← Chapters

သွားပြီးတိုက်ခိုက်ကြမယ်

Vol. 32 Ch. 445

သွားပြီးတိုက်ခိုက်ကြမယ်

Vol. 32 Ch. 445

ခွန်လွန်တောင်ခြေ ၊ သေရည်ဆိုင်ရှေ့။

ဇာမဏီမျိုးနွယ်မှ ဟုန်ယီသည် ဆိုင်ထဲသို့မဝင်မီ မည်သူမှမရှိကြောင်း သေချာစေရန် ခဏမျှ လှည့်ပတ်ကြည့်ရှုလိုက်သည်။ ပြီးမှ ဆိုင်ထဲသို့ ဝင်လာခဲ့၏။

"နင် ဘာကိစ္စ ဒီကိုရောက်လာတာလဲ"

ဟုန်ယာက ခေါင်းငုံ့လျှက် အကြမ်းပန်းကန်များကို အဝတ်ဖြင့်သုတ်နေရင်း လှမ်းမေးလိုက်သည်။ ခေါင်းမော့မကြည့်ဘဲ မည်သူရောက်လာကြောင်းကို သူမ သိရှိသည်။

ဟုန်ယီမှာ သူမတို့ ဇာမဏီမျိုးနွယ်မှ မိန်းမပျိုတစ်ယောက်ဖြစ်ပြီး အဋ္ဌမမင်းသားနှင့် လူငယ်တို့၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသူလည်း ဖြစ်သည်။ ယခုဆိုလျှင် သူမက မည်သူ့ကိုမဆို ရန်စရဲသော်လည်း နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့်ကိုတော့ မထိရဲတော့ပေ။

ထို့ပြင် နဝမတောင်ထွတ်မှတပည့်သည် ခွန်လွန်တောင်အတွက် အလွန်အရေးပါသူ ဖြစ်လေရာ သူမ၏လုပ်ရပ်များက ကြီးမားသည့် ပြဿနာများကို အလွယ်တကူး ဖြစ်လာစေနိုင်သည်။

ဟုန်ယီက ကောင်တာနားသို့ လျှောက်လာပြီး…

"ကျွန်မတို့မျိုးနွယ်ထဲက လူတစ်ယောက်က ကျွန်မကို ဆက်သွယ်လာတယ်"

သူမက ဆက်ပြောသည်။

"နည်းနည်းတော့ ထူးဆန်းတယ် ၊ ဇာမဏီမျိုးနွယ်က ထိပ်တန်းအကြီးအကဲတွေက ဟုန်ယာမိန်းကလေးကို စောင့်ရှောက်ပေးဖို့ ကျွန်မကို စေလွှတ်ထားတာပါ ၊ ဒါပေမဲ့ အဲဒီလူက ဟုန်ယာမိန်းကလေးကို အရမ်းအရေးကြီးတဲ့ သတင်းတစ်ခု ပြောစရာရှိလို့ဆိုပြီး ချင်းချန်မြို့အပြင်ဘက်မှာ တွေ့ဆုံဖို့ သတင်းပို့ခိုင်းတယ် ၊ သူက ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဒီလိုပြောရတာလဲ"

ထိုစကားကိုကြားသည့်အခါ အကြမ်းပန်းကန်များကို ပွတ်တိုက်နေသည့် ဟုန်ယာ၏လက်များက ရပ်တန့်သွားသည်။

ထို့နောက် ခပ်တိုးတိုးလေသံဖြင့်…

"မင်းစိတ်ထဲမှာ ဘယ်လိုထင်သလဲ"

ဟုန်ယီက ခေါင်းခါယမ်းလိုက်ရင်း…

"ကျွန်မ မသိပါဘူး ၊ ဒါပေမဲ့ အဲဒီလူက ကျွန်မတို့ မျိုးနွယ်ကဆိုတာလည်း အမှန်ပါပဲ ၊ ဒဏ်ရာလည်း အပြင်းအထန် ရထားတဲ့ပုံပဲ"

ဟုန်ယာက ခေါင်းမော့ကာ ဟုန်ယီကို ကြည့်လိုက်သည်။

"မင်း ဒီအကြောင်း ဘယ်သူတွေကို ပြောခဲ့သေးလဲ"

ဟုန်ယီက ဟုန်ယာ၏ တန်ခိုးစွမ်းအားအောက်တွင ်လိမ်ပြော၍မရမှန်း သိရှိထားသည်။

သူမက ကြောက်လန့်တကြားဖြင့်ပင် ခေါင်းခါယမ်းလိုက်ရင်း…

"ဟင့်အင်း… ကျွန်မ ဘယ်သူ့ကိုမှ မပြောရသေးပါဘူး"

ဟုန်ယာက ခေါင်းပြန်ငုံ့လိုက်ပြီး အကြမ်းပန်းကန်များကို အဝတ်ဖြင့် ဆက်သုတ်နေလိုက်သည်။

"ဒါဖြင့် ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး ဒီကနေ ပြန်သွာတော့"

ဟုန်ယီက ခွန်လွန်တောင် ပတ်ဝန်းကျင်တွင် နေထိုင်သော်လည်း သေရည်ဆိုင်တွင်တော့ မနေထိုင်ရဲပေ။

သူမ အနည်းငယ် စိတ်ရှုတ်ထွေးသွားသော်လည်း ခေါင်းညိတ်သဘောတူလိုက်သည်။

"ဟုတ်ကဲ့…"

သူမ စိတ်ထဲတွင် ထူးဆန်းနေသော်လည်း ထိုနေရာသို့ ဟုန်ယာနှင့်အတူ မသွားသည်မှာ မှန်ကန်သည်ဟု ခံစားနေရသည်။ ထိုနေရာတွင် မည်သို့သော အန္တရယ်ရှိမည်လဲ ဘယ်သူမှ မသိနိုင်ပေ။

ဟုန်ယီ သေရည်ဆိုင်မှ ထွက်လာခဲ့သည်။ သူမတို့မျိုးနွယ်က ထပ်ပြီးဆက်သွယ်လာဦးမည်လား စောင့်ကြည့်ရန် ခွန်လွန်တောင် ပတ်ဝန်းကျင်သို့ ပြန်သွားရမည် ဖြစ်သည်။

သို့သော် သူမ သေရည်ဆိုင်မှ ထွက်လာသည်နှင့် လူ (၃)ယောက်က သူမကို ဝိုင်းထားလိုက်ကြသည်

နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသား ၊ သေရည်ဆိုင်မှ ကောင်ငယ်လေးနှင့် မြေပဲတောင်းစားလေ့ရှိသည့် ချီလင်ကောင်မလေးတို့ပင် ဖြစ်၏။

ယန်ရှီးယွင်က လက်တစ်ဖက်ကို မြှောက်လိုက်ရင်း…

"ကျွန်မက ရှင့်ကို ဒုက္ခမပေးချင်ပါဘူးနော် ၊ အစ်ကိုကြီးနဲ့ မောင်ငယ်လေးက ရှင်နဲ့ ညီမလေးဟုန်ယာ စကားပြောနေတာကို ခိုးနားထောင်ခိုင်းလို့ လုပ်ရတာပါ"

လုန်မန်က…

"စကားတွေ ရှည်မနေနဲ့ ၊ သူ့ကို ရိုက်ပြီးဖမ်းခေါ်သွား…"

ပြောပြီးသည်နှင့် အဋ္ဌမမင်းသားက လှံရှည်ကို ထုတ်ယူကာ သူ၏ အစစ်အမှန်အင်မော်တယ်တန်ခိုးစွမ်းအားများကို ထုတ်လိုက်ပြီး ဟုန်ယီကို ရိုက်ချလိုက်လေတော့၏။

"အား"

သေရည်ဆိုင်ထဲတွင် ရှိနေသည့် ဟုန်ယာမှာ ဟုန်ယီ၏ စူးစူးရှရှ အော်ဟစ်သံကို ကြာားလိုက်ရသည်။

သူမ ချက်ချင်းပင် သေရည်ဆိုင်ထဲမှ ထွက်လာပြီး အဋ္ဌမမင်းသားတို့အုပ်စု ဟုန်ယီကို ဖမ်းဆီးခေါ်ဆောင်သွားသည့် နေရာသို့ ရောက်ရှိလာသည်။ သို့သော် ထိုနေရာတွင် မည်သည့်အရာကိုမှ မတွေ့ရတော့ပေ။

ဟုန်ယာ မျက်မှောင်တစ်ချက်ကြုတ်ရင်း သေရည်ဆိုင်သို့ ပြန်လာခဲ့သည်။ အချိန်ခဏကြာပြီးနောက် သေရည်ဆိုင်တံခါးကိုပိတ်ကာ သူမ အပြင်သို့ ထွက်လာခဲ့သည်။

သူမ၏ဦးတည်ရာက ချင်းချန်မြို့ဆီသို့ ဖြစ်လေသည်။

***

"ရှင်တို့… ရှင်တို့ ဘာလိုချင်လို့လဲ"

ယန်ရှီးယွင်က ဟုန်ယီကို ဖမ်းချုပ်ထားပြီး သူတို့အုပ်စု လျှင်မြန်စွာ ထွက်ခွာလာသည်။

အဋ္ဌမမင်းသားက လှံရှည်ကိုင် ဝှေ့ယမ်းလိုက်ရင်း…

"ဘာမှမလိုချင်ဘူး ၊ မင်း ကျုပ်တို့ပြောတဲ့စကားအတိုင်း လိုက်လုပ်ရုံပဲ ၊ မင်းတို့မျိုးနွယ်က လူကို ဆက်သွယ်ပြီး ဟုန်ယာကိုခေါ်လာပြီဆိုတဲ့အကြောင်း အကြောင်းကြားလိုက် ၊ ပြီးရင် ဘယ်နေရာမှာ လာတွေ့ရမှာလဲဆိုတာ မေးလိုက်"

ဟုန်ယီက တုံ့ဆိုင်းနေ၏။

"ဒါပေမဲ့…"

မည်သည့်အကြောင်းအရာများ ဖြစ်ပျက်နေသည်ကို မသိရှိသော်လည်း တစ်ဖက်လူက သူမတို့နှင့် မျိုးနွယ်တူသူ ဖြစ်သည်။ ထိုသူ ဒုက္ခရောက်မည်ကို ဟုန်ယီ မလိုလားပေ။

ယန်ရှီးယွင်က ချက်ချင်းပင် ရှင်းပြလိုက်သည်။

"မကြာခင်ကပဲ နတ်လူသားမျိုးနွယ်တွေက ညီမလေးဟုန်ယာကို ရှင်းပစ်ဖို့ ပြောနေကြတာကို ကျွန်မ ကြားခဲ့ရတယ် ၊ သူတို့ပြောတာတော့ ညီမလေးဟုန်ယာကို မျှားခေါ်ဖို့ အခွင့်အရေးတစ်ခု ရှာရမယ်တဲ့ ၊ အခု လူတစ်ယောက်က ရှင့်ကို ဆက်သွယ်ပြီး ညီမလေးဟုန်ယာကို ခေါ်ထုတ်ဖို့ ကြိုးစားတယ်ဆိုတော့ အဲဒါ နတ်လူသားမျိုးနွယ်တွေရဲ့ အစီအစဉ်ပဲ ဖြစ်ရမယ်"

သူမက ဆက်ပြောသည်။

"အစ်ကိုကြီးနဲ့ မောင်ငယ်လေးက အဲဒီရန်သူတွေအကုန်လုံးကို တစ်ချက်တည်းနဲ့ သုတ်သင်ပစ်ကြမလို့ စီစဉ်နေတာ ၊ သူတို့ မဟုတ်တာမလုပ်ဘူးဆိုတာ ကျွန်မ အာမခံတယ်"

သူမစကား၏ နောက်ကွယ်မှ အဓိပ္ပါယ်မှာ "အေးအေးဆေးဆေး စကားနားထောင် ၊ အရိုက်မခံရဘူး“ ဆိုသည့် အဓိပ္ပါယ်ပင်။

နဂါးမင်းသားနှင့် ကောင်ငယ်လေးတို့က တစ်ဖက်သားကို ရိုက်နှက်ဖို့ဆိုလျှင် လက်ယဉ်ကြသည် မဟုတ်ပါလား။

ယန်ရှီးယွင်၏ စကားများကိုကြားသည့်အခါ ဟုန်ယီမှာ အံ့သြမှင်တက်သွားသည်။ ဒီလိုကိစ္စမျိုးတွေ တကယ်ဖြစ်ပျက်နေတာလား။

ဟုန်ယာက သူမကို မသိချင်ယောင်ဆောင်ပြီး ပြန်သွားခိုင်းရန်သည့် အကြောင်းရင်းကို သူမ နားလည်သွားပြီ ဖြစ်သည်။ နတ်လူသားမျိုးနွယ်များက ဟုန်ယာကို လုပ်ကြံသတ်ဖြတ်ရန် ဤနေရာသို့ အမှန်တကယ် ရောက်ရှိနေကြဟန်တူသည်။

ဟုန်ယီက…

"သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက ဘယ်လောက်ရှိလဲ"

ယန်ရှီးယွင်က…

"အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားတဲ့သူ (၂)ယောက် ပါတယ် ၊ အဲဒီထက် တန်ခိုးစွမ်းအား မြင့်မားသူတွေ ပါဦးမလားဆိုတာတော့ မပြောနိုင်ဘူး ၊ ဒါပေမဲ့ ကျွန်မနဲ့ တွေ့ခဲ့တဲ့အုပ်စုကတော့ အစစ်အမှန်အင်မေတာ်တယ်အဆင့်ထက် အဆင့်မြင့်တဲ့သူတွေ မပါဘူး"

အမှန်တော့ သူမလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်လိုခြင်း မရှိပေ။

သို့သော် သူမ ဝင်မပါလျှင် ရိုက်နှက်ခံရမည်ဖြစ်သည့်အပြင် အနာဂတ်တွင် စားသောက်ရန် မြေပဲလည်း ရရှိတော့မည် မဟုတ်ပေ။

အိမ်မပြန်နိုင်သေးဘဲ ပြင်ပလောကတွင် မျက်စိလည်နေသရွေ့ အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးမှလွဲပြီး သူမကို ကူညီမည့်သူ မရှိပေ။ သူမ လမ်းမေးလိုက်တိုင်း ရိုက်နှက်ခံရသည်ဖြစ်လေရာ ပြင်ပလောကက အလွန်အန္တရယ်များလေသည်။

ဟုန်ယီက…

"အစစ်အမှန်အင်မော်တယ်အဆင့် အောင်မြင်ထားတဲသူ (၂)ယောက်… ဟုတ်လား ၊ ကျွန်မက အခုမှ လူသားအင်မော်တယ်အဆင့် အောင်မြင်ထားတဲ့သူလေ ၊  ဘယ်လိုလုပ် ရင်ဆိုင်နိုင်မှာလဲ"

ကိုယ့်သေတွင်းကိုယ်တူးနေရသည့်အလား သူမ ခံစားလိုက်ရသည်။

ယန်ရှီးယွင်က…

"အမှန်ပဲ ၊ ကျွန်မလည်း လူသားအင်မော်တယ် အောင်မြင်ထားတဲ့အဆင့်ပါပဲ"

ဟုန်ယီ : "……"

ကောင်ငယ်လေးက လှံရှည်ကို ဝှေ့ယမ်းလိုက်ရင်း…

"စကားများမနေကြနဲ့ ၊ အချိန်က တန်ဖိုးရှိတယ်"

သူတို့ ဘာတွေကြံစည်နေသည်ကို အဘိုးဖြစ်သူသာ သိရှိပါက သေချာပေါက် အပြစ်ပေးခံရမည် ဖြစ်သည်။ ဟုန်ယီလည်း တုံ့ဆိုင်းမနေတော့ဘဲ သူမ၏မျိုးနွယ်မှလူကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်။

မျိုးနွယ်တူအချင်းချင်းက ဟုန်ယာမိန်းကလေးကို အန္တရယ်ပေးလာမည်ဟု သူမ မယုံကြည်နိုင်ပေ။

သို့သော်…

အရင်တစ်ခေါက်ကလည်း ထိုသို့ပင် ကြုံခဲ့ရပြီး ဖြစ်သည်။

သူမက ချက်ချင်းပင် သူမတို့လူကို ဆက်သွယ်ပြီးနောက် အဋ္ဌမမင်းသားတို့အဖွဲ့ကို ပြန်လည်သတင်းပေးလိုက်သည်။

"သူတို့တွေက ချင်းချန်မြို့အပြင်ဘက်က ချောက်နက်ထဲမှာ ရှိနေတယ် ၊ သူတို့စကားအရ သိပ်ပြီးအချိန်ကြာကြာ မစောင့်နိုင်တော့ဘူးတဲ့"

ဟုန်ယီကို ကြည့်ရသည်မှာ အနည်းငယ် ယုံကြည်မှု ပျောက်ဆုံးနေဟန် ရှိသည်။

သူမက စိတ်ပျက်လက်ပျက်ဖြင့်…

"နတ်လူသားမျိုးနွယ်တွေက ကျွန်မတို့မျိုးနွယ်ကလူကို အကျပ်ကိုင်ပြီး ဒီလိုမျိုးလုပ်ခိုင်းတာဖြစ်နိုင်တယ်… ၊ သူက နတ်လူသားမျိုးနွယ်တွေ အသုံးချတာကို ခံနေရတာပဲ"

အဋ္ဌမမင်းသားက သူ့လက်ထဲမှ ကောင်းကင်နဂါးဓားကို ပွတ်သပ်နေ၏။ ကောင်ငယ်လေးကတော့ လှံရှည်ကို လက်ဖြင့်အသာခေါက်နေ၏။

သူတို့အားလုံး စဉ်းစားနေကြခြင်း ဖြစ်သည်။

တိတ်ဆိတ်နေသူ (၂)ယောက်ကို ကြည့်ပြီး ဟုန်ယီမှာ သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ခံစားလိုက်ရသည်။

ထိုသူများက သူ့မျိုးနွယ်နှင့်ပတ်သက်သည့်အကြောင်းကို စိတ်ဝင်စားဟန် မပြပေ။ ရန်သူမှန်သမျှ သတ်ဖြတ်ပစ်မည့် သဘောရှိသည်။

ဘိုလိုတောင် ကြောက်စရာကောင်းလှသည့် သတ္တဝါများပါလဲ။

ယန်ရှီးယွင်ကတော့ မည်သည့်ခံစားချက်မှ မရှိဟန်ဖြင့် မျက်တောင်လေးများတဖျတ်ဖျတ်ခတ်ရင်း သူ့လမ်းသူ ဆက်လျှောက်နေသည်။ အန္တရယ်များသည့် လူပေါင်းများစွာကို တွေ့မြင်ဖူးလေရာ သူမအတွက် အဆန်းမဟုတ်ပေ။

အဋ္ဌမမင်းသားက ဓားကို ပွတ်သတ်နေရင်း...

"ဒီဓားက ဓားသွားအပိုင်းအစလေးတွေနဲ့ ပြုလုပ်ထားတာဆိုတော့ ဓားကျိုးသွားလည်း ပြန်ကောင်းလာနိုင်မယ်ထင်တယ်"

ကောင်ငယ်လေးက ခဏမျှ တုံ့ဆိုင်းနေပြီး...

"ကျွန်တော် ဟုန်ယာကို ရန်သူတွေလက်က ကာကွယ်ပေးလိုက်ရင် သူ့ပခုံးလေးကို ပွေ့ဖက်ခွင့်ရနိုင်မလား ၊ ဒါမှမဟုတ် သူ ကျွန်တော့်ကို ပိုပြီး မုန်းသွားမှာလား“

(၂)ယောက်လုံးက ကိုယ့်အတွေးနှင့်ကိုယ် နစ်မျောနေကြသည်။

ခဏကြမှာ အဋ္ဌမမင်းသားက ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိဟန်ဖြင့်...

"နေပါဦး ၊ ဘယ်သွားရမလဲဆိုတာ မင်းက လမ်းပြပေးနေတာ မဟုတ်ဘူးလား"

ကောင်ငယ်လေး အံ့အားသင့်သွားသည်။

"မသိဘူးလေ ၊ ကျွန်တော်က ခင်ဗျားလမ်းပြနေတာထင်လို့"

နှစ်ယောက်သား : "......"

ထို့နော် သူတို့ ယန်ရှီးယွင်ကို လှည့်ကြည့်လိုက်ကြသည်။

ယန်ရှီးယွင်က ယုံကြည်မှုအပြည့်ဖြင့်...

"စိတ်မပူကြပါနဲ့ ၊ ကျွန်မ လမ်းသိပါတယ် ၊ ဒါကြောင့် ကျွန်မ လမ်းပြပေးနေတာပါ"

***

ချင်းချန်မြို့အရှေ့ဘက်ရှိ ချောက်နက်ကြီးတည်ရှိရာနေရာ။

အဋ္ဌမမင်းသားတို့အုပ်စုက တောအုပ်တစ်ခုထဲတွင် ပုန်းအောင်းရင်း ချောက်နက်ကို လေ့လာနေကြသည်။

ကောင်ငယ်လေးက ချောက်နက်အတွင်းသို့ မျက်မှောင်ကြုတ်ကာ တစ်ချက်ကြည့်လိုက်ရင်း...

"ဒီနေရာက အန္တရယ်များတယ်လို့ ခံစားနေရတယ်"

အဋ္ဌမမင်းသားက...

"အေး... ဟုတ်တယ် ၊ ကျုပ်လည်း စိတ်မသက်မသာ ခံစားနေရတယ် ၊ ကြည့်ရတာ အစစ်အမှန်အင်မော်တယ်အဆင့်ထက် ပိုပြီး တန်ခိုးစွမ်းအားမြင့်မားတဲ့သူတစ်ယောက် ရှိနေသလိုပဲ"

ဟုန်ယီက...

"ဒါပေမဲ့ မိုးကောင်းကင်အင်မော်တယ်အဆင့်ဆိုရင် ခွန်လွန်တောင်အနားကပ်ဖို့ သိပ်မလွယ်ဘူးဆို"

အမှန်တော့ သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် လုပ်နိုင်သည့်အရာဘာမှ မရှိပေ။ သူမက ဒီအတိုင်းလိုက်လာခြင်းသာ ဖြစ်၏။

အရိုက်ခံလိုက်ရပြီးသည့်နောက် ယန်ရှီးယွင်ကတော့ ခပ်ဝေးဝေးတွင်သွားနေ၏။

သူက လမ်းမမေးသော်လည်း လမ်းသိသည်ဟု ပြောမိသည့်အတွက် အရိုက်ခံခဲ့ရပြန်သည်။

အဋ္ဌမမင်းသားက ချောက်နက်ထဲသို့ ငုံ့ကြည့်လိုက်ရင်း...

"မိုးကောင်းကင်အင်မော်တယ်အဆင့်နဲ့ အထက်ပိုင်းတွေ ဒီနေရာကိုလာဖို့ ခက်ခဲတယ်ဆိုပေမယ့်… ဒီနေရာမှာ အစကတည်းက မိုးကောင်းကင်အင်မော်တယ်တစ်ယောက် ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

"ကျုပ်တို့နှစ်ယောက်လုံး အန္တရယ်အငွေ့အသက်ကို ခံစားရတယ်ဆိုတော့ အဲဒီတန်ခိုးစွမ်းအားရှင်က ဒီနေရာမှာရှိနေတာ အရမ်းကြာနေပြီဆိုတဲ့ အဓိပ္ပါယ်ပဲ"

ကောင်ငယ်လေးက နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း မြေပြင်ထက်တွင် အနံံ့ခံလိုက်သည်။

"အဲဒါက လူသားမဟုတ်ဘဲ နတ်လူသားမျိုးနွယ်တွေဘက်က သားရဲတစ်ကောင်လည်း ဖြစ်နိုင်တယ် ၊ အန္တရယ်အတော်များတာပဲ"

အဋ္ဌမမင်းသားက...

"ဘာမှစိတ်မပူပါနဲ့ ၊ ကျုပ်တို့ အကူအညီတောင်းလို့ရတယ်"

အဋ္ဌမမင်းသား မည်သူ့ထံမှ အကူအညီတောင်းမည်ကို ကောင်ငယ်လေး ကောင်းကောင်းသိရှိသည်။

သူက...

"အရင်တစ်ခေါက်အကူအညီတောင်းတုန်းကတောင် အဲဒီလူကို ဘာတန်ဖိုးမှ မပေးလိုက်ရဘူး"

အဋ္ဌမမင်းသားက...

"ဒီကိစ္စပြီးမှ ပေါင်းပေးကြတာပေါ့ ၊ သူ့ကိုခေါ်ရင်းနဲ့တစ်ခါတည်း ဘာပေးရမလဲဆိုတာပါ မေးလိုက်လို့ရတယ်"

ဟုန်ယီနှင့် ယန်ရှီးယွင်တို့မှာတော့ သူတို့ (၂)ယောက် ဘာတွေပြောနေကြမှန်း နားမလည်ကြပေ။

***

တစ်ချိန်တည်းမှာပင်...

ဗလာနယ်အာကာသထဲတွင် ရောက်ရှိနေသည့်ကျန်းလန်သည့် အလင်းရောင်ထွက်ပေါ်နေသည့်နေရာသို့ ဦးတည်သွားနေသည်။

ရုတ်တရက်တိုက်ခိုက်ခံရခြင်းများ ဖြစ်လာပါက ကာကွယ်ရန်အလို့ငှာ အလျှင်အမြန် ချဉ်းကပ်ခဲ့ခြင်း မရှိပေ။

တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သရွေ့ သူ့အတွက် အဆင်ပြေမည် ဖြစ်လေ၏။

***

All Chapters