← Chapters

အခန်း (၂၃၁-၂၃၅)

Vol. 10 Ch. 231-235

အခန်း (၂၃၁-၂၃၅)

Vol. 10 Ch. 231-235

အပိုင်း (၂၃၁) လိုက်လံသတ်ဖြတ်ခြင်း

တောအုပ်ထဲတွင် ရန်ကိုင်ပုံရိပ်က မျောက်တစ်ကောင်အလား သစ်ပင်တစ်ပင်ထိပ်ဖျားဆီမှ အခြားတစ်ပင်ဆီ

ရွေ့လျားနေခဲ့သည်။ သူ့ခန္ဓာကိုယ်က ငှက်မွှေးတစ်ခုအလား လေထဲတွင် ရွေ့လျားနေခဲ့ပြီး မည်သည့်

သစ်ရွက်ကို မလှုပ်ခတ်သွားခဲ့ချေ။ သူ့အမူအရာက တည်ငြိမ်နေခဲ့ပြီး သူ့ပတ်ပတ်လည်ကိုလည်းသတိမပြတ် စစ်ဆေးနေခဲ့၏။

ဝူချန်းရီအဖွဲ့၏ ပြုမူဆက်ဆံပုံနှင့်ပက်သက်ပြီး သူမကျေနပ်ပေမယ့်

ထိုအဖြစ်အပျက်က သူ့ကိုအကျိုးသက်ရောက်မှု မရှိချေ။ နောက်ဆုံးမှာတော့ သူလိုချင်တာကို ရသွားခဲ့ပြီ

ဖြစ်သည်။ ဒါပေမယ့် သူရခဲ့တဲ့သတင်းက သတင်းဆိုးတစ်ခု ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

လွန်ခဲ့တဲ့နှစ်တွေအတွင်း ဒီသီးခြားနေရာကို ဝင်ခဲ့တဲ့ ဂိုဏ်းအသီးသီးက အင်အားစုတွေက ကိုယ်ပိုင်အဖွဲ့တွေ

ဖွဲ့လေ့ရှိတယ်ဆိုပေမယ့် အခုလိုမျိုးတော့ တစ်ခါမှမဖြစ်ခဲ့ဖူးချေ။ အခုတန်းလန်မင်းဆက်က ခွေးသူတောင်းစား

တွေကြောင့် ဟန်မင်းဆက်က လူငယ်လက်ရွေးစင်များစွာ သေဆုံးခဲ့ရပြီး အားလုံးအဖွဲ့ဖွဲ့ပြီး လှုပ်ရှားနေခဲ့ကြ

ရလေသည်။ အခုအဖြစ်ပျက် တိုင်းပြည်နှစ်ခုကြား လူငယ်မျိုးဆက်ကြားက သေခြင်းရှင်ခြင်းတိုက်ပွဲနှင့်ပင်

အလားသဏ္ဍာန်တူနေခဲ့ပေသည်။

နောက်ဆုံးအောင်နိုင်သူက ဘယ်သူဖြစ်လိမ့်မလဲ….ရန်ကိုင်လဲ မသိချေ။ ဒါပေမယ့် တကယ်တော့ သူကိုယ်

တိုင်က ဟန်မင်းဆက်က ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အတွက ်တန်းလန်မင်းဆက်က လူတွေကိုယ့်တိုင်းပြည်

ကလူတွေကို သတ်ဖြတ်နေတာကို သူမကြိုက်ချေ။ အသူရာဂိုဏ်းက တပည့်နှစ်ယောက်နှင့် အရမ်းကိုမောက်မာလွန်းတဲ့ ဝူချန်းရီကြောင့်သာ မဟုတ်ရင် ထိုအဖွဲ့ထဲမှာပဲ သူဆက်နေဖြစ်ပေလိမ့်မည်။

ဒါပေမယ့် လုပ်ပြီးတာက လုပ်ပြီးသွားခဲ့ပြီ။ ရန်ကိုင်လည်း ထိုအတွေးတွေကို ဖယ်ရှားပစ်လိုက်ပြီး ရှေ့ဆက်

သွားနေလိုက်သည်။ ရုတ်တရက် သူရပ်တန့်လိုက်ပြီး သူ့မျက်လုံးထဲ သံသယအရိပ်အယောင် တစ်စွန်းတစ်စ

ထွက်ပေါ်လာခဲ့လေသည်။ တစ်ခဏလောက် မတ်တပ်ရပ်နေလိုက်ပြီး ပြုံးဖြဲဖြဲလုပ်ရင်း မြေကြီးပေါ်ဆင်းကာ

သစ်ပင်တစ်ပင်နောက်တွင် ပုန်းကွယ်နေလိုက်ပြီး အသက်ရှုသံကို ဖုန်းဖိထားလိုက်သည်။

သိပ်မကြာခင်မှာပဲ သူလာခဲ့တဲ့လမ်းကြောင်းဆီကနေ လူတစ်ယောက် ထွက်ပေါ်လာခဲ့ပြီး သူ့ခေါင်းပေါ်ကနေ

ဖြတ်ပျံသွားခဲ့လေသည်။ သူဖြတ်ပျံသန်းသွားတဲ့အချိန် သူ့အဝတ်အစားနှင့် ရုပ်ရည်ကို ရန်ကိုင်လှမ်းမြင်

လိုက်ရသည်။ ထိုလူက ဓါးတစ်ချောင်းကို သယ်ဆောင်ထားပြီး အပြာရောင်ဝတ်စုံကို ဝတ်ဆင်းထားပေသည်။

သူကအနည်းငယ် အသက်ကြီးပြီး အသက်၂၀ဝန်းကျင်လောက် ရှိပုံရပေသည်။

ရန်ကိုင်လည်းနှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်ဖြင့် လက်သွားခဲ့လေသည်။

ထိုလူက တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းပြီး သွေးလုံးတွေစုဆောင်းတဲ့ လူပဲဖြစ်လေသည်။ သူ့နောက်ကျောဘက်တွင် လွယ်ထားတဲ့ ဓါးကိုကြည့်ရုံနဲ့တင် သူဘယ်သူလဲဆိုတာ ခန့်မှန်းဖို့လွယ်ကူပေသည်။

သူက ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ တပည့်ဖြစ်တဲ့ ဝူချန်းရီရဲ့ဂျူနီယာညီလေးပင်ဖြစ်သည်။ သူကအဖွဲ့နဲ့

အတူမသွားပဲ ရန်ကိုင်နောက်ကို လိုက်လာတယ်ဆိုတော့ သူဘာလုပ်ချင်နေလဲဆိုတာ အသိသာကြီးပင်။

ရန်ကိုင်မျက်နှာ အေးစက်သွားခဲ့သည်။ အစောပိုင်းတုန်းက ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့ကိုပါ ဒုက္ခရောက်စေ

မှာစိုးရိမ်တဲ့အတွက် ဝူချန်းရီနှင့် တိုက်ခိုက်ဖို့ မကြိုးစားခဲ့ချေ။ ဒါပေမယ့် ဝူးချန်းရီက သူ့နောက်ကို

တစ်ယောက်ယောက်ကို လိုက်ခိုင်းလိုက်မှာတော့ ရန်ကိုင်ဘက်ကလည်း တုန့်ဆိုင်းနေဖို့မလိုတော့ချေ။

ရွှံ့အိုးတောင် မီးများရင် ကွဲတတ်သေးတာပဲ။ လူမှာလည်း သည်းခံနိုင်တဲ့ အတိုင်းအတာဆိုတာ

ရှိပေသည်။ အတိုင်းအတာကို ကျော်လာရင်တော့ ဘယ်သူမှငြိမ်ခံနိုင်လိမ့်မည် မဟုတ်ချေ။ ပြီးတော့

ရန်ကိုင်က သူ့ကိုရန်လာစရင် ငြိမ်ခံတတ်တဲ့ အမျိုးအစားထဲ မပါချေ။

ကြယ်ဓါးကိုးချောင်းဂိုဏ်းတပည့်က သိပ်မဝေးတဲ့နေရာတွင် ရပ်လိုက်ပြီး ပြန်လှည့်လာခဲ့သည်။ သူ့မျက်လုံး

တွေက ပတ်ပတ်လည်ကို သေချာစစ်ဆေးနေခဲ့လေသည်။

သေချာနားထောင်ကြည့်မယ်ဆိုရင်

သူတိုးတိုး တိုးတိုးနဲ့ ရေရွတ်နေတာကို ကြားနိုင်ပေသည်‘‘ထူးဆန်းတယ်၊ သူဘယ်ပျောက်သွားတာလဲ ’’

သူက အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တဲ့အတွက် သူ့ကျင့်ကြံခြင်းအဆင့်က

ရန်ကိုင်ထက်သာတယ်ဆိုတာ သံသယရရှိစရာ မလိုချေ။ ဒါပေမယ့် အခု အချိန်အတော်ကြာလိုက်ပြီးနောက် ရန်ကိုင်က ချက်ချင်းဆိုသလို ပျောက်သွားခဲ့လေသည်။ ထို့ကြောင့် နောက်ပြန်

လှည့်ပြီး ပတ်ဝန်းကျင်ကို သေချာနှစ်ခါ ပြန်စစ်ဆေးကြည့်ခြင်းဖြစ်ပေသည်။

ရန်ကိုင်လည်း ထိုလူကိုအနည်းငယ်လေးစားမိသွားခဲ့သည်။ ထိုလူက သူများနောက် ခြေရာကောက်ရာမှာ

နည်းနည်းတော့ ထူးချွန်ပေသည်။ လမ်းတစ်လျှောက် မည်သည့်သဲလွန်စမှ မကျန်အောင် သူလုပ်ခဲ့ပေမယ့်

ထိုလူက သူ့ကိုခြေရာကောက်နိုင်ပေသေးသည်။ တစ်ခဏလောက် ကြာပြီးနောက် ထိုကြယ်ဓါးကိုးချောင်းဂိုဏ်းက တပည့်က ရန်ကိုင်နှင့် ပေတစ်ရာအကွာတွင် ရပ်လိုက်ပြီး ပတ်ပတ်လည်ကို လိုက်ကြည့်နေ

ခဲ့သည်။ ရန်ကိုင်လည်း တိတ်တဆိတ်ဖြင့် သစ်ပင်များကြားထဲတွင် ပုန်းအောင်းနေခဲ့ပြီး ထိုလူကိုစစ်ဆေးကြည့်နေခဲ့သည်။

အချိန်တော်တော်ကြာပြီးနောက် ထိုလူက ကြမ်းကြုတ်စွာပြုံးကာ သူ့နောက်က ဓါးကိုဆွဲထုတ်လိုက်ပြီး

ကောင်းကင်ပေါ်ကို ပျံတက်သွားလိုက်သည်။ သူ့လက်ထဲကို ဓါးရောက်လာတာနဲ့ သူ့အရှိန်ကတော်တော်လေး မြင့်တက်သွားခဲ့ပြီး သူ့အော်ရာကလည်း ဓါးတစ်ချောင်းအလား ထက်ရှသွားခဲ့သည်။

ကြယ်ဓါးကိုးချောင်းဂိုဏ်းက ပထမအဆင့်အင်အားစုဆိုတဲ့ ဂုဏ်သတင်းနဲ့ ထိုက်ထန်ပေသည်။

သူ့အရှိန်တစ်ခုတည်းနဲ့တင် သာမန်အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေထက် သာလွန်ပေသည်။

‘‘ မင်းဒီနေရာမှာ ရှိတယ်ဆိုတာ ငါသိတယ် ’’ ချီကျန်းရှန်က အဓိပ္ပါယ်ရှိရှိပြုံးရင်း ဓါးကိုဆုပ်ကိုင်ကာ

ယုံကြည်ချက်ရှိတဲ့ လေသံနဲ့အော်လိုက်လေသည် ‘‘ လိမ်လိမ်မာမာနဲ့ ထွက်လာစမ်းပါ။ ငါမင်းကိုမရှက်သွားစေချင်ဘူး ’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်လေသည်။

ထိုကြယ်ဓါးကိုးချောင်းဂိုဏ်းကတပည့်က

သူ့ကိုတကယ်ပဲ ရှာတွေ့သွားတာလား၊ လှည့်စားဖို့ကြိုးစားနေတာလား ဆိုတာ သူမသိချေ။

ချီကျန်းရှန်က ထပ်ပြောလိုက်လေသည် ‘‘ ကောင်းစုတ်လေး၊ မင်းသတ္တိကိုငါတကယ်ပဲ လေးစားတယ်။ဒီနေ့အထိ ငါ့အစ်ကိုကြီးကို မင်းလိုပြောရဲတဲ့လူ တစ်ယောက်မှမရှိသေးဘူး။ မင်းမှာရှိတဲ့ကုသရေးဆေးလုံးတွေကိုသာ ပေးမယ်ဆိုရင် ငါမင်းကိုထိခိုက်အောင် မလုပ်ဘူးလို့ကတိပေးတယ်။ အဲ့လိုဆိုရင်

အစ်ကိုကြီးပေးတဲ့ တာဝန်းကို ငါပြီးမြောက်သွားလိ့မ်မယ် ’’

တစ်ခဏလောက်ကြာပြီးနောက် ချီကျန်းရှန်၏

အသံက အေးစက်သွားခဲ့ပြီး ခြိမ်းခြောက်လိုက်လေသည်‘‘ ပေးနေတုန်း မငြင်းနဲ့နော်။ မဟုတ်ရင်

မင်းခံစားသွားရလိမ့်မယ်။ ငါစိတ်ကောင်းဝင်နေတုန်း ထွက်လာပြီး အေးအေးဆေးဆေး ဆွေးနွေးစမ်းပါ ’’

မည်သည့်တုန့်ပြန်သံမှ မကြားရချေ။ ချီကျန်းရှန်လည်း ဆက်ပြီးမပြောတော့ချေ။ ထို့နောက်ကို သူ့ဓါးကို

ပတ်ပတ်လည်ကို ဝှေ့ရမ်းခုတ်ပိုင်းလိုက်လေသည်။ ရန်ကိုင်မျက်နှာတောင့်တင်းသွားခဲ့ပြီး သူ့ပတ်ပတ်လည်မှ

အေးစက်မှုကို ခံစားလိုက်ရပြီး ပုန်းနေတဲ့နေရာကနေ ချက်ချင်းပြေးထွက်သွားလိုက်လေသည်။ မမြင်နိုင်တဲ့

ဓါးချီတွေက ပတ်ပတ်လည်ရှိ သစ်ပင်တွေအကုန်လုံး ပိုင်းဖြတ်သွားခဲ့ပြီး ငုတ်တိုလေးတွေဖြစ်သွားစေခဲ့သည်။

ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့သည်။ ကြယ်ဓါးကိုးချောင်းဂိုဏ်းကတပည့်၏ ရက်စက်ကြမ်းကြုတ်မှုကို

သူနားလည်သွားခဲ့ပြီဖြစ်သည်။ သူစကားပြောနေတဲ့ အကြောင်းအရင်းက ထောင်ချောက်ဆင်ဖို့

အချိန်ဆွဲနေတာဖြစ်ပေသည်။

ထိုမမြင်နိုင်တဲ့ ဓါးချီတွေကို သူစကားပြောနေတုန်း ပတ်ပတ်လည်တွင် ဖြန့်ကျက်ထားခဲ့၏။ စီစဉ်ပြီးတာနဲ့

ဓါးချီတွေကို လှုံ့ဆော်လိုက်လေသည်။ ရန်ကိုင်သာ သစ်ပင်ကြားထဲတွင် ပုန်းအောင်းနေခဲ့ပါက

ဒဏ်ရာမရပဲ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် ရန်ကိုင်က အဆက်မပြတ် သတိထား

နေတဲ့အတွက် အမြန်အဆန်ဖြင့် ရှောင်တိမ်းနိင်ခဲ့လေသည်။

အဲ့လိုမှမဟုတ်ရင် ရုတ်တရက် အလစ်အငိုက်

တိုက်ခိုက်ခံရတဲ့အတွက် ဒဏ်ရာရမှာ ကျိန်းသေပင်ဖြစ်သည်။

ထိုလူကို ရန်ကိုင်ဆက်ပြီး အထင်မသေးရဲတော့ချေ။ ကြယ်ဓါးကိုးချောင်းဂိုဏ်းက မိသားစုကြီးရှစ်ခုအောက်

တစ်ဆင့်သာနိမ့်တဲ့ ပထမအဆင့်အင်အားစုတစ်ခုဖြစ်တဲ့အတွက် အဲ့ဂိုဏ်းကတပည့်တစ်ယောက်က

ဘယ်လိုလုပ်ပြီး အားနည်းပါ့မလဲ။

‘‘ မင်းကိုတွေ့ပြီ ’’ ချီကျန်းရှန်က လှည့်လိုက်ပြီး လေထဲကနေ

အထင်တသေးဖြင့် ရန်ကိုင်ကို အေးစက်စက်နဲ့ စိုက်ကြည့်နေခဲ့၏။

ဒါပေမယ့် တိုက်ခိုက်ဖို့မစဉ်းစားသေးပဲ ရန်ကိုင်ကို အရင်စစ်ဆေးကြည့်ဖို့ ဆုံးဖြတ်လိုက်လေသည်။ ချီသန့်စင်ခြင်း

အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်နေရတဲ့အတွက် ချီကျန်းရှန်က အကြောက်အလန့် ကင်းပေသည်။

သူ့ပြိုင်ဘက်က ဒုတိယအဆင့်အင်အားစုကလာပြီး ချီသန့်စင်ခြင်းအဆင့်သာ ရှိသေးပေသည်။ ထို့ောကာင့်

ဓါးကွက်တစ်ကွက်တည်းနဲ့ သူ့ကိုသတ်နိုင်မယ်လို့ သူယုံကြည်ပေသည်။

‘‘ မင်းရဲ့ပုန်းအောင်းတဲ့ အရည်အချင်းက တကယ်ကိုအထင်ကြီးဖို့ ကောင်းတာပဲ ’’ ချီကျန်းရှန်က ချီမွမ်းလိုက်ပြီး

‘‘ မင်းဘယ်သူ့ဆီကနေ သင်ခဲ့တာလဲ ’’ သူက ရန်ကိုင်၏ အော်ရာဖုံးကွယ်တဲ့ ပညာရပ်ကို စိတ်ဝင်စားနေတာ

အသေအချာပင်ဖြစ်သည်။ အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်နေရချိန်တွင် သူ့မှာသာ အဲ့လိုပုန်းကွယ်နိုင်တဲ့သိုင်းပညာရပ်ရှိပါက အသက်ရှင်နိုင်ချေ ပိုများနိုင်ပေသည်။ထို့ကြောင့်သာ ရန်ကိုင်ကို ချက်ချင်းမတိုက်ခိုက်သေးခြင်းဖြစ်သည်။ ရန်ကိုင်က ပြန်ပြီးတော့သာ လှောင်ပြောင်လိုက်လေသည် ‘‘မင်းက

ငါ့ကိုမြင်သွားပြီပဲ။ အဲ့ပညာရပ်က ဘယ်လိုလုပ်ပြီး အထင်ကြီးစရာ ကောင်းပါတော့မလဲ ’’

ချီကျန်းရှန်က ဖြေးဖြေးချင်းခေါင်းခါလိုက်ပြီး သူ့မျက်လုံးတွေက လိုချင်တပ်မက်မှုဖြင့် ပြည့်နေသလို

လေးစားမှု အရိပ်အယောင် တစ်စွန်းတစ်စကိုလည်း သူ့မျက်လုံးထဲ မြင်တွေ့နေခဲ့ရသည်။ ‘‘ ငါမမြင်ခဲ့ဘူး။ဒါပေမယ့် မင်းရဲ့ရန်လိုမှုကို ငါခံစားမိခဲ့တာ။ မင်းရဲ့ရန်လိုမှုကို ခံစားမိတာနဲ့ ငါ့ဓါးချီက ချက်ချင်းတုန့်ပြန်ခဲ့တာ။ တကယ်တော့ အနီးအနားတစ်နေရာမှာ မင်းပုန်းနေတယ်ဆိုတာပဲ ငါသိတာ။ ဘယ်နေရာမှာ

ပုန်းနေတာလဲဆိုတာကိုတော့ ငါအတိအကျမပြောနိုင်ဘူး ’’

စိတ်ရှည်ရှည်ဖြင့် ရှင်းပြပြီးနောက် ချီကျန်းရှန်က အေးစက်စက်ပြုံးလိုက်လေသည် ‘‘ မင်းကဉာဏ်ကောင်းတဲ့

လူတစ်ယောက်ပဲ။ ငါအခုထိ မတ်တပ်ရပ်နေသေးတယ်ဆိုတော့ ငါရည်ရွယ်ကို မင်းနားလည်မှာပဲ။

အဲ့ဒါကြောင့် မင်းမှာရှိတဲ့ဆေးလုံးတွေကို ငါ့ကိုပေး။ ပြီးရင်း မင်းရဲ့ပုန်းကွယ်တဲ့ပညာရပ်ကို ငါ့ကိုပြောပြ။

အဲ့လိုဆိုရင် မင်းကိုအသက်ရှင်ခွင့်ပေးမယ် ’’ ရန်ကိုင်က ရိုးရိုးရှင်းရှင်းနဲ့သာ ပြန်ပြီးတော့ လှောင်ပြောင်လိုက်

လေသည် ‘‘ ငါကိုအနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား ’’

ချီကျန်းရှန်က တစ်ခဏတာ အေးခဲသွားခဲ့ပြီးနောက် ဝါးလုံးကွဲရယ်မောတော့လေသည် ‘‘ မင်းဘယ်လိုထင်လဲ ’’

သူသာ ချီသန့်စင်ခြင်းအဆင့်၇ ကျင့်ကြံသူတစ်ယောက်သာသာပဲလေ။ အစစ်အမှန်ဒြပ်စင်အဆင့်

ကျင့်ကြံသူတောင် မဖြစ်သေးတာ။ ရန်ကိုင်က သူ့ကိုလုံးဝမခြိမ်းခြောက်နိုင်ချေ။ တစ်ခဏလောက်ကြာအောင်

ရယ်မောပြီးနောက် ချီကျန်းရှန်အပြုံး ပျောက်ကွယ်သွားခဲ့ပီး အသာအယာ ခေါင်းညိတ်လိုက်လေသည်

‘‘ ကောင်းပြီ။ ငါမင်းကိုအနိုင်ယူပြီးတော့မှပဲ မင်းရဲ့ပညာရပ်ကို အေးအေးဆေးဆေး မေးရတာပေါ့ ’’

သူပြောလို့မပြီးသေးခင်မှာပဲ သူ့လက်ထဲကဓါးက လှုပ်ရှားသွားခဲ့လေသည်။

ရေခဲလိုအေးစက်စက်အလင်းရောင်ဖြင့် တောက်ပနေတဲ့ ဓါးလှိုင်းတွေက ယပ်တောင်ပုံစံအတိုင်း

သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့လေသည်။

ဓါးတစ်ချောင်းချင်းစီတိုင်းတွင် များပြားလွန်းတဲ့စွမ်းအင်တွေ

ပါဝင်နေခဲ့လေသည်။ ချကျန်းရှန်နာမည်ကို ဓါးများဖြင့် စာလုံးပေါင်းထားခဲ့လေသည်။ ဓါးလှီုင်းတွေက

လျှပ်စီးတန်းတွေ ပေါက်ကွဲထွက်လာသည့်အလား ရန်ကိုင်ဆီပျံသန်းသွားခဲ့လေသည်။

ထိုဓါးလှိုင်းတွေမှ အန္တရာယ်ကို ခံစားမိလိုက်တာနဲ့ ရန်ကိုင်လည်း ခပ်မြန်မြန် ပြန်ဆုတ်လိုက်လေသည်။

သူ့မျက်နှာပေါ်က အေးဆေးတဲ့အကြည့်က ခပ်မြန်မြန်ပဲ ပျောက်ကွယ်သွားတော့လေသည်။ ထိုလူက

ပထမအဆင့်အင်အားစု၏ လက်ရွေးစင်တပည့်ဖြစ်ထိုက်ပေသည်။ သူက တော်တော်လေးငယ်သေးပေမယ့် အခုလိုခွန်အားမျိုးကို ပိုင်ဆိုင်ထားခဲ့၏။ အသက်ရှုချိန် တစ်ဂှိုက်အတွင်းမှာပဲ ထိုဓါးလှိုင်းတွေကရန်ကိုင်ရှေ့ကို ရောက်ရှိလာခဲ့ပြီး ရန်ကိုင်ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့လေသည်။ ချီကျန်းရှန်

မျက်မှောင်ကြုံ့လိုက်လေသည်။

တိုက်ပွဲက အခုလိချောမွေ့စွာဖြင့် ပြီးဆုံးသွားလိမ့်မယ်လို့ သူမထင်ထားခဲ့ချေ။ ရန်ကိုင်ဆီကနေ

ပုန်းကွယ်တဲ့ပညာရပ်ကို မေးမြန်းရယူရဦးမှာဖြစ်တဲ့အတွက် သူ့ကိုတစ်ခါတည်းသတ်ဖို့ မရွယ်ရည်ထားခဲ့ချေ။ ထို့ကြောင့် တိုက်ခိုက်ရာတွင် သူ့ခွန်အားကို ထိန်ချန်ထားခဲ့လေသည်။

နောက်တစ်ခဏအတွင်း ချီကျန်းရှန်မျက်လုံး လက်သွားခဲ့ပြီး သူဘေးဘက်ကို ဓါးဖြင့်ပိုင်းချလိုကသ်ည်။

နောက်ထပ်ဓါးလှိုင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူ့ဘေးနားရှိ လေဟာနယ်ထဲကို ထိုးဖောက်သွားခဲ့လေသည်။

ရန်ကိုင်ပုံရိပ် ပေါ်ထွက်လာတဲ့အချိန်မှာပဲ ချီကျန်းရှန်၏ဒုတိယအကြိမ် တိုက်ခိုက်မှုက ချက်ချင်းသူ့ဆီ

တိုးဝင်လာခဲ့လေသည်။ ရန်ကိုင်လည်း လှုပ်ရှားမှုပညာရပ်ကိုသုံးကာ ချက်ချင်းပဲ ထိုတိုက်မှုဆီကနေ

ရှောင်ထွက်သွားလိုက်သည်။

‘‘ ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ် ’’ ချီကျန်းရှန်၏မျက်နှာက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေခဲ့လေသည်။

နှစ်ကြိမ်တိုက်ခိုက်ပြီးနောက်မှာတော့ ဆက်ပြီးမတိုက်ခိုက်တော့ပဲ ရန်ကိုင်ကို လောဘတကြီး စိုက်ကြည့်နေ

ခဲ့လေသည် ‘‘ မင်းရဲ့ လှုပ်ရှားမှုပညာရပ်က တကယ်ကို လေးစားဖွယ်ကောင်းတာပဲ။ ချီသန့်စင်ခြင်းအဆင့်ရ

ကျင့်ကြံသူတစ်ယောက်ကို ဒီလောက်မြန်မြန် လှုပ်ရှားစေနိုင်တယ်ဆိုတာ့ နောက်မှာပဲ မင်းဆီကယူရမယ် ’’

ရန်ကိုင်က အသက်ပြင်းပြင်း ရှုလိုက်ပြီး မြဲမြဲရပ်နေလိုက်ကာ ပြုံးဖြဲဖြဲလုပ်ရင်း ‘‘ မင်းက ငါ့ရဲ့ပုန်းကွယ်တဲ့

ပညာရပ်နဲ့ လှုပ်ရှားမှုပညာရပ်ကို လိုချင်တယ်ဆိုတော့ ငါတို့အလဲအလှယ်တစ်ခုလောက် လုပ်ကြမလား ’’

‘‘ ဘယ်လိုအလဲအလှယ်လဲ ’’ ချီကျန်းရှန်က စိတ်ဝင်တစား မေးလိုက်၏။ ‘‘ မင်းလိုချင်တာကို ငါပေးမယ်။

ကြယ်ဓါးကိုးချောင်းကိုင်းက ဓါးသိုင်းပညာရပ်တွေ ငါ့ကိုပြန်သင်ပေးပေါ့။ ဘယ်လိုလဲ ’’

‘‘မင်းက ဓါးသိုင်းပညာရပ်ကို သင်ချင်တာလား ’’ ချီကျန်းရှန်က ရန်ကိုင်ကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်ပေမယ့်

ရန်ကိုင်တွင် ဓါးတစ်ချောင်းတစ်လေမှ မတွေ့ခဲ့ရချေ။ သူ့မှသာဓါးမရှိဘူးဆိုရင် ဘာလို့ဓါးသိုင်းပညာရပ်ကို

သင်ချင်နေတာလဲ။ ‘‘ ဟုတ်တယ် ။ ငါတို့နှစ်ယောက်စလုံး ငါတို့လိုချင်တာရမယ်လေ။ ဘယ်သူမှလည်း

မနစ်နာဘူး ’’ ရန်ကိုင်ခေါင်းညိတ်ပြလိုက်သည်။

အခုသူ့မှာဓါးတစ်ချောင်းမှ မရှိပေမယ့် သူ့ခန္ဓာကိုယ်ထဲမှာတော့

အသူရာဓါးရှိနေခဲ့လေသည်။ ဓါးသိုင်းပညာရပ်မှာဆိုရင် ကြယ်ဓါးကိုးချောင်းဂိုဏ်းက ဓါးသိုင်းပညာရပ်ကို

အကောင်းဆုံးလို့ ဆိုနိုင်ပေသည်။ အင်အားကြီးတဲ့ မိသားစုကြီးရှစ်ခုတောင် ထိုအချက်ကို မငြင်းဆိုနိုင်ချေ။

‘‘ အိမ်မက်သာမက်နေလိုက်။ ကြယ်းဓါးကိုးချောင်းဂိုဏ်းရဲ့ ဓါးသိုင်းပညာရပ်တွေကို ဘယ်လိုလုပ်ပြီး

အပြင်လူတွေကို သင်ပေးနိုင်မှာလဲ ’’ ချီကျန်းရှန်က လှောင်ပြောင်လိုက်လေသည် ‘‘ပြီးတော့ မင်းက

ငါ့ထက်အများကြီး အားနည်းတယ်။ မင်းအသက်ကိ ုငါအလွယ်တကူ နုတ်ယူလို့ရတယ်။ ဘာလို့

မင်းနဲ့အလဲအလှယ်လုပ်ရမှာလဲ ’’

ရန်ကိုင်လည်း ဆိုးယုတ်စွာဖြင့် ရယ်မောလိုက်လေသည်။ သူ့အရိုးထဲနစ်မြှပ်နေသည့် မာနနှင့်ရက်စက်မှုက

သူစကားပြောလိုက်တဲ့အချိန် လှုံ့ဆော်သလို ဖြစ်သွားခဲ့လေသည်

‘‘ ငါမင်းကိုနောက်တစ်ကြိမ် ထပ်မေးမယ်။

ငါ့ကိုအနိုင်ယူပြီးသွားပြီလို့ မင်းထင်နေတာလား ’’ ‘‘မင်းရဲ့ လှုပ်ရှားမှုပညာရပ်က တကယ်ကို ကောင်းမွန်ပါတယ်။

ဒါပေမယ့် မင်းကျင့်ကြံခြင်းအဆင့်က ငါ့ထက်အများကြီး နိမ့်သေးတယ် ’’ ချီကျန်းရှန်က အေးစက်စက်

နှာခေါင်းရှုံ့လိုက်ပြီး ထပ်ပြီးဓါးလှိုင်းတွေ မထုတ်လွှတ်တော့ချေ။ ဓါးလှိုင်းတွေနဲ့ ရန်ကိုင်ကို အနိုင်မယူ

နိုင်ဘူးဆိုတာ သူသိပေသည်။ ထို့ကြောင့် သူ့ဓါးကိုအားဖြည့်ပြီး ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်လေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၂) အခုငါ့အလှည့်ပဲ

ဓါးချီတွေ ပေါက်ကွဲထွက်လာခဲ့ပြီး ချီကျန်းရှန်ခန္ဓာကိုယ်ကနေ သက်တန့်ရောင်တွေ တောက်ပလာခဲ့ကာ

ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်လေသည်။ သူ့လက်ထဲက ဓါးဖြင့် ရန်ကိုင်ကို ပိတ်ဆီးခုတ်ပိုင်းလိုက်ပြီး

သူ့ဓါးအရိပ်က ဆယ်မီတာပတ်လည်ကို ဖုံးလွှမ်းသွားခဲ့သည်။

တစ်ယောက်ယောက်က လေဟာနယ်ထဲကနေ

ကုချင်းကြိုးတွေကို ရိုက်ခတ်နေသည့်အလား စူးရှရှအသံလေးတွေ ကြားနေခဲ့ရသည်။ သေချာကြည့်မယ်ဆိုရင်

လေထဲကို ဖြတ်သန်းနေတဲ့ သေးငယ်လှတဲ့ ဓါးချီဓါးသွားတွေက ရန်ကိုင်ကိုလုံးလုံးလွှမ်းထားတာကို တွေ့မြင်

ရပေလိမ့်မည်။

ထိုဓါးချီမုန်တိုင်းထဲတွင် ရန်ကိုင်အမူအရာ ပိုပြီးလေးနက်သွားခဲ့ပြီး သူ့ယွမ်ချီကို အပြင်းအထန်

လှည့်ပတ်လိုက်လေသည်။ သူ့ခန္ဓာကိုယ်ကနေ ပူးပြင်လှတဲ့ အပူစွမ်းအင်တွေ ထွက်ပေါ်လာခဲ့ပြီး

ယွမ်ချီတွေကို ပေါက်ကွဲစေကာ လက်ဝါးချက်နှစ်ချက်ကို ထုတ်ဖော်လိုက်သည်။ ဘန်းဆိုတဲ့အသံအကျယ်ကြီး

နှင့်အတူ ယွမ်ချီနှစ်ခုက ထိပ်တိုက်တွေ့သွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဓါးချီတစ်ရာကျော်၏ တစ်ဝက်လောက်က

တည်း ပျောက်ကွယ်သွားခဲ့ရသည်။ ချီကျန်းရှန်၏မျက်နှာ အေးစက်သွားခဲ့ပြီး အော်ဟစ်လိုက်လေသည်

‘‘ ကောင်းစုတ်လေး၊ မင်းကယုံကြည်ချက်ရှိနေတယ်ပေါ့ ’’

သူ့ဓါးကိုမြှောက်လိုက်ပြီး ပတ်ဝန်းကျင်တွင် ကျန်ရှိနေတဲ့ ဓါးချီတွေအားလုံးကို ပြန်စုစည်းလိုက်ကာ

တောက်ပနေတဲ့ ဓါးတစ်ချောင်းတည်းအဖြစ် သိပ်သည်းလိုက်ပြီး ရန်ကိုင်ဆီကို ခုတ်ချလိုက်လေသည်။

ရန်ကိုင်သူငယ်အိမ်ကျုံ့သွားခဲ့ပြီး သူ့လက်ဝါးနှစ်ဖက်ကို ရှေ့ကိုရိုက်ထုတ်လိုက်ကာ ယန်အရည်စက်တစ်စက်ကို

အသုံးပြု၍ ဒိုင်းကာတစ်ခုကို ဖန်တီးလိုက်သည်။ ထန်….သတ္တုချင်းထိခတ်သံ ထွက်ပေါ်လာခဲ့ပြိး

သွေးနီရောင်ဒိုင်းလည်း အက်သွားခဲ့လေသည်။ တစ်စစီတော့ဖြစ်မသွားခဲ့။ သို့ပေမယ့် ချီကျန်းရှန်၏

ဓါးချီအကြွင်းအကျန်တွေကတော့ ပျောက်ကွယ်သွာခဲ့ရလေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရန်ကိုင်က သွေးနီရောင်ဒိုင်းကို ရှေ့တွင်ကာပြီး ချီကျန်းရှန်ဆီပြေးတက်

သွားလိုက်လေသည်။ ချီကျန်းရှန်လည်း ထိတ်လန့်သွားခဲ့ပေမယ့် ခပ်မြန်မြန်ပဲ နောက်ပြန်ဆုတ်လိုက်၏။

သူတို့နှစ်ယောက်စလုံး အနီးကပ်တိုက်ပွဲ ဆင်နွှဲနေခဲ့ကြပြီး တစ်ယောက်ချင်းစီက ကိုယ်ပိုင်လှုပ်ရှားမှု

ပညာရပ်အစွမ်းကို ပြသလို့နေခဲ့လေသည်။ သူတို့နှစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က တော်တော်လေးကွာခြားပေမယ့် သူတို့နှစ်ယောက်စလုံး၏ အရှိန်ကတော့ တူညီနေခဲ့သည်။

နှစ်ယောက်စလုံး ရောထွေးသွားခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြသည်။

ချီကျန်းရှန် ကြောင်အသွားခဲ့လေသည်။ ဒုတိယအဆင့်အင်အားစုက ချီသန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်က အခုလောက်ထိ အားကောင်းလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ချေ။ စိတ်ပျက်လာတာနဲ့ချီကျန်းရှန်လည်း ပိုပြီးပြင်းပြင်းထန်ထန် တိုက်ခိုက်လေသည်။ သူ့ဓါးက လေကိုပိုင်းဖြတ်သွားခဲ့ပြီး

တွင်းပေါက်ထဲကနေ ခုန်ထွက်လာတဲ့ မြွေတစ်ကောင်လို ရန်ကိုင်ဆီကို ထိုးချလိုက်သည်။

သူ့လှုပ်ရှားမှုတွေက ပြေပြစ်ပြီး အမြဲလိုပြောင်းလဲနေကာ ခန့်မှန်းရခက်ခဲပေသည်။ပတ်ပတ်လည်ရှိ သစ်ပင်တွေအားလုံး အပိုင်းအပိုင်းအစိတ်စိတ်အဖြစ် ခုတ်ပိုင်းခံလိုက်ရပြီး နေရာတစ်ခုလုံး

ဖုန်တွေတသောင်းသောင်း ထနေခဲ့၏။ ထိပ်တိုက်တွေ့ဆုံမှု တစ်ကြိမ်ပြီးတိုင်း သူတို့နှစ်ယောက်ကြားက

တိုက်ပွဲက ပိုပြီးပြင်းထန်လာခဲ့လေသည်။

အသက်ရှုချိန်ဆယ်ရှိုက်စာလောက် ကုန်ဆုံးသွားပြီးတဲ့

အချိန်မှာတော့ သူတို့နှစ်ယောက် တိုက်ကွက်သုံးဆယ်လောက် ဖလှယ်ပြီးသွားကြပြီဖြစ်သည်။သို့ပေမယ့် သူတို့ထဲမည်သူမှ တကယ်ထိရောက်တဲ့ တိုက်ခိုက်မှုကို မလုပ်နိုင်ခဲ့ချေ။ ဒါပေမယ့်

သူတို့နှစ်ယောက်တိုက်ပွဲကို ကြည့်နေခဲ့ရင် ချီကျန်းရှန်က အသာစီးရနေတယ်ဆိုတာ သိနိုင်ပေသည်။

ချီကျန်းရှန်က ဓါးချီကို အာရုံစိုက်ထားလိုက်ပြီး ရန်ကိုင်ဒိုင်းကာကို ထိုးချလိုက်သည်။ ယန်အရည်စက်ဖြင့်

ဖန်တီးထားတဲ့ သွေးနီရောင်ဒိုင်းကာလည်း နောက်ဆုံးမခံနိုင်တော့ပဲ ကျိုးပျက်သွားရတော့၏။

ရန်ကိုင်မျက်နှာ တောင့်တင်းသွားခဲ့ပြီး စိုးရိမ်စွာဖြင့် ချီကျန်းရှန်၏ တိုက်ခိုက်မှုကနေ နောက်ကိုခုန်ပြီး

ရှောင်လိုက်လေသည်။ ဒါပေမယ့် ချီကျန်းရှန်က ရန်ကိုင်ကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ထွက်ပြေးခွင့်

ပေးပါ့မလဲ။ ဓါးကလည်း စိတ်ဝိဉာဉ်ရှိနေသည့်အလား ဒိုင်းကိုထိုးခွဲပြီးတာနဲ့ ရန်ကိုင်ဆီပြေးဝင်သွားလေသည်။

ရွှတ်..ရွှတ်..ရွှတ်…ရန်ကိုင်အကျီင်္စ စုတ်ပြဲသွားခဲ့ပြီး အဝတ်စတွေလည်း လေနှင့်အတူ လွင့်ပါသွားခဲ့၏။

ရန်ကိုင်လည်း ဒေါသတကြီး ဟိန်းလိုက်ပြီး ယွမ်ချီတွေပေါက်ကွဲထွက်လာခဲ့ကာ ချီကျန်းရှန်၏ တိုက်ခိုက်မှုကို

ခုခံလိုက်လေသည်။ အလျင်စလို နောက်ပြန်ဆုတ်လိုက်ပြီး တစ်ချိန်တည်းမှာပဲ လက်သီးတစ်လုံး ပစ်သွင်း

လိုက်လေသည်။

သူ့သီးတစ်ခုလုံး မီးတောက်တွေနဲ့ ဖုံးလွှမ်းနေခဲ့ပြီး လေထုကိုတောင် တွန့်လိမ်သွားစေခဲ့လေသည်။ ထိုလက်သီး၏ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိတာနဲပ ချီကျန်းရှန်၏မျက်လုံးထဲတွင်ကြောက်လန့်သည့် အရိပ်အယောင် ထွက်ပေါ်လာခဲ့သည်။ သူ့ဓါးကို ရန်ကိုင်ပုခုံးဆီ ခပ်မြန်မြန်ထိုးချလိုက်ပြီးဓါးက ရန်ကိုင်ပုခုံးထဲ သုံးလက်မလောက် နစ်ဝင်သွားခဲ့သည်။ ထို့နောက် ဓါးဆီက တွန်းကန်အားကိုအသုံး

ပြုကာ နောက်ပြန်ဆုတ်ဖို့ ကြိုးစားလိုက်၏။

သို့ပေမယ့် သူနည်းနည်း နောက်ကျသွားခဲ့လေသည်။ ရန်ကိုင်၏ နေမီးတောက်ပေါက်ကွဲခြင်းလက်သီး သူ့ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားခဲ့လေသည်။ ချီကျန်းရှန်လည်း ရန်ကိုင်လက်သီးချက်ကြောင့် ခြေဆယ်လှမ်းလောက် နောက်ပြန်ဆုတ်လိုက်ရလေသည်။ ပြီးတာနဲ့ သူ့အစစ်အမှန်ချီကိုလှည့်ပတ်ပြီး

သူ့ကိုယ်ထဲ စိမ့်ဝင်လာတဲ့ ယန်ချီတွေကို ချေဖျက်ဖို့ ကြိုးစားလိုက်လေသည်။

တစ်ခဏာတာလောက်

ချီကျန်းရှန်၏မျက်နှာ ဖြူလျော်သွားခဲ့ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်လေသည်။

ရန်ကိုင်ညာဘက် အကျီင်္တစ်ခုလုံး စုတ်ပြဲသွားခဲ့ပြီး သူ့မောင်းတစ်ခုလုံး အထင်းသားပေါ်နေခဲ့လေသည်။

သူ့လက်မောင်းထက်တွင်လည်း များစွာသော သွေးအစင်းရာတွေကို မြင်တွေ့နေခဲ့ရလေသည်။

ထိုဒဏ်ရာသေးသေးလေးတွေကြောင့် သိပ်မကြာခင်မှာပဲ သူ့လက်မောင်းတစ်ခုလုံး သွေးချင်းနီသွားခဲ့၏။

ချီကျန်းရှန်က ယန်ချီကိုချေဖျက်နေချိန်တွင် ရန်ကိုင်က အမောတကော အသက်ရှုနေခဲ့ရပြီး သူ့လက်မောင်း

ကိုလှုပ်ခါကာ သူ့ကိုယ်ထဲထိုးဖောက်ဝင်ဖို့ ကြိုးစားနေတဲ့ ဓါးချီတွေကို ချေဖျက်ဖို့ ကြိုးစားနေခဲ့လေသည်။

ဟဟဟ……ချီကျန်းရှန်၏ မျက်လုံးအစုံက ရက်စက်ကြမ်းကြုတ်တော့မယ် အရိပ်အယောင်ဖြင့် လက်သွားခဲ့ပြီး

ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေသည် ‘‘ချီသန်ပစင်ခြင်းအဆင့််ရ တစ်ယောက်က ဒီလောက်အထိ

သန်မာတယ်ပေါ့။ မင်းက တကယ်အထင်ကြီးဖို့ ကောင်းတာပဲ ’’ ပြောပြီးတာနဲ့ သူ့ဓါးကို ရန်ကိုင်ဆီ ညွှန်

လိုက်ပြီး ‘‘မင်းက သံသယရှိစရာမလိုအောင်ပဲ ငါတွေ့ခဲ့ဖူးတဲ့ ချီသန့်စင်ခြင်းအဆင့်တွေထဲမှာ အားအကောင်း

ဆုံးပဲ။ မင်းရဲ့ယွမ်ချီသန့်စင်မှုက သာမန်အစစ်အမှန်ဒြပ်စင် အဆင့်ကျင့်ကြံသူအောက် မနိမ့်ဘူး။မင်းရဲ့ပါရမီကလည်း ငါ့ထက်သာတယ်။ ဒါပေမယ့်…ငါတို့က ကွဲပြားခြားနားစွာနဲ့ မွေးဖွားလာခဲ့တာ။ငါ့တို့ကြယ်ဓါးကိုးချောင်းဂိုဏ်းက သိုင်းပညာရပ်တွေက စွမ်းအားကြီးမားတယ်။ မင်းလို

ဘာမှဟုတ်တဲ့ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ’’

သူ့ဓါးကို ရင်ဘတ်ရှေ့တွင် တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး ချီကျန်းရှန်၏မျက်နှာလေးနက်သွားခဲ့ကာ

သူ့အစစ်အမှန်ချီကလည်း ပေါက်ကွဲထွက်လာခဲလေသည်။ ထို့နောက် အော်ဟစ်ကြွေးကြော်လိုက်၏

‘‘ ဓါးခန္ဓာ ’’

သူ့လက်ထဲက ဓါးက တုန်ခါလာခဲ့ပြီး ဓါးငိုကြွေးသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ စူးရှတဲ့ဓါးအော်ရာ

ချီကျန်းရှန်ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်ပြီးများပြားလွန်းတဲ့ ဓါးသွားသေးသေးလေးတွေက ဝန်းရံနေခဲ့လေသည်။ သူ့ကိုကြည့်နေရတာကဓါးပေါင်းတစ်ထောင် ဝန်းရံနေတဲ့ လူတစ်ယောက်ကို ကြည့်နေရသလိုပင်။

ကြယ်ဓါးကိုးချောင်းဂိုဏ်းကသိုင်းပညာရပ်တွေက တကယ်ပဲ ဆန်းကြယ်နက်နဲပေသည်။ ၇န်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး

သူ့မျက်နှာကလည်း ပိုပြီးလေးနက်သွားခဲ့သည်။

ချီကျန်းရှန်က ရန်ကိုင်လက်သီးချက်ကို မြည်းစမ်းလိုက်ရတဲ့အတွက် တကယ်ကို ဒေါသထွက်သွားခဲ့ပေသည်။

ထို့ကြောင့် ‘ဓါးခန္ဓာ ’ ကိုအသုံးပြု သူတုန့်ဆိုင်းမနေတော့ခြင်းဖြစ်ပေသည်။ အစစ်အမှန်ချီကိုပုံသွင်းလိုက်ပြီးချီကျန်းရှန်က ဖြူကောင်တစ်ကောင်လို ဖြစ်လာခဲ့လေသည်။ ရန်ကိုင်သာ သူ့ကိုတိုက်ခိုက်မယ်ဆိုရင်တန်ပြန်ခံစားသွားရပေလိမ့်မည်။

‘‘ ငါ့ကိုဓါးခန္ဓာကို အသုံးပြုရအောင် လုပ်နိုင်တယ်ဆိုတော့ မင်းကိုယ်မင်း ဂုဏ်ယူသင်တယ် ’’ ချီကျန်းရှန်က

ရန်ကိုင်ကို မောက်မာအထင်သေးစွာဖြင့် စိုက်ကြည့်လိုက်လေသည်။

စကာပြောနေရင်း ရန်ကိုင်ဆီတစ်လှမ်းခြင်းတစ်လှမ်းခြင်း လှမ်းလာနေခဲ့သည်။ ရန်ကိုင်လည်း ထိန်ချန်မထားရဲတော့ပဲ ချက်ချင်းပဲ မယိမ်းယိုင်သော စိတ်ဆန္ဒကို အသက်သွင်းလိုက်လေသည်။

သူ့ကျင့်ကြံခြင်းအဆင့်က ချက်ချင်းပဲ ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ထိ မြင့်တက်သွားခဲ့လေသည်။

အစစ်အမှန်ဒြပ်စင်ပထမအဆင့်မှာ သူရှိနေစဉ်အချိန်တုန်းက မယိမ်းယိုင်သောစိတ်ဆန္ဒကို အသုံးပြုလိုက်တာနဲ့ ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ကို ရောက်နိုင်ခဲ့၏။ ဒါပေမယ့် အခုလည်း ချီသန့်စင်ခြင်းအထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့။ ချီသန့်စင်ခြင်းအဆင့်ကိုကျော်ပြီး အစစ်အမှန်ဒြပ်စင်အဆင့်ကို

မရောက်ရှိနိုင်ချေ။

ထိုအချက်က ချီသန့်စင်ခြင်းအဆင့်နှင့် အစစ်အမှန်ဒြပ်စင်အဆင့် ဘယ်လောက်ကွာခြားနေလဲဆိုတာကို

ပြသနေခဲ့လေသည်။ အစစ်အမှန်ချီကိုအသုံးပြုတဲ့ ကျင့်ကြံသူတစ်ယောက်နှင့် ယွမ်ချီကိုအသုံးပြုတဲ့

ကျင့်ကြံသူတစ်ယောက်ကြားက ခွန်အားကွာခြားချက်က မိုးနဲမြေလိုပင်။ ရန်ကိုင်အော်ရာမြင့်တက်လာတာကို

ခံစားမိလိုက်တာနဲ့ ချီကျန်းရှန်မျက်နှာအေးစက်သွားခဲ့ပြီး အထင်သေးစွာဖြင့် လှောင်ပြောင်လိုက်လေသည်

‘‘ကောင်းတယ်။ မင်းလည်း ချန်ထားတာပဲ။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် မင်းကချီသန့်စင်ခြင်းအထွတ်အထိပ်

အဆင့်ကိုပဲ ရောက်သေးတာ။ ငါ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး ’’

‘‘ မင်းပြိုင်ဘက်ဟုတ်မဟုတ်က တိုကကြည့်ရင် သိမှာပေါ့ ’’ ရန်ကိုင်က မိစ္ဆာဆန်ဆန်ပြုံးလိုက်ပြီးသူ့လက်ကိုဆန့်ထုတ်လိုက်ကာ သွေးနီရောင်ဒိုင်းကာအသစ်ကို ဖန်တီးလိုက်လေသည်။

ထိုဒိုင်းကာကို မြင်လိုက်တာနဲ့ ချီကျန်းရှန်၏အမူအရာ မဲမှောင်သွားခဲ့လေသည်။

ထိုဒိုင်းကာကြောင့် သူတော်တော်လေး ဒုက္ခရောက်ခဲ့ရပေသည်။ အခု ရန်ကိုင်နောက်ထပ်ဒိုင်းကာတစ်ခုကို

အလွယ်တကူ ဖန်းတီးလိုက်တာကို မြင်လိုက်ရချိန်မှာတော့ တော်တော်လေးစိတ်ညစ်သွားခဲ့ပြီး ဒေါသတကြီး

အော်ဟစ်လိုက်လေသည် ‘‘မင်းဒိုင်းကာကို တစ်စစီဖျက်စီးပြီး မင်းကိုအနိုင်ယူပြမယ် ’’

ချီကျန်းရှန်က ချက်ချင်းအရှိန်မြှင့်လိုက်ပြီး သူ့ဓါးနဲ့ရှေ့ကိုထိုးချလိုက်လေသည်။ သူ့လက်မောင်းအပြင်ဘက်တွင်

သိပ်သည်းခဲ့တဲ့ အစစ်အမှန်ချီတွေက ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်ဆီပြေးဝင်သွားလေသည်။ ရန်ကိုင်က

ချက်ချင်းရှောင်ရှားဖို့ ကြိုးစားလိုက်ပေမယ့် ထိုအစစ်အမှန်ချီက အစောပိုင်းတုန်းက သူကြုံတွေ့ခဲ့ရတဲ့အစစ်အမှန်ချီနဲ့ ကွာခြားပေသည်။ ထိုအစစ်အမှန်ချီက ချီကျန်းရှန်၏ စိတ်ဆန္ဒအတိုင်း လှုပ်ရှားနေသည့်

ပုံပေါ်လေသည်။

ရန်ကိုင်လည်း သုံးလေးကြိမ်လောက် အသည်းအသည် ရှောင်ရှားလိုက်နိုင်တဲ့အချိန်ချီကျန်းရျန်၏ မျက်လုံးအစုံက ရက်စက်ကြမ်းကြုတ်မှု လက်သွားခဲ့ပြီး အလွန်အမင်းအားကောင်းတဲ့

သိုင်းပညာရပ်ကို အသုံးပြုပြီး ရန်ကိုင်ကို ခုတ်ပိုင်းလိုက်လေသည်။

ရန်ကိုင်လည်း ဒိုင်းကိုမလိုက်ပြီး ချက်ချင်းကာလိုက်လေသည်။ ဘုန်း….သူ့ဒိုင်း ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပြီး ကျိုးပျက်လုမတတ် ဖြစ်သွားခဲ့လေသည်။ ချီကျန်းရှန်က ရက်စက်ကြမ်းကြုတ်စွာဖြင့်ရယ်မောလိုက်ပြီး ထပ်ခါထပ်ခါ ခုတ်ပိုင်းနေလိုက်လေသည်။ ရန်ကိုင်လည်း ဖိနှိပ်ထားခံရပြီး

အဆက်မပြတ် နောက်ဆုတ်နေရကာ သူ့နားတွင်လှည့်ပတ်နေတဲ့ မခန့်မှန်းနိုင်သော အစစ်အမှန်ဓါးချီတွေကိုလည်း ကာကွယ်နေရလေသည်။ တိုပွဲအတွင်း နှစ်ယောက်စလုံး ချီစွမ်းအင်က အမြန်အဆန်နဲ့ပဲကုန်ခမ်းလာခဲ့လေသည်။

အခုလို ပြင်းထန်လှတဲ့ သူသေကိုယ်သေ တိုက်ပွဲဆင်နွှဲနေချိန် ခွန်အား ဒုတိယ၊ ချီစွမ်းအင်ကုန်ဆုံးနှုန်းကပထမဖြစ်ပေသည်။ အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်က ယွမ်ချီနည်းနည်းလေးကို အသုံးပြုပြီးသူ့ပြိုင်ဘက်ကို အပြင်းအထန် ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ပေသည်။ ထိုကဲ့သို့ထိန်းချုပ်နိုင်မှုက

ရန်ကိုင်နှင့် ချီကျန်းရှန်တို့အတွက် မဖြစ်နိုင်သေးချေ။

သူတို့ခွန်အားနှင့် အတွေ့အကြုံက ထိုအဆင့်ထိ

မရောက်သေးချေ။ သူတို့နှစ်ယောက်စလုံး ချီစွမ်းအင်ကို အဆုံးစွန်ထိ မြှင့်တင်ပြီး လက်ရှိတိုက်ပွဲအရှိန်ကို ဆက်လက် ထိန်းထားကြလေသည်။

အမွှေးတိုင် တစ်တိုင်စာလောက် ကြာတဲ့အချိန်မှာတော့ ရန်ကိုင်က တိုက်စစ်မလုပ်နိုင်တော့ပဲ ခံစစ်ကိုသာ

လုံးလုံးအားကိုးသွားခဲ့ရသည်။ သူက အခုအချိန်တွင် လုံးဝခံစစ်ဖြစ်နေခဲ့ပြီး ချီကျန်းရှန်၏ သတ်ဖြတ်လိုစိတ်က

လည်း အထွတ်အထိပ်ကို ရောက်နေခဲ့သည်။

ရယ်မောလှောင်ပြောင်ရင်း အဆက်မပြတ် တိုက်ခိုက်နေခဲ့ပြီး

အခုအချိန် သူ့မျက်လုံးထဲမှာ မြင်တွေ့နေရတာက ရန်ကိုင်အသားပုံကြီးပင်ဖြစ်သည်။ အားအင်ကုန်ခမ်းလာတဲ့

အတွက် ရန်ကိုင်ပုံစံက အချိန်မရွေး လဲပြိုကျတော့မယ့် ပုံပေါက်နေခဲ့၏။ ရုတ်တရက် သူခြေချော်သွားခဲ့ပြီး

ထိုအချက်က သူ့ကိုမြေကြီးပေါ် လဲကျလုမတတ် ဖြစ်သွားစေခဲ့၏။

ဟာကွက်ကို မြင်လိုက်တာနဲ့ ချီကျန်းရှန်က ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်ပါ့မလဲ။ နောက်ဆုံး

သူ့ရဲ့ဓါးအစစ်နဲ့ ရန်ကိုင်လည်ပင်းဆီ ပိုင်းချလိုက်လေသည်။ ရန်ကိုင်လည်း ထိတ်လန့်တကြားနဲ့

သူ့ဒိုင်းကို မြှောက်လိုက်ပြီး ထိုဓါးချက်ကို ကာလိုက်လေသည်။ ဒါပေမယ့် ချီကျန်းရှန်က ပြင်ဆင်ပြီးသွားပြီဖြစ်သည်။ ချက်ချင်းပဲ ဓါးလမ်းကြောင်းကို ပြောင်းလိုက်ပြီး ရန်ကိုင်ဒိုင်းပေါ်ကို

ပြင်းပြင်းထန်ထန်ပိုင်းချလိုက်လေသည်။ ချီကျန်းရှန်က ထပ်ပြီးလှောင်ပြောင်တဲ့အချိန် ရန်ကိုင်မျက်လုံးအစုံ

ရုတ်တရက် ကန်ရေပြင်အလား တည်ငြိမ်သွားခဲ့၏။

ထိုအချိန်တွင် ပြိုကွဲလုမတတ် ဖြစ်နေတဲ့ သူ့ဒိုင်းက ချက်ချင်းပဲ အနီရောင်ဖြင့် တောက်ပသွားခဲ့ပြီးသွေးနီရောင်ဓါးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။ ချီကျန်းရှန်လည်း ထိုသွေးနီရောင်ဓါးကိုကြည့်ရင်းကြောင်အနေခဲ့သည်။ ရွှတ်…သူ့ဓါးချက်ချင်းနှစ်ပိုင်းဖြတ်ခံလိုက်ရလေသည်။ စဦးဒြပ်စင်အဆင့်မှာရှိစဉ်တုန်းက

သာမန်အဆင့်အကာအကွယ်ရတနာကို သူ့သွေးနီရောင်ဓါးဖြင့် ပိုင်းဖြတ်ခဲ့ဖူး၏။ သူ့ကျင့်ကြံခြင်းအဆင့်က

ချီသန့်စင်ခြင်းအဆင့်ကို ရောက်ရှိလာတဲ့အချိန်မှာတော့ သူ့ချီစွမ်းအင်က ပိုပြီးသန့်စင်လာခဲ့ကာ ပိုပြီးတော့

လည်း အားကောင်းလာခဲ့လေသည်။ ချီကျန်းရှန်၏ လက်နက်က သာမန်သံမဏိဖြင့်ထုလုပ်ထားသည့်လက်နက်တစ်ခုသာ ဖြစ်တဲ့အတွက် ရန်ကိုင်၏သွေးနီရောင်ဓါးကို ဘယ်လိုလုပ်ပြီး ခုခံနိုင်ပါ့မလဲ။

ရန်ကိုင်က ထိုအခွင့်အရေးကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့တာဖြစ်ပေသည်။ ရန်ကိုင်က

ချက်ချင်းပဲ သွေးနီရောင်းဓါဖြင့် ရှေ့ကိုပိုင်းချလိုက်လေသည်။ အသံဖျော့ဖျော့လေးနဲ့အတူ ချီကျန်းရှန်၏

ဓါးအပိုင်းပိုင်းအစစ ဖြစ်သွားခဲ့ရလေသည်။

သူသာအရှောင်မမြန်ခဲ့ရင် ဓါးကိုကိုင်ထားတဲ့လက်တောင်

ပြတ်သွားနိုင်ပေသည်။

‘‘ မင်း….’’ ချီကျန်းရှန်က ရန်ကိုင်ကို ထိတ်လန့်အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးအစုံက

မယုံကြည်နိုင်မှုဖြင့် ပြည့်နေခဲ့လေသည်။ အစောပိုင်းတုန်းက ရန်ကိုင်နဲ့ထိပ်တိုက်မရင်ဆိုင်ခဲ့တဲ့အတွက်

သူ့ဓါးကျိုးသွားမှာကို စိတ်ပူစရာမလိုခဲ့ချေ။ ဒါပေမယ့် ရန်ကိုင်ရဲ့ဒိုင်းက ဓါးအဖြစ်ပြောင်းသွားလိမ့်မယ်လို့

သူဘယ်လိုလုပ်ပြီး ထင်ထားပါ့မလဲ။ ရုတ်တရက်ချည်း သူ့ဓါးဖျက်စီးခံလိုက်ရလေသည်။ ဓါးမရှိတဲ့

ကြယ်ဓါးကိုးချောင်းဂိုဏ်းတပည့်တစ်ယောက်၏ တိုက်ပွဲဝင်စွမ်းအားက တော်တော်လေး နိမ့်ကျပေသည်။

‘‘ အခုငါ့အလှည့်ပဲ ’’ ရန်ကိုင်က အသက်ပြင်းပြင်း ရှုလိုက်ပြီး အစောပိုင်းက အားနည်းပြီး ကြောက်လန့်နေတဲ့မျက်နှာက ယုံကြည်မှု၊ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တို့ဖြင့် အစားထိုး နေရာယူသွားခဲ့လေသည်။

ထို့နောက် ချီကျန်းရှန်ကို မောက်မာစွာဖြင့် စိုက်ကြည့်လိုက်၏။ ချီကျန်းရှန်လည်း အသိပြန်ဝင်လာခဲ့လေသည်။

တိုက်ပွဲတစ်လျှောက်လုံး သူ့ပြိုင်ဘက်က လုံးဝကိုဟန်ဆောင်ကောင်းလွန်းခဲ့သည်။ သူ့ဒိုင်းကိုတောင်

အဖျက်စီးခံခဲ့ပေသည်။ ဒါပေမယ့် တစ်ခဏတာလေး အခိုက်အတန့်တစ်ခုက တိုက်ပွဲအခြေအနေကို

ပြောင်းပြန်ဖြစ်သွားစေခဲ့လေသည်။ ရန်ကိုင်က သူ့သတိလျော့သွားအောင် အားနည်းချင်ယောင်ဆောင်ခဲ့၏။

သူသတိမထားမိတဲ့အချိန်တွင် ချက်ချင်းပဲ သူ့ဓါးကိုဖျက်စီးပစ်လိုက်လေသည်။

သို့ပေမယ့် ချီကျန်းရှန်က အကြောက်အလန့်ကင်းကင်းနှင့် ရှိနေတုန်းပင်။ ဓါးကျိုးကို ဘေးဘက်ကို

လွှင့်ပစ်လိုက်ပြီး မောက်မာစွာဖြင့် ပြောလိုက်သည်

‘‘ ငါ့ဓါးကိုဖျက်စီးပစ်နိုင်တော့ရော ဘာဖြစ်လဲ။ မင်းကာ

ငါ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး ’’

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၃) မင်းလွတ်မယ်ထင်နေတာလား

ဓါးကိုဆုံးရှုံးသွားပေမယ့် လက်ချောင်းကို ဓါးအဖြစ် သူအသုံးချနိုင်ပေသေးသည်။ အစစ်အမှန်ဒြပ်စင်အဆင့်

ရောက်နေတဲ့ ဘယ်ကျင့်ကြံသူမဆို ထိုကဲ့သလို့ လုပ်ဆောင်နိုင်ပေသည်။ ဒါပေမယ့် သူတို့ထုတ်သုံး

နိုင်တဲ့ အစွမ်းအက သူတို့အပြည့်အဝ အသုံးချနိုင်တဲ့စွမ်းအားရဲ့ ၉၀ရာခိုင်နှုန်းတောင် မရှိချေ။

ခွန်အား၁၀ရာခိုင်နှုန်းလောက် လျော့သွားရင်တောင် မင်းကိုအသာလေး အနိုင်ယူနိင်သေးတယ်

ချီကျန်းရှန်က တွေးလိုက်၏။

ဒါပေမယ့် သူတိုက်ဖို့လုပ်နေတုန်းမှာပဲ ရန်ကိုင်က ဂုဏ်ယူစွာဖြင့်ရယ်မောလိုက်ပြီး သူ့လက်ဝါးနှစ်ဖက်ကို

သူ့ဆီရိုက်ထုတ်လိုက်တာကို တွေ့လိုက်ရလေသည်။ သားရဲဝိဉာဉ်သိုင်းပညာရပ် အချိန်အတော်ကြာ

ခွန်အား ထိန်ချန်တိုက်ခိုက်ပြီးနောက် နောက်ဆုံးတော့ သားရဲဝိဉာဉ်သိုင်းပညာရပ်၏စွမ်းအားကို

ထုတ်ဖော်နိုင်ခဲ့ပြီဖြစ်သည်။ကျားဖြူစည်းတံဆိပ်၊ နွားသိုးစည်းတံဆိပ်စည်းတံဆိပ်နှစ်ခုစလုံးက ချီကျန်းရှန်ဆီ

တိုးဝင်လာခဲ့လေသည်။

ရုတ်တရက် ကျားဟိန်းသံက ကောင်းကင်ယံတစ်ခုလုံးကို တုန်ခါသွားစေခဲ့ပြီး နွားသီးအော်မြည်သံကလည်း

မြေပြင်တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။ ထိုသားရဲပုံရိပ်နှစ်ခုက သူ့ဆီပြေးဝင်လာတာကို မြင်လိုက်တာနဲ့ချီကျန်းရှန်၏ အမူအရာလည်း မည်းမှောင်သွားလေတော့သည်။

ထိုသားရဲပုံရိပ်နှစ်ခုက တကယ်ကိုသားရဲအစစ်နှစ်ကောင်နဲ့ တူညီပေသည်။ သူတို့ရဲ့အနီရောင်ခန္ဓာကိုယ်က မနှိုင်းယှဉ်နိုင်တဲ့ စွမ်အားနှင့်မြင့်မြတ်မှုကို ထုတ်ဖော်နေခဲ့ပြီး သူ့ရဲ့သွေးနီရောင်မျက်လုံးတွေကတော့ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်လို့နေခဲ့၏။

ထိုသားရဲပုံရိပ်နှစ်ခုက ချီကျန်းရှန်၏ အသက်ကိုအန္တရာယ်ပေးနိုင်တဲ့ ခံစားချက်ကို သူ့ကိုပေးစွမ်းနေခဲ့သည်။

ထို့ကြောင့် ချီကျန်းရှန်လည်း ထိုသားရဲပုံရိပ်နှစ်ခုကို အထင်မသေးရဲချေ။ လက်ချောင်းနှစ်ချောင်းကိုပူးကပ်ပြီး ယာယီဓါးတစ်ချောင်း ဖန်တီးလိုက်ကာ ဓါးအော်ရာတစ်ခု ဖန်တီးဖို့အတွက် အစစ်အမှန်ချီစွမ်းအင်ကိုသူ့လက်ချောင်းထိပ်ဆီ တွန်းပို့လိုက်လေသည်။ ထို့နောက် ခုတ်ပိုင်းလိုက်လေသည်

‘‘ မိုးကြိုးဓါး ’’

တောက်ပတဲ့ဓါးလှိုင်းတစ်ခုက သူ့လက်ချောင်းထိပ်ဆီကနေ ထွက်ပေါ်လာခဲ့ပြီး သားရဲပုံရိပ်၏ခန္ဓာကိုယ်တည့်တည့်ကို တိုက်ရိုက်ထိမှန်သွားခဲ့လေသည်။ ထိုဓါးလှိုင်းက သားရဲပုံရိပ်၏ အရောင်ကိုအနည်းငယ်မှိန်သွားစေပေမယ့် တားဆီခြင်းငှာတော့ မစွမ်းနိုင်ခဲ့ချေ။ ‘‘လေဓါး ’’ ချီကျန်းရှန်က ခပ်မြန်မြန်နောက်ဆုတ်

လိုက်ပြီး နောက်ထပ်သိုင်းပညာရပ်တစ်ခုကို ထုတ်သုံးလိုက်၏။

ဒါပေမယ့် ထိုသားရဲပုံရိပ်နှစ်ခုကိုသူမတားဆီးနိုင်ခဲ့ချေ။ ထိုသားရဲပုံရိပ်နှစ်ခုက သူ့ဆီပြေးဝင်လာတာကို မြင်တာနဲ့ ခြေထောက်ကိုကွေးလိုက်ပြီး အခြားတစ်ဖက်ဆီကို ခုန်ရှောင်ဖို့လုပ်လိုက်လေသည်။

ဒါပေမယ့် မြေပြင်ကနေ ဆယ်ပေအထက်ကို ရောက်တဲ့အချိန်မှာတော့ သူ့ကောင်းပေါ်ကို ထက်ရှတဲ့ သတ်ဖြတ်လိုစိတ်တစ်ခုက ကျဆင်းလာခဲ့၏။

သူလှည့်ကြည့်လိုက်တဲ့အချိန် ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်ရင်း

သူ့ကိုတိုက်ခိုက်ဖို့ လုပ်နေတာကို တွေ့လိုက်ရလေသည်။ သူ့လွတ်မြောက်လမ် ပိတ်ဆို့သွားခဲ့ပြီဖြစ်သည်။

ချီကျန်းရှန်လည်း ထိတ်လန့်တကြားဖြင့် အံကြိတ်လိုက်ပြီး ဓါးလှိုင်းသုံးခုကို ခပ်မြန်မြန်ပဲ ပစ်လွှတ်လိုက်၏။

ရန်ကိုင်လည်း သူ့လက်သီးသုံးချက်ဖြင့် ခပ်မြန်မြန်ပဲ တန်ပြန်တိုက်ခိုက်လိုက်လေသည်။ ဒါပေမယ့် ထိုတစ်ခဏတာ တုန့်နှေးသွားခဲ့မှုကြောင့် ချီကျန်းရှန်လည်း သူ့ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး သေကွင်းသေကွက်နေရာတွေကို မထိအောင် ရှောင်ရှားသွားနိုင်ခဲ့၏။ သို့ပေမယ့် ရန်ကိုင်လက်ဝါးချက်က သူ့ပုံခုံးကို ထိမှန်သွားခဲ့ သေးလေသည်။

နာကျင်စွာအော်မြည်လိုက်ပြီး ချီကျန်းရှန်လည်း မြေပြင်ပေါ် ပြုတ်ကျသွားခဲ့လေသည်။ အခုလို သေရေးရှင်ရေး အခြေအနေနဲ့ ကြုံတွေ့ရချိန်တွင် ကြယ်ဓါးကိုးချောင်းဂိုဏ်းက တပည့်က သူ့တိုက်ပွဲစွမ်းရည်ကို အဆုံးစွန်ထိ မြှင့်တင်ထားလိုက်လေသည်။ လက်ချောင်းဓါးဖြင့် သားရဲပုံရိပ်နှစ်ခုကို ပိုင်းချလိုက်ပြီး ထိုသားရဲပုံရိပ်နှစ်ခုကို ပျက်စီးလုမတတ် ဖြစ်သွားစေခဲ့လေသည်။

ကျားဖြူနှင့်တော်ဝင်နွားသိုးနှစ်ကောင်လုံး တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပေမယ့် ချီကျန်းရှန်ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။ သူ့ခန္ဓာကိုယ်ကို ဓါးချီသေးသေးလေးတွေက ကာရံထားခဲ့လေသည်။ ကျားဖြူနှင့်နွားသိုးတို့ တိုက်ခိုက်လိုက်တိုရင်း ထိုဓါးချီသေးသေးလေးတွေကတိုက်ခိုက်မှုတွေကို ပျက်ပျယ်သွားစေခဲ့၏။

သိပ်မကြာခင်မှာပဲ ကျားဖြင့်နှင့်နွားသိုးပုံရိပ်တို့ ပျောက်ကွယ်သွားခဲ့လေသည်။ တကယ်တော့ ထိုသားရဲပုံရိပ်နှစ်ခု

က ရန်ကိုင်ချီစွမ်းအင်ကနေ ဖန်တီးထားတာပဲဖြစ်လေသည်။ ထိုပုံရိပ်နှစ်ခုက တကယ့်သားရဲအစစ်နဲ့တူတယ်ဆိုပေမယ့် ချီစွမ်းအင်နှင့်ဖန်တီးထားတာဖြစ်တဲ့အတွက် အမြဲတမ်းမတည်ရှိနိုင်ချေ။

‘‘ဟားဟား….’’ ချီကျန်းရှန်က ရန်ကိုင်ကို ကြည့်ရင်း ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်လေသည်။ ထိုသားရဲနှစ်ကောင်ကိုဖန်တီးဖို့ ရန်ကိုင်ချီစွမ်းအင် တော်တော်လေး သုံးခဲ့ရပေမည်။ ဒါပေမယ့် ထိုသားရဲနှစ်ကောင်ကသူ့ကိုထိခိုက်ဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ ချီသန့်စင်ခြင်းအဆင့်မှာသာ ရှိသေးတဲ့ရန်ကိုင်အတွက်တော့ ထိုသိုင်းပညာရပ်ကို နောက်တစ်ကြိမ် အသုံးပြုဖို့ မဖြစ်နိုင်ချေ။

ဒါပေမယ့် သူစရယ်လိုက်တာနဲ့ ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ ရန်ကိုင်မျက်လုံးအစုံက အထင်သေးမှုဖြင့် ပြည့်နေခဲ့ပြီး နောက်ထပ်သားရဲပုံရိပ်နှစ်ခုကို အသာအယာလေးဖန်တီးလိုက်လေသည်။ကျားဖြူနှင့်နွားသိုးနှစ်ကောင်စလုံး သူ့ဆီနောက်တစ်ဖန်ပြေးဝင်လာခဲ့ပြန်လေသည်။

‘‘မဖြစ်နိုင်ဘူး ’’ ချီကျန်းရှန် ထိတ်လန့်တကြားအော်ဟစ်လိုက်လေသည်။

‘‘ ငါနောက်ထပ် လှုပ်ရှားစရာတောင်မလိုတော့ဘူး။ ဒီတိုက်ကွက်နဲ့တင် မင်းကိုရှင်းပစ်လို့ ရနေပြီ ’’

ရန်ကိုင်က ချီကျန်းရှန်ကို အေးစက်စက်စိုက်ကြည့်လိုက်လေသည်။ ချီကျန်းရှန်လည်း ခံစစ်ပြင်လိုက်ရပြီး

သူ့မျက်နှာကလည်း သုန်မှုန်နေခဲ့လေသည်။ ရန်ကိုင်အပိုပြောနေတာ မဟုတ်ဘူးဆိုတာ သူသိပေသည်။

ထိုသားရဲပုံရိပ်နှစ်ခုက ရင်ဆိုင်ဖို့တကယ်ပဲ ခက်ခဲပေသည်။ ချီနဲ့ဖန်တီးထားတဲ့ ဓါးထက်တွင် အက်ရာတွေပေါ်နေခဲ့ပြီး သိပ်မကြာခင်မှာပဲ ပျက်စီးတော့ပေလိမ့်မည်။ သို့ပေမယ့် ချီဓါးတစ်ချောင်းဖန်တီးရတာချီစွမ်းအင်အရမ်းကို ကုန်ပေသည်။ သူအရင်လို မမောမာနိုင်တော့ချေ။

‘‘ ဒါပေမယ့် ငါကမင်းနဲ့ကွဲပြာတယ်။ ငါ့ပြိုင်ဘက်ကို ဘယ်တော့မှငါအထင်မသေးဘူး။….အဲ့ဒါကြောင့်

ငါလည်းပဲ ဝင်တိုက်မယ် ’’ ပြောပြီးတာနဲ့ ရန်ကိုင်က သားရဲပုံရိပ်နှစ်ခုနှင့်အတူ ချီကျန်းရှန်ကို

ပူးပေါင်းတိုက်ခိုက်တော့လေသည်။ ထိုအချင်းအရာကို မြင်လိုက်တာနဲ့ ချီကျန်းရှန်လည်း ငြိမ်မနေနိုင်တော့ချေ။

အော်ဟစ်လိုက်ပြီး သူ့လက်ချောင်းဓါးက လေထုထဲကိုပိုင်းဖြတ်လို့သွားတော့လေသည်။

လူငယ်နှစ်ယောက်စလုံး မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြပြီဖြစ်သည်။ နှစ်ယောက်စလုံး မည်သူကမှခွန်အားမှလျှိုထားတော့ချေ။ အခုအချိန်တွင် သတိလေးတစ်ချက် မထားမိလိုက်တာနဲ့ ကိုယ့်အသက်ပါသွားနိုင်ပေသည်။ သားရဲပုံရိပ်နှစ်ခု ပျောက်ကွယ်သွားတာနဲ့ ချီကျန်းရှန်က ရန်ကိုင်ကို လက်ချောင်းဓါဖြင့်

တိုက်ခိုက်လိုက်လေသည်။ ဓါးချက်က ရန်ကိုင်ကို ထိမှန်လို့သွားခဲ့ပြီး ရန်ကိုင်လည်း သွေးတစ်ပွက်အန်လိုက်ရကာ သူ့အကျီင်္တစ်ခုလုံး ရဲရဲနီသွားခဲ့လေသည်။

ချီကျန်းရှန်ကတော့ ရန်ကိုင်ထက် နည်းနည်းပိုပြီး အခြေအနေဆိုးပေသည်။ ရန်သူသုံးယောက်နှင့် တိုက်ခိုက်နေ

ရတဲ့အတွက် ဓါးခန္ဓာက စွမ်းအင်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူ့အစစ်အမှန်ချီတွေလည်းကုန်ဆုံးနေခဲ့ပြီဖြစ်သည်။

သူ့လက်မောင်းတစ်ဖက်က ဘေးဘက်ကိုတွဲကျနေခဲ့ပြီး လက်မောင်းထက်တွင်လည်း ကိုက်ရာတွေကို အထင်း

သားမြင်နေခဲ့ရသည်။ သူ့ရင်ဘတ်က ဒဏ်ရာက ပိုပြီးဆိုးရွားပေသည်။ နံရိုးများစွာက ကျိုးနေခဲ့ပြီး ထိုဒဏ်ရာ

ဒဏ်ချက်တွေက နွားသိုးကြောင့်ဖြစ်တာဖြစ်ပြီး နွားသိုးချိုကလည်း သူ့နောက်ကျောဘက်ကို ထိုးဖောက်လု မတတ်ဖြစ်သွားခဲ့လေသည်။

ချီကျန်းရှန်နှင့်ပေတစ်ရာအကွာတွင် ရပ်နေရင်း ရန်ကိုင်မျက်လုံအစုံက ရက်စက်ကြမ်းကြုတ်လိုစိတ်တို့ဖြင့်

ပြည့်နေခဲ့သည်။ ချီကျန်းရှန်၏ အမူအရာကတော့ စိတ်ဓါတ်ကျမှုနှင့် ဒေါသကြား ကူးကလန်ခတ်နေခဲ့၏။

တစ်နေ့ကျရင် ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရှုံးနိမ့်ရလိမ့်မယ်လို့ အိမ်မက်ထဲမှာတောင်ထည့်မမက်ခဲ့ဖူးချေ။ ဒါပေမယ့် အမှန်တရားက သူ့ရှေ့ရှေ့တည့်တည့်တွင် ရှိနေခဲ့၏။ ရှက်ရွံ့မှုနှင့်ဒေါသက သူ့ကိုရူးသွပ်သွားစေခဲ့လေသည်။

ရန်ကိုင်က သူ့ကိုချက်ချင်း မတိုက်ခိုက်သေးချေ။

ဘာကြောင့်လဲဆိုတော့ အစစ်အမှန်ဒြပ်စင်အဆင့်

ကျင့်ကြံသူတစ်ယောက်၏ သေခါနီးရုန်းကန်မှုက ကြောက်မက်ဖွယ်ကောင်းတယ်ဆိုတာကို သိထားသော

ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ချီကျန်းရှန်အရှိန်ကုန်အောင် သူစောင့်နေတာဖြစ်သည်။

‘‘ဟားဟားဟား ’’ ချီကျန်းရှန်လည်း အလျင်လိုနေသည့်ပုံမပေါက်ချေ။ ရုတ်တရက်လှောင်ပြောင်လိုက်ပြီး

အသက်ပြင်းပြင်း ရှုရှိုက်ကာ သူ့စိတ်အခြေအနေကို တည်ငြိမ်အောင် လုပ်လိုက်၏။ တဖြည်းဖြည်းနဲ့ပြန်တည်ငြိမ်သွားခဲ့ပြီး ‘‘မင်းသန်မာတယ်ဆိုတာ ငါလက်ခံတယ်။ သာမန်အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူ တစ်ယောက်ထက်တောင် သန်မာတယ်။ ငါက တကယ့် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲ ။ အဲ့ဒါကြောင့် မင်းငါ့ကို သတ်နိုင်မှာမဟုတ်ဘူး။ ငါသာထွက်သွားချင်ရင် မင်းငါ့ကို ရပ်တန့်လို့ရမှာမဟုတ်ဘူး ’’

ရယ်မောလိုက်ရင်း ချီကျန်းရှန်က မြေကြီးကိုကန်ကျောက်လိုက်ပြီး လေထဲပေသုံးရာအထက်ကို တိုက်ခိုက်ခုန်လိုက်လေသည်။ သူ့ခန္ဓာကိုယ်ကတော့ အနည်းငယ်တုန်ရင်သွားခဲ့လေသည်။ လက်မောင်းတစ်ဖက်ကတွဲကျနေခဲ့ပြီး ကျန်တဲ့လက်မောင်းတစ်ဖက်က သူ့ရင်ဘတ်ကိုဆုပ်ကိုင်ထားရင်း လေထဲတွင်ဝဲနေလိုက်ကာပြောလိုက်လေသည် ‘‘ ဒါက အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ ချီသန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကြားက အကြီးမားဆုံးကွာခြားချက်ပဲ။ မင်းပျံနိုင်တယ်။ ဒါပေမယ့်

မင်းမပျံနိုင်ဘူး။ ငါထွက်သွားချင်တဲ့အချိန် ထွက်သွားလို့ရတယ် ’’

ပြောပြီးတာနဲ့ ချီကျန်းရှန်က သွေးတစ်ပွက်အန်လိုက်ရပြီး သူ့အခြေအနေကို ကြိုးစားရုန်ကန်ပြီး ပြန်ထိန်းလိုက်ကာ ရန်ကိုင်ကို မုန်းတီးစွာစိုက်ကြည့်ရင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်

‘‘ ဒီနေ့ငါခံစားခဲ့ရတဲ့ အရှက်ရမှုကို ငါမှတ်ထားမယ်။ နောက်တစ်ကြိမ် မင်းမျက်နှာကို ငါမြင်တာနဲ့ မင်းရဲ့ခွေးအသက်ကို ကျိန်းသေ အဆုံးသတ်ပေးမယ်လို့ ငါကျိန်ဆိုတယ် ’’ ပြောပြီးတာနဲ့ ချီကျန်းရှန်က ရန်ကိုင်ကို တစ်ခဏကြာအောင် စိုက်ကြည့်နေလိုက်သည်။ မြေကြီးပေါ်တွင် မတ်တပ်ရပ်နေရပေမယ့်

ရန်ကိုင် အမူအရာကတော့ မထူးခြားနားပင်ဖြစ်သည်။ သူ့မျက်နှာတွင် မည်သည့်စိုးရိမ်ပူပန်မှုကိုမှ မမြင်တွေ့ရချေ။

တစ်ခဏကြာပြီးနောက် ချီကျန်းရှန်လည်း ဒေါသထွက်ထွက်၊ ရှက်ရှက်နဲ့ ကောင်းကင်ပေါ်တွင် ပျံသန်းရင် ထွက်သွားတော့လေသည်။ ဒီနေ့အကြွေးကို ငါကျိန်းသေပြန်ဆပ်မယ် ချီကျန်းရှန် သူ့ကိုယ်သူ

ကျိန်ဆိုလိုက်လေသည်။ ဒါပေမယ့် ပေသုံးရာလောက် ပျံသန်းပြီးချိန်မှာတော့ သူ့နောက်ကနေ အပူစွမ်းအင်ကို

ခံစားလိုက်ရပြီး အေစက်စက်အသံတစ်သံကို ကြားလိုက်ရ၏

‘‘ မင်းဘယ်ကိုပြေးဖို့ စဉ်းစားနေတာလဲ ’’

ချီကျန်းရှန်၏မျက်နှာက ဝိဉာဉ်မရှိတော့သည့်အလား ကြောက်ရွံ့မှုကြောင့် ဖြူရော်သွားခဲ့လေသည်။

သူပြန်လှည့်ကြည့်လိုက်တဲ့အချိန်တွင် ကောင်းကင်စံအိမ်က ငချွတ်က သူ့လိုပဲလေပေါ်ကနေ ပျံသန်းလာနေတာ

ကိုတွေ့လိုက်ရ၏။

သူ့နောက်ကျောဘက်မှာတော့…..လောင်ကျွမ်းနေတဲ့ ဧရာတောင်ပံတစ်စုံ ရှိနေခဲ့လေသည်။

‘‘ မင်း ……’’ ချီကျန်းရှန်မျက်နှာတစ်ခုလုံး ဖော်ပြမရနိုင်တဲ့ ကြောက်ရွံ့တွေနဲ့ ပြည့်နေခဲ့လေသည်။ အခုလိုလောင်ကျွမ်းနေတဲ့ တောင်ပံတစ်စုံကို ပိုင်ဆိုင်တဲ့ကျင့်ကြံသူရှိတယ်ဆိုတာ သူဘယ်တုန်းကမှ မကြားဖူးခဲ့ချေ။

သူနောက်ထပ်စကားတစ်ခွန်း မပြောရသေးခင်မှာပဲ ရန်ကိုင်က သူ့နားရောက်လာခဲ့ပြီး သူ့ဝမ်းဗိုက်ဆီလက်ဝါးတစ်ချက်ရိုက်ချလိုက်လေသည်။ နောက်လက်ကြီးတစ်ဖက်က သူ့လည်ဂုတ်ကို ဆုပ်ကိုင်ပြီး

ကောင်းကင်ကနေ မြေပြင်ထက်ဆီ ဆင်းသက်လာခဲ့လေသည်။

မြေပြင်နှင့်ဆယ်ပေအကွာကို ရောက်တဲ့အချိန်မှာတော့ ရန်ကိုင်က ချီကျန်းရှန်ကို အကြင်အနာမဲ့စွာဖြင့်မြေကြီးပေါ်ကို ပစ်ပေါက်လိုက်လေသည်။ ဖုန်း….ချီကျန်းရှန်လည်း မြေကြီးနှင့်မိတ်ဆက်လိုက်ရပြီးသူ့အရိုးတွေထပ်ပြီး ကျိုးကြေသွားခဲ့ပြန်၏။ ပေါက်ပြဲနေတဲ့ အိတ်တစ်လုံးလို ချီကျန်းရှန်လည်းကဗျာကယာကုန်းထလိုက်ပြီး အကွာအဝေးတစ်နေရာဆီ လှိမ့်သွားလိုက်၏။ သူ့မျက်လုံးကို ကြိုးစားဖွင့်လိုက်ပြီးရန်ကိုင်က တောင်ပံတစ်စုံဖြင့် ကောင်းကင်ပေါ်ကနေ မြေပြင်ထက်ဆီ ဖြေးဖြေးချင်း ဆင်းလာတာကိုတွေ့လိုက်ရလေသည်။

ထို့နောက် ချီကျန်းရှန်ဆီ လမ်းလျှောက်သွားလိုက်ပြီး အရင်တုန်းက သူရန်ကိုင်ကို ကြည့်ခဲ့သလိုမျိုး ရန်ကိုင်က

သူ့ကိုမောက်မာစွာဖြင့် ပြန်ကြည့်လိုက်လေသည်။ ‘‘ဒီလိုသေရတာ အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက် ထိုက်တန်ပါတယ် ’’ ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး ချီကျန်းရှန်လည်ပင်းထက်ဆီခြေထောက်မြှောက်ကာ နင်းချလိုက်လေသည်။

‘‘ ငါ့ကိုမသတ်ပါနဲ့ …..’’ ချီကျန်းရှန်လည်း စကားမနည်းပြောနေခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးကာအဆက်မပြတ် သွေးအန်နေခဲ့လေသည်။ သူ့ပါးစပ်စွန်းကနေ သွေးတွေစီးကျလာခဲ့ပြီး ‘‘ ကြယ်ဓါးကိုးချောင်းဂိုဏ်းကဓါးပညာရပ်ကို မင်းမသင်ချင်ဘူးလား။ မင်းသင်ချင်တယ်ဆိုရင် ငါသင်ပေးနိုင်တယ်…. ငါအားလုံး မင်းကိုသင်ပေးနိုင်တယ်။ ကြယ်ဓါးကိုးချောင်းထဲမှာဆိုရင် ငါကတက်သစ်စကြယ်တစ်လုံးပဲ။ဂိုဏ်းက အဆင့်မြင့်တဲ့ဓါးသိုင်းပညာရပ်အားလုံးကို ငါလေ့ကျင့်သင်ကြားပြီးသွားပြီ ’’

‘‘ မလိုဘူး….ငါမင်းကိုမယုံဘူး ’’ ရန်ကိုင်ကတော့ မထူးခြားနားပင်။ ကြယ်ဓါးကိုးချောင်းဂိုဏ်းက ဓါးသိုင်းပညာရပ်တွေက သူ့ကိုဆွဲဆောင်နိုင်ပေမယ့် ချီကျန်းရှန်က သူ့ကိုသင်ပေးမယ်ဆိုတာကိုတော့ မယုံကြည်ချေ။

ချီကျန်းရှန်ရဲ့ စရိုက်နဲ့ဆိုရင် သူသာအားပြန်ပြည့်လာတာနဲ့ သူ့ကိုလက်စားချေဖို့ ကြိုးစားပေလိမ့်မည်။ထို့ကြောင့် သူ့ကိုသတ်ပစ်လိုက်တာက အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။ ထိုစကားကိုကြားလိုက်တာနဲ့အစကတည်းက ဝမ်းနည်းနေတဲ့ ချီကျန်းရှန်က ပိုပြီးစိတ်ဓါတ်ကျသွားခဲ့လေသည်။

‘‘မင်းက ကြယ်ဓါးကိုးချောင်းဂိုဏ်းနဲ့ ရန်သူဖြစ်ချင်နေတာလား။ မင်းသာငါ့ကိုသတ်မယ်ဆိုရင်… အဟွတ်အဟွတ်…. ငါ့ရဲ့စီနီယာအစ်ကိုကြီး သိသွားလိမ့်မယ်။ သူသိသွားတာနဲ့ မင်းကိုခွင့်လွှတ်မှာမဟုတ်ဘူး။သူ့ခွန်အားနဲ့ဆိုရင် မင်းကိုအလွယ်လေး သတ်ပစ်လိုက်လို့ရတယ် ’’ ရန်ကိုင်က ချီကျန်းရှန်ကို စိုက်ကြည့်လိုက်ပြီးသူ့မျက်လုံးတွေက အေးစက်သွားခဲ့ကာ ‘‘ ဝူချန်းရီ။ မင်းရဲ့စီနီယာအစ်ကိုကြီးနဲ့ ပက်သက်ပြီး စိတ်ပူစရာမလိုဘူး။သူငါ့ကိုလာမရှာရင်တောင် ငါသူ့ကိုသွားရှာဦးမှာ ’’

‘‘ မင်းတကယ်ကို ရက်စက်လွန်းတာပဲ….’’

‘‘ ရက်စက်ချင်တာ မင်းလေ ’’ ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး ခြေထောက်ကို အားစိုက်လိုက်ပြီးယွမ်ချီကိုခြေထောက်ဆီ ပို့လွှတ်လိုက်လေသည်။

ခရက်….ချီကျန်းရှန်၏လည်ပင်းကျိုးသွားခဲ့လေသည်။

အခုချီကျန်းရှည်လည်း သေသွားခဲ့ပြီဖြစ်သည်။ မိုင်အနည်းငယ်အကွာရပ်နေတဲ့ ဝူချန်းရီလည်း

ရုတ်တရက် ရပ်တန့်လိုက်ပြီး အဝေးတစ်နေရာကို ငေးကြည့်နေလိုက်၏။

တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ၌တစ်ယောက်နဲ့တစ်ယောက် တည်နေရာ၊ သေလားရှင်လားဆိုတာသိနိုင်တဲ့ နည်းလမ်းရှိသလိုမျိုး ကြယ်ဓါးကိုးချောင်းဂိုဏ်းက တပည့်တွေကြားမှာလည်း ထိုကဲ့သို့

နည်းလမ်းတစ်ခု ရှိပေသည်။ ဝူချန်းရီနားလည်ဖို့ခက်တာက ချီကျန်းရှန်ဘယ်လိုသေသွားတာလဲဆိုတာပင်ဖြစ်သည်။ သူ တန်းလန်မင်းဆက်က ကောင်တွေနဲ့ တွေ့သွားလို့လား။ မဟုတ်ရင် သူ့ရဲ့အစစ်အမှန်ဒြပ်စင်အဆင့်၃ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် တန်းလန်မင်းဆက်ကလူတွေနဲ့ မတွေ့ပဲ သေစရာအကြောင်းမရှိချေ။

ဝူချန်းရီမျက်နှာထက်တွင် မည်သည့်ဝမ်းနည်းမှုကိုမှ မမြင်တွေ့ရချေ။ ချီကျန်းရှန်သေတာရှင်တာကိုသူဂရုမစိုက်ချေ။ ဒါပေမယ့် ချီကျန်းရှန်မှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုရှိနေပေသည်။ ထိုရတနာကဒီသီးခြားကမ္ဘာထဲမှာ သူတွေ့ခဲ့တဲ့ တစ်ခုခုပင်ဖြစ်သည်။ သူမှတ်မိသလောက်ဆိုရင် ချီကျန်းရှန်က သူ့ဝေစုကို

မပေးရသေးချေ။

‘‘ စီနီယာအစ်ကို ဘာမှားလို့လဲ ’’ မီးတောက်ဘုရားကျောင်းက ဝူချန်းရီ၏ငေးကြောင်နေတဲ့အမူအရာကိုမြင်တွေ့လိုက်ရတဲ့အချိန်မေးလိုက်လေသည်။ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်ပြီး သူ့အသံထဲကစိုးရိမ်မှုကို ဖုံးဖိမထားနိုင်ခဲ့ချေ‘‘

“တန်းလန်မင်းဆက်ကျင့်ကြံသူတွက အနီးအနားမှာ ရှိနေတာလား ’’

‘‘ ဖြစ်နိုင်တယ် ’’ ဝူချန်းရီလည်း ခေါင်းညိတ်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်၏ ‘‘ငါတို့အရှိန်ကိုမြှင့်ပြီးပုန်းဖို့အတွက် လုံခြုံတဲ့နေရာတစ်ခုကို ရှာသင့်တယ် ’’ သူပြောတာကို ကြားလိုက်တာနဲ့ အားလုံး၏အမူအရာလေးနက်သွားခဲ့ပြီး ရုတ်တရက် သတိရှိရှိဖြင့် ခပ်မြန်မြန်သွားကြတော့လေသည်။

ထိုလအတောအတွင်းတန်းလန်မင်းဆက်က ကျင့်ကြံသူတွေကြောင့် သူတို့တော်တော်လေး ခံစားခဲ့ရပေသည်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၄) ယန်မီးတောက်အရည်

ချီကျန်းရှန် သေသွာတာနဲ့ မျှော်လင့်ထားတဲ့အတိုင်း သွေးလုံးတစ်လုံး ဖြစ်သွားခဲ့ပါတယ်။ သူ့သွေးလုံးက တစ္ဆေဘုရင်တောင်ကြားက တပည်သေသွားတုန်းက ဖြစ်လာတဲ့ သွေးလုံးနဲ့အရွယ်အစား အတူတူလောက်ပါပဲ။ သူတို့နှစ်ယောက်စလုံးက အစစ်အမှန်ဒြပ်စင်အဆင့်တွေ ဖြစ်ကြတဲ့အတွက် နှစ်ယောက်ကြားက ခွန်အားကွာခြားချက်က သိပ်ပြီး မကြီးမားလှပါဘူး။

ထိုသွေးလုံးကို ဖမ်းယူပြီးတာနဲ့ ချီကျန်းရှန်၏ ပစ္စည်းတွေကို ဆက်ပြီး စစ်ဆေးကြည့်လိုက်တယ်။ သူ့အိတ်ထဲတွင် သွေးလုံအရွယ်အစား အမျိုးမျိုးတွေ့ခဲ့ရပြီး ငွေပြား အနည်းငယ်နှင့် အစိမ်းရောင် ပုလင်းတစ်ပုလင်းကိုလည်း တွေ့လိုက်ရပါတယ်။

သူ့မှာရှိတာ ထိုပစ္စည်း အကုန်ပါပဲ။

ထိုပစ္စည်းတွေကို သိုလှောင်အိတ်ထဲ ထည့်ပြီးတာနဲ့ ရန်ကိုင်လည်း ထိုနေရာကနေ ခပ်မြန်မြန်ပဲ ထွက်သွာလိုက်တယ်။ နေ့တစ်ဝက်လောက် ကြာပြီးနောက် …. ချောင်ကျတဲ့ တောင်တစ်လုံးနေရာကို ရှာတွေ့သွားပြီး ရန်ကိုင်က ထိုနေရာမှာ တင်ပလင်ခွေထိုက်လိုက်ကာ ကုသရေးဆေးလုံးအနည်ငယ်ကို မျိုချလိုက်တယ်။

ထို့နောက် သွေးစွန်းနေတဲ့ အဝတ်အစားတွေကို အဝတ်အစား အသစ်ဖြင့် လဲလှယ်လိုက်ပြီး သွေးညှီနံ့ကို ဖျောက်ဖျက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်တယ်။

ထိုတောင်ကြားထဲမှာ ရှိနေတဲ့ လိုဏ်ဂူက သူကိုယ်တိုင် တူးထားခဲ့တာပါ။ တန်းလန်မင်းဆက်က ကျင့်ကြံသူတွေက သားရဲကိုထိန်းချုပ်ပြီး တိုက်ခိုက်ကြတဲ့အတွက် နောင်ဘာဆက်လုပ် ရမလဲဆိုတာကို သူသေချာ စဉ်းစားထားရပါမယ်။

ထို့ကြောင့် ဒီလိုဏ်ဂူကို သူအနားယူ၊ အားပြန်ဖြည့်ဖို့ နေရာအဖြစ် တူးထားခဲ့တာဖြစ်ပြီး ဝင်ပေါက်ကိုလည်း အခြားသူ မမြင်အောင် သေချာ ပိတ်ကာထားခဲ့ပါတယ်။

ချီကျန်းရှန်နှင့် တိုက်ပွဲမှာ သူဒဏ်ရာ တော်တော်များများ ရခဲ့ပါတယ်။ ထိုဒဏ်ရာတွေက သူ့အသက်ကို မခြိမ်းခြောက်နိုင်ပေမယ့် ပေါ့သေးသေး ဒဏ်ရာတွေလည်း မဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်၊ ပြန်ကောင်းမွန်နိုင်စွမ်းနှင့် ကုသရေးဆေးလုံးရဲ့ အကူအညီနဲ့ ဆိုရင် အပြည့်အဝ ပြန်ကောင်းဖို့ သူ့အတွက် ရက်အနည်းငယ်ပဲ လိုအပ်ပါတယ်။

သုံးရက်ကြာပြီးနောက် သူ့ဒဏ်ရာတွေ ပျောက်ကင်းသွားခဲ့ပါပြီ။ အပြည့်အဝ ပြန်မကောင်းသေးပေမယ့် သူ့လှု့ပ်ရှားချင်တာကို ဟန့်တားလို့ မရတော့ပါဘူး။ ထိုရက်အတောအတွင်း ရန်ကိုင်က သူနှင့် ချီကျန်းရှန်တိုက်ပွဲကို ပြန်လည်ဆင်ခြင်နေခဲ့တယ်။

ထိုတိုက်ပွဲကနေ သူတော်တော်လေး အကျိုးအမြတ် ရခဲ့ပါတယ်။

သူ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အချိန် သူ့တစ်ကိုယ်လုံး စွမ်းအင်တွေနဲ့ ပြည့်နေပြီး တိုက်ခိုက်လိုစိတ်ဖြင့် ပြည့်နေတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ သူ့ဒန်တန်ထဲရှိ ယန်အရည်စက်တွေကို နည်းနည်းလောက် ထပ်ပြီး ပြန်ဖြည့်ဖို့လိုပေမယ့် သူ့မှာရှိတဲ့ ယန်ဆေးပုလင်းတွေရဲ့ အကူအညီနဲ့ဆိုရင် ယန်အရည်စက် မလောက်မှာကို စိတ်ပူစရာမလိုပါဘူး။

ဆေးပုလင်းထဲမှာ ပါတဲ့ ဆေးလုံးအကုန်လုံးကို သုံးစွဲပြီးနောက် ယန်အရည်စက် ဒါဇင်ကျော်လောက် သူဖန်တီးနိုင်ခဲ့တယ်။

သူ့ယန်ချီကပိုပြီးသန့်စင်လာတဲ့အတွက် ယန်အရည်စက်တစ်စက် ဖန်တီးဖို့အတွက် လိုအပ်တဲ့ ယန်ချီ ပမာဏကလည်း ပိုပြီးများပြားလာခဲ့ရပါတယ်။

ဏလောက် စဉ်းစားလိုက်ပြီးနောက် နောက်ထပ် ယန်ဆေးပုလင်းတစ်ပုလင်းကို ထပ်ပြီး သုံးစွဲလိုက်ပြီး ယန်အရည်စက်တွေ ထပ်ပြီး ဖန်တီးလိုက်တယ်။ သိုလှောင်အိတ်ထဲ ရှာကြည့်လိုက်ပြီးနောက် အစိမ်းရောင်ပုလင်းလေးကို ထုတ်ယူလိုက်တယ်။

ထိုပုလင်းက ချီကျန်းရှီကနေ ရခဲ့တာပါ။ ထိုပုလင်းထဲ ဘာရှိနေလဲဆိုတာ အခုအချိန်ထိ သူမသိသေးပါဘူး။ ပုလင်းကို ဖွင့်လိုက်တာနဲ့ သူ့မျက်နှာကို အပူဟပ်သွားခဲ့တယ်။ ထိုအပူစွမ်းအင်က သူ့အား သက်သောင့်သက်သာ ရှိတဲ့ခံစားချက်ကို ပေးစွမ်းခဲ့ပါတယ်။ ထိုပုလင်းထဲ ရှိနေတဲ့ စွမ်းအင်က အလွန်အမင်း ပေါကြွယ်ဝတယ်ဆိုတာ သူသိပါတယ်။ ပုလင်းထဲက စွမ်းအင်က သူ့ယန်စွမ်းအင်နှင့် တူညီတဲ့ခံစားချက်ကို ပေးစွမ်းနေပေမယ့် ကွဲပြားချက်တွေတော့ ရှိနေပါသေးတယ်။

ပုလင်းထဲကို ကြည့်လိုက်တဲ့အချိန် ကြက်သွေးရောင်မီးတောက် အရောင် အရည်တွေကို မြင်လိုက်ရတယ်။ ပုလင်းထဲရှိ အရည်က အရမ်းကြီးမများလှပါဘူး။ အများဆုံးမှ လေးစက်၊ငါးစက်လောက်ပဲ ရှိတာပါ။

ချီကျန်းရှန်ထံတွင် ထိုပုလင်းကလွဲပြီး အခြားဘာမှမရှိပါဘူး။ ဒါက ဘာလဲ။ ရန်ကိုင်လည်း ထိုပုလင်ထဲရှိ အရည်ကို သေချာစစ်ဆေးကြည့်လိုက်တယ်။ နမ်းရှုံ့ကြည့်လိုက်တယ်။ သူ့စိတ်ထဲ သံသယဒီရေလှိုင်းတို့ မြင့်တက်လာခဲ့ပြီး ထိုပုလင်းထဲ အရည်က ဘာအရည်လဲဆိုတာကို မသိရမနေနိုင်အောင် ဖြစ်လာခဲ့ရတယ်။

‘‘နတ်ဆိုးအိုကြီး’’ ရန်ကိုင်က ခေါ်လိုက်တယ်။ ‘‘ဒီအစေခံအိုကြီးက သခင်လေးကို ခစားဖို့အဆင်သင့်ပါပဲ’’ နတ်ဆိုးအိုကြီးက စတင်ပြီး ဖားယားပါတော့တယ်။

‘‘ဒီပုလင်းထဲက အရည်က ဘာအရည်လဲဆိုတာ သိလား’’ ရန်ကိုင်က မေးလိုက်တယ်။ နတ်ဆိုးအိုကြီး ရှက်ရွံ့စွာနဲ့ အကြိမ်အနည်းငယ်လောက် အသာအယာ ချောင်းဟန့်လိုက်တယ်။

‘‘ မေ့လိုက်တော……’’ ထိုအရည်နဲ့ပက်သက်ပြီး နတ်ဆိုးအိုကြီးလည်း မသိဘူးဆိုတာ သူချက်ချင်းပဲ နားလည်လိုက်တယ်။

ထိုနတ်ဆိုးအိုကြီး၏ မှတ်ဉာဏ်တွေက ပျောက်ဆုံးနေပါတယ်။ တစ်ခါတစ်ရံ အရေးပါတဲ့ အချက်အလက်တွေကို ပြောပြ၊ရှင်းပြ ပေးနိုင်ပေမယ့် တစ်ခါတစ်ရံမှာတော့ လုံးဝကို အသုံးမဝင်ဖြစ်တတ်ပါတယ်။ ရန်ကိုင်လည်း ထိုကိစ္စနဲ့ပက်သက်ပြီး အရေထူနေပါပြီ။

နတ်ဆိုးအိုကြီးသာ ထိုအရည် ဘာအရည်လဲဆိုတာ သိရင် ရန်ကိုင်ခေါ်စရာတောင်မလိုပဲ ချက်ချင်းထွက်ပြီး ပြောပြ၊ရှင်းပြမှာပါ။ အခုလိုမျိုး ရန်ကိုင်ခေါ်တဲ့အထိ စောင့်နေလိမ့်မှာ မဟုတ်ပါဘူး။

အချိန်အတော်ကြာအောင် စစ်ဆေးလိုက်ပြီးနောက် ထိုအရည်က အဆိပ်မရှိဘူးလို့ ရန်ကိုင် ဆုံးဖြတ်ချက် ချလိုက်တယ်။ ထိုဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး နတ်ဆိုးအိုကြီးလည်း သဘောတူထောက်ခံပါတယ်။ အဆိပ်မရှိဘူးလို့ ဆုံးဖြတ်ထားပြီးပြီပေမယ့် ရန်ကိုင်က အနည်းငယ် စိုးရိမ်နေပါသေးတယ်။ ထို့ကြောင့် လိုဏ်ဂူထဲကနေ ပြေးထွက်သွားလိုက်ပြီး အဆင့်၄သားရဲတစ်ကောင်ကို သတိလစ်အောင်ရိုက်ကာ လိုဏ်ဂူထဲဆွဲခေါ်လာလိုက်တယ်။

ထို့နောက် ဆေးပုလင်းထဲက အရည်တစ်စက်ကို သားရဲပါးစပ်ထဲ ထည့်ပေးလိုက်တယ်။ အသက်ရှုချိန် အနည်းငယ်လောက် ကြာပြီးတဲ့အချိန်မှာတော့ သားရဲဆီကနေ သနားစရာကောင်းတဲ့ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပြီး သားတစ်ကိုယ်လုံးက မြေကြီးထက် ပြင်းပြင်းထန်ထန် တွန့်လိမ်နေခဲ့တယ်။ ထို့နောက် သားရဲပါးစပ်ကနေ အဖြူရောင်အမြုံ့တွေ ထွက်လာခဲ့ပြီး သားရဲခန္ဓာကိုယ်တစ်ခုလုံး တလက်လက်တောက်ပလာခဲ့တယ်။

ရန်ကိုင်မျက်နှာ အေးခဲ တောင့်တင်းသွားခဲ့ပြီး ကောင်းကင်ဘုံကို ကျေးဇူးတင်လိုက်တယ်။ သူ့ရဲ့သတိကြီးမားမှုကြောင့် သေဘေးကနေ ကပ်သီသီလေး လွဲချော်သွားခဲ့ရလေပြီ။ ဒါပေမယ့် ရန်ကိုင်က ထိုကဲ့သို့တွေးနေစဉ်မှာပဲ အဆင့်၄သားရဲဆီကနေ ထွက်ပေါ်နေတဲ့ စွမ်းအင်လှိုင်းတွေက ရုတ်တရက် မြင့်တက်သွားခဲ့တယ်။

ချက်ချင်းပဲ ချုပ်နှောင်မှုကနေ ချိုးဖျက်ပြီး ရန်ကိုင်ကို စတင် တိုက်ခိုက်ပါတော့တယ်။ သားရဲရဲ့ လက်ရှိခွန်အားက နဂါးတစ်ကောင်လို သန်မာပြီးကျားတစ်ကောင်လို ရက်စက်ကြမ်းတမ်းကာ လိုဏ်ဂူတစ်ခုလုံးက ရန်ကိုင်နှင့်

သားရဲကြားက တိုက်ပွဲကွင်းပြင် ဖြစ်သွားခဲ့ရတယ်။

သားရဲပုံစံက အဆိပ်မိနေသည့် ပုံစံလုံးဝမပေါက်ပါဘူး။ အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် သားရဲလည်း ရန်ကိုင်၏ လက်မှာ အသက်ပျောက်သွားခဲ့ရတယ်။ သားရဲ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်သည့် အခါမှာတော့ ရန်ကိုင်လုံးဝကို စိတ်ရှုပ်ထွေး သွားခဲ့ရတယ်။

သူခေါ်လာတုန်းက ထိုအဆင့်၄ကို သတိလစ်သွားအောင် သူအလွယ်လေး လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခုသားရဲထုတ်ပြတဲ့ ခွန်အားက အဆင့်၅သားရဲတစ်ကောင်ရဲ့ ခွန်အားနဲ့ညီမျှနေခဲ့ပါတယ်။ သူတွေးနေတုန်းမှာပဲ သွေးလုံး ဖြစ်တည်လာခဲ့တယ်။ သွေးလုံးဆီ အကြည့်ရောက်သွားတာနဲ့ တစ်ပြိုင်နက် ရန်ကိုင် ကြက်သေသေသွားခဲ့ရတယ်။

သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီးနောက် ချက်ချင်းပဲ မပြောအပ် မဆိုအပ်တဲ့ ဆဲရေးတိုင်းထွာ စကားတွေနဲ့ စတင်ပြီး ဆဲဆိုပါတော့တယ်။

‘‘သခင်လေး၊ စိတ်လျှော့… စိတ်လျှော့….’’နတ်ဆိုးအိုကြီးက ခပ်မြန်မြန်ပဲ နှစ်သိမ့်ပေးလိုက်တယ်။

သူဘာလို့ အရမ်းဒေါသထွက်သွားရလဲဆိုတာက အစောပိုင်းတုန်းက အရည်နဲ့ပက်သက်ပြီး သူ့တွက်ချက်မှု မှန်ကန်ခဲ့သောကြောင့်ပါပဲ။ သားရဲသေသွားပြီးနောက် ဖြစ်လာတဲ့သွေးလုံးကို တွေ့ပြီးနောက် သူ့ဆုံးဖြတ်က မှန်ကန်တယ်ဆိုတာ ပိုပြီး သေချာသွားခဲ့တယ်။

သွေးလုံးက အဆင့်ငါးသားရဲတစ်ကောင်ရဲ့ သွေးလုံးလောက် မကြီးပေမယ့် အဆင့်၄သားရဲ တစ်ကောင်ရဲ့ သွေးလုံးထက်တော့ အများကြီး ပိုကြီးပါတယ်။ အဆင့်၄သားရဲတစ်ကောင်ကို တစ်ခဏအတွင်း အဆင့်၅သားရဲတစ်ကောင်လို အစွမ်းထွက်သွားစေတယ် ဆိုတော့ ထိုပုလင်းထဲက အရည်က တကယ့်ကိုအဖိုးတန်တဲ့ ရတနာ တစ်ခုဖြစ်မှာ အသေအချာပါပဲ။

လွန်ခဲ့တဲ့နှစ်ဝက်က သူသိခဲ့တဲ့ အချက်အလက်တွေနှင့် ပြန်ပြီး တွေးတောထောက်ချင့် ကြည့်လိုက်ရင် ထိုပုလင်းထဲရှိ အရည်က ဘာအရည်လဲဆိုတာ ရန်ကိုင်သိသွားခဲ့တယ်။

ယန်မီးတောက်အရည်….

ယန်မီးတောက် အရည်က ချီစွမ်းအင်ကို သန့်စင်ဖို့ အသုံးပြုတဲ့ အဖိုးတန်ရတနာတစ်ခုပါ။ ဒီကမ္ဘာကြီးတွင် ချီစွမ်းအင်ကို သန့်စင်နိုင်တဲ့ ရတနာများများ စားစားမရှိလှပါဘူး။ ထို့ကြောင့် ချီစွမ်းအင်ကို သန့်စင်နိုင်တဲ့ ရတနာတစ်ခုချင်းစီက အရမ်းကိုအဖိုးတန်လှပါတယ်။

ယင်ကိုးသွယ် နှင်းပုံဆောင်ခဲဆိုတာမျိုးက ချီစွမ်းအင်ကို သန့်စင်တဲ့ ရတနာမျိုးတွေထဲမှာမှ ထိပ်တန်းရတနာတစ်ခုပါ။

လရောင်ပြန်ဂိုဏ်းက အကြီးအကဲကျိုးဝမ် ယန်မီးတောက်အရည် အကြောင်း ပြောတဲ့အချိန်တုန်းက ရန်ကိုင်သိပ်ပြီး စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမယ့် ယန်မီးတောက်အရည်က အခု သူ့လက်ထဲရောက်နေတော့ ဇာတ်လမ်းက တစ်မျိုး ဖြစ်သွားခဲ့ပါပြီ။

ယင်ကိုးသွယ်နှင်းပုံဆောင်ခဲက အစစ်အမှန်ဒြပ်စင်အဆင့်ကို တက်တဲ့အချိန်မှာ သုံးဖို့ပါ။ ဒါပေမယ့် ယန်မီးတောက်အရည်ကတော့ အခုချက်ချင်းပဲ အသုံးပြုနိုင်ပြီး သူ့ယွမ်ချီကို ပိုပြီးသန့်စင်အောင် လုပ်နိုင်ပါတယ်။

ကံမကောင်းစွာဖြင့် ထိုကဲ့သို့အဖိုးမဖြတ်နိုင်တဲ့ ယန်မီးတောက်အရည်တစ်စက်ကို သားရဲအား တိုက်လိုက်မိပါတယ်။ ရန်ကိုင်အလွန်အမင်း နောင်တရနေခဲ့ပြီး ရင်ထုမနာ ဖြစ်နေခဲ့ရပါတော့တယ်။ ဒါပေမယ့် နောက်ဆုံးတော့လည်း ပြီးသွားခဲ့တာက ပြီးသွားခဲ့ပါပြီ။ နောင်တရနေလို့ ဘာမှထူးလာမှ မဟုတ်ပါဘူး။

ကြယ်ဓါးကိုးချောင်းဂိုဏ်းက တပည့်ရဲ့ ကံကောင်းမှုကိုတောင် သူကျေးဇူးတင်သင့်ပါတယ်။ ထို့ကြောင့် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်ပြီး တင်ပလင်ခွေ ထိုင်လိုက်တယ်။ ယန်မီးတောက် အရည်တစ်စက်ကို ပုလင်းထဲကနေ သေချာထုတ်ယူလိုက်ပြီး မျိုချလိုက်တယ်။

အစစ်အမှန်ယန်ကျင့်စဉ်ကို စတင်လှည့်ပတ်လိုက်တာနဲ့ သူ့ဝမ်းဗိုက်တစ်ခုလုံး မီးလောင်နေသလို ပူလောင်နေတာကို ရန်ကိုင် ခံစားလိုက်ရတယ်။ မီးတောက်က တဖြည်းဖြည်း ပိုမိုပူလောင် လာခဲ့ပြီး အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်တဲ့ သူတောင် အခုလို ပူလောင်နေတာကို ခံစားနေခဲ့ရတယ်။ ထိုတစ်ချက်နဲ့တင် ယန်မီးတောက်အရည်ထဲမှာပါတဲ့ စွမ်းအင်က ဘယ်လောက်တောင် ပူပြင်းကြောင်း သိနိုင်ပါတယ်။

ပူလောင်တဲ့ခံစားချက်က အစပိုင်းတွင် သိပ်ပြီးမပြင်းထန်ပေမယ့် အချိန်ကြာလာတာနဲ့ မီးဖိုထဲအရှင်လတ်လတ် မီးကင်ခံရသလို ခံစားလာခဲ့ရသည်။ သူ့အရေပြားဆီကနေ အငွေ့တွေထွက်လာခဲ့ပြီး သူ့အင်္ကျီတစ်ခုလုံး စိုရွှဲသွားခဲ့ပါတော့တယ်။ သူ့ဝမ်းဗိုက်က ပူလောင်းတဲ့ခံစားချက်ကို တစ်ခဏတာသာ ခံစားလိုက်ရပြီး အစစ်အမှန်ယန်ကျင့်စဉ်ကို လှည့်ပတ်လိုက်တာနဲ့ ထိုခံစားချက်က သူ့ဝမ်းဗိုက်ဆီမှ သူ့ခန္ဓာကိုယ် တစ်လျှောက်ပျံ့နှံ့သွားခဲ့တယ်။

သွေးကြောတွေဆီမှ နာကျင်မှုကို သူခံစားလိုက်ရတယ်။ အံတင်းတင်းကြိတ်ထားရင်း တစ်ချက်ကလေးတောင် သတိမလွတ်ရဲခဲ့ပါဘူး။ အဲ့ဒီအစား အစစ်အမှန်ယန်ကျင့်စဉ်ကို အတတ်နိုင်ဆုံး မြန်နိုင်သမျှ မြန်အောင် လှည့်ပတ်လိုက်တယ်။ ထိုအပူစွမ်းအင်က ကောင်းကင်တစ်ခုလုံးကို လောင်မြိုက်သွားနိုင်တဲ့ မီးတောက်တွေလို ပူလောင်လှကာ ပူလောင်လွန်းလှသဖြင့် သူ့သွေးကြောတွေထဲ ချော်ရည်တွေ စီးဆင်းနေတာလားလို့တောင် ထင်မှတ်သွားရပါတယ်။

အကြိမ်များစွာ လှည့်ပတ်ပြီးသွားတဲ့အခါ သူ့ချီစွမ်းအင်က အကန့်အသတ်ရောက်တဲ့ အထိ သန့်စင်ခံလိုက်ရတာကို မြင်တွေ့လိုက်ရတဲ့အတွက် ရန်ကိုင် အံ့အားသင့်သွားခဲ့ရတယ်။ တစ်ခဏလောက် ကြောင်အနေပြီးနောက် ခပ်မြန်မြန်ပဲ အသိပြန်ဝင်လာခဲ့ကာ အစစ်အမှန်ယန်ကျင့်စဉ်ကို အဆုံးစွန်အထိ ထပ်မံ လှည့်ပတ်လိုက်တယ်။ တစ်ခဏလောက်ကြာပြီးနောက် သူ့သွေးကြောထဲရှိ ချီစွမ်းအင်က ဆက်ပြီးသန့်စင်လို့ မရတော့တဲ့ အကန့်အသတ်အထိ ရောက်သွားခဲ့တယ် ။

ထို့ကြောင့် ယန်မီးတောက်အရည်ထဲရှိ ကျန်ရှိနေတဲ့ စွမ်းအင်တွေကို သူ့ဒန်တန်ထဲ စီးဆင်းစေလိုက်တယ်။ သူ့ဒန်တန်ထဲရှိ ယန်အရည်စက် ၁၀၀စက်လုံးနီးပါး သန့်စင်ခံလိုက်ရတယ်။ အချိန်တဖြည်းဖြည်း ကုန်ဆုံးနေခဲ့ပြီး ရက်အနည်းငယ်ကြာပြီးနောက် ရန်ကိုင်မျက်လုံး ပြန်ဖွင့်လာခဲ့တယ်။ ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှူရှိုက်လိုက်ပြီး ‘‘အံ့အားသင့်စရာပဲ ’’

ယန်မီးတောက်အရည် တစ်စက်တည်းနဲ့တင် သူ့ခန္ဓာကိုယ်ထဲရှိ ယွမ်ချီအားလုံးကို အထပ်ထပ်အခါခါ သန့်စင်နိုင်ခဲ့ပါတယ်။ ယန်အရည်စက် အစက်၁၀၀ကနေ ယန်အရည်စက် ဒါဇင်ကျော်ဖြစ်သွားတဲ့အထိ သန့်စင်ခံလိုက်ရတယ်။ တစ်စက်ချင်းစီတွင် ပါဝင်တဲ့စွမ်းအင်က အရင်ထက်အဆများစွာ ပိုပြီးသိပ်သည်းလာသလို ပိုပြီးတော့လည်း အားကောင်းလာခဲ့တယ်။

သူ့ယွမ်ချီက ထိုအတိုင်းအတာအထိ ရောက်ရှိသွားခဲ့ရုံမက သူ့သွေးကြောနှင့် ခန္ဓာကိုယ်လည်း တိုးတက်လာခဲ့တယ်။ သူ့သွေးကြောတွေက ပိုပြီးကျယ်ပြန့်လာခဲ့ကာ ပိုပြီး မာကျောလာခဲ့တယ်။ သူ့ခန္ဓာကိုယ်က ပိုပြီး တောင့်တင်းကျစ်လစ်လာခဲ့ပြီး သူ့တစ်ကိုယ်လုံး ပြန်မွေးဖွားလာသလို ခံစားလိုက်တယ်။ သူ့ကျင့်ကြံခြင်း အဆင့်ကတော့ သိပ်ပြီးမတိုးတက်ခဲ့ပေမယ့် နောက်တစ်ဆင့် ချိုးဖျက်ဖို့ရာ သိပ်ပြီးမဝေးကွာတော့ပါဘူး။

‘‘နတ်ဆိုးအိုကြီး၊ ယန်မီးတောက်အရည် နောက်တစ်စက်ထပ်သုံးရင် နောက်တစ်ဆင့်ကို ကျုပ်ချိုးဖျက်နိုင်ပါ့မလား’’ ရန်ကိုင်က စိတ်အားထက်သန်စွာဖြင့် မေးလိုက်တယ်။ နတ်ဆိုးအိုကြီးက တစ်ခါတစ်ရံ သိပ်ပြီးအားမကိုးရပေမယ့် သူ့မှာပေါများတဲ့ အတွေ့အကြုံတော့ ရှိနေသေးတယ်လေ ‘‘အဲ့လိုလုပ်ရင် ယန်မီးတောက် အရည်တစ်စက်က အလဟဿ ဖြစ်သွားလိမ့်မယ်။ သခင်းလေရဲ့ယွမ်ချီက ယန်မီးတောက်အရည်အကူအညီနဲ့ အကန့်အသတ် တစ်ခုအထိ သန့်စင်ပြီးသွားခဲ့ပြီ။ နောက်တစ်ကြိမ် ထပ်သုံးလည်း ဘာမှ အကျိုးထူးတော့မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ယန်မီးတောက်အရည်ထက် ပိုပြီးအဆင့်မြင့်တဲ့ ရတနာတစ်ခုရှာပြီး သခင်လေးရဲ့ ယွမ်ချီကို သန့်စင်မှပဲ ရတော့မယ် ’’

‘‘ကျုပ်လည်း အဲ့လိုတွေးတာပဲ’’ ရန်ကိုင်လည်းအသာအယာ သက်ပြင်းချလိုက်ပြီး ပုလင်းကို သိုလှောင်အိတ်ထဲ

သေချာပြန်ထည့်ထားလိုက်တယ်။

ကြယ်းဓါးကိုးချောင်းဂိုဏ်းက ကောင်တွေ ဒီယန်မီးတောက်အရည်ကို ဘယ်ကနေ ရလာတာလဲမသိဘူး။ ချီကျန်းရှန်မှာတောင် ယန်မီးတောက်အရည် နည်းနည်းလောက် ရှိနေတာဆိုတော့ သူတို့ခေါင်းဆောင်မှာ ဆိုရင်ရော။ ဝူချန်းရီမှာကော မရှိနိုင်ဘူးလား။ သူ့မှာ ပိုပြီးများများ

ရှိနေနိုင်လောက်တယ်

ထိုအကြောင်းကိုတွေးရင်း ရန်ကိုင် ကောက်ကျစ်တော့မယ့် ပုံစံဖြင့် ပြုံးနေလိုက်တယ်။ ဝူချန်းရီက သူ့ကိုသတ်ဖို့ ချီကျန်းရှန်ကို လွှတ်လိုက်မှတော့ ရန်ကိုင်ကကော ဘယ်လိုလုပ်ပြီး ဒီအတိုင်း ငြိမ်ခံနေနိုင်ပါ့မလဲ။

သူတို့နှစ်ယောက်ကြားမှာ မကျေချမ်းနိုင်တဲ့ ရန်ကြွေးက ရှိနေခဲ့ပါပြီ။ အခု သူ့ရန်သူဆီမှာ အဖိုးတန်တဲ့ ရတနာ ရှိနေမှန်းသိမှာတော့ ဝူချန်းရီကို ဒီအတိုင်းထားလိုက်ရင် သူ့နာမည် ရန်ကိုင်မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဝူချန်းရီက သူ့ထက် အများကြီး ပိုသန်မာပါတယ်။ ပြီးတော့ ဟန်မင်းဆက်အဖွဲ့သားတွေရဲ့ လက်ရှိ ယာယီခေါင်းဆောင်လည်း ဖြစ်ပါသေးတယ်။ ရန်ကိုင်သာ ဝူချန်းရီကို ထပ်တိုက်ရင်ဆိုင်ချင်တယ်ဆိုရင် သူတော်တော်လေး ဒုက္ခရောက်ရမှာပါ။ ထိုကိစ္စကို သေသေချာချာ စီစဉ်ရပါလိမ့်မယ်။ အခုထွက်သွားဖို့ အချိန်ကျပါပြီ။

နောက်တစ်လအတွင်း ရန်ကိုင်က သားရဲတွေကို သတ်ရင်းနဲ့သာ အချိန်ဖြုန်းနေခဲ့တယ်။ ထိုအချိန်အတောအတွင်း မည်သည့် လူတစ်ဦးတစ်ယောက်ကိုမှ သူမကြုံတွေ့ခဲ့ရသေးပါဘူး။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် သားရဲအရေအတွက်က တော်တော်လေး နည်းပါးလာခဲ့ပါပြီ။ ချန်းယွဲ့ရှုရှင်းပြခဲ့သလိုပဲ တန်းလန်မင်းဆက်က လူတွေက သားရဲတော်တော်များများကို ထိန်းချုပ်ထားသည့်ပုံပါပဲ။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၃၅) တန်းလန်မင်းဆက်ကျိမို

တစ်လလောက် ကြာပြီးတာတောင် ရန်ကိုင် ဘာမှထူးထူးခြားခြား အကျိုးအမြတ် မရခဲ့ချေ။ သားရဲတွေကိုသူ မသတ်နိုင်ရင် မည်သည့်သွေးလုံးကိုမှ သူရလိမ့်မည် မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒါက အဓိက ပြဿနာ မဟုတ်သေးပါဘူး။ အဓိကပြဿနာက သူတွေ့ခဲ့ရတဲ့ သားရဲတွေအားလုံး အရမ်းကို အဆင့်နိမ့်နေခြင်းပါ။

အဆင့်၄သားရဲဆိုရင် သူ့တိုက်ကွက်တစ်ချက်ကိုတောင် မခုခံနိုင်ပါဘူး။ အဆင့်၅သားရဲဆိုရင်လည်း သူ့အတွက်

ကလေးကစားစရာ သာသာပါ။ မည်သည့်ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတွေကိုမှ မတိုက်ခိုက်ရတဲ့အတွက် နောက်တစ်ဆင့်ကို ချိုးဖျက်ဖို့ရာ ရန်ကိုင် အခက်တွေ့နေခဲ့ရတယ်။

လွန်ခဲ့တဲ့လအတွင်း မည်သည့်အခွင့်အရေးမှ မရခဲ့တဲ့အတွက် သားရဲပညာရပ်၏ ကို တံဆိပ်တော်သီးသန့်အပြင် အခြားဘယ်လို အသုံးပြုလို့ ရသေးလဲဆိုတာကို ဆက်လက်လေ့လာနေခဲ့တယ်။ သားရဲနှစ်ကောင်စီကနေ ရခဲ့တဲ့သားရဲပညာရပ်ကို တိုက်ခိုက်ဖို့တစ်ခုတည်း အတွက်သာမက အခြားပုံစံနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

သို့ပေမယ့် နောက်ထပ်နည်းလမ်းကိုတော့ သူစမ်းသပ်နေတုန်းပင် ရှိပါသေးတယ်။ ဒီနေ့ ရန်ကိုင် အဆင့်၄သားရဲတစ်ကောင်ကို သတ်လိုက်တဲ့အချိန် သူနဲ့ကီလိုမီတာ သုံးဆယ်အကွာမှာ

ရှိနေတဲ့ ချုံထဲတွင်ပုန်းအောင်နေတဲ့ မိန်းမငယ်လေး တစ်ယောက်က ချက်ချင်းပဲ သူမမျက်လုံးကို ဖွင့်လိုက်တယ်။

သူမ မျက်နှာအမူအရာက ရက်စက်ကြမ်းကြုတ်ချင်သည့် ပုံပေါက်နေသလို အံ့အားသင့်သည့် အမူအရာလည်း ပေါက်နေခဲ့တယ်။

ထိုမိန်းကလေးရဲ့ ဝတ်စားပုံနှင့် မျက်နှာအသွင်အပြင်က ဟန်မင်းဆက်က လူတွေနဲ့ အနည်းငယ်ကွဲပြားပါတယ်။

သူမက တန်းလန်မင်းဆက်က ကျင့်ကြံသူတစ်ယောက် ဖြစ်သလို

အလှဂဟေးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူမက အခြာသူတွေကို တစ်မူထူးခြားတဲ့ ခံစားချက်ကို ပေးစွမ်းနေခဲ့တယ်။ သူမက လုံးဝကို စွဲမက်စရာကောင်းအောင် ဝတ်ဆင်ထားခဲ့ပြီး သူမ၏ ကျောက်စိမ်း လက်မောင်းလေးတွေကိုလည်း လှစ်ဟာလို့ ထားခဲ့တယ်။ ရင်ဘတ်ကိုလည်း ဖုံးရုံသာ ဝတ်ဆင်ထားခဲ့ပြီး လက်မြှောက် လိုက်တာနဲ့ သူမ၏နူးညံ့ချောမွတ်လှတဲ့ ချက်ကလေးကို မြင်တွေ့နေခဲ့ရတယ်။ ထို့ပြင် စကတ် တိုတိုလေးကိုသာ ဝတ်ဆင်ထားတဲ့အတွက် သွယ်လျတဲ့ ခြေတံရှည်ရှည်တွေကို အထင်းသား မြင်နေခဲ့ရပါတယ်။

ရန်ကိုင်ရှိနေတဲ့ ဘက်ကိုကြည့်ရင်း ယဲ့ယဲ့လေးပြုံးကာ ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်တယ်။ သူမ မတ်တပ်ရပ်လိုက်တာနဲ့ သူမနောက်တွင်ရှိနေတဲ့ လူနှစ်ယောက်က ချက်ချင်းပဲ နောက်ဆုတ်လိုက်ပြီး တန်းလန်မင်းဆက်က မိန်းမပျို၏နောက်ကျောကို စိုက်ကြည့်နေခဲ့တယ်။ သူတို့အကြည့်တွေထဲ နာကျည်းမှု၊ ကြောက်ရွံ့မှုတို့ ရောယှတ် ပါဝင်နေခဲ့တယ်။ ထိုလူနှစ်ယောက်မှာ တစ်ယောက်က ယောကျ်ား၊ တစ်ယောက်က မိန်းမပါ။

ရန်ကိုင်သာ ထိုနေရာမှာ ရှိနေခဲ့မယ်ဆိုရင် ကျိန်းသေ အံ့သြသွားလိမ့်မှာပါ။ ဘာလို့လဲ ဆိုတော့

ထိုနှစ်ယောက်က တစ္ဆေဘုရင်တောင်ကြားက ဂျင်ဟောင်နှင့် လန်းရှန်းတို့ ဖြစ်နေတာကြောင့်ပါပဲ။ တစ္ဆေဘုရင်တောင်ကြားက တပည့်နှစ်ယောက်က မိန်းမပျို၏နောက်ကျောကို စိုက်ကြည့်နေစဉ်

သူတို့၏ချီစွမ်းအင်က မတော်တဆ ထွက်ပေါ်သွားခဲ့ကာ သူတို့မျက်လုံးတွေကလည်း သတ်ဖြတ်လိုစိတ်ဖြင့်

လက်သွားခဲ့တယ်။

‘‘ဝေါင်း….’’ ထိုအချိန်တွင် ပတ်ဝန်းကျင်တွင်ရှိနေတဲ့ များစွာသော သားရဲတွေက အစွယ်တကားကားဖြင့်

ဂျင်ဟောင်နှင့် လန်ရှန်းတို့ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်ကြတယ်။ တန်းလန်မင်းဆက်က မိန်းမပျိုလည်း ထိုနှစ်ယောက်ကို အဓိပ္ပါယ်ပါပါ လှည့်ကြည့်လိုက်တယ်။ ထိုနှစ်ယောက်လည်း ချက်ချင်းဆိုသလို တုန်ရီသွားခဲ့ပြီး သတ်ဖြတ်လိုစိတ်ကို ခပ်မြန်မြန်ပဲ ဖိနှိပ်လိုက်ကာ ချီစွမ်းအင်ကိုလည်း အလျင်စလို ပြန်ပြီးဖိနှိပ်ထားလိုက်တယ်။

‘‘နင်တို့ ငါ့ကိုမသတ်နိုင်ပါဘူး ’’ ထိုမိန်းမပျို၏ နာမည်က ကျိမိုပါ။ သူမနားတွင်တစ်လ၊ နှစ်လလောက် ကြာအောင်နေပြီးတာတောင် သူမနာမည်က ကျိမိုဖြစ်တယ် ဆိုတာကိုပဲ သိပါသေးတဘ်။ ကျိမိုက အကြင်နာ ကင်းမဲ့စွာဖြင့် လှောင်ပြောင်လိုက်တယ်

‘”ဒီလိုအပြုအမူမျိုး ဒီတစ်ကြိမ်ပဲ ရမယ်။ နောက်တစ်ကြိမ်

အဲ့လိုအတွေးမျိုး တွေးရဲတွေးကြည့်၊ အဲ့အချိန်ကျမှ ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ ’’

ဂျင်ဟောင်နှင့်ကျိမိုတို့၏ မျက်လုံးတွေက မလိုလားမှုတွေနဲ့ ပြည့်နေခဲ့၏။ သို့ပေမယ့် ပြန်ပြီးတော့လည်း မပြောရဲခဲ့ပါဘူး။

ဂျင်ဟောင်က ခပ်မြန်မြန်ပဲ ဦးညွှတ်လိုက်ပြီး ‘‘ ဒီအစေခံနဲ့

ဂျူနီယာညီမလေးတို့ မလုပ်ရဲပါဘူး။ စိတ်ချလက်ချသာနေပါ မိန်းမပျိုကျိ’’

ကျိမိုက ဂျင်ဟောင်ကို စိုက်ကြည့်လိုက်ပြီး ဟန်ဆောင်ပြုံးပြုံးလိုက်ကာ ‘‘ နင်တို့ငါ့လက်ထဲ ရောက်လာတာ

ကံကောင်းတယ်မှတ်။ ငါရဲ့ စီနီယာသုံးယောက်ထဲက တစ်ယောက်ယောက် လက်ထဲကိုသာ ရောက်သွား

လို့ကတော့ အခုအချိန်လောက်ဆို နင်တို့နှစ်ယောက်စလုံး သေနေလောက်ပြီ ’’

ပြောပြီးတာနဲ့ ကျိမိုလည်း လှည့်ထွက်သွားတော့တယ်။ သူမလမ်းလျှောက်နေတဲ့အချိန် သူမ၏စွံ့ကားလှတဲ့

တင်ပါးတွေ ဘယ်ညာ ယိမ်းထိုးလို့နေခဲ့တယ်။ ဂျင်ဟောင်က သူမ၏နောက်ကျောကို ကြည့်ရင်း အလိုလို တံတွေးတစ်လုတ် မျိုချမိလိုက်တယ်။ ကျိမို၏ခန္ဓာကိုယ်က တကယ်ကို ပြီးပြည့်စုံပြီး သူမပုံစံက ဟန်မင်းဆက်က မိန်းမတွေနဲ့လည်း ကွဲပြားခြားနားပါတယ်။။

သူမနဲ့အတူ ရှိနေတာ ကြာပြီဆိုပေမယ့် သူမကိုကြည့်လိုက်တိုင်း သူ့ညီလေးက အလိုလို ထောင်လာလေ့ရှိတယ်။ သူမကို

တွန်းလဲပြီး နွားသိုးဒုန်ဆိုင်းသလို ဝုန်းဒိုင်းဝုန်းဒိုင်းသာ လုပ်နိုင်ခဲ့ရင်၊ သူမရဲ့ တောင်ပန်အော်ညည်းသံလေးကို ကြားလိုက်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ဆိုပြီး ဂျင်ဟောင် တွေးလိုက်တယ်။

ဒါပေမယ့် ထိုအကြောင်းကို သူ့အနေနဲ့ စိတ်ကူးရုံသာ တတ်နိုင်ပါတယ်။ ကျိမိုရှေ့တွင် သူ့အတွေးတွေကို

မထုတ်ဖော်ရဲပါဘူး။ ထိုတန်းလန်မင်းဆက်က မိန်းမပျိုက အဆိပ်ပြင်းတဲ့ မြွေဟောက်မ တစ်ကောင်ပါ။ သူမက သူသိခဲ့တဲ့ မည်သည့် တစ္ဆေဘုရင်တောင်ကြားက ကျင့်ကြံသူတွေထက်မဆို ပိုပြီးသွေးဆာရက်စက်ပါတယ်။ ကျိမိုက ဆွဲဆောင်မှုရှိတဲ့ အပြုံးကိုဆင်မြန်းရင်း လန်ရှန်းရှိရာသို့ လမ်းလျှောက်သွားလိုက်တယ်။

လန်ရှန်းမျက်နှာကတော့ အေးစက်နေပြီး စက်ဆုပ်ရွံ့ရှာတဲ့ အမူအရာက သူမမျက်နှာထက် အထင်းသား ထင်ဟပ်လို့နေခဲ့တယ်။ သူမခန္ဓာကိုယ်လေးက အနည်းငယ်တုန်ရင်လို့သွားခဲ့ပေမယ့် ပါးစပ်ကနေတော့ မည်သည့်စကားသံမှ ထွက်မလာခဲ့ပါဘူး။ ကျိမိုက တခစ်ခစ် ရယ်မောရင်း သူမလက်ကလေးကိုဆန့်ထုတ်ကာ လန်ရှန်း၏ မေးစေ့လေးကို အသာအယာ မော့တင်လိုက်တယ်။ သူမ၏အကြည့်က လန်ရှန်း၏ အနီရောင်နှုတ်ခမ်း

အစုံမှာသာ စူးစိုက်လို့နေခဲ့တယ်။

ထို့နောက် ရုတ်တရက် ရှေ့ဘက်သို့ ကိုင်းချလိုက်ပြီး လန်ရှန်းနှုတ်ခမ်းအစုံဆီ သူမနှုတ်ခမ်းအစုံဖြင့်

အသာအယာ ဖိချလိုက်လိုက်တယ်။ ဂျင်ဟောင်လည်း အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး ချက်ချင်းပဲ

ကိုယ်ကို ကိုင်းချလိုက်တယ်။ သူ့သွေးတွေ ဆူပွက်လို့ နေခဲ့ပြီး နှလုံးခုန်သံလည်း မြန်ဆန်လို့နေခဲ့ကာ အောက်ဘက်က ညီလေးကလေည်း ထောင်မတ်လို့ လာခဲ့တယ်။

တရှိုက်ရှိုက်မက်မက် နမ်ရှုံ့သံတို့ ပိုပြီးကျယ်လောင်လာခဲ့ပြီး လန်ရှန်းကလည်း အတင်အကြပ် ခုခံနေခဲ့တယ်။ ဒါပေမယ့်

ထိုအပြုအမူက ကျိမို၏စိတ်ဆန္ဒကို ပိုပြီးထက်သန်သွားစေခဲ့တယ်။ ချက်ချင်းပဲ ကျိမိုက လန်ရှန်းကိုတွန်းလှဲလိုက်ပြီး

လန်ရှန်းအကျီင်္ထဲလက်နှိုက်ကာ ခန္ဓာကိုယ်အနံ့ ပွတ်သပ်ဆုပ်နယ်ပါတော့တယ်။ ထိုအခိုက်အတန့်၌

ဂျင်ဟောင်မျက်လုံးတွေက မနာလိုမှုကြောင့် နီရဲသွားခဲ့တယ်။

ဂိုဏ်းထဲတွင် လန်ရှန်း၏အဆင့်အတန်းက မြင့်မားတဲ့အတွက် သူ့အနေနဲ့ သူမကို မောက်မာစွာနဲ့ မဆက်ဆံရဲပါဘူး။ ဒါပေမယ့် ဒီရက်အတောအတွင်း သူမ အကြိမ်ကြိမ် စော်ကားခံရတာကို သူအမြဲတမ်း မြင်တွေ့နေခဲ့ရတယ်။ သူမကို

စော်ကားမော်ကား ပြုမူတဲ့လူကလည်း ဆွဲဆောင်မှုရှိလှတဲ့ အခြား မိန်းမလှလေးတစ်ယောက်ပါ။

ကျိမို၏မြွေလိမ်မြွေကောက်သဖွယ် လျှာလေးက လန်ရှန်း၏ပါးစပ်ထဲ တိုးဝင်ပြီး သူမ၏လက်အစုံက

လန်ရှန်း၏ မို့မောက်နေခဲ့ ပေါက်စီနှစ်လုံးကို ပွတ်သပ်ဆုပ် နှယ်နေတာကို ဂျင်ဟောင်ကြည့်နေခဲ့တယ်။ လန်ရှန်း၏ စွံ့ကားလှတဲ့ ပေါင်တံနှင့်တင်ပါးတွေကိုလည်း ထိုကျောက်စိမ်းလက်အစုံက ပွတ်သပ်ဆုပ်နယ်နေခဲ့တယ်။

ထိုကဲ့သို့မြင်ကွင်းမျိုးကို ဂျင်ဟောင်မြင်တွေ့ခဲ့ရတာ တစ်ကြိမ်ထက်မကတော့ပါဘူး။ စုစုပေါင်း ၇ကြိမ်၊၈ကြိမ်

လောက်ရှိနေပါပြီ။ ထိုမြင်ကွင်းမျိုးကို သူမြင်တွေ့ရတိုင်း သူ့ညီတော်မောင်က မိုးထောင်လာတဲ့အတွက် သူ့စိတ်ဆန္ဒတွေကို အတင်းပြန်ဖိနှိပ် ထားခဲ့လိုက်ရတယ်။ လန်ရှန်းလည်း ခုခံခြင်းငှာ မစွမ်းနိုင်တဲ့အတွက် နောက်ဆုံး လက်လျှော့လိုက်တော့တယ်။

နောက်ဆုံး မိန်းမပျိုနှစ်ယောက်တို့ ကာမနွံထဲ နစ်မြုပ်သွားလေတော့တယ်။ အသက်ရှိုက်သံ၊ နှလုံးခုန်သံတွေကိုလည်း ဂျင်ဟောင်ကြားနေခဲ့ရတယ်။ ရမက်စိတ်နိုးကြွားစေနိုင်တဲ့ မိန်းမပျိုတို့၏ ညည်းသံတွေကိုလည်း သူကြားနေ ခဲ့ရတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး စိတ်လှုပ်ရှားစရာကောင်းတဲ့ မိန်းမပျိုနှစ်ယောက်တို့၏ ညည်းသံတို့ဖြင့် ပြည့်နှက်လို့နေခဲ့တယ်။ ဂျင်ဟောင်လည်း အားတင်ပြီး အခြားတစ်ဖက်လှည့်နေလိုက်ရပါတယ်။ သူသာ

ဆက်ကြည့်နေခဲ့ရင် သူ့စိတ်ရိုင်းတွေကို ဆက်ပြီး ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။

အချိုန်တော်တော် ကြာပြီးတဲ့အချိန်မှာတော့ ကျိမိုလည်း လန်ရှန်းကို လွှတ်ပေးလိုက်တယ်။ လန်ရှန်း၏ အသက်ရှုသံက ကြမ်းတမ်းနေခဲ့ပြီး မျက်ရည်စီးကြောင်းလေးက သူမမျက်လုံးစီက ပါးထက်ဝယ် စီးဆင်းလို့နေခဲ့တယ်။ ကျိမိုက လန်ရှန်း၏ မျက်ရည်စက်ကလေးတွေကို အသာအယာ သုတ်ပေးလိုက်ပြီး ဖွဖွလေး ရယ်မောလိုက်ရင်း ဂျင်ဟောင်ကို ကြည့်ကာ

“နင်ရောသူမကို အဲ့လိုမလုပ်ချင်ဘူးလား”

‘‘ အန် ’’ ဂျင်ဟောင်လည်း သူမ၏မေးခွန်းကြောင့် ရုတ်တရက် ကြောင်အသွားခဲ့ရတယ်။ စိတ်ရှုပ်မှုက သူ့မျက်နှာထက် အထင်းသား ပေါ်ထွက်နေခဲ့တယ်။ ကျိမိုက ဆော့ကစားလိုသည့်ဟန်ဖြင့် ပြုံးလိုက်ပြီး ‘‘နင့်ရဲ့ ဂျူနီယာညီမလေးကို နင်ကြိုက်နေတယ်မလား’’ ဂျင်ဟောင်က လန်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

“အဲ့လိုဆို နင့်စိတ်ကူးတွေ အမှန်တကယ်ဖြစ်လာအောင် ငါလုပ်ပေးနိုင်တယ်” ကျိမိုက ဂျင်ဟောင်ကို

အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်ပြီး ‘‘ဒါပေမယ့် အဲ့ဒါက နင့်အရည်အချင်းပေါ် မူတည်တာပေါ့ ’’ ဂျင်ဟောင်က

သူ့စိတ်ကူးတွေကြား လွန်ဆွဲနေသည့်ပုံရပြီး သူ့မျက်နှာအမူအရာကလည်း အမျိုးမျိုး ပြောင်းလဲလို့နေခဲ့တယ်။

သို့ပေမယ့် ကျိမိုကတော့ စိတ်မပူပါဘူး။ ဂျင်ဟောင်ကိုသာ တိတ်တဆိတ်နဲ့ စောင့်ကြည့်လို့နေခဲ့တယ်။

သူမ၏ကမ်းလှမ်းချက်ကို ဂျင်ဟောင်ငြင်းပယ်လိမ့်မှာ မဟုတ်ဘူးဆိုတာ သူမသိပါတယ်။ ဘာကြောင့်လဲ

ဆိုတော့ ဂျင်ဟောင် ဘယ်လိုလူစားလဲဆိုတာ သူမ သိနေတာကြောင့်ပါပဲ။ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် ဂျင်ဟောင်က ရုတ်တရက် ဒူးထောက်ချလိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ပြောလိုက်တယ် ‘‘ ဒီအစေခံက သခင်မလေးရဲ့ အမိန့်တွေကို သေတပန်သက်တဆုံး နာခံပါမယ်။

ငရဲသွားရပါစေ၊ ဓါးတောင်ကိုပဲ ကျော်ရပါစေ၊ မီးပင်လယ်ကိုပဲ ဖြတ်ရပေစေ၊ သခင်မလေးကို အသက်သေသည်အထိ သစ္စာရှိသွားပါ့မယ်’’

‘‘ဟ…ဟ…ဟ….’’ ကျိမိုက ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်ပြီး သူမဆံပင်လေးကို အသာအယာ ပင့်တင်လိုက်ရင်း ခေါင်းညိတ်ပြလိုက်တယ် ‘‘အရမ်းကောင်းတယ်။ ဉာဏ်ရှိတဲ့လူဆိုတာ အခြေအနေတွေကို လိုက်ပြီး ပြုမူ ပြောင်းလဲတတ်ရတယ် ’’

‘‘ စီနီယာအစ်ကို……’’ လန်ရှန်း၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး ဂျင်ဟောင်ကို စိုးရိမ်စွာဖြင့် ကြည့်လိုက်တယ်။

ဂျင်ဟောင်က ရှက်ရှက်နဲ့ သူ့မျက်နှာကို ကုတ်ရင်း ‘‘ဂျူနီယာညီမလေး၊ နင်နဲ့ငါအတူတူ ပေါင်းသင်းလာခဲ့ကာ

ကြာပြီလေ။ သခင်မလေးသာ ဖြစ်ချင်တယ်ဆိုရင် ငါတို့ငြင်းဆန်နေလို့လည်း အချည်းနှီးပဲ။ သခင်မလေးက

ငါ့ကိုရက်ရက်ရောရောနဲ့ အခွင့်အရေးကြီးပေးထားခဲ့တာ။ သူမက အခွင့်အရေးပေးမှာတော့ သူမဆီ သစ္စာခံတာက ငါတို့ရဲ့ အခွင့်အရေးပဲလေ ’’

လန်ရှန်းက ဂျင်ဟောင်ကို စက်ဆုပ်ရွံ့ရှာစွာဖြင့် ကြည့်လိုက်ပြီး ချက်ချင်းပဲ အကြည့်လွှဲလိုက်ကာ လျစ်လျူရှုထားလိုက်တယ်။ သူမမျက်လုံးကိုသာ အသာအယာ ပိတ်ထားလိုက်ပါတော့တယ်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကျိမိုလည်း တခစ်ခစ်ရယ်မော

လိုက်ပြီး သစ်ပင်တစ်ပင်ကို ကျောမှီရင်း လေသံတိုးတိုးနဲ့ ပြောလိုက်တယ် ‘‘ငါနင့်ကို လူတစ်ယောက်ကို ဖမ်းပြီးဒီနေရာကို ခေါ်လာစေချင်တယ်။ အဲ့တာဝန်ကို အောင်မြင်သွားတာနဲ့

နင့်ဂျူနီယာညီမလေးနဲ့ နင်လုပ်ချင်တာ မှန်သမျှကို ငါလုပ်ခွင့်ပေးမယ် ’’

ထိုစကားကိုကြားလိုက်ာနဲ့ လန်ရှန်းမျက်နှာ ဖြူလျော်သွားခဲ့ပြီး ဂျင်ဟောင်မျက်နှာကတော့ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်လို့သွားခဲ့တယ် ‘‘ နင်သာ မြန်မြန်ပြီးအောင် လုပ်နိုင်မယ်ဆိုရင် ငါ့ကိုလုံးဝစိတ်ကျေနပ်သွားစေနိုင်ပြီး…’’ ကျိမိုက

တစ်ခဏတာရပ်တန့်လိုက်ပြီး သူမ၏ဆွဲဆောင်မှုရှိလှတဲ့ နှုတ်ခမ်းဖူးဖူးလေးကို လျှာဖြင့် သပ်လိုက်ရင်း ‘‘ ဒီသခင်မလေး

ကပါ နင့်ကိုအဖော်ပြုပေးကောင်း ပြုပေးနိုင်တယ်။ တကယ်တော့ ငါက ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်

နှစ်မျိုးစလုံးကို ကြိုက်တယ် ’’

ဂျင်ဟောင် အသက်ပြင်းပြင်း တစ်ချက်ရှုရှိုက်လိုက်တယ်။ သူ့ဂျူနီယာညီမလေးကို သူလုပ်ချင်တာ

လုပ်နိုင်ရုံသာမက…. တန်းလန်မင်းဆက်က မိန်းမပျိုလေးကိုပါ လုပ်လိုက်နိုင်မယ်ဆိုရင်တော့…….

နဂါးတစ်ကောင်က ဖီးနှစ်နှစ်ကောင်နဲ့ ပျော်ပါးတယ်ဆိုတာ စိတ်ကူးယဉ်အိမ်မက်ထဲမှာပဲ ဖြစ်နိုင်တဲ့ ကိစ္စမျိုးပါ။ ဂျင်ဟောင်လည်း သူ့စိတ်လှုပ်ရှားမှုကို ဖုံးဖိမထားနိုင်တော့ပဲ အသံကျယ်ကျယ်ဖြင့်

ပြန်ပြောလိုက်တယ် ‘‘သခင်မလေး ဒီအစေခံကို ညွှန်ကြားပေးပါ ’’

ကျိမို၏မျက်နှာက အေးစက်သွားခဲ့ပြီး အဝေးတစ်နေရာကို လက်ညိုးထိုးပြလိုက်ကာ ‘‘ကီလိုမီတာ သုံးဆယ်အကွာ

လောက်မှာ နင်လုပ်ရမှာကို တွေ့ရလိမ့်မယ်။ မြန်မြန်သွား၊ နင်နှေးနေရင် မမှီပဲဖြစ်သွားလိမ့်မယ် ’’

ဂျင်ဟောင်က မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ အဲ့နေရာမှာ လူဘယ်လောက်ရှိလဲဆိုတာ ဒီအစေခံသိလို့ရမလား ’’

‘‘ တစ်ယောက်တည်းပဲ ’’ ကျိမိုက ယုံကြည်ချက်အပြည့်နဲ့ ပြန်ပြောလိုက်တယ်။

‘‘ တစ်ယောက်တည်းလား ’’ ဂျင်ဟောင်၏ အမူအရာ ပိုပြီးဆိုးရွားသွားခဲ့ပြီး ခပ်မြန်မြန်ပဲ ထပ်မံ

မေးမြန်းလိုက်လေတယ် ‘‘ တစ်ယောက်တည်း အခုလောက်ကြာအောင် အသက်ရှင်နေနိုင်တာဆိုတော့

သူ့ခွန်အားက နိမ့်ကျမှာမဟုတ်ဘူး။ သခင်မလေး၊ ဂျူနီယာညီမလေးကိုပါ ခေါ်သွားချင်တယ်။ ခေါ်သွားလို့

ရမလား ’’

‘‘ဟင်း…’’ ကျိမိုက မိစ္ဆာဆန်ဆန်ပြုံးလိုက်ပြီး ‘‘ ငါက နင့်ဂျူနီယာညီမလေးကို ငါနဲ့အတူရှိနေစေချင်တာဆိုတော့

နင်ခေါ်သွားလို့မရဘူး။ ဒါပေမယ့် နင့်ကိုကူညီဖို့ မိစ္ဆာသားရဲနည်းနည်းလောက် လွှတ်ပေးလို့ရတယ်။

အဲ့လိုဆိုအဆင်ပြေပြီမလား ’’ ထိုမိန်းမက သူ့ကိုမယုံကြည်သေးမှန်း သိတဲ့အတွက် ဂျင်ဟောင်မျက်နှာ ချက်ချင်းခါသီးသွားခဲ့တယ်။ အဆင့်ငါးသားရဲသုံးကောင်က သူ့ကိုဖိနှိပ်ဖို့ လုံလောက်နေပါပြီ။

ထို့ကြောင့် အဆင့်ငါးသားရဲသုံးကောင်ကို သူနဲ့အတူ လွှတ်ပေးလိုက်တယ်ဆိုတာက သူ့လှုပ်ရှားမှုတွေကို

စောင့်ကြည့်ဖို့ဆိုတာ အသေအချာပါပဲ။

‘‘ လုံလောက်တာပေါ့ ’’ ဂျင်ဟောင်လည်း မည်သည့်မကျေနပ်ချက်ကိုမှ မဖော်ပြရဲတဲ့အတွက် ချက်ချင်းပဲ

သဘောတူလိုက်တယ်။ ‘‘သွားတော့၊ နင့်ဂျူနီယာညီမလေးက နင့်ကိုဒီမှာစောင့်နေတယ်ဆိုတာကို သတိရနော်။ နင်သာ ငါပေးတဲ့အလုပ်ကို မြန်မြန်ပြီးပြတ်အောင် လုပ်နိုင်မယ်ဆိုရင်…ငါလည်း ’’ ကျိမိုက ဂျင်ဟောင်ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။

‘‘ ဟုတ်ကဲ့ပါ ’’ ဂျင်ဟောင်ရဲ့ မကျေနပ်ချက်တို့ နေလာနှင်းပျောက်သလို ပျောက်ကွယ်သွားခဲ့ပြီး

ချက်ချင်းပဲ ရန်ကိုင်ရှိနေတဲ့နေရာကို တစ်ဟုန်ထိုး ပြေးသွားတော့တယ်။ အဆင့်ငါးသားရဲ သုံးကောင်လည်း ဂျင်ဟောင်နောက်ကနေ လိုက်သွားခဲ့တယ်။ ကွဲပြားခြားနားတဲ့ အဆင့်ငါးသားရဲ များတွင် ကွဲပြားခြားနားတဲ့ ခွန်အားတွေရှိကြပါတယ်။ ဂျင်ဟောင်လည်း ပျံသန်းနေရင်း သူ့နဲ့အတူ ဘယ်လိုအဆင့်ငါး သားရဲသုံးကောင်ကို လွှတ်ပေးလိုက်လဲဆိုတာသိရအောင် နောက်လှည့်ကြည့်လိုက်တယ်။ ထိုသားရဲသုံးကောင်၏ အသွင်အပြင်ကို မြင်တာနဲ့ ဂျင်ဟောင်လည်း ထိုမိန်းမပျက်မကို ဆဲရေးတိုင်းထွာမိလိုက်တယ်။

သာမန် အဆင့်ငါးသားရဲသုံးကောင်ဆိုရင် သူကိုယ်တွယ် နိုင်ပါသေးတယ်။ ဒါပေမယ့် သူ့နဲ့အတူ လွှတ်ပေးလိုက်တာက အဆင့်ငါးအလယ်အလတ်အဆင့် သားရဲတွေပါ။ ထိုသားရဲ

တစ်ကောင်ချင်းစီရဲ့ ခွန်အားက အစစ်အမှန်ဒြပ်စင်အဆင့်၅၊ အဆင့်၆ ကျင့်ကြံသူတွေရဲ့ ခွန်အားနဲ့ တူညီပါတယ်။ အဲ့လိုကောင်ကြီးတွေ သူ့နောက်လိုက်နေမှာတော့ ဘယ်လိုလုပ်ပြီး ထွက်ပြေးဖို့ တွေးရဲပါတော့မလဲ။

အခုအချိန်မှာတော့ ကျိမိုပေးလိုက်တဲ့တာဝန်ကို ပြီးဆုံးအောင်လုပ်ဖို့က အရေးကြီးပါတယ်။ ဂျင်ဟောင်က

တောထဲသို့ မြန်ဆန်စွာဖြင့် ဖြတ်ပြေးသွားလိုက်တယ်။ ကျိမိုနှင့်လန်ရှန်းတို့ နှစ်ယောက်စလုံးကို စိတ်ကူးထဲဒချိရင်း

ဂျင်ဟောင် ပိုပြီးအားအင်တက်ကြွလာခဲ့ကာ ကျိမိုပြောတဲ့နေရာဆီ အမြန်ဆုံးနှုန်းနဲ့ ပြေးသွားလိုက်တယ်။ အမွှေးတိုင်တစ်တိုင်စာ အတွင်းမှာပဲ ကျိမိုပြောတဲ့နေရာဆီ သူရောက်လာခဲ့တယ်။

သူ့အသက်ရှုသံကို ဖုံးကွယ်ထားရင်း ပတ်ပတ်လည်၌ လူရိပ်ရှိမရှိ စူးစမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ဘယ်သူ့ကိုမှ သူမတွေးခဲ့ရပါဘူး။ ဖုန်တွေ၊ အမှိုက်တွေကိုသာ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ထိုအမှိုက်တွေက မကြာခင်က အသတ်ခံခဲ့ရတဲ့ မိစ္ဆာသားရဲ၏ အကြွင်းအကျန်တွေပါ။

အဆင့်ငါးမိစ္ဆာသားရဲသုံးကောင်က ထိုအမှိုက်တွေကို ရှုရှိုက်ကြည့်လိုက်ပြီး အခြားတစ်နေရာဆီ မြန်ဆန်စွာနဲ့

ထွက်သွားလိုက်တယ်။ ဂျင်ဟောင်လည်း အနောက်ကနေ ထိုသားရဲသုံးကောင် နောက်ကနေ လိုက်သွားလိုက်တယ်။ နာရီဝက်လောက်ကြာအောင် နောက်ယောင်ခံလိုက်ပြီးနောက် မိစ္ဆာသားရဲသုံးကောင်က သွးနေတာကို ရပ်တန့်လိုက်ပြီး တောစပ် တစ်နေရာကို ကြည့်ကာ အစွယ်တကားကားဖြင့် မာန်ဖီလိုက်တယ်။

ဂျင်ဟောင်လည်း သွားနေတာကို ရပ်တန့်လိုက်ပြီး မိစ္ဆာသားရဲသုံးကောင် ညွှန်ပြတဲ့နေရာဆီ

စိုက်ကြည့်လိုက်ကာ မတိုးမကျယ်သောအသံဖြင့် အော်ခေါ်လိုက်တယ် ‘‘ရောင်းရင်းရယ်၊

ပုန်းမနေပါနဲ့တော့ကွာ။ ထွက်လာခဲ့ပါတော့ ’’

All Chapters