← Chapters

နတ်လူသားမျိုးနွယ်များကို သတ်ဖြတ်ခြင်း

Vol. 35 Ch. 484

နတ်လူသားမျိုးနွယ်များကို သတ်ဖြတ်ခြင်း

Vol. 35 Ch. 484

မော့ကျန်းသုန့်၏စကားကိုကြားသောအခါ ချီဝေ့ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ထိုစကားက ဘာကိုဆိုလိုကြောင်း ရုတ်တရက် သူ နားမလည်နိုင် ဖြစ်သွားသည်။

ဘာများ ဖြစ်နေပါသနည်း။

သူ ခေါ်လာသည့်အုပ်စုက မည်သည့်အခါမှ ရှုံးနိမ့်ခဲ့ဖူးခြင်းမရှိသည့် အုပ်စု ဖြစ်သည်။ ထို့ပြင် သူတို့အားလုံးက ကျင့်ကြံခြင်းအဆင့်များကို အနည်းနှင့်အများ ဖုံးကွယ်ထားသူများ ဖြစ်ကြသည်။

အတွေးများစွာနှင့်အတူ ချီဝေ့ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့စိတ်သည်လည်း တုန်လှုပ်လျှက် ရှိ၏။

တောအုပ်ထဲတွင် သွေးမှုံများ ပျံ့လွင့်နေသည်ကို တွေ့လိုက်ရသည်။ ထိုသွေးမှုံများမှာ နတ်လူသားမျိုးနွယ်များထံမှ တစ်စုတစ်စည်းထဲ ထွက်ပေါ်နေခြင်း ဖြစ်သည်။

သွေးမှုံများအလယ်တွင်တော့ မတ်တတ်ရပ်နေသည့် လူ (၂)ယောက်ကို တွေ့မြင်ရသည်။ တောရိုင်ကန္တာရအလယ်တွင် လူ (၂)ယောက်သာ ရှိနေတော့သည်။ ကျန်လူများအားလုံးမှာ အသတ်ခံလိုက်ရပြီ ဖြစ်သည်။

ထိုသူ (၂)ယောက်မှာ သူတို့နတ်လူသားမျိုးနွယ်မှ တာ့လော်အင်မော်တယ်နှင့် နဝမတောင်ထွတ်မှ ကျန်းလန် ဖြစ်၏။ ဤသည်က တာ့လော်အင်မော်တယ်များအကြား တိုက်ပွဲဖြစ်သည်။

နဝမတောင်ထွတ်မှတပည့်က နတ်လူသားမျိုးနွယ်မှ တာ့လော်အင်မော်တယ်အဆင့်ကိုပင် ကောင်းကောင်းယှဉ်နိုင်သည့် အားသာချက်ရှိသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ သူ ခွန်လွန်တောင်ကို ဝင်တာ နှစ်ပေါင်း (၇၀၀)လောက်ပဲ ရှိသေးတာ ၊ ဘယ်လိုလုပ် တာ့လော်အင်မော်တယ် ဖြစ်လာရတာလဲ"

ချီဝေ့ ရေရွတ်လိုက်သည်။

သူ့စိတ်အစဉ်သည် တုန်လှုပ်နေပြီး ထိုအချက်ကို မည်သည့်နည်းနှင့်မှ လက်မခံနိုင်ခဲ့ပေ။ သူ့အဖွဲ့တည်းတွင် တာ့လော်အင်မော်တယ်တစ်ယောက်ပါရှိသည်နှင့် နဝမတောင်ထွတ်မှတပည့်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

ယခုတော သူ မှားယွင်းသွားခဲ့လေပြီ။

အထူးသဖြင့် တစ်ဖက်လူက သူ့လူများအားလုံးကို သွေးမှုံများအဖြစ် ပြောင်းလဲပစ်နေသည်ကို တွေ့မြင်လိုက်ရသည့်အခါ…။

ဘာကြောင့် ဤသို့ဖြစ်ရသည်လဲ။

နဝမတောင်ထွတ်မှတပည့်က ခံစားချက်တွေအားလုံး ပျောက်ဆုံးသွားခဲ့ပြီလား။

ချီဝေ့တစ်ယောက် တွေးရင်းဖြင့် အဖြေမရခဲ့ပေ။ သို့ပေသိ သူ စိတ်တုန်လှုပ်လျှက် အတွေးလွန်နေစဉ်မှာပင် မော့ကျန်းသုန့်၏။ လျှပ်စီးတန်ခိုးစွမ်းအားများက သူ့ထံဝင်ရောက်လာသည်။

သေစမ်း။

ချီဝေ့ တုန်လှုပ်သွားပြီး အတွေးမျာကို ရပ်တန့်ကာ မော့ကျန်းသုန့်ကို တိုက်ခိုက်လိုက်သည်။ သူ မော့ကျန်းသုန့်ကို သတ်ဖြတ်နိုင်မည်ဆိုလျှင် အောက်သို့ဆင်းသွားပြီး ကျန်းလန်ကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

"ဘုန်း"

မော့ကျန်းသုန့်၏ တိုက်ခိုက်မှုက သူ့ထံသို့ ဖြတ်သန်းဝင်ရောက်လာပြီး ပြင်းထန်လှသည့် တန်ခိုးစွမ်းအားတစ်ခုက နောက်မှ လိုက်ပါလာသည်။

ချီဝေ့မျက်မှောင်တစ်ချက်ကြုတ်လိုက်၏။ သို့သော် ပင်ပန်းနေသည့် မော့ကျန်းသုန့်နှင့်ယှဉ်လျှင် သူ့ဘက်မှ အသာစီးရနေဆဲ ဖြစ်သည်။

ကျန်းလန်ကတော့ နတ်လူသားမျိုးနွယ်ဘက်မှ တာ့လော်အင်မော်တယ်နှင့် အချိန်အတန်ကြာ တိုက်ခိုက်နေခဲ့သည်။ တန်ခိုးစွမ်းအားများ အဆက်မပြတ် ရိုက်ခတ်မိနေပြီး မည်သူမှ မန္တန်စွမ်းအားအသုံးမပြုကြဘဲ လက်သီးချင်း ယှဉ်ပြိုင်တိုက်ခိုက်နေကြခြင်းဖြစ်၏။

သူတို့ခြေထောက်အောက်မှ မြေပြင်များ အက်ကွဲသွားပြီး သူတို့ဘေးမှ တောင်မြင့်ကြီးများ ပြိုကျကုန်သည်။ တန်ခိုးစွမ်းအားက မုန်တိုင်းတစ်ခုပမာ ဖြစ်သည်။

သူတို့ ပုံရိပ်များက မြေပြင်ထက်တွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး စွမ်းအားလှိုင်းလုံးကြီးများက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါလျှက် ရှိသည်။

ထိုအချိန် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုက ဗလာနယ်ကို ထိုးခွင်းဝင်ရောက်လာသည်။ ထိုအရာက ကျန်းလန်၏ လက်သီးချက်ပင် ဖြစ်သည်။

ထိုလက်သီးချက်မှ ဘေးအန္တရယ်ကပ်ဆိုးကြီးတစ်ခု၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။

"ဘုန်း"

ကျန်းလန်၏ လက်သီးချက်နှင့် နတ်လူသားမျိုးနွယ်၏လက်သီးချက်တို့ ထိပ်တိုက် ရိုက်ခတ်မိသွားသည်။

"ဟူး"

နတ်လူသားမျိုးနွယ်၏လက်မှ သွေးများစီးကျလာသည်။

သူ ရှုံးနိမ့်တော့မည်ကို သိရှိသည့်တိုင် နတ်လူသားမျိုးနွယ်က တိုက်ခိုက်ခြင်းကို မရပ်တန့်ခဲ့ပေ။ သူက ကျန်းလန်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။

"ဘုန်း"

"မင်းက တကယ့်ကို တန်ခိုးစွမ်းအား မြင့်မားလွန်းတာပဲ"

သူက တိုက်ခိုက်ရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

"ခံစားချက်ဖြတ်တောက်တဲ့ မဟာတာအိုကို မင်း မကျင့်ကြံခဲ့လို့ ကျုပ် ဝမ်းသာခဲ့ပေမယ့် အဲဒီကျင့်စဉ်ကို မကျင့်ကြံဘဲ ဒီလောက်တန်ခိုးစွမ်းအားမြင့်မားနေတာတော့ အံ့သြမိပါတယ်"

ထိုသူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားသည်ဟု ဆိုနိုင်သည်။

ကျန်းလန်ကို သတ်ဖြတ်ရန်အတွက် ချီဝေ့က တောင်းဆိုသည့်အခါ သူ့ကို တမင်သက်သက်အချန်ဖြုန်းခိုင်းခြင်းဖြစ်သည်ဟု ထင်မှတ်ခဲ့မိသည်။ ယခုလို ကျန်းလန်၏လက်တွင် သေရမည်ဟု ထင်မထားခဲ့ပေ။

ကျန်းလန်က မည်သည့်စကားမှ ပြန်မပြောပေ။

လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ထိုသူ၏ လက်မောင်းကို ထိုးစိုက်ဖြိုခွင်းလိုက်သည်။

"ဘန်း"

မကြာခင် ရန်သူကို သတ်ဖြတ်နိုင်တော့မည် ဖြစ်သည်။

သို့တိုင်အောင် နတ်လူသားမျိုးနွယ်က ဆက်လက်စကားပြောနေသေးသည်။ သူ သေရတော့မည်ကို သိရှိသည့်အတွက် စကားများများ ပြောချင်နေသည်လား မသိပေ။

"ကောင်းကင်ဧကရာဇ်ကျမ်းစာကိုသာ နားလည်သွားရင် မင်း အခုထက်ပိုပြီး တန်ခိုးစွမ်းအား မြင့်မားသွားမလားဆိုတာ သိချင်မိတယ်"

သူ့အသံက ကျယ်လောင်ခြင်းမရှိသော်လည်း ရှင်းရှင်းလင်းလင်း ကြားရသည်။

ကျန်းလန်က ထိုသူကို လက်သီးဖြင့် ထိုးနှက်ပစ်လိုက်သည်။

"ဘူး"

ဗလာနယ်ထဲမှ နွာရိုင်းအော်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ တောင်နှင့်မြစ်ရေများက ဧရာမနွားရိုင်းကြီး၏ ခြေထောက်အောက်တွင် ကွဲအက်သွားကာ လေထုသည်လည်း ပြိုကျပျက်စီးသွားသည်။

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ၏စိတ်ထဲတွင် တုန်လှုပ်မှုကို ခံစားရသည်။ သို့ပေသိ မျှော်လင့်ထားပြီးသား ဖြစ်သောကြောင့် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းတော့ မရှိခဲ့ပေ။

သူက ကျန်းလန်ကို ဆက်လက်တိုက်ခိုက်ရန် အပြင်းအထန် ကြိုးစားနေဆဲ ဖြစ်သည်။

"ဘုန်း"

"ဘန်း"

ကျန်းလန်၏လက်သီးမှ ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီးနောက် သူ၏လက်မောင်းက ချက်ချင်း အမှုံ့ဖြစ်သွားကာ အန္တရယ်ကိုးသွယ်စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး ရွှေခန္ဓာကိုပင် ပြိုကျသွားစေသည်။

"ဘုန်း"

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နေရာ အများစုက သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်။

"ဘန်း"

သူ့ခန္ဓာကိုယ် မြေပြင်ထက်သို့ လဲကျသွားသည်။

သူ၏တာအိုတန်ခိုးစွမ်းအားက ရှုံးနိမ့်သွားပြီး ရွှေခန္ဓာသည်လည်း ပြိုကျပျက်စီးသွားသည်။

သူ့စိတ်ထဲ နားလည်သွားသည်မှာ ကျန်းလန်၏ ရွှေခန္ဓာက သူ့ထက် အဆင့်နိမ့်သော်လည်း တာအိုကို နားလည်နိုင်စွမ်းက သူ့ကို လုံး၀ ကြေမွသွားစေခဲ့သည်။

နဝမတောင်ထွတ်မှတပည့်သည် တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ရန် အသင့်ဖြစ်နေခဲ့လေပြီ။ သူ ရှုံးနိမ့်ရသည်မှာ တရားမျှတာမှုရှိသည်ဟု မှတ်ယူနိုင်သည်ပင်။

ကျန်းလန်က သူ့ဘေးနားသို့ ရောက်လာသည်။

"ပညာရှိကျမ်းစာအကြောင်း ကြားဖူးလား"

ထိုစကားကိုကြားသည့်အခါ နတ်လူသားမျိုးနွယ်က ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အက်ကွဲနေပြီး အားနည်းသည်ထက် အားနည်းလာပြီ ဖြစ်သည်။

"မင်း အဲဒီကျင့်စဉ်ကို ကျင့်ကြံခဲ့တာလား"

"ကျုပ် အဲဒီကျမ်းစာကို ပိုင်ဆိုင်ထားတယ် ၊ ဒါပေမဲ့ မကျင့်ကြံခဲ့ဘူး"

ကျန်းလန်၏ လေသံက တိုးလျသော်လည်း အေးစက်လျှက် ရှိသည်။

"ဘာလို့ မကျင့်ကြံရတာလဲ"

"အဲဒါ ကျုပ်ရဲ့ တာအိုလမ်းစဉ် မဟုတ်ဘူး"

"ဒါပေမဲ့ မင်း တန်ခိုးစွမ်းအား ပိုပြီး မြင့်မားလာမှလေ"

"ဒါပေမဲ့ ကျုပ် ကျင့်ကြံမှာ မဟုတ်ဘူး"

ထို့နောက် ကျန်းလန်က တန်ခိုးစွမ်းအားများကို စုစည်းလိုက်သည်။

"ငရဲလမ်းက မှောင်နေပေမယ့် မင်းအတွက် အဖော်တွေ ရှိပါတယ် ၊ အထီးကျန်မှာ မဟုတ်ပါဘူး"

ပြောပြီးသည်နှင့် ကျန်းလန် ရန်သူကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဘန်း"

သွေးမှုံများနေရာအနှံ့ ပျံ့ကျဲသွားသည်။

ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ ရန်သူများအားလုံးကို သုတ်သင်ပြီးလေပြီ။

အခြေအနေက စိတ်ချရတော့မှ ကျန်းလန် မြေပြင်ထက် ထိုင်ချလိုက်သည်။ သူ၏ ရုပ်ခန္ဓာသည်လည်း ကန့်သတ်ချက်အတိုင်းအတာကို ရောက်ရှိသွားပြီး အလွန်ပင်ပန်းသွားပြီ ဖြစ်သည်။

တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ကျင့်ကြံသူက အစွမ်းထက်လွန်းလှသည်။  ထိုသူကို သတ်ဖြတ်ရခြင်းက ကျန်းလန်အတွက် မလွယ်ကူခဲ့ပေ။

ယခု အားလုံးကို သတ်ဖြတ်ပြီးနောက် ပြန်လည်အားပြည့်စေရန် အချိန်ကို အကောင်းဆုံး အသုံးချရပေမည်။

ကောင်းကင်ထက်မှ တိုက်ပွဲကတော့ သူ့အဆင့်နှင့် ပါဝင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဆရာဖြစ်သူသာလျှင် တာဝန်ယူပေလိမ့်မည်။

ကျန်းလန် ပြဒါးဆေးလုံးတစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်ပြီး အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။ ပတ်ဝန်းကျင်တွင် ပုံမှန်မဟုတ်သည့်အရာများ ဖြစ်လာလျှင် ထိုအစီအရင်က သူ့ကို အသိပေးပေလိမ့်မည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်က မြေကြီးအတွင်း တဖြည်းဖြည်း နစ်မြုပ်သွားသည်။ မြေပြင်ထက်တွင် ကျင့်ကြံနေခြင်းက သူ့အတွက် အန္တရယ်များလွန်းသည်။

မြေအောက်တွင် နေထိုင်ခြင်းသည်လည်း အန္တရယ်ကင်းနိုင်သည်ဟု မဆိုသာသော်လည်း သူ့ကို သက်သောင့်သက်သာ ခံစားရစေသည်။ ထို့ပြင် တာအိုအင်မော်တယ်များတိုက်ပွဲမှ တန်ခိုးစွမ်းအားများသည်လည်း သူ့ထံသို့ သက်ရောက်လာတော့မည် မဟုတ်ပေ။

ထို့ကြောင့် စိတ်ချလက်ချဖြင့် ပြန်လည်အားပြည့်လာသည်အထိ ကျင့်ကြံနိုင်မည် ဖြစ်သည်။ ပြီးလျှင် တိုက်ပွဲကြုံလာပါကလည်း ဆက်လက်တိုက်ခိုက်နိုင်မည် ဖြစ်၏။

***

အချိန်တစ်ခု ကြာပြီးနောက်…

ကျန်းလန် မျက်လုံးဖွင့်ကြည့်လိုက်သည်။

လျှပ်စီးများ ဖုံးလွှမ်းနေသည့် အမှောင်ထုတစ်ခုထဲတွင်ရောက်နေသည်ကို သတိပြုလိုက်မိသည်။ လျှပ်စီးကြောင်းများက ခရမ်းရောင်လျှပ်စီးများ ဖြစ်ကြသည်။

ဆရာဖြစ်သူက သူ့ကို ကာကွယ်ပေးထားဟန်ပင်။

"ဆရာ အနိုင်ရသွားပြီလား"

ကျန်းလန် တွေးလိုက်သည်။

ဆရာဖြစ်သူ အနိုင်ရသွားပြီဖြစ်ကြောင်း သူ အကြမ်းဖျင်း နားလည်လိုက်သည်။ မဟုတ်ပါက ဆရာဖြစ်သူက သူ့ကို ကာကွယ်ပေးထားနိုင်မည် မဟုတ်ပေ။

ဒဏ်ရာများ သက်သာသွားကြောင်း အတည်ပြုပြီးနောက် ကျန်းလန် မြေပြင်ထက်သို့ တက်လာခဲ့သည်။

မြေပြင်ထက်ရောက်သည်နှင့် ကောင်းကင်ကြီးက ပုံမှန်အတိုင်း ပြန်လည်ကြည်လင်နေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်သည်လည်း အပြောင်းအလဲ မရှိပေ။

ဆရာဖြစ်သူက မရဏလှံရှည်ကို လက်ထဲတွင်ကိုင်ထားရင် သူ့ကို စောင့်ရှောက်ပေးနေသည့်အလား ဘေးနားတွင် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

"မင်း သက်သာသွားပြီလား"

မော့ကျန်းသုန့်က ကျန်းလန်ကို မေးလိုက်ရင်း လက်ထဲမှ မရဏလှံရှည်ကို ကျန်းလန်ထံ ပစ်ပေးလိုက်သည်။

သို့သော် သူက အခြားမေးခွန်းများ မေးမြန်းခြင်း မရှိပေ။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်ကဲ့… တော်တော်သက်သာသွားပြီ"

နတ်လူသားမျိုးနွယ် တာအိုအင်မော်တယ် လွတ်မြောက်သွားသည်လား ၊ သေဆုံးသွားသည်လား ကျန်းလန် မသိရှိပေ။ သေဆုံးသွားဖို့က အခွင့်အရေးများသည်။

မော့ကျန်းသုန့်က ပြုံးလိုက်ရင်း…

"ဒါဖြင့် ပြန်ကြရအောင် ၊ ဒီတစ်ခေါက် လေ့ကျင့်ရေးခရီးစဉ်ကတော့ တော်တော်ကောင်းတယ်မလား"

ဒဏ်ရာရော အကျိုးအမြတ်ပါ ရရှိမှသာ တကယ့်ကျေနပ်ဖွယ်ရာ လေ့ကျင့်ရေးခရီးစဉ်ဟု မှတ်ယူနိုင်သည်။ မဟုတ်ပါက ရှုခင်းကြည့်ရင်း လမ်းလျှောက်ထွက်သည့် ခရီးစဉ်မျှသာ ဖြစ်ပေလိမ့်မည်။ ခရီးထွက်ရကျိုးနပ်မည် မဟုတ်ပေ။

ကျန်းလန်က ဆရာဖြစ်သူ၏စကားများကို မကန့်ကွက်ဘဲ ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်သည်။ ပတ်ဝန်းကျင်တွင် တာအိုအင်မော်တယ်များ မရှိတော့ဘဲ မရဏအငွေ့အသက်များလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဆရာဖြစ်သူက ငရဲတံခါးလမ်းခွဲကို ဖျက်စီးပိတ်ဆို့ပစ်လိုက်ဟန် ရှိသည်။

ဟုတ်ပေ၏။ ခွန်လွန်မှထွက်လာသည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်ရာ ယနေ့တော့ ပြန်ရန် အချိန်တန်ပေပြီ။

မော့ကျန်းသုန့်နှင့်ကျန်းလန် ကောင်ကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။

တစ်ချိန်တည်းမှာပင် တောရိုင်းကန္တာရဆီသို့ မဟာတာအို (၂)ခု ပျက်စီးကျဆင်းသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် ဧရိယာတစ်ခုလုံး လျှပ်စီးကြောင်းတစ်ခုက ဖုံးလွှမ်းသွားပြီး ချက်ချင်းပြန်လည်ပျောက်ကွယ်သွားသည်။

ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ခြင်းမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားသည်။ ဆရာဖြစ်သူက တာအိုအင်မော်တယ် (၂)ယောက်ကို သတ်ဖြတ်ပြီး တိုက်ပွဲသဲလွန်စများအားလုံးကို ဖျက်စီးပစ်ခဲ့သည်။

***

ကျန်းလန်နှင့် မော့ကျန်းသုန့် ထွက်ခွာသွားပြီး အတန်ကြာသည့်အခါ တောရိုင်းကန္တာရဆီသို့ တိကျင်း ပြန်ရောက်လာသည်။

ပျက်စီးသွားပြီဖြစ်သည့် မဟာတာအို (၂)ခုကို အာရုံခံမိသည့်အခါ တိကျင်း သက်ပြင်းချလိုက်သည်။

"မော့ကျန်းသုန့်ဟာ တိုက်ခိုက်ရလို့ တန်ခိုးစွမ်းအားလျော့နည်းနေချိန်မှာတောင် တာအိုအင်မော်တယ် (၂)ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ် ၊ တကယ် ကြောက်စရာကောင်းတယ်"

သူ တောရိုင်းကန္တရာတစ်ခွင်သို့ လှည့်ပတ်ကြည့်လိုက်သည်။

"ခွန်လွန်တောင်မှာ တစ်ယောက်ပဲ ရှိတာက ဘာမှ မဖြစ်ဘူး ၊ ဒါပေမဲ့ တစ်ယောက်ထက်ပိုလာပြီဆိုရင်တော့ တခြားသူတွေကိုလည်း ငါ သတိထားရတော့မယ်"

တိကျင်း ရေရွတ်လိုက်သည်။

ထို့နောက် အတွေးများကို ရပ်တန့်လိုက်ပြီး ငရဲတံခါးလမ်းခွဲကို ဖွင့်လှစ်ချိန်တွင် အသုံးပြုခဲ့သည့် ပစ္စည်းပစ္စယများ ပြန်ယူနိုင်ဦးမည်လားဟု လေ့လာလိုက်သည်။

သို့သော် လျှပ်စီးတစ်ချက်လက်ပြီး အရာအားလုံး ပျောက်ကွယ်သွားပြီဖြစ်သည့် တောရိုင်းကန္တရာကို ကြည့်ရင်း တိကျင်း အတော်လေး အံ့အားသင့်သွားရသည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ မော့ကျန်းသုန့် နတ်လူသားမျိုးနွယ်နဲ့ ဒီလောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာ ၊ ဒီ တောရိုင်းကန္တရာကြီးတစ်ခုလုံး ဘာမှမဖြစ်ဘဲ ကျန်ရစ်ခဲ့ရသလား ၊ သူက လျှို့ဝှက်ပညာတစ်ခု အသုံးပြုခဲ့တာလား ၊ တခြားအကြောင်းများ ရှိတာလား"

သံသယများနှင့်အတူ နောက်ကွယ်မှ အကြောင်းရင်းကို ရှာဖွေရန် ကြိုးစားလိုက်သည်။

သူက မကြာခင် ထူးဆန်းသည့် နေရာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ သူက အရမ်းကာရောမလုပ်ဘဲ ထိုနေရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။

ထိုနေရာက အလင်းစက်လေးတစ်ခု တောက်ပနေပြီး အလင်းစက်ထဲတွင် ထူးခြားသည့်အရောင်တစ်ခု တောက်ပနေသည်။

"ဟုတ်ပြီ…"

ထိုအချိန် အလင်းစက်လေးက ပေါက်ကွဲထွက်သွားသည်။

"ဘုန်း"

"ငါ လှည့်စားခံလိုက်ရပြီပဲ"

အလင်းစက်လေး ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သည့် ခရမ်းရောင်လျှပ်စီးကြောင်းများ ကောင်းကင်ထက်သို့ လွင့်ပျံသွားကာ ခရမ်းရောင်လျှပ်စီးနဂါးများအဖြစ်ပြောင်းလဲသွားသည်။

ထို့နောက်ပတ်ဝန်းကျင်တစ်ခုလုံးသို့ မိုးကြိုးမုန်တိုင်းများ ပစ်ချလိုက်တော့၏။

တိကျင်းမှာ ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ခရမ်းရောင်လျှပ်စီးနဂါးများအားလုံး၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

ထိုလျှပ်စီးနဂါးများက လောကကြီးတစ်ခုလုံးကို ဖျက်စီးပစ်ချင်ဟန် ရှိသည်။

တိကျင်းက စုရုံးနေသည့် လျှပ်စီးနဂါးများကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

"ခွန်လွန်တောင်က ပေါ့သေးသေး မဟုတ်ဘူးပဲ"

"ဘုန်း"

ခရမ်းရောင်လျှပ်စီးနဂါးများကြားတွင် တိကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ကွဲအက်ကြေမွသွားသည်။ ထို့နောက် လျှပ်စီးများ ဖြည်းဖြည်းချင်း ငြိမ်သက်သွား၏။

အချိန်ခဏကြာမှ တောရိုင်းကန္တရာထဲတွင် ကွဲကြေပျက်စီးသွားသည့် တိကျင်း၏ ခန္ဓာကိုယ်က တစ်ဖန်ပြန်လည်စုရုံးလာသည်။ ဤသည်က အသက်မသေစေရန် နောက်ဆုံးစီစဉ်ထားသည့် အရံအစီအစဉ်ပင် ဖြစ်သည်။

သို့ပေသိ သူ့မျက်နှာက ဖြူဖျော့နေပြီး ဒဏ်ရာအပြင်းအထံ ရထားဟန် ရှိသည်။

"မော့ကျန်းသုန့်ကတော့ ဒီလို ကလိန်ကျစ်အကြံအစည်တွေ အသုံးပြုတယ်လို့ တစ်ခါမှ မကြားဖူးဘူး ၊ ကြည့်ရတာ တစ်ယောက်ယောက်က သူ့ကို အကြံပေးလိုက်တာ ဖြစ်ရမယ်"

မည်သူက မော့ကျန်းသုန့်ကို အကြံပေးလိုက်သည်လဲ တိကျင်း မသိရှိပေ။

သူ ချက်ချင်းပင် တောရိုင်းကန္တာရထဲမှ ထွက်ခွာလာခဲ့သည်။

ဤနေရာတွင် နောက်ထပ်ထောင်ချောက်များ မော့ကျန်းသုန့် ချန်ထားဦးမည်လား မသေချာသော်လည်း မစွန့်စားဝံ့တော့ပေ။

ကန္တာရတစ်ခုလုံး လျှပ်စီးများ လင်းလက်တောက်ပလာသည်ကို သတိပြုမိသွားသည်နှင့် မော့ကျန်းသုန့်ကိုယ်တိုင် သူ့ကိုသတ်ဖြတ်ရန် ပြန်မလာဘူးဟု မဆိုနိုင်ပေ။

မော့ကျန်းသုန့်နှင့်သာ ထပ်မံရင်ဆိုင်ရလျှင် သူ မပြန်လမ်း မြန်းရမည်မှာ သေချာသည်။

နတ်လူသားမျိုးနွယ်များနှင့် မရဏလောကမှလူများ မော့ကျန်းသုန့်လက်ချက်ဖြင့် အသက်ပျောက်ကုန်ကြပြီ ဖြစ်သည်။ သူ့ကိုသတ်မည်ဆိုလျှင်လည်း မော့ကျန်းသုန့်အတွက် ကြီးမားသည့် အခက်အခဲ ရှိမည် မဟုတ်ပေ။

သို့ဖြစ်ရာ သူကတော့ သူ့ကိုယ်သူ သေလမ်းမပို့နိုင်ပေ။

ပြီးတော့ ယခုတစ်ခေါက် သူ အကျိုးအမြတ်လည်း ရရှိခဲ့သည်ပင်။

တိကျင်း၏လက်ထဲတွင် မရဏအငွေ့အသက်များထွက်ပေါ်နေသည့် ပုလဲတစ်လုံး ပေါ်လာသည်။ ထိုပုလဲကိုကြည့်ရင်း သူ့မျက်ဝန်းများက တောက်ပလာကြသည်။

သူက အဆုံးသတ်အောင်နိုင်သူတစ်ယောက် မဟုတ်ခဲ့ပေ။ သို့ပေသိ အရှုံးကြီး ရှုံးသွားကြသူများကတော့ မရဏလောကမှပုဂ္ဂိုလ်များနှင့် နတ်လူသားမျိုးနွယ်များသာ ဖြစ်သည်။

***

မော့ကျန်းသုန့်နှင့်အတူ ပျံသန်းထွက်ခွာလာသည့် ကျန်းလန်သည် သူ့အနောက်ဘက်မှ လျှပ်စီးတန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်သွားသည်ကို ခံဏားလိုက်ရသည်။

တောရိုင်းကန္တရာထဲတွင် တစ်စုံတစ်ယောက် ရှိနေဟန်ပင်။

ဤသည်က ကောင်းသည့်အချက် မဟုတ်ပေ။

မော့ကျန်းသုန့်က...

"နတ်မိစ္ဆာမျိုးနွယ်က တိကျင်းဆိုတဲ့သူဟာ တန်ခိုးစွမ်းအားသိပ်မရှိပေမယ့် အရမ်းဉာဏ်နီဉာဏ်နက်များတယ် ၊ သူက အရမ်းအန္တရယ်ရှိတယ်"

နောက်ထပ်နှစ်အနည်းငယ်ဆိုလျှင် ကျန်းလန်၏ ရန်သူများသည် တာ့လော်အင်မော်တယ်များ မဟုတ်နိုင်ကြတော့ပေ။

သူ၏ရန်သူများသည် ပျက်သုဉ်းတစ်စပြင်လောကကြီး၏ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များဖြစ်သော တာအိုအင်မော်တယ်များ ဖြစ်လာကြပေလိမ့်မည်။

ထိုအချိန်က မဝေးတော့သည့်အနာဂတ်တွင် ရောက်ရှိလာတော့မည် ဖြစ်သည်။

ကျန်းလန်က တိကျင်းအကြောင်းကြားလိုက်သည်နှင့် သူကြုံတွေ့ခဲ့ရသည်များကို သတိရသွားသည်။

ထို့နောက် တောရိုင်းကန္တာရအောက်ဖက်တွင် ဖြစ်ပျက်ခဲ့သည်များကို ဆရာဖြစ်သူကို ပြောပြလိုက်၏။

"ဆရာ... ကန္တာရမြေအောက်မှာ နေရာတစ်ခု ရှာတွေ့ခဲ့တယ်"

မော့ကျန်းသုန့်က "ဘာများလဲ" ဟု မေးမြန်းဟန်ဖြင့် ကျန်းလန်ကို ကြည့်လိုက်သည်။

"အဲဒီနေရာကို သစ်ပင်ရှေ့ရွာလို့ခေါ်တယ် ၊ သူတို့ပြောပြချက်အရ အဲဒီနေရာက ရှေးဟောင်းဧကရာဇ်နန်းတော်နဲ့ ဆက်စပ်နေတယ် ၊ သူတို့ရါာမှာ ဖန်ဆင်းခြင်းသစ်ပင်တစ်ပင်လည်း ရှိနေတယ်"

ကျန်းလန် က အကြမ်းဖျင်းရှင်းပြသည်။

ထိုဇာတ်လမ်းက ယုံချင်စရာမကောင်းသည့် တစ်ဖက်သတ်ဇာတ်လ်းတစ်ပုဒ်နှင့် ဆင်တူသည်။

သူ့စကားကို ကြားသည့်အခါ မော့ကျန်းသုန့် ခဏမျှတိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော် သူ အသေးစိတ်အချက်အလက်များကို မမေးမြန်းခဲ့ပေ။

သူက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း...

"မင်းအစစ်အမှန်အင်မော်တယ် ဖြစ်လာရင် ပထမတောင်ထွတ်ကို စေလွှတ်မယ် ၊ အဲဒီကို သွားပြီး အမြင်ကျယ်လာအောင် လေ့လာသင်ယူပါ"

ပထမတောင်ထွတ်သည် ကောင်းကင်ဘုံတံခါးတည်ရှိရာနေရာဖြစ်သည်။

"ဆရာက ငါ့ကို ဒီကိစ္စတွေကို ပိုပြီး နားလည်စေချင်တာလား"

ကျန်းလန် တွေးလိုက်သည်။

သူက နတ်ဘုရားရာထူးကို ပိုင်ဆိုင်ထားသည့်အတွက် အကြောင်းအရာအတော်များများကို ပိုမိုသိရှိနိုင်စွမ်း ရှိသည်။

သို့သော် ရရှိထားသည့် နတ်ဘုရားရာထူးနှင့်ပတ်သက်ပြီး မသိသေးသည်များ အများမပြားရှိသည်။

ထို့ကြောင့် ကောင်းကင်ဘုံတံခါးသို့ သွားရောက်နိုင်မည်ဆိုလျှင် သူ ပိုပြီး သင်ယူနိုင်မည် ဖြစ်၏။

သူလုပ်ရမယ့် တစ်ခုတည်းသောအရာက သူ့အကြောင်းပေါ်မသွားစေရန်သာ ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်ဖြစ်မှ သွားနိုင်မည့်အချက်ကိုတော့ ယေဘူယျ သူနားလည်ထားသည်။

အများအမြင်တွင် အစစ်အမှန်အင်မော်တယ် ဖြစ်လာသည့်တစ်နေ့ရောက်မှ ပထမတောင်ထွတ်သို့ သွားရောက်ခြင်းက သူ့အတွက် အသင့်တော်ဆုံးပင် ဖြစ်၏။

ကျန်းလန်၏ လက်ရှိကျင့်ကြံခြင်းအအဆင့်မှာ လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့်ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း လူသားအင်မော်တယ် ၊ အောင်မြင်သည့်အဆင့် ရောက်ရှိမည် ဖြစ်သည်။

နှစ်ပေါင်းတစ်ရာခန့်ကြာလျှင် အစစ်အမှန်အင်မော်တယ် ဖြစ်လာပေလိမ့်မည်။

သူ့အနေဖြင့် အချိန်အတော်ကြာအောင် စောင့်ရဦးမည့်ပုံပင်။

သို့ရာတွင် အလျှင်လိုစရာမရှိပေ။ စောင့်ဆိုင်းရမည့် နှစ်များအတွင်း ကျင့်ကြံခြင်းအဆင့်တက်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။

နှစ်ပေါင်း (၁၀၀)အတွင်း တာအိုအင်မော်တယ် ဖြစ်လာနိုင်မည်လားဆိုသည်ကတော့ မသေချာလှပေ။

ဖန်ဆင်းခြင်းသစ်ပင်ကြောင့် သူ၏ တာအိုလမ်းစဉ်က ပိုမိုကျယ်ပြန့်လာခဲ့သည်။

ယခင်က အဆင့်တက်ရန် ဆယ်စုနှစ်အနည်းငယ် အချိန်ယူရမည် ဖြစ်သော်လည်း ယခုတော့ ပိုမိုမြန်ဆန်လာပြီ ဖြစ်သည်။

နောက်ပိုင်းအဆင့်များက ပို၍ပင် မြန်ဆန်ပေဦးမည်။

ကျန်းလန်က မော့ကျန်းသုန့်ကို ဦးညွှတ်လိုက်ရင်း...

"ကျေးဇူးအများကြီးတင်ပါတယ် ဆရာ"

ထို့နောက် သူတို့ မည်သည့်စကားမှ မဆိုကြတော့ဘဲ ခွန်လွန်တောင်သို့ ဆက်လက်ခရီးနှင်လာခဲ့ကြသည်။

ခရီးက အချိန် (၁)လကျော်ခန့် သွားရောက်ရမည် ဖြစ်၏။

***

ရက်ပေါင်းအတန်ကြာပြီးသည့်နောက်...

ဆရာတပည့် (၂)ယောက် ခွန်လွန်တောင်သို့ ပြန်ရောက်လာကြသည်။

မော့ကျန်းသုန့်က နဝမတောင်ထွတ်သို့ ပြန်သွားချိန် ကျန်းလန်ကတော့ လုန်မန်ကို သွားရှာမည်ဟု အကြောင်းပြကာ သေရည်ဆိုင်သို့ ထွက်လာခဲ့သည်။

အမှန်တော့ အဋ္ဌမမင်းမင်းသားကို တွေ့လိုခြင်း မရှိပေ။ သူက နာမ်ဝိညာဉ်သေရည်ဆိုင်ထဲသို့ဝင်ရောက်ကာ လေ့လာလိုခြင်း ဖြစ်သည်။

ဖန်ဆင်းခြင်းသစ်ပင်ထံမှ တာအိုတရားကို နားလည်ခဲ့ပြီးသည့်နောက် ထိုတာအိုကို အသုံးချကာ နာမ်ဝိညာဉ်သေရည်ဆိုင်ကို နားလည်သဘောပေါက်လာနိုင်သည်ဟု ရုတ်တရက် သူ ခံစားခဲ့ရသည်။

သေရည်ဆိုင်ပိုင်ရှင်၏ နာမ်ဝိညာဉ်ရောင်ပြန်ပညာနှင့် ဖန်ဆင်းခြင်းသစ်ပင်၏ တာအိုတရား ပေါင်းစပ်လိုက်လျှင် ထူးခြားသည့် မဟာတာအိုလမ်းစဉ်တစ်ခု ထွက်ပေါ်လာနိုင်သည်။

ကျန်းလန်က ထိုအရာကို နားလည်အောင် ကြိုးစားချင်မိသည်။ သူ၏ တာအိုလမ်းစဉ်အတွက်လည်း အကျိုးရှိမည် ဖြစ်လေသည်။

သူက ကိုယ်ပိုင်တာအိုလမ်းစဉ်ကို လျှောက်လှမ်းနေပြီ ဖြစ်သော်လည်း ထိုကိုယ်ပိုင်တာအိုလမ်းစဉ် ပိုမိုခိုင်ခံ့စေရန် အသိအမြင်သစ်များရရှိရန် လိုအပ်သည်။

သူက ဒီအတိုင်း နာမ်ဝိညာဉ်သေရည်ဆိုင်ကို လေ့လာကြည့်မည်ဆိုလျှင် မည်သူမှလည်း သူ့ကို အာရုံစိုက်မိမည် မဟုတ်ပေ။

နေ့လည်ခင်းအချိန် ဖြစ်သောကြောင့် သေရည်ဆိုင်ရှင်အဘိုးအိုလည်း အပြင်မှ ပြန်မရောက်လောက်သေးပေ။

သူ့အတွက် အချိန်အနည်းငယ် ရရှိမည် ဖြစ်သည်။

သေရည်ဆိုင်ထဲဝင်လိုက်သည်နှင့် ကောင်တာတွင် မတ်တတ်ရပ်နေသည့် ဇာမဏီကောင်မလေးကို တွေ့လိုက်ရသည်။

ကောင်ငယ်လေးနှင့် လုန်မန်ကို မတွေ့ရဘဲ ထူးထူးခြားခြား လူသူကင်းမဲ့လျှက် ရှိသည်။

ဟုန်ယာက...

"အကောင်းစားသေရည်လိုချင်လို့လား ၊ ဆိုင်ရှင်အဘိုးက ညနေလောက်မှ ပြန်ရောက်မယ် ပြောတယ်"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဆိုင်ထောင့်တစ်နေရာတွင် ငြိမ်သက်စွာထိုင်ရင်း စောင့်ဆိုင်းနေလိုက်သည်။

နာမ်ဝိညာဉ်သေရည်ဆိုင်နှင့် ဆက်သွယ်ရန် ကြိုးစားရင်း သူ၏စိတ်က တဖြည်းဖြည်း တည်ငြိမ်လာသည်။

ယခုတစ်ကြိမ် နာမ်ဝိညာဉ်သေရည်ဆိုင်ကို လေ့လာရခြင်းက အရင်ကနှင့်မတူပေ။ အမြင်များ ပိုမိုရှင်းလင်းနေသလို ခံစားရသည်။

နာမ်ဝိညာဉ်ရောင်ပြန်ပညာတွင် သူ နားမလည်သည့်အရာများ အမှန်တကယ် ရှိနေဆဲပင် ဖြစ်သည်။

ထိုအရာများက ဗလာနယ်ဖွဲ့စည်းပုံနှင့် ဆက်စပ်နေသည်။

ယခုတစ်ကြိမ်မှာတော့ နာမ်ဝိညာဉ်သေရည်ဆိုင်က ထူးထူးခြားခြား တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ထိုအလင်းရောင်က ဗလာနယ်အလင်းရောင်ဖြစ်ပြီး အလွန်ရှုတ်ထွေးသလို လျှို့ဝှက်ဆန်းကျယ်လှသည်။

သို့ပေသိ ကျန်းလန်ကတော့ တစ်ချက်ကြည့်ရုံမျှဖြင့် နားလည်နိုင်စွမ်းရှိသည်။

ကောင်တယ်တွင် မတ်တတ်ရပ်နေသည့် ဟုန်ယာသည် သေရည်ဆိုင်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားကြောင်း ခံစားလိုက်ရသည်။

သို့သော် သူမ ထင်ယောင်ထင်မှား ခံစားနေရသည်လား ဝခွေဲမရ ဖြစ်နေရပြန်၏။

***

All Chapters