← Chapters

သစ်ပင်ကိုလှုပ်ခါသည့်ပုရွက်ဆိတ်

Vol. 34 Ch. 467

သစ်ပင်ကိုလှုပ်ခါသည့်ပုရွက်ဆိတ်

Vol. 34 Ch. 467

ကုဗတုံးပုံစံ စတုရန်းကွက်တစ်ခု၏ အစွန်းသို့ မေလိ ရောက်ရှိလာသည်။ အခြားမိန်းကလေး (၂)ယောက်ကလည်း စတုရန်းကွက်အစွန်းတွင ်မတ်တတ်ရပ်နေကြ၏။

သူတို့က ဖြည်းဖြည်းချင်း ရှေ့တိုးလာခဲ့ကြသည်။ သူတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိကြသော်လည်း အစီအရင်ဖွင့်ထားရာသို့  တိုက်ရိုက်ကြီး ဝင်ရောက်သွားခြင်းက မယဉ်ကျေးရာကျလေသည်။

ဤနေရာမှ အစီအရင်များက သာမန်ပင်ဖြစ်သော်လည်း သူတို့ကတော့ ပုံမှန်အတိုင်းပင် ပြုလုပ်ရမည် ဖြစ်သည်။ ကျောက်စိမ်းရေကန်နတ်ဘုရားမကလည်း အနားတွင် ရှိနေလေရာ သူတို့ မလေးမစား မလုပ်ဝံ့ကြပေ။

ကုဗတုံးပုံစံစတုရန်းကွက်နေရာသို့ ရောက်သည်နှင့် မေလိက အစီအရင်ကို အာရုံခံကြည့်လိုက်သည်။

အလွန်ရိုးရှင်းသည့် ခုခံမှုအစီအရင်တစ်ခု ဖြစ်ပြီး ၎င်းအစီအရင်၏ ရည်ရွယ်ချက်က ရင်ပြင်ကို ပိုမိုစွမ်းအားမြင့်မားစေမည် ဖြစ်သည်။ ထိုအချက်ကို အာရုံခံမိသည်နှင့် သူမက ငုတ်တုတ်ထိုင်လိုက်ကာ အစီအရင်ကို စတင်လေ့လာလိုက်သည်။

အစီအရင်က ဖွင့်ထားသည့်အတွက် အတွင်းထဲတွင် အစီအရင်နှင့်ပတ်သက်သည့် ဖော်ပြချက်များကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်သည်။

မေလိက ပဉ္စမတောင်ထွတ်မှ အစီအရင်တောင်ကုန်းကိုပင် ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူမက နဝမတောင်ထွတ်မှအစီအရင်များကို ခွဲခြားစိတ်ဖြာနိုင်ရုံသာမက ချိုးဖျက်ပစ်နိုင်မည်ဟု ယုံကြည်ထားသည်။

အစီအရင်နှင့်ပတ်သက်သည့် ဖွဲ့စည်းမှုပုံစံကို သူမ စတင်လေ့လာလိုက်သည်။ ထိုအခိုက်အတန့်တွင် သူမ အလွန် အံ့အားသင်သွားရသည်။

အစီအရင်ကို သူမ နားလည်နိုင်မည်လား မသေချာတော့ပေ။

သူမ၏ သိစိတ်က အစီအရင်ကို သိသည်ဟု ခံစားနေမိသော်လည်း တကယ်တမ်းတွင် သိရှိခြင်း မရှိပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လုံး၀ နားလည်ခြင်း မရှိခဲ့ပေ။

သို့သော် အစီအရင် "အစမှတ်" ကို ရှာတွေ့မည်ဆိုလျှင် သူမ နားလည်ကောင်း နားလည်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူမ လက်မလျှော့ခဲ့ပေ။ စိန်ခေါ်မှုကို ရင်ဆိုင်ရသည်က ကောင်းသည့်အချက်ပင်။

အစီအရင်တောင်ကုန်းကိုတက်စဉ်က အစပိုင်းတွင် သူမ ဘာတစ်ခုမှ နားမလည်ခဲ့ပေ။ နောက်ဆုံးတွင်တော့ တောင်ထိပ်ရောက်အောင် တက်သွားနိုင်ခဲ့သည်။

"ဇွဲရှိသူကို ကောင်းကင်ဘုံက ဆုချမည်… "

သူမ ထိုစကားကို သဘောတူသည်လည်းမဟုတ် ၊ သဘောမတူသည်လည်း မဟုတ်သော်လည်း ထိုစာများကို ရေးသားခဲ့သူကို အမှန်တကယ်ပင် လေးစားမိသည်။

ယခုအချိန်မှာတော့ သူမအတွက် လိုအပ်သည်က အာရုံစူးစိုက်ပြီး အတွေးများကို ဖြန့်ကျက်ထားရန် ဖြစ်သည်။ လုံ့လဝီရိယာ ၊ နည်းလမ်းများနှင့် အရည်အချင်းကို အသုံးချရမည် ဖြစ်ပြီး ထိုအရာများအားလုံး သူမတွင် ရှိလေသည်။

ထို့နောက် မေလိသည် အစီအရင်အစမှတ်ကို ရှာဖွေရန် ကြိုးစားတော့သည်။

အချိန်ကြာလာသည့်အခါ သူမနဖူးမှ ချွေးများသာထွက်လာသည် မည်သည့်အရာကိုမှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။

နောက်ဆုံးတွင်တော့ အစီအရင်များကို ခွဲခြားစိတ်ဖြာကြည့်ရာတွင် အသုံးပြုသည့် မှော်ဝင်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပစ္စည်းက သင်္ကေတများ ရေးသားထားသည့် စတုရန်းပြားလေးတစ်ချပ် ဖြစ်၏။

ရှောင်ယွိကတော့ ခပ်လှမ်းလှမ်းတစ်နေရာတွင်ထိုင်ရင်း သူတို့ (၃)ယောက်ကို ကြည့်နေလေသည်။

မိန်းကလေး (၃)ယောက်လုံး မတူညီသည့် မှော်ဝင်ပစ္စည်းများကို ထုတ်ယူကာ အစီအရင်ကို ခွဲခြမ်းစိတ်ဖြာရန် ကြိုးစားရင်း အာရုံစူးစိုက်နေကြသည်။

သူတို့ အစီအရင်ကို နားလည်မည်လား ၊ နားမလည်ဘူးလား ရှောင်ယွိ မသိရှိသော်လည်း ဤအစီအရင်၏ ဖွဲ့စည်းပုံက ရှုတ်ထွေးခြင်းမရှိဟု ကျန်းလန် သူမကို ပြောပြဖူးသည်။

သို့ဖြစ်ရာ မိန်းကလေး (၃)ယောက်အနေဖြင့် ဤအစီအရင်ကို ခွဲခြမ်းစိတ်ဖြာရုံသာမက ဖျက်စီး၍ပင် ရနိုင်သည်။ သူတို့က ဆရာဒေါ်လေးမြောင်ယွဲ့ကိုယ်တိုင် ခေါ်လာကြသည့်တပည့်များဖြစ်လေရာ သေချာပေါက် အရည်အချင်းရှိသူများ ဖြစ်ကြမည်ပင်။

ရှောင်ယွိသည် ရင်ပြင်နံဘေးတွင် အချိန်အတိုင်းအတာတစ်ခုအထိ ငြိမ်သက်စွာ ထိုင်စောင့်နေခဲ့သည်။

မကြာမီ မိန်းကလေး (၃)ယောက် ခြေလှမ်းမာျးရပ်တန့်သွားကြောင်း တွေ့လိုက်ရသည်။

"သူတို့ အစီအရင်ကို နားလည်သွားကြပြီလား"

ရှောင်ယွိ တွေးလိုက်၏။

ထိုအချိန် မေလိသည် မတ်တတ်ရပ်နေရင်း သူမလက်ထဲတွင်ကိုင်ထားသည့် လေးထောင့်အပြားလေး ရင်ပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသည်။

"ဘန်း"

ရင်ပြင်နှင့်ထိမိပြီး မှော်ဝင်ပစ္စည်းလေး ကွဲအက်သွား၏။

သို့သော် သူမ၏ မှော်ဝင်ပစ္စည်းလေးကို မေလိက အရေးမစိုက်ခဲ့ပေ။ သူမသည် ရင်ပြင်ထက်တွင် အမြစ်တွယ်နေသည့်အလား ကြက်သေသေကာ မတ်တတ်ရပ်လျှက် ရှိသည်။

ယန်လင်နှင့် ဟန်ချီတို့သည်လည်း အတူတူပင်။

ရှောင်ယွိက စူးစမ်းချင်စိတ်ဖြင့် သူတို့ကို အကဲခတ်နေသည်။

မေလိ၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှု ၊ စိတ်ပျက်အားငယ်မှုနှင့် ရှက်ရွံ့မှုများ ပြည့်နက်နေသည်။ များစွာကြိုးစားအားထုတ်ပြီးနောက် မေလိသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

ဤရင်ပြင်ထက်မှ အစီအရင်ရှေ့တွင် သူမသည် ဘာမှမဟုတ်တော့ပေ။

အစီအရင်ပြုလုပ်ရာတွင် အသုံးပြုထားသည့် အင်းသင်္ကေတများ ၊ မန္တန်စာလုံးများအားလုံးကို သူမ သိရှိသော်လည်း အစီအရင်တစ်ခုလုံးကို နားလည်ရန် ခက်ခဲလွန်းသည်။ ဤနေရာသည် သူမ မသိနိုင်သည့် ကမ္ဘာတစ်ခုအလား ဖြစ်၏။

ဘာမှနားမလည်နိုင်သည့် ကမ္ဘာလောကအသစ်တစ်ခုသို့ သူမရောက်ရှိနေပြီး ထိုကမ္ဘာလောကကို သူမ နားလည်ချင်ခဲ့မိသည်။

သို့သော်…

သူမအဖြစ်က သစ်ပင်ကြီးတစ်ပင်ကို လှုပ်ခါရန်ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင်အလားပင်။

ဟန်ချီ၏ မျက်ဝန်းများသည်လည်း စိုစွတ်လျှက် ရှိသည်။ သူမသည် ရင်ပြင်ထက်တွင် သိမ်မွေ့စွာ ငုတ်တုတ်ထိုင်လျှက် သူမ၏မျက်ဝန်းများထဲတွင်တော့ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နက်နေသည်။

သူမ ခြေဖဝါးအောက်ရှိ အစီအရင်မှ သူမ လွတ်မြောက်ချင်လှသည်။

သူမသည် ကြီးမား ကျယ်ပြန့်လွန်းသည့် သမုဒ္ဒရာကြီးထဲရောက်ရှိနေပြီး အမှန်တကယ်ပင် အဆုံးမရှိသည့် သမုဒ္ဒရာ၏မာယာများကို နားလည်အောင် ကြိုးစားနေရသည့်အလား ခံစားရသည်။

မြေပြင်ထက်မှ သေမျိုးလူသားတစ်ယောက်အနေဖြင့် ကောင်းကင်ဘုံကိုးထပ်တွင် ပျံသန်းနေသည့် ခွန်ဖိန်ဂဠုန်ငှက်ကြီးကို နားမလည်နိုင်သည့်အလား ဖြစ်သည်။

သူမသည် ယုံကြည်မှုအပြည့်ဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး ယခုတော့ သူမ၏ ယုံကြည်ချက်များသည် သေစေနိုင်သည့်အဆိပ်ပမာ ဖြစ်လာခဲ့သည်။ သူမ ကူရာကယ်ရာမဲ့လျှက် စိတ်ပျက်လက်ပျက် ဖြစ်နေတော့သည်။

ယန်လင်မှာတော့ ရင်ပြင်ထက်ငုတ်တုတ်ထိုင်ချလိုက်ရင်း ငိုချလိုက်တော့၏။ သူမ၏ မှော်ဝင်ပစ္စည်းကို လက်တွင်ကိုင်ရင်း မျက်ရည်တို့ကျလာခဲ့သည်။

ကျန်းလန်သည် နောက်ပိုင်းမျိုးဆက်လူငယ်များတွင် အစီအရင်ပညာ ထူးချွန်သူဟု သူမ ထင်ခဲ့သည်။ သို့သော် သူမ မှားယွင်းသွားခဲ့သည်။

တကယ်တမ်းတွင် ကျန်းလန်၏အဆင့်မှာ သူမတို့၏ဆရာဖြစ်သူ တောင်သခင်မမြောင်ယွဲ့နှင့် အဆင့်တူနေပြီ ဖြစ်သည်။

ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်သဖြင့် အစီအရင်ပညာ ထိုမျှ မြင့်မားမည်ဟု ထင်မထားခဲ့ကြပေ။ တကယ်တော့ သူတို့က အရည်အချင်းနိမ့်ပါးလွန်းပြီး သူ၏လမ်းညွှန်မှု ရယူရန်ပင် အရည်အချင်း ပြည့်မီပါမည်လား မဆိုနိုင်ပေ။

သူမတို့က အစီအရင်ပညာနှင့်ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် တော်လှပြီဟု အထင်ရောက်နေကြစဉ် ကျန်းလန်ကတော့ ခွန်လွန်တောင်၏ အတော်ဆုံးအစီအရင်ပညာရှင် တောင်သခင်မမြောင်ယွဲ့ကို လိုက်မီနေပြီ ဖြစ်သည်။

သူတို့သည်သာ ပညာမဲ့စွာ မာနကြီးခဲ့ကြပြီး သင်ယူလိုစိတ် မရှိခဲ့ကြခြင်း ဖြစ်သည်။

ဆရာဖြစ်သူက နဝမတောင်ထွတ်တွင် သင်ယူနိုင်စရာ ပညာအသစ်အဆန်းများရှိနေကြောင်း သူတို့ကို သေသေချာချာ ပြောပြခဲ့သည်။ သူတို့ကတော့ နဝမတောင်ထွတ်တွင် ဘာမှ သင်ယူစရာမရှိဟု ထင်ခဲ့ကြသည်။

ရှောင်ယွိက သူတို့ (၃)ယောက်ကို လှမ်းကြည့်ရင်း…

"မင်းတို့တွေ အဆင်ပြေကြရဲ့လား"

ထို မိန်းကလေး (၃)ယောက် ဘာဖြစ်နေသည်လဲ သူမ နားမလည်ခဲ့ပေ။

ကျန်းလန်၏ အစီအရင်များက မိန်းကလေး (၃)ယောက်ကို အဘယ့်ကြောင့် ထိုမျှ စိတ်ပျက်လက်ပျက် ဖြစ်သွားစေပါသနည်း။

သူမဆိုလျှင် နဝမတောင်ထွတ်၏ အစီအရင်များကြား မကြာခဏပင် လျှောက်သွားနေလေ့ရှိပြီး တစ်ခါတစ်ရံ ထိုအရာများကို မရည်ရွယ်ဘဲ ဖျက်စီးပစ်မိသည်ပင် ရှိတတ်သည်။

"ဒီရင်ပြင်ပေါ်က အစီအရင်တွေက မရှုတ်ထွေးပေမယ့် နဝမတောင်ထွတ်မှာတော့ တတိယအဆင့်ရှိပါတယ် ၊ ဒါကြောင့် ချိုးဖျက်ဖို့ခက်တာက ပုံမှန်ပါပဲ"

သနားစရာ မိန်းကလေး (၃)ယောက်ကိုကြည့်ရင်း ရှောင်ယွိက ဆိုသည်။

"မင်းတို့ (၃)ယောက် ပိုပြီး ရိုးရှင်းတဲ့ အစီအရင်ကို လေ့လာချင်သလား"

ထိုအချိန် မိန်းကလေး (၃)ယောက်သည် ရှောင်ယွိထံသို့ လျှောက်လာကြသည်။

သူတို့၏ သဘောထားများ ပြောင်းလဲသွားကြပြီဖြစ်ကာ ရှောင်ယွိကို လေးလေးစားစားပင် ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

ယခု သူတို့ရင်ထဲတွင် သင်ယူလိုစိတ်များဖြင့် ပြည့်နက်နေကြပြီး သူမကို မေးခွန်းမထုတ်ဝံ့ကြတော့ပေ။

သူတို့၏သဘောထားများ ပြောင်းလဲသွားကြသည်ကို ရိပ်မိလိုက်သည်နှင့် သူတို့၏ နောက်ခံဘဝများကို မေးမြန်းရန် ပြဿနာမရှိတော့ကြောင်း ခံစားလိုက်ရသည်။

***

ကျန်းလန်ကတော့ ရင်ပြင်ထက်မှ အဖြစ်အပျက်များကို သိရှိခြင်း မရှိသလို အရေးလည်းမစိုက်ပေ။  ဂိုဏ်းတူညီမငယ်များကို သူက ပညာသင် မပေးနိုင်သော်လည်း သိချင်တာရှိလျှင်တော့ ဖြေပေးမည်ပင်။

ဆရာဒေါ်လေးမြောင်ယွဲ့ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးသည့် တပည့်များဖြစ်သောကြောင့် လုံး၀ လျစ်လျူရှုထားမည် မဟုတ်ပေ။

သို့သော် အလွန်အကျွံလည်း သင်ပြပေးမည် မဟုတ်ပေ။ လူတိုင်းတွင် ကိုယ်ပိုင်စိတ်ကူးများ ရှိကြလေရာ အစီအရင်များကို နားလည်ရန် သူတို့ကိုယ်တိုင် ကြိုးစားကြရမည် ဖြစ်ပြီးသူကတော့ အနည်းငယ် လမ်းပြပေးရန်သာ လိုအပ်သည်။

ဤနည်းအားဖြင့် သူလည်း ဒုက္ခရောက်စရာမရှိသလို လွယ်လွယ်နှင့်လည်း ရန်များစေမည် မဟုတ်ပေ။

ရန်များသည်ဟုဆိုရာတွင် ရှောင်ယွိအတွက်သာ စိတ်ပူရသည်။ ရှောင်ယွိက အခြားသူများနှင့် ပြဿနာတက်ရန် ရည်ရွယ်ချက်မရှိသော်လည်း အမှန်အတိုင်း တုတ်ထိုးအိုးပေါက် ပြောတတ်သည့်အတွက် အခြားသူများကို မကျေမနပ်ဖြစ်စေပြီး သူမကို မုန်းတီးသွားစေသည်။

"အရင်နှစ်တွေအတွင်း ရှောင်ယွိက ပိုပြီး သွက်လက်လာတယ် ၊ ဟို မိန်းကလေးတွေနဲ့ ဘာပြဿနာမှာ မဖြစ်လောက်ပါဘူး"

ကျန်းလန်တွေးလိုက်သည်။

ထို့နောက် နတ်ဘုရားရာထူးများအကြောင်းရေးသားထားသည့် စာအုပ်ကို ထုတ်ယူလိုက်သည်။

ဤစာအုပ်ကို သူ ဖတ်ရှုရန် စိတ်ကူးထားသည်မှာ ကြာပေပြီး သို့သော် နောက်ပိုင်းတွင် အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့သည့်အတွက် စာအုပ်ကို မဖတ်နိုင်ဖြစ်ခဲ့ရသည်။

စာအုပ်ကိုကြည့်လိုက်သည်နှင့် မိုးကောင်းကင်ခုံရုံးကို အမှတ်ရလိုက်သည်။ နတ်လူသားမျိုးနွယ်ယွင်ရှောင်းနှင့် တိုက်ခိုက်ပြီးနောက်ပိုင်း သူ ထိုနေရာသို့ ထပ်မသွားတော့ပေ။

ထိုနေရာတွင် ယွင်ရှောင်းနှင့်တွေ့မည်ကို သူ စိုးရိမ်နေသည်။ ထို့ကြောင့် နောက်ထပ် နှစ်အနည်းငယ်ကြာမှသာ တစ်ခေါက် ထပ်မံသွားရပေမည်။

ထို့နောက် "နတ်ဘုရားရာထူးများ၏နိယာမများ" စာအုပ်ကိုဖွင့်ကာ အထဲမှ အကြောင်းအရာများကို ဖတ်ရှုလိုက်သည်။

'ခွန်လွန်တောင်၏အဓိကတောင်ထွတ်ကြီးကိုးခု' စာအုပ်ကို ဆရာပြောသည့်အတိုင်း ဖတ်ရှုပြီးသွားပြီဖြစ်လေရာ ထိုစာအုပ် (၂)အုပ်က မည်သို့ ပတ်သက်ဆက်နွယ်နေသည် မသိပေ။

စကားဦး -

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် မူလက နတ်ဘုရားရာထူးများ မရှိခဲ့ပေ။ အချိန်တစ်ခုတွင် လူအချို့က ပျက်သုဉ်းတစ်စပြင်လောကကြီးမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကို တစ်စုတစ်စည်းတည်း စတင်စုစည်းလိုက်ကြ၏။

ဤနည်းအားဖြင့် နတ်ဘုရားရာထူးတစ်ခု မွေးဖွားဖြစ်တည်လာခဲ့သည်။

နတ်ဘုရားရာထူးသည် မိုးနဲ့မြေမှ ဆင်းသက်လာပြီး မိုးနဲ့မြေသို့ ပြန်သွားမည် ဖြစ်သည်။

နတ်ဘုရားရာထူးကို ချုပ်ကိုင်ထားသူများသည် မိုးနဲ့မြေမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများကို နှစ်သက်သဘောကျကြသည်။ ဖြစ်တည်လာသည့် နတ်ဘုရားရာထူးသည် သက်ရှိသတ္တဝါများနှင့် မည်သို့မှ မသက်ဆိုင်သော်လည်း သက်ရှိသတ္တဝါများနှင့် ဆက်နွယ်၍ ရနိုင်သည်။

လူတစ်ယောက်က ထိန်းချုပ်ထားပြီးဖြစ်သော နတ်ဘုရားရာထူးတစ်ခုကို သက်ရှိသတ္တဝါများအနေဖြင့် လွှမ်းမိုးနိုင်စွမ်းရှိမည် မဟုတ်ပေ။ သို့သော် လူတစ်ယောက်က ထိန်းချုပ်ထားခြင်း မရှိသော နတ်ဘုရားရာထူးများကိုတော့ သက်ရှိသတ္တဝါများက အနည်းငယ်လွှမ်းမိုးနိုင်စွမ်းရှိသည်။ သို့ရာတွင် အလွန်ပင် နည်းပါး၏။

ထို့ပြင် ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် နတ်ဘုရားရာထူးကို ချုပ်ကိုင်နိုင်သည့် ပထမဆုံးလူသားမှာ ရှေးဟောင်းဧကရာဇ်နန်းတော်မှ ဖြစ်နိုင်ခြေများသည်။

အရာအားလုံးသည် ဤစာအုပ်ရေးသားသူ ကျွန်ုပ်၏မှန်းဆချက်များအပေါ်တွင်သာ မူတည်ပြီး ကျွန်ုပ်၏ထင်မြင်ချက်များအတွက် မည်သူမှ သက်သေမပြနိုင်ပေ။

နတ်ဘုရားရာထူးသည် မိုးနဲ့မြေကြားတွင် တည်ရှိသည့် အခွင့်အလမ်းတစ်ခုလည်း ဖြစ်သည်။ လှေကားထစ်တစ်ခု ၊ လမ်းကြောင်းတစ်သွယ် ၊ တန်ခိုးစွမ်းအားတစ်ဖုံ ဖြစ်၏။

နတ်ဘုရားရာထူးကို ပိုင်ဆိုင်သူ သေဆုံးသွားလျှင် ၎င်းနတ်ဘုရားရာထူးကို အခြားသူတစ်ယောက်က အမွေဆက်ခံနိုင်သည်။

ဤအရာများအားလုံးသည် ရှေးဟောင်းဧကရာဇ်နန်းတော်၏ မူလအစမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။

***

All Chapters