊ မြန်မြန်လုပ်။ အဲ့ကောင်ကြီးက ဒီအစေံအိုကြီးကို မျိုချမှာကြောက်တယ်’’
နတ်ဆိုးအိုကြီးလည်း တုန်လှုပ်ခြောက်ခြားနေခဲ့သည်။ နတ်ဆိုးအိုကြီးကဝိဉာဉ်ဖျက်ဆီးခြင်းအရိုးထဲတွင်
ရှိနေတဲ့အတွက် အန္တရာယ်ကင်းပေမယ့် ထိုကောင်ကြီးမျိုချတာခံရမှာကိုတော့ ကြောက်မိနေတုန်းပင်။
မိစ္ဆာသားရဲက ရန်ကိုပျံသန်းသွားတဲ့ဘက်ကို တွေ့လိုက်ပြီး ထိုလူသားက သူ့အိမ်ကိုအပိုင်သိမ်းချင်နေတယ်
ဆိုတာသိလိုက်တဲ့အတွက် ဟိန်းသံပေးလိုက်ပြီး ရန်ကိုင်သွားတဲ့ဘက်ဆီပြေးသွားလိုက်သည်။ ဒါပေမယ့်
ပြေးပြီးသိမ်မကြာခင်မှာပဲ ထူးခြားတဲ့မြူခိုးထုကြီးကို ရင်ဆိုင်လိုက်သည်။ ဝံပုလွေလည်း ထိုမြူခိုးထုအကြောင်း
မသိတဲ့အတွက် မြူခိုးထုကို ပြေးဝင်သွားလိုက်သည်။ ချက်ချင်းပဲ နာကျင်စွာအော်မြည်သံနှင့်အတူ
ဝံပုလွေလည်း မြူခိုးထုထဲကနေ ပြန်ပြေးထွက်လာခဲ့ပြီး မြူခိုးထုကြီးကို ကြောက်လန့်တုန်လှုပ်စွာနဲ့
စိုက်ကြည့်နေခဲ့သည်။
ထိုမြူခိုးထုက အဆင့်၆မိစ္ဆာသားရဲကို တိုက်စားနိုင်ပေသည်။ ဒါပေမယ့် ဝံပုလွေကလည်း လည်ပေသည်။
မြူခိုးက သူသွားမယ့်လမ်းကို ပိတ်နေတယ်ဆိုတာ သိလိုက်တာနဲ့ ချက်ချင်းပဲ ပြန်လှည့်ပြီး အခြားလမ်းကနေ
သွားဖို့လုပ်လိုက်သည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ မြူခိုးထုထဲ သူပိတ်မိနေပြီဆိုတာသိလိုက်သည်။
ပေတစ်ထောင်ပတ်လည်အကျယ်အဝန်း တစ်ခုလုံးကို မြူခိုးတွေနဲ့ ဝန်းရံနေခဲ့သည်။ ဒါက ထိုမိစ္ဆာသားရဲက
မြူခိုးထုထဲ ပိတ်ထားပြီး ယန်မီးတောက်တောင်ပံသုံးကာ ထွက်ပြေးဖို့လုပ်ထားတဲ့ ရန်ကိုင်၏အကြံအစည်ပင်
ဖြစ်သည်။ အစကတည်း ဝံပုလွေကို သတ်ဖို့သမစီစဉ်ထားခဲ့ချေ။ ပြီးတော့ အဆင့်၆မိစ္ဆာသားရဲကိုသတ်ဖို့လည်း
သူ့တွင်ခွန်အားအလုံအလောက် မရှိချေ။ ထို့ကြောင့် ဝံပုလွေကိုထောင်ပိတ်ထားဖို့သာ စီစဉ်ထားခဲ့တာဖြစ်သည်။
သိပ်မကြာခင်မှာပဲ တဝှီဝှီမြည်သံနှင့်အတူ အင်းဆက်အုပ်ကြီးက ဝံပုလွေဆီအကြောက်အလန့်မရှိ ဝင်ရောက်
တိုက်ခိုက်တော့သည်။ ဝံပုလွေသားရဲက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့တစ်ကိုယ်လံးမီးတောက်လာ
ခဲ့ကာ သူ့နားကပ်လာတဲ့ အင်းဆက်မှန်သမျှ အင်းဆက်ကင်ဖြစ်သွားခဲ့ရသည်။ နတ်ဆိုးအိုကြီလည်း ဝံပုလွေ
သားရဲအနားတိုးကပ်မသွားရဲခဲ့ပဲ လေပေါ်ဝဲနေကာ ဝံပုလွေကိုအာရုံမစိုက်နိုင်အောင် နှောင့်ယှတ်နေခဲ့သည်။
အခြားတစ်ဖက်မှာတော့ ရန်ကိုင်က ယန်ကျောက်တုံးကြီးဆီ ပျံသန်းသွားလိုက်ပြီး ကျောက်တုံးပေါ်လက်တင်ကာ
ယန်ချီတွေကို စတင်စုပ်ယူတော့လေသည်။
ထိုယန်ကျောက်တုံးကြီးထဲ ယန်စွမ်းအင်အရည်အသွေးက ယန်ကျောက်တုံးတွေထဲက ယန်စွမ်းအင်ထက်
အများကြီးပိုကောင်းပေသည်။ ဝံပုလွေက ဒီနေရာကိုသူ့အိမ်လုပ်ထားတာလည်း အံ့သြစရာမရှိချေ။
ယန်ချီတွေသူ့ခန္ဓာကိုယ်ထဲကို လိုှုင်းလုံးပမာစီးဝင်လာခဲ့ပြီး သူ့သွေးကြောတွေတောင် ဖောင်းကားလာခဲ့သည်။
တောက်….
မျက်တောင်တစ်ခတ်အတွင်း ယန်အရည်စက်တစ်စက် ဖြစ်သွားခဲ့သည်။
တောက်…တောက်….
သူ့တစ်ဘဝလုံးတွင် အခုလိုနားဝင်ချိုတဲ့အသံမျိုး တစ်ခါမှမကြားဖူးခဲ့ချေ။ သူ့ဒန်တန်ထဲက ယန်အရည်စက်က
တစ်ဟုန်တိုးတိုးဟွားလာခဲ့သည်။ ၃၂၀စက်…၃၅၀စက်…..၃၈၀စက်…..
အစက်၄၀၀ပြည့်ပြီးတဲ့အချိန်မှာတော့ သူ့ရည်ရွယ်ချက်လည်း ပြီးမြောက်သွားခဲ့ပြီဖြစ်သည်။ ဒါပေမယ့်
ယန်ကျောက်တုံးကြီး၏ ဆယ်ပုံတစ်ပုံကိုသာ စုပ်ယူရပေးသေသည်။ ထို့ကြောင့် ရန်ကိုင်လည်း မရပ်တန့်ခဲ့ပဲ
ဆက်ပြီးစုပ်ယူနေလိုက်သည်။ ဝံပုလွေ၏အော်မြည်သံက ပိုပြီးကျယ်လောင်လာခဲ့ပြီး အော်သံထဲတွင်
ဒေါသစိတ်၊ သတ်ဖြတ်ချင်စိတ်တို့ ပါဝင်နေခဲ့သည်။ ဝံပုလွေမိစ္ဆာသားရဲတစ်ကောင်ဖြစ်တဲ့အတွက်
မြူခိုးထုက သူ့ကိုလုံးလုံး မတားဆီးနိုင်ချေ။ တစ်ခဏတာလောက်သာ တားဆီးနိုင်ပေသည်။
တစ်ခဏအတွင်း ရန်ကိုင်ဒန်တန်ထဲတွင ်ယန်အရည်စက်၅၀၀စက်ရှိသွားခဲ့ပြီဖြစ်သည်။ ထိုအရည်အတွက်
ပင်လယ်မြို့တော်ကို ပျံသန်းဖို့လုံလောက်ပေသည်။ ထိုအချိန်တွင် အနက်ရောင်မြူခိုးတစ်ခုက ရန်ကိုင်ဆီ
ပျံသန်းလာခဲ့ပြီး နတ်ဆိုးအိုကြီးက ရန်ကိုင်ကိုစိုးရိမ်တကြီး အော်ဟစ်လိုက်သည် ‘‘ သခင်လေး၊ မြန်မြန်ပြေးတော့။
ဟိုကောင်ထွက်လာပြီ ’’ သူပြောလို့မပြီးသေးခင်မှာပဲ အနီရောင်အရိပ်တစ်ခုက သူ့ဆီလျင်မြန်စွာနဲ့
ချဥ်းကပ်လာနေတာကို ရန်ကိုင်တွေ့လိုက်ရသည်။ ပေတစ်ထောင်….ပေငါးရာ….ပေသုံးရာ…….ဝံပုလွေသားရဲ
ကလေအလား ရန်ကိုင်ဆီပြေးလာခဲ့သည်။
ရန်ကိုင်လည်း ယန်မီးတောက်တောင်ပံကို သုံးကာချက်ချင်းပျံတက်လိုက်ပြီး ဝံပုလွေသားရဲဆီကနေ
ကောက်ကာငင်ကာလေး လွတ်မြောက်သွားခဲ့သည်။ သူငုံ့ကြည့်လိုက်တဲ့အချိန် ခရမ်းရောင်မျက်လုံးအစုံက
သူ့ကိုမုန်းတီးစွာနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။ ရန်ကိုင်ကပြုံးဖြီးဖြီးလုပ်ရင်း ‘‘ ကျေးဇူးပါပဲကွာ။
ငါလည်းမင်းကျောက်တုံးထဲ ယန်စွမ်းအင်အများကြီး မယူခဲ့ပါဘူ။ ငါယူတာမှဆယ်ပုံနှစ်ပုံလောက်ပဲ
ရှိတာကို ဘာလို့အဲ့လောက်ဒေါသထွက်နေရတာလဲ မသိဘူး ’’ ဝံပုလွေသားရဲကလည်း ရန်ကိုင်ပြောတာကို
နားလည့်သည့်အလား ပိုပြီးဒေါသထွက်လာခဲ့ပြီး ထပ်ကာထပ်ကာ ဟိန်းဟောက်နေခဲ့သည်။
ရန်ကိုင်လည်း ယန်မီးတောက်တောင်ပံသုံးကာ ချက်ချင်းထွက်သွားလိုက်တော့သည်။ ဝံပုလွေသားရဲကလည်း
သူ့ရန်သူကို လက်မဖမ်းနိုင်မှန်းသိတဲ့အတွက် ရန်ကိုင်နောက်ကို မလိုက်ခဲ့ချေ။ ရန်ကိုင်လည်း အသက်ရှင်
ကျန်နေတဲ့အင်းဆက်တွေကို ဦဆောင်ကာတောင်ထွတ်ဆီသွားလိုက်သည်။ နှစ်ရက်ကြာပြီးနောက်
တောင်ထွတ်ဆီရန်ကိုင်ရောက်လာခဲ့ပြီး လိုဏ်ဂူထဲကို ဝင်သွားလိုက်သည်။ ထို့နောက် ကျောက်တုံးစင်မြင့်ပေါ်က
ရတနာတွေကို တစ်ခုပြီးတစ်ခုယူလိုက်သည်။ ဒါပေမယ့် ထိုရတနာတွေကို မသန့်စင်ရဲခဲ့ချေ။ သူအသုံးမပြု
နိုင်ပေမယ့် နောင်ပိုင်းကျရင်တော့ ထိုရတနာတွေက အသုံးဝင်ကောင်း အသုံးဝင်လာနိုင်ပေသည်။
သူ့တွင် ယန်အရည်စက်အလုံအလောက် ရှိသွားပြီဖြစ်တဲ့အတွက် ပင်လယ်မြို့တော်ကို ပြန်ဖို့
အချိန်ကျခဲ့ပြီဖြစ်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၇) ရှေးဟောင်းတိမ်တိုက်ကျွန်း
အဆုံးမရှိတဲ့ ပင်လယ်ပြင်ထက်တွင် ပုံရိပ်တစ်ခုတစ်ခုက အလျင်အမြန် ပျံသန်းနေခဲ့သည်။ ထိုပုံရိပ်နောက်ကျော
ဘက်တွင ်တောင်ပံနှစ်ခုရှိနေခဲ့ပြီး တောင်ပံတစ်စုံလုံးက မီးတောက်တွေနဲ့ ဖုံးလွှမ်းနေခဲ့သည်။ ရန်ကိုင်
ကျွန်းကနေ ထွက်လာခဲ့တာ တစ်ရက်ရှိသွားခဲ့ပြီဖြစ်သည်။ ကျွန်းပေါ်က ရတနာကို သယ်ပြီးပျံသန်းနေရတာ
ဖြစ်တဲ့အတွက် တော်တော်လေး ဒုက္ခရောက်ပေသည်။ သူသယ်လာခဲ့တာတွေကို ပင်လယ်ထဲပစ်ချချင်တဲ့
အကြိမ်များစွာရှိခဲ့ပေမယ့်လည်း သူမလုပ်ရက်ခဲ့ချေ။ သူ့ဒန်တန်ထဲက ယန်အရည်စက်တွေကလည်း
အလျင်အမြန်ကုန်ဆုံးနေခဲ့သည်။ တစ်ရက်လောက် ပျံသန်းပြီးချိန်မှာတော့ ယန်အရည်စက်၂၀၀စက်
ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူသေချာပြင်ဆင်ခဲ့တာကြောင့်သာ မဟုတ်ရင် ပင်လယ်မြို့တော်မရောက်ခင်မှာပဲ
ပင်လယ်ထဲ ပြုတ်ကျပြီး မိစ္ဆာသားရဲစားတာ ခံရမှာပဲဖြစ်သည်။
အင်းဆက်တွေကိုလည်း ကျွန်းပေါ်တွင်ထားခဲ့ရပေသည်။ ထိုအင်းဆက်တွေက အလွန်နာခံပြီး အသုံးဝင်ပေမယ့်
ထိုအင်းဆက်တွေကို သယ်သွားမယ့်နည်းလမ်းမရှိတဲ့အတွ့် ကျွန်းပေးမှာသာ ချန်ထားရစ်ခဲ့ရသည်။
သူ့အတွက်သတင်းကောင်းကတော့ ရာသီးဥတုက သာယာကောင်းမွန်နေခဲ့ပြီး မုန်တိုင်းတွေနဲ့ မကြုံ့တွေခဲ့
ရခြင်းဖြစ်သည်။ မရမ်းမနားပျံသန်းပြီးတဲ့အချိန်မှာတော့ ရန်ကိုင်မောပန်းလာခဲ့သည်။ သူ့ဒန်တန်ထဲတွင်
ယန်အရည်စက်တွေရှိသလို သူ့စိတ်ဝိဉာဉ်ကလည်း မပင်ပန်းပေမယ့် သူ့ပြင်ပခွန်အားကတော့
လျော့နည်းလာခဲ့ပြီဖြစ်သည်။ သူ့စိတ်ဝိဉာဉ် မပင်ပန်းရတဲ့အကြောင်းအရင်းက ဝိဉာဉ်ကြာပန်းကြောင့်ဖြစ်မယ်လို့
ရန်ကိုင်ခန့်မှန်းလိုက်သည်။ ထိုဝိဉာဉ်ကြာပန်းက သူ့စိတ်ဝိဉာဉ်ကို အဆက်မပြတ် အားဖြည့်ပေးနေတဲ့အတွက်
သူ့စိတ်ဝိဉာဉ်က မပင်ပန်းရခြင်းဖြစ်သည်။
အချိန်အတော်ကြာ ပျံသန်းပြီးနောက ်သူ့ရှေ့မိုင်ငါးဆယ်အကွာတွင် ကျွန်းအနားသတ်ကို တွေ့လိုက်ရပြီး
စိတ်လှုပ်ရှားသွားခဲ့သည်။ သိပ်မကြာခင်မှာပဲ ထိုနေရာကိုရောက်လာခဲ့ပြီး ခြေချလိုက်သည်။ ထိုနေရာကို
ကျွန်းလို့မခေါ်နိုင်ပေ။ ထိုနေရာက ပင်လယ်ပြင်ထက် ထိုးထွက်နေတဲ့ ပေအနည်းငယ်ကျယ်တဲ့ ကျောက်ဆောင်
တစ်ခုဖြစ်သည်။ ရန်ကိုင်လည်း ထိုအခြင်းအရာကို ဂရုစိုက်မနေတော့ပဲ အထုတ်တွေကိုပစ်ချလိုက်ပြီး
အနားယူနေလိုက်သည်။ အချိန်တော်တော်ကြာ အနားယူပြီးတဲ့အချိန်မှာတော့ ရန်ကိုင်လည်း အနည်းငယ်
အားပြန်ပြည့်လာခဲ့သည်။ ‘‘သခင်လေး စိတ်မပူပါနဲ့။ သခင်လေးက အစစ်အမှန်ဒြပ်စင်အဆင့် မရောက်သေး
လို့သာ ။ အစစ်အမှန်ဒြပ်စင်အဆင့်ရောက်ရင် အစစ်အမှန်ချီကိုအကာအရံအဖြစ် အသုံးပြုလို့ရတဲ့အတွက်
ခရီးဝေးတွေ ပျံသန်းရတာ ကိစ္စမရှိတော့ဘူး ’’ နတ်ဆိုးအိုကြီးက ရန်ကိုင်ကိုနှစ်သိမ့်ပေးလိုက်သည်။
‘‘ ပျံသန်းနိုင်တဲ့ ရတနာတွေရှိတဲ့ အစစ်အမှန်ဒြပ်စင်အဆင့်တွေ အဲ့ရတနာတွေကို ဘာလို့အသုံးပြုဖို့
ပြင်းဆန်လဲဆိုတာ အခုမှပဲ ငါနားလည်းသွားတော့တယ်။ အဲ့ဒါတကယ်ကို သက်သောင့်သက်သာ
မရှိဘူး ’’ ရန်ကိုင်ကပြောလိုက်သည်။ ‘‘သခင်လေးရဲ့ ဆောင်ရွက်ချက်က တကယ်ကို ထူးခြားလွန်းတယ်လို့
ပြောလို့ရမယ်။ သခင်လေးသာ သွေးခဲတွေကို မသန့်စင်ထားခဲ့ရင် ဒီလောက်အဝေးကြီး တရစပ်ပျံသန်း
နိုင်မှာမဟုတ်ဘူး ’’ အချိန်တော်တော်ကြာ အနားယူလိုက်ပြီးနောက် ရန်ကိုင်နောက်တစ်ကြိမ် ခရီးစလိုက်သည်။
တစ်ရက်နဲ့တစ်ညကြာအောင် ပျံသန်းပြီးတဲ့အချိန်မှာတော့ သူ့မြင်ကွင်းထဲကျွန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒါပေမယ့် သူ့ယန်မီးတောက်တောင်ပံတွေ အလွန်ကြီးမားတဲ့အတွက ်အခြားလူတွေသာမြင်သွားခဲ့မယ်ဆိုရင်
ကိုယ့်သေမင်း ကိုယ်ကိုယ်တိုင်လက်ရပ်ခေါ်သလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ဆင်းသက်ဖို့ချောင်ကျတဲ့
နေရာတစ်ခုကို သူရှာဖို့လိုအပ်ပေသည်။ ထို့ကြောင် ရန်ကိုင်လည်း ချောင်ကျတဲ့နေရာတစ်ခု ရှာလိုက်ပြီး
လူရှိမရှိစစ်ဆေးပြီးမှ ကျွန်းပေါ်ဆင်းလိုက်သည်။ သူ့ဒန်တန်ထဲ စစ်ဆေးကြည့်လိုက်တဲ့အချိန်
ယန်အရည်စက်ဒါဇင်ကျော်ကျော်သာ ကျန်ရှိတော့တာကို တွေ့လိုက်ရသည်။ သူသာအပိုပြင်မထားခဲ့ရင်
ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ပေလိမ့်မည်။
အခုသူရောက်နေတဲ့ နေရာကပင်လယ်မြို့တော် မဟုတ်ချေ။ အချိန်အတော်ကြာရှာလိုက်ပြီးနောက် မိန်းလမ်းမ
ကြီးကို သူရှာတွေ့သွားခဲ့သည်။ ရန်ကိုင်တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး အခုအချိန်တွင် သူ့ပုံစံက
လမ်းဘေးသူတောင်းစားတစ်ယောက်နှင့် မခြားနားပေ။ ဒါပေမယ့် သူ့သယ်လာတဲ့ အထုပ်ကြီးနှစ်ထုပ်က
ဓါးပြတွေအတွက် မျက်စိဖမ်းစားစရာကောင်းပေသည်။ လမ်းအတိုင်းလမ်းလျှောက်ရင်း
နောက်ဆုံး လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်ကိုတွေ့လိုက်ပြီး လူအိုစုံတွဲကို လမ်းကြောင်းတွေ
မေးမြန်းလိုက်သည်။ နောက်ဆုံးမှာတော့ သူဘယ်ကိုသွားနေလဲဆိုတာ သိလိုက်သည်။ ဒီနေရာကနေ
ပင်လယ်မြို့တော်ကို မိုင်တစ်ထောင်လောက် ကွာဝေးပေသည်။
သူဘယ်ရောက်နေလဲဆိုတာ သိပြီးတဲ့အချိန်မှာတော့ ယန်မီးတောက်တောင်ပံကိုသုံးကာ ပင်လယ်မြို့တော်ဆီ
ပျံသန်းလိုက်သည်။ ထိုနေရာတွင် သူ့ရဲ့မပြီးပြတ်သေးတဲ့ အလုပ်ကိစ္စတွေကို လတ်စသတ်ရပေဦးမည်ဖြစ်သည်။
တစ်နာရီလောက် ကြာတဲ့အချိန်မှာတေ့ ပင်လယ်မြို့တော်အနီးကို သူရောက်လာခဲသည်။ ဒါပေမယ့် ပင်လယ်
မြို့တော်ထဲ တိုက်ရိုက်မသွားခဲ့ပဲ လူအိုကြီးနှင့်ရှောင်ယုတို့နှစ်ယောက်ကို တွေ့ခဲ့တဲ့နေရာတွင် ဆင်းသက်
လိုက်သည်။ အိမ်တံခါးက ကျိုးပဲ့နေခဲ့ပြီး ပင်လယ်လေအေးက် အိမ်ထဲထိတိုက်ခတ်နေခဲ့သည်။
အိမ်ထဲဝင်လာတဲ့အချိန် အိမ်အတွင်းပိုင်က အရင်အတိုင်းပဲ ရှိတေယ်ဆိုတာ သိလိုက်ရသည်။ လူအိုကြီးနှင့်
ရှောင်ယုတို့က အားလုံးထားခဲ့ပြီး ထွက်သွားခဲ့ပြီဖြစ်သည်။ ထိုညတုန်းက လူအိုကြီးကိုငွေးဒင်္ဂါးတော်တော်
များများ သူပေးခဲ့ပေသည်။ ထိုငွေပမာဏက သူ့တို့တစ်ဘဝလုံး မပူမပန်နဲ့ နေထိုင်သွားဖို့လောက်ပေသည်။
သူတို့သာ ဂရုစိုက်နေသရွေ့ အေးအေးချမ်းချမ်းနှင့် နေထိုင်နိုင်ပေလိမ့်မည် ဖြစ်သည်။ ပတ်ဝန်းကျင်တွင်
လုံခြံုမယ့်နေရာတစ်ခုရှာလိုက်ပြီး အထုပ်နှစ်ထုတ်ကို ဝှက်ထားလိုက်သည်။ မြေကမ္ဘာအလယ်အလတ်အဆင့်
ဆေးပင်အနည်းကိုသာ ငွေးဒင်္ဂါးနှင့် လဲလှယ်ဖို့ ယူသွားခဲ့သည်။ တစ်ရက်ကြာပြီးနောက ်ပင်လယ်မြို့တော်သို့
ရန်ကိုင်ရောက်လာခဲ့သည်။
ရန်ကိုင်လည်း အရေးပါမယ့် သတင်းအချို့ လှည့်ပတ်မေးမြန်းလိုက်ပြီး ပင်လယ်ကမ်းခြေက အိမ်လေးဆီ
ပြန်လာခဲ့သည်။ သုံးရက်ကြာပြီးနောက် ရန်ကိုင်စတင်လှုပ်ရှားတော့သည်။ သူ့ရဲ့ပထမဆုံးပစ်မှတ်
တိမ်တိုက်နီဂိုဏ်းပင်ဖြစ်သည်။ ကျန်းမိသားစုက မိန်းမသုံးယောက်၏ သေဆုံးမှုက တိမ်တိုက်နီဂိုဏ်းနှင့်
အနည်းငယ်သာ ပက်သက်နေပေမယ့် ရန်ကိုင်နှင့်တိမ်တိုက်နီဂိုဏ်းကြားတွင် ဘယ်တော့မှနောက်တစ်ဖန်
ပြန်လည်မသင့်မြတ်နိုင်တဲ့ မကျေနပ်ချက်တွေ ရှိနေခဲ့သည်။ ထို့ပြင်ရှောင်ယု၏မိဘတွေသေဆုံးမှုကလည်း
တိမ်တိုက်နီဂိုဏ်းနှင့် ပက်သက်နေပေသည်။ တစ်ညတာ ကုန်ဆုံးသွားခဲ့ပြီး ရန်ကိုင်လည်း တိတ်တဆိတ်
စီစဉ်ထားလိုက်သည်။ အခုအေးအေးဆေးဆေး ပြဇာတ်ထိုင်ကြည့်ဖို့ပဲ လိုတော့ပေသည်။
မနက်အစောပိုင်း…ရှေးဟောင်းပင်လယ်ကျွန်းဝယ်…
တပည့်တွေက ကျင့်ကြံရာကနေ နိုးလာခဲ့ကြပြီး သူတို့၏တာဝန်တွေကို ဆောင်ရွက်နေခဲ့ကြသည်။
အဆုံးမရှိပင်လယ်ကျွန်း၏ ပထမအဆင့်အင်အားစု ဖြစ်သည်နှင့်အညီ ရှေးဟောင်းပင်လယ်ကျွန်းက
ကျွန်းသုံးကျွန်းထက်မက ပိုင်ဆိုင်ထားပေသည်။ တိမ်တိုက်နီဂိုဏ်းနှင့်ယှဉ်ရင်..တပည့်အရည်အချင်းအရရော၊
အမွေအနှစ်ပိုင်းအရရော အများကြီးပိုသာပေသည်။ ကျွန်းတွေဆီကနေ ထွက်ရှိတဲ့ရတနာတွေပေါ်
မှီခိုရင်း နှစ်တစ်ရာအတွင်း များစွာသောဂျီးနီးယပ်တွေကို မွေးထုတ်ပေးနိုင်ခဲ့လေသည်။ သူတို့တပည့်တွေက
အထွတ်အထိပ်တောင်ထွတ်က မွန်းစတားတွေနဲ့ မယှဉ်နိုင်ပေမယ့် သူတို့ကိုရန်စရဲတဲ့လူအနည်းငယ်သာ
ရှိပေသည်။
ဒါပေမယ့် ရှေးဟောင်းကျွန်း၏တပည့်အားလုံးက ဂိုဏ်းတွင်းထဲတွင် မဆွေးနွေးသင့်တဲ့ လျှို့ဝှက်ချက်တစ်ခုကို
သိထားကြပေသည်။ ထိုအရာက လွန်ခဲ့တဲ့နှစ်သုံးရာက သူတို့ဂိုဏ်းကအဖိုးတန်အထွတ်အထိပ် ရတနာ ခိုးခံ
လိုက်ရတဲ့အကြောင်းပင်ဖြစ်သည်။ အဆုံမဲ့ပင်လယ်၏ဂိုဏ်းကြီးတွေတိုင်း လျှို့ဝှက်ချက်တစ်ခုစီ ရှိပေသည်။
ဒါပေမယ့် လူငယ်တွေက သိချင်စိတ်ပြင်းပြတဲ့အတွက ်လူမြင်ကွင်းမှ မပြောကြပေမယ့် လူကွယ်ရာမှာတော့
ဆွေးနွေးပြောဆိုလေ့ရှိကြသည်။
ကျုံးမြောင်က ရှေးဟောင်းတိမ်တိုက်ကျွန်းအတွင်းရှိ သာမန်တပည့်တစ်ယောက်သာ ဖြစ်ပြီး သူမအရည်အချင်း
ကလည်း သာမန်သာဖြစ်သည်။ ကျွန်းပေါ်တွင် နှစ်ပေါင်းများစွာလေ့ကျင့်ပြီးနောက် အခုအချိန်မှာတော့
ချီပြောင်းလဲခြင်းအဆင့်၂ရှိနေခဲ့ပြီဖြစ်သည်။ သူ့ကရှေးဟောင်းတိမ်တိုက်ကျွန်းအစွန်အဖျားတွင် နေထိုင်ပြီး
ထိုနေရာရှိ ဒေါင်းတွေကိုအစားကျွေးမယ့် တာဝန်ကိုယူထားရပေသည်။ ထိုဒေါင်းတွေက ရှေးဟောင်း
ပင်လယ်ကျွန်းရှိ အကြီးအကဲတစ်ယောက်၏ အချစ်ဆုံးအိမ်မွေးတိရိစ္ဆာတွေပဲဖြစ်သည်။ သူမအရည်အချင်းက
သာမန်ရွက်ကြမ်းရေကျိုပဲ ဆိုတာ သူမသိပေသည်။ ကျွန်းရှိမွန်းစတားပါရမီရှင်တွေလို ကျင့်ကြံခြင်းအရင်းအမြစ်
ရချင်တယ်ဆိုရင် ကောင်းကင်တက်ရတာထက ်ပိုပြီးခက်ခဲလိမ့်မယ်ဆိုတာ သူမသိပေသည်။
သူမဘယ်သူ့ကိုမှအပြစ်မတင်ခဲ့ချေ။ သူမလုပ်စရာရှိတာကိုသာ ဆက်လုပ်နေခဲ့သည်။ မနက်ခင်းအချိန်
နိုးလာပြီးနောက် တံးခါဖွင့်ကာ ဒေါင်းတွေကိုအစားကျွေးဖို့ လုပ်လိုက်ပေမယ့် တံခါးနားတွင် စာတစ်စောင်နဲ့
ဓါးမြောင်တစ်ချောင်းကို တွေ့လိုက်ရသည်။ထူးဆန်းတယ်။ ဘယ်သူကငါ့ဆီစာပို့လိုက်တာလဲ
ကျုံးမြောင်လည်း ခေါင်းရှုပ်သွားခဲ့သည်။ ဒါပေမယ့် စာကိုတော့ယူဖတ်ကြည့်လိုက်ပေသည်။
စာကိုဖတ်ကြည့်လိုက်တဲ့အချိန် စာထဲမှာရေးထားကတော့ ‘‘ ရှေးဟောင်းတိမ်တိုက်ကျွန်း၊ ကျွန်းသခင်။
အကြီးအကဲများ သို့ အထက်ပိုင်းများဆီသို့ ’’ ကျုံးမြောင်၏နှုတ်ခမ်းအစုံက ချက်ချင်းကွေးတက်သွားခဲ့သည်။
ထိုစာက ဂိုဏ်းထဲရှိတပည့်တစ်ယောက်ယောက်က သူမကိုနောက်တာပဲလို့ တွေးလိုက်လေသည်။
ထိုကဲ့သို့အဖြစ်အပျက်မျိုးက အရင်တုန်းကလည်း ဖြစ်နေကျပင်ဖြစ်သည်။ သူမ၏အရည်အချင်း၊အဆင့်အတန်း
နိမ့်ကျမှုကြောင့် သူမ၏စီနီယာအစ်ကို၊စီနီယာအစ်မတို့၏ အနိုင်ကျင့်ဗိုလ်ကျမှုကို သူမအမြဲခံခဲ့ရသည်။
ဒါပေမယ့် ဒီစာထဲမှာရေးထားတဲ့အကြောင်းကတော့ တော်တော်လေးထူးဆန်းပေသည်။ အထူးသဖြင့်
‘‘ဂိုဏ်းသခင်၊ အကြီးအကဲများ သို့ အထက်ပိုင်းများဆီသို့ ’’ ဆိုတဲ့စာပင်ဖြစ်သည်။ကျွန်းသခင်နဲ့
အကြီးအကဲတွေဆီဆိုမှာတော့ ဘာလို့ငါ့ဆီလာပို့ထားရတာလဲကျုံးမြောင်က အသက်ပြင်းပြင်း
အသက်ရှုလိုက်ပြီး မကျေမနပ်ဖြစ်သလို ခံစားလိုက်ရသည်။
စိတ်ပျက်ပျက်နဲ့ စာကိုဖွင့်ဖတ်ကြည့်လိုက်တဲ့အချိန် အဝါရောင်သန်းနေတဲ့စာတစ်စောင်ကိုတွေ့လိုက်ရသည်။
သူမဖတ်ကြည့်လိုက်တဲ့အချိန် ‘‘လပြောင်းလဲကျိုးပျက်ခြင်း ကျင့်စဉ် ’’ ထိုစကားလုံးတွေကို ဖတ်ကြည့်ပြီးနောက်
သူမတစ်ခဏတာ ကြောင်အသွားသလို ခံစားလိုက်ရသည်။အဲ့စကားလုံးတွေကို ဘာလို့ရင်းနှီးနေတယ်လို့
ခံစားနေရတာလဲ။ ဒီအဝါရောင်စာရွက်က နှစ်တောင်တော်ကြာနေတဲ့ပုံပဲ
‘‘ လပြောင်းလဲကျိုးပျက်ခြင်းကျင့်စဉ် ’’ ကျုံးမြောင်က တိုးတိုးလေး ရေရွတ်လိုက်သည်။ ချက်ချင်းတစ်ခုခုကို
အမှတ်ရမိလိုက်ပြီး ထိတ်လန့်မှုကြောင့် သူမမျက်လုံးလေး ပြူးကျယ်သွားခဲ့သည်။ သူမလက်တွေက
တုန်ရင်နေခဲ့ပြီး ထိုအဝါရောင်စာရွက်လေးက ချက်ချင်းပူလောင်လာသည့်အလား ဖြစ်သွားခဲ့သည်။
ဒါကငါတို့ဂိုဏ်းရဲ့ အထွတ်အထိပ်ပညာရပ်မဟုတ်ဘူးမလားလြန္ခဲ့တဲ့နွစ္သံုးရာကျဖစ္ပ်က္ခဲ့တဲ့ ေကာလဟာလ
တွေကို သူမကြားခဲ့ဖူးပေသည်။ လွန်ခဲ့တဲ့နှစ်သုံးရာတုန်းက သူမတို့ဂိုဏ်းက လပြောင်းလဲကျိုးပျက်ခြင်းလို့
ခေါ်တဲ့လျှို့ဝှက်ကျင့်စဉ်ကို ဆုံးရှုံးခဲ့ရသည်။
သူတို့မှာသာ လပြောင်းလဲကျိုးပျက်ခြင်းကျင့်စဉ်ရှိနေသေးခဲ့ရင် စီနီယာအစ်ကို၊အစ်မတို့၏ ကျင့်စဉ်
အမြန်နှုန်းက ပိုပြီးမြန်ဆန်မှာပဲလို့ အကြီးအကဲတစ်ယောက်ပြောတာကို သူမကြားခဲ့ရပေသေးသည်။
ဒါအတုလားအစစ္လား ကျုံးမြောင် ချက်ချင်းအော်ငိုပစ်ချင်လိုက်သည်။ အဝါရောင်စာရွက်လေးကို
ချက်ချင်းစာအိတ်ထဲ ပြန်ထည့်ထားလိုက်ပြီး ချက်ချင်းဂိုဏ်းအတွင်းပိုင်းထဲဆီ ပြေးဝင်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် စိတ်ပျက်စရာကောင်းတဲ့ စီနီယာတပည့်တွေကို တွေ့ခဲ့ပေမယ့် ထိုတပည့်တွေကို
သူမအာရုံမစိုက်အားချေ။
မိုင်ဒါဇင်အနည်းငယ်လောက် ပြေးလွှားပြီးတဲ့အချိန်မှာတော့ ဒေါင်းတွေရဲ့သခင်ဖြစ်တဲ့ ကြီးအကဲ
ဟန်ချောင်နေတဲ့ နေရာဆီရောက်လာခဲ့သည်။ ဒါပေမယ့် သူမမဝင်ရသေးခင်မှာပဲ စီနီယာအစ်ကို
နှစ်ယောက်က သူမကိုရပ်တန့်လိုက်သည်။ ‘‘အဲ့ဒါဘာလဲ ’’ သူတို့ထဲကတစ်ယောက်က အေးစက်စက်
မေးလိုက်သည်။ ကျုံးမြောင်က အသက်ပြင်းပြင်းရှုလိုက်ပြီး အတွေးတွေကိုပြန်စုစည်းလိုက်ကာ
တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်သည် ‘‘ စီနီယာအစ်ကိုနှစ်ယောက်၊ အကြီးအကဲဟန်ချောင်ကို
တွေကချင်တယ်။ ငါ့မှာအရေးကြီးတဲကိစ္စတစ်ခု တင်ပြစရာရှိတယ် ’’
သူမအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့်က နိမ့်ကျပေမယ့် ဒီကိစ္စဘယ်လောက် အရေးကြီးလဲဆိုတာ
သူမနားလည်ပေသည်။ ဒါပေမယ့် စီနီယာအစ်ကိုနှစ်ယောက်က လှောင်ပြောင်လိုက်ပြီး ‘‘ အကြီးအကဲဟန်က
အနားယူနေတယ်။ ဘယ်သူမှနှောင့်ယှတ်ခွင့်မရှိဘူး ’’ ‘‘ ဒါပေမယ့် ငါ့မှာအကြီးအကဲဟန်ကို တင်ပြစရာ
တကယ်ကိုအရေးကြီးတဲ့ကိစ္စတစ်ခုရှိနေတယ် ’’ ကျုံးမြောင်က စိုးရိမ်လာခဲ့သည်။ ‘‘ နင်ကဒေါင်းတွေကို
အစားကျွေးတဲ့ မိန်းကလေးမလား။ ဘယ်လိုအရေးကြီးတဲ့ကိစ္စမျိုးကို နင်ကတင်ပြချင်လို့လဲ ’’ အခြား
တစ်ယောက်က ရယ်မော်ရင်း ပြောလိုက်သည်။ သိသာစွာပဲ ဂျူနီယာညီမလေးအပေါ် သူအထင်သေးနေတာ
သိသာပေသည်။
ကျုံးမြောင်လည်း နောက်ဆုံးမှာတော့ အားတင်းလိုက်ပြီး အသံကုန်အော်ဟစ်လိုက်သည် ‘‘ အကြီးအကဲဟန်၊
အကြီးအကဲရဲ့ ဒေါင်းတွေအကုန်သေကုန်ပြီ ’’သူမအော်သံက မိုင်အနည်းငယ်လောက်ထိ ကြားနိုင်လောက်
ပေသည်။
Marital Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၁၉၈) တိမ်တိုက်နီဂိုဏ်းကို အရေးယူခြင်း
မိန်းကလေး၏အော်သံက စူးရှပြီး မနက်အစောပိုင်းဖြစ်ကာ အကြီးအကဲ၏နေအိမ်နေရာဖြစ်တဲ့အတွက်
ပတ်ဝန်းကျင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ ကျိုးမြောင်၏အသံက တကယ်ပဲ မိုင်ပေါင်းများစွာ
အကွာထိရောက်နိုင်ပေသည်။ အနီးအနားတွင် ရှိသောရှေးဟောင်းတိမ်တိုက်ကျွန်းက တပည့်တွေ
အကုန်လုံး သူမအသံကိုကြားလိုက်ရသည်။ သူမကိုတားဆီးခဲ့တဲ့ စီနီယာနှစ်ယောက်စလုံး၏ မျက်နှာ
ဖြူလျော်သွားခဲ့ပြီး စားခဲ့သမျှ ပြန်အန်ထွက်ချင်သလို ခံစားလိုက်ရသည်။ `နေရာမှာတင် လဲပြိုကျမသွားခဲ့တာပဲ
တကယ်ဆန်းကြယ်နေခဲ့ပြီဖြစ်သည်။
အနီးအတွင် လမ်းလျှောက်နေတဲ့ ရှေးဟောင်းတိမ်တိုက်ကျွန်း တပည့်တွေအကုန်လုံး တတ်နိုင်သမျှ
ခြေကုန်သုတ်ပြေးကြတော့လေသည်။ ကျိုးမြောင်၏အော်သံက သေမင်းစီရင်သံအလား လူတိုင်းကို
ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးသွားစေခဲ့သည်။ အကြီးအကဲ၏ဒေါင်းတွေအကုန်လုံး သေသွားခဲ့ရင်
အကြီးအကဲဟန်အသက်ရှင်နေရတဲ့ အကြောင်းပြချက် သေဆုံးသွားတာနဲ့ အတူတူပင်ဖြစ်သည်။ ဒေါင်းတွေက
သာမန်သားရဲတွေသာ ဖြစ်ပေမယ့် ထိုဒေါင်းတွေကို အကြီးအကဲဟန်၏မိန်းမက မွေးထားခဲ့တာဖြစ်သည်
သူ့မိန်းမသေသွားခဲ့တဲ့အခါမှာတော့ သူ့မိန်းမအပေါ်ထားတဲ့ ချစ်မေတ္တာတွေကို ဒေါင်းတွေအပေါ်
အစားထိုးထားတာဖြစ်သည်။ ဒေါင်းတွေအပေါ် သူ့ရဲ့ဂရုစိုက်မှုက သားသမီးတွေကို ဂရုစိုက်တဲ့မိဘတွေလိုပင်
ဖြစ်သည်။
ဒါပေမယ့်အခုအချိန်မှာတော့….ဒေါင်းတွေအားလုံး သေသွားခဲ့ပြီဖြစ်သည်။
ထိုသတင်းကို အကြီးအကဲဟန်ကြားလိုက်တာနဲ့ သူဘယ်လောက်ဒေါသထွက်မလဲဆိုတာ တွေးကြည့်
နိုင်ပေသည်။ ‘‘နင်….နင်ဘာ….ဘာလို့……နင်ဘာပြောနေလဲဆိုတာကိုရော နင်သိလား ’’ ကျိုးမြောင်၏
လမ်းကိုပိတ်ထားတဲ့ စီနီယာအစ်ကိုလည်း တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ သူတို့လည်းထွက်ပြေးချင်ပေမယ့်
ထွက်မပြေးရဲခဲ့ပေ။ ‘‘ဘယ်သူမက မဟုတ်တုတ်က စကားတွေကို ပြောရဲတာလဲကွ ’’ အကြီးအကဲဟန်နေရာ
အိမ်ဆီမှာ ဟိန်းသံကြီးထွက်ပေါ်လာခဲ့သည်။ နောက်တစ်ခဏအတွင်းမှာပဲ အဖြူရောင်ဆံပင်နှင့်
အကြီးအကဲတစ်ယောက် အိမ်တော်တွင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး ကျုံးမြောင်နှင့် စီနီယာအစ်ကို
နှစ်ယောက်ရှေ့ကို ရောက်လာခဲ့သည်။ ထိုလူက အကြီးအကဲဟန်ပင်ဖြစ်သည်။
အကြီးအကဲဟန်၏မျက်လုံးတွေက နီရဲနေပြီး ညအိပ်ဝတ်စုံကိုဝတ်ထားဆဲပင်ဖြစ်သည်။ ချက်ချင်းပဲ
အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ၏ဖိအားက ကျုံမြောင်နှင့်စီနီယာအစ်ကိုနှစ်ယောက်ဆီ
ကျရောက်လာခဲ့ပြီး သူတို့ကိုကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေခဲ့သည်။ ဟန်ချောင်၏မျက်လုံးတွေက
သတ်ဖြတ်ချင်စိတ်နဲ့ ပြည့်နေခဲ့ပြီး သူ့ရှေ့တပည့်သုံးယောက်ကို ကြည့်လိုက်ကာ နောက်ဆုံးသူ့အကြည့်က
ကျုံးမြောင်ပေါ်တွင် အဆုံးသတ်သွားခဲ့သည်။ ထို့နောက် လေသံမာမာနဲ့ မေးလိုက်သည် ‘‘ ဒီဆရာသခင်အို
ကြီးရဲ့ ဒေါင်းတွေဘာဖြစ်သွားတာလဲ ’’
ကျုံးမြောင်လည်း သေမတတ်ကြောက်လန့်နေခဲ့ပြီး စကားတောင်မပြောရဲတော့ချေ။ ခေါင်းလေးငုံ့ပြီး
သူမလက်ထဲကစာကိုသာ အကြီးအကဲဟန်ကိုပေးလိုက်သည်။ ဟန်ချောင်လည်း ဒေါင်းတွေကိုအစာ
ကျွေးရမယ့် တာဝန်ကိုယူထားတဲ့ မိန်းကလေးကို သံသယအပြည့်နဲ့ ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှုကာ
ဒေါသကိုဖိနှိပ်ထားလျက် စာအိတ်ထဲက အဝါရောင်စာရွက်လေးကို ထုတ်လိုက်သည်။ ထို့နောက ်
ခပ်မြန်မြန်ဖတ်လိုက်လေ၏။
တစ်ခဏအကြာတွင် အကြီးအကဲဟန်က ရုတ်တရက် နှင်းမုန်တိုင်းထဲ ပိတ်မိနေတဲ့ ငုံးကောင်လေးတစ်ကောင်လို
ကြက်သေသေသွားခဲ့သည်။ သူ့တစ်ကိုယ်လုံး အဆက်မပြတ် တုန်ရင်နေခဲ့ပြီး သူ့ပါးစပ်ကနေ အသံအက်အက်
ကြီး ထွက်ပေါ်လာခဲ့ကာ လည်ချောင်းတွင် အရိုစူးနေသလားတောင် ထင်ရသည်။ အချိန်အတော်ကြာအောင်
စကားလုံးတစ်လုံးတောင် မပြောနိုင်ခဲ့ချေ။
ထိုမြင်ကွင်းကို ကြည့်နေတဲ့ ယောကျာ်းလေးတပည့်နှစ်ယောက်ကတော့ သူ့တို့တစ်ကိုယ်လုံး ချွေးအေးတွေနဲ့
စိုရွှဲနေခဲ့သည်။ အားလုံးပြီးဆုံးသွားခဲ့ပြီ။ အကြီးအကဲဟန်၏ ဒေါင်းတွေသေဆုံးသွားခဲ့ရတဲ့ ဂယက်က
လွယ်လိမ့်မည် မဟုတ်ချေ။ ထိုဂယက်က အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို
တောင် အချိန်တော်တော်ကြာအောင် ကြက်သေသေသွားစေနိုင်ခဲ့သည်။
‘‘ အကြီးအကဲဟန်….’’ ထိုမြင်ကွင်းကို ကြည့်နေတဲ့ ကျုံးမြောင်က တိုးတိုးလေး ခေါ်လိုက်သည်။
ဟန်ချောင်လည်း သူမခေါ်လိုက်တော့မှပဲ အသိပြန်ဝင်လာခဲ့သည်။ အဝါရောင်စာရွက်ကို စာအိတ်ထဲ
ဖြေးဖြေးချင်း ပြန်ထည့်ထားလိုက်ပြီး ဒေါသတကြီးခြေဆောင့်ကာ ကျုံးမြောင်ကို မာန်မဲလိုက်သည်
‘‘ ဒီလောက်အရေးကြီးတဲ့ ကိစ္စကိုဘာလို့ စောစောသတင်းမပို့တာလဲ ’’ ယောကျာ်းလေးတပည့်နှစ်ယောက်
စလုံး သူတို့နှလုံးလည်ချောင်းထဲ ခုန်ထွက်သွားတော့မတတ် ဖြစ်သွားခဲ့ရသည်။ သူတို့နှစ်ယောက်စလုံး
ကျုံးမြောင်ကို သနာညှာပေးဖို့ တောင်ဆိုနေတဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေခဲ့သည်။ ဒါပေမယ့်
ကျုံးမြောင်က ထိုအခွင့်အရေးကို အရယူကာ သူမ၏မကျေနပ်ချက်ကို ဖွင့်ထုတ်တော့လေသည်
‘‘ အဲ့ဒါကို ဒီမနက်နိုးလာတော့မှပဲ တွေ့ခဲ့တာ။ တပည့်ဒီနေရာကို မြန်နိုင်သမျှ မြန်မြန်ပြေးလာပြီး
အကြီးအကဲဟန်ကို သတင်းပို့ဖို့ လုပ်ခဲ့ပေမယ့် ဒီကစီနီယာအစ်ကိုနှစ်ယောက်က အထဲဝင်ခွင့်မပေးဖို့
အကျယ်ကြီးအော်လိုက်ရတာပါ ’’
‘‘ အကြီးအကဲ၊ ကျွန်တော်လို့လည်း မသိလို့ပါ …..’’ ယောကျာ်းလေးတပည့်နှစ်ယောက်၏ ခြေထောက်တွေ
ပျော့ခွေကျသွားခဲ့ပြီး ချက်ချင်းဒူးထောက် တောင်းပန်တော့လေသည်။ ဟန်ချောင်လည်း သူတို့နှစ်ယောက်ကို
အာရုံစိုက်မနေတော့ပဲ ချက်ချင်းသူတို့ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။ ကျုံးမြောင်နှင့်ကျန်တဲ့
တပည့်နှစ်ယောက်လည်း ကြောင်အသွားခဲ့ပြီး နောက်ထပ်ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
သူတို့သက်ပြင်းမချရသေးခင်မှာပဲ ဟန်ချောင်က သူတို့ရှေ့ချက်ချင်း ပြန်ရောက်လာခဲ့ပြီး ကျုံးမြောင်ကို
ကြည့်ကာ အလေးအနက်နဲ့ မေးလိုက်သည် ‘‘ ဒီအကြောင်းကို အခြားတစ်ယောက်ယောက်နဲ့ ဆွေးနွေး
ပြီးသွားပြီလား ’’
ကျုံးမြောင်က ချက်ချင်းပဲ ခေါင်းခါလိုက်သည်။ ‘‘ ကောင်းတယ်။ နင်ကောင်းကောင်းလုပ်ခဲ့တာပဲ။ ငါနဲ့
လိုက်ခဲ့ ’’ ဟန်ချောင်က ကျုံးမြောင်၏လက်မောင်းကို ဆွဲလိုက်ပြီးချင်ချင်း အားလုံးရှေ့ကနေ ပျောက်ကွယ်
သွားခဲ့သည်။ အချိန်အတော်ကြာ စောင့်ဆိုင်းနေပြီးနောက် ဒူးထောက်နေတဲ့တပည့်နှစ်ယောက်က
ဖြေးဖြေးချင်းမတ်တပ်ရပ်လိုက်ပြီး တစ်ယောက်ကို တစ်ယောက်ဝေခွဲမရစွာနဲ့ ကြည့်နေလိုက်ကြသည်။
အကြီးအကဲဟန်က….ရူးများရူးသွားတာလား။ သူ့ဒေါင်းတွေ သေသွားတာတောင် ဂျူနီယာညီမေလေးကို
အလုပ်ကောင်းကောင်းလုပ်ခဲ့တာပဲဆိုပြီး ဘာလို့ချီးကျူးနေခဲ့တာလဲ။ သူမကိုချက်ချင်းအပြစ်ပေးသင့််တာ
မဟုတ္ဘူးလား ်တိမ်တိုက်နီဂိုဏ်းကျွန်းသခင် ခန်းမထဲတွင် ကျုံးမြောင်က ဒူးထောက်နေခဲ့ပြီး
သူမပတ်ဝန်းကျင်ကတော့ လုံးဝတိတ်ဆိတ်နေခဲ့ကာ လူအရိပ်အခြေကို မမြင်ရချေ။
ဟန်ချောင်က သူမကိုဒီနေရာကို ခေါ်လာခဲ့ပြီး သူမကိုဆက်ပြီး အာရုံမစိုက်တော့ချေ။ ဒါပေမယ့်
အကြီးအကဲတွေနှင့် ကာကွယ်သူတွေအားလုံး ဒီနေရာကို အပြေးလာခဲ့ကြတယ်ဆိုတာ သူမသိပေသည်။
လူအိုကြီးတစ်အုပ်က ဒီနေရာတွှု်ဘာအကြောင်းဆွေးနွေးဖို့ စုဝေးနေကြလဲဆိုတာ သူမမသိပေ။
နေ့တစ်ဝက်လောက်ကြာအောင် စောင့်ဆိုင်းနေပြီးနောက် အကြီးအကဲတွေအားလုံး တည်ငြိမ်နေတဲ့
မျက်နှာနှင့်တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြပြီး နောက်ဆုံးအကြီးအကဲ ဟန်ချောင်၊
ကျွန်းသခင်ဂူဖုန်းတို့သာ ကျန်ရစ်တော့ပေသည်။ သူတို့နှစ်ယောက်က ကျုံးမြောင်ဆီလမ်းလျှောက်လာခဲ့ပြီး
ကြင်ကြင်နာနာနဲ့ ပြောလိုက်သည် ‘‘ မတ်တပ်ရပ်လိုက်ပါ ’’
‘‘ တပည့်မလုပ်ရဲပါဘူး ’’ ကျုံးမြောင်က သူမကိုခေါင်းကို ပိုပြီးငုံ့ထားလိုက်သည်။ ဂူဖုန်းက ပြံုးလိုက်ပြီး
ရယ်လိုက်ကာ ကျုံးမြောင်ရှေ့ကို တစ်ခုခုပစ်ချပေးလိုက်ပြီး ညင်သာစွာနဲ့ ပြောလိုက်သည် ‘‘ ဒီတိုကင်ကို
ယူပြီး ဆေးခန်းမကနေ လေ့ကျင့်ဖို့အတွက် လိုမယ်ထင်တဲ့ဆေးလုံးတွေ သွားယူလိုက်။ပြီးတော့
ဝိဉာဉ်တိမ်တိုက်လိုဏ်ဂူကိုသွားပြီး တံခါးပိတ်ကျင့်ပေတော့ ’’ ကျုံးမြောင်၏ခန္ဓာကိုယ်တစ်ခုလုံး
ပြင်းပြင်ထန်ထန် တုန်ရင်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ဂူဖုန်းကို မယုံကြည်နိုင်စွာနဲ့ မော့ကြည့်လိုက်သည်။
ဝိဉာဉ်တိမ်တိုက်လိုဏ်ဂူ…..ထိုနေရာက ရှေးဟောင်းတိမ်တိုက်ကျွန်းတွင် ချီစွမ်းအင်အပေါကြွယ်ဝဆုံးနှင့်
လေ့ကျင့်လို့အကောင်းဆုံး နေရာပင်ဖြစ်သည်။ ထိုနေရာတွင် ကျင့်ကြံရတာက ပြင်ပမှာကျင့်ကြံရတာထက်
သုံးဆလောက် ပိုပြီးအကျိုးသက်ရောက်မှု ရှိပေသည်။ ဂိုဏ်းထဲက အတော်ဆုံးစီနီယာအစ်ကို၊အစ်မတွေပဲ
ထိုနေရာမှာ လေ့ကျင့်ဖို့ ခွင့်ပြုတာဖြစ်ပေသည်။ သာမန်အရည်းအချင်းသာ ရှိတဲ့သူမလိုတပည့်တစ်ယောက်
ကတော့ ထိုနေရာမှလေ့ကျင့်ဖို့ အိမ်မက်ပင်မမက်ရဲပေ။
ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်းသခင်က သူမကိုထိုနေရာတွင်လေ့ကျင်ဖို့ ကိုယ်တိုင်ကိုယ်ကျပြော
နေခဲ့သည်။ ပြီးတော့ ဆေးခန်းမကိုသွားပြီး သူမကြိုက်တဲ့ဆေးလုံးတွေကိုလည်း သွားယူနိုင်တယ်တဲ့။
ထိတ်လန့်စရာအကောင်းဆုံးကတော့ သူမရှေ့တွင်ရှိနေတဲ့ တိုကင်ပြားပင်ဖြစ်သည်။ ထိုတိုကင်ပြားက
ကျွန်းသခင်၏အမိန့်နှင့်အတူူတူပင်ဖြစ်သည်။ ထိုတိုကင်ပြားနှင့် မည်သည့်ရှေးဟောင်းတိမ်တိုက်ကျွန်းက
တပည့်ကိုမဆို အမိန့်ပေးနိုင်ပေသည်။
‘‘ဒါက နင့်အတွက်ထိုက်တန်တယ်ဆိုတာ သံသယရှိစရာမလိုဘူး ’’ သူမကိုအရင်တုန်းက ကြင်နာတဲ့စကား
တစ်လုံးတောင် မပြောခဲ့ဖူးတဲ့ ဟန်ချောင်က အခုအချိန်တွင် သူမကိုပြုံးပြနေခဲ့ပြီး သူ့မျက်နှာမှာတော့
ကြင်နာမှုတွေနဲ့ ပြည့်နေခဲ့သည်။ ဒါပေမယ့် ဟန်ချောင်က လေးနက်တဲ့လေသံနှင့် ထပ်ပြောလိုက်သည်
‘‘ ဒါပေမယ့် ဒီနေ့ကိစ္စကို ဘယ်သူမေးမေး မပြောရဘူးဆိုတာတော့ သေချာမှတ်ထားနော်….’’
‘‘ တပည့်စကားလုံးတောင် မပြန့်စေရပါဘူး ’’ ကျုံးမြောင်က အရူးမဟုတ်ချေ။ သူမဘယ်လိုပြန်ပြော
ရမလဲဆိုတာ နားလည်ပေသည်။
ဟန်ချောင်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး သူ့လက်ကိုဝှေ့ရမ်းကာ ပြောလိုက်သည် ‘‘ ကောင်းတယ်၊
သွားတော့ ’’ ‘‘ ကျွန်းသခင်နဲ့ အကြီးအကဲဟန်ကို ကျေးဇူးအများကြီးတင်ပါတယ် ’’ ကျုံးမြောင်က ပျော်ရွှင်စွာနဲ့
ပြောလိုက်သည်။ စာရွက်လေးတစ်ရွက် ပေးလိုက်ရုံနဲ့ အခုလိုအခွင့်အရေးကြီးကို သူမရခဲ့ပေသည်။
ထိုဆန်းကြယ်တဲ့ ကျေးဇူးရှင်က နာမည်လေးတစ်ခုတောင ် မချန်ထားခဲ့ချေ။ အနာဂတ်မှာ
ကျေးဇူးပြန်ဆပ်ဖို့ သူ့ကိုဘယ်လိုရှာဖွေရမလဲဆိုတာ သူမမသိချေ။ ကျွန်းသခင်တံဆိပ်ပြားကို
ကောကယူလိုက်ပြီး ကျုံးမြောင်လည်း ခပ်မြန်မြန်ပဲ ထွက်သွားလိုက်သည်။ ကျွန်းသခင်ခန်းမတွင်
အကြီးအကဲနှင့်ကာကွယ်သူတွေ အလျင်စလို စုဝေးတေယ်ဆိုတာကို ကြားလိုက်ရတဲ့ ရှေးဟောင်း
တိမ်တိုက်ကျွန်းဂိုဏ်းသားတွေအကုန်လုံး အံ့အားသင့်နေခဲ့ရသည်။ ညသန်းခေါင်အချိန်တွင်
ရှေးဟောင်းတိမ်တိုက်ကျွန်းမှ များစွာသောကျင့်ကြံသူတွေက သဘောင်္ကြီးတစ်စင်နှင့်
စတင်ပြီးရွက်လွှင့် ထွက်ခွါတော့သည်။
ထို့ပြင် အမြင့်ပိုင်းက ထိုအကြောင်းကိုသိတဲ့လူတွေကလွဲလို့ ကျန်တဲ့သူတွေအကုန်လုံး စိတ်ရှုပ်သွားခဲ့ရသည်။
နောတစ်နေ့နေထွက်ချိန်တွင် ထိုသဘောင်္ကြီးက ကျွန်းတစ်ကျွန်းကြီးဆီကို ချဉ်းကပ်လာခဲ့သည်။
‘‘ အဲ့ဒါတိမ်တိုက်နီကျွန်းမဟုတ်ဘူးလား ’’ တစ်ယောက်ယောက်က ထိုကျွန်းကိုမှတ်မိလိုက်သည်။
‘‘ ငါတို့ဒီမှာဘာလုပ်ရမှာလဲ ’’ တိမ်တိုက်နီဂိုဏ်းက တတိယအဆင့်အင်အားစုတစ်ခုဖြစ်ပြီး
ရှေးဟောင်းတိမ်တိုက်ကျွန်းကို မယှဉ်နိုင်ပေမယ့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေတုန်းပင်ဖြစ်သည်။
အဆုံးမဲ့ပင်လယ်ကျွန်းရှိ ဂိုဏ်းတွေကလွတ်လွတ်လပ်လပ်နှင့် နေကြပြီးတစ်ယောက်ကိစ္စတစ်ယောက်
ဝင်ရှု့ပ်လေ့မရှိကြချေ။ သူတို့ဦးတည်ရာနေရာက တိမ်တိုက်နီဂိုဏ်းဖြစ်လိမ့်မယ်လို့ တစ်ယောက်မှ
မထင်ထားခဲ့ချေ။ သူတို့တိမ်တိုက်နီကျွန်းဆီကို တိုက်ခိုက်ဖို့လာခဲ့တာလား။
ဂူဖုန်းက စူးရှတဲ့မျက်လုံးတွေနဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး
သဘောင်္ထပ်တွင် ရပ်နေကာ အသံအကျယ်ကြီး အော်ဟစ်လိုက်သည် ‘‘လွန်ခဲ့တဲ့နှစ်သုံးရာတုန်းက
ပျောက်ဆုံးသွားခဲ့တဲ့ ငါတို့ဂိုဏ်းရဲ့ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်က တိမ်တိုက်နီဂိုဏ်းထဲမှာ ရှိနေတယ်လို့
ဒီသခင်က သတင်းရထားတယ် ’’
ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်….
သဘောင်္တစ်စီးလုံး အုန်အော်သောင်းနင်းဖြစ်သွားခဲ့သည်။ ထိုကျင့်စဉ်က လွန်ခဲ့တဲ့နှစ်သုံးရာတုန်းက
ပျောက်ဆုံးသွားခဲ့တဲ့ ကျင့်စဉ်ဖြစ်ပြီး ယနေ့ထိတိုင် ပျောက်ဆုံးနေတုန်းပင်ဖြစ်သည်။ ဒါပေမယ့် အခုအဲ့ကျင့်စဉ်က
ဘယ်လိုလုပ်ပြီး တိမ်တိုက်နီဂိုဏ်းထဲမှာ ပေါ်လာရတာလဲ။ ဂူဖုန်းက စကားအများကြီးပြောချင်တဲ့ပုံမပေါ်ပေ။
‘‘ ဒီနေ့ ငါတို့တိမ်တိုက်နီဂိုဏ်းကို ရှာဖွေပြီးကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်ကို ပြန်အရယူကာ
ရှေးဟောင်းတိမ်တိုက်ကျွန်းဘိုးဘေးတွေရဲ့ နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးရမယ်။ ခုခံတဲ့ဘယ်သူကိုမဆို
သတ်၊ ပြန်ပြောတဲ့ဘယ်သူကိုမဆို သတ်။ ဒီနေ့စစ်ပွဲက ငါတို့ဂိုဏ်းရဲ့ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်ကို
ပြန်လည်အရယူဖို့အတွက် တိုက်တဲ့စစ်ပွဲပဲ။ ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်ကို ရယူတိုင်တဲ့ဘယ်သူမဆို
ဂိုဏ်းရဲသူရဲကောင်းအဖြစ် သတ်မှတ်ခြင်းခံရမယ် ’’
‘‘ တက် ’’ ဂူဖုန်းက ဂိုဏ်းသားတွေအကုန်လုံးကို ကျွန်းပေါ်တက်ဖို့ အချက်ပြလိုက်သည်။ ကျွန်းသခင်
အချက်ပြတာကို မြင်တာနဲ့ သဘောင်္တွင်ရှိနေတဲ့ ကျင့်ကြသူတွေအားလုံး ပင်လယ်လှိုင်းလုံးတစ်ခုအလား
ကျွန်းပေါ်ပြေးတက်သွားကြသည်။ တစ်ခဏအကြာတွင် တိမ်တိုက်နီဂိုဏ်းတွင်းဆီမှ နာကျင်စွာအော်ဟစ်သံ၊
ကျိန်ဆဲသံ၊ တိုက်ပွဲသံတို့ ထွက်ပေါ်လာခဲ့သည်။ ရှေးဟောင်းတိမ်တိုက်ကျွန်းက တိမ်တိုက်နီဂိုဏ်းထက်
အများကြီးအားကောင်းတဲ့အပြင် ချောင်းမြောင်းတိုက်ခိုက်ခြင်းခံရတာဖြစ်တဲ့အတွက် လုံးဝပြန်မခုခံနိုင်ခဲ့ချေ။
ကျန်ရှိနေတဲ့ အကြီးအကဲချုပ်နှစ်ယောက်ပဲ ပြန်ခုခံနိုင်ခဲ့ပေမယ့် ရှေးဟောင်းတိမ်တိုက်ကျွန်း၏ စုပေါင်း
စွမ်းအားကြောင့် ရှုံးနိမ့်သွားခဲ့ရသည်။ တိမ်တိုက်နီဂိုဏ်း၏ဂိုဏ်းသခင်နှင့် အကြီးအကဲတွေအားလုံး
ပြန်မခုခံနိုင်ခဲ့ပဲ လျင်မြန်စွာနဲ့ သုတ်သင်ခြင်းခံလိုက်ရသည်။ ဒီနေ့မှာတော့ တိမ်တိုက်နီဂိုဏ်းတစ်ခုလုံး
သွေးပင်လယ်ဝေခဲ့ပြီး အလောင်းတွေက တောင်လိုပုံနေခဲ့သည်။ ဂိုဏ်းသားတစ်ဝက်လောက်ကျဆုံး
သွားခဲ့ရပြီး ချီသန့်စင်ခြင်းအထက်ဘယ်သူမဆို သတ်ဖြတ်ချင်းခံခဲ့ရသည်။
‘‘ တွေ့ပြီ။တွေ့ပြီ။။။။ငါတွေ့ပြီကွ….ဟားဟားဟား’’ တိမ်တိုက်နီဂိုဏ်းအကြီးအကဲ တစ်ယောက်၏
ခန္ဓာကိုယ်ကို ရှာဖွေပြီး အဝါရောင်သန်းနေတဲ့ စာအုပ်လေးကိုတွေ့တဲ့အချိန် ဟန်ချောင်၏လက်တွေက
တုန်ရင်နေခဲ့သည်။ ထိုစာအုပ်က သံသယရှိစရာမလိုပဲ ရှေးဟောင်းတိမ်တိုက်ကျွန်း၏
ကျိုးပျက်လပြောင်းလဲငြခင်းကျင့်စဉ်ပင်ဖြစ်သည်။ ခပ်မြန်မြန်ပဲ ထိုကျင့်စဉ်ကို ပြန်ယူသွားပြီး
သဘောင်္ပေါ်က ကျွန်းသခင်ဆီအပ်လိုက်သည်။
ရှေဟောင်းတိမ်တိုက်ကျွန်းသခင်က ပျော်ရွှင်မှုကြောင့် မျက်ရည်တွေကျလာခဲ့ရပြီး တုန်တုန်ရီရီနဲ့
‘‘ ကောင်းကင်က ငါတို့ရှေးဟောင်းတိမ်တိုက်ကျွန်းကို ကောင်းချီးပေးတာပဲ။ နှစ်သုံးရာလုံးလုံး ပျောက်ဆုံး
သွားခဲ့တဲ့ ငါတို့ဂိုဏ်းရဲ့အထွတ်အမြတ်ကျင့်စဉ်ကို ပြန်တွေ့ခဲ့ပြီကွ။ ရှေးဟောင်းတိမ်တိုက်ကျွန်းဘိုးဘေးတို့
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူနိုင်ကြပါပြီ ’’ ဟန်ချောင်က စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်
‘‘ ကျွန်းသခင်၊ ကျန်တဲ့တိမ်တိုက်နီဂိုဏ်းသားတွေကို ငါတို့ဘယ်လိုလုပ်ရမလဲ’’
‘‘ သတ်ပစ်လိုက် ’’ ဂူဖုန်းက အေးစက်စက်အော်ဟစ်လိုက်သည်။ စကားလုံးတစ်လုံးထဲနဲ့
တိမ်တိုက်နီဂိုဏ်း၏ ကံကြမ္မာက အဆုံးအဖြတ်ပေးခြင်း ခံလိုက်ရသည်။
ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်က တိမ်တိုက်နီဂိုဏ်းထဲ ရောက်နေခဲ့ပစေ၊ ဘယ်ဂိုဏ်းသားတွေကပဲ
ထိုကျင့်စဉ်ကို ဖတ်ခဲ့ဖူးပစေ၊ လူသေတွေက သတင်းမဖွနိုင်ပေ။ အကုန်လုံးကို သတ်လိုက်မှပဲ
ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်နဲ့ ပက်သက်တဲ့လျှို့ဝှက်ချက်တွေ အပြင်ကိုမပေါက်ကြားမှာပဲ
ဖြစ်သည်။ ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်၏ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ကျွန်းတစ်ခုလုံးရှိ
လူအားလုံး သတ်ပစ်ရမယ်ဆိုရင်တောင ်သတ်ပစ်ရပေမည်။
Martial Peak
အထွတ်အထိပ်သိုင်ဧကရာဇ်
အပိုင်း (၁၉၉) ရွှေတစ်ထောင်ပျော်မြူးရာခန်းမ
ဒါပေမယ့် ဂူဖုန်းက သံသယရှိနေပေသေးသည်။ အခုဖြစ်ရပ်နောက်ကွယ်က လက်မည်းက ဘယ်သူလဲဆိုတာကို
သူမသိချေ။ ထိုလူက တိမ်တိုက်နီဂိုဏ်းနှင့် ပြဿနာဖြစ်ထားရပေမည်။ ထို့ကြောင့်သာ တိမ်တိုက်နီဂိုဏ်းကို
ဓါးငှားပြီသတ်ခြင်းဖြစ်သည်။ အဲ့လိုသတ်နိုင်ဖို့အတွက် ကျိုးပျက်လပြောင်းလဲခြင်းကျင့်စဉ်၏တည်နေရာကို
သူတို့အားပေးသိစေလိုက်ခြင်းဖြစ်သည်။ …ဒါမှာမဟုတ် အဖြစ်အပျက်တွေက တိုက်ဆိုင်လွန်းနေတာလား။
ဒါပေမယ့် ဂူဖုန်းက ထိုအချက်တွေအားလုံးကို နားလည်နေရင်တောင် သူ့တွင်ရွေးချယ်စရာမရှိချေ။
ထိုကျင့်စဉ်က ရှေးဟောင်းတိမ်တိုက်ကျွန်းအတွက် အရမ်းကိုအရေးပါပေသည်။ အဲ့လူကဘယ်သူလဲ။
တစ်ချိန်တည်းမှာပဲ ပင်လယ်မြို့တော်က စားသောက်ဆိုင်တစ်ဆိုင်တွင်…..
ရန်ကိုင်က တိမ်တိုက်နီကျွန်းဘက်သို့ကြည့်ရင်း ဝိုင်တစ်ခွက်ကိုကိုင်ကာ ပြတင်းပေါက်ဘေးတွင် ထိုင်နေခဲ့သည်။
ရန်ကိုင်က ထိုနေရာကမနက်ကနေ ညတစ်အထိ ထိုင်နေတာဖြစ်ပြီး တစ်လက်မတောင ်မရွေ့ချေ။
တိမ်တိုက်နီဂိုဏ်းက တိုက်ပွဲကလည်း မနက်ကနေ ညနေအထိဖြစ်ဟွားခဲ့တာဖြစ်ပြီး တိမ်တိုက်နီဂိုဏ်းသား
အများစုကလည်း သတ်ဖြတ်ခြင်းခံခဲ့ရကာ အနည်းငယ်သာ လွတ်မြောက်ခဲ့တာဖြစ်သည်။
ရလဒ်ကတော့ တကယ်ကို အံ့သြဖွယ်ကောင်းလွန်းပေသည်။ ရှေးဟောင်းတိမ်တိုက်ကျွန်းက လူနှစ်ရာသာ
ခေါ်လာခဲ့ပြီး လူသုံးဆယ်သာ ဒဏ်ရာရခဲ့ကာ တတိယအဆင့်အင်အားစုတစ်ခုကို ဖျက်စီးနိုင်ခဲ့သည်။
ညအချိန်ရောက်လာတဲ့အချိန် ရန်ကိုင်က ငွေဒင်္ဂါးအနည်းငယ် ပေးချေလိုက်ပြီး စားသောက်ဆိုင်ကနေ
ထွက်သွားလိုက်သည်။
ဘာမှလုပ်စရာမရှိတော့ချေ….
လက်ကလေးတစ်ချက်လှုပ်လိုက်ရုံနဲ့တင် တိမ်တိုက်နီဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံခဲ့ရသည်။
ပင်လယ်မြို့တော်…..ရွှေတစ်ထောင်ပျော်မြူးရာခန်းမ ….
ထိုနေရာက ပျော်စရာရှာဖွေရာ နေရာတစ်ခုဖြစ်ပြီး ဆောင်ကြာမြိုင်တစ်ခုဖြစ်သည်။ မိန်းကလေးတွေက
မလုံတလုံဝတ်ဆင်ထားခဲ့ပြီး လက်ယပ်ခေါ်ကာ ဖိတ်ခေါ်နေခဲ့သည်။ ဂိတ်ပေါက်အပြင်ဘက်တွင်
များစွာသော ဆွဲဆောင်အားကောင်းလှတဲ့ မိန်းကလေးတွေက ဧည်သည့်တွေကို မြူဆွယ်ဖြာယောင်း
နေခဲ့ပြီး အချိန်နဲ့အမျှ ကောင်းမွန်စွာဝတ်စားထားတဲ့ လူတွေတစ်ယောက်ပြီးတစ်ယောက် ဆောင်ကြာမြိုင်ထဲကို
ဆွဲခေါ်သွားခြင်း ခံရသည်။ လမ်းတစ်ဝက်လုံးက ချိုသာသာတဲ့အင်မော်တယ်အနံ့အသက်တွေနဲ့
ပြည့်နေခဲ့သည်။
ရွှေတစ်ထောင်ပျော်မြူးရာခန်းကို ရန်ကိုင်ရောက်လာတဲ့အခါ သူလမ်းလျှောက်ဝင်မလို့ပဲ ရှိသေး…
အသက်၁၇ဈ၁၈လောက်ပဲ ရှိသေးတဲ့မိန်းကလေးတစ်ယောက်က သူ့ဆီရောက်လာခဲ့သည်။ ထိုမိန်းကလေးက
နူးညံ့သိမ်မွေ့ပြီး အနည်းငယ်ဖြူရော်ပုံပေါက်ပေမယ့် ထိုအချက်က သူမအလှကိုမလျော့သွားစေနိုင်ခဲ့ပေ။
ထိုဖြာယောင်းသွေးဆောင်ချင်နေတဲ့ ကောင်မလေးက ကျွမ်းကျင်စွာနဲ့ပဲ ရယ်မောကာ ချိုသာတဲ့နှုတ်ခွန်း
ဆက်စကားနဲ့ ကြိုဆိုလိုက်သည်‘‘ သခင်လေးကို ကြိုဆိုပါတယ် ’’ သူမအသံလေးက ချိုသာလှပြီး
ရန်ကိုင်မျက်လုံးတွေကို တောက်ပသွားစေခဲ့သည်။
ကျွန်းပေါ်က ယုအောင်းချင်း၏ အဖြစ်အပျက်နဲ့ပက်သက်လို့ သူ့ဆန္ဒတွေကို ဖိနှိပ်ထားခဲ့တာ
အချိန်တော်တော်ကြာသွားခဲ့ပြီဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့် မြင့်လာတာနဲ့ ယင်ယန်ပေါင်းစည်းခြင်း
ကျင့်စဉ်၏လွှမ်းမိုးမှုကလည်း ပိုပြီးကြီးမားလာခဲ့သည်။ သူ့မှာသာ ပိုက်ဆံရှိနေသရွှေ့ သူလုပ်တာတာ
လုပ်နိုင်ပြီး သေမျိုးတို့၏အချုပ်အနှောင်ကနေ လွတ်ကင်းနိုင်ပေသည်။ ဒါပေမယ့် သူ့ရှေ့က
သန်စင်ပုံရတဲ့ ကောင်မလေးက လူပေါင်းများစွာ စားဆုံးပြီးတဲ့မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း
ပြန်တွေးမိလိုက်တဲ့အချိန်မှာတော့ ရန်ကိုင်၏စိတ်အားထက်သန်မှုက မှေးမှိန်သွားခဲ့ရသည်။
ကောင်မလေးက ရန်ကိုင်ကိုကြည့်ပြီး ချိုသာစွာပြုံးကာ မေးလိုက်သည် ‘‘ သခင်လေးရဲ့ပထမဆုံး
အကြိမ်လား ’’ ရန်ကိုင်လည်း ရှက်သွားခဲ့ပြီး ပြောလိုက်သည် ‘‘ မဟုတ်ဘူး ’’ သူမကငယ်သေးပေမယ့်
မိန်းကလေး အခုအလုပ်လုပ်တာ အချိန်ကြာသွားပြီဖြစ်တဲ့အတွက် သူမ၏အမြင်အာရုံက စူးရှပေသည်။
ရန်ကိုင်လိမ်နေတယ်ဆိုတာ သူမထုတ်ပြောလိမ့်မည် မဟုတ်ချေ။ သူမ၏ကျောက်စိမ်းသဖွယ်လက်ကလေးကို
ဆန့်ထုတ်လိုက်ပြီး ရန်ကိုင်၏လက်မောင်းကို ဖွဖွလေးကိုင်ရင်း ပြောလိုက်သည် ‘‘ သခင်လေး
ပျော်ချင်တယ်ဆိုရင် ဒီကအစေခံမလေးက သခင်လေးကို ဝန်ဆောင်းမှုပေးနိုင်ပါတယ်နော် ’’
ရန်ကိုင်က ကိုးယိုးကားယားနဲ့ ခေါင်းညိတ်လိုက်သည်။
ကောင်မလေးက ရယ်လိုက်ပြီး ရန်ကိုင်ကိုအထဲဆီ ခေါ်သွားလိုက်သည်။ လမ်းလျှောက်နေရင်း သူမ၏
ဖွံ့ထားနေတဲ့ ပေါက်စီတွေက ရန်ကိုင်၏လက်မောင်းကို ပွတ်သပ်ကျီစယ်နေခဲ့သည်။ သူမ၏လှုံ့ဆော်မှုကြောင့်
ရန်ကိုင်အသက်ရှုသံ လေးလံလာခဲ့သည်။ သူ့အပြုအမူက မိန်းကလေးရဲ့ခန့်မှန်းချက်ကို ပိုပြီးခိုင်မြဲ
သွားစေခဲ့သည်။ ခန်းမထဲကို ဝင်လိုက်တာနဲ့ လေပူတွေက သူ့မျက်နှာကို ပွတ်သပ်သွားခဲ့သည်။
ထိုနေရာက ဆောင်ကြာမြိုင်တစ်ခုဖြစ်တဲ့အတွက ်ပတ်ပတ်လည်နံရံတွေက လိင်စိတ်ကိုလှုံ့ဆော်နိုင်တဲ့
ပန်းချီကားတွေနဲ့ ပြည့်နေခဲ့သည်။ စားပွဲခုံတွေ၊ထိုင်ခုံတွေ၊ မျက်နှာကျက်တွေ၊နံရံတွေက ကာမစိတ်ကို
နိုးကြွစေနိုင်တဲ့ ပုံတွေနဲ့ ပြည့်နေခဲ့သည်။ ရန်ကိုင်အကြည့်က ခန်းမတစ်ဝိုက်လှည့်ပတ်သွားလာနေခဲ့ပြီး
ထိတ်လန့်သွားခဲ့သည်။ဂလု……..ထိုနေရာတွင် ထူးဆန်းပြီး အံ့သြဖွယ်ကောင်းတဲ့ …နည်းလမ်းတွေ
အများကြီး ရှိနေခဲ့ပေသည်။ ကောင်းကင်စံအိမ်ကို ပြန်ရောက်တာနဲ့ အဲ့နည်းလမ်းတွေကို စမ်းသပ်ဖို့
စုယန်ကိုသွားရှာရမယ်
ခန်းမတစ်ခုလုံး ကာမစိတ်ကို နိုးကြွစေနိုင်တဲ့ ဆွဲဆောင်သံတွေနဲ့ ပြည့်နေခဲ့ပြီး အချို့လူတွေက မိန်းကလေး
တွေရဲ့ ရင်သားတွေကို ပွတ်သပ်နေခဲ့ပြီး အချို့ကတော့ တရှိုက်မက်မက် နမ်းရှိုက်နေကြသည်။
မိန်းကလေးတွေရဲ့ အကျီင်္ထဲ လက်နှိုက်ပြီး ပွတ်သပ်နေတဲ့ လူတွေတောင်ရှိသလို ကြည်နူးမှုကြောင့်
ညည်းနေတဲ့ ညည်းသံတွေကလည်း လူတိုင်း၏နားထဲ ပဲ့တင်ထပ်နေခဲ့သည်။ ရန်ကိုင်လည်း
ထိုမြင်ကွင်းကို မြင်ပြီးတော်တော်လေး ဆာလောင်လာခဲ့သည်။ (ဘာကိုဆာတာလဲသိတယ်နော်)
မိန်းကလေးက ရန်ကိုင်နားတိုးကပ်လိုက်ပြီး ခြေဖျားထောက်က ရန်ကိုင်နားနားကပ်ပြောလိုက်သည်
‘‘ သခင်လေး၊စားချင်လား၊သောက်ချင်းလား၊ ဒါမှမဟုတ် ဒီအစေခံမလေးနဲ့အတူ တစ်ခန်းထဲမှာ
အချိန်ဖြုန်းချင်လား။ သခင်လေးကြိုက်တာပြောနိုင်တယ်နော် ’’
‘‘ ဒီနေရာက နည်းနည်းဆူညံတယ် ’’
‘‘ အဲ့လိုဆိုရင် သခင်လေး ကျွန်မနဲ့အတူလာသင့်တယ် ’’ ကောင်းမလေးကရယ်လိုက်ပြီး ရန်ကိုင်
လက်မောင်းကိုကိုင်ကာ လှေကားထစ်ပေါ်ကို တက်သွားလိုက်သည်။ တတိယထပ်….ဘယ်သူမှမရှိတဲ့
အခန်းထဲကို ရန်ကိုင်ကိုမိန်းကလေးက ဆွဲခေါ်သွားခဲ့သည်။ ‘‘ သခင်လေးရဲ့ ပထမဆုံးအကြိမ်ဖြစ်လို့
ဒီအစေံမလေးက သခင်လေးအတွက် အရင်ဆုံးအစလေး စပေးမယ်နော် ’’ မိန်းကလေးက
ရန်ကိုင်ကို ရင်းနှီးပြီးညင်သာတဲ့ လေသံနဲ့ပြောလိုက်သည်။
‘‘ ခဏစောင့်ဦး ’’ ရန်ကိုင်က ရုတ်တရက်ပြောလိုက်သည်။ မိန်းကလေးက ပြုံးလိုက်ပြီး ကလူမြူဆွယ်စွာနဲ့
ပါးစပ်ကလေးကိုပိတ်ကာ ပြောလိုက်သည် ‘‘ သခင်လးလိုအပ်တာများရှိလား ’’ ရန်ကိုင်ကခေါင်းခါလိုက်ပြီး
‘‘ မရှိဘူး….ငါကအသက်ကြီးတဲ့မိန်းမတွေကို ပိုကြိုက်တယ် ’’ မိန်းကလေးက တစ်ခဏတာအံ့သြသွားခဲ့ပေမယ့်
စိတ်မပျက်သွားခဲ့ပေ။ လူတိုင်းတွင်သူ့အကြိုက်နဲ့သူရှီပေသည်။ သူမလူတစ်ရာလောက် မတွေ့ခဲ့ဖူးပေမယ့်
လူရှစ်ဆယ်လောက်တော့ တွေ့ဖူးပေသည်။ လူတိုင်းတွင် ကိုယ့်စီအကြိုက်တွေရှိပေသည်။
‘‘အဲ့လိုဆိုရင် ဒီအစေံခံမလေးက အစ်မကြီးကိုခေါ်ပေးရမလား ’’ မိန်းကလေးက ရန်ကိုင်ကိုချိုသာစွာနဲ့
ပြောလိုက်သည်။ ‘‘ မလိုဘူး ။ ပိုင်ရှင်ကိုပဲခေါ်လိုက် ’’ ရန်ကိုင်က ပြောလိုက်သည်။ မိန်းကလေးလည်း
ကြောင်အသွားခဲ့သည်။ ဧည့်သည်ပေါင်းများစွာကို သူမတွေ့ဖူးခဲ့ပေမယ့် အခုလိုတောင်ဆိုတဲ့လူမျိုးကိုတော့
သူမတစ်ခါမှ မတွေ့ဖူးခဲ့ချေ။ ဆောင်ကြာမြိုင်ပိုင်ရှင်က သူမငယ်ရွယ်စဉ်အချိန်တုန်းက သူမတို့လိုး
လူမျိုးဖြစ်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူမကိုလူကြိုက်နည်းလာခဲ့သည်။ သူမကိုတောင်းဆိုတဲ့
လူတစ်ယောက်မှ မရှိတော့တဲ့အတွက် ပြည့်တန်ဆာအလား မန်နေဂျာဖြစ်လာခဲ့သည်။
မိန်းကလေးက တုန့်ဆိုင်ေးနခဲ့ပြီး ‘‘ သခင်လေးက ငါတို့ရဲ့ပိုင်ရှင်ကိုခေါ်ချင်တာ သေချာလား ’’
‘‘ သူမကိုသာခေါ်လိုက် ’’ ရန်ကိုင်ချက်ချင်းပဲ ငွေဒင်္ဂါးပြားတွေ ပစ်ပေးလိုက်သည်။ မိန်းကလေးက
ခေါင်းညိတ်လိုက်လေသည် ‘‘ အဲ့လိုဆိုရင်လည်း သခင်လေးခဏစောင့်၊ မားမားဆန္ဒရှိမရှိ
သွားမေးလိုက်ဦးမယ် ’’ဒီသခင်လေးက အသက်ကြီးတဲ့ပုံမပေါက်ပါဘူး။ ဘယ်လိုလုပ်ပြီး မိန်းမအိုကြီးတွေကို
ကြိုက်ရတာလဲ။ ငါတို့ရွှေတစ်ထောင်ပျော်မြူးခြင်းခန်းမ ပိုင်ရှင်က အသက်၄၀ကျော်လောက် ရှိနေပြီ။
သူနဲ့ဆိုရင် အမေနဲ့သားအရွယ်လောက် ရှိတာကာ သူ့အကြိုက်ကတော်တော်လေး ထူးဆန်းလွန်းတယ်
ဒါပေမယ့် ဧည့်သည်က ဆန္ဒရှိနေမှာတော့ ထိုအရာက သူ့ရဲ့လွတ်လပ်မှုပဲလေ။ ထို့ကြောင့်
ပိုက်ဆံသာရမယ်ဆိုရင် သူ့တောင်ဆိုမှုကို ပိတ်ပင်လိမ့်မည်မဟုတ်ချေ။
အခန်းထဲတွင် တစ်ခဏကြာအောင် ရန်ကိုင်စောင့်နေလိုက်ပြီးနောက် အခန်းတံခါးက ရုတ်တရက်
ပွင့်သွားခဲ့ပြီး မိတ်ကပ်ထူထူလိမ်းထားတဲ့ မိန်းမကြီးတစ်ယောက် အခန်းထဲကိုဝင်လာခဲ့သည်။ သူမငယ်ရွယ်စဉ်
တုန်းက လှပကောင်းလှပနိုင်ခဲ့ပေမယ့် အသက်ကြီးလာခဲ့တဲ့အတွက် သူမခန္ဓာကိုယ်ကလည်း ဝဖြိုးလာခဲ့ပြီး
သူမ၏နှစ်လိုဖွယ်ကောင်းမှုကလည်း လျော့နည်းသွားခဲ့ရသည်။ သခင်းလေးတစ်ယောက်က သူမကို
အဖော်ပြုပေးစေချင်နေတယ်ဆို့ မိန်းကလေးပြောတာကို သူမကြားလိုက်တာနဲ့ ဆောင်ကြာမြိုင်ပိုင်ရှင်လည်း
ပျော်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ လာခဲ့တာဖြစ်သည်။ သူမအခန်းထဲကို ဝင်လာတဲ့အချိန် ငယ်ရွယ်ချောမောတဲ့
ကောင်လေးတစ်ယောက်ကို မြင်လိုက်ရတဲ့အချိန်မှာတော့ မိန်းမကြီးကပိုပြီးပျော်မြူးသွားခဲ့သည်။
ဒီမိန်းမအိုကြီးက ဆွဲဆောင်မှုရှိသေးသားပဲ
အခန်းထဲကိုဝင်လာတာနဲ့ မိန်းမကြီးက ကောင်းမလေးတွေကို နှစ်လိုဖွယ်ကောင်းအောင် ပြုံးပြလိုက်ပြီး
ရန်ကိုင်ကို ယဉ်ယဉ်ကျေးကျေးနဲ့ နှုတ်ဆက်လိုက်သည် ‘‘ သခင်လေး…..’’ သူမစကားဆုံးအောင်
မပြောရသေးခင်မှာပဲ ရန်ကိုင်က သူမကိုရုတ်တရက်အနားရှိ ထိုင်ခုံတစ်ခုဆီတွန်းလိုက်ပြီး
ဓါထောက်လိုက်သည်။ဆိုင်ပိုင်ရှင်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး တုန်ရီစွာနဲ့ ဓါးမြောင်ကိုကြည့်နေခဲ့သည်။
‘‘ သခင်လေး ဘာလိုချင်တာလဲ ’’ မိန်းမကြီးကအရူးတစ်ယောက် မဟုတ်ချေ။ ရန်ကိုင်က ဒီနေရာကို
ပျော်စရာရှာဖို့လာတာ မဟုတ်ဘူးဆိုတာ ချက်ချင်းသိလိုက်သည်။ ‘‘ ငါ့မှာမေးစရာရှိတယ် ’’
ရန်ကိုင်က ထိုင်ခုံကိုဆွဲလိုက်ပြီး သူမရှေ့တွင်ထိုင်ချလိုက်ကာ အေးစက်စက်လေသံနဲ့ မေးလိုက်သည်။
‘‘ သခင်လေးမေးပါ။ ဒီအစေခံမကြီးသိတာရှိရင် မဖုံးကွယ်ပဲ ဖြေပေးပါ့မယ် ’’ ‘‘ လွန်ခဲ့တဲ့သုံးလတုန်းက
အသက်သုံးဆယ်အရွယ်လောက်ရှိတဲ့ မိန်းမတစ်ယောက်ကို ခင်ဗျားဝယ်ခဲ့တယ်မလား ’’
သူမကချက်ချင်းပြန်ပြောလိုက်သည် ‘‘ သခင်လေး၊ပိုပြီးတိတိကျကျပြောပေးပါ။ သခင်လေးဆိုလိုတာကို
ဒီအစေခံမကြီး သိပ်နားမလည်းဘူး။ မိန်းမတွေကို စီးဟွားရေးအတွက် မကြာခဏရောင်းပါတယ် ’’
‘‘ သူမကိုမြောင်မိသာစုက ရောင်းစားခဲ့တာ ’’ မိန်းမကြီးမျက်နှာ အနည်းငယ်ရှုံ့မဲ့သွားခဲ့သည်။
၇န်ကိုင်က သူမမျက်လုံးတွေကို စူးစိုက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည် ‘‘ သူမမျက်နှာက
ဖျက်ဆီးခံထားရပြီး သေမယ်လို့လည်း ပြောခဲ့သေးတယ်။ အဲ့နောက်မှာတော့ တိမ်တိုက်နီဂိုဏ်းကို
ရောင်းစားချင်းခံခဲ့ရသည်။ ခင်ဗျားမှတ်မိပြီလား ’’ ပိုင်ရှင်က ခေါင်းခါလိုက်ပြီး ‘‘ မမှတ်မိဘူး။ သခင်လေး၊
အဲ့လိုလူမျိုးကို ဒီအစေခံကြီး တစ်ခါမှမကြားခဲ့ဖူးပါဘူး ’’ ရန်ကိုင်လက်က ဖျက်ခဲနဲလက်သွားခဲ့ပီး
မိန်းမကြီးမျက်နှာပေါ်တွင် လက်ဝါးရာကြီးထင်ကျန်ရစ်သွားခဲ့သည်။ ‘‘ အဲ့ဒါအမှန်ပါပဲ….’’
နောက်တစ်ထပ် ထပ်ရိုက်လိုက်ပြန်သည်။
‘‘ သခင်လေး….’’
‘ ဖြန်း ’
‘‘ဒီအစေခံမကြီး မလိမ်ပါဘူး ’’
‘ ဖြန်း ’
‘‘ ဒီအစေခံမကြီး မှတ်မိပါပြီ ’’ ပိုင်ရှင်က လက်ဝါးချက်အနည်းငယ်ကို တောင့်ခံနိုင်ပေမယ့်
သူမမျက်နှာက ရောင်ကိုင်းနေပြီး ဖြစ်ပြီး သူမမျက်လုံးတွေကလည်း ပန်ဒါမျက်လုံးတွေ
ဖြစ်နေပြီဖြစ်ကာ သူမသွားတွေလည်း ကျွတ်ထွက်နေပြီဖြစ်သည်။ သူမသာဆက်ပြီး ငြင်းဆန်နေမယ်ဆိုရင်
သေဆုံးရတော့မယ်ဆိုတာ သူမသိပေသည်။ သူ့မရှေ့က ကောင်းလေက ရက်စက်ပြီးသွေးအေးတဲ့
လူတစ်ယောက်ဆိုတာ ကျိန်းသေပေသည်။
‘‘ အဲ့လိုမိန်းမတစ်ယောက်ရှိခဲ့တယ်။ ဒါပေမယ့် သူမခန္ဓာကိုယ်ကတော့ ဘယ်သူမမထိခဲ့ရဘူး။ သူမမျက်နှာကို
သူမကိုယ်တိုင် ဖျက်စီးခဲ့တယ်။ အဲ့ဒါကျွန်မတို့နဲ့ ဘာမှမဆိုင်ပါဘူး ’’
‘‘ ငါသိတယ် ’’ ရန်ကိုင်က ခေါင်းညိတ်ရုံလေး ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည် ‘‘ သူမကိုရိုက်နှက်ပြီး
ဧည့်သည်တွေကို လက်ခံဖို့တွန်းအားပေးခဲ့တာ ဘယ်သူလဲ ’’
‘‘ အဲ့ဒါက….’’ ပိုင်ရှင်က အခုအချိန်တွင် တုန်ရီနေခဲ့ပြီး ထိုလှပတဲ့မိန်းမတွင် အခုလိုကြောက်စရာကောင်းတဲ့
နောက်ခံရှိနေလိမ့်မယ်လို့ တစ်ခါမှမထင်ထားခဲ့ချေ။ ‘‘ ဘယ်သူလဲ ’’ ရန်ကိုင်ကဓါးမြောင်ကို ဆွဲလိုက်ပြီး
သူမလက်သည်းခွံကို ရက်ရက်စက်စက်နဲပ ထိုးချလိုက်သည်။ ‘‘ဒီအစေခံမကြီးပါ။ သခင်လေးရယ်၊
ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ။ ငါသူမကို ကြာပွတ်နဲ့ နည်းနည်းလောက်ပဲ ရိုက်ခဲ့တာပါ။ မိန်းကလေး
တစ်ယောက် ဒီခန်းမဆီရောင်းစားခံရတိုင်း သူမသာပူးပေါင်းမလုပ်ဆောင်ဖူးဆိုရင် အမြဲတမ်းအဲ့လိုပဲ
အပြစ်ပေးခဲ့တာပါ။ အဲ့မိန်းက ဒီကသခင်လေးရဲ့လူတစ်ယောက်ဖြစ်မှန် ဒီအစေခံမကြီးသိခဲ့မယ်ဆိုရင်
သေရမယ်ဆိုရင်တောင် ဒီအစေခံမကြီး အဲ့လိုလုပ်ခဲ့မှာ မဟုတ်ပါဘူး ’’ ပိုင်ရှင်က ချက်ချင်းဒူထောက်
လိုက်ပြီး ချက်ချင်းကြမ်းပြင်နှင့် ခေါင်းကိုထပ်ကာထပ်ကာ တိုက်ကာတောင်းပန်တော့လေသည်။
ရန်ကိုင်လည်း အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်
တစ်ချက်လက်သွားခဲ့ပြီး ဓါးမြောင်ကို မိန်းမကြီးလည်ပင်းဆီ တင်လိုက်သည်။ ‘‘ ကျေးဇူးပြုပြီး၊
ကျွန်မကိုမသတ်ပါနဲ့ ’’´ပိုင်ရှင်ကြောက်လန့်တကြား ငိုယိုတောင်းပန်တော့လေသည် ‘‘ဒီအစေခံက
သူမသိတာမှန်သမျှ သခင်လေးကို ပြောခဲ့ပြီးပြီလေး။ ငါတောင်းပန်ပါတယ်။ငါ့အသက်ကို ချမ်းသာပေးပါ ’’
သူမအသံပျောက်သွားတာနဲ့ ရန်ကိုင်လက်ထဲရှိ ဓါးမြောင်က စက်ဝိုင်းပတ်ပတ် လည်သွားခဲ့ပြီး သွေးတွေ
ပန်းထွက်လာခဲ့ကာ ပိုင်ရှင်၏မျက်လုံးတွေလည်း တဖြည်းဖြည်း မှိန်ကျသွားခဲ့လေသည်။
ထို့နောက် ဖြေးညှင်းစွာနဲ့ ကြမ်းပြင်ပေါ်ကို လဲကျသွားတော့သည်။
ဓါးမြောင်ပေါ်က သွေးတွေကိုသုတ်လိုက်ပြီး မတ်တပ်ရပ်ကာ အခန်းထဲကနေ ထွက်သွားတော့သည်။
ရန်ကိုင်ကို အခန်းထဲဆီခေါ်လာတဲ့ မိန်းကလေးက ညင်သာစွာနဲ့ မေးလိုက်သည် ‘‘ သခင်လေး ပျော်ခဲ့ရဲ့လား ’’
ရန်ကိုင်က သူမကိုလျစ်လျူထားလိုက်ပြီး သူ့အပြုအမူက သူ့ကိုကြောင်အသွားစေခဲ့သည်။ သူမလည်း
သုံးထပ်မြောက်ဆီကို အလျင်စလို ပြေးတက်သွားလိုက်ပြီး အခန်းတံခါးကို ဖွင့်လိုက်တဲ့အချိန် သွေးအိုင်ထဲတွင်
လဲနေတဲ့ ပိုင်ရှင်ကိုတွေ့လိုက်ရသည်။ စူးရှတဲ့အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ရွှေတစ်ထောင်
ပျော်မြူးရာခန်းမတစ်ခုလုံး အုန်အော်သောင်းနင်းဖြစ်သွားခဲ့သည်။ ပင်လယ်မြို့တော် မြောင်မိသားစုနေထိုင်ရာ
အိမ်တော်ဝယ်…. မြောင်ဟွာချန်က ပင်လယ်မြို့တော်တွင် အခြေချခဲ့တာ သိပ်မကြာသေးပေမယ့်
သူကဉာဏ်များပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် အောင်မြင်မှုအနည်းငယ် ရယူနိုင်ခဲ့သည်။
ရှန်မိသွားစုက မိန်းကလေးတစ်ယောက်ကို လက်ထပ်နိုင်တဲ့ ကလေးအနည်းငယ် မွေးဖွားနိုင်ခဲ့ကာ
သူ့အရင်းအမြစ်တွေကို အခြေချနိုင်ခဲ့သည်။ ထိုနှစ်အတွင်း သူ့မိသားစုတော်တော်လေး တိုးတက်လာခဲ့သည်။
ထိုမိသားစုက ကြီးမားတယ်လို့ မဆိုနိုင်ပေမယ့် နှစ်တိုင်းငွေပြားနှစ်ထောင်၊သုံးထောင်လောက် ရှာနိုင်တဲ့အတွက်
စားဝတ်နေရေးအတွက ်ပူစရာမလိုပဲ အေးအေးဆေးဆေး နေထိုင်နိုင်လေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၀) မြောင်မိသားစုကို အလစ်ဝင်တိုက်ခိုက်ခြင်း
သူရခဲ့တဲ့ အကျိုးအမြတ်ကြောင့် လွန်ခဲ့တဲ့ သူ့ရဲ့ကံဇာတာအလွန်ကောင်းမွန်လာတယ်လို့ မြောင်ဟွာချန်
ခံစားနေရသည်။ မဒန်ကျောင်းက သူမမိသားစုက ပိုင်ဆိုင်မှုများစွာကို သယ်ဆောင်လာခဲ့တဲ့အတွက ်
မြောင်မိသားစု၏ပိုင်ဆိုင်မှုက တော်တော်လေးတိုးဟွားလာခဲ့ရလေသည်။ ထို့ပြင်ဆန်းကြယ်တဲ့
လိပ်ခွံကိုတိမ်တိုက်နီဂိုဏ်းကို ပေးအပ်လိုက်တဲ့အချိန်တွင် ဂိုဏ်းအကြီးအကဲတွေက သူ့သား၏ကျင့်ကြံခြင်းကို
ကိုယ်တိုင်ကိုယ်ကျ ဂရုစိုက်ပေးမယ်လို့ ကတိပေးခဲ့တဲ့အပြင် မြောင်ဟွာချန်ကိုလည်း ဆေးလုံးအနည်းငယ်
ပေးခဲ့လေသည်။ သူ့သားရဲ့အနာဂတ် သေချာသွားတဲ့အတွက် မြောင်ဟွာချန်လည်း တော်တော်လေး
ကျေနပ်သွားခဲ့ရပြီး ဂိုဏ်းအကြီးအကဲတွေက မြောင်လင်ကို ပျောက်ဆုံးနေသာကျွန်းကို ရှာဖွေရာတွင်
ခေါ်ဆောင်သွားခဲ့တဲ့အတွက် သူ့ကိုဂိုဏ်းက ဘယ်လောက်ကျေနပ်နေလဲဆိုတာ သိသာပေသည်။
ထို့ပြင် အနာဂတ်တွင် ယုအောင်းချင်ဆိုတဲ့ မိန်းကလေးကို လက်ထပ်ယူမယ်လို့ မြောင်လင်က သူ့ကို
ပြောခဲ့ဖူးပေသည်။ ထိုမိန်းကလေးကို ရတာနဲ့ သူ့တို့မြောင်မိသားစု တိုးတက်ကြီးဟွာလာမှ မလွဲမသေပင်
ဖြစ်သည်။ သူ့ရဲ့လေ့လာစစ်ဆေးမှုအရ ယုအောင်းချင်ဆိုတာ တိမ်တိုက်နီဂိုဏ်း အကြီးအကဲတစ်ယောက်၏
သမီးဆိုတာ သိလိုက်ရသည်။ သူ့သားသာ သူမကိုအရယူနိုင်မယ်ဆိုရင် မြောင်မိသားစု၏အနာဂတ်က
လှပတိုးတက်မည်မှာ မလွဲမသေပင်ဖြစ်သည်။ သူနောင်တရတာတစ်ခုက မဒန်ကျန်းကို အမိမဖမ်းနိုင်ခဲ့တာပဲ
ဖြစ်သည်။ သူမ၏ပြည့်ဖြိုးပြီး ဖြူဖွေးတဲ့အသားအရေကို ပြန်တွေးလိုက်တာနဲ့ မြောင်ဟွာချန်စိတ်ပျက်သွားသလို
ခံစားလိုက်ရသည်။ သူသာဒေါသအလျောက်မပြုမူခဲ့ပဲ သူမကိုလည်းရွှေတစ်ထောင်ပျော်မြူးရာခန်းမကို
မရောင်းစားခဲ့ဘူးဆိုပါက အဲ့ဒီအစား သူမကိုသူ့ဘေးတွင် ထိန်းသိမ်းထားခဲ့ပါက သူမလည်းသူ့ဆီ
အညံခံကာ နောက်ဆုံးသူ့ရဲ့ကစားစရာ တစ်ခုဖြစ်လာပေလိမ့်မည်။
တကယ်တော့ သူမကမိန်းမတစ်ယောက်သာ ဖြစ်ပေသည်။ သူလုပ်ဖို့လိုအပ်တာက သူမကိုသက်သောင့်
သက်သာ ဖြစ်အောင် လုပ်ပေးဖို့ပဲဖြစ်သည်။ အဲ့လိုသာလုပ်ခဲ့ပါက သူမသူ့ကိုဘယ်တော့မှ ထားသွားတော့
မည်မဟုတ်ချေ။ နောက်ပိုင်း မြောင်ဟွာချန်က ရွှေတစ်ထောင်ပျော်မြူးရေးခန်းမကို သွားတဲ့အချိန်
မဒန်က သူမမျက်နှာကိုသူမကိုယ်တိုင် ဖျက်ဆီးခဲ့ပြီး အလုပ်လုပ်ဖို့ငြင်းဆိုခဲ့တဲ့အတွက် တိမ်တိုက်နီဂိုဏ်းကို
ရောင်းစားခြင်းခံလိုက်ရကြောင်း သူကြားခဲ့ရသည်။
ဟန့် တိမ်တိုက်နီဂိုဏ်းလက်ထဲ ကျသွားတော့ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးမြောင်ဟွာချန်က
လှောင်ပြောင်လိုက်သည်။ သူရဲ့ကြင်နာမှုကို လက်မခံနိုင်မှာတော့ ဒါကသူမ၏ကံတရားပင်ဖြစ်သည်။
ဝိုင်လေးကို မော့သောက်ရင်း ပျော်ရွှင်စွာရယ်မောလျက် အခြားလက်တစ်ဖက်က အိမ်ဖော်အစေံမလေးကို
ကိုင်ကာ သူမ၏ခန္ဓာကိုယ်အနှံ့ကိုပွတ်သပ်နေခဲ့သည်။ သူ့ဘယ်ဘက်မှာတော့ နောက်ထပ်လှပတဲ့
အိမ်ဖော်အစေခံမလေးတစ်ယောက်က ဝိုင်သွန်းလောင်းထည့်ပေးနေခဲ့သည်။ ထိုနှစ်ယောက်ကို
တော်တော်လေး ရင်းနှီးခဲ့ပြီး ရွှေတစ်ထောင်ပျော်မြူးရေးခန်းမကနေ သူရခဲ့တာဖြစ်သည်။ ထိုနှစ်ယောက်က
တော်တော်လေး လှပပြီး စွဲမက်ဖွယ်ကောင်းပေသည်။ သူ့ရဲ့ကျန်ခဲ့တဲ့ရက်တွေကို ထိုနှစ်ယောက်နှင့်အတူ
ကုန်ဆုံးနေခဲ့တာဖြစ်သည်။
အခုအချိန်တွင် လူသုံးယောက်က အိပ်ရာပေါ်တွင် ထိုင်နေခဲ့ပြီး စားသောက်ဖွယ်ရာ အနည်းငယ်
ခင်းကျင်းထားတဲ့ စားပွဲသေးသေးလေးတစ်လုံးက ကုတင်ဘေးတွင် ရှိနေခဲ့သည်။
မြောင်ဟွာချန်က ညအိမ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အိမ်ဖော်အစေခံမလေးနှစ်ယောက်ကတော့
မိမွေးဖမွေးအတိုင်းနီးပါးပင်ဖြစ်သည်။ ဝတ်ဆင်ထားတာဆိုလို့ သူမတို့၏လျှို့ဝှက်နေရာတွေကို
ဖုံးကွယ်ထားတဲ့ အဝတ်းပါးပါးလေးတွေသာ ဖြစ်သည်။ သောက်စားပျော်မြူးနေရင်း မြောင်ဟွာချန်က
အိမ်ဖော်အစေခံမလေးတို့၏ ခန္ဓာကိုယ်ကို ပွတ်သပ်လိုက်၊ဆိတ်လိုက်လုပ်နေပြီး သူ့မျက်လုံးထဲတွင်
တဏှာမီးတောက်တို့ တဖြည်းဖြည်းတောက်လောင်လာခဲ့သည်။
‘‘ စားပွဲခုံကိုဖယ်လိုက်တော့၊ ဒီသခင်ကမင်းကိုသင်ပေးစရာ လှည့်ကွက်အသစ်တွေ ရှိတယ် ’’ မြောင်ဟွာချန်က
သူ့လက်ကိုဝှေ့ရမ်းလိုက်ပြီး ပြောလိုက်သည်။ မိန်းကလေးနှစ်ယောက်လည်း မတ်တပ်ရပ်လိုက်ပြီး ဝိုင်နဲ့
စားပွဲခုံကို ခပ်မြန်မြန်ဖယ်လိုက်သည်။ ‘‘ ဟားဟားဟား…လာခဲ့၊လာခဲ့ ’’ မြောင်ဟွာချန်က သူတို့ကို
လက်ယပ်ခေါ်လိုက်ပြီး သူတို့ကုတင်ဘေးနား ရောက်တဲ့အထိတောင် မစောင့်တော့ပဲ ထိုနှစ်ယောက်ကို
လှမ်းဆွဲလိုက်သည်။ မိန်းကလေးနှစ်ယောက်က ကုတင်ပေါ်လဲကျသွားခဲ့ပြီး သူမတို့၏ကျန်ရှိနေတဲ့
အဝတ်ပါးပါးတွေလည်း ဆုတ်ဖြဲခြင်းခံလိုက်ရသည်။
မြောင်ဟွာချန်လည်း သူ့အဝတ်တွေကို လျင်မြန်စွာချွတ်ကာ လွှင့်ပစ်လိုက်ပြီး ဆာလောင်နေတဲ့
ခွေးတစ်ကောင်လို ထိုနှစ်ယောက်ဆီခုန်ဝင်သွားခဲ့သည်။ ဒါပေမယ့် ထိုမိန်းကလေးနှစ်ယောက်နှင့်
ပျော်မြူးဖို့လုပ်နေတုန်းမှာပဲ အပြင်ဘက်ကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့သည်။ ထိုအော်ဟစ်သံ
တွေကြောင့် အကာအကွယ်မဲ့နေတဲ့မြောင်ဟွာချန်လည်း ထိန်လန့်တကြား ထခုန်မိလိုက်သည်။
သိပ်မကြာခင်မှာပဲ တံခါးအပြင်ဘက်ကနေ ဒေါသတကြီး အော်ဟစ်သံတွေကို ကြားလိုက်ရသည်
‘‘ ကောင်စုတ်လေးက ရဲလှချည်းလား၊ ငါတို့မြောင်မိသားစုပိုင်နက်ထဲကိုတောင ်ဝင်လာရဲတယ် ’’
ထိုအသံပျောက်သွားတာနဲ့ အပြင်ဘက်နေ တိုက်ခိုက်သံတွေ ထွက်ပေါ်လာခဲ့သည်။ အစောင့်အကြပ်
တွေအားလုံးလည်း ထိုကျူးကျော်သူဆီ ပြေးဝင်သွားကြလေသည်။ မြောင်ဟွာချန်က ပြေးထွက်မသွားခဲ့ပဲ
အခြေအနေကို အရင်စစ်ဆေးနေလိုက်သည်။ ကျူးကျော်သူက သူ့အစောင့်အကြပ်တွေကို တစ်ယောက်
ပြီးတစ်ယောက်သတ်ဖြတ်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ မြောင်ဟွာချန်လည်း မျက်မှောင်ကြုံ့မိလိုက်သည်။
ရန်ကိုင်က အနက်ရောင်အဝတ်အစားတွေ ဝတ်ဆင်ကာ မြောင်မိသားစုထဲကို ဝင်ရောက်လာခဲ့တာဖြစ်သည်။
မြောင်မိသားစုဆိုတာ ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ပဲ မိသားစုသေးသေးလေး တစ်ခုသာဖြစ်သည်။
သူတို့ရဲ့အစောင့်အကြပ်တွေဆိုတာလည်း သိုင်းပညာခရီးလမ်းတွင် ဆက်ပြီးခရီးမတက်နိုင်တော့
ဘူဆိုတာ သိတဲ့အတွက် အသက်မွေးဝမ်းကြောင်းအတွက် အစောင့်အကြပ်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့
သူတွေသာဖြစ်သည်။ မြောင်မိသားစုက အားနည်းပြီးတက်သစ်စ မိသားစုတစ်ခုဖြစ်တဲ့အတွက်
အားကောင်းတဲ့ ကျင့်ကြံသူတွေကို မဆွဲဆောင်နိုင်သေးချေ။
လွန်ခဲ့တဲ့ရက်အတွင် မြောင်မိသားစုအကြောင်းကို သူသေချာစုံးစမ်းစစ်ဆေးခဲ့ပြီးသွားပြီဖြစ်သည်။
မြောင်မိသားစုအစောင့်အကြပ်ထဲတွင် အားအကောင်းဆုံးကျင့်ကြံသူက ချီသန့်စင်ခြင်း
အထွတ်အထိပ်အဆင့်တွင်သာ ရှိပြီး ကျန်ရှိတဲ့လူတွေက ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူအချို့နှင့်
ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေဖြစ်သည်။ အများစုက ချီပြောင်းလဲခြင်းအဆင့်တွင်ဖြစ်သည်။
ထိုလူတွေက တိုက်ပွဲစွမ်းရည်က သာမန်ရွက်ကြမ်းရေကျိုသာဖြစ်သည်။ သူချိုးဖျက်ဝင်လာတာနဲ့
အစောင့်တွေက သူ့ကိုအလွယ်တကူတွေ့ရှိသွားခဲ့သည်။ ရန်ကိုင်ကလည်း ပုန်းကွယ်ဖို့မစဉ်းစားခဲ့ချေ။
ချက်ချင်းပဲ ဝင်ရောက်တိုက်ခိုက်ကာ အချိန်အနည်းငယ်ကြာပြီးတဲ့အချိန်မှာတော့ အလောင်းများစွာက
ကြမ်းပြင်ပေါ်တွင် ပုံထပ်နေခဲ့သည်။
သူ့ခန္ဓာကိုယ်ကနေ သိပ်သည်းတဲ့ မိစ္ဆာချီစွမ်းအင်တွေ ထွက်ပေါ်နေခဲ့ပြီး မြောင်မိသားစုအစောင့်တွေကို
ကြောက်ရွံ့မှုကြောင့် တုန်ရီသွားစေခဲ့သည်။ ‘‘ကောင်စုတ်လေး၊မင်းဘယ်သူလဲ။ အခုလိုအသက်ငယ်ငယ်လေးနဲ့
ဒီလောက်အားကောင်းနေတာဆိုတာ့ မင်းကဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲဖြစ်ရမယ်။
ဟုတ်တယ်မလား ’’ မြောင်မိသားစုထဲက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မေးလိုက်သည်။
ချီပြောင်းလဲခြင်းအဆင့်ကို အခုလိုအသက်ငယ်ငယ်လေးနဲ့ ရောက်နေတာဆိုတာ့ ထိုလူငယ်လေးက
အဆုံးမဲ့ပင်လယ်ကျွန်းရဲ့ ဂိုဏ်းကြီးတွေထဲတစ်ဂိုဏ်းရဲ့ လက်ရွေးစင်တပည့်တစ်ယောက်ပဲ ဖြစ်ရပေမည်။
အဆုံးမဲ့ပင်လယ်ကျွန်းရှိ မည်သည့်ဂိုဏ်းမဆို မြောင်မိသားစုလို မိသားစုသေးသေးလေးက ရန်စနိုင်တာ
မျိုးမဟုတ်ချေ။
သူတို့သာ ထိုလူငယ်လေးကို သတ်ပစ်လိုက်မယ်ဆိုရင် သူတို့မရှု့ပ်သင့်တဲ့လူတစ်ယောက်ကို
ရန်စမိသွားနိုင်ပြီး သူတို့အနာဂတ်လည်း ကောင်းမွန်လိမ့်မည် မဟုတ်ချေ။ သူတို့တွေက မြောင်မိသားစု၏
ငွေကိုယူပြီး မြောင်မိသားစုအတွက်အလုပ်လုပ်ပေးနေပေမယ့် သူတို့အသက်က ပိုပြီးအရေးကြီးပေသည်။
ဒါပေမယ့် ထိုလူငယ်လေးက တော်တော်လေး ထူးဆန်းပေသည်။ ဝင်လာကတည်းက စကားတစ်လုံးတောင်
မပြောပဲ လာတဲ့သူမှန်သမျှကို သတ်ပစ်နေပေသည်။ သူဘယ်လိုပဲ မတရားမှုကို ခံစားခဲ့ရပစေ
မြောင်မိသားစုတစ်ခုလုံးကို သတ်ပစ်ချင်နေတယ်ဆိုရင်တော့ အကြောင်းအရင်း တစ်ခုခုရှိရပေလိမ့်မည်။
‘‘ ကောင်လေး၊ မင်းဘယ်ဂိုဏ်းက လာတာလဲ။ ဘာလို့ငါတို့ကိုမပြောရတာလဲ ’’ ထိုလူက သတိပေးကြီးပေသည်။
ထို့ကြောင့်မလုပ်ခင် အရင်မေးဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ရန်ကိုင်က မထူးခြားနားသာ ရှိနေခဲ့ပြီး
သွေးတစ်စက်စက်ကျနေတဲ့ ဓါးကိုကိုင်ရင်း ရှေ့ကိုတစ်လှမ်းခြင်းတစ်လှမ်း ဆက်လျှောက်လာခဲ့သည်။
ခွေးသူတောင်းစားရန်ကိုင်၏အပြုအမူက မြောင်မိသားစုအစောင့်ခေါင်းဆောင်ကို လုံးဝရန်စလိုက်သလို
ဖြစ်သွားခဲ့သည်။ ‘‘သူ့ကိုသတ် ’’ ‘‘‘ သူက အဆုံးမဲ့ပင်လယ်ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ လက်ရွေးစင်တပည့်
တစ်ယောက်ဖြစ်နေရင်ရော ’’ အချို့အစောင့်တွေက တုန့်ဆိုင်းနေခဲ့သည်။
‘‘ သူ့ရဲ့မိစ္ဆာချီစွမ်းအင်ကို ကြည့်လိုက်၊ သူသာအဆုံးမဲ့ပင်လယ်ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ လက်ရွေးစင်
တပည့်တစ်ယောက်ဆိုရင် အခုလိုထူထည်းသိပ်သည်းတဲ့ မိစ္ဆာချီစွမ်းအင်တွေ ရှိနေမှာမဟုတ်ဘူး ’’
ထိုလူပြောတာလည်း ယုတ္တိရှိပေသည်။ ရန်ကိုင်က စကားတစ်ခွန်းမှမပြောပဲ ဆက်ပြီးတော့သာ
တစ်လှမ်းခြင်းရှေ့ဆက်တိုးနေခဲ့သည်။ မြောင်မိသားစုအစောင့်တွေလည်း တုန့်ဆိုင်းမနေတော့ပဲ
ရန်ကိုင်ဆီပြေးဝင်သွားကြပြီး တိုက်ခိုက်လိုက်ကြသည်။ သို့ပေမယ့် တစ်ယောက်ပြီးတစ်ယောက်
အသတ်ခံလိုက်ရသည်။ ကြမ်းပြင်တစ်ခုလုံး သွေးတွေနဲ့ဆေးဆိုးထားသည့်အလား ဖြစ်သွားခဲ့သည်။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ရန်ကိုင်နားကိုချဥ်းကပ်ဖို့ ကြိုးစားခဲ့ပေမယ့်
ရန်ကိုင်နားမရောက်ခင်မှာပဲ ထူးဆန်းတဲ့မိစ္ဆာဆန်ဆန် ရယ်မောသံကြီးကို ကြားလိုက်ရသည်။
ထိုရယ်မောသံကြီးက သူတို့ဝိဉာဉ်တွေကို ဖမ်းကိုင်ထားပြီး ပုန်းကွယ်နေတဲ့ ဆရာတစ်ယောက ်
သူတို့ဘေးတွင်ရှိနေကာ သူတို့လှုပ်ရှားမှုတိုင်းကို လေ့လာနေသလို ဖြစ်နေခဲ့သည်။ ထိုအခြင်းအရာက
သူတို့ကိုအေးခဲသွားစေခဲ့ပြီး ရန်ကိုင်ကိုမတိုက်ခိုက်ရဲတော့ပဲ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးထဲတွင်
ရှိနေသည့်နတ်ဆိုးအိုကြီးက သူတို့ကိုတိုက်ခိုက်လိုက်သည်။
အမှောင်ထုထဲတွင် နတ်ဆိုးအိုကြီးက ကောင်းကောင်းဖုံးကွယ်နေနိုင်ပေမယ့် သူချဥ်းကပ်လာတာကို
အာရုံခံမလိုက်တဲ့အချိန်မှာတော့ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်လည်း ခပ်မြန်မြန်ပဲ
ပြန်ခုခံလိုက်သည်။ သတ္တုချင်းထိခတ်သံတွေ ထွက်ပေါ်နေခဲ့ပြီး နတ်ဆိုးအိုကြီးလည်း နောက်ပြန်
လွင့်ထွက်သွားခဲ့ရသည်။ သို့ပေမယ့် နတ်ဆိုးအိုကြီးက နောက်တစ်ကြိမ် ပျံသန်းလာခဲ့ပြီး
ချီပြောင်းလဲခြင်းအဆင့်၅
ကျင့်ကြံသူတစ်ယောက်၏ ရင်ဘတ်ထဲကို ထိုးဖောက်သွားကာ ထိုလူ၏ဝိဉာဉ်ကိုဝါးမြိုလိုက်သည်။
တိမ်တိုက်နီကျွန်းပေါ်တွင် နတ်ဆိုးအိုကြီးက များစွာသော နတ်ဆိုးချီတွေကို ဝါးမြိုခဲ့ရသည့်အပြင်
မိစ္ဆာငယ်လေးရဲ့ အကြွင်းအကျန် ဝိဉာဉ်စွမ်းအာကို ဝါးမြိုခဲ့ရတဲ့အတွက်တော်တော်လေး အားကောင်း
လာခဲ့သည်။ ထို့ကြောင့် အခုအချိန်တွင် ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို
တစ်ချက်တည်းနှင့် သတ်နိုင်တာ မထူးဆန်းချေ။ ထို့ပြင် နတ်ဆိုးအိုကြီးက သူ့ရဲ့အားအကောင်းဆုံး
လက်နက်ဖြစ်တဲ့ ဝိဉာဉ်ဖျက်ဆီခြင်းအရိုးကို ကိုယ်တိုင်အသုံးပြုနေတာ ဖြစ်တဲ့အတွက်အများစုက
သူ့ပြိုင်ဘက်မဖြစ်နိုင်ချေ။. ထိုအချိန်တွင ်ရန်ကိုင်ကနောက်ထပ် ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူ
နှစ်ယောက်ကို ထပ်သတ်ပစ်လိုက်သည်။ အခုအချိန်တွင် ရန်ကိုင်တို့ကိုတိုက်ခိုက်နိုင်ဆတာဆိုလို့
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်ပဲ ရှိတော့ပေသည်။ ဒါပေမယ့် သူတို့တွေလည်း
သိပ်မကြာခင်မှာပဲ ရန်ကိုင်နှင့်နတ်ဆိုးအိုကြီးတို့၏ ဖိနှိပ်ခြင်းကိုခံရကာ သူတို့ခန္ဓာကိုယ်တစ်ခုလုံး
ချွေးအေးတွေနဲ့ စိုရွှဲလာခဲ့သည်။
ထိုသုံးယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည် ‘‘ ကောင်စုတ်လေး၊
သေပေတော့ ’’ ထိုသုံးယောက်က ရန်ကိုင်ဆီတစ်ဟုန်ထိုး ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ရန်ကိုင်က
သူ့ရဲ့သံမဏိဓါးနဲ့ ကာလိုက်ပြီး နတ်ဆိုးအိုကြီးက ထိုအခွင့်အရေးကို အရယူကာ တန်ပြန်တိုက်ခိုက်လိုက်သည်။
ရန်ကိုင်၏သံမဏိဓါးက သူတို့သုံးယောက်ပေါင်းတိုက်ခိုက်မှုကို ချိုးဖျက်လိုက်ပြီး သူတို့သုံးယောက်ကို
နောက်ပြန်လွင့်သွားစေခဲ့သည်။ ထိုသုံးယောက် အခြေမကျသေးခင်မှာပဲ ရန်ကိုင်ကသူတို့ထဲ့
တစ်ယောက်ဆီ ပြေးဝင်သွားလိုက်ပြီး ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လိုက်သည်။ ‘ထန်…ထန်…ထန် ’´
သတ္တုချင်းထိခတ်သံ သုံးသံဆက်ထွက်ပေါ်လာခဲ့ပြီး ထိုလူလည်းသွေးအန်လိုက်ရသည်။ လက်သီးချက်
တစ်ချက်က သူ့ကိုထိုအတိုင်းအတာထိ ဒဏ်ရာရသွားစေခဲ့သည်။ နေသုံးစင်းပေါက်ကွဲခြင်းပညာရပ်၏
ပြင်းအားကို သိနိုင်ပေသည်။ သူတို့နှစ်ယောက်က ထိုလူကိုသွားမကူညီရသေးခင်မှာပဲ ရန်ကိုင်က
ပြန်ဆုတ်လိုက်ပြီး နတ်ဆိုးအိုကြီးက ထိုလူဆီပြေးဝင်သွားကာ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးနှင့်
ထိုလူ၏လည်းပင်းကို ထိုးဖောက်လိုက်သည်။
‘‘ဟားဟားဟား…နောက်ဆုံးတော့ ဒီဆရာသခင်မှာလည်း စားစရာဝိဉာဉ်ကောင်းကောင်းလေး ရပြီကွ ’’
နတ်ဆိုးအိုကြီး၏ ရယ်သံထွက်ပေါ်လာခဲ့ပြီး ဝါးစားသံတွေလည်း ထွက်လာခဲ့သည်။ ကျန်ရှိနေတဲ့
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်လည်း တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး သူတို့အသိပြန်ဝင်လာရုံ
ရှိသေး မျက်တောင်တစ်ခတ်အတွင်း သူတို့နှင့်မီတာပေါင်းများစွာ အကွာတွင်ရှိနေတဲ့ ရန်ကိုင်က
သူတို့ရှေ့ကို ရောက်လာခဲ့သည်။ သူ့ရဲ့နီရဲနေတဲ့လက်သီးနဲ့ ထိုလူနှစ်ယောက်၏ ရင်ဘတ်ကိုထိုးချလိုက်သည်။
ထိုလူနှစ်ယောက်လည်း ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး သူတို့လက်ဝါးထက်တွင် ချီစွမ်းအင်စုစည်း
လိုက်ပြီး ရန်ကိုင်ကိုတန်ပြန်တိုက်ခိုက်လိုက်သည်။ ရန်ကိုင်လည်း သူ့လက်မောင်းတစ်လျှောက် ထုံကျင်မှုကို
ခံစားလိုက်ရပြီး ချက်ချင်းနောက်ပြန်ဆုတ်လိုက်သည်။
ရန်ကိုင်၏ ယန်ချီတွေက သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့လေသည်။
ထိုနှစ်ယောက်လည်း ရန်ကိုင်၏ယန်ချီကိုအထင်မသေးရဲတဲ့အတွက် ချက်ချင်းခုခံဖို့ ကြိုးစားလိုက်ပေမယ့်
မခုခံနိုင်ခဲ့ချေ။ ယန်ချီတွေက သူတို့သွေးကြောထဲ ဝင်ရောက်သွားခဲ့ပြီး သူတို့လက်မောင်းတွေကို
ပေါက်ကွဲထွက်သွားစေခဲ့ကာ သွေးမြူတွေဖြစ်သွားစေခဲ့သည်။ အစောင့်နှစ်ယောက်လည်း နာကျင်မှုကြောင့်
အော်ဟစ်လိုက်ပေမယ့် ရန်ကိုင်ကနောက်ထပ် တိုက်ခိုက်မှုကို စတင်ပြီးသွားခဲ့ပြီဖြစ်သည်။ လှုပ်ရှားမှု
ပညာရပ်ကိုအသက်သွင်းကာ ထိုနှစ်ယောက်နောက်ဘက်ဆီ တိတ်တဆိတ်သွားလိုက်ပြီး
ထိုနှစ်ယောက်၏ကျောပြင်ကိုအားပြင်းပြင်းနှင့် ရိုက်ချလိုက်သည်။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်လည်း အမှိုက်ထုပ်တွေအလား လွင့်ပျံထွက်သွားခဲ့သည်။
သူမမလွတ်မြောက်သေးခင်များပဲ များစွာသောယန်ချီလက်သီးများကို မြည်းစမ်းလိုက်ရပြန်သည်။
သူတို့မျက်နှာတွေက တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ ပြည့်နေခဲ့ပြီး ထိုနှစ်ယောက်က ချီစွမ်းအင်ကိုသုံးကာ
ရန်ကိုင်၏ယန်ချီတွေကို ဖယ်ထုတ်ဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် ခဏအကြာမှာပဲ နတ်ဆိုးအိုကြီးက
သူတို့နှစ်ယောက်ကို အလစ်ဝင်တိုက်လိုက်ပြီး ဇာတ်သိမ်းပေးလိုက်လေသည်။