← Chapters

အခန်း (၂၄၆-၂၅၀)

Vol. 10 Ch. 246-250

အခန်း (၂၄၆-၂၅၀)

Vol. 10 Ch. 246-250

အပိုင်း (၂၄၆) ချောင်ပိတ်မိခြင်း

ကျိမိုပြောတာကို နားထောင်ရင်း ရန်ကိုင်နည်းနည်း စိတ်ပူသွားပါတယ် “နင့်စီနီယာအစ်ကိုချီရွှယ်က အခုသူတို့နဲ့ ရှိနေတာ မဟုတ်ဘူးမလား။ သူသာရှိနေတယ်ဆိုရင်တော့ ငါတို့ပြဿနာအကြီးကြီးတက်ပြီ”

ချီရွှယ့်က အစစ်အမှန်ဒြပ်စင်အဆင့်၇ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး အဆင့်၆သားရဲတစ်ကောင်ကိုလည်း ထိန်းချုပ်ထားပါတယ်။

ကျိမိုက သက်ပြင်းချလိုက်ပြီး “သူမရှိဖို့ ငါလည်းမျှော်လင့်တာပဲ”

တစ်နာရီလောက်ကြာပြီးနောက် သူတို့ဦးတည်ရာနေရာဆီ ထိုသုံးယောက်အဖွဲ့ ရောက်ရှိလာခဲ့တယ်။

ကျိမိုက ရန်ကိုင်ကို ခေါင်းညိတ်ပြလိုက်ပြီး သူမအဝတ်အစား၊ဆံပင်တွေကို သပ်ရပ်အောင် ပြင်ဆင်၍ အရင်လမ်းလျှောက် ထွက်သွားလိုက်လေသည်။

သူတို့နဲ့သိပ်မဝေးတဲ့နေရာတွင် မိစ္ဆာသားရဲများစွာ ရှိနေခဲ့ပြီး လူဒါဇင်ကျော်လောက်လည်း ရှိနေခဲ့တယ်။ လူအုပ်ထဲက နှစ်ယောက်က ကျိမိုနှင့်ဆင်တူတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားခဲ့ပြီး အသေအချာပဲ

ထိုနှစ်ယောက်က ဆန်းလော့ဘုရားကျောင်းက ယောင်ဟီနှင့်ယောင်ရှီပါပဲ။

ထိုနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပျော်ရွှင်စွာ စကားစမြည် ပြောနေခဲ့ကြပြီးသူတို့မျက်နှာထက်တွင် ကိုယ့်ကိုယ်အပြစ်ရှိသလို ခံစားရသည့်အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရပါဘူး။

တိတ်တဆိတ်နဲ့ ထိုနှစ်ယောက်က သူတို့ထိန်းချုပ်ထားတဲ့သားရဲတွေကို ကျိမို၏သားရဲတွေကို ဝိုင်ထား လိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။

“စီနီယာအစ်မ၊ နောက်ဆုံးတော့နင်ရောက်လာပြီပဲ” ယောင်ဟီက လှောင်ပြောင်လိုတဲ့ လေသံနဲ့ ပြောလိုက်တယ်။ ကျိုမိုကို သူ့မျက်လုံးထဲ မထည့်ထားတာ အသိသာကြီးပါ။ ယောင်ရှီကတော့ တခစ်ခစ်ရယ်မောနေပြီး

ကျိမို၏ကံဆိုးမှုကို လှောင်ပြောင်နေခဲ့တယ်။

‘‘ ငါ့မှာရွေးချယ်စရာကော ရှိသေးလို့လား ’’ ကျိမိုက ထိုနှစ်ယောက်ကို ဆယ်မီတာအကွာကနေ အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

ရန်ကိုင်က ကျိမိုနောက်တွင် ရပ်နေရင်း ကျန်တဲ့လူတွေကို ဝေ့ဝိုက်ကြည့်လိုက်တဲ့အချိန် ရင်းနှီးနေတဲ့ မျက်နှာ များစွာကို တွေ့လိုက်ရတယ်။

သူတို့နှင့်ဆယ်မီတာအကွာတွင် ပန်းတစ်ထောင်နန်းတော်က မိန်းကလေးလေးယောက်က အသူရာဂိုဏ်းက ရီချင်းရှီ နှင့်ကျိုးဘ၊ လရောင်ပြန်ဂိုဏ်းက ချန်ရွှယ့်ရှု နှင့်စုရှောင်ယု တို့နှင့်အတူတကွ

ထိုင်နေခဲတယ်။

ပြီးတော့ အခြားရင်းနှီးနေတဲ့ မျက်နှာတွေကိုလည်း သူထပ်ပြီး တွေ့လိုက်ရပါတယ်။ ဥပမာ…… ဂျီမနီကျွန်း၊ ရေလခန်းမ၊ သန့်စင်နှလုံးသားနန်းတော်၊ ငှက်မွှေးပျံအိမ်တော်၊အစရှိသဖြင့်ပေါ့။

ရန်ကိုင်ကို တွေ့လိုက်တာနဲ့ ချန်းယွဲ့ရှုနှင့် စုရှောင်းယုတို့ နှစ်ယောက်စလုံး ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြုံးပြပါတယ်။

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး လူအရေအတွက်ကို စစ်ကြည့်လိုက်တဲ့အချိန် စုစုပေါင်းလူ ၁၆၊၁၇လောက်သာ ကျန်ရှိတော့တာကို တွေ့လိုက်ရပါတယ်။

‘‘ မင်းတို့နှစ်ယောက်၊ ဘေးကိုသွား ’’ ယောင်ဟီက ရန်ကိုင်နှင့်လန်ရှန်းကို တစ်ချက်ကလေးတောင် မကြည့်ပဲ အမိန့်ပေးလိုက်တယ်။

ကျိမိုက သူတို့နှစ်ယောက်ကို ချက်ချင်းအချက်ပြလိုက်ပါတယ်။

ရန်ကိုင်နှင့်လန်ရှန်းတို့ နှစ်ယောက်လည်း ချန်ယွဲ့ရှုနှင့် အခြားသူတွေဆီ လမ်းလျှောက်သွားလိုက်ပါတယ်။

သူတို့နှစ်ယောက် အဖွဲ့ထဲ ဝင်ပေါင်းလိုက်တာနဲ့ ပန်းတစ်ထောင်နန်းတော်က မိန်းကလေးတစ်ယောက်က ရန်ကိုင်ကိုကြည့်ပြီး သက်ပြင်းချရင်း ပြောလိုက်တယ် ‘‘ ကြည့်ရတာ နင်လည်းကံမကောင်းခဲ့လူးထင်တယ် ’’

ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး‘‘ မိန်းကလေးရဲ့ နာမည်ကိုများ ငါသိလို့ရမလား”

သူတို့နောက်ဆုံးအကြိမ်တွေ့တုန်းက ဝူချန်းရီက သူ့ကိုအရှက်ခွဲခဲ့ပေမယ့် ပန်းတစ်ထောင်နန်းတောက်က မိန်းကလေးတွေက သူ့ဘက်ကကူပြီး ခံပြောပေးခဲ့ပါတယ်။

ထိုအဖြစ်အပျက် နောက်ပိုင်း သူမအပေါ် ရန်ကိုင် ကျေးဇူးတင်မိသွားခဲ့တယ်။

ထိုညီအစ်မ လေးယောက်စလုံးက လှပချောမောပြီး တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင်အလှနှင့် ဆွဲဆောင်မှုရှိလှပါတယ်။

အခုလို လေးယောက်စုပြီး ထိုင်နေတာကို ကြည့်ရတာ တကယ်ကို မျက်စိပဒဿ ဖြစ်စရာ မြင်ကွင်းပါ။

မိန်းကလေးက နွေးထွေးစွာ ရယ်မောလိုက်ရင်း ပြန်ဖြေလိုက်ပါတယ်

“ ဟန်ရှောင်ရှီ ’’

အခြား ပန်းတစ်ထောင်နန်းတော်က မိန်းကလေးက သူမ၏နှုတ်ခမ်းလေးကို ကွေးလိုက်ပြီး ရုတ်တရက် ဝင်ပြောလိုက်တယ် "ဟေး…အခုငါတို့အားလုံးက အကျဉ်းသားတွေ ဖြစ်နေပြီလေ။ အဲ့ဒါကိုတောင်

နင်က မိန်းကလေးတစ်ယောက်ရဲ့ နာမည်ကို မေးနေသေးတယ်။ နင့်က အကြံသမားတစ်ယောက်ပဲ”

ရန်ကိုင်က ပြုံးလိုက်ပြီး သူမကိုကြည့်ကာ ပြန်ပြောလိုက်ပါတယ် “ယောကျာ်းတစ်ယောက် အကြောင်းကို မိန်းကလေး မကြားဖူးဘူးလား။ မိန်းကလေးရဲ့ နာမည်ကိုရော ငါသိလို့ရမလား ’’

ထိုမိန်းကလေးက နှုတ်ခမ်းလေးဆူလိုက်ပြီး ပြန်ဖြေလိုက်ပါတယ် ‘‘ ရီဟန် ’’

သူတို့နှစ်ယောက်ကိုကြည့်ရင်း ရီချင်းရှီက အသာအယာလေး ရယ်မောလိုက်ပြီး ‘‘ ငါတို့မျိုးရိုးနာမည်က

တူနေမှတော့ ၊ ဒီကနေသာ အသက်ရှင်လျက် ထွက်သွားနိုင်မယ်ရင် ငါတို့သွေးသောက်ညီမ ဖွဲ့ကြမယ် ’’

ဟန်ရှင်းရှီက အခြားမိန်းကလေးနှစ်ယောက်ကို ခပ်မြန်မြန်ပဲ မိတ်ဆပ်ပေးလိုက်ပါတယ်။

ရှက်ရှက်ကြောက်ကြောက်နဲ့ မိန်းကလေးနာမည်က ဟန်ရို့ရင်ဖြစ်ပြီး ကျန်တဲ့ ကလူတူတူ မိန်းကလေးကတော့ လလျူချင်းရူပဲဖြစ်ပါတယ်။

အခုလို စိတ်ပျက်ဖွယ် အခြေအနေကို ရောက်နေတာတောင် အားလုံးက ရန်ကိုင်ကို မျက်နှာသာပေးပြီး သူတို့ကိုယ်သူတို့ မိတ်ဆက် နေကြပါတယ်။

ရေလခန်းမ ဖန်ရှန်းဟန်၊ သန့်စင်နှလုံးသားနန်းတော် ကျိုးဖုန်းနှင့် လီရှင်းယွမ်၊ ငှက်မွှေးပျံအိမ်တော်က ချူဂျင်းရှန်….. ဂိုဏ်းပေါင်းစုံက တပည့်တွေ ပေါင်းစုံရင်း တစ်ယောက်နှင့်တစ်ယောက် စကားစမြည်ပြောနေခဲ့ကြတယ်။

ရက်ပေါင်းများစွာ ခံစားခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေက အချိန်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့လေပြီ။

‘‘ ဟန့်၊ သေတော့မှာကိုတောင် နှုတ်ဆက်လို့ကောင်းနေတုန်။ ကျွန်ဘဝ ရောက်နေတာတောင် နင်တို့ပုံစံကိုကြည့်ရတာ ဘာမှမဖြစ်တဲ့ပုံပဲ ’’ ပျော်ရွှင်နေတဲ့ လူအုပ်ကြီး၏ စိတ်အခြေအနေကို လှောင်ပြောင်သံတစ်သံက ဖျက်စီးသွားခဲ့ပါတယ်။ ရန်ကိုင်လှည့်ကြည့်လိုက်တဲ့အချိန် လူငယ်တစ်ယောက်က သူတို့ကို အထင်အမြင်သေးစွာဖြင့်

လှောင်ပြောင် ပြောဆိုနေတာကို တွေ့လိုက်ရပါတယ်။

ရန်ကိုင်က ထိုလူကိုတစ်ခဏလောက် ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ဆက်ပြီးအာရုံမစိုက်တော့ပဲ လျစ်လျူရှုထားလိုက်တယ်။

ရီချင်းရှီကတော့ ချက်ချင်းပဲ ပြန်ခံပက်လိုက်ပါတယ် “ဘီရှုမင် ၊ ငါတို့အဖမ်းခံရတဲ့ နေ့ကတည်းက နင်တောက်လျှောက်ကို

မဟုတ်တုတ်က စကားတွေချည်းပဲ ပြောနေတာနော်။ နင်တကယ် ဘာဖြစ်ချင်နေတာလဲ ’’

ဘီရှုမင်က ပြန်ပြီးတော့ လှောင်ပြောင်လိုက်ပါတယ် ‘‘ဘာမှမဟုတ်ပါဘူး…အဲ့လိုအမှိုက်ကောင်တစ်ကောင် ငါတို့အဖွဲ့ထဲကို

ဝင်လာတာကို နင်တို့ဘာလို့ဒီလောက် ပျော်နေလဲဆိုတာ သိချင်ရုံပါပဲ။ သူငါတို့ကို ကယ်လိမ့်မယ်လို့ နင်တို့မျှော်လင့်ထားတာတော့ မဟုတ်ပါဘူးနော်”

ချန်ယွဲ့ရှုက မျက်မှောင်ကြုံ့လိုက်ပြီး ပြန်ပြောလိုက်တယ် ‘‘နင်မှာ အသက်ရှင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုရင်လည်း ဘာလို့ကိုယ့်ဘာသာကိုယ် သတ်မသေလိုက်တာလဲ။ ဘာလို့အခြားသူတွေ မကောင်းကြောင်းကိုပဲ အရေမရ အဖတ်မရ လိုက်ပြောနေတာလဲ။ သူ့ကျင့်ကြံခြင်းအဆင့်က နင့်ထက်နိမ့်လို့ဆိုပြီးတော့ အစ်ကိုရန်ကို

သွားပြီး ပြစ်တင်ပြောဆိုမနေနဲ့ ’’

ဘီရှုမင်က ပြန်မပြောရသေးခင်မှာပဲ သူ့ဘေးနာမှာရှိတဲ့လူက ရယ်မောပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်ပါတယ် ‘‘ သူ့ကျင့်ကြံခြင်းအဆင့်က နိမ့်တယ်။ အဲ့ဒါကြောင့် သူကအမှိုက်တစ်စပဲလေ။

သူဘာလို့အခုထိ အသက်ရှင်နေ သေးတာလဲဆိုတာကို ငါတကယ် နားမလည်နိုင်ဘူး။ သူ့ကျင့်ကြံခြင်း အဆင့်နဲ့ဆို အစောကြီးကတည်းက သေသွားလောက်သင့်နေပြီ ’’

ထိုလူက ဘီရှုမင်နှင့် တစ်ဂိုဏ်းတည်းသားချင်းဖြစ်လောက်ပါမယ်။ ထို့ကြောင့်ပဲ ဘီရှုမင်ဘက်ကလိုက်ပြီး ခံပြောနေခြင်းပါ။

ဟန်ရှောင်ချီက အေးစက်စက်လေသံဖြင့် ပြန်ပြောလိုက်၏

‘‘ နင်ပြောတာ တော်တော်များနေပြီ ’’

ရီဟန်၊ ဟန်ရို့ယင်နှင့် လျူချင်းရုတို့ကလည်း ထိုနှစ်ယောက်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကြပါတယ်။

ဘီရှုမင်နှင့် သူ့ဂိုဏ်းတူညီအစ်ကို နှစ်ယောက်က ရန်ကိုင်ကို အထင်အမြင်သေးစွာ ပြောဆိုနေတယ် ဆိုပေမယ့်

ထိုအဖွဲ့နှင့်တော့ ပြသနာ ဖြစ်ချင်ပုံ မပေါ်ပါဘူး။ ထို့ကြောင့် နှာခေါင်းရှုံ့ပြီးတော့ပဲ တစ်ဖက်လှည့်ကာ မျက်လုံးပိတ်ပြီး တရားပြန်ထိုင်နေလိုက်တယ်။

ထိုနှစ်ယောက်က အားလုံး၏ပျော်ရွှင်နေတဲ့ စိတ်အခြေအနေကို ရေအေးလောင်းချလိုက်သည့်အတွက်

အရင်က ပျော်ရွှင်စရာကောင်းတဲ့ အသိုင်းအဝန်းက ရုတ်တရက်ကြီး ပျက်စီးသွားခဲ့ပြီး လေးလံထိုင်းမှိုင်း လာခဲ့ပါတော့တယ်။

ရီဟန်က သူမပါးလေးကို ခပ်မြန်မြန်လေးပုတ်လိုက်ပြီး ရန်ကိုင်ကို နှစ်သိမ့်စကားပြောလိုက်ပါတယ်။

‘‘ ရန်ကိုင်မလား….အဲ့နှစ်ယောက်ပြောတာကို စိတ်ထဲမထားနဲ့။ သူတို့နှစ်ယောက်က အဖမ်းခံရတဲ့နေ့ ကတည်းက အကုန်လုံးကို မကောင်းမြင်နေတာ။ သူများပျော်နေတာကို သူတို့မမြင်ရက်ဘူးလေ ’’

ရန်ကိုင်က ပြုံးလိုက်ပြီး ခေါင်းခါလိုက်ကာ

“ခွေးဟောင်လို့တောင်မှမရွေ့တာ။ သူတို့ဘာသာ ဟောင်ချင်ဟောင်စေပေါ့ ’’

ရန်ကိုင်ပြောတာကို ကြားလိုက်တဲ့အချိန် ဟန်ရှောင်ယု တစ်ခဏတာလောက် အံ့အားသင့်သွားခဲ့ပြီး သူမ ရယ်ချင်စိတ်ကို မနည်း ပြန်ပြီး ချုပ်ထိန်းထားလိုက်ရပါတယ်။

‘‘ မင်းဘာပြောလိုက်တာလဲ ’’ ဘီရှုမင်နှင့် သူ့ဂိုဏ်းတူရောင်းရင်းနှစ်ယောက်က မျက်လုံးဖွင့်ပြီး ရန်ကိုင်ကို

စူးစူးဝါးဝါး စိုက်ကြည့်လိုက်လေပြီ။

‘‘ ငါပြောနေတာ မကြားရအောင် မင်းနားပင်းနေလို့လား ’’ ရန်ကိုင်က သူတို့နှစ်ယောက်ကို ပြန်စိုက်ကြည့် လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်စကားစစ် ထိုးလိုက်တယ်။

‘‘ မင်းသေချင်နေတာပဲ ’’ ဘီရှုမင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထခုန်လိုက်တယ်။

‘‘ မင်းတို့သေချင်နေတာလား ’’ အဝေးတစ်နေရာမှာ မတ်တပ်ရပ်နေတဲ့ ယီဟောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ‘‘ မင်းတို့ အသက်ရှင်နေရတာ ပျင်းနေတယ်ဆိုရင်လည်း ငါမင်တို့ကိုချက်ချင်း နောက်ဘဝ ပြောင်းပေးလိုက်လို့ ရတယ်နော် ’’

ဘီရှုမင်က ယောင်ဟီကို ကြောက်ကြောက်ရွံ့ရွံ့ တုန်တုန်ရီရီဖြင့် ကြည့်လိုက်ပြီး ချက်ချင်းပဲ အခြားတစ်ဖက်ဆီ လှည့်သွားလိုက်ပါတယ်။

သို့ပေမယ့် မျက်စိတ်ပျက် မျက်နှာပျက်ဖြစ်ပြီး ဒီအတိုင်း ငြိမ်ငြိမ်ထိုင်မနေိုင်တဲ့အတွက် ရန်ကိုင်ကို

ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ‘‘မင်းစောင့်နေစမ်းပါ။ အနှေးနဲ့အမြန်တော့ မင်းပြန်ပေးဆပ်စေရမယ် ’’

‘‘ ကောင်းပြီလေ။ ငါစောင့်နေမယ် ’’ ရန်ကိုင်က ချက်ချင်းပဲ နောက်ကျမခံ ပြန်ပြောလိုက်ပါတယ်။

ဟန်မင်းဆက်တို့ ကျင့်ကြံသူတွေကြားက လေထုက သုန်မှုန် ထိုင်းမှိုင်းနေသည့်အချိန် တန်းလန်မင်းဆက် သုံးယောက်ကြားက လေထုကတော့ နေသာတုန်းပါပဲ။

ကျိမိုရောက်ရှိလာကတည်းက ယောင်ဟီနှင့်ယောင်ရှီက သူမကိုပြုံးပြီးတော့သာ စိုက်ကြည့်နေတာပါ။ စကားဆိုလို့ တစ်ခွန်းလေးတောင် မပြောသေးပါဘူး။

အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ကျိမိုက သက်ပြင်းတစ်ချက် ချလိုက်ပြီး အေးစက်စက်လေသံဖြင့် မေးလိုက်တယ် ‘‘ နင်တို့ဘာလို့ ဒီလိုလုပ်ရတာလဲ ’’

ယောင်ဟီက ရယ်မောလိုက်ပြီး ‘‘ ကျွန်တော်တို့ဘာလို့ ဒီလိုလုပ်လဲဆိုတာကို စီနီယာအစ်မ တကယ်နားမလည်း တာလား ’’

‘‘ ဂိုဏ်းထဲမှာဆိုရင် ဆရာက ငါ့ကို ပိုတန်ဖိုးထားတာကြောင့်လား ’’ ကျိမိုက အထင်အမြင်သေးစွာပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ်။

ယောင်ဟီနှင့်ယောင်ရှီတို့၏ မျက်နှာ အမူအရာတောင့်တင်းသွားခဲ့ပြီး ရုတ်ချည်း အေးစက်သွားခဲ့ပါပြီ။

ဒါပေမယ့် ကျိမိုက သူတို့နှစ်ယောက်၏ မျက်နှာအမူအရာ ပြောင်းလဲမှုကို သတိမပြုမိသည့်အလား ဆက်ပြီးတော့ပဲ ပြောနေလိုက်ခဲ့တာပေါ့

‘‘ နင်တို့နှစ်ယောက်က ငါ့ထက်ဂိုဏ်းထဲဝင်တာ စောပေမယ့် နင်တို့ကျင့်ကြံခြင်းအဆင့်က ငါ့ထက်နိမ့်နေတုန်းပဲ။ ဒါကြောင့် နင်တို့မခေါ်ချင်ပေမယ့်လည်း ငါ့ကိုစီနီယာအစ်မလို့ ခေါ်နေရတယ်။

နင်တို့ပြောချင်တာ အဲ့ဒါလား ’’

‘‘ နင့်အရည်အချင်းက ငါတို့ထက်သာတယ်လို့ နင်တကယ်ပဲ ထင်နေတယ်ပေါ့” ယောင်ရှီက ရယ်မောလိုက်ပြီး

‘‘ဆရာသာ နင့်ကိုအရင်းအမြစ်တွေ မပေးခဲ့ရင် နင်ဘယ်လိုလုပ်ပြီး ငါတို့ကို ဒီလောက်လွယ်လွယ်နဲ့ ကျော်တက်သွားနိုင်ပါ့မလဲ။ အရည်အချင်းအရဆိုရင် ငါတို့ကနင့်နဲ့ ဘယ်နေရာမှ မယှဉ်နိုင်လို့လဲ ’’

‘‘ ဘယ်နေရာမဆို နင်တို့ ငါ့ကိုမယှဉ်နိုင်ပါဘူးနော် ’’ ကျိမိုကလည်း အောက်ကျမခံပဲ ရက်ရက်စက်စက် ခွန်းတုန့်ပြန်လိုက်ပါတယ်။ ယောင်ဟီမျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး အထင်အမြင်သေးစွာဖြင့် ပြန်ပြောလိုက်ပါပြီ ‘‘အဲ့လိုလား။ အဲ့လိုဆိုရင် စီနီယာအစ်မကို ကျွန်တော်မေးချင်တာတစ်ခုရှိတယ်။ အခုလိုအခြေအနေမျိုးကို ရောက်ခဲ့မယ်လို့ စီနီယာအစ်မ တစ်ကြိမ်တစ်ခါလေးများ တွေးဖူးခဲ့လား ’’

‘‘နင်တို့နှစ်ယောက် ဒီလောက်ရက်စက်ပြီး အောက်တန်းကျမယ်လို့ ငါတစ်ခါမှ မတွေးခဲ့ဖူးတာတော့ အမှန်ပဲ ’’

ကျိမိုကမျက်နှာက ရုတ်တရက် အမုန်းတရားတို့ဖြင့် ပြည့်နှက်သွားခဲ့တယ်။

ယောင်ဟီက လှောင်ပြောင်လိုက်ပြီး ‘‘ ကဲ့အဲ့အကြောင်းတွေကို မေ့ထားလိုက်တော့။ လိုရင်းကိုသွားရအောင်။ ကျွန်တော်တို့ စီနီယာအစ်မကို ဒီနေရာကိုဖိတ်လိုက်ရတဲ့ အကြောင်းကတော့ ရှင်းပါတယ်။ အခုကျွန်တော်တို့

အားလုံးက ဒီသီးခြားကမ္ဘာကြီးထဲမှာ ပိတ်မိနေတာလေ။ ပြီးတော့ ကျွန်တော်တို့မှာ ရန်သူဆိုလို့လည်း ရှိတော့တာမဟုတ်ဘူး။ အဲ့ဒါကြောင့် စီနီယာအစ်မရဲ့ သားရဲတွေလည်း အသုံးမဝင်တော့ဘူးမလား ’’

ကျိမို၏ အမူအရာအေးစက်သွားခဲ့ပြီး ‘‘ နင်ကငါ့မိစ္ဆာသားရဲတွေကို လိုချင်တယ်ပေါ့ ’’

‘‘ ဟုတ်တယ် ’’ ယောင်ဟီက ခေါင်းညိတ်လိုက်ပြီး ‘‘ ရှီအာနဲ့ကျွန်တော်က အဆင့်၅ကို ချိုးဖျက်တော့မှာ။ ဒါပေမယ့် ကျွန်တော့်တို့ရဲ့ ကိုယ်ပိုင်သားရဲတွေကို မသတ်ချင်ဘူးလေ။ အဲ့ဒါကြောင့် စီနီယာအစ်က

ရက်ရောပြီးတော့များ ကျွန်တော်တို့ကို ကူညီပေးလို့မရဘူးလားလို့ ’’

ယောင်ဟီပြောတာကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကျိမိုဝမ်းနည်းသွားခဲ့ပြီး ‘‘အဲ့လိုအကြောင်းပြချက် လေးအတွက် ငါ့ရဲ့နတ်ဘုရားစိတ်ဝိဉာဉ်ကိုတောင် ဖျက်စီးဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့ ’’

ယောင်ရှီက မောက်မာစွာပြုံးလိုက်ပြီး ‘‘ အဲ့ဒါက စီနီယာအစ်မ ပုန်းနေလို့ ဖြစ်တာလေ။ စီနီယာအစ်မသာ ပုန်းမနေခဲ့ရင် ကျွန်မတို့လည်း အဲ့လိုလုပ်ခဲ့မှာမဟုတ်ဘူး။ စီနီယာအစ်မသာ ကျွန်မတို့နဲ့အတူနေခဲ့ရင်

စီနီယာအစ်ကိုကို ခေါ်ပြီး သားရဲအမဲလိုက်ပွဲလေး လုပ်လို့ရတာပေါ့။ ဒါပေမယ့် ကောင်းကင်က အခြား နည်းလမ်းတစ်ခုကို စီစဉ်ပေးခဲ့တယ်။ အခုလိုဖြစ်ပျက်အောင်ပဲ စီနီယာအစ်မကိုယ်တိုင်ပဲ

တွန်းအားပေးခဲ့တာလေ ’’

‘‘ ကောင်းတယ် ’’ ကျိမိုက နာကျင်စွာဖြင့် ပြောလိုက်တယ်။ သူမမျက်လုံး ထဲမှာတော့ ဝမ်းနည်းသည့် အရိပ်အယောင်တို့ကို အထင်သား မြင်တွေ့နေခဲ့ရပါတယ်။

“နင်လိုချင်တယ်ဆိုမှာတော့ ငါအားလုံးကိုပေးရမှာပေါ့”

ယောင်ဟီက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး ‘‘ စီနီယာအစ်မက ကျွန်တော်တို့ကို စိတ်ပျက်စေလိမ့်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိသားပဲ။ ကျေးဇူးပြုပြီး စီနီယာအစ်မရဲ့ သားရဲတွေကို ပြန်မခုခံဖို့ အမိန့်လေးပေးထားပါဦး… သူတို့တွေသာ ပြန်ခုခံနေရင် တော်ကြာ မလိုလားအပ်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာနေဦးမယ်”

ကျိမိုက သူမမျက်လုံးအစုံကို ပိတ်လိုက်ပြီး သူမကိုယ်သူမတည်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။

ဒီနေရာကို မလာခင်ကတည်းက ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေဆီမှာ ရှိတဲ့ သူမရဲ့ နတ်ဘုရားစိတ်အာရုံကို ပြန်ယူပြီးသွားပါပြီ။ ထိုအင်းဆက်တွေကို ယောင်ဟီနှင့်ယောင်ရှီတို့ ဖျက်စီးမှာကို သူမစိတ်ပူစရာ မလိုတော့ပါဘူး။ ဒါပေမဘ့် ထိုနှစ်ယောက်ဘက်မှာက အားသာချက်အကြီးကြီး

ရှိနေပါသေးတယ်။

သူတို့ထိန်းချုပ်ထားတဲ့ သားရဲတွေကို ထည့်မတွက်ရင်တောင်မှ အဖမ်းခံထားရတဲ့ဟန်မင်းဆက်က ကျင့်ကြံသူတွေနဲ့တင် တော်တော်လေး အားကောင်းတဲ့ တပ်တစ်ခုကို ဖန်တီးနိုင်ပါတယ်။

သူမသာ ထိုနှစ်ယောက်ကို ထိုနှစ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် သူမမှာနိုင်ဖို့ အခွင့်အရေး လုံးဝမရှိပါဘူး။

ထွက်ပြေးဖို့ဆိုရင်တောင် အောင်မြင်နိုင်ချေက သုညနားကပ်နေတာဆိုတော့

မလုပ်ချင်ပေမယ့် အောင့်အည်းပြီးတော့သာ လုပ်ရဦးမှာပါ။

ကျိမို၏ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ရင်ဘတ်ကိုကြည့်ရင်း ယောင်ဟီမျက်လုံးထဲ ရာဂမီးတောက်တို့ လောင်ကျွမ်းလာခဲ့ပြီး သူ့နှုတ်ခမ်းကို အသာအယာလေး သပ်လိုက်တယ်။

‘‘ပြီးသွားပြီ ’’ ကျိမိုက သူမမျက်လုံးကို ပြန်ဖွင့်လိုက်ပြီး စိတ်ခံစားချက် မပါသည့် လေသံဖြင့်ပြောလိုက်တယ်။ ယောင်ဟီနှင့်ယောင်ရှီတို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး သူတို့သားရဲတွေကို

တိတ်တဆိတ် အမိန့်ပေးလိုက်တယ်။

ရုတ်တရက် မရေမတွက်နိုင်တဲ့ အော်သံတို့ ထွက်ပေါ်လာခဲ့ပြီး သွေးတွေနေရာအနံ့ ပြန့်ကျဲကုန်ကာ မခုခံဖို့ အမိန့်ပေးခံထားရတဲ့ ကျိမို၏သားရဲတွေ တစ်ကောင်ပြီးတစ်ကောင် သေကုန်ပါတော့တယ်။

ထိုမြင်ကွင်းကိုကြည့်ရင်း ဟန်မင်းဆက်ကျင့်ကြံသူတို့ ကြက်သေသေသွားခဲ့ပြီး အလိုလျောက် လက်သီး ကျစ်ကျစ်ဆုပ်လိုက်ကြတယ်။

အဆယ်ရှုချိန် ဆယ်ရှိုက်စာ မပြည့်ခင်အချိန်အတွင်းမှာပဲ ကျိမို၏သားရဲတွေ အကုန်သတ်ခံလိုက်ရပါတယ်။

‘‘ ဟားဟားဟားဟား ’’ ယောင်ဟီ ဝါးလုံးကွဲ ထရယ်ပါတော့တယ်။

ထိုသွေးလုံး သုံး၊လေးဆယ်လောက်နဲ့ဆိုရင် သူနှင့်ယောင်ရှီတို့ အဆင့်၅ကို အောင်အောင်မြင်မြင် ချိုးဖျက်နိုင်မှာပါ။

ထို့အပြင် ဟန်မင်းဆက်က ကျင့်ကြံသူတွေဆီက အမွေအနှစ်တွေကို ထုတ်ယူပြီးသွားတာနဲ့ သူတို့ကိုလည်း သတ်ပစ်လို့ ရပါသေးတယ်။

အဲ့လိုဆိုရင် နောက်ထပ်သွေးလုံးတွေ ထပ်ပြီးရဦးမှာပါ။

တကယ်တော့ ယောင်ဟီက ဟန်မင်းဆက်က အမျိုးမျိုးသော အလှလေးတွေကို စိတ်ဝင်စားနေတာပါ။

တစ်ယောက်ချင်းစီတိုင်းက အလှတစ်မျိုးစီကို ပိုင်ဆိုင်ထားခဲ့ပြီး အချို့က ကျက်သရေရှိပြီး အချို့က လှပကျော့ရှင်းကာ အချို့ကတော့ နှစ်လိုစွဲမက်ဖွယ်ကောင်းလှပါတယ်။

ဒီရက်အတောအတွင်း ထိုအလှလေးတွေနဲ့ ပလူးပလဲလုပ်ဖို့ သူကြံခဲ့ပေမယ့် ယောင်ရှီက သူ့ကို မျက်လုံးဒေါက်ထောက် ကြည့်နေခဲ့တော့ သူ့အစီအစဉ်ကို အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေခဲ့ရပါတယ်။

သူတို့နှစ်ယောက်က ဝမ်းကွဲတွေဆိုပေမယ့် သူတို့ကြားက ဆက်ဆံရေးက ဝမ်းကွဲတွေဖြစ်ရုံလောက် မရိုးရှင်းချေ။

ရှီအာရဲ့ အာရုံကို အခြားတစ်နေရာ အရင်ပြောင်းပေးရမယ်။ အဲ့လိုမှပဲ အဲ့မိန်းမတွေနဲ့ ငါလုပ်ချင်တာ လုပ်လို့ရမှာ ထိုအကြောင်းကိုတွေးရင်း ယောင်ဟီအကြည့်က ဟန်ရှောင်ရှီနှင့် အခြားသူတွေဆီ

ရောက်သွားခဲ့တယ်။

အင်း… သွေးလုံးတွေကို သူမကိုအရင်ပေးသုံးလိုက်မယ်။ အဲ့သွေးလုံးတွေနဲ့ အဆင့်၅ကို ချိုးဖျက်မယ်ဆိုရင် အချိန်နည်းနည်းတော့ ကြာမှာပဲ။ နည်းနည်းပဲဆိုရင်တောင် ငါလုပ်ချင်တာလုပ်ဖို့အတွက်ကတော့

လုံလောက်နေပြီ။

ထိုအကြောင်းကိုတွေးလေ ယောင်ဟီပိုပြီးစိတ်လှုပ်ရှားလာလေဖြစ်ကာ အခုချက်ချင်းထသွားပြီး ထိုဟန်မင်းဆက်က အလှလေးတွေကို ဒချိဒချိလုပ်ပစ်ချင်သည့် စိတ်ကို မနည်းထိန်းထား ခဲ့ရပါတယ်။

Martial Peak

အပိုင်း(၂၄၇) အရမ်းအရှက်မဲ့လွန်းတယ်

သူ့အတွေးတွေကို အကောင်အထည် ဖော်ဖို့အတွက် ယောင်ဟီက ယောင်ရှီကို ညင်သာစွာြဖင့် ပြောလိုက်တယ် “ရှီအာ၊ သွေးလုံးတွေကို နင်အရင် သုံးလိုက်လေ”

ယောင်ရှီရဲ့ မျက်နှာထက် ကြင်နာသည့် အရိပ်အယောင်တို့ ချက်ချင်း ဖြတ်ပြေးသွားခဲ့ပြီး ယောင်ရှီကို အသာအယာလေး ခေါင်းပြန် ညိတ်ပြလိုက်တယ်။ ထို့နောက် ဟန်မင်းဆက်က သိုင်းပညာရှင်တွေဘက် လှည့်ပြီး အမိန့်ပေးလိုက်တယ် “ငါကို အဲ့သွေးလုံးတွေ သွားယူပေးစမ်း”

လူ၁၇၊၁၈လောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပေမယ့် ဘယ်သူမှ သူမခိုင်းတာကို မလုပ်ချင်ကြပါဘူး။ လွန်ခဲ့တဲ့ လအတောအတွင်း ယောင်ရှီနဲ့ယောင်ဟီက သူတို့ကို တော်တော်လေး အရှက်ရအောင် လုပ်ခဲ့တာလေ။ ဒါကြောင့် သူတို့ထဲက ဘယ်သူကများ သူမခိုင်းတာကို နာနာခံခံနဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး လုပ်ချင်မှာလဲ။

ဒါပေမယ့် အမိန့်က ပေးပြီးနေပြီ ဖြစ်တဲ့အတွက် မလုပ်လို့လည်း မရပါဘူး။ သူတို့သာ ထိုနှစ်ယောက်ကို ဒေါသထွက်စေခဲ့မယ်ဆိုရင် သူတို့ရဲ့ ခေါင်းမာမှုအတွက် နှိပ်စက်ညင်းပန်ခံရမှာ အသေအချာပါပဲ။

နောက်ဆုံးမှာတော့ ပန်းတစ်ထောင် နန်းတော်က ရီဟန်က ဒေါသတကြီး မတ်တပ်ရပ်လိုက်ပြီး အံကြိတ်ရင်း ပြောလိုက်တယ် “ငါသွားမယ်”

ဒါပေမယ့် ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး ခပ်မြန်မြန်ပဲ ကြားဖြတ်ပြောလိုက်ပါတယ် “မသွားနဲ့။ ငါသွားမယ်… နင့်ဘာနင် အေးအေးဆေးဆေးသာနေ”

တင်ပလင်ခွေ ထိုင်နေတဲ့ ဘီရှုမင်က ထိုးစကားကို ကြားတဲ့အချန် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး အထင်အမြင်သေးစွာဖြင့် ပြောလိုက်ပါတယ် “နောက်ဆုံးတော့လည်း တကယ့်မျက်နှာက ပေါ်လာတာပဲလေ။ သူတို့ကို မင်းဘယ်လောက် သစ္စာရှိကြောင်း ပြချင်နေတာမလား”

“ဟုတ်တာပေါ့၊ သစ်ပင်အောက်မှာ ရောက်နေတဲ့ လူတွေ ဖြစ်နေမှတော့ ဦးညွှတ်ဆိုရင်လည်း ဦးညွှတ်ရမှာပေါ့” ရန်ကိုင်က ရူးကြောင်ကြောင် အပြုံးတစ်ခုကို ဆင်မြန်းရင်း ပြန်ပြောလိုက်တယ်။

ဘီရှုမင်နှင့် သူ့ဂျူနီယာညီလေးကတော့ အထင်အမြင်သေးစွာနဲ့ပဲ နှာခေါင်းရှုံ့လိုက်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ အပြုအမူက ကျန်တဲ့လူတွေကို မပျော်မရွှင် ဖြစ်သွားစေခဲ့ပါတယ်။

ရန်ကိုင်က သားရဲတွေ သေသွားတဲ့ နေရာဆီ သွားလိုက်ပြီး သွေးလုံးတွေကို ကောက်ယူလိုက်တယ်။ ပြီးတာနဲ့ ချက်ချင်းပဲ ဆန်းလော့ဘုရားကျောင်းက တပည့်သုံးယောက်ဆီ ပြန်သွားလိုက်ပါတယ်။

ယောင်ရှီက ရန်ကိုင် သတိအပြည့်နဲ့ အေးစက်စွာ စိုက်ကြည့်နေခဲ့တယ်။ တကယ်တော့ ရန်ကိုင်ဆိုတာ ကျိမိုခေါ်လာတဲ့ လူလေ။ အဲ့တော့ သူ့ကို သတိထားနေတာလည်း မထူးဆန်းပါဘူး။

“ငါ့ဆီ လှမ်းပစ်လိုက်” ရန်ကိုင်က သူနဲ့ ဆယ်မီတာ ကွာဝေးတဲ့ နေရာ အရောက်မှာတော့ ယောင်ရှီက အသံကျယ်ကျယ်ဖြင့် လှမ်းအမိန့်ပေးလိုက်တယ်။ ရန်ကိုင်ကို သူမနား ထပ်ပြီး နီးကပ်လာခွင့် မပြုတော့ပါဘူး။

ရန်ကိုင်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး သွေးလုံးတွေကို သေသေချာချာ လှမ်းပစ်ပေးလိုက်တယ်။ ကျိမိုကတော့ အဖြစ်အပျက်အားလုံးက သူမနှင့် မသက်ဆိုင်သည့်အလား ယောင်ရှီသွေးလုံးတွေ ကောက်တာကို ပြီးတဲ့ အထိ ရပ်စောင့်နေလိုက်ပါတယ်။ သူမ ပြီးတော့မှပဲ စကားပြန်စလိုက်တယ် “နင်တို့ လိုချင်တာ ရသွားပြီဆိုတော့ ငါသွားတော့မယ်”

ယောင်ဟီနဲ့ ယောင်ရှီတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ရယ်မောလိုက်ကာ “စီနီယာအစ်မက ဘယ်ကို သွားချင်နေလို့လဲ”

ကျိမိုအမူအရာ သုန်မှုန်သွားခဲ့ပြီး အေးစက်စက်လေသံနဲ့ ပြန်တုန့်ပြန်လိုက်ပါတယ် “ငါဘယ်သွားသွား နင့်အပူပါလို့လား”

ယောင်ရှီက ချိုသာစွာ ပြုံးပြလိုက်ပြီး “စီနီယာအစ်မက စိတ်ဆတ်တုန်းပဲနော်။ ငါတို့က စီနီယာအစ်မရဲ့ လုံခြုံရေးနဲ့ ပက်သက်ပြီး စိုးရိမ်လို့ပါ။ ဒီလိုသီးခြား ကမ္ဘာကြီးထဲမှာ ကာကွယ်ဖို့ သာရဲတွေ မရှိပဲနဲ့ စီနီယာအစ်မသာ ဟိုသွား၊ ဒီသွား လုပ်နေရင် ဒုက္ခရောက်နိုင်တယ်နော်။ အဲ့လိုသာ ဖြစ်သွားခဲ့ရင် ဆရာကို ဘယ်လို ပြန်ရှင်းပြရတော့မှာလဲ”

ကျိမိုက ထိုနှစ်ယောက်ကို မုန်းတီးစွာနဲ့ စိုက်ကြည့်လိုက်ပြီး “နင်တို့က ငါ့ကိုတောင် ထိန်းချုပ်ချင်နေတာလား”

ယောင်ဟီက ပြုံးလိုက်ပြီး “စီနီယာအစ်မက အရမ်းကို သံသယကြီလွန်းတာပဲ။ ငါတို့တွေက မိသားစုတွေ ဆိုမှတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ရှုစောင့်ရှောက် ရမှာပေါ့”

ယောင်ရှီက ခေါင်းညိတ်လိုက်ပြီး “အဲ့ဒါအမှန်ပဲ။ ဂျူနီယာညီမလေးက စီနီယာအစ်မရဲ့ လုံခြုံရေးအတွက် တွေးပေးနေရုံပဲ”

ကျိမိုမျက်နှာထက် လှောင်ရိပ်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ယောင်ဟီနဲ့ ယောင်ရှီတို့ နှစ်ယောက်က တစ်ကျပ်နဲ့ မကျေနပ်သေးပဲ တစ်ရာရအောင် လုပ်ဆောင်ပြီး သူမကို ရက်ရက်စက်စက် အကွက်ချ ကြံစည်လိမ့်မယ်လို့ ရန်ကိုင်က ဒီကို လာတဲ့လမ်းတစ်လျှောက် သူမကို ပြောပြခဲ့ပါတယ်။

သူတို့က နင့်သားရဲတွေကို သတ်ရဲမှတော့ နင့်ကိုလည်း ဘာမမလုပ်ရဲစရာ အကြောင်းမရှိဘူး ရန်ကိုင်က သူမကို အခုလိုမျိုး ပြောခဲ့တာပါ။

အစတုန်းကတော့ ကျိမိုက ထိုနှစ်ယောက်ကို နည်းနည်းလေး မျှော်လင့် ထားပါသေးတယ်။ ဒါပေမယ့် အခုတော့ အခြေအနေတွေက ရန်ကိုင် ပြောခဲ့သလို ဖြစ်လာခဲ့ပါပြီ။

သူတို့သာ သူမကို ဒီနေရာမှ သတ်လိုက်ရင် ထိုနှစ်ယောက်ကသာ ပိပိရိရိ သရုပ်ဆောင်နိုင်ခဲ့ရင် နောက်ပိုင်း ပြဿနာတွေကို စိုးရိမ်စရာ မလိုတော့ပါဘူး။ ဟန်မင်းဆက်က သိုင်းပညာရှင်တွေလား။ သူတို့တွေက သေတော့မယ် လူတွေပဲဟာကို … ယောင်ဟီနဲ့ ယောင်ရှီက ဘယ်သူ့ကို ကြောက်နေရဦးမှာလဲ.

ကျိမိုက တိတ်ဆိတ်သွားခဲ့ပေမယ့် သူမမျက်လုံးတွေကတော့ အေးစက်သထက် အေးစက်လာခဲ့ပါတယ်။

ယောင်ရှီက ရုတ်တရက် မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်ဆီ လှည့်ကြာ အော်ဟစ် ပြစ်တင်ကြိမ်းမောင်းလိုက်ပါတယ် “နင်ကကော အဲ့မှာ ဘာရပ်လုပ်နေသေးတာလဲ။ မြန်မြန်ထွက်သွားတော့လေ”

ပြောပြီဂတာနဲ့ သူမက ကျိမိုကို အထင်အမြင်သေးစွာဖြင့် ပြန်လှည့်ကြည့်လိုက်ပြီး “စီနီယာအစ်မ၊ နင့်အစေခံကို ဘယ်လိုတွေ လေ့ကျင့်ပေးထားတာလဲ။ သူ့ကြည့်ရတာ သေချာလေ့ကျင့်ထားတဲ့ ပုံမပေါက်ဘူးနော်”

ကျိမိုက ပြန်မပြောရသေးခင်မှာပဲ ရန်ကိုင်က ယောင်ရှီဆီ လက်သီးဆုပ်ပြလိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်ရင်း ကျိမိုဆီ မုန်းတီးစွာနဲ့ ကြည့်လိုက်ကာ ခပ်မြန်မြန် ပြောလိုက်တယ် “အရှင်နှစ်ယောက်၊ ကျွန်တော့် ကိုယ်ကနေ ဒီမိန်းမပျက်မရဲ့ အင်းဆက်ကို ဖယ်ရှားပေးလို့ ရမလားဗျာ။ အဲ့လိုသာ လုပ်နိုင်တယ်ဆိုရင် ဒီကျွန်တော်က အရှင်သခင် နှစ်ယောက်နဲ့ လိုလိုလားလား ပူးပေါင်းမှာပါ”

ထိုစကားကို ကြားလိုက်တာနဲ့ ကျိမိုက ရန်ကိုင်ကို ထိတ်လန့်အံ့အားသင့်စွာနဲ့ ကြည့်လိုက်ပြီး အံ့ကြိတ်ရင်း အေးစက်စက်လေသံနဲ့ မေးလိုက်တယ် “နင့်ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ”

“မိန်းမပျက်လေ၊ ဘာလဲ … ပြဿနာရှိလို့လား” အားကိုးစရာ ရှာတွေ့သွားပြီ ဖြစ်တဲ့အတွက် ရန်ကိုင်က ချက်ချင်း ပြန်ခံပြောပါတော့တယ်။

“ဟဟဟ…” ကျိမိုက ရယ်မောလိုက်တယ်။ ဒါပေမယ့် သူမရယ်သံက ဒေါသတို့ဖြင့် ပြည့်နေခဲ့ပြီး “နင်ကများကို ငါ့ကို အဲ့လိုစကားမျိုး ပြန်ပြောရဲတယ်ပေါ့။ ကြည့်ရတာ နင့်ဆရာ ဘယ်သူလဲဆိုတာ မသိသေးတဲ့ပုံပဲ”

ထိုစကားတွေက သူမနဲ့ ရန်ကိုင် ဇာတ်တိုက်ထားတဲ့ စကားတွေပါ။ အစကတော့ အခွင့်အရေး ရှာမတွေ့သေးလို့ မပြောနိုင်သေးတာပါ။ အခု အခွင့်အရေး ရှိလာပြီဖြစ်တဲ့အတွက် သူမကလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြရတော့မှာပေါ့။

“မနေ့က နင့်ကိုငါပေးခဲ့တဲ့ သင်ခန်းစာက မလုံလောက်သေးဘူးနဲ့ တူတယ်” ကျိမိုက သတ်ဖြတ်လိုစိတ် အပြည့်နဲ့ အော်ပြောလိုက်တယ်။ ရန်ကိုင်လည်း မြေကြီးပေါ် လဲပြိုကျသွားခဲ့ပြီး သူ့ဒန်တန်နေရာကို လက်နှင့်ဖိရင်း နာကျင်စွာ အောဟစ်နေပါတော့တယ်။ ထို့နောက် ခပ်မြန်မြန်ပဲ ယောင်ရှီနှင့် ယောင်ဟီကို တောင်းဆိုလိုက်ပါတယ် “အရှင်သခင် နှစ်ယောက်ဆီ ကျွန်တော် တကယ်ပဲ ခိုလှုံချင်တာပါ။ အရှင်သခင်နှစ်ယောက်ကို သေတဲ့အထိ သစ္စာရှိပါမယ်လို့ ကျွန်တော့်အသက်နဲ့ကို ကျိန်ဆိုပါတယ်”

ထိုကဲ့သို့ ဒရမ်မာဆန်ဆန် ပြောင်းလဲသွားတဲ့ အဖြစ်အပျက်တွေက ဟန်မင်းဆက် သိုင်းပညာရှင်တွေရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့တယ်။

ရန်ကိုင်ပြောတဲ့ စကားတွေကို ကြားလိုက်တာနဲ့ သူနဲ့ ရင်းနှီးတဲ့ လူတွေတောင် မနေနိုင်ပဲ အလိုလို ဝမ်းနည်းမိသွားခဲ့တယ်။ အထူးသဖြင့် ပန်းတစ်ထောင် နန်းတော်က မိန်းကလေး လေးယောက်ပေါ့။ ဒါပေမယ့် ဟန်ရှောင်ချီကတော့ ထူးခြားစွာပဲ မျက်မှောင်ကြုံ့လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကိုင်က ဒီလောက်တဲ့အထိ ပျော့ညံ့တဲ့လူ မဟုတ်မှန်း သူမသိနေလို့ပါပဲ။

ဘီရှုမင်နဲ့ သူ့ဂျူနီယာညီလေးကတော့ ရန်ကိုင်စကားကို ကြားလိုက်တဲ့အချိန် တစ်ခဏတာလောက် အေးခဲသွားခဲ့တယ် ဆိုပေမယ့် မကြာပါဘူး ဝါးလုံးကွဲ အော်ဟစ်ရယ်မောပါတော့တယ် “သူဘာပြောလိုက်တာလဲ။ သူက ထိုနှစ်ယောက် လက်အောက်ကို ခိုဝင်ချင်တယ် ဟုတ်လား။ ဟဟဟ… သူက ငါ့ကို ရယ်အောင် လုပ်နေတာပဲ။ သူက ထိုနှစ်ယောက်ကို သစ္စာရှိကြောင်း ပြချင်လို့ သွေးလုံးကောက်တဲ့ အလုပ်ကို လုပ်တာလို့ ငါပြောခဲ့တယ်နော်။ အခု ငါပြောတဲ့ အတိုင်း ဖြစ်လာခဲ့တာပဲ”

သူတို့နှစ်ယောက် ရယ်နေပေမယ့် သူတို့ မျက်လုံးတွေက အထင်အမြင်သေးမှု တို့ဖြင့် ပြည့်နေခဲ့ပါတယ်။ မြေကြီးပေါ်ကိုတောင် တံတွေး ထွေးချလိုက်ပါသေးတယ်။

ရှက်ဖို့ ကောင်းလိုက်တာ၊ အရမ်းကို ရှက်ဖို့ကောင်းလိုက်တာ

ဟန်မင်းဆက်က သိုင်းပညာရှင်တွေက ကျွန်အဖြစ် ဖမ်းဆီးထားခြင်း ခံရပေမယ့် ရန်ကိုင်လိုတော့ ဘယ်သူမှ အရှက်မရှိ မပြုမူဖူးပါဘူး။

ရန်ကိုင်ကတော့ အရှက်ဆိုတဲ့ စကားလုံးရဲ့ အဓ္ဓိပါယ်ကို မသိသလိုမျိုး ယောင်ဟီနှင့် ယောင်ရှီတို့ နှစ်ယောက်ကို တောင်းတောင်းပန်ပန်နဲ့ အသနားခံနေတုန်းပါပဲ။

“ကျွန်တော့် နှလုံးသားက အရှင်သခင်နှစ်ယောက်အပေါ် အမှန်တကယ် သစ္စာရှိတာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး”

ယောင်ဟီနဲ့ ယောင်ရှီတို့ နှစ်ယောက်ကတော့ အခုလို ပြပွဲကောင်းကို ကြည့်ရလိမ့်မယ်လို့ တကယ်ကို မတွေးထားခဲ့တာပါ။

အံ့ဩဖို့ကောင်းလိုက်တာ၊ အရမ်းကို အံ့ဩဖို့ကောင်းတာပဲ။

ရန်ကိုင်အသက်နဲ့ ပက်သက်လုံး သူတို့ သောက်ဂရုကို မစိုက်ပါဘူး။ သူတို့က ကျိမိုရဲ့ မာနာကိုသာ ရိုက်ချိုးချင်တာပါ။ တကယ်တော့ ယောင်ရှီနဲ့ ယောင်ဟီ တို့နှစ်ယောက်လည်း ထိုငကြောက်ကောင် ဟန်မင်းဆက်သားကို တကယ်ပဲ အထင်သေးပါတယ်။ ဒါပေမယ့် သူတို့သာ အခုဝင်မပါရင် ထိုကောင်က လုံးဝကို အသုံးမဝင် ဖြစ်သွားတော့မှာပါ။ ကျိမိုဆီကနေ သူ့ကိုလုယူဖို့ဆို ပိုတောင်ဝေးပေါ့။

“စီနီယာအစ်မ၊ ရပ်လိုက်တော့” ယောင်ရှီက ဝင်ပြီး ရပ်တန့်လိုက်တယ်။

ကျိမိုက သူမကို အေးစက်စက်မျက်လုံးအစုံနဲ့ စိုက်ကြည့်လိုက်ပြီး “ဘာလဲ၊ ငါအစေခံကို ငါအပြစ်ပေးနေတာလေ။ နင်တို့နဲ့ ဘာဆိုင်လို့လဲ”

ယောင်ဟီက ခေါင်းခါလိုက်ပြီး “အခြားတစ်ယောက်သာဆိုရင် ငါတို့ ဝင်ရှုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် စီနီယာအစ်မလည်း သူပြောတာကို ကြားခဲ့တာပဲ။ သူက ငါတို့ လက်အောက်ကို ခိုဝင်ချင်နေတာလေ။ အဲ့တော့ သူက ငါတို့ထဲက လူတစ်ယောက် ဖြစ်သွားပြီလေ။ စီနီယာအစ်မက အဲ့လောက်အထိတော့ အကျိုးသင့် အကြောင်းသင့် မဆင်ခြင်ပဲ မလုပ်လောက် ပါဘူးနော်”

သူတို့သုံးယောက် အချိန်အတော်ကြာအောင် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေလိုက်ပြီး နောက်ဆုံးမှာတော့ ကျိမိုက သူမနှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်လိုက်ပြီးနောက် ဒေါသတကြီး အောဟစ်လိုက်ပါတယ် “ကောင်းတယ်။ ဂျူနီယာမောင်လေးနဲ့ ဂျူနီယာညီမလေးတို့က သူ့ကို နင်တို့လက်အောက်ထဲ ခေါ်ချင်တယ်ဆိုတော့လည်း ဒီစီနီယာအစ်မက နင်တို့ကို မျက်နှာသာ ပေးရမှာပေါ့”

ကျိမိုကို အနိုင်ပိုင်းလိုက် နိုင်တဲ့အတွက် မာနတစ်စွန်းတစ်စက ယောင်ဟီမျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။

မြေကြီးပေါ်တွင် အော်ဟစ် လူးလှိမ့်နေတဲ့ ရန်ကိုင်လည်း ရုန်းကန် အော်ဟစ်နေတာကို ရပ်တန့်လိုက်ပါပြီ။ အခု သူ့တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲနေခဲ့ပြီး ကြိုးကြိုးစားစား မတ်တပ်ရပ်လိုက်ကာ ပြောလိုက်တယ် “အရှင်သခင် နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။ ဒီရက်အတောအတွင်း ဒီအစေခံက ဒီမိန်းမပျက်လက်မှာ တော်တော်လေး ခက်ခဲခဲ့ရတာပါ”

ယောင်ဟီက သူ့ကို အဓ္ဓိပါယ်ရှိရှိ ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်တယ် “အင်း၊ စီနီယာအစ်မက အမြဲတမ်းလိုလို ဒေါသကြီးနေတာ။ မင်းငါတို့ဆီ ခိုဝင်လိုက်တာ မှန်သွားတယ်။ အခု မင်းက ငါတို့လူ တစ်ယောက် ဖြစ်လာပြီဆိုမှတော့ ငါတို့ကလည်း မင်းကို မခံစားစေရပါဘူး။

“အရှင်သခင်နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်။ မဟုတ်ဘူး။ သခင်မလေးနဲ့ သခင်မလေးကို ကျေးဇူးတင်ပါတယ်”

….

ဟန်မင်းဆက်က သိုင်းပညာရှင်တွေ ဘက်မှာတော့

ဘီရှုက ထပ်မံလှောင်ပြောင်လိုက်ပြီး “ဘယ်သူ့ဆီ ရောက်ရောက် သေခြင်းကနေ မလွတ်သေးဘူးဆိုတာ အဲ့အမှိုက်ကောင်က မသိဘူလား မသိဘူး”

ရန်ကိုင်က ကျောမတ်လိုက်ပြီး ကျိမိုကို စူးစူးဝါးဝါး ကြည့်ကာ အော်ဟစ် ကျိန်ဆဲလိုက်တယ် “မိန်းမပျက်မ၊ နင့်အင်းကို ငါ့ကိုယ်ထဲကနေ ထုတ်ပေးတော့လေ”

ကျားယောင်ဆောင်နေတဲ့ မြေခွေးပဲ

ကျားအရေခွံခြုံပြီး အားကောင်းချင်ယောင် ဆောင်တယ်ဆိုတာ ဒါမျိုးကို ပြောတာပါ။

ယောင်ဟီနဲ့ ယောင်ရှီတို့ကလည်း ပိုပျော်တာပေါ့။

အခုဆိုရင် ကျိမိုကို အရှက်ခွဲဖို့ သူတို့လက်ကလေး တစ်ချောင်းတောင် မြှောက်စရာ မလိုတော့ပါဘူး။ ရန်ကိုင် သစ္စာဖောက်တာနဲ့တင် သူမ တော်တော်လေး မျက်နှာ ပျက်နေပါပြီ။

“ကောင်းတယ်၊ ကောင်းတယ်” ကျိမိုက မုန်းတီးမှု၊ အရှက်ရမှု အပြည့်နဲ့ အော်လိုက်ပြီး “နင်က သူတို့နှစ်ယောက်ရဲ့ အစေခံ ဖြစ်ချင်နေမှတော့ ငါကလည်း နင့်ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့။ သူတို့လက်ထဲ ရောက်သွားလို့ နင့်အတွက် အကျိုးရှိမယ် ထင်နေတာလား။ အနှေးနဲ့ အမြန် နင်သေရလိမ့်မယ်။ အဲ့တော့မှ နောင်တမရဖို့ ငါမျှော်လင့်တယ်ဂ

ရန်ကိုင်က နှာခေါင်းသာ ရှုံ့လိုက်ပြီး မောက်မာစွာနဲ့ သူမစကားတွေကို ခွန်းတုန့်ပြလိုက်ပါတယ် “မိန်းမပျက်မ၊ အဲ့ဒါနင်နဲ့ ဘာမှမဆိုင်ဘူး။ နင့်ဆီကနေ လွတ်မြောက်သွားတာနဲ့ ငါသေပျော်နေပြီ။ ဒါကြောင့် နှုတ်ဆက်ပါတယ် “

ယောင်ဟီနဲ့ ယောင်ရှီတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့အမြင်မှာတော့ ရန်ကိုင်ဆိုတာ အရူးလုံးလုံးပါ။ သူသာ ရူးမနေဘူးဆိုရင် ဘာလို့ ကျိမိုကို ထိပ်တိုက် ရင်ဆိုင်နေမှာလဲ။

တန်းလန်မင်းဆက်က လူတွေကော၊ ဟန်မင်းဆက်က လူတွေကော တကယ့် အဖြစ်အမှန်ကို မသိကြသေးပါဘူး။ အဖြစ်မှန်ကို သိတာဆိုလို့ ရန်ကိုင်နှင့် ကျိမိုအပြင် လန်ရှန်း တစ်ယောက်သာ ရှိပါတယ်။ လန်ရှန်းခဗျာ ရန်ကိုင်နှင့် ကျိမိုကို ကြည့်နေရင်း သူမပါးစပ်လေးကို ပိတ်ပြီး ချောင်းဟန့်လိုက်ရတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သူမရယ်ချင်စိတ်ကို ထိန်းလို့ ရတော့မည် မဟုတ်ပါဘူး။

ရန်ကိုင်နှင့် ကျိမိုတို့ သရုပ်ဆောင်တာကို ကြည့်ရင်း ထိုနှစ်ယောက်ကို သူမတော်တော်လေး လေးစားမိသွားပါတယ်။ သူမ ပိုလေးစားမိတာက ရန်ကိုင်ရဲ့ ခန့်မှန်းချက်ကိုပါပဲ။ အဖြစ်အပျက် တစ်ခုလုံးက ရန်ကိုင် ဒီကိုမလာခင်က ပြောခဲ့တဲ့အတိုင်း ဖြစ်လာခဲ့တာပါ။ သူခန့်မှန်းခဲ့တာနဲ့ တစ်ချက်ကလေးတောင် လွဲမသွားခဲ့ပါဘူး။

သူတို့သာ နောက်ဆုံး ပြကွက်ကို ကျော်လွန်ပြီးတာနဲ့ တကယ့် ဇာတ်လမ်းက မကြာခင် ရောက်တော့မယ် ဆိုတာကို လန်ရှန်း သိနေပါတယ်။ ထိုကြောင့် ဟန်ရှောင်ချီ ဘေးနား တိုးတိုးတိတ်တိတ် သွားလိုက်ပြီး အဖြစ်အပျက် အကြောင်းစုံကို ပြောပြလိုက်ပါတယ်။

သူမပြောတာကို နားထောင်ပြီးတာနဲ့ ဟန်ရှောင်ချီ မျက်လုံးအစုံက အံ့အားသင့်မှုတို့ဖြင့် ပြည့်သွားခဲ့ပါပြီ။ သူမ လန်ရှန်းကို အံ့အားသင့်တကြီး ကြည့်လိုက်တဲ့အချိန် လန်ရှန်းကတော့ ခေါင်းလေး ညိတ်ပြီးတော့သာ ပြန်ပြီး တုန့်ပြန်ခဲ့ပါတယ်။

“ငါနားလည်ပြီ” ဟန်ရှောင်ချီက အသက်ပြင်းပြင်း ရှုလိုက်ပြီး လန်ရှန်း ပြောခဲ့တဲ့ အကြောင်းအရာတွေကို သူမရဲ့ ဂျူနီယာညီမလေး သုံးယောက်ဆီ ပြောပြလိုက်တယ်။

“မြန်မြန်လုပ်စမ်းပါဟ၊ နင့်ကြည့်ရတာ လိပ်ကျနေတာပဲ” ရန်ကိုင်က အလောတကြီး တိုက်တွန်းလိုက်တယ်။ သူ့ကြည့်ရတာ ယောင်ဟီနဲ့ ယောင်ရှီတို့ လက်အောက်ခိုဝင်ဖို့ တစ်စက္ကန့်လေးတောင် မစောင့်နိုင်တော့ ပုံစံပါပဲ။

ကျိမိုက သူ့ကို အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်ပြီး နောက် သူ့ဆီ လမ်းလျှောက်သွားလိုက်တယ်။ ထို့နောက် သူမလက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ဝမ်းဗိုက်ဆီ ဖိချလိုက်တယ်။

ရန်ကိုင်က ရုတ်တရက်ကြီး ဟောင်ဟီဘက်လှည့်ကာ အော်မေးလိုက်တယ် “သခင်လေး၊ သူမက ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ကျွန်တော့်ကိုတော့ မသတ်ပါဘူးနော်”

ဟောင်ဟီက လှောင်ပြုံးပြုံးလိုက်ပြီး “စီနီယာအစ်မက မင်းပြောသလို ဘယ်လိုလုပ်ပြီး မရိုးမသား လုပ်ပါ့မလဲ”

“သခင်လေးက အဲ့လိုပြေမှတော့ သူမ အဲ့လိုမလုပ်လောက်တော့ပါဘူး” ရန်ကိုင် စိတ်သက်သာရာ ရသွားတဲ့ ပုံစံနဲ့ သက်ပြင်း တစ်ချက်ချလိုက်တယ်။ သိပ်မကြာခင်မှာပဲ သူ့မျက်နှာ အရောင်ပြောင်းသွားခဲ့ပြီး အင်းဆက် တစ်ကောင်ကို အန်ထုတ်လိုက်တယ်။

ကျိမိုကို ပြန်ကောက်ချိန်တောင် မပေးပဲ ရန်ကိုင်က အင်းဆက်ဆီ ပြေးသွားလိုက်ပြီး ချက်ချင်းပဲ ခြေထောက်နဲ့ ဆောင့်နင်းပါတော့တယ်။ ဆောင့်နင်းနေရင်းနဲ့လည်း ပါးစပ်ကနေ အဆက်မပြတ် ကျိန်ဆဲနေပါသေးတယ်။

ရန်ကိုင် ကျိန်ဆဲနေတာကို နားထောင်ရင်း ယောင်ဟီနဲ့ ယောင်ရှီတောင် မျက်မှောင် ကြုံ့မိလိုက်တယ်။ ကျိမို မျက်နှာက ဖြူလျော်သွားခဲ့ပြီး သူမခန္ဓာကိုယ်က တုန်ရီသွားခဲ့ကာ ဒယိမ်းဒယိုင်နဲ့ ခြေသုံးလေးငါးလှမ်းလောက် အနောက်ကို ဆုတ်လိုက်ရပါတယ်။

“လုံလောက်ပြီ” ယောင်ဟီလည်း ရန်ကိုင် လုပ်နေတာကို ဆက်ပြီး မကြည့်နိုင်တော့တဲ့အတွက် အလျင်စလို အော်ဟစ်လိုက်တယ် “ငါတို့ ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေရဲ့ ခန္ဓာကိုယ်က ထူးခြားတယ်။ အဲ့ကောင်တွေက မင်းနင်းသတ်လို့ သေမယ့် ကောင်တွေ မဟုတ်ဘူး”

“အို… ကျွန်တော့် အပြုအမူအတွက်တောင် ကျွန်တော်ရှက်သွားပြီ”

သူပြောတာကို ကြားလိုက်တဲ့ လူအားလုံး ခေါင်းနောက်သွားသလို ခံစားလိုက်ရပါတယ်။ ဒါက… သူကိုယ်တိုင်ပဲ မသိတာလား, ဒါမှမဟုတ် တစ်ခုခုပဲလား သူတို့မသိတော့ပါဘူး။

Martial Peak

အပိုင်း(၂၄၈)

ဟောင်ဟီက အသာအယာလေး ချောင်းဟန့်လိုက်ပြီး ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “မင်းက ငါတို့လက်အောက်ကို ခိုဝင်ချင်တယ် ဆိုမှတော့ ဘာဆက်လုပ်ရမလဲဆိုတာ မင်းသိမှာပေါ့”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ကျွန်တော် သိပါတယ်။ ကျွန်တော်က သခင်လေးရဲ့ အင်းဆက်ကို လက်ခံရမယ်၊ ဟုတ်တယ်မလား”

ယောင်ဟီက ပြုံးလိုက်ပြီး “ဟုတ်တယ်။ မင်းရဲ့ လုပ်ဆောင်ချက်တွေက သိပ်မဆိုးဘူးလို့ ပြောလို့ရပေမယ့် ငါတို့က မင်းအကြောင်း ဘာမှ သိသေးတာ မဟုတ်ဘူးလေ။ အဲ့တော့ မင်းကိုယ်ထဲကို ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက် ထည့်တယ်ဆိုတာလည်း လုံခြုံရေးအတွက်ပါပဲ။ အနာဂတ်မှာ မင်းသာ ကောင်းကောင်း လုပ်ဆောင် နိုင်မယ်ဆိုရင် ဒီနေ့ မင်းရဲ့ဆုံးဖြတ်ချက်အတွက် နောင်တရလိမ့်မှာ မဟုတ်ဘူး”

“သခင်လေးကို ကျေးဇူးတင်ပါတယ်” ရန်ကိုင်က အရှက်မဲ့စွာဖြင့် ဖားယားလိုက်ပါတယ်။

“အဲ့ဒါဆို မင်းလက်ကို ဖြန့်လိုက်တော့” ယောင်ဟီက အောင်နိုင်သူ အပြုံးကို ဆင်မြန်းရင်း ကျိမိုဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ရန်ကိုင်ကို အမိန့်ပေးလိုက်တယ်။

ရန်ကိုင်က နာခံစွာပဲ သူ့လက်ကို ဆန့်ထုတ်ပေးလိုက်တယ်။ ရန်ကိုင် လက်ထုတ်ပေးတော့ ယောင်ဟီက သူ့ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေထဲက တစ်ကောင်ကို ထုတ်ပြီး ရန်ကိုင် လက်ထဲ ထည့်ပေးမလို့ ရှိသေး၊ အဲ့အချိန်မှာပဲ ယောင်ရှီက ရုတ်တရက် ထအော်လိုက်တယ် “ခဏနေဦး”

“ဘာဖြစ်လို့လဲ” ယောင်ဟီက သူမကို အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်တယ်။ ယောင်ဟီက ရန်ကိုင်ကို သတိအပြည့်နဲ့ စူးစိုက်ကြည့်လိုက်ပြီးနောက် ကျိမိုကို တစ်ချက် ပြန်ကြည့်ကာ လှောင်ပြောင်လိုက်ပါတယ်။ ယောင်ရှီ မျက်လုံးထဲက အဓိပ္ပါယ်ကို နားလည်သွားတာနဲ့ ယောင်ဟီရဲ့ အမူအရာ ရုတ်ချည်း‌ ပြောင်းလဲသွားခဲ့တယ်။

သူက ကျိမိုကို အရှက်ခွဲဖို့သာ တွေးနေတာပါ။ ထိုကောင်စုတ်လေး သစ္စာဖောက်တာကို အသုံးချပြီး ကျိမိုရဲ့ မားနကို လုံးဝ ရိုက်ချချင်နေခဲ့တာလေ။ ထို့အတွက်ကြောင့် ထိုအဖြစ်အပျက်က ကျိမို သူတို့နှစ်ယောက်ကို ဆင်ထားတဲ့ ထောင်ချောက် တစ်ခုခု ဖြစ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပါဘူး။

အခု အဖြစ်အပျက်တွေ အားလုံးသာ ဟန်ဆောင် နေတာ သက်သက် ဖြစ်မယ် ဆိုရင် သူသာ ထိုကောင်လေးရဲ့ ကိုယ်ထဲ ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်ကို ထည့်သွင်းလိုက်တာနဲ့…

သူ့ဝမ်းကွဲက သတိရှိနေလို့သာ တော်ပါသေးတယ်။ ထိုအကြောင်းကို စဉ်းစားမိလိုက်တာနဲ့ ယောင်ဟီက ချက်ချင်းနောက်ပြန် ဆုတ်လိုက်ပြီး သူ့ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်ကို ချက်ချင်း ပြန်သိမ်းလိုက်ကာ ရန်ကိုင်ကို အလျင်စလို အမိန့်ပေးလိုက်တယ် “မင်းရဲ့ သိုင်းကျင့်စဉ်ကို လှည့်ပတ်ကြည့်လိုက်စမ်း။ မင်းဘာယွမ်ချီ အမျိုးအစား ပိုင်ဆိုင်ထားလဲ ဆိုတာ ငါကြည့်ရသေးတာပေါ့”

ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်တို့ရဲ့ ရန်သူက အပူပါ။ ယန်စွမ်းအင်၊ ဒါမှမဟုတ် မီးတောက်စွမ်းအင် တစ်မျိုးမျိုးကို လေ့ကျင့်တဲ့ ဘယ်သူကိုမဆို ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်နဲ့ ထိန်းချုပ်လို့ မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အင်းဆက်ကို လောင်ကျွမ်းလိုက်မယ်ဆိုရင် အင်းဆက် ပိုင်ရှင်ကိုယ်တိုင် ဝိဥာဉ်ဒဏ်ရာ ရသွားနိုင်သောကြောင့်ပါပဲ။

ဒါကြောင့်ပဲ ဟန်မင်းဆက်က သိုင်းပညာရှင်တွေကို ဖမ်းမိတဲ့ အချိန်တုန်းက မီးတောက်ဘုရားကျောင်းက သိုင်းပညာရှင်တွေ အကုန်လုံး သတ်ဖြတ်ခံလိုက်ရတာပါ။ သူတို့ထဲက တစ်ယောက်မှ အသက်မရှင်ခဲ့ပါဘူး။

ယောင်ဟီအသံ ပျောက်ကွယ်သွားတာနဲ့ ကျိမိုက သူမနှင့် ဘာမှမသက်ဆိုင်သည့် ပုံစံဖြင့် ရယ်မောလိုက်တယ်။

ဟန်မင်းဆက်က သိုင်းပညာရှင်တွေတော့ တောင့်တင်းကုန်ကြပါပြီ။ အထူးသဖြင့် ချန်ယွဲ့ရှုနဲ့ စုရှောင်ယုတို့ပါပဲ။ ဘာလို့လဲဆိုတော့ ရန်ကိုင် တိုက်ခိုက်တာကို သူတို့မြင်ဖူးပါတယ်။ ထို့ကြောင့် ရန်ကိုင် ဘာယွမ်ချီ အမျိုးအစားကို လေ့ကျင့်တယ်ဆိုတာ သူတို့ သိထားပါတယ်။ လန်ရှန်းကလည်း အဖြစ်အပျက် အလုံးစုံကို သူတို့ကို သတိပေးထားပြီးသွားပါပြီ။ အခု ထိုနှစ်ယောက်က ရန်ကိုင်ရဲ့ ယွမ်ချီကို စစ်ဆေးတော့မှာပါ။ သူတို့လည်း မစိုးရိမ်ပဲ မနေနိုင်တော့ပါဘူး။ ကံဆိုးရင် ရန်ကိုင် သေချာ အကွက်ချထားတဲ့ အစီအစဉ်တွေ အားလုံး ဖော်ထုတ်ခံရနိုင်ပါတယ်။

ဟန်ရှောင်ချီနဲ့ ရီဟန်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဟန်ရို့ရင်နဲ့ လျူချင်းရူတို့ နှစ်ယောက်ကို မျက်လုံးမှိတ်ပြလိုက်တယ်။ မိန်းကလေး လေးယောက်စလုံးလည်း သူတို့ချီစွမ်းအင်တွေကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်ကြပါတယ်။

ရီချင်းစီနဲ့ ကျိုးဘတို့လည်း ထိုနည်းလည်းကောင်းပါပဲ။

….

ဟောင်ရှီက ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး အလျင်လိုဟန်ဖြင့် ပြောလိုက်တယ် “နင့်ရဲ့ သိုင်းကျင့်စဉ်ကို လှည့်ပတ်လိုက်လို့ ငါအမိန့်ပေးနေတယ်လေ။ နားပင်းနေတာလား”

ပတ်ပတ်လည်ရှိ သားရဲတစ်ရာကျော်ကလည်း တစ်ချိန်းတည်းမှာ မြည်ကြွေးလိုက်ပါတယ်။

ရန်ကိုင်လည်း ဒေါသတကြီး ခေါင်းညိတ်လိုက်ပါတယ်။ ထို့နောက် ရွှေရောင်အရိုးခြောက်ထဲရှိ ယွမ်ချီအနည်းငယ်ကို ထုတ်ယူလိုက်ပါတယ်။

မကြာခင်မှာပဲ အနက်ရောင် အငွေ့တွေ ထွက်ပေါ်လာပြီး ရန်ကိုင် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့တယ်။ အနက်ရောင် အငွေ့တွေဆီမှ ကြမ်းတမ်းပြီး သွေးဆာသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့ပါတယ်။ ထိုအနက်ရောင် အငွေ့တွေကြောင့် ရန်ကိုင် ပုံစံက အနည်းငယ် မိစ္ဆာဆန်သွားခဲ့တယ်။

ရန်ကိုင် ယွမ်ချီ အမျိုးအစားကို မြင်လိုက်ရတော့မှပဲ ယောင်ဟီနဲ့ ယောင်ရှီတို့ နှစ်ဦးစလုံး စိတ်လျှော့သွားနိုင်ကြပါတယ်။

အပူစွမ်းအင် အမျိုးအစားက လွဲပြီး ကျန်တဲ့ဘယ်စွမ်းအင်မျိုးကိုမှ သူတို့ ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေက မကြောက်ပါဘူး။

“မင်းက မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်တာလား” ယောင်ဟီက ရန်ကိုင်ကို သိချင်စိတ်အပြည့်ဖြင့် မေးလိုက်တယ်။

“ဟုတ်ပါတယ်”

“မင်းရဲ့ သိုင်းအဆင့်က အစစ်အမှန် ဒြပ်စင်အဆင့်တောင် ရောက်သေးတာ မဟုတ်ဘူး။ အဲ့ဒါကို ဒီတစ်လျှောက်လုံး မင်းဘယ်လို အသက်ရှင်နိုင်ခဲ့တာလဲ” ယောင်ဟီက ထပ်မံ မေးလိုက်ပြန်ပါတယ်။

ရန်ကိုင် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ရှက်ရွံ့နေတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်ပါတယ် “လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ချောက်နက်တစ်ခုထဲကို ကျွန်တော် မတော်တဆ ကျသွားခဲ့တယ်။ အဲ့ကနေ ပြန်တက်လာဖို့ တော်တော်လေး အချိန်ယူခဲ့ရတယ်။ ကံမကောင်းစွာနဲ့ပဲ ကျွန်တော် ပြန်တက်လာချိန်မှာတော့ အဲ့မိန်းမပျက်မ ကျိမိုကို ကျွန်တော့်ကို တန်းဖမ်းခဲ့တာ”

ယောင်ဟီက လှောင်ပြောင်လိုဟန်ဖြင့် ရယ်မောလိုက်ပြီး “မင်းကြည့်ရတာ တော်တော်လေး ကံဆိုးခဲ့တဲ့ပုံပဲ”

အဲ့ဒါသာ အမှန်ဆိုရင် သူအခုထိ ဘာလို့အသက်ရှင်နေ ရသေးလဲဆိုတာ အကြောင်းသင့်ပါတယ်။ ချီသန့်စင်ခြင်းအဆင့်သာ ချောက်နက်ကြီးထဲ ကျသွားခဲ့မယ်ဆိုရင် ဖြေးဖြေးချင်း ပြန်တက်လာရုံကလွဲပြီး ဘာလုပ်နိုင်ဦးမှာလဲ။

“မင်းဆက်ပေး…” ယောင်ဟီ ပုံစံကြည့်ရတာ ပိုပြီး အေးအေးသက်သက် သာသာ ဖြစ်သွားတဲ့ပုံပါပဲ။ ယောင်ရှီလည်း ရန်ကိုင်နဲ့ ပက်သက်ပြီး ဆက်ပြီး ဂရုစိုက်မနေတော့ပါဘူး။

မိစ္ဆာကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ အားနည်းတဲ့ ကောင်စုတ်လေးက သူတို့ကို ဘယ်လိုများ ဒုက္ခရောက်အောင် လုပ်နိုင်မှာလဲ။ ယောင်ဟီက ရန်ကိုင်လက်ထဲက ဝိဥာဉ်ထိန်းချုပ်ခြင်း အင်းဆက်တစ်ကောင်ကို လှမ်းပစ်ပေးလိုက်ပြီး သူ့ကိုယ်ထဲကို တစ်ခါတည်း ထည့်သွင်းပေးလိုက်တယ်။

“ကောင်းပြီ။ အခု ငါနားကနေ ထွက်သွားတော့။ ငါလိုရင် မင်းကိုခေါ်လိုက်မယ်။ အခု ငါ့ရဲ့ ချစ်ခင်ရတဲ့ စီနီယာအစ်မကြီးနဲ့ နည်းနည်းပါးပါးလောက် ဆွေးနွေးရဦးမယ်”

ဒါပေမယ့် ရန်ကိုင်က ထိုနေရာပဲ ပြုံးစိစိလုပ်ရင်း မတ်တပ်ရပ်နေခဲ့တယ်။

ရန်ကိုင် အပြုံးကို မြင်လိုက်ရတဲ့အချိန် ယောင်ဟီစိတ်ထဲ မကောင်းတဲ့ ခံစားချက်တို့ ရလိုက်တယ်။ ဒါပေမယ့် သူမတုန့်ပြန်နိုင်သေးခင်မှာပဲ ကျိမိုက သူမရဲ့ လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းလိုက်ပြီး ယောင်ဟီဆီ ပြေးဝင်သွားလိုက်တယ်။

“မိန်းမပျက်မ… အားးးး” ယောင်ဟီက ကျိမိုကို ကျိန်ဆဲမလို့ လုပ်နေတုန်းမှာပဲ ချက်ချင်း အော်ဟစ် ညည်းတွားလိုက်ပါတယ်။ သူ့ခြေထောက်တွေ ပျော့ခွေသွားခဲ့ပြီး မြေပေါ်ကို လဲပြိုကျသွားခဲ့တယ်။ နောက် သူ့ခေါင်းကို ကိုင်ရင်း မြေကြီးပေါ် လူးလှိမ့်ရင်း အော်ဟစ်ညီးတွားနေခဲ့တယ်။

သူ့ဝိဥာဉ်က လောင်ကျွမ်းခံနေရတာလေ။ ဒါက ဘယ်သူမှ ကူပြီး မကုသပေးနိုင်တဲ့ နာကျင်မှုတစ်ခုပါ။ ကျိမိုက ယောင်ဟီကို ဖြတ်ကျော်သွားလိုက်ပြီး ယောင်ရှီဆီ တစ်ခါတည်း ပြေးဝင်သွားလိုက်တယ်။

ဖြစ်ပျက်သွားတာ အားလုံးက မြန်ဆန်လွန်းတဲ့အတွက် ယောင်ရှီလည်း အချိန်မှီ မတုန့်ပြန်နိုင်ခဲ့ပါဘူး။ ထို့ကြောင့် သူမရင်ဘတ်ဆီ ရောက်လာတဲ့ ကျိမိုရဲ့ လက်ဝါးချက်ကို မခုခံနိုင်ခဲ့ပဲ ချက်ချင်း လွင့်ပျံထွက်သွားခဲ့ရပါတယ်။ သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူမ၏ နံရိုးများစွာ ကျိုးကြေသွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ရူးသလို ဟန်ဆောင်ပြီး သူမတို့ရှေ့ ထပ်ခါထပ်ခါ ဦးညွှတ်နေခဲ့တဲ့ ဟန်မင်းဆက်က ကောင်က ဓါးတစ်ချောင်း ထုတ်ပြီး ယောင်ဟီလည်ပင်းဆီ ထိုးချလိုက်တာကို သူမတွေ့လိုက်ရတယ်။

စွတ်ခဲနဲ မြည်သံနှင့်အတူ ယောင်ဟီအော်သံ အဆုံးသတ်သွားခဲ့ပြီး ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားခဲ့ပါတယ်။

“မဖြစ်ရဘူး” ယောင်ရှီက တုန်လှုပ်ခြောက်ခြားစွာနဲ့ အော်ဟစ်လိုက်ပြီး သူမထိန်းချုပ်ထားတဲ့ သာရဲတွေကို ချက်ချင်း လာကူဖို့ အမိန့်ပေးလိုက်တယ်။ ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်မျက်နှာ လေးနက်သွားခဲ့ပြီး လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းကာ ယောင်ရှီဆီ ပြေးဝင်သွားလိုက်တယ်။ တစ်ခဏအတွင်းမှာပဲ ယောင်ရှီနောက် ရောက်သွားခဲ့ပြီး လက်သီးတင်းတင်းဆုပ်ကာ သူမကျောပေါ် ထိုးချလိုက်တယ်။

မြေကြီးပေါ် ခြေခိုင်အောင်တောင် မရပ်ရသေးခင်မှာပဲ ရန်ကိုင်ရဲ့ နေမီးတောက်ပေါက်ကွဲခြင်း လက်သီးကို ယောင်ရှီ ထပ်မံ မြည်းစမ်းလိုက်ရပြန်တယ်။

ဘုန်းဆိုတဲ့ မြည်သံနှင့်အတူ ယောင်ရှီက ကျိမိုဆီ လွင့်ပျံထွက်သွားပြန်တယ်။

ကျိမိုက သူမကို အခွင့်အရေး နည်းနည်းကလေးတောင် မပေးပဲ အားကုန်သုံးကာ သူမရင်ဘတ်ကို သုံးချက်တိတိ ဆင့်ရိုက်ချလိုက်တယ်။ သူမရဲ့ အေးစက်စက် မျက်နှာထက်မှာ သနားသည့် အရိပ်အယောင် နည်းနည်းလေးတောင် မတွေ့ရပါဘူး။

အခုမှပဲ ယောင်ရှီက ခုခံဖို့ အခွင့်အရေး ရတဲ့အတွက် ချက်ချင်းပဲ ကျိမိုရဲ့ သေလောက်တဲ့ လက်ဝါးချက်တွေကို အလျင်စလို တန်ပြန်ခုခံလိုက်ပါတယ်။ ဒယီးဒယိုင်ဖြင့် အနောက်ဘက်ကို ခြေလှမ်းပေါင်းများစွာ ဆုတ်လိုက်ရပြီး သူမလည်းပင်းထက် ပျို့တက်လာတဲ့ သွေးတွေကို ပြန်မျိုချလိုက်ရင်း အော်ဟစ်အမိန့်ပေးလိုက်တယ် “သူတို့ကို မြန်မြန်သတ်ပစ်လေ”

သူမအော်ဟစ် အမိန့်ပေးနေတဲ့ လူတွေက ဟန်မင်းဆက်က သိုင်းပညာရှင်တွေပါ။ ထိုသိုင်းပညာရှင် ၁၇၊၁၈ ယောက်ထဲမှာ သူမနဲ့ယောင်ဟီက တစ်ဝက်ဆီ ထိန်းချုပ်ထားတဲ့အတွက် အခုသူမလက်ထဲမှာ လူကိုးယောက် ကျန်ရှိနေပါသေးတယ်။ ဒါပေမယ့် သူမ ကျွန်ပြုထားတဲ့ ဟန်မင်းဆက်က သိုင်းပညာရှင်တွေထဲက ဘယ်သူမှ ရှေ့တက်ပြီး ထွက်မတိုက် ပေးကြပါဘူး။

“နင်တို့အားလုံး ဘာရပ်နေကြတာလဲ” ယောင်ရှီအမူအရာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်နှင့် ကျိမိုကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။ နောက် ဟန်မင်းဆက်က သိုင်းပညာရှင်တွေဆီ လှည့်လိုက်ပြီး ကြမ်းတမ်းစွာ အော်ဟစ် အမိန့်ပေးပါတော့တယ်။

သူမအော်ပြောလိုက်တဲ့ အခိုက် ဟန်မင်းဆက်သိုင်းပညာရှင်တွေထဲ နှစ်ယောက်က သူတို့ဝမ်းဗိုက်ကို ကိုင်ရင်း ချက်ချင်း မြေပေါ် ပြိုလဲကျသွားခဲ့ပြီး နာကျင်စွာနဲ့ အော်ဟစ်နေပါတော့တယ်။ အကြည်ချင်း ဖလှယ်လိုက်ပြီး ရန်ကိုင်နှင့် ကျိမိုတို့ နှစ်ယောက်စလုံး သူတို့အရှိန်ကို ချက်ချင်း မြှင့်တင်လိုက်ပါတယ်။

ယောင်ရှီက အစစ်အမှန်ဒြပ်စင်အဆင့်၄ သိုင်းပညာရှင် တစ်ယောက်သာသာပါပဲ။ ရန်ကိုင် တစ်ယောက်တည်းနဲ့တောင် သူမကို အနိုင်ယူနိုင်ပါတယ်။ အခုသူ့မှာ အစစ်အမှန်ဒြပ်စင်အဆင့်၆ဖြစ်တဲ့ ကျိမိုလည်း ရှိနေပါသေးတယ်။ တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးနောက်မှာတော့ ကျိမိုက ယောင်ရှီရဲ့ လက်တစ်ဖက်ကို ချိုးလိုက်နိုင်ခဲ့တယ်။ ရန်ကိုင်က ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ယန်အရည်စက်တစ်စက်ကို ဓါးအဖြစ် ဖန်တီးပြီး သူမလည်ပင်းဆီ ထိုးချလိုက်တယ်။

သူမသေသွားသည့်တိုင်း ယောင်ရှီမျက်လုံးတွေက ပြူးကျယ်နေတုန်းပါပဲ။ သူမ ကံကြမ္မာကို လက်မခံနိုင်းသေးသည့်ပုံပါပဲ။ ယောင်ဟီနဲ့ ယောင်ရှီတို့ သေသွားခဲ့ပေမယ့် ကျိမိုရဲ့ အမူအရာကတော့ နည်းနည်းလေးတောင် ပြောင်းလဲမသွာခဲ့ပါဘူး။

ထို့နောက် ရန်ကိုင်က အားလုံးကြားအောင် အော်ဟစ်ပြောလိုက်တယ် “သားရဲတွေ ဝရုန်းသုန်းကား ဖြစ်တော့မယ်။ မင်းတို့အားလုံး ပြင်ဆင်ထားတော့။ သားရဲတွေကို သတ်ဖို့မကြိုးစားနဲ့။ ကိုယ့်ကိုယ်ကိုပဲ လုံခြုံအောင် ကာကွယ်ကြ”

သားရဲတစ်ရာကျော်ကို အရင်တုန်းက ယောင်ဟီနဲ့ ယောင်ရှီတို့ နှစ်ယောက်က ထိန်းချုပ်ထားခဲ့တာပါ။ အခု သူတို့နှစ်ယောက်စလုံး သေသွားပြီဆိုတော့ သားရဲတွေအကုန်လုံးလည်း သူတို့ရဲ့ လွတ်လပ်မှုကို ပြန်ရသွားပါပြီ။ ထို့ကြောင့် သူတို့ထိန်းချုပ်ခံနေရတဲ့ အချိန်အတောအတွင်းက မကျေနပ်မှုတွေကို ဖွင့်ထုတ်ဖို့ ကြိုးစားတော့မှာပါ။ ဒါပေမယ့် သူတို့အသက်ကို ခြိမ်ခြောက်နိုင်တယ်လို့ ခံစားသွားရရင်တော့ ချက်ချင်း ပြန်ဆုတ်ပြေးကြမှာပါ။

သားရဲ၁၀၀ကျော်နဲ့ ရင်ဆိုင်ရချိန်မှာ ဘာမှမပြင်ဆင်ပဲ ဒီအတိုင်း သွားတိုက်ခိုက်မယ်ဆိုရင် အားလုံး သေသွားလိမ့်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

ရန်ကိုင် အသံပျောက်ကွယ်သွားတာနဲ့ ယောင်ဟီ ထိန်းချုပ်ထားတဲ့ သားရဲ အကောင်၅၀ကျော်က ချက်ချင်းပဲ ဟန်မင်းဆက်က သိုင်းပညာရှင်တွေဆီ ပြေးဝင်သွားလိုက်တယ်။

သို့ပေမယ့် ထိုဟန်မင်းဆက် သိုင်းပညာရှင်တွေဆိုတာ သူတို့ဂိုဏ်း အသီးသီးရဲ့ လက်ရွေးစင်တွေလေ။ ပြီးတော့ လန်ရှန်းက သူတို့ကို ကြိုတင် သတိပေးထားတဲ့အတွက် အားလုံး မြန်မြန်ဆန်ဆန်နဲ့ တုန့်ပြန်နိုင်ခဲ့ပါတယ်။ ချက်ချင်းပဲ အားလုံးက စက်ဝိုင်းပုံသဏ္ဏာန် စီတန်းလိုက်ကြပြီး သားရဲတွေကို စတင်ခုခံပါတော့တယ်။ မတိုက်ခိုက်နိုင်တဲ့ လူနှစ်ယောက်ကတော့ စက်ဝိုင်းအတွင်းမှာပဲ နေတာပေါ့။

ပန်းတစ်ထောင် နန်းတော်က မိန်းကလေးလေးယောက်က ချက်ချင်းပဲ စိတ်ဝိဥာဉ် အစီအရင် အသေးစားတစ်ခုကို ဖော်ဆောင်လိုက်ပါတယ်။ ဟန်ရှောင်ချီက အသာအယာ အော်လိုက်ပါတယ်

“လေးခုသော စည်းတံဆိပ်ချုပ်နှောင်ခြင်း”

သူတို့လေးယောင်ပေါင်း ချီစွမ်းအင်တွေက လှောင်အိမ်တစ်ခုပုံစံ ပြောင်းလဲသွားခဲ့ပြီး ကောင်ကင်ကနေ ကျဆင်းလာခဲ့ကာ သားရဲသုံး၊လေးကောင်ကို ဖမ်းချုပ်ထားနိုင်ခဲ့တယ်။ မိန်းကလေးလေးယောက်က သူတို့ရဲ့ လက်ဟန်တွေကို ပြောင်းလိုက်ချိန်မှာတော့ များစွာသော ပန်းပွင့်ချပ်လေးတွေက လှောင်အိမ်အတွင်း ပေါ်လာခဲ့တယ်။ ပွင့်ချပ်တစ်ခုချင်းစီက ထက်ရှတဲ့ ဓါးတစ်စင်းလို အလွန်အမင်း ပြင်းထန်တဲ့ သတ်ဖြတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပါတယ်။ သားရဲတွေကို လှောင်အိမ်ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေက အချည်းနှီး ဖြစ်ခဲ့ရပါတယ်။ လှောင်အိမ်ထဲက မထွက်နိုင်ခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ မရေမတွက်နိုင်တဲ့ ပွင့်ချပ်တွေကြောင့် အသက်ပျောက် ခဲ့ရပါတယ်။

အသူရာဂိုဏ်းက ရီချင်းစီနဲ့ ကျိုးဘကိုတော့ သတ်ဖြတ်လိုစိတ်တို့ ပြည့်နေတဲ့ ကြက်သွေးရောင် အရှိန်အဝါတို့ဖြင့် ဖုံးလွှမ်းနေခဲ့တယ်။ ရီချင်းစီက သွေးရောင် သိုင်းပညာရပ်မျိုးစုံကို ထုတ်သုံးနေခဲ့တယ်။ သို့ပေမယ့် သူမပုံစံက တိုက်ခိုက်နေတာနဲ့ မတူပဲ ကချေသည်မလား ကကြိုးဆင်နေတာနဲ့တောင် တူနေပါသေးတယ်။

ရီချင်းစီက ကချေသည်မလေး တစ်ယောက်လို တိုက်ခိုက်နေတဲ့အချိန် ကျိုးဘကတော့ လူရိုင်းတစ်ယောက်လို တိုက်ခိုက်နေခဲ့တယ်။ အဆင့်လေး သားရဲတစ်ကောင်ကို တိုက်ရိုက်လှမ်းဖမ်းလိုက်ပြီး လက်ဗလာသက်သက်နဲ့ နှစ်ခြမ်းကွဲအောင် ဆုတ်ဖြဲပစ်လိုက်ပါတယ်။ သွေးတွေက ရေတံခွန်အလား ပန်းထွက်နေသလို အသားစတွေကလည်း နေရာအနှံ့ ပျံ့နှံ့နေလို့ပေါ့။ သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ စိုရွှဲနေခဲ့ပြီး မသိရင် သေမင်းနတ်ဘုရား တစ်ပါးလားလို့တောင် ထင်မှတ်သွားရနိုင်ပါတယ်။

ကျိုးဘက မိစ္ဆာဆန်ဆန် ပြုံးလိုက်ရင်း သားရဲအလောင်းကို လက်နဲ့ကိုင်ကာ ဒီအတိုင်း ပါးစပ်နဲ့ ကိုက်ချလိုက်ပြီး ဝါးစားနေခဲ့တယ်။ သူ့ပုံစံက သွေးဆာနေတဲ့ နတ်ဆိုးတစ်ကောင်နဲ့ တကယ်ကို တူနေတာပါ။

ချန်ယွဲ့ရှုနဲ့ စုရှောင်ယုတို့ကတော့ ဘေးချင်းယှဉ် တိုက်ခိုက်နေခဲ့ပြီး သူတို့ လရောင်ပြန်ဂိုဏ်းရဲ့ သိုင်းပညာရပ်အစွမ်းတွေကို အစွမ်းကုန် ထုတ်ပြနေခဲ့ပါတယ်။ သူတို့ တိုက်ခိုက်နေတဲ့ နေရာတွင် လရောင်တွေ တလက်လက် တောက်ပနေခဲ့ပြီး ထိုလရောင်တွေက သားရဲတွေကို တစ်ကောင်ပြီး တစ်ကောင် ဇီဝိန်ချွေလို့ နေပါတယ်။ သူတို့ အသုံးပြုနေတဲ့ လပြည့်ဝန်းပျံတက်ခြင်း ပညာရပ်က ဧရိယာတိုက်ခိုက်မှု သိုင်းပညာရပ် တစ်ခု ဖြစ်တဲ့အတွက် အဖွဲ့တစ်ခုလုံး ရင်ဆိုင်နေရတဲ့ ဖိအားကို တော်တော်လေး လျော့ကျသွားစေခဲ့ပါတယ်။

ဂျီမနီကျွန်း၊ ငှက်မွှေးပျံအိမ်တော်၊ သန့်စင်နှလုံးသား နန်းတော်နဲ့ အခြားသော ဂိုဏ်းအသီးသီးက တပည့်တွေကလည်း မီးကုန်ယမ်းကုန်နဲ့ တိုက်ခိုက်နေခဲ့ကြပါတယ်။ တိုက်ပွဲနေရာတွင် မိုးချိန်းသံတမျှ ကျယ်လောင်တဲ့ ပေါက်ကွဲသံတို့ဖြင့် ညံနေသလို သားရဲဟိန်းသံတို့ဖြင့် ညံနေခဲ့ပါတယ်။

“ငါတို့နှစ်ယောက်ကတော့ တကယ့် အန္တရာယ်ထဲမှာပဲ” ရန်ကိုင်နဲ့ ကျိမိုက ကျောချင်းယှဉ် ရပ်နေခဲ့ပါတယ်။ ကျိမိုသားရဲတွေ အသတ်ခံရပြီးပြီ ဖြစ်တဲ့အတွက် သူမမှာ အမိန့်ပေးစရာ သားရဲမရှိတော့။ ပြီးတော့ အစောပိုင်းတုန်းက ယောင်ဟီနဲ့ ယောင်ရှီတို့က သူတို့သားရဲတွေနဲ့ ကျိမိုကို ဝိုင်းခိုင်းထာတော့ အခုရန်ကိုင်တို့ ရောက်နေတဲ့ အခြေအနေက တော်တော်လေး ဆိုးသွားတာပေါ့။

“ငါတို့ သူတို့နဲ့ သွားပေါင်းရမယ်” ကျိမိုက အော်ပြောလိုက်ပြီး ရန်ကိုင် လက်ကောက်ဝတ်ကို ဆွဲကာ မြေကြီးကို ကန်ကျောက်လိုက်ပြီး ပျံသန်းလိုက်တယ်။

“နင်ဘာလုပ်…” ရန်ကိုင်က အသက်ပြင်းပြင်း ရှုလိုက်ပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့တယ်။

“ငါက နင့်အသက်ကို ကယ်နေတာ” ကျိမိုက ချက်ချင်းပဲ ပြန်ပြောလိုက်တယ်။

“အဲဒါဆို ငါတို့ ကျေသွားပြီပေါ့နော်” ရန်ကိုင်က ရှက်ကိုးရှက်ကန်းနဲ့ ရယ်မောလိုက်ပြီး ဟန်မင်းဆက်က သိုင်းပညာရှင်တွေဆီ လှမ်းအော်ပြောလိုက်တယ် “နေရာနည်းနည်း ဖွင့်ပေးဦး”

ရန်ကိုင်နဲ့ ကျိမိုတို့ ပျံသန်းလာတာကို တွေ့လိုက်တာနဲ့ လန်ရှန်းက ချက်ချင်း နေရာနည်းနည်း ဖယ်ပေးလိုက်တယ်။ ကျိမိုနဲ့ ရန်ကိုင်လည်း ထိုလွတ်နေတဲ့ နေရာဆီ ချက်ချင်း ဝင်ရောက်လိုက်ပြီး ကျန်တဲ့အဖွဲ့သားတွေနဲ့ ပေါင်းကာ သားရဲတွေကို ခုခံတိုက်ခိုက်ပါတော့တယ်။ တော့တယ်။

Martial Peak

အထွတ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၄၉) ငါက ဟန်မင်းဆက်သာ တစ်ယောက်ပဲ

တိုက်ပွဲသံတွေက ကောင်ကင်တစ်ခုလုံးကို တုန်ဟီးနေစေခဲ့တယ်။

အခုအချိန်တွင် လူဆယ်ခုနှစ်ယောက်စလုံးက ဝိုင်းထားခံရပြီး ဂိုဏ်းမျိုးစုံက တပည့်တွေက ကျောချင်းကပ်ရင်း စည်းလုံးညီညွှတ်စွာဖြင့် သားရဲတွေကို ခုခံတိုက်ခိုက်နေခဲ့တယ်။

သားရဲတစ်ကောင် အသတ်ခံရတိုင်း ဂိုဏ်းအမျိုးမျိုးက တပည့်တွေရဲ့ ချီစွမ်းအင်ကလည်း ပိုပြီး ကုန်ဆုံးသွားခဲ့တယ်။

နေရာတစ်ခုလုံး သွေးနံ့တွေနဲ့ မွှန်နေခဲ့သဖြင့် ကျန်ရှိနေတဲ့ သားရဲတွေက ပိုပြီးရက်စက်ကြမ်းကြုတ်လာကာ သူတို့မျက်လုံးတွေက နီရဲလာခဲ့ပြီး အသက်ကိုတောင် ဂရုမထားပဲ တိုက်ကြပါတော့တယ်။

မိစ္ဆာသားရဲအကောင်ငါးဆယ်နှင့် တိုက်ခိုက်ရတာတောင် တော်တော်လေး များနေပါပြီ။ သို့ပေမယ့် ရန်ကိုင်နှင့် ကျိမိုက သူတို့အဖွဲ့ပေါင်းဝင်လာပြီး နောက်ထပ်သားရဲ အကောင်ငါးဆယ်ကိုပါ ထပ်မံခေါ်ဆောင်လာတဲ့

အတွက် သူတို့ ရင်ဆိုင်နေရတဲ့ ဖိအားက နှစ်ဆဖြစ်သွားခဲတ့ယ်။

အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြီး တပည့်တစ်ယောက်၏ ရင်ဘတ်ကို အဆင့်ငါးသားရဲတစ်ကောင်က အစွယ်ဖြင့် ထိုးဖောက်လိုက်လေသည်။

ထိုတပည့် မသေသေးပေမယ့် အခုလိုပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့အတွက် ဆက်ပြီး တိုက်ခိုက်နိုင်တော့မှာ မဟုတ်ပါဘူး။

အခြေအနေကို နားလည်ထားတဲ့အတွက် ထိုဒဏ်ရာရထားတဲ့တပည့်က ချက်ချင်းပဲ လူအုပ်ထဲကို ပြေးဝင်သွားပြီး အခြားတပည့် တစ်ယောက်ကို သူ့နေရာ အစားဝင်ပေးဖို့ အချက်ပြလိုက်လိုက်တယ်။

‘‘ နင် အဲ့သားရဲတွေကို ထိန်းချုပ်နိုင်လား ’’ ရန်ကိုင်က သားရဲတစ်ကောင်နှင့် တိုက်ခိုက်ရင်း ကျိမိုကို လှမ်းမေးလိုက်တယ်။

‘‘ ငါလည်း အကောင်းဆုံး ကြိုးစားကြည့်တာပဲ။ ဒါပေမယ့် အခြေအနေက သိပ်မကောင်းဘူး ’’ ကျိမိုက အံကြိတ်ရင်း ပတ်ပတ်လည်က သားရဲတွေကို တိုက်ခိုက်နေခဲ့ကာ တစ်ချိန်တည်းမှာပဲ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေနဲ့

ထိုသားရဲတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေလိုက်တယ်။

ဒါပေမယ့် သားရဲအားလုံးက စိတ်ရူးပေါက်နေသလို တိုက်ခိုက်နေကြတဲ့အတွက် သူမအဖို့ ထိုသားရဲတွေကို ထိန်းချုပ်ဖို့ တော်တော်လေး ခက်ခဲနေခဲ့ရတယ်။

အချိန်တွေ ကုန်လာတာနဲ့အမျှ ဒဏ်ရာရတဲ့လူပိုများလာခဲ့သလို ချီစွမ်းအင်ကလည်း ပိုပြီး ကုန်ဆုံးလာခဲ့တယ်။

‘‘ အခုဘယ်လိုလုပ်ကြမလဲ ’’ ကျိမိုတစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲနေခဲ့တယ်။

ဒီလောက်အချိန်အကြာကြီး တိုက်ခိုက်ပြီးတာတောင် သားရဲ အကောင်၃၀ကိုပဲ သူတို့ သတ်နိုင်ပါသေးတယ်။

အသတ်ခံရတဲ့ သားရဲအများစုကလည်း အဆင့်လေးတွေသာရဲတွေသာ ဖြစ်ပြီး သူတို့ကိုပြဿနာ အကြီးကြီးပေးမယ့် အဆင့်ငါးသားရဲတွေ အများကြီး ကျန်နေပါသေးတယ်။

ရန်ကိုင်က တိုက်ခိုက်နေရင်း အကြံတစ်ခုခုကို အလျင်အမြန် စဉ်းစားနေခဲ့သည်။ ထို့နောက် ခပ်မြန်မြန်ပဲ အားလုံးကို အော်ပြောလိုက်တယ်‘‘အားလုံး ၊ တိုက်ခိုက်နေရင်း ချီစွမ်းအင်အကုန်လုံးကို

အသုံးမပြုလိုက်နဲ့။ နည်းနည်းလေးချန်ထားဦး။ ငါတို့တောင့်မခံနိုင်တော့ရင် ပျံပြီးပြေးကြမယ်။ ဒါပေမယ့် တစ်ခုတော့ သေချာမှတ်ထား၊ ငါတို့အားလုံး တစ်ပြိုင်တည်းသွားမှာနော်။ တစ်ယောက်ကိုမှ ချန်ထားခဲ့လို့ မဖြစ်ဘူး’’

ဟန်ရှောင်ချီက အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်တယ် ‘‘ ကောင်းတယ်။ ပြေးမယ့်အချိန်ကျ နင်ပြောသာပြောလိုက်။ ငါတို့နင်ပြောတဲ့အတိုင်း လိုက်လုပ်မယ် ’’

ရီဟန်က အနည်းငယ်စိတ်ပူနေပုံရကာ မေးလိုက်တယ် ‘‘ ဒါပေမယ့် နင်ကောဘယ်လိုလုပ်မှာလဲ။ နင်က ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာလေ ’’

အားလုံးပျံပြေးနိုင်ရင်တောင် ရန်ကိုင်ကတော့ မပျံသန်းနိုင်ပါဘူး။

သူသာမပြေးနိုင်ပဲ ကျန်ခဲ့မယ်ဆိုရင် သားရဲတွေဝိုင်းခံရလို့ ဒုက္ခရောက်သွားမှာပါ။

‘‘ ငါသူ့ကိုသယ်သွားမယ် ’’ ကျိမိုက တည့်တိုးပဲ ပြောလိုက်တယ်။

အားလုံးက အံ့အားသင့်စွာနဲ့ သူမကို လှည့်ကြည့်လိုက်ကြတယ်။

ဒါပေမယ့် အခုအစီအစဉ်မှာ အားနည်းချက်မရှိတာတော့ မဟုတ်ပါ။

အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူက ပျံသန်းနိုင်ပေမယ့် သူတို့ပျံသန်းနိုင်တဲ့ အမြန်နှုန်းက အရမ်းကြီးမမြန်ပါဘူး။

ပြီးတော့ ပျံသန်းတာကလည်း ချီစွမ်းအင်ကို တော်တော်လေး ကုန်ဆုံးစေတဲ့အတွက် သားရဲတွေသာ အလျော့မပေးပဲ သူတို့နောက်

ဆက်လိုက်နေမယ်ဆိုရင် သူတို့ဒုက္ခအကြီးကြီး ရောက်နိုင်ပါတယ်။

တိုက်ပွဲကြာမြင့်လာလေ ဒဏ်ရာရတဲ့လူများလာလေ ဖြစ်တဲ့အတွက် သားရဲတွေက ပေးတဲ့ဖိအားကလည်း တဖြည်းဖြည်း ပိုတိုးလာခဲ့တယ်။

မိစ္ဆာသားရဲတွေဘက်မှာလည်း ကျဆုံးတဲ့အရေအတွက်က တဖြည်းဖြည်းတိုးလာခဲ့တယ်။ သားရဲတွေရဲ့ ခွန်အားက တစ်ဟုန်ထိုး တက်လာတဲ့ ဒီရေအလား ရုတ်တရက်ကြီး မြင့်တက်သွားခဲတ့ဘ်။

ထိုမမျှော်လင့်ထားတဲ့ အဖြစ်အပျက်က အားအင်ကုန်ခမ်းလုနီးပါးဖြစ်နေတဲ့ ရန်ကိုင်တို့အဖွဲ့ကို ဝရုန်းသုန်းကား ဖြစ်သွားစေခဲ့တယ်။

ဝရုန်းသုန်းကား ဖြစ်နေသည့် အခြေအနေတွင် ရန်ကိုင်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ဆုတ်လို့ရမယ့် အကောင်းဆုံး

အချိန်ကို စဉ်းစားတွေးတော နေခဲ့တယ်။ ဒါပေမယ့် သူတွေးနေစဉ်မှာပဲ မိစ္ဆာသားရဲအုပ်ကြီးက ကျိမိုနှင့်လန်ရှန်းတို့ဘက်ကို အလုံးအရင်းနှင့် ဝင်တိုက်ခိုက်တဲ့အတွက် သူမတို့နှစ်ယောက် အန္တရာယ်များသည့် အခြေအနေထဲသို့ ကျရောက်သွားခဲ့ရတယ်။

မမျှော်လင့်စွာနဲ့ပဲ အဆင့်ငါးသားရဲနှစ်ကောင်က အရှေ့ကသားရဲအုပ်ကြီးကို ခုန်ကျော်ပြီး ကျိုမိုနှင့်လန်ရှန်းဆီ ခုန်ဝင်လာခဲ့ပါတယ်။

မိန်းကလေးနှစ်ယောက်စလုံး၏ အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး သူမတို့၏မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ပါတယ်။

အခုအချိန်တွင် သူမတို့က တိုးဝင်လာနေတဲ့ သားရဲအုပ်ကြီးကို ပြန်ခံတိုက်နေရတဲ့အတွက် ခုန်ဝင်လာတဲ့အဆင့်ငါးသားရဲ

နှစ်ကောင်ကို ရင်ဆိုင်ဖို မအားနေပါဘူး။

အခြားသူတွေဆီက အကူအညီတောင်းရင်ကော…မဖြစ်နိုင်ပါဘူး။

အားလုံးက ကိုယ့်အလုပ်နှင့် ကိုယ်ရှုပ်နေတာပါ။

အဆင့်ငါးသားရဲနှစ်ကောင် တိုက်တာခံရမယ်ဆိုရင်တော့ သူမတို့ နှစ်ယောက် မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာကတော့ အသေအချာပါပဲ။

ထိုအချိန်တွင် ရန်ကိုင်က သူရင်ဆိုင်နေတဲ့ သားရဲဆီမှာ အခြားတစ်ဖက်သို့ အာရုံပြောင်းလိုက်တဲ့အတွက် သားရဲတစ်ကောင်၏ ကိုက်ခဲခြင်းကို ခံလိုက်ရပါတယ်။ သူ့မျက်နှာ မဲ့ရွဲ့သွားခဲ့ပြီး အော်ချင်စိတ်ကို ချုပ်ထိန်းထားကာ သူ့လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သားရဲဝိဉာဉ်သိုင်းပညာရပ်ကို ထုတ်သုံးလိုက်တယ်။

ကျားဖြူစည်းတံဆိပ်နှင့် နွားသိုးစည်းတံဆိပ်တို့ သူ့လက်တစ်ဖက်စီတွင် ထွက်ပေါ်လာခဲ့ပြီး ထိုစည်းတံဆိပ်နှစ်ခု အတူတကွ ပေါင်းစည်းသွားခဲ့တယ်။

သားရဲစည်းတံဆိပ် (သားရဲထိန်းချုပ်ခြင်း စည်းတံဆိပ်အစား သားရဲစည်းတံဆိပ်လို့ပဲ ဆက်သုံးသွားပါမယ်)

ထိုစည်းတံဆိပ်က အဆင့်ငါးသားရဲ နှစ်ကောင်ထဲက တစ်ကောင်ဆီ တိုးဝင်သွားလိုက်ပါတယ်။

ကျိမိုနှင့်လန်ရှန်းတို့နှစ်ယောက်ကို တိုက်ခိုက်တော့မယ့် အဆင့်ငါးသာရဲက ရုတ်တရက် သူ့ဘေးနားက သားရဲကို တိုက်ခိုက်လိုက်တယ်။

ထိုသားရဲနှစ်ကောင်က အချင်းချင်း ပြန်တိုက်နေတဲ့အတွက် ကျိမိုနှင့်လန်ရှန်းတို့လည်း သေဘေးမှ လွတ်မြောက်သွားခဲ့ရပါတယ်။

ကြောက်ရွံ့နေတဲ့ အကြည့်တစ်စုံက ရန်ကိုင်ဆီ စောင်းကြည့်လိုက်ပြီး ထိုမျက်လုံးအစုံထဲ ကျေးဇူးတင်သည့် အရိပ်အယောင်ကို မြင်တွေ့နေခဲ့ရတယ်။ အရင်တုန်းက သူတို့နှစ်ယောက်မှာ တစ်ယောက်က ရန်ကိုင်ကို သတ်ဖို့ကြိုးစားပြီး အခြားတစ်ယောက်က ရန်ကိုင်ကို ထိန်းချုပ် ကျွန်လုပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ပဲ ရန်ကိုင်ထိန်းချုပ်တာကို ပြန်ခံလိုက်ရပါတယ်။

လွန်ခဲ့တဲ့ရက်အတောအတွင်း ကျိမိုနှင့်လန်ရှန်းနှစ်ယောက်စလုံး အပြင်ပန်းမှာသာ ရန်ကိုင်အပေါ် ကောင်းပြနေပေမယ့်

စိတ်ထဲမှာတော့ သူ့ကိုကျိတ်ပြီးသေစေချင်နေခဲ့တာပါ။ အဲ့လိုမှပဲ သူမတို့နှစ်ယောက်က ရန်ကိုင်ကလက်နေ

လွတ်မြောက်နိုင်ပြီး ကိုယ်ပိုင်လွတ်လပ်မှုကို ပြန်ရနိုင်မှာလေ။

ထိုအတွေးတွေက အစောပိုင်းအချိန်ထိ တစ်စက်ကလေးမှ အားမနည်းသွားခဲ့ပါဘူး။

ဒါပေမယ့် ရန်ကိုင်က သူ့လုံခြုံမှုကို လျစ်လျူရှုပြီး သူတို့နှစ်ယောက်၏ အသက်ကို ကယ်ခဲ့တယ်ဆိုတာကတော့ ငြင်းဆိုလို့မရတဲ့ အချက်ပါပဲ။

ထိုအပြုအမူက ကျိမိုနှင့်လန်ရှန်းတို့နှစ်ယောက်၏ နှလုံးသားလေးကို လှုပ်ရှားသွားစေခဲ့တယ်။

သူတို့ဂိုဏ်းက ဂိုဏ်းသားတွေနဲ့ယှဉ်ရင် သူတို့ကိုနှိပ်စက်၊ ထိန်းချုပ်ပြီး လိင်ပိုင်းဆိုင်ရာတောင် စော်ကားဖို့ ကြိုးစားခဲ့တဲ့ထိုလူငယ်လေးက ပိုပြီးအားကိုနိုင်ပုံရပါတယ်။

‘‘ လခွမ်း ’’ ရန်ကိုင်ကျိန်ဆဲလိုက်တယ်။

သူ့ကိုလှမ်းကိုက်လိုက်တဲ့ သားရဲက အချိန်တစ်ခဏလေးအတွင်းမှာပဲ သူ့အသားပါအောင် ကိုက်သွားခဲ့တယ်။ ထိုဒဏ်ရာက အရမ်းကြီးမပြင်းထန်ပေမယ့် ဒဏ်ရာကနေ သွေးတွေ အဆက်မပြတ် ပန်းထွက်လာခဲ့တယ်။

ရန်ကိုင်ဒေါသတကြီး အော်ဟစ်လိုက်ပြီး အားကုန်သုံးကာ ထိုသားရဲကို ပွဲချင်းပြီးသေသွားအောင် တစ်ခါတည်း ရိုက်သတ် ပစ်လိုက်တယ်။

ထိုအခြေအနေက တိုက်ပွဲတစ်ခုလုံး၏ အခြေအနေကို အကျိုးသက်ရောက်သွားသည့် ပုံပါပဲ။ အဆင့်ငါးသားရဲနှစ်ကောင်၏ ချောင်းမြောင်းတိုက်ခိုက်မှု ကျရှုံးသွားသည့်အချိန်မှာတော့ ကျန်ရှိနေသည့်

သားရဲတွေက ထိတ်လန့်ခြောက်ခြားသွားသည့်ပုံပေါ်ပြီး တစ်ခဏကြာပြီးနောက် မိစ္ဆာသားရဲအချို့က

စတင်ထွက်ပြေးကြပါတော့တယ်။

လက်ဖက်ခွက်တစ်ဝက်လောက် ကြာသည့်အချိန်မှာတော့ သားရဲတွေအားလုံး ထွက်ပြေးသွားပါပြီ။ ကျန်ရှိနေသေးတာဆိုလို့ အလောင်းတွေပဲ ရှိပါတော့တယ်။ ထိုအချိန်ထိ အားတင်းပြီး မတ်တပ်ရပ်နေသည့် တပည့်တွေလည်း ချက်ချင်းမြေကြီးပေါ် ပြိုလဲကျကုန်ပြီး

အမောတကော အသက်ရှုနေခဲ့ကြတယ်။

သူတို့တစ်ကိုယ်လုံး သွေးတွေနဲ့ ရဲရဲနီနေခဲ့ပြီး အားအင်ကုန်ခမ်းနေခဲ့ကာ ပတ်ပတ်လည်က မိစ္ဆာသားရဲအလောင်းတွေကို ကြည့်လိုက်ရင် ထိုကပ်ဆိုးကနေ ဘယ်လို အသက်ရှင်သန်နိုင်ခဲ့လဲဆိုတာကို တွေးတောနေခဲ့ကြတယ်။

ဘယ်သူအရင်ဆုံး စတင်ပြီး ရယ်မောလိုက်လဲဆိုတာကို ဘယ်သူမှမသိပေမယ့် ထိုရယ်သံက တည်ငြိမ်နေတဲ့ ကန်ရေပြင်ထဲ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သိလိုပါပဲ သုန်မှုန်နေတဲ့ လေထုထဲ

ပျော်ရွှင်ဖွယ်အရိပ်အယောင်တို့ စတင်ထွက်ပေါ်လာခဲ့တယ်။

ပတ်ဝန်းကျင်တစ်ခုလုံး ရယ်မောသံတွေနဲ့ ညံသွားခဲ့ပြီး မိန်းကလေးတပည့်တွေတောင် တောက်ပစွာပြုံးရင်း

ရယ်မောနေခဲ့ကြတယ်။

ငါတို့အသက်ရှင်နေသေးတယ်…ငါတို့အသက်ရှင် လွတ်မြောက်နိုင်ခဲ့ပြီ။

လွန်ခဲ့တဲ့တစ်နာရီလောက်တုန်းက သူတို့တွေက ယောင်ဟီနှင့်ယောင်ရှီတို့နှစ်ယောက်၏ အစေခံဖြစ်ခဲ့ရပြီး

သေမည့်အချိန်ကိုသာ ထိုင်စောင့်နေခဲ့ရတဲ့ သူတွေပါ။

ဒါပေမယ့် အခုတော့ သူတို့အားလုံး လွတ်လပ်သွားခဲ့ပြီဖြစ်ပြီး တစ်ယောက်မှလည်း မသေခဲ့ပါဘူး။ အခုလို အားလုံးကို အသက်ရှင်နိုင်အောင်လုပ်ပေးခဲ့တဲ့ အဓိက လူက ရန်ကိုင်ပါပဲ။

သူသာယောင်ဟီကို မသတ်ခဲ့ပဲ ကျိမိုနှင့်အတူပူးပေါင်းပြီး ယောင်ရှီကို ရင်မဆိုင်ခဲ့ရင် အခုဒီနေရာတွင် ရှိနေတဲ့ လူအားလုံးအသတ်ခံရမှာပါ။

‘‘ ငါနင့်ကို အသက်တစ်ချောင်း အကြွေးတင်သွားပြီ ’’ သန့်စင်နှလုံးသားနန်းတော်က ကျိုးဖန်က ရန်ကိုင်ဘက်လှည့်ပြီး

ကျေးဇူးတင်စကား ပြောလိုက်တယ်။

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ပြုံးပြလိုက်တယ်။

‘‘ငါတို့အားလုံး နင့်ကိုအသက်ကြွေးတင်သွားပြီ ’’ ဟန်ရှောင်ရှီက ချိုသာစွာပြုံးပြလိုက်တယ်။

တိုက်ပွဲပြီးသွားပြီ ဖြစ်တဲ့အတွက် အခုအားလုံး အနားယူဖို့ လိုအပ်နေပါတယ်။

တိုက်ပွဲအတွင်း လူရှစ်ဆယ်ရာခိုင်နှုန်းလောက်က ဒဏ်ရာရခဲ့ပြီး လက်တစ်စာလောက်ကသာ ဒဏ်ရာမရပဲ တိုက်ပွဲကနေ ရှင်သန်နိုင်ခဲ့တာပါ။

ကံကောင်းစွာဖြင့် သေလောက်အောင် ပြင်းထန်တဲ့ ဒဏ်ရာ ဘယ်သူမှ မရခဲ့ပါဘူး။

သူတို့သာ သေချာကုသမည်ဆိုပါက လဝက်အတွင်း အပြည့်အဝ ပြန်ကောင်းသွားနိုင်ပါတယ်။

အခုလိုအခြေအနေတွင် ရန်ကိုင်က သူ့အိတ်ထဲကနေ ဆေးပုလင်းတစ်ပုလင်း ထုတ်လိုက်ပြီး ဒဏ်ရာရနေတဲ့သူတွေဆီ

ဝေပေးလိုက်၏။ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့် ကုန်ဆုံးသွားပြီးနောက် သုန်မှုန်နေတဲ့ လေထုက လူအုပ်ထဲ တစ်ဖန်ပြန်လည်

ဖြစ်တည်လာခဲ့ပြန်တယ်။

ထိုကဲ့သို့ဖြစ်ရသည့် အဓိကအကြောင်းအရင်းက တိုက်ပွဲမစခင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည့် သိုင်းပညာရှင်

နှစ်ယောက်ကြောင့်ပါပဲ။

သူမ မသေခင်တုန်းက ယောင်ရှီက ရန်ကိုင်နှင့်ကျိမိုကို သတ်ပစ်ဖို့ သူမ သားရဲတွေအကုန်လုံးကို အမိန့်ပေးခဲ့တယ်။

ဒါပေမယ့် သူတို့ထဲကတစ်ကောင်မှ ရန်ကိုင်နှင့်ကျိမိုကို မသတ်နိုင်ခဲ့အတွက် နောက်ဆုံးရူသွပ်မတတ် ဖြစ်သွားခဲ့ရကာ စိတ်ရူးပေါက်ရာ လုပ်ချပါတော့တယ်။

သူမစိတ်ရူးပေါက်ရာ လျှောက်လုပ်လိုက်တာကြောင့် ကံမကောင်းအကြောင်းမရှာတဲ့ ဟန်မင်းဆက်က သိုင်းပညာရှင်

နှစ်ယောက် ဒုက္ခိတဘဝ ရောက်သွားခဲ့ရပါတယ်။

သူတို့ထဲက တစ်ယောက်က သန့်စင်နှလုံးသားနန်းတော်မှ ကျိုးဖန်၏ စီနီယာအစ်ကိုဖြစ်တဲ့ လီရှင်းယွမ်ဖြစ်ပြီး အခြားတစ်ယောက်ကတော့ ရန်ကိုင်ကို ရန်စစော်ကားခဲ့တဲ့ ဘီရှုမင်ရဲ့ဂျူနီယာညီလေးပဲဖြစ်ပါတယ်။

အားလုံးက ဝိုင်းအုံစုဝေးနေခဲ့ကြပြီး အကုန်လုံး မျက်မှောင်ကြုံ့နေခဲ့ကြတယ်။

‘‘ သူတို့အခြအေနေ ဘယ်လိုလဲ ’’ ရန်ကိုင်က အခြားသူတွေ ကိုယ်စားမေးလိုက်တယ်။

ကျိုးဖန်မျက်နှာက ဝမ်းနည်းမှု၊ ယူကြုံးမရဖြစ်မှုတို့ဖြင့် ပြည့်နေခဲ့ပြီး ‘‘စီနီယာအစ်ကိုရဲ့ ဒန်တန်က အင်းဆက်ကြောင့် ပျက်စီးသွားပြီ ’’

ရန်ကိုင်အမူအရာ သုန်မှုန်သွားခဲ့ပြီး တစ်ချက်တုန့်ဆိုင်းနေပြီးနောက် မေးလိုက်တယ် ‘‘ အဲ့ဒါဆိုရင် သူ့ကျင့်ကြံခြင်း….’’

ကျိုးဖန်က ဖြေးဖြေးချင်းခေါင်းခါလိုက်ပါတယ်။

သူ့ဒန်တန်က ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် သူ့ချီစွမ်းအင်ကလည်း လေထဲ စီးထွက်ကုန်ပါပြီ။ ။ သူ့ဒန်တန်ကို ပြန်လည်ပြင်ဆင်နိုင်မယ့် ပြိုင်ဘက်ကင်းတဲ့ ဆေးတစ်ခုခုကိုသာ ရှာမတွေ့ခဲ့ရင် လီရှင်းယွမ်က အခုအချိန်ကစပြီး သာမန်လူတစ်ယောက်အဖြစ်နဲ့ နေထိုင်သွားရတော့မှာပါ။

ကံမကောင်းစွာဖြင့် ဒန်တန်ကို ပြန်လည်တည်ဆောက်နိုင်တဲ့ ဆေးလုံးကို ဒဏ္ဏာရီထဲမှာသာ ကြားဖူးပြီး ဘယ်သူမှ မမြင်ဖူးခဲ့ပါဘူး။ လီရှင်းယွမ်က သန့်စင်နှလုံးသားနန်းတော်က လက်ရွေးစင်တပည့်တစ်ယောက်ဖြစ်ပါတယ်။

ဒီသီးခြားကမ္ဘာထဲကို လာနိုင်တာကိုကြည့်ရုံနဲ့တင် သူ့အရည်အချင်းက သာမန်မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။

သို့ပေမယ့် အခုအချိန်မှာတော့ အင်းဆက်လေးတစ်ကောင်ကြောင့် သူ့ခဗျာ သေတာထက်ဆိုးတဲ့ အရသာကို ခံစားနေရပါပြီ။

အခု လီရှင်းယွမ်မျက်နှာက တောင့်တင်းနေပြီး ချောင်ကျနေခဲ့ကာ စိတ်ဝိဉာဉ်မရှိတော့သည့် လူတစ်ယောက်နဲ့တောင် တူနေပါသေးတယ်။

ဒန်တန်ပျက်စီးသွာတာက သိုင်းလမ်းစဉ်ကို လျှောက်လှမ်းသူတိုင်း အလွယ်တကူ တောင်ခံနိုင်သည့် အရာမျိုးမဟုတ်ပါဘူး။

သူ့နဲ့ယှဉ်ရင် အခြားတစ်ယောက်ကတော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။

ဘီရှုမင်၏ ဂျူနီယာညီလေးက ဘီရှုမင်နှင့်အတူ ရန်ကိုင်ကို နှစ်ကြိမ်တိုင်တိုင် ရန်စခဲ့တယ်။ အခု ကံကြမ္မာတစ်ပတ်လှည့်ပြီး ကောင်းကင်က သူတို့ကို အပြစ်ပေးခဲ့ပါပြီ။

ယောင်ရှီက အားလုံးကို နမူနာအဖြစ် အပြစ်ပေးဖို့ ကျပန်းလူရွေးလိုက်တဲ့အထဲ မောင်ကံကောင်းလေးဖြစ်တဲ့

ဘီရှုမင်၏ ဂျူနီယာညီလေး ပါသွားခဲ့ပါတယ်။

ဘီရှုမင်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း မျက်ရည်ရွဲလဲဖြင့် အားနည်းစွာနဲ့ သူပြောလိုက်တယ် ‘‘ စီနီယာအစ်ကို၊

ငါသိုင်းလေ့ကျင့်လို့ ရသေးတယ်မလားဟင်။ ငါ့ဒန်တန်က ဒဏ်ရာက အဲ့လောက်ကြီး မပြင်းထန်ဘူးမလား၊ ဟုတ်တယ်မလား ’’

ဘီရှုမင်၏မျက်နှာတစ်ခုလုံး မှိုင်းဝေနေခဲ့ပြီး သူ့ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်သာ လုပ်နိုင်ခဲ့တယ်။ သူ့ဂျီနီယာညီလေးကို

နှစ်သိမ့်ပေးဖို့ စကားလုံး ရှာမတွေ့ခဲ့ပါဘူး။

အဖွဲ့သားတွေ အကုန်လုံးကတော့ တိတ်တိတ်လေးသာ ငြိမ်နေခဲ့တယ်။

အဖွဲ့သားတွေအကုန်လုံး သူတို့နှစ်ယောက်ကို သောက်မြင်ကပ်ကြပေမယ့် တကယ်တော့ သူတို့နှစ်ယောက်က ဟန်မင်းဆက်က သိုင်းပညာရှင်တွေပဲလေ။

‘‘ စီနီယာအစ်ကို၊ ကျွန်တော့်ကို အမှန်အတိုင်း ပြောစမ်းပါ။ အခုကျွန်တော် အမှိုက်တစ်စ ဖြစ်သွားပြီလား ’’

ကောင်းလေးက နောက်ဆုံး ဆက်ပြီးထိန်းမထားနိုင်တော့ပဲ စိုးရိမ်ပူပန်စွာ အော်ဟစ်လိုက်တယ်။

ဘီရှုမင်က သူ့ဂျူနီယာညီလေးကို အချိန်အတော်ကြာအောင် စူးစိုက်ကြည့်နေလိုက်ပြီးနောက် နောက်ဆုံး

အံကြိတ်ကာ လေးပင်စွာဖြင့် ခေါင်းကိုဖြေးဖြေးချင်း ညိတ်လိုက်တယ်

‘‘ မဖြစ်နိုင်ဘူး ’’ ကောင်လေးမျက်နှာတစ်ခုလုံး အသက်မဲ့သွားသည့်အလား ဖြူလျော်သွားခဲ့ပါတယ်။

‘‘ လုံးဝမဖြစ်နိုင်ဘူး ။ အဲ့ဒါက ဘာမှမဟုတ်တဲ့ ပိုးကောင်လေးတစ်ကောင်ပဲဟာကို…အဲ့လိုကောင်က ဘယ်လိုလုပ်ပြီး

ငါ့ဒန်တန်ကို ဖျက်စီးနိုင်မှာလဲ။ ငါကတက်သစ်စ ကြယ်တစ်ပွင့်ပဲ။ ငါပြင်းပြင်းထန်ထန် ကြိုးစားလေ့ကျင့်ခဲ့ပြီး ဆယ်နှစ်တည်းနဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၃ကို ရောက်ခဲ့တာ။ ငါအင်မော်တယ်တက်လှမ်းခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ကျိန်းသေ ဖြစ်လာမယ့်သူပဲ။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် သိုင်းပညာရှင် တွေထဲမှာတောင် ငါကထိပ်တန်းအဆင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်လာမှာ….ငါ …………’’

သွေးရူးသွေးတန်းနဲ့ အော်ပြောရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်ပုံပေါ်ကာ တောင့်တင်းစွာဖြင့်

ကျိမိုဘက်ကို လှည့်ကြည့်လိုက်ပြီး ‘‘ အဲ့ဒါဟုတ်တယ်။ သူက တန်းလန်မင်းဆက် သိုင်းပညာရှင်တွေထဲက တစ်ယောက်ပဲ။

ငါ့ကိုကယ်ဖို့ နည်းလမ်းကို သူမသိရမယ် ’’

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး၏မျက်နှာ တောက်ပသွားခဲ့တယ်။

ဘယ်လိုမှ မတုန့်ပြန်ပဲ ငိုင်သေသေဖြစ်နေတဲ့ လီရှင်းယွမ်တောင်က မနေနိုင်ပဲ ကျိမိုဆီလှည့်ကြည့်လိုက်ပါတယ်။

အားလုံး၏မျက်လုံးတွေက စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့တယ်။

ဒါပေမယ့် ကျိမို၏က အမူအရာကတော့ သုန်မှုန်နေဆဲပင်ဖြစ်ပြီး ခေါင်းခါရမ်းကာ ပြောလိုက်သည် “ငါလုပ်နိုင်တာ ဘာမှမရှိဘူး” လီရှင်းယွမ်မျက်လုံးထဲက အလင်းရောင် ချက်ချင်းပျောက်ကွယ်သွားခဲ့ပြီး ဘီရှုမင်ရဲ့ ဂျူနီယာညီလေးကတော့ ဒေါသတကြီး အော်ဟစ်ပါတော့တယ် ‘‘ မိန်းမပျက်မ၊ နင်းက တန်လန်မင်းဆက်ကျင့်ကြံသူတွေထဲ တစ်ယောက်

မဟုတ်ဘူးလား။ နင်လည်း အဲ့အင်းဆက်တွေကို သုံးတာပဲ။ နင်ဘယ်လိုလုပ်ပြီး ဘာလို့ဘာမှမလုပ်နိုင်ရမှာလဲ။ ငါ့ကိုကယ်နိုင်မယ့် နည်းလမ်း နင်သိကိုသိရမယ်။ နင်မကယ်ချင်လို့သာ ငြင်းနေတာ ’’

သူမကိုပုတ်ခတ်စော်ကား ပြောဆိုတဲ့ စကားကိုကြားလိုက်ရချိန်မှာတော့ ကျိမို၏မျက်နှာ တဖြည်းဖြည်း အေးစက်လာခဲ့ပြီး သူမခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုသည့် အရှိန်အဝါတို့ စတင်ထွက်ပေါ်လာခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ရန်ကိုင်ခန္ဓာကိုယ်ကနေ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါ ထွက်ပေါ်လာခဲ့တယ်။

အခြေအနေ မကောင်းတော့တာကို သတိပြုမိလိုက်တာနဲ့ ချန်ယွဲ့ရှုက ခပ်မြန်မြန်ပဲ ဝင်ပြောလိုက်ပါတယ်

‘‘ ခဏနေဦး..ဘာမှမသိပဲ အခြားသူတွေကို လျှောက်ပြီးစွပ်စွဲမနေနဲ့။ သူမက အင်းဆက်တွေကို အသုံးပြုပေမယ့် မင်းကို ဒဏ်ရာရအောင်လုပ်ခဲ့တာက သူမမဟုတ်ဘူးလေ။ ပြီးတော့ မင်းဒန်တန်က ပျက်စီးနေပြီ။ အဲ့ဒါကိုတောင်

မင်းဒန်တန်ကို ပြန်ကောင်းအောင် ကုသပေးနိုင်မယ့်လူ ရှိနေသေးတယ်လို့ ယုံနေသေးတာလား ’’

ထိုစကားကို ကြားလိုက်တာနဲ့ လူငယ်က နှာခေါင်းရှုံ့လိုက်ပြီး ‘‘ မင်းဘာပြောလိုက်တာလဲ။။ သူမက ငါတို့ကို တိုက်ခိုက်ပြီး အခုလိုအခြေအနေကို ရောက်အောင်လုပ်ခဲ့တဲ့လူနော်။ မင်းကသူမဘက်ကနေ ကူပြောပေးနေတာလား။ မင်းရဲ့ ခွေးမျက်လုံးကို သေချာဖွင့်ပြီးကြည့်ဦး။ သူမက ဘာမမဟုတ်တဲ့ တန်းလန်းမင်းဆက်က မိန်းမပျက်မ

တစ်ယောက်သာသာပဲ။ ငါကမှ မြင့်မြတ်တဲ့ ဟန်မင်းဆက်က သိုင်းပညာရှင် တစ်ယောက်ကွ ’’

Martial Peak

အပိုင်း (၂၅၀)

ထိုလူငယ်က ဘာကိုမှဂရုမစိုက်ပဲ သူထင်ရာမြင်ရာကိုသာ စွတ်ပြောနေတဲ့အတွက် ပတ်ပတ်လည်ရှိ

လူအားလုံးလည်း မျက်မှောင်ကြုံ့မိလိုက်ကြပါပြီ။

‘‘ နင်ဘာစကားပြောတာလဲ ’’ စုရှောင်းယုက ရှေ့တက်ပြီး ဒေါသတကြီး အော်ပြောလိုက်တယ်။ အစကတော့

ထိုလူငယ်ကို သူမသနားမိပေမယ့် အခုလို ပြောချင်တိုင်းပြော‌နေပြီး သူမ၏စီနီယာအစ်ကိုကိုပါ ကျိန်ဆဲနေတာကို

တွေ့လိုက်ရတဲ့အတွက် ထိုလူငယ်အပေါ်ရှိခဲ့တဲ့ သနားမှုတွေက ကြက်ပျောက်ငှက်ပျောက်က ပျောက်ကွယ်သွားခဲ့ပါလေပြီ။

ချန်ယွဲ့ရှုက ခပ်မြန်မြန်ပဲ သူမလက်ကို ဖမ်းကိုင်လိုက်ပြီး ခေါင်းခါရမ်းပြရင်း သူမကိုတားလိုက်ပါတယ်။

ချန်ယွဲ့ရှု၏ စိတ်နေစိတ်ထားက တည်ငြိမ်ပါတယ်။ ထိုလူငယ်က သူ့ဒန်တန်ပျက်စီသွားလို့သာ ပြောချင်တာ

လျှောက်ပြောနေတာလို့ သူယုံကြည်ထားတာ ဖြစ်ပြီး ထိုလူငယ်ပြောတာကို သူအတည်ယူတာမှ မဟုတ်တာ။

အဖွဲ့သားတွေကို မဖြောင်းဖျနိုင်မှန်း သိတာနဲ့ ကျိမိုကိုသာ စိုက်ကြည့်လိုက်ပြီး ‘‘ မိန်းမပျက်မ၊ နင်သာငါ့ဒန်တန်ကို

ပြန်ကောင်းအောင် မလုပ်ပေးနိုင်ရင် နင်လည်းသေရမယ် ’’

ကျိမိုက သူများအနိုင်ကျင့်တာကို ငြိမ်ခံတဲ့ လူစားမျိုး မဟုတ်ပါဘူး။

ဒီရက်ပိုင်းအတွင်းမှာ သူမ၏လွတ်လပ်ခွင့်ကို ရန်ကိုင်က ထိန်းချုပ်ထားတာဖြစ်ပြီး သူမ၏သေခြင်း၊ရှင်ခြင်းဆိုတာလည်း

သူမကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်ပါဘူး။

ထို့ကြောင့် သူမအောက်ကျို့မခံချင်ရင်တောင် အောက်ကျို့မခံပဲ နေလို့မရသေးပါဘူး။

ပြီးတော့ သူမချစ်ခင်ရတဲ့ တစ်ဂိုဏ်းတည်းသားချင်းတွေကလည်း သူမကိုအကောက်ကြံပြီး သတ်ဖို့လုပ်ခဲ့ပါသေးတယ်။

ကိုယ့်လွတ်လပ်ခွင့်ကိုလည်း ကိုယ်မပိုင်၊ ကိုယ်ယုံကြည်ရတဲ့လူတွေရဲ့ သစ္စာဖောက်တာခံရလို့ ဒေါတထွက်နေရတဲ့

ကြားထဲ ထိုကောင်ကပါ သူမကိုပလိန်းကြီးလာပြီး ကျိန်ဆဲနေတာကို ကြားလိုက်ရတဲ့အချိန်မှာတော့ ကျိမိုအနေနဲ့ သူမဒေါသကို ဆက်ပြီး ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပါဘူး။

ထို့ကြောင့် လှောင်ပြောင်လိုက်ပြီး ချက်ချင်း ပြန်ပြောပါတော့တယ် ‘‘ နင့်လိုဘာမဟုတ်တဲ့ကောင်ကများငါ့ကို

သေစေချင်တယ်ဟုတ်လား။ ငါ့မှာနင့်ကို ကယ်ဖို့နည်းလမ်း မရှိဘူးလို့ အစကတည်းက ပြောထားပြီးသား။ တကယ်လို့

ငါ့မှာကယ်ဖို့ နည်းလမ်းရှိရင်တောင် နင့်ကိုဘယ်တော့မှ ကယ်ပေးမှာမဟုတ်ဘူး ’’

ဒါပေမယ့် ထိုမုန်းတီးစရာကောင်းတဲ့ စကားလုံးတွေကို ကြားတဲ့အချိန်မှာတော့ လူငယ်ကဒေါသထွက်ရမယ့်အစား

ပျော်သွားခဲ့ပြီး ဘီရှုမင်၏လက်ကို ကိုင်ကာ ‘‘ စီနီယာအစ်ကို၊ သူမပြောတာကို ကြားတယ်မလား။ သူမမှာ

ကျွန်တော့်ကိုကယ်ဖို့ နည်းလမ်းရှိတယ်တဲ့။ မြန်မြန်သူမကို ကယ်ခိုင်းပါဦး။ ကျွန်တော်အမှိုက်တစ်စ မဖြစ်ချင်ဘူး ’’

ဘီရှုမင်မျက်နှာ တစ်ခဏလောက် ရှုံ့မဲ့သွားခဲ့ပြီးနောက် သူ့ဂျူနီယာညီလေး ပြောတာကို ဖြေးဖြေးချင်း

ခေါင်းညိတ်ထောက်ခံလိုက်တယ် ‘‘ ကောင်းပြီ။ သူမက မင်းကိုကယ်ဖို့ ငြင်းဆန်ခဲ့ရင် ငါသူမကျင့်ကြံခြင်းကိုဖျက်စီးပစ်ပြီး

မင်းရဲံအစေခံအဖြစ် မင်းတစ်ဘဝလုံးကို စောင့်ရှောက်ပေးခိုင်မယ် ’’

ပြောပြီးတာနဲ့ ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်ပြီး ကျိမိုကို သုန်မှုန်စွာဖြင့်ကြည့်လိုက်တယ်။

ရက်စက်ကြမ်းကြုတ်မယ့် အရိပ်အယောင်တို့ ကျိမိုမျက်လုံးထဲ ဖြတ်ပြေးသွားခဲ့ပြီး ဘီရှုမင်ကို ထီမထင်ဟန်ဖြင့် ပြန်ကြည့်လိုက်တယ်။

‘‘ ခဏနေဦး ’’ ချန်ယွဲ့ရှု့ သူတို့နှစ်ယောက်ကြား ခုန်ဝင်လာခဲ့ပြီး အော်ပြောလိုက်တယ် ‘‘ ဘီရှုမင်၊ ခုဏတုန်းက

သူမဒေါသအလျောက် ပြောခဲ့တယ်ဆိုတာလည်း မင်းသိတာပဲ။ ပြီးတော့ ငါတို့တွေကလည်း သူမကိုအသက်ကြွေး

တင်နေခဲ့တာနော်။ သူမနဲ့ညီအစ်ကိုရန်သာ ပေါင်းပြီးတော့ ဟိုနှစ်ယောက်ကို မတိုက်ခဲ့ရင် ခုလောက်ဆို ငါတို့

ယောင်ဟီနဲ့ယောင်ရှီတို့ ထိန်းချုပ်ထားတာကို ခံနေရဦးမှာ။ မင်းသူမကို ကျေးဇူးမတင်ချင်ရင်တောင် ကျွေးတဲ့

လက်ကိုပြန်ကိုက်တာတော့ မလွန်ဘူးလား ’’

‘‘ အသက်ကြွေးတင်နေတာလား ’’ ဘီရှုမင်က လှောင်ပြောင်လိုက်ပြီး ‘‘ အရင်တုန်းက သူမနဲ့သူမအပေါင်းအပါ တန်းလန်မင်းဆက်က ခွေးသူတောင်းစားတွေ ဝိုင်းတိုက်တာကိုသာ ငါတို့မခံခဲ့ရရင် ဘယ်လိုလုပ်ပြီး အခြားတစ်ယောက်ရဲ့ အစေခံဖြစ်ခဲ့ရမှာလဲ။ သူမက ငါတို့ကိုကယ်ခဲ့တာလား။ မဟုတ်ဘူး…သူမအကျိုးအမြတ်အတွက်ပဲ သူမလုပ်ခဲ့တာ။ သူမကယ်ချင်တဲ့လူဆိုလို့ သူမကိုယ်တိုင်ပဲရှိတယ်။ ချန်ယွဲ့ရှု၊ မင်းစိတ်နေစိတ်ထားကို ငါသိတယ်။ ဒါပေမယ့် ဒီကိစ္စမှာ မင်းဝင်မပါရင်ကောင်းမယ် ’’

ချန်ယွဲ့ရှု မျက်မှောင်ကြုံ့လိုက်ပါပြီ။

ဘီရှုမင်ကို သူမကြိုက်ပေမယ့် သူပြောသွားတာကလည်း မမှားပါဘူး။

အရင်တုန်းက ကျိမိုက သူမ၏မိစ္ဆာသားရဲတွေကို ထိန်းချုပ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ ယောင်ဟီနှင့်ယောင်ရှီတို့ ထိန်းချုပ်တာကို သူတို့ခံခဲ့ရတယ်ဆိုပေမယ့် ကျိမို၏စနက်ကြောင့်လည်း ပါပါတယ်။ အခု ရန်ကိုင်နှင့် ကျိမိုတို့နှစ်ယောက်က ယောင်ဟီနှင့်ယောင်ရှီတို့ကို သတ်ခဲ့ပေမယ့် သူမက သူမကိုယ်ပိုင် အကျိုးအတွက်သာ လုပ်နေခဲ့တာပါ။

သူတို့ကို ကယ်ခဲ့တယ်ဆိုတာက မလုပ်မဖြစ်လို့သာ လုပ်ဖြစ်သွားခဲ့တာပါ။

ဘီရှုမင်က အမှန်ပြောနေတာ ဖြစ်တဲ့အတွက် ချန်ယွဲ့ရှုအဖို့ ဆက်ပြီးဝင်ပါဖို့ ခက်ခဲသွားခဲ့ပါလေပြီ။ ကျိမိုကိုသူမုန်းပေမယ့် ရန်ကိုင်နှင့်ကျိမိုတို့က အတူတူ ရောက်လာတာလေ။ ပြီးတော့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း ရိုးရှင်းပုံ မရပါဘူး။

ချန်ယွဲ့ရှု နောက်ဆုတ်သွားပြီးနောက် မှာတော့ ဘယ်သူမှ ရှေ့တက်မပြောကြတော့ပါဘူး။ အကုန်လုံးက ငြိမ်သက်စွာနဲ့ပဲ ဘေးကနေ ထိုင်ကြည့်နေကြပါတယ်။

သူတို့ဝင်မပါတဲ့ အဓိကအကြောင်းအရင်းက ရန်ကိုင်နှင့်ကျိမိုကြားက ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မသိသေးတာကြောင့်ပါပဲ။

မရေမတွက်နိုင်တဲ့ မျက်လုံးအစုံကို သူ့ကို ကြည့်နေတာတွေ့ရတော့ ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး ဘီရှုမင်ကို ကြည့်လိုက်တယ်

‘‘ သူမကျင့်ကြံခြင်းကို ဖျက်ဆီးချင်တယ်ဟုတ်လား။ ပြီးတော့ သူမကို မင်းဂျူနီယာညီလေးဆီ အစေခံတစ်ယောက်အဖြစ် လက်ဆောင်ပေးမယ်ပေါ့ ’’

အခုဒီမှာရှိနေတဲ့ ဘယ်သူမဆို ကျိမိုကိုတစ်ခုခု လုပ်မယ်ဆိုရင် သူကလည်းငြိမ်ပြီး ထိုင်ကြည့်နေလိမ့်မှာ မဟုတ်ပါဘူး။

တကယ်တော့ ကျိမိုက သူ့ရဲ့ အစေခံတစ်ယောက်ပဲလေ။

‘‘ သူမက ငါ့ဂျူနီယာညီလေးရဲ့ ဒန်တန်ကို ပြန်ကောင်းအောင် မလုပ်ပေးနိုင်ရင် အဲ့ဒါက သူမရဲ့ကံကြမ္မာပဲ ’’

ဘီရှုမင်၏ မျက်နှာတစ်ခုလုံး သုန်မှုန်နေခဲ့ပါတယ်။

‘‘ မင်းဂျူနီယာညီလေးရဲ့ ဒန်တန်က ပြန်ကောင်းလာမှာကို မဟုတ်တာ ’’ ရန်ကိုင်က ရယ်မောလိုက်ပြီး ‘‘ တကယ်တော့ ၊

သူမက ငါ့ရဲ့အစေခံပဲလေ ’’

ကျိမိုအသက်ရှုသံ လေးလံလာခဲ့ပြီး ရန်ကိုင်ကို စူးရဲစွာ စိုက်ကြည့်လိုက်တယ်။ သိုပေမယ့် သူမဘာမှတော့ ပြန်မပြောခဲ့ပါဘူး။ ရန်ကိုင်က သူမကိုအစေခံလို့ ခေါ်နေတာက သူမနေရာကို ရည်ညွှန်းပြီးသွား ဖြစ်သွားပါပြီ။

တကယ်လည်း သူမက သူ့အစေခံဖြစ်နှင့် နေပြီးမှာတော့ သူမအနေနဲ့ ဘာဆက်ပြီး လုပ်နိုင်ဦးပါ့မလဲ။

ဒေါသတကြီး အံကြိတ်လိုက်ရင်း ရန်ကိုင်က သူမတွေ့ဖူးသမျှ လူတွေထဲမှာ မုန်းစရာအကောင်းဆုံးပဲလို့ တွေးလိုက်မိတယ်။

သို့ပေမယ့် သူမမှာရွေးချယ်စရာ မရှိတဲ့အတွက် တိတ်ဆိတ်နေရုံသာ တတ်နိုင်ပါတယ်။

ကျိမိုက သူမဘာသာ ကြိတ်ပြီး ဒေါသထွက်နေတဲ့အချိန် အားလုံးက ကျိမိုတစ်ခွန်းတစ်လေတောင် ပြန်ပြော

တာကို မတွေ့ရတဲ့အတွက် အံ့အားသင့်သွားခဲ့ကြရပါတယ်။

တစ်ယောက်ချင်းစီက ရန်ကိုင်နှင့်ကျိမိုကို အပြန်အလှန်ကြည့်ရင်း သူတို့မျက်လုံးတွေထဲ မယုံကြည်နိုင်မှု၊ အံ့အာသင့်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

သူတို့တွေ ယောင်ဟီနှင့်ယောင်ရှီတို့၏ အစေခံဖြစ်သွားတုန်းက အဆုံးမရှိတဲ့ အရှက်ခွဲမှုနှင့် ပြင်းပြသောဝေဒနာကို

ခံစားခဲ့ရတာပါ။ သို့ပေမယ့် ရန်ကိုင်နှင့်ကျိမိုကြားက ဆက်ဆံရေးကတော့ သူတို့နဲ့ ပြောင်းပြန်ပါပဲ။

ဘာတွေဖြစ်ခဲ့တာလဲဟ… အဲ့လိုဖြစ်အောင် သူဘယ်လိုလုပ်ခဲ့တာလဲ

လန်ရှန်းမျက်နှာထက် အနေခက်တဲ့ အမူအရာပေါ်လာတာကိုတော့ တစ်ယောက်မှ သတိမထားမိလိုက်ပါဘူး။

တကယ်တမ်း ပြောရမယ်ဆိုရင် သူမနှင့်ကျိမို၏ အဆင့်အတန်းက အတူတူပဲပင် မဟုတ်ပါလား။ အဲ့လိုဆိုတော့ ကျိမိုက သူ့အစေခံဖြစ်တယ်လို့ ရန်ကိုင်က လူရှေ့သူရှေ့မှာ ပွင့်ပွင့်လင်းလင်းကြီး ပြောလိုက်တော့ သူမလည်း အနေရ ခက်တာပေါ့။

‘‘ ငါအစေခံရဲ့ အသက်နဲ့ သူမဘယ်သူ့ကို တာဝန်ထမ်း ဆောင်ရမလဲဆိုတာကို ငါကိုယ်တိုင်ပဲ ဆုံးဖြတ်မယ်။

မင်းမှာအဲ့လို ဆုံးဖြတ်ဖို့ အရည်အချင်း မရှိဘူး ’’ ရန်ကိုင်က အစကတည်းက ဘီရှုမင်ကို ကြည့်မရခဲ့တာပါ။

ထို့ကြောင့် အခုလိုအခြေအနေကို ရောက်လာတဲ့အချိန်မှာတော့ သူကလည်း ဘယ်လိုလုပ်ပြီး ငြိမ်ခံနိုင်ပါတော့မလဲ။

‘‘ ဟဲဟဲ…’’ ဘီရှုမင်က ရယ်မောလိုက်ပြီး ရန်ကိုင်ကို စူးစိုက်ကြည့်လိုက်ကာ ‘‘ ကြည့်ရတာ မင်းကိုဒီတန်းလန်မင်းဆက်က

မိန်းမက ကောင်းကောင်းချုပ်ထားတဲ့ပုံပဲ။ ငါရယ်ရမလား၊ ငိုရမလားဆိုတာ တကယ်ပဲ မသိတော့ပါဘူးကွာ။

မင်းသူမအတွက် အဲ့လိုပြောပေးနေတာဆိုတော့ မင်းက သူမစကတ်အောက်မှာ အစေခံတစ်ယောက် ဖြစ်သွား

တာလား။ ဒီမိန်းမဆီကနေ မိန်းမပျက်တစ်ယောက်ရဲ့ အမူအရာတွေကို မြင်တွေ့နေရတယ်ဆိုတော့

ယောကျာ်းတစ်ယောက်ကို ခဏလောက် ပြုစုပြီး အဲ့ယောကျာ်းကို သူမစကတ်အောက် လုံးလုံးရောက်သွားအောင်

လုပ်ဖို့က သူမအတွက်တော့ မခက်ခဲလောက်ပါဘူး ’’

သူပြောတာကို နားထောင်ရင်း အုပ်ထဲမှာရှိနေတဲ့ မိန်းကလေးတွေအားလုံး မျက်မှောင်ကြုံ့လိုက်ကြပါပြီ။

ဘီရှုမင်း၏ စကားလုံးတွေက အရမ်းကိုကြမ်းတမ်းပြီး ညစ်ပတ်လွန်းလှပါတယ်။

သူ့စကားကြားပြီး သူမတို့တောင် ကိုယ့်ဒေါသကိုယ် မနည်းပြန်ထိန်းလိုက်ရပါတယ်။ ကျိမို၏ မျက်နှာလှလှလေးကတော့ ဒေါသကြောင့် နီရဲသွားခဲ့ပြီး သူမ ခန္ဓာကိုယ်ဆိုရင်လည်း ဒေါသထွက်လွန်းလို့ တဆတ်ဆတ် တုန်ရီနေပါတယ်။

သူမ၏ အတွေ့အကြုံရှိတဲ့ မိန်းမတစ်ယောက်လို ပြုမူနေပေမယ့် သူမနဲ့ တကယ်ရင်းနှီးတဲ့လူတွေပဲ သူမ ဟန်ဆောင်ပန်ဆောင် လုပ်နေတယ်ဆိုတာ သိတာပါ။

‘‘ ငါကိုရပ်တန့်ဖို့ မကြိုးစားနဲ့။ ငါသူ့ကို သတ်ချင်တယ် ’’ ကျိမိုကအံကြိတ်ပြီး ဘီရှုမင်ကို ဒေါသတကြီး

စိုက်ကြည့်လိုက်တယ်။

သူမအမူအရာကတော့ ရေခဲတမျှ အေးစက်လို့နေပါပြီ။

သူမတစ်ဘဝလုံး အခုလို တစ်ခါမှ အရှက်ခွဲမခံရဖူးပါဘူး။

‘‘ နင်သူ့ကိုမနိုင်ဘူး ’’ ရန်ကိုင်ကို သူမကိုအေးစက်စွာ စိုက်ကြည့်လိုက်တယ်။

တကယ်တော့ သူမက တန်းလန်မင်းဆက်က လူတစ်ယောက်ပဲလေ။

သူမ ဘီရှုမင်ထက် သန်မာတယ်ဆိုရင်တောင် သူမ သူ့ကိုသတ်လိုက်တာနဲ့ ကျန်ရှိနေတဲ့ ဟန်မင်းဆက်က သိုင်းပညာရှင်တွေက ဒီအတိုင်း ငြိမ်နေတော့မှာ မဟုတ်ပါဘူး။

အခြေအနေတွေက ပိုပြီးဆိုးရွားသွားမှာပါ။

‘‘ ငါဂရုမစိုက်ဘူး။ ငါသူ့ကိုသတ်ရမှ ကျေနပ်မယ် ’’ သူမကိုယ်သူမ ဆက်ပြီး မထိန်းချုပ်နိုင်တော့ပဲ ကျိမိုခန္ဓာကိုယ်ဆီမှ

အစစ်အမှန်ချီစွမ်းအင်တွေ တလှိမ့်လှိမ့် ထွက်ပေါ်လာခဲ့ပါတယ်။

‘‘ ပြန်ဆုတ်စမ်း ’’ ရန်ကိုင်က သူမကိုကြည့်ပြီး အော်လိုက်တယ်။

ကျိမိုက ရန်ကိုင်ကို တစ်ခဏကြာအောင် စူးစိုက်ကြည့်လိုက်ပြီး သူမဒေါသကို ပြန်ချုပ်တည်းထားလိုက်ပါတယ်။

ရန်ကိုင်ဘာပြောချင်နေလဲဆိုတာ သူမနားလည်ပါတယ်။

လန်ရှန်းလည်း သူမဆီခပ်မြန်မြန် ပြေးသွားလိုက်ပြီး ကျိမိုကို ဆွဲခေါ်သွားလိုက်ပါတယ်။

နှစ်ယောက်စလုံးက စိတ်ဝိဉာဉ်နှိပ်စက်တာကို ခံခဲ့ရဖူးသလို ရန်ကိုင်၏ စိတ်နေစိတ်ထားနှင့်လည်း ရင်းနှီးပါတယ်။

သူမသာဆက်ပြီး ခေါင်းမာနေမယ်ဆိုရင် ထိုစိတ်ဝိဉာဉ်နှိပ်စက်မှုကို နောက်တစ်ကြိမ် ထပ်ပြီးခံစားသွားရနိုင်ပါတယ်။

ဘီရှုမင်က အောင်နိုင်တဲ့ အပြုံးတစ်ခုကို သူ့မျက်နှာထက် ဆင်မြန်းထားရင်း ကျိမိုကို တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်တယ်။

‘‘ စီနီယာအစ်ကို၊ သူမကို လွှတ်ပေးလိုက်လို့ မဖြစ်ဘူး ’’ ဘီရှုမင်၏ ဂျူနီယာညီလေးက နောက်တစ်ကြိမ် အော်လိုက်ပြန်ပါတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ အလင်းရောင်တို့ ဘီရှုမင်မျက်လုံးထဲ ဖြတ်ပြေးသွားပြီး သူ့ဂျူနီယာညီလေးကို ခေါင်းညိတ်ပြလိုက်ကာ

ကျိမိုဆီ ပြေးဝင်သွားဖို့ လုပ်လိုက်တယ်။

သို့ပေမယ့် သူခြေတစ်လှမ်းတောင် မလှမ်းရသေခင်းမှာပဲ ရန်ကိုင်က သူ့ရှေ့ကနေ ပိတ်ရပ်လိုက်ပါတယ်။

‘‘သူမအစား ငါမင်းကိုအဖော်ပြုပေးမယ် ’’ ရန်ကိုင်က ဘီရှုမင်ကို မထူးခြားနားဟန်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်တယ်။

ဘီရှုမင်က မျက်မှောင်ကြုံ့လိုက်ပြီး သူ့မျက်နှာ အရုပ်ဆိုးသွားခဲ့ကာ ‘‘ တန်းလန်မင်းဆက် မိန်းမပျက်အတွက် မင်းတကယ်ပဲ ငါ့လမ်းမှာပိတ်ချင်နေတာလား ’’

‘‘ သူမကငါ့အစေခံလို့ ငါမင်းကိုပြောပြီးသွားပြီးပဲ။ ငါပဲ သူမကံကြမ္မာကို ဆုံးဖြတ်လို့ရမယ် ’’

‘‘ မင်းငါ့ပြိုင်ဘက်မဟုတ်ဘူး။ အခုငါ့လမ်းကနေ ထွက်သွားတော့…ငါမင်းကိုမသတ်ချင်ဘူး ’’ ဘီရှုမင်က စိတ်မရှည်စွာဖြင့် ပြောလိုက်တယ်။

‘‘ ငါတိုမတိုက်ပဲနဲ့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ ’’ ရန်ကိုင်က ကျောက်တုံးတစ်တုံးအလား အမူအရာကင်းမဲ့စွာဖြင့်

ရပ်နေခဲ့ါ့တယ်။

ဘီရှုမင်က ရန်ကိုင်မျက်လုံးထဲကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်တယ် ‘‘ ကောင်းပြီလေ။

မင်းကသေချင်နေမှတော့လည်း ငါ့ကိုရက်စက်တယ်ဆိုပြီး လာအပြစ်မတင်နဲ့ပေါ့ကွာ။ ငါမင်းကိုအရင်သတ်ပစ်မယ်။

ပြီးမှအဲ့တန်းလန်မင်းဆက်က မိန်းမပျက်မရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်မယ် ’’

ပြောပြီးတာနဲ့ ဘီရှုမင်က အားကုန်သုံးကာ ရန်ကိုင်ကို ရိုက်ချလိုက်ပါတယ်။ ထိုအခိုက်အတန့်၌ လူအုပ်ထဲကနေ ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဘီရှုမင်က အခုလိုမျိုး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားခဲ့တာ မဟုတ်ပါဘူး။ သူက အစစ်အမှန်ဒြပ်စင်အဆင့်လေး ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ရန်ကိုင်က အခုချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာလေ။

ကျင့်ကြံခြင်းအဆင့် ဒီလောက်ကွာခြားနေတာ ထိုလက်ဝါးချက်သာ ထိသွားခဲ့လို့ကတော့ ရန်ကိုင်မသေရင်တောင်

ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပါ။ ရန်ကိုင်က သူ့အသက်ကို ကယ်ခဲ့တာကို ထောက်ပြီး နည်းနည်းလေးတောင် ညှာတာဖို့ မစဉ်းစားခဲ့ပါဘူး။ ဘီရှုမင်က သူစိတ်ရှိတိုင်းသာ ပြုမူပြီး အကျင့်သိက္ခာဆိုတာမျိုးကိုလည်း ဂရုစိုက်သည့် ပုံမပေါ်ပါဘူး။

‘‘ ခဏနေဦး ’’ ဟန်ရှောင်ချီက အော်လိုက်တယ်။

ရီချင်းစီကလည်း ကြက်သွေးရောင် အရောင်အဝါကို ထုတ်လွှတ်ရင်း ပြေးဝင်သွားလိုက်တယ်။ ကျိမိုနှင့်လန်ရှန်းတို့နှစ်ယောက်စလုံးလည်း အံ့အားသင့်လွန်းလို့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြပါတယ်။

ထိုအချိန်အတွင်းမှာပဲ ရန်ကိုင်က ဘီရှုမင်ကို အသေအချာ စိုက်ကြည့်ရင်း တန်ပြန်လက်သီး ကျွေးလိုက်ပါတယ်။

အစစ်အမှန်ချီ နှင့်ယွမ်ချီတို့ ထိပ်တိုက်တွေ့သွားခဲ့ပြီး စွမ်းအင်လှိုင်းလုံးတွေ ပတ်ပတ်လည်ကို ပျံ့နှံ့သွားခဲ့ပါတယ်။

ဝုန်း…….

ဘီရှုမင်က ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းဒါဇင်ကျော်လောက် နောက်ပြန်ဆုတ်လိုက်ရပြီး ရန်ကိုင်ကတော့

နေရာမှာပဲ တောင်တစ်လုံးအလား မားမားမတ်မတ် ရပ်နေဆဲပါ။

ရီချင်းစီမှာ သူမရှေ့မှ မြင်ကွင်းကြောင့် မြေကြီးပေါ်ခလုတ်တိုက် လဲကျလုမတတ် ဖြစ်သွားခဲ့ရပါတယ်။

သူမခန္ဓာကိုယ်ပေါ်က ထွက်ပေါ်နေတဲ့ ကြက်သွေးရောင် အရောင်အဝါတို့လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီ

ဖြစ်ပြီး သူမရှေ့ကမြင်ကွင်းကိုသာ ကြည့်ရင်း ကြက်သေသေနေခဲ့ပါတယ်။

ကျိမိုနှင့်လန်ရှန်းတို့၏ မျက်လုံးထဲ အံ့အားသင့်သည့် အလင်းရောင်ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ကိုသာ ရှုပ်ထွေးသည့်

ခံစားချက်မျိုးစုံ ပါဝင်သည့် အကြည့်ဖြင့် ကြည့်လိုက်တယ်။

တာဝါတိုင်ကျိုးဘ၏ မျက်လုံးအစုံလည်း အကြိမ်အနည်းငယ်လောက် တွန့်သွားခဲ့ပါပြီ။

ချန်ယွဲ့ရှုနှင့် စုရှောင်းယုတို့၏ ပါးစပ်တွေဆို ကြက်ဥတစ်လုံး ဝင်နိုင်လောက်သည်အထိ အဟောင်းသားဖြစ်နေခဲ့ပါတယ်။

ထိုစီနီယာနှင့်ဂျူနီယာစုံတွဲတို့ အနေနဲံ စိတ်ကူးယဉ်အိမ်မက်တစ်ခုထဲ ရောက်နေသလားလို့တောင် ထင်နေခဲ့တာပါ။

………………

အားလုံး၏ မျက်နှာထက်တွင် အမူအရာတစ်မျိုးစီ ရှိနေခဲ့ပြီး အမူအရာစီတိုင်းကလည်း ရန်ကိုင်က ဘီရှုမင်ကို

အသာအယာ ပြန်တွန်းလွှတ်နိုင်တဲ့အတွက် အံ့အားသင့်သွားသည့် အမူအရာများသာ။

ချီသန့်စင်ခြင်းအဆင့်၈၊ အစစ်အမှန်ဒြပ်စင်အဆင့်၄………….

အဆင့်သေးငါးဆင့် ကွာတာကို မပြောရင်တောင် အစစ်အမှန်ဒြပ်စင်အဆင့်နှင့် ချီသန့်စင်ခြင်းအဆင့်ကြား

ဘယ်လောက်တောင် ကွာခြားချက်ကြီးမားလဲဆိုတာကို အားလုံးသိပါတယ်။

အစစ်အမှန်ဒြပ်စင်အဆင့်ကို မရောက်ခင်အထိ ယွမ်ချီကိုသာ အသုံးပြုရသေးပြီး အစစ်အမှန်ဒြပ်စင်အဆင့်ကို

ရောက်မှသာ အစစ်အမှန်ယွမ်ချီကို အသုံးပြုနိုင်တာပါ။

ထိုချီသန့်စင်ခြင်းအဆင့်နှင့် အစစ်အမှန်ဒြပ်စင်အဆင့်ကြား ကွာခြားချက်က အဆင့်တစ်ခုတည်းတင် မဟုတ်ပါဘူး။

မဟာဂျီးနီးယပ်တွေကလွဲလို့ ဘယ်ချီသန့်စင်ခြင်းအဆင့်ကမှ အစစ်အမှန်ဒြပ်စင်အဆင့် သိုင်းပညာရှင်ကို ပြန်မတိုက်နိုင်ပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ မယုံနိုင်စရာ အဖြစ်အပျက်ကြီးတစ်ခုကို သူတို့အားလုံး မျက်လုံးတပ်အပ် မြင်တွေ့နေခဲ့ရလေပြီ။ ဘီရှုမင်လည်း ရန်ကိုင်ကို ထိတ်လန့်တကြား စိုက်ကြည့်နေလိုက်မိတယ်ဘယ်ဘက်လက်နှင့် ညာဘက်လက်ကို ဆုပ်ကိုင်ထားရင်း သူ့ကိုယ်ထဲ ဝင်ရောက်လာသည့် ယန်ချီတွေကို

အမြန်အဆန် ချေဖျက်နေခဲ့ရပါတယ်။

သူ့ညာဘက်လက်တစ်ခုလုံး မီးတောက်နေသည့်အလား ရဲရဲနီနေခဲ့ပြီး အကောင်းဆုံးကြိုးစားနေသည့်တိုင် ထိုအနီရောင်

စွမ်းအင်တွေက သာမန်မျက်စိနှင့် မြင်နိုင်သည့်နှုန်းဖြင့် သူ့လက်မောင်းတစ်လျှောက် ပျံ့နှံ့နေတုန်းပါပဲ။

‘‘ မင်းယွမ်ချီ ……’’ ဘီရှုမင် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပြီး ‘‘ ဘာလို့အဲ့လောက် သန့်စင်နေရတာလဲ ’’

ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး လှုပ်ရှားမှုပညာရပ်ကို အသုံးပြုလိုက်တယ်။

သူ့ပုံရိပ်က အရိပ်တစ်ခုအလား ပျောက်ကွယ်သွားခဲ့ပြီး ချက်ချင်းပဲ ဘီရှုမင်ရှေ့ ပြန်ပေါ်လာကာ သူ့လက်ကိုမြှောက်လိုက်ပြီး

ရက်စက်သည့် လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်ပါတယ်။

ဘီရှုမင်လည်း အော်ဟစ်ကြုံးဝါးလိုက်ပြီး သူ့လက်ဝါးကိုမြှောက်ကာ ရန်ကိုင်လက်ဝါးချက်ကို ခုခံလိုက်ပါတယ်။

တိမ်လှုပ်လက်ဝါး……လက်ဝါးချက်တစ်ချက်တည်းနဲ့တင် တိမ်တွေကို လှုပ်ခါသွားစေနိုင်တဲ့အထိ အစွမ်းထက်ပါတယ်။

မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာရပ်တစ်ခုဖြစ်ပြီး အံ့မခန်းစွမ်းအားကို ပိုင်ဆိုင်ပါတယ်။

ရန်ကိုင်က ထိုလက်ဝါးချက်ကို ထိပ်တိုက်ပဲ ရင်ဆိုင်လိုက်ပါတယ်။

ဘုန်း…………

ဒီတစ်ကြိမ်မှာတော့ ရန်ကိုင်နောက်ပြန်ဆုတ်အောင် တွန်းအားပေးခံလိုက်ရပေမယ့် ခပ်မြန်မြန်ပဲ ပြန်တည်ငြိမ်သွားခဲ့ပြီး

နောက်ထပ်လက်သီးတစ်ချက် ထပ်ထိုးလိုက်ပါတယ်။

ဘီရှုမင်က အစောပိုင်းရန်ကိုင်၏ လက်ဝါးချက်ကြောင့် မှင်သေသေနေခဲ့တဲ့အတွက် နောက်တစ်ကြိမ်ရောက်လာတဲ့

ရန်ကိုင်၏ လက်သီးချက်ကို မရှောင်နိုင်တော့ပဲ ရန်ကိုင် လက်သီးချက်က သူ့ရင်ဘတ်တည့်တည့်ကို ထိမှန်သွားခဲ့ပါတယ်။

နေမီးတောက်ပေါက်ကွဲခြင်း…………

လွန်ခဲ့တဲ့ တစ်လက ရန်ကိုင်နှင့် ချီကျန်းရှန်တို့ တိုက်ခိုက်တုန်းကဆိုရင် သူ့နေမီးတောက်ပေါက်ကွဲခြင်း စွမ်းအားက

ချီကျန်းရှန်၏ အစစ်အမှန်ဒြပ်စင်အဆင့်၃ အစစ်အမှန်ချီ ချေဖျက်တာကို အလျင်အမြန်ပဲ ခံခဲ့ရကာ

ချီကျန်းရှန်းကို နည်းနည်းလေးတောင် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် အစစ်အမှန်ဒြပ်စင်အဆင့်၄ရောက်နေတဲ့ ဘီရှုမင်ကတော့ ချီကျန်းရှန်လို မလုပ်နိုင်ခဲ့ပါဘူး။

ပထမတစ်ချက်က ယန်မီးတောက် အရည်တစ်စက်ကြောင့် ရန်ကိုင်ယွမ်ချီက အရင်ကထက်ပိုပြီး သန့်စင်လာခဲ့ပပြီါ။

ဒုတိယတစ်ချက်က ချီကျန်းရှန်က ပထမတန်းစား ဂိုဏ်းဖြစ်တဲ့ ကြယ်ဓါးကိုးချောင်းဂိုဏ်းကဖြစ်ပြီး ဘီရှုမင်တော့

ဒုတိယတန်းစား ဂိုဏ်းကလာတာလေ။

သူတို့နှစ်ယောက်၏ ရရှိတဲ့ အမွေအနှစ်နှင့် ကျင့်ကြံခြင်းအခြေခံက မတူညီကြပါဘူး။

နေမီးတောက်ပေါက်ကွဲခြင်းပညာရပ်၏ တိုက်ရိုက်ထိမှန်ခြင်းကို ခံလိုက်ရတဲ့ ဘီရှုမင်မျက်နှာတစ်ခုလုံး သွေးမရှိတော့သည့်

အလား ဖြူလျော်သွားခဲ့ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရပါတယ်။

All Chapters