အခန်း (၂၀၆-၂၁၀)
Vol. 9 Ch. 206-210
အပိုင်း (၂၀၆) ဥသြငှက်လို ရန်မိသားစု
တော်ဝင်မိသားစုတွေ၊ မင်းမျိုးမင်းနွယ်တွေ၊ သိုင်းပညာရှင်မိသားစုတွေ၊ မြို့သူမြို့သား သာမန်ပြည့်သူတွေ၊ သူတောင်းစားတွေမှာတောင် မျိုးရိုးနာမည်ရန်နှင့် လူတွေရှိတတ်ပါတယ်။ ဒါပေမယ့် ဒီကျယ်ပြန့်လှတဲ့
ကမ္ဘာကြီးထဲတွင် ဒေါင်ချင်းဟန်နဲ့ ရင်းနှီးတဲ့ ရန်ဆိုလို့ တစ်ရန်ပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မိသားစုကြီးရှစ်ခုထဲတွင် ရန်မျိုးရိုးနှင့် မိသားစုတစ်ခုရှိတာကြောင့်ပါ။ ထိုဆန်းကြယ်တဲ့ ရန်မိသားစုက
မိသားစုကြီးရှစ်ခုထဲတွင် အားအကောင်းဆုံးပါပဲ။
ဒီလောကကြီးထဲတွင် ဒေါင်မိသားစုကို ပထမအဆင့် မိသားစုလို့ သတ်မှတ်နိုင်ပေမယ့် ဒေါင်မိသားစုနှင့် မိသားစုကြီးရှစ်ခုကြား ကွာခြားချက်အကြီးအကြီး ရှိနေပါသေးတယ်။ မိသားစုကြီးရှစ်ခုကတော့ ပြောစရာတောင် မလိုပဲ အားအကောင်းဆုံးပါပဲ။ မိသားစုကြီးရှစ်ခုထဲက သခင်လေးတစ်ယောက်က အခုလို ချောင်ကျတဲ့နေရာမျိုးမှာ လာနေတယ်လို့ သူတို့ပြောရင် ယုံလိမ့်မည် မဟုတ်ပါဘူး။ ထိုသခင်လေး ဆိုတဲ့
လူတွေက မွေးကတည်းက ရွှေကုတင်၊ရွှေမွေ့ယာနဲ့ နေထိုင်လာရတာဖြစ်ပြီး ခက်ခဲမှုကြမ်းတမ်းမှု ဆိုတာ ဘာလဲဆိုတာတောင် သိတဲ့လူတွေ မဟုတ်ပါဘူး။
ဒါပေမယ့် ရန်မိသားစုကတော့ ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်မိသားစုရဲ့ မျိုးဆက်သစ်တွေကို ပျိုးထောင်တဲ့ နည်းလမ်းက အခြားမိသားစုတွေနဲ့ ကွဲပြားသောကြောင့်ပါပဲ။ ရန်မိသားစု၏ တိုက်ရိုက်မျိုးဆက်တိုင်း သူတို့ကြီးပြင်းချိန်တွင် ထိုအရာကို
ကြုံတွေ့ရမှာပါ။ သင့်တော်တဲ့ အသက်အရွယ်ကို ရောက်တာနဲ့ ရန်မိသားစု၏ တိုက်ရိုက် လူငယ်မျိုးဆက်တိုင်း မိသားစုကနေ ပြင်ကမ္ဘာကို စူးစမ်းလေ့လာ၊ ခွန်အားတိုးတက်စေဖို့ စေလွှတ်ခြင်းခံရပြီး သတ်မှတ်ထားတဲ့
အချိန်တစ်ခုရောက်ရင် ပြန်ဆင့်ခေါ်ခြင်း ခံရပါလိမ့်မယ်။
ဒီလို လေ့ကျင့်ပျိုးထောင်တဲ့ နည်းလမ်းက တကယ်ကို အန္တာရာယ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ရိုက်မျိုးဆက်
တွေက အပြင်ဘက်ကို လေ့ကျင့်ဖို့အတင်းအကြပ် စေလွှတ်ခြင်းခံရတာ ဖြစ်တဲ့အတွက် မိသားစုစွမ်းအားနှင့် အရင်းအမြစ်တွေကို အသုံးမချနိုင်တော့ပါဘူး။ တစ်ယောက်ယောက်နဲ့သာ ပြဿနာဖြစ်လို့ ထိုသူက ကိုယ့်ထက်အားကောင်းနေရင် ကိုယ်အသတ်ခံရနိုင်ပါတယ်။ ထိုကဲ့သို့အဖြစ်အပျက်မျိုးလည်း များစွာ ဖြစ်ခဲ့ဖူးပါတယ်။ ထို့ကြောင့် ရန်မိသားစု တိုက်ရိုက်မျိုးဆက်တွေ မိသားစုဆီပြန်မလာနိုင်ခဲ့ပဲ ပြင်ပကမ္ဘာမှာပဲ သေသွားခဲ့ရတာလည်း အများကြီး ရှိတာပေါ့။ ဒါပေမယ့် အားနည်းချက် ရှိသလို အားသာချက်လည်း ရှိပါသေးတယ်။
ထိုကဲ့သို့ လေ့ကျင့်ပျိုးထောင်တဲ့ နည်းလမ်းက ရန်မိသားစု တိုက်ရိုက်မျိုးဆက်တိုင်းကို အခြားလူငယ်မျိုးဆက်တွေထက်
ပိုပြီးသန်မာသွားစေခဲ့ပါတယ်။ သူတို့တွေက မိသားစုအကူအညီကို မယူရပဲ ကိုယ့်အားကိုယ်ကိုးပြီးတော့သာ လေ့ကျင့်ရတဲ့အတွက် ကမ္ဘာကြီးဆိုတာ ဘယ်လိုမျိုး၊ အောင်မြင်ချင်ဆိုရင် မိမိကိုယ်ကိုသာ အားကိုးရမယ်ဆိုတာ
သူတို့သိလာခဲ့ကြပါပြီ။ ထို့ကြောင့် ရန်မိသားစု တပည့်တွေထဲတွင် အသုံမကျတဲ့လူဆိုလို့ လုံးဝကိုမရှိသလောက် ရှားပါတယ်။
တိုက်ရိုက်မျိုးဆက်တိုင်းက ထက်ရှတဲ့တဲ့ အေးစက်စက် ဓါးသွားတွေအလား ကြောက်မက်ဖွယ်ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားပါတယ်။
ထို့ပြင် ထိုကဲ့သို့လေ့ကျင့်တဲ့အတွက် ဂိုဏ်းပေါင်းစုံ၊ မိသားစုပေါင်းစုံက ကျင့်စဉ်မျိုးစုံကို ရရှိနိုင်ပြီး ရန်မိသားစု၏ သိုင်းကျမ်းခန်းမဆောင်ထဲကို ထည့်သွင်းနိုင်ခဲ့တယ်။ ထို့ကြောင့် ရန်မိသားစု၏ သိုင်းကျမ်း ခန်းမဆောင်ထဲတွင် ဂိုဏ်းမျိုးစုံမှ သိုင်းကျမ်းမျိုးစုံရှိနေခဲ့တာပေါ့။
ဒီကမ္ဘာကြီးထဲတွင် ဥသြငှက်လို့ ခေါ်တဲ့ငှက်တစ်မျိုး ရှိပါတယ်။ ထိုဥသြငှက်တွေက သူတို့ဥတွေကို အခြားငှက်သိုက်တွေထဲမှာ ဥလေ့ရှိပြီး အခြားငှက်တွေကို သူတို့သားပေါက်တွေအား ကျွေးမွေးပြုစုစောင့်ရှောက် စေခဲ့ပါတယ်။ ထိုဥဩ သားပေါက်လေးတွေက ရက်စက်ပြီး အခြားငှက်ပေါက်လေးတွေရဲ့ အရင်းအမြစ်တွေကိုပါ လက်ဝါးအုပ်ရုံမကလို့ ပိုင်ရှင်ငှက်မကြီးရဲ့ သားပေါက်တွေကိုလည်း သူတို့ကိုယ်ပိုင် အသိုက်တွေဆီကနေ နှင်ထုတ်တဲ့အတွက် ပြုတ်ကျပြီး သေသွားခဲ့ရတဲ့ ငှက်ပေါက်တွေလည်း ရှိပါတယ်။ ငှက်တွေကြားထဲတွင်
ဥသြငှက်တွေရဲ့ ဂုဏ်သတင်းက မကောင်းဘူးဆို့လို့ ဆိုနိုင်ပါတယ်။ ထိုနည်းတူစွာပဲ ရန်မိသားစု၏ ဂုဏ်သတင်းက ဥသြငှက်လိုပါပဲ။
ရန်မိသားစုက သူတို့တိုက်ရိုက် မျိုးဆက်တွေကို အပြင်ပို့တော့မယ် အချိန်တိုင်း ဂိုဏ်းအမျိုးမျိုးက အမြဲတမ်းနားစွင့်ထားလေ့ရှိတယ်။ တော်ကြာ ရန်မိသားစုက တိုက်ရိုက်မျိုးဆက်တစ်ယောက်ကို တပည့်လက်ခံမိမှာကို
သူတို့ တော်တော်လေး ကြောက်လန့်မိပါတယ်။ ရန်မိသားစု၏ လေ့ကျင့်ရေး ပျိုးထောင်တဲ့ နည်းလမ်းက သိုင်းလောကထဲရှိ အင်အားစုတွေကို မကျေမနပ် ဖြစ်စေခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ပြိုင်ဘက်ကင်းခွန်အား၊
မိသားစုကြီးရှစ်ခုထဲတွင် အားအကောင်းဆုံးမိသားစု၊ စွမ်းအားနှင့် လွှမ်းမိုးမှု နှစ်ခုလုံး ပိုင်ဆိုင်ထားခြင်းတို့ကြောင့် သူတို့ မကျေနပ်ရင်တောင် ရန်မိသားစုကို ဘာမှမလုပ်နိုင်ခဲ့ပါဘူး။
ဒါပေမယ့် အင်အားစုတွေက ရန်မိသားစုမျိုးဆက်တွေကို တပည့်လက်မခံဖို့ ဘယ်လိုပဲပြင်ဆင်ထားပစေ၊ ရန်မိသားစု တပည့်တွေကတော့ သူတို့ဂိုဏ်းတွေ၊ မိသားစုတွေထဲ ဝင်လာနိုင်စမြဲပါပဲ။ ဘာကြောင့်လဲဆိုတော့ ထိုတိုက်ရိုက် မျိုးဆက်တွေက နာမည် ပြောင်းထားလေ့ရှိကြပြီး သူတို့ကိုမြင်ဖူးတဲ့လူဆိုလို့ လူအနည်းငယ်သာ ရှိတာကြောင့်လည်း ဖြစ်ပါတယ်။ ထို့ကြောင့် ရန်မိသားစု တိုက်ရိုက်မျိုးဆက် တစ်ယောက်ကို အလွယ်တကူ မခွဲခြားနိုင်တော့ပါဘူး။
လေနဲ့တိမ်အစောင့်အကြပ်နှစ်ယောက်၏ အတွေးတွေက ပြေးလွှားနေခဲ့ပြီး ရန်ကိုင်၏ အစစ်အမှန် အဆင့်အတန်းကို နောက်ဆုံးသိနားလည် သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့လေးနှစ်တုန်းက
ရန်မိသားစုက သူတို့ရဲ့ တိုက်ရိုက်မျိုးဆက်တွေကို ပြင်ပကမ္ဘာဆီ စေလွှတ်ခဲ့တာ ကြောင့်ပါပဲ။
သူတို့ရှေ့တွင် ရှိနေတဲ့လူက ရန်မိသားစုရဲ့ အငယ်ဆုံးသားမဟုတ်ဘူးလား။ သူက သိုင်းလေ့ကျင့်လို့ မရဘူးဆို။ ဒါဆိုရင် ချီသန့်စင်ခြင်းအဆင့်ကို သူဘယ်လိုလုပ်ပြီး ရောက်နေရတာလဲ။
ရန်ကိုင်ခွန်အားက အားလုံးကို အံ့ဩဘနန်း ဖြစ်သွားစေလောက်မယ့် ခွန်အားမဟုတ်ပေမယ့် အထင်သေးလို့ ရလောက်မယ့် ခွန်အားမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့သခင်လေးက ထိုကောင်းကင်စံအိမ် တပည့်ကို ဘာလို့သိနေတာလဲဆိုတာကို သူတို့ နားလည်သွားခဲ့ပါပြီ။
ဘာကြောင့်လဲဆိုတော့ အရင်ဒေါင်မိသားစုနှင့် ရန်မိသားစုမျိုးဆက်တို့က လက်ထပ်ခဲ့တာကြောင့်ပါပဲ။ သူတို့သခင်လေးရဲ့ အဒေါ်က ရန်မိသားစု လေးယောက်မြောက် ခေါင်းဆောင်ရဲ့ မိန်းမဖြစ်နေခဲ့တာ ကြောင့်ပါပဲ။ သူတို့သခင်လေးက ရန်မိသားစုကို အကြိမ်များစွာ သွားလည်ခဲ့ဖူးတော့
ရန်ကိုင်ကို သိနေတာမထူးဆန်းတော့ပါဘူး။
“အထဲသွားပြီး စကားပြောကြရအောင်” ဒေါင်ချင်းဟန်၏အကြည့်က နားမလည်နိုင်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့ပါတယ်။ ရန်ကိုင်လည်း အသာအယာ ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ သူတို့အိမ်အိုလေးထဲကို ဝင်သွားတဲ့အချိန် အတွင်းပိုင်က လုံးဝကို ဗလာဖြစ်ခဲ့ပြီး အစားအသောက်တွေ ခင်းကျင်းထားတဲ့ စားပွဲခုံအသစ်တစ်လုံးသာ ရှိနေခဲ့ပါတယ်။
“ထိုင်” ဒေါင်ချင်းဟန်က ပြောလိုက်တယ် “မင်းငါ့ကိုစောင့်နေတာလား” ရန်ကိုင်လည်း ထိုင်ချလိုက်ပြီး စားပွဲခုံပေါ်ရှိ အစားအသောက်တွေကို မြင်လိုက်ရတဲ့အတွက် အနည်းငယ် အံ့အားသင့်သွား ခဲ့တယ်။ ဒေါင်ချင်းဟန်၏မျက်လုံးတွေကလေးနက်မှုတွေနဲ့ ပြည့်နေခဲ့ပြီး ခေါင်းညိတ်ပြလိုက်တယ်
“လွန်ခဲ့တဲ့နှစ် အတောအတွင်း မင်းတော်တော်လေး အားကောင်းလာတဲ့ပုံပဲ။ ရန်မိသားစုလေ့ကျင့်တဲ့ နည်းလမ်းက တကယ်ကို အကျိုးကျေးဇူးကြီးမားတာပဲ”
“အသက်ရှင်နေသရွေ့တော့ ကြီးထွားနေရမှာပဲလေ” ရန်ကိုင် သူ့ခွက်ထဲကို ရေနွေးဖြည့်ရင်း ပြန်ပြောလိုက်တယ်။
“အရင်တုန်းကဆိုရင် မင်းငါ့ကိုမြင်တာနဲ့ ကြောင်ကိုတွေ့တဲ့ ကြွက်လိုပဲ။ အခုကျတော့များ ငါ့ကိုမကြောက်ရုံမကလို့ ပြန်တောင် ထိုးလိုက်သေးတယ်” ဒေါင်ချင်းဟန်က မကျေမနပ်နဲ့ ပြောလိုက်တယ်
“အဲ့ဒါဘာမှားနေလို့လဲ။ ငါတို့ကလေးဘဝတုန်းက မင်းအနိုင်ကျင့်တာကို ငါဘယ်လောက်တောင် ခံခဲ့ရလဲ” ရန်ကိုင်က လှောင်ပြောင်
လိုက်ပါတယ်။ ဒေါင်ချင်းဟန် ရန်မိသားစုကို လာလည်တိုင်း ရန်ကိုင်နဲ့ တိုက်ခိုက်လေ့ရှိပါတယ်။ ရန်ကိုင်ခန္ဓာကိုယ်က သာမန်လူတွေလောက် မသန်မာတဲ့အပြင် သူ့သိုင်းအဆင့်ကလည်း အရမ်းကို နိမ့်ကျပါတယ်။
ပြီးတော့ ဒေါင်ချင်းဟန်ဆိုတာ သူ့အထက်အသက် တော်တော်လေး ကြီးတာပါ။ ထိုချိန်တုန်းက သူကဒေါင်းချင်းဟန်ရဲ့ ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး။ သူတို့နှစ်ယောက်တိုက်ခိုက်တိုင်း ရန်ကိုင်ချည်းပဲ အမြဲခံခဲ့ရတာပါ။
ထိုအကြောင်းတွေကို ပြန်တွေးလိုက်တိုင်း ရန်ကိုင်စိတ်ပျက်သလို ခံစားလိုက်ရတယ်။
“အဲ့ဒါ ငါတို့ ငယ်ငယ်တုန်းကလေ” ဒေါင်ချင်းဟန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပြီ့း သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်အရိပ်အယောင်မျှ ထွက်ပေါ်မလာခဲ့ပါဘူး။ သူတို့နှစ်ယောက် တစ်ခွက်ပြီးတစ်ခွက်သောက်
နေကြခဲ့ကြပြီး စကာတစ်ခွန်းမှ ထပ်မပြောခဲ့ကြ။ ခွက်ပေါင်းများစွာ သောက်ပြီးတဲ့ အချိန်မှာတော့ သူတို့တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်ကြတယ်။ သူတို့နှစ်ယောက်
ဆက်ဆံရေး အရမ်းကြီးကောင်းတယ်ဆို့ မဆိုနိုင်ပေမယ့် သူ့ဝမ်းကွဲက သူ့အပေါ်မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုတာတော့ ရန်ကိုင်သိပါတယ်။
ထိုအချိန်တုန်းကဒေါင်ချင်းဟန်က သူ့အပေါ် မကျေနပ်တာ မဟုတ်ပဲ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနေခဲ့တာပါ။ ငယ်ငယ်တုန်းက ရန်ကိုင်က
သိုင်းမလေ့ကျင့် ချင်တဲ့အတွက် ဒေါင်ချင်းဟန်က လက်သီးသုံးပြီး သူ့ကိုဆွဲဆောင်ခဲ့တာပါ။
“မင်းဒီနေရာကို လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး” ဒေါင်ချင်းဟန်က ရုတ်တရက် ရယ်မောလိုက်တယ်။
“ဒီနေရာကို ရောက်လာတုန်းက မင်းအကြောင်းတွေ ငါကြားခဲ့ရတယ်။ အဲ့တုန်းက ငါတကယ်ကို မယုံနိုင်ခဲ့ဘူး။ အဲ့ဒါနဲ့ပဲ မင်းအကြောင်းကို ငါသေချာစုံးစမ်းလိုက်တာ နောက်ဆုံးမှပဲ မင်းဆိုတာ သေချာသွားတော့တယ်”
“ငါ့အဖေက ဒီနေရာဆီငါ့ကို ပို့လိုက်တာ”
“အိုး၊ ဦးလေးလည်း အရင်တုန်းကလည်း ဒီနေရာမှာနေခဲတာပေါ့” ဒေါင်ချင်းဟန်က အံ့အားသင့်စွာနဲ့ ပြောလိုက်တယ်။
“ငါမသိဘူး။ သူက ဒီနေရာဆီ လာဖို့ပဲ ပြောခဲ့တာ” အရင်တုန်းက ဘာလို့ သူ့ကို ဒီနေရာဆီ ပို့လဲဆိုတာကို စဉ်းစားရင်း ရန်ကိုင်တော်တော်လေး ခေါင်းစားခဲ့ရပါတယ်။
“ငါ့အဖေနဲ့အမေကော ဘယ်လိုလဲ” အချိန်တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်တယ်။
ဒေါင်ချင်းဟန်င ရန်ကိုင်ကို ကြည့်လိုက်က်ပြီး ရန်ကိုင်မေးခွန်းကို ပြန်ဖြေလိုက်တယ်
“ဒေါ်လေးက မင်းကိုတော်တော်လေး လွမ်းနေတဲ့ပုံပဲ။ သူမ ပိုပြီးတော့တောင် ပိန်သွားတယ်”ရန်ကိုင်အမူအရာ မဲမှောင်သွားခဲ့ပါပြီ။ ရန်မိသားစုကနေ ထွက်လာတုန်းက သူကသာမန်လူတစ်ယောက်နဲ့ ဘာမှမခြားပါဘူး။ လွန်ခဲ့တဲ့နှစ်အတောအတွင်း မိသားစုဆီသူမပြန်ခဲ့ရပါဘူး။ အခုအချိန်လောက်ဆို သူ့အဖေနဲ့အမေ သူ့ကိုတော်တော်လေး စိုးရိမ်နေလောက်ပါတယ်။
“ဒေါ်လေးက နေအိမ် အကျယ်ချုပ်အဖြစ် နှစ်ဝက် ကျခံခဲ့ရတယ်။ ဦးလေးကတော့ ကြိမ်ဒဏ်အချက်သုံးဆယ် အရိုက်ခံခဲ့ရတယ်”
ဘန်း….ရန်ကိုင်လက်ထဲရှိ ခွက်တစ်စစီ ကွဲကြေသွားခဲ့တယ်။ သူ့အမူအရာ အေးစက်သွားခဲ့ပြီး သူ့ဆီကနေ သတ်ဖြတ်ချင်စိတ် လှိုင်းလုံးလိုက် ထွက်ပေါ်လာခဲ့ကာ အေးစက်စက်လေသံနဲ့ မေးလိုက်တယ်
“ဘာဖြစ်ခဲ့တာလဲ”
ဒေါင်ချင်းဟန်က လှောင်ပြောင်လိုက်သည် “ဒေါ်လေးက မင်းကိုလွမ်းလို့ မင်းဘယ်လိုနေနေလဲဆိုတာ သိရအောင် ရန်မိသားစုကနေ ခိုးထွက်ဖို့ကြိုးစားခဲ့တာ။ ဒါပေမယ့် ရန်မိသားစုက တစ္ဆေအိုကြီးအချို့က
မင်းအမေကို မိသွားခဲ့တယ်လေ။ မင်းသိတဲ့အတိုင်းပဲ ရန်မိသားစုက ဘယ်သူမှ တိုက်ရိုက်မျိုးဆက်တွေကို အပြင်ဘက်ဆီ လေ့ကျင့်ဖို့ ပို့တဲ့အချိန် သွားဆက်သွယ်ခွင့် မရှိဘူးလေ။ သိတာနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးတယ်
မလား။ အဲ့ဒါကြောင့်ပဲ မင်းအမေအပြစ်ပေးခံခဲ့ရတာ။ ဦးလေးသာ ဝင်မပါခဲ့ရင် အဲ့ကြိမ်ဒဏ်အချက်သုံးဆယ်ကို မင်းအမေခံရမှာ”
ကြိမ်ဒဏ်အချက်သုံးဆယ်…ထိုအချက်သုံးဆယ်က သာမန်အချက် သုံးဆယ်မဟုတ်ချေ။ ရန်မိသားစုတွင် နာကျင်မှုကို တိုးမြှင့်ပေးတဲ့ လက်နက်တစ်ခုရှိပါတယ်။ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူဆိုရင်တောင်မှ
အချက်အနည်းငယ်လောက် ရိုက်ခံရရုံနဲ့တင် အိပ်ရာထဲ ရက်အနည်းငယ်လောက် လှဲနေရနိုင်ပါတယ်။ အချက်သုံးဆယ် လုံး အရိုက်ခံရတယ်ဆိုတော့ ရန်ကိုင်ခန့်မှန်းချက်အရဆိုရင် အိပ်ရာထဲ လပေါင်းများစွာလောက် လှဲနေရနိုင်ပါတယ်။
ရန်ကိုင်လည်း အသက်ပြင်းပြင်း ရှုလိုက်ပြီး သူ့ဒေါသကို မနည်း ပြန်ဖိနှိပ်ထားလိုက်ရတယ်။ ထို့နောက် ဒေါင်ချင်းဟန်၏ ခွက်ကို ဆွဲယူလိုက်ပြီး ချက်ချင်းမော့သောက်လိုက်ကာ ပြောလိုက်တယ်။ “အဲ့တစ္ဆေအိုကြီးတွေ၊ အနှေးနဲအမြန်တော့ သူတို့ကို ပြန်ခံစားရအောင် ငါလုပ်ပြမယ်” ရန်ကိုင်က အေးစက်စက်နဲ့ ပြောလိုက်သည်။
သူလေ့ကျင့်လို့မရတုန်းက သူမလေ့ကျင့်ချင်ခဲ့ပဲ သာမန်ဘဝလေးနဲ့သာ အေးအေးချမ်းချမ်းလေး နေထိုင်သွားချင် ခဲ့တာပါ။ ဒါပေမယ့် ထိုတစ္ဆေအိုကြီးတွေကြောင့် မိသားစုကနေ လေ့ကျင်ဖို့ သူထွက်လာခဲ့ရပါတယ်။
ဘာကျင့်ကြံခြင်းအဆင့်မှမရှိတဲ့ သာမန်၁၂သားအရွယ်လေး လူငယ်လေးတစ်ယောက်က ကောင်းကင်စံအိမ်ကို လေ့ကျင့်ဖို့ ကိုယ့်ဘာသာကိုယ် လာခဲ့ရပါတယ်။ ဘယ်လောက်တောင် ကြမ်းတမ်းလိုက်မယ့် ခက်ခဲမှုတွေကို သူရင်ဆိုင်ခဲ့ရမလဲ။
ကောင်းကင်စံအိမ်ကို ရောက်ဖို့ သူ့အတွက်ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းခဲ့မလဲ။
“ရန်မိသားစု နည်းလမ်းကို ငါမကြိုက်သလို ရန်မိသားစုကလူတွေကိုလည်း ငါမကြိုက်ဘူး။ မင်းတို့အားလုံးက သွေးအေးပြီး ရက်စက်လွန်းတယ်” ဒေါင်ချင်းဟန်က မကျေမနပ်နဲ့ ပြောလိုက်တယ်။ ရန်မိသားစု လေ့ကျင့်တဲ့နည်းလမ်းက တိုက်ရိုက်မျိုးဆက်တွေကို မိသားစုကနေ ကန်ထုတ်ပြီး ပြင်ပမှာ လေ့ကျင့်ခိုင်းတာ ဖြစ်တဲ့အတွက် မိသားစုဝင် တစ်ယောက်နဲ့တစ်ယောက်ကြား ရင်းနှီးမှုမရှိတော့ပါဘူး။
စွမ်းအားနဲ့အာဏာအတွက်သာဆိုရင် ညီအစ်ကိုအချင်းချင်းတောင် ပြန်သတ်မယ့်လူမျိုးတွေ ဖြစ်လာခဲ့တာပေါ့။ “မင်းတို့ ရန်မိသားစု တိုက်ရိုက်မျိုးဆက်ဝင်တွေ အပြင်မှာနေရတဲ့အချိန်က ၁၀နှစ်ဆိုတာ
ငါသိတယ်။ အခုလေးနှစ်ကုန်သွားပြီ။ ကျန်တဲ့၆နှစ်ကို ဒေါ်လေးဆက်ပြီး တောင့်ခံနိုင်၊ မတောင့်ခံနိုင် ဆိုတာတော့ ငါလည်းမသိဘူး ’’ ဒေါင်ချင်းဟန်က ဝမ်းနည်းနေတဲ့လေသံနဲ့ ပြောလိုက်တယ်။
“မင်းပြန်သွားတဲ့အချိန် ငါကောင်းကောင်းနေနေရပြီး အဆင်ပြေနေတဲ့ အကြောင်းငါ့အဖေနဲ့အမေကို ပြောပေးစမ်းပါ။ သူတို့ကို စိတ်မပူဖို့လည်း ပြောလိုက်ဦး”
“အေး… ငါပြောလိုက်မယ်” ဒေါင်ချင်းဟန်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ် “တကယ်တော့ မင်းအမေက ငါ့အဒေါ်ပဲလေ”
“မင်း ကောင်းကင်စံအိမ်ကို လာခဲ့တာ ကောင်းကင် အမွေအနှစ်လိုဏ်ဂူကြောင့်ပေါ့” ရန်ကိုင်က ကောက်မေးလိုက်တယ်။
“ဟုတ်ယ်၊အဲ့လိုမှ မဟုတ်ရင် ဒီလိုနေရာကို ငါက လာစရာလား ’’ ဒေါင်ချင်းဟန်က ချက်ချင်း ပြန်ပြောလိုက်တယ်။
ထို့နောက် ရုတ်တရက် ဒေါင်းချင်းဟန် စိတ်ပျက်တဲ့ပုံစံနဲ့ ပြောလိုက်တယ် “မင်းတို့မှာ ဂျီးနီးယပ်အချို့တော့ ရှိသား။ အထူးသဖြင့် အဲ့စုယန်ဆိုတဲ့ မိန်းကလေးပေါ့။ သူမက အရည်အချင်းရှိရုံတင်မဟုတ်ဘူး၊ သူမအလှ
ကလည်း မြို့တွေကိုတောင်ပျက်စီးစေနိုင်ပြီး ရေခဲရောင်ခြည်လို သန့်စင်တယ်တဲ့။ ကံမကောင်းတာက သူမမျက်နှာကို မမြင်လိုက်ရတာပဲကွာ’’
Martial Peak
အပိုင်း (၂၀၇) မင်းဘာပေးနိုင်လဲ
သူပြောနေတဲ့အချိန် ကောလဟတွေ မှန်မမှန် သိရအောင် ဒေါင်ချင်းဟန်က ရန်ကိုင်အမူအရာကို မျက်လုံးဒေါက်ထောက် ကြည့်နေခဲ့တယ်။ “မင်းပြောနေတာ မင်းရဲ့မရီးကွ” ဒေါင်ချင်းဟန်လည်း အံ့အားသင့်သွား
ခဲ့လေပြီ။ ကောလဟာလတွေ မှန်နေမယ်လို့ သူမထင်ထားခဲ့ပါဘူး။ သူ့ရဲ့ဝမ်းကွဲက နတ်သမီးလေးရဲ့ နှလုံးသားကို သိမ်းပိုက်သွားနိုင်ခဲ့လေပြီ။ ရန်မိသားစုက ဘယ်ကောင်ကိုမှ အထင်မသေးသင့်ဘူး။
အားလုံးက ဝံပုလွေတွေပဲ။
“ဘိုင်မိသားစုနဲ့ ခရမ်းဖန်းတောင်ကြားက ကောင်တွေလိုမလုပ်မိတာ ကံကောင်းတယ်။ မဟုတ်ရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမှာ” ဒေါင်ချင်းဟန်က မဲ့ပြုံးပြုံးလိုက်ပါတယ်။
ဒေါင်မိသားစုက သခင်လေး တစ်ယောက်ဖြစ်တဲ့အတွက် သူ့အဆင်အတန်းက ပြောစရာ မလိုအောင်ပဲ မြင့်မားပါတယ်။
ပြီးတော့ သူ့အရည်းအချင်းကလည်း နိမ့်ကျမှု မရှိပါဘူး။ သူဘယ်သွားသွား …အားလုံးက လေးလေးစားစားနဲ့ ဆက်ဆံကြတာပါ။ သူ့ကိုဆွဲဆောင်ဖို့ ကြိုးစားခဲ့တဲ့ မိန်းမတွေဆိုရင်လည်း များလွန်းလို့ သူကိုယ်တိုင်တောင်
မမှတ်မိတော့ပါဘူး။
ဒါပေမယ့် ထိုနတ်သမီးလေးနှင့် ရန်ကိုင်ကြားက ဆက်ဆံရေးက စီနီယာဂျူနီယာ ဆက်ဆံရေးထက် ပိုနေတယ်လို့ ကြားလိုက်ရတဲ့အချိန်မှာတော့ ဒေါင်ချင်းယန်က စုယန်ကို လုံးလုံး လက်လျှော့လိုက်ပါတော့တယ်။ သူက ကောလဟာလတွေ မှန်မမှန် သိချင်နေတာပါ။ ဒါပေမယ့် ကောလဟာလတွေက အမှန်ဖြစ်နေလိမ့်မယ်လို့တော့ သူအများကြီး မျှော်လင့်မထားခဲ့ပါဘူး။
ဘိုင်မိသားစုနှင့် ခရမ်းဖန်းတောင်ကြား ကကောင်တွေနဲ့အတူ နတ်သမီးလေးကို ဆွဲဆောင်ဖို့ မကြိုးစားမိတာကို သူ့ကိုယ်သူကို ကံကောင်းသွားတယ်လို့ တွေးမလိုက်တယ်။ မဟုတ်ရင် အခုအချိန်လောက်ဆို သူ့ဝမ်းကွဲနှင့် သူသေကိုယ်သေ တိုက်ခိုက်နေရ
ပေလိမ့်မှာပါ။
ရန်ကိုင်လည်း ထိုမိသားစုကြီးတွေက သခင်လေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ စရိုက်ကို နားလည်ပါတယ်။ စုယန် သူ့မိန်းကလေးဖြစ်တယ်လို့ သူပြောခဲ့ပြီးသွားလေပြီ။ သူမကိုထိချင်တဲ့သူမှန်သမျှ သူ့အလောင်းကို
ကျော်ဖြတ်သွားရပါလိမ့်မယ်။ ‘‘ ကောင်စုတ်လေး၊ မင်က စွဲဆောင်အားတော့ ကောင်းသားနော်” ဒေါင်းချင်းဟန်က ရယ်မောရင်း ပြောလိုက်တယ်။ ကောင်းကင်စံအိမ်ဆိုတာ ဂိုဏ်းသေးသေးလေး တစ်ဂိုဏ်းဖြစ်ပေမယ့်
စုယန်ဆိုတဲ့ မိန်းကလေးအကြောင်းကို ကြားလိုက်တဲ့အချိန်မှာတော့ သူလည်း တော်တော်လေး အံ့အားသင့်သွားခဲ့ရတယ်။ သူမကအခုအချိန်တွင် အစစ်အမှန်ဒြပ်စင်အဆင့်၄သို့အဆင့်၅ကို ရောက်နေခဲ့ပါပြီ။ ထိုကဲ့သို့သော အရည်အချင်းက ပထမအဆင့်အင်အားစုက ဂျီးနီးယပ်တွေနဲ့ ယှဉ်နိုင်ပါတယ်။
ပြီးတော့ သူမက ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲက အဓိက အမွေအနှစ်ကို ရသွားတယ်လို့ သတင်တွေလည်း ထွက်နေပါသေးတယ်။
ထိုအရည်အချင်းနဲ့သာ သူမက မိသားစုကြီး ရှစ်ခုထဲ ဝင်ရောက်လိုက်မယ်ဆိုရင် သူမကို ရတနာတစ်ခုလို ဆက်ဆံကြမှာ မလွဲမသွေပါပဲ။
‘‘ သူမကငါ့ရဲ့ မရီးဖြစ်နေမှာတော့ ဒေါင်မိသားစုက သူမကိုခေါ်ဖို့
အခွင့်အရေးမရှိတော့ဘူးပဲ ’’ ဒေါင်းချင်းဟန်လည်း မဲ့ပြုံးပြုံးလိုက်ပါတယ် “မင်းလည်းအကျိုးအမြတ် နည်းနည်းပါးပါးလောက်တော့ ရပြီးသွားပြီမလား” ရန်ကိုင် ဒေါင်းချင်းဟန်ကို ကြည့်လိုက်ပြီး မေးလိုက်တယ်။
ဒေါင်ချင်းဟန်လည်း အသာအယာလေး ပြန်ခေါင်းညိတ် ပြလိုက်ပါတယ်။ “အင်း… နည်းနည်းတော့ ရပြီးသွားပြီ။ ဒါပေမယ့် မင်းတွေးနေတာနဲ့တော့ တစ်ခြားပါကွာ။ မင်းလည်း ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲကို
ဝင်သွားမှာတော့ အထဲကဘာနဲ့တူလဲဆိုတာ ငါ့ကိုပြောပြစမ်းပါ ’’
ရန်ကိုင်လည်း တစ်ချက်လောက် ပြန်စဉ်းစားလိုက်ပြီး ကောင်းကင်အမွေအနှစ်လိုဏ်ဂူ အထဲက မြင်ကွင်းတွေကို ပြန်ပြောပြလိုက်တယ်။ ဘယ်သူကအမွေအနှစ်ကို ရသွားလဲဆိုတာကိုတော့ သူမပြောခဲ့ချေ။
‘‘ ကောင်းကင်အမွေအနှစ်လိုဏ်ဂူက ဒီနေရာမှာပေါ်လာတာ မင်းတို့အတွက်တော့ တော်တော်လေး ကံကောင်းတာပဲ။ မင်းတို့ဂိုဏ်းသုံးဂိုဏ်းက ရတနာအိုးပေါ် ခြေချနေမိတာပဲ။ အဲ့ဒါက ဘာလို့ငါတို့ ဒေါင်မိသားစုနေရာမှ ပေါ်မလာရတာလဲမသိဘူး ’’ ဒေါင်ချင်းဟန်က ပြောရင်း သက်ပြင်းအမောကြီး ချလိုက်တယ်။
ကောင်းကင်အမွေအနှစ်လိုက်ဂူ ထွက်ပေါ်လာတာကို ဂိုဏ်သုံးဂိုဏ်းက တစ်လ၊နှစ်လလောက် ကြာအောင် သိုသိုဝှက်ဝှက်နဲ့ ဖုံးထားနိုင်ခဲ့ပါခဲ့ပေမယ့် နောက်ဆုံးတော့လည်း ထိုသတင်းပေါက်ကြား သွားခဲ့တာပါပဲ။ ထိုသတင်းကို ကြားလိုက်တာနဲ့ အင်းအားစုအသီးသီးက သူတို့လူတွေကို ဒီနေရာသို့ ချက်ချင်းပဲ စေလွှတ်လိုက်ကြတယ်။
ဒါပေမယ့် အခုအချိန်ထိတိုင် တကယ်အမွေအနှစ်ဆက်ခံသူကို သူတို့ရှာမတွေ့ကြသေးပါဘူး။ ဒါပေမယ့် ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲကနေ အကျိုးအမြတ်ရရှိခဲ့တဲ့
လူတွေကိုတော့ သူတို့ တွေ့ခဲ့ရပါတယ်။
အမွေအနှစ်လိုဏ်ဂူထဲ ဝင်ပြီး ပြန်ထွက်လာတဲ့ ဂိုဏ်းသုံးဂိုဏ်းက တပည့်တွေက လက်နက်များစွာကို ပြန်သယ်လာခဲ့ကြပါတယ်။ သယ်ဆောင်လာတဲ့ လက်နက်များစွာက ပျက်စီးနေခဲ့ပြီဖြစ်ပြီး ဆက်ပြီးအသုံးပြုလို့ မရနိုင်တော့ပါဘူး။
ဒါပေမယ့် ထိုလက်နက်တွေက ဟိုးအရင်တစ်ချိန်က အားကောင်းတဲ့ကျင့်ကြံသူတွေ အသုံးပြုခဲ့တဲ့ လက်နက်တွေ ဖြစ်တဲ့အတွက် ပြန်သယ်သွားပြီး စူးစမ်းလေ့လာခဲ့ရင် သူတို့အတွက် အကျိုးအမြတ်ကောင်းတွေ ရကောင်းရနိုင်ပါတယ်။ ။
သိုင်းပညာရပ်တွေရဲ့ အဆင့်တွေကတော့ နိမ့်ကျခြင်းမရှိပဲ အနိမ့်ဆုံးအဆင့်တောင် မြေကမ္ဘာအဆင့်ပါ။ ကောင်းကင်အဆင့် သိုင်းပညာရပ်တွေကိုတောင် တွေ့ခဲ့ရပါသေးတယ်။
ကောင်းကင်အမွေအနှစ်လိုဏ်ဂူ ထွက်ပေါ်လာတာက ဂိုဏ်းသုံးဂိုဏ်းကို တစ်ခဏအတွင်း ကြွယ်ဝသွားစေခဲ့သည်။ နောင်တရစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ အချိုကတပည့်တွေက ဂိုဏ်းကနေ ထွက်ခွါဖို့ဆုံးဖြတ်ပြီး အင်းအားစုတွေဆီ ခိုလှုံဖို့ ဆုံးဖြတ်လိုက်ခြင်းပါပဲ။
ဂိုဏ်းက အကြီးအကဲငါးယောက်လည်း ထိုတပည့်တွေကို မတားဆီးနိုင်ခဲ့ချေ။ အင်းအားစုတွေရဲ့ စွမ်းအားနဲ့ဆိုရင် သူတို့ဆီကတပည့်လေး နည်းနည်းလောက် ခေါ်သွားလို့ သူတို့ဘာမှ လုပ်လို့မရပါဘူး။
ဝေရှီတုန်းနှင့် စုရွှမ်းဝူတို့လည်း ထိုအင်အားစုကလူတွေ မြန်နိုင်သမျှ မြန်မြန်ထွက်သွားဖို့သာ ဆုတောင်းနေရပါတယ်။
သူတို့ ဝမ်းကွဲနှစ်ယောက် စကားပြောနေစဉ် လူအိုးကြီးနှစ်ယောက် ရုတ်တရက် ရောက်လာခဲ့ပြီး ပြောလိုက်ပါတယ်
‘‘ သခင်လေး၊ သခင်လေးရန်၊ ဘိုင်မိသားစုနဲ့ ခရမ်းဖန်းတောင်ကြားက လူတွေရောက်လာပြီ ’’
ရန်ကိုင်နှင့်ဒေါင်ချင်းဟန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဒေါင်ချင်းဟန်က တစ်ချက်ရယ်လိုက်ပြီး ပြောလိုက်တယ်
‘‘ သူတို့လာတာ မြန်တာပဲ။ မင်းဆီကသိုင်းပညာရပ်ကို ငါယူသွားမှာကို ကြောက်နေတာထင်တယ် ’’
ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်တယ်။ အင်အားစုကလူတွေက သူ့ဆီမှာရှိတဲ့ ကြယ်အမှတ်အသား ပညာရပ်ကို စိတ်ဝင်စားနေတဲ့အကြောင်း မန်ဝူရက သူ့ကိုပြောပြပြီးသွားပါပြီ။ ‘‘ မင်းဘာလုပ်ချင်လဲ ’’
ဒေါင်ချင်းဟန်က မဲ့ပြုံးပြုံးရင်း ရန်ကိုင်ကို မေးလိုက်တယ်။ ထိုကောင်တွေက သူ့ရဲ့မရီးကို တောက်လျှောက် နှောက်ယှတ်နေခဲ့တာဆိုတော့ ရန်ကိုင်က ထိုကောင်တွေကို အလွယ်တကူ အလွတ်ပေးလိမ့်မှာ မဟုတ်ပါဘူး။
သိပ်မကြာခင် ပွဲကြီးပွဲကောင်း တစ်ခုကို သူကြည့်ရပါတော့မယ်။
ရန်ကိုင်သာ သူ့ရဲ့အဆင့်အတန်း အစစ်အမှန်ကို ထုတ်ဖော် ပြောလိုက်မယ်ဆိုရင် ဘိုင်မိသားစုနှင့် ခရမ်းဖန်တောင်ကြားက ကောင်တွေ ကြောက်သေးပန်းပြီး ကုန်းရုန်းတောင်းပန်လိမ့်မှာပါ။ ဒါပေမယ့်
ပြဿနာက ရန်ကိုင်အဖို့ သူ့အဆင်းအတန်းကို ထုတ်ဖော်ပြောလို့ မရခြင်းပါ။ ထို့ကြောင့် ထိုပြဿနာကောင်တွေကို ရန်ကိုင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ ဒေါင်ချင်းဖန် တော်တော်လေး သိချင်နေမိတာပါ။
‘‘ သူတို့ဘာလို့လာလဲဆိုတာ ငါသိတယ် ’’ ရန်ကိုင်ကတော့ ဘာမှ မဖြစ်သည့်အလား။ ‘‘ သူတို့ကသာ ကောင်းကောင်း ဆွေးနွေးဖို့ ရောက်လာတာ ဆိုရင်တော့ ငါကလည်း ပြန်ပြီး ဆွေးနွေးပေးမှာပေါ့”
ကြယ်အမှတ်အသားပညာရပ်က သူ့လက်ထဲတွင် အစွမ်းပြနိုင်ပေမယ့် လူတိုင်း လက်ထဲမှာ အစွမ်းပြနိုင်မယ်လို့တော့ မဆိုလိုဘူးလေ။ ထို့ကြောင့် ထိုပညာရပ်ကို ရောင်းလိုက်လို့လည်း သူ့အတွက် အကျိုး မယုတ်ပါဘူး။
‘‘ သူတို့က အထက်စီးက ဆက်ဆံမယ် ဆိုရင်ရော ’’ ဒေါင်ချင်းဟန်က မျက်မှောင်ကြုံ့ပြီး မေးလိုက်တယ်။
ရန်ကိုင်က ဒေါင်ချင်းဟန်ကို ကြည့်လိုက်ပြီး မိစ္ဆာဆန်ဆန်ပြုံးလိုက်ပါတယ်။ ဒေါင်းချင်းဟန်လည်း လှောင်ပြုံးပြုံးလိုက်ပြီး ပြပွဲကောင်းဆက်ကြည့်ဖို့ မစောင့်နိုင်တော့အောင် ဖြစ်သွားခဲ့ရတယ်။
ထိုဘိုင်မိသားစုနဲ့ ခရမ်းဖန်းတောင်ကြားက ကောင်တွေ ရန်ကိုင်ကို ကောင်းကောင်းမွန်မွန်နဲ့ ဆက်ဆံဖို့ကတော့ ကမ္ဘာလဆန်း တစ်ရက်နေ့မှပဲ ဖြစ်နိုင်မှာပါ။ သိပ်မကြာခင်မှာပဲ အပြင်ဘက်ကမှ ရယ်သံနှစ်သံကို သူတို့ ကြားလိုက်တယ်။
ထိုရယ်သံနှစ်သံက လူငယ်လေးနှစ်ယောက်ဆီကနေ ထွက်ပေးလာခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်စလုံး
ကလည်း ဒေါင်ချင်းဟန်နဲ့ အသက်သိပ်မကွာပါဘူး။ တစ်ယောက်က နှင်းဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး
အခြားတစ်ယောက်ကတော့ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။နှင်းဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့
လူက ဘိုင်မိသားစုက ဘိုင်ယွမ်ဖုန်းဖြစ်ပြီး ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့လူက ခရမ်းဖန်းတောင်ကြားက
ဖန်ဟောင်ဖြစ်တယ်။ သူတို့နှစ်ယောက်မှာတော့ ကောင်းကင်စံအိမ်တပည့် နောက်လိုက်တွေ ရှိနေခဲ့ပြီး တစ်ယောက်ကတော့ မြင်ဖူးနေပုံရကာ နာမည်တော့ ရန်ကိုင် မမှတ်မိတော့ပါဘူး။
ကျန်တဲ့တစ်ယောက်ကတော့ စည်းကမ်းထိန်းသိမ်းရေးခန်မက ကောင်းကျန်းဝမ်ပါပဲ။
ထိုတပည့်နှစ်ယောက်က ဘိုင်မိသားစုနှင့် ခရမ်းဖန်းတောင်ကြားမှ သခင်လးတို့ နှစ်ယောက်နောက်က လိုက်လာတာ ဖြစ်တဲ့အတွက် သူတို့တွေက ကောင်းကင်စံအိမ် တပည့်တွေ မဟုတ်တော့ပဲ ဘိုင်မိသားစုနှင့်
ခရမ်းဖန်းတောင်ကြား အင်အားစုတို့ရဲ့ တပည့်တွေ ဖြစ်သွားခဲ့ပါပြီ။
‘‘ ညီအစ်ကိုဒေါင်က အမြဲလို ကျော့ရှင်းနေတာပဲနော်။ ဒီနေရာကို ရောက်လာတာတောင် ငါနဲ့ညီအစ်ကိုဖန်ကို မဖိတ်ခေါ်ဘူးဆိုတော့
ငါတို့ကိုအပြင်လူလို့များ မြင်နေတာလား ’’ ဘိုင်ယွမ်းဖုန်းက ရယ်မောရင်း ရန်ကိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့လက်ထဲက ယပ်တောင်ကို ပိတ်လိုက်တယ်။
ဖန်ဟောင်လည်း ရယ်မောလိုက်ပြီး ‘‘ ညီအစ်ကိုဒေါင်က ငါနဲ့ညီအစ်ကို ဘိုင်လို အဲ့မိန်းကလေးကို စိတ်မဝင်စားဘူး။ ငါတို့ကတော့ သူမအိမ်အပြင်ဘက်မှ လဝက်လောက် အချိန်ဖြုန်းခဲ့ပေမယ့် သူမမျက်နှာကို
တစ်ချက်ကလေးတောင် မတွေ့ခဲ့ရဘူး။ အဲ့လိုမှန်းသိရင် ဒီနေရာမှာပဲ ညီအစ်ကိုဒေါင်လို အရက်သောက်ပြီး အချိန်ဖြုန်းနေလိုက်ပါတယ် ’’ ရန်ကိုင်နှုတ်ခမ်းက လှောင်ပြောင်ဟန်ဖြင့် ကွေးသွားခဲ့တယ်။ အနှီ
နှစ်ကောင် လဝက်လောက် အချိန်ဖြုန်းနေတဲ့ အိမ်က စုယန်နေတဲ့ အိမ်ပဲ ဖြစ်မှာပါ။
ဒေါင်ချင်းဟန်လည်း ထိုနှစ်ယောက်ကို ထိုင်ဖို့အချက်ပြလိုက်ပြီး ရန်ကိုင်ကို ကြည့်လိုက်ကာ ပြောလိုက်တယ်
‘‘ လွန်ခဲ့တဲ့နေ့တုန်းကပဲ ငါအဖေက ငါ့အတွက် မင်္ဂလာဆောင်တစ်ခု စီစဉ်ပြီးသွားတာကို ငါကဘယ်လိုလုပ်ပြီး အခြားမိန်းကလေးကို သွားပြီးဆွဲဆောင်ရဲပါ့မလဲ။ ငါက ညီအစ်ကိုဘိုင်နဲ့ ညီအစ်ကိုဖန်တို့လို
မလွတ်လပ်တော့ပါဘူးကွာ’’ ဘိုင်ယွမ်ဖုန်းနဲ့ ဖန်ဟောင်တို့ နှစ်ယောက်စလုံး ထိုင်ချလိုက်ပြီး ကောင်းကျန်းဝမ်နဲ့ ကျန်တဲ့တစ်ယောက်ကတော့ သူတို့နှစ်ယောက်နောက်မှာပဲ လေးစားရိုသေစွာနဲ့ မတ်တပ်ရပ်နေခဲ့တယ်။
‘‘ညီအစ်ကိုဒေါင်က နောက်နေတာပဲ။ မကြာခင်တုန်းကပဲ ကောင်းကင်စံအိမ်က မိန်းကလေးတစ်ယောက်ကို ညီအစ်ကိုဒေါင် ခေါ်ခဲ့တယ်လို ငါသတင်းကြားထားတယ်နော်။ အဲ့မိန်းကလေးကို ညီအစ်ကိုဒေါင် ဘယ်လို ဆွဲဆောင်နိုင်ခဲ့လဲဆိုတာ ငါမသိပေမယ့် ကိုယ်လုပ်တော်အဖြစ် ယူဖို့ပဲလား၊ ဒါမှမဟုတ် ညီအစ်ကိုဒေါင်ရဲ့
စိတ်ဆန္ဒသက်သက်ကို ဖြေပျောက်ရုံပဲလားဆိုတာ ငါသိချင်မိတယ် ’’
ဒေါင်ချင်းဟန်လည်း မဲ့ပြုံးပြုံးလိုက်ပြီး ခေါင်းခါကာ ပြောလိုက်တယ်
‘‘ ညီအစ်ကိုဘိုင်က အထင်လွဲနေတာပဲ။ ငါတကယ်ပဲ မိန်းကလေးတစ်ယောက်ကို ခေါ်ခဲ့တယ်။ ဒါပေမယ့် ငါတို့မိသားစုရဲ့ အကျိုးအမြတ်နဲ့ ကမ်းလှမ်းပြီးတော့ပဲ ခေါ်ခဲ့တာ။ ပြီးတော့ အဲ့မိန်းကလေးက ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲကနေ
အခွင့်အရေးကြီး တစ်ခုကိုရခဲ့တာလေ။ သူမအရည်အချင်းကလည်း မဆိုးဘူး။ သူမလိုအပ်တာဆိုလို့ အရင်းအမြစ်တွေပဲ ရှိတော့တာ ’’
ဘိုင်ယွမ်ဖုန်းလည်း ရယ်မောလိုက်ပြီး ထိုကိစ္စကို ဆက်မပြောတော့ပါဘူး။
အဲ့အစားကို ရန်ကိုင်ဆီ အကြည့်ပြောင်းလိုက်တယ်။
သူ့အကြည့်ထဲ၌ အထင်သေးမှုတို့ အထင်သား ပါဝင်နေတာပေါ့။ ပြီးတာနဲ့ အထက်စီးလေသံနဲ့ ပြောလိုက်တယ်
‘‘ဒါက ကောင်းကင်စံအိမ်က ရန်ကိုင်ပဲဖြစ်ရမယ်။ ညီအစ်ကိုဒေါင် သူနဲ့ဆွေးနွေးတာဘယ်လိုလဲ ’’
ထိုစကားလုံးတွေက သာမန်ကာလျှံကာပြောလိုက်တာ ဖြစ်ပေမယ့် သူ့လေသံထဲက အထင်သေးမှုတွေကိုတော့ မဖုံးကွယ်ထားနိုင်ပါဘူး။ ရန်ကိုင်ရှေ့မှာ စကားပြောနေဆိုပေမယ့် ရန်ကိုင်ကို တစ်ချက်ကလေးတောင် အဖက်မလုပ်ပါဘူး။
အဲ့အစား စောင်းကာဝိုက်ကာနဲ့ပဲ ဒေါင်ချင်းဟန်ကို မေးလိုက်ပါတယ်
‘‘ ငါတို့စကာပြောပြီးသွားပြီ ’’ ဒေါင်ချင်းဟန်က ဖွဖွလေး ခေါင်းညိတ်ပြလိုက်တယ်။ ‘‘ မင်းတို့ ရောက်လာတဲ့အထိ မဆုံးဖြတ်ရသေးဘူး ’’ ဘိုင်ယွမ်ဖုန်းနှင့် ဖန်ဟောင်တို့ မျက်လုံးတွေ တောက်ပသွားခဲ့ပြီး ‘‘ အဲ့လိုဆိုရင် ငါနဲ့ ညီအစ်ကိုဖန်မှာ အခွင့်အရေး ရှိသေးတာပေါ့ ’’
ဖန်ဟောင်က ပိုပြီးတိုက်ရိုက်ဆန်ပါတယ်။ ချက်ချင်းပဲ ရန်ကိုင်ကို တည့်တည့် ကြည့်လိုက်ပြီး မေးလိုက်တယ်
‘‘ ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲမှာ အားကောင်းတဲံ သိုင်းပညာရပ်တစ်ခုကို ရခဲ့တယ်လို့ ငါကြားခဲ့တယ်။ အဲ့ဒါအမှန်ပဲလား ’’
ရန်ကိုင်က ပြုံးကာပြောလိုက်တယ် ‘‘ အမှန်ပဲ ’’
ဖန်ဟောင်အမူအရာ တောက်ပသွားခဲ့ပြီး ဆက်ပြီးတော့ ပြောလိုက်တဘ် ‘‘ ငါက ရိုးရိုးရှင်းရှင်းပြောရတာ ကြိုက်တဲ့ လူတစ်ယောက်ပဲ။ အဲ့ဒါကြောင့် ငါဝေ့ဝိုက်ပြီး ပြောမတော့ဘူး။ မင်းရခဲ့တဲ့ သိုင်းပညာရပ်ကို
ငါစိတ်ဝင်စားတယ်။ အဲ့သိုင်းပညာရပ်အတွက် မင်းဘာလိုချင်လဲ ’’ ‘‘မင်းဘာပေးနိုင်လဲ ’’ ရန်ကိုင်က ဖွဖွလေးပြုံးကာ ပြန်မေးလိုက်တယ်။
ဖန်ဟောင်က ရယ်လိုက်ပြီး သူ့အိတ်ထဲက လက်နှိုက်ကာ ငွေထုပ်တစ်ထုပ်ကို ထုတ်လိုက်ပြီး ရန်ကိုင်ရှေ့ကို ချပေးလိုက်ကာ ပြောလိုက်တယ်
‘‘ ဒါက ငွေပြားတစ်သိန်းပဲ။ မင်းသာအဲ့သိုင်းပညာရပ်ကို ငါဆီ ပေးမယ်ဆိုရင် အဲ့ငွေပြားတစ်သိန်းက မင်းဟာပဲ ’’ ထိုစကားတွေကို ပြောနေတဲ့အချိန် ဖန်ဟောင်မျက်နှာက ယုံကြည်ချက်တို့ဖြင့် ပြည့်နေခဲ့တယ်။ ထိုငွေပြားတစ်သိန်းက ဂိုဏ်းသေးသေးလေးက တပည့်တစ်ယောက်
အတွက်တော့ ရွှေပုံကြီးပင်ဖြစ်တယ်ဆိုတာ သူသိပါတယ်။ တကယ်ပဲ သူမမှားခဲ့ပါဘူး။ ငွေပြားတစ်သိန်းကို စာပွဲခုံပေါ် သူတင်လိုက်တာနဲ့ ကောင်းကျန်းဝမ်နဲ့ သူ့ဘေးတွင် ရှိနေတဲ့ကောင်းကင်စံအိမ်တပည့်တို့ရဲ့
အသက်ရှုသံတွေ လေးလံလာခဲ့ပြီး ငွေပြားတစ်သိန်းကို မီးတောက်မတတ် အကြည့်တွေနဲ့ စူးစိုက်ကြည့်နေလိုက်ကြတယ်။
ရန်ကိုင်ကတော့ ခေါင်းသာခါပြလိုက်ပါတယ်။ ဖန်ဟောင်၏အမူအရာက နဂိုအတိုင်းပင်ရှိနေဆဲဖြစ်ပြီး
သူ့အိတ်ထဲက နောက်ထပ်ငွေထုပ်တစ်ထုပ်ကို ထုတ်ပေးလိုက်တယ်။ ဒါပေမယ့် ရန်ကိုင်ကတော့ လက်မခံသေးပါဘူး။ ဘိုင်ယွမ်ဖုန်းက ရုတ်တရက် ရယ်မောလိုက်ပြီး ‘‘ ညီအစ်ကိုဖန် ၊ မင်းကနည်းနည်းလေး
ကပ်စေးနည်းမနေဘူးလား။ ဟုတ်တယ်မလားရန်ကိုင်၊ ဒီသခင်လေးက မင်းမှာရှိတဲ့ သိုင်းပညာရပ်အတွက်ငွေပြားနှစ်သိန်းပေမယ်။ အဲ့လိုဆို ဘယ်လိုလဲ။ အဲ့လိုချမ်းသာမှုမျိုးကို မင်းနောက်တစ်ကြိမ် လွယ်လွယ်ရှာလို့
ရတော့မှာ မဟုတ်ဘူးနော်။ ဒီပိုက်ဆံတွေက မင်းတစ်ဘဝလုံး အေးအေးဆေးဆေး နေသွားဖို့လုံလောက်တယ်ကွာ။ ဒီပိုက်ဆံနဲ့
မိန်းမသုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက်ယူပြီး မင်းဘဝကို အေးအေးဆေးဆေး ဖြတ်သန်းသွားလို့ ရတယ် ’’ ဒေါင်ချင်းဟန်က ထိုစကားကြားလိုက်တာနဲ့ ရယ်မောမိလိုက်တယ်။
ငွေပြာနှစ်သိန်းလေးနဲ့ ရန်မိသားစုကတိုက်ရိုက်မျိုးဆက်တစ်ယောက်ကို လှည့်စားချင်နေတယ်ဆိုတော့ ထိုအရူးနှစ်ကောင်က တော်တော်လေး မောက်မာနေတာပါပဲ။ ဒေါင်ချင်းဟန်က အကျယ်ကြီး
အော်ရယ်ပစ်လိုက်ချင်ပေမယ့် မရယ်မိအောင် သူ့ကိုယ်သူ မနည်းထိန်းချုပ်ထားနေရပါတယ်။ ရယ်ချင်စိတ်ကို ချုပ်ထိန်းရလွန်းလို့ သူ့ပုခုံးတွေတောင် တဆတ်ဆတ် တုန်ရီနေပါတယ်။ ပွဲကောင်းတစ်ခုကို ကြည့်ရဖို့ သိပ်မကြာတော့ပါဘူး။
တကယ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲကောင်းတစ်ခုပေါ့။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၀၈) ခွေးကိုမရိုက်ခင် ပိုင်ရှင်ကိုအရင် မေးသင့်တယ်
‘‘ ငွေပြားနှစ်သိန်းက တော်တော်လေးများနေပြီ။ အဲ့ဒါကိုတောင် မင်းကမကျေနပ်နိုင်သေးတာလား ’’ ဘိုင်ယွမ်ဖုန်း မျက်မှောင်ကြုံ့လိုက်လေပြီ။ သူသိုင်းပညာရပ် များစွာကို ဝယ်ယူခဲ့ဖူးပါတယ်။ ဒါပေမယ့်
ဒီလောက် ငွေပမာဏကိုတော့ တစ်ခါမှမသုံးဖူးသေးပါဘူး။ ရန်ကိုင်သိုင်းပညာရပ် နဲ့ပက်သက်တဲ့ ကောလဟာလတွေသာ
မကြားခဲ့ရင် သူတို့ဘယ်လိုလုပ်ပြီး သူတို့ဒီလောက် ဈေးမြှင့်ပြီး ဝယ်လိမ့်မှာ မဟုတ်ပါဘူး။ ဒီကောင်စုတ်လေးက ကြင်နာမှုကို ဘယ်လို တုန့်ပြန်ရကောင်းမှန်း မသိဘူးပဲ
သူကဘိုင်မိသားစုက သခင်လေးတစ်ယောက်
ဖြစ်တဲ့အတွက် သူသာထိုသိုင်းပညာရပ်ကို ဝယ်ချင်တယ်ဆိုရင် ရန်ကိုင်က ငွေပြာတစ်သိန်းနဲ့ လိုလိုလားလားကို ရောင်းပေးသင့်ပါတယ်။ ဘိုင်ယွမ်ဖုန်း ဒေါသထွက်နေတာကို မြင်တာနဲ့ ဒေါင်ချင်းဟန်က နောက်ထပ် မီထဲလောင်စာ ထည့်ပေးဖို့
ဆုံးဖြတ်လိုက်တယ်။ ထို့နောက် ရန်ကိုင်ကို မသိတဲ့ပုံစံနဲ့ ဝင်ပြောလိုက်ပါတယ် ‘‘ ကောင်လေး၊ ဒီသခင်လေးက
မင်းကိုငွေပြားနှစ်သိန်းနဲံ ဒေါင်မိသာစုရဲ့အထူးယွမ်ဆေးလုံး တစ်ပုလင်းပေးမယ်။ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ ’’
ဘိုင်ယွမ်ဖုန်းနှင့်ဖန်ဟောင် နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ရလေပြီ။ ထိုယွမ်ဆေးလုံးက
မြေကမ္ဘာအလယ်အလတ်အဆင့် ဝိဉာဉ်ဆေးလုံးတစ်လုံးပါ။ ဆေးလုံးအဆင့်က သိပ်မမြင့်ဘူး ဆိုပေမယ့်
အကျိုးသက်ရောက်မှုကတော့ ဆေးလုံး အဆင့်ကို ပိုပါတယ်။ ထိုဆေးလုံးကို သုံးပြီး လေ့ကျင့်မယ်ဆိုရင်
အားသိပ်မထုတ်ရပဲ အကျိုးအမြတ် များများ ရနိုင်ပါတယ်။
ရန်ကိုင့် သိုင်းပညာရပ်က တကယ်ပဲ အဲ့လောက်တောင် အဖိုးတန်တာလား။ ဟုတ်ပြီ။ ဒေါင်ချင်းဟန်က အစောပိုင်းတုန်းက
ရန်ကိုင်နဲ့ စကားပြောခဲ့တာ ဆိုတော့ ဒီသိုင်းပညာရပ်နဲ့ ပက်သက်ပြီး သူပိုနားလည်လောက်တယ်။ ဒါကြောင့်ပဲ လိုလိုလားလားနဲ့ ယွမ်ဆေးပုလင်း တစ်ပုလင်းကို ကမ်းလှမ်းပေးနေတာဖြစ်ရမယ်
‘‘ ငွေပြားနှစ်သိန်းနဲ့ သာမန်အဆင့်နိမ့် လက်နက်တစ်ခု ’’ ဖန်ဟောင်က ချက်ချက်း ဈေးတိုးပေးလိုက်ပါပြီ။
ဒေါင်ချင်းဟန်က မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ ညီအစ်ကိုဖန် ၊ မင်းအဲ့လောက်ကြီး မရက်စက်သင့်ဘူး ’’
ဒါပေမယ့် ဖန်ဟောင် ပြန်မပြောရသေးခင်မှာပဲ ဘိုင်ယွမ်ဖုန်းက ဖြတ်ပြောလိုက်ပါတယ် ‘‘ညီအစ်ကိုဒေါင် ပြောတာ မှားနေတယ်။ ဒီသိုင်းပညာရပ်ရဲ့ စွမ်းအားက တော်တော်လေး မြင့်မားတယ်။ ပြီးတော့ အဲ့သိုင်းပညာရပ်ကို ငါတို့အားလုံးက လိုချင်နေတာလေ။ အဲ့တော့ ပိုပေးနိုင်တဲ့လူက ရသင့်တာပေါ့။ ငွေပြာသုံးသိန်းနဲ့ သာမန်အဆင့်နိမ့် အကာအကွယ်ရတနာတစ်ခု ’’
ထိုစကားကို ကြားလိုက်တဲ့အချိန် ဖန်ဟောင်က ပြုံးလိုက်ပြီး ‘‘ ညီအစ်ကိုဘိုင်က တကယ်ကိုစိတ်အား ထက်သန်နေတာပဲ ’’ ဒေါင်ချင်းဟန်က ရယ်မောလိုက်ပြီး ‘‘ညီအစ်ကိုဘိုင်က ဆုံးဖြတ်ပြီးမှာတော့ ဒီသခင်လေးလည်း
ညီအစ်ကိုဘိုင်နဲ့ ဆက်ပြီးတော့ မတိုက်ခိုက်တော့ပါဘူး ’’ ဘိုင်ယွမ်ဖုန်းက ရယ်မောလိုက်ပြီး လက်သီးဆုပ်ကာ
‘‘ မင်းတို့နှစ်ယောက်က တော်တော်လေး နှိမ့်ချနေတာပဲ ။ ဒီအခွင့်အရေးအတွက် ငါမင်းတို့နှစ်ယောက်ကို
ကျေးဇူးတင်ပါတယ် ’’ သုံးယောက်စလုံး ထိုဈေးပေးလိုက်တာနဲ့ သိုင်းပညာရပ်ကို သူတို့လုံးဝဝယ်လို့
ရသွားပြီလို့ ထင်နေပုံရပါတယ်။ ရန်ကိုင် သဘောတူလား မတူဘူးလား ဆိုတာကို တစ်ချက်ကလေးတောင် မမေးခဲ့ပါဘူး။
ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်ပြီး ပြောလိုက်ပါပြီ ‘‘ အဲ့ဈေးနဲ့ ငါ့သိုင်းပညာရပ်ကို ရောင်းမယ်လို့ ငါပြောလိုက်လို့လား ’’ ဘိုင်ယွမ်ဖုန်းမျက်နှာ ချက်ချင်း တောင့်တင်းသွားခဲ့ပြီး
ဖန်ဟောင်လည်း ကြောင်အသွားခဲ့ပါတယ်။
‘‘ ငွေပြားသုံးသိန်းနဲ့ သာမန်အဆင့်နိမ့်လက်နက်တစ်ခုက လုံးလောက်တာထက်ကို ပိုနေပြီ။ မင်းမသိပေမယ့်
ငါမင်းကို သတိပေးထားလိုက်မယ်။ လောဘကြီးလွန်းရင်း အားလုံးဆုံးရှုံး ရတတ်တယ်နော် ’’ ဘိုင်ယွမ်ဖုန်း၏
မျက်နှာက သုန်မှုန်နေခဲ့ပြီး သူ့လေသံက အေးစက်ကာ ခြိမ်ခြောက်သံတို့ ပါဝင်နေခဲ့ပါတယ်။
ဘိုင်ယွမ်ဖုန်းနောက်တွင် မတ်တပ်ရပ်နေတဲ့ ကောင်းကျန်းဝမ်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ်
‘‘ ရန်ကိုင်၊ သခင်လေးတွေကိုတောင် မျက်နှာသာမပေး လောက်တဲ့အထိ မင်းက အရမ်းမောက်မာလွန်းနေတာပဲ။ သခင်လေးပေးတဲ့ ဈေးက လုံးလောက်တာထက်ကို ပိုနေပြီ။ မင်းဘာထပ်ပြီး လိုချင်နေသေးတာလဲ ’’
ဘိုင်ယွမ်ဖုန်းက ယပ်တောင်ကိုဖွင့်လိုက်ပြီး တင်ပလင် ခွေထိုင်လိုက်ကာ ရန်ကိုင်ကို အထင်တသေး ကြည့်လိုက်တယ်။ ဒေါင်ချင်းဟန်က မီးလောင်ရာ လေပင့်ဖို့ ထပ်ကြိုးစား လိုက်ပြန်ပါတယ် ‘‘ ဒါမှမဟုတ်
မင်းငါတို့ အင်အားစုထဲက တစ်ခုခုကို ဝင်ချင်နေတာလား ’’ ဘိုင်ယွမ်ဖုန်းနဲ့ ဖန်ဟောင်တို့ နှစ်ယောက်စလုံး မျက်မှောင်ကြုံ့လိုက်ပြီး ဒေါင်ချင်းဟန်ပြောတာ ဖြစ်နိုင်တယ်လို့ တွေးလိုက်တယ်။
သူတို့မဆုံးဖြတ်ရသေးခင်မှာပဲ ကောင်းကျန်းဝမ်က ဝင်ပြောလိုက်သည် ‘‘ သခင်လေးဘိုင်၊
ဒီကောင်းက ကောင်းကင်စံအိမ်ကို လွန်ခဲ့တဲ့သုံးနှစ်က ရောက်လာတာ။ ဒါပေမယ့် ခန္ဓာသန့်စင်ခြင်း
အဆင့်သုံးအထိပဲ လေ့ကျင့်နိုင်ခဲ့လို့ တရားမဝင်တပည့်တစ်ယောက် ဖြစ်သွားခဲ့တယ်။ သူ့အရည်အချင်းက သာမန်ရွက်ကြမ်းရေကျိုပါပဲ။ ဘိုင်မိသားစုထဲ သူ့ကိုဝင်ခွင့်ပြုလိုက်ရင် ကိုယ့်ကိုယ်ကို ကိုယ်ခွဲနေသလို ဖြစ်နေလိမ့်မယ်။ သခင်လေး သေသေချာချာ စဉ်းစားသင့်တယ်နော်’’
သူပြောပြီးတာနဲ့ ရန်ကိုင်က ဝိုင်ခွက်ကိုယူပြီး သူ့ကို ချက်ချင်း လှမ်းပက်လိုက်တယ်။ လူအားလုံးရဲ့ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့လေပြီ။ အထူးသဖြင့် ဘိုင်ယွမ်ဖုန်းပေါ့။
‘‘ ရန်ကိုင်၊ မင်းသေချင်နေတာပဲ ’’ ကောင်းကျန်းဝမ်းက ဒေါသထွက်သွားပြီး တိုက်ခိုက်ဖို့လုပ်လိုက်ပေမယ့်
ဘိုင်ယွမ်ဖုန်းက ဟန့်တားလိုက်တယ်။ ‘‘ကောင်လေး၊ ခွေးတစ်ကောင်ကို မကန်ခင် သူ့သခင်ဘယ်သူလဲ
ဆိုတာ အရင်သိထားသင့်တယ်ကွ ’’ ဘိုင်ယွမ်ဖုန်းက ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။
‘‘ ငါ့ကိုကျေနပ်လောက်မယ့် ရှင်းပြချက် မပေးရင် ဒီနေ့ဒီနေရာကနေ ထွက်သွားဖို့ လုံးဝမစဉ်းစားနဲ့တော့ ’’
‘‘ ရှင်းပြချက်လား ’’ ရန်ကိုင်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပါပဲ။ ‘‘ငါ့သိုင်းပညာရပ်က ဆန်းကြယ်အဆင့်ပဲ။ အဲ့ဒါ
လုံလောက်ပြီလား ’’ သူထိုစကားကို ပြောလိုက်တာနဲ့ အားလုံး ထိတ်လန့်သွားခဲ့ရပါြပီ။ ဒေါင်ချင်းဟန်တောင် ကြက်သေသေသွားခဲ့ရတာပါ။
ဆန်းကြယ်အဆင့်….
ရန်ကိုင်သိုင်းပညာရပ်က အဆင့်မြင့်လိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ဆန်းကြယ်အဆင့် ဖြစ်လိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မထားခဲ့ပါဘူး။ ဒေါင်မိသားစု၊ ဘိုင်မိသားစုနှင့် ခရမ်းဖန်းတောင်ကြားလို ပထမအဆင့် အင်အားစုတွေမှာတောင် ဆန်းကြယ်အဆင့် သိုင်းပညာရပ် နည်းနည်းပဲ ရှိတာပါ။
ရှိတဲ့ ဆန်းကြယ်အဆင့် သိုင်းပညာရပ်တွေ အာလုံးကလည်း အစောင့်အကြပ် တင်းတင်းကြပ်ကြပ်နဲ့ ကာကွယ်ခံထားရတာပါ။
‘‘မင်းတကယ်ပြောနေတာလား ’’ ဒေါင်ချင်းဟန်၏ အသံက အခုတို တုန်တုန်ရီရီနဲ့ပါ။ သူ့စိတ်ထဲမှာလည်း ကြိတ်ပြီးတော့ ကျိန်ဆဲနေလိုက်ပါသေးတယ်။
ဒီကောင့် သိုင်းပညာရပ်က ဆန်းကြယ်အဆင့်ဖြစ်မှန်း ငါအစောကြီးကတည်းက သိခဲ့လို့ကတော့ တစ်ခါတည်း ရအောင် ယူလိုက်ပါတယ်ကွာ သူကငါ့ဝမ်းကွဲဖြစ်လို့ ဒီသိုင်းပညာရပ်ကို ငါလိုချင်ရင် နည်းနည်းလျှော့လျှော့ပေါ့ပေါ့နဲ့ ရနိုင်လောက်တယ်။ ဒါပေမယ့်အခုတော့ ဟိုစောက်ရူးနှစ်ကောင်ပါ ပါလာပြီ။ ဒီသိုင်းပညာရပ်ကိုရဖို့ မလွယ်တော့ဘူး… ဟူး။
‘‘ ကောင်းကင်အမွေအနှစ် လိုဏ်ဂူမှာတုန်းက ငါ့ကျင့်ကြံခြင်းအဆင့်က စဦးဒြပ်စင်အဆင့်၇ပဲ ရှိသေးပေမယ့်
အဆင့်၆သားရဲကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်
ငါတိုက်ခိုက်နိုင်ခဲ့တယ်။ ဒီတော့ ငါ့သိုင်းပညာရပ်က ဘယ်လောက်အဆင့် မြင့်တယ်ဆိုတာ မင်းတို့ကို ရှင်းပြစရာ မလိုတော့ဘူးမလား ’’ ရန်ကိုင်က ပြောလိုက်ပါတယ်။ ။ ဘိုင်ယွမ်ဖုန်းနှင့်ဖန်ဟောင်တို့၏ အသက်ရှုသံတွေ မြန်ဆန်လာခဲ့ပါပြီ။ အထင်သေးမှုတွေ ပြည့်နေတဲ့ သူတို့ မျက်လုံးတွေက အခုအချိန်တွင် လောဘမီးတောက်တို့ဖြင့် တဟုန်းဟုန်း တောက်လောင် နေခဲ့ပါပြီ။
‘‘ ခုဏတုန်းက ငါကမ်းလှမ်းခဲ့တဲ့ ဈေးအပြင် ငါ့တို့ဘိုင်မိသားစုကိုလည်း မင်ဝင်နိုင်တယ် ’’ ဘိုင်ယွမ်ဖုန်းလည်း
ရန်ကိုင်ကို ဘိုင်မိသားစုထဲ ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကိုင်ကို ဘိုင်မိသားစုထဲ ဝင်ခွင့်ပေးပြီး ဆန်းကြယ်အဆင့် သိုင်းပညာရပ်ကို ရယူနိုင်မယ်ဆိုရင် သူတို့ဘိုင်မိသားစုက အချီကြီး မြတ်သွားမှာပါ။ ဘိုင်မိသားစုထဲရောက်လို့ ကောင်းကောင်းဆက်ဆံခံရ၊ မခံရကတော့
သူ့ရဲ့အရည်အချင်းပေါ်ပဲ မူတည်တာပေါ့လေ။
‘‘ ငါလည်း ခရမ်းဖန်းတောင်ကြားဆီ မင်းကိုဝင်ခွင့်ပေးမယ်။ မင်းလေ့ကျင့်ဖို့အတွက် နေရာကောင်းကောင်းလည်း
ရစေရမယ် ’’ ဖန်ဟောင်လည်း အလျင်စလို ကမ်းလှမ်းလိုက်တယ်။
‘‘ မင်းတို့အင်းအားစုတွေဆီ ဝင်ဖို့ကိုငါစိတ်မဝင်စားဘူး ’’ ရန်ကိုင်က သူတို့နဲ့ဆက်ပြီး အချိန်ဖြုန်းဖို့ တော်တော်လေး ပျင်းရိနေခဲ့ပါပြီ။
‘‘ မင်းတို့ ငါ့သိုင်းပညာရပ်ကို လိုချင်တယ်ဆိုရင် အဆင့်တူ သိုင်းပညာရပ်တစ်ခုကို ပြန်ပေးရမယ် ’’
ဖန်ဟောင်မျက်မှောင်ကြုံ့လိုက်ပြီး သူ့အမူအရာ အရုပ်ဆိုးသွားခဲ့တယ်။ ‘‘ မင်းက ငါတို့ဂိုဏ်းရဲ့
လျှို့ဝှက်ပညာရပ်ကို သင်ချင်နေတာလား ’’
‘‘ ဆန်းကြယ်အဆင့် သိုင်းပညာရပ်တစ်ခုအတွက် ဆန်းကြယ်အဆင့် သိုင်းပညာရပ်တစ်ခုပဲလေ ၊ အဲ့တာ မမျှတလို့လား ’’ ရန်ကိုင် သူတို့ကိုပြုံးပြလိုက်တယ်။ ဘိုင်ယွမ်ဖုန်းက လှောင်ပြောင်စကား ဆိုလိုက်တယ်။
‘‘ မဖြစ်နိုင်ဘူး။ ငါတို့သာ ဂိုဏ်းရဲ့ ဆန်းကြယ်အဆင့် သိုင်းပညာရပ်နဲ့ လဲလှယ်မယ်ဆိုရင် ငါတို့ သိုင်းပညာရပ်တွေက ဘယ်လိုလုပ်ပြီး လျှို့ဝှက်ပညာရပ်တွေလို့ ခေါ်လို့ရတော့မှာလဲ၊ ပြီးတော့ ငါတို့မိသားစုရဲ့ ဆန်းကြယ်အဆင့် ပညာရပ်တွေက တိုက်ရိုက် မျိုးဆက်တွေကိုပဲ လေ့ကျင့်ခွင့် ပြုထားတာ။ အပြင်လူတွေကို လေ့ကျင့်ခွင့် ပေးတာမဟုတ်ဘူး ’’
‘‘ အဲ့လိုဆို ငါတို့ဆက်ပြီး ဆွေးနွေးစရာ မလိုတော့ဘူးပေါ့ ’’ ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်တယ်။
‘‘ ထွက်သွားချင်တာလား ’’ ဘိုင်ယွမ်ဖုန်း၏ အကြည့်က ရက်စက်မည့် အသွင်သို့ ပြောင်းလဲသွားခဲ့ပါပြီ။ လှောင်ပြောင်လိုသည့် မျက်နှာထားနှင့် သူ့လက်ကို ဆန့်ထုတ်လိုက်ကာ ၇န်ကိုင်လမ်းကြောင်းကို
ဟန့်တားထားလိုက်ပြီး ‘‘ မင်းသိုင်းပညာရပ်ကို မပေးရင် ဒီနေရာကနေ ဘယ်တော့မှ ထွက်သွားလို့မရဘူးဆိုတာ သိထားလိုက်’’
‘‘ ထွက်သွားစမ်း ’’ ဘိုင်ယွမ်ဖုန်းက သူ့ကိုခက်ခဲအောင် လုပ်တော့မယ်ဆိုတာ ရန်ကိုင် သိလိုက်ပါပြီ။
ထို့ကြောင့် သူလည်းတုန့်ဆိုင်းမနေတော့ပဲ အားပြင်းပြင်းနဲ့ ထိုးချလိုက်ပါတယ်။ ဘိုင်ယွမ်ဖုန်းက
လှောင်ပြောင်ဟန်ဖြင့် ရန်ကိုင်လက်သီးကို သူ့လက်ဝါးနဲ့ ပြန်ရိုက်ချလိုက်တယ်။ ချီစွမ်းအင်တွေ
ပေါက်ကွဲထွက်လာခဲ့ပြီး သစ်သားအိမ်တစ်ခုလုံး ဖျက်စီးသွားခဲ့ပါတယ်။ အိမ်အတွင်းဘက်ကနေ
လူရိပ်များစွာ ခုန်ထွက်လာခဲ့ပါပြီ။ ဒေါင်ချင်းဟန်၊ ဘိုင်ယွမ်ဖုန်း၊ ဖန်ဟောင်၊ရန်ကိုင်၊ ကောင်းကျန်းဝမ်နှင့်
အခြား ကောင်းကင်စံအိမ်တပည့်တို့၏ အမူအရာလည်း လေးနက်သွားခဲ့တယ်။
‘‘ မင်းငါ့ကိုတိုက်ခိုက်ရဲတယ် ’’ ဘိုင်ယွမ်ဖုန်း ဒေါသအိုး ပေါက်ကွဲသွားခဲ့ပြီး သူ့အမူအရာလည်း မဲမှောင်သွားခဲ့ပါပြီ။ သူတို့ထိပ်တိုက်တွေ့ဆုံခဲ့ရာ၌ သူကရန်ကိုင်ကို မဖိနှိပ်နိုင်ခဲ့သလို ရန်ကိုင်ကလည်း သူ့ကိုမဖိနှိပ်နိုင်ခဲ့ပါချေ။ ရန်ကိုင်က ချီသန့်စင်ခြင်း အဆင့်တွင်သာ ရှိနေပေမယ့် ဘိုင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ပါတယ်။
‘‘ သခင်လေးဘိုင်၊ သခင်လးရဲ့ အဆင့်အတန်းကိုလည်း ထည့်သွင်းစဉ်းစာပါဦး။ သူကသခင်လေးကိုယ်တိုင်
ရင်ဆိုင်ဖို့ မထိုက်တန်ပါဘူး။ ကျွန်တော်ပဲ သူ့ကို အပြစ်ပေးလိုက်ပါ့မယ် ’’ ကောင်ကျန်းဝမ်းက ချက်ချင်းဝင်ပြော
လိုက်တယ်။ သူနှင့်ရန်ကိုင်က အစကတည်းက မတည့်တာပါ။ အရင်ကတည်းက ရန်ကိုင်ကို လက်စားချေချင်နေခဲ့တာလေ။ ပြီးတော့ အခုသူက ဘိုင်မိသားစုရဲ့ လူဖြစ်နေပါပြီ။ အခုအချိန်က ဘိုင်ယွမ်ဖုန်းကို ဖားဖို့ အကောင်းဆုံး အချိန်ပါ။ သူသာ ရန်ကိုင်ကို ရိုက်နှက်ပြီး ဘိုင်ယွမ်ဖုန်းရဲ့ ဒေါသကို
လျော့ပါးသွားစေခဲ့မယ်ဆိုရင် သူ့အနာဂတ်က ပိုပြီး သာယာသွားမှာပါ။
ဘိုင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး အေးစက်စက်လေသံနဲ့ ပြောလိုက်သည် ‘‘ သူ့လက်တွေ၊ခြေတွေကို ချိုးပစ်လိုက်။ ဒီသခင်လေးကို စော်ကားရင် ဘယ်လိုအကျိုးဆက်ကို ရင်ဆိုင်ရမလဲဆိုတာ သူသိ သွားပလေ့စေ။ နာမည်မရှိတဲ့ တပည့်တစ်ယောက်ကများ ငါ့ရှေ့မှာလာပြီး မောက်မာရဲတယ် ’’
‘‘ သခင်လေး အေးအေးဆေးဆေးသာနေပါ။ ဒီကောင်ကို ဟိုးအရင်ကတည်းက ကျွန်တော် သင်ခန်းစာ
ပေးချင်နေခဲ့တာ ’’ ကောင်းကျန်းက ဖားယားလိုတဲ့ လေသံနဲ့ ပြောလိုက်ပြီး ရန်ကိုင်ကို ဆယ်ပေအကွာကနေ
စူးစိုက်ကြည့်လိုက်တယ် ‘‘ဂျူနီယာညီလေးရန်၊ ငါ့ကို ရက်စက်တဲ့ စီနီယာအစ်ကိုတစ်ယောက်လို့ မပြောရအောင် မင်းဘာသာ မြေကြီးပေါ် ဒူးထောက်ပြီး ဦးတိုက်လိုက်ပါ။ အဲ့လိုဆိုရင် သခင်းလေးက မင်းကို ခွင့်လွှကောင်း ခွှင့်လွှတ်ပေးလိမ့်မယ်။
အဲ့လိုမဟုတ်ရင်တောင် အနည်းဆုံးတော့ မင်းခံစားရမယ့် ပြစ်ဒဏ် လျော့သွားရင် လျော့သွားနိုင်တာပေါ့ ’’
ရန်ကိုင်က ကောင်းကျန်းဝမ်ကို အလေးမထားသလို ကြည့်လိုက်ပြီး ‘‘ နောက်လိုက် ခွေးတစ်ကောင်ကများ စကားကြီး စကားကျယ်တွေ ပြောနေလိုက်တာ ’’ ကောင်းကျန်းဝမ်၏ မျက်နှာနီသွားခဲ့ပြီးနောက် ပြာသွားခဲ့ ပြန်ကာ ‘‘ သခင်လေဘိုင်က ငါ့ကို ကောင်းကောင်းဆက်ဆံတယ်။ အဲ့တော့သူ့နောက်လိုက်တာ
ဘာဖြစ်လဲ။ ဂိုဏ်းက အကြီးအကဲတွေတောင် ဘာမှမပြောတာကို မင်းက ပြောရအောင် မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ ’’ ‘‘မင်းအပြုအမူတွေကို မင်းသိတာပဲ။ ဘာလို့အခြားသူတွေကို လိုက်ပြီးထောက်ပြခိုင်းနေရ တာလဲ ’’ ‘‘ ဒီကအစ်ကိုကြီးက တစ်ချိန်က မင်းရဲ့စီနီယာအစ်ကို ဖြစ်ခဲ့တဲ့အတွက် မင်းကိုသိပ်ပြီးခက်ခဲအောင် မလုပ်ချင်ပေမယ့် မင်းက တောင်းဆိုနေတော့လည်း ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ ’’
ကောင်းကျန်းဝမ်လည်း အသက်ပြင်းပြင်းရှုပြီး သူ့ဒေါသကို ဖိနှိပ်ထားလိုက်တယ်။ ထို့နောက် လှုပ်ရှားမှုပညာရပ်ကို
အသက်သွင်းကာ ရန်ကိုင်ဆီပြေးဝင်သွားလိုက်တယ်။
ဒါပေမယ့် ခြေတစ်လှမ်းတောင် မလှမ်းရသေးခင်မှာပဲ ပုံရိပ်တစ်ခုက သူ့ရှေ့တွင်ပေါ်လာခဲ့ပါတယ်။
ကောင်းကျန်းဝမ်လည်း ကြောင်အသွားခဲ့ပြီး လုပ်မိလုပ်ရာနဲ့ ရန်ကိုင်ဆီ လက်သီးတစ်လုံး ပစ်သွင်း
လိုက်တယ်။ ဒါပေမယ့် ရန်ကိုင်က သူ့လက်သီးကို တစ်ကွက်တည်းနဲ့ တားဆီးလိုက်ပြီး နေမီးတောက်ပေါက်ကွဲခြင်း ပညာရပ်ကို သုံးကာ ကောင်းကျန်းဝမ် ရင်ဘတ်ကို ထိုးချလိုက်တယ်။ ကောင်းကျန်းဝမ်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ပြီး သူ့ရင်ဘတ်ဆိုလည်း ချိုင့်ဝင်သွားခဲ့ပါတယ်။
ရန်ကိုင်ဆီကနေ ခပ်လှမ်းလှမ်းကို ပြန်ဆုတ်လိုက်နိုင်ပေမယ့် အဲ့အချိန်မှာပဲ ရန်ကိုင်ချီစွမ်းအင်က သူ့ကိုယ်ထဲမှာ ပေါက်ကွဲလာပါတော့တယ်။ ကောင်းကျန်းဝမ်လည်း အဆက်မပြတ် သွေးအန်လိုက်ရပါပြီ။
တစ်ချက်တည်း….ထိုမြင်ကွင်းက ရှိနေတဲ့လူအားလုံးကို ကြက်သေသေသွားစေခဲ့တယ်။
ကောင်းကျန်းဝမ်၏ကျင့်ကြံခြင်းအဆင့်က အရမ်ကြီးမြင့်တယ်လို့ မပြောနိုင်ပေမယ့် သူကချီသန့်စင်ခြင်း အဆင့်၅တွင် ရှိနေတာပါ။ သို့ပေမယ့် ချီသန့်စင်ခြင်း အဆင့်၁သာ ရှိနေသေးတဲ့ ရန်ကိုင် လက်သီးတစ်ချက်ကြောင့် သူသွေးအန်လိုက်ရပါပြီ။
ရန်ကိုင်က သိုင်းပညာရပ်ကို သုံးပြီး တိုက်ခိုက်လိုက်တာ ဖြစ်ပေမယ့် သူ့အမြန်နှုန်းကလည်း တော်တော်လေး လန့်စရာ ကောင်းနေပါသေးတယ်။ ကောင်းကျန်းဝမ်လည်း ရန်ကိုင် ဒီလောက်အထိ သန်မာလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ သူသွေးအန်လို့ မပြီးသေးခင်မှာပဲ ရန်ကိုင်က သူ့ဆီနောက်တစ်ကြိမ် ပြေးဝင်သွားလာခဲ့ပါတယ်။
နောက်တစ်ကြိမ် ထပ်ပြီး ထိုးကြိတ် ခံလိုက်ရပြန်ပါပြီ။ သူ့ရင်ဘတ်ဆီကနေ အကျိုးရိုးသံ ထွက်ပေါ်လာခဲ့ပြီး ထိုမခံစားနိုင်တဲ့ နာကျင်မှုကို ကောင်းကျန်းဝမ်တစ်ကိုယ်လုံးကို ချွေးအေးတွေနဲ့
စိုရွှဲသွားစေခဲ့တယ်။
သိပ်မကြာခင်မှာပဲ ကောင်းကျန်းဝမ်၏ အမြင်အာရုံ ဝေဝါးလာခဲ့တယ်။ ရုတ်တရက် ရန်ကိုင်က သူ့ကို ပိတ်ကန်လိုက်တဲ့အချိန် တစ်ခါတည်း လွင့်ပျံထွက်သွားခဲ့ပြီး မြေကြီးပေါ် ဖုန်းဖုန်းကျကာ သတိလစ်သွားပါတော့တယ်။
သူ့အရိုးများစွာ ကျိုးသွားခဲ့တဲ့အတွက် အိပ်ရာထဲ လပေါင်းများစွာ လဲနေရမှာတော့ သေချာပါတယ်။
Martial Peak
အပိုင်း (၂၀၉) အစစ်အမှန်ဒြပ်စင်အဆင့်နှင့် တိုက်ခိုက်ခြင်း
ဒေါင်ချင်းဟန်က ရန်ကိုင်ကို စူးစိုက်ကြည့်နေခဲ့တယ်။ မတွေ့ခဲ့ရတဲ့ လေးနှစ်တာအတောအတွင်းမှာ သူ့ဝမ်းကွဲ ဒီလောက် ပြောင်းလဲသွားလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ ချီသန့်စင်ခြင်းအဆင့်၅ သိုင်းပညာရှင် တစ်ယောက်တောင် သူ့ကိုအသက်သုံးဆယ်ရှိုက်စာ လောက်ကြာအောင်ပဲ ယှဉ်တိုက်
ခိုက်နိုင်ခဲ့ပါတယ်။ ဘိုင်ယွမ်ဖုန်းနှင့် ဖန်ဟောင်တို့ နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့ကြလေပြီ။ ဘိုင်ယွမ်ဖုန်းဆိုရင် သူ့အမူအရာကို မနည်း ပြန်ထိန်းလိုက်ရပါတယ်။ ထို့နောက် ကောင်းကျန်းဝမ်ကို ကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါတယ်
‘‘ သူကဂိုဏ်းသေးသေးလေး တစ်ဂိုဏ်းက သနားစရာကောင်းပြီး
အားနည်းတဲ့ တပည့်တစ်ယောက်ပါပဲ ။ ကြည့်ရတာ ဒီသခင်လေး ကိုယ်တိုင် လှုပ်ရှား ရတော့မယ်နဲ့ တူတယ် ’’
ဖန်ဟောင်က သူ့ကိုကြည့်လိုက်ပြီး စိတ်သက်သာရာရသွားခဲတယ်။ ဘိုင်ယွမ်ဖုန်းက ဘိုင်မိသားစုရဲ့ သခင်လေးတစ်ယောက်ပါ။ သူကကောင်းကျန်းဝမ် သေတာရှင်တာကို ဂရုမစိုက် ဘူးဆိုပေမယ့်
အခု ကောင်းကျန်းဝမ်က ဘိုင်မိသားစုရဲ့ လူတစ်ယောက် ဖြစ်နေပြီလေ။ အခု ကောင်းကျန်းဝမ်က ရန်ကိုင်ကြောင့် သတိလစ်နေပါပြီ။ ထိုအဖြစ်အပျက်ကို ဘိုင်ယွမ်ဖုန်းက
ဘယ်လိုလုပ်ပြီး ဒီအတိုင်း ထိုင်ကြည့်နေနိုင်ပါ့မလဲ။
ဖန်ဟောင်ကိုယ်တိုင်ဆိုရင်လည်း ဒီကိစ္စကို ဒီအတိုင်း ထားလိုက်မည် မဟုတ်ပါဘူး။ ပြီးတော့ ရန်ကိုင်ဆိုတဲ့ ကောင်ဆီမှာ ဆန်းကြယ်အဆင့် သိုင်းပညာရပ်ကလည်း ရှိနေပါသေးတဘ်။ အခုအချိန်က ရန်ကိုင်နဲ့ တိုက်ခိုက်ဖို့
အခွင့်ရေးကောင်းဖြစ်ပြီး…အဲ့နောက် သူ့ကိုဖိအားပေးကာ သူ့ဆီက ထိုသိုင်းပညာရပ်ကို ရအောင်ယူရပါမယ်။
ထိုအကြောင်းကိုတွေးလိုက်ရင်း သူ့နောက်က ကောင်းကင်စံအိမ်တပည့်ကို ကြည့်လိုက်တယ်။ ပြီးတာနဲ့
ထိုကောင်ကို စိတ်ထဲကနေ ကျိန်ဆဲပါတော့တယ်။ ထိုကောင်သာ ကောင်းကျန်းဝမ်အစား ရန်ကိုင်ကို သွားတိုက်ခိုက်ခဲ့ရင် အခုအချိန် ရန်ကိုင်ကိုတိုက်ခိုက်နေမယ့် လူက ဘိုင်ယွမ်ဖုန်း မဟုတ်ပဲ သူဖြစ်နေပါလိမ့်မယ်။
‘‘ ညီအစ်ကိုဘိုင်၊ အခြားသူရဲ့ပိုင်နက်မှာ မင်းတိုက်ခိုက်ချင်တာ သေချာလား ’’ ဘိုင်ယွမ်ဖုန်းက ရန်ကိုင်ကို
မရင်ဆိုင်နိုင်မှာကို ရန်ကိုင်စိုးရိမ်ပါတယ်။ ဘိုင်ယွမ်ဖုန်းက အစစ်အမှန် ဒြပ်စင်အဆင့် တစ်ယောက်ပါ။ ရန်ကိုင်က အခုမှ ချီသန့်စင်ခြင်းအဆင့်၁ပဲ ရှိသေးတာလေ။ ဘိုင်ယွမ်ဖုန်းက နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ် ‘‘ ဘယ်သူ့နေရာဖြစ်ဖြစ်…ဘာကို ဂရုစိုက်နေရမှာလဲ။ သူက ငါ့ဘိုင်မိသားစုက တပည့်ကို ဒဏ်ရာရအောင် လုပ်ရဲမှတော့ သူလည်း တူညီတဲ့တန်ဖိုးကို ပြန်ပြီးပေးဆပ်ရမှာပေါ့ ’’ သူက ရန်ကိုင်ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ပြီးသွားခဲ့ပါပြီ.
ဒေါင်ချင်းဟန်လည်း မျက်မှောင်ကြုံ့လိုက်မိလိုက်တယ်။ သူက ကူညီဖို့ဆုံးဖြတ်ထားပေမယ့် ဝင်ပက်သက်ဖို့ နည်းလမ်းရှာမတွေ့ ဖြစ်နေခဲ့တယ်။ အပြင်လူတွေအမြင်မှာတော့ သူနဲ့ရန်ကိုင်က
အခုမှတွေ့တဲ့ လူတွေပါ။ သူသာ သာမန်ထက် လွန်လွန်ကဲကဲ ပြုမူနေခဲ့ရင် အခြားသူတွေ သံသယ ဝင်လာနိုင်ပါတယ်။ ရန်ကိုင်၏ တကယ့်အဆင့်အတန်းသာ ပေါ်သွားခဲ့ရင် သူ့အတွက်
ကောင်းကျိုးမရှိပဲ ဆိုးကျိုးတွေသာ များသွားနိုင်ပါတယ်။ ရန်မိသားစုက အားကောင်းတာ မှန်ပေမယ့် သူတို့မှာ
ရန်သူတွေက တစ်ပြုံတစ်ခေါင်းကြီးပါ။ ကမ္ဘာကြီးတစ်ခုလုံးမှာ ရန်မိသားစုကို မုန်းနေတဲ့လူ ဘယ်လောက် များများ ရှိလဲဆိုတာ သူမသိပါဘူး။ ဒါပေမယ့် နည်းမှာတော့ မဟုတ်ပါဘူး။
သူက ဝင်စွက်ဖွက်ဖို့ နည်းလမ်းရှာနေတဲ့အချိန်တွင် ရန်ကိုင်က သူ့ကိုမျက်စပစ်ပြနေတာကို တွေ့လိုက်ရတယ်။
ဘိုင်ယွမ်ဖုန်းက ရန်ကိုင်ဆီအေးအေးဆေးဆေး လမ်းလျှောက်သွားလိုက်ပြီး ‘‘ မင်းတို့နှစ်ယောက်၊
ဘေးမှာရပ်နေ။ ဝင်မရှုပ်နဲ့ ’’ ‘‘ ဟုတ်ကဲ့ပါ ’’ လူအိုကြီးနှစ်ယောက်လည်း လေးစားစွာနဲ့ ပြန်ပြောလိုက်ပြီး
နောက်ပြန်ဆုတ်နေလိုက်တယ်။ ဒေါင်ချင်းဟန်ကို အင်မော်တယ်တက်လှမ်းခြင်းအဆင့် သိုင်းပညာရှင်
နှစ်ယောက်က လိုက်ပြီစောင့်ရှောက်သလို ဘိုင်ယွမ်ဖုန်းနှင့် ဖန်ဟောင်တို့လည်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်သိုင်းပညာရှင် နှစ်ယောက်က လိုက်လံစောင့်ရှောက် ပေးနေပါတယ်။ ။
‘‘ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ငါတို့ဘိုင်မိသားစုထဲဝင်ပြီး အဲ့သိုင်းပညာရပ်ကို ငါဆီ
လွှဲပေး။ အဲ့လိုဆို ငါမင်းအသက်ကို ချမ်းသာပေးမယ် ’’ ဘိုင်ယွမ်ဖုန်းက ရန်ကိုင်ကို အထက်စီးကနေ
ခြိမ်းခြောက်လိုက်သည်။
ရန်ကိုင်လည်း လှောင်ပြုံးပြုံးလိုက်ပြီး သူ့ဆီကနေ ချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာခဲ့ကာ သူ့ရဲ့
ရည်ရွယ်ချက်ကို ဖော်ပြလိုက်ပါတယ်။ ‘‘ကောင်းတယ်။ အနည်းဆုံးတော့ မင်းအသက်ကို ချမ်းသားပေးရတာပေါ့။
တကယ်တော့…မင်းမှာတန်ဖိုးနည်းနည်းတော့ ရှိသေးတယ်လေ ’’ ဘိုင်ယွမ်ဖုန်း ထိုစကားပြောပြီးသွားတာနဲ့
သူ့ပုံရိပ်က ဝေဝါးသွားခဲ့ပြီး ဖုန်မှုန့်အလား လေထဲပျောက်သွားခဲတယ်။ ရန်ကိုင်လည်း လေးနက်သွားခဲ့ပါပြီ။
ဘိုင်ယွမ်ဖုန်းက အပျော်အပါးမက်တဲ့ သခင်လေး တစ်ယောက် ဆိုပေမယ့် သူကဘိုင်မိသားစုရဲ့ သခင်လေး တစ်ယောက်ဖြစ်သလို သူ့သိုင်းအဆင့်ကလည်း သူ့ထက်အဆင့်ကြီးတစ်ဆင့်
မြင့်မားပါတယ်။ ထိုကဲ့သို့လူမျိုးနဲ့ ရင်ဆိုင်ရာမှ သတိလက်လွတ် နေလိုက်ပါက ကိုယ့်သေလို့ သေမှန်းတောင် သိလိမ့်မှာ မဟုတ်ပါဘူး။
ပုံမှန်ဆိုရင် ရန်ကိုင်လည်း အခုလိုရန်သူမျိုးနှင့် ထိပ်တိုက် ရင်မဆိုင်ချင်ပါဘူး။ ဒါပေမယ့် ဘိုင်ယွမ်ဖုန်းက
စုယန်အိမ်နားတွင် လဝက်လောက်ကြာအောင် ရစ်သီရစ်သီ လုပ်နေတဲ့အကြောင်းတွေမိတော့ ရန်ကိုင်လည်း သူ့ကိုယ်သူ ဆက်မထိန်းချုပ်နိုင်ခဲ့တော့။ သူ့မိန်းကလေးကို ဘယ်သူမှကြံခွင့်မရှိပါဘူး။
ဘိုင်ယွမ်ဖုန်းက စုယန်ကို တစ်ကြိမ်လေးတောင် မမြင်တွေ့လိုက်ရပေမယ့် သူ့အပြုအမူတွေက
ရန်ကိုင်ကို တော်တော်လေး မပျော်မရွှင်ဖြစ်စေခဲ့ပါတယ်။
ဘိုင်ယွမ်ဖုန်း လှောင်ပြုံးပြုံးနေရင် ရန်ကိုင်နောက်တွင် ပေါ်လာခဲ့ပြီး ရန်ကိုင်ကျောဘက်ကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။ ထိုရိုက်ချက်ကို ထိသွားခဲ့ရင် ရန်ကိုင်မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပါ။ ဒေါင်ချင်းဟန်လည်း ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်ကို အော်ဟစ်သတိပေး လုမတတ်ဖြစ်သွားခဲ့တယ်။ ချက်ချင်းပဲ ရန်ကိုင်က နောက်ပြန်လှည့်လိုက်ပြီး သူ့လက်ဝါးနဲ့ ဘိုင်ယွမ်ဖုန်း၏ တိုက်ခိုက်မှုကို ခုခံလိုက်တယ်။ သူ့လက်ကနေ ပူပြင်းလှတဲ့ ယန်ချီတွေ ပေါက်ကွဲထွက်လာခဲ့ပြီး ဘိုင်ယွမ်ဖုန်း၏
တိုက်ခိုက်မှုကို ချေဖျက်လိုက်ပါတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရှိနေတဲ့ ချီစွမ်းအင်တွေတောင် ပရမ်းပတာ ဖြစ်သွားခဲ့သတယ်။ သူတို့နှစ်ယောက် ထပ်တိုက်တွေ့ဆုံမှုတွင် ရန်ကိုင်က ခြေဆယ်လှမ်း နောက်ဆုတ်လိုက်ရပြီး ဘိုင်ယွမ်ဖုန်းကတော့ မူလနေရာမှာပဲ အေးအေးဆေးဆေး မတ်တပ်ရပ်နေနိုင်ခဲ့ကာ အမူအရာကင်းမဲ့စွာနဲ့ ရန်ကိုင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်နေလိုက်တယ်။ သူတို့နှစ်ယောက် အစောပိုင်းတုန်းက တိုက်ခိုက်ခဲ့ပေမယ့်
ထိုအချိန်တုန်းက ရန်ကိုင်က သူ့ခွန်အား ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို အသုံးပြုခဲ့ပြီး ဘိုင်ယွမ်ဖုန်းကတော့
သာမန်ကာလျှံကာသာ တိုက်ခိုက်လိုက်တာပါ။ ထို့ကြောင့် သူတို့နှစ်ယောက်၏ အစောပိုင်း ထိပ်တိုက်တွေ့ဆုံမှုက သရေကျသွားခဲ့ရခြင်း ဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ဘိုင်ယွမ်ဖုန်းက အရင်စတိုက်ခိုက်တာ ဖြစ်တဲ့အတွက် နဂိုလိုသူ့စွမ်းအားကို ထိန်ချန်မထားတော့ပါဘူး။ ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံမှုတွင် ရန်ကိုင်ခံလိုက်ရပါတယ်။ မြေကြီးပေါ်က အမြန်အဆန် ကုန်းထလိုက်ကာ ဘိုင်ယွမ်ဖုန်းကို တည်တည်ငြိမ်ငြိမ်နဲ့ စူးစိုက်ကြည့်လိုက်တယ်။
‘‘ ချီသန့်စင်ခြင်းပထမအဆင့် ကများငါ့ကိုတိုက်ခိုက်ရဲတယ်။ မင်းလိုပါသေးတယ်ကွာ ’’ ဘိုင်ယွမ်ဖုန်း
လှောင်ပြောင်လိုက်ပြီး သူ့ခန္ဓာကိုယ်က ရန်ကိုင်ရှေ့ကနေ နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ ပြန်သည်။
ရန်ကိုင်လည်း အံကြိတ်လိုက်ပြီး သူ့အကြည့်က အေးစက်မှု၊လေးနက်မှု တွေနဲ့ပြည့်နေခဲ့ပြီး သူ့ပတ်ဝန်းကျင်ကို
သေချာ အာရုံစိုက်နေလိုက်တယ်။ ‘‘ မတွေ့သေးဘူးလား ’’ ဘိုင်ယွမ်ဖုန်း၏အသံက လေဟာနယ်ထဲကနေ
ထွက်ပေါ်လာခဲ့ပြီး သူ့ခန္ဓာကိုယ်က ရန်ကိုင်ရှေ့ သုံးပေအကွာတွင် ပေါ်လာခဲ့ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြန်တယ်။
နေမီးတောက်ပေါက်ကွဲခြင်း ရန်ကိုင်လည်း ဆက်ပြီးတော့ ထိန်ချန်မထားတော့ပဲ ချက်ချင်းဆိုသလို သိုင်းပညာရပ်
တစ်ခုကို အသုံးချလိုက်တယ်။ ထိုသိုင်းပညာရပ် ဘယ်လောက်အားကောင်းမှန်း ဘိုင်ယွမ်ဖုန်း
ခန့်မှန်းမိပါတယ်။ ဒါပေမယ့် သူကဘိုင်မိသားစု သခင်လေးတစ်ယောက်ဖြစ်ပြီး ချီသန့်စင်ခြင်းအဆင့်
ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်တဲ့အတွက် ချီသန့်စင်ခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းဖို့ သူ့မာနက ခွင့်မပြုပါဘူး။ ထို့ကြောင့် ရန်ကိုင်တိုက်ကွက်ကို မရှောင်ရှားရုံတင်မကလို့ သူ့အရှိန်ကိုပါ ပိုတိုးလိုက်ပါတယ်။ အားကုန်သုံးပြီး ရန်ကိုင်ကို တစ်ချက်တည်းနဲ့ ပွဲသိမ်းပစ်ချင်တာပါ။ အဲ့လိုနည်းဖြင့် သူတို့နှစ်ယောက်ကြားက ကွာခြားချက်ကို ရန်ကိုင် နားလည်သွားစေချင်နေခဲ့တာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက် ထပ်တိုက်တွေ့လိုက်တဲ့အချိန် ရန်ကိုင် နောက်ပြန်ဆုတ်လိုက်ရပြီး သူ့ချီစွမ်းအင်တွေဆိုရင်လည်း ပရမ်းပတာ ဖြစ်သွားခဲ့ပါတယ်။ ဘိုင်ယွမ်ဖုန်းကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေဆဲဖြစ်ပြီး ရန်ကိုင်ကို လှောင်ပြောင်ဖို့ လုပ်ဖို့စဉ်းစားလိုက်စဉ်မှာပဲ သူ့အမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရပါပြီ။
သူပြောချင်တဲ့စကားလုံးတွေကို ချက်ချင်း ပြန်မျိုချလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့ ယန်ချီတွေကို အလျင်စလို အတင်းအကြပ် ချေဖျက်လိုက်ရပါတယ်။
‘‘ နောက်ထပ်သိုင်းပညာရပ်တစ်ခုလား ’’ ဘိုင်ယွမ်ဖုန်း၏ မျက်လုံးတွေ တောက်ပသွားခဲ့တယ်။ ရန်ကိုင်တွင်
နောက်ထပ်အားကောင်းတဲ့ သိုင်းပညာရပ်တစ်ခု ရှိနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။
ထိုသိုင်းပညာရပ်က တော်တော်လေး အားကောင်းပါတယ်။ သိုင်းပညာရပ်အဆင့် အနည်းဆုံးကောင်းကင်အဆင့်
လောက်ရှိနိုင်ပြီး တစ်ချက်လောက် ဂရုမစိုက်မိတာနဲ့ သူဒုက္ခရောက်သွားနိုင်တဲ့အထိကို အားကောင်းလှပါတယ်။ ဘိုင်ယွမ်ဖုန်း၏ အပြုံးက ပိုပြီးကြီးမားလာခဲ့ပြီး နောက်တစ်ကြိမ် ရန်ကိုင်ရှေ့ကနေ ပျောက်ကွယ်သွားခဲ့ပြန်တယ်။
ရန်ကိုင်လည်း သူ့ပတ်ဝန်းကျင်ရှိ ပြောင်းလဲမှုတွေကို သေချာဂရုစိုက်လေ့ လာနေခဲ့သည်။
ရုတ်တရက် သူ့မျက်လုံးလက်သွားခဲ့ပြီး လေဟာနယ်ထဲကို လက်ဝါးတစ်ချက်ရိုက်ချလိုက်တယ်။
ချီစွမ်းအင်တွေ ပေါက်ကွဲထွက်သွားခဲ့ပြီး လေထုလည်း ရုတ်တရက် အက်ကွဲသွားခဲ့ကာ ဘိုင်ယွမ်ဖုန်း ပြန်ပေါ်လာခဲ့တယ်။ သူ့အဝတ်အစားတွေက ဖရိုဖရဲဖြစ်နေခဲ့ပြီး သူ့မျက်နှာကလည်း အံ့အားသင့်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ပေါ်လာတာနဲ့ ချက်ချင်းနောက်ပြန်ဆုတ်လိုက်ပြီး ရန်ကိုင်၏တိုက်ခိုက်မှုကို ရှောင်ရှားဖို့ ကြိုးစားလိုက်တယ်။
သူတို့နှစ်ယောက်တိုက်ပွဲကို စောင့်ကြည့်နေတဲ့ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေလည်း
အံ့အားသင့်သွားခဲ့ရပါတယ်။ဘိုင်ယွမ်ဖုန်း၏ လှုပ်ရှားမှုတွေကို သူတို့အလွယ်တကူ မြင်နိုင်တဲ့ အကြောင်းအရင် သူတို့တွေက
ဝိဉာဉ်ကို လေ့ကျင့်ထားပြီး ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်တာကြောင့်ပါပဲ။ ဒါပေမယ့်
ရန်ကိုင်ကကော ဘယ်လိုလုပ်ပြီး ဘိုင်ယွမ်ဖုန်းကို တွေ့သွားခဲ့ရတာလဲ။ ချီသန့်စင်ခြင်းအဆင့်တစ်ယောက်က
ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်ပါဘူး။ ဒါပေမယ့် အကွက် အနည်းငယ်အတွင်းမှာပဲ ဘိုင်ယွမ်ဖုန်း၏ လှုပ်ရှားမှုကို သူခန့်မှန်းနိုင်ခဲ့ပါတယ်။ သူ့တိုက်ပွဲအသိစိတ်က အားကောင်းလွန်း
မနေဘူးလား။
‘‘ဟဟ…မင်းက ရတနာတစ်ခုရဲ့ စွမ်းအားပေါ်မှာ မှီခိုနေတာပဲ ’’ ရန်ကိုင်က ဘိုင်ယွမ်ဖုန်းကို ကြည့်ရင်း လှောင်ပြောင်လိုက်တယ်။ သူ့ပြိုင်ဘက်က လှုပ်ရှားမှုပညာရပ်ကို နှစ်ကြိမ်နှစ်ခါ အသုံးပြုခဲ့ပြီး
သူ့လှုပ်ရှားမှု ပညာရပ်ထက်လည်း အများကြီး ပိုမြန်ပါတယ်။ ဘိုင်ယွမ်းဖုန်းက ဘာလို့ အဲ့လောက်မြန်နေလဲဆိုတာ
အစတုန်းကတော့ ရန်ကိုင်နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် ဘိုင်ယွမ်ဖုန်းခါးရှိ တလက်လက်တောက်ပနေတဲ့
ကျောက်စိမ်းပြားလေးကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ သူ့သံသယတွေ ရှင်းလင်းသွားခဲ့ရပါပြီ။
ဘိုင်ယွမ်ဖုန်း၏မျက်နှာ ရှက်ရွံ့မှုကြောင့် ခရမ်းသီးတစ်လုံးလား နီလို့။ အစစ်အမှန်ဒြပ်စင်အဆင့် သိုင်းပညာရှင် တစ်ယောက်က ချီသန့်စင်ခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ကို ရတနာတစ်ခုရဲ့ စွမ်းအားပေါ် အားကိုးပြီး တိုက်ခိုက်တယ်ဆိုတာ တကယ်ကို ရှက်ဖို့ကောင်းတဲ့ အပြုအမူ တစ်ခုပါ။ ဒါပေမယ့်
ရန်ကိုင်ကို မြင်နေရတာကိုက သူ့ကိုပိုပြီး ဒေါသထွက်လာစေခဲ့ပါတယ်။ အေးစက်စက်နှာခေါင်းရှုံ့
လိုက်ပြီး ‘‘ လက်နက်အကူအညီကို မယူရင်တောင် မင်းကငါ့ပြိုင်ဘက်မဖြစ်နိုင်ဘူး ’’
ထို့နောက် ချက်ချင်းပဲ လေအလျင်အလား ရန်ကိုင်ဆီတိုး တိုးဝင်သွားလိုက်တယ်။
မယိမ်းယိုင်သော စိတ်ဆန္ဒ
သူ့ထက် သိုင်းအဆင့်ကြီးတစ်ဆင့်မြင်တဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်နေရတာမို့ ရန်ကိုင်လည်း အားကုန် ထုတ်သုံးရပါတော့မယ်။ သူ့ကိုယ်မှ ချီစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ပုံစံကလည်း ပိုပြီးရက်စက်ကြမ်းကြုတ်ဟန် ပေါက်သွားခဲ့တယ်။ သူ့မျက်လုံးတွေဆိုရင် ရက်စက်ပြီးသွေးဆာတဲ့ အလင်းရောင်တွေနဲ့
တလက်လက် တောက်ပနေခဲ့တာပေါ့။ သူ့ခန္ဓာကိုယ်ကို အနက်ရောင်မီးတောက်တွေ ချက်ချင်း ဖုံးလွှမ်းသွားခဲ့ပါပြီ။ အခုအချိန်တွင် ရန်ကိုင်ပုံစံက မိစ္ဆာတစ်ကောင်နဲ့ လုံးဝကို တူနေပါတယ်။
အဆုံးမရှိတဲ့ မီးတောက်တွေနဲ့အတူ ဘိုင်ယွမ်ဖုန်းမျက်နှာဆီကို ရက်ရက်စက်စက် ရိုက်ချလိုက်ပါတယ်။
ရန်ကိုင်၏ရုတ်တရက် ပြောင်းလဲမှုက ဘိုင်ယွမ်ဖုန်းကို အံ့အားသင့်သွားစေခဲတယ်။ အနက်ရောင်မီးတောက်
တွေနဲ့ ဖုံးလွှမ်းနေတဲ့ လက်ဝါးကိုမြင်တွေ့လိုက်ရချိန်မှာတော့ ထိုလက်ဝါးကို အထင်မသေးသင့်မှန်း ဘိုင်ယွမ်ဖုန်း
ချက်ချင်းသိလိုက်တယ်။ ထို့ကြောင့် တုန့်ဆိုင်းမနေတော့ပဲ သူ့ကိုယ်ပိုင် သတ်ဖြတ်ခြင်းသိုင်းပညာရပ်ကို
ထုတ်သုံးလိုက်ပါတယ်။ ကောင်းကင်ကြိုးမျှင်… အစစ်အမှန်ချီတွေ စုစည်းလာခဲ့ပြီး ပိုးချည်နဲ့တူတဲ့ ကြိုးမျှင်လေးတွေအဖြစ် သိပ်သည်းသွားခဲ့တယ်။ ထို့နောက် ပင့်ကူမျှင်လို ကွန်ရက်ကြီးတစ်ခု ဖြစ်တည် လာခဲ့တယ်။ ထိုချည်မျှင်လေးတွေက အစစ်အမှန်ချီနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ကျောက်စိမ်းကိုတောင် ဖြတ်တောက်နိုင်ကာ ပုံမှန်မြေကမ္ဘာအဆင့်လက်နက်တစ်ခုအောက် မနိမ့်ကျပါဘူး။
အနက်ရောင်မီးတောက်တွေနဲ့ ထိုကွန်ရက်ကြိုးမျှင်တို့ ထိပ်တိုက်တွေ့သွားခဲ့ပြီး ကြိုးမျှင်တွေက အနက်ရောင်
မီးတောက်ကို အထိအခိုက်မရှိ ဖြတ်သန်းသွားခဲ့ကာ ရန်ကိုင်ကိုဝန်းရံဖို့ ကြိုးစားလိုက်တယ်။ ရန်ကိုင်လည်း
ပတ်ဝန်ကျင်ရှိ မီးတောက်အပူချိန်ကို ချက်ချင်း ချက်ချင်း တိုးမြှင့်လိုက်ပါတယ်။ အပူချိန်တိုးမြှင့်လာတာနဲ့အမျှ
ပိုးချည်မျှင်တွေလည်း အရည်ပျော်ကျလာခဲ့ပြီး အသက် တစ်ရှိုက်စာကုန်လွန်သွားတဲ့ အချိန်မှာတော့
မီးတောက်တွေက ဘိုင်ယွမ်ဖုန်း၏ ပုခုံးဆီတိုးဝင်သွားခဲ့ပါပြီ။ ရန်ကိုင်နှင့်ဘိုင်ယွမ်ဖုန်းတို့
နှစ်ယောက်စလုံး နောက်ပြန်ဆုတ်လိုက်ပြီး တစ်ယောက်ကို တစ်ယောက် စူးစိုက်ကြည့်လိုက်ကြတယ်။
ရန်ကိုင်ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာများစွာ ရှိနေခဲ့ပြီး ကောင်းကင်ညွှတ်ကြိုး ကြောင့်ဒဏ်ရာရထားတယ်ဆိုတာ သိသာပါတယ်။ ဘိုင်ယွမ်ဖုန်းပုံခုံးပေါ်တွင်လည်း အနီရောင် အမှတ်အသားရာကြီး ရှိနေခဲ့ပြီး သံပူတုံးနဲ့
တံဆိပ်ကပ်ထားတာလားတောင် ထင်မှတ်ရပါတယ်။ သူ့ပုခုံးဆီကနေ အသားညော်နံ့တွေ ထွက်ပေါ်နေခဲ့ပြီး သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ယန်ချီတွေကိုလည်း အစစ်အမှန်ချီစွမ်းအင်ကို သုံးကာအမြန်အဆန် ချေဖျက်နေခဲ့ရပါတယ်။
အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေတောင် လေးအေးတစ်ချက် ရှိုက်လိုက်ကြပြီး ရန်ကိုင်ကို ထိတ်လန့်ခြောက်ခြားစွာနဲ့ ကြည့်လိုက်ကြတယ်။ ချီသန့်စင်ခြင်းအဆင့် သိုင်းပညာရှင် တစ်ယောက်က အစစ်အမှန်ဒြပ်စင်အဆင့် သိုင်းပညာရှင် တစ်ယောက်နှင့်
တိုက်ခိုက်ရာတွင် လက်ရည်တူ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ပြီးတော့
အစပိုင်းတုန်းက သူ့သိုင်းအဆင့်က ချီသန့်စင်ခြင်းအဆင့်၅တွင် သာ ရှိနေသေးပေမယ့် သူဘာလုပ်လိုက်လဲတော့မသိ သူ့သိုင်းအဆင့်က ချီသန့်စင်ခြင်းအဆင့်၉ဆီသို့ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့တယ်။ ပြီးတော့ သူ့အပြုအမူ၊ အမူအရာလည်း အားလုံးဆိုသလို ပြောင်းလဲသွားခဲ့ပါတယ်။ အစပိုင်းတုန်းက ရန်ကိုင်က သာမန် သိုင်းပညာရှင်တစ်ယောက် ဆိုရင်
အခုအချိန်မှာတော့ ရန်ကိုင်က မိစ္ဆာ သိုင်းပညာရှင် တစ်ယောက်နဲ့ ခပ်ဆင်ဆင်ပါ။
အရေးအကြီးက သူ့ယန်ချီတွေက ဘိုင်ယွမ်ဖုန်းရဲ့ အစစ်အမှန်ချီကြိုးမျှင်တွေကို လောင်ကျွမ်းနိုင်ခြင်းပါပဲ။
Martial Peak
အပိုင်း (၂၁၀) ဆန်းကြယ်အဆင့် သိုင်းပညာရပ်များကြားက တိုက်ပွဲ
ချီသန့်စင်ခြင်းအဆင့်နှင့် အစစ်အမှန်ဒြပ်စင်အဆင့် ကြားတွင် အဆင့်တစ်ဆင့်သာ ကွာခြားပေမယ့်
စွမ်းအားကွာခြားချက် မိုးနဲ့မြေလောက် ကြီးမားပါတယ်။ ချီသန့်စင်ခြင်းအဆင့် သိုင်းပညာရှင်က ယွမ်ချီကို အသုံးပြုပြီး အစစ်အမှန်ဒြပ်စင်အဆင့်က အစစ်အမှန်ချီကို အသုံးပြုပါတယ်။
ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ဆယ်ယောက်က အစစ်အမှန်ဒြပ်စင် ပထမအဆင့် သိုင်းပညာရှင်
တစ်ယောက်ကို အနိုင်မယူနိုင်ပါဘူး။ ယွမ်ချီကနေ အစစ်အမှန်ချီကို ပြောင်းလဲသွားတာနဲ့ သူတို့ရဲ့ခွန်အားတွေက မိုးထိအောင် ထောင်တက်သွားတာပါ။
ဒီနေ့မတိုင်ခင်ကသာ…. ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင် တစ်ယောက်က အစစ်အမှန်ဒြပ်စင်အဆင့် သိုင်းပညာရှင် တစ်ယောက်ကို လက်ရည်တူ ယှဉ်တိုက်နိုင်တယ်လို့ သူတို့ကိုလာပြောခဲ့ရင် ဝါးလုံးကွဲ ရယ်မောပြီး ပြန်ပြီး လှောင်ပြောင်လိုက်မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ မဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ အရာက သူတို့ မျက်လုံးရှေ့တည့်တည့်မှာပဲ ဖြစ်နေပြီလေ။
သူတို့အားလုံး ကိုယ့်မျက်လုံး ကိုယ်မယုံနိုင်အောင် ဖြစ်နေခဲ့ကြတယ်။ ဘိုင်ယွမ်ဖုန်းမျက်နှာ ခက်ထန်သွားခဲ့ပြီးနောက်
ရန်ကိုင်ကို လှောင်ပြောင်စကား ဆိုလိုက်တယ် ‘‘ ကောင်စုတ်လေး၊ မင်းကတကယ်ကို မောက်မာတာပဲ။ ငါမင်းကို နောက်ဆုံး အခွင့်အရေးပေးမယ်။ ငါတို့ဘိုင်မိသားစုထဲ ဝင်လိုက်။ ငါတို့ကြားက မကျေနပ်ချက်တွေ အားလုံးကို ကျေအေးပေးလိုက်မယ်။ မင်းငြင်းမယ်ဆိုရင်တော့ ဒီသခင်လေးကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့ ’’
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်ပါတယ်
‘‘ စိတ်မဝင်စားဘူး ’’
‘‘ မင်းက ငြင်းနေမှတော့လည်း ငါ့ကိုသတိမပေးဘူးဆိုပြီး အပြစ်မတင်နဲ့ပေါ့ကွာ ’’ ဘိုင်ယွမ်ဖုန်း၏ စိတ်မရှည်နိုင်တော့ပါဘူး။ ရန်ကိုင်ကို အလွယ်တကူ နင်းချေလို့ရမယ်လို့ ထင်ခဲ့ပေမယ့် ထိပ်တိုက် ရင်ဆိုင်ပြီးတဲ့အချိန်မှာတော့ သူကိုယ်တိုင်လည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး အများအမြင်တွင် လူရယ်စရာ
ဖြစ်လာခဲ့ရတယ်။ အခု သူဒီတိုက်ပွဲကို ခပ်မြန်မြန် အဆုံးသတ်ချင်နေပါြပီ။
အစစ်အမှန်ချီတွေ ပေါက်ကွဲထွက်လာခဲ့ကာ သူ့ခန္ဓာကိုယ်ကနေ အဖြူရောင်မှိန်မှိန်လေး ထွက်လာခဲ့ပြီး ရန်ကိုင်ဆီ တိုးဝင်သွားခဲ့တယ်။ သူ့အမြန်နှုန်းက အရင်ကထက် အများကြီး ပိုမြန်လာခဲ့ပြီး လူတိုင်း သူ့ပုံရိပ်ကို လိုက်မမြင်နိုင်တော့တဲ့အထိ မြန်ဆန်သွားခဲ့ပါတယ်။ ပျံသန်းရင်း ကောင်းကင်ညွှတ်ကြိုးကို နောက်တစ်ကြိမ် အသုံးချလိုက်တယ်။ အဆုံးမရှိတဲ့ အစစ်အမှန်ချီ ကြိုးမျှင်တွေက ကွန်ရက်ကြီးတစ်ခုသဖွယ်ဖြစ်တည်
လာခဲ့ပြီး ရန်ကိုင်ကိုလုံးဝ ဖုံးလွှမ်းသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက ကျင့်ကြံခြင်းအဆင့်က
တော်တော်လေး ကွားခြားသလို ဘိုင်ယွမ်ဖုန်း၏ လှုပ်ရှားမှုပညာရပ်က ရန်ကိုင်၏ လှုပ်ရှားမှုပညာရပ်ထက်
ပိုပြီး အဆင့်မြင့်ပါတယ်။
ရန်ကိုင်လည်း ထိုအချက်ကို နားလည်ထားပါတယ်။ ရှောင်ဖို့က မဖြစ်နိုင်တော့တာမို့ ထိပ်တိုက် ရင်ဆိုဖို့ပဲ ရှိပါတော့တယ်။
လက်တစ်ဖက်ကနေ ဓါးတစ်ချောင်းဖန်တီးလိုက်ပြီး
အားကုန်သုံးကာ အစစ်အမှန်ချီကြိုးမျှင်တွေကို ခုတ်ချလိုက်ပါတယ်။ အစစ်အမှန်ချီကြိုးမျှင်တွေက ရန်ကိုင်ဆီ မရောက်ခင်မှာပဲ အကုန်ပြတ်ထွက် ကုန်ပါတော့တယ်။
ကောင်းကင် စုဆောင်ခြင်းတံဆိပ်တော်… ဘိုင်ယွမ်ဖုန်းက မထူးခြားနားရှိနေဆဲဖြစ်ပြီး ချက်ချင်းပဲ
နောက်ထပ်သိုင်းပညာရပ်တစ်ခုကို အသုံးပြုလိုက်တယ်။ ဧရာမလက်ဝါး တံဆိပ်တော်ကြီး ဖြစ်တည်လာခဲ့ပြီး
ရန်ကိုင်ရင်ဘတ်ပေါ် ကျဆင်းသွားခဲ့တယ်။ သူ့တိုက်ကွက် ပြောင်းလဲမှုက မြန်ဆန်လွန်းတဲ့အတွက် ရန်ကိုင်လည်း
ခုခံချိန်မရလိုက်ပဲ လွင့်ပျံထွက်သွားခဲ့ရတယ်။ သူ့ခန္ဓာကိုယ် လွင့်စင်ထွက်သွားခဲ့ရပြီး သူ့ပါးစပ်ကနေ
သွေးတောက်လျှောက် အန်လိုက်ရပါတယ်။ မတ်တပ်ရပ်နိုင်ခဲ့ပေမယ့် သူ့မျက်နှာကတော့ ဖြူလျော်နေဆဲပါ။ လူအုပ်ကြီးလည်း ပင်သက်ရှိုက်လိုက်မိကြတယ်။ ရန်ကိုင်ကို စိုက်ကြည့်နေတဲ့ သူတို့အကြည့်တွေက
တုန်လှုပ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ၇န်ကိုင်က ထိုတိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ထားခဲ့ပါဘူး။ ကောင်းကင်စုဆောင်ခြင်း တံဆိပ်တော်က ကောင်းကင်အလယ်အလတ်အဆင့် သိုင်းပညာရပ်တစ်ခုပါ။ ထိုကောင်းလေက ပိန်လှီပြီး အာမရှိတဲ့ပုံပေါက်ပေမယ့်
ကောင်းကင်အလယ်အလတ်အဆင့် သိုင်းပညာရပ်၏ တိုက်ခိုက်ခြင်းခံရပြီးတာတောင် ဆက်ပြီးတော့
မတ်တပ်ရပ်နေနိုင်ပါသေးတယ်။
ထိုအချိန်တွင် ဘိုင်ယွမ်ဖုန်းက စောင့်ဆိုင်းမနေတော့ပဲ ချက်ချင်းပဲ ရန်ကိုင်ဆီ နောက်တစ်ကြိမ် ပြေးဝင်သွားပါတယ်။ ရန်ကိုင်လည်း အသည်းအသန် ခုခံခဲ့ပေမယ့် နောက်တစ်ကြိမ် လွင့်ပျံထွက်သွားခဲ့ရပြန်တယ်။
အံ့အားသင့်စွာပဲ ဘိုင်ယွမ်ဖုန်းလည်း နာကျင်မှုကြောင့် အော်ဟစ်လိုက်ရပါတယ်။ သူ့ရင်ဘတ်ကနေ
ပြင်းထန်တဲ့ ပေါက်ကွဲသံထွက်ပေါ်လာခဲ့ပြီး ပါးစပ်ကနေ သွေးတွေ အဆက်မပြတ် အန်ထုတ်လိုက်ရတယ်။ သူ့ခန္ဓာကိုယ်က
အစစ်အမှန်ချီ အရှိန်အဝါက မှိန်လျသွားခဲ့ပြီး ပြိုကွဲပျက်စီး တော့မတတ်ဖြစ်လာခဲ့လေပြီ။ ဘိုင်ယွမ်ဖုန်း၏
မျက်နှာ ရက်စက်ကြမ်းကြုတ်တော့ဟန် ပေါက်သွားခဲ့ပြီး သူ့အမူအရာက ရုပ်ဆိုးသွားခဲ့ကာ မုန်းတီးစွာနဲ့ ရန်ကိုင်ကို
ကြည့်လိုက်ပြီး ‘‘ ကောင်စုတ်လေး၊ ဒီနေ့ကမင်းသေနေ့ပဲ ’’
‘‘ ညီအစ်ကိုဘိုင်၊ သေချာစဉ်းစားဦးနော်’’ ဒေါင်ချင်းဟန်က အော်လိုက်တယ် ‘‘ ဒီနေရာက ငါတို့ နေရာမဟုတ်ဘူး ’’
‘‘ ငါဂရုမစိုက်ဘူး ’’ ဘိုင်ယွမ်ဖုန်းက ခက်ထန်စွာနဲ့ ပြန်ပြောလိုက်ပြီး ဒေါင်းချင်ဟန်ကို
လုံးဝလျစ်လျူရှုထားလိုက်ကာ လက်သီးတင်းတင်း ဆုပ်လိုက်တယ်။ မတည်ငြိမ်တဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါတို့က လေထုအတွင်း ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဘိုင်ယွမ်ဖုန်းနားတွင် စတင် စုစည်းလာကာ အစစ်အမှန်ချီတွေကလည်း
သူ့လက်တွင် ရူးသွပ်စွာနဲ့ စတင်စုဝေးလာခဲ့တယ်။
‘‘ ကောင်းကင်စုဆောင်းခြင်းကြယ်ပျံ ’’ ဒေါင်ချင်းဟန်၏မျက်နှာ ဖြူလျော်သွားခဲ့လေပြီ။ ဘိုင်ယွမ်ဖုန်းက
ဘိုင်မိသားစု၏ ဆန်းကြယ်အဆင့် သိုင်းပညာရပ်ကို အသုံးပြုလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။
သူကရန်ကိုင်ကို သတိပေးဖို့ လုပ်လိုက်စဉ်မှာမှာပဲ ရန်ကိုင်လက်ကနေ ကြယ်ရောင်တွေ တောက်ပလာတာ
အဆုံးမရှိ ပြင်းထန်တဲ့အော်ရာတွေ ပေါက်ကွဲထွက်လာတာကို မြင်တွေ့လိုက်ရတယ်။
ကြယ်အမှတ်အသား …
ရန်ကိုင်ကို ကြည့်နေတဲ့လူအားလုံး ကြယ်အမှတ်အသား ပညာရပ်၏ ပြင်းထန်တဲ့စွမ်းအားကို ခံစားမိပါတယ်။
ရန်ကိုင်က ထိုသိုင်းပညာရပ်ကို သုံးပြီးကောင်းကင်လိုဏ်ဂူထဲရှိ အဆင့်၆သားရဲကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ်လို့ သူတို့ သတင်းတွေ ကြားခဲ့ပါတယ်။
‘‘ သခင်လေး သတိထား ’’ ဘိုင်မိသားစု၏ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်
ပြိုင်တူအော်လိုက်ကြတယ်။ ဘိုင်ယွမ်ဖုန်းထိခိုက်မှာ စိုးရိမ်တဲ့အတွက် ရန်ကိုင်ဆီပြေးဝင်ပြီး သူ့ကို
ဖိနှိပ်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် သူတို့ မလှုပ်ရှားရသေးခင်မှာပဲ လက်ကြီးနှစ်ဖက်က သူတို့ရဲ့ဘယ်ဘက်
ပခုံးနှင့်ညာဘက်ပခုံးဆီ ကျဆင်းလာခဲ့ကာ ချက်ချင်းပဲ သူတို့ခန္ဓာကိုယ်တွေ တောင့်တင်းသွားခဲ့ပြီး
လှုပ်လို့မရတော့ပါဘူး။ သူတို့ရဲ့အစစ်အမှန်ချီတွေကိုလည်း လှည့်ပတ်လို့ မရတော့ပဲ သူတို့ခန္ဓာကိုယ်ပေါ်ကို
တောင်ကြီးတစ်လုံး ဖိထားသလို ခံစားလိုက်ရတယ်။ သူတို့မျက်နှာတွေ ဖြူလျော်သွားခဲ့ပြီး နဖူးထက်ကနေ
ချွေးအေးတွေ စီးကျလာခဲာတာပေါ့။ ကြောက်လွန်းလို့ လိပ်ပြာလွင့်လုမတတ် ဖြစ်သွားခဲ့ကာ သူတို့
နှလုံးသားလေးတွေကလည်း တစ်စက္ကန့်လောက် ခုန်နေတာ ရပ်တန့်သွားခဲ့တယ်။
သူတို့နှစ်ယောက်၏ သိုင်းအဆင့်က အင်မော်တယ် တက်လှမ်းခြင်းအဆင့်၄၊၅ဖြစ်ပြီး သူတို့မျိုးဆက်တွင်
ဆရာသခင်တွေအဖြစ် ရည်ညွှန်းခြင်းခံရပေမယ့် ထိုဆရာသခင်ရှေ့တွင်တော့ သူတို့တွေ ပုရွက်ဆိတ်
တစ်ကောင်နဲ့ မခြားပါဘူး။ ဒီလို ကောင်းကင်စံအိမ် သေးသေးလေးထဲမှာ ဒီလောက်ကြောက်စရာကောင်းတဲံ
လူဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။
‘‘ ဂျူနီယာနှစ်ယောက်က တိုက်ခိုက်နေတာလေ။ အဲ့ဒါကြောင့် ငါတို့အကြီးတွေက ဘေးကနေထိုင်နေပြီး အေးအေးဆေးဆေး ကြည့်နေသင့်တာကို ဘာလို့ ဝင်ရှုပ်ချင်နေတာလဲ ’’ သူတို့နားထဲ အသံတစ်သံ ကြားလိုက်ရတယ်။ ထိုအသံကြားလိုက်ပြီးနောက် သူတို့ခန္ဓာကိုယ်တွေ နောက်တစ်ဖန်ပြန်လှုပ်လို့
ရသွားပြီး အလျင်စလို လှည့်ကြည့်လိုက်တဲ့အချိန် အေးဆေးသက်သာစွာနဲ့ မတ်တပ်ရပ်နေတဲ့ လူအိုကြီး
တစ်ယောက်ကို တွေ့လိုက်ရတယ်။ ထိုလူက…. ထိုလူအိုကြီးကို သူတို့သိပါတယ်။ သူက ကောင်းကင်စံအိမ် ထောက်ပံ့ရေးခန်းမက လူအိုကြီးပါ။ ကောင်းကင်စံအိမ်ထဲ သူတို့ရှိနေစဉ် ထိုလူအိုကြီးက
ပုံမှန်မဟုတ်ဘူးဆိုတာ သူတို့သိပေမယ့် ဒီလောက်အထိ ကြောက်ဖို့ကောင်းလိမ့်မယ်လို့တော့ သူတို့ တစ်ခါမှ ထင်မထားခဲ့ပါဘူး။
‘‘ မင်းတို့နှစ်ယောက်ကော ဘယ်လိုထင်လဲ ’’ မန်ဝူရက အပြုံးကြီးပြုံးရင်း မေးလိုက်တယ်။
‘‘ ခင်ဗျားပြောတာက…တကယ်ကို အကျိုးအကြောင်းသင့်ပါတယ်’’ ဘိုင်မိသားစုက ဆရာသခင်နှစ်ယောက်က
သူ့ကိုဘယ်လိုလုပ်ပြီး ဆန့်ကျင်ရဲ့ပါ့မလဲ။ သူတို့ရှေ့မှာရှိနေတာက လက်လေးတစ်ချက်လှုပ်လိုက်ရုံနဲ့
သူတို့သတ်နိုင်တဲ့ မွန်းစတားအိုကြီးလေ။ ထိုမြင်ကွင်းကို ဒေါင်မိသားစုနှင့် ခရမ်းဖန်းတောင်ကြားက
ဆရာသခင် နှစ်ယောက်လည်း မြင်တွေ့လိုက်ရပါတယ်။ဒေါင်မိသားစုက ဆရာသခင်နှစ်ယောက်လည်း ထိတ်လန့်သွားခဲ့ပေမယ့် တည်ငြိမ်နိုင်ပါသေးတယ်။ သူတို့သခင်လေးနဲ့ ရန်ကိုင်တို့နှစ်ယောက်က ဝမ်းကွဲတွေဆိုတာ သိတဲ့အတွက် သူတို့ကြောက်လန့်မနေခဲ့ပါဘူး။
ခရမ်းဖန်းတောင်ကြားက ဆရာသခင်နှစ်ယောက်ကတော့ မန်ဝူရို သတိအပြည့်နဲ့ ကြည့်နေခဲ့ပြီး သူတို့သိတဲ့ ဆရာသခင်တွေနဲ့ နာမည်ကို ပြန်စဉ်းစားကြည့်လိုက်တယ်။ ဒါပေမယ့် မန်ဝူရ၏မျက်နှာကို သူတို့ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးပါဘူး။
‘‘ ဟဟကောင်းတယ်…ကောင်းတယ်။ ဒီတိုက်ပွဲက
ကြည့်ရတာ ထိုက်တန်တယ် ’’ ခရမ်းဖန်းတောင်ကြားက မန်ဝူရအကြောင်း စဉ်းစားနေစဉ်
နောက်ထပ်အသံတစ်သံကို ကြားလိုက်ရလို့ လှည့်ကြည့်လိုက်တဲ့အချိန် နောက်ထပ် လူအိုကြီး တစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ထိုလူအိုကြီး၏ မုတ်ဆိတ်မွှေးက လုံးဝကို အဖြူရောင်ဖြစ်ပြီး သာမန်ဝတ်စုံတစ်ခုကိုပဲ ဝတ်ဆင်ထားတာပ။
နောက်ထပ်ဆရာသခင်တစ်ယောက်…..
သူက မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ထိုနေရာမှာပဲ အေးအေးဆေးဆေး မတ်တပ်ရပ်နေရင်း ဂျူနီယာ
နှစ်ယောက်တိုက်ခိုက်တာကို ပြုံးရင်းကြည့်နေခဲ့တယ်။ ဒါပေမယ့် ထိုစီနီယာကသူတို့ကို စောင့်ကြည့်နေ
တယ်ဆိုတာ ခရမ်းဖန်းတောင်ကြားက ဆရာသခင်တွေသိပါတယ်။ သူတို့သာလှု့ပ်ရှားလိုက်တာနဲ့ ဟိုကလည်း ချက်ချင်း လှုပ်ရှားမှာပါ။ ကောင်းကင်စံအိမ်သေးသေးလေးထဲမှာ
ဘယ်လိုလုပ်ပြီး ဒီလောက်ကြောက်ဖို့ မွန်းစတားအိုကြီးတွေ ရှိနေရတာလဲ။ အဲ့ဆရာသခင်နှစ်ယောက်နဲ့တင်
ကောင်းကင်စံအိမ်က သာမန်ပထမအဆင့် အင်အားစုနှင့် နှိုင်းယှဉ်နိုင်နေပြီလေ။
ဘိုင်မိသားစုနှင့် ခရမ်းဖန်းတောင်ကြားက အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတို့
တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး သူတို့အကြည့်ထဲတွင် တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ ပြည့်နေခဲ့တယ်။ တစ်ယောက်မှသာ ကြည့်မနေခဲ့ရင် သူတို့တွေချက်ချင်း အော်ငိုလိုက်မိမှာပါ။
နောက်ထပ်လူရိပ်ငါးယောက် ဆင်းသက်လာခဲ့ပြန်တယ်။ ကောင်ကင်စံအိမ်၏ အကြီးအကဲငါးယောက်လည်း
ရောက်ရှိလာခဲ့လေပြီ။ ထိုငါးယောက်က တိုက်ပွဲကြောင့် ဒီနေရာကို ရောက်လာတာဖြစ်ပြီး ဘာလို့ တိုက်ခိုက်နေရလဲဆိုတာ စစ်ဆေးဖို့လုပ်လိုက်တဲ့အချိန် အဖြူရောင်မုတ်ဆိတ်မွှေးနဲ့ လူအိုကြီးကို
တွေ့လိုက်ရသဖြင့် သူတို့မျက်နှာတွေက ချက်ချင်းပျော်ရွှင်သွားတဲ့ပုံပေါက်သွားခဲ့ပြီး
အမြန်အဆန်ပဲ ‘‘ ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ် ’’
ထိုလူက တကယ်ပဲ ကောင်းကင်စံအိမ်ရဲ့ ဂိုဏ်းချုပ်ကြီးပါ။ အမြီးကိုသာပြပြီး မျက်နှာပြလေ့ မရှိတဲ့ ကောင်းကင်စံအိမ်ရဲ့ ပုန်းကွယ်နေတဲ့ နဂါးဖြစ်တဲ့ ဂိုဏ်းချုပ်ကြီးပါ။
အင်အားစုသုံးက လူတွေ ကောင်းကင်စံအိမ်ကို လာတဲ့အချိန် ဂိုဏ်းချုပ်က သူတို့ကိုတွေ့ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ဂိုဏ်းချုပ်က သူတို့ကိုတွေ့ရမှာ ကြောက်နေတယ်လို့ အထွန့်တက်လို့ပါ။
ဒါပေမယ့် အခုဂိုဏ်းချုပ်က ဘယ်လောက် ကြောက်မက်ဖွယ်ကောင်းကြောင်း သိလည်းသိရော ဘယ်သူမှ စကားတစ်လုံးတောင် မဟရဲတော့ပါဘူး။ သူ့သိုင်းအဆင့်နဲ့ဆိုရင် အင်အားစုသုံးခုက သခင်လေးတွေကို သူ့မျက်လုံးထဲ အရှင်း ထည့်စရာမလိုပါဘူး။ သူတို့ဂိုဏ်းက အကြီးအကဲတွေလာလို့ မျက်နှာ
မပြရင်တောင် သာမန်ပါပဲ။
ဖန်ဟောင်လည်း ချက်ချင်းပဲ ပြေးသွားလိုက်ပြီး
‘‘ ခရမ်းဖန်းတောင်ကြားက တပည့်ဖန်ဟောင်က စီနီယာကို
နှုတ်ဆက်ပါတယ် ’’ ဂိုဏ်းချုပ်က ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။
တိုက်ပွဲကိုသာ ဆက်ပြီး ကြည့်နေခဲ့ပါတယ်။ သူတို့စကားပြောနေတဲ့အချိန် ရန်ကိုင်၏ကြယ်အမှတ်အသား ဖြစ်စေ၊ ဘိုင်ယွမ်ဖုန်း၏ ကောင်းကင်စုဆောင်းခြင်းကြယ်ပျံဖြစ်စေ အပြည့်အဝ စွမ်းအင်စုဆောင်းပြီးသွားခဲ့ပါပြီ။
အချိန်တစ်ခဏအတွင်း သိုင်းပညာရပ်စွမ်းအားတွေကို အထွတ်အထိပ်အထိ စုဆောင်းလို့ ပြီးသွားခဲ့ကြပါပြီ။
‘‘ ရန်ကိုင် ’’ ဘိုင်ယွမ်ဖုန်းက အော်ဟစ်လိုက်ရင်း ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။
‘‘ လာစမ်းပါ ’’ ရန်ကိုင်က အားကျမခံ ပြန်ပြောလိုက်တယ်။ သူ့လက်ကကြယ်အမှတ်အသားလည်း စွမ်းအားပြည့်သွားပြီ
ဖြစ်တဲ့အတွက် ရန်ကိုင်လည်း တိုက်ခိုက်ဖို့ အဆင့်သင့်ဖြစ်နေခဲ့ပါပြီ။ သူရှေ့တစ်လှမ်းလှမ်းလိုက်အချိန် ညကောင်းကင် ကြယ်တာရာကြီးတစ်ခုလုံး သူနှင့်အတူ လိုက်ပြီးရွေ့လျားနေသလား ထင်မှတ်သွားရပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်နှစ်ခုက တစ်ခုနှင့်တစ်ခု မြန်ဆန်စွာ နီးကပ်လာနေခဲ့ပြီး နောက်ဆုံး ထိပ်တိုက်တွေ့သွားခဲ့သည်။
သိုင်းပညာရပ်နှစ်ခု ထိပ်တိုက်တွေ့ဆုံရာကနေ ထွက်ပေါ်လာတဲ့ အလင်းရောင်က နေသေးသေးလေး တစ်စင်း ပေါက်ကွဲလားသည့်အလား စူးရှပြင်းထန် လွန်းသည့်အတွက် ကြည့်နေသည့်လူအားလုံး ချက်ချင်း မျက်လုံးပိတ်လိုက်ရပါတယ်။ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေပဲ
သူတို့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးကြည့်နိုင်တာပါ။။ ရန်ကိုင်နှင့်ဘိုင်ယွမ်ဖုန်း တို့နှစ်ယောက်စလုံး
ဆန့်ကျင်ဘက်အရပ်ဆီ လွင့်ပျံထွက်သွားခဲ့ကြတယ်။ နောက်ဆုံး စူးရှလွန်းသည့် အလင်းရောင်တို့ ပျောက်ကွယ်သွားသည့် အချိန်တွင်
မောပန်းစွာဖြင့် လေလံစွာ ရှုရှိုက်နေရသည့် အသက်ရှုသံတို့ကို သူတို့ကြားလိုက်ရပါပြီ။ ၁၀ပေနက်ပြီး ပေသုံးရာကျယ်တဲ့
တွင်းကြီးတစ်ခု သူတို့ရှေ့တွင် ရှိနေခဲ့ပြီး ရန်ကိုင်နှင့်ဘိုင်ယွမ်ဖုန်းတို့ နှစ်ယောက်လုံး မတ်တပ်ရပ်ဖို့ အနိုင်နိုင်ကြိုးစားနေခဲ့ရကာ သူတို့ခန္ဓာကိုယ်တွေဆိုလည်း တဆတ်ဆတ် တုန်ရီနေခဲ့ပါတယ်။