တာ့လော်အင်မော်တယ်အဆင့်အောင်မြင်ခြင်း
Vol. 36 Ch. 492
မကြာမီ မိုးကောင်းကင်တစ်ခုလုံး ထပ်မံတုန်လှုပ်သွားပြန်သည်။
အဆုံးမရှိသည့် ကောင်းကင်ယံမှ ကျယ်လောင်သည့်အသံတစ်သံထွက်ပေါ်လာပြီး ထိုအသံမှာ ကောင်းကင်ဘုံမှ ထွက်ပေါ်လာသည့်အလား ထင်မှတ်ရသည်။
"ရှေးဟောင်းအရှေ့နန်းတော် ၊ အရှေ့ဘက်စွန့်ပစ်နယ်မြေမှ ကမ္ဘာမြေ၏မိခင်"
အသံပျောက်ကွယ်သွားသည်နှင့် ကျန်းလန် အံ့အားသင့်သွားသည်။
"အရှေ့ဘက်စွန်ပစ်နယ်မြေလို့ အသုံးပြုထားတာလား"
မည်သူပင် နတ်ဘုရားရာထူး ရရှိပါစေ မည်သည့်စွန်ပစ်နယ်မြေမှဖြစ်ကြောင်း ထည့်သွင်းအသုံးပြုဝံ့သူ မတွေ့ခဲ့ဖူးပေ။ ဧကရာဇ်ရှိးဟယ်သည်ပင် ခွန်လွန်တောင်အမည်ကိုသာ အသုံးပြုဝံ့ခဲ့ပြီး အနောက်ဘက်စွန့်ပစ်နယ်မြေဟု မသုံးခဲ့ပေ။ နတ်မိစ္ဆာများသည်လည်း ထို့အတူပင် မြောက်ပိုင်းစွန့်ပစ်နယ်မြေဟု အသုံးမပြုခဲ့ပေ။
ချီလင်မျိုးနွယ်များကတော့ ချီလင်မျိုးနွယ်ဟုမသုံးဘဲ "အရှေ့ဘက်စွန့်ပစ်နယ်မြေ" ဟု နတ်ဘုရားရာထူးတွင် ထည့်သွင်းအသုံးပြုခဲ့သည်။ အရှေ့ဘက်စွန့်ပစ်နယ်မြေတစ်ခုလုံး သူတို့သိမ်းပိုက်လိုက်ပြီဟု ဆိုလိုခြင်းပင်။
"အရှေ့ဘက်စွန့်ပစ်နယ်မြေမှ ကမ္ဘာမြေရဲ့မိခင် တဲ့ ၊ ကြည့်ရတာ အရှေ့ဘက်စွန့်ပစ်နယ်မြေတစ်ခုလုံးကို သူတို့ ထိန်းချုပ်လိုက်ပြီလား မသိဘူး"
နယ်မြေတစ်ခုလုံးကို မထိန်းချုပ်နိုင်ဘဲ ထိုသို့သောနာမည်မျိုးကို အသုံးပြုဝံ့မည် မဟုတ်ပေ။
ဘီလူးဝိညာဉ်မျိုးနွယ်များသည်လည်း အရှေ့ဘက်စွန့်ပစ်နယ်မြေတွင် နေထိုင်ကြသည်။ ယခုတော့ စစ်ပွဲတွင် ချီလင်မျိုးနွယ်များကို ရှုံးနိမ့်သွားခဲ့ဟန်တူသည်။
ထိုအချိန် ကျန်းလန်၏ နတ်ဘုရားရာထူးက လှုပ်ရှားလာသည့်အတွက် စစ်ဆေးကြည့်လိုက်ရာ သူ၏ နတ်ဘုရားရာထူးတွင် ခပ်မှိန်မှိန်အလင်းစက်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။
"ချီလင်ကောင်မလေး ယန်ရှီးယွင်ပဲ"
ယခင်က သူမ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ကြိုးမျှင်တန်းလေးတစ်ခု ရရှိထားသည်။ သူမ ရရှိခဲ့သည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါက ကျန်းလန်နှင့် ဆက်စပ်နေသည့်အတွက် ကျန်းလန်၏ နတ်ဘုရားရာထူးတွင် အလင်းစက်လေးအဖြစ် ပေါ်လာသည်ဟု ယူဆနိုင်သည်။
နတ်လူသားမျိုးနွယ် ယွင်ရှောင်းနှင့် ကျန်းလန် တိုက်ခိုက်စဉ်က ပြတ်ကျကျန်ရစ်ခဲ့သည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ကြိုးမျှင်တန်းလေးကို ချီလင်ကောင်မလေးက ရယူနိုင်ခဲ့သည် မဟုတ်လား။
"ဘုန်း"
အဆုံးမရှိသောကောင်းကင်ယံမှ အသံတစ်သံ ထပ်မံထွက်ပေါ်လာပြန်သည်။
ယခုတစ်ကြိမ်တော့ အသံ၏ ဦးတည်ရာက အနည်းငယ် ပြောင်းလဲသွားသည်။ တည်နေရာပြောင်းလဲသွားသောကြောင့် ဖြစ်ဟန်တူ၏။
"ရှေးဟောင်းဧကရာဇ်လက်ဝဲနန်းတော်မှ ဧကရာဇ်တုန်းချင်"
ထိုအသံ မပျောက်ကွယ်သွားခင်မှာပင် နောက်ထပ်အသံတစ်သံ ထပ်မံထွက်ပေါ်လာသည်။
"ရှေးဟောင်းဧကရာဇ်လကျ်ာနန်းတော်မှ မှော်ဝိညာဉ်တောင်၏အမတအမှော်ဆရာ"
ကျန်းလန် အာရုံစိုက်မှုကို ရပ်တန့်လိုက်ပြီး မရဏဂူသို့ ဆက်သွားလိုက်သည်။
နတ်ဘုရားရာထူးကိစ္စများပြီးသွားပေပြီ။
"ချီလင်မျိုးနွယ် ၊ ဘီလူးဝိညာဉ်မျိုးနွယ်နဲ့ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေ အကုန်လုံး နတ်ဘုရားရာထူး ရသွားကြပြီ"
ယခု နတ်ဘုရားရာထူး (၁၁)ခု တွင် ပိုင်ရှင်များ ရှိသွားကြပေပြီ။
ရှေးဟောင်းဧကရာဇ် အထက်ပိုင်းနန်းတော်တွင်သာ နတ်ဘုရားရာထူးတစ်ခု ကျန်ရှိနေသည်။ ထိုရာထူးကို မည်သူရရှိမည်လဲဟု ကျန်းလန် တွေးမိ၏။
"ငါ့မှာ နတ်ဘုရားရာထူး ပိုင်ဆိုင်ထားတာ အခြားသူတွေသိသွားရင် တိုက်ခိုက်ခံရမလား မသိဘူး"
ကျန်းလန် တွေးလိုက်သည်။
လက်ရှိ နတ်ဘုရားရာထူး ပိုင်ဆိုင်ထားသူများအားလုံးထဲတွင် ကျန်းလန်က အညံ့ဆုံး ဖြစ်သည်။ သို့သော် သူ တာအိုအင်မော်တယ်အဆင့်တက်ရောက်နိုင်လျှင်တော့ အဆင်ပြေသွားပေလိမ့်မည်။
သို့ပေသိ သူ တာအိုအင်မော်တယ် အဆင့်တက်သွားလျှင်လည်း တိတ်တဆိတ်သာ အဆင့်တက်ရောက်သွာမည် ဖြစ်ပြီး အခြားသူများ သိရှိမည် မဟုတ်ပေ။
လောကတွင် ကိုယ့်အကြောင်းကိုယ် ထုတ်ဖော်ပြောပြခြင်းက ဝှက်ဖဲလှန်ပြခြင်းနှင့် အတူတူပင်။ မည်သို့ပင်ဖြစ်စေ တာအိုအင်မော်တယ် ဖြစ်လာလျှင်တော့ မည်သည့်အရာကိုမှ စိတ်ပူစရာ မရှိတော့ပေ။
သူ့ကို တစ်ယောက်ယောက်က ပစ်မှတ်ထား အန္တရယ်ပြုလာမည်ဆိုလျှင် သေလမ်းပို့လိုက်ရန်သာ ရှိသည်။
ကျန်းလန် မရဏဂူထဲသို့ ဝင်လာပြီး တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလိုက်သည်။ သေရည်ဆိုင်တွင် အချိန် (၄)နှစ်ကြာ တာအိုကိုနားလည်ခဲ့ပြီးနောက် ယခု ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၇၀၀) ရှိပြီ ဖြစ်သည်။
နောက်ထပ် နှစ်ပေါင်း (၁၀၀)အတွင်း တာအိုအင်မော်တယ်အဆင့်တက်ရောက်နိုင်ရန် ကြိုးစားရပေမည်။
တာ့လော်အင်မော်တယ်အဆင့်အောင်မြင်သွားပြီးနောက် နောက်ထပ် ဉာဏ်အလင်းပွင့်ခြင်း ရရှိလျှင် အကောင်းဆုံးဖြစ်သည်။ အထူးသဖြင့် ရှောင်ယွိနှင့်ပတ်သက်သည့် ဉာဏ်အလင်းပွင့်ခြင်းဖြစ်လျှင် ပိုမိုအဆင်ပြေနိုင်သည်။
ထိုသို့ဆိုလျှင် သူ၏ ကိုယ်ပိုင်တာအိုလမ်းကြောင်း လုံးဝပြီးပြည့်စုံပြီး တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်၏။
လောလောဆယ်မှာတော့ တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ကို ဦးစွာတက်လှမ်းရပေမည်။ သို့ပေသိ အဆင့်တက်ခြင်းက အလွန်လျှင်မြန်မည်ဖြစ်ပြီး တာ့လော်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ တစ်ဆက်တည်း တက်ရောက်သွားနိုင်မည် ဖြစ်သည်။
ဖန်ဆင်းခြင်းသစ်ပင်မှရရှိသည့် တာအိုစွမ်းအားနှင့် သေရည်ဆိုင်မှ တာအိုသစ်သီးတို့ကို ပေါင်းစပ်ကာ သူ့ဘဝတွင် မကြုံစဖူး ပြီးပြည့်စုံသည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
သာမန်ကျင့်ကြံသူတစ်ယောက်သာ ဤအရာများကို ရရှိခဲ့ပါက ကျန်းလန်ကဲ့သို့ တူညီသည့်သက်ရောက်မှု ရရှိမည် မဟုတ်ပေ။ ထို့ပြင် စနစ်မှရရှိသည့် ဖန်ဆင်းခြင်းသစ်ပင်၏အမြုတေကိုလည်း သူ့ခန္ဓာကိုယ်က စုပ်ယူထားပြီး အရေးပါသည့်ကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်သည်။
တံခါးပိတ်ကျင့်ကြံခြင်း စတင်ပြီးနောက် ကျန်းလန် အခြားသောအကြောင်းအရာများကို မစဉ်းစားတော့ပေ။ နေ့လည်ခင်းများတွင်လည်း အပြင်သို့ မထွက်တော့ပေ။ အလွန်အရေးကြီးသည့် အခိုက်အတန့်ရောက်ရှိနေပြီ ဖြစ်လေရာ တစ်ဆက်တည်းကျင့်ကြံသွားရန် လိုအပ်လေ၏။
ထိုသို့ဖြင့်…
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားလေသည်။
ကျန်းလန်၏ ရွှေခန္ဓာက တဖြည်းဖြည်းပိုမိုသိပ်သည်းလာပြီး သူ၏တန်ခိုးစွမ်းအားများသည်လည်း ပြည့်လျှံလာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တန်ခိုးစွမ်းအားများဖြင့် ဖုံးလွှမ်းထားသည်။
တံခါးပိတ်ကျင့်ကြံခြင်း (၅)နှစ်တာကာလအတွင်း ကျန်းလန်၏ ခန္ဓာကိုယ်ထက်တွင် အလင်းရောင်အသစ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအလင်းရောင်အသစ်က အလင်းရောင်အဟောင်းကို ဖုံးလွှမ်းသွားသည်။ ဤသည်က တာ့လော်အင်မော်တယ် ၊ နောက်ဆုံးအဆင့်သို့ တက်ရောက်ခြင်း အောင်မြင်သွားသည့် လက္ခဏာ ဖြစ်သည်။
သို့သော် ကျန်းလန် နိုးထလာခြင်းမရှိသလို ရွှေခန္ဓာစွမ်းအားများနှင့် တာအိုစွမ်းအားများသည်လည်း လှည့်ပတ်နေခြင်း မရပ်တန့်သွားခဲ့ပေ။
ဤသည်က အစပိုင်းမျှသာရှိသေးသည်။ ယခု ကျန်းလန်၏ ဦးတည်ချက်က တာ့လော်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့် ဖြစ်သည်။
ခရီးစဉ်မှရရှိခဲ့သည့်အကျိုးအမြတ်များက တာ့လော်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်သို့ တက်ရောက်ရန် လုံလောက်သည်ဟု ခံစားရသည်။
ဆရာဖြစ်သူနှင့် ခရီးထွက်ခဲ့ခြင်း၏ အကျိုးကျေးဇူးသာလျှင် ဖြစ်ပေ၏။
***
ကျန်းလန် တစ်ယောက်တည်း ကျင့်ကြံနေသည်။
နေနှင်လ တစ်လှည့်စီလည်ပတ်ရင်း ကြယ်စင်များ စီးဆင်းသွားကာ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။
အချိန် (၁၀)နှစ်ခန့် ကြာပြီးနောက် ရှောင်ယွိ နဝမတောင်ထွတ်သို့ ရောက်လာသည်။
သို့သော် ခြံဝင်းထဲတွင် ကျန်းလန်ကို မတွေ့ရပေ။ သူမက အလျင်စလိုမရှိဘဲ ခြံဝင်းနဲ့ အိမ်တစ်ခုလုံးကို သန့်ရှင်းရေးလုပ်လိုက်သည်။ ထို့နောက် (၃)ရက်ခန့် နေထိုင်ပြီး နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်သည်။
(၇)ရက်မြောက်နေ့တွင်တော့ သူမ ကျောက်စိမ်းရေကန်သို့ ပြန်သွားလေသည်။ ရှောင်ယွိ မရှိတော့သည့်အခါ ခြံဝင်းသည် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။
လေနှင့်မိုးများရွာသွန်းဖြိုးကာ နှင်းများကျဆင်းသည့်ရာသီကို ဖြတ်ကျော်သွားပြန်သည်။
နောက်ထပ် အချိန် (၅)နှစ် ကြာမြင့်ခဲ့လေပြီ။
ရှောင်ယွိ ခြံဝင်းဆီသို့ ထပ်မံရောက်ရှိလာပြန်သည်။
သို့ပေသိ သူမက ကျန်းလန်ကို ရှာဖွေခြင်းမပြုဘဲ အင်္ကျီလက်များကို အသာပင့်တင်ကာ ပန်းပင်များကို စတင်ပေါင်းသင်ပေးသည်။ ထို့နောက် ခြံဝင်းနှင့် အိမ်တစ်ခုလုံး သန့်ရှင်းရေးလုပ်သည်။
အလုပ်များပြီးစီးသွားသည့်အခါ စားပွဲထက်တွင် ငြိမ်ငြိမ်လေးထိုင်ရင်း ကျန်းလန်ကို စောင့်မျှော်နေလေသည်။
ညဘက်တွင် သူမတို့ (၂)ယောက်၏ အခန်းထဲသို့ ဝင်ရောက်အိမ်စက်ပြီး နေ့ဘက်တွင်တော့ ပန်းပင်လေးများကို ရေလောင်းပေးသည်။
ဝိညာဉ်ဆေးရည်များလောင်းချပေးရန် သားရဲဥလေးနှင့် ရေသဖန်းပင်လေး မရှိသည့်အတွက် သူမ သတိရစိတ်ဖြင့် သက်ပြင်းချမိသည်။
အချိန် (၅)ရက်ခန့် ကြာပြီးသည့်နောက် ရှောင်ယွိ ခြံဝင်းထဲမှထွက်လာပြီး တောင်ခြေသို့သွားခဲ့သည်။
ယနေ့ အစီအရင်ပညာကို လေ့လာရန် ပဉ္စမတောင်ထွတ်မ ဂိုဏ်းတူညီမလေး (၃)ယောက် ပြန်လာကြမည်ဟု ဆရာဖြစ်သူက သူမကို ပြောပြထားသည်။
သူမ တတိယတောင်ထွတ်တွင် ဆရာဖြစ်သူနှင့် သွားရောက်တွေ့ဆုံစဉ်က ပြောလိုက်ခြင်းဖြစ်သည်။ ထိုစကားကို အမှာပါးသူမှာ ဆရာဒေါ်လေးမြောင်ယွဲ့ ဖြစ်၏။
ကျန်းလန်က တံခါးပိတ်ကျင့်ကြံနေသည့်အတွက် သူမက ကျန်းလန်ကိုယ်စား နဝမတောင်ထွတ်၏ကိစ္စများကို ကူညီပေးရမည် ဖြစ်သည်။
မကြာမီ ဂိုဏ်းတူညီမငယ် (၃)ယောက် ရောက်ရှိလာကြသည်။
"ဂိုဏ်းတူအစ်မ"
သုံးယောက်သာ ရှောင်ယွိကို လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။
ရှောင်ယွိက သူတို့ (၃)ယောက်ကို လမ်းပြရင်း...
"သွားကြရအောင် ၊ မင်းတို့ (၃)ယောက် အစီအရင်ပညာ လေ့လာရမယ့်နေရာကို ငါ လိုက်ပို့ပေးမယ် ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက တံခါးပိတ်ကျင့်ကြံနေတာမို့ မင်းတို့ မေးခွန်းမေးစရာရှိရင်တော့ မေးမြန်းနိုင်မှာ မဟုတ်ဘူး"
ဟန်ချီက...
"ကျွန်မတို့ ဘာမှတော့ မေးစရာ မရှိပါဘူး ၊ ဒီအတိုင်းအစီအရင်တွေကိုပဲလေ့လာချင်တာပါ ၊ မေးစရာရှိရင် သူ့ကိုတိုက်ရိုက်မေးနိုင်တယ်လို့လည်း ဆရာက မှာထားပါတယ်"
ရှောင်ယွိ ကခေါင်းညိတ်လိုက်သည်။ ဤသည်လည်း ကောင်းသည်ပင်။
မိန်းကလေး (၃)ယောက်သည် နဝမတောင်ထွတ်တွင် ရက်အတန်ကြအောင် နေထိုင်ပြီးနောက် ပြန်သွားခဲ့သည်။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားပြီး နောက်ထပ် (၃) နှစ်မှ (၅)နှစ်အထိ အချိန်ကြာသွားခဲ့သည်။
မရဏဂူထဲမှ ကျန်းလန်သည်လည်း ကျင့်ကြံခြင်းအဆင့် တက်သွားပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ထက်တွင် ထွက်ပေါ်နေသည့် အလင်းရောင်မှာ အလင်းတန်းများအဖြစ် ပွင့်လန်းထွက်ပေါ်လာသည်။
အလင်းရောင်အဟောင်းက မှေးမှိန်သွားပြီး အလင်းတန်းအသစ်များက အရာအားလုံးကို ဖုံးအုပ်ဖြတ်ကျော်သွားရန် ကြိုးစားနေသည်။ တန်ခိုးစွမ်းအား အသစ်တစ်ခု ထွက်ပေါ်လာသော်လည်း အပြည့်အ၀ ပေါ်ထွက်လာခြင်း မရှိသေးပေ။
အလင်းတန်းများသည် အရာအားလုံးကို ထိုးဖောက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို တောက်ပစေသည်။ ကျန်းလန်၏ ခန္ဒာကိုယ်တွင်လည်း ပြောင်းလဲမှုများ အဆက်မပြတ်ဖြစ်ပေါ်လျှက် ရှိသည်။
အချိန်များစွာ ကြာမြင့်ပြီးသည့်နောက် မရဏဂူတစ်ခုလုံး ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။ကျန်းလန်သည်လည်း တင်ပျဉ်ခွေထိုင်ရက်ဖြင့် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
သူ၏တည်ရှိမှုက ဤနေရာကို အလင်းပေးနေသည့်အလား ထင်မှတ်ရသည်။
သူသာ ယခုအချိန် ပြင်ပလောကသို့ ထွက်ခွာလာမည်ဆိုလျှင် တောက်ပသည့်နေရောင်ခြည်အဖြစ်သာ တွေ့မြင်နိုုင်မည် ဖြစ်သည်။ သူက အလင်းရောင်ဖြစ်သည်။ အလင်းရောင်က သူ့ကြောင့် တည်ရှိနေခြင်း ဖြစ်သည်။
ထိုခဏတွင် ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ တစ်ချန်တည်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း ပြန်လည်မှေးမှိန်သွားသည်။
အလင်းရောင်များ ပျောက်ကွယ်သွားသည်နှင့် တာအိုတရားသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျန်းလန် သူ၏လက်များကို ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။
"တာ့လော်အင်မော်တယ်အဆင့် အောင်မြင်သွားပြီ"
ဟုတ်ပေသည်။
ယနေ့ ကျန်းလန် တာ့လော်အင်မော်တယ်အဆင့် အောင်မြင်သွားပြီ ဖြစ်သည်။
တာ့လော်အင်မော်တယ် အလယ်ဆင့်မှ တာ့လော်အင်မော်တယ် အောင်မြင်သည့်အဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်း (၃၀) အချိန်ယူခဲ့ရသည်။
ယခင်က သူရရှိထားသည့် ကောင်းချီးလက်ဆောင်များ ၊ အကျိုးအမြတ်များအားလုံးသည်လည်း ကြေညက်သွားပြီ ဖြစ်သည်။ ယခုထက်ပိုပြီး အဆင့်မြင့်တက်ချင်သည်ဆိုလျှင်တော့ အချိန်ကြာမြင့်စွာ ထပ်မံကျင့်ကြံရန် လိုအပ်သည်။
ပုံမှန်အတိုင်းဆိုလျှင် နှစ်ပေါင်း (၁၀၀) နီးပါး အချိန်ယူရမည် ဖြစ်သည်။
သူ ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ အနှစ် (၇၃၀) ရှိခဲ့ပြီဖြစ်ပြီး တာ့လော်အင်မော်တယ်အဆင့် အောင်မြင်ခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်း (၈၀၀) မပြည့်မီ တာ့အိုအင်မော်တယ် ဖြစ်လာနိုင်ပေသည်။
တာ့လော်အင်မော်တယ် ၊ အောင်မြင်သည့်အဆင့်နှင့် ရင်းနှီးကျွမ်းဝင် အောင် ရက်အနည်းငယ် ထပ်မံကျင့်ကြံပြီးနောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကိုယူကာ မရဏဂူထဲမှ ထွက်လာခဲ့သည်။
သူကျင့်ကြံနေသည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်လေရာ ရှောင်ယွိတော့ သူ့ကိုမျှော်နေလောက်ပေပြီ။
ခြံဝင်းအပြင်ဘက်ရောက်ရှိလာသည်နှင့်…
ပန်းခင်းထဲတွင် ပေါင်းပင်များနှုတ်နေသည့် လှပသည့်မိန်းမပျိုးလေးတစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။ သူမသည် မြက်ပင်များနှင့်ရောပြီး ပန်းပင်တစ်ပင်ကိုပါ ဆွဲနှုတ်လိုက်သည်။
ထို့နောက် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မည်သူမှ မရှိကြောင်းသေချာတော့မှ ပန်းပင်ကို ပြန်စိုက်ရန် ဟန်ပြင်လိုက်သည်။
သို့သော် ခြံဝင်းအဝင်ဝတွင် သူမကို ငေးစိုက်ကြည့်နေသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည့်အခါ ချက်ချင်းပင် ပန်းပင်လေးကို သူမ နောက်ဘက်တွင် ဝှက်ထားလိုက်သည်။
"ဟဲဟဲ ဂိုဏ်းတူမောင်လေး ၊ နောက်တစ်ခေါက် တံခါးပိတ်ကျင့်ကြံဖို့ ပြန်တော့လေ"
ကျန်းလန် : "......"
"ကိုယ်က မိန်းမရေလို့ နှုတ်ဆက်ချင်လွန်းလို့ ထွက်လာတာကို..."
ကျန်းလန်စကားမဆုံးခင်မှာပင် ရှောင်ယွိက သူ့ရှေ့သို့ ပြေးလွှားရောက်ရှိလာပြီး အသံစူးစူးလေးဖြင့် ခေါ်လိုက်တော့သည်။
"ယောကျ်ားရေ"
"ဗျ… မိန်းမရေ"
"ကိုကိုရေ"
"ရှင်မရေ"
"ဂိုဏ်းတူမောင်လေး"
"ဂိုဏ်းတူအစ်မ"
***