← Chapters

ရှေးဟောင်းဧကရာဇ်နန်းတော်ကို ရှာဖွေခြင်း

Vol. 32 Ch. 444

ရှေးဟောင်းဧကရာဇ်နန်းတော်ကို ရှာဖွေခြင်း

Vol. 32 Ch. 444

ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားသည်။

လက်ရှိတွင် သူ ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၆၂၆) နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ နောက်ဆုံးတစ်ခေါက် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲကျင်းပသည်မှာ နှစ်ပေါင်း (၂၀၀)ကျော်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ချီလင်ကောင်မလေးသည် ထိုအချိန်ကတည်းက ခွန်လွန်တောင်တွင် လမ်းပျောက်ကာ သောင်တင်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အဋ္ဌမမင်းသားနှင့် သိကျွမ်းသည်မှာလည်း နှစ်ပေါင်း (၂၀၀)ကျော်ပြီဖြစ်ရာ လုန်မန်အနေဖြင့် ထိုကောင်မလေးကို နားလည်နေသည်မှာ အံ့သြစရာ မဟုတ်ပေ။

အကြမ်းဖျင်းအားဖြင့် သူမကို ယုံကြည်နိုင်လေသည်။

နတ်လူသားမျိုးနွယ်များက ဟုန်ယာကို သတ်ဖြတ်လိုသည်မှာလည်း ကျိုးကြောင်းဆီလျော်သည်။ သူမပိုင်ဆိုင်ထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကြောင့် ဖြစ်နိုင်သည်။

"ဇာမဏီကောင်မလေးမှာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါရှိတာ သူတို့သိထားရင် အဋ္ဌမမင်းသားနဲ့ သေရည်ဆိုင်ကကောင်လေးမှာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါရှိတာကိုလည်း သူတို့ သိချင်သိနိုင်တယ်"

ကျန်းလန် တစ်ခဏမျှ စဉ်းစားလိုက်သည်။

"ပြောရတော့ ခက်ခက်ပဲ ၊ ချီလင်ကောင်မလေးက လိမ်မပြောဘူးဆိုရင်တောင် နတ်လူသားမျိုးနွယ်တွေက လိမ်ပြောနိုင်တာပဲ"

ရန်သူများက သူနှင့် ကျင့်ကြံခြင်းအဆင့် အလွန်ကွာခြားသော်လည်း ကျန်လန်က မည်သူ့ကိုမှ မထီမဲ့မြင်မပြုရဲပေ။ ရန်သူကို လျှော့တွက်မိပါက ပြဿနာများ အလွယ်တကူ ဖြစ်လာနိုင်ပြီး နောင်တရသည့်အခါ အချိန်နှောင်းသွားပေလိမ့်မည်။

သို့ဖြစ်ရာ ကောက်ချက်ချရမည်ဆိုလျှင် ဇာမဏီမျိုးနွယ်ကောင်မလေးကို သတ်ဖြတ်မည့်အကြောင်းကို နတ်လူသားမျိုးနွယ်များက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ချီလင်ကောင်မလေးကြားအောင် ပြောလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

ထိုသို့ပြုလုပ်ခြင်းအားဖြင့် ချီလင်ကောင်မလေး ၊ အဋ္ဌမမင်းသား ၊ ကောင်ငယ်လေးနှင့် ဇာမဏီကောင်မလေးတို့၏ ပတ်သက်ဆက်နွယ်မှုကို အသုံးချကာ သူတို့အားလုံးကို တစ်ပြိုင်တည်းဖမ်းဆီးရန် အကွက်ချနိုင်မည် ဖြစ်၏။

သူ့ကို သတ်ဖြတ်ရန် အခြားတစ်ယောက်ကို စေလွှတ်မည်ဆိုသည့်ကိစ္စကိုတော့ ကျန်းလန် အံ့သြခြင်း မဖြစ်မိပေ။ နတ်လူသားမျိုးနွယ်များက သူ့ကိုသတ်ဖြတ်ရန် အမြဲတမ်း တစ်ယောက်မဟုတ်တစ်ယောက် စေလွှတ်နေသည်ပဲ ဖြစ်သည်။

သူ့အနေဖြင့် အမြဲတမ်း သတိရှိနေရန်နှင့် အပြင်မထွက်ဘဲ နေထိုင်ရန် လိုအပ်သည်။ အပြင်ထွက်သည့်အခါတွင်လည်း သတိအပြည့်ရှိပေလိမ့်မည်။

သို့သော် လောလောဆယ်တွင် အပြင်ထွက်စရာ မလိုသေးသည့်အတွက် အန္တရယ်ကင်းနေသေးသည်။

ကျန်းလန်က…

"နတ်လူသားမျိုးနွယ်တွေက မင်းတို့အားလုံးကို ထောင်ဖမ်းဖို့အတွက် ချီလင်ကောင်မလေးကြားအောင် အဲဒီစကားတွေ တမင်ပြောလိုက်တာ ဆိုရင်ရော ၊ အဲဒီအချက်ကို မင်း စဉ်းစားပြီးပြီလား"

ခဏနားပြီးမှ သူက စကားဆက်ပြောသည်။

"နတ်လူသားမျိုးနွယ်တွေ လိုချင်တဲ့သူက ဟုန်ယာတစ်ယောက်တည်းမဟုတ်ဘဲ မင်းနဲ့ ကောင်လေးလည်း ဖြစ်နိုင်တယ်နော်"

အဋ္ဌမမင်းသားက အံ့အားသင့်သွားပြီး…

"ဘာဖြစ်လို့လဲ"

ပြီးမှ သူက သဘောပေါက်သွားဟန်ဖြင့်…

"မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲမှာ ရခဲ့တဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကြောင့်လား ၊ ကျုပ်ရော ၊ ကောင်လေးရော ၊ ဇာမဏိမလေးရော အားလုံးမှာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါတွေ ပိုင်ဆိုင်ထားတကြောင့်လား"

ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။

ထိုအကြောင်းများကို သိရှိသူ အလွန်နည်းပါးလေရာ သူ အများကြီးပြောနေစရာ မလိုပေ။ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို လူအနည်းစုသာ တွေ့မြင်နိုင်စွမ်း ရှိကြသည်။

လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို သိမြင်နိုင်သူများ ရှိကြသကဲ့သို့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါနှင့် နတ်ဘုရားရာထူးများကို သိမြင်နိုင်ကြသူများ ရှိကောင်းရှိကြပေလိမ့်မည်။

ကျန်းလန်စကားကြောင့် အဋ္ဌမင်းသားက စိတ်ပူပန်သွားခြင်း မရှိပေ။

"ဒါ အတော်လေး စိတ်လှုပ်ရှားစရာပဲ ၊ ဒါနဲ့… ယောက်ဖ… တကယ်တမ်း တိုက်ခိုက်ကြရင် ဟိုနာမည်ကို ခေါ်ပြီး အကူအညီတောင်းလို့ ရနိုင်မလား"

ခေါ်လို့ရနိုင်မည်ဆိုလျှင် သူ့တွင် ကျောထောက်နောက်ခံအင်အားရှိသည်ဟု ယူဆနိုင်သည်။ ထိုသူက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်လား။

ကျန်းလန်က ခဏမျှ စဉ်းစားနေပြီးမှ…

"အင်း… ခေါ်လို့ရတယ် ၊ ဘာပြဿနာမှ မရှိပါဘူး ၊ ဒါပေမဲ့… ကျုပ်နဲ့ သိပ်မရင်းနှီးတဲ့သူအချို့လည်း ရှိတယ် ၊ သူ့တို့ကတော့ ဘယ်လိုရည်ရွယ်ချက်ရှိမလဲ မသိနိုင်ဘူး"

ခဏမျှ စဉ်းစားပြီးနောက် အဋ္ဌမမင်းသား သဘောပေါက်သွားသည်။ ကျန်းလန်ပြောနေသည့် "သိပ်မရင်းနှီးသူ" ဆိုသည်မှာ ဧကရာဇ်ရှီးဟယ်ကို ဆိုလိုခြင်း ဖြစ်သည်။

ဟုတ်ပေ၏။ ထိုနာမည်က ယောက်ဖကိုယ်တိုင်ပြောသည့် နာမည်မဟုတ်ပေ။ ယောက်ဖ၏ ဆရာက ပြောလိုက်သည့် နာမည်ဖြစ်သည်။

အဋ္ဌမမင်းသားက ခွန်လွန်တောင်၏ ရတနာတစ်ပါး ဖြစ်သည်။ ထို့ကြောင့် သူ အကူအညီလိုအပ်လျှင် ထိုသူက အချိန်မရွေး ကူညီမည် ဖြစ်သည်။

သို့သော် တစ်ဖက်လူ၏အကြောင်းကို သေသေချာချာ မသိဘဲ ထိုနာမည်ကို မကြာခဏ ရွတ်ဖတ်မနေသင့်ပေ။ မဟုတ်ပါက အခန့်မသင့်လျှင် အကျယ်ချုပ်မှ အကျဉ်းချုပ်ဘ၀ ပြောင်းလဲသွားနိုင်သည်။

ခဏမျှ စကားပြောဆိုပြီးနောက် အဋ္ဌမမင်းသား နဝမတောင်ထွတ်မှ ပြန်သွားသည်။

ကျန်းလန်ကတော့ နတ်လူသားမျိုးနွယ်များကို အရေးစိုက်သည်။ အနာဂတ်တွင်လည်း ထိုသူများက သူနှင့် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။

"ပျက်သုဉ်းတစ်စပြင်လောကကြီးမှာရှိတဲ့ အဓိကအင်အားကြီးအုပ်စုတိုင်းမှာ ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ နည်းလမ်းတွေ ရှိကြတယ် ၊ သူတို့အားလုံးက နတ်မိစ္ဆာတွေလိုပဲ အဖိုးတန်တဲ့အရာတွေကို မျက်စိကျတတ်ကြတယ်"

ကျန်းလန် တွေးလိုက်သည်။

ထိုသူများက အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို မျက်စိကျလာမည်ဆိုလျှင် အလွန်အန္တရယ်များသည်ဟု ဆိုရမည်။

သို့ပေသိ ဤနေရာက ခွန်လွန်တောင် ဖြစ်သည်။ ဧကရာဇ်ရှီးဟယ်က မလှုပ်ရှားဘူးဆိုလျှင်တောင်မှ သေရည်ဆိုင်ရှင်အဘိုးအိုက ငြိမ်နေမည် မဟုတ်ပေ။

ထို့ကြောင့် ပြဿနာကြီးကြီးမားမားတော့ ရှိမလာနိုင်ပေ။

အရာအားလုံးက ကျန်းလန်၏ ခန့်မှန်းချက်များသာ ဖြစ်ပြီး တကယ်တမ်းတွင် မည်သည့်အရာများ ဖြစ်ပျက်လာမည်ကို အတည်ပြုရန် နည်းလမ်းမရှိပေ။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့က လက်သီးနတ်ဘုရားနာမည်ကို ခေါ်ဆိုလာပါက သူက ထိုင်ကြည့်နေမည် မဟုတ်ပေ။

***

ညအချိန်…။

သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းချပေးပြီးနောက် ကျန်းလန် မရဏဂူရှိရာသို့ ထွက်ခွာလာခဲ့သည်။

မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ကျန်းလန် နတ်ဘုရားရာထူး တည်ရှိရာနေရာကို အာရုံခံကြည့်လိုက်သည်။

"ငါမှန်းဆထားတဲ့အတိုင်း ဖြစ်နေမလားဆိုတာ အတည်ပြုဖို့ အရင်ဆုံးသွားကြည့်ရမယ် ၊ ပြန်လာမှ နတ်ဘုရားရာထူးနဲ့ပတ်သက်တဲ့ စာအုပ်တွေ ဆက်ဖတ်မယ်"

"ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု" စာအုပ်ကို ဖတ်ရှုပြီးနောက် သူ့တွင် မှန်းဆချက်တစ်ခုရှိနေသည့်အတွက် အခြေအနေကို အရင်ဆုံးသွားရောက်စစ်ဆေးကြည့်လိုခြင်း ဖြစ်သည်။

ယခု ကျန်းလန်က တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ရှိနေပြီဖြစ်လေရာ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ထွက်ခွာသွားရန် စမ်းသပ်ကြည့်သင့်သည်။

မကြာမီ သူ၏စိတ်ဝိညာဉ်က အဆုံးမရှိသည့် ကောင်းကင်ထက်သို့ တက်သွားသည်ကို ခံစားလိုက်ရသည်။ အတန်ကြာပြီးနောက် သူ့ခြေထောက်အောက်တွင် ခိုင်မာသည့် မြေပြင်ကို နင်းမိသွားသည်။

ခေါင်းမော့ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် ကြီးမားသည့် တံခါးကြီးတစ်ချပ်ကို တွေ့မြင်လိုက်ရ၏။ တံခါးထက်တွင် "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" ဟု ရေးထိုးထားသည်။

တံခါးကြီးက အက်ကွဲနေသဖြင့် အလွန်ဟောင်းနွမ်းအိုမင်းနေပြီဟု ထင်မှတ်ရသည်။ တံခါးကို ခဏမျှ ကြည့်နေပြီးနောက် ကျန်းလန်က အထဲသို့ဝင်ရောက်ရန် မကြိုးစားခဲ့ပေ။ မအောင်မြင်ပါက နန်းတော်ထဲမှ တွန်းထုတ်ခံရမည် ဖြစ်သည်။

ယခုတစ်ကြိမ် သူ ဤနေရာသို့ ရောက်ရှိလာသည်က ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို စူးစမ်းလေ့လာရန် မဟုတ်ပေ။ "ရှေးဟောင်းဧကရာဇ်နန်းတော်" ကို အတိအကျလေ့လာရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် ကျန်းလန် အဆုံးမရှိသည့် ဗလာနယ်ထဲသို့ ကြည့်လိုက်သည်။ ဗလာနယ်ထဲတွင် ကြယ်စင်များအလား မှိတ်တုပ်မှိတ်တုပ်လင်းလက်နေသည့်အလင်းရောင်အချို့ ရှိနေသည်။

"တခြားနတ်ဘုရားရာထူးတွေနဲ့ သက်ဆိုင်တဲ့နေရာတွေဖြစ်ရမယ် ၊ ငါ အဲဒီနေရာတွေကို ချဉ်းကပ်လို့ မရနိုင်ဘူး"

ကျန်းလန်တွေးလိုက်သည်။

ထို့နောက် ဗလာနယ်ထဲသို့ ခုန်ဝင်ကာ ပျံသန်းထွက်ခွာသွားလေတော့သည်။ သို့သော် သူ ထွက်ခွာသွားသည်နှင့် ဟန့်တားထားသည့်အရာတစ်ခုကို ခံစားလိုက်ရသည်။

ကံကောင်းသည်မှာ သူက တာ့လော်အင်မော်တယ်အဆင့်တွင်ရှိနေသည့်အအတွက် အတားအဆီးများအားလုံးကို ဖြတ်ကျော်နိုင်ခဲ့သည်။

သို့ပေသိ အန္တရယ်ကတော့ ရှိနေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ ယခုကဲ့သို့ ထွက်လာနိုင်သည်ဆိုလျှင် အခြားသူများသည်လည်း ထွက်လာနိုင်မည်ပင် ဖြစ်၏။

သူ့လို ထွက်လာသူများနှင့်သာ ဆုံတွေ့မည်ဆိုလျှင် အကျိုးဆက်ကတော့ စိတ်ကူး၍ပင် ရနိုင်မည် မဟုတ်ပေ။

ကျန်းလန် ဗလာနယ်ထဲတွင် မတ်တတ်ရပ်လျှက် ရှိသည်။ အမှောင်ထုက အရာအားလုံးကို ဖုံးအုပ်ထားသည်။

အလင်းရောင်တစ်ခုတစ်လေပင် ရှာမတွေ့ဘဲ အမှာင်ပင်လယ်ထဲ ကျရောက်သွားသည့်အလားပင် ဖြစ်သည်။

နောက်သို့လှည့်ကြည့်လိုက်သည့်အခါ "ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်" မှ ထွက်ပေါ်နေသည့် အလင်းရောင်များကို တွေ့မြင်ရသည်။

အဝေးမှ ကြည့်သည့်အခါ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ကို ရောင်ဝါတစ်ခုက ဖုံးလွှမ်းထားကြောင်း တွေ့မြင်ရသည်။ သို့မဟုတ် ရှေးဟောင်းဧကရာဇ် အနိမ့်ပိုင်းနန်းတော်က ကြင်တစ်စင်းအလား ရောင်ဝါများထွက်ပေါ်နေခြင်း ဖြစ်နိုင်သည်။ ထိုရောင်ဝါထဲတွင် မတူညီသည့် အလင်းရောင် (၂)ခု ရှိနေသည်။

အလင်းရောင်တစ်ခုက တောက်ပနေပြီး အခြားတစ်ခုကတော့ အနည်းငယ်မှိန်ဖျော့သည်။

သို့ရာတွင် မှေးမှိန်သည့်အလင်းရောင်က နန်းတော်၏ နေရာအများစုကို ဖုံးလွှမ်းထားပြီး တောက်ပသည့်အလင်းရောင်က နေရာအနည်းငယ်ကိုသာ် ဖုံးလွှမ်းထားသည်။

"အဲဒါက ဧကရာဇ်ယိုတုများလား"

ကျန်းလန် တစ်စုံတစ်ခုကို နားလည်လိုက်သည်။

ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်တွင် နတ်ဘုရားရာထူး (၂)ခု ရှိသည်။ သို့သော် ထိုနတ်ဘုရားရာထူး (၂)ခုတွင် တူညီသည့်တန်ခိုးစွမ်းအား မရှိနိုင်ပေ။

ဧကရာဇ်ယိတုထက် သူက တန်ခိုးစွမ်းအား အနည်းငယ် နိမ့်ပါးနိုင်သည်။

နတ်ဘုရားရာထူးများကြား ခြားနားချက်က ဘာဖြစ်သည်ကို ကျန်းလန် မသိရှိပေ။

"နတ်ဘုရားရာထူးများ၏နိယာမများ ဆိုတဲ့စာအုပ်ကတော့ အဖြေတစ်ခု ပေးနိုင်မှာပဲ ၊အခုတော့ ဒီအကြောင်း လျှောက်စဉ်းစားစရာ မလိုသေးပါဘူး"

များစွာ တွေးမနေတော့ဘဲ ကျန်းလန် အရှေ့ဆီမှ အမှောင်ထုအတွင်းသို့ ဆက်လက် ဦးတည်သွားသည်။

ဤအမှောင်ထုက အလင်းရောင်မရှိသည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ အမှောင်ထဲတွင်လမ်းလျှောက်ရင်း မျှော်လင့်ချက်ကင်းမဲ့သလို ခံစားရသည်။ အမှောင်ထုက အရာအားလုံးကို စုပ်ယူဆွဲမျိုသွားသည့်အလား ဖြစ်သည်။

လူတစ်ယောက်သာ စိတ်ဓာတ်မခိုင်မာလျှင် ဤနေရာတွင် လုံး၀ လမ်းပျောက်သွားပြီး ထာဝရပျက်စီးခြင်းသို့ ရောက်သွားနိုင်ဖွယ်ရှိသည်။

ကျန်းလန်က သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ သို့သော် အဆုံးမရှိသည့် အမှောင်ထုကို ရင်ဆိုင်ရသည့်အခါ အနည်းငယ်တော့ စိုးရိမ်ပူပန်မိသည်။

ဤသည်က ကြီးမားလှသည့် သားရဲကြီးတစ်ကောင်၏ ခံတွင်းထဲသို့ သက်ဆင်းရသည့်အလားပင် ဖြစ်၏။

ကံကောင်းသည်မှာ ကျန်းလန်က စိတ်ပူပန်မိသည့်တိုင် စိတ်အခြေအနေက အတက်အကျများ ဖြစ်မသွားဘဲ တည်ငြိမ်နေခြင်းပင်။ ထို့ကြောင့် သူ ရှေ့ဆက်လျှောက်နိုင်နေခြင်း ဖြစ်သည်။

သို့သော် ဧကရာဇ်ရှီးဟယ် ပြောသလိုပင် သူ တကယ်ပဲ ရှေးဟောင်းဧကရာဇ်နန်းတော်ကို ရှာဖွေနိုင်ပါမည်လား။

ကျန်းလန်က ဧကရာဇ်ရှီးဟယ်ကို အပြည့်အ၀ ယုံကြည်ခြင်းတော့ မရှိပေ။ တစ်စုံတစ်ခု ဖြစ်ပျက်လာနိုင်သည်ဟု သူက အမြဲတမ်း သံသယစိတ်ထည့်သွင်းထားသည်။

သူ နောက်လှည့်ကြည့်လိုက်သည့်အခါ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ အလင်းရောင်များကို မတွေ့မြင်ရတော့ပေ။

ထိုနေရာတွင် သူ၏နတ်ဘုရားရာထူး တည်ရှိနေသောခံစားချက်သာ မရှိလျှင် လုံး၀ လမ်းပျောက်သွားပြီဟု ထင်မှတ်မိမည် ဖြစ်သည်။

ဤသို့နှယ်ရင်ဆိုင်ရမည်ဟု သူ အစကတည်းက စဉ်းစားထားခဲ့ပြီး သည်းခံနိုင်စွမ်းရှိရန်လည်း ပြင်ဆင်ထားခဲ့သည်။

ထို့ပြင် သူ့ခန္ဓာကိုယ်ရှိရာသို့်လည်း အချိန်မရွေး ပြန်သွားနိုင်လေသည်။

ကြီးကြီးမားမား မတော်တဆမှုများ မရှိလျှင်တော့ အကောင်းဆုံး ဖြစ်သည်။

အချိန်မည်မျှကြာမြင့်သွားသည် မသိပေ။ ကုန်ဆုံးသွားသည့် အချိန်များကို သိရှိရန် မဖြစ်နိုင်ပေ။

အချိန် (၁)ရက် ၊ သို့မဟုတ် (၃)ရက်လည်း ဖြစ်နိုင်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။

အချိန်မည်မျှကုန်သွားပြီဖြစ်ကြောင်း ကျန်းလန် မှန်းဆနေချိန်မှာပင် သူ့မျက်စိရှေ့တွင် အလင်းတန်းများကို ရုတ်တရက် တွေ့မြင်လိုက်ရသည်။

နောက်ဆုံးတော့ အသစ်အဆန်းတစ်ခုကို ကြုံတွေ့ရပြီ ဖြစ်၏။

ဧကရာဇ်ရှီးဟယ် ပြောသည့်အတိုင်း ဖြစ်လာခဲ့သည်လား ၊ သို့မဟုတ် အခြားသော နတ်ဘုရားရာထူးများတည်ရှိရာ နန်းတော်များသို့ ရောက်ရှိလာသည်လား မသေချာခဲ့ပေ။

ဒုတိယအချက်ဆိုလျှင်တော့ အတော်လေး အန္တရယ်များနိုင်သည်။

သို့ပေသိ ကျန်းလန်က စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်နေဆဲ ဖြစ်သည်။

ထိုအလင်းတန်းများအနားသို့ ချဉ်းကပ်လာသည်နှင့်အမျှ သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အမြင့်ဆုံးအဆင့် ထုတ်ဖော်ထားလိုက်လေတော့၏။

***

All Chapters