← Chapters

ဆရာဒေါ်လေးမြောင်ယွဲ့၏သံသယ

Vol. 35 Ch. 489

ဆရာဒေါ်လေးမြောင်ယွဲ့၏သံသယ

Vol. 35 Ch. 489

ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ သူ့ကို ပြုံးပြနေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။

သို့သော် ကျန်းလန်၏ နှုတ်ဆက်စကားသံကို ကြားရသည့်အခါ သူမ မျက်နှာလေး ညှိုးနွမ်းသွားရသည်။

သူမက မကျေမနပ်ဖြင့်...

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မက ရှင့်ကို ယောကျ်ားလို့ခေါရတယ် ၊ ရှင်က ဘာလို့ ကျွန်မကို မိန်းမလို့ ပြန်မခေါ်ရတာလဲ"

ကျန်းလန်က မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုအချိန် ရှောင်ယွိက မတ်တ်ရပ်လိုက်ပြီး ကျန်းလန်၏ခေါင်းကိုလှမ်းပုတ်လိုက်သည်။

"ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ် ဂိုဏ်းတူမောင်လေး"

ကျန်းလန်က...

"ဂိုဏ်းတူအစ်မ ၊ လူတွေရှိတယ်လေ"

ရှောင်ယွိ နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ သူတို့ (၂)ယောက်ကို ကြည့်နေကြသည့် အဋ္ဌမမင်းသားနှင့် အခြားသူများမှာ ထိတ်လန့်သွားကြသည်။

ချက်ချင်းပင် အားလုံးက မသိချင်ယောင်ဆောင်လိုက်ကြပြီး လုန်မန်က စားပွဲကို သုတ်နေလိုက်သည်။ ကောင်ငယ်လေးက မြေပဲများကို ရေတွက်နေပြီး ဟုန်ယာကတော့ အကြမ်းအိုးထဲမှ အကြမ်းရည်များကို ငှဲ့ကာ သောက်လိုက်သည်။

ရှောင်ယွိမှာ ရုတ်တရက် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားသလို ခံစားလိုက်ရပြီး ကျန်းလန်အနားသို့ တိုးကပ်သွားကာ တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

ဤနေရာက နဝမေတာင်ထွတ် မဟုတ်ပေ။ ကျန်းလန်ကို တွေ့ရသည့်အခါ သူမ အပျော်လွန်သွားသည့်အတွက် သတိလက်လွတ် ပြုမူလိုက်မိခြင်း ဖြစ်သည်။

နဝမတောင်ထွတ်တွင် ကျန်းလန် တံခါးပိတ်ကျင့်ကြံရာမှ ပြန်ထွက်လာတိုင်း သူမက ထိုသို့ပင် ကျီစယ်လေ့ရှိရာ အကျင့်ပါနေခဲ့ခြင်းပင်။

ကျန်းလန်ကလည်း သေရည်ဆိုင်တွင် အကြာကြီးနေရန် မရည်ရွယ်ပေ။ အခြေအနေများကို နားလည်သွားပြီးနောက် ရှောင်ယွိနှင့်အတူ သေရည်ဆိုင်မှ ထွက်လာခဲ့သည်။

သေရည်ဆိုင်ထဲတွင်တော့ တီးတိုးပြောဆိုသံများ ကျန်ရစ်ခဲ့သော်လည်း ကျန်းလန် စိတ်မဝင်စားပေ။

လူအများ သူ့အကြောင်း အတင်းပြောဆိုကြသည်ကို လွန်ခဲ့သည့် အချိန်ကာလတစ်လျှောက်လုံး ကျင့်သားရခဲ့ပြီ ဖြစ်လေရာ သူ့အတွက် သာမန်ကိစ္စတစ်ခုပမာ ဖြစ်နေပေပြီ။

ရှောင်ယွိက အမှားလုပ်မိသည်ဆိုလျှင်လည်း ဖြစ်လာသည့်အကျိုးဆက်ကို အတူတူ မျှဝခေံစားမည်ပင်။

သို့ပေသိ ယခုတစ်ကြိမ် သူ တာအိုသစ်သီးကို စုပ်ယူခြင်းဖြစ်စဉ်က အချိန် (၄)နှစ်ကြာမြင့်ခဲ့သည်ဟု သိရသည့်အခါ အံ့အားသင့်ခဲ့ရသည်။

အချိန်က ကြာရှည်ခြင်းမရှိဘဲ တိုတောင်းသွားခဲ့သည်။ အမှန်ဆိုလျှင် ဉာဏ်အလင်းပွင့်သည့်ကိစ္စများတွင် ယူရသည့်အချိန်ကာလက ရှည်လျားလေ့ ရှိသည်။

ယခု သူရရှိထားသည့် တာအိုတရားကို ရွှေခန္ဓာဖြင့် ပေါင်းစပ်နိုင်ခြင်း မရှိသေးပေ။ ထိုသို့ပြုလုပ်ရန် တံခါးပိတ်ကျင့်ကြံခြင်း ပြုလုပ်ရပေဦးမည်။

ယခုဆိုလျှင် တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ရောက်ရှိရန် အလွန်လွယ်ကူသွားပြီး တာ့လော်အင်မော်တယ် ၊ အောင်မြင်သည့်အအဆင့်သို့လည်း လျှင်မြန်စွာ ရောက်ရှိတော့မည် ဖြစ်သည်။

ထို့နောက် တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်ရပေမည်။

တာအိုအင်မော်တယ်အဆင့်တွင် အဆင့်ငယ်များ အတိအကျ ခွဲခြားထားခြင်းမရှိပေ။ သို့သော် တာအိုအင်မော်တယ်များအကြား တန်ခိုးစွမ်းအား ကွာခြားချက်က မသေးငယ်လှပေ။

ဥပမာဆိုရသော် ဆရာဖြစ်သူနှင့် တိကျင်းကြားမှ ကွာဟချက်မျိုး ဖြစ်၏။

သူတို့ (၂)ယောက်လုံးသည် တာအိုအင်မော်တယ်များ ဖြစ်ကြသော်လည်း တကယ်တမ်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချိန်တွင် အသက်ပျောက်မည့်သူမှ တိကျင်းသာလျှင် ဖြစ်သည်။

သူကိုယ်တိုင် တာအိုအင်မော်တယ်အဆင့်သို့ ရောက်ရှိမည်ဆိုလျှင်တော့ အသေးစိတ်အချက်အလက်များကို နားလည်လာမည် ဖြစ်သည်။

ဆရာဖြစ်သူ၏ တာအိုအင်မော်တယ်အဆင့်သည် အခြားသူများထက်ပိုပြီး လှုပ်ရှားနေသယောင် ခံစားရသည်။

ထိုအချက်က အခြားသူများနှင့် မတူညီသည့် အချက်တစ်ခု ဖြစ်နိုင်သည်။

ကျန်းလန်က ထိုအကြောင်းများကို ခေါင်းထဲမထည့်ဘဲ ဆရာဒေါ်လေးမြောင်ယွဲ့ကိုသာ စိုးထိတ်နေမိသည်။

တာအိုသစ်သီးကို ဈေးနည်းနည်းဖြင့် ရရှိလိုက်ခြင်းမှာ ဆရာဒေါ်လေးမြောင်ယွဲ့ ကူညီပေးခြင်းကြေင့်ဖြစ်သည်။ သူမက သေရည်ဆိုင်ရှင်ကိုပင် ဒေါသထွက်စေခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဆရာဖြစ်သူ အများကြီးမပေးဆပ်ရသည့်အတွက် သူ အနည်းငယ် စိတ်သက်သာရာရမိသည်က အမှန်ပင်။

သူ့အတွက် ဆရာဖြစ်သူ ထိခိုက်သွားမည်ကို ကျန်းလန် မဖြစ်စေချင်ပေ။

သို့ရာတွင် ယခုတော့ ဆရာဖြစ်သူက ဆရာဒေါ်လေးမြောင်ယွဲ့အပေါ် အကြွေးတင်နေပြီ ဖြစ်၏။

သို့သော် ဤသည်က ဆရာဖြစ်သူနှင့် ဆရာဒေါ်လေးမြောင်ယွဲ့တို့ကို နီးစပ်စေသည့်ကိစ္စဖြစ်လေရာ အဆင်ပြေသည်ဟု ဆိုရမည်။

သူတို့နှစ်ယောက် ဖြည်းဖြည်းချင်း အဆင်ပြေသွားစေရန် စတင်ပြုလုပ်ပေးရမည် ဖြစ်၏။

"ဒါနဲ့ ကျွန်မကို ဆရာဦးလေးက အမှာစကားပါးခဲ့တယ် ၊ ရှင့်ကို ပြန်ပြောပေးရမယ်တဲ့"

လမ်းတွင် ရှောင်ယွိက စကားဆိုသည်။

ကျန်းလန်က...

"ဘာများလဲ"

သူက တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ အချိန်မရွေး တက်ရောက်နိုင်ပြီ ဖြစ်လေရာ အလျင်လိုစရာ မရှိပေ။

တံခါးပိတ်ကျင့်ကြံခြင်း မပြုလုပ်မီ ရှောင်ယွိကိုလည်း အချိန်ပေးရဦးမည် ဖြစ်သည်။

ရှောင်ယွိနှင့် ခွဲခွာနေရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တံခါးပိတ်ကျင့်ကြံဦးမည်ဆိုလျှင်လည်း ဆယ်စုနှစ်နှင့်ချီပြီး ထပ်မံကြာမြင့်ဦးမည်ပင်။

ရှောင်ယွိက...

"ဆရာဦးလေးပြောတာတော့ ရှင် ပထမတောင်ထွတ်ကို သွားရမယ်တဲ့"

သူမက တစ်စုံတစ်ခုကို တွေးတောနေဟန်ဖြင့် ဆက်ပြောသည်။

"ဆရာဒေါ်လေး မြောင်ယွဲ့က ရှင် အစစ်အမှန်အင်မော်တယ် ဖြစ်လာတဲ့အခါကျရင် ပထမတောင်ထွတ်ကလူတွေ ရှင့်ကို လာခေါ်မယ်လို့ ပြောတယ် ၊ ဒါနဲ့ အဲဒါ ဘာအဓိပ္ပါယ်လဲဟင်"

မေးမြန်းရင်း ရှောင်ယွိက ကျန်းလန်ရှေ့တွင် ခုန်ပေါက်ပြေးလွှားနေသည်။

ထို့နောက် သူမက နောက်ပြန်ဆုတ်ပြီး ခြေလှမ်းများကို ပြန်ထိန်းလိုက်သည်။

"ကိုယ်တို့ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာတာနဲ့အမျှ သိစရာ နားလည်စရာတွေလည်း ပိုများလာမယ်လေ"

"အစစ်အမှန်အင်မော်တယ် ဖြစ်လာပြီးရင် ပထမတောင်ထွတ်ကို ပို့ပေးမယ်လို့ ဆရာက အစကတည်းက ပြောထားပြီးသားပါ ၊ အဲဒီမှာ နေရာတစ်ခုကို ဆက်သွယ်ထားတဲ့ တံခါးတစ်ခု ရှိတယ်"

"ဒါပေမဲ့ ဆရာဒေါ်လေးမြောင်ယွဲ့ရဲ့ စကားအရဆိုရင် ဆရာကိုယ်တိုင် အဲဒီကို လိုက်ပို့စရာမလိုတော့ဘူး ၊ ပထမတောင်ထွတ်က လူတွေကိုယ်တိုင် ကိုယ့်ကို လာပြီးဖိတ်ခေါ်ကြလိမ့်မယ်"

ကျန်းလန်က ရိုးရှင်းစွာပင် ရှင်းပြသည်။

သူက ရှေးဟောင်ဧကရာဇ်နန်းတော်အကြောင်းကိုတော့ ရှောင်ယွိကို ပြောမပြခဲ့ပေ။

ထိုကိစ္စများက အလွန်ရှုတ်ထွေးလေရာ အစစ်အမှန်အင်မော်တယ်အဆင့်သာ ရှိသေးသည့် ရှောင်ယွိအနေဖြင့် မသိသင့်သေးပေ။ နောက်ပိုင်းတွင် တဖြည်းဖြည်း နားလည်လာမည် ဖြစ်သည်။

ရှောင်ယွိအနေဖြင့် မိုးကောင်းကင်အင်မော်တယ်အဆင့်သို့လည်း အခက်အခဲမရှိ တက်ရောက်နိုင်မည် ဖြစ်သည်။

သူမ၏ မိခင်ပေးခဲ့သော နဂါးအမြုတေက များစွာသက်ရောက်မှုရှိသလို ကျောက်စိမ်းရေကန်နှင့် ခွန်လွန်တောင်၏တန်ခိုးစွမ်းအားများက သူမကို ပံ့ပိုးပေးနေခဲ့သည်။

ထို့ကြောင့် အခက်အခဲရှိမည် မဟုတ်ပေ။

ရှောင်ယွိက ခေါင်းညိတ်လိုက်ရင်း...

"သိပါပြီ"

နဝမတောင်ထွတ်မှ ဆရာဦးလေးသည် ပထမတောင်ထွတ်မှ ဆရာဦးလေးနှင့် သိပ်အစေးမကပ်ကြောင်း သူမ ကြားသိထားသည်။

သူတို့နှစ်ယောက် စကားပင် ပြောခဲကြသည်။

ထိုသူ (၂)ယောက် အတူတူရှိချိန်ဆိုလျှင် တစ်ခုခု လွဲနေသလို ခံစားရသည်ဟု ဆရာဖြစ်သူ ကျူးချင်က သူမကို ပြောပြဖူးသည်။

ရှောင်ယွိက...

"ကျွန်မ လုန်မန်ကို မေးကြည့်ထားတယ် ၊ မကြာခင်ကပဲ ပဉ္စမတောင်ထွတ်က ဂိုဏ်းတူညီမလေး (၃)ယောက် ပထမတောင်ထွတ်ကိုသွားပြီး အစီအရင်တစ်ခုကိုဖြေရှင်းပေးကြတယ်တဲ့ ၊ ဂိုဏ်းတူမောင်လေး ပထမတောင်ထွတ်ကို သွားရမှာ အဲဒီကိစ္စနဲ့များ ပတ်သက်နေမလား မသိဘူး"

ပထမတောင်ထွတ်မှလူများနှင့် ဆရာဒေါ်လေးမြောင်ယွဲ့ စကားပြောနေသည်ကို သူမ နားစွန်နားဖျား ကြာားခဲ့ရသည်။

ထို့ကြောင့် သေချာစေရန် လုန်မန်ကို စုံစမ်းခိုင်းရခြင်း ဖြစ်၏။

လုန်မန်ကို စုံစမ်းခိုင်းခြင်းအားဖြင့် သူမနှင့် ကျန်းလန်၏ လျှို့ဝှက်ချက်များ ပေါ်သွားမည်ကို ကြောက်စရာ မလိုတော့ပေ။

ကျန်းလန်က လျှို့ဝှက်ရသည်ကို သဘောကျသူဖြစ်လေရာ သူမကလည်း ဖုံးကွယ်ပေးထားရသည်ပင်။

သူမက ခွန်လွန်တောင်၏တန်ခိုးစွမ်းအားနှင့်ပတ်သက်၍ပင် မည်သူ့ကိုမှ ပြောမပြခဲ့ပေ။ ဆရာဖြစ်သူကိုပင် ပြောမပြခဲ့ပေ။

ထိုအကြောင်း အခြားသူများကို ပြောပြလိုက်လျှင် ထိုစွမ်းအားကို ထိန်းချုပ်နိုင်ရန် သင်ပြပေးထားသည့် ကျန်းလန်အကြောင်း ပေါ်သွားမည် ဖြစ်သည်။

သူမ ဖုံးကွယ်ထားခြင်းအတွက် ဆရာဖြစ်သူက ခွင့်လွှတ်ပါမည်လားဆိုသည်ကတော့ မသိရှိနိုင်ပေ။

ကျန်းလန်က...

"ဘယ်က ဂိုဏ်းတူညီမ (၃)ယောက်လဲ"

ရှောင်ယွိက...

"နဝမတောင်ထွတ်ကို အစီအရင်ပညာ လာပြီးလေ့လာတဲ့ (၃)ယောက်လေ"

ကျန်းလန်က ကျန်းလန်ဘေးနားသို့ ခုန်ပေါက်ပြေးလာရင်း အနားတွင် လမ်းကပ်လျှောက်လိုက်သည်။

ကျန်းလန် အံ့အားသင့်သွားသည်။

ထိုသို့ဆိုလျှင် အလွန်အန္တရယ်များသည်ပင်။

ဆရာဒေါ်လေးမြောင်ယွဲ့က သူမ၏တပည့်များကို ပထမတောင်ထွတ်သို့ မစေလွှတ်မီ သူရှိရာ နဝမတောင်ထွတ်သို့ အရင်ဆုံး စေလွှတ်ခဲ့သည်။

ထို (၃)ယောက် ပထမတောင်ထွတ်သို့ ရောက်သွားသည်နှင့် သူ အစစ်အမှန်အင်မော်တယ် ဖြစ်လာသည့်တစ်နေ့တွင် ပထမတောင်ထွတ်သို့ ဖိတ်ခေါ်မည်ဟု သတင်းထွက်လာသည်။

ဆရာဖြစ်သူက ကောင်းကင်ဘုံတံခါးကို လေ့လာရန်အတွက် သူ့ကို ပထမတောင်ထွတ်သို့ စေလွှတ်ရန် စီစဉ်ထားသည်။

ဂိုဏ်းတူညီမ ဟန်ချီသည် ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် ဆက်စပ်နေပြီး ထိုအကြောင်းကို သူက ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအကြောင်းအရာများအားလုံးကို ချိတ်ဆက်လိုက်လျှင်...

ဆရာဒေါ်လေးမြောင်ယွဲ့က ဟန်ချီမှတစ်ဆင့် ရှေးဟောင်းဧကရာဇ်နန်းတော်အကြောင်း သူ သိရှိသွားအောင် တမင်တကာ လုပ်ဆောင်ခဲ့သည်။ သူမတို့ (၃)ယောက်ကို နဝမတောင်ထွတ်တွင် အစီအရင်ပညာသင်ယူရန် တမင်တကာစေလွှတ်ပြီး ပထမတောင်ထွတ်သို့ ထပ်မံစေလွှတ်လိုက်ပြန်သည်။

ပထမတောင်ထွတ်က အစီအရင်ပညာနှင့်ပတ်သက်ပြီး အကူအညီလိုနေလေရာ သူ့ကို ဖိတ်ခေါ်ရန် ဖြစ်လာသည်။

ထို့နောက် မြောင်ယွဲ့က သူ့ကို ကောင်းကင်ဘုံတံခါးသို့ ရောက်ရှိစေရန် တွန်းပို့ပေးသည်။

ဆရာဖြစ်သူကလည်း သူ့ကို ကောင်းကင်ဘုံတံခါးသို့ စေလွှတ်ချင်နေလေရာ အစီအစဉ်က ကွက်တိကျသွား၏။

ဆရာဖြစ်သူကိုယ်တိုင် ပထမတောင်ထွတ်နှင့် ဆက်သွယ်ရမည်ဆိုလျှင် ဆက်ဆံရေးမကောင်းသည့်အတွက် အနည်းငယ် အခက်တွေ့နိုင်သည်။

ယခု ပထမတောင်ထွတ်ကိုယ်တိုင်က သူ့ကို ဖိတ်ခေါ်မည် ဆိုသည့်အခါ ပြဿနာ မရှိတော့ပေ။

နတ်မိစ္ဆာများ ဖွင့်လှစ်သည့် ငရဲတံခါးမ်းခွဲသည် ရှေးဟောင်းဧကရာဇ်နန်းတော်နှင့် ဆက်စပ်နေသည့် ဧရိယာထဲတွင် ဖြစ်နေသည်။

အရာအားလုံးက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပေ။

ဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်ကြည့်လိုက်လျှင် ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို သံသဝင်နေသည်မှာ သေချာသည်။

"ဆရာဒေါ်လေးမြောင်ယွဲ့က ကိုယ့်ကို အတင်းမောင်းနေသလို ခံစားရတယ်"

ကျန်းလန်က သက်ပြင်းချရင်းဆိုသည်။

ရှောင်ယွိက အံ့အားသင့်သွားဟန်ဖြင့်

"သူက ဂိုဏ်းတူမောင်လေးကိုအတင်းခိုင်းနေတာလား"

ကျန်းလန်က...

"ဆရာဒေါ်လေးမြောင်ယွဲ့က ကိုယ့်ကို သံသယဝင်နေပြီ ထင်တယ်"

ရှောင်ယွိက...

"သူက သံသယရှိပေမယ့် ဘာမှလည်း မပြောဘူးနော် ၊ ပြီးတော့ သူက ဆရာဦးလေးရဲ့ ဇနီးလည်း ဖြစ်လာနိုင်တာပဲ မဟုတ်လား"

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

"အင်း သူက ကိုယ့်ကို ဆရာနဲ့လည်း အောင်သွယ်ပေးစေချင်နေတာ"

အစကတည်းက သူမက ထိုသို့တောင်းဆိုခဲ့သော်လည်း ဆရာဒေါ်လေးမြောင်ယွဲ့ နောက်ပြောင်နေသည်ဟုသာ သူက ထင်မှတ်ခဲ့မိသည်။

ယခုတော့ တကယ်ပြောခြင်း ဖြစ်နိုင်သည်။

ဆရာဒေါ်လေးမြောင်ယွဲ့ ဆရာဖြစ်သူနှင့် လက်ထပ်လိုက်လျှင်လည်း ကောင်းသည့်အချက်ပင်။

မဟုတ်လျှင် သူ့အတွက် အလွန်အန္တရယ်များလွန်းလှသည်။

ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း

"ဂိုဏ်းတူမောင်လေးရဲ့ သဘောထားကရော ဘယ်လိုရှိလဲ"

ကျန်းလန်က

"ဂိုဏ်းတူအစ်မရော ဘယ်လိုထင်လဲ"

သူတို့ (၂)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ဆရာဖြစ်သူ၏ ဇနီးသည် ရှောင်ယွိနှင့်လည်း ပတ်သက်ရမည်ဖြစ်ရာ သူမသဘောထားကိုလည်း မေးမြန်းသင့်သည်။

ရှောင်ယွိက ပေါ့ပေါ့ပါးပါး လေသံဖြင့်

"ကျွန်မက စိန်ခေါ်ပွဲမှာ ဂိုဏ်းတူမောင်လေးကို ရှုံးထားတာပဲ ၊ ရှင့်သဘောအတိုင်း လက်ခံမှာပေါ့"

ကျန်းလန် ခေါင်းညိတ်လိုက်ပြီး စကားမပြောတော့ပေ။

သူတို့ နဝမတောင်ထွတ်သို့ ဆက်လက်လျှောက်လှမ်းလာခဲ့ကြသည်။

အတန်ကြာလမ်းလျှောက်ပြီးနောက် ရှောင်ယွိက ခြေလှမ်းများ ရုတ်တရက် ရပ်တန့်လိုက်သည်။

သူမက ကျန်းလန်နောက်သို့ အသာဝင်ပုန်းရင်း လုန်ယွိအသွင် ကူးပြောင်းလိုက်၏။

ထို့နောက် လက်တစ်ဖက်ကို ကျန်းလန်ထံသို့ ဆန့်တန်းလိုက်ရင်း

"ကျွန်မလက်ကို ကိုင်ပြီး လမ်းလျှောက်ပါ"

လုန်ယွိ၏ သွယ်လျသည့် လက်ချောင်းလေးများကို တစ်ချက်ငေလိုက်ရင်း ကျန်းလန်က သူမ၏လက်လေးကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက် နှစ်ယောက်သား ဘေးချင်းယှဉ်လျှက် လမ်းလျှောက်ထွက်ခွာသွားကြလေတော့၏။

***

All Chapters