← Chapters

တာအိုအင်မော်တယ်တို့တိုက်ပွဲ

Vol. 34 Ch. 475

တာအိုအင်မော်တယ်တို့တိုက်ပွဲ

Vol. 34 Ch. 475

အလယ်ပိုင်းလွင်ပြင်ဒေသ ၊ မီးတောင်ကျွန်း။

မြင့်မားလှသည့် တောင်ထိပ်တစ်ခုထက်တွင် နတ်လူသားမျိုးနွယ် ယွင်ရှောင်း မတ်တ်ရပ်လျှက် ရှိလေသည်။ သူ ကောင်းကင်ထက်သို့ တစ်ချက်မော့ကြည့်လိုက်ပြီး မျက်လုံးများကို မှေးမှိတ်လိုက်သည်။

ထို့နောက် ကောင်းကင်ဘုံနှင့်လူသားတစ်သားတည်းကျသည့် အခြေအနေသို့ ရောက်ရှိသွားသည်။ ထိုအချိန်မှာပင် မိုးနဲ့မြေမှ တာအိုတရားက သူ၏ ခန္ဓာကိုယ်တွင ်ထွက်ပေါ်လာသည်။

သူ ကျင့်ကြံခြင်းအဆင့်တက်တော့မည ်ဖြစ်သည်။

သူက နတ်လူသားမျိုးနွယ်များ၏ မျိုးဆက်သစ်ပါရမီရှင်တစ်ယောက် ဖြစ်ပြီး နတ်လသားမျိုးနွယ်များအကြောင်း စေ့စေ့စပ်စပ် နားလည်သိရှိသူလည်း ဖြစ်သည်။

သူက နတ်ဘုရားရာထူးကိုလည်း ရယူနိုင်ခဲ့ပြီး လောကအလယ်တွင် ဝင့်ကြွားစွာ လျှောက်လှမ်းနိုင်ခဲ့သူ ဖြစ်သည်။ သူက စိတ်ခံစားချက်များအားလုံးကို ဖြတ်တောက်ခဲ့ပြီးနောက် နတ်ဘုရားရာထူးအကူအညီဖြင့် ကျင့်ကြံခြင်းအဆင့်က တဟုန်ထိုးမြင့်တက်လာခဲ့၏။

ယခုဆိုလျှင် တာအိုအင်မော်တယ်အဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းမျှသာ လိုတော့သည်။

ခြေလှမ်းတစ်လှမ်းချင်း ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းပြီးသည့်နောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသည့်အခါ ရန်သူများကို တိုက်ခိုက်သုတ်သင်ပစ်နိုင်ပေလိမ့်မည်။

သာမန်တာ့လော်အင်မော်တယ်များအနေဖြင့် နတ်ဘုရားရာထူးရရှိရန် မလွယ်ကူသော်လည်း သူကတော့ ထိုသို့ မဟုတ်ခဲ့ပေ။ သူက အခြားသူများနှင့် မတူညီသည့် အနေအထားတွင် ရှိသည်။

ထိုအချိန် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ယွင်ရှောင်းအနားသို့ ရောက်ရှိလာသည်။ ထိုသူက စကားမပြောခင်မှာပင် ယွင်ရှောင်းက စကားစပြောလိုက်သည်။

သူ၏ အသံက အေးဆေးတည်ငြိမ်သည့် ကန်ရေပြင်အလား ဖြစ်သည်။

"တစ်ခုခု ထူးခြားပြီလား…"

လူရွယ်က…

"သူတို့ရဲ့ပစ်မှတ်က နဝမတောင်ထွတ်ပဲ ဖြစ်တယ်"

လူရွယ်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း ဆက်ပြောသည်။

"နတ်မိစ္ဆာတွေ အောင်မြင်မှုရမလားဆိုတာ မင်းလည်း တစ်ချက်လောက် ကြည့်သင့်တယ် ၊ အဲဒါက မင်းအတွက် အကူအညီရနိုင်ပါတယ်"

ယွင်ရှောင်းက အဝေးတစ်နေရာသို့ လှမ်းလျှော်ကြည့်လိုက်ရင်း ခေါင်းညိတ်လိုက်သည်။

"အင်း… အဲဒါက အလုပ်ဖြစ်နိုင်ပါတယ် ၊ ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေက လူသားတစ်ယောက်ကို ကြောက်ရွံ့နေစရာ မလိုပါဘူး"

လူရွယ်က တိုးလျသည့်လေသံဖြင့်…

"အဲဒီကိစ္စနဲ့ပတ်သက်ပြီး မှန်တယ်မှားတယ်ဆိုတာ မရှိပါဘူး"

သူက ဆက်ပြောသည်။

"မျိုးနွယ်စုတွေကြားက ပြိုင်ဆိုင်မှုတွေကြောင့် ရှင်းပစ်သင့်တဲ့သူကို ရှင်းပစ်ရမှာပါပဲ ၊ ပြီးတော့ သူကလည်း အနာဂတ်မှာ ကျုပ်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူးလေ"

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် မွေးဖွားလာပြီး နတ်လူသားမျိုးနွယ်များနှင့် လာငြိသူတစ်ယောက်အတွက် လွတ်လမ်းမရှိနိုင်ပေ။

နတ်လူသားမျိုးနွယ်ယွင်ရှောင်းသည် ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်ပြီး မျက်လုံးများကို ပြန်လည်မှေးမှိတ်လိုက်သည်။ သူက မြင့်မားသည့်တောင်ထိပ်တွင် မတ်တတ်ရပ်နေသော်လည်း သူ၏တည်ရှိမှုကို သတိပြုမိရန် ခက်ခဲသည်။ ကောင်းကင်ဘုံနှင့်လူသားတစ်သားတည်းကျခြင်းက ပြန်လည် အသက်ဝင်ထွက်ပေါ်လာလေသည်။

လူရွယ်က စကားဆက်မပြောတော့ဘဲ နေရာမှာပင် ပျောက်ကွယ်သွားလေ၏။

***

အနောက်ဘက်စွန့်ပစ်နယ်မြေ ၊ မြောက်ဘက်ခြမ်း။

မော့ကျန်းသုန့်နှင့် ကျန်းလန်တို့ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားကြသည်။

မော့ကျန်းသုန့်ကိုကြည့်ရသည်မှာ အေးအေးဆေးဆေးပင်ဖြစ်ပြီး လုံး၀ စိတ်ပူပန်ဟန် မရှိပေ။

ကျန်းလန်က…

"ဆရာ… စိတ်မပူဘူးလား"

နတ်မိစ္ဆာများ၏လှုပ်ရှားမှုက ယခင်က လှုပ်ရှားမှုများနှင့် ပတ်သက်ဆက်နွယ်နေသည်။ သူတို့က ငရဲတံခါးမှ အက်ကွဲကြောင်းကို အသုံးချကာ အသစ်သော ငရဲတံခါးတစ်ခုကို ဖွင့်လှစ်မည် ဖြစ်သည်။

နဝမတောင်ထွတ်မှ စည်းတံဆိပ်အနည်းငယ်ပျက်စီးနေသည့် ငရဲတံခါး အက်ကွဲကြောင်းကို အသုံးပြုပြီး ပြုလုပ်ရသည့်အတွက် မူလငရဲတံခါး၏ အခြေအနေက ပြောင်းလဲသွားရခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် အသစ်ဖွင့်လှစ်မည့် ငရဲတံခါးက အရင်ကထက် ပိုမိုကြီးမားသလို ဝေးလံပုံလည်းရသည်။ မရဏလောကမှ သတ္တဝါများ သေချာပေါက် ထွက်လာကြမည် ဖြစ်ပြီး မရဏအငွေ့အသက်များစွာလည်း စိမ့်ထွက်လာပေလိမ့်မည်။

မော့ကျန်းသုန့်က ခေါင်းခါယမ်းလိုက်ရင်း…

"ဒီကိစ္စက ဒီလောက်လည်း မပြင်းထန်ပါဘူး"

သူက ဆက်ပြောသည်။

"ငရဲတံခါးကို ဖွင့်ချင်တိုင်း ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါပေမဲ့ ပျက်သုဉ်းတစ်စပြင်လောကကြီးအတွက် မရဏအငွေ့အသက်တွေလည်း လိုအပ်တယ်လေ ၊ အခု ဒီလိုဖြစ်လာမှတော့ သူတို့ကို တစ်ခါလောက် အောင်မြင်ခွင့်ပေးလိုက်လို့ ရပါတယ် ၊ အဲဒါကို အချိန်မီ ပိတ်လိုက်နိုင်တယ်ဆိုရင် သူတို့လုပ်ရပ်အတွက် သူတို့ ပြန်ပေးဆပ်ရမှာပဲလေ"

ဆရာဖြစ်သူစကားကြောင့် ကျန်းလန် သဘောပေါက်သွားသည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ နတ်ဘုရားရာထူးများကြောင့် မရဏအငွေ့အသက်များကို လိုအပ်လေသည်။

ကျန်းလန်က…

"ဆရာ ဒါဖြင့် ငရဲတံခါးက အပြည့်အဝပွင့်သွားရင်ရော ဘာဖြစ်လာမလဲ"

ဆရာဖြစ်သူက ငရဲတံခါးကို စောင့်ရှောက်နေသူဖြစ်ကြောင်း သိရှိသော်လည်း ငရဲတံခါးပွင့်သွားလျှင် ဘာဖြစ်မည်ကို သူ မသိရှိပေ။

အရင်ကတော့ မရဏလောကမှ သတ္တဝါများ အပြင်ထွက်လာကြလျှင် ခွန်လွန်တောင်ကို တိုက်ခိုက်မည်ဟု ထင်မှတ်ခဲ့မိသည်။

သို့သော် ယခု နတ်မိစ္ဆာများ ငရဲတံခါးကို ဖွင့်လှစ်သည်က ခွန်လွန်တောင်နှင့် အလွန်ဝေးကွာသည့် မှော်ဝင်တိမ်တိုက်တောင်တွင် ဖြစ်၏။

မော့ကျန်းသုန့်က…

"ကောင်းကင်ဘုံပြိုကျဆင်းသက်လာလိမ့်မယ်"

ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။

ကောင်းကင်ဘုံပြိုကျဆင်းသက်လာမည်တဲ့လား။

သို့ဆိုလျှင် ကောင်းကင်ဘုံနှင့် မရဏလောကက တစ်စုံတစ်ခု ချိတ်ဆက်မှု ရှိနေပါသလား။ ကောင်းကင်ဘုံပြိုကျဆင်းသက်လာလျှင် မည်သို့သောအရာများဖြစ်ပျက်လာမည်နည်း။

ကောင်းကင်ဘုံတွင် ရှေးဟောင်းဧကရာဇ်နန်းတော် တည်ရှိသည်။ ခွန်လွန်ဘိုးဘေး "ကု" သည် ကောင်းကင်ဘုံသို့ ထွက်ခွာသွားခဲ့ပြီး ဘယ်သောအခါမှ ပြန်ရောက်မလာတော့ပေ။

သို့ဆိုလျှင် ကောင်းကင်ဘုံ ပြိုကျဆင်းသက်လာလျှင် လစ်လပ်နေသည့် နတ်ဘုရားရာထူးများသည် ပျက်သုဉ်းတစ်စပြင်လောကကြီးသို့ ရောက်ရှိလာလေမည်လား။

ထိုသို့ဆိုလျှင် ကောင်းကင်ဘုံသက်ဆင်းပြိုကျလာခြင်းသည် ကြီးမားသော ဘေးအန္တရယ်ကပ်ဆိုးကြီးကို ဆောင်ကြဉ်းလာနိုင်သည်။

ငရဲတံခါးမှ တန်ခိုးစွမ်းအားရှင် ပြောသည့်အတိုင်း မိုးကောင်းကင်ပြိုကျပြီး လောကကြီး ပျက်စီးသွားမည် ဖြစ်သည်။

ထို့ကြောင့် ငရဲတံခါးကို ခဏတာဖွင့်လှစ်နိုင်သော်လည်း ထာဝရဖွင့်ထားနိုင်မည် မဟုတ်ပ။

ထို့ပြင် ခွန်လွန်တောင် နဝမတောင်ထွတ်ရှိ ငရဲတံခါးကိုလည်း တိုက်ရိုက်ဖွင့်လှ်နိုင်မည် မဟုတ်ပေ။

***

(၃) ရက်ကြာပြီးနောက်…

ကောင်းကင်ထက်တွင် အနက်ရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ ထိုအလင်းတန်းက မရဏရောင်ဝါ ြဖ်၏။

ငရဲတံခါးပွင့်သွားပြီ ဖြစ်သည်။

မော့ကျန်းသုန့်က ကောင်းကင်ထက်မှ အနက်ရောင်အလင်းတန်းကို မော့ကြည့်လိုက်ရင်...

"ကြည့်ရတာ သူတို့အောင်မြင်သွားပြီပဲ.. ၊ မဆိုးပါဘူး"

ပြင်းထန်သည့် တိုက်ပွဲတစ်ခု အချိန်မရွေး ဖြစ်လာပေတော့မည်။

ယခုအချိန်သည် အရင်အချိန်များနှင့် မတူညီကြောင်း ကျန်းလန် ခံစားမိသည်။

ထို့ပြင် ယခင်အချိန်များတုန်းက ဖွင့်လှစ်ထားသည့် ငရဲတံခါးလမ်းခွဲမှ သတ္တဝါတစ်ကောင်ထွက်လာခဲ့သည်။ ယခုလည်း နောက်တစ်ကောင် အပြင်သို့ ထွက်လာနိုင်ခြေရှိသည်။

ရန်သူက မည်သည့်အဆင့်အထိ အောင်မြင်နေပြီလဲဟု သူ သိချင်မိသည်။ နေရာတစ်ခုလုံးက အုန်းအုန်းကြွက်ကြွက်နှင့် တန်ခိးစွမ်းအားများစွာ ပေါက်ကွဲထွက်နေနိုင်သည်။

တာအိုအင်မော်တယ်ကိုတော့ ကျန်းလန် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

ရန်သူက တာ့လော်အင်မော်တယ် အောင်မြင်သည့်အဆင့် မဟုတ်သရွေ့ ကျန်းလန် ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ရန်သူများအားလုံးကို အနိုင်ယူနိုင်မည်လား မသေချာသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်တော့ ယုံကြည်မှု အပြည့်ရှိသည်။

သူ ရင်မဆိုင်နိုင်သည့် ရန်သူမျိုးနှင့် ကြုံတွေ့ရလျှင် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအား အသုံးပြုပြီး ထွက်ပြေးနိုင်သည်ပဲ ဖြစ်သည်။

ထို့ပြင်…

ဤနေရာက တောင်နှင့်ပင်လယ်ကြေးမုံမှန်မှ တွေ့မြင်ခွင့်ရခဲ့သည့် တောရိုင်းကန္တရာကြီးပင် ဖြစ်သည်။

ရန်သူ့ဘက်တွင် တာအိုအင်မော်တယ်တစ်ယောက် ရှိနေခဲ့သည်။

ပြီးတော့ ဤနေရာက ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် သက်ဆိုင်လေရာ နတ်မိစ္ဆာများက ငရဲတံခါးလမ်းခွဲကို ဖွင့်လှစ်ရန် ရှေးဟောင်းဧကရာဇ်နန်းတော်မှ တစ်စုံတစ်ခုကို အသုံးပြုနေဟန် ရှိသည်။

ဤသို့ပြုလုပ်ခြင်းက မရဏအငွေ့အသက်များကို စိမ့်ထွက်လာစေသည်။

မော့ကျန်းသုန့်က ကျန်းလန်ကို လှမ်းကြည့်ရင်း...

"ရန်သူတော့ သိပ်မများလောက်ဘူး ၊ ဖိအားတစ်ခုခု မင်း ခံစားရသလား"

ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို အတိအကျ မသိရှိသော်လည်း သူ့တပည့်က အကန့်အသတ်ကို နားလည်သူဖြစ်ကြောင်း သိရှိသည်။

ကျန်းလန်က...

"ဖိအား နည်းနည်းတော့ ခံစားရတယ် ၊ ဒါပေမဲ့ ပြဿနာမရှိပါဘူး"

ဖိအားများက အမှန်တကယ် ရှိနေလေသည်။

မည်သို့သောရန်သူမျိုးနှင့် ရင်ဆိုင်ရပါစေ ဖိအားများကို ခံစားရမည်ပဲ ဖြစ်သည်။

ရန်သူသည်လည်း သူကဲ့သို့ပင် လူသားအင်မော်တယ်အဖြစ် ဟန်ဆောင်ရုပ်ဖျက်ထားသည့် တာ့လော်အင်မော်တယ် ဖြစ်နေနိုင်သည်။

ထို့ကြောင့် ရန်သူက မည်သူမည်ဝါဖြစ်ပါစေ ကျန်းလန်က အစွမ်းကုန် တိုက်ခိုက်မည် ဖြစ်သည်။

သို့မှသာ အမှားမရှိဘဲ အနိုင်ယူနိုင်ပေမည်။

သူ၏ တိုက်ခိုက်မှုတိုင်းက ရန်သူကို ဇီဝိန်ခြွေရန် သေချာစေမည် ဖြစ်ပြီး နောက်မဆုတ်တမ်း တိုက်ခိုက်မည် ဖြစ်သည်။

ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုဘဲ အလစ်အငိုက်ဖမ်းတုက်ခိုက်နိုင်လျှင် ပိုကောင်း၏။

မော့ကျန်းသုန့်က နောက်ထပ်မေးခွန်းများမမေးတော့ဘဲ ရှေ့ဆက်လျှောက်သွားသည်။ သိပ်မကြာခင် နတ်မိစ္ဆာများနှင့် ရင်ဆိုင်ရပေတော့မည်။

တိုက်ပွဲကို (၂)ပိုင်းခွဲရမည် ဖြစ်သည်။

ဆရာဖြစ်သူက နတ်မိစ္ဆာများဘက်မှ တာအိုအင်မော်တယ်နှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုတိုက်ပွဲက သူဝင်မပါနိုင်သည့် တိုက်ပွဲတစ်ခု ဖြစ်သည်။

ကျန်ရှိသည့် နတ်မိစ္ဆာများအားလုံးကို ရှင်းပစ်ရန်က သူ့တိုက်ခိုက်ရမည့်အပိုင်း ဖြစ်သည်။

နတ်မိစ္ဆာများအားလုံးကို သတ်ဖြတ်ပြီးလျှင် ဖွင့်လှစ်ထားသည့် ငရဲတံခါးလမ်းခွဲကို ပိတ်ပစ်ရပေမည်။ ထို့နောက် မရဏလောကမှ ထွက်လာသည့် သတ္တဝါများကို ရှင်းပစ်ရမည် ဖြစ်သည်။

သူက ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသူဖြစ်သည့်အတွက် တိုက်ပွဲတွင် အားသာချက်ရှိနေသော်လည်း ရန်သူ့ဘက်တွင် တာ့လော်အင်မော်တယ်အဆင့် အောင်မြင်ထားသူ ၊ သို့မဟုတ် တာ့လော်အင်မော်တယ် နောက်ဆုံးအဆင့် များစွာ ရှိနေမည်ဆိုလျှင်တော့ အခြေအနေက တစ်မျိုးပြောင်းလဲသွားနိုင်သည်။

သို့ရာတွင် ထိုသို့ဖြစ်နိုင်ခြေတော့ မမြင့်မားပေ။ တာ့လော်အင်မော်တယ်အဆင့် အောင်မြင်သူများသည် ကိုယ်ပိုင်တာအိုလမ်းစဉ်ကို နားလည်သူများသာလျှင် ဖြစ်သင့်လေသည်။ ထိုသို့သော်လူမျိုးက ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် အလွန်ရှားပါးသည်။

ကျန်းလန်တစ်ယောက်သာလျှင် ရှိနိုင်လေ၏။

ကိုယ်ပိုင်တာအိုလမ်းစဉ်ကို လျှောက်လှမ်းနုင်ပြီးနောက် တာ့လော်အင်မော်တယ်အဆင့် အောင်မြင်သွားမည်ဆိုလျှင် တာအိုအင်မော်တယ်အဖြစ် အဆင့်တက်သွားပေလိမ့်မည်။

ထို့ကြောင့် အများစုသည် တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်တွင်သာ ရှိနိုင်ပြီး အောင်မြင်သည့်အဆင့်သို့ ရောက်နိုင်မည် မဟုတ်ကြပေ။

တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်ရှိသည့် ရန်သူများကတော့ ရှိနေနိုင်သည်။ ကျန်းလန်လည်း သေသေချာချာ မသိရှိနိုင်သေးပေ။

အချိန်အတန်ကြာပြီးနောက်…

သူတို့ရှေ့တွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များထွက်ပေါ်လာသည်ကို ကျန်းလန် ခံစားလိုက်ရသည်။

ထို့နောက် ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေသည့် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုသူကို ကျန်းလန် ချက်ချင်းမှတ်မိလိုက်သည်။ တောင်နှင့်ပင်လယ်ကြေးမုံမှန်မှတစ်ဆင့် တွေ့ရှိလိုက်ရသူပင် ဖြစ်၏။

"တာအိုအင်မော်တယ်"

ထိုသူက သူရင်ဆိုင်ရမည့်သူ မဟုတ်ပေ။ ဆရာဖြစ်သူ ရင်ဆိုင်ရမည့်သူ ဖြစ်သည်။

တိကျင်းက မော့ကျန်းသုန့်ကို ကြည့်လိုက်ရင်း...

"မင်းက မျှော်လင့်ထားတာထက် ပိုစောပြီးရောက်လာတာပဲ"

ထို့နောက် သူက ကျန်းလန်ကို ကြည့်လိုက်သည်။

"လူသားအင်မော်တယ် ၊ အလယ်ဆင့် ဟုတ်လား ၊ အိုး မဟုတ်ဘူး ၊ လူသားအင်မော်တယ် နောက်ဆုံးအဆင့်ပဲ ၊ မင်းက အားနည်းလွန်းတယ် ၊ ဒီနေရာကိုလိုက်လာတာ ကိုယ့်သေတွင်းကိုယ်တူးသလိုပဲကွ"

မော့ကျန်းသုန့်က လေထဲသို့ခုန်တက်သွားပြီး တိကျင်းကို ကြည့်လိုက်သည်။

"သူများကို စိတ်မပူဘဲ ကိုယ့်ကိုယ်ကိုယ့်ပဲ စိတ်ပူစမ်းပါ ၊ မင်း ဒီနေ့ အသက်ရှင်နိုင်မယ်လို့ တွေးနေသေးတာလား"

"ဟားဟား... မင်းက တန်ခိုးစွမ်းအား သိပ်မြင့်မားတယ်လို့ ကျုပ် သတင်းကြားထားတယ် ၊ ဒါပေမဲ့ အခု တွေ့လိုက်ရတော့လည်း ဘာမှ မဟုတ်ပါလား ၊ မင်း တန်ခိုးစွမ်းအားမြင့်မားတယ်ဆိုတာ ဟုတ်ရော ဟုတ်ရဲ့လား"

တိကျင်းက အန္တရယ်ကို အရေးမစိုက်ဟန် မျက်နှာထက်တွင် အပြုံးရိပ်တို့ ဆင်မြန်းထား၏။

မော့ကျန်းသုန့်က ရှေ့ခြေတစ်လှမ်းတိုးလိုက်သည်။

"ကျုပ် တန်ခိုးစွမ်းအား မြင့်မားသလား ၊ မမြင့်မားဘူးလားဆိုတာ အခုပဲ မင်း သိရတော့မှာပါ"

စကားဆုံးသွားသည်နှင့် သူ၏ ခြေထောက်အောက်တွင် လျှပ်စီးများ လင်းလက်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။

မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်ထိုးဖောက်နေသော သက်တံ့တစ်စင်းအလား မဟာတာအို ထွက်ပေါ်လာလေသည်။

တိကျင်းက ကြောက်ရွံ့သွားခြင်း မရှိပေ။ နေရောင်ခြည်ကဲ့သို့ တောက်ပသည့်အလင်းရောင်တစ်ခု သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်ာလသည်။

ကောင်းကင်ထက်တွင် တာအိုအင်မော်တယ်တို့တိုက်ပွဲ စတင်ပြီ ဖြစ်သည်။

"ဘုန်း"

တောက်ပသည့် အလင်းရောင်များသည် ကောင်းကင်တစ်ခုလုံးကို သိမ်းပိုက်ထားပြီး လောကတစ်ခုလုံးကို လင်းထိန်တောက်ပသွားစေသည်။

ပြင်းထန်လွန်းလှသည့် တိုက်ပွဲတစ်ခုပါပေ။

***

All Chapters