← Chapters

အောက်ကိုလည်း ငုံ့ကြည့်လိုက်ပါဦး

Vol. 35 Ch. 483

အောက်ကိုလည်း ငုံ့ကြည့်လိုက်ပါဦး

Vol. 35 Ch. 483

တိကျင်းထွက်ခွာသွားသည်ကို မော့ကျန်းသုန့် ကြည့်နေခဲ့သည်။

လက်ရှိအချိန်တွင် တိကျင်းကို သတ်ဖြတ်ပစ်ရန်က အလွန်လွယ်ကူသည်။ သို့သော် တစ်ဖက်လူတွင် လွတ်မြောက်ရန် နည်းလမ်းတစ်ခု ရှိနေခဲ့သည်။ နတ်လူသားမျိုးနွယ်များကိုသာ ရင်မဆိုင်ရလျှင် မော့ကျန်းသုန့်အနေဖြင့် တိကျင်းကို သတ်ဖြတ်ပစ်ရန်မှာ ကြီးမားသည့်ပြဿနာ မဟုတ်ပေ။

တိကျင်းကို သတ်ဖြတ်လိုက်မည်ဆိုလျှင် သူ၏ တန်ခိုးစွမ်းအားများကို အလွန်အကျွံသုံးစွဲရမည်ဖြစ်လေရာ နတ်လူသားမျိုးနွယ် တာအိုအင်မော်တယ်ကို ရင်ဆိုင်ရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် တိကျင်းကို ယာယီအားဖြင့် လွှတ်ပေးလိုက်ရပေမည်။ နတ်လူသားမျိုးနွယ်များက ကျန်းလန်အတွက် ရောက်လာကြခြင်းဖြစ်သည်။ ထိုသူများအားလုံးကို သူ ရှင်းပစ်ရပေမည်။

လေထဲတွင် ပျံသန်းကာ သူ့အနားချဉ်းကပ်လာသည့် ချီဝေ့ကို မော့ကျန်းသုန့် လှမ်းကြည့်လိုက်သည်။

"ရောက်လာပြီဆိုမှတော့ တိုက်ကြရုံပေါ့"

ချီဝေ့ကလည်း မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်၏။

သူ၏ခန္ဓာကိုယ်ထက်တွင် ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာသည်။ ဤသည်မှာ နတ်လူသားမျိုးနွယ်များ၏ ကိုယ်ခွဲတစ်ထောင်တန်ခိုးစွမ်းအားပင် ဖြစ်သည်။ ထိုပညာက အခြားသောပညာများနှင့်မတူညီဘဲ ထူးခြားသောပညာရပ်တစ်ခု ဖြစ်သည်။

ချီဝေ့၏ကိုယ်ခွဲသည် သူ၏ မူလခန္ဓာကိုယ်နှင့် တစ်ထပ်တည်းဖြစ်နေပြီး ကွဲပြားမှုမရှိသည့်အလား ထင်မှတ်ရသည်။ ထိုတန်ခိုးစွမ်းအားသည် သာမန်ကိုယ်ခွဲပညာများနှင့်မတူညီပေ။ တာအိုတန်ခိုးစွမ်းအားများ အပြည့်အ၀ ပါဝင်နေသည်။

ချီဝေ့က တည်ကြည်လေးနက်စွာဖြင့်…

"ကျုပ်လည်း ဒီလိုပဲတွေးပါတယ် ၊ ခွန်လွန်တောင်နဲ့ ရန်သူတွေ မဖြစ်ချင်ပေမယ့် ကျုပ်တို့မှာ ရွေးချယ်စရာ မရှိလို့ပါ"

"ဟက်… ရယ်စရာပဲ"

မော့ကျန်းသုန့်က မထီမဲ့မြင်ရယ်မောရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။ သူ့ခန္ဓာကိုယ်မှ လျှပ်စီးတန်ခိုးစွမ်းအားများလည်း လင်းလက်လာ၏။

"စိတ်သဘောထားကျဉ်းမြောင်းတဲ့သူတွေကို ခွန်လွန်တောင်ရဲ့ရန်သူလို့တောင် မခေါ်ထိုက်ပါဘူး"

"မင်းက မောက်မာလှချည်လား"

ပြောရင်းဖြင့် ချီဝေ့က စတင်တိုက်ခိုက်လိုက်သည်။

"အခု မင်း တန်ခိုးစွမ်းအားတွေ လျော့နည်းနေပြီ ၊ ကျုပ် မင်းကို မသတ်နိုင်ဘူးဆိုရင်တောင်မှ မင်းအနေနဲ့ မင်းတပည့်ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်သလား"

ယခုအချိန် အခြားသောနတ်လူသားမျိုးနွယ် အင်မော်တယ်များက အောက်ဖက်တွင် ကျန်းလန်ကို စတင်ရှာဖွေနေကြပြီ ဖြစ်သည်။ သူတို့က ကျန်းလန်ကို တွေ့သည်နှင့် တွေ့ရာသချုႋင်းဓားမဆိုင်း သတ်ဖြပတ်ပစ်မည်ပင်။

"ဂျိမ်း…"

မိုးခြိမ်းသံကြီးတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

မော့ကျန်းသုန့်၏ တန်ခိုးစွမ်းအားက ချီဝေ့၏ ခန္ဓာကိုယ်ရှိရာသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။ တိတ်ဆိတ်နေသည့်တိုင် မော့ကျန်းသုန့်၏မျက်ဝန်းများတွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။

သူ့မျက်လုံးထဲတွင် ချီဝေ့သည်လည်း သေလူတစ်ယောက်သာ ဖြစ်သည်။

"ဘန်း"

ရုတ်တရက် အောက်ဖက်ရှိ မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။

မော့ကျန်းသုန့်နှင့် ချီဝေ့တို့ အောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ မြေပြင်ထက်တွင် မရဏလှံရှည်ကို ကိုင်ဆောင်ထားသည့် ကျန်းလန်ကို တွေ့မြင်လိုက်ရသည်။

ကျန်းလန်သည် နတ်လူသားမျိုးနွယ်များနှင့် စတင်ရင်ဆိုင်တွေ့နေပြီ ဖြစ်သည်။

ထိုမြင်ကွင်းကို တွေ့မြင်သည့်အခါ ချီဝေ့က မော့ကျန်းသုန့်ကို ချက်ချင်းဝင်ရောက်တိုက်ခိုက်လိုက်သည်။ မော့ကျန်းသုန့် ကျန်းလန်ကို သွားရောက်ကူညီမည်ကို သူ မလိုလားပေ။

မော့ကျန်းသုန့်ကို တားဆီးထားနိုင်သရွေ့ ကျန်းလန်ကို အသေသတ်နိုင်မည် ဖြစ်သည်။ အရာအားလုံးက မျှော်လင့်ထားသည်ထက်ပိုပြီး အဆင်ချောသွားပေမည်။

မော့ကျန်းသုန့်က ချီဝေ့ကို အလျှင်စလို တိုက်ခိုက်ခြင်း မရှိပေ။ သူက ခံစစ်တိုက်ခိုက်ရင်း အခွင့်အရေးကို စောင့်နေလေသည်။

***

ကျန်းလန်က လှံရှည်ကိုကိုင်ထားရင်း ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ချဉ်းကပ်လာသည့် နတ်လူသားမျိုးနွယ်များထဲတွင် မိုးကောင်းကင်အင်မော်တယ် ၊ အစစ်အမှန်အင်မော်တယ်များအပြင် တာ့လော်အင်မော်တယ်တစ်ယောက်ပင် ပါရှိသည်။

"သူတို့အုပ်စုက နတ်မိစ္ဆာတွေလောက် မပြင်းထန်ပေမယ့် လျှို့ဝှက်ချက်တွေ ရှိနိုင်တယ် ၊ ငါ သူတို့ကို လျှော့တွက်လို့ မရဘူး"

ကျန်းလန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

အသေးစိတ်မတွေ့မြင်ရသော်လည်း ကောင်းကင်ထက်တွင် တာအိုအင်မော်တယ် (၂)ယောက် ရှိနေသည်။ ဆရာဖြစ်သူနှင့် နတ်လူသားမျိုးနွယ် တာအိုအင်မော်တယ် ဖြစ်၏။

နတ်မိစ္ဆာမျိုးနွယ်တိကျင်းကိုတော့မတွေ့ရတော့ပေ။ လွတ်မြောက်သွားပြီလား ၊ ဆရာဖြစ်သူက သတ်ဖြတ်လိုက်သည်လား မသိရပေ။

ဆရာဖြစ်သူသည် တာအိုအင်မော်တယ် (၃)ယောက်ကို တစ်ဆက်တည်း တိုက်ခိုက်နိုင်ခဲ့သည်။ ဆရာဖြစ်သူကို အမီလိုက်ရန် ကျန်းလန် အချိန်ယူရဦးမည်ဟု ခံစားမိသည်။ သို့သော် အလျှင်လိုစရာလည်း မရှိလေရာ အေးအေးဆေးဆေး ကြိုးစားနိုင်ပေသည်။

ယခုတော့ နတ်လူသားမျိုးနွယ်များကို အရင်ဆုံး ရှင်းပစ်ရပေမည်။

သူက လက်ထဲတွင် မရလှံရှည်ကိုကိုင်လျှင် အနီးဆုံးတွင်ရှိနေသည့် နတ်လူသားမျိုးနွယ်ကို စတင်တိုက်ခိုက်လိုက်သည်။ တာ့လော်အင်မော်တယ်တစ်ယောက်က အနည်းငယ် အလှမ်းဝေးနေသောကြောင့် တိုက်ခိုက်ရန် မဖြစ်နိုင်သေးပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလန်က မိုးကောင်းကင်အင်မော်တယ် နတ်လူသားမျိုးနွယ်ရှေ့သို့ ရောက်ရှိလာသည်။ ကျန်းလန်က လျှင်မြန်လွန်းသည့်အတွက် ရန်သူက ထိတ်လန့်သွားကာ ချက်ချင်းပင် ကိုယ်ခွဲတစ်ထောင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

သူက အကြင်နာကင်းမဲ့သူတစ်ယောက်ဖြစ်လေရာ ကျန်းလန်ကို အလျှင်အမြန်ပင် တိုက်ခိုက်လိုက်သည်။ ကျန်းလန်ကိုသာ သတ်ဖြတ်နိုင်မည်ဆိုလျှင် သေချာပေါက် ဆုလာဘ်များ ရရှိမည် ဖြစ်၏။

သို့ပေသိ ကျန်းလန်အနားသို့ရောက်လာချိန်တွင် သူ၏ တန်ခိုးစွမ်းအားများ ထုတ်ဖော်နိုင်ခြင်း မရှိတော့ပေ။ ကျန်းလန်က သူ့ကို မတိုက်ခိုက်တော့ဘဲ တိုက်ရိုက်ပင် ဖြတ်ကျော်သွားသည်။

မိုးကောင်းကင်အင်မော်တယ် နတ်လူသားမျိုးနွယ် အူကြောင်ကြောင်ဖြစ်သွားသည်။

တစ်ဖက်လူက သူ့ကို အဘယ့်ကြောင့် ဖြတ်ကျော်သွားရသည်လဲ ၊ သူ့ကို အရေးမစိုက်ခြင်းလေလား။

သူ လှည့်ကြည့်ရန်ဟန်ပြင်လိုက်စဉ် ဘာကြောင့်မှန်းမသိ သူ့အမြင်အာရုံများဝေဝါးသွားကာ လဲကျအသက်ပျောက်သွားလေတော့သည်။

"ဘုန်း"

နောက်ဆုံးအချိန်ထိ ဘာဖြစ်ခဲ့ကြောင်း သိမသွားခဲ့သလို နာကျင်မှုကိုလည်း မခံစားခဲ့ရပေ။

ကျန်းလန်က ထို မိုးကောင်းကင်အင်မော်တယ်ကို စိတ်မဝင်စားပေ။ သူ လက်သီးတစ်ချက်ထိုးနှက်လိုက်သည်နှင့် ထိုသူက သွေးမှုံများအဖြစ် ပြောင်းလဲသွားခဲ့ပြီ မဟုတ်ပါလား။

ဤနည်းအားဖြင့် နတ်လူသားမျိုးနွယ်များအားလုံးကို သတ်ဖြတ်ပစ်ရပေလိမ့်မည်။ ကျန်းလန်၏ ဝိညာဉ်စွမ်းအားများ အဆက်မပြတ်မြင့်တက်လာသည်။

တစ်ယောက်ကိုသတ်ဖြတ်ပြီးနောက် နောက်တစ်ယောက်ရှေ့သို့ ကျန်းလန် ရောက်ရှိလာသည်။ ထို့နောက် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုပြီး မရဏလှံရှည်ကို ဝှေ့ယမ်းကာ နတ်လူသားမျိုးနွယ်များကြား လှည့်ပတ်သွားသည်။

သူ့ပုံရိပ်က နေရာတိုင်းသို့ ပျံ့နှံ့သွားပြီး သူပေါ်လာတိုင်း နတ်လူသားမျိုးနွယ်တစ်ယောက် ပေါက်ကွဲထွက်သွားပြီး သွေးမှုံများအဖြစ် ပေါက်ကွဲထွက်သွားသည်ပဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျန်းလန်သည် လူသားအင်မော်တယ်တစ်ယောက် မဟုတ်ကြောင်း သူတို့အားလုံး သိရှိခဲ့ရသည်။ ကျန်းလန်သည်ကား မိုးကောင်းကင်အင်မော်တယ်အဆင့်၏ အထက်တွင် ရှိနေသည်။

သို့သော် အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ကျန်းလန်က အဆမတန် လျှင်မြန်လွန်းသည့်အတွက် သူတို့အတွက် အသက်ရှင်သန်ရန် အခွင့်အရေး မရနိုင်တော့ပေ။

တစ်ဖက်လူက သူတို့အားလုံးကို အကြင်နာကင်းမဲ့စွာ သတ်ဖြတ်မည့်ဟန်ပင်။

တာ့လော်အင်မော်တယ် မြောက်ချီက တိုက်ပွဲအခြေအနေကိုကြည့်ရင်း တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။ သူမ၏ လျှို့ဝှက်တန်ခိုးစွမ်းအားများကိုပင် အသုံးပြုတိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

သို့သော်…

သူမ မတိုက်ခိုက်နိုင်ခင်မှာပင် ကျန်းလန်က သူမရှေ့သို့ ရောက်လာခဲ့သည်။

သူက မရဏလှံရှည်ကို ဝှေ့ယမ်းလိုက်သည်။

"ဝှစ်…"

လှံရှည်က မြောက်ချီထံသို့ ဖြတ်သန်းဝင်ရောက်လာပြီး လက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်ရာ သွေးများ ဖြာခနဲ စီးဆင်းကျလာသည်။

သူမ၏ ကိုယ်ခွဲတစ်ထောင်တန်ခိုးစွမ်းအား အက်ကွဲပျက်စီးသွားပြီး သူမ၏ လျှို့ဝှက်တန်ခိုးစွမ်းအားသည်လည်း ပျက်စီးသွားသည်။

အနက်ရောင်လှံရှည်က သူမ၏ ဝမ်းဗိုက်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည်။

ကျန်းလန်က ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် လျှင်မြန်လွန်းသည်။ သူ သေရတော့မည်ဟု မြောက်ချီ ခံစားနေရသည်။

"ရှင်… ရှင်က… တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်လား"

ဤသို့သော တန်ခိုးစွမ်းအားမျိုးက  တာ့လော်အင်မော်တယ် ၊ အလယ်ဆင့် ပိုင်ဆိုင်ရမည့် တန်ခိုးစွမ်းအားမျိုး မဟုတ်ပေ။ အလွန်ပင် လျှင်မြန်လွန်းလှသည်။

သူမက တာ့လော်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း လျှို့ဝှက်တန်ခိုးစွမ်းအားကို အသုံးပြုပြီးသည့်နောက် သူမက တာ့လော်အင်မော်တယ် ၊ အလယ်ဆင့် တန်ခိုးစွမ်းာအးကို ပိုင်ဆိုင်ခဲ့သည်။ သူမ၏ ရွှေခန္ဓာတန်ခိုးစွမ်းအားသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။

သို့သော်…

တစ်ဖက်လူက သူမကို လျှင်လျှင်မြန်မြန်ပင် သတ်ဖြတ်ပစ်ခဲ့သည်။

သူမ တုံ့ပြန်တိုက်ခိုက်ရန်ပင် အချိန်မရခဲ့ပေ။

သို့ဖြစ်ရာ တစ်ဖက်လူက တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မဟုတ်လျှင် မည်သည့်အဆင့် ဖြစ်မည်နည်း။  ပြီးတော့ တစ်ဖက်လူက အဘယ့်ကြောင့် ဤမျှ အစွမ်းထက်နေရပါသနည်း။

သူက ခံစားချက်များအားလုံးကို ဖြတ်တောက်နိုင်ခဲ့ပြီလား။ ဖြစ်ကောင်းဖြစ်နိုင်လေသည်။

ကျန်းလန်က မြောက်ချီ၏မေးခွန်းကို မဖြေခဲ့ပေ။ သူက နတ်လူသားမျိုးနွယ်များအားလုံးကို တစ်ယောက်မကျန် သတ်ဖြတ်ပစ်ချင်နေသည်။

သူက မြောက်ချီကို လှံရှည်ဖြင့် ထိုးစိုက်ချခါနီးတွင် အနောက်ဘက်မှ တိုက်ခိုက်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။

လက်သီးတစ်ချက် သူ့ထံဝင်ရောက်လာသည်။

ထိုသူက မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသူတစ်ယောက်ဖြစ်သည်။

သို့ပေသိ ထိုသူ ကျန်းလန်ကို ဝင်ရောက်တိုက်ခိုက်လာသည်က မူမမှန်သည့် ကိစ္စပင်။

မည်သို့ပင်ဆိုစေကာမူ ကျန်းလန်က ရန်သူကို လျှော့တွက်တတ်သူ မဟုတ်ပေ။

သူက နွားရိုင်းကိုးကောင်စွမ်းအားကို အမြင့်ဆုံးအဆင့်ထုတ်ဖော်လိုက်ပြီး အန္တရယ်ကိုးသွယ်စွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြည့်နက်သွားသည်။

ထို့နောက် မိုးကောင်းကင်အင်မော်တယ်ကို လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။

"ဘန်း"

လက်သီးချင်း ထိခတ်မိသည်နှင့် ပြင်းထန်လှသောစွမ်းအားတစ်ခုက ရွှီခနဲထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသည်။

ရန်သူက နောက်သို့ ဆုတ်သွားပြီး ကျန်းလန်သည်လည်း ခပ်လှမ်းလှမ်းသို့ ဆုတ်သွားရသည်။

ထိုသူက မိုးကောင်းကင်အင်မော်တယ် တစ်ယောက် မဟုတ်ပေ။

ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသူ ဖြစ်သည်။

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်။

ကျန်းလန်စိတ်ထဲ အန္တရယ်သတိပေးသံများ လင်းထိန်သွားသည်။

သူက ချက်ချင်းပင် မရဏလှံရှည်ဖြင့် မြောက်ချီကို ထိုးစိုက်ချလိုက်သည်။

သူမ၏ခန္ဓာကိုယ်အက်ကွဲသွားပြီး သွေးမှုံများအဖြစ် ပေါက်ကွဲထွက်သွားသည်။

မြောက်ချီကို အပြတ်ရှင်းပြီးသည်နှင့် ကျန်းလန်က တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူဆီ လျှောက်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် ရန်သူကလည်း သူ့ထံသို့ ဝင်ရောက်လာလေ၏။

တစ်ဖက်လူကို အနိုင်ယူရန် မလွယ်ကြောင်း ကျန်းလန် သိလိုက်သည်။

သို့ပေသိ…

ဖန်ဆင်းခြင်းသစ်ပင်မှ သိရှိနားလည်ခဲ့ရသည့်အရာများကြောင့် ကျန်းလန်သည်လည်း တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ ရောက်ရှိရန် အချိန်နီးကပ်နေပြီ ဖြစ်သည်။

"ဒီကောင်ကို ငါ အနိုင်မယူနိုင်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး ၊ ပြီးတော့ အရံအစီအစဉ်တွေလည်း လုပ်ထားသေးတာပဲ"

ကျန်းလန် တွေလိုက်သည်။

ထို့နောက် နွားရိုင်းကိုးကောင်စွမ်းအား မြင့်တက်လာပြီး အန္တရယ်ကိုးသွယ်စွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဖုံးလွှမ်းသွားသည်။

ကျန်းလန် ရန်သူကို အမှုန့်ချေပစ်ချင်သည်။

လက်သီးတစ်ချက်နှင့်မသေလျှင် လက်သီးဆယ်ချက် ၊ ဆယ်ချက်နှင့်မသေလျှင် လက်သီးချက်တစ်ရာ။

ရန်သူ သေသည်အထိ သူ ထိုးနှက်မည် ဖြစ်သည်။

"ဘုန်း"

တိုက်ပွဲကြီးတစ်ခု စတင်ခဲ့ပြီ ဖြစ်လေ၏။

ရန်သူ၏ ပုံစံမည်သို့ရှိသည်ကိုပင် ကျန်းလန် မသိရသော်လည်း အရေးမကြီးပေ။ ထိုသူကို သတ်ဖြတ်ပစ်ရန် အရေးကြီးလေသည်။

***

ကောင်းကင်အမြင့်ထက်တွင်…

ချီဝေ့နှင့် မော့ကျန်းသုန့် ဆက်လက်တိုက်ခိုက်လျှက် ရှိသည်။ ချီဝေ့က တိုက်ခိုက်နေပြီး မော့ကျန်းသုန့်က အေးအေးဆေးဆေးပင် ခုခံနေခဲ့သည်။

မော့ကျန်းသုန့်ပုံစံက အေးဆေးနေသည့်အတွက် ချီဝေ့ စိတ်ပူပန်လာမိသည်။ ဤသည်က ပုံမှန်မဟုတ်ပေ။

"မော့ကျန်းသုန့်… မင်းရဲ့တပည့်အတွက် စိတ်မပူဘူးလား ၊ မင်း သူ့ကို စွန့်လွှတ်လိုက်ပြီလား"

"စွန့်လွှတ်တယ်… ၊ ကျုပ်က ဘာကို စွန့်လွှတ်ရမှာလဲ"

မော့ကျန်းသုန့်က ကောင်းကင်ထက်တွင် မတ်တတ်ရပ်နေရင်း မေးလိုက်သည်။

"ဒါဖြင့် မင်းတပည့်ကို ကျုပ်တို့ သတ်ပစ်မှာကို စိတ်မပူဘူးလား"

"စိတ်ပူရမယ်… အောက်လည်း ငုံ့ကြည့်လိုက်ပါဦး"

***

All Chapters