← Chapters

နဂါးတစ်ဝက်အသွင် ပြောင်းလဲမသွားတော့ဘူးလား

Vol. 33 Ch. 462

နဂါးတစ်ဝက်အသွင် ပြောင်းလဲမသွားတော့ဘူးလား

Vol. 33 Ch. 462

နွေရာသီကုန်ဆုံးပြီး ဆောင်းဦးရာသီသို့ ရောက်ရှိလာခဲ့ပြီ။

ခွန်လွန်တောင်တွင် ဖြစ်ပွားသည့် အံ့ဖွယ်ဖြစ်စဉ်သတင်းက နေရာအရပ်ရပ်သို့ စတင်ပျံ့နှံ့လာသည်။ ခွန်လွန်တောင် အနီးပတ်ဝန်းကျင်မှ လူအများကတော့ ဤသတင်းကို အစကတည်းက လက်ခံပြီးသား ဖြစ်သည်။

သူလျှိုအချို့သည်ပင် သတင်းအချက်အလက်များ ပို့နေကြပြီ ဖြစ်သည်။ ခွန်လွန်တောင်ကလည်း သူတို့ကို မတားဆီးခဲ့ပေ။

အံ့ဖွယ်ဖြစ်စဉ်သည် အချိန်အတော်ကြာမြင့်ခဲ့ပြီး (၃)နှစ်ကြာသည့်အခါမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။

ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းအဆင့်တက်သွားခြင်းကြောင့် အံ့ဖွယ်ဖြစ်စဉ် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ခွန်လွန်တောင်က ပြင်ပလောကို ဖြေရှင်းချက် ပေးထားသည်။ သို့ပေသိ တိကျသည့် ဖြေရှင်းချက်ကိုတော့ မပေးခဲ့ကြပေ။

ထို့ကြောင့် လူအများစုသည် အံ့ဖွယ်ဖြစ်စဉ်ကို ဖြစ်ပွားစေသူမှာ မည်သူဖြစ်ကြောင်း မသိခဲ့ကြပေ။ ကျပန်း မှန်းဆခြင်းများကိုသာ ပြုလုပ်နိုင်ခဲ့ကြ၏။

အဋ္ဌမမင်းသားကတော့ ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို (၃)နှစ်တိုင်တိုင် လေးလေးနက်နက် စဉ်းစားပြီးသည့်နောက် နောက်ဆုံးတွင် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည်။

သေရည်ဆိုင်တွင် အသားခုတ်နေသည့် အဋ္ဌမမင်းသားသည် လက်ထဲမှ ကောင်းကင်နဂါးဓားကို ပစ်ချလိုက်သည်။

"ကောင်လေး ၊ ဒီနှစ်တွေမှာ သူ ဘာလို့ မတုံ့ပြန်လဲဆိုတာ ကျုပ် နားလည်သွားပြီ"

ယခုတစ်ခါတတော့ သူ အမှန်တကယ် နားလည်သွားပြီ ဖြစ်သည်။

ကောင်ငယ်လေးက စားပွဲများသုတ်နေရင်း…

"ဘာလဲ… ခင်ဗျားရဲ့ အသားကင်လက်ရာက ပိုဆိုးလာလို့လား"

ယနေ့ သေရည်ဆိုင်က အနည်းငယ် ရှုတ်ပွနေသည့်အတွက် သူ သန့်ရှင်းရေးလုပ်နေရသည်။

ညဘက် သေရည်လာသောက်သူများ များပြားသည့်အခါမျိုးတွင် သေရည်အိုးများ ကြမ်းပြင်ပေါ် ပြုတ်ကျလေ့ရှိတတ်သည်။ ထိုအသံများက ဟုန်ယာကို အိပ်ရေးပျက်စေလေသည်။

ဟုန်ယာက တစ်ခါမှ ပြောမပြသည့်တိုင် ဆိုင်တွင် ရံဖန်ရံခါညအိပ်တတ်သည့် အဋ္ဌမမင်းသားက စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ပြောပြလေ့ရှိသည်။

လုန်မန်က…

"ကောင်စုတ်လေး… မင်း ကျုပ်ကိုစော်ကားလို့ရတယ် ၊ ကျုပ်ရဲ့ အသားကင်တွေကိုတော့ စော်ကားလို့မရဘူး ၊ ကျုပ်ရဲ့အသားကင်က ခွန်လွန်တောင်တစ်ခုလုံးမှာ တောမီးပမာ ဟုန်းဟုန်ထ နာမည်ကြီးတာနော် ၊ မင်း မယုံရင် ဂိုဏ်းတူအစ်ကိုလုကျန်းကို သွားမေးလို့ရတယ် ၊ သူက သက်သေပဲ"

သို့သော် ချက်ချင်းပင် အဋ္ဌမမင်းသားက မူလစကားလမ်းကြောင်းဆီ ပြန်သွားလိုက်သည်။

"မင်း အံ့ဖွယ်ဖြစ်စဉ်ကို မှတ်မိတယ် မဟုတ်လား"

ကောင်လေးက စားပွဲကိုသုတ်နေရင်းပင် ပေါ့ပေါ့ပါးပါး လေသံဖြင့်…

"အင်း… မှတ်မိတယ်လေ ၊ အဘိုးပြောတာတော့ တစ်ယောက်ယောက်က အင်မော်တယ်လမ်းစဉ် အထွတ်ထိပ်ကို ရောက်သွားတာလို့ ပြောတယ်"

အဋ္ဌမမင်းသားက…

"အဲဒီလူက ဘယ်သူလဲဆိုတာ မင်း ခန့်မှန်းနိုင်မလား"

"ဘယ်လိုလုပ်သိမလဲဗျ"

"မင်း သိသင့်တယ်လေကွာ"

"အဘိုးမှ ပြောမပြတာ ကျွန်တော် ဘယ်လိုလုပ်သိမလဲ"

"……"

အဋ္ဌမမင်းသားမှာ စိတ်ပျက်လက်ပျက် ခံစားလိုက်ရသည်။

"ဟို ဇာမဏီကောင်မလေးဆီမှာ ကျန်ခဲ့တဲ့ မင်းဦးနှောက်ကို ပြန်ယူစမ်းပါ ၊ ဒီလို လေးနက်တဲ့ကိစ္စမျိုးတွေကြုံလာတဲ့အခါ ဦးနှောက်မရှိရင် ဘယ်လိုလုပ်မလဲ"

ထို့နောက် လုန်မန်က ကောင်တာမှ သေရည်အိုးတစ်လုံးကို ကောက်ယူကာ ကောင်ငယ်လေး၏ဦးခေါင်းဆီ ပစ်ပေါက်လိုက်သည်။

"ခွပ်…"

"အား…"

"ဒီတော့… မင်း အဖြေကို သိပြီလား"

ကောင်ငယ်လေးက စားပွဲသုတ်နေခြင်းကို ရပ်တန့်လိုက်ပြီး…

"အစပိုင်း ခင်ဗျားပြောတဲ့ မတုံ့ပြန်တဲ့သူနဲ့ ပတ်သက်နေတာလား"

အဋ္ဌမမင်းသားက…

"အင်း… အဲဒီလူက အင်မော်တယ်လမ်စဉ် ခရီးဆုံးကို ရောက်သွားပြီလို့ မင်းထင်သလား"

ထိုသူ မည်မျှ တန်ခိုးစွမ်းအားမြင့်မားကြောင်း သူတို့ အသိဆုံး ဖြစ်သည်။ ထို့ပြင် ထိုသူက သူတို့ကို ကြိမ်ဖန်များစွာ ကူညီခဲ့ဖူးသည်။ ထိုသို့သော်သူမျိုးက အင်မော်တယ်လမ်းစဉ် အထွတ်ထိပ်သို့ ရောက်ရှိသွားသည်မှာ သဘာဝကျလွန်းသည်။

အဋ္ဌမမင်းသားက…

"အဲဒါကြောင့် သူက ကျုပ်တို့ ပူဇော်သက္ကာဆက်သတာကို နည်းနည်းလောက်ပဲ တုံ့ပြန်ပြီး တစ်ယောက်တည်း ကျင့်ကြံနေတာ ဖြစ်ရမယ် ၊ အခုတော့ အံ့ဖွယ်ဖြစ်စဉ်ကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပြီပေါ့ ၊ အဲဒါကြောင့် သူ ကျုပ်တို့ကို မတုံ့ပြန်နိုင်တာ ဖြစ်ရမယ် ၊ ဟုတ်တယ်မလား"

အဋ္ဌမမင်းသားက အတော်လေး ဉာဏ်ကောင်းသည်။ ယခုတစ်ကြိမ်တော့ သူပြောသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ကောင်ငယ်လေး ခံစားလိုက်ရသည်။

သူက ခေါင်းညိတ်လိုက်ရင်း…

"ဒါဖြင့် ကျွန်တော်တို့တွေ ပူဇော်သက္ကာဆက်သနေတာက အဲဒီလူ တစ်ယောက်တည်းကျင့်ကြံတာကို ထိခိုက်လုနီးပါး ဖြစ်နေတာပေါ့"

အဋ္ဌမမင်းသား : "……"

ဤသည်က အမှန်ပဲ ဖြစ်သည်။

သို့သော် ယခု အံ့ဖွယ်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးဖြစ်လေရာ သူတို့ ပူဇော်သက္ကာဆက်သနေခြင်းက မည်သည့်ဆိုးကျိုးမှ ဖြစ်ခဲ့ဟန် မရှိပေ။ ထို့ကြောင့် ပြဿနာမရှိဟု ယူဆနိုင်သည်။

ယခု အံ့ဖွယ်ဖြစ်စဉ်ကွယ်ပျောက်သွားပြီဖြစ်လေရာ သူတို့အနေဖြင့် တုံ့ပြန်မှု ရရှိကောင်း ရရှိပေလိမ့်မည်။

***

ကျောက်စိမ်းရေကန်။

လုန်ယွိ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူမနှင့် ကျန်းလန် ကျင့်ကြံနေသည်မှာ အချိန် (၁၁)နှစ် ပြည့်ပြီ ဖြစ်ကြောင်း သူမ တွက်ချက်ကြည့်လိုက်သည်။

မနှစ်က သူမ ပြန်လည်နိုးထလာခဲ့လေသည်။

ကျန်းလန်၏ တာအိုလမ်းစဉ်က အလွန်ရှည်လျားလွန်းလေရာ ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို နားလည်ပြီးသည်နှင့် သူမက ထိုနေရာမှ ပြန်လည်ဆုတ်ခွာလာခဲ့သည်။

သူမက ကျန်းလန်နောက်သို့ ဆက်လိုက်နေမည်ဆိုလျှင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်းကို ထိခိုက်စေမည် ဖြစ်သည်။

ထိုခဏတွင် ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားသည် သူမ၏နဖူးထက်တွင် တည်ရှိနေဆဲ ဖြစ်သည်။ သို့သော် မတူညီတော့သည်မှာ ထိုတန်ခိုးစွမ်းအားသည် သူမ၏ သွေးကြောများအတွင်း စီးဆင်းနေသည့်အလား ခံစားရခြင်းပင်။

သူမသည် ထိုတန်ခိုးစွမ်းအားကို ဆုပ်ကိုင်ထားပြီး သူမ၏ ကိုယ်ပိုင်တန်ခိုးစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်။ တန်ခိုးစွမ်းအားက အားနည်းနေသေးသည့်တိုင် လက်ရှိတွင် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ပေးရန် လုံလောက်လေသည်။

သူမ၏ ကျင့်ကြံခြင်းတွင်လည်း များစွာသော အကျိုးကျေးဇူးများ ရရှိခဲ့လေ၏။

"ရှင့်ကို စတင်သိခွင့်ရခဲ့တဲ့အချိန်ကစပြီး အရာအားလုံး အဆင်ပြေချောမွေ့လာခဲ့တယ်"

လုန်ယွိ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

နိုးထမလာသေးသည့်ကျန်းလန်သည် သူမ၏လက်များကို ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

လွန်ခဲ့သည့်တစ်နှစ်အတွင်း သူမ လုံး၀ မလှုပ်ရှားခဲ့ပေ။ သူမ တစ်နှစ်ပတ်လုံး ကျန်းလန်ကို ငြိမ်ငြိမ်လေးထိုင်ပြီး ကြည့်နေခဲ့သည်။

ထို့နောက် ကျန်းလန်ကို ထိုင်ကြည့်နေရသည်မှာ ပျင်းလာသည့်အတွက် နေရာပြောင်းလဲချင်မိသော်လည်း သူမကြောင့် ကျန်းလန်အနှောက်အယှက်ဖြစ်သွားမည်ကို စိတ်ပူမိသည်။

လုန်ယွိ တဖြည်းဖြည်း သေးငယ်သွားပြီး အသက် (၁၆)နှစ်အရွယ် ရှောင်ယွိအသွင် ကူးပြောင်းသွားသည်။ ထို့နောက် သူမမျက်နှာထက်တွင် အမူအရာမျိုးစုံထင်ဟပ်လာသည်။

"ဂိုဏ်းတူမောင်လေးက အမူအရာကင်းမဲ့လွန်းတယ် ၊ ဒီတော့ ဂိုဏ်းတူအစ်မဖြစ်တဲ့ ငါကပဲ အမူအရာမျိုးစုံလုပ်ပြီး သူ့ကို ကူညီပေးရမယ်"

ကျန်းလန်၏ ကမ္ဘာက အတော်လေး အရောင်အသွေးကင်းမဲ့သည်။ သူ့ဘဝက ငြီးငွေ့စရာကောင်းပြီး စကားများများပြောဆိုခြင်းနှင့် ရယ်မောခြင်းလည်း မရှိပေ။

သူက အိမ်တွင်းပုန်း လူအိုကြီးတစ်ယောက်ပမာ သူမနှင့် မည်သို့မှ ပေါင်းစပ်မရနိုင်ပေ။

သို့ပေသိ ကျန်းလန်သည် သူမလျှောက်ရမည့်လမ်းကို ပိုမိုလွယ်ကူစေခဲ့သည်ကတော့ အမှန်ပင်။ နဂါးမျိုးနွယ်များက သူမကို စွန့်ပစ်ထားသော်လည်း ကျန်းလန်ကတော့ သူမအနားတွင် အမြဲတမ်း ရှိနေခဲ့သည်။

သူမ အားနည်းချိန်များတွင် ကျန်းလန်က အမြဲတမ်း ကယ်တင်ပေးခဲ့သည်။ သူမနှင့် ကျန်းလန် စတင်တွေ့ဆုံစဉ်က ကျန်းလန်သင်ပြပေးခဲ့သည့် အစီအရင်လေးတစ်ခုက သူမဘဝကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့သည်။

ထိုအစီအရင်လေးကြောင့်ပင် သူမ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်ခဲ့ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာခဲ့သည်။ သူမ ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်လာပြီး နောက်ပိုင်းတွင်လည်း သူမကို အဖော်ပြုပေးသူမှာ ကျန်းလန်သာလျှင် ဖြစ်ခဲ့သည်။

"ဂိုဏ်းတူမောင်လေးရဲ့ အရိပ်က ကျွန်မဘဝရဲ့ နေရာတိုင်းမှာ ရှိနေခဲ့တာပဲ"

***

ကျောက်စိမ်းရေကန်ရှိ မက်မွန်ပင်လေးတွင် မက်မွန်ပွင့်များ ပွင့်လန်းလာလိုက် ၊ ညှိုးနွမ်းသွားလိုက်ဖြင့် ထပ်ခါထပ်ခါ ဖြစ်ပေါ်ခဲ့သည်။

အချိန် (၄)နှစ် ကြာသွားခဲ့ပြီ ဖြစ်၏။

ကျန်းလန် ကျောက်စိမ်းရေကန်သို့ ရောက်ရှိနေသည်မှာ (၁၅)နှစ်ပင် ကြာခဲ့လေပြီ။ ခွန်လွန်တောင်သို့ ရောက်ရှိသည့်အချိန်ကတော့ နှစ်ပေါင်း (၆၅၀) ပြည့်ပြီ ဖြစ်သည်။

ယနေ့တွင်တော့ ကျန်းလန်၏ ခန္ဓာကိုယ်မှ ဉာဏ်အလင်းပွင်သည့် အငွေ့အသက်များ မှိန်ဖျော့ပျောက်ကွယ်သွားပြီး ခွန်လွန်တောင်တွင် ကြာရှည်စွာ ဖြစ်ပေါ်နေသည့် အံ့ဖွယ်ဖြစ်စဉ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။

ကျန်းလန်၏ ခန္ဓာကိုယ်အတွင်းမှ တာအိုတရားက ငြိမ်သက်သွားပြီး သူက မျက်ဝန်းများကို အသာဖွင့်ကြည့်လိုက်သည်။ ထိုအခါ သူ့ရှေ့တွင် လှုပ်ရှားနေသည့် အနည်းငယ် အနီရောင်သမ်းသည့် အရာတစ်ခုကို တွေ့မြင်လိုက်ရသည်။

ရှောင်ယွိပင် ဖြစ်လေသည်။

ရှောင်ယွိက ကျန်းလန်ရှေ့တွင် ငုတ်တုတ်ထိုင်ရင်း ကျန်းလန်၏ ခန္ဓာကိုယ်ကို တရှုံ့ရှုံ့အနံ့ခံကြည့်နေ၏။

ကျန်းလန်က တိုးလျသည့် လေသံဖြင့်…

"ဂိုဏ်းတူအစ်မ… ဘာလုပ်နေတာလဲ"

ရှောင်ယွိ၏ ကိုယ်သင်းရနံ့လေးက ကျန်းလန်ကို သက်သောင့်သက်သာ ဖြစ်စေသည်။ နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူမ၏ ရနံ့လေးက ပြောင်းလဲမသွားခဲ့ပေ။

"ဂိုဏ်းတူမောင်လေး ရေမချိုးတာ (၁၅)နှစ်ရှိနေပြီ ၊ ဒါကြောင့် နံစော်နေပြီလားဆိုတာ အနံ့ခံကြည့်နေတာ"

ရှောင်ယွိအသံက ထွက်ပေါ်လာသည်။

ကျန်းလန် : "……"

ဤနဂါးမလေးသည် တကယ်ပင် ထူးဆန်းသည့် အမူအကျင့်များ ပိုင်ဆိုင်ထားသည်ပင်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ ဘယ်တုန်းက နိုးထာလာတာလဲ"

သူ (၁၅)နှစ်ကြာအောင် ကျင့်ကြံနေခဲ့လိမ့်မည်ဟု ထင်မထားခဲ့ပေ။ အလွန်ဆုံးရှိမှ (၆)နှစ် ၊ (၇)နှစ်ဟုသာ မျှော်မှန်းထားခဲ့သည်။

သူသည် ကျောက်စိမ်းရေကန်တွင် (၁၅)နှစ်တာ နေထိုင်ခဲ့သည်။

တကယ်ပဲ အချိန်ကြာမြင့်သွားခဲ့သည်ပင်။ ဆရာဖြစ်သူနှင့် အခြားသူများ မည်သို့တွေးထင်ကြမည်နည်းဟု တွေးမိသည့်အခါ ကျန်းလန် စိတ်ထင့်သွားတော့သည်။

ရှောင်ယွိက အနည်းငယ်နောက်ဆုတ်လိုက်ရင်း…

"လွန်ခဲ့တဲ့ (၅)နှစ်လောက်က ကျွန်မ နိုးထလာတာ"

သူမက ဆက်ပြောသည်။

"ကျွန်မ ဒီမှာထိုင်နေရင်း ဂိုဏ်းတူမောင်လေးကို ကြည့်နေတာ (၅)နှစ်တောင် ရှိပြီ ၊ ရှင့်မျက်နှာကို ကြည့်ရတာ ပျင်းတောင်လာနေပြီ"

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ ၊ အပြင်မှာသွားပြီး ကျင့်ကြံလို့ရတယ်လေ"

ရှောင်ယွိက သူမလက်ကို မြှောက်လိုက်သည်။ ထိုလက်က ကျန်းလန် အဆက်မပြတ် ဆုပ်ကိုင်ထားခဲ့သည့် လက်ဖြစ်လေသည်။

"ဒီမှာကြည့်… ဂိုဏ်းတူမောင်လေးက ကျွန်မလက်ကို ကိုင်ထားလို့ မနှောက်ယှက်ဝံ့ဘူးပေါ့"

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်သွားသည်။

အမှန်ဆိုလျှင် ရှောင်ယွိက သူ့လက်ကို ဖယ်လိုက်ရုံမျှဖြင့် သူ၏ ကျင့်ကြံခြင်းကို ထိခိုက်မည် မဟုတ်ပေ။

သို့သော် ကျန်းလန် ထိုအကြောင်း ဆက်မစဉ်းစားတော့ဘဲ ခွန်လွန်တောင်တန်ခိုးစွမ်းအားနှင့်ပတ်သက်ပြီး မေးမြန်းလိုက်သည်။

"ခွန်လွန်တောင် တန်ခိုးစွမ်းအားအကြောင်းကိုရော ဂိုဏ်းတူအစ်မ နားလည်သွားပြီလား"

ဤသည်မှာ သူတို့ (၂)ယောက် အတူတူ ကျင့်ကြံရသည့် အဓိကရည်ရွယ်ချက် ဖြစ်သည်။

မဟုတ်လျှင် သူက ကျောက်စိမ်းရေကန်သို့ မလာရောက်ဘဲ နဝမတောင်ထွတ်တွင် တစ်ယောက်တည်း ကျင့်ကြံနေမည်သာပင်။

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေးကိုယ်တိုင် စမ်းသပ်ကြည့်လေ"

ပြောရင်း သူမနဖူးကို ကျန်းလန်နဖူးဖြင့် ထိလိုက်လေရာ အရှိန်လွန်ပြီး နဖူးချင်း ပြင်းပြင်းထန်ထန် စောင့်မိသွားသည်။

"အား…"

ရှောင်ယွိ နာကျင်စွာ အော်ဟစ်လိုက်သံနှင့်အတူ ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားသည်လည်း နေရာလွှဲပြောင်းသွားပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

ထိုအရာက ယခုဆိုလျှင် မတူညီသည့် မဏ္ဍိုင်လမ်းကြောင်းတစ်ခုတွင် ရောက်ရှိနေပြီ ဖြစ်သည်။  အလွန်အားနည်းသော်လည်း အလွန်အစွမ်းထက်လှသည်။

ထိုသို့ဆိုလျှင် ခွန်လွန်တောင်၏ တန်ခိုးစွမ်းအားကို ပြင်ပတန်ခိုးစွမ်းအားများ၏ သက်ရောက်မှုမှ ကာကွယ်ရန် လုံလောက်ပြီ ဖြစ်သည်။

ကျန်းလန် သိစိတ်ပြန်ဝင်လာချိန် သူ့အမြင်အာရုံများ ပိတ်ဆို့သွားသည်ကို သိလိုက်ရသည်။ ရှောင်ယွိက လုန်ယွိအသွင်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်ပေ၏။

လုန်ယွိက ကျန်းလန်ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ပြီး သူ့နဖူးကို လက်ဖြင့်အသာထိကိုင်လိုက်သည်။

"ဂိုဏ်းတူမောင်လေး… ဘယ်လိုလဲ ၊ သတိထားမိလား"

ကျန်းလန်မှာ မည်သည့်စကားမှ မဆိုနိုင်ဘဲ သူ့အရှေ့တွင် တအိအိလှုပ်ခတ်နေသည့် လုန်ယွိ၏ ရင်အစုံဆီသို့သာ အာရုံကျရောက်သွားသည်။

ကျန်းလန် : "……"

မြင်ကွင်းကိုကြည့်ရင်း ကျန်းလန်စိတ်များ လှုပ်ရှားလာသည်။

ယခုဆိုလျှင် လုန်ယွိ၏ တန်ခိုးစွမ်းအားများ ပိုမိုမြင့်မားလာပြီ ဖြစ်သည်။

သူတို့ အတူတူချစ်ကြသည့်အခါ သူမ နဂါးတစ်ဝက်အသွင် ပြောင်းလဲမသွားစေရန် ထန်းချုပ်နိုင်ပြီလားဆိုသည်ကို သိချင်မိလေသည်။

***

All Chapters