← Chapters

ကျန်းလန်၏အစီအရင်များကိုစိန်ခေါ်ခြင်း

Vol. 34 Ch. 466

ကျန်းလန်၏အစီအရင်များကိုစိန်ခေါ်ခြင်း

Vol. 34 Ch. 466

နဝမတောင်ထွတ်အစွန်း…။

တောင်ထွတ်ကို ကျောခိုင်းလျှက် ချောက်နက်ကြီးဆီ ငေးမျှော်ကြည့်နေသော မော့ကျန်းသုန့်၏ အနောက်ဘက်တွင် မြောင်ယွဲ့ ပေါ်လာလေသည်။

"ဂိုဏ်းတူအစ်ကို ၊ ကျွန်မ ရှင့်ဆီကနေ ပစ္စည်းတစ်ခုလောက် ငှားချင်လို့"

မော့ကျန်းသုန့် လှည့်ကြည့်လာတော့ သူမက စကားဆက်ပြောသည်။

"ဂိုဏ်းတူအစ်ကိုဆီမှာ မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်းရှိတယ် မဟုတ်လား ၊ ကျွန်မ ခဏလောက် ငှားလို့ရမလား"

မော့ကျန်းသုန့်က ခေါင်းခါယမ်းလိုက်ရင်း…

"ဂိုဏ်းတူညီမလေး ရောက်လာရတာ အလကားဖြစ်သွားပြီ"

မြောင်ယွဲ့က စိတ်ဝင်တစားဖြင့်…

"ရွှေရောင်ကြာပန်းကို ရှင် သုံးလိုက်ပြီလား"

မော့ကျန်းသုန့်က ခေါင်းညိတ်ပြလိုက်ပြီး မည်သည့်ဖြေရှင်းချက်မှ မပေးခဲ့ပေ။

မြောင်ယွဲ့က မော့ကျန်းသုန့်ကို ကြည့်လိုက်ပြီး မိုးကောင်းကင်စမ်းသပ်ခံရခြင်း ရွှေရောင်ကြာပန်းအကြောင်း ထပ်မမေးတော့ပေ။

"ဒါဖြင့်လည်း ဘာမှလုပ်စရာမရှိတော့ဘူးပေါ့ ၊ ဒါနဲ့ ကျွန်မ ဂိုဏ်းတူအစ်ကိုကို ပြောစရာ ရှိတယ် ၊ ဂိုဏ်းတူအစ်မချန်ရှီက ရှင့်ကို သတိပေးစကားပြောလိုက်တယ် ၊ အခုတလော အခြေအနေတွေက မတည်ငြိမ်တဲ့အတွက် ဂရုစိုက်ပြီး နေထိုင်ပါတဲ့"

မော့ကျန်းသုန့်က သတိပေးစကားအတွက် ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဂိုဏ်းတူညီမချန်ရှီကို ကျေးဇူးတင်ကြောင်း မင်းကပဲ ပြောပေးပါနော်"

သူလည်း အခြေအနေများ မတည်ငြိမ်ကြောင်း ခံစားမိလေသည်။

ခွန်လွန်တောင်အပြင်ဘက်မှ လူပေါင်းများစွာက ငရဲတံခါးကို တိုက်ခိုက်ချင်နေကြဟန် ရှိ၏။ သို့ပေသိ သူတို့ အစီအစဉ် မည်သို့ရှိမည်ကို မော့ကျန်းသုန့် မသိရှိသေးပေ။

ရန်သူက အမှောင်ထဲမှ ဖြစ်လေရာ သဲလွန်စအနည်းငယ်ရရှိသည်နှင့် တားဆီးရန် ကြိုးစားရမည် ဖြစ်သည်။

မြောင်ယွဲ့က...

"ပြီးတော့ ဘယ်လိုအန္တရယ်မျိုးရှနေလဲဆိုတာ ပိုပြီးတိတိကျကျ သိရအောင် နောက်ရက်တွေကျရင် ဂိုဏ်းတူအစ်မချန်ရှီ မရဏဂူကိုလာလိမ့်မယ် ၊ အဲဒါ ဂိုဏ်းတူအစ်ကိုက လိုက်ပို့ပေးလိုက်ဦးနော်"

မော့ကျန်းသုန့်က မည်သည့်စကားမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။

ထို့နောက် မြောင်ယွဲ့က ရယ်မောလိုက်ရင်း...

"ဒါနဲ့ ဂိုဏ်းတူအစ်ကိုရော အစီအရင်ပညာ တိုးတက်လာရဲ့လား ၊ တော်ကြာ ဟိုတစ်ခါလို အရှက်ကွဲနေဦးမယ်"

မော့ကျန်းသုန့်က…

"မင်းကတော့ နောက်နေပြန်ပါပြီ ဂိုဏ်းတူညီမလေး ၊ မရဏဂူထဲဝင်တာ အစီအရင်ပညာ ကျွမ်းကျင်နေစရာ မလိုပါဘူးလေ"

မြောင်ယွဲ့က ရယ်မောလိုက်ပြီးနောက် နဝမတောင်ထွတ်မှ ပျောက်ကွယ်သွားလေတော့သည်။

သူမပျောက်ကွယ်သွားသည်ကိုကြည့်ရင်း မော့ကျန်းသုန့် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း အများကြီးတော့ တွေးမနေခဲ့ပေ။

***

မက်မွန်တောအုပ်။

ကျန်းလန်နှင့် ရှောင်ယွိ အပြင်သို့ ထွက်လာခဲ့သည်။

မြောင်ယွဲ့ပြောသည့် တပည့် (၃)ယောက်က အပြင်ဘက်တွင် ရှိနေလေသည်။ ထိုတပည့်များက အစီအရင်ပညာကို လေ့လာကြမည်ဖြစ်ရာ နဝမတောင်ထွတ်မှ အစီအရင်များကို ထပ်မံပြုပြင်ရန်ကိစ္စကတော့ နောက်ဆုတ်ထားရပေဦးမည်။

သို့ဖြစ်ရာ သူ ပိုပြီး စိတ်အေးလက်အေး နေနိုင်မည် ဖြစ်သည်။

သို့သော် သတိထားရမည့်အချက်တစ်ခု ရှိသည်။ ဆရာဒေါ်လေးမြောင်ယွဲ့ ပြောသွားသည့်စကားအရ ထို တပည့်မလေးများ၏ ဇာစ်မြစ်ကို စစ်ဆေးကြည့်ရန် လိုအပ်သည်။

ရှောင်ယွိကိုပဲ အားကိုးရပေလိမ့်မည်။

ရှောင်ယွိက သူမ၏ရင်ဘတ်ကို တစ်ချက်ပုတ်လိုက်ရင်း…

"ကျွန်မ သူတို့ကို အစီအရင်တွေရှိတဲ့နေရာ လိုက်ပြရင်း သူတို့အကြောင်း နည်းနည်းပါးပါး စုံစမ်းကြည့်လိုက်မယ် ၊ ဆရာဒေါ်လေးမြောင်ယွဲ့ပြောတာနဲ့ ကိုက်ညီမှု ရှိ မရှိ ကြည့်ကြတာပေါ့"

သူမက ချစ်စရာကောင်းသလို သွက်လက်ပြီး ယုံကြည်စိတ်ချရသည့် နဂါးမယ်လေး ဖြစ်လေသည်။

"ဂိုဏ်းတူအစ်မက ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတော့ သူတို့ ရှိန်နေကြလိမ့်မယ် ၊ ဒါကြောင့် သူတို့ဆီက ဘာမှ စုံစမ်းလို့မရရင်လည်း စိတ်ထဲထားမနေနဲ့ ၊ နောက်မှ အဋ္ဌမမင်းသားဖြစ်ဖြစ် ၊ အခြားသူတွေကိုပဲဖြစ်ဖြစ် အကူအညီတောင်းပြီး စုံစမ်းခိုင်းလိုက်မယ်"

ကျန်းလန် စဉ်းစားကြည့်လိုက်တော့ အဋ္ဌမမင်းသားမှလွဲပြီး အခြားသူမရှိဟု ဆုံးဖြတ်လိုက်သည်။

အဋ္ဌမမင်းသားက ခွန်လွန်တောင်တွင် နေထိုင်သည်မှာ အချိန်ကြာပြီဖြစ်သလို သူ့ထက်ပိုပြီး လူပေါင်းများစွာနှင့် ရင်းနှီးသည်။ ထို့ကြောင့် ထိုတပည့်မိန်းကလေးများ၏ နောက်ခံကိုစုံစမ်းရန် မခက်ခဲပေ။

ဆရာဒေါ်လေးမြောင်ယွဲ့ နောက်ကွယ်မှ တစ်ခုခုကြံစီထားလျှင်တော့ အခြေအနေက တစ်မျိုး ဖြစ်ပေလိမ့်မည်။

ရှောင်ယွိက…

"ကျွန်မက ဒီပုံစံနဲ့ဆိုရင် ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတာ သူတို့ မသိလောက်ပါဘူး"

ကျန်းလန်က ရှောင်ယွိကို ကြည့်လိုက်ရင်း ခပ်တိုးတိုးလေသံဖြင့်…

"မသိရင်လည်း သိအောင်ပြောလိုက်တာ ပိုကောင်းမယ်ထင်တယ်"

မဟုတ်ပါက နောက်ရက်များတွင် ခွန်လွန်တောင်တွင် ကောလဟလတစ်ခု ပျံ့နှံ့သွားနိုင်သည်။

နဝမတောင်ထွတ်မှ ကျန်းလန်က ကျောက်စိမ်းရေကန်နတ်ဘုရားမကို သစ္စာဖောက်ကာ မိန်းမပျိုလေးတစ်ယောက်နှင့် ချစ်ကြိုက်နေသည်ဟု သတင်းပျံ့သွားပေလိမ့်မည်။ ထိုသို့သာဆိုလျှင် သူက အစကတည်းက အရည်အချင်းမရှိရသည့်ကြားထဲ စိတ်ထားပါ ယုတ်မာသူအဖြစ် ကျော်ကြားပေလိမ့်မည်။

ဤသည်က သူ့ကို အကြီးအကျယ် ပြဿနာတက်စေပေလိမ့်မည်။ ထို့ပြင် ရှောင်ယွိအပေါ်တွင်လည်း ဆိုးကျိုးများစွာ ရှိလာနိုင်သည်။ ထိုသို့သောကောလဟလများက လိုလားအပ်သည့်အရာများ မဟုတ်ပေ။

သို့သော် ရှောင်ယွိက လုန်ယွိအသွင်ဖြင့် မိန်းကလေးတပည့်များကို လိုက်ပို့ပေးမည်ဆိုပါကလည်း အလုပ်ဖြစ်မည် မဟုတ်ပေ။

လုန်ယွိက ကျန်းလန်နှင့်အတူ ရှိနေချိန်များတွင် အဆင်ပြေသည့်တိုင် အခြားသူများနှင့်ဆိုလျှင်တော့ စကားမပြောဘဲ အေးစက်စက် နေတတ်သူ ဖြစ်သည်။

ရှောင်ယွိက သဘောတူလိုက်သည်။

"ဒါဖြင့်လည်း ကောင်းပြီလေ"

ထို့နောက် သူမက လုန်ယွိအသွင်ပြောင်းလဲလိုက်ပြီး ကျန်းလန်ရှေ့တွင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြလိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ ဘယ်လိုနေလဲ ၊ အဆင်ပြေရဲ့လား"

ကျန်းလန်က လုန်ယွိ၏ဆံနွယ်ရှည်များကို လက်ဖြင့်အသာပွတ်သပ်လိုက်ရင်း…

"အဆင်ပြေပါတယ်…"

ခဏအကြာတွင် သူတို့ (၂)ယောက် မက်မွန်တောအုပ် အပြင်ဘက်သို့ ရောက်လာကြသည်။

မက်မွန်တောအပြင်ဘက်တွင် မိန်းကလေး (၃)ယောက် မတ်တတ်ရပ်နေသည်။ အလယ်မှတစ်ယောက်က အရပ်အမြင့်ဆုံးဖြစ်သည်။ ဘယ်ဘက်မှတစ်ယောက်ကတော့ နာခံတတ်ပြီး သိမ်မွေ့ဟန်ရှိကာ ညာဘက်မှတစ်ယောက်ကတော့ အငယ်ဆုံးဖြစ်ပြီး ချစ်စရာအကောင်းဆုံးလည်း ဖြစ်လေသည်။

"သူတို့ထဲက ဘယ်သူကမှ ဆရာနဲ့လည်းမတူသလို ဆရာဒေါ်လေးမြောင်ယွဲ့နဲ့လည်း မတူဘူး"

ကျန်းလန် တွေးလိုက်သည်။

ကျန်းလန်နှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမကို တွေ့သည့်အခါ သူတို့ (၃)ယောက် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

"ဂိုဏ်းတူအစ်ကိုနဲ့ ဂိုဏ်းတူအစ်မကို ဂါရဝပြုပါတယ်"

ကျန်းလန်နှင့်လုန်ယွိမှာ လူသားအင်မော်တယ်များ ဖြစ်ကြလေရာ သူတို့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သည့်အတွက် မထီလေးစား မပြုဝံ့ကြသလို ဆရာဖြစ်သူ၏ အမိန့်ကိုလည်း မနာခံဘဲ မနေဝံ့ကြပေ။

ကျန်းလန်က သူတို့ကို ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး အလုပ်ကိစ္စကိုသာ ဆက်ပြောသည်။

"ဆရာဒေါ်လေး မြောင်ယွဲ့က ဂိုဏ်းတူညီမလေးတို့ကို ဒီနေရာက အစီအရင်တွေကို လေ့လာစေချင်တယ် ၊ ဒီနေရာက အစီအရင်တွေက ပဉ္စမတောင်ထွတ်နဲ့ မတူဘူး ၊ ဒါကြောင့် မင်းတို့ကို အမြင်ကျယ်စေနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ဒါပေမဲ့ ကျုပ်ရဲ့ အစီအရင်ပညာက သိပ်မမြင့်မားတော့ မင်းတို့ကို သင်ပြပေးဖို့တော့ မဝံ့ရဲပါဘူး ၊ ဒီတော့ ကိုယ့်ဟာကိုယ်ပဲ အစီအရင်တွေကို နားလည်အောင် လေ့လာကြည့်ကြပါ ၊ မေးစရာမေးခွန်းတွေရှိတယ်ဆိုရင်တော့ ကျုပ်ကို လာရှာလို့ရပါတယ် ၊ အဲဒီလိုဆိုရင် ဂိုဏ်းတူညီမလေးတို့အတွက် အဆင်ပြေတယ်မဟုတ်လား"

ကျန်းလန်၏ စကားကြောင့် (၃)ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဝမ်းသာသွားကြသည်။ ကျန်းလန်က သူ၏ အစီအရင်ပညာက မမြင့်မားကြောင်းနှင့် ကိုယ်တိုင်သင်ပေးမည်မဟုတ်ကြောင်း ပြောလိုက်သည့်အတွက် သူတို့ဘက်က နာစရာမရှိတော့ပေ။

မတူညီသည့်အရာများကို သင်ယူနိုင်မည်လား သိချင်ကြသော်လည်း သင်ယူစရာမရှိလျှင်တောင်မှ ကျန်းလန်ကို အရှက်ရစေမည် မဟုတ်တော့ပေ။

သူတို့ (၃)ယောက် တစ်ပြိုင်တည်း ဆိုလိုက်ကြသည်။

"ဂိုဏ်းတူအစ်ကို သဘောအတိုင်းပါပဲ"

ကျန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး လုန်ယွိကို လှည့်ကြည့်လိုက်သည်။

"ဂိုဏ်းတူအစ် ၊ သူတို့ကို ရင်ပြင်ဆီ ခေါ်သွားပေးလိုက်ပါ ၊ အဲဒီမှာလုပ်ထားတဲ့ အစီအရင်တွေကို ကိုယ် ဖွင့်ထားလိုက်မယ်"

ကျောက်စိမ်းရေကန်နတ်ဘုရားမကိုယ်တိုင်က သူတို့ကို လိုက်ပို့ပေးမည်လား။ မိန်းကလေး (၃)ယောက် စိတ်လှုပ်ရှားသွားကြသည်။

"ကျေးဇူးတင်ပါတယ် ၊ ဂိုဏ်းတူအစ်မ"

လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…

"အင်း… ခဏလောက် စောင့်ကြဦးနော်"

ပြောပြီးသည်နှင့် သူမက ကျန်းလန်နောက်သို့သွားကာ ရှောင်ယွိ အသွင် ပြောင်းလဲလိုက်သည်။

ပြီးမှ သူမက ရှေ့သို့ထွက်လာပြီး…

"ကဲ… သွားကြရအောင်"

ရှောင်ယွိစကားသံက ရယ်သံစွက်လျှက် ရှိသည်။ စောစောက လုန်ယွိ ပုံစံနှင့်ဆိုလျှင် အတော်လေး မဖော်ရွေသည့်ဟန် ရှိသော်လည်း ရှောင်ယွိပုံစံကတော့ မတူညီပေ။

မိန်းကလေး (၃)ယောက်က ရှောင်ယွိကို စိတ်ရှုတ်ထွေးစွာဖြင့် ကြည့်လိုက်ကြသည်။ သို့သော် မည်သူမှ မေးခွန်းမထုတ်ရဲကြပေ။

ရှောင်ယွိက ကျန်းလန်ကို နှုတ်ဆက်ပြီးနောက် မိန်းကလေး (၃)ယောက်ကို ရင်ပြင်ဆီသို့ ခေါ်သွားသည်။ လမ်းတွင် ရှောင်ယွိက မိန်းကလေး (၃)ယောက်ကို အတိုချုံ့ ရှင်းပြ၏။

"ဒီလိုပုံစံက ပိုပြီး အဆင်ပြေတယ် ၊ ငါ့ကို ဘယ်သူမှ မမှတ်မိနိုင်ဘူးလေ ၊ အချိန်ကြာသွားရင် ငါ့ကို ဒီပုံစံနဲ့ တွေ့ရတာ မင်းတို့လည်း ကျင့်သားရသွားမှာပါ ၊ ဒါပေမဲ့ ဒီကိစ္စကို လျှို့ဝှက်ထားကြဖို့တော့ မမေ့နဲ့နော်"

မိန်းကလေး (၃)ယောက်က ချက်ချင်း ခေါင်းညိတ်လိုက်ကြရင်း...

"ဟုတ်ကဲ့ပါ ၊ ဂိုဏ်းတူအစ်မ"

ဆိုတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမက ငယ်ရွယ်သည့်အသွင် ပြောင်းလိုက်ခြင်းမှာ သူ့ကို မှတ်မိနေခြင်းမှ ကာကွယ်ရန်လား။

သို့ပေသိ ကျောက်စိမ်းရေကန်နတ်ဘုရားမက မည်သည့်ပုံစံမျိုးဖြင့်ဖြစ်စေ ချောမောလှပနေသည်ပဲဖြစ်သည်။

ဂိုဏ်းတူအစ်ကိုကျန်းလန်သည် နတ်သမီးတစ်ပါးအလား ချောမောလွန်းသည့် ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ထပ်နိုင်ခဲ့သည်မှာ အမှန်တကယ်ပင် ကံကောင်းလွန်းလှသည်။

"ကောင်းပြီ ၊ ဂိုဏ်းတူမောင်လေးရဲ့ အစီအရင်တွေက ဆရာဒေါ်လေးရဲ့ အစီအရင်တွေနဲ့ မတူဘူး ၊ ရင်ပြင်မှာ ပြုလုပ်ထားတဲ့ အစီအရင်တွေက အတော်လေးရိုးရှင်းတယ် ၊ အဲဒီကနေ စပြီးလေ့လာလို့ ရတယ်"

ရှောင်ယွိက သူတို့ (၃)ယောက်ကို လှည့်ကြည့်လိုက်ပြီး စကားဆက်ပြောသည်။

"ဆရာဒေါ်လေးက ဒီမှာ အစီအရင်တွေလေ့လာဖို့ မင်းတို့ကိုလွှတ်လိုက်တယ်ဆိုတော့ မင်းတို့တွေရဲ့ အစီအရင်ပညာက အတော်လေး မြင့်မားပုံရတယ် ၊ ဒီတော့ လေ့လာရတာ သိပ်ပြီး ခက်ခဲမှာ မဟုတ်ပါဘူး"

မေလိက…

"ဟုတ်ကဲ့… အရင်ဆုံး အစီအရင်တွေကို လေ့လာကြည့်လိုက်မယ် ၊ အဆင်မပြေတော့မှ ဂိုဏ်းတူအစ်မကို ဒုက္ခပေးတော့မယ်"

သူမက ပညာမာနလေးတော့ရှိသူ ဖြစ်၏။

နဝမတောင်ထွတ်ရှိ အစီအရင်များမှ များစွာ သင်ယူနိုင်မည်ဟု သူမ ထင်မထားခဲ့ပေ။ ယန်လင်းက ပြုံးလိုက်သော်လည်း မည်သည့်စကားမှမဆိုဘဲ မေလိနှင့် ရှောင်ယွိနောက်သို့ လိုက်ပါသွားသည်။

ဟန်ချီကလည်း သူတို့နောက်မှ လိုက်ပါလာ၏။ ရင်ပြင်ထက်မှ အစီအရင်များကို အရင်ဆုံး လေ့လာခြင်းက သူတို့အတွက် အဆင်အပြေဆုံး ဖြစ်နိုင်သည်။

ခဏကြာပြီးနောက်…

သူတို့အားလုံး ရင်ပြင်ဆီသို့ ရောက်ရှိလာသည်။

ကျန်းလန်က အစီအရင်များကို ဖွင့်ထားသည့်အတွက် ရင်ပြင်ထက်တွင် မှိန်ပျပျအလင်းရောင်များ ထွက်ပေါ်လျှက် ရှိသည်။

အစီအရင်မှထွက်ပေါ်နေသည့်အလင်းရောင်ကြောင့် ရင်ပြင်တစ်ခုလံး မရေမတွက်နိုင်သည့် စတုရန်းကွက်ကုဗတုံးများအဖြစ် ပိုင်းခြားထားသည်ကို တွေ့မြင်ရသည်။

မိန်းကလေး (၃)ယောက်က ရင်ပြင်ကိုကြည့်ရင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်ကြပေ။ သို့ပေသိ အရေးကြီးသည်က အစီအရင်အတွင်းတွင် ထည့်သွင်းဖွဲ့စည်းထားသည့် အင်းသင်္ကေတများနှင့် အစီအရင်စာပိုဒ်များသာ ဖြစ်သည်။ မျက်နှာပြင်ထက်မှအရာအားလုံးသည် ဖုံးကွယ်ထားသော အတုအယောင်များသာပင်။

ရှောင်ယွိက ဘေးသို့ နေရာဖယ်ပေးလိုက်ရင်း…

"မင်းတို့တွေ ဝင်ပြီးလေ့လာကြပါ ၊ စတုရန်းကုဗတုံးတစ်ခုစီကို နားလည်အောင် အရင်ဆုံးလေ့လာလို့ရတယ် ၊ ဒီနေရာက ပဉ္စမတောင်ထွတ်က အစီအရင်တောင်ကုန်းနဲ့ ဆင်တူတယ်"

"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်မ"

မိန်းကလေး (၃)ယောက်က ရှောင်ယွိကို ကျေးဇူးတင်စကားဆိုလိုက်ကြပြီး ရင်ပြင်ဆီသို့ လျှောက်သွားလိုက်ကြသည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမကိုယ်တိုင် သူတို့ကို စောင့်ကြည့်နေသည့်အတွက် အနည်းနှင့်အများတော့ သူတို့တော်ကြောင်း ၊ တတ်ကြောင်း ပြသချင်မိကြသည်။

နောက်တစ်ချက်မှာ ကျန်းလန်ကိုလည်း အလွန်တော်သည်ဟု သူတို့ မထင်ခဲ့ကြပေ။ ဤရင်ပြင်ထက်မှ အစီအရင်များကို လျှင်မြန်စွာ ချိုးဖျက်လိုက်ခြင်းအားဖြင့် သူတို့ မည်မျှတော်ကြောင်း သက်သေပြနိုင်မည် ဖြစ်သည်။

နဝမတောင်ထွတ်တွင် အစီအရင်ပညာ လာရောက်လေ့လာရသည့်အတွက် မကျေမနပ် ပြောဆိုနေသည်က အသုံးမဝင်ပေ။ သူတို့က ပိုတောင်ကြောင်း သက်သေပြပြီး ဤနေရာတွင် ဘာမှသင်ယူစရာမရှိကြောင်း အတည်ပြုရမည် ဖြစ်၏။

***

All Chapters