အခန်း (၂၅၁-၂၅၅)
Vol. 11 Ch. 251-255
အပိုင်း (၂၅၁)
ဘီရှုမင်က အရင်ဆုံး စတိုက်တာဖြစ်တဲ့အတွက် ရန်ကိုင်ကလည်း သက်ညှာပေးဖို့ စဉ်းစားမနေခဲ့ပါဘူး။
ဘီရှုမင်အသက်ကို သူကယ်ခဲ့ပေမယ့် ထိုကောင်က ကျေးဇူးတင်ရမယ့်အစား သူ့တစ်ကိုယ်ရည် တစ်ကာယအတွက်
ရန်ကိုင်ကို ဆန့်ကျင့်ဖို့ စဉ်းစားနေခဲ့တယ်။
အဲ့လိုကျွေးတဲ့လက်ကို ပြန်ကိုက်တတ်တဲ့ လူကိုအသက်ရှင်လျက် ထားတာက ကိုယ့်ဒုက္ခကိုယ်ရှာနေတာနဲ့ အတူတူပါပဲ။
ပြီးတော့ အရင်တုန်းကလည်း ဘီရှုမင်က သူ့ကိုအဆက်မပြတ် လှောင်ပြောင် ပြောဆိုနေခဲ့တာလေ။
ရန်ကိုင်က ပြီးခဲ့တာတွေပြီးပါစေတော့ ဆိုတဲ့လူစားမျိုး မဟုတ်ပါဘူး။ သူ့ကိုလာရန်စရင် သူက လက်စားပြန်ချေရမှ ကျေနပ့်မယ့် လူစားမျိုးပါ။
ဘီရှုမင်လည်း ရန်ကိုင်ကို ဆက်ပြီးအထင်မသေးရဲတော့ပဲ ကြောက်ရွံ့တုန်လှုပ်စွာဖြင့်သာ မကျေမနပ်ကြည့်လိုက်ပါတယ်။
အားအပြည့်သုံးပြီး နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ခွန်အားကို စုစည်းနေတုန်းမှာပဲ ရန်ကိုင်က သူ့ဆီပြေးဝင်လာလိုက်ပြီး သူံလက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်လိုက်တယ်။
သားရဲဝိဉာဉ်သိုင်းပညာရပ်……
အားမာန်ပါတဲ့ ဟိန်းသံနှစ်သံနှင့်အတူ ကြက်သွေးရောင်ကျားဖြူနှင့် နွားသိုးတို့ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်နှင့်အတူ
ဘီရှုမင်ဆီ ပြေးဝင်သွားလိုက်ပါတယ်။
သူ့ရှေ့က မြင်ကွင်းကိုကြည့်ရင်း ဘီရှုမင် တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး အလျင်စလိုနဲ့ ခုခံဖို့ ကြိုးစားလိုက်တယ်။ သားရဲပုံရိပ်နှစ်ခုနှင့် ရန်ကိုင်က ဘီရှုမင်ကို ရက်ရက်စက်စက် အဆက်မပြတ် တိုက်ခိုက်နေတဲ့အတွက်
အသက်ရှုချိန်သုံးရှိုက်စာအတွင်းမှာပဲ ဘီရှုမင်၏ရင်ဘတ်ထက်၌ နောက်ထပ်အပေါက်တစ်ပေါက် ထွက်ပေါ်လာခဲ့ရပါပြီ။
သွေးစိမ်းရှင်ရှင် ပန်းထွက်လာခဲ့ပြီး မြေကြီးပေါ်သို့ ဘီရှုမင်လဲကျသွားခဲ့သွားခဲ့လေပြီ။
သူ့မျက်လုံးတွေက ကောင်းကင်ကို ကြောင်ကြည့်နေခဲ့ပြီး ထိတ်လန့်မှုနှင့် မလိုလားမှုတို့ကို သူ့မျက်နှာထက်
အထင်းသား မြင်တွေ့နေခဲ့ရပါတယ်။
ရန်ကိုင်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့ အချိန် အားလုံးက သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေတာကို တွေ့လိုက်ရပါတယ်။ ချီသန့်စင်ခြင်းအဆင့်၈ ကျင့်ကြံသူတစ်ယောက်က အစစ်အမှန်ဒြပ်စင်အဆင့်၄ ကျင့်ကြံသူတစ်ယောက်ကို တစ်ခဏအတွင်း သတ်ပစ်နိုင်ခဲ့ပါတယ်။
ပြီးတော့ သူ့ကြည့်ရတာကလည်း ဘာမှ အားမစိုက်လိုက်ရသည့်ပုံပါ။ ကျိမိုနှင့်လန်ရှန်းတို့နှစ်ယောက်ကတော့ ပိုပြီး အံ့အားသင့်နေခဲ့ပါတယ်။
သူတို့နှစ်ယောက်က ရန်ကိုင်နှင့် တော်တော်ကြာကြာလေး နေခဲ့ဖူးတယ် ဆိုပေမယ့် ရန်ကိုင် တိုက်ခိုက်တာကိုတော့ တစ်ခါမှ မတွေ့ဖူးပါဘူး။
မိစ္ဆာသားရဲတွေနဲ့ တိုက်ခိုက်တုန်းကတောင် ရန်ကိုင်က ချီသန့်စင်ခြင်းအဆင့်၈ထက် အနည်းငယ်လေးသာ သာသည့်
ခွန်အားကိုသာ ဖော်ပြခဲ့တာလေ။
ရန်ကိုင်က ထူးခြားတဲ့သိုင်းပညာရပ်တစ်ခုကိုသုံးပြီး သူတို့နှစ်ယောက်ကို ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သူတို့နှစ်ယောက်စလုံး တွေးတောနေခဲ့တာပါ။
ထို့ကြောင့် သူ့နှိပ်စက်မှာကို ကြောက်တာကလွဲလို့ သူ့အပေါ် နည်းနည်းလေးတောင် အထင်မကြီးပါဘူး။
သူမတို့အမြင်မှာတော့ ရန်ကိုင်ဆိုတာ ချီသန့်စင်ခြင်းအဆင့်၈သာ ရှိသေးတဲ့ ပေါက်စလေး တစ်ကောင်သာပါ။
ထိုအကြောင်း ပြောလိုက်တိုင်း သူမတို့၏နှလုံသားတွေက ခါးသီးမှုတို့ဖြင့် ပြည့်နေခဲ့ရသည် မဟုတ်ပါလား။
ဒါပေမယ့် အခုအချိန်မှာတော့ သူမတို့နှစ်ယောက်စလုံး ရန်ကိုင်ကို အထင်သေးမိသွားပြီဆိုတာ ကျိမိုနှင့်လန်ရှန်းတို့ နားလည်သွားလိုက်ပါပြီ။ ဘီရှုမင်က အစစ်အမှန်ဒြပ်စင်အဆင့်၄ သိုင်းပညာရှင် တစ်ယောက်ဖြစ်တဲ့အတွက် လန်ရှန်းသာ သူနဲ့တိုက်ခိုက်မယ်ဆိုရင် အနိုင်အရှုံး ကွဲပြားလိမ့်မည် မဟုတ်ပါဘူး။
ကျိမိုဆိုရင်တောင် သူ့ကိုသတ်နိုင်ဖို့ တော်တော်လေး အားစိုက်ထုတ်ရမှာပါ။ ဒါပေမယ့် ရန်ကိုင်ကတော့ ဘီရှုမင်ကို ဘာမှ အားမစိုက်ထုတ်ပဲ သတ်သွားခဲ့သည်လေ။
ထိုကွာခြားချက်ကို သတိပြုမိလိုက်တာနဲ့ လန်ရှန်းနှင့်ကျိမိုတို့ နှစ်ယောက်စလုံး တုန်ရီသွားခဲ့ပြီး အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်သွားခဲ့ပါတယ်။
ဒါပေမယ့် နောက်ဆုံးတော့လည်း အားလုံးအတူတူပါပဲ။
ဘီရှုမင်ကိုသတ်ပြီးနောက် ရန်ကိုင်က ဘီရှုမင်၏ ဂျူနီယာလေးကို လှည့်ပြီး ကြည့်လိုက်ပါပြီ။
ထိုလူက တစ်ချိန်လုံး အဆက်မပြတ် ကျိန်ဆဲနေခဲ့ပြီး ကျိမို၏ကျင့်ကြံခြင်းကို ဖျက်ဆီးပေးဖို့ သူ့စီနီယာအစ်ကိုကို
မရမကတောင်းဆိုးနေခဲ့တာပါ။
ဘီရှုမင်က ရန်ကိုင်နှင့် တိုက်ခိုက်နေတဲ့အချိန်အတွင်းမှာလည်း သူ့ပါးစပ်က နားမနေပဲ တစ်ချိန်လုံး ကျိန်ဆဲစကားတွေကိုပဲ
ပြောဆိုနေခဲ့သည်လေ။
ဒါပေမယ့် အခုအချိန်မှတော့ အနေသည့်အလား အသံတစ်သံတောင် မထွက်တော့ပါဘူး။
ရန်ကိုင်ကို ကြောက်လန့်တကြား ကြည့်နေတဲ့အချိန် ရန်ကိုင်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့ဘက်လှည့်လာတာကို
မြင်လိုက်ရချိန်မှာတော့ သူ့မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့လေပြီ။
ရန်ကိုင်က အားလုံးရှေ့မှာတောင် ဘီရှုမင်ကို သတ်ရဲမှာတော့ကို သူ့ကိုသတ်ရဲလား၊ မသတ်ရဲဘူးလားဆိုတာကို
ပြောနေစရာတောင် မလိုတော့ပါဘူး။
သားရဲပုံရိပ်နှစ်ခုက မာန်ဟုန်သွင်းလိုက်ပြီး သူ့ဆီ ပြေးဝင်သွားလိုက်ပါတယ်။
‘‘ မဟုတ်ဘူး…ရပ်လိုက်ပါ ’’ သွေးရူးသွေးတန်းနှင့် မတ်တပ်ရပ်ဖို့ ကြိုးစားရုန်းကန်ရင်း ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။
ဒါပေမယ့် သူ့ဒန်တန်ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် သူ့မှာ ကျင့်ကြံခြင်း ခွန်အားတို့ မရှိတော့ဘူးလေ။
သူ့မှာ ချီစွမ်းအင် တစ်စက်ကလေးတောင် မရှိတော့ပြီဖြစ်တဲ့အတွက် ထိုသားရဲပုံရိပ်နှစ်ခုက ထွက်ပြေးမလွတ်မြောက် နိုင်ခဲ့ပါဘူး။
ခဏလေးအတွင်းမှာပဲ ကျားဖြူနှင့် နွားသိုးပုံရိပ်က သူ့ကို မှီသွားခဲ့ပြီး ဝိုင်းကိုက်ကြပါတော့တယ်။
နာကျင်စွာအော်ဟစ်သံနှင့် တောင်ပန်တိုးလျှိုးသံတို့ နာမခံသာအောင် ထွက်ပေါ်လာခဲ့ပါတယ်။
ဟန်မင်းဆက်မှ သိုင်းပညာရှင်တို့၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး အချို့လူတွေက ဝင်ပြောဖို့လုပ်ခဲ့ပေမယ့် သူတို့လည်ချောင်းထဲကနေ စကားတစ်လုံးမှ ထွက်မလာခဲ့ပါဘူး။
အသက်ရှုချိန် တစ်ရှိုက်စာ ကုန်ဆုံးပြီးနောက်မှာတော့ ထိုနမခံသာစရာ ကောင်းတဲ့အသံလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။
ရန်ကိုင်က လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရုပ်တည်တည်ဖြင့် ဆက်ပြီး လမ်းလျှောက်သွားလိုက်တယ်။
ကျိမိုနှင့်လန်ရှန်းတို့နှစ်ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ခံစားချက်မျိုးစုံ ရောထွေးနေသည့် အကြည့်ဖြင့် ရန်ကိုင်ကို ကြည့်လိုက်ပါတယ်။
အခုအချိန်၌ ထိုမိန်းမနှစ်ယောက်က ရန်ကိုင်ကို တကယ် လေးစားမိသွားခဲ့ပါပြီ။
သူတို့ဝိဉာဉ်တွေကို ထိန်းချုပ်တဲ့ ရန်ကိုင်၏ နည်းလမ်းကို ဘေးဖယ်ထားရင်တောင် ကောင်းကင်ကို အံတုနိုင်သည့်
သူ့ခွန်အားသက်သက်နဲ့တင် သူမတို့နှစ်ယောက်ကို သိမ်းသွင်းနိုင်ပါတယ်။
သူတို့သာ တကယ်တမ်း ရင်ဆိုင်တိုက်ခိုက်ကြမယ်ဆိုရင် လန်ရှန်းက ရန်ကိုင်ပြိုင်ဘက် လုံးဝမဖြစ်နိုင်ပါဘူး။
ကျိမိုတောင် မခုခံနိုင်လောက်ပါဘူး။ ဒါပေမယ့် နောက်ဆုံး သူမ နိုင်၊မနိုင်ကိုတော့ သူမလည်း သေချာမသိတော့ပါ။
နိုင်လောက်မယ်လို့တော့ ငါမထင်ဘူး ရန်ကိုင်ထုတ်ဖော်ပြသခဲ့သည့် ခွန်အားအကြောင်းကို ပြန်တွေးလိုက်ရင်း
ကျိမိုက သူမဘာသာ သူမတွေးလိုက်ပါတယ်။
သူဘယ်လိုတောင် လေ့ကျင့်တာလဲမသိဘူး။
ချီသန့်စင်ခြင်းအဆင့်၈ ကျင့်ကြံသူတစ်ယောက်က ဘာလို့ အဆင့်ကြီးတစ်ဆင့် ကျော်ပြီးတိုက်နိုင်ရတာလဲ။
ဒီနေရာကိုလာတဲ့ လူအားလုံးက သူတို့ဂိုဏ်းအသီးသီးရဲ့ လက်ရွေးစင်တွေချည်းပါပဲ။
သူတို့ထဲတွင် အဆင့်ကျော်ပြီး မတိုက်နိုင်တဲ့လူမရှိပါဘူး။
ဒါပေမယ့် ရန်ကိုင်ဖော်ပြခဲ့တဲ့ စွမ်းအားအောက်မှာတော့ သူတို့ရဲ့ အောင်မြင်မှုတွေက မပြောပလောက်တော့ပါဘူး။
ရန်ကိုင်ဆိုတာ လက်ရွေးစင်တွေလို့ခေါ်တဲ့ လက်ရှိအဖွဲ့ထဲမှာမှ တကယ့် လက်ရွေးစင်တစ်ယောက်ပါ။
လူတိုင်းက ကိုယ်ပိုင်အတွေးကိုယ်စီ တွေထဲ စီးမျောနေခဲ့တယ်။
အကယ်၍ ရန်ကိုင်သာ ပြည့်ဝသည်အထိ ကြီးထွားခဲ့မယ်ဆိုရင် ဟန်မင်းဆက်၏ အထွတ်အထိပ်မှာ ရပ်တည်နိုင်မည်
ဆိုတာကို သံသယရှိစရာမလိုပါဘူး။
‘‘ ကျေးဇူးပဲ ’’ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ကျိမိုက တိုးတိုးတိတ်တိတ်နှင့် ပြောလိုက်ပါတယ်။
ရန်ကိုင်က သူမဘက်လှည့်ကြည့်လိုက်ပြီး ဖွဖွလေး ပြုံးလိုက်ကာ
“ အထင်မလွဲနဲ့။ ငါနင့်အတွက် တိုက်ပေးခဲ့တာ မဟုတ်ဘူး “
ကျိမိုအမူအရာ ရုတ်တရက် တောင့်တင်းသွားခဲ့ပြီး
‘‘ နင်သူ့ကိုသတ်ခဲ့တာက သူနင့်ကိုလှောင်ပြောင်လို့ပေါ့၊
ဟုတ်လား ’’
‘‘ အင်း၊ ဟုတ်တယ် ’’ ရန်ကိုင်က ပြန်ပြီးခေါင်းညိတ်ပြလိုက်တယ်။
ကျိမိုပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး နောက် ရှက်ကိုးရှက်ကန်းပြုံးလိုက်ကာ ‘‘ မကျေနပ်တာရှိရင် ဖြေရှင်းတတ်တဲ့ ယောကျာ်းဆိုတာ နင့်လိုလူမျိုးကိုပြောတာဖြစ်မယ်။ ဒါပေမယ့်….နင့်ခွန်အားက တကယ်ပဲ အံ့အားသင့်စရာကောင်းတယ်။
ကြည့်ရတာ ငါနင့်ကိုအထင်းသေးမိပြီနဲ့တူတယ် ’’
‘‘အိုး၊ နင်ကငါ့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ ပြကွက်ကို ကြိုက်သွားတာပေါ့။ နင့်ကိုယ်နင် ငါ့ကိုပေးအပ်ချင်နေပြီလား ’’
ရန်ကိုင်က ရယ်မောပြီး နောက်ပြောင်လိုက်ပါတယ်။
ရန်ကိုင်ပြောတာကို ကြားလိုက်တာနဲ့ မနှစ်မြို့ဖွယ်ကောင်းတဲ့ အဖြစ်အပျက်တွေကို ကျိမိုပြန်သတိရလိုက်မိသွားပါတယ်။
သူမအမူအရာ ချက်ချင်းအေးစက်သွားခဲ့ပြီး အံကြိတ်ရင်း ပြောလိုက်တယ် ‘‘ အနှေးနဲ့အမြန်တော့၊ ငါနင့်ကို
ပြန်ပေးဆပ်ရအောင် လုပ်ပြမယ် ’’
‘‘ဟားဟားဟား၊ ငါကမကျေနပ်တာရှိရင် ဖြေရှင်းတတ်တဲ့ ယောကျာ်းတစ်ယောက်လို့ နင်ပဲပြောခဲ့တာနော်။
အခုငါ့ရှေ့မှာ ငါ့ကိုကျိန်ဆဲတာက ကောင်းတဲ့အပြုအမူ တစ်ခုတော့ မဟုတ်ဘူးလားလို့ ’’ ရန်ကိုင်က နောက်ပြောင်ပြောဆိုလိုက်ပါတယ်။
ကျိမိုမျက်နှာက သံပုရာသီးဝါး လိုက်ရသည့်အလား ရှုံ့မဲ့သွားခဲ့ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့။ ပါဘူး
သူမသာဆက်ပြီး ကံစမ်းနေရင် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်တာမှ မဟုတ်တာ။
ထိုကောင်စုတ်သာ ဒေါသထွက်ပြီး သူမအသတ်ကို ယူဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင် ဒါမှမဟုတ် သူမ၏သန့်စင်မှုကို
ယူဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင် သူမမှာငိုဖို့ အခွင့်အရေးတောင် ရှိလိမ့်မည် မဟုတ်ပါဘူး။
တစ်ခဏကြာပြီးနောက် ခြေသံတွေကိုကြားလို့ ရန်ကိုင်လှည့်ကြည့်လိုက်တဲ့အချိန် ချန်ယွဲ့ရှုနှင့်စုရှောင်းယုတို့
ဦးဆောင်လာတဲ့ ဟန်မင်းဆက်က သိုင်းပညာရှင် အဖွဲ့က သူ့ဆီလာနေတာကို တွေ့လိုက်ရတယ်။
ရန်ကိုင်က နေရာမှာပဲ မတ်တပ်ရပ်နေခဲ့ပြီး တိတ်တဆိတ် စောင့်ကြည့်နေလိုက်တယ်။
ရီချင်းက တောက်ပစွာပြုံးလိုက်ပြီး သူနှင့်ရင်းနှီးနေတဲ့အခြာသူတွေကလည်း မနှစ်သက်သည့် အရိပ်အယောင် အနည်းငယ်တောင် မပြခဲ့ပါဘူး။
သူနှင့်မရင်းနှီးသည့် သူအချို့၏ မျက်နှာထက်တွင်သာ မနှစ်သက်သည့် အရိပ်အယောင်အချို့ကို မြင်တွေ့နေခဲ့ရပါတယ်။
ရန်ကိုင်က ဘီရှုမင်ကို သတ်ဖြတ်ခဲ့ပြီး ဘီရှုမင်၏ ဂျူနီယာညီလေးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။
ထိုရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူက လူများစွာကို မသက်မသာဖြစ်စေခဲ့တာတော့ အမှန်ပါ။
ဒါပေမယ့် နောက်ဆုံးမှာတော့ အားလုံးထဲမှာ သွေးနဲ့ကင်းလွတ်တဲ့သူဆိုတာ မရှိတဲ့အတွက် ရန်ကိုင်ဘာလို့
ထိုကဲ့သို့လုပ်ရလဲဆိုတာ သူတို့အားလုံးနားလည်သွားခဲ့ပြီး ရန်လိုသည့်အရိပ်အယောင် မပြတော့ပဲ သူ့အပြုအမူတွေကို
လက်ခံသွားခဲ့ပါတယ်။
ဘီရှုမင်နှင့်သူ့ဂျူနီယာညီလေးတို့နှစ်ယောက်က ရန်ကိုင်အဖွဲ့ထဲ စဝင်လာတုန်းက သူ့ကိုအဆက်မပြတ် ရန်စနေခဲ့တာလေ။
ပြီးတော့ အခုအဖြစ်အပျက်ကလည်း သူတို့အရင်စလို့ ဖြစ်တာပဲ မဟုတ်ပါလား။ ထို့ကြောင့်ဘီရှုမင်နှင့်သူ့ဂျူနီယာညီလေးတို့နှစ်ယောက်၏ သေဆုံးခြင်းအတွက် အားလုံးက ရန်ကိုင်ကို အပြစ်တင်လိမ့်မှာ
မည်မဟုတ်ပါဘူး။
ချန်ယွဲ့ရှုနှင့် စုရှောင်ယုတို့နှစ်ယောက်က ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ပြီး သွေးလုံးတွေကို ပေးလိုက်ကာ
‘‘ အဲ့သွေးလုံးတွေက ယောင်ဟီ၊ယောင်ရှီနဲ့ အစောပိုင်းတိုက်ပွဲတုန်းက ရခဲ့တဲ့ဟာတွေ ပေါင်းထားတာ။
စုစုပေါင်း သွေးလုံး၈၂လုံးရှိတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ ညီအစ်ကိုရန် ’’
ရန်ကိုင်က သူတို့နှစ်ယောက်ကို တစ်ခဏကြာအောင် ကြည့်နေလိုက်ပြီးနောက် နောက်ဆုံးမှာတော့ မငြင်းဆန်ခဲ့ပါဘူး။
သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုနှစ်ယောက်ပေးတဲ့ သွေးလုံးတွေကို လက်ခံယူ ထားလိုက်ပါတယ်။
သားရဲတွေကို အားလုံးအတူတူပူးပေါင်းပြီး သတ်ခဲ့တာ ဆိုပေမယ့် ရန်ကိုင်ကြောင့်သာ မဟုတ်ရင် သူတို့လွတ်လပ်မှုကို ပြန်ရခဲ့ပါ့မလား။
သွေးလုံးတွေနဲ့ယှဉ်ရင် ယောင်ဟီနှင့်ယောင်ရှီလက်ထဲက လွတ်မြောက်နိုင်ခဲ့တာကမှ တကယ့်အကျိုးအမြတ်ကြီးပါ။
ပြီးတော့ တိုက်ပွဲပြီးတဲ့အချိန်တုန်းက ရန်ကိုင်က သူတို့ဆီကို ကုသရေးဆေးလုံးတွေ အလကားဝေပေးခဲ့သေးတယ်လေ။
‘‘ဒါတွေက ဟိုလေးယောက်ကနေ ဖြစ်လာတဲ့သွေးလုံးတွေ။ အဲ့သွေးလုံးလေးလုံစလုံးက အစစ်အမှန်ဒြပ်စင်အဆင့်
ကျင့်ကြံသူတွေဆီကနေ လာတာနော် ’’ ရီချင်းက နွေးထွေးစွာ ပြုံးပြလိုက်ပြီး သွေးလုံးလေးလုံးစလုံးကို ရန်ကိုင်လက်ထဲ
ထည့်ပေးလိုက်ပါတယ်။
ရန်ကိုင်ကိုကြည့်ရင်း အားလုံးမနာလို မိကြပါတယ်။
ဒါပေမယ့် သူတို့ဘယ်လောက်ပဲ မနာလို၊မရှုစိမ့်ပစေ ဘယ်သူမှ ကျေးဇူးမသိတတ်တဲ့လူ မဖြစ်ချင်ကြပါဘူး။
ချန်ယွဲ့ရှုက လက်သီးဆုပ်လိုက်ပြီး ဦးညွှတ်ကာ ‘‘ ငါတို့အသက်ကို ကယ်ပေးလို့ ညီအစ်ကိုရန်ကို တကယ်ပဲ
ကျေးဇူးတင်ပါတယ်။ ဒီအကြွေးကို ငါအမြဲတမ်း အမှတ်ရနေပါ့မယ်။ အနာဂတ်မှာ ဒီအကြွေးကိုပြန်ဆပ်နိုင်မယ့်
အခွင့်အရေး ရခဲ့မယ်ဆိုရင် ငါလုံးဝတုန့်ဆိုင်းနေမှာမဟုတ်ဘူး ’’
လူဒါဇင်ကျော်ကလည်း ချန်ယွဲ့ရှုအတိုင်း လက်သီးဆုပ်ပြီး ခပ်မြန်မြန်ပဲ ကျေးဇူးတင်လိုက်ကြပါတယ်။
ရန်ကိုင်ကလည်း လူအုပ်ကြီး၏ ရိုးသားကျေးဇူးတင်မှုကို ယဉ်ကျေးစွာပဲ တုန့်ပြန်လိုက်ပါတယ်။
ဘီရှုမင်သေတဲ့ကိစ္စကို တစ်ယောက်မှ စကားမဟကြတော့ပါ။
အခုအသက်ရှင်နေတဲ့လူအားလုံး ဒီနေရာကနေ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်ခဲ့မယ်ဆိုရင် ဘယ်သူကမှ ထိုကိစ္စ သေးသေးလေးအတွက်နဲ့ အထက်ကို ပြန်ပြီးတင်ပြနေလိမ့်မည် မဟုတ်ပါဘူး။ ဒီသီးခြားကမ္ဘာကြီးထဲမှာ သေတယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စမှမဟုတ်တာ။
ရန်ကိုင်က ဘီရှုမင်ကို သတ်ခဲ့တယ်လို့ တစ်ယောက်ယောက် ထုတ်မပြောသရွေ့ ဘယ်သူကမှ ရန်ကိုင်ကို
သွားပြဿနာရှာလိမ့်မည် မဟုတ်ပါဘူး။
ထိုအချက်ကို ဘယ်တုန်းကမှ မဆွေးနွေးခဲ့ပေမယ့် အားလုံးတိတ်တဆိတ် နားလည်ထားကြပါတယ်။ ။
လေထုကလည်း တဖြည်းဖြည်း ပြန်လည်ပျော်ရွှင်စရာ ကောင်းလာခဲ့ပြီး အရင်တုန်းက တည်ရှိခဲ့တဲ့ သူတို့ကြားက ကြောက်ရွံ့မှုတွေလည်း ပျောက်ကွယ်ကုန်ပါပြီ။
တစ်ခုတည်းသော ကတိကအောက် ဖြစ်စရာအချက်က ကျိမိုအပေါ်အားလုံး၏ အမြင်ပါပဲ။
သူမသာ ဟန်မင်းဆက်က သိုင်းပညာရှင် တစ်ယောက် ဖြစ်မယ်ဆိုရင် အားလုံးက အပြုံးပန်းဆင်ပြီး အရင်တုန်းက မကျေနပ်ချက်တွေကို ကျေအေးသွားစေလိုက်မှာပါ။
ဒါပေမယ့် ကျိမိုက တန်းလန်မင်းဆက်က သိုင်းပညာရှင် တစ်ယောက်ဖြစ်တဲ့အပြင် အရင်တုန်းက သူတို့ကိုဝိုင်းတိုက်ခိုက်ခဲ့တဲ့
အဖွဲ့ထဲလည်း သူမပါခဲ့ပါသေးတယ်။
အချို့လူတွေက ဘာမှမဖြစ်ရင်တောင် အများစုကတော့ ကျိမိုကို မကျေနပ်ကြသေးပါဘူး။
ကိုယ်မသိတဲ့၊ ကိုယ့်ကိုဒုက္ခပေးခဲ့ဖူးတဲ့ အပြင်လူတစ်ယောက်နှင့် မပေါင်းသင်း၊ မပြောဆိုတာ သဘာဝပါပဲ။
ကျိမိုကလည်း ငတုံးတစ်ယောက်မဟုတ်တဲ့အတွက် ထိုအချက်ကို ကောင်းကောင်း နားလည်ထားပါတယ်။
ထို့ကြောင့် ဘေးမှာပဲ သူမဘာသာတစ်ယောက်တည်း အေးအေးဆေးဆေး မတ်တပ်ရပ်နေခဲ့တာပေါ့။
အချိန်တစ်ခဏလောက် စကားပြောပြီးနောက် ရန်ကိုင်ချန်ယွဲ့ရှုကို ကြည့်ပြီး ရုတ်တရက်မေးလိုက်ပါတယ်
‘‘ ညီအစ်ကိုချန်၊ မေးစရာတစ်ခုခု ရှိလို့လား ’’
ရန်ကိုင်ကို ပြောတာကို ကြားလိုက်တာနဲ့ ချန်ယွဲ့ရှုက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ‘‘ ငါတို့မှာ ညီအစ်ကိုရန်ကို
နောက်ထပ်မေးစရာလေး တစ်ခုရှိသေးတယ် ’’
‘‘ မေးလေ ’’ ချန်ယွဲ့ရှုက သူ့ရဲ့ဒန်တန်ကို လက်နဲ့ဖုံးလိုက်ပြီး ‘‘ ငါတို့ဒန်တန်ထဲက အင်းဆက်တွေက….အသက်ရှင်နေသေးလား ’’
ယောင်ဟီနှင့်ယောင်ရှီတို့က သေသွားပြီဖြစ်ပေမယ့် သူတို့ချန်ထားရစ်ခဲ့တဲ့ အင်းဆက်တွေက ဟန်မင်းဆက်က သိုင်းပညာရှင် တွေအတွက် ခေါင်းခဲစရာ ဖြစ်နေတုန်းပင်။ ရန်ကိုင်က ကျိမိုဘက်လှည့်ကြည့်လိုက်ပြီး မျက်စပစ်ကာ မေးလိုက်တယ် ။
ကျိမိုကတော့ မထူးခြားနားဟန်ဖြင့်သာ ပြန်ပြောလိုက်ပါတယ် ‘‘ ဟုတ်တယ်၊ အဲ့အင်းဆက်တွေက နင်တို့ကိုယ်ထဲမှာ
အသက်ရှင်နေသေးတယ် ’’
လူတိုင်း၏အမူအရာ ရုတ်တရက် ခါးသီးသွားခဲ့ပြီး အားလုံးက ကျိမိုကိုတစ်ပြိုင်တည်း ကြည့်လိုက်ကြလေပြီ. ။
Martial Peak
အပိုင်း (၂၅၂)
ရန်ကိုင်က မျက်မှောင်ကြုံ့ပြီး ဆက်မေးလိုက်သည် ‘‘ နင့်မှာအဲ့အင်းဆက်တွေကို ဖယ်လို့ရမယ့် နည်းလမ်းရှိလား ’’
‘‘ အဲ့အင်းဆက်တွေက ငါထည့်သွင်းပေးခဲ့တဲ့ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေ မဟုတ်ဘူး ’’
ကျိမိုက ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည် ‘‘ ဒါပေမယ့် နင်စိတ်ပူစရာ ဘာမှမလိုဘူး။ အဲ့အင်းဆက်တွေက
အသက်ဆက်ပြီး ရှင်ဖို့အတွက်နင်တို့ယွမ်ချီနည်းနည်းကိုပဲ စုပ်ယူမှာ။ အမိန့်ပေးတဲ့သူမရှိပဲနဲ့ အဲ့အင်းဆက်တွေက နင်တို့ကို
ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး။ ကောင်းကင်စိတ်အာရုံကို စတင်လေ့ကျင့်နိုင်တာနဲ့ အဲ့ဒီအင်းဆက်တွေကို နင်တို့ကိုယ်ထဲကနေ
ထုတ်ဖို့ဆိုတာ အလွယ်လေးဖြစ်သွားပြီ။ နင်တို့ မစောင့်နိုင်ဘူးဆိုရင်လည်း ဂိုဏ်းကိုပြန်ရောက်တာနဲ့ နင်တို့ရဲ့ အကြီးအကဲတွေကို လုပ်ခိုင်းလိုက်ပေါ့ ’’
ထိုအင်းဆက်တွေက အဆင့်အနိမ့်ဆုံး ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေပဲ ဖြစ်ပါတယ်။
ထိုအင်းဆက်တွေက အပူကိုကြောက်သည့်အပြင် ကောင်းကင်စိတ်အာရုံကိုသုံးပြီးတော့လည်း ထိုအင်းဆက်တွေကို အလွယ်တကူ ရင်ဆိုင်နိုင်ပါတယ်။
ဒါပေမယ့် သူမပြောပြီးတာနဲ့ အားလုံး မျက်မှောင်ကြုံ့လိုက်ကြပါပြီ။
သူတို့ကျိမိုကို ယုံနိုင်၊မယုံနိုင်ဆိုတာ မသေချာသေးပါဘူး။
ပြီးတော့ ကျိမိုက အမှန်ကိုပြောနေတယ်ဆိုရင်တောင် ကိုယ့်ကိုအချိန်မရွေး ဒုက္ခပေးနိုင်တဲ့ အင်းဆက်တစ်ကောင် ကိုယ့်ဒန်တန်ထဲမှာ ရှိနေတာက သူတို့ကို တကယ်ပဲ စိတ်မသက်မသာ ဖြစ်စေပါတယ်။
သူတို့သာ သေခြင်း၊ရှင်ခြင်းတိုက်ပွဲကို ဆင်နွဲနေတဲ့အချိန် ထိုအင်းဆက်သာ လှုပ်ရှားလိုက်မယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်တွေက မတွေးတာဝံ့စရာပါ။
အားလုံး၏ အမူအရာကို မြင်လိုက်တာနဲ့ ကျိမိုက ကျီစယ်လိုဟန်ဖြင့် ပြုံးလိုက်ပြီး ပြောလိုက်တယ် ‘‘ နင်တို့အဲ့အင်းဆက်တွေကို
အခုချက်ချင်း ဖယ်ချင်တယ်ဆိုရင်တော့ ငါ့မှာနည်းလမ်းတစ်ခုတော့ ရှိတယ်။ နင်တို့စမ်းကြည့်ချင်လား ’’
အားလုံး၏ အမူအရာချက်ချင်း ခါးသီးသွားခဲ့ပြီး ရန်ကိုင်ကို တစ်ပြိုင်တည်း ကြည့်လိုက်ကြလေပြီ။
သူတို့ကျိမိုကို မယုံကြသေးပါဘူး။
အကယ်၍ ထိုတန်းလန်မင်းဆက် မိန်းမသာ မကောင်းကြံစိတ်ဖြင့် သူတို့တွေကို ထိန်းချုပ်လိုက်မယ်ဆိုရင်………
ဒါပေမယ့် သူတို့သဘောမတူဘူးဆိုရင်လည်း စနက်ဗုံးတစ်လုံးလို ဖြစ်နေတဲ့ အင်းဆက်ကိုသာ သူတို့ဒန်တန်ထဲမှာပဲ
နေခိုင်းရတော့မှာလေ။
ကျိမိုက လှောင်ပြောင်လိုက်ပြီး ထိုလူတွေဘာတွေးနေလဲဆိုတာကို သတိပြုမိသည့်အလား ပြောလိုက်တယ် ‘‘ ငါနင်တို့ကို
မကူညီပေးနိုင်ပေမယ့် ငါ့သခင်ကတော့ ကူညီပေးနိုင်လိမ့်မယ် ’’
‘‘ နင့်သခင်………..’’ ချန်းယွဲ့ရှုက ကိုးယိုးကားယားနှင့် ချောင်းဟန့်လိုက်ပါတယ်။
ရန်ကိုင်မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ကျိမိုကို ခါးသီးစွာဖြင့် လှမ်းကြည့်လိုက်တယ်။
‘‘ ညီအစ်ကိုရန်၊ သူမကတကယ်ပဲ ညီအစ်ကိုရန်ရဲ့ အစေခံလား ’’ ချန်ယွဲ့ရှုက ရန်ကိုင်ကို မနာလိုစွာဖြင့် ကြည့်လိုက်ပါတယ်။
သူ့ကြည့်ကို သတိပြုမိလိုက်တာနဲ့ ဘေးနားမှာရှိနေတဲ့ စုရှောင်းယုက ချက်ချင်းပဲ သူ့ခါးကိုလိမ်ဆွဲပါတော့တယ်။
ချန်ယွဲ့ရှုမျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့ပေမယ့် ဘာမှတော့ ပြန်မပြောရဲခဲ့ပါဘူး။
‘‘ သူမက မဟုတ်တုတ်ကတွေ လျှောက်ပြောနေတာ။ တကယ်ဆို သူမက ငါကိုမြန်မြန် သေစေချင်နေတာ ’’ ရန်ကိုင်က ခပ်ပြတ်ပြတ်ပဲ
ငြင်းဆန်လိုက်ပြီး နှာခေါင်းရှုံ့ကာ မျက်မှောင်ကြုံ့လိုက်တယ် ‘‘ ဒါပေမယ့် င့ါမှာနည်းတစ်ခုတော့ ရှိတာတော့ဟုတ်တယ်။
ဒါပေမယ့် လူသားတစ်ယောက်အပေါ်မှာတော့ တစ်ခါမှ မစမ်းသပ်ကြည့်ဖူးသေးဘူး ’’
ရန်ကိုင်၏ယန်ယွမ်ချီက ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တို့ရဲ့ အိမ်မက်ဆိုးပါ။
အခုဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေကို အမိန့်ပေးမယ့်လူမရှိတော့တဲ့အတွက် သူသာ ယန်ယွမ်ချီကို
သေချာအသုံးချမယ်ဆိုရင် သီအိုရီအရဆိုရင်တော့ ထိုအင်းဆက်တွေကို သူတို့ရဲ့ခန္ဓာကိုယ်ထဲကနေ ထုတ်ပယ်နိုင်လောက်ပါတယ်။
အရင်တုန်းက အဆင့်ငါးသားရဲဖြစ်တဲ့ ရွှေအရိပ်ကျားသစ်ခေါင်းထဲကနေ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို သူတစ်ကြိမ်ထုတ်ယူခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီတစ်ကြိမ်က သားရဲအစာ လူသားဖြစ်တဲ့အတွက် အရင်လို မဆင်မခြင် မလုပ်ရဲတော့ပါဘူး။
သူတို့အားလုံးက ဂိုဏ်းအသီးသီးရဲ့ လူငယ်လက်ရွေးစင်တွေဖြစ်ပြီး ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေ သူတို့ရဲ့ဒန်တန်ထဲမှာ
ရှိနေတာလေ။ တစ်ချက်ကလေး မှာသွားတာနဲ့ ဒန်တန်တစ်ခုလုံး ပျက်စီးသွားနိုင်တဲ့အထိ အကျိုးဆက်က ပြင်းထန်နိုင်ပါတယ်။
ရန်ကိုင်တုန့်ဆိုင်းနေတာကို မြင်ရတော့ အားလုံးမလွယ်ကူသလို ခံစားလိုက်ရပါပြီ။
‘‘ ငါနဲ့အရင်စမ်းကြည့်လိုက် ’’ သန့်စင်နှလုံးသားနန်းတောက် လီရှင်းယွမ်က ရုတ်တရက် အားနည်းစွာဖြင့် ပြောလိုက်ပြီး
ရယ်မောလိုက်ကာ ‘‘ ဘာပဲဖြစ်မဖြစ်၊ ငါ့ကျင့်ကြံခြင်းက ပျက်စီးပြီးသားလေ။ ဒါကြောင့် ငါနဲ့အရင်ဆုံးစပြီး
စမ်းသပ်မယ်ဆိုရင် အားလုံးအတွက်လည်း အဆင်ပြေတာပေါ့ ’’
ကျိုးဖန်က ချက်ချင်း ကန့်ကွက်လိုက်ပါတယ် ‘‘ စီနီယာအစ်ကို၊ အဲ့လိုမပြောပါနဲ့။ အနာဂတ်ကျရင် စီနီယာအစ်ကိုရဲ့
ဒန်တန်ကို ပြန်လည်တည်ဆောက်နိုင်မယ့် အခွင့်အရေး ရလာမှာပါ။ စီနီယာအစ်ကိုလိုနေတာဆို့ မှန်ကန်တဲ့ဆေးလုံးပဲရှိတယ်။
အခုစီနီယာအစ်ကို အရင်ဖယ်နေလိုက်ဦး။ ကျွန်တော်အရင်သွားလိုက်မယ် ’’
‘‘ ဂျူနီယာညီလေးကျိုး ’’ လီရှင်းယွမ်က ခေါင်းခါလိုက်ပြီး မဲ့ပြုံးပြုံးလိုက်ကာ ‘‘ မင်းရဲ့စီနီယာအစ်ကိုမှာ ဘာမှစိုးရိမ်ပူပန်စရာ
မရှိတော့ဘူး။ ညီအစ်ကိုရန် ကျရှုံးသွားရင်တောင် အဆိုးဆုံးဆိုလို့ ငါသေသွားရုံပဲလေ။ အခုလိုမျိုး အသက်ရှင်နေရတာထက်
သေသွားတာကတောင် ပိုပြီးကောင်းဦးမှာ………’’
‘‘ ငြင်းမနေနဲ့တော့။ ငါ့အစီအစဉ်က အလုပ်ဖြစ်မဖြစ်ဆိုတာတောင် သေချာသေးတာမဟုတ်ဘူး။ ငါအရင်ဆုံး သူမကို
မေးခွန်းနည်းနည်းလောက် သွားမေးလိုက်ဦးမယ် ’’ ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး ကျိမိုကို သူ့နားလာဖို့
အချက်ပြလိုက်တယ်။
‘‘ အခုဘာဖြစ်လို့လဲ ’’ ကျိမိုအမူအရာက ခါးသီးတဲ့ပုံပေါက်နေပေမယ့် နာခံစွာနဲ့ပဲ ရန်ကိုင်ဆီ လှမ်းလာလိုက်ပါတယ်။
သူမ၏ကျိုးနွံတဲ့အပြုအမူကိုကြည့်ရင်း ဟန်မင်းဆက်က သိုင်းပညာရှင်တွေ ပိုပြီး အံ့အားသင့်သွားခဲ့ရပါတယ်။
သူတို့ကြားမှာ ဆရာနဲ့အစေခံဆက်ဆံရေး တကယ်ပဲရှိနေတာလား။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
‘‘ ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့ကိုရှင်းပြဦး ’’ ရန်ကိုင်က လေးနက်စွာဖြင့် ပြောလိုက်ပါပြီ။
ကျိမိုက နောက်တစ်ကြိမ် ရှင်းပြလိုက်ပြီး ရန်ကိုင်ကို ရွေးချယ်ဖို့ နည်းလမ်းနှစ်ခုပေးလိုက်တယ်။
တစ်ခုက ယန်ယွမ်ချီကိုသုံးကာ အင်းဆက်ကို ခုခံချိန်တောင် မပေးပဲ ချက်ချင်း လောင်ကျွမ်းပစ်လိုက်ဖို့ပါ။
နောက်တစ်ချက်က အင်းဆက်ကို ဖြေးဖြေးလေး လှုံ့ဆော်လိုက်ပြီး သူ့ဘာသာသူ ထွက်သွားအောင် လုပ်ဖို့ပါပဲ။
သို့ပေမယ့် အင်းဆက်ကို မသက်မသာဖြစ်အောင်တော့ လုပ်လို့မရရပါဘူး။
ဘာလို့လဲဆိုတော့အင်းဆက်က မသက်မသာခံစားရတာနဲ့ လုပ်မိလုပ်ရာ လုပ်နိုင်သောကြောင့်ပါပဲ။
အဲ့လိုလုပ်နိုင်တာနဲ့ ဒန်တန်တစ်ခုလုံး ပျက်စီးသွားပြီး ကျင့်ကြံခြင်းလည်း ပျက်စီးသွားနိုင်ပါတယ်။
သူမပြောတာကို နားထောင်ပြီးနောက် ရန်ကိုင်က တစ်ခဏလောက်ကြာအောင် စဉ်းစားတွေးတောလိုက်ပြီး လူအုပ်ကြီးကိုကြည့်ကာ ပြောလိုက်တယ်
‘‘ မင်းတို့စမ်းကြည့်ချင်တာ သေချာလား ’’
အားလုံးက ပြိုင်တူ ခေါင်းညိတ်လိုက်ကြပါတယ်။
‘‘ ကောင်းပြီ။ ငါမင်းတို့ အကောင်းဆုံးကူညီပေးမယ်လို့တော့ ကတိပေးနိုင်တယ်။ ဒါပေမယ့်…တစ်ခုခုဖြစ်သွားခဲ့ရင်တော့
ဖြစ်လာတဲ့ အကျိုးဆက်က မင်းတို့နဲ့ပဲ သက်ဆိုင်လိမ့်မယ် ’’
ဟန်ရှောင်ချီက အသာအယာလေး ရယ်မောလိုက်ပြီး
‘‘ အဲ့လိုဆိုမှာတော့ငါတို့ကလည်း နင့်ကိုပဲ ယုံကြည်ရတော့မှာပေါ့ ’’
ဘယ်သူမှမကန့်ကွက်ခဲ့ပါဘူး။
အားလုံးက သူဆိုလိုတာကို နားလည်ပါတယ်။
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ဘယ်နည်းလမ်းနဲ့ အင်းဆက်ကို ထုတ်ရင်ကောင်းမလဲဆိုတာ စဉ်းစားလိုက်တယ်။
နောက်ဆုံး ဒုတိယနည်းလမ်းနှင့်သာ လုပ်ဖို့ဆုံးဖြတ်လိုက်ပါပြီ။
ပထမနည်းလမ်းက မြန်ဆန်ပြီး ရိုးရှင်းတယ်ဆိုပေမယ့် အကျိုးဆက်က ပြင်းထန်ပါတယ်။
သူ့ထိန်းချုပ်မှု နည်းနည်းလွတ်သွားတာနဲ့ ပြဿနာအကြီးကြီး တက်သွားနိုင်တာကိုး။
ထို့နောက် လီရှင်းယွမ်ကို ကြည့်လိုက်ပြီး ရန်ကိုင်က တည်ငြိမ်စွာဖြင့် ပြောလိုက်တယ် ‘‘ စီနီယာနဲ့အရင်စမ်းသပ်ရမယ် ’’
လီရှင်းယွမ်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်ပါတယ်။
ကျိုးဖန်က တစ်ခုခုပြောချင်ပေမယ့် သူ့စီနီယာက ဘေးမှာသာရပ်နေဖို့ အချက်ပြလိုက်တဲ့အတွက် နောက်ဆုံးသူလည်း ဘာမှ မပြောဖြစ်တော့ပါဘူး။
သူ့အကျီကို ချွတ်လိုက်ပြီး သူ့ရင်ဘတ်ကျယ်ကြီးကို လှစ်ဟာလိုက်လေပြီ။
ပန်းတစ်ထောင်နန်းတော်က မိန်းကလေးလေးယောက်စလုံး ရှက်သွေးဖြာသွားခဲ့တာပေါ့။
သို့ပေမယ့် သူမတို့ထဲက တစ်ယောက်မှအကြည့်လွှဲမသွားခဲ့ကြ၊ နည်းနည်းလေးတောင် လွှတ်သွားမှာစိုးသည့်အလား ရန်ကိုင်ဘယ်လို
လုပ်မလဲဆိုတာကိုပဲ အာရုံစိုက်ပြီး ကြည့်နေခဲ့ကြပါတယ်။
ရန်ကိုင်က သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး လီရှင်းယွမ်၏ ဒန်တန်နေရာဆီ ဖိချလိုက်တယ်။
ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ယန်ယွမ်ချီကို သေချာထိန်းချုပ်ကာ လီရှင်းယွမ်၏ ခန္ဓာကိုယ်ထဲ ဖြေးဖြေးချင်း
တွန်းပို့လိုက်ပါတယ်။
အချိန်အတော်ကြာပြီးနောက် ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို သူရှာတွေ့သွားခဲ့ပါပြီ။
ထို့နောက် သူ့ယွမ်ချီအမျှင်တန်းလေးတွေကို ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ဆီ ပို့လွှတ်လိုက်ပြီး သတိထားရင်း အင်းဆက်ကို ဖြေးဖြေးချင်း ဝန်းရံလိုက်ပါတယ်။
လီရှင်းယွမ်၏ မျက်နှာရုတ်တရက် နီရဲသွားခဲ့ပါတယ်။
အခုအချိန်မှာ သူက သာမန်လူတစ်ယောက်နှင့် မခြားတော့တဲ့အတွက် ရန်ကိုင်ယန်ယွမ်ချီက သူ့အတွက်သည်းခံဖို့ တော်တော်လေး ခဲယဉ်းနေပါတယ်။
သို့ပေမယ့် လီရှင်းယွမ်က သာမန်လူတစ်ယောက်မဟုတ်တဲ့အတွက် သူ့ဝမ်းဗိုက်တစ်ခုလုံး မီးလောင်နေသလို ခံစားနေရတာတောင်
အံကြိတ်ပြီးတော့သာ ဆက်ပြီးတောင့်ခံနေပါတယ်။
ဒါပေမယ့် သူ့နဖူးထက်က ချွေးသီးတွေကို ကြည့်ရုံနဲ့တင် သူဘယ်လောက် တင်းခံနေရလဲဆိုတာ သိနိုင်ပါတယ်။
ရန်ကိုင်က လီရှင်းယွမ်ကို ကြည့်လိုက်ပြီး လေးနက်သည့်လေသံဖြင့် ပြောလိုက်တယ် ‘‘ တောင်ခံထားနော် ’’
ပြောပြီးတာနဲ့ ရန်ကိုင်က သူ့ယန်ယွမ်ချီအမျှင်တန်းလေးတွေနဲ့ အင်းဆက်တစ်ကောင်လုံးကို ရစ်ပတ်လိုက်တယ်။
ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကလည်း ပိုပြီးပြင်းပြင်းထန်ထန် ရုန်းကန်လာတဲ့အတွက် လီရှင်းယွမ်ကို ပိုပြီးနာကျင်သွားစေခဲ့ပြီး
သူ့ဘေးနားမှာရှိနေတဲ့ ကျိုးဖန်ကတော့ ထိုမြင်ကွင်းကိုကြည့်ရင်း နှလုံးက သူ့လည်ချောင်းကနေ ခုန်ထွက်တော့မလို ခံစားနေခဲ့ရလေပြီ။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို လီရှင်းယွမ်၏ ဒန်တန်နေရာကနေ ထုတ်ယူလာနိုင်ခဲ့ပါတယ်။
ထိုအဆင့်ကိုအောင်မြင်သွားတော့မှာပဲ ရန်ကိုင်စိတ်သက်သာရာ ရသွားခဲ့ပါတော့တယ်။
ဘာကြောင့်လဲဆိုတော့ အစောပိုင်းကလို အရမ်းသတိထားပြီး ပြုမူနေစရာ မလိုတော့ဘူးလေ။
အဲ့နောက်မှာတော့ ရန်ကိုင်ကသူ့ယန်ယွမ်ချီသိပ်သည်းနှုန်းကို မြင့်တင်လိုက်ပါတယ်။
အသက်ရှုချိန်နည်းငယ်လောက် ကြာတဲ့အချိန်မှာတော့ လီရှင်းယွမ်၏ နံရိုးနေရာဆီကနေ အင်းဆက်လေးတစ်ကောင် ထွက်လာတာကို
အားလုံးမြင်တွေ့လိုက်ရတယ်။
ရန်ကိုင်က ချက်ချင်းပဲ ထိုအင်းဆက်ကို လှမ်းဖမ်လိုက်ပြီး တစ်ခါတည်း မီးရှို့ပြာချပစ်လိုက်ပါတယ်။
တစ်ချိန်းတည်မှာပဲ လီရှင်းယွမ်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး မြေကြီးပေါ် ပြိုလဲကျသွားခဲ့လေပြီ။
‘‘ စီနီယာအစ်ကို ’’ ကျိုးဖန် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပဲ လီရှင်းယွမ်ကို ပြေးထူပေးလိုက်တယ်။
ခဏလောက်အနားယူပြီး နောက်ဆုံးမှာတော့ လီရှင်းယွမ်က အားနည်းစွာဖြင့် ရယ်မောရင်း ပြောလိုက်တယ် ‘‘ တကယ်ပဲ
နာကျင်လွန်းတယ်။ ဒါပေမယ့် အခုလို လွတ်လပ်သွာတာက တကယ်ပဲခံစားလို့ကောင်းတယ် ’’
လီရှင်းယွမ် ဘာမှမဖြစ်တာကို တွေ့လိုက်ရတော့မှပဲ အားလုံးရင်ထဲ ကျောက်တုံးကြီး ကျသွားခဲ့ရပါတော့တယ်။
ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး ပတ်တပ်လည်ကို ကြည့်ကာ ‘‘ အခုဘယ်သူလာမလဲ ’’
‘‘ ငါလုပ်မယ် ’’ ချန်ယွဲ့ရှုက အော်ပြောလိုက်ပြီး ချက်ချင်းပဲ ရန်ကိုင်ရှေ့သွားကာ တင်ပလင်ခွေထိုင်လိုက်ပါပြီ။
တစ်ကြိမ်အောင်မြင်ပြီးသွားတဲ့အတွက် ရန်ကိုင်လည်း ယုံကြည်ချက်နည်းနည်း ရှိလာခဲ့တာပေါ့။
ဒါပေမယ့် ချန်ယွဲ့ရှုနှင့် လီရှင်းယွမ်တို့က မတူညီကြပါဘူး။
ချန်ယွဲ့ရှုမှာက အစစ်အမှန်ချီရှိတဲ့အတွက် သူလုံးဝကို အလျော့ပေးလိုက်ရင်တောင် အစစ်အမှန်ချီက သူ့ကိုအလိုလို ကာကွယ်ပေး ပေလိမ့်မမှာပါ။
ထို့ကြောင့် ရန်ကိုင်လည်း သူ့ယန်ယွမ်ချီ၏ သိပ်သည်းနှုန်းကို မြင့်တင်ကာ လုပ်ငန်းစလိုက်တယ်။
အချိန်တော်တော်ကြာပြီးနောက် ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို ချန်းယွဲ့ရှု၏ ဒန်တန်ဆီကနေ အောင်အောင်မြင်မြင်နှင့်
ထုတ်ယူနိုင်ခဲ့တယ်။
တစ်ယောက်ပြီးတစ်ယောက်ကို ကူညီထုတ်ပေးနေရတဲ့အတွက် ရန်ကိုင်အဖို့ ပင်းပန်းလွန်းလို့ ပြိုလဲကျလုမတတ်တောင် ဖြစ်သွားခဲ့ရပါတယ်။
ဒါပေမယ့် အဖွဲ့ထဲလူအများစုကို ကူညီပြီးနောက် နောက်ဆုံးမိန်းကလေးတွေသာ ကျန်ရှိပါတော့တယ်။
အသူရာဂိုဏ်းရဲ့ရီချင်းစီ၊ ရေလခန်းမက ဖန်ချင်းဟန်၊ လရောင်ပြန်ဂိုဏ်းက စုရှောင်ယုနှင့် ပန်းတစ်ထောင်နန်းတော်က မိန်းကလေး လေးယောက်တို့ပါပဲ။
အာလုံးထဲဆွဲဆောင်မှုအရှိဆုံး ရီချင်းစီက လွဲလို့ ကျန်တဲ့မိန်းကလေးတွေ အကုန်လုံးက ရှက်သွေးဖြာနေခဲ့ကြပြီး တစ်ယောက်ချင်းစီက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရှက်တာကို ဖုံးကွယ်ဖို့ ကြိုးစားနေခဲ့ကြတာပေါ့။
အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်။
ရန်ကိုင်က ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို ထုတ်ယူတဲ့အချိန် သူ့လက်ကို ဒန်တန်နေရာမှာ ထားတာလေ။
ဒန်တန်က ဝမ်းဗိုက်က ချက်အောက်နေရာတွင် တည်ရှိတာ မဟုတ်ပါလား။
ထိုကြောင့် မိန်းကလေးတွေအားလုံး ရှက်သွေးဖြာနေတာလည်း မဆန်းတော့ပါဘူး။
ရီချင်းစီက ညို့ချက်ပြင်းစွာ ပြုံးပြလိုက်ပြီး
‘‘ ငါအရင်သွားလိုက်မယ်။ နင်တို့ မိန်းကလေးတွေ ဘာလို့အဲ့လောက် အရှက်သည်းနေကြတာလဲ။ သူက နင်တို့စားမှာလည်း မဟုတ်တာကို’’
‘‘ ဟဲဟဲ……’’ ရန်ကိုင်က တည်ငြိမ်အောင် ကြိုးစားရင်း ‘‘ ကျေးဇူးပြုပြီးတော့ ငါ့ကိုမြူဆွယ်ဖို့ မကြိုးစားနဲ့နော် ’’
ပတ်ပတ်လည်က ယောကျာ်းတွေအားလုံး ရန်ကိုင်ကို မနာလိုမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်တယ်။
ရန်ကိုင်ရှေ့တွင်ထိုင်နေရင်း လီချင်းစီက မျက်ဝန်းတွေက အရောင်တလက်လက်ထနေခဲ့ပြီး ကျော့ရှင်းစွာပြုံးရင်း
ရန်ကိုင်ကို မျက်လုံးချင်း စိုက်ကြည့်လိုက်ပြီးနောက် သူမ၏ အကျီင်္ကြယ်သီးတွေကို ဖြေးဖြေးချင်း စချွတ်တော့လေသည်။
‘ဂလု ’ ပြင်းပြတဲ့ အသက်ရှုများနှင့် တံတွေးမျိုးချသံတို့ ဘေးပတ်ပတ်လည်ကနေ ထွက်ပေါ်လာခဲ့တယ်။
ရီချင်းစီက နှစ်လိုဖွယ်ကောင်းတဲ့ ရင်အစုံက ရန်ကိုင်ရှေ့ တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့လေပြီ။
မှည့်ဝင်းနေတဲ့ မက်မွန်းသီးအလား သူမ၏နှစ်လိုဖွယ်ကောင်းပြီး ကျက်သရေရှိလှတဲ့ ပင်ကိုယ်ဟန်ပန်က
ဘယ်ယောကျာ်းကမှ မခုခံနိုင်လောက်အောင် ရင်ကျင့်တဲ့ မိန်းမတစ်ယောက်၏ ပြိုင်ဘက်ကင်းလှသော ညို့ဓါတ်ကို ထုတ်လွှတ်နေခဲ့ပါတယ်။
သူမလက်က ရင်ဘတ်နားက နောက်ဆုံးကြယ်သီးနားဆီ ရောက်တဲ့အချိန်မှာတော့ ယောကျာ်းအားလုံး၏ အကြည့်ကာ
မီးတောက်တော့မတတ် ဖြစ်လာခဲ့ရပါပြီ။ ဘယ်သူက အခုလိုအံ့သြဖွယ်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်နိုင်ပါ့မလဲ။
‘‘ဟဲဟဲဟဲဟဲ…..’’ ရီချင်းစီက ညူတူတူပြုံးလိုက်ပါပြီ။
သူမက မရှက်ရုံမကလို့ စွဲမက်ဖွယ်ကောင်းလှတဲ့ ရယ်သံလေးနှင့် သူတို့တွေကိုတောင် ပြန်ပြီးစနောက်နေလိုက်ပါသေးတယ်။
ဒီကဝေမကတော့ ရပ်ကြည့်နေတဲ့ ယောကျ်ားအားလုံး၏ နှာခေါင်းပေါက်မှ အနွေးငွေ့ တလူလူထွက်နေခဲ့ပါပြီ။
‘‘ ဟင် ’’ ဟန်ရှောင်ချီက ထိုသားရေတလောင်းလောင်းကျနေတဲ့ ခွေးတွေကိုကြည့်ရင်း မကျေမနပ်နဲ့ အံကြိတ်လိုက်တယ်။
သူမမျက်နှာကတော့ ရေခဲတမျှ အေးစက်နေခဲ့ပြီ ။
‘‘ ခွေးကောင်တွေ။ ဟိုဘက်ကိုလှည့်ပြီး နင်တို့ခွေးမျက်စိတွေကို ပိတ်ထားကြစမ်း ’’ စုရှောင်းယုက သူမစီနီယာအစ်ကိုရဲ့
မျက်စိကို သူမလက်ကလေးနဲ့ လှမ်းပိတ်ရင်း အော်ဟစ်ကျိန်ဆဲလိုက်တယ်။
ချန်ယွဲ့ရှုမျက်နှာတစ်ခုလုံး ရှက်ရွံ့မှုကြောင့် ရဲတွတ်သွားခဲ့ပြီး နာခံစွာပဲ အခြားတစ်ဖက်ကို ချက်ချင်း လှည့်လိုက်ပါတယ်။
ဒါပေမယ့် သူ့နှလုံးသားကတော့ ရှက်ရွံ့မှု၊ နောင်တတို့ဖြင့် ပြည့်နေခဲ့တာပေါ့။
ရီချင်းစီက သူမလုပ်နေတာကို ရပ်တန့်လိုက်ပြီး ယောကျ်ားတွေလက်လှည့်ကာ ‘‘ နင်….နင်တို့ဆက်ပြီးနေချင်တာ သေချာလား ’’
‘‘ ဟေး………’’ ကျိုးဖန်၊ ချူဂျင်းရှန်နှင့် ကျန်တဲ့သူတွေက ပြုံးဖြဲဖြဲလုပ်ရင်း နှုတ်ခမ်းကိုသပ်ကာ ‘‘ ငါတို့နင်စိတ်ထဲမထားဘူးလို့
ထင်နေတာ ’’
‘‘ မဟုတ်တုတ်ကတွေ ’’ ရီချင်းစီက ရက်ရက်စက်စက် ပြန်အော်ပြောလိုက်တယ် ‘‘ နင်တို့ကို အခု ထွက်သွားခွင့်ပေးနေတာတောင် မျက်နှာသာပေးရာ ကျနေပြီ။ အခုထိ ကိုယ့်အသိကိုယ် မရှိသေးတဲ့လူတွေကိုတော့ ပြီးတာနဲ့ ကောင်းကောင်း သင်ခန်းစာပေးပစ်မယ် ’’
‘‘ ငါတို့သွားပါ့မယ် ’’ ကျိုးဖန်က လီရှင်းယွင်ကို ကူညီပေးရင်း ကျန်တဲ့ယောကျ်ားတွေနဲ့အတူ အရိုက်ခံရတဲ့ ခွေးအုပ်တစ်အုပ်လို
အဘက်ဘက်ကို ပြန့်ကျဲ ထွက်သွားကြပါတော့တယ်။
အခုမှပဲ သူတို့အားလုံး အသက်ပြင်းအရှည်ကြီး ချလိုက်နိုင်တယ်။
‘‘ အင်း….အဲ့လောက်ကြီးမဆွဲနဲ့ဟ ’’ ကျိုးဘက သူ့လက်မောင်းကို ကိုင်ပြီးဆွဲခေါ်သွားတဲ့အချိန် ချန်ယွဲ့ရှုက စိုးရိမ်စွာဖြင့် အထွန့်တက်
လိုက်လေသည် ‘‘ ငါ့ရဲ့အဖိုးတန် ဂျူနီယာညီမလေးက အဲ့နေရာမှာရှိနေတုန်းပဲ။ ငါသူမကို စောင့်ရှောက်ရဦးမှာ….’’
‘‘ နင်ထွက်သွားတော့ ’’ စုရှောင်ယုက အော်ဟစ်ဆူပူ ကြိမ်းမောင်းလိုက်တယ်။
ယောကျာ်းတွေ မီတာတစ်ထောင်လောက်ဆုတ်သွားပြီး ချောင်းမကြည့်လောက်ဘူးလို့ ထင်ရတော့မှပဲ သူတို့သက်ပြင်း
ချနိုင်ပါတော့တယ်။
ရန်ကိုင်က သူမကိုတည်ငြိမ်စွာစိုက်ကြည့်နေလိုက်ပြီး မေးလိုက်တယ် ‘‘ စတော့မလား ’’
ရီချင်းစီမျက်နှာထက် အနီရောင်လေး သန်းသွားခဲ့ပြီး အသက်ပြင်းပြင်းရှုလိုက်ရင်း အံကြိတ်ကာ နောက်ဆုံးအလုပ်ကို
အဆုံးသတ်လိုက်တယ်။
ရီဟန်မျက်လုံးအစုံးက လုံးဝကိုပြူးကျယ်နေခဲ့ပြီး သူမမျက်နှာတစ်ခုလုံး မီးလောင်နေသလို ခံစားနေရကာ ရှက်ရှက်နဲ့ မေးလိုက်လေသည်
‘‘ငါတို့….တကယ်ပဲ ဒီလိုလုပ်မှရမှာလား ’’
ရန်ကိုင်က လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်တယ်။
ရီဟန်က သူမပါးလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကာထားလိုက်ရင်း ‘‘ အကျီင်္မချွတ်လို့ကောမရဘူးလား ’’
ရန်ကိုင်က တစ်ချက်မျက်မှောင်ကြုံ့လိုက်ပြီးနောက် ပြောလိုက်တယ် ‘‘ တစ်ခုခုမှားယွင်းသွားမှာကို မကြောက်ဘူးဆိုရင်တော့
မချွတ်ပဲနေလို့ရတယ်။ ဒါပေမယ့် နင့်ခန္ဓာကိုယ်နဲ့ ငါတိုက်ရိုက်ထိတွေ့ရမယ်ဆိုရင် ယွမ်ချီကို ပိုပြီးကောင်းကောင်း ထိန်းချုပ်နိုင်လိမ့်မယ် ’’
Martial Peak
အပိုင်း (၂၅၃) အလှမျိုးစုံ
ဟန်ရှောင်ချီ၏ မျက်နှာရှက်သွေးဖြာသွားခဲ့ပြီး အသာအယာလေး နှစ်သိမ့်စကား ပြောလိုက်တယ် ‘‘ ဂျူနီယာမောင်လေးရန်က လူကြီးလူကောင်းတစ်ယောက်ပဲလေ… နင်ဘာကို ကြောက်နေတာလဲ ’’
ရီဟန်က ပုရွတ်ဆိတ်အသံလေးနဲ့ ပြန်ပြောလိုက်၏
‘‘ ငါသူ့ကိုကြောက်တာမဟုတ်ပါဘူး..အဲ့ဒါကငါ…ငါ…’’
ဆက်ပြီးမပြောနိုင်တဲ့အတွက် သူမ၏စီနီယာ အစ်မလျူချင်းရူလက်မောင်းထဲသာ ပြေးဝင်လိုက်ပြီး ခေါင်းတိုးလျှိုလိုက်ပါတယ်။ ဘေးနားမှာရှိနေတဲ့ ကျိမိုက အပြုံးကြီးပြုံးရင် အဓိပ္ပါယ်ရှိရှီ ရယ်မောနေတဲ့အတွက် မိန်းကလေးအားလုံး ရှက်ရွံ့သွားခဲ့ရတယ်။
‘‘ နင်တိတ်တိတ်နေ ’’ ရန်ကိုင်က ကျိမိုကို စိုက်ကြည့်လိုက်ပြီးနောက် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ရီချင်းစီ၏ အဆီမပါတဲ့ ဗိုက်သားချပ်ချပ်လေးပေါ် တင်လိုက်ပါတယ်။ အသားချင်း ထိတွေ့သွားတဲ့အချိန် ရီချင်းစီ၏ ကိုယ်လုံးလေ မသိမသာ တုန်ရီသွားခဲ့တယ်။ နှုတ်ခမ်းလေးကိုသာ အသာလေးကိုက်ရင်း အရည်ရွဲနေသည့် မျက်လုံးအစုံဖြင့်သာ ရန်ကိုင်မျက်လုံးထဲ စိုက်ကြည့်နေခဲ့ပါတယ်။
တစ်ယောက်ယောက်သာ သေချာကြည့်မယ်ဆိုရင် သူမ၏ နှင်းဖြူရောင် အသားအရေက အနည်းငယ် နီမြန်းနေတာကို တွေ့မြင်နိုင်ပါတယ်။
ဟန်ရှောင်စီပြောခဲ့တဲ့ စကားလုံးတွေနဲ့ ဆန့်ကျင်စွာ ရန်ကိုင်က ရီချင်စီတစ်ကိုယ်လုံးကို မီးတောက်နေသည့် အကြည်ဖြင့် အရှက်မရှိ ကြည့်နေခဲ့ပြီး သူ့လက်ကတော့ သူမကိုယ်တွင်းဆီသို့ ယန်ချီတွေ အဆက်မပြတ် ပို့အလွှတ်နေခဲ့တယ်။
‘‘ ကောင်စုတ် ’’ ရန်ကိုင်၏အကြည့်ကို ရီချင်းစီသတိမထားမိပဲ ဘယ်လိုလုပ်ပြီး နေပါ့မလဲ။ သူ့မျက်လုံးအစုံက ဆာလောင်နေတဲ့ သားရဲတစ်ကောင်အလား သူမတစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ်ကြည့်နေခဲ့တဲ့အတွက် ရီချင်းစီလည်း ရှက်သွေးဖြာသွားခဲ့ပြီး ရန်ကိုင်ကို ကြိမ်းမောင်းဆဲဆိုလိုက်တယ်။
‘‘ ငါဘာမှမမြင်ဘူး ’’ ရန်ကိုင်က ကျီစယ်စွာဖြင့် ရယ်မောလိုက်တယ်။ တကယ်လည်း ရန်ကိုင်ဘာမှမမြင်ခဲ့ပါဘူး။ သူမအတွင်းခံတွေ ပေါ်နေတယ်ဆိုပေမယ့် အပေါ်ယံအဝတ်တွေက ကျန်ရှိနေသေးတယ်လေ။ ဒါကြောင့် သူအကောင်းဆုံးကြိုးစားရင်တောင် သူနှင့်သုခဘုံကြား ခြားနားထားတဲ့ အဝတ်စတစ်ထည် ရှိနေသေးသည် မဟုတ်ပါလား။
‘‘ အရှက်မရှိလိုက်တာ ’’ ရီချင်းစီက သူမသွားတွေ ကျိုးကြေလုမတတ် အံတင်းတင်းကြိတ်နေခဲ့တယ်။ သူမပုံစံက ဒေါသထွက်နေသည့် ပုံပေါက်နေပေမယ့် သူမမျက်နှာထက်မှာတော့ အပြုံးတစ်ခုကို ဆင်မြန်းထားပြီး ရန်ကိုင်ကို သေချာစွာ စိုက်ကြည့်နေခဲ့ပါတယ်။ အခုလိုမျိုး သူမကို ပေါ်ပေါ်တင်တင် အသားယူတတ်တဲ့ ယောကျာ်းတစ်ယောက်ကို သူမတစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပါဘူး။ ‘‘ ဟတ်၊ တကယ့်ကို လူကြီးလူကောင်းတစ်ယောက်ပါပဲ ’’ ကျိမိုက ဟန်ရှောင်ချီကို လှမ်းကြည့်ရင်း ပြောလိုက်တယ်။
ဟန်ရှောင်ချီ မျက်နှာတစ်ခုလုံးကတော့ ရှက်လွန်းလို့ ရဲရဲနီနေလေပြီ။ အခုလေးတင်ပဲ သူမက ရန်ကိုင်ကို လူကြီးလူကောင်း တစ်ယောက်လို့ ပြောခဲ့တာပါ။ သို့ပေမယ့် ရန်ကိုင်က သူမစကားတွေကို မသိသလို သဘောထားခဲ့လိမ့်မယ်လို့တော့ သူမ ထင်မှမထင်ထားခဲ့တာ။ ‘ယောကျာ်းတွေရဲ့ ပင်ကိုယ်စရိုက်’ ဆိုတဲ့ ရန်ကိုင် ပြောခဲ့တဲ့ စကားကို သူမနားလည်သွားခဲ့ပါပြီ။
ကိုယ့်ရှေ့မှာ အလှလေး တစ်ယောက် ရောက်နေတဲ့အချိန် ဘယ်ယောကျ်ားကများ မကြည့်ပဲ နေနိုင်မှာလဲ။ သူက မကြည့်ပဲနေမှသာ ထူးဆန်းနေမှာပါ။
လူရှေ့မှာ သူတော်ကောင်းယောင်ဆောင်ပြီး လူမြင်ကွယ်ရာမှာ မဟုတ်တာတွေကို ကြံနေတဲ့လူတွေက ပိုပြီးဆိုးရွားပါတယ်။ အနည်းဆုံးတော့ သူက ကြောင်သူတော် တစ်ယောက်တော့ မဟုတ်ခဲ့ဘူးလေ။
ထိုအကြောင်းကို တွေးလိုက်မိတာနဲ့ ဟန်ရှောင်ချီ သက်ပြင်းလေး ချလိုက်ပြီး သူမဘာသာ သူမတွေးလိုက်တယ်။
ဟဟ ငါတို့ကို ကူညီလို့ရတဲ့ ဆုလာဒ်လို့ပဲ သတ်မှတ် လိုက်ပါတော့မယ်
ရန်ကိုင်က တစ်ခုခုလုပ်တော့မယ့် အချိန်မှာပဲ ရီချင်းစီက ရုတ်တရက် ပြောလိုက်လေသည် ‘‘နင်သတိထားတာ ပိုကောင်းမယ်။ အမာရွတ် တစ်ခုခုသာ ဖြစ်သွားကြည့်…နင်ငါနဲ့တွေ့မယ်မှတ်’’
‘‘အခုလို အဖြစ်အပျက်တွေ အများကြီး ရင်ဆိုင်ကြုံတွေ့ရပြီးတာတောင် နင်က အဲ့လိုအရာတွေကို ဂရုစိုက်နေသေးတာလား’’ ရန်ကိုင် လုံးဝကို ဆွံ့အသွားခဲ့လေပြီ။ သို့ပေမယ့် ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်ကို ထုတ်ယူတဲ့နေရာမှာတော့ လုံးဝကို အသေအချာ ဂရုစိုက်ပေးလိုက်ပါတယ်။
ရန်ကိုင်က တစ်ဖက်လှည့်လိုက်ပြီး မင်းသမီးလေးတွေကို စူးစိုက်ကြည့်လိုက်တယ်။ မိန်းကလေးတွေက တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ဟန်ရှောင်ချီက အံကြိတ်ပြီး ရှက်သွေးဖြာနေတဲ့ မျက်နှာနဲ့ လမ်းလျှောက်သွားလိုက်ကာ ပြောလိုက်တယ် ‘‘ငါသွားမယ်’’ ပန်းပေါင်းတစ်ထောင်နန်းတော်က မိန်းကလေးလေးယောက်ရဲ့ စီနီယာအစ်မ အနေနဲ့ သူမက ဦးစီးဦးဆောင် ပြုရမယ်လို့ တွေးနေတာပါ။
ဆုံးဖြတ်ချက်ကို ခိုင်မာအောင် လုပ်ဆောင်လိုက်ပြီးနောက် ရန်ကိုင်ရှေ့တွင် တင်ပလင်ခွေ ထိုင်ချလိုက်တယ်။ ထို့နောက် သူမအဝတ်တွေကို ဖြေးဖြေးချင်း ချွတ်လေတော့တယ်။ ပြီးသွားတာနဲ့ မျက်လုံးစုံ ပိတ်ချလိုက်ပြီး နောက်လာမယ့် တိုက်ပွဲကို စောင့်စားနေလိုက်ပါတယ်။
သူမပြင်ဆင်တာ ပြီးသွားတာကို တွေ့လိုက်တာနဲ့ ရန်ကိုင်လည်း ဆက်ပြီး ယဉ်ကျေးမနေတော့ပါဘူး။
တစ်ယောက်ချင်း…တစ်ယောက်ချင်းနှင့် သူ့တာဝန်ကို ပြီးမြောက်သွားခဲ့လေပြီ။
ပန်းပေါင်းတစ်ထောင် နန်းတော်က မိန်းကလေး လေးယောက်ထဲတွင် ဟန်ရှောင်ချီက ကျော့ရှင်းပါတယ်၊ ရီဟန်က ရိုးစင်ပြီး၊ လျူချင်းယုက ချိမြိန်ပါတယ်၊ ဟန်ရို့ယင်ကတော့ ဟန်မဆောင်ပန်မဆောင်နှင့် ပွင့်လင်းသူလေးပါ။ တစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်စရိုက်တစ်ခုစီ ရှိနေပါတယ်။ ရီချင်းစီ၏ ဆွဲဆောင်မှု အားကောင်းပြီး ဖန်ရှန်းဟန်၏ အသိဉာယ်ကြွယ်ဝမှုကိုပါ ထပ်ပေါင်းထည့်လိုက်တဲ့ အချိန်မှာတော့ ရန်ကိုင်အဖို့ နိဗ္ဗာဘုံ ရောက်နေသလားတောင် ထင်မှတ်သွားရပါတော့တယ်။ ရန်ကိုင်မျက်လုံးတွေ အတွက်ကတော့ ခမ်းနားကြီးကျယ်လှတဲ့ စားသောက်ပွဲကြီး တစ်ခုပင် မဟုတ်ပါလား။
နောက်ဆုံး စုရှောင်ယု၏ အလှည့်သို့ ရောက်ရှိလာခဲ့လေပြီ ။
သူမထိုင်ချလိုက်ပြီး အဝတ်တွေကို ဖြေဖို့ လုပ်နေတဲ့အချိန် ရန်ကိုင်က ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမလုပ်နေတာကို ရပ်တန့်လိုက်တယ်။ ‘‘အဲ့လိုလုပ်ဖို့ မလိုဘူး’’
‘‘အဲ့လိုလုပ်မှ နင်အတွက် ယွမ်ချီထိန်းချုပ်ရတာ ပိုပြီးလွယ်ကူးသွားတာလို့ နင်ပဲပြောခဲ့တာ မဟုတ်ဘူးလား’’ စုရှောင်ယုက ပျော့ပျောင်းတဲ့ လေသံဖြင့် မေးလိုက်တယ်။ ‘‘လူတွေအများကြီးကို ကူညီပြီးသွားတော့ အဲ့ဒါက ငါ့အတွက် ပြဿနာတစ်ခု မဟုတ်တော့ဘူး’’ ရန်ကိုင်က ပြန်ရှင်းပြလိုက်တယ်။
သူပြောတာကို ကြားလိုက်မှပဲ စုရှောင်းယု သက်ပြင်းချလိုက်နိုင်ပါတော့တယ်။ ဒါပေမယ့် ရန်ကိုင်က ထိုနေရာမှပဲ ရပ်တန့်မနေခဲ့ပါဘူး။ သူ့အဝတ်စကနေ ချက်ချင်း အဝတ်တစ်စကို ဆုတ်ဖြဲလိုက်ပြီး သူ့မျက်လုံးကို ပိတ်လိုက်တယ်။ သူအဲ့လိုလုပ်တာကို မြင်လိုက်ရချိန် ရီဟန်က ရုတ်တရက် အော်ဟစ်ပြောလိုက်တယ်‘‘စုရှောင်းယု အလှည့်ကျမှ ဘယ်လိုလုပ်ပြီး နင့်မျက်လုံးကို ပိတ်လိုက်တာလဲ’’
သူမပြောတာကို ကြားလိုက်ပေမယ့် ရန်ကိုင်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ပြောလိုက်တာပေါ့ ‘‘သူမမှာ ပိုင်ဆိုင်သူ ရှိနေပြီးပြီလေ။ ငါ့မျက်လုံးကိုသာ အုပ်မထားခဲ့ရင် အစ်ကိုချန်က သူသေကိုယ်သေ ငါ့ကိုလာပြီး စိတ်ခေါ်လိမ့်မယ်’’
‘‘အိုး…’’ရီဟန်လည်း နက်နက်နဲနဲ တွေးတောစဉ်းစား ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တယ် ‘‘နင်တကယ်တွေ တွေးတတ်တာပဲ’’ ‘‘ဘာ…နင်က ငါ့ကိုနှာဗူးတစ်ယောက်လို့ ထင်နေတာလား’’ မိန်းကလေးတွေ အားလုံး သူ့ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်ကြပါတယ်။ သူမတို့သူ့ကို အထင်လွဲမှားသွားပုံ ပေါ်လေသည်။
ဒါပေမယ့် အပြစ်ရှိသလို ခံစားနေရချိန်မှာပဲ ဟန်ရှောင်ချီ၏ မျက်နှာရုတ်ချည်း အေးစက်သွားခဲ့ပြီး မကျေနပ်သည့် လေသံဖြင့် ရန်ကိုင်ကို မေးလိုက်တယ် ‘‘ဆိုလိုတာက…အစကတည်းက နင်မျက်လုံးအုပ်ပြီး လုပ်လို့ရတယ်ပေါ့’’
ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို ထုတ်ယူဖို့ဆိုရင် ဒန်တန်နေရာနှင့် လက်နဲ့ထိကပ်ထားဖို့ပဲ လိုအပ်တာပါ။ မျက်လုံးဖွင့်ပြီး ကြည့်နေစရာ မလိုပါဘူ။ အစကတုန်းက ထိုအကြောင်းကို မတွေးမိပေမယ့် အခုရန်ကိုင် မျက်လုံးပိတ်လိုက်တာကို မြင်လိုက်ရချိန်မှာတော့ သူမထိုအကြောင်းကို ချက်ချင်း တွေးမိလိုက်ပါပြီ။
ပြန်မဖြေရဲတော့တာနဲ့ ရန်ကိုင်က အားတုံ့အားနာ ပြုံးရင်းနဲ့သာ ထိုနေရာမှာပဲ ထိုင်နေခဲ့ပါတယ်။ ဟန်ရှောင်ချီက နူးညံ့လှတဲ့ ခန္ဓာကိုယ်လေး တစ်ခုလုံး ထိန်းမရအောင် တုန်ရီနေပါတော့တယ်။ မိန်းကလေးအားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ရင်းနှီးဖွယ်အပြုံး ကို ဆင်မြန်းရင်း ရန်ကိုင်ဆီ ပြေးသွားလိုက်ပြီး ထိုအရှက်မရှိတဲ့ နှာဗူးကောင်အပေါ် နတ်ဘုးရားပြစ်ဒဏ်အဖြစ် လက်သီးမိုး ရှာသွန်းပေးလိုက်ပါတယ်။
…
နာရီဝက်လောက် ကြာပြီးနောက် မိန်းကလေးတစ်အုပ် ရယ်မောရင်း၊ စကားပြောလိုက်လုပ်ရင်း လမ်းလျှောက် ထွက်လာခဲ့ကြတယ်။ ချန်ယွဲ့ရှုက ယောကျ်ားလေး အုပ်ထဲကနေ အရင်ဆုံး ပြေးထွက်လာလိုက်ပြီး သူ့ဂျူနီယာညီမလေးဆီ ပြေးသွားလိုက်ကာ လက်ကလေးကို ကိုင်ရင်း မေးလိုက်၏ ‘‘ဘယ်လိုလဲ၊ တစ်ခုခု ဖြစ်သွားသေးလား’’
စုရှောင်းယုက ချန်ယွဲ့ရှုကို အရင်တည်ငြိမ်စေပြီးနောက် ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောလိုက်တယ်။ သူမပြောတာကို နားထောင်ပြီးချိန်မှာတော့ ချန်ယွဲ့ရှုက ရန်ကိုင်ကို ပိုပြီးကျေးဇူးတင်သွားခဲ့ရတယ်။ ဒါပေမယ့် သူရန်ကိုင်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ သူ့မျက်နှာက ရုတ်ချည်း တောင့်တင်းသွားခဲ့ပြီး ‘‘ညီအစ်ကိုရန်၊ဘာ…’’
ရန်ကိုင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သူ့လက်ကို ဝှေ့ရမ်းလိုက်ကာ ‘‘ဒဏ်ရာသေးသေးလေးပါပဲ၊ဘာမှ မဖြစ်ဘူး…’’ ‘‘နင်နဲ့တန်တယ်’’ ကျိုမိုက နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်အခုလို ခံလိုက်ရတာကို ပျော်ရွှင်လို့နေခဲ့တယ်။
ရန်ကိုင်က သူမကို စိတ်ထဲမထားခဲ့ပါဘူး။ အဲ့အစားက သူ့သိုလှောင်အိတ်ထဲက ဆေးပုလင်းနှစ်ပုလင်းကို ထုတ်ယူလိုက်ပြီး ချန်ယွဲ့ရှုကို ပေးလိုက်တယ်။ ‘‘အစ်ကိုရန်၊အဲ့ဒါဘာလဲ’’ ချန်ယွဲ့ရှုက ဆေးပုလင်းနှစ်ပုလင်းကို လက်ခံယူရင်း စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်တယ်။
‘‘မင်းလို့ အရေးကြုံရင် သုံးလို့ရအောင်ပေါ့။ ပြီးတော့ ဝူချန်းရီနဲ့ ပြန်တွေ့ရင် သူနဲ့ ထပ်မပူးပေါင်းနဲ့တော့’’ ရန်ကိုင်က လူကြီးလူကောင်း လေသံဖြင့် ပြောလိုက်တယ်။ ‘‘ဘာလို့လဲ၊ ဘာဖြစ်ခဲ့တာလဲ’’ ဝူချန်းရီဆိုတဲ့ နာမည်ကြား လိုက်တဲ့အချိန် အာလုံး ဝိုင်းအုံလာခဲ့လိုက်ကြလေပြီ။ ဘာမှဖုံးကွယ်ထားစရာ မရှိတာနဲ့ ရန်ကိုင်ကလည်း ဝူချန်းရီ လုပ်ခဲ့တာတွေကို ပြန်ရှင်းပြလိုက်တာပေါ့။
သူပြောတာကို နားထောင်ရင်း အားလုံး၏ အမူအရာက တဖြည်းဖြည်း ရုပ်ဆိုးလာခဲ့တယ်။ ကျိုးဖုန်းက ထပြီး ကျိန်ဆဲပါတော့တယ် ‘‘ငါ့လခွမ်း၊ ငါ့မှာတော့ ချီကျန်းရှန် ဘာလို့ရုတ်တကြီး ပျောက်သွားတာလဲလို့ စဉ်းစားနေလိုက်ရတာ။ လတ်စသတ်တော့ ညီအစ်ကိုရန်ကို သတ်ဖို့ ဝူချန်ရီက သူ့ကို လွှတ်လိုက်တာကိုး။ ငါသူ့ကို မေးလိုက်တုန်းက သူက ချီကျန်းရှန်ကို ဘေးပတ်ဝန်းကျင်ကို စူစမ်းဖို့ စေလွှတ်လိုက်တာတဲ့။ စစ်ဆေးပြီးလို့ ရက်နည်းနည်းလောက်ကြာရင် ပြန်လာမှာပါ့တဲ့’’
ချန်ယွဲ့ရှုကလည်း ဒေါသတကြီး အော်ဟစ်ပြောဆို လိုက်ပါတယ် ‘‘အဲ့အကျင့်မကောင်းကောင်၊ သူဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ။ ဆေးပုလင်းလေးတစ်ပုလင်းအတွက်နဲ့ အဲ့လောက်တောင် ရက်ရက်စက်စက် ပြုမူခဲ့တယ်’’
ဟန်ရှောင်ချီက မျက်မှောင်ကြုံ့လိုက်ပြီး ‘‘ငါတို့အားလုံး သူ့အပေါ်အထင်အမြင် လွဲမှားခဲ့တာပဲ။ ငါတို့သာ သူ့နောက် ဆက်ပြီးလိုက်နေမယ်လိုရင် တစ်နေ့ ငါတို့အားလုံး သူ့အတွက် စတေးခံတွေ ဖြစ်လာနိုင်တယ်’’
ဆေးပုလင်းလေး တစ်ပုလင်းအတွက်နဲ့ ဝူချန်းရီက ရန်ကိုင်ကို သတ်ဖို့ကြိုးစားခဲ့တယ်။ သူ့အမြင်မှာတော့ ဟန်မင်းဆက် သိုင်းပညာရှင် တွေဆိုတာ အချိန်ကျရင် သွေးလုံးတွေအဖြစ် ပြောင်းလဲသွားမယ့် ကျင့်ကြံရေး ပစ္စည်းသာသာပါပဲ။ သူ့ဘေးနားမှာရှိတဲ့ ကျင့်ကြံသူ အရေအတွက်နဲ့ဆိုရင် အဆင့်သေးနည်းနည်းလောက် ချိုးဖျက်ဖို့က လုံလောက်တာထက် ပိုနေပါပြီ။
‘‘ငါတို့နောက်တစ်ကြိမ် ပြန်တွေ့တာနဲ့ ဒီအစ်မကြီးက နင့်အစား သူ့ကိုသင်ခန်းစာ ပေးပြမယ်’’ အဆုံးမဲ့ပင်လယ်ကျွန်းက လာတဲ့ ရီချင်းစီအနေနဲ့ ကြယ်ဓါးကိုးချောင်းဂိုဏ်းက တပည့်တစ်ယောက်ကို တိုက်ခိုက်တာက ဘာမှမထူးခြားပါဘူး။
သားရဲအုပ်ကို ပိုင်ဆိုင်တဲ့ တန်းလန်မင်းဆက်က ကျင့်ကြံသူတွေဆိုတာ မရှိတော့ပါဘူး။ ဝူချန်းရီနဲ့ အဆင့်၆သားရဲကို ပိုင်ဆိုင်တဲ့ ချီရွှယ့်တို့သာ ရှိပါတော့တယ်။ ဒေပေမယ့် အဆင့်၆သားရဲကို ပိုင်ဆိုင်ထားရင်တောင် လက်ရွေးစင်လူအုပ်ကို တစ်ယောက်တည်း ယှဉ်တိုက်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးပါဘူး။
တစ်နည်းဆိုရသော် အခုရှိနေတဲ့ အဖွဲ့သားတွေအကုန်လုံး တစ်ယောက်စီသာ ခွဲထွက်မသွားသရွေ့ ဒီသီးခြားကမ္ဘာကြီးထဲမှာ ပြိုင်ဘက်ကင်းနေမှာပါ။ ဒါပေမယ့် ချန်ယွဲ့ရှုက ရန်ကိုင်၏လေသံထဲကနေ တစ်ခုခုကို အာရုံခံမိတဲ့အတွက် ‘‘ညီအစ်ကိုရန်၊ မင်း…’’
ရန်ကိုင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ‘‘ဟုတ်တယ်၊ ငါထွက်သွားတော့မှာ’’
အားလုံး၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ရီဟန်က ခပ်မြန်မြန်ပဲ ကောက်မေးလိုက်တယ် ‘‘နင်ထွက်သွားတော့မှာလား။ နင်ဘာလို့ တစ်ယောက်တည်း ထွက်သွားချင်နေတာလဲ’’
ရန်ကိုင်က ဖြေးဖြေးချင်းသာ ခေါင်းခါယမ်းလိုက်တယ်။
ရိချင်းစီက ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး လေးနက်စွာဖြင့် မေးလိုက်တယ် ‘‘အစောပိုင်းတုန်းက ငါတို့နင့်ကို ဝိုင်းရိုက်လို့တော့ မဟုတ်ပါဘူးနော်။ အဲ့လိုဆိုရင် ဒီကအစ်မကြီးက လျော်ကြေးအနေနဲ့ ငါ့ကျောကို နင့်ကို ပြန်ရိုက်ခွင့်ပေးမယ်’’
‘‘မဟုတ်ပါဘူး၊ ငါ့မှာ ကိုယ်ပိုင်ကိစ္စတွေ ရှိသေးလို့ပါ’’ ရန်ကိုင်က ဆက်ပြီး မရှင်းပြချင်တော့ပါဘူး။ ရန်ကိုင်ပြောတာကို ကြားလိုက်တာနဲ့ ကျိမိုမျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားခဲ့ပြီး အခြားသူတွေကတော့ တစ်ခုခုကို ခန့်မှန်းမိသွားပုံရကာ ရန်ကိုင်နှင့်ကျိမိုကို တစ်လှည့်စီ ကြည့်လိုက်ပါပြီ။
ရန်ကိုင်က ပြုံးလိုက်ပြီး လန်ရှန်းဘက်လှည့်ကာ ‘‘နင်သူတို့နဲ့ပဲ နေခဲ့’’ ပြောရင်း နတ်ဆိုးအိုကြီးကို တိတ်တဆိတ် ခေါ်ထုတ်လိုက်တယ်။ ပြန်ခေါ်သံမရတာနဲ့ နတ်ဆိုးအိုကြီးက သူနှင့်ဆက်သွယ်မရအောင် သူ့ကိုယ်ပေါ်တွင် အတားအဆီး ပိတ်ဆို့သည့် စည်းခတ်ထားလိုက်ပြီဆိုတာ ရန်ကိုင်သိလိုက်တယ်။ ထို့ကြောင့် နတ်ဆိုးအိုကြီးကို ခေါ်မနေတော့ပဲ လန်ရှန်းကိုပဲ ဆက်ပြောလိုက်တယ် ‘‘နင့်ရဲ့တစ္ဆေဘုရင်တောင်ကြားနဲ့ ငါ့ကြားမှာ မကျေနပ်ချက်တွေ ရှိတယ်။ တကယ်တော့ ဂျင်ဟောင်နဲ့ ယုချန်ခွန်ကို ငါပဲသတ်ခဲ့တာလေ။ အဲ့ဒါကြောင့် နင်သူတို့အတွက် လက်စားချေချင်တယ်ဆိုရင် ကောင်ကင်စံအိမ်မှာ ငါ့ကိုကြိုက်တဲ့အချိန် လာရှာလို့ရတယ်’’
လွန်ခဲ့တဲ့၁၀ရက်တုန်း ကသာဆိုရင် ရန်ကိုင်သူမကို အသက်ရှင်လျက် လွှတ်ပေးခဲ့လိမ့်မည် မဟုတ်ပါဘူး။ ဒါပေမယ့် သူမနှင့်အတူ အနိမ့်အမြင့် လောကဒဏ်တရားကို အတူတကွ ရင်ဆိုင်ကြုံတွေ့ပြီးနောက် သူမကိုသတ်တာက အရမ်းလွန်လွန် ကဲကဲ ပြုမူနေသလို သူခံစားရလာခဲ့တယ်။
လန်ရှန်းမျက်လုံးထဲ အလင်းတစ်ချက် လက်သွားခဲ့ပြီးနောက် ခေါင်းခါယမ်းလိုက်ပြီး ပြန်ပြောလိုက်တယ် ‘‘ငါလုပ်မှာ မဟုတ်ဘူး’’ ရန်ကိုင်က ပြုံးလိုက်ပြီး ‘‘အဲ့ဒါကောင်းတယ်’’
ပြောပြီးတာနဲ့ ရန်ကိုင်က သူမနဖူးထက်ဆီ အာရုံစိုက်လိုက်ပြီး တစ်ခဏလောက် ကြာအောင် တွေးတောလိုက်ကာ ‘‘ငါနင့်ကို ပေးခဲ့တဲ့လက်ဆောင်ကို အခု ပြန်မယူနိုင်လောက်သေးဘူး။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ရောက်မှပဲ ငါပြန်ယူနိုင်လိမ့်မယ်’’ လန်ရှန်းက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံးလိုက်ကာ ‘‘နင်အဲ့အဆင့်ကို ရောက်ဖို့ သိပ်မကြာဘူးဆိုတာ ငါသိတယ်’’
ရန်ကိုင်က သူမ ဝိဉာဉ်ပေါ်ထားသည့် စည်းတံဆိပ် အကြောင်း ပြောနေမှန်း သူမသိပါတယ်။ ထိုစည်းတံဆိပ် ရှိနေသရွေ့ သူမက သူ့အစေခံဖြစ်နေမှာ ဖြစ်သလို သူမ၏သေခြင်း၊ရှင်ခြင်းကိုလည်း သူပဲ ထိန်းချုပ်ထားမှာပါ။
စည်းတံဆိပ် ကိစ္စနှင့် ပက်သက်ပြီး ရန်ကိုင်သူမကို ညာနေတာ မဟုတ်ပါဘူး။ နတ်ဆိုးအိုကြီး၏ အကူအညီကြောင့်သာ သူမစိတ်ဝိဉာဉ်ပေါ်တွင် စည်းတံဆိပ် အမှတ်အသားကို သူချနိုင်ခဲ့တာပါ။ သူမ စိတ်ဝိဉာဉ်ပေါ်က စည်းတံဆိပ် အမှတ်အသားကို ဖယ်ဖို့ဆိုတာကလည်း ရိုးရှင်းသည့် ကိစ္စတစ်ခုမဟုတ်တဲ့အတွက် ရန်ကိုင်အနေနဲ့ ကောင်းကင်စိတ်အာရုံကို လေ့ကျင့်နိုင်တဲ့အဆင့်ထိ ရောက်အောင် သူမ စောင့်ရဦးမှာပါ။
‘‘ကဲအားလုံးပဲ၊ ငါတို့တစ်နေ့ ကံဆုံရင် ပြန်တွေ့ကြတာပေါ့’’ ရန်ကိုင်က ပြုံးလိုက်ပြီး လက်သီးဆုပ် နှုတ်ဆက်လိုက်တယ်။ ‘‘ဂရုစိုက်ဦး’’
နှုတ်ဆက်ပြီးတာနဲ့ ရန်ကိုင်က ကျိမိုနှင့်အတူ အားလုံး၏ မြင်ကွင်းရှေ့မှ လှည့်ထွက်သွားခဲ့ပါတော့တယ်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး နောက်ဆုံးမှာတော့ ချန်ယွဲ့ရှုက တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်တယ် ‘‘ဟဟ…တန်းလန်မင်းဆက် မိန်းကလေးကို ငါတို့နဲ့အတူ သွားလာခိုင်းတာလည်း အဲ့လောက် ကိစ္စကြီးမဟုတ်ပါဘူး။ ညီအစ်ကိုရန်က အပိုသက်သက် စိတ်ပူနေတာပဲ’’
ဒါပေမယ့် ရီချင်းက အပြုံးတစ်ခုကို ဆင်မြန်းရင်း ‘‘အဲ့တန်းလန်မင်းဆက်က မိန်းမကို သာမန်အပေါင်းအဖော် တစ်ယောက်လို့ ဆက်ဆံနိုင်မယ်လို့ နင်အာမ ခံနိုင်လို့လား’’ ချန်ယွဲ့ရှု တစ်ခဏတာ အံ့အားသင့်သွားခဲ့ပြီးနောက် ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကာ ခေါင်းခါယမ်းလိုက်တယ်။
အရင်အချိန်တုန်းက ကျိမိုဆိုတာ သူတို့နဲ့ ရန်သူ ဖြစ်ခဲ့တာပါ။ သူတို့ကိုယ်ထဲ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက် ထည့်သွင်းခံရတာ သူမအကူအညီကြောင့်လည်း ပါပါတယ်။ ထို့ကြောင့် သူမကို သာမန်အပေါင်းအဖော် တစ်ယောက်လို ဘယ်အဖွဲ့သားကမှ ဆက်ဆံနိုင်လိမ့်မည် မဟုတ်ပါဘူး။
သူမသာ သူတို့နဲ့အတူ ဆက်ရှိနေမယ်ဆိုရင် ရန်ကိုင်ကို မျက်နှာသာပေးသည့် အနေဖြင့် သူမကို ခက်ခဲအောင် လုပ်မှာမဟုတ်ပေမယ့် သူမ သူတို့နှင့်အတူ ရှိနေသမျှ ကာလပတ်လုံး အမြဲတစေ သတိအပြည့်ဖြင့် နေရလိမ့်မှာပါ။ နောက်ဆုံးတော့လည်း ကျိမိုဆိုတာ အပြင်လူတစ်ယောက်ပဲလေ၊ ထို့ကြောင့် အပြင်လူတစ်ယောက်ကို ကိုယ့်နားထားပြီး နေနေရတာ တကယ်ကို ကသိကအောက် ဖြစ်စရာ ကောင်းပါတယ်။
ရန်ကိုင်က ထိုအချက်အားလုံးကို သေချာစဉ်းစားမိတဲ့အတွက် သူမနှင့်အတူ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ရပါမယ်။ ‘‘လန်ရှန်း၊ အဲ့မိန်းမက တကယ်ပဲ အစ်ကိုရန်ရဲ့ အစေခံလား’’ ချန်ယွဲ့ရှုက သိချင်စိတ်ဖြင့် မေးမြန်းလိုက်တယ်။ သို့ပေမယ့် သူ ထိုကဲ့သို့ မေးလိုက်တာနဲ့ လန်ရှန်းက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး ဒေါသတကြီး အံကြိတ်ရင်း လှည့်ထွက်သွားပါတော့တယ်။
‘‘ငါပြောတာ တစ်ခုခု မှားသွားလို့လား’’ ချန်ယွဲ့ရှု ဆွံ့အားသွားခဲ့ရတယ်။ လန်ရှန်းဘာလို့ သူ့အပေါ် ဒီလောက် အေးစက်သွားခဲ့မှန်း သူနားမလည်နိုင်ခဲ့ပါဘူး။ သူ့မေးခွန်းက သူမအထိမခံနိုင်တဲ့ နေရာကို ထိသွားတယ်ဆိုတာပဲ သူနားလည်လိုက်ပါတယ်။
Martial Peak
အပိုင်း (၂၅၄)
တောအုပ်ထဲ လမ်းလျှောက်နေရင်း ကျိမိုက ရန်ကိုင်နောက်ကျောကို ရှု့ပ်ထွေးသည့် အမူအရာဖြင့် စိုက်ကြည့်လို့ နေခဲ့ပါတယ်။ အကြိမ်များစွာ တုန့်ဆိုင်းခဲ့ပေမယ့် ရန်ကိုင်ကို စကားစပြောဖို့ ပြောစရာ စကားလုံး သူမလုံးဝ ရှာလို့မတွေခဲ့ပါဘူး။
တိတ်ဆိတ်မှုက သူတို့နှစ်ယောက်ကြား ကြီးစိုးလို့ နေခဲ့တယ်။ အရှေ့က သွားနေတဲ့ ရန်ကိုင်က တစ်ခါတစ်ခါ ရပ်တန့်ပြီး မျက်မှောင်ကြုံလိုက်၊ ထို့နောက် ဘေးပတ်ဝန်းကျင်ကို စူစမ်းလိုက်၊ ပြီးနောက်မှာတော့ ဦးတည်ရာအသစ်ဆီ ထွက်သွားလိုက် လုပ်နေခဲ့တယ်။ ကျိမိုကတော့ အရိပ်တစ်ခုလိုပဲ ရန်ကိုင် နောက်ကနေ တိတ်ဆိတ်စွာနဲ့ လိုက်ပါနေခဲ့တယ်။
နှစ်ရက်လောက် ကြာပြီးနောက် ကျိမိုက တိတ်ဆိတ်မှုကို ဆက်ပြီးသည်း မခံနိုင်တဲ့အချိန်၊ ရုတ်တရက် သွားနေတာကို ရပ်တန့်လိုက်ပြီး တစ်ချက်ကလေးတောင် ဆက်သွားမတော့ပဲ မတ်တပ်ရပ်နေလိုက်တယ်။ ရန်ကိုင်က မီတာထောင်ကျော်လောက် သွားပြီးတော့မှပဲ တစ်ခုခု မှားယွင်းနေမှန်း သိလိုက်ရပြီး နောက်လှည့်ကြည့်လိုက်တဲအချိန် ကျိမိုက ကျောက်ရုပ်ကြီးတစ်ခုကို မတ်တပ်ရပ်နေကာ သူ့ကို ရှုပ်ထွေးတဲ့ မျက်လုံးအစုံဖြင့် ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
‘‘နင်ဘာလုပ်နေတာလဲ’’ ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်တယ်။ မကျေနပ်မှု အရိပ်အယောင် တစ်စွန်းတစ်စကို သူ့မျက်နှာထက် မြင်တွေ့နေခဲ့ရပါတယ်။
‘‘ငါလည်း နင်ဘာလုပ်နေတလဲလို့ မေးချင်နေတာ’’ ကျိမိုက ခေါင်းလေးကို ဘေးဘက်ဆီ စောင်းလိုက်ပြီး ပြန်ပြီးမေးခွန်းထုတ်လိုက်တယ်။ နောက် ဖြေးဖြေးချင်း ဆက်ပြောလိုက်ပြန်ပါတယ် ‘‘တကယ်တော့၊ နင်ငါ့အတွက် အဲ့လောက်အထိ လုပ်ပေးစရာ မလိုဘူးလေ’’
‘‘အန်’’ ရန်ကိုင်က သူမကို နားမလည်နိုင်တဲ့ မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်ပါပြီ။
‘‘အဲ့လူတွေဆီကနေ ခွဲထွက်လာတာကို ပြောတာဟဲ့…နင်သာ သူတို့နဲ့အတူ ဆက်နေမယ်လိုရင် နင့်လုံခြုံရေးကို စိုးရိမ်ရမှာ မဟုတ်ဘူး။ ဒီသီးခြားကမ္ဘာကြီးထဲမှာ ရှိတဲ့လူဆိုလို့ နင်တို့ဟန်မင်းဆက် အဖွဲ့ရယ်၊ ငါ့စီနီယာအစ်ကိုရယ်၊ ဝူချန်ရီရယ်ပဲ ရှိတော့တာ။ ဒါပေမယ့် အဲ့အဖွဲ့ရဲ့ ခွန်အားနဲ့ဆိုရင် ဝူချန်းရီရော၊ ငါ့ရဲ့ စီနီယာအစ်ကို ကိုရော နင်ကြောက်စရာ မလိုတော့ဘူး။ ဒါကြောင့် အဖွဲ့ကနေ ထွက်လာတာ အကြံဉာဏ်ကောင်း တစ်ခုမဟုတ်ဘူးလို့ ငါနင့်ကို ပြောနေတာ’’
ရန်ကိုင်က သူမကို အချိန်တစ်ခဏလောက် ကြာအောင် ငေးကြောင် ကြည့်နေလိုက်ပြီးနောက် ရှင်ပြမရနိုင်တဲ့ အပြုံးတစ်ခု သူမျက်နှာထက် ပွင့်လန်းလာခဲ့ပါတယ်။ ‘‘အဖွဲ့ကနေ ငါခွဲထွက်လာခဲ့တာ နင့်ကြောင့်လိုတော့ နင်တွေးနေတာ မဟုတ်ပါဘူးနော်’’ ရန်ကိုင်က လှောင်ပြုံးလေးပြုံးရင်း မေးလိုက်တယ်။
ကျိမို ရှက်သွေးဖြာသွားခဲ့ပြီး ရန်ကိုင်ကို ကြည့်ရင်း မေးလိုက်တယ် ‘‘ ငါ့ကြောင့် မဟုတ်ဘူးလား’’
‘‘ဟဟဟ၊ နင့်ကိုယ်နင် အရမ်းအမြင့်ကြီး တွေးနေတာပဲ’’ ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး ‘‘ နင်က တန်းလန်မင်းဆက်က သိုင်းပညာရှင် တစ်ယောက်လေ။ သိပ်မကြာခင်တုန်းကတောင် ငါတို့တစ်ယောက်နဲ့ တစ်ယောက် သတ်ဖို့လုပ်နေခဲ့တာကို။ နင့်ငါရှေ့မှာသာ ဟန်ဆောင်ပြနေတာ၊ နင့်စိတ်ထဲမှာတော့ ငါ့ကိုသတ်ချင်နေတာ တစ်ပိုင်းသေနေပြီ မလား။ နင်က ရက်စက်ပြီး နှလုံးသားမဲ့တဲ့ လူတစ်ယောက်လေ။ အဲ့တော့ ငါကလည်း ဘာလို့ဖြောင့်မတ်မှန်ကန်သလို ပြုမူရမှာလဲ။ ပြီးတော့ နင့်ခံစားချက်ကိုကော ဘာလို့ ဂရုစိုက်နေရဦးမှာလဲ’’
ကျိမိုဒေါသပုန် ထသွားခဲ့ပြီး သူမအသက်ရှုသံ လေးလံလာခဲ ့ကာအံတင်းတင်းကြိတ်ပြီး ရန်ကိုင်ကို ကျိန်ဆဲပါတော့တယ် ‘‘ ငါ့စိတ်ဝိဉာဉ်အပေါ်မှာ နင့်စည်းတံဆိပ် အမှတ်အသားကို ချပြီးကတည်းက ဘယ်တုန်းကများ ငါနင့်ကို ဆန့်ကျင်ပြီး လှုပ်ရှားဖူးလို့လဲ။ နင်မပြောချင်လည်း ငါသိတယ်။ နင်အရမ်းကို ခေါင်းမာတယ် ဆိုတာလည်း ငါသိတယ်။ ဒါပေမယ့် ဒီလောက်အထိ ရက်ရက်စက်စက် ပြုမူစရာ လိုလို့လား’’
ဘီရှုမင် ကိစ္စမှာကတည်းက သူမသိနေခဲ့တာပါ။ ဘီရှုမင်က သူ့ကိုအထင်အမြင်သေး ရှုံ့ချစကားဆိုတဲ့ အတွက် သူစိတ်ပျက်ရတယ်ဆိုပေမယ့် တစ်စိတ်တစ်ပိုင်းကတော့ သူမအတွက်ကြောင့်လည်း ပါပတယ်။ ဒါပေမယ့် ထိုဝက်ခေါင်းကောင်က ထိုအကြောင်းကို ဝန်ခံမယ့်အစား အသေပဲခံလိုက်မယ့် ပုံစံမျိုးပါ။ ဒါကြောင့် ကျိမိုက သူ့ကိုမျက်နှာသာပေးဖို့ ဆုံးဖြတ်ခဲ့ပြီး သူအရင်စကား စပြောစေဖို့အတွက် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တာပါ။
ဒါပေမယ့် အားလုံးဖြစ်ပျက် ပြီးသွားတာတောင် ထိုအကောင်က သူမကို လျစ်လျူရှုပြီး သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတုန်းပါပဲ။ သူ့မျက်နှာက အဲ့လောက် သူ့အတွက် အရေးပါနေတာလား။
‘‘အိုး…ငါတို့နှစ်ယောက်ကြားက ခံစားချက်တွေက ဒီလောက်အထိ တိုးတက်လာခဲ့ပြီးလို့ နင်ထင်နေတာလား’’ ရန်ကိုင်က ရယ်မောလိုက်ပြီး ကျိမိုဆီ လမ်းလျှောက်သွားကာ သူမ၏ခါးလေးကို သူ့ဆီ ဆွဲဖက်လိုက်ပြီး သူမခန္ဓာကိုယ်ကို ပွတ်သပ်လိုက်တယ်။
ကျိမို၏ သူမကခန္ဓာကိုယ် အပေါ်ပိုင်းကို နောက်ဘက်သို့ တတ်နိုင်သမျှ ကွေးကာ ရန်ကိုင်ကို တွန်းထုတ်ဖို့ ကြိုးစားလိုက်သည်။ သူ့လက်အစုံက သူမတင်ပိုင်းတစ်ဝိုက် လှုပ်ရှားနေတာကို ခံစားမိုလိုက်ချိန် သူမအမူအရာ မဲမှောင်သွားခဲ့ပြီး မျက်မှောင်ကြုံ့ကာ မေးလိုက်တယ် ‘‘နင်ဘာလုပ်နေတာလဲ’’
‘‘ငါက ရက်စက်တယ်လို့ နင်အခုပဲ ပြောနေခဲ့တာလေ။ ငါက နင့်ကိုသက်သေပြနေရုံပဲ’’ ရန်ကိုင်လက်အစုံက ပိုပြီး ရဲတင်းလာခဲ့ပါပြီ။
‘‘ငါ့ကိုလွှတ်စမ်း’’ ကျိမိုမျက်နှာ ရေခဲတမျှ အေးစက်သွားခဲပြီး သံကုန်အော်ဟစ်လိုက်ပါတယ်။ ရန်ကိုင်က ပြုံးဖြဲဖြဲလုပ်လိုက်ပြီး သူမကို ပြန်လွှတ်ပေးလိုက်တယ်။ ကျိမိုက ချက်ချင်း နောက်ဆုတ်လိုက်ပြီး ရန်ကိုင်နှင့် ခပ်ခွာခွာနေလိုက်။ ထို့ပါပြီနောက် သူ့ကိုသတိအပြည့်ဖြင့် စိုက်ကြည့်ပြီး ပြောလိုက်တယ်
‘‘နင်ပြောတာ လုံးလုံးကြီးတော့ မမှားပါဘူး’’ ရန်ကိုင်က ရုတ်တရက် ခေါင်းညိတ်လိုက်ပြီး ‘‘သူတို့ဆီကနေ ခွဲထွက်လာတာက နင့်ကြောင့်လည်း ပါတယ်…’’ ထိုစကားကို ကြားလိုက်တာနဲ့ ဒေါသတွေနဲ့ ပြည့်နေတဲ့ ကျိမိုမျက်လုံးထဲ နွေးထွေမှုနှင့် ကျေးဇူးတင်သည့် အရိပ်အယောင် ဖြတ်ပြေးသွားခဲ့တယ်။
‘‘ငါဘယ်လို ပြောရမလဲ…အခုနင်က ငါ့အစေခံလေ။ နင်မျက်နှာ ပျက်ရရင် ငါလည်း မျက်နှာပျက်မှာပေါ့ ။ ဟုတ်တယ်မလား’’ ကျိမိုမျက်နှာထက် နွေးထွေးကြင်နာသည့် အရိပ်အယောင် တစ်စွန်းတစ်စက တစ်မုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး အေးစက်မှုတို့ဖြင့် အစားပြန်ထိုးသွားခဲ့ပါတယ်။
ဒီသောက်ကျင့် မကောင်းတဲ့ကောင်ကို ငါတစ်နေ့ကျရင် ရအောင်သတ်ပစ်မယ် ကျိမိုက သူမစိတ်ထဲ ကြုံးဝါးလိုက်ပြီး ရန်ကိုင်ကို ကြည့်ရင်း ပိုပိုပြီး ဒေါသထွက်လာခဲ့ရတယ်။ ‘‘ဒါပေမယ့် အဲ့ဒါက အဓိက အကြောင်းပြချက် မဟုတ်သေးဘူး’’ ရန်ကိုင်က လှောင်ပြောင်လိုဟန်ဖြင့် သူ့လက်ချောင်းကို ဖြေးဖြေးချင်း လှုပ်ခါလိုက်တယ်။
‘‘အဲ့ဒါဆို အဓိက အကြောင်းပြချက်က ဘာလဲ’’ ကျိမိုက စိတ်ပျက်နေသည့် အမူအရာဖြင့် မေးမြန်းလိုက်ပါတယ်။
‘‘ငါက ဝူချန်းရီကို သွားရှာဖို့ လုပ်နေတာ’’ ရန်ကိုင်မျက်နှာက် ရုတ်ချည်း ရက်စက်လိုမှုတို့ဖြင့် ပြည့်သွားခဲ့ပြီး ‘‘ငါသူ့ကို သတ်ချင်တယ်’’
ဝူချန်းရီက သူ့ဂျူနီယာညီလေးကို လွှတ်ပြီး ရန်ကိုင်ကို သတ်ခိုင်းခဲ့တယ်လေ။ ထိုကိစ္စက သူအလွယ်တကူ ခွင့်လွှတ်ပေးနိုင်သည့် လုပ်ရပ်တစ်ခု မဟုတ်ပါဘူး။ သူ့ရဲ့မောက်မာမှုအတွက် သင့်လျော်တဲ့ တန်ဖိုးတစ်ခုကို ဝူချန်းရီ ကျိန်းသေ ပြန်ပေးဆပ်ရပါမယ်။
ဒါပေမယ့် တကယ်တော့ သူက ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ လက်ရွေးစင်တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ဂိုဏ်းတွင်းရှိ သူ့အဆင်အတန်းကလည်း နိမ့်ကျလိမ့်မည် မဟုတ်။ ထို့ပါဘူးကြောင့် ဒီသီးခြားကမ္ဘာကြီးထဲကနေ ထွက်သွားနိုင်တာနဲ့ ဝူချန်းရီကို သတ်ဖို့က ခက်ခဲသွားပါပြီ။ ထို့အတွက်ကြောင့်ပဲ သူနဲ့ ဝူချန်းရီကြားက မကျေနပ်ချက်တွေကို ဒီနေရာမှာပဲ တစ်ခါတည်း အပြတ်ရှင်းချင်ခဲ့တာပါ။
ဒီအခွင့်အရေးကို သူလွဲချော်လို့ မဖြစ်ပါဘူး။ ထပ်ပေါင်းပြောရရင် ဝူချန်းရီမှာ ယန်မီးတောက် အရည်ရှိနေပါသေးတယ်။ ထိုအချက်ကတင် သူ့ကိုသတ်ဖို့ အကြောင်းပြချက် လုံလောက်နေပါပြီ။
ယန်မီးတောက် အရည်က သူ့အတွက် အသုံးမဝင်တော့ဘူးဆိုပေမယ့် အခြားသူတွေအတွက် အသုံးမဝင်တော့ဘူးလို့တော့ မဆိုလိုပါဘူး။ ကံမကောင်းစွာဖြင့် သူ့သာ ဟန်မင်းဆက်က အဖွဲ့သားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ရင် ဝူချန်းရီမှာရှိနေတဲ့ ယန်မီးတောက် အရည်က သူတို့အားလုံး ခွဲဝေယူဖို့ လုံလောက်လိမ့်မည် မဟုတ်ပါဘူး။ ပြီးတော့ ဝူချန်းရီဆီက ပစ္စည်းတွေ အားလုံးကိုလည်း သူတစ်ယောက်တည်း မောင်ပိုင်းစီးလို့ ရတော့လိမ့်မည် မဟုတ်တော့ဘူးလေ။
‘‘နင့်သတ္တိက မသေးပါလား။ အဲ့ဝူချန်းရီက ငါ့စီနီယာအစ်ကို လက်ကတောင် လွတ်အောင် ပြေးနိုင်ခဲ့တာနော်။ နင်အရမ်းသန်မာတယ်ဆိုတာကို ငါမငြင်းလိုပါဘူး။ ဒါပေမယ့် နင်သူတို့နိုင်နိုင်မယ်လို့ နင့်ကိုယ်နင် ယုံကြည်ချက် ရှိလို့လား’’ ကျိမိုက ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး မေးလိုက်တယ်။
‘‘အနိုင်၊အရှုံးဆိုတာ ငါတို့တိုက်မှပဲ သိနိုင်တဲ့အရာလေ’’ ရန်ကိုင်က အလေးမထားဟန်ဖြင့် ပြောလိုက်ပြီး ကျိမိုကို အဓိပ္ပါယ် ရှိရှိကြည့်လိုက်ကာ ‘‘ပြီးတော့ ငါ့ကိုကူဖို့ နင်ရှိနေသေးတာပဲ။ နင့်ကို အလကားသက်သက် ခေါ်ထားတယ် ထင်လို့လား’’ ကျိမို၏ မျက်နှာလှလှလေး ဒေါသကြောင့် ရှုံ့မဲ့သွားခဲ့ပြီး ထပ်ခါထပ်ခါ ခြေဆောင့်လိုက်ကာ‘‘နင်သေသွားသင့်တာ’’
သူကတစ်ချိန်လုံး အကြံအစည် ချနေတာပဲ” အစောပိုင်းတုန်းက ရန်ကိုင်ကို ကျေးဇူးတင်မိသလို ခံစားမိသွားခဲ့တာက သူမကိုယ်သူမ အရှက်ခွဲလိုက်တာလို့ ကျိမိုခံစားလိုက်ရ။ ပါတယ်
‘‘ဟဟဟ’’ ရန်ကိုင်က ရယ်မောလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်ကာ ကျိမို၏ ပါးနုနုလေးကို ပွတ်သပ်လိုက်ပြီး ‘‘အခု၊ အရမ်းကြီး စိတ်မပျက်ပါနဲ့ဦး။ နင်ငါ့နဲ့ အချိန်နည်းနည်းလောက် ထပ်ပြီး ကုန်ဆုံးပြီးတာနဲ့ ငါနင့်ကို အကျိုးအမြတ် အများကြီး ပေးနိုင်တယ်ဆိုတာ နင်သိလာပါလိမ့်မယ်။ အဲ့အချိန်ကျရင် နင်ငါ့နားကနေတောင် ထွက်သွားချင်တော့မှာ မဟုတ်ဘူး’’
‘‘အရှက်မရှိလိုက်တာ။ အတကယ်ကို အရှက်မရှိလွန်းတာ’’
ရန်ကိုင်ပြောတဲ့ စကားလုံးတွေက ကမ်းကုန်အောင် အရှက်မရှိလွန်းတယ် ဆိုပေမယ့် သူက သူမတွေ့ဖူးသမျှတွေထဲမှာ အထူးချွန်ဆုံး ဆိုတာကတော့ ငြင်းမရတဲ့ အချက်တစ်ချက်ပါ။ သူ့ရည်ရွယ်ချက် အစစ်အမှန်ကို သိသွားတာနဲ့ ကျိမို၏ ဒေါသတို့ ပြေလျော့သွားခဲ့ပြီး ပြုံးလိုက်ရင်း ခပ်မြန်မြန်ပဲ မေးလိုက်တယ်
‘‘ အဲ့တော့ တစ်ချိန်လုံး ရပ်လိုက်၊ စစ်ဆေးလိုက် လုပ်နေတာက ဝူချန်းရီကို ရှာဖို့ပေါ့ဟုတ်လား။ အခု နင့်သူဘယ်မှာရှိလဲဆိုတာ သိပြီလား’’
‘‘မသိသေးဘူး’’ ရန်ကိုင်က ခေါင်းခါယမ်းလိုက်ပြီး ‘‘သူ့လို လူတစ်ယောက်က ကိုယ်သွားခဲ့တဲ့ လမ်းကြောင်းကို လတ်စမဖျောက်ခဲ့ပဲ နေမှာမဟုတ်ဘူး’’
ပြောနေတာ တစ်ချက်ရပ်ပြီးနောက် ရန်ကိုင်က ယုံကြည်ချက် ရှိစွာဖြင့် ဆက်ပြောလိုက်တယ် ‘‘ဒါပေမယ့် သူသာ ရှိနေသေးသရွေ့၊ ငါ့လက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး’’
‘‘အဲ့ကိစ္စနဲ့ ပက်သက်ပြီး ငါကူညီနိုင်မယ်လို့ ထင်ရတာပဲ’’ ကျိမိုက စနောက်လိုဟန်ဖြင့် ပြောလိုက်တယ်။
ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ‘‘အဲ့ဒါ ငါ့ရည်ရွယ်ချက်ပဲ’’
နောက်ရက်အနည်းငယ်အတွင်း ရန်ကိုင်နှင့် ကျိမိုတို့နှစ်ယောက် ဝူချန်းရီ၏ သဲလွန်စကိုရှာရင်း မိစ္ဆာသားရဲတွေကိုပါ ရှာဖွေနေခဲ့ကြတယ်။ ယောင်ဟီနှင့်ယောင်ရှီတို့ နှစ်ယောက်ပေါင်း စုစုပေါင်း မိစ္ဆာသားရဲ အကောင်၁၀၀ကို ထိန်းချုပ်ခဲ့ပါတယ်။ တိုက်ပွဲမှာ သူတို့အကောင်သုံးဆယ်ကိုပဲ သတ်နိုင်ခဲ့တဲ့အတွက် ကျန်တဲ့ ၇၀လောက်က လွတ်မြောက်နေဆဲပါ။
ရက်အနည်းငယ် ကြာပြီးနောက်……
ဒီရက်အတောအတွင်း မိစ္ဆာသားရဲ ၇ကောင်ကို ကျိမိုထိန်းချုပ် ကျွန်ပြုနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ထိုသားရဲရကြောင့် သူတို့ဝူချန်းရီကို ရှာဖွေရာမှာ ပိုပြီးလွယ်ကူလာခဲ့တာပေါ့။ ရက်ပေါင်း ဒါဇင်ကျော်လောက် ကုန်ဆုံးသွားပြီးနောက်… ကျိမိုထိန်းချုပ်ထားတဲ့ သားရဲအရေအတွက်က ၁၅ကောင်အထိ ရောက်ရှိလာခဲ့ပြီး ဝူချန်းရီ၏ သဲလွန်စကို ရှာတွေ့ခဲ့ပါပြီ။
ပတ်ဝန်းကျင်ကို စူးစမ်းဖို့ စေလွှတ်ထားတဲ့ ကျိမို၏ သားရဲတစ်ကောင် အသတ်ခံလိုက်ရတဲ့အတွက် ရန်ကိုင်နှင့် ကျိမိုနှစ်ယောက်စလုံး ထိုသားရဲ အသတ်ခံရတဲ့ နေရာစီ အလျင်အမြန် ပြေးသွားလိုက်တယ်။ သို့ပေမယ့် သားရဲကို သတ်သွားတဲ့လူကို မတွေ့ရတော့ပဲ ဓါးချီအကြွင်းအကျန်တွေကိုသာ တွေ့လိုက်ရပါတယ်။
‘‘သားရဲကို သတ်သွားတဲ့လူက ဝူချန်းရီဆိုတာ ကျိန်းသေတယ်’’ သူတွေ့ရှိတဲ့ ဓါးချီက သာမန်ကျင့်ကြံသူ တစ်ယောက် ဖော်ထုတ်အသုံးပြုနိုင်သည့် ဓါးချီမျိုး မဟုတ်။ ပါဘူးကြယ်ဓါးကိုးချောင်းဂိုဏ်းက ဝူချန်းရီလို လက်ရွေးစင်တစ်ယောက်ပဲ အသုံးပြုနိုင်တဲ့ ဓါးချီမျိုးပါ။
ပြီးတော့ အဆင့်၅သားရဲကို ဒီလောက်မြန်မြန်နဲ့ သတ်ဖြတ်နိုင်မှာတော့ ကျင့်ကြံသူ၏ သိုင်းအဆင့်က နိမ့်ကျနေလိမ့်မည် မဟုတ်လောက်ဘူးလေ။ ဝူချန်းရီလို အားကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်သာ အဆင့်၅သားရဲကို ဒီလောက်မြန်မြန် သတ်ဖြတ်နိုင်မှာပါ။ သူတို့ဝူချန်းရီ၏ သဲလွန်စကို တွေ့ရှိခဲ့ပေမယ့် နေ့တစ်ဝက်လောက် ကြာအောင် ခြေရာကောက်ပြီးနောက် ဝူချန်းရီကို မျက်ခြေပျက်သွားခဲ့ရပါတယ်။
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပါပြီ။ ကောင်းကင်စိတ်အာရုံကို မလေ့ကျင့်နိုင်သေးတဲ့အတွက် ပထမဆုံးအကြိမ်အဖြစ် ရန်ကိုင်တော်တော်လေး စိတ်ညစ်သွားခဲ့ရ။ သူတယ်သာ ကောငးကင်စိတ်အာရုံကို အသုံးပြုနိုင်ခဲ့ရင် ဝူချန်းရီနောက် လိုက်ရာမှာ အခုလိုမျိုး မျက်ခြေပျက်သွားလိမ့်မည် မဟုတ်ပါဘူး။ သူ့မှာသာ အားကောင်းသည့် ကောင်းကင် စိတ်အာရုံ ရှိနေခဲ့ရင် ကီလိုမီတာ ဒါဇင်လောက်ကို အသာလေး စစ်ဆေးနိုင်ပါတယ်။
ရန်ကိုင်က မကျေမနပ် ဖြစ်နေတဲ့အချိန်မှာပဲ ကျိမို၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ရန်ကိုကြည့်ကာ အလောတကြီး ပြောလိုက်တယ် ‘‘ငါ့စီနီယာအစ်ကို အနားမှာရှိတယ်’’
ရန်ကိုင်လည်း သူမကိုလှည့်ကြည့်လိုက်ပြီး ‘‘ချီရွှယ့်လား’’
‘‘အင်း၊ သူ့က အဆင့်၆သားရဲတစ်ကောင်နဲ့ အတူရှိနေတာ။ သူ့ခွန်အားနဲ့ပါ ပေါင်းလိုက်တော့ ဒီသီးခြားကမ္ဘာကြီးထဲမှာ ဘယ်သူမှ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ ငါတို့သာ သူ့ကိုထိပ်တိုက် တွေ့မယ်ဆိုရင် နင်ကျိန်းသေ သေသွားလိမ့်မယ်။ ငါတို့သူ့ကို လုံးဝရှောင်ရှားသင့်တယ်’’
‘‘သူလည်း ဒီရောက်နေတာဆိုတော့ ဝူချန်းရီနောက်ကို လိုက်နေတာပဲ ဖြစ်ရမယ်’’ တန်းလန်မင်းဆက်က သိုင်းပညာရှင် တွေနဲ့ ဟန်မင်းဆက်က သိုင်းပညာရှင်တွေ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်တုန်းက ဟန်မင်းဆက်က သိုင်းပညာရှင်တွေအားလုံး အဖမ်းခံလိုက်ရပြီး ဝူချန်းရီတစ်ယောက်သာ လွတ်မြောက်သွားပါတယ်။ အဲ့နောက် ချီရွှယ့်က သူ့သားရဲနှင့်အတူ ဝူချန်းရီကိုဖမ်းဖို့ သူ့နောက်ကို လိုက်သွားခဲ့ပါ။
သူနှင့်ရန်ကိုင်တို့ နှစ်ယောက်စလုံးမှာ တူညီတဲ့ ရည်မှန်းချက် ရှိနေတဲ့အတွက် နှစ်ယောက်သား ထိပ်တိုက်တွေ့တာ မထူးဆန်းပါဘူး။
‘‘အရမ်းနောက်ကျသွားပြီ’’ ကျိမို၏ မျက်နှာလှလှလေးဟာတော့ အခုအချိန်မှာ ဖြူလျော်နေခဲ့ပြီး တောအုပ်ထဲကို စူစိုက်ကြည့်နေလိုက်ရင်း ရန်ကိုင်ကို တိုးတိုးလေး ပြောလိုက်တယ် ‘‘ဒီမှာပဲ စောင့်နေ၊ စကားမပြောနဲ့။ ငါသူနဲ့ ရင်ဆိုင်လိုက်မယ်။ သူသာ နင်နဲ့ငါ့ကြားက ဆက်ဆံရေးကို သိသွားမယ်ဆိုရင် သူနင့်ကို သတ်မှာကျိန်းသေပဲ’’
ရန်ကိုင်က သူမကို အံ့အားသင့်တကြီး ကြည့်လိုက်တယ်။ ကျိမိုက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ‘‘ငါ့လုံခြုံမှုအတွက် ငါလုပ်နေတာ။ လျှောက်တွေးမနေနဲ့။ နင်သာ ငါ့ကို သေစေချင်တယ်ဆိုရင် နင့်အတွေး တစ်ချက်နဲ့တင် လုံလောက်နေပြီ။ အဲ့ဒါကြောင့် ငါ့ကိုယ်ငါ အန္တရာယ်ကျရောက်အောင် လုပ်မှာမဟုတ်ဘူး။ နင်သေရင် ငါပါတစ်ခါတည်းသေသွားမှာလေ’’
‘‘ဟဲဟဲ’’ ရန်ကိုင်က ကောင်မလေး၏ ထိတ်လန့်နေသော မျက်နှာလေးကို ကြည့်ရင်း ရယ်မောလိုက်ပြီးနောက် သူမကြည့်နေရာ နေရာဆီ လှမ်းကြည့်လိုက်ပါတယ်
သိပ်မကြာခင်မှာပဲ တောအုပ်ထဲကနေ သာရဲတစ်ကောင် ထွက်ပေါ်လာခဲ့ပါပြီ။ ထိုသားရဲက ကျားနှင့်ဝံပုလွေမျိုးစပ်ပြီး မွေးဖွားလာသည့် သားရဲတစ်ကောင်နှင့် တူပါတယ်။ သားရဲတစ်ကောင်လုံးက ၁၀မီတာလောက် ရှည်လျာပြီး မီတာပေါင်းများစွာ အကွာကနေတောင် သားရဲဆီကနေ ထွက်ပေါ်နေတဲ့ ဖိအားကို ရန်ကိုင်ခံစားမိနေပါတယ်။
အဆင့်၆သားရဲ… အစစ်အမှန်အဆင့်၆သားရဲပင်…
ထိုသားရဲပေါ်လာတာနဲ့ ကျိမိုနောက်တွင် ရှိနေသည့် သားရဲတွေအကုန်လုံးကို ကြောင်ကိုတွေ့သည့် ကြွက်လိုမျိုး ခေါင်းငုံ့လိုက်ကြပြီး တစ်ချက်ကလေးတောင် မော်မကြည့်ရဲကြတော့ပါဘူး။ သားရဲကိုယ်ပေါ်မှာတော့ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်၂၅၊၂၆နှစ် အရွယ်လောက်ရှိသည့် လူတစ်ယောက် ထိုင်နေခဲ့ပါတယ်။ ထိုလူ၏ မျက်ခုံးအစုံက ဓါးသွားအလား ဖြောင့်စင်းနေခဲ့ပြီး ဖြောင့်မတ်တဲ့ ကိုယ်နေဟန်ထားနှင့် စူးရှတဲ့အကြည့်ကို ပိုင်ဆိုင်ထားပါတယ်။
သူက ချီရွှယ့်ပါပဲ။ သူ့ပင်ကိုယ်စရိုက်က ဝူချန်းရီနှင့် ကွာခြားပါတယ်။ နှိုင်းယှဉ်ရမယ်ဆိုရင် ဝူချန်းရီက တောင်တစ်လုံးလို တည်ငြိမ်ပြီး ချီရွှယ့်ကတော့ မိမိကိုယ်ကို ယုံကြည်စိတ် ပြင်းထန်ပုံရကာ သူ့ဆီမှာမောက်မာပြီး ဂုဏ်ယူဝံ့ကြွားသည့် အရှိန်အဝါတို့ကို ထွက်ပေါ်နေခဲ့တယ်။ သားရဲပေါ်တွင် ထိုင်နေရင်း ချီရွှယ့်က ကျိမိုကို လှမ်းကြည့်လိုက်ပြီး ရန်ကိုင်ကိုတော့ တစ်ချက်ကလေးတောင် မကြည့်ခဲ့ပါဘူး။ အဆင့်၆ သားရဲက သူတို့နှင့် ၁၀မီတာ အကွာလောက်တွင် ရပ်တန့်သွားခဲ့တယ်။
‘‘စီနီယာအစ်ကို’’ ကျိမိုက ရှေ့တိုးသွားလိုက်ပြီး ချီရွှယ့်ကို လေးလေးစားစားဖြင့် နှုတ်ဆက်လိုက်တယ်။ သို့ပေမယ့် သူမပြန်ရလိုက်တာကတော့ စကားသံမဟုတ်ပဲ သားရဲ၏ မကြည်ဖြူပုံရတဲ့ မာန်ဖီသံပါပဲ။
သားရဲ တုန့်ပြန်ပုံက ကျိမိုကို နှလုံးအခုန် မြန်သွားစေခဲ့တယ်။ သူမ၏ စီနီယာအစ်ကို စိုက်ကြည့်လိုက်တဲ့အချိန် မှာတော့ ချီရွှယ့်က သူမကိုအေးစက်စက်ဖြင့် စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။
အပိုင်း (၂၅၅)
‘‘ယောင်ဟီနဲ့ ယောင်ရှီတို့ သေသွားတယ်။ အဲ့ကိစ္စနဲ့ ပက်သက်ပြီး နင်ဘာသိထားသေးလဲ’’ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးနောက် ချီရွှယ့်က ရုတ်တရက် ကောက်မေးလိုက်တယ်။ သူရဲ့စူးရှတဲ့ မျက်လုံးအစုံက အနည်းငယ် မှေးကျဥ်းနေခဲ့ပြီး အန္တရာယ်များတဲ့ အရိပ်အယောင်တို့ လက်နေခဲ့ကာ သူမအဖြေက သူမ၏ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ်ဆိုပြီး သတိပေးနေပုံရတယ်။
ကျိမို ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပေမယ့် လေသံခပ်မာမာနဲ့ပဲ ပြန်ပြောလိုက်ပါတယ်”ငါသူတို့ကို သတ်ခဲ့တာ” ချီရွှယ့် မျက်လုံးအစုံက ရုတ်တရက် ပြူးကျယ်သွားခဲ့ပြီဂ ကျိမိုကို ဒေါသတကြီး မေးလိုက်တယ် “သူတို့ကို နင်သတ်လိုက်တာလား”
‘‘ဟုတ်တယ်’’ ကျိမိုက လေသံမာမာဖြင့် ပြန်ပြောလိုက်တယ်ဆိုပေမယ့် သူမစိတ်ထဲမှာတော့ ထိတ်လန့်နေတာပါ။ ‘‘ဘာလို့လဲဆိုတာငါ့ကိုပြော’’ ချီရွှယ့်က အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်တယ်။
‘‘သူတို့က ငါ့သားရဲတွေကိုသတ်ပြီး ငါ့ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေကို ယူသွားတာလေ။ ပြီးတော့ ငါ့ကောင်းကင်စိတ်အာရုံကိုတောင် ဖျက်စီးပစ်လိုက်သေးတယ်’’ ချီရွှယ့် မျက်မှောင်ကြုံ့လိုက်ပြီး ကျိမိုကို သံသအကြည့်ဖြင့် ကြည့်လိုက်ကာ ‘‘သူတို့ဘာလို့ အဲ့လိုလုပ်တာလဲ’’
ကျိမိုက ပြန်ပြီးလှောင်ပြောင်ပြောဆိုလိုက်ပါတယ်
‘‘စီနီယာအစ်ကိုက အဖြေကိုသိနေပြီပဲ။ ဘာလို့မေးနေသေးတာလဲ’’ ချီရွှယ့် သူ့မျက်လုံးအစုံကို တစ်ဒင်္ဂလောက် ကြာအောင် ပိတ်လိုက်ပြီး နောက် အသာအယာလေး ခေါင်းညိတ်လိုက်ကာ ‘‘ ကောင်းပြီ၊ သူတို့က အဲ့လိုလုပ်ရဲမှာတော့ သူတို့နဲ့ထိုက်သင့်တဲ့ ကံကြမ္မာကို သူတို့လက်ခံရမယ်’’
ထိုစကားကို ကြားလိုက်မှာပဲ ကျိမိုသက်ပြင်းချနိုင်ခဲ့တယ်။ ချီရွှယ့်သာ ယောင်ဟီနှင့်ယောင်ရှီတို့ ဘက်လိုက်သွားခဲ့ရင် အခြေအနေတွေကို ပိုပြီးဆိုးရွားသွားခဲ့မှာကါ။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ချီရွှယ့်က စီနီယာအစ်ကိုတစ်ယောက်ရဲ့ ဂုဏ်းသိက္ခာနှင့်အညီး ဘက်လိုက်ပြီး ကျိမိုကို အပြစ်မပေးခဲ့ချေ။
‘‘ဒါပေမယ့် နင်တစ်ယောက်တည်းတော့ သူတို့နှစ်ယောက်ကို သတ်နိုင်မှာ မဟုတ်ဘူး’’ ချီရွှယ့် ၁၀၀ရာခိုင်နှုန်း သေချာသည့် လေသံဖြင့် ပြောလိုက်ပြီး ဆက်မေးလိုက်ပါတယ်‘‘ဘယ်သူ နင့်ကို ကူညီခဲ့တာလဲ’’
ကျိမိုက သူမ၏နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး ချီရွှယ့်၏ မေးခွန်းကိုတော့ ပြန်မဖြေခဲ့ပေ။
သူမထိုကဲ့သို့ ပြုမူနေတာကို မြင်လိုက်ရတော့ ချီရွှယ့်က နောက်ဆုံး ရန်ကိုင်ကို လှမ်းကြည့်လိုက်ပြီး မထူးခြားနားသည့် လေသံဖြင့် ကျိမိုကို ပြောလိုက်တယ် ‘‘ယောင်ဟီနဲ့ယောင်ရှီတို့နဲ့ နင်တိုက်ခိုက်တာကို ငါဘာမှ မပြောလိုဘူး။ ငါတို့ပြန်လို့ရတာနဲ့ ဒီအကြောင်းကို ဘက်မလိုက်ပဲ ဆရာ့ဆီ ငါပြန်တင်ပြပေးမယ်… ဒါပေမယ့် အပြင်လူ တစ်ယောက်က ဝင်ကူရင်တော့် အကျိုးဆက်ကို နင်သိလောက်ပါတယ်’’
‘‘ငါသိတယ်’’ ကျိမိုက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်ပါတယ်။
‘‘ကောင်းတယ်။ အဲ့ဒါဆို သူ့ကိုသတ်လိုက်တော့’’ ချီရွှယ့်က အေးစက်စက်လေသံဖြင့် ရန်ကိုင်ကို လက်ညိုးထိုးပြီး ကျိမိုကို အမိန့်ပေးလိုက်တယ်။
ရန်ကိုင်စိတ်နှလုံး တုန်ရင်သွားခဲ့ပြီး ယွမ်ချီကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်တကယ်။ ကျိမို၏ စီနီယာအစ်ကို ဒီလောက်အထိ ရက်ရက်စက်စက် ပြုမူလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့မိတာ အမှန်ပါ။
ကျိမိုက ခေါင်းလေးမော့လိုက်ပြီး သူမမျက်လုံးအစုံကတော့ ခက်ခဲမှုတွေ အပြည့်နဲ့ပေါ့။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် သူမရန်ကိုင်ကို တိုက်ခိုက်လိမ့်မည် မဟုတ်ပါဘူး။ သူမသာ ရန်ကိုင်ကို တိုက်ဖို့ ကြိုးစားလိုက်တာနဲ့ သေမင်းဆီ တစ်ခါတည်း မြန်းရမှာပါ။ ကံမကောင်းစွာဖြင့် ချီရွှယ့်ကလည်း နည်းနည်းလေးတောင် အလျှော့မပေးချင်ခဲ့ပေ။ ထို့ကြောင့် ကျိမို ဘယ်လောက်ပဲ တော်ပါတယ်ဆိုဆို၊ အခုလက်ရှိ အခြေအနေကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကိုတောင် စဉ်းစားမရခဲ့ပေ။
သူမဘယ်လမ်းကိုပဲ ရွေးရွေး ထိုနှစ်ယောက်ထဲက တစ်ယောက် မကျေမနပ် ဖြစ်မှာအမှန်ပါ။
‘‘ငါဒီမှာ ရောက်နေပြီ ဆိုမှာတော့ သူ့ကိုဆက်ပြီး နင့်နားခေါ်ထား စရာလိုမတော့ဘူးလေ။ နင်ဘာတွေ တုန့်ဆိုင်း နေတာလဲ’’ ချီရွှယ့် အေးစက်စက်လေသံဖြင့် မေးခွန်းထုတ်လိုက်တယ်။
ကျိမို၏ နှလုံးခုန်သံ မြန်ဆန်သွားခဲ့ပြီး သူမအတွေးပေါင်း သောင်းခြောက်ထောင်တို့က စက်ရထားအလား အလျင်အမြန် လှည့်ပတ်နေကာ နောက်ထပ်တုန့်နှေးလို့ မရတော့မှန်း သူမသိလိုက်တယ်။
တစ်ခဏလောက် တိတ်ဆိတ်နေပြီးနောက် ကျိမိုက ခေါင်းခါယမ်းလိုက်ရင်း လှောင်ပြုံးပြုံးလိုက်ပြီး ပြန်ပြောလိုက်ပါတယ် ‘‘ငါသူ့ကို မသတ်နိုင်ဘူး’’ ချီရွှယ့် မျက်လုံး မှေးစင်းသွားခဲ့ပြီး သူ့လေသံက အရင်ကထက် ပိုပြီးအေးစက်လာခဲ့ကာ ‘‘ဘာလို့လဲ’’
ရန်ကိုင်က တိတ်တဆိတ် လှောင်ပြောင်လိုက်ပြီး ကျိမို၏ အဖြေကို စောင့်ဆိုင်းနေလိုက်တယ်။ သူမသာ သူတို့နှစ်ယောက်ကြားက လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်တာနဲ့ သူက သူမကို သင်ခန်းစာကောင်းကောင်း ပေးမှာပါ။
‘‘ဘာလို့လဲဆိုတော့… ငါသူ့ကိုချစ်နေလို့ပဲ’’ ကျိမိုမျက်လုံးတွေက စိတ်ဆုံးဖြတ်ချက် ချထားသည့် အရိပ်အယောင်တို့ဖြင့် ပြည့်သွားခဲ့ပြီး သူမပါးလေးတွေက အနည်းငယ် နီးမြန်းနေခဲ့ကာ ထပ်ပြီး ဆက်ပြောလိုက်ပါတယ် ‘‘ငါက သူ့မိန်းမဖြစ်နေပြီလေ။ ဒါကြောင့် ငါသူ့ကို ဆန့်ကျင်ပြီး တိုက်ခိုက်မှာ မဟုတ်ဘူး’’
ရန်ကိုင် ကြောင်သွားခဲ့ပြီး ကျိမိုကို စိုက်ကြည့်လိုက်တယ်။ ထိုမိန်းမက အခုလို မဟုတ်တုတ်က စကားတွေ ပြောတတ်လိမ့်မယ်လို့တော့ သူ မမျှော်လင့်ထားခဲ့တာ အမှန်ပါ။ ချီရွှယ့်၏ မျက်နှာတစ်ခုလုံးကလည်း သံပုရာသီး ကိုက်လိုက်ရသည့် အလား ရှုံ့မဲ့သွားခဲ့ပြီး ကျိမိုကို ဝမ်းပန်းတနည်း စိုက်ကြည့်ရင်း အံကြိတ်ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်ပါတယ် ‘‘နင်ဘာပြောလိုက်တာလဲ’’
‘‘ငါသူ့ကိုကြိုက်နေတယ်။ ငါက သူ့မိန်းမဖြစ်နေပြီလို့’’ အိုးကကွဲနေပြီမို့ ပေါက်ကျကုန်သည့် အရာတွေကို သူမ ဂရုမစိုက်နိုင်တော့။ အရင်ကထက် စာရင်တော့ သူမစကားလုံးတွေက ပိုပြီးချောမွတ်လာခဲ့တယ်။ ချီရွှယ့်က နတ်ဆိုးဆန်ဆန် ပြုံးလိုက်ပြီး ‘‘ဟန်မင်းဆက်က ကျင့်ကြံသူတစ်ယောက်ကို ကြိုက်နေတယ်လို့ နင်ပြောလိုက်တာလား’’ ‘‘ဟုတ်တယ်’’ ကျိုမိုက ရန်ကိုင်ကို မသိမသာလေး ခိုးကြည့်လိုက်ပါတယ်။ ဒါပေမယ့် သူကတော့ ရုပ်တည်ကြီးနှင့်… သူ့ပုံစံက အခုအဖြစ် အပျက်တွေအားလုံး အခုလိုပဲ ဖြစ်သင့်တယ်လို့ ပြောနေသည့် ရုပ်နှင့်။ သူမနှလုံးသားထဲ ခါးသီးသွားခဲ့ပြီး စိုးရိမ်ပူပန်မှုတို့ လှိုက်တက်လာခဲ့ကာ ထိုသကောင့် မျက်နှာကို အကြိမ်များစွာလောက် ပြေးပြီး ရိုက်နှက်ပစ်လိုက်ချင်မိပါတော့တယ်။
သူမ အကြောင်းပြချက်က ရယ်စရာ ကောင်းတယ်ဆိုပေမယ့် ထို့ထက်ကောင်းတဲ့ အကြောင်းပြချက်ကို သူမရှာမတွေ့တော့ပါဘူး။ ဒါပေမယ့် ထိုသကောင့်သားက အောင်ပွဲရနေသည့် ပုံစံဖြင့် အေးအေးဆေးဆေးလေး မတ်တပ်ရပ်ကြည့်နေခဲ့တယ်။ သူမနှလုံသားထဲက နာကျင်မှုကို လုံးလုံး လျစ်လျူရှုပြီးတော့ပေါ့။
ချီရွှယ့်အမူအရာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်ဆီ အကြည့်ရွေ့လိုက်တယ်။ အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် ‘‘သေချာသွားပြီ။ သူ့ကိုယ်ထဲမှာ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်မရှိမှာတော့ နင့်ပြောတာတွေကို အလိမ်တွေ မဟုတ်လောက်ဘူး’’
ရန်ကိုင်မျက်နှာ အေးစက်သွားခဲ့ပါတယ်။ ချီရွှယ့် ပြောလိုက်တဲ့ စကားလုံးတွေက အရေးကြီးတဲ့ အချက်အလက် တစ်ခုကို ဖော်ပြသွားခဲ့တယ်။ ထိုအချက်အလက်ကတော့ သူက အခြားသူတွေရဲ့ ကိုယ်ထဲမှာရှိတဲ့ ဝိဉာဉ် ထိန်းချုပ်ခြင်းအင်းဆက်တွေကို အာရုံခံနိုင်တယ်ဆိုတဲ့ အချက်ကိုပါ။
‘‘ဟုတ်တယ်လေ…ငါနင့်ကို မလိမ်ခဲ့ဘူးလေ’’ ကျိမိုက နာကျင်စွာဖြင့် အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံးလိုက်တယ်။
‘‘ကောင်းတယ်၊ ကောင်းတယ်’’ သတ်ဖြတ်လိုစိတ်တို့ဖြင့် ချီရွှယ့် ခန္ဓာကိုယ်ကလေ ချီလှိုင်းတံပိုးတို့ လှိမ့်တက်လာခဲ့ပြီး ‘‘နင်က ကိုယ့်ဂုဏ်သိက္ခာကိုတောင် ပစ်ပယ်ပြီး ဟန်မင်းဆက်က ကျင့်ကြံသူတစ်ယောက်ကို နင့်ခန္ဓာကိုယ်ကို စော်ကားခွင့် ပြုခဲ့တယ်။ စီနီယာအစ်ကို နင့်ကိုဆက်ပြီး မျက်နှာသာ မပေးနိုင်တော့ဘူူး။ ငါတို့ ပြန်ရောက်တာနဲ့ ဒီကိစ္စအားလုံးကို ဆရာ့ဆီ ပြန်တင်ပြမယ်။ အကျိုးဆက်တွေအတွက် နင့်ကိုယ်နင် ပြင်ဆင်ထားသင့်တယ်’’ ကျိမို၏ ခန္ဓာကိုယ် နုနုလေးက မသိမသာလေး တုန်ရင်သွားခဲ့ပေမယ်လို့ သူမကတော့ ဆက်ပြီးတော့သာ တိတ်ဆိတ်နေခဲ့ပါတယ်။
‘‘သူကတော့…’’ ချီရွှယ့်က ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ‘‘နင်က သူ့ကို မသတ်ချင်မှာတော့ စီနီယအစ်ကိုက နင့်အတွက် လုပ်ပေးရမှာပေါ့’’
ပြောပြီးတာနဲ့ ကျိမိုထိန်းချုပ်ထားတဲ့ မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာက ရန်ကိုင်ကို အစွယ်ပြပြီး မာန်ဖီပါတော့တယ်။ ရန်ကိုင်က အမူအရာ မည်းမှောင်သွားခဲ့ပြီး ကျိမိုကို အေးစက်စွာဖြင့် စိုက်ကြည့် လိုက်တယ်။ ကျိမိုက အလျင်စလို ပြန်ပြီးရှင်းပြလိုက်တယ် ‘‘မြန်မြန် ပြေးတော့။ စီနီယာအစ်ကိုရဲ့ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်က ငါ့ထက်အဆင့်မြင့်လို့ ငါ့အင်းဆက်တွေကို ဖိနှိပ်ထိန်းချုပ်နိုင်တယ်’’
အဲ့လိုပေါ့ ကျိမိုရှင်းပြတာကို နားထောင်ပြီးတော့မှာပဲ ရန်ကိုင်စိတ်ထဲက ဒေါသတို့ အနည်ထိုင်သွားခဲ့တယ်။ အစကတော့ ကျိမိုက သူ့ကို တိတ်တဆိတ် ဆန့်ကျင့်တိုက်ခိုက်ဖို့ ကြိုးစားနေတယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့် သူ သူမကို အထင်လွဲသွားသည့် ပုံပင်။
‘‘ပြေးဖို့လား’’ ချီရွှယ့်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သားရဲးဒါဇင်ကျော်ကို ရန်ကိုင်အား ချက်ချင်းပဲ ဝန်းရံထားစေလိုက်တယ်။ ကျိမိုမျက်နှာက ဖြူလျော်နေခဲ့ပါပြီ။ သူမမျက်ခုံးအစုံက ချွေးစက်တို့ဖြင့် စိုရွှဲနေခဲ့ပြီး သူမ၏ ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေကို ထိန်းချုပ်နိုင်ဖို့ အသည်းအသန် ကြိုးစားနေရင်း ရန်ကိုင်ကိုလည်း စိုးရိမ်စွာဖြင့် အော်ဟစ်နေခဲ့တယ် ‘‘ နင်ဘာလုပ်နေသေးတာလဲ။ နင်ဘာလို့ ထွက်မသွားသေးတာလဲ’’
ဒါပေမယ့် ရန်ကိုင်ကတော့ ချီရွှယ့် စီးနေတဲ့ အဆင့်၆သားရဲ ကိုသာ အာရုံစိုက်နေခဲ့တယ်။ ချီရွှယ့်က လှောင်ပြောင်လိုက်ပြီး သားရဲဒါဇင်ကျော်ကို ရန်ကိုင်အား ဝန်းရံထားဖို့ တိတ်တဆိတ် အမိန့်ပေးလိုက်တယ်။ ကျိမိုက သူမသားရဲတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် သူမအားထုတ်မှုတွေက အချည်းပါပဲ။
ရန်ကိုင်မျက်နှာ လေးနက်သွားခဲ့လေပြီ။ ဝှစ်…
သူ့ခန္ဓာကိုယ်က သားရဲတွေ ဝန်းရံထားသည့်ကြားကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါတယ်။ ချီစွမ်းအင်တို့ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး သူ့ဘယ်ဘက်လက်ကနေ ကျားဖြူစည်းတံဆိပ် ပေါ်လာခဲ့ကာ ညာဘက်လက်ကနေတော့ နွားသိုး စည်းတံဆိပ် ထွက်ပေါ်လာခဲ့ပါတယ်။ မှိန်ဖျဖျအလင်းရောင်တစ်ခုက သူ့လက်ဝါးထက်ကနေ ပေါက်ကွဲထွက်လာခဲ့ပြီး အဆင့်၆သားရဲဆီ တိုးဝင်သွားခဲ့လိုက်တယ်။
ဝေါင်း…ကောင်ကင်တစ်ခွန် တုန်ဟီးသွားစေနိုင်လောက်သည့် အသံဖြင့် မည်ဟီးလိုက်ရင်း အဆင့်၆သားရဲ၏ ပါးစပ်ဆီမှ လေပြင်မုန်းတိုင်းတို့ ပေါက်ကွဲထွက်ပေါ်လာခဲ့တယ်။ ထိုလေပြင်းက ရန်ကိုင်ဆီ တိုးဝင်သွားခဲ့ပြီး ရန်ကိုင်၏ သားရဲအစေခံစည်းတံဆိပ်နှင့် ထိပ်တိုက် တွေ့ဆုံသွားခဲ့ပါတော့တယ်။
‘‘ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့’’ ချီရွှယ့်က သရော်လှောင်ပြောင်လိုက်တယ်။ သားရဲအစေခံ စည်းတံဆိပ်က ဘာလဲဆိုတာ သူမသိပါ။ ရန်ကိုင်၏ တိုက်ခိုက်မှု တစ်ခုလို့ပဲ ထင်မှတ်ထားခြင်းဖြစ်တယ်။ ဒါပေမယ့် ရန်ကိုင် တိုက်ခိုက်လိုက်တဲ့အချိန် သူ့သိုင်းအဆင့်က ထွက်ပေါ်သွားခဲပါပြီ။
ချီသန့်စင်ခြင်းအဆင့်၈… ရန်ကိုင် သိုင်းအဆင့်ကို သိလိုက်တာနဲ့ ချီရွှယ့် ပိုပြီး ဒေါသထွက်လာခဲ့တယ်။
ထိုလူသာ ဟန်မင်းဆက်က ကောင်းကင်ကို အံတုနိုင်တဲ့ မဟာဂျီးနီးယပ် တစ်ယောက်ဖြစ်မယ်ဆိုရင် ကျိမို သူ့ကိုကြိုက်တာက သဘာဝကျပါတယ်။ ဒါပေမယ့် ထိုကောင်က အစစ်အမှန်ဒြပ်စင် အဆင့်တောင် မရောက်သေးတဲ့ ကျင့်ကြံသူတစ်ယောက်၊ သူ့မှာ ကျိမိုကို ကြိုက်ဖို့ ဘာအရည်အချင်းများ ရှိလို့လဲ။
သူမ၏ စီနီယအစ်ကို တစ်ယောက်အနေနဲ့ ချီရွှယ့် အရှက်ရသလို ခံစားလိုက်ရတယ်။ ထိုအချက်ကို ရန်ကိုင်ကို ဖျက်စီးခြင်းသည့် သူ့စိတ်ကို ပိုပြီး ခိုင်မာသွားစေခဲ့ပါတယ်။
‘‘သတ်’’ ချီရွှယ့်က သူကိုယ်တိုင် ဝင်ပါရမှာကို အထင်သေးစက်ဆုပ်တဲ့အတွက် ကျိမို၏ သားရဲတွေကိုပဲ တိုက်ခိုက်ဖို့အတွက် သူ့လက်ကို ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်တယ်။
ရန်ကိုင်က ကျိမို၏ အော်ဟစ်သတိပေးသံတို့ကို လျစ်လျူရှုထားရင်း သားရဲတို့၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ အဆင့်၆သားရဲဆီ ပြေးဝင်သွားလိုက်တယ်။ သားရဲကျောပေါ်တွင် ထိုင်နေရင်း ချီရွှယ့်က ရန်ကိုင်ကို ထပ်ခါထပ်ခါ လှောင်ပြောင် သရော်နေခဲ့တယ်။ ‘‘မင်းရဲ့ လှုပ်ရှားမှု ပညာရပ်က ကောင်းတယ်ဆိုပေမယ့် မင်းကိုယ်တိုင်က အားနည်းလွန်းတယ်’’ ချီရွှယ့်က အထင်အမြင် သေးစွာဖြင့် မှတ်ချက် ပေးလိုက်တယ်။
အဆင့်၆သားရဲကလည်း သူ့သခင်ဆီက အတွေးတွေကို သိသည့်အလား သူ့ပါးစပ်ကို နောက်တစ်ကြိမ် ဖွင့်ဟလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ အရင်ကလို လေပြင်းတစ်ခု မဟုတ်တော့ပါ။ အကြိမ်များစွာ ဟိန်းဟောက်လိုက်ပြီးနောက် မီတာဝက်လောက် ရှည်လျားတဲ့ ဓါးသွားတစ်ချောင်း ဖြစ်တည်လာခဲ့ပြီး ရန်ကိုင်ဆီ လျင်မြန်စွာဖြင့် တိုးဝင်သွားစေလိုက်ပါတယ်။
ဒါပေမယ့် ရန်ကိုင်ကတော့ ဆက်ပြီးရှောင်ရှားနေတုန်းပါပဲ။ အဆင့်၆သားရဲ အနားရောက်ဖို့ကိုသာ သူအာရုံစိုက်နေခဲ့တယ်။
သူတို့နှစ်ယောက်ကြားက အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာတာနဲ့ ချီရွှယ့် မျက်လုံးထဲ စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။ ထိုဟန်မင်းဆက်ကောင်ရဲ့ လှုပ်ရှာမှုပညာရပ်ကို သူအထင်သေးခဲ့မိပြီ ဆိုတာကို ချီရွှယ့် နားလည်လိုက်တယ်။ ကျိမို၏ သားရဲတွေက သူ့ကိုတစ်ချက်ကလေးတောင် မထိနိုင်ခဲ့ပါ။ သူ့အဆင့်၆ သားရဲက တိုက်ခိုက်နေတာတောင် အသက်ရှုချိန် အနည်းငယ် အတွင်းမှာပဲ ထိုဟန်းမင်းဆက်ကောင်က သူ့နားတိုးကပ်လာနိုင်ခဲ့တယ်။
ဟန့်…ချီရွှယ့်က မကျေမနပ်ကနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ သူ့မျက်လုံးအစုံကတော့ ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်တုန်းပါ။ ၁၅မီတာလောက်ပဲ ကွာတော့တဲ့ အချိန်မှာတော့ ဟန်မင်းဆက်ကျင့်ကြံသူရဲ့ အမြန်နှုန်းက ရုတ်ချည်း ထိုးတက်သွားခဲ့ပြီး သူ့ပုံရိပ်ကိုသာ မြင်ရတော့တဲ့အထိ မြန်ဆန်သွားခဲ့ပါတယ်။
ချီရွှယ့်က ပတ်ပတ်လည်းကို စူးစမ်းရင်း နားကိုလည်း စွံ့ထားခဲ့တယ်။ ရုတ်တရက် လှောင်ပြောင်လိုက်ရင်း သူ့ဘေးဘက်ဆီ ရက်ရက်စက်စက် ရိုက်ချလိုက်တယ်။ သူ့လက်ဝါးထက်ကနေ ပြင်းထန်အားကောင်းလှတဲ့ ချီစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့ပြီး ရုတ်တရက် ပေါ်လာသည့် ရန်ကိုင်ထက်ဆီ ကျဆင်းသွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ရန်ကိုင်လက်ဝါးထက်ကနေ မှိန်ဖျဖျ အလင်းရောင် တစ်ခုထွက်ပေါ်လာခဲ့ပြီး သားရဲကိုယ်ထဲ နစ်မြုပ်သွားခဲ့ပါတယ်။ အောင်မြင်သွားလေပြီ… ရန်ကိုင်က ချီရွှယ့်၏ တိုက်ခိုက်မှုကို ခုခံဖို့ အလျင်စလို ကြိုးစားလိုက်တယ်။ ဘုန်း… စက္ကူစွန်းတစ်ခုအလား ရန်ကိုင်ခန္ဓာကိုယ်က မီတာပေါင်းများစွာ အကွာသို့ လွင့်စင်သွားခဲ့တယ်။
‘‘ဟန့်၊ အမှိုက်ပဲ’’ ထိုဟန်မင်းဆက်ကောင်က သူ့နားကို မရမက ကပ်ဖို့ကြိုးစားနေတာက သားရဲကိုယ်ထဲ ထိုမှိန်ဖျဖျအလင်းရောင် ထိုးသွင်းဖို့ဆိုတာကို သူအခုမှပဲ နားလည်သွားခဲ့တော့တယ်။ ဒါပေမယ့် သူသားရဲကို ထိုနိုင်ခဲ့ပေမယ့် သားရဲကတော့ ဘာထူးခြားမှုမှ မပြခဲ့ပါ။ အဲ့အစား ထိုကောင်က သူ့လက်ဝါးချက်ကို ထိမှန်ခံလိုက်ရတဲ့အတွက် ပြင်းပြင်း ထန်ထန် ဒဏ်ရာရသွားမှာတော့ ကျိန်းသေပါတယ်။
မြေကြီးပေါ်ကို ခြေထောက်နဲ့ ကျသွားခဲ့ပြီး ခြေလှမ်းများစွားသို့ ရန်ကိုင်နောက်ဆုတ် ခဲ့လိုက်ရတယ်။ ပရမ်းပတာ ဖြစ်နေတဲ့ သူ့သွေးတွေကို တည်ငြိမ်အောင် လုပ်ဆောင်ရင်း သူ့မျက်လုံးတွေကတော့ အံ့သြမှုအပြည့်နဲ့ပေါ့။
‘‘သန်မာတယ်’’ ရန်ကိုင် ချီကျူးလိုက်တယ်။
ထိုချီရွှယ့်က မဟာအင်းအားစု တစ်ခုရဲ့ လက်ရွေးစင် တပည့်ဖြစ်ဖို့ ထိုက်တန်ပါတယ်။ အခွဲလေး တစ်ခုက လာတယ်ဆိုရင်တောင် သူ့ခွန်အားက သာမန်သိုင်းသမား တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သည့် အရာမျိုး မဟုတ်ပါ။
‘‘ဂျူနီယာညီမလေး၊ စီနီယာအစ်ကို နင့်ကိုအခွင့်အရေး တစ်ခုပေးမယ်။ နင်သာ သူ့ကိုသတ်လိုက်သရွေ့၊ နင်ဘက်ကနေပြီး ဆရာကို ငါခုခံပြောဆိုပေးမယ်။ နင့်ရဲ့ အပျိုစင်ဘဝကို ပေးလိုက်ရပြီဆိုတာကိုပါ ငါကူပြီး ဖုံးကွယ်ပေးမယ်။ အဲ့လိုဆိုရင် ဂိုဏ်းထဲက နင့်အဆင့်အတန်းကို ထိခိုက်စေတော့မှာ မဟုတ်ဘူး။ အဲ့လိုမှ မဟုတ်ရင်တော့ အခုလက်ရှိ အကြောင်းအရာတွေသာ ပေါက်ကြားသွားခဲ့ရင် နင့်အဖို့ တော်တော်လေး ခက်ခဲသွားမှာတော့ ကျိန်းသေတယ်’’
ကျိမိုက တုန့်ဆိုင်းခြင်းမရှိ ခေါင်းခါလိုက်ပြီး ‘‘ငါသူ့ကို မဆန့်ကျင်နိုင်ဘူး’’ ရန်ကိုင်ကို တိုက်ခိုက်တာက ကိုယ့်သေတွင်း ကိုယ်တူးနေတာနဲ့ အတူတူပါပဲ။ ထိုအချက်ကို ကျိမို ရှင်းရှင်းလင်းလင်း သိပါတယ်။
‘‘ကောင်းတယ်၊ ဒါက နင်ကိုယ်တိုင် ရွေးထားတဲ့ လမ်းဖြစ်နေမှတော့ အနာဂတ်မှာ နင်နောင်တမရနဲ့တော့ပေါ့’’ ချီရွှယ့်၏ သည်းခံမှုက အတိုင်းအတာထိ ရောက်သွားခဲ့ပါပြီ။ သူ့စီးနေတဲ့ သားရဲကိုပုတ်လိုက်ပြီး ရန်ကိုင်ကို အေးစက်စက်ကြည့်ရင်း ပြောလိုက်တယ် ‘‘ငါ့ဂျူနီယာ ညီမလေးရဲ့ နှလုံးသားကို အခုလိုမျိုး သိမ်းပိုက်နိုင်လောက်တဲ့အထိ မင်းဘာတွေ လုပ်ထားလဲဆိုတာ ငါမသိပေမယ့် တန်းလန်မင်းဆက်တွေက ဟန်မင်းဆက်က အမှိုက်တွေဆီ ဘယ်တော့မှာ အောက်ကျခံမှာမဟုတ်ဘူး။ အဲ့အတွက်ကြောင့် မင်းသေကို သေရမယ်’’
ပြောပြီးတာနဲ့ ချီရွှယ့်က ရန်ကိုင်သေမယ့် အချိန်ကို စောင့်နေလိုက်တယ်။ ဒါပေမယ့် တစ်ခဏကြာပြီးနောက် သူ့အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး သူစီးနေတဲ့ အဆင့်၆သားရဲကို အံ့အားသင့်စွာဖြင့် ငုံ့ကြည့်လိုက်ပါတယ်။ ငါ့ဝိဉာဉ် ထိန်းချုပ်ခြင်းအင်းဆက်က သားရဲကိုယ်ထဲမှာ ရှိနေသေးတာလေ … ဘယ်လိုလုပ်ပြီး အခုလို ဖြစ်သွားရတာလဲ
ချီရွှယ့် နောက်တစ်ကြိမ် ထပ်ပြီး အမိန့်ပေးလိုက်တယ်။ ဒီတစ်ကြိမ်တော့ သားရဲက တုန့်ပြန်လာခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကို တိုက်ခိုက်ပြီးတော့ တုန့်ပြန်တာတော့ မဟုတ်။ အဲ့အစား ချီရွှယ့်ကို သူ့ကျောပေါ်ကနေ ခါထုတ်ပစ်လိုက်ရင်းနဲ့ပေါ့။