← Chapters

အခန်း (၂၄၁-၂၄၅)

Vol. 10 Ch. 241-245

အခန်း (၂၄၁-၂၄၅)

Vol. 10 Ch. 241-245

အပိုင်း (၂၄၁) မိစ္ဆာလမ်းစဉ်

ကျိမိုနှင့်လန်ရှန်းတို့နှစ်ယောက် ရန်ကိုင်သားရဲပုံရိပ်နှစ်ခုကို ဆင့်ခေါ်နေတာကို စောင့်ကြည့်နေခဲ့ကြတယ်။

သို့ပေမယ့် ရန်ကိုင်က သားရဲပုံရိပ်ကို ဆင့်ခေါ်လိုက်၊ ပျောက်ကွယ်သွားစေလိုက်၊ ပြန်ပြီးဆင့်ခေါ်လိုက်

လုပ်နေတာကိုပဲ သူတို့တွေ့နေခဲ့ရတယ်။ ရန်ကိုင်ဘာလုပ်ဖို့ ကြိုးစားနေလဲဆိုတာ သူမတို့ မစဉ်းစားနိုင်အောင် ဖြစ်နေခဲ့ကြရပါတယ်။

ဒါပေမယ့် သူမတို့နှစ်ယောက်စလုံးက ဂိုဏ်းအသီးသီးရဲ့ လက်ရွေးစင်တွေ ဖြစ်တဲ့အတွက် ရန်ကိုင်က ထိုဆန်းကြယ်တဲ့ သိုင်းပညာရပ်၏ တစ်ခုခုကို လေ့ကျင့်နေတယ်ဆိုတာ သူမတို့ ခန့်မှန်းမိပါတယ်။ တစ်ခုတည်းသာ…ထိုကဲ့သို့ သားရဲပုံရိပ်တွေကို ထပ်ခါထပ်ခါ ဆင့်ခေါ်နေတဲ့အတွက် သူ့ယွမ်ချီ ဘယ်လောက်တောင် ကုန်ဆုံးသွားမလဲ ဆိုတာပါပဲ။

‘‘ သူ့ရဲ့လက်ရှိ ယွမ်ချီပမာဏနဲ့ဆိုရင် ဘယ်နှစ်ကြိမ်လောက် သူ ဆင့်ခေါ်နိုင်မလဲလို့ နင်ထင်လဲ’’ ကျိမိုက လန်ရှန်းကိုမေးလိုက်တယ်။

‘‘ ငါးကြိမ်ပြီးတာနဲ့ သူယွမ်ချီ အကုန်ကုန်သွားလိမ့်မယ် ’’ လန်ရှန်းက ပြန်ဖြေလိုက်တယ်။ ထိုသားရဲပုံရိပ်နှစ်ခုစီကနေ ထွက်ပေါ်နေတဲ့ ယွမ်ချီလှိုင်းတွေကို ခံစားကြည့်ရုံနဲ့တင် ထိုသားရဲပုံရိပ်တွေကို ဆင့်ခေါ်ဖို့ ယွမ်ချီဘယ်လောက် ကုန်လဲဆိုတာ သူမတို့ ခန့်မှန်းကြည့်လို့ရပါတယ်။

ထို့ကြောင့် ရန်ကိုင်လေ့ကျင့်နေတဲ့ သိုင်းပညာရပ်ရဲ့

အဆင့်က မနိမ့်ဘူးဆိုတာ သူမတို့နှစ်ယောက် သိထားပါတယ်။ ထိုသားရဲပုံရိပ်တွေရဲ့ စွမ်းအားက ကြီးမားတယ်ဆိုပေမယ့် ထိုသားရဲပုံရိပ်တွေကိုဆင့်ခေါ်ဖို့ လိုအပ်တဲ့ ယွမ်ချီပမာဏကလည်း

တော်တော်လေး များပြလှပါတယ်။

သူတို့နှစ်ယောက် အသုံးပြုမယ်ဆိုရင်တောင် အများဆုံး

၁၀ကြိမ်လောက်ပဲ အသုံးပြုနိုင်မှာပါ။ ရန်ကိုင်ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်လှပါဘူး။ ထို့ကြောင့် ထိုကြီးမားလှတဲ့ ယွမ်ချီ ကုန်ဆုံးနှုန်းကို သူအကြာကြီး ထိန်းထားနိုင်လိမ့်မည် မဟုတ်ပါဘူး။

‘‘ နင်ဘာလို့မေးတာလဲ။ နင်အစီအစဉ်ချနေတာလား ’’ လန်ရှန်းက ကျိမိုကို ရည်ရွယ်ချက်ရှိရှိနဲ့ ကြည့်လိုက်တယ်ထ။ ကျိမိုက ထိတ်လန့်တကြား ထခုန်လိုက်ပြီး သူမ၏ ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်တယ် ‘‘ နင်စကားကို သေချာဂရုစိုက်ပြီး ပြောသင့်တယ်။ သူယွမ်ချီ ကုန်သွားတယ်ဆိုရင်တောင် သူ့အတွေးတစ်ချက်နဲ့တင် ငါတို့ကိုသတ်ပစ်လို့ရတယ်။ ငါတို့ရိုးသားရင် ပိုကောင်းလိမ့်မယ်။ ငါတို့စိတ်ဝိဉာဉ်ပေါ်မှာရှိနေတဲ့ စိတ်ဝိဉာဉ်အမှတ်အသားက ဟာသမဟုတ်ဘူး။ ကြည့်… အဲ့ဒါငါးကြိမ်မြောက်ပဲ ’’

သူတို့စကားပြောနေစဉ်မှာပဲ ရန်ကိုင်က သားရဲဝိဉာဉ်သိုင်းပညာရပ်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုလိုက်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ထိုပုံရိပ်နှစ်ခုကို သူမပေါင်းစည်းတော့ပါဘူး။ အဲ့အစား ကျားဖြူစည်းတံဆိပ်နှင့် နွားသိုးစည်းတံဆိပ်တို့ အသီးသီးထွက်ပေါ်လာခဲ့တယ်။

ရန်ကိုင် မစိုးရိပ်ပါဘုူ။ ခပ်မြန်မြန်ပဲ ထိုသားရဲပုံရိပ်နှစ်ခုကို ပြန်ပျောက်ကွယ် သွားစေလိုက်ပြီး ထိုသိုင်းပညာရပ်နှင့်

ပက်သက်သည့် ဆန်းကြယ်နက်နဲမှု အမျိုးမျိုးကို စတင်တွေးတောပါတော့တယ်။ ကျိမိုက ယဲ့ယဲ့လေး

ပြုံးလိုက်ပြီး ပုလင်းတစ်ပုလင်းကို ခပ်မြန်မြန်ထုတ်လိုက်သည်။

‘ နင်ဘာလုပ်နေတာလဲ ’’ လန်ရှန်းက ကျိမိုကို

စိတ်ဝင်တစား ကြည့်လိုက်တယ်။

‘‘ သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးမလို့လေ ’’ ကျိမိုက ပုလင်းကိုခါလိုက်ပြီး ‘‘ ဒါကငါတို့တန်းလန်မင်းဆက်က

ချီအားဖြည့်ဆေးပဲ။ နင်မှာလည်း ဒါနဲ့တူတာ ရှိတယ်မလား။ အခု သူအားပြန်ဖြည့်ဖို့ လိုအပ်တယ်လေ။ အဲ့ဒါကြောင့် အခုအချိန်က သူ့ဆီကနေ မျက်နှာသာရဖို့ အခွင့်ကောင်းတစ်ခုပဲ ’’

‘‘ အရှက်မရှိတဲ့ မိန်းမပျက်မ။ နင်က သူ့ကိုရဖို့ အသည်းအသန် ကြိုးစားနေတာပဲ ’’ လန်ရှန်းက ကျိန်ဆဲလိုက်တယ်။

‘‘ ဟဲဟဲ၊ အဲလိုမပြောကြေးလေ ’’ ကျိမိုက သူမကိုမျက်စိမှိတ်ပြလိုက်ပြီး ပြုံးဖြီးဖြီးလုပ်ရင်း ‘‘ ဒါက ဘာမှမဟုတ်သေးဘူး။ သူနောက်တစ်ကြိမ် အားပြန်ဖြည့်ဖို့ လိုတယ်ဆိုရင် ငါနင့်ကိုသူ့ဆီ တစ်ခုခုပေးခိုင်းလိုက်မယ်။

အဲ့နည်းနဲ့ ငါတို့တစ်ယောက်တစ်လှည့် ကြိုးစားလို့ရတာပေါ့ ’’

ဟွန့်… လန်ရှန်းက နှာခေါင်းရှုံ့လိုက်ပြီး ချက်ချင်းပဲ အကြည့်လွှဲလိုက်တယ်။ သူမကိုသွားပြီး ရန်ကိုင်ကို ဖြာယောင်း

ခိုင်းဖို့လား… မဖြစ်နိုင်တဲ့ ကိစ္စကြီးပါ။ ဒါပေမယ့် သူလိုအပ်နေတဲ့အချိန် ဆေးလုံးနည်းနည်း သွားပေးပြီး သူ့မျက်နှာသာ ရအောင်ကြိုးစားက ပိုပြီး ရိုးရှင်းပါတယ်။

အခု သူမအသက်က သူ့လက်ထဲမှာ ဖြစ်တဲ့အတွက် သူမအသက်ကို ကာကွယ်နိုင်ဖို့ ကိုယ့်ကိုယ်ကို နှိမ့်ချနေရပါမယ်။ ဒါမှမဟုတ်ပဲ ထိုဈေးပေါတဲ့မိန်းမပျက်မ ကျိမိုသာ လက်ဦးမှု ရယူသွားမယ်ဆိုရင်တော့ သူမအနာဂတ်က ပိုပြီးဝေဝါးသွားနိုင်ပါတယ်။

‘‘ ကောင်းပြီ…. ငါသွားပြီ ’’ ကျိမိုလည်း ပြောပြီးတာနဲ့ မတ်တပ်ရပ်လိုက်တယ်။ သို့ပေမယ့် သူမခြေတစ်လှမ်း

တောင်မလှမ်းရသေးခင်မှာပဲ သားရဲနှစ်ကောင်ဟိန်းသံကို သူမကြားလိုက်ရပါတယ်။ သူနောက်တစ်ကြိမ်

ထပ်ပြီး အသုံးပြုနိုင်သေးတာလား။ ကျိမိုနှင့် လန်ရှန်းတို့နှစ်ယောက် စလုံး ထိတ်လန့်အံ့အားသင့်သွားခဲ့ကြတယ်။

သူအခုဆို အားကုန်သွားသွားလောက်ပြီ.

ကျိမို သူမဘာသာသူမတွေးလိုက်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတစ်ခု သူမမျက်နှာ ထက် ပေါ်လာခဲ့ကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်တယ်။

ဒါပေမယ့် နောက်တစ်ခဏအတွင်းမှာပဲ ရန်ကိုင်က သားရဲပုံရိပ်နှစ်ခုကို ပျောက်ကွယ်သွားစေလိုက်ပြီး သားရဲဝိဉာဉ်

သိုင်းပညာရပ်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြုလိုက်တယ်။

အောင်မြင်ပြီ …

ကျားဖြူစည်းတံဆိပ်နှင့် နွားသိုးစည်းတံဆိပ်တို့ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားခဲ့ပြီး မှိန်ဖျဖျအလင်တန်းတစ်ခုအဖြစ် ပြောင်းလဲကာ ရှေ့ဘက်ကို တိုးထွက်သွားခဲ့တယ်။ ထိုနေရာမှသာ သားရဲတစ်ကောင်ရှိမယ်ဆိုရင် သူ့ရဲ့ သားရဲထိန်းချုပ်ခြင်း တံဆိပ်တော် ထိမှန်းပြီး သူ့အစေခံ ဖြစ်သွားနိုင်ပါတယ်။ သံကိုပူတုန်း ထုရိုက်ဆိုသလိုပဲ ရန်ကိုင်လည်း သားရဲဝိဉာဉ်သိုင်းပညာရပ်ကို ဆက်ပြီးအသုံးပြုနေခဲ့တယ်။

အသက်ရှုချိန် အနည်းငယ်လောက် ကုန်ဆုံးသွားပြီးချိန်မှာတော့ သားရဲဝိဉာဉ်သိုင်းပညာရပ်ကို သူလေးကြိမ်တိုင်တိုင်

အသုံးပြုပြီးသွားပြီဖြစ်ပြီး နှစ်ကြိမ်ကျရှုံးခဲ့ရတယ်။ ထိုအောင်မြင်ခဲ့တဲ့ နှစ်ကြိမ်ကနေ သားရဲထိန်းချုပ်ခြင်း

တံဆိပ်တော်ကို အသက်သွင်းနိုင်မယ့် နည်းလမ်းကို သူနားလည်စပြုလာခဲ့လေပြီ။ ကံမကောင်းစွာဖြင့် အရမ်းကြီးတော့ သူမကျွမ်းကျင်သေးပါဘူး။

ထိုမြင်ကွင်းကိုကြည့်ရင်း ကျိမိုဖြေးဖြေးချင်း နောက်ဆုတ်လိုက်ပြီး လန်ရှန်းဘေးနား ပြန်ထိုင်ချလိုက်တယ်။ ရန်ကိုင် လေ့ကျင့်နေတာကို ကြည့်ရင်း သူမတို့နှစ်ယောက်စလုံး ထိတ်လန့် အံ့အားသင့်နေခဲ့ကြရတယ်။

ရန်ကိုင်က တကယ်ကို ကြိုးစားလွန်းပါတယ်။ တစ်ရက်ကုန်သွားတာတောင် ရန်ကိုင်က ဆက်ပြီး လေ့ကျင့်နေခဲ့ပါတယ်။

ထိုအချိန်တွင် ကျိမိုနှင့်လန်ရှန်းတို့ နှစ်ယောက်စလုံး ထုံနေပြီဖြစ်ပြီး သူတို့ဘာသာသူတို့ အတွင်းကြိတ်ကြိတ် အထွန့်တက်လိုက်တယ်။

သူ့ကိုယ်ထဲမှာ ယွမ်ချီတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ ဘယ်လိုလုပ်ပြီး ယွမ်ချီစားတဲ့ သိုင်းပညာရပ်တွေကို ဒီလောက်အကြိမ်အများကြီး အသုံးပြုနိုင်ရတာလဲ။

အဲ့သိုင်းပညာရပ်က ယွမ်ချီနည်းနည်းလေးပဲ ကုန်တာလား။

သူတို့နှစ်ယောက်က သူတို့ကိုယ်စီအတွေးတွေနဲ့ အလုပ်ရှုပ် နေတဲ့အချိန် ရန်ကိုင်ကတော့ တုန်လှုပ်နေခဲ့ရပါတယ်။ သူ့ကိုယ်ထဲမှာ သိုလှောင်ထားတဲ့ ယန်အရည်စက်တွေရဲ့ တစ်ဝက်လောက်က ပြောင်ရှင်းသွားခဲ့လေပြီ။ သူ့မှာ ယန်အမျိုးအစား ဆေးလုံးတွေ မရှိတဲ့အတွက် ယန်အရည်စက်ကို ပြန်မဖြည့်နိုင်သေးပါဘူး။

ထို့ကြောင့် သူ့ဒန်တန်ထဲ ရှိသလောက်ကိုပဲ ချွေချွေတာတာနဲ့ ဆက်ပြီး ထိန်းထားရပါမယ်။ မဟုတ်ရင် ရွှေရောင်အရိုးခြောက်ထဲမှာရှိနေတဲ့ မိစ္ဆာစွမ်းအင်ကို သူထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သားရဲဝိဉာဉ်သိုင်းပညာရပ်ကို အသုံးပြုဖို့အတွက် ယွမ်ချီ အများကြီး လိုအပ်ပါတယ်။

သားရဲဝိဉာဉ်သိုင်းပညာရပ်ကို အသုံးမပြုဘူး ဆိုရင်တောင် ၊ နေမီးတောက် လောင်ကျွမ်းခြင်းပညာရပ်၊ယန်မီးတောက်တောင်ပံနှင့်

ကြယ်အမှတ်အသား ပညာရပ်တို့ ရှိနေပါသေးတယ်။

ချက်ကျလက်ကျ ပြောရမယ်ဆိုရင် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ထိုသိုင်းပညာရပ်တွေက စိတ်ရှိတိုင်း အသုံးပြုနိုင်တဲ့ သိုင်းပညာရပ်တွေ မဟုတ်ပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ သားရဲဝိဉာဉ်သိုင်းပညာရပ်ကို

လေ့ကျင့်ဖို့အတွက် သူ့ယွမ်ချီကို ဆက်ပြီး အသုံးပြုလို့ မရတော့ပါဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်သိုလှောင်ရာနေရာ သုံးခုရှိပါတယ်။ တစ်ခုက ကြယ်အမှတ်အသားပါ။

သို့ပေမယ့် သားရဲဝိဉာဉ်သိုင်းပညာရပ်ကို လေ့ကျင့်ဖို့အတွက်

ကြယ်အမှတ်အသားထဲမှာ ရှိတဲ့ စွမ်းအင်တွေကို အသုံးပြုလို့ မရပါဘူး။ ဒုတိယတစ်ခုက ယန်အရည်စက်ဖြစ်ပြီး အခုလက်ရှိအချိန်မှာတော့ အသုံးမပြုနိုင်သေးပါဘူး။

နောက်ဆုံးကျန်တဲ့ ရွှေရောင်အရိုးခြောက်ထဲက စွမ်းအင်တွေကိုတော့ သူအသုံးပြုနိုင်ပါတယ်။ ရွှေရောင်အရိုးခြောက်ထဲတွင် သိုလှောင်ထားတဲ့ စွမ်းအင်တွေကို တိုင်းတားလို့မရပါဘူး။ ရွှေရောင်အရိုးခြောက် ထဲတွင်ရှိတဲ့ စွမ်းအင်တွေကို မယိုင်းယိုင်သော စိတ်ဆန္ဒကို အသုံးပြုတဲ့အချိန်မှာသာ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် ထိုစွမ်းအင်တွေကို သိုင်းပညာရပ်တစ်ခုကို အသုံးပြုဖို့အတွက်ကော အသုံးမပြုနိုင်ဘူးလား။

အဲ့လိုဆိုရင် သူ့တိုက်ပွဲစွမ်းအားက အဆင့်တစ်ဆင့်လောက် ပိုပြီး မြင့်တက်လာနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ဒန်တန်ထဲမှာ ယန်အရည်စက် ဘယ်လောက် သိုလှောင်ထားလဲဆိုတာကို စိတ်ပူစရာ မလိုတော့တာကြောင့်ပါပဲ။

ရန်ကိုင် စိတ်လှုပ်ရှားလာခဲ့တယ်။ သူသာဒါကို အောင်မြင်သွားတာနဲ့ ယန်ယွမ်ချီကိုသာမက ယန်ယွမ်ချီမဟုတ်တဲ့ ယွမ်ချီတွေကိုပါ အသုံးပြုလာနိုင်မှာပါ။ အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ရင်း

သူ့သွေးကြောတွေထဲတွင် ရှိတဲ့စွမ်းအင်တွေကို ဒန်တန်နေရာဆီ ပို့လွှတ်လိုက်တယ်။ အခုသူ့သွေးကြောတွေထဲ၌ ယွမ်ချီတွေမရှိတော့ပါဘူး။

ထို့နောက် သူ့အသိစိတ်ကို ရွှေရောင်အရိုးခြောက်ထဲ ပို့လွှတ်လိုက်ပြီး ရွှေရောင်အရိုးခြောက်ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်တွေကို ထုတ်ယူဖို့ကြိုးစားလိုက်တယ်။ တဖြည်းဖြည်းနှင့် ရွှေရောင်အရိုးခြောက်က စတင်တုန့်ပြန်လာပြီး ထိုထဲတွင်သိုလှောင်ထားတဲ့ စွမ်းအင်တွေက သူ့သွေးကြောတွေထဲ စတင် စီးဆင်းလာခဲ့တယ်။

ထိုအချိန်၌ မှိန်ဖျော့ပြီး ရက်စက်သွေးဆာတဲ့ ခံစားချက်တစ်ခုက သူ့နှလုံးသားထဲ လှိုက်တက်လာခဲ့တယ်။ ထိုအရာက ရွှေရောင်အရိုးခြောက်ထဲ သိုလှောင်ထားတဲ့ ယွမ်ချီရဲ့ ဝိသေသ လက္ခဏာတစ်ခုပါပဲ။ ရွှေရောင်အရိုးခြောက်ထဲက စွမ်းအင် မိစ္ဆာစွမ်းအင်တစ်မျိုးဖြစ်ပြီး သူအသုံးပြုတဲ့ ယန်စွမ်းအင်နှင့် ဆန့်ကျင်ဘက် စွမ်းအင်တစ်မျိုးလည်း ဖြစ်ပါတယ်။

ရွှေရောင်အရိုးခြောက်ထဲက ယွမ်ချီတွေ သူ့သွေးကြောထဲ စတင်စီးဆင်းလာတာနဲ့ ရန်ကိုင်တစ်ကိုယ်လုံးကို

အနက်ရောင်အငွေ့တွေ ဖုံးအုပ်သွားခဲ့ပြီး ရက်စက်၊သွေးဆာ၊ပြင်းထန်ပြီး ဟိတ်ဟန်ကြီးမားတဲ့ အရှိန်အဝါတစ်ခု သူ့ဆီကနေ ထွက်ပေါ်လာခဲ့တယ်။

အဝေးကနေ လှမ်းကြည့်နေတဲ့ ကျိမိုနှင့် လန်ရှန်းတို့နှစ်ယောက် ထိုအဖြစ်အပျက်ကို မြင်လိုက်တာနဲ့ အလိုလို ထခုန်မိလိုက်ကြတယ်။

‘‘ မိစ္ဆာလမ်းစဉ် ’’ ကျိမိုက ထိတ်လန့်တကြား အော်လိုက်တယ်။

‘‘ အဲ့ဒါတကယ်ပဲ မိစ္ဆာလမ်းစဉ်ပဲ ’’ လန်ရှန်းလည်း ရန်ကိုင်ကို ထိတ်လန့်တကြား ငေးကြောင် ကြည့်နေလိုက်တယ်။

မိန်းကလေးနှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး နှစ်ယောက်စလုံး၏ အကြည့်ထဲတွင်

ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို အထင်သားမြင်တွေ့နိုင်ပါတယ်။

ရန်ကိုင်က ထိုထူးဆန်းတဲ့ သိုင်းပညာရပ်ကို လေ့ကျင့်တာ များသွားတဲ့အတွက် ယွမ်ချီပရမ်းပတာဖြစ်ပြီး ချီလမ်းကြောင်းသွေဖယ်ကာ သူ မထိန်းချုပ်နိုင်တဲ့

အဆင့်ထိရောက်သွားခြင်း ဖြစ်တယ်လို့ မိန်းကလေးနှစ်ယောက်စလုံး တွေးနေကြတာပါ။

ရန်ကိုင်သေတာ၊ရှင်တာက သူမတို့နဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ရန်ကိုင်က အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သောကြောင့် သူမတို့အတွက် လွတ်မြောက်ဖို့ မျှော်လင့်ချက်ရေးတေးတေးလေး ထွက်ပေါ်လာခဲ့လေပြီ။

မိစ္ဆာလမ်းစဉ်ထဲ ဝင်ရောက်သွားတာနဲ့ ကျင့်ကြံခြင်းအဆင့် ဖျက်စီးခံရလိုက်ရမည် ဖြစ်ပြီး နောက်ဆုံး အမှိုက်တစ်စ ဖြစ်သွားနိုင်ပါတယ်။ အရမ်းပြင်းထန်းခဲ့မယ်ဆိုရင် နေရာမှာတင် အသတ်ခံရနိုင်ပြီး ဝိဉာဉ်ပါတစ်ခါတည်း ပျက်စီးသွားနိုင်ပါတယ်။ ရန်ကိုင် ဘာပဲဖြစ်နေပါစေ၊ ကျိမိုနှင့် လန်ရှန်းတို့ကတော့ အလွန်အမင်း ပျော်ရွှင်ကျေနပ်နေခဲ့ကြတယ်။

သူသေမယ်လို့ မျှော်လင့်ရတာပဲ… မိန်းကလေးနှစ်ယောက်စလုံး ပျော်ရွှင်ကြည်နူးနေတဲ့ မျက်နှာထားနှင့် တိတ်တဆိတ် ဆုတောင်းနေခဲ့ကြတယ်။ ရန်ကိုင်သာ မိစ္ဆာလမ်းစဉ်ထဲ ဝင်ရောက်သွားလို့ သေဆုံး သွားခဲ့မယ်ဆိုရင် သူမတို့စိတ်ဝိဉာဉ်ထဲမှာ ထည့်သွင်းထားတဲ့ ရန်ကိုင်ရဲ့ စိတ်ဝိဉာဉ်အမှတ်အသားလည်း

ပျက်စီးသွားမည်ဖြစ်ပြီး သူမတို့လည်း ကိုယ်ပိုင်လွတ်လပ်မှုကို ပြန်လည် ရရှိနိုင်ပါလိမ့်မယ်။

မိန်းကလေးနှစ်ယောက်က ရန်ကိုင်ကို စိုးရိမ်တကြီး ငေးစိုက်ကြည့်နေကြပြီး သူမတို့ရဲ့ အသက်ရှုသံတွေကလည်း

တဖြည်းဖြည်း မြန်ဆန်လာနေခဲ့တယ်။ ရန်ကိုင်ကို ဝိုင်းရံထားတဲ့ အနက်ရောင်အငွေတွေ ပိုပြီးထူထပ် သိပ်သည်းလာတာနဲ့အမျှ ရက်စက်ပြီးသွေးဆာတဲ့ အရှိန်အဝါကလည်း ပိုပြီး သိပ်သည်းလာခဲ့တယ်။

‘‘ မိစ္ဆာလမ်းစဉ်ထဲ ဝင်ရောက်သွားတာနဲ့ ရူးသွပ်သွားတတ်ကြတယ်မလား။ အကယ်၍ သူသာ သူ့ဝိဉာဉ်

အမှတ်အသားတွေကို ဖောက်ခွဲပစ်လိုက်ရင် ငါတို့ဝိဉာဉ်တွေ ဘာဖြစ်သွားမှာလဲ ’’

လန်ရှန်းက ရုတ်တရက် မေးမြန်းလိုက်တယ်။ ဒါပေမယ့် အခုရန်ကိုင်က ရူးသွပ်နေပြီး သူ့အပြုအမူတွေကလည်း

ကယောင်ကတမ်း ဖြစ်နေခဲ့ပါတယ်။ ထို့ကြောင့် သူမခံစားရတဲ့ ဖြစ်နိုင်ချေက နည်းပါးတယ်ဆိုပေမယ့် ဖြစ်နိုင်ချေတော့ ရှိနေပါသေးတယ်။ ရန်ကိုင်သာ လန်ရှန်းပြောသလို လုပ်လိုက်ပါကာ သူမတို့ နှစ်ယောက်စလုံး ရန်ကိုင်နဲ့အတူ သွေပွဲဝင်ရပါလိမ့်မယ်။

ထိုစကားကိုကြားလိုက်တာနဲ့ ကျိမိုအမူအရာ တောင့်တင်းသွားခဲ့ပြီး သူမမျက်နှာလည်း သွေးမရှိတော့သည့် အလား ဖြူလျော်သွားခဲ့တယ်။ ထို့နောက် လန်ရှန်ကို လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်ပြီး မေးလိုက်တယ်

‘‘ နင်ဘာလုပ်ချင်တာလဲ ’’

‘‘ မီးလောင်နေတယ်ဆိုမှတော့ မီးစားထပ်ထည့် ပေးရမှာပေါ့ ’’

လန်းရှန်က သူမ၏နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး တုန်တုန်ရီရီနှင့် ပြောလိုက်တယ်။

ကျိမိုလည်း မျက်မှောင်လေးကြုံ့လိုက်ပြီး အကျိုးဆက်ရလဒ်၊ ဆုလာဒ်နှင့် အောင်မြင်နိုင်ချေကို စဉ်းစားကြည့်လိုက်တယ်။ အချိန်အတော်ကြာတော့မှာပဲ သူမက ခေါင်းညိတ်လိုက်ပြီး

‘‘ကောင်းတယ်။ ဒါပေမယ့် ခဏလောက် ထပ်စောင့်ကြည့်ရအောင်။ သူရူးနေလား၊ မရူးဘူးဆိုတာ ငါတို့သိတာမဟုတ်ဘူး။ အခြေအနေက ပိုပြီးဆိုးလာရင်တော့… ငါတို့လုပ်ကြတာပေါ့ ’’

သူမရဲ့ နောက်ဆုံးစကားထဲ ပြတ်သာပြီး လုံးဝနောက်မဆုတ်မယ့် အရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။

လန်ရှန်းလည်း အသာအယာလေး ခေါင်းညိတ်လိုက်ပြီး အံကြိတ်ကာ ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။ သူမမှာ စိတ်ပူစရာ ကိစ္စတွေရှိနေပါသေးတယ်။ ရန်ကိုင်သေသွားပြီး သူ့စိတ်ဝိဉာဉ် အမှတ်အသား မရှိတော့ရင်တောင် ကျိမို ရှိနေပါသေးတယ်။ သူမကတစ်ယောက်တည်းဖြစ်ပြီး ကျိမိုမှာကတော့ သူမရဲ့သားရဲတွေ

ရှိနေပါတယ်။

သူတို့နှစ်ယောက်စောင့်ကြည့်နေတဲ့အချိန် ရန်ကိုင်ရဲ့ မိစ္ဆာလမ်းစဉ်က လက္ခဏာတွေက ပိုပြီးသိသာလာခဲ့တယ်။ အခုဆို သူ့တစ်ကိုယ်လုံးကို အနက်ရောင်အငွေ့တွေက လွှမ်းခြုံနေခဲ့ပါပြီ။ အမွှေးတိုင်တစ်တိုင် စာလောက် စောင့်ဆိုင်းပြီးနောက် နောက်ဆုံး၌ ကျိမိုက ပြောလိုက်တယ် ‘‘ ကြည့်ရတာ မိစ္ဆာလမ်းစဉ်ထဲကနေ

သူရုန်းမထွက်နိုင်တော့ဘူးနဲ့ တူတယ် ’’

‘‘ ငါတို့အခုသွားကြမလား ’’ လန်ရှန်းက ကျိမိုရှိရာဘက်ကို ကြည့်လိုက်တယ်။ ကျိမိုက သူမ၏ နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး အသာအယာ ခေါင်းညိတ်ပြလိုက်တယ်။

သူမတို့နှစ်ယောက်စလုံး အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီး ရန်ကိုင်ရှိရာဘက်ကို ဖြေးဖြေးချင်း သွားလိုက်ကြတယ်။

ရန်ကိုင်ရဲ့ ပြောင်းလဲမှုတွေကို အာရုံစိုက်ကာ သွားနေရင်းနဲ့ သူ့မတို့ လက်ထဲ၌ ယွမ်ချီကို ဖြည်းဖြည်းချင်း စုဆောင်းသွားခဲ့ကြတယ်။ မီတာငါးရာ၊ မီတာလေးရာ၊ မီတာသုံးရာ…

ရန်ကိုင်နဲ့ နီးကပ်လာတာနဲ့အမျှ သူမတို့ နှစ်ယောက်စလုံးရဲ့ နှလုံးခုန်သံက တဖြည်းဖြည်း မြန်ဆန်လာခဲ့တယ်။ အခုကိစ္စက သူမတို့ရဲ့ အသက်တွေနဲ့ ဆက်စပ်နေပေသည်။ အောင်မြင်ရင် လွပ်လပ်မည်ဖြစ်ပြီး ရှုံးနိမ့်ရင်တော့ သေရမှာပါ။ မီတာနှစ်ရာ… မီတာတစ်ရာ…

၁၅မီတာအတွင်း ရောက်တာနဲ့ သူမတို့နှစ်ယောက် ပြိုင်တူတိုက်ခိုက်မယ်ဆိုရင် ရန်ကိုင်အသက်ကို နှုတ်ယူနိုင်မယ်လို့

သူမတို့ ယုံကြည်ထားပါတယ်။ သူသေသွားတာနဲ့ သူ့ စိတ်ဝိဉာဉ်အမှတ်အသားလည်း ပျက်စီးသွားမှာပါ။

သူမတို့ရဲ့ လွပ်လပ်မှုကို ပြန်ရနိုင်မယ့် အခွင့်အရေး နီးကပ်လာတာနဲ့အမျှ ကျိမိုနှင့်လန်ရှန်းတို့

နှစ်ယောက်စလုံး ရင်ခုန်စိတ်လှုပ်ရှား လာခဲ့ကြပြီး မျှော်လင့်ချက် ပန်းပွင့်တို့ သူမတို့မျက်နှာထက် ပွင့်လန်းလာခဲကြတယ်။

၁၅မီတာ…..

သူမတို့နှစ်ယောက် တိုက်ခိုက်ဖို့လုပ်ရုံပဲရှိသေး… အနက်ရောင် အငွေ့ထဲကနေ သွေးနီရောင်မျ က်လုံးတစ်စုံ ရုတ်တရက် ပွင့်လာတာကို သူမတို့ တွေ့လိုက်ရသည်။ ထိုမျက်လုံးတွေက ဆန်းကြယ်တဲ့ စွမ်းအားတွေနဲ့ ပြည့်နေခဲ့ပြီး သူမတို့နှစ်ယောက်ရဲ့ နှလုံးသားကို ထွင်းဖောက်မြင်နိုင်သည့်အလား….။

လန်ရှန်းနဲ့ ကျိမိုတို့ နှစ်ယောက်စလုံး အလိုလို နောက်ပြန်ဆုတ်မိလိုက်ကြပြီး သူမတို့ တစ်ကိုယ်လုံး ကြောက်ရွံမှုကြောင့် တဆတ်ဆတ် တုန်ရီနေခဲ့ကြတယ်။

ထိုမျက်ဝန်းတွေက ရက်စက်မှု၊ သွေးဆာမှုတို့ဖြင့် ပြည့်နေခဲ့တယ်။ ဒါပေမယ့် ထိုမျက်ဝန်းအစုံက ကန်ရေပြင်အလား တည်ငြိမ်နေခဲ့ကာ သူမတို့ရဲ့ ထုံအမှုကို လှောင်ပြောင်နေသည့်ပုံ ပေါက်နေခဲ့တယ်။

Martial Peak

အပိုင်း (၂၄၂) သူ့မှာပြဿနာရှိနေတယ်

အနက်ရောင်အငွေ့တွေနဲ့ လွှမ်းခြုံနေတဲ့ ရန်ကိုင်က သူမတို့နှစ်ယောက်ကို ပြုံးပြပြီး ရယ်မောလိုက်တယ်။ ရန်ကိုင်ရဲ့ နတ်ဆိုးဆန်ဆန် မျက်လုံးနှင့် မိစ္ဆာဆန်ဆန် ရယ်သံကြီးကို

ကြားလိုက်ရတဲ့အချိန်မှာတော့ ကျိမိုနှင့်လန်ရှန်းတို့ နှစ်ယောက်စလုံး ကြောက်ရွံ့မှုကြောင့် နေရာမှာတင် အေးခဲ့သွားခဲ့ကြတယ်။

ချက်ချင်းပဲ သူမတို့ လက်ထဲ စုဆောင်းထားသည့် အစစ်အမှန်ယွမ်ချီကို ခပ်မြန်မြန်ပဲ ပြန်ရုတ်သိမ်းလိုက်တယ်။

‘‘ နင်……’’ ကျိမို မျက်မှောင်ကြုံ့လိုက်တယ်။ မိစ္ဆာလမ်းစဉ်ထဲကနေ ရန်ကိုင် ဘယ်လို ရုန်းထွက်လာနိုင်ခဲ့လဲဆိုတာကို သူမ မစဉ်းစားနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။

‘‘ နင်တို့ကို အပြစ်ပေးဖို့ လိုအပ်နေပြီနဲ့ တူတယ် ’’ ရန်ကိုင်က သူမတို့နှစ်ယောက်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး သူ့လက်ဝါးနှစ်ဖက်ကို တွန်းထုတ်လိုက်တယ်။ ဟိန်းသံနှစ်သံနှင့် အတူ ကျားဖြူ တံဆိပ်တော်နှင့် နွားသိုး တံဆိပ်တော်တို့ ထွက်ပေါ်လာခဲ့တယ်။

ထိုသားရဲပုံရိပ်နှစ်ခုက အစောပိုင်းတုန်းကလို နီရဲမနေတော့ပဲ ပိန်းပိန်းပိတ် မည်းမှောင်နေကာ သားရဲပုံရိပ် နှစ်ခုစလုံးက မိစ္ဆာချီစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ပါတယ်။ ဟိန်းဟောက် မည်သံပေးကာ ထိုသားရဲပုံရိပ်နှစ်ခုက ပြေးထွက်သွားခဲ့ပြီး မိန်းကလေးနှစ်ယောက်ကို မြေပြင်ပေါ် ဖိချလိုက်တယ်။

‘‘ငါတို့မှားပါတယ်။ နင်မိစ္ဆာလမ်းစဉ်ထဲ ရောက်သွားပြီးလို့ ထင်လို့ပါ’’ ကျိမိုက ကြောက်လန့်တကြား အော်ဟစ်ပါတော့တယ်။ သူမခွန်အားက သားရဲပုံရိပ်ထက် မြင့်တယ်ဆိုပေမယ့် ထိုသားရဲပုံရိပ်ကို သူမမခုခံရဲပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမခုခံလိုက်တာနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝိဉာဉ်

နှိပ်စက်မှုကို သူမရင်ဆိုင်ရမှာ မို့လို့ပါပဲ။

‘‘ အဲ့တော့…ငါမိစ္ဆာလမ်းစဉ်ထဲ ရောက်သွားတာကို မြင်တာနဲ့ ငါ့အပေါ်အခွင့်အရေး ယူချင်တယ်ပေါ့ ’’ ရန်ကိုင်က လှောင်ပြောင်လိုက်တယ်။ သူမတို့ နှစ်ယောက်ရဲ့ အပြုအမူတွေက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လုပ်တာနဲ့ ဘာမှ မဆိုင်ပါဘူး။ သားရဲဝိဉာဉ်သိုင်းပညာရပ်ကို ပြန်ရုတ်သိမ်း လိုက်တာနဲ့ သားရဲပုံရိပ်နှစ်ခုလည်း ပျောက်ကွယ်သွားခဲ့တယ်။ သားရဲပုံရိပ်နှစ်ခု ပျောက်ကွယ်သွားတာနဲ့ မိန်းကလေးနှစ်ယောက်လည်း ခပ်မြန်မြန်ပဲ ကုန်းထလိုက်တယ်။ သို့ပေမယ့် သူမတို့ရဲ့ ကိုယ်လေးတွေကတော့ ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ပါတယ်။

သူမတို့ နှစ်ယောက်ကို ကြည့်ရင်း ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်လိုက်ပြီး

‘‘ဒီတစ်ကြိမ်တော့ နင်တို့နှစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် အပြစ်လုပ်ထားတော့ အပြစ်မပေးပဲ ထားလို့တော့ မဖြစ်ဘူး။ ငါကိုပြောပါဦး၊ နင်တို့ကို ဘယ်လိုအပြစ်ပေးသင့်လဲ ’’

ကျိမိုက တုန်တုန်ရီရီနှင့် နှုတ်ခမ်းလေးကို ကိုက်ပြီး ပြောလိုက်တယ်

‘‘နင်သာ ငါတို့ ဝိဉာဉ်ကို မနှိပ်စက်သရွေ့ နင်ကြိုက်သလို အပြစ်ပေးလို့ရတယ် ’’

‘‘ နင်တကယ်ပြောနေတာလား ’’ ရန်ကိုင်မျက်ခုံးပင့်လိုက်တယ်။

‘‘ အင်း ’’ ကျိမိုက ခေါင်းပြန်ညိတ်ပြလိုက်တယ်။

ဝိဉာဉ်နှိပ်စက်ခံရတာက သေတာထက်တောင်

ပိုပြီး ဆိုးရွားလှပါတယ်။ ထိုဝိဉာဉ်နှိပ်စက်တာက ကမ္ဘာအရက်စက်ဆုံး နှိပ်စက်မှုတစ်မျိုးဆိုလည်း မမှားပါဘူး။

‘‘ နင်ကော ’’ ရန်ကိုင်က လန်ရှန်းကို ကြည့်လိုက်တယ်။

‘‘ ငါ…ငါလည်း အ တူ တူ ပဲ ’’ လန်ရှန်းလည်း ချိတုံချတုံဖြင့် သဘောတူလိုက်တယ်။

ရန်ကိုင်က ထိုမိန်းကလေး နှစ်ယောက်ကိုကြည့်ရင်း ရယ်မောလိုက်ကာ ‘‘ ကောင်းပြီ။ အဲ့လိုဆိုမှတော့….

နင်တို့အဝတ်တွေ ချွတ်လိုက် ’’ ထိုစကားကို ကြားလိုက်တာနဲ့ မိန်းကလေး နှစ်ယောက်စလုံး ရုတ်တရက် အေးခဲ

တောင့်တင်းသွားခဲ့ကြတယ်။

ကျိမိုက ခပ်မြန်မြန်ပဲ အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်းပဲ ဖြာယောင်း ဆွဲဆောင်လိုဟန်ဖြင့် ပြုံးလိုက်ကာ

သူမ၏အပေါ်ပိုင်းကို ဖြေချလိုက်သည်။ သူမအဝတ်တွေကို ဖြေးဖြေးချင်း ချွတ်ချနေရင်း ညို့ငင်မှုတွေ ပြည့်နေတဲ့ မျက်ဝန်းအစုံနဲ့ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့တယ်။

လန်ရှန်းကတော့ ရုပ်ထု တစ်ရုပ်အလား တောင့်တောင့်ကြီး ရပ်နေခဲ့တယ်။

‘‘ နင့်အဝတ်ကို မချွတ်ချင်ဘူးဆိုရင် စိတ်ဝိဉာဉ်နှိပ်စက်တာကို သုံးကြိမ်ခံစားရမယ်။ သတိလစ်သွားတာနဲ့ တစ်ကြိမ်ပြီးပြီ။ အဲ့လိုနဲ့သုံးကြိမ်….နင်ကြိုက်တာရွေး ’’

ခံစားခဲ့ရတဲ့ နာကျင်မှုကို သူမပြန်သတိရလိုက်တာနဲ့ လန်ရှန် တစ်ကိုယ်လေး ချွေးအေးတွေထွက်လာခဲ့ပြီး နေရာမှာပဲ တောင့်တောင့်ကြီး ရပ်နေမိလိုက်တယ်။ သူမမျက်လုံးတွေက အချိန်အတော်ကြာ ပိတ်နေခဲ့ပြီးနောက် မျက်ရည် စီးကြောင်းလေးက သူမမျက်လုံး ထောင့်စွန်းဆီမှ စီးကျလာခဲ့ပြီး ရက်စက်စွာ ကျိန်ဆဲလိုက်တယ်

‘‘ ငါ့လွတ်လပ်မှုကို ပြန်ရတဲ့တစ်နေ့ နင့်အလောင်းကို အပိုင်းပိုင်း ဖြစ်အောင် ဖျက်စီးပစ်ပြမယ် ’’

ရန်ကိုင်က ရယ်မောလိုက်ပြီး ‘‘ ငါစောင့်နေမယ် ’’

တစ်စတစ်စနှင့် သူမတို့၏အဝတ်တွေ ကျွတ်ကျသွားခဲ့တယ်။ မိန်းကလေးနှစ်ယောက်စလုံး၏ ကျက်သရေရှိလှတဲ့

ပုံရိပ်တွေ သိပ်မကြာခင်မှာပဲ ရန်ကိုင်မျက်လုံးရှေ့ ထွက်ပေါ်လာခဲ့တယ်။ ကျိမိုဖြစ်စေ၊ လန်ရှန်းဖြစ်စေ၊

နှစ်ယောက်စလုံးက ကျော့ရှင်းတဲ့ မျက်နှာလေးနဲ့ သဘာဝ အလှလေးတွေပါ။

မို့မောက်နေတဲ့ ရင်သားတွေ၊ သေးကျဉ်လှတဲ့ ခါးလေးတွေ၊ စွံ့ကားနေတဲ့ တင်ပါးမို့မို့လေးတွေ နှင့် သွယ်လျတဲ့ ခြေတံ

ရှည်လေးတွေ… အားလုံးက မြင်ရသူ ပုရိသ ယောကျာ်းအပေါင်းကို ရင်ဖိုလှိုက်မောသွားစေနိုင်ပါတယ်။

သိပ်မကြာခင်မှာတော့ မိန်းကလေးနှစ်ယောက်၏ ခန္ဓာကိုယ်ထက်တွင် အဝတ်လွှာ တစ်လွှာသာ ကျန်ရှိပါတော့တယ်။ တစ်ယောက်က ရင်ဘတ်ကို အနီရောင်ပိုးထည်သားဖြင့် ဖုံးအုပ်ထားခဲ့ပြီး အခြားတစ်ယောက်ကတော့ ကျောရှင်းတဲ့ ခရမ်းပြာအောင် အဝတ်စဖြင့် ဖုံးအုပ်လို့ထားခဲ့တယ်။

ဒါပေမယ့် ထိုအဝတ်စတွေက သူမတို့ နှစ်ယောက်စလုံးရဲ့ မို့မောက်နေတဲ့ တောင်ပို့နှစ်ခုကိုတော့ အပြည့်အဝ ဖုံးကွယ် မထားနိုင်ခဲ့ပါဘူး။

ထိုတောင်ပို့နှစ်ခု၏ ထိပ်ဖျား၌ နှစ်လိုဖွယ်ကောင်းတဲ့ ချယ်ရီသီး နီနီလေးနှစ်လုံးကို အထင်သား မြင်တွေ့နိုင်ပါတယ်။

သူမတို့ နှစ်ယောက်ရဲ့ အောက်ဘက်ကတော့ ပိုလို့ကို လှနေပါသေးတယ်။ သူမတို့၏ တာမြစ် တောအုပ်လေးတွေကို ပါးလွှာတဲ့ ပိုးသာအတွင်းခံလေးတွေနဲ့ ဖုံးကာထားခဲ့တယ်။

အခု သူမတို့၏ အထွတ်အမြတ် နေရာတွေကလွဲလို့ ကျန်တဲ့နေရာတွေ အကုန်လုံး အဝတ်အစား ကင်းမဲ့နေခဲ့ပါပြီ။ ဝတ်လစ်စလစ် ဖြစ်နေတဲ့ မိန်းကလေး နှစ်ယောက်က ရန်ကိုင်နှင့် ခြေလှမ်းအနည်းငယ် အကွာတွင် မတ်တပ်ရပ်နေခဲ့ကြတယ်။

‘‘ ကျန်တဲ့ဟာ ဆက်ပြရဦးမလား ’’ ကျိမိုက ဆွဲဆောင်မှုရှိစွာ သူမ၏နှုတ်ခမ်းလေးတွေကို သပ်လိုက်ပြီး ရှက်သွေးဖြာနေတဲ့ မျက်နှာလေးနှင့် တိုးတိုးလေး ပြောလိုက်တယ်။ ရန်ကိုင်က သူမတို့ကို

သင်ခန်းစာတစ်ခု ပေးချင်တာပါ။ တကယ်ကြီးလုပ်ဖို့ မစဉ်းစားထားခဲ့ပါဘူး။

ကျိမိုဆိုတဲ့ မိန်းကလေးက တော်တော်လေး ရဲတင်းတယ်ဆိုတာကို သူအစောကြီးကတည်းက သိထားပြီးသားပါ။ ဒါပေမယ့် လန်ရှန်းကတော့ နည်းနည်း အရှက်သည်းပါတယ်။ သူသာ သူမကို

ဆက်ပြီး တွန်းအားပေးနေမယ်ဆိုရင် သူမလည်း ဆက်ပြီး သည်းခံတော့လိမ့်မှာ မဟုတ်ပါဘူး။

သူ့မျက်လုံးတွေကို သူမတို့ရဲ့ ခန္ဓာကိုယ်နဲ့ တစ်ခဏလောက် အစာကျွေးပြီး နောက်ဆုံး ရန်ကိုင်က လက်ဝှေ့ရမ်းပြီး ပြောလိုက်တယ် ‘‘ သွားတော့ ’’ ကျိမိုကြောင်အသွားခဲ့တယ်။ လန်ရှန်းလည်း မျက်လုံးပြူးသွားခဲ့တယ်။ သူမတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့ကြတယ်။

ဒီတစ်ကြိမ်တော့ ကံဆိုးမိုးမှောင်ကျပြီလို့ သူမတို့ နှစ်ယောက်စလုံး တွေးနေခဲ့ကြတာပါ။ ဒါပေမယ့် မိစ္ဆာချီစွမ်းအင်ဖြင့် ဖုံးလွှမ်းနေတဲ့ ရန်ကိုင်က သူမတို့ကို ကြည့်ရုံသာ ကြည့်ပြီး အခုလိုမျိုး လွှတ်ပေး လိုက်လိမ့်မယ်လို့ တကယ် မထင်ထားခဲ့ပါဘူး။

တစ်ခဏလောက် တွေးတောပြီးနောက် ကျိမိုရုတ်တရက် သူမ၏ ပါးစပ်ကလေးကို ဖွင့်ပြီး ရန်ကိုင်ခွကြား နေရာကို လှမ်းကြည့်လိုက်တယ်။ သူမမျက်လုံးတွေက ထိုနေရာကို ခပ်မြန်မြန်ပဲ စစ်ဆေးလိုက်ပြီး သူမမျက်နှာထက် အဓိပ္ပါယ်ရှိတဲ့ အပြုံးတစ်ခု ပွင့်လန်းလာခဲ့တယ်။

ထိုကဲ့သို့ ဝတ်လစ်စလစ်နီးပါး ဖြစ်နေတဲ့ မိန်းမလှလေး နှစ်ယောက်နှင့် မျက်နှာချင်း ဆိုင်နေတာတောင် ဘာမှမဖြစ်ပဲ နေနိုင်တဲ့ ယောကျ်ားမျိုး ကမ္ဘာပေါ်တွင် တစ်မျိုးတည်း ရှိပါတယ်။

သူဖြစ်ရမယ်….ဟဟ…ဟားဟားဟား

ထိုအခိုက်အတန့်တွင် ကျိမိုနှလုံးသားတစ်ခုလုံး အပျော်တွေဖြင့် ပြည့်နေခဲ့တယ်။ ရယ်ချင်စိတ် ကိုတောင် မထိန်းချုပ် နိုင်တော့မတတ် ဖြစ်သွားခဲ့ရပါသေးတယ်။ သူမပုံခုံးတွေဆို ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ပြီး နောက်ဆုံး သူမနှုတ်ခမ်းကို ကိုက်ပြီးတော့မှာပဲ ရယ်ချင်စိတ်ကို ထိန်းချုပ်နိုင်ပါတော့တယ်။

‘‘ နင်တို့ဘာလို့ မတ်တပ်ရပ်နေသေးတာလဲ ။ သုံးအထိ ငါရေမယ်။ နင်တို့မသွားဘူးဆိုရင် ငါနင်တို့ကို ဒီနေရာမှာပဲ အမြဲနေသွားရအောင် လုပ်ပေးလိုက်မယ် ’’ ကျိမိုဘာတွေ တွေးနေလဲဆိုတာ ရန်ကိုင်မသိပါဘူး။

မျက်မှောင်သာကြုံ့ပြီး ထိုနှစ်ယောက်ကို ခြိမ်းခြောက်လိုက်တယ်။

လန်ရှန်းလည်း အိမ်မက်မက်နေသလို ခံစားရကာ ချက်ချင်းပဲ သူမအဝတ်တွေကို ကောက်ယူဖို့ ကြိုးစား

လိုက်တယ်။ ‘‘ အဝတ်တွေကို ထားခဲ့။ နင်တို့သွားလို့ရပြီ ’’ ရန်ကိုင်က အသာအယာ ပြန်ပြောလိုက်တယ်။

လန်ရှန်းက ရန်ကိုင်ကို ဒေါသ၊ အမုန်းတရားတို့ ပြည့်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး သူမကိုယ်သူမ အတတ်နိုင်ဆုံး ဖုံးကွယ်ရင်း ရန်ကိုင်ဆီကနေ ခပ်မြန်မြန်ပဲ ထွက်ပြေးသွားလိုက်တယ်။

ကျိမိုကတော့ လန်ရှန်းလို ထိတ်လန့်ခြင်းမရှိပဲ ပျင်းရိပျင်းတွဲဖြင့် သူမ၏ခါးလေးကို ဆန့်ထုတ်ပြီး ကျက်သရေရှိလှတဲ့ သူမ၏ခန္ဓာကိုယ် ကောက်ကြောင်းလေးကို လှစ်ဟာပြလိုက်ကာ ဆွဲဆောင်မှုရှိစွာနဲ့ ရန်ကိုင်အား ေပြုံးပြလိုက်တယ်။ ထို့နောက် စွံ့ကားနေတဲ့ သူမ၏တင်ပါးတွေကို လှုပ်ခါရင်း ရန်ကိုင်ဆီကနေ

တစ်လှမ်းခြင်း တစ်လှမ်းခြင်းနဲ့ ဖြေးဖြေးချင် လမ်းလျှောက် ထွက်သွားလိုက်တယ်။

လမ်းလျှောက်နေရင်း လှုပ်ခါနေတဲ့ သူမရဲ့ တင်ပါးလေးတွေက နာရီချိန်သီးနဲ့တောင် တူနေပါသေးတယ်။ ထိုမိန်းကလေးနှစ်ယောက် သူ့မြင်ကွင်းကနေ ပျောက်ကွယ်သွားတာကို ကြည့်ရင်း ရန်ကိုင်လည်း

ချက်ချင်း မျက်လုံး ပြန်ပိတ်လိုက်ပြီး သူ့ရဲ့လောင်မြိုက်နေတဲ့ စိတ်ဆန္ဒတွေကို ဖိနှိပ်ထားလိုက်ရတယ်။

ကျိမို၏အပြုအမူတွေကို သူစိတ်ထဲမထားပါဘူး။ ကြည့်ရသလာက်တော့ ထိုမိန်းမက ဘွင်းဘွင်းရှင်းရှင်းပါ။

ထို့ကြောင့် သူမကိုတွန်းအားပေးမယ်ဆိုရင် ကျိမိုက ထိုကိစ္စကို စိတ်ထဲထားလိမ့်မည် မဟုတ်ပါဘူး။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူမက သူ့ရန်သူ ဖြစ်နေတုန်းပါပဲ။ သူသာ သူမကို အဆုံးထိ တွန်းပို့လိုက်ပါကာ သူမ သေသေ၊ရှင်ရှင် သူ့ကို ဒုက္ခရောက်သွားအောင်တော့ ပြန်လုပ်သွားမှာပါ။ မကိုက်တတ်တဲ့ ခွေးတောင် ချောင်ပိတ်သွားရင် ပြန်ကိုက်မှာပါ။

ပျောက်ဆုံးနေသောကျွန်းတွင် ပိတ်မိနေတုန်းကလိုပဲ သူ့စိတ်ဆန္ဒကိုတွေကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ကာ

အတင်းအကြပ် ဖိနှိပ်ဖို့ကြိုးစားတာပါ။

ခွန်အားကို တိုးတက်အောင် လုပ်မလား၊ မိန်းမတစ်ယောက်နဲ့ ပျော်ပါးမလားဆိုပြီး သူ့ကို လာမေးမယ် ဆိုရင်တော့ ခွန်အားတိုးတက်အေင် လုပ်တာကိုပဲ သူပိုပြီး အလေးထားပါတယ် ရန်ကိုင်က သူ့စိတ်စွမ်းအားကို တိုးတက်အောင် လုပ်ဆောင်နေစဉ် ကျိမိုနှင့် လန်ရှန်းတို့က သစ်ပင်တစ်ပင်နောက်တွင်

ထိုင်နေရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြောစရာစကားမဲ့နေခဲ့ကြတယ်။

ဒီတစ်ကြိမ် သူမတို့ရဲ့ ချောင်းမြောင်းတိုက်ခိုက်မှု ကျရှုံးသွားခဲ့ရုံမက ထိုကောင်စုတ် အသားယူတာကိုလည်း ခံလိုက်ရပါသေးတယ်။ လန်ရှန်းကတော့ ပျာယာခတ်နေခဲ့ပြီး သူမမျက်လုံးတွေက ဒေါသတို့ဖြင့် ပြည့်နေခဲ့တယ် ။ တင်းတင်ဆုပ်ထားတဲ့ လက်သီးလေးတွေနဲ့ မြေကြီးကိုထုထောင်းရင်း ရက်ရက်စက်စက်

ကျိန်ဆဲလိုက်တယ် ‘‘ မိမစစ်ဖမစစ်ကောင်၊ တိရစ္ဆာန်ကောင်၊ အားနည်းတဲ့ မိန်းကလေးတွေကို အနိုင်ကျင့်တယ်။

သူဘယ်လိုတောင် လုပ်ရဲရတာလဲ။ ဒီနေ့အရှက်ရခဲ့တာကို အနှေးနဲ့အမြန် သူ့ကိုဆယ်ဆမက ပြန်ပေးဆပ်စေ ရမယ် ’’

ကျိမိုကတော့ တိတ်ဆိတ်နေခဲ့ပြီး အချိန်တော်တော် ကြာသွားတော့မှပဲ စကားစပြောလိုက်တယ်

‘‘ သူ့ရှေ့မှာဆိုရင် ငါတို့ကိုယ်ငါတို့ အားနည်းတဲ့မိန်းကလေးတွေလို့ ပြောလို့မရဘူး။ သူ့ကျင့်ကြံခြင်းအဆင့်က ငါတို့ထက်တောင် နိမ့်သေးတယ်။ ပြီးတော့ ငါတို့ကပဲ သူ့ကိုအရင်သွားပြီး သတ်ဖို့ ကြိုးစားတာလေ။ သူပြန်လုပ်ခဲ့တာဆိုလို့ ငါတို့ခန္ဓာကိုယ်လေးကို နည်းနည်းလောက် ကြည့်လိုက်တာပဲ ရှိတာ။ နင်ဘာလို့ အဲ့လောက်တောင် အဖြစ်သည်းနေတာလဲ ဆိုတာကို ငါတကယ်ကို နားမလည်နိုင်ဘူး”

လန်ရှန်းက ကျိမိုကို စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်တယ် ‘‘နင်ဘယ်လိုလုပ်ပြီး လုံးဝကို

ဂရုမစိုက်နိုင်ရတာလဲ ’’

‘‘….ဟားဟားဟား…..’’ ကျိမိုက ရယ်မောလိုက်ပြီး မျက်လုံးလေး မှေးကျဉ်းလိုက်ကာ ‘‘ အခြားယောကျာ်လေးတစ်ယောက်သာဆိုရင် ငါတကယ်ကို စိတ်ညစ်မိမှာ။ ဒါပေမယ့် သူကတော့….

အင်း…. သူငါတို့ကို မြင်မြင်၊မမြင်မြင် ကိစ္စမရှိပါဘူး ’’

‘‘ ကောင်းတယ် ။ ကြည့်ရတာ နင်လက်လျှော့ပြီးသွားပြီနဲ့ တူတယ် ’’

လန်ရှန်းက သူမကိုအထင်အမြင်သေးစွာ

ကြည့်လိုက်တယ်။ ကျိမိုက လန်ရှန်းပြောတာကို ဂရုစိုက်သည့် မပေါ်ပဲ သူမအသံလေးကိုသာ နှိမ့်လိုက်ပြီး

‘‘ ငါနင့်ကိုလျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ အဲ့လျှို့ဝှက်ချက်ကို နင်သိတာနဲ့ နင်လည်းအဲ့ဒါနဲ့ပက်သက်ပြီး ဂရိုစိုက်တော့မှာ မဟုတ်ဘူး’’

‘‘ ဘာလျှို့ဝှက်ချက်လဲ ’’ လန်ရှန်းက သံသယဖြင့် မေးလိုက်တယ်။

ကျမိုက သူမနား တိုးကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။ ကျိမိုပြောတာကို လန်ရှန်းကြားပြီးနောက် သူမ မျက်နှာက နီရာမှာစိမ်းသွားခဲ့ပြီး သူမမျက်လုံးတွေက အထင်သေး၊ လှောင်ပြောင်လိုတဲ့ အရိပ်အယောင်ဖြင့် ပြည့်သွားခဲ့တယ်။

‘‘ နင်ဆိုလိုတာက… သူက မစွမ်းနိုင်ဘူးလား….’’ လန်ရှန်းက အသာအယာ မေးလိုက်ပြီး သူမမျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

‘‘နင်ဘာပြောနေလဲဆိုတာ နင်သိလား။ နင့်အသံကိုနိမ့်ပြော ’’ ကျိမိုက သူမလက်ချောင်းလေးကို ဆန့်ထုတ် လိုက်ပြီး လန်ရှန်းပါးစပ်ကို ပိတ်ကာထားလိုက်ကာ ‘‘ ဒါပေမယ့် နင်ဘယ်လိုသိတာလဲ ’’

လန်ရှန်းက သိချင်စိတ်အပြည့်ဖြင့် ပြန်မေးလိုက်တယ်။ ပထမဆုံးအကြိမ်အဖြစ် ကျိမိုက ကြင်နာတတ်တယ်လို့

လန်ရှန်း တွေးမိလိုက်ပါတယ်။ အနည်းဆုံးတော့ ကျိမိုအပေါ် သူမမှီခိုလို့ ရသေးတယ်လေ။

‘‘ ငါတို့ နှစ်ယောက်စလုံးက ရန်ကိုင်ရှေ့မှာ အဝတ်အစား လုံးဝ မရှိသလောက် နီးပါးနဲ့ ရပ်နေတာလေ။ ဒါပေမယ့် သူလုံးဝကို စိတ်မလှုပ်ရှားခဲ့ဘူး။ အဲ့ဒါအပြင် နောက်ထပ် အကြောင်းပြချက် ရှိသေးလို့လား ’’ ကျိမိုက သူမ၏ပါးစပ်လေးကို

အုပ်ပြီး မရယ်မိအောင် မနည်းထိန်းထားလိုက်ရင်း

‘‘ သာမန်လူတစ်ယောက်ဆိုရင် ငါတို့နှစ်ယောက်ရဲ့

ဆွဲဆောင်မှုကို ဘယ်လိုလုပ်ပြီး ခံနိုင်ပါ့မလဲ။ သူ့မှာပြဿနာ ရှိနေတာပဲဖြစ်ရမယ် ’’

လန်ရှန်းလည်း ရန်ကိုင်ပြောနေတာကို နားထောင်ရင်း ကျိမိုပြောတာကို လက်ခံကြောင်း ခေါင်းလေး

ညိတ်ပြလိုက်တယ်။ ‘‘ အဲ့လိုပြဿနာက ယောကျာ်းတိုင်းအတွက် တားမြစ်ချက်တစ်ခုပဲ ’’ အခုလို ကိစ္စတွေနဲ့ ပက်သက်ပြီး ကျိမိုက တော်တော်လေး နောကျေနေတဲ့ ပုံပါပဲ။ ထို့ကြောင့် လန်ရှန်းက နားထောင်ရင်း ခေါင်းလေးသာ တဆတ်ဆတ် ညိတ်နေခဲ့ရတယ်။

‘‘ ဒီအကြောင်းကို သူ့ရှေ့မှာပြောလို့ မဖြစ်ဘူး။ မဟုတ်ရင် ငါတို့အသက်ပျောက်သွားနိုင်တယ် ’’

‘‘ ကောင်ပြီ၊ သူ့ရှေ့မှာ မပြောဖို့ ငါကတိပေးတယ် ’’ လန်ရှန်းက သူမခေါင်းလေးကို ထပ်ခါထပ်ခါ ညိတ်ရင်း မေးလိုက်တယ် ‘‘ဒါပေမယ့် သူ့မှာသာ ပြဿနာရှိနေတယ်ဆိုရင် သူ့ကို ဆွဲဆောင်ဖြာယောင်းမယ် ဆိုတဲ့ ကိစ္စကိုကော နင်ဆက်လုပ်နိုင်သေးလား ’’

ကျိမိုက ချက်ချင်းပြုံးလိုက်ပြီး ‘‘သူ့မှာပြဿနာရှိနေတဲ့အတွက် သူ့ကိုဖြာယောင်းဖို့ ကြိုးစားတဲ့နေရာမှာ ငါတို့ ပိုပြီးအားထုတ် ကြိုးစားဖို့ လိုတောပေါ့။ အခု သူငါတို့ကို ဘာမှမလုပ်နိုင်ဘူးဆိုတာ ငါတို့သိသွားပြီလေ။ ငါတို့ သူ့ကိုဖြားယောင်းဖို့ ကြိုးစားနေတဲ့အချိန် သူဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်နေကြည့်ပြီး ငါတို့ဒေါသကို ဖွင့်ထုတ်လို့ ရတယ်လေ။ ဒါက လက်စားချေလို့ကောင်းတဲ့ နည်းလမ်းတစ်ခု မဟုတ်ဘူးလား”

သူမတစ်ခုခုကို နားလည်သွားသည့်အလား လန်ရှန်းအမူအရာ ချက်ချင်းတောင့်တင်းသွားခဲ့တယ်။ အခု သူမမျက်နှာထက်၌ ကျိုမိုကိုလေးစားသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေခဲ့ရပါပြီ။

‘‘ နင်ကဒီကိစ္စတွေမှာ တကယ်ကို အတွေ့အကြုံရှိတာပဲ ’’ ကျိမိုက သူမကိုဒေါသတကြီး စိုက်ကြည့်လိုက်ပြီး

‘‘မိန်းမပေါလေးရေ၊ ငါတို့တန်းလန်မင်းဆက်က မိန်းမတွေက နင်တို့ဟန်မင်းဆက်က မိန်းမတွေထက် အရှက်သည်းတဲ့ မိန်းမတွေ မဟုတ်ဘူး’’

‘‘ ဆိုလိုတာက.. နင်တို့က ယောကျာ်းတွေနဲ့ ဟိုဟွာလုပ်ပြီး…..’’ လန်ရှန်းလည်း ရှက်ရှက်နှင့် မေးလိုက်တယ်။

ကျိမို ရှက်သွေးဖြာသွားခဲ့ပြီး ‘‘ မလုပ်ရသေးဘူး။ ငါ့ကို အောင်နိုင်တဲ့ ယောကျာ်းတစ်ယောက်ကိုမှ ငါမတွေ့ဖူးသေးဘူး ’’

‘‘ ငါနင့်ကိုမယုံဘူး ’’ လန်ရှန်းက ချက်ချင်း ပြန်ပြောလိုက်တယ်။

နှစ်ရက်ဆက်တိုက် လေ့ကျင့်ပြီးသွားတဲ့ အချိန်မှာတော့ သူ့စိတ်ထဲက လိုအင်ဆန္ဒတွေကို ရန်ကိုင် ငြိမ်းသတ်သွားနိုင်ခဲ့ပါပြီ။ ထို့ကြောင့် သားရဲထိန်းချုပ်ခြင်း တံဆိပ်တော်ကို လေ့ကျင့်နေတဲ့အချိန်

သူ့စိတ်အခြေအနေက ပိုပြီး မြင့်တက်လို့ လာခဲ့တယ်။ ကျားဖြူ တံဆိပ်တော်နှင့် နွားသိုး တံဆိပ်တော်နှစ်ခုကို

၁၀၀ရာခိုင်နှုန်းအောင်မြင်အောင် မပေါင်းစည်းနိုင်သေးဘူးဆိုပေမယ့် သူ့ကျွမ်းကျင်မှုကတော့ ပိုပြီး တိုးတက်လာခဲ့ပါတယ်။

ထိုနှစ်ရက်အတွင်း ရန်ကိုင် ယွမ်ချီတော်တော်လေး သုံးဖြုန်းခဲ့ရတယ်။ ဒါပေမယ့် ရွှေရောင်အရိုးခြောက်က အဆုံးမရှိသည့် စွမ်းအင်အိုးကြီးလို ဖြစ်နေတဲ့အတွက် ယွမ်ချီမလောက်မှာကို သူစိတ်ပူစရာ မလိုပါဘူး။ ထိုအချိန်၌ ကျိမိုနှင့် လန်ရှန်းတို့နှစ်ယောက်ကတော့ အတွင်းခံလေးတွေနဲ့ သားရဲအုပ်အလယ်တွင် ထိုင်နေခဲ့ကြတယ်။ ရန်ကိုင်အပြစ်ပေးတာ မပြီးသေးတဲ့ ပုံပါပဲ။

သူမတို့ ကျင့်ကြံခြင်းအဆင့်က မနိမ့်ကျတဲ့အတွက် အအေးဒဏ်ကို ကြောက်စရာမလိုချေ။ ဒါပေမယ့် သူမတို့ မရှက်ဘူးလို့တော့ မဆိုလိုပါ။ ကျိမိုက လန်ရှန်းနှင့်သူမကို မမြင်ရအောင် သားရဲတွေနဲ့

သုံးဆင့်ထပ်ကာ ကာရံထားခဲ့တယ်။

လွန်ခဲ့တဲ့ရက်အတွင်း ထိုမိန်းကလေးနှစ်ယောက်က သူမတို့ရဲ့ အချိန်တွေကို ရန်ကိုင်အား ဘယ်လိုဖြာယောင်း ရမလဲဆိုတာကို ဆွေးနွေးရင်းနဲ့ပဲ ကုန်ဆုံးခဲ့ကြတယ်။ ရန်ကိုင်ကို ဘယ်လိုအရှက်ရအောင်လုပ်မယ်ဆိုပြီး အစီအစဉ်ချပြီး ဆွေးနွေးရင်း သူမတို့ကြား ကျန်ရှိခဲ့တဲ့ မကျေနပ်ချက်တွေက တဖြည်းဖြည်းပျောက်ကွယ် သွားခဲ့ကာ သူမတို့ နှစ်ယောက်ကြား သံယောဇဉ်က တဖြည်းဖြည်း ပိုပြီးခိုင်မြဲလာခဲ့တယ်။

နောက်ဆုံး ရန်ကိုင် အသံကို ကြားလိုက်ရတဲ့အချိန် ကျိမို တစ်ခဏတာလောက် အံ့အားသင့်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ်

‘‘ သူ့မှာအသိစိတ် နည်းနည်းတော့ ရှိသေးတဲ့ပုံပဲ ’’ ပြောနေရင်း သားရဲတွေအား သူမတို့နှစ်ယောက်ရဲ့ အဝတ်တွေကို ပြန်ယူလာပေးဖို့ အမိန့်ပေးလိုက်တယ်။ သူမတို့နှစ်ယောက် အဝတ်ဝတ်ပြီးတာနဲ့

ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်တယ်။ ရန်ကိုင်လည်း မျက်လုံးဖွင့်ပြီး ထိုမိန်းကလေးနှစ်ယောက်ကို

ကြည့်လိုက်သည့်အချိန် မိန်းကလေး နှစ်ယောက်စလုံး အံ့အားသင့်သွားခဲ့ရတယ်။

လွန်ခဲ့တဲ့ရက်အတွင်း သူမတို့ရှေ့တွင်ရှိနေတဲ့ ကောင်စုတ်က မခန့်မှန်းနိုင်တဲ့ ချီစွမ်းအင်ကို သုံးစွဲခဲ့ပြီး

မိစ္ဆာလမ်းစဉ်ကို ရောက်သွားလုနီးပါး ဖြစ်သွားခဲ့ပေမယ့် အခုအချိန်မှာတော့ နဂိုအတိုင်းပြန်ဖြစ်နေပြီး

အနည်းငယ် ပင်ပန်းသည့် အရိပ်အယောင်ကိုပင် သူ့မျက်နှာထက် မတွေ့ရပါဘူး။

Martial Peak

အပိုင်း (၂၄၃) ကျိမို၏ နောက်ခံ

‘‘ ငါ့မှာနင့်ကို မေးရာတစ်ခုရှိတယ် ’’ ရန်ကိုင်က ကျိမိုကို ကြည့်ရင်း ပြောလိုက်တယ်။

‘‘ ပြောလေ ’’ ကျိမိုက နှစ်လိုဖွယ်ကောင်းစွာ ပြုံးရင်း ပြန်ပြောလိုက်သည်။ ထို့နောက် ရန်ကိုင်ဆီ ဖြေးဖြေးချင်း လမ်းလျှောက်သွားလိုက်ပြီး သူ့ဘေး၌ ထိုင်ချလိုက်ပါတယ်။ ဒါပေမယ့် ရန်ကိုင်ကို တကယ် အံ့အားသင့်သွား စေတာက လန်ရှန်းပါ သူ့နားလာပြီး ထိုင်ချလိုက်လို့ပါပဲ။ ဒါပေမယ့် သူမပုံစံက အနည်းငယ် တောင့်တင်းနေသလို ဖြစ်နေကာ မလုပ်ချင်ဘဲ လုပ်နေရတဲ့ ပုံစံနဲ့ တူနေခဲ့ပါတယ်။ သူမဆီ လှမ်းကြည့်လိုက်တဲ့အချိန် လန်ရှန်းက သူ့ကို ပြန်ပြုံးပြပါတယ်။ ဒါပေမယ့် သူမအပြုံးက အပြုံးတုပါ။ မပြုံးချင်သလိုလို ပြုံးနေတာပါ။ ထိုကဲ့သို့ ပြုံးတာက သူမကို တော်တော်လေး နာကျင်စေတာလား ဆိုတာ သူမသိပါဘူး။

ဒါပေမယ့် သူမတို့နှစ်ယောက်က သူ့ဆီ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်တဲ့အတွက် ထိုနှစ်ယောက်၏ အပြုအမူကို သူလျစ်လျူရှု ထားလိုက်ပါတယ်။

‘‘ ကဲ…သခင်အခုဘာမေးချင်တာလဲ ’’ ကျိုမိုက သူမ၏လက်ကလေးနဲ့ ရန်ကိုင်လက်မောင်းကို လှမ်းချိတ်လိုက်ရင်း သူ့လက်မောင်းကို သူ့မရင်သား နှင့် ပွတ်သပ်ရင်း မေးလိုက်ပါတယ်။

‘‘ အဟွတ်အဟွတ် …… နင်ငါ့ကိုဘယ်လိုခေါ်လိုက်တာလဲ ’’ ရန်ကိုင် စိတ်ရှုပ်သွားခဲ့ပါပြီ။

‘‘ သခင်လို့……’’ ကျိမိုက ပျားသကာလို ချိုမြတဲ့ လေသံနဲ့ ထပ်ပြောလိုက်တယ်။ သူမ၏အပြုအမူနှင့် စကားလုံးတွေက ရန်ကိုင်ကို ကြောင်အသွားစေရုံမက သူ့ဘေးနားမှာ ထိုင်နေတဲ့ လန်ရှန်းကိုပါ

ကြောင်အသွားစေခဲ့ပါတဘ်။ ကျိမို၏အရှက်ကင်းမဲ့မှုနှင့်ပက်သက်ပြီး ထိုကမကို သူမတော်တော်လေး လေးစားမိသွားခဲ့လေပြီ။

ငါက သူမအဆင့်မှာမဟုတ်ဘူးလို့ လန်ရှန်း သူမဘာသာသူမတွေးလိုက်သည်။ ကျိမိုမျက်နှာထက်က အပြုံးက ပိုပြီးတောက်ပလာခဲ့ပြီး “နင့်နာမည်ကို ငါမသိပေမယ့် ငါ့အသက်က လုံးဝနင့်လက်ထဲမှာလေ။ အဲ့တော့

ကျွန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ငါ့ကြားမှာ ဘာများ ကွာခြားသေးလို့လဲ။ နင်သာငါ့ကို အရှေ့ကိုသွားလို့ပြောရင် ငါအနောက်ကို မသွားရဲပါဘူး။ နင်ငါ့ကိုလှဲခိုင်းရင် ငါမတ်တပ် ရပ်မနေရဲပါဘူးနော်” ရုတ်တရက်ကြီး ရှက်ရွံ့နေတဲ့ လေသံလေးနဲ့ ကျိမိုက ရန်ကိုင်မျက်လုံး တည့်တည့်ကို စိုက်ကြည့်ရင်း တိုးတိုးလေး ပြောလိုက်တယ်

“နင်သာ ငါ့အဝတ်တွေကို ချွတ်ပါလို့ ပြောခဲ့ရင် လိုလိုလားလားနဲ့ ငါ့အဝတ်တွေကို ချွတ်ပေးဦးမှာ။ အဲ့တော့ နင့်ကို သခင်လို့ ခေါ်လို့ရတယ်မလားဟင်”

“ငါနဲ့လာရှုပ်ဖို့ ကြိုးစားမနေနဲ့” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး

“ငါ့ကိုသခင်လို့ နင် မခေါ်ချင်ဘူးဆိုတာ ငါသိတယ်။ ပြီးတော့ နင်အခုလုပ်နေတဲ့ ပုံစံကိုကြည့်ရတာ တစ်မျိုးကြီးပဲ။ အရင်တုန်းက

ငါပြောခဲ့သလိုပဲ နင်တို့နှစ်ယောက်ကို ထိန်းချုပ်ထားတယ်ဆိုတာက ငါ့ကိုယ်ပိုင်လုံခြုံမှုအတွက်ပဲ။ နင်တို့သာ ငါ့ကိုဆန့်ကျင်ဖို့ မကြိုးစားသရွေ့ ငါလည်းနင်တို့ကို အရှက်ရအောင် လုပ်မှာမဟုတ်ဘူး”

ကျိမိုက တစ်ခဏတာ အံ့အားသင့်သွားခဲ့ပြီး ချိုမြတဲ့လေသံလေးနဲ့ ပြန်ပြောလိုက်တယ် “ငါနင့်ကို နောက်နေတာပါ။ အဲ့ဒါဆို အခု ငါနင့်ကို ဘယ်လိုခေါ်ရမလဲ”

“ရန်ကိုင် … နင်တို့ကော” မိန်းကလေးနှစ်ယောက်စလုံး ခပ်မြန်မြန်ပဲ သူမတို့၏နာမည်ကို ပြောပြလိုက်ပါတယ်။ လန်ရှန်း အကြောင်းကိုတော့ သူသိပါတယ်။ သူမဘယ်က လာတယ်ဆိုတာကိုပါ သူသိပါတယ်။ ဒါပေမယ့် ကျိမိုရဲ့ နောက်ခံက သူ့အတွက် အဆန်းတကြယ် ဖြစ်နေတုန်းပါပဲ။

“နင်တို့ရဲ့ ဂိုဏ်းအကြောင်း ငါ့ကိုပြောပြ။ လိမ်ဖို့မကြိုးစားနဲ့နော်။ နင်တို့စိတ်ဝိဉာဉ် လှိုင်းတွေ လှုပ်ခါသွားတာနဲ့ နင်လိမ်နေပြီဆိုတာ ငါသိတယ်”

ရန်ကိုင်က ပြောလိုက်တယ်။

“ငါမလိမ်ရဲပါဘူးနော်”

ကျိမိုက ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။ နောက် တစ်ခဏလောက် စဉ်းစားပြီးနောက် သူမအကြောင်းကို စပြောပါတော့တယ်

“ငါက တန်းလန်မင်းဆက် ဆန်းလော့ဘုရားကျောင်း(နတ်ဆိုးဘုရားကျောင်း) ကနေလာတာ။ အဲ့နေရာကို နင်ကြားဖူးလားတော့ ငါမသိဘူး”

ရန်ကိုင်က အသာအယာ ခေါင်းရမ်းပြလိုက်တယ်။ သူက ဟန်းမင်းဆက် အကြောင်းတောင် အကုန်အစင် မသိတာ တန်းလန်မင်းဆက်က အကြောင်ကို သိဖို့တော့ ဝေးပေါ့။ သို့ပေမယ့် လန်ရှန်းကတော့ အံ့အားသင့်သွားခဲ့လေပြီ။

“ညီမလန်က အဲ့နေရာအကြောင်း ကြားဖူးတယ်ထင်တယ်” ကျိမိုက တခစ်ခစ်ရယ်မောရင်း ပြောလိုက်ပါတယ်။

လန်ရှန်းက ခေါင်းညိတ်လိုက်ပြီး “တန်းလန်မင်းဆက်ကို ကြီးစိုးတဲ့၈ိုဏ်းပဲ။ ငါမကြားဖူးပဲ နေမလား”

“ကြီးစိုးနေတဲ့ ဂိုဏ်းလား။ မိသားစုကြီးရှစ်ခုနဲ့ တူညီတဲ့အင်အားစုမျိုးလား” ရန်ကိုင် အံ့အားသင့်သွားခဲ့ရလေပြီ။

ကျိမိုရဲ့ နောက်ခံကဒီလောက်ထိ ကြီးမားလိမ့်မယ်လို့ သူတစ်ခါမှ မထင်ထားခဲ့ပါဘူး။

“မှန်တာပေါ့’ ကျိမိုက နောက်တစ်ကြိမ် တခစ်ခစ်ရယ်လိုက်ပြီး သူမလက်ကလေးနဲ့ ရန်ကိုင် လက်မောင်းထက် စက်ဝိုင်းပုံလေး ပတ်ဆွဲရင်း “တကယ်တော့ ငါကတန်းလန်မင်းဆက်ရဲ့ မင်းသမီး တစ်ပါးပဲ။ အဲ့တော့ ငါ့ကိုမသေစေတာကောင်းမယ်။ နင်သာငါ့ကိုပြန်ခေါ်သွားနိုင်မယ်ဆိုရင်

မင်သားတစ်ပါးတောင် ဖြစ်လာနိုင်သေးတယ်။ အဆုံးမရှိတဲ့ ချမ်းသာမှုတွေကို ခံစားရင်း ၊ ပြဿနာ အရေးကိစ္စတွေ အတွက်လည်း ဘာမှ စိတ်ပူစရာ မလိုတော့ဘူးပေါ့… ဟဟဟ” ရန်ကိုင်က သူမကို စိုက်ကြည့်လိုက်တယ်။ သူမပြောနေတဲ့ မဟုတ်တုတ်က စကားတွေကို သူမယုံတာ အမှန်ပါ။

ဒီမိန်းက ဉာဏ်နီဉာဏ်နက် များလွန်းပြီး ကိုင်တွယ်ဖို့ ကလည်း တော်တော်လေး ခက်တဲ့ အစားထဲမှာ ပါပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြတဲ့ လန်ရှန်းလိုမိန်းမမျိုးနဲ့ပဲ သူရင်ဆိုင်ချင်တာပါ။ ကျိမိုလို လူမျိုးနဲ့တော့ သူတကယ်ကို ရင်မဆိုင် ချင်တာပါ။ အဲ့လိုမိန်းမတွေက တကယ်ကို ကိုင်တွယ်ရ ခက်ခဲပါတယ်။

‘‘ အခုဒီသီးခြားကမ္ဘာထဲကို လာတဲ့ ငါနဲ့ငါ့ အပေါင်းအဖော်တွေက စန်းလော့ဘုရားကျောင်းက လာတယ်ဆို ပေမယ့် ငါတို့က ဂိုဏ်းတစ်ခုလုံးကို ကိုယ်စားမပြုဘူး။ ပြီးတော့ နင်အဲ့လိုထင်နေတယ်ဆိုရင် ငါတို့တန်းလန်

မင်းဆက်ရဲ့စွမ်းအားကို အရမ်းကြီးအထင်သေးသွားမှာ ကျိန်းသေပဲ ’’ ကျိမိုက ဆက်ပြောလိုက်တယ်

“ငါတို့အဖွဲ့သားတွေက အဓိကဂိုဏ်းရဲ့ အခွဲတစ်ခုက တပည့်တွေသာသာပဲ။ ငါတို့ရဲ့ လေ့ကျင့်တဲ့ ပုံစံက ရှားပါးပြီး ပုံမှန်မဟုတ်တဲ့ အင်းဆက် ကျင့်ကြံခြင်းပဲ”

“ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေကို ပြောတာလား” ရန်ကိုင်ကပြုံးကာ မေးလိုက်တယ်။

ရန်ကိုင်လေသံထဲက အထင်သေးမှုကို သတိပြုမိတာနဲ့ ကျိမိုက ချက်ချင်းပဲ ပြန်ခံပက်ပါတော့တယ် “ငါ့ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်ကျနေသေးလို့ ငါပြုစုပျိုးထောင်နိုင်တဲ့ အင်းဆက်တွေက နင့်ပြိုင်ဘက်မဖြစ်နိုင်ခဲ့တာ။ ငါ့မှာသာ ထိပ်တန်းအဆင့် ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေ ရှိခဲ့မယ်ဆိုရင် ငါ့အင်းဆက်တွေက နင့်အပူသေးသေးလေးကို ကြောက်နေမှာ မဟုတ်ဘူး”

“အဲ့တော့ နင့်အင်းဆက်တွေက အပူကိုကြောက်တာလား” ရန်ကိုင်က သူမစကားထဲက ဟာကွက်ကို ချက်ချင်း ကောက်ထောက်လိုက်ပါတယ်။

သူမစကားပိုသွားခဲ့လေပြီ။ သို့ပေမယ့် ကျွံပြီးသား စကားက ပြန်နှုတ်လို့ မရတော့ပါဘူး။ ထို့ကြောင့် ပြောလက်စနဲ့ ဆက်သာ ပြောရတော့မယ့် ကိန်းပေါက်သွားတဲ့ အတွက် “ဟုတ်တယ်။ ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေရဲ့ အိမ်မက်ဆိုးက အပူဓါတ်ပဲ။ ဒါကြောင့်

ယန် ဒါမှမဟုတ် မီးဓါတ်ကိုလေ့ကျင့်တဲ့ သိုင်းပညာရှင် တွေအားလုံးကို အဲ့အင်းဆက်တွေနဲ့ မထိန်းချုပ်နိုင်ဘူး ’’

ထို့ကြောင့် လွန်ခဲ့တဲ့ရက်တုန်းက သူယန်ဓါတ်ကို လေ့ကျင့်တယ်ဆိုတာကို လန်ရှန်းက ကျိမိုကို ပြောလိုက်တဲ့အချိန် သူမက သူ့ကိုသတ်ဖို့ ချက်ချင်း ကြိုးစားခဲ့တာ ဖြစ်ရပါမဘ်။

“ဘာပဲဖြစ်ဖြစ် နင့်အင်းဆက်တွေက ချီးကျူးဖို့ထိုက်တန်ပါတယ်။ အနည်းဆုံးတော့ တန်းလန်မင်းဆက်က ကျင့်ကြံသူတွေကို ဒီနေရာမှာ ထင်တိုင်းကြဲလို့ရအောင် လုပ်ပေးနိုင်တယ်လ”ရန်ကိုင်က ပြန်ပြော

လိုက်တယ်။ ဝူချန်းရီတို့အဖွဲ့ မိုးမြေအဆုံးထိ ထွက်ပြေးနေရသည့် အကြောင်းကို ပြန်တွေးမိလိုက်တဲ့ အချိန်မှာတော့ ရန်ကိုင်နည်းနည်း စိတ်ဓါတ်ကျသွားခဲ့ရတယ်။ သူ ထိုအင်းဆက်တွေရဲ့ အားနည်းချက်ကို တွေ့ရှိသွားတာ ကံကောင်းသွားပါတယ်။ ပြီးတော့ ယန်ဓါတ်ကို လေ့ကျင့်ထားတာရောပေါ့။ အားနည်ချက်ကို တွေ့ရှိသွားရင်တောင် သူသာ ယန်ဓါတ်ကို မလေ့ကျင့်ထားရင် ဘာမှလုပ်တတ်လိမ့်မည် မဟုတ်ပါဘူး။ ထိုအချိန်တုန်းကသာ ကျိမိုနဲ့ ဒီအတိုင်း ထိပ်တိုက် ရင်ဆိုင်ခဲ့မယ် ဆိုပါက သူမသားရဲတွေကြာင့် သူဘာမလုပ်ရပဲ အသက်ပျောက် သွားနိုင်ပါတယ်။

‘‘ ပုံမှန်အားဖြင့်တော့ အဲ့အင်းဆက်တွေက အရမ်းအသုံးဝင်တယ်လေ။ ပြီးတော့ အင်းဆက်တွေကိုသုံးပြီး သားရဲအနည်းငယ်ကိုထိန်းချုပ်၊ အဲ့သားရဲ အကူအညီနဲ့ နောက်ထပ် သားရဲတွေထပ်ဖမ်း၊ အဲ့လိုနဲ့

ဟန်မင်းဆက်က ကျင့်ကြံသူတွေကို ရင်ဆိုင်ရမယ် ဆိုရင်တောင် သူတို့အသက်ကိုယူဖို့ ငါတို့ လက်တစ်ချောင်းတောင် မြှောက်စရာ မလိုတော့ဘူး။ ဒါပေမယ့် အကျိုးဆက်ကလည်း ပြင်းထန်တယ်။

ဥပမာပြောရမယ်ဆိုရင် နင်လိုမျိုး အင်းဆက်တွေကို ဖျက်စီးနိုင်တဲ့ ကျင့်ကြံသူ တစ်ယောက်ယောက်နဲ့

ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုရင် ငါတို့စိတ်ဝိဉာဉ်ကို ထိခိုက်သွားစေနိုင်တဲ့ အထိ အကျိုးဆက်တွေက ပြင်းထန်တယ် ’’ ကျိမိုက စိတ်ဓါတ်ကျစွာဖြင့် ရန်ကိုင်ကို ကြည့်ပြီးပြောလိုက်တယ်။

‘‘ အဲ့တော့ ယန်ဓါတ်၊ဒါမှမဟုတ် မီးဓါတ်ကိုလေ့ကျင့်တဲ့ သိုင်းပညာရှင်တွေက နင်တို့ ဦးစားပေးသတ်ရမယ့် ပစ်မှတ်တွေပဲပေါ့ ’’ ရန်ကိုင် နားလည်သွားပါပြီ။

‘‘ ဟုတ်တာပေါ့။ အဲ့လိုလူတွေသာ မရှိရင် ငါတို့ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေက အရမ်းကိုအသုံး ဝင်တယ် ’’ ကျိမိုက ဂုဏ်ယူစွာဖြင့် ပြောလိုက်တယ် ‘‘ ဒါပေမယ့် တကယ်တော့ အဲ့လိုဖြစ်မှာကိုလည်း

အရမ်းကြီးစိုးရိမ်နေစရာ မလိုပါဘူး။ ငါတို့ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေက အရမ်းသေးတော့ နင်တို့ ဟန်မင်းဆက်က ကျင့်ကြံသူတွေက ငါတို့သားရဲတွေထဲ တစ်ကောင်ကို သတ်လိုက်ရင်တောင် အဲ့အင်းဆက် ရဲ့တည်ရှိမှုကို ရှာတွေ့မယ်လို့ မဆိုလိုဘူးလေ။ အဲ့ဒါကြောင့် အားလုံး ပြီးသွားတာနဲ့ ငါတို့ အင်းဆက်တွေကို ပြန်သွားယူလိုက်ရုံပဲ။ ငါတိုရဲ့လျှို့ဝှက်ချက်တွေကို နင်ဘယ်လိုရှာတွေ့သွားလဲဆိုတာ ငါတကယ်ကို နားမလည်နိုင်ဘူး”

ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်ရင်း ‘‘ နင်ခန့်မှန်းကြည့်လေ ’’

ကျိမိုက ခါးသီးစွာဖြင့် လျှာလေးထုတ်လိုက်ပါတယ်။ သိုပပေမယ့် ကံစမ်းဖို့တော့ မကြိုးစားတော့။

ဒီသီးခြားကမ္ဘာကြီးထဲတွင် တန်းလန်မင်းဆက်က ကျင့်ကြံသူအချို့နှင့် ရန်ကိုင်က လွဲ၍ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်နောက်ကွယ်ရှိ ဆန်းကြယ်မှုတွေကို တွေ့ရှိတဲ့လူ မရှိသေးချေ။ တန်းလန်မင်းဆက်က

ကျင့်ကြံသူတွေကို ရင်ဆိုင်ကြုံတွေ့လိုက်တာနဲ့ ထိုတန်းလန်မင်းဆက်က ကျင့်ကြံသူတွေက သားရဲတွေကို ထိန်းချုပ်နိုင်တယ် ဆိုတာကိုသာ သိသွားခဲ့ပြီး ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေကိုသုံးကာ

သားရဲတွေကို ထိန်းချုပ်တယ်ဆိုတာကိုတော့ သူတို့မသိခဲ့ချေ။

‘‘ အင်း…အဲ့ဒါမှန်တယ်။ ငါနင်တို့ကိုရေကန်ဘေးမှာတွေ့တုန်းက လူလေးယောက်ရှိတာလေ။ အခုဘယ်လို လုပ်ပြီး နင်တစ်ယောက်တည်း ရှိတော့တာလဲ ’’ ရန်ကိုင်က ဇဝေဇဝါဖြင့် ကျိုမိုကိုကြည့်ရင်းမေးလိုက်တယ်။

ဒါပေမယ့် ထိုမေးခွန်းကိုသူမေးလိုက်တာနဲ့ ကျိမိုမျက်လုံးတွေထဲ ဒေါသနှင့်နာကျည်းတဲ့ အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး လန်ရှန်းကတော့ တိတ်တဆိတ်နဲ့ စတင်ရယ်မော ပါတော့တယ်။

‘‘ နင်မပြောနိုင်ဘူးလား ’’ ရန်ကိုင်လေသံ တစ်မျိုးပြောင်းလဲသွားခဲ့ပြီး သူ့အမူအရာကလည်း အေးစက်သွားခဲ့တယ်။

‘‘ မဟုတ်ဘူး၊ အဲ့အကြောင်းကို ပြန်မပြောချင်တာ ’’ ကျိမိုက နက်နက်နဲနဲ သက်ပြင်းချလိုက်ပြီး ‘‘ ဘာတွေ ဖြစ်ပျက်ခဲလဲဆိုတာ ညီမလန်သိတယ်။ နင်သိချင်တယ်ဆိုရင် သူမကိုသာမေးလိုက် ’’ ရန်ကိုင်လည်း

တစ်ခဏတာလောက် ကြောင်အသွားခဲ့ပြီး လန်ရှန်ဆီ သိချင်စိတ်အပြည့်ဖြင့် လှည့်ကြည့်လိုက်တဘ်။

‘‘ အဲ့ဒါအမှန်ပဲ။ ငါနင့်ကိုရှင်းပြနိုင်တယ် ’’ လန်ရှန်း ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

‘‘ အဲ့လိုဆို ငါ့ကိုပြောပြ ’’

လန်ရှန်း တစ်ခဏလောက် တွေးလိုက်ပြီး စတင်ပြောပါတော့တယ် ‘‘ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းကပေါ့… ကျိမိုနဲ့ သူ့အပေါင်းအပါတွေ အကုန်လုံး အရမ်းကိုရန်လိုပြီး စိတ်ကြီးဝင်နေခဲ့ကြတာ။ သူတို့ကြောင့်ပဲ

ငါနဲ့ငါ့ရဲ့ စီနီယာအစ်…ငါနဲ့ဂျင်ဟောင်တို့နှစ်ယောက် ဒုက္ခရောက်ခဲ့ရတယ်။ ငါတို့အချိန်အများစုကို ပုန်းအောင်းနေရင်းနဲ့ပဲ ကုန်ဆုံးခဲ့ရတယ်။ ဒါပေမယ့် အဲ့မိစ္ဆာသားရဲတွေရဲ့ အနံ့ခံနိုင်စွမ်းက ထက်ရှလွန်းတော့

ပုန်းပြီး သိပ်မကြာပါဘူး..ငါတို့ကိုတွေ့သွားပြန်တာပဲ။ အဲ့လိုနဲ့ပဲ လွန်ခဲ့တဲ့တစ်လတုန်းကအထိ ပြေးလိုက် ပုန်းလိုက် လုပ်နေခဲ့ရတာ ’’

‘‘ အဲ့အချိန်တုန်းက ဟန်မင်းဆက်က လက်ကျန်တပည့်တွေကို ငါတို့တွေ့ခဲ့တယ်။ သူတို့မှာ စုစုပေါင်းမှ လူသုံးဆယ်လောက်ပဲ ရှိတယ် ’’ ရန်ကိုင်အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့လေပြီ။ ထိုအဖွဲ့က ဘယ်သူ့အဖွဲ့လဲ ဆိုတာ သူသိပါတယ်။

‘‘ ငါတို့ တစ္ဆေဘုရင်တောင်ကြားရဲ့ ဂုဏ်သတင်းက ဆိုးရွားပြီး ငါတို့ဂိုဏ်းကို မိစ္ဆာဂိုဏ်းတစ်ဂိုဏ်းအဖြစ် သတ်မှတ်ထားပေမယ့် နောက်ဆုံးတော့လည်း ငါတို့ဟန်မင်းဆက်ကပဲလေ။ အဲ့ဒါကြောင့်ပဲ ငါနဲ့ ဂျင်ဟောင်တို့နှစ်ယောက် အဲ့အဖွဲ့ထဲကို အောင်အောင်မြင်မြင် ဝင်နိုင်ခဲ့တယ်။ နောက်ဆုံး

မှီခိုစရာ လူရှိပြီဆိုပြီး တွေးနေတုန်းရှိသေး …ဒါပေမယ့်…’’ လန်ရှန်က လှောင်ပြုံးပြုံးလိုက်ပြီး ‘‘ ဒါပေမယ့် နှစ်ရက်ကြာပြီးတာနဲ့ မိစ္ဆာသားရဲတွေ ဝိုင်တိုက်တာ ခံရမယ်လို့ ဘယ်လိုလုပ်ပြီး တွေးထားပါ့မလဲ ’’

အခု ထိုအကြောင်း ပြန်စဉ်းစားကြည့်လိုက်တော့ သူမနှင့်ဂျင်ဟောင်သာ ထိုအဖွဲ့ထဲ မဝင်ခဲ့ရင်း ရန်သူလက်ထဲ အဲ့လောက်မြန်မြန် ကျသွားလိမ့်မည် မဟုတ်ချေ။ လူသုံးဆယ်အဖွဲ့က လူအင်းအား များတဲ့အတွက် အပေါ်ယံပိုင်းသား အားကောင်းတယ်ထင်ရပေမယ့် အုပ်လိုက်ကြီး ဖြစ်နေတဲ့အတွက် ပစ်မှတ်ထားဖို့ ပိုပြီးလွယ်ကူပါတဘ်။

‘‘ ပြီးတော့ကော…’’ ရန်ကိုင်က မေးလိုက်တယ်။

‘‘ နောက်ဆုံး ရေကုန်ရေခန်း တိုက်ခိုက်ပြီး လူတော်တော်များများ သေသွားခဲ့တယ်။ ငါတို့ထဲက အများစုလည်း အဖမ်းခံလိုက်ရတယ် ’’ “အဖမ်းခံရတာလား “ ရန်ကိုင်ကြောင်သွားခဲ့ရပါပြီ။

‘‘နင်တို့မှာလူအများကြီး ရှိတာ ဘယ်လိုလုပ်ပြီး အဖမ်းခံရတာလဲ။ နင်းတို့အားလုံးက အစစ်အမှန်ဒြပ်စင်အဆင့်ကျင့်ကြံသူတွေ

မဟုတ်ဘူးလား။ တိုက်လို့ မနိုင်ဘူးဆိုရင်တောင် ထွက်ပြေးလို့ရနေတာပဲကို”

“ငါတို့ထွက်မပြေးနိုင်ဘူး” လန်ရှန်းက အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်တဘ်။

“သူတို့တွေ အသုံးမကျတာ မဟုတ်ဘူး” ကျိမိုက ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်တယ်။

“အို၊ အဲ့လိုဆိုရင် အကြောင်းပြချက်က ……”

“ရှင်းပါတယ်။ ငါ့စီနီယာအစ်ကိုချီရွယ့်က အရမ်းသန်မာတာကိုး” ကျိမိုက

ရန်ကိုင်ကို ကြည့်ရင်းပြောလိုက်တယ်။

“သူ့သိုင်းအဆင့်က ဘယ်လောက်မို့လို့လဲ”

“အစစ်အမှန်ဒြပ်စင်အဆင့်၇၊ ဒါပေမယ့် အဲ့ဒါက ငါပြောတဲ့ခွန်အား မဟုတ်ဘူး” ကျိမိုက ခေါင်းခါယမ်းလိုက်တယ်။

“အဲ့လိုဆိုရင် သူ့ရဲ့မိစ္ဆာသားရဲတွေပေါ့။ မိစ္ဆာသားရဲ ဘယ်လောက်တောင် သူထိန်းချုပ်ထားလို့လဲ”

ရန်ကိုင်က မျက်မှောင်ကြုံ့ရင်းမေးလိုက်တယ်။ ကျိမိုက အသာအယာပဲ လက်ညိုးလေးတစ်ချောင်း ထောင်ပြလိုက်ပါပြီ။

“တစ်ရာလား” ကျိမိုက ခေါင်းခါယမ်းလိုက်တယ်။

‘‘ တစ်ထောင်တော့….မဖြစ်နိုင်ဘူးမလား ’’ ရန်ကိုင်က မေးလိုက်ရင်း သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ပါတယ်။

ကျိမိုက လှောင်ပြောင်ပြီး ပြန်ပြောလိုက်တယ် “နင်ထင်ချင်ရာ စွတ်ထင်နေတာပဲ။ သူ့မှာသားရဲဆိုလို့ တစ်ကောင်ပဲ ရှိတယ်။

ဒါပေမယ့် အဲ့မိစ္ဆာသားရဲကလည်း ငါတို့ထိန်းချုပ်ထားတဲ့ သားရဲတွေနဲ့ လုံးဝနှိုင်းယှဉ်လို့ မရဘူး။ သူထိန်းချုပ်ထားတဲ့ မိစ္ဆာသားရဲက အဆင့်၆သားရဲပဲ” ရန်ကိုင် လုံးဝကို အံ့အားသင့်သွားခဲ့လေပြီ။

“ဟုတ်တယ်။ အဆင့်၆မိစ္ဆာသားရဲ….အဲ့မိစ္ဆာသားရဲက အရမ်းကြီး မသန်မာဘူးဆိုပေမယ့် အစစ်အမှန်ဒြပ်စင် အဆင့် သိုင်းပညာရှင်တွေကို နင်းခြေဖို့ အတွက်ကတော့ လုံလောက်တာထက်ကို ပိုနေပြီ။ ထွက်ပြေးဖို့ကြိုးစားတဲ့ ဟန်မင်းဆက်က ကျင့်ကြံသူမှန်သမျှ ငါ့စီနီယာအစ်ကိုနဲ့ သူ့မိစ္ဆာသားရဲရဲ့ တိုက်ခိုက်မှုအောက်မှာ သေဆုံးခဲ့ကြရတာပဲ”

“ဒီမှာအဆင့်၆မိစ္ဆာသားရဲတွေ ရှိတယ်ပေါ့” ရန်ကိုင်အတွေးတွေ ယောက်ယက်ခက်နေလေပြီ။ ဒီသီးခြား ကမ္ဘာထဲမှာ ရှိနေတဲ့အတောအတွင်း သူရင်ဆိုင်ဖူးတဲ့ အားအကောင်းဆုံး သားရဲဆိုလို့ အဆင့်ငါး သားရဲပဲရှိတာပါ။ သို့ပေမယ့် ကျိမို၏စီနီယာအစ်ကိုချီရွယ့်က ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်

အကူအညီဖြင့် အဆင့်၆သားရဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ အဲ့လိုဆိုရင် သူလည်း သားရဲထိန်းချုပ်ခြင်း စည်းတံဆိပ် အကူအညီဖြင့် ချီရွှယ့်လို လုပ်နိုင်လောက်ပါတယ်။ သူသာအဆင့်၆သားရဲ တစ်ကောင်ကို

ထိန်းချုပ်နိုင်မယ်ဆိုရင် ဒီသီးခြားကမ္ဘာကြီးထဲမှာ စိတ်ရှိသလို ထင်တိုင်း ကြဲနိုင်ပါပြီ။

“တစ်ကောင်တည်းရှိမှာပဲ စိုးရိမ်တာ” ကျိမိုမျက်လုံးတွေက မနာလိုမှုဖြင့် ပြည့်နှက်သွားခဲ့ပြီး “ပြီးတော့ အဲ့ကောင်ကို ရဖို့အတွက် ငါ့စီနီယာအစ်ကိုက တော်တော်လေး ရင်းနှီးလိုက်ရတယ်။ သူ့ရဲ့အခြား

သားရဲတွေအားလုံးကို စွန့်လွှတ်လိုက်ပြီး ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေကို တစ်ကောင်နဲ့ တစ်ကောင် ပြန်ပြီးစားသုံးခိုင်တာ။ အဲ့နည်းလမ်းက အရမ်းကိုအန္တရာယ်များတယ်။ နည်းနည်းလေးသာ

ဂရုမစိုက်မိတာနဲ့ သူ့ဝိဉာထိန်းချုပ်ခြင်း အင်းဆက်အားလုံး သေသွားနိုင်တယ်။ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက် တစ်ရာလောက် တစ်ကောင်နဲ့တစ်ကောင် အချင်းချင်းပြန်ဝါးမြိုပြီး နောက်ဆုံး ကျန်ရှိတဲ့ကောင်ကပဲ

အဆင့်တစ်ဆင့် မြှင့်တက်သွားခဲ့တယ်။ အဲ့လိုနဲ့ပဲ အဆင့်၆သားရဲကို သူထိန်းချုပ်နိုင်ခဲ့တာ ’’

ကျိမိုရှင်းပြတာက ရိုးရှင်းပေမယ့်လည်း သူမလေသံအရ ချီရွှယ့်ကို သူမ ဘယ်လောက်လေးစားကြောင်း သိနိုင်ပါတယ်။ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေကို အဆင့်မြှင့်ဖို့အတွက် အန္တရာယ်များတဲ့ နည်းလမ်းကို ရွေးချယ်လိုက်တယ် ဆိုကတည်းက ချီရွှယ့်ဆိုတာ ရက်စက်ပြီး ပြတ်သားတဲ့ လူမျိုးဖြစ်မှန်း ရန်ကိုင် တန်းသိလိုက်တယ်။

သူကလုံးဝကို မရိုးရှင်းပါဘူး။

Martial Peak

အပိုင်း (၂၄၄) နင်က ငါ့ကို မကောင်းကြချင်တယ်ပေါ့

‘‘ ပြီးတော့ကော ’’ ရန်ကိုင်က လန်ရှန်းဘက်လှည့်ပြီး မေးလိုက်တယ်။ အဆင့်၆ သားရဲကို ထိန်းချုပ်မယ့်အကြံကိုတော့ ခဏလောက် ဘေးဖယ်ထားရဦးပါမယ်။ လန်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး

ဆက်ပြောလိုက်သည် ‘‘ ငါတို့လူသုံးဆယ်ရှိတဲ့အထဲမှာ ဆယ်ယောက် အသတ်ခံရပြီး အားအကောင်းဆုံး တစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေအားလုံးက ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်နဲ့

ထိန်းချုပ်ထားခြင်းခံလိုက်ရတယ်။ ငါတို့စုစုပေါင်းလူသုံးဆယ်ထဲမှာ လူတစ်ယောက်ပဲ လွတ်သွားခဲ့တယ် ’’

အဲ့တော့ သူလွတ်သွားတာပေါ့ ရန်ကိုင်အဖို့ မေးစရာတောင်မလိုတော့ပါဘူး။ လွတ်သွားတဲ့လူက ဝူချန်းရီမှန်း သူချက်ချင်း တန်းသိလိုက်ပါတယ်။

‘‘ဒါပေမယ့် နင်တို့ဘာလို့ အားလုံးကို မသတ်လိုက်တာလဲ ’’ ရန်ကိုင်က သိချငိစိတ်အပြည့်ဖြင့် ထပ်မေးလိုက်တယ်။

တကယ်တော့ သိုင်းပညာရှင်တွေဆီက ဖြစ်တည်လာတဲ့ သွေးလုံးတွေက သားရဲတွေက ဖြစ်တည်လာတဲ့ သွေးလုံးတွေထက် ပိုပြီးအရည်အသွေး မြင့်ပါတယ်။ အထူးသဖြင့် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေက ဖြစ်တည်လာတဲ့ သွေးလုံးတွေပေါ့။

‘‘ သူတို့က ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို သိချင်နေတာ။ အဲ့ဒါကြောင့် ငါတို့ကို အဲ့လောက်ကြီး မရက်စက်သေးတာ ’’ လန်ရှန်က မဲ့ပြုံးပြုံးလိုက်ပြီး “ငါတို့အားလုံးက ဂိုဏ်းအသီးသီးရဲ့ လက်ရွေးစင်တပည့်

တွေပဲလေ။ အဲ့တော့ ငါတို့လေ့ကျင့်တဲ့ သိုင်းပညာရပ်တွေနဲ့ လျှို့ဝှက်ပညာရပ်တွေက ငါတို့အင်အားစုတွေရဲ့ အမွေအနှစ်တွေပဲပေါ့။ အဲ့ဒါကြောင့်ပဲ တန်းလန်မင်းဆက်က လူတွေက အဲဒါတွေကို လိုချင်နေကြတာ”

ရန်ကိုင်က ကျိမိုဘက်လှည့်ပြီး စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။ ကျိမိုက ပုခုံးသာ တွန့်ပြလိုက်ပြီး “ငါ့ကို အဲ့လိုမကြည့်နဲ့။ ငါလည်း သူတို့ကိုလွှတ်ပေးလို့မရဘူး။ ပြီးတော့ ငါထိန်းချုပ်ခွင့်ရတဲ့လူတွေဆိုလို့

လန်ရှန်းနဲ့ဂျင်ဟောင်ပဲ ရှိတယ်။ ငါအခုထိ သူတို့ရဲ့သိုင်းပညာရပ်တွေနဲ့ လျှို့ဝှက်ပညာရပ်တွေကို မမေးရသေးဘူး။ အဲ့တော့ ငါအခုထိ သူတို့ဆီကနေ ငါဘာမှမရသေးဘူး”

လန်ရှန်းက ခေါင်းညိတ်ပြလိုက်ပြီး “သူတို့နိုင်သွားတာနဲ့ ကျိမိုရဲ့စီနီယာအစ်ကို ချီရွှယ့်က ဝူချန်းရီကို လိုက်ဖမ်းဖို့ အဆင့်၆သားရဲနဲ့အတူ ထွက်သွားတယ်။ အကြောင်းပြချက်တစ်ချို့ကြောင့် တန်းလန်မင်းဆက်က ကျင့်ကြံသူသုံးယောက် ရန်ဖြစ်စကားများကြပြီး ဂျင်ဟောင်နဲ့ငါ့က

ကျိမိုဆီ ရောက်သွားတယ်။ သိပ်မကြာခင်မှာပဲ ငါတို့အဲ့အဖွဲ့ကနေ ထွက်လာခဲ့ကြတာ”

လန်ရှန်းထိုအကြောင်းတွေကို ပြောနေတုန်းက ဘေးဘက်တွင်ထိုင်နေတဲ့ ကျိမိုက အံတင်းတင်ကြိတ် နေခဲ့ပါတယ်။ ရန်ကိုင်က သူမဘက်လှည့်လိုက်ပြီး လှောင်ပြောင်လိုက်ပါတယ်။

“ကြည့်ရတာ နင့်လူတွေနဲ့ မတည့်တဲ့ပုံပဲ”

“အဲ့လိုဆိုရင် နင်တို့ဂိုဏ်းမှာကော အချင်းချင်း ပဋိပက္ခဖြစ်တာ မရှိဘူးလား” ကျိမိုက ရန်ကိုင်ကို ခွန်းတုန့်ပြန်လိုက်ပြီး “ငါတို့ဒီနေရာကို ရည်ရွယ်ချက်သုံးခုနဲ့ ရောက်လာတာ။ ပထမတစ်ခုက

သွေးလုံးတွေ စုဆောင်းပြီး ငါတို့ခွန်အား တိုးတက်အောင် လုပ်ဖို့။ ဒုတိယတစ်ခုက ဟန်မင်းဆက်က ကျင့်ကြံသူတွေရဲ့ လျှို့ဝှက်ပညာရပ်တွေနဲ့ သိုင်းပညာရပ်တွေကို စုဆောင်းဖို့။ တတိယတစ်ခုက

ဒဏ္ဍာရီလာ ယန်မီးတောက်အရည်နဲ့ ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်ကို ရှာဖို့။ အဲ့တာဝန်တစ်ခုစီတိုင်းက ငါတို့ဂိုဏ်းရဲ့ အနာဂတ်နဲ့ ပက်သက်နေတယ်။ တာဝန်းတစ်ခုပြီးသွားတာနဲ့တင် ငါတို့ဂိုဏ်းရဲ့ အင်အားကို

တော်တော်လေး တိုးတက်သွားစေနိုင်တယ်”

“အခြားတစ်နည်းနဲ့ ပြောရရင်တော့ နင့်အပေါင်းအပါနှစ်ယောက်က နင်ဘာအကျိုးအမြတ်မှမရအောင် ရည်ရွယ်ချက်ရှိရှိနဲ့ နင့်ကိုထုတ်ပယ်ဖို့ ကြိုးစားခဲ့တာပေါ့” ရန်ကိုင် ချက်ချင်းပဲ နားလည်သွားခဲ့ပါတယ်။

လူအများကြီး ဖမ်းမိပေမယ့် ကျိမိုကို လူနှစ်ယောက်ပဲ ပေးခဲ့တယ်။ အဲ့နှစ်ယောက်ဆီကနေ လျှို့ဝှက်ပညာရပ် နဲ့ သိုင်းပညာရပ်တွေ ထုတ်ယူနိုင်ခဲ့ရင်တောင် ကျန်တဲ့နှစ်ယောက်ရမယ့် သတင်းအချက်အလက်နဲ့

နှိုင်းယှဉ်ရမယ်ဆိုရင် ထိုနှစ်ယောက်ရမယ့် အကျိုးအမြတ်တွေက အပုံကြီးသာပါတယ်။ ဒါက ဂိုဏ်းသားတွေ အချင်းချင်းကား ဖြစ်ပွါးတဲ့ ပြိုင်ပွဲတစ်ခုပါ။

‘‘ သူတို့နှစ်ယောက်စလုံးက တစ်မိသားစုထဲက လာတော့ ငါကိုထုတ်ပယ်ချင်တာလည်း မဆန်းပါဘူးလေ ’’

ကျိမိုက သူမ၏ နှုတ်ခမ်းလေးကို ကိုက်ရင်းမုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်ပါတယ်။ ရန်ကိုင်က သူမမျက်လုံးကို တည့်တည် စိုက်ကြည့်ရင်း ဖြေးဖြေးချင်းမေးလိုက်တဘ် ‘‘ လက်စားချေဖို့ ငါ့ကိုကူညီစေချင်လား ’’

ထိုတန်းလန်မင်းဆက် ဆန်းလော့ဘုရားကျောင်းက တပည့်သုံးယောက် ကြားက ရန်ငြိုးကို အားသာချက်အဖြစ် အသုံးပြုပြီး ဆန်းလော့ဘုရားကျောင်းက တပည့်နှစ်ယောက်ကို သူရှင်းပစ်ချင်ပါတယ်။

လူတိုင်းက ဒီသီးခြားကမ္ဘာကြီးထဲမှာ ပိတ်နေတဲ့အတွက် အနှေးနဲ့အမြန်တော့ သူတို့ ထိပ်တိုက်တွေ့မှာပါ။

သူသာ အကျိုးအမြတ် များများ ရချင်တယ်ဆိုရင် ထိုဆန်းလော့ဘုရားကျောင်းက တပည့်နှစ်ယောက်ကို သတ်ပစ်ထားမှ ရမှာပါ။ ဟုတ်တာပေါ့….အဆင့်၆သားရဲကို ထိန်းချုပ်ထားတဲ့ ချီရွှယ့်ဆိုတဲ့

လူနဲ့လည်း ရင်ဆိုင်ဖို့လိုသေးတာပေါ့။ ပြီးတော့ ဝူချန်းရီ။ ထိုနှစ်ယောက်စလုံးက သူ့အတွက်တော့ အားကောင်းတဲ့ ရန်သူတွေပါပဲ။ ထို့ကြောင့် သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုက မရှုပ်ခင် ရှင်းဖိုပါပဲ။

ကျိမိုမျက်လုံးထဲ အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ကို မျက်မှောင်ကြုံ့ကြည့်ရင်း ပြောိုက်တယ်။

‘‘ နင်ငါ့အသက်ကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမယ့် ငါကတန်းလန်မင်းဆက် ဆန်းလော့ဘုရားကျောင်းက သိုင်းပညာရှင် တစ်ယောက် ဖြစ်နေတုန်းပဲ။ ငါ့ဂိုဏ်းကို ထိခိုက်အောင်လုပ်မယ့် ဘယ်အလုပ်မဆို ငါလုပ်မှာ

မဟုတ်ဘူး။ နင်င့ါကို သတ်ချင်တယ်ဆိုရင်တောင် သူတို့နဲ့ရင်ဆိုင်ဖို့ ငါ့ဆီက အကူအညီကို ဘယ်တော့မှ မမျှော်လင့်နဲ့ ’’

ရန်ကိုင်လည်း သူမကိုအံ့အားသင့်စွာဖြင့် ကြည့်လိုက်ပါတယ်။ ထိုမိန်းမက အဲ့လောက်အထိ ဂိုဏ်းအပေါ် သစ္စာရှိလိမ့်မယ်လို့ သူတကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။သူမကို တွန်းအားမပေးချင်တဲ့အတွက် ရန်ကိုင်လည်း

ပြန်ပြီးတော့သာ ပြုံးပြလိုက်ပြီး “ငါက မေးရုံပါပဲ။ နင်မလုပ်ချင်လည်း ကိစ္စမရှိဘူး”

ကျိမိုကြောင်သွားခဲ့ပါပြီ။ သူမအတွေ့အကြုံအရဆိုရင် ရန်ကိုင် တောင်းဆိုတာကို သူမငြင်းဆိုတာနဲ့ အပြစ်ပေးခံရမှာကတော့ ကျိန်းသေပါပဲ။ ဒါပေမယ့် အခုသူ့ပုံစံကြည့်ရတာ သူမဘယ်လိုပဲ ဆုံးဖြတ်ပါစေ၊

ကိစ္စမရှိတဲ့ ပုံပါပဲ။

‘‘ နင်တကယ်ပဲ ခွှင့်လွှတ်တတ်တဲ့ လူစားမျိုးလား ’’ ရန်ကိုင် ဘာလုပ်ချင်နေလဲဆိုတာ သူမမသိပါဘူး။ ထို့ကြောင့် သူ့ကို သူမ သံသယမကင်း ဖြစ်မိတာကတော့ သဘာဝပါပဲ။

‘‘ နင်ဘယ်လိုထင်လဲ ’’ ရန်ကိုင် ရယ်ရယ်မောမောနဲ့ ပြန်မေးလိုက်တယ်။

ကျိမိုက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခဏကြာပြီးနောက် ရယ်ကာမောကာနှင့် ပြန်ပြောလိုက်ပါတယ်။

“နင်သာ လူကောင်းတစ်ယောက်ဆိုရင် ငါ့စိတ်ဝိဉာဉ်ပေါ်က တံဆိပ်ကို ဖယ်ပေးသင့်တယ်”

“အိမ်မက်ပဲ မက်နေလိုက်”

ကျန်တဲ့ရက်အတောအတွင်း ရန်ကိုင်၊လန်ရှန်းနှင့် ကျိမိုတို့ အတူတကွ သီးခြားကမ္ဘာအတွင်း စူးစမ်း သွားလာနေခဲ့ကြတယ်။ ဒါပေမယ့် နောက်ထပ် ရန်သူတွေနဲ့တော့ သူတို့ ထပ်မတွေ့တော့ပါဘူး။ အဲ့အစား သားရဲအနည်းငယ်နဲ့ပဲ ကြုံတွေ့ ခဲ့ရပါတယ်။

အဆင့်၄သားရဲနှင့် ရင်ဆိုင်ရတာနဲ့ ထိုသားရဲခဗျာ သူတို့လက်ချက်နဲ့ ချက်ချင်းပဲ သွေးလုံးဘဝ ပြောင်းလဲသွားခဲ့ရပါတယ်။ အဆင့်၅သားရဲနှင့် ရင်ဆိုင်ရရင်တော့ ကျိမို၏ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကိုသုံးပြီး ထိုသားရဲကို သူမအပိုင်လုပ်ပစ်ပါတယ်. သို့ပေမယ့် အဓိကပြဿနာက သူတို့ရင်ဆိုင်တွေ့ရတဲ့ အဆင့်၅သားရဲ က မရှိသလောက်ကို နည်းနေခြင်းပါ။

ရန်ကိုင်က သွေးလုံးတွေ စုဆောင်းဖို့ကိစ္စကို စိတ်မဝင်စားတော့ပါဘူး။ ထို့ကြောင့် ထိုကိစ္စတွေကို လန်ရှန်းနှင့် ကျိမိုတို့နှစ်ယောက်သာ ကိုင်တွယ်သွားခဲ့ကြတယ်။ အခု သူလိုချင်နေတာက သွေးလုံးတွေထဲက စွမ်းအင်မဟုတ်ပဲ သူ့သွေးကြောနှင့်ဒန်တန်ထဲရှိ ယွမ်ချီတွေကို သန့်စင်နိုင်ဖို့ပါပဲ။ အဲ့လိုမှပဲ အစစ်အမှန်ဒြပ်စင်အဆင့်ကို သူချိုးဖျက်နိုင်မှာပါ။

ထို့ကြောင့် အခုသူ့ရဲ့ အဓိကရည်ရွယ်ချက်က ဒဏ္ဏာရီလာ ဝိဉာဉ်သန့်စင်ခြင်းနှင်းစက်ကို ရှာတွေ့ဖို့ပါပဲ။

ကျိမိုနှင့်လန်ရှန်းတို့ နှစ်ယောက်စလုံးကလည်း ဝိဉာဉ်သန့်စင်ခြင်းနှင်းစက် အကြောင်းမသိတဲ့အတွက် ဘယ်နေရာနေ စရှာရမှန်း သူတို့ အသိရခက် ဖြစ်နေခဲ့တယ်။

ဒါပေမယ့် အခုအချိန်မှာ ရန်ကိုင် နားမလည်တာ တစ်ခု ရှိနေပါသေးတယ်။ ကျိမို၏အပြုအမူနှင့် စကားလုံးတွေက သူတို့ စတွေ့စဉ်ကထက် ပိုပြီးရဲတင်းလာကာ သူမအပြုအမူတိုင်း၊ စကားလုံးတိုင်းနီးပါးက သူ့စိတ်ဆန္ဒတွေကို နှိုးဆွနေသလိုပါ။ အေးစက်စက်မျက်နှာထားနှင့် လန်ရှန်းတောင် သူ့စိတ်ဆန္ဒတွေ နှိုးကြွအောင် သူမ၏အလှကို

မရည်ရွယ်ပဲ တစ်ခါတစ်ခါ လှစ်ဟာပြလို့။ အများအားဖြင့် သူတို့အကြည့်တွေထဲ လှောင်ပြောင်သနားတဲ့ အရိပ်အယောင်တွေကို ပါဝင်နေတာကိုလည်း သူတွေ့နေခဲ့ရတယ်။ ဘာတွေဖြစ်နေတာလဲ … ရန်ကိုင် ဘာလုပ်ရဘာကိုင်ရမှန်း မသိတော့ပါဘူး။

တစ်နေ့ သူတို့အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် နားနေစရာနေရာ တစ်ခုရှာတွေ့ခဲ့ပါတယ်။ ထိုအချိန် အတောအတွင်း ကျိမိုထိန်းချုပ်ထားတဲ့ မိစ္ဆာသားရဲတွေထဲက တစ်ဝက်ကို ဘေးပတ်ဝန်းကျင်အနီးတစ်ဝိုက်အား

ရှာဖွေစူးစမ်းဖို့ လွှတ်လိုက်ပါတယ်။

ရန်ကိုင်က ထိုင်ပြီးမျက်လုံးပိတ်ကာ အားပြန်ဖြည့်ဖို့ လုပ်ရုံပဲရှိသေး သင်းပျံမွှေးထုံနေတဲ့ လေပြင်းတစ်ချက် တိုက်ခတ်သွားတာကို ခံစားမိလိုက်ပြီး ကျိမိုနှင့် လန်ရှန်းတို့နှစ်ယောက် သူ့ဘေးမှာရုတ်တရက်

လာထိုင်ချလိုက်တာကို သတိပြုမိလိုက်တယ်။

သူတို့နှစ်ယောက်စလုံးက အအေးဒဏ်ကနေ သက်သာအောင် ကြိုးစားနေသည့်အလား သူ့ဆီပူးကပ်နေခဲ့ပါတယ်။ ရန်ကိုင်လည်း မျက်လုံးဖွင့်လိုက်ပြီး သူတို့နှစ်ယောက်ကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်တယ်။

ရုတ်တရက်ကြီး ရန်ကိုင်စိုက်ကြည့်တာကို ခံလိုက်ရတဲ့အတွက် လန်ရှန်းမျက်နှာ ရှက်သွေးဖြာသွားခဲ့ပြီး ချက်ချင်းပဲ သူမ၏မျက်နှာလေးကို ရန်ကိုင် မမြင်ကွယ်ရာဆီ ဝှက်ထားလိုက်ပါတယ်။ ကျိမိုကတော့ ညူတူတူအသံလေးနဲ့ ရယ်မောလိုက်ပြီး ‘‘ တစ်ခုခုမှားနေလို့လား ’’

‘‘ ဒီရက်အတောအတွင်း နင်တို့နှစ်ယောက်ကို ကြည့်ရတာ တစ်ခုခု ထူးဆန်းနေသလိုပဲ ’’ ရန်ကိုင်က တည့်တိုးပဲ ပြောလိုက်ပါတယ်။ ကျိမိုက ချက်ချင်းပဲ မှားယွင်းသွားတဲ့ အမူအရာလေးနဲ့ ‘‘ ဘယ်လိုလုပ်ပြီး

ငါတို့လဲ။ ငါတို့က နင့်အနားမှာ အမြဲတမ်းရှိနေတာလေ။ အစီအစဉ်ချပြီး နင့်နားလာတယ် ဆိုရင်တောင်မှ ငါတို့မှာဆွေးနွေးချိန် ရှိတာမဟုတ်တာ ’’

ထိုအကြောင်းကိုတွေးကြည့်လိုက်တော့လည်း သူတို့နှစ်ယောက်မှာ သူ့ကိုအကွက်ချကြံစည်ဖို့ ဆွေးနွေးချိန် တကယ်မရှိချေ။ ဒါပေမယ့် သူတို့တစ်ခုခု လုပ်ဖို့ကြံစည်နေတယ်လို့ ရန်ကိုင် မသိစိတ်က ပြောနေခဲ့ပါတယ်။

‘‘ ငါတို့ဘာလို့ ထူးထူးဆန်းဆန်း ပြုမူနေတယ်လို့ နင်ထင်တာလဲ ’’ ကျိမိုက ရန်ကိုင်လက်မောင်းကိုမှီ၊ သူမကိုယ်တစ်ဝက်လောက်ကို ရန်ကိုင်ကိုယ်ပေါ် ဖိထား၊ သူ့လက်မောင်းကို သူမ၏မို့မောက်နေသော

ရင်သားအစုံဖြင့် ဖိကပ်ထားရင်း ဘာမှမသိသလို ပြုံးပြကာ မေးလိုက်တယ်။

အံ့အားသင့်ဖွယ်ကောင်းလှတဲ့ နူးညံပျော့အိမှုကို ခံစားမိတာနဲ့ ရန်ကိုင်လည်း ငုံ့ကြည့်လိုက်ပါတော့တယ်။ သူ့ကို ဆီးကြိုနေတာကတော့ ယုန်ဖြူနှစ်ကောင် တောင်ကြားတစ်ခုပါ။

ကျိမိုက တခစ်ခစ် ရယ်မောလိုက်ပြီး အမူအရာကို တည်ငြိမ်အောင် လုပ်လိုက်ရင်း သူမ၏ခန္ဓာကိုယ်ကို ရန်ကိုင်ဆီ အသာအယာလေး

မှီလိုက်ကာ သူမ၏ရင်ကြားကို ပိုပြီးမြင်သာအောင် လှစ်ဟာပေးလိုက်တယ်။

“ခံစားချက်တစ်ခုပါပဲ……” ရန်ကိုင်လည်း သူမကိုစိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းကိုသပ်လိုက်ရင်း တဏှာရူးတစ်ကောင်လို ပြုံးလိုက်တယ်။

“ဟဲဟဲ” ကျိမိုက ဆွဲဆောင်မှုရှိစွာပြုံးလိုက်ပြီး သူမ၏

လက်မောင်းကို ညင်သာစွာဖြင့် နောက်တစ်ကြိမ် ဖိကပ်လိုက်ပြန်ပါတယ်။

ရန်ကိုင်လည်ချောင်းလည်း ခြောက်သွေ့လာခဲ့လေပြီ။ လန်ရှန်းလည်း အချိန်ကိုက် ရန်ကိုင်ဆီ ပစ်ဝင်လိုက်တယ်။ ထိုအခိုက်အတန့်အတွင်းမှာပဲ သူ့အောက်ပိုင်းတစ်ခုလုံး မီးတောက်တစ်ခလို ပူလောင်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။

သူ့ဘယ်နှင့်ညာကနေ ရနေတဲ့ ထူးခြားအံ့သြဖွယ်ကောင်းတဲ့ ခံစားချက်နှစ်ခုက သူ့စိတ်ဝိဉာဉ်ကို ပြာတလဲလဲ ဖြစ်နေစေခဲ့တာပေါ့။ တောင့်မခံနိုင်တော့တာနဲ့ ရန်ကိုင်လည်း ကျိမိုကို မြေကြီးပေါ် ဖိချလိုက်ပြီး ခပ်မြန်မြန်ပဲ သူမပေါ်ကနေ တက်ခွလိုက်ကာ

“အား….”ကျိမိုက ထအော်လိုက်ပေမယ့် သူမလေသံထဲ ကြောက်ရွံ့သည့် အရိပ်အယောင် စိုးစဉ်းမျှ မတွေ့ရ။ သူမမျက်လုံး တွေက နွေးဦးရေကန်အလား တည်ငြိမ်နေပြီး ရန်ကိုင်ကို နှစ်လိုဖွယ်ကောင်းစွာ ငေးစိုက်ကြည့်နေပါတယ်။

ကောင်စုတ်လေး…နင့်လို ယောကျ်ား မစစ်တဲ့လူတစ်ယောက်‌ေ ငါ့ကိုခြောက်ချင်တယ်ပေါ့…ဟန့်။ ဘေးဘက်မှာထိုင်နေတဲ့ လန်ရှန်းကတော့ ကြောင်အသွားခဲ့ပါပြီ။

“ဒါကို နင်ကိုယ်တိုင် တောင်ဆိုနေခဲ့တာပဲ။ လွန်ခဲ့တဲ့ရက်ကတည်းက အခုလိုမကောင်းတဲ့ အကြံအစည်နဲ့ ငါ့ကိုချဉ်းကပ်နေတာ

ဟုတ်တယ်မလား ’’ ရန်ကိုင်က ကြမ်းကြုတ်စွာ ပြောဆိုလိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ကျိမို၏ရင်အစုံကို ကြမ်းတမ်းစွာ ပွတ်သပ်ဆုပ်နယ် လိုက်ပါတယ်။

“မဟုတ်ဘူး….ငါ…အင်း…..ဘယ်တုန်းကများငါ..အား…..နင့်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် ထားဖူးလို့လဲ ’’ ကျိမိုက သူမနှုတ်ခမ်းလေးကို ကိုက်ရင်း အနည်းငယ်နာကျင်သွားတဲ့အတွက် မျက်မှောင်

လေးကို ကျုံ့လိုက်ပါတယ်။ ဒါပေမယ့် အခုလိုကြမ်းတမ်းစွာ ဆက်ဆံခံနေရတဲ့အတွက် သူမနှလုံးသားထဲမှာတော့

တစ်မျိုးတစ်ဖုံ ကြည်နူးနေခဲ့လေရဲ့။ မမျှော်လင့်စွာနဲ့ပဲ ရန်ကိုင်၏ လက်ကြမ်းကြီးတွေက သူမရင်အုံကို ပိုပြီးကြမ်းတမ်းစွာ ဆုပ်နယ်လာခဲ့တော့

သူမအတွေးထဲ စိတ်ဆန္ဒတွေကြောင့် ကျိမိုလေး ရှက်သွေးဖြာသွား ခဲ့ရပါတယ်။

‘‘ ငါဘာမှမသိဘူးလို့များ နင်ထင်နေတာလား ’’ ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး မုဒိန်းကောင်လို သူမအဝတ်တွေကို ဆုတ်ဖြဲပစ်လိုက်ပါတယ်။ ထို့နောက် သူ့ရှေ့ပွင့်ထွက်လာတဲ့ ယုန်ဖြူနှစ်ကောင်ကို ကြင်နာခြင်းအလျင်းမရှိ အကြမ်းပတမ်း ဆုပ်နယ်ပါတော့တယ်။

ကျိမို၏အတွေးတွေ အခိုက်အတန့်တစ်ခုလောက် ပြာဝေသွားခဲ့ပါပြီ။ နောက်ဆုံး မခံနိုင်တော့တဲ့အဆုံး ကျိမိုလည်း စိတ်ပါစွာဖြင့် အော်ဟစ်ညီးတွား လိုက်ရပါတော့တယ်။ သူမတို့ဘေးမှာ ရှိနေတဲ့ လန်ရှန်းကတော့

ရန်ကိုင်နှင့် ကျိမိုတို့နှစ်ယောက်၏ အချစ်ဇာတ်ခန်းကို ပွင့်ပွင့်လင်းလင်း မြင်တွေ့လို့။

ထိုမြင်ကွင်းကိုကြည့်ရင်း လန်ရှန်းခန္ဓာကိုယ်တစ်လျှောက် ဖော်ပြမရနိုင်တဲ့ ခံစားချက်တစ်ခု ပျံ့နှံ့လာခဲ့ပါတယ်။ ရန်ကိုင်၏ စဉ်ဆက်မပြတ် လှုံ့ဆော်မှုနှင့်အတူ ကျိမို၏ခန္ဓာကိုယ်ကလည်း ရန်ကိုင်အတူ ပူးပေါင်း

လုပ်ဆောင်လာခဲ့လေပြီ။ သူမပါးစပ်ကနေ အဆက်မပြတ် ထွက်ပေါ်နေတဲ့ အော်ညည်းသံ လေးတွေက ဘေးနာမှာရှိနေတဲ့ လန်ရှန်းတစ်ကိုယ်လုံးကို ပျော့ခွေသွားစေခဲ့ပြီး သူမခြေထောက် လေးတွေကို အလိုအလျောက် ကျုံ့ထားမိစေခဲ့တယ်။

သူမလည်း စိတ်ပါလာပေမယ့် အသိစိတ်ဆုံးရှုံးသွားတဲ့ အခြေအနေမျိုးအထိတော့ မဟုတ်သေးပါဘူး။

သူမနှင့်လန်ရှန်းတို့နှစ်ယောက် လွန်ခဲ့တဲ့ ရက်အတောအတွင်း ရန်ကိုင်ကို ဟာသတစ်ခုအလား အဆက်မပြတ် စနောက်ကျီစယ်နေခဲ့တာပါ။ ဒါပေမယ့် အခု ဝံပုလွေကြီးက စိတ်လှုပ်ရှားလာပြီ ဖြစ်သလို အခြေအနေတွေကလည်း ကျိမိုသည်းခံနိုင်တာထက် ကျော်လွန်လာခဲ့ပါပြီ။

သူမဖြစ်နိုင်….ဒါပေမယ့် သူ့ပုံစံကြည့်ရတာ ဘာလို့ စိတ်ဝင်စားတဲ့ ပုံပေါက်နေတာလဲ။ ကျိမိုလည်း သက်ပြင်းရှိုက်လိုက်ပြီး ရန်ကိုင်၏ ညီငယ်လေးရှိနေရာဆီ သူမ၏ဒူးလေးကို အသာလေး

ပင့်မြှောက်လိုက်တယ်။ ထိုအခိုက်အတန့်တွင်…ပူပြင်းတောက်လောင်နေတဲ့ သံပူချောင်းကြီး တစ်ခုကို သူမခံစားမိလိုက်တယ်။

ကျိမိုလည်း ထိတ်လန့်တကြား သံကုန်အော်ဟစ်လိုက်ပြီး သူမတစ်ကိုယ်လုံးဟာလည်း တောင့်တင်း သွားပါတော့တယ်။

သူမ၏ပမာမခန့် မျက်နှာဟာ အခုအချိန်မှာတော့ အဆက်မပြတ် အရောင်ပြောင်းလို့ နေလေပြီ။

“ဟဲဟဲ” ရန်ကိုင်က သားကောင်ကိုမိသွားတဲ့ မုဆိုးတစ်ယောက်လို ရယ်မောရင်း ကျိမို၏ စကတ်အောက်ထဲ သူ့လက်လျှို ဝင်သွားလိုက်တယ်။

“မလုပ်….မလုပ်ပါနဲ့” ကျိမိုလည်း တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ရန်ကိုင်၏လက်မောင်းကို ခပ်မြန်မြန်ပဲ ဖမ်းကိုင် ထားလိုက်ပါတယ်။ “ဘာလို့အခုမှ မလုပ်နဲ့လို့ ပြောနေတာလဲ” ရန်ကိုင်က

လှောင်ပြောင်လိုက်ပြီး သူလုပ်နေတာကို နည်းနည်းလေးတောင် အရှိန်မလျှော့ခဲ့ပါဘူး။ သူ့လက် ကျိမို၏ တားမြစ်ဥယျာဉ်ထဲ လျှိုဝင်သွားလိုက်တဲ့အချိန် ပျော့ပျောင်းပြီး စိုစွတ်နွေးထွေးတဲ့ အထိအတွေ့ကို

သူ ခံစားမိလိုက်တယ်။

ရုတ်တရက် ကျိမိုတစ်ကိုယ်လုံး အာမရှိတော့သည့်အလား ရုန်းကန်နေတာ ရပ်တန့်သွားခဲ့ပြီး မြေကြီးပေါ်တွင် ခွေခွေလေး လဲလျောင်းသွားပါတော့တယ်။ လန်ရှန်းလည်း တွေးနိုင်စွမ်း

မရှိတော့။ ကျိမိုက ဟန်ဆောင်နေတာလား၊ တကယ်ပဲ အခုလို ခံစားနေရတာလား ဆိုတာကို သူမ သေချာမသိပါဘူး။

ရန်ကိုင်ကို အရှက်ရအောင် လုပ်ချင်တယ်ဆိုရင်တောင် အခုလိုမျိုး လုပ်ပြနေစရာမလိုပါဘူး။ ကျိမို အခုလုပ်နေတဲ့ ပုံစံက သူမတွေးနိုင်စွမ်း ထက်ကို ကျော်လွန်နေပါတယ်။

လန်ရှန်း၏ နှလုံးခုန်နှုန်း မြန်ဆန်လာခဲ့ပြီး သွေးတွေဆူပွက်လာခဲ့ကာ သူမအရေပြားတစ်ခုလုံး နီရဲလာခဲ့ပါတယ်။ သူမဝမ်းဗိုက်နေရာတွင် မီးရှို့ခံရသည့်အလား ပူလောင်း လောင်မြိုက်မှုက ဝမ်းဗိုက်နေရာမှ ခန္ဓာကိုယ်အနှံ့ဆီ ပျံနှံလာခဲ့ပါတယ်။ ရှက်ရွံ့မှု၊ စိတ်လှုပ်ရှားမှု …စသဖြင့်…စိတ်ခံစားချက်အလုံစုံက သူမစိတ်ထဲ မုန်တိုင်း ထန်လို့နေပါတယ်။

။

ကြက်ကိုခိုးဖို့ကြိုးစားခဲ့တဲ့ ကျိမို၏အစီအစဉ်က ကြက်လည်းမရ၊ ဆန်လည်းရှုံး ဖြစ်တော့မယ့်အချိန်မှာပဲ သူမမျက်လုံး ပြူးသွားခဲ့ကာ ကျန်ရှိနေတဲ့ အားအင်အကုန်သုံးပြီး ရန်ကိုင်ကို တွန်းထုတ်လိုက်ပါတယ်။

သူမတစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရင်နေခဲ့ပြီး ‘‘ ခဏနေဦး၊ ငါ့သားရဲအချို့ အခုပဲသေသွားတယ်။ အနားမှာရန်သူတွေ ရှိတယ် ’’

Martial peak

အပိုင်း (၂၄၅) ပြောင်းလဲသွားသော ရန်သူနှင့် မိတ်ဆွေ

သူမပြောတာကြားတာနဲ့ ရန်ကိုင်ရာဂမီး ချက်ချင်း ဆိုသလို ငြိမ်းသွားခဲ့ပြီး မျက်မှောင်ကြုံ့ကာ မေးလိုက်တယ် “ဘယ်လောက် များလဲ”

“ခြောက်၊ ခြောက်ကောင်စလုံး ချက်ချင်း သေသွားတာ။ အဆင့်ငါးတစ်ကောင်နဲ့ အဆင့်လေး ၅ကောင်” ကျိမိုမျက်နှာ တစ်ခုလုံး သုန်မှုန်နေခဲ့ပြီး မျက်ခုံးနှစ်ဖက် ဆိုရင်လည်း ပူးကပ်တော့မယ့်အထိ ကျုံ့နေခဲ့ပါတယ်။ နောက် ရန်ကိုင်ကို တွန်းထုတ်လိုက်ပြီး သူမ အဝတ်အစားတွေကို သပ်ရပ်အောင် ချက်ချင်း ပြန်ပြင်ဆင်လိုက်ပါတယ်။

ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးလိုက်တဲ့အချိန်မှာတော့ သူမ၏ စမ်းရေးအလား ကြည်လင်တဲ့ မျက်လုံးအစုံက ရန်ကိုင်၏ အောက်ပိုင်းဆီ တစ်ချက် စောင်းကြည့်လိုက်ပြီး ချက်ချင်း ပြန်လှည့်သွားခဲ့ပါတယ်။ သူမမျက်နှာတစ်ခုလုံးက ကြက်သွေးရောင်အလား နီရဲနေခဲ့ပြီး အရမ်းကို နှစ်လိုဖွယ် ကောင်းနေခဲ့ပါတယ်။

“ဘယ်သူတိုက်ခိုက်တာလဲဆိုတာ နင်သိလား။ သူတို့လူ ဘယ်လောက်များလဲ” ရန်ကိုင်က မေးလိုက်ပါတယ်။

ကျိမိုက သူမ၏သားရဲတွေကို ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေကနေ တစ်ဆင့် ထိန်းချုပ်ထားတာ ဖြစ်တဲ့ အတွက် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ထိုသားရဲတွေ သေလား၊ရှင်လားဆိုတာကို သိနိုင်ပါတယ်။

သို့ပေမယ့် အခြား အကြောင်းအရာတွေကို သိဖို့တော့ ခက်ခဲပါတဘ်။ တကယ်တော့ ထိုသားရဲတွေရဲ့ မျက်လုံးကနေပြီး သူမ မြင်နိုင်တာမှ မဟုတ်တာ။

“ငါလည်း သေချာမသိဘူး” ကျိမိုက ခေါင်းခါလိုက်သည်။

“ဒီလိုဆိုမှတော့ ငါတို့ကိုယ်တိုင်ပဲ သွားကြည့်ရတော့မှာပေါ့” ရန်ကိုင်က ပြောလိုက်တယ်။

“အဲ့လိုသွားဖို့က အန္တာရာယ်များတယ်” ကျိမိုက တုန့်ဆိုင်းနေခဲ့ပြီး

“နင်တို့ ဟန်မင်းဆက်က လွတ်သွားတဲ့ လူသာဆိုရင် … “ သားရဲတွေကို သတ်တဲ့လူက ဝူချန်းရီလို့ သူမ ထင်နေတာပါ။ ဒီသီးခြားကမ္ဘာကြီးထဲမှာ သားရဲခြောက်ကောင်ကို တစ်ချက်တည်း အသေသတ် နိုင်တဲ့လူက တကယ်ကိုသန်မာတဲ့လူပဲ ဖြစ်ရပါမယ်။

‘‘ သူဖြစ်ရင် အကောင်းဆုံးပဲ ’’ ရန်ကိုင်လည်း ဝူချန်းရီဖြစ်ဖို့ မျှော်လင့်နေမိတာပါ။ အရင်တုန်းက ဝူချန်းရီက သူ့ဂျူနီယာညီလေးကို လွှတ်ပြီး ရန်ကိုင်ကို သတ်ခိုင်းခဲ့တယ်။ ထိုအဖြစ်အပျက်ကို ရန်ကိုင်ဘယ်တော့မှ မေ့လိမ့်မှာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ကြားက ရန်ကြွေးကလည်း အနှေးနဲ့အမြန် ဖြေရှင်းရမှာဖြစ်ပြီး ဝူချန်းရီမှာ

ယန်မီးတောက်အရည်တွေ ထပ်ပြီးရှိကောင်းရှိနေနိုင်ပါသေးတယ်။

လက်စားချေဖို့အတွက် သတ်တာဖြစ်စေ၊ ရတနာလုယူချင်လို့ သတ်တာဖြစ်စေ ဝူချန်ရီနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ရန်ကိုင်မှာ အကြောင်းပြချက် လုံလုံလောက်လောက် ရှိပြီးသားပါ။

ရန်ကိုင်က စိတ်ဆုံးဖြတ်ထားတဲ့အတွက် ကျိမိုလည်း ဆက်ပြီး ပြောမနေတော့။ ဝူချန်းရီဆိုရင်တောင် သူမထိန်းချုပ်ထားတဲ့ သာရဲအရေအတွက်နဲ့ဆိုရင် သူလည်း သူမတို့၏ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည် မဟုတ်လောက်ပါဘူး။

သိပ်မကြာခင်မှာပဲ ကျိမိုက သူမမိစ္ဆာသားရဲတွေ ရှိတဲ့နေရာကို ဦးဆောင်ပြီး သွားလိုက်တယ်။ လန်ရှန်းက သူမနောက်အမှီလိုက်ရင်း သူမတို့နှစ်ယောက် ရန်ကိုင်နှင့် အကွာအဝေး တစ်ခုခြားထားလိုက်ပါတယ်။

ရန်ကိုင်က ထိုကိစ္စကို စိတ်ထဲမထားပါဘူး။ သူမတို့နှစ်ယောက်ကိုသာ သတိတကြည့်ကြည့်ဖြင့် စောင့်ကြည့်လို့နေခဲ့ပါတယ်။

‘‘ ဘာဖြစ်ခဲ့တာလဲ ’’ ဆက်ပြီး အောင့်အင်းမနေနိုင်တော့တဲ့အတွက် လန်ရှန်းက တိုးတိုးလေးမေးလိုက်ပါပြီ။

‘‘ နင်ကြည့်ရတာ နည်းနည်း ထူးဆန်းနေသလိုပဲ ’’ လန်ရှန်းက ကျိမိုကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်ရင်း ပြောလိုက်တယ်။

“နင်သူ့ကို ဖြာယောင်းဖို့ ကြိုးစားတုန်းကလေ… သူ့ကို အရှက်ရအောင် လုပ်မယ် ဆိုပြီး နင်ကိုယ်တိုင် ဘာဖြစ်လို့ … “

အချိန်အတော်ကြာ စဉ်းစားပြီးနောက် စကားလုံးရှာတွေ့သွားပြီး

“နင်ကြည့်ရတာ နင်ကိုယ်တိုင်လည်း စိတ်ပါနေတဲ့ပုံပဲ”

ကျိမိုခဗျာ တွင်းတစ်တွင်းလောက်တူးပြီးတော့ ပုန်းနေချင် ပါတာ့တယ်။ သူမလည်းပင်းတစ်လျှောက် ရဲရဲနီနေခဲ့ပြီး အသက်ပြင်းပြင်းရှုရင်း တိုးတိုးလေး ပြောလိုက်တယ်

“အဲ့အကြောင်းကို နောက်တစ်ကြိမ် ထပ်မပြောနဲ့တော့။ ပြီးတော့ နောက်ပိုင်းသူ့ကိုဖြာယောင်းဖို့ မကြိုးစားနဲ့တော့။ အဲ့လိုမှမဟုတ်ရင်….

မီနဲ့ကစားတာ နင့်တစ်ကိုယ်လုံး လောင်သွားနိုင်တယ် ’’

‘‘ အန်…’’ လန်ရှန်းကြောင်သွားခဲ့လေပြီ။

ရန်ကိုင်က ယောကျာ်းစစ်စစ် တစ်ယောက်မဟုတ်ဘူးလို့ ယုံကြည်ထားတဲ့အတွက် ရန်ကိုင်နဲ့ပက်သက်ပြီး

ကျိမိုမည်သို့မှ သဘောမထားခဲ့ချေ။ နင်င့ါကိုနမ်းတော့ရော ဘာဖြစ်လဲ။ နင်ကမစွမ်းနိုင်မှတော့ နင်လုပ်ချင်တယ်ဆိုရင်တောင် အဲ့ထက်ပိုပြီး ဘာလုပ်နိုင်ဦးမှာလဲ။ ငါ့အဝတ်အစားတွေ အားလုံးချွတ်ပြီး

နင့်ရှေမှာ လဲနေရင်တောင် အများဆုံးမှ ပွတ်သပ်နမ်းရှိုက်ရုံပဲပေါ့။

ဒါပေမယ့် ရန်ကိုင်အခြေအနေက ထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေလိမ့်မယ်လို့ သူမတစ်ခါမှ မထင်ထားခဲ့ပါဘူး။

အဲ့ဒါနဲ့ ထိတွေ့မိလိုက်တုန်းက ခံစားခဲ့ရတဲ့ အထိအတွေ့က သူမစိတ်ထဲ တဝဲလည်လည် နေတုန်းပါပဲ။

ထိုအကြောင်းကို ပြန်တွေးလိုက်တိုင်း သူမမျက်နှာတစ်ခုလုံး ရဲရဲနီလို့။ အပြင်ပန်းကသာ ရဲတင်းပြီး ပွင့်ပွင့်လင်းလင်း ရှိတယ်ထင်ရပေမယ့် တကယ်တော့ သူမက မိန်းမပျိုလေး တစ်ယောက်လေးပါပဲ။

ဒါပေမယ့်….သူသာ ယောကျာ်းစစ်တယ်ဆိုရင် လွန်ခဲ့တဲ့ရက်တွေတုန်းက ငါနဲ့လန်ရှန်း သူ့ရှေ့မှာ အဝတ်ဗလာနဲ့ ရပ်နေတုန်းက သူဘာလို့ ဘာမှမထူးခြားသလို နေနိုင်ရတာလဲ။ သူ့အိမ်ရှေ့

အရောက်ပို့ပေးတဲ့ လက်ဆောင်မျိုးကိုတောင် သူဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်ရတာလဲ။ သူတကယ်ပဲ လူကောင်းတစ်ယောက်လား။

ထိုအကြောင်းတွေထဲ အတွေး နစ်မျောနေရင်းနဲ့ သားရဲခြောက်ကောင် သေသွားတဲ့နေရာဆီ ကျိမိုရောက်လာခဲ့တယ်။

မြေကြီးပေါ်တွင် သွေးကွက်တွေ ကျန်ရစ်ခဲ့ပေမယ့် မည်သည့် သားရဲအလောင်းကိုမှ မတွေ့ရတော့ပါဘူး။ သားရဲအလောင်းတွေက သွေးလုံးအဖြစ် ပြောင်းလဲသွားခဲ့ပြီး ယူသွားခြင်းခံရလောက်ပါပြီ။

ပတ်ပတ်လည်းကို စူးစမ်းရင်း ရန်ကိုင်မျက်မှောင်ကြုံ့လိုက်တဘ်။

ရန်ကိုင်က ပတ်ပတ်လည်ကို စစ်ဆေးနေတဲ့အချိန် ကျိမိုက အမှိုက်ပုံနားမှာ ထိုင်ချလိုက်ပြီး တစ်ခုခုကို စတင်ရှာဖွေပါတော့တယ်။

သို့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူမမျက်နှာက သုန်မှုန်စူပုပ်လာခဲ့ပါတယ်။

‘‘ ဘာဖြစ်လို့လဲ ’’ လန်ရှန်းက မေးလိုက်တယ်။

‘‘ ငါ့ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေ မရှိတော့ဘူး ’’ ကျိမိုမျက်နှာက စက္ကူတစ်ရွက်အလား ဖြူလျော် နေခဲ့ပြီး ကလေးပျောက်နေတဲ့ မိခင်တစ်ယောက်အလား သူမက အင်းဆက်ကောင်တွေကို ကျန်တဲ့အမှိုက်ပုံတွေ နားမှာ အသည်းအသန် လိုက်လံရှာဖွေ ပါတော့တယ်။

သို့ပေမယ့် ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက် တစ်ကောင်တောင် ရှာမတွေ့ ခဲ့ပါဘူး။

‘‘ ရှာမနေတော့နဲ့..နင်တွေ့မှာမဟုတ်တော့ဘူး။ နင့်သားရဲကို သတ်သွားတဲ့လူတွေက ကြယ်ဓါးကိုးချောင်း ဂိုဏ်းက လူတွေမဟုတ်ဘူး ။ ဒီနားတစ်ဝိုက်မှာ ဘာဓါးချီမှ ငါအာရုံမခံမိဘူး ’’ ရန်ကိုင်က ကျိမိုကို

ပြောလိုက်တဘ်။

‘‘ နင်ဘာပြောချင်တာလဲ ’’ ကျိမိုက ရန်ကိုင်ကို စိတ်ပျက်စွာဖြင့် ကြည့်လိုက်တယ်။ သားရဲတွေကို ဘယ်သူတွေ သတ်သွားလဲဆိုတာ သူမ စိတ်ထဲ သိနေတယ်ဆိုပေမယ့် သူမတွေးနေတာတွေက အမှန်တွေလို့ မယုံကြည်ရဲသေးချေ။

‘‘ နင်သိနေပြီကို ဘာလို့မေးနေသေးတာလဲ ’’ ရန်ကိုင်က ပြန်ပြောလိုက်တယ်။

‘‘ မဖြစ်နိုင်ဘူး…အဲ့ဒါလုံးဝ မဖြစ်နိုင်ဘူး…………’’ ကျိမို၏ အဆက်မပြတ် ခေါင်းခါရမ်းရင်း တုန်ရီနေတဲ့ အသံနဲ့ အရူးတစ်ယောက်လို အော်ဟစ်နေခဲ့တယ်။

ရုတ်တရက် ကျိမိုက အခြားတစ်ဖက်ကို ကြည့်လိုက်ပြီး ‘‘ ငါ့သားရဲတွေ ထပ်သေသွားပြန်ပြီ ’’ ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး ခေါင်းလေးစောင်းရင်း ကျိမိုကိုကြည့်ကာ မေးလိုက်တယ်။

‘‘ နင်သွားကြည့်ချင်သေးလား ’’

ကျိမိုက သွားရမလား၊ မသွားရမလား …. စဉ်စားနေလိုက်ပြီး နောက်ဆုံး မညိတ်ချင်ညိတ်ချင်ဖြင့် ခေါင်းညိတ်လိုက်တယ်။

ကျိမိုလည်း သူမ၏သားရဲတွေကို ဆက်ပြီးမလွှတ်ထားရဲတော့ပဲ အားလုံးကို ချက်ချင်း ပြန်ခေါ်လိုက်ရပါတော့တယ်။

နာရီဝက်လောက်ကြာပြီးနောက် အမှိုက်ပုံတစ်ပုံဘေးနားတွင် ကျိမိုစိတ်ပျက်စွာဖြင့် မတ်တပ်ရပ်နေခဲ့တယ်။

အမှိုက်ပုံလေးပုံ နေရာတွင် ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်လေးကောင် ရှိနေသင့်သော်လည်း အခု တစ်ကောင်မှ ရှိမနေခဲ့ပါဘူး။

‘‘ နင့် ဂိုဏ်းသားနှစ်ယောက် လုပ်သွားတာလား ’’ လန်ရှန်းလည်း နောက်ဆုံးဘာတွေဖြစ်ပျက်နေလဲ ဆိုတာ နားလည်သွားခဲ့ပြီး ကျိမိုကိုကြည့်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်တယ်။

ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေဆိုတာ တန်းလန်မင်းဆက် ကျင့်ကြံသူတွေရဲ့ ပြိုင်ဘက်ကင်း နည်းစနစ်တစ်ခုပါ။

ကျိမိုမိစ္ဆာသားရဲတွေကို သတ်သွားတဲ့လူက ဝူချန်းရီသာဆိုရင် ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေ ပျောက်သွားလိမ့်မည် မဟုတ်ပါဘူး။

ပြီးတော့ ကျိမိုသားရဲတွေကို အချိန်တိုအတွင်း သတ်နိုင်တဲ့အတွက် ထိုကျင့်ကြံသူက အရမ်းအားကောင်းတဲ့ ကျင့်ကြံသူဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူ့မှာအကူအညီ အများကြီးရှိလို့ပဲ ဖြစ်ရပါမယ်။

ပြီးတော့ သူမ၏ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေ ပျောက်ဆုံးသွားတဲ့ ကိစ္စနဲ့စပ်လျဉ်းပြီး တွေးတော လိုက်မယ်ဆိုရင် တရားခံ ဘယ်သူလဲဆိုတာ အလွယ်တကူ ကောက်ချက်ချ နိုင်ပါတယ်။

တကယ့်တရားခံက တန်းလန်မင်းဆက်က ကျင့်ကြံသူနှစ်ယောက်သာဆိုရင် သူမသားရဲတွေ ဘာလို့ဒီလောက် မြန်မြန်နဲ့အသတ်ခံရတာလဲ၊ သူမ၏ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေ ဘာလို့

ပျောက်သွားတာလဲ ဆိုတဲ့ပြဿနာရဲ့ အဖြေက ရှင်းလင်းသွားပါပြီ။

တကယ်တော့ သူမအပြင် ထိုတန်းလန်မင်းဆက်က သိုင်းပညာရှင် နှစ်ယောက်ဆီမှာလည်း သားရဲတွေ အများကြီး ရှိနေသေးပါတယ်။

တကယ်က ကျိမိုခဗျာ ဖြစ်ပျက်နေတာတွေကို မယုံကြည်နိုင်သေးတာမဟုတ်ပဲ မယုံကြည်ချင်သေးတာပါ။

သူတို့တွေက သူမနဲ့တစ်ဂိုဏ်းတည်းကလာ လာတာလေ…အဲ့ဒါကို သူတို့ကဘာလို့ သူမကိုသတ်ချင် နေရတာလဲ။ ကျိမို လုံးဝ နားမလည် နိုင်တော့။

အသက်ပြင်းပြင်း တစ်ချက်လောက်ရှုလိုက်ပြီး မျက်လုံးပိတ်လိုက်ကာ ပျောက်ဆုံးသွားတဲ့ သူမ၏ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေကို ရှာဖို့ကြိုးစားကြည့်လိုက်တယ်။ သို့ပေမယ့် သူမဘယ်လောက်ပဲ ကြိုးစားရှာပါစေ၊ သူမ၏ ကြိုးစားမှုအားလုံးက အချည်းနှီးပါပဲ။

တစ်ခဏကြာပြီးနောက် ကျိုမိုမျက်လုံး ပြန်ပွင့်လာခဲ့တယ်။ သို့ပေမယ့် သူမမျက်နှာထက် မည်သည့်ပျော်ရွှင်မှုကိုမှ မမြင်တွေ့ရ၊ ပြိုတော့မယ့် မိုးလို သူမမျက်နှာတစ်ခုလုံး သုန်မှုန်နေလေရဲ့။

‘‘ ငါတို့ဒီနေရာက ထွက်သွားသင့်ပြီ ’’ ရန်ကိုင်က မျက်မှောင်ကြုံ့ရင်း ဘာရှင်းပြချက်မှမပေးတော့ပဲ ကျိမိုလက်ကို ကိုင်ကာ သူမကို ထိုနေရာမှ ဆွဲခေါ်သွားလိုက် ပါတော့တယ်။

နှစ်နာရီလောက် ကြာပြီးနောက် သူတို့သုံးယောက် ကီလိုမီတာ၁၀၀လောက် ကွာဝေးတဲ့နေရာတစ်ခုဆီ ရောက်ရှိလာခဲ့တယ်။

ကျိမိုသားရဲ ၁၀ကောင်ဆုံးရှုံးသွားခဲ့ပြီး နှစ်ကောင်က အဆင့်ငါးသားရဲတွေ ဖြစ်တဲ့အတွက် သူမ၏တိုက်ပွဲ စွမ်းရည်ကို တော်တော်လေး လျော့ကျသွားစေခဲ့ပါတယ်။ ထို့နောက် သူတို့တစ်ခဏလောက် အနားယူလိုက်ကြတယ်။

ကျိမိုက တစ်ယောက်တည်း မှိုင်တွေ တွေနေခဲ့ပြီး သူ့မမျက်နှာကတော့ အမူအရာမျိုးစုံ ပြောင်းလဲနေခဲ့တယ်။ ရန်ကိုင်က ကျိမိုကိုနှစ်သိမ့်ပေးဖို့ လန်ရှန်းကို လှမ်းအချက်ပြလိုက်တယ်။ လန်ရှန်းကတော့ ရန်ကိုင်ကို

မသိချင်ယောင်သာ ဆောင်နေခဲ့လေရဲ့။

ရန်ကိုင်လည်း ပြောစရာစကားမဲ့သွားခဲ့ကာ သက်ပြင်းချပြီး စောင့်နေရုံသာ တတ်နိုင်ပါတော့တယ်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျိမိုက ရုတ်တရက် ခါးခါးသီးသီး ငိုကြွေးကာ သနားစရာကောင်းသည့်

အကြည့်ဖြင့် ရန်ကိုင်ကို ကြည့်ရင်း မေးလိုက်တယ်

“သူတို့ဘာလို့ အဲ့လိုလုပ်ရတာလဲ”

“သူတို့ကို ကိုယ်တိုင်သွားမေးကြည့်လိုက်ပေါ့”

“ငါတို့တွေက တစ်ဂိုဏ်းတည်းသားချင်းပဲကို၊ တစ်ယောက်နဲ့တစ်ယောက် ပြိုင်တယ်ဆိုရင်တောင် အဲ့လောက်ကြီးတော့ မလုပ်သင့်ဘူးလားလို့ ’’ ကျိမိုက ငိုသံပါပါနဲ့ ပြောလိုက်ပါတယ်။

“တစ်ဂိုဏ်းတည်းဖြစ်တော့ရော ဘာဖြစ်လဲ” ရန်ကိုင်က ပြန်ငြင်းဆိုလိုက်ပြီး “ဂိုဏ်းတစ်ခု အတွင်းမှာ အဲ့လိုရက်စက်ပြင်းထန်တဲ့ တိုက်ပွဲတွေဆိုတာ ဖြစ်နေကျပဲလေ ’’

‘‘ အဲ့တော့ နင်တို့ဂိုဏ်းက တပည့်တွေက အချင်းချင်းပြန်သတ်ကြတယ်ပေါ့ ’’

ရန်ကိုင်နှင့်လန်ရှန်း တို့နှစ်ယောက်စလုံး ပြိုင်တူ ခေါင်းညိတ်လိုက်ပြတယ်။

ကျိမိုကြောင်သွားခဲ့ပြီး တစ်ခဏတာလောက် တိတ်ဆိတ်သွားခဲ့တယ်။

အချိန်တော်တော်ကြာအောင် မျက်မှောင်ကြုံ့နေလိုက်ပြီးမှာ သက်ပြင်းချကာ ပြန်စကား စလိုက်တယ်။

‘‘ငါတို့ဂိုဏ်းက ဆန်းလော့ဘုရားကျောင်းတဲ့ အခွဲဖြစ်တော့ လူသိပ်မရှိဘူး။ အဲ့ဒါကြောင့် တန်းလန်မင်းဆက်မှာ ငါတို့တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြတယ်။ ပြိုင်ပွဲတွေရှိတယ် ဆိုရင်တောင် ဘယ်သူမှအခုလောက်ထိ လုပ်လေ့မရှိကြဘူး ’’

‘‘ ငါတို့တွေက တန်းလန်မင်းဆက်က မဟုတ်သလို

ဆန်းလော့ဘုရားကျောင်းကလည်း မဟုတ်ဘူး ’’

ရန်ကိုင်က အေစက်စက်လေသံဖြင့် ပြန်ပြောလိုက်ပါတဘ်။

‘‘ ငါတို့တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်စောင့်ရမယ့် နောက်ထပ်အကြောင်းပြချက်တွေ ရှိသေးတယ် ’’ ကျိမိုက သူမရှေ့တွင် ဖြစ်ပျက်နေတဲ့ အမှန်တရားကို လက်မခံနိုင်သေးပဲ အမှန်တရားကို လက်ခံဖို့ ငြင်းဆန်နေတုန်းပါပဲ။

‘‘ဟဟ၊ နင့်ကို သွေးအေးပြီး ရက်စက်တဲ့ မိန်းမတစ်ယောက်လို့ ထင်ထားခဲ့တာ။ အခုလိုမျိုး ကြင်နာပြီး ဘာမှမသိတဲ့ မိန်းကလေး တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ’’

ရန်ကိုင်က ကျိမိုကို လှောင်ပြောင်လိုက်ပါတယ်။

ကျိမိုက ဟန်မင်းဆက် ကျင့်ကြံသူတွေ ရှေ့မှာသာ ရက်ရက်စက်စက် ပြုမူနေပေမယ့် သူမတို့ဂိုဏ်းသား တွေရှေ့မှာတော့ ကြင်နာပြီး လွတ်လွတ်လပ်လပ် နေတဲ့မိန်းကလေးတစ်ယောက်ပင်။

ကျိမိုက ရှက်ကိုးရှက်ကန်းပြုံးလိုက်ပြီး တစ်ခုခုပြောဖို့ ကြိုးစားလိုက်ပေမယ့် ဘာမှမပြောရသေးခင်မှာပဲ ရုတ်တရက် ထအော်လိုက်ပြီး ခေါင်းကိုကိုင်ကာ မြေကြီးပေါ် လူးလှိမ့် နေပါတော့တယ်။

ရန်ကိုင်နှင့်လန်ရှန်းတို့၏ မျက်နှာအမူအရာပြောင်းလဲသွားခဲ့ပြီး ချက်ချင်းကျိမိုဆီ ပြေးသွားလိုက်ပါတယ်။ ကျိမိုရဲ့ လက်ရှိအခြေအနေက ရန်ကိုင်သူမကို နှိပ်စက်တုန်းက ဖြစ်နေသည့်ပုံစံနှင့် အတူတူပါပဲ။

သူမ စိတ်ဝိဉာဉ် တိုက်ခိုက်ခံနေရတာပါ။

ရန်ကိုင်နှင့်လန်ရှန်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ထိတ်လန့်အံ့အားသင့်နေသည့်

အရိပ်အယောင်ကို သူတို့နှစ်ယောက်၏ မျက်နှာထက် အထင်းသား မြင်တွေ့နိုင်ပါတယ်။

အချိန်တော်တော်ကြာသွားတော့မှပဲ ကျိမိုအော်ညည်းနေတာ ရပ်တန့်သွားခဲ့တယ်။ အခု သူမတစ်ကိုယ်လုံး ချွေးအေးတွေနဲ့ စိုရွဲနေခဲ့ပြီး ဆံပင်တွေဆိုရင်လည်း ရှုပ်ပွနေခဲ့ပါပြီ။

သူမတစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေပေမယ့် သူမမျက်လုံးတွေကတော့ အရိုးကွဲမတတ်အေးစက်စက် အလင်းရောင်တို့ဖြင့် တလက်လက် တောက်ပနေခဲ့တယ်။

‘‘ သူတို့ပဲ၊ ငါ့ကိုသူတို့ဆီလာဖို့ လှမ်းသတိပေးနေတာ ’’

ကျိမိုက အံတင်းတင်းကြိတ်လိုက်ပြီး ရန်ကိုင်အကျီင်္စကိုလှမ်းကိုင်လိုက်ကာ ပြောလိုက်တယ်။

‘‘ ငါကိုကူပြီး သူတို့ကိုသတ်ပေးပါလား ’’

ရန်ကိုင်က ပြုံးလိုက်ပြီး ‘‘ နင်မပြောရင်တောင် ငါသူတို့ကိုသတ်ဦးမှာ ’’

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ထိုနှစ်ယောက်ကိုသတ်ဖို့ ရန်ကိုင်က ကျိမိုကိုပြောခဲ့ပေမယ့် တိုင်ပြည်ချစ်၊ဂိုဏ်းချစ် ကျိမိုကတော့ လုံးဝကိုအကြောက်အကန် ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အခုအခြေအနေတွေက ပြောင်းလဲသွားခဲ့လေပြီ။

ကျိမိုက သူမနှင့်တစ်ဂိုဏ်းတည်းသားတွေကို မသတ်ချင်ပေမယ့် ထိုနှစ်ယောက် သူမလို မဟုတ်။

“သူတို့အခုဘယ်မှာလဲ”

“အဲ့ဘက်မှာ” ကျိမိုက နေရာတစ်ခုဆီ ညွှန်ပြလိုက်ပြီး သူတို့ရှိနေတဲ့နေရာဆီ သွားဖို့ဆို တစ်နာရီလောက် ကြာမယ်ထင်တယ်”

“တစ်နာရီလား….ကောင်းတယ်။ အဲ့လိုဆိုရင်လည်း သွားကြတာပေါ့” ရန်ကိုင်က မျက်မှောင်ကျုံ့လိုက်ပြီး ကျိမိုကိုကျောပိုးရင်း တောအုပ်ထဲ ပြေးဝင်သွားလိုက်တယ်။

ရန်ကိုင်ကျောပေါ် မှီနေရင်း ထူးဆန်းတဲ့ခံစားချက်တစ်ခုကို ကျိမိုခံစားမိလိုက်တယ်။

သူတို့နှစ်ယောက်က အစကတော့ ရန်သူတွေပါ။ အခုအချိန်မှာတော့ သူမဂိုဏ်းသားတွေကို သတ်ဖို့အတွက် အတူတူ ပူးပေါင်းနေခဲ့ရတယ်။

အခု ဘယ်သူကရန်သူလဲ…ဘယ်သူကမိတ်ဆွေလဲ…မိတ်ဆွေ၊ ရန်သူဆိုတာ တိမ်တွေလိုပဲ မတည်မြဲ ပါလားနော်။

လမ်းတစ်လျှောက် ထိုဂိုဏ်းသားနှစ်ယောက် အကြောင်းကို ကျိမိုက အကျဥ်းချုံး ရှင်းပြလိုက်တယ်။

ထိုနှစ်ယောက်က ဝမ်းကွဲတွေဖြစ်ပြီး နှစ်ယောက်စလုံးက အစစ်အမှန်ဒြပ်စင်အဆင့်၄ ကျင့်ကြံသူတွေပါ။

တစ်ယောက်က ယောင်ဟီလို့ခေါ်ပြီး ကျန်တဲ့တစ်ယောက်ကိုတော့ ယောင်ရှီလို့ခေါ်ကာ သူတို့တစ်ယောက်စီက သားရဲ အကောင်၅၀စီ ထိန်းချုပ်ထားပါတယ်။

ထိုအရေအတွက်က ကျိမိုမူလရှိတာထက်တောင် နှစ်ဆလောက် ပိုများနေပါသေးတယ်။ သူတို့သာ ထိုနှစ်ယောက် အဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် အောင်မြင်နိုင်ချေက မရှိသလောက်ပါပဲ။

ဒါပေမယ့် သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုသာ သတ်လိုက်မယ်ဆိုရင် ထိုလူထိန်းချုပ်ထားတဲ့ သားရဲတွေအကုန်လုံး ပြန်လွတ်လပ်သွားမည်ဖြစ်ပြီး အခြေအနေတစ်ခုလုံး ပရမ်းပတာဖြစ်သွား မှာပါ။ အဲ့လိုဆိုရင် သူတို့အောင်မြင်နိုင်ချေက ပိုပြီး မြင့်သွားနိုင်ပါတယ်။

ဒေါသထွက်နေတဲ့ ကျိမိုက ထိုနှစ်ယောက်၏ အကြောင်းကို သူမသိသလောက် ရန်ကိုင်အား အကုန်အစင် ပြောပြနေခဲ့တယ်။

ရန်ကိုင်ကတော့ ကျိမိုပြောတာကို တိတ်တဆိတ် နားထောင်ရင်း အောင်မြင်နိုင်ချေ အများဆုံးဖြစ်မယ့် အစီအစဉ်ကို စဉ်းစားနေလိုက်တယ်။

All Chapters