← Chapters

အကူအညီ

Vol. 33 Ch. 449

အကူအညီ

Vol. 33 Ch. 449

"ရှင်နဲ့ကျွန်မ အတူတူသွားကြမလား"

ဟုန်ယီက ယန်ရှီးယွင်ကို မေးလိုက်သည်။

သေချာပေါက် ပြဿနာတက်တော့မည်ဟု သူမ ခံစားနေရသည်။

ချောက်နက်ကြီးပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လာသည့်တန်ခိုးစွမ်းအားများက မြင့်မားလွန်းလေရာ လူသားအင်မော်တယ်တစ်ယောက်အနေဖြင့် မည်သည့်နည်းနှင့်မှ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ သူမတို့ (၂)ယောက်ကိုသာ ပစ်မှတ်ထားခံရလျှင် အလွန်အန္တရယ်များပေလိမ့်မည်။

ယန်ရှီးယွင်က မြေကြီးအတွင်းသို့ တိုးဝင်သွားရင်း…

"စိတ်မပူပါနဲ့… ၊ မြေအောက်ထဲမှာဆိုရင် ကမ္ဘာမြေကြီးက ကျွန်မကို ကာကွယ်ပေးထားလိမ့်မယ် ၊ ကျွန်မရဲ့ တည်ရှိမှုကို ဘယ်သူမှ မရိပ်မိတော့ဘူး ၊ အစ်ကိုကြီးနဲ့ မောင်ငယ်လေးထွက်လာရင်တောင်မှ ကျွန်မ သူတို့ကို လွတ်အောင် ကယ်ထုတ်သွားလို့ရတယ် ၊ သူတို့ထွက်မလာလည်း ကျွန်မတစ်ယောက်တည်း ပြေးလို့ရတယ်"

ဟုန်ယီကတော့ ဟိုဟိုဒီဒီ စကားပြောမနေတော့ဘဲ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

"ဒါဖြင့် ကျွန်မ အကူအညီသွားတောင်းလိုက်မယ်"

သူမ သေရည်ဆိုင်ပိုင်ရှင်နှင့် ဖီရှိုးကောင်ကို သွားရောက်ရှာဖွေရမည် ဖြစ်သည်။ ထိုသူ (၂)ယောက်လုံးက သူမ မျက်မှန်းတန်းမိလေသည်။ သူမနှင့် မရင်းနှီးသည့်တိုင် ကောင်ငယ်လေး ဒုက္ခရောက်နေကြောင်း ပြောပြလိုက်လျှင် အချိန်မဆွဲဘဲ ချက်ချင်းလိုက်လာကြပေလိမ့်မည်။

ယန်ရှီးယွင်ကတော့ မြေကြီးထဲသို့ဝင်ရောက် ပုန်းအောင်းနေ၏။ ချောက်နက်ထဲတွင် ဘာဖြစ်နေသည်ကို သူမ မသိနိုင်သော်လည်း မြေပြင်ကို ထိမှန်သည့် တန်ခိုးစွမ်းအားများကို အခြေခံပြီး လုန်မန်နှင့် ကောင်ငယ်လေး အသက်ရှိနေသေးကြောင်း သူမ ခန့်မှန်းနိုင်သည်။

ရုတ်တရက်ထွက်ပေါ်လာသည့် လျှပ်စီးကြောင်းများကတော့…

ထိုအရာများက အလွန် ကြောက်မက်ဖွယ်ရာကောင်းသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်ဖြင့် မြေပြင်ထက်တွင်သာ ရှိနေမည်ဆိုလျှင် သေချာပေါက် အသက်ပျောက်နိုင်သည်ဟု ကမ္ဘာမြေကြီးက သူမကို သတင်းပေးသည်။

ထို့ကြောင့် မြေအောက်တွင် ပုန်းနေခြင်းက သူမအတွက် အန္တရယ်အကင်းဆုံး ဖြစ်ပေ၏။

***

"ဘုန်း"

လျှပ်စီးကြောင်းများက ချောက်နက်ကြီးတစ်ခုလုံးကို ပျက်စီးသွားစေသည်။

မြေပြင်ထက်တွင် ရုန်းကန်နေရသည့် ဧရာမမြွေစိမ်းကြီးမှာ ကြောက်ရွံ့လွန်းသဖြင့် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားရန် ကြိုးစားနေသည်။ ထိုလျှပ်စီးကြောင်းများသည် သူ့အသက်ကို သေစေနိုင်သည်အထိ စွမ်းအားမြင့်မားသည်။

တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ရောက်ရှိလာခြင်းဖြစ်ကြောင်း မြွေစိမ်းကြီးရိပ်မိလိုက်သည်။ ထိုသူက ခွန်လွန်တောင်က ဖြစ်မည်လား မသေချာသော်လည်း အလွန်ကြောက်ရွံ့နေမိသည်။

ဤနေရာက ခွန်လွန်တောင်နှင့် အတော်လေး အလှမ်းဝေးသည်။ သူက သူ့နေရာသူသိရှိသူဖြစ်ပြီး ဘောင်မကျော်ဘဲ ချောက်နက်ထဲတွင် အေးအေးချမ်းချမ်း နေထိုင်သည့် သားရဲကြီးတစ်ကောင်မျှသာ ဖြစ်သည်။

သို့သော် နတ်လူသားမျိုးနွယ်များက သူ့ကို မည်သို့ သတိလစ်အောင်လုပ်ပြီး ထိန်းချုပ်လိုက်မှန်းမသိပေ။ သူတို့ အသုံးပြုသည့်နည်းလမ်းက အလွန်တရာစွမ်းအားမြင့်မားသည့် နည်းလမ်းတစ်ခု ဖြစ်သည်။

ယခုတော့ ခွန်လွန်တောင်က ဤကိစ္စကို ရိပ်မိသွားပြီဖြစ်လေရာ သူ့မှာ အသက်ရှင်သန်ခွင့်ရရန် မသေချာတော့ပေ။ သာမန်အခြေအနေဆိုလျှင် ခွန်လွန်တောင်မှလူများက သူ၏တည်ရှိမှုကိုပင် မသိရှိဘဲ အလွန်လုံခြုံစွာ နေနိုင်ခဲ့သည်။

ယခုမူကား…

သူ့မှာ အခက်တွေ့ရချေပြီ။

ပတ်ဝန်းကျင်တစ်ခုလုံးတွင် လင်းလက်နေသည့်လျှပ်စီးများက အလွန်ကြောက်မက်ဖွယ်ရာဖြစ်လေရာ နေရာတွင်သာ ခွေခွေလေးလုပ်ရင်း ဖြစ်လာသမျှကိုရင်ဆိုင်ရန် စောင့်ရပေတော့မည်။

ခွန်လွန်တောင်မှ တန်ခိုးစွမ်းအားရှင် ရောက်ရှိလာခဲ့လျှင်လည်း သဘောထားကြီးကြီးဖြင့် သူ့ကို မသတ်ဖြတ်ရန် မျှော်လင့်မိသည်။

"ဘန်း"

ကောင်ငယ်လေးမှာ မြေပြင်ထက် ကိုင်ပေါက်ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း သွေးများဖြင့် စိုရွှဲလျှက်ရှိသည်။

သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေဟန်ရှိသော်လည်း သူ့မျက်ဝန်းများကတော့ ပြတ်သားမှုများဖြင့် ပြည့်နေ၏။ သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ပြင်းထန်သောရောင်ဝါက အားပျော့သွားခြင်း မရှိပေ။

ခန္ဓာကိုယ်သာ နာကျင်မည် ၊ သူ့ စိတ်ဝိညာဉ်ကတော့ နာကျင်မည် မဟုတ်ပေ။ သူက သေရမည်ဆိုလျှင်တောင်မှ အရှုံးပေးမည်မဟုတ်ဘဲ ရန်သူကို သတ္တိရှိရှိ တိုက်ခိုက်သွားမည် ဖြစ်သည်။

"ဂရား"

ကောင်ငယ်လေးက ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက် ပြုလုပ်ရင်း ထပ်မံတိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

"ဘန်း"

သို့သော် နတ်လူသားမျိုးနွယ်၏ တိုက်ခိုက်မှုက သူ့ထံကျရောက်လာပြီး ကောင်ငယ်လေး လွင့်ထွက်သွားပြန်သည်။

"ဘုန်း"

အဋ္ဌမမင်းသားမှာလည်း မြောက်ဖူနှင့်တိုက်ခိုက်နေရင်းမှ လွင့်ထွက်သွားပြီး နှစ်ယောက်လုံး ဒဏ်ရာအပြင်းအထန် ရသွားသည်။

လုန်မန်က ကောင်ငယ်လေးရှိရာသို့ ခက်ခက်ခဲခဲ ချဉ်းကပ်လာပြီး…

"မင်း ရူးနေလား ၊ ဒီနေရာမှာ ဒီအတိုင်းငြိမ်နေပြီး မင်းကို လာရိုက်တာခံရဖို့ စောင့်နေတာလား"

ကောင်ငယ်လေးက ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ထရပ်လိုက်ရင်း…

"ကျွန်တော့်မှာ… အမြဲ… အမြဲတမ်း အရိုက်ခံနေရတာပဲကို…"

အဋ္ဌမမင်းသားက လှံရှည်ကိုဆုပ်ကိုင်ရင်း အံတင်းတင်းကြိတ်လိုက်သည်။

"မင်း နည်းနည်းလောက် ဆက်ပြီးတောင့်ခံလိုက်ပါဦးကွာ ၊ ကျုပ် ဟိုကောင်ကို မကြာခင်ရှင်းပစ်နိုင်တော့မှာပါ"

ပြိုင်ဘက်က အလွန်တရာ တန်ခိုးစွမ်းအား မြင့်မားလှသဖြင့် လုန်မန်မှာ ထင်သလောက် ခရီးမပေါက် ဖြစ်နေရသည်။

မြောက်ဖူက မျက်မှောင်ကြုတ်လိုက်ရင်း…

"တိုက်ပွဲက ဒီအခြေအနေရောက်မှတော့ ကျုပ်တို့ အချိန်ဆွဲလို့ မရတော့ဘူး ၊ သူတို့နောက်ကွယ်က ပုဂ္ဂိုလ်ကလည်း အခုချိန်ထိ ထွက်မလာသေးဘူး"

ချီတန်က နှုတ်ခမ်းလှုပ်ရုံမျှ ခပ်တိုးတိုးလေသံဖြင့်…

"အဆင်သင့်ဖြစ်ပြီလား…"

သူမအသံက တိုးလွန်းသဖြင့် မည်သူမှ ကြားနိုင်မည် မဟုတ်ပေ။

ခဏအကြာတွင်တော့ ပြန်ဖြေသံတစ်သံ ထွက်ပေါ်လာသည်။

"အဆင်သင့်ဖြစ်ပြီ…"

မြောက်ဖူက…

"ဟုတ်ပြီ ၊ အခု ကျုပ်တို့ သူတို့နောက်ကွယ်ကလူကို သတိပေးပြီးပြီ ၊ ခွန်လွန်တောင်ကလည်း မကြာခင် အာရုံစိုက်လာတော့မယ် ၊ မင်း အဲဒီမှာ ကျုပ်တို့ကို စောင့်နေ ၊ ခဏနေရင် အဲဒီကိုလာခဲ့မယ်"

တစ်ဖက်လူက အတန်ကြာမျှ တိတ်ဆိတ်သွားပြီးနောက် စကားပြန်ပြောသည်။

"ကောင်းပြီ…"

အသံကမှေးမှိန်ပျောက်ကွယ်သွားသည်နှင့် ချောက်နက်ကြီး၏ အနက်ရှိုင်းဆုံးနေရာမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အလင်းရောင်ထွက်ပေါ်လာသည်နှင့် မှောင်မိုက်နေသည့် ချောက်နက်ကြီးတစ်ခုလုံး လင်းထိန်တောက်ပသွားပြီး ကြီးမားလှသည့် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။ ပုံရိပ်ကြီး၏ အလယ်တွင် မိန်းမပျိုချီတန်ကို တွေ့မြင်ရပြီး သူမခန္ဓာကိုယ်တစ်ခုလုံး အသက်ဓာတ်စွမ်းအားများဖြင့် ပြည့်ဝနေသည်။

ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားတို့မှာ ရုတ်တရက်ပေါ်လာသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။ ချောက်နက်ထဲတွင် ပုန်းကွယ်နေသည့် တစ်စုံတစ်ယောက် ရှိနေသည်လား။

ထို့ပြင် လူရိပ်ကြီးထွက်ပေါ်လာသည်နှင့် ချီတန်သည် အစစ်အမှန်အင်တော်တယ်အဆင့်ကို ကျော်လွန်သွားပြီး မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားသည်။ ထိုသို့ဖြစ်အောင် မည်သို့ ပြုလုပ်လိုက်ပါသနည်း။

သူတို့ တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ ၊ ပြေးရန်သာ ရှိတော့သည်။

လုန်မန်နှင့် ကောင်ငယ်လေးတို့ တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် ထွက်ပြေးကြလေတော့၏။ ဆက်တိုက်မည်ဆိုပါက ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်ပေလိမ့်မည်။ စစ်ကူပြန်ခေါ်ပြီးမှ နောက်တစ်ခေါက်ပြန်လာတိုက်ခြင်းက ပိုပြီးအဆင်ပြေသည်။

ရုတ်တရက် ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားရှင်ကြောင့်သာ မဟုတ်လျှင် သူတို့ ဆက်ပြီးတိုက်ခိုက်နိုင်မည်သာပင်။ သို့ပေသိ ရုတ်ချည်း အခြေအနေပြောင်းလဲသွားခြင်းက သူတို့ကို အံ့အားသင့်စေခဲ့သည်။

သူတို့ ထွက်ပြေးခါနီးတွင် မြောက်ဖူနှင့် ချီတန်တို့က သူတို့ပြေးမည့်လမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။ မြောက်ဖူနှင့် ချီတန်တို့၏ နောက်ဘက်တွင် ဧရာမ လူရိပ်ကြီးရှိနေပြီး သူတို့၏ တန်ခိုးစွမ်းအားများက အဆမတန် မြင့်တက်လျှက်ရှိသည်။

နတ်လူသားမျိုးနွယ်ကျင့်ကြံသူ (၂)ယောက်က လုံး၀ မရပ်တန့်ဘဲ လက်ကိုဝှေ့ယမ်းကာ ထိန်းချုပ်မန္တန်စွမ်းအားများကို အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးထံသို့ ထုတ်လွှတ်လိုက်ကြသည်။ ကြီးမားသည့် ဖိအားကြီးတစ်ခုက ကောင်ငယ်လေးနှင့် အဋ္ဌမမင်းသားကို ဖိနှိပ်ထားလေတော့၏။

အဋ္ဌမမင်းသားက ခုခံထားနိုင်သော်လည်း ဤအတိုင်းသာ ဆက်သွားနေလျှင် သူတို့ ထွက်ပြေးရန် မလွယ်ကူနိုင်ပေ။ တစ်ဖက်လူက တိုက်ပွဲစည်းမျဉ်းကို ဖောက်ဖျက်လိုက်ပြီ ဖြစ်သည်။

ထိုအချိန်…

"အား…"

ကောင်ငယ်လေး အော်ဟစ်လိုက်သည့်အတွက် အဋ္ဌမမင်းသားလှည့်ကြည့်လိုက်သည်။

တွေ့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လုန်မန် အတော်လေး ထိတ်လန့်သွားရ၏။ ကောင်ငယ်လေး၏ ဦးခေါင်းထက်တွင် ထူးဆန်းသည့် လက်တစ်ဖက်ပေါ်လာပြီး သူ့ကို ဆွဲခေါ်သွားလေသည်။ ထိုမြင်ကွင်းကို တွေ့လိုက်သည်နှင့် ကောင်ငယ်လေး ပါသွား၍မဖြစ်ကြောင်း လုန်မန် နာလည်လိုက်သည်။

"ကောင်လေး… တောင့်ထား ၊ ကျုပ် မင်းကို လာကယ်မယ်"

သူက နဂါးဟိန်းသံတစ်သံ ပြုလုပ်လိုက်ပြီး သူ့ကို ဖိနှိပ်ထားသည့် မြောက်ဖူနှင့် ချီတန်တို့ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

သူ တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ့အနောက်ဘက်မှ ရုတ်တရက် လက်တစ်ဖက် ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။ လုန်မန် အနည်းငယ် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်သည့်အခါ သူ့အနောက်ဘက်တွင် လူရိပ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

ထိုလူရိပ်က တံခါးတစ်ခု၏အောက်ဘက်တွင် မတ်တတ်ရပ်နေခြင်း ဖြစ်၏။

"ဘယ်သူလဲ"

မြောက်ဖူနှင့် ချီတန်တို့က ချက်ချင်းပင် သူတို့၏ တန်ခိုးစွမ်းအားကို မြှင့်တင်လိုက်ကြသည်။ ရုတ်တရက်ရောက်လာသည့် လူရိပ်ကို သူတို့က တိုက်ခိုက်လိုကြသည်။

သို့သော် တန်ခိုးစွမ်းအားချင်း ထိခတ်မိကြသည်နှင့် ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး နတ်လူသားမျိုးနွယ်ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားများ တစ်စစီ ကွဲကြေသွားသည်။

ရန်သူများမှာ အပ်နှင့် ထိုးဖောက်ခံရသည့် ပူစီဖောင်းများပမာ လူရိပ်၏တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိခဲ့ကြပေ။

ခေါင်းမှ ဆွဲခေါ်သွားခြင်းခံရသည့် ကောင်ငယ်လေးကို ထိုလူရိပ်က ပြန်ဆွဲခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် အဋ္ဌမမင်းသားသည်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် တန်ခိုးစွမ်းအားအသစ်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

လက်သီးနတ်ဘုရား ဝင်ရောက်တိုက်ခိုက်ပေးခြင်းပင် ဖြစ်၏။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုသူက လျစ်လျူရှုမထားဘဲ တစ်လျှောက်လုံး သူတို့ကို အာရုံစိုက်ပေးနေခဲ့သည်။ ရန်သူဘက်မှ တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ထွက်ပေါ်လာသညနှင့် သူက ကူညီတိုက်ခိုက်ပေးခဲ့သည်။

ကောင်ငယ်လေး လွတ်မြောက်သွားပြီဖြစ်သည်။ သူက မယုံကြည်နိုင်စွာဖြင့် မြေပြင်ထက်မှ လူးလဲထလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်လည်း အသစ်သောတန်ခိုးစွမ်းအားများ ပြည့်ဝလာသည်ကို ခံစားလိုက်ရသည် မဟုတ်ပါလား။

သူတို့ (၂)ယောက် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်လည်တိုက်ခိုက်လိုက်ကြသည်။

"ဘုန်း"

တိုက်ပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေရှိနေလေသည်။ တိုက်ပွဲပြင်းထန်လှသည့်အတွက် မြေကြီးအောက်တွင် ပုန်းအောင်းနေသည့် ယန်ရှီးယွင်သည်ပင် တုန်လှုပ်သွားရသည်။

မြေပြင်ထက်တွင် အနှိုင်းမဲ့သော ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို သူမ ခံစားမိသည်။ ထိုတန်ခိုးစွမ်းအားက အလွန်တရာ အန္တရယ်များသည်။

သူမသာ အလောတကြီး လှုပ်ရှားခဲ့လျှင် ၊ သို့မဟုတ် သူမကိုသာ ဖမ်းမိသွားမည်ဆိုလျှင် သေချာပေါက် အသတ်ခံရဖွယ် ရှိသည်။

သူမ အရဲစွန့်ကာ အပြင်သို့ ချောင်းကြည့်လိုက်သည့်အခါမှတော့ အံ့သြမှင်တက်သွားရသည်။ ချောက်နက်ကြီးထဲတွင် အလွန်ကြီးမားသည့် ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။

ထိုသူက မိုးနဲ့မြေမှ ထွက်ပေါ်လာသည့် နတ်ဘုရားတစ်ပါးအလား ထိတွေ့နိုင်ခွင့်မရှိဟု ထင်ရလောက်အောင် တန်ခိုးစွမ်းအား မြင့်မားဟန် ရှိသည်။

ထိုပုံရိပ်၏ အခြားတစ်ဖက်တွင်တော့ တံခါးတစ်ချပ်နှင့် ဆင်တူသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူမ အမြင်မှားသည်လား မသိရှိသည့်တိုင် ထိုတံခါးချပ်က အရှိန်အဟုန်ဖြင့် တဖြည်းဖြည်း ကြီးမားလာသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် ထိုတံခါးချပ်က ကြီးမားလူရိပ်နှင့်တူညီသည့် အရွယ်အစားအတိုင်းဖြစ်သွားသည်။ သူမ စိတ်ထင်ခြင်းမဟုတ်ဘဲ ထိုတံခါးချပ်က အမှန်တကယ်ပင် ကြီးမားသည့်တံခါးကြီးတစ်ချပ်ဖြစ်ကြောင်း ယန်ရှီးယွင် နားလည်လိုက်သည်။

တံခါးအောက်တွင်တော့ သေသေချာချာ တွေ့မြင်ရခြင်းမရှိသည့် ဝိုးတဝါး ပုံရိပ်တစ်ခု ရှိနေသည်။

ထိုပုံရိပ်က လောကကြီးတစ်ခုလုံးကို ငုံ့မိုးကြည့်နေသည့်အလား အရှိန်အဝါ ကြီးမားလွန်းလှလေသည်။

***

All Chapters