← Chapters

စွန့်ပစ်နယ်မြေများမှပြဿနာများ

Vol. 32 Ch. 439

စွန့်ပစ်နယ်မြေများမှပြဿနာများ

Vol. 32 Ch. 439

နောက်တစ်နေ့။

နေထွက်လာပြီ ဖြစ်သည်။

နေရောင်ခြည်က ပင်လယ်ရေလှိုင်းများထက်သို့ ဖြာကျနေသည်။

"ကလန်"

အဋ္ဌမမင်းသားသည် ထွက်ခွာတော့မည့် မှော်ဝင်ယဉ်ပျံကြီးနံဘေးတွင် မတ်တတ်ရပ်ရင်း ဓားကို ဆွဲထုတ်လိုက်သည်။

ကောင်းကင်နဂါးဓား။

ဖခင်ဖြစ်သူက သူ့ကို ပေးလိုက်ခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ပေးလိုက်သည်ကိုတော့ သူလည်း မသိရှိပေ။

ယောက်ဖ ၊ အစ်မတို့နှင့်ဆိုလျှင် သူ့အနာဂတ်က ပိုပြီးတောက်ပနိုင်သောကြောင့် ဖြစ်နိုင်သည်။

နဂါးဓားသိုင်းတတ်ကျွမ်သူက သူဖြစ်သည်ဟုတော့ ဖခင်ဖြစ်သူက သူ့ကို သံသယမဝင်လောက်ဘူး မဟုတ်လား။ သူက ဘိုးဘေးအင်မော်တယ်ဝိညာဉ်နှင့် စွမ်းအားအနီးစပ်ဆုံးနဂါးမျိုးနွယ်ဖြစ်သော်လည်း သူ၏တန်ခိုးစွမ်းအားက လုံလောက်အောင်မြင့်မားခြင်း မရှိသေးပေ။

"ငါ့ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားတယ်လို့များ အဖေက ထင်နေတာလား"

လုန်မန် တွေးလိုက်သည်။

သို့သော် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

မိခင်ပြောသည့်စကားအရဆိုလျှင် ထိုသူက တာ့လော်အင်မော်တယ် ၊ အလယ်ဆင့် ဖြစ်နိုင်သည်ဟု ဆိုသည်။ သူက ကျင့်ကြံခြင်းအဆင့်ကို ထိုမျှ နက်နက်ရှိုင်းရှိုင်း အဘယ့်ကြောင့် ဖုံးကွယ်ထားရပါမည်နည်း။

မည်သို့ပင်ဖြစ်စေ ဖခင်ဖြစ်သူ၏ဆုံးဖြတ်ချက်နောက်ကွယ်တွင် ပိုမိုလေးနက်သည့် အဓိပ္ပါယ်တစ်ခု ရှိမည်မှာ သေချာသည်။ သူက အစစ်အမှန်အင်မော်တယ်အဆင့်မျှသာ ရှိသေးရာ နောက်ကွယ်အမှ အကြောင်းချင်းရာများကို ဖော်ထုတ်ရန် မဖြစ်နိုင်ပေ။

နဂါးဓားကို ကိုင်ဆောင်ထားသူသည် နောက်တက်မည့် နဂါးဘုရင်လောင်းဖြစ်သည်ဟု သူ ကြားသိခဲ့ရသည်။ နဂါးဘုရင်မဖြစ်လျှင်တောင်မှ သူတို့၏အဆင့်အတန်းက ဘုရင်ထက်နိမ့်ကျမည် မဟုတ်ပေ။

"အဖေက ငါ့ကို အထင်တော့ကြီးသားပဲ"

ကောင်းကင်နဂါးဓားကို လက်ဖြင့်အသာထိကိုင်ရင်း အဋ္ဌမမင်းသား တွေးလိုက်သည်။

စဉ်းစားကြည့်ပြန်တော့ သူက အစကတည်းက နဂါးမျိုးနွယ်များ၏ မျှော်လင့်ချက်ဖြစ်သလို အနာဂတ်လည်း ဖြစ်သည်။ သူ၏ ပကတိအခြေအနေက ပြောင်းလဲခြင်း မရှိသေးပေ။

"သွားကြမယ်ဟေ့"

ကျိုးကျုန်းထျန်း၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထိုအခါမှ အဋ္ဌမမင်းသား သတိဝင်လာပြီ မှောင်ဝင်ယဉ်ပျံကြီး၏ ရင်ပြင်ဆီသို့ တက်လာခဲ့သည်။

ခဏကြာတော ရေပြင်ထက်မှ ကျောက်ကလပ်ကြီးတစ်ခု ထွက်ပေါ်လာပြီး နဂါးဧကရီရန်ကျင်းနှင့် အခြားသူများ ရောက်လာကြသည်။

လန်ုမန်က လက်ကိုဝှေ့ယမ်းရင်း သူတို့ကို နှုတ်ဆက်လိုက်၏။

"အမေ ၊ ကျွန်တော် သွားပြီနော်"

လုန်ယွိကလည်း လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။ သို့သော် သူမ မည်သည့်စကားမှ ပြောဆိုခြင်း မရှိပေ။

ကျန်းလန် စိတ်ထဲမှ သက်ပြင်းတစ်ချက်ချလိုက်သည်။

ပြန်ခါနီးတွင် သူတို့ (၂)ယောက် နဂါးဧကရီရန်ကျင်းကို သွားရောက်နှုတ်ဆက်ခဲ့ကြသော်လည်း တွေ့ခွင့် မရခဲ့ကြေပ။ ယခုခရီးစဉ်တွင် လုန်ယွိ၏ မိခင်က သူမအပေါ် လုံး၀ မျက်နှာသာပေး ချစ်ခင်မှုကို မပြခဲ့ပေ။

လုန်ယွိက သူမခံစားချက်များကို သိပ်ပြီးမဖော်ပြတတ်ပေ။ လုန်ယွိအသွင်နှင့်ဆိုလျှင် သူမက ခံစားချက်များကို ဖုံးကွယ်ထားသည်မှာ အကျင့်ပါနေပြီ ဖြစ်သည်။

သူမက ရှောင်ယွိအသွင်ဖြင့်သာ စိတ်ခံစားချက်များကို ထုတ်ဖော်ပြတတ်သည်ဟု သူမက ကျန်းလန်ကို ပြောပြဖူးသည်။

ကျန်းလန်ကတော့ ရန်ကျင်း၏လုပ်ရပ်ကို နားမလည်ပေ။ သို့သော် သူလည်း ဘာမှ မတတ်နိုင်ပေ။

အဋ္ဌမမင်းသား၏လက်ထဲတွင်ကိုင်ထားသည့် ကောင်းကင်နဂါးဓားကို တွေ့မြင်လိုက်ရသည့်အခါ ကျန်းလန် အံ့အားသင့်သွားရသည်။ ကောင်းကင်နဂါးဓားကို ခွန်လွန်တောင်သို့ ယူဆောင်သွားရန် ဘိုးဘေးနဂါးက ပေးအပ်လိုက်မည်ဟု ကျန်းလန် ထင်မထားခဲ့ပေ။

"အဋ္ဌမမင်းသားသားက ခွန်လွန်တောင်မှာ နဂါးဓားသိုင်းကို သင်ယူနိုင်မယ်လို့ ဘိုးဘေးနဂါးက ထင်နေတာလား"

ကျန်းလန် သံသယဖြင့် တွေးလိုက်သည်။

တကယ်တမ်း သင်ယူလိုစိတ်သာရှိလျှင် အဋ္ဌမမင်းသားသည် ထိုဓားသိုင်းကို အမှန်တကယ်ပင် သင်ယူနိုင်မည် ဖြစ်သည်။

ပြီးတော့…

အဋ္ဌမမင်းသား၏ တန်ဖိုးသည်လည်း ပိုမိုမြင့်တက်လာပေလိမ့်မည်။

သို့ဆိုလျှင် အဋ္ဌမမင်းသားကို ပြန်ရွေးရန်အတွက် နဂါးမျိုးနွယ်များဘက်က တတ်နိုင်ပါမည်လား။ ယခုပင်လျှင် အဋ္ဌမမင်းသားကို အပြီး ပြန်မခေါ်နိုင်ဘဲ ခဏမျှသာ ပြန်ခေါ်နိုင်ခဲ့သည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ နဂါးမျိုးနွယ်များဘက်က အရှုံးမရှိပေ။ နဂါးဓားသိုင်း ပြန်လည်ထွက်ပေါ်လာခဲ့ပြီး အဋ္ဌမမင်းသားသာ ထိုပညာကို သင်ယူနိင်မည်ဆိုလျှင် နဂါးမျိုးနွယ်သည် အကြီးမားဆုံး အောင်မြင်ခြင်းကို ရရှိမည် ဖြစ်သည်။

အဋ္ဌမမင်းသားက ခွန်လွန်တောင်တွင် အကျယ်ချုပ်ကျနေသော်လည်း နဂါးဓားသိုင်းကို တတ်ကျွမ်းသူကတော့ အကျယ်ချုပ်ကျနေခြင်း မရှိပေ။ ထိုသူသာ နဂါးမျိုးနွယ်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်နေမည်ဆိုလျှင် ထိုဓားသိုင်းကို လုန်မန် သေချာပေါက် သင်ယူနိုင်မည် ဖြစ်သည်။

သို့ပေသိ အနာဂတ်တွင် နဂါးမျိုးနွယ်များ အကြီးမားဆုံး အောင်မြင်သူ ဖြစ်လာမည်လား ဆိုသည်ကိုတော့ မည်သူမှ မသိနိုင်ပေ။

အဋ္ဌမမင်းသားကို နဂါးဓားသိုင်း သင်ပေးသင့်သလား ကျန်းလန် မသိပေ။

သူက လုန်ယွိကို သင်ယူချင်သလားဟု မေးခဲ့ဖူးသည်။ ထိုစဉ်က လုန်ယွိက ခေါင်းခါယမ်းကာ ငြင်းဆိုသည်။

သူမသာ နဂါးဓားသိုင်းကို သင်ယူခဲ့လျှင် နဂါးမျိုးနွယ်များကို စွန့်ခွာနိုင်တော့မည်မဟုတ်ဟု လုန်ယွိက ဆိုသည်။ ထိုသို့ဆိုလျှင် သူမနှင့်ကျန်းလန်၏ဘ၀ အကြီးအကျ်ယ် ဒုက္ခရောက်ပေလိမ့်မည်။

သူမအနေဖြင့် ခွန်လွန်တောင်၏ ကျောက်စိမ်းရေကန်နတ်ဘုရားမအဖြစ်သာ နေထိုင်ခြင်းက ပိုမိုကောင်းမွန်မည် ဖြစ်သည်။

ကျန်းလန်ကလည်း သူမ၏ အယူအဆကို မငြင်းဆန်ခဲ့ပေ။ ထို့ပြင် နဂါးဓားသိုင်းကလည်း ထင်သလောက် မရိုးရှင်းလှပေ

သင်ပေးချင်တိုင်းလည်း သင်ပေး၍ မဖြစ်နိုင်သလို ဓားကွက် (၃)ကွက်ကို နားလည်သဘောပေါက်ရန် အချိန်အတော်ကြာလေ့လာရန် လိုအပ်သည်။

ထိုအချိန်မှာပင် မှော်ဝင်ယဉ်ပျံကြီးက ကောင်းကင်ထက်သို့ တက်သွားပြီး ပင်းလယ် (၄)ခု ဒေသမှ စတင်ထွက်ခွာသွားသည်။ ခဏအကြာတွင် ကျောက်ကလပ်ထက်တွင် မတ်တတ်ရပ်နေသည့် ရန်ကျင်းနှင့် သူမအဖွဲ့သည် တဖြည်းဖြည်းသေးငယ်ကာ ပျောက်ကွယ်သွားလေတော့၏။

မှောင်ဝင်ယဉ်ပျံကြီး မိုးကုပ်စက်ဝိုင်းဆီ တိုးဝင်ပျောက်ကွယ်သွားသည်အထိ ရန်ကျင်း ငေးကြည့်နေခဲ့လေသည်။ ပြီးမှ သူ လှည့်ပြန်လာခဲ့သည်။

လုန်စီးစီးက ခဏမျှ တုံ့ဆိုင်းနေပြီးမှ...

"ဧကရီက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ တမင်သက်သက် ဝေးကွာဖို့ ကြိုးစားနေတာလား"

ရန်ကျင်းက လုန်စီးစီးကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောခဲ့ပေ။

လုန်စီးစီးသည်လည်း ရန်ကျင်း၏ အတွေးများကို နားမလည်နိုင်ပေ။ သို့သော် လုန်ယွိနှင့် ဆက်ဆံရေးကောင်းမွန်သည်က ပိုကောင်းသည်ဟု သူမ ခံစားနေရသည်။

လုန်ယွိနှင့် အဆင်ပြေလေ အဋ္ဌမမင်းသားကို နဂါးနန်းတော်သို့ နောက်တစ်ကြိမ်ပြန်လည်ခေါ်ယူရန် ပိုမိုလွယ်ကူလေ ဖြစ်ပေမည်။ မဟုတ်ပါက လုန်မန်၏တန်ဖိုးက ပိုမိုမြင့်မားလာပြီး ခွန်လွန်တောင်ဘက်မှ တောင်းဆိုမှုများသည်လည်း ပိုမိုများပြားလာမည် ဖြစ်၏။

ယခုဆိုလျှင် အဋ္ဌမမင်းသားတွင် ကောင်းကင်နဂါးဓားလည်း ရှိနေပြီဖြစလေရာ အခြေအနေက ပိုဆိုးသွားတော့မည် ဖြစ်သည်။

သို့သော် နဂါးဓားသိုင်းကို တတ်ကျွမ်းသူမှာ မည်သူဖြစ်ကြောင်း ယခုအချိန်ထိ သိရှိခြင်း မရှိသေးပေ။ အဋ္ဌမမင်းသားက ဘိုးဘေးနဂါး၏ အင်မော်တယ်ဝိညာဉ်နှင့် နီးစပ်သူဖြစ်ပြီး မွေးရာပါအင်မော်တယ်လည်း ဖြစ်လေရာ သံသယဝင်စရာအကောင်းဆုံးသူ ဖြစ်သည်။

နဂါးဓားသိုင်းတတ်ကျွမ်းသူက အဋ္ဌမမင်းသား မဟုတ်လျှင်တောင်မှ အဋ္ဌမင်းသားက နဂါးမျိုးနွယ်များအတွက် အထူးခြားဆုံးပုဂ္ဂိုလ် ဖြစ်နေခဲ့လေသည်။

***

ပင်လယ်ရေအောက် အနက်ရှိုင်းဆုံးတစ်နေရာ။

အဆုံးမဲ့အမှောင်ထဲတွင် ဓားရောင်တစ်ချက် လင်းလက်သွားလေသည်။ ထိုအရာက တောက်ပသည့် ဓားငယ်တစ်လက် ဖြစ်သည်။

ဓားငယ်ကြောင့် ပင်လယ်ချောက်နက်ထဲတွင် အလင်းရောင်အနည်းငယ်ရရှိလာပြီး ဖိနှိပ်မှုများသည်လည်း အနည်းငယ် လျော့နည်းသွားသည်။

"ဒါ ကောင်းကင်နဂါးဓားရဲ့ အပိုင်းအစ ဓားငယ်တစ်လက်ပဲမဟုတ်လား"

"သူ အိပ်ပျော်သွားပြီ ၊ ဒါက သူ ပြန်သယ်လာတဲ့ တစ်ခုတည်းသောအရာပဲ"

"ကောင်းကင်နဂါးဓား ပြန်ပေါ်လာပြီ ၊ ဘိုးဘေးနဂါးနဲ့ နဂါးမျိုးနွယ်တွေ တစ်ခုခု ရှာတွေ့ကြတော့မယ်ထင်တယ် ၊ ဒါပေမဲ့ သူတို့ ဘာလှုပ်ရှားမှုမှ မလုပ်ကြသေးဘူး ၊ သူက ငါတို့လွတ်မြောက်ဖို့ မျှော်လင့်ချက်ကို တမင်တကာ ပေးနေတာများလား"

“အင်း နဂါးဓားသိုင်း ပြန်ပေါ်လာတာကြောင့် ဖြစ်နိုင်တယ်“

ထို့နောက် သက်ပြင်းချသံတစ်ချက်ထွက်ပေါ်လာပြီး အမှောင်ထုထဲမှ အသံများတိတ်ဆိတ်သွားသည်။

"နဂါးဓားသိုင်းတတ်ကျွမ်းသူက ဘာလို့ ကျုပ်တို့နဂါးနက်တွေထဲက မဖြစ်ရတာလဲ"

"အခု နဂါးဓားသိုင်း ပြန်ပေါ်လာပြီဆိုတော့ ဒီဓားသိုင်းကို တတ်ကျွမ်းတဲ့သူက နဂါးမျိုးနွယ်အားလုံးကို ထိန်းချုပ်နိုင်တဲ့သူ ဖြစ်လာမှာပဲ"

"ချန်ယွမ်နဂါးမင်းပြောချင်တဲ့ အဓိပ္ပါက ရှင်းပါတယ် ၊ သူက ကျုပ်တို့အင်အားကို အသုံးချချင်နေတာ"

"အရင်တုန်းက သူ့မှာ ကျုပ်တို့ကို အမိန့်ပေးနိုင်တဲ့ အရည်အချင်း မရှိဘူး ၊ ကျုပ်တို့နဂါးနက်တွေကလည်း သူတို့ထက် အားနည်းတဲ့သူတွေ မဟုတ်ဘူးလေ"

“ဘာပဲဖြစ်ဖြစ် ၊ အခု သူတို့ထဲက နဂါဓားသိုင်းတတ်ကျွမ်းတဲ့သူ ပေါ်လာပြီဆိုတော့ နဂါးဓားကိုလည်း နိုးထလာစေတာပေါ့"

"အရာအားလုံးက တရားမျှတပါတယ်လေ"

"ဒါပေမဲ့ မလိုအပ်ဘူးဆိုရင်တော့ သူက ကျုပ်တို့ကို လွှတ်ပေးမှာ မဟုတ်ဘူး"

"ဒီလိုဆိုရင်တော့ ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ အနာဂတ်က ငြိမ်းချမ်းနိုင်မယ် မထင်ဘူး"

ထို့နောက် သက်ပြင်းချသံတစ်ချက်နှင့်အတူ အမှောင်ထုတစ်ခုလုံး တိတ်ဆိတ်သွားသည်။

သူတို့ကိုကြည့်ရသည်မှာ အပြင်သို့ထွက်နိုင်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေကြဟန် တူသည်။

ဓားသွား၏အလင်းရောင်က အမှောင်ထုထဲတွင် ပျောက်ကွယ်သွားသည်။

ထိုဓားသွားသည် သူတို့လွတ်မြောက်ရန်အတွက် တစ်ခုတည်းသောမျှော်လင့်ချက် ဖြစ်လေသည်။

***

ချင်းချန်မြို့အရှေ့ဘက် ၊ တောင်ထွတ်တစ်ခုထက်တွင်...

ယန်ရှီးယွင်သည် မြေပဲများစားရင်း လမ်းလျှောက်လျက် ရှိသည်။

ယခုတစ်ခါမှာတော့ သေရည်ဆိုင်မှ ထွက်ပေါ်နေသည့် အလင်းရောင်ကို သူမ တွေ့မြင်ရခြင်း မရှိပေ။ ကြည့်ရသည်မှာ သူမ ခွန်လွန်တောင်နှင့် အတော်ဝေးဝေးသို့ ရောက်ရှိနေဟန်တူသည်။

"ဒီအတိုင်း ရှေ့ဆက်သွားရင် အနောက်ဘက်စွန့်ပစ်နယ်မြေက ထွက်ခွာပြီး အရှေ့ဘက်စွန့်ပစ်နယ်မြေကို ပြန်ရောက်နိုင်မလား"

သူမ ခပ်တိုးတိုးရေရွတ်လိုက်သည်။

မဖြစ်နိုင်ဟု တွေးမိသည့်တိုင် သူမ မျှော်ငလင့်ချက် အနည်းငယ် ထားမိသည်။ သူမ တကယ်တမ်း အိမ်ပြန်ရောက်ခဲ့လျှင် မည်သို့ ရှိမည်နည်း။

မကြာခင် မနီးမဝေးတစ်နေရာမှ လူအနည်းငယ်လမ်းလျှောက်လာသညကို သူမ တွေ့မြင်လိုက်ရသည်။

အစပိုင်းတွင် သူမက လမ်းမေးရန် ဟန်ပြင်လိုက်သော်လည်း တစ်ဖက်လူများ၏ အငွေ့အသက်များက အနည်းငယ်ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။

"နတ်လူသားမျိုးနွယ်တွေလား"

ထိုသို့တွေးမိသည်နှင့် သူမ ချက်ချင်းပင် မြေအောက်အတွင်းသို့ တိုးဝင်ကာ ပုန်းအောင်းနေလိုက်တော့သည်။

နတ်လူသားမျိုနွယ်များက အလွန်အန္တရယ်များသည်။ သူမကိုတွေ့သည်နှင့် စကားပင် ပြောခွင့်မပေးဘဲ သတ်ဖြတ်ရန် ကြံစည်သူများ ဖြစ်ကြသည်။

ထို့ကြောင့် ပုန်းအောင်းနေသည်ကသာ အကောင်းဆုံး ဖြစ်လေ၏။

"ဒီတစ်ခေါက် ကျုပ်တို့ရဲ့ အဓိကပစ်မှတ်က ဇာမဏီမျိုးနွယ်က မိန်းကလေးဘဲ ၊ တခြားဘာမှ လုပ်စရာမလိုဘူး"

အသံတစ်သံ ထွက်ပေါ်လာသည်။

ဇာမဏီမျိုးနွယ်။

ထိုစကားကိုကြားသည့်အခါ ယန်ရှီးယွင် စိတ်ဝင်စားသွားပြီး နားစွင့်လိုက်သည်။

သေရည်ဆိုင်မှ ညီမငယ်က ဇာမဏီမျိုးနွယ်ဖြစ်သည် မဟုတ်ပါလား။

"ညွှန်ကြားချက်အရတော့ အခွင့်အရေးတစ်ခု ရအောင်ယူပြီး ဇာမဏီမျိုးနွယ်မိန်းကလေးကို သတ်ပစ်ရမယ်တဲ့ ၊ ပြီးရင် ကျုပ်တို့ကို နတ်လူသားမျိုးနွယ်တွေက ကာကွယ်ပေးလိမ့်မယ်"

နောက်အသံတစ်သံက...

"အရင်တစ်ခေါက်ကလည်း အောင်မြင်ခါနီးကျမှ ဟိုကောင်လေး ဝင်ရှုတ်တာမဟုတ်လား ၊ ဒီတစ်ခါရော ဝင်ရှုတ်ဦးမလား မသိဘူး"

ထိုအသံက ဆက်ပြောသည်။

"ပြီးတော့ အဲဒီကောင်လေးက ပေါ့သေးသေးတော့မဟုတ်ဘူးနော် ၊ သူ့မှာ ထူးခြားတဲ့ တန်ခိုးစွမ်းအားတွေ ရှိပုံရတယ် ၊ သူ့နောက်ကွယ်မှာ တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေ ရှိနေတယ် မဟုတ်လား"

အခြားအသံတစ်သံက...

"ဒီတစ်ခေါက်ရော တန်ခိုးစွမ်းအားမြင့်မားတဲ့သူတွေ ဝင်ပါဦးမှာလား မသိဘူး"

"မသိဘူးလေ ၊ ကျုပ်တို့က ဇာမဏီမျိုးနွယ်က မိန်းကလေးကို မျှားခေါ်နိုင်ဖို့ တစ်ယောက်ယောက်ကို အသုံးချရမှာပဲ ၊ ဒီတာဝန်ကို အမြန်ဆုံး ပြီးအောင် ဆောင်ရွက်ရမယ်"

"ဟုတ်တယ် ၊ ဒါမှ ဒီကောင်လေးရဲံ နောက်ကွယ်က တန်ခိုးစွမ်းအားရှင် ထွက်ပေါ်လာဖို့ အချိန်မရခင် ဟိုကောင်မလေးကို အပြတ်ရှင်းပစ်နိုင်မှာ"

"ကောင်မလေးကို သတ်ပြီးတာနဲ့ ကျုပ်တို့တာဝန်ပြီးပြီ ၊ နောက်ဆက်တွဲကိစ္စတွေအားလုံးကို နတ်လူသားမျိုးနွယ်တွေက ကာကွယ်ပေးလိမ့်မယ်"

"ဒါဖြင့် နဝမတောင်ထွတ်က ကျန်းလန်ကရော ၊ သူ့ကိုရော ကျုပ်တို့ ရှင်းပစ်ပေးရဦးမှာလား"

***

All Chapters