အခန်း (၂၀၁-၂၀၅)
Vol. 9 Ch. 201-205
အပိုင်း (၂၀၁) မြောင်ဟွာချန်
‘‘ ငိုးပဲ၊ အားလုံး ပြေးကြတော့ဟေ့ ’’ မြောင်မိသားစု၏ ချီသန့်စင်ခြင်းအဆင့် ဖြစ်သည့် အစောင့်သုံးယောက် ရန်ကိုင်နှင့် နတ်ဆိုးအိုကြီး၏ ပူးပေါင်း တိုက်ခိုက်မှုကြောင့် အသက်သုံးဆယ်ရှိုက်စာအတွင်း အသတ်ခံလိုက်ရတာကို မြင်လိုက်တာနဲ့ ကျန်ရှိနေတဲ့ ချီပြောင်းလဲခြင်းအဆင့် အစောင့်တွေလည်း ဆက်ပြီး မနေရဲတော့ပါဘူး။
သိပ်မကြာခင်မှာပဲ နားကလောစရာ ကောင်းတဲ့အသံတွေ ထွက်ပေါ်လာခဲ့တယ်။ နတ်ဆိုးအိုကြီး၏ ဝိဉာဉ်ဖျက်ဆီခြင်းအရိုးက ဟိုမှသည်သို့ ကူးကလန် ခတ်နေခဲ့ပြီး တစ်ကြိမ် ရွေ့လျားလိုက်တိုင်း လူတစ်ယောက် အသက်ပျောက်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျန်ရှိနေတဲ့ ချီပြောင်းလဲခြင်းအဆင့် တွေအကုန်လုံး အသတ်ခံလိုက် ရပြီး ပတ်ဝန်းကျင် တစ်ခုလုံး လူသေအလောင်းတွေနဲ့ ပြည့်သွားခဲ့လေပြီ။ လူသေအလောင်းတွေကြောင့် လေထုတစ်ခုခုလုံး ညီစို့စို့အနံ့တို့ဖြင့် ပြည့်နှက်သွားခဲ့ရပါတော့တယ်။
ရန်ကိုင်၏ ယန်ချီတွေကလည်း မုန်တိုင်းတစ်ခုအလား လည်ပတ်နေခဲံတယ်။ သူ့တစ်ကိုယ်လုံး မိစ္ဆာချီစွမ်းအင်တွေနဲ့ ဖုံးလွှမ်းနေသလို အနက်ရောင် အဝတ်အစားကိုပါ ထပ်ပြီး ဝတ်ဆင်ထားတဲ့အတွက် ရန်ကိုင်ပုံစံက နတ်ဆိုးတစ်ကောင်နှင့် ဆင်တူနေခဲ့ပါတယ်။
‘ဘန်း ’ ခြံဝန်းတံခါးက ပွင့်ထွက်သွားခဲ့ပြီး မြောင်ဟွာချန်အိမ်ထဲက ပြေးထွက်လာခဲ့ပါပြီ။ သူပထမဆုံး မြင်လိုက်ရတာကတော့ သွေးရောင်တို့ဖြင့် ခြယ်သထားသည့် မြင်ကွင်းပါ။ သူ့ရှေ့က မြင်ကွင်းကို ကြည့်ရင် မြောင်ဟွာချန် ကျောရိုးတစ်ခုလုံး စိမ့်တက်သွားခဲ့ရတယ်။
ရန်ကိုင် မြောင်မိသားစုခြံဝန်းထဲ ဝင်လာပြီး အစောင့်တွေနဲ့ တိုက်ခိုက်တဲ့ အချိန်ကတည်းက တစ်ယောက်ယောက်က သူ့မိသားစု ပိုင်နက်ထဲ ဝင်ရောက် ကျူးကျော်လာနေပြီဆိုတာကို မြောင်ဟွာချန် သိခဲ့တယ်။ ဒါပေမယ့် သူ့ရှေ့က အဝတ်မပါတဲ့ ကောင်မလေးနှစ်ယောက်ကို ထားသွားဖို့ကလည်း မလုပ်နိုင် ဖြစ်နေခဲ့ရပါတယ်။
အပြင်မှာ တိုက်ပွဲ ဖြစ်နေတယ် ဆိုတာ သိရင်တောင် သူအဝတ်အရင် ဝတ်ရဦးမှာပါ။ အဝတ်မဝတ်ပဲနဲ့ အပြင်ထွက်ပြီး တိုက်ရလောက်တဲ့ အထိတော့ သူအရှက်မမဲ့သေးပါဘူး။ သူအဝတ် ပြန်ဝတ်နေတုန်းက အပြင်ဘက်ကနေ စူးစူးဝါးဝါး အော်ဟစ်သံတွေကို ကြားလိုက်ရတဲ့ အတွက် ကြယ်သီးတောင် မတပ်တော့ပဲ ကမန်းကတန်း ပြေးထွက်လာခဲ့တာပါ။
ဒါပေမယ့် သူထွက်လာတဲ့ အချိန်မှာတော့ အစောင့် တစ်ယောက်ကိုမှ မတွေ့ရတော့။ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားတဲ့ လူငယ်လေး တစ်ယောက် သူ့ဆီ တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းလာနေတာကိုပဲ တွေ့လိုက်ရပါတယ်။ လူငယ်လေးဆီကနေ ထွက်ပေါ်နေတဲ့ ချီစွမ်းအင် အရှိန်အဝါက ပြင်းထန်တယ် ဆိုပေမယ့် ချီပြောင်းလဲခြင်း အထွတ်အထိပ်မှာသာ ရှိနေသေးတာကို သူသတိပြုမိလိုက်တယ်။
ထိုအချက်က တုန်လှုပ်ခြောက်ခြားနေတဲ့ မြောင်ဟွာချန်၏ စိတ်ကို အနည်းငယ် တည်ငြိမ်သွားစေခဲ့တယ်။
‘‘ မင်းဘယ်သူလဲ ’’
မြောင်ဟွာချန်က ဒေါသတကြီး အော်မေးလိုက်ပြီး ရန်ကိုင်ကို မုန်းတီးစွာ
စူးစိုက်ကြည့်နေလိုက်တယ်။ ရန်ကိုင်ကတော့ ပြန်မဖြေခဲ့ပဲ မြောင်ဟွာချန်ဆီကိုသာ ဖြည်းဖြည်းချင်း လမ်းလျှောက် သွားနေလိုက်တယ်။
‘‘ သေချင်နေတာပဲ ’’
မြောင်ဟွာချန်လည်း ဒေါသထွက်သွားခဲ့ပြီး ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့ နှစ်ယောက်ကြား အကွာအဝေးက နီးကပ်လာခဲ့ပါပြီ။
သူတို့နှစ်ယောက်ကြားက အကွာအဝေးက ပေသုံးဆယ်လောက်ပဲ ခြားတဲ့အချိန်မှာတော့ မြောင်ဟွာချန်ကရုတ်တရက် ရပ်လိုက်ပြီး သူ့လက်ချောင်းကို ရန်ကိုင်ဆီညွှန်လိုက်ပါတယ်။ ထက်ရှတဲ့လေပြင်းတစ်ခုက ချက်ချင်းပဲ ရန်ကိုင်ဆီတိုးဝင်သွားခဲ့တယ်။ ရန်ကိုင်လည်း ဘေးဘက်ကို တိမ်းရှောင်လိုက်ပေမယ့် လေပြင်းက သူ့ကိုပွတ်ကာသီကာလေး ရှပ်ထိသွားခဲ့တယ်။ ။ ရန်ကိုင်က သူ့ရဲ့တိုက်ခိုက်မှုကို ရှောင်ရှားနိုင်လိမ့်မယ်လို့ မြောင်ဟွာချန် မထင်ထားခဲ့။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက တော်တော်လေးနီးကပ် နေခဲ့တာလေ။
ဒါပေမယ့် သူထိတ်လန့်မသွားခဲ့ပါဘူး။ ရက်စက်ကြမ်းကြုတ်စွာနဲ့ ရယ်မောလိုက်ပြီး ရန်ကိုင်ကိုနောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လိုက်ပါတယ်။
သူသုံးလိုက်တဲ့ ပညာရပ်က အဆင့်မြင့် သိုင်းပညာရပ် တစ်ခုမဟုတ်ပေမယ့် ချီစွမ်းအင်ကုန်ဆုံးနှုန်းက တော်တော်လေးများ များတဲ့အတွက် သာမန် ပညာရပ် တစ်ခုမဟုတ်မှန်း သိသာပါတယ်။ သူတိုက်ခိုက်နေတုန်းရန်ကိုင်က သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီး ရုတ်တရက်ကြီး သူ့နောက်ကျောဘက်မှ အပူစွမ်းအင်ကို မြောင်ဟွာချန် ခံစားလိုက်ရတယ်။
‘‘ ခွေးသူတောင်းစားလေး ’’ ရန်ကိုင်၏အမြန်နှုန်းကြောင့် သူထိတ်လန့်သွားခဲ့ရပေမယ့် မြောင်ဟွာချန်ကိုယ်တိုင်က ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်ပါ။ ပြီးတော့ သူ့မှာ မသုံးရသေးတဲ့ ဝှက်ဖဲတွေလည်း ရှိပါသေးတယ်။
လှုပ်ရှားမှု ပညာရပ်တစ်ခုကို အသက်သွင်းလိုက်ပြီး အဝေးတစ်နေရာဆီ တိမ်းရှောင်သွားလိုက်တဲ့ အတွက် ရန်ကိုင်တိုက်ခိုက်မှုက လေကိုသာ ထိမှန်သွားခဲ့ရတယ်။
မြောင်ဟွာချန်လည်း လေထဲ၌ပင် တစ်ပတ်ပြန်လှည့်လိုက်ပြီး ရန်ကိုင်ဆီ လက်ဝါးနှစ်ချက် ရိုက်ထုတ်လိုက်ကာ အော်လိုက်တယ်
‘‘ လေသတ်ဖြတ်ခြင်း ’’ လေတိုက်သံတွေ ထွက်ပေါ်လာခဲ့ပြီး မြောင်ဟွာချန်၏ လက်ဝါးချက်နှစ်ချက်က ဝေဝါးသွားခဲ့ကာ ချက်ချင်းပဲ လေဓါးသွားနှစ်ခုအဖြစ် ပြောင်းလဲသွား၍ ရန်ကိုင်ဆီလျင်မြန်စွာနဲ့ တိုးဝင်သွားခဲ့တယ်။ ထိုလေးဓါးသွားတွေက မမြင်ရဘူးဆိုပေမယ့် ရန်ကိုင်၏အာရုံက ထက်ရှတဲ့အတွက် လေဓါးသွား လမ်းကြောင်းကို ခန့်မှန်းနိုင်ခဲ့ပြီး လွတ်ရာကျွတ်ရာကို ရှောင်တိမ်းနိုင်ခဲ့တယ်။
ဝှစ်ချ်…လေဓါးသွားတွေက ရန်ကိုင်အဝတ်အစားကို ရှပ်ထိသွားခဲ့ပြီး လူကိုတော့ မထိမှန်ခဲ့။ လေဓါးသွား ထိမှန်ရာ မြေကြီးပေါ်တွင်
အက်ရာကြီးတစ်ခု ထင်ကျန်ရစ် နေခဲ့ပါတယ်။
မြောင်ဟွာချန်လည်း လှောင်ပြုံးပြုံးလိုက်ပြီး အရှိန်မြင့်လိုက်ကာ အော်ပြောလိုက်တယ်
‘‘ မင်းဘယ်လောက်ကြာကြာ ရှောင်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့ ’’ လေဓါးသွားဒါဇင်ကျော်လောက် တစ်ပြိုင်တည်းထွက်ပေါ်လာခဲ့ပြီး ရန်ကိုင် ထွက်ပြေးနိုင်မယ့် လမ်းကြောင်း အကုန်လုံးကို ပိတ်ဆို့ရင်း ရန်ကိုင်ဆီ တိုးဝင်သွားခဲ့ပါတယ်။
ရန်ကိုင်အကြည့်က အေးစက်သွားခဲ့ပြီး ဆက်ပြီးတော့ သူ့ခွန်အားကို ဆက်ပြီး ထိန်းချုပ်မထားတော့ချေ။ ချီစွမ်းအင်တွေကို ဒေါသတကြီး လှည့်ပတ်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက နေအသေးစားလေးအလား တောက်ပလာပါတော့တယ်။ နောက် သူ့လက်မောင်းနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ်ပုံသဏ္ဍာန်ထားလိုက်ပြီး
လေဓါးသွားတွေကို ခုခံဖို့ပြင်ဆင်လိုက်ပါတယ်။ လေဓါးသွားတွေက သူ့လက်မောင်း၊ ရင်ဘတ်၊ လည်ပင်း၊ ပေါင်နေရာတွေကို ပိုင်းဖြတ်သွားခဲ့လေပြီ။ ဖြတ်ရှရာတွေကနေ သွေးတွေ တစိမ့်စိမ့် စီးကျနေလေရဲ့။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ မြောင်ဟွာချန် ကိုယ်တိုင်လည်း အံ့အားသင့်သွားခဲ့ ရပါတယ်။ သူ့တိုက်ခိုက်မှုက ရန်ကိုင်ကို ဒဏ်ရာရအောင်သာ လုပ်နိုင်ခဲ့ပြီး သူ့အသက်ကိုတော့ မနှုတ်ယူနိုင်ခဲ့ပါဘူး။
ပြီးတော့ ရန်ကိုင် ရထားတဲ့ ဒဏ်ရာတွေက အပေါ်ယံ ဒဏ်ရာ သက်သက်တွေပါပဲ။ အရိုးထိ နက်တဲ့ ဒဏ်ရာဆိုလို့ တစ်ခုမှ မရှိ။
ရန်ကိုင် အကျဘက် ရောက်နေတာကို တွေ့လိုက်ရတော့ နတ်ဆိုးအိုကြီးက ဒေါသတကြီး တိုက်ခိုက်ဖို့ လုပ်ခဲ့ပေမယ့် ရန်ကိုင်က နတ်ဆိုးအိုကြီးကို ဟန့်တားထားလိုက်တယ်။အခုတိုက်ပွဲက သူကိုယ်တိုင် တိုက်ရမယ့် တိုက်ပွဲတစ်ခု။
အခုတိုက်ပွဲနဲ့ သူ့ခွန်အား အကန့်အသတ်ကို စစ်ဆေးနိုင်ရုံမက သူ့အခြေခံကိုပါ တည်ငြိမ်အောင် လုပ်နိုင်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်ပါတယ်။ နတ်ဆိုးအိုကြီး၏ အကူအညီကို ရယူခဲ့ရင် မြောင်ဟွာချန်ကို အလွယ်တကူ အနိုင်ယူနိုင်တယ် ဆိုပေမယ့် ထိုအချက်က သူ့သိုင်းပညာ လမ်းကြောင်းနှင့် ဆန့်ကျင်နေပါတယ်။ ရန်ကိုင်၏ဆုံးဖြတ်ချက်မို့ နတ်ဆိုးအိုကြီးလည်း ဝင်မပါတော့ပဲ သတိထားဖို့သာ ပြောလိုက်တယ်။
နောက်ဆုံးမှာတော့ မြောင်ဟွာချန်လည်း ရန်ကိုင်၏မျက်နှာကို မြင်တွေ့လိုက်ရပါပြီ။ အနက်ရောင် အဝတ်အစား ဝတ်ဆင်ထားတဲ့လူက အသက်၁၅နှစ် ၊၁၆နှစ်သာ ရှိသေးတဲ့ လူငယ်တစ်ယောက်ပါ။
မြောင်ဟွာချန်က မျက်မှောင်ကြုံ့လိုက်ပြီး
‘‘ ကောင်လေး၊ ငါတို့အရင်ကတွေ့ဖူးလား ’’ ထိုမျက်နှာကို
မြင်လိုက်တာနဲ့ ရင်နှီးနေတယ်ဆို့ သူခံစားရပေမယ့် ဘယ်နေရာမှာ တွေ့ခဲ့ဖူးတယ်ဆိုတာကိုတော့ သူမမှတ်မိခဲ့ပါဘူး။ တကယ်တော့ လွန်ခဲ့တဲ့လ အနည်းငယ်တုန်းက ရန်ကိုင်နဲ့ သူတွေ့ဖူးပါတယ်။ ဒါပေမယ့် ထိုအချိန်တုန်းက ရန်ကိုင်တစ်ကိုယ်လုံးက ညစ်ပတ်ပေရေနေပြီး သူတောင်းစား တစ်ယောက်နဲ့ တူနေတဲ့အတွက် မြောင်ဟွာချန်သူ့ကို မမှတ်မိတာလည်း မဆန်း။
ပြီးတော့ အခုရန်ကိုင်က သူ့တစ်ကိုယ်လုံး မိစ္ဆာချီစွမ်းအင်တွေနဲ ဖုံလွှမ်းနေတာလေ။ သူ့လိုလူကို ဟိုသူတောင်းလိုလူနဲ့ မြောင်ဟွာချန်က ဘယ်လိုလုပ်ပြီး ဆက်စပ်မိပါ့မလဲ။
မြောင်ဟွာချန်က မေးလိုက်ပေမယ့် ရန်ကိုင်ကတော့ ရုပ်သေကြီးနဲ့သာ ရပ်နေခဲ့တယ်။
‘‘ ကောင်စုတ်လေး၊ မင်းက ငါ့မြောင်မိသားစုမှာ လာသောင်းကျန်းရဲတယ်။ ကိုယ့်သေလမ်း ကိုယ်ရှာနေတဲ့ကောင်ပဲ ’’ မြောင်ဟွာချန်လည်း ဆက်ပြီး စကားပြောချင်စိတ် မရှိတော့ပါဘူး။ ချက်ချင်းပဲ လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ပြီး ရန်ကိုင်ကိုရှေ့ကို ရောက်သွားခဲ့ကာ ရက်စက်ကြမ်းကြုတ်စွာနှင့် စတင် တိုက်ခိုက်လိုက်တယ်။ ရန်ကိုင်လည်း လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ပြီး တစ်ခါတစ်ရံ လက်ဝါးနှင့် တန်ပြန်တိုက်ခိုက်ပြီး တစ်ခါတစ်ရံ လက်သီးနှင့် တန်ပြန်တိုက်ခိုက်ကာ ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲကို ဆင်နွဲနေခဲ့ပါတယ်။ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြောင့် ရန်ကိုင်နှင့် မြောင်ဟွာချန်တို့ကြားက ကွားခြားမှုက တဖြည်းဖြည်း သိသာလာခဲ့ပြီး နောက်ဆုံးမှာတော့ ရန်ကိုင်အဖို့ မြောင်ဟွာချန်၏ တိုက်ခိုက်မှုတွေကို ကာကွယ်ရုံသာ ကာကွယ်နိုင်ပါတော့တယ်။ မြောင်ဟွာချန်က အရှိန်မြှင့်ကာ တိုက်စစ်ဆင်နေခဲ့ပြီး တိုက်ခိုက်နေရင်း ရန်ကိုင်ကို လှောင်ပြောင် ပြောဆိုဖို့လည်း မမေ့ခဲ့ပါဘူး။
ဒါပေမယ့် ရန်ကိုင်ကတော့ ပျာယာခတ်မနေခဲ့ ။ သူက ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ပညာရှင်တစ်ယောက်ကို ချီပြောင်းလဲခြင်းအဆင့်၉နှင့် တိုက်ခိုက်နေခဲ့ပြီး အကျဘက် ရောက်နေခဲ့တယ် ဆိုပေမယ့် ခေါင်းမာမာနဲ့ပဲ ဆက်ပြီး တိုက်ခိုက်နေခဲ့တယ်။ အခပ်မသင့်ရင် ရန်ကိုင်အဖို့ မရဏလမ်း မြန်းသွားနိုင်ပါတယ်။ သို့ပေမယ့် အခြေခံကို တည်ငြိမ်အောင် လုပ်ပြီး နောက်တစ်ဆင့် ချိုးဖျက်နိုင်ဖို့အတွက် သေခြင်းရှင်ခြင်းအတွေ့အကြုံကို ခံစားမိဖို့က လိုနေသေးတယ် ဆိုတော့ သူ့ရွေးချယ်မှုက သူ့အသက်ကို သေစေနိုင်ရင်တောင် အလောင်းအစားတော့ လုပ်ရပါမယ်။
ရန်ကိုင်အပြုအမူက ကြိုးတန်းပေါ်လမ်းလျှောက်နေတဲ့ လူတစ်ယောက်နှင့်
မခြားပါဘူး။ နတ်ဆိုးအိုကြီးလည်း ရန်ကိုင်က ဝင်မပါခိုင်းတဲ့အတွက် သူတို့နှစ်ယောက်တိုက်တာကို စောင့်ကြည့်နေရုံသာ တတ်နိုင်ပါတယ်။
သူပိုပြီးဒဏ်ရာရလာလေလေ သူ့ချီစွမ်းအင်က ပိုပြီးပြင်းထန် ကြမ်းတမ်းလေ ဖြစ်လာခဲ့ကာ သူ့အရိုးထဲရှိ အပူစွမ်းအင်တွေက ပိုပြီးပြင်းထန်သထက် ပြင်းထန်လာခဲ့ပြီး ရွှေရောင်အရိုးခြောက်ထဲတွင် ဖိနှိပ်သိုလှောင်ထားတဲ့ စွမ်းအင်တွေလည်း ပေါက်ကွဲထွက်မတတ် ဖြစ်လာခဲ့ပါတော့တယ်။ ရန်ကိုင်က ဖိနှိပ်ခံနေရပေမယ့် ဆက်လက်တိုက်ခိုက်နေခဲ့တယ်။ မြောင်ဟွာချန်က ပြင်းပြင်းထန်ထန်ဖြင့် သေကွင်းသေကွက် နေရာတွေကို ဦးတည် တိုက်ခိုက်ပေမယ့် ရန်ကိုင်ကတော့ ပွတ်ကာသီကာဖြင့် အမြဲတမ်း ရှောင်သွား နိုင်ခဲ့တာပါပဲ။
ထို့ကြောင့် မြောင်ဟွာချန်အဖို့ ရန်ကိုင်ကို အနိုင်မယူနိုင် ဖြစ်နေခဲ့ရပါတယ်။ အချိန်ကုန်လာတာနဲ့ တစ်ခုခုမူမမှနန်ဘူးလို့ မြောင်ဟွာချန် ခံစားမိလိုက်တယ်။ ရန်ကိုင်ရဲ့ တိုက်ခိုက်မှုတွေက ပိုပြီး အစီမကျ ဖြစ်လာသလို ရှောင်ရှားဖို့လည်း ပိုပြီး ခက်ခဲလာခဲ့ရတယ်။ နောက်ဆုံးတော့ ရန်ကိုင်မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။
နောက်တစ်ဆင့် ချိုးဖျက်ဝင်ရောက်မှာကို တားဆီနေတဲ့ အတာအဆီးက လှုပ်ခါလာတာကို သူခံစားမိလိုက်တာနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို ပိုပြီး အာရုံစိုက်ထား လိုက်ပါတော့တယ်။
ရန်ကိုင်၏တိုက်ခိုက်မှုပုံစံက တဖြည်းဖြည်းကွဲပြားလာခဲ့ပါပြီ။ သူပုံစုံက အလေး ‘မ’ ထားတဲ့ လူတစ်ယောက်က လူတစ်ယောက်က အလေးတုံးကို လွှတ်ချလိုက်သလိုမျိုး ပိုပြီးလွတ်လပ်သွားခဲ့ကာ သူ့လှုပ်ရှားမှုတွေကလည်း ပိုပြီးခန့်မှန်းရခက်လာခဲ့တယ်။ ရန်ကိုင် တိုက်ခိုက်မှုတွေက ခံစစ်ကနေ တဖြည်းဖြည်း တိုက်စစ်ဘက်သို့ ကူးပြောင်းလာခဲ့ပါပြီ။
‘‘ လသတ်ဖြတ်ခြင်းပုံရိပ်ယောင် ’’ နောက်ဆုံးမှာတော့ မြောင်ဟွာချန်လည်း သူ့ဝှက်ဖဲကို ထုတ်သုံးခဲ့ရလေပြီ။ ချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာခဲ့ပြီး မြောင်ဟွာချန် ဒါဇင်ကျော်လောက် ထွက်ပေါ်လာခဲ့တယ်။
ထိုမြောင်ဟွာချန်တွေက ရန်ကိုင်ကို ပြုံးပြနေခဲ့ပြီး လက်မြှောက်လိုက်ကာ ရန်ကိုင်ဆီကို တစ်ပြိုင်တည်းထိုးချလိုက်တယ်။
ထိုသိုင်းပညာရပ်က မြောင်ဟွာချန်၏ ဝှက်ဖဲပါပဲ။ အစစ်အမှန်လို့ ထင်နေတဲ့ မြောင်ဟွာချန်က ပုံရိပ်ယောင် တစ်ခု ဖြစ်သွားနိုင်သလို ပုံရိပ်ယောင်လို့ ထင်ရတဲ့ မြောင်ဟွာချန်ကလည်း အစစ်အမှန် မြောင်ဟွာချန် ဖြစ်သွားနိုင်ပါတယ်။
အဆင့်တူအတွင်းမှာရှိတဲ့ သူ့ပြိုင်ဘက်တွေအဖို့ ဘယ်သူက အစစ်အမှန်လဲဆိုတာ ခန့်မှန်းဖို့ တကယ်ပဲ ခက်ခဲလှပါတယ်။ ရန်ကိုင်လို ချီပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်နှင့် တိုက်ခိုက်ရာ၌ သူ့ရဲ့ဝှက်ဖဲကို တကယ်ပဲထုတ်သုံးခဲ့ရပါတယ်။ ဒါပေမယ့် အခု သိုင်းပညာရပ်နဲ့ဆိုရင် သူတို့နှစ်ယောက်ကြားက တိုက်ပွဲက အနှေးနဲ့အမြန် အဆုံးသတ်သွားတော့မှာပါ။
လသတ်ဖြတ်ခြင်းပုံရိပ်ယောင် သိုင်းပညာရပ်ကို ထုတ်သုံးလိုက်တာနဲ့ ရန်ကိုင်ကို သတ်နိုင်လိမ့်မယ်လို့ သူ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပါတယ်။ ဒါပေမယ့် ရန်ကိုင်ကတော့ လှုပ်ရှားခြင်း မရှိပဲ ရုပ်ထုကြီးတစ်ခုလို သူ့ပုံရိပ်တွေကိုသာ စူးစိုက်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ရှုပ်ထွေးနေတဲ့ မျက်လုံးတွေက ရုတ်တရက် ရှင်းလင်းသွားသယောင် ဖြစ်သွားခဲ့တယ်။
‘‘ နှလုံးသားရဲ့ဆန္ဒအတိုင်း လိုက်နာလိုက်။ ခွဲခြားခြင်းနှင့် ပြန်လည်ပေါင်းစည်းခြင်း … ကောင်းတာဆိုတာဘာလဲ။ မိစ္ဆာဆိုတာကကော ဘာလဲ။ ကိုယ်ရဲ့ယုံကြည်ရာ လမ်းအတိုင်း ဆက်လက် လျှောက်လှမ်းနိုင်မှပဲ ကိုယ်ပိုင်သိုင်းပညာလမ်းစဉ်ကို ဖန်တီးနိုင်လိမ့်မယ် ’’ အရင်က ငြိမ်သက်စွာနဲ့ စုစည်းနေတဲ့ ချီစွမ်းအင်တွေက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အရင်ကထက် အဆပေါင်းများစွာ ပိုပြင်းထန်လာခဲ့တယ်။ ထိုချီစွမ်းအင်တွေက တောင်တွေကို ပြိုကျပျက်စီးစေနိုင်သယောင် ထင်မှတ်ရပြီး မြောင်ဟွာချန်လိုလူတောင်မှ ပထမဆုံအကြိမ်အဖြစ် ခြိမ်းခြောက်ခံရသလို ခံစားလာရပါတော့တယ်။ သူတကယ်ပဲ မိစ္ဆာလမ်းကြောင်းထဲ ရောက်သွားတာလား ထို့ပြင် သူ့ရှေ့က
လူငယ်လေးက ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။
ချီသန့်စင်ခြင်း အဆင့်ကို ရောက်ရုံမကသို့ သူ့သိုင်းအဆင့်က ချီသန့်စင်ခြင်း အထွတ်အထိပ် အဆင့်ထိပါ ခုန်ပျံကျော်တက် သွားခဲ့ပါတယ်။ အခုဆိုရင် သူနှင့်မြောင်ဟွာချန်တို့၏ သိုင်းအဆင့်က တူညီသွားခဲ့ပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပါတယ်။ လက်ဝါးချက်နှင့်အတူ ချီစွမ်းအင်တို့ ပေါက်ကွဲ ထွက်လာခဲ့ပြီး ပတ်ပတ်လည်ရှိ မြောင်ဟွာချန်ပုံရိပ် ဒါဇင်ကျော်က ကြွေကွဲလွယ်တဲ့ မှန်ချပ်တစ်ခုအလား ပေါက်ကွဲထွက်သွားခဲ့တယ်။
မြောင်ဟွာချန် သွေးအန်လိုက်ရပြီး အနောက်ဘက်ကို လွင့်စင် ထွက်သွားခဲ့တယ်။ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်
တူညီသွားတာနဲ့ မြောင်ဟွာချန် ချက်ချင်းပဲ ဖိနှိပ်ခံရပါတော့တယ်။
ခက်ခက်ခဲခဲနှင့် ကုန်းထလိုက်ပြီး ရန်ကိုင်ကို တုန်လှုပ်ခြောက်ခြားမှုအပြည့်နှင့် မော့ကြည့်လိုက်ပါြပီ။ လူငယ်လေးက မျက်နှာက ရူးသွပ်မှုတွေနဲ့ ပြည့်နေခဲ့ပေမယ့် တည်တည်ငြိမ်ငြိမ်နှင့် ရှိနေတုန်းပါပဲ။
သူ့မျက်လုံးတွေကတော့ ရက်စက်မှု၊ သွေးဆာမှုတို့ဖြင့် ပြည့်နေခဲ့တယ်။
‘‘ မင်းဘယ်သူလဲ…. မင်းနဲ့ငါ့ကြားမှာ ဘာရန်ကြွေးရှိလို့လဲ ’’ မြောင်ဟွာချန်မျက်နှာ ဖြူလျော်နေခဲ့ပြီး သူရှုံးနိမ့်သွားပြီဆိုတာ သိလိုက်တယ်။ အခုအချိန်တွင် သူသိချင်တာက ဘာလို့ဒီကပ်ဆိုးက သူ့ဆီ ရောက်လာရတာလဲ ဆိုတာပါပဲ။ ဒါပေမယ့် ရန်ကိုင်ဆီကနေ ပြန်ဖြေသံမကြားခဲ့ရပါဘူး။ သူ့စိတ်ထဲက ကြောက်ရွံ့မှုကို ဖိနှိပ်ထားလိုက်ရင်း မြောင်ဟွာချန်က ရဲဆေးတင်ပြီး အော်လိုက်တယ် ‘‘ မင်းငါ့ကိုသတ်လို့မရဘူး။ ငါ့သားမြောင်လင်က တိမ်တိုက်နီဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ။ ပြီးတော့ တိမ်တိုက်နီဂိုဏ်းက အကြီးအကဲတွေကလည်း သူ့ကိုအလေးထားကြတာ။ ငါ့ကို သတ်လိုက်တာနဲ့ မင်းနောင်တရ ရလိမ့်မယ် ’’
Matial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၂) မဒန်ကို လေးစားသမှုပြုခြင်း
မြောင်ဟွာချန်က တိမ်တိုက်နီဂိုဏ်း၏ နာမည်ကိုသုံးပြီး ရန်ကိုင်လက်ကနေ ထွက်ပြေးချင်နေခဲ့တာပါ။ ဒါပေမယ့် သူမသိခဲ့တာက ရန်ကိုင်က တိမ်တိုက်နီဂိုဏ်းကို မျက်လုံးထဲတောင် မထည့်ဘူးဆိုတာပါပဲ။ ရန်ကိုင် ပုံရိပ်က ရုတ်တရတ် ပျောက်ကွယ်သွားခဲ့ပြီး မြောင်ဟွာချန်ရှေ့ ပြန်ပေါ်လာကာ သူ့ရင်ဘတ်ဆီ လက်ဝါးတစ်ချက် ရိုက်ချလိုက်တယ်။
ထိုအချိန်တွင် ရန်ကိုင်မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်မယ့် အလင်းရောင်တွေနဲ့ တလက်လက် တောက်ပနေပါတယ်။ သူ့နှလုံးသား တစ်ခုလုံး လောင်ကျွမ်းသွားသလို မြောင်ဟွာချန် ခံစားလိုက်ရတယ်။
မြောင်ဟွာချန်လည်း သွေတစ်ပွက် အန်လိုက်ရပြီး သူ့အရေပြားကလည်း မီးလိုနီရဲလာခဲ့တယ်။
သူ့တစ်ကိုယ်လုံး အရှင်လတ်လတ် မီးကင်ခံနေရသလို မြောင်ဟွာချန် ခံစားနေခဲ့ရပါတယ်။ မသေသေးဘူးဆိုပေမယ့် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားပြီဆိုတာတော့ အမှန်အကန်ပါပဲ။
နတ်ဆိုးအိုကြီးက ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးနှင့် မြောင်ဟွာချန်၏ ရင်ဘတ်ဆီ ထိုးစိုက်လိုက်တယ်။ သူကဘယ်သူလဲ…ဘာလို့ငါတို့မြောင်မိသားစုကို ဖျက်ဆီးပစ်ချင်နေတာလဲ မသေခင်လေး သူဘာကြောင့် သေလို့ သေသွားရမှန်းတောင် မြောင်ဟွာချန် မသိခဲ့ပါဘူး။
သူသေသွားပြီးနောက် ပင်လယ်မြို့တော်၏ ကောင်းကင်ထက်တွင် ချီစွမ်းအင်ဝဲကတော့ကြီး ဖြစ်တည်လာခဲ့ပြီး ထိုဝဲကတော့က ရန်ကိုင်ကို ဗဟိုပြုကာ လည်ပတ်နေခဲ့ပါတယ်။ ရန်ကိုင်က လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ပြီး ချက်ချင်းပဲ မြောင်မိသားစု ခြံဝန်းကနေ ထွက်သွားလိုက်ကာ သိပ်မကြာခင်မှာပဲ ပင်လယ်ကမ်းခြေတွင် ပြန်ပေါ်လာလိုက်တယ်။
ထိုညတွင် လေတွေတဝှီဝှီ တိုက်ခတ်နေခဲ့ပြီး ပင်လယ်ပြင်မှာလည်း လှိုင်းထန်နေလေရဲ့။ များစွာသော ပင်လယ်မြို့တော်က သိုင်းပညာရှင်တွေက ကမ်းခြေရှိရာကို ငေးမောကြည့်နေခဲ့ကြတာပေါ့။ တစ်ယောက်ယောက် အဆင့်ချိုးဖျက်တော့မယ်ဆိုတာ သူတို့သိနေခဲ့ကြပါတယ်။ ဒါပေမယ့် ဝဲကတော့က တော်တော်လေး ကြီးမားပြီး အကျိုးသက် ရောက်တဲ့နေရာက တော်တော်လေး ကျယ်ဝန်းတဲ့အတွက် သူတို့ကိုယ်တိုင်လည်း အဝေးကနေသာ ကြည့်ရဲခဲ့ကြတယ်။
ဒါပေမယ့် သူတို့မျက်နှာတွေမှာတော့ လေးစားအားကျမှု၊ မနာလိုမှုတွေနဲ့ ပြည့်နေခဲ့တာပေါ့။ သူတို့ အတွေးထဲမှာတော့ အဆင့်ချိုးဖျက်ဖို့ ကြိုးစားနေတဲ့လူက အဆင့်မြင့် သိုင်းပညာရှင် တစ်ယောက်။ ဖြစ်နိုင်ချေကတော့ အစစ်အမှန်ဒြပ်စင်အဆင့် သိုင်းပညာရှင် တစ်ယောက်က အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်ဝင်ရောက်တာပေါ့။ မဟုတ်ရင်တော့ အတာအဆီးက အဲ့လောက်ကြီးမားလိမ့်မယ် မဟုတ်။
ပင်လယ်မြို့တော်မှာ အဆင့်မြင့် သိုင်းပညာရှင် မရှိတဲ့အတွက် မည်သူမျှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်နေတဲ့ သိုင်းပညာရှင် တစ်ယောက်ကို သွားမနှောက်ရဲခဲ့ကြ။
ဒါပေမယ့် ထိုအဖြစ်အပျက်က အသက်၁၅နှစ်အရွယ်လောက်သာ ရှိသေးတဲ့ လူငယ်လေးတစ်ယောက် ချီသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်လို့ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တစ်ခုဆိုတာတော့ ဘယ်သူမှ မသိခဲ့။ သူတို့သာသိခဲ့ရင် အံသြမဆုံးဖြစ်နေမှာတော့ အမှန်ပါပဲ။ ထိုပရမ်းပတာ အဖြစ်အပျက်က ညတစ်ဝက်လောက် ကြာညောင်းခဲ့ပါတယ်။
ချီစွမ်းအင် ဝဲကတော့ကြီး ပျောက်ကွယ်သွားပြီးနောက် ထိုနေရာမှ မီးတောက်တွေ ပျံတက်လာခဲ့ပြီး အဆုံးမဲ့ပင်လယ်ထဲသို့ ဝင်ရောက် သွားခဲ့တာကို လူအချို့တွေ့လိုက်ရပါတယ်။ သေချာ အနီးကပ်ကြည့်မယ်ဆိုရင် ထိုမီးတောက်တွေထဲ ဝေဝါးနေတဲ့ အတောင်ပံတစ်စုံကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့်တစ်ယောက်ယောက်က မြင်ခဲ့တယ် ဆိုရင်တောင် သူတို့မျက်လုံးသူတို့ ယုံကြလိမ့်မည် မဟုတ်၊ သရဲ ခြောက်တယ်လို့သာ ထင်နေမယ့် သူတွေပါ။
တိမ်တိုက်နီဂိုဏ်း..နံနက်ရောင်နီလာချိန်……
ရန်ကိုင် ညာဘက်ကျွန်းဆွယ်သို့ ရောက်လာခဲ့ပြီး တောင်ထိပ်ပေါ်တွင် မဒန်နှင့်အတူ မတ်တပ်ရပ်နေခဲ့ကာ မိုးကုတ်စက်ဝိုင်းကို ငေးမောကြည့်နေခဲ့တယ်။ တိမ်တိုက်နီဂိုဏ်းရဲ့ ကျွန်းတစ်ခုလုံးဟာ ဆိုရင်ဖြင့် အခုအချိန်မှာတော့ တကယ်ကို ရစရာ မရှိတော့ပါဘူး။
ကျွန်းတစ်ခုလုံး သွေးနံ့တွေနဲ့ မွှန်နေခဲ့ပြီး အလောင်းတွေလည်း တောင်လို ပုံနေခဲ့တယ်။ ကမ်းခြေတစ်ခုလုံးကလည်း သွေးနီရောင် သန်းလို့ပေါ့။ အဆောက်အုံတွေ ဆိုရင်လည်း တစ်စစီ အကုန် ဖျက်စီးထားခံခဲ့ရပါပြီ။ ကျွန်းတစ်ခုလုံး ကလည်း သုဿန်တစ်စပြင်လို တိတ်ဆိတ်နေတာပေါ့။ ကျွန်လုံးကျွတ် အသတ်အဖြတ် ခံခဲ့ရတာ အသေအချာပါပဲ။
ရန်ကိုင်ရှေ့မှာတော့ စုတ်ပြဲနေတဲ့ အစိမ်းရောင်နှင့် အဖြူရောင် ရောယှတ်နေတဲ့ အဝတ်အစားကိုဝတ်ဆင်ထားတဲ့ အရိုးခြောက်တစ်ခု ရှိနေခဲ့တယ်။ ထိုအဝတ်အစားတွေက သူတို့နှစ်ယောက် ခွဲခွာခဲ့တုန်းက မဒန်ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေနဲ့ အတူတူပါပဲ။ အရိုးခြောက်က တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်စွာနဲ့ ထိုင်နေပါတယ်။
သူထွက်ခွာပြီးတဲ့နောက်ပိုင် မဒန်၏ပုံစံကို သူပုံဖော်ကြည့် မိလိုက်တယ်။ ထိုအချိန်တွင် သူမက တောင်ထိပ်ပေါ်တွင် မလှုပ်မယှတ်နှင့် ထိုင်နေခဲ့ပြီး မြောင်မိသားစုရှိရာကို ငေးကြည့်နေမှာပါ။
လေကလည်း တဖြူးဖြူး တိုက်ခတ်နေသလို သူမ၏ပျော့ပျောင်းတဲ့ ဆံကေသာတွေကလည်း လေနှင့်အတူ ယိမ်းနွဲ့နေမှာပေါ့။ သူမမျက်လုံးတွေကတော့ မီးခိုးရောင် သန်းလို့ပေါ့။ ဘာဆိုဘာမှ မမြင်နိုင်တော့။ သေသည့်တိုင်အောင် မျက်လုံး ပိတ်မသွားနိုင်ခဲ့။
မြောင်မိသားစု ပျက်စီးပြီး မြောင်ဟွာချန်သေသွားခဲ့တဲ့ လွန်ခဲ့တဲ့ ညအချိန်ထိ မြောင်မိသားစုဆီ သူမစိုက်ကြည့်နေမှာပါ။ ကောင်းကင်ဘုံဆီပြန်ပြီး သံသရာစက်ဝန်းထဲ ဝင်ရောက်ဖို့ ဘာတွေများလိုသေးလို့လဲ။
ရန်ကိုင်က ဝိုင်တစ်အိုးထုတ်လိုက်ပြီး သူ့ရှေ့တွင်ရှိနေတဲ့ မဒန်ကိုလေးစားသမှု ပြုလိုက်တယ်။ နောက် သူမကို မြေမြှပ်ပေးဖို့အတွက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမအရိုးတွေကို လှမ်းကိုင်လိုက်ပါတယ်။
ဒါပေမယ့် သူမအရိုးတွေကို သူထိလိုက်တဲ့ အခိုက်အတန့်မှာပဲ သူမ ထိုင်နေရက် ပုံစံက ချက်ချင်းပြိုလဲကျသွားခဲ့ပြီး အရိုးတွေကလည်း အရိုးပြာတွေ ဖြစ်သွားခဲ့ပါတယ်။ လေပြင်းတစ်ချက် နှင့်အတူ သူမအရိုးပြာတွေက တိမ်တိုက်နီကျွန်းတစ်လျှောက် ပျံ့လွင့်သွားခဲ့ပြီး အဆုံးမဲ့ပင်လယ်ထဲကို စီးမျောသွားခဲ့ပါတယ်။
ရန်ကိုင်မျက်လုံးတွေ ကြုံ့သွားခဲ့ပြီး သူ့မျက်နှာထက် ဝမ်းနည်းနေတဲ့ အရိပ်အယောင်တို့ ထင်ဟပ်သွားခဲ့ပါတယ်။ ထိုနေ့တုန်းက မဒန်ကို သူခေါ်ထုတ်သွားချင်ခဲ့တယ်။ ဒါပေမယ့် မဒန်ကတော့ ဘူးခံငြင်းနေလေရဲ့။
သူမ နှလုံးသားက သေဆုံးသွားခဲ့တာ ကြာပါပြီ။ လက်စားချေ ချင်တဲ့ အတွက်ကြောင့်သာ အသက်ဆက်ရှင် နေခဲ့တာပါ။
အသက်ရှင်နေရတာက သူမအတွက်တော့ နှိပ်စက် ညင်းပန်းခံနေရတာနဲ့ မခြားပါဘူး။ သူမအတွက် အကောင်းဆုံးကတော့ သေသွားတဲ့ ယောကျ်ားနောက် လိုက်သွားတာပါပဲ။ အဲ့လိုမှပဲ အဆုံးမဲ့ နာကျင်မှုတွေကနေ လွတ်မြောက်နိုင်မှာပါ။
ရန်ကိုင်လည်း သူမ၏ဆန္ဒကို လေးစားပါတယ်။ ဒါပေမယ့် အခုလို ပြန်တွေ့လိုက်တဲ့ အချိန်မှာတော့ ထိုနေ့က သူ့ဆုံးဖြတ်ခဲ့တာ မှန်လား၊ မှားလား ဆိုတာကို မသဲကွဲတော့။ ရန်ကိုင် ဝမ်းနည်းနေတာကို မြင်လိုက်ရတော့ အချိန်အတော်ကြာ တိတ်ဆိတ်နေတဲ့ နတ်ဆိုးအိုကြီး နှစ်သိမ့်ပေးလိုက်ပါတယ်
‘‘ သခင်လေး၊ မဒန်က သခင်လေးကို အပြစ်တင်မှာမဟုတ်ပါဘူး။ သူမအတွက်တော့ သေဆုံးခြင်းကပဲနာကျင်မှုတွေကနေ လွတ်မြောက်နိုင်မှာလေ ’’ ရန်ကိုင်အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီး နောက်မှာတော့ ယန်မီးတောက်တောင်ပံတွေကို ဖြန့်လိုက်ပြီး ကမ်းခြေဆီကနေ ပျံသန်းထွက်ခွာသွားခဲ့တော့တယ်။
ဖြစ်နိုင်တာကတော့ သူမအတွက် သေဆုံးခြင်းက လွတ်မြောက်ရာ လမ်းကြောင်း တစ်ခုဖြစ်ပေမယ့် ရန်ကိုင်ကတော့ နောင်တမရပဲ မနေနိုင်ခဲပါဘူး။
နောက်နှစ်ရက်အတွင်း ရန်ကိုင်က ပျောက်ဆုံးနေသောကျွန်းဆီကနေ ရခဲ့တဲ့ ဆေးပင်တွေကို ယန်အမျိုးအစား ရတနာတွေနဲ့ လဲလှယ်လိုက်ပြီး ထိုရတနာတွေကို ယန်အရည်စက်အဖြစ် သန့်စင်လိုက်ပါတယ်။
နှစ်ညကြာပြီးတဲ့နောက်မှာတော့ ရန်ကိုင်က အထုပ်ကြီးနှစ်ထုပ်ကို သယ်ရင်း မြောက်ဘက်ကို ပျံသန်းနေခဲ့တယ်။ ပင်လယ်မြို့တော်ကနေက ရန်ကိုင်ထွက်သွားတာနဲ့ အဆုံးမဲ့ပင်လယ်ကျွန်းရှိ ဂိုဏ်းကြီးတွေအားလုံး ထိတ်လန့်တုန်လှုပ်စရာ သတင်းတွေကို ကြားလိုက်ရတယ်။
အထွတ်အထိပ်တောင်ထွတ်ဂိုဏ်း…. “ဘာ….ရှေးဟောင်းတိမ်တိုက်ကျွန်းက သူတို့ရဲ့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ လခြမ်းပြောင်းလဲခြင်းကျင့်စဉ်ကို တွေ့သွားပြီဟုတ်လား ….အဲ့သတင်း အမှန်ပဲလား”
အသူရာဂိုဏ်း…..”ဘာ… ရှေးဟောင်းတိမ်တိုက်ကျွန်းက သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ လခြမ်းပြောင်းလဲခြင်းကျင့်စဉ်ကို တွေ့သွားပြီဟုတ်လား။ ငါတို့အသူရာဂိုဏ်းရဲ့ အဖိုးတန်ရတနာနဲ့ ပက်သက်တဲ့ သတင်းကော မကြားမိဘူးလား”
ပန်းကြွေဘုရားကျောင်း “လခြမ်းပြောင်းလဲခြင်းကျင့်စဉ်ကို တွေ့သွားပြီဟုတ်လား။ ငါတို့ရဲ့ သွေးပန်းတစ်ထောင် ပွင့်လန်းခြင်း ပညာရပ်ကော။ အဲ့ဒါက ငါတို့ုဘုရားကျောင်းရဲ့ အခြေခံအုတ်မြစ်ပဲ။ အဲ့ပညာရပ်က လခြမ်း ပြောင်းလဲခြင်းကျင့်စဉ်နဲ့အတူ ပျောက်ဆုံးသွားခဲ့တာလေ”
ကြက်သွေးရောင်ဂိုဏ်း …”ရှေးဟောင်းတိမ်တိုက်ဂိုဏ်းဆီ သွားဖို့ပြင်။ ဂိုဏ်းချုပ်တံဆိပ်ပြား အကြောင်း သွားမေးရမယ် ’’
တိမ်နဂါးဂိုဏ်း….စသဖြင့်….
ရှေးဟောင်းတိမ်တိုက်ကျွန်းက သူတို့ရဲ့ အထွတ်အမြတ် ကျင့်စဉ်ကိုပြန်တွေ့ခဲ့တဲ့အကြောင့် ဂိုဏ်းပေါင်းများစွာ သတင်းရခဲ့ကြတယ်။ ထို့ကြောင့် ထိုဂိုဏ်းတွေအားလုံး ဖင်ဂနာမငြိမ်နိုင်တော့ပါဘူး။
သူတို့အားလုံး၏ အဖိုးတန်ရတနာ တွေအားလုံး အတူတူ ပျောက်ဆုံးသွားခဲ့တာ ဖြစ်တဲ့အတွက် ရှေးဟောင်းတိမ်တိုက်ကျွန်း တစ်ခုတည်း သူတို့ရဲ့ အထွတ်အထိပ် ကျင့်စဉ်ကို ပြန်တွေ့တာက အကျိုးအကြောင်းမသင့်ချေ။ ရှေးဟောင်းတိမ်တိုက်ကျွန်းက သူတို့ရဲ့ အဖိုးတန်ကျင့်စဉ်ကို ပြန်ရခဲ့ပေမယ့် သူတို့က ဘာမှမရခဲ့တဲ့အတွက် သူတို့လည်း အေးအေးဆေးဆေး မထိုင်နိုင်တော့။ ထို့ကြောင့် ဂိုဏ်းကြီးအားလုံးက အင်ပြည့်အားပြည့်နဲ့ ရှေးဟောင်း တိမ်တိုက်ကျွန်းဆီ ထွက်လာခဲ့ကြပါတော့တယ်။
အခုအချိန်မှာတော့ ရှေးဟောင်းတိမ်တိုက်ကျွန်းက လုံးဝကို စည်းကား သိုက်မြိုက်နေခဲ့တယ်။ ဂိုဏ်းအသီးသီးက လာတဲ့လူတွေကို ဧည့်ခံနေရတဲ့အတွက် ဂူဖုန်းနှင့်ရှေးဟောင်းတိမ်တိုက်ကျွန်းက အကြီးအကဲတွေလည်း တော်တော်လေး မောပန်းနေတာပေါ့။ အဖြစ်အပျက် အကြောင်းစုံကို ကြားလိုက်ရပြီးနောက် ဂိုဏ်းအသီးသီးက အကြီးအကဲတွေ အားလုံး တိမ်တိုက်နီဂိုဏ်းဆီ ချက်ချင်း ပြေးကြပါတော့တယ်။
သနားစရာကောင်းတဲ့ တိမ်တိုက်နီဂိုဏ်းက တစ်စုံတစ်ယောက်၏ အသုံးချခြင်းကို ခံလိုက်ရပြီး ကျွန်းလုံးကျွန်နီးပါး သတ်ဖြတ်ခံရကာ အဆင့်သုံးအင်အားစုအဖြစ်ကနေ နှုတ်ထွက်သွားခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ကံကြမ္မာဆိုးက အဆုံးမသတ်သေးပါဘူး။ ဂိုဏ်းပေါင်းများစွာက ကျင့်ကြံသူတွေက တိမ်တိုက်နီဂိုဏ်းဆီ နောက်တစ်ဖန် ပေါက်ချလာခဲ့ပြီး သူတို့၏ အဖိုးတန်ရတနာတွေကို ရှာဖွေပါတော့တယ်။
ဒါပေမယ့် ထိုအဖိုးတန်ရတနာတွေကို ရန်ကိုင်ယူသွားပြီဖြစ်တဲ့အတွက် သူတို့ ဘယ်လောက်ရှာရှာ တွေ့နိုင်တော့မည် မဟုတ်။ သူတို့ရဲ့ ရတနာတွေကို ရှာလို့မတွေ့တဲ့အတွက် ဒေါသထွက်ထွက်နဲ့ တိမ်တိုက်နီကျွန်းအပေါ် သူတို့ဒေါသတွေကို ဖွင့်ထုတ်ပါတော့တယ်။ ဒါပေမယ့် တိမ်တိုက်နီ့ကျွန်းမှာ လူမရှိတော့တဲ့အတွက် သူတို့အဖို့ တိုက်ခိုက်စရာ ကျွန်းသာ ကျန်ရှိပါတော့တယ်။
ထို့ကြောင့် သုံးရက်အတွင် တိမ်တိုက်နီကျွန်း မြေပုံပေါ်ကနေ ပျောက်ကွယ်သွားခဲ့ရတယ်။ သူထွက်သွားပြီးနောက် တိမ်တိုက်နီကျွန်း ထိုကဲ့သို့ကံကြမ္မာဆိုးကိုကြုံတွေ့ခဲ့ရတယ်ဆိုတာ ရန်ကိုင်မသိခဲ့။ အခုအချိန်မှာတော့ ရန်ကိုင်က ကောင်းကင်စံအိမ်ဆီ ခရီးအပြင်းနှင်နေတာပါ ။
ပင်လယ်မြို့တော်တွင် ယန်အရည်စက် တော်တော်များများ စုစည်းနိုင်ခဲ့တဲ့အတွက် ကောင်းကင်စံအိမ်ဆီ ခပ်မြန်မြန်ပြန်လာနိုင်ခဲ့ပါတယ်။
ကောင်းကင်စံအိမ်နှင့် မိုင်ငါးဆယ်အကွာလောက် ရောက်တဲ့အချိန်မှာတော့ ယန်မီးတောက်တောင်ပံတွေကို ရုတ်သိမ်းလိုက်ပြီး ရွေ့ရှားမှုပညာရပ်ကို အသုံးပြုလိုက်တယ်။
တစ်နာရီလောက် ကြာပြီးနောက် နှစ်ဝက်လောက်တုန်းက သူထွက်လာခဲ့တဲ့ ကောင်းကင်စံအိမ်ကို မြင်တွေ့လိုက်ရပြီး ရန်ကိုင်ပြုံးမိလိုက်တယ်။ မဒန်ကိစ္စကြောင့် စိတ်ပျက်နေခဲ့ရတဲ့ သူ့စိတ်အခြေအနေလည်း တော်တော်လေး ပြန်ကောင်းမွန်လာတာပေါ့။ ဂိုဏ်းအပေါ် သိပ်ပြီး စိတ်ခံစားချက် မရှိပေမယ့် ဂိုဏ်းမှာ သူ့ကို စောင့်မျှော်နေတဲ့ လူတစ်ယောက် ရှိသေးတယ်လေ။
အထုပ်ကြီးနှစ်ထုပ်ကို သယ်ရင်း ရန်ကိုင် ဂိုဏ်းထဲက တိတ်တဆိတ် ဝင်သွားလိုက်တယ် ။ ဒါပေမယ့် ဂိုဏ်းထဲကို သူခြေချလိုက်တာနဲ့ ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်တယ် “ သခင်လေး…..” နတ်ဆိုးအိုကြီးက ခပ်မြန်မြန် သတိပေးလိုက်သည်။
“စိတ်ပူစရာမလိုဘူး” ရန်ကိုင်မျက်လုံး သူငယ်အိမ် ကျုံ့သွားခဲ့ပါတယ်။ သူ့ကိုစစ်ဆေးနေတဲ့ ကောင်းကင်စိတ်အာရုံတွေကို ရန်ကိုင်သတိ သတိပြုမိပါတယ်။ အတိတ်တုန်းက ရန်ကိုင်အခုလိုမျိုး မခံစားခဲ့ရပါဘူး။ တကယ်တော့ ကောင်းကင် စိတ်အာရုံကို အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေပဲ အသုံးပြုနိုင်တာပါ။
ဒါပေမယ့် ရန်ကိုင် ဝိဥာဉ်က ငါးရောင်ခြယ် ဝိဥာဉ်ကြာပန်းကို လက်ခံရရှိထားတဲ့အတွက် အရင်ကထက် ပိုပြီး အားကောင်းလာကာ သူ့ကို ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးလိုက်တာနဲ့ ချက်ချင်း ဆိုသလို သတိထားမိလိုက်တာပါ။ ဒါပေမယ့် ထိုကောင်းကင် စိတ်အာရုံတွေက သူနဲ့မရင်းနှီးပေ။ ထိုလူတွေက ကောင်းကင်စံအိမ်က အကြီးအကဲတွေ မဟုတ်ဘူးဆိုတာ ကျိန်းသေပါတယ်။
ကံကောင်းစွာနဲ့ ကောင်းကင်စိတ်အာရုံတွေက သူဘယ်သူလဲဆိုတာ စစ်ဆေးရုံ သက်သက်ဖြစ်ပြီး သူ့အပေါ် မကောင်းကြံချင်တဲ့ စိတ်မရှိခဲ့ပါဘူး။ ထို့ကြောင့် သူ့ကိုစစ်ဆေးပြီးသွားတာနဲ့ ဆက်ပြီး ဂရုမစိုက်တော့ချေ။ ဒါပေမယ့် ထိုတွေ့ရှိမှုကြောင့် သူ့အနည်းငယ် တုန်လှုပ်သွားခဲ့ရတယ်။
ကောင်းကင်စံအိမ်မှာ ဘာလို့ ဒီလောက်ကျွမ်းကျင်သူတွေ အများကြီးရှိနေရတာလဲ။
သိသာစွာပဲ ဂိုဏ်းက ဆက်ပြီး ငြိမ်းချမ်းနေတော့မည် မဟုတ်ပါဘူး။ ရန်ကိုင် ကောင်းကင်စံအိမ်ထဲကို ခြေချလိုက်တာနဲ့ တံခါးပိတ်ကျင့်ကြံနေတဲ့ စုယန်က ချက်ချင်း မျက်လုံးဖွင့်လိုက်ပြီး “သူပြန်လာပြီ” စုယန်က သူမ၏ နှုတ်ခမ်းလေးကို ဖွဖွလေးကိုက်ရင်း တိုးတိုးလေ ပြောလိုက်တယ်။ သူမမျက်နှာလေးကတော့ ရှက်သွေးဖြာနေခဲ့ပြီး တစ်နေရာရာကနေ အသံတစ်သံက ခေါ်နေသလို သူမစိတ်ထဲ ခံစားနေခဲ့ရတယ်။
သူမအချိန်အတော်ကြာ မျှော်လင့်နေခဲ့ရတဲ့ သူကပြန်လာခဲ့လေပြီ။ ထို့ကြောင့် စုယန်လည်း တည်ငြိမ်စွာနဲ့ ဆက်ပြီးမလေ့ကျင့်နိုင်တော့ပါဘူး။
သူကတကယ်ကို ငါ့အတွက် ကျိန်စာပဲ။ သူမရှိတဲ့အချိန်မှာ ငါအတွက် နည်းနည်း အနေရ ခက်တယ်ဆိုပေမယ့် ရေခဲနှလုံးသား လျှို့ဝှက်နည်းစနစ်ကို လှည့်ပတ်လိုက်ရင်တော့ အနည်းဆုံးတော့ ငါ့ကိုယ်ငါတည်ငြိမ်အောင် လုပ်နိုင်သေးတယ် ထိုကဲ့သို့သူမစိတ်ကို မကြာခဏ တည်ငြိမ်အောင် ကြိုးစားလုပ်ဆောင်နေရတဲ့အတွက် စုယန်၏ စိတ်စွမ်းအားကလည်း တော်တော်လေး တိုးတက်လာခဲ့ရတယ်။
ဒါပေမယ့် သူပြန်လာပြီဆိုတာ သူမသိလိုက်တာနဲ့ သူမ၏ရေခဲနှလုံးသား လျှို့ဝှက်နည်းစနစ်က လုံးဝ အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။
ထိုအချိန်တွင် စုယန်လည်း အောင့်အည်း မခံနိုင်တော့ပဲ မတ်တပ်ရပ်ကာ
တံခါးဖွင့်လိုက်တယ်။ ထို့နောက် အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရစ်ခွေနဂါးစမ်းချောင်းရှိရာဘက်ကို ပြေးထွက်သွား လိုက်ပါတော့တယ်။
ရစ်ခွေနဂါးစမ်းချောင်းဘေးမှာ ရပ်နေတဲ့ ရန်ကိုင်က တစ်နေရာဆီ လှမ်းကြည့်ပြီး ဖွဖွလေး ပြုံးလိုက်တယ်။
“နတ်ဆိုးအိုကြီး၊ ခင်ဗျားဘာသာ ခင်ဗျားသွားဆော့တော့”
ရန်ကိုင်က နတ်ဆိုးအိုကြီးနဲ့ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကို ချက်ချင်းပစ်ထုတ်လိုက်တယ် “ဟေး…အဟန်း…” နတ်ဆိုးအိုကြီး ပြောစရာ စကား မဲ့သွားခဲ့ရလေပြီ။
သခင်လေး ဒီအစေခံအိုကြီးက သုံးနှစ်သား ကလေးတစ်ယောက် မဟုတ်ဘူးလေ။ ဘာလို့ရုတ်တရက်ကြီး အဲ့လိုကန်ထုတ်ရတာလဲ
ဒါပေမယ့် ရစ်ခွေနဂါးစမ်းချာင်းထဲက မိစ္ဆာချီစွမ်အင်က နတ်ဆိုးအိုကြီး၏ အာရုံကို လုံးဝဆွဲဆောင် နေခဲ့တဲ့အတွက် နတ်ဆိုးအိုကြီးလည်း တုန့်ဆိုင်းမနေတော့ပဲ ချက်ချင်း ပြေးဆင်သွားလိုက်ပါတော့တယ်။
ရစ်ခွေနဂါးစမ်းချောင်းဘေးတွင် အသက်ရှုချိန်အနည်းငယ်ကြာအောင် ရပ်နေပြီးနောက် အဖြူရောင်ပုံရိပ်တစ်ခု ရုတ်တရက် သူ့ဆီကို ချဉ်းကပ်လာခဲ့တယ်။ ထိုပုံရိပ်က သူနှင့်ပေသုံးဆယ်အကွာတွင် ရပ်သွားခဲ့တယ်။ အကြည့်ချင်း ထိပ်တိုက် တွေ့ဆုံသွားခဲ့လေပြီ။ ရန်ကိုင် မျက်လုံးတွေက မျှော်လင့် တောင်တမှုတွေနဲ့ ပြည့်နေခဲ့ပြီး စုယန်မျက်လုံးတွေကတော့ ကြင်နာယုယမှုတွေနဲ့ ပြည့်နေခဲ့တယ်။
လွန်ခဲ့တဲ့လအတွင်း ဘာတွေပြောင်းလဲသွားခဲ့လဲဆိုတာ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ငေးမောကြည့်ရင်း စစ်ဆေးနေခဲ့ကြတယ်။
သူ့ကျင့်ကြံခြင်းအဆင့်က တော်တော်လေး မြင့်တက်လာခဲ့ပြီး သူ့ပုံစံက ပိုပြီး ကြမ်းတမ်းပုံပေါက်လာခဲ့တယ်။
ကံကြမ္မာအပြောင်းလဲကို ကြုံ့တွေ့ခဲ့ရပုံပေါ်ပြီး လောကကြီးကို စိတ်ကုန်ပုံပေါက်နေတဲ့ အကြည့်မျိုးက သူ့လိုဆယ်ငါးနှစ်သား အရွယ်လူငယ်လေး တစ်ယောက်တွင် ရှိမနေသင့်ချေ။ ထိုအချက်တွေကို တွေ့မြင်ရတဲ့စုယန်အဖို့ သူမနှလုံးသားလေး နာကျင်သွားခဲ့ရလေပြီ။ ထိုနှစ်ဝက်အတွင်း ခက်ခဲကြမ်းတမ်း မှုများစွာကို ရန်ကိုင် ခံစားခဲ့ရတယ်ဆိုတာ သူမအလိုလို နားလည်လိုက်တယ်။
Martial Peak
အပိုင်း (၂၀၃) ကောင်းကင်စံအိမ်ဆီသို့ ပြန်လာခြင်း
သူမက ထာဝရတည်ရှိနေတဲ့ ကျောက်စိမ်းတုံး တစ်ခုလိုပါပဲ။ သူမစိတ်နေစိတ်ထား ဆိုရင်လည်း လောက၏ အချုပ်အနှောင်ကနေ ကင်းလွတ်ပြီး သန့်စင်ကာ အပြစ်ကင်းမဲ့လှချေရဲ့။ သူမရှေ့တွင်
ရပ်နေသော မည်သူမဆို နိမ့်ကျတယ်လို့ ခံစားရမည်ဖြစ်ကာ သူမကို မော့ကြည့်ဖို့တောင် ရှက်ရွံ့နေမှာပါ။ ရေခဲလိုကြည်လင်၊ ကျောက်စိမ်းလိုသန့်စင်၊ နှင်းလိုဖြူစင်ပြီး ဆွဲဆောင်မှုရှိလှတဲ့
မျက်နှာလေးက မြို့တွေ၊ နိုင်ငံတွေကိုတောင် ပြိုကျပျက်စီး သွားစေနိုင်လောက်အောင် လှရက်နိုင်းလွန်းနေပါတယ်။
သူမကား ကမ္ဘာပေါ်ကို ဆင်းသက်လာတဲ့ အင်မော်တယ် နတ်သမီး တစ်ပါးအလား မြင့်မြတ်ပြီး တော်ဝင်ဆန်တဲ့ အရှိန်အဝါတွေက သူမကို ဖုံးလွှမ်းလို့ နေပါတယ်။ သူမက သူ့အပိုင်ပါ။သူမနှင့် အတူတကွ နေခဲ့ဖူးတယ် ဆိုပေမယ့် အခုလို နောက်တစ်ကြိမ် ပြန်တွေ့ရချိန်မှာတော့ အိမ်မက်ထဲ ရောက်နေသလို ရန်ကိုင် ခံစားနေခဲ့ရပါတယ်။ စုယန်၏ တော်ဝင်ဆန်မှုနှင့် မြင့်မြတ်သန့်စင်မှုက ရန်ကိုင်နှင့် အတူတူ နေထိုင်ခဲ့လို့ နည်းနည်းလေး လျှော့ပါးသွားတယ် ဆိုတာတောင် မရှိ။
သူ့စိတ်ထဲတွင် အချိန်တော်တော်ကြာအောင် ဖိနှိပ်ထားခဲ့ရတဲ့ စိတ်ဆန္ဒတွေက
အခုအချိန်တွင် ပေါက်ကွဲထွက်လာခဲ့လေပြီ။ရန်ကိုင်လည်း စုယန်ဆီအလိုလို သွားလိုက်မိပြီး သူမခါးကျဉ်ကျဉ်လေးကို ဆွဲဖက်လိုက်သာ ဖူးမောက်နေတဲ့ နှုတ်ခမ်းအစုံကို နမ်းရှိုက်လိုက်ပါတယ်။ စုယန်က ရန်ကိုင်ကို
ချက်ချင်းတားလိုက်ပြီး နားနားကပ်ကာ တိုးတိုးလေ ပြောလိုက်တယ်
“ငါတို့ အောက်ရောက်တဲ့အထိ စောင့်ပါဦး”
သူမပြောပြီးတာနဲ့ ရန်ကိုင်လည်း တုန့်ဆိုင်းခြင်းအလျင်းမရှိပဲ ရစ်ခွေနဂါးစမ်းချောင်းဆီ ခုန်ချလိုက်ပါတယ်။
ပေတစ်ထောင်အနက်လောက် ရောက်တာနဲ့ ယန်မီးတောက် တောင်ပံတွေကို ထုတ်လွှတ်လိုက်ပြီး သူနေတဲ့ လိုဏ်ဂူဆီ ပျံသန်းသွားလိုက်တယ်။ စုယန်က မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း ရန်ကိုင်၏ ယန်မီးတောက်တောင်ပံတွေကို စိတ်ဝင်တစားနဲ့ ကြည့်နေခဲ့ပါတယ်။ လိုဏ်ဂူထဲရောက်တာနဲ့ တောင်ပံတွေကို ပြန်သိမ်းလိုက်ပြီး အထုပ်နှစ်ထုပ်ကို ပစ်ချလိုက်တယ်။ ထို့နောက် စုယန်ကို
အဓိပ္ပါယ်ရှိရှိ ပြုံးပြလိုက်ပြီး သူမကိုခါးကနေ ဖမ်းကိုင်ပြီး ချီမလိုက်ကာ ချက်ချင်းပဲ သူတို့အိပ်တဲ့ ကျောက်တုံးကုတင်ဆီ ခေါ်သွား
ကျောက်တုံးကုတင်ဆီရောက်တာနဲ့ သူမကိုကုတင်ပေါ်ဆီ ဖြေးဖြေးချင်း ချလိုက်တယ်။ စုယန်က ရန်ကိုင်ကို ကြည့်ရင်း ရှက်သွေးဖြာလို နေလေရဲ့။ တစ်ယောက်ကို တစ်ယောက်နမ်းရှိုက်နေရင်း သူတို့နှစ်ယောက်၏
အသက်ရှုသံတွေ မြန်ဆန်လာခဲ့ပါတယ်။ တစ်ခုက မီးတောက်တစ်ခုလို ပူပြင်းကာ တစ်ခုက ရေခဲတစ်ခုလို အေးစက်တောင့်တင်းနေပါတယ်။ အခုအချိန်မှာတော့ သူတို့စိတ်ကို အဆုံးမရှိတဲ့ ဆန္ဒတွေက လုံးဝ ဖုံးလွှမ်းနေခဲ့ပါပြီ။
ရန်ကိုင်က သူ့ရဲ့စိတ်ဆန္ဒရိုင်းတွေကို ဖိနှိပ်ရင်း စုယန်၏အဝတ်တွေကို ဖြေးညင်းစွာနဲ့ တစ်လွှာပြီးတစ်လွှာ ခွာချလို့နေခဲ့တယ်။ သူတို့ အဝတ်အစားတွေလည်း မရှိတော့။ ဆံပင်တွေလည်း ရှုပ်ပွနေခဲ့လေပြီ။ ရန်ကိုင်လည်း စုယန်ကို ပွေ့ဖက်လိုက်ပါတော့တယ်။ စုယန်က ထပ်ကာထပ်ကာ အမောတကော အသက်ရှုနေရပြီး သူမခန္ဓာကိုယ် ဆိုရင်လည်း မီးတောက်ထဲတွင် အရည်ပျော်ကျသွားသည့် ရေခဲတုံတးတစ်ခုအလား ပျော့ခွေလာပါတော့တယ်။
ရန်ကိုင်ကတော့ ပိုပြီး ရဲတင်းကြမ်းတမ်းလာခဲ့ပြီး လှံကိုဝှေ့ရမ်းကာ တိုက်ပွဲထဲကို ချီတက်နေသည့် ရဲရဲတောက် စစ်သည်တော်
တစ်ယောက်လို အဆုံးမရှိတဲ့ အားအင်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ ရန်ကိုင်က လုံးဝကိုစိတ်အားတက်ကြွနေခဲ့ပြီး ထပ်ကာထပ်ကာ ဝုန်းဒိုင်းကြဲနေခဲ့ပါတယ်။ စုယန်လည်း ကြံမိကြံရာနဲ့ ရှက်ရွံ့မှုကို ဖိနှိပ်ဖို့ရာ ရေခဲနှလုံးသား လျှို့ဝှက်နည်းစနစ်ကို လှည့်ပတ်လိုက်တယ်။ သူမ၏နှင်းလိုဖြူဖွေးတဲ့ အသားအရေပေါ်တွင် အနီရောင်တောက်တောက်လေး ထွက်ပေါ်လာခဲ့ပြီး သူမဆံပင်တွေက ရှေ့နောက်ရမ်းနေခဲ့ကာ သူမချွေးသီးလေးတွေက ချိုမြပြီး နှစ်လိုဖွယ်ကောင်းတဲ့ ရနံ့တွေကို ထုတ်လွှတ်နေခဲ့ပါတယ်။
‘‘ အခု….ဘယ်လိုနေလဲ ’’ စုယန်ကအံကြိတ်လိုက်တယ်။ သူမ၏ရှက်ရွံ့မှုကို ဖိနှိပ်ထားလိုက်ရင်း ရန်ကိုင် စိတ်အလိုကျ နာခံစွာနဲ့ မျိုးစုံသော ရှက်စရာကောင်းတဲ့ ပုံစံမျိုးစံကို ကျောက်တုံးကုတင်ပေါ်တွင်
လုပ်ဆောင်ပေးနေခဲ့ပါတယ်။ ရန်ကိုင်လက်တွေကတော့ သူမခန္ဓာကိုယ်တစ်လျှောက် အစုံအဆန် သွားလာနေတာပေါ့။
ရန်ကိုင် ကောင်ကင်းစံအိမ်ကို ပြန်ရောက်ကတည်းက စုယန်နှင့်အတူ နှစ်ယောက်တည်း အတူတကွ အချိန်ဖြုန်းခဲ့တယ်။
ရွှေတစ်ထောင်ပျော်မြူးရာခန်းမဆီက သူမှတ်သားလာခဲ့တဲ့ ပုံစံမျိုးစုံကို
အခုအချိန်တွင် စုယန်နှင့်အတူ အကောင်းဆုံး အသုံးချလို့ နေခဲ့တယ်။ ယောကျာ်းနှင့် မိန်းမနှစ်ယောက် အခုလိုဆက်ဆံရာမှာ သိုင်းပညာရပ်လို ပုံစံမျိုးစုံသုံးလို့ရမှန်း စုယန်မသိခဲ့ပါဘူး။
ထိုရှက်စရာကောင်းတဲ့ ပုံစံမျိုးစံက စုယန်ကို မျက်နှာမဖော်ရဲလောက်တဲ့အထိ ရှက်သွားစေတာတော့ အမှန်ပါ။ အဆုံးမရှိတဲ့ ပုံစံမျိုးစုံကို လေ့လာပြီးနောက် သူ့အကြိုက်ဆုံးပုံစံကို ရန်ကိုင်တွေ့ရှိသွားခဲ့ပါပြီ။ ထိုပုံစံက ကောင်းကင်စံအိမ်ထဲတွင် သူနှင့်စုယန် ချစ်တင်းနှောတုန်းက လုပ်ခဲ့တဲ့ပုံစပါပဲ။
ထိုပုံစံက စုယန်၏ ကျောဘက်က သူ့ဆီကို မျက်နှာမူထားတဲ့ပုံစံပါ။
စုယန်ကျောဘက်ရှိ အသက်ဝင်လှတဲ့ ရေခဲဖီးနစ်တက်တူးနှင့်အတူ ပိုးသားလိုနူးညံ့လှတဲ့ သူမ၏ကျောပြင်လေးကို ကြည့်ရင်း ၊ သူမ၏သေးသွယ်လှတဲ့ ခါးလေးကိုပွေ့ဖွက်ပြီး လုပ်ရတာက
ရန်ကိုင်ကို ဖော်ပြလို့မရတဲ့ စိတ်ခံစားချက်နှင့် စိတ်လှုပ်ရှားမှုကို ပေစွမ်းနိုင်ပါတယ်။ စုယန်ကျောဘက်တွင် ရေခဲဖီးနစ်တက်တူး ရှိသလိုမျိုး သူ့ကျောဘက်တွင်လည်း မီးနဂါးတက်တူးရှိတယ်ဆိုတာ သူသိပါတယ်။
ထိုတက်တူးနှစ်ခုစလုံးက ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲတွင် ရခဲ့တာပါ။
ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို လှည့်ပတ်ရင်း နှစ်ယောက်သား ကြည်နူးနေခဲ့တာ တစ်ရက် ကြာသွားခဲ့ပါပြီ။ စုယန်ဖြစ်စေ ၊ ရန်ကိုင်ဖြစ်စေ သူတို့နှစ်ယောက်စလုံး၏ ခွန်အား တော်တော်လေး တိုးတက်လာခဲ့ပါတယ်။ သူတို့ကျင့်ကြံခြင်းအဆင့် တိုးတက်မှုက သေးငယ်ပေမယ့် တကယ့်အကျိုးရလဒ်က သူတို့ယွမ်ချီတွေ ပိုပြီးသန့်စင်လာခြင်းပါပဲ။ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ရဲ့ တကယ့် ရည်ရွယ်ချက်က သူတို့နှစ်ယောက်၏ ချီစွမ်းအင်တွေကို ပေါင်းစည်းပြီး တစ်ခုကိုတစ်ခု သန့်စင်စေဖို့ပါပဲ။ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို လေ့ကျင့်တဲ့ အချိန်ကြာလေ သူတို့ချီစွမ်းအင် သိပ်သည်းမှုနှင့် သန့်စင်မှုက ပိုပြီးတိုးတက်လာလေပါ။
လေ့ကျင့်ခြင်းပြီးဆုံးသွားပေမယ့် ရန်ကိုင်က အရှိန်မသတ်
နိုင်သေးတဲ့အတွက် စုယန်နှင့် နောက်တစ်ကျော့ နှစ်ပါးသွားဇာတ်တော် နွှဲလိုက်ပြန်ပါတယ်။ ရန်ကိုင်ကို ကူညီဝတ်ဆင်ပေးပြီးတာတောင် စုယန်၏ မျက်နှာတွင် ရှက်ရွံ့နေတဲ့ အပြုံးလေးကတော့ ရှိနေတုန်းပါပဲ။
ရန်ကိုင်က အခုအချိန်တွင် မမောပန်းနိုင်တဲ့ သားရဲတစ်ကောင်အလား သူမ၏ထွေးပိုက်မှုကို ထပ်ခါထပ်ခါ လိုလားတောင့်တနေလေရဲ့။ ရန်ကိုင်၏ ထပ်ခါထပ်ခါ သောင်းကျန်မှုကြောင့် စုယန်၏ခံစားချက်တွေက ပျော့ပျောင်းလာခဲ့ပြီး အားပျော့လာခဲ့ရတယ်။ သူမသာ မြန်မြန် အဝတ်မဝတ်
သေးဘူးဆိုရင် ရန်ကိုင်ထပ်ပြီး ဝုန်းဒိုင်းကြဲမှာကို စုယန် တကယ် လန့်နေမိပါပြီ။
နှစ်ယောက်စလုံး ကိုယ်စီကိုယ်စီ အဝတ်ဝတ်ပြီးတာနဲ့ တစ်ယောက်ကို တစ်ယောက် ထွေးပွေ့ ပွေ့ဖက်ရင်း ကျောက်တုံးကုတင်ပေါ် ဆက်ပြီး လဲလျောင်းနေခဲ့ကြတယ်။ သူတို့နှစ်ယောက်ကြားရှိ အချစ်ကိုဖော်ပြဖို့ စကားလုံးတွေ မလိုအပ်ပါဘူး။ အချစ်တွေကို သူတို့နှလုံးသားထဲ၌သာ သိပ်းဆည်းထားတာပါ။
“နင့်ခန်းမှန်းချက် မှန်သွားခဲ့ပြီ” စုယန်က ရန်ကိုင်လက်မောင်းထဲတွင် လဲလျောင်နေရင်း ရုတ်တရက် ပြောလိုက်တယ်။ “ဘာခန့်မှန်းချက်လဲ”
ရန်ကိုင်က သူမဆံသားလေးကို ပွတ်သပ်ရင်း တည်ငြိမ်အေးချမ်းမှုကို ခံစားနေလျက် ပြန်မေးလိုက်တယ်။
“လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ကောင်းကင် အမွေအနှစ်လိုဏ်ဂူ ပေါ်လာတာ တော်တော်လေး ဂယက်ရိုက်သွားမယ်လို့ နင်ပြောခဲ့တယ်မလား” “အပြင်လူတွေ ရောက်လာပြီလား”ရန်ကိုင် ရုတ်တရက် မျက်မှောင် ကြုံ့လိုက်လေပြီ။
“အင်း၊ မိသားစုကြီးရှစ်ခုက လူတစ်ယောက်မှ မပို့ခဲ့ပေမယ့်
ကျန်တဲ့မိသားစုတွေနဲ့ ဂိုဏ်းတွေက သူတို့လူတွေကို ဒီနေရာကိုပို့လိုက်တယ်။ အဲ့လူတွေက ကောင်းကင် အမွေအနှစ်လိုဏ်ဂူထဲမှာ အကျိုးအမြတ်ရခဲ့တဲ့ ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေကို ခေါ်ဖို့ကြိုးစားနေကြတာ။ ကောင်းကင်စံအိမ်၊သွေးတိုက်ပွဲဂိုဏ်း၊မုန်တိုင်စံအိမ်…ဂိုဏ်းသုံးဂိုဏ်းလုံး..
လွန်ခဲ့တဲ့လအတွင်း တပည့်အရေအတွက် တော်တော်လေး ဆုံးရှုံးသွားခဲ့ရတယ်”
‘‘ ကောင်းကင်စံအိမ်ကို ဘယ်အင်အားစုက လူတွေရောက်လာတာလဲ ’’ ရန်ကိုင် ထပ်မေးလိုက်ပါတယ်။
သူ့စိတ်ထဲက သံသယနောက်ဆုံး ရှင်းလင်းသွားခဲ့ပါပြီ. ကောင်းကင်စံအိမ်ကို သူပြန်လာတဲ့ ညတုန်းက သူ့ကိုနတ်ဘုရားစိတ်အာရုံနဲ့ စစ်ဆေးခဲ့တဲ့လူတွေက ထိုမိသားစုတွေနဲ့ ဂိုဏ်းတွေကလူတွေပဲ ဖြစ်ရပါမယ်။
“ရွှမ်စီရင်စုနယ်မြေက ဒေါင်မိသားစု၊ ယွမ်စီရင်စုနယ်မြေက ဘိုင်မိသားစုနဲ့
ချွမ်စီရင်စုနယ်မြေက ခရမ်းဖန်းတောင်ကြား ….အဲ့အင်းအားစုတွေပဲ။ အနက်ရောင်မက်မွန်သီးရွာနားမှာ နားစွင့်နေတဲ့ အခြားအင်းအားစုတွေလည်း ရှိသေးတယ်” ဒေါင်မိသားစုလား….ရန်ကိုင်မျက်မှောင်ကြုံ့လိုက်လေပြီ။
“သူတို့နင့်ကိုဘာတွေပေးမယ်လို့ ကမ်းလှမ်းလဲ” ရန်ကိုင် ဆက်မေးလိုက်တယ်။
စုယန်က ဂိုဏ်းသုံးဂိုဏ်း၏ လူငယ်မျိုးဆက် ခေါင်းဆောင်းတစ်ယောက် ဖြစ်ပြီး ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက အစစ်အမှန်
အမွေအနှစ်ကို ရခဲ့တယ်လို့ သံသယဝင်စရာအကောင်းဆုံး လူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ထိုရောက်လာတဲ့လူတွေက စုယန်ကိုခေါ်ဖို့ ကျိန်းသေကြိုးစားမှာဖြစ်ပြီး သူတို့ပေးမယ့်လက်ဆောင်
တွေကလည်း တန်ဖိုးနည်းလိမ့်မည် မဟုတ်ချေ။
“နှစ်နှစ်အတွင်း အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ငါရောက်စေရမယ်လို့ သူတို့ ကတိပေးထားတယ်။ ပြီးတော့ ဆေးလုံးတွေ၊လက်နက်တွေကိုလည်း ငါကြိုက်တာယူနိုင်ပြီး ငါ့အဆင့်အတန်းကလည်း အကြီးအကဲတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ တူညီလိမ့်မယ့်လို့ ပြောတယ်”
“တကယ်ရက်ရောတာပဲ” ရန်ကိုင်ပြောလိုက်တယ်။
“ပြန်ပေးရမှာကကော”
“ငါလက်ထပ်ရမယ်”
“အိုးတကယ်ပဲလား … “
“ငါငြင်းလိုက်တယ်” စုယန်က ကလေးဆိုးလေး တစ်ယောက်လို ရန်ကိုင်ကိုပွေ့ဖက်လိုက်ပြီး
“ငါအမွေအနှစ်ကို ရခဲ့တယ်လို့ သူတို့သံသယရှိပေမယ့် သူတို့မှာ သက်သေမရှိဘူးလေ။ အဲ့ဒါကြောင့် အဲ့လောက်ကြီး ဖိအားမရှိဘူး။ ကိုယ်စားပြုတဲ့လူတွေကတော့ အခုကောင်းကင်စံအိမ်ထဲမှာ နေနေတယ်”
“အဲ့အင်အားစုတွေက သူတို့သခင်လေးတွေကို ပို့လိုက်တယ်မလား” ရန်ကိုင်က လှောင်ပြောင်လိုတဲ့ လေသံနဲ့ ပြောလိုက်တယ်။
မိန်းမလှလေးတစ်ယောက်၏ နှလုံးသားကို ဖမ်းစားနိုင်ဖို့ဆိုရင် သူတို့မိသား၏ ချစ်မြတ်နိုးရတဲ့ သားရွှေအိုးလေးတွေကို ပို့ရမှာပါ။ ဒါပေမယ့် သူတို့၏ကြိုးစားအားထုတ်မှုတွေက အလဟဿ ဖြစ်သွားခဲ့ရလေပြီ။ ဘာလို့လဲဆိုတော့ စုယန်က သူ့အပိုင်ဖြစ်နေလို့ပေါ့။ သူတို့နှစ်ယောက်ကြားက
ဆက်ဆံရေး ဆိုရင်လည်း ခွဲလို့မရအောင် ခိုင်မြဲနေပြီလေ။
ဒါပေမယ့် သူတို့သခင်လေးတွေကို မပို့ရင်တောင်မှ စုယန်၏ စရိုက်အရဆိုလျှင် သူမဘယ်တော့မှ သူတို့တောင်းဆိုချက်ကို သဘောတူ
လိမ့်မည် မဟုတ်ပါဘူး။ ရေခဲနှလုံးသားကျင့်စဉ်က တစ်စုံတစ်ယောက်၏ နှလုံးသားကို အနှောင့်အယှတ်ကင်းမဲ့အောင် ဆောင်ရွက်ပေးတာပါ။ ထိုကဲ့သို့ အပေါးစား အကျိုးအမြတ်တွေက သူမစိတ်ကိုလှုပ်ရှားအောင် ဘယ်လိုလုပ်ပြီး လုပ်နိုင်ပါ့မလဲ။
“အင်း” စုယန်က ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ပါးလေးကို ပွတ်သပ်ရင်း ဆက်ပြောလိုက်တယ်။
“နင်စိုးရိမ်စရာမလိုပါဘူး။ ငါက ထာဝရနင့်အပိုင်ပဲ”
“ငါဘယ်တော့မှ မစိုးရိမ်ဘူး” ရန်ကိုင်ပြုံးဖြဲဖြဲလုပ်ရင်း “သူတို့သာနင့်ကို လှုပ်ရှားအောင် လုပ်မယ်ဆိုရင် မကောင်းတဲ့နည်းတစ်ခုခုကို သုံးမှရလိမ့်မယ်” ဒါပေမယ့် အချိန်တစ်ခဏတာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က မျက်မှောင် ကြုံ့လိုက်ပြီး
“အဲ့လိုဆိုရင်တောင် ဒါက သည်းခံလို့ရတဲ့ကိစ္စမဟုတ်ဘူး။ သူတို့ကများ ငါ့မိန်းကလေးကိုများ ကြံရဲတယ်”
စုယန်ပြုံးလိုက်ပြီး သူမနှလုံးသားထဲက ချိုမြိန်မှုကို ဖုံးဖိမထားနိုင်ခဲ့ချေ။
စုယန်ကတည်ငြိမ်ပေမယ့် ရန်ကိုင်သဝန်တိုနေတာ မြင်ရတော့ မနေနိုင်ပဲ ပြုံးမိလိုက်ပြီး သူမစိတ်ထဲ ကြည်နူးသွားရတယ်။ စုယန်ထွက်သွားတဲ့အချိန်က မနက်နေထွက်ချိန် ဖြစ်နေပါပြီ။ သူလေ့ကျင့်တဲ့ လိုဏ်ဂူကို စူစမ်းမိလိုက်တဲ့အချိန် ရန်ကိုင်လည်း မနေနိုင်ပဲ အံ့အားသင့်သွားခဲ့ရပါတယ်။
သူ့နေတဲ့ နေရာက လုံးဝဆိုသလိုကို ပြောင်းလဲသွားနေခဲ့ပါပြီ။
သူထွက်သွားတဲ့တုန်းက ဒီနေရာက အေးစက်ပြီး အမှောင်ကျတဲ့ နေရာတစ်ခုသာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ အိမ်တစ်ခုနှင့် တူနေခဲ့ပါပြီ။ လိုဏ်ဂူထဲတွင် စားပွဲခုံနှင့်ထိုင်ခုံတွေ ရှိနေရုံသာမကာ ပန်းအိုးများစွာရှိနေခဲ့ပြီး နံရံပေါ်တွင် ချိတ်ဆွဲထားတဲ့ ပန်ချီကားများစွာလည်း ရှိနေပါသေးတယ်။ ထောင့်စွန်းတိုင်းကိုလည်း လှပတင့်တယ်အောင် တန်ဆာဆင်ထားလေရဲ့။
ကျောက်တုံးကုတင်ပေါ်မှာ ဆိုရင်လည်း နွေးထွေးပြီးသက်သောင့်သက်သာ ရှိတဲ့အိပ်ရာခင်း ရှိနေခဲ့တာပေါ့။ အစောပိုင်းတုန်းက စုယန်နှင့် ကိစ္စတွင်သာ အာရုံစိုက်နေတဲ့အတွက် ထိုအချက်တွေကို သူ ဂရုမစိုက် မလိုက်ပါဘူး။ ဒါကစုယန်နဲ့ ရှင်းနင်းချန်တို့ လုပ်ထားတာပဲ ဖြစ်ရပါမယ်။ ထိုပြောင်းလဲမှုက တော်တော်လေး ကောင်းပါတယ်။
လိုဏ်ဂူဝင်ပေါက်ကို ရောက်လာတဲ့အချိန် ယင်ယန်မွန်းစတားဂျင်းဆင်းက စိတ်ပျက်နေတဲ့ ပုံစံနဲ့ပါ။ သူ့ပုံစံက သူဒေါသထွက်နေကြောင်း ရန်ကိုင်ကို ပြောနေသလိုလို။ ရန်ကိုင်ပြန်လာတဲ့အချိန်တုန်းက ယင်ယန်မွန်းစတားဂျင်းက သူ့ကိုနှုတ်ဆက်ခဲ့ပေမယ့် ရန်ကိုင်ကတော့ သူ့ကို လုံးလုံး လျစ်လျူရှုထားခဲ့ပါတယ်။ ရန်ကိုင်လည်း အားတုံ့အားနာနဲ့ ပြုံးလိုက်ပြီး ထိုင်ချလိုက်ကာ ယန်အရည်စက် နှစ်စက်ကို ယင်ယန် မွန်းစားတားဂျင်းဆင်းကို ကျွေးလိုက်တယ်။
ယင်ယန်မွန်းစတားဂျင်းဆင်းလည်း မုန့်ရတဲ့ ကလေးတစ်ယောက်လို ပျော်ရွှင်သွားခဲ့ပါပြီ။ ယင်ယန်မွန်းစတားဂျင်ဆင်းဘေးတွင်ထိုင်ရင်း ရန်ကိုင်စိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့ပြီး အနက်ရောင်စာအုပ်ကို သူ့လက်ထဲတွင် ထွက်ပေါ်လာစေလိုက်တယ်။ လွန်ခဲ့တဲ့ရက်တွေတုန်းက အဆင့်သေးဖြစ်ဖြစ်၊ အဆင့်ကြီးဖြစ်ဖြစ် ချိုးဖျက်ပြီးတိုင်း အနက်ရောင်စာအုပ်ကို သူစမ်းသပ်ကြည့်ခဲ့တယ်။ ဒါပေမယ့်
သူ့မျှော်လင့်ချက်တွေက လေနှင့်အတူ မျောလွင့်သွာခဲ့ရပါတယ်။
သူ့မျှော်လင့်ချက်တွေ အကြိမ်ကြိမ် ရိုက်ချိုးခံရပြီးတဲ့ အချိန်မှာတော့ ရန်ကိုင်လည်း အနက်ရောင်စာအုပ်နဲ့ ပက်သက်ပြီး စိတ်ဝင်စားမှု လျော့ပါးလာခဲ့ရတယ်။ အနက်ရောင်စာအုပ်က သူ့ကိုအကူအညီများစွာ ပေးခဲ့ပြီးပါပြီ။ ထိုစာအုပ်ကနေ အနာဂတ်တွင် မည်သည့်အကူအညီမှ သူဆက်ပြီးမရနိုင်ဘူးဆိုရင်တောင်မှ သူဆက်ပြီး တိုးတက်နေလိမ့်မယ်လို့ သူ့ကိုယ်သူ အာမခံနိုင်ပါတယ်။
ထိုအတွေးနဲ့ သူ့စိတ်အခြေအနေ ပိုပြီးကောင်းမွန်လာခဲ့တယ်။ အနက်ရောင်စာအုပ်က ဆန်းကြယ်တဲ့အရာတွေကို သူ့အားပေးစွမ်း
နိုင်ပေမယ့် သူကိုယ်တိုင် မကြိုးစားဘူးဆိုရင်တော့ အားလုံးဟာ နောက်ဆုံးမှာတော့ အသုံးမဝင် ဖြစ်သွားမှာပါ။
အနက်ရောင်စာအုပ်ကနေ တစ်ခုခုရလိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့ပေမယ့် သူ့လက်ကတော့ စာမျက်နှာငါးဆီ အလိုလို လှန်လှောလိုက်ပြီး ချီစွမ်းအင်း ဖြည့်သွင်းလိုက်တယ်။ ဒါပေမယ့် အဆုံးမဲ့ပင်လယ် တုန်းကလိုမဟုတ်ပဲ အခုတစ်ကြိမ်မှာတော့ အနက်ရောင်စာအုပ်က တုန့်ပြန်လာခဲ့ပါပြီ။ ရန်ကိုင်လည်း အနက်ရောင်စာအုပ်ကို ကြည့်ရင်းပြုံမိလိုက်ပြီး ချီစွမ်းအင်ကို ဆက်လက်ဖြည့်သွင်း နေလိုက်တယ်။
အနက်ရောင်စာအုပ်ကနေ ရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာခဲ့ပြီး
ထိုအလင်းတန်ုးတွေက အရင်းတုန်းကလို အပြင်ဘက်ကို ထွက်မသွားခဲ့ပဲ အတူတူဆက်သွယ် သွားခဲ့ပြီး ထူးဆန်းရှုပ်ထွေးတဲ့ အဆင့်မြင့်တဲ့ ဝိဉာဉ်အစီအရင်တစ်ခုနှင့် ဆင်တူတဲ့ပုံစံတစ်ခု ဖြစ်သွားခဲ့တယ်။
အချိန်ခဏကြာပြီးနောက် သူ့ရှေ့၌ စာသားတစ်ကြောင်း ထွက်ပေါ်လာခဲ့တယ်။
ဆေးဘုရင်တောင်ကြား….ဆန်းကြယ်ဆေးရေကန်။
အသက်ရှုချိန် ခဏကြာပြီးနောက် ထိုစာသားပျောက်ကွယ်သွားခဲ့ပြီး ရွှေရောင်အလင်းတန်းတွေလည်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားခဲ့တယ်။ ရန်ကိုင် မျက်မှောင် ကြုံ့မိလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ အရင်တုန်းကနဲ့ မတူညီတော့ပါဘူး။ အရင်တုန်းကဆိုရင် အနက်ရောင်စာအုပ်က သူ့ကို အဖိုးတန် ရတနာ တစ်ခုခု ပေးခဲ့တာပါ။ ဒါပေမယ့် အခုတစ်ကြိမ်မှာတော့ တည်နေရာ တစ်ခုကိုသာ ပြောပြသွားခဲ့ပါတယ်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၄) စီနီယာမမလေး၏ မကျေနပ်ချက်များ
ဆေးဘုရင်တောင်ကြားလား … ထိုနေရာအကြောင်း ရန်ကိုင် သိပါတယ်။ ထိုနေရာက ထူခြားတဲ့ဂိုဏ်း တစ်ဂိုဏ်းဖြစ်ပြီး တောင်ကြားတစ်ခုလုံး နာမည်ကျော်ကြားတဲ့ ဆေးပညာရှင်တွေနဲ့ ပြည့်နေတာပါ။ ဆေးဘုရင်
တောင်ကြား၏ အဖွဲ့သားတွေအဖို့ ကျင့်ကြံခြင်းအဆင့် အရမ်းကြီး မြင့်မားစရာမလိုသလို တိုက်ပွဲစွမ်းရည်လည်း အရမ်းကြီး ကောင်းနေစရာမလိုပါဘူး။
သူတို့၏ စုပေါင်းခွန်အာဆိုရင်လည်း ပထမအဆင့် အင်အားစုတွေနဲ့ မယှဉ်နိုင်ပဲ ဒုတိယအဆင့် အင်အားစုတွေထက်သာ အနည်းငယ် အားကောင်းတာပါ။ ဒါပေမယ့် ထိုအင်အားစု တည်ရှိလာတာ အခြားဂိုဏ်းတွေထက် ပိုပြီးကြာမြင့်ပါတယ်။
ကောလဟာလတွေ အရဆိုရင် ဆေးဘုရင်တောင်ကြား တည်ရှိလာတာ နှစ်တစ်ထောင်ကျော်နေပါပြီ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အင်အားစုများစွာ ပျက်စီးပျောက်ကွယ်သွားခဲ့ပြီး အသစ်အသစ်တွေ ထပ်မံထွက်ပေါ်လာခဲ့ပေမယ့် ဆေးဘုရင်တောင်ကြားကတော့ အချိန်လောကဒဏ်ကို ကြံကြံခံ ဆက်လက် တည်ရှိနေဆဲပါပဲ။
ထိုဆေးဘုရင်တောင်ကြားကို မိသားစုကြီးရှစ်ခုတောင် အထင်မသေရဲပါဘူး။ နှစ်တိုင်း များစွာသော သိုင်းပညာရှင်တွေက ရတနာမျိုးစုံကို သယ်ဆောင်လာပြီး ဆေးဘုရင်တောင်ကြားက ဆေးဆရာတွေကို ဆေးလုံးဖော်စပ်ခိုင်းဖို့ တောင်းဆိုလေ့ ရှိကြပါတယ်။ ထို့ကြောင့် ဆေးဘုရင်တောင်ကြားက ဂိုဏ်းတိုင်းနီပါးနှင့် အဆက်အဆံ ရှိတယ်လို့ ပြောလို့ရပါမယ်။
တစ်နည်းဆိုရသော် ဆေးဘုရင်တောင်ကြားကို ရန်စလိုက်တာ သိုင်းလောကတစ်ခုလုံးကို ရန်စလိုက်တာနဲ့ အတူတူပါပဲ။ တစ်ချိန်တုန်းက ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်က ဆေးဘုရင်တောင်ကြားဆီ သွားပြီး ဆေးဖော်စပ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့
ကောလဟာလရှိခဲ့ဖူးပါတယ်။
ထိုဂိုဏ်းခေါင်းဆောင်လည်း ဒေါသထွက်ထွက်နဲ့ ဆေးဘုရင်တောင်ကြားက တပည့်အနည်းငယ်ကို သတ်ဖြတ်ခဲ့ပါတယ်။ ဆေးဘုရင်တောင်ကြားက ထိုကိစ္စနဲ့ပက်သက်ပြီး တရားမျှတမှုကို တောင်းဆိုပြီးတဲ့အချိန်မှာတော့ ထိုညမှာပဲ ထိုဂိုဏ်းခေါင်းဆောင်၏ ဂိုဏ်းတစ်ခုလုံး အမြတ်ဖြတ် သုတ်သင်ခံလိုက်ရတယ်။
ထိုကောလဟာလတွေ လုံးလုံးကြီး မှန်တယ်လို့ ပြောလို့မရပေမယ့် အခြေအမြစ် မရှိတဲ့ကောလဟာလ တွေလည်း မဟုတ်ပါဘူး။ ထိုကောလဟာလတွေက ဆေးဘုရင်တောင်ကြား ဘယ်လောက်
သြဇာလွှမ်းမိုးမှုရှိကြောင်း မီးမောင်းထိုးပြနေတာပါ။ ထပ်တိုးပြောရမယ်ဆိုရင် ဆန်းကြယ်ဆေးရေကန်
ဆိုတာက ဆေးဘုရင်တောင်ကြား၏ တာမြစ်နေရာတစ်ခုပါ။ ထိုနေရာတွင် ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့တယ်လို့လည်း ကောလဟာလတွေ ထွက်ခဲ့ဖူးပါတယ်။ များစွာသော
ဆေးဆရာတွေက သူတို့ ဆေးပညာ ဗဟုသုတတွေ ပိုမိုတိုးဟွား လာစေဖို့ အတွက် ဆေးဘုရင်တောင်ကြားဆီ သွားရောက် လေ့ရှိကြပါတယ်။
အနက်ရောင်စာအုပ်က ဖော်ပြခဲ့တဲ့ ခေါင်းစဉ်ကို ရန်ကိုင်ကို ခေါင်းအကြီးကြီး ကိုက်သွားစေခဲ့လေပြီ။ အနက်ရောင်စာအုပ် ပြောချင်တာက ဆန်းကြယ်ဆေးရေကန်ကို ရှာဖို့ဆေးဘုရင်တောင်ကြားကို သူသွားရမှာလား။
သူသွားရမယ့် နေရာကို သိနေပေမယ့် အခုအချိန်မှာတော့ သူသွားလိမ့်ဦးမှာ မဟုတ်ပါဘူး။
ပထမအချက် အနေနဲ့ ပြောရရင် သူက ဆေးပညာနဲ့ ပက်သက်ပြီး မွေးကင်စ ကလေး တစ်ယောက်ပါပဲ။ ဆေးဘုရင်တောင်ကြားဆီ သွားပြီး ဆန်းကြယ် ဆေးရေကန်ထဲကို ဝင်ခွင့်ပေးပါဖို့ ဒီအတိုင်းကြီး သွားတောင်ဆိုပါက ကန်ထုတ်ခံရမှာ မလွဲမသွေပါပဲ။ ဒုတိယအနေဖြင့် ရန်ကိုင်၏ အမြဲတမ်း ဦးစားပေးက သူ့ခွန်အားတိုးတက်ဖို့ပါပဲ။ သူ့ခွန်အား တိုးတက်လာမှပဲ
ဆေးဘုရင်တောင်ကြားထဲ ခိုးဝင်ဖို့ နည်းလမ်း တစ်ခုခုရှာဖွေ မှာပါ။ အနက်ရောင်စာအုပ်ကို ပြန်သိမ်းထားလိုက်ပြီး အဆုံးမဲ့ပင်လယ်ကနေ သူသယ်လာတဲ့ အိတ်ထုတ်တစ်ထုပ်ကို ယူလိုက်ပါတယ်။
ထိုအိတ်ထဲမှာ အဆုံးမဲ့ပင်လယ်ရှိ ဂိုဏ်းအသီးသီးရဲ့ အဖိုးတန် ရတနတွေ ရှိနေပါတယ်။ အဆုံးမဲ့ပင်လယ်တွင် ရှိနေတုန်းက ထိုရတနာတွေကို သန့်စင်ချင်ခဲ့ပေမယ့် ဂိုဏ်းတွေရန်ကို
ကြောက်ရတဲ့အတွက် သူမသန့်စင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ကောင်းကင်စံအိမ်ဆီ သူပြန်ရောက်လာါပါပြီ။ ကောင်ကင်စံအိမ်က အဆုံးမဲ့ပင်လယ်ကနေ မိုင်သောင်းပေါင်းများစွာ ကွာဝေးတာပါ။ ထို့ကြောင့်
ဂိုဏ်းအသီးသီးက သူတို့ရဲ့ အဖိုးတန် ရတနာတွေကို အာရုံခံမိမှာကို သူစိုးရိမ်နေစရာ မလိုပါဘူး။ နောက်ပိုင်းမှာ သူသာ ထိုရတနာတွေကို သေချာအသုံးပြုမယ်ဆိုရင် ထိုဂိုဏ်းတွေ သတိထားမိသွားမှာကို စိုးရိမ်စရာ မလိုပါဘူး။
ထိုထဲတွင် စုစုပေါင်းလက်နက်သုံးခုရှိပါတယ်။ အထူးကျင့်စဉ်ကို လေ့ကျင့်ပြီး အသက်သွင်းအသုံးပြုရတဲ့ လက်နက်တစ်ခု၊ ဓါးတစ်ချောင်းနှင့် သွေးပန်းတစ်ခုပါပဲ။ ဓါးကသုံးပေရှည်ပြီး သုံးလက်မလောက် ဗြက်ကျယ်ပါတယ်။ ဓါးတစ်ခုလုံးက ရဲရဲနီနေပြီး ဓါးကိုယ်ထည်ပေါ်တွင် သွေးတွေ စီးဆင်နေသလားတောင် ထင်ရလောက်တဲ့အထိပါ။ ဓါးကိုသေချာစစ်ဆေးပြီးနောက် ဓါးဆီမှ အော်မြည်သံတွေကို ကြားလိုက်ရတဲ့အတွက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရပါတယ်။
သူ့စိတ်စွမ်းအားသာ မသန်မာခဲ့ရင် ဓါး၏လွှမ်းမိုးမှုအောက် ရောက်ပြီး မိစ္ဆာလမ်းကြောင်းထဲ ကျဆင်းသွားနိုင်ပါတယ်။ ထိုဓါးက ကျိန်စားဓါး
တစ်ချောင်းဖြစ်သလို အသူရာဂိုဏ်း၏ ထွတ်မြတ်ရတနာလည်း ဖြစ်တဲ့ အသူရာဓါးပါပဲ။
ဓါးဆီက ထုတ်လွှတ်နေတဲ့ အရှိန်အဝါက ရွှေရောင်အရိုးခြောက်က ထုတ်လွှတ်နေတာနဲ့ တူညီနေတဲ့ အတွက် ရန်ကိုင်တော်တော်လေး ပျော်ရွှင်သွားခဲ့ရပါတယ်။ ထိုတူညီတဲ့ အရှိန်အဝါက သူ့ကို ဓါးအား အသုံးပြုရာတွင် ပိုပြီး လွယ်ကူသွားစေခဲ့ပါတယ်။ အသူရာဓါးက အနည်းဆုံး အဆင့်နိမ့် ကောင်းကင်အဆင့် လက်နက်တစ်ခုပါ။ ပြီးတော့ တိုက်ခိုက်ရေး လက်နက်တစ်ခုလည်း ဖြစ်ပါတယ်။ အသူရာဓါးနဲ့ဆိုရင် သူ့တိုက်ပွဲစွမ်းအားက တော်တော်လေး တိုးတက်လာမှာပါ။ အသူရာဓါးကို ဘေးတစ်ချက် ချထားလိုက်ပြီးနောက် သွေးပန်းကို ရန်ကိုင် ကောက်ယူပြီး စူးစမ်းကြည့်လိုက်တယ်။ ထိုသွေးပန်းက အနီရောင်ကြွေပန်းတစ်ခုနှင့် တူပေမယ့် ထိုသွေးပန်းက ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ ပွင့်လန်းနေတဲ့ ပွင့်ချပ်တွေက ထက်ရှတဲ့ ဓါးသွားတွေအလား အန္တရာယ်ရှိတဲ့ အရိပ်အငွေ့တွေကို ထုတ်လွှတ်နေခဲ့တယ်။
နှစ်ပေါင်း၃၀၀က သွေးပန်းဆီက ထွက်ပေါ်နေတဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါကို မပယ်ဖျောက်နိုင်သေးပါဘူး။ထိုလက်နက်က သတ်ဖြတ်ဖို့အတွက်သာ ဖန်တီးထားတဲ့ လက်နက်တစ်ခုပါပဲ။ ပန်းကြွေဘုရားကျောင်းက ထိုသွေးပန်းလက်နက်ဖြင့် လူပေါင်းများစွာ၏ အသက်တို့ကို ဝဇီချုပ်ခဲ့မှာ အသေအချာပါပဲ ။
သွေးပန်းနဲ့ အသူရာဓါးက သူ့အတွက် အထူးလုပ်ပေးထားသည့်အလား တကယ်ကို ကောင်းမွန်ပါတယ်။
ရန်ကိုင်ကို သွေးပန်းကိုကြည့်လိုက် အသူရာဓါးကိုကြည့်လိုက် လုပ်နေပြီး ဘယ်လက်နက်ကို ရွေးရမှန်းမသိ ဖြစ်နေခဲ့တယ်။ အချိန်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ထိုလက်နက်နှစ်ခုစလုံးကို သန့်စင်ဖို့ သူဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးတော့ သန့်စင်ဖို့ လုပ်နေတုန်းမှာပဲ
ရုတ်တရက် ကျောက်စကျောက်နလေးတွေ အပေါ်ဘက်ကနေ ကျလာတာကို သူခံစားမိလိုက်တယ်။
ရန်ကိုင်လည်း အပေါ်ကိုမော့ကြည့်လိုက်ပြီး သူ့မျက်နှာကတော့ ပြုံးနေခဲ့တာပေါ့။ သူလေ့ကျင့်တဲ့ နေရာကို သိတဲ့သူဆိုလို့ စုယန်နဲ့ ရှနင်းချန်တို့နှစ်ယောက်ပဲ ရှိတာလေ။ စုယန်က မကြာသေးခင်ကပဲ
ထွက်သွားတာဆိုတော့ အခုအပေါ်ကနေ ဆင်းလာတဲ့သူက ရှနင်းချန်ပဲပေါ့။
ရန်ကိုင်က ဝင်ပေါက်ကို ပိတ်ပြီး ထိုင်နေတဲ့အတွက် သူတို့နှစ်ယောက် တိုက်မိတော့မလို ဖြစ်သွားခဲ့ရတယ်။
ရန်ကိုင်ဘေးဘက်ကို ချက်ချင်း ရှောင်တိမ်းလိုက်ပြီး သူမကို လှမ်းဖမ်းထားလိုက်တယ်။ ထို့နောက် ပြုံးပြလိုက်ပြီး
‘‘စီနီယာမမလေး၊ ကျွန်တော် ပြန်လာပြီ ’’ ရှနင်းချန်၏ မျက်လုံးတွေက မျက်ရည်တွေနဲ့ ဝဲတက်လာခဲ့ပါပြီ။ ရန်ကိုင်ကို မြင်လိုက်ရတဲ့အချိန် သူမရင်ထဲကနေ ဆို့တက်လာတဲ့ ပျော်ရွှင်မှုတွေကို ဖုံးဖိမထားနိုင်တော့ပါဘူး။
သူမမျက်နှာကို မျက်နှာကာပါးပါးလေးတစ်ခုနှင့် ဖုံးထားဆဲဖြစ်ပြီး သူမနဖူးတွင်လည်း အပြာရောင် ကျောက်မြတ်လေးကို ဝတ်ဆင်ထားဆဲပါ။ ရန်ကိုင်ခေါ်သံကို ကြားလိုက်တဲ့အချိန် သူမမျက်လုံးထဲက မျက်ရည်တွေကို ထွက်မကျသွားအောင် မနည်းထိန်းထားလိုက်ရပါတယ်။
လွန်ခဲ့တဲ့လတွေတုန်းက သူမကိုစကားတစ်ခွန်းတောင် မပြောပဲ စာတစ်စောင်သာချန်ပြီး သူထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် အခုပြန်လာတော့လည်း သူမကိုလာပြီးမနှုတ်ဆက်ခဲ့ပါဘူး။ သူတကယ်ကို ရက်စက် လွန်းပါတယ်။ သူမ၏ မျက်ရည်ဝဲနေတဲ့ မျက်လုံးတွေကို မြင်တွေ့လိုက်ရတာနဲ့ ရန်ကိုင်လည်း စကားတစ်ခွန်းမှ ထပ်မပြောရဲတော့ပါဘူး။ သူစကာပြောလိုက်လို့ သူမငိုသွားမှာကို သူကြောက်နေမိတာပါ။
“ကျွန်တော် ပြန်လာတာကို စီနီယာမမလေး ဘယ်လိုသိတာလဲ” ရန်ကိုင် ချက်ချင်းပဲ စကားစလိုက်တယ်။
“စုယန်ငါ့ကိုပြောခဲ့တာ” ရှနင်းချန်က နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း သူမနှလုံသားထဲက ဆို့တက်လာတဲ့ ခါးသီးမှုကို မနည်းအောင့်အည်း ခံနေရပါတယ်။ သူမအကျီင်္စကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း
လေသံ တိုးတိုးလေးနဲ့ ပြန်ပြောလိုက်တယ် “စုယန်သာမပြောခဲ့ရင် နင်ပြန်လာတယ်ဆိုတာ ငါဘယ်တော့မှ သိခဲ့မှာမဟုတ်ဘူး”
‘‘ ကျွန်တော်လည်း စီနီယာမမလေးကို အခုပဲ လာပြောမလို့ပါပဲ ’’ ရန်ကိုင်လည်း အပြစ်ရှိသလို ခံစားလိုက်ရပြီး ချက်ချင်းပဲ ချော့မြူလိုက်တယ်။
“တကယ်လား” ရှနင်းချန်က ရန်ကိုင်ကို ကြည့်လိုက်ပြီး သူမမျက်လုံးထဲ ပျော်ရွှင်မှုအရိပ်အယောင်တို့ ဖြင့် ပြည့်နေခဲ့တယ်။
“ကျွန်တော် တကယ်ပြောတာ” ရန်ကိုင် ခပ်တည်တည်ပဲ ခေါင်းညိတ်ပြလိုက်တယ်။
စီနီယာမမလေးက ချော့ရတာ အရမ်းလွယ်တာပဲ။ စကားလေးနှစ်ခွန်း၊သုံးခွန်းနဲ့တင် သူမ၏မကျေနပ်ချက် စိတ်ပျက်မှုတွေကို မောင်ထုတ်နိုင်လိုက်ပြီး ပျော်ရွှင်မှုနှင့် အစားထိုးပေးနိုင်လိုက်ပါပြီ။
“ဟွန့်၊ နင့်မှာအသိစိတ်တော့ ရှိသေးသားပဲ” ရှနင်းချန်က ချစ်စရာကောင်းအောင် နှုတ်ခမ်းလေးဆူပြီး ပြောလိုက်တယ်။
“ကျွန်တော့်မှာ စီနီယာမမလေးအတွက် လက်ဆောင်တစ်ခုပါတယ်” ရန်ကိုင်က လေးနက်စွာပြောလိုက်တယ်။ “နင်မလုပ်…” သူမထိုကဲ့သို့ ပြောခဲ့ပေမယ့် ရှနင်းချန်က ကြည်နူးစွားနဲ့ ရယ်မောလိုက်ပြီး သူမမျက်လုံးတွေက လခြမ်းကွေးတွေအလား ကွေးတက်သွားခဲ့ပါတယ်။ သူမ ပျော်နေတယ်ဆိုတာ အရူးတောင် သိနိုင်ပါတယ်။
“ဘာလက်ဆောင်လဲ” သူမက တိုးလျတဲ့ လေသံနဲ့ မေးလိုက်တယ်။ ရန်ကိုင်လည်းပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ အခြားအိတ် တစ်အိတ်ဆီ လမ်းလျှောက်သွားလိုက်တယ်။ အိတ်ကိုဖြေလိုက်ပြီး သူစုဆောင်းထားတဲ့
အဖိုးတန်ရတနာတွေကို ပြလိုက်တယ်။ “ဆေးပင်အချို့ပါပဲ”
‘‘ အများကြီးပဲ ’’ ရှနင်းချန် အံ့အားသင့်သွားခဲ့လေပြီ ။ သူမလည်း ရှေ့တိုးသွားလိုက်ပြီး အိတ်ထဲရှိဆေးပင်တွေကို စစ်ဆေးကြည့်လိုက်တယ်။
‘‘စီနီယာမမလေး လေ့ကျင်တဲ့နေရာမှာ ဆေးပင်နဲ့ဆေးလုံးတွေ လိုတယ်မလား။ လိုချင်တာရှိမလား တစ်ချက် ကြည့်ကြည့်လိုက်။ စီနီယာမမလေး လိုချင်တာရှိရင် ကြိုက်သလောက် ယူသွားလို့ရတယ် ’’ ရန်ကိုင်ပြောလိုက်တယ်။
သူ့နှလုံးသားလေးက အခုအချိန်တွင် ရှနင်းချန်အတွက် အပြစ်ရှိသလို ခံစားနေခဲ့ရတာပါ။ ခရီးထွက် သွားခဲ့ပေမယ့် စုယန်နှင့်ရှနင်းချန်အတွက် လက်ဆောင်တစ်ခုမှ သယ်မလာခဲ့ပါဘူး။ ထိုအရာက တကယ်ကို အလေးမထားတတ်တဲ့ လူတစ်ယောက်ရဲ့ အပြုအမူ မျိုးပါ။
‘‘ ငါ့အတွက်မလိုဘူး ’’ ရှနင်းချန်လည်း ထိုဆေးပင်တွေကို တစ်ပင်ချင်း တစ်ပင်ချင်းစီ စစ်ဆေးလိုက်ပြီးနောက် ပြန်ပြောလိုက်တယ်။
ထို့နောက် ခေါင်းမော့လိုက်ပြီး ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ်
“အဲ့ဆေးပင်တွေကို အသုံးပြုပြီး ငါနင့်အတွက် ဆေးလုံးဖော်စပ်
ပေးမယ်”
“မလိုဘူး။ အဲ့လိုလုပ်တာ စီနီယာမမလေး အတွက်တော်တော်လေး အလုပ်ရှုပ်လိမ့်မယ်” ထိုအိတ်ထဲမှာ ဆေးပင်တွေ အများကြီးပါ။ သူမသာ ထိုဆေးပင်တွေ အကုန်လုံးကို ဆေးဖော်မယ်ဆိုရင် အချိန်အရမ်းကို ကြာသွားနိုင်ပါတယ်။
“ငါ့အတွက် လုံးဝပြဿနာမရှိဘူး” ရှနင်းချန်က ရယ်သွမ်းသွေးလိုက်ပြီး
“ဆေးပင်တွေ သန့်စင်တာက ငါ့အတွက်လေ့ကျင့်တာနဲ့ အတူတူပဲ။ အဆင့်မြင့်တဲ့ဆေးပင်ကို ငါ့သန့်စင်ရင် ငါ့အတွက် ပိုပြီးအကျိုးရှိတယ်။ ဂျူနီယာမောင်လေး၊ ဒီဆေးပင်တွေကို နင်သယ်လာတာ
ငါ့အတွက် အကောင်းဆုံး လက်ဆောင်တစ်ခုပဲ”
“စီနီယာမမလေး၊ နင်ငါ့ကိုလိမ်နေတာတော့ မဟုတ်ပါဘူးနော်” ရန်ကိုင်က သူမကိုသံသယအပြည့်နဲ့ ကြည့်လိုက်တယ်။
“ငါ တစ်ခါမှ မလိပ်ခဲ့ဖူးဘူး ’’ ရှနင်းချန်က စနောက်လိုတဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ်။
“ဟဲဟ… ကျွန်တော်လည်းမလိမ်ပါဘူး” ရန်ကိုင်လည်း ရှက်ရှက်နဲ့ ပြန်ပြောလိုက်တယ်။
“အဲ့လိုဆိုရင် စီနီယာမမလေးကိုပဲ ကျွန်တော် ဒုက္ခပေးရတော့မှာပေါ့”
“အင်း၊ နင့်ကိစ္စကို နင်အာရုံစိုက်နှင့်။ ဆေးလုံးသန့်စင်ဖို့ ကိစ္စကိုငါ့တာဝန်ထားလိုက်” ရှနင်းချန်က ပျော်ရွှင်စွာ ပြန်ပြောလိုက်တယ်။
ရန်ကိုင်လည်း သူမကိုအချိန်ခဏကြာအောင် လေ့လာကြည့်လိုက်တယ်။ ရှနင်းချန်က ဆေးပင်တွေနဲ့ ရင်းနှီးနေပုံရကာ အချိန်ခဏလေးအတွင်းမှာပဲ ဆေးပင်တွေကို အမျိုးအစားခွဲလိုက်နိုင်ခဲ့တယ်။
ပြုံးရင်း ရန်ကိုင်လည်း လိုဏ်ဂူထဲကို ဝင်သွားလိုက်ပြီး လက်နက်သန့်စင်ရေး လုပ်ငန်းကို စလုပ်လိုက်တယ်။ လိုဏ်ဂူထဲတွင် ရှနင်းချန်က ဆေးပင်တွေကို ဆေးလုံးအဖြစ်သန့်စင်နေခဲ့ပြီး ရန်ကိုင်ကတော့ တင်ပလင်ခွေထိုင်ကာ
ချီစွမ်းအင်ကိုသုံးပြီး အသူရာဓါးကို သန့်စင်နေခဲ့တယ်။ အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး ရှနင်းချန်ကတော့ ဆေးပင်တွေကို ဆက်လက် သန့်စင်နေဆဲပါ။ဆေးပင် အရေအတွက်ကလည်း တော်တော်လေး လျော့ကျလာခဲ့တာပေါ့။
သူမမောလာတာနဲ့ လိုဏ်ဂူထဲသွားလိုက်ပြီး တစ်ရေးတစ်မော
အိပ်လိုက်ပြီး အားပြန်ပြည့်လာတာနဲ့ ဆေးပင်တွေကို ပြန်သန့်စင်ပါတယ်။ နေ့စဉ်နေ့တိုင်း ရှနင်းချန်လည်း သူ့ဆရာကို သွားပြန်ပြီး တွေ့ရပါသေးတယ်။ သူမကမန်ဝူရ၏ အဖိုးတန်တပည့်လေး ဖြစ်တဲ့အတွက် သူမသာ တစ်နေ့လုံး ပျောက်နေခဲ့ရင် မန်ဝူက သွေရူးသွေးတန်းနဲ့ သူမကိုရှာဖွေမှာဖြစ်ပြီး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
လေး၊ငါးရက်လောက် ကြာပြီးတဲ့အချိန်မှာတော့ နောက်ဆုံး အသူရာဓါးကို ရန်ကိုင်သန့်စင်နိုင်ခဲလေပြီ။
သူနှင့်ဓါးကြားက ဆက်သွယ်ချက်ပိုပြီးခိုင်မာလာခဲ့ပြီး ရန်ကိုင်လည်း ဓါးသွား၏လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ မိစ္ဆာချီစွမ်းအင်နှင့် တည်ရှိမှုကို ပိုပြီးသတိပြုမိလာခဲ့တယ်။ ထိုလက်နက်က တကယ်ပဲ ကောင်းကင်အဆင့်နိမ့်
လက်နက်တစ်ခုပါ။ ထိုလက်နက်နဲ့ဆိုရင် သူ့တိုက်ပွဲစွမ်းရည်က ပိုပြီး တိုးတက်လာမှ မလွဲမသွေပါပဲ။
အသူရာကို ရက်ပေါင်းများစွာကြာအောင် သန့်စင်ခဲ့ရတဲ့အတွက် သူ့ဒန်တန်ထဲရှိ ယန်အရည်စက် ပမာဏတော်တော်လေး လျော့ကျသွားခဲ့ရတယ်။ ယန်အရည်စက်ဖြည့်တင်းဖို့ နည်းလမ်းတစ်ခုရှာဖွေရဦးပါမယ်။ လှည့်ပတ်ကြည့်လိုက်ပြီး လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ကာ အပြင်ဘက်ကို
ပြေးထွက်သွားလိုက်တယ်။ သူပြန်ပေါ်လာတဲ့အချိန် သူ့လက်ထဲတွင်း ဝိဉာဉ်မြက်ပင်နှစ်ပင် ပါလာခဲ့တယ်။
ထိုမြက်ပင်တွေ သန့်စင်နှလုံးသားမြက်ပင်တွေဖြစ်ပြီး လွန်ခဲ့လတုန်းက လန်ချူးတျယ်ဆီကနေ အစေ့ဝယ်ပြီး သူစိုက်ပျိုးထားခဲ့တာပါ။ ထိုဆေးပင်တွေက အခုဆို အရွယ်ရောက် လာခဲ့ခါပြီ။ ရန်ကိုင်က ရှနင်းချန်ကို အကူအညီတောင်းပြီး ထိုဆေးပင်တွေကို ဆေးလုံးအဖြစ် သန့်စင်ခိုင်းလို့ ရပါပြီ။
ရက်အနည်းငယ်အတွင်း ပန်းကြွေးဘုရားကျောင်းရဲ့ သွေးပန်းလက်နက်ကို သူသန့်စင်နိုင်ခဲ့ပါတယ်။ ကောင်းကင်အဆင့် လက်နက်နှစ်ခုကို သန့်စင်ပြီးနောက် ရန်ကိုင်ခွန်အားက တော်တော်လေး တိုးတက်
လာခဲ့တယ်။ ထိုလက်နက်နှစ်ခု၏ ခွန်အားအပြည့်ကို သူအသုံးမချနိုင်ပေမယ့် သူသာ ထိုလက်နက်တွေကို ချီစွမ်းအင်နဲ့ ဆက်ပြီးအားဖြည့်ပေးနေသရွေ့ ထိုလက်နက်တွေရဲ့ ခွန်အားအပြည့်ကို သူထုတ်သုံးနိုင်မယ့်
နေတစ်နေ့ကို ရောက်လာမှာပါ။ အိတ်ထဲက ဆေးပင်တွေကုန်သွားခဲ့တာ ကြာသွားခဲ့ပါပြီ။
ဆေးမျိုးစုံက အခုအချိန်တွင် ဆေးပုလင်း ဒါဇင်ကျော်ထဲ၌ ရှိနေခဲ့တယ်။
သန့်စင်နှလုံးသား ဆေးလုံးတွေက မြေကမ္ဘာအဆင့်နိမ့်ဖြစ်ပြီး ရှနင်းချန် သန့်စင်ခဲ့တဲ့ ဆေးလုံးတွေထဲမှာ အဆင့်အနိမ့်ဆုံးပါ။ သူမသန့်စင်ခဲ့တဲ့ အချို့ဆေးလုံးတွေဆိုရင် ကောင်းကင်အဆင့်ကိုတောင် ရောက်နေပါတယ်။ ထိုဆေးလုံးတွေရဲ့ တန်ဖိုးကတကယ်ပဲ တိုင်းတာလို့မရနိုင်ပါဘူး။ သူသာထိုဆေးလုံးတွေကို စားသုံးခဲ့မယ်ဆိုရင် အနည်းဆုံးအဆင့်သေး
တစ်ဆင်၊နှစ်ဆင့်လောက်တော့ ချိုးဖျက်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူချေဖျက်ရမယ့် ဆေးစွမ်းအင်ကတော့ အရမ်းကို များပြားမှာပါ။
ထိုဆေးလုံးကို တစ်ထိုင်တည်း စားတာက သူ့အတွက်သန့်စင်ဖို့ အချိန်တော်တော်လေး လိုပါလိမ့်မယ်။ ရန်ကိုင်က ထိုအကြံဉာဏ်ကို ပယ်ချလိုက်တယ်။ ကောင်းကင်စံအိမ်ကို သူပြန်ရောက်တာ အခုဆို လဝက်ရှိသွားပါပြီ။ အခုအချိန်က အပြင်ဘက်က အခြေအနေကို စုံစမ်းဖို့ အချိန်ကောင်းပါ။အင်အားစုအသီးသီးက သခင်လေးတွေက
ကောင်းကင်စံအိမ်ကို ရောက်နေပြီး စုယန်ကိုပိုးပန်းဖို့ ကြိုးစားနေမှာတော့ ရန်ကိုင်လည်း ဒီအတိုင်း ထိုင်မနေနိုင်တော့ပါဘူး။ စုယန်ဆိုတာ သူ့မိန်းကလေးလေ။ သူ့မိန်းကလေးကို ကြာခိုဖို့ စဉ်းစားနေမှတော့ ရန်ကိုင်ကတော့ ဒီအတိုင်းလေး ငြိမ်နေပါ့မလား။
Martial Peak
အပိုင်း (၂၀၅) မျိုးရိုးနာမည် ရန်နှင့် ကောင်လေးတစ်ယောက်
အခုအချိန်တွင် ကောင်းကင်စံအိမ်တွင် ရှိနေတဲ့ အင်အားစုသုံးခုဖြစ်တဲ့ ဘိုင်မိသားစု၊ ဒေါင်မိသားစု နှင့် ခရမ်းဖန်းတောင်ကြားတို့ဟာ အထင်သေးလို့ရတဲ့ အင်အားစုမျိုး မဟုတ်ပါဘူး။ ထိုအင်အားစုသုံးခုစလုံးက
မိသားစုကြီးရှစ်ခုထက် တစ်ဆင့်သာနိမ့်ပြီး ကြီးကြယ်နက်နဲတဲ့ အမွေအနှစ်တွေနှင့် များစွာသော ဆရာသခင်တွေကို ပိုင်ဆိုင်ထားကြတာပါ။ ထိုအင်အားစုတွေ အခြားသူတွေအတွက်တော့ ရှိန်လောက်စရာ ဖြစ်ပေမယ့် ရန်ကိုင်အတွက်ကတော့ ဘာမှမဟုတ်ပါဘူး။
ထိုရက်အတောအတွင်း ရှနင်းချန်ဆီက သတင်းတော်တော်များများကို သူကြားသိခဲ့ရတယ်။ ကောင်းကင်စံအိမ်တစ်ဝိုက်လမ်းလျှောက်ရင်း မန်ဝူရကိုနှုတ်ဆက်ဖို့အတွက် ထောက်ပံ့ရေးခန်းမကို
ရန်ကိုင်အရင်သွားလိုက်တယ်။ ရန်ကိုင်မြင်လိုက်တာနဲ့ သူကို ငွေသန်းပေါင်းများစွာ အကြွေးတင်နေတဲ့ သူကိုတွေ့လိုက်ရသလိုမျိုး မန်ဝူရ၏မျက်နှာကြီး ရှုံ့မဲ့သွားခဲ့တယ်။ သူ့ရဲ့အဖိုးတန်တဲ့တပည့်လေး
နောက်ဆုံး ဘာလို့ရွှင်ရွှင်လန်းလန်း ဖြစ်လာရလဲဆိုတာ မန်ဝူရ သိသွားခဲ့လေပြီ။
လခွမ်း….ကောင်းစုတ်လေး ပြန်လာပြီ ပြောစရာမလိုအောင်ပဲ သူ့ရဲ့တပည့်လေးက ရန်ကိုင်ကို တွေ့ပြီးသွားရပါမယ်။ မဟုတ်ရင် သူမအရင်လို ဘယ်လိုလုပ်ပြီး ရွှင်ရွှင်လန်းလန်း ဖြစ်နေပါ့မလဲ။ ဟင်း…အဲ့တာ
ကံကောင်းမှုပဲ။ အဲ့ဒါက ကျိန်စာဆိုရင် ရှောင်လွှဲလို့မရတဲ့ ကျိန်စာပဲ သူ့ရဲ့ချစ်တပည့်လေး ဒီဒုက္ခဘေးကို ခုခံနိုင်ဖို့ပဲ သူကြိတ်မှိတ် ဆုတောင်းရပါတော့မယ်။
‘‘ ဘဏ္ဏာထိန်းမန်၊ ငါပြန်လာပြီ ’’ ရန်ကိုင်က မန်ဝူရကို ပြုံးပြပြီး နှုတ်ဆက်လိုက်တယ်။ မန်ဝူရလည်း ခါးသီးစွာနဲ့ ပြန်ပြုံးပြလိုက်ပြီး ‘‘ကောင်းလေး၊ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်….’’ သာမန်ကာ
လျှံကာ နှုတ်ဆက်စကားဖြစ်ပြီး သူ့လေသံတွင် ပျော်ရွှင်မှု အရိပ်အယောင် လုံးဝ ကင်းမဲ့နေပါတယ်။ စကားပြောနေရင်း မန်ဝူရ၏မျက်နှာ ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်ကို ကောင်းကင်စိတ်အာရုံနှင့် စစ်ဆေးလိုက်တယ်။
ထို့နောက် မန်ဝူရလည်း ထိတ်လန့်သွားခဲ့ပြီး “မင်း…. မင်း ချီသန့်စင်ခြင်းအဆင့်ကို ရောက်သွား ပြီလား” “အင်း” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ မန်ဝူရလည်း သူ့လျှာသူ ပြန်ကိုက်မိတော့မတတ် ဖြစ်သွားခဲ့ရတယ်။ ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ကောင်းကင်စံအိမ်ကနေ ရန်ကိုင်ထွက်သွားခဲ့တာ နှစ်ဝက်ပဲ ရှိပါသေးတယ်။ လွန်ခဲ့တဲ့ ၆လတုန်းက ချီပြောင်းလဲခြင်းအဆင့်ကို သူချိုးဖျက်ခါစဖြစ်ပြီး အခုအချိန်မှာတော့ ချီသန့်စင်ခြင်းအဆင့်ကို သူချိုးဖောက်သွားခဲ့ပါပြီ။ ထိုကျင့်ကြံနှုန်းက အရမ်းကိုမြန်လွန်းပြီး နားလည် ဆင်ခြင်နိုင်တာထက်ကို
ကျော်လွန်နေပါတယ်။
‘‘ မင်ဘယ်လိုလုပ်လိုက်တာလဲ ’’ မန်ဝူရက လျှို့ဝှက်ရတနာတစ်ခုခုကို ရှာတွေ့တဲ့ပုံစံနဲ့ ရန်ကိုင်မျက်လုံးတွေကို စူးစိုက်ကြည့်နေလိုက်တယ်။ “ဒီအတိုင်းပဲ ဇွဲရှိရှိနဲ့ ကြိုးစားလေ့ကျင့်တာပေါ့” မန်ဝူရလည်း
ဆက်ပြီးမမေးမြန်းတော့ပါဘူး။ ထိုကောင်စုတ်လေးသာ သူ့ကျင့်ကြံနှုန်းကို ဒီအတိုင်းဆက်ပြီး ထိန်းထား နိုင်မယ်ဆိုရင် တစ်နေ့ဒီကမ္ဘာသေးသေးလေးရဲ့ ချုပ်နှောင်မှုတွေကို ချိုးဖျက်နိုင်ပါလိမ့်မယ်။ အဲ့လိုမှသာ
ရန်ကိုင်က သူ့ချစ်တပည့်လေးအတွက် ထိုက်တန်တဲ့သူ ဖြစ်လာမှာပါ။
မျက်မှောင်ကြုံ့ရင်း မန်ဝူရကပြောလိုက်သည် “မင်းသွားတာ တော်တော်ကြာသွားပြီ။ အခုမင်းကို ရှာနေတဲ့လူတွေ အများကြီးပဲ” “သူတို့ဘာလို့ ကျွန်တော့်ကို ရှာနေကြတာလဲ” ရန်ကိုင်လည်း
မျက်ခုံးပင့်လိုက်ပါတယ်။ ‘‘ သူတို့တွေက မင်းရခဲ့တဲ့သိုင်းပညာရပ်အကြောင်းကို မေးချင်နေကြတာ ’’
မန်ဝူရက ရှင်းပြလိုက်တယ် ‘‘ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲမှ အဆင့်၆သားရဲကို မင်းထို လိုက်တဲ့ လက်သီးချက်ကြောင့် လူအများကြီးက မင်းရခဲ့တဲ့သိုင်းပညာရပ်ကို စိတ်ဝင်စားနေကြတယ် ’’
ရန်ကိုင်လည်း အကျယ်ကြီး ရယ်လိုက်ပြီး ‘‘ သူတို့သာလိုချင်တယ်ဆိုရင် လာပလေ့စေ။ သူတို့သာ လုံလောက်တဲ့ တန်ဖိုးကို ပေးနိုင်မယ်ဆိုရင် အဲ့သိုင်းပညာရပ်ကို ရောင်းလိုက်ရလို့လည်း ဘာမှဖြစ်မသွားဘူး ’’
ကြယ်အမှတ်အသားက တကယ်ကိုအားကောင်းတဲ့ သိုင်းပညာရပ်တစ်ခုပါ။ ဒါပေမယ့် ထိုသိုင်းပညာရပ်က တစ်ကွက်တည်း ရှိတာလေ။ ထိုပညာရပ်က ချီစွမ်းအင်တွေကို စုစည်းထားဖို့ လိုအပ်ပြီး အသုံးပြုပြီးသွားတာနဲ့ အသုံးပြုတဲ့သူရဲ့ခွန်အားသာ မလုံလောက်ပါက ပြန်ရမယ့်
ဘေးထွက်ဆိုးကျိုးက အသုံးပြုတဲ့သူအတွက် တကယ်ကို အားနည်းချက် ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ရန်ကိုင်ကို စိတ်လှုပ်ရှားစေနိုင်တဲ့ ဈေးနှုန်းနဲ့လာခဲ့မယ်ဆိုရင်တော့ သူလည်း
ဆွေးနွေးပေးရမှာပေါ့။
‘‘ ဘာပဲဖြစ်ဖြစ် သတိထားတာ ကောင်းလိမ့်မယ်ကောင်လေး ။ ပြီးတော့မှ ဒီလူအိုကြီး မင်းကိုသတိမပေးဘူး လို့တော့ မပြောနဲ့နော် ။ဘိုင်မိသားစုနဲ့ ခရမ်းဖန်းတောင်ကြားက မင်းကိုဂရုစိုက်တဲ့ပုံမပေါ်ဘူး။ သူတို့က
စုယန်ကိုပဲ ဂရုစိုက်နေတာ။ ဒါပေမယ့် ဒေါင်မိသားစုက ကောင်စုတ်လေးက မင်းကိုတော်တော်လေး စိတ်ဝင်စားတဲ့ပုံပေါ်တယ်။ ဒီလူအိုကြီးဆီလာပြီး မင်းအကြောင်းလာမေးတာ နှစ်ကြိမ်တောင်ရှိနေပြီ ’’
‘‘ ငါလည်း သူနဲ့ပက်သက်ပြီး တော်တော်လေး စိတ်ဝင်စားတယ် ’’ ရန်ကိုင်က ပြုံးပြီးပြောလိုက်သည်။
‘‘ သူအခုဘယ်မှာလဲ ’’ ‘‘ သူအခု မင်းရဲ့အိမ်ဟောင်းမှာ နေနေတယ်။ အဲ့ကောင်လေးက တော်တော်လေး ထူးဆန်းတယ်ကွ။ ဘိုင်မိသားစုနဲ့ ခရမ်းဖန်းတောင်ကြားက စီစဉ်ပေးထားတဲ့ သက်သောင့်သက်သာ ရှိတဲ့နေရာမှာနေနေပေမယ့် သူကတော့ အဲ့အိမ်စုတ်မှာပဲ နေပြီး
မင်းကိုစောင့်နေမယ် တကဲကဲလုပ်နေတာ။ အခုအချိန်မှ မင်းအတွက် အများ အာရုံစိုက်မခံရအောင်နေတာ အကောင်းဆုံးပဲ ’’ မန်ဝူရ၏မျက်နှာက တည်တည်ငြိမ်ငြိမ်နဲ့ ရန်ကိုင်ကို တိုက်တွန်းလိုက်သည်
‘‘ ဒါမှမဟုတ် မင်းဒီကနေ တစ်နှစ်လောက် ထွက်သွားနိုင်တယ် ’’
ဒီကောင်စုတ်လေးသာ တစ်နှစ်လောက်ထွက်သွားမယ်ဆိုရင် ငါ့ရဲ့ရတနာတုံးလေးက သူ့ကိုမေ့သွားလောက်တယ် ထိုအရာထက် ဘယ်အရာကမှ မန်ဝူရကို ပိုပြီးပျော်ရွှင်အောင် လုပ်မပေးနိုင်ပါဘူး။ ရန်ကိုင်ကတော့ ဖြေးဖြေးချင်းသာ ခေါင်းခါလိုက်သည်။ သူ့ကိုရှာနေတယ်ဆိုရင်တောင် သူလည်း သူတို့ကို တွေ့ချင်နေတာပါ။ ပုံမှန်အားဖြင့်တော့ သူပုန်းဖို့ကြိုးစားလိမ့်မည် မဟုတ်ချေ။
မန်ဝူရကို နှုတ်ဆက်စကားပြောပြီးတာနဲ့ ရန်ကိုင်လည်း သူ့ရဲ့ အိမ်ဟောင်းလေးရှိရာကို လမ်းလျှောက် သွားလိုက်တယ်။ “ရန်ကိုင်…အဲ့ဒါရန်ကိုင်ပဲ။ အခုအချိန်မှာ သူတကယ်ပဲ ပြန်လာတယ်”
အချို့လူတွေက ရန်ကိုင်ကို မြင်ပြီးအံ့အားသင့်စွာနှင့် ပြောလိုက်ကြတယ်။
‘‘အင်အားစုသုံးခုကလူတွေက သူ့ကိုရှာနေတာ။ သူက အဖမ်းခံချင်နေတာလား မသိဘူး ’’
သူလည်း အင်အားစုသုံးခုနောက်ကို ပါသွားမယ်လို့ မင်းထင်လား’’
“ကျိန်းသေပါသွားမှာပေါ့။အင်အားစုသုံးခုနောက်ကို လူဘယ်လောက်များများ ပါသွားပြီးပြီလဲဆိုတာ မင်းလည်းတွေ့တာပဲ။ သူဂိုဏ်းထဲမှာ ရှိနေတဲ့တစ်လျှောက်လုံး ခါးခါးသီးသီး ခံစားခဲ့ရတာလေ။ အခုအချိန်ထိတောင် သူက တရားမဝင်တပည့်တစ်ယောက်ပဲ ဖြစ်သေးတာ။ သူသာ ပိုကောင်းတဲ့နေရာကို သွားနိုင်မယ်ဆိုရင် ဘာလို့ဒီမှာနေနေဖို့ စဉ်းစားနေဦးမှာလဲ။ ပြီးတော့ အင်အားစုတွေရဲ့ ကမ်းလှမ်းချက်ကလည်း
တော်တော်လေး ရက်ရောတယ်ကွ ’’ ‘‘ သူကကျေးဇူးမသိတတ်တဲ့ ဝံပုလွေတစ်ကောင်ပါကွာ ’’
တပည့်တွေကြားထဲတွင် အထင်တသေးပြောသံ၊ မနာလိုသံတွေ များစွာ ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင်ကတော့ မထူးခြားနားပုံစံနဲ့ ရှိနေခဲ့ပြီး တပည့်တွေပြောနေတာကို လျစ်လျူရှုထားလိုက်တယ်။
သူက ကောင်းကင်စံအိမ်တပည့်တစ်ယောက် ဖြစ်ပေမယ့် အခု့သူ့အရည်အချင်းတွေက သူကိုယ်တိုင် ကြိုးစားအားထုတ်ပြီး ရရှိလာခဲ့တာပါ။ ဂိုဏ်းဆီကနေ မည့်သည့်ကူညီထောက်ပံ့မှုမှကို သူမရခဲ့ဖူးပါဘူး။
သူဒီမှာနေနေတဲ့ အကြောင်းအရင်းက သက်သာလို့ပါပဲ။ ဂိုဏ်းကနေ ထွက်သွားရမယ်ဆိုရင်တောင်သူ့အတွက် စိုးရိမ်စရာမရှိပါဘူး။ ဘာလို့သူ့အကြောင်း အတင်းအဖျင်းပြေနေတာကို အာရုံစိုက်နေရဦးမှာလဲ။
သိပ်မကြာခင်မှာပဲ သူအရင်တုန်းက နေခဲ့တဲ့ အိမ်အိုလေးဆီကို ရောက်လာခဲ့တယ်။ အိမ်အိုလေး အပြင်ဘက်မှာတော့ လူအိုကြီးနှစ်ယောက်ရှိနေခဲ့ပြီး တစ်ယောက်က မတ်တပ်ရပ်နေခဲ့ကာ တစ်ယောက်က နံရံကိုမှီနေခဲ့တယ်။ ရန်ကိုင်လမ်းလျှောက်လာနေတဲ့အချိန် လူအိုကြီးနှစ်ယောက်က ဘာမှမလုပ်ခဲ့ပဲ သူ့တို့မျက်လုံးကိုသာ ပိတ်ရင်း နေဆာလှုံနေခဲ။ ဒါ့တယ်ပေမယ့် သူတို့နဲ့ပေသုံးရာအကွာကို
နီးကပ်လာတဲ့အချိန်မှာတော့ ကောင်းကင်စိတ်အာရုံနှစ်ခုက သူ့အပေါ်ကျရောက်လာခဲ့တယ်။
ထိုကောင်းကင်စိတ်အာရုံထဲတွင် သတ်ဖြတ်လိုစိတ်မပါဝင်ပေမယ့် သတိပေးနေတာတော့ ကျိန်းသေပါတယ်။ ထိုအချိန်တွင် ရန်ကိုင်လည်း ကြောင်အသွားခဲ့ရပါပြီ။ ထိုဝိဉာဉ်ဖိနှိပ်မှုနှစ်ခုက ပင်လယ်ထဲကျသွားတဲ့
ကျောက်တုံးတစ်ခုအလား လှိုင်းတွန့်လေးအနည်းငယ်ကိုတောင် ဖြစ်မသွားစေခဲ့ပါဘူး။ ဝိဉာဉ်ကြာပန်း၏ အကူအညီကြောင့် ထိုသတိပေးမှုက သူ့ကိုလုံးဝသက်ရောက်မှုမရှိခဲ့။ ထို့ကြောင့် နဂိုအရှိန်နဲ့ပဲ
ရှေ့ကိုဆက်ပြီးသွားလိုက်တယ်။
မှေးနေတဲ့ လူအိုကြီးနှစ်ယောက်လည်း ချက်ချင်းနိုးလာခဲ့ပြီး အံ့အားသင့်မှုအရိပ်အယောင်အချို့ သူတို့ မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့တယ်။ သိသာစွာပဲ ထိုလူငယ်လေးရဲ့ တုန့်ပြန်မှုက သူတို့မျှော်လင့်ထားတာနှင့်
တခြားစီဖြစ်နေခဲ့တာပါ။ နောက်ထပ်တိုက်ခိုက်ဖို့ လုပ်နေတဲ့အချိန်မှာပဲ သစ်သားအိမ်လေးထဲကနေ အော်သံတစ်သံကို ကြားလိုက်ရတယ် “ရပ်လိုက်”
ထိုအသံကိုကြားပြီးနောက် ထိုလူအိုကြီးနှစ်ယောက်လည်း ချက်ချင်းပဲ ရပ်တန့်လိုက်ကြတယ်။ သို့ပေမယ့် လူအိုကြီးနှစ်ယောက်က သတိအပြည့်နဲ့ ရန်ကိုင်ကို ဆက်ပြီးစစ်ဆေးနေတုန်းပါပဲ။ အိမ်အိုးလေးထဲကနေ
အသက်၂၀အရွယ်လောက်ရှိတဲ့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မေးရိုးဖြောင့်ဖြောင့် ရုပ်ချောချော လူငယ်တစ်ယောက် ထွက်လာခဲ့တယ်။ သူ့ကိုမြင်ရုံနဲ့တင် မိသားစုကြီးတစ်ခုက သခင်လေးတစ်ယောက်
ဖြစ်မှန်း သိနိုင်ပါတယ်
။
သူ့ခန္ဓာကိုယ်က နည်းနည်းလေး ဝပြီး သူ့အသားအရေကတော့ သာမန်မိန်းကလေးတွေထက် ပိုဖြူပါတယ်။ ထိုအချိန်တွင် ထိုကောင်လေးက ရန်ကိုင်ကို ကြည့်လိုက်ပြီး သူတို့အကြည့်နှစ်ခုက
လေထဲတွင် ထိပ်တိုက်တွေ့သွားခဲ့တယ်။ ကောင်လေး၏အကြည့်က အထင်သေးမှုနှင့် ပြည့်နေခဲ့ပြီး ရန်ကိုင်အကြည့်ကတော့ သတိထားမှုနှင့် ပြည့်နေခဲ့သည်။
တစ်ခဏကြာပြီးနောက် ကောင်လေးက ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်တယ်။
‘‘ သခင်လေး ’’ ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ လူအိုကြီး နှစ်ယောက်လည်း မနေနိုင်တော့ပဲ အော်ခေါ်လိုက်တယ်။ “ဝင်မရှုပ်နဲ့” လူငယ်လေးက သတိပေးလိုက်တယ်။ ‘‘ ဟုတ်ကဲ့ပါ ’’
ရန်ကိုင်လည်း လူငယ်လေးဆီ လမ်းလျှောက်သွားလိုက်ပြီး သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့မိကြတယ်။ သူတို့နှစ်ယောက်စလုံး၏ လက်သီးတွေက လေထဲတွင် ထိပ်တိုက်တွေ့သွားခဲ့ကြပြီး
နှစ်ယောက်စလုံး ပြိုင်တူ နောက်ပြန်ဆုတ်လိုက်ကြရသည်။
အံ့အားသင့်မှုအရိပ်အယောင် ကောင်လေးမျက်လုံးထဲ ဖြတ်ပြေးသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ ပြန်ပျောက်ကွယ် သွားခဲ့ကာ နောက်တစ်ကြိမ် ထပ်ပြိးတိုက်ခိုက်ကြပြန်တယ်။
ဘန်းဘန်းဘန်း…..ကောင်လေးနှင့် ရန်ကိုင်က ဒေါသထွက်နေတဲ့ သားရဲနှစ်ကောင်လို ခုခံခြင်းအလျင်းမရှိပဲ တိုက်စစ်ချည်းသာ အသုံးပြု တိုက်ခိုက်နေခဲ့ပါတယ်။ ရန်ကိုင်က ကောင်းလေး၏ညီငယ်လေးနေရာကို ပိတ်ကန်လိုက်ပေမယ့် ကောင်းလေးက သူ့ခြေထောက်နဲ့ ချက်ချင်းပဲ ဟန့်တားလိုက်တယ်။ ကောင်လေးက တစ်ဖန်ပြန်ပြီး သူ့လက်ကို
ဆန့်ထုတ်က ရန်ကိုင်မျက်လုံးတွေကို ေဖာက်ထုတ်ဖို့ ကြိုးစားလိုက်ပေမယ့် ရန်ကိုင်ကချက်ချင်းပဲ ခေါင်းစောင်းလိုက်ပြီး ကောင်လေး၏တိုက်ကွက်ကို ရှောင်လိုက်ပါတတယ်။
သူတို့နှစ်ယောက်စလုံး၏ လှုပ်ရှားမှုတွေက ထူးဆန်းပြီးခန့်မှန်းလို့မရပါဘူး။ သူတို့နှစ်ယောက် တိုက်ခိုက်နေတာကို ကြည့်ရင်း လူအိုကြီး နှစ်ယောက်၏မျက်လုံးတွေ ပြူးကျယ်နေခဲ့တယ်။ ဒါပေမယ့် စိတ်ရှုပ်ထွေးစရာ အကောင်းဆုံးက ကောင်းကင်စံအိမ်တပည့်ရော၊ သူတို့သခင်လေးပါ တိုက်ခိုက်တဲ့နေရာတွင် ချီစွမ်းအင်ကို
အသုံးမပြုခြင်းပါ။ သူတို့နှစ်ယောက်ကြားကတိုက်ပွဲက ခန္ဓာကိုယ်ခွန်အား သီသန့်တိုက်ပွဲလို့တောင် ဆိုနိုင်ပါတယ်။
ထိုမြင်ကွင်းက အခြားတစ်ယောက်က သူ့မိန်းမကိုခိုးပြီး အဖေကိုသတ်သွားလို့ ရှိသမျှအကုန်သုံးပြီး
အသေအရှင် တိုက်ခိုက်နေတာနဲ့တောင် တူနေပါသေးတယ်။ ဒါပေမယ့် သူတို့သခင်လေး ဘာလုပ်နေတာလဲ။
ဒါက ကျင့်ကြံသူနှစ်ယောက်ကြားက တိုက်ပွဲလို့မဆိုနိုင်ပါဘူး။ ကောင်စုတ်လေးနှစ်ယောက် ရန်ဖြစ်နေတာလို့ပဲ
သတ်မှတ်နိုင်ပါတယ်။ လူအိုကြီးနှစ်ယောက်က ထိုမြင်ကွင်းကို ခါးသီးစွာဖြင့် ကြည့်နေခဲ့တယ်။
ထိုသတင်းသာ ပျံ့သွားခဲ့ရင် သူတို့သခင်လေး လူမြင်ကွင်းမှာ ဘယ်လိုမျက်နှာ ပြရမှန်းမသိ ဖြစ်သွားပေလိမ့်မည်။ ရန်ကိုင်လက်သီးက ကောင်လေး၏ခေါင်းကို ထိမှန်းသွားခဲ့ပြီး သူ့ပြိုင်ဘက်ကို ကြယ်တွေ၊လတွေ မြင်သွား စေခဲ့ကာ ကောင်လေး၏ခန္ဓာကိုယ်ကို ရှေ့နောက် ယိမ်းထိုးသွားစေခဲ့တယ်။ မြေကြီးပေါ်ကို လဲကျပြီးနောက်
ဒေါင်မိသားစုသခင်လေးက ရန်ကိုင်မျက်နှာပေါ်ကို လက်သီးတစ်ချက် ပစ်ကျွေးလိုက်တယ်။ သူ့ရှေ့သွား ကျွတ်ထွက်မတတ် ဖြစ်သွားခဲ့ပြီး သူ့ပါးစပ်တစ်ခုလုံး သွေးတွေနဲ့ ပြည့်သွားခဲ့တယ်။
‘‘ ကောင်စုတ်လေး၊ မင်းသေချင်နေတာပဲ ’’ ဒေါင်မိသားစုသခင်လေးက ဒေါသတကြီး အော်လိုက်ပါတယ်။
ရန်ကိုင်က ပြန်ပြီးလှောင်ပြောင်လိုက်သည် ‘‘ ဘယ်သူအရင်သေမလဲ ကြည့်ရတာပေါ့ ’’ ထို့နောက် သူတို့နှစ်ယောက် နောက်တစ်ဖန် နပန်းလုံးကြပြန်ပါပြီ။ နောက်ဆုံး ဒေါင်မိသားစုသခင်လေးက
ရန်ကိုင်ကို မြေပေါ်ဖိသိပ်နိုင်ခဲ့ပြီး ရန်ကိုင်ခြေထောက်တွေကို မြေကြီးနှင့်ဖိကပ်ထားခဲ့ပြီး သူ့ဒူးတွေက ရန်ကိုင်ဝမ်းဗိုက်ပေါ်တွင် ရောက်နေခဲ့ကာ သူ့လက်က ၇န်ကိုင်လက်တွေကို ချုပ်ထားနိုင်လိုက်တယ်။ ထို့နောက်အေးစက်စက်နဲ့ ပြောလိုက်တယ် ‘‘ ကောင်စုတ်လေး၊ အရှုံးပေးလိုက်တော့ ’’
ရန်ကိုင်က အံံကြိတ်လိုက်ပြီး ချက်ချင်းပဲ ရုတ်တရက် ဒေါင်မိသားစုသခင်လေး၏ ချုပ်နှောင်မှုကနေ ရုန်း
ထွက်လိုက်ပြီး သခင်းလေးကို တစ်ဖန်ပြန် ချုပ်ထားလိုက်တယ် ‘‘ ငါဘာလို့ အရှုံးပေးရမှာလဲ ’’
ဒေါင်မိသားစုသခင်လေးက လေပူတွေမှုတ်ထုတ်လိုက်ပြီး သူ့လက်ကတော့ မြေကြီးပေါ်ကို
တွဲကျနေခဲ့တယ်။ ထို့နောက် ခေါင်းမော့လိုက်ပြီး လူအိုကြီး နှစ်ယောက်ကိုကြည့်ကာ အော်လိုက်တယ်
‘‘ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ ဒီမှာခင်ဗျားတို့ သခင်လေးအရိုက်ခံနေရတယ်လေ ’’
သူ့မျက်နှာတစ်ခုလုံး ညစ်ပတ်ပေရေနေပြီး သခင်လေးတစ်ယောက်နဲ့တောင် မတူတော့ချေ။
လူအိုကြီးနှစ်ယောက်လည်း နောက်ဆုံးအသိပြန်ဝင်လာခဲ့ပြီး သူတို့သခင်လေးဆီ ချက်ချင်းတိုးကပ် သွားလိုက်ပါတယ်။ ရန်ကိုင်လည်း လှောင်ပြောင်လိုက်ပြီး ချက်ချင်းပေဒါဇင်အကွာဆီကို နောက်ခုန်ဆုတ်လိုက်တယ်။ လူအိုကြီးနှစ်ယောက်လည်း ရန်ကိုင်နောက်ကို မလိုက်ခဲ့ပါဘူး။ ရန်ကိုင်နှင့် သူတို့သခင်လးကြားက
အဖြစ်အပျက်ကို ကြည့်ရင်း ထိုကောင်းကင်စံအိမ်တပည့်နှင့် သူတို့သခင်လေးက အသိတွေဆိုတာ သူတို့ အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။
သူတို့သိချင်တာက သူတို့သခင်လေးက ဒီလိုအစွန်အဖျားနေရာက လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး သိနေရတာလဲဆိုတာပင်။ ဒေါင်မိသားစု သခင်လေးက ခပ်မြန်မြန် ကုန်းထလိုက်ပြီး ရန်ကိုင်ကို ကြည့်လိုက်တယ်။
သူ့အကြည့်ထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်တစ်စွန်းတစ်စကို တွေ့မြင်နေရပါတယ်။ သူ့လက်မောင်းက တွဲကျနေခဲ့ပြီး အံကြိတ်ကာ ပြောလိုက်တယ် ‘‘ မင်းမှာအရည်အချင်းတော့ရှိသားပဲကောင်စုတ်လေး ’’
ရန်ကိုင်အတွေးတွေကလည်း အတူတူပါပဲ။ သူ့လက်မောင်းလည်း တွဲကျနေခဲ့ပြီး အားမစိုက်နိုင်ပါဘူး။
ဒါပေမယ့် ကောင်လေးပြောတဲ့စကားတွေကို ကြားလိုက်တဲ့အချိန်မှာတော့ ရယ်မောလိုက်ပြီး ‘‘ မြစ်တစ်စင်းက အရှေ့ဘက်ကို နှစ်သုံးဆယ်စီးဆင်းတယ်။ အနာက်ဘက်ကိုလည်း နှစ်သုံးဆယ်စီးဆင်းတယ်။ မင်းသာ အာရုံမစိုက်ဘူးဆိုရင် သိပ်မကြာခင်မှာပဲ မင်းအမေတောင် မမှတ်မိအောင် မင်ကိုငါရိုက်နိုင်လိမ့်မယ် ’’
ဒေါင်မိသားစုသခင်လေးလည်း အသက်ပြင်းပြင်း ရှုလိုက်ပြီး ပြန်ပြောလိုက်တယ် ‘‘ အဲ့လိုဆိုရင်လည်း ငါစောင့်နေရတာပေါ့ ’’
ထို့နောက် လူအိုကြီးကိုလှည့်ပြီး ပြောလိုက်တယ် ‘‘ သူ့လက်မောင်းကို သွားပြန်လုပ်ပေးလိုက် ’’
‘‘ မလိုဘူး ’’ ရန်ကိုင်က သူ့ညာဘက်လက်နဲ့ ဘယ်ဘက်လက်ကို ဆွဲကိုင်လိုက်ပြီး အရိုးမြည်သံနှင့်အတူ သူ့လက်က အကောင်းပကတိ ပြန်ဖြစ်သွားခဲ့တယ်။ ဒေါင်မိသားစုသခင်လေးလည်း ကြောင်အသွားခဲ့ပြီး
စိတ်ထဲမှာပဲ ကျိန်ဆဲလိုက်ပါတယ်။ ထို့နောက် ရန်ကိုင်အတိုင်း လိုက်လုပ်ကြည့်လိုက်တယ်။ နာကျင်မှုကြောင့်
သူ့နဖူးတစ်ခုလုံး ချွေးသီးတွေနဲ့ ပြည့်နေခဲ့ပေမယ့် သူ့လက်မောင်းကတော့ အကောင်ပကတိ ပြန်ဖြစ်သွား ခဲ့လေပြီ။
‘‘ လေနဲ့တိမ်အစောင့်အကြပ်လား ’’ ရန်ကိုင်အကြည့်ကလူအိုကြီးနှစ်ယောက်ဆီ ရောက်ရှိသွားခဲ့ပြီး
မေးမြန်းလိုက်တယ်။ လူအိုကြီးနှစ်ယောက်၏မျက်နှာ ချက်ချင်းတောင့်တင်းသွားခဲ့ပြီး ရန်ကိုင်ကို ထိတ်လန့်တကြား ကြည့်လိုက်တယ်။ သူတို့ဘယ်သူလဲဆိုတာကို ရန်ကိုင်ဘယ်လိုသိသွားခဲ့မှန်း
သူတို့မသိပါဘူး။ သူတကယ်ပဲ ဘယ်သူလဲ။
ဒေါင်မိသားစုသခင်လေးက ပြုံးလိုက်ပြီး ‘‘ ထိတ်လန့်မနေနဲ့။ အဲ့ကောင်စုတ်လေးရဲ့ မျိုးရိုးနာမည်က ရန် ’’
မျိူးရိုးနာမည် ရန်။ ရန်ကိုင်၏အဆင့်အတန်းကို သူတို့ခန့်မှန်းမိသွားသဖြင့် ချက်ချင်းလက်သီးဆုပ်ကာ နှုတ်ဆက်လိုက်တယ် ‘‘ သခင်လေးရန်ကိုင်ကို နှုတ်ဆက်ပါတယ် ’’