အခန်း (၂၂၁-၂၂၅)
Vol. 9 Ch. 221-225
အပိုင်း (၂၂၁) ကပ်ဆိုး
ဒီနေရာတွင် လုံခြုံတဲ့နေရာဆိုတာ မရှိချေ။ ထို့ကြောင့် ရန်ကိုင်အဖို့ သူ့အော်ရာကို တတ်နိုင်သမျှ ဖုံးဖိထားပြီး
လမ်းတစ်လျှောက် ခြေရာ၊လက်ရာမှန်သမျှကို သဲလွန်စမကျန်အောင် ဖျောက်ထားရုံသာ တတ်နိုင်လေသည်။
အဲ့လိုမှသာ အခြားသူတွေ သူရှိနေကြောင်း မသိမှာဖြစ်သည်။ ရန်ကိုင်က အခေါင်းပေါက်သစ်ပင်တစ်ပင်၏
အလယ်ဗဟိုတွင် ပုန်းအောင်းနေရင် သူ့ပတ်ဝန်းကျင်ကို အဆက်မပြတ် သတိထားနေခဲ့သည်။ ထိုကဲ့သို့
သတိထားနေရင်းလည်း သွေးလုံးကိုစုပ်ယူနေခဲ့လေသည်။
ဒီတစ်ကြိမ် သွေးလုံးအရေအတွက်က အလုံးနှစ်ဆယ်ကျော်လောက်ရှိပေသည်။ သို့ပေမယ့် တစ်ဝက်ကျော်
လောက်က အဆင့်၃မိစ္ဆာသားရဲတွေဆီက ရတာဖြစ်ပြီးကျန်တဲ့နည်းနည်းကသာ အဆင့်၄မိစ္ဆာသားရဲတွေဆီက
ရတာဖြစ်၏။ ထို့ပြင် ရွှေအလင်းနန်းတော်က ချီသန့်စင်ခြင်းအဆင့်တပည့်သုံးယောက်ကို သတ်ပြီးရလာတဲ့
သွေးလုံးတွေလည်း ရှိသေးပေသည်။ သေးလုံးတစ်လုံး၏ အရည်အသွေးကို အရွယ်အစားကိုမူတည်ပြီး
ခွဲခြားနိုင်ပေသည်။ အဆင့်၄မိစ္ဆာသားရဲတစ်ကောင်၏ သွေးလုံးအရွယ်အစားက ပဲစေ့လောက်သာရှိပြီး
အဆင့်၃မိစ္ဆာသားရဲတစ်ကောင်၏သွေးလုံးက အဆင့်၄မိစ္ဆာသားရဲ၏ သွေးလုံးအရွယ်အစား၏ တစ်ဝက်လောက်
သာရှိပေသည်။ ချီသန့်စင်ခြင်းအဆင့် တပည့်သုံးယောက်သေရာကနေ ဖြစ်တည်လာတဲ့ သွေးလုံးသုံးလုံး
ကတော့ လက်သည်းခွံအရွယ်လောက် ရှိပေသည်။
ရန်ကိုင်က အဆင့်၃မိစ္ဆာသားရဲ၏သွေးလုံးကိုယူပြီး စတင်စုယူလေသည်။ အစစ်အမှန်ယန်နည်းစနစ်ကို
နည်းနည်းလောက် လေ့ကျင့်ပြီးတဲ့အချိန်မှာတော့ ထိုသွေးလုံးပျောက်ကွယ်သွားခဲ့ပြီး သူ့ခွန်အားအဖြစ်
ပြောင်းလဲသွားခဲ့သည်။ ထိုအဖြစ်အပျက်က ရန်ကိုင်ကို အံ့အားသင့်သွားစေခဲ့လေသည်။ သွေးလုံးတွေကို
ဘေးထွက်ဆိုးကျိုးမရှိပဲ အလွယ်တကူ စုပ်ယူနိုင်တယ်လို့ လင်းတိုင်ရှုဆီကနေ ကြားသိခဲ့ရပေမယ့်
ဒီလောက်အထိ လွယ်ကူလိမ့်မယ်လို့တော့ သူမထင်ထားခဲ့ချေ။
သွေးလုံးထဲတွင် ပါဝင်တဲ့စွမ်းအင်က လုံးဝကိုသန့်စင်ပြီး မသန့်စင်မှု အနည်းငယ်တောင် မပါဝင်ချေ။
ထိုသွေးလုံးတွေထဲတွင် ပါဝင်တဲ့စွမ်းအင်က သန့်စင်လွန်းတဲ့အတွက် သန့်စင်စရာမလိုပဲ တိုက်ရိုက်
စုပ်ယူလို့ရပေသည်။ လင်းတိုင်ရှုက ဒီနေရာသွေးလုံးတွေနဲ့ ပက်သက်ပြီး မြင့်မြင့်ပြောခဲ့တာ အံ့သြစရာ
မဟုတ်တော့ချေ။
ကိုယ့်မှာသာ သွေလုံးအရေအတွက် လုံလုံလောက်လောက်သာ ရှိမယ်ဆိုရင် ကိုယ့်ခွန်အားကို ဒုံပျံအလား
မြှင့်တင်နိုင်ပေသည်။ အဆင့်ကြီးတစ်ဆင့် တက်တဲ့အချိန်ကတော့ ချွင်းချက်ပေါ့။ အဲ့လိုအချိန်တွေမှာ
နာလည်ထိုးထွင်းမှု လိုအပ်တဲ့အတွက် စွမ်းအင်လုံလောက်ရုံနဲ့တင် အဆင့်မတက်နိုင်ချေ။ သို့ပေမယ့်
အဆင့်သေးတွေကိုတော့ သွေးလုံးလုံလုံလောက်ရှိရုံနဲ့တင် အတာအဆီးမရှိ ချိုးဖျက်နိုင်ပေသည်။
သွေးလုံးကို တစ်ကြိမ်စုပ်ယူဖူးတဲ့ ဘယ်သူမဆို ထိုသွေးလုံး၏ ဆွဲဆောင်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
ကျင့်ကြံသူတွေကတော့ သူတို့သန်မာဖို့၊ အားကောင်းဖို့အတွက်ဆိုရင် မည်သည့်သက်ရှိကိုမှ
လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ လူဖြစ်ဖြစ်၊ မိစ္ဆာသားရဲဖြစ်ဖြစ် သူတို့မျက်လုံးထဲမှာတော့ အားလုံးက
သူတို့ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ သွေးလုံးတွေပင်ဖြစ်သည်။
အခုလိုသွေးလုံးတွေကို စုပ်ယူနိုင်ဖို့ဆိုတာ တော်တော်လေးကို ရှားပါးတဲ့အ အခွင့်အရေးတစ်ခုဖြစ်သည်။
ဒီနေရာက အမြဲတမ်းဖွင့်နေတာ မဟုတ်သလို သွေးလုံးတွေကို ထုတ်ပေးနိုင်တဲ့ အခြားနေရာလည်း
မရှိချေ။ အသက်ပြင်းပြင်း တစ်ချက်လောက် ရှုလိုက်ပြီး သူ့စိတ်ကိုတည်ငြိမ်အောင် လုပ်လိုက်ကာ
ကျန်ရှိတဲ့သွေးလုံးတွေကို ဆက်လက်စုပ်ယူလိုက်သည်။ ရန်ကိုင်က သွေးလုံးတွေကိုစုပ်ယူနေပြီး
သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် အမြန်အဆန် ပြောင်းလဲနေခဲ့သည်။
အချိန်နှင့်အမျှ သူ့ခွန်အား တဖြည်းဖြည်း တိုးလာတာကို ရန်ကိုင်ခံစားမိနေခဲ့သည်။ ထို့ပြင် ချီသန့်စင်ခြင်း
အထွတ်အထိပ်အဆင့်ကို ရောက်နေပြီဆိုတာကို သူခံစားမိနေခဲ့သည်။ သူ့လက်ထဲတွင် သွေးလုံးနှစ်လုံးပဲ
ကျန်ရှိတော့တဲ့အတွက် မမြင်နိုင်တဲ့ စွမ်းအင်လှိုင်းတွေက ရန်ကိုဗဟိုပြုပြီး ပတ်ပတ်လည်ကို ရိုက်ခတ်သွား
ခဲ့သည်။ ချီသန့်စင်ခြင်းအဆင့်၄ကို သူရောက်ရှိသွားခဲ့ပြီဖြစ်သည်။ သို့ပေမယ့် ချီသန့်စင်ခြင်းအဆင့်၄ကို
ချိုးဖျက်သွားလို့ ရန်ကိုင်ပျော်ရွှင်မနေခဲ့ပေ။ အဲ့ဒီအစား တော်တော်လေး စိတ်ညစ်သွားခဲ့ရသည်။
ကျိန်ဆဲလိုက်ရင်း သွေးလုံးတွေကို စုပ်ယူနေတဲ့အရှိန်ကို မြှင့်တင်လိုက်သည်။
တစ်ခဏအကြာမှာတော့ ကျန်ရှိနေတဲ့သွေးလုံးနှစ်လုံးကို စုပ်ယူလို့ပြီးသွားခဲ့သည်။ ထိုသွေးလုံး
နှစ်လုံးက အဆင့်တက်စဖြစ်တဲ့ သူ့အခြေခံကို ပိုပြီးတည်ငြိမ်သွားစေခဲ့သည်။ ခပ်မြန်မြန်ပဲ
တုန့်ဆိုင်းခြင်းမရှိ သူပုန်းနေရာကနေ ချက်ချင်းပြေးထွက်သွားခဲ့သည်။
အဆင့်တက်တာက ဖြစ်စဉ်တစ်မျိုးမျိုးကို ဖြစ်စေမယ်လို့ သူမျှော်လင့်ထားခဲ့ပေမယ့် အခုလောက်သိသာလိမ့်မယ်
လို့တော့ ရန်ကိုင်မမျှော်လင့်ထားခဲ့ချေ။ သူ့ပတ်ဝန်းကျင်မှသာ တစ်ယောက်ယောက် ရှိနေခဲ့ရင် သူရှိနေတယ်
ဆိုတာ သူတို့သိသွားပေလိမ့်မည်။ ထို့ကြောင့် သူသာအခုချက်ချင်း ပြေးထွက်မလာခဲ့ရင် အခြားသူတွေ
သူ့ကိုရှာတွေ့သွားပေလိ်မ့်မည်။ မိုင်းအနည်းငယ်လောက် ပြေးလာပြီးတာတောင် ရန်ကိုင်မရပ်တန့်ရဲချေ။
တစ်ယောက်ယောက်က သူ့ကိုစောင့်ကြည့်နေတယ်လို့ သူခံစားနေရပေသည်။ ဒါပေမယ့် ဘယ်နေရာနေ
သူ့ကိုစောင့်ကြည့်နေတယ်ဆိုတာကိုတော့ သူမသိချေ။
သူခံစားချက်က စိတ်ကူးသက်သက်မဟုတ်ချေ။ သူ့ကိုစောင့်ကြည့်နေတဲ့လူက သူ့ထက်ကျင့်ကြံခြင်းအဆင့်
ပိုမြင့်မယ်လို့ ခန့်မှန်းလိုက်သည်။ အဲ့ဒါကြောင့်သာ ဘယ်နေရာနေ သူ့ကိုစောင့်ကြည့်နေလဲဆိုတာကို
သူရှာမတွေ့ခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ရန်ကိုင်က ဒီနေရာမှာအဆင့်မတက်သင့်ဘူးလို့
တွေးလိုက်သည်။ ချီသန့်စင်ခြင်းအဆင့်၄ဖြစ်တဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲပဆိုင်ရင် သူ့ကိုခြိမ်းခြောက်နိုင်တဲ့
အန္တရာယ်သိပ်မရှိချေ။ ဒါပေမယ့် သူသာတကယ့် အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်နဲ့ ရင်ဆိုင်ရမယ်
ဆိုရင် သူအလွယ်တကူ ပြန်ဆုတ်လို့ ရနိုင်လိမ့်မည် မဟုတ်ချေ။ အဆင့်သေးသေးလေးတစ်ဆင့်
တက်တာ အခုလိုမျိုး ဖြစ်စေတယ်ဆိုတော့ အဲ့ဒါကသူ့အတွက် တော်တော်လေး အဆင်ပြေမနေချေ။
မိုင်ဒါဇင်အနည်းငယ်လောက် ပြေးလွှားပြီးတဲ့အချိန်မှာတော့ သူခံစားနေရတဲ့ ခံစားချက်က ပိုပြီးပြင်းထန်
လာခဲ့သည်။ သူ့နောက်ကျောဘက်ကလည်း အေးစက်လာခဲ့သည်။ ရုတ်တရက ်ရန်ကိုင်ပြေးနေတာကို
ရပ်တန့်လိုက်ပြီး သူ့အမူအရာ ရုပ်ဆိုးသွားခဲ့သည်။ သူ့ရှေ့ရှိသစ်ပင်နောက်ကနေ ယွမ်ချီစွမ်းအင်လှိုင်းတွေကို
သူခံစားမိလိုက်ပေသည်။ သူ့ကိုစောင့်ကြည့်နေတဲ့လူက ဆက်ပြီးစောင့်ကြည့်ချင်နေတဲ့ ပုံမပေါ်ချေ။
ထိုလူရဲ့အမြန်နှုန်းက အလွန်မြန်တဲ့အတွက် သူ့ကိုကျော်ပြီး အရှေ့မှာတောင ်ကြိုစောင့်နေနိုင်ပေသည်။
အခြေအနေတွေက တော်တော်လေး ဆိုးရွားလာခဲ့ပြီဖြစ်သည်။ သူ့တို့တွေက ကောင်းမွန်တဲ့ရည်ရွယ်ချက်
နဲ့ သူ့ဆီကိုလာတာ မဟုတ်တာတော့ သေချာပေသည်။ သူ့ရန်သူခွန်အားကိုလည်း သူမသိတဲ့အတွက်
အလျင်စလိုမလုပ်ရဲချေ။
‘‘ ဟေးဟေးဟေး….’’ သုန်မှုန်နေတဲ့ လှောင်ပြောင်သံတစ်သံနှင့်အတူ သစ်ပင်နောက်ကနေ လူတစ်ယောက်
လမ်းလျှောက်ထွက်လာခဲ့သည်။ ထိုလူက တစ္ဆေဘုရင်တောင်ကြားက တပည့်တစ်ယောက်ပဲဖြစ်လေသည်။
အခုတစ်ကြိမ် တစ္ဆေဘုရင်တောင်ကြားကနေ လူသုံးယောက်လာခဲ့သည်။ သုံးယောက်စလုံး
အစစ်အမှန်ဒြပ်စင်အဆင့်တွေဖြစ်ပြီး သူတို့ထဲကတစ်ယောက်ကို ဂျင်ဟောင်လို့ခေါ်ပေသည်။
ဂျင်ဟောင်နှင်ရန်ကိုင်ကြား မကျေနပ်ချက်ရှိခဲ့ပြီး ရန်ကိုင်ကိုသတ်မယ်လို့တောင ်ဂျင်ဟောင်ကပြော
ခဲ့သေးသည်။ ဒုတိယတစ်ယောက်က မိန်းကလေးဖြစ်ပြီး တတိယတစ်ယောက်က ယောကျ်ားလေးဖြစ်သည်။
တစ္ဆေဘုရင်တောင်ကြားနေရာမှာ အခြားလူသာဆိုရင် ညှိုနှိုင်းဖို့အခွင့်အရေး ရှိနိုင်ပေသေးသည်။ ဒါပေမယ့်
တစ္ဆေဘုရင်တောင်ကြားက လူတွေဖြစ်နေတော့ သူ့အဖို့မတိုက်ခိုက်ရပဲ လွတ်ဖို့လမ်းမမြင်ချေ။ ဂူလီက
သူ့ကိုမြင်တာနဲ့သတ်ဖို့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို အမိန့်ပေးပြီးသွားပြီဖြစ်သည်။
သူတို့တစ်ယောက်ချင်းစီတိုင်းကို အနိုင်ယူဖို့ဆိုတာ ရန်ကိုင်အတွက် မသေချာပေ။ သုံးယောက်ဆိုရင်တော့
ပြောစရာတောင် မလိုတော့ချေ။ အခုတစ်ကြိမ်မှာတော့ ကံကြမ္မာက သူ့ကိုလှည့်စားခဲ့ပြီဖြစ်သည်။
‘‘ ဟားဟား၊ ငါတို့ဘယ်သူ့ကို တွေ့နေရတာလဲ ’’ တစ္ဆေဘုရင်တောင်ကြားက တပည်ယုချန်ခွန်းက
အံ့အားသင့်စွာနဲ့ ပြောလိုက်သည်။ ထို့နောက်ရန်ကိုင်ကို တစ်ချက်စစ်ဆေးကြည့်လိုက်ပြီး ကျေနပ်စွာနဲ့
ပြောလိုက်သည် ‘‘ ကောင်းကင်စံအိမ်က ကောင်စုတ်လေးပဲ။ သူ့ကိုရှာဖို့ သိပ်ပြီးတော့တောင်
အားမစိုက်လိုက်ရဘူး ’’ ရန်ကိုင်လည်း တစ္ဆေဘုရင်တောင်ကြားက တပည့်ကိုမြင်တာနဲ့ ဆက်ပြီးမနေရဲ
တော့ချေ။ ချက်ချင်းပဲ လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းလိုက်ပြီး ထွက်ပြေးဖို့ကြိုးစားလိုက်သည်။
ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို လှုပ်ရှားရုံပဲ ရှိသေး၊ လေတိုက်သံကြားလိုက်ရပြီး သူ့ရှေ့ကမျက်ကွယ်ရာကနေ
ဖြူလျော်နေတဲ့ လက်တစ်ဖက်ထွက်လာခဲ့သည်။ ‘‘ဟားဟားဟား….ကောင်းကင်စံအိမ်က ကောင်စုတ်လေး၊
ငါတို့ကတွေ့ဖို့ ကံကြံမ္မာဖန်လာခဲ့တာပဲ ’’ ရယ်သံကြီးနှင့်အတူ ဂျင်ဟောင်ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်
စိတ်အခြေအနေ ပိုပြီးလေးလံလာခဲ့လေသည်။ နေရာယူလိုက်ပြီး နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်ဖြင့်
တန်ပြန်တိုက်ခိုက်လိုက်သည်။ သူတို့လက်သီးနှစ်ခု ထိပ်တိုက်တွေ့သွားခဲ့ပြီး ဂျင်ဟောင်က
အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး အစစ်အမှန်ချီစွမ်းအင်ကို လှုံ့ဆော်လိုက်ကာ သူ့လက်ငါးချောင်းက
ထက်ရှတဲ့ဓါးသွားငါးခုအလား ဖြစ်သွားခဲ့သည်။
ရန်ကိုင်က ဖြူဖတ်ဖြူလျော်ဖြစ်သွားခဲ့ကာ နောက်ဘက်ကို လွင့်စင်သွားခဲ့သည်။ သူ့ပါးစပ်က သွေးကို
အတင်းပြန်မျိုချလိုက်ပြီး မြေပေါ်ကို ခက်ခက်ခဲခဲဖြင့် ဆင်းလိုက်ရသည်။ ဂျင်ဟောင်၏ခွန်အားက
အစစ်အမှန်ဒြပ်စင်အဆင့်လေးဖြစ်ပြီး တစ္ဆေဘုရင်တောင်ကြားက သုံးယောက်ထဲတွင် အားအကောင်းဆုံး
ဖြစ်သည်။ မြေကြီးပေါ်ရောက်ပြီး အသက်မရှုရသေးခင်မှာပဲ သူ့နောက်ကျောဘက်ကနေ သတ်ဖြတ်လိုစိတ်ကို
ခံစားလိုက်ရသည်။ အလျင်စလို ရှောင်ရှားလိုက်တာနဲ့ ဖျက်ခနဲအရိပ်တစ်ခုက သူ့နေရာကိုဖြတ်သွားခဲ့ပြီး
သူ့အဝတ်အစားတွေကို စုတ်ဖြဲသွားခဲ့သည်။
‘‘ ကောင်းလိုက်တဲ့ တုန့်ပြန်မှု ’’ ဂျင်ဟောင်က မတိုက်ခိုက်ပဲ ရန်ကိုင်ကို လှောင်ပြောင်တဲ့အပြုအမူဖြင့်
ကြည့်နေခဲ့သည်။ ရန်ကိုင်လည်း နောက်ဘက်ကို လှည့်ကြည့်လိုက်တဲ့အချိန်တွင် တစ္ဆေဘုရင်တောင်ကြားက
မိန်းကလေးကို တွေ့လိုက်ရသည်။ဒီမိန်းမ….ရန်ကိုင် စိတ်ထဲ၌ကျိန်ဆဲလိုက်သည်။
လူသုံးယောက်ကို ရန်ကိုင်ကို ဝန်းရံထားခဲ့သည်။ ထိုသုံးယောက်က သူသတ်ခဲ့တဲ့ ရွှေအလင်းနန်းတော်က
ချီသန့်စင်ခြင်းအဆင့်သုံးယောက်လို မဟုတ်ချေ။ သူတို့သုံးယောက်စလုံးက အစစ်အမှန်ဒြပ်စင်အဆင့်
ကျင့်ကြံသူတွေဖြစ်သည်။‘‘ကောင်စုတ်လေး၊ မင်းဘယ်လိုသေချင်လဲ ’’ ဂျင်ဟောင်က ရန်ကိုင်ကို မုန်းတီးစွာ
ကြည့်ရင်း မေးလိုက်သည်။ သေမင်းတောင်မှာကတည်းက ရန်ကိုင်ကို သတ်ချင်နေခဲ့တာဖြစ်သည်။
ရန်ကိုင်ကြောင့် သူသေမလိုဖြစ်ခဲ့ရသည်။ သူ့ဆရာအကယ်မြန်လို့သာ ကံကောင်းပြီးအသက်ရှင်ခဲ့ခြင်း
ဖြစ်သည်။
အခုအချိန်မှာတော့သူတို့သုံးယောက်စလုံး ထိုကောင်စုတ်လေးကို ဝိုင်းထားလိုက်ကြပြီဖြစ်သည်။ သူ့မှာ
အတောင်ပံရှိတယ်ဆိုရင်တောင် သူတို့လက်ပြေးလွတ်တော့မည် မဟုတ်ချေ။ တကယ်တော့
ရန်ကိုင်ကို သတ်ဖို့အလျင်မလိုချေ။ တစ်ခါတစ်ရံမှာ ရန်သူကို တစ်ခါတည်းသတ်ပစ်ရတာထက်
နှိပ်စက်ပြီး အရှက်ခွဲရတာက ပိုပြီးကောင်းပေသည်။ ယုချန်ခွန်းက ရယ်မောရင်းပြောလိုက်လေသည်
‘‘ စီနီယာအစ်ကို၊ ငါတို့သူ့ခြေထောက်တွေကို ဖြတ်ပြီးတော့ သွေးခန်ပြီးသေသွားအောင ်လုပ်ကြမလား ’’
ဂျင်းဟောင်က ဖြေးဖြေးချင်းခေါင်းခါရင်း ရယ်မောလိုက်ပြီး ‘‘ အဲ့ဒါကအရမ်းကိုကြင်နာလွန်းတယ်။
ငါတို့သူ့ကိုတစ္ဆေအစေခံလုပ်ပြီး ဘယ်တော့မှ ပြန်မဝင်စားနိုင်အောင် လုပ်သင့်တယ်ထင်တယ်။
တစ္ဆေဘုရင်တောင်ကြားရဲ့ ထာဝရတစ္ဆေအစေခံပေါ့ ’’
ယုချန်ခွန်းက မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ ဒီကောင်စုတ်လေးက အားနည်းလွန်းတယ်။ သူ့ကိုတစ္ဆေအစေခံ
အဖြစ်သန့်စင်မယ်ဆိုရင်တောင် သူကအသုံးဝင်မှာမဟုတ်ဘူး ’’ သူတို့နှစ်ယောက်ပြောတာကို နားထောင်ရင်း
တစ္ဆေဘုရင်တောင်ကြားက မိန်းကလေးစိတ်မရှည်စွာနဲ့ ပြောလိုက်သည် ‘‘ သူ့ကိုသတ်သာသတ်လိုက်စမ်းပါ။
ဘာလို့အချိန်ကုန်ခံနေချင်ရတာလဲ။ တကယ်တော့ သူ့ကိုသတ်ရင် သွေးလုံးရနိုင်တာပဲလေ ’’ ဂျင်ဟောင်နှင့်
ယုခွန်းချန်က ရယ်မောလိုက်ကြပြီး ‘‘ ဂျူနီယာညီမလေးက သတ်လို့ပြောနေမှာတော့ ငါတို့သူ့ကိုသတ်ကြ
တာပေါ့ ’’ ဆုံးဖြတ်ပြီးနောက် ဂျင်ဟောင်က ရက်စက်ပြီး သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ လမ်းလျှောက်သွား
လိုက်သည် ‘‘ ကောင်စုတ်လေး၊ မနာကျင်ပဲ သေရတာကို မင်းကျေးဇူးတင်သင့်တယ်။ အဲ့ဒါကြောင့်
ငရဲရောက်လို့ရှိရင် ငါ့ကိုကျေးဇူးတင်ဖို့လည်း မမေ့နဲ့ဦး ’’
ရန်ကိုင်က လှောင်သံနဲ့ပြောလိုက်သည် ‘‘ ငါ့ကိုသတ်ပြီးတော့မှပဲ ပြောစမ်းပါ ’’ ပြောပြီးတာနဲ့ ရန်ကိုင်က
ချက်ချင်းမိန်းကလေးတပည့်ဆီ ပြေးဝင်သွားလိုက်သည်။ အချိန်အတော်ကြာ လေ့လာပြီးနောက်
အားလုံးထဲတွင် မိန်းကလေးတပည့်က အားအနည်းဆုံးဖြစ်သည်။ သူမ၏အလှကြောင့်လား၊ သူမရဲ့
အဆင့်အတန်းကြောင့်လားတော့မသိ ဂျင်ဟောင်နဲ့ယုခွန်းချန်တို့က သူမကိုလေးလေးစားစားနဲ့
ဆက်ဆံကြလေသည်။ ရန်ကိုင်သာ သူတို့သုံးယောက်လက်က ဖောက်ထွက်ချင်ဆိုရင် အကောင်းမွန်ဆုံး
ရွေးချယ်မှုက ယန်မီးတောက်တောင်ပံတွေကို အသုံးပြုဖို့ပင်ဖြစ်သည်။
အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတွေက ပျံသန်းနိုင်တယ်ဆိုပေမယ့် ယန်မီးတောက်တောင်ပံတွေကို
မယှဉ်နိုင်ချေ။ ပြီးတော့ ဒီနေရာတွင် လျှို့ဝှက်ဖုံးကွယ်နေတဲ့ အန္တရာယ်များစွာ ရှိနေပေသေးသည်။
ထို့ကြောင့် ယန်မီးတောက်တောင်ပံသုံးကာ ပျံသန်းပြီးထွက်ပြေးမယ်ဆိုရင် ပြဿနာတွေကို လက်ယပ်
ခေါ်နေသလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်က ယန်မီးတောက်တောင်ပံတွေကို သေရေးရှင်ရေး
အခြေအနေမှပဲ ထုတ်သုံးချင်တာဖြစ်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၂) ချောက်ကမ်းပါး
ရန်ကိုင် မိန်းကလေးတပည့်ဆီ ပြေးဝင်သွားတဲ့အချိန် တစ္ဆေဘုရင်တောင်ကြားတပည့်တွေက နှာခေါင်းသာ ရှုံ့လိုက်ကြသည်။ ဂျင်ဟောင်နှင့်ယုချန်ခွန်းတို့နှစ်ယောက်က ရန်ကိုင်မိန်းကလေးတပည့်ဆီပြေးဝင်သွားတာကို တွေ့ပေမယ့်လည်းပဲ ထိတ်လန့်ရမယ့်အစား သူတို့အကြည့်တွေက အထင်သေးမှုဖြင့်ပြည့်နေခဲ့သည်။ မိန်းကလေးရဲ့အသွင်အပြင်က ပြောင်းလဲခြင်းမရှိပဲ အစစ်အမှန်ချီစွမ်းအင်ကိုလှည့်ပတ်လိုက်ပြီး သူမမျက်လုံတွေက လူသေတစ်ယောက်ကို ကြည့်နေသည့်အလား ရန်ကိုင်ကို ကြည့်နေခဲ့သည်။
ဒါပေမယ့် ရန်ကိုင်က သူမနဲ့ဆယ့်ငါးမီတာလောက် ရောက်တဲ့အချိန်တွင် ချက်ချင်းမယိမ်းယိုင်သော စိတ်ဆန္ဒကို အသက်သွင်းလိုက်သည်။ သူသာလွတ်မြောက်ချင်တယ်ဆိုရင် ရှိသမျှ အကုန်ထုတ်သုံးရမယ်ဆိုတာ သူသိပေသည်။
ရန်ကိုင်ခွန်အား ပေါက်ကွဲထွက်လာတာကို သတိထားမိတာနဲ့ မိန်းကလေး၏အမူအရာ အနည်းငယ်မဲမှောင်သွားခဲ့သည်။ သူမ၏ဖြူလျော်နေတဲ့လက်ကလေးကို မလိုက်ပြီး ပိုးချည်ပုံစံအမျှင်တန်းလေး တွေကလက်ချောင်းထိပ် ကလေးဆီကနေ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ဆီ တိုးဝင်သွားခဲ့သည်။ ထိုပိုးချည်လေးတွေကသူမ၏ချီစွမ်းအင်ဖြင့် ဖန်တီးထားတာမဟုတ်ချေ။ အဲ့ဒီအစား အရမ်းကိုခိုင်ခံတဲ့ သတ္တုကနေလုပ်ထားတာဖြစ်ပေသည်။ ထိုပိုးချည်တွေက ဝိဉာဉ်လက်နက်တွေ မဟုတ်တဲ့အတွက် ဒီနေရာတွင်
အသုံးပြုလို့ရပေသည်။
ထိုပိုးချည်တွေက ထုတ်လွှတ်နေတဲ့ အန္တရာယ်ကို ခံစားသိလိုက်တာနဲ့ ရန်ကိုင်အမူအရာ မဲမှောင်သွားခဲ့သည်။ဒါပေမယ့် နောက်ပြန်ဆုတ်လို့ မရတော့တဲ့အတွက် သူ့လက်ချောင်းထိပ်တွင် ယန်အရည်စက်အနည်းငယ်ကိုစုစည်းလိုက်သည်။ ထိုယန်အရည်စက်တွေ ထွက်ပေါ်လာတနဲ့ ဒိုင်းအဖြစ်ဖန်တီးလိုက်ပြီး သူ့ရှေ့တွင်ကာထားလိုက်သည်။ ပြီးတာနဲ့ ပိုးချည်မျှင်တွေကို ဝင်တိုက်လိုက်လေသည်။
ယန်အရည်စက်ဒိုင်းတွေ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားခဲ့ပေမယ့် အချိန်အနည်းငယ် ဆွဲနိုင်ခဲ့ပြီး ပိုးချည်တွေကို သူ့သေကွင်းသေကွက်နေရာတွေကိုမထိအောင် လုပ်ဆောင်နိုင်ခဲ့သည်။နာကျင်မှုကြောင့် တုန်ရီနေခဲ့ပေမယ့် ရန်ကိုင်က အံ့ကြိတ်ပြီး မိန်းကလေးတပည်ဆီ ပြေးဝင်သွားကာ
လက်သီးချက်ပေါင်းများစွာ ထိုးချလိုက်သည်။ မိန်းကလေးတပည့်က လှောင်ပြောင်လိုက်ပြီး သူမ၏ဖြူလျော်နေတဲ့လက်ကို လွှဲယမ်းလိုက်လေသည်။ ထက်ရှတဲ့လက်သည်းတွေက ရန်ကိုင်အသားစတွေကို ဆုတ်ဖြဲသွားခဲ့လေသည်။ ညီးတွားလိုက်ရင်း ရန်ကိုင်မျက်နှာ ဖြူလျော်သွားခဲ့သည်။
သို့ပေမယ့်ထိုရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု့ကို တောင်ခံနေခဲ့ပြီး မိန်းကလေးတပည့်ကို ဖြတ်သန်းကာ
မြေကြီးကို ကန်ကျောက်လျက် လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ တောအုပ်ထဲ ဝင်ပြေးသွားလေ
တော့သည်။
‘‘ ဒီနေရာကို ပြန်လာစမ်း ’’ မိန်းမငယ်လေးက အော်ဟစ်လိုက်ပြီး သူမ၏ပိုးချည်မျှင်လေးတွေကို ရန်ကိုင်ဆီလွှတ်လိုက်သည်။ ဒါပေမယ့် သူမ၏ပိုးချည်လေးတွေက ရန်ကိုင်ကိုရစ်ပတ်ပြီး ဖမ်းဆီးဖို့လုပ်နေတုန်းတစ်ခဏတာ ခုခံမှုကို သူမခံဏားလိုက်ရပြီး ပိုးချည်မျှင်တွေက သူမဆီသွေးစအနည်းငယ်နဲ့ ပျံသန်း
လာခဲ့သည်။ မိန်းမငယ်လေးရဲ့ မျက်လုံးအစုံထဲ အံ့အားသင့်မှု ဖြတ်ပြေးသွားခဲ့သည်။ ဂျင်ဟောင်နှင့် ယုခွန်းချန်တို့၏ မျက်နှာတွေကတော့ ထိတ်လန့်အံ့သြမှုတွေနဲ့ ပြည့်နေခဲ့လေသည်။
‘‘ ဘာဖြစ်သွားတာလဲ ’’ ဂျင်ဟောင်က သူမဆီသွားလိုက်ပြီး မေးလိုက်သည်။ သူ့ဂျူနီယာညီမလေးရဲ့ ပိုးချည်တွေက တော်တော်လေးခိုင်ခံပြီး ရန်ကိုအသားကို ဖောက်ထွက်သွားခဲ့လေသည်။ ဒါပေမယ့် ရန်ကိုင်က ဘယ်လိုလုပ်ပြီး လွတ်သွားခဲ့ရတာလဲ။ ‘‘ ငါ့ပိုးချည်တွေ ဖြတ်ခံလိုက်ရတယ် ’’ မိန်းမငယ်လေးကပျက်စီးနေတဲ့ပိုးချည်တွေကို ငုံ့ကြည့်လိုက်ပြီး သူမနှလုံးသားထဲ နာကျင်မှုကို ခံစားလိုက်ရသည်။
သူမမျက်နှာက ချက်ချင်းသတ်ဖြတ်ချင်စိတ်နဲ့ ပြည့်လျမ်းသွားခဲ့ပြီး အော်ဟစ်လိုက်သည် ‘‘ နင်တို့ဘာကိုကြည့်နေတာလဲ။ သူ့ကိုမြန်မြန် လိုက်ဖမ်းလေ ’’ယုချန်းခွန်မျက်လုံး မှေးလိုက်ပြီး ချက်ချင်း ရန်ကိုင်နောက်ဆီ ပြေးလိုက်သွားလိုက်သည်။ ဂျင်ဟောင်နှင့်
မိန်းမငယ်လေးတို့နှစ်ယောက်လည်း ရန်ကိုင်နောက်ဆီ အလျင်အမြန် ပြေးလိုက်သွားကြသည်။
ရန်ကိုင်က သွေးအနည်းငယ်စတေးပြီး ထိုသုံးယောက်လက်ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။သူ့ကိုသာနောက်တစ်ကြိမ် ထပ်ပြီးဝိုင်းမိသွားမယ်ဆိုရင်တော့ ယန်မီးတောက်တောင်ပံနဲ့ ထွက်ပြေးရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။ သူ့လှုပ်ရှားမှုပညာရပ်ကို အဆုံးစွန်အထိထုတ်သုံးပေမယ့် သူ့နောက်ကလိုက်လာတဲ့ အရိပ်ကိုတော့ မျက်ခြေဖျက်နိုင်ခဲ့ခြင်းမရှိချေ။
ထိုလူက တစ္ဆေဘုရင်တောင်ကြားက အမြန်ဆုံး တပည့်တစ်ယောက်ဖြစ်သည်။ သူကအခြားနှစ်ယောက်ထက်
အမြဲခြေတစ်လှမ်းသာနေပြီး သူတစ်လှမ်းလှမ်းလိုက်တိုင်း ကျန်နှစ်ယောက်က တဖြည်းဖြည်းနဲ့ နောက်တွင် ကျန်ရစ်သွားခဲ့လေသည်။ နေ့တစ်ဝက်လောက် ပြေးလွှားပြီးပေမယ့် ယုခွန်းချန်က ဇွဲကြီးကြီးနဲ့ ရန်ကိုင်နောက်ကို ဆက်ပြီး လိုက်နေခဲ့လေသည်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်မှ နှေးသွားမယ့်အရိပ်အယောင်မပြပေ။
တစ်ယောက်က ထွက်ပြေးဖို့ ဆုံးဖြတ်ထားပြီး တစ်ယောက်က သတ်ဖြတ်ဖို့ ဆုံးဖြတ်ထားခဲ့သည်။အခုအချိန်တွင် ထိုသုံးယောက်ကို ရန်ကိုင်တော်တော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။ လမ်းတစ်လျှောက်မိစ္ဆာသားရဲလေးငါးကောင်လောက် တွေ့ခဲ့ရပေမယ့် ရန်ကိုင်က ရှောင်ရှားခြင်းမပြုပဲ ထိုမိစ္ဆာသားရဲတွေဆီပြေးဝင်သွားခဲ့သည်။
ထိုမိစ္ဆာသားရဲတွေကိုသုံးပြီး သူ့နောက်ကလူကို မျက်ခြေဖျက်ဖို့ ကြိုးစားခဲ့ပေမယ့်မအောင်မြင်ခဲ့ချေ။ သူတို့နှစ်ယောက်ပြေးနေတဲ့ အမြန်နှုန်းက အဆင့်၅မိစ္ဆာသားရဲတွေတောင်နောက်မှာ ကျန်ရစ်ခဲ့ရသည်အထိ မြန်ဆန်လှပေသည်။
‘‘ ကောင်စုတ်လေး၊ ကမ္ဘာမြေအဆုံးထိ မင်းပြေးမယ်ဆိုရင်တောင်မှ ငါ့လက်ကနေ မင်းဘယ်တော့မှလွတ်မှာမဟုတ်ဘူး။ လက်လျှော့လိုက်စမ်းပါ ’’ ယုခွန်းချန်က အော်ဟစ်လိုက်သည်
‘‘ မင်းအမြန်နှုန်းကတကယ်ပဲ အထင်ကြီးစရာ ကောင်းပါတယ်။ ဒါပေမယ့် မင်းက ချီသန့်စင်ခြင်းအဆင့်တစ်ယောက်ပဲလေ။
မင်းဘယ်လောက် ကြာကြာပြေးနိုင်မှာ မို့လို့လဲ။ မင်းချီစွမ်းအင်ကုန်သွားတာနဲ့ မင်းသေပြီပဲ။ လိမ်လိမ်မာမာနဲ့ လက်လျှော့လိုက်စမ်းပါ။ ငါမင်းကို ခပ်မြန်မြန် အဆုံးသတ်ပေးပါ့မယ်။ ဒါပေမယ့် မင်းငါ့ကို ကိုယ်တိုင်ဖမ်းရအောင် လုပ်ရင်တော့ ငါမင်းကိုသေပါရစေလို့ တောင်ဆိုရတဲ့အထိ နှိပ်စက်ပြမယ် ’’
ယုခွန်းချန်က တော်တော်လေး ဒေါသထွက်နေပြီဖြစ်သည်။ အခြားသူတွေက သူ့ကိုအစစ်အမှန်ဒြပ်စင်အဆင့်တွင် အမြန်ဆုံးအဖြစ် ယူဆထားကြတာဖြစ်ပေသည်။ ဒါပေမယ့် အခုအချိန်မှာတော့ချီသန့်စင်ခြင်းအဆင့် တစ်ယောက်က သူ့ကိုနေ့တစ်ဝက်လောက်ကြာအောင် ဖုန်ရှူခိုင်းနေခဲ့သည်။
ထို့ကြောင့် ရန်ကိုင်၏လှုပ်ရှားမှုပညာရပ်ကို သူတော်တော်လေး အထင်ကြီးသွားခဲ့ရသလို တော်တော်လေးလည်း
စိတ်ပျက်သွားခဲ့ရသည်။ ထို့ကြောင့် ရန်ကိုင်ကို ဖမ်းမိတာနဲ့ သူခံစားခဲ့ရတဲ့ အရှက်ရမှုအတွက် ပြန်ပြီးနှိပ်စက်မယ်လို့ သူဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ရန်ကိုင်က ယုခွန်းချန်၏ ခြိမ်းခြောက်မှုတွေကို စိတ်ထဲမထားချေ။ ယွမ်ချီကိုတိတ်တဆိတ် လှည့်ပတ်ရင်းဆက်ပြီးပြေးလွှားနေခဲ့သည်။သူ့ချီစွမ်းအင်ကုန်သွားမှာကို သူစိတ်မပူချေ။ သူ့တွင်ယန်အရည်စက်တွေ
ရှိနေပေသည်။ သူတိုပြေးလွှားနေရင်အတောအတွင်း ရန်ကိုင်က မိစ္ဆာသားရဲတွေရှိတဲ့နေရာကိုရည်ရွယ်ချက်ရှိရှိနဲ့ ပြေးဝင်သွားခဲ့သည်။ တောင်အဆင့်ဆင့်ကို ကျော်ဖြတ်သွားခဲ့သည်။
အတားအဆီးများစွာကိုလည်း ရင်ဆိုင်ကျော်ဖြတ်သွားခဲ့သည်။ သူဘယ်လောက်သွားခဲ့ပြီးပြီလဲဆိုတာ သူမသိပေမယ့်
သတင်းကောင်းတစ်ခုကတော့ ဂျင်ဟောင်နှင့်မိန်းမငယ်လေးတို့ကို မတွေ့ရတော့ခြင်းဖြစ်သည်။ဒါပေမယ့် ရန်ကိုင်က မရပ်တန့်သေးချေ။ ယုခွန်းချန်တစ်ယောက်တည်းဆိုရင် သူအနိုင်ရနိုင်ချေရှိပေမယ့် ဂျင်ဟောင်နှင့် မိန်းမငယ်လေးက သူ့နောက်ကိုဆက်လိုက်နေတဲ့အတွက် သူသာရပ်တန့်လိုက်
မယ်ဆိုရင် သူ့ကိုပြန်မှီသွားနိုင်ပေသည်။ တစ်ရက်ကြာအောင် ပြေးလွှားပြီးတာတောင် ရန်ကိုင်ကယုခွန်းချန်ကို မျက်ခြေမဖျက်နိုင်သေးချေ။ သူပြေးနေစဉ်တွင် ရန်ကိုင်က ရုတ်တရက် တောအုပ်ထဲကနေခုန်ထွက်လိုက်ပြီး ချောက်ကမ်းပါးတစ်ခုစီ တိုက်ရိုက်ပြေးသွားလိုက်သည်။
ထိုချောက်ကမ်းပါးနားရောက်တာနဲ့ ရန်ကိုင်ကပြေးလွှားနေတာကို ရပ်တန့်လိုက်သည်။ လွန်ခဲ့တဲ့တစ်ရက်တုန်းက ဒီချောက်ကမ်းပါးကို မြင်လိုက်ကတည်းက သူ့အခွင့်အရေး ရောက်လာပြီဆိုတာကို ရန်ကိုင်သိလိုက်သည်။ ထို့ကြောင့် ချောက်ကမ်းပါးဆီ ယုခွန်းချန်ကို မျှားခေါ်လာခဲ့ခြင်းဖြစ်သည်။ ချောက်ကမ်းပါးအစွန်းတွင် မတ်တပ်ရပ်နေရင်း ရန်ကိုင်က သူလာခဲ့တဲ့လမ်းကြောင်းကို ပြန်လှည့်ကြည့်လိုက်သည်။
ယုခွန်းချန်လည်း တောအုပ်ထဲက ပြေးထွက်လာပြီးနောက် ရန်ကိုင်ချောက်ကပ်းပါးအစွန်းတွင်မတ်တပ်ရပ်နေတာကို တွေ့လိုက်ရချိန်တွင် အံ့အားသင့်သွားခဲ့ပေမယ့် ချက်ချင်းပဲ ရယ်မောလိုက်သည်။ရန်ကိုင်ဆီကို ဖြေးဖြေးချင်းလမ်းလျှောက်ရင်း ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်သည် ‘‘ ဆက်ပြေးပါဦး၊ ကောင်စုတ်လေး… မင်းဘာလို့ဆက်မပြေးတော့တာလဲ။ မင်းခွန်အားက သနားစရာကောင်းပေမယ့် မင်းအမြန်နှုန်းကတော့ မဆိုးပါဘူး။ မင်းဦးလေးဖြစ်တဲ့ ငါ့ကိုတောင် အချိန်တော်တော်ကုန်သွားစေခဲ့တာပဲ ’’
ရန်ကိုင်က အသက်ပြင်းပြင်း ရှုလိုက်ပြီး ယုခွန်းချန်ကို စိုက်ကြည့်လိုက်သည်။ သူ့အမူအရာကတော့မလှုပ်မယှတ် ရှိနေတုန်းပင်ဖြစ်သည်။
‘‘ မပြေးတော့ဘူးလား ’’ ယုခွန်းချန်က ရန်ကိုင်ကို အေးစက်စက်ကြည့်လိုက်ပြီး သူ့ဆီဖြေးဖြေးချင်း
ဆက်သွားနေလိုက်သည်။
‘‘ ပြေးစရာနေရာမှ မရှိတော့တာ ’’ ရန်ကိုင် ရိုးရိုးရှင်းရှင်းပဲ ပြန်ပြောလိုက်သည်။
‘‘ ဟားဟားဟား ’’ ယုခွန်းချန်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး ‘‘ မင်းမှာပြေးစရာနေရာ မရှိတော့ဘူး ’’
‘‘ ငါ့ကိုလမ်းဖယ်ပေး ’’ ရန်ကိုင်က ပြောလိုက်လေသည်။
‘‘ မင်းက တောင်းပန်နေတာလား ’’ ယုခွန်းချန်က အထင်သေးတဲ့ အပြုံးနဲ့ ‘‘ မင်းအဲ့လိုမတောင်းပန်သင့်ဘူး။ အရင်ဆုံး ဒူးလေးထောက်ပြီး ငါ့ရှေမှာ ဝပ်တွားသင့်တာ။ အဲ့နောက် ဦးခေါင်းနဲ့မြေကြီးနဲ့ထိပြီး ငါ့ကိုတောင်းပန်သင့်တာ။ မင်းဦးလေးက စိတ်ကောင်းဝင်သွားခဲ့ရင်တော့် မင်းကိုချမ်းသာပေးလောက်ပါတယ်’’
‘‘ မင်းနဲ့ငါ့ကြားမှာ မကျေနပ်ချက်မရှိဘူးလေ။ ဘာလို့အဲ့လောက် ရက်စက်ချင်နေရတာလဲ ’’ယုခွန်းချန်၏ အပြုံးက ပိုပြီးကြီးမားလာခဲ့ပြီး ‘‘ မင်းနဲငါ့ကြားမှာ မကျေနပ်ချက် မရှိဘူးဆိုတာ မှန်တယ်။ဒါပေမယ့် ငါတို့အကြီးအကဲတွေ ကြားမှာတော့ ရှိတယ်ကွ။ မင်းကံကို ဒီလောက်ကံဆိုးဖို့ ဘယ်သူကပြောလို့လဲ။ဒီလောက်နေရာအကျယ်ကြီးထဲမှာမှ မင်းကငါတို့နဲ့လာတိုးတာကိုး။ မဟုတ်တာတွေ၊ လုံလောက်ပြီ။
မင်းရဲကျင့်ကြံခြင်းကို အရင်ဆုံးဖျက်ဆီးလိုက်။ ပြီးရင်ငါမင်းကို ချမ်းသာပေးပါစေဆိုပြီး ဆုတောင်းပေါ့ ’’
‘‘ မင်းငါ့ကိုသွားခွင့်ပေးမယ်ဆိုရင် ငါမင်းကိုအလျော်ပေးနိုင်တယ် ’’ ယုခွန်းချန်၏မျက်နှာ လေးနက်သွားခဲ့ပြီး အေးစက်စက်လေသံနဲ့ မေးလိုက်လေသည် ‘‘သွေးလုံးဘယ်လောက် မင်းပေးမှာလဲ ’’ ရန်ကိုင်က ခေါင်းခါလိုက်ပြီး
‘‘ ငါရခဲ့တဲ့ သွေးလုံးတွေအကုန်လုံးက ငါသုံးလို့ကုန်သွားပြီ။ ဒါပေမယ့် ငါမှာအရည်အသွေးမြင့်တဲ့ဆေးလုံးတွေတော့ ရှိသေးတယ် ’’ သူပြောနေစဥ ်ရန်ကိုင်က သိုလှောင်အိတ်ထဲက ဆေးပုလင်းအနည်းငယ်ကိုထုတ်လိုက်ပြီး ယုခွန်းချန်ရှေ့တွင် လှုပ်ပြလိုက်သည်။
‘‘ အဲ့ဒါတွေအကုန်လုံးက ကုသရေးဆေးလုံးတွေပဲ ။ ဒီလိုအန္တရာယ်များတဲ့ နေရာမျိုးမှာ မင်းအတွက်
ကောင်းကောင်းအသုံးဝင်လိမ့်မယ် ’’ ထိုဆေးပုလင်းတွေကို မြင်တာနဲ့ ယုခွန်ချန်က လောဘကြီးတဲ့အရိပ်အယောင်ပြလာခဲ့ပြီး ရယ်မောလိုက်လေသည် ‘‘ ကောင်းတယ်။ ကောင်းတယ်။ ဒီနေ့ငါတော်တော်ရိတ်သိမ်းနိုင်မယ့်ပုံပဲ။ ကောင်စုတ်လေး။ ဆေးလုံးတွေကို ပေးစမ်း ’’
‘‘ မင်းငါ့ကိုသွားခွင့်ပေးမှာလား ’’ ရန်ကိုင်က မေးလိုက်သည်။
ယုခွန်းချန်က ဖြေးဖြေးချင်းခေါင်းခါလိုက်ပြီး ‘‘ ငါဘာလို့မင်းကို သွားခွင့်ပေးရမှာလဲ။ ငါမင်းကို သတ်လိုက်တာနဲ့အဲ့ဆေးလုံးတွေကို ရယုံမက သွေးလုံးတွေကိုလည်း ရမှာလေ။ ဒီဦးလေးက ဘယ်တော့မှာ ကိုယ်ရှုံးမယ့် အလဲအလှယ်ကို လုပ်လေ့မရှိဘူး ’’
‘‘မင်းက အဲ့လိုတွေးတော့လည်း မင်းဘာမှမရမှာကို ငါကြောက်မိတယ် ’’ရန်ကိုင်မျက်နှာ ချက်ချင်းရက်စက်မယ့်ပုံ ပေါက်သွားခဲ့ပြီး ဖြေးဖြေးချင်း နောက်ဆုတ်လိုက်ကာ
ခုန်ချတော့မယ့် ပုံစံပြလိုက်သည်။
ယုခွန်းချန်၏အမူအရာ ချက်ချင်းအေးစက်သွားခဲ့ပြီး အော်ဟစ်လိုက်သည် ‘‘ မင်းမခုန်ချရဲပါဘူး ’’ပြောပြီးတာနဲ့ ယုခွန်းချန်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ၇န်ကိုင်ကို ဖမ်းဖို့လုပ်လိုက်သည်။ဒါပေမယ့် အံ့အားသင့်စွာပဲ ရန်ကိုင်က ပြုံးလိုက်ပြီး နောက်ပြန်လှည့်ကာ ချောက်ကမ်းပါးထဲ
ခုန်ချသွားလိုက်သည်။
သူတကယ်ပဲ ခုန်ချသွားတယ်ယုခွန်းချန် ကြက်သေသေသွားခဲ့သည်။ ရန်ကိုင်တကယ်ခုန်ချရဲမယ်လို့သူမထင်ထားခဲ့ချေ။ ချီသန့်စင်ခြင်းအဆင့်နဲ့ ချောက်ကမ်းပါးထဲ ခုန်ချသွားတာက သေမယ့်လမ်းကိုရွေးလိုက်ခြင်းဖြစ်သည်။ ချီသန့်စင်ခြင်းအဆင့်က မပျံသန်းနိုင်တဲ့အတွက် ဒီလောက်အမြင့်ကြီးကနေ ခုန်ချလိုက်ရင် အောက်ရောက်တာနဲ့ အရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားမှာအသေအချာပင်ဖြစ်သည်။
သို့ပေမယ့်သူသာ နောက်ပြန်လှည့်ပြီး တိုက်ခိုက်ကာ ထွက်ပြေးမယ်ဆိုရင် လွတ်မြောက်နိုင်ချေ ရှိသေးပေသည်။ တကယ်တော့ အမှန်တရားက သူခန့်မှန်းထားတာနဲ့ ကွာခြားပေသည်။ ရန်ကိုင်ကတုန့်ဆိုင်းခြင်းမရှိ ချောက်ကမ်းပါးထဲ ခုန်ချသွားခဲ့သည်။ တစ်ခဏလောက် ကြာပြီးတဲ့အချိန်မှာတော့ယုခွန်းချန် ရုတ်တရက် ဒေါသထွက်လာခဲ့သည်။
ဒေါတကြီးနဲ့ ယုခွန်းချန်လည်း ချောက်ကမ်းပါးဆီ ပြေးသွားလိုက်ပြီး ခုန်ချလိုက်သည်။ ချောက်ကမ်းပါးကဘယ်လောက်မြင့်လဲဆိုတာ ဘယ်သူက ဂရုစိုက်မှာပဲ ။ သူကအစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်၊ ထို့ကြောင့် သူပျံသန်းနိုင်ပေသည်။ သူသာထိုကောင်းကင်စံအိမ်က ကောင်စုတ်ကို၏သတ်ပြီး အချိန်နည်းနည်းလောက် အကုန်ခံလိုက်ရုံနဲ့တင် ချောက်ကမ်းပါးကနေ ပြန်တက်လာနိုင်ပေသည်။
ရန်ကိုင်သေလို့ ဖြစ်လာမယ့် သွေးလုံးက သူ့အတွက် အရမ်းကြီးအသုံးမဝင်ပေးမယ့် ထိုကုသရေးဆေးလုံးတွေက သူလုံဝးလက်မလွှတ်နိုင်တဲ့ အရာတွေပင်ဖြစ်သည်။ မီတာဒါဇင်ပေါင်းများစွာ ကျဆင်းလာပြီးနောက်ရန်ကိုင်မော့ကြည့် လိုက်တဲ့အချိန်တွင် ယုခွန်းချန် ခုန်ဆင်းလာတာကိုတွေ့လိုက်ရသည်။ ရန်ကိုင်ပြုံးဖြဲဖြဲလုပ်လိုက်သည်။ ယုခွန်းချန် ခုန်မချလာမှာကို သူတကယ်ပဲ စိုးရိမ်နေခဲ့သည်။ ယုခွန်ချန်သာခုန်မချလာခဲ့ရင် သူလုပ်ခဲ့တဲ့ အားစိုက်မှုတွေ အားလုံးသဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့်ယုခွန်းချန် ခုန်ဆင်းလာတာကို မြင်တဲ့အချိန် ရန်ကိုင်စိတ်ထဲ ပျော်မြူးသွားခြင်းဖြစ်သည်။
Martial Peak
အပိုင်း (၂၂၃) လေထဲကတိုက်ပွဲ
သူတို့နှစ်ယောက်စလုံး လေထုကခုန်ချလိုက်ပေမယ့် ရန်ကိုင်က ရိုးရိုးရှင်းရှင်းသာ ခုန်ချလိုက်တာဖြစ်ပြီးယုခွန်းချန်က အစစ်အမှန်ချီစွမ်းအင်ကို သုံးကာခုန်ချလိုက်တာဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကျဆင်းတဲ့အရှိန်တွင် ယုခွန်းချန်က ပိုပြီးမြန်မှာ မလွဲမသေပင်ဖြစ်သည်။ ‘‘ ကောင်စုတ်လေး၊ မင်းသေချင်ရင်တောင် ငါ့လက်ထဲမှာပဲ သေရမယ် ’’ ယုခွန်းချန်က ရန်ကိုင်ဆီ သိမ်းငှက်တစ်ကောင်လို ထိုးဆင်းသွားလိုက်ပြီး အေစက်စက်လေသံနှင့် အော်ပြောလိုက်သည်။
လေထုထဲတွင် ……
ယုခွန်းချန်က သူ့ရဲ့ဖြူဖတ်ဖြူလျော် လက်နှင့် ရှုပ်ထွေးတဲ့ လက်ကွက်တစ်ခု ဖော်လိုက်လေသည်။ တစ္ဆေလိုရှုံ့မဲ့နေတဲ့ မျက်နှာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမျက်နှာဆီကနေ နာကျည်းမှု၊ မိစ္ဆာချီ၊ အမျက်ဒေါသ တွေထွက်ပေါ်နေခဲ့ပြီး ရန်ကိုင်ဆီကို ရုတ်တရက် ပြေးဝင်သွားလိုက်သည်။ ရန်ကိုင်က ထိုမျက်နှာဆီကို
လက်ဝါးတစ်ချက ်ရိုက်ထုတ်လိုက်သည်။ သို့ပေမယ့် သူ့လက်ဝါးချက်က ထိုမျက်နှာကို ဖြတ်သန်းသွားခဲ့ပြီး
သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့သည်။
ရန်ကိုင်ခန္ဓာကိုယ်လည်း တုန်ရီသွားခဲ့ပြီး သူ့လက်မောင်းတစ်ခုလုံး အမြန်အဆန် အေးခဲလာခဲ့သည်။ ယုခွန်းချန်က အဆက်မပြတ် ရယ်မောနေခဲ့ပြီး ‘‘ မင်းသေပြီပဲ ’’ထိုအရာက တစ္ဆေဘုရင်တောင်ကြား၏ ပြိုင်ဘက်ကင်း မိစ္ဆာသိုင်းပညာရပ်တစ်ခုဖြစ်တဲ့ တစ္ဆေဘုရင် စည်းတံဆိပ် ပဲဖြစ်ပေသည်။ ထိုစည်းတံဆိပ်ကို ဖန်တီးဖို့အတွက် လူတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးဖို့လိုအပ်ပေသည်။
ထို့နောက် ထိုလူက နှိပ်စက်၊အရှက်ခွဲပြီး သေခွင့်တော့မပြုချေ။ တဖြည်းဖြည်းနဲ့ ထိုလူရဲ့စိတ်ဝိဉာဉ်က ဒေါသ၊ အမုန်းတရား၊ နာကျည်းမှုတို့ဖြင့် ပြည့်လာခဲ့ပြီး သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုအထိရောက်သည့်အထိတွင် ထိုလူကို သတ်လိုက်ပေသည်။ ထို့နောက် အထူးနည်းလမ်းတစ်ခုကို အသုံးပြုကာထိုနှိပ်စက်ခံထားရတဲ့ လူရဲ့ဝိဉာဉ်ကို ထုတ်ယူပြီး တစ္ဆေဘုရင်တောင်ကြားက ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ထည့်သွင်းပေးလိုက်လေသည်။
တစ္ဆေဘုရင်တောင်ကြားက တပည့်တစ်ယောက် ထိုသိုင်းပညာရပ်ကို အသုံးပြုသည့်အချိန်တွင် သူ့ပြိုင်ဘက်အဖို့ ထိုသိုင်းပညာရပ်ကို ခုခံဖို့ တော်တော်လေး ခက်ခဲပေသည်။ ထိုအမုန်းတရား၊နာကျည်းမှုတွေ ပြည့်နေတဲ့စိတ်ဝိဉာဉ်က ရန်သူ့ကိုယ်ထဲ ရောက်သွားတာနဲ့ ထိုသူအဖို့ အသတ်ခံရတော့ သိုးငယ်လေးတစ်ကောင်လိုဖြစ်သွားခဲ့ပေပြီ။
ယုခွန်းချန်က အချိန်မဖြုန်းချင်တော့တဲ့အတွက် ရန်ကိုင်ကို အမြန်ဆုံးသတ်နိုင်မယ့်နည်းလမ်းကို အသုံးပြုခဲ့တာ ဖြစ်ပေသည်။ သူ့တိုက်ခိုက်မှုက အောင်မြင်သွားခဲ့တယ်လို့ ပြောလို့ရပေ၏။ ထို့နောက် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရန်ကိုင်ကို ဖမ်းဆွဲလိုက်လေသည်။ဒါပေမယ့် နောက်တစ်ခဏအတွင်းမှာပဲ ယုခွန်းချန်၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး သူ့မျက်နှာကလည်း
စက္ကူစတစ်စလို ဖြူလျော်သွားခဲ့ကာ သွေးတစ်ပွက် အန်လိုက်ရလေသည်။ အခုလေးပဲ တစ္ဆေစည်းတံဆိပ်နဲ့ သူ့ကြားက ဆက်သွယ်ရေးက ဖျက်ဆီးခြင်းခံလိုက်ရပေသည်။ ထိုစိတ်ဝိဉာဉ်ကို သူ့ရဲ့သွေးအဆီအနှစ်၊ အစစ်အမှန်ချီ၊ စိတ်ဝိဉာဉ်တို့ဖြင့် သေသေချာချာပျိုးထောင်ထားခဲ့တာ ဖြစ်တဲ့အတွက် ထိုစိတ်ဝိဉာဉ်ကသာဒဏ်ရာရသွားခဲ့မယ်ဆိုရင် သူလည်းအခုလိုမျိုး ထိခိုက်ခံစားရပေလိမ့်မည်။
‘‘ ဘာဖြစ်သွားခဲ့တာလဲ ’’ ယုခွန်းချန် ထိတ်လန့်သွားခဲ့ပြီး ငုံ့ကြည့်လိုက်တဲ့အချိန် ရန်ကိုင်လက်မောင်းက အေးခဲနေတဲ့ ရေခဲစတွေ မြန်ဆန်စွာဖြင့် ပြန်လည် ပျောက်ကွယ်နေတာကို တွေ့လိုက်ရပေသည်။
‘‘ဟားဟားဟားဟား ’’ ရန်ကိုင်ခန္ဓာကိုယ်ထဲက နတ်ဆိုးအိုကြီးက မိစ္ဆာဆန်ဆန် အော်ရယ်လိုက်ပြီး
‘‘ အံ့အားသင့်စရာပဲ။ ဒီနတ်ဆိုးအိုကြီးက အပြင်ထွက်ပြီး မတိုက်ခိုက်နိုင်ပေမယ့် တစ်ယောက်ယောက်ကငါ့အတွက် အရသာရှိတဲ့ စားစရာပို့ပေးလိုက်တယ်။ ဒီနာကျည်မုန်းတီးနေတဲ့ စိတ်ဝိဉာဉ်က အရမ်းကိုအရသာရှိတာပဲ ’’
ပျော်ရွှင်စွာ ကိုက်ဝါးရင်း သိပ်မကြာခင်မှာပဲ နတ်ဆိုးအိုကြီးက ထိုစိတ်ဝိဉာဉ်ကို မျိုချလိုက်လေသည်။ပျော်မြူစွာဖြင့် ရယ်မောရင်း နှုတ်ခမ်းကိုသပ်လိုက်ကာ ‘‘သခင်လေး၊ အခုလိုမျိုး စိတ်ဝိဉာဉ်တွေ ထပ်ရှိသေးလားလို့ မေးပေးပါလား။ ဒီအစေံအိုကြီးက အခုထိမဝသေးဘူး ’’
‘‘ သူ့မှာမရှိတော့လောက်ဘူး ’’ သူ့စိတ်ဝိဉာဉ်ဆုံးရှုံးသွားပြီးနောက် ယုခွန်းချန် ဘယ်လောက်တောင ်ယူကျုံးမရဖြစ်နေလဲဆိုတာ ရန်ကိုင်တွေ့ရပေသည်။ထို့ကြောင့် ထိုစိတ်ဝိဉာဉ်လို အရာမျိုးက လိုချင်တိုင်း ထုတ်သုံးနိုင်တဲ့ အရာမျိုးမဟုတ်ဘူးဆိုတာ ရန်ကိုင်
သိလိုက်သည်။
ရန်ကိုင် သူ့ဘာသူတစ်ယောက်တည်း ပြောနေတာကို နားထောင်ရင်း ယုခွန်းချန်မျက်နှာ ရေခဲတမျှ အေးစက်သွားခဲ့ပြီး
‘‘ ခွေးသူတောင်းစား၊ မင်းငါ့တစ္ဆေဘုရင် စည်းတံဆိပ်ကို ဘယ်လိုဖျက်ဆီးပစ်လိုက်တာလဲ ’’
ရန်ကိုင်က ပြုံးဖြဲဖြဲသားလုပ်ရင်း အော်ဟစ်လိုက်လေသည်
‘‘ မင်းဘာသာမင်း ဘာလို့မခန့်မှန်း ကြည့်တာလဲ ’’
‘‘ ငါမင်းကိုသတ်မယ် ’’ ယုခွန်းချန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့တစ္ဆေလို ဖြူရော်နေတဲ့ လက်တွေကနေ ချောက်ချားဖွယ်ကောင်းတဲ့ အလင်းတန်းတစ်ခု ရန်ကိုင်ဆီ ပြေးထွက်သွားခဲ့သည်။
ဝှစ်ချ်….ရန်ကိုင်နောက်ကျောဘက်ကနေ ကြက်သွေးရောင်အလင်းနှစ်ခု ပေါက်ကွဲထွက်လာခဲ့လေသည်။
ကြမ်းတမ်းတဲ့ ယွမ်ချီလှိုင်းတွေကို ခံစားမိတာနဲ့ ယုခွန်းချန် တုန်ရီသွားခဲ့လေသည်။ ခပ်မြန်မြန်ပဲရန်ကိုင်ကို လွှတ်ချလိုက်ပြီး တိုက်ခိုက်နေတဲ့ သူ့လက်သည်းကို အမြန်ပြန်ယုတ်လိုက်ပြီး ခုခံတဲ့ပုံစံပြင်လိုက်လေသည်။ ဒါပေမယ့် သူလုပ်ပြီးတာနဲ့ သူ့ရှေ့မှ ချောက်ကမ်းပါးကနေ ခုန်ချသွားတဲ့ ရန်ကိုင်က
လေထဲဝဲနေတာကို တွေ့လိုက်ရလေသည်။ သူကိုယ်တိုင်ကတော့ မြန်ဆန်စွာပဲ ချောက်ထဲကိုလျင်မြန်စွာဖြင့် ကျဆင်းနေခဲ့သည်။ မော့ကြည့်လိုက်တဲ့အချိန် ယုခွန်းချန်မျက်လုံး ချက်ချင်း ကြုံ့သွားခဲ့၏။
သူတစ်ချိန်လုံး လိုက်ဖမ်းနေတဲ့ ကောင်းကင်စံအိမ် ငမိုက်သားက လေထဲတွင် ဝဲနခဲ့ပြီး သိမ်းငှက်တစ်ကောင်က မြေကြီးပေါ်က သားကောင်ကို စိုက်ကြည့်နေသလို သူ့ကိုစိုက်ကြည့်နေခဲ့သည်။ ပြီးတော့သူ့နောက်မှာက……ကြက်သွေးရောင်တောင်ပံတစ်စုံ ရှိနေခဲ့သည်။ တောင်ပံတစ်စုံးလုံးက မီးတောက်တွေနဲ့ ဖန်တီးထားပုံရပြီး ထိုတောင်ပံတွေဆီကနေ ထုတ်လွှတ်နေတဲ့ အပူချိန်က လေထုတစ်ခုလုံး၏ အပူချိန်ကို မြင့်တက်သွားစေခဲ့သည်။ ထိုနေရာတွင်ရပ်နေရင်း သူ့က မောက်မာစွာဖြင့် ငုံ့ကြည့်နေခဲ့ပြီး သူ့မျက်လုံးတွေကအထင်သေးမှုဖြင့် ပြည့်နေခဲ့လေသည်။
ယုခွန်းချန်လည်း သူ့မျက်လုံးသူ မယုံနိုင်အောင် ဖြစ်သွားခဲ့ရသည်။
အဲ့ဒါ ဘယ်လိုလက်နက်မျိုးလဲ။ မဟုတ်ဘူး..ခဏနေဦး…ဒီနေရာမှာ ဝိဉာဉ်လက်နက်တွေကို သုံးလို့မရဘူးဆိုတော့ အဲ့ဒါက ဝိဉာဉ်လက်နက်တစ်ခု မဟုတ်ဘူးလား။ သိုင်းပညာရပ်တစ်ခုပဲလား။ ဒါပေမယ့် ဘယ်လိုသိုင်းပညာရပ်မျိုးက အခုလို အံ့အားသင့်စရာကောင်းတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်တာလဲ။ဘယ်သိုင်းပညာရပ်ကများ လူတစ်ယောက်ကို လောင်ကျွမ်းနေတဲ့ တောင်ပံတစ်စုံကို ဆင့်ခေါ်စေနိုင်တာလဲ။
သူ့နှလုံးသားတစ်ခုလုံး လှိုင်းထန်နေခဲ့ပြီး သေချာတွေးတောနိုင်စွမ်း မရှိတော့ချေ။ဒါပေမယ့် အခု ရန်ကိုင်က ယန်မီးတောက်တောင်ပံတွေကို ထုတ်ပြလိုက်ပြီးပြီဖြစ်တဲ့အတွက် ဆက်ပြီးတော့ထိန်းချုပ်ထားတော့မည် မဟုတ်ချေ။ ချက်ချင်းပဲ ယုခွန်းချန် ပြေးဝင်သွားတော့လေသည်။ ယုခွန်းချန်က
စိတ်ထဲတွင် ခါးခါးသီးသီးကျိန်ဆဲလိုက်သည်။ သူက အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူဆိုပေမယ့် အစစ်အမှန်ဒြပ်စင်အဆင့်၃ပဲ ရောက်သေးတာလေ။ သူ့ကိုဘာကမှ မနှောင့်ယှတ်ရင်တောင်ပျံသန်းဖို့ဆိုတာက နည်းနည်းခက်ခဲသေးပေသည်။
ကံမကောင်းစွာဖြင့် အခုလို ပြင်းထန်ကြမ်းတမ်းတဲ့
တိုက်ခိုက်မှုတွေကို ၇င်ဆိုင်ရနေချိန်မှာတော့ သူလည်း ပျံသန်းတဲ့နေရာမှာ ဆက်ပြီးအာရုံမစိုက်နိုင်တော့ချေ။
တစ်နည်းဆိုရသော် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေက ပျံသန်းလို့ရတယ်ဆိုပေမယ့် ပျံသန်းရင်းလေထဲတွင် တိုက်ခိုက်လို့ရတယ်လို့ မဆိုနိုင်ချေ။ ရန်ကိုင်၏တိုက်ခိုက်မှုကို တာဆီးဖို့အတွက် သူ့ခန္ဓာကိုယ်ထဲကအစစ်အမှန်ချီတွေကို ပျံသန်းတဲ့နေရာမှ ခုခံတဲ့နေရာတွင် အသုံးပြုလိုက်ရလေသည်။
ထိုကဲ့သို့သူလုပ်လိုက်တာနဲ့ယုခွန်းချန်က ပြုတ်ကျတဲ့အရှိန်က တစ်ဟုန်ထိုးမြင့်တက်သွားခဲ့လေသည်။ သူပြုတ်ကျတဲ့အရှိန်က မြန်လွန်းတဲ့အတွက် သူ့မျက်လုံးဖွင့်ဖို့တောင် တော်တော်လေး ခက်ခဲနေခဲ့လေသည်။
သူ့ခန္ဓာကိုယ်ထဲက အစစ်အမှန်ချီကို လှည့်ပတ်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ဖို့ကြိုးစားနေတုန်းမှာပဲရန်ကိုင်သူ့ဆီကို အပေါ်ဆီးက အပြင်းအထန် တိုက်ခိုက်လိုက်လေသည်။ ယုခွန်းချန်၏နှလုံးသား ခုန်ပေါက်သွားခဲ့ပြီး ရန်ကိုင်အဲ့လောက် မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်လိမ့်မယ်လို့ သူတစ်ခါမှမထင်ထားခဲ့ချေ။
နောက်တစ်ကြိမ် အကာအကွယ်မဲ့သွားခဲ့ပီး ကိုးယိုးကားယားနဲ့ ခုခံရုံပဲ တတ်နိုင်တော့လေသည်။ရန်ကိုင်၏ အားကုန်သုံးတိုက်ခိုက်မှုကို သူဘယ်လိုလုပ်ပြီး ရပ်တန့်နိုင်ပါ့မလဲ။ သူ့လက်ကနေ နာကျင်မှုကို
ခံစားလိုက်ရပြီး ပူပြင်းတောက်လောင်နေတဲ့ ချီစွမ်းအင်တွေက သူ့သွေးကြောတွေကနေ တစ်ဆင့် သူ့ဒန်တန်ထဲ
ဝင်ရောက်လာခဲ့လေသည်။
အခုအချိန်မှာပဲ ထိုကောင်းကင်စံအိမ်က သူတောင်းစားက ထင်သလောက် ရင်ဆိုင်ဖို့ မလွယ်ဘူးဆိုတာသိလိုက်လေသည်။ သူ့တစ္ဆေဘုရင်စည်းတံဆိပ်ကို အလွယ်တကူ ဖျက်စီးနိုင်တဲ့အပြင် နောက်ကျောဘက်ကနေ တောင်ပံတစ်စုံ ထုတ်လွှတ်နိုင်တဲ့ သိုင်းပညာရပ်ကိုလည်း ပိုင်ဆိုင်ထားသေး၏။ သူ့ချီစွမ်းအင်ကလည်း အလွန်အမင်း သိပ်သည်းကာ သန့်စင်ပြီး သူ့ပုံစံက ကျားသားစားချင်လို့ ဝက်ယောင်ဆောင်နေတဲ့ လူတစ်ယောက်နှင့် တူနေပေသည်။ သူပြသခဲ့တဲ့ အားနည်းချက်တွေက သူ့ကိုအခုလိုမျှော်လင့်ချက်မဲ့စေတဲ့အခြေအနေထိ ရောက်အောင် ဆွဲဆောင်ခဲ့၏။
ယုခွန်းချန်လည်း နောင်တရနေခဲ့ပြီး သူသာထိုဆေးပုလင်းတွေကို မမက်မောပဲ ထိုခွေးသူတောင်းစားနောက်ကိုလိုက်ပြီး ချောက်ကမ်းပါးဆီကနေမခုန်ဆင်းလာခဲ့ရင်ဆိုပြီး….။အခုအချိန်မှာတော့ သူတို့နှစ်ယောက်စလုံးအမြန်အဆန်ဖြင့် ပြုတ်ကျနေခဲ့သည်။ သူကစုစုပေါင်းခွန်အားရဲ့ သုံးဆယ်ရာခိုင်နှုန်းတောင် ထုတ်မသုံးနိုင်တဲ့အတွက် အနှေးနဲ့အမြန် သူသေရပေလိမ့်မည်။
မော့ကြည့်လိုက်တဲ့အချိန် ရန်ကိုင်က တိုက်ခိုက်ဖို့အတွက်
သူ့ဆီပြေးဝင်လာတာကို တွေ့လိုက်ရပေမယ့် ချောက်ကမ်းပါးကို မတွေ့ရတော့ချေ။ သိသာစွာပဲ သူတို့နှစ်ယောက်ပြုတ်ကျလာခဲ့တာ မီတာငါးထောင်ကျော်ကို ရောက်ရှိလို့လာခဲ့လေပြီ။ အခုကပ်ဆိုးကနေတစ်နည်းနည်းနဲ့ သူလွတ်မြောက်ခဲ့ရင်တောင် ထိုအမြင့်ကို သူပျံသန်းမတက်နိုင်ချေ။
ဘုန်း…..
ယုခွန်းချန် နာကျည်းစွာဖြင့် အော်ဟစ်လိုက်သည်။ ရန်ကိုင်ကသူ့ပုံခုံးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တဲ့
အတွက် သူပြုတ်ကျတဲ့အရှိန်က ပိုပြီးမြန်ဆန်သွားခဲ့လေသည်။ အခုအရှိန်နဲ့သာဆိုရင် မြေကြီးပေါ်ရောက်တာနဲ့ သူ့အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားပေလိမ့်မည်။ သေခြင်းက ချဉ်းကပ်လာတာကို သတိပြုမိတာနဲ့အေးစက်မှုတစ်ခုက ယုခွန်းချန်ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေသည်။
ခွင့်လွှတ်ပေးဖို့အတွက်သူ့ပါးစပ်ဖွင့်ပြီး အော်ပြောဖို့ ကြိုးစားလိုက်ပေမယ့် လေတိုက်နှုန်းက အလွန်အမင်း ပြင်းထန်လွန်းနေတဲ့အတွက် သူ့အဖို့အခွင့်အရေး မရလိုက်ချေ။ လူနှစ်ယောက်က ကောင်းကင်ထက်ဆီကနေ မြန်ဆန်စွာဖြင့် ကျဆင်းနေခဲ့ပြီး တစ်ခုတည်းသောခြားနားမှုကရန်ကိုင်က အထက်စီကနေ ရှိနေခဲ့ကာ ယုခွန်းချန်က အောက်ဘက်ကနေ ရှိနေခဲ့သည်။ ရန်ကိုင်ကယန်းမီးတောက်တောင်ပံတွေကို ပြင်းထန်ကြမ်းရမ်းစွာ တဖျတ်ဖျတ်ခတ်နေခဲ့ပြီး ယုခွန်းချန်ကို လိုက်ပြီးတိုက်ခိုက်နေခဲ့သည်။
ဘုန်း…ဘုန်း…ဘုန်း…
ချောက်ကမ်းပါးထက်ဆီကနေ အချိန်အတော်ကြာ ပြုတ်ကျလာပြီးတဲ့နောက်မှာတော့ ရန်ကိုင်နှင့်ယုခွန်းချန်
တို့နှစ်ယောက် အဖြူရောင်မြူထုတစ်ခုက သူတို့နှစ်ယောက်ကို ဖုံးလွှမ်းသွားခဲ့ပြီး နှစ်ယောက်စလုံးတိမ်ထဲ ရုတ်တရက် ရောက်သွားပုံပေါ်လေသည်။
ရန်ကိုင်က ယုခွန်းချန်ပုခုံးကို အဆက်မပြတ် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတဲ့အတွက် သူ့ပုခုံးရှိအရိုးတွေအကုန်လုံး ကျိုးကျေနေခဲ့ပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ စိုရွှဲနေခဲ့ပြီး အလွန်အမင်း စိတ်ပျက်စရာကောင်းနေခဲ့သည်။ ယန်မီးတောက်တောင်ပံ အကူအညီဖြင့် လေထဲတွင် တိုက်ခိုက်နေရတဲ့အတွက် ရန်ကိုင် အဖို့ ပြိုင်ဘက်ကင်း နေခဲ့လေသည်။
ယုခွန်းချန်က အစစ်အမှန်ချီကို သုံးပြီး သူပြုတ်ကျတဲ့အရှိန်ကို နှေးအောင်လုပ်နေတာကြောင့်သာ မဟုတ်ရင် ရန်ကိုင်လည်း ယုခွန်းချန်ကို လိုက်လို့မှီလိမ့်မည် မဟုတ်ချေ။ သို့ပေမယ့်အဲ့လိုဆိုရင်တောင် ယုခွန်းချန်က ပိုပြီးမြန်မြန်ဆန်ဆန် ကျဆင်းနေခဲ့၏။
နောက်တစ်ကြိမ် မော့ကြည့်လိုက်တာနဲ့ ရန်ကိုင်က နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ လုပ်နေတာကို တွေ့လိုက်ရလေသည်။ ထိတ်လန့်ခြောက်ခြားမှု၊ စိတ်ပျက်မှုတို့ သူ့မျက်လုံးထဲ ပြည့်နှက်သွားခဲ့သည်။ သူ့လက်မောင်းတွေကသုံးစားမရ ဖြစ်နေခဲ့ပြီဖြစ်ပြီး အခုအချိန်မှာ ရန်ကိုင်တိုက်ခိုက်မှုတွေကို သူလုံးဝမခုခံနိုင်တော့ချေ။ ထိုတိုက်ခိုက်မှုသာ သူ့ပေါ်ကျလာခဲ့မယ်ဆိုရင် သူသေလိမ့်မယ်ဆိုတာ သံသယရှိစရာ မလိုချေ။ ထို့ကြောင့် ရန်ကိုင်အမူအရာရုတ်ခြည်းပြောင်းလဲသွားခဲ့ပြီး တိုက်ခိုက်ဖို့ရပ်တန့်လိုက်တာကို တွေ့လိုက်တဲ့အချိန် ကြောင်အသွားခဲ့
ရလေသည်။
သေခြင်းတရားကနေ လွတ်မြောက်သွားပေမယ့် ယုခွန်းချန် မည်သည့်ပျော်ရွှင်မှုကိုမှ မခံစားခဲ့ရချေ။ဘာကြောင့်လဲဆိုတော့ ရန်ကိုင်ဘာလို့ ရုတ်တရက် ရပ်တန့်လိုက်လဲဆိုတာ သူသိတဲ့အတွက်ကြောင့်ပင်ဖြစ်သည်။ ငုံ့ကြည့်လိုက်တဲ့အချိန် သူခန့်မှန်းတာ မှန်သွားခဲ့လေပြီ။ မြေပြင်နဲ့သူနီးလာခဲ့ပြီဖြစ်သည်။
အစစ်အမှန်ချီကို အားတင်းတွန်းပို့လိုက်ပြီး ယုခွန်းချန်က မြေပြင်ပေါ်အန္တရာယ်ကင်းကင်းနဲ့ ကျသွားစေဖို့ကြိုးစားလိုက်သည်။
သို့ပေမယ့် သူ့ကျနေတဲ့အရှိန်က အလွန်အမင်း မြန်ဆန်နေခဲ့လေသည်။ မြေပြင်ကသူနဲ့မီတာအနည်းငယ်သာ လိုတော့ပြီး ဖြစ်ပေါ်လာမယ့် ရလဒ်ကို ရှောင်လွှဲလို့ မရတော့ချေ။
ဘုန်း….
မြေကြီးပေါ်ကို ဖြေးဖြေးချင်း ဆင်းသက်နေတဲ့ ရန်ကိုင်လည်း အနည်းငယ်ကြောက်လန့်သွားခဲ့လေသည်။ယုခွန်းချန်ကျတဲ့ နေရာတစ်ခုလုံး သွေးတွေနဲ့ နီရဲသွားခဲ့ပြီး အသားစတွေ့ မြေပြင်အနှံ့ ပြန့်နှံ့လို့နေခဲ့သည်။သူသာအစစ်အမှန်ဒြပ်စင်အဆင့်၃ကို ထိပ်တိုက်ရင်ဆိုင်ရမယ်ဆိုရင် အနိုင်ရနိုင်ချေ မရှိဘူးဆိုတာ ရန်ကိုင်
သိပေသည်။ ဒါပေမယ့် အခုလိုမျိုး ပြုတ်ကျနေတဲ့ အချိန်အခါကို အခွင့်အရေးယူပြီး တိုက်ခိုက်ခဲ့တဲ့အတွက် မည်သည့် ထိခိုက်ဒဏ်ရာမှမရပဲ ယုခွန်းချန်ကို သတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ကိုယ့်ပြိုင်ဘက်ကို ဘယ်တော့မှ အထင်မသေးသင့်ဘူးရန်ကိုင်က သူ့ဘာသာတွေးလိုက်လေသည်။ယုခွန်းချန် သေသွားတဲ့ အခိုက်အတန့် ချောက်ကမ်းပါးထိပ်တွင် ရှိနေတဲ့ ဂျင်ဟောင်နှင့်မိန်းမငယ်လေးတို့ရဲ့အမူအရာ ရုတ်တရက် ခါးသီးသွားခဲ့သည်။ တစ္ဆေဘုရင်တောင်ကြားက တပည့်သုံးယောက်တွင်တစ်ယောက်၏ ရှိနေတဲ့နေရာ၊ အသက်ရှင်မရှင်ကို သိနိုင်တဲ့ နည်းလမ်းတစ်ခုရှိပေသည်။ ထို့ကြောင့်
ယုခွန်းချန် သေသွားသည့်အချိန်တွင် ဂျင်ဟောင်နှင့်မိန်းမငယ်လေးတို့ ချက်ချင်းသတိပြုမိနိုင်ခဲ့ခြင်းဖြစ်သည်။
‘‘ စီနီယာအစ်ကို တကယ်ပဲ သေသွားခဲ့တာလား ’’ မိန်းမငယ်လေးပါးစပ် အနည်းငယ်ပွင့်အာနေခဲ့ပြီး ချောက်ကမ်းပါးကို ငေးစိုက်ကြည့်နေခဲ့လေသည်။ ဂျင်ဟောင်က ချောက်ကမ်းပါး အစွန်းဆီ ပြေးသွားလိုက်ပြီး ငုံ့ကြည့်လိုက်တဲ့အချိန် တိမ်တွေကို မြင်လိုက်ရပြီး နာကျည်းမုန်းတီးစွာနဲ့ ပြောလိုက်သည်
‘‘ သူ့ကိုကောင်းကင်စံအိမ်က ခွေးသူတောင်းစားက ဆွဲချသွားတာ ဖြစ်ရမယ် ’’
‘‘ သူဘယ်လိုလုပ်ပြီး အဲ့လောက်သတိမဲ့ရတာလဲ ’’ မိန်းမငယ်လေးက ခါးသီးစွာဖြင့် ခြေဆောင့်လိုက်ပြီး
‘‘ စီနီယာအစ်ကိုက အစစ်အမှန်ဒြပ်စင်အဆင့်၃လေ။ သူချောက်ကမ်းပါးထဲကို ဆွဲချသွားခံရတယ်ဆိုရင်တောင် သူသာ နည်းနည်းလေး သတိရှိနေသေးတယ်ဆိုရင် ပျံတက်လာလို့ရသေးတယ် ’’ ဂျင်ဟောင်မျက်နှာ
အရုပ်ဆိုးသွားခဲ့ပြီး ‘‘ ကြည့်ရတာ ကောင်းကင်စံအိမ်က ခွေးသူတောင်းစားကို ငါတို့အထင်သေးမိပြီထင်တယ်။ သူ့မှာဂျူနီယာညီလေးယုကို ထောင်ချောက်ဆင်နိုငတဲ့ လျှို့ဝှက်နည်းလမ်းတစ်ခု ရှိရမယ် ’’
Martial Peak
အပိုင်း (၂၂၄) သွေးလုံးနှစ်လုံး
ချောက်ကမ်းပါးက အလွန်အမင်း နက်တဲ့အတွက် သူတို့နှစ်ယောက်လည်း အောက်ဆင်းပြီး မစူးစမ်းရဲကြချေ။
ထို့ကြောင့် ယုခွန်းချန်၏ ခန္ဓာကိုယ်ကို ထိုထူးဆန်းတဲ့နေရာကို ထားခဲ့ရုံသာ ရှိတော့ပေသည်။ ချောက်ကမ်းပါး အောက်တွင်…..ရန်ကိုင်က ယန်မီးတောက်တောင်ပံအကူအညီဖြင့် ယုခွန်းချန်၏ သွေးလုံးနားဖြေးညှင်းစွာ ဆင်းသက်လာခဲ့ပြီး ထိုသွေးလုံးကို ဖမ်းယူလိုက်သည်။
အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ထိုက်ပါတယ်။ သူ့သွေးလုံးက ချီသန့်စင်ခြင်း အဆင့်
တစ်ယောက်ရဲ့ သွေးလုံးထက် နှစ်ဆလောက်ရှိတယ်။ တောက်ကြက်မောက်အရွယ်လောက် ရှိတယ်ဆိုတော့
ဒီထဲမှာပါတဲ့ စွမ်းအင်ကလည်း တော်တော်လေး များလောက်မှာပဲ
ထိုသွေးလုံးတွေ ဘယ်လောက်အကျိုးသက်ရောက်မှု ရှိလဲဆိုတာ ရန်ကိုင်သိပေသည်။ ထို့ကြောင့်ဒီနေရာကို ဝင်လာတဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတိုင်းကိုသာ သတ်နိုင်ခဲ့မယ်ဆိုရင်…. စသဖြင့် ရန်ကိုင်အတွေးတွေ ကဆုန်ပေါက် ပြေးလွှားနေခဲ့လေ၏။ ရေကန်မှာကတည်းက ဒီနေရာကို ဝင်လာတဲ့ ကျင့်ကြံသူအရေအတွက်က အနည်းဆုံးနှစ်ရာကနေ သုံးရာလောက်ရှိတယ်ဆိုတာ သူသိထားခဲ့ပြီးပြီဖြစ်သည်။
သွေးလုံး၊နှစ်ရာသုံးရာလောက်နဲ့ဆိုရင် အစစ်အမှန်ဒြပ်စင်အဆင့်ကို ချိုးဖျက်ဖို့ တော်တော်လေး လွယ်ကူသွားပေလိမ့်မည်။ ထိုအကြောင်းကိုတွေးရင် ရန်ကိုင်တစ်ကိုယ်လုံး တုန်ရီသွားခဲ့သည်။ ထို့နောက်ထိုအတွေးရိုင်းတွေက သူ့စိတ်ကို သတ်ဖြတ်ချင်စိတ်နဲ့ ထာဝရစိုးမိုး စွန်းထင်းသွားမှာစိုးတဲ့အတွက် ချက်ချင်းပဲ ထိုအတွေးရိုင်းတွေကို ဖျက်ပစ်လိုက်လေသည်။
တောင်ကြားတစ်ခုလုံးကိုတိမ်တွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီး ပတ်ပတ်လည်မှာလည်း ခြေလှမ်းတစ်သောင်း ကျော်လောက်မြင့်မားတဲ့မတ်စောက်တဲ့ တောင်စောင်းတွေ ရှိနေခဲ့သည်။ သာမန်လူတ်စယောက်အတွက် ထိုတောင်စောင်းတွေကိုသာမန်လူတွေအဖို့ လုံလုံခြုံခြံုနဲ့ တက်ဖို့မဖြစ်နိုင်ချေ။ အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်နေတဲ့သူတောင်မှ တိမ်တွေကြားမှာ ပုန်းကွယ်နေတဲ့ အန္တရာယ်ကိုမသိပဲ ဒီနေရာကို ဆင်လာရဲကြလိမ့်မည် မဟုတ်ချေ။
တောင်ကြားတစ်ဝိုက် တစ်ရက်လောက် လှည့်ပတ်သွားလာပြီးနောက် ဒီတောင်ကြားအကြောင်း တဖြည်းဖြည်းနဲ့သူနားလည်လာခဲ့ပြီး သူ့စိတ်ထဲကပျော်ရွှင်မှုကို ဖုံးဖိမထားနိုင်တော့ချေ။ ပတ်ပတ်လည်း အနေအထားအရဆိုရင် ဒီတောင်ကြား၌ အခြားကျင့်ကြံသူတွေကို တွေ့မှာကို စိုးရိမ်စရာ မလိုချေ။ ထို့ကြောင့် သူမနိုင်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်စရာ မလိုတော့ချေ။ လမ်းတစ်လျှောက်တွင် အဆင့်၄မိစ္ဆာသားရဲများစွာကိုသူသတ်ပစ်ခဲ့ပြီး တော်တော်လေး ရိတ်သိမ်းနိုင်ခဲ့သည်။
သူ့မှာသာအချိန်လုံလုံလောက်လောက်ရှိရင် သူ့ခွန်အား တိုးတက်လာမှာ မလွဲမသွေပင်ဖြစ်သည်။ ဆိုလိုတာကတော့ နောက်ဆုံးသူဒီနေရာကနေ ထွက်လာတဲ့အချိန်ကျ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေကို သူဆက်ပြီး စိုးရိမ်နေရလိမ့်မည် မဟုတ်တော့ချေ။ ရန်ကိုင်က ထိုတောင်ကြားထဲတွင်နေရင်းအဆင့်၅မိစ္ဆာသားရဲတွေကို ရှောင်ရာက သူ့အောက်နိမ့်တဲ့ မိစ္ဆာသားရဲတွေကို နေ့စဉ်အမဲလိုက်နေခဲ့လေသည်။
ရက်ပေါင်းဒါဇင်ကျော်လောက် ကြာပြီးနောက် မိစ္ဆာသားရဲသွေးလုံး သုံဆယ်ကျော်လောက် သူစုဆောင်းပြီးသွားခဲ့ပြီဖြစ်သည်။ လုံခြုံတဲ့နေရာတစ်ခုရှာပြီး ထိုသွေးလုံးတွေကို သူသန့်စင်လိုက်သည်။ သန့်စင်ပြီးနောက်မှာတော့ချီသန့်စင်ခြင်းအဆင့်၄အထွတ်အထိပ်ကို သူရောက်ရှိသွားခဲ့ပြီး ချီသန့်စင်ခြင်းအဆင့်၅ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့ပေသည်။
ဒါပေမယ့် တောင်ကြားထဲရှိ မိစ္ဆာသားရဲအရေအတွက်က အကန့်အသတ်ရှိတဲ့အတွက် အချိန်တွေကြာလာတာနဲ့ အဆင့်၄မိစ္ဆာသားရဲတွေကို ရှာဖို့ ရန်ကိုင်အတွက် ခက်ခဲလာခဲ့ရသည်။
အဆင့်၅မိစ္ဆာသားရဲတွေကို တွေ့ခဲ့ရပေမယ့် ထိုအဆင့်၅ကောင်တွေကို သူထိပ်တိုက်မတွေ့ရဲချေ။
တောင်ကြားတစ်ဝိုက် စက်ဝိုင်းပုံပတ်ပြေးပြီးနောက် သူဆင်လာခဲ့တဲ့ နေရာကို ပြန်ရောက်လာခဲ့သည်။
တစ်ခဏလောက်ကြာအောင် စဉ်းစားပြီးနောက် တောင်ကြား၏အတွင်းပိုင်း နေရာကိုစူးစမ်းဖို့
ဆုံးဖြတ်လိုက်သည်။ ထိုနေရာမှလည်း ဘာမှမရှိဘူးဆိုရင် တောင်ကြားဆီကနေထွက်ခွါပြီး အမဲလိုက်ဖို့
နေရာအသစ်ရှာဖို့ပဲ ရှိတော့ပေသည်။
ဆုံးဖြတ်ပြီးတာနဲ့ ရန်ကိုင်လည်း တောင်ကြားအလယ်ကို
ပြေးဝင်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် မိစ္ဆာသားရဲတွေကို တွေ့ခဲ့ရပေမယ့် ထိုမိစ္ဆာသားရဲတွေအကုန်လုံး သွေးလုံးတွေဖြစ်သွားခဲ့ရသည်။ ဒါပေမယ့် တောင်ကြားဗဟိုနဲ့ နီးကပ်လာတာနဲ့ အမျှမည်သည့်မိစ္ဆာသားရဲနှင့်မျှ မတွေ့ရတော့ချေ။
တကယ်တော့ မည်သည့်ခြေရာလက်ရာမျှ သူမတွေ့ခဲ့ရခြင်းဖြစ်သည်။ သူ့စိတ်ထဲ သံသယတစ်စွန်းတစ်စ
ပေါ်ထွက်လာခဲ့ပြီး တောင်ကြားဗဟိုဆီ ဆက်သွားလိုက်သည်။ ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ရန်ကိုင်ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့ရှေ့ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်နေခဲ့ပြီး သူ့အကြည့်ကလည်းအံ့အားသင့်မှု၊ အထင်ကြီးမှုတွေနဲ့ ပြည့်နေခဲ့သည်။ သူ့ရှေ့မှာတော့ ဧရာမအရိုးခြောက်ကြီး ရှိနေခဲ့သည်။
သူနဲ့မီတာတစ်ရာအကွာတွင် မြေကြီးပေါ်ထက် လဲလျောင်းနေတဲ့ အဖြူရောင်အရိုးခြောက်ကြီး ရှိနေခဲ့သည်။သို့ပေမယ့် ထိုအကွာအဝေးကနေတောင် အရိုးခြောက်ဆီကနေ ထုတ်လွှတ်နေတဲ့ အော်ရာကနေ ကြောက်မက်ဖွယ် ကောင်းတဲ့ဖိအားကို သူခံစားမိနေခဲ့သည်။
ထိုအရိုးခြောက်က မီတာတစ်ရာလောက်မြင့်ပြီး ဘယ်လောက်ရှည်လျားလဲဆိုတော့ မပြောတတ်ချေ။ အရိုးတွေကလည်း ဆင်ဆွယ်ရောင်ဖြင့် လက်နေခဲ့သည်။ ဒီလောက်အချိန်ကြာပြီးတာတောင် အရိုးတွေက အချိန်တိုက်စားမှုကို ကြံ့ကြံ့ခံပြီး ဖုန်အဖြစ်မပြောင်းလဲသွားခဲ့ပဲ ဆက်လက် တည်ရှိနေခဲ့သေးလေသည်။
ထိုမိစ္ဆာသားရဲ မသေခင်တုန်းက ဘယ်လိုစွမ်းအားမျိုး၊ ဆန်းကြယ်မှု၊ မြင့်မြတ်မှုတွေကို ပိုင်ဆိုင်ထားခဲ့လဲဆိုတာ ရန်ကိုင် စိတ်မကူးတတ်ချေ။ သူထိတ်လန့်နေရာမှာ အသိပြန်ဝင်လာတဲ့အချိန် ရှေ့ကိုဆက်သွားလိုက်သည်။တဖြည်းဖြည်း နီးကပ်လာတဲ့အချိန် ထိုနေရာတွင် အရိုးခြောက်တစ်ခုတည်း ရှိနေတာ မဟုတ်တာကို ရန်ကိုင်သတိပြုမိလိုက်သည်။ ထိုနေရာတွင် အရိုးခြောက်နှစ်ခု ရှိနေခဲ့သည်။ တစ်ခုက ကြီးကြယ်ခမ်းနားပြီးအခြားတစ်ခုကတော့ အနည်းငယ်သေးပေမယ့် အကြီးတစ်ခုအောက် မနိမ့်ကျချေ။
သာမန်ကာလျှံကာ ကြည့်လိုက်ရင် အရိုးခြောက်နှစ်ခုက တစ်ခုချင်းရှိနေတယ်လို့ ထင်နိုင်ပေသည်။ သို့ပေမယ့် သေချာ
ကြည့်မယ်ဆိုရင် အရိုးခြောက်အသေးက အရိုးခြောက်ကြီးရဲ့ ရင်ဘတ်ထဲနစ်ဝင်နေတာကို သတိပြုမိနိုင်ပေသည်။
‘‘ အဲ့မိစ္ဆာသားရဲနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင်သတ်ပြီး သေသွားခဲ့တာ ဖြစ်ရမယ် ’’ နတ်ဆိုးအိုကြီးကပြောလိုက်သည်။ ရန်ကိုင်လည်း ခေါင်းညိတ်လိုက်သည်။ ထိုမိစ္ဆာသားရဲနှစ်ကောင် ပြင်းထန်ကြမ်းရမ်းစွာတိုက်ခိုက်ခဲ့တဲ့ လက္ခဏာတွေကို သူသေချာခံစားမိပေသည်။
မိစ္ဆာသားရဲတွေက မာနကြီးတဲ့အတွက်နှစ်ကောင်စလုံး ကြောက်ရွံ့တဲ့ပုံမပြပဲ တိုက်ခိုက်နေရာကနေ ပြန်မဆုတ်ခဲ့ခြင်းဖြစ်သည်။ အရိုးခြောက်အသေးက
အရိုးခြောက်အကြီး၏ ဗိုက်သားနေရာကို ထိုးဖောက်ခဲ့ပြီး ထိုအချိန်တွင် အရိုးခြောက်ကြီးက အရိုးခြောက်အသေး
ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး သူရန်သူကို သူနှင့်အတူ တစ်ခါတည်းဆွဲခေါ်သွားခဲ့လေသည်။
မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ ကြာပြီးနောက် လေနဲ့နေ၊ဖုန်နဲ့မိုးက ကောင်းကင်ဘုံကို တုန်ခါသွားစေနိုင်တဲ့ တိုက်ပွဲလက္ခဏာတွေကို ဖုံးလွှမ်းသွားခဲ့သည်။ ဒါပေမယ့် ထိုဧရာမအရိုးတွေအောက် ကျန်ရှိနေတဲ့အရာတစ်ခု
ကတော့ မယိမ်းယို်င်တဲ့ သတ်ဖြတ်လိုစိတ်ပင်ဖြစ်သည်။
ရန်ကိုင်လည်း တော်တော်လေး ထိတ်လန့်တုန်လှုပ် သွားခဲ့ရပြီး သူ့အကြည့်က ဧရာမကြအရိုးခြောက်ဆီကနေ တစ်ဖဝါးမှ မခွါတော့ချေ။ ဘယ်လိုမိစ္ဆာသားရဲကများ ဒီလောက်ခန္ဓာကိုယ်အကြီးကြီးကို ပိုင်ဆိုင်မှန်း သူမသိချေ။ မြေကြီးထဲ မြှပ်နေတာတောင် မီတာတစ်ရောလောက် မြင့်နေပေသေးသည်။ ထိုအရာက အစွန်အဖျားသာ ရှိသေးပြီး မြေကြီးထဲနစ်မြုပ်နေတဲ့ ခန္ဓာကိုယ်တစ်ခုလုံးရှိသေးပေသည်။
အရိုးတွေကတောင် ဒီလောက်အားကောင်းပြီးသန်မာတဲ့အော်ရာကို ထုတ်လွှတ်နေခဲ့ရင် အသက်ရှင်နေစဉ်ကဆိုရင် ထိုမိစ္ဆာသားရဲနှစ်ကောင် အသက်ရှင်နေစဉ်တုန်းက အလွန်အမင်း အားကောင်းခဲ့ရပေမည်။
‘‘ နတ်ဆိုးအိုကြီး၊ အဲ့မိစ္ဆာသားရဲတွေက ဘာမိစ္ဆာသားရဲတွေလဲဆိုတာ ခင်ဗျားသိလား ’’ ရန်ကိုင်ကဧရာမအရိုးခြောက်ကြီးကို အချိန်အတော်ကြာ စိုက်ကြည့်နေလိုက်ပြီးနောက် အသိပြန်ဝင်လာခဲ့ကာနတ်ဆိုးအိုကြီးကို မေးလိုက်လေသည်။
‘‘ အကြွင်းအကျန်တွေကပဲ ဆိုရင် ပြောဖို့မဖြစ်နိုင်ဘူး ’’
နတ်ဆိုးအိုကြီးက ပြန်ပြောလိုက်သည်။ ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အရိုးခြောက်နှစ်ခုထဲက တစ်ခုကို အသာအယာထိလိုက်သည်။
ဒါပေမယ့် သူထိလိုက်တာနဲ့ တစ်ပြိုင်နက် ပေါက်ကွဲဆူညံသံတွေ ထွက်ပေါ်လာခဲ့ပြီး အရိုးတစ်ခုလုံးပြိုကျသွားခဲ့သည်။ ထိုမမျှော်လင့်ထားတဲ့ အဖြစ်အပျက်က ရုတ်တရက် ကျန်ရှိနေတဲ့ အရိုးတွေအကုန်လုံးကိုပြိုကျသွားစေခဲ့လေသည်။ ပြိုကျပြီးသိပ်မကြာခင်မှာပဲ အရိုးတွေအကုန်လုံး အရိုးမှုန့်တွေဖြစ်သွားခဲ့သည်။
အဲ့နှစ်ကောင်က ဒီနေရာမှသေသွားခဲ့ပြီး ဒီနေရာမှပဲ မြှပ်နှံထားခံခဲ့ရသည်။ သူတို့ရဲ့စိတ်ဝိဉာဉ်တွေကကာ
တည်ရှိနေသေးလား။ ထိုကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာသားရဲနှစ်ကောင်တောင် ထိုကံကြမ္မာကနေ
မလွတ်မြောက်နိုင်ခဲ့ရင် ထိုအရာက တကယ်ပဲ ဝမ်းနည်းဖို့ကောင်းပေသည်။
ဒါပေမယ့် တစ်ခဏလောက် တွေးလိုက်ပြီး ရန်ကိုင်မျက်လုံး အရောင်လက်သွားခဲ့ပြီး အကြွင်းအကျန်တွေကို ကြည့်လိုက်လေသည်။ ‘‘ သခင်လေး ဘာကိုရှာနေတာလဲ ’’ နတ်ဆိုးအိုကြီးက အနည်းငယ်ဇဝေဇဝါဖြစ်သွား
ခဲ့ပြီး မေးလိုက်လေသည်။ ‘‘ သူတို့ရဲ့ သွေးလုံးတွေလေ၊ အဲ့မိစ္ဆာသားရဲနှစ်ကောင် ဒီလောက်အားကောင်းခဲ့မှတော့ သူတို့သေသွားလို့ ဖြစ်လာတဲ့သွေးလုံးတွေကလည်း ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်မှာလဲ ’’
ရန်ကိုင်က စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။
‘‘သူတို့တွေ သေသွားတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သူတို့သွေးလုံးတွေလည်း မရှိလောက်တော့ဘူးမလား ’’
‘‘ သွေးလုံးတွေ ရှိနေသေးတယ်လို့ ငါအာမခံရဲတယ်။ ခင်ဗျားမယုံဘူးလား ’’ ရန်ကိုင်က
ယုံကြည်ချက်ရှိတဲ့ အပြုံးနဲ့ပြုံးပြလိုက်သည်။
‘‘ ဒီအစေံခံကို ရှင်းပြပေးပါဦး….’’ နတ်ဆိုးအိုကြီးက နှိမ့်ချစွာဖြင့်
မေးမြန်းလိုက်သည်။ ‘‘ ဒီနေရာက အရမ်းကိုနက်ပြီး တောင်ကြားတစ်ခုလုံးကလည်း တိမ်တွေနဲ့ဖုံးနေတာ။ ဒါကြောင့် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေလည်း ဒီနေရာကို လာလောက်မှာမဟုတ်ဘူး’’ ရန်ကိုင်က ဖွဖွလေး ရယ်လိုက်ပြီး
‘‘ငါတောင် ရွေးချယ်စရာမရှိလို့ ဒီချောက်ကမ်းပါထဲ
ခုန်ဆင်းလာခဲ့ရတာ။ ပုံမှန်ဆိုရင် ဒီနေရာကို ဆင်းလာပြီး စူးစမ်းမဲ့အလုပ်မျိုး ငါဘယ်တော့မှ လုပ်မှာ
မဟုတ္ဘူး ’’
‘‘ ဒါပေမယ့် သခင်လေး၊ ကျင့်ကြံသူတွေ ဒီနေရာကို မလာဘူးဆိုရင်တောင် မိစ္ဆာသားရဲတွေမ….’’ နတ်ဆိုးအိုကြီးက ရုတ်တရက် ရပ်တန့်လိုက်သည်။ လွန်ခဲ့တဲ့ရက်တုန်းက ရန်ကိုင်ဒီနေရာကို လာတုန်းက မည်သည့်မိစ္ဆာသားရဲမှ မရှိတာကို သူပြန်အမှတ်ရလိုက်လေသည်။ ကျင့်ကြံသူတွေလည်း မရှိသလို မိစ္ဆာသားရဲတွေကလည်း ဒီနေရာကို မလာတဲ့အတွက် ထိုမိစ္ဆာသားရဲနှစ်ကောင်ရဲ့ သွေးလုံးတွေက ကျိန်းသေကျန်ရှိနေရ
ပေဦးပေမည်။
ရန်ကိုင်လည်း ဆက်ပြီးရှင်းပြဖို့ အလွန်အမင်း ပျင်းရိနေခဲ့သည်။ ဒီလောက်ပြောပြပြီးမှာတော့ နတ်ဆိုးအိုကြီးလည်း သိသွားလောက်ပေပြီ။ ပြောပြီးတာနဲ့ ရန်ကိုင်က ယန်အရည်စက်တစ်စက်ကို တူရွင်းပုံစံဖန်တီးကာ စတင်ပြီးတူးဆွတော့လေသည်။ ရန်ကိုင်က ဦးတည်ရာမဲ့ တူးဆွနေခဲ့တာ မဟုတ်ချေ။
အဲ့အစား အရိုးတွေရှိတဲ့နေရာကို လိုက်ပြီးတူးဆွနေခဲ့တာဖြစ်ပေသည်။ သူရှာနေတဲ့သွေးလုံးတွေက
မိစ္ဆာသားရဲနှစ်ကောင်သေပြီးနောက် ဖြစ်တည်လာတဲ့ သွေးလုံးတွေဖြစ်တဲ့အတွက် သူတို့လဲလျောင်းရာနေရာ
အနီးမှာပဲ နစ်မြှပ်နေမှာ ကျိန်းသေပင်ဖြစ်သည်။ ရန်ကိုင်လည်း အသေအချာတူးဆွနေခဲ့ပြီး နေရာတစ်ခုလေးတောင် မချန်ထားရစ်ခဲ့ချေ။
မီတာတစ်ရာလောက် တူးဆွပြီးတဲ့အချိန်မှာတော့ မြေကြီးအောက်ဆီကနေ ကြက်သွေးရောင်အလင်းတန်းတွေ
ထွက်ပေါ်လာခဲ့သည်။ ‘‘ တွေ့ပြီကွ ’’ ရန်ကိုင်လည်း ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်ပြီး ခပ်မြန်မြန်ပဲမြေကြီးကိုဖယ်ရှားတော့လေသည်။ သူ့မျက်လုံးတွေကတော့ စိုးရိမ်မှု၊ စိတ်မရှည်မှုတို့ဖြင့် ပြည့်နေခဲ့သည်။
ထိုမိစ္ဆာသားရဲနှစ်ကောင်ကနေ ဖြစ်တည်လာတဲ့ သွေးလုံးတွေက ခေါင်းအရွယ်လောက် ရှိလိမ့်မယ်လို့ခန့်မှန်းထားတာဖြစ်ပြီး အဲ့လောက်မရှိရင်တောင် အနည်းဆုံး လက်သီးဆုပ်အရွယ်လောက်
ရှိလိမ့်မယ်လို့ ခန့်မှန်းထားတာဖြစ်သည်။
ဒါပေမယ့် အားလုံးက သူမျှော်လင့်ထားသလိုတော့ ဖြစ်မလာခဲ့ချေ။ အောက်ခြေတွင် သူတွေ့ခဲ့တဲ့သွေးလုံးက ယုခွန်းချန်သေပြီးနောက် ဖြစ်တည်လာခဲ့သွေးလုံးထက်တောင် သေးပြီး အဆင့်၄မိစ္ဆာသားရဲ
ဆီကနေ ဖြစ်တည်လာတဲ့ သွေးလုံးထက် နည်းနည်းလေးသာ ကြီးပေသည်။ သူခန့်မှန်းတာပဲမှားသွားခဲ့တာလား။ မိစ္ဆာသားရဲနှစ်ကောင်က သူယုံကြည်ထားသလောက်ပဲ အားမကောင်းခဲ့တာလား။
သူ့စိတ်က သံသယတွေနဲ့ ပြည့်နေခဲ့သည်။ ရန်ကိုင်လည်း ဆက်ပြီးတူးဆွနေခဲ့ပြီး သိပ်မကြာခင်မှာပဲဒုတိယသွေးလုံးကို တွေ့လိုက်ရသည်။ ဒါပေမယ့် ထိုသွေးလုံးအရွယ်အစားကလည်း ပထမသွေးလုံးအရွယ်အစားနဲ့ အတူတူပင်ဖြစ်သည်။
ထိုမိစ္ဆာသားရဲနှစ်ကောင် အသက်ရှင်နေတုန်းက သူတို့ခွန်အားက အတူတူလောက် ဖြစ်တဲ့အတွက် သွေးလုံးနှစ်လုံးက အရွယ်အစားတူတာ သဘာဝကျပေသည်။ မသိမသာလေး မျက်မှောင်ကြုံ့ရင်းရန်ကိုင်က ထိုသွေးလုံးနှစ်လုံးကို စမ်းသပ်ဖို့အတွက် အစစ်အမှန်ယန်နည်းနစ်ကို လှည့်ပတ်လိုက်သည်။
ကံမကောင်းစွာဖြင့် လျှို့ဝှက်နည်းစနစ်ကို သူလှည့်ပတ်လိုက်တဲ့ အခိုက်အတန့်တွင် ရန်ကိုင်ခန္ဓာကိုယ်ချက်ချင်းတုန်ရီသွားခဲ့ပြီး ချက်ချင်းတင်ပလင်ခွေထိုင်ချလိုက်ကာ သူ့မျက်နှာက ဖုံးဖိမထားနိုင်တဲ့တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နေခဲ့သည်။
‘‘ သခင်လေး!’’ ရန်ကိုင်အပြုအမူက နတ်ဆိုးအိုကြီးကို ထိတ်လန့်ခြောက်ခြားသွားစေခဲ့ပြီး နတ်ဆိုးအိုကြီးလည်း
ရန်ကိုင်ကို ထိတ်လန့်တကြား အော်ခေါ်လိုက်သည်။ ဒါပေမယ့် ရန်ကိုင်ဆီကနေ မည်သည့်တုန့်ပြန်မှုကိုသူမရခဲ့ချေ။
သို့ပေမယ့်လည်း နောက်တစ်ခဏအတွင်း သူ့စိတ်ဝိဉာဉ်တုန်ရင်သွားခဲ့ပြီး သူ့သခင်လေးရဲ့ခန္ဓာကိုယ်ထဲ များပြာတဲ့စွမ်းအင်တွေ စီးဝင်လာတာကို ခံစားမိလိုက်သည်။ ထိုစွမ်းအင်တွေက မသန့်စင်ခဲ့ချေ။
ထူထည်းသိပ်သည်းတဲ့ မိစ္ဆာချီစွမ်းအင်နှင့် သားရဲအော်ရာတို့ဖြင့် ရောနှောနေခဲ့သည်။ ထိုသားရဲအော်ရာနှင့်မိစ္ဆာချီစွမ်းအင်တို့က အထွတ်အထိပ်နတ်ဆိုးအရှင်သခင်တွေကို တွေ့ကြုံရတော့မှ ခံစားခဲ့ဖူးတာဖြစ်သည်။
ထို့ကြောင့် နတ်ဆိုးအိုကြီးလည်း ထိန်းမရအောင် တုန်လှုပ်နေခဲ့သည်။
ရန်ကိုင်လည်း ပြင်းပြင်းထန်ထန် တုန်လှုပ်နေခဲ့ပြီး သူ့သွေးကြောတွေကလည်း စွမ်းအင်တွေနဲ့ ပြည့်နေခဲ့သည်။
ထိုစွမ်းအင်တွေက ပြင်းထန်တဲ့ရေစီးကြောင်းတစ်ခုအလား စီးဆင်းနေတဲ့အတွက် အစစ်အမှန်ယန်နည်းစနစ်လည်း ထိုစွမ်းအင်တွေထဲတွင် ပါဝင်တဲ့ မသန့်စင်မှုတွေကို အလျင်မှီမသန့်စင်နိုင်ခဲ့ချေ။ နောက်ဆုံးမှာတော့ ထိုစွမ်းအင်တွေက ရွှေရောင်အရိုးခြောက်ထဲ စီးဆင်းသွားတော့လေသည်။ ထိုအချိန်တွင် အစောပိုင်းတုန်းကသူ့စိတ်ထဲက သံသယတွေကို မေးခွန်းတစ်ခုတည်းက နေရာယူသွားခဲ့လေသည်။
အဲ့မိစ္ဆာသားရဲနှစ်ကောင်က ဘယ်လိုကောင်မျိုးတွေလဲဟ။ အဲ့ကောင်တွေ သေပြီးဖြည်တည်လာတဲ့ သွေးလုံး
တွေက အခြားကောင်တွေ သေပြီးဖြစ်လာတဲ့ သွေးလုံးတွေနဲ့ ဘာလို့ကွာခြားနေရတာလဲ။
အခြားသွေးလုံးတွေကို သူစုပ်ယူတဲ့အချိန်တိုင်း သူသွေးလုံးတွေထဲမှာ ပါဝင်တဲ့စွမ်းအင်တွေက အလွန်အမင်းသန့်စင်ပြီး အလွယ်တကူ သန့်စင်နိုင်ပေသည်။ ဒါပေမယ့် ထိုသွေးလုံးနှစ်လုံးကတော့ လုံးဝကိုခြားနားနေခဲ့ပြီး ထိုသွေးလုံးနှစ်လုံးက အရိုင်းဆန်တဲ့ သားရဲအော်ရာနှင့် မိစ္ဆာချီစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့သည်။ ထိုသွေးလုံးနှစ်လုံးကိုသာ သာမန်သွေးလုံးတွေနဲ့ တူတယ်ထင်ပြီး ဒီအတိုင်း စုပ်ယူလိုက်ပါက ထိုကျင့်ကြံသူကအသိစိတ်လွတ်ပြီး လူသားအရေခြုံထားတဲ့ မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာပေလိမ့်မည်။
သက်ရှိတစ်ကောင်ကောင်က အဆင့်တစ်ခုခု ရောက်သွားခဲ့ရင် သူတို့သေသွားတဲ့အခါ ဖြစ်တည်လာတဲ့သွေးလုံးတွေ အခုလိုထူခြားမှုတွေ ပြသတာလား။ ရန်ကိုင်က သွေးလုံးအား စုပ်ယူနေတာကို ရပ်တန့်ချင်ပေမယ့်သွေလုံးတွေထဲ ပါဝင်တဲ့စွမ်းအင်တွေက သူထိန်းချုပ်နိုင်တာထက် ကျော်လွန်နေခဲ့လေသည်။ သူ့အတွက်ရွေးချယ်စရာကတော့ ဆက်ပြီးသည်းခံကာ ထိုသွေးလုံးကို မြန်နိုင်သမျှ မြန်မြန် သန့်စင်ဖို့ပဲ ဖြစ်ပေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၅) ကောင်းကင်ဖောက်လုမတတ်ပြင်းထန်လှသော ရန်လိုမှု
တစ်ခဏကြာပြီးနောက် ရန်ကိုင်ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့်၄ အထွတ်အထိပ်
ရောက်ရှိသွားခဲ့လေသည်။ သိပ်မကြာခင်မှာပဲ ချီသန့်စင်ခြင်းအဆင့်၅ ရောက်သွားခဲ့ပြီး ဆက်ပြီးမြင့်တက်
နေခဲ့လေသည်။ ထိုရုတ်တရက် အဆင့်ချိုးဖျက်မှုကို ၇န်ကိုင်ကို ထိတ်လန့်တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
လျင်မြန်စွာဖြင့် အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်ချင်တယ်ဆိုပေမယ့် သူ့သွေးကြောတွေထဲ
စီးဝင်နေတဲ့ စွမ်းအင်စီးဆင်းနှုန်းက သူကိုယ်တွယ်နိုင်တာထက်ကို ပိုနေခဲ့သည်။ သူ့အရေပြားတွေတင်းလာခဲ့ပြီး သူ့တစ်ကိုယ်လုံးလည်း ဖောင်းကားလာခဲ့သည်။ သူ့သွေးကြောတွေလည်း ရောင်ကိုင်း
လာခဲ့ပြီး အရေပြားပေါ်မှာတောင် မြင်လာခဲ့ရသည်။
ထိုသွေးကြောတွေက သူ့အရေပြားအောက်တွင် သွားလာနေသည့် တီးကောင်တွေအလား တကယ်ကို ကြက်သီးထစရာ ကောင်းပေသည်။ တစ်ခဏကြာပြီးနောက် သူ့အရေပြားတွေ အက်ကွဲလာခဲ့ပြီးသူ့ကြွက်သားတွေလည်း ဆုတ်ဖြဲခံလိုက်ရသလို ဖြစ်လာခဲ့ကာ ခန္ဓာကိုယ်နေရာအနှံ့ကနေ သွေးတွေ
ထွက်လာခဲ့လေသည်။ ထိုပြင်းထန်လှတဲ့ ဖိအားအောက် ရွှေရောင်အရိုးခြောက်က အရင်ဘထက် ပိုမြန်တဲ့
အမြန်နှုန်နဲ့ စွမ်းအင်တွေကို စုပ်ယူနေခဲ့သည။ ဒါပေမယ့် ရန်ကိုင်က အစစ်အမှန်ယန်နည်းစနစ်ကိုအဆုံးစွန်ထိ လှည့်ပတ်တာတောင် သူ့ကိုယ်ထဲ စီးဝင်လာတဲ့ စွမ်းအင်တွေကို အလျင်မှီမသန့်စင်နိုင်ချေ။
ရန်ကိုင်ခန္ဓာကိုယ်ဆီကနေ သွေးမြူတွေ ပေါက်ကွဲထွက်လာခဲ့ပြီးနောက် ကြက်သွေးရောင်အလင်းတန်းတွေ
ဆက်ပြီးပေါက်ကွဲထွက်လာခဲ့ကာ ကီလိုမီတာတစ်ဝက်ကို ပြင်းထန်ကြမ်းတမ်းတဲ့ ချီစွမ်းအင်တွေကဖုံးလွှမ်းသွားခဲ့လေသည်။ နတ်ဆိုးအိုကြီးလည်း ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သံပူတုံးပေါ်ရောက်နေတဲ့ ပုရွတ်ဆိတ်တစ်ကောင်လို စိုးရိမ်ပူပန်နေခဲ့သည်။ ဒါပေမယ့် ရန်ကိုင်ဆီက
မည်သည့်တုန့်ပြန်မှုမှ မရရှိတဲ့အတွက် ဘာမှမလုပ်နိုင်ခဲ့ချေ။
ရန်ကိုင်က အံကြိတ်ရင်း ထိုပြင်းထန်လှတဲ့ နာကျင်မှုကို တောင့်ခံနေခဲ့ပြီး သူ့တစ်ကိုယ်လုံးလည်း တုန်ရီနေခဲ့
လေသည်။ ထိုအချိန်တွင် သူခံစားနေရတာက မျှော်လင့်ချက်မဲ့မှု၊ တုန်လှုပ်ခြောက်ခြားမှုတို့ပင်ဖြစ်သည်။
ထို့ကြောက်မက်ဖွယ်ကောင်တဲး့ ဖိအားက သူ့ကိုသေခြင်းတရား အစွန်အဖျားကို တွန့်ပို့နေသလိုခံစားနေခဲ့ရပြီး မည်သို့မှ မခုခံနိုင်ခဲ့ချေ။ သူ့သွေးကြောတွေထဲ အဆက်မပြတ်စီးဝင်နေတဲ့ စွမ်းအင်လှိုင်းလုံးတွေကြောင့် သူ့တစ်ကိုယ်လုံး ဖောင်းကားလာတာကို ရန်ကိုင်ခံစားမိနေခဲ့သည်။
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူစိတ်လွတ်ပြီး သူ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားပေလိမ့်မည်။
ထို့ပြင် ထိုပြင်းထန်လှတဲ့ စွမ်းအင်လှိုင်းလုံးတွေအပြင် ထိုစွမ်းအင်တွေထဲ၌ လုံးဝကိုပြိုင်ဘက်မရှိသော
ရန်လိုမှုနှင့် မိစ္ဆာချီစွမ်းအင်တို့က လိုက်ပါလာခဲ့သည်။ ထိုအရာက မိစ္ဆာသားရဲနှစ်ကောင်၏ အော်ရာဖြစ်ပေသည်။
ဘာကြောင့်လဲဆိုတော့ သူတို့သေပြီးတာတောင် ဒီလောက်ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို
ပိုင်ဆိုင်ထားသောကြောင့်ပင်ဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်ဥပဒေသတွေက သူတို့သားရဲအမြူတေနှင့်
အဆီအနှစ်တွေကို သွေးလုံးအဖြစ် ပြောင်းပစ်လိုက်နိုင်ပေမယ့် သူတိုရဲ့မူလစိတ်ဝိဉာဉ်တွေကိုတော့အမြစ်ဖြတ် မသုတ်သင်နိုင်ခဲ့ချေ။
ကံကောင်းတာက ထိုမိစ္ဆာချီစွမ်းအင်၏ ခြိမ်းခြောက်မှုက ပြင်းထန်လှတဲ့ စွမ်းအင်လှိုင်းလုံးတွေလောက်တော့မကြီးမားချေ။ ရန်ကိုင်က အခုလက်ရှိ ပြဿနာအဖြေကို စဉ်းစားရင်း မိစ္ဆာသားရဲ၏အော်ရာ သူ့အပေါ်မလွှမ်းမိုးသွားအောင် သူ့စိတ်ကို မနည်းအာရုံစူးစိုက်နေခဲ့ရသည်။ တကယ်တော့ အဖြေက လုံးဝကို
ရိုးရှင်းပေသည်။ သူ့ခန္ဓာကိုယ်သာ ထိုစွမ်းအင်တွေကို စုပ်ယူနိုင်ပြီး သန့်စင်နိုင်မယ်ဆိုရင် အားလုံးကဖြေရှင်းပြီးသွားပြီပဲ ဖြစ်ပေသည်။ ဒါပေမယ့် ထိုနည်းလမ်းကိုသိတာနဲ့ လုပ်နိုင်တာက လုံးဝကွဲပြားခြားနားတဲံအရာနှစ်ခုပင်ဖြစ်သည်။
သူကအစစ်အမှန်ယန်နည်းစနစ်ကို မြန်နိုင်သမျှ မြန်မြန် လှည့်ပတ်ပြီးသွားပြီဖြစ်သည်။ ထို့ထက်ပိုပြီးမြန်အောင် သူမလှည့်ပတ်နိုင်တော့ချေ။ သူ့ရဲ့အစစ်အမှန်ယန်စွမ်းအင်က မီးနဲ့တူပြီး သူ့ကိုယ်ထဲစီးဝင်နေတဲ့ စွမ်းအင်တွေက သံရိုင်းတုံးတစ်တုံးနဲ့ တူပေသည်။ မီးတောက်သာ ပိုပြီးအားပြင်းမယ်ဆိုရင်သံရိုင်းတုံးကို ပိုပြီးမြန်မြန် အရည်ပျော်စေနိုင်ပေလိမ့်မည်။ တုန့်ဆိုင်းနေဖို့ အချိန်မရှိတာနဲ့
ထိုအကြံရရခြင်းရန်ကိုင်လည်း အံကြိတ်ပြီး သူ့ဒန်တန်ထဲက ယန်အရည်စက်တစ်စက်ကို ဖောက်ခွဲပစ်လိုက်သည်။
ယန်အရည်စက်တစ်စက်က သူ့သွေးကြောတွေထဲမှာရှိတဲ့ စုစုပေါင်းစွမ်းအင်နှင့် တူညီပေသည်။ ထိုယန်အရည်
စက်ပေါက်ကွဲသွားတာနဲ့ ဖောင်းကားနေတဲ့ သွေးကြောတွေက ပိုပြီးဖောင်းကားလာခဲ့ပြီး သူ့တစ်ကိုယ်လုံး
ဆုတ်ဖြဲခံရသည့်အလား ခံစားလိုက်ရပြီး ရန်ကိုင်တစ်ကိုယ်လုံးလည်း ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့လေသည်။
သူ့အသက်ရှုသံကို ထိန်းထားရင်း သူ့သွေးကြောတွေကို ဖျစ်ညစ်လိုက်ကာ ထိုပေါက်ကွဲထွက်လာတဲ့
ယန်အရည်စက်ကို အသုံးပြုပြီး သူ့သွေးကြောတွေထဲ စီးဝင်လာတဲ့ စွမ်းအင်တွေကို သန့်စင်ဖို့ ကြိုးစားလိုက်သည်။ ကံကောင်း ထောက်မစွာဖြင့် ထိုကဲ့သို့ အရေးကြီးတဲ့အခိုက်အတန့်တွင် မယိမ်းယိုင်သော စိတ်ဆန္ဒက အဓိကဏ္ဍအဖြစ် ပါဝင်သွားခဲ့လေသည်။ မယိမ်းယိုင်သောစိတ်ဆန္ဒက သူ့ခွန်အားကို တိုးမြှင့်ပေးတဲ့ သူ့ခံနိုင်ရည်ကိုလည်း တိုးမြှင့်ပေးသွားခဲ့လေသည်။
ပေါက်ကွဲထွက်လာတဲ့ ယန်စွမ်းအင်တွေက သူ့သွေးကြောတွေထဲမှာရှိတဲ့ ယန်စွမ်းအင်တွေနဲ့ ပေါင်းစည်းနေခဲ့ပြီး အရင်ကထက် ပိုပြီးသန့်စင်လာနေခဲ့သည်။ သူ့စွမ်းအင်တွေ ပိုပြီးသန့်စင်လာတာနဲ့ အမျှ အစစ်အမှန်ယန်းနည်းစနစ်ကို လှည့်ပတ်နိုင်တဲ့ အရှိန်လည်း ပိုပြီးမြန်ဆန်လာခဲ့လေသည်။
ထိုနည်းဖြင့် သူ့ကိုယ်ထဲစီးဝင်နေတဲ စွမ်းအင်တွေကို ပိုပြီးမြန်မြန် သန့်စင်လာနိုင်ခဲ့လေသည်။ထိုအချက်ကို သတိပြုမိတာနဲ့ ရန်ကိုင်လည်း သန့်စင်တဲ့နှုန်းကို ပိုပြီးုမြန်ဆန်လာအောင် သွေးကြောတွေကို ပိုပြီးဖိအားပေးလိုက်လေသည်။ အချိန်တွေ ကြာလာတာနဲ့အမျှ သူ့သွေးကြောတွေထဲ ချီစွမ်းအင်တွေက
ပိုပြီးသန့်စင်လာခဲ့ပြီး သန့်စင်တဲ့နှုန်းကလည်း ပိုပြီးမြန်ဆန်လာခဲ့ကာ ငါးဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့လေသည်။
ထို့ပြင် ဖောင်းပွနေတဲ့ ရန်ကိုင်၏ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း မူလပုံစံအဖြစ်ပြန်ပြောင်းလို့သွားခဲ့သည်။ နောက်ဆုံးမှပဲ နတ်ဆိုးအိုကြီးလည်း သက်ပြင်းချနိုင်တော့တာဖြစ်ပြီး
ဝိဉာဉ်ဖျက်ဆီးခြင်းအရိုးထဲ ပြန်ဆုတ်ကာ အဆက်မပြတ် ဆုတောင်းနေခဲ့လေသည်။ ရန်ကိုင်သေတာနဲ့ သူလည်း သေမှာဖြစ်တဲ့အတွက် သူစိတ်မပူပဲ မနေနိုင်ခဲ့ချေ။
သူ့သွေးကြောတွေထဲက သန့်စင်နှုန်းက တဖြည်းဖြည်း ပြန်နှေးလာတဲ့အချိန် ရန်ကိုင်က နောက်ထပ်
ယန်အရည်စက်တစ်စက်ကို ထပ်မံဖောက်ခွဲလိုက်လေသည်။ နေ့တစ်ဝက်ကြာပြီးောက် အစစ်အမှန်ယန်ချီက
အတိုင်းအတာတစ်ခုအထိ သန့်စင်ထားတဲ့အချိန် အစစ်အမှန်ယန်နည်းစနစ်ကို ရန်ကိုင်စတင်ပြီး
လှည့်ပတ်လိုက်လေသည်။ အခုအချိန်မှာတော့ ထိုသွေးလုံးနှစ်လုံးကို သန့်စင်တဲ့နှုန်းက သာမန်သွေးလုံးတွေကိုသန့်စင်တဲ့နှုန်နဲ့ အတူတူဖြစ်သွားခဲ့လေပြီ။
ငါအသက်ရှင်ခဲ့ပြီရန်ကိုင်လည်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သွေးလုံးနှစ်လုံးကို ပြန်ငုံ့ကြည့်လိုက်တဲ့အချိန် အရွယ်အစား လုံးဝမပြောင်းလဲတာကို တွေ့လိုက်ရသည်။သွေးလုံးတွေထဲမှာပါတဲ့ စွမ်းအင်ကိုငါလုံးလုံးကြီး အထင်သေးမိသွားပြီနဲ့တူတယ်
ထိုသေခြင်းရှင်ခြင်း ရုန်းကန်မှုက သူ့ခွန်အားကို
တိုးတက်သွားစေခဲ့တဲ့အပြင် ထိုးထွင်းသိမြင်မှု ဉာဏ်အလင်းအသစ်တစ်ခုကို ရရှိသွားစေခဲ့သည်။
ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အရေးကြီးဆုံးတာဝန်က အစစ်အမှန်ဒြပ်စင်အဆင့်ကို
ချိုးဖျက်ဖို့ ပြင်ဆင်ထားဖို့ပင်ဖြစ်သည်။ သူတို့ချီစွမ်းအင်တွေကို အဆက်မပြတ်သန့်စင်ပြီး အတိုင်းအတာတစ်ခုအထိ ရောက်တာနဲ့ အစစ်အမှန်ချီစွမ်းအင်အဖြစ် ပြောင်းလဲပြီး အစစ်အမှန်ဒြပ်စင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ပေသည်။
အရင်တုန်းက သူ့ခွန်အား တိုးတက်ဖို့အတွက် သူ့ကိုယ်ထဲမှာရှိတဲ့ စွမ်းအင်ပမာဏကိုသာ ရန်ကိုင်တိုးမြှင့်ခဲ့သည်။ ဒါပေမယ့် ထိုသေခြင်းရှင်းခြင်း ရုန်းကန်မှုကို တွေ့ကြုံခံစား ရပြီးတဲ့အချိန်မှာတော့ ထိုနည်းလမ်းကပဲ အဆင့်ချိုးဖျက်ဝင်ရောက်နိုင်တဲ့ နည်းလမ်းတစ်ခုမဟုတ်ဘူးဆိုတာ ရန်ကိုင်သိလိုက်ရသည်။ အခြားနည်းလမ်းတွေလည်း ရှိသေးပေသည်။ သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်ပမာဏမ မတိုးတက်လာခဲ့ရင်တောင် အဆင့်ချိုးဖျက်နိုင်သေးတယ်ဆိုတာ ရန်ကိုင်တွေ့ရှိခဲ့ရသည်။
ချီစွမ်းအင်သန့်စင်မှုက အတိုင်းအတာတစ်ခုအထိ ရောက်တာနဲ့ အဆင့်ချိုးဖျက်သွားပေလိမ့်မည်။ထို့ပြင် အောင်အောင်မြင်မြင်နဲ့ အဆင့်ချိုးဖျက်သွားနိုင်တာနဲ့ သူ့ချီစွမ်းအင်လည်း ပိုပြီးသန့်စင်လာကာတဖြည်းဖြည်းနဲ့ အစစ်အမှန်ချီအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ဒါပေမယ့် ရန်ကိုင်လို ထူးခြားချက်တွေမရှိတဲ့ သာမန်ကျင့်ကြံသူတွေအတွက်တော့ ပြင်ပအကူအညီယူပြီး ထိုစွမ်းအင်ကိုဖိအားပေးပြီး ပေါင်းစပ်ကာ သန့်စင်အောင် လုပ်ဖို့ပဲ ရှိပေသည်။
လွန်ခဲ့တဲ့တစ်ရက်တုန်းက ရန်ကိုင် သေခြင်းရှင်ခြင်း အခိုက်အတန့်ကို ကြုံတွေ့နေခဲ့ရပြီး ထိုအခြေအနေကနေ လွတ်မြောက်လာတဲ့ အချိန်မှာတော့ ကျင့်ကြံခြင်းနည်းလမ်းအသစ်တစ်ခုကို တွေ့ရှိသွားခဲ့သည်။ ထိုတွေ့ရှိမှုကချီသန့်စင်ခြင်းအဆင့်တွင် ရှိနေစဉ်အတွင်း နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတာကို သူ့အားသိရှိသွားစေခဲ့သည်။ ဉာဏ်အလင်းအသစ်တစ်ခု ရရှိလိုက်တာက သူ့တစ်ကိုယ်လုံးကို ငှက်မွှေးလေးအလား ပေါ့ပါး
သွားစေခဲ့သည်။ ထိုအချိန်တွင် သွေးလုံးတွေထဲရှိ စွမ်းအင်တွေက ရပ်တန့်ခြင်းမရှိပဲ သူ့ခန္ဓာကိုယ်ထဲဆက်ပြီးစီးဝင်နေခဲ့သည်။
စွမ်းအင်တွေထဲ ပါလာတဲ့ မိစ္ဆာချီစွမ်းအင်က သန့်စင်ခံခဲ့ရပြီး ရန်ကိုင်စွမ်းအင်နဲ့ ပူးပေါင်းမယ့်အစား သူ့သွေးကြောအပေါ်ဘက်တွင် ပေါင်းစုသွားခဲ့ပြီး လေနှင့်အတူ လွင့်ပျယ်လို့သွားခဲ့သည်။ ရန်ကိုင်လည်းထိုအချက်ကို သတိပြုမိပေသည်။ ဒါပေမယ့် အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်နေတဲ့အတွက်
ထိုကိစ္စနဲ့ပက်သက်ပြီး စိုးရိမ်နေဖို့အချိန်မရှိချေ။ ဘာပဲဖြစ်ဖြစ် ထိုအရာက မိစ္ဆာသားရဲနှစ်ကာင်ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းကြောင်း သက်သေပြသွားခဲ့သည်။
သေဆုံးသွားခဲ့တာနှစ်ထောင်ပေါင်းများစွာ ကြာပြီးသွေးလုံးတွေအဖြစ် ပြောင်းလဲသွားခဲ့တာတောင် သူတို့ရဲ့စိတ်ဝိဉာဉ်တွေကကျန်ရှိနေပေသေးသည်။
ထိုသွေးလုံးတွေကို လုံးဝစုပ်ယူနိုင်ဖို့အတွက် ရန်ကိုင်အတွက် အချိန်ဆယ်ရက်ကြာခဲ့ရသည်။ သူ့ဒန်တန်ထဲရှိ
ယန်အရည်စက်တစ်ဝက်လောက်ကို အသုံးပြုပြီးနောက် သွေးလုံးတွေထဲပါဝင်တဲ့ စွမ်းအင်တွေကို
သန့်စင်နိုင်ခဲ့သည်။ နတ်ဆိုးအိုကြီးကို ခေါင်းရှုပ်သွားစေခဲ့တာက ရန်ကိုင်က သွေးလုံးတွေထဲ ပါဝင်တဲ့များပြားလှတဲ့ စွမ်းအင်တွေကို စုပ်ယူပြီးသွားပေမယ့် သူ့ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့်၅ကနေမြင့်တက်မလာခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးအိုကြီးလည်း ဘာလို့ထိုကဲ့သို့ ဖြစ်နေလဲဆိုတာ မသိချေ။
သွေးလုံးနှစ်လုံးစလုံး ပျောက်ကွယ်သွားတဲ့ အချိန် နောက်ဆုံးမိစ္ဆာချီစွမ်းအင်အမျှင်တန်းကခန္ဓာကိုယ်ကနေ ထွက်သွားခဲ့ပြီး ကျန်တဲ့ချီစွမ်းအင်တွေနဲ့ ပေါင်းစည်းသွားခဲ့သည်။ ဆယ်ရက်လုံးလုံးအားထုတ်ကြိုးစားပြီးနောက် ရန်ကိုင်ထိုင်နေတဲ့နေရာတစ်ခုလုံး သတ်ဖြတ်လိုစိတ်တို့ဖြင့်
ပြည့်နေခဲ့သည်။
မိစ္ဆာချီစွမ်းအင်တွေက နှစ်ပိုင်းဖြစ်နေခဲ့ပြီး မိစ္ဆာသားရဲနှစ်ကောင်က
နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ဖို့ တစ်ဖန်ပြန်လည်မွေးဖွားလာတာလားလို့တောင် ထင်မှတ်ရသည်။
မိစ္ဆာချီစွမ်းအင်က ကီလိုမီတာတစ်ဝက်လောက်ကို ဖုံးလွှမ်းထားခဲ့ပြီး နောက်ဆုံးအလင်းတန်းထွက်ပေါ်လာတဲ့အချိန်မှာတော့ ဝိဉာဉ်ပုံစံနှစ်ခုက မျက်နှာချင်းဆိုင် စတင်တိုက်ခိုက်ကြတော့သည်။
တိုက်ပွဲစတာနဲ့ ဝိဉာဉ်ပုံစံနှစ်ခုက မိစ္ဆာသားရဲပုံစံနှစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဘယ်ဘက်မှာတော့
မီတာ၁၅၀မြင့်တဲ့ နှင်းဖြူရောင်ခန္ဓာကိုယ်တစ်ခု ရှိနေခဲ့သည်။ ထိုပုံသဏ္ဍာတစ်ခုလုံးတွင် မည်သည့်မသန့်စင်မှု
မှမပါရှိပဲ မြင့်မြတ်မာနကြီးတဲ့ မျက်နှာ၊ ပါးစပ်ဆီကနေ ထိုးထွက်နေတဲ့ အစွယ်နှစ်ချောင်း၊ သံမဏိတစ်မျှ
မာကျောလှတဲ့ ကျာပွတ်သဖွယ် အမြီးရှည်က လေထဲတွင် ဘယ်ညာလှုပ်ခတ်နေခဲ့သည်။
ထိုအကောင်က ကျားဖြူတစ်ကောင်ပင်ဖြစ်သည်။
ညာဘက်မှာကတော့ မီတာသုံးရာကနေ လေးရာလောက်မြင့်တဲ့ ဧရာမသားရဲကြီးတစ်ကောင်ရှိနေခဲ့သည်။
ထိုခန္ဓာကိုယ်ကြီးတစ်ခုလုံးက တိမ်တွေထဲ ထိုးထွက်နေတဲ့ တာဝါတိုင်ကြီးတစ်ခုနှင့် တူနေခဲ့ပြီးအဆုံးမရှိသယောင် ထင်နေခဲ့ရသည်။ ဒါပမယ့် ထိုဧရာမပုံသဏ္ဏာန်ကြီးက နွားတစ်ကောင်ပုံစံ ရှိနေခဲ့ပြီးခြေလေးချောင်း မြေကြီးထက်ကျတာနဲ့ မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
‘‘ ကောင်းကင်ကျားဖြူ၊ မြေကမ္ဘာတော်ဝင်နွားသိုး ’’ နတ်ဆိုးအိုကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
မိစ္ဆာသားရဲနှစ်ကောင်လုံး ပုံစံပေါ်လာတဲ့အချိန် ကောင်းကင်ယံထက်ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်လေသည်။
တောင်ကြားထဲရှိ လေထုတတစ်ခုလုံး ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာကြီးရှိအရောင်ကာလာတွေအားလုံး
ပျောက်သွားပုံရပြီး ဖိအားတစ်ခုက ရန်ကိုင်ခန္ဓာကိုယ်တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံလာခဲ့လေသည်။
သူ့တစ်ကိုယ်လုံး အေးခဲသွားသလို ရန်ကိုင်ခံစားလိုက်ရသည်။ ပြင်းထန်လှတဲ့ ရန်လိုမှုက ရန်ကိုင်တစ်ကိုယ်လုံး
တင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားခဲ့ပြီး ကြွက်သားတစ်မျှင်တောင် လှုပ်မရတော့ချေ။ သူ့မျက်လုံးထဲမှာတော့
ပတ်ဝန်းကျင်သစ်တောတစ်ခုလုံး မရှိတော့ပဲ တိုက်ပွဲဆင်နွဲတော့မယ့် မိစ္ဆာသားရဲနှစ်ကောင်သာ ရှိတော့သည်။
မိစ္ဆာသားရဲတွေအားလုံး ထွက်ပြေးကုန်ကြပြီး ကောင်းကင်လှုပ်ခါသွားစေခဲ့ကာ မြေပြင်ကိုအက်ကွဲ
သွားစေခဲ့သည်။ လေပြင်းတွေ ပြင်းပြင်းထန်ထန် တိုက်ခတ်နေခဲ့ပြီး စွမ်းအင်တွေကလည်း ပြင်းထန်စွာ စီးဆင်း
နေခဲ့လေသည်။
ထိုအရာက ဒဏ္ဏာရီလာတိုက်ပွဲတစ်ခုဖြစ်ပေသည်။ ထိုမိစ္ဆာသားရဲနှစ်ကောင်က မသေခင်အချိန်တုန်းက
တစ်ကောင်နဲ့တစ်ကောင်ကြားမှာ မကျေချမ်းနိုင်တဲ့ မကျေနပ်မှုတွေ ရှိနေတဲ့အတွက် ထိုမကျေနပ်ချက်ကနှစ်ကောင်စလုံးကို ပျက်စီးသွားစေခဲ့သည်။ သူတို့သေပြီးတာတောင် သူတို့နှစ်ကောင်ကြားက တိုက်ပွဲကဆက်ပြီးဖြစ်ဟွားနေခဲ့သည်။
သူတို့နှစ်ဦးကြားက တိုက်ပွဲကွင်းပြင်က သူတို့နှစ်ကောင်စလုံး၏ အဆီအနှစ်ကိုစုပ်ယူထားတဲ့ ရန်ကိုင်၏ခန္ဓာကိုယ်ပင်ဖြစ်ပေသည်။
သူတို့အသက်ရှင်နေတုန်းက နှစ်ကောင်စလုံးက လက်ရည်တူပင်ဖြစ်သည်။ သေဆုံးသွားသည့်တိုင်
သူတို့နှစ်ကောင်စလုံးက လက်ရည်တူနေခဲ့သည်။ ထိုအခြေအနေကလွဲပြီး ရန်ကိုင်က သက်သောင့်
သက်သာရှိသလို ခံစားလိုက်ရသည်။ တစ်ခဏတာ ထိတ်လန့်သွားခဲ့ပြီးနောက် တည်တည်ငြိမ်ငြိမ်နဲ့
မိစ္ဆာသားရဲနှစ်ကောင်ကြားက တိုက်ပွဲကို ဆက်လက်ကြည့်ရှုနေခဲ့သည်။
ထိုကဲ့သို့ ကောင်းကင်တစ်ခုလုံးကို လှုပ်ခါသွားစေနိုင်တဲ့တိုက်ပွဲမျိုးက သူ့အဆင့်လို ကျင့်ကြံသူတစ်ယောက် အလွယ်တကူ မြင်တွေ့နိုင်တဲ့ တိုက်ပွဲမျိုးမဟုတ်ချေ။ ထိုတိုက်ပွဲက မိစ္ဆာသားရဲနှစ်ကောင်ကြားက
တိုက်ပွဲဖြစ်ပေမယ့် ထိုတိုက်ပွဲကနေ အသိအမြင်အသစ်တွေ ရကောင်းရနိုင်ပေသည်။
တဖြည်းဖြည်းရန်ကိုင်လည်း အချိန်စီးဆင်းမှုကို မေ့လျော့လာခဲ့ပြီး သူ့စိတ်အာရုံအလုံးစုံက မိစ္ဆာသားရဲနှစ်ကောင်ပေါ်မှာသာ
အာရုံစိုက်နေခဲ့သည်။