← Chapters

ဂိုဏ်းတူမောင်လေး ၊ ကျွန်မကိုဆုံးရှုံးရမှာ

Vol. 35 Ch. 490

ဂိုဏ်းတူမောင်လေး ၊ ကျွန်မကိုဆုံးရှုံးရမှာ

Vol. 35 Ch. 490

ခွန်လွန်တောင်အဓိကခန်းမဆောင်။

အနီရောင်အနားသတ်များပါရှိသည့် အဖြူရောင်တာအိုဝတ်စုံကိုဝတ်ဆင်ထားသော လူရွယ်တစ်ယောက် ခန်းမဆောင်အစွန်းတွင် မတ်တတ်ရပ်လျှက် ရှိသည်။

သူ၏တာအိုဝတ်ရုံက လေထဲတွင် တဖျတ်ဖျတ်လွင့်နေ၏။

"ကြည့်ရတာ အချိန်ကျပြီထင်တာပဲ ၊ အချိန်လည်း ကုန်ခါနီးနေပြီ"

လူရွယ်က အဝေးဆီသို့ လှမ်းမျှော်ကြည့်ရင်း ရေရွတ်လိုက်သည်။

သူကြည့်နေသည့်နေရာက အရှေ့ဘက်စွန့်ပစ်နယ်မြေ တည်ရှိရာနေရာသို့ ဖြစ်၏။

"ဒီလူတွေက တိုက်ခိုက်တော ကြာလှပြီ ၊ ရလဒ်တစ်ခုတော့ ရှိသင့်တာကို ၊ အခုတော့ အရမ်းနှေးတာပဲ"

သူ့ ပခုံးထက်တွင် နားနေသည့် မိစ္ဆာနဂါးလေးက စိတ်ရှုတ်ထွေးသွားဟန်ဖြင့် ခေါင်းကို တဗျင်းဗျင်း ကုတ်လိုက်သည်။

"ကျုပ်က ရှေ့ကနေ တစ်ယောက်တည့းသွားနေရတာ ဘာအကျိုး ရှိမတုန်း ၊ အားလုံးအတူတူဆိုရင် ပိုပြီး စိတ်ဝင်စားဖို့ မကောင်းဘူးလား ၊ ကျုပ်တို့ခွန်လွန်က အဲဒီလောက် သဘောထား မသေးပါဘူးလေ ၊ ကြီးမြတ်တယ်လို့လည်း မဆိုသာပေမယ့် တန်ခိုးစွမ်းအားရှင်တွေ များများရှိတာကို လက်ခံနိုင်ပါတယ်"

နဂါးလေးသည် လူရွယ်ကို ကြည့်ရင်း တစ်ခုခုပြောချင်သကဲ့သို့ ပါးစပ်ကိုဟလိုက်သည်။

"ဘယ်လိုလူမျိုးက အတ္တမကြီးဘဲ နေမှာလဲ ၊  ဘယ်သူက ရှေ့မရောက်ချင်ပဲ နေမလဲ ၊ ဒီအတွက်နဲ့ စွန့်စားပြီး အသက်ပေးတိုက်ခိုက်ကြရတာပဲ ၊ ပြီးတော့ တစ်ယောက်တည်း ရှေ့မှာ လျှောက်နေတာက နောက်ဆုံးပန်းတိုင်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး ၊ ဆိုတော့ကာ..."

လူရွယ်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...

"ပြီးတော့ ဒီကလေးရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရောက်ပြီလဲ ကျုပ်သိချင်တယ် ၊ သူက အရမ်းမြန်မြန် ကျင့်ကြံခြင်းအဆင့်တက်လာပြီး ရင့်ကျက်လာခဲ့တယ် ၊ ဒါပေမဲ့ အားနည်းလွန်းရင်တော့ နတ်ဘုရားရာထူးကို ဆက်ထိန်းထးဖို့ အရမ်းခက်ခဲလိမ့်မယ်"

"သူ့ကို မေးကြည့်ဖို့ အခွင့်အရေးရှာရမယ် ၊ ပြီးတော့ ခွန်လွန်တောင်က အရည်အချင်းရှိတဲ့သူတွေကိုလည်း ရွေးချယ်ရမယ် ၊ ကဲ... ဘယ်လိုလဲ ၊ မင်းရော ကျုပ်နဲ့ လိုက်ခဲ့မလား"

နဂါးငယ်လေးက ချက်ချင်းပင် ခေါင်းခါယမ်းလိုက်ပြီး ခန္ဓာကိုယ်ကို ကွေးထားကာ တအီအီ ညည်းညဓနေသည်။

"ဟားဟား"

လူရွယ်က ခဏမျှမှင်တက်နေမိပြီး ရယ်မောလိုက်သည်။

"ဒီလောက် နှစ်ပေါင်းရာချီပြီး ကြာခဲ့တာတောင် မင်းက အဲဒါကို မှတ်မိနေသေးတာလား"

"အိမ်း နောက်ဆုံးတစ်ကြိမ် သူနဲ့ တွေ့တုန်းက သူက လူကောင်းလေးတစ်ယောက်ပါပဲ ၊ အချိန်ရရင် သူနဲ့ ဆက်သွယ်ဖို့ ကြိုးစားရမယ်"

***

နံနက်ခင်းအချိန်...

ကျန်းလန် စားပွဲထက်တွင်ထိုင်ရင်း သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းပေးနေသည်။

နောက်ဆုံးအကြိမ် ဓားဝိညာဉ်ထည့်သွင်းပေးခဲ့သည်မှာ အချိန်အတော်လေး ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တော့ အချိန်ကြာကြာခံအောင် ဓားဝိညာဉ်ထည့်သွင်းပေးရပေမည်။

ရှောင်ယွိက ကျန်းလန်နောက်တွင် မတ်တတ်ရပ်ရင်း တစ်စုံတစ်ခုကို စဉ်းစားနေဟန် မေးစေ့ကို လက်ဖြင့်ပွတ်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ဒီအိမ်ကို မပြုပြင်တာ အတော်ကြာနေပြီနော် ၊ ဘယ်တော့လောက် ပြန်ပြင်ဖို့ စဉ်းစားထားလဲ"

"ဘာလဲ ၊ ဂိုဏ်းတူအစ်မ အသစ်တစ်ခုခု ထပ်ပြီး ထည့်ချင်လို့လား"

ကျန်းလန်က မေးလိုက်သည်။

သူ လှည့်ကြည့်လိုက်သည့်အခါ ရှောင်ယွိ၏ ခါးထက်တွင် နဂါးအကြေးခွံများ ထင်ကျန်နေပြီး မျက်နှာထက်မှ အနာရွတ်က မှေးမှိန်ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ရှောင်ယွိက...

"တောင်အတု ၊ ဒါမှမဟုတ် ရေကန်တစ်ခုလောက် အိမ်ခန်းထဲမှာ ထည့်ပေးပါလားဟင် ၊ ဒါမှ ညဘက်တွေရောက်ရင် ကျွန်မ စိတ်ပြေလျော့ပြီး နဂါးတစ်ဝက်အသွင် မပြောင်းတော့မှာ"

ကျန်းလန်က...

"အဲဒါက စိတ်ပြေလျော့တာနဲ့ မဆိုင်ပါဘူး ၊ ဂိုဏ်းတူအစ်မ အသားမကျသေးလို့ပါ"

အခန်းထဲတွင် တောင်အတုနှင့် ရေကန်တစ်ခု ထည့်ပေးဖို့ကတော့ ကျန်းလန်အတွက် အဆင်မပြေနိုင်ပေ။

"ဂိုဏ်းတူမောင်လေး ၊ ခေါင်းမော့ကြည့်လိုက်"

ရှောင်ယွိက ရုတ်တရက်ပြောလိုက်သည်။

ကျန်းလန်က ခေါင်းမော့ကြည့်လိုက်တော့ ရှောင်ယွိက လုန်ယွိအသွင် ပြောင်းလဲသွားပြီး ကျန်းလန်၏ နှုတ်ခမ်းများကို ငုံ့နမ်းလိုက်သည်။

အတန်ကြာ အကြင်နာပေးနေပြီးမှ နောက်ဆုံး ကျန်းလန်နှုတ်ခမ်းများကို ဖိကိုက်လိုက်ကာ နောက်ပြန်ဆုတ်လိုက်သည်။

"တွေ့လား ၊ ကျွန်မ နဂါးတစ်ဝက်အသွင် မပြောင်းတော့ဘူ ၊ ကျင့်သားရနေပြီ"

လုန်ယွိက ဆိုသည်။

ကျန်းလန်က မည်သည့်စကားမှမဆိုဘဲ လုန်ယွိကိုသာ မျက်တောင်မခပ် ကြည့်နေသည်။

ယခုဆိုလျှင် လုန်ယွိအသွင်ဖြင့်လည်း သူမက ကျန်းလန်အပေါ် အေးစက်ခြင်းမရှိတော့ပေ။ ရှောင်ယွိကဲ့သို့ပင် ပြုမူဆက်ဆံလေသည်။

သူမသည် ကျန်းလန်ဘေးနားတွင် အနည်းနှင့်အများ ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။

လုန်ယွိက...

"ဂိုဏ်းတူမောင်လေး ၊ ဘာကြည့်နေတာလဲ"

ကျန်းလန်က ခေါင်းပြန်ငုံ့လိုက်ရင်း...

"ဂိုဏ်းတူအစ်မက အရမ်းလှတယ်လေ ၊ ပထမဆုံးအကြိမ် စတွေ့ကတည်းက အဲဒီလိုတွေးခဲ့တာ"

ကျန်းလန် လက်ထဲတွင် သစ်သားဓားလေးကို ကိုင်ထားဆဲ ဖြစ်ပြီး နဂါးသုတ်သင်ဓားဝိညာဉ်ကလည်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့နေသည်။

သို့သော် လုန်ယွိကတော့ နဂါးသုတ်သင်ဓားဝိညာဉ်ကို ကြောက်ရွံ့သည့်အရိပ်အယောင် တစ်စက်လေးပင် မရှိပေ။

သူမက တစ်ခါတစ်ရံ ဓားဝိညာဉ်ကိုပင် နားလည်ရန် ကြိုးစားနေသေးသည်။

ကျန်းလန်စကားကိုကြားတော့ လုန်ယွိက ကျန်းလန်ပခုံးထက် ခေါင်းမှီလိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ ကျွန်မတို့ ပထမဆုံးအကြိမ်တွေ့တာ ဘယ်မှာလို့ ထင်လဲ"

ကျန်းလန်က...

"တတိယတောင်ထွတ်ရဲ့ မှော်ရုံနယ်မြေကို သွားတုန်းက မဟုတ်ဘူးလား"

ထိုစဉ်က လုန်ယွိသည် အခြားသူများကိစ္စတွင် ဝင်ရောက်စွက်ဖက်တတ်သည်ဟုပင် သူက ခံစားခဲ့ရသေးသည်။

လုန်ယွိက ခေါင်းခါယမ်းလိုက်သည်။

"မဟုတ်ဘူး"

သူမက ဆက်ပြောသည်။

"ကျွန်မတို့ ပထမဆုံးတွေ့တာ တောအုပ်တစ်ခုထဲမှာ ညအချိန်ကြီးလေ ၊ အဲဒီတုန်းက ကျွန်မက မှော်ဝင်ပစ္စည်းတစ်ခုနဲ့ ဖိနှိပ်ခံထားရပြီး အသတ်ခံရလုနီးပါးပဲ"

"ဂိုဏ်းတူမောင်လေးက တောအုပ်ထဲ ဖြတ်သွားတာလေ  ၊ အဲဒီတုန်းက တစ်ယောက်နဲ့တစ်ယောက် မနှောက်ယှက်တာ အကောင်းဆုံးပဲလို့ ပြောပေမယ့် သူတို့က ရန်စလို့ ဂိုဏ်းတူမောင်လေးက ပြန်ပြီးတိုက်ခိုက်တာလေ ၊ အဲဒီတုန်းက ဂိုဏ်းတူမောင်လေးသာ ရောက်မလာရင် ၊ ရှင် အခုချိန် ကျွန်မကို ဆုံးရှုံးရမှာ"

လုန်ယွိက ကျန်းလန် ပခုံးကို မမီတော့ဘဲ ကျန်းလန်မျက်ဝန်းများကို စေ့စေ့ကြည့်လိုက်သည်။

ကျန်းလန်က အံ့အားသင့်လျှက် ရှိပြီး စကားမဆိုနိုင်ပေ။

ထိုအချိန် လုန်ယွိက ရှောင်ယွိအသွင် ပြောင်းလဲသွားပြီး စားပွဲထက်သို့ ခုန်တက်လိုက်ကာ ကျန်းလန် ရှေ့တွင် ထိုင်လိုက်ကသည်။

"ဂိုဏ်းတူမောင်လေး အံ့အားသင့်သွားတာလား"

ကျန်းလန်က...

"ဂိုဏ်းတူအစ်မ ၊ မင်းရဲ့လက် ကိုယ့်ကိုယ်ပေးပါ"

ရှောင်ယွိက စိတ်ရှုတ်ထွေးစွာဖြင့် လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။

ကျန်းလန်က ရှောင်ယွိလက်ကို ဖမ်းကိုင်လိုက်ပြီး လက်ချောင်းများကို ယှက်လိုက်သည်။

ထိုခဏတွင် သူတို့နှစ်ယောက်လုံး၏လက်ဖြန်တွင် လက်ထပ်စာချုပ်ဖြစ်သည့် အင်းသင်္ကေတများ ထွက်ပေါ်လာသည်။

ကျန်းလန်ထံမှ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူတို့ (၂)ယောက်ကြားမှ နှောင်ကြိုးများ ပိုမိုခိုင်မာနက်ရှိုင်းလာကြောင်း ခံစားရသည်။

အင်းသင်္ကေတများ ပျောက်ကွယ်သွားသည်အထိ ကြည့်ပြီးမှ ရှောင်ယွိက မေးခွန်းထုတ်သည်။

"အဲဒါ ဘာလဲ"

"ဂိုဏ်းတူအစ်မကို ကာကွယ်ဖို့ တစ်ခုခုပေါ့ ၊  နောက်ဆို ဂိုဏ်းတူအစ်မကို ကိုယ် အမြဲတမ်း ကာကွယ်ပေးမယ်"

ကျန်းလန်က နူးညံ့စွာဆိုသည်။

"ကောင်းပြီ ၊ ကျွန်မကလည်း ရှင့်ကို မန္တန်တစ်ပုဒ်သင်ပေးမယ် ၊ အန္တရယ်တစ်ခုခု ကြုံလာရင် အဲဒီမန္တန်ကို အကျယ်ကြီးရွတ်လိုက် ၊ ရှင့်ကိုကာကွယ်ဖို့ ကျွန်မ ချက်ချင်းရောက်လာလိမ့်မယ် ၊ တကယ်တော့ ကျွန်မက ဂိုဏ်းတူအစ်မ ဖြစ်တဲ့အတွက် ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်"

ကျန်းလန် : "......"

ထို့နောက် သူမက ကျန်းလန်ကို မန္တန်တစ်ပုဒ် သင်ပေးသည်။

မန္တန်က ဆင့်ခေါ်ခြင်း မန္တန်တစ်ပုဒ်ဖြစ်ပြီး ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

ဤမန္တန်က တကယ့်နဂါးအစစ်အမှန်ကို ဆင့်ခေါ်သည့် မန္တန်လား။

သူက မန္တန်ကို ရွတ်ဖတ်လိုက်သည်နှင့် သူ့အတွက် ကူညီတိုက်ခိုက်ပေးမည့် နဂါးတစ်ကောင်က လှံရှည်တစ်လက်ကိုင်ပြီး ထွက်ပေါ်လာမည်လား။

မြင်ကွင်းကတော့ အတော်လေး လန်းမည်ပင်။

သို့သော် ရှောင်ယွိက အလွန်နုနယ်လွန်းသည်ကြောင့် ရန်သူက တစ်ချက်တိုက်ခိုက်လိုက်သည်နှင့် နဂါးလက်သည်းများ ကျိုးကျေကုန်လျှင် ဒုက္ခပါပဲ။

ကျန်းလန်သည် လက်ထဲမှ သစ်သားဓားဖြင့် ငတုံးမလေးကို ခေါက်ပစ်လိုက်သည်။

"ဒေါင်"

"အား"

ရှောင်ယွိ သူမနဖူးကို အုပ်ကိုင်ရင်း ကျန်းလန်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လာသည်။

"ဂိုဏ်းတူမောင်လေး ၊ ဘာလုပ်တာလဲ"

ကျန်းလန်က...

"အစစ်အမှန်အင်မော်တယ် ဖြစ်လာပြီးတဲ့နောက် နဂါးအကြေးခွံတွေ ဘယ်လောက် မာလာပြီလဲဆိုတာ စမ်းကြည့်တာ"

ရှောင်ယွိက ချက်ချင်းပင် ကျန်းလန်လက်ထဲမှ သစ်သားဓားကို လုယူလိုက်သည်။

ထို့နောက် ကျန်းလန်၏ နဖူးကို ရိုက်လိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ နာလား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်သည်။

"ဟင့်အင်း ၊ မနာပါဘူး"

ရှောင်ယွိက သစ်သားဓားကို ဘေးသို့ ချထားလိုက်ပြီး ကျန်းလန်၏ နဖူးကို သူ့ခေါင်းနှင့် ဝင်စောင့်လိုက်သည်။

"ခွပ်"

ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် ရှောင်ယွိသည့် သူ၏နဖူးကို လက်ဖြင့်အုပ်ကိုင်ရင်း နာကျင်စွာ အော်ဟစ်လေတော့သည်။

ကျန်းလန်မှာ သူမကို ငေးစိုက်ကြည့်နေရုံသာ။

ဒီနဂါးမလေးရဲ့ ဦးနှောက်က တစ်ခုခုများ မှားနေသလား။

အမှန်တော့ သူမ၏ အင်မော်တယ်ခန္ဓာနှင့် ကျန်းလန်၏ ရွှေခန္ဓာတိုက်ခတ်မိသည့်အခါ အတော်လေး အီစိမ့်သွားအောင် နာကျင်သွားမည်ပင်။

ကျန်းလန်က ရှောင်ယွိနဖူးကို လက်ဖြင့်အသာထိရင်း နာကျင်မှုပျောက်ကင်းသွားအောင် ကုသပေးလိုက်သည်။

သားသမီးများရလို့ ရှောင်ယွိနှင့်တူသည့် ကလေးများ ရလာလျှင် မည်သို့ရှိမည်နည်းဟု ကျန်းလန် တွေးလိုက်မိ၏။

***

ထို့နောက် ကျန်းလန်က ရှောင်ယွိနှင့် ရက်အနည်းငယ်ကြာအောင် အချိန်ဖြုန်းလိုက်သည်။

သူက နဝမတောင်ထွတ်ကို သန့်ရှင်းရေးလုပ်သည်။

နှစ်ပေါင်းအတန်ကြာ ပစ်ထားမိသဖြင့် တောင်ပေါ်လမ်းကိုပင် ရှင်းရှင်းလင်းလင်း မတွေ့မြင်ရတော့ပေ။

ရှောင်ယွိကလည်း သူ့ကို ကူညီပြီး သန့်ရှင်းရေးလုပ်ပေးလေ၏။

ကျန်းလန် သက်ပြင်းချလိုက်ရင်း

"ဂိုဏ်းတူအစ်မ ၊ ကိုယ်လုပ်တာပဲထိုင်ကြည့်နေလို့ မရဘူးလား"

ကျန်းလန်၏ စကားသံထွက်ပေါ်လာသည်နှင့် ရှောင်ယွိက သူမဖျက်စီးနေသည့် အစီအရင်မြက်ခင်းကို ကြည့်လိုက်သည်။

"ကျွန်မ အမှားလုပ်မိပြန်ပြီလား"

ရှောင်ယွိက သူမ နှုတ်နေသည့်မြက်များကို ပြန်စိုက်လိုက်သည်။

ကျန်းလန်က သူမပုံစံလေးကို ငေးကြည့်နေမိသည်။

တကယ်တော့ ရှောင်ယွိ မည်သည့်အရာကို ဖျက်စီးပါစေ ကျန်းလန် စိတ်ထဲမထားပေ။

ရှောင်ယွိ အနားတွင် ရှိနေခြင်းက သူ့ကမ္ဘာသည် တိတ်ဆိတ်ငြိမ်သက်မနေဘဲ သက်ဝင်လှုပ်ရှားနေကြောင်း ခံစားရစေသည်။

သူက တာ့လော်အင်မော်တယ်တစ်ယောက်ဖြစ်လေရာ အမှန်ဆိုလျှင် သူ့ဘဝက ငြီးငွေ့စရာကောင်းမည် အမှန်ပင်။

ဆရာဖြစ်သူကဲ့သို့ အထီးကျန်စွာ တစ်ယောက်တည်း ရှိနေမည် ဖြစ်သည်။

သို့သော် သူက ရှောင်ယွိဖြစ်နေသည့်အတွက် ဆရာဖြစ်သူလို အထီးမကျန်ခဲ့ပေ။ ရှောင်ယွိသည် သူ့ဘဝ၏ အလင်းတန်းလေး ဖြစ်သည်။

သူ့အပေါ်ထွန်းလင်းတောက်ပနေသည့် အလင်းတန်းလေးဖြစ်ပြီး သူ့နှလုံးသားကို လှုပ်ရှားစေသည်။

ရှောင်ယွိသည် သူ့ကမ္ဘာတွင် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ပြီးတော့ ရှောင်ယွိလုပ်သမျှ အမှားများကို လိုက်လံဖြေရှင်းရှင်း သူ့ဘဝသည်လည်း ပျင်းရိစရာမရှိတော့ဘဲ အလုပ်ရှုတ်နေရတော့သည် မဟုတ်ပါလား။

ကျန်းလန် : "......"

***

All Chapters