← Chapters

ခွန်လွန်တောင်၏ဇာစ်မြစ်ကိုအရင်သိရန်လိုအပ်သည်

Vol. 32 Ch. 440

ခွန်လွန်တောင်၏ဇာစ်မြစ်ကိုအရင်သိရန်လိုအပ်သည်

Vol. 32 Ch. 440

နဝမတောင်ထွတ်က ကျန်းလန်...။

ယန်ရှီးယွင် စိတ်များရှုတ်ထွေးသွားသည်။ သေရည်ဆိုင်မှလူများ နဝမတောင်ထွတ်အကြောင်းပြောသည်ကို သူ မကြာခဏကြားဖူးသည်။ သို့သော် ကျန်းလန်ဆိုသည့်နာမည်ကိုတော့ သူမ တစ်ခါမှ ကြားဖူးခြင်း မရှိပေ။

ကမ္ဘာမြေကြီးမှပေးပို့သည့် သတင်းစကားအရဆိုလျှင်တော့ ယခု စကားပြောနေကြသည့် နတ်လူသားမျိုးနွယ်များက အစစ်အမှန်အင်မော်တယ်များ ဖြစ်ကြသည်။

အကြောင်းအရာများကို ပိုပြီး ရှင်းရှင်းလင်းလင်း သိချင်သည်ဆိုလျှင်တော့ ထိုသူများနောက် ခိုးပြီးလိုက်သွားရပေလိမ့်မည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းက အလွန်အန္တရယ်များလေရာ တကယ်တမ်းတော့ သူမ မြေကြီးအောက်ထဲမှပင် ထွက်မလာရဲပေ။

မဟုတ်ပါက သူ နောက်တစ်ကြိမ် သေချင်ယောင်ဆောင်ရဦးမည် ဖြစ်၏။

"နဝမတောင်ထွတ်ကတပည့်ကိုတော့ သွားထိလို့ မသင့်တော်ဘူး"

"လောလောဆယ်မှာ အရေးအကြီးဆုံးက ဇာမဏီမျိုးနွယ်က မိန်းကလေးကို သတ်ဖို့ပဲ ၊ တခြားဘာမှ မစဉ်းစားနဲ့ဦး ၊ ပြီးတော့ ကျုပ်တို့နတ်လူသားမျိုးနွယ်တွေက နဝမတောင်ထွတ်က တပည့်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို အစီအစဉ်ဆွဲထားပြီးသားပဲ ၊ အကြောင်းမရှိဘဲပြဿနာ သွားမရှာသင့်ဘူး ၊ စစ်ပွဲပြီးသွားပြီဆိုတော့ အခု ကျုပ်တို့မှာ အခု လူအင်အား လုံလုံလောက်လောက် ရှိနေပြီ ၊ နဝမတောင်ထွတ်ကိစ္စက ကျုပ်တို့အလုပ်မဟုတ်တော့ဘူး"

"အမှန်ပဲ ၊ ဇာမဏီမျိုးနွယ်က ကောင်မလေးကို သတ်ပြီးရင် နတ်လူသားမျိုးနွယ်တွေက တခြားကိစ္စ…"

အသံများက တဖြည်းဖြည်း ဝေးကွာပျောက်ကွယ်သွားသည်။ ယန်ရှီးယွင် မည်သည့်စကားသံမှ မကြားရတော့ပေ။

သူ့ပတ်ဝန်းကျင်တွင် မည်သူမှ မရှိတော့ကြောင်း ကမ္ဘာမြေကြီးထံမှ သိရှိရပြီးနောက် သူမ မြေကြီးအတွင်းမှ ထွက်လာခဲ့သည်။

"သူတို့အုပ်စုက လူ လေး ငါး ယောက်လောက်ရှိတယ် ၊ ဒါပေမဲ့ စကားပြောတာတော့ နှစ်ယောက်တည်း ပြောသွားတာ ၊ သူတို့က သေရည်ဆိုင်က မောင်လေးနဲ့ ညီမလေးကို ဒုက္ခပေးချင်တာ ဖြစ်ရမယ်"

ယန်ရှီးယွင် တွေးလိုက်သည်။

ထို့နောက် ချက်ချင်းပင် သေရည်ဆိုင်မှ မောင်လေးနှင့် ညီမလေးကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။ ဇာမဏီမိန်းကလေးကို လုပ်ကြံရန် နတ်လူသားမျိုးနွယ်များရောက်လာသည့်အကြောင်းကို ပြောပြရမည် ဖြစ်သည်။

ယန်ရှီးယွင် သေရည်ဆိုင်ရှိရာသို့ မှန်းဆပြီး ထွက်လာခဲ့သည်။ သို့သော် သူမက လမ်းမသိသူ ဖြစ်လေရာ သေရည်ဆိုင်နှင့် ဆန့်ကျင်ဘက်အရပ်သို့ ရောက်ရှိသွားလေတော့၏။ သေရည်ဆိုင်မှ ထွက်ပေါ်နေသည့် အလင်းရောင်ကို တွေ့မြင်ရလျှင်တော့ အမြန်ဆုံး ရှာဖွေတွေ့ရှိနိုင်မည် ဖြစ်သည်။

အမှန်တော့ သေရည်ဆိုင်မှ ကောင်ငယ်လေးက သူမအပေါ် အလွန်ကောင်းသည်။ သူမအတွက် ရိက္ခာအဖြစ် မြေပဲများကို အမြဲတမ်းပေးလေ့ရှိသည်။ သို့ပေသိ သူမကို မရိုက်နှက်လျှင်တော့ ပိုမိုကောင်းမွန်မည် ဖြစ်သည်။

ဘာကြောင့်မှန်းမသိ ထိုမောင်ငယ်လေးနှင့် နဂါးမင်းသားတို့က လူကိုရိုက်နှက်တတ်သည့်အကျင့်ရှိသည်။ ထိုသူများက သူမနှင့် မျိုးနွယ်မတူသူများ ဖြစ်လေရာ အလွန်ပင် နားလည်ရန် ခက်ခဲသည်။

အထူသဖြင့် သူမ လမ်းမေးရန် ဟန်ပြင်လိုက်တိုင်း အရိုက်ခံရသည်ချည်းပင် ဖြစ်၏။

***

"ကောင်းကင်နဂါးဓားက အရမ်းထက်တယ် ၊ ဒီဓားနဲ့ အသားတွေလှီးဖြတ်မယ်ဆိုရင် အဆင်ပြေမယ် ၊ ဟုတ်တယ်မလား အစ်မ"

မှော်ဝင်ယဉ်ပျံကြီး၏ အဆောင်တစ်ခုထက်တွင် မတ်တတ်ရပ်နေရင်း အဋ္ဌမမင်းသားက စကားဆိုသည်။ သူ့လက်ထဲတွင် ကောင်းကင်နဂါးဓားကို ဆုပ်ကိုင်ထား၏။

သူ့ရှေ့တွင်တော့ ကျန်းလန်နှင့်လုန်ယွိ ရှိနေကြသည်။

လုန်ယွိက တိုးလျသည့်လေသံဖြင့်…

"နဂါးနန်းတော်ကလူတွေသိသွားရင် မင်းတော့ အပြစ်ပေးခံရတော့မယ်"

အဋ္ဌမမင်းသားက ကောင်းကင်ဘုံနဂါးဓားကို ဆက်ခံခွင့်ရရှိခဲ့ပြီး နဂါးမျိုးနွယ်၏ အိမ်ရှေ့မင်းသားဖြစ်သလို မျှော်လင့်ချက်များကို ယူဆောင်လာသူလည်း ဖြစ်သည်။

ထိုသို့သောသူက သားရဲများကို ခုတ်ထစ်ရန်အတွက် ကောင်းကင်နဂါးဓားကို အသုံးပြုရန် စိတ်ကူးနေလေ၏။ ဤကိစ္စက နဂါးမျိုးနွယ်များ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်လေရာ သေချာပေါက် အပြစ်ပေးခံရမည်ပင်။

အဋ္ဌမင်းသားက ဓားသွားကို အသာပွတ်သပ်လိုက်ရင်း…

"စိတ်မပူနဲ့ ၊ ခွန်လွန်တောင်မှာ ဒီဓားကို ကောင်းကင်နဂါးဓားလို့ ဘယ်သူမှ သိမှာမဟုတ်ဘူး"

ထို့နောက် သူက ဆက်ပြောသည်။

"ဒီဓားက ထူးဆန်းတယ် ၊ ဘယ်လိုပဲ အသက်သွင်းဖို့ ကြိုးစားကြိုးစား ဘာမှ ဖြစ်မလာဘူး ၊ သာမန်ဓားတစ်လက်လိုပဲ ၊ ဓားဝိညာဉ်တစ်ခုတောင် ထွက်မလာဘူး ၊ ဒီတော့ သားရဲတွေကို ခုတ်ဖို့ကလွဲပြီး ဘယ်နားသွားသုံးရမလဲ"

ထိုသို့ပြောပြီးသည်နှင့် လုန်မန်က ကောင်းကင်နဂါးဓားကို လုန်ယွိထံ လှမ်းပေးလိုက်သည်။ လုန်ယွိကလည်း စူးစမ်းချင်စိတ်ဖြင့် ဓားကို လှမ်းယူကြည့်လိုက်၏။

"နည်းနည်းအေးသလို ခံစားရတယ်"

ဓားသွားကို ထိကိုင်လိုက်သည်နှင့် လုန်ယွိ အံ့အားသင့်သွားသည်။

"လောကမှာ ဧရာမနဂါးကြီး (၃)ကောင် လှည့်ပတ်နေသလို ခံစားရတယ် ၊ နဂါးအရုပ်တွေက ကြည်လင်နေပေမယ့် တစ်ခုခု နားမလည်နိုင်အောင် ခံစားရတယ်"

ထိုသို့ တွေးပြီးသည်နှင့် သူမက ဓားကို တစ်ချက်ဝှေ့ယမ်းကြည့်လိုက်သည်။ လုန်မန်ပြောသည့်အတိုင်းပင် သာမန်ဓားတစ်လက်ပမာသာ ဖြစ်ပြီး အသုံးပြု၍ မရပေ။

"ကောင်းကင်ဘုံနဂါးဓား အတုများလား"

နဂါးမျိုးနွယ်များက ခွန်လွန်တောင်ကို အစကတည်းက မကျေနပ်ကြပေ။ ထို့ကြောင့် ကောင်းကင်ဘုံနဂါးဓားအစစ်ကို လုန်မန်နှင့်အတူ ခွန်လွန်တောင်သို့ ထည့်ပေးလိုက်ရန်မှာ မဖြစ်နိုင်ပေ။

သို့သော်…

သူမလက်ထဲမှဓားက ကောင်းကင်နဂါးဓားအစစ် ဟုတ် မဟုတ် စမ်းသပ်ရန် လွယ်ကူသည့်နည်းလမ်းရှိသည်။

အဘယ်ကြောင့်ဆိုသော သူမဘေးတွင် ကျန်းလန် တစ်ယောက်လုံး ရှိနေသောကြောင့် ဖြစ်၏။

လုန်ယွိက ဓားကို ကျန်းလန်လက်ထဲထည့်ပေးလိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ ရှင်လည်း နဂါးဓားကို လေ့လာချင်ရင် လေ့လာကြည့်လေ"

ကျန်းလန်က ဓားကို ယူလိုက်သည်။

သို့သော် သူက ဓားကို အသက်မသွင်းခဲ့သလို မည်သည့်တန်ခိုးစွမ်းအားမှ မထုတ်ဖော်ခဲ့ပေ။ သူ ဓားကိုဆုပ်ကိုင်လိုက်သည်နှင့် အေးစိမ့်မှုကို ခံစားလိုက်ရသည်။

ဓားသွားကို ကြည့်လိုက်သည့်အခါ ကြည်လင်သည့် ဓားသွားထဲ၍ ထွင်းထုထားသ့် နဂါးရုပ်များ ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်ရ၏။ နဂါးများပျောက်ကွယ်သွားသည်ကို လုန်ယွိလည်း တွေ့မြင်လိုက်ရသည်။

"ဓားသွားထဲက နဂါးတွေ ပျောက်သွားတယ်"

လုန်ယွိ ရေရွတ်လိုက်သည်။

ထို့နောက် သူမက ကျန်းလန်လက်ထဲမှ ဓားကို ပြန်ယူလိုက်လေရာ ဓားသွားထဲမှ နဂါး (၃)ကောင် ပုံမှန်အတိုင်း ပြန်လည်ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

နဂါးမျိုးနွယ်များထဲမှ တစ်ယောက်ယောက်က ဓားကိုကိုင်ဆောင်မှသာ ဓားထဲမှ နဂါးရုပ်များကို တွေ့မြင်ရခြင်း ဖြစ်သည်လားဟု ကျန်းလန် တွေးလိုက်သည်။

ခဏမျှတုံ့ဆိုင်းနေပြီးနောက် ကျန်းလန်က ဓားရိုးတွင် အစီအရင်တစ်ခု ပြုလုပ်လိုက်ပြီး ဓားကို အဋ္ဌမင်းသားထံ ပြန်ပေးလိုက်သည်။

ကျန်းလန်…

"ဒါက ပိုအဆင်ပြေလိမ့်မယ်"

လုန်မန်က ကောင်းကင်နဂါးဓားကို ယူပြီးကြည့်လိုက်သည့်အခါ အထဲတွင် နဂါးများ မရှိတော့ကြောင်း တွေ့လိုက်ရသည်။

သူက ရယ်မောလိုက်ရင်း…

"ဟုတ်တယ် ၊ ပိုအဆင်ပြေတယ် ၊ ဒါမှ အသားတွေခုတ်တဲ့အခါ ကောင်းကင်နဂါးဓားနဲ့ အသားခုတ်နေတယ်လို့ ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး"

ကျန်းလန် : "……"

ဓားထဲတွင် နဂါးရုပ်များ မရှိတော့လျှင် မည်သူမှ နဂါးဓားမှန်း မသိနိုင်တော့လေရာ အဋ္ဌမင်းသားအတွက် အန္တရယ်ကင်းစေရန် ကျန်းလန်က ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။ အသားလှီးဖြတ်ရန် ပြုလုပ်ပေးခဲ့ခြင်း မဟုတ်ပေ။

ထို့နောက် ဓားကိုယူပြီး အဋ္ဌမမင်းသား ထွက်ခွာသွားသည်။ ထိုအခါမှ လုန်ယွိက ကျန်းလန်ကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူမတွင် မေးစရာမေးခွန်းတစ်ခုခု ရှိနေဟန်တူသည်။

သို့သော် လုန်ယွိ မမေးခင်မှာပင် ကျန်းလန်က အဖြေပေးလိုက်သည်။

"အဲဒီဓားက ဓားအစစ်ပဲ"

လုန်ယွိမှာ မေးမည့်မေးခွန်းကို ပြန်မျိုချလိုက်သည်။

သူမမျက်ဝန်းထဲတွင် မကျေနပ်မှု အရိပ်အမြွက်အချို့ ရှိနေသည်။ သူမ မမေးမြန်းခင် ဖြေရကောင်းလားဟု ကျန်းလန်ကို မကျေမနပ် ဖြစ်နေခြင်းပင်။

သို့သော် လုန်ယွိအသွင်ဖြင့်ဆိုလျှင် ထုတ်ဖော်ပြောဆိုရန် မသင့်တော်သည့်အတွက် မည်သည့်စကားမှ မပြောတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေလိုက်သည်။

ထို့နောက် ကျန်းလန်က အစီအရင်နှင့်ပတ်သက်သည့် စာအုပ်တစ်အုပ် ထုတ်ဖတ်နေချိန် သူမက ကျန်းလန်နံဘေးတွင် ဝိုင်ထိုင်လိုက်လေသည်။

***

အချိန် (၁)လခွဲခန့် ကြာမြင့်ခဲ့ပြီးနောက်…။

ပြာလွင်နေသည့် ကောင်းကင်ပြင်ထက်တွင် တိမ်ဖြူဖြူများက လွင့်မျောလျှက် လေပြေလေးကလည်း တိုက်ခတ်နေလေသည်။

မှော်ဝင်ရင်ပြင်ထက်တွင် မတ်တတ်ရပ်နေသည့် ကျန်းလန်သည် အဝေးမှနေပြီး ခွန်လွန်တောင်ကို လှမ်းမြင်လိုက်ရသည်။

သူ ခွန်လွန်တောင်သို့ ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။

ခရီးစဉ်တစ်လျှောက် အလှည့်အပြောင်းအချို့ ကြုံတွေ့ခဲ့ရသော်လည်း အန္တရယ်ကင်းခဲ့သည်။ ခြုံငုံသုံးသပ်ရလျှင် အေးချမ်းသည့်ခရီးစဉ်တစ်ခုဟု ယူဆနိုင်၏။

အဋ္ဌမတောင်ထွတ်မှ ဆရာဦးလေး ကျိုးကျုန်းထျန်းသည်ပင် ဓားချက် (၂)ချက်ခန့် အသုံးပြုခဲ့ရပြီး အခြားတပည့်များက တော့ ဘာဖြစ်လို့ဖြစ်မှန်းပင် မသိခဲ့ကြပေ။ (၂)လဆိုသည့်အချိန်အတွင်း ကျန်းလန်သည်လည်း အတွေ့အကြုံများစွာ ရရှီခဲ့သည်။

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်ကို တွေ့မြင်လိုက်ရသည်နှင့် ကျန်းလန် အနည်းငယ် စိတ်သက်သာရာရသွားသည်။

သို့သော် နဝမတောင်ထွတ်သို့ မရောက်မချင်းတော့ အပြည့်အ၀ စိတ်မအေးနိုင်သေးပေ။ ခွန်လွန်တောင်က နဂါးနန်းတော်ထက် ပိုပြီး အန္တရယ်ကင်းသည်မှန်သော်လည်း သခွန်လွန်တပည့်များကြားထဲတွင်လည်း အရှုတ်အထွေးကိစ္စများရှိလေရာ အချိန်မရွေး အန္တရယ်ကျရောက်လာနိုင်သည်။

ထို့ကြောင့် ကျန်းလန်က သတိတစ်ချက် မလွတ်ရဲပေ။

အဋ္ဌမမင်းသားက မှော်ဝင်ယဉ်ပျံအောက်သို့ ငုံ့ကြည့်ရင်း အံ့အားသင့်သွားသည်။

"ဟမ်… အဲဒါ ချီလင်ကောင်မလေး မဟုတ်ဘူးလား ၊ သူ့ကြည့်ရတာ ဂဏာမငြိမ်နဲ့ ဘာဖြစ်နေတာလဲမသိဘူး"

အဋ္ဌမမင်းသား၏စကားကိုကြားသည့်အခါ လုန်ယွိလည်း အောက်သို့ ငုံ့ကြည့်လိုက်သည်။

သူမ တွေ့မြင်လိုက်ရသည်က ငယ်ရွယ်နုပျိုပြီး ချောမောလှပသည် မိန်းမပျိုလေးတစ်ယောက် ဖြစ်သည်။ သူမမျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နေပြီး တစ်ခါတစ်ရံ စိတ်ရှုတ်ထွေးဟန်ဖြင့် သူမဆံပင်များကို ဆွဲကိုင်နေသေးသည်။

လုန်ယွိက အဋ္ဌမမင်းသားကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့်…

"သူ့မှာ အရေးကြီးကိစ္စတစ်ခု ရှိတာဖြစ်နိုင်တယ် ၊ သူက အရင်တုန်းက မင်းအသက်ကို ကယ်ဖူးတယ် မဟုတ်လား ၊ အခု သူ အန္တရယ်ကြုံတယ်ဆိုရင် မင်းက ပြန်ပြီးကျေးဇူးဆပ်သင့်တယ်"

အဋ္ဌမမင်းသား : "……"

နောက်ဆုံးတော့ လုန်မန် မည်သည့်စကားမှ မပြောတော့ဘဲ မှော်ဝင်ယဉ်ပျံထက်မှ ပျံသန်းထွက်ခွာသွားလေသည်။

အစ်မဖြစ်သူက ထို မိန်းကလေးကို ကျေးဇူးပြန်ဆပ်စေချင်သည်ဆိုလျှင် သူက ပြုလုပ်ရမည် ဖြစ်သည်။

အချိန်ခဏကြာပြီးနောက်…

ပျံသန်းနေသည့် မှော်ဝင်ယဉ်ပျံကြီးက ခွန်လွန်တောင် ၊ အဓိကခန်းမဆောင် ရင်ပြင်ထက်သို့ ရောက်ရှိလာသည်။

ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူအစ်မများကို နှုတ်ဆက်စကားဆိုပြီးနောက် ကျန်းလန်နှင့်လုန်ယွိ ခွန်လွန်တောင်အဓိကခန်းမဆာင်မှ ထွက်ခွာကာ နဝမတောင်ထွတ်သို့ ပြန်ခဲ့ကြသည်။

အချိန် (၂)လအတွင်း နဝမတောင်ထွတ်က များစွာပြောင်းလဲသွားခြင်း မရှိပေ။

"သားရဲဥလေးနဲ့ ရေသဖန်းပင်လေးက ညှိုးခြောက်မသွားဘူး ၊  သူတို့ အဆင်ပြေနေကြသားပဲ"

ခြံဝင်းထဲပြန်ရောက်သည်နှင့် ရှောင်ယွိက ထိုအရာလေးများကို ပြေးကြည့်ပြီး ပြောလိုက်သည်။

ယခုတော့ လုန်ယွိက ရှောင်ယွိအသွင်ပြောင်းသွားပြီ ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူမက ကျန်းလန်ကို မကျေနပ်သည်များကို တရစပ်ပြောတော့သည်။ ပြီးတော့ ကျန်းလန်ကို သင်ခန်းစာတစ်ခုပင် သင်ပေးလိုက်သေး၏။

သူမ ခြံဝင်းထဲတွင် ကစားရန် ထွက်ခွာမသွားခင် အချိန်ထိ ကျန်းလန်မှာ သူမပြောသမျှကို နားထောင်ပေးနေရသည်။ သူမ ထွက်ခွာသွားတော့မှ သူလည်း စားဖတ်ရန်အတွက် စာအုပ်တစ်အုပ် ထုတ်ယူလိုက်သည်။

"နတ်ဘုရားရာထူးများ၏နိယာမများ" ဆိုသည့်စာအုပ်ကို ကျန်းလန်က ထုတ်ယူလိုက်ခြင်း ဖြစ်သည်။ သို့သော် ပထမဆုံး စာမျက်နှာကိုလှန်လိုက်သည်နှင့် လက်ရေးနှင့်ရေးသားထားသည့် စာကြောင်းတစ်ကြောင်းကို တွေ့လိုက်ရသည်။

ထိုလက်ရေးက သူနှင့်ရင်းနှီးနေပြီး ဆရာဖြစ်သူ မော့ကျန်းသုန့်၏လက်ရေးပင် ဖြစ်၏။

ရေးသားထားသည်မှာ -

"ဒီစာအုပ်ကိုမဖတ်ခင် 'ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု' ဆိုတဲ့စာအုပ်ကို အရင်ဖတ်ပါ"

ထိုစာကြောင်းက ကျန်းလန်ကို အံ့အားသင့်သွားစေသည်။

နတ်ဘုရားရာထူးများက ခွန်လွန်တောင်နှင့် ဆက်စပ်နေသည်လား။

***

All Chapters