ခွန်လွန်တောင်မှ တာအိုအင်မော်တယ် အံ့ဖွယ်ဖြစ်စဉ်
Vol. 33 Ch. 459
ကျောက်စိမ်းရေကန်။
ကျန်းလန်နှင့် လုန်ယွိတို့ မျက်ဝန်းများကို မှေးမှိတ်လိုက်ကြသည်။
ကျောက်စိမ်းရေကန်မှ သစ်သားအိမ်လေးသည် ပတ်ဝန်းကျင်တစ်ခုလုံးနှင့် ကင်းလွတ်ကာ လွတ်လပ်လျှက်ရှိသည်။ သစ်သားအိမ်လေးအပြင်ဘက်မှ ပြောင်းလဲမှုများသည် အပြင်လောကနှင့် လုံး၀ မတူညီတော့ပေ။
ကျေက်စိမ်းရေကန်သည်ပင် သစ်သားအိမ်အတွင်းသို့ အနည်းငယ်သာ လွှမ်းမိုးမှု ရှိနိုင်သည်။ သို့သော် ကျောက်စိမ်းရေကန်၏ တန်ခိုးစွမ်းအား အနည်းငယ်နှင့် ကျန်းလန်က ချိတ်ဆက်နိုင်စွမ်း ရှိသည်။
ထိုသို့ချိတ်ဆက်ပြီးလျှင် ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို ရှောင်ယွိ၏ နှလုံးသားထဲတွင် သိမ်းဆည်းထားနိုင်ရန် အခွင့်အလမ်း ရရှိပေလိမ့်မည်။ သို့နှယ်ပြုလုပ်ခြင်းအားဖြင့် ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို ရှောင်ယွိအနေဖြင့် အပိုင်ရပေလိမ့်မည်။
အချိန်များကုန်ဆုံးသွားသည့်တိုင် သစ်သားအိမ်လေးက နေနှင့်လ ၊ ဥတုရာသီများစွာ၏ ပြောင်းလဲမှုဒဏ်ကို မခံစားခဲ့ရပေ။ မိုးနဲ့မြေ၏ နိယျာမများကို ကျန်းလန်က ဟန့်တားထားခဲ့သည်။
နွေဦးရာသီတွင် ရွာသွန်းသည့်မိုး ၊ နွေရာသီတွင် ပူပြင်းသည့်နေရောင် ၊ ဆောင်းဦးရာသီတွင်ကြွေသည့် သစ်ရွက်များနှင့် ဆောင်းတွင်ကျဆင်းသည့် နှင်းပွင့်ဖြူဖြူများ။
ရာသီလေးလီ ပြောင်းလဲသွားပြီး နှစ်ပေါင်းများစွာ ကုန်လွန်သွားသည့်တိုင် သစ်သားအိမ်လေးအတွင်း မည်သည့်သက်ရောက်မှုမှ မထင်ကျန်ခဲ့ပေ။
ကောင်းကင်ထက်မှ နက္ခတ်များပြောင်းလဲသွားပြီး (၅)နှစ်ဆိုသည့်အချိန် ကုန်ဆုံးသွားခဲ့သည်။
ထိုအချိန်တွင်…
မူလက မပြောင်းလဲသည့် သစ်သားအိမ်လေးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
မိုးများသည်းထန်စွာ ရွာသွန်းပြီး သစ်ပင်များ ပေါက်ဖွားရှင်သန်လာသည်။ နေရောင်ခြည်ထွန်းလင်းတောက်ပလာသည့်အခါ ပန်းပွင့်လေးများ ပွင့်လန်းလာသည်။
ဆောင်းဦးလေပြေတိုက်ခတ်ပြန်တော့ သစ်ရွက်များက ကြွေကျသွားကြပြီး ချမ်းအေးသည့် ဆောင်းရာသီးတွင်တော့ နေရာအနှံ့ နှင်းမှုံများ လွင့်ပျံလျှက် ရှိသည်။
အချိန်မည်မျှကြာသွားသည်မသိ ၊ မူလက သီးခြားရပ်တည်နေသည့် သစ်သားအိမ်လေးသည် ကျောက်စိမ်းရေကန်နှင့် တစ်သားတည်းကျသွားကာ လောက၏ ပြောင်းလဲခြင်းတရားများအားလုံးကို စတင်လက်ခံလာသည်။
နေနှင့်လ တစ်လှည့်စီထွန်းလင်း၍ ရာသီလေးခု အလီလီပြောင်းလဲသွားသည်။
အရာအားလုံးက သာမန်ပင် ဖြစ်သော်လည်း သာမန်မဟုတ် ထူးခြားနေသည်ကလည်း အမှန်ပင်။
***
ခွန်လွန်တောင်အပြင်ဘက် ၊ တောင်ထိပ်တစ်ခု။
အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ ပူဇော်သက္ကာများယူဆောင်ကာ ရောက်ရှိနေကြသည်။
အဋ္ဌမမင်းသားက…
"ဒီတစ်ခေါက်ရော တုံ့ပြန်မယ်လို့ မင်းထင်လား"
သူတို့လက်ထဲတွင် တောရိုင်းသားကောင် (၂)ကောင်ရှိနေပြီး တစ်ကောင်က ကင်ထားပြီးသား ဖြစ်ကာ တစ်ကောင်ကတော့ အသားစိမ်း ဖြစ်သည်။
လက်သီးနတ်ဘုရားက လုံး၀ မတုံ့ပြန်သဖြင့် သူတို့ ဖြစ်နိုင်ခြေများစွာကို စဉ်းစားခဲ့ကြသည်။
ထိုနတ်ဘုရားက ကင်ထားသည့် အသားများကို မစားချင်ဘူးလား ၊ သို့မဟုတ် သူကိုယ်တိုင် ကင်ချင်သည်လား မပြောတတ်ပေ။
ထို့ကြောင့် သူတို့က အသားစိမ်း (၁)ကောင် ယူဆောင်လာခြင်း ဖြစ်သည်။ ထို့ပြင် မကြာခဏ ပူဇော်သက္ကာဆက်သနေပြန်လျှင်လည်း တစ်ဖက်လူ စိတ်အနှောက်အယှက်ဖြစ်မည်စိုးသောကြောင့် (၁)နှစ်ခွဲလျှင် တစ်ကြိမ်သာ အချိန်ပြောင်းလဲ ပူဇော်ခဲ့ကြသည်။
ဤနည်းအားဖြင့် လက်သီးနတ်ဘုရားသည်လည်း အနှောက်အယှက် မဖြစ်နိုင်တော့ပေ။
ကောင်ငယ်လေးက လုန်မန်လက်ထဲမှ တောရိုင်းကောင်များကို တစ်ချက်ကြည့်လိုက်ရင်း…
"မထင်ဘူး…"
သူက ဆက်ပြောသည်။
"ကျွန်တော်တို့ဆက်သတဲ့ ပူဇော်သက္ကာတွေက ဈေးပေါလို့များ သဘောမကျတာလား"
အဋ္ဌမမင်းသားက စိတ်ဆိုးမာန်ဆိုးဖြင့်…
"မင်း ဟိုတစ်ခေါက်က အဖိုးတန် မှော်ဝင်ပစ္စည်းတွေ မဆက်သခဲ့ဘူးလား ၊ အဲဒီတုန်းက ပိုတောင်ဆိုးသေးတယ်လေ"
ကောင်ငယ်လေးက…
"အဲဒါ ငှက်တစ်ကောင် ဖြတ်ပျံသွားတာပဲ ရှိတာလေ ၊ ဘယ်နားက ပိုဆိုးတာလဲ"
ထို့နောက် ကောင်ငယ်လေးက အဖြေရှာဟန်ဖြင့်…
"ခင်ဗျားက ဘာလို့ အစ်ကိုကြီးကို မမေးရတာလဲ ၊ ကျွန်တော့်အကြံက အဆင်ပြေနေရင် ဘယ်လိုလုပ်မလဲ"
"ဟွန်း…"
အဋ္ဌမမင်းသားက နှာခေါင်းရှုံ့လိုက်သည်။
"တောကောင်သားကင် ဆက်သရမယ်လို့ ယောက်ဖပဲ ပြောခဲ့တာလေ"
ထို့နောက် အဋ္ဌမမင်းသားက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်…
"အကောင်လိုက် မပူဇော်ဘဲ အသားတွေကို လှီးဖြတ်ပြီးမှ ပူဇော်ရမလား"
အသားများကို လှီးဖြတ်ရမည်ဆိုလျှင် သူ့တွင် ကောင်းကင်နဂါးဓား ရှိလေသည်။ ထိုဓားကို အသားလှီးဖြတ်ရန် အသုံးပြုနိုင်လေ၏။
ခဏအကြာတွင် တောင်ထပ်မှ ကျောက်တုံးကြီးတစ်တုံးရှိရာသို့ သူတို့ ရောက်ရှိလာကြသည်။ ထိုကျောက်တုံးကြီးက အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေ၏။
ယခင်က မိုးကြိုးထိမှန်ခံထားရသောကြောင့် ဖြစ်သည်။
ယူလာသည့် တောကောင်များကို ကျောက်တုံးထက်တွင် ချထားပြီးနောက် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေး နောက်သို့ ဆုတ်သွားကြသည်။
"ကျွန်တော်သာ နတ်ဘုရားဆိုရင်တော့ ဒီလိုပူဇော်တာကို ခံစားတတ်မှာ မဟုတ်ဘူး"
ကောင်ငယ်လေးက နောက်ဆုတ်သွားရင်း စကားဆိုသည်။
အဋ္ဌမမင်းသားက…
"အဓိကက စိတ်ရင်းမှန်ဖို့ပါကွာ ၊ အလုပ်ဖြစ်မှာပါ"
ကောင်ငယ်လေးက သဘောမတူပေ။
"ဒါပေမဲ့ ဒီလိုလုပ်တာက ရိုးရာဆန်လွန်းနေတယ်"
လုန်မန်က…
"မင်း အဲဒီလို သောက်တလွဲတွေတွေးလွန်းလို့ ဟို ဇာမဏီကောင်မလေးက မင်းကို အထင်မကြီးတာ ၊ လူတွေက ဝေ့လည်ကြောင်ပတ် အမြဲလုပ်တယ် ၊ မင်းကို ကျုပ်ပြောသားပဲ ၊ ညရောက်ရင် သူ့ခေါင်းကို လှံရှည်နဲ့သာ ရိုက်ပစ်လိုက် ၊ မင်းကို သူ သဘောကျလာလိမ့်မယ်ဆိုတာ ၊ ဒီလောက်ရှင်းနေတာကို မင်းက ရှုတ်အောင်လုပ်နေတယ်"
ခါတိုင်းကဲ့သို့ ကောင်ငယ်လေးက သူ့စကားကို ခံမငြင်းသည့်အတွက် ယခုတစ်ကြိမ်တော့ ဉာဏ်အလင်းပွင့်သွားလေပြီဟု လုန်မန်ထင်လိုက်သည်။
သို့သော် သူ လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်သို့ မော့ကြည့်နေသည့် ကောင်ငယ်လေးကို တွေ့လိုက်ရသည်။
အဋ္ဌမမင်းသားက…
"မင်း ဘာကြည့်နေတာလဲ"
ကောင်ငယ်လေးက အံ့သြစွာဖြင့်…
"ကောင်းကင်ကို မော့ကြည့်လိုက်စမ်း ၊ တစ်ခုခု ဖြစ်နေတာလား မသိဘူး"
အဋ္ဌမမင်းသားက ပြောသည့်အတိုင်း ကောင်းကင်ထက်မော့ကြည့်လိုက်သည်။
ကောင်းကင်ယံထက်မှ မြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ လုန်မန်မှာ အံ့သြလွန်းသဖြင့် နေရာမှာပင် အေးခဲသွားလေတော့၏။
***
ခွန်လွန်တောင်။
ပြဒါးဆေးသန့်စင်သည့် ခန်းမဆေင်သို့ ကျင်းထင် ၊ မုရှိုးနှင့် လင်စီးယာတို့ ထွက်လာခဲ့ကြသည်။ သူတို့က ဆေးဖော်ရာတွင် သွားရောက်ကူညီကြမည် ဖြစ်၏။
ယခု သူတို့အားလုံး အင်မော်တယ်များဖြစ်နေကြပြီဖြစ်သည်။ ထို့ကြောင့် ပိုပြီးကြိုးစားရန် လိုအပ်သည်။ မဟုတ်ပါက ရှေ့ဆက်တိုးတက်မှုရရှိရန် မလွယ်ကူပေ။
မုရှိုးက…
"ဂိုဏ်းတူအစ်မ လုန်ယွိရဲ့ ကျင့်ကြံခြင်းအဆင့်က အခု ဘယ်အဆင့်ကို ရောက်နေပြီလဲ"
တစ်ချိန်တုန်းက သူတို့ (၂)ယောက် နဝမတောင်ထွတ်တွင် မူလဝိညာဉ်အဆင့်သို့တက်ရောက်ရန် အတူတူ ကျင့်ကြံခဲ့ကြဖူးသည်။ သို့သော် ယခုတော့ သူတို့ကြားမှ ကျင့်ကြံခြင်းက အတော်လေး ကွာခြားသွားပြီ ဖြစ်သည်။
ထို့ပြင် ကောလဟလကြားထားသည်မှာ လုန်ယွိက အင်မော်တယ်အဖြစ်အဆင့်တက်ရန် နှစ်ပေါင်း (၁၀၀)ကြာအောင် တမင်သက်သက် နောက်ဆုတ်ထားခဲ့သည်ဟု ဆိုသည်။
သို့တိုင် သူတို့အနေဖြင့် သူမကို လိုက်မမီနိုင်သေးပေ။
လင်စီးယာက…
"ကျွန်မ တံခါးပိတ်မကျင့်ကြံခင်က သူက လူသားအင်မော်တယ် ၊ အလယ်ဆင့်ကို ရောက်နေပြီ ၊ အခုဆိုရင် လူသားအင်မော်တယ်အဆင့် အောင်မြင်သွားလောက်ပြီထင်တယ်"
သူမက ဆက်ပြောသည်။
"ဒါပေမဲ့ ဒီနှစ်ပိုင်းအတွင်း ကျွန်မ ဂိုဏ်းတူအစ်မနဲ့ မတွေ့ရသေးဘူး ၊ ဂိုဏ်းတူမောင်လေး ကျန်းလန်လည်း ဂိုဏ်းတူအစ်မနဲ့အတူ ကျောက်စိမ်းရေကန်မှာ လိုက်နေတယ် ကြားတယ်"
ကျင်းထင်က…
"ကျန်းလန် အဲဒီမှာလိုက်နေတာ ကြာပြီလား"
လင်စီးယာက ခေါင်းညိတ်လိုက်ရင်း…
"အင်း… ကြာပြီထင်တယ်"
မုရှိုးနှင့် ကျင်းထင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် လင်စီးယာကိုကြည့်ကာ ပြုံးပြလိုက်ကြသည်။
မပြောလည်း နားလည်နိုင်ကြလေသည်။
"ဒါပေမဲ့ ငါတို့ထင်သလိုမဟုတ်ဘဲ သူတို့က ကျင့်ကြံနေကြတာလည်း ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား"
လင်စီးယာ တွေးလိုက်သည်။
သို့သော် ထိုအတွေးက ယုံချင်စရာမရှိပေ။
အမှန်တော့ သူမ လုန်ယွိနှင့် စကားနည်းနည်းပါးပါး သွားပြောလိုက်လျှင် အဖြေသိရမည် ဖြစ်သည်။ လုန်ယွိကိုယ်တိုင် သူမကို ပြောပြစရာ မလိုအပ်ပေ။ သူမ၏ မျက်နှာအမူအရာကြည့်ရုံဖြင့် လင်စီးယာ ခန့်မှန်းနိုင်လေသည်။
ကံမကောင်းသည်မှာ ယခုနှစ်များအတွင်း ဂိုဏ်းတူအစ်မလုန်ယွိကို မတွေ့နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
"ဝုန်း…"
အတွေးလွန်နေသည့် လင်စီးယာသည် သူမရှေ့မှ မုရှိုးကို ဝုန်းကနဲ ဝင်တိုက်လိုက်သည်။
သူမက…
"ဘာလို့ လမ်းလျှောက်တာ ရပ်လိုက်ရတာလဲ"
ထိုအချိန် ကျင်းထင်နှင့် မုရှိုးတို့က ကောင်းကင်ထက်သို့ မော့ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ကျင်းထင်က…
"ဂိုဏ်းတူညီမလေး ၊ ကောင်းကင်ကို မော့ကြည့်လိုက်…"
လင်စီးယာက စိတ်ရှုတ်ထွေးစွာဖြင့် ကောင်းကင်ကိ မော့ကြည့်လိုက်သည့်အခါ အလွန်ပင် အံ့အားသင့်သွားရသည်။
"အဲဒါ ဘာဖြစ်တာလဲ"
သူမ မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပနေသည်ကို တွေ့မြင်လိုက်ကြရသည်။
အလင်းရောင်က ကောင်းကင်ထက်မှ ထွက်ပေါ်နေခြင်း မဟုတ်ပေ။ အရပ်မျက်နှာအသီးသီးမှ ခွန်လွန်တောင်ရှိရာသို့ ဦးတည်ထွန်းလင်းနေခြင်း ဖြစ်သည်။
ကောင်းကင်တစ်ခွင်တွင် ရောင်စဉ် (၇)မျိုး အလင်းတန်းများနှင့် တိမ်တိုက်များကလည်း စုစည်းလျှက် ရှိသည်။
ဤသည်က အံ့ဖွယ်ဖြစ်စဉ် တစ်ခုလား။ ဤဖြစ်စဉ်ကို မည်သည့်အရာက အစပျိုးခဲ့ပါသနည်း။
"ဘုန်း"
တာအိုတရား၏ မြည်ဟည်းသံအလား ကြည်လင်သည့် မိုးခြိမ်းသံများ ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။
လင်စီးယာတို့အုပ်စုမှာ များစွာ အံ့သြသွားကြရသည်။
သူတို့မှ မဟုတ်ပေ။ ခွန်လွန်တောင်တစ်ခုလုံးသည်လည်း မိုးခြိမ်းသံများကြောင့် တုန်လှုပ်လျှက်ရှိသည်။
ခွန်လွန်တပည့်များအားလုံး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြသည်။ ခွန်လွန်တောင်ကို ဗဟိုပြုပြီး အရပ်မျက်နှာအသီးသီးမှ လျှပ်စီးကြောင်းများ ပျံ့နှံ့ထွက်ပေါ်လျှက် လေနှင့်တိမ်းများ ဟုန်းဟုန်းထနေသည်ကို တွေ့မြင်ကြရသည်။
"ဘုန်း…"
မိုးခြိမ်းသံများ ထပ်မံထွက်ပေါ်လာပြီး လူတိုင်း မျက်လုံးနှင့် နားများ နာကျင်ခံစားကြရသည်။ သို့တိုင် သူတို့အားလုံး ကောင်းကင်ထက်သို့ ကြည့်နေကြဆဲပင်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ထက်မှထွက်ပေါ်နေသည့် အလင်းရောင်သည့် ဖော်မပြနိုင်လောက်အောင ်ဆွဲဆောင်မှု ရှိနေသောကြောင်ပင်။
ထိုအရာက ဘာများလဲ။
တပည့်များစွာ နားမလည်နိုင်ကြသလို အဖြေကိုလည်း မည်သူမှ မပြောနိုင်ကြပေ။
သို့သော် ရုတ်တရက် ပေါ်လာသည့် ပုံမှန်မဟုတ်သော ဖြစ်စဉ်သည် မရိုးရှင်းကြောင်း သူတို့ နားလည်ထားကြသည်။
"ဘာတွေဖြစ်နေတာလဲ ၊ ကျုပ်ကို တစ်ယောက်ယောက် ပြောပြပေးနိုင်မလား"
"ဟုတ်ပ… ကျုပ် ဘာ့ကြောင့် ဖိအားတွေ ခံစားနေရတာလဲ မသိဘူး ၊ ခေါင်းတောင် မော့လို့ မရတော့ဘူး"
"ဂိုဏ်းတူအစ်ကိုယွိယွမ် ၊ အဲဒါ ဘာဖြစ်နေတာလဲ သိလား"
"ဟင့်အင်း… မသိဘူး"
ယွိယွမ်သည် ရောင်စဉ် (၇)မျိုးအလင်းတန်းများ တောက်ပနေပြီး လျှပ်စီးများ ပြိုးပျက်နေသည့်မြင်ကွင်းကို ကြည့်နေ၏။ ကြည်လင်သည့် ကောင်းကင်ယံတွင် လျှပ်စီးများ ပေါက်ကွဲထွက်ကာ မဟာတာအိုမှ ထွက်ပေါ်လာသည့် မိုးခြိမ်းသံကြီးကို ခံစားလိုက်ရသည်။
ယွိယန် တစ်စုံတစ်ခုကို ခန့်မှန်းမိလေသည်။
သို့သော် သူ ကျယ်ကျယ်လောင်လောင် ဖွင့်ဟ မပြောဝံ့ပေ။ သူ့အထင် မှန်နေလျှင်တောင်မှ ဤသည်က ခွန်လွန်တောင်၏ လျှို့ဝှက်ချက်တစ်ခု ဖြစ်သည့်အတွက် သေချာပေါက် မပြောရဲခဲ့ပေ။
မကြာခင် ပြင်ပလောကတစ်ခုလုံး သိရှိသွားမည် ဖြစ်သော်လည်း သူကတော့ ရှင်းမပြနိုင်သလို သတင်းလည်း မဖြန့်နိုင်ပေ။
သူ ထိုသို့ပြုလုပ်လိုက်သည်နှင့်…
ခွန်လွန်တောင်က သူ့ကို ရှင်းပစ်ပေလိမ့်မည်။
ထိုအချိန်…
"ကြည့်စမ်း… ပန်းပင်တွေ သစ်ပင်တွေ ချက်ချင်းကြီး ကြီးထွားလာတယ်"
တပည့်တစ်ယောက်က ပြောလိုက်သည်။
ကျန်လူများအားလုံး မြေပြင်ထက် ငုံ့ကြည့်လိုက်ကြသည်။
မြက်ပင်ငယ်များသည်ပင် အရွက်အညှောက်များထွက်လာကာ တောပန်းလေးများက ပန်းပွင့်များ ပွင့်လန်းလာသည်။
အရာအားလုံး… အသက်ဝင်လာသည့်အလားပင်။
ဤပြောင်းလဲမှုများသည် လူတိုင်းကို ထိတ်လန့်စေခဲ့သော်လည်း တိကျသည့်အဖြေကို မည်သူမှ မပေးနိုင်ခဲ့ကြပေ။
လုကျန်းက ကောင်းကင်ထက်သို့ မော့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"မဟာတာအိုရဲ့ တန်ခိုးစွမ်းအား၊ ဒါက ဘယ်လိုအဆင့်မျိုးလဲ"
သူက ရေကန်နံဘေးတွင် ရှိနေသည်ဖြစ်ရာ ချက်ချင်းပင် ခန်းမဆောင်ထဲတွင် သေရည်သောက်နေသည့် ဆရာဖြစ်သူထံသို့ မေးမြန်းကြည့်ရန် ထွက်လာခဲ့သည်။
သို့သော် သူရောက်လာသည့်အခါ ခန်းမဆောင်ထဲတွင် ဆရာဖြစ်သူ ကျိုးကျုန်းထျန်း ရှိမနေတော့ပေ။
"ကိစ္စကတော့ အရေးကြီးပြီထင်တယ်"
လုကျန်း တွေးလိုက်မိလေ၏။
***
တစ်ချိန်တည်းမှာပင်…။
ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ရှေ့တွင် တောင်သခင်များ စုဝေးရောက်ရှိနေကြသည်။
ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်က အံ့ဖွယ်ဖြစ်စဉ်ကို ကြည့်ကာ ရယ်မောလိုက်ရင်း စကားတစ်ခွန်းကို ဖြည်းညင်းစွာဆိုလိုက်သည်။
"ဒါက တာအိုအင်မော်တယ်ပဲ"
***