မြင့်မြတ်သောနတ်ဘုရား
Vol. 35 Ch. 478
ရုတ်တရက် တိုက်ခိုက်ခံရမှုက မရဏလောကမှ တန်ခိုးစွမ်းအားရှင်ကို မှင်တက်သွားစေသည်။
သူက မော့ကျန်းသုန့်ကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်တစ်ချက်ကြုတ်လိုက်၏။
"မင်းက တန်ခိုးစွမ်းအား မြင့်မားလွန်းပါတယ် လူသား ၊ ဒါပေမဲ့ ကျုပ်က မင်းထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားတယ်"
ထို့နောက် မရဏလောကမှပုဂ္ဂိုလ်ထံမှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးသွားသည်။
သူက မော့ကျန်းသုန့်ရှိရာသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူက ဤလူသားကို ပြန်ပြီးပေးဆပ်ရအောင် ပြုလုပ်ချင်သည်။
မော့ကျန်းသုန့်က လက်ကိုမြှောက်လိုက်ပြီး လက်ချောင်းများကို အသာကွေးဆုပ်လိုက်သည်။
"ဝှစ်"
"ဘန်း"
ကောင်းကင်ထက်မှ လျှပ်စီးကြောင်းများက ကြီးမားသည့် လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး မရဏလောကမှ တန်ခိုးစွမ်းအားရှင်ကို ဆုပ်ကိုင်ထားလိုက်သည်။
တိုက်ခိုက်မှုက လျှင်မြန်လွန်းသည့်အတွက် မည်သူမှ မရှောင်တိမ်းနိုင်ခဲ့ကြပေ။ လျှပ်စီးများထဲတွင် မဟာတာအိုတန်ခိုးစွမ်းအားများ ပါဝင်နေလေသည်။
မရဏလောကမှ တန်ခိုးစွမ်းအားရှင် ထိတ်လန့်သွာပြီး ခုခံရန်အတွက် သူ၏ တာအိုစွမ်းအားကို အသုံးပြုလိုက်သည်။
"ဘန်း"
မရဏလောကမှတန်ခိုးစွမ်းအားရှင်မှာ ထို ဧရာမလျှပ်စီးလက်ကြီးမှလွဲပြီး ကျန်ရှိသည့် တိုက်ခိုက်မှုများအားလုံးကို ရှောင်တိမ်းနိုင်ခဲ့သည်။
လျှပ်စီးတန်ခိုးစွမ်းအားများက သူ့လက်တစ်ဖက်ကို ပြတ်ထွက်သွားစေသည်။
"ဟူး"
အသားများပြတ်ထွက်သွားပြီး သွေးများ တရစပ်စီးကျလာသည်။
မော့ကျန်းသုန့်က ခေါင်းခါယမ်းလိုက်ရင်း…
"မင်း တန်ခိုးစွမ်းအားမြင့်မားတယ်ဆိုတာ ဒီလောက်ပဲလား"
ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလှပါသလဲ။
မရဏလောကမှတန်ခိုးစွမ်းအားရှင်က တိကျင်းထက်ပင် ညံ့ဖျင်းသေးသည်။
ထိုပုဂ္ဂိုလ်က မော့ကျန်းသုန့်ကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။ တစ်ဖက်လူ၏ တန်ခိုးစွမ်းအားက ယုတ္တိမရှိလောက်အောင် မြင့်မားလွန်းလှ၏။
တိကျင်းက မရဏလောကမှတန်ခိုးစွမ်းအားရှင်၏ဘေးတွင်ပေါ်လာပြီး ခပ်တိုးတိုးလေသံဖြင့် ဆိုသည်။
"တာအိုရောင်းရင်း… အဲဒီလူက မင်းရဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ ကျုပ် ထင်တယ် ၊ မရဏလောကက လူတွေအားလုံးက မင်းလောက်ပဲ အဆင့်ရှိတာလား ၊ ဒါဆိုရင်တော့ မရဏလောကကလူတွေ ကျုပ်တို့လောကကို ခြေချဖို့ မဖြစ်နိုင်ဘူး"
သူက ဆက်ပြောသည်။
"ဒီလူက ငရဲတံခါးကို ဖိနှိပ်ထားနိုင်တဲ့ တစ်ယောက်တည်းသောသူပဲ ၊ မင်းတစ်ယောက်တည်းနဲ့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
တိကျင်းစကားကြောင့် မရဏလောကမှ တန်ခိုးစွမ်းအားရှင်က အနည်းငယ် ကြောက်ရွံ့သွားဟန်ဖြင့်…
"သူက ငရဲတံခါးကို စောင့်နေတဲ့သူလား"
ထို့နောက်သူက တိကျင်းကို သံသယဖြင့် ကြည့်လိုက်ရင်း…
"ဒါဖြင့် မင်းကရော ဘယ်သူလဲ"
တိကျင်းက ပြုံးလိုက်ရင်း…
"ကျုပ်က မင်းကို အပြင်ခေါ်ထုတ်ပေးတဲ့သူပါ"
သူက ဆက်ပြောသည်။
"ကျုပ် မင်းရဲ့အကူအညီလိုအပ်တယ် ၊ ကျုပ်တို့ပူးပေါင်းပြီး အဲဒီလူကို အရင်ဆုံး တိုက်ခိုက်ကြရအောင် ၊ ဒါပေါ့… မင်း ငြင်းချင်ရင်ငြင်းလို့ ရပါတယ် ၊ ဒါပေမဲ့ အချိန်ကျလာလို့ အဲဒီလူတိုက်ခိုက်တော့မယ်ဆိုရင် မင်း ငရဲတံခါးက ထွက်လာနိုင်လည်း လွတ်မြောက်မှာ မဟုတ်ဘူး"
မရဏလောကမှ တန်ခိုးစွမ်းအားရှင်က တိကျင်းကိုကြည့်လိုက်ပြီး သူ့မျက်နှာထက်မှအပြုံးက မှောင်မဲသွားသည်။
တိကျင်းက ထိုသူကို ထပ်မံသတိပေးလိုက်သည်။
"ဟားဟား… ဒါပေါ့ ဒါပေါ့ ၊ မင်း စဉ်းစားလို့တော့ ရပါတယ် ၊ ဒါပေမဲ့ မော့ကျန်းသုန့်က ကျုပ်တို့စကားပြောနေတာကို သောက်ရူးတစ်ယောက်လို ထိုင်ကြည့်နေမှာ မဟုတ်ဘူး ၊ အခု သူ ကျုပ်တို့ကို မတိုက်သေးတာ သူ့တန်ခိုးစွမ်းအားတွေကို စုစည်းနေတာ ၊ မင်း ကြာကြာစဉ်းစားလေ သူက ပိုပြီးအားပြည့်လာလေ ဖြစ်မှာပဲ ၊ မင်းဘက်က ကြာနေဦးမယ်ဆိုရင်တော့ ကျုပ်တစ်ယောက်တည်း လွတ်အောင်ပြေးရလိမ့်မယ်"
မော့ကျန်းသုန့်က သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ပေ။
ထိုခဏတွင် ကောင်းကင်ထက်မှ လျှပ်စီးကြောင်းများက အရောင်ပြောင်းလဲသွားသည်။ သာမန်လျှပ်စီးများမဟုတ်တော့ဘဲ ခရမ်းရောင်နှင့် ရွှေရောင်ပေါင်းစပ်ထားသည့် နတ်ဘုရားလျှပ်စီးများအဖြစ် ပြောင်းလဲသွားသည်။
"တိုက်မယ်…"
နတ်ဘုရားလျှပ်စီးစွမ်းအားကို ခံစားလိုက်ရသည်နှင့် မရဏလောကမှတန်ခိုးစွမ်းအားရှင်က ချက်ချင်းပင် စတင်လှုပ်ရှားလိုက်သည်။
ပြတ်တောက်သွားသည့် သူ့လက်က ပြန်ပေါက်လာသည်။
ယခုက တုံ့ဆိုင်းနေရမည့်အချိန် မဟုတ်ပေ။ တစ်ဖက်ရန်သူက အတော်လေး တန်ခိုးစွမ်းအား မြင့်မားဟန် ရှိသည်။
သူတို့အားလုံးက တာအိုအင်မော်တယ်များဖြစ်ကြသောကြောင့် အားကြီးသည့် တာအိုအင်မော်တယ်နှင့် အားနည်းသည့် တာအိုအင်မော်တယ် ဟူ၍သာ ရှိသည်။ သာမန်အားဖြင့် ကွာဟချက်က သိပ်မများပေ။
သို့သော် မော့ကျန်းသုန့်ကတော့ စံနှုန်းများကို ချိုးဖျက်နိုင်သည့် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်၏။
"သိပ်နောက်ကျသွားပြီ"
မော့ကျန်းသုန့်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ကောင်းကင်အမြင့်ထက်တွင် မတ်တတ်ရပ်ရင်း သူ့ပုံစံက လျှပ်စီးနတ်ဘုရားအလား ထင်မှတ်ရသည်။ သူ၏ တန်ခိုးစွမ်းအားများက အလွန်အမင်း အဖျက်စွမ်းအားကြီးမားလှ၏။
"ဘုန်း"
မဟာတာအိုတန်ခိုးစွမ်းအားများ ထိပ်တိုက်ရင်ဆိုင်မိကြသည်။
တာအိုအင်မော်တယ် (၃)ယောက် စတင် တိုက်ခိုက်ကြလေပြီ။
မော့ကျန်းသုန့်က တာအိုအင်မော်တယ် (၂)ယောက်ကိုပင် အသာစီးမှ ထိန်းချုပ်ထားနိုင်စွမ်း ရှိသည်။ ကောင်းကင်ယံတွင် ပြင်းထန်သော တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး တောရိုင်းကန္တာရတစ်ခုလုံးက ထိုတန်ခိုးစွမ်းအားကို ခံနိုင်ရည်မရှိ ဖြစ်ရသည်။
တောရိုင်းကန္တာရအပြင်ဘက်တွင်…
မြေပြင်ထက် (၃)ပေအကွာ လေထဲတွင် လူတစ်စု မတ်တတ်ရပ်နေကြသည်။ သူတို့က တိမ်တိုက်များအောက်တွင် တိုက်ခိုက်နေသည့် တောရိုင်းကန္တရဆီမှ တိုက်ပွဲကို ကြည့်ရင်း အေးဆေးတည်ငြိမ်စွာ စောင့်ဆိုင်းနေကြသည်။
ထိုအုပ်စု၏ ခေါင်းဆောင်က သက်လတ်ပိုင်းလူရွယ်တစ်ယောက် ဖြစ်သည်။ ထိုသူသည်ကား နတ်လူသားမျိုးနွယ်များဘက်မှ တာအိုအင်မော်တယ်တစ်ယောက် ဖြစ်သည်။
သူ့အနောက်ဘက်တွင် တာ့လော်အင်မော်တယ်အဆင့် မိန်းမပျိုတစ်ယောက် ၊ များပြားလှစွာသော မိုးကောင်းကင်အင်မော်တယ်များနှင့် ရာနှင့်ချီသည့် အစစ်အမှန်အင်မော်တယ်များ ရှိနေကြသည်။
"ကျွန်မတို့ ဝင်ကြတော့မလား"
တာအိုအင်မော်တယ်၏ အနောက်တွင်ရပ်နေသော တာ့လော်အင်မော်တယ် မိန်းမပျိုက မေးမြန်းလိုက်ခြင်း ဖြစ်သည်။
သူမက တာ့လော်အင်မော်တယ် ၊ အလယ်ဆင့်ဖြစ်ပြီး မျက်နှာအမူအရာက အေးစက်လွန်းသည်။ သူမ၏ နာမည်က မြောက်ချီ ဖြစ်၏။
သူမက နတ်လူသားမျိုးနွယ်မှ တာအိုအင်မော်တယ် ချီဝေ့ကို မေးမြန်းလိုက်ခြင်းပင်။
ချီဝေ့က…
"ခဏစောင့်ဦး ၊ နတ်ဘုရားလျှပ်စီးတန်ခိုးစွမ်းအားကို အသုံးပြုပြီးရင် သူ အားနည်းသွားလိမ့်မယ် ၊ အဲဒါဆို ကျုပ်တို့အတွက် အခွင့်အရေးရပြီ ၊ အခုချိန်ဝင်တာက ဘာအားသာချက်မှ မရှိဘူး ၊ သူတို့ အချိန်အတော်ကြာအောင် တိုက်ခိုက်ကြပါစေဦးလေ"
ထိုစကားကိုပြောချိန်တွင် ချီဝေ့၏ မျက်ဝန်းများထဲတွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။
ယခုခရီးစဉ်က သူ့အတွက် သာမန်ခရီးစဉ်အလားပင် ဖြစ်သည်။
***
ကျောက်တုံးနံရံကြီးအတွင်း ဝင်ရောက်သွားပြီးနောက်…
ကျန်းလန်၏ နတ်ဘုရားရာထူးမှ ထွက်ပေါ်နေသည့် ပဲ့တင်သံက ပျောက်ကွယ်သွားပြီး ခေါ်သံကလည်း အားနည်းသွားသည်။
သူက ထူးဆန်းသည့် ဗလာနယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားပြီး သူ့ပတ်ပတ်လည်တွင် မှိန်ပျပျအလင်းအနည်းငယ် ထွက်ပေါ်နေသည်မှအပ ကျန်နေရာများကတော မှောင်မိုက်လျှက် ရှိ၏။
ကျန်းလန်ကို ပဟေဠိ ဖြစ်သွားစေသည်က သူ့ခြေထောက်အောက်တွင် တောင်ပေါ်လမ်းလေးတစ်လမ်း ရှိနေခြင်းပင်။ လမ်းတစ်လျှောက် တောပန်းများနှင့် မြက်များရှိနေပြီး မြေဆီလွှာကလည်း စိုစွတ်လျှက် ရှိသည်။
ထိုလမ်းလေးက လေထုထဲတွင် တံတားတစ်ခုအလား ဖြစ်သည်။ လမ်း၏အဆုံးသတ်တွင် တောက်ပနေသည့်အရာတစ်ခုရှိနေပြီး ထိုအရာက မည်သည့်အရာဖြစ်ကြောင်း ကျန်းလန် ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။
သူ အနည်းငယ် ရှေ့ဆက်လျှောက်သွားပြီးနောက် အနည်းငယ် တုန်လှုပ်သွားသည်။ တန်ခိုးစွမ်းအားတစ်ခုက သူ့ကို ဖြတ်သန်းသွားပြီး သူရင်ဆိုင်ရသည်က မည်သည့်အရာဖြစ်ကြောင်း သိချင်စိတ်ဖြစ်လာမိသည်။
အန္တရယ်ရှိလျှင်တော့ သူ လွတ်မြောက်အောင်ကြိုးစားရမည်ဖြစ်ပြီး ထိုအတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ့ဒဏ်ရာများသည်လည်း ပိုမိုသက်သာလာခဲ့ပြီဖြစ်ရာ ကိစ္စအတော်များများကို ကိုင်တွယ်နိုင်မည် ဖြစ်သည်။
"ဒုတ်"
"ဒုတ်"
သူ တစ်လှမ်းချင်း ရှေ့ဆက်လျှောက်လာသည်။
ခေါ်သံတစ်ခု ထပ်မံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ထိုအသံက ဤနေရာမှ ခေါ်သံတစ်ခု ဖြစ်သည်။
ကျန်းလန် သူ့ကိုယ်သူ မည်သည့်နေရာရောက်နေကြောင်း မသိရှိသလို သူ ရင်ဆိုင်ရမည်ကလည်း မည်သည့်အရာမှန်း မသိရှိပေ။
အချိန်အတန်ကြာပြီးနောက် နက်မှောင်သည့် ဗလာနယ်ထဲတွင် ရွာလေးတစ်ရွာရှိနေသည်ကို တွေ့မြင်လိုက်ရသည်။ သူတွေ့မြင်ရသည်က သာမန် အိမ်ငယ်လေးများ ဖြစ်သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းလန် တွေးလိုက်သည်။
သူ့ခြေထောက်အောက်မှ တောင်ပေါ်လမ်းလေးက ရွာအဝင်တံခါးနှင့် ချိတ်ဆက်ထားကြောင်း သိလိုက်ရပြီး ရွာအဝင်တံခါးတွင် လူအများစုရုံးနေသည်ကိုလည်း တွေ့လိုက်ရ၏။
စုစုပေါင်း လူ (၁၀၀)ခန့် ရှိလေသည်။
အများစုက သက်လတ်ပိုင်းလူရွယ်များ ဖြစ်ကြသည်။ လူငယ်များနှင့် ကလေးများကတော့ (၁၀)ယောက်မှ အယောက် (၂၀)ထိ ရှိနိုင်သည်။ သူတို့အားလုံးက ကျန်းလန်ကို ကြည့်နေကြသည်။
အဖွဲ့ခေါင်းဆောင်ကတော့ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ညိုမှောင်သည့်အသားအရေရှိကာ မျက်နှာတွင်လည်း မှဲ့ခြောက်များနှင့် ပြည့်နေသည်။ ကျန်းလန်ကို ကြည့်နေသည့် သူ့မျက်ဝန်းများထဲတွင် မသက်မသာခံစားရမှုများကို တွေ့မြင်နေရသည်။
ကလေးတစ်သိုက်ကတော့ ကျန်းလန်ကို စပ်စုသည့်အကြည့် ဖြင့် ကြည့်နေကြသည်။ သူတို့က ခေါင်းများကို ပျူတစ်ပျူတစ်ထုတ်ရင်း သူတို့ထံသို့ ယနေ့ရောက်ရှိလာသည့် လူအသစ်တစ်ယောက်ကို စိတ်ဝင်စားနေကြသည်။
ထိုသူများအားလုံးထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးမှာ လူငယ် (၂)ယောက် ဖြစ်သည်။ ယောကျ်ားပျိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ဖြစ်ပြီး နှစ်ယောက်လုံးက သံချပ်ကာဝတ်စုံများဝတ်ဆင်ထားကြသည်။ သူတို့က လူအုပ်ကြားထဲတွင် မတ်တတ်ရပ်ရင်း ကျန်းလန်ကို စောင့်ဆိုင်းနေကြဟန် ရှိသည်။
သူတို့မျက်ဝန်းများထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်စိတ်များ ရောထွေးနေသည်ကို တွေ့မြင်ရသည်။
"သူတို့က သာမန်လူတွေတော့ မဟုတ်ကြဘူး ၊ ဒါပေမဲ့ အင်မော်တယ်တွေလည်း မဟုတ်ဘူး"
ကျန်းလန်တွေးလိုက်သည်။
အခြေအနေက ဘာဖြစ်သည်ကို ကျန်းလန် နားလည်ခြင်းမရှိပေ။ အထူးသဖြင့် ထိုသူများ သူ့ကိုကြည့်နေကြသည့်အကြည့်များကို ကျန်းလန် နားမလည်ပေ။
သူတို့အကြည့်များထဲတွင် လေးစားမှု ၊ မျှော်လင့်ချက်နှင့် ပြတ်သားမှုများ ပြည့်နက်နေသည်။ သို့ပေသိ မကောင်းသောအကြံအစီတော့ ရှိဟန်မမတူပေ။
ကျန်းလန်က ရွာတံခါးဆီသို့ ခြေလှမ်းတစ်လှမ်းချင်းလှမ်းကာ ချဉ်းကပ်လာသည်။ ရွာအဝင်တံခါးသို့ ရောက်ရှိသည်နှင့် ဘေးတွင်ရှိသောကျောက်စာတိုင်တွင် ရေးသားထားသည့် စာလုံးများကို တွေ့မြင်ရသည်။
"သစ်ပင်ရှေ့ရွာ"
ထိုအချိန် ရွာအကြီးအကဲဖြစ်သူ အဘိုးအိုက ကျန်းလန်ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်၏။ အခြားရွာသားများကလည်း လိုက်ပါဦးညွှတ်လိုက်ကြသည်။
"ကြိုဆိုပါတယ် မြင့်မြတ်တဲ့နတ်ဘုရား"
ထိုအသံ ကျန်းလန်နားထဲ ဝင်ရောက်လာသည့်အခါ သူ အတော်လေး အံ့အားသင့်သွားသည်။
"မြင့်မြတ်တဲ့နတ်ဘုရား ဟုတ်လား"
ကျန်းလန်၏ သံသယမေးခွန်းကြောင့် အဘိုးအို အနည်းငယ်စိတ်လှုပ်ရှားသွားဟန် ရှိသည်။
"မြင့်မြတ်တဲ့နတ်ဘုရား ၊ ခင်ဗျားက ကျုပ်တို့အကြောင်းကို မေ့သွားပြီလား ၊ ကျုပ်တို့က သေရမှာကို မကြောက်ပါဘူး ၊ ဒါပေမဲ့ အဲဒီနှစ်မှာ ကျုပ်တို့ဆီမှာ တကယ်ပဲ သင့်တော်တဲ့သူ မရှိခဲ့ဘူး ၊ ကျုပ်တို့ နောက်ပိုင်းမျိုးဆက်လူငယ်တွေကိုတော့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ် ၊ နောက်ဆုံးတော့ ခင်ဗျားရောက်လာခဲ့ပြီ ၊ မိုးကောင်းကင်ခုံရုံးအတွက် တိုက်ခိုက်ပေးရတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ"
ကျန်းလန်က မျက်မှောင်ကြုတ်ရင်း…
"မိုးကောင်းကင်ခုံရုံး ဟုတ်လား"
"မြင့်မြတ်တဲ့နတ်ဘုရား ကျုပ်တို့ကို နောက်နေတာလား ၊ မိုးကောင်းကင်ခုံရုံးကလွဲပြီး တခြား ဘယ်ခုံရုံးရှိသေးလို့လဲ"
အဘိုးအိုက ကိုယ်ကိုကိုင်းညွှတ်လိုက်ရင်း မေးမြန်းသည်။
"အခု မြင့်မြတ်တဲ့နတ်ဘုရားရဲက ခန္ဓာကိုယ်ပေါ်မှာ သွေးတွေပေကျံနေတာ ၊ ခင်ဗျားတို့တွေ တိုက်ခိုက်နေကြသေးတာလား"
"တိုက်ပွဲရော အခြေအနေဘယ်လိုရှိလဲ ၊ တိုက်ပွဲဝင်ရင် သေရမယ်ဆိုတာ ကျုပ်တို့ သိထားပါတယ် ၊ ဒါပေမဲ့ ကျုပ် မေးချင်တာက ကျုပ်တို့ရွာက ဘယ်သူတွေများ အသက်ရှင်ကျန်ရစ်ခဲ့သေးလဲ"
ကျန်းလန်မှာ အဘိုးအို၏ မေးခွန်းကို မဖြေနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော်…
ရှေးဟောင်းဧကရာဇ်နန်းတော် ကျရှုံးသွားပြီ ဖြစ်သောကြောင့်ပင်။
ကျန်းလန် ပြန်မဖြေသည့်အခါ အဘိုးအို မျက်နှာပျက်သွားသည်။ အမှန်တော့ သူ အဖြေကို သိနှင့်ပြီးသား ဖြစ်လေသည်။
ထို့နောက် သူက သံချပ်ကာဝတ်စုံဝတ်ဆင်ထားသည့် ယောကျ်ားပျိုနှင့် မိန်းမပျိုကို ခေါ်လိုက်သည်။
"သူတို့တွေက ကျုပ်တို့ ရွေးချယ်ထားတဲ့သူတွေပါ ၊ ဒီနှစ်တွေအတွင်းမှာ အလားအလာအရှိဆုံး လူငယ်တွေပါပဲ ၊ မြင့်မြတ်တဲ့နတ်ဘုရား သူတို့ကို ခေါ်သွားလို့ ရပါတယ် ၊ ကျုပ်တို့ လုပ်ရမယ့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ချင်ပါတယ်"
လူငယ် (၂)ယောက်က ချက်ချင်းပင် ကျန်းလန်ရှေ့သို့ရောက်လာပြီး ဒူးတစ်ဖက်စီထောက်လိုက်ကြသည်။
သူတို့ကိုကြည့်ရသည်မှာ စိတ်ရှုတ်ထွေးနေသလို စိတ်မတည်မငြိမ် ဖြစ်နေဟန်လည်း ရှိသည်။ သို့သော် သူတို့မျက်လုံးများထဲတွင်တော့ ဆုံးဖြတ်ချက်ခိုင်မာမှုများကို တွေ့မြင်ရ၏။
"ကျွန်တော် ကျွန်မတို့ ဘယ်အရာကိုမှ မကြောက်ပါဘူး ၊ တိုက်ပွဲဝင်ဖို့ အသင့်ပါပဲ"
***