← Chapters

သူက ဘယ်တောင်ထွတ်ကလဲ

Vol. 33 Ch. 460

သူက ဘယ်တောင်ထွတ်ကလဲ

Vol. 33 Ch. 460

တောင်ခြေသေရည်ဆိုင်။

ဆိုင်ရှင်အဘိုးသည် ဆိုင်တံခါးဝတွင် မတ်တတ်ရပ်လျှက် ပြောင်းလဲသွားသည့်ကောင်းကင်ယံကို အံ့အားသင့်စွာဖြင့် ကြည့်နေသည်။

"မယုံနိုင်စရာပဲ ၊ ဒီနှစ်ပိုင်းအတွင်း ခွန်လွန်တောင်မှာ ဘာတွေဖြစ်နေတာလဲ ၊ တကယ်ဆိုရင် မျိုးဆက်တစ်ဆက်မှာ တာအိုအင်မော်တယ် (၁၀)ယောက်ရှိပြီဆိုရင် မလုံလောက်သေးဘူးလား ၊ အိမ်း… လူအတော်များများတော့ အိပ်မပျော်တဲ့ညတွေ ရင်ဆိုင်ကြရဦးမှာပဲ"

ထို့နောက် အဘိုးအိုက ခေါင်းခါယမ်းရင်း ဆိုင်ထဲ ပြန်ဝင်သွားကာ လုပ်စရာရှိသည့်အလုပ်များကို ဆက်လုပ်နေသည်။

ခွန်လွန်တောင်တွင် တာအိုအင်မော်တယ် မည်မျှများပြားပါစေ သူ့အပေါ် သက်ရောက်မှု မရှိပေ။

အခြားသူများကို ထိခိုက်မည်ကတော့…

ထိုကိစ္စက သူနှင့် ဘာမှမဆိုင်ပေ။

ဤအသစ်သော တာအိုအင်မော်တယ်က မည်သည့်တောင်ထွတ်ကဖြစ်ကြောင်းနှင့် နောက်ပိုင်းမျိုးဆက်လူငယ်လား ၊ ရှေ့ပိုင်းမျိုးဆက်လား မသိရသေးပေ။

နောက်ပိုင်း အားလပ်မှသာ မေးကြည့်ရပေမည်။

***

သေရည်သောက်ရန် ကြံစည်နေသည့် လုန်ရဲ့မှာ လက်ထဲတွင်ကိုင်ထားသည့် ဘူးသီးခြောက်ပင် မြေပြင်ထက် ပြုတ်ကျသွားရသည်။

သူ မယုံကြည်နိုင်ဖြစ်သွားရင်း…

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ဤသို့သော အံ့ဖွယ်ဖြစ်စဉ်မျိုး ထွက်ပေါ်မလာသည်မှာ အချိန်ကြာခဲ့ပြီ မဟုတ်လား။

နောက်ထပ် လူသားတစ်ယောက် တာအိုအင်မော်တယ်အဖြစ် အဆင့်တက်ရောက်သည်လား။ သို့ဆိုလျှင် လူသားများသည် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် ရွေးခြယ်ခံရသူများ ဖြစ်နိုင်လေသလား။

***

ထိုအချိန် ကောင်းကင်ထက်တွင် ရောင်စုံအလင်းတန်းများထွက်ပေါ်လာပြီး အရာအားလုံးက ပိုမိုထင်ရှားလာသည်။

ကောင်းကင်ထက်တွင် ကြယ်စင်များထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးရှိ ပြောင်းလဲမှုကို တစ်စုံတစ်ခုက လွှမ်းမိုးထားသည့်အလား ဖြစ်သည်။

"ကောင်းကင်ထက်မှာ ဖြစ်ပေါ်နေတဲ့ အံ့ဖွယ်ဖြစ်စဉ်က ရာသီလေးခု လည်ပတ်မှုကို ဟန့်တားထားပြီး တာအိုတရားကို ပွင့်လန်းစေတယ် ၊ ဒါက တာအိုအင်မော်တယ်အဖြစ် အဆင့်တက်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာ ပြသနေတာပဲ"

ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ရှေ့တွင် မတ်တတ်ရပ်ရင်း ကျိုးကျုန်းထျန်းက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

"ဘယ်သူကများ ကိုယ်ပိုင်ကျင့်စဉ်လမ်းကို စတင်လျှောက်လှမ်းနိုင်တော့မှာလဲ ၊ ပြီးတော့ သူက လက်ရှိမှာ တာ့လော်အင်မော်တယ်အဆင့် ဖြစ်နိုင်တယ် ၊ ဒါပေမဲ့ တာအိုအင်မော်တယ်ဖြစ်လာဖို့ အရည်အချင်း ပြည့်မီနေပြီ ၊ အချိန်အလုံအလောက်ရရှိနေသရွေ့ သူ့အတွက် ပြဿနာ မရှိနိုင်ဘူး"

ကျင့်ကြံသူအများစုသည် တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်  (သို့မဟုတ်) တာ့လော်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်များတွင် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို စတင်လျှောက်လှမ်းနိုင်လေ့ ရှိကြသည်။

သို့သော် ယခု ပေါ်ပေါက်ခဲ့သည့် အံ့ဖွယ်ဖြစ်စဉ်က ယခင်က သူတို့သိရှိထားသည့် အကြောင်းအရာများနှင့် အနည်းငယ် ကွဲပြားသည်။

အနည်းငယ် အားနည်းနေသယောင် ထင်မှတ်ရ၏။

ထိုသူသည် တာ့လော်အင်မောတ်ယ် ၊ အလယ်ဆင့် ဖြစ်ဟန်တူသည်။ ထိုအဆင့်မျှဖြင့်ပင် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို စတင်လျှောက်လှမ်းနိုင်ခြင်းမှာ သူ၏အလားအလာသည် အရင်လူများထက်ပင် သာလွန်နေသည်ဟု ဆိုနိုင်သည်။

ဖုန်းယီရှောက်က…

"သူက အားနည်းနေသေးလို့  အံ့ဖွယ်ဖြစ်စဉ်ကို ဒီလောက်ပဲ ပြသနိုင်တာ ၊ သူ ဘယ်သူလဲဆိုတာ ရှာကြည့်ကြရအောင် ၊ ကျုပ်တို့ ပထမတောင်ထွတ်က တာ့လော်အင်မော်တယ်တွေကတော့ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မစတင်နိုင်သေးဘူးဆိုတာ ကျုပ်အတည်ပြုနိုင်ပါတယ်"

ဤသို့ ပုံမှန်မဟုတ်သည့် အံ့ဖွယ်ဖြစ်စဉ် ပေါ်ပေါက်လာလျှင် ပထမဆုံးလုပ်သင့်သည်မှာ မည်သူဖြစ်ကြောင်း ဖော်ထုတ်ရန် ဖြစ်သည်။

ဤဖြစ်ရပ်က ခွန်လွန်တောင်အတွက် အသေးအမွှားကိစ္စ မဟုတ်ပေ။ ထိုသူသည် အနာဂတ် တာအိုအင်မော်တယ် ဖြစ်လေသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ မည်သည့်အင်အားစုမဆို ယခု ထွက်ပေါ်လာမည့် တာအိုအင်မော်ယ်ကို အလေးအနက်ထား ဆက်ဆံရန် လိုအပ်သည်။ အကြောင်းမှာ လောကတွင် တာအိုအင်မော်တယ် များစွာ မရှိသောကြောင့်ပင်။

လျိုကျင်းက…

"ကျုပ် သေသေချာချာ မေးကြည့်ပြီးပြီ ၊ ဒုတိယတောင်ထွတ်ကလည်း မဟုတ်ဘူး"

ကျူးချင်က…

"ကျွန်မတို့ တတိယတောင်ထွတ်ကလည်း မဟုတ်ဘူး"

မြောင်ယွဲ့က…

"စတုတ္ထတောင်ထွတ်ကို ကျွန်မ မေးထားပြီးပြီ ၊ အဲဒီမှာ ဘယ်သူမှမရှိဘူး ၊ ပြီးတော့ ကျွန်မရဲ့ ပဉ္စမတောင်ထွတ်ကလည်း ဒီလိုအဆင့်ရောက်နိုင်တဲ့သူ မရှိသေးဘူး"

ခဏနားပြီးမှ သူမက ဆက်ပြောသည်။

"ဂိုဏ်းတူအစ်မ ချန်ရှီကလည်း သတင်းပို့တယ် ၊ သူတို့ ဆဋ္ဌမတောင်ထွတ်က မဟုတ်ဘူးတဲ့"

လျိုကျင်းက…

"အင်း… သတ္တမတောင်ထွတ်ကိုလည်း ကျုပ် လူလွှတ်ပြီး မေးမြန်းတော့… သူတို့တပည့်တွေမဟုတ်ဘူးလို့ ပြောတယ်"

ကျိုးကျုန်းထျန်းက ခေါင်းခါယမ်းလိုက်ရင်း…

"ကျုပ်ရဲ့ အဋ္ဌမတောင်ထွတ်မှာတော့ ဘာမှမထူးခြားဘူး ၊ တစ်ယောက်ယောက်က သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာ မရှိဘူးဆိုရင် တာအိုအင်မော်တယ်လမ်းကြောင်းကိုရောက်နိုင်မယ့်သူ တစ်ယောက်မှ မရှိသေးဘူး"

မော့ကျန်းသုန့်က မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေ၏။ သူ တိတ်ဆိတ်နေသည်ကို အခြားသူများကလည်း အရေးမစိုက်ကြပေ။

နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်သာရှိကြောင်း လူတိုင်း သိရှိကြသည်။ ထိုတပည့်သည်လည်း လူသားအင်မော်တယ်အဆင့်မျှသာ ရှိလေရာ အရေးစိုက်စရာ မလိုပေ။

မြောင်ယွဲ့က…

"ဆိုတော့… ဒီလူက ဘယ်သူဖြစ်နိုင်မလဲ ၊ ကျွန်မတို့တွေ ဘယ်သူမှ မသိအောင် ကျင့်ကြံခြင်းကို ဖုံးကွယ်ထားနိုင်တာပဲ ဖြစ်ရမယ်"

အခြားသူများတွင်လည်း ကိုယ့်မှန်းဆချက်နှင့်ကိုယ် ရှိကြလေသည်။

ကျူးချင်က…

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားများ ဖြစ်နေမလား"

ကျိုးကျုန်းထျန်းက…

"လွန်ခဲ့တဲ့နှစ်ပိုင်းက သူနဲ့ နတ်လူသားမျိုးနွယ် ယွင်ရှောင်းနဲ့ တိုက်ခိုက်သေးတယ် မဟုတ်ဘူးလား ၊ အဲဒီတိုက်ပွဲအရဆိုရင်တော့ သူက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်ကို ရောက်နေပြီ"

တန်ခိုးစွမ်းအားဟု ပြောဆိုရာတွင် သူ့တွင် ဖွင့်ဆိုချက် များစွာရှိသည်။

လျိုကျင်း၏ မျက်ဝန်းများတွင်တော့ ထိတ်လန့်မှုများဖြင့် ပြည့်နက်သွားသည်။

"တကယ်လို့ သူသာ ဖြစ်နေမယ်ဆိုရင် သူက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်မှာတင် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို စတင်လျှောက်လှမ်းနိုင်ပြီလို့ ဆိုလိုတာလား"

အခြားသူများသည်လည်း သူ့လိုပင် ထိတ်လန့်တုန်လှုပ်သွားကြရသည်။

တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက်က ကိုယ်ပိုင်တာအိုလမ်းစဉ် စတင်လျှောက်လှမ်းနိုင်ခြင်းမှာ ထူးခြားဖြစ်စဉ် တစ်ခုဖြစ်၏၊ ထို့ပြင် ထိုတာအိုလမ်းစဉ်က ပြီးပြည့်စုံသည့် တာအိုလမ်းစဉ် ဖြစ်သည်။

မဟုတ်ပါက ဤသို့နှယ် အံ့ဖွယ်ဖြစ်စဉ် ထွက်ပေါ်လာမည် မဟုတ်ပေ။ ယခု ဖြစ်ပေါ်နေသည့် အံ့ဖွယ်ဖြစ်စဉ်သည် မဟာတာအိုတစ်ခု ဖြစ်ပြီး လောကတစ်ခုလုံး၏ သဘာဝတရားကိုပင် ဟန့်တားလျှက် ရှိသည်။

သို့သော် တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်မှာပင် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို စတင်လျှောက်လှမ်းနိုင်သည်မှာ သူတို့အားလုံး စိတ်ကူနိုင်သည်ထက် ကျော်လွန်နေသည်။

မြောင်ယွဲ့က မျက်လုံးများ မှေးမှိတ်သွားသည်အထိ ရယ်မောလိုက်ရင်း…

"ရှင်တို့တွေ မေ့နေကြတာရှိတယ်"

အားလုံး သူမကို ကြည့်လိုက်ကြသည့်အခါ သူမက မေးခွန်းထုတ်သည်။

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားဆိုတဲ့ နတ်ဘုရားရာထူးကို သူ ဘယ်အချိန်မှာ ပထမဆုံး ရခဲ့တာလဲ"

ကျူးချင်က ခဏမျှ စဉ်းစားလိုက်ရင်း…

"တစ္ဆေတိုင်းပြည်ရဲ့ ကံကြမ္မာချီစွမ်းအားရောက်လာပြီး တစ္ဆေစစ်သည်တော်တွေနဲ့ တိုက်ခိုက်တုန်းက မဟုတ်လား ၊ လွန်ခဲ့တဲ့ နှစ်လေးရာလောက်ကပေါ့"

မြောင်ယွဲ့က…

"အဲဒီအချိန်တုန်းက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ရှိလဲ"

ထိုမေးခွန်းကိုကြားတော့ ကျူးချင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"ဟုန်လွမ်ပြောတာတော့… သူက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့်လောက် ရှိနိုင်တယ်တဲ့"

သူမစကားဆုံးသွားသည်နှင့် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ရှေ့မှ လူများအားလုံး တိတ်ဆိတ်သွားကြသည်။

အစစ်အမှန်အင်မော်တယ်တစ်ယောက်သည် အနှစ် (၄၀၀)အတွင်း တာ့လော်အင်မော်တယ်တစ်ယောက်ဖြစ်လာပြီး ကိုယ်ပိုင်တာအိုလမ်းကြောင်းကို စတင်လျှောက်လှမ်းနေနိုင်ပြီ ဖြစ်သည်။

ပျက်သုဉ်းတစ်စပြင်လောကကြီး၏ မှတ်တမ်းများထဲတွင် ထိုပုဂ္ဂိုလ်၏ အောင်မြင်မှုကို နှိုင်းယှဉ်နိုင်သည့် ပါရမီရှင် တစ်ဦးတစ်လေပင် မရှိခဲ့ပေ။

လက်ရှိလောကတွင် အလျှင်မြန်ဆုံး ကျင့်ကြံနိုင်သူဆို၍ နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသားဟု ယူဆနိုင်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း (၄၀၀)ခန့်က အဋ္ဌမမင်းသား ခွန်လွန်တောင်သို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်က သူသည် အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်တွင် ရှိသည်။ ယခုအချိန်တွင် အစစ်အမှန်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော် ထိုသူကတော့ တာ့လော်အင်မော်တယ် ဖြစ်သွားခဲ့သည့်အပြင် တာအိုအင်မော်တယ်ဖြစ်လာရန် အရည်အချင်းများပင် ရှိနေခဲ့လေပြီ။

သူသည် အင်မော်တယ်လမ်းစဉ်၏ အထွတ်ထိပ်အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ကြောက်စရာကောင်းလောက်အောင်ပင် ကျင့်ကြံခြင်းအဆင့်တက်သည်မှာ လျှင်မြန်လွန်းလှသည်။

ထို့ပြင် ဤသည်က တစ်ခါမှ မကြားဖူးသည့် ကိစ္စမျိုးဖြစ်သည်။

လျိုကျင်းက…

"ကျုပ်တို့ သူ့ကို ဒီအတိုင်းပဲ ထားလိုက်မှာလား"

ကျူးချင်က…

"မထားလို့ ဂိုဏ်းတူအစ်ကိုက ဘာလုပ်ချင်လို့လဲ"

ထိုသူ၏ တည်ရှိမှုက ထူးခြားလွန်းသည်။

ထို့ပြင် ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားခိုင်ခိုင်မာမာဖြင့် မဆုံးဖြတ်နိုင်သေးပေ။ ဧကရာဇ်ရှီးဟယ်သည်ပင် တစ်ဖက်လူ မည်သူဖြစ်ကြောင်း အသွင်အပြင်ကို မသိမြင်နိုင်ခဲ့ပေ။

လျိုကျင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျုပ်က အများကြီး တွေးမထားပါဘူး ၊ သူ့အကြောင်းကို သိချင်ရုံပါ"

ထိုသူက အလွန်ထူးခြားသည် မဟုတ်လား။

ဖုန်းယီရှောက်က…

"တကယ်တော့ သေသေချာချာ စုံစမ်းမယ်ဆိုရင်တော့ သူ့ကို ရှာတွေ့ဖို့ ဖြစ်နိုင်ခြေအချို့ ရှိနိုင်ပါတယ်"

မြောင်ယွဲ့က မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်ကိုကရော ဘယ်လိုထင်သလဲ"

မော့ကျန်းသုန့်က ပေါ့ပေါ့ပါးပါး လေသံဖြင့်ပင်…

"မင်းတို့တွေ သင့်တော်မယ်ထင်တာကိုသာလုပ်ပါ ၊ ကျုပ်က ကန့်ကွက်စရာ မရှိပါဘူး"

မြောင်ယွဲ့က ပြန်လှည့်သွားပြီး ထပ်မမေးတော့ပေ။

ကျိုးကျုန်းထျန်းက…

"ဒါပေမဲ့ ဘာသဲလွန်စမှ ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ"

မြောင်ယွဲ့က…

"ပြီးတော့ သူ့ကို ကျွန်မတို့က ရှာဖွေမယ်ဆိုရင် ခြိမ်းခြောက်လိုက်သလိုများ ဖြစ်သွားမလား"

သူတို့က စတင်ရှာဖွေသည်နှင့် တစ်ဖက်လူကလည်း ရိပ်မိသွားမည်ဖြစ်ကာ သေချာပေါက် ပုန်းအောင်းနေပေလိမ့်မည်။ ဤသည်မှာ အလွန်အန္တရယ်များသည့်အချက် ဖြစ်သည်။

လျိုကျင်းက အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"ပြောရရင် သဲလွန်စတော့ရှိတယ်"

သူက ဆက်ပြောသည်။

"မကြာခင်ကပဲ ကျုပ် ဂိုဏ်းချုပ်ကို သွားရှာခဲ့တယ်"

"ပြီးတော့ ခွန်လွန်တောင်က ဖြစ်သမျှ ကိစ္စကြီးငယ်အားလုံးကို တင်ပြလိုက်တယ် ၊ ပြီးတော့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအကြောင်းကိုလည်း ပြောပြလိုက်တယ် ၊ ဂိုဏ်းချုပ်က သူ့အကြောင်း ဘယ်လို ဝေဖန်သလဲ သိလား"

ကျိုးကျုန်းထျန်းက စိတ်ဝင်စားစွာဖြင့်…

"ဂိုဏ်းချုပ်က ဘာပြောလဲ"

အခြားသူများကလည်း စိတ်ဝင်စားစွာ နားထောင်နေကြသည်။

လျိုကျင်းက…

"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက ကျုပ်တို့ ခွန်လွန်တောင်က တပည့်ရင်းတွေထဲကတစ်ယောက် ဖြစ်နိုင်တယ်တဲ့"

သူက ဆက်ပြောသည်။

"ဂိုဏ်းချုပ်က အဲဒီအတိုင်း ပြောလိုက်တာ ၊ အရင်ကလည်း အလားတူစကားမျိုး ပြောဖူးပေမယ့် ဒီတစ်ခေါက်တော့ တော်တော်လေး သေချာပုံရတယ်"

တကယ်တမ်းသာ တပည့်ရင်းတစ်ယောက် ဖြစ်နေခဲ့လျှင်…

ခွန်လွန်တောင်တွင် တပည့်ရင်းများစွာ မရှိသော်လည်း အနည်းငယ်မျှသာ ရှိခြင်းလည်း မဟုတ်ပြန်ပေ။ သို့ပေသိ တာ့လော်အင်မော်တယ်အဆင့် တပည့်ရင်းများက အလွန်နည်းပါးသည်။

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူက သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားဟန် ရှိသည်။

ကျူးချင်က…

"ဒါဖြင့် ကျွန်မတို့ စုံစမ်းဖို့ လိုသေးလား"

ဖုန်းယီရှောက်က ခေါင်းခါယမ်းလိုက်ရင်း…

"မလိုတော့ဘူး ၊ တပည့်ရင်းဆိုမှတော့ စုံစမ်းစရာ မလိုတော့ပါဘူး"

အခြားသူများကလည်း ကန့်ကွက်ခြင်း မပြုခဲ့ကြပေ။ ထိုတပည့် မည်မျှကြာအောင် ပုန်းကွယ်နေနိုင်မည်လဲဆိုသည့်အပေါ်တွင်သာ မူတည်သည်။

လျိုကျင်းက…

"ဒါပေမဲ့ အနာဂတ်မှာ အဲဒီလူကြောင့် အန္တရယ်မရှိနိုင်တာ သေချာအောင်လို့ ဂိုဏ်းတူညီမမြောင်ယွဲ့နဲ့ ဂိုဏ်းတူညီမကျူးချင်တို့က ဆဋ္ဌမတောင်ထွတ်က ဂိုဏ်းတူညီမချန်ရှီဆီမှာ နက္ခတ်ပညာသွားကြည့်စေချင်တယ် ၊ နောက်ပိုင်း ကျုပ်တို့ ခွန်လွန်တောင် အန္တရယ် ကင်း မကင်း သိရတာပေါ့ ၊ သတိပေါ့ဆလို့တော့ မဖြစ်သေးဘူးလေ"

မြောင်ယွဲ့နှင့် ကျူးချင်တို့ ခေါင်းညိတ်သဘောတူလိုက်ကြသည်။

ဆဋ္ဌမတောင်ထွတ်သို့ သွားရောက်ပြီး ဂိုဏ်းတူအစ်မ ချန်ရှီနှင့် တွေ့ဆုံရသည်မှာလည်း ပျော်စရာကောင်းသည် အမှန်ပင်။

***

အစည်းအဝေးပြီးဆုံးသွားပြီးနောက်…

မော့ကျန်းသုန့် ပြုံးရင်းဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

"နှစ်ပေါင်း (၃၀၀)အတွင်း ကိုယ်ပိုင်တာအိုလမ်းစဉ်ကို လျှောက်လှမ်းနိုင်မယ်ဆိုရင်တောင် အထင်ကြီးစရာပဲလို့ ငါ တွေးထင်ခဲ့တယ် ၊ ဒါပေမဲ့… အခု သူက (၁၀)နှစ်အတွင်း ခြေတစ်လှမ်းလှမ်းပြလိုက်ပြီ ၊ မင်း ခြေတစ်လှမ်းလှမ်းနိုင်ခဲ့တာ ကောင်းပါတယ်ကွာ ၊ အခြားသူတွေ နှစ်သန်းပေါင်းများစွာကြာတာတောင် မလျှောက်လှမ်းနိုင်တဲ့ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို မင်းကတော့ လျှောက်လှမ်းနိုင်ခဲ့ပြီပေါ့"

ဆိုတော့…

နောက်တစ်နေ့တွင် သူ့တပည့် တာအိုအင်မော်တယ်ဖြစ်လာဖို့ သူ မျှော်လင့်သင့်သည်လား။

ဤသည်က တပည့်ဖြစ်သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်ကိုကြည့်ပြီး သူ့ဘက်က ခန့်မှန်းတွက်ချက်ကြည့်ရမည်သာ ဖြစ်သည်။

***

All Chapters