အခန်း (၂၁၆-၂၂၀)
Vol. 9 Ch. 216-220
အပိုင်း (၂၁၆) ငါ့နာမည်က ဂျင်ဟောင်
တောအုပ်အတွင်းပိုင်းထဲကို သူတို့ဝင်လာတာနဲ့ သူ့တို့အရှေ့ဘက်ဆီကနေ သစ်ပင်လှုပ်ခတ်သံတွေကို
ကြားလိုက်ရသည်။ တပည့်တွေလည်း ချက်ချင်း သတိထားလိုက်ကြပေမယ့် အင်မော်တယ်တက်လှမ်းခြင်း
အဆင့် ကျင့်ကြံသူတွေကတော့ အေးအေးဆေးဆေးပင်။
ရှုးရှုး….ရက်စက်ကြမ်းကြုတ်တဲ့ ခေါင်းတစ်လုံးက ချုံပုတ်ထဲကနေ ထွက်ပေးလာခဲ့ပြီး ဘွားတော်ကြီးဆီကို
ပြေးဝင်သွားခဲ့သည်။ ရက်စက်မည့်ပုံပေါက်သည့် အစွယ်တွေ မေးရိုးတွေဆီနေက ငေါထွက်နေခဲ့လေသည်။
ထိုသားရဲ၏ခေါင်းက နှစ်ပေရှည်ပြီး။ ကြိဂံပုံမျက်လုံးတွေကနေ ရက်စက်ပြီးခြောက်သွေ့တဲ့ အလင်းရောင်တွေ
ထွက်ပေါ်နေခဲ့သည်။ အံ့အားသင့်ဖွယ်အမြန်နှုန်းဖြင့် မျက်တောင်တစ်ခတ်အတွင်း ထိုသားရဲက ဘွားတော်ကြီး
ဆီ ရောက်သွားခဲ့လေသည်။
ဒါပေမယ့် ဘွားတော်ကြီးက နှာခေါင်းသာရှုံ့လိုက်ပြီး သူမ၏လမ်းလျှောက်တုတ်တံလေးကို အသာအယော
မြှောက်လိုက်ပြီး အသာအယာဝှေ့ရမ်းလိုက်လေသည်။ ထိုတုန်တံက သားရဲနဖူးအလယ်ကို ထိသွားပုံပေါက်ပြီး
နောက် မေးရိုးဘေးကို ထိသွားခဲ့သည်။ ရုတ်တရက် သားရဲခေါင်းက အလွန်ပြင်းထန်တဲ့ တိုက်ခိုက်မှုတစ်ခုကို
ခံစားလိုက်ရသည့်အလား ဘေးဘက်ကို လွင့်စင်သွားခဲ့သည်။ မြေကြီးပေါ်ကို မကျခင် ခေါင်းတစ်ခုလုံး
ပေါက်ကွဲသွားခဲ့ပြီး သွေမြူတွေသာ ကျန်ရစ်ခဲ့တော့သည်။
မိန်းမလှလေးရဲ့ ခန္ဓာကိုယ်က လက်ခနဲဖြစ်သွားခဲ့ပြီး အရှေ့ဘက်ကို တက်သွားကာ သူမ၏ လက်ကောက်ဝတ်ဆီကနေ ရောင်စုံဖဲကြိုးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သွေးမြူထဲနေ သားရဲအမြူတေကို ချက်ချင်းထုတ်ယူလိုက်သည်။
‘‘ ရွှေမျက်လုံး ငွေရောင်ကျောပြင်စပါးအုံး…အဆင့်၅အထွတ်အထိပ်
မိစ္ဆာသားရဲ ’’ လင်းတိုင်ရှုက ရန်ကိုင်ကို ရှင်းပြလိုက်သည်။
ရန်ကိုင်လည်း ဦးခေါင်းမဲ့နေတဲ့ စပါးအုံးကြီးကို ကြည့်လိုက်ပြီး ထိုမြွေကြီး၏ကျောပြင်တွင် ငွေရောင်ပုံစံကွက်
အမျိုးမျိုး ရှိနေခဲ့လေသည်။ အားလုံးက ဖြစ်ပျက်သွားတာ အရမ်းမြန်ဆန်လွန်းတဲ့အတွက် မြွေကြီး ဘယ်လို အသတ်ခံရလဲဆိုတာ သူမသိခဲ့သလို အမြူတေကို ဘယ်လိယူသွားလဲဆိုတာလည်း သူမသိခဲ့ချေ။
အဆင့်ငါးအထွတ်အထိပ် မိစ္ဆာသားရဲတစ်ကောင်က အစစ်အမှန်ဒြပ်စင်အထွတ်အထိပ်အဆင့် ကျင့်ကြံသူ
တစ်ယောက်နှင့် တူညီပေသည်။ ဒါပေမယ့် ဘွားတော်ကြီးရှေ့မှာတော့ ထိုမြွေကြီးခင်ဗျာ ငှက်ပျောသီးအခွံ
နွှာသလို အသတ်ခံလိုက်ရလေသည်။ ထိုပန်းတစ်ထောင်နန်းတော်ဆီမှ ဘွားတော်ကြီးရဲ့ခွန်အားက
လင်းတိုင်ရှုထက် မသာရင်တောင် မနိမ့်ကျချေ။ ပန်းတစ်ထောင်နန်းတော်က ပထမအဆင့်အင်အားစုလို့
ခေါ်ဖို့ တကယ်ပဲထိုက်တန်ပေသည်။ ပန်းတစ်ထောင်နန်းတော်ရဲ့ ခွန်အားက ကောင်းကင်စံအိမ်ထက် အများကြီးသာပေသည်။
‘‘သတိထား၊ ဒီကောင်က အုပ်စုဖွဲ့နေတဲ့ကောင်တွေ ’’ လင်းတိုင်ရှုက အလျင်အမြန်ပဲ သတိပေးလိုက်သည်။
သူ့အသံပျောက်သွားတာနဲ့ သူတို့ရှေ့ကနေ အသံတွေ ထွက်ပေါ်လာခဲ့လေသည်။ သူတို့ကိုစိုက်ကြည့်နေတဲ့
တြိဂံပုံမျက်လုံးများစွာကို အားလုံးတွေ့မြင်နေရလေသည်။ ဘွားတော်ကြီးက ဒီတစ်ကြိမ်မှာတော့
အရင်လိုပျင်းရိပျင်းတွဲ မဟုတ်တော့ပဲ အကျယ်ကြီးအော်လိုက်လေသည်
‘‘ မြန်မြန်သွားကြ၊ သွေးနံ့ပျံ့သွားတာနဲ့ သားရဲတွေ ပိုပြီးရောက်လာလိမ့်မယ် ’’ အဖွဲ့ကြီးလည်း ခပ်မြန်မြန်ပဲ တောအုပ်ပြေးဝင်သွားကြသည်။
‘ ရှုးရှုးရှုး ’ အဘက်ဘက်ကနေ ရွှေမျက်လုံးငွေရောင်ကျောပြင်စပါးအုံးတွေ ထွက်ပေါ်လာခဲ့ပြီး
အဖွဲ့သားတွေဆီ ခုန်ပေါင်လိုက်ကြသည်။ ဘွားတော်ကြီးရဲ့ တုတ်တံတစ်ချက်မွှေ့တိုင်း မြွေတစ်ကောင်
အသတ်ခံနေရပြီး ဂူလီနှင့်မိန်းမလှလေးတို့ကတော့ အတိုင်အဖောက်ညီညီနှင့် လုပ်ဆောင်နေကြကာ
သူတို့ဂျူနီယာလေးတွေကို လုံခြုံအောင် ကာကွယ်ပေးနေခဲ့ကြသည်။
ဂူလီက မိစ္ဆာကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့အတွက် သူလှုပ်ရှားလိုက်တာနဲ့ သွေးနံ့တွေနဲ့ ပြည့်နေတဲ့
အနက်ရောင်မြူခိုးထုတစ်ခုက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့လေသည်။ လှံလိုလက်နက်တစ်ခုကို
ကိုင်ဆောင်ရင် ဘယ်ညာဝှေ့ရမ်းနေခဲ့ကာ ဘယ်မြွေက သူ့ရဲ့တိုက်ခိုက်မှုတစ်ချက်ကို မခံနိုင်ချေ။ သူ့ခွန်အားက
မိန်းမလှလေးထက် မြင့်မားမှန်း သိသာပေသည်။ ဒါပေမယ့် အဆင့်၅သားရဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက်
သူမလည်း တော်တော်လေး သက်သာနေခဲ့သည်။ သူမ၏ခန္ဓာကိုယ်လေးက လေနှင့်အတူ လှုပ်ရှားနေခဲ့ပြီး
ရွှေမျက်လုံးငွေရောင်ကျောပြင်စပါးအုံတွေ အဖို့ သူမနားမရောက်ခင်မှာပဲ အသတ်ခံရလေသည်။
လင်းတိုင်ရှုက မည်သည့်လက်နက်ကိုမှ အသုံးမပြုပေမယ့် သူ့ရဲ့လှုပ်ရှားမှုတစ်ခုစီတိုင်းက ရိုးရှင်းပေသည်။
ဒါပေမယ့် သူ့လှုပ်ရှားမှုများတွင် အဆုံးမရှိတဲ့ စွမ်းအားတွေ ပါဝင်နေပုံရပြီး မြွေတွေကိုသူသတ်တဲ့
အမြန်နှုန်းက ပန်းတစ်ထောင်နန်းတော်က ဘွားတော်ကြီးအောက် မနိမ့်ကျချေ။ ပန်းတစ်ထောင်နန်းတော်က မိန်းကလေး တပည့်တွေကလည်း သူမတို့၏ဖဲကြိုးလက်နက်တွေကိုအသုံးပြုကာ အမြူတေတွေကို ရယူနေခဲ့ကြသည်။ ဒါပေမယ့် မတိုက်ခိုက်ကြချေ။
ထိုမိန်းကလေးလေးယောက်စလုံး၏ ပူးပေါင်းလုပ်ဆောင်မှုက လုံးဝကိုအပြစ်ကင်းစင်ပြီး သုံးယောက်က
ကျလာတဲ့မြွေခေါင်းကို တိုက်ခိုက်ပြီး အပေါက်တစ်ပေါက် ဖြစ်အောင် လုပ်ဆောင်သည့်အချိန်တွင်
ကျန်တဲ့တစ်ယောက်က ဖဲကြိုးကိုသုံးကာ အမြူတေကို ရယူပေသည်။ ထိုအမြူတေတွေက
အဆင့်၅မိစ္ဆာသားရဲတွေရဲ့ အမြူတွေတွေ ဖြစ်တဲ့အတွက် တန်ဖိုးမသေးချေ။ ထိုမိန်းကလေးတွေရဲ့
လေ့ကျင့်မှု တစ္ဆေတောင်ကြားက တပည့်သုံးယောက်ကို မနာလိုဝန်တိုမှုနဲ့ ပြည့်သွားစေခဲ့သည်။ ဒါပေမယ့်
သူတို့တွင် မိစ္ဆာသားရဲအမြူတေကို ထုတ်ယူမယ့် နည်းလမ်းမရှိတဲ့အတွက် အကူအညီမဲ့စွာနဲ့ အံကြိတ်ပြီး
ကြည့်နေရုံသာ တတ်နိုင်ပေသည်။
သူမတို့ပိုပြီးစုဆောင်းရလေ သူမတို့မျက်နှာထက်က အပြုံးက ပိုပြီးကြီးမားလာလေဖြစ်သည်။ တစ်ယောက်
စီတိုင်းက ပွင့်လန်းပြီးတဲ့ ပန်းပွင့်တွေအလား ညို့ငင်စွဲဆောင်မှုတွေနဲ့ ပြည့်နေခဲ့သည်။ အခြားတစ်ဖက်မှာတော့
ဂူလီက ရွှေမျက်လုံးငွေရောင်ကျောပြင်စပါးအုံတစ်ကောင်ကို သူ့လှံနဲ့ထိုးသတ်လိုက်ပြီး အစစ်အမှန်ချီကို
ပြင်းပြင်းထန်ထန် လောင်းထည့်လိုက်ပြီး ချက်ချင်းသတ်ပစ်လိုက်သည်။ သူ့လှံကိုတစ်ချက်ဝှေ့ရမ်းလိုက်ပြီး
ရွှေမျက်လုံးငွေရောင်ကျောပြင်စပါးအုံက တပည့်အုပ်ဆီ လွင့်ပစ်လိုက်သည်။ ဂူလီလည်း သူ့တပည့်တွေကို
အကျိုးအမြတ် ရစေချင်တယ်ဆိုတာ သိသာပေသည်။
ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့လား၊ မရည်ရွယ်ပဲ ဖြစ်သွားတာလားတော့ မသိပေမယ့် သူလွှင့်ပစ်လိုက်တဲ့
အချိန် အားတော်တော်လေး စိုက်ထုတ်မိတဲ့အတွက် ရွှေမျက်လုံးငွေရောင်ကျောပြင်စပါးအုံက
ရန်ကိုင်နေရာဆီ ပျံသန်းသွားခဲ့လေသည်။ လင်းတိုင်ရှု၏မျက်လုံးတွေက အေးစက်စက်အလင်းရောင်ဖြင့်
လက်သွားခဲ့ပြီး ထိုမြွေအလောင်းကို ပိတ်ဆို့ဖို့ မကြိုးစားခဲ့ချေ။
ထိုအချိန်တွင် တစ္ဆေဘုရင်တောင်ကြားထဲ ယောကျာ်းလေးတပည့်တစ်ယောက်က ပြေးထွက်လာခဲ့ပြီး
သူ့မျက်နှာပေါ်မှာတော့ လှောင်ပြုံးတစ်ခုရှိနေခဲ့သည်။ သူ့ရဲ့အဖြူရောငလက်တွေက အဖြူရောင်အလင်း
တစ်ခုကို ထုတ်လွှတ်နေခဲ့ပြီး ဓါးတစ်ချောင်းကို ဖန်တီးကာ ရွှေမျက်လုံးငွေရောင်ကျောပြင်စပါးအုံ
ခေါင်းဆီ ထိုးချလိုက်သည်။ ထိုထိုးချက်က မြွေခေါင်းကို ချိန်ထားတယ်ဆိုပေမယ့် တကယ့်အမှန်မှာတော့
သူ့ထိုးချက်တွင် အားအများကြီးသုံးထားတဲ့အတွက် ရန်ကိုင်ကို သွယ်ဝိုက်ပြီး တိုက်ခိုက်ဖို့ဆိုတာ
သံသယရှိစရာမလိုချေ။
ရန်ကိုင်မျက်နှာအေးစက်သွားခဲ့ပြီး ထိုတပည့်ဘာလုပ်ချင်နေလဲဆိုတာကို ချက်ချင်းသိပြုမိလိုက်သည်။
ရန်ကိုင်ဆိုတဲ့ကောင်ကလည်း သူ့ကိုအရင်လာရန်စရင ်ငြိမ်ခံနေမယ့် လူစားမျိုးမဟုတ်ချေ။
ထပ်တိုက်ရင်ဆိုင်မယ့်အစား ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး မြွေခေါင်းကိုဖမ်းကိုင်လိုက်ကာ
ဘေးဘက်ကို လွင့်ပစ်လိုက်သည်။ ပြုံးဖြဲဖြဲလုပ်နေတဲ့ တစ္ဆေဘုရင်တောင်ကြားတပည့်ရဲ့မျက်နှာ
ချက်ချင်းတောင့်တင်းသွားခဲ့သည်။ ရန်ကိုင်၏ တန်ပြန်တိုက်ခိုက်မှုက သူ့မျှော်လင့်ထားသလို မဟုတ်ခဲ့ပေ။
တစ်မျိုးတစ်မည် ထူးခြားတဲ့ အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပြီး မြွေခန္ဓာကိုယ်နှင့်အတူ ထိုတပည့်လည်း
ပေပေါင်းများစွာကို လွင့်စင်သွားခဲ့သည်။
ဒါပေမယ့် သူ့တုန့်ပြန်မှုက မြန်ဆန်ပေသည်။ လေထဲမှာပဲ မြွေခေါင်းဆီက သူ့လက်ကို လွှတ်လိုက်ပြီး စပါးအုံမြွေ၏ ခန္ဓာကိုယ်ကို အဝေးဆီကန်ထုတ်လိုက်ပြီး သူ့ကိုယ်သူလွတ်လပ်သွားအောင် လုပ်လိုက်သည်။
ဒါပေမယ့် သူမြေပေါ်မရောက်သေးခင်မှာပဲ စပါးအုံမြွေနှစ်ကောင်က သူ့ဆီခုန်ဝင်လာခဲ့လေသည်။
မြွေပါးစပ်တွေဆီကနေ ကားထွက်နေတဲ့ အစွယ်တွေမြင်ပြီး သူ့ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို
ခံစားလိုက်ရသည်။ သူ့မျက်နှာ ချက်ချင်းဖြူလျော်သွားခဲ့ပြီး သူ့ဆံပင်တွေလည်း ချက်ချင်းထောင်မတ် သွားခဲ့သည်။
ကပ်ဆိုးတစ်ခုက သူ့ဆီချဉ်းကပ်လာနေခဲ့ပြီး တစ္ဆေဘုရင်တောင်ကြားက တပည့်ကို အသက်ရှုဖို့
မေ့လျော့သွားစေခဲ့လေသည်။ ရန်ကိုင်ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် သူပဲပြန်ခံခဲ့ ရလိမ့်မယ်လို့ တော့ မထင်ထားခဲ့ချေ။ အခုလို အရေးကြီးတဲ့အခြေအနေတွင် ဂူလီလည်း သူ့နားရောက်
လာခဲ့ပြီး ချက်ချင်းပဲ ထိုမြွေနှစ်ကောင်ကို လှံနဲ့ထိုးသတ်ပစ်လိုက်သည်။ ထို့နောက် ထိုတပည့်ရဲ့
ပုခုံးကိုကိုင်ပြီး သူ့အဖွဲ့သားတွေဆီ လွင့်ပစ်လိုက်သည်။
ဒါပေမယ့် ထိုအချိန်တွင် ပန်းတစ်ထောင်နန်းတော်ရဲ့ တပည့်တွေကို စပါးအုံမြွေတစ်ကောင်က တိုက်ခိုက် ခဲ့လေသည်။ မိန်းမလှလေး၏ မြန်ဆန်တဲ့ တုန့်ပြန်မှုကြောင့်သာ မဟုတ်ရင် မိန်းကလေးလေးယောက်စလုံး ဒုက္ခရောက်သွားနိုင်ပေသည်။ ဂူလီပြန်လာပြီးနောက် မိန်းမလှလေးက သူ့ကိုဒေါသတကြီး စိုက်ကြည့် လိုက်လေသည်။ ဂူလီက သူ့နေရာကနေ ထွက်သွားတဲ့အတွက် သူမ၏တပည့်လေးယောက်
အန္တရာကျတော့မလို ဖြစ်သွားခဲ့ရလေသည်။
သူ့အမှားဆိုတာ ဂူလီသိတဲ့အတွက် အထွန့်တက်ဖို့ မကြိုးစားခဲ့ချေ။ အဲ့အစား ရန်ကိုင်နဲ့လင်းတိုင်ရှုကိုသာ အေးစက်စက်နဲ့ စိုက်ကြည့်လိုက်သည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် လူကြီးတွေက ဝင်မရှုပ်ခဲ့ပေမယ့် ရန်ကိုင်ရဲ့ ထက်မြက်တဲ့ အစီအစဉ်က တစ္ဆေဘုရင်တောင်ကြားက တပည့်ကိုသေမင်းနှင့်လက်တစ်ကမ်း
အကွာဆီ တွန်းပို့လိုက်နိုင်ခဲ့သည်။ ရန်ကိုင်က သူတို့ကိုလုံးဝ အာရုံမစိုက်ချေ။ ဂူလီက သူ့ကိုသတ်ချင် တယ်ဆိုတာ ပေါ်တင်ပြောခဲ့ပြီးဖြစ်သည်။ ဘာလို့ သူတို့ရန်စမိမှာကို စိုးရိမ်နေရဦးမှာလဲ။
အခုအချိန်မှာ ယဉ်ကျေးနေတာက စိတ်ထားကောင်းတာကို ဖော်ပြနေတာမဟုတ်ပဲ အားနည်းချက်ကို
ဖော်ပြနေတာဖြစ်၏။
သူတို့အဖွဲ့ကာ မြွေတွေကို ဆက်လက်တိုက်ခိုက်နေခဲ့ပြီး အချိန်တော်တော်လေးကြာပြီး မြွေအကောင်နှစ်ဆယ်
လောက်ကို သတ်ပြီးတဲ့အချိန်မှာတော့ ထိုကပ်ဆိုးကနေ လွတ်မြောက်သွားခဲ့ကြသည်။ ထိုနေရာက
သေမင်းတောင် အပြင်ဘက်ပိုင်းသာ ဖြစ်ပြီး အခုလိုအန္တရာယ်မျိုး ကြုံတွေ့ခဲ့ရသည်။ အတွင်းပိုင်းဆိုရင်
ဘယ်လောက်အန္တာရာယ်များမလဲဆိုတာ တွေးကြည့်နိုင်ပေသည်။ ထိုတိုက်ပွဲကြောင့် သူတို့တော်တော်လေး
အားကုန်သွားခဲ့ရတဲ့အတွက ်၁၀၀ကီလိုမီတာလောက် သွားပြီးတဲ့အချိန်တွင် လုံးခြုံလောက်မယ့်
နေရာတစ်ခုကို ရှာပြီးနားလိုက်ကြသည်။
ရပ်တန့်လိုက်ပြီးနောက် ပန်းတစ်ထောင်နန်းတော်က ဘွားတော်ကြီးက မကျေမချမ်းဖြင့် အံကြိတ်လိုက်ပြီး
ဂူလီကိုအေးစက်စက်အကြည့်ဖြင့် စိုက်ကြည့်လိုက်ကာ ‘‘အဲ့လိုအပြုအမူမျိုးကို ဒီတစ်ကြိမ်တော့
ငါလွှတ်ပေးလိုက်မယ်။ အဲ့လိုနောက်တစ်ကြိမ် မဖြစ်စေရဘူးလို့ အာမမခံနိုင်ဘူးဆိုရင်တော့ ငါတို့ဒီနေရာကနေပဲ
လမ်းခွဲသွားကြမယ်။ ငါ့ပန်းတစ်ထောင်နန်းတော်က ငါတို့တပည့်တွေကို အန္တာရာယ်ပေးနိုင်တဲ့ မရိုးဖြောင့်တဲ့
လူတွေနဲ့ အလုပ်တွဲမလုပ်နိုင်ဘူး ’’
ဂူညီက ခါးသက်သက်နဲ့ ရယ်မောလိုက်ပြီး ‘‘ယန်နန်းတော်သခင်မရယ်၊ စိတ်အေးအေးထားပါ။
အစောပိုင်းတုန်းက ဒီဆရာသခင်အိုးကြီးရဲ့ အမှားပါ။ ငါ့တပည့်က နည်းနည်းစိတ်အားထက်သန်းလွန်း
သွားတာပါ။ တကယ်တော့ အားလုံးက နားလည်မှုလွဲသွားတာပါ ’’ ‘‘ အဲ့လိုဆိုတော့လည်း ကောင်းပြီလေ ’’
ဘွားတော်ကြီးက ခေါင်းညိတ်လိုက်ပြီး ထွက်သွားလိုက်သည်။
ဂိုဏ်းသုံးဂိုဏ်းက တစ်ဂိုဏ်းနဲ့တစ်ဂိုဏ်း ခပ်ခွာခွာနေကြပြီး တိတ်ဆိတ်နေခဲ့ကြသည်။ တစ်ခဏ
ကြာပြီးနောက် ရန်ကိုင်ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အစောပိုင်းတုန်းက သူ့ကိုဒဏ်ရာရအောင်
လုပ်ဖို့ကြိုးစားခဲ့တဲ့ တစ္ဆေဘုရင်တောင်ကြားတပည့်က သူ့ဆီလမ်းလျှောက်လာနေတာကို တွေ့လိုက်
ရလေသည်။
သူက ရန်ကိုင်နှင့်ခြေဆယ်လှမ်းအကွာကို ရောက်တာနဲ့ ရန်ကိုင်ကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်ပြီး
ရက်စက်ကြမ်းကြုတ်တော့မယ့်ပုံနဲ့ ပြုံးဖြဲဖြဲလုပ်ရင်း ‘‘ ငါ့နာမည်က ဂျင်းဟောင်။ မင်းငါနဲ့ မတွေ့တာ ကောင်းမယ်။ မဟုတ်ရင် ငါမင်းကိုရက်ရက်စက်စက် သတ်ပစ်မယ် ’’ သူတကယ်ကို ဒေါသထွက်နေခဲ့ပြီး
လင်းတိုင်ရှုဘေးမှာရှိနေတာကိုတောင် ဂရုမစိုက်တော့ချေ။
လင်းတိုင်ရှုက စကားတစ်ခွန်းမှ မပြောခဲ့ပဲ အေးအေးဆေးဆေးသာ တင်ပလင်ခွေထိုင်နေခဲ့သည်။
ရန်ကိုင်က ထိုတပည့်ကို ကြည့်လိုက်ပြီး ရုတ်တရက် အကျယ်ကြီးအော်ရယ်လိုက်သည် ‘‘ညီအစ်ကိုဂျင်၊
ကိုက်တဲ့ခွေးတွေက အရင်ဆုံးဟောင်လေ့ မရှိဘူး ’’
‘ခစ်ခစ်ခစ် ’ ပန်းတစ်ထောင်နန်းတော် မိန်းကလေးတွေဆီကနေ ရယ်သံတွေ ထွက်ပေါ်လာခဲ့လေသည်။
မိန်းမလှလေးက သူမတို့လေးယောက်ကို ချက်ချင်းစိုက်ကြည့်လိုက်ပြီး မိန်းကလေးလေးယောက်လည်း
ချက်ချင်းသူမတို့ပါးစပ်က ပိတ်လိုက်ကြကာ တရားထိုင်နေချင်ယောင်ဆောင်လိုက်သည်။
ဂျင်းဟောင်ရင်ထဲ ဒေါသပင်လယ် ဆူဝေသွားခဲ့ပြီး ‘‘ မင်းက အပြောတော့ကောင်းသာပဲ။ ဒါပေမယ့်
ငါတို့အထဲမှာ မတွေ့ပါစေနဲ့လို့ မင်းဆုတောင်းထားရင် ပိုကောင်းလိမ့်မယ် ’’
သူနှာခေါင်းရှုံ့ပြီး ထွက်သွားလိုက်လေသည်။ သူ့နောက်ကျောကိုကြည့်ရင်း ရန်ကိုင်စိတ်ထဲ သတ်ဖြတ်ချင်စိတ်
တို့ဖြင့်ပြည့်နေခဲ့သည်။ ထိုတစ္ဆေဘုရင်တောင်ကြား တပည့်တွေက သူ့ရန်သူတွေဖြစ်သည်။ ဒါပေမယ့် သူတို့ရဲ့
ကျင့်ကြံခြင်းအဆင့်က သူ့ထက်မြင့်ပြီး သူတို့လူအရေအတွက်ကလည်း တစ်ယောက်ထက်မကချေ။
သူတို့နဲ့သာရင်ဆိုင်တွေ့ခဲ့ရင် ရန်ကိုင်အဖို့ တော်တော်လေး ရုန်းကန်ရပေလိမ့်မည်။ တစ်ခဏကြာပြီးနောက်
ဘွားတော်ကြီးက မတ်တပ်ရပ်လိုက်ပြီး လင်းတိုင်ရှုနှင့်ဂူလီတို့နှစ်ယောက်လည်း မျက်လုံးဖွင့်လိုက်ကြသည်။
အရင်အတိုင်း စီစဉ်ပြီးတော့ သူတို့ရှေ့ဆက်သွားလိုက်ကြသည်။ လမ်းတစ်လျှောက်တွင် သူတို့မိစ္ဆာသားရဲ
များစွာဖြင့် ရင်ဆိုင်တွေ့ခဲ့ရသည်။ အဆင့်သုံး၊ အဆင့်လေး ၊အဆင့်ငါးနှင့် အဆင့်ခြောက်သားရဲ
နှစ်ကောင်ကိုတောင် သူတို့တွေ့ခဲ့ရပေသည်။
ဒါပေမယ့် အဆင့်၆သားရဲနှစ်ကောင်က ထိုအဖွဲ့မလွယ်ကူမှန်း သိတဲ့အတွက် နည်းနည်းလောက်
စမ်းသပ်ပြီးတာနဲ့ လက်လျော့ပြီး ထွက်သွားလိုက်ကြသည်။ ထိုသားရဲတွေကို သတ်ရာတွင်
ပန်းတစ်ထောင်နန်းတော်က မိန်းကလေးလေးယောက်က အကျိုးအမြတ် အများဆုံးရခဲ့ပြီး
တစ္ဆေဘုရင်တောင်ကြားက တပည့်သုံးယောက်က နောက်ကလိုက်ပေသည်။ ရန်ကိုင်ကတော့
အဆင့်ငါးသားရဲအမြူတေ နှစ်ခုသာ ရခဲ့၏။ ထိုနှစ်ခုကလည်း လင်းတိုင်ရှုက သားရဲအလောင်း
နှစ်ခုကို သူ့ဆီလွှင့်ပစ်ပေးလို့ပဲဖြစ်သည်။
ဒါပေမယ့် ရန်ကိုင်ဂရုမစိုက်ချေ။ သူ့ကျင့်ကြံကျံခြင်းအဆင့်က အနိမ့်ဆုံးဖြစ်သည်။ သူ့ရဲ့နိမ့်ကျတဲ့
စွမ်းဆောင်မှုနဲ့ဆိုရင် သူ့ကိုအာရုံစိုက်မှုနည်းပါးသွားပေလိမ့်မည်။ ထိုနည်းအားဖြင့် သူ့ဆီလာမည့်
အန္တရာယ်တွေကို ရှောင်ရှားနိုင်ပြီး သူ့ခွန်အားကို တဖြည်းဖြည်း ချင်း တိုးမြှင့်သွားနိုင်ပေသည်။
Martial Peak
အပိုင်း (၂၁၇) ရောက်ရှိခြင်း
သာမန်အခြေအနေမှာဆိုရင် ကီလိုမီတာငါးရာလောက်ကို ခြေကျင်သွားတာ နှစ်နာရီလောက်နဲ့တင်
ရောက်နိုင်ပါတယ်။ အင်မော်တယ်တက်လှမ်းခြင်း အဆင့်တွေသာ ပျံသန်းပြီးသွားမယ်ဆိုရင်တော့ ပိုပြီးမြန်မှာပါ။ ဒါပေမယ့် သေမင်းတောင်မှာ ကီလိုမီတာငါးရာကို ရန်ကိုင်တို့အနေနဲ့ နှစ်ရက်ကြာအောင် သွားခဲ့ရပါတယ်။ ဒါတောင် သူတို့ ဦးတည်ရာနေရာကို မရောက်သေးပါဘူး။ လမ်းတစ်လျှောက်မှာလည်း မိစ္ဆာသားရဲမျိုးစုံနှင့် သူတို့ကြုံတွေ့ခဲ့ရပါသေးတယ်။
‘‘ယန်နန်းတော်ခင်၊ ခင်ဗျားတပည့်တွေကို ဒီနေရာကို နှစ်တိုင်းခေါ်လာတော့ ဒီနေရာကို အကြောင်း
ကောင်းကောင်း သိလောက်မှာပဲ။ ဒီနေရာက နဂိုတုန်းက အခုလောက် အန္တရာယ်များလား ’’ သူတို့အဖွဲ့
နားနေချိန်တွင် လင်းတိုင်ရှုက မေးလိုက်တယ်။ သူဒီကိုနောက်ဆုံး အကြိမ်ရောက်လာခဲ့တာ လွန်ခဲ့တဲ့ နှစ်ငါးဆယ်တုန်းကပါ။ ထိုအချိန်တုန်းက မိစ္ဆာသားရဲတွေ တိုက်ခိုက်တာကို ခံရပေမယ့်
အခုအလောက် အန္တရာယ်မများခဲ့ပါဘူး။
ဘွားတော်ကြီးက တစ်ခဏလောက်ကြာအောင် တွေးလိုက်ပြီးနောက် ပြန်ပြောလိုက်တယ် ‘‘ ဟင့်အင်း၊ ဒီတစ်ကြိမ်က တော်တော်လေး ထူးခြားတယ်။ သေမင်းတောင် အတွင်းပိုင်းထဲက အားနည်းတဲ့မိစ္ဆာသားရဲတွေ အပြင်ဘက်ပိုင်းကို ထွက်ပြေးလာတာ ဖြစ်ရမယ် ’’ သူမပြောတာကို နားထောင်ရင်း လင်းတိုင်ရှုနှင့်ဂူလီတို့
နှစ်ယောက်စလုံး၏ အမူအရာ အနည်းငယ် ဖြူလျော်သွားခဲ့တယ်။
‘‘ ငါတို့ဆက်ပြီး အချိန်မဆွဲသင့်တော့ဘူး။ ငါတို့ဆက်သွားသင့်တယ် ’’ ဘွားတော်ကြီးက တစ်ခုခုမှားနေတာကို သတိပြုမိတဲ့အတွက် ချက်ချင်းပဲ အကြံပေးလိုက်တယ်။ ဒီလိုနဲ့ သူတို့အဖွဲ့ နောက်တစ်ကြိမ် ခရီးစပြန်ပါတယ်။
နေ့တစ်ဝက်လောက် သွားပြီးတဲ့အချိန်မှာတော့ သူတို့ ဦးတည်ရာနေရာကို ရောက်ရှိလို့လာခဲ့ပါပြီ။ သူတို့ရှေ့တွင် ရေကန်တစ်ကန်ရှိနေခဲ့ပြီး ကန်ရေက ကြည်လင်နေကာ တလက်လက်တောက်ပနေခဲ့တယ်။ ဒါပေမယ့် ထိုထူးဆန်းပြီး တည်ငြိမ်တဲ့ ကန်ရေပြင်က ရန်ကိုင်ကို တစ်မျိုးတစ်မည်း မလွယ်ကူသလို ခံစားရစေခဲ့တယ်။ ပတ်ပတ်လည်ကို လိုက်ကြည့်တဲ့အချိန် ရေကန်ပတ်လည်တွင် အဖွဲ့များစွာရှိနေတာကို ရန်ကိုင်တွေ့လိုက် ရပါတယ်။ ထိုအဖွဲ့တွေက ဟန်မင်းဆက်က အင်အားစုတွေဖြစ်ပြီး သူတို့တပည့်တွေကို အတွေ့အကြုံရဖို့အတွက်
ခေါ်လာကြတာပါ။ အချို့အဖွဲ့တွေက လူများပြီး ခုနှစ်ယောက်၊ ရှစ်ယောက်လောက်ရှိကာ အချို့လူနည်းတဲ့ အဖွဲ့တွေကကတော့ သုံးယောက်၊လေးယောက်လောက်ပဲ ရှိပါတယ်။
တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပေသုံးရာခြားထားကြပြီး ရေကန်အစွန်းတွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြတယ်။
လင်းတိုင်ရှုနှင့် အခြားလူအိုမျိုးဆက်တွေက ထိုမြင်ကွင်းကို မြင်လိုက်ရချိန် သူတို့မျက်နှာပေါ်တွင် မကျေနပ်တဲ့ အရိပ်ယောင် ထွက်ပေါ်လာခဲ့တယ်။ ပန်းတစ်ထောင်နန်းတော်က ဘွားတော်ကြီးက
အသာအယာ ခေါင်ညိတ်ပြလိုက်ပြီး မိန်းကလေးလေးယောက်နှင့် မိန်းမလှလေးကိုဦးဆောင်ကာ အဖွဲ့ကနေ ခွဲထွက်သွားလိုက်တယ်။ ထိုမိန်းကလေးတွေ ပေါ်လာတာနဲ့ သူမတို့က လူအုပ်ထဲက လူငယ်တွေရဲ့ အာရုံကို ချက်ချင်းပဲ ဆွဲဆောင်သွားခဲ့တယ်။ ဒါပေမယ့် မိန်းကလေးငါးယောက်ကတော့ ထိုအဖြစ်အပျက်တွေကို
ပုံမှန်ဖြစ်စဉ်တစ်ခုအလား လျစ်လျူရှုထားလိုက်ကြပါတယ်။
ဂူလီက လင်းတိုင်ရှုကနားက ဖြတ်သွားတဲ့အချိန် သူ့မျက်နှာက မိစ္ဆာပြုံးပြုံးနေပြီး ရန်ကိုင်ကို လေးနက်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ဂျင်းဟောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်ကို စူစိုက်ကြည့်ကာ လည်ပင်းကိုလက်နဲ့တိကနဲပုံစံ လုပ်ပြလိုက်တယ်။ ထို့နောက် ဂူလီနှင့် ပန်းတစ်ထောင်နန်းတော် နောက်လိုက်ကာ ရေကန်ဆီဦးတည်သွားလိုက်သည်။
‘‘ လာခဲ့၊ ငါတို့လည်းနေရာတစ်ခုလောက် ရှာကြရအောင် ’’ လင်းတိုင်ရှုက ပြောလိုက်ပြီး ရန်ကိုင်ကို
ဦးဆောင်ကာ ရေကန်ဆီဦးတည်သွားလိုက်ပါတယ်။
ရေကန်ပတ်လည်ရှိ နေရာအများစုကို အခြားသူတွေ
ဦးထားပြီးသွားကြပါပြီ။ ထို့ကြောင့် လင်းတိုင်ရှုနှင့်ရန်ကိုင်တို့က ထိုအင်အားစုတွေကို ဖြတ်သန်းပြီး နေရာရှာရပါတော့မယ်။
ဒါပေမယ့် အဖွဲ့တစ်ခုကို ဖြတ်သွားတိုင်း လင်းတိုင်ရှုက ထိုအင်အားစုတွေအကြောင်း ရန်ကိုင်ကို ရှင်းပြနေခဲ့တယ်။
ရန်ကိုင်လည်း ထိုအဖွဲ့တွေကို တိတ်တဆိတ်လေ့လာပြီး အချက်အလက်အားလုံး မှတ်မိအောင် ကြိုးစားလိုက်တယ်။
ရေကန်တစ်ဝက်လောက်ကို လမ်းလျှောက်ပြီးချိန်မှာတော့ ဘယ်သူမှမယူ ရသေးတဲ့ နေရာတစ်ခုကို တွေ့လိုက်ရပါပြီ။ ထို့နောက် ထိုနေရာတွင် ထိုင်ချလိုက်ပြီး လင်းတိုင်ရှုက ရန်ကိုင်ကို ကန်ဘေးရှီ အင်အားစုအမျိုးမျိုးအကြောင်း ဆက်ရှင်းပြလိုက်တယ်။ ရန်ကိုင်လည်း သေချာနားထောင် နေခဲ့ပြီး ပတ်ဝန်းကျင်ကိုလည်း စူးစမ်းလို့နေခဲ့တယ်။
သူပိုပြီးသိရလေ ဒီတစ်ကြိမ် အတွေးအကြုံက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ သူပိုပြီး သိလာခဲ့တယ်။ အဖွဲ့တစ်ခုစီတိုင်းက ဟန်မင်းဆက်ရှိ အင်အားစုတစ်ခုစီတိုင်းကို ကိုယ်စားပြုပြီး
အများစုက ပထမအဆင့်နှင့်ဒုတိယအဆင့် အင်အားစုတွေဆီမှ လာကြာတာပါ။ တတိယအဆင့် အင်အားစုကလူဆိုလို့ အနည်းငယ်ပဲရှိပါတယ်။ အဖွဲ့တစ်ခုစီတိုင်းတွင် အနည်းဆုံးတပည့်သုံး၊လေး ယောက်လောက်ရှိပြီး ရန်ကိုင်တို့အဖွဲ့သာ တပည့်တစ်ယောက်ထဲ ရှိနေတာပါ။
လင်းတိုင်ရှုက ရန်ကိုင်အတွက် အဖော်ရအောင် လူခေါ်လာချင်ပေမယ့် ကောင်းကင်စံအိမ်တွင်
သင့်တော်တဲ့လူမရှိခဲ့ပါဘူး။ စုယန်မှာလုံလောက်တဲ့ ခွန်အားရှိပေမယ့် သူမကရေခဲနှလုံးသား လျှို့ဝှက်နည်းစနစ်ကို
လေ့ကျင့်တဲ့အတွက် အလွန်အမင်း သတ်ဖြတ်ခြင်းက သူမကိုကောင်းကျိုးဖြစ်စေတာထက် ပိုပြီးဆိုးကျိုး
ဖြစ်စေနိုင်ပါတယ်။ ရှနင်းချန်လည်း ရွေးချယ်စရာကောင်း တစ်ခုဖြစ်ပေမယ့် မန်ဝူရက သူမကို တပည့်တစ်ယောက်အစား အဖိုးတန်သမီးတစ်ယောက်လို ဆက်ဆံတာပါ။ သူက
ဘယ်လိုလုပ်ပြီး သူမကိုဒီလိုနေရာဆီ လွှတ်ပါ့မလဲ။ ရှဲ့ဟုန်ချန်အတွက်ကတော့ လင်းတိုင်ရှုက သူ့ကို
ဒီနေရာကို ခေါ်လာဖို့ လုံးဝမစဉ်းစားခဲ့ပါဘူး။ သူ့ကိုခေါ်လာတာက ရန်ကိုင်ကို မြန်မြန်သေအောင် လုပ်နေတာနဲ့ အတူတူပါပဲ။
ဒီမှာရှိနေတဲ့ ဂျူနီယာအားလုံးရဲ့ ခွန်အားက ရန်ကိုင်ထက်မြင့်ပါတယ်။ အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်ခုနှစ်၊ရှစ်လောက် ရှိကြပြီး အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေကတော့ မြက်ပင်လို
ပေါများပါတယ်။ သတင်းကောင်းကတော့ မိသားစုကြီးရှစ်ခုမှ ဘယ်သူမှမလာခဲ့ကြခြင်းပါပဲ။
‘‘ အစစ်အမှန်ဒြပ်စင်အဆင့်၊ ဒါမှမဟုတ် အဲ့ထက်နိမ့်တဲ့ လူတွေပဲ အတွေ့အကြုံအတွက် ဒီနေရာကို လာနိုင်တယ်။ အဲ့ဒါကြောင့် အထဲမှာ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို တွေ့မှာကို
တွေးပူနေစရာမလိုဘူး။ မင်းခွန်အားနဲ့ဆိုရင် အစစ်အမှန်ဒြပ်စင်အဆင့်၁၊၂ လောက်ကို လက်ရည်တူ
ယှဉ်တိုက်နိုင်တယ်။ ဒါပေမယ့် မင်းထက် အားကောင်းတဲ့လူနဲ့ တွေ့မယ်ဆိုရင် ဆရာဖိုးဖိုးမင်းကို အကြံတစ်ခုပေးမယ်။ ပြေးသာပြေး … ယောကျာ်းတစ်ယောက်ဆိုတာ ဘယ်အချိန်မှာ ဘယ်လိုပြုမူရမလဲဆိုတာ သိရတယ်။ ကိုယ်ခွန်အား ကိုယ်မစစ်ဆေးပဲ ရမ်းသန်းပြီး စွတ်လုပ်လို့မရဘူး။ မင်းခေါင်းကိုအသုံးချဖို့ မမေ့နဲ့ ’’
‘‘ တပည့်နားလည်ပါတယ် ’’ ရန်ကိုင်က အသာအယော ခေါင်းညိတ်ပြလိုက်တယ်။ ‘‘ အထဲမှာမင်းအတွက်
အဓိကတာဝန်က အသက်ရှင်အောင် နေဖို့ဆိုတာ မမေ့နဲ့။ မင်းခွန်အားတိုးတက်ဖို့အတွက် အခြားကျင့်ကြံ
သူတွေနဲ့ တိုက်မှရမယ်လို့ မဆိုလိုဘူး။ မိစ္ဆာသားရဲတွေကို သတ်ပြီးတော့လည်း မင်းခွန်အားကိုး တိုးတက်အောင် လုပ်လို့ရတယ်။ မင်းယုံကြည်ရမယ့် လူနဲ့တွေ့ဆိုင်ရင်တော့ အတူတူပူးပေါင်းလုပ်ဆောင်လို့ရတယ်။ အဲ့လိုဆို မင်းအသက်ရှင်သန်နိုင်ချေလည်း ပိုမြင့်တာပေါ့ ’’
‘‘ နားလည်ပတယ်။ ဆရာဖိုးဖိုး၊ အဲ့ကလူတွေက ဘယ်ဂိုဏ်းကလည်း မသိဘူး။ သူတို့ဝတ်စားပုံက တော်တော်
လေးထူးဆန်းတယ် ’’ ရန်ကိုင်က အဝေးတစ်နေရာမှာရှိနေတဲ့ အဖွဲ့ဆီ ညွှန်ပြလိုက်တယ်။ လင်းတိုင်ရှုလည်း
ထိုနေရာကို ကြည့်လိုက်တဲ့အချိန် မျက်မှောင်ကြုံ့လိုက်မိသွားခဲ့တယ်။ ထိုအဖွဲ့ကလူတွေက သူတို့ရဲ့အဝတ်အစား
ဖြစ်စေ၊ အသွင်အပြင်ဖြစ်စေ အခြားသူတွေနဲ့ အနည်းငယ်ကွဲပြားနေခဲ့ပါတယ်။
သူတို့တွေက လင်းတိုင်ရှု၏ အကြည့်ကို သတိပြုမိသည့်အလား ရန်ကိုင်နှင့်လင်းတိုင်ရှုကို စိုက်ကြည့်လိုက်တယ်။
သူတို့အကြည့်တွေက အေးစက်ပြီး ရက်စက်သည့်ပုံပေါ်က ရန်ကိုင်နှင့်လင်းတိုင်ရှုတို့ကို သူများကိစ္စမှာ
ဝင်မပါဖို့ သတိပေးနေသည့်ပုံပါ။ ‘‘ သူတို့တွေက ဟန်မင်းဆက်က လူတွေ မဟုတ်ဘူး’’
လင်းတိုင်ရှုက ပြောလိုက်သည် ‘‘ သူတို့တွေက တန်းလန်မင်းဆက်ကပဲ ’’ ‘‘ တန်းလန်မင်းဆက်ကလည်း
လူတွေပို့လိုက်တာလား ’’ ဟန်မင်းဆက်နှင့် တန်းလန်မင်းဆက်က ကပ်နေတယ်ဆိုပေမယ့် ဒီလောက် ကီလိုမီတာပေါင်း ထောင်ပေါင်းများစွာ ကွာဝေးတဲ့ ဟန်မင်းဆက် တားမြစ်နေရာဆီ ဘာလို့လူတွေ ပို့ရတာလဲ။
‘‘သူတို့ယဉ်ကျေးမှုက ဟန်မင်းဆက်နဲ့ ကွဲပြားတယ်။ သူတို့ဆီက ကျင့်ကြံသူတွေက အရမ်းရက်စက်
ကြမ်းကြုတ်တယ်လို့ ကြားဖူးတယ်။ ပြီးတော့ သူတို့က ငါတို့ဟန်မင်းဆက်လူတွေ မဟုတ်တော့ အထဲ
ရောက်ရင် မင်းတော်တော်လေး သတိထားသင့်တယ် ။ ဒီအဖွဲ့က လူတွေရဲ့ခွန်အားက မင်းခုခံနိုင်တဲ့ ခွန်အားမျိုးမဟုတ်ဘူး ’’
‘‘ သူတို့ဝတ်စားတဲ့ပုံစံက တော်တော်လေး ဆွဲဆောင်မှုရှိတာပဲ’’
ရန်ကိုင်က တန်းလန်မင်းဆက်အဖွဲ့က မိန်းကလေးနှစ်ယောက်ကို ငေးကြည့်ရင်း မှတ်ချက်ပေးလိုက်တယ်။
သူမတို့၏အဝတ်အစားတွေက ရင်ဘတ်နေရာကိုသာ ဖုံးကွယ်ထားခဲ့ပြီး လက်မောင်၊ဝမ်းဗိုက်နေရာတွေကို
လှစ်ဟာထားပေသည်။ သူမတို့၏ရင်ဘတ်နေရာက တောင်နှစ်လုံးကလည်း အချိန်မရွေးထပေါက်တော့မယ့်
မီးတောင်နှစ်ခုအလား … သူမတို့၏စကတ်တွေကလည်း ဒူးရောက်ရုံသာ ဖုံးထားခဲ့ပြီး ခြေတံရှည်ရှည်တွေကို
လှစ်ဟာထားခဲ့ပါတယ်။
‘‘ အိုင်း….’’ လင်းတိုင်ရှုက အကူအညီမဲ့စွာနဲ့ ခေါင်းယမ်းလိုက်မိပါြပီ။
သူလုံးဝကို နားမလည်နိုင်တော့ပါဘူး။ သူ့ပထမတပည့်က အရမ်းကိုရိုးသားပြီး တည့်တိုးဆန်တဲ့လူတစ်ယောက်ပါ။
ဒါပေမယ့် သူက ရန်ကိုင်ကိုကောင်စုတ်မျိုးကို ဘယ်လိုလုပ်ပြီး မွေးလိုက်တာလဲဆိုတာကို လင်းတိုင်ရှု စဉ်းစားမရတော့ပါဘူး။ အချိန်တွေ ကုန်လာတာနဲ့ လူတွေလည်းတဖြည်းဖြည်းနဲ့ များပြားလာခဲ့တယ်။ တစ်ရက် မပြည့်ခင်မှာပဲ ရေကန်ဘေးရှိ နေရာအကုန်လုံး လူပြည့်သွားခဲ့တယ်။ ထို့ကြောင့် အားကြီးတဲ့လူတွေက အားနည်းတဲ့လူတွေရဲ့ နေရာတွေကို လုယူကြပါတော့တယ်။ အားနည်းလို့ အသတ်ခံရရင်တောင် ထိုအချက်ကြောင့် ဘယ်သူမှသူတို့အစား ဝင်ကူပြောပေးလိမ့်မှာ မဟုတ်ပါဘူး။
လင်းတိုင်ရှုနှင့်ရန်ကိုင်တို့အဖွဲ့ကတော့ ကံကောင်းစွာပဲ အခုအချိန်ထိတိုင်အောင် ပစ်မှတ်ထားမခံရသေးပါဘူး။
ဒါပေမယ့် လူတွေပိုပြီးရောက်လာတာနဲ့ ကျန်တဲ့လူတွေကလည်း ရန်ကိုင်နှင့်လင်းတိုင်ရှုတို့အဖွဲ့ကို သတိထားမိ လာကြတယ်။ ရုတ်တရက် လင်းတိုင်ရှုကအရွယ်လောက်ရှိမယ့် လူအိုကြီးတစ်ယောက်က ဂျူနီယာနှစ်ယောက်
ကိုဦးဆောင်က ရန်ကိုင်နှင့်လင်းတိုင်ရှုတို့ဆီ လမ်းလျှောက်လာခဲ့ကြပါတယ်။
လင်းတိုင်ရှု့ မျက်လုံးဖွင့်လိုက်ပြီး ထိုအဖွဲ့ကို ကြည့်လိုက်ပေမယ့် သူ့ပုံစံက မထူးခြားနားရှိနေဆဲဖြစ်ပြီး
ဆက်ပြီးတော့သာ ထိုင်နေမြဲ ထိုင်နေခဲ့ပါတယ်။ ရန်ကိုင်ကတော့ တိတ်တဆိတ်နဲ့ တိုက်ခိုက်ဖို့အဆင်သင့်ပြင်ထား
လိုက်ပေမယ့် ထိုအဖွဲ့က ရန်လိုပြီး သတ်ဖြတ်လိုစိတ်ကို မထုတ်လွှတ်ထားကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရတယ်။ လူအိုကြီးက တစ်ခဏလောက် တွေးတောလိုက်ပြီး လင်းတိုင်ရှုကို လက်သီးဆုပ်ကာ ယဉ်ကျေးစွာနဲ့
ပြောလိုက်သည် ‘‘ လရောင်ပြန်ဂိုဏ်းက အကြီးအကဲကျိုးဝမ်က ဒီကဆရာသခင်ရဲ့ နာမည်ကို သိပါရစေ ’’
‘‘ ကောင်းကင်စံအိမ်၊ လင်းတိုင်ရှု ’’
‘‘ အဲ့တော့ ညီအစ်ကိုလင်းပေါ့ ’’ ကျိုးဝမ်က လင်းတိုင်ရှုနာမည်ကို ကြားဖူးသည့်ပုံါပဲ။ ယဉ်ယဉ် ကျေးကျေးနဲ့ နှုတ်ဆက်ပြီးနောက် လိုရင်းအချက်ကို တိုက်ရိုက်ပြောလိုက်ပါပြီ ‘‘ ညီအစ်ကိုလင်း၊
ငါတို့ကိုခွင့်လွှတ်ပေးပါ။ ဒီလူအိုကြီးနဲ့ ငါတပည့်တွေက နောက်ကျပြီးရောက်လာတော့ ရေကန်ဘေးနားက
နေရာတွေကို လူပြည့်သွားတယ် ’’ လင်းတိုင်ရှုနှင့်ရန်ကိုင်တို့က မိုင်ထောင်ပေါင်းများစွာကို တစ်ခဏအတွင်း
ဖြတ်သန်းလာခဲ့အတွက် သူတို့နောက်ကျတယ်ဆိုရင်တောင် အရမ်းကြီးနောက်မကျခဲ့ပါဘူး။ လရောင်ပြန်ဂိုဏ်းက
ကျိုးဝမ်တို့က လွန်ခဲ့တဲ့တစ်လကတည်းက ဂိုဏ်းကနေ ထွက်လာခဲ့တာပါ။ လမ်းတွင် အခက်အခဲ မြောက်များစွာကို ရင်ဆိုင်နေခဲ့ရတဲ့အတွက် နောက်ကျနေခဲ့ရတာပါ။
‘‘ ညီအစ်ကိုကျောင်းမေးချင်တာများ ရှိလား ’’ အခြားတစ်ဖက်က ရန်လိုစိတ်မပြတဲ့အတွက် လင်းတိုင်ရှုကလည်း တစ်ဖက်သားကို မျက်နှာသာပေးရပေမယ်။ ကျိုးဝမ်တို့လာတဲ့ ရည်ရွယ်ချက်ကို
သိနေပေမယ့်မယ့်လည်း အရင်စပြီး မေးရဦးပါမယ်လေ။ ကျိုးဝမ်က ခြောက်ကပ်ကပ်နဲ့ ရယ်မောလိုက်ပြီးနောက်
‘‘ ဒီကျိုးက ညီအစ်ကိုလင်းနဲ့ အပေးအယူတစ်ခုလုပ်ချင်တာ။ ရေကန်ထဲက ရေမှော်တွေက လူလေးယောက်
သယ်နိုင်တယ်လေ။ ဒါပေမယ့် ညီအစ်ကိုလင်းက လူတစ်ယောက်ပဲ ခေါ်လာတာဆိုတော့ ဒီကကျိုးရဲ့
တပည့်နှစ်ယောက်ကိုပါ သူနဲ့အတူလိုက်သွားခိုင်းလို့ ရမလား။ မဟုတ်ရင် ဒီလူအိုကြီး ဒီခရီးကိုလာတဲ့ ရည်ရွယ်ချက်က အချည်းနှီးဖြစ်သွားလိမ့်မယ်။ လက်ဗလာနဲ့ ဂိုဏ်းကို ပြန်ရမယ်ဆိုရင် တော်တော်လေး ရှက်ဖို့ကောင်းမှာ။ အဲ့လိုဆိုရင် ဒီလူအိုကြီးရဲ့ တပည့်နှစ်ယောက်လည်း စိတ်ပျက်သွားမှာ အသေအချာပဲ ’’
လင်းတိုင်ရှု့ သူ့အကြည့်ကို ကျိုးဝမ်နောက်က တပည့်နှစ်ယောက်ဆီ ပြောင်းလိုက်တယ်။ ထိုနှစ်ယောက်က
ခပ်မြန်မြန်ပဲ ရှေ့တက်ပြီး လူငယ်လေးက လေးလေးစားစားနဲ့ နှုတ်ဆက်လိုက်လေသည် ‘‘ တပည့်ချန်းယွဲ့ရှုက
စီနီယာလင်းကို နှုတ်ဆက်ပါတယ် ’’
ခပ်မြန်မြန်ပဲ မိန်းကလေးတပည့်ကလည်း နှုတ်ဆက်လိုက်ပါတယ်
‘‘ တပည့်စုရှောင်းယုက စီနီယာလင်းကို
နှုတ်ဆက်ပါတယ် ’’
သူတို့နှုတ်ဆက်တဲ့အချိန် မည်သည့်မောက်မာမှု၊ မကျေနပ်မှုကိုမှ မပြခဲ့ပါဘူး။ လင်းတိုင်ရှုက တိတ်တဆိတ်နဲ့ ခေါင်းညိတ်လိုက်တယ်။ လရောင်ပြန်ဂိုဏ်းက ကောင်းကင်စံအိမ်လိုပဲ ဒုတိယအဆင့်ဂိုဏ်းတစ်ခုပါ။ ကောင်လေးနဲ့ ကောင်မလေးက တည်ငြိမ်ပြီး နူးညံ့ပုံရကာ သတ်ဖြတ်ခြင်းနှင့်တိုက်ခိုက်ခြင်းကို နှစ်သက်တဲ့ ပုံမရပါဘူး။
လင်းတိုင်ရှုက စဉ်းစားနေတာကို မြင်လိုက်တဲ့အချိန် ကျိုးဝမ်က ခပ်မြန်မြန်ပြောလိုက်တယ် ‘‘ ဒီလူအိုကြီးရဲ့
တပည့်နှစ်ယောက်က ကြင်နာတတ်ဆိုတာ ဒီလူအိုကြီး အာမခံပါတယ်။ သူတို့တွေက ဒီနေရာကို မိစ္ဆာသားရဲ
သတ်ဖို့နဲ့ အခွင့်အရေးရှာဖို့ပဲ လာခဲ့တာပါ။ ညီအစ်ကိုလင်းရဲ့ တပည့်ကိုခက်ခဲအောင်မလုပ်ဖူးလို့ ဒီလူအိုကြီးကိုယ်တိုင် အာမခံပါတယ် ’’ သူပြောပြီးတာနဲ့ ထပ်ပြောလိုက်သည်
‘‘ ဒီညီငယ်လေးက တစ်ယောက်တည်းဆိုတာ အထဲရောက်တာနဲ့ သူသာဆန္ဒရှိမယ်ဆိုရင် သူတို့တစ်ယောက်ကို တစ်ယောက်
စောင့်ရှောက်လို့ရတာပေါ့ ’’ လင်းတိုင်ရှုက သဘောတူဖို့ ဆုံးဖြတ်ထားပေမယ့် ရန်ကိုင် အထင်အမြင်ကို မေးလိုက်ပါသေးတယ် ‘‘ မင်းကော ဘယ်လိုလုပ်ချင်လဲ ’’
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ‘‘ ကျွန်တော်တို့ အတူတူသွားလို့ရတယ်။ ဒါပေမယ့် အထဲရောက်ရင်
ကျွန်တော့်ကို စောင့်ရှောက်စရာ မလိုပါဘူး ’’
သူတို့တွေက တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးပါဘူး။ ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့က အပြင်ဘက်တွင်
ကြင်နာပုံပေါက်ပေမယ့် လူတစ်ယောက်ရဲ့ နှလုံးသားကို အပြင်ပန်းကို ကြည့်ပြီးဆုံးဖြတ်လို့ မရဘူးလေ။
သတိဆိုတာ ပိုတယ် မရှိပါဘူး။ ထို့ကြောင့် နည်းနည်းလေး ပိုဂရုစိုက်လိုက်တာ ကိစ္စမရှိပါဘူး။ ထို့ပြင် ရန်ကိုင်ကိုယ်တိုင်ကလည်း ထိုနှစ်ယောက်ကို
မယုံကြည်သေးပါဘူး။ ထိုနည်းတူစွာပဲ ထိုနှစ်ယောက်ကလည်း သူ့ကိုယုံကြည်လား၊ မယုံကြည်ဘူးလားဆိုတာ
သူမသိဘူးလေ။ ကျိုးဝမ်က အာမခံပေးပေမယ့် သူ့စကားကို မျက်လုံးစုံမှိတ် ယုံလို့မှ မဖြစ်တာကို။
Maritial Peak
အပိုင်း (၂၁၈) ကန်ရေပြင်ကို ရေမှော်တွေနဲ့ ဖြတ်သန်းခြင်း
‘‘ ဒီကောင်စုတ်လေးကလည်း ဘာမှမပြောမှာတော့ ညီအစ်ကိုကျိုးတို့ကို ကြိုဆိုပါတယ် ’’ လင်းတိုင်ရှုက ကျိုးဝမ်ကို ထိုင်ဖို့ အချက်ပြလိုက်တယ်။ ကျိုးဝမ်းလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်သီးဆုပ်
ပြုံးပြကာ ပြောလိုက်တယ်
‘‘ညီအစ်ကိုလင်းကို ကျေးဇူးတင်ပါတယ်’’
‘‘ ညီအစ်ကိုကျိုးက ယဉ်ကျေး လွန်းနေတာပဲ ’’ လင်းတိုင်ရှုက ပြုံးကာပြောလိုက်သည်
‘‘တကယ်တော့ ငါတို့ပြဿနာကို ကူညီဖြေရှင်း ပေးတဲ့အတွက် ညီအစ်ကိုကျိုးကို ကျေးဇူးတင်သင့်တာပဲလေ ’’
တကယ်တော့ လရောင်ပြန်ဂိုဏ်း သူတို့ဆီလာပေါင်းလိုက်တာက သူတို့အတွက်တော့ အမြတ်ပဲရှိပြီး အရှုံးမရှိပါဘူး။ လင်းတိုင်ရှုနှင့် ရန်ကိုင်တို့က နှစ်ယောက်တည်းဖြင့် နေရာတစ်ခုကို အပိုင်သိမ်းထားတဲ့ အဖွဲ့တစ်ခုပါ။ ကန်ပတ်လည်ရှိ နေရာတွေ အားလုံးကလည်း လူပြည့်နေပြီဖြစ်ပြီး နောက်ထပ် လူတွေသာ ထပ်ရောက်လာခဲ့ရင် သူတို့အဖွဲ့ကို တိုက်ခိုက်နိုင်ချေက များလှပါတယ်။
သိုပေမယ့် ကျိုးဝမ်းတို့လာပေါင်းလိုက်တဲ့အတွက် အခုအချိန်တွင် သူတို့အဖွဲ့၌ လူငါးယောက် ဖြစ်သွားခဲ့ပါပြီ။ ပြီးတော့ ငါးယောက်ထဲမှာ နှစ်ယောက်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ဆိုတော့ သူတို့အဖွဲ့ကိုသာ လာတိုက်ခိုက်ချင်တယ်ဆိုရင် သေချာစဉ်းစားဆုံးဖြတ်ဖို့လိုပါတယ်။
လင်းတိုင်ရှုပြောတဲ့ စကားလုံးတွေကို ကြားလိုက်တာနဲ့ ကျိုးဝမ်အဖို့ ပိုပြီးလွယ်ကူသွားသလို ခံစားလိုက်ရတယ်။ သူတို့ နှစ်ယောက်စလုံးက လူအိုကြီးတွေ ဖြစ်တဲ့အတွက် စကားလေးနည်းနည်းလောက် ပြောပြီးသွားတဲ့ အချိန်မှာတော့ ပိုပြီးရင်းနှီးလာခဲ့တယ်။ လင်းတိုင်ရှုက သူတို့ကိုလက်ခံခဲ့တဲ့အတွက် ကျိုးဝမ်က ဒီနေရာရဲ့ အတိတ်သမိုင်းကြောင်းနဲ့ ပက်သက်တဲ့ သတင်းအချက်အလက်တွေကို သူသိသမျှ ပြန်ပြောပြခဲ့သည်။
လင်းတိုင်ရှုက ထိုအချက်ကို သိသည့်ပုံမပေါ်ပါဘူး။ သူလာခဲ့တဲ့ နောက်ဆုံးအကြိမ်က လွန်ခဲ့တဲ့နှစ်ငါးဆယ်လေ။ နှစ်ငါးဆယ်ဆိုတဲ့အချိန်က မသေးပါဘူး။ ထိုနှစ်ငါးဆယ်အတွင်း ဒီနေရာက လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ ကျိုးဝမ်က သူသိသမျှ အကြောင်းအရာတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်ပါတယ်။
ရန်ကိုင်လည်း အာရုံစိုက်ပြီး နားထောင်နေလိုက်သည်။
ကျိုးဝမ်ပြောပုံအရဆို ဒီနေရာကို သေမင်းတောင်ကိုလာတဲ့ ကျင့်ကြံသူတွေက ရှာတွေ့ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ လူတွေလည်း ဒီနေရာအကြောင်း သိလာခဲ့ကြတယ်။ ဒါပမယ့် ပုံမှန်ဆိုရင်တော့
ဒီနေရာအကြောင်း သိတဲ့လူတွေက လျှို့ဝှက်ချက်အဖြစ်သာ သိမ်းဆည်းထားလေ့ ရှိပါတယ်။
ဒါပေမယ့် နှစ်ထောင်ပေါင်းများစွာ ကြာပြီးတဲ့အချိန်မှာတော့ လူတွေ ဒီနေရာအကြောင်းကို ပိုပိုသိလာခဲ့တယ်။ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံး သတိပြုမိလောက်တဲ့ အတိုင်းအတာထိတော့ မရောက်သေးပါဘူး။
ဟန်းမင်းဆက်တွင် ဂိုဏ်းအရေအတွက် ဘယ်လောက်တောင် ရှိလိမ့်မလဲ။ ဒီရေကန်ကို အားကောင်းတဲ့ အင်အားစုများစွာက ဝန်ရံထားပေမယ့် ဒီမှာရှိနေတဲ့ အင်အားစုအရေအတွက်က ဟန်မင်းဆက်ရှိ အင်အားစုအရေအတွက်ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိသေးပါဘူး။ ဒီနေရာအကြောင်း ကမ္ဘာကြီးတစ်ခုလုံးသာ
သိသွားခဲ့ရင် ဆယ်စုနှစ်လောက်ကြာအောင် သွေးလွှမ်းတိုက်ပွဲတွေ ဖြစ်နေလိမ့်မှာပါ။
‘‘ ဒီနေရာကို ရှာတွေ့တုန်းက နေရာတွေအတွက် ငါတို့ယှဉ်ပြိုင်စရာမလိုဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့
နှစ်သုံးဆယ်ကစပြီး အားကောင်းတဲ့ အင်အားစုတွေက ဒီနေရာအကြောင်းကို ကြားသွားခဲ့တယ် ’’
‘‘ဘာတွေပြောင်းလဲသွားခဲ့တာလဲ’’ လင်းတိုင်ရှုက မေးလိုက်တယ်။
‘‘ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်သုံးဆယ်တုန်းက ဒီနေရာထဲကို ဝင်သွားတဲ့ တပည့်တစ်ယောက်က အရမ်းကိုအဖိုးတန်တဲ့ တစ်ခုခုကို ပြန်သယ်လာခဲ့တယ် ’’ ကျိုးဝမ်က သူ့အသံကိုနှိမ့်လိုက်ပြီး
ဆက်မပြောခင် ပတ်ပတ်လည်ကို အရင်ကြည့်လိုက်တယ်။
ပြီးတော့မှပဲ ဆက်ပြောလိုက်ပါတယ်
‘‘ အထဲကနေ တစ်ယောက်ယောက်က ယန်မီးတောက်အရည်ကို ရခဲ့တယ် ’’ လင်းတိုင်ရှု မျက်နှာထက်တွင် ထိတ်လန့်အံ့သြမှု အရိပ်အယောင် တစ်စွန်းတစ်စ ဖြတ်ပြေးသွားခဲ့ပါပြီ။
‘‘အဲ့ဒါက ချီကိုသန့်စင်နိုင်တဲ့ အထွတ်အထိပ်ရတနာတစ်ခု မလား ’’
ကျိုးဝမ်က ခေါင်းညိတ်လိုက်ပြီဂ ‘‘ ဟုတ်တယ် ’’
ယန်မီးတောက်အရည်ဆိုတဲ့ စကားလုံးထွက်ပေါ်လာတာနဲ့ ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့၏ အသက်ရှုသံတွေ မြန်ဆန်လာခဲ့တယ်။ ထိုရတနာ ဘယ်လောက် တန်ဖိုးကြီးလဲဆိုတာ သူတို့သိပါတယ်။
ရန်ကိုင်တစ်ယောက်သာ မည်သည့်အမူအရာမှ မပြတာပါ။
ကျိုးဝမ်က ရန်ကိုင်၏အမူအရာကို မြင်တဲ့အချိန် ဒီကောင်လေးက တော်တော်လေးကို ဗဟုသုတနည်းတာပဲလို့ မှတ်ချက်ပေးလိုက်တယ်။
ဒါပေမယ့် ရန်ကိုင်တွင် ယင်ကိုးသွယ် နှင်းပုံဆောင်ခဲ ရှိနေပြီဖြစ်တဲ့အတွက် ယန်မီးတောက်အရည်ကို သူအဲ့လောက်ကြီး စိတ်မဝင်စားတော့ပါဘူး။
ကျိုးဝမ်က ချောင်းဟန့်လိုက်ပြီး ဆက်ပြောလိုက်တယ်
‘‘ယန်မီးတောက်အရည်သီးသန့်ပဲဆိုရင်
လူအများကြီးကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူ။ တစ်ယောက်ယောက်က ယန်မီးတောက်အရည်ကို ရခဲရုံမက
အခြားတစ်ယောက်က ဝိဉာဉ်သန်စင်ခြင်းနှင်စက်ကိုလည်း ရခဲ့တယ်’’
ထိုသတင်းက လင်းတိုင်ရှုကို နောက်တစ်ကြိမ် ထိတ်လန့်သွားစေပြန်လေပြီ။ ရန်ကိုင်လည်း သိချင်စိတ်
ပြင်းပြသွားခဲ့ပြီး ‘‘ အဲ့ဒါက ဘယ်လိုရတနာမျိုးလဲ ’’ ကျိုးဝမ်က ပြုံးလိုက်ပြီး သေသေချာချာ ရှင်းပြလိုက်တယ်
‘‘ ယန်မီးတောက်အရည်က အစစ်အမှန်ချီကို သန့်စင်ပေးနိုင်တယ်။ ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်ကတော့ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ပေးနိုင်ပြီး စိတ်ဝိဉာဉ်နဲ့ ကောင်းကင်စိတ်အာရုံကို လေ့ကျင့်လို့ရစေနိုင်တယ်။ အကယ်၍ တစ်ယောက်ယောက်ကသာ အစစ်အမှန်ဒြပ်စင်အဆင့်နဲ့ အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်မယ်ဆိုရင် သူတို့မှသာ ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်ရှိမယ်ဆိုရင် အသိစိတ်ပင်လယ်ကို ဘယ်အတားအဆီးမှ မတွေ့ကြုံပဲ အလွယ်တကူ ဖွင့်နိုင်လိမ့်မယ်။ အသိစိတ်ပင်လယ်ဖွင့်လှစ်ပြီးတဲ့ သူဆိုရင်လည်း ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်တစ်စက် သူတို့အသိစိတ်ပင်လယ်ကို ပိုပြီးကျယ်ပြန့်သွားစေနိုင်တယ်’’
ရန်ကိုင်လည်း အသာအယာလေး ခေါင်းညိတ်လိုက်သည်။
လင်းတိုင်ရှုက ဝင်ပြီး မှတ်ချက်ပေးလိုက်ပါတယ်
‘‘လူတွေအများကြီးလာတာလည်း မထူးဆန်းတော့ပါဘူးလေ။
ချီသန့်စင်ခြင်းအဆင့်က ဂျူနီယာတွေတောင် အဲ့လို ရတနာတွေအတွက် ဒီနေရာကို သတ္တိရှိရှိနဲ့
လာရဲတာပဲ ’’
လွန်ခဲ့တဲ့နှစ်ငါးဆယ်တုန်းက ဒီနေရာတွင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေ ရှိမနေခဲ့ပါဘူး။ ထို့ကြောင့် ဒီနေရာကို ရောက်လာတုန်းက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကို တွေ့လိုက်ရတဲ့ အတွက် လင်းတိုင်ရှုက အခုခေတ်လူငယ်တွေက ပိုပြီးသတ္တိရှိလာတာပဲလို့ မှတ်ချက်ပေးတာပါ။
သို့ပေမယ့် သူထင်တာနဲ့ တကယ့်အစစ်အမှန်က တလွဲစီဖြစ်နေခဲ့ပါတယ်။ ဒီနေရာကိုလာတဲ့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက် တာဝန်နှစ်ခုသာ ရှိပါတယ်။ တစ်ခုက
ခွန်အားတိုးမြှင့်ဖို့ဖြစ်ပြီး တစ်ခုက ယန်မီးတောက်အရည်ကို ရဖို့ပါ။
အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ အတွက်လည်း ရည်ရွယ်ချက်နှစ်ခုပါ။ တစ်ခုက ခွန်အားတိုးတက်ဖို့
ဖြစ်ပြီး တစ်ခုက ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်ကို ရဖို့ပါပဲ။
ထိုရတနာနှစ်ခုကြောင့်သာ ဒီနေရာကို လူတွေ အများကြီး ရောက်လာခဲ့ရတာပါ။ အခုအချိန်မှာတော့ ရန်ကိုင်မျက်ဝန်းတွေတောင် လိုချင်တောင့်တမှုတွေနဲ့ လက်နေခဲ့တယ်။
ယန်မီးတောက်အရည်ကို သူတစ်စက်ကလေးတောင် စိတ်မဝင်စားပါဘူး။ သူစိတ်ဝင်စားတာက ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်ပါ။ ငါးရောင်ခြယ်ဝိဉာဉ်ကြာပန်းကို အဆင့်မြှင့်ဖို့ဆိုရင် ဝိဉာဉ်အားဖြည့်ပေးနိုင်တဲ့ အဖိုးတန်ရတနာတွေ လိုအပ်တယ်လို့ နတ်ဆိုးအိုကြီးက သူ့ကို ပြောခဲ့ပါတယ်။
ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်က ဝိဉာဉ်ကြာပန်းကို အားဖြည့်ပေးနိုင်တဲ့ ရတနာတစ်ခုလေ။
သူသာဝိဉာဉ်သန့်စင်ခြင်းနှင်းစက် နည်းနည်းလောက် ရမယ်ဆိုရင်တောင် ဝိဉာဉ်ကြာပန်းကိုဖြစ်စေ၊ သူ့ကိုယ်တိုင်ကို ဖြစ်စေ ကောင်းကောင်း အကူအညီပေးနိုင်ပါတယ်။ ရှင်းပြပြီးတာနဲ့ လူအိုကြီး နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်နဲ့ စကားစပြောကြပါတော့တယ်။
ရန်ကိုင်နှင့် ကျန်တဲ့ နှစ်ယောက်ကတော့ ဂျူနီယာအဖွဲ့ပေါ့။ ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့နှစ်ယောက်ကြားက ဆက်ဆံရေးက သာမန်ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။ သူတို့တစ်ယောက်ကို ကြည့်တဲ့အကြည့်က သာမန်ဂိုဏ်းတူ ညီအစ်ကို၊ညီအစ်မ တစ်ယောက်ကို ကြည့်တဲ့အကြည့်မျိုးမှ မဟုတ်တာ။ ရန်ကိုင်ရှက်နေ
တာကို သတိပြုမိတဲ့အတွက် ချန်းယွဲရှုက လက်သီးဆုပ်ပြီး ပြုံးကာ မေးလိုက်တယ် ‘‘ဒီကဂျူနီယာညီးလေးကို ဘယ်လိုခေါ်ရမလဲ ’’
ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး ပြောလိုက်သည်
‘‘ငါ့မျိုးရိုးနာမည်က ရန် ’’
‘‘ရန်….’’ ချန်းယွဲရှု မျက်မှောင်ကြုံ့လိုက်မိတယ်။
ရန်ကိုင်က မိသားစုကြီးရှစ်ခုထဲက ရန်များလားဆိုတာကို
သူစဉ်းစားနေတာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူဂရုမစိုက်နိုင်တော့ပါဘူး။
‘‘ဂျူနီယာညီလေး၊ မင်းဒီနေရာအကြောင်း သိပ်သိတဲ့ပုံမပေါ်ဘူးနော်’’ ချန်းယွဲရှုက ရန်ကိုင်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တဲ့အတွက် အရင်စပြီး စကာလမ်းကြောင်း စလိုက်တယ်။
‘‘အင်း၊ ဒီနေရာကို ဘာမပြောညာမပြောနဲ့ ရုတ်တရက်ကြီး ခေါ်ချခံလာရတာ ’’ ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်သည်။
စုရှောင်းယု တခစ်ခစ်ရယ်မောလိုက်ပြီး ‘‘ နင့်ဆရာက အနားမှာနော်။ သူနင့်ကိုအပြစ်ပေး နေဦးမယ်။ သတိထား ’’
ချန်းယွဲ့ရှုက ရယ်မောလိုက်ပြီး ‘‘ ဂျုနီယာညီလေးရန်သာ စိတ်ထဲမထားရင် ဒီစီနီယာအစ်ကိုကြီးက
ဂျူနီယာညီလေးရန်သိချင်တဲ့ မေးခွန်းတွေကို ဖြေပေးနိုင်တယ်နော် ’’
ချန်းယွဲရှုပြောတာကို ကြားတာနဲ့ ၇န်ကိုင်လည်း သူသိချင်တာကို ကောက်မေးလိုက်ပါတယ် ‘‘အဲ့လိုဆိုရင် ဒီနေရာမှာ လူတွေက
ဘာလို့တစ်ဖွဲ့နဲ့တစ်ဖွဲ့ အကျယ်ကြီးခွဲနေကြတာလဲ။ အဲ့လိုနေရာခွဲယူရတဲ့ အကြောင်းအရင်း ရှိလို့လား ’’
ချန်းယွဲရှုက ပြုံးလိုက်ပြီး ‘‘အဲ့အကြောင်းကိုတော့ စီနီယာအစ်ကို နည်းနည်းသိတယ်’’
ထို့နောက် သူမတ်တပ်ရပ်လိုက်ပြီး ရေကန်ဆီသွားကာ တစ်နေရာကို ညွှန်ပြလိုက်တယ် ‘‘အဲ့မှာဘာရှိလဲ ဆိုတာ ဂျူနီယာညီလေး တွေ့လား’’
ရန်ကိုင်လှမ်းကြည့်လိုက်တဲ့အချိန် အစိမ်းရောင်ရေမှော်တွေကို တွေ့လိုက်ရပါတယ်။ ထိုရေမှော်တွေက လက်တစ်ဝါး အရွယ်စာလောက်သာ ရှိပြီး ရေမှော်ပေါ်တွင် မြစိမ်းရောင် အကွက်ကလေးတွေ ရှိနေခဲ့ပါတယ်။
‘‘အဲ့ဒီရေမှော်တွေကိုလိုက်ပြီး နေရာယူတာလား’’
‘‘ဂျူနီယာညီလေးရန်၊ အဲ့ရေမှော်တွေကို အထင်မသေးနဲ့။
အဲ့ဒါတွေက သီးခြားကမ္ဘာဆီ ငါတို့ကိုပို့ပေးမယ့် သဘောင်္တွေပဲ ’’ ချန်းယွဲ့ရှုက ရှင်းပြလိုက်တယ်။
‘‘သီးခြားကမ္ဘာဆီကို သွားချင်တဲ့ဘယ်သူမဆို အဲ့ရေမှော်တွေကို စီးပြီးသွားရတယ်။ အဲ့ရေမှော်တွေ မရှိပဲ ဘယ်သူမှအထဲကို သွားလို့ရမှာမဟုတ်ဘူး။ ပြီးတော့ ဒီရေကန်က ထူးဆန်းတဲ့ အားတစ်ခုကို ထုတ်လွှတ်နေလို့ ပျံသန်းသွားလို့မရဘူး။ ရေမှော်တွေက အင်မော်တယ် တက်လှမ်းခြင်းအဆင့်နဲ့
အဲ့အဆင့်ထက် မြင့်တဲ့လူတွေကို မသယ်ဘူး။ အဲ့ဒါကြောင့် အထဲကိုသွားနိုင်တဲ့ အမြင့်ဆုံးအဆင့်က အစစ်အမှန် ဒြပ်စင်အဆင့်တွေပဲ ’’
ရန်ကိုင် စိတ်သက်သာရာရသွားပုံပေါ်ပြီး စိတ်အားထက်သန်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ တဖြည်းဖြည်းနဲ့ နောက်ထပ် မေးခွန်းတွေကို သူထပ်မေးနေလိုက်တယ်။ တဖြည်းဖြည်းနဲ့ သူတို့ကြားက လေထုက
ပိုပြီးရင်းနှီးလာခဲ့ပါတယ်။ ညရောက်သည့်တိုင် သူတို့စကားစမြည် ပြောနေခဲ့ကြပြီး… ကျိုးဝမ်၏ မျက်နှာ
ရုတ်တရက် လေးနက်သွားခဲ့ကာ အော်ပြောလိုကတယ်‘‘ စနေပြီ ’’
သူအသံပျောက်သွားတာနဲ့ ကျင့်ကြံသူတွေအားလုံးလုံး ဝရုန်းသုန်းကား ဖြစ်သွားခဲ့တယ်။ ချက်ချင်းပဲ ထူးဆန်းပြီး
လေးလံတဲ့ လေထုဖိအားတစ်ခုက ကျဆင်းလာခဲ့ပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့်တွေ အားလုံးကို အသက်ရှုဖို့ရာ ခက်ခဲသွားစေခဲ့တယ်။ သူတို့တွေအားလုံး နာကျင်မှုကို တောင့်ခံရင်း လျှို့ဝှက်ကျင့်စဉ်တွေကို အသက်သွင်းလိုက်ကြရပါပြီ။
ကန်ဘေးရှိ ရေမှော်တွေကလည်း စတင်လည်ပတ်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ အရွယ်အစားကြီးမားလာခဲ့ကာ သုံးမီတာလောက်ရောက်မှ ရပ်တန့်သွားခဲ့တယ်။
သူတို့ရှေ့ရှိ ရေမှော်ရပ်တန့်သွားတာနဲ့ လင်းတိုင်ရှုနှင့် ကျိုးဝမ်တို့နှစ်ယောက်စလုံး အော်လိုက်ကြတယ်
‘‘သွားကြတော့’’ ရန်ကိုင်နဲလရောင်ပြန်ဂိုဏ်းက နှစ်ယောက်လည်း တုန့်ဆိုင်းမနေပဲ ရေမှော်ပေါ် ချက်ချင်း ခုန်တက်လိုက်တယ်။ သူတို့သုံးယောက်ခုန်တက်ပြီးသွားတာနဲ့ ရေမှော်ပေါ်တွင် နောက်ထပ် လူတစ်ယောက်စာသာ နေရာကျန်ရှိတော့ပါတယ်။
ကျိုးဝမ်က ချန်ယွဲရှုနှင့်စုရှောင်းယုကို အထဲတွင် သတိထားဖို့၊ ဂရုစိုက်ဖို့ သတိပေးလိုက်တယ်။ ထိုနှစ်ယောက်လည်း ထပ်ခါထပ်ခါ ခေါင်းပြန်ညိတ်ပြလိုက်ပါတယ်။
လင်းတိုင်ရှုက ရန်ကိုင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်
‘‘မင်းကိုရန်စတဲ့ ဘယ်သူမဆို မင်းသတ်ပစ်နိုင်တယ်။
သနားမနေနဲ့။ ဒါပေမယ့် အခြားသူတွေကိုသွာပြီးတော့လည်း အရင်ရန်မစမိစေနဲ့ ’’
‘‘အင်း’’ ရန်ကိုင်ခေါင်းညိတ်ပြလိုက်သည်။
‘‘ အင်း၊ မင်းလိုဏ်ဂူထဲက ပစ္စည်းတွေကို စိတ်ပူမနေနဲ့။ ဒီဆရာသခင်အိုကြီး ဂရုစိုက်ထားပေးမယ်။ မိန်းကလေး စုယန်အတွက်တော့ ဒီဆရာသခင်အိုကြီးကပဲ သူမကိုဂရုစိုက်ထားပေးပါ့မယ် ’’
၇န်ကိုင်မျက်နှာ ချက်ချင်းနီရဲသွားခဲ့ပါတယ်။ စုယန်နှင့်သူ့ကြားက ကိစ္စကို လင်းတိုင်ရှု သိနေလိမ့်မယ်လို့ သူထင်မထားခဲ့တာပါ။
စုရှောင်းယုက ရန်ကိုင်ကို အဓိပ္ပါယ် ပါပါကြည့်လိုက်ပြီး ရယ်မောလိုက်တယ်။
လက်ဖက်ရည်တစ်ခွက်စာလောက် ကြာတဲ့အချိန်တွင် ရေမှော်တွေက စတင်ရွေ့လျားလာပါပြီ။
သဘောင်္တစ်စင်းအလား ရေမှော်က ဂျူနီယာသုံးယောက် ကန်ရေပြင်အလယ်ဗဟိုစီ တဖြည်းဖြည်း
သယ်ဆောင်သွားခဲ့တယ်။
ရေမှော်တိုင်းတွင် လူပြည့်နေခဲ့ပြီး လူတိုင်း၏အကြည့်က ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြည့်နေခဲ့တယ်။ ရေမှော်တွေ သွားနေတုန်းက ရေကန်အလယ်တွင် ရေဝဲတစ်ခုဖြစ်ပေါ်
လာခဲ့ပြီး အားလုံးကို ခုခံချိန်တောင် အလျင်းမရှိပဲ ဆွဲချသွားခဲ့ပါတယ်။
ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပေမယ့် ခပ်မြန်မြန်ပဲ ပျောက်ကွယ်သွားခဲ့တယ်။ ရန်ကိုင်လည်း ထိုအဖြစ်အပျက်ကနေ ပြန်သတိဝင်လာတဲ့အချိန် နေရာအသစ်ကို ရောက်နေတာကို သတိပြုမိလိုက်တယ်။
Martial Peak
အပိုင်း (၂၁၉)
ထိုနေရာတွင် နေ့ နဲ့ ညဆိုတာ မရှိ၊ ယင်နှင့်ယန် ဥပဒေသတွေက ပရမ်းပတာ ဖြစ်နေခဲ့၏။ ‘‘ ငါတို့ရောက်လာခဲ့ပြီ ’’ စုရှောင်းယုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ချန်ယွဲ့ရှုနဲ့ ရန်ကိုင်ကတော့ သူတို့ပတ်ဝန်းကျင်ကိုအလျင်စလို စစ်ဆေးလိုက်သည်။ ဘာအန္တရာယ်မှ မရှိတော့ဘူးဆိုတာ သိတော့မှပဲ သက်ပြင်းချလိုက်နိုင်ကြ၏။
ထိုနေရာက တော်တော်လေး ကျယ်ဝန်းပေသည်။ ကန်းဘေးတွင် ရှိနေတဲ့လူအားလုံး ကြုံရာကျပန်းနေရာကို
ပို့ဆောင်ခြင်းခံရပြီး ရေမှော်တစ်ခုတည်းပေါ်တွင် အတူတူရှိနေတဲ့ လူတွေက တစ်နေရာတည်းကို အတူတူ
ပို့ဆောင်ခြင်း ခံရပေသည်။ ရန်ကိုင်က ချန်ုးယွဲ့ရှုနှင့် စုရောင်းယုတို့ဆီကနေ အကွာအဝေးအနည်းငယ်
ခွာလိုက်သည်။ ထိုအပြုအမူက မသိသာပေမယ့် ချန်းယွဲ့ရှု၏ မျက်လုံးအောက်ကနေတော့ မလွတ်မြောက်
နိုင်ခဲ့ချေ။ သို့ပေမယ့် ချန်းယွဲရှုက ရန်ကိုင်အပြုအမူကို စိတ်ထဲမထားချေ။ ရင်းနှီးတဲ့အပြုံးတစ်ခုကို သာ
ဆင်မြန်းရင်း ရန်ကိုင်ကို ကြည့်လိုက်ပြီး ပြောလိုက်သည် ‘‘ ဂျူနီယာညီလေးရန်၊ ငါတို့နဲ့အတူတူ ခရီးသွားချင်လား”
ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး လက်သီးဆုပ်ကာ ပြန်ပြောလိုက်သည် ‘‘ စီနီယာအစ်ကိုရဲ့ကြင်နာမှုကို ငါကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ငါတစ်ယောက်တည်း ခရီးသွားချင်တယ် ’’
ချန်းယွဲ့ရှုက အသာအယာ ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို ဆက်ပြီးမဆွယ်တော့ချေ။ ‘‘ အဲ့လိုဆိုလည်း
ဂျူနီယာညီလေးရန် ဂရုစိုက်သင့်တယ် ’’
‘‘ စီနီယာတို့နှစ်ယောက်လည်း ဂရုစိုက်ပါ ’’ ပြောပြီးတာနဲ့
ရန်ကိုင်က လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ပြီး ချက်ချင်းထွက်သွားတော့သည်။
‘‘ဒီလောက်မြန်မြန် ပြေးစရာလိုလို့လား။ ငါတို့သူ့ကို စားမှာကျနေတာပဲ ’’ စုရှောင်းယုက နှုတ်ခမ်းလေးဆူလိုက်ပြီး
ရန်ကိုင်၏ အပြုအမူကို အနည်းငယ် မကျေမနပ်ဖြစ်နေတဲ့ ပုံစံဖြင့်ပြောလိုက်သည်။ ချန်းယွဲ့ရှုက ဖွဖွလေး
ရယ်လိုက်ပြီး စုရှောင်းယု၏ ခေါင်လေးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည် ‘‘အဲ့ဒါကို သူကြောက်နေတာ ’’
‘‘ဒါပေမယ့် ငါတို့သူ့အပေါ်ကို မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးလေ’’ စုရှောင်းယုက သူမ၏ပါးလေးတွေကို
ဖောင်းထားဆဲဖြစ်ပြီး ‘‘သူက တကယ့်ကို အမြင်ကျဉ်းတဲ့ ကောင်လေးတစ်ယောက်ပဲ။ သူစောစောသေမှာ
သေချာတယ် ’’
ချန်းယွဲ့ရှုက ဖြေးဖြေးချင်းခေါင်းခါလိုက်ပြီး ‘‘အဲ့လောက်ကြီးလည်း မလိုအပ်ဘူး။ သူ့အပြုအမူက တည်ငြိမ်ပြီး
သတိကြီးလွန်းတယ်။ သူ့လိုလူမျိုးတွေက အသက်ရှည်ရှည် နေရတတ်တယ်။ ပြီးတော့ သူကပုံမှန်မဟုတ်ဘူးလို့
ငါခံစားရတယ် ’’
‘‘ ဘယ်လိုပုံမှန်မဟုတ်တာလဲ ’’ စုရှောင်းယုက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမေးလိုက်သည်။
‘‘ သူက ချီသန့်စင်ခြင်းအဆင့်၃ပဲ ရှိသေးပေမယ့် ဒီနေရာကို လာရဲတယ်ဆိုတော့ ဒီနေရာမှာ အသက်ရှင်သန်
နိုင်လိ့မ်မယ်လို့ သူ့မှာယုံကြည်ချက်ရှိလို့နေမှာပေါ့ ’’
‘‘ တစ်နည်းဆိုရင်တော့ ….’’
‘‘သူ့မှာလျှို့ဝှက်ချက် တစ်ခုခုရှိရမယ်။ မဟုတ်ရင် သူ့ဆရာကို သူ့ကိုဒီနေရာကို လွှတ်တဲ့အချိန် အဲ့လောက်
တည်ငြိမ်နေမှာမဟုတ်ဘူး။ ဒီနေရာကို ဝင်ရဲတဲ့လူအားလုံးထဲမှာ သာမန်လူတစ်ယောက်မှ မပါဘူး။ အဲ့ဒါကြောင့်
ငါတို့အခြားသူတွေကို ရန်မစမိအောင် သတိထားရမယ် ’’ ရန်ကိုင်က လရောင်ပြန်ဂိုဏ်းက ခွဲထွက်လာပြီးနောက်
လှုပ်ရှားမှုပညာရပ်ကို ချက်ချင်းအသက်သွင်းလိုက်သည်။
လီဒါဇင်လောက် ရောက်တဲ့အချိန်တွင် ဦးတည်ရာ
အမျိုးမျိုး ပြောင်းလဲခဲ့ပြီးနောက် သစ်ပင်ကြီးတစ်ပင်ခုန်တက် ပုန်းအောင်းနေလိုက်ပြီး သူ့နောက်တစ်ယောက်ယောက်များ လိုက်လာ၊မလာ စစ်ဆေးလိုက်သည်။
သူကစိတ်ဓာတ်သိမ်ငယ်ပြီး အမြင်ကျဉ်းမြောင်းတဲံ လူတစ်ယောက်မဟုတ်ချေ။ ဒါပေမယ့် ဒီနေရာမှာ
သတိကြီးလွန်းတယ်ဆိုတာ လိုကိုလိုအပ်တဲ့အရာတစ်ခုဖြစ်ပေသည်။ ထို့ပြင် ဒါက ချန်းယွဲရှုနှင့်စုရှောင်းယု
ဝံပုလွေလား၊သိုးလားဆိုတာကို စစ်ဆေးတာလည်း ဖြစ်သည်။ သစ်ပင်ပေါ်တွင် အချိန်အကြာပြီး ပုန်းအောင်း
နေလိုက်ပြီးနောက် သူ့နောက်လိုက်တာတဲံလူ တစ်ယောက်မှမရှိတာကို သတိပြုမိတော့မှာ
စိတ်သက်သာရာရသွားခဲ့သည်။ ထို့ကြောင့် လရောင်ပြန်ဂိုဏ်းက လူနှစ်ယောက်က သူ့အပေါ်မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူးဆိုတာ ကောက်ချက်ချနိုင်သွားခဲ့သည်။
သူတို့နှစ်ယောက်စလုံးက အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေဖြစ်သည်။ ပြီးတော့ သူတို့နှစ်ယောက်စလုံး
က လရောင်ပြန်ဂိုဏ်းက ဂျီးနီးယပ်တွေ ဖြစ်ရပေမည်။ သူတို့နဲ့အတူတူ သွားကာ ဆိုးတဲ့အကြံတစ်ခုတော့
မဟုတ်ချေ။ အခု ချန်းယွဲ့ရှုနှင့်စုရှောင်းယုတို့နှစ်ယောက်က ရန်ကိုင်ယုံကြည်လို့ရတဲ့ လူစားရင်းထဲပါဝင်သွားခဲ့ပြီဖြစ်သည်။ သူတို့သာ နောက်တစ်ကြိမ် တွေ့မယ်ဆိုရင် သူတို့နဲ့တူတူခရီးသွားဖို့ ရန်ကိုင်ဆုံးဖြတ်လိုက်သည်။ သစ်ပင်ထိပ်ဖျားတွင် ပုန်းအောင်းနေရင်း ရန်ကိုင်က လက်နက်နှစ်ခုကိုအရင်ဆုံး ဆင့်ခေါ်လိုက်သည်။ သို့ပေမယ့် ထိုက်နက်နှစ်ခုကို သူဆင့်ခေါ်လို့မရခဲ့ချေ။ လင်းတိုင်ရှု
ပြောခဲ့တဲ့အတိုင်း ဒီနေရာတွင် လက်နက်တွေကို အသုံးပြုလို့မရချေ။
‘‘ နတ်ဆိုးအိုကြီး ’’ ရန်ကိုင်စိတ်ထဲကနေ အော်ခေါ်လိုက်သည်။
‘‘ အစေခံအိုကြီး ရှိပါတယ် ’’ နတ်ဆိုးအိုကြီးက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်သည်။
‘‘ခင်ဗျားရဲ့ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကို ဒီနေရာမှာ အသုံးပြုလို့ရလား’’
‘‘ အစေခံအိုကြီးက သခင်လေးကို စိတ်ပျက်စေရတော့မှာပဲ။ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကို ဒီနေရာမှာ အသုံးပြုလို့
မရပါဘူး ’’ သူ့ကိုယ်ပိုင်လက်နက် မဟုတ်တဲံ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးကိုတောင် တားဆီးထားတဲ့ ဒီနေရာကို
ရန်ကိုင်ကို ကျိန်ဆဲလိုက်လေသည်။ ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးမရှိရင် နတ်ဆိုးအိုကြီး၏ တိုက်ပွဲစွမ်းရည်က
လုံးဝကို သုညပင်ဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ သူ့ကိုယ်ပိုင်ခွန်အားပေါ် အားကိုးယုံကလွဲပြီး
မရှိတော့သည်ပုံပေါ်လေသည်။ ကံကောင်းစွာဖြင့် အထဲမဝင်ခင် လင်းတိုင်ရှုက သူလိုအပ်လောက်မယ့်ပစ္စည်းတွေ ထည့်ထားတဲ့ သိုလှောင်အိတ်ကို သူ့ကိုပေးခဲ့သည်။ အရင်တုန်းကတော့ စစ်ဆေးဖို့အချိန်မရခဲ့ပေမယ့် အခုအချိန်မှာ စစ်ဆေးကြည့်ဖို့ ကံကြမ္မာဖန်လာခဲ့ပြီဖြစ်သည်။
သိုလှောင်အိတ်ထဲတွင် ဆေးပုလင်းဆယ်ပုလင်း ရှိနေခဲ့ပြီး အများစုက ကုသရေးဆေးလုံးတွေဖြစ်သည်။
အနည်းအကျဉ်းသာ ယန်အမျိုးအစား ဆေးလုံးတွေဖြစ်ပေသည်။ ထိုဆေးလုံးတွေက ရန်ကိုင်ကို အလွန်အမင်း
ပျော်ရွှင်သွားစေခဲ့သည်။ ဆရာဖိုးဖိုးက သူ့ကိုတကယ်ပဲ ဂရုစိုက်ပေသည်။ ထိုဆေးပုလင်းတွေနဲ့ဆိုရင်
ယန်အရည်စက် မလုံလောက်မှာကို သူစိတ်ပူစရာ မလိုတော့ချေ။
ထိုဆေးလုံးတွေအပြင် အဝတ်သန့်အစုံ ဒါဇင်ကျော်လောက်ကိုလည်း တွေ့ခဲ့ရသေးပေသည်။ ထို့ပြင်အဖုံးပါတဲ့ ဓါးတစ်ချောင်းပါ ရှိနေခဲ့သည်။ ထိုဓါးကို သူအသုံးပြုနိုင်ပေသည်။ ဘာကြောင့်လဲဆိုတော့ထိုဓါးက ဝိဉာဉ်လက်နက်တစ်ခု မဟုတ်သောကြောင့်ပင်ဖြစ်သည်။ အဲ့ဒီအစား ထိုဓါးက ပုံသွင်းထားတဲ့သံမဏိလက်နက်သက်သက် တစ်ခုပင်ဖြစ်လေသည်။
သို့ပေမယ့် ရန်ကိုင်က ဓါးနှင့်ပက်သက်တဲ့
သိုင်းပညာရပ်တစ်ခုမှ မသင်ကြားဖူးတဲ့အတွက် ဓါးတစ်ချောင်းကိုင်ပြီး မဲမဲမြင်ရာစွတ်ခုတ်တာက
ဓါးမပါပဲတိုက်ခိုက်တာလောက် အကျိုးသက်ရောက်မှု မရှိချေ။ ဒီနေရာမှာရှိတဲ့လူတွေကို ဓါးသိုင်းပညာရပ်တစ်ခုမှ မတတ်ပဲ သံမဏိဓါးတစ်ချောင်းနဲ့ တိုက်ခိုက်မယ်ဆိုရင် မည်သည့်အကျိုး
သက်ရောက်မှုမှ ရှိလိမ့်မည် မဟုတ်ချေ။
ထိုပစ္စည်းတွေကို သေချာသိမ်းဆည်းထားလိုက်ပြီးနောက် သစ်ပင်ပေါ်ကနေ ရန်ကိုင်ဆင်းလာလိုက်လေသည်။
နာရီဝက်လောက် ကြာတဲ့အချိန်တွင် အဆင့်၄မိစ္ဆာသားရဲတစ်ကောင်ကို ရန်ကိုင်တွေ့လိုက်ရလေသည်။
ထိုသားရဲကို သတ်ပြီးနောက် နေရာမှာပဲ တိတ်တဆိတ်နဲ့ ရပ်စောင့်နေလိုက်သည်။ လင်းတိုင်ရှုပြောခဲ့သလိုပဲ
ထိုသားရဲသေသွားတာနဲ့ မိစ္ဆာသားရဲအလောင်းတစ်ခုလုံး တုန်ရီသွားခဲ့ပြီး အနီရောင်အလင်းတွေထွက်ပေါ်လာခဲ့သည်။ အနီရောင်အလင်းတွေက တစ်ခဏကြာအောင် လင်းလက်နေခဲ့ပြီးနောက်သိပ်မကြာခင်မှာပဲ ပဲစေ့အရွယ် သွေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ရန်ကိုင်လည်း ထိုသွေးလုံးကို လှမ်းယူလိုက်ပြီး သေချာစစ်ဆေးကြည့်လိုက်တဲ့အခါ သွေးလုံးထဲတွင်
ထူးဆန်းတဲ့စွမ်းအင်တစ်ခုရှိနေတာကိုသတိပြုမိလိုက်သည်။
ဒီထူးဆန်းတဲ့ သီးခြားကမ္ဘာကြီးထဲရှိ
ကောင်းကင်နှင်မြေပြင်ဥပဒေသတွေက တကယ်ကို နားမလည်နိုင်ပေ။ သက်ရှိတစ်ကောင်သေသွားတာနဲ့
သွေးလုံးတစ်လုံး အဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုသွေးလုံးကို ယူပြီးတဲ့အချိန် မိစ္ဆာသားရဲအလောင်းကို
ပြန်ကြည့်လိုက်တဲ့အခါမှာတော့ အလောင်းတစ်ခုလုံး ပြာအဖြစ်ပြောင်းလဲသွားတာကို တွေ့လိုက်ရလေသည်။
ထိုသွေးလုံးက သူ့ခွန်အားကို ဘယ်လောက်တိုးတက်သွာစေနိုင်လဲဆိုတာ ရန်ကိုင်မသိချေ။ ထိုသွေးလုံးကို သူသန့်စင်ချင်ပေမယ့် အခုလိုနေရာတွင် သန့်စင်လို့မကောင်းချေ။
ဒီသီးခြားကမ္ဘာကြီးကချီသန့်စင်ခြင်းအဆင့်နှင့်အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတွေအတွက် တကယ်ကို အတွေ့အကြုံရှာလို့ ကောင်းတဲ့နေရာတစ်ခုပင် ဖြစ်သည်။ ဒီနေရာကိုရန်ကိုင်ရောက်တာ တစ်ရက်ပဲရှိသေးတယ်ဆိုပေမယ့် အဆင့်သုံး၊အဆင့်လေး မိစ္ဆာသားရဲ ငါးကောင်၊ခြောက်ကောင်လောက်ကို သူသတ်ပြီး
သွားခဲ့ပြီဖြစ်သည်။ ထိုကဲ့သလို့လုပ်တာလည်း သူ့ချီစွမ်းအင်ကို အရမ်းကြီးမကုန်ဆုံးစေခဲ့ချေ။
လမ်းတွင် အဆင့်ငါးမိစ္ဆာသားရဲကို သူတွေ့ခဲ့ပေမယ့် ထိုသားရဲကို သူရှောင်ခဲ့သည်။ အဆင့်ငါးမိစ္ဆာသားရဲ တစ်ကောင်ကို သတ်ဖို့ဆိုရင် သူ့တွင်ရှိသမျှ ဝှက်ဖဲအကုန်ထုတ်သုံး ရပေမည်။ သူကိုယ်တိုင်လည်း
ဒဏ်ရာမရပဲ အခုအချိန်မှာ အဆင့်ငါးမိစ္ဆာသားရဲတစ်ကောင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ချေ။
ထိုသုံးရက်အတွင်း ရန်ကိုင်က မိစ္ဆာသားရဲတွေကို သတ်ပြီးသွေးလုံးတွေ ရယူကာ လုံခြုံတဲ့နေရာတစ်ခုရှာပြီး
သွေးလုံးတွေကို သန့်စင်ရင်း အလုပ်ရှုပ်နေခဲ့သည်။ ထိုရက်အတောအတွင်း အခြားလူတစ်ယောက်ကိုမှ
သူမတွေ့ခဲ့ချေ။ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတွေ ဒီနေရာကို ဝင်ရဲတာအံ့သြစရာ အကြောင်းမရှိတော့ချေ။
အဲ့လိုသာဆိုရင် ချီပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူတွေတောင် ဒီနေရာမှာ အတွေ့အကြုံ လာရှာနိုင်ပေသည်။ သုံးရက်ကြာပြီးနောက် ရန်ကိုင်က ကျားသစ်တစ်ကောင်လို ချုံပုတ်ထဲတွင်
ပုန်းအောင်းနေရင်း သူ့ရှေ့က သားကောင်ကို ချောင်းမြောင်းနေခဲ့သည်။ သူ့နဲ့သိပ်မဝေးတဲ့နေရာမှာတော့
အဆင့်၄မိစ္ဆာသားရဲဖြစ်တဲ့ အရိပ်လျှပ်စီးဝံပုလွေ နှစ်ကောင်ရှိနေခဲ့သည်။
အဆင့်၄မိစ္ဆာသားရဲ နှစ်ကောင်ပူးပေါင်းတိုက်ခိုက်တာက အခုအချိန်မှာတော့ ရန်ကိုင်ကို အနည်းငယ်
ပြဿနာဖြစ်စေနိုင်ပေသည်။ ဒါပေမယ့် သေချာဆုံးဖြတ်ပြီးတဲ့နောက်မှာတော့ ၇န်ကိုင်က တိုက်ခိုက်ဖို့
ဆုံးဖြတ်လိုက်သည်။ သူကိုယ်တွယ်နိုင်တဲံ မိစ္ဆာသားရဲတွေထဲတွင် အဆင့်၄မိစ္ဆာသားရဲတွေက သူ့အကန့်အသတ်ဖြစ်၏။ အဆင့်၄မိစ္ဆာသားရဲ နှစ်ကောင် အတူရှိနေတာကိုတွေ့လို့ လိုက်လျှော့လိုက်မယ်ဆိုတာကတော့
ကျိုးကြောင်းမသင့်ချေ။
ဆုံးဖြတ်ပြီးတာနဲ့ ရန်ကိုင်လည်း ပုန်းနေရာမှ ခုန်ထွက်လိုက်ပြီး မိစ္ဆာသားရဲနှစ်ကောင်ဆီ တစ်ဟုန်ထိုးပြေး
သွားလိုက်သည်။ မိစ္ဆာသားရဲတွေပေါ်တွင် လုံးလုံးအာရုံစိုက်နေတဲ့ ၇န်ကိုင်က သူနဲ့သိပ်မဝေးတဲ့နေရာကနေ
ချံပုတ်လေးလှုပ်သွားတာကို မျက်လုံးထောင့်စွန်းကနေ တွေ့လိုက်ရလေသည်။ ရန်ကိုင်တုန်လှုပ်သွားခဲ့ပြီး
သေချာစစ်ဆေးကြည့်လိုက်တဲ့အချိန် သူနဲ့မီတာသုံးရာအကွာတွင် ချုံပုန်ထဲပုန်းအောင်းနေတဲ့အနက်နီရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ လူတစ်ယောက်ရှိနေခဲ့သည်။ ထိုလူကိုမြင်လိုက်တာနဲ့
ဘာတွေဖြစ်နေလဲဆိုတာကို ရန်ကိုင်ချက်ချင်းနားလည်သွားခဲ့သည်။
ချုံပုတ်ထဲပုန်းအောင်းနေတဲ့လူကလည်း သူ့လိုပဲ ထိုမိစ္ဆာသားရဲနှစ်ကောင်ကို ဖမ်းဖို့ကြိုးစားနေတာ
ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးက ထိုမိစ္ဆာသားရဲကိုပဲ တိုက်ခိုက်ဖို့လုပ်နေတာဖြစ်ပေသည်။ သို့ပေမယ့်
သူ့အရှိန်က ပိုပြီးမြန်ဆန်သွားတဲ့အတွက်ကြောင့် ရန်ကိုင်ပြေးထွက်သွားတဲ့အချိန် တစ်ဖက်လူက
ချုံပုတ်ထဲကနေ ထွက်ဖို့စတင်တဲ့အချိန်ဖြစ်၏။
၇န်ကိုင်ကရှေ့ရောက်နေတဲ့အတွက် တစ်ဖက်လူက
ပုန်းအောင်းနေရာကနေ မထွက်တော့ပဲ ပြန်ပြီးပုန်းကွယ်နေခြင်းဖြစ်သည်။ ဒါပေမယ့် ထိုလူရဲ့အဝတ်အစား
တွေက တော်တော်လေး သံသယဝင်စရာကောင်းပြီး သူ့ကိုယ်သူမတော်တစ လှစ်ဟာမိသွားခဲ့သည်။
အားလုံးဖြစ်ပျက်သွားတာ အရမ်းကိုမြန်ဆန်ပေသည်။ အခုအချိန်မှ ပြန်ဆုတ်ဖို့ကလည်း နောက်ကျနေပြီဖြစ်သည်။ အရိပ်လျှပ်စီးဝံပုလွေနှစ်ကောင်က ၇န်ကိုင်ကို သတိထားမိသွားပြီဖြစ်ပြီး မာန်ဖီကာ
သူ့ဆီပြေးလာနေပြီဖြစ်သည်။ ၇န်ကိုင်က ထိုချုံပုတ်ထဲပုန်းအောင်းနေတဲ့လူကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ
စဉ်းစားရင်း ထိုကောင်ကိုဆဲရေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ ထိုလူကဘယ်ဂိုဏ်းကလဲဆိုတာကိုပြန်စဉ်းစားလိုက်လေသည်။
တစ်ခဏကြာပြီးနောက် ရန်ကိုင်စိတ်တင်းလိုက်ပြီး အရှိန်မြင့်လိုက်လေသည်။ချုံပုတ်ထဲရှိနေတဲ့လူကို မသိချင်ယောင်ဆောင်ထားလိုက်ကာ ချက်ချင်းပဲ ဝံပုလွေနှစ်ကောင်ကိုရင်ဆိုင်လိုက်သည်။
ထိုဝံပုလွေနှစ်ကောင်က လေတမျှ မြန်ဆန်ပေသည်။ ထိုဝံပုလွေနှစ်ကောင်၏ ခန္ဓာကိုယ်ဆီကနေ
လျှပ်စီးတွေ တလက်လက်ထွက်ပေါ်နေခဲ့ပြီး ထိုနှစ်ကောင်က ဘယ်နဲ့ညာခွဲကာ ရန်ကိုင်ရှေ့တွင်ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်လည်း ထိုနှစ်ကောင်၏တိုက်ခိုက်မှုကို ချက်ချင်းရှောင်ရှားလိုက်သည်။
တိုက်ခိုက်မှုတစ်ခုကို သူရှောင်နိုင်လိုက်ပေမယ့် နောက်တစ်ခုကိုတော့ မရှောင်နိုင်ခဲ့ပဲ သူပုခုံးကိုထိသွားခဲ့ရသည်။လျှပ်စီးကြောင်းတစ်ခုက သူ့တစ်ကိုယ်လုံး ဖြတ်စီးဆင်းသွားခဲ့ပြီး ရန်ကိုင်ကို နာကျင်မှုကြောင့် ညည်းညူသွားစေခဲ့သည်။ ယွမ်ချီကို အမြန်အဆန် လှည့်ပတ်လိုက်ပြီး လက်သီးတင်းတင်းဆုပ်ကာ ဝံပုလွေမေးရိုးကို
ထိုးချလိုက်သည်။ ထိုပုံပုလွေလည်း နာကျင်စွာအော်မြည်ရင်း မြေကြီးပေါ်နှစ်ပတ်သုံးပတ်လောက်လှိမ့်သွားခဲ့လေသည်။
ထိုတိုက်ခိုက်မှုတွင် ရန်ကိုင်က သူ့ခွန်အားအကုန်အစင်ကို အသုံးမပြုခဲ့ချေ။ထို့ကြောင့် ထိုတိုက်ခိုက်မှုက ဝံပုလွေကို အရမ်းကြီးမထိခိုက်စေခဲ့ချေ။ တစ်ဖန်ပြန်တည်ငြိမ်သွားတာနဲ့
ဝံပုလွေနှစ်ကောင်က အကြည့်ချင်းဖလှယ်လိုက်ပြီး အရင်ကထက် ပိုပြီးကျယ်ကျယ်အော်မြည်လိုက်ကာ ရန်ကိုင်ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ကြသည်။
ရန်ကိုင်လည်း ထိုဝံပုလွေနှစ်ကောင်ဆီ ပြေးဝင်သွားလိုက်ပြီး ဝံပုလွေနှစ်ကောင်ကြား ရောက်ရှိလို့သွားခဲ့သည်။ ညဘက်ကို ခြေထောက်နဲ့ကန်လိုက်ပြီး ဘယ်ဘက်ကို လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။သူတို့မတည်ငြိမ်သေးခင်မှာပဲ ရန်ကိုင်က သူတို့ကိုနောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်လေသည်။
တကယ်တော့ ရန်ကိုင်သာ အားကုန်သုံးခဲ့မယ်ဆိုရင် အခုလိုခက်ခဲ့တဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရလိမ့်မည် မဟုတ်ချေ။ ဒါပေမယ့် သူ့ကိုတစ်ယောက်ယောက် ချောင်းမြောင်းနေတယ်ဆိုတာ
သိတဲ့အတွက် ရည်ရွယ်ချက်ရှိရှိတဲ့ ခက်ခဲအောင် လုပ်နေခြင်းဖြစ်၏။
Martial Peak
အပိုင်း (၂၂၀) ဘယ်သူက သားကောင်လဲ
သူ့ခွန်အားက ချီသန့်စင်ခြင်းအဆင့်၃မှာ ဖြစ်သည့်အပြင် အားကုန်ထုတ်မသုံးရဲသည့်အတွက် ထိုဝံပုလွေ
နှစ်ကောင်နဲ့တိုက်ရတာ တော်တော်လေး အန္တရာယ်များသလို ခက်လည်းခက်ခဲပေသည်။ ထို့ကြောင့်ရန်ကိုင်အခြေအနေက ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့ လူတစ်ယောက်နဲ့ တူနေခဲ့သည်။ တစ်ချက်ကလေးသတိမမူမိလိုက်တာနဲ့ သူ့အသက်ကို ဆုံးရှုံးသွားနိုင်ပေသည်။
ထိုဝံပုလွေနှစ်ကောင်ကို တစ်နာရီလောက်ကြာအောင် တိုက်ခိုက်ပြီးတဲ့အချိန်မှာတော့ ထိုနှစ်ကောင်ကို
ရန်ကိုင်နောက်ဆုံး သတ်ဖြတ်နိုင်ခဲ့သည်။ ရန်ကိုင်ခန္ဓာကိုယ်ပေါ်တွင် ရှရာ၊ အညိုအမဲစွဲရာတွေ ရှိနေခဲ့ပြီးကိုက်ရာတွေတောင် ရှိနေခဲ့သည်။ ချံပုတ်ထဲကလူကလည်း စိတ်ရှည်ရှည်နဲ့ တိုက်ပွဲတစ်ခုလုံးကို
အေးအေးဆေးဆေး ထိုင်ကြည့်နေခဲ့သည်။
ရန်ကိုင်လည်း အသက်ပြင်းပြင်း ရှုလိုက်ပြီး ဘေးတစ်ဖက်ကို သွားလိုက်ကာ တင်ပလင်ခွေထိုင်ပြီး သားရဲ အလောင်းကောင်တွေဆီကနေသွေးလုံးတွေဖြစ်တည်လာမယ့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။ရန်ကိုင်သရုပ်ဆောင်မှုက အရမ်းကိုပီပြင်းလွန်းနေသောကြောင့်လားတော့မသိ….ချုံပုတ်ထဲကလူကပတ်ဝန်းကျင်ကို သေချာစစ်ဆေးပြီးနောက် နောက်ဆုံးစတင်လှုပ်ရှားလာခဲ့ပြီဖြစ်သည်။ တဖြည်းဖြည်း
လှမ်းလာနေတဲ့ ခြေသံတွေကို ရန်ကိုင်ကြားလိုက်ရလေသည်။
ရန်ကိုင်မျက်လုံးဖွင့်လိုက်ပြီး သတ်ဖြတ်ချင်စိတ် အရိပ်အယောင်က သူ့မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့သည်။
မော့ကြည့်လိုက်တဲ့အချိန် သူနဲ့သိပ်မဝေးတဲ့နေရာတွင် လူသုံးယောက် ရပ်နေတာကို တွေ့လိုက်ရသည်။ထိုသုံးယောက်က အနက်နီရောင်ဝတ်စုံတွေကို ဝတ်ဆင်ထားခဲ့ပြီး သူတို့ပုံစံက အပျင်းပြေလမ်းလျှောက်ထွက်နေသည့်ပုံပေါက်နေခဲ့သည်။ ခေါင်းဆောင်လာခဲ့တလူက ရန်ကိုင်ကို စိတ်ဝင်တစားကြည့်ရင်း
ရယ်မောနေခဲ့သည်။ သုံးယောက်သား တစ်ယောက်ကို တစ်ယောက် မျက်စိမှိတ်ပြလိုက်ပြီး ရန်ကိုင်ကိုဝိုင်းထားလိုက်ကြသည်။
‘‘ ဒါဘာအဓိပ္ပါယ်လဲ ’’ ရန်ကိုင်က တုန်ရီနေတဲ့ ထိုသုံးယောက်ကိုကြည့်ရင်း မေးလိုက်သည်။ ထိုသေးငယ်တဲ့
အပြုအမူလေးက သူ့စိတ်ထဲက ကြောက်ရွံ့မှုကို ပုံဖော်နေခဲ့လေသည်။ ‘‘ မင်းစကားလုံးတွေက တော်တော်လေး
စိတ်ဝင်စားစရာကောင်းတယ် ’’ အစောပိုင်းတုန်းက ရယ်မောခဲ့တဲ့လူက ရန်ကိုင်ကို ကြည့်လိုက်လေသည် ‘‘ ငါတို့
ဆိုလိုတာကို မင်းနားမလည်ဘူးလား ’’ ရန်ကိုင်က မျက်မှောင်ကြုံ့ပြီး ပြောလိုက်သည် ‘‘ ရောင်းရင်းတို့အဲ့သွေးလုံးတွေ လိုချင်တယ်ဆိုရင် မင်းတို့လွတ်လွတ်လပ်လပ် ယူလို့ရပါတယ်။ ဒါကြောင့် ငါ့ကို
ဆက်ပြီးမခြောက်လှန့်ပါနဲ့တော့ ’’
ထိုလူက အေးစက်စက်ပြုံးလိုက်ပြီး ‘‘အဲ့သွေးလုံးနှစ်လုံးက ဘာမှမဟုတ်ဘူး။ လူတစ်ယောက်သေတဲ့အချိန်
ဖြစ်ပေါ်လာတဲ့ သွေးလုံးက မိစ္ဆာသားရဲတွေသေတဲ့အချိန် ဖြစ်ပေါ်လာတဲ့သွေးလုံးတွေထက် ပိုပြီး အရည်အသွေး မြင့်မားတယ်ဆိုတာ မင်းမကြားဖူးဘူးလား။ အဲ့အတွက်ကြောင့် ငါတို့မင်းအသက်ကို လိုချင်တယ် ’’ ရန်ကိုင်က သက်ပြင်းချပြီး ပြောလိုက်သည် ‘‘ ရောင်းရင်းတို့ရာ၊ အဲ့ဒါက အရမ်းမလွန်
လွန်းဘူးလား။ ငါက ကောင်းကင်စံအိမ်က တပည့်တစ်ယောက်ပဲ ။ မင်းတို့ငါ့ကိုသတ်လိုက်ရင် ကောင်းကင်စံအိမ်က မင်းတို့ကို အမဲလိုက်သလို လိုက်လိမ့်မယ် ’’
‘‘ ဟားဟားဟား ’’ ရန်ကိုင်ပြောတာကို ကြားလိုက်တာနဲ့ ထိုလူလည်း ရယ်မောတော့လေသည် ‘‘ ငါတို့သာအပြင်မှာဆိုရင် အဲ့ဂိုဏ်းတွေကို တော်တော်လေး သတိထားမှာပဲ။ ဒါပေမယ့် ဒီမှာဆိုတော့ မင်းသေရင်တောင်ငါတို့မင်းကိုသတ်မှန်း ဘယ်သူမှသိမှာမဟုတ်ဘူး’’ ထိုလူအသံ ပျောက်ကွယ်သွားတာနဲ့ ရန်ကိုင်၏
ကြောက်လန့်တုန်လှုပ်နေတဲ့ မျက်နှာက အေးစက်ပြီး သတ်ဖြတ်ချင်စိတ်ပြည့်နေတဲ့ မျက်နှာနဲ့အစားထိုး
သွားခဲ့သည်။ သူ့ယွမ်ချီတွေ ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ညာဘက်လက်မောင်းတွင် ပါးလွှာပြီးသွေးနီရောင်ဓါးတစ်ချောင်း ဖြစ်ပေါ်လာခဲ့ပြီး ထိုလူကို အချိန်မပေးတော့ပဲ လည်းပင်းကို
ချက်ချင်းခုတ်ပိုင်းလိုက်လေသည်။
ထိုလူသုံးယောက်ကလည်း အရမ်းကိုဂရုစိုက်ပေသည်။ သူ့ကိုချက်ချင်းတိုက်ခိုက်မယ့်အစား အရင်ဝိုင်းထားလိုက်ကြသည်။ တကယ်တော့ သူတို့ခွန်အားက ရန်ကိုင်ထက် အရမ်းကြီးမမြင့်မားပေမယ့်သူတို့ခွန်အားအပေါ် ယုံကြည်ချက် အပြည့်ရှိပေသည်။ ရန်ကိုင်လည်း သူတို့အပြုအမူတွေကို
အစောကြီးကတည်းက သတိထားမိတာဖြစ်ပြီး ကြောက်ရွံ့ဟန်ဆောင် နေတာပဲဖြစ်သည်။
ထိုလူတွေ အနီးကပ်လာတဲ့အချိန် ရန်ကိုင်က ချက်ချင်းသူ့နောက်ကို သွားလိုက်ပြီး အလစ်တိုက်ခိုက်လိုက်သည်။ထိုအလစ်တိုက်ခိုက်မှုက သုံးယောက်စလုံးကို ကြောင်အသွားစေခဲ့ပြီး ရန်ကိုင်နှင့်မျက်နှာချင်းဆိုင်နေတဲ့လူလည်း အချိန်မှီမတုန့်ပြနိုင်ခဲ့ချေ။ သွေးနီရောင်ဓါးသွားက သူ့လည်ပင်းကို ပိုင်းဖြတ်သွားတဲ့အချိန်
သူ့လည်ပင်းနေရာကနေ ပူနွေးနွေးခံစားလိုက်ရပြီး လက်နဲ့ကိုင်လိုက်သည့်အချိန်တွင် သွေးတွေ ပန်းထွက်
လာခဲ့လေသည်။ ရန်ကိုင်က လေအလျင်အလား ဒုတိယလူဆီ ချက်ချင်းပြေးဝင်သွားလိုက်ပြီးတိုက်ခိုက်လိုက်သည်။
ထိုလူလည်း သူ့တိုက်ခိုက်မှုကို လက်သီးဆုပ်ပြီး တန်ပြန်တိုက်ခိုက်သည်။ ရန်ကိုင်က သွေးနီရောင်ဓါးသွားကို
ထိုလူလက်သီးထဲ တိုက်ရိုက်ထိုးချလိုက်သည်။ နာကျင်စွာ အော်မြည်သံနှင့်အတူ သူ့လက်သီးကနေ သွေးတွေ ပန်းထွက်လာခဲ့လေသည်။ နာကျင်မှုက သူ့လှုပ်ရှားမှုကို နှောင့်နေးနေတဲ့အချိန်တွင် ရန်ကိုင်ကသူ့ခန္ဓာကိုယ်အနား ကပ်လိုက်ပြီး ဝမ်းဗိုက်နေရာကို ရက်ရက်စက်စက် ရိုက်ချလိုက်သည်။
ထိုတိုက်မှုကနေတစ်ဆင့် ယန်ချီတွေက ထိုလူခန္ဓာကိုယ်ထဲ့ ဝင်ရောက်သွားခဲ့လေသည်။ ထိုလူလည်း
ချက်ချင်းဖြူရော်သွားခဲ့ပြီး ညီးတွားသံနှင့်အတူ သူးပါးစပ်ကနေ သွေးတွေစီးကျလာခဲ့ပြီးအနောက်ဘက်ကို ယိမ်းထိုးသွားခဲ့သည်။
ရန်ကိုင်က တစ္ဆေတစ်ကောင်အလား ကျော့ရှင်းပြီး လျင်မြန်တဲ့ လှုပ်ရှားမှုနှင့်အတူ သူ့ပြိုင်ဘက်ပုခုံးနားဆီခုန်သွားလိုက်ပြီး ခေါင်းကိုလက်နှစ်ဖက် ကြားထဲညှပ်ကာ လည်းပင်ကို လိမ်ချိုးလိုက်သည်။
ခရက်….ဒုတိယကျင့်ကြံသူ၏ လည်ပင်းကျိုးသွားခဲ့သည်။
ထိုရုတ်တရက် တိုက်ခိုက်မှုကနေ တစ်ဆင့် သုံးယောက်ထဲက နှစ်ယောက်ကို ရန်ကိုင်သတ်ပစ်လိုက်နိုင်ခဲ့သည်။
ကျန်တဲ့တစ်ယောက်ကတော့ ထိတ်လန့်မှုကြောင့် နေရာမှာပဲ ကြက်သေသေနေခဲ့သည်။ အချိန်တစ်ခဏတာ
ကြာသွားတော့မှပ ဲအသိပြန်ဝင်လာတော့သည်။ ‘‘ မင်း…. ’’ ထိုကျင့်ကြံသူက စိတ်ရှုပ်သွားခဲ့ပြီး ထိတ်လန့်
သွားခဲ့သည်။ ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေနှင့် ရန်ကိုင်၏ ကြင်နာမှုကင်းမဲ့ပြီးရက်စက်တဲ့အပြုအမူကြောင့် ကြောက်လန့်သွားခဲ့လေသည်။
ရယ်သံအကျုယ်ကြီးနှင့်အတူ ရန်ကိုင်က ပြောလိုက်သည်
‘‘ ရောင်းရင်၊ နောက်တစ်ခါဆို စကားကြီးစကားကျယ်
မပြောနဲ့။ မင်းဘယ်သူ့ကိုပြောနေလဲဆိုတာ အရင်ဆုံးသိထားသင့်တယ်။ အဲ့လိုမှာပဲ ကိုယ်ခြေထောက်ပေါ်
ကိုယ်ကျောက်တုံးပြန်မှန်မှာကို ကာကွယ်နိုင်လိမ့်မယ် ’’ သွေးတွေနဲ့ နီရဲနေပြီး ရက်စက်ကြမ်းတမ်းတဲ့ချီစွမ်းအင်တွေ ထွက်ပေါ်နေတဲ့ ရန်ကိုင်ကို ကြည့်ရင်း ထိုလူမျက်နှာ ဖြူလျော်သွားခဲ့သည်။ ဝံပုလွေ
နှစ်ကောင်ကို သတ်တုန်းက ရန်ကိုင်က သူ့ခွန်အားအကုန်အစင်ကို အသုံးမပြုခဲ့ဘူးဆိုတာအခုမှပဲ သူနားလည်သွားတော့လေသည်။
‘‘ ငါတို့ပုန်းနေတယ်ဆိုတာကို အစကတည်းက မင်းသိနေခဲ့တာပေါ့ ’’ ထိုလူအမူအရာက စိတ်ရှုပ်နေပုံ ပေါ်ပြီးအစောပိုင်းကပဲ သေသွားတဲ့သူ့အပေါင်းအဖော်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူထိတ်လန့်နေတယ်ဆိုပေမယ့် အခုအခြေအနေက သူ့သတ်ဖြတ်ချင်စိတ်နှင့် ဒေါသကိုပိုပြီးတိုးများလာစေခဲ့သည်။
ထိုလူက ဟိန်းလိုက်ပြီး ရုတ်တရက် ရွှေရောင်းစည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုစည်းတံဆိပ်သိုင်းပညာရပ်တစ်ခုဖြစ်ပုံရပြီး ထိုသိုင်းပညာရပ်၏အဆင့်ကလည်း နိမ့်သည့်ပုံမပေါ်ချေ။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်လည်း လေးနက်သွားခဲ့ပြီး သူ့ခွန်အားကို ဆက်ပြီးထိန်းချုပ်မထားတော့ချေ။ မယိမ်းယိုင်သောစိတ်ဆန္ဒကို အသက်သွင်းလိုက်လေသည်။ သူ့ခန္ဓာကိုယ်ကနေယွမ်ချီတွေပေါက်ကွဲထွက်လာခဲ့ပြီးသူ့ကျင့်ကြံခြင်းအဆင့်ကလည်း ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ထိ
ရောက်သွားခဲ့သည်။
မယိမ်းယိုင်သောစိတ်ဆန္ဒက သူ့ရဲ့ဝှက်ဖဲဖြစ်သည်။ ပုံမှန်ဆိုရင် ထိုမယိမ်းယိုင်သောစိတ်ဆန္ဒကိုသူထုတ်သုံးလေ့မရှိချေ။ ဒါပေမယ့် အခုလိုနေရာမျိုးမှာတော့ ရန်သူနဲ့ဆိုင်ရချိန်တွင် မသုံးပဲနေလို့
မဖြစ်တော့ချေ။ သူ့ရန်သူကို မြန်မြန်အပြတ်ရှင်းနိုင်လေ သူ့အတွက် ပိုပြီးအန္တရာယ်ကင်းလေးဖြစ်သည်။
ထို့ကြောင့် သူ့ဝှက်ဖဲကို ထုတ်သုံးဖို့ စိတ်ပူမနေခြင်းဖြစ်သည်။ ရန်ကိုင်ကို ကြည့်နေတဲ့ တစ်ဖက်လူကတော့
ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ ရန်ကိုင်၏ ရုတ်တရက် ခွန်အားမြင့်တက်သွားမှုက ထိုကျင့်ကြံသူကို
ကြောင်အသွားစေခဲ့သည်။ ဒါပေမယ့် သူလည်းတုန့်ဆိုင်းမနေခဲ့ချေ။ ရွှေရောင်စည်းတံဆိပ်ကိုလက်တစ်ဖက်ကနေ သယ်ဆောင်ရင်း အော်ဟစ်ကာ ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်သည်။
ရန်ကိုင်က သူ့နေရာမှာပဲ ရပ်နေခဲ့ပြီး လက်တစ်ဖက်ကို လက်သည်းပုံပြောင်းကာ ထိုရွှေရောင်စည်းတံဆိပ်ကို
ဖမ်းကိုင်လိုက်သည်။ရန်ကိုင်ခန္ဓာကိုယ် အနည်းငယ် နောက်ကို ယိမ်းထိုးသွားခဲ့သည်။ တကယ်တော့ ထိုရွှေရောင်စည်းတံဆိပ်က
ရွေ့လျားနေတဲ့ သိုင်းပညာရပ်တစ်ခုပင်ဖြစ်ပြီး အလွယ်တကူ ဖမ်းကိုင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ချေ။ တစ်ဖက်လူက ထိုအခြင်းအရာကို မြင်လိုက်တဲ့အချိန် ပြုံးဖြဲဖြဲလုပ်လိုက်ပြီး ရွှေရောင်စည်းတံဆိပ်ထဲ
ချီစွမ်းအင်ပိုပြီးဖြည့်သွင်းလိုက်သည်။ ရုတ်တရက် အစစ်အမှန်ယန်ချီတွေ ပေါက်ကွဲထွက်လာခဲ့ပြီး
ရွှေရောင်စည်းတံဆိပ်ထဲ ဝင်ရောက်သွားခဲ့သည်။
တစ်ခဏအတွင်းမှာပဲ ရွှေရောင်စည်းတံဆိပ်ကနေ
အက်သံတွေ ထွက်ပေါ်လာခဲ့သည်။ရန်ကိုင်၏ အစစ်အမှန်ယန်ချီက သာမန်အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အစစ်အမှန်ချီအောက်မနိမ့်ကျချေ။ သို့ပေမယ့် သူ့ပြိုင်ဘက်က ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးပေသည်။ သူ့ယွမ်ချီက
အစစ်အမှန်ချီအဖြစ် မပြောင်းလဲရသေးတဲ့အတွက် သူက ရန်ကိုင်၏ပြိုင်ဘက်မဖြစ်နိုင်တော့ချေ။
အက်သံတွေ ဆက်ပြီးထွက်ပေါ်နေခဲ့သည်။ ပြိုင်ဘက်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီး သူက ရန်ကိုင်ရဲ့ပြိုင်ဘက်မဟုတ်မှန်း သိလိုက်တာနဲ့ ချက်ချင်းပြောလိုက်လေသည် ‘‘ ရောင်းရင်းရယ်၊ ချမ်းသာပေးပါ။ငါက ရွှေအလင်းနန်းတော်က တပည့်တစ်ယောက်ပါ။ ငါ့မှာမျက်လုံးရှိပေမယ့် မမြင်နိုင်ပဲရောင်းရင်းကို စော်ကားမိခဲ့ပါတယ်။ ရောင်းရင်း….စီနီယာကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့ ’’
ရန်ကိုင်က လှောင်ပြောင်လိုက်သည်။ သူ့မျက်လုံးတွေက ပိုပြီးရူးသွ့ပ်ပုံပေါက်လာပြီး သွေးဆာလာခဲ့ကာ
‘‘ မင်းက ရွှေအလင်းနန်းတော်က တပည့်တစ်ယောက်မှန်း ငါသိတယ်’’ သူသိတဲ့အတွက်ကြောင့်ရန်ကိုင်သူတို့ကို မကြောက်ချေ။ ရွှေအလင်းနန်းတော်က အဆင့်သုံးအင်အားစုတစ်ခုဖြစ်ပြီး
အခုနေရာကို ဝင်လာတဲ့တပည့်တွေအကုန်လုံးကလည်း ချီသန့်စင်ခြင်းအဆင့်တွေသာ ဖြစ်ပေသည်။
လင်းတိုင်ရှုက ထိုအချက်ကို သူ့အားပြောခဲ့ပြီးပြီဖြစ်သည်။ ခရက်….ရွှေရောင်စည်းတံဆိပ်လည်းနောက်ဆုံး ပျက်စီးသွားခဲ့ပြီဖြစ်သည်။ထိုအချိန်တွင် ရွှေအလင်းနန်းတော်ကလူက ချက်ချင်းတိုက်ခိုက်လိုက်သည်။ သူ့အကျီင်္လက်ကြားကနေဓါးတိုလေးတစ်ချောင်းထွက်ပေါ်လာခဲ့ပြီး ၇န်ကိုင်လည်မျိုနေရာကို တိုက်ခိုက်လိုက်သည်။
သနားညှာတာပေးဖို့ တောင်းပန်ပုံပေါက်နေပေမယ့် ရန်ကိုင်ကသူ့ဂျူနီယာနှစ်ယောက်ကို သတ်လိုက်မှာတော့
သူတို့ကြားမှာ မကျေချမ်းနိုင်တဲ့ ရန်ကြွေးရှိနေပြီဖြစ်သည်။ သူတို့နှစ်ယောက်ထဲက တစ်ယောက်သေမှပဲ
ထိုရန်ကြွေးပြီးဆုံးသွားပေလိမ့်မည်ဖြစ်သည်။
သို့ပေမယ့် ဓါးတိုက ရန်ကိုင်လည်မျိုကို မရောက်ခင်မှာပဲ ရပ်တန့်သွားခဲ့သည်။ သူငုံ့ကြည့်လိုက်တဲ့အချိန်
သူ့ရင်ဘတ်ထဲကို ထိုးဖောက်ဝင်နေတဲ့ ရန်ကိုင်လက်ကို တွေ့လိုက်ရသည်။ ရန်ကိုင်က သူ့နှလုံးကိုဖမ်းဆုပ်ထားခဲ့ပြီး သူ့နှလုံးခုန်သံလည်း ရုတ်တရက် ပြင်းထန်းကြမ်းတမ်းလာခဲ့သည်။ သိပ်မကြာခင်မှာပဲသူ့နှလုံးခုန်သံ ရပ်တန့်သွားခဲ့သည်။
ချီသန့်စင်ခြင်းအဆင့်ရ၊အဆင့်၈ မှာရှိတဲ့လူတွေကို သတ်ရတာ
သူ့အဖို့ တော်တော်လေး လွယ်ကူပေသည်။ အခုသူ့ခွန်အားအတိုင်းအဆကို သူသိသွားခဲ့ပြီဖြစ်သည်။
တစ်ခဏကြာအောင်စောင့်ဆိုင်းပြီးနောက် သေဆုံးသွားတဲ့ ကျင့်ကြံသူတွေဆီကနေ သွေးလုံးတွေဖြစ်တည်လာခဲ့သည်။ ရန်ကိုင်လည်း ထိုသွေးလုံးတွေကို သွားပြီးယူလိုက်သည်။ ဒါပေမယ့် အံ့အားသင့်စွာပဲထိုသွေးလုံးတွေက အဆင့်၄မိစ္ဆာသားရဲတွေရဲ့ သွေးလုံးတွေထက် ပိုပြီးကြီးမားနေခဲ့သည်။ ထိုသွေးလုံးတွေက
လက်မအရွယ်အစားလောက်ရှိပြီး အဆင့်၄မိစ္ဆာသားရဲ၏ သွေးလုံးက ပဲစေ့အရွယ်အစားလောက်သာရှိပေသည်။ ထို့နောက် ဝံပုလွေနှစ်ကောင်စီက သွေးလုံးတွေကိုပါ ယူလိုက်ပြီးနောက် သေသွားတဲ့ရွှေအလင်းနန်းတော်က တပည့်တွေမှာ အဖိုးတန်တာရှိမရှိ၊ ရှာဖွေလိုက်သည်။ ပြီးတာနဲ့ ရန်ကိုင်လည်း
ချက်ချင်း ထွက်သွားတော့သည်။
အမွှေးတိုင်တစ်တိုင်စာလောက် ကြာတဲ့အချိန်မှာတော့ အစောပိုင်းတုန်းက ရန်ကိုင်ရှိနေခဲ့တဲ့နေရာကို
မိစ္ဆာသားရဲတွေ ရောက်လာခဲ့သည်။ ထိုမိစ္ဆာသားရဲတွေက သွေးနံ့ကြောင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဒီနေ့မှာတော့ ရန်ကိုင်တော်တော်လေး ရိတ်သိမ်းနိုင်ခဲ့ပေသည်။ ဒါကြောင့် နေရာကောင်းကောင်းတစ်ခုရှာပြီး
ထိုသွေးလုံးတွေကို သူမြန်မြန်လေး သန့်စင်နေချင်ခဲ့သည်။ အဲ့တော့မှပဲ ပိုပြီးအားကောင်းတဲ့ မိစ္ဆာသားရဲတွေကို
သူအမဲလိုက်နိုင်မှာပဲဖြစ်သည်။