← Chapters

အခန်း (၂၁၁-၂၁၅)

Vol. 9 Ch. 211-215

အခန်း (၂၁၁-၂၁၅)

Vol. 9 Ch. 211-215

အပိုင်း (၂၁၁) လက်နက်စွမ်းအား

သူတို့နှစ်ယောက်ကြားက ထိပ်တိုက်တွေ့ဆုံမှုက သရေရလဒ်သာ ထွက်ပေါ်ခဲ့ပေမယ့် သေချာကြည့်မယ်ဆိုရင် ရန်ကိုင်ဒဏ်ရာတွေက ဘိုင်ယွမ်ဖုန်းထက် ပိုပြီးပြင်းထန်တယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်။

အဲ့လိုဆိုရင်တောင် ရလဒ်က တကယ်ကို ထိတ်လန့်စရာ ကောင်းနေပါသေးတယ်။ ဂျူနီယာ နှစ်ယောက်စလုံး တစ်ကိုယ်လုံး သွေးချင်းနီနေခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် မုန်းတီစွာ စိုက်ကြည့်နေခဲ့ကြကာ ဘိုင်ယွမ်ဖုန်း၏ အကြည့်ထဲမှာတော့ မယုံကြည်နိုင်မှုတွေပါ ပါဝင်နေခဲ့ပါတယ်။ ရန်ကိုင် ဆက်ပြီး

မတ်တပ်ရပ်နေနိုင်ဦးမယ်လို့ သူမထင်ထားခဲ့ပါဘူး။ သူ့ရဲ့တိုက်ခိုက်ချင်စိတ်က ပိုပြီးသန်မာလာခဲ့ပါတယ်။

‘‘ ငါပြောခဲ့သလိုပဲ ဒီနေ့မင်းသေကို သေရမယ်။ သိကြားမင်းတောင် မင်းကိုဆင်းမကယ်နိုင်စေရဘူး ’’

ဘိုင်ယွမ်ဖုန်း၏ မျက်နှာက ဒေါကြောင့် ရှုံ့မဲ့နေခဲ့ပါတယ်။ သူနှင့်ရန်ကိုင်ကြား အရင်တုန်းက မည်သည့်မကျေနပ်ချက်မှ မရှိပေမယ့် ဒီနေ့တိုက်ပွဲရလဒ်က သူခန့်မှန်းထားတာထက် ကျော်လွန်နေပါတယ်။ သူ့လို သခင်လေးတစ်ယောက် အနေနဲ့ ရန်ကိုင်လို လူတစ်ယောက်ကို ရှုံးနိမ့်ရမှာကို သူလက်မခံနိုင်ပါဘူး။ ဘိုင်မိသားစု၏ သခင်လေးတစ်ယောက်အနေနဲ့ ရန်ကိုင်လို လူတစ်ယောက်ကို ရှုံးနိမ့်ရတာက သူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပါတယ်။ ရန်ကိုင်နှင့် သူ အကြိမ်ကြိမ်အခါခါ ထိပ်တိုက်ရင်ဆိုင်တာကို အားလုံးမြင်တွေ့

ခဲ့ကြပြီးပါပြီ။ သူပြောခဲ့တဲ့စကားအတိုင်း မလုပ်နိုင်ခဲ့ရင် ကိုယ့်မျက်နှာကိုယ် ပြန်ဖျတ်ရိုက်သလို ဖြစ်နေပါလိမ့်မယ်။

ဘိုင်ယွမ်ဖုန်းက ပေရွက်လိပ်ပုံစံ ပစ္စည်းတစ်ခုကို ထုတ်လိုက်ပြီး ဆုပ်ကိုင်လိုက်တယ်။ ထိုစာလိပ်တစ်ခုလုံးက များစွာသော သားရဲပုံတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ‘‘ဘိုင်မိသားစုရဲ့ မြေကမ္ဘာအလယ်အလတ်အဆင့်

သားရဲတစ်ထောင်စာလိပ် ’’ ဒေါင်ချင်းဟန်လည်း ထိတ်လန့်တုန်လှုပ်စွာနဲ့ အော်ဟစ်လိုက်တယ်။

အခြားသူတွေ အမြင်မှာတော့ သူကအမှတ်တမဲ့ အော်လိုက်တာ ဖြစ်ပေမယ့် တကယ်တမ်းကတော့ ရန်ကိုင်ကို သတိပေးဖို့ ကြိုးစားခဲ့တာပါ။ ဘိုင်ယွမ်ဖုန်းက ရယ်မောလိုက်ပြီး အစစ်အမှန်ချီစွမ်းအင်ကို စာလိပ်ထဲ ထည့်သွင်းလိုက်တယ်။ များစွာသော သားရဲပုံရိပ်တွေ တောက်ပလာခဲ့ပြီး

ဖောက်ထွင်းမြင်နိုင်တဲ့ သားရဲပုံရိပ်တွေအဖြစ် စာလိပ်ထဲကနေ ခုန်ထွက်လာခဲ့ကာ ဘိုင်ယွမ်ဖုန်း အထက်တွင် လွင့်မျောနေခဲ့တယ်။ ထို့နောက် သားရဲပုံရိပ်တွေက စုစည်းသွားခဲ့ပြီး ရန်ကိုင်ဆီ

တိုးဝင်သွားခဲ့တယ်။ အခုစာလိပ်က ဘိုင်ယွမ်ဖုန်း၏ နောက်ဆုံးဝှက်ဖဲဖြစ်ပြီး သူ့ရဲ့အားအကောင်းဆုံး တိုက်ခိုက်မှုဆိုလည်း မမှားပါဘူး။

ထိုသားရဲတစ်ထောင် စာလိပ်ကို ထုတ်သုံးလိုက်တာနဲ့ ရန်ကိုင်အနေနဲ့ သေခြင်းကနေ မလွတ်မြောက်နိုင်တော့ဘူးလို့ သူယုံကြည်နေတာပါ။ များစွာသော သားရဲပုံရိပ်တွေ ထပ်ကာထပ်ကာ ထွက်ပေါ်လာနေခဲ့ပြီး

သားရဲတွေရဲ့ ပုံရိပ်တွေကလည်း ပိုပြီးကျစ်လစ်လာခဲ့ကာ အသက်ဝင်လာခဲ့ပါတယ်။ ရန်ကိုင်မျက်လုံးမှ သတ်ဖြတ်ချင်စိတ် ထွက်ပေါ်လာခဲ့ပြီး သွေးနီရောင်ဓါးတစ်ချောင်း သူ့လက်ထဲတွင် ထွက်ပေါ်လာခဲ့တယ်။ အသူရာဓါး၊ အဆုံးမဲ့ပင်လယ်ရှိ အသူရာဂိုဏ်း၏ အထွတ်အမြတ် ရတနာတစ်ခုပါ။

အသူရာဓါးထွက်ပေါ်လာတာနဲ့ ရန်ကိုင်ချီစွမ်းအင်က ပိုပြီးပြင်းထန် ကြမ်းတမ်းရန်လိုလာခဲ့ပြီး လူတိုင်လည်း သွေးနီရောင်ဓါးကို ကြည့်ရင်းတုန်လှုပ်နေခဲ့ကြတယ်။

ထိုဓါးဆီကနေ ထွက်ပေါ်နေတဲ့ သိပ်သည်းလှတဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါကို သူတို့ခံစားမိနေခဲ့တာကိုး။

ထိုဓါးကိုကြည့်နေရတာက အလောင်းတွေ ပြည့်နေတဲ့ ကမ္ဘာကြီးတစ်ခုကို ကြည့်နေရသလိုမျိုး ဖြစ်ပြီး

ထိုကမ္ဘာကြီးတစ်ခုလုံးတွင် အလောင်းတွေ တောင်လိုပုံနေခဲ့ကာ သွေးတွေကလည်းမြစ်တွေလို စီးဆင်းနေပါယ်။

ခရမ်းဖန်းတောင်ကြားက အင်မော်တယ်တက်လှမ်းခြင်းအဆင့် နှစ်ယောက်နှင့် လေနှင့်တိမ်အစောင့်အကြပ် နှစ်ယောက်တို့လည်း ရှေ့တက်လိုက်ပြီး သူတို့သခင်လေးတွေကို ဓါးအရှိန်အဝါဆီကနေ ကာကွယ် ပေးထားလိုက်ကြတယ်။ ဓါးဆီကနေ ထွက်ပေါ်နေတဲ့ သိပ်သည်းလှတဲ့ သတ်ဖြတ်ခြင်းအော်ရာက

သူတို့သခင်လေးတွေကို အကျိုးသက်ရောက်သွားမှာကို သူတို့စိုးရိမ်နေတာပါ။ မန်ဝူရနှင့် ကောင်းကင်စံအိမ်က ဆရာသခင်တွေတောင် အနည်းငယ် ဖြူလျော်သွားခဲ့ရပါတယ်။ ရန်ကိုင်က အခုလိုကြောက်မက်ဖွယ် ကောင်းတဲ့ သတ်ဖြတ်ခြင်း လက်တစ်ခုတစ်ခုကို ဆွဲထုတ်လိမ့်မယ်လို့ သူတို့မထင်ထားခဲ့ပါဘူး။ ထိုအရာက သူတို့ မျှော်လင့်ထားတာထက်ကို လုံးဝကျော်လွန်နေခဲ့ပါတယ်။ သားရဲပုံရိပ်တွေ နီးကပ်လာတာနဲ့ ရန်ကိုင်က ဓါးကိုဝှေ့ရမ်းလိုက်ပါတယ်။ လေပြင်းတစ်ခုက ဆွေးမြေ့နေတဲ့ သစ်ပင်အိုလေးတစ်ပင်ကို ချေမွတိုက်ခတ်သွားသည့်အလား ဓါးချီတွေက သားရဲပုံရိပ်တွေကို

ပိုင်းဖြတ်သွားခဲ့လေတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အော်ကြွေးသံတွေနဲ့အတူ သားရဲပုံရိပ်တွေလည်း

ပျောက်ကွယ်သွားခဲ့ရတယ်။ ရန်ကိုင် စိတ်တစ်ခုလုံး ရူးသွပ်မှု၊ သွေးဆာမှုတို့နဲ့ ပြည့်နေခဲ့ပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရှေ့ကိုတစ်လှမ်းခြင်း တစ်လှမ်းခြင်းတိုးသွားရင်း သားရဲပုံရိပ်တွေကို

ပိုင်းဖြတ်နေခဲ့တယ်။ ကြောက်ရွံ့မှုက ဘိုင်ယွမ်ဖုန်း တစ်ကိုယ်လုံး ပျံ့နှံ့လာခဲ့တယ်။

သူ့ရဲ့အားအကောင်းဆုံး သားရဲတစ်ရာစာလိပ်နဲ့ ရန်ကိုင်ကို အနိုင်မတိုက်နိုင်ရုံမကလို့ ထိုစာလိပ်က တိုက်ပွဲမှာပါ

လုံးဝကိုအသုံးမဝင် ဖြစ်ခဲ့လိ့မ်မယ်လို့ သူထင်ကို ထင်မထားခဲ့တာပါ။ သာရဲပုံရိပ်တွေ တစ်ခုပြီးတစ်ခု ပိုင်းဖြတ်သွားခြင်း

ခံရပြီး ရန်ကိုင်နှင့်သူ့ကြားက အကွာအဝေးက တဖြည်းဖြည်း နီးကပ်လို့လာခဲ့တယ်။ သေခြင်းတရားလေထုက ဘိုင်ယွမ်ဖုန်းကို ဝန်းရံထားခဲ့ပြီး ဘိုင်ယွမ်ဖုန်းလည်း မလှုပ်ရှားနိုင်တော့တဲ့အထိ ဖြစ်သွားခဲ့ရတယ်။ ထို့အတွက် သွေးရူးသွေးတန်းနဲ့ပဲ

သားရဲတစ်ရာစာလိပ်ထဲကိုသာ ချီစွမ်းအင်တွေ တောက်လျှောက် ပို့လွှတ်နေခဲ့ပြီး ရန်ကိုင်ကိုတားဆီးဖို့ ကြိုးစားလိုက်တယ်။ သို့ပေမယ့် သူ့အပြုအမူက ရန်ကိုကို တားဆီးနိုင်ခြင်းမရှိပဲ သူရဲ့ အစစ်အမှန်ချီကိုသာ ပိုပြီး မြန်မြန် ကုန်ဆုံးလာစေခဲ့ပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရန်ကိုင်က ဘိုင်ယွမ်ဖုန်းနား

ရောက်လို့လာခဲ့တယ်။ ဘိုင်ယွမ်ဖုန်းကို ရေခဲတမျှ အေးစက်တဲ့မျက်လုံးနဲ့ စိုက်ကြည့်လိုက်ပြီး

အသူရာဓါးကိုမြှောက်ကာ ပိုင်းချလိုက်တယ်။ လူတိုင်း၏နှလုံး လည်ချောင်းထဲကနေ ခုန်ထွက်မတတ် ဖြစ်သွားခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကိုင်၏ ပစ်မှတ်က ဘိုင်ယွမ်ဖုန်းမဟုတ်ပဲ သားရဲတစ်ရာစာလိပ် ဖြစ်နေသောကြောင့်ပါပဲ။

သူက မြေကမ္ဘာအလယ်အလတ်အဆင့် လက်တစ်ခုကို ဖျက်ဆီးဖို့ ကြိုးစားနေတာပါ။ ကောင်းကင်ကိုတောင် ထိုးဖောက်သွားနိုင်ပုံရတဲ့ သွေးနီရောင် ဓါးသွားက သားရဲတစ်ရာစာလိပ်ကို ရက်ရက်စက်စက် ပိုင်းချလိုက်တယ်။

ကျန်ရှိနေတဲ့ ပုံရိပ်တွေအားလုံး ပျောက်ကွယ်သွားခဲ့ပါပြီ။ သားရဲတစ်ရာစာလိပ်၏ အရောင်အဝါလည်း မှိန်ဖျော့သွားခဲ့ပါတယ်။ လူတိုင်း၏မျက်လုံး ကျွတ်ထွက်မတတ် ပြူးကျယ်သွားခဲ့တယ်။

သားရဲတစ်ရာစာလိပ်က မြေကမ္ဘာအလယ်အလတ်အဆင့် လက်နက်တစ်ခုပါ၊ စာလိပ်က ခုခံရေး

လက်နက်တစ်ခုမဟုတ်ပေမယ့် သစ်ဆွေးတုံး တစ်ခုတော့ မဟုတ်ပါဘူး။ သို့ပေမယ့် အခုတော့ ဓါးတစ်ချက်ကြောင့် စာလိပ်က

အမှိုက်ဖြစ်သွားခဲ့ရပါပြီ။ ထိုကြက်သွေးရောင်ဓါး ဘယ်လောက်ထက်ရှလဲ၊ ဘယ်လောက်အဆင့်မြင့်လဲ

ဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။ ဝှစ်ချ်…..နောက်တစ်ကြိပ် ထပ်ပိုင်းချလိုက်တဲ့ အခါမှာတော့ အစောပိုင်းကဓါးခုတ်ရာ

နေရာက ပိုပြီးကြီးမားလာခဲ့တယ်။ နောက်ထပ်တစ်ချက် ထပ်မံပိုင်းချလိုက်ခြင်းနှင့်အတူ သားရဲတစ်ရာစာလိပ်လည်း လုံးဝကိုနှစ်ပိုင်းပြတ်သွားခဲ့ရတယ်။ ဓါးချက်သုံးချက်…. မြေကမ္ဘာ

အလယ်အလတ်အဆင့် လက်နက်တစ်ခုကို ဖျက်ဆီးဖို့ ရန်ကိုင်ဓါးချက်သုံးချက်ပဲ အသုံးပြုခဲ့ပါတယ်။

ရန်ကိုင်၏ ဓါးသွားက စောင်းသွားခဲ့ပြီး ကြက်သေသေနေခဲ့ ဘိုင်ယွမ်ဖုန်းကို ခုတ်ပိုင်းလိုက်တယ်။

‘‘ သခင်လေး ကျေးဇူးပြုပြီး ညှာတာပေးပါ ’’ ဘိုင်မိသားစုက အင်မော်တယ်တက်လှမ်းခြင်းအဆင့်

သိုင်းပညာရှင် နှစ်ယောက်လည်း သူတို့သခင်လေးကို ကယ်တင်ဖို့အတွက် ရန်ကိုင်ကိုတောင်းပန်

လိုက်ကြပါပြီ။ မန်ဝူရက သူတို့ကိုဖိနှိပ်ထားတဲ့အတွက် အခု သူတို့ မလှုပ်ရှားနိုင်ကြသေးပါဘူး။ ဒါပေမယ့် သူတို့သခင်လေးရဲ့ အသက်ကိုဆုံးရှုံးရခါနီးမှာတော့ သူတို့တွေလည်း တုန့်ဆိုင်းမနေဝံ့တော့ပဲ ချက်ချင်း အော်ဟစ် တောင်းပန်လိုက်ကြပါတယ်။ အော်ဟစ်နေရင်း သူတို့နှစ်ယောက်ချက်ချင်းပဲ ဘိုင်ယွမ်ဖုန်းဆီ ပြေးသွားလိုက်ကြပါပြီ။ မန်ဝူရလည်း သူတို့ကိုမတားခဲ့ပါဘူး။ အင်မော်တယ်တက်လှမ်းခြင်း အဆင့်နှစ်ယောက်က လျှပ်စီးအလား ချက်ချင်းပဲ ရန်ကိုင်နှင့်အသူရာဓါးရှေ့တွင် ပေါ်လာခဲ့ပြီး ဘိုင်ယွမ်ဖုန်းကို သယ်ကာ ချက်ချင်းနောက်ပြန်ဆုတ်

သွားလိုက်တယ်။ အသူရာဓါးချက်လည်း ချော်ထွက်သွားခဲ့ပြီး ဘိုင်ယွမ်ဖုန်းလည်း အသက်ချမ်းသာရာ ရသွားခဲ့ရတယ်။ ရန်ကိုင်လည်း ဘိုင်မိသားစုက ကျွမ်းကျင်သူနှစ်ယောက်ကို ကြည့်လိုက်ပြီး ဖြေးဖြေးချင်း ဓါးကို ပြန်ချထားလိုက်တယ်။ ထိုနှစ်ယောက်နဲ့ဆိုရင် ဘိုင်ယွမ်ဖုန်းကို သူသတ်နိုင်လိမ့်မည် မဟုတ်တော့ပါဘူး။

‘‘သခင်လေး၊ ဒီအစေခံက ညှာတာပေးဖို့ သခင်လေးကို တောင်းဆိုပါတယ်။ သခင်လေးရဲက စွမ်းရည်

ငါတို့ရဲ့သခင်လေး ကျော်လွန်းကြောင်း သက်သေပြပြီးသွားပြီလေ။ ငါတို့ရဲ့ သခင်လေးလည်း ရှုံးနိမ့်သွားခဲ့ပြီးပြီပဲ ’’ အင်မော်တယ်တက်လှမ်းခြင်းအဆင့်နှစ်ယောက်က ရန်ကိုင်ကို တောင်းဆိုလိုက်တယ်။

သူတို့လေသံထဲတွင် မကျေနပ်မှုတွေ ပါဝင်နေပေမယ့် မလေးမစား မပြုရဲကြပါဘူး။ ရန်ကိုင်လည်း သူတို့စိုက်ကြည့်လိုက်ပြီး တုန့်ဆိုင်းသွားခဲ့တယ်။ တိုက်ပွဲက အစကတည်းက မျှတတဲ့ တိုက်ပွဲတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ဆုံးရလဒ်ကတော့ ထင်ထားသလို ဖြစ်မလာခဲ့ပဲ အားနည်းတဲ့ဘက်က

အနိုင်ရသွားခဲ့ကာ အားလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။

‘‘ မင်းတို့ ကောင်းကင်စံအိမ်ကို ဧည့်သည်အဖြစ်လာတာ ဒီလူအိုကြီးက လက်ခံပေးခဲ့တယ်။ဒါပေမယ့်

ကောင်းကင်စံအိမ်က မင်းတို့လုပ်ချင်သလို လုပ်ပြီးထွက်သွားလို့ ရမယ့်နေရာမျိုးမဟုတ်ဘူး ’’ ဂိုဏ်းချုပ်က

ဖော်ရွေပြီး ကြင်နာပုံပေါက်ပေမယ့် အခုအချိန်မှာတော့ သူ့လေသံကတင်းမာနေပါတယ်။ သူပြောတာကို

နားထောင်ရင်း သူ့လေသံထဲက ဒေါသကို ခံစားမိနိုင်ပါတယ်။ ဂိုဏ်းခေါင်းဆောင်ပြောတာကို ကြားလိုက်တဲ့ အချိန် ကျွမ်ကျင်သူများစွာ တုန်လှုပ် ခြောက်ခြားသွားခဲ့ရတယ်။

ဘိုင်မိသားစု၏နာမည် ပျက်စီးသွားခဲ့ပါပြီ။ ဘိုင်မိသားစုက ကျွမ်းကျင်သူတွေအဖို့ ဆက်ပြီနေဖို့အထိ

မျက်နှာမပြောင်နိုင်ပါဘူး။ တစ်ယောက်က ဘိုင်ယွမ်ဖုန်းကို ကိုင်ရင်း အခြားတစ်ယောက်က ပျက်စီးသွားတဲ့ သားရဲတစ်ရာစာလိပ်ကို ကောက်ယူပြီး လက်သီးဆုပ်ကာ ပြောလိုက်တယ်

‘‘ လွန်ခဲ့တဲ့ရက်အတွင်း ကောင်းကင်စံအိမ်က ငါတို့ကိုကောင်းကောင်း ဧည့်ခံခဲ့ပါတယ်။ ကောင်းကင်စံအိမ်က ငါတို့ရဲ့ရိုင်းပြမှုနဲ့ပက်သက်ပြီး ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ တစ်နေ့ ငါတို့ဘိုင်မိသားစုက ကောင်းကင်စံအိမ်ကို ကျေနပ်လောက်မယ့် လျော်ကြေးပြန်ပေးပါ့မယ် ’’

အင်မော်တယ်တက်လှမ်းခြင်းအဆင့်နှစ်ယောက်လည်း ဘိုင်ယွမ်ဖုန်းကိုခေါ်ပြီး ချက်ချင်း ထွက်သွားတော့တယ်။ ထိုမြင်ကွင်းကို ကြည့်ရင်း ခရမ်းဖန်းတောင်ကြားက လူတွေလည်းဆက်ပြီး မနေရဲတော့ပါဘူး။

သူတို့ကောင်းကင်စံအိမ်ကို တော်တော်လေး အထင်သေးမိပြီဆိုတာ သိလိုက်ကြပါပြီ။ ကောင်းကင်စံအိမ်ရဲ့ ပိုင်နက်ထဲကို လာပြီး အရှင်သခင်တွေလို ပြုမူကာ သူတို့ရဲ့လက်ရွေးစင်တွေကို ခေါ်ယူခဲ့တယ်။

ဒီနေ့ မွန်စတားအိုကြီးနှစ်ယောက် ကောင်းကင်စံအိမ်အတွင်း ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်စံအိမ်က ချီသန့်စင်ခြင်းပထမအဆင့်ဖြစ်တဲ့ တပည့်က ဘိုင်မိသားစု၏သခင်လေးကို သတ်ပစ်လုနီးပါး ဖြစ်သွားခဲ့တယ်။ ခရမ်းဖန်းတောင်ကြားရှိ လူတွေအားလုံး သူတို့ကျောရိုးတစ်လျှောက်

စိမ့်တက်သွားခဲ့တယ်။

ကောင်းကင်စံအိမ်ကို အထင်သေးလို့ မရတော့ပါဘူး။ ကောင်းကင်စံအိမ်တွင် အားကောင်းတဲ့ မွန်းစတားအိုကြီးတွေ

ရှိနေခဲ့ပြီး သာမန်ရွက်ကြမ်းရေကျိုအရည်အချင်းသာ ရှိတယ်လို့ ထင်ရတဲ့ တပည့်တစ်ယောက်ကလည်း သူတို့ရဲ့ ထင်မြင်ချက်အားလုံးကို ဆန့်ကျင်တဲ့ မွန်းစတားတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါသေးတယ်။

အခြားသူတွေ အမြင်မှာတော့ ကောင်းကင်စံအိမ်ရှိ လူတွေက ကျားသားစားချင်လို့ ဝက်ယောင်

ဆောင်နေတဲ့ လူတွေသာ ဖြစ်ပါတယ်။ ဖန်ဟောင်နှင့် သူ့အစောင့်အကြပ်နှစ်ယောက်လည်း နှုတ်ဆက်

စကာပြောပြီး ခပ်မြန်မြန် ထွက်သွားပါတော့တယ်။ ဒေါင်ချင်းဟန်နှင့် လေနဲ့တိမ်အစောင့်အကြပ်တို့လည်း အတူတူပါပဲ။ သူတို့ထွက်ခွါစဉ် ဒေါင်ချင်းဟန်က ရန်ကိုင်ကိုကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှာတော့

ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်တို့ကို မြင်တွေ့နိုင်ပါတယ်။

အနီးအနားတွင် စုဝေးနေတဲ့ ကောင်းကင်စံအိမ်တပည့်တွေ အများကြီးရှိပါတယ်။ ရန်ကိုင်နှင့် ဘိုင်ယွမ်ဖုန်း

ကြားက တိုက်ပွဲက အကြီးအကဲငါးယောက်ကို ဆွဲဆောင်သွားခဲ့ရုံမက အနီးအနားရှိတပည့်တွေအားလုံး၏

အာရုံကိုလည်း ဆွဲဆောင်သွားခဲ့ပါတယ်။ စုရွှမ်းဝူက အနားတစ်ဝိုက်ရှိ တပည့်တွေကို

ကြည့်လိုက်ပြီး ပြောလိုက်တယ် ‘‘ အင်အားစုသုံးခုကို ဝင်ဖို့လက်ခံခဲ့တဲ့ တပည့်တွေအားလုံး

အခုချက်ချင်း ထွက်သွားတော့။ ကောင်းကင်စံအိမ်က ဂိုဏ်းသေးသေးလေး တစ်ဂိုဏ်းပဲ။ ပိုပြီး ကောင်းမွန်တဲ့ အကျိုးအမြတ်ကို ရှာဖွေနေတဲ့ မင်းတို့တွေအတွက် နေစရာနေရာမရှိဘူး ’’

ထိုစကားက လူအုပ်ထဲရှိ တပည့်များစွာကို ရှက်ရွံ့သွားစေခဲ့တယ်။ သူတို့ထဲက တပည့်တော်တော် များများက အင်အားစုသုံးခုကို ဝင်ဖို့သဘောတူပြီးသွားခဲ့ပြီးပါပြီ။ ဒါပေမယ့် သူတို့ဂိုဏ်းက

ဒီလောက်အထိ အင်အားကောင်းလိမ့်မယ်လို့တော့ မထင်ထားခဲ့ချေ။ သူတို့ဂိုဏ်းချုပ်နှင့် ဘဏ္ဏာထိန်းမန် ထွက်ပေါ်လာတဲ့အချိန် အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေက

ကြောက်လန့်တုန်လှုပ်နေတဲ့ ယုန်လေးတွေနဲံ မခြားဖြစ်သွားခဲ့တာကို သူတို့မြင်တွေ့ခဲ့ရပါတယ်။ အခုအချိန်တွင် ထိုတပည့်တွေ နောင်တရနေခဲ့ကြပါပြီ။ ဒါပေမယ့် ဒုတိယအကြီးအကဲ က

သူတို့ကိုဂိုဏ်းကနေ ထွက်သွားဖို့ ပြောနေပြီလေ။ သူတို့ဘယ်လိုလုပ်ပြီး အရှက်မရှိ ဆက်နေရဲပါတော့မလဲ။

တိုက်ပွဲကွင်းပြင်တွင် ရန်ကိုင်အမောတကော အသက်ရှုနေခဲ့ရပြီး ဂိုဏ်းခေါင်းဆောင်ကို ကြည့်ရင်း သူ့စိတ်ထဲ သံသယတွေ ထွက်ပေါ်လာခဲ့သလို စိတ်သက်သာရာလည်း ရသွားခဲ့တယ်။ မန်ဝူရလည်း ပြုံးဖြဲဖြဲလုပ်ရင်း ရယ်မောကာ တိုက်ပွဲကွင်းပြင်ကနေ ပျောက်ကွယ်သွားခဲ့တယ်။

‘‘ အားလုံး ထွက်သွားတော့ ’’ ဂိုဏ်းချုပ်က အမိန့်ပေးလိုက်တယ်။ ထို့နောက် ရန်ကိုင်ကို ကြည့်လိုက်ပြီး

သူ့မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ထို့နောက် ရန်ကိုင်ကို ပြောလိုက်ပါတယ်

‘‘ငါနဲ့လိုက်ခဲ့ ’’

အကြီးအကဲငါးယောက်စလုံး အံ့အားသင့်သွားခဲ့လေပြီ။ ထိုတိုက်ပွဲကြောင့် ဂိုဏ်းချုပ်က ရန်ကိုင်ကို တော်တော်လေး အထင်ကြီးသွားမယ်လို့ သူတို့မထင်ထားခဲ့ကြပါဘူး။ ရန်ကိုင်လည်း

ခေါင်းညိတ်လိုက်တယ်။ သူ့စိတ်ထဲတွင် အဖြေလိုအပ်နေတဲ့ မေးခွန်းပေါင်းများစွာ ရှိနေပါသေးတယ်။

ရန်ကိုင်လည်း ဂိုဏ်းချုပ်နှင့်အတူ ထွက်သွားလိုက်တဲ့အချိန် အားလုံးရဲ့မျက်လုံးတွေက သူ့ထံမှာ ကော်ကပ်သလို ကပ်တွယ်နေခဲ့ပါတယ်။ အရင်တုန်းက ရန်ကိုင်ကိုကြည့်တဲ့ သူတို့အကြည့်တွေ အထင်သေးမှုတွေ ပါဝင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့အကြည့်တွေက ကြောက်ရွံ့မှု၊ တုန်လှုပ်မှု

တွေနဲ့ ပြည့်နေခဲ့တယ်။ သူတို့နှစ်ယောက် သိပ်မကြာခင်မှာပဲ သီးခြားနေရာတစ်ခုကို ရောက်ရှိ လာခဲ့တယ်။

ထိုနေရာက ဂိုဏ်းချုပ် တံခါးပိတ်ကျင့်ကြံတဲ့ နေရာဖြစ်ပြီး ပုံမှန်အားဖြင့် အကြီးအကဲငါးယောက်တောင်

ဒီနေရာကို ခြေတစ်လှမ်းချခွင့်မရှိပါဘူး။ အိမ်လေးတစ်လုံး၊ တစ်ထပ်တိုက်အိမ်လေး နည်းနည်းနှင့်

ပန်းပွင့်တွေ စိုက်ပျိုးထားတဲ့ ဥယျာဉ်သေးသေးလေး တစ်ခုရှိနေခဲ့တယ်။ တစ်ထပ်တိုက်အိမ်လေးထဲ

ဝင်လာတဲ့အချိန် ဂိုဏ်းချုပ်က အဝတ်အစားအသစ်တစ်စုံ ထုတ်လိုက်ပြီး ဆေးပုလင်းတစ်ပုလင်း

ထုတ်ပေးလိုက်ကာ ပြောလိုက်တယ် ‘‘ မင်းကိုယ်မင်း အရင်ပြန်သက်သာအောင် လုပ်လိုက်၊ ပြီးရင်အဝတ်အစားလဲပြီး

ငါကိုလာတွေ့ ’’ ဂိုဏ်းချုပ်က ထိုစကားပြောပြီးတာနဲ့ ထွက်သွားလိုက်တယ်။ သူသိချင်တာတွေ

အများကြီး ရှိနေသေးပေမယ့် ရန်ကိုင်လည်း ဂိုဏ်းချုပ်ပြောတာကို နားထောင်ခဲ့ပါတယ်။

ဒီနေ့ဘိုင်ယွမ်ဖုန်းနှင့် တိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲက တော်တော်လေး ခက်ခဲတယ်လို့ ဆိုနိုင်ကါတယ်။

အစစ်အမှန်ဒြပ်စင်အဆင့် သိုင်းပညာရှင် တစ်‌ယောက်ဆိုတာ သူ့အတွက်တော့ ကိုင်တွယ်ဖို့ တကယ်ကို ခက်ခဲပါတယ်။ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံရာတွင် ရန်ကိုင်တော်တော်လေး ခံစားခဲ့ရပါတယ်။ ကြယ်အမှတ်အသား ပညာရပ်

ကြောင့်သာမဟုတ်ရင် သူရှုံးနိမ့်သွားခဲ့တာ ကြာပါပြီ။ ဘိုင်မိသားစု၏ ကောင်းကင်စုဆောင်းခြင်း ကြယ်ပျံပညာရပ်က တော်တော်လေး အားကောင်းပြီး သူ့ကြယ်အမှတ်အသား ပညာရပ်အောက်

မနိမ့်ပါဘူး။

ဒီနေ့တိုက်ပွဲက ရန်ကိုင်ကြောင့်ဖြစ်လာတာပါ။ သူရဲ့မနာလိုမှုကြောင့်ဆိုပေမယ့် ထိုအချက်က အဓိကအကြောင်းပြချက် မဟုတ်ချေ။ ထိုတိုက်ပွဲက အသုံးချကာ ရန်ကိုင်က

သူ့ရဲ့ကိုယ်တိုင်တွက်ချက် ခန့်မှန်းမှုများစွာကို စမ်းသပ်ချင်ခဲ့တာပါ။ သူ့အဖေက ဘာလို့သူ့ကို ကောင်းကင်စံအိမ်ကို ပို့ခဲ့ရတာလဲ။ သူ့အဖေက ဒီနေရာနဲ့ဘယ်လို ပက်သက်နေတာလဲ။

သူ့ဘဝကို ဒီနေရာမှာပဲ ရိုးရိုးရှင်းရှင်းနဲ့ ဖြတ်သန်းခဲ့တာလား။ များစွာသော ဖြစ်နိုင်ချေတွေ ရန်ကိုင်စိတ်ထဲ ပြေးလွှားနေခဲ့တယ်။ သူ့သံသယတွေကို အတည်ပြုနိုင်ဖို့အတွက်

ထိုပရမ်းပတာဖြစ်ရပ်ကို သူဖန်တီးခဲ့တာပါ။ သူ မထင်ထားခဲ့တာ သူခေါ်ထုတ်လိုက်တဲ့လူက တကယ့်အဓိကလူ ဖြစ်နေခဲ့တာကိုပါပဲ။ သူ့ကို အဓိက အာရုံစိုက်နေတဲ့လူက ဂိုဏ်းချုပ်

ဖြစ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၁၂) သံသယ၏အဖြေများ

တစ်ရက်ကုန်လွန်သွားခဲ့ပြီး သပ်သပ်ရပ်ရပ် ဝတ်စားထာတဲ့ ရန်ကိုင် တစ်ထပ်အိမ်လေးကနေ လမ်းလျှောက်ထွက်လာခဲ့လေသည်။ ခြံဝန်းထဲရှိ မက်မွန်ပင်အောက်တွင် ဂိုဏ်းချုပ်က လက်တစ်ဖက်

နောက်ပစ်ရင်း ကျန်တစ်ဖက်က မုတ်ဆိတ်မွှေးကို ပွတ်သပ်ကာ အမူအရာကင်းမဲ့စွာနဲပ အဝေးတစ်နေရာကို

ကြည့်ရင်း မတ်တပ်ရပ်နေခဲ့သည်။ ရန်ကိုင်လည်း ဂိုဏ်းချုပ်ဆီသွားလမ်းလျှောက်သားလိုက်ပြီး ထိုနေရာမှာပဲ

ပတ်ပတ်လည်ကို စူးစမ်းကြည့်ရင်း မတ်တပ်ရပ်နေခဲ့သည်။

လူကြီးနှင့်လူငယ်တစ်ယောက် တစ်ရက်နှင့်တစ်ညကြာအောင် တိတ်တဆိတ်နဲ့ မတ်တပ်ရပ်နေခဲ့ပြီး

အဖူးတွေပန်းပွင့်လာတော့မှ ဂိုဏ်းချုပ်က နောက်လှည့်ပြီး ကြင်နာစွာနဲ့ ရန်ကိုင်ကိုမေးလိုက်သည်

‘‘ မင်း ဒဏ်ရာတွေ ဘယ်လိုနေလဲ ’’ ‘‘ အဲ့လောက်ကြီး မဟုတ်ပါဘူး ’’ ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်လိုက်ပြီး

‘‘ ဂိုဏ်းချုပ်လို့ပဲ ခေါ်ရမလား၊ ၁၁ယောက်မြောက် အကြီးအကဲလို့ပဲ ခေါ်ရမလား ’’ ကောင်းကင်စံအိမ်၏ ဂိုဏ်းချုပ် လင်းတိုင်ရှုတစ်ဖြစ်လဲ ရစ်ခွေနဂါးစမ်းချောင်းတွေ သူတွေကခဲ့တဲ့ ၁၁ယောက်မြောက် အကြီးအကဲရှေ့တွင် ရန်ကိုင်မတ်တပ်ရပ်နေခဲ့သည်။

အရင်တုန်းက ကောင်းကင်စံအိမ်ကို ရန်ကိုင်သိပ်ပြီး နားမလည်ခဲ့ချေ။ သူ့တွင် သံသယတွေရှိနေခဲ့ပေမယ့်

သိပ်ပြီးနက်နက်နဲနဲ မတွေးမိခဲ့ချေ။ သူ့ဂိုဏ်းတူညီအစ်ကိုတွေဆီ အကြောင်းအရာများစွာကို သိလိုက်ရတော့

မှပဲ ၁၁ယောက်မြောက် အကြီးအကဲဆိုတာ ဂိုဏ်းချုပ်မှန်း သူသိလိုက်ရသည်။ ကောင်းကင်စံအိမ်တွင်

၁၁ယောက်မြောက် အကြီးအကဲမရှိပေမယ့် လင်းတိုင်ရှုက ၁၁ယောက်မြောက်ဂိုဏ်းချုပ်ဖြစ်ပြီး

သူ့ဂုဏ်သတင်းကလည်း တော်တော်လေး ကျော်ကြားပေသည်။ ဘာကြောင့်လဲဆိုတာတော့ သူတပည့်ပျိုးထောင်မှုက ကျရှုံးသွားခဲ့တာကြောင့်ဖြစ်ပြီး ၁၂ယောက်မြောက် ဂိုဏ်းချုပ်ဆိုတာ

မရှိတော့ချေ။

လွန်ခဲ့တဲ့၁၀နှစ်တုန်းက အဖြစ်အပျက်တွေကြောင့်သာ မဟုတ်ရင် လင်းတိုင်ရှုက အခုထက်ပိုပြီး သန်မာနေနိုင်ပေသည်။ လွန်ခဲ့တဲ့ ဆယ်နှစ်က အဖြစ်အပျက်တွေကြောင့်သာ လင်းတိုင်ရှုက

အင်မော်တယ်တက်လှမ်းခြင်းအဆင့် အတားအဆီးကို မချိုဖျက်နိုင်ခဲ့ပဲ အခုအဆင့်မှာသာ တစ်နေခြင်းဖြစ်သည်။ လင်းတိုင်ရှုက ပြုံးလိုက်ပြီး ‘‘ မင်းပေါ်ပဲ မူတည်တယ် ’’

ရန်ကိုင်က ပါးစပ်ဖွင့်ပြီး ပြောလို့လုပ်လိုက်စဉ်မှာပဲ လင်းတိုင်ရှုက ဖြတ်ပြောလိုက်သည်

‘‘ မင်းမှာ မေးစရာအများကြီး ရှိတယ်ဆိုတာ ငါသိတယ် ’’

‘‘ တပည့်က ဂိုဏ်းချုပ်ကို ရှင်းပြပေးဖို့ တောင်းဆိုပါတယ် ’’ ရန်ကိုင်က ပြောလိုက်သည်။ လင်းတိုင်ရှုက

သူမေးချင်နေတယ်ဆိုတာ သိနေတယ်ဆိုမှတော့ သူလည်း အလုပ်ရှုပ်ခံပြီး ပြောနေဖို့ မလိုတော့ချေ ။

လင်းတိုင်ရှုက တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ပြောလိုက်သည် ‘‘ ဒီဂိုဏ်းချုပ်ရဲ့ ဘဝမှာ တပည့်နှစ်ယောက်ပဲ လက်ခံခဲ့ဖူးတယ်။ ပထမတစ်ယောက်က ကြင်နာပြီး တဲ့တိုးဆန်တယ်။ ဒုတိယတစ်ယောက်က ထက်မြက်ပြီးဉာဏ်များတယ်။ မတော်တဆဖြစ်ရပ်တွေသာ မဖြစ်ခဲ့ရင် အဲ့နှစ်ယောက်က ငါ့ကောင်းကင်စံအိမ်ရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်လာခဲ့ပြီး ဂိုဏ်းကို ထွန်းတောက်စေနိုင်လိမ့်မယ်။ ဒါပေမယ့် ကံတရားက တကယ်ကို လှည့်စားလွန်းတယ်။ ဒုတိယတပည့်က စွမ်းအားကို အရမ်းဆာလောင်လွန်းတဲ့အတွက် မိစ္ဆာလမ်းကြောင်းထဲကို ရောက်သွားခဲ့တယ်။ အဲ့ဒါကြောင့်သူ့ကို ဒီလူအိုကြီးကိုယ်တိုင် အဆုံးသတ်ပေး လိုက်ရတယ် ’’

ရန်ကိုင်လည်း တိတ်ဆိတ်စွာနဲ့ပဲ နားထောင်နေခဲ့သည်။ ထိုအကြောင်းတွေကို စုမူဆီကနေ သူကြားခဲ့ဖူးပေသည်။

ဒါပေမယ့် ဂိုဏ်းခေါင်းဆောင်က ပြန်ပြောနေတာကို နားထောင်နေရတော့ သူ့တွင်ရည်ရွယ်ချက်တစ်ခုခု

ရှိနေလောက်ပေသည်။ ‘‘ ပထမတပည့်က အသတ်ခံရပြီး ဒုတိယတပည့်ကို ရစ်ခွေနဂါးစမ်းချောင်းထဲမှာ

ချုပ်ထားတယ်ဆိုတဲ့ ကောလဟာလေတွေက အမှန်တွေပဲလား ’’ ရန်ကိုင်က မေးလိုက်သည်။

လင်းတိုင်ရှုက ရယ်လိုက်ပြီး ‘‘ ကောလဟာလတွေက တစ်ဝက်မှန်တစ်ဝက်မှားတွေ၊ ဒုတိယတပည့်ကို

ရစ်ခွေနဂါးစမ်းချောင်းထဲမှာ ချုပ်ထားတယ်ဆိုတာ အမှန်ပဲ ။ ဒါပေမယ့် ပထမတပည့်က မသေသွားခဲ့ဘူး ’’

လင်းတိုင်ရှုက ဂုဏ်ယူစွာနဲ့ ဆက်ပြီးပြောလိုက်သည် ‘‘ ဒီလူအိုကြီးရဲ့ ပထမတပည့်ကို ရန်ယင်ဖုန်းလို့ ခေါ်တယ် ’’ ရန်ကိုင်တုန်လှုပ်သွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်တဲ့ အရိပ်အယောင် ထွက်ပေါ်နေခဲ့ပြီး သူ့ကိုယ်သူတည်ငြိမ်အောင် အချိန်တော်တော်လေး ယူလိုက်ရသည်။

ရုတ်တရက် လွန်ခဲ့တဲ့နှစ်အတွင်း သူ့စိတ်ထဲရှိနေခဲ့တဲ့ သံသယတွေအားလုံး ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။

ရန်ယင်ဖုန်းက ရန်မိသားစု လေးယောက်မြောက်ဆရာသခင်၏ နာမည်ဖြစ်ပြီး ရန်ကိုင်၏အဖေလည်းဖြစ်သည်။

ထိုအရာက တကယ်ကိုမျှော်လင့်မထားခဲ့တဲ့ အရာတွေပဲဖြစ်သည်။ ၇န်မိသားစု၏ လေးယောက်မြောက်

ဆရာသခင်က လွန်ခဲ့တဲ့နှစ်တွေတုန်းက ကောင်းကင်စံအိမ်ကို ရောက်လာခဲ့ပြီး လင်းတိုင်ရှု၏တပည့်

ဖြစ်သွားခဲ့သည်။ လွန်ခဲ့တဲ့ နှစ်အတွင် သူ့အဖေပြင်းထန်တဲ့ ဖျားနာမှုကိုခံစားခဲ့ရပြီး ကျင့်ကြံခြင်းအဆင့်

မတက်နိုင်ခဲ့တာ အံ့သြစရာမဟုတ်တော့ချေ။ သူ့ဂျူနီယာညီလေး မိစ္ဆာလမ်းကြောင်းထဲကို ကျရောက်

သွားတုန်းက တော်တော်လေး ပြင်းထန်တဲ့အတွင်းဒဏ်ရာတွေကို သူခံစားခဲ့တာပဲဖြစ်ရပေမည်။

၇န်ကိုင်ကို ကောင်းကင်စံအိမ်ဆီလာဖို့ သူပြောခဲ့တာလည်း အံ့သြစရာမဟုတ်တော့ချေ။ ဘာလို့လဲဆိုတော့

ကောင်းကင်စံအိမ်တွင် သူ့ဆရာရှိနေသောကြောင့်ပင်ဖြစ်သည်။ ‘‘ မျိုးဆက်အရဆိုရင် မင်းငါ့ကို

ဆရာဖိုးဖိုးလို့ ခေါ်သင့်တယ် ’’ လင်းတိုင်ရှုက ပြုံးပြီးပြောလိုက်သည်။ ‘‘တပည့်က ဆရာဖိုးဖိုးကို

နှုတ်ဆက်ပါတယ် ’’ ရန်ကိုင်လည်း တုန့်ဆိုင်းတုန့်ဆိုင်းနှင့် ပြောလိုက်သည်။ လင်းတိုင်ရှုက သူ့မျက်လုံးတွေကို

စိုက်ကြည့်ရင်း ရယ်မောကာ ပြောလိုက်သည် ‘‘ မင်းဘယ်သူလဲဆိုတာ သိပေမယ့် မင်းခက်ခဲနေတဲ့အချိန်

မင်းကိုမသိချင်ယောင်ဆောင်ထားလို့ ငါ့ကိုအပြစ်တင်နေတယ်မလား ’’ ‘‘ နည်းနည်းပေါ့ ’’ ရန်ကိုင်ပြန်ပြော

လိုက်သည်။ ကောင်းကင်စံအိမ်ကို ရောက်လာတဲ့ သုံးနှစ်အတွင်း သူတော်တော်လေး ခံစားခဲ့ရသည်။

ကမ္ဘာကြီးက အေးစက်ပြီး အထီးကျန်တဲ့နေရာတစ်ခု။ ဒါပေမယ့ ်သူရင်ဆိုင်ရတဲ့ခါးသီးမှု၊ ခက်ခဲမှုတွေနဲ့

ပက်သက်ပြီး သူမစိုးရိမ်ချေ။ ဘာလို့လဲဆိုတော့ သူ့တွင် အရည်အချင်း မရှိလို့ပဲ ဖြစ်သည်။ သူ့ညံ့တာကို

အခြားသူတွေကို ဘယ်လိုလုပ်ပြီး သွားအပြစ်တင်ရဲပါ့မလဲ။ သူနဲ့အတူ မွေးလာခဲ့တဲ့ ပြဿနာတွေက

သူ့အပိုင်ပင်။ ဘာလို့အခြားတစ်ယောက်ကို သူ့ကို ဂရုစိုက်ခိုင်းနေရာမှာလဲ။

‘‘ ဒီလူအိုကြီးကို မင်းအပြစ်တင်ချင်တယ်ဆိုရင် မင်းအဖေကို မင်းအရင်အပြစ်တင်သင့်တယ်။ ဒီလူအိုကြီးက

အဲ့ကောင်ကို တော်တော်လေး မကျေနပ်ဘူး ’’လင်းတိုင်ရှုက ပြောလိုက်သည်။ ထိုစကားကြားလိုက်တာနဲ့

ရန်ကိုင်လည်း မသိမသာလေး ကျုံ့သွားခဲ့သည်။ သူကအရူးတစ်ယောက်မဟုတ်ချေ။ လင်းတိုင်ရှုပြောတာကို

သူမသိပဲ ဘယ်နေပါ့မလဲ။ ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တွေ အကုန်လုံးက ဥသြငှက်လို လူတွေပင်

ဖြစ်သည်။ သူတို့က အခြားသူတွေက ယူပြီးဘာမှတော့ ပြန်မပေးခဲ့ချေ။

သူ့အဖေဒီမှာရှိနေတုန်း ဂိုဏ်းချုပ်ဆီကနေ တော်တော်လေး အကျိုးအမြတ် ယူခဲ့ပေလိမ့်မည်။ ဒါပေမယ့်

လင်းတိုင်ရှု၏ ဆယ်နှစ်တာ ပျိုးထောင်မှုက အခြားယောကျာ်းအတွက် မင်္ဂလာဝတ်စုံချုပ်ပေးသလို

ဖြစ်နေခဲ့သည်။ သူ့ရဲ့ဒုတိယတပည့်သာ မိစ္ဆာလမ်းကြောင်းထဲ မကျရောက်သွားခဲ့ရင် လင်းတိုင်ရှုအတွက ်

မျှော်လင့်ချက်ရှိသေးပေသည်။ ဒါပေမယ့် သူ့ရဲ့ပထမတပည့်က ရန်မိသားစုက ကျေးဇူးမသိတတ်တဲ့

ဝံပုလွေတစ်ကောင်ဖြစ်နေခဲ့ကာ ဒုတိယတပည့်က မိစ္ဆာတစ်ကောင်ဖြစ်နေခဲ့သည်။ သူ့ကြိုးစားအားထုတ်

မှုတွေအကုန်လုံးက စကာပေါက်နဲ့ရေခပ်သလို ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် သူ့သိုင်းပညာနှလုံးသားတွင်

အထုံးတစ်ခုဖြစ်သွားခဲ့ရပြီး အဆင့်ထပ်မတက် နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် ရန်မိသားစု

လေးယောက်မြောက် သခင်ကြီးက လင်းတိုင်ရှု၏သိုင်းပညာနှလုံးသာ ပြဿနာအတွက်

တာဝန်ခံပေးရမယ့် လူပဲဖြစ်ပေသည်။

အဖေအကြွေးကို သားကဆပ်ရသလိုပဲ လေးယောက်မြောက်သခင်ကြီး လင်းတိုင်ရှုအပေါ် တင်ခဲ့တဲ့

အကြွေးတွေကို ရန်ကိုင်က ဘယ်လိုလုပ်ပြီး တာဝန်မယူလ ို့ ဖြစ်ပါ့မလဲ။ ထိုအကြောင်းကိုတွေးရင်

၇န်ကိုင်က အလျင်စလို အပြုံးတစ်ခုဆင်မြန်းလိုက်ပြီး ‘‘ လေးစားရပါသော ဆရာဖိုးဖိုး၊ ဒီကိစ္စတွေကို

လွှတ်ချထားသင့်တယ်။ အဲ့လေးယောက်မြောက်သခင်ာကီးက တကယ်ကို လွန်လွန်းတယ်။

ဒါပေမယ့် ဆရာဖိုးဖိုး သူ့အဆင့်ထိရောက်အော ်ကိုယ့်ကိုယ်ကိုနိမ့်မချသင့်ပါဘူး ’’

ရန်ကိုင်၏ ပြောင်းလဲလွယ်တဲ့ မျက်နှာကိုကြည့်ရင်း လင်းတိုင်ရှု၏ပါးစပ် မဲ့သွားခဲ့ပြီး လှောင်ပြောင်တော့သည်

‘‘ ငါတပည့်က ဖြောင့်မတ်တဲ့လူတစ်ယောက်လေ။ ဘယ်လိုလုပ်ပြီး မင်းလိုလှည့်ဖြားတတ်တဲ့လူတစ်ယောက်ကို

ပြုစုပျိုးထောင်လိုက်တာ ပါလိမ့် ’’ ‘‘ လူဆိုတာ အခြေအနေကိုလိုက်ပြီး ပြောင်းလဲတတ်ရတယ်လေ ’’

သူ့အမူအရာကို မြင်လိုက်တာနဲ့ အတည်ပြောနေတာ မဟုတ်ဘူးဆိုတာ ရန်ကိုင်သိလိုက်သည်။

လင်းတိုင်ရှုက သက်ပြင်းချလိုက်ပြီး ဖြေးဖြေးချင်း ပြောလိုက်သည် ‘‘ငါ့တပည့်က လူလိမ့်တစ်ယောက်တော့

မဟုတ်ဘူး။ တကယ်တော့ ဂိုဏ်းကိုသူဝင်လာပြီး သုံးနှစ်ကြာတဲ့နောက်မှာ သူကရန်မိသားစုလူဖြစ်ပြီး

တစ်နေ့ကျရင် ကောင်းကင်စံအိမ်ကနေ ထွက်သွားရမယ်လို့ ငါ့ကိုပြောခဲ့တယ်။ သူကဒီလူအိုကြီးကို

နားလည်စေချင်ပြီး ပြင်ဆင်ထားစေချင်ခဲ့တယ် ’’ ရန်ကိုင်လည်း ခေါင်ညိတ်ပြလိုက်ပြီး ချက်ချင်း

ဖားယားလိုက်သည် ‘‘ ဆရာဖိုးဖိုး ၊ အေးအေးဆေးဆေးသာနေပါ။ ဒီဂျူနီယာတစ်နေ့ အိမ်ပြန်ရောက်တာနဲ့

အဲ့ကျေးဇူးမသိတတ်တဲ့ တပည့်ကို ကျိန်းသေသင်ခန်းစာ ပေးပေးပါ့မယ် ’’ လင်းတိုင်ရှုလည်း

ဟန်ဆောင်ပြုံး ပြံုးလိုက်ပြီး ရယ်ချင်ပေမယ့် နောက်ဆုံး မရယ်မိအောင် ထိန်းချုပ်နိုင်ခဲ့လေသည်။

‘‘ မင်းကောင်းကင်စံအိမ်ကို လာတဲ့နေ့မှာပဲ မင်းအဖေက ဒီလူအိုကြီးဆီ စာပို့ခဲ့တယ်။ ငါမင်းကို

ဂရုမစိုက်ခဲ့ရတဲ့အကြောင်းအရင်းက မင်းအဖေရဲ့ တောင်းဆိုမှုကြောင့်ပဲ။ ဘာလို့လဲဆိုတော့ မင်းရဲ့

ပါရမီက အရမ်းကိုဆိုးရွားတယ်လို့ မင်းအဖေက စာထဲမှာပြောထားခဲ့တယ်။ ပြီးတော့ သူကမင်းရဲ့

ဆယ်နှစ်တာကို ကောင်းကင်စံအိမ်မှာ လုံလုံခြုံခြံုနဲ့ ဖြတ်သန်းသွားစေချင်ခဲ့တာ။

အဲ့လိုမှာပဲ ရန်မိသားစုဆီ အန္တရာယ်ကင်းကင်းနဲ့ မင်းပြန်နိုင်မှာလေ ’’ လင်းတိုင်ရှုက တည်တည်ငြိမ်ငြိမ်နဲ့

ရှင်းပြလိုက်သည်။

‘‘ မင်းကလေ့ကျင့်ဖို့ မသင့်တော်ဘူးဆိုတာ မင်းသိလား ’’ လင်းတိုင်ရှုက မေးလိုက်သည်။ ‘‘ တပည့်က

ဒီအတိုင်းပဲ မွေးလာတာလို့ အဖေပြောတယ် ’’ ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်သည်။ ‘‘ ဟုတ်တယ်။

ဘာလို့လဲဆိုတော့ သူကပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့လို့ နှစ်တော်တော် ကြာတာတောင်

ကောင်းအောင ်ပြန်မကုနိုင်ခဲ့ဘူး။ နောက်ဆုံး သူ့ဒဏ်ရာမပျောက်သေးတော့ မင်းလည်း မွေးရာပါ

ဒဏ်ရာနဲ့ မွေးလာခဲ့တာပဲ’’ လင်းတိုင်ရှုက ရန်ကိုင်ကို သေချာကြည့်ရင်း ခေါင်းညိတ်လိုက်သည်

‘‘ တစ်ယောက်ယောက်ရဲ့ မွေးရာပါပါရမီဆိုတာ ပြောင်းလဲဖို့ခက်ခဲလွန်းတယ်။ အခုအချိန်မှာ

မင်းကလေ့ကျင့်လို့ ရရုံမက မင်းရဲ့ပါရမီကလည်း အံ့အားသင့်ဖို့ ကောင်းလွန်းတယ်။ မင်းခွန်အားတိုးလာ

တာလည်း တော်တော်လေး မြန်တယ်။ မင်းဘယ်လိုအခွင့်အရေးကို ကြုံ့တွေ့ခဲ့ရလဲဆိုတာ ဒီလူအိုကြီး

မသိသလို မေးမှာလည်း မဟုတ်ဘူး။ ဒီအကြောင်းကို အနာဂတ်မှာ ဘယ်သူကိုမှမပြောဘူးဆို့

ကတိပေးရင်ရပြီ ’’

ရန်ကိုင်လည်း ပုတ်သင်ညိုလို ခေါင်းညိတ်ပြလိုက်သည်။ သူတို့ပထမဆုံးအကြိမ် တွေ့တာဖြစ်ပေမယ့်

ဆရာဖိုးဖိုးက သူ့ကိုဂရုစိုက်တာကို ရန်ကိုင်သတိထားမိပေသည်။ ‘‘ တကယ်တော့ မင်းသာ

သာမန်လူတစ်ယောက်ဆိုရင် ဒီလူအိုကြီးက မင်းရှေ့မှာပေါ်လာခဲ့မှာ မဟုတ်ဘူး။ မင်းအတွက်

အသက်ရှင်နေရုံနဲ့တင် လုံလောက်နေပြီလေ။ မင်းအခက်အခဲတွေ ရင်ဆိုင်ရပြီး အနိုင်ကျင့်ခံရတယ်ဆိုရင်တောင်

မင်းအသက်ရှင်နေသေးတယ်။ ဒါပေမယ့် အခုအချိန်မှာ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က မြင့်တက်လာသလို

မင်းပါရမီကလည်း အံ့အားသင့်စရာကောင်းလွန်းတယ်။ ဒါကြောင့် မင်းကိုဒီအတိုင်းပဲ ထားလိုက်ရင်

ဒီလူအိုကြီးက လျစ်လျူရှုတယ်ဖြစ်သွားမှာပေါ့။ လွန်ခဲ့တဲ့ရက်စက်တုန်းက ဂိုဏ်းထဲပြဿနာဖန်တီးခဲ့ရတဲ့

အကြောင်းအရင်းက ဒီလူအိုကြီးရဲ့အာရုံကို ဆွဲဆောင်ဖို့ပဲမလား ’’

ရန်ကိုင်က အကျယ်ကြီး သက်ပြင်းချလိုကသ်ည် ‘‘ ပေါ်လာတဲ့တစ်ယောက်က ဆရာဖိုးဖိုး ဖြစ်နေလိမ့်မယ်လို့

ကျွန်တော် ထင်မထားခဲ့ဘူး။ အဖေက ဂိုဏ်းထဲက အကြီးအကဲ တစ်ယောက်ယောက်နဲ့ သိနေလိမ့်မယ်လို့ပဲ

ထင်ခဲ့တာ ’’ လင်းတိုင်ရှုက ရယ်လိုက်ပြီး ‘‘ မင်းနားမလည်တာလည်း အံ့အားသင့်စရာ မဟုတ်ပါဘူးလေ။

မင်းအဖေမင်းကို ဒီလိုပို့လိုက်တာက မင်းရဲ့လုံခြုံမှုကြောင့်လည်း ဖြစ်သလို ဒီလူအိုကြီးရဲ့ သိုင်းပညာ

နှလုံးသားအထုံးကို ဖြေရှင်းဖို့ဆိုလည်း ဟုတ်တယ်။ သူက အရမ်းကိုရိုးသားလွန်းတယ်။ ဒီလူအိုကြီးက

တစ်ဆို့နေတဲ့ အခြေအနေက သူ့ကြောင့်လို့ တွေးနေခဲ့တာ။ တကယ်တော့ ဒီလူအိုကြီးက သူ့ကိုဘယ်တုန်းကမှ

အျပစ္မခဲ့ပါဘူး ’’

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်လည်း သက်ပြင်းချရုံသာ တတ်နိုင်ပြီး သူ့ဆရာဖိုးဖိုးကို ဘယ်လိုနှစ်သိမ့်ပေး

ရမှန်းမသိတော့ချေ။ ‘‘ ကဲ မင်းမေးခွန်းတွေ အားလုံးဖြေပြီးသွားပြီးပြီလား ’’ လင်းတို်င်ရှုက ရယ်မောရင်း

ရန်ကိုင်ကိုပြုံးပြကာ မေးလိုက်သည်။ ‘‘ မင်း ’’ ရန်ကိုင်က ရှက်ရှက်နဲ့ ပြန်ဖြေလိုက်သည်။ ‘‘ ကောင်းတယ်။

အဲ့လိုဆို အခုဒီလူအိုကြီးရဲ့ အလှည့်ပဲ ’’ လင်းတိုင်ရှုက ရုတ်တရက် ပြောလိုက်သည်။ ‘‘ ဆရာဖိုးဖိုးက

ဘာမေးချင်တာလဲ ’’ရန်ကိုင်က လင်းတိုင်ရှုကို သံသယနဲ့ကြည့်လိုက်သည်။ ‘‘ မင်းရဲ့အော်ရာ ’’

လင်းတိုင်ရှု၏မျက်နှာ လေးနက်သွားခဲ့ပြီး ‘‘ တစ်နေ့ကတိုက်ပွဲတုန်းက မင်းရဲ့အော်ရာက ငါ့ရဲ့ဒုတိယတပည့်

လို သွေးဆာပြီးရက်စက်ကြမ်းတမ်းလာတာကို ငါတွေ့ခဲ့ရတယ်။ ဒီလူအိုကြီး မေးချင်တာ မင်းမိစ္ဆာလမ်းကြောင်း

ထဲရောက်သွားပြီလား ’’

‘‘ ဟင့်အင်း ’’ ရန်ကိုင်က ခေါင်းခါပြလိုက်သည်။ ရွှေရောင်အရိုးခြောက်ကို အသက်သွင်းလိုက်တာနဲ့

ထိုကဲ့သို့ထူးဆန်းတဲ့ အဖြစ်အပျက်ဖြစ်လာတယ်ဆိုတာ ၇န်ကိုင်သိပေသည်။ ထိုအချိန်တွင် သူ့စွမ်းအင်က

သိပ်သည်းတဲ့ မိစ္ဆာအော်ရာတွေနဲ့ ပြည့်နေခဲ့ပြီး သတ်ဖြတ်ချင်တဲ့ လေထုကလည်း တစ်ကမ္ဘာလုံးရှိ

သက်ရှိမှန်သမျှကို သတ်ဖြတ်ချင်သလို သိပ်သည်းနေပေလိမ့်မည်။ လင်းတိုင်းရှုက ရန်ကိုင်စိတ်ဝိဉာဉ်အထိ

ထိုးဖောက်ပြီး ကြည့်ချင်နေသလို သူ့မျက်လုံးကို မမှိတ်မသုန်နဲ့ စိုက်ကြည့်နေခဲ့သည်။ ‘‘ မင်းဓါးကိုထုတ်လိုက် ’’

လင်းတိုင်ရှုက ပြောလိုက်သည်။ ရုတ်တရက် ကြက်သွေးရောင်ဓါးတစ်ချောင်း ရန်ကိုင်လက်ထဲတွင်

ပေါ်လာခဲ့သည်။ ထိုလက်နက်က ရန်ကိုင်၏ချီစွမ်းအင်နှင့် ရင်းနှီးတဲ့ပုံပေါ်ပေသည်။ ထို့ကြောင့်

သူတို့တစ်ယောက်ကို တစ်ယောက်ဖြည့်စွက်ပြီး ဓါးကသူဖြစ်သလို သူကလည်းဓါးဖြစ်သလို

ခန္ဓာကိုယ်တစ်ခုတည်း ဖြစ်နေသလို ခံစားနေရပေလိမ့်မည်။

လင်းတိုင်ရှုက ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်၊ သူ့စိတ်ခံစားချက် ပြောင်းလဲမှုတွေကို

သေချာအာရုံခံနေခဲ့သည်။ အချိန်တော်တော်ကြာပြီးနောက် လင်းတိုင်ရှု အသာအယော

ခေါင်းညိတ်လိုက်သည်။ ရန်ကိုင်က အသူရာဓါးကို ပြန်သိမ်းထားလိုက်ပြီး မယိမ်းယိုင်သောစိတ်ဆန္ဒလည်း

ပျောက်ကွယ်သွားခဲ့ကာ ပုံမှန်အခြေအနေ ပြန်ဖြစ်သွားခဲ့သည်။ ‘‘ အဲ့ဒါက မိစ္ဆာကျင့်ကြံသူတစ်ယောက ်

ပုံစံပေါက်ပေမယ့် အဲ့လိုလည်း မဟုတ်ပြန်ဘူး ’’ လင်းတိုင်ရှုက မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ မင်းစိတ်က

အမြဲတမ်း သတိပြုမိလား ’’ ‘‘ အင်း ’’

‘‘ ထူးဆန်းတယ် ။ ဒီလိုရက်စက်ပြီး သွေးဆာတဲ့ အော်ရာ…ဒီလူအိုကြီးဆိုရင်တောင် အဲ့လိုအချိန်အကြာကြီး

ဖြစ်နေခဲ့ရင် ငါ့ရဲ့အတွင်းနတ်ဆိုးကို ဆွဲထုတ်လိုက်သလိုဖြစ်ပြီး ငါ့စိတ်ကို လွှမ်းမိုးသွားလိမ့်မယ်။ မင်းက

ဘယ်လိုလုပ်ပြီး ဘာမှမဖြစ်တာလဲ ’’ စဉ်းစားနေရင်း လင်းတိုင်ရှုက ရုတ်တရက် တစ်ခုခုကို တွေးမိလိုက်သည်

‘‘ ဟုတ်တယ်။ မင်းရဲလျှို့ဝှက်ပညာရပ်က အစစ်အမှန်ယန်နည်းစနစ်ပဲ။ အဲ့လိုယန်ချီက ယင်အော်ရာရဲ့

အိမ်မက်ဆိုးပဲ။ မင်းကိုယ်ထဲမှာရှိတဲ့ ယန်ချီက မင်းကိုမိစ္ဆာလမ်းကြောင်းထဲ မကျသွားအောင် ကာကွယ်

ပေးနေတာဖြစ်ရမယ် ’’ ပြောပြီးတာနဲ့ လင်းတိုင်ရှု နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။

အဲ့အားနှစ်ခုက ဆန့်ကျင်နေတာလေ။ ဘယ်လိုလုပ်ပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ အတူတူ

တည်ရှိနေရတာလဲ။

အချိန်အတော်ကြာ တွေးတောလိုက်ပြီးနောက် ရန်ကိုင်ဘယ်ကျင့်စဉ်ကို လေ့ကျင်နေလဲဆိုတာ သူသိချင်ပေမယ့်

သူ့ကိုသူ မမေးမိအောင် ထိန်းချုပ်ထားလိုက်သည်။ မျက်ခုံးပင့်လိုက်ပြီး လင်းတိုင်ရှုက ဆက်ပြောလိုက်သည်

‘‘ လွန်ခဲ့တဲ့ နှစ်ရက်တုန်းက တိုက်ပွဲမှာ မင်းတော်တော်လေး ဖော်ထုတ်ခဲ့တယ်။ အခုဆိုရင် မင်းမှာ

ဆန်းကြယ်အဆင့် သိုင်းပညာရပ်ရှိနေတယ်ဆိုတာ လူအများကြီးသိသွားခဲ့ပြီ။ အဲ့ဒါကြောင့်

အနာဂတ်မင်းအန္တရာယ်နဲ့ ရင်ဆိုင်ရမှာကိုတောင ်ငါကြောက်မိတယ် ’’

‘‘ အဲ့ဒါက….ကျွန်တော် ကောင်းကင်စံအိမ်ကနေ ထွက်ပြီး ရှောင်ဖို့ဆုံးဖြတ်ပြီးသွားပြီ ’’ ရန်ကိုင်က

ထိုအကြောင်းကို အစောကြီးကတည်းက တွေးပြီသွားခဲ့တာဖြစ်သည်။ လင်းတိုင်ရှုက ရယ်မောလိုက်ပြီး

‘‘ မင်းဘယ်သွားပြီး ရှောင်မှာလဲ။ အခုအချိန်တော့ ဘယ်မှမသွားပဲ ဂိုဏ်းထဲမှာနေဦး ’’

‘‘ အင်း ’’

Martial Peak

အပိုင်း (၂၁၃) မန်ဝူရ၏စွမ်းအား

နောက်ထပ် မေးခွန်းအနည်းငယ် မေးမြန်းပြီးတဲ့နောက်မှာတော့ ရန်ကိုင်ကို ပြန်လွှတ်လိုက်လေသည်။ ရန်ကိုင်၏

သတ်ဖြတ်ခြင်းအော်ရာက သူ့ကိုယ်အန္တရာယ်မပေးနိုင်ပေမယ့် သူဆီသွယ်ဝိုက်ပြီး သယ်ဆောင်လာနိုင်တဲ့

အကြောင်းအရာတွေကို လင်းတိုင်ရှု ဆုံးဖြတ်တွေးတောရပေမည်။ အချိန်အတော်ကြာ တွေးတောပြီးနောက်

လင်းတိုင်ရှု သက်ပြင်းချလိုက်လေသည် ‘‘ အဲ့ကောင်စုတ်လေး သတ်ဖြတ်တဲ့လမ်းစဉ်ကို လိုက်စားချင်နေ တာလား ’’ ရန်ကိုင်ဆီကနေ ထွက်ပေါ်နေတဲ့ ပြင်းထန်တဲ့လေထုက သူ့အရိုးထဲတွင် နက်နက်နဲနဲ စွဲကပ်နေတဲ့

တစ်ခုခုဆီကနေ ထွက်ပေါ်လာတာပဲဖြစ်သည်။ အကယ် ရန်ကိုင်သာ အနာဂတ်တွင် သိုင်းပညာ ခရီးလမ်း၏ အစစ်အမှန်အနှစ်သာရကို နားလည်ချင်တယ်ဆိုရင် သူ့တွင်ရွေးချယ်စရာ နှစ်ခုပဲရှိပေသည်။

တစ်ခုက သူ့ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး သူနဲ့သင့်တင့်လျောက်ပတ်မည့် ကျင့်စဉ်တစ်ခုကို

ပြန်ပြီး ရွေးချယ်ရမှာ ဖြစ်သည်။

ဒါပေမယ့် ရန်ကိုင်က မွေးရာပါသိုင်းလေ့ကျင့်လို့ မရတဲ့ အားနည်းချက်နဲ့ မွေးဖွားလာဖြစ်တဲ့အတွက် ဒီအဆင့်ထိရောက်ဖို့ သူ့အတွက်တော်တော်လေး ကြိုးစားလေ့ကျင့်ခဲ့ရပေသည်။ ထို့ကြောင့် သူသာကျင့်ကြံခြင်းကို ဖျက်စီးပြီး ကျင့်စဉ်အသစ်တစ်ခုကို ပြန်ပြီးလေ့ကျင့်မယ်ဆိုရင် သူ့အရည်အချင်းက သာမန်ဖြစ်သွားနိုင်ရုံမက သာမန်ထက်တောင် ဆိုးရွားတဲ့အမှိုက်တစ်စ ဖြစ်သွားနိုင်ပေသည်။ ရန်ကိုင်လို

လူမျိုးက အဲ့လိုအရာမျိုးကို ဘယ်လိုလုပ်ပြီး သည်းခံနိုင်ပါ့မလဲ။ တောင်အောက်ခြေမှာ ရှိတဲ့လူက တောင်ထိပ်ကို မမြင်နိုင်ပေမယ့် အဆိုးဆုံးမှ မချင့်မရဲ ဖြစ်ရုံသာ ရှိပေလိမ့်မည်။ ဒါပေမယ့်

တောင်ထိပ်မှာရောက်နေတဲ့လူကို တောင်အောက်ခြေကို ပြန်ဆင်းခိုင်းပါက သူ့အဖို့ သေတာထက် ပိုပြီးဆိုးရွားပေလိမ့်မည်။

သူ့ရဲ့ကျင့်စဉ်ကို မပြောင်းလဲနိုင်ဘူးဆိုရင် နည်းတစ်နည်းပဲ ရှိတော့ပေသည်။ သတ်ဖြတ်ခြင်းလမ်းစဉ်ကို

အဆုံးထိတိုင် လျှောက်လှမ်းဖို့ပင်ဖြစ်သည်။ သို့မှသာ သတ်ဖြတ်ခြင်းနှင့်အတူ သိုင်းပညာ၏အဆီအနှစ်ကို

ဖမ်းဆုပ်နိုင်ပေလိမ့်မည်။ တစ်ခုက ကျင့်ကြံခြင်းကို ဖျက်စီးပြီး အသစ်ပြန်လေ့ကျင့်တဲ့ အမှန်တရားလမ်းစဉ်၊ နောက်တစ်ခုက

အနည်းငယ်လေး ဂရုမစိုက်မိတာနဲ့ သေသွားနိုင်တဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်၊ သတ်ဖြတ်ခြင်း

လမ်းစဉ်ကို လျှောက်လှမ်းတဲ့ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကတော့ ဆိုးရွားတဲ့ဘဝတွေကို

ရင်ဆိုင်ရပြီး အနည်းငယ်သာ ကောင်းမွန်တဲ့ရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။ ဘာကြောင့်လဲဆိုတော့

သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းတဲ့ကျင့်ကြံသူတွေတွင် မိတ်ဆွေ၊ အပေါင်းအသင်းထက် ရန်သူက ပိုပြီးများနေတတ်ကာ မိစ္ဆာလမ်းစဉ်ကို ရောက်နိုင်ချေကလည်း ပိုပြီးများပေသည်။

သူကကလေးတစ်ယောက် ပဲရှိသေးပေသည်။ သတ်ဖြတ်ခြင်းလမ်းစဉ်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့

လျှောက်လှမ်းနိုင်မှာလား။ ဂိုဏ်းချုပ်နေရာဆီကနေ ထွက်လာပြီးနောက် ရန်ကိုင်က သူ့ရဲ့လိုဏ်ဂူလေးဆီ

ပြန်လာခဲ့သည်။ ထို့နောက် ရှနင်းချန် သန့်စင်ပေးထားတဲ့ ဆေးလုံးတွေကို ထုတ်လိုက်ပြီး သူ့ခွန်အား

တိုးမြှင့်ခြင်း လုပ်ငန်းကို စတင်လိုက်သည်။ မသုံးတာကြာပြီဖြစ်တဲ့ မွှေးရနံ့အိုးကို ထုတ်ယူလိုက်ပြီး

လေ့ကျင့်တော့လေသည်။

ဆယ်ရက်ကျော်တဲ့အထိ ရန်ကိုင်က လိုဏ်ဂူထဲမှာပဲ ဂူအောင်းလေ့ကျင့်နေခဲ့သည်။ နေ့တိုင်း

ရှနင်းချန်သန့်စင်ပေးထားတဲ့ ဆေးလုံးတွေကို စားသုံးပြီး သူ့ခွန်အားကို တိုးမြှင့်သည်။ နေ့တိုင်း

နေက အရှေ့ဘက်ကနေ ထွက်လာပြီး ရန်ကိုင်ကလည်း ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို နေ့စဉ်

ရက်မပြတ် လေ့ကျင့်ခဲ့သည်။ သူ့ခွန်အားတိုးတက်လာတာနဲ့အမျှ ခန္ဓာသန့်စင်ခြင်းမှတ်တမ်းကို

လေ့ကျင့်ရာတွင် ပိုပြီးခံနိုင်ရည်ရှိလာခဲ့သည်။ ဒါပေမယ့် သူပိုးတက်လာလေ လှုပ်ရှားမှုတွေက

ပိုပြီးခက်ခဲလာလေဖြစ်ပြီး လှုပ်ရှားတစ်ခုစီတိုင်းက သူ့အရိုးတွေအကုန်လုံးကို ပြင်းထန်တဲ့ဖိအား

အောက်တွင် လှုပ်ရှားနေစေရသလို ခံစားရစေခဲ့သည်။

သူ့ရဲ့တိတ်ဆိတ်တဲ့နေရာလေးကို စီနီယာမမလေး ရှနင်းချန်က အစားအသောက်တွေ အမြဲတမ်း

သယ်လာလေ့ရှိပြီး ရန်ကိုင်နှင့် စကားစမြည်ပြောလေ့ရှိသည်။ စကားပြောရင်း ပျင်းလာတာနဲ့ ရှနင်းချန်က

သူ့ကျောက်တုံးကုတင်ပေါ်တွင် တစ်ရေးတစ်မော အိပ်စက်လေ့ရှိသည်။ သူမအိပ်စက်သည့်အချိန်တိုင်း

ရန်ကိုင်ဘယ်လိုပဲ နှိုးနှိုး သူမမနိုးလာခဲ့ချေ။ တစ်နေ့ ရန်ကိုင်လေ့ကျင့်နေတုန်း ဂိုဏ်းချုပ်၏အသံကို

ရုတ်တရက် ကြားလိုက်ရသည် ‘‘ မင်းသတ်ဖြတ်ချင်လား ’’ ထိုစကားကို ရုတ်တရက် ကြားလိုက်ရတဲ့

အတွက် ရန်ကိုင်ထိတ်လန့်သွားခဲ့ရသည်။ ချက်ချင်းပဲ ယွမ်ချီကို လှည့်ပတ်လိုက်ပြီးသူ့သတိကို

အဆုံးစွန်ထိ မြှင့်တင်ထားလိုက်ကာ ထိုအသံကဂိုဏ်းချုပ်အသံဆိုတာ သေချာသွားတော့မှာပဲ

သူစိတ်လျှော့နိုင်ခဲ့သည်။

‘‘ ဆရာဖိုးဖိုး ’’ ရန်ကိုင်က ပတ်ပတ်လည်ကို ကြည့်လိုက်ပေမယ့် လင်းတိုင်ရှု၏ ပုံသဏ္ဍာန်ကို မမြင်တွေ့

ခဲ့ရချေ။ နောက်ဆုံးမှာပဲ ထိုအသံက လင်းတိုင်ရှု၏ နတ်ဘုရားစိတ်အာရုံကနေ လာတယ်ဆိုတာ

သိလိုက်သည်။ လင်းတိုင်ရှုက ထပ်မေးလိုက်သည်။ ဒီတစ်ကြိမ်မှာတော့ ရန်ကိုင်ပြန်ဖြေလိုက်သည်

‘‘ အင်း ’’ ‘‘ ဘယ်လိုလူမျိုးတွေကို မင်းသတ်ချင်လဲ ’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး

တစ်ခဏကြာအောင် တွေးတောလိုက်သည် ‘‘ ကျွန်တော့်ကိုရန်စတဲ့လူတွေ၊ ကျွန်တော့်

မိတ်ဆွေ၊မိသားစုကို ရန်စတဲ့လူတွေ၊ ကျွန်တော့်ရဲ့သိုင်းပညာရပ်လမ်းကြောင်းကို တားဆီးနေတဲ့လူတွေ၊

ကျွန်တော့်ဆီကနေ ခိုးယူရဲတဲ့လူတွေ၊ အဲ့လူတွေ အကုန်လုံးကို သတ်ချင်တယ်။ ကျွန်တော့်ကို

ရန်မစတဲ့ လူတွေကိုတော့ လက်တစ်ချောင်း ရွယ်မှာမဟုတ်ဘူး ’’

လင်းတိုင်ရှု ကြားလား၊မကြားဘူးလား ဆိုတာမသေချာပေမယ့် ရန်ကိုင်ပြောပြီးတာနဲ့ တိတ်ဆိတ်သွားခဲ့သည်။

နေ့တစ်ဝက်လောက် ကြာတဲ့အချိန်မှာတော့ လင်းတိုင်ရှု၏အသံ နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်

‘‘ မင်းကိုယ်မင်း ပြင်ဆင်ထား၊ လဝက်လောက် ကြာရင် ငါမင်းကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ် ’’

‘‘ အင်း ’’ လင်းတိုင်ရှုတွင် အစီအစဉ်တစ်ခုရှိတယ်ဆိုတာ ရန်ကိုင်သိလိုက်သည်။ ဒါပေမယ့် လင်းတိုင်ရှုက

တုန့်ဆိုင်းနေပုံရသည်။ မဟုတ်ရင် ရန်ကိုင်ပြောပြီးတာနဲ့ အချိန်အကြာကြီး သူတိတ်ဆိတ်သွားခဲ့လိမ့်မည်

မဟုတ်ချေ။ အခုအချိန်မှာတော့ ရန်ကိုင်အဖို့ စောင့်နေရုံသာ ရှိတော့ပေမည်။

အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ပြီး လဝက်လည်း ကုန်လွန်သွားခဲ့သည်။ လဝက်အတွင်း

တစ်ညတွင် စုယန်သူ့ဆီလာလည်ခဲ့ပြီး နှစ်ယောက်သား ကုတင်ထက်ဝယ် အချစ်တိုက်ပွဲဆင်နွှဲခဲ့

ကြလေသည်။ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ် လေ့ကျင့်ရတာ ဘယ်လောက်တောင် အကျိုးအမြတ်

ကြီးမားလဲဆိုတာ ရန်ကိုင်သိပေသည်။ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကြောင့် အခုဆိုရင် သူ့ချီစွမ်းအင်က

အံ့အားသင့်ဖွယ်ကောင်းလောက်တဲ့ အတိုင်းအတာအထိ သန့်စင်လာခဲ့ပြီဖြစ်သည်။ အခုအချိန်တွင်

သူ့ချီစွမ်းအင်သန့်စင်မှုက သာမန်အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ၏ အစစ်အမှန်ချီစွမ်းအင်

သန့်စင်မှုအောက် အရမ်းကြီး မနိမ့်ချေ။

အဲ့လိုကြောင့်သာမဟုန်ရင် ဘိုင်ယွမ်ဖုန်းနှင့်တိုက်ခိုက်တုန်းက သူ့လက်ဝါးဓါးသွားက ဘိုင်ယွမ်ဖုန်း၏

အစစ်အမှန်ချီစွမ်းအင်ချည်မျှင်တွေကို ပိုင်းဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။ ရန်ကိုင်နှင့်စုယန်နှစ်ယောက်

စလုံး ထိုအချက်ကို ကောင်းကောင်းနားလည်ပေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်စလုံး

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို အားသွန်ခွန်စိုက် လေ့ကျင့်ကြသည်။ သူတို့အကြိမ်အနည်းငယ်သာ

လေ့ကျင့်ရသေးပေမယ့် ရလဒ်ကတော့ တော်တော်လေး ကြောက်မက်ဖွယ်ကောင်းပေသည်။

ထို့ပြင် လွန်ခဲ့တဲ့လအတွင် ရှနင်းချန် သန့်စင်ပေးထားခဲ့တဲ့ ဆေးလုံးတွေအကုန်လုံးကို သူစားသုံးပြီးသွားခဲ့

ပြီဖြစ်သည်။ ထို့ပြင် ရစ်ခွေနဂါးစမ်းချောင်းဘေးတွင် ထပ်ပြီးလေ့ကျင့်ခဲ့တဲ့အတွက် အခုဆို သူ့ဒန်တန်ထဲတွင်

ယန်အရည်စက်များစွာ ရှိနေပြီဖြစ်သည်။ သူ့ကျင့်ကြံခြင်းအဆင့်ကလည်း ချီသန့်စင်ခြင်းအဆင့်၃သို့

မြင့်တက်လာခဲ့ပေသည်။ ထိုညနေ ရန်ကိုင်က လိုဏ်ဂူဝင်ပေါက်တွင် ထိုင်နေရင်း လေညင်းခံနေခဲ့သည်။

ရုတ်တရက် အဝတ်လှုပ်သံတွေကို သူကြားလိုက်ရသည်။ ‘‘ ဆရာဖိုးဖိုး ’’ ရန်ကိုင်ချက်ချင်း

မတ်တပ်ရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ ထို့နောက် လင်းတိုင်ရှုဘေးနားတွင် နောက်ထပ်

လူတစ်ယောက်ကို သတိပြုမိလိုက်သည် ‘‘ ဘဏ္ဏာထိန်းမန် ’’

‘‘ ဟဲဟဲဟဲ ’’ မန်ဝူရ ပျော်ရွှင်စွာ ရယ်မောနေခဲ့ပြီး သူ့မျက်နှာက ဘောလုံးတစ်လုံးလို ဖြီးနေခဲ့သည်။

ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်ပြီး မန်ဝူရ ဘာလို့ဒီလောက်ပျော်နေမှန်း သူမသိချေ။ ရုတ်တရက်

မန်ဝူရ၏ အပြုံးတောင့်တင်းသွားခဲ့ပြီး ရန်ကိုင်ကို စိုက်ကြည့်နေလိုက်ကာ သူ့မျက်လုံးကနေ

စူးရှတဲ့အလင်းတွေ ထွက်ပေါ်နေခဲ့သည်။ လက်တစ်ဖက်ကို ရန်ကိုင်ပုခုံးပေါ်တင်ပြီး ကျန်တစ်ဖက်ကို

ရန်ကိုင်ဝမ်းဗိုက်ပေါ်တင်ကာ အကျယ်ကြီးအော်လိုက်သည် ‘‘ ထွက်လာခဲ့စမ်း ’’

လင်းတိုင်ရှုက မန်ဝူရကို အံ့အားသင့်စွာကြည့်လိုက်ပြီး ဘာလို့ မန်ဝူရက ရန်ကိုင်ဆီ ရုတ်တရက်

ပြေးသွားပြီး သူ့ကိုချုပ်ထားမှန်း သူမသိချေ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ မန်ဝူရက ရန်ကိုင်ကို

မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူးဆိုတာ သတိပြုမိတဲ့အတွက် သူလည်း ဝင်မပါ

တော့ချေ။

၇န်ကိုင်လည်း ကြောင်အသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး လှုပ်မရတော့ချေ။ သူက ချီသန့်စင်ခြင်းအဆင့်၃အဆင့်

ကျင့်ကြံသူတစ်ယောက်သာ ဖြစ်တဲ့အတွက် မန်ဝူရရှေ့မှာတော့ ကလေးလေးတစ်ယောက်နဲ့ ဘာမှမခြားပေ။

ရုတ်တရက် သူ့ဝမ်းဗိုက်ဆီကနေ စုပ်အားတစ်ခုကို ခံစားမိလိုက်ပြီး နတ်ဆိုးအိုကြီး၏ အော်ဟစ်သံကို

ကြားလိုက်ရလေသည်။ အစောပိုင်းနေ့ကတည်းက နတ်ဆိုးအိုကြီးကို ရန်ကိုင်ပြန်ခေါ်ခဲ့ပြီးသွားပြီဖြစ်လေသည်။

ဒါပေမယ့် နတ်ဆိုးအိုကြီးက သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းနေရင်တောင် မန်ဝူရဆီကနေ ပုန်းကွယ်မနေနိုင်ချေ။

လင်းတိုင်ရှုက ဘာမှားနေလဲဆိုတာ တစ်ချက်ကလေးတောင်သတိမပြုမိတဲ့အချိန် မန်ဝူရအတွက်

အားလုံးကိုမြင်ဖို့ တစ်ခဏတာသာ လိုအပ်ပေသည်။ သူတို့နှစ်ယောက်ကြားက ခွန်အားကွာခြားချက်ကို

အသာလေးသိမြင်နိုင်ပေသည်။

မန်ဝူရလက်က လက်သည်းအသွင် ပြောင်းသွားခဲ့ပြီး ရှေးဟောင်းနဂါးလက်သည်းတစ်ခုအလား

ရုန်းကန်နေတဲ့ အနက်ရောင်မြူခိုးထုကို ရက်ရက်စက်စက် ဆွဲကုတ်လိုက်သည်။ ထိုမြူခိုးထုက

ဝိဉာဉ်ဖျက်စီးခြင်းအရိုးကို ဖုံးလွှမ်းနေတဲ့ နတ်ဆိုးအိုကြီး၏ မြူခိုးပင်ဖြစ်သည်။

မန်ဝူရ၏ သတ်ဖြတ်ချင်စိတ်ကို သတိပြုမိတာနဲ့ နတ်ဆိုးအိုကြီးလည်း ကြောက်လန့်တကြားအော်ဟစ်ပြီး

အနက်ရောင်ဓါတ်ငွေ့ကလည်း ပိုပြီးကြမ်းတမ်းထလာခဲ့သည်။ ထို့နောက် မနှစ်မြို့စရာကောင်းတဲ့

မျက်နှာကြီးတစ်ခု အသွင်ဖြစ်ပေါ်လာခဲ့ပြီး မန်ဝူရလက်ကနေ လွတ်မြောက်အောင် ရုန်းကန်ကြိုးစားနေခဲ့သည်။

လင်းတိုင်ရှုလည်း ချက်ချင်းဖြူရော်သွားခဲ့သည်။ ‘‘ ဘဏ္ဏာထိန်းမန်၊ ခဏစောင့်ဦး၊ သူကငါ့လက်အောက်

ငယ်သား ’’ ရန်ကိုင်က အလျင်စလို ပြောလိုက်သည်။ သူသာနောက်ကျသွားခဲ့ရင် မန်ဝူရက

နတ်ဆိုးအိုကြီးကို နေရာမှာပဲ ဖျက်စီးပစ်မှာကို သူကြောက်မိပေသည်။ မန်ဝူရက ရန်ကိုင်ကို ကြည့်လိုက်ပြီး

အေးစက်စက် လေသံနဲ့ မေးလိုက်သည် ‘‘ ဒါဘာလဲဆိုတာ မင်းသိတယ်လား ’’

‘‘ မိစ္ဆာအရှင်သခင်တစ်ယောက်ရဲ့ စိတ်ဝိဉာဉ်လေ ’’ ရန်ကိုင်ခေါင်းညိတ်လိုက်သည်။

‘‘ သူဘာလဲဆိုတာ မင်းသိလျက်နဲ့ မင်းခန္ဓာကိုယ်ထဲမှာ နားခိုခွင့်ပြုသေးတယ်လား။ သူက

မင်းရဲ့စိတ်ဝိဉာဉ်ကို ဝါးမြိုသွားမှာကို မင်းမကြောက်ဘူးလား ’’ မန်ဝူရလည်း ကြောင်အားသွားခဲ့သည်။

ရန်ကိုင်က မိစ္ဆာဝိဉာဉ်၏ အခွင့်အရေးယူခြင်းကို ခံရတဲ့ဘာမှမသိတဲ့ ဂျူနီယာတစ်ယောက် ဖြစ်ပြီး

သူ့ဆီကိုဦးတည်လာမယ့် အန္တရာယ်တွေကို မသိဘူးလို့တောင် ထင်လိုက်မိလေသည်။

‘‘ သူက ငါ့စိတ်ဝိဉာဉ်ကို မဝါးမြိုနိုင်ပါဘူး ’’ ရန်ကိုင်က ပြုံးလိုက်ပြီး ‘‘နတ်ဆိုးအိုကြီးက ငါ့ကိုသူ့သခင်အဖြစ်

အသိအမှတ် ပြုပြီးသွားပြီ။ အတွေးတစ်ချက်နဲ့တင် သူ့သေခြင်း၊ ရှင်ခြင်းကို ငါဆုံးဖြတ်လို့ရတယ် ’’

‘‘ မင်းကိုသခင်အဖြစ် အသိအမှတ်ပြုတာလား ’’ အခုအချိန်မှာတော့ မန်ဝူရ လုံးဝကိုထိတ်လန့်သွားတော့သည်။

နတ်ဆိုးအိုကြီး၏ ဝိဉာဉ်ကိုသူအလွယ်တကူ ဆွဲထုတ်နိုင်ပေမယ့် ထိုနတ်ဆိုးအသက်ရှင်နေချိန်တုန်းက

တော်တော်လေး အားကောင်းခဲ့မယ်ဆိုတာ သူသိပေသည်။ အခုအချိန်မှာ သူကအားနည်းနေသေးတဲ့

အတွက်ကြောင့်သာဖြစ်ပြီး သူ့အထွတ်အထိပ် ခွန်အားကို ပြန်ရသွားခဲ့မယ်ဆိုရင် ကောင်းကင်စံအိမ်တစ်ခုလုံး

သူ့ကိုတားဆီနိုင်လိမ့်မည် မဟုတ်ချေ။ (ဝိဉာဉ်=စိတ်ဝိဉာဉ် ) ‘‘သူကမင်းကို ဘယ်လိုလုပ်ပြီး သခင်အဖြစ်

အသိအမှတ်ပြုလိုက်တာလဲ ’’ ထိုကိစ္စက တော်တော်လေး အရေးကြီးပေသည်။ မန်ဝူရ အခြေအနေတစ်ခုလုံးကို

သေချာသိရပေမည်။ ရန်ကိုင်လည်း နတ်ဆိုးအိုကြီး သူ့လက်လျှော့သွားတဲ့အကြောင်းကို ချက်ချင်းပဲ

ရှင်းပြလိုက်သည်။

မန်ဝူရ၏အမူအရာ ပြေလျော့သွားခဲ့ပြီး အသာအယာလေး ခေါင်းညိတ်လိုက်သည် ‘‘ တကယ်သာ

ဒီလိုဆိုရင် သူက မင်းရဲ့ထိန်းချုပ်မှုအောက်မှာပဲ ရောက်နေလိမ့်မယ်။ မင်းကိုအန္တရာယ်ပေးလို့ရမှာ

မဟုတ်ဘူး ’’ ‘‘ ငါ့ကိုမြန်မြန်လွှတ်ပေးစမ်း၊ ဒီဆရာသခင်အိုကြီးက သူခင်လေးကို သစ္စာရှိဖို့

နေနဲ့လကို အသိသက်သေထားပြီး ကောင်းကင်နဲ့မြေကြီးရှေ့မှာ ကျိန်ဆိုပြီးသွားပြီ။ အဲ့ဒါက

မင်းကဘာလို့ ဒီဆရာသခင်အိုကြီးကို ဖိနှိပ်နေရသေးတာလဲ။ ကောင်စုတ်လေး၊ ဒီနတ်ဆိုးအိုကြီးသာ

အထွတ်အထိပ်မှာ ရှိနေသေးတယ်ဆိုရင် မင်းအခုလိုဘယ်လိုလုပ်ပြီး ရဲတင်းနိုင်ပါ့မလဲ ’’

နတ်ဆိုးအိုကြီးက အခုအချိန်မှာ ဘာမှမဟုတ်တော့ပေမယ့် တကယ်တော့ သူကနှစ်တစ်သောင်းလောက်

နေခဲ့တဲံ နတ်ဆိုးအိုကြီးတစ်ယောက်ပင် ဖြစ်သည်။ အစောပိုင်းတုန်းက သေလောက်အောင်ကြောက်ရွံ့

နေပေမယ့် အခုအချိန်မှာတော့ သူအန္တရာယ်မရှိတော့ဘူးဆိုတာ သိတဲ့အချက် ပင်ကိုယ်ဗီဇက

ချက်ချင်းပြလာခဲ့လေပြီဖြစ်သည်။

မန်ဝူရက သူ့ဆီကနေအကြည့်လွှဲလိုက်ပြီး မိစ္ဆာဆန်ဆန်ပြုံးကာ ပြောလိုက်သည် ‘‘ ဒီဆရာသခင်အိုကြီးသာ

အထွတ်အထိပ်မှာ ရှိနေတုန်းကဆိုရင် မင်းအဲ့လောက် မောက်မာရဲမလားဆိုတာ ငါသိချင်သေးတယ် ’’

နတ်ဆိုးအိုကြီး ပြောခဲ့တဲ့စကားကို သူပြန်ပြီးပြောခဲ့တာဆိုပေမယ့် သေချာဂရုစိုက်နားထောင်

ကြည့်မယ်ဆိုရင် သူ့အဓိပ္ပါယ်က တစ်မျိုးတစ်ဖုံ ကွဲပြားနေတယ်ဆိုတာ သတိပြုမိနိုင်ပေသည်။

နတ်ဆိုးအိုကြီး ကြောင်အသွားခဲ့ပြီး ချက်ချင်းပဲ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြောလိုက်သည် ‘‘ မင်း….မင်းက …’’

မန်ဝူရ အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး နတ်ဆိုးအိုကြီးကို လွှတ်ပေးလိုက်သည်။ နတ်ဆိုးအိုကြီးလည်း

ကြောင်ကိုတွေ့တဲ့ ကြွက်တစ်ကောင်လို အနက်ရောင်မြူခိုးအဖြစ်ပြောင်းကာ ချက်ချင်း

၇န်ကိုင်ခန္ဓာကိုယ်ထဲ ပြေးဝင်သြွးခဲ့ပြီး စကားတစ်လုံးတောင် မဟရဲတော့ချေ။

သူပိုပြီးထိတ်လန့်သွားရတာက သူကဆရာသခင်အိုကြီး တစ်ယောက်ဖြစ်ပြီး ရန်ကိုင်ခန္ဓာကိုယ်အတွင်း

ပိုင်းထဲတွင် ပုန်းကွယ်နေခဲ့ပေမယ့် မန်ဝူရ၏အမြင်အောက်ကနေ မလွတ်မြောက်နိုင်ခဲ့ချေ။ ဒီလူအိုကြီးက

မြင်ရသလောက် မရိုးရှင်းချေ။ အဖြစ်အပျက်တစ်ခုလုံး လင်းတိုင်ရှုက စကားတစ်လုံးတောင်မပြောပဲ

တောက်လျှောက် တိတ်ဆိတ်နေခဲ့သည် ။ အခုမှာပဲ လင်းတိုင်ရှုက ပြောလိုက်သည် ‘‘ မိစ္ဆာအရှင်သခင်

ဆိုတာ ယုံကြည်လို့မရဘူး။ မင်သတိထားသင့်တယ် ’’

‘‘ တပည့်နားလည်ပါတယ် ’’ ရန်ကိုင်က ခေါင်းညိတ်ပြလိုက်သည်။

‘‘ မင်းအဆင့်သင့်ဖြစ်ပြီလား ’’

‘‘ အင်း ’’

လွန်ခဲ့တဲ့နေ့တွေတုန်းက စုယန်နှင့်ရှနင်းချန်ကို သူရှင်းပြပြီးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဘာမှထပ်ပြီး

ပြင်ဆင်စရာ မရှိတော့ချေ။

‘‘ အဲ့လိုဆိုရင် သွားကြတာပေါ့ ’’ လင်းတိုင်ရှုက ရန်ကိုင်လက်ကို ကိုင်ပြီးလိုဏ်ဂူထဲကနေ ပျံသန်းထွက်သွားကာ

ရစ်ခွေနဂါးစမ်းချောင်းအောက်ခြေကို ဦးတည်သွားလိုက်သည်။ မန်ဝူရကလည်း နောက်ကနေ လိုက်လာခဲ့သည်။

လေတဝှီဝှီတိုက်ခတ်နေခဲ့ပြီး ရစ်ခွေနဂါးစမ်းချောင်းက အဆုံးမရှိတဲ့ ပုံပေါက်နေခဲ့ကာ ရန်ကိုင်အားစိုက်ပြီး

စူးစိုက်ကြည့်တာတောင် အောက်ခြေကိုမမြင်ရချေ။

ဆရာဖိုးဖိုးသူ့ကို ခေါ်သွားချင်တဲ့နေရာက ရစ်ခွေနဂါးစမ်းချောင်းအောက်ခြေတော့ မဖြစ်နိုင်ဘူးမလား။

မဖြစ်နိုင်ပေ။ သူတောင်အောက်ခြေကို အလျင်စလို ဆင်းမသွားရဲရင် ၇န်ကိုင်ကို အောက်ခြေဆီ

ခေါ်သွားချင်တာ မဖြစ်နိုင်ချေ။ ပေတစ်ထောင်လောက် ဆင်းပြီးတဲ့အချိန်မှာတော့ လင်းတိုင်ရှုက

ရစ်ခွေနဂါးစမ်းချောင်း၏ ရေကာတာဘက်ကို သွားလိုက်သည်။ တစ်ခဏကြာပြီးတဲ့နောက်မှာတော့

သူတို့သုံးယောက် ရပ်တန့်လိုက်ကြသည်။

ညသန်းခေါင်အချိန်တွင် လင်းတိုင်ရှုနှင့်မန်ဝူရတို့က လေထဲတွင် လွင့်မျောနေခဲ့ပြီး သူ့တို့ရှေ့ရှိ

ကျောက်တုံးပြားပြားတစ်ခုကို ငေးကြည့်နေခဲ့ာကသည်။ ‘‘ ဒီနေရာလား ’’ မန်ဝူရကမေးလိုက်သည်။

‘‘ ဟုတ်တယ် ’’ လင်းတိုင်ရှုက ခေါင်းညိတ်ပြလိုက်သည် ‘‘ငါတို့နှစ်ယောက်ရဲက ချီစွမ်းအင်ကို အဲ့ထဲ

တည့်ပေးရမယ် ’’

‘‘ ကောင်းတယ် ’’

‘‘ အဲ့လိုဆိုရင် ငါမင်းကိုဒုက္ခပေးရဦးမယ် ’’

‘‘ ငါတို့ကြားမှာ ယဉ်ကျေးနေစရာ မလိုပါဘူး ’’ မန်ဝူရ၏အပြုံးက နားရွက်တက်ချိတ်တော့မတတ်

ဖြီးနေခဲ့သည်။ သူသာ ရန်ကိုင်ကောင်စုတ်လေးကို အဝေးပို့နိုင်သရွေ့ သူ့အစစ်အမှန်ချီကုန်ဆုံး ရမယ်ဆိုရင်တောင် ဒီလူအိုကြီးက ပျော်ပျော်ရွှင်ရွှင်နဲ့ လက်လှမ်းကူညီးပေးမှာပဲဖြစ်သည်။

အဲ့ဒါကြောင့် လင်းတိုင်ရှုက ရန်ကိုင်ကိုအဝေးတစ်နေရာဆီပို့ဖို့ မန်ဝူရဆီ အကူအညီတောင်းတဲ့အချိန် မန်ဝူရက တုန့်ဆိုင်းခြင်းအလျင်းမရှိ ချက်ချင်းသဘောတူခဲ့လေသည်။

Martial Peak

အပိုင်း (၂၁၄) လင်းတိုင်ရှု၏ အစီအစဉ်များ

‘‘ စကြစို့ ’’ လင်းတိုင်ရှုက ပြောလိုက်သည်ပြီး အစစ်အမှန်ချီကို စတင်လှည့်ပတ်လိုက်ကာ သူ့လက်ဝါးကို သူ့ရှေ့ရှိ ကျောက်တုံးနံရံပေါ် ဖိကပ်လိုက်သည်။ မန်ဝူရလည်း ထိုနည်းတူပဲ သူ့လက်ဝါးကို ဆန့်ကျင်ဘက် နံရံမျက်နှာဆီ ဖိကပ်လိုက်၏။ ထိုမွန်းစတာအိုကြီးနှစ်ယောက်က ရေတံခါးနှစ်ခုအလား သူတို့ဆီကနေ ချီစွမ်းအင်တွေကို ကျောက်ဆုံးနံရံဆီ အဆက်မပြတ် ပို့လွှတ်နေခဲ့လေသည်။ သာမန်လို့ထင်ရတဲ့ ကျောက်တုံးနံရံ

ကအခုအချိန်မှာတော့ အဆုံးမရှိတဲ့ တွင်းပေါက်ကြီးတစ်ခုအလား မန်ဝူရနှင့်လင်းတိုင်ရှုတို့၏ ချီစွမ်းအင်တွေကို

အငမ်းမရ ဝါးမြိုနေခဲ့၏။ ရန်ကိုင်က ဘေးဘက်မှာသာ မတ်တပ်ရပ်နေခဲ့ပြီး တိတ်တိတ်လေး ကြည့်နေခဲ့သည်။

ကျောက်တုံးနံရံတွင် မဖော်ပြနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုခု ရှိရပေမည်။ မဟုတ်ရင် အခုလိုမျိုး ထူးဆန်းနေလိမ့်

မည်မဟုတ်ချေ။

ပြီးတော့ ထိုကျောက်တုံးနံရံက ရစ်ခွေနဂါးစမ်းချောင်းထဲမှာ ရှိတာဆိုတော့……ဖြစ်နိုင်တာက

အဲ့ဒါက တစ်မျိုးတစ်ဖုံ ဆက်စပ်နေနိုင်လေသည်။

လက်ဖက်ရည်တစ်ခွက်စာလောက် ကြာတဲ့အချိန်မှာတော့ မန်ဝူရနှင့်လင်းတိုင်ရှုတို့၏ နဖူးထက်တွင်

ချွေးသီးတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ‘‘ ညီအစ်ကိုလင်း၊ ဒီနေရာက တကယ့်နေရာအမှန်ကော ဟုတ်ရဲ့လား ’’ မန်ဝူရက မျက်မှောင်ကြုံ့လိုက်ပြီး လင်းတိုင်ရှုကို မေးခွန်းထုတ်လိုက်သည်။

‘‘ ဒီနေရာပဲ ’’ လင်းတိုင်ရှုက ယုံကြည်ချက်အပြည့်နဲ့ ပြောလိုက်သည်။

နောက်ဆုံးမှာတော့ ကျောက်တုံးနံရံက တုန့်ပြန်လာခဲ့သည်။ ကျောက်တုံးနံရံမျက်နှာပြင်ပေါ်တွင်

အနက်ရောင်လှိုင်းတွန့်လေးတွေ ထွက်ပေါ်လာခဲ့ပြီး အလယ်ဗဟိုစီကနေ ဘေးဘက်ကို တဖြည်းဖြည်း

ကျယ်ပြန့်လာခဲ့သည်။ လင်းတိုင်ရှုနှင့် မန်ဝူရတို့လည်း ပိုပြီးအားထုတ်လိုက်ကြသည်။ လှိုင်းတွန့်

လေးတွေက တဖြည်းဖြည်းကြီးမားလာခဲ့ပြီး ပိုပြီးပြင်းထန်လာခဲ့သည်။ တည်ငြိမ်နေတဲ့ ရေကန်လေးတစ်ခုက

ကျောက်တုံးလေးတွေကြောင့် လှိုင်းတွန့်လေးတွေ ထွက်ပေါ်လာသလို ဖြစ်သည်။ နောက်ဆုံးမှာတော့

လှိုင်းတွန့်လေးတွေကနေ စွမ်းအင်ဝဲကတော့ ဖြစ်လာခဲ့လေသည်။

မန်ဝူရမျက်ခုံးပင့်လိုက်ပြီး ထိတ်လန့်တကြား ပြောလိုက်သည်

‘‘ဒါက တကယ်ပဲ နှစ်ဆင့်လေဟာနယ် လျှောက်လမ်းတစ်ခုပဲ ။ ညီအစ်ကိုလင်း၊ မင်းတို့ကောင်းကင်စံအိမ်တည်ထောင်သူက တကယ်ကို အားကောင်းတာပဲ ’’ လင်းတိုင်ရှု့ ပြုံးလိုက်ပြီး သူ့လက်ကိုပြန်ရုတ်လိုက်သည်။ မန်ဝူရလည်း အလျင်စလို

သူ့လက်ကို ပြန်ရုတ်လိုက်သည်။

သူ့တို့နှစ်ယောက် ချီစွမ်းအင်ဖြည့်သွင်းတာ ရပ်တန့်လိုက်ပေမယ့် ကျောက်တုံးနံရံပေါ်က ပြောင်းလဲမှုတွေက

ဆက်ပြီးဖြစ်ဟွားနေတုန်းပင်ဖြစ်သည်။ လှိုင်းတွန့်လေးတွေ့ ဆက်လက်ကျယ်ပြန့်နေခဲ့ပြီး ရုတ်တရက်

အနက်ရောင်အပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အနက်ရောင်အပေါက်ကို ငေးကြည့်ရင်း

သူ့စိတ်ဝိဉာဉ် စုပ်ယူခံနေရသလို ရန်ကိုင်ခံစာ့လိုက်ရသည်။ မန်ဝူရက ပြုံးပြီး သူ့ကိုကြည့်လိုက်သည်။

သူ့ပုခုံးကို ဖွဖွလေးပုတ်ပေးရင်း တုန့်ဆိုင်းတုန့်ဆိုင်းဟန်ဖြင့် ပြောလိုက်သည် ‘‘ကောင်လေးရန်၊ ဂရုစိုက်ဦး ’’

ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်သည်။ ဒီနေ့မန်ဝူရ၏အပြုအမူက အရမ်းကိုရင်းနှီးနေလွန်းပေသည်။

‘‘ ကောင်းကင်စံအိမ်မှာ ငါမရှိတဲ့ရက်အနည်းငယ်အတွင်း အစ်ကိုမန်ကို ကောင်းကင်စံအိမ်ကို ကောင်းကင်စံအိမ်ကို ကြည့်ရှုပေးဖို့ အကူအညီတောင်းရဦးမယ် ’’ လင်းတိုင်ရှုက ပြောလိုက်သည်။ ထို့နောက် ရန်ကိုင်နှင့်အတူ အနက်ရောင်အပေါက်ထဲကို ဝင်ရောက်သွားခဲ့သည်။ မဝင်ခင် ရန်ကိုင်လှည့်ကြည့်လိုက်တဲ့ အချိန် မန်ဝူရကအပြုံးကြီးပြုံးရင် သူ့ကိုလက်ဝှေ့ရမ်းပြနေတာကို တွေ့လိုက်ရသည်။

လင်းတိုင်ရှုနှင့်ရန်ကိုင်တို့ အနက်ရောင်အပေါက်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားတာနဲ့ ကျောက်တုံးနံရံပေါ်က

အနက်ရောင်အပေါက်လည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သာမန်နံရံတစ်ခုသာ ပြန်ဖြစ်သွားခဲ့သည်။

သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး မန်ဝူရက နေရာမှာပဲ ရပ်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက်

အကျယ်ကြီး အော်ရယ်လိုက်သည်။

‘‘ ဟား ဟား ဟား ဟား ဟား ’’

သူ့ရယ်သံက ကောင်းကင်စံအိမ်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်းတစ်ခုလုံးကို

တုန်ခါသွားစေခဲ့သည်။ များစွာသော ကောင်းကင်စံအိမ်တပည့်တွေ နိုးလာခဲ့ကြပြီး ကြောက်ရွံ့မှုကြောင့်

တုန်ရီနေခဲ့ကြသည်။

ကောင်းကင်က ငါ့ကိုကောင်းချီးပေးနေတာပဲ။ ဒီကောင်စုတ်လေးကို နောက်ဆုံးတော့ အဝေးကိုပို့နိုင်ခဲ့ပြီ။

အခုဆို ငါ့ချစ်တပည့် အသည်းတုံးလေးကို နှောင့်ယှတ်မယ့်သူ တစ်ယောက်မှ မရှိတော့ဘူး။

ကောင်းလိုက်တာ…ဒီကောင်စုတ်လေး ပြန်လာဖို့ ဘယ်လောက်ကြာမလဲဆိုတာ ဘယ်သူသိမလဲ။

တစ်နှစ်..နှစ်နှစ်လည်း ဖြစ်နိုင်တာပဲ။ သူသာမရှိသရွေ့ ငါ့ချစ်တပည့်လေးက သူ့ကိုမေ့သွားမှာပဲ။

သူမကိုသာ နှောင့်ယှတ်မယ့်သူ တစ်ယောက်မှ မရှိတော့ရင် ငါ့တပည့်လေးလည်း အေးအေးဆေးဆေးနဲ့

မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်မှာပဲ။

သူ့ရဲ့ကံကောင်းမှုကို ကြည်နူးနေရင်း မန်ဝူရက ထပ်ခါထပ်ခါ အော်ရယ်နေခဲ့သည်။ အနက်ရောင်အပေါက်

ထဲမှာတော့ ပရမ်းပတာဖြစ်နေတဲ့ အပေါက်တစ်ပေါက် ရှိနေခဲ့ပေမယ့် ထိုမြင်ကွင်း အသက်နှစ်ရှိုက် သုံးရှိုက်

စာလောက်သာ ကြာပေသည်။ ရှေ့ဆက်ကြည့်လိုက်တဲ့အချိန် အလင်းရောင်ကို တွေ့မြင်လိုက်ရပြီး

ရုတ်တရက် သူ့ဆရာဖိုးဖိုးနှင့်အတူ ထူးဆန်းတဲ့ကုန်းမြေတစ်ခုကို ရောက်ရှိလာခဲ့သည်။

လင်းတိုင်ရှုက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ခပ်မြန်မြန်ပဲ မိုးကုတ်စက်ဝိုင်းအောက်ဆီ ပျံသန်းသွားလိုက်ပြီး သီးခြားနေရာတစ်ခုတွင် ရပ်တန့်လိုက်ပြီး ရန်ကိုင်ကိုထိုင်ဖို့ ပြောလိုက်သည်

‘‘ ငါ့ကိုခဏစောင့်ကြပ်ပေးဦး။ ငါအားပြန်ပြည့်ရဦးမယ် ’’

ရန်ကိုင်လည်း ခေါင်းညိတ်လိုက်လေသည်။ လင်းတိုင်ရှုက ချီအားဖြည့်ဆေးတစ်လုံးကို သောက်လိုက်ပြီး

နှစ်နာရီလောက်ကြာအောင် တင်ပလင်ခွေထိုင်နေလိုက်သည်။ အားပြန်ဖြည့်ပြီးတာနဲ့ ရန်ကိုင်ကိုသယ်ပြီး

နောက်တစ်ကြိမ် ဆက်ပြီးပျံသန်းပြန်လေသည်။

ကိုယ့်ဘာသာကိုယ် ပျံသန်းရတာနဲ့ သူများကိုအားကိုပြီး ပျံသန်းရတာက တော်တော်လေး ကွာခြားပေသည်။

လင်းတိုင်ရှုက သူ့ကိုချီစွမ်းအင်းနဲ့ ကာကွယ်ပေးထားတဲ့အတွက် လေပြင်းဒဏ်ကို ရန်ကိုင်မခံစားရချေ။

‘‘ ဆရာဖိုးဖိုး၊ ရစ်ခွေနဂါးစမ်းချောင်းအောက်က အနက်ရောင်တွင်းပေါက်ကြီးက ဘာလဲ ’’ ရန်ကိုင်က

သိချင်စိတ်အပြည့်နဲ့ မေးလိုက်သည်။

‘‘ အဲ့ဒါက တည်ထောင်သူ ချန်ထားရစ်ခဲ့တဲ့ တစ်နေရာကနေ တစ်နေရာကို ကူးသန်းသွားလာနိုင်တဲ့

လေဟာနယ်လျှောက်လှမ်းတစ်ခုပဲ။ အဲ့ဒါနဲ့ဆိုရင် ကောင်းကင်စံအိမ်ကနေ အခြားတစ်နေရာကို

အလွယ်တကူ သွားလို့ရတယ်။

အဲ့ဒါဘယ်လိုအလုပ်လုပ်လဲဆိုတာတော့ ငါလဲမသိဘူး။

တကယ်တော့ တည်ထောင်သူရဲ့ခွန်အားနဲ့ယှဉ်မယ်ဆိုရင် ငါ့ခွန်အားက ဘာမှမပြောပလောက်ဘူးလေ ’’

‘‘ ကျွန်တော်တို့ အခုဘယ်လောက် ဝေးဝေးသွားပြီးပြီလဲ ’’ ရန်ကိုင် ထိတ်လန့်သွားခဲ့သည်။

အခုလိုထူးခြားတဲ့ လေဟာနယ်လျှောက်လှမ်း ကမ္ဘာကြီးမှာ ရှိနေလိမ့်မယ်လို့ ရန်ကိုင်တစ်ခါမှ

မတွေးခဲ့ဖူးချေ။

‘‘ လီတစ်သောင်းလောက် ’’ လင်းတိုင်ရှုက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်သည်။ ရန်ကိုင်သက်ပြင်းရှိုက်လိုက်သည်။

လင်းတိုင်ရှုနှင့်မန်ဝူရတို့နှစ်ယောက်က ကျောက်တုံးနံရံထဲကို ချီစွမ်းအင်ဖြည့်သွင်းတဲ့အချိန်ကနေစပြီး

အခုအချိန်ထိ နာရီဝက်သာ ရှိသေးပေသည်။ နာရီဝက်အတွင်း သူတို့လီတစ်သောင်းသွားခဲ့ပြီးပြီဖြစ်သည်။

ရန်ကိုင်၏စိတ်စွမ်းအားက သန်မာတယ်ဆိုပေမယ့် အခုလိုထူးခြားလွန်းတဲ့ အဖြစ်အပျက် သူ့ကို

ကြောင်အသွားစေခဲ့ပြီး ကြက်သေသေသွားစေခဲ့သည်။

‘‘ ငါမင်းကိုဘယ်နေရာကို ခေါ်သွားမယ်ဆိုတာ မင်းဘာလို့ မမေးတာလဲ ’’ လင်းတိုင်ရှုကရန်ကိုင်ကို

စိတ်ဝင်တစား ကြည့်လိုက်သည်။ ‘‘ ဆရာဖိုးဖိုးက ကျွန်တော့်ကို သိစေချင်ရင် ဆရာဖိုးဖိုးက ပြောပြပြီးသွားလောက်ပြီပေါ့။ ဆရာဖိုးဖိုးက ကျွန်တော့်အတွက် သင့်တော်တဲ့နေရာတစ်ခုကို

ခေါ်သွားနေယ်ဆိုတာ ကျွန်တော်ယုံတယ် ’’´

‘‘ မင်းကပွင့်လင်းပြီး ယုံကြည်စရာကောင်းတဲ့ လူတစ်ယောက်ပဲ….’’ လင်းတိုင်ရှုက ပြုံးလိုက်သည်။ သူဆက်ပြီး ရှင်းပြလိုက်သည် ‘‘ငါမင်းကိုပို့ချင်တဲ့နေရာက သတ်ဖြတ်တဲ့နေရာတစ်ခုပဲ။ အဲ့နေရာမှာ အကြောင်းပြချက်မရှိပဲ လူသတ်လို့ရတယ်။ အဲ့နေရာမှာက ခွန်အားကိုပဲ လေးစားပြီး လူတိုင်းကတောတွင်းဥပဒေကို ကျင့်သုံးတယ်။ မင်းစိတ်ကို သေချာပြင်ဆင်ထားသင့်တယ် ’’

ရန်ကိုင်အံ့အားသင့်သွားခဲ့သည်

‘‘ အဲ့နေရာမှာ ကျွန်တော်ဘာလုပ်ရမှာလဲ ’’

‘‘ လေ့ကျင့်ရမှာ။ ပိုပြီသန်မာလာအောင် လေ့ကျင့်ပြီး သိုင်းပညာခရီးလမ်းရဲ့ အစစ်အမှန်အနှစ်သာရကို

လေ့လာရှာဖွေရမှာ ’’ လင်းတိုင်ရှုက အသက်ပြင်းပြင်း ရှုလိုက်ပြီး ‘‘မင်းမသွားချင်ရင် ငါမင်းကို အခုချက်ချင်း

ပြန်ခေါ်သွားပေးလို့ရတယ် ’’

‘‘ မလိုဘူး။ ကျွန်တော်သွားမယ် ’’ လေ့ကျင့်တာနဲ့ ပက်သက်ပြီး ရန်ကိုင်စိတ်လှုပ်ရှားပေသည်။ ခွန်အားကို

ဆာလောင်တာက ကျင့်ကြံသူတိုင်းမှာရှိတဲံ အချက်တစ်ချက်ပဲ ဖြစ်သည်။ သန်မာမှာသာ ရန်စစော်ကား၊

အနိုင်ကျင့်မခံရမှာ ဖြစ်သည်။ သန်မာမှသာ သိုင်းပညာရပ်ခရီးလမ်းကို ဆက်လက်လျှောက်လှမ်း

နိုင်မှာဖြစ်ပြီး လိုချင်တောင့်တတဲ့ ပိုပြီးကောင်းမွန်တဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်သည်။

‘‘ အဲ့နေရာမှာ မင်းအသက်ကို ခြိမ်းခြောက်နိုင်တဲ့ အန္တာရာယ်ကို ကြုံတွေ့နိုင်တယ်ဆိုရင်တောင်မှ

မင်းသွားချင်သေးတယ်ပေါ့ ’’ လင်းတိုင်ရှုက မေးလိုက်သည်။

‘‘ အင်း၊ သွားချင်တယ် ’’

‘‘ ဟားဟားဟား၊ မင်းအဖေနဲ့မင်းက လုံးဝကိုဆန့်ကျင်ဘက်ပဲ ။ ဒီဆရာသခင်အိုကြီးက မင်းအဖေကို

ဒီမေခွန်းတစ်ကြိမ် မေးခဲ့ဖူးတယ်။ သူဘာပြန်ဖြေတယ်လို့ မင်းထင်လဲ ’’

ရန်ကိုင်က တစ်ခဏလောက် တွေးလိုက်ပြီး နောက် ရန်ယန်ဖုန်း၏ တည့်တိုးဆန်ပြီး ရိုးသားတဲ့ပုံစံကို

ပြန်သတိရလိုက်သည်။ ထို့နောက် ချက်ချင်းပဲ ပြန်ဖြေလိုက်သည်

‘‘ ကျွန်တော်လူမသတ်ချင်ဘူး။ ကျွန်တော်မသွားဘူး ’’

လင်းတိုင်ရှုက စက္ကန့်ဝက်လောက် တန့်နေခဲ့ပြီးနောက် ရုတ်တရက် အော်ဟစ်ရယ်မော့တော့လေသည်။

‘‘ မင်းအထင်အမြင်က မဆိုးပါဘူး။ သားတွေကို အဖေတွေက အသိဆုံးတဲ့။ ကြည့်ရတာတော့ အဲ့ဒါရဲ့

ဆန့်ကျင်ဘက်က အမှန်ထင်တယ် ’’

နောက်ဆုံး လူမသတ်ချင်ရင် ကိုယ့်ဆီကိုပဲ ပြဿနာတွေ သယ်ဆောင်လာလိမ့်မယ်။ မင်းတို့ရန်မိသားစုက

ဝံပုလွေတွေ၊ ကျားတွေလို တစ်ယောက်ကို တစ်ယောက် ရန်စောင်နေကြတာ။ သူသာ မသန်မာရင် ရန်မိသားစုဆီ သူပြန်သွားတာနဲ့ သူ့ကိုယ်သူ ဒုက္ခရောက်စေလိမ့်မယ်။

ဒီရန်ကိုင်ဆိုတဲ့ ကောင်လေးကို သွေးနဲ့သတ်ဖြတ်ခြင်းလေထုက ဝန်းရံနေတယ်။ သူချစ်တဲ့သူတွေနဲ့ သူ့ကိုယ်သူ ကာကွယ်ဖို့ လုံလောက်တဲ့ခွန်အားမရှိဘူးဆိုရင် အနိုင်ကျင့်ခံရတာတွေကို သူခံနိုင်မှာ မဟုတ်ပါဘူး။

သူသာမိစ္ဆာလမ်းကြောင်းထဲ ရောက်သွားရင် ကမ္ဘာကြီးတစ်ခုလုံးရဲ့ ရန်ဘက်ဖြစ်သွားလိမ့်မယ်။ အား..

တပည့်ရေ၊ မင်းကိုမပြောလို့ဆိုပြီး ဒီဆရာကို ရက်စက်ပြီး နှလုံးသားမဲ့တယ်လို့ အပြစ်မတင်နဲ့ကွာ။

မင်းကိုပြောရင်တောင ်မင်းလက်ခံမှာမဟုတ်လောက်ဘူး။

‘‘ ဆရာဖိုးဖိုး၊ ကျွန်တော်တို့ ဘယ်ကိုသွားမှာလဲ ’’ ရန်ကိုင်က ပြုံးပြီးမေးလိုက်သည်။

‘‘ ငါတို့မဟုတ်ဘူး။ မင်းပဲသွားမှာ။ ဒီဆရာသခင်အိုကြီးက မင်းကိုလိုက်ပို့ရုံပဲ။ မင်းလည်း အခုသွားမယ့်

နေရာကို ကြားဖူးလောက်မှာပါ။ အဲ့နေရာကို သေမင်းတောင်လို့ ခေါ်ကြတယ် ’’

ရန်ကိုင်အပြုံးရုတ်တရက် အေးခဲသွားခဲ့ပြီး သူ့မျက်နှာပေါ်တွင ်မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေခဲ့သည်။

အချိန်အတော်ကြာ တုန့်ဆိုင်းနေပြီးနောက် ဆက်ပြီးတော့ မေးဖို့ဆုံးဖြတ်လိုက်သည်

‘‘ ဆရာဖိုးဖိုး၊ ဆရာဖိုးဖိုးပြောတဲ့ သေမင်းတောင်ဆိုတာက အဲ့သေမင်းတောင်ကို ပြောတမဟုတ်ပါဘူးနော် ’’

‘‘ ဟုတ်တယ်၊ အဲ့သေမင်းတောင်ပဲ ’’

ရန်ကိုင်မျက်နှာပိုပြီးခါသီးသွားတဲ့ ပုံပေါက်သွားခဲ့သည်။

သေမင်းတောင်က ကျင့်ကြံသူတွေကြားမှာ ကျော်ကြားတဲ့ တားမြစ်နေရာတစ်ခုပင်ဖြစ်သည်။

ကျင့်ကြံသူများစွာက သေမင်းတောင်ထဲ ဝင်သွားခဲ့ပေမယ့် ဘယ်သူမှအသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ချေ။

တကယ်တော့ ဒါက ချဲ့ကားပြောဆိုထားတာပဲဖြစ်သည်။ တကယ့်အစစ်အမှန်ကတော့ သေမင်းတောင်ထဲ

ဝင်သွားရင် သေမှာမသေချာချေ၊ ဒါပေမယ့် အဲ့နေရာထဲကို သွားတာက ကိုယ့်ကိုယ်ကို သေကြောင်းကြံ

နေတယ်ဆိုတာကတော့ ငြင်းဆိုမရတဲ့ အချက်တစ်ချက်ပင်ဖြစ်သည်။ ကောင်းကင်စံအိမ်က

လေနက်တောင်နဲ့ယှဉ်ရင် သေမင်းတောင်ဆီက အန္တရာယ်က အဆပေါင်းများစွာ ပိုပြီးမြင့်မားပေသည်။

လေနက်တောင်ထဲတွင ်အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတစ်ယောက်အဖို့ လွတ်လွတ်လပ်လပ်

လှုပ်ရှားနိုင်ပေသည်။ သူ့ကံက အရမ်းကြီးမဆိုးနေသရွေ့တော့ ရက်စက်ကြမ်းကြုတ်လွန်းပြီး

အဆင့်မြင့်တဲ့ မိစ္ဆာသားရဲတွေနဲ့ တွေ့လိမ့်မည်မဟုတ်ချေ။ ဒါပေမယ့် သေမင်းတောင်ကတော့

အင်မော်တယ်တက်လှမ်းခြင်းအဆင့်တွေတောင် ကိုယ့်အသက်ကိုယ် မနည်းထိန်းထိန်းသိမ်းသိမ်း

နေရတဲ့နေရာတစ်ခုဖြစ်ပေသည်။

သေမင်းတောင် အရမ်းကိုအန္တရာယ်များလွန်းတဲ့အတွက် တားမြစ်နေရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထိုသေမင်းတောင်က ဟန်မင်းဆက်တစ်ခုလုံးတွစ ်တစ်ခုတည်းရှိတဲ့ တားမြစ်နေရာတစ်ခုဖြစ်သည်။

ကမ္ဘာကြီးတစ်ခုလုံးတွင် သေမင်းတောင်လို အခြားတားမြစ်နေရာတွေ အများကြီး ရှိသေးပေသည်။

ဟန်မင်းဆက်နှင့် ကပ်နေတဲ့ တန်းလန်မင်းဆက်တွင် စွန့်ပစ်မြေကမ္ဘာလို့ ခေါ်တဲ့တားမြစ်နေရာတစ်ခု

ရှိတယ်လို့ ရန်ကိုင်ကြားဖူးပေသည်။ ထိုတားမြစ်မြေကမ္ဘာတွင် အန္တရာယ်မျိုးစုံနှင့် ပြည့်နှက်နေခဲ့ပြီး အန္တရာယ် တစ်ခုချင်းစီတိုင်းကလည်း အသက်ကို ခြိမ်းခြောက်နိုင်ပေသည်။ ထို့ထက်တောင် ပိုချင်ပိုနိုင်ပေသည်။

တားမြစ်နေရာတွေက ထူးဆန်းတဲ့မိစ္ဆာသားရဲမျိုးစုံနဲ့ ပြည့်နေခဲ့ပြီး မဆင်မခြင် တားမြစ်နေရာထဲ ဝင်သွားတာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပင်ဖြစ်သည်။ သူတို့နေရာက

တော်တော်လေး ကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတစ်ခုဖြစ်ပေမယ့် လင်းတိုင်ရှုမှာ အစီအစဉ် ရှိလိမ့်မယ်လို့

ရန်ကိုင်ယုံကြည်ပေသည်။

လုံလောက်တာထက် ပိုနေခဲ့ပြီ။ လင်းတိုင်ရှုက ရန်ကိုင်အမူအရာကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး နောက်ဆုံး

သူ့တုန့်ပြန်မှုကြောင့် ကျေနပ်သွားခဲ့သည် ‘‘ ငါတို့က သေမင်းတောင်အတွင်းပိုင်းထဲကို သွားမှာမဟုတ်ဘူး။

ထူးဆန်တဲ့နေရာတစ်ခုရှိတဲ့ လီငါးရာအတွင်းကိုပဲ သွားမှာ။ အဲ့နေရာက မင်းတို့အဆင့်ကျင့်ကြံသူတွေအတွက်

အတွေ့အကြုံရဖို့ အသုံးဝင်တယ် ’’

‘‘ ဘယ်လိုနေရာမျိုးလဲ ’’ ရန်ကိုင်မေးလိုက်သည်။

‘‘ ရှင်းပြဖို့ခက်တယ်။ ဒါပေမယ့် တိုတိုပြောရမယ်ဆိုရင်တော့ သာမန်မဟုတ်တဲ့ နေရာတစ်ခုပဲ။

ဒီဆရာသခင်အိုကြီးလည်း အဲ့နေရာကို အရင်တုန်းက ငါ့ဆရာနဲ့သွားခဲ့ဖူးတယ်။ မင်းအဖေကို

အဲ့နေရာဆီငါပို့ချင်ပေမယ့် သူက ငြင်းခဲ့တယ်။ အခုမင်းအလှည့်ရောက်လာခဲ့ပြီ ’’

‘‘ အဲ့နေရာကနာမည်ဆိုးနဲ့ ကျော်ကြားတယ်။ ဒါကြောင့် အဲ့နေရာ ကြိုရောက်နေတဲ့ လူတွေအများကြီး

ရှိနေနိုင်တယ်။ မင်းအတွက် ငါတို့နေရာတစ်ခု ရနိုင်၊မရနိုင်ကြည့်ရတာပေါ့။ ငါတို့သာ အေးအေးဆေးဆေးနဲ့

နေရာတစ်ခုရခဲ့ရင် မင်းတစ်ခု မှတ်ထားသင့်တယ်။ လူတိုင်းက မင်းရန်သူပဲ။ ဘယ်သူ့ကိုမှ မယုံနဲ့ ’’

‘‘ တပည့်နားလည်ပါတယ် ’’

‘‘ မဟုတ်ဘူး။ မင်းနားမလည်ဘူး ’’ လင်းတိုင်ရှုက ဖြေးဖြေးချင်း ခေါင်းခါလိုက်သည် ။ သူ့လေသံက

အလွန်အမင်း တည်ငြိမ်သွားခဲ့ပြီး ‘‘အဲ့နေရာက မင်းဘေးနားမှာရှိတဲ့လူတိုင်းကို မင်းရဲ့သေခြင်းရှင်ခြင်း

ပြိုင်ဘက်ဖြစ်အောင် လုပ်ထားတာ။ ဘာလို့လဲဆိုတော့ ကျင့်ကြံသူတစ်ယောက် အသတ်ခံရတာနဲ့

သူတို့ရဲ့ယွမ်ချီနဲ့ သွေးအဆီအနှစ်တွေက သွေးလုံးတစ်လုံးအဖြစ် အေးခဲသွားခဲ့လိမ့်မယ်။ အဲ့သွေးလုံးကို

ဘယ်သူမဆို စုပ်ယူနိုင်တယ်။ စုပ်ယူလိုက်တာနဲ့ ဘေးထွက်ဆိုးကျိုးမရှိပဲ ခွန်အားကိုတိုးမြှင့်ပေးနိုင်တယ် ’’

‘‘ ဘာ ’’ ရန်ကိုင်အမူအရာ လေးနက်သွားခဲ့သည်။

Martial Peak

အပိုင်း (၂၁၅) ပူးပေါင်းလုပ်ဆောင်ခြင်း

‘‘ အဲ့နေရာမှာ လူသတ်ဖို့ အကြောင်းပြချက် မလိုဘူးလို့ ငါပြောခဲ့တာကို မင်းနာလည်ပြီးလား။ သေသွားခဲ့ရင်

ထွက်ပေါ်လာတဲ့ သွေးလုံးတွေက အကောင်းဆုံးအကြောင်းပြချက်ပဲ။ အဲ့နေရာမှာ လူ့အသက်တစ်ချောင်းက

တစ်ခြားသူတစ်ယောက်ရဲ့ ခွန်အားတိုးတက်စေဖို့အတွက် ခြေနင်းကျောက်တုံးတစ်တုံးပဲ။ အထူးသဖြင့်

မင်းလို့ ချီသန့်စင်ခြင်းအဆင့်တွေဆိုရင် ပိုပြီး ပစ်မှတ်ထားခံရတတ်တယ် ’’

ရန်ကိုင်လည်း ထိတ်လန့်သွားခဲ့သည်။ သို့ပေမယ့် အံ့အားသင့်မှုထက် စိတ်လှုပ်ရှားမှုက သူ့စိတ်ထဲ ကြီးစိုးသွားခဲ့သည်။

လင်းတိုင်ရှုက ရန်ကိုင်မျက်လုံးထဲကို ကြည့်လိုက်ပြီး စစ်ဆေးလိုက်တဲ့အချိန် လင်းတိုင်ရှုလည်း တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဒီကောင်းစုတ်လေးက တကယ်ပဲ သတ်ဖြတ်ခြင်းလမ်းစဉ်နဲ့ပဲ လိုက်တယ်။

ထိုစကားကို ကြားလိုက်တဲ့ လူအများစုက ထိတ်လန့်ပြီး ချက်ချင်း ထွက်ပြေးဖို့ ကြိုးစားကြမည်မှာ

မလွဲမသွေပင်။ ဒါပေမယ့် ရန်ကိုင်ကတော့ လင်းတိုင်ရှုပြောတာ ကြားလိုက်တဲ့အချိန် သူ့မျက်လုံးထဲ

စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နေခဲ့ပြီး ထိုနေရာကို ချက်ချင်းသွားပြီး သတ်ဖြတ်ပစ်ချင်နေသည့်ပုံ

ပေါက်နေခဲ့သည်။

ထိုနေရာတွင် အပြစ်မရှိတဲ့လူကိုများ သတ်ပစ်မိမှာကို စိုးရိမ်နေစရာမလိုချေ။ ကိုယ်က လက်ဦးမှုမရယူရင်

အခြားသူတွေက ကိုယ့်ကို လက်ဦးမှု ရယူသွားပေလိမ့်မည်။ ပြီးတော့ ထိုနေရာတွင် များစွာသော

မိစ္ဆာကျင့်ကြံသူတွေလည်း ရှိပေသည်။

လမ်းတစ်လျှောက် လင်းတိုင်ရှုက ရန်ကိုင်ကို ထိုနေရာအကြောင်း တောက်လျှောက်ပြောပြသွားခဲ့သည်။

သူကိုယ်တိုင်က ထိုနေရာကို သွားဖူးတဲ့အတွက် သူ့အတွေ့အကြုံက ရန်ကိုင်အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့

ရတနာတစ်ပါးပင်ဖြစ်သည်။ ရန်ကိုင်လည်း တစ်လုံးတစ်လေတောင် မလွတ်သွားရအောင် သေချာဂရုစိုက်ပြီး

နားထောင်နေခဲ့သည်။

အထဲနေရာတွင် ထူးဆန်တဲ့စွမ်းအင်နှင့် ကွဲပြားသောကောင်းကင်နှင့်မြေကြီး ဥပဒေသတွေ ရှိနေခဲ့သည်။

ထိုနေရာထဲတွင် လူဖြစ်ဖြစ်၊မိစ္ဆာသားရဲဖြစ်ဖြစ် သက်ရှိတစ်ကောင်ကောင် သေသွားခဲ့ရင် သေသွားတဲ့

သက်ရှိရဲ့ သွေးအဆီအနှစ်တွေက သွေလုံးလေးအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုသွေးလုံးတွေကို

ကိုယ်ကိုတိုင် သန့်စင်လို့ရသလို အခြားသူတွေကိုလည်း ပေးလို့ရပေသည်။ စွမ်းအားပိုမြင့်တဲ့

ကျင့်ကြံသူ သို့ သားရဲတွေသေသွားခဲ့ရင် ဖြစ်ပေါ်လာတဲ့ သွေးလုံးကလည်း ပိုပြီးအဖိုးတန်ပေလိမ့်မည်။

ပြီးတော့ ထိုနေရာတွင် လက်နက်တွေကို အသုံးပြုလို့မရချေ။ ထူးဆန်းတဲ့ စွမ်းအင်တစ်ခုခုက လက်နက်တွေကို

အသုံးပြုလို့မရအောင် တားဆီးထားလေသည်။ ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။

သူ့ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့်၃ပဲ ရှိသေးတာဖြစ်ပြီး အထဲတွင် အစစ်အမှန်ဒြပ်စင်ဆင့် ကျင့်ကြံသူ ဘယ်လောက်များများ ရှိနေလဲဆိုတာ သူမသိချေ။ အသူရာဓါးသို့ သွေးပန်းရဲ့ အကူအညီ

မရှိရင် သူ့အားသာချက် လျော့ပါးသွားမှာဖြစ်ပြီး အခပ်မသင့်ရင် အသတ်ခံရနိုင်ပေသည်။ ဒါပေမယ့် ထိုအချက်က အားလုံးအတွက် အတူတူဖြစ်တဲ့အတွက် ရန်ကိုင်အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ထိုနေရာရဲ့ ဝင်ပေါက်က ဆယ်နှစ်တစ်ကြိမ် ဖွင့်ပေသည်။ ထို့ကြောင့် ရန်ကိုင်အဖို့ စောစောပြန်လာခဲ့တာ

ကံကောင်းသွားခဲ့သည်။ သူသာနောက်ကျမှ ပြန်လာခဲ့ရင် ထိုအခွင့်အရေးကို လွဲချော်သွားရပေလိမ့်မည်။

နောက်ဆုံးမှာတော့ လင်းတိုင်ရှုက တည်တည်ငြိမ်ငြိမ်နဲ့ ရန်ကိုင်ကို အိတ်တစ်လုံးပေးလိုက်လေသည်။

ထိုအိတ်က လက်တစ်ဝါးအရွယ်လောက်သာ ရှိပြီး အိတ်ပေါ်တွင် ရောင်စုံကနုတ်တွေ ထိုးထွင်းထား လေသည်။

‘‘ ဒါဘာလဲ ’’ ရန်ကိုင်က မေးလိုက်သည်။

‘‘ အဲ့ဒါကို သိုလှောင်အိတ်လို့ခေါ်တယ်။ အရွယ်အစားသေးလို့ ဆိုပြီးအထင်မသေးနဲ့။ အိတ်အတွင်းပိုင်းက

မင်းထင်ထားတာထက် ကျယ်တယ်။ မင်းသိမ်းချင်တဲ့ ပစ္စည်းတွေကို အဲ့အိတ်ထဲထည့်ပြီး သိမ်းထားလို့

ရတယ် ’’

ရန်ကိုင် နောက်တစ်ကြိမ် ထိတ်လန့်အံ့အား သင့်သွားရပြန်လေသည်။ လင်းတိုင်ရှုကို အထင်ကြီးစွာနဲ့ စိုက်ကြည့်နေလိုက်သည်။ လင်းတိုင်ရှုက ပစ္စည်းတွေကို သီးခြားနေရာလွတ်ထဲ ထည့်သိမ်းထားလို့ ရတဲ့ ဒဏ္ဏာရီပစ္စည်းတစ်ခု ပိုင်ဆိုင်ထားမယ်လို့ ရန်ကိုင်မထင်ထားခဲ့ချေ။

‘‘ဒါတွေအားလုံးက တည်ထောင်သူ ချန်ခဲ့တာ။ ဒီပစ္စည်းက ဟန်မင်းဆက်တစ်ခုလုံးမှာ တစ်ခုပဲရှိလောက်မယ်။

မိသားစုကြီးရှစ်ခုတောင် ဒီလိုပစ္စည်းမျိုးကို မပိုင်ဆိုင်ဘူး ’’ လင်းတိုင်ရှုက လေးနက်စွာဖြင့် ပြောလိုက်သည်။

‘‘အိုး…မဟုတ်သေးဘူး။ အဲ့ဒါမမှန်ဘူး။ မန်ဝူရမှာလည်း တစ်လုံးရှိတယ်။ အဲ့လူအိုကြီးက သူ့ပစ္စည်းတွေကို

အဲ့အိတ်ထဲ ထည့်သိမ်းထားပြီး ဘယ်သူ့ကိုမှမပြဘူး။ သူ့ရဲ့ချစ်တပည့်လေးက လွဲလို့ပေါ့။ အဲ့လူအိုကြီးက

တော်တော်လေးကို ကပ်စေးနဲတယ် ’’

‘‘မင်းအတွက် ဆေးလုံးတွေ ထည့်ပေးထားတယ်။ သေချာလုံခြုံအောင် သိမ်းထား ’’ လင်းတိုင်ရှုက လေးနက်စွာ

နဲ့ပြောလိုက်လေသည်။ ‘‘ ကောင်းလိုက်တာ၊ ကျေးဇူးတင်ပါတယ် ဆရာဖိုးဖိုး။ ကျွန်တော်ပြန်လာရင်

ဒီအိတ်ကို ပြန်ပေးပါ့မယ် ’’ ရန်ကိုင်က အိတ်ကို ရတနာတစ်ခုအလား သေသေချာချာ ယူလိုက်လေသည်။

ထိုပစ္စည်းက အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုပင်ဖြစ်သည်။ ဒီကမ္ဘာကြီးတွင် ပစ္စည်းတွေကို

ထည့်သိမ်းလို့ရတဲ့ ပစ္စည်းဆိုတာ ကြားသာကြားဖူးပြီး ဘယ်သူမှမမြင်ဖူးတဲ့ ကောလဟာလတစ်ခုပင်

ဖြစ်သည်။ ဒါပေမယ့် ရန်ကိုင်ခန္ဓာကိုယ်ထဲမှာတော့ စကားလုံးနဲ့ဖော်ပြလို့ မရနိုင်တဲ့ အနက်ရောင်စာအုပ်

ရှိနေခဲ့ပြီး ထိုစာအုပ်ကို ဝိဉာဉ်ကျောက်တုံးများစွာနဲ့ ထုပ်လုပ်ထားကာ အနက်ရောင်စာအုပ်အဆင့်က သိုလှောင်အိတ်ထက် ပိုပြီးအဆင့်မှာ အသေအချာပင်ဖြစ်သည်။

တစ်ရက်လောက် ပျံသန်းပြီးနောက် အသည်းယားစရာကောင်းတဲ့ တိတ်ဆိတ်မှုကြီးစိုးနေတဲ့ နေရာကို

သူတို့ရောက်လာခဲ့သည်။ လင်းတိုင်ရှုနှင့် ရန်ကိုင်တို့နှစ်ယောက်စလုံး ထိုးထွက်နေတဲ့ တောင်ကြီးတစ်တောင်ကို

လှမ်းမြင်နေရလေသည်။

သေမင်းတောင်…..ဟန်မင်ဆက်ရဲ့ တစ်ခုတည်းသော တားမြစ်နေရာဖြစ်တဲ့ သေမင်းတောင်။ တစ်သီးတစ်ခြား

ဖြစ်ပြီး အတိတ်နိမိတ်မကောင်းတဲ့ လေထုက သေမင်းတောင်တစ်ဝိုက် ကြီးစိုးနေခဲ့၏။

ထိုတောင်အောက်ခြေကနေ ရှေးဟောင်းနဂါးတစ်ကောင် အချိန်မရွေး ထွက်ပေါ်လာနိုင်တဲ့ ရှေးဟောင်း

ကုန်းမြေတစ်ခုလို ခံစားချက်ကို ခံစားရစေပြီး မြင်ရသူ၏ ကျောရိုးတစ်လျှောက်ကို တုန်ရီသွားစေလေသည်။

သူူတို့ရောက်ပြီး ဆက်မသွားရသေးခင်မှာပဲ ဘယ်နဲ့ညာဆီက အဖွဲ့နှစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ သူတို့ဘယ်ဘက်

ကနေ လူခြောက်ယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ရောက်ရှိလာခဲ့ပြီး တစ်ဖွဲ့လုံးက မိန်းကလေးတွေပင်ဖြစ်သည်။

ထိုခြောက်ယောက်ကို မိန်းမအိုကြီးတစ်ယောက်နှင့် မိန်းမလှတစ်ယောက်က ဦးဆောင်လာပြီး ကျန်တဲ့

လေးယောက်ကတော့ မိန်းမငယ်လေးတွေပင်ဖြစ်သည်။

ထိုမိန်းကလေးလေးယောက် လက်နှင့်ခြေထောက်တွင် ခေါင်းလောင်းသေးသေးလေးတွေကို ဝတ်ဆင်ထားပြီး

အနီးကပ်လာတာနဲ့ သာယာကြည်နူးစရာကောင်းတဲ့ အသံလေးတွေကို ကြားလိုက်ရပြီး သန့်စင်ကြည်လင်တဲ့

တောင်ပေါ်စမ်းချောင်းတစ်ခုအလား သူတို့နားတွေကို လန်းဆန်းသစ်လွင်သွားစေခဲ့သည်။

ထိုမိန်းကလေးအဖွဲ့သားတွေက မွေးကတည်းက လှပခဲ့ကြသည့်ပုံပေါ်၏။ ခေါင်းဆောင်လာတဲ့ မိန်းမလှလေးက

ကျော့ရှင်းပြီး ထက်မြက်ပုံရကာ သူမ၏တောက်ပြောင်ချောမွတ်သော ပိတုန်းကရောင်ဆံပင်တွေကို

ဆံထုံးထုံးထားခဲ့ပြီး သူ၏မလည်ပင်းသား ဖြူဖြူလေးကို လှစ်ဟာထားလေသည်။

နေရာတိုင်းတွင် ရင့်ကျက်တဲ့ လေထုက ကြီးစိုးနေခဲ့ပြီး အထူးသဖြင့် သူမ၏တောက်ပနေတဲ့ မျက်လုံးအစုံက

လိင်စိတ်နိုးကြွစေတဲ့ ရောင်ဝါတွေကို ထုတ်လွှတ်နေပုံရသည်။ ထိုမျက်လုံးအစုံကို မြင်ရသူတိုင်း

သူတို့နှလုံသားတွေ ညို့ယူနေသလို ခံစားနေရလိမ့်မည်ဖြစ်ပြီး စိတ်ဝိဉာဉ်တွေကိုလည်း ဆွဲခေါ်နေသလို

ခံစားရမည်ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရတာနဲ့ အသက်ရှုရပ်တန့်သွားသလိုဖြစ်သွားမည်ဖြစ်ပြီး

သူမအလှကြောင့် ကောင်းကင်ကြီးက ပိုပြီးပြာလာကာ ပန်းပွင့်တွေက ပိုပြီးမွှေးကြိုင်လာသလို

ခံစားသွားရပေလိမ့်မည်။

မိန်းကလေး လေးယောက်စလုံးလည်း လှပကြပြီး ပွင့်သစ်စ ပန်းပွင့်လေးတွေအလား နူးညံ့ပြီး ကျက်သရေ

ရှိလှကာ သူမတို့၏ ပန်းနုရောင် ကြာပန်းလက်မောင်းလေးတွေကလည်း တစ်ဝက်လှစ်ဟာထားခဲ့သည်။

သူမတို့အသားအရေက သန့်စင်ဖြူဖွေးပြီး ကျသစ်စ နှင်းလို၊ သူမတို့၏ သေးသွယ်တဲ့ ကျောက်စိမ်း

ခြေထောက်၊ နူးညံ့ပုံရတဲ့ ခြေချောင်းလေးတွေက သူမတို့၏အလှကို ထပ်တိုးသွားစေခဲ့သည်။ သူမတို့၏

ခါးသွယ်သွယ်လေးတွေက ကျက်သရေရှိလှတဲ့ ကောင်းကြောင်း အဖြာဖြာနဲ့ ရင်သက်ရှုမောဖွယ်ကောင်းနေ

ခဲ့ပြီး သူမတို့၏မျက်နှာလေးတွေကလည်း ချိုသာတဲ့အပြုံး၊ ရှက်သွေးဖြာဖြာ၊ စွဲမက်ဖွယ်ကောင်းတဲ့ လေထု၊

ချစ်စိတ်ပြင်းပြတဲ့ အကြည့် တို့ကို ဆင်မြန်းထားနေခဲ့ပြီး လေးယောက်ပေါင်းလောင်းကျော်ဆိုသလို

သူမတို့လေးယောက်ပေါင်း၏ အလှက မြင်ရသူပုရိသယောကျာ်းသားတွေကို တဏှာရမက်ကြောင့်

ရူးသွပ်သွားစေနိုင်ပေသည်။ ကွဲပြားတာတစ်ခုက ထိုမိန်းကလေးလေးယောက်က မရင့်ကျက်သေးပုံ

ပေါက်ပြီး သူမတို့လေးယောက်ကို ဦးဆောင်လာတဲ့ မိန်းမလှလေးနဲ့ယှဉ်ရင် တစ်မျိုးမျိုးသော ဆွဲဆောင်မှု

ကင်းမဲ့နေပေသည်။

မိန်းမအိုကြီးအတွက်ကတော့ သူမက အသက်ကြီးသွားပေမယ့် သူမငယ်ရွယ်စဉ်တုန်းက တကယ်လှခဲ့မယ်

ဆိုတာ အတပ်ပြောနိုင်ပေသည်။ ရက်စက်တဲ့အချိန်က သူမ၏နှစ်လိုဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုတွေကို

သယ်ဆောင်သွားခဲ့လေပြီ။

ထိုအဖွဲ့က ရန်ကိုင်နှင့်လင်းတိုင်ရှုတို့ ပြေးလာနေခဲ့ကြပြီး သူတို့နှင်ပေသုံးရာအကွာတွင် ရပ်တန့်လိုက်ကာ

သူတို့နှစ်ယောက်ကို တစ်ခဏကြာအောင် ကြည့်နေလိုက်ပြီးနောက် နှာခေါင်းရှုံ့လိုက်လေသည်။

သေးမင်တောင်ကို အခုအချိန် လာတဲ့လူတိုင်းက တူညီတဲ့ရည်ရွယ်ချက်ကြောင့်သာ ဖြစ်ပေသည်။

ထိုထူးဆန်တဲ့ နေရာကို ဝင်နိုင်တဲ့ ကျင့်ကြံသူအရေအတွက်က အကန့်အသတ် ရှိပေသည်။ ထို့ကြောင့်

အားလုံးက ကိုယ့်ရဲ့ပြိုင်ဘက်ပင်ဖြစ်ပေသည်။

လင်းတိုင်ရှုက မိန်းမအိုကြီးကို ပြုံးပြလိုက်ပြီး ရန်ကိုင်ကို တီးတိုးပြောလိုက်သည် ‘‘ သူတို့တွေက

ပထမအဆင့်အင်အားစုဖြစ်တဲ့ ပန်းတစ်ထောင်နန်းတော်ကပဲ၊ အဲ့မိန်းကလေးတစ်ယောက်ချင်းစီက သူတို့

ဂိုဏ်းရဲ့ ဂျီးနီးယပ်တွေ။ သူတို့တွေက နည်းနည်းမောက်မာပုံရတယ်။ အဲ့ဒါကြောင့် သတိထားတာ ပိုကောင်းမယ်။ သူတို့တွေကို ရန်စဖို့မကြိုးစားနဲ့။ မဟုတ်ရင်သူတို့တွေက မင်းကိုအရိုးပါမချန်

ဝါးမြိုသွားလိမ့်မယ် ’’

ရန်ကိုင်မျက်လုံးထဲ အလင်းရောင် တစ်ချက်လက်သွားခဲ့ပြီး မိန်းမလှလေးလေးယောက်ကို သေချာ

ကြည့်လိုက်သည်။ လင်းတိုင်ရှု၏ သတိပေးချက်ကို လက်ကိုင်ထားလိုက်ပြီး တိတ်တဆိတ် ပြန်ပြော

လိုက်သည် ‘‘ ဆရာဖိုးဖိုး၊ စိတ်အေးအေးထားပါ။ ကျွန်တော်ဂရုစိုက်ပါ့မယ် ’’

တစ်ခဏကြာပြီးနောက် သူတို့ညာဘက်ကနေ လာတဲ့အဖွဲ့ရောက်လာခဲ့သည်။ သူတို့အဖွဲ့ကို လင်းတိုင်ရှု

အရွယ်လောက်ရှိတဲ့ လူအိုကြီးတစ်ယောက် ဦးဆောင်လာတာဖြစ်ပြီး သူ့နောက်မှာတော့ လူငယ် သုံးယောက်ရှိနေခဲ့ကာ နှစ်ယောက်ကယောကျာ်းလေးဖြစ်ပြီး တစ်ယောက်ကမိန်းကလေးဖြစ်ပေသည်။

သူတို့အားလုံးက အားကောင်းပုံပေါ်ပေမယ့် သူတို့ခန္ဓာကိုယ်တစ်ဝိုက်ကို မိစ္ဆာအော်ရာတွေက

ဖုံးလွှမ်းနေခဲ့သည်။

ထိုယောကျာ်းလေးနှစ်ယောက်က ရန်ကိုင်ထက် ပိုပြီးရဲတင်းပြီး သူတို့အကြည့်တွေက မိန်းကလေးလေးယောက်

ပေါ်တွင် ကော်ကပ်သလို ကပ်နေခဲ့သည်။ ‘‘သူတို့တွေ တစ္ဆေဘုရင်တောင်ကြားက ’’ လင်းတိုင်ရှုက

မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ မင်ဆီကို ပြဿနာတွေ ရောက်လာလိမ့်မယ် ’’

‘‘ ဘာလို့လဲ ’’ ရန်ကိုင်က မေးလိုက်သည်။

‘‘ ဘာလို့လဲဆိုတော့ မင်းရဲ့ဆရာဖိုးဖိုးက အဲ့လူအိုကြီးနဲ့ အကြိမ်ဒါဇင်ကျော် တိုက်ခိုက်ခဲ့ဖူးတယ်။ သူတို့တွေက

မိစ္ဆာဂိုဏ်းကဖြစ်တော့ သူတို့ရဲ့လက်နည်းစနစ်တွေကို သေချာဂရုစိုက်သင့်တယ် ’’

ရန်ကိုင်လှည့်ကြည့်လိုက်ပြီး အသေအချာပါပဲ…သူတို့လက်တွေက တစ်မျိုးတစ်ဖုံ ထူးဆန်းနေခဲ့ပြီး

သာမန်လက်တွေလို မဟုတ်ပဲ လူသေကောင်ရဲ့လက်တွေကို ဖြူစွတ်နေကာ တစ္ဆေတစ်ကောင်ရဲ့

လက်တွေနဲ့ တောင်တူပေသည်။ ခေါင်းဆောင်လာတဲ့ လူအိုကြီးက ရုတ်တရက ်လှောင်ပြောင်လိုက်သည်

‘‘ လင်းတိုင်ရှု၊ မင်းကမသေသေးဘူးပဲ ’’

လင်းတိုင်ရှုကလည်း ငြိမ်ခံမနေပဲ ချက်ချင်းပြန်ပြောလိုက်သည် ‘‘မင်းလည်း အသက်ရှင်နေသေးတာပဲ ၊ဂူလီ ’’

‘‘ ဟဲဟဲဟဲ ’’ ဂူလီက သွားပေါ်အောင ်ရယ်လိုက်ပြီး ‘‘ ဒီလူအိုကြီးက လူသေတစ်ယောက်ကို လက်စား မချေနိုင်မှာ စိုးရိမ်နေတာ။ ဒီနေ့ မင်းကိုပြန်တွေ့ရမယ်လို့ မထင်ထားခဲ့ဘူး။ ကောင်းကင်က ငါ့ကို

ကောင်းချီးပေးနေတာပဲ ’’

‘‘ဘယ်လိုတောင်လဲ…လွန်ခဲ့တဲ့နှစ်ငါးဆယ်က သင်ခန်းစာက မင်းအတွက် မလုံလောက်သေးဘူးထင်တယ်။

မင်းဒီနေ့ မသေရမှာကို စိုးရိမ်နေတာလား ’’ လင်းတိုင်ရှုက အထင်သေးမှုအပြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

ဂူလီ၏မျက်နှာ ချက်ချင်းမဲ့သွားခဲ့ပြီး ‘‘ အတိတ်ကအကြောင်းတွေကို ဘာလို့ပြန်ပြောနေတာလဲ။ လွန်ခဲ့တဲ့

နှစ်ငါးဆယ်တုန်းက ရှုံးခဲ့ပေမယ့် အခုရှုံးမယ်လို့ မဆိုလိုဘူးလေ ’’ ‘‘ မင်းကြိုးစားကြည့်ချင်လား ’’

လင်းတိုင်ရှုက မောက်မာစွာနဲ့ သွားပေါ်အောင ်ရယ်ပြီးပြောလိုက်သည်။

ဂူလီမျက်လုံးတွေက လင်းတိုင်ရှုကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်ပေမယ့် သူ့အကြည့်တွင်

ကြောက်ရွံ့မှုတစ်စွန်းတစ်စကို မြင်တွေ့နိုင်ပေသည်။ သူတို့နှစ်ယောက ်ထိပ်တိုက်တွေ့နေတဲ့အချိန်

လူအိုကြီးနောက်တွင် ရှိနေတဲ့ လူငယ်သုံးယောက်က ရန်ကိုင်ကို ဝါးစားတော့မတတ် စူးစိုက်

ကြည့်နေလိုက်သည်။

ရန်ကိုင်က ရိုးရိုးရှင်းရှင်းပဲ သူတို့သုံးယောက်ကို ပြန်ပြုံးပြလိုက်သည်။

ဘုန်း….ရုတ်တရက် အသံတစ်သံက သူတို့ကြားက တင်းမာမှုကို ပျက်ပျယ်သွားစေခဲ့သည်။

ထိုအသံက ပန်းတစ်ထောင်နန်းတော်ရဲ့ ဘွာတော်ကြီးဆီကနေ လာတာပင်ဖြစ်သည်။

‘‘ မင်းတို့နှစ်ယောက် မတိုက်ဖူးဆိုရင် သေမင်းတောင်ကို ဘယ်လိုဝင်မလဲဆိုတာ ငါတို့ဆွေးနွေးကြရင်

မကောင်းဘူးလား ’’ ဘွားတော်ကြီးက လင်းတိုင်ရှုနှင့် ဂူလီကို ကြည့်လိုက်သည်။

လင်းတိုင်ရှုနှင့် ဂူလီတို့ကြားတွင် မကျေမချမ်းမှုတွေ ရှိတယ်ဆိုပေမယ့် အခုနေရာမှာ သူတို့မတိုက်ချင်သေးပေ။

တကယ်တော့ သူတို့ဒီနေရာကို လာတဲ့ရည်ရွယ်ချက်က ဂျူနီယာလေးတွေကို ကျင့်ကြံခြင်းအဆင့်

တိုးမြှင့်စေချင်လို့ ဖြစ်သလို အတွေ့အကြုံ ရစေဖို့ဆိုရင်လည်း မမှားချေ။ အခုအချိန်မှာ တစ်ခုခုသာ

မှားယွင်းသွားခဲ့ရင် သူတို့အစီအစဉ်တွေ ပျက်စီးသွားနိုင်ပေသည်။ ဘွားတော်ကြီးက ထိုအချက်ကို

နားလည်တဲ့အတွက် အခုအချိန်တွင် မေးမြန်းဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဂူလီက ယုတ်မာကျောက်ကျစ်တော့မယ့် လူတစ်ယောက်လို ပြုံးဖြဲဖြဲလုပ်လိုက်ရင်း ‘‘ ဒီလူအိုကြီးက

ယန်နန်းတောင်သခင်ကို မျက်နာသာပေးရမှာပေါ့။ ဒီကိစ္စပြီးတဲ့အထိ ငါပူးပေါင်းလုပ်ဆောင်ပေးပါ့မယ်။

လင်းတိုင်ရှု…ပြီးတာနဲ့ မင်းနဲ့ငါတိုက်မယ် ’’

‘‘ ကြိုက်တဲ့အချိန်ပဲ ’’

ဂူလီကသူ့အကြည့်ကို ရန်ကိုင်ဆီပြောင်းလိုက်ပြီး သူ့ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားဖို့ မကြိုးစားပဲ

အားလုံးရှေ့မှာပဲ ပေါ်တင် အမိန့်ပေးလိုက်လေသည် ‘‘ ဒီကောင်စုတ်လေးရဲ့ပုံစံကို သေချာမှတ်ထား။

အထဲရောက်လို့ သူ့ကိုမြင်တာနဲ့ သတ်ပစ် ’’

‘‘ ဟုတ်ကဲ့ပါ ’’ တပည့်သုံးယောက်ကလည်း တုန့်ဆိုင်းခြင်းမရှိ ချက်ချင်းပြန်ဖြေလိုက်ကြသည်။

ရန်ကိုင်အမူအရာက အေးစက်သွားခဲ့ပြီး ထိုသုံးယောက်ပုံစံကို သေချာမှတ်ထားလိုက်လေသည်။

လင်းတိုင်ရှုနှင့် ဂူလီတို့လည်း သူတို့ကြားက မကျေနပ်ချက်တွေကို ခဏတာ ဘေးဖယ်ထားလိုက်ကြလေသည်။

ဘွားတော်ကြီးက ဦးဆောင်သွားပြီး တပည့်လေးယောက်က သူမနောက်ကနေ လိုက်သွားကြလေသည်။

ဂူလီတို့အဖွဲ့က သူတို့နောက်ကနေ လိုက်သွားကြပြီး ၇န်ကိုင်တို့ကတော့ နောက်ဆုံးကနေ လိုက်သွားကြသည်။

မိန်းမလှလေးအတွက်ကတော့ သူမက အလယ်တွင် ရှိနေခဲ့ပြီး ဂူလီနှင့်တစ်တန်းတည်းဖြစ်ကာ တစ်ယောက်က

ဘယ်ဘက်တွင် ရှိနေခဲ့ပြီး တစ်ယောက်က ညာဘက်တွင် ရှိနေခဲ့သည်။

အင်မော်တယ်တက်လှမ်းခြင်းအဆင့် လေးယောက်က လိုက်ပါစောင့်ကြပ်နေတဲ့အတွက ်ဂျူနီယာတွေအဖို့

တော်တော်လေး အန္တရာယ်ကင်းတယ်လို့ ဆိုနိုင်ပေသည်။ သေမင်းတောင်က ကြောက်မယ်ဖွယ်ကောင်းတဲ့

နေရာတစ်ခုဖြစ်တဲ့အတွက် အခုဝင်ရောက်လာတဲ့အဖွဲ့က တော်တော်လေး ဂရုစိုက်ရပေသည်။ သူတို့အားလုံးက

တိတ်ဆိတ်စွာနဲ့ လှုပ်ရှားနေခဲ့ကြလေသည်။ ဘာလို့လဲဆိုတော့ သေမင်းတောင်ရဲ့ အပြင်ဘက်ဆိုရင်တောင်

အားကောင်းတဲ့အဆင့်၅သို့ အဆင့်၆မိစ္ဆာသားရဲတွေနဲ့ ရင်ဆိုင်ရနိုင်ပေသည်။

ပန်းတစ်ထောင်နန်းတောင်က မိန်းမလှလေးတွေရဲ့ လက်ကောက်ဝတ်နှင့်ခြေကျင်းဝတ်တို့တွင်

ခေါင်းလောင်းလေးတွေ ရှိနေခဲ့ပေမယ့် သူတို့ဆီက မည်သည့်အသံမှ ထွက်မလာခဲ့ပဲ တိတ်ဆိတ်စွာနဲ့ လမ်းလျှောက်နေခဲ့ကြလေသည်။

All Chapters