မူလကမ္ဘာပျက်ကပ်ဆိုးဆင်းသက်လာသည့်အလား
Vol. 35 Ch. 477
"ဘူး"
လေထဲတွင် နွားရိုင်းအော်သံကြီးတစ်သံ ပျံ့လွင့်ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကြီးကို ခံနိုင်ရည်မရှိသည့်အလား မြေအောက်ရင်ပြင်တစ်ခုလုံး တုန်လှုပ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်…
ကျန်းလန်က တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူရှေ့သို့ ရောက်ရှိလာသည်။ သူက လက်သီးတစ်ချက ်ပစ်လွှတ်လိုက်၏။
"ဘုန်း"
လက်သီးချက်က လုန်ကျီး၏ မျက်နှာတည့်တည့်သို့ ဝင်ရောက်လာပြီး သူ့ကို လွင့်ထွက်သွားစေသည်။
"ဘန်း"
လုန်ကျီးမှာ တိုက်ပွဲကို ဦးဆောင်နိုင်စွမ်း မရှိတော့သော်လည်း ကျန်းလန်၏ တိုက်ခိုက်မှုကိုတော့ ခုခံနိုင်ဆဲ ဖြစ်သည်။
"ဘုန်း"
ပြင်းထန်လှသည့် ဖိအားကြီးက လုန်ကျီးကို နောက်သို့ အနည်းငယ် ဆုတ်သွားစေသည်။ သူက တန်ပြန်တိုက်ခိုက်ရန် အခြေအနေကို သုံးသပ်လိုက်သည်။
သို့သော်…
နောက်ထပ်လက်သီးချက်တစ်ချက်က ထပ်မံဝင်ရောက်လာလေရာ သူ ရွေးချယ်စရာမရှိဘဲ ဆက်လက်ခုခံလိုက်ရသည်။
"ဘန်း"
"ဘန်း"
"ဘန်း"
လက်သီးတစ်ချက်။
လက်သီးနှစ်ချက်။
လက်သီးသုံးချက် ၊ လက်သီးလေးချက်။
ကျန်းလန်၏ လက်သီးချက်များက ရပ်တန့်သွားခြင်း မရှိသလို အနည်းငယ်မျှပင် အားနည်းသွားခြင်းလည်း မရှိပေ။
မမြင်ရသည့် နွားရိုင်းအော်သံကြီးက ကျယ်လောင်သည်ထက်ကျယ်လောင်လာပြီး ၊ လေထုထဲတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
"ဒုန်း ဒုန်း"
တောင်နှင့်မြစ်ရေကို ဖြိုခွင်းပြီး ကောင်းကင်ထက်မှ ဆင်းသက်လာသော နွားရိုင်းကြီး၏ ခြေသံကို ကြားနေရသည်။
တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရာတွင် ကျန်းလန်က တိုက်ခိုက်မှုကို လုံး၀ မရပ်တန့်ခဲ့ပေ။ သူက ရန်သူကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်ချင်သည်။
ရန်သူ့ဘက်မှ တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးရသွားမည်ကို သူ မလိုလားပေ။ တစ်ဖက်လူ အခွင့်အရေးရသွားသည်နှင့် သူ အကြီးအကျယ် ပြဿနာတက်မည် ဖြစ်သည်။
ကျန်းလန်ထံမှ အန္တရယ်ကိုးသွယ်တန်ခိုးစွမ်းအားက အဆက်မပြတ်ထွက်ပေါ်လာပြီး အရာအားလုံးကို ဖရိုဖရဲဖြင့် စုတ်ပြတ်ပျက်စီးသွားစေသည်။
လုန်ကျီး၏ ခန္ဓာကိုယ်ထက်မှ နဂါးအကြေးခွံများထွက်ပေါ်လာသည်။ သူက မိစ္ဆာနဂါးတစ်ကောင်ဖြစ်၏။
ကျန်းလန် ပိုမိုတိုက်ခိုက်လာလေလေ လုန်ကျီး ပိုပြီး ကြောက်ရွံ့လာလေလ ဖြစ်သည်။
ရန်သူက တန်ခိုးစွမ်းအားမြင့်မားလွန်းသည် ၊ အလွန်တရာပင် တန်ခိုးစွမ်းအား မြင့်မားလွန်းလှသည်။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်က တာ့လော်အင်မော်တယ် ၊ အလယ်ဆင့် ဖြစ်သည့်တိုင် သူ၏ တိုက်ခိုက်မှုများကို ခုခံရန် ခက်ခဲလွန်းသည်။
"ဘန်း"
လုန်ကျီး၏လက်မောင်းမှ နဂါးအကြေးခွံများ ကြွေကျသွားပြီး အသားများလည်း ပဲ့ထွက်ကုန်သည်။ ဒီအတိုင်းသာဆက်သွားနေမည်ဆိုလျှင် သူ သေချာပေါက် အသက်ပျောက်ပေလိမ့်မည်။
မိစ္ဆာနဂါးက သူ၏ တန်ခိုးစွမ်းအား မြင့်တက်လာစေရန် သွေးကိုလောင်ကျွမ်းစေသည့် နည်းလမ်းကို အသုံးပြုလိုက်သည်။ အခွင့်အရေးရရှိသည်နှင့် တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။
သို့သော် ကြီးမားသည့် ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခုကို ရင်ဆိုင်လိုက်ရသည့်အလား သူ့ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းသွားသကဲသို့ ခံစားလိုက်ရသည်။
"ဘူး"
မမြင်ရသော နွားရိုင်းအော်သံကြီးတစ်သံ ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး ငလျှင်လှုပ်ခတ်သည့်ပမာ တုန်လှုပ်လာသည်။
ထို့နောက် လေထုတစ်ခုလုံး ပြိုကျသွားပြီး ဗလာနယ်ကို ထိုးဖောက်ကာ သူ့ထံသို့လှမ်းလာနေသည့် ဧရာမနွားရိုင်းကြီးတစ်ကောင်ကို တွေ့မြင်လိုက်ရသည်။
ကြောက်မက်ဖွယ်ရာ နွားရိုင်းကြီးတစ်ကောင်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
မူလကမ္ဘာပျက်ကပ်ဆိုးကြီး ဆင်းသက်လာသည့်အလား ဖြစ်သည်။
လုန်ကျီး ချက်ချင်းပင် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။ သူ့ခေါင်းထဲ မိုက်ခနဲတစ်ချက်ဖြစ်သွာချိန်တွင် ထိုနွားရိုင်းကြီးက မြင်ကွင်းမှ ပျောက်ကွယ်သွားပြီး လက်သီးချက်တစ်ချက် သူ့ထံသို့ ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရ၏။
ထိုလက်သီးချက်ကို သူ ရပ်တန့်နိုင်စွမ်း မရှိပေ။
"ဘန်း"
လက်သီးတစ်ချက်တည်းဖြင့် လုန်ကျီး၏လက်တစ်ဖက် အမှုံ့ဖြစ်သွားသည်။
သူက ခုခံရန်ကြိုးစားခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ လက်ဦးမှုရယူရန် ဆုံးရှုံးခဲ့ပြီးနောက် ပြန်လည်ရယူရန် မဖြစ်နိုင်တော့ပေ။
"ဘန်း"
"ဘန်း"
"ဘန်း"
ကျန်းလန်၏လက်သီးချက်က အနည်းငယ်ပင် ရပ်တန့်သွားခြင်းမရှိပေ။ လုန်ကျီး၏ခန္ဓာကိုယ်က သွေးမှုံများအဖြစ် စတင်ပြောင်းလဲသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံများဖြင့် ဖုံးလွှမ်းပြည့်နက်သွား၏။
"ဂရား"
နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်လာသည်။
အသံနက်ကြီးက အလွန်မှပင် သွေးပျက်လျှက် သနားစရာပင် ကောင်းလှသည်။ သို့သော် ကျန်းလန်ကတော့ အနည်းငယ်ပင် အကြင်နာတရား မရှိခဲ့ပေ။
"ဘုန်း"
လက်သီးတစ်ချက် ပျံသန်းထွက်ပေါ်လာသည်။ သွေးမှုံများက အရပ်များနှာအသီးသီးသို့ ပျံ့နှံ့သွား၏။
တိုက်ပွဲအဆုံးသတ်သွားပြီ ဖြစ်သည်။
တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကျန်းလန်က စက္ကန့်ပိုင်းအတွင်းမှာပင် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။
တိုက်ပွဲက အချိန်မကြာခဲ့ပေ။
သို့သော် ပုံမှန်မဟုတ်စွာ အလွန်ပင် အချိန်ကြာမြင့်နေသည်ဟု ကျန်းလန် ခံစားရသည်။ အကြောင်းမှာ တိုက်ခိုက်နေစဉ် တစ်ချက်မတုံ့ဆိုင်းရဲသလို စိတ်လည်း မအေးနိုင်ခဲ့သောကြောင့်ပင်။
သူသာ သတိတစ်ချက်လွတ်သွားပါက ရန်သူက တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်လေသည်။ ကျန်းလန် ထိုသို့အဖြစ်မခံနိုင်ပေ။
လုန်ကျီး သေဆုံးသွားပြီဖြစ်ပြီး ခန္ဓာကိုယ်ကလည်း သွေးမှုံများအဖြစ် ပြောင်းလဲသွားကာ သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။
လူသားအင်မော်တယ်တစ်ယောက်က တာ့လော်အင်မော်တယ်တစ်ယောက်အဖြစ် မည်သို့မည်ပုံ ရုတ်တရက် ပြောင်းလဲသွားသည်ကို လုန်ကျီး နားမလည်နိုင်ဖြစ်သွားခဲ့ပါသလား။ သို့မဟုတ် ရန်သူကို လျှော့တွက်ခဲ့မိသောကြောင့် နောင်တရသွားခဲ့ပါလား။
တစ်ဖက်လူ၏အတွေးက မည်သို့ရှိမည်ကို ကျန်းလန်လည်း မသိရှိပေ။ သူကတော့ ထိုသူသွားရာလမ်းသို့ လိုက်မသွားသည်မှာ သေချာသည်။
ရန်သူနှင့်ရင်ဆိုင်ရသည့်အခါ လျှော့တွက်၍မရပေ။ မဟုတ်ပါက နောက်ပြန်လှည့်၍ ရနိုင်မည် မဟုတ်တော့ပေ။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုလျှင်တောင်မှ လျှော့တွက်၍မရဘဲ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ထားရမည် ဖြစ်သည်။
တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူအား သုတ်သင်ရှင်းလင်းပြီးနောက် ကျန်းလန် နောက်သို့ လှည့်ကြည့်လိုက်သည်။
အသက်ရှင်နေသေးသည့် နတ်မိစ္ဆာအချို့ ရှိနေသေးသည်။ ကျန်းလန်က ချက်ချင်းပင် ထိုသူများကို တိုက်ခိုက်လိုက်၏။
တာ့လော်အင်မော်တယ် (၂)ယောက်လုံး သေဆုံးသွားပြီဖြစ်လေရာ ကျန်ရှိသည့် နတ်မိစ္ဆာများက အန္တရယ်မရှိနိုင်တော့ပေ။ သို့ပေသိ ထိုသူများကို လျှော့တွက်၍ မဖြစ်ပေ။
အခန့်မသင့်လျှင် သူ့လိုပင် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသူများ ရှိနေနိုင်သည်။
ထို့ပြင် တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ကျင့်ကြံသူကို တိုက်ခိုက်စဉ်က သူ၏ ကျင့်ကြံခြင်းအဆင့်ကို အတင်းအကျပ် မြှင့်တင်ထားခဲ့လေရာ ထိခိုက်မှုအချို့ ရှိခဲ့သည်။ သူ့အတွက် ဘေးထွက်ဆိုးကျိုးကြီးမားပါက နတ်မိစ္ဆာများအနေဖြင့် အခွင့်အရေးရရှိသွားနိုင်သည်။
အချိန်အတန်ကြာပြီးနောက်…
သွေးမှုံများအလယ်မှ ကျန်းလန် ထွက်ပေါ်လာသည်။ သူ၏ရုပ်ခန္ဓာသည်လည်း အနည်းငယ် အားနည်းဖျော့တော့လျှက် ရှိ၏။
ဘေးထွက်ဆိုးကျိုးများစွာ မကြုံတွေ့ရခြင်းက ကံကောင်းသည်ဟု ဆိုရမည်။ ပြဒါးဆေးများနှင့် လျှို့ဝှက်နည်းပညာများ၏ သက်ရောက်မှုက ရှိနေသေးသော်လည်း လက်ရှိအခြေအနေကို ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဒဏ်ရာများရရှိထားသော်လည်း ကျန်းလန် စိတ်အေးလက်အေး ကုသနိုင်ခြင်း မရှိသေးပေ။
အရှေ့ဆီတွင် သူ့ကို တစ်စုံတစ်ခုက ခေါ်နေသည့်အလား ခံစားရသောကြောင့် ဖြစ်သည်။ နတ်ဘုရားရာထူးက တုံ့ပြန်နေသည်ဖြစ်လေရာ ထိုနေရာသို့ သူ ဦးတည်ရန်သာရှိသည်။
ဤနေရာက ရှေးဟောင်းဧကရာဇာစ်နန်းတော်နှင့် ဆက်စပ်နေသည့် နေရာတစ်ခု ဖြစ်၏။ ဘာမှန်းမသေချာသည့်တိုင် သူ၏ စိတ်တည်ငြိမ်မှုကို ကြီးမားစွာ သက်ရောက်မှု ရှိသည်။
ထို့ကြောင့် အမြန်ဆုံး သူ စူးစမ်ကြည့်ရပေမည်။
ပြီးမှ အေးအေးဆေးဆေး ဒဏ်ရာများကို ကုသပြီး ငရဲတံခါးလမ်းခွဲကိုလည်း ပိတ်ပစ်ရမည် ဖြစ်သည်။
ခေါ်သံက သူ့အရှေ့ရှိ နံရံကြီးဆီမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ထိုနံရံကြီးထက်တွင် နံရံဆေးရေး ပန်းချီတစ်ခု ရှိနေသည်။ ပန်းချီကားထဲတွင် ပါဝင်သည့်အရာများက မှုံဝါးလျှက်ရှိ၏။
ကျောက်တုံးနံရံကြီးရှေ့သို့ သူ ရောက်ရှိလာသည်နှင့် ကျန်းလန် ထိုအရာကို ထိကိုင်ရန် လက်လှမ်းလိုက်သည်။ သို့သော် ကျောက်တုံးနံရံကြီးကို ထိလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အထဲသို့ စုပ်ယူဆွဲသွင်းခံလိုက်ရသည်။
အတွင်းထဲတွင် လောကတစ်ခု ရှိနေသည်လား။
အန္တရယ်အငွေ့အသက်များ ခံစားရခြင်းမရှိသဖြင့် ခုခံခြင်းမပြုတော့ဘဲ အလိုက်သင့်ပင် ဝင်ရောက်သွားလိုက်သည်။ သို့ပေသိ တိုက်ခိုက်ရန်လိုအပ်လာလျှင် အဆင်သင့်ဖြစ်ရန် ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအားများကို စုစည်းထားလိုက်သည်။
အရေးကြုံလာလျှင် အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်ထားရပေမည်။
***
တိမ်တိုက်များအောက်ဘက်ရှိ တောရိုင်းကန္တရမြေ။
မော့ကျန်းသုန့်နှင့် တိကျင်းတို့ အပြင်းအထန် တိုက်ခိုက်နေကြသည်။
နေရာတစ်ခုလုံးကို လျှပ်စီးများဖြင့် ဖုံးလွှမ်းထားပြီး ထိန်လင်းတောက်ပနေသည့် နေရောင်က လျှပ်စီးများကြားတွင် နစ်မြုပ်လျှက်ရှိသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အသင်္ချေသော လျှပ်စီးများ ထွက်ပေါ်နေသည်။
လျှပ်စီးနဂါးကြီးက ပတ်ဝန်းကျင်တစ်ခုလုံးကို ပျက်စီးသွားစေပြီး တောက်ပနေသည့် နေရောင်ခြည်ရှိရာသို့ တဟုန်ထိုးဝင်ရောက်လာသည်။
"ဘုန်း"
ကောင်းကင်ထက်တွင် တောက်ပသည့် ရောင်ခြည်တန်းများ ထွက်ပေါ်လာပြီး အဖျက်စွမ်းအားများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
"ဘန်း"
လင်းထိန်တောက်ပနေသည့် နေရောင်က လျှပ်စီးတန်ခိုးစွမ်းအားများကို လောင်ကျွမ်းပစ်ရန် ကြိုးစားလိုက်သည်။
သို့သော် ကောင်းကင်တစ်ဝက်ခန့်ကို နေရာယူထားသည့် တောက်ပလင်းထိန်နေသည့် နေရောင်သည် ယခုတော့ အနည်းငယ် မှေးမှိန်သွားသည်။
တိကျင်းသည် ဖရိုဖရဲပုံစံဖြင့် မော့ကျန်းသုန့်ရှေ့တွင် ပေါ်လာသည်။ သူ အလွန်အမင်းတုန်လှုပ်လျှက် ရှိသည်။
တိကျင်းက…
"ကောလဟလတွေကြားရတာတော့ မင်းက ရှေ့ကိုနည်းနည်းလောက်ဆက်သွားလိုက်မယ်ဆိုရင် အဆင့်တက်ဖို့ အခွင့်အရေးတစ်ခု ရနိုင်တယ်တဲ့ ၊ ဒါပေမဲ့ မင်း ဘာလို့ မလုပ်ခဲ့တာလဲ ၊ မင်း မအောင်မြင်ခဲ့တာလား"
မအောင်မြင်ခဲ့တာတဲ့လား။
မအောင်မြင်ခဲ့ခြင်းမဟုတ်ပေ။ သူက လက်လျှော့လိုက်ခြင်းသာ ဖြစ်သည်။
ထိုက်တန်ပါသလားဟု မေးလျှင်လည်း ထိုက်တန်သည်ဟုပင် သူ ခံစားမိသည်။ သူ့အတွက် လုံလောက်ပြီ ဖြစ်သည်။
မော့ကျန်းသုန့်က…
"မင်းက လွယ်လွယ်နဲ့ အရှုံးပေးမယ့်သူတော့ မဟုတ်ဘူး ၊ မင်းမှာ အစီအစဉ်တစ်ခုခု ရှိရမယ်"
ဤမျှလောက်ဖြင့်ဆိုလျှင် တိကျင်းအနေဖြင့် သူ့လက်ထဲ သေရည်မည်သာပင်။
တစ်ဖက်လူက ထွက်ခွာမသွားသေးသည်ကို ကြည့်ခြင်းအားဖြင့် သူ့တွင် အားကိုးစရာ တစ်ခုခု ရှိမည်မှာ သေချာသည်။
တိကျင်းက လွင်ပြင်များဆီသို့ လှမ်းမျှော်ကြည့်လိုက်ရင်း…
"မှန်ပါတယ်"
တိကျင်းက ဆက်ပြောသည်။
"အောက်ဖက်မှာလည်း တိုက်ပွဲတစ်ခု ဖြစ်နေပုံရတယ် ၊ မင်းတပည့်အတွက် စိတ်မပူဘူးလား"
မော့ကျန်းသုန့်က…
"ကျုပ်က ကျုပ်တပည့်ကို သေဖို့ခေါ်လာတယ်လို့ မင်းကထင်နေတာလား"
တိကျင်းက စိတ်ဝင်တစားဖြင့်…
"ဒါဖြင့် မင်းတပည့်ရဲ့ ခန္ဓာကိုယ်ထဲကို မင်း ဘယ်လိုတန်ခိုးစွမ်းအားမျိုး ထည့်ပေးထားတာလဲ"
မော့ကျန်းသုန့်က တိကျင်းကိုကြည့်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။
ချက်ချင်းပင် ကောင်းကင်ထက်မှ မိုးကြိုးတန်ခိုးစွမ်းအားများ စုစည်းသွားပြီး ကြီးမားလှသည့် လျှပ်စီးလက်ကြီးတစ်ဖက်က တိကျင်းထံ ဝင်ရောက်သွားသည်။
"ဘန်း"
လျှပ်စီးလက်ကြီးထဲသို့ တိကျင်းကျရောက်သွားပြီး အတွင်းထဲမှ သွေးများစီးကျလာကာ မြေပြင်ထက် ပျံ့ကျဲကျသွားသည်။
"ယား…"
ကျယ်လောင်သည့် ကြုံးဝါးသံကြီးနှင့်အတူ တိကျင်း လျှပ်စီးလက်ကြီးအတွင်းမှ အပြင်းအထန် ရုန်းထွက်လာသည်။ သူ့ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာအပြင်းအထန်ရသွားသည်။
မော့ကျန်းသုန့်က တိကျင်းကို ကြည့်လိုက်ရင်း…
"မင်းသေတဲ့အခါ အဲဒီအကြောင်းကို ကျုပ် ပြောပြမယ်"
တိကျင်းက နောက်သို့အနည်းငယ်ဆုတ်လိုက်ရင်း…
"မဖြစ်နိုင်တော့ဘူး ၊ မရဏလောကက လူတွေ ထွက်လာကြပြီ"
ထိုအချိန်မှာပင် ငရဲတံခါးလမ်းခွဲမှ မရဏရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
ဧရာမလက်ကြီးတစ်ဖက်က မြေပြင်ထက်သို့ ထွက်လာပြီး ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်တစ်ဝက် ရေတွင်းကြီးထဲမှ ထွက်ပေါ်လာသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ငရဲတံခါးလမ်းခွဲမှ ကြီးမားလှသည့် ပုံရိပ်ကြီးတစ်ခု အပြည့်အ၀ ထွက်ပေါ်လာသည်။ သူက လွင်ပြင်ထက်တွင် အနက်ရောင်တောင်မြင့်ကြီးတစ်ခုအလား ဖြစ်သည်။
သူ ထွက်လာသည်နှင့် တန်ခိုးစွမ်းအားတစ်ခု ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
"ဟားဟား.. ဟားဟား… ကျုပ်ထွက်လာပြီ ၊ နောက်ဆုံးတော့ ကျုပ် ထွက်လာနိုင်ပြီ"
ကျယ်လောင်ပြီး ဂုဏ်ယူဝင့်ကြွားဟန်အပြည့်ဖြင့် ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှ တောင်တန်းများမှာ ရယ်မောသံအောက်တွင် ပြိုကျပျက်စီးကုန်ကြသည်။
"တာအိုအင်မော်တယ်လား"
"ဒါဖြင့် ဒီနေရာကို ကျုပ် ပြေင်းလဲပစ်လိုက်မယ်"
"ဝှစ်…"
မော့ကျန်းသုန့်က မည်သည့်စကားမှ မဆိုဘဲ လျှပ်စီးကြောင်းတစ်ခုကို ရှည်လျားသောကြာပွတ်တစ်ချောင်းအဖြစ်ပြောင်းလဲကာ မရဏလောကမှ တန်ခိုးစွမ်းအားရှင်ကို ရိုက်ချလိုက်သည်။
ကြာပွတ်က စကားပြောနေသည့် မရဏလောကမှပုဂ္ဂိုလ်၏ မျက်နှာကိုထိမှန်သွားပြီး သွေးများစီးကျလာသည်။ လျှပ်စီးရိုက်ချက်က သူ့အသားများကို မီးကျွမ်းသွားစေ၏။
မော့ကျန်းသုန့်က မရဏလောကမှပုဂ္ဂိုလ်ကို အေးစက်စွာကြည့်လိုက်သည်။ သူ့အကြည့်များက လူသေတစ်ယောက်ကို ကြည့်နေသည့်အလား မည်သည့်အပြောင်းအလဲမှ မရှိပေ။
"သောက်စကားကလည်း များလိုက်တာ"
***