← Chapters

အန္တရယ်ကိုးသွယ်စွမ်းအား

Vol. 34 Ch. 476

အန္တရယ်ကိုးသွယ်စွမ်းအား

Vol. 34 Ch. 476

မိုးကြိုးအလင်းတန်းများထဲတွင် မဟာတာအိုတန်ခိုးစွမ်းအားများ ပါဝင်သည်။

တောက်ပသည့်နေရောင်ခြည်ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ ပြင်းထန်သည့် တန်ခိုးစွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။

ကျန်းလန်သည် ကောင်းကင်ထက်သို့ မော့ကြည့်ရင်း တာအိုအင်မော်တယ်များ မည်မျှကြောက်မက်ဖွယ်ရာကောင်းကြောင်း နားလည်လိုက်သည်။ တာ့လော်အင်မော်တယ်ဆိုသည်က တာအိုအင်မော်တယ်တစ်ယောက်အတွက် ကလေးကစားစရာပမာသာ ဖြစ်သည်။

တာအိုအင်မော်တယ်တစ်ယောက်နှင့်သာ ရင်ဆိုင်ရပါက ကျန်းလန်အနေဖြင့် တိုက်ခိုက်ချိန်ပင် မရလိုက်ဘဲ အသက်ပျောက်သွားနိုင်သည်။

သို့သော် ထိုအချက်က သူစဉ်းစားရမည့်အချက်မဟုတ်ပေ။ သူ၏ပစ်မှတ်က ရှေ့မှ နတ်မိစ္ဆာများ ဖြစ်သည်။

နတ်မိစ္ဆာများ အလွန်များပြားသည်။ ပြီးတော့ အများစုက သူ့ကို စူးစိုက်ကြည့်နေကြပြီး သူတို့မျက်လုံးများထဲတွင် လှောင်ပြောင်သရော်သည့် အရိပ်အမြွက်များထင်ဟပ်နေသည်။

တာ့လော်အင်မော်တယ် နောက်ဆုံးအဆင့် (၁)ယောက် ၊ တာ့လော်အင်မော်တယ် ကနဦးအဆင့် (၁)ယောက် ၊ မိုးကောင်းကင်အင်မော်တယ် (၁၈)ယောက် ၊ အစစ်အမှန်အင်မော်တယ်ပေါင်းများစွာ။

ရန်သူအင်အားကို တွက်ချက်ကြည့်လိုက်ပြီးနောက် ကျန်းလန် တိုက်ခိုက်ရန် အစီအစဉ်ဆွဲလိုက်သည်။

နတ်မိစ္ဆာများက ဤနေရာကို အမှန်တကယ် အလေးအနက်ထားဟန် ရှိသည်။ မဟုတ်ပါက ဤသို့သော အစုအဖွဲ့တစ်ခု မည်သို့ ရှိနိုင်ပါမည်နည်း။

တာအိုအင်မော်တယ်တစ်ယောက် ၊ တာ့လော်အင်မော်တယ် (၂)ယောက် ၊ မိုးကောင်းကင်အင်မော်တယ် (၁၈)ယောက်။

ဖေးယွမ်ကိုသတ်ဖြတ်စဉ်ကနှင့် လုံးဝမတူညီသည့် အခြေအနေဖြစ်သည်။ ထိုစဿ်က သူ ရင်ဆိုင်ရသည်မှာ မိုးကောင်းင်အင်မော်တယ် (၂)ယောက်သာ ရှိသည်။

"သူတို့ အောင်မြင်မှုရပြီး ကြီးများတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေတာ အံ့သြစရာ မရှိတော့ပါဘူး"

ကျန်းလန်သည် ဟုန်းဟုန်းထနေသော မရဏအငွေ့အသက်များကို ကြည့်လိုက်ပြီးနောက် ဖွင့်လှစ်ထားသည့် ငရဲတံခါးမှ အချို့သော သက်ရှိသတ္တဝါများတွားသွားထက်လာသည်ကို ခံစားမိသည်။

အရာအားလုံး၏ရင်းမြစ်သည် မြေအောက်မှ ဖြစ်ပြီး ယခင်ကလို ရှေးဟောင်းရေတွင်းပျက်ကြီးတစ်ခု ရှိ မရှိ သိချင်လာမိသည်။

ထိုအချိန် အစစ်အမှန်အင်မော်တယ်များက သူ့အနားရောက်ရှိလာပြီး သူ့ကို ဝိုင်းထားလိုက်ကြသည်။

မီးတောက်နတ်မိစ္ဆာက သူ့ နံဘေးမှ ဖြတ်လျှောက်လာသည်။ ထိုသူက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်သည်။

တာ့လော်အင်မော်တယ် ၊  အနောက်ဆုံးအဆင့်တစ်ယောက်ကတော့ ကျန်းလန်ကို အရေးစိုက်ဟန် မရှိပေ။ သူက ဖွင့်လှစ်ထားသည့် ငရဲတံခါးကိုသာ အာရုံစိုက်နေသည်။

"သူတို့က မရဏလောကက သတ္တဝါတွေကို စောင့်နေကြတာလား"

ကျန်းလန်တွေးလိုက်သည်။

ဤသည်က ပုံမှန်ပဲ ဖြစ်၏။

ထို့ပြင် လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်ဖြစ်သည့် ကျန်းလန်ကို တာ့လော်အင်မောတယ် ၊ ကနဦးအဆင့် နတ်မိစ္ဆာတစ်ယောက်က စောင့်ကြည့်နေသည်ဆိုကတည်းက ရန်သူက သူ့ကို လျှော့မတွက်သည်မှာ ထင်ရှားသည်။

သို့ပေသိ ကျန်းလန်က သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်ပြီး ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသူ ဖြစ်သည်။

ထိုခဏမှာပင် တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် နတ်မိစ္ဆာထံမှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး ကျန်းလန်ကို ဖိနှိပ်ထားလိုက်သည်။

တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် မီးတောက်နတ်မိစ္ဆာက...

"ကျုပ်တို့ မင်းကို လောလောဆယ် သတ်မှာ မဟုတ်သေးဘူး ၊ မင်းရဲ့ဆရာကို အရင်သတ်ပြီးမှ မင်းကို ကျုပ်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခိုင်းမယ်"

သူ့အသံက တည်ငြိမ်အေးစက်လျှက် ရှိသည်။

သူ့မျက်လုံးထဲတွင် ကျန်းလန်က ပုရွက်ဆိတ်တစ်ကောင်ပမာသာ ဖြစ်သည်။ ကျန်းလန်၏ သေခြင်းရှင်ခြင်းက သူ့လက်ခုပ်ထဲတွင် ရှိသည်။

ကျန်းလန်က တိုက်ခိုက်ခြင်း မပြုသေးဘဲ မျက်ခုံးတစ်ချက်ပင့်လိုက်၏။

တိုက်ခိုက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေခြင်း မဟုတ်ပေ။ သူ၏ နတ်ဘုရားရာထူးက ထူးခြားစွာ တုန်လှုပ်သွားသောကြောင့် ဖြစ်သည်။

အောက်ဖက်မှ တစ်စုံတစ်ခုသည် သူ၏ နတ်ဘုရားရာထူးနှင့် ပဲ့တင်ထပ်နေပြီး ထိုအရာက တဖြည်းဖြည်းနှင့် ပိုမိုသိသာလာသည်။

ဤနေရာက ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် သက်ဆိုင်သည့် နေရာတစ်ခု ဖြစ်သည်။

ပဲ့တင်ထပ်သံက သူတို့အနီးသို့ တဖြည်းဖြည်းချဉ်းကပ်လာကြောင်း ကျန်းလန် သတိထားလိုက်မိသည်။

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် နတ်မိစ္ဆာထံမှ သတိပေးစကားသံ ထွက်ပေါ်လာသည်။

"သတိထားကြ ၊ ကျုပ်တို့ဆီကို တစ်စုံတစ်ခု ချဉ်းကပ်လာတယ်"

အခြားသူများအားလုံး အံ့သြမှင်တက်သွားကြသည်။ သို့သော် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်နိုင်ခင်မှာပင် မမြင်ရသည့် တန်ခိုးစွမ်းအားတစ်ခုက သူတို့အားလုံးကို ဖုံးအုပ်သွားပြီး မြေကြီးအောက်သို့ ဆွဲခေါ်သွားတော့သည်။

နတ်မိစ္ဆာများက ထိတ်လန့်သွားကြခြင်း မရှိပေ။ သူတို့က အပြည့်အဝသတိရှိနေကြပြီး အရာအားလုံး၏ အဆုံးသတ်ကို စောင့်မျှော်နေကြဟန် ရှိသည်။

ထိုအချက်ကို ကျန်းလန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ဖုံးအုပ်သွားသည့် တန်ခိုးစွမ်းအားက မ်သည့်အန္တရယ်အငွေ့အသက်မှ မပါဝင်သော်လည်း သူ စိတ်မေအးနိုင်ပေ။

"ဘုန်း"

မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံးက ရပ်တန့်သွားသည်။

သူတို့အားလုံး မည်သည့်နေရာမှန်းမသိသည့် ရင်ပြင်ကျယ်တစ်ခုထက်သို့ ရောက်ရှိသွားကြသည်။

ထိုနေရာတွင် တိုင်လုံးကြီး (၄)ခုက ကောင်းကင်ထောက်တိုင်များအလား မိုးကောင်းကင်ကို ထောက်ပံ့ပေးထားသည်။

အဆုံးတစ်ဖက်တွင် သင်္ကေတများစွာ ရေးထွင်းထားသော ကျောက်နံရံတစ်ခု ရှိနေသည်။ ထိုသင်္ကေတများက ရှေးဟောင်းဧကရာဇ်နန်းတော်မှ သင်္ကေတများနှင့် ဆင်တူသည်။

ကျန်းလန်က ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်သည်။ သူ၏ နတ်ဘုရားရာထူးက ငြိမ်သက်ခြင်းမရှိဘဲ တုန်လှုပ်နေဆဲ ဖြစ်၏။

တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသည့်အလား ပဲ့တင်သံက ဆက်လက်ဖြစ်ပွားနေပြီး လမ်းကြောင်းအမှန်တစ်ခုဆီသို့  လမ်းပြပေးနေသည့်ဟန် ဖြစ်သည်။

သို့သော် လောလောဆယ် သူ့ပတ်ပတ်လည်တွင် နတ်မိစ္ဆာများဝိုင်းထားကြလေရာ ထိုကိစ္စကို အရေးမစိုက်နိုင်သေးပေ။

ရန်သူများကို အရင်ဆုံး ရှင်းပစ်ရပေမည်။

သို့သော် ဤနေရာတွင် ဆရာဖြစ်သူ၏ တာအိုတန်ခိုးစွမ်းအားများကို သူ အာရုံမခံနိုင်တော့ပေ။ မြေအောက်မှ တစ်စုံတစ်ခုက စည်းတံဆိပ်ခတ်ထားလိုက်ဟန် ရှိသည်။

ဆိုတော့…

ဆရာဖြစ်သူက သူ့ကို ကာကွယ်မပေးနိုင်တော့ပေ။ ထို့အတူ နတ်မိစ္ဆာများဘက်မှ တာအိုအင်မော်တယ်သည်လည်း နတ်မိစ္ဆာများကို ကာကွယ်ပေးနိုင်မည် မဟုတ်တော့ပေ။

ထိုအချိန် နတ်မိစ္ဆာတစ်ယောက် သူ့အနား ချဉ်းကပ်လာသည်။

"ဒီနေရာက ထူးခြားတယ် ၊ မင်းလိုကောင်မျိုးကို ဒီနေရာမှာ ရှိနေခွင့်မပေးနိုင်ဘူး ၊ ကျုပ်က မင်းလက်တွေကို အရင်ဆုံးချိုးပစ်မယ်"

ပြောပြီးသည်နှင့် ထိုသူ၏ လက်တစ်ဖက်က ကျန်းလန်ပခုံးထက်သို့ ကျရောက်လာသည်။

သူ၏တိုက်ခိုက်မှုတွင် အစစ်အမှန်အင်မော်တယ် တန်ခိုးစွမ်းအားများဖြင့် ပြည့်နက်နေပြီး လူသားအင်မော်တယ်တစ်ယောက်ကို သေချာပေါက် ဒဏ်ရာအပြင်းအထန် ရရှိသွားစေနိုင်သည်။

သို့သော် သူ့လက် ကျန်းလန်ပခုံးထက် မကျရောက်မီ သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းပြီး လေပြေတစ်ချက်တိုးဝင်သွားသည်။

ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည့် သိုးနတ်မိစ္ဆာသည် ရုတ်တရက် စိတ်ထဲတွင်ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ့မျက်လုံးများထဲတွင် သွေးမှုံများ လွင့်ပျံနေသည်ကို တွေ့မြင်လိုက်သည်။

ကျန်းလန်ကို တိုက်ခိုက်ရန်ဟန်ပြင်နေသည့် သူ၏လက်သည် သွေးမှုံများအဖြစ် ပျောက်ကွယ်သွားသ်ညကို တွေ့မြင်လိုက်သည်။

"ခေါင်းလေးဘာလေးငုံ့ပြီး ကိုယ့်ခန္ဓာကိုယ်ကိုလည်း ပြန်ကြည့်လိုက်ပါဦး"

အေးစက်သည့် အသံတစ်သံက သူ့နားထဲ ဝင်ရောက်လာသည်။

သူ့ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်နှင့် သိုးနတ်မိစ္ဆာမှာ ထိတ်လန့်တုန်လှုပ်သွားတော့သည်။

သူ့ ခန္ဓာကိုယ်တစ်ခုလုံးက သွေးမှုံအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်တင်မကဘဲ သူ့အကြည့်များသည်လည်း သွေးမှုံများဖြစ်ပြည့်နေသည်။

သူ အော်ဟစ်နိုင်ခြင်းမရှိ ၊ လှုပ်ရှားနိုင်ခြင်း မရှိတော့ဘဲ အသိစိတ်ကင်းမဲ့ကာ အသက်ပျောက်သွားတော့သည်။

ထို့နောက် စက္ကန့်ပိုင်းအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးတွင် သွေးမှုံများ ပျံံ့ကျဲသွားတော့သည်။

ရုတ်တရက် အခြေအနေက ပြောင်းလဲသွားသည်။

ကျန်းလန်က အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်လိုက်သည်ကို တွေ့မြင်လိုက်ရသည့်အခါ နတ်မိစ္ဆာများ ထိတ်လန့်တုန်လှုပ်သွားပြး သူတို့၏ မျက်ဝန်းများကိုပင် မယုံကြည်နိုင် ဖြစ်သွားကြသည်။

လူသားအင်မော်တယ်တစ်ယယာက်က အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ခဲ့သည်လား။

နတ်မိစ္ဆာများက ချက်ချင်းပင် ကျန်းလန်ကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အင်မော်တယ်တန်ခိုးစွမ်းအားတစ်ခုက ကျန်းလန်ဆီသို့ ကျရောက်လာသည်။ တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် နတ်မိစ္ဆာက တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ကျန်းလန်ကို အမြန်ဆုံးသတ်ဖြတ်ပစ်ချင်နေသည့်အတွက် သူ၏တိုက်ခိုက်မှုက လျှင်မြန်လွန်းသည်။

သို့သော် ကျန်းလန်က သူ့ထက်လျှင်မြန်လေသည်။

တာ့လော်အင်မော်တယ် ကနဦးအဆင့်သည် တာ့လော်အင်မော်တယ် အလယ်ဆင့်ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် နတ်မိစ္ဆာနှင့် ရင်မဆိုင်ရခင် တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်ကို အရင်ဆုံး ရှင်းပစ်ရန်လိုသည်။

သို့မှသာ အန္တရယ်မဖြစ်အောင် ကာကွယ်နိုင်ပေမည်။

တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်နှင့် တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့်က တန်ခိုးစွမ်းအား အလွန်ကွာခြားသည်ဆိုသော်လည်း လျှို့ဝှက်ကျင့်စဉ်များနှင့် ပြဒါးဆေးများ အသုံးပြုလိုက်ပါက ကွာခြားချက်ကို ကျော်ဖြတ်နိုင်ခြေရှိသည်။

ထို့ကြောင့် ရန်သူကို အခွင့်အရေးမပေးဘဲတိုက်ခိုက်ရမည် ဖြစ်သည်။

မီးတောက်နတ်မိစ္ဆာက ကျန်းလန်ကို တိုက်ခိုက်ရန် ဝင်ရောက်လာသည်နှင့် ကျန်းလန်က ပျောက်ကွယ်သွားသည်။

မီးတောက်နတ်မိစ္ဆာအနည်းငယ် ယောင်ဝါးဝါး ဖြစ်သွားသည်။

တစ်ဖက်လူက ဘယ်နေရာသို့ ရောက်ရှိသွားသည်လဲ။

သို့သော် မကြာမီ နောက်ဘက်မှ သေမင်းခေါ်သံကို သူ ကြားလိုက်ရသည်။

"မင်း ကျုပ်ကိုရှာနေတာလား"

ထိုအသံက ကျန်းလန်၏အသံ ဖြစ်သည်။

သူက မီးတောက်နတ်မိစ္ဆာ၏ အနောက်ဘက်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

"ဟူး"

တစ်ချိန်တည်းမှာပင် သူ့လက်သီးချက်က မီးတောက်နတ်မိစ္ဆာ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

တစ်ဖက်လူ၏ ရွှေခန္ဓာတန်ခိုးစွမ်းအားသည်ပင် ကျန်းလန်၏ လက်သီးချက်ကို တားဆီးထားနိုင်မည် မဟုတ်ပေ။

"မင်း… မင်းက တာ့လော်အင်မော်တယ်လား"

မီးတောက်နတ်မိစ္ဆာက မယုံကြည်နိုင်သည့်မျက်လုံးများဖြင့် ကျန်းလန်ကို ကြည့်ရင်း မေးလိုက်သည်။

လူသားအင်မော်တယ်တစ်ယောက်က အဘယ့်ကြောင့် ရုတ်တရက်ကြီး တာ့လော်အင်မော်တယ် ဖြစ်နေရပါသနည်း။

သူတွေးတောနေစဉ်မှာပင် သူ၏ ရွှေခန္ဓာအက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။

"ခရက်"

ရွှေရောင်အလင်းတန်းများ နေရာအနှံ့ပျံ့ကျဲသွားပြီး မီးလျှံများနှင့် သွေးမှုံများ ရောထွေးလျှက် ရှိသည်။

တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် မီးတောက်မိစ္ဆာသည် ကျန်းလန်လက်ချက်ဖြင့် အသက်ပျောက်သွားပြီ ဖြစ်သည်။

"ဟူး"

တန်ခိုးစွမ်းအားများ ထပ်မံထွက်ပေါ်ာလပြီး ကျန်းလန်က လက်သီးချက်ဖြင့် ထပ်မံထိုးနှက်လိုက်သည်။

နွားရိုင်းကိုးကောင်စွမ်းအားက ကောင်းကင်တစ်ခွင်လုံး ပြည့်နက်သွားသည်။

"ဘုန်း"

ပြင်းထန်လှသည့် တန်ခိုးစွမ်းအားက သူ့ကိုဝင်ရောက်တိုက်ခိုက်သည့် နတ်မိစ္ဆာများအားလုံးကို ချေမှုန်းပစ်လိုက်သည်။

"ဘန်း"

တန်ခိုးစွမ်းအားလှိုင်းလုံးများ တလိမ့်လိမ့်မြင့်တက်လာပြီး နတ်မိစ္ဆာများ လွင့်ထွက်ကုန်ကြကာ နံရံများကို ဝင်စောင့်မိကြသည်။

ထို့နောက် တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် နတ်မိစ္ဆာ တိုက်ပွဲအတွင်းဝင်ရောက်လာချိန်တွင် ကျန်းလန်က အနည်းငယ် တနောက်ပြန်ဆုတ်သွားခဲ့သည်။

တစ်ဖက်လူက အရေးပေါ်တိုက်ခိုက်မှု ပြုလုပ်လိုက်ရသည့်အတွက် ထိပ်ဆုံးအဆင့် တန်ခိုးစွမ်ာအးကို အသုံးမပြုလိုက်နိုင်ပေ။

"ပုံမှန်ဆိုရင် တာ့လော်အင်မော်တယ်တွေက ငါ့ကို တားဆီးနိုင်တာမှန်ပေမယ့် သူတို့က ငါ့ကို လူသားအင်မော်တယ်လို့ ထင်နေကြတဲ့အတွက် ငါ့ဘက်က အသာစီးရဖို့ အခွင့်အရေးရနေတာပဲ"

ကျန်းလန် တွေးလိုက်သည်။

ကျန်းလန် မရဏလှံရှည်ကို ထုတ်ယူလိုက်သည်။

မရဏလှံရှည်မှ ထွက်ပေါ်နေသည့် မရဏအငွေ့အသက်များက ရန်သူကို အနိုင်ယူရန် အခွင့်အရေး မြင့်မားစေမည် ဖြစ်သည်။

"ဘုန်း"

ကျန်းလန်က မရဏလှံရှည်ကို ပစ်လွှတ်လိုက်ရာ လှံရှည်က ရင်ပြင်အလယ်တည့်တည့်သို့စိုက်ဝင်သွားသည်။

ထို့နောက် တန်ခိုစွမ်းအားမြင့်မားစေသည့် ပြဒါးဆေးလုံးများကို အလျှင်အမြန်သောက်လိုက်ပြီး လျှို့ဝှက်တန်ခိုးစွမ်းအားတစ်ခု ထုတ်ဖော်ကာ ရွှေခန္ဓာတန်ခိုးစွမ်းအားကို မြှင့်တင်လိုက်သည်။ ရှောင်ယွိသင်ပေးထားသည့် အသင်္ချေနဂါးအကြေးခွံ မန္တန်ပညာကိုလည်း ထုတ်ဖော်လိုက်၏။

ကျန်းလန်က သူ့ကိုယ်သူ တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်အောင်ပြင်ဆင်လိုက်သည်။

ရန်သူက သူ့ကို လျှော့တွက်နေဆဲအချိန်တွင် အခွင့်ကောင်းယူပြီး ရှင်းပစ်ရမည် ဖြစ်သည်။

အရာအားလုံး ပြင်ဆင်ပြီးသည်နှင့် ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကိုထုတ်ဖော်ကာ နွားရိုင်းကိုးကောင်စွမ်းအားကို မြှင့်တင်လိုက်သည်။

နွားရိုင်းကိုးကောင်စွမ်းအား အထွတ်ထိပ်သို့ ရောက်ရှိသွားသည့်အခါ အန္တရယ်ကိုးသွယ်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ထိုခဏတွင် ဗလာနယ်ကို ဖြတ်ကျော်ပြီး တောင်နှင့်မြစ်ရေများကို နင်းခြေတော့မည့်အလား ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ဖြစ်သော လုန်ကျီးသည် ကျန်းလန် အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်လိုက်သည်ကို သိရှိခဲ့သည်။

သူက ကျန်းလန်ကို မိုးကောင်းကင်အင်မော်တယ်တန်ခိုးစွမ်းအား ပိုင်ဆိုင်ထားသည့် အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ဟု ထင်မှတ်ခဲ့သည်။

သို့ပေမဲ့…

ကျန်းလန်က တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူကိုပါ တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။

ထို့ကြောင့် လုန်ကျီး ရန်သူကို ပိုပြီး အလေးအနက်ထားလာရသည်။

တဟုန်ထိုးမြင့်တက်လာသည့် ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားကို ခံစားမိသည့်အခါ ပြင်းထန်သည့် အန္တရယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။

တစ်ဖက်လူက…

ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တန်ခိုစွမ်းအား မြင့်မားနေခဲ့သည်။

သူ့အနေဖြင့် တိုက်ပွဲကို ဦးဆောင်တိုက်ခိုက်နိုင်ပါမည်လား မသေချာတော့ပေ။

***

All Chapters