အခန်း (၂၂၆-၂၃၀)
Vol. 10 Ch. 226-230
အပိုင်း (၂၂၆) သားရဲဝိဉာဉ်သိုင်းပညာရပ်-ကျားဖြူစည်းတံဆိပ်နှင့် နွားသိုးစည်းတံဆိပ်တောင်ကြားအလယ်ဗဟိုတွင် အပေါက်ကြီးတစ်ပေါက် ရှိနေခဲ့သည်။ ထိုအပေါက်က သွေးလုံးနှစ်လုံးကိုရှာရင်း ရန်ကိုင်တူးခဲ့တဲ့အပေါက်ဖြစ်ပေသည်။ ဒါပေမယ့် အချိန်တွေကြာသွားတာနဲ့အမျှ သဲနဲ့ဖုန်တွေက
ထိုအပေါက်ကို ပြန်ဖြည့်သွားခဲ့ပြီး ခြေရာတစ်ခုစာလောက်သာ ရှိပေတော့သည။ အခုအချိန်မှာတော့ ထူထဲလှတဲ့ ဝိဉာဉ်ချီတွေက မြန်ဆန်စွာဖြင့် ထိုအပေါက်ကို ဝန်းရံနေခဲ့သည်။ ဒါပေမယ့် တစ်ယောက်ယောက်သာသေချာကြည့်မယ်ဆိုရင် ဝိဉာဉ်ချီစွမ်းအင်က အပိုင်းနှစ်ပိုင်းဖြစ်နေတာကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပေသည်။
ပုံရိပ်ယောင် ပုံရိပ်နှစ်ခုက ပြင်းထန်ကြမ်းတမ်းတဲ့ တိုက်ပွဲကိုဆင်နွှဲနေခဲ့လေသည်။
ထိုဝိဉာဉ်ချီစွမ်းအင်ပုံစံနှစ်ခုကြားက တိုက်ပွဲက ဘယ်တော့မှအဆုံးမသတ်တော့မယ့်အလား တစ်ဖက်နှင့်
တစ်ဖက် လက်ရည်တူနေခဲ့သည်။ တစ်ရက်ကြာပြီးနောက် ထိုဝိဉာဉ်ချီပုံစံ ပုံရိပ်နှစ်ခုက အပေါက်အလယ်ထဲကို
ရုတ်တရက်ပြေးဝင်သွားခဲ့ပြီး ကမ္ဘာလောကြီးထဲကနေ ပျောက်ကွယ်သွားခဲ့သည်။ ထူထဲလှတဲ့ မီးခိုးရောင်
လေထုကလည်း တဖြည်းဖြည်းကြည်လင်လာခဲ့ပြီး ကောင်ကင်နှင့်မြေပြင်ကြားက လေဟာနယ်ကလည်း
မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
အချိန်တော်တော်ကြာပြီးနောက် ဘုန်းဆိုတဲ့ အသံအကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ပေါ် ပျံတက်သွားတဲ့ သိမ်းငှက်တစ်ကောင်အလား အပေါက်ထဲကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး မြေကြီးပေါ်ဖြေးဖြေးချင်း ဆင်းသက်လာခဲ့လေသည်။ အသက်ပြင်းပြင်းမရှုခင် ဖုန်အရင်ခါလိုက်ပြီး ထိုလူက ထိုနေရာမှာပဲ
တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့သည်။
သူ့မျက်ခုံးနှစ်ခုက ပူးကပ်နေခဲ့ပြီး လေးလေးနက်နက် တွေးတော
နေပုံရပေသည်။ရန်ကိုင်နောက်ဆုံး ထွက်လာခဲ့ပြီဖြစ်သည်။
မိစ္ဆာသားရဲနှစ်ကောင်ကြားက မကျေနပ်ချက်တွေက သေသွားသည့်တိုင်အောင် ဆက်လက်ကျန်ရှိနေခဲ့သည်။
သေဆုံးပြီးတာတောင် သူတို့ကြားက တိုက်ပွဲက ဆက်လက်တည်ရှိနေခဲ့သည်။ သေခြင်းတရားကို
ရှောင်လွှဲ့မရဘူးဆိုတာ သူတို့နှစ်ကောင်စလုံးနားလည်ပေသည်။
သို့ပေမယ့် သူတို့ရဲ့ကိုယ်ပိုင် ကြီးကျယ်
မြင့်မြတ်မှုနဲ့ ဂုဏ်သိက္ခာအတွက် ဆက်လက်တိုက်ခိုက်သွားခဲ့သည်။ အခုအချိန်မတိုင်ခင်အထိ မိစ္ဆာသားရဲတွေက ပြိုင်ဘက်ကင်းတဲ့ အထွတ်အထိပ် လူသားကျင့်ကြံသူတွေလို သွေးရဲလိမ့်မယ်လို့ မထင်ထားခဲ့ချေ။
သူတို့နှစ်ကောင်ကြားက တိုက်ပွဲက ပွဲကြည့်ပရိတ်သတ်ဖြစ်တဲ့ ရန်ကိုင်သွေးတွေကိုတောင် ဆူပွက်လာစေခဲ့လေသည်။
ထို့ပြင် မိစ္ဆာသားရဲနှစ်ကောင် ပျောက်ကွယ်သွားခဲ့ပေမယ့် တစ်ခုခုက သူ့ခန္ဓာကိုယ်ထဲ ပေါင်းစည်းလာတယ်လို့ ရေးတေးတေးလေး ခံစားမိနေခဲ့သည်။ မိစ္ဆာသားရဲနှစ်ကောင် အသက်ရှင်နေတုန်းက သူတို့ကြားကအနိုင်ရသူကို မဆုံးဖြတ်နိုင်ချေ။
သူတို့သေဆုံးသွားပြီးတဲ့အချိန်မှာတော့ ရန်ကိုင်အကူအညီနဲ့
နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်နိုင်ခဲ့ပြီး သူတို့ရဲ့တောင့်တနေခဲ့ရတဲ့ ဆန္ဒကို လုပ်ဆောင်သွားနိုင်ခဲ့သည်။
ဖြစ်နိုင်တာ ထိုမိစ္ဆာသားရဲနှစ်ကောင်က လက်ဆောင်အဖြစ် သူ့ကိုယ်ထဲတစ်ခုခု ချန်ထားခဲ့ပုံရပေသည်။သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ငုံ့ကြည့်လိုက်ပြီး မလိုအပ်တဲ့အတွေးတွေကို ဘေးဖယ်ထားလိုက်ကာသူ့ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေကို ပုံစံတစ်ခုနဲ့ လှည့်ပတ်လိုက်သည်။
တစ်ခဏကြာပြီးနောက် သားရဲဟိန်းသံအကျယ်ကြီး ထွက်ပေါ်လာခဲ့ပြီး သူ့လက်ဝါးကို အရှေ့ကို
ဆန့်ထုတ်လိုက်တဲ့အချိန် နီရဲတောက်နေတဲ့ ပုံရိပ်တ်ခုက လေနှင့်အတူ ရုတ်တရက် ပျံသန်းထွက်ပေါ်လာခဲ့လေသည်။ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားတဲ့ ကြမ်းရမ်းပြီး အသက်ဝင်ပုံရတဲ့ ကျားတစ်ကောင်ထွက်ပေါ်လာခဲ့ပြီး ကျားဟိန်းသံတစ်သံက ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့သည်။
နောက်ထပ်လက်ဝါးတစ်ဖက်ကို ရှေ့ကိုဆန့်ထုတ်လိုက်တဲ့အချိန် အားကောင်းကြီး ကြီးကျယ်ခမ်းနားတဲ့နွားသိုးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။ ဟိန်းဟောက်နေခဲ့ပြီး မြေပြင်တစ်ခုလုံးကို သူ့ခွာအောက်ဝယ်နင်းခြေနေခဲ့သည်။ ထိုနွားသိုးဆီကနေ ထုတ်လွှတ်နေတဲ့ ဖိအားက ကဆုတ်ဆိုင်းလာတဲ့ စစ်မြင်းတစ်ထောင်ကဆီက ထွက်ပေါ်လာတဲ့ ဖိအားနှင့်တူညီနေခဲ့ပြီး ပတ်ပတ်လည်းတစ်ခုလုံးကို ဖိနှိပ်ထားခဲ့သည်။
ကောင်းကင်ကျားဖြူနဲ့မြေကမ္ဘာတော်ဝင်နွားသိုးလား…၊ ဒါပေမယ့် ထိုအချိန်တွင် ရန်ကိုင်၏ချီစွမ်းအင်ဖြင့်ဖန်တီးထားတဲ့ ကောင်းကင်ကျားဖြူနှင့် မြေကမ္ဘာတော်ဝင်နွားသိုး ပုံရိပ်နှစ်ခုလုံးက ရဲရဲနီနေခဲ့ပြီးပိုပြီး ရက်စက်ကြမ်းကြုတ်မယ့် ပုံစံပေါက်နေခဲ့လေသည်။ ပုံရိပ်နှစ်ခုက မီတာထောင်ပေါင်းများစွာဆီ
ပြေးထွက်သွားခဲ့ပြီး လေနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ရန်ကိုင်လည်း ထိုတစ်ခဏတာ စတင်ပြီး အော်ဟစ်ရယ်မော့တော့လေသည်။ သူရရှိခဲ့တဲ့ အကျိုးအမြတ်နှင့် ပက်သက်ပြီးတော်တော်လေးကျေနပ်နေတော့လေသည်။
ထိုအရာကို သိုင်းပညာရပ်တစ်ခုအဖြစ် သတ်မှတ်လို့ရပေသည်။
ခြားနားတာတစ်ခုက သူတို့ရဲ့မူလပုံစံကသားရဲနှစ်ကောင် ဖြစ်နေခြင်းဖြစ်သည်။ ထိုသိုင်းပညာရပ်ကို သားရဲဝိဉာဉ် သိုင်းပညာရပ်တစ်ခုအဖြစ်သတ်မှတ်လို့ရပေသည်။ ကမ္ဘာပေါ်တွင် သိုင်းပညာရပ်တွေ များစွာရှိပေသည်။ မိစ္ဆာသားရဲတွေကို တုပပြီးဖန်တီးသိုင်းပညာရပ်တွေလည်း အများကြီးရှိပေသည်။ ယင်ကိုးးသွယ်တောင်ကြားကို သူသွားတဲ့
အချိန်တုန်းက သွေးတိုက်ပွဲဂိုဏ်းက ဝမ်ဖေးချန်က ထိုကဲ့သို့သိုင်းပညာရပ်တစ်ခု အသုံးပြုတာကို
သူမြင်တွေ့ခဲ့ဖူးပေသည်။
ဒါပေမယ့် သူဖန်တီးခဲ့တဲ့ ကျားကပုံရိပ်တစ်ခုသာ ဖြစ်ပြီး တစ်ခုခုလိုနေခဲ့ကာပြီးပြည့်စုံမနေခဲ့ချေ။ ထိုသိုင်းပညာရပ်က ရန်ကိုင်သုံးလိုက်တဲ့ သားရဲဝိဉာဉ်သိုင်းပညာရပ်ကို
မယှဉ်နိုင်ချေ။
ကောင်းကင်ကျားဖြူဖြစ်ဖြစ်၊ မြေကမ္ဘာတော်ဝင်နွားသိုးဖြစ်ဖြစ်၊ ရန်ကိုင်ဖန်တီးလိုက်တဲ့ နှစ်ကောင်စလုံးက
မူလမိစ္ဆာသားရဲနှစ်ကောင်၏ အစစ်အမှန်ခန္ဓာကိုယ်နှင့် ကွာခြားခြင်းမရှိချေ။ သူဖန်တီးလိုက်တဲ့ ပုံစံတွင်
မိစ္ဆာသားရဲနှစ်ကောင်၏ မူလဟန်ပန်အမူအရာတွေ ပါဝင်နေခဲ့လေသည်။ ထိုသားရဲဝိဉာဉ်သိုင်းပညာရပ်နှင့်
ဆိုရင် ရန်ကိုင်၏တိုက်ပွဲစွမ်းရည်က တော်တော်လေး မြင့်တက်သွားမှာပဲဖြစ်ပေသည်။
ရန်ကိုင်လည်းထိုသားရဲဝိဉာဉ်သိုင်းပညာရပ်ကို ကျားဖြူစည်းတံဆိပ်နှင့်တော်ဝင်နွားသိုးစည်းတံဆိပ်ဆိုပြီး
နာမည်ပေးလိုက်လေသည်။
သူ့ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်တဲ့အချိန်တွင် ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်မိသည်။သူတူးခဲ့တဲ့ အပေါက်ဆိုရင် အခုဆိုဖုန်တွေ၊သဲတွေနဲ့ ပြည့်နေခဲ့ပြီဖြစ်သည်။ သူဖြုန်းခဲ့တဲ့အချိန်ကနည်းမည့်ပုံမပေါက်ချေ။ ‘‘ နတ်ဆိုးအိုကြီး၊ ဘယ်လောက်ကြာသွားပြီလဲ ’’ ရန်ကိုင်က စိုးရိမ်နေတဲ့
အသံနဲ့မေးလိုက်လေသည်။ ‘‘ နှစ်ဝက်ရှိသွားပါပြီ သခင်လေး ’’
ထိုစကားကိုကြားလိုက်တာနဲ့ရန်ကိုင်လည်း အသက်ပြင်းပြင်းတစ်ရှုရှိုက်လိုက်သည်။ သူ့ဝမ်းဗိုက်က တဂွီဂွီမြည်နေတာလည်းအံ့သြစရာမရှီတော့ချေ။ သူသာအဲ့လောက် အချိန်မဖြုန်းခဲ့ရင် သူ့ကျင့်ကြံခြင်းအဆင့်နဲ့ဆို အခုလို
ဆာလောင်စရာအကြောင်းမရှိချေ။
ဒါပေမယ့် အခုအချိန်က အစာရှာရမယ့် အချိန်မဟုတ်ချေ။ သူ့ကိုယ်ပေါ်မှာ ကပ်ပေနေတဲ့ ဖုန်တွေကိုခါလိုက်ပြီး ချက်ချင်းထိုင်ချလိုက်ကာ လွန်ခဲ့တဲ့ခြောက်လအတွင်း သွေးလုံးနှစ်လုံးဆီနေရခဲ့တဲ့ အသိဉာဏ်အသစ်တွေကို ပြန်လည်ဆင်ခြင်နေလိုက်သည်။ အချိန်တော်တော်ကြာပြီးနောက်
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့ပြီး ‘‘ နတ်ဆိုးအိုကြီး၊ ခင်ဗျားကို လှည့်ကွက်သေးသေလေးျပပါရေစ ’’
‘‘ လှည့်ကွက်သေးသေးလေးလား ’’ နတ်ဆိုးအိုကြီးလည်း ခေါင်းရှုပ်ရှုပ်နဲ့ ထိုစကားလုံးတွေကိုထပ်ခါထပ်ခါ ရွတ်နေလိုက်သည်။ ရန်ကိုင်က ရယ်မောလိုက်ပြီး ပြန်တော့မဖြေခဲ့ချေ။ အဲ့ဒီအစား သူ့စိတ်ကိုအာရုံစိုက်လိုက်ပြီး ဒန်တန်ထဲက ယန်အရည်စက်တွေကို ဖောက်ခွဲလိုက်လေသည်။
နေ့တစ်ဝက်လောက်ကြာပြီးနောက် ပတ်ပတ်လည်လေထုတစ်ခုလုံး ရုတ်တရက် ပရမ်းပတာဖြစ်သွားခဲ့ပြီး ရန်ကိုင်ခန္ဓာကိုယ်လည်း
အနည်းငယ်တုန်ခါသွားခဲ့ကာ ချီသန့်စင်ခြင်းအဆင့်၆ကို သူချိုးဖျက်သွားခဲ့သည်။ နတ်ဆိုးအိုကြီးလည်း
ကြောင်အသွားခဲ့သည်။
သူဘယ်လိုလုပ်လိုက်တာလဲနှစ်ဝက်တုန်းက သွေးလုံးတွေထဲကို စွမ်းအင်တွေကို သူစုပ်ယူခဲ့ပေမယ့်အစောပိုင်းအချိန်ထိ အဆင့်တက်မယ့် အရိပ်အယောင်မပြချေ။ ဒါပေမယ့်
အခုအချိန်မှာတော့ နေ့တစ်ဝက်
လောက် တင်ပလင်ခွေထိုင်ပြီးတဲ့အချိန်မှာတော့ အဆင့်သေးတစ်ဆင့်ချိုးဖျက်သွားခဲ့သည်။ ထို့ပြင်
သူ့ရဲ့လျှို့ဝှက်နည်းစနစ်ကို မလှည့်ပတ်သလို မည်သည့်ချီစွမ်းအင်ကိုမှ မစုပ်ယူခဲ့ချေ။ တစ်နည်းဆိုရသော်
သူ့ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်က နည်းနည်းလေးမှ မတိုးတက်လာခဲ့ချေ။
သူဘယ်လိုလုပ်ပြီး နောက်တစ်ဆင့်ချိုးဖျက်သွားနိုင်ခဲ့တာလဲ နတ်ဆိုးအိုကြီး ခေါင်းရှုပ်သွားခဲ့သည်။
သိချင်စိတ်ပြင်းပြနေပေမယ့် ရန်ကိုင်က မျက်လုံးပိတ်ထားသေးတဲ့အတွက် သူ့သိချင်စိတ်ကို
ဖိနှိပ်ထားရုံသာ တတ်နိုင်လေသည်။ နောက်ထပ်နေ့တစ်ဝက်လောက် ကြာပြီးတဲ့အချိန်မှာတော့ချီသန့်စင်ခြင်းအဆင့်ရကို ရန်ကိုင်ထပ်မံချိုးဖျက်သွားခဲ့ပြန်လေသည်။
နတ်ဆိုးအိုကြီး၏ အတွေးတွေ လုံးဝရပ်တန့်သွားခဲ့ရတော့သည်။ ရန်ကိုင်အဆင့်ချိုးဖျက်မှုကတော်တော်လေး
ထူးဆန်းပေပြီး နတ်ဆိုးအိုကြီး တွေးတောနိုင်တာထက် အလွန်မှာရှိနေခဲ့၏။ နောက်ဆုံး သေချာစမ်းသပ်
စစ်ဆေးမှုပြုလုပ်ပြီးတော့မှပဲ သဲလွန်စအနည်းငယ်ရခဲ့သည်။ နတ်ဆိုးအိုကြီးတွေ့ရှိခဲ့တာ ရန်ကိုင်ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်ပမာဏလုံးဝ မတိုးလာခဲ့ပေမယ့် သန့်စင်မှုကတော့ အဆပေါင်းများစွာတိုးတက်လာခဲ့သည်။ ထိုပြောင်းလဲမှုက ရန်ကိုင်၏အဆင့်ချိုးဖျက်ခြင်းကို ဦးတည်သွားခဲ့လေသည်။
အဲ့ဒါဖြစ်နိုင်လို့လားနတ်ဆိုးအိုကြီး နောက်တစ်ကြိမ် ထိတ်လန့်သွားရပြန်လေသည်။
ချီပြောင်းလဲခြင်းအဆင့်ရကို ချိုးဖျက်ပြီးနောက် ရန်ကိုင်ကသူ့မျက်လုံးကို ဖြေးဖြေးချင်းဖွင့်လိုက်လေသည်။
သူ့ဒန်တန်ထဲရှိ ယန်အရည်စက်ပမာဏက သုံးပုံတစ်ပုံလောက် လျော့ကျသွားခဲ့ပေသည်။ စုပေါင်းစွမ်းအင်ပမာဏကလည်း ပြောင်းလဲသွားခြင်းမရှိခဲ့ချေ။ တစ်စက်စီတိုင်းမှာ ပါဝင်တဲ့ သန့်စင်မှုကတော့အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။ ချီသန့်စင်ခြင်းအဆင့်ရက သူ့ရဲ့အကန့်အသတ် ဖြစ်ပေသည်။
နောက်ထပ်ဆက်ပြီး ဖိနှိပ်သန့်စင်ဖို့ သူမလုပ်နိုင်တော့ချေ။
‘‘ သခင်လေးရဲ့ လှည့်ကွက်က တကယ်ကို လေးစားဖွယ်ကောင်းပါတယ်။ ဒီနတ်ဆိုးအိုကြီးတောင်
တော်တော်လေး အကျိုးအမြတ် ရသွားခဲ့တယ် ’’ ရန်ကိုင်မျက်လုံးဖွင့်လာတာကို နတ်ဆိုးအိုကြီး တွေ့လိုက်တဲ့အချိန် ချက်ချင်းပဲ ဆီးကြို ချီမွမ်းစကာပြောတော့လေသည်။ သူ့စကားထဲ မြှောက်ပင့်ပြောဆိုတဲ့စကားလုံးတွေ ပါဝင်နေပေမယ့် သူလေစားတာကတော့ တကယ့်အစစ်အမှန်ပြင်ဖြစ်သည်။
ရန်ကိုင်လည်းပြုံးဖြီးဖြီးလုပ်နေလိုက်သည်။
အခု သိုင်းပညာရပ်အသစ်တစ်ခုကို သူရခဲ့တဲ့အတွက် စပ်သပ်ဖို့အတွက ်သူ့လက်တွေယားနေခဲ့ပြီဖြစ်သည်။
တောင်ကြားထဲမှာ အချိန်အတော်ကြာ ရှာဖွေပြီးနောက် အဆင့်၅မိစ္ဆာသားရဲတစ်ကောင်ကို သူတွေ့လိုက်ရသည်။ သားရဲဝိဉာဉ် သိုင်းပညာရပ်ကို ထုတ်လွှတ်လိုက်တာနဲ့ နွားသို့နှင့်ကျားပုံရိပ်နှစ်ခု
ထွက်ပေါ်လာခဲ့ပြီး အဆင့်၅မိစ္ဆာသားရဲဆီပြေးဝင်သွားခဲ့သည်။
ပုံရိပ်နှစ်ခုက အဆင့်၅မိစ္ဆာသားရဲကို
အလျင်အမြန် ဖိနှိပ်လိုက်ပြီး တိုက်ခိုက်လို့မရအောင် လုပ်လိုက်သည်။ တစ်ခဏလောက်ကြာအောင်
စစ်ဆေးလိုက်ပြီးနောက် ရန်ကိုင်လည်း ရှေ့တက်သွားလိုက်ပြီး ခဏအကြာမှာပဲ သားရဲလည်း သေဆုံးသွားခဲ့ပြီး သွေးလုံးအဖြစ် ပြောင်းလဲသွားခဲ့သည်။
အဖြစ်အပျက်တစ်ခုလုံးက မြန်ဆန်ပြီး လွယ်ကူခဲ့သည်။ လွန်ခဲ့တဲ့နှစ်ဝက်တုန်းက အဆင့်၅မိစ္ဆာသားရဲကို
သူရှောင်ရှားခဲ့ရသည်။ ဒါပေမယ့် အခုအချိန်မှာတော့ အဆင့်၅သားရဲတွေတောင် သူ့အတွက်သိပ်ပြီး မသန်မာတော့ချေ။ သူရရှိလိုက်တဲ့ သွေးလုံးကကြီးလည်းမကြီးသလို သေးလည်းမသေးချေ။
သွေးလုံးကို သိမ်းဆည်းလိုက်ပြီး ဘယ်သူမှမရှိဘူးဆိုတာ သေချာမှာအောင် စစ်ဆေးကြည့်လိုက်ပြီးနောက်
ယန်မီးတောက်တောင်ပံတွေကို သုံးကာ ပျံသန်းလိုက်သည်။
ထိုချောက်ကမ်းပါးအမြင့်ကြီးကို တက်ဖို့ဆိုရင် အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတွေအတွက်တောင်
တော်တော်လေး အားစိုက်ထုတ်ရပေလိမ့်မည်။ ဒါပေမယ့် ယန်မီးတောက်တောင်ပံနဲ့ဆိုရင်တော့
တစ်မျိုးဖြစ်သွားခဲ့ပြီဖြစ်သည်။
နာရီဝက်လောက်ကြာပြီးနောက် တောင်ကြားထဲကနေ ရန်ကိုင်ထွက်လာနိုင်ခဲ့သည်။ နေ့တစ်ဝက်လောက် ကြာတဲ့အချိန်မှာတော့ ရန်ကိုင်က အသီးပင်တစ်ပင်ရှာနိုင်ခဲ့ပြီး
အသီးတွေကို ခူးစားလိုက်ကာ သစ်ပင်အရိပ်အောက်တွင် နားနေခဲ့သည်။ အသီးတွေကို ပျော်ရွှင်စွာဖြင့်
စားနေရင် နောက်ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားလိုက်သည်။
ဒီသီးခြားကမ္ဘာထဲကို သူဝင်ပြီးသိပ်မကြာခင်မှာပဲ နှစ်ဝက်လောက် ချောက်ကမ်းပါးထဲတွင် အချိန်ဖြုန်းနေခဲ့ရသည်။ အခုအပြင်ဘက်တွင် ဘာတွေဖြစ်နေလဲဆိုတာလည် သူမသိချေ။
ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်နှင့်ယန်မီးတောက်အရည်တို့ရှိသေးပေသည်။ ထိုပစ္စည်းနှစ်မျိုးကို သူစုဆောင်းနိုင်ခဲ့ရင် တော်တော်လေး
ကောင်းပေလိမ့်မည်။ ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်က သူ့အတွက်တော်တော်လေး အရေးပါပေသည်။
ယန်မီးတောက်အရည်ကတော့ မရရင်အောင် ဘာမှမဖြစ်ချေ။ ကံမကောင်းစွာဖြင့် ထိုအဖိုးတန်ရတနာနှစ်ခုမျိုးကို ဘယ်နေရာမှသွားရှာရလဲဆိုတာ သူမသိချေ။ သူတင်ပလင်ခွေထိုင်နေတုန်း ရန်ကိုင်ရုတ်တရက် ထခုန်လိုက်ပြီး သူ့ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
အဝေးတစ်နေရာကနေ အော်ဟစ်သံတွေ ကြားနေခဲ့ရပြီး တိုက်ပွဲဖြစ်နေသည့်ပုံပေါက်ပေသည်။မျက်ခုံးပင့်လိုက်ပြီး ကျန်တဲ့အသီးတွေကို သိုလှောင်အိတ်ထြ ထည့်ကာ လှုပ်ရှားမှုပညာရပ်ကိုအသက်သွင်းလိုက်ပြီး အသံထွက်ပေါ်ရာနေရာဆီ ပြေးသွားလိုက်သည်။ အပြင်ဘက်တွင် ဘယ်လိုအခြေအနေတွေ ရှိလဲဆိုတာ သူမေးမြန်းစူးစမ်းရပေဦးမည်။
လက်ဖက်ရည်တစ်ခွက်စာလောက် ကြာတဲ့အချိန်မှာတော့ ထိုတိုက်ပွဲဖြစ်နေတဲ့နေရာကို ရန်ကိုင်ရောက်
ရှိလာခဲ့သည်။ သစ်ပင်နောက်တွင် ပုန်းကွယ်နေလိုက်ရင်း အခြေအနေကို စူးစမ်းလိုက်သည်။ ဒါပေမယ့် သူမြင်လိုက်ရတာကြောင့် သူ့အမူအရာ အပြောင်းကြီး ပြောင်းလဲသွားခဲ့ရသည်။ ယောကျာ်းတစ်ယောက်နှင့်
မိန်းမတစ်ယောက် အတူပူးပေါင်းပြီး တိုက်ပွဲတစ်ခုဆင်နွှဲနေတာကို သူတွေ့လိုက်ရပေသည်။ ထိုနှစ်ယောက်ကလည်း သူနှင့်အတူ ဒီနေရာကိုဝင်လာတဲ့ လရောင်ပြန်ဂိုဏ်းက တပည့်နှစ်ယောက်ပဲ
ဖြစ်ပေသည်။
သူတို့နှစ်ယောက်ကို သားရဲဒါဇင်ကျော်လောက် ဝန်းရံထားခဲ့ပြီး အများစုကတော့ အဆင့်၄သားရဲတွေပင်ဖြစ်သည်။ အဆင့်၄သားရဲတွေကသာဆိုရင် သူတို့နှစ်ယောက် လွတ်မြောက်နိုင်သေးပေမယ့်အဆင့်၅သားရဲ သုံးကောင်ရှိနေခဲ့ပေသေးသည်။ ချန်ယွဲ့ရှုကိုယ်ပေါ်တွင် ဒဏ်ရာများစွာရှိနေခဲ့ပြီးသူဘယ်ဘက်ခြေထောက်တစ်ခုလုံး သွေးချင်းနီနေခဲ့သည်။ စုရှောင်းယုက အမောတကော
အသက်ရှုနေခဲ့ပြီး သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲနေခဲ့သည်။
ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့နှစ်ယောက်စလုံးက အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတွေဖြစ်ပြီး
အားမနည်းချေ။ ထိုသားရဲဝန်းရံတာခံရပေမယ့် အချိန်ခဏလေးသာဆိုရင် အခုလိုအန္တရာယ်များတဲ့
အခြေအေနေထဲကို ကျရောက်လိမ့်မည်မဟုတ်ချေ။ သို့ပေမယ့် သူတို့နှစ်ယောက်တိုက်ခိုက်နေတာအချိန်တော်တော် ကြာနေတဲ့ပုံပေါက်ပေသည်။
နှစ်ယောက်စလုံး မောပန်းနေခဲ့ပြီး သူတို့ခွန်အားကလည်း
တော်တော်လေး ကျဆင်းသွားခဲ့သည်။ နောက်ဆုံးမှာတော့ စုရှောင်းယုက မိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့အတွက် ဒီလောက်အချိန်အကြာကြီး မတိုက်ခိုက်နိုင်ချေ။ ချန်းယွဲ့ရှုက သူမကိုကာပေးနေလို့သာမဟုတ်ရင် ပြင်းပြင်းထန်ထန် ဒဏ်ရရသွားလောက်ပြီဖြစ်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၇) ချန်းယွဲ့ရှုနှင့်နောက်တစ်ကြိမ် တွေ့ဆုံခြင်း
သားရဲတွေတိုက်ခိုက်နေတဲ့ အခြားတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ရန်ကိုင်ထိုင်ကြည့်နေမှာ အသေအချာပင်
ဖြစ်သည်။ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကို ဘူးမသိဘားမသိ သွားကူညီတာ ရူးမိုက်တဲ့အလုပ်တစ်ခုဖြစ်၏။
အဲ့လိုလုပ်တာက ကိုယ့်ဆီကို ပြဿနာတွေ သယ်ဆောင်လာနိုင်ပေသည်။ ဒီနေရာတွင်ရှိနေတဲ့
ကျင့်ကြံသူတွေအားလုံးကို ဘဝအတွေ့အကြုံတွေကို ခံစားဖူးတဲ့သူတွေဖြစ်ပြီး အပြင်မှာထက်ကို
ပိုပြီးသတိကြီးကြပေသည်။ ဒါပေမယ့် အခုသူ့ရှေ့က လူနှစ်ယောက်က သူနဲ့အပြင်မှာတွေ့ခဲ့တဲ့
လရောင်ပြန်ဂိုဏ်းက တပည့်နှစ်ယောက်ဖြစ်ပေသည်။ ချန်းယွဲ့ရှှုနှင့်စုရှောင်းယုတို့ပေါ် သူ့အထင်အမြင်က
ဆိုးတယ်လို့မပြောနိုင်သလို အရမ်းကြီးကောင်းတယ်လို့လည်း မပြောနိုင်ချေ။ သာမန်ထက်အနည်းငယ်ပိုရုံသာ
ရှိပေသည်။ ထိုနှစ်ယောက်က အခြားသူတွေလို ကောက်ကျစ်စဉ်းလဲခြင်းမရှိပဲ ရိုးသားတဲ့လူမျိုးဖြစ်သည်။
ဒီနေရာရဲ့ အခုလက်ရှိအခြေအနေကို သူသိချင်နေတာလည်း ဖြစ်တဲ့အတွက် သူတို့မေးတာက သံသယရှိစရာ
မလိုတဲ့ အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။ ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့နှစ်ယောက် အခြေအနေ
မကောင်းကြချေ။ အဆင့်၄သားရဲတွေကို သတ်နိုင်ခဲ့ပေမယ့် အခြေအနေက တိုးတက်ကောင်းမွန်မလာခဲ့ချေ။
သားရဲအရေအတွက်က များပြားလွန်းတဲ့အတွက် သားရဲအနည်းငယ်ကို သတ်လိုက်နိုင်တာက ဘာမှ
မထူးခြားလာခဲ့ချေ။ ပြီးတော့ အဆင့်၅သားရဲသုံးကောင်ကလည်း သူတို့နှစ်ယောက်ကို တော်တော်လေး
ပြဿနာပေးပေသည်။ အဆင့်နိမ့်သားရဲတွေကို အမာခံအဖြစ် အသုံးပြုပြီး အခွင့်ရရင် ရသလိုချောင်းတိုက်ကြတဲ့အတွက် ချန်းယွဲ့ရှု ဒဏ်ရာအခြေအနေက ပိုပြီးဆိုးရွားလာခဲ့သည်။
သူတို့နှစ်ယောက်စလုံး၏ ပူးပေါင်လုပ်ဆောင်မှုက ကောင်းမွန်နေတာကြောင့်သာ မဟုတ်ရင် သူတို့နှစ်ယောက်
သေသွားခဲ့တာ ကြာပြီဖြစ်သည်။ တိုက်ပွဲအလယ်တွင် ချန်းယွဲ့ရှုမျက်လုံးတွေက ဆုံးဖြတ်လိုက်တဲ့
အလင်းရောင်နဲ့ တောက်ပသွားခဲ့သည်။ ထို့နောက် သူ့ရဲ့ဂျုနီယာညီမလေးကို ပြောလိုက်လေသည်
‘‘ ဂျူနီယာညီမလေး၊ ငါခွန်အား အကုန်သုံးပြီး နင့်အတွက်လမ်းဖွင့်ပေးမယ်။ အဲ့ဒါကြောင့် နင်အမြန်ဆုံး
နှုန်းနဲ့ ဒီကနေ ထွက်ပြေးပေတော့။ ဒီကသားရဲတွေကို ငါထိန်းထားပေးမယ် ’’
ထိုစကားလုံးတွေကို ကြားလိုက်တာနဲ့ စုရှောင်းယုက ချန်းယွဲ့ရှုဘာလုပ်ချင်နေတာလဲဆိုတာ ချက်ချင်း
နားလည်သွားခဲ့သည်။ ချက်ချင်း ခေါင်းခါလိုက်ပြီး ‘‘ မသွားဘူး။ သွားရင် အတူတူသွားမယ်။ သေမယ်ဆိုရင်
လည်း အတူတူသေကြမယ် ’’ ‘‘ ငါပြောသလို လုပ် ” ချန်းယွဲ့ရှုက အော်လိုက်လေသည် ‘‘ ငါတို့နှစ်ယောက်စလုံး
မှာ ချီစွမ်းအင်သိပ်ကျန်တော့တာမဟုတ်ဘူး။ သားရဲတွေက အများကြီးရှိသေးတယ်။ ငါတို့နှစ်ယောက်ထဲက
တစ်ယောက်နေခဲ့မှပဲ လွတ်မြောက်နိုင်ချေ သေးသေးလေးရှိမယ်။ နင်ထွက်သွားပြီးတာနဲ့ ဘယ်တော့မှ
နောက်ပြန်လှည့်မကြည့်နဲ့။
လုံခြုံတဲ့နေရာတစ်ခုရှာပြီး ပုန်းနေလိုက်။ နောက်တစ်ကြိမ် ထွက်မလာနဲ့။နင်သာ ဒီနေရာစုတ်ပိတ်တဲ့ စောင့်နေမယ်ဆိုရင် ဂိုဏ်းဆီကိုလုံလုံခြုံခြံုနဲ့ ပြန်နိုင်လိမ့်မယ် ’’
‘‘ မသွားဘူး။ ငါအဲ့စကား မကြားချင်ဘူး ’’ စုရှောင်းယုက အော်ဟစ်လိုက်ပြီး ခေါင်းကိုအဆက်မပြတ်
ခါနေလိုက်သည်။ ချန်းယွဲ့ရှုက ဆက်ပြောဖို့လုပ်နေတုန်းမှာပဲ စုရှောင်းယုက ပြတ်သားတဲ့လေသံနဲ့ပြောလိုက်သည်
‘‘ နင်သာနောက်တစ်ခွန်း ထပ်ပြောရဲတယ်ဆိုရင် သားရဲအုပ်ထဲကို ငါချက်ချင်းပြေးသွားလိုက်မယ်။ အဲ့မှာသားရဲတွေ ငါ့ကိုအပိုင်းပိုင်း ဆွဲဖြဲပလေ့စေ ’’
‘‘ နင် ’’ ချန်းယွဲ့ရှုအသံက ဒေါသနဲ့စိတ်ဓါတ်ကျမှုတို့ဖြင့် ပြည့်နေခဲ့သည်။ ‘‘ ငါမလုပ်ရဲဘူးလို့ ထင်နေတာလား ’’
စုရှောင်းယုက သူမမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချန်းယွဲ့ရှုကို စိုက်ကြည့်လိုက်သည်။ ‘‘ ကောင်းတယ်။
စီနီယာအစ်ကို တစ်ခွန်းမှ မပြောတော့ဘူး။ ငါတို့ဒီနေရာမှ အဝိုင်းခံနေရမှာတော့ ငါတို့တတ်နိုင်သလောက်
သားရဲတွေကို သတ်သွားကြတာပေါ့။ အဲ့ကောင်တွေကို ငါတို့လရောင်ပြန်ဂိုဏ်းရဲ့ အထွတ်အထိပ် သိုင်းပညာရပ်
ကိုမြည်းစမ်းခိုင်းရမယ် ’’ ချန်းယွဲ့ရှုက ချက်ချင်းတိုက်ခိုက်ချင်နိုးကြွားလာခဲ့ပြီး သူ့မူလစိတ်ဓါတ်ကျနေတဲ့
အသွင်အပြင်က နေလာနှင်းပျောက်သလို ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
စုရှောင်းယုက ပြုံးလိုက်ပြီး တိတ်တဆိတ်နဲ့ ချန်းယွဲ့ရှုကို ဘေးနားကနေ စိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက်
၏ချီစွမ်းအင် အလျင်အမြန် မြင့်တက်လာခဲ့ပြီး သူ့တို့လက်အစုံကို ဖြေးဖြေးချင်းပူးကပ်လိုက်သည်။
ငွေရောင်တွေ တောက်ပလာခဲ့ပြီး ကောင်းကင်ထက်တွင် လခြမ်းကွေးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုနူးညံ့ပုံရတဲ့ လရောင်ခြည်တန်းတွေက ကြီးမားတဲ့ အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားခဲ့ပြီး
များစွာသော ရောင်ခြည်တန်းတွေက အဆင့်၄သားရဲများစွာကို နေရာမှာပဲ ပွဲချင်းပြီးသေသွားစေခဲ့သည်။
အဆင့်၅သားရဲတစ်ကောင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး သွေးအိုင်ထဲတွင်
လဲလျောင်းနေလိုက်ရလေသည်။ လရောင်ပြန်ဂိုဏ်း၏ အထွတ်အထိပ်သိုင်းပညာရပ်..မြင့်တက်လပြည့်ဝန်း။
သူတို့နှစ်ယောက်သာ ထိုသိုင်းပညာရပ်ကို အပြည့်အဝလှုံ့ဆော်နိုင်မယ်ဆိုရင် ဘေးပတ်ပတ်လည်ရှိ
သားရဲဒါဇင်ကျော်လောက် ပြေးပေါက်ရှိလိမ့်မည် မဟုတ်ချေ။ ကံမကောင်းစွာဖြင့် ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့
နှစ်ယောက်စလုံး မီးစားကုန်တော့မယ့် ဖယောင်းတိုင်တွေ ဖြစ်နေခဲ့သည်။ သူတို့နှစ်ယောက်ပူးပေါင်းတာတောင်
လခြမ်းကွေးတစ်ခုကိုသာ ထုတ်ဖော်နိုင်ခဲ့သည်။
ဒါပေမယ့် တိုက်ခိုက်မှုကို ခံလိုက်ရတဲ့ဘေးနားက သားရဲတွေအကုန်လုံး ခပ်မြန်မြန်ပဲ ပြန်ဆုတ်သွားကြသည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားခဲ့ပြီး နှစ်ယောက်စလုံး တစ်ယောက်မှ နောင်တရသည့်ပုံမပေါ်။
သူတို့တတ်နိုင်သမျှ အကောင်းလုပ်ခဲ့ပြီးပြီဖြစ်သည်။ နောက်တစ်ကြိမ် သားရဲတွေ ရှေ့တက်လာတာနဲ့
သူတို့နှစ်ယောက်သေပြီ ဖြစ်သည်။
သားရဲတွေလည်း ထိုအချက်ကို နားလည်ပုံရပေသည်။ တစ်ခဏတာလောက် တုန့်ဆိုင်းနေပြီးတာနဲ့
အစွယ်ကိုဝင့်ကာ မာန်ဖီပြီး သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ထိုနှစ်ယောက်ဆီ နောက်တစ်ကြိမ်
ပြေးတက်လာကြသည်။
ထိုနှစ်ယောက်ကလည်း ဒီအတိုင်းထိုင်မနေခဲ့ချေ။ ချန်းယွဲ့ရှုက စုရှောင်းယု၏ရင်အစုံးကြား တိုးဝင်သွားခဲ့ပြီး ရှေ့တက်လာတဲ့ သားရဲတွေကို သူ့ခန္ဓာကိုယ်ကို သုံးပြီး ကာကွယ်ထား
လိုက်သည်။ ကျန်ရှိနေတဲ့ သားရဲတွေရှေ့တက်လာတာနဲ့ ချန်းယွဲ့ရှုနှင့်စုရှောင်းယုတို့နှစ်ယောက်စလုံး
နောက်ဆုံးကျန်ရှိနေတဲ့ ချီစွမ်းအင်ကိုအသုံပြုကာ နောက်ဆုံးခုခံမှုကို လုပ်ဆောင်လိုက်သည်။
သူတို့ဆီကို ဦးတည်လာနေတဲ့ အဆင့်၄မိစ္ဆာသားရဲတစ်ကောင်၏ ဦးခေါင်းချက်ချင်းပွင့်ထွက်သွားခဲ့ပြီး
ပွဲချင်းပြီးသေသွားခဲ့သည်။ နောက်ထပ်အဆင့်၄ မိစ္ဆာသားရဲတစ်ကောင်ကို လွင့်ထွက်သွားအောင်
တိုက်ခိုက်လိုက်ကြပြန်လေသည်။ ဒါပေမယ့် သူတို့ဆီကိုတိုးဝင်လာနေတဲ့ မိစ္ဆာသားရဲအရေအတွက်က
များပြားလွန်းတဲ့အပြင် အဆင့်၅မိစ္ဆာသားရဲနှစ်ကောင်ကလည်း ချန်းယွဲ့ရှုဆီ ပြေးဝင်လာနေခဲ့ကြသည်။
ကံကောင်းစွာဖြင့် နောက်ဆုံးအခိုက်အတန့်တွင် ကောင်းကင်ပေါ်ကနေ အရိပ်တစ်ခု ဆင်းသက်လာခဲ့ပြီး
ချန်းယွဲ့ရှုနှင့်စုရှောင်းယုတို့ရှေ့တွင် တောင်တစ်လုံးအလား မားမားမတ်မတ်ဖြင့် ရပ်နေလိုက်သည်။
စီနီယာအစ်ကိုနှင့် ဂျူနီယာညီမလေးတို့နှစ်ယောက်၏ မျက်လုံးတွေ အံ့အားသင့်မှုဖြင့် ဝင်းလက်သွားခဲ့သည်။
နောက်အခိုက်အတန့်တွင် ထိုလူလက်ဝါးက အဆင့်ငါးမိစ္ဆာသားရဲနှစ်ကောင်ပေါ် ကျသွားတာကို
တွေ့လိုက်ရသည်။ အော်ဟစ်သံနှစ်သံ ထွက်ပေါ်လာခဲ့ပြီး အဆင့်ငါးသားရဲနှစ်ကောင်စလုံး မြေကြီးပေါ်
လဲကျသွားခဲ့လေသည်။ ထို့နောက် ထိုလူက ရှေ့ကိုပြေးတက်သွားခဲ့ပြီး လာနေတဲ့သားရဲတွေဆီ
လျှပ်စီးတမျှ မြန်ဆန်တဲ့ လက်သီးလေးချက် ပစ်သွင်းပေးလိုက်သည်။
ဘုန်းဘုန်းဘုန်းဘုန်း………
ထိုလူက ကျန်ရှိနေတဲ့ အဆင့်၄သားရဲတွေအားလုံးကို လွင့်ပျံထွက်သွားခဲ့စေခဲ့ပြီး ထိုသားရဲတွေလည်း
မြေကြီးပေါ် ပြန်ကျတာနဲ့ သွေးပွက်ပွက်အန်ကာ ဘဝတစ်ပါးကူးပြောင်းသွားရတော့လေသည်။
‘‘ နင်ပဲ ’’ စုရှောင်းယုက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမပါးစပ်ကလေးကအံ့အားသင့်မှုကြောင့် ကြက်ဥတစ်လုံး ပစ်သွင်းလို့ရလောက်တဲ့အထိ ပွင့်အာနေခဲ့သည်။
‘‘ဂျူနီယာညီလေးရန် ’’ ချန်းယွဲ့ရှုလည်း တစ်ခဏတာလောက် အသက်ရှုဖို့ မေ့လျော့သွားခဲ့ရသည်။
‘‘အင်း၊ ခဏလောက် စောင့်နေဦး ’’ ရန်ကိုင်ကခေါင်းညိတ်လိုက်ပြီး ရှေ့ကိုပြေးတက်သွားလိုက်သည်။
သူ့လက်ဝါးချက်က အဆင့်၅သားရဲနှစ်ကောင်ကို အမှောက်သိပ်နိုင်ခဲ့ပေမယ့် ထိုသားရဲနှစ်ကောင်က
မသေသေးချေ။ အခြေအနေက မကောင်းတော့ဘူးဆိုတာ သိလိုက်တာနဲ့ အဆင့်၅သားရဲနှစ်ကောင်လည်း
အကျယ်ကြီးအော်ဟစ်လိုက်ပြီး အသစ်ရောက်လာတဲ့ လူကို ခြိမ်းခြောက်ဖို့ကြိုးစားလိုက်ကာ ဖြေးဖြေးချင်း
နောက်ဆုတ်ရင်း ထွက်ပြေးဖို့ ကြိုးစားနေခဲ့ကြသည်။
ဘာပဲဖြစ်ဖြစ် ရန်ကိုင်ကတော့ အကြောက်အလန့် ကင်းမဲ့စွာဖြင့် ထိုသားရဲနှစ်ကောင်ဆီ ပြေးဝင်သွားလိုက်ပြီး
လက်ကိုမြှောက်ကာ သားရဲနှစ်ကောင်ဆီ ပိုင်းချလိုက်သည်။ သားရဲနှစ်ကောင်၏ တုန့်ပြန်မှုကလည်း
မြန်ဆန်ပေသည်။ ရန်ကိုင်လက်ဝါးနဲ့ ပိုင်းချလာတာကို မြင်လိုက်တာနဲ့ ပွတ်ကာသီးကာလေး တိမ်းရှောင်
နိုင်ခဲ့သည်။ ဒါပေမယ့် ကျဆင်းလာတဲ့ ၇န်ကိုင်လက်ဝါးစောင်းက ချက်ချင်းလက်ဝါးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ရန်ကိုင်လက်ဝါးက အဆင့်သားရဲပါတည့်တည်ပေါ် ကျဆင်းသွားခဲ့လေသည်။ ဘန်း…..
ထိုသားရဲခန္ဓာကိုယ် လေထဲတွင် နှစ်ပတ်သုံးပတ်လောက် လည်သွားခဲ့ပြီး သစ်ပင်တစ်ပင်နှင့် ဝင်တိုက်မိလေသည်။
ရပ်တန့်ခြင်းမရှိပဲ ရန်ကိုင်က ချက်ချင်းပဲ ကျန်တဲ့တစ်ကောင်ကို နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်ဖြင့်တိုက်ခိုက်လိုက်သည်။ အသံသုံးသံထွက်ပေါ်လာခဲ့ပြီး ထိုသားရဲလည်း အရက်သမားတစ်ယောက်လိုယိမ်းထိုးသွားခဲ့သည်။
ထိုသားရဲ၏ထူထဲတဲ့ နဖူးပေါ်တွင် သွေးနီရောင်အက်ကွဲရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ရန်ကိုင်က ထိုသားရဲကို အားပြင်းပြင်းဖြင့် ပိတ်ကန်လိုက်ပြီး သားရဲလည်း ပထမသားရဲဆီ လွင့်ပျံ
ထွက်သွားခဲ့ရသည်။ ထိုသားရဲနှစ်ကောင်ဆီနောက် ပြေးလိုက်လိုက်ပြီး လက်ဝါးချက်ပေါင်းများစွာ
မိုးရွာပေးလိုက်လေသည်။ သားရဲနှစ်ကောင်လည်း အဆက်မပြတ် အော်ဟစ်ညီးတွားနေခဲ့ပြီး
နောက်ဆုံး တဖြည်းဖြည်း အားပျော့လာခဲ့ကာ သေဆုံးသွားတော့လေသည်။
လရောင်ပြန်ဂိုဏ်းအတွဲကတော့ ရန်ကိုင်ကို ကြောင်အစွာဖြင့်သာ ကြည့်နေခဲ့သည်။ စုရှောင်ယု၏ပါးစပ်က
ပွင့်အာနေခဲ့ပြီး ချန်းယွဲရှုကလည်း သူ့ရဲ့အံ့အားသင့်မှုကို ဖုံးဖိမထားနိုင်ခဲ့ချေ။
တစ်ခဏကြာပြီးနောက် သွေးတွေနဲ့စိုရွှဲနေတဲ့ ရန်ကိုင်က သက်ပြင်းချလိုက်ပြီး သူတို့နှစ်ယောက်ဆီ
လမ်းလျှောက်ပြန်သွားလိုက်သည်။ သူပြန်လာတဲ့အချိန် ထိုနှစ်ယောက်က သူ့ကိုသံသယအကြည့်ဖြင့်
ကြည့်နေတာကို တွေ့လိုက်ရတဲ့အတွက် ချက်ချင်းပဲမေးလိုက်သည်
‘‘ဘာမှားနေလို့လဲ ’’
သူ့မေးခွန်းကိုကြားလိုက်တော့မှပဲ ချန်းယွဲရှုနှင့် စုရှောင်းယုတို့နှစ်ယောက် အသိပြန်ဝင်လာခဲ့ကြလေသည်။
ကိုးယိုးကားယား ပြုံးလိုက်ပြီး သတိကြီးကြီးဖြင့် မေးမြန်းလိုက်လေသည် ‘‘ဂျူနီယာညီလေးရန်၊
မင်းကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်လဲ ’’
‘‘ချီသန့်စင်ခြင်းအဆင့်ရ’’ ရန်ကိုင်က ပြုံးကာ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အဆင့်ငါးသားရဲကိုသတ်လို့
ရလာတဲ့သွေးလုံးကို စုရှောင်းယု၏ ပါးစပ်ထဲ ပစ်ထည့်ပေးလိုက်သည်။ ‘‘ အား…’’ စုရှောင်းယုလည်း အော်ဟစ်
လိုက်ပြီး ခပ်မြန်မြန်ပဲ ပါးစပ်ပိတ်ပြီး ထိုသွေးလုံးထဲက စွမ်းအင်တွေကို စုပ်လိုက်တော့လေသည်။
သူမမျက်နှာကအံ့အားသင့်မှု၊ ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နေခဲ့သည်။ ‘‘ ချီသန့်စင်ခြင်းအဆင့်ရလား ’’ ချန်းယွဲ့ရှုမျက်နှာက
မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်သွားခဲ့သည်။
‘‘ မဖြစ်နိုင်ဘူး ’’ သူမကိုသွေးလုံးပေးလို့ ရန်ကိုင်ကို ကျေးဇူးတင်ပေမယ့် မပြောမဆိုပဲ သူမပါးစပ်ထဲ
ရုတ်တရက်ဆိုသလိုကြီး ပစ်ထည့်လိုက်တာကတော့ နည်းနည်းလည်း စိတ်ညစ်စရာကောင်းပေသည်။
ထိုသွေးလုံးသာ ဖုံတွေနဲ့ပေနေခဲ့ရင် သူမဘယ်လိုလုပ်ရမလဲ။ သူကသူမကိုငြင်းဆိုဖို့ အခွင့်အရေးလေးတစ်ချက်
တောင်မပေးချေ။ ‘‘ငါဘာလို့မင်းတို့ကိုလိမ်ရမှာလဲ ’’ ရန်ကိုင်က ပြုံးုလိုက်ပြီး ကျန်တဲ့သွေးလုံးတစ်လုံးကို
ချန်းယွဲ့ရှုဆီပေးလိုက်သည်။ ချန်းယွဲ့ရှုက မျက်မှောင်ကြုံ့လိုက်ပေမယ့် ထိုသွေးလုံးကို ချက်ချင်းလက်ခံ
လိုက်လေသည် ‘‘ ကျေးဇူးပဲ။ ငါဒီကျေးဇူးအကြွေးကို မှတ်ထားပါ့မယ် ’’
‘‘ အဲ့လိုကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်းတို့အစစ်အမှန်ချီတွေ ကုန်ဆုံးနေပြီဆိုတာ ငါသိတယ်။ငါတို့သွေးလုံးတွေ စုဆောင်းပြီး အားပြန်ဖြည့်သင့်တယ်လို့ ငါထင်တယ် ’’´ရန်ကိုင်က တိုက်ပွဲကွင်းပြင်ဆီလက်ညိုးထိုး ညွှန်ပြလိုက်လေသည်။ ထိုစုံတွဲလည်း ခေါင်းညိတ်လိုက်ပြီး သွေးလုံးတွေကို သွားစု
ဆောင်းလိုက်လေသည်။
‘‘ငါတို့အရင်ဆုံး ထွက်သွားသင့်တယ် ’’ ချန်းယွဲ့ရှုက ပတ်ပတ်လည်ကို သတိကြီးကြီးဖြင့် စူးစမ်းကြည့်နေလိုက်ပြီး
ရန်ကိုင်နှင့် စုရှောင်းယုတို့နှစ်ယောက်ကို ဦးဆောင်ကာ ထွက်သွားလိုက်သည်။ သူတို့နှစ်ယောက်စလုံး
အလျင်လိုနေပုံရပြီး သူတို့မျိုချထားခဲ့တဲ့သွေးလုံးတွေကို သေသေချာချာသန့်စင်ဖို့အတွက် တစ်ချက်ကလေး
နားဖို့တောင်မစဉ်းစားခဲ့ချေ။ သွေးလုံးတွေရဲ့အကူအညီဖြင့် ထိုစုံတွဲလည်း ခပ်မြန်မြန် အားပြန်ပြည့်လာခဲ့ပြီး
ရှေဆက်သွားလိုက်သည်။
အမွေးတိုင်တစ်တိုင်စာလောက် ကြာတဲ့အချိန်မှာတော့ သူတို့ရှေ့တွင်
တိုက်ခိုက်သံတွေကို ရန်ကိုင်ကြားလိုက်ရသည်။
‘‘ အဲ့နေရာမှာပဲ ’’ ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့နှစ်ယောက်စလုံး ပြိုင်တူအော်ပြောလိုက်ကြပြီး ထိုနေရာဆီ
ပြေးသွားလိုက်ကြသည်။
အခြေအနေ ရန်ကိုင်လည်း သိချင်စိတ်ကို ချုပ်ထိန်းထားရပြီး ထိုနှစ်ယောက်နောက်ပြေးလိုက်သွားလိုက်သည်။ တစ်ခဏအကြာမှာတော့ သူတို့သုံးယောက် အသံထွက်ပေါ်ရာ နေရာဆီ ရောက်ရှိလာခဲ့သည်။ သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရန်ကိုင်မျက်မှောင်ကြုံ့လိုက်လေသည်။ သူ့ရှေ့တွင်
ကျင့်ကြံသူအုပ်တစ်အုပ်ကို တိုက်ခိုက်နေတဲ့ သားရဲများစွာရှိနေခဲ့သည်။ ထိုပုံစံက စုရှောင်းယုနှင့်ချန်းယွဲ့ရှု
တို့နှစ်ယောက်ကို သားရဲတွေ ဝိုင်းတိုက်နေတုန်းက ပုံစံနဲ့အတူတူပင်ဖြစ်သည်။
‘‘ဂျူနီယာညီလေးရန်။ နင်မကူညီချင်ဘူးဆို ဒီနေရာမှာပဲခဏစောင့်နေနော်။ ငါတို့ကိစ္စရှင်းပြီးတာနဲ့
ဒီကိုပြန်လာပြီး နင့်ကိုရှင်းပြမယ် ’’ ချန်းယွဲ့ရှုက ရန်ကိုင်ကို ပြောလိုက်ပြီး စုရှောင်းယုနှင့်အတူတိုက်ပွဲဆီကို ပြေးဝင်သွားလိုက်ကြသည်။ ‘‘ ညီအစ်ကိုချန်တို့ ပြန်လာကြပြီ ’’ ချန်းယွဲ့ရှုနှင့်စုရှောင်းယုတို့ ပြန်လာတာကို တွေ့လိုက်တာနဲ့ အဖွဲ့ထဲက တစ်ယောက်ယောက်က ပျော်ရွှင်စွာဖြင့်အော်ဟစ်လိုက်သည်။ လရာင်ပြန်ဂိုဏ်းစုံတွဲလည်း ရှင်းပြဖို့ကြိုးစားမနေခဲ့ပဲ ချက်ချင်းပဲ ဝင်ပြီးကူညီပေးလိုက်လေသည်။
ချန်းယွဲ့ရှုနှင့်စုရှောင်းယုတို့ လုံလုံခြုံခြံုဖြင့် ပြန်လာနိုင်ခဲ့တဲ့အတွက် အဖွဲ့သားတွေပိုပြီးစိတ်အားတက်ကြွာလာခဲ့ပြီး သံပြိုင်အော်ဟစ်ကာ သားရဲတွေဆီ အားမာန်အပြည့်ဖြင့် ချီတက်သွား
ကြပြန်လေသည်။ ထိုအော်ဟစ်သံကိုကြားတာနဲ့ များစွာသော သားရဲတွေလည်း နောက်ပြန်ဆုတ်သွားကြပြီး
ချက်ချင်း သူတို့ရဲ့မြင်ကွင်းဆီကနေ ပျောက်ကွယ်သွားတော့လေသည်။
ရန်ကိုင်လည်း သူ့ရှေ့ကအဖြစ်အပျက်တွေကို စိတ်ရှုပ်ထွေးစွာဖြင့်သာ ကြောင်အစွာဖြင့် ကြည့်နေခဲ့သည်။
ထိုအဖွဲ့ထဲတွင် ဂိုဏ်းအမျိုးမျိုးက လူအမျိုးမျိုးရှိနေခဲ့ပြီး သားရဲတွေကို ပူးပေါင်းတိုက်ခိုက်နေခဲ့ကြသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၈) အခြေအနေ
တောင်ကြားရေကန်မှာ သူတွေ့ခဲ့ရတဲ့ ရင်းနှီးတဲ့ မျက်နှာများစွာကို ရန်ကိုင်တွေ့လိုက်ရသည်။
ပန်းပေါင်းတစ်ထောင်နန်းတော်မှ မိန်းကလေးလေးယောက်လည်း ထိုအဖွဲ့ထဲတွင် ရှိနေခဲ့ပြီး သန့်စင်နှလုံးသား
နန်းတော်၊ ရေလခန်းမ၊ ကြယ်ဓါးကိုးချောင်းဂိုဏ်း၊ မီးတောက်ဘုရားကျောင်း၊ ငှက်မွှေးပျံခန်းမတို့မှ
တပည့်တွေလည်း ရှိနေခဲ့သည်။
အင်အားစုအမျိုးမျိုးမှ တပည့်တွေအားလုံး ထိုအဖွဲ့ထဲတွင် စုဝေးနေခဲ့ကြပြီးစုစုပေါင်း အယောက်သုံးဆယ်ကျော်လောက်ရှိကာ အားလုံးက အင်အားစုအသီးသီးစု လူငယ်ခေါင်းဆောင်နှင့်
လက်ရွေးစင်များဖြစ်ကြပေသည်။ ဒါပေမယ့် အခုအချိန်မှာတော့ ထိုတပည့်တွေအားလုံး အခြေအနေကောင်းသည့်ပုံမပေါ်ချေ။ အားလုံးခြေကုန်လက်ပန်းကျနေပြီး အများစုကလည်း ဒဏ်ရာရထားကြ၏။
သိသာစွာပဲ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတစ်ခုကို သူတို့ရင်ဆိုင်ခဲ့ရပေမည်။ ထို့ကြောင့် တပည့်သုံးဆယ်ကျော်က တရားထိုင်အားပြန်ဖြည့်နေခဲ့ကြပြီး တစ်ယောက်တည်းသာ တိုက်ပွဲပြင်တွင် လှုပ်ရှားနေကာ သွေးလုံးတွေကိုစုဆောင်းနေခဲ့သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အချိန် သူ့ကိုအေးစက်စက်နဲ့ စိုက်ကြည့်နေတဲ့အသက်၂၇၊၂၈ လောက်ရှိမယ့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရလေသည်။
ရန်ကိုင်ကို တစ်ခဏလောက်အချိန်ကြာအောင် စိုက်ကြည့်ပြီးနောက် သူ့မျက်လုံးတွေကို အခြားတစ်ဖက်ဆီ ပြောင်းလိုက်သည်။ သွေးလုံး
စုဆောင်းတဲ့လူကို စကားပြောလိုက်ပြီး ထိုသွေးလုံးတွေကို လက်ခံယူလိုက်၏။
ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့နှစ်ယောက်ပြန်လာတဲ့အချိန်တွင် သူတို့နှစ်ယောက်စလုံး အားကုန်နေသည့်ပုံပေါက်ပေသည်။ ‘‘ ဒီမှာဘာတွေဖြစ်နေတာလဲ ’’ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်၏။ အခြေအနေတွေကအခုလို ဖြစ်နေလိမ့်မည်လို့ သူမထင်ထားခဲ့၊ အဖွဲ့ထဲတွင် ရှိနေတဲ့လူတွေအားလုံးက ဂိုဏ်းအသီးသီးမှ
လူငယ်လက်ရွေးစင်တွေ ဖြစ်ကြပြီး ဒီနေရာကို အတွေ့အကြုံရှာဖို့ လာခဲ့တာဖြစ်ပေသည်။ ထို့ကြောင့်မိမိကိုယ်တိုင်မှလွဲ၍ ကျန်တဲ့သူတွေအကုန်လုံးက မိမိ၏ပြိုင်ဘက်ဖြစ်ပေသည်။ ထူခြားတဲ့အခြေအနေတစ်ခုခုသာမဖြစ်ခဲ့ရင် သူတို့တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ရင်တောင် အတူတူပူးပေါင်းပြီးလက်တွဲအလုပ်လုပ်နေတာက လုံးဝကိုမဖြစ်နိုင်ချေ။
‘‘ ပြောရမှာတော့ ပုံပြင်အရှည်ကြီးပဲ ’’ ချန်းယွဲ့ရှုက အံကြိတ်လိုက်ပြီး ရန်ကိုင်ကို ထိုင်ဖို့အချက်ပြလိုက်၏။
ချန်းယွဲ့ရှု ဒဏ်ရာက ပေါ့သေးသေးမဟုတ်တာကို မြင်လိုက်တာနဲ့ ရန်ကိုင်လည်း သိုလှောင်အိတ်ထဲဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ဆေးလုံးတွေကို သွန်လိုက်ကာ ချန်းယွဲ့ရှုကို ပေးလိုက်သည်။
‘‘ ကုသရေးဆေးလုံးတွေ….’’ စုရှောင်းယု မျက်ခုံးပင့်လိုက်လေသည်။ ချန်းယွဲ့ရှုက မျက်လုံးနဲ့အလျင်စလို အချက်ပြလိုက်ပြီး မြန်မြန်ဆန်ဆန်ပဲ တိုးတိုးလေး ပြောလိုက်သည် ‘‘ ညီအစ်ကိုရန်၊အဲ့ဆေးလုံးတွေကို မြန်မြန်သိမ်းထားလိုက် ’’
ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး စိတ်ရှုပ်သွားခဲ့ပေမယ့် ထိုဆေးလုံးတွေကို မြန်မြန်ဆန်ဆန်ပဲ ပြန်သိမ်းထား
လိုက်သည်။ သွန်ထုတ်ထားတဲ့ ဆေးလုံးတွေကိုတော့ စုရှောင်းယုလက်ထဲ အခြားသူတွေမမြင်အောင်မသိမသာလေး ထည့်ပေးလိုက်လေသည်။ ဘာတွေဖြစ်နေမှန်း သူတကယ်ကို မသိချေ။
တကယ်တော့ အဲ့ဒါက ကုသရေးဆေးလုံးနည်းနည်းလေးပဲလေ။ ဘာလို့စုရှောင်းယုက အဖိုးတန်ရတနာတစ်ခုလိုလုပ်နေရတာလဲ။ ဒီနေရာကို အတွေ့အကြုံရဖို့လာတဲ့ တပည့်တိုင်း ကုသရေးဆေးလုံးသယ်လာတယ်ဆိုတာရန်ကိုင်သိပေသည်။
သိုလှောင်အိတ်ထဲတွင် သူ့အတွက် ဆရာဖိုးဖိုးလင်းတိုင်ရှု ပြင်ဆင်ပေးထားတဲ့ ဆေလုံး၁၀ပုလင်းကျော်လောက်
ရှိသေးပေသည်။ စုရှောင်းယုက ခပ်မြန်မြန်လှည့်လိုက်ပြီး တောင်းပန်တဲ့အမူအရာဖြင့် လျှာလေးထုတ်ပြလိုက်၏။
‘‘ စီနီယာအစ်ကို ၊ ဒီနေရာမှာ ဘာလို့အားလုံး စုစည်းနေကြတာလဲ ’’ ရန်ကိုင်က တိုးတိုးလေး မေးလိုက်သည်။
ဒါက သူအသိချင်ချင်ဆုံး အချက်ပင်ဖြစ်သည်။
‘‘ ငါတို့မှာ ရွေးချယ်စရာမှ မရှိတော့တာ ’’ ချန်းယွဲ့ရှုက မဲ့ပြုံးပြုံးလိုက်သည်။ ‘‘ တစ်ယောက်ယောက်က အစ်ကိုတို့ကို ခြိမ်းခြောက်လို့လား ’’ ရန်ကိုင်အမူအရာ အေးစက်သွားခဲ့လေသည်။
‘‘ မဟုတ်ဘူး ’’ ချန်းယွဲ့ရှုကထပ်ခါထပ်ခါ ခေါင်းခါလိုက်သည်။ ‘‘ငါတို့အားလုံး စုစည်းချင်လို့ စုစည်းနေကြာတာမဟုတ်ဘူး။ လုံခြုံဖို့အတွက် အားလုံးစုစည်းနေရတာ။ မင်းလည်းတွေ့တာပဲ။ ငါတို့သာအတူတူမပူးပေါင်းရင်ငါတို့ထဲကတစ်ယောက်မှ အခုအချိန်ထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး ’’
‘‘ အစ်ကိုတို့အားလုံးကို စုစည်းအောင် လုပ်တဲ့အန္တရာယ်များ တစ်ခုခု ရှိနေလို့လား ’’ ရန်ကိုင် မေးခွန်းထုတ်လိုက်သည်။ ‘‘ အင်း ’’ ချန်းယွဲ့ရှုက ခေါင်းညိတ်ပြလိုက်သည်။
‘‘ ကြောက်စရာ ကောင်းတဲ့ သားရဲတစ်ကောင်ကောင်လား ’’
‘‘ လူတစ်စုပဲ ။ ဟုတ်တယ်…သားရဲတွေကလည်း ပြဿနာတစ်ခုပဲ ’’ ချန်းယွဲ့ရှုက သက်ပြင်းအကြီးကြီးချလိုက်သည်။ ထို့နောက် ရန်ကိုင်ကို ကြည့်လိုက်ပြီး မေးလိုက်သည် ‘‘ငါတို့ရေကန်နားမှာ စောင့်နေတုန်းကဟန်မင်းဆက် ကျင့်ကြံသူတွေ ဝတ်စားပုံနဲ့ နည်းနည်းကွဲပြားတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲံ ကျင့်ကြံသူတစ်အုပ်ကို မင်းမှတ်မိတယ်မလား ’’ ရန်ကိုင် မမှတ်မိပဲ ဘယ်လိုလုပ်ပြီး နေပါ့မလဲ။ ထိုအဖွဲ့ကပေးခဲ့အထင်အမြင်က တော်တော်လေးကြီးမားခဲ့ပေသည် ‘‘တန်းလန်မင်းဆက် ကျင့်ကြံသူတွေကိုပြောတာလား ’’
ချန်းယွဲ့ရှုက ရန်ကိုင်ကို ကြောင်အစွာဖြင့် ကြည့်လိုက်ပြီး
‘‘ သူတို့ဘယ်ကလာမှန်း ညီအစ်ကိုရန်သိတယ်ပေါ့။
သူတို့ကဟန်မင်းက ကျင့်ကြံသူတွေ မဟုတ်မှန်းသိဖို့ ငါတို့လူတွေ တော်တော်လေး ပေးဆပ်လိုက်ရတယ် ’’
‘‘ ဆရာဖိုးဖိုး ငါ့ကိုပြောပြခဲ့တာ ’’ ချန်းယွဲ့ရှုမျက်နှာတွင် ထိတ်လန့်အံ့အားသင့်မှုနှင့် လေးစားမှုတို့ထင်ဟပ်သွားခဲ့ပြီး ‘‘ စီနီယာလင်းက တကယ်ဗဟုသုတ ကြွယ်ဝတာပဲ ’’ ‘‘အဲ့တန်းလန်မင်းဆက်ကလူတွေနဲ့အခုအနေက ဘာတွေပက်သက်နေလို့လဲ။ သူတို့သန်မာတယ်ဆိုတာ ငါသိပေမယ့် သူတို့အဖွဲ့မှာလူလေးယောက်ပဲ ရှိတာလေ။ ငါတို့မှာ ဒီလောက်လူအများကြီး ရှိနေတာကို သူတို့က ငါတို့ကို
ဘယ်လိုလုပ်ပြီး ခြိမ်းခြောက်နိုင်ရတာလဲ ’’
ရန်ကိုင်မျက်မှောင်ကြုံ့လိုက်လေသည်။ ချန်းယွဲ့ရှုပြောတဲ့
စကားကြောင့် သူပိုပြီးစိတ်ရှုပ်သွားခဲ့ရလေသည်။
‘‘ သူတို့လေးယောက်ထဲသာ ငါတို့ဘယ်တော့မှာ ကြောက်မှာမဟုတ်ဘူး။ အဲ့တန်းလန်မင်းဆက်က ကောင်တွေ
ငါတို့ဟန်မင်းဆက်ရှေ့မှာ လာပြီးမောက်မာပြရင် ငါတို့ကလည်း ဘယ်တော့မှ သည်းခံနေမှာမဟုတ်ဘူး။ငါတို့လူနည်းနည်းနဲ့တင် သူတို့လေးယောက်စလုံးကို အလွယ်တကူ သတ်ပစ်လိုက်လို့ရတယ်
’’ ချန်းယွဲ့ရှုကဒေါသတကြီး ပြောလိုက်ပြီးနောက် မဲ့ပြုံးပြုံးလိုက်ကာ
‘‘ဒါပေမယ့် အခုသူတို့လေးယောက်တည်းမဟုတ်တော့ဘူး။ ဘယ်လိုလျှို့ဝှက်နည်းစနစ်၊ သိုင်းပညာရပ်ကို သူတို့လေ့ကျင့်ခဲ့လဲဆိုတာ ငါမသိပေမယ့် သူတို့တွေက သားရဲတွေကို ထိန်းချုပ်နိုင်ပြီး ငါတို့ကိုတိုက်ခိုက်ခိုင်းတယ်။ အဲ့လူလေးယောက်မှာ အခုဆိုရင် သားရဲအကောင်းတစ်ရာကျော်လောက် ရှိနေပြီ။ ငါတို့က သူတို့ကိုဘယ်လိုလုပ်ပြီးပြန်တိုက်ခိုက်ရတော့မှာလဲ ’’
ထိုစကားကို ကြားလိုက်တာနဲ့ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ရန်ကိုင်ချက်ချင်းနားလည်သွားခဲ့သည်
‘‘ အခုစီနီယာအစ်ကိုတို့ကို သားရဲတွေဝိုင်းတိုက်တာက အဲ့တန်းလန်မင်းဆက် ကျင့်ကြံသူတွေကြောင့်လို့ ဆိုလိုတာလား ’’ ‘‘အင်း ’’ ချန်းယွဲ့ရှုက ခေါင်းညိတ်လိုက်ပြီး ‘‘ ဟန်မင်းဆက်က အင်အားစုအမျိုးမျိုးကကျင့်ကြံသူတွေ ဒီနေရာကိုဝင်လာခဲ့ပေမယ့် အဲ့တန်းလန်မင်းဆက် လူတွေအတွက ်တစ်ယောက်မှ
ပြင်ဆင်မလာခဲ့ဘူး။ ပထမတစ်လ၊နှစ်လတုန်းကတော့ အဲ့ခွေးကောင်တွေ ဘာမှမလုပ်ကြဘူး။ ဒါပေမယ့်
နှစ်လကြာပြီးတဲ့နောက်မှာတော့ အဲ့ခွေးသူတောင်းစားတွေက သားရဲအကောင်းတစ်ရာကျော်လောက်ကို
ထိန်းချုပ်ပြီး ငါတို့ကိုချောင်းတိုက်ကြတယ်။ ငါတို့အားလုံးကလည်း လူစုကွဲနေကြတော့ အမဲလိုက်သလို လိုက်ခံရတော့တာပေါ့။ အားလုံးကလည်း သူတို့အဲ့လိုချောင်းတိုက်မယ်မှန်း မသိကြတော့ သေကုန်တာပဲ။အဲ့လိုနဲ့ အဲ့ခွေးသူတောင်းစားတွေက သွေးလုံးတွေကို အလွယ်တကူနဲ့ စုဆောင်းတာပေါ့ ’’
ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ပြီး အချိန်အတော်ကြာအထိ ကြက်သေသေသွားခဲ့လေသည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့သံသယတွေအားလုံး ရှင်းလင်းသွားခဲ့ပြီဖြစ်သည်။ သူတို့နှစ်ယောက်ကိုသားရဲအမျိုးမျိုးက ပူးပေါင်းပြီး ဝိုင်းတိုက်နေကြတာလည်း အံ့အားသင့်စရာမဟုတ်တော့ချေ။ တစ်ယောက်ယောက်က ထိုသားရဲတွေကို ထိန်းချုပ်ထားတာ ဖြစ်ရပေမည်။ ‘‘ဒီရက်အတွင်း အဲ့တန်းလန်မင်းဆက်က ခွေးသူတောင်းစားတွေ ထိန်းချုပ်ထားတဲ့ သားရဲအရေအတွက်က ပိုပိုပြီးတိုးလားတယ်။ သူတို့ဘက်က အရေအတွက်က တိုးလာပေမယ့် ငါတို့ဘက်က လူကတော့ တဖြည်းဖြည်း နည်းနည်းလာခဲ့တယ်။ငါတို့ပထမဆုံး အားလုံးစုစည်းတုန်းက စုစုပေါင်းလူငါးဆယ်လောက် ရှိတယ်။ ဒါပေမယ့် အခု မင်းမြင်နေရတဲ့ လူတွေကလွဲရင် ကျန်တဲ့သူတွေအကုန် သေသွားမှာကိုတောင်ငါလန့်တယ် ’’
တစ်နည်းဆိုရသော် ဒီသီးခြားကမ္ဘာထဲတွင် အသက်ရှင်ကျန်ရစ်တော့တဲ့ လူတွေဆိုလို့ တန်းလန်မင်းဆက် လူလေးယောက်နှင့် သူ့ရှေ့က လူသုံးဆယ်ကျော်ပဲ ရှိတော့ပေသည်။ ရန်ကိုင်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်းလုပ်လိုက်ရလေသည်။ အစတုန်းက စုစုပေါင်း လူနှစ်ရာကျော်၊သုံးရာလောက်ရှိပေမယ့် အခုအချိန်မှာတော့ လူသုံးဆယ်ကျော်သာ ကျန်ရှိတော့ပေသည်။
သေသွားတဲ့လူတွေအားလုံးကဟန်မင်းဆက်ရှိ အင်အားစုအသီးသီးက လူငယ်မျိုးဆက် လက်ရွေးစင်တွေ ဖြစ်တဲ့အတွက် ဟန်မင်းဆက်အတွက် အကြီးကြီး ဆုံးရှုံးသွားမယ်ဆိုတာ သံသယရှိစရာမလိုချေ။
ချန်းယွဲ့ရှုလည်း ရန်ကိုင်ကို ရှင်းပြနေရင်း ဒေါသထွက်လာခဲ့ပြီး မျက်နှာကြီး နီရဲလာခဲ့ကာ အံကြိတ်ပြီး
‘‘ဒါက အရှက်မဲ့လွန်းတယ်။ ဒီသတင်းသာ ပျံ့သွားတာနဲ့ တပည့်တွေပို့လိုက်တဲ့ ဂိုဏ်းတွေအားလုံးမျက်နှာပျက်ရလိမ့်မယ်….’’ ဟန်မင်းဆက် လူငယ်မျိုးဆက်တွေအားလုံး အတူတကွ စုစည်းခဲ့ကြပေမယ့်တန်းလန်းမင်းဆက်က လူငယ်လေးယောက်ရဲ့ အမှောက်သိပ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ထိုသတင်းသာ
ပျံ့သွားခဲ့ရင် ဟန်မင်းဆက်က အပြင်လူတွေအတွက် ဟားတိုက်စရာပြက်လုံးတစ်ခု ဖြစ်လာမှာပဲဖြစ်သည်။
‘‘ စီနီယာအစ်ကို၊ အဲ့ဒါက စီနီယာအပြစ်မဟုတ်ပါဘူး ’’ စုရှောင်းယုက လေသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်၏။
‘‘ ငါတို့အားနည်းတာမဟုတ်ဘူး။ အဲ့တန်းလန်မင်းဆက်လူတွေကကို အကျင့်ယုတ်ကောက်ကျစ်လွန်းတာ။အရမ်ကိုဉာဏ်များလွန်းတယ် ’’
‘‘ ဟူး….’’ ချန်းယွဲ့ရှုလည်း စိတ်ပျက်အားလျော့စွာဖြင့် သက်ပြင်းချလိုက်ပြီး
‘‘ဒီနေရာမြန်မြန်ပိတ်ပြီး ကျန်ရှိနေတဲ့လူတွေအားလုံး လွတ်မြောက်ဖို့ မျှော်လင့်ရတာပဲ ’’ တစ်ခဏလောက်တွေးတောလိုက်ပြီး ရန်ကိုင်က ရုတ်တရက်မျက်မှောင်ကြုံ့ကာ မေးလိုက်သည် ‘‘ ဒီလောက်လူအများကြီးစုစည်းနေတော့ စီနီယာတို့ကို ဘယ်သူဦးဆောင်လဲ ’’
အားလုံးက ဂိုဏ်းအသီးသီးက လက်ရွေးစင်တွေဖြစ်တဲ့အတွက် တစ်ယောက်ချင်းစီက မောက်မာပြီး မိမိကိုယ်ကို
အရမ်းကို မြင့်မြင့်တွေးလွန်းပေသည်။ အခြားတစ်ယောက်က သူတို့ကိုဘာလုပ်၊ညာလုပ်ဆိုပြီး လာခိုင်းတာမျိုးကို
လက်ခံလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဒီအဖွဲ့ကိုသာ ဦးဆောင်တဲ့လူမရှိရင် တစ်ဖွဲ့လုံးပရမ်းပတာဖြစ်သွား
ပေလိမ့်မည်။ ချန်းယွဲ့ရှုက ဘေးဘက်ကို ကြည့်လိုက်ပြီး ပြောလိုက်သည် ‘‘ သူပဲ။ ကြယ်ဓါးကိုးချောင်းဂိုဏ်းက
ဝူချန်းရီ၊ အစစ်အမှန်ဒြပ်စင်အဆင့်ရ။ ရှိနေတဲ့လူအားလုံထဲမှာ သူအားအကောင်းဆုံးပဲ။ အဲ့ဒါကြောင့်အခုငါတို့အားလုံးကို သူဦးဆောင်နေတာ ’’
သူလှည့်ကြည့်လိုက်တဲ့အချိန် ချန်းယွဲ့ရှု ပြောတဲ့လူက အစောပိုင်းတုန်က သူ့ကိုအေးစက်စက်ဖြင့်စိုက်ကြည့်နေတဲ့ လူမှန်းတွေ့လိုက်ရသည်။သူ့ပုံစံက အဖုံးမချွတ်ရသေးတဲ့ ဓါးတစ်ချောင်းလိုခံစားချက်မျိုးငါ့ကိုပေးနိုင်တာလည်း မထူးဆန်းတော့ပါဘူးလေ။ လတ်စသတ်တော့ သူကကြယ်ဓါးကိုးချောင်းဂိုဏ်းကတပည်တစ်ယောက်ကိုး
ကြယ်ဓါးကိုးချောင်းဂိုဏ်းက ဓါးသိုင်းပညာရပ်တွေကိုသာ လေ့ကျင့်တဲ့ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ထိုဂိုဏ်း၏ဂုဏ်သတင်းက ဟန်မင်းဆက်တစ်ခုလုံး ကျော်ကြားပေသည်။
ကြယ်ဓါးကိုးချောင်းကို မိသားစုကြီးရှစ်ခုအောက်သာနိမ့်တဲ့ ပထမအဆင့်အင်အားစုတစ်ခုအဖြစ်
သတ်မှတ်လို့ရပေသည်။ ထိုဂိုဏ်းထဲမှာရှိနေတဲ့ တပည့်တွေအားလုံးကလည်း လူငယ်မျိုးဆက်တွေကြားက
နဂါးနှင့်ဖီးနစ်တွေပဲ ဖြစ်ပေသည်။ ဝူချန်းရီက အားကောင်းတဲ့ခွန်အားကို ပိုင်ဆိုင်ထားသလို သူ့နောက်ခံ
ကလည်း သာမန်မဟုတ်ချေ။ အဲ့လိုလူတစ်ယောက်က ဒီအဖွဲ့ကိုဦးဆောင်နေတာ ယုတ္တိကျပေသည်။
ပြီးတော့ ဒီအဖွဲ့ထဲမှာ သူကလွဲပြီးတစ်ဖွဲ့လုံးကို ကောင်းကောင်းဦးဆောင်နိုင်တဲ့ လူတစ်ယောက်မှ
ရှိသည့်ပုံမပေါ်ချေ။
ရန်ကိုင်က ခေါင်းညိတ်ပြီး ပြောလိုက်၏ ‘‘ ဒီလူရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူက တကယ်ကို ခေါင်းဆောင်တစ်ယောက်အတိုင်းပဲ။ ကြယ်ဓါးကိုးချောင်းက သူ့ကိုတော်တော်လေး အလေးထားပုံရမယ်’’ တစ်ချိန်လုံး တိတ်တိတ်ဆိတ်ဆိတ်ဖြင့် နားထောင်နေတဲ့ စုရှောင်းယုက ရုတ်တရတ် ဒေါသတကြီးတိုးတိုးလေး ပြောလိုက်လေသည် ‘‘ ဟန့်၊ သူက ငါတို့အားလုံးက နောက်လိုက်တွေလို ဆက်ဆံတဲ့မောက်မာတဲ့ လူတစ်ယောက်သာသာပါပဲ။ ငါတို့တွေ သားရဲတွေကိုသတ်လို့ရတဲ့ သွေးလုံးတွေကိုသူ့ကိုပေးခိုင်တယ်။ ပြီးတော့သူကအားလုံးကို ပြန်ဝေပေးတယ်။ ဒါပေမယ့် သူဘယ်လောက်တောင် ဂုတ်သွေးစုပ်ထားမလဲဆိုတာ ဘယ်သူကသိမှာလဲ ’’
ချန်းယွဲ့ရှုက စုရှောင်းယုကို ကြင်နာစွာဖြင့် ကြည့်လိုက်ပြီး
‘‘ အဲ့လိုမပြောနဲ့လေ။ သူခေါင်းဆောင်နေလို့သာမဟုတ်ရင် ငါတို့အားလုံး အခုလိုစုဝေးနိင်ကြမှာမဟုတ်ဘူး။ အခုအချိန်လောက်ဆို ငါတို့အားလုံး သေသွားနေလောက်ပြီ။ သူ့တိုက်ပွဲစွမ်းရည်က အမြင့်ဆုံးပဲ။ အဲ့ဒါကြောင့် ဝေစုတွေကိုသူပိုယူတာလည်းယုတ္တိရှိတာပဲလေ။ ပြီးတော့ ဒီသီးခြားကမ္ဘာထဲမှာရှိတဲ့ သားရဲရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို
တန်းလန်မင်းဆက်က ကောင်တွေက ထိန်းချုပ်ထားပြီးသွားပြီလေ။ အဲ့ဒါကြောင့် ငါတို့သွေးလုံးတွေကိုအဲ့လောက်လွယ်လွယ်နဲ့ ရှာလို့ရတော့မှာမဟုတ်ဘူး။ သူလိုချင်ရင် ယူလို့ရတယ်။ ငါရဲ့ဆန္ဒက
ဒီကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ထက်။ အဲ့ထက် ဘာမှပိုအရေးမကြီးဘူး ’’
ဒါပေမယ့် စုရှောင်းယုက ခေါင်းမာနေတုန်းပင် ‘‘ငါအဲ့ဒါကို အရမ်းကြီးဂရုစိုက်နေတာလည်း မဟုတ်ဘူး။
ငါသည်းမခံနိုင်တာ သူကငါတို့အသက်ကို အလေးမထားတာပဲ။ အစောတုန်းကပဲကြည့်လေ။သူက ငါတို့ကိုသားရဲအုပ်ကို မြှားခေါ်သွားခိုင်းတယ်။ဂျူနီယာမောင်လေးရန်ကြောင့်သာမဟုတ်ရင်ငါတို့နှစ်ယောက်စလုံး…… ’’ ပြောနေရင်း စုရှောင်းယုက ရုတ်တရက်ကြီး ငိုချလိုက်ပြီး သူမမျက်လုံးတွေက ကလေးတစ်ယောက်၏ မျက်လုံးလေးတွေလို နီရဲလာခဲ့ပြီး မို့အစ်လာခဲ့လေသည်။
‘‘ အခု….အခု၊ နင်ဘာအတွက်ငိုနေတာလဲ။ ညီအစ်ကိုရန်ကို အဲ့လိုမျက်နှာဆိုးဆိုးကြီး ပြချင်နေတာလား။
ငါတို့အခု ဘေးကင်းနေတာပဲမလား ’’ ချန်းယွဲ့ရှုက စုရှောင်းယုကို နှစ်သိမ့်ပေးရင်း ရန်ကိုင်ကိုကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
အခြားတစ်ဖက်မှာတော့ ရန်ကိုင်ကမျက်မှောင်ကြုံ့ပြီး
မေးလိုက်သည် ‘‘စီနီယာအစ်ကိုတို့နှစ်ယောက်မိစ္ဆာသားရဲတွေ အဝိုင်းခံနေရတာက သူ့အမိန့်ကြောင့်လား ’’
ချန်းယွဲ့ရှုက မဲ့ပြုံးပြုံးလိုက်ပြီး ‘‘ ငါတို့ကအလှည့်နဲ့ လုပ်နေကြာတာ။ ငါတို့ နှစ်ယောက်ရဲ့ကံက ဆိုးသွားတော့လည်း အဲ့လိုဖြစ်သွားရတာပေါ့ ’’
ချန်းယွဲ့ရှုက သက်ပြင်းချနေကိုကြည့်ရင်း သူလည်းကူကယ်ရာမဲ့နေတာကို ရန်ကိုင်ခံစားမိပေသည်။ အခု
အချိန်မှာ ဝူချန်းရီကို သူမကျေနပ်ဘူးဆိုရင်တောင် သည်းခံရုံက လွဲပြီးဘာမှလုပ်လို့မရချေ။ သူတို့နှစ်ယောက်သာ အဖွဲ့ထဲကနေ ထွက်သွားမယ်ဆိုရင် စုရှောင်းယုရဲ့ ခွန်အားနဲ့ဆိုရင် သူတို့စောစော
သေပေလိမ့်မည်။ ထိုအကြောင်းတွေအားလုံးကို တွေးလိုက်ရင်း ကုသရေးဆေးလုံးတွေကိုသူထုတ်လိုက်တဲ့အချိန် စုရှောင်းယုက ဘာလို့ချက်ချင်း ပြန်သိမ်းခိုင်းလဲဆိုတာ သူနားလည်သွားတော့လေသည်။
လွန်ခဲ့တဲ့လအတွင်း ထိုအဖွဲ့က တိုက်ပွဲများစွာကို ဆင်နွှဲ့ခဲ့ရပေမည်။ သူတို့တစ်ယောက်ချင်းစီက ကုသရေး
ဆေးလုံးတွေ သယ်ဆောင်လာခဲ့ပေမယ့် အခုအချိန်မှတော့ ဆေးလုံးတွေအားလုံးက သုံးလို့ကုန်သွားလောက်ပေပြီ။ ပြီးတော့ ဒီကမ္ဘာကြီးမှာ ကုသရေးအကျိုးသက်ရောက်မှုရှိတဲ့ ဆေးပင်တွေ ရှိသည့်ပုံမပေါ်ချေ။ ထို့ကြောင့် ကုသရေးဆေးလုံးတွေက အလွန်အမင်း ရှားပါးပြီး အဖိုးတန်တဲ့ ရတနာတွေဖြစ်နေခြင်းဖြစ်သည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၂၉) အသူရာဂိုဏ်း
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်အမူအရာ ပြောင်းသွားခဲ့သည်။ သူ့ရဲ့ အလျင်စလို အပြုအမူကိုတောင်
ပြန်ပြီးနောင်တရချင်သွားခဲ့သည်။ ဘာကြောင့်လဲဆိုတာ စုရှောင်းယုပြောပြီးတာနဲ့ သူသိမ်းလိုက်ပေမယ့်
တစ်ယောက်ယောက်များ မြင်သွားလားဆိုတာကို သူမသိချေ။ သူတို့သာ သိသွားခဲ့ရင် ပြဿနာတွေကတော့
သူ့ဆီမဖိတ်ခေါ်ပဲ လာတော့ပေလိမ့်မည်။
သာမန်ကုသရေးဆေးလုံးလေးတွေက ဒီလောက်တောင် ရှားပါးပြီး
တန်ဖိုးကြီးလိမ့်မယ်လို့ သူဘယ်လိုလုပ်ပြီး ထင်ထားပါ့မလဲ။ ‘‘ ညီအစ်ကိုချန်၊ မင်းဒီကို ခဏလောက်လာပါလား ’’
ဝူချန်းရီက ချန်းယွဲ့ရှုကို ရုတ်တရက်ခေါ်လိုက်လေသည်။ ချန်းယွဲ့ရှုကလည်း ရန်ကိုင်ကို တိုးတိုးလေး
ပြောလိုက်ပြီး ‘‘ညီအစ်ကိုရန်၊ ကျေးဇူးပြုပြီး ခဏလောက်စောင့်ဦးနော်၊ ငါပြန်လာခဲ့မယ် ’’
‘‘ အင်း ’’ ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်သည်။
ချန်းယွဲ့ရှု ထွက်သွားပြီးနောက် ရန်ကိုင်လည်း ဘေးပတ်လည်ကို လိုက်ကြည့်လိုက်တဲ့အချိန် လူအများကြီးက
သူ့ကိုစိတ်ဝင်တစားနဲ့ ကြည့်နေတာကို တွေ့လိုက်ရသည်။
ထိုလူအုပ်က လူသစ်ကို မတွေ့ရတာ တော်တော်လေး ကြာနေပြီဖြစ်သည်။ ဟန်မင်းဆက်က ကျန်ရှိနေတဲ့
လူအားလုံး သေသွားပြီလို့ သူတို့ထင်နေခဲ့ကြတာဖြစ်သည်။ ဒါပေမယ့် အခုအချိန်မှာတော့ ရန်ကိုင်လို
ဟန်မင်းဆက်က လူသစ်တစ်ယောက်ကို တွေ့လိုက်ရတဲ့အတွက် သူတို့တော်တော်လေး စိတ်ဝင်စားသွားခဲ့လေသည်။ အထူးသဖြင့် ရန်ကိုင်က တစ်ယောက်တည်းဖြစ်နေတဲ့အတွက် ဖြစ်၏။
လူတစ်ယောက်တည်းအင်အားနဲ့ တန်းလန်မင်းဆက်လူတွေရဲ့ လက်ထဲကနေ ဘယ်လိုလွတ်မြောက်လာနိုင်လဲဆိုတာ
သူတို့မသိချေ။
ရန်ကိုင်လည်း လူအုပ်ဆီ တစ်ချက်ဝှေ့ကြည့်လိုက်တဲ့အချိန် ပန်းတစ်ထောင်နန်းတော်က မိန်းကလေး
လေးယောက်က ခေါင်းညိတ်ပြတာကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးလေးယောက်က ရန်ကိုင်နှင့်အတူ
သေမင်းတောင်ကို အတူတူဝင်လာခဲ့ကြတဲ့ သူတွေပဲဖြစ်လေသည်။
လမ်းတစ်လျှောက် တစ်ယောက်နဲ့
တစ်ယောက် စကားတစ်ခွန်းမှာ မပြောခဲ့ကြပေမယ့် သူတို့တွေက အတူတူခရီးသွားခဲ့ပြီး အန္တရာယ်တွေကိုလည်း
အတူတူရင်ဆိုင် ကျော်ဖြတ်ခဲ့ကြပေသည်။ ရန်ကိုင်လည်း ပြန်ပြီးပြုံးပြလိုက်သည်။
ထိုအုပ်စုကို စစ်ဆေးနေသည့်အချိန်တွင် မိန်းမလေးတစ်ယောက် ဦးဆောင်ပြီး နောက်ထပ်လူတစ်ယောက်နှင့်
အတူသူ့ဆီလမ်းလျှောက်လာခဲ့သည်။ သူမက အရပ်နည်းနည်းရှည်ပြီး အစိမ်းရောင်ကိုယ်ကြပ်အကျီင်္ကို
ဝတ်ဆင်ထားပေသည်။ သူမ၏ မို့မောက်နေတဲ့ ရင်သားတွေနဲ့ စွံ့ကားလှတဲ့ တင်သားတွေကအထင်သားပေါ်လွင်နေခဲ့ပြီး သွယ်လျတဲ့ ခြေတံရှည်လေးတွေကလည်း သူမအလှကို ပိုပြီးထင်ဟပ်နေစေကာ
ကြာပန်းသဖွယ်လက်မောင်းသားတွေကိုလည်း လှစ်ဟာထားခဲ့၏။ သူမ၏အသားအရေက ကျောက်စိမ်း
ခရစ်စတယ်အလား လုံးဝကိုသန့်စင်နေခဲ့ပြီး ကြွေထယ်အလား တောက်ပနေခဲ့ကာ မြင်သူအပေါင်းကို
ဆွဲဆောင်ညို့ငင်နေခဲ့၏။ သူမ၏နူးညံ့တဲ့ လက်ချောင်းလေးထက်ရှိ လက်သည်းခွံလေးတွေကိုတောက်ပတဲ့အနီရောင် လက်သည်းဆိုးဆေး ဆိုးထားခဲ့ပြီး သူမ၏နှစ်လိုဖွယ်ကောင်မှုကို ပိုပြီးတိုးသွားစေခဲ့သည်။ သူမက ညို့ဓါတ်ကောင်းတဲ့ မြေခွေးမလေး တစ်ကောင်ဆိုတာတော့ သံသယရှိစရာမလိုပေ။
ဒါပေမယ့် အားလုံးရဲ့ အားရံကိုအဆွဲဆောင်နိုင်ဆုံးက နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ သူမ၏ရင်ဘတ်ထက်ဆီက
တောင်နှစ်လုံးဆိုတာတော့ သံသယရှိစရာ မလိုပင်။ သူတွေ့ခဲ့ဖူးတဲ့ မိန်းကလေးထဲတွင် လန်ချူးတျယ်သာ
သူမနဲ့ယှဉ်နိုင်ပေလိမ့်မည်။ သူက လှပတဲ့မြွေတစ်ကောင်က သားကောင်ကို မြူဆွယ်နေသလို ရင့်ကျက်ပြီး
အန္တရာယ်များတဲ့ ညို့ငင်မှုကို ထုတ်လွှတ်နေခဲ့သည်။ ထိုနေရာတွင် အေးအေးလူလူဖြင့် မတ်တပ်ရပ်နေရင်း
နွေဦးစမ်းရေအလား တောက်ပကြည်လင်တဲ့ မျက်လုံးအစုံက ရန်ကိုင်ကို စိုက်ကြည့်နေခဲ့ပြီး သူမ၏နှစ်လိုဖွယ်
ကောင်းတဲ့ နှုတ်ခမ်းထက်ဝယ် အဓိပါ္ပယ်ပါတဲ့ အပြုံးတစ်ခုကို ဆင်မြန်းလို့ထားခဲ့သည်။
သူမနောက်တွင် ဝက်ဝံလို လူတစ်ယောက်လိုက်ပါလာခဲ့ပြီး ကျားတစ်ကောင်လို မောက်မာတဲ့ တည်ရှိမှုကို
ဖော်ထုတ်ပြထားခဲ့လေသည်။ သူကထိုနေရာတွင် အေးစက်စက်၊ အမူအရာကင်းမဲ့တဲ့ မျက်နှာဖြင့် ရပ်နေခဲ့၏။
၁၀စင်တီမီတာလောက်ရှည်တဲ့ အမာရွတ်တစ်ခုက သူ့ပါးထက်တွင် ရှိနေခဲ့ပြီး ကြံ့ခိုင်ကြမ်းကြုတ်တဲ့ခန္ဓာကိုယ်က ရက်စက်ကြမ်းကြုတ်တဲ့ အသွင်အပြင်ကို ဆောင်နေခဲ့လေသည်။ သူ့မျက်လုံးတွေကလျှပ်စီးတွေနဲ့ တလက်လက်တောက်ပနေခဲ့ပြီး အေးစက်စိမ်းကားပြီး ရက်စက်ကြမ်းကြုတ်မယ့်
အရှိန်အဝါကိုထုတ်လွှတ်နေခဲ့သည်။
မိန်းမဖြစ်စေ ယောကျာ်းဖြစ်စေ နှစ်ယောက်စလုံးက ရက်စက်ကြမ်းကြုတ်တဲ့သွေးအော်ရာကို ထုတ်လွှတ်
နေခဲ့သည်။ စုရှောင်းယုက မျက်မှောင်ကြုံ့လိုက်ပြီး ‘‘သူတို့က ငါတို့ဆီလာနေတာလား ’’
‘‘ ဖြစ်နိုင်လောက်တယ် ’’ရန်ကိုင်လည်းပဲ မျက်မှောင်ကြုံ့လိုက်သည်။ ထိုနှစ်လိုဖွယ်ကောင်းတဲ့မိန်းမကသူ့ဆီလာ၊မလာ မဆုံးဖြတ်ရသေးမင် သူ့ကိုစိုက်ကြည့်နေတယ်ဆိုတာ ရန်ကိုင်တွေ့ခဲ့ရသည်။ ‘‘ဂျူနီယာမောင်လေး၊ နင်သူတို့ကိုသိလား ’’ စုရှောင်းယုလည်း ခေါင်းရှုပ်သွားခဲ့၏။ ရန်ကိုင်လည်း ခေါင်းရှုပ်နေတဲ့
အမူအရာဖြင့် ခေါင်းခါပြလိုက်လေသည်။ လင်းတိုင်ရှုက ရေကန်ဘေးနာရှိ အင်အားစုနာမည်တွေနဲ့
တပည့်ခွန်အားအကြောင်း ရှင်ပြခဲ့ပေမယ့် ရေကန်က တော်တော်လေး ကျယ်တဲ့အတွက် သူတို့နဲ့
ဆန့်ကျင်ဘက်မှာရှိနေတဲ့ ဂိုဏ်းတွေအကြောင်း မရှင်းပြဖြစ်ခဲ့ချေ။
ထို့ကြောင့် ထိုနှစ်ယောက်ကဘယ်ကလဲဆိုတာ သူမသိချေ။
‘‘ဖြစ်နိုင်တာက…သူတို့ကနင့်ရဲ့ ကုသရေးဆေးလုံးတွေကို မြင်သွားလို့များလား ’’ စုရှောင်းယု၏အမူအရာ
ရုတ်တရက် ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင်မျက်နှာအမူအရာလည်း ပြောင်းသွားခဲ့ပြီး တိတ်တဆိတ်
ဒေါသထွက်သွားခဲ့လေသည်။ ‘‘ဂျူနီယာမောင်လေး၊ နင်သူတို့နဲ့ ငြင်းခုံလို့မဖြစ်ဘူးနော်။ သူတို့ကတော်တော်လေး သန်မာတယ် ’’ စုရှောင်းယုက ခပ်မြန်မြန်ပဲ သတိပေးလိုက်လေသည်။
‘‘ ငါကြိုးစားကြည့်မယ် ’’ ရန်ကိုင်လည်း အသာအယောလေး ခေါင်းညိပြလိုက်၏။ တကယ်တော့အခုလိုအချိန်မျိုးမှာ ဒီမှာရှိနေတဲ့လူတွေနဲ့ သူအငြင်းမဟွားချင်ပေ။ သူသာရုတ်တရက် ထိုနှစ်ယောက်ရဲ့ရန်သူဖြစ်သွားခဲ့ရင် ဒီမှာရှိနေတဲ့လူအားလုံးက သူ့ကိုရန်သူအဖြစ်သတ်မှတ်မှာ မလွဲမသွေပင်ဖြစ်သည်။
အဲ့လိုသာဖြစ်သွားခဲ့ရင် အဆုံးအသတ် ကောင်းလိမ့်မည် မဟုတ်ချေ။ ဒါပေမယ့် တစ်ယောက်ယောက်သာသူ့ကိုအနိုင်ကျင့်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ရန်ကိုင်ကလည်း ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။ထိုနှစ်ယောက်က သူ့ဆီလာနေတဲ့အချိန်တွင် အားလုံးအကြည့်က သူ့ဆီရောက်ရှိလာခဲ့လေသည်။ ထို
ညို့ငင်ဖွယ်ကောင်းတဲ့ မိန်းမဘာလုပ်ချင်နေတာလဲဆိုတာ သူတို့လဲ သိချင်နေကြပေသည်။
ထိုအချိန်တွင် ထိုမိန်းမက ရန်ကိုင်ဆီ ရောက်လာခဲ့ပြီး ရန်ကိုင်ကို စေ့စေ့စပ်စပ်ဖြင့် ကြည့်လိုက်သည်။
စကားတစ်ခွန်းတောင်မပြောပဲ သူမနောက်က ကောင်ကလည်း ရန်ကိုင်ကို ခက်ထန်တဲ့ မျက်လုံးအစုံနဲ့
စူးစိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးတွေက ထက်ရှတဲ့ဓါသွားတွေအလား ရန်ကိုင်၏နှလုံးသားနှင့်
စိတ်ဝိဉာဉ်ကို ထိုးဖောက်သွားမလေားတောင် ထင်ရပေသည်။
ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ တစ်ခုခုများလိုလို့လား ’’
ထိုမိန်းမက ပြန်မဖြေခဲ့ပဲ ရန်ကိုင်ကိုသာ
အလေးအနက်ဖြင့် ဆက်ကြည့်နေခဲ့ပြီး ရန်ကိုင်ဆီ ဖြေးဖြေးချင်းကိုင်းလိုက်သည်။ သူမနှုတ်ခမ်းထက်တွင်
အပြုံးတစ်ခုကို ဆင်မြန်းထားဆဲဖြစ်ပြီး သူမမျက်နှာကတော့ ရန်ကိုင်နားကပ်လာခဲ့ပြီး နူးညံ့ဖြောင့်စင်တဲ့
နှာခေါင်းလေးနဲ့ အသာအယာ ရှုရှိုက်လိုက်သည်။
ရန်ကိုင်မျက်နှာ လုံးလုံးပြောင်းလဲသွားခဲ့သည်။ သူမဆီကနေ မည်သည့်သတ်ဖြတ်လိုစိတ်ကိုမှ သူမခံစားရ
ပေမယ့် သူမအပြုအမူက ရှိနေတဲ့လူအားလုံးကို ခေါင်းကုတ်သွားစေခဲ့သည်။ဒါပေမယ့် ထိုမိန်းမက
အားလုံး၏အကြည့်ကို လျစ်လျူရှုထားခဲ့ပြီး အဆော့သန်တဲ့ ပါပီလေးတစ်ကောင်လို ရန်ကိုင်ခန္ဓာကိုယ်
တစ်ဝိုက် ရှုရှိုက်လို့နေခဲ့သည်။ သူမ၏ဆံပင်မွှေး အနည်းငယ်က ရန်ကိုင်လည်းပင်နှင့်ပါးတစ်ဝိုက်ပွတ်သပ်သွားခဲ့ပြီး သူ့ကိုယားကျိကျိဖြစ်သွားစေခဲ့သည်။
သူမ၏နှစ်လိုဖွယ်ကောင်းတဲ့ ကိုယ်သင်းရနံ့က ရန်ကိုင်နှားခေါင်းထဲ ဝင်ရောက်ခဲ့ပြီး ရန်ကိုင်လည်းပန်းရနံ့တွေ ရောထွေးနေတဲ့ သင်းရနံ့ကို ရလိုက်လေသည်။ သူမ၏လည်ဝိုက်က လှစ်ဟာထားတဲ့
အတွက် မို့မောက်ပြီး နှင်းလိုဖြူဖွေးနေတဲ့ ယုန်ဖြူလေးနှစ်ကောင်ကို မြင်နေရခဲ့လေသည်။
ထိုယုန်ဖြူနှစ်ကောင်ကိုကြည့်ရင်း ရန်ကိုင်လည်း တံတွေးမြိုချိလိုက်သည်။ အခု သူ့လည်းချောင်းကို
လုံးဝကို ချောက်ကပ်နေခဲ့ပြီဖြစ်ပေသည်။
‘‘ ဟေး…နင်ဘာလုပ်နေတာလဲ ’’ စုရှောင်းယုလည်း ထိတ်လန့်ရာမှ အသိပြန်ဝင်လာခဲ့ပြီးအော်ဟစ်လိုက်သည်။ သူမပါးနှစ်ဖက်က အခုဆို နီရဲနေခဲ့ပြီး သူမ၏နှလုံးခုန်နှုန်းကလည်း
မြင်းဆယ်ကောင်ပြေးနေသည့်အလား အဆက်မပြတ် ခုန်နေခဲ့လေသည်။
ထိုမိန်းမ၏အပြုအမူက …… ရန်ကိုင်ကို ပေါ်တင်စနောက်နေတဲ့ ပုံပေါက်နေခဲ့သည်။ တရားထိုင်ပြီး
အားပြန်ဖြည့်နေတဲ့ လူတွေကလွဲလို့ ကျန်တဲ့လူတွေအားလုံး၏ နှလုံးခုန်သံတွေ မြန်ဆန်လာခဲ့ပြီးစုရှောင်းယုလို ရိုးအတဲ့မိန်းကလေးတောင် သူမနှလုံးခုန်နှုန်းကို မထိန်းချုပ်နိုင်ခဲ့ချေ။ သူမက ရန်ကိုင်ဘေးတွင်ထိုင်နေတဲ့အတွက် သူမကအခြားသူတွေထက် ပိုပြီးရှင်းရှင်းလင်းလင်း မြင်ရပေသည်။
ယောကျာ်းသားတွေ တံတွေမြိုချတဲ့အသံတွေ အဘက်ဘက်ကနေ ထွက်ပေါ်နေခဲ့ပြီး ငယ်ရွယ်တဲ့
ကျင့်ကြံသူတွေအားလုံး၏ နှလုံးသားတွေကလည်း မနာလိုမှုဖြင့် မီးတောက်နေခဲ့လေသည်။
သူတို့တွေက ထိုမိန်းမ၏နှစ်လိုဖွယ်ကောင်တဲ့ ဝဖြိုးနေတဲ့ ယုန်နှစ်ကောင်ကို မြင်ယောင်ရင်းလေထဲတိုက်အိမ် ဆောက်နေကြပေမယ့် သူမနောက်မှာ ရပ်နေတဲ့ လူကြောင့် ဘယ်သူမှရဲရဲတင်းတင်းမပြုမူရဲကြချေ။ သူတို့က သူမနဲ့တောင် စကားပြောခွင့်မရမှာတော့ ဘယ်လိုလုပ်ပြီး သူမနဲ့နီးကပ်နိုင်ပါ့မလဲ။
ဒါပေမယ့် အခုအချိန်မှာတော့ ထိုမိန်းမက ရန်ကိုင်ခန္ဓာကိုယ်ကို တော်တော်လေး စိတ်ဝင်စားနေပုံရပေသည်။
ရန်ကိုင်ခွင့်ပြုချက်တောင် မစောင့်တောပဲ သူ့နားကပ်ကာ သူ့ကိုယ်နံ့ကိုရှုရှိုက်နေခဲ့လေသည်။သူတို့ရှေ့မှာ ဖြစ်ပျက်နေတဲ့ မြင်ကွင်းက တကယ်ကို ပူလောင်ပြီး စပ်လှပေသည်။ အထူးသဖြင့် အခုလိုကပ်ဆိုးအချိန်မျိုးမှာ အမြဲတမ်းတိုက်ပွဲတွေ ဆင်နွှဲနေရသဖြင့် သူတို့သွေးတွေက ဆူပွက်လို့နေပေသည်။
‘‘ မိန်းကလေး….နင် ……..’’ ရန်ကိုင်လည်း သက်သောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရသည်။သူမက သူ့ကိုအန္တရာယ်ပေးမယ့် ရည်ရွယ်ချက် မရှိဘူးဆိုတာ သူသိပေမယ့် ထိုမိန်းမက တော်တော်လေးထူးဆန်းလွန်းပေသည်။ သူတို့ အရင်တုန်းက တစ်ခါမှမတွေ့တော့ဘူးပေမယ့် သူမကပွင့်ပွင့်လင်းလင်းဖြင့်
ရင်းရင်းနှီးနှီးနဲ့ ဆက်ဆံနေခဲ့သည်။ ထိုမိန်းကလေးက ပိုပြီးချိုသာစွာပြုံးလိုက်ပြီး သူမ၏ကျောက်စိမ်းသဖွယ်
လက်ကလေးကို ဆန့်ုထုတ်လိုက်ကာ ရန်ကိုင်နှုတ်ခမ်းတွေကို ညင်သာစွာဖြင့် ပွတ်သပ်လိုက်သည်။
ထို့နောက် သူမကရန်ကိုင်ကိုယ်နံ့ကို ဆက်လက်ရှုရှိုက်လို့နေခဲ့လေသည်။ ရန်ကိုင်မျက်နှာတစ်ခုလုံး နီရဲလာခဲ့ပြီးနားသီးလေးတွေပါ နီရဲလာတော့သည်။
‘‘ အန်….ဂျူနီယာမောင်လေးရန်’’ စုရှောင်းယုလည်း ဆက်ပြီးသည်းမခံနိုင်တော့တဲ့အတွက် ၇န်ကိုင်နောက်ကျောဘက်ကို ပိတ်ကန်လိုက်လေသည်။ ‘‘ခစ်ခစ်ခစ်…’’ ထိုမြင်းကွင်ကို
ကြည့်ရင်း မိန်းကလေးလည်း တခစ်ခစ်ရယ်မောလိုက်ပြီး ရန်ကိုင်ကို တိုက်ရိုက်ကြည့်လိုက်၏။ သူမ၏လှပပြီးနူးညံ့တဲ့ မျက်နှာလေးက တဖြည်းဖြည်း ပဟေဠိဖြစ်နေတဲ့ပုံပေါက်လာခဲ့လေသည်။ သူမ၏အရည်လဲနေတဲ့မျက်လုံးဝိုင်းဝိုင်းကြီးတွေကလည်း စိတ်ရှုပ်နေတဲ့အလင်းရောင်တွေဖြင့် လင်းလက်လို့နေခဲ့သည်။
‘‘နင်ဘယ်လိုထင်လဲ ’’ ထိုမိန်းက သူမနောက်က လူကိုရုတ်တရက် လှမ်းမေးလိုက်လေသည်။
‘‘ ထူထဲပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်တဲ့ သွေးအော်ရာ ’’ ထိုလူက သူ့စကားလုံးတွေကို အဖိုးတန်ရတနာအလားတစ်ခွန်းလေး ပိုပြောရမှာကိုတောင် နှမြောနေပုံပေါက်နေခဲ့သည်။ ထို့ကြောင့် တိုတိုတုတ်တုတ် လိုရင်းတိုရှင်းပုံစံဖြင့်သာ ပြောလိုက်လေသည်။
‘‘ အင်း ’’ ထိုမိန်းမကရုတ်တရက် အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် နွေးထွေးတဲ့အပြုံးတစ်ခု
ကိုဆင်မြန်းကာ ‘‘ မောင်လေးရယ်၊ အဲ့လောက်ကြီး သတိထားမနေပါနဲ့။ ဒီကစီနီယာမမကြီးနဲ့
ဂျူနီယာမောင်လေးက နင့်ဆီကနေ ရင်းနှီတဲ့တစ်ခုခုကို ခံစားမိလို့ အခုလိုလုပ်မိလိုက်တာပါ ’’ ‘‘ ဟန့် ’’
စုရှောင်းယုက နှာခေါင်းရှုံ့လိုက်ပြီး တစ်ဖက်လှည့်လိုက်လေသည်။
ထိုမိန်းမ၏စကားလုံးတွေကို သူမမယုံတာ အသိသာကြီးပင်။
တကယ်တော့ ရန်ကိုင်လည်း သူမစကားကို
မယုံကြည်ချေ။ သူတို့နှစ်ယောက်၏ တုန့်ပြန်မှုကို မြင်ပေမယ့် ထိုမိန်းက ရယ်သာရယ်လိုက်ပြီး ‘‘ဒီအကြောင်း
ပြချက်က သိပ်ပြီးယုတ္တိမရှိဘူးဆိုတာ ငါသိတယ်။ တကယ်တော့ ဘာလို့ဒီလိုခံစားရလဲဆိုတာ ငါကိုယ်တိုင်လည်း
မသိဘူး ’’ ‘‘ ကောင်းပြီ။ ငါ့နာလည်က ရီချင်းစီ၊ ဒါက ငါ့ရဲ့ဂျူနီယာမောင်လေး ကျိုးဘ ’’
‘‘ ရန်ကိုင် ’’
‘‘ အဲ့တော့နင်က ဂျူနီယာမောင်လေးရန်ပေါ့……’’ ရီချင်းစီက ပြုံးလိုက်ပြီး သူမမျက်နှာထက်မှာတော့
ဆောင်လေညင်းအလား ပေါ့ပါးလွတ်လပ်တဲ့ အမူအရာကို ဆင်မြန်းထားခဲ့သည်။ ခပ်မြန်မြန်ပဲ ရီချင်းစီက
ဆက်ပြောလိုက်သည် ‘‘ ငါတို့စီနီယာအစ်မနဲ့ ဂျူနီယာမောင်လေးတို့နှစ်ယောက်က အဆုံးမယ့်
ပင်လယ်ကျွန်းက အသူရာဂိုဏ်းကပဲ။ဂျူနီယာမောင်လေး အဲ့ဂိုဏ်းကိုမကြားဘူးမှာကို ငါအားနာမိတယ် ’’
ရန်ကိုင်မျက်နှာ မသိမသာ ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်းပဲ မူလဟန်ပန်အမူအရာကို ပြန်ထိန်းထားလိုက်၏။
ထိုမိန်းမက သူနဲ့ရင်းနှီးသလို ဘာလို့ပြုမူနေရလဲဆိုတာ သူနားလည်းသွားခဲ့လေပြီ။
အဆုံးမဲ့ပင်လယ်ကျွန်း…အသူရာဂိုဏ်း။ ပထမအဆင့်အင်အားစု….။
သူတို့နှစ်ယောက်က အသူရာဂိုဏ်း၏ လူငယ်လက်ရွေးစင်နှစ်ယောက် ဖြစ်တဲ့အတွက် အသူရာဂိုဏ်းရဲ့
အနက်နဲဆုံးဖြစ်တဲ့ လျှို့ဝှက်ကျင့်စဉ်ကို လေ့ကျင့်ထားမှာ အသေအချာပဲဖြစ်သည်။ အသူရာဂိုဏ်း၏
အထွတ်အမြတ် ရတနာဖြစ်တဲ့ အသူရာဓါးက သူ့ကိုယ်ထဲတွင် ရှိနေခဲ့ပေသည်။ ဖြစ်နိုင်တာက ထိုဓါးကို
သူတို့အာရုံခံမိတာပဲဖြစ်ပေလိမ့်မည်။ သူ့ဆီကနေ ရင်နှီးတာတစ်ခုခုကို သူမခံစားမိတယ်လို့ ပြောခဲ့တာလည်း
မထူးဆန်းတော့ချေ။ ထိုအကြောင်းကို သိနေပေမယ့် ရန်ကိုင် ထုတ်ပြောလိမ့်မည် မဟုတ်ချေ။
အခုအချိန်မှာ သူတို့နှစ်ယောက်ခံစားမိနေတာက ရင်းနှီးတဲ့ခံစားချက်တစ်ခုခုဖြစ်ပေမယ့် ထိုရင်းနှီးတဲ့
ခံစားချက်က အသူရာဓါးမှန်းသာ သိသွားခဲ့ရင် ချက်ချင်းပဲ သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွား
ပေလိမ့်မည်။ ထိုအချက်ကိုတော့ ရန်ကိုင်လုံးဝသံသယမရှိချေ။
ရန်ကိုင်လည်း မသိချင်ယောင်ဆောင်နေလိုက်ပြီး ပဟေဠိဖြစ်နေတဲ့ အမူအရာဖြင့် မေးလိုက်သည်
‘‘ အဆုံးမဲ့ပင်လယ်ကျွန်း ’’ ရီချင်းစီက ခေါင်းညိတ်လိုက်လေသည် ‘‘ဟန်မင်းဆက်ရဲ့တောင်ဘက်အစွန်ဆုံးပိုင်းမှာ အဆုံးမဲ့ပင်လယ်တည်ရှိပြီး အဲ့ပင်လယ်ထဲမှာ ကျွန်းတွေအများကြီးရှိတယ်။ ဂျူနီယာမောင်လေး
ရန်က ကုန်းတွင်းပိုင်းက လာတာထင်တယ်။ အဲ့တော့ ငါတို့နေတဲ့နေရာကို မသိတာလည်း အံ့အားသင့်စရာ
မရှိပါဘူးလေ ’’ ‘‘အဲ့ကနေလာတာ နင်တို့ပဲလား ’’ ရန်ကိုင်လည်း စိတ်ဝင်စားတဲ့အမူအရာကိုဆင်မြန်းထားလိုက်၏။ သူလည်း တကယ်ပဲ ထိုအချက်ကို စိတ်ဝင်စားပေသည်။ သူ့တွင်
အဆုံးပင်လယ်ကျွန်းရှိ အထွတ်အထိပ်ဂိုဏ်းများ၏ အထွတ်အမြတ် ရတနာတွေ အများကြီးရှိနေခဲ့ပေသည်။
ရီချင်းစီက ရယ်မောလိုက်ပြီး ‘‘ ဂီမနီကျွန်းက လူနည်းနည်းတော့လာတယ်။ ဒါပေမယ့် အခုတော့
တစ်ယောက်ပဲကျန်တော့တယ် ’’ ရီချင်းစီလည်း တစ်နေရာရာကို ညွှန်ပြလိုက်လေသည်။ ရန်ကိုင်လည်း
သာမန်ကာလျှံကာ ဖြင့်လှည့်ကြည့်လိုက်ပြီးနောက် စိတ်သက်သာရာရသွားခဲ့လေသည်။ ပန်းကြွေးနန်းတော်က
တစ်ယောက်မှ မလာခဲ့တာ ကံကောင်းသွားခဲ့သည်။ မဟုတ်ရင် နောက်ထပ်ရင်းနှီးတဲ့ခံစားမှုကို ခံစားရတယ်
ဆိုပြီး ထပ်လာမှ သူ့ကိုအတင်းအကြပ် ရှင်းပြနေခိုင်းပေလိမ့်မည်။
‘‘ ဂျူနီယာမောင်လေးက ဘယ်ကလာတာလဲ ’’ ရီချင်းစီက မေးလိုက်၏။ သူမစိတ်ထဲက သံသယတွေ
မပျောက်သေးဘူးဆိုတာ သိသာပေသည်။ ‘‘ ကောင်းကင်စံအိမ် ’’ ရန်ကိုင်က သူ့လာတဲ့နေရာကိုဖုံးကွယ်ဖို့ မကြိးစားပဲ ပြောလိုက်၏ ‘‘ဖြစ်နိုင်တာကာ ငါလေ့ကျင့်တဲ့ လျှို့ဝှက်ကျင့်စဉ်နဲ့သိုင်းပညာရပ်က
သတ်ဖြတ်တာကို အသာပေးထားလို့ ထင်တယ်။ ဒီသီးခြားကမ္ဘာကြီးထဲမှာ ရှိနေတုန်း ငါ့လက်မှာသွေးတွေ
တော်တော်လေး စွန်းပြီးသွားခဲ့ပြီ။ အဲ့ဒါကြောင့် နင်တို့နှစ်ယောက်က ငါ့ဆီကနေ ရင်နှီးမှုကို ခံစားရတာ
ဖြစ်လိမ့်မယ် ’’
‘‘ အဲ့လိုလည်း ဖြစ်နိုင်တာပဲ ’’ ရီချင်းစီလည်း သူမ၏နှုတ်ခမ်းလေးကို အသာအယာလေး ကွေးလိုက်ပြီး
ရင်းနှီးတဲ့အမူအရာကို ချက်ချင်းပြန်ပြောင်းလိုက်ကာ ‘‘ကောင်းပြီ။ ငါတို့မတော်တဆ အခွင့်ဆိုင်ပြီး
တွေ့ဆုံတာဖြစ်ရင်တောင် ဂျူနီယာမောင်လေး ငါတိုနဲ့အတူတူသွားသင့်တယ်။ စီနီယာမမကြီးနဲ့သာနေ။
ငါနင့်ကိုကာကွယ်ပေးမယ်။ ခစ်ခစ်ခစ်….’’
‘‘ စီနီယာအစ်မရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ’’ ရန်ကိုင်လည်း သူထွက်သွားမယ်ဆိုတာကို
ဘယ်လိုပြောရင်ကောင်းမလဲဆိုတာ စဉ်းစားနေတုန်း ဝူချန်းရီနဲ့ချန်းယွဲ့ရှုတို့ သူ့ဆီလာနေတာကို
တွေ့လိုက်ရ၏။ ‘‘စကားပြောတာ လုံလောက်ပြီ ’’ ဝူချန်းရီက လေးနက်တဲ့မျက်နှာဖြင့်ပြောလိုက်ပြီး
ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ကာ သူ့ကိုစိုက်ကြည့်လိုက်လေသည် ‘‘မင်းက ကောင်းကင်စံအိမ်က
တပည့်တစ်ယောက်လို့ ညီအစ်ကိုချန်က ပြောတယ်။ ဟုတ်လား ’’
ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်သည်။ ဝူချန်းရီရဲ့ နိုင်ထက်စီးနင်း ပုံစံကို သူတကယ်မကြိုက်ပေ။ သူ့ရဲ့ မောက်မာတဲ့လေသံက တကယ်ကို သည်းခံချင်စရာမကောင်းပေ။ ‘‘ ဟုတ်တယ် ’’
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး သူနဲ့ဆက်ကစားဖို့ ဆုံးဖြတ်လိုက်လေသည်။
Martial Peak
အထွတ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၂၃၀) ခွဲခွာခြင်း
‘‘ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ ’’ ဝူချန်းရီက ဆက်ပြီးမေးလိုက်၏။
‘‘ ချီသန့်စင်ခြင်းအဆင့်၇’’
သူပြောပြီးတာနဲ့ ဝူချန်းရီမျက်လုံးထဲတွင် စိတ်ပျက်မှုနှင့် အထင်သေးမှုကို ရန်ကိုင်မြင်တွေ့လိုက်ရလေသည်။
ဒါပေမယ့် ထိုအရာက သူမျှော်လင့်ထားတဲ့အတိုင်းပင်ဖြစ်သည်။ အသက်ရှင်ကျန်ရစ်နေတဲ့လူတွေထဲတွင်
အစစ်အမှန်ဒြပ်စင်အဆင့်ကို မရောက်တဲ့လူမရှိချေ။ ရန်ကိုင်က ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးတဲ့အတွက်
အားနည်တယ်လို့ ဆိုနိုင်ပေသည်။ အသူရာဂိုဏ်း ရီချင်းစီကတော့ အံ့အားသင့်သွားပုံရ၏။ သိသာစွာပဲ
ရန်ကိုင်ခွန်အား အဲ့လောက်နိမ့်လိမ့်မည်ဟု သူမ မထင်ထားခဲ့မှာ သေချာပေသည်။
ရန်ကိုင်က သားရဲတွေရန်ကနေ နှစ်ဝက်လောက် လွတ်မြောက်အောင် နေနိုင်ခဲ့တဲ့အတွက် အနည်းဆုံး
အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူဖြစ်နေလိမ့်မယ်လို့ သူမထင်နေခဲ့တာဖြစ်ပေသည်။ ဒါပေမယ့်
ရန်ကိုင်က ချီသန့်စင်ခြင်းအဆင့်ရသာ ရှိသေးတယ်လို့ ပြောလိုက်တဲ့အတွက် အားလုံးကို အံ့အားသင့်သွား
စေခဲ့လေသည်။ ‘‘ မောင်လေး၊ နင်တကယ်ပဲ ချီသန့်စင်ခြင်းအဆင့်ရလား ’’ ရီချင်းစီလည်း မနေနိုင်တော့ပဲ
မေးလိုက်လေသည်။
ရန်ကိုင်က ခေါင်ညိတ်လိုက်ပြီး ယွမ်ချီကိုလှည့်ပတ်ကာ သူ့ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြလိုက်၏။
ဘေးပတ်လည်ရှိ ကျင့်ကြံသူတွေအားလုံး ကြောင်အသွားကြပြီးနောက် အားလုံးဝါးလုံးကွဲ ထရယ်ကြ
တော့လေသည်။ ‘‘ နင်တို့ဘာကိုရယ်နေတာလဲ ’’ စုရှောင်းယုက ရန်ကိုင်ဘက်ကနေပြီး ချက်ချင်းပဲ
ထိုအရူးတစ်သိုက်ကို အော်လိုက်လေသည်။ ဂျူနီယာမောင်လေး၏ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်း
အဆင့်သာ ရောက်သေးပေမယ့် သူ့ရဲ့တိုက်ပွဲစွမ်းရည်က သာမန်အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူ
တစ်ယာက်ထက် အဆများစွာပိုအားကောင်းပေသည်။
ရန်ကိုင် သူတို့ကို ကယ်ခဲ့တဲ့အချိန်တုန်းက အဆင့်၅သားရဲနှစ်ကောင်နှင့် အဆင့်၄သားရဲများစွာကို သူသတ်ခဲ့
ပေသည်။ ထိုသားရဲတွေနဲ့ ရင်ဆိုင်ရာတွင် သူမနှင့်ချန်းယွဲ့ရှုတို့ နှစ်ယောက်လုံး အသက်ရှင်ဖို့တောင်
အနိုင်နိုင် ရုန်းကန်နေခဲ့ရ၏။ ထို့ကြောင့် ထိုသားရဲတွေကို အားမစိုက်ထုတ်ပဲ သတ်သွားနိုင်တဲ့ ရန်ကိုင်၏
ခွန်အားကို ခန့်မှန်းကြည့်နိုင်ပေသည်။ ရန်ကိုင် ဘယ်လောက်သန်မာလဲဆိုတာကို ချန်းယွဲ့ရှုနှင့် စုရှောင်းယုထက်
ဘယ်သူမှ ပိုမသိနိုင်ချေ။
ထိုကဲ့သို့လူတစ်ယောက် အဖွဲ့ထဲကိုပူးပေါင်းလာတာက တကယ်ကိုပဲ
ဝမ်းသာစရာ သတင်းတစ်ခုပင်ဖြစ်သည်။ သို့ပေမယ့် အဖွဲ့ထဲကလူတွေကတော့ သူ့ကျင့်ကြံခြင်းအဆင့်
နိမ့်လို့ လှောင်ပြောင်နေခဲ့ကြလေသည်။
စုရှောင်းယုကိုယ်တိုင်က ရန်ကိုင်အစား မခံမရပ်နိုင်ဖြစ်ပေမယ့် ထိုကိစ္စနဲ့ပက်သက်ပြီး သူမလည်းဘာမှ
မလုပ်နိုင်တဲ့အတွက် တိတ်တိတ်လေးနေရုံသာ တတ်နိုင်ပေသည်။ သူမက ရန်ကိုင်၏အစွမ်းကို ဘာအကြောင်းမှမရှိပဲ လူသိရှင်ကြား ထုတ်ပြောနေမယ့် ထုံအရိုးသားတဲ့ မိန်းကလေးတစ်ယောက်
မဟုတ်ချေ။
‘‘ နင်က ချီသန့်စင်ခြင်းအဆင့်ရထိပဲ ရှိတာ အခုအချိန်ထိ ဘယ်လိုလုပ်ပြီး အသက်ရှင်နေနိုင်တာလဲ ’’
ရီချင်းစီက အဖြေရှာရခက်နေတဲ့ ပုံစံဖြင့်မေးလိုက်လေသည်။
‘‘ တောင်ကြားတစ်ခုထဲကို ငါမတော်တဆ
ပြုတ်ကျသွားခဲ့တာ။ အဲ့နေရာကနေ ပြန်တက်ဖို့ နှစ်ဝက်လောက် အချိန်ယူနေခဲ့ရတာ ’’ ရန်ကိုင်က
ပုခုံးတွန့်ပြလိုက်လေ၏။ သူပြောပြီးတာနဲ့ အဖွဲ့ထဲက အများစုက ပိုပြီးဟားတိုက်ရယ်မောကြလေသည်။
စုရှောင်းယု၏အသက်ရှုသံ ကြမ်းတမ်းလာခဲ့ပြီး သူမဒေါသကို မနည်းဖိနှိပ်ထားခဲ့ရလေသည်။ ဒါပေမယ့်
သူပြောတာကလည်း မှန်နေတဲ့အတွက်သူမဘာမှမလုပ်နိုင်ခဲ့ချေ။
ဝူချန်းရီက မထူးခြားနားပုံစံဖြင့် ဗြုန်းစားကြီး ပြောလိုက်လေသည် ‘‘မင်းကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းတယ်။ အဲ့ဒါကြောင့် မင်းကတိုက်ခိုက်တဲ့နေရာမှာ ဘာမှအဲ့လောက်ကြီး အသုံးဝင်မှာမဟုတ်ဘူး။ ဒါပေမယ့်မင်းကိုညီအစ်ကိုချန်က ခေါ်လာတာဖြစ်လို့ ညီမစုနဲ့သာ ကပ်နေလိုက်။ မင်းသာအဆင့်၄သားရဲနှစ်ကောင်၊သုံးလေးကောင်လောက် သတ်နိုင်ရင် မင်းကိုအသုံးဝင်တယ်လို့ ပြောလို့ရတယ် ’’
ပြောပြီးတာနဲ့ ဝူချန်းရီက ရန်ကိုင်နဲ့ဆက်ပြီး အချိန်မဖြုန်းချင်တော့သည့်ပုံစံဖြင့် အလျင်စလို
ထွက်သွားလိုက်သည်။ ‘‘ငါမင်းတို့နဲ့ နေမှာမဟုတ်ဘူး ’’ ရန်ကိုင်က မျက်မှောင်ကြုံ့ပြီးပြောလိုက်သည်။
တောင်ကြားကနေ ထွက်လာပြီးတာနဲ့ အခုလက်ရှိအခြေအနေတွေကို မေးမြန်းဖို့ တစ်ယောက်ယောက်ကိုရှာချင်ခဲ့သည်။ သို့ပေမယ့် နောက်ဆုံးမှာတော့ ချန်းယွဲ့ရှုနောက် လိုက်လာခဲ့ရလေ၏။ အခု သူလိုချင်တဲ့
သတင်းအချက်အလက်တွေကို ရရှိသွားပြီဖြစ်တဲ့အတွက် ဆက်ပြီးနေစရာ အကြောင်းမရှိတော့ချေ။
အတူတူပူးပေါင်းလုပ်တာက လွယ်ကူတဲ့ပစ်မှတ်တစ်ခု ဖြစ်လာနိုင်ပေသည်။ လူတိုင်းသာ တစ်ဂိုဏ်းတည်း
ဆိုရင် အားလုံးက အတူတူတက်ညီလက်ညီဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်ပေသည်။ သို့ပေမယ့် အဖွဲ့ထဲမှာ
ဂိုဏ်းအမျိုးမျိုးက လူတွေရောနှောနေတဲ့အတွက် ဘယ်သူက ကိုယ့်နောက်ကျောကို ဓါးနဲ့ထိုးလိမ့်မယ်ဆိုတာ
ဘယ်သူမှမသိနိုင်ချေ။ သူသာ သူတို့နဲ့ပေါင်းမယ်ဆိုရင် သူ့ကျင့်ကြံခြင်းအဆင့်က အနိမ့်ဆုံးဖြစ်တဲ့အတွက်
အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အချိန် သူက ပထမဆုံး စတေးခံဖြစ်လာပေလိမ့်မည်။ ထိုအကြောင်းကိုသိလျက်ဖြင့်
ဘာလို့ ကိုယ့်ဘဝကိုအခြားတစ်ယောက်၏လက်ထဲ ထည့်ထားရမှာလဲ။
ဒါကြောင့် တစ်ယောက်သာ သူလှုပ်ရှားချင်၏။ ဒီသီခြားနေရာတွင် အန္တရာယ်များစွာရှိနေပေမယ့် ရန်ကိုင်က
သူ့ခွန်အားကို ယုံကြည်ချက်ရှိပေသည်။ သူသာဂရုစိုက်နေသရွေ့ ပြဿနာကြီးတွေကို ရင်ဆိုင်ရလိမ့်မည်မဟုတ်ချေ။ တန်းလန်မင်းဆက်ကလူတွေ ဝိုင်းတာခံရရင်တောင် ယန်မီးတောက်တောင်ပံတွေသုံးပြီး
ပျံသန်းထွက်ပြေးနိုင်ပေသည်။ အဲ့လိုဝှက်ဖဲတွေရှိနေမှာတော့ ဘာလို့သူတို့အဖွဲ့ကို ဝင်ပေါင်းနေရဦးမှာလဲ။
ပြီးတော့ ရန်ကိုင်စိုးရိမ်နေရတဲ့ နောက်ထပ်အချက်တစ်ချက်လည်း ရှိသေးပေသည်။ ရီချင်းစီ..ကျိုးဘသာအသူရာဓါးက တည်ရှိမှုကို အာရုံခံမိသွားခဲ့ရင် ပြဿနာအကြီးကြီးကို လက်ယပ်ခေါ်သလို
ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ထိုဖြစ်နိုင်ချေက အရမ်းကိုနည်းပါးပေမယ့် သတိထားနေတာက
အကောင်းဆုံးပင်ဖြစ်သည်။
ရန်ကိုင်ဖြစ်စေ၊ အဖွဲ့သားတွေဖြစ်စေ၊ နှစ်ဘက်စလုံး အတူတူခရီးမသွားချင်ကြချေ။ ထို့ကြောင့် ထိုအဖွဲ့ထဲ
ဘာလို့အားနာပါးနာနဲ့ ဝင်ပေါင်းနေရဦးမှာလဲ။ ‘‘ မင်းဘာပြောလိုက်တာလဲ ’’ ဝူချန်းရီက နောက်ပြန်လှည့်လိုက်ပြီး
ရန်ကိုင်ကို စိုက်ကြည့်ကာ ထပ်ပြောလိုကသည်
‘‘ မင်းတစ်ယောက်တည်း လှုပ်ရှားချင်တာလား ’’
‘‘ ဟုတ်တယ် ’’ ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
‘‘ ညီအစ်ကိုရန်….’’ ချန်းယွဲ့ရှု၏ အမူအရာ
အပြောင်းကြီးပြောင်းလဲသွားခဲ့ပြီး ခပ်မြန်မြန်ပဲ ရှေ့တိုးကာ တိုးတိုးလေးပြောလိုက်၏ ‘‘ မင်းဘာသာမင်း
တစ်ယောက်တည်း လှုပ်ရှားတာကအန္တရာယ်များလွန်းတယ်။မင်းသာ ဒီမှာငါတို့နဲ့အတူတူနေရင်အနည်းဆုံးတော့ ငါတို့တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ရတာပေါ့။ အဲ့ဒါက မင်းတစ်ယောက်တည်းလှုပ်ရှားတာထက် အများကြီး ပိုအန္တရာယ်ကင်းတယ် ’’
ချန်းယွဲ့ရှုက သူပြောလုံးဝမှန်တယ်ဆိုတာသိပြီး သူ့အတွင်အခြားရည်ရွယ်ချက်လည်း မရှိချေ။ ရီချင်းစီလည်း
ရန်ကိုင်ကို ဆွဲဆောင်ဖို့ကြိုးစားလိုက်သည် ‘‘ ဂျူနီယာမောင်လေးရန်၊ အဲ့လောက်ရဲတင်းဖို့ မလိုပါဘူး။ဒီမှာသာ ငါတို့နဲ့နေစမ်းပါ။ ငါတို့အခုမှ တွေ့တာဆိုပေမယ့် ဒီအစ်မကြီးက နင့်နဲ့ရင်းနှီးတယ်လို့ ခံစားရတယ်။
စီနီယာအစ်မနဲ့ ဂျူနီယာမောင်လေးတို့ အဲ့လိုခံစားချက်ကို မခံစားခဲ့ရတာ နှစ်တောင်တော်တော်ကြာသွားခဲ့ပြီ။
အဲ့ဒါကြောင့် နင့်ကိုမလိုအပ်တဲ့ အန္တရာယ်တွေကို မတွေ့စေချင်ဘူး။ ကျိုးဘ…နင်လည်း သဘောတူတယ်မလား ’’ တာဝါလူသားကြီးကလည်း ရိုးရိုးရှင်းရှင်းသာ ခေါင်းညိတ်ပြလိုက်သည်။
‘‘ စီနီယာအစ်မရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ် ’’ ရန်ကိုင်က ရယ်လိုက်ပြီး ‘‘ဒါပေမယ့် အခြားတစ်ယောက်
အမိန့်ပေးတာကို လိုက်လုပ်နေရတဲ့ နောက်လိုက်တစ်ယောက်လို လုပ်ရှာမှာကို ငါတော်တော်လေးပျင်းတယ် ’’
‘‘ အားလုံးမှာ ကိုယ်ပိုင်ရွေးချယ်မှု ရှိတယ် ။ သူသွားချင်တယ်ဆိုရင် ဆက်ပြီးဆွဲခေါ်နေဖို့မလိုပါဘူး ’’ဝူချန်းရီက အထင်သေးစွာဖြင့် ပြောလိုက်ပြီး သူ့လက်ကိုဆန့်ထုတ်လိုက်သည်
‘‘ ဒါပေမယ့် မသွားခင် မင်းမှာပါတဲ့ ဆေးလုံးတွေအားလုံးကို ထားခဲ့လိုက် ’’ ရန်ကိုင်၊ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့မျက်နှာ
အေးစက်သွားခဲ့သည်။ အစောပိုင်းတုန်းက ရန်ကိုင်ကုသရေးဆေးလုံးတွေ ထုတ်လိုက်တာကို
အခြားသူတွေ သတိပြုမိလိုက်ပေသည်။
ချန်းယွဲ့ရှုက မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ညီအစ်ကိုဝူ၊ မင်းဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်တာလဲ ’’
ဝူချန်းရီက နှာခေါင်းရှုံ့လိုက်ပြီး ‘‘ငါဆုံးဖြတ်နဲ့ပက်သက်ပြီး ဘာမှားနေလို့လဲ။ သူက ချီသန့်စင်ခြင်းအဆင့်
ကျင့်ကြံသူတစ်ယောက်သာသာပဲလေ။ သူထွက်သွားတာနဲ့ တန်းလန်မင်းဆက်ကောင်တွေ သတ်တာ
ခံရမှာအသေအချာပဲ။ အဲ့တော့ သူမသေခင်လေး သူ့ဆေးလုံးတွေကို ငါတို့ယူထားတာ ဘာမှားနေလို့လဲ ’’
စုရှောင်းယုက အံကြိတ်ပြီး အော်လိုက်လေသည် ‘‘ ဝူချန်းရီ၊ နင်သူ့ကိုဓါးပြတိုက်ချင်နေတာလား ’’ရီချင်းစီနှင့် ကျိုးဘတို့လည်း မျက်မှောင်ကြုံ့လိုက်လေသည်။ ဝူချန်းရီ၏ အပြုအမူနဲ့ ပက်သက်ပြီး သူတို့နှစ်ယောက်လည်း မကြိုက်တာ သိသာပေသည်။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံး ဘာမှဝင်မပြောကြပေ။
ဒါပေမယ့် ဝူချန်းရီက ပြန်ပြီးတော့သာ လှောင်ပြောင်လိုက်ပြီး ‘‘သေချာလည်းကြည့်ဦး။ ငါတို့ထဲက ဘယ်လောက်တောင် ဒဏ်ရာရနေတာလဲ။ ကုသရေးဆေးလုံးတွေ မရှိပဲ ငါတို့ခွန်အားကို ဘယ်လိုလုပ်ပြီး ဆက်ထိန်းထားနိုင်မှာလဲ။ အားလုံးမြန်မြန်ဆန်ဆန် ပြန်ကောင်းမှပဲ တန်းလန်မင်းဆက်ကကောင်တွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာ။အဲ့ဆေးလုံးတွေက ငါ့အတွက်မဟုတ်ဘူး။ အဖွဲ့အတွက်ပဲ ’’ ချန်းယွဲ့ရှုက ဒေါသတကြီး ပြောလိုက်လေသည်
‘‘ ဝူချန်းရီ၊ ကိုယ့်ကိုယ်ကို ဖြောင့်မတ်ချင်ယောင် ဆောင်မနေနဲ့။ မင်းသာ ညီအစ်ကိုရန်ကို ဆက်ပြီးတိုက်တွန်း
နေမယ်ဆိုရင် ငါတို့ဂိုဏ်းတူညီအစ်ကို၊ညီအစ်မနှစ်ယောက်လည်း သဘောတူမှာမဟုတ်ဘူး ’’
ယူချန်းရီက သူ့အကြည်ကို ချန်းယွဲ့ရှုဆီ ပြောင်းလိုက်ပြီး မောက်မာစွာဖြင့် ပြောလိုက်သည် ‘‘ မင်းသဘောမတူ
တော့ရော ဘာဖြစ်လဲ။ ဒီကိစ္စနဲ့ပက်သက်ပြီး မင်းဘာလုပ်ချင်လို့လဲ ’’ သူတို့ကြားက လေထုကရုတ်တရက်
တင်းမာလာခဲ့လေသည်။ ‘‘အဲ့ဒါက အကြံကောင်းမဟုတ်ဘူးလို့ ငါလည်းထင်တယ် ’’ ရီချန်းစီက ပြုံးပြီးပြောလိုက်
လေသည်။ သူက နှစ်လိုဖွယ်ကောင်းတဲ့ မျက်လုံးတွေက ဝူချန်းရီကို စိုက်ကြည့်လိုက်ပြီး ‘‘ ဒါက ဓါးပြတိုက်နေတာနဲ့ အတူတူပဲလေ။ ဝူချန်ရီ၊ နင်က ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့ လက်ရွေးစင်တပည့် တစ်ယောက်ပဲဆိုတာကိုလည်း မမေ့နဲ့ဦးနော်။ အရမ်းကြီးနိုင်လိုမင်းထက် ပြုမူနေတာ နင့်အတွက် မကောင်းဘူးလို့ မထင်ဘူးလား ’’
ဝူချန်းရီမျက်နှာ ရှုံ့မဲ့သွားခဲ့လေသည်။ ရီချန်းစီ၏ ဖိနှိပ်ခြင်းခံရတယ်ဆိုတာ သိသာပေသည်။ တစ်ခဏလောက်
တုန့်ဆိုင်းနေပြီးနောက် ဝူချန်းရီက ရယ်မောပြီးပြောလိုက်သည် ‘‘ အဲ့လိုဆိုမှာတော့ အားလုံးကိုဆုံးဖြတ်ခိုင်း
ကြာတာပေါ့။ သူ့ဆီက ဆေးလုံးတွေကို အတင်းအကြပ် ယူသင့်လား။ ဒါမှမဟုတ် သူ့ဆီမှာပဲထားလိုက်သင့်လား ’’ ‘‘ အဲ့ဆေးလုံးတွေကို ထားခဲ့သင့်တယ် ’’ တစ်ယောက်ယောက်က ရုတ်တရက်
ပြောလိုက်လေသည် ‘‘ ညီအစ်ကိုဝူပြောတာ မှန်တယ်။ သူ့ရဲ့အားနည်းတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင်
ရက်အနည်းငယ်ထက် ပိုပြီးအသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။ ဘာလို့အဲ့တန်းလန်မင်းဆက်ကကောင်တွေကို သူ့ဆေးလုံးတွေကို ယူသွားခွင့်ပြုရမှာလဲ ’’
ထိုအချက်ကို လူတိုင်းခေါင်းညိတ်ထောက်ခံလိုက်ကြလေသည်။ ထိုလူငယ်က ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်သည်
‘‘ ညီအစ်ကိုချန်၊ မင်းဒေါသကို ထိန်းထားဦး။ ငါမှန်တယ်လို့ ယုံကြည်တာကို ငါပြောတာလေ။အဲ့ကောင်းကင်စံအိမ်က ညီအစ်ကိုရဲ့ ခွန်အားက အရမ်းကိုနိမ့်ကျလွန်းတယ်လေ။ သူသာနေခဲ့မယ်ဆိုရင်ကုသရေးဆေးလုံးတွေနဲ့ ငါတို့ကိုကူညီသင့်တယ်။ တစ်ယောက်ယောက်သာ ဒဏ်ရာရသွားခဲ့ရင် သူလည်းမတွန့်တိုသင့်တော့ဘူးလေ။ ဒါပေမယ့် သူကထွက်သွားဖို့ ဆုံးဖြတ်ထားမှတော့ ဆေးလုံးတွေကို ငါတို့ကို
ပေးထားသင့်တယ်လို့ ထင်တာပဲ ’’
အများစုက ဝူချန်းရီ၏ဆုံးဖြတ်ချက်ကို သဘောတူပုံရပေသည်။ ချန်းယွဲ့ရှုက ပြန်ပြီးလှောင်ပြောင်လိုက်လေသည်
‘‘မင်းအပြုအမူက တကယ်ပဲမှန်တယ်လို့ မင်းထင်တယ်ပေါ့။ တစ်ယောက်ယောက်က မင်းရဲ့အသက်ကယ်
ဆေးလုံးတွေကို အတင်းအကြပ် လုယူမယ်ဆိုရင် မင်းဘာလုပ်မှာလဲ’’ ထိုစကားကိုကြားလိုက်တာနဲပ
လူများစွာက မျက်မှောင်ကြုံ့ပြီး ပြန်လှည့်သွားကြလေသည်။
သူတို့လုပ်တာ မှားတယ်ဆိုတာ သိပေမယ့်လည်း
အားလုံးရဲ့ကုသရေးဆေးလုံးတွေက သုံးလို့ကုန်သွားပြီဖြစ်သည်။ ဒါကြောင့် ကုသရေးဆေးလုံးတစ်ပုလင်းပဲ
ဆိုရင်တောင် အရေးကြီးတဲ့အခြေအနေတွင် အခြားသူတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ပေသေးသည်။
‘‘ နင့်ကိုယ်တိုင်လည်း ဒုက္ခမရောက်ချင်ရင် ကျန်တဲ့သူတွေကို အနိုင်ကျင့်ဗိုလ်မကျနဲ့ ’’ အေးစက်စက်အသံ
ထွက်ပေါ်လာခဲ့လေသည်။ (အဲ့စကားကိုရေးဖို့ တော်တော်လေး ခေါင်းစားခံလိုက်ရတယ် .ဟူး..)
ရန်ကိုင်လှည့်ကြည့်လိုက်တဲ့အချိန် ပန်းတစ်ထောင်နန်းတော်က မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပြီး
အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။
ရန်ကိုင်ထောက်ခံသူ အဲ့လောက်များလိမ့်မယ်လို့ ဝူချန်းရီ မထင်ထားခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးမှာတော့
သူလည်းထောင့်ရောက်သွားခဲ့ရပြီး ပြောလိုက်လေတော့သည်
‘‘ အဲ့လိုဆိုလည်း ကောင်းပြီ၊ ငါမင်းကို
ရွေးချယ်စရာလမ်းတစ်လမ်း ပေးမယ်။ အဲ့ဒါက ငါကအားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့ မဆိုနိုင်မှာ ’’
ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်
‘‘ ငါတို့နဲ့နေ။ ဒါမှမဟုတ်ဆေးလုံးတွေကိုထားခဲ့ ။
မင်းကြိုက်တာရွေး ’’
‘‘ အို….’’ ရန်ကိုင်က ရယ်လိုက်ပြီး ဝူချန်းရီကို ပြန်စိုက်ကြည့်လိုက်ကာ ဖြေးဖြေးချင်းပြောလိုက်၏ ‘‘ ဒုတိယ
အချက်ကို ငါရွေးတယ် ’’ ထိုလူတွေနဲ့ ဘယ်တုန်းကမှ အတူတူပူးပေါင်းမလုပ်ဆောင်ချင်ခဲ့ပေ။
ဝူချန်းရီက မောက်မာစွာဖြင့် ပြောဆိုဆက်ဆံနေတာကို တွေ့ရတော့ ထိုအဖွဲ့ထဲပူးပေါင်းဖို့ ပိုပြီးတွန့်ဆုတ်သွားခဲ့ရလေသည်။ ဒါပေမယ့် အားလုံးက သူ့ကိုစိုက်ကြည့်နေမှာတော့ သူသာဆေးလုံးတွေ
မထားခဲ့ရင် ဖိအားပေးနေတဲ့လူတွေက သူ့ကိုသွားခွင့်ပေးလိမ့်မည် မဟုတ်ချေ။
‘‘ မင်းရဲ့ရွေးချယ်မှုပဲ ’’ ဝူချန်းရီက သူ့လက်ကို ရန်ကိုင်ဆီဆန့်ထုတ်လိုက်လေသည်။ ဒါပေမယ့် ရန်ကိုင်က
ခေါင်းခါလိုက်ပြီး ပြုံးဖြဲဖြဲလုပ်လိုက်လေသည်။ ရန်ကိုင်အပြုအမူကို မြင်တာနဲ့ ဝူချန်းရီက မျက်မှောင်ကြုံ့လိုက်ပြီး
‘‘ ဒါဘာသဘောလဲ ’’ ‘‘ ဆေးလုံးတွေကို ထားခဲ့မယ်လို့ပဲ ငါပြောခဲ့တာ။ မင်းကိုပေးခဲ့မယ်လို့ ငါဘယ်တုန်းကမှ
မပြောခဲ့ဘူး။ အဲ့လောက်ကြီး စိတ်ကြီးဝင်မနေနဲ့ဦး ’’
ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး ဝူချန်းရီ၏
ဆန့်ထုတ်ထားတဲ့လက်ကို လျစ်လျူရှုထားလိုက်လေသည်။
ထို့နောက် ကုသရေးဆေးပုလင်းကို ယူပြီး
ချန်းယွဲ့ရှုက ပစ်ပေးလိုက်ကာ ဝူချန်းရီကို အေးစက်စက်စိုက်ကြည့်ရင်း ပြောလိုက်၏ ‘‘ စီနီယာအစ်ကိုချန်၊
ဒီဆေးလုံးတွေ မင်းကိုပေးခဲ့မယ် ’’ချန်းယွဲ့ရှုက ဆေးပုလင်းကို ဖမ်းပြီးတာနဲ့ ဒေါသတကြီး မျက်မှောင်ကြုံ့မိလိုက်သည်။
သူကရန်ကိုင်ကို ဒီနေရာဆီ ခေါ်လာခဲ့သည်။ ဒါပေမယ့် အခုအချိန်မှာ သူ့အဖွဲ့ကလူတွေက သူ့ကိုချိန်နေကြ
လေသည်။ သူဘယ်လိုလုပ်ပြီး ရုပ်တည်ကြီးနဲ့ နေနိုင်ပါ့မလဲ။
အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ချန်းယွဲ့ရှုက အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏ ‘‘ညီအစ်ကိုရန်၊
စိတ်သာချထားလိုက်။ ဒီကစီနီယာအစ်ကိုက ဒီဆေးလုံးတွေကို သေချာဝေပေးလိုက်မယ် ’’
သူ့အဓိပါ္ပယ်က ရှင်းပေသည်။ ဝူချန်းရီဘက်ကနေ ရပ်တည်ခဲ့တဲ့ လူတွေအားလုံး ထိုဆေးပုလင်းထဲရှိ ဆေးလုံး
တွေကို မြင်ဖို့လမ်းစမရှိတော့ချေ။ ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး ခပ်မြန်မြန်ပဲ လက်သီးဆုပ်ကာ ပြောလိုက်
လေသည် ‘‘ အဲ့လိုဆိုရင် စီနီယာအစ်ကိုတို့ကို နှုတ်ဆက်ပါတယ်။ ငါတို့နောက်တစ်ကြိမ် ပြန်တွေ့မယ်လို့
မျှော်လင့်ရတာပဲ ’’
‘‘ ငါတို့နောက်တစ်ကြိမ် ပြန်တွေ့မှာကို သံသယဝင်မိတယ် ’’ ဝူချန်းရီက အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး
ရှက်ကိုးရှက်ကန်းဖြင့် ဆန့်ထုတ်ထားတဲ့ လက်ကိုပြန်ရုတ်လိုက်လေသည်။ သူ့မျက်နှာက ဒေါသကြောင့်
နီရဲနေခဲ့ပြီး အဖွဲ့သားတွေဆီ လှည့်ပြီးအော်လိုက်လေသည်
‘‘ငါတို့နားတာ လုံလောက်ပြီ။ အခုနောက်တစ်ကြိမ်
ခရီးဆက်ဖို့ အချိန်ပဲ။ တန်းလန်းမင်းဆက်က ခွေးကောင်တွေ သိပ်မကြာခင် နောက်တစ်ကြိမ် တိုက်ခိုက်
လိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့အခုထွက်သွားရင် သိပ်နောက်မကျသေးဘူး ’’ လူသုံးဆယ်ကျော်က
ဝူချန်းရီ၏ အမိန့်အတိုင်း ချက်ချင်းပဲ မြန်ဆန်စွာဖြင့် စတင်ထွက်ခါွကြလေသည်။
သူတို့အဆင့်ထဲတွင် နောက်ဆုံးဖြစ်တဲ့ လူတစ်ယောက်က တိတ်တဆိတ်ဖြင့် ပုန်းကွယ်နေတာကို တစ်ယောက်မှ
သတိမထားမိခဲ့ချေ။ အဖွဲ့က ထွက်ခွါသွားပြီးနောက် ထိုလူငယ်က ရန်ကိုင်ထွက်သွားတဲ့ လမ်းကြောင်းဆီ
ပြေးထွက်သွားလေသည်။ ရန်ကိုင်ထွက်မသွားခင် ကုသရေးဆေးပုလင်း တစ်ပုလင်းထားခဲ့၏။ ဒါပေမယ့်
ဒီနေရာကို လာတဲ့လူအားလုံး ဘယ်သူကကုသရေးဆေးပုလင်း တစ်ပုလင်းပဲ သယ်လာပါ့မလဲ။
ထို့ပြင် သူကတောင်ကြားတစ်ခုထဲ ကျပြီးထိုနေရာကနေ ပြန်တက်ဖို့ နှစ်ဝက်လောက်အချိန်ဖြုန်းခဲ့ရတယ်လို့
ပြောခဲ့ပေသည်။ အဲ့လိုဆိုမှာတော့ ထိုတောင်ကြားကနေ ပြန်တက်ဖို့ နှစ်ဝက်လောက် အချိန်ဖြုန်းနေခဲ့ရတဲ့
အတွက် သိပ်ပြီးတိုက်ခိုက်ခဲ့ရလိမ့်မည် မဟုတ်ချေ။ သူသာမတိုက်ခိုက်ရင် ဒဏ်ရာရလိမ့်မည် မဟုတ်ချေ။
ဒဏ်ရာမရင် သူ့မှာရှိတဲ့ ဆေးလုံးတွေကို အသုံးပြုစရာ လိုလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူ့တွင် ဆေးလုံး အများကြီးကျန်ရှိနေပေလိမ့်မည်။
ထို့ကြောင့် ဝူချန်းရီက ထိုလူငယ်ကို ရန်ကိုင်ကို သတ်ပြီးဆေးလုံးတွေကို ပြန်ယူလာဖို့ တိတ်တဆိတ် သတိ
ပေးလိုက်ခြင်းဖြစ်သည်။ ရန်ကိုင်ကို သတ်ဖို့အတွက် သိသာထင်ရှားတဲ့ လူတစ်ယောက်ကိုမဟုတ်ပဲ
မထင်မရှားဖြစ်တဲ့ လူတစ်ယောက်ကိုသာ စေခိုင်းလိုက်တဲ့အတွက် အများ၏သံသယကိုရှောင်ရှားနိုင်ပေသည်။