← Chapters

အခန်း (၂၃၆-၂၄၀)

Vol. 10 Ch. 236-240

အခန်း (၂၃၆-၂၄၀)

Vol. 10 Ch. 236-240

အပိုင်း (၂၃၆)

ဂျင်ဟောင် အော်ခေါ်လိုက်ပြီးနောက် ချုံပုတ်ထဲကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့တယ်။ သူခေါ်တာကို မကြောက်မရွံ့နဲ့

ထွက်လာခဲ့တဲ့အတွက် ဂျင်ဟောင်လည်း အနည်းငယ် ရှိန်သွားခဲ့ပြီး အစစ်အမှန်ချီကို ကြိုတင်လှည့်ပတ်ထား လိုက်တယ်။ ထွက်လာခဲ့သူရဲ့ ကြောက်လန့်ခြင်းမရှိတဲ့ ပုံစံကထိုလူက လျှို့ဝှက်ပညာရှင် တစ်ယောက် ဖြစ်နိုင်တယ်ဆိုတဲ့ သူ့ရဲ့ခန့်မှန်းချက်ကို ထောက်ခံပေးသလို ဖြစ်သွားစေခဲ့တယ်။

ဒါပေမယ့် ထွက်လာတဲ့လူရဲ့ ပုံစံကိုမြင်လိုက်ရတာနဲ့ ဂျင်ဟောင်သူငယ်အိမ် ကျုံ့သွားခဲ့ပြီး ထိုနေရာမှာပဲ ကြောင်အစွာဖြင့်

ရပ်နေမိလိုက်တယ်။ သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား သူ့မျက်နှာက မယုံကြည်နိုင်မှုတို့ဖြင့်

ပြည့်နေခဲ့တယ်။

တကယ်တော့ သူ့ရှေ့မှာရပ်နေတဲ့ ရန်ကိုင်လည်း တော်တော်လေး ကူကယ်ရာမဲ့နေခဲ့တာပါ။ ထိုလူက သူပုန်းနေတဲ့နေရာကို မြင်ပြီးသွားမှတော့ ဆက်ပြီးပုန်းနေလို့လည်း ဘာမှမထူးတော့ပါဘူး။

ပုန်းနေတာက လက်ဦးမှု ဆုံးရှုံးသွားတာနဲ့ အတူတူပါပဲ။ ထို့ကြောင့် ထွက်လာဖို့ ဆုံးဖြတ်လိုက်တာပါ။

‘‘မင်းပဲ ’’ ဂျင်ဟောင်က အော်လိုက်ပြီး ‘‘ မင်းဘယ်လို…မဖြစ်နိုင်ဘူး။ မင်းဘယ်လို…….’’

‘‘ အသက်ရှင်နေတာလား ’’ ရန်ကိုင်က ပြုံးဖြီးဖြီး

လုပ်ပြလိုက်တယ်။

‘‘ ဟုတ်တယ်ပဲ၊ မင်းဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ ’’ ဂျင်ဟောင်အသံက မရေရာမသေချာမှုတို့ဖြင့် ပြည့်နေခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက တစ္ဆေဘုရင်တောင်ကြားက တပည့်သုံးယောက်က ရန်ကိုင်ကို သတ်ဖို့ကြိုးစားခဲ့တယ်။ သူတို့သုံးယောက်ထဲမှာ အမြန်ဆုံးဖြစ်တဲ့ ယုချန်းခွန်က ရန်ကိုင်နောက်ကို ထပ်ကြပ်မခွာ လိုက်သွားနိုင်ခဲ့ပြီး ဂျင်ဟောင်နဲ့လန်ရှန်းက အနည်းငယ်နှေးနေတဲ့အတွက် နောက်တွင် ပြတ်ကျန်ခဲ့ပါတယ်။

ဒါပေမယ့် သူတို့ချောက်ကမ်းပါးနားကို ရောက်တဲ့အချိန်မှာတော့ ယုချန်းခွန်က သေသွားခဲ့ပါပြီ။

ထိုအချိန်တုန်းက ရန်ကိုင်က ယုခွန်းချန်ကို သူနှင့်အတူ ချောက်ထဲဆွဲချသွားတယ်လို့ သူတို့ထင်ခဲတယ်။ ဒါပေမယ့်

နှစ်ဝက်ကြာပြီးနောက်မှာတော့ ရန်ကိုင်နှင့် နောက်တစ်ကြိမ် ထပ်တွေ့ပြန်ခဲ့ပါပြီ။ ကောင်းကင်စံအိမ်တပည့်က

အကောင်းအတိုင်း ရှိနေရုံသာမက လွန်ခဲ့တဲ့နှစ်ဝက်ကနဲ့စာရင် အများကြီး ပိုအားကောင်းလာပါသေးတယ်။

‘‘ ငါဘာလို့သေရမှာလဲ ’’ ရန်ကိုင်က လှောင်ပြောင်လိုက်လေသည်။

‘‘ ချောက်ကမ်းပါးထဲကို မင်းပြုတ်ကျသွားတာ

မဟုတ်ဘူးလား ’’ ဂျင်ဟောင်က အကြောင်းပြချက်ပေးဖို့ ကြိုးစားလိုက်တယ် ‘‘ ငါကျသွားခဲ့တယ်။ ဒါပေမယ့် ငါ့ကံကကောင်းနေတော့ ငါပြန်တက်လာနိုင်ခဲ့တယ်။ မင်းရဲ့ဂျူနီယာညီလေးကတော့ မကောင်းမှုတွေ

အများကြီး လုပ်ထားလို့လားမသိပါဘူးကွာ၊ အောက်ကျသွားတာနဲ့ တစ်ခါတည်း တန်းပြီး အသားပုံဖြစ်သွားပါရော။ သေသွားတာအောင် သူ့ကိုမြေမြှပ်ပေးမယ့်လူ မရှိဘူးဖြစ်သွားတယ်လေ။ သူ့ဘဝက တကယ်ကို သနားစရာကောင်းတာကွ ….’’ ရန်ကိုင်က အထင်အမြင်

သေးစွာဖြင့် ပြောလိုက်တယ်။

သူ့အစီအစဉ်က ရန်ကိုင်ကို ရည်ရွယ်ချက်ပျောက်အောင်လုပ်၊ ဒေါသထွက်အောင်လုပ်ပြီး အမှားလုပ်မိစေဖို့ပါ။ ဒါပေမယ့် ရန်ကိုင်က တစ်ချက်ကလေးတောင် စိတ်ဆိုးဒေါသထွက်ခြင်း မရှိပဲ သူ့ကိုတောင် ပြန်ပြီး လှောင်ပြောင်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်ဝက်တုန်းက အခုလိုမျိုး လှောင်ပြောင် ရန်စခံရမယ်ဆိုရင် ဂျင်ဟောင် ကျိန်းသေ ဒေါသထွက်မိမှာပါ။

ဒါပေမယ့် အခုတော့ မဟုတ်တော့ပါဘူး။ သူ့အသက်က အခြားတစ်ယောက်ရဲ့ လက်ထဲမှာပါ။ ကိုယ်အသက်ကိုတောင် အာမမခံနိုင်သေးတာကို အခြားတစ်ယောက်ရဲ့အသက်ကို ဘယ်လိုလုပ်ပြီး စိတ်ပူနိုင်ပါ့မလဲ။

ဂျင်ဟောင်၏ မထူးခြားနားမှုကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်ပြီး သူ့နောက်မှာရှိနေတဲ့

အဆင့်ငါးမိစ္ဆာသားရဲ သုံးကောင်ကို စစ်ဆေးကြည့်လိုက်တယ် ။ ထို့နောက် အထင်အမြင်သေးစွာဖြင့် ပြောလိုက်တယ် ‘‘ မင်းက ဂိုဏ်းကိုစွန့်ပစ်ပြီး တန်းလန်မင်းဆက်က ကျင့်ကြံသူတွေနဲ့ ပူးပေါင်းသွားတာကိုး ’’

အဆင့်ငါးမိစ္ဆာသားရဲသုံးကောင်က အမျိုးအစားမတူကြပါဘူး။ ဒါပေမယ့် ထိုသားရဲသုံးကောင်က တစ်ကောင်နှင့်တစ်ကောင်

မတိုက်ခိုက်ပဲ ထိုနေရာမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေခဲ့တယ်။ ပြီးတော့ ထိုသားရဲသုံးကောင်က သူ့တစ်ယောက်တည်းကိုသာ

ရန်လိုစိတ် ပြင်းထန်စွာနဲ့ စိုက်ကြည့်နေခဲ့တယ်။ ထိုအခြင်းအရာကို ကြည့်တာနဲ့တင် ထိုသားရဲတွေကို တစ်ယောက်ယောက်က ထိန်းချုပ်ထားတယ်ဆိုတာ သိနိုင်ပါတယ်။

ဂျင်ဟောင်တွင် သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ အရည်အချင်းမရှိပါဘူး။ ထို့ကြောင့် ဖြစ်နိုင်ချေက ထိုသားရဲတွေကို ထိန်းချုပ်ထားတာက တန်းလန်မင်းဆက်က လူတွေပဲဖြစ်ရပါမယ်

‘‘ မင်းဘာသိလို့လဲ ’’ ဂျင်ဟောင်လည်း ချက်ချင်းဒေါသထွက်သွားခဲ့ပြီး ရန်ကိုင်ကို အော်ဟစ်လိုက်တယ် ‘‘မင်းဘာမှ မသိပါဘူးကွာ။ အဲ့ဒါနဲ့များ ဘယ်လိုလုပ်ပြီး ငါ့ကိုအပုပ်ချရဲတာလဲ။ ငါမှားတယ် ၊မှန်တယ်ဆိုတာကို ဆုံးဖြတ်ဖို့

မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ။ မင်းမှာအဲ့လောက်ခွန်အားတွေ ပေါများနေရင် ဘာလို့မင်းကိုယ်မင်း အရင်ဂရုမစိုက်တာလဲ”

ထို့နောက် သူ့နောက်ကသားရဲသုံးကောင်ကို ရန်ကိုင်အားသတ်ရင် အချက်ပြလိုက်တယ် ‘‘ သူ့ကိုသတ် ’’

ရန်ကိုင်အမူအရာ တောင့်တင်းသွားခဲ့ပြီး ထိုသားရဲသုံးကောင်ကို သတိအနေအထားဖြင့် ကြည့်နေလိုက်တယ်။ ဒါပေမယ့် ထိုသားရဲသုံးကောင်က ရန်ကိုင်ကိုသာ တဖီးဖီးဖြင့် မာန်ဖီနေပြီး ဂျင်ဟောင်၏အမိန့်ကို လုံးဝလျစ်လျူ ရှုထားခဲ့တယ်

‘‘ လခွမ်း၊ ငိုးမ မိန်းမပျက်မကတော့ကွာ ’’ ဂျင်ဟောင်လည်း မနေနိုင်တော့ပဲ ကျိန်ဆဲပါတော့တယ်။

ကျိမိုက ထိုသားရဲသုံးကောင်ကို သူ့နောက်လိုက်ခိုင်းခဲ့ပေမယ့် ထိုသားရဲသုံးကောင်ကို သူ့အနေနဲ့ အားကိုးလို့ မရမှတော့ သူ့နောက်လိုက်ခိုင်းတာကရော ဘာအသုံးဝင်တော့မှာ မို့လို့လဲ။

‘‘ဟားဟား…..ဟားဟားဟား ’’ သူ့ရှေ့မှာ ဖြစ်ပျက်နေတာကို ကြည့်ရင်း ရန်ကိုင်လည်း အားရပါးရ အော်ရယ်လိုက်တယ်။

ဂျင်ဟောင်အမူအရာက မီးတောက်ပြင်းပြင်းဖြင့် အကင်ခံရပြီး ရေခဲ့တုံးထဲ ထည့်သိပ်အေးခဲထား ခံရသည့်အလား သူ့မျက်နှာတစ်ခုလုံး ရဲရဲနီသွားခဲ့ပြီးနောက် ပြာနှမ်းသွားခဲ့ပါတယ်။ ရှက်လွန်းလို့ ရန်ကိုင်ကိုတောင် ပြန်မပြောနိုင်တော့ပါဘူး။

ရန်ကိုင်၏ လှောင်ပြောင်စကားတွေက သူ့အား လုံးဝကို ဒေါသထွက်သွားစေခဲ့တယ်။ သွေးထွက်တော့မတတ် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ့ကိုရယ်မောနေသေးတဲ့ ရန်ကိုင်ကို အော်ဟစ် ကျိန်ဆဲလိုက်တယ် ‘‘ ရယ်စမ်းပါ။ မင်းရယ်နိုင်သလောက် ရယ်ထားစမ်းပါ။ ငါမင်းကို အဆုံးသတ်ပြီးတာနဲ့ မင်းဘယ်တော့မှ ဆက်ပြီး ရယ်နိုင်တော့မှာ မဟုတ်ဘူး ’’

ပြောပြီးတာနဲ့ သူ့လက်ကနေ မြင်သူတိုင်းရဲ့ ကျောရိုးတစ်လျှောက် အေးစက်သွားစေနိုင်တဲ့ အဖြူရောင်လက်သည်းတွေ ရုတ်တရက်

ထွက်ပေါ်လာခဲ့ပြီး လေအလျင်နဲ့ ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်တယ်။ ထိုလက်သည်းတွေ တိုးဝင်လာတာနဲ့ သုန်မှုန်နေတဲ့ အလင်းရောင်နဲ့ တိုက်စားတတ်တဲ့ အရှိန်အဝါတို့က ရန်ကိုင်ကို ဖုံးလွှမ်းသွားခဲ့ပြီး သူ့အသက်စွမ်းအင်ကို တဖြည်းဖြည်းချင်း တိုက်စားသွားခဲ့တယ်။

သူတို့နှစ်ယောက်ကြားက ခွန်အားကွာခြားချက်က တော်တော်လေး ကြီးမားပါတယ်။ ဂျင်ဟောင်က အစစ်အမှန်ဒြပ်စင်

အဆင့်၅ကို ရောက်နေတာဖြစ်ပြီး ချီကျန်းရှန်ထက် အဆင့်သေးနှစ်ဆင့် ပိုမြင့်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်၏

တိုက်ပွဲစွမ်းအားကတော့ အတူတူလောက်ပါပဲ။ ဒါကသူတို့နှစ်ယောက် လာရာနေရာ ကွဲပြားတာကြောင့်ပါပဲ။ ချီကျန်းရှန်က ပထမအဆင့်အင်အားစုဖြစ်တဲ့ ကြယ်ဓါးကိုးချောင်းဂိုဏ်း၏ တက်သစ်စ ကြယ်တစ်လုံးဖြစ်ပြီး ဂျင်ဟောင်က အဆင့်နှစ်အင်အားစုက တပည့်တစ်ယောက်သာ ဖြစ်ပါတယ်။

ထို့ကြောင့် ဂျင်ဟောင်က အစစ်အမှန်ဒြပ်စင်အဆင့်ငါးကို ရောက်နေတာတောင် သူစိတ်မပူတာပါ။ လွန်ခဲ့တဲ့လအတွင်း သူ့ခွန်အား တော်တော်လေး မြင့်တက်လာခဲ့ပါတယ်။ သူ့အတွက် မသေချာမရေတာ တစ်ချက်က ဂျင်ဟောင်နောက်မှာ ရှိနေတဲ့ အဆင့်ငါးသားရဲ သုံးကောင်ပါ။ ထိုသားရဲသုံးကောင်ရဲ့ ခွန်အားက

တော်တော်လေး မြင့်ပါတယ်။ ထို့ကြောင့် ထိုသုံးကောင်သာ ဂျင်ဟောင်နဲ့ အတူတူ ပူးပေါင်းပြီး သူ့ကို တိုက်ခိုက်မယ်ဆိုရင်

သူ့အနေနဲ့ ထွက်ပြေးရုံကလွဲပြီး ဘာမှ လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဂျင်ဟောင်နှင့် အချိန်အတော်ကြာအောင် တိုက်ခိုက်ပြီးနောက် ထိုသားရဲသုံးကောင်က ဂျင်ဟောင်ကို

ဝင်မကူပဲ ဘေးနားကနေသာ စောင့်ကြည့်နေတာကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရတယ်။ ထိုသားရဲသုံးကောင်က ဂျင်ဟောင်ကို ဝင်ကူမယ့် အရိပ်အယောင် မပြတဲ့အတွက် ရန်ကိုင်ကိုလည်း အားတက်သွားပြီး မယိမ်းယိုင်သော စိတ်ဆန္ဒကို ချက်ချင်း အသက်သွင်းလိုက်တယ်။ သူ့ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်း အထွတ်အထိပ်အဆင့်အထိ တစ်ခါတည်း တန်ရောက်သွားခဲ့တယ်။

ဂျင်ဟောင်ရဲ့ တိုက်ခိုက်မှု တစ်ခုစီတိုင်းက အရမ်းကို ရက်စက်ကြမ်းကြုတ်ပါတယ်. သူ့ပုံစံက ကျိမိုပေးတဲ့အမိန့်ကို မေ့လျော့ပြီး စိတ်ရှိသည့်အတိုင်း မျိုသိပ်ထားရတဲ့ ဒေါသတွေကို

ဖွင့်ထုတ်နေသည့် လူကြမ်းတစ်ယောက်နဲ့တောင် တူနေပါသေးတယ်။ အခုအချိန်မှာ ဂျင်ဟောင်က ရန်ကိုင်ကို တစ်စစီဆွဲစုတ် နိုင်ဖို့ကိုသာ အာရုံစိုက်နေခဲ့တယ်။ လက်ဖက်ရည်ခွက်တစ်ဝက်စာလောက်

ကြာပြီးတဲ့အချိန်မှာတော့ ရန်ကိုင်တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ ပြည့်နေခဲ့ပါပြီ။

ထိုဒဏ်ရာတွေက သေလောက်တဲ့

ဒဏ်ရာတွေမဟုတ်ပေမယ့် ထိုဒဏ်ရာတွေကြောင့်ပဲ သူသွေးတော်တော် များများ ဆုံးရှုံးရပြီး သွားခဲ့ပါပြီ။ ရန်ကိုင်က

အံကြိတ်ပြီး ဂျင်ဟောင်တည်တည့်ဆီ အားပြင်းပြင်းနဲ့ ထိုးချလိုက်တယ်။ ဂျင်ဟောင်လည်း နောက်ဆုတ်ပြီး

ခုခံသည့် အသွင်ပုံစံ ယူလိုက်တယ်။

ဟာပေါက်မြင်လိုက်တာနဲ့ ရန်ကိုင်လည်း လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး ဂျင်ဟောင်၏ရင်ဘတ်ဆီ ရိုက်ချလိုက်တယ်။ ရန်ကိုင် တိုက်ခိုက်မှုထဲမှာ ပါဝင်တဲ့ ပုံမှန်မဟုတ်တဲ့ စွမ်းအားနဲ့ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်တာနဲ့ ဂျင်ဟောင်က ချက်ချင်းပဲ သတိထားလိုက်တယ်။ သားရဲဝိဥာဉ် ပညာရပ်ကို ထုတ်သုံးလိုက်တာနဲ့ ကျားဟိန်းသံနှင့် နွားသိုးအော်မြည်သံတို့ ရန်ကိုင်ဆီကနေ ထွက်ပေါ်လာခဲ့တယ်။

သူ့လက်ဝါးနှစ်ဖက်စီကနေ ကြက်သွေးရောင် ပုံရိပ်နှစ်ခု ပျံသန်းထွက်ပေါ်လာခဲ့တယ်။ ဂျင်ဟောင်မျက်နှာ ဖြူလျော်သွားခဲ့ပြီး

အမြန်အဆန်ပဲ အလျင်စလို နောက်ဆုတ်လိုက်တယ်။ ထိုသားရဲပုံရိပ်နှစ်ခုကို သူလုံးဝအထင်မသေးရဲပါဘူး။ ရှိရှိသမျှ

ချီစွမ်းအင်ကို အကုန်အစင် ထုတ်သုံးကာ လက်ဝါးချက်တွေကို တစ်ချက်ပြီးတစ်ချက် ရိုက်လွှတ်နေတော့တယ်။

ရန်ကိုင်က သားရဲပုံရိပ်နှစ်ခုနှင့်အတူ တိုက်ခိုက်ရင်း အမောတကော အသက်ရှုကာ ကျိန်ဆဲလို့နေခဲ့တယ်။ သားရဲပုံရိပ်နှစ်ခုကို အပြည့်အဝ အသက်သွင်းနိုင်ခဲ့ပေမယ့် ထိုအရာက ရန်ကိုင်လိုချင်တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လအတွင်း သားရဲဝိဉာဉ်သိုင်းပညာရပ်ကို နောက်ထပ်ဘယ်လို အသုံးပြုလို့ရလဲဆိုတာကို သူစူစမ်းရှာဖွေနေခဲ့ပါတယ်။

အခုဂျင်ဟောင်နှင့်တိုက်ခိုက်ရာတွင် သူရှာဖွေတွေ့ရှိထားတဲ့ ပုံစံအသစ်ကို အသုံးပြုချင်ပေမယ့် ကောင်းကင်က

မျက်နှာသာ မပေးတဲ့အတွက် အောင်အောင်မြင်မြင် ထုတ်ဖော် အသုံးမပြုနိုင်ခဲ့ပါဘူး။ ဂျင်ဟောင်က အစစ်အမှန်

ဒြပ်စင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပါ။ ရန်ကိုင်က သားရဲပုံရိပ်နှစ်ခု အကူအညီနဲ့ သူ့ကိုတိုက်ခိုက်နေတာတောင် အထက်စီးကနေ မတိုက်ခိုက်နိုင်ခဲ့ပါဘူး။

အချိန်ခဏကြာပြီးနောက် ယွမ်ချီဖြင့်ဖန်တီးထားသည့် သားရဲပုံရိပ်နှစ်ခုက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။

ထိုအချက်ကို အခွင့်ကောင်းယူကာ ဂျင်ဟောင်က ပြုံးဖြဲဖြဲဖြင့် အော်ဟစ်ရင်း ရန်ကိုင်ဆီ ပြေးဝင်သွားတော့လေတယ်

‘‘ ကောင်စုတ်လေး မင်းသေရမယ့်အချိန်ရောက်ပြီ ’’

ရန်ကိုင်အမူအရာလည်း လေးနက်သွားခဲ့ပြီး သူ့လက်ဝါးနှစ်ဖက်ကို ပင့်မြှောက်လိုက်တယ်။ အစောပိုင်းကလို အပြုအမူကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ဂျင်ဟောင်လည်း တုန်လှုပ်ခြောက်ခြား သွားခဲ့တယ်။ ထိုသားရဲပုံရိပ်နှစ်ကောင်ကို သူတကယ် ရင်မဆိုင်ချင်ပါဘူး။ ထို့ကြောင့် ဂျင်ဟောင်က သူ့ဝှက်ဖဲကို ထုတ်သုံးလိုက်တယ်။

အော်ဟစ်ငိုကြွေးသံ တစ်သံနှင့်အတူ ဂျင်ဟောင်လက်ဝါးကနေ အနက်ရောင်အငွေ့တွေ ထွက်ပေါ်လာခဲ့တယ်။ ထိုအနက်ရောင်

အငွေ့ဆီကနေ မိစ္ဆာချီစွမ်းအင်နှင့် သတ်ဖြတ်လိုစိတ်တို့ ထုတ်လွှတ်နေခဲ့ပြီး ပုံသဏ္ဍာန် မည်မည်ရရ မရှိတဲ့

ပုံရိပ်တစ်ခုကလည်း အနက်ရောင်အငွေ့ထဲကနေ အော်ဟစ် ဟိန်းဟောက်နေခဲ့တယ်။ နာကျည်းမုန်းတီးမှုတွေ

ပြည့်နေတဲ့ ထိုပုံရိပ်က ရန်ကိုင်ကဆီ ပျံသန်းပြေးဝင်သွားခဲ့တယ်။ ယုချန်းခွန်နှင့်အတူ ချောက်ထဲကို ပြုတ်ကျသွားတုန်းက ယုချန်းခွန် ထိုတိုက်ကွက်ကိုသုံးတာ သူမြင်ဖူးပါတယ်။

ထိုတိုက်ကွက်ကို သူနည်းနည်းလေးတောင် မကြောက်ပါဘူး။ သူ့မျက်နှာထက် လှောင်ပြောင်လိုသည့် အမူအရာ

ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်က သူ့လှုပ်ရှားမှုတွေ အကုန်လုံးကို ရပ်တန့်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့်

ရပ်နေလိုက်တယ်။

သူ့လက်ဝါးနှစ်ဖက်ကို ရှေ့ဘက်ဆီ တွန်းထုတ်လိုက်ပြီး စွမ်းအင်အမျှင်တန်းနှစ်ခုက သူ့လက်နှစ်ဖက်စီကနေ

ထွက်ပေါ်လာခဲ့ပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့တယ်။ ဘေးဘက်ကို တစ်လှမ်းလှမ်းလိုက်ပြီး ဂျင်ဟောင်က

ထိုစွမ်းအင်အပေါင်းအစည်းကို အသာအယာ ရှောင်တိမ်းသွားလိုက်တယ်။ ဒါပေမယ့် နောက်တစ်ခဏမှာပဲ ထိုစွမ်းအင် အပေါင်းအစည်းက အဆင့်ငါးသားရဲ သုံးကောင်ထဲက တစ်ကောင်ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားခဲ့တယ်။

ဒါပေမယ့် ထိုအဆင့်ငါးသားရဲက ကျောက်ရုပ်ထုကြီးအလား နည်းနည်းလေးတောင် လှုပ်ရှားအော်ဟစ်ခြင်း မရှိခဲံပါဘူး။

အောင်မြင်သွားပြီ… ရန်ကိုင်လည်း ပျော်သွားခဲ့တယ်။ ဂျင်ဟောင်လည်း ဒေါသထွက်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် ‘‘ကောင်စုတ်လေး၊ မင်းအဖေဂျင်ကို လှည့်စားပြီး ခြောက်လှန့်ဖို့ ကြိုးစားချင်နေတယ်ပေါ့’’

ထိုသားရဲပုံရိပ်နှစ်ခုကြောင့် တော်တော်လေး ခံစားခဲ့ရတဲ့အတွက် ဂျင်ဟောင်အနေနဲ့ ထိုသားရဲပုံရိပ်နှစ်ခုကို သူတော်တော်လေး

ကြောက်နေမိခဲ့တယ်။

ထို့ကြောင့် ရန်ကိုင်က သားရဲပုံရိပ်နှစ်ခုကို ဆင့်ခေါ်မည့် ပုံစံအတိုင်း ဟန်ပြင်လိုက်တာကို မြင်လိုက်တာနဲ့ ဂျင်ဟောင်က တန်လှုပ်ခြောက်ခြား သွားခဲ့ပြီး သူ့ဝှက်ဖဲကို တုန့်ဆိုင်းခြင်း မရှိ ထုတ်သုံးလိုက်တာပါ။ သို့ပေမယ့် ရန်ကိုင် ဟန်ပြင်လိုက်တာက တစ်ခြား၊ ထွက်ပေါ်လာတာက တစ်ခြားဖြစ်နေတဲ့ အတွက် ဂျင်ဟောင် ဒေါသထွက်သွားခဲ့တယ်။

ဒါပေမယ့် သူ့အသံပျောက်သွားတာနဲ့ သူ့ခေါင်းထဲမှ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့မျက်နှာတစ်ခုလုံး စက္ကူတစ်ရွက်အလား ဖြူလျော်သွားခဲ့တယ်။ ချီစွမ်းအင် စီးကြောင်းတွေလည်း ပရမ်းပတာ ဖြစ်ကုန်ပြီး သူ့မျက်နှာတစ်ခုလုံး ကြောက်လန့်မှုဖြင့် ပြည့်နှက်သွားခဲ့ကာ ရန်ကိုင်ကို ထိတ်လန့်တကြား ကြည့်ရင်း ‘‘မင်း…မင်းကို ငါ့တစ္ဆေဘုရင် တံဆိပ်တော်နဲ့ ထိသွားတာလေ။ ဘာလို့ ဘာမှမဖြစ်ရတာလဲ ’’

ထိုအချိန်တွင် သူ့တစ္ဆေဘုရင် တံဆိပ်တော် ပျောက်ကွယ်သွားတာကို ဂျင်ဟောင် အသေအချာ ခံစားမိလိုက်တယ်။ တစ္ဆေဘုရင် တံဆိပ်တော် ဝါးမြိုခံရတုန်းက ယုချန်းခွန် ခံစားခဲ့ရသလို အခုအချိန်တွင် ဂျင်ဟောင်လည်း တန်ပြန်အကျိုး

သက်ရောက်မှုကို ခံစားနေခဲ့ရတယ်။

‘‘ ဟဟဟ၊ ကြည့်ရတာ သေတော့မယ့်လူက မင်းပဲနဲ့တူတယ် ’’ ရန်ကိုင်က မိစ္ဆာဆန်ဆန် ပြုံးဖြဲဖြဲလုပ်ပြလိုက်တယ်။

‘‘ငါ့တစ္ဆေဘုရင် တံဆိပ်တော်ကို မင်းဘယ်လိုဖျက်စီးလိုက်တာလဲ ’’ ဂျင်ဟောင်မျက်နှာက စိတ်ရှုပ်ထွေးမှုနှင့် ကြောက်လန့်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ အခုအချိန်တွင် ရန်ကိုင်ခန္ဓာကိုယ်ထဲ၌ နတ်ဆိုးအိုကြီးက သူ့တစ္ဆေဘုရင် တံဆိပ်တော်ကို ပျော်ပျော်ကြီး

စားပွဲတည်နေတယ်ဆိုတာ သူမသိခဲ့ပါဘူး။

တစ္ဆေဘုရင် တံဆိပ်တော်က အကြွင်းအကျန် မိစ္ဆာဝိဉာဉ် အပိုင်းအစကနေ ဖြစ်တည်လာတာ ဖြစ်ပြီး တစ္ဆေဘုရင်

တောင်ကြားတပည့်တွေက သူ့တို့ရဲ့ ကိုယ်ပိုင်အစစ်အမှန်ချီနှင့် သွေးအဆီအနှစ်နဲ့ မိစ္ဆာစိတ်ဝိဥာဉ်ကို ကျွေးမွေးပြုစု ပျိုးထောင်ပြီး ဆက်သွယ်ချက်တစ်ခုကို ပျိုးထောင်ကြတယ်။ ဒါပေမယ့် အခြားသူတွေအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ထိုတံဆိပ်တော်က နတ်ဆိုးအိုကြီးအတွက်တော့ စားစရာတစ်ခုထက်မပိုပါဘူး။

‘‘ မြစ်ဝါမြစ်ရောက်လို့ မင်းရဲ့ဂျူနီယာညီလေးကိုတွေ့ရင် သွားမေးကြည့်လိုက်ပေါ့ကွာ။ သူလည်း မသေခင်လေး အခုလိုမျိုး

ခံစားသွားခဲ့ရတာ ’’ ပြောပြီးတာနဲ့ ရန်ကိုင်က ယန်အရည်စက်တစ်စက်ကို အသုံးပြုပြီး သွေးနီရောင် ဓါးတစ်ချောင်းကို ဖန်တီးလိုက်တယ်။

ဂျင်ဟောင်လက်တွေက တစ္ဆေဘုရင်တောင်ကြား၏ လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်လာခဲ့တဲ့အတွက်

တစ္ဆေလက်သည်းလို ဖြူစွတ်နေပြီး သံမဏိတမျှ မာကြောကာ သာမန်အဆင့်နိမ့်လက်နက်တစ်ခုအောက် မနိမ့်ကျပါဘူး။

ထို့ကြောင့် သူနဲ့ရင်ဆိုင်မယ်ဆိုရင် ယန်အရည်စက်ကနေ ဖန်တီးထားတဲ့ ဓါးသွားကို အသုံးပြုပြီး ရင်ဆိုင်တာ အကောင်းဆုံးပါပဲ။

ဂျင်ဟောင်တွင် ပြန်တိုက်ခိုက်ဖို့ ခွန်အားလုံလုံလောက်လောက် ကျန်ရှိသေးတယ်ဆိုပေမယ့် တစ္ဆေဘုရင် တံဆိပ်တော်ရဲ့

ရှင်းပြမရနိုင်တဲ့ ပျောက်ကွယ်သွားမှုကြောင့် သူ့စိတ်အခြေအနေက ဟိုးအောက်ဆုံးရောက်ရှိသွားခဲ့ကာ ရန်ကိုင်ကို အနိုင်ယူနိုင်တယ် ဆိုတဲ့ သူ့ယုံကြည်ချက်က လဲပြိုသွားခဲ့ရပါတယ်။ ထို့ကြောင့် အခုအချိန်မှာ အချိန်တစ်ခဏလောက် နောက်ပြန်ဆုတ်ဖို့ စဉ်းစားလိုက်တယ်။

ပေမယ့် ခြေသုံးလှမ်းတောင် မလှမ်းရသေးခင်မှာပဲ သူ့နောက်ဘက်ကနေ ထက်ရှတဲ့ သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်ကာသူ့ကျောရိုးတစ်ခုလုံး စိမ့်တက်သွားခဲ့ရတယ်။ အချိန်မှီ မတုန့်ပြန်နိုင်ခဲ့တဲ့အတွက် သူ့နောက်ကျောဘက်ကနေ

နာကျင်မှုကို ချက်ချင်းပဲ ခံစားလိုက်ရတယ်။

မြေကြီးပေါ်လဲကျသွားသည့်အချိန် ဂျင်ဟောင်လည်း အားတင်းပြီး သူ့ကိုဘယ်သူတိုက်ခိုက်လဲဆိုတာ လှမ်းကြည့်လိုက်တဲ့အခါ သူ့နဲ့အတူ ပါလာတဲ့ အဆင့်ငါးသားရဲသုံးကောင်ထဲက တစ်ကောင်က သူ့ကိုကိုက်ထားတာကို တွေ့လိုက်ရတယ်။ သူ့နှလုံးသားတစ်ခုလုံး အေးခဲသွားခဲ့ပြီး ကောင်းကင်ပေါ်မော့ကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည် ‘‘ ကျိမို၊ သောက်ကျင့်မကောင်းတဲ့ ခွေးမ ’’

ထိုအချိန်ထိ ဂျင်ဟောင်က ကျိမို သူ့ကိုသတ်သွားတယ်လို့ ထင်နေခဲ့တာပါ။ ထိုကဲ့သို့ သေရေး၊ရှင်ရေး အခြေအနေနှင့် ရင်ဆိုင်ရနေချိန်တွင် ဂျင်ဟောင်လည်း ရှိရှိသမျှ အားကုန်သုံးပြီး အဆင့်ငါးသားရဲရဲ့ အစွယ်လက်ကနေ ရအောင် ရုန်းထွက်လိုက်တယ်။

ဒါပေမယ့် ခြေချပြီးရုံလေးပဲ ရှိသေး ရန်ကိုင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ကြုံတွေ့လိုက်ရတယ်။ သွေးနီးရောင်ဓါးသွား

ခုတ်ပိုင်းလာတာကို မြင်လိုက်တာနဲ့ သူ့လက်ကိုပင့်မြှောက်ပြီး ခုခံလိုက်တယ်။ သွေးနီရောင်ဓါးသွား၏ တိုက်ခိုက်

ခုတ်ပိုင်းမှုကို ခံလိုက်ရပေမယ့် ထက်ရှရာ ကြီးကြီးမားမား ခံစားလိုက်ရတာကလွဲပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပါဘူး။

တစ်ချိန်တည်းမှာပဲ အဆင့်ငါးသားရဲက ဂျင်ဟောင်ဆီ ပြေးဝင်လာပြီး ရန်ကိုင်နှင့်အတူ ဂျင်ဟောင်ကို ပူးပေါင်းတိုက်ခိုက်ပါတော့တယ်။ အစောပိုင်းတုန်းက သူ့စိတ်ဝိဉာဉ် ဒဏ်ရာရထားတဲ့အတွက် ဂျင်ဟောင်က သူ့ခွန်အား သုံဆယ်ရာခိုင်နှုန်း

လောက်ပဲ အသုံးပြုနိုင်ပါတော့တယ်။ ထိုခွန်အား သုံးဆယ်ရာခိုင်နှုန်းလေးနဲ့ ရန်ကိုင်နှင့် အဆင့်ငါးမိစ္ဆာသားရဲတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို သူဘယ်လိုလုပ်ပြီး ခုခံနိုင်ပါ့မလဲ။

Martial Peak

အပိုင်း (၂၃၇)

အသက်သုံးဆယ်ရှိုက်စာလောက် ကုန်လွန်သွားတဲ့အချိန်တွင် ဂျင်ဟောင်၏တစ္ဆေလက်သည်း ပိုင်းဖြတ်

ခံလိုက်ရပါတယ်။ သူ့တစ္ဆေလက်သည်း မရှိတော့တဲ့အတွက် ဂျင်ဟောင်လည်း ကူကယ်ရာမဲ့သွားခဲ့ကာ

သွေးရူးသွေးတန်းနဲ့ ထွက်ပြေးဖို့ကြိုးစားပါတော့တယ်။ သို့ပေမယ့် ပျံသန်းဖို့ ခွန်အားမရှိတော့တဲ့အတွက် သိပ်မကြာခင်မှာပဲ ရန်ကိုင်နှင့် အဆင့်ငါးသားရဲ၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်။

ဂျင်ဟောင်သေသွားသည့်အချိန်တွင် ကျန်ရှိနေသည့် အဆင့်ငါးမိစ္ဆာသားရဲနှစ်ကောင်လည်း အမိန့်ရသည့်အလား

ခပ်မြန်မြန်ပဲ ထွက်ပြေးပါတော့တယ်။ ထိုအဆင့်ငါး သားရဲနှစ်ကောင်ကို တန်းလန်မင်းဆက်က ထိန်းချုပ်ထားတယ်ဆိုတာကို တိုက်ပွဲမစခင်ကတည်းက

ရန်ကိုင် သိထားပါတယ်။ ထို့ကြောင့် ထိုသားရဲနှစ်ကောင် ထွက်ပြေးဖို့ကြိုးစားတာနဲ့ ရန်ကိုင်လည်း လိုက်သတ်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ထိုသားရဲနှစ်ကောင်က ထွက်ပြေးတာ မြန်သွားတဲ့အတွက် ရန်ကိုင်လည်း စိတ်ပျက်ပျက်နဲ့ လွှတ်ပေးလိုက်ရပါတယ်။

သက်ပြင်းအမောကြီး ချလိုက်ပြီး ရန်ကိုင်လည်း သူ့ဘေးနားက အဆင့်ငါးသားရဲကို ကြည့်လိုက်တယ်။

သူ့မျက်မှောင် တဖြည်းဖြည်း ပြေလျော့သွားခဲ့ပြီး စိတ်ကျေနပ်တဲ့ အရိပ်အယောင်တို့ သူ့မျက်နှာပေါ်ထက် ထွက်ပေါ်လာခဲ့တယ်။

အခုတိုက်ပွဲက ကြယ်ဓါးကိုးချောင်းဂိုဏ်းက တပည့်နှင့်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲထွက် အများကြီးပိုလွယ်ကူပါတယ်။ နတ်ဆိုးအိုကြီးနှင့် အဆင့်ငါးသားရဲတို့၏ အကူအညီကြောင့် ဂျင်ဟောင်ကို အလွယ်လေး သူသတ်နိုင်ခဲ့ပါတယ်။ သေသွားသည့်တိုင် သူနဲ့အတူပါလာတဲ့ အဆင့်ငါးမိစ္ဆာသားရဲက သူ့ကိုဘာလို့

တိုက်ခိုက်ခဲ့လဲ့ဆိုတာကို ဂျင်ဟောင် နားလည်မသွားခဲ့ပါဘူး။

ပြဿနာအားလုံးရဲ့ အရင်းအမြစ်က ရန်ကိုင်ရဲ့ သားရဲဝိဉာဉ် သိုင်းပညာရပ်ကြောင့်ပါပဲ။

ထိုကဲ့သို့ အသုံးပြုတဲ့ပုံစံကို သူမတော်တဆ ရှာတွေ့ခဲ့တာပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အဆင့်ငါး သားရဲတစ်ကောင်ကို သူကြုံတွေ့ရသည့်အချိန် သားရဲပုံရိပ်နှစ်ခုကို ဆင့်ခေါ်ဖို့ သူကြိုးစားလိုက်တယ်။

ဒါပေမယ့် ထိုသားရဲပုံရိပ်နှစ်ခုက ရှင်းမပြနိုင်တဲ့ အကြောင်းပြချက်တစ်ခုခုကြောင့် အလိုလိုပေါင်းစည်းသွားခဲ့ပြီး

အဆင့်ငါးမိစ္ဆာသားရဲ၏ ခန္ဓာကိုယ်ထဲကို တိုးဝင် ပျောက်ကွယ်သွားခဲ့တယ်။ အဲ့နောက်ပိုင်း ထိုအဆင့်ငါးမိစ္ဆာသားရဲက ရန်ကိုင်ရဲ့ အမိန့်ကို နာခံလာခဲ့ပါတယ်။ ထိုမမျှော်လင့်ထားတဲ့ တွေ့ရှိမှုက ရန်ကိုင်ကို ပျော်ရွှင်ကျေနပ်သွားစေခဲ့တယ်။ ထို့ကြောင့် ရန်ကိုင်လည်း လွန်ခဲ့တဲ့ ရက်အတာအတွင်း သားရဲပုံရိပ်နှစ်ခုက ဘာလို့အဲ့လိုဖြစ်သွားလဲဆိုတာကို စူးစမ်းရှာဖွေနေခဲ့တယ်။ သို့ပေမယ့် သူဘယ်လိုပဲ ကြိုးစားကြိုးစား သားရဲပုံရိပ်နှစ်ခုကို တစ်ခုတည်းဖြစ်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ထို့ကြောင့် ရန်ကိုင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်လာခဲ့တယ်။

အဓိကပြဿနာက သားရဲတွေက တဖြည်းဖြည်း နည်းလာတဲ့အတွက် သူ့အတွက် စမ်းသပ်ခံတွေ မရှိတော့ခြင်းပါ။ သူအောင်မြင်ခဲ့တာ ဆိုလို့ ထိုသိုင်းပညာရပ်ကို နာမည်ပေးတာပဲ ရှိပါတယ်။

ကျားဖြူစည်းတံဆိပ်နှင့် နွားသိုးစည်းတံဆိပ်တို့ ပေါင်းစည်းသွားပြီး ဖြစ်တည်လာတဲ့ စည်းတံဆိပ်အသစ်ကို သားရဲတံဆိပ်တော်လို့ အမည်ပေးလိုက်တယ်။

အခုအချိန်တွင် သားရဲပုံရိပ်နှစ်ခုကို ဆင့်ခေါ်ပြီး သူ့ကိုကူတိုက်ခိုင်းလို့ရသလို ထိုသားရဲပုံရိပ်နှစ်ခုကို ပေါင်းစည်းပြီး

သားရဲတံဆိပ်တော်ကို ဖန်တီးလို့လည်း ရပါတယ်။

ဂျင်ဟောင်နှင့် တိုက်ခိုက်ရာမှာ ထိုသားရဲတံဆိပ်တော်က သူ့ကိုတော်တော်လေး အကူအညီပေးခဲ့ပါတယ်။ အဆင့်ငါးသားရဲ၏ အလစ်တိုက်ခိုက်မှုကြောင့်သာ မဟုတ်ရင် ဂျင်ဟောင် လွတ်မြောက်သွား နိုင်လောက်ပါတယ်။

ထိုအသစ်တွေ့ရှိထားတဲ့ သိုင်းပညာရပ်အသစ်က အရင်ကျားဖြူစည်းတံဆိပ်နှင့် နွားသိုးစည်းတံဆိပ်နှင့်

နှိုင်းယှဉ်ရင် ပိုပြီးအားကောင်းပါတယ်။ ထိုသားရဲပုံရိပ်နှစ်ခု၏ တိုက်ခိုက်စွမ်းအားက အားကောင်းတယ်ဆို ပေမယ့် တိုက်ပွဲအပေါ် အကျိုးသက်ရောက်မှုက အနည်းငယ်ကင်းမဲ့နေခဲ့တယ်။ ထိုသားရဲပုံရိပ်နှစ်ခု၏ တိုက်ခိုက် နိုင်စွမ်းက အဆင့်ငါး မိစ္ဆာသားရဲတစ်ကောင်၏ စွမ်းအားထက် အနည်းငယ် နိမ့်ကျနေခဲ့တယ်။

ကီလိုမီတာသုံးဆယ်အကွာ ထိုင်နေခဲ့ ကျိမိုက သူ့မမျက်လုံးအစုံကို ချက်ချင်းဖွင့်လိုက်ပြီး အံ့အားသင့်တဲ့ အရိပ်အယောင်တစ်ချို့ သူမမျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။ သူမ၏အမူအရာကလည်း

နည်းနည်း စိတ်ရှုပ်နေသည့်ပုံ ပေါက်နေခဲ့တယ်။ သူမနောက်တွင် မတ်တပ်ရပ်နေသည့် လန်ရှန်းလည်း ရန်ကိုင်ရှိနေသည့် ဘက်သို့ အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်နေခဲ့တယ်။

သူမမျက်လုံးတွေက ပူဆွေးမှုနှင့် ကြည့်နူးမှုတို့ဖြင့် ရောထွေးပြည့်နှက်နေခဲ့တယ်။

ဂျင်ဟောင်က သူမ၏စီနီယာအစ်ကို ဖြစ်တယ်ဆိုပေမယ့် ကျိမို၏ အမိန့်ကိုလက်ခံလိုက်သည့်အချိန်တွင်က သူ့ကို

သူမစက်ဆုပ်ရွံရှာသွားခဲ့တယ်။ ထို့ကြောင့် သူအောင်အောင်မြင်မြင်နဲ့ ပြန်လာနိုင်မယ့်အစား ရန်ကိုင်ကို သွားသတ်ရင်း ထိုနေရာမှာပဲ သေသွားပါစေလို့ သူမဆုတောင်းနေခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ဂျင်ဟောင်ကသေသွားခဲ့ပြီဖြစ်ပြီး သူမတစ်ယောက်တည်းသာ ကျန်ရှိပါတော့တယ်။ ထိုတန်းလန်မင်းဆက်မိန်းမလက်ကနေ လွတ်မြောက်ဖို့ မသေချာသလို နောင်ဘာဆက်ဖြစ်မလဲ ဆိုတာလည်း မသေချာသေးပါဘူး။

‘‘ နင့်ရဲ့ စီနီယာအစ်ကိုသေသွားပြီ ’’ ကျိမိုက ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်ပြီး လန်ရှန်းဘက်ကို လှည့်ကြည့်

လိုက်တယ် ‘‘ ဟန့် သူသေတာပဲ ကောင်းတယ် ’’ လန်ရှန်းက လှောင်ပြောင်ပြောလိုက်တယ်။

‘‘ ဟဲဟဲ…နင်မှန်တယ်။ အဲ့လိုအသုံးမဝင်တဲ့ လူမျိုးအတွက် သေတာထက် ပိုကောင်းတာမရှိဘူး ’’ ကျိမိုက ပြုံးဖြဲဖြဲလုပ်ရင်း ပြောလိုက်တယ်။ သိပ်မကြာခင်မှာပဲ သူမလည်း မျက်မှောင်ကြုံ့လိုက်ပြီး စဉ်းစားလိုက်တယ် ‘‘ ဒါပေမယ့် အဲ့လူက သာမန်တော့မဟုတ်လောက်ဘူး။ ဂျင်ဟောင်ကိုတောင်

တစ်ခဏလေးနဲ့ သတ်နိုင်တယ်ဆိုတော့ သာမန်လူတော့ မဟုတ်လောက်ဘူး ’’

ကျိမိုက အရုပ်သစ်တစ်ရုပ်ရလိုက်သည့် ကလေးတစ်ယောက်ရဲ့ အမူအရာကို ဆင်မြန်းရင်း လမ်းလျှောက်နေခဲ့တယ်။ သူမ၏မျက်နှာ

ထက်တွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင် ထွက်ပေါ်နေခဲ့ပြီး သူမ၏အသက်ရှုသံတောင် အရင်ထက်

ပိုပြီး မြန်ဆန်လာနေခဲ့တယ်။

ခြေလှမ်းဖွဖွလေး လှမ်းရင်း ကျိမိုက ရန်ကိုင်ရှိရာဘက်ဆီ စတင်ပြီး လမ်းလျှောက်သွားလိုက်တယ်။ မြေကြီး ပေါ်တွင် လဲလျောင်းနေတဲ့ မိစ္ဆာသားရဲတွေလည်း ချက်ချင်းထပြီး ကျိမိုနောက် ပြေးလိုက်သွားကြတယ်။ လန်ရှန်းလည်း ပတ်ပတ်လည်ကို တစ်ခဏလောက် ကြည့်လိုက်ပြီး ကျိမိုနောက်ကနေ ငြိမ်သက်စွာနဲ့

လိုက်သွားလိုက်တယ်။

ကျိမိုလက်ကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူမသိပါတယ်။ မိစ္ဆာသားရဲတွေလက်က လွတ်မြောက် ရင်တောင်မှာ သူမ၏ခန္ဓာကိုယ်ထဲတွင် ကျိမိုထည့်သွင်းထားတဲ့ အရာက သူမ၏သေခြင်၊ရှင်ခြင်းကို အဆုံးအဖြတ် ပေးနိုင်ပါသေးတယ်။

ရန်ကိုင်က ဂျင်ဟောင်ဆီကနေ ဖြစ်တည်လာတဲ့ သွေးလုံးကို သိမ်းထားလိုက်ပြီး သူ့ဘေးနားက အဆင့်ငါး

မိစ္ဆာသားရဲကို ကြည့်လိုက်တယ်။

ထိုကောင်က ရွှေအရိပ်ကျားသစ် မိစ္ဆာသားရဲပါ။ ကြွက်သားတစ်ခုချင်းစီတိုင်းတွင် ပေါက်ကွဲနိုင်သည့်

စွမ်းအားတွေ ပါဝင်နေပြီး ခြေ၊လက် တစ်ချောင်းချင်းစီတိုင်းတွင်လည်း သံမဏိကိုတစ်စစီ ဆုတ်ဖြဲနိုင်သည့် သုံးလက်မလောက်ရှည်သည့် လက်သည်း၊ ခြေသည်းတွေ ရှိနေခဲ့တယ်။

ထိုအဆင့်ငါး မိစ္ဆာသားရဲက သူသတ်ခဲ့တဲ့ အဆင့်ငါးမိစ္ဆာသားရဲတွေထက် ပိုပြီးအားကောင်းတယ်လို့

ရန်ကိုင်ခံစားမိနေခဲ့တယ်။ ထိုအဆင့်ငါးမိစ္ဆာသားရဲက အဆင့်ငါး အလယ်အလတ် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်လောက်ပါတယ်။

ထိုအဆင့်ငါးမိစ္ဆာသားရဲရဲ့ ခွန်အားက အစစ်အမှန်ဒြပ်စင်အဆင့်၅၊၆ ကျင့်ကြံသူတစ်ယောက်နှင့် တူညီပါတယ်။

တကယ်တမ်းတိုက်ခိုက်မယ်ဆိုရင်တော့ ထိုသားရဲက အစစ်အမှန်ဒြပ်စင်အဆင့်၅၊အဆင့်၆ ကျင့်ကြံသူ

တစ်ယောက်၏ ပြိုင်ဘက်မဖြစ် နိုင်သည့်အပြင် အစစ်အမှန်ဒြပ်စင် အဆင့်၂၊အဆင့်၃ ကျင့်ကြံသူတစ်ယောက်ကတောင်

ထိုသားရဲကို သတ်နိုင်ပါတယ်။

ရန်ကိုင်ကို စိတ်ရှုပ်သွားစေတာက ထိုသားရဲ၏ခွန်အား မဟုတ်ပဲ လက်ရှိအခြေအနေပါ။ ထိုသားရဲက သူ့ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ရှိမနေဘူးလို့ သူခံစားနေခဲ့ရတယ်။

ထိုခံစားချက်က တော်တော်လေးကို စိတ်ရှုပ်စရာ ကောင်းပါတယ်။ သားရဲတံဆိပ်တော်မိသွားတဲ့ မည်သည့်သားရဲမဆို အခုလိုဖြစ်မနေသင့်ပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ထိုရွှေအရိပ်ကျားသစ်က ဂနာမငြိမ်ဖြစ်နေပြီး သူ့ခေါင်းနှင့်အမြီးကို တောက်လျှောက် ခါရမ်းနေကာ အော်မြည်နေခဲ့တယ်။

တစ်ခုခုမှားယွင်းနေတာ သေချာပါတယ်။

တစ်ခဏလောက် တွေးတောကြည့်လိုက်ပြီးနောက် တန်းလန်မင်းဆက်က ကျင့်ကြံသူတွေသုံးတဲ့

သားရဲထိန်းချုပ်တဲ့နည်းလမ်းက သူ့ရဲ့ သားရဲထိန်းချုပ်ခြင်း တံဆိပ်တော်နဲ့ တစ်မျိုးတစ်ဖုံ ကွဲလွဲနေတယ်လို့

ကောက်ချက်ချလိုက်တယ်။

ထိုနောက် သားရဲဆီ လမ်းလျှောက်သွားလိုက်ပြီး သားရဲခေါင်းပေါ်လက်တင်ကာ ယွမ်ချီကို သားရဲကိုယ်ထဲ

ထည့်သွင်းလိုက်ပြီး သားရဲကိုယ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ စူးစမ်းကြည့်လိုက်တယ်။

ယွမ်ချီကိုခြောက်ကြိမ်၊ခုနှစ်ကြိမ်လောက် လှည့်ပတ်ပြီးတဲ့ အချိန်မှာတော့ ရန်ကိုင်တစ်ခုခုကို ရှာတွေ့သွားခဲ့တယ်။

ရွှေအရိပ်ကျားသစ်၏ ဦးခေါင်းခွံထဲတွင် အသက်စွမ်းအင် အဆီအနှစ်ကို ထုတ်လွှတ်ပေးနေတဲ့ တစ်စုံတစ်ခု

ရှိနေတာကို ရန်ကိုင်တွေ့ရှိလိုက်ရတယ်။

ရန်ကိုင်က ရွှေအရိပ်ကျားသစ်ကို ငေးကြည့်ရင်း သူ့မျက်နှာ အမူအရာက တည်ကြည်လေးနက်လာခဲ့တယ်။ အခုအချိန်၌

ရွှေအရိပ်ကျားသစ်၏ ဦးခေါင်းခွံထဲ၌ သားရဲတံဆိပ်တော်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နေတဲ့ သက်ရှိအသွင်သဏ္ဍာန်တစ်ခုခု ရှိနေခဲ့တယ်။

ကျားနှစ်ကောင်တိုက်ခိုက်ရင် နှစ်ကောင်စလုံး ထိခိုက်ဒဏ်ရာရမှာ မလွဲမသွေပါ။ ဘယ်သူပဲနိုင်သည် ဖြစ်စေ မလွဲမသွေ ထိခိုက်ဒဏ်ရာရမယ့်လူက ရွှေအရိပ်ကျားသစ်ပါ။

ရန်ကိုင်လည်း ချီစွမ်းအင်စီးဆင်းတဲ့ လမ်းကြောင်းကို ထိန်းချုပ်ရင်း သူ့ယွမ်ချီကိုပမာဏကို ထပ်တိုးလိုက်တယ်။

ဘာကြောင့်လဲဆိုတော့ တန်းလန်မင်းဆက်က ကျင့်ကြံသူ ချန်ခဲ့တဲ့ သက်ရှိအသွင်သဏ္ဍာန်က ရွှေအရိပ်ကျားသစ်၏ သားရဲအမြူတေ နားမှာ ရှိနေလို့ပါပဲ။ သားရဲအမြူတေ ထိခိုက်သွားတာနဲ့

ရွှေအရိပ်ကျားသစ် သေမှာ ကျိန်းသေပါတယ်။ ရွှေအရိပ်ကျားသစ်က သူ့ယွမ်ချီနှင့် ရင်းနှီးသွားတော့မှပဲ သူထည့်သွင်းတဲ့ ယွမ်ချီပမာဏကို ထပ်တိုးရဲခဲ့ပါတယ်။ သုံး၊လေးကြိမ်လောက် လုပ်ပြီးနောက် ရွှေအရိပ်ကျားသစ် ဦးခေါင်းထဲရှိအရာက ဆက်ပြီး

မခုခံနိုင်တော့ပဲ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။

ထိုအချက်ကို သတိပြုမိတာနဲ့ ရန်ကိုင်လည်း ထိုသက်ရှိကို

ဖမ်းဆီးဖို့ ကြိုးစားလိုက်တယ်။ သို့မှသာ တန်းလန်မင်းဆက်က ကျင့်ကြံသူတွေ ဘယ်လိုနည်းလမ်းနဲ့ သားရဲတွေကို ထိန်းချုပ်နေလဲဆိုတာကို သူအဖြေထုတ်နိုင်မှာပါ။

အသက်ရှုချိန် ဆယ်ရှိုက်စာလောက် ကြာပြီးတဲ့အချိန်မှာတော့ အကြမ်းအားဖြင့် ၃စင်တီမီတာလောက် ရှည်လျားတဲ့ အင်းဆက်တစ်ကောင် ရွှေအရိပ်ကျားသစ်ခေါင်းပေါ်ကနေ ထွက်ပေါ်လာခဲ့တယ်။

ရန်ကိုင်လည်း အမြန်အဆန်ပဲ ထိုအင်းဆက်ကို လှမ်းဖမ်းလိုက်တယ်။

စစ်ဆေးကြည့်ပြီးတဲ့ အချိန်မှာတော့ ထိုအင်းဆက်က ကင်းခြေမျှားနှင့် မျှော့တို့ မျိုးစမ်းထားတဲ့ပုံစံနဲ့

ဆင်တူနေတာကို ရန်ကိုင်တွေ့ရှိလိုက်ရတယ်။ ဒါပေမယ့် သူဘာကိုမှ သေချာမစူးစမ်းရသေးခင်မှာပဲ ထိုအင်းဆက်က သူ့လက်ချောင်းကနေတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲကို တိုးဝင်သွားခဲ့ပြီး။

ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ချီစွမ်းအင်ကို လှည့်ပတ်လိုက်တယ်။ ချက်ချင်းပဲ ထိုအင်းဆက်က ယွမ်ချီထဲတွင် ပိတ်လှောင်ခြင်းခံလိုက်ရပြီး သူ့သွေးကြောတွေထဲ ပိတ်မိသွားခဲ့တယ်။ မျက်မှောင်ကြုံ့ရင်း ရန်ကိုင်ကို ထိုအင်းဆက်ကို သတ်ပစ်မယ့်အကြံကို ဘေးဖယ်ထားလိုက်တယ်။

ထိုအင်းဆက်က သူ့ယန်ချီကို ထိတ်လန့်ကြောက်ရွံ့သည့် ပုံပါပဲ။ အဲ့လိုမှမဟုတ်ရင် ရွှေအရိပ်ကျားသစ်ထဲကို သူ့ယန်ချီထည့်သွင်းတုန်းက ထိုအင်းဆက်က ထွက်ပြေးဖို့ ကြိုးစားခဲ့မှာ မဟုတ်ပါဘူး။

ထိုအင်းဆက်ကို သူ့ယန်ချီနဲ့ ထိန်းချုပ်ထားနိုင်မှာတော့ ဘာမှစိုးရိမ်စရာ မလိုတော့ပါဘူး။ ပျောက်ဆုံးနေသော ကျွန်းတွင် သူတွေ့ခဲ့ရတဲ့ ကောင်းကင်ဝါးမြိုအင်းဆက်က သူအခုရင်ဆိုင်နေရတဲ့

အင်းဆက်ထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းပါတယ်။ သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် သူ့သွေးကြောထဲမှာရှိနေတဲ့ ထိုအင်းဆက်က တုန်ရီနေတာကို သူတွေ့လိုက်ရတယ်။ ကြောင်ကို

တွေ့နေရသည့် ထိတ်လန့်ကြောက်ရွံ့နေတဲ့ ကြွက်ကလေး တစ်ကောင်လိုပါပဲ ……

‘‘ နတ်ဆိုးအိုကြီး၊ ဒီပိုးကောင်ကို တစ်ချက်ကြည့်ကြည့်ပါလား။ တစ်ခုခုထူးဆန်နေသလိုပဲ ’’ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။

နတ်ဆိုးအိုကြီးလည်း ဝိဉာဉ်ဖျက်စီးခြင်းအရိုးထဲ ခုန်ဝင်လိုက်ပြီး အင်းဆက်ကို ချုပ်နှောင်ထားတဲ့ ရန်ကိုင်

သွေးကြောရှိနေတဲ့ နေရာဆီကို သွားလိုက်တယ်။ အချိန်အတော်ကြာအောင် စစ်ဆေးကြည့်ပြီးနောက်

‘‘ သခင်လေး၊ ဒီအင်းဆက်မှာ တန်းလန်မင်းဆက်ကျင့်ကြံသူနဲ့ ဆက်သွယ်နေတဲ့ ကောင်းကင်စိတ်အာရုံ အမျှင်တန်း တစ်ခုရှိနေတယ် ’’

‘‘ကောင်းကင်စိတ်အာရုံ အမျှင်တန်းတစ်ခုလား ’’ ရန်ကိုင်မျက်မှောင်ကြုံ့လိုက်ပြီး ‘‘သူတို့အားလုံးက

အစစ်အမှန်ဒြပ်စင်အဆင့်မှာ မဟုတ်ဘူးလား။ သူတို့ထဲက တစ်ယောက်က ကောင်းကင်စိတ်အာရုံကို

လေ့ကျင့်နိုင်သေးတာလဲ မဟုတ်ပဲနဲ့ အခုလိုမျိုး ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ ’’

နတ်ဆိုးအိုကြီးက ရယ်မောလိုက်ပြီး ‘‘ သခင်လေး၊ မေ့သွားပြီးလား။ သခင်လေးမှာ ဒီအစေခံအိုကြီးရဲ့ ကောင်းကင်စိတ်အာရုံ တစ်ပိုင်းတစ်ရှိနေတယ်လေ။ ဒါပေမယ့် သခင်လေးလည်း သူတို့လိုပဲ ကောင်းကင်စိတ်အာရုံကို လေ့ကျင့်လို့မရသေးဘူးလေ ’’

ရန်ကိုင် ချက်ချင်းပဲ နားသွားခဲ့ပြီး ‘‘ ခင်ဗျားဆိုလိုတာက တစ်ယောက်ယောက်က သူတို့ကိုကူညီ ခဲ့တာပေါ့ ’’

နတ်ဆိုးအိုကြီးက ပြန်ပြောလိုက်လေတယ် ‘‘ ဟုတ်တယ်၊ ဂိုဏ်းမှာရှိတဲ့ သူတို့ဆရာက ဒီပိုးကောင်တွေကို

သူတို့စိတ်ရှိတိုင်း ထိန်းချုပ်လို့ရအောင် ပိုးကောင်ထဲကို ကောင်းကင်စိတ်အာရုံအမျှင်တန်းတွေ

ထည့်သွင်းပေးထားတာလို့ ဒီအစေခံအိုကြီးထင်တယ် ’’

‘‘ သူတို့က အင်းဆက်တွေကို ထိန်းချုပ်လို့ရတယ်။ အင်းဆက်က သားရဲကိုယ်ထဲကို ဝင်သွားတော့ သားရဲကို သူတို့ ထိန်းချုပ်လို့ ရသွားတာပေါ့ ’’ နောက်ဆုံးတော့ သူ့စိတ်ထဲက အရှုပ်အထွေးကို ရန်ကိုင် ရှင်းထုတ်သွားနိုင်ခဲ့ပါပြီ။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက တန်းလန်မင်းဆက်က ကျင့်ကြံသူတွေက သားရဲတွေကို ထိန်းချုပ်ထား

တယ်လို့ ချန်ယွဲ့ရှုက ရန်ကိုင်ကို ပြောခဲ့တယ်။ အဲ့အချိန်ကတည်းက တန်းလန်းမင်းဆက်က လူနည်းနည်းလေးနဲ့

သားရဲတွေ အများကြီးကို ဘယ်လိုထိန်းချုပ်လဲဆိုတာ သူစဉ်းစားနေခဲ့တာပါ။

ထိုအကြောင်းကိုတွေးတောရင်း ဂျင်ဟောင်သေခဲ့တဲ့ နေရာဆီကို ရန်ကိုင်ရောက်သွားခဲ့တယ်။ ဖုန်တွေကို

ရှင်းထုတ်လိုက်တဲ့ အချိန်မှာတော့… ဟုတ်တာပေါ့… ထိုနေရာမှာ ရွှေအရိပ်ကျားသစ်ဦးခေါင်းထဲက အင်းဆက်နှင့် ပုံသဏ္ဍာန်တူတဲ့ အင်းဆက်တစ်ကောင် ရှိနေခဲ့ပါတယ်။ ထိုအင်းဆက်ကို ဖမ်းဆုပ်လိုက်ပြီး သူ့ကိုယ်ထဲထည့်ကာ နတ်ဆိုးအိုကြီးကို ထိုအင်းဆက်အား စစ်ဆေးဖို့ အမိန့်ပေးလိုက်တယ်။ သိပ်မကြာခင်မှာပဲ ထိုအင်းဆက်ထဲတွင် ကောင်းကင်စိတ်အာရုံ အမျှင်တန်းတစ်ခု ရှိနေတာကို တွေ့ရှိလိုက်ရတယ်။

‘‘ဂျင်ဟောင်က တန်းလန်မင်းဆက်က ကျင့်ကြံသူတွေနဲ့ အတူတူအလုပ် တွဲလုပ်နေတာ မဟုတ်ဘူးပဲ…’’

ရန်ကိုင် ရေရွတ်လိုက်တယ်။

သူ့ကိုယ်ထဲတွင် ရှိနေတဲ့ အင်းဆက်ကြောင့်သာ တန်းလန်မင်းဆက်က ကျင့်ကြံသူတွေခိုင်းတာ လုပ်နေရခြင်းပါ။ ထိုအခြင်းအရာက ဂျင်ဟောင်နှင့် အတူလာတဲ့ သားရဲသုံးကောင်က သူ့အမိန့်ကိုဘာလို့ မနာခံလဲဆိုတာကိုပါ တစ်ခါတည်း ရှင်းပြသွားခဲ့ပါတယ်။ ထိုသားရဲတွေက ဂျင်ဟောင်က သူတို့နဲ့

အဆင့်အတူတူပဲလို့ တွေးထားတာဖြစ်တဲ့အတွက် ဂျင်ဟောင်အမိန့်ပေးတာကို နားမထောင်ခြင်းပါ။

ကျိမို……

အဲ့နာမည်က ဂျင်ဟောင်အော်ခေါ်ခဲ့တဲ့ နာမည်ပါ။ ဂျင်ဟောင်ကို ထိန်းချုပ်နေတဲ့ တန်းလန်မင်းဆက်က ကျင့်ကြံသူကို ကျိမိုလို့ခေါ်တာလား။

ထိုအကြောင်းကို တွေးတောရင်း ရန်ကိုင်စိတ်ထဲ ရက်စက်တော့မယ့် အကြံအစည် တစ်ခုပေါ်လာပြီး မိစ္ဆာဆန်ဆန် ပြုံးကာ ခပ်မြန်မြန်ပဲ နတ်ဆိုးအိုကြီးကို မေးမြန်းလိုက်တဘ် ‘‘ နတ်ဆိုးအိုကြီး၊ အဲ့အင်းဆက်တွေကို ငါ့ယန်ချီနဲ့ မီးရှို့ပစ်လိုက်ရင်

တန်းလန်မင်းဆက်က ကျင့်ကြံသူကို ဒဏ်ရာရအောင် လုပ်နိုင်လား ’’

‘‘ သေချာတာပေါ့။ ကောင်းကင်စိတ်အာရုံနှစ်ခုကိုပဲ ဖျက်စီးလိုက်တာဆိုပေမယ့် သူမသာ သတိမမူမိရင်

ခံစားသွာရမှာ ကျိန်းသေပဲ ’’

‘‘ ဟဲဟဲဟဲ ’’ ရန်ကိုင်လည်း အကျယ်ကြီးအော်ဟစ်ရယ်မောလိုက်ပြီး ထိုအချက်ကို အခွင့်ကောင်းယူအသုံးပြု လို့ရမယ့် နည်းလမ်းမျိုးစုံကို ချက်ချင်းပဲ စဉ်းစားလိုက်တယ်။

ဒါပေမယ့် နတ်ဆိုးအိုကြီးက ချက်ချင်းပဲ ထပ်ပြောလိုက်တယ်

‘‘ သခင်လေး၊ ဒီအစေခံအိုကြီးက စိတ်ဝင်စားစရာ

ကောင်းတဲ့ အကြံတစ်ခုရှိတယ်။ ဟဲ ဟဲ ဟဲ…’’ ‘‘ အို….ပြောကြည့်စမ်းပါဦး ’’ နတ်ဆိုးအိုကြီးတွေးထားတဲ့

အကြံဉာဏ်က သူ့အကြံထက် ပိုပြီးရက်စက်မယ်ဆိုတာ ရန်ကိုင်သိပါတယ်။

Martial Peak

အပိုင်း (၂၃၈)

ကျိမိုက သူမ၏သားရဲတပ်ကို ဦးဆောင်ကာ ဂျင်ဟောင် သေသွားခဲ့တဲ့ နေရာဆီကို စတင်ချီတက်လိုက်တယ်။

ရောက်တာနဲ့ ခပ်မြန်မြန်ပဲ ပတ်ဝန်းကျင်တစ်ခုလုံးကို မြေလှန်ရှာဖွေ စစ်ဆေးပါတော့တယ်။ သို့ပေမယ့် အချိန်အတော်ကြာအောင် ရှာပြီးတာတောင် သူမရဲ့ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေကို ရှာလို့ မတွေ့ခဲ့ပါဘူး။

ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက် တစ်ကောင်ချင်းစီက တန်းလန်မင်းဆက်က ကျင့်ကြံသူတွေအတွက်

အရမ်းကို အရေးပါပါတယ်။ အင်းဆက်က တန်ဖိုးကြီးလို့တော့မဟုတ် ၊ အင်းဆက်တစ်ကောင်ချင်းစီမှာ သူတို့ရဲ့

ကောင်းကင်စိတ်အာရုံ အမျှင်တန်း တစ်မျှင်ချင်းစီ ရှိနေလို့ပါပဲ။

ထိုကောင်းကင်စိတ်အာရုံတွေက သူမတို့အတွက် အရမ်းကို အရေးကြီးပါတယ်။

ထိုအင်းဆက်တွေသာ ရန်သူလက်ထဲ ရောက်သွားမယ် ဆိုရင် ထိုအင်းဆက်ကို ဖျက်စီးလိုက်တာနဲ့ ကောင်းကင်စိတ်အာရုံနဲ့ ဆက်သွယ်ထားတဲ့ ကျင့်ကြံသူရဲ့ ဝိဉာဉ်ကို ဒဏ်ရာရသွားစေနိုင်ပါတယ်။ အဲ့လိုသာ တိုက်ပွဲအလယ်မှာ ဖြစ်သွားခဲ့မယ်ဆိုရင် ထိုတိုက်ပွဲကိုရှုံးနိမ့်သွားမှာ သေချာတဲ့အပြင် ကိုယ့်အသက်ကိုတောင် မေးခွန်းထုတ်စရာ ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ထိုအင်းဆက်တွေကို သူမရှာလို့မတွေ့နိုင်ခဲ့ပါဘူး။

ကျိမိုအမူအရာ ပြောင်းလဲမှုတွေကို သတိပြုမိလိုက်တာနဲ့ သူမနောက်တွင် မတ်တပ်ရပ်နေတဲ့ လန်ရှန်းက

သူမကိုကြည့်ရင်း ကြိတ်ပြီး ပြုံးလိုက်တယ်။ သူမ မျက်နှာကတော့ ပျော်ရွှင်တဲ့အရိပ် အယောင်တို့နဲ့ ပြည့်လို့ပေါ့။

စူပုပ်နေတဲ့မျက်နှာဖြင့် ကျိမိုက သူမ၏မျက်လုံးကို ပိတ်လိုက်ပြီး ပတ်ပတ်လည်ကို သေချာစစ်ဆေးကြည့်လိုက်တယ်။ သူမက ဝိဉာဉ်ကို မလေ့ကျင့်ရသေးတဲ့အတွက် နေရာအကျယ်ကြီးကို

ရှာဖွေစူးစမ်းလို့ မရပေမယ့် ကောင်းကင်စိတ်အာရုံ အမျှင်တန်းက သူမပိုင်ဆိုင်တာဖြစ်တဲ့အတွက် အကွာအဝေး တစ်ခုအတွင်းမှာတော့ ထိုကောင်းကင်စိတ်အာရုံ အမျှင်တန်း၏ တည်နေရာကို

ရှာဖွေစူးစမ်း ကြည့်နိုင်ပါတယ်။

တစ်ခဏလောက်ကြာအောင် ရှာဖွေကြည့်ပြီးနောက် သုန်မှုန်နေတဲ့ ကျိမို၏မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။ ချုံပုတ်တစ်နေရာကို လှောင်ပြောင်လိုသည့် အမူအရာဖြင့် သေချာစူးစိုက်ကြည့်လိုက်တယ်။ သားရဲများစွာဟာ ချက်ချင်းပဲ ဖြန့်ကျဲသွားခဲ့ပြီး ကျိမိုစိုက်ကြည့်နေတဲ့ နေရာကို ဝိုင်းလိုက်တယ်။

လန်ရှန်းလည်း ကြောင်သွားခဲ့ပြီး ကျိမို၏အမူအရာကို ကြည့်ရုံနဲ့တင် သူမ မျှော်လင့်ထားသလို ဖြစ်မလာတော့ဘူးဆိုတာ သိလိုက်တယ်။

သူမ ကျိမိုကို မုန်းပါတယ်။ ကျိမိုက သူမ၏အပျိုစင်ဘဝကို ဂျင်ဟောင်ကိုပေးမယ်လို့ ကတိပေးခဲ့တဲ့တာကို သူမမုန်းပါတယ်။ သူမရဲ့ သန့်စင်တဲ့ ခန္ဓကိုယ်လေးကို သူမစိတ်ရှိတိုင်း ကိုယ်တွယ်နေတာက အဆိုးဆုံးပါ။

ထို့ကြောင့် ဒီတစ်ကြိမ်မှာတော့ ကျိမိုကံဆိုးမိုးမှောင်ကျပြီလို့ ထင်ပြီး ကြိတ်ပျော်နေခဲ့တာ။ သို့ပေမယ့် အခြေအနေတွေက အခုလိုပြောင်းလဲသွားလိမ့်မယ်လို့တော့ သူမ မထင်ထားခဲ့ပါဘူး။

ဂျင်ဟောင်ကိုသတ်သွားတဲ့သူက ဒီနေရာမှာပဲ ရှိနေတာလား။ ထိုကောင်က ကိုယ့်ဘာသာကိုယ် သူများ ထောင်ချောက်ထဲ ပြေးဝင်နေချင်တာလား။

ဝုန်း…သစ်ရွက်တွေ လှုပ်ရှားသွားခဲ့ပြီး ချုံပုတ်ထဲကနေ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ကာ ချုံပုတ်ထဲကနေ ပုံရိပ်တစ်ခု ပြေးထွက်လာတာကို လန်ရှန်းမြင်တွေ့လိုက်ရတယ်။

ကျိမိုက သူမလက်ကလေးကို အသာအယာ လှုပ်ရှားလိုက်တာနဲ့ သားရဲများစွာက ထွက်ပြေးနေတဲ့ ပုံရိပ်ဆီ ချက်ချင်းပဲ ပြေးလိုက်သွားကြတယ်။

တခစ်ခစ်ရယ်မောရင်း မိစ္ဆာဆန်ဆန်ပြုံးကာ ကျိမိုက အော်လိုက်တယ် ‘‘ ပြေးဖို့ကြိုးစားမနေနဲ့။ နင်ပြေးလို့ လွတ်မှာမဟုတ်ဘူး။ ငါ့ရဲ့ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်က နင့်ခန္ဓာကိုယ်ထဲမှာ ရှိနေတာ။ ကမ္ဘာအဆုံးထိ နင်ပြေးမယ်ဆိုရင်တောင် နင့်ငါ့လက်ကနေ ပြေးမလွတ်နိုင်ပါဘူး”

‘‘ ချီးပဲ…အဲ့အင်းဆက်က ထူးဆန်းတယ်ဆိုတာ ငါသိနေတယ် ’’ တောအုပ်ထဲကနေ ဒေါသတကြီး ဆဲရေးသံ

ထွက်ပေါ်လာခဲ့တယ်။ ဆဲရေးသံကို ကြားလိုက်ရတာနဲ့ ကျိမိုမျက်နှာထက်က ဂုဏ်ယူဝံ့ကြွားသည့် အမူအရာက

ပိုပြီး ပီပြင်လာကာ ရယ်ရလွန်လို့ မြေကြီးပေါ် လဲကျမတတ်တောင် ဖြစ်သွားခဲ့ရပါတယ်။

သူမနောက်မှာရှိနေတဲ့ လန်းရှန်က တိတ်တဆိတ် သက်ပြင်းချလိုက်တယ်။ သူမနှလုံးသားထဲက မျှော်လင့်ချက်

ရေးတေးတေးလေး ပြိုကွဲပျက်စီးသွားခဲ့လေပြီ။

နောက်ဆုံးမှာတော့ ဂျင်ဟောင်ကို သတ်ခဲ့တဲ့လူက ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်၏ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့တယ်လေ။ သူက ငတုံးလား၊ အရူးလား။

တောအုပ်ထဲတွင် ပုန်းအောင်းနေတဲ့လူလည်း နောက်ဆုံး ထွက်ပြေးဖို့ကြိုးစားနေတာကို ရပ်တန့်လိုက်တယ်။

ထို့နောက် သားရဲအားလုံးဝိုင်းတာ ခံလိုက်ရပြီး ချက်ချင်းပဲ အကျဉ်းသား ဖြစ်သွားခဲ့တယ်။ တစ်ခဏကြာပြီးနောက်

ထိုလူက သားရဲအပေါင်း ခြံရံရင်း ကျိမိုဆီ လမ်းလျှောက် သွားလိုက်တယ်။ ။ ထိုလူရဲ့မျက်နှာကို မြင်တဲ့အချိန်တဲ့ လန်ရှန်း တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး သူမမျက်ဝန်းအစုံက အံ့အားသင့်သည့်

အရိပ်အယောင်တို့ဖြင့် ပြည့်သွားခဲ့တယ်။

ဂျင်ဟောင်က ရန်ကိုင်ကို မှတ်မိခဲ့တယ်။ ထို့ကြောင့် လန်ရှန်းကကော သူ့ကိုမမှတ်မိပဲ ဘယ်လိုလုပ်ပြီး နေပါ့မလဲ။ ဒါပေမယ့် ရန်ကိုင်ကို သူမမှတ်မိနေတာကြောင့် သူမအရမ်းထိတ်လန့် အံ့အာသင့်သွားခဲ့ရတာပါ။

လမ်းလျှောက်လာနေတဲ့ ရန်ကိုင်မျက်နှာထက်တွင် တုန်းဆိုင်းမှုနှင့် အကူအညီမဲ့မှုတို့ကို အထင်းသား မြင်တွေ့နေခဲ့ရတယ်။ နောက်ဆုံး ကျိမိုနှင့် လန်ရှန်းတို့ဆီမှ မီတာတစ်ရာလောက် အကွာကနေ မတ်တပ်ရပ်လိုက်ပြီး မဲ့ပြုံးပြုံးကာ မေးလိုက်တယ် ‘‘ မိန်းကလေး၊ အဲ့ဒါက ဘာအင်းဆက်ကြီးလဲ ’’

‘‘ အဲ့အင်းဆက်က ငါတို့တန်းလန်မင်းဆက်ရဲ့ တစ်မူထူးခြားတဲ့ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်ပဲ ။ အဲ့အင်းဆက်က နင့်ကိုယ်ထဲမှာရှိနေသရွေ့ နင့်ကငါ့ကျွန်ဖြစ်နေမှာပဲ ’’ ကျိမိုက စိတ်ရှည်ရှည်နှင့် ရှင်းပြရင်း ရန်ကိုင်ကို ကြည့်နေလိုက်တယ် ရန်ကိုင်က လူငယ်တစ်ယောက်မှန်း သိလိုက်ရချိန်မှာတော့

ကျိမိုမျက်နှာက အံ့အားသင့်သည့် အရိပ်အယောင်ဖြင့် ပြည့်သွားခဲ့ပြီး ဂျင်ဟောင်ကို သတ်သွားတဲ့လူက ဘာလို့ဒီလောက် ငယ်ရွယ် နေရတာလဲဆိုတာကို တွေးတောကြည့်လိုက်တယ်။

‘‘ ကျွတ်… ငါလွမ်းမ အင်းဆက်။ ဂျင်ဟောင်ရဲ့ အကြွင်းအကျန်တွေကို ရှာဖွေဖို့ ငါဘယ်တုန်းကမှ မကြိုးစားကြည့်ခဲ့သင့်ဘူး ’’ နာကျင်မှု၊ ပူဆွေးမှုအပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး ချက်ချင်းပဲ ပြုံးဖြဲဖြဲလုပ်ကာ ‘‘ မိန်းကလေး၊ အခုငါက နင့်ကျွန်ဖြစ်သွားပြီဆိုတော့ နင့်ကို ငါဘယ်လို အလုပ်အကျွေးပြုရမလဲ။ ညဘက် နင့်အိပ်ရာကို နွေးထွေးအောင် ကူညီပေးရမှာလား ’’

ကျိမိုက ညို့ငင်စွာနဲ့ ပြန်ပြုံးပြလိုက်ပြီး ဆွဲဆောင်မှု အပြည့်ဖြင့်

‘‘ နင်ကြိုးစားကြည့်လို့ရတယ်။ ဒါပေမယ့် နင်ငါ့ကို ကျေနပ်စေနိုင်မယ်လို့တော့ ငါမယုံဘူး ’’ ကျိမိုက အထိန်းအကွပ် မရှိတဲ့ စကားကို ကြားလိုက်ရချိန် ရန်ကိုင် မျက်ခုံးပင့်မိလိုက်တယ်။ ထိုအခြင်းအရာကိုကြည့်ရင်း ကျိမို စိတ်ကျေနပ်သွားခဲ့ကာ သူမမျက်နှာထက်က အပြုံးက ပိုပြီးတောက်ပလာခဲ့တယ်။

‘‘ ငါသာနင့်ကို အသုံးဝင်တဲ့ သတင်းအချက်အလက် အချို့ပြောပြမယ်ဆိုရင် နင်ငါ့ကိုသွားခွင့်ပြုမှာလား ’’

လန်ရှန်းက ချက်ချင်းပဲ ဝင်ပြောလိုက်ပြီး သူမမျက်လုံးအစုံက ရန်ကိုင်ကို စိုက်ကြည့်ရင်း တလက်လက်

တောက်ပနေခဲ့တယ်။ ‘‘ အရေးကြီးတဲ့ သတင်းအချက်အလက်လား ’’ ကျိမိုလည်း ချက်ချင်းစိတ်ဝင်စား သွားခဲ့တယ်။

‘‘ အဲ့သတင်းက သူနဲ့ပက်သက်တာ ’’ လန်ရှန်းက အမူအရာကင်းမဲ့စွာဖြင့် ရန်ကိုင်ကို လက်ညိုးထိုးပြလိုက်တယ်။

စိတ်အေးလက်အေး ဖြစ်နေတဲ့ ရန်ကိုင်ခန္ဓာကိုယ်လည်း ချက်ချင်း တောင့်တင်းသွားခဲ့ပြီး သူ့ယွမ်ချီကို တိတ်တဆိတ် လှည့်ပတ်လိုက်တယ်။ ထိုတစ္ဆေဘုရင်တောင်ကြားက မိန်းကလေးတပည့်က ဘာပြောချင်နေလဲဆိုတာကို သူမသိပေမယ့် သူ့အတွက်အကျိုးရှိမယ့် အရာမဟုတ်ဘူးဆိုတာတော့

သူသိပါတယ်။

သားရဲတွေအများကြီး ဝိုင်းထားခြင်းခံရတဲ့အတွက် ထွက်ပြေးရတော့မယ်ဆိုရင်တော့ ယန်မီးတောက်တောင်ပံ

တွေကိုသာ အားကိုးပြီးထွက်ပြေးရပါလိမ့်မယ်။

‘‘ ငါ့ကိုအရင်ဆုံးကတိပေး ’’ လန်ရှန်းက ဈေးစစ်ဖို့ ကြိုးစားလိုက်တယ်။

‘‘ ငါနင့်ကို လွှတ်မပေးနိုင်ဘူး ’’ ကျိမိုက ဖြေးဖြေးချင်းခေါင်းခါလိုက်တယ်။ လန်ရှန်းကတော့ နဂိုလို အမူအရာ

ကင်းမဲ့စွာဖြင့် ရှိနေတုန်းပင်ဖြစ်ပြီး ကျိမိုဆက်ပြောမယ့်ဟာကို တိတ်တဆိတ်ဖြင့် စောင့်ဆိုင်းနေလိုက်တယ်။ တကယ်တော့ သူမလည်း ကျိမိုသူမကို လွှတ်ပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ။

‘‘ ဒါပေမယ့် ငါနင့်ကို ကောင်းကောင်း ဆက်ဆံပေးနိုင်တယ်။ အနည်းဆုံးတော့ ငါအရင်လို နင့်အပေါ် အကျိုးအမြတ် မယူတော့ဘူး’’

‘‘ နင်ပေးခဲ့တဲ့ကတိကို မှတ်ထားနော်။ မဟုတ်ရင် ငါသေရမယ်ဆိုရင်တောင် အဲ့လိုအရှက်ခွဲခံရတာမျိုး

ငါဆက်ပြီးငြိမ်ခံနေတော့မှာ မဟုတ်ဘူး ’’ သူမ၏ရည်ရွယ်ချက် ပြီးမြောက်သွားတာနဲ့ လန်ရှန်းက

ရန်ကိုင်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ် ‘‘ အဲ့လူက သန့်စင်တဲ့ယန်ကျင့်စဉ်ကို လေ့ကျင့်ထားတာ”

လန်ရှန်းက ရန်ကိုင်နှင့် အရင်တုန်းက တိုက်ခိုက်ဖူးတဲ့အတွက် ရန်ကိုင်က သန့်စင်တဲ့ယန်ချီကို လေ့ကျင့်ထားတယ်ဆိုတာ သူမသိထားပါတယ်။ ပြီးတော့ ယန်ချီဆိုတာမျိုးက ဝိဥာဉ်သန့်စင်ခြင်းအင်းဆက်တွေရဲ့ အိမ်မက်ဆိုးပါ။ ထို့ကြောင့် သူမရန်ကိုင်ကို မြင်လိုက်တာနဲ့ သူက ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာမဟုတ်ပဲ ဟန်ဆောင်နေခြင်းသာ ဖြစ်တယ်ဆိုတာကို ချက်ချင်း တန်းသိလိုက်တာပါ။

ရန်ကိုင်၏ လက်ရှိခွန်အားနဲ့ဆိုရင် သားရဲများစွာ ဝိုင်းထားခံရတဲ့ကြားထဲကနေ ကျိမိုကို နိုင်အောင်

တိုက်နိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သူမသိပါတယ်။ သူတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ သူသေသွားရမှာပါ။ သူသာသေသွားခဲ့ရင် ဘာမှပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ ဒါပေမယ့် သူမသာသူ့အစီအစဉ်ကိုသာ ထုတ်ဖော်ပြောလိုက်မယ်ဆိုရင် သူမအတွက် အကျိုးအမြတ် နည်းနည်းလောက် ရကောင်းရနိုင်ပါသေးတယ်။

ထို့ကြောင့် တစ်ခဏတာလောက် တုန့်ဆိုင်းနေပြီးနောက် ကျိမိုကိုပြောပြဖို့ ဆုံးဖြတ်လိုက်တာပါ။ ရန်ကိုင် ဘာဖြစ်ဖြစ် သူမဂရုမစိုက်ပါဘူး။ သူမအကျိုးကိုသာ သူမဂရုစိုက်ပါတယ်

ကျိမို၏အပြုံးက ရုတ်ချည်းပဲ အေးခဲသွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင်ကို အေးစက်စက်အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

သူမမျက်လုံးတွေကတော့ သတ်ဖြတ်လိုစိတ်တို့နဲ့ ပြည့်နေခဲ့ပါတယ်။

သူမလှည့်ကြည့်လိုက်တာနဲ့ တစ်ပြိုင်နက် ရန်ကိုင်က သူ့ကိုယ်ထဲက ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို အတင်းအကြပ် ထုတ်ယူလိုက်ပြီး သူ့လက်ချောင်းနှစ်ခုကြားထဲ ဖိထားရင်း ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်တယ်‘‘ ဒီအင်းဆက်မှာ နင့်ရဲ့နတ်ဘုရားစိတ်အာရုံ အမျှင်တန်းတစ်ခုရှိနေတယ်ဆိုတာ ငါသိတယ်။ အဲ့ဒါကြောင့်

နင်မခံစားချင်ရင် နာခံတာပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ဒီကောင်ကို ပြာအဖြစ် ပြောင်းပစ်လိုက်ဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး”

ကျိမိုအမူအရာ သုန်မှုန်သွားခဲ့ပြီး သူမ၏မျက်နှာလှလှလေးက ချင်းချင်းပဲ ဖြူလျော်သွားခဲ့တယ်။ အခုအချိန်၌ ရန်ကိုင် အမူအရာက မယုံနိုင်လောက်အောင်ကို တည်ငြိမ်နေခဲ့တယ်။ လန်ရှန်းကတော့ နင်တို့ဘာသာ နင်တို့ ဖြစ်ချင်ရာဖြစ်၊ ငါကတော့ အေးဆေးပဲဆိုတဲ့ ရုပ်နဲ့ ဘေးကနေ ရပ်ကြည့်နေခဲ့တယ်။

တစ်ခဏကြာပြီးနောက် ကျိမိုက ချက်ချင်းပြုံးလိုက်ပြီး

‘‘ ငါမပြင်ဆင်ထားတဲ့အချိန် အဲ့အင်းဆက်ကို

ပြာအဖြစ် နင်ပြောင်းလိုက်သင့်တာ။ အဲ့လိုဆိုရင် ငါ့ကိုတော်တော်လေး ထိခိုက်သွားစေနိုင်သေးတယ်။

နင်လွတ်တောင် လွတ်သွားနိုင်သေးတယ်။ ဒါပေမယ့် နင့်ရဲ့အကြီးမားဆုံး အမှားက င့ါကို ခြိမ်းခြောက်ဖို့ ကြိုးစားလိုက်တာပဲ ’’

‘‘ အိုး၊ ရှင်းပြပါဦး ’’ ရန်ကိုင်မျက်ခုံးပင့်လိုက်ပေမယ့် သူ့အမူအရာက ချက်ချင်းပဲ ပြန်လည် တည်ငြိမ်သွားခဲ့တယ်။ ကျိမိုက အေးစက်စက် လေသံနဲ့ ဆက်ပြောလိုက်တယ် ‘‘ အဲ့အင်းဆက်မှာ ငါ့ရဲ့ ကောင်းကင်စိတ်အာရုံအမျှင်တန်း တစ်ခုကို ရှိနေတယ်ဆိုတာကို နင်သိတယ်။ ဒါပေမယ့် အဲ့အင်းဆက်ကို ငါပြန်ယူလို့ရတယ် ဆိုတာကိုကော နင်သိလား ’’ ပြောပြီးတာနဲ့ချက်ချင်းပဲ ကျိမိုက အင်းဆက်မှာရှိနေတဲ့ သူမ၏နတ်ဘုရားစိတ်အာရုံ

အမျှင်တန်းကို ပြန်ခေါ်ဖို့ကြိုးစားလိုက်တယ်။

ဒါပေမယ့် ရန်ကိုင်က ကြောက်လန့်သည့် အရိပ်အယောင် မပြပဲ အဲ့ဒီအစားက ရယ်မောနေခဲပါတယ်။ သူ့ရယ်သံက

ပိုပြီးကျယ်လောင်လာခဲ့ပြီး နောက်ဆုံးမိုးချိန်းသံအလား ကျုယ်လောင်လာခဲ့တယ်။ ရန်ကိုင်ရဲ့ အကြောက်အလန့်

ကင်းတဲ့ ရယ်မောသံကိုကြားလိုက်တဲ့အချိန် တစ်ခုခု မှားယွင်းနေပြီဆိုတာ ကျိမိုသိလိုက်တယ်။ ထိုကောင်စုတ်က

အရမ်းကို တည်ငြိမ်လွန်းနေခဲ့တယ်။ အဲ့လိုမှမဟုတ်ရင် သူရူးသွပ်သွားတာပဲ ဖြစ်ရပါမယ်။ ဒါပေမယ့် သူ့ရဲ့

မောက်မာပြီး အထင်သေးတဲ့ အမူအရာကို ကြည့်ရုံနဲ့ သူရူးနေတာမဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။

သူ့နေရာမှာသာ အခြားတစ်ယောက်ဆိုရင် ထိုလူကို သူမ အစေခံလုပ်ပစ်ဖို့ ကျိမိုစိတ်ဝင်စားကောင်း

စိတ်ဝင်စားနိုင်ပါသေးတယ်။ ဒါပေမယ့် ထိုကောင်စုတ်က ယန်ယွမ်ချီကိုလေ့ကျင့်ထားတဲ့အတွက် သူ့ကို ထိန်းချုပ်နိုင်ဖို့ အခွင့်အရေး သူမမှာ တစ်ထောင်ပုံတစ်ပုံတောင် မရှိပါဘူး။ ထို့ကြောင့် ကျိမိုက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူမလက်ကို မြှောက်လိုက်ပြီး သားရဲကိုတွေအား ရန်ကိုင်ကိုတိုက်ခိုက်ရန်

အမိန့်ပေးဖို့လုပ်လိုက်တယ်။ ထိုအချိန်တွင် ရန်ကိုင်က ရယ်မောနေတာကို ရပ်တန့်လိုက်ပြီး ကျိမိုကို အေးစက်စက်ကြည့်ကာ လှောင်ပြောင်လိုက်တယ် ‘‘နင်ငါ့ကိုသတ်ချင်တယ်ပေါ့ ’’

‘‘ အား ’’ ကျိမိုက သူမခေါင်းကိုကိုင်ရင်း ရုတ်တရက် နာကျင်စွာဖြင့် အော်ဟစ်ကာ သူမတစ်ကိုယ်လုံးကလည်း ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့တယ်။ ထိုရုတ်တရက်ပြောင်းလဲသွားတဲ့ အဖြစ်အပျက်ကို မြင်လိုက်တာနဲ့ လန်ရှန်း အမူအရာ

အေးခဲသွားခဲ့တယ်။ နာကျင်စွာဖြင့် အော်ဟစ်ညီးတွားနေတဲ့ ကျိမိုကိုကြည့်ရင်း လန်ရှန်းမျက်လုံးတွေက

ထိတ်လန့်အံ့အာသင့်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ နောက်ဆုံး ရန်ကိုင်ကို ပြန်လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ရန်ကိုင်က အရင်လိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေတာကို သူမတွေ့လိုက်ရတယ်။

အဖြစ်အပျက်တစ်ခုလုံးက သူမအတွက် အရမ်းကို အိမ်မက်ဆန်လွန်းနေခဲ့ပါတယ်။ ဘာဖြစ်သွားခဲ့တာလဲ။ သူတို့နှစ်ယောက်ကြား ဘာတွေဖြစ်ပျက်သွားခဲ့တာလဲ။

သူတို့နှစ်ယောက်တိုက်ခိုက်နေတာကို လန်ရှန်းမတွေ့ခဲ့ရပါဘူး။ အဲ့အစား ရန်ကိုင်က ရယ်မောနေခဲ့ပြီး ကျိမိုက

သူမခေါင်းကို ကိုင်ကာ နာကျင်စွာအော်ဟစ်နေတာကိုပဲ သူမ တွေ့လိုက်ရပါတယ်။

‘‘ အား ’’ ကျိုမို၏ ရုတ်တရက်ပြောင်းလဲသွားမှုက သားရဲတွေကို အချက်ပေးလိုက်သလို ဖြစ်သွားခဲ့တယ်။

အချို့သားရဲတွေက အစွယ်တကားကားဖြင့် မာန်ဖီရင်း သားရဲတွေက ရန်ကိုင်ဆီတစ်လှမ်းချင်း တစ်လှမ်းချင်း တိုးသွားလိုက်ကြတယ်။

‘‘ နင့်သားရဲတွေကို ပြန်ဆုတ်ဖို့အမိန့်ပေးလိုက်။ မဟုတ်ရင် နင့်စိတ်ဝိဉာဉ်ကို ဖျက်ဆီးပြီး နင့်ကိုအရူးတစ်ယောက်

ဖြစ်အောင် ငါလုပ်ပစ်လိုက်မယ် ’’ ရန်ကိုင်က ခြိမ်းခြောက်လိုက်တယ်။

သူမ၏စိတ်ဝိဉာဉ်တစ်ခုလုံး တစ်စစီဆုတ်ဖြဲခံနေရသလို ခံစားနေခဲ့ရတဲ့အတွက် ကျိမိုလည်း တုန့်ဆိုင်း

မနေရဲတော့ပဲ သားရဲတွေကို နောက်ဆုတ်ဖို့ ချက်ချင်းပဲ အမိန့်ပေးလိုက်တယ်။ သားရဲတွေအားလုံးလည်း ကျိမိုကို

ကြည့်ရင်း မီတာတစ်ထောင်အကွာအဝေးကို ပြန်ဆုတ်သွားခဲ့ကြတယ်။

‘‘ ရွေးချယ်တာ ကောင်းတယ် ’’ ရန်ကိုင်က ရှေ့တိုးလိုက်ပြီး ကျိမိုဆံပင်ကို ဆွဲကာ သူမအား လေထဲမြှောက်လိုက်တယ်။ ထိုရက်စက်ပြီး ကြမ်းကြုတ်တဲ့ အပြုအမူက လန်ရှန်း ကျောရိုးတစ်လျှောက်ကို စိမ့်တက်သွား စေခဲ့ပြီး သူမလည်း အလိုလို ခြေလှမ်းအနည်းငယ် နောက်ဆုတ်မိလိုက်တယ်။

‘‘ အဲ့မှာပဲနေစမ်း၊ သူမကိစ္စပြီးမှ နင်နဲ့ဆက်ရှင်းမယ် ’’ ရန်ကိုင်၏ အေးစက်စက်အကြည့်က သူမ၏ခြေလှမ်းတွေကို ရပ်တန့်သွားစေခဲ့ပြီး သူမတစ်ကိုယ်လုံးအား ကြောက်ရွံ့မှုဖြင့် အေးခဲသွားစေခဲ့တယ်။

လွန်ခဲ့တဲ့နှစ်ဝက်… သူမနှင့်သူမ၏စီနီယာအစ်ကိုတို့ ထိုကောင်းကင်စံအိမ်တပည့်ကို ဝိုင်ထားတဲ့အချိန်တုန်းက

ရန်ကိုင်ဆိုတာ ချီသန့်စင်ခြင်းအဆင့်၃မှာသာရှိသေးတဲ့ အားနည်းတဲ့ ကျင့်ကြံသူတစ်ယောက်ပါ။

ထိုအချိန်တုန်းက သူ့အနေနဲ့ သူမတို့လက်ကနေ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခွေးတစ်ကောင်လို အမြီးကုတ်ပြီး

ထိတ်လန့်တကြား ထွက်ပြေးခဲ့ရတာပါ။

ဒါပေမယ့် အခုသူတို့ နောက်တစ်ကြိမ် ပြန်တွေ့တဲ့အချိန်မှာတော့ သူကတန်းလန်မင်းဆက်က မြွေဟောက်လို ကောင်မကို အလွယ်တကူ ရိုက်နှက်ဖမ်းဆီးနေနိုင်ခဲ့လေပြီ။ ကျိမို ဘယ်လောက်မောက်မာပြီး မာနကြီးလဲဆိုတာ လန်ရှန်းသိပါတယ်။ သူမရဲ့ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက် အကူအညီဖြင့် သားရဲများစွာနဲ့ ကျင့်ကြံသူတွေကို သူမကျွန်အဖြစ် ခိုင်းစေနိုင်ပါတယ်။

ဒီသီးခြားကမ္ဘာကြီးထဲမှာဆိုရင် သူမ၏ခွန်အားက

အတိုင်းထက်အလွန်ပါပဲ။ ဒါပေမယ့် သူမလိုလူမျိုးတောင် လက်ဖက်ရည် ခွက်တစ်ဝက်စာလောက် အချိန်အတွင်းမှာပဲ ရန်ကိုင်လို ကောင်စုတ်ရှေ့ သနားညှာတာပေးဖို့ တောင်းဆိုနေခဲ့ပါတယ်။

ထိုမွန်းစတားကောင်ကို သူမအကျိုးအမြတ်အတွက် ရောင်းစားခဲ့တာကို ပြန်တွေးရင်း ကြောက်ရွံ့မှုကြောင့်

လန်ရှန်း ပြိုလဲကျလုမတတ် ဖြစ်သွားခဲ့တယ်။ အခြေအနေတွေ ပြောင်းလဲသွားတာ အရမ်းကို မြန်ဆန်လွန်းနေခဲ့ပါတယ်။

ကျိမိုရဲ့ အော်ဟစ်သံက တဖြည်းဖြည်း ရပ်တန့်သွားခဲ့တယ်။ သူမတစ်ကိုယ်လုံး ချွေးတွေဖြင့် စိုရွှဲနေခဲ့ပြီး သူမ၏ မို့မောက်နေတဲ့ ကောက်ကြောင်းအဖြာဖြာက အထင်းသား ပေါ်ထွက်နေခဲ့တယ်။ သူမမျက်နှာက မကျေနပ်မှုဖြင့် ပြည့်နေခဲ့ပြီး ခေါင်းမာစွာဖြင့် ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။ မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်က သူမမျက်လုံးဆီကနေ အထင်းသားထွက်ပေါ်နေခဲ့တယ်။

‘‘ ကြည့်ရတာ…ဘယ်သူကဆရာလဲဆိုတာ နင်အခုထိ နားမလည်းသေးတဲ့ပုံပဲ ’’ ရန်ကိုင်က သူမမျက်နှာကို

ဖျတ်ရိုက်ချလိုက်ပြီး မြေကြီးပေါ်ကို ပစ်ပေါက်လိုက်တယ်။ ကျိမို၏အော်ဟစ်သံနောက်တစ်ကြိမ်

ထွက်ပေါ်လာခဲ့ပြီး ဒီတစ်ကြိမ်ကတော့ အရင်အကြိမ်ကထက် ပိုပြီး နာကျင်ခံစားနေရသည့်ပုံပါပဲ။

နာကျင်စွာအော်ဟစ်ရင်း မြေပြင်ပေါ်ထက် ကျိမို လူးလှိမ့်နေခဲ့တယ်။ သူမပုံစံအရ ကမ္ဘာပေါ်မှာရှိတဲ့ အရက်စက်ဆုံးသော နှိပ်စက်မှုကို ခံစားနေရတဲ့ ပုံစံပါပဲ။ သူမအော်သံကို ကြားလိုက်တာနဲ့ လန်ရှန်း ကျောရိုးတစ်လျှောက်လုံး စိမ့်တက်သွားခဲ့ရတယ်။

‘‘ မလုပ်ပါနဲ့.. မလုပ်ပါနဲ့တော့… ငါတောင်းပန်ပါတယ်… ရပ်ပါတော့ ’’ ကျိမိုက နာကျင်မှုကိုတောင့်ခံရင်း ရန်ကိုင်ရှေ့ကို မရောက်ရောက်အောင်သွားကာ သူ့ခြေကျင်းဝတ်ကို သူမ၏ ဖြူလျော်နေတဲ့လက်ဖြင့် လှမ်းကိုင်လိုက်တယ်။ သူမ၏ဆံပင်တွေက ဖရိုဖရဲဖြစ်နေခဲ့ပြီး သူမမျက်နှာတစ်ခုလုံး ချွေးတွေဖြင့်

စိုရွှဲနေခဲ့ကာ နှိမ့်ချနာခံစွာဖြင့် ရန်ကိုင်ကို မော့ကြည့်လိုက်ပြီး တုန်တုန်ရီရီဖြင့် တောင်းဆိုလိုက်တယ်

‘‘ ငါနင့်ကို နာခံပါ့မယ်။ နင်လုပ်စေချင်တာ မှန်သမျှကို ငါလုပ်ပေးပါ့မယ်။ ကျေးဇူးပြုပြီးတော့…. အဲ့ဒါကို ရပ်လိုက်ပါတော့ ’’

Martial Peak

အပိုင်း (၂၃၉)

ရန်ကိုင်က ထိုင်ချလိုက်ပြီး အေးအေးသက်သာဖြင့် သူမကိုကြည့်ကာ မေးလိုက်တယ် ‘‘ နင်တကယ်ပဲ ငါ့ပြောတာကို နာခံမှာလား ’’

ကျိမိုက ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်တယ်။ သူမခံစားခဲ့ရတဲ့ နာကျင်မှုက သူမအား သေတာက အသက်ရှင်လျက် နှိပ်စက်ခံရတာထက် ပိုကောင်းတယ်ဆိုတဲ့ ခံစားချက်ကို ခံစားသွားစေခဲ့တယ်။ ဒါပေမယ် ထိုခံစားချက်ကို

သူမမခံစားနိုင်ပါဘူး။ ဘယ်သူမှလည်း ခံစားနိုင်လိမ့်မည် မဟုတ်ပါဘူး။ ထိုကိစ္စက သူမရဲ့စိတ်ဆန္ဒ၊ ဆုံးဖြတ်ချက်နှင့်

ဘာမှမဆိုင်ပါဘူး။ ရန်ကိုင်ကသာ အရမ်း ရက်စက်ကြမ်းကြုတ် နေခဲ့တာပါ။

‘‘အဲ့လိုဆိုရင် နောက်ပိုင်းငါ့ကို နာခံပါမယ်လို့ ကျိန်ဆို ’’ ရန်ကိုင်က သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး သူမမေးစေ့ကို မော့လိုက်တယ်။ ရက်စက်မှုဖြင့် ပြည့်နေသည့် မျက်ဝန်းအစုံဖြင့် သူမမျက်ဝန်းထဲ စူးစိုက်ကြည့်နေခဲ့တယ်။

ကျိမိုလည်း မျက်ရည်တို့ စွန်းခြောက်ထင်နေသည့် သူမမျက်နှာပေါ်ထက် အပြုံးတစ်ခုကို အားတင်းဖျစ်ညစ် ပြုံးလိုက်ပြီး ပြောလိုက်တယ် ‘‘ငါနင့်ကို နာခံပါ့မယ်လို့ ကျိန်ဆိုတယ်’’

ရန်ကိုင်လည်း မိစ္ဆာဆန်ဆန်ပြုံးလိုက်ပြီး လက်ချောင်းတစ်ချောင်း ဆန့်ထုတ်ကာ သူမ၏နီရဲနေတဲ့ ပါးစပ်စပ်သေးသေးလေးထဲ ထိုးထည့်ပြီး သူမ၏လျှာလေးအား ဆော့ကစားလိုက်လေသည်။

ကျိမိုက ရန်ကိုင်ကို မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကြည့်လိုက်ပေမယ့် မကျေနပ်မှုအနည်းငယ်ကိုမျှ

ထုတ်ဖော်မပြရဲခဲ့ပါဘူး။ သူမ၏အမူအရာကို ချက်ချင်းပဲ ပြင်ဆင်လိုက်ပြီး နာခံစွာဖြင့် သူမ၏လျှာကိုသုံးကာ

ရန်ကိုင်၏လက်ချောင်းအား ပြန်ဆော့ကစားပေးလိုက်တယ်။

သူမက ထိုနေရာတွင် တကယ်ကျွမ်းကျင်ပါတယ်။ မဟုတ်ရင် လန်ရှန်းကို ဆော့ကစားတုန်းက သူမကို အသိစိတ် လွတ်သွားအောင် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပါဘူး။

သူမ၏လျှာကလေးဖြင့် ရန်ကိုင်လက်ချောင်းအား ကျွမ်းကျင်စွာ ဆော့ကစားပေးနေခဲ့တယ်။ တစ်ခါတစ်ရံ တင်ကြပ်သလို တစ်ခါတစ်လေ လျော့ရဲစွာဖြင့် ဆော့ကစားပေးနေခဲ့တယ်။ သိပ်မကြာခင်မှာပဲ ကျိမိုအောက်ပိုင်းက စိတ်လှုပ်ရှားမှုကြောင့် စိုရွှဲလာခဲ့ပြီး သူမ၏အသက်ရှုသံကလည်း ကြမ်းတမ်းလာခဲ့ကာ ရမက်သွေးကြွဖွယ် ညည်းလိုက်တယ်။

လန်ရှန်းလည်း အခြားတစ်ဖက်ကို ခပ်မြန်မြန်လှည့်လိုက်ပြီး ကျိန်ဆဲလိုက်တယ် ‘‘ အရှက်မရှိလိုက်တာ ’’ ရန်ကိုင်က သူမကိုကြည့်ပြီး လှောင်ပြောင်လိုက်ကာ သူ့လက်ကို ကျိမိုပါးစပ်ကနေ ပြန်ဆွဲထုတ်လိုက်ပြီး သူမ၏အကျီင်္ဖြင့် ပြန်သုတ်လိုက်တယ်။ ထို့နောက် သူမပါးကို ကြမ်းကြမ်းရမ်းရမ်း

ဆွဲညစ်လိုက်တယ်။ ကျိမို၏မျက်လုံးများထက် မျက်ရည်များဖြင့် ဝဲတက်လာခဲ့ကာ နှုတ်ခမ်းဆူ ပါးလေးမို့ရင်း ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။

‘‘ နင်ဟန်ဆောင်နေတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် နင့်လုပ်တာကောင်းတယ် ’’ ရန်ကိုင်က သူမကိုကြည့်ပြီး လှောင်ပြောင်လိုဟန်ဖြင့် ပြောလိုက်တယ်။

ကျိမိုက ရယ်မောလိုက်ပြီး ‘‘ ငါတို့တန်းလန်မင်းဆက်က မိန်းမတွေက ခွန်အားကို အားလုံးထက်ပိုပြီး လေးစားတယ်။ နင်က သန်မာတယ်။ အဲ့ဒါကြောင့် ငါနင့်ကိုစိတ်ဝင်စားသွားတာက သာမန်ပဲလေ ’’

‘‘ ငါ့ရဲ့ချီသန့်စင်ခြင်းအဆင့်က အားကောင်းတယ်ပေါ့ ’’ ရန်ကိုင်က ရယ်မောကာ ပြန်ပြောလိုက်တယ်။

ကျိမို၏ ပြုံးနေတဲ့မျက်နှာ တွန့်သွားခဲ့ပေမယ့် ချက်ချင်းပဲ အမူအရာ ပြန်ထိန်းလိုက်ပြီး ‘‘ နင့်အဆင့်က အရာအားလုံးမှ မဟုတ်တာ။ နင်က အရမ်း ငယ်သေးတယ်လေ။ အချိန်လုံလုံလောက်လောက်သာ ရှိမယ်ဆိုရင် အားလုံးထက် နင်ပိုပြီးသန်မာလာနိုင်တယ်လေ’’

‘‘ ဟားဟားဟား…. အပြောကောင်းတယ်။ အဲ့ဒါမျိုးမှ

ငါကြိုက်တာ ’’ ရန်ကိုင်က ရယ်မောရင်း မတ်တပ်ရပ်လိုက်ပြီး သူမကိုအမိန့်ပေးလိုက်တယ် ‘‘ မတ်တပ်ရပ် ’’

‘‘ ဟုတ်ကဲ့ပါ ’’ ကျိမိုလည်း မတ်တပ်ရပ်လိုက်ပြီး သူမ၏အဝတ်အစားကို သပ်ရပ်အောင် လုပ်လိုက်တယ်။

လန်ရှန်းနှင့် ဂျင်ဟောင်ရှေ့တွင် ဆရာတစ်ယောက်လို ပြုမူခဲ့ပေမယ့် ရန်ကိုင်ရှေ့မှာတော့ နာခံတဲ့အစေခံ တစ်ယောက်လို ပြုမူနေခဲ့ရပြီး တစ်ချက်ကလေးတောင် အထွန့်မတက်ရဲခဲ့ပါဘူး။ ရန်ကိုင်နှိပ်စက်တာကို တစ်ကြိမ် ခံစားပြီးနောက်မှာတော့ ထိုခံစားမှုမျိုး သူမနောက်တစ်ကြိမ် ထပ်ပြီမခံစားချင်တော့ပါဘူး။

ကျိမိုကိစ္စပြီးတာနဲ့ ရန်ကိုင်က လန်ရှန်းဘက်လှည့်လိုက်ပြီး ချိုမြိန်စွာနဲ့ ပြုံးပြလိုက်တယ်။ လန်ရှန်း အမူအရာက တစ်မျိုးကြီးဖြစ်နေခဲ့ပြီး သူမ၏အမူအရာထဲ ရှက်ရွံ့မှု၊ ဒေါသ၊ အရှက်ခွဲခံရမှုနှင့် မလိုလားမှုတို့ ရောထွေး နေခဲ့တယ်။ သူမနှင့်ရန်ကိုင်ကြားက မကျေနပ်ချက်တွေကို ဘေးဖယ်ထားရင်တောင် အစောပိုင်းတုန်းက သူမ အကျိုးအမြတ်အတွက် ရန်ကိုင်ကို ရောင်းစားတာက သူမကို သေဒဏ်ပေးဖို့ လုံလောက်နေခဲ့ပါပြီ။

သူမလက်ဦးမှုယူပြီး ရောင်းစားဖို့ ကြိုးစားခဲ့တဲ့လူက အခု သူမရဲ့ သေခြင်း၊ရှင်းခြင်းကို ဆုံးဖြတ်နိုင်နေခဲ့ပါပြီ. စကားပုံတစ်ခုလိုပဲ မြစ်တစ်စင်းက အရှေ့ဘက်ကို နှစ်သုံးဆယ်စီးဆင်းသလို အနောက်ဘက်ကိုလည်း နှစ်သုံးဆယ်စီးဆင်းတယ်တဲ့။ နှစ်သုံးဆယ်ဆိုတာက လက်တစ်ဖျောက်အတွင်း ကုန်ဆုံးသွားမှာပါ။

ကျိမိုက ရန်ကိုင်ကို ကြည့်လိုက်တယ်။ ထို့နောက် လန်ရှန်းကို ပြန်လှည့်ကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်

‘‘ သူမအသက်ကို နင်လိုချင်လား။ ငါသူမကို အသာလေး သတ်ပစ်လိုက်လို့ ရတယ် ’’

ကျိမိုက ထက်မြက်တဲ့ မိန်းမတစ်ယောက်ပါ။ ရန်ကိုင်ရဲ့ သတ်ဖြတ်လိုစိတ်ကို သူမခံစားမိတာနဲ့ ချက်ချင်းပဲ မေးလိုက်တယ်။

လန်ရှန်း၏အမူအရာ သုန်မှုန်သွားခဲ့ပြီး ချက်ချင်းပဲ အလျင်စလို နောက်ဆုတ် လိုက်ကာ ရန်ကိုင်နှင့်ကျိမို့ကို သတိအပြည့်ဖြင့် ကြည့်နေလိုက်တယ်။

ရန်ကိုင်ကသာ သူမကို သေချင်တယ်ဆိုရင် သေရမယ့် အတူတူတော့ သူတို့ကို ထိခိုက်သွားအောင်တော့ တိုက်ခိုက်ရမှာပါ။ ဒါပေမယ့် တစ်ခဏကြာ တိတ်ဆိတ်ပြီးနောက် ရန်ကိုင်က ခေါင်းခါလိုက်တယ်။ လန်ရှန်းလည်း သက်ပြင်းအမောကြီး ချလိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် ရန်ကိုင်ကို ကြည့်လိုက်ပြီး မေးလိုက်တယ် ‘‘ ဘာလို့လဲ ’’

‘‘ ဘာ ‘ဘာလို့လဲ’ လဲ ’’ ရန်ကိုင်က စိတ်မရှည်စွာဖြင့် ပြန်ပြောလိုက်တယ်။

‘‘ နင်ဘာလို့ငါ့ကိုသွားခွင့်ပြုတာလဲ ’’ လန်ရှန်း သူမနှလုံးသားထဲက သံသယတွေကို ဖုံးဖိမထားနိုင်တော့ပါဘူး။

‘‘ ငါတို့အကြီးအကဲတွေကြားမှာ မကျေနပ်ချက်တွေရှိသလို ငါ့တို့ကြားမှာလည်း မကျေနပ်ချက်တွေ ရှိတယ်။ နင်က ငါ့ကိုသွားခွင့်ပေးမယ့် လူကောင်းတစ်ယောက်ဆိုတာကို ငါမယုံဘူး။ အခုငါ့အသက်က နင့်လက်ထဲ မှာလေ ’’

‘‘ တကယ်တော့ ငါကအရမ်းကို ကြင်နာတဲ့လူတစ်ယောက်လေ။ အဲ့ဒါမလုံလောက်သေးဘူးလား ’’ ရန်ကိုင်က

ရယ်မောရင်း ပြန်ပြောလိုက်တယ်။

ကျိမိုခဗျာ ပြိုလဲကျလုမတတ်ဖြစ်သွားခဲ့ပြီး လန်ရှန်းကတော့ လှောင်ပြောင်ပြောလိုက်တယ် ‘‘နင်သာ

ကြင်နာတတ်တဲ့ လူတစ်ယောက်ဆိုရင် ငါ့ကိုယ်ထဲမှာရှိတဲ့ ဝိဉာဉ်ထိန်ချုပ်ခြင်းအင်းဆက်ကို ဖယ်ရှားပေးဖို့ သူမကို အမိန့်ပေးလိုက်သင့်တယ်။ ငါ့ကို အခုမသတ်ဘူးလို့ နင်ပြောတယ်။ ဒါပေမယ့် ငါ့သေခြင်း၊ရှင်ခြင်းကို ထိန်းချုပ်နိုင်တဲ့ စွမ်းအားကို နင်ဆုပ်ကိုင်ထားတုန်းပဲမလား။ အဲ့ဒါလား… လူကောင်းတစ်ယောက်

လုပ်မယ့်အလုပ်မျိုး ’’

‘‘ ငါ့ကိုမေးခွန်းထုတ်ဖို့ နင့်မှာဘာအရည်အချင်းရှိလို့လဲ ’’ ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး ‘‘ တစ္ဆေဘုရင်တောင်ကြားတပည့် တစ်ယောက်ဖြစ်တဲ့နင်ကကော လူကောင်းတစ်ယောက် ဟုတ်လို့လား ’’

လန်ရှန်းက ပြန်ပြောလိုက်တယ် ‘‘ ငါလူကောင်းတစ်ယောက်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး ’’

‘‘ နင်လျှာစောင်းထက်တာပဲ ’’ ရန်ကိုင်က ချောင်းဟန့်လိုက်ပြီး ကျိမိုကိုကြည့်ကာ အမိန့်ပေးလိုက်တယ် ‘‘ နင့်အင်းဆက်ကို ပြန်ထုတ်လိုက်။ လူကောင်းတစ်ယောက်က ဘယ်လိုမျိုးလဲဆိုတာ သူမသိသွားစေရမယ် ’’

ကျိမိုက ရန်ကိုင်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်တယ်။ ရန်ကိုင် အခုလိုဆုံးဖြတ်ချက်မျိုး ချလိမ့်မယ်လို့ သူမတစ်ခါမှ မတွေးထင်ဖူးခဲ့ချေ။ သူကငတုံးလား…ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက် မရှိတော့ရင် အဲ့မိန်းမကို သူဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်တော့မှာလဲ

ရန်ကိုင်ပြောတဲ့ စကားကိုကြားပြီးနောက် လန်ရှန်းတောင် တစ်ခဏတာ ကြောင်အသွားခဲ့တယ်။ သို့ပေမယ့်

သိပ်မကြာခင်မှာပဲ သူမမျက်နှာတစ်ခုလုံး အပြုံးပန်းတွေ ပွင့်လန်းလာခဲ့တယ်။ ‘‘ ငါ့ကိုထပ်ပြောရအောင် မလုပ်နဲ့ ’’

ရန်ကိုင်က ကျိမိုကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။ ကျိမိုလည်း လှောင်ပြုံးသား ပြုံးနိုင်ပြီး လန်ရှန်းဆီ လမ်းလျှောက်သွားလိုက်တယ်။ သူမနှင့် လန်ရှန်းကြားတွင် ကွာခြားချက်ကြီး တစ်ခုရှိနေခဲ့ပါတယ်။ လန်ရှန်းနှင့်ရန်ကိုင်ကြားတွင် မကျေနပ်ချက်တွေ ရှိပေမယ့် နောက်ဆုံးတော့ သူတို့နှစ်ယောက်စလုံးက ဟန်မင်းဆက်က ကျင့်ကြံသူတွေပဲလေ။

‘‘ နင်ကံကောင်းတယ် ’’ ကျိမိုက လန်ရှန်းကို မနာလိုသံဖြင့် တိုးတိုးလေး ပြောလိုက်တယ်။ ထို့နောက် သူ့မလက်ကို လန်ရှန်း

ဝမ်းဗိုက်ဆီဆန့်ထုတ်လိုက်ပြီး အားရုံစိုက်ကာ သူမ၏ချီစွမ်းအင်ကို ပို့လွှတ်လိုက်တယ်။

တစ်ခဏကြာပြီးနောက် လန်ရှန်းအမူအရာ ဖြူလျော်သွားခဲ့ပြီး လေချဉ်တစ်ချက်တက်လိုက်ကာ သူမပါးစပ်ဆီကနေ အင်းဆက်တစ်ကောင်ကို ထွေးထုတ်လိုက်တယ်။

ကျိမိုလည်း သူမအင်းဆက်ကို ချက်ချင်းကောက်ယူလိုက်ပြီး လန်ရှန်းကတော့ အဆက်မပြတ် အော့အန်နေခဲ့တယ်။ သူမ၏လွတ်လပ်မှုကို ပြန်ရတာနဲ့ လန်ရှန်းခဗျာ အံ့အားလည်း အံ့အားသင့်သွားသလို စိတ်လည်းရှုပ်သွားရတယ်။

‘‘ နင်ဂျင်ဟောင်ကို သတ်လိုက်တာလား ’’ တစ်ခဏကြာပြီးနောက် လန်ရှန်းကမေးလိုက်တယ်။

‘‘ အင်း ’’ ရန်ကိုင် ခေါင်းညိတ်လိုက်သည်။

‘‘ နင်လက်စားချေချင်တယ်ဆိုရင် ငါနင့်ကိုအခွင့်အရေးတစ်ခု

ပေးမယ် ’’

‘‘ အဲ့သူတောင်းစားအတွက် ငါလက်စားချေမှာမဟုတ်ဘူး ’’ လန်ရှန်းက ဖြေးဖြေးချင်းခေါင်းခါ လိုက်ပြီး သူမမျက်လုံးထဲ ရက်စက်သည့် အရိပ်အယောင် ဖြတ်ပြေးသွားခဲ့ကာ အေးစက်စက်ပြုံးရင်း ရန်ကိုင်ကို သူမလက်ဝါးဖြင့် လှမ်းရိုက်လိုက်တယ် ‘‘ ဒါပေမယ့် နင်ငါ့ကို တကယ်လွှတ်ပေးလိမ့်မယ်လို့ ငါမယုံဘူး ’’

သူမလက်ဝါးဆီကနေ တစ္ဆေမျက်နှာတစ်ခု ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ခန္ဓာကိုယ်ထဲ တိုးဝင်ပျောက်ကွယ် သွားခဲ့တယ်။ ထိုတစ္ဆေမျက်နှာက တစ္ဆေဘုရင်တောင်ကြားရဲ့ အားအကောင်းဆုံး တိုက်ကွက်ဖြစ်တဲ့ တစ္ဆေဘုရင် တံဆိပ်တော်ပဲ ဖြစ်ပါတယ်။

ကျိမို၏အမူအရာ သုန်မှုန်သွားခဲ့ပြီး လန်ရှန်းဆီပြေးဝင်ဖို့ လုပ်လိုက်ပေမယ့် ရန်ကိုင်က လက်မြှောက်ပြီး

သူမကိုတားထားလိုက်တယ်။ ‘‘ နင်……’’ လန်ရှန်းက ရန်ကိုင်ကို ထိတ်လန့်တကြား ကြည့်ရင်း အလျင်စလို နောက်ဆုတ်လိုက်တယ်။

တစ်ယောက်ယောက်သာ တစ္ဆေဘုရင်တံဆိပ်တော် ထိန်းချုပ်တာ

ခံရပါက ဆက်ပြီးတော့ လှုပ်ရှားမှုတွေ လုပ်နိုင်တော့မည် မဟုတ်ပါဘူး။ တစ္ဆေဘုရင် တံဆိပ်တော်ထဲ ပါဝင်နေတဲ့ နာကျည်းမုန်းတီးမှုတို့ဖြင့် ပြည့်နေသည့် ဝိဥာဉ်အကြွင်းအကျန်က ထိုလူရဲ့ အသစိတ်ကို ဖျက်စီးပြီး သူ့ခန္ဓာကိုယ်ပို အပိုင်သိမ်းသွားလိမ့်မှာပါ။

သူမရဲ့ အခြေအနေကို လန်ရှန်း ကောင်းကောင်း နားလည်ထားပါတယ်။ အန္တရာယ်တွေပြည့်နေတဲ့ ဒီသီးခြားကမ္ဘာကြီး

ထဲမှာ သူမရဲ့ လွတ်လပ်မှုကို ပြန်ရမယ်ဆိုရင်တောင် သူမမှာ အသက်ရှင်နိုင်ချေ သိပ်မရှိပါဘူး။

သူမသာ တန်းလန်မင်းဆက်က ကျင့်ကြံသူတွေနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင် အသတ်ခံရင် အသတ်ခံရ၊

မဟုတ်ရင် ကွှန်အဖြစ် ဖမ်းဆီးခြင်း ခံရလိမ့်မှာပါ။ အားလုံးကို သေချာစဉ်းစားပြီးနောက် ရန်ကိုင်၏အသိစိတ်ကို ဖျက်စီးပြီး သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ လန်ရှန်း ဆုံးဖြတ်လိုက်တယ်။

ရန်ကိုင်ကို ထိန်းချုပ်ထားနိုင်တာက ကျိမိုကို ထိန်းချုပ်ထားနိုင်တာနဲ့ အတူတူပါပဲ။ ဒါပေမယ့် အခုသူမရဲ့ တစ္ဆေဘုရင် တံဆိပ်တော်က ရန်ကိုင်အပေါ်၌ နည်းနည်းလေးတောင် အကျိုးသက်ရောက်မှု မရှိတာကို တွေ့လိုက်ရချိန်မှာတော့ လန်ရှန်လည်း အံ့အားမသင့်ပဲ မနေနိုင်တော့ပါဘူး။

‘‘ နင်က မိန်းမကောင်းတစ်ယောက် မဟုတ်ဘူးပဲ ’’ ရန်ကိုင်က ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။ လန်ရှန်းရဲ့ ရည်ရွယ်ချက်တွေကို သူကြိုမြင်ပြီးနှင့်နေပါပြီ။ သူမကို လွှတ်ပေးလိုက်တာက သူမရဲ့ တစ္ဆေဘုရင် တံဆိပ်တော်အား သူ့အပေါ် အသုံးပြုစေချင်လို့ပါပဲ။

‘‘ငါ့ရဲ့တစ္ဆေဘုရင် တံဆိပ်တော်ကို နင်ဘာလုပ်လိုက်တာလဲ ’’ လန်ရှန်းက မေးလိုက်တယ်။

‘‘ နင်ပြန်လိုချင်တယ်ပေါ့။ ကောင်းပြီ…ယူလိုက် ’’ ရန်ကိုင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ်။ တစ္ဆေမျက်နှာနဲ့ ဝိဉာဉ်က ရန်ကိုင်ခန္ဓာကိုယ်ထဲကနေ ပြန်ထွက်ပေါ်လာခဲ့ပြီး လန်ရှန်းဆီ

ပြန်သွားလိုက်တယ်။

လန်ရှန်းလည်း ဆက်မနေရဲတော့ပဲ ချက်ချင်း တောအုပ်ထဲကို ပြေးဝင်သွားလိုက်တယ်။ ဘေးကနေ

ငြိမ်ငြိမ်လေး ရပ်ကြည့်နေတဲ့ ကျိမိုက မနေနိုင်တောတဲ့ အဆုံး ကောက်မေးလိုက်တယ် ‘‘နင်သူမကို တကယ်လွှတ်ပေးဖို့ စီစဉ်နေတာလား။ သူမက အခုပဲနင့်ကိုသတ်ဖို့ ကြိုးစားခဲ့တာနော် ’’

‘‘ ငါ့ကိုသတ်ဖို့လုပ်တဲ့ လူအားလုံး တစ်ခုခုတော့ အမြဲတမ်း ပေးဆပ်ရတာပဲ ’’ ရန်ကိုင်က ရက်စက်စွာ ပြုံးရင်း သူ့အသံပျောက်ကွယ်သွားတာနဲ့ လန်ရှန်းလည်း နာကျင်စွာ အော်ညည်းရင်း မြေပေါ်လဲကျသွားခဲ့တယ်။ ထိုရင်းနှီးတဲ့ အသံကို ကြားလိုက်တာနဲ့ ကျိမိုတစ်ကိုယ်လုံး တုန်ရီသွားခဲ့တယ်။

သိပ်မကြာခင်ကပဲ ထိုနှိပ်စက်မှုကို သူမခံစားခဲ့ရတာပါ။ ထိုသည်းမခံနိုင်လောက်တဲ့ နာကျင်မှုက အသက်ရှင်နေရမယ့်အစား သတ်ပေးပါလို့ တောင်းဆိုရတဲ့အထိ ကြောက်မက်ဖွယ် ကောင်းလှပါတယ်။

သူဘယ်လို လုပ်လိုက်တာလဲ ကျိမိုလုံးဝကို မစဉ်းစားနိုင်အောင် ဖြစ်သွားခဲ့ရတယ်။

လန်ရှန်းခံစားရတဲ့ နာကျင်မှုက ကျိမိုခံစားခဲ့ရတာထက် ပိုပြီးရက်စက်ပြင်းထန်ပါတယ်။ အမွှေးတိုင်တစ်တိုင်စာလောက် ကြာသွားတော့မှပဲ သူမအော်ညည်းနေတာ ရပ်တန့်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လန်ရှန်း သတိလစ်သွားတာကြောင့်ပါပဲ။

ရန်ကိုင်က အေးစက်စက် လေသံနဲ့ အမိန့်ပေးလိုက်တယ်

‘‘ သူမကိုပြန်ခေါ်လာခဲ့ ’’

‘‘ ဟုတ်ကဲ့ပါ ’’ ကျိမိုလည်း ခပ်မြန်မြန်ပဲ သတိလစ်နေတဲ့ လန်ရှန်းကို ရန်ကိုင်ဆီ ပြန်ခေါ်လာခဲ့တယ်။

တစ်ကိုယ်လုံး ချွေးလုံးလုံးစို့နေတဲ့ လန်ရှန်းကိုကြည့်ရင်း သူမစိတ်ထဲ ရဲဘော်ရဲဘက်စိတ် ဖြစ်ပေါ်လာခဲ့တယ်။

‘‘ ငါအားပြန်ဖြည့်လိုက်ဦးမယ်။ ငါ့ကိုလာမနှောက်နဲ့ ’’ ရန်ကိုင်က အခြားတစ်ဖက်ကို သွားလိုက်ပြီး တင်ပလင်ခွေထိုင်ကာ စတင် အားပြန်ဖြည့်ပါတော့တယ်။

နေ့တစ်ဝက်လောက် ကြာပြီးနောက် လန်ရှန်းနိုးလာခဲ့တယ်။ သို့ပေမယ့် သူမနိုးလာတာနဲ့ တစ်ပြိုင်နက် နောက်တစ်ကြိမ် စတင် အော်ညည်းတော့ပြန်ကာ သိပ်မကြာခင်မှာပဲ သတိပြန်လစ်သွားခဲ့ပြန်ပါတယ်။ ထိုမြင်ကွင်းကိုကြည့်ရင်း ကျိမိုကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။ ရန်ကိုင်ဘယ်လောက် ရက်စက်လဲဆိုတာ သူမသိထားပါတယ်။ မိန်းမဖြစ်နေလို့ ဆိုပြီး ညှာတာမယ်ဆိုတာမျိုး

သူ့အဘိဓာန်မှာ မရှိပါဘူး။

သူမနှင့်လန်ရှန်းနှစ်ယောက်စလုံးက ထိပ်တန်းအဆင့် အလှလေးတွေပါ။ သို့ပေမယ့် ရန်ကိုင်ကတော့

သူမတို့ နှစ်ယောက်စလုံးကို နာခံလာအောင် နှိပ်စက်ဖို့ တစ်ချက်ကလေးတောင် တုန့်ဆိုင်းမနေခဲ့ပါဘူး။ အဲ့လိုလူမျိုးက တကယ်ပဲ ကြောက်ဖို့ကောင်းပါတယ်။ သူက တကယ်ကိုပဲ သွေးအေးရက်စက်တဲ့ မွန်းစတားတစ်ကောင်ပါပဲ။

တစ်ရက်ကြာပြီးနောက် လန်ရှန်းပြန်နိုးလာခဲ့သည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ရန်ကိုင်သူမကို ဆက်ပြီး

မနှိပ်စက်တော့ပါဘူး။ တကယ်တော့ သူမက အသိစိတ်ပင်လယ်ကို မဖွင့်ရသေးတဲ့ အစစ်အမှန်ဒြပ်စင်အဆင့်

ကျင့်ကြံသူတစ်ယောက်ပါ။ သူမက ဝိဉာဉ်ကို မလေ့ကျင့် ရသေးတဲ့အတွက် သူမကိုသာ ဆက်ပြီး နှိပ်စက်နေမယ်ဆိုရင် သိပ်မကြာခင်မှာပဲ လန်ရှန်းအနေနဲ့ အသိစိတ်မဲ့သွားတဲ့ အရူးတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

လန်ရှန်းက အဝေးတစ်နေရာမှာ တင်ပလင်ခွေထိုင်နေတဲ့ ရန်ကိုင်ကို ကြောက်ရွံ့မှု အပြည့်ဖြင့် ကြည့်လိုက်တယ်။

ကျိမိုရဲ့ သူမကို မရပ်မနား စည်းရုံးနေတာကြောင့် နောက်ဆုံး လန်ရှန်း ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်တယ်။ သူမနှုတ်ခမ်းတွေက တဆတ်ဆတ် တုန်ရီနေခဲ့ပြီး သူမမျက်နှာက သွေးမရှိတော့သည့်အလား ဖြူလျော်နေခဲ့ကာ သူမအနေနဲ့ အသက်တောင် ပြင်းပြင်းမရှုရဲ တော့ပါဘူး။

မြေခွေးတွင်းထဲကနေ လွတ်မြောက်လာခဲ့ပေမယ့် ကျားလက်ထဲ ရောက်သွားရရှာတဲ့ လန်ရှန်းလေးကတော့ လုံးဝကို စိတ်ဓါတ်ကျနေခဲ့ပါတယ်။ သူ့ဘေးမှာရှိတဲ့ မိန်းကလေး နှစ်ယောက်ကို သတိပြုမိပေမယ့် ရန်ကိုင်က ဆက်ပြီးတော့ လေ့ကျင့်နေခဲ့ကာ ထိုနှစ်ယောက်ကို မသိချင်ယောင် ဆောင်နေလိုက်တယ်။

သူသတိမဲ့နေတဲ့အချိန် ထိုနှစ်ယောက် ဘာလုပ်မလဲဆိုတာ သူသိချင်နေခဲ့တယ်။ ခဏကြာပြီးနောက် ထိုနှစ်ယောက်ရဲ့ အပြုအမူနဲ့ ပက်သက်ပြီး သူတော်တော်လေး ကျေနပ်သွားခဲ့တယ်။

ကျိမိုဖြစ်စေ၊ လန်ရှန်းဖြစ်စေ သူတို့နှစ်ယောက်စလုံး အခုအချိန်မှာ နာခံစွာဖြင့် ပြုမူနေပါပြီ။

နောက်ဆုံး မျက်လုံးဖွင့်လိုက်ပြီး ရန်ကိုင်က လန်ရှန်းကို ကြည့်လိုက်တယ်။ ရန်ကိုင်အကြည့်ကြောင့် လန်ရှန်းလည်း

ကြောက်လန့်တကြား နောက်ဆုတ်မိလိုက်ပြီး ကျိမို လှမ်းဖမ်းထားလိုက်တော့မှပဲ သူမ နောက်ဆုတ်နေတာ ရပ်တန့်သွားခဲ့တယ်။

‘‘ မြန်မြန်တောင်းပန်လိုက် ’’ ကျိမိုက လန်ရှန်းကို ညင်သာစွာဖြင့် အရှေ့ကိုတွန်းပို့လိုက်ပြီး သူမအား ဖျောင်းဖျလိုက်တယ်။ လန်ရှန်းက သူမ၏နှုတ်ခမ်းလေးကို ဖိကိုက်လိုက်ပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့်

ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။ သို့ပေမယ့် ခပ်မြန်မြန်ပဲ ရန်ကိုင်ဆီကနေ အကြည့်လွှဲလိုက်တယ်။

‘‘ နင်တုန့်ဆိုင်းနေရင် ငါနင့်ကိုဆက်ပြီး ကူညီတော့မှာမဟုတ်ဘူး ’’ ကျိမိုလည်း လန်ရှန်း၏အပြုအမူနဲ့ ပက်သက်ပြီး စိတ်ပျက်သွားခဲ့တယ်။ သို့ပေမယ့် မိန်းမသားချင်း အတူတူ ဖြစ်တဲ့အတွက် ဘာမှမလုပ်ပဲ ရပ်ကြည့်မနေနိုင်ပါဘူး။

သူတို့တွေက မိန်းမတွေဖြစ်ရင်တောင် ယောကျာ်းတစ်ယောက်လို ပြုမူပြီး အခြေအနေအရ အလိုက်သင့်အောင် နေထိုင်တတ်ဖို့လိုပါတယ်။ လန်ရှန်းကတော့ ရန်ကိုင်ကို လုံးဝ တောင်းပန်လိုစိတ်မရှိပါဘူး။ တိတ်ဆိတ်စွာဖြင့် နေရာမှာပဲ မတ်တပ်ရပ် နေလိုက်တယ်။ ရန်ကိုင်က ရိုးရိုးရှင်းရှင်းပြုံးရင်း လန်ရှန်းကို စိုက်ကြည့်လိုက်တယ်။

‘‘ ငါမှားသွားပါတယ် ’’ အချိန်တော်တော်ကြာပြီး နောက်မှာတော့ လန်ရှန်း ပြောလိုက်တယ်။ သူမအသံက မပီမသ ဖြစ်နေခဲ့ပြီး သူမလက်ကလေးတွေက သူမရဲ့ အင်္ကျီစကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လို့ ထားနေခဲ့တယ်။ ရန်ကိုင်ကတော့ ဘာမှမပြောပဲ သူမကိုသာ ဆက်ပြီးစိုက်ကြည့်နေလိုက်တယ်။

လန်ရှန်ကတော့ အံကိုသာ တင်းတင်းကြိတ်ထားခဲ့တယ်။ နောက်ဆုံး ကျိမိုက အသာအယာ သက်ပြင်းချလိုက်ပြီး

‘‘ သူမအမှားကို သူမနားလည်ပါတယ်။ အခုကနေစပြီး သူမနင့်ကို ဆန့်ကျင်ပြီး ဘာမှလုပ်တော့မှာ မဟုတ်ပါဘူး။ လာစမ်းပါ… မငိုနဲ့တော့နော် ’’ လန်ရှန်းအတွက်ပြောပေးနေရင်း သူမ၏လက်ကလေးကို ဆန့်ထုတ်လိုက်ကာ

လန်ရှန်း မျက်နှာထက်က မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။

Martial Peak

အပိုင်း (၂၄၀) နင်ဘယ်လိုလုပ်လိုက်တာလဲ

‘‘ ငါ့ကိုမထိနဲ့ ’’ လန်ရှန်းက ကျိမိုလက်ကို ပုတ်ထုတ်လိုက်တယ်။

‘‘ ငါဒီတစ်ကြိမ်ပဲ လွှတ်ပေးလိုက်မယ် ’’ ရန်ကိုင်က မထူးခြားနားစွာဖြင့် ပြောလိုက်တယ်။ ရန်ကိုင်

ပြောတာကို ကြားတော့မှပဲ လန်ရှန်း သက်ပြင်းချနိုင်တော့တယ်။ ဘာကြောင့်လဲဆိုတော့ သူမသာ ကောင်းကောင်း ပြုမူနေသရွေ့ ထိုနှိပ်စက်မှုကို နောက်တစ်ကြိမ် ထပ်ပြီး ခံစားရလိမ့်မည် မဟုတ်ပါဘူး။

‘‘ နင်ဘယ်လိုလုပ်လိုက်တာလဲ ’’ တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် လန်ရှန်းက အရဲစွန့်ပြီး မေးလိုက်တယ်။ အစောပိုင်းတုန်းက သူမကတစ္ဆေဘုရင် တံဆိပ်တော်ကို ရန်ကိုင်ဆီ ပစ်လွှတ်ခဲ့ပါတယ်။ သို့ပေမယ့် ရန်ကိုင်က ဘာမှမဖြစ်သွားခဲ့ပဲ သူက သူမပစ်လွှတ်လိုက်တဲ့ တစ္ဆေဘုရင် တံဆိပ်တော်ကို

သူမဆီ ပြန်ပစ်လွှတ်သည့်အချိန် ထိုအစည်းတံဆိပ်တွင် တစ်ခုခုပါလာခဲ့ပြီး ထိုအရာက သူမအသိစိတ်ထဲ

အမြစ်တွယ်သွားခဲ့တယ်။ သူမက ကောင်းကင်စိတ်အာရုံကို မလေ့ကျင့်ရသေးတဲ့အတွက် ထိုအရာက

ဘာလဲဆိုတာ သူမမသိပါဘူး။ ဒါပေမယ့် ရန်ကိုင်က ထိုအရာအပေါ်မှီခိုပြီး သူမကို နှိပ်စက်ခဲ့တယ် ဆိုတာကိုတော့ သူမသိပါတယ်။

‘‘ ငါလည်း အဲ့ဒါနဲ့ပက်သက်ပြီး သိချင်နေတာ ’’ ကျိမိုက ဆွဲဆောင်မှုရှိစွာနဲ့ သူမ၏မျက်တောင်မွှေး

လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး ပါးလေးကို မို့ကာ မေးလိုက်တယ်။

‘‘ ရှင်းပါတယ်။ နင်တို့ရဲ့ စိတ်ဝိဉာဉ်ပေါ်မှာ အမှတ်အသားတစ်ခု ချပေးလိုက်တာ ’’

ရန်ကိုင်က မထူးခြားနားစွာဖြင့် ပြန်ပြောလိုက်တယ်။ ထိုစကားကို ကြားလိုက်တာနဲ့ မိန်းကလေးနှစ်ယောက် စလုံး အံ့အားသင့်သွားခဲ့ကြတယ်။ ထိုကိစ္စက ဘယ်လိုလုပ်ပြီး အဲ့လောက်ရိုးရှင်းပါ့မလဲ။ သူတို့တွေက ကောင်းကင် စိတ်အာရုံကို မလေ့ကျင့်ရသေးပေမယ့် အခြားသူတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်ပေါ်မှာ

အမှတ်အသားတစ်ခု ချဖို့ဆိုတာ ဘယ်လောက်ခက်ခဲမှန်း သူမတို့ သိပါတယ်။

ရန်ကိုင်က ချီသန့်စင်ခြင်းအဆင့်ဆိုတဲ့ အချက်ကိုအသာထား၊ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်တောင် ထိုကဲ့သို့ လုပ်နိုင်ဖို့ တော်တော်လေး အားစိုက်ထုတ်ရပါတယ်။ နည်းနည်းလေးသာ ချွတ်ချော်သွားခဲ့ရင် သူတို့ရဲ့ စိတ်ဝိဉာဉ်ကို ထိခိုက်သွားနိုင်ပြီး အသိစိတ်မဲ့သွားတဲ့

လူတစ်ယောက်လို ဖြစ်သွားစေနိုင်ပါတယ်။ အပြောသာလွယ်ပေမယ့် တကယ်လုပ်ဖို့က သူပြောသလောက် မလွယ်ကူပါဘူး။

ကံမကောင်းစွာဖြင့် ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးလိုက်တဲ့အချိန်မှာတော့ အဖြစ်အပျက်တစ်ခုလုံးက

အခုလိုပဲ ဖော်ပြနိုင်ပါတယ် ‘‘ ရိုးရှင်းလိုက်တာ ’’

လန်ရှန်းအဖြစ်အပျက်တွင် သူမကတစ္ဆေဘုရင် တံဆိပ်တော်ကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်ပြီး ရန်ကိုင်က ထိုတစ္ဆေဘုရင် တံဆိပ်တော်ကို သူမဆီ ပြန်ပစ်ပေးလိုက်တယ်။ ထိုအခိုက်အတန့်က တစ်ခဏလေးသာ ကြာခဲ့ပါတယ်။ ဒါပေမယ့် ထိုတစ်ခဏလေး အချိန်ကပဲ အဖြစ်အပျက် အားလုံးကို အထက်အောက် ပြောင်းပြန် ပြောင်းလဲသွားစေခဲ့တယ်။

ထိုနည်းတူစွာပဲ ကျိမိုက ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်ဆီ ကပ်တွယ်နေတဲ့ သူမရဲ့ ကောင်းကင် စိတ်အာရုံ အမျှင်တန်းလေး တစ်ခုကို ပြန်ရယူဖို့ ကြိုးစားခဲ့ပေမယ့် လန်ရှန်းနဲ့တူညီတဲ့ ကံကြမ္မာကိုပဲ ကြုံတွေ့ခဲ့ရတယ်။ အဖြစ်အပျက် အားလုံးကို ပြန်တွေးမိပြီးနောက် ကျိမိုနှလုံသားတစ်ခုလုံး နောင်တတရားတို့ဖြင့်

ပြည့်နေခဲ့တယ်။

သူမရဲ့ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်ကို မီးလောင်ပြာချပစ်မယ်လို့ ရန်ကိုင် ပြောခဲ့တာက သူမရဲ့ ကောင်းကင် စိတ်အာရုံ အမျှင်တန်းလေးကို ပြန်ရယူအောင် စီစဉ်ထားတဲ့ အစီအစဉ်တစ်ခုပါပဲ။ သိသာစွာပဲ သူက ကောင်းကင် စိတ်အာရုံ အမျှင်တန်းပေါ်တွင် သူ့စိတ်ဝိဉာဉ်ကို ထည့်သွင်းတံဆိပ်ခတ်ပြီး

သွားတာ သေချာပါတယ်။

ရန်ကိုင်ကို ငေးစိုက်ကြည့်ရင်း ကျိမိုသက်ပြင်း အမောကြီး ချလိုက်ပြီး ‘‘ နင်တကယ်ပဲ ချီသန့်စင်ခြင်းအဆင့်ရမှာလား ’’ သူမ၏မေးခွန်းကိုတော့ ရန်ကိုင်ဖြေးဖြေးချင်းသာ ခေါင်းခါပြလိုက်တယ်။

ရန်ကိုင်အဖြေကို ကြားပြီးနောက် ကျိမိုက သူမ၏မို့မောက်နေတဲ့ ရင်ဘတ်ကို ပုတ်လိုက်ပြီး ရယ်မောကာ ပြောလိုက်တယ် ‘‘ ကောင်းတယ်။ ချီသန့်စင်ခြင်းအဆင့်၇ ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး အခုလိုမျိုး လုပ်နိုင်ပါ့မလဲ။ နင်ဘယ်အဆင့်ကို ရောက်နေပြီလဲ ’’ ရန်ကိုင် ရယ်မောလိုက်ပြီး သူ့အော်ရာ

တုန်ခါသွားခဲ့ကာ မမြင်နိုင်တဲ့ ဖိအားက သူ့ဆီကနေ ပတ်ပတ်လည်ကို ပျံ့နှံ့သွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ရှိ ယွမ်ချီ အရှိန်အဝါက တဖြေးဖြေးချင်း မြင့်တက်သွားခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ ကန်ရေပြင်အလား တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့တယ်။

‘‘ အဆင့်ချိုးဖျက်သွားတာလား…’’

ကျိမိုနှင့်လန်ရှန်းတို့နှစ်ယောက်စလုံး ရန်ကိုင်ကို ထိတ်လန့်အံ့အားသင့်သည့် အကြည့်ဖြင့် ငေးစိုက် ကြည့်နေလိုက်ကြတယ်။ သူတို့ရှေ့က အခု ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်က အဆင့်သေးတစ်ဆင့် ချိုးဖျက်လို့ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တစ်ခုပါ။

ဒါပေမယ့်… ရန်ကိုင် ထုတ်လွှတ်တဲ့ အရှိန်အဝါက အရမ်းကြီး မပြင်းထန်ပါဘူး။ သူ့အရှိန်အဝါက အစစ်အမှန်

ဒြပ်စင်အဆင့်ကိုတောင် မရောက်သေးပါဘူး။

‘‘ အခု၊ ငါချီသန့်စင်ခြင်းအဆင့်၈ကို ရောက်သွားပြီ ’’ ရန်ကိုင်က

ပြုံးရင်း ထိုမိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်တယ်။

ရန်ကိုင် ပြောတာကို နားထောင်ရင်း ကျိမိုနှင့် လန်ရှန်းတို့ နှစ်ယောက်စလုံး ရှက်သွေးဖြာသွားခဲ့ကြတယ်။

သူတို့နှစ်ယောက်တွင် တစ်ယောက်က အစစ်အမှန် ဒြပ်စင်အဆင့်လေးဖြစ်ပြီး ကျန်တဲ့တစ်ယောက်က အစစ်အမှန် ဒြပ်စင်အဆင့်၆ပါ။ သူတို့နှစ်ယောက်စလုံးက သူတို့ဂိုဏ်းအသီးသီးရဲ့ ကောင်းချီးပေး သမီးတော်တွေလည်း ဖြစ်ကြပါတယ်။

ဒါပေမယ့် ရန်ကိုင်နှင့် ရင်ဆိုင်ရချိန်မှာတော့ သူမတို့နှစ်ယောက်စလုံး

ချက်ချင်း ရှုံးနိမ့်သွားခဲ့ရပြီး အစေခံဘဝ ရောက်သွားခဲ့ရတယ်။ ထိုအချက်က သူမတို့ နှစ်ယောက်စလုံး ရှက်ရွံ့ရတဲ့ အချက်ပါ။

သူမတို့ နှစ်ယောက်စလုံး မဲ့ပြုံးပြုံးလိုက်ကြပေမယ့် ရန်ကိုင်ကို ဘာပြန်ပြောလို့ ပြောရမှန်း မသိခဲ့ပါဘူး။

‘‘ နင်တို့နှစ်ယောက်စလုံး လွတ်လွတ်လပ်လပ် နေနိုင်တယ်။ ငါနင်တို့ရဲ့ သေခြင်း၊ရှင်ခြင်းကို ထိန်းချုပ်ထားတယ်

ဆိုပေမယ့် နင်တို့သာ နာနာခံခံနဲ့ ငါ့အမိန့်တွေကို လိုက်နာပြီး ငါ့ကိုအကောက်ကြံဖို့ မစဉ်းစားဘူးဆိုရင် ငါနင်တို့ကို အရှက်ရအောင် လုပ်မှာမဟုတ်ဘူး။ ဒါကြောင့်… အခုကစပြီး နင်တို့ တစ်ယောက်ယောက်ကို ဖြစ်ဖြစ်၊ သားရဲတစ်ကောင်ကောင်ကို ဖြစ်ဖြစ် သတ်ချင်တယ်ဆိုရင် နင်တို့ သွားသတ်နေလို့ရတယ်။ ငါနင်တို့ကိုလိုတယ်ဆိုရင် ခေါ်လိုက်မယ် ’’ ပြောပြီးတာနဲ့ ရန်ကိုင်က နောက်တစ်ကြိမ် မျက်လုံး ပြန်ပိတ်လိုက်တယ်။

လန်ရှန်းနှင့် ကျိမိုနှစ်ယောက်စလုံး ရန်ကိုင်ဆီကနေ ပြန်ထွက်ခွါလာလိုက်ကြပြီး မီတာဒါဇင်လောက်ရောက်မှ

ရပ်တန့်လိုက်ကြတယ်။ သူမတို့နှစ်ယောက်စလုံး ရန်ကိုင်နားတွင် ဆက်ပြီး မနေချင်တော့ပါဘူး။

‘‘ ဒီကောင်းလေက တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ ’’ ကျိမိုက ရန်ကိုင်ကို စူးစမ်းရင်း ရေရွတ်လိုက်သည်။

‘‘ ဟွန့် ’’ သူမ ရန်ကိုင်ရှေ့ ဘယ်လိုနှိမ့်ချစွာ ပြောဆိုဆက်ဆံခဲ့ရတာကို ပြန်တွေးမိလိုက်တဲ့အချိန် လန်ရှန်း မကျေမနပ်နှင့် နှုတ်ခမ်းလေးဆူလိုက်တယ်။ အရှက်ခွဲခံရတယ်လို့ ခံစားရကာ

တမြေ့မြေ့ လောင်ကျွမ်းနေတဲ့ ဒေါသက နောက်တစ်ကြိမ် ပြန်ပွင့်ထွက်လာခဲ့ပြန်တယ်။

‘‘ အနှေးနဲ့ အမြန်တော့၊ ငါသူ့ကို ပြန်ပေးဆပ်ရအောင် လုပ်ပြမယ် ’’

ကျိမိုက သူ့မကို စောင်းကြည့်လိုက်ပြီး တခစ်ခစ်ရယ်လိုက်ကာ

‘‘ သူ့ထိန်းချုပ်မှုကနေသာ အရင်လွတ်အောင် လုပ်ပါဦး”

‘‘ နင်ကောဘာထူးလို့လဲ ’’ ကျိမိုကို ငေးစိုက်ကြည့်နေတဲ့အချိန် လန်ရှန်း၏ လှပတဲ့မျက်ဝန်းအစုံက သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့ပါတယ် ‘‘ နင်ငါ့ကိုဘယ်လိုအရှက်ခွဲခဲ့တယ်ဆိုတာကို ငါမေ့သွားပြီလို့ ထင်မနေနဲ့ ’’

ကျိမိုက ဆော့ကစားလိုဟန်ဖြင့် ပြုံးလိုက်ပြီး ‘‘ နင်ဘာလို့ အဲ့လောက်စိတ်ပျက်နေရတာလဲ။ ငါနင့်ကို

နာကျင်အောင် လုပ်ခဲ့တာမှ မဟုတ်တာ။ ပြီးတော့ နင်လည်းပျော်ခဲ့တာပဲ မဟုတ်ဘူးလား။ နင်ငါ့ကို တုန့်ပြန်တုန်းက နင်တကယ်ကို စိတ်ပါနေပြီဆိုတာ ငါသိတယ်’’

‘‘ ခွေးမ ’’ လန်ရှန်းရဲ့ မျက်နှာလေး နီရဲတွတ်သွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်တယ် ‘‘ နင်အဲ့အကြောင်းကို နောက်တစ်ကြိမ် ထပ်ပြောရဲရင် ငါနင့်ကိုသတ်ပစ်မယ် ’’ ကျိမိုက လှောင်ပြောင်ဟန်ဖြင့် ‘‘ ငါတို့သေမယ်၊ ရှင်မယ်ဆိုတာ ငါတို့အပေါ် မူတည်တော့တာ မဟုတ်ဘူး။ အဲ့ဒါကြောင့် နင့်ဒေါသကို ဘေးဖယ်ထားရင် ကောင်းမယ်။ ငါတို့စိတ်ပူသင့်တဲ့ အရေးအကြီးဆုံး အရာက ငါတို့ဘယ်လိုအသက်ရှင်အောင် နေရမလဲ

ဆိုတာပဲ။ ငါတို့ကို သူဘယ်လို ဆက်ဆံတယ် ဆိုတာကိုလည်း နင်လည်းတွေ့တာပဲ။ နည်းနည်းလေးတောင် ညှာတာမဟုတ်ဘူး။ သူ့ကိုသာ သွားပြီး စိတ်ညစ်အောင် လုပ်လိုက်မိမယ်ဆိုရင် ငါတို့ကျိန်းသေ အသတ်ခံ ရလိမ့်မယ် ’’

‘‘ ဟဟ ’’ လန်ရှန်းက ကျိမိုဘက်လှည့်ပြီး ရက်စက်စွာပြုံးလိုက်တယ် ‘‘ အခုဘယ်လိုခံစားရပြီလဲဆိုတာ နင်သိပြီမဟုတ်လား။ အခြားတစ်ယောက်ရဲ့ အစေခံဖြစ်ရတာ ဘယ်လိုခံစားရလဲ ’’

‘‘ ဟဟ… ငါတို့နှစ်ယောက်စလုံးက ဒီအခြေအနေမှာ ပိတ်မိနေတာလေ။ နင်ဘယ်လိုလုပ်ပြီး ဆက်ပြီးတော့

ငါ့အပေါ် ခါးသီးနေရတာတုန်း။ အခုကစပြီး ငါတို့တစ်ယောက်ကို တစ်ယောက် ကူညီသင့်တယ် ’’ ကျိမို

မျက်မှောင် ကြုံ့လိုက်တယ်။

လန်ရှန်းက တစ်ခဏလောက် ရပ်တန့်လိုက်ပြီး အသက်ပြင်းပြင်း ရှုလိုက်ပါတယ်။ ကျိမိုကို သူမတော်တော်လေး မကျေနပ်ဘူး ဆိုပေမယ့် ကျိမိုပြောတာ မှန်တယ်ဆိုတာတော့ သူမဝန်ခံရပါမယ်။ ထို့ကြောင့် တစ်ခဏလောက် တုန့်ဆိုင်းနေပြီးနောက် နောက်ဆုံး ပြောလိုက်တယ် ‘‘ နင်ဘာလုပ်ချင်လဲ ’’

‘‘ သူ့ကိုဖြာယောင်းမယ် ’’ ကျိမိုမျက်နှာထက်တွင် စိတ်လှုပ်ရှားသည့် အမူအရာကို အထင်းသား မြင်နေခဲ့ရပြီး

‘‘ သူ့ပုံစံအရဆို အသက်၁၆၊၁၇ လောက်ပဲ ရှိသေးဦးမယ်။ ငါတို့ထက်တောင် နှစ်အနည်းငယ် ငယ်သေးတယ်။

သူအပြုအမူက ဘယ်လောက်ပဲ ရက်စက်ပစေ၊ သူက မိန်းမ ကိုမနှစ်သက်တဲ့ လူငယ်တစ်ယောက်တော့ ဖြစ်နေတုန်းပဲ။ ငါတို့နှစ်ယောက်စလုံး ထိပ်တန်းအဆင့် မိန်းမလှတွေပဲလေ။ အဲ့ဒါကြောင့် သူ့လို ကောင်စုတ်လေးကို ဆွဲဆောင်ဖြာယောင်းဖို့က ဘယ်လောက်ခက်ခဲမှာ မို့လို့လဲ ’’

‘‘ နင်သူနဲ့ အိပ်ချင်နေတာလို့ ငါထင်တယ် ’’ လန်ရှန်းက ရက်ရက်စက်စက် မှတ်ချက်ပေးလိုက်တယ်။

‘‘ နင်ဘာကိုပြောနေတာလဲ ’’ ကျိမိုလည်း မျက်ခုံးပင့်လိုက်ပြီး ချက်ချင်းပဲ ညို့ငင်စွာ ရယ်မောလိုက်တယ်

‘‘ အစောပိုင်းတုန်းက သူနဲ့ပက်သက်ပြီး ငါပြောခဲ့တာ မှန်တယ်ဆိုပေမယ့် ငါတို့တန်းလန်မင်းဆက်က

မိန်းမတွေ အားလုံးက ခွန်အားကို လေးစားကြတယ်။ သူ့လက်ရှိခွန်အားက နိမ့်သေးတယ်ဆိုပေမယ့်

သူငါ့ကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ခဲ့တယ်။ အဲ့ဒါက ငါ့စီနီယာအစ်ကိုတောင် မလုပ်နိုင်တဲ့အရာပဲ ’’

‘‘ နင့်ဘာသာနင်လုပ်။ ငါကိုယ့်ငါ အရှက်ခွဲခံမှာမဟုတ်ဘူး ’’ လန်ရှန်းက လှောင်ပြောင်လိုက်ပြီး အခြား

တစ်နေရာကိုသွားကာ တင်ပလင်ခွေထိုင်ပြီး အားပြန်ဖြည့်ဖို့ လုပ်လိုက်တယ်။ ရန်ကိုင်နှိပ်စက်နေစဉ် နှစ်ကြိမ် သတိလစ်သွားပြီးနောက် သူမ အားပြန်ဖြည့်ဖို့ လိုအပ်ပေသည်။

ကျိမိုက လှောင်ပြောင်လိုက်ပြီး သူမဘာသာ သူမတွေးတောလိုက်တယ် ငါသူ့ကိုသိမ်သွင်းနိုင်တဲ့ အချိန်ထိ

စောင့်နေ။ အဲ့ကျမှ ဘယ်သူမှန်လဲဆိုတာ နင်သိစေရမယ် ။

ကမ္ဘာကြီးက ဒီလိုမျိုးပါပဲ။ ယောကျာ်းတွေက

ကမ္ဘာကြီးကို အောင်နိုင်ဖို့ ကြိုးစားသလို မိန်းမတွေက ယောကျာ်းတွေကို အောင်နိုင်ဖို့ ကြိုစားကြတယ်။

ဒါကလူသားမျိုးနွယ် စတင်ဖြစ်တည်လာကတည်းက တည်ရှိလာခဲ့တဲ့ အမှန်တရားတစ်ခုပါ။

ရန်ကိုင်က တင်ပလင်ခွေထိုင်ရင်း သူရရှိခဲ့တဲ့ အတွေ့အကြုံနှင့် အကျိုးအမြတ်တွေကို ဆန်းစစ်လေ့လာ နေခဲ့တယ်။ ဒါပေမယ့် ကျိမိုနှင့် လန်ရှန်းတို့နှစ်ယောက်ကိုလည်း သူ့စိတ်ဝိဉာဉ် အပိုင်းခွဲကနေတစ်ဆင့် သတိထား စောင့်ကြည့်နေရပါသေးတယ်။

သူမတို့ဘာအကြောင်း ပြောနေလဲဆိုတာ သူမကြားနိုင်ပေမယ့် သူမတို့၏ထူးခြားတဲ့ တုန့်ပြန်မှုအရ သူတို့ဘာကြံ

နေလဲဆိုတာ သူပြောနိုင်ပါတယ်။ အခုကနေစပြီး သူတို့နှစ်ယောက်စလုံး ကောင်းကောင်း ပြုနေကြလိမ့်မှာပါ။

သူမတို့နှစ်ယောက်စလုံး သူ့ကိုအကောက်ကြံမယ့် အတွေးမျိုး တစ်ယောက်မှ တွေးရဲလိမ့်မည် မဟုတ်ပါဘူး။

သူမတို့နှစ်ယောက်စလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်သည့်အပေါ် ရန်ကိုင်တော်တော်လေး အံ့အားသင့်နေခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့လုပ်ဆောင်ချက်တွေ အားလုံးက နတ်ဆိုးအိုကြီး သူ့အစားလုပ်ဆောင် ပေးသွားတာကြောင့်ပါပဲ။

သူ့အစီအစဉ်က တွေးထားတာထက်တောင် ပိုပြီးအကျိုးသက်ရောက်မှု ရှိနေပါသေးတယ်။ တစ်ကြိမ် အောင်မြင်ပြီးတာနဲ့ လန်ရှန်းကိုပါ ချုပ်ထားဖို့ ရန်ကိုင် တွေးတောမိလိုက်တယ်။ တကယ်တော့

တစ္ဆေဘုရင် တံဆိပ်တော်က တစ္ဆေဘုရင်တောင်ကြား တပည့်တွေရဲ့ အမှတ်သညာ သင်္ကေတ တစ်ခု ဖြစ်တဲ့အတွက် ပိုင်ရှင်ရဲ့ စိတ်ဝိဉာဉ်နှင့် ဆက်သွယ်ချက်တစ်ခုခုရှိရပါမယ်။ ထိုအချက်က နတ်ဆိုးအိုကြီး တွေးထားသည့်အတိုင်းပါပဲ။

ပြီးတော့ နတ်ဆိုးအိုကြီး အသုံးပြုတဲ့နည်းလမ်းတွေ အဆင့်အမြင့် စားတွေပဲဖြစ်ပြီး သူ့ထိန်းချုပ်မှုကနေ ထိုနှစ်ယောက် လွတ်သွားမှာ စိုးရိမ်စရာ မလိုပါဘူး။ စိတ်ဝိဉာဉ်ဆိုတာ ပျက်စီးလွယ်တဲ့ အရာတစ်ခုပါ။

အခုကျိမိုနှင့် လန်ရှန်းတို့၏ စိတ်ဝိဉာဉ်တွင် ရန်ကိုင်က သူ့စိတ်ဝိဉာဉ် အမှတ်အသားကို တံဆိပ်ကပ်ပြီး သွားပြီ ဖြစ်တဲ့အတွက် သူတို့ဂိုဏ်းက ကျွမ်းကျင်သူတွေရဲ့ အကူအညီကိုယူပြီး သူ့စိတ်ဝိဉာဉ်အမှတ် အသားကို ဖယ်ရှားမယ်ဆိုရင် သူတို့ရဲ့ စိတ်ဝိဉာဉ်ကို ထိခိုက်မလားဆိုတာကို စိုးရိမ်ရပါသေးတယ်။

‘‘ အဲ့စိတ်ဝိဉာဉ်အကြွင်းအကျန်က ငါ့ဒဏ်ရာတွေကို ပြန်သက်သာစေနိုင်တာ… တကယ်ကို ကံမကောင်း တာပဲ ’’ နတ်ဆိုးအိုကြီးက ရုတ်တရက် အထွန့်တက်လိုက်လေသည်။

‘‘ အဲ့ဒါက ငါ့အတွက် ပိုပြီးတော့တောင် ဆိုးသေးတယ် ’’ ရန်ကိုင်က သုန်မှုန်စွာဖြင့် ပြန်ပြောလိုက်တယ်

‘‘ ဒီအတိုင်းသာ လုပ်လို့ရမယ်ဆိုရင် ဘာလို့ဂျင်ဟောင်ကို သတ်လိုက်ရမှာလဲ။ အဲ့အစား တစ္ဆေဘုရင်

တောင်ကြားက တပည့်နောက်တစ်ယောက်ကို အစေခံအဖြစ်ပဲ ဖမ်းချုပ်ထားတော့မှာပေါ့…’’

ရန်ကိုင်က ခါးသီးစွာဖြင့် အထွန့်တက်လိုက်တယ်။

နတ်ဆိုးအိုကြီးကတော့ ရိုးရှင်းစွာပဲ ပြုံးလိုက်တယ်။

‘‘ ခင်ဗျားအစောကြီးကတည်းက သိနေတာမလား။ အဲ့ဒါကို ဘာမှမပြောခဲ့ဘူး ’’ ရန်ကိုင်က ဒေါသတကြီး

မေးခွန်းထုတ်လိုက်တယ်။ နတ်ဆိုးအိုကြီးက ချက်ချင်းပဲ ပြန်ပြောလိုက်လေသည် ‘‘ အဲ့လိုအားနည်းတဲ့

ရန်သူက ပိုပြီးအသုံးမဝင်တဲ့ အစေခံဖြစ်လာမှာပဲ။ သခင်လေးသာ တစ္ဆေဘုရင် တံဆိပ်တော်ကို ထိန်းချုပ်လို့ရလားလို့ မမေးခဲ့ရင် ဒီအစေခံအိုကြီးက အဲ့အကြောင်းတွေးမိခဲ့မှာ မဟုတ်ဘူး ’’

‘‘ မေ့လိုက်တော့။ ယောကျာ်းအစေခံတစ်ယောက်ဆိုတာက လက်ခံနိုင်ဖို့ နည်းနည်းခဲယဉ်းတယ် ’’ ရန်ကိုင်က ပြောလိုက်တယ်။ ကျိမိုနှင့်လန်ရှန်းတို့ နှစ်ယောက်ကို တစ်ခဏလောက်ကြာအောင်

တိတ်တဆိတ် စူးစမ်းပြီးနောက် ရန်ကိုင်က သူ့ကိစ္စမှာပဲ ပြန်ပြီးတော့ ဈာန်ဝင်စားသွားပြန်ပါတယ်။

အသက်ပြင်းပြင်းတစ်ချက်ရှုရင်း သူသားရဲအစေခံအဖြစ် ဖမ်းဆီးခဲ့တဲ့ ရွှေအရိပ်ကျားသစ်ကို ဆင့်ခေါ် လိုက်တယ်။ ထို့နောက် သူ့လက်ကို ထိုကျားသစ်နဖူးပေါ်တင်ကာ သူအမှတ်အသားပြုခဲ့တဲ့

သားရဲဝိဉာဉ် တံဆိပ်တော်ကို ပြန်ဆင့်ခေါ်လိုက်တယ်။

ထိုအဆင့်ငါးသားရဲက လွတ်လပ်မှုကို ပြန်ရတာနဲ့ ချက်ချင်းတောအုပ်ထဲ ဝင်ပြေးပါတော့တယ်။

ရန်ကိုင်က ထိုသားရဲကို သတ်ဖို့၊ ဖမ်းဆီးဖို့ မစဉ်းစားခဲ့ပါဘူး။ အဲ့အစား ကျိမိုကို သူမရဲ့ သားရဲတွေနှင့် ထိုသားရဲကို ပြန်ဖမ်းခိုင်းလိုက်ကာ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို ထိုသားရဲထဲ ထည့်သွင်းလိုက်ဖို့ အမိန့်ပေးလိုက်တယ်။

အမိန့်ပေးပြီးတာနဲ့ သူမကိုဆက်ပြီး ဂရုမစိုက်တော့ပါဘူး။ ကျားဖြူ တံဆိပ်တော်ကို ဘယ်ဘက်လက်ကနေ ဆင့်ခေါ်ပြီး နွားသိုး တံဆိပ်တော်ကို ညာဘက်လက်ကနေ ဆင့်ခေါ်ကာ သူ့လက်ဝါးနှစ်ခုကို အတူတကွ ပူးကပ်လိုက်တယ်။

ကောင်းကင်ကျားဖြူနှင့် မြေကမ္ဘာတော်ဝင်နွားသိုးတို့ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တစ်ခွင် ကြမ်းတမ်းတဲ့ ဟိန်းသံတစ်သံက မြည်ဟည်းသွားခဲ့တယ်။

ထိုဟိန်းသံက ကျိမိုနှင့်လန်ရှန်းတို့၏ အာရုံကိုဆွဲဆောင်သွားခဲ့ပြီး ကျိမိုနှင့် လန်ရှန်းတို့လည်း အသံထွက်ပေါ်လာရာကို ကြည့်လိုက်တဲ့အခိုက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်

သူမတို့ နှစ်ယောက်စလုံး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရတယ်။

သူမတို့နှစ်ယောက်ရှေ့တွင် တကယ်သားရဲအစစ်နှင့်တူသည့် သားရဲပုံရိပ်နှစ်ခုရှိနေခဲ့ပါတယ်။ သူမတို့ နှစ်ယောက်စလုံး ထိုကဲ့သို့သိုင်းပညာရပ်မျိုးကို တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။

ထိုသိုင်းပညာရပ်က ယွမ်ချီကိုအသုံးပြုပြီး သွေးနီရောင် သားရဲနှစ်ကောင်ကို ဖြစ်တည်စေတာပါ။ ဒါပေမယ့် ထိုသားရဲနှစ်ကောင်ဆီက ထုတ်လွှတ်နေတဲ့ ချီစွမ်းအင်လှိုင်းတွေက လုံးဝကိုသိပ်သည်းပြီး သန့်စင်လှပါတယ်။ သူက ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား။

သူမတို့နှစ်ယောက် ထိုမြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ ငေးစိုက်ကြည့်နေတဲ့အချိန်တွင် ရန်ကိုင်က လက်ဖျောက်ခေါက်လိုက်ပြီး ချက်ချင်းပဲ ထိုပုံရိပ်နှစ်ခုကို ပျောက်ကွယ်သွားစေလိုက်တယ်။ အကြိမ်များစွာ အသုံးပြုပြီးတဲ့နောက်မှာတော့ ထိုသားရဲဝိဉာဉ် သိုင်းပညာရပ်၏ အားနည်းချက်တစ်ခုကို သူတွေ့ရှိခဲ့ရတယ်။ ထိုအားနည်းချက်က သူဘယ်လောက်ပဲ ကြိုးစားပြီး ဆင့်ခေါ်ပါစေ၊ ကျားဖြူပုံရိပ်နှင့်

နွားသိုးပုံရိပ်ကို တစ်ကြိမ်သာ သူဆင့်ခေါ်နိုင်ခြင်းပါ။

သားရဲဝိဉာဉ်သိုင်းပညာရပ်ကို အသုံးပြုပြီး ကျားဖြူနှင့် နွားသိုးဖြစ်တဲ့ သားရဲပုံရိပ်နှစ်ခုကို ဆင့်ခေါ်နိုင်ပါတယ်။

ထိုပုံရိပ်နှစ်ခုကို ပေါင်းစည်းလိုက်ရင်တောင် နောက်ထပ်သားရဲပုံရိပ်တစ်ခု ဖြစ်ပေါ်လာအောင်

မလုပ်ဆောင်နိုင်ပါဘူး။ ထိုသားရဲပုံရိပ်နှစ်ခု ပျက်စီး ပျောက်ကွယ်သွားတော့မှပဲ ထိုသားရဲပုံရိပ်နှစ်ခုကို

နောက်တစ်ကြိမ် ဆင့်ခေါ်နိုင်ပါတယ်။ ထိုအခြင်းအရာက သူ့ခန္ဓာကိုယ်ထဲတွင် ထိုသားရဲ နှစ်ကောင် ချန်ထားရစ်ခဲ့တဲ့ အရာနှင့် သက်ဆိုင်နေနိုင်ပါတယ်။

သူသာထိုသားရဲထိန်းချုပ်ခြင်းစည်းတံဆိပ်၏ အသုံးဝင်မှုကို အဆင့်မြှင့်တင်ချင်တယ်ဆိုရင် သူ့ကိုယ်ထဲမှာ ရှိတဲ့ သားရဲနှစ်ကောင်ကို အပြည့်အဝထိန်းချုပ်နိုင်ရပါမယ်။ ထို့ကြောင့် ရန်ကိုင်က သားရဲပုံရိပ်နှစ်ခုကို ထပ်ခါထပ်ခါ ဆင့်ခေါ်ပြီး အတူတကွ ပေါင်းစည်းကာ ထိုသိုင်းပညာရပ်၏ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဆန်းစစ်လေ့လာနေတာပါ။

All Chapters