← Chapters

အခန်း (၂၅၆-၂၆၀)

Vol. 11 Ch. 256-260

အခန်း (၂၅၆-၂၆၀)

Vol. 11 Ch. 256-260

အပိုင်း (၂၅၆)

သားရဲကိုယ်ပေါ်မှ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျလာပြီး မြေပေါ်တွင် အခြေခိုင်အောင် လုပ်ပြီးတဲ့အချိန်မှာတော့ ချီရွှယ့်က သားရဲကို စိုက်ကြည့်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သားရဲကလည်း သူ့ကိုပြန်ပြီး စူစိုက်ကြည့်နေတာကို ချီရွှယ့်တွေ့လိုက်ရပါတယ်။ သားရဲမျက်လုံးတွေကပါ ရက်စက်ကြမ်းကြုတ်သည့် အလင်းရောင်တို့ဖြင့် လင်းလက်နေခဲ့တယ်။

ချီရွှယ့် မျက်နှာ ဖြူလျော်သွားခဲ့တယ်။

သူ့ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက် ထည့်သွင်းထားခံရတဲ့ သားရဲက သူ့လက်ကနေ လွတ်မြောက်သွားရုံမကလို့ သူ့ကိုပါ ပြန်ပြီး ရန်လိုနေခဲ့လေပြီ။ ‘‘ဟဟဟ’’ ရန်ကိုင်က ထိုမြင်ကွင်းကို ကြည့်ရင်း ဝါးလုံးကွဲ အော်ဟစ် ရယ်မောလိုက်ပါတယ်။ အားရုံပြောင်းလိုက်ပြီးနောက် အစောပိုင်းတုန်းက အဖြစ်အပျက်တွေကို ချီရွှယ့် ပြန်တွေးကြည့်လိုက်တယ်။ ထို့နောက် ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး အော်ဟစ်မေးမြန်း လိုက်ပါတယ် ‘‘မင်းဘာလုပ်လိုက်တာလဲ’’

ထိုထူးဆန်းတဲ့ အလင်းရောင်းအကြောင်းကိုး တွေးမိလိုက်ချိန်မှာတော့ ဘာတွေ ဖြစ်ပျက်သွားခဲ့လဲဆိုတာကို ချီရွှယ့် အနည်းနှင့်အများတော့ ဖမ်းဆုပ်မိသွားခဲ့ပါပြီ။ ထိုသကောင့်သားက သူ့ဆီ မရမက တိုးဝင်နေချင်သည်မှာ မထူးဆန်းတော့။ သူ့ရည်ရွယ်ချက်က သားရဲကို တိုက်ခိုက်ဖို့ မဟုတ်ပဲ သားရဲကိုယ်ထဲ ထိုထူးဆန်းသည့် အလင်းရောင်ကို ထည့်သွင်းဖို့ပါပဲ။ ထိုအလင်းရောင်က သူ့ထိန်းချုပ်မှုကို ပျက်ပြားအောင် လုပ်တဲ့ ထူးဆန်းတဲ့ ပညာရပ်တစ်ခုခုပဲ ဖြစ်ရပါမယ်။

မဟုတ်ရင် သူ့ထိန်းချုပ်ထားတဲ့ သားရဲက သူ့ထိန်းချုပ်မှုကနေ လွတ်မြောက်ကာ သူ့ကိုပြန်တိုက်ခိုက်ဖို့ ကြိုးစားပါ့မလဲ။

ရန်ကိုင်က ရယ်မောနေရင်း သတိထားခြင်း အလျင်းမရှိပဲ အဆင့်၆သားရဲဆီ ဖြေးဖြေးချင်း လမ်းလျှောက်သွားလိုက်ပါတယ်။ သားရဲနား ရောက်တာနဲ့ သားရဲကို ပွတ်သပ်ပေးလိုက်ပြီး ချီရွှယ့်ကို ကြည့်ကာ ပြောလိုက်တယ် ‘‘ငါလုပ်ခဲ့လဲဆိုတာ မင်းမမြင်ဘူးလား’’

ကျိမိုကတော့ ရန်ကိုင်ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်လို့ နေခဲ့ပါတယ်။ သူနှင့် အချိန်အတူတူ ပိုကုန်ဆုံးခဲ့လေ ထိုသကောင့်သား သူမအတွက် ပိုပြီးဆန်းကြယ်လာလေပင်။ ထိုထူးဆန်းတဲ့ လူငယ်လေးက သူမလက်လှမ်း မမှီနိုင်တဲ့ ခွန်အားနဲ့ သိုင်းပညာရပ်တွေကို ပိုင်ဆိုင်ထားပုံရပါတယ်။

လွန်ခဲ့တဲ့ သားရဲတွေနဲ့ တိုက်ပွဲတုန်းက ထိုအကောင်က သူမနှင့်လန်ရှန်းကို ဘယ်လို ကယ်တင်သွားခဲ့လဲဆိုတာ အခုမှပဲ သူမနားလည် သွားပါတော့တယ်။ အဲ့အချိန်တုန်းက အခြေအနေတွေကို ထိန်းချုပ်သွားခဲ့တဲ့လူက ရန်ကိုင်မှန်း သူမသိပေမယ့် သူဘယ်လိုလုပ်ခဲ့လဲဆိုတာကိုတော့ သူမမသိခဲ့ပါ။

ဒါပေမယ့် အခုတော့ သူမနားလည်သွားခဲ့ပါပြီ။ ထိုလူငယ်လေးက… သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ ပညာရပ်တစ်ခုခုကို တတ်ကျွမ်းထားပုံပါပဲ။

အဆင့်၆သားရဲကိုတောင် ဒီလောက် လွယ်လွယ်နဲ့ ထိန်းချုပ်နိုင်တဲ့ ပညာရပ်ကို ပိုင်ဆိုင်ထားမှတော့ ဒီသီးခြားကမ္ဘာကြီးထဲမှာ ဘယ်သူကများ သူ့ကိုအံတုယှဉ်ပြိုင် နိုင်ဦးမှာလဲ။ သူမစီနီယာအစ်ကိုတောင် အဆင့်၆သားရဲကို ထိန်းချုပ်နိုင်ဖို့အတွက် သူ့ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက်တွေကို အချင်းချင်း ပြန်စားသောက်ဝါးမြိုခိုင်းခဲ့ရတယ်။ သူနဲ့ယှဉ်ရင် ရန်ကိုင်ပညာရပ်တွေက မိုးနှင့်မြေအလားပင်။

‘‘မင်းဘယ်လို လုပ်လိုက်တာလဲ။ ငါ့ဝိဉာဉ်ထိန်းချုပ်ခြင်း အင်းဆက် သားရဲကိုယ်ထဲမှာပဲ ရှိနေသေးတာလေ။ အဲ့ဒါမဖြစ်နိုင်ဘူး’’ ချီရွှယ့်က အစောပိုင်းတုန်းကလို မတည်ငြိမ်နိုင်တော့ပါ။ ကျားကုန်ကျားကန်ဖြင့် သူ့ဝိဉာဉ်ထိန်းချုပ်ခြင်းအင်းဆက်နှင့် ဆက်သွယ်ဖို့ သူကြိုးစားခဲ့ပေမယ့် သားရဲကတော့ သူ့အမိန့်တွေကို နာခံဖို့ ငြင်းဆန်နေတုန်းပါပဲ။

‘‘မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ မင်းရဲ့ အင်းဆက်တွေက တကယ်ကို အသုံးမဝင်ဘူးလို့ပဲ ငါပြောချင်တယ်’’ ရန်ကိုင်က အထင်အမြင်သေးစွာဖြင့် ချီရွှယ့်ကို စိုက်ကြည့်လိုက်တယ်။

‘‘စိတ်ဝင်စားစရာပဲ’’ ချီရွှယ့် ချက်ချင်း မျက်ခုံးပင့်မိလိုက်ပါတယ်။ ကစားအသစ်တစ်ခုကို တွေ့လိုက်သည့်အလား ရန်ကိုင်ကို ဒေါသအဖြင့် သူစိုက်ကြည့်လို့ နေခဲ့တယ်။

‘‘သတ်’’ ရန်ကိုင်က စကားတစ်လုံးပဲ ပြောလိုက်တယ်။

အဆင့်၆သားရဲက ချီရွှယ့်ဆီ ချက်ချင်း ပြေးဝင်သွားလိုက်ပြီး ပြေးလွှားနေရင်း လေဓါးသွားတွေကို တစ်ပြိုင်တည်း ပစ်လွှတ်လိုက်ပါတယ်။ ချီရွှယ့်လည်း ထိုတိုက်ကွက်တွေကို ထိပ်တိုက် မရင်ဆိုင်ရဲတဲ့အတွက် လှုပ်ရှားမှုပညာရပ်ကို ထုတ်သုံးပြီး ချက်ချင်း ရှောင်ရှားလိုက်ရပါတော့တယ်။ သားရဲနှင့် ထိပ်တိုက်ရင်ဆိုင်မယ့်အစား ချီရွှယ့်က လေထဲကို ခုန်တက်သွားလိုက်ပြီး လေထဲမှာနေတစ်ဆင့် သိမ်းငှက်တစ်ကောင်အလား ရန်ကိုင်ဆီ ပြန်လည်း ထိုးဆင်းသွားလိုက်ပါတယ်။

ချီရွှယ့်က အားကောင်းတယ်ဆိုပေမယ့် အဆင့်၆သားရဲ တစ်ကောင်ရဲ့ ပြိုင်ဘက်တော့ မဖြစ်နိုင်သေးပါ။ ထို့ကြောင့် သူ့မှာလုပ်စရာ တစ်ခုပဲ ရှိတော့ပါတယ်။ အဲ့ဒါက ရန်ကိုင်ကို သတ်ဖို့ပါပဲ။ သူသာ ထိုသကောင့်သားကို သတ်နိုင်သရွေ့ အဆင့်၆သားရဲက သူ့အမိန့်ကို ပြန်ပြီးနာခံလာမှာပါ။

ထို့ကြောင့် တိုက်ပွဲစကတည်းက ချီရွှယ့်က အားကုန်သုံးပြီး ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်တယ်။

ရန်ကိုင်ကလည်း ချီရွှယ့်၏ တိုက်ခိုက်မှုကို မရှောင်ခဲ့ပါ။ အဲ့အစား မြေကြီးကို ကန်းကျောက်ပြီး ချီရွှယ့်ဆီ ပြေးဝင်သွားလိုက်တယ်။

‘‘မင်းက တကယ်စိတ်ဝင်စား စရာကောင်းတာပဲ ’’ ချီရွှယ့်က ပျော်ရွှင်စွာဖြင့် ပြုံးလိုက်ပါတယ်။

‘‘မင်းရော ဘာထူးလို့လဲ’’ ရန်ကိုင်က အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်တယ်။ ချီရွှယ့်က အဆင့်၆သားရဲကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် တိုက်ပွဲစကတည်းက ရန်ကိုင်ကို အသေတိုက်ကွက်ဖြင့် စတင်တိုက်ခိုက်လိုက်ပါတယ်။ ထိုကဲ့သို့ အားကောင်းလှသည့် တိုက်ခိုက်မှုမျိုးဖြင့် ရင်ဆိုင်ရချိန်မှာတော့ ရန်ကိုင်ကလည်း သူ့ခွန်အားကို ထိန်ချန်ထားမနေခဲ့တော့ချေ။

လက်သီးနှစ်ခု ထိပ်တိုက်တွေ့သွားခဲ့ပြီး ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာခဲ့ကာ ပတ်ပတ်လည် တစ်ခုလုံး မျက်စိကျိန်းမတတ် အလင်းရောင်တို့ဖြင့် လင်းလက်သွားခဲ့ပါတယ်။ ထိုထိပ်တိုက် တွေ့ဆုံမှုကြောင့် လေထုထဲရှိ စွမ်းအင်တွေတောင် တွန့်လိမ်သွားပုံရပြီး အော်ဟစ်ညီးတွားသံ နှစ်သံနှင့်အတူ လူနှစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။

ချီရွှယ့်ကနော့ နောက်ပြန်လွင့်သွားခဲ့ပြီး ရန်ကိုင်ကတော့ ဥက္ကာပျံတစ်ခုအလား မြေကြီးပေါ် ကျဆင်းသွားခဲ့တယ်။ ပြုတ်ကျသည့် အရှိန် အားကောင်းလွန်းသဖြင့် ရန်ကိုင် ပြုတ်ကျသည့် နေရာတွင် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားခဲ့တယ်။ သို့ပေမယ့် တွင်းပေါက်ထဲကနေ ရန်ကိုင် ခပ်မြန်မြန်ပဲ ပြန်တက်လာခဲ့ပြီး သွေးတစ်ပွက် အန်ထုတ်ခဲ့လိုက်ရတယ်။ ချီရွှယ့် ကတော့ ဘာဒဏ်ရာမှ မရခဲ့ချေ။ သူ့မျက်နှာလေးကသာ အနည်းငယ် နီတယ်ဆိုရုံလေး နီနေခဲ့တာပါ။

ဒီတစ်ကြိမ်ကတော့ ချီရွှယ့် အရေးသာခဲ့ပါတယ်။

အဲ့လိုဆိုရင်တောင် ရန်ကိုင်ကို ကြည့်တဲ့ ချီရွှယ့်ရဲ့ အကြည့်တွေက မယုံနိုင်မှုတွေနဲ့ အထင်းသားပေါ့။ ဒါပေမယ့် သူနောက်တစ်ကြိမ် ထပ်မတိုက်ရသေးခင်မှာပဲ သူ့နောက်ဘက်ကနေ လေတိုးသံတို့ ထွက်ပေါ်လာခဲ့ပြီး လေဓါးသွားတွေ အတန်းလိုက် သူ့ဆီ တိုးဝင်လာခဲ့ပါတယ်။

ချီရွှယ့်ခဗျာက အစွမ်းကုန် အရူးအမူ ရှောင်ရှားနေလိုက်ရတယ်။ ထိုတိုက်ခိုက်မှုတွေက အဆင့်၆သားရဲ တစ်ကောင်ဆီကလာတဲ့ တိုက်ခိုက်မှုတွေပါ။ သူခုခံမယ်ဆိုရင်တောင် အနည်းငယ်ထက် ပိုပြီး ခုခံနိုင်လိမ့််မည် မဟုတ်ပေ။

‘‘နင်…ငါ…’’ ကျိမိုအော်ဟစ်ဖို့ လုပ်လိုက်ပေမယ့် ပြောစရာစကား ရှာမတွေ့တဲ့အတွက် ပြောလက်စ စကားလုံးတွေက လည်ချောင်းမှာပဲ တစ်ဆို့သွားခဲ့ရပါတယ်။

‘‘နောက်မှာပဲ ရပ်နေ’’ ရန်ကိုင်က အော်ပြောလိုက်တယ်။ အခုအချိန်မှာ သူမအဖို့ ဘာလုပ်ရ၊ ဘာကိုင်ရမှန်း မသိဖြစ်နေတယ်ဆိုတာ သူသိပါတယ်။ ထို့ကြောင့် ပဲ သူမကို သူတွန်းအား မပေးခဲ့တာပါ။ ပြောပြီးတာနဲ့ ချီစွမ်းအင်ကို လှည့်ပတ်လိုက်ပြီး ချီရွှယ့်ဆီ နောက်တစ်ကြိမ် ပြေးဝင်သွားလိုက်ပြန်တယ်။ ချီရွှယ့် အမူအရာ မည်းမှောင်သွားခဲ့လေပြီ။ ဆက်ပြီး မတိုက်ခိုက်ရဲတော့အတွက် ချက်ချင်းပဲ ခြေကုန်သုတ်ပြေးပါတော့တယ်။

ရန်ကိုင် အားနည်းတယ်လို့ သူထင်ထားခဲ့တာ။ ထို့ကြောင့်ပဲ ရန်ကိုင်ကို သတ်ဖြတ်ပြီးတာနဲ့ အခြေအနေတွေကို ပြောင်းလဲနိုင်မယ်လို့ သူထင်ထားခဲ့တ။ ဒါပေမယ့် သူ့အားကုန်တိုက်ကွက်က ထိုသကောင့်သားကို နည်းနည်းလေးပဲ ဒဏ်ရာရစေနိုင်လိ့မ်မယ်လို့တော့ သူမထင်ထားခဲ့ပေ။

ရန်ကိုင်ကိုလည်း မသတ်နိုင်၊ သူ့အဆင့်၆သားရဲကလည်း ရန်သူ့လက်ထဲမှာ ရောက်နေသလို သူ့ဂျူနီယာညီမလေးကလည်း သူ့ကို မကူညီနိုင်တဲ့အတွက် ရန်ကိုင်နဲ့သာ ဆက်ပြီးတိုက်ခိုက်နေခဲ့ရင် သူ့သေလမ်း သူရှာနေသလို ဖြစ်နေပါလိမ့်မယ်။

မျက်တောင်တစ်ခတ်အတွင်း ချီရွှယ့် မီတာတစ်ထောင်လောက် ရောက်သွားတာကို သူတွေ့လိုက်ရပေမယ့် ရန်ကိုင်ကတော့ လက်လျှော့ဖို့ ငြင်းဆန်ခဲ့ပြီး အဆင့်၆သားရဲ ကျောပေါ် ခုန်တက်လိုက်ပြီး ချီရွှယ့်နောက် ပြေးလိုက်သွားခဲ့တယ်။

သူမနှလုံးသားထဲ တုန့်ဆိုင်းမှုတို့က ကြိုးစိုးနေခဲ့ပါတယ်။ အချိန်တစ်ခဏလောက် ကြာအောင် ငေးကြောင်ကြောင်နဲ့ မတ်တပ်ရပ်နေပြီးတဲ့ နောက်မှာတော့ အံကြိတ်လိုက်ပြီး ထိုနှစ်ယောက်နောက် လိုက်သွားပါတော့တယ်။ သူမအသက်က ရန်ကိုင်လက်ထဲမှာ ဖြစ်တဲ့အတွက် ဂရုမစိုက်လို့ မရပေ။

တောအုပ်အတွင်း လူသုံးယောက်က တစ်ယောက်နောက် တစ်ယောက် ပြေးလိုက်လို့ နေခဲ့ကြတယ်။

ချီရွှယ့်ကတော့ ထိပ်ဆုံးကနေ အားကုန်သုံးပြီး မြန်နိုင်သမျှ မြန်မြန် ပြေးနေခဲ့တယ်။ ရန်ကိုင်ကတော့ အဆင့်၆သားရဲပေါ် တက်စီးရင်း ချီရွှယ့်နောက် ကီလိုမီတာ အနည်းငယ် အကွာလောက်ကနေ မရွံ့စတမ်း လိုက်ပါနေခဲ့တယ်။ ကျိမိုကတော့ သူမသားရဲအုပ်နှင့်အတူ လိုက်ပါနေခဲ့ပြီး ဆက်လိုက်ရမလား၊ ထွက်ပဲ ပြေးရမလားဆိုတဲ့ အချက်နှစ်ခုထဲ လွန်ဆွဲနေတဲ့အတွက် သူ့မအရှိန်က မြန်လည်း မမြန်သလို နှေးလည်း မနှေး ဖြစ်နေခဲ့ပါတယ်။

ချီရွှယ့်နောက် လိုက်နေရင်းနဲ့ အဆင့်၆သားရဲက လေဓါးသွားတွေကို ပစ်လွှတ်နေလေ့ရှိပါတယ်။ လေဓါးသွားတွေက သစ်ပင်တွေကို မြက်ပင်လေးတွေအလား ကိုယ်ထည်ကနေ တိတိရိရိ ဖြတ်ပိုင်းသွားခဲ့ပါတယ်။ တကယ်တော့ အဆင့်၆ သားရဲဆိုတာ အင်မော်တယ်တက်လှမ်းခြင်းအဆင့် ဖြစ်တဲ့ လူသားကျင့်ကြံသူ တစ်ယောက်နှင့် အတူပင်။

ချီရွှယ့်က ပြေးလွှားနေပေမယ့် သူ့မျက်နှာထက် တုန်လှုပ်ခြောက်ခြားမှုကို မမြင်တွေ့ရ။ စိုးရိမ်မှုကိုသာ သူ့မျက်လုံးထဲ ရေးတေးတေးလေး မြင်တွေ့နိုင်ပါတယ်။ သူစိုးရိမ်နေတာက သူသာအခုလို ဆက်ပြီး ပြေးလွှားနေမယ်ဆိုရင် အချိန်ကုန်လာတာနဲ့ သူ့ချီစွမ်းအင် ကုန်ဆုံးလာနိုင်တဲ့ ကိစ္စကိုပါ။ သူ့နောက်က လိုက်နေတဲ့ သကောင့်သားကတော့ ထိုကိစ္စကို စိတ်ပူစမရာ မလိုပေ။ အကယ်၍ သူသာ ဒီအတိုင်း ဆက်ပြေးနေမယ်ဆိုရင် သိပ်မကြာခင်အချိန်အတွင်းမှာပဲ ချီစွမ်းအင်ကုန်ပြီး ချောင်ပိတ်မိသွားပါလိမ့်မယ်။ အဲ့လိုဆိုရင် သူ့အတွက် အသက်ရှင်ဖို့ ခက်ခဲသွားပါပြီ။

သူမသိခဲ့တာ တစ်ချက်က ရန်ကိုင်လည်း သူ့နောက်ကို လိုက်နေရင်း စိုးရိမ်ပူပန်နေတာကိုပါ။

သူ့သားရဲအစေခံစည်းတံဆိပ်က အစွမ်းထက်တယ်ဆိုပေမယ့် ထိုစည်းတံဆိပ်ကို အဆင့်၄၊အဆင့်၅ သားရဲတွေပေါ်မှာသာ သုံးဖူးပြီး အဆင့်၆သားရဲ ပေါ်မှာတော့ အခုမှသာ ပထမဆုံး အကြိမ်အဖြစ် စသုံးဖူးတာပါ။ အရင်တုန်းက သားရဲအစေခံရဲ့ ကန့်သတ်ချက်နှင့် ပက်သက်ပြီး သူတွေးခဲ့ဖူးပေမယ့် တစ်ခါမှတော့ မစမ်းသပ်ဖူးခဲ့ပေ။ အခုမှသာ ပထမဆုံး အကြိမ်အဖြစ် စစမ်းသပ်ခဲ့ဖူးတာပဲဖြစ်တယ်။

ရန်ကိုင် သိုင်းအဆင့် ချီသန့်စင်ခြင်းအဆင့် ရောက်နေတဲ့အတွက် အဆင့်၄သားရဲ တစ်ကောင်၏ ခွန်အားနှင့် ယေဘုယျအားဖြင့် တူညီပါတယ်။ သူ့လက်ရှိအဆင့်နှင့် အဆင့်၄သားရဲ တစ်ကောင်ကို အလွယ် တကူထိန်းချုပ် နိုင်ပါတယ်။ အဆင့်၅သားရဲကိုတောင် ထိန်းချုပ်နိုင်ပါတယ်။ သို့ပေမယ့် အဆင့်၆သားရဲ ဆိုရင်တော့ အဲ့လောက် ရိုးရှင်းတော့မည် မဟုတ်ချေ။

ထိုသားရဲရဲ့ အသိစိတ်က သူ့သားရဲအစေခံစည်းတံဆိပ်ကို အဆက်မပြတ် တွန်းလှန် တိုက်ခိုက်နေခဲ့ပါတယ်။ အခုအချိန် တစ်ခဏလောက်သာ သူ့အမိန့်တွေကို နာခံနေပေမယ့် နောက်တစ်နာရီလောက် ကြာရင်တော့ သူ့သားရဲအစေခံစည်းတံဆိပ်က ပျက်စီးသွားဖို့ များပါတယ်။ အဲ့အချိန်ကျရင် သားရဲ့ ချီရွှယ့်၏ ထိန်းချုပ်မှုအောက် နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိသွားမှာပါ။

အခြေအနေက ကောင်းမနေချေ။ တိုက်ပွဲကို ထိုတစ်နာရီအတွင်း သူအပြီး သတ်ရပါမည်။ မဟုတ်ရင် ထွက်ပြေးရတဲ့ လူက သူပဲပြန်ဖြစ်သွားမှာပါ။

အဆင့်၆သားရဲအပေါ် သားရဲအစေခံစည်းတံဆိပ်ကို ဒုတိယအကြိမ် ထပ်မံအသုံးပြုလို့ ရသေးလား၊မရဘူးလား ဆိုတာကိုလည်း ရန်ကိုင်မသိပါ။ အကယ်၍ မရခဲ့ရင်တော့…

ထိုအကြောင်းကို တွေးလိုက်မိတာနဲ့ သားရဲကို ချီရွှယ့်နောက် မြန်မြန်လိုက်ဖို့ အမိန့်ပေးလိုက်ပါတယ်။

ကံကောင်းစွာပဲ သားရဲက သူ့အမိန့်တွေကို နာခံနေပါသေးတယ်။ ရန်ကိုင်အမိန့်ကို လက်ခံရရှိပြီးနောက် သားရဲ အမြန်နှုန်းက ရုတ်ချည်း ထိုးတက်သွားခဲ့ပြီး သူနှင့်ချီရွှယ့်ကြားက အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာပါတော့တယ်။

အမွှေးတိုင်တစ်ချောင်းစာလောက် ကြာတဲ့အချိန် ချီရွှယ့်သူ့နောက်ကို လှည့်ကြည့်လိုက်တဲ့အခိုက် မနေနိုင်ပဲ ကျိန်ဆဲပါတော့တယ်။ မူလက မီတာ၁၀၀၀လောက် ကွာဝေးရာမှ အခု၅၀၀မီတာလောက်သာ ကွာဝေးပါတော့တယ်။ နောက်ထပ် အမွှေးတိုင် တစ်ချောင်းစာလောက် အချိန်ရောက်ရင် ရန်ကိုင် သူ့ကို မှီလာမှာ အသေချာအပါပဲ။

‘‘ငါအဲ့နေရာဆီ သွားလိုက်ရင်ကော ’’ ချီရွှယ့်ခေါင်းထဲ အကြံဉာဏ် တစ်ခုပေါ်လာခဲ့ပေမယ့် သွားရမလား၊ မသွားရဘူးလားဆိုတာကို သူတုန့်ဆိုင်း နေမိခဲ့တယ်။ ထိုနေရာက ဆန်းကြယ်တဲ့ နေရာတစ်ခုပါ၊ တောအုပ်ရဲ့ တစ်စိတ်တစ်ပိုင်းက မြူခိုးတွေနဲ့ ဖုံးအုပ်နေခဲ့ပြီး အမြင်အာရုံကို လုံးဝဖုံးကွယ် ထားနိုင်ပါတယ်။ ချီရွှယ့်က လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ထိုနေရာကို မတော်တဆ တွေ့ခဲ့တာပဲဖြစ်တယ်။

ထိုအချိန်တုန်းက ထိုအထဲကို သွားပြီး စူးစမ်းချင်ပေမယ့် အဆင့်၆သားရဲက ထိုနေရာကို ကြောက်လန့်နေခဲ့တဲ့အတွက် ထိုနေရာကို စူးစမ်းမယ့် အကြံကို ချီရွှယ့် လက်လျှော့ခဲ့လိုက်ရတယ်။ ဒါပေမယ့် အခု ရန်သူလိုက်တာကို ခံနေရတဲ့အပြင် ရန်ကိုင်နှင့် သူ့ကြားက အကွာအဝေးကလည်း တဖြည်းဖြည်း နီးကပ်လာနေခဲ့တယ်။ ထိုနေရာထဲ ဘာအန္တရာယ်တွေ ရှိလဲဆိုတာ သူမသိပေမယ့် သွားကြည့်လို့တော့ အကျိုးမယုတ်ချေ။ ထို့ကြောင့် ထိုနေရာဆီသွားဖို့ ချီရွှယ့် ဆုံးဖြတ်လိုက်ပါတယ်။

အဆင့်၆သားရဲနှင့် ထိုဟန်မင်းဆက်က ထူးဆန်းတဲ့ ကျင့်ကြံသူရဲ့ ပူးပေါင်းတိုက်ခိုက်မှု ခွန်အားက သူ့သိုင်းအဆင့်ထက် ကျော်လွန်နေပါတယ်။ ထိုနေရာကို အဆင့်၆သားရဲ ကြောက်ရွံ့တဲ့ နေရာဖြစ်တဲ့အတွက် ထိုအထဲကိုသာ သူဝင်သွားခဲ့မယ်ဆိုရင် အဆင့်၆သားရဲလည်း ဝင်လာရဲလိမ့်မည် မဟုတ်ချေ။ သားရဲနှင့် ထိုသကောင့်သားကိုသာ ခွဲထုတ်နိုင်မယ်ဆိုရင် သူ့မှာနိုင်မယ့် အခွင့်အရေး ရှိနိုင်ပါသေးတယ်။

အကျိုးအမြတ်ကို စဉ်းစားချင့်ချိန်ပြီးနောက် ချီရွှယ့်မျက်လုံးတွေက အေးစက်စက် အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။ ထို့နောက် မြူခိုးတွေ အုပ်ဆိုင်းနေသည့် နေရာဆီသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်ပါတော့တယ်။

အမွှေးတိုင်း တစ်ချောင်းစာလောက် ရောက်တဲ့အချိန်မှာတော့ ရန်ကိုင်နှင့် ချီရွှယ့်ကြားက အကွာအဝေးက ၁၀မီတာ လောက်ပဲ ရှိပါတော့တယ်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက တော်တော်လေး နီးကပ်နေတဲ့အပြင် အဆင့်၆သားရဲကလည်း လေဓါးတွေကို အဆက်မပြတ် ပစ်လွှတ်နေခဲ့ပါတယ်။ ရန်ကိုင်လည်း သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေကို အဆက်မပြတ် ထုတ်လွှတ် တိုက်ခိုက်နေပါသေးတယ်။ ေ

ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ချီရွှယ့်ချောင်ပိတ်သွားမှာပါ။ အနောက်က နှစ်ကောင်ရဲ့ ပူးပေါင်း တိုက်ခိုက်မှုကြောင့် သူ့အကျီင်္စတွေတောင် ပျက်စီးနေခဲ့လေပြီ။ အစစ်အမှန်ချီကြောင့်သာ မဟုတ်ရင် တိုက်ခိုက်မှုတွေက သူ့အရိုးထိပါ ရောက်ရှိသွားမှာပါ။ အခုတော့ အစစ်အမှန်ချီကြောင့် တိုက်ခိုက်မှုတွေက သူ့အပြင်ဘက် အရေပြားကိုသာ ထိခိုက်နိုင်ခဲ့ပြီး အရိုးထိ မရောက်ခဲ့ချေ။

ရန်ကိုင်ကို မုန်းတီးမှုအပြည့်နဲ့ နောက်ပြန်လှည့်ကြည့်ရင်း အေစက်စက် ရန်စလိုတဲ့ အပြုံးတစ်ခု ချီရွှယ့်မျက်နှာထက် ဖြေးဖြေးချင်း ထွက်ပေါ်လာခဲ့ပြီး လမ်းကြောင်းပြောင်းကာ အခြားတစ်နေရာဆီ ရုတ်တရက် ပြေးထွက်သွားလိုက်ပါတယ်။

ရန်ကိုင်ကတော့… လိုက်တာပေါ့။

ဒါပေမယ့် မမျှော်လင့်စွာပဲ အဆင့်၆သားရဲက ထူးဆန်းတဲ့ အဖြူရောင်မြူကို သတိပြုမိလိုက်တဲ့အချိန် ကြောက်လန့်တကြားနှင့် သွားနေတာကို ရုတ်ချည်း ရပ်တန့်လိုက်ပါတယ်။ အဆင့်၆သားရဲက သတိမပေး၊ ဘာမပေးနဲ့ ရုတ်ချည်း ရပ်တန့်လိုက်တဲ့အတွက် ချီရွှယ့်ကိုသာ အာရုံစိုက်နေတဲ့ ရန်ကိုင်က သားရဲပေါ်ကနေ ပျံတက်သွားခဲ့ပြီး မြူခိုးနေရာထဲ ပြုတ်ကျသွားခဲ့ပါတယ်။

လေထဲ အကြိမ်များစွာ ကျွမ်းထိုးပြီးနောက် မြေကြီးပေါ်ကို ကိုးယိုးကားယား ပုံစံဖြင့် ပြုတ်ကျသွားခဲ့တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို မစစ်ဆေးရသေးခင်မှာပဲ အော်ဟစ်သံတစ်သံကို ရန်ကိုင် ကြားခဲ့လိုက်ရတယ်။

ချီရွှယ့်၏ အော်သံပင်။ ချီရွှယ့်က မခံစားနိုင်တဲ့ နာကျင်မှုတစ်ခုကို ခံစားနေရသည့်အလား အဆက်မပြတ် အော်ဟစ်မြည်ကြွေးနေခဲ့ပါတယ်။

ထိုနောက် ရန်ကိုင်အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့တယ်။ သူ့စိတ်တစ်ခုလုံး ပြင်းရှစွာ နာကျင်လာခဲ့တယ်။ ဒါပေမယ့် ထိုနာကျင်မှုကို သူခံစားဖူးပါတယ်။ ထိုနာကျင်မှုက နတ်ဆိုးအိုကြီး သူ့အသိစိတ်ကို ဖျက်စီးပြီး သူ့ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြိုးစားတဲ့အချိန်တုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုမျိုးပါ။

ရန်ကိုင်လည်း အလိုလို ဟိန်းလိုက်မိပြီး သွေးကြောတွေက သူ့နဖူးထက် ထောင်တက်လာခဲ့တယ်။ သူ့မျက်နှာတစ်ခုလုံးက အေးစက်စက် ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး သူ့တစ်ကိုယ်လုံးကတော့ တုန်ရီလို့နေခဲ့တယ်။

‘‘အား’’ ရုတ်တရက် ချီရွှယ့်အော်သံထက် ပိုပြီးနားမခံသာ စရာကောင်းတဲ့ အသံတစ်သံထွက်ပေါ်လာခဲ့တယ်။ ထိုအသံက နတ်ဆိုးအိုကြီးရဲ့ အော်သံပါပဲ။

Martial Peak

အပိုင်း(၂၅၇)

တုန်လှုပ်ခြောက်ခြားမှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေသည့် နတ်ဆိုးအိုကြီး၏ အော်သံ ဖန်တလဲလဲ ထွက်ပေါ်နေခဲ့တယ်။ ‘‘နတ်ဆိုးအိုကြီး’’ ရန်ကိုင်က သူ့ခေါင်းကို ဆုပ်ကိုင်ထားရင်း နာကျင်စွာဖြင့် အော်မေးလိုက်တယ် ‘‘ဘာတွေဖြစ်နေတာလဲ’’

‘‘သခင်‌လေး…’’ နတ္ဆိုးအိုၾကီး၏ အသံက တုန္ရင္ေနခဲ့တယ္။ ‘‘ဒါက ဘယ်လိုနေရာကြီးလဲ ဘာလို့ ငါ့ဝိဥာဉ်ကို တိုက်ခိုက်နေရတာလဲ’’ နတ်ဆိုးအိုကြီး ပြောတာကို ကြားလိုက်တာနဲ့ ရန်ကိုင် တစ်ခုခုကို နားလည်သွားခဲ့ပါတယ်။ သူခံစားနေရတဲ့ နာကျင်မှုကို ရင်းနှီးနေပါတယ်လို့ ခံစားနေရတာက ထိုနာကျင်မှုက ဝိဥာဉ်တိုက်ခိုက်မှု ဖြစ်နေတာကိုး။

အရင်တုန်းက ရန်ကိုင်က ထိုကဲ့သို့နှိပ်စက်မှုမျိုးကို အသုံးပြုပြီး လန်ရှန်းနှင့်ကျိမိုတို့ကို သူ့အားပြန်မလှန်နိုင်အောင် ထိန်းချုပ်ထားတာပါ။ ဒါပေမယ့် အခုတော့ လန်ရှန်းနှင့် ကျိမိုတို့ ခံစားခဲ့ရတဲ့ တူညီသော နာကျင်မှုကို သူခံစားနေခဲ့ရလေပြီ။

ဒါက ကံတရားပဲ။ ကောင်းတာလုပ်ရင် ကောင်ကျိုး ခံစားရသလို မကောင်းတာလုပ်ရင် ဆိုးကျိုး ခံစားရမယ်ဆိုတာမျိုးပေါ့။ ကိုယ်ပြုလိုက်တဲ့ အရာတစ်ခုက တစ်နေ့ ကိုယ်ဆီပြန်လာမှာပါ။

အစတုန်းက ချီရွှယ့်က ရန်ကိုင်နှင့်သားရဲကို ဒီနေရာဆီ မျှားခေါ်လာပြီး သူတို့နှစ်ယောက်ကို ခွဲထုတ်ချင်နေခဲ့တာ။ ဒါပေမယ့် အခုတော့ သူကိုယ်တိုင်ပါ အော်ဟစ်ညီးတွားနေခဲ့ရလေပြီ။ ဒီနေရာ ဘယ်လောက် ဆိုရွားမှန်း မသိခဲ့လို့သာ တိုးဝင်လာခဲ့တာပါ။ သိသာသိခဲ့ရင်တော့ ကမူးရှုးထိုးနဲ့ ဒီနေရာဆီ တိုးဝင်လာခဲ့လိမ့်မည် မဟုတ်ချေ။

အခုတော့ သူတို့နှစ်ယောက် ဝိဉာဉ်တိုက်ခိုက်တဲ့ ဒဏ်ရာကို ခံစားနေရလေပြီ။ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ဖို့တောင် အာရုံမစိုက်နိုင်တော့။

‘‘သခင်လေး၊ ဒီနေရာကနေ မြန်မြန်ထွက်သွားရင် ကောင်းမယ်။ ဒီအဖြူရောင်မြူတွေက တော်တော်လေး ထူးဆန်းတယ်… မြူတွေက ခန္ဓာကိုယ်ကိုတော့ ဘာမှမဖြစ်စေပေမယ့် ဝိဉာဉ်ကိုတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်။ အစေခံအိုကြီးလည်း အဲ့ဒဏ်ကို တကယ်ပဲ မခံစားနိုင်ဘူး’’ နတ်ဆိုးအိုကြီး ရန်ကိုင်အား ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်တယ်။

အရင်တုန်းက အားကောင်းတဲ့ မိစ္ဆာအိုကြီး တစ်ယောက် ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဘာခန္ဓာကိုယ်မှ မရှိတဲ့ ဝိဉာဉ်အကြွင်းအကျန်လေး တစ်ခုပဲ ဖြစ်တော့တယ်။ ပုံမှန်ဆိုရင် ဝိဉာဉ်ဖျက်စီးခြင်းအရိုးထဲမှာ အေးအေးဆေးဆေးလေး နေထိုင်အနားယူနိုင်ပေမယ့် အခုနေရာကတော့ သူ့အတွက် ငရဲရောက်နေသလိုပင်။ သူခံစားရတဲ့ နာကျင်မှုက ရန်ကိုင်နှင့် ချီရွှယ့်တို့ ခံစားနေရတဲ့ နာကျင်မှုထက် အဆများစွာ ပိုပါတယ်။

အချိန်တစ်ခဏ အတွင်းမှာပဲ သူ့ဝိဉာဉ် ခွန်အား တဖြည်းဖြည်း နှင့် လျောပါးလာတာကို နတ်ဆိုးအိုကြီး ခံစားမိလိုက်ပြီး ထိတ်လန့် တုန်လှုပ်ခြောက်ခြာသွားခဲ့ပါတယ်။ သူ့စိတ်ဝိဉာဉ်က တဖြည်းဖြည်းနဲ့ ဗလာနတ္ထိအဖြစ် ပြောင်းလဲနေသလို သူခံစားနေခဲ့ရတာပါ။

‘‘ငါသိ၊ နည်းနည်း တောင့်ခံထားဦး’’ ရန်ကိုင်က ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တယ်။ နာကျင်စွာ အော်ဟစ်နေတဲ့ ချီရွှယ့်၏ ဝေးဝါးဝါးပုံရိပ်ကိုလည်း သူမြင်တွေ့လိုက်ရပါတယ်။ ထွက်ပေါက်ကို စူးစမ်းရှာဖွေ ကြည့်လိုက်ပေမယ့် အချည်းနှီးပင်။ အံတင်းတင်းကြိတ်ကာ သူ့ခေါင်းထဲက နာကျင်မှုကို တင်းခံရင်း လာရလမ်းအတိုင်း ပြန်လည်း ပြေးထွက်သွားလိုက်တယ်။

ဒါပေမယ့် မီတာ၁၀၀၀လောက်သွားပြီးတာတောင် သူ့ပတ်ဝန်းကျင် တစ်ခုလုံး မြူခိုးတွေနဲ့ ဖုံးအုပ်နေတုန်းပင်။ ရန်ကိုင်တစ်ကိုယ်လုံး အေးစက်သွားခဲ့တယ်။ အခြေအနေက ဘယ်လောက်တောင်မှ ဆိုးရွားနေလဲဆိုတာကို သူနားလည်သွားခဲ့ပါပြီ။ မြူခိုးထဲ ဝင်လာတုန်းက မီတာရာဂဏန်းလောက်ပဲ သူသွားခဲ့တာပါ။ ဒါပေမယ့် နာကျင်မှုကို ခံစားပြီးချိန်မှာတော့ လာရာလမ်းကို သူရှာမတွေ့တော့ချေ။ သူအရှုံးမပေးနိုင်ပေ။ အရှုံးပေးတယ်ဆိုတာ သေကြောင်းကြံတာနဲ့ အတူတူပါပဲ။

‘‘နတ်ဆိုးအိုကြီး….တစ်ခုခုမှားနေတယ်။ ငါအပြန်လမ်း ရှာမတွေ့တော့ဘူး’’ ရန်ကိုင်လည်း တဖြည်းဖြည်းနဲ့ တုန်လှုပ်ခြောက်ခြားလာခဲ့တယ်။ ရန်ကိုင် စကားလုံးတွေကို ကြားလိုက်တဲ့အချိန် နတ်ဆိုးအိုကြီးလည်း မျှော်လင့်ချက် ကင်းမဲ့သွားသလို ခံစားလိုက်ရပြီး ‘‘ဒီနေရာက ဒီအစေခံအိုကြီးရဲ့…နောက်ဆုံး နားနေရာပဲလား။ နတ်ဆိုးအိုကြီး ဒီမှာ ထာဝရ မနေချင်ဘူး…’’

သူက ကောင်းကင်အမွေခံလိုဏ်ဂူထဲမှာ နှစ်ထောင်ပေါင်းများစွာကြာအောင် ပိတ်မိနေခဲ့တာပါ။ နောက်ဆုံး အရံအတားက အားနည်းပြီး ကွဲအက်သွားချိန်မှာတော့ သူလွတ်မြောက်လာနိုင်ခဲ့တယ်။ သို့ပေမယ့် မမျှော်လင့်ပဲ ရန်ကိုင် အစေခံဖြစ်သွားခဲ့ရတယ်။ ရန်ကိုင် အစေခံဖြစ်ခဲ့ရတယ်ဆိုပေမယ့် အနည်းဆုံးတော့ သူထိုနေရာကနေ လွတ်မြောက်လာနိုင်ခဲ့တယ်။ ဒါပေမယ့် အခုသေရေး၊ရှင်းရေး အခြေအနေနှင့် ကြုံတွေ့ရနေတော့ နတ်ဆိုးအိုကြီး ယူကြုံးမရ ဖြစ်မိတာလည်း မဆန်းပေ။

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး သူ့ဝိဉာဉ်က နာကျင်မှုကို တင်းခံရင်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တယ်။ ထွက်လို့ရမယ့် လမ်းပေါက်တစ်ခုခုများ တွေ့မလားလို့ပေါ့…

ဒီနေရာမှာ အတာအဆီး တစ်ခုခု ရှိနေတာပဲ ဖြစ်ရပါမယ်။ မဟုတ်ရင် သူဒီနေရာကနေ ထွက်သွားဖို့ လုပ်တုန်းက လမ်းပေါက်ရှာမတွေ့ပဲ နေခဲ့လိမ့်မည် မဟုတ်ချေ။ ဒါပေမယ့် အခုနတ်ဆိုးအိုကြီးက လုံးဝကို သုံးစားမရ ဖြစ်နေသလို သူကိုယ်တိုင်ကလည်း အတားအဆီးကို မရှာနိုင်တဲ့အတွက် ဒီနေရာကနေ ဘယ်လိုများ လွတ်မြောက်နိုင်ပါတော့မလဲ။

‘‘ငါအိပ်ချင်လာပြီ…’’ ရန်ကိုင်မျက်လုံးအစုံတို့ တဖြည်းဖြည်း မှေးစင်လာနေခဲ့တယ်။

‘‘မကောင်းတော့ဘူး။ အရမ်းဆိုးသွားပြီ။ အဲ့ဒါသခင်လေးရဲ့ ဝိဉာဉ်ဒဏ်ရာ ရသွားတဲ့ လက္ခဏာပဲ။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သိပ်မကြာခင်မှာပဲ သခင်လေးရဲ့ ဝိဉာဉ်ဖျက်စီး ခံရလိမ့်မယ်’’ ရန်ကိုင်မျက်နှာ တစ်ခုလုံး သုန်မှုန်သွားပါတော့တယ်။ အိပ်ချင်စိတ်ကို အတင်းအကြပ် ဖြေဖျောက်ဖို့ ကြိုးစားရင်း မျက်လုံးအစုံကို ပြူးနေအောင် ဖွင့်ထားခဲ့တယ်။ ရုတ်တရက် အကြံတစ်ခုရလိုက်ပြီး နတ်ဆိုးအိုကြီးကို လှမ်းပြောလိုက်တယ် ‘‘နတ်ဆိုးအိုကြီး၊ ရွှေရောင်အရိုးထဲမှာ ပုန်းနေလိုက်’’

‘‘သခင်လေးရဲ့ ရွှေရောင်အရိုးခြောက်ထဲလား…အို…’’ နတ်ဆိုးအိုကြီးလည်း ဆိုလိုရင်း ခပ်မြန်မြန်ပဲ နားလည်သွားခဲ့ပြီး သူ့ဝိဉာဉ်ကို ရန်ကိုင်ရဲ့ ရွှေရောင်အရိုးထဲ ချက်ချင်း ရွှေ့ပြောင်းလိုက်ပါတယ်။ တစ်ခဏလောက် ကြာပြီးနောက် နတ်ဆိုးအိုကြီး၏ ရယ်သံထွက်ပေါ်လာခဲ့တယ် ‘‘ဟဟဟ…သခင်လေးရဲ့ ရွှေရောင်အရိုးက တကယ် အထင်ကြီးစရာ ကောင်းတာပဲ။ အဲ့အရိုးက အဖြူရောင်မြူခိုးရဲ့ သက်ရောက်မှုကိုတောင် တောင့်ခံနိုင်တယ်။ အစေခံအိုကြီး အခုဘေးကင်သွားပြီ’’

ရန်ကိုင်က လှောင်ပြုံး ပြံုးလိုက်ပြီး ‘‘ခင်ဗျားဘေးကင်းသွားပြီ ဆိုပေမယ့် ငါကတော့ ဘေးမကင်းသေးဘူးလေ’’

ရွှေရောင်အရိုးခြောက်က အဆုံးမရှိတဲ့ တွင်းပေါက်တစ်ခုအလား လာသမျှ စွမ်းအင်အကုန်လုံးကို စုပ်ယူနိုင်ပါတယ်။ အဖြူရောင်မြူခိုးက ဘာလဲဆိုတာ သူမသိပေမယ့် ထိုမြူခိုးတွေက ဝိဉာဉ်ကို ထိခိုက်စေနိုင်တဲ့အတွက် စွမ်းအင်တစ်မျိုးမျိုးက ဖြစ်တည်လာတာပဲ ဖြစ်ရပါမယ်။ ထို့ကြောင့်နတ်ဆိုးအိုကြီးကို ရွှေရောင်အရိုးခြောက်ထဲ ဝင်ပုန်းခိုင်းပြီး ရွှေရောင်အရိုးခြောက်ကများ အဖြူရောင်မြူခို၏ တိုက်ခိုက်မှုဒဏ်ရာကို ကာကွယ်နိုင်မာလားဆိုတာကို စမ်းသပ်ခဲ့ခြင်းဖြစ်တယ်။

‘‘သခင်လေး တောင့်ခံနိုင်ရမယ်နော်’’ နတ်ဆိုးအိုကြီးက ရန်ကိုင်ကို အားပေးလိုက်တယ်။ သူ့ဝိဉာဉ် ပျော်ကွယ်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူးဆိုပေမယ့် ရန်ကိုင်သေတာနဲ့ သူလည်း သေမှာပါ။ ‘‘ငါ့စိတ်ဝိဉာဉ်ကိုများ ရွှေရောင်အရိုးခြောက်ထဲ ထည့်လို့ရမယ့် နည်းလမ်းတစ်ခုခုများ ရှိလား’’ ရန်ကိုင်က မေးလိုက်တယ်။ သူ့နဖူးတစ်ခုလုံး ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး သူ့လက်အစုံက တင်းတင်းဆုပ်ထားခဲ့ကာ သူ့တစ်ကိုယ်လုံးကတော့ နာကျင်မှုကြောင့် တုန်ရီလို့နေခဲ့တယ်။

‘‘သခင်လေးက အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို မရောက်သေးဘူး…’’ နတ်ဆိုအိုးကြီးက သက်ပြင်းသာ ချလိုက်ပြီး ဆက်မပြောတော့။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို မရောက်သေးပဲ၊ နတ်ဘုရားစိတ်အာရုံကို မလေ့ကျင့်နိုင်သေးသရွေ့ ဝိဉာဉ်ကို အခြားနေရာတစ်ခုကို ရွေ့ပြောင်းနိုင်လိမ့်မည် မဟုတ်ချေ။

ရန်ကို်င်က အံကြိတ်ရင်း သူ့ခေါင်းထဲက နာကျင်မှုကို တင်းခံနေခဲ့တယ်။ နာကျင်မှုက တဖြည်းဖြည်း ပိုမိုပြင်းထန် လာခဲ့ပြီး သူ့တစ်ကိုယ်လုံးကို နောက်သို့ယိုင်သွာစေကာ မြေကြီးပေါ် လဲကျသွားစေခဲ့ပါတယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် မကြာခင်မှာပဲ သူ့ဝိဉာဉ် ဖျက်စီးခံရတော့မှာပါ။ အဲ့လိုဆိုလည်း သူလည်း အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဒီကပ်ဆိုးကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းတစ်ခုခုကို အမြန်းရှာရပါတော့မယ်။

အခြေအနေတွေက အဆိုးဘက်ရောက်နေပြီး ကပ်ဆိုးနှင့် ရင်ဆိုင်နေရချိန်မှာတော့ ရန်ကိုင်က လုံးဝကို တည်ငြိမ်သွားခဲ့တယ်။ သူ့ခေါင်းတစ်ခုလုံး ရီဝေနေတာကို အခွင့်ကောင်းယူကာ စိတ်စွမ်းအား အလုံးစုံနှင့် စိတ်ဝိဉာဉ်ကို သူစုစည်းလိုက်တယ်။

ရန်ကိုင်က ထိုအလုပ်ကို အာရုံစိုက်နေတုန်းမှာပဲ အေးမြတဲ့ ခံစားချက်တစ်ခုက သူ့စိတ်ထဲ စီးဝင်လို့လာခဲ့တယ်။ ထိုခံစားချက်က ပုံရိပ်ယောင်မဟုတ်၊ အစစ်အမှန်ပါ။ အေးမြတဲ့လှိုင်းစီးကြောင်းနှင့် အတူ ရန်ကိုင် အသိစိတ်က တဖြည်းဖြည်း ပြန်လည် ကြည်လည်လာခဲ့ပါတယ်။ သူခံစားရတဲ့ နာကျင်မှုတွေကလည်း နေလာနှင်းပျောက်ဆိုသလို ရုတ်ချည်း ပျောက်ကွယ်ကုန်တော့တယ်။

‘‘ဟင်’’ ဘာတွေ ဖြစ်ပျက်သွားခဲ့မှန်း ရန်ကိုင်နားမလည်ခဲ့ပေ။ ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်ပြီး အံ့သြဖွယ်ကောင်းတဲ့ ပြောင်းလဲမှုတွေကို မျက်မှောင်ကြုံ့ရင်း သေချာခံစားနေလိုက်တယ်။

‘‘သခင်လေး’’ နတ်ဆိုးအိုကြီးက တုန့်ဆိုင်းတုန့်ဆိုင်းနှင့် ခေါ်လိုက်ပါတယ်။

ရန်ကိုင်က ပြန်မဖြေခဲ့၊ သူ့အတွေးထဲမှာ နစ်မြုပ်နေပြီး သူတွေ့ကြုံ့ခဲ့လိုက်ရတဲ့ ခံစားချက်ထဲ စီးမျောနေခဲ့တယ်။ တစ်ခဏလောက် ကြာပြီးနောက် အပ်နှင့်ထိုးဆွသလို ခံစားလိုက်ရပြီး အစောပိုင်းတုန်းက သူခံစားခဲ့ရတဲ့ နာကျင်မှုက တစ်ဖန်ပြန်လည် သူ့ကိုနှိပ်စက်လာပြန်တယ်။ နာကျင်မှုက အချိန်အနည်းငယ် ကြာတဲ့အထိ တည်ရှိနေခဲ့ပြီး နောက်ဆုံး တော်တော်လေး ပြင်းထန်တဲ့အထို ရောက်လာချိန်မှာတော့ နောက်တစ်ကြိမ် မူးဝေလာသလို ခံစားလိုက်ရပြန်တယ်။

တစ်ချိန်တည်းမှာပဲ အေးမြတဲ့ ခံစားချက်တစ်ခုက သူ့စိတ်ထဲ စီးဝင်လာခဲ့ပြီး နာကျင်မှုကို သက်သာသွားစေခဲ့တယ်။ အခြေအနေတွေက အစောပိုင်းတုန်းက ဖြစ်ပျက်ခဲ့တာနဲ့ အတူတူပါပဲ။ ဒီတစ်ကြိမ်မှာတော့ အဖြစ်အပျက်တစ်ခုလုံးကို ရန်ကိုင်သေသေချာချာ ခံစားခဲ့လိုက်ရတယ်။ နောက်ဆုံးမှာတော့ ဘာတွေ ဖြစ်နေလဲဆိုတာ သူအနည်းငယ်တော့ နားလည်သွားခဲ့ပါပြီ။

သူခံစားနေရတဲ့ နာကျင်မှုက အဖြူရောင်မြူခိုးတွေက သူ့ဝိဉာဉ်ကို တိုက်ခိုက်နေလို့ ဖြစ်ပြီး မူးဝေတဲ့ ခံစားချက်ကတော့ သူ့ဝိဉာဉ် ဒဏ်ရာရသွားလို့ပါပဲ။ ဒါပေမယ့် ခုတော့ သူ့ဝိဉာဉ်က ဒဏ်ရာက သက်သာ ပျောက်ကင်းသွားတဲ့အပြင် သူ့ဝိဉာဉ်ခွန်အားပါ နည်းနည်း ပိုတိုးလာခဲ့ပါတယ်။ နည်းနည်းလေး တိုးလာတယ်ဆိုပေမယ့် တိုးလာတာကတော့ တိုးလာတာပဲလေ။

ရန်ကိုင် ရုတ်တရက် အူမြူးသွားခဲ့တယ်။

‘‘နတ်ဆိုးအိုကြီး၊ ခင်ဗျားရဲ့ သခင်လေး ဒီတစ်ကြိမ် အခွင်းကောင်းကို ကြုံ့တွေ့ရပြီကွ’’ ရန်ကိုင်က အသည်းလှိုက်အူလှိုက် ရယ်မောပါတော့တယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူမရယ်နိုင်တော့ပေ။ ရယ်မောနေရင်း သီးသွားခဲ့ပြီး သူ့ခေါင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်းရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်နေခဲ့တယ်။ ရန်ကိုင်က ထိုပုံစံအတိုင်း အချိန်အတော်ကြာအောင် ရှိနေခဲ့ပြီးနောက် ရုတ်တရက်ကြီး အကောင်းပကတိ ပြန်ဖြစ်သွားခဲ့ပြန်တယ်။ နတ်ဆိုးအိုကြီးက ရန်ကိုင်ကို ကြည့်ရင်း သိချင်စိတ်ဖြင့် မေးမြန်းလိုက်လေတယ် ‘‘သခင်လေး၊ ဘာတွေဖြစ်နေတာလဲ’’

‘‘ဝိဉာဉ်ကြာပန်းက ဖြစ်နေတာလေ’’ ရန်ကိုင်က စနောက်လိုသည့် လေသံဖြင့် ပြန်ပြောလိုက်ပြီး ‘‘ဝိဉာဉ်ကြာပန်းက ငါ့ဝိဉာဉ်က ဒဏ်ရာကို ပြန်ကုသပေးနေတာ’’ နတ်ဆိုးအိုကြီး ကြောင်သွားခဲ့ပြီး နောက် ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို နားလည်သွားခဲ့တယ်။

အစောပိုင်းတုန်းက နတ်ဆိုးအိုကြီးက သေရှင်း၊ရှင်းရေး အခြေအနေနဲ့ ကြုံတွေ့နေသလို ကြောက်အားလန့်အားနှင့် ဖြစ်နေတဲ့အတွက် ဝိဉာဉ်ကြာပန်းကို သူမမှတ်မိခဲ့။ အခုရန်ကိုင် ပြောတော့မှာပဲ ဝိဉာဉ်ကြာပန်းကို သူပြန်မှတ်မိလာခဲ့တာပါ။

ပျောက်ဆုံးနေသာကျွန်းဆီ သူတို့သွားတုန်းက ငါးရောင်ခြယ်ဝိဉာဉ် ကြာပန်းတစ်ခုကို ရန်ကိုင် အမှတ်မထင် ရခဲ့ပါတယ်။ ဒါပေမယ့် ရန်ကိုင်သိုင်းအဆင့်က အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို မရောက်သေးတဲ့အတွက် ဝိဉာဉ်ကြာပန်းနဲ့ ပေါင်းစည်းထားတယ်ဆိုပေမယ့် ဝိဉာဉ်ကြာပန်းရဲ့ အရိပ်အယောင်ကို သူရှာလို့မတွေ့ခဲ့ပေ။

ဒါပေမယ့် အခုရန်ကိုင်က ထူးဆန်းတဲ့ နေရာမှာ ပိတ်မိနေခဲ့ပြီး သူ့ဝိဉာဉ်ကလည်း တို်က်ခိုက်ခြင်းခံရကာ ဒဏ်ရာရသွားခဲ့တယ်။ ထို့ကြောင့်ပဲ ဝိဉာဉ်ကြာပန်းက လှုပ်ရှားလာခဲ့ခြင်းပင်။ အထွတ်အထိပ် ရတနာကြီးကို ပိုင်ဆိုင်ထားပြီး ဒီအဖြူရောင်မြူလေးကို သူဘာလို့ အရမ်းကို ကြောက်နေရတာလဲ။ အဖြူရောင်မြူနဲ့ ဝိဉာဉ်ကြာပန်းတို့၏ ပေါင်းစည်းမှုကြောင့် ဖျက်စီးခြင်း၊ ပြန်လည်ပြင်ဆင်းခြင်း ဆိုတဲ့ဖြစ်စဉ်တစ်ခုကို ရန်ကိုင်ဝိဉာဉ်ထဲ ဖြစ်ပျက်သွားစေခဲ့ပြီး သူ့ဝိဉာဉ်ကို ပိုပြီးအားကောင်းသွားစေခဲ့တယ်။

ထိုဖြစ်စဉ်ရဲ့ ဆိုးကျိုးတစ်ခုက အလွန်အ

မင်း နာကျင်ခြင်းပင်။ ထိုနာကျင်မှုက သာမန်လူတစ်ယောက် ခံစားနိုင်သည့် နာကျင်မှုမျိုး မဟုတ်ပေ။ ‘‘သခင်လေးကို ကောင်းကင်ဘုံက ကောင်းချီးပေးတာပဲ။ သခင်လေး အဆင်ပြေမယ်ဆိုတာ ဒီအစေခံအိုကြီး အစကတည်းက သိနေပါတယ်လို့’’ နတ်ဆိုအိုးကြီးက ခပ်မြန်မြန်ပဲ ဖားယားတော့ပါတယ်။

ရန်ကိုင်းလည်း အပြုံးကြီး ပြံုးနေခဲ့တယ်။ သူ့အသက်အတွက် ဆက်ပြီး စိတ်ပူစရာမလိုတော့တဲ့အတွက် တင်ပလင်ခွေ ထိုင်ချလိုက်ပြီး သူ့တစ်ကိုယ်လုံးကို မြူတွေနဲ့ ဖုံးအုပ်သွားစေခဲ့တယ်။

ဒီနေရာက တော်တော်လေး အန္တရာယ်များတယ်ဆိုပေမယ့် သူ့ဝိဉာဉ်ကို အားကောင်အောင် လုပ်ဖို့အတွက် နေရာကောင်းတစ်ခုပါပဲ။ ရန်ကိုင်သာ အခုအခွင့်အရေးကို လွဲချော်သွားခဲ့မယ်ဆိုရင် အခုလိုမျိုး နောက်ထပ်အခွင့်အရေးကို ဘယ်အချိန်မှ ပြန်တွေ့နိုင်မယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။

ထို့ကြောင့် ဒီမြူခိုးထဲမှာ အချိန်တစ်ခဏလောက် ကြာအောင်နေဖို့ ရန်ကိုင်ဆုံးဖြတ်လိုက်တယ်။ ဝိဉာဉ်ကြာပန်းက သူ့ဝိဉာဉ်ကို အားဖြည့်ပေးသည့်အကြိမ်တိုင်း သူ့ဝိဉာဉ်က နည်းနည်းလေးသာ တိုးတက်လာခဲ့တယ်ဆိုပေမယ့် တိုက်တစ်တိုက် ဆိုတာလည်း သဲမှုန်လေးတွေ ပေါင်းပြီးမှ ဖြစ်လာတာလေ။ ထို့ကြောင့် သူသာဇွဲရှိရှိနဲ့ ဆက်ပြီးတင်းခံနေ သရွေ့ကတော့ အသိစိတ်ပင်လယ်ကို လေ့ကျင့်နိုင်မယ် အခွင့်အရေးကိုတောင် သူရကောင်း ရနိုင်ပါတယ်။

ထိုဝိဉာဉ် နာကျင်မှုကို ထပ်တလဲလဲ ခံစားနေရတဲ့ ရန်ကိုင်အဖို့ သူ့စိတ်စွမ်းအား ကောင်းမွန်လို့သာပေါ့။ သူ့နေရာမှာသာ သာမန်လူဆိုရင် ရူးသွားလောက်ပေပြီ။ နာကျင်မှုကို သူအရင် ခံစားလိုက်ရတယ်။ အဲ့နောက် သူ့ခေါင်းတစ်ခုလုံး မူးနောက်လာခဲ့တယ်။ မူးဝေတာ အတိုင်းအတာ တစ်ခုအထိ ရောက်သွားချိန်မှာတော့ ဝိဉာဉ်ကြာပန်းက သူ့ဒဏ်ရာတွေကို ပြန်လည် ကုသပေးပြီး သူ့ဝိဉာဉ်ကို အားဖြည့် ပေးပါတယ်။ ထိုဖြစ်စဉ်က အရမ်းကို နှေးကွေးလွန်းပေမယ့် ရန်ကိုင်ကတော့ ကျေနပ်ပါတယ်။

ထိုဖြစ်စဉ်က အရမ်းကို အချိန်ကုန်လွန်တဲ့ ဖြစ်စဉ်တစ်ခုဆိုလည်း မမှားပါ။

နေ့တစ်ဝက် ကြာပြီးနောက် ဝမ်းနည်းညိုးငယ်ဖွယ် အော်ဟစ်သံတွေကို ရန်ကိုင် ရုတ်တရက် ကြားလိုက်ရတယ်။ မျက်လုံး ဖွင့်လိုက်ပြီး အသံလာရာဘက်ကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ ချီရွှယ့်က ခေါင်းမပါတဲ့ ယင်ကောင်တစ်ကောင်လို သောင်းကျန်းနေတာကို တွေ့လိုက်ရတယ်။ သူ့အသွင်အပြင် တစ်ခုလုံးက ရှုပ်ပေပွေလီ နေခဲ့ပြီး သူ့မျက်နှာတစ်ခုလုံးက နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့ကာ တတ်သမျှ သိုင်းပညာရပ် အကုန်သုံးပြီး ဘေးပတ်ပတ်လည်ကို တိုက်ခိုက်နေခဲ့တယ်။

ထိုလူက ဝိဉာဉ်ကြားပန်းကို ပိုင်ဆိုင်ထားတဲ့ ရန်ကိုင်လောက် ကံမကောင်းခဲ့ပါ။ ရန်ကိုင်က ဝိဉာဉ် ကြာပန်းကို ပိုင်ဆိုင်ထားတဲ့အတွက် သူ့ဝိဉာဉ်ဒဏ်ရာ ရသွားမှာကို စိတ်ပူစရာ မလိုချေ။ အခုအချိန်တွင် ချီရွှယ့်၏ ဝိဉာဉ်က ဖျက်စီးခြင်း ခံလိုက်ရပါပြီ။ မြူခိုးထဲက ထွက်နိုင်ခဲ့မယ် ဆိုရင်တောင် သူ့က ရူးသွပ်နေတဲ့ သားရဲတစ်ကောင်နှင့် ဘာမှ ကွာခြားတော့လိမ့်မည် မဟုတ်ချေ။

ရန်ကိုင်က ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်ပြီး ချီရွှယ့်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်တယ်။ တစ်ခဏလောက် စဉ်းစားလိုက်ပြီး နောက်ဆုံး သူနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ချီရွှယ့်သေမယ်ဆိုတာ ရန်ကိုင်သိနေပေမယ့် သူက အစစ်အမှန်ဒြပ်စင်အဆင့်ရ လက်ရွေးစင် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတုန်းလေ။ ထို့ကြောင့် သူသေဆုံးပြီးနောက် ဖြစ်တည်လာတဲ့ သွေးလုံးက အခြားသာမန် အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ သေပြီးနောက် ဖြစ်တည်လာတဲ့ သွေးလုံးတွေထက် ပိုပြီးအားကောင်းမှာကတော့ အသေအချာပါပဲ။ ထိုကဲ့သို့ အခွင့်အရေးကြီးကို ရန်ကိုင် လက်လွှတ်ပေးချင်စိတ် မရှိပေ။

ချီရွှယ့်က ရန်ကိုင်နှင့် သားရဲကို ခွဲထုတ်ဖို့ သူတို့နှစ်ယောက်အား အဖြူရောင်မြူထုထဲကို ခေါ်ဆောင်လာခဲ့တယ်။ ဒါပေမယ့် ကောင်းကင်က သူ့အပေါ် ရက်စက်ခဲ့ပြီး သူ့အပြုအမူကြောင့် သူ့သေတွင်းသူတူးသွားခဲ့ရတယ်။ သူသာ အဖြူရောင်မြူတွေက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ သိခဲ့မယ်ဆိုရင် ရူးရူးမိုက်မိုက်နှင့် ဒီနေရာထဲကို ပြေးဝင်လာခဲ့လိမ့်မည် မဟုတ်ချေ။

ဖြေးဖြေးချင်း လမ်းလျှောက်သွားလိုက်ရင်း ချီရွှယ့် ရှေ့ရောက်သွားခဲ့ပြီး လက်သီးတင်းတင်း ဆုပ်ကာ ထိုးချုလိုက်ပါတယ်။ အသိစိတ် ရှိနေသေးလို့လား၊ မသိစိတ် ကြောင့်လားတော့ မသိပေမယ့် ချီရွှယ့်က လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်တယ်။

ရန်ကိုင်က ဘေးဘက်ကို ရှောင်တိမ်းလိုက်ပြီး နေမီးတောက်ပေါက်ကွဲခြင်းဖြင့် ချီရွှယ့်ကိုယ်ကို ထိုးချလိုက်တယ်။ သိပ်မကြာခင်မှာပဲ ဝိုးတဝါး မပြီပြင်တဲ့ အသံနှင့်အတူ ချီရွှယ့် လွင့်ပျံထွက်သွားခဲ့တယ်။

တိုက်ပွဲရလဒ်ကတော့ မကြည့်ပဲနဲ့တောင် သိနေပါပြီ။ ချီရွှယ့်က အသိစိတ်မရှိတော့သည့် အစစ်အမှန်ဒြပ်စင်အဆင့်ရ ခန္ဓာကိုယ် သက်သက်တစ်ခုပါ။ သူ့ခွန်အားက သန်မာတယ်ဆိုရင်တောင် အသိစိတ် ရှိမနေတဲ့အတွက် ခွန်အားအပြည့်ကို ထုတ်သုံးနိုင်လိမ့်မည် မဟုတ်ချေ။ အသက်ရှုချိန် ၃၀ရှိုက်စာ အတွင်းမှာပဲ ရန်ကိုင်က ချီရွှယ့်အသက်ကို လက်ဝါးတစ်ချုက်ဖြင့် အဆုံးသတ်ပေးခဲ့လိုက်တယ်။

ဖြစ်တည်လာတဲ့ သွေးလုံးကို ဖမ်းယူလိုက်ပြီး တင်ပင်လင်ခွေထိုင်ကာ နာကျင် ပျင်းရိဖွယ်ကောင်းတဲ့ ဝိဉာဉ်အားဖြည့်ခြင်း ဖြစ်စဉ်ကို နောက်တစ်ကြိမ် ပြန်လည်စတင်လိုက်တယ်။

Martial Peak

အပိုင်း (၂၅၈)

ဒီသီးခြား ကမ္ဘာကြီးထဲမှာ နေ၊လဆိုတာ မရှိသဖြင့် အချိန်ဘယ်လောက် ကုန်ဆုံးသွားပြီလဲဆိုတာ ပြောဖို့ ခက်တယ်။ ရန်ကိုင် ကိုယ်တိုင်လည်း အချိန်ဘယ်လောက် ကုန်သွားပြီလဲဆိုတာကို မသိစိတ်အရ တွက်ချက်ပြီးတော့သာ ခန့်မှန်းခဲ့ရတယ်။ လဝက်လောက် ကြာပြီးနောက် ချီသန့်စင်ခြင်းအဆင့်၉ကို ရန်ကိုင် အောင်အောင်မြင်မြင်နဲ့ ချိုးဖျက်ဝင်ရောက်သွား နိုင်ခဲ့တယ်။

ဒါက သာအားထုတ်ပြီး လေ့ကျင့်တာ တစ်ခုတည်းကြောင့်မဟုတ်၊ သွေးလုံး၈၀ ကျော်လောက်ကို စုပ်ယူခဲ့တာကြောင့်လည်း ပါပါတယ်။ ထိုသွေးလုံးတွေက ချီရွှယ့်ကို သတ်တုန်းက ရန်ကိုင်ရခဲ့တာပါ။ အများစုက သားရဲတွေကနေ ဖြစ်တည်လာတဲ့ သွေးလုံးတွေ ဖြစ်ပြီး အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူကနေ ဖြစ်တည်လာတဲ့ သွေးလုံးဆိုလို့ ၅လုံးပဲ ရှိပါတယ်။

သွေးလုံးအများကြီးစုပ်ယူ၊ ကျားကုတ်ကျားကန်ဖြင့် ကြိုးစားလေ့ကျင့်… အဲ့လိုနဲ့ လဝက် ကြာပြီးနောက် အစစ်အမှန် ဒြပ်စင်အဆင့်၉ကို ချိုးဖျက်နိုင်ခဲ့တာက ပုံမှန်ပါပဲ။ လွန်ခဲ့တဲ့ လဝက်အတွင်း မြူခိုးတွေက ပေးတဲ့ နာကျင်မှုနဲ့ နေသားကျအောင် သူကြိုးစားခဲ့တယ်။ နောက်ဆုံးမှာတော့ နာကျင်မှုကို လျစ်လျူရှုသွားနိုင်ခဲ့ပါပြီ။ နာကျင်သေးတယ် ဆိုပေမယ့် ထိုနာကျင်မှုက သူ့ကို မသက်ရောက် နိုင်တော့ပါ။

ဖျက်စီးလိုက်၊ ပြန်လည်ပြုပြင်လိုက် လုပ်ရင်းနဲ့ ရန်ကိုင် နတ်ဘုရားစိတ်အာရုံက တဖြည်းဖြည်း ပိုပြီး အားကောင်းလာခဲ့ပါတယ်။ သူစူးစမ်းလေ့လာနိုင်တဲ့ နေရာအကျယ် အဝန်းကလည်း အဆပေါင်းများစွာ ပိုပြီးကျယ်ပြန့်လာခဲ့ပြီပဲ ဖြစ်တယ်။ ထိုဖြစ်စဉ်ကို လဝက်လောက် ကြာအောင် ခံစားလိုက်ရပြီးနောက် နောက်ဆုံးမှာတော့ ထွက်ပေါက်ကို ရန်ကိုင် စတင်ရှာဖွေခဲ့လေပြီ။

တကယ်တော့ နတ်ဘုရားစိတ်အာရုံကို လေ့ကျင့်တာက သူကိုယ်တိုင် ဘာမှထူးထူးခြားခြား လုပ်စရာ မလိုချေ။ မြူခိုးထဲမှာ ထိုင်နေသရွေ့ သူ့ဝိဉာဉ် ဒဏ်ရာရမယ်၊ အဲ့ဒဏ်ရာကို ဝိဉာဉ် ကြာပန်းက အလိုလို ပြန်ကုသပေးမယ်။ ထိုင်နေနေ၊ ရွေ့လျားနေနေ ထိုဖြစ်စဉ်ကတော့ ဖြစ်နေမှာပါပဲ။

ဘေးပတ်ဝန်းကျင် တစ်ခုလုံးကို ရက်ပေါင်းများစွာ ကြာအောင် စူးစမ်းပြီးတာတောင် ရန်ကိုင်က မြူခိုးထဲမှာ ပိတ်မိနေတုန်းပါ။ ထွက်မယ့်လမ်းကို မရှာတွေ့ခဲ့သလို မြူခိုးထဲက ထွက်နိုင်မယ့် အခြားနည်းလမ်းကိုလည်း ရှာမတွေ့ခဲ့ပါ။ အခြေအနေက စတင်ပြီး ဆိုးရွားလာခဲ့သလို ရန်ကိုင်လည်း စတင် စိုးရိမ်လာခဲ့လေပြီ။ ယန်မီးတောက် တောင်ပံကို သုံးပြီး ပျံသန်းသွားမယ် ဆိုရင်တောင်မှ ထွက်မယ့်လမ်းကို ရှာမတွေ့တဲ့အတွက် ထွက်သွားနိုင်လိမ့်မည် မဟုတ်ပါ။

တစ်နေ့ ဘေးပတ်ဝန်းကျင်ကို ရန်ကိုင် စူးစမ်းနေတုန်း သူ့ဘေးနားမှာ ရှိတဲ့ မြူခိုးတွေရဲ့ ပြောင်းလဲမှုကို ရန်ကိုင် သတိထားမိလိုက်တယ်။ ထိုပြောင်းလဲမှုတွေက မသိသာပါ။ သူ သေချာစစ်ဆေး နေခဲ့လို့သာ မဟုတ်ရင် ထိုပြောင်းလဲမှုတွေကို သတိပြုမိခဲ့လိမ့်မည် မဟုတ်ပေ။ ထိုသေးလျတဲ့ ပြောင်းလဲမှုကို သတိပြုမိခဲ့တာကလည်း သူ့ရဲ့ဝိဉာဉ် ပိုပြီးအားကောင်းလာတာကြောင့်လည်း ပါပါတယ်။ လွန်ခဲ့တဲ့ လဝက်တုန်းကသာ ဆိုရင် ထိုပြောင်းလဲမှုကို သူသတိပြုမိခဲ့လိမ့်မည် မဟုတ်ပါ။

အဲ့အချိန်ကစလို့ ထိုဖြစ်စဉ်ကို ရန်ကိုင် သေသေချာချာ စတင်စူးစမ်း လေ့လာတော့လေသည်။

အချိန်အတော်ကြာ စစ်ဆေးပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ မြူခိုးတွေက သတ်မှတ်ထားတဲ့ နေရာတစ်ခုစီ ရွေ့လျားနေတယ်မှန်း ရန်ကိုင်သတိပြုမိလိုက်တယ်။ ဘာလို့ အဲ့လိုဖြစ်နေမှန်း သူမသိပေမယ့် အချိန်အတော်ကြာ စစ်ဆေးပြီးနောက် ပုံမှန် မဟုတ်တာ တစ်ခုခုကို သူရှာတွေ့သွားခဲ့လေပြီ။ ထို့ကြောင့် ထိုအရာကို စူးစမ်းချင်တာ သဘာဝပါပဲ။

အဖြူရောင်မြူခိုးတွေ စီးဆင်းနေတဲ့ လမ်းကြောင်းအတိုင်း လမ်းလျှောက်သွားနေချိန် အဖြူရောင် မြူခိုးတွေရဲ့ စီးဆင်းနှုန်းက တဖြည်းဖြည်း ပိုပြီးမြန်ဆန်လာခဲ့တယ်။ သူ့ရှေ့နေရာ၌ အဖြူရောင်မြူခိုးတွေကို စုပ်ယူနေသည့် တစ်ခုခု ရှိနေသည့်အလား တဖြည်းဖြည်းနှင့် အဖြူရောင်မြူခိုးတွေရဲ့ စီးဆင်းမှုက လေညင်းအလား မြန်ဆန်လာခဲ့တယ်။

ရန်ကိုင်က တိတ်တဆိတ် သတိချပ်လိုက်ပြီး လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုကာ အရင်းအမြစ်ဆီ ဖြေးဖြေးချင်း ချဉ်းကပ်သွားလိုက်ပါတယ်။ အသက်ရှုချိန် အနည်းငယ်လောက် ကြာတဲ့အချိန်မှာတော့ အပေါက်ထဲကို လေတိုးဝင်နေတဲ့ အသံလိုမျိုး တဝှီဝှီမြည်သံတွေကို ကြားလိုက်ရတယ်။ ရန်ကိုင်လည်း အမြင်အာရုံကို အဆုံးထိ မြှင့်တင်ပြီး အသံလာရာနေရာဆီ ဖြေးဖြေးချင်း လမ်းလျှောက်သွားလိုက်တယ်။

သိပ်မကြာခင်မှာပဲ ရန်ကိုင် ထူးဆန်းတဲ့ ကျောက်တုံးရှေ့တွင် မျက်မှောင်ကြုံ့ရင်း မတ်တပ်ရပ်လို့နေခဲ့တယ်။ ဘေးပတ်ဝန်းကျင်က မြူခိုးတွေက ကျောက်တုံးပေါ်ရှိ အပေါက်လေးထဲသို့ အဆက်မပြတ် စီးဝင်လို့နေခဲ့တယ်။

မည်သည့် အန္တရာယ်ကိုမှ အာရုံမခံမိတဲ့အတွက် ရန်ကိုင်လည်း သူ့စိတ်ကို ဖြေလျော့ထားလိုက်ပြီး ကျောက်တုံးနားဆီ သိချင်စိတ်အပြည့်ဖြင့် ဖြေးဖြေးချင်း တိုးကပ်သွားလိုက်ပါတယ်။ သေချာ အနားကပ်ကြည့်လိုက်တော့မှ ကျောက်တုံးကိုယ်တိုင်ကိုယ်က အပေါက်ဖြစ်နေခဲ့တာကို ရန်ကိုင် အံ့အားသင့်ဖွယ် တွေ့ရှိခဲ့လိုက်ရတယ်။ မြူခိုးတွေက ကျောက်တုံးအပေါ်ရှိ အပေါက်မှာ ကျောက်တုံးထဲကို စီးဝင်နေခဲ့တာပါ။ ကျောက်တုံးအောက်ခြေမှာလည်း အပေါက်တစ်ပေါက် ရှိနေခဲ့ပြီး ထိုအပေါက်ကနေတော့ တဝှီဝှီမြည်သံတို့ကို ထုတ်လွှတ်နေခဲ့တယ်။

သိချင်စိတ်ကြောင့် ကျောက်တုံးကို လှည့်ပတ်ကြည့်လိုက်ပေမယ့် ဘာမှထူးခြားတာ မတွေ့ခဲ့ရ။ ကျောက်တုံးပုံစံက သာမန်ကျောက်တုံး တစ်တုံးနှင့် မခြားနားပေ။

ကျောက်တုံးပေါ်တွင် တိုက်ခိုက်ခံထားရသည့် အရိပ်အယောင်တို့ ရှိနေခဲ့တယ်။ ဒါပေမယ့် အခြစ်ရာလေးတွေသာ ဖြစ်ပြီး အက်ကွဲနေသည့်၊ ခုတ်ပိုင်း ခံထားရသည့် အရိပ်အယောင်တို့ကို မတွေ့ရပါ။

ထိုခြစ်ရာတွေက တစ်ယောက်ယောက် တိုက်ခိုက်သွားခဲ့လို့ ကျန်ခဲ့တာပဲ ဖြစ်ရပါမယ်။ ဒီနေရာကို အနည်းဆုံး အစစ်အမှန်ဒြပ်စင် အဆင့်ရောက်နေတဲ့လူပဲ လာနိုင်ပါတယ်။ ဒါပေမယ့် အစစ်အအမှန်ဒြပ်စင် အဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကတောင် ထိုကျောက်တုံးကို အခြစ်ရာလေးတွေပဲ ထင်စေခဲ့တယ်ဆိုတော့ ထိုကျောက်တုံးက ကျိန်းသေ သာမန်ကျောက်တုံး တစ်ခုမဟုတ်ချေ။

သာမန်ကျောက်တုံး တစ်တုံးဆိုရင် အစစ်အမှန်ဒြပ်စင် အဆင့်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံရတာနဲ့ အမှုန်ဘဝ ရောက်သွားပါလိမ့်မယ်။ တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် ကျောက်တုံးကို တိုက်ခိုက် ကြည့်ဖို့ ရန်ကိုင် ဆုံးဖြတ်လိုက်မယ်။ ဒါပေမယ့် သူ့တိုက်ခိုက်မှုက ကျောက်တုံးကို အနည်းငယ်လေးတောင် မလှုပ်သွားစေခဲ့ပါ။

ကျောက်တုံးက ရှားပါးတဲ့ ရတတစ်ခု ဖြစ်မှန်း သူသိနေသော်လည်း ကြည့်နေရုံသာ တတ်နိုင်ပါတယ်။ ထိုကျောက်တုံးအရွယ်အစားအရ ကျောက်တုံး၏ အလေးချိန်က အနည်းဆုံး ကီလိုမီတာထောင်ပေါင်းများစွာ လေးလံနိုင်ပါတယ်။ အဲ့ထက်တောင် ပိုရင်ပိုနိုင်ပါသေးတယ်။ အဲ့လောက်လေးတဲ့ ကျောက်တုံးတစ်တုံးကို အခုလက်ရှိ ရန်ကိုင်အတွက် သယ်ထုတ်သွားဖို့က မဖြစ်နိင်တဲ့ အရာတစ်ခုပါ။

သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် မှာတော့ ရန်ကိုင်က ထိုင်ချလိုက်ပြီး ကျောက်တုံး အောက်ခြေမှာရှိတဲ့ အပေါက်လေးကို စူးစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ကျောက်တုံး အောက်ခြေရှိ အပေါက်လေးက အပေါ်ပေါက်က စုပ်ယူလိုက်တဲ့ မြူခိုးတွေကို ပြန်လည် ထုတ်လွှတ်နေခဲ့ပြီး ထိုအပေါက်အောက်မှာတော့ ပဲပုပ်စေ့အရွယ် ကန်လေးတစ်ကန် ရှိနေခဲ့တယ်။ ကန်လေးရဲက အလယ်မှာတော့ ခရစ်စတယ်လို ကြည်လင်နေပြီး ပယင်းရောင် သန်းနေတဲ့ အရည်လေး တစ်စက် ရှိနေခဲ့ပါတယ်။

ကန်လေးကို သေချာ အနီးကပ်ကြည့်လိုက်တဲ့အချိန် သူ့စိတ်ဝိဉာဉ် တစ်ခုလုံးကို ဆန်းလန်းသွားစေတဲ့ ရနံ့တစ်ခုကို သူရလိုက်တယ်။ ထိုခံစားချက်က ဝိဉာဉ်ကြာပန်းက အားဖြည့်ပေးတုန်းကထက်တောင် အဆများစွာ ပိုပြီးအားကောင်းပါတယ်။

ရတနာပဲ ထိုအရည်စက်ကလေးက ဘာလဲဆိုတာ သူမသိပေမယ့် သူ့ဝိဉာဉ်အတွက် အရမ်းကို အသုံးဝင်တဲ့ အဖိုးတန် ရတတစ်ခုမှန်းတော့ သူသိပါတယ်။ ခရစ်စတယ်လို ကြည်နေတဲ့ အရည်စက်လေးကို ကြည့်ရင်း ရန်ကိုင်မျက်လုံးတွေက လိုချင်တမ်မက်မှုတို့ဖြည့် ပြည့်နှက်လာခဲ့တယ်။ လက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီး ယွမ်ချီ့ို သေချာထိန်းချုပ်ကာ ထိုအရည်စက်လေးကို ကန်ထဲကနေ ထုတ်ယူဖို့ ရန်ကိုင် ကြိုးစားကြည့်လိုက်တယ်။

ဒါပေမယ့် အရည်စက်ကို ထုတ်ယူနိုင်လို့ ပျော်တောင် မပျော်ရသေးခင်မှာပဲ ပတ်ဝန်းကျင်က မြူတွေက အရင်ထက် ၁၀ဆမြန်တဲ့ နှုန်းနဲ့ စတင်လည်ပါတ် လာပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ကျောက်တုံးအောက်ခြေရှိ အပေါက်ထဲကနေ မြူတွေကို ထုတ်မပေးတော့ပါ။ ကျောက်တုံးထဲကိုသာ အပြည့်အဝ စုပ်ယူထားလိုက်ပါတော့တယ်။ ရန်ကိုင်က သူ့ရှေ့က မြင်ကွင်းကို အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့တယ်။

ပဲပုပ်အရွယ်လောက်သာ ရှိတဲ့ကန်လေးက ထူးဆန်းတဲ့ အရည်ပုံစံ မြူတွေနဲ့ တဖြည်းဖြည်း ပြည့်လာခဲ့ပြီး ကန်အောက်ခြေမှာတော့ ပယင်းယောင် တောက်နေတဲ့ အရည် စတင်ဖြစ်ပေါ်လာခဲ့တယ်။

ငါထုတ်ယူလိုက်တဲ့ ပယင်းယောင် အရည်စက်က ပတ်ဝန်းကျင်က မြူတွေကို သန့်စင်ပြီး ဖြစ်ပေါ်လာတာလား။ ထိုအရာက သူ့ခန့်မှန်းချက် သက်သက်သာ ဖြစ်ပေမယ့် သူ့ရှေ့က အဖြစ်အပျက်တွေကို ကြည့်တာနဲ့ သူ့ခန့်မှန်းချက်က လုံးဝနီးပါး မှန်ကန်နေတယ်ဆိုတာ သိနိုင်ပါတယ်။

အစတုန်းကတော့ ထိုအရည်စက်ကို သိမ်းထားချင်ပေမယ့် နောက်ထပ် အရည်စက်တွေ ဖြစ်နိုင်သေးမှန်း သိလိုက်တဲ့အချိန်မှာတော့ ရန်ကိုင်က ထုတ်ယူထားတဲ့ အရည်စက်ကို ပါးစပ်ထဲပစ်ထည့်လိုက်ပြီး မျိုချလိုက်ပါတယ်။

ထိုအရည်စက်လေးက ပျားရည်အရသာလိုပဲ တကယ်ကို ချိုပါတယ်။ သူ့ပါးစပ်ထဲ ရောက်တာနဲ့ ထိုအရည်စက်က စွမ်းအင်တစ်မျိုး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ပူလောင်လှတဲ့ အစစ်အမှန် ယန်ယွမ်ချီကို လုံးလုံး လျစ်လျူရှုလိုက်ကာ သူ့ဒန်တန်၊ သွေးကြောနှင့် ဦးခေါင်းထဲအထိပါ စီးဝင်သွားခဲ့တယ်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တိမ်တွေထဲ လွင့်မျောနေသလို ရန်ကိုင် ခံစားလိုက်ရတယ်။ ဖော်ပြမရတဲ့ ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံး ပျံ့နှံ့နေခဲ့ပြီး သူ့သွေးကြောမျှင်တိုင်းတောင် ကြည်နူးပျော်ရွှင်နေတယ်လို့ ရန်ကိုင် ထင်မိလိုက်တယ်။

သူ့စိတ်တစ်ခုလုံး ရုတ်တရက်ကြီး အရင်ကထက် အဆပေါင်းများစွာ ပိုပြီးကြည်လင်လာခဲ့တယ်။ ခံစားနိုင်စွမ်း၊ မြင်နိုင်စွမ်းနှင့် ကြားနိုင်စွမ်းတို့လည်း တိုးတက်လာခဲ့ပါတယ်။

မျက်တောင်တစ်ခတ် အတွင်းမှာပဲ ရုတ်တရက်ကြီး မီတာ၅၀၀အတွင်းမှာ ရှိတဲ့မြက်ပင်လေးတွေ လှုပ်ရှားနေတာကိုတောင် ရန်ကိုင်ခံစားသိမြင် လာနိုင်ခဲ့တယ်။ အခုမြူခိုးတွေ ဝေနေတဲ့နေရာ၌ မီတာဆယ်ဂဏန်းလောက် ကိုသာ အရင်တုန်းက ရန်ကိုင် မြင်တွေ့နိုင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ သူ့အမြင်အာရုံက ၁ဝလောက် တိုးတက်သွားခဲ့လေပြီ။ ကြားနိုင်စွမ်းနှင့် မြင်နိုင်စွမ်း တို့ကလည်း သူ့အမြင်အာရုံနှင့် ထပ်တူညီစွာပဲ တိုးတက်လာခဲ့တယ်။

အရမ်းကို အဖိုးတန်တဲ့ အရာတစ်ခုကို စားလိုက်မိမှန်း သိလိုက်တာနဲ့ ရန်ကိုင်က ချက်ချင်း တင်လင်ခွေ ထိုင်ချလိုက်တယ်။ နောက် သူ့စိတ်ခံစားချက်တွေကို အရင်တည်ငြိမ်အောင် လုပ်လိုက်ပြီး ပယင်းရောင် အရည်စက်ကနေ ဖြစ်တည်လာတဲ့စွမ်းအင်တွေကို စတင်သန့်စင်ပါတော့တယ်။

သူပိုသန့်စင်လေ စွမ်းအင်တွေက ပိုပြီးအားကောင်းလာလေပါ။ ဘေးပတ်ဝန်းကျင်က ချီစွမ်းအင်တွေက သူ့ကိုယ်ထဲ စီးဝင်နေခဲ့ပြီး သူ့ကိုယ်တွင်း စီးဆင်းသွားတာကို ရန်ကိုင် ခံစားမိနေခဲ့တယ်။ ရန်ကိုင်စိတ်ထဲ ခံစားချက်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်။ ထိုခံစားချက်က ဘယ်လိုမျိုးလဲဆိုတော့ အနည်းငယ် ရွစိရွစိ ဖြစ်နေတဲ့ ခံစားချက်မျိုး။ မမြင်နိုင်တဲ့ အတားအဆီး တစ်ခုက ယားယံနေသလို ဖြစ်နေတဲ့အတွက် ရန်ကိုင် ချက်ချင်း သွားဆွဲကုတ်ပစ်လိုက် ချင်နေခဲ့တယ်။ သို့ပေမယ့် သူ့စိတ်ထဲမှာ ဖြစ်နေတဲ့အတွက် သူဘာမှမလုပ်နိုင်ခဲ့ပါ။

တစ်ခုကတော့ သေချာပါတယ်… ထိုအတားအဆီး တည်ရှိတာ ကျိန်းသေသလို ထိုအတားအဆီးက သူ့စိတ်အာရုံရဲ့ တစ်ခုခုကို တားဆီးနေတာပါ။ အခြေအနေတွေက ဒီတိုင်း ဆက်သွားနေခဲ့တယ်။ ခဏအကြာမျာတော့ ထိုထူးဆန်းတဲ့ အကာအရံ့ ရုတ်ချည်း ကျိုးပျက်သွားခဲ့ပါတော့တယ်။

ယားယံတဲ့ ခံစားချက်က ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ကာ နွေးထွေးပြီး သက်သောင့်သက်သာ ရှိတဲ့ ခံစားချက်တစ်ခုက ရန်ကိုင် စိတ်ထဲ အစားထိုး ဝင်ရောက်လာခဲ့တယ်။ ထိုအခိုက်အတန့်မှာပဲ သူ့စိတ်ဝိဉာဉ် တစ်ခုလုံး လုံးဝပြောင်းလဲသွားသည့်အလား ရန်ကိုင် ခံစားလိုက်ရတယ်။

တစ်ချိန်တည်းမှာပဲ ရန်ကိုင်၏ မူလအသိစိတ် ၆ခုစလုံးလည်း အပြောင်းကြီး ပြောင်းလဲသွားခဲ့လေပြီ။ သူ့အသိစိတ် တစ်ခုလုံး အလျင်အမြန်နဲ့ ကျုံ့ဝင်လာခဲ့ပြီးနောက် ရုတ်ချည်း ဘေးပတ်ပတ်လည်ကို ပျံ့ကားထွက်သွားခဲ့တယ်။ အလယ်ဗဟို တွင်ထိုင်နေရင်း ဘေးပတ်ပတ်လည်တွင် ရှိနေသမျှ၊ ဖြစ်ပျက်နေသမျှကို သူအကုန် မြင်တွေ့နေခဲ့ရတယ်။ လေထုတစ်ခုလုံးကို ဖုံးအုပ်နေတဲ့ အဖြူရောင်မြူခိုးတွေ၊ သစ်ပင် တစ်ပင်ချင်းစီတွေ၊ ထိုအရားအားလုံးကို သူမြင်တွေ့နေရတယ်။

၂ကီလိုမီတာ၊ ၃ကီလိုမီတာ အတွင်းမှာရှိတဲ့ မည်သည့်အရာကိုမဆို သူအာရုံ မခံနိုင်တာ မရှိချေ။ ရန်ကိုင် ရုတ်တရက် မျက်လုံးဖွင့်လိုက်တယ်။ စိတ်ရှုပ်နေသည့် အရိပ်အယောင်တွေ သူ့မျက်လုံးထဲ အထင်းသား ပေါ်ထွက်နေခဲ့တယ်။ အချိန် အတော်ကြာပြီးနောက် သူ့မျက်လုံးအစုံ အရောင်တလက်လက် ထလာခဲ့ပြီး ထူးဆန်းတဲ့အပြုံးတစ်ခုက သူ့မျက်နှာထက် ဖြစ်ပေါ်လာခဲ့တယ်။

‘‘နတ်ဆိုးအိုကြီး… နတ်ဘုရားစိတ်အာရုံကို ငါဖြစ်တည်သွားနိုင်ပြီ ထင်တယ်’’ ရန်ကိုင်က မယုံကြည်နိုင်စွာဖြင့် တိုးတိုးလေး ပြောလိုက်တယ်။

‘‘ဘယ်လို’’ နတ်ဆိုးအိုကြီး ထိတ်လန့်တကြား လေသံဖြင့် ‘‘သခင်လေး အဆင်ကော ပြေရဲ့လား’’

‘‘အဲ့ဒါအမှန်ပဲ။ နတ်ဘုရားစိတ်အာရုံကို ငါဖြစ်ပေါ်စေနိုင်လိုက်တာကို အခုထို ကိုယ့်ကိုယ်ကိုတောင် မယုံနိုင်သေဘူး’’ ရန်ကိုင်က အပြုံးကြီးပြံုးရင်း အစောပိုင်းတုန်းက သူခံစားခဲ့ရတာတွေကို ပြန်ရှင်းပြလိုက်ပါတယ်။

နတ်ဆိုးအိုကြီးက ရန်ကိုင် ပြောပြတာကို နားထောင်ရင်း ပိုပြီးအံ့အားသင့်လာခဲ့ကာ နောက်ဆုံး ပြန်ပြီးတော့တောင် ခွန်းတုံ့မပြန်နိုင်တော့ပေ။

‘‘သခင်လေး ပြောသလိုသာဆိုရင် သခင်လေး တကယ်ပဲ နတ်ဘုရားစိတ်အာရုံကို လေ့ကျင့်လို့ရပြီ’’ နတ်ဆိုးအိုကြီး၏ လေသံထဲ ထိတ်လန့်မှု၊ လေးစားမှုတို့ အရောရော။ ဘေးပတ်ပတ်လည်းမှာ ရှိတဲ့ အရားအားလုံးကို မျက်စိမှိတ်ပြီး မြင်တွေ့ခံစားနိုင်မှာတော့ အဲ့ဒါက နတ်ဘုရား စိတ်အာရုံမဟုတ်လို့ ဘာများဖြစ်ရဦးမှာလဲ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် မရောက်ခင်အထိ အသိစိတ်အာရုံကိုသာ အားကိုအားထာ ပြရပါတယ်။ ဒါပေမယ့် အသိစိတ်အာရုံက မိမိပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးရာမှာ ဝေးဝါးမတိကျတဲ့အပြင် စူးစမ်းနိုင်တဲ့ အကွာအဝေးကလည်း တိုပါတယ်။ အသိစိတ်အာရုံကို တိုးမြှင့်ချင်တယ်ဆိုရင် အမြင်၊အကြား၊အနံ့ အာရုံဆိုတဲ့ အားရုံသုံးပါးကို အားကောင်းအောင် လုပ်ရပါမယ်။

အသိစိတ်အာရုံနဲ့ အာရုံခံမိတဲ့ အရာတိုင်းက မမှန်နိုင်ပါ။ တစ်ခါတစ်ရံလည်း မှားယွင်းနိုင်ပါတယ်။ ဒါပေမယ့် အင်မော်တယ်တက်လှမ်းခြင်း အဆင့်အောက်က ကျင့်ကြံသူတွေအတွက် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးဖို့ အသိစိတ်အာရုံကိုသာ အားကိုးအားထား ပြုရပါတယ်။ ဒါပေမယ့် အင်မော်တယ်တက်လှမ်းခြင်း အဆင့်ရောက်ရင်တော့ အားလုံးကွဲပြား သွားခဲ့ပါပြီ။

အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ရောက်တာနဲ့ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်နိုင်ပြီး နတ်ဘုရားစိတ်အာရုံကို စတင်ဖြစ်ပေါ်စေနိုင်ပါတယ်။ နတ်ဘုရားစိတ်အာရုံဆိုတာမျိုးက အသိစိတ်အာရုံကို နောက်တစ်ဆင့် မြှင်ထားတာလို့ ပြောလို့ရပါတယ်။ နတ်ဘုရားစိတ်အာရုံနဲ့ဆိုရင် မျက်လုံးမှိတ်ပြီး ထိုင်နေရင်တောင် ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို ကိုယ့်မျက်လုံးနဲ့ မြင်နေရသလို မြင်တွေ့နိုင်ပါတယ်။

ဝေးဝါးပြီး မရေရာတဲ့ အသစိတ်အာရုံနဲ့ ယှဉ်မယ်ဆိုရင်တော့ နတ်ဘုရားစိတ်အာရုံက အများကြီး ပိုပြီးအားကောင်းပါတယ်။ အသိစိတ်အာရုံက ပတ်ဝန်းကျင်ကို စူးစမ်းစစ်ဆေးလို့ပဲ ရပေမယ့် နတ်ဘုရား စိတ်အာရုံကတော့ တိုက်ခိုက်နေရာမှာလည်းပဲ အသုံးပြုလို့ရပါတယ်။ နတ်ဘုရားစိတ်အာရုံနဲ့ တိုက်ခိုက်မှု(စိတ်ဝိဉာဉ်တိုက်ခိုက်မှု) မျိုးက ကာကွယ်ဖို့ မလွယ်ကူပေ။

ဒါပေမယ့်… နတ်ဘုရားစိတ်အာရုံကို လေ့ကျင့်နိုင်ဖို့ဆိုရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ကျိန်းသေ ရောက်နေမှာ ရမယ်။ အဲ့လိုဆိုပေမယ့် သခင်လေးရဲ့ အဆင့်က အခုမှချီသန့်စင်ခြင်းအဆင့်၉ပဲ ရှိသေးတာလေ

ထိုအဆင့်နှစ်ခုကြား အဆင့်ကြီးတစ်ဆင့်လုံးတောင် ခြားလို့နေခဲ့ပါတယ်။ ရန်ကိုင် ပါရမီက ကောင်းကင်ကို ဆန့်ကျင်လောက်အောင် ထူးချွန်းမှန်း သူသိပေမယ့် ဒီတစ်ကြိမ် ရန်ကိုင်ရဲ့ တိုးတက်မှုက တကယ်ကို လက်မခံနိုင်စရာပါ။

‘‘သခင်လေးက နတ်ဘုရား စိတ်အာရုံကို လေ့ကျင့်လို့ ရပြီဆိုတော့ အသိစိတ်ပင်လယ်ကိုလည်း ဖွင့်လို့ ရပြီပေါ့နော်’’ နတ်ဆိုးအိုကြီးက သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်။

‘‘မရသေဘူး…’’ ရန်ကိုင်က ပြန်ပြောလိုက်တယ်။ ရန်ကိုင် ကိုယ်တိုင်လည်း ထိုကိစ္စနဲ့ ပက်သက်ပြီး ဇဝေဇဝါ ဖြစ်နေရတာပါ။ နတ်ဘုရားစိတ်အာရုံ သုံးလို့ရပြီဆိုတာနဲ့ အသိစိတ်ပင်လယ်ကို ဖွင့်လို့ရပါပြီ။ ဒါကပုံမှန် အမြင်ပါ။ ဒါပေမယ့် သူကတော့ နတ်ဘုရား စိတ်အာရုံကို အသုံးပြုနိုင်ပေမယ့် အသိစိတ်ပင်လယ်ကိုတော့ ဖွင့်လို့မရသေးချေ။

‘‘ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’’ နတ်ဆိုးအိုကြီးက ပြောလိုက်ပြီး တစ်ခဏလောက် ကြာအောင် တွေးနေလိုက်ပြီးနောက် ထပ်မေးလိုက်ပါတယ် ‘‘သခင်လေးက ကိုယ်ထဲကို သခင်လေး မြင်ရလား၊ အထူးသဖြင့် ခေါင်းအတွင်းပိုင်းကိုပေါ့။ သခင်လေးသာ ဝိဉာဉ်ကြာပန်းကို မြင်တွေ့နိုင်တယ်ဆိုရင် သခင်လေး အသိစိတ်ပင် လယ် ဖွင့်ပြီးသွားပြီဆိုတာ သေချာသွားပြီ ’’

‘‘ငါမတွေ့ရဘူး’’ ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး ‘‘အခုဖြစ်နေတဲ့ ပုံစံအရတော့ ငါက အပြင်ဘက်ကိုပဲ မြင်ရပြီး အတွင်းပိုင်းကို မမြင်ရတဲ့ပုံပဲ’’

Martial Peak

အပိုင်း(၂၅၉)

ရန်ကိုင်ရဲ့ အခုအဖြစ်အပျက်က တကယ့်ကို ပြိုင်ဘက်ကင်းလွန်းပါတယ်။

နှစ်ထောင်ပေါင်းများစွာ၊ ဒါမှမဟုတ် အဲ့ထက်ကြာရင်တောင်အခု အခုရန်ကိုင် ဖြစ်သလိုမျိုး ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ။ ချီသန့်စင်ခြင်းအဆင့်၉နဲ့ နတ်ဘုရား စိတ်အာရုံကို အသုံးပြုနိုင်တယ်ဆိုတာက မဖြစ်နိုင်တာထက်ကို မဖြစ်နိုင်လွန်းတာပါ။ ချီသန့်စင်ခြင်းအဆင့်နဲ့ နတ်ဘုရားစိတ်အာရုံကို အသုံးပြုနိုင်တယ် ဆိုတာက ကောင်းကင်အလိုကို ဆန့်ကျင်နေတာပဲ ဖြစ်တယ်။ ပုံမှန်အမြင်နဲ့ဆိုရင် ချီသန့်စင်ခြင်းအဆင့်နဲ့ နတ်ဘုရား စိတ်အာရုံကို အသုံးပြုနိုင်တယ်ဆိုတာမျိုးက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။

ပြီးတော့ ရန်ကိုင်က နတ်ဘုရား စိတ်အာရုံကို အသုံးပြုလို့ ရသွားခဲ့တယ်ဆိုပေမယ့် အသိစိတ်ပင်လယ် ကိုကျတော့ အသုံးမပြုနိုင်သေးပါဘူး။ ထို့ကြောင့် သူ့အခြေအနေက ပိုပြီးထူးခြားသွားခဲ့ပါတယ်။ အသိစိတ် ပင်လယ်ဆိုတာက ဝိဉာဉ်တည်ရှိတဲ့ နေရာပါပဲ။ တစ်နည်းအားဖြင့် သိုင်းကျင့်ကြံသူ တစ်ယောက်ရဲ့ ဝိဉာဉ်စွမ်းအားကို ဖော်ပြတဲ့ နေရာတစ်ခုပေါ့။

အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ချိုးဖျက်နိုင်ခဲ့ရင် ဝိဉာဉ်ကို လေ့ကျင့်နိုင်ပါလိမ့်မယ်။ အသိစိတ်ပင်လယ် ဆိုတာက ဝိဉာဉ်အမျှင်တန်းပေါင်း များစွာ ဖြစ်တည်ပြီးတော့မှ ဖြစ်တည်လာတာပါ။ အသိစိတ်ပင်လယ်ရဲ့ အရွယ်အစားနဲ့ အနက်က နတ်ဘုရား စိတ်အာရုံနဲ့ ဝိဉာဉ်ရဲ့ ခွန်အားနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒါပေမယ့် ရန်ကိုင်ကိစ္စကိုတော့ နတ်ဆိုးအိုကြီးလည်း ဘယ်လို ရှင်းပြလို့ ရှင်းပြရမှန်း မသိတော့ပေ။

‘‘အဲ့ဒီ ပယင်းရောင် အရည်စက်ကလေးက ကျိုးဝမ်ပြောခဲ့တဲ့ ဝိဉာဉ်သန့်စင်ခြင်းနှင်းစက် ဖြစ်ရမယ်’’ ရန်ကိုင် မျက်လုံးတွေက တောက်ပနေခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း သေချာသည့် လေသံဖြင့် ရေရွတ်လိုက်တယ်။

သေမင်းတောင် ရေကန်ဘေးမှာ သူတို့တွေ့တုန်းက လွန်ခဲ့တဲ့ နှစ်၃၀တုန်းက ဒီသီးခြားကမ္ဘာကြီးထဲမှာ ထူးခြားတဲ့ ရတနာနှစ်မျိုး ပေါ်ထွက်ခဲ့ဖူးတယ်လို့ ချန်ယွဲ့ရှုနှင့် စုရှောင်းယုတို့၏ ဆရာဖြစ်တဲ့ ကျိုးဝမ်က ရန်ကိုင်တို့ကို ပြောခဲ့ဖူးပါတယ်။ တစ်ခုက ယန်မီးတောက်အရည် ဖြစ်ပြီး နောက်တစ်ခုကတော့ ဝိဉာဉ် သန့်စင်ခြင်းနှင်းစက်ပဲ ဖြစ်ပါတယ်။ ထိုရတနာနှစ်ခုကြောင့် ဒီသီးခြားကမ္ဘာကြီးထဲကို ဝင်တဲ့လူအရေအတွက်က နှစ်ကြာလာတာနဲ့မျှ ပိုပြီးများပြားလာခဲ့တာပေါ့။

ချီကျန်းရှန်ကို သတ်ဖြတ်ပြီးနောက် ယန်မီးတောက် အရည်စက် အနည်းငယ်ကို ရန်ကိုင် ရခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ချီရွှယ့်နောက်လိုက်ရင်း အဖြူရောင်မြူထဲ တိုးဝင်မိပြီး ဝိဉာဉ် သန့်စင်ခြင်းနှင်းစက်ကို တွေ့ခဲ့ရပြန်တယ်။ ရန်ကိုင်ကိုတော့ ကောင်းကင်က မျက်နှာပေးနေတာပါလား။ ထို့သာမက နောက်ထပ် ဝိဉာဉ် သန့်စင်ခြင်းနှင်းစက်တွေကိုလည်း သူ့တွေ့ထားပါသေးတယ်။

ရန်ကိုင်က တစ်ဖက်လှည့်လိုက်ပြီး မြူခိုးတွေကို စုပ်ယူနေတဲ့ ကျောက်တုံး အောက်ခြေကို ကြည့်လိုက်တယ်။ သူ့ဆံပင်မွှေးထက် သေးလျတဲ့ ခရစ်စတယ်လို ကြည်လင်နေသော ပယင်းရောင် အရည်စက်လေးတွေကို တွေ့လိုက်ရတဲ့အတွက် သူသာ နောက်ထပ် နည်းနည်းလောက် ထပ်စောင့်မယ်ဆိုရင် နောက်ထပ် ဝိဉာဉ် သန့်စင်ခြင်းနှင်းစက်ကို ရနိုင်မယ်လို့ ရန်ကိုင် ယုံကြည်ထားပါတယ်။

ငါးရောင်ခြယ် ကြာပန်း ပိုင်ဆိုင်ထားလို့သာပေါ့။ မဟုတ်ရင် ဒီမြူထဲမှာ ရန်ကိုင် ကောင်းကောင်း ဒုက္ခရောက်မှာပါ။ သို့ပေမယ့် ငါးရောင်ခြယ် ကြာပန်း ပိုင်ဆိုင်ထားတဲ့အတွက် ဒုက္ခမရောက်တဲ့အပြင် အကျိုးအမြတ်ပါ ရလိုက်ပါသေးတယ်။ ငါးရောင်ခြယ် ကြာပန်းကြောင့် ဖျက်စီးခြင်း၊ ပြန်လည်ပြုပြင်ခြင်း ဖြစ်စဉ်ကို ဖြစ်ပေါ်သွားစေခဲ့ပြီး သူ့ဝိဉာဉ်ကို နည်းနည်းချင်းစီ အားကောင်းလာစေခဲ့တယ်။ သို့ပေမယ့် ကံကောင်းမှုက မကုန်သေး။

လဝက် ကြာပြီးတဲ့အချိန်မှာ ဝိဉာဉ် သန့်စင်ခြင်း နှင်းစက်ကို ထပ်တွေ့ခဲ့တယ်။ ဝိဉာဉ်သန့်စင်ခြင်း နှင်းစက်၏ ကောင်းမှုကြောင့် ချီသန့်စင်ခြင်း အဆင့်နှင့် နတ်ဘုရားစိတ်အာရုံကို အသုံးပြု နိုင်တဲ့ ကျင့်ကြံသူတစ်ယောက် ရန်ကိုင် ဖြစ်လာခဲ့ရတယ်။ ‘‘သခင်လေး၊ သခင်လေးရဲ့ နတ်ဘုရား စိတ်အာရုံက ဘယ်လောက်အတိုင်းအတာ လောက်ထိ ရောက်လဲ’’ နတ်ဆိုးအိုကြီးက သိချင်စိတ်အပြည့်ဖြင့် မေးမြန်းလိုက်တယ်။

‘‘၂ကီလိုမီတာ၊၃ကီလိုမီတာပေါ့’’

နတ်ဆိုးအိုကြီး လေးအေးတစ်ချက် ရှုသွင်းလိုက်ပြီး ထပ်တလဲလဲ ရယ်မောကာ ‘‘သခင်းလေးကံက အရမ်းကောင်းတာပဲ။ သခင်လေးရဲ့ နတ်ဘုရားစိတ်အာရုံက အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို ရောက်စဖြစ်တဲ့ သာမန် ကျင့်ကြံသူ တစ်ယောက်ထက်တောင် အားကောင်းနေသေးတယ်။ အနည်းဆုံးတော့ အင်မော်တယ်တက်လှမ်းခြင်း အဆင့်၂၊၃လောက်မှာ ရှိတဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ နတ်ဘုရား စိတ်အာရုံနဲ့ အတူတူလောက်ပဲ’’

‘‘ငါသိတယ်’’ ရန်ကိုင်က နားချိတ်မတတ် ပြုံးရင်း ပြန်ပြောလိုက်တယ်။

‘‘ကောင်းတယ်။ နတ်ဘုရား စိတ်အာရုံကို စလေ့ကျင့်နိုင်တဲ့ သာမန်ကျင့်ကြံသူ တစ်ယောက်အတွက်တော့ သူတို့နတ်ဘုရား စိတ်အာရုံက အထိအခိုက် လွယ်တယ်။ သူတို့ နတ်ဘုရား စိတ်အာရုံကို အများဆုံး ဖြန့်ကျက်နိုင်မှ မီတာ၁၀၀၀လောက်ပဲ ရောက်တာ။ နောက်ပိုင်း ဝိဉာဉ်ကို အားကောင်းအောင် သေသေချာချာ ကြိုးစားလေ့ကျင့်ပြီးတော့မှပဲ အဲ့အဆင့်ကနေ တိုးတက်လာနိုင်တာ’’

နတ်ဆိုးအိုကြီးက ထိုကိစ္စတွေနဲ့ ပက်သက်ပြီး တော်တော်လေး အတွေ့အကြုံ ရှိပါတယ်။ တစ်ခါတစ်ရံ သူ့မှတ်ဉာဏ်တွေက သုံးစားမရတာက လွဲလို့ပေါ့။ ဒါပေမယ့် သူနားလည်းထားတဲ့ အရာများစွာက သူ့အတွက် တော်တော်လေး အကျိုးရှိနေတုန်းပါပဲ။

ဤသို့ဖြင့် နတ်ဆိုးအိုကြီးက နတ်ဘုရား စိတ်အာရုံ့ အသုံးဝင်မှုတွေ၊ အားသာချက်တွေကို ရန်ကိုင်အား သေချာရှင်းပြနေခဲ့ပြီး ရန်ကိုင်ကလည်း တိတ်တဆိတ်ဖြင့် ငြိမ်သက်စွာ နားထောင်နေခဲ့တယ်။ သူ့မျက်နှာထက်က ရူးကြောင်ကြောင် အပြုံးကတော့ ဘယ်တော့မှ မပျောက်ကွယ်သွားခဲ့ချေ။

နတ်ဘုရား စိတ်အာရုံကို လေ့ကျင့်ပြီးနောက် သူ့တည်ရှိမှုနှင့် သူ့စွမ်းရည်တွေကို ပိုပြီးလွယ်ကူစွာ ဖုံးကွယ်လာနိုင် ခဲ့ပါတယ်။ သူသာ လက်ဦးမှုရယူပြီး မတိုက်ခိုက်သရွေ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ၅၊၆ အောက်က ဘယ်သူမှ သူ့သိုင်းအဆင့် အစစ်အမှန်ကို သိနိုင်လိမ့်မည် မဟုတ်ပါ။

နတ်ဆိုးအိုကြီးနှင့် အချိန်အတော်ကြာအောင် စကားပြောပြီးနောက် လှုပ်ရှားတက်ကြွနေတဲ့ သူ့စိတ်အခြေအနေလည်း တော်တော်လေး ပြန်လည် တည်ငြိမ်သွားခဲ့ပါတယ်။ ကျောက်တုံးအောက်ခြေက ကန်လေးကို စစ်ဆေးကြည့်တဲ့အခါ ပယင်းရောင် အမျှင်တန်းလေးတွေ ပိုများလာတာကို တွေ့လိုက်ရပေမယ့် ဝိဉာဉ်သန့်စင်ခြင် နှင်းစက် ဖြစ်တည်ဖို့ မလုံလောက်သေးတာကိုတော့ တွေ့လိုက်ရတယ်။

အရည်တစ်စက်ဖြစ်ဖို့ အနည်းဆုံး၁၀ရက်လောက် ကြာလိမ့်မယ်လို့ ရန်ကိုင် ခန့်မှန်း တွက်ချက်လိုက်တယ်။ အဖြူရောင် မြူတွေက ကျောက်တုံးထဲသို့ အဆက်မပြတ် စီးဝင်နေခဲ့ပြီး နောက်ဆုံးမှာတော့ အတူတကွ ပေါင်းစည်းကာ ကန်ခြေ၌ ဝိဉာဉ်သန့်စင်ခြင်း နှင်းစက်တစ်စက် အဖြစ် ဖွဲ့တည်သွားခဲ့ပါတယ်။

အဖြူရောင် မြူက စိတ်ဝိဉာဉ်ကို တိုက်ခိုက်တယ်။ ဒါပေမယ့် ဝိဉာဉ် သန့်စင်ခြင်းနှင်းစက်ကတော့ ဝိဉာဉ်ကို အားကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ကျောက်တုံးထဲမှာ ဘာတွေဖြစ်သွားလို့ ဝိဉာဉ်ကို တိုက်ခိုက်တဲ့ အဖြူရောင်မြူတွေက ဝိဉာဉ်ကို အားကောင်းအောင် ပြုလုပ်ပေးနိုင်တဲ့ ဝိဉာဉ်သန့်စင်ခြင်း နှင်းစက်အဖြစ် ပြောင်းလဲသွားရလဲဆိုတာကို ရန်ကိုင် တွေးတော မရအောင် ဖြစ်နေခဲ့တယ်။

ဒါပေမယ့် သူနားလည်လို့လည်း ဘာမှမထူးချေ။ သူလုပ်ဖို့ လိုတာက အေးအေးဆေးဆေးလေး ထိုင်စောင့်ပြီး အရည်စက် ဖြစ်လာတာနဲ့ စုဆောင်းဖို့ပါပဲ။

‘‘နတ်ဆိုးအိုကြီး၊ ငါ့ကို ဒါလေး တစ်ချက်လောက် ကြည့်ထားပေးစမ်းပါဦး။ ဝိဉာဉ် သန့်စင်ခြင်းနှင်းစက် ဖြစ်လာပြီ ဆိုရင် ငါ့ကိုသတိပေးလိုက်။ အခု စဦးဒြပ်စင်အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားလိုက်ဦးမယ်’’

‘‘ကောင်းတယ်။ သခင်လေး၊ စိတ်သာချထားလိုက်’’

မျက်လုံးပိတ် တင်ပလင်ခွေ ထိုင်လိုက်ပြီး အသိစိတ်တစ်ခုလုံးကို သူ့ကိုယ်ထဲ နစ်မြုပ်စေလိုက်ကာ ဒန်တန်ထဲမှာ ရှိတဲ့ ယန်အရည်စက် လေး၊ငါးစက်လောက်ကို စတင်ဖောက်ခွဲပါတော့တယ်။ ရုတ်ချည်း သူ့သွေးကြောတွေ အကုန်လုံး ယွမ်ချီတွေနဲ့ ပြည့်လျှံသွားခဲ့ပြီး ဖောင်းတက် လာပါတော့တယ်။ တစ်ချိတည်းမှာပဲ နာကျင်မှုတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့တယ်။

နာကျင်မှုကို တောင့်ခံရင်း အစစ်အမှန် ယန်နည်းစနစ်ကို တိတ်တဆိတ် လည်ပတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ယွမ်ချီတွေကို စတင်စုပ်ယူပါတော့တယ်။ အဲ့လိုစုပ်ယူ နေချိန်မှာပဲ သွေးကြောတွေထဲရှိ ယွမ်ချီတွေကိုလည်း ဖိနှိပ်ဖို့ ကြိုးစားနေခဲ့ရတယ်။ အချိန်အတော်ကြာပြီးနောက် သူ့သွေးကြောတွေမှာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ် လာခဲ့တယ်။ များစွာသော ယွမ်ချီတွေကို အချိန်အတော်ကြာအောင် သိုလှောင်ထားခဲ့ ရတဲ့အတွက် သူ့သွေးကြောတွေက အရင်ကထက် ကျယ်ပြန့်လာခဲ့ပြီး သွေးကြောနံရံတွေ ဆိုရင်လည်း အရင်ကထက် ပိုပြီးထူးထဲလာခဲ့ပါတယ်။

သွေးကြောတွေ ကျယ်ပြန့်ထူထည်း လာခဲ့အတွက် အစစ်အမှန် ယန်နည်းနစ်စနစ်ကို လှည့်ပတ်သည့်နှုန်းကလည်း ပိုပြီးမြန်ဆန်လာခဲ့တယ်။ သူ့ယွမ်ချီတွေဆိုရင်လည်း အရင်ကထက် ပိုပြီး သန့်စင်လာနေခဲ့ပါပြီ။

သွေးကြောတွေထဲက နာကျင်မှုက တဖြည်းဖြည်း လျော့ပါးသွားချိန် နောက်ထပ် ယန်အရည်စက် ငါးစက်ကို ထပ်မံ ဖောက်ခွဲပစ်လိုက်တယ်။ သူ့သွေးကြောတွေက နောက်တစ်ဖန် ယွမ်ချီတွေနဲ့ ပြည့်လျှံသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ ယွမ်ချီသန့်စင်ခြင်း ဖြစ်စဉ်ကို ရန်ကိုင် နောက်တစ်ကြိမ် ထပ်မံစတင်ပါတော့တယ်။ သူကယွမ်ချီတွေကို သန့်စင်နေချိန် အဖြူရောင်မြူခိုးနှင့် ဝိဉာဉ်ကြာပန်းက သူတို့အလုပ် သူတို့လုပ်နေခဲ့ကာ ဝိဉာဉ်အားမြှင့်ခြင်း ဖြစ်စဉ်ကို အဆက်မပြတ် လုပ်ဆောင်နေခဲ့ပါတယ်။

သူ့ဝိဉာဉ်က တဖြည်းဖြည်း ပိုပြီးသန်မာအားကောင်း လာသလို သူ့ယွမ်ချီ သန့်စင်နှုန်းကလည်း တဖြည်းဖြည်းနဲ့ မြင့်တက်လာနေခဲ့တယ်။ ဆယ်ရက်ကြာပြီးနောက်…နတ်ဆိုးအိုကြီးက ရန်ကိုင် နိုးလိုက်ပါတယ်။ ဝိဉာဉ် သန့်စင်ခြင်းနှင်းစက် အသစ်တစ်စက် ဖြစ်ပေါ်လာခဲ့ပါပြီ။

ရန်ကိုင်လည်း ထိုအရည်စက်ကို ထုတ်ယူလိုက်ပါတယ်။ ဒါပေမယ့် မျိုချမယ့်အစား ထိုအရည်စက်ကို ပုလင်းတစ်ပုလင်းထဲ ထည့်ပြီး သိမ်းဆည်းထားလိုက်တယ်။ ဒီလို အဖိုးတန်တဲ့ ရတနာမျိုးက တစ်ကြိမ်ပဲ အသုံးပြုနိုင်ပါတယ်။ နောက်တစ်ကြိမ် အသုံးပြုမယ်ဆိုရင် အကျိုးသက်ရောက်မှုတွေက ပထမအကြိမ်ထက် သိသိသာသာ လျော့နည်းသွားမှာပါ။ ဝိဉာဉ် သန့်စင်ခြင်းနှင်းစက် အရမ်းကို အဖိုးတန်တဲ့အတွက် ထိုကဲ့သို့ တန်ဖိုးကြီး ရတနာတစ်ခုကို အလွယ်တကူ သူမဖြုန်းတီးပစ်ချင်ပေ။

သူသာ ထိုအရည်စက်ကို ပြန်ယူသွားပြီး ဆေးလုံးအဖြစ် သန့်စင်ခဲ့မယ် ဆိုရင် အကျိုးသက်ရောက်မှု ပိုရှိကောင်း ရှိသွားနိုင်ပါတယ်။ ကျင့်ကြံနေချိန် အချိန်ကုန်လို့ ကုန်မှန်းမသိပါဘူး…ဆိုတဲ့ စကာပုံက တကယ်ပဲ မှန်ကန်ပါတယ်။ ရန်ကိုင်က ယန်အရည်စက်တွေကို ဖောက်ခွဲလိုက်၊ သွေးကြောတွေထဲက ယွမ်ချီတွေကို အစစ်အမှန် ယန်နည်းစနစ်ကို သုံးပြီး ဖိနှိပ်လိုက်၊ ယွမ်ချီတွေကို သန့်စင်ဖို့ ကြိုးစားလိုက်နဲ့ အချိန်တွေဟာ ကုန်လို့ကုန်မှန်းမသိ ကုန်ဆုံးနေခဲ့တယ်။

ဝိဉာဉ်သန့်စင်ခြင်းနှင်းစက် ဖြစ်လာတာနဲ့ နတ်ဆိုးအိုကြီးက ရန်ကိုင် နှိုးလိုက်ပါတယ်။ ရန်ကိုင်ကလည်း ထိုအရည်စက်ကို ထုတ်ယူပြီး ပုလင်းလေးထဲ ထည့်သိမ်းထားလိုက်တယ်။ သူဝိဉာဉ်သန့်စင်ခြင်းနှင်းစက် ၁၀ စုစည်းပြီးချိန်တွင် အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်ဖို့အတွက် နည်းနည်းလေးသာ လိုပါတော့တယ်။

အချိန်လေးလလောက် ဘာဆေးလုံးမှ မသောက်သုံးသလို ဘာယန်ချီကိုမှလည်း သူမစုပ်ယူခဲ့ပါ။ သူ့စိတ်စွမ်းအားကို အသုံးပြုပြီး အစစ်အမှန် ယန်နည်းစနစ်ကို လှည့်ပတ်ရင်း သူ့ကိုယ်တွင်းရှိ ယွမ်ချီတွေကို သန့်စင်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ချီသန့်စင်ခြငးအဆင့်ကို ကျော်လွန်ခဲ့တဲ့ ပထမခြေလှမ်းကို သူစတင် ခြေချနိုင်ခဲ့ပါပြီ။

ဒီနေရာမှာ သူနေရတဲ့ အဓိက ရည်ရွယ်ချက်က ဝိဉာဉ်သန့်စင်ခြင်း နှင်းစက်ကို စုဆောင်းဖို့ ဆိုပေမယ့် ထိုခြေလှမ်းကို ရောက်ဖို့အတွက် အချိန်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားလဲဆိုတာကို ကြည့်ခြင်းအားဖြင့် အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်ဖို့ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။

များစွားသော သိုင်းလမ်းစဉ် လျှောက်လှမ်းသူတို့ဟာ သူတို့တစ်ဘဝလုံး ထိုအတားအဆီးကို မကျော်ဖြတ်နိုင်ခဲ့ပဲ ခါးသီးတဲ့ နောင်တနှင့် တိတ်တဆိတ် ငိုးကြွေးရင်းနဲ့သာ ကျေနပ်ရောင့်ရဲခဲ့ရတယ်။ ဒါပေမယ့် မမြင်နိုင်တဲ့ အတားအဆီးတွေကတော့ သူ့ခန္ဓာကိုယ်ထဲ ကျန်ရှိနေတုန်းပါ။ ထိုအတားအဆီးတွေကပဲ သူ့ကို အစစ်အမှန်ဒြပ်စင်အဆင့် မတက်လှမ်းနိုင်အောင် တားဆီးနေတာပဲဖြစ်တယ်။

ရန်ကိုင် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်တယ်။ မျက်လုံးဖွင့်လိုက်တဲ့အချိန် သူ့မျက်လုံးတွေက အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။

သူ့အသိစိတ်က ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို သိုလှောင်ထားတဲ့ ရွှေရောင်အရိုးခြောက်ဆီ ရောက်ရှိသွားခဲ့တယ်။ ထိုယင်ကိုးသွယ် နှင်းပုံဆောင်ခဲက ယင်ကိုးသွယ် တောင်ကြားထဲ ရှနင်းချန်နဲ့ အတူရယူခဲ့ရတဲ့ အဖိုးတန် ရတနာတစ်ခုပါ။ တစ်ဝက်ကို စုယန်ဆီ ပေးခဲ့ပြီး ကျန်တစ်ဝက်ကိုတော့ အခုလို အခိုက်အတန့် ရောက်လာချိန် သူသုံးဖို့ ချန်ထားတာပဲ ဖြစ်ပါတယ်။

ကျန်ရှိနေတဲ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို ရွှေရောင်အရိုးခြောက်ဆီကနေ ထုတ်ယူလိုက်ပြီး သူ့ဒန်တန်ဆီ အသာအယာ ဦးဆောင်သွားစေလိုက်တယ်။ ထို့နောက် အစစ်အမှန် ယန်နည်းနစ်စနစ်ကို အဆုံးစွန်အထိ မြှင့်တင်ပြီး ယင်ကိုးသွယ် နှင်းပုံဆောင်ခဲကို စတင်သန့်စင်ပါတော့တယ်။ အေးမြတဲ့ ခံစားချက်တစ်ခုက သူ့ဒန်တန်ဆီမှ ပေါက်ကွဲထွက်လာခဲ့ပြီး သွေးကြောတွေအနှံ့ စီးဆင်းသွားခဲ့တယ်။

‘‘အသံမြည်သံတစ်ခု ။…..မသိသေးလို့ မရေး’’

ရန်ကိုင် ဆံပင်နှင့် အဝတ်အစားမှ တစ်ဆင့် သူ့တစ်ကိုယ်လုံးကို ရေခဲတို့ ဖြေးဖြေးချင်း ဖုံးအုပ်လာခဲ့တယ်။ ယင်ကိုးသွယ်း နှင်းပုံဆောင်ခဲဆိုတာက ယွမ်ချီကို သန့်စင်ဖို့ အသုံးပြုတဲ့ အဖိုးတန် ရတနာတစ်မျိုး။ ထိုယင်ကိုးသွယ် နှင်းပုံဆောင်က ယင်ချီတွေ နှစ်ပေါင်းများစွာ စုဝေးပြီးမှာ ဖြစ်တည်လာခဲ့တာ။ သူ့ယန်ချီက အလွန်အမင်း ပူပြင်းတယ်ဆိုရင်တောင် ယင်ကိုးသွယ် နှင်းပုံဆောင်ခဲမှာပါတဲ့ အအေးဓါတ်ကို ခုခံနိုင်လိမ့်မည် မဟုတ်။

ဒါပေမယ့် နောက်ဆုံးတော့လည်း အပူဆိုတာက အအေးရဲ့ သဘာဝရန်သူ တစ်မျိုးပဲလေ။ ထို့ကြောင့်ပဲ ရန်ကိုင်က မသက်သာသလို မခံစားခဲ့ရ။ ယင်ကိုးသွယ် နှင်းပုံဆောင်ခဲ၏ လှုံ့ဆော်မှုကြောင့် ရန်ကိုင် ကိုယ်ထဲရှိ အစစ်အမှန် ယွမ်ချီတွေက ယင်ကိုးသွယ် နှင်းပုံဆောင်ခဲဆီ ပြေးဝင်သွားလိုက်ပြီး အပူနဲ့အအေးကြား တိုက်ပွဲကြီး စတင်ဖြစ်ပွါးပါတော့တယ်။ အပူနှင့်အအေးတို့၏ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးတွေက သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့တယ်။

ရန်ကိုင်ကိုယ်ထဲရှိ ယွမ်ချီတွေလည်း ပိုပိုပြီးသန့်စင်လာခဲ့တယ်။ အအေးဓါတ် ပျောက်ကွယ်သွားတာနဲ့ သူ့သွေးကြောတွေထဲ ယွမ်ချီစီးဆင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ယွမ်ချီတွေက တောင်ကျစမ်းရေအလား ချောချောချူချူ စီးဆင်းလို့ နေခဲ့တယ်။

ခရက္…

ရန်ကိုင်ကိုယ်ကို ဖုံးအုပ်နေတဲ့ ရေခဲအလွှာတွေ အကုန်လုံး တစ်စစီ ဖြစ်သွားခဲ့ပြီး အမှုန်ဘဝ ရောက်သွားခဲ့တယ်။ မိုးမြေတစ်ခွင် အရောင်ပြောင်းသွားခဲ့ပြီး ပြင်းထင်ကြမ်းရမ်းတဲ့ လေပွေကြီးတစ်ခု ရန်ကိုင်ခေါင်းထက် ဖြစ်တည်လာခဲ့တယ်။ နောက်ဆုံးတော့ အစစ်အမှန် ဒြပ်စင်အဆင့်ကို သူစတင်ချိုးဖျက်နေခဲ့လေပြီ။

ရန်ကိုင်ခန္ဓာကိုယ် တစ်ချက်ကလေး တုန်ရင်သွားခဲ့ပြီး ချွေးပေါက်တွေအကုန်လုံး ပွင့်ထွက်သွားခဲ့တယ်။ အစစ်အမှန် ယန်နည်းစနစ်က ရူးသွပ်စွာ လှည့်ပတ်နေခဲ့ပြီး သူ့ကိုယ်ထဲ စီးဝင်လာနေတဲ့ ယွမ်ချီအားလုံးကို လက်ခံနေခဲ့တယ်။

ပတ်ဝန်းကျင် ကမ္ဘာကြီးနှင့် ရန်ကိုင်သွေးကြောတို့ စက်ဝိုင်ပုံစံ ဖြစ်သွားခဲ့တယ်။ ယွမ်ချီအကြွင်းအကျန်တွေက ရိုးတွင်းခြင်ဆီထဲကို စီးဝင်သွားခဲ့ပြီး အချို့တစ်ဝက်က အသွေးအသားထဲ စီးဆင်းသွားခဲ့တယ်။ သူမစုပ်ယူနိုင်တဲ့ ကျန်ရှိနေတဲ့ စွမ်းအင်တွေကတော့ ရွှေရောင်အရိုးခြောက်ထဲ ရောက်ရှိသွားခဲ့တယ်။

ကျင့်ကြံသူတစ်ယောက် အဆင့်ကြီး တစ်ဆင့်ချိုးဖျက်တိုင်း အခုလို အဖြစ်အပျက်မျိုး ဖြစ်လေ့ရှိတယ်။ ဒါပေမယ့် အဆင့်ချိုးဖျက်ပြီးနောက် ဘယ်လောက်တောင် တိုးတက်လာလဲ ဆိုတာကတော့ ကိုယ့်ကြိုးစားအားထုတ်မှုပေါ်ပဲ မူတည်ပါတယ်။ သာမန်ကျင့်ကြံသူတွေ အတွက်တော့ သူတို့အရည်အချင်း ဘယ်လောက်ပဲ အံ့သြဖွယ်ကောင်းပါစေ၊ သူတို့အများဆုံး စုပ်ယူနိုင်မှ ၃၀ရာခိုင်နှုန်းလောက်ပဲ စုပ်ယူနိုင်မှာပါ။

စုပ်ယူလိုက်တဲ့ ၃၀ရာခိုင်နှုန်းကလည်း တိုးတက်များပြားလာတဲ့ ယွမ်ချီတွေကို လက်ခံနိုင်စေရန်အတွက် အသွေးအသား၊ အရိုးနှင့် သွေးကြေောတွကို သန့်စင်ဖို့ အသုံးပြုခဲ့ရတယ်။ ဒါပေမယ့် ရန်ကိုင်ကတော့ အဆင့်ကြီးတစ်ဆင့် ချိုးဖျက်တိုင်း မိုမြေစွမ်းအင်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို စုပ်ယူနိုင်ခဲ့တယ်။ ဒီတစ်ကြိမ်ကတော့ ပိုပြီးတော့တောင် အံ့သြစရာကောင်းသေး။ မိုးမြေစွမ်းအင် ၁၀၀ ရာခိုင်နှုန်းရဲ့ ၁၀၀ ရာခိုင်နှုန်းကို သူစုပ်ယူနိုင်ခဲ့ပါတယ်။ ထိုအချက်ကို ကြည့်ရုံနဲ့တင် ရွှေရောင်အရိုးခြောက် ဘယ်လောက်တောင် ကြောက်မက်ဖွယ်ကောင်းကြောင်း မြင်တွေ့နိုင်နေလေပြီ။

မိုးမြေစွမ်းအင်တွေ တည်ငြိမ်သွားချိန်မှာတော့ ရန်ကိုင် အရှိန်အဝါလည်း တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားခဲ့ပြီး နောက်ဆုံးမှာတော့ သာမန်လူနှင့် မထူးခြားနားတဲ့ လူတစ်ယောက်အဖြစ် ပြန်ပြောင်းသွားခဲ့တယ်။

အစစ်အမှန် ဒြပ်စင်အဆင့်

အခက်အခဲ များစွာကို ရင်ဆိုင် ကျော်ဖြတ်ရင်း ကျားကုတ်ကျားခဲ ကြိုးစားလေ့ကျင့်ပြီးနောက် နောက်ဆုံးမှာတော့ အစစ်အမှန် ဒြပ်စင်အဆင့်ကို သူရောက်ရှိလို့ လာခဲ့လေပြီ။ အရင်အချိန်တုန်းကတော့ အစစ်အမှန်ဒြပ်စင်အဆင့်ဆိုတာ သူမော့ကြည့်ရုံသာ တတ်နိုင်တဲ့ အဆင့်မျိုး။ ဒါပေမယ့် အခုအချိန်မှှာတော့ သူကိုယ်တိုင် အစစ်အမှန် ဒြပ်စင်အဆင့်ဆီ ခြေချဝင်ရောက် နိုင်ခဲ့လေပြီ။ တကယ်တမ်း ပြောရမယ်ဆိုရင် အစစ်အမှန် ဒြပ်စင်အဆင့်ကို ရောက်ဖို့အတွက် ရန်ကိုင် အချိန်၂နှစ်ပဲ ယူခဲ့ရပါတယ်။

သူယောင်ပေပေနဲ့ သိုင်းမကျင့်နိုင်တဲ့ သုံးနှစ်ကိုပါ ထည့်တွက်မယ် ဆိုရင်တောင် စုစုပေါင်း ၅နှစ်ပဲ ရှိပါသေးတယ်။ အစစ်အမှန် ဒြပ်စင်အဆင့်ကို ၅နှစ်အတွင်း ရောက်ရှိတဲ့ ဘယ်သူမဆို ဘယ်နေရာသွားသွား ကောင်းကင်ဘုံက ချီးမြှောက်ထားတဲ့ သားတော်တစ်ပါးအဖြစ် တင်စားခံရမှာပါ။

လက်သီးကို အသာအယာလေး ဆုပ်ရင်း အသစ်ရရှိလာတဲ့ ကြောက်မက်ဖွယ် စွမ်းအင်တွေကို ရန်ကိုင် တစိမ့်စိမ့် ခံစားနေခဲ့တယ်။ သူ့သွေးကြောတွေလည်း ပြောင်းလဲသွားခဲ့ပါပြီ။ အရင်က အဆုံးမဲ့ပြီး မမြင်နိုင်တဲ့ မြူခိုးပုံစံ ယွမ်ချီတွေဟာဆိုရင် အခုအချိန်မှာတော့ ပိုပြီးကျစ်လစ်ကာ အားကောင်းလာခဲ့ပြီဖြစ်တယ်။

Martial Peak

အပိုင်း(၂၆၀)

သူ့ကိုယ်တွင်းမှာ စီးဆင်းနေတာကို ယွမ်ချီလို့ ခေါ်လို့မရတော့။ အစစ်အမှန်ချီလို့ပဲ ခေါ်ရတော့မှာပါ။ ထိုစွမ်းအင်နှစ်မျိုးကာ နာမည်လေးသာ ကွာခြားတယ်ဆိုပေမယ့် အရည်အသွေးကတော့ ကောင်းကင်နှင့် မြေပြင်အလားပါပဲ။

အစကတုန်းကတော့ သူ့ဒန်တန်ထဲမှာ ယန်အရည်စက် အစက်၇၀လောက် ရှိခဲ့ပေမယ့် အခုမှာတော့ အစက်၂၀ လောက်ပဲ ရှိပါတော့တယ်။ ဒါပေမယ့် တစ်စက်ချင်းစီမှာ သိုလှောင်ထားတဲ့ စွမ်းအင်က အရင်၃၊၄ စက်စာနှင့် ညီမျှပါတယ်။ ပြီးတော့ အစစ်အမှန်ချီကို သုံးပြီး တိုက်ခိုက်တဲ့ တိုက်ခိုက်မှု တွေကလည်း အရင်ကထက် ပိုပြီး အားကောင်းလာမှာ အသေအချာပါပဲ။

အစစ်အမှန် ဒြပ်စင်အဆင့်ကို ရောက်ပြီးနောက် အစစ်အမှန်ချီ အရည်အသွေးကို ၉ဆင့်ခွဲထားပါတယ်။ ပထမအဆင့်က အသန့်စင်ဆုံး အဆင့်ဖြစ်ပြီး ၉ဆင့်မြောက်ကတော့ သာမန်အရည်အသွေးပါပဲ။ ထိုအဆင့်က ကျင့်ကြံသူတစ်ယောက်ရဲ့ သိုင်းအဆင့်နှင့် မသက်ဆိုင်ပါ။ မွေးရာပါ ပင်ကိုယ်အရည်အချင်းနှင့်သာ သက်ဆိုင်ပါတယ်။ သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် အဆင့်ချိုးဖျက်ရာ၌ အဖိုးတန်ရတနာတွေကိုသာ မပိုင်ဆိုင်ထားဘူးဆိုရင် ထိုကျင့်ကြံသူရဲ့ အစစ်အမှန် ချီအရည်အသွေးက အဆင့်၉ပဲ ဖြစ်နေမှာပါ။

အဖိုတန်ရတနာ တစ်ခုခုကို သုံးပြီး အစစ်အမှန်ချီ သန့်စင်မှုကို တိုးမြှင့်ခဲ့မယ် ဆိုရင်တောင် အများဆုံးမှ အဆင့်၈အထိပဲ ရောက်နိုင်မှာပါ။ ဒါကတောင် သာမန်ကျင့်ကြံသူတွေကို နားရွက်ချက်ချိတ်မတတ် ပြုံးသွားစေနိုင်ပါတယ်။

အစစ်အမှန်ချီကို စတင်အသုံး ပြုနိုင်တာနဲ့ မိမိ၏ တိုက်ပွဲစွမ်းရည်က အဆင့်သစ်တစ်ခုသို့ တိုးတက်သွားမှာပါ။ ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်က မိမိထက် အစစ်အမှန်ချီစွမ်းအင် အရည်အသွေး ပိုမိုမြင့်မားတဲ့ ကျင့်ကြံသူ တစ်ယောက်နှင့်သာ ရင်ဆိုင်ရမယ်ဆိုရင် ထိုကျင့်ကြံသူ၏ သိုင်းအဆင့်က ပိုမြင့်နေတယ်ဆိုရင်တောင် ထိုအစစ်အမှန်ချီ အရည်အသွေး မြင့်မားတဲ့ ကျင့်ကြံသူကို နိုင်ဖို့အခွင့်အရေး နည်းပါးပါတယ်။

အစစ်အမှန်ချီ၏ အဆင့်က မိမိ၏ စုစုပေါင်း ခွန်အား တိုးတက်လာတာနဲ့ လိုက်ပြီး မြင့်တက်လာမှာပါ။ ဒါပေမယ့် အင်မော်တယ်တက်လှမ်းခြင်းအဆင့်၉ထို ရောက်အောင် လေ့ကျင့်နိုင်ခဲ့ရင်တောင် ထူးခြားတဲ့ ကံကောင်းမှုတွေနဲ့ မကြုံကြိုက်ပါက သူတို့အစစ်အမှန်ချီအဆင့်က အများဆုံး အဆင့်၃၊အဆင့်၄ လောက်ပဲ ရောက်မှာပါ။ အချို့ အနည်းငယ်သာ အဆင့်၂ကို ရောက်နိုင်မှာ ဖြစ်တယ်။ ပထမအဆင့် ဆိုတာမျိုးကတော့ ဒဏ္ဏာရီလာ ပုဂ္ဂိုလ်ကြီးတွေပဲ ရောက်နိုင်တဲ့ အဆင့်ပါ။

အစစ်အမှန် ဒြပ်စင်အဆင့်ကို စတင်ချိုးဖျက် ဝင်ရောက်လာတဲ့ ကျင့်ကြံသူတစ်ယောက်အတွက် သူ့အစစ်အမှန်ချီ အဆင့်က အနာဂတ်မှာ ဘယ်လောက်တိုးတက် နိုင်လဲဆိုတာကို ဖော်ညွှန်းသည့် အမှတ်အသား တစ်ခုဆိုလဲ မမှားပါဘူး။ အစစ်အမှန် ဂျီးနီးယပ် တစ်ယောက် ဖြစ်ဖို့ဆိုရင် အစစ်အမှန်းဒြပ်စင်အဆင့်ကို စတင်ချိုးဖျက်တာနဲ့ ကနဦး ရောက်ရှိနေရမယ့် အဆင့်က အနည်းဆုံးအဆင့်၆ သို့ အဆင့်၇ လောက် ဖြစ်ရပါမယ်။ အစစ်အမှန်ချီ အဆင့်ပိုမြင့်လေ အနာဂတ်လမ်းကြောင်း ပိုမိုတောက်ပဖို့ အခွင့်အရေး ရှိလေပါပဲ။

အခု သူ့အစစ်အမှန် ချီအရည်အသွေးက ဘယ်အဆင့် ရောက်လို့ရောက်မှန်း ရန်ကိုင် မသိသေးပါဘူး။ ဒါပေမယ့် သူ့အဆင့်က အနည်းဆုံး အဆင့်၆၊အဆင့်၇ ရှိမယ့်လို့တော့ ကျိန်းသေ ယုံကြည်ထားပါတယ်။ ရှားလှပါပေ့ဆိုတဲ့ ယန်မီးတောက်အရည်နဲ့ ယင်ကိုးသွယ်နှင်းပုံဆောင်ခဲကို သုံးပြီး အစစ်အမှန် ဒြပ်စင်အဆင့်ကို သူချိုးဖျက်ဝင်ရောက်လာခဲ့တာပါ။ နှစ်ခုစလုံးက တကယ့်ကို အဖိုးတန်ရတနာတွေ ချည်းပါပဲ။ ဒါပေမယ့် ရန်ကိုင်က ထိုနှစ်မျိုး စလုံးကို အသုံးပြုခဲ့တာပါ။

ပြီးတော့ ချီသန့်စင်ခြင်းအဆင့်မှာ ကတည်းက သူ့ချီအရည်အသွေးက သာမန်အစစ်အမှန် ဒြပ်စင်အဆင့် တစ်ယောက်၏ ချီအရည်သွေးနှင့် တူညီနေခဲ့တာလေ။ အဲ့ဒါကြောင့်မို့ အခုသူ့ အစစ်အမှန်ချီအဆင့်က နိမ့်မှာမဟုတ်တာတော့ ကျိန်းသေပါတယ်။

သူ့ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေး လိုက်တဲ့အချိန် ရန်ကိုင် ကြောင်သွားခဲ့ရတယ်။

‘‘နတ်ဆိုးအိုကြီး၊ ဘာတွေဖြစ်သွားခဲ့တာလဲ’’ ရန်ကိုင်က နားမလည်နိုင်သည့် ဟန်ဖြင့်မေးလိုက်တယ်။

သူ့ကို ဝိုင်းရံထားတဲ့ အဖြူရောင်မြူခိုးတွေလည်း မရှိတော့။ ဝိဥာဉ်သန့်စင်ခြင်း နှင်းစက်ကို ထုတ်ပေးသည့် ကျောက်တုံးကိုလည်း မတွေ့ရတော့။ သူ့ဘေးနားမှာ ရှိတော့တာဆိုတော့ ကျတ်တီးမြေကြီးသာ ကျန်ရစ်တော့ပေသည်။ အဝေးတစ်နေရာကို ကြည့်လိုက်သည့် အချိန် အစိမ်ရောင် တောတန်းလေးနဲ့ မိုးထိတမျှ မြင့်မားလှသည့် တောင်တန်းရှည်ကြီးတွေကို သူတွေ့လိုက်ရတယ်။

‘‘လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဒီနေရာမှာ ရှိတဲ့ မိုးမြေချီစွမ်းအင်တွေ လှုပ်ရှားသွားခဲ့တယ်။ အဲ့လိုနဲ့ သခင်လေးက ရုတ်တရက်ကြီး ဒီနေရာကို ရောက်လာတာ။ ဒါပေမယ့် သခင်လေးက အဆင့်ချိုးဖျက်တုန်း နောက်ဆုံး အခိုက်အတန့်ကို ရောက်နေတော့ အစေခံအိုကြီးလည်း ဘာမှမပြောပဲ ငြိမ်နေခဲ့လိုက်တာ’’

ရန်ကိုင် မျက်မှောင့်ကြုံ့ကာ တစ်ခဏလောက် စဉ်းစားလိုက်ပြီးနောက် နတ်ဆိုးအိုကြီး ပြောတာကို နားလည်သွားခဲ့တယ်။

ကြည့်ရတာကတော့ သီးခြားကမ္ဘာကြီးထဲကနေ သူထွက်လာလိုက်ရပုံပါပဲ။ ထိုသီးခြားကမ္ဘာကြီးထဲကို ဝင်လိုက်တာနဲ့ ပြန်ထွက်မယ့် လမ်းကို ရှာနေစရာ မလိုဘူးလို့ လင်းတိုင်ရှုက သူကိုပြောခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ထွက်ပေါက်က မရှိလို့ပါပဲ။ အချိန်အတိုင်းအတာ တစ်ခု ကုန်ဆုံးသွားမှသာ ကမ္ဘာကြီးကနေ အလိုလို ထွက်သွားနိုင်မှာပါ။ ထိုအချိန်အတိုင်းအတာ ဆိုတာက ကြာလည်း ကြာနိုင်သလို တိုလည်းတိုတောင်း နိုင်ပါတယ်။ ဥပမာပြောရမယ် ဆိုရင်တော့ ၂နှစ်၊၃နှစ် ကြာနိုင်သလို လအနည်းလည်းပဲ ကြာနိုင်ပါတယ်။ ပုံသေတွက်လို့မရပါ။

ဒီတစ်ကြိမ်မှာတော့ ၁နှစ်၊ ဒါမှမဟုတ် ၁နှစ်ထက် ပိုကြာသွားသည့် ပုံပါပဲ။

အတွေ့အကြုံ ခရီးက ရပ်တန့်သွားခဲ့ပါပြီ။ ရန်ကိုင် နောင်တရတာဆိုလို့ နောက်ထပ် ဝိဥာဉ်သန့်စင်ခြင်း နှင်းစက်ကို ဆက်ပြီးမရနိုင်တော့တာကိုပါပဲ။ ဝိဥာဉ်သန့်စင်ခြင်းနှင်းစက်က ဆယ်ရက်တစ်ကြိမ် ဖြစ်ပေါ်လာတဲ့ အတွက် သူသာ ထိုသီးခြားကမ္ဘာကြီးထဲမှာ နည်းနည်းကြာအောင်သာ ဆက်နေမယ်ဆိုပါက ဝိဥာဉ်သန့်စင်ခြင်း နှင်းစက်တွေ ထပ်ပြီး ရနိုင်ပါသေးတယ်။

ဒါပေမယ့် သူရခဲ့တာနဲ့ ပက်သက်ပြီးတော့ ရန်ကိုင် ကျေနပ်ပါတယ်။ တကယ်တော့ ဝိဥာဉ်သန့်စင်ခြင်းနှင်းစက် ၁၀ စက်ကျော်လောက် သူစုဆောင်းနိုင်ခဲ့တယ်လေ။

အခု သူရှိနေတာက ဟန်မင်းဆက်ရဲ့ တစ်ခုတည်းသော တားမြစ်နေရာ ဖြစ်တဲ့ သေမင်းတောင်ပဲ ဖြစ်ရပါမယ်။ အလာတုန်းက လင်းတိုင်ရှုတို့နဲ့ အတူလာခဲ့တဲ့အတွက် သားရဲများစွာကို ရင်ဆိုင်ခဲ့ရပေမယ့် ကျော်ြဖတ်နိုင်ခဲ့ပါတယ်။ အခုသူ့ကို ကာကွယ်ပေးမယ့် လင်းတိုင်ရှု မရှိတော့။ သေမင်းတောင်က‌နေ ထွက်ဖို့ဆိုရင် သူ့ကိုယ်သူပဲ အားကိုးရပါတော့မယ်။

ဘေးပတ်လည်ကို စူးစမ်း စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာတော့ အခြားသူတွေ ထွက်သွားတဲ့ လမ်းကြောင်းရာတွေကို တွေ့လိုက်ရတယ်။ ထိုအသက်ရှင် ကျန်ရစ်ခဲ့တဲ့ လူတွေက သူတို့ဂိုဏ်းအသီးသီးရဲ့ လက်ရွေးစင်တွေပါပဲ။ တစ်ယောက်ချင်းစီတိုင်းက ကြောက်မက်ဖွယ် ခွန်အားကို ပိုင်ဆိုင်ထားကြပြီး အဆင့်၅ သားရဲကို ရင်ဆိုင်ရမယ် ဆိုရင်တောင်မှ အလွယ်တကူ ကိုင်တွယ်နိုင်ပါတယ်။ အဆင့်၆ သားရဲနှင့် ရင်ဆိုင်ရရင်တောင် ထိုအဆင့်၆သားရဲ၏ ခွန်အားက အရမ်းကြီး ကြောက်ဖို့ မကောင်းနေသရွေ့ အသက်ရှင်လျှက် လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါတယ်။

‘‘သခင်လေး၊ ဒီနေရာနဲ့ ပက်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်’’

‘‘ဘာထူးဆန်းနေတာလဲ’’

‘‘သခင်လေး ပျံကြည့်ရင် သိလိမ့်မယ်’’ နတ်ဆိုးအိုကြီးက ဆက်ပြီးရှင်းပြမနေခဲ့ပေ။

ရန်ကိုင်က နတ်ဘုရား စိတ်အာရုံကို ထုတ်လွှတ်လိုက်တယ်။ ၁၀ ကီလိုမီတာအတွင်းမှာ ရှိနေ၊ ဖြစ်နေတဲ့ အရာအားလုံး သူ့စိတ်ထဲ ပေါ်လာခဲ့တယ်။ သူ့နတ်ဘုရား စိတ်အာရုံ စက်ဝန်းထဲ မည်သည့်သက်ရှိ၊ အန္တရာယ်ကိုမှ အာရုံ မခံမိလိုက်တဲ့အတွက် ရန်ကိုင်လည်း ယန်မီးတောက် တောင်ပံတွေကို သုံးကာ လေထဲ ချက်ချင်း ပျံတက်သွားလိုက်ပါတော့တယ်။ ထို့နောက် အောက်ဘက်ကို ငုံ့ကြည့်လိုက်တဲ့ အချိန်မှတော့ ရန်ကိုင်လည်း မနေနိုင်ပဲ အံ့အားသင့်သွားခဲ့ရတယ်။

‘‘လုံလောက်သွားပြီ…’’ နတ်ဆိုးအိုကြီးလည်း သက်ပြင်းအရှည်ကြီး တစ်ချက်ရှိုက်လိုက်ပါတယ်။

‘‘ဒီနေရာက… ဘာလို့ လုပ်ယူပြီး ပြားထားတဲ့ ပုံပေါက်နေတာလဲ’’ ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်ပါတော့တယ်။

ရန်ကိုင် အောက်ခြေတွင် ကီလိုမီတာ တန်ပေါင်းများစွာ ရှည်လျား ကျယ်ပြောတဲ့ ကျတ်တီး လွင်ပြင်ကြီး တစ်ခုရှိနေခဲ့တယ်။ ကျတ်တီးမြေထဲတွင် မည်သည့် သက်ရှိကိုမှ မတွေ့ရ။ သစ်ပင်၊မြက်ပင် တွေတောင် ဖုန်တွေ ဖြစ်ကုန်လေပြီ။ မြေကြီးကို သေချာစိုက်ကြည့်လိုက်မယ်ဆိုရင် ထိုကျတ်တီး မြေကြီးက ကီလိုမီတာပေါင်းများစွာ ရှည်လျားတဲ့ လက်ဝါးရာကြီး တစ်ခုဆိုတာကို မြင်တွေ့နိုင်ပါတယ်။

‘‘တစ်ယောက်ယောက်က ဒီနေရာကို တိုက်ခိုက်သွားတာ ဖြစ်ရမယ်”

‘‘ဘယ်သူကများ လာတိုက်ခိုက်သွားလို့ ဒီနေရာတစ်ခုလုံး အခုလို ဖြစ်သွားရတာလဲ မသိဘူး” ထိုလက်ဝါးရာကြီးကို ကြည့်ရင်း ရန်ကိုင် တုန်လှုပ်ခြောက်ခြားသွားခဲ့ရတယ်။ ထိုလက်ဝါးချက်ထဲမှာ ပါဝင်တဲ့ စွမ်းအားက အရမ်းကို ကြောက်မက်ဖွယ်‌ ကောင်းမှာတော့ အသေအချာပါပဲ။

လင်းတိုင်ရှုနှင့် မန်ဝူရတို့ဆိုတာ ဒီသိုင်းလောက ကမ္ဘာကြီးရဲ့ အထွတ်အထိပ်မှာ ရောက်နေတဲ့ ကျင့်ကြံသူတွေပါ။ သို့ပေမယ့် သူတို့နှစ်ယောက် ပူးပေါင်းပြီး အားကုန်သုံး တိုက်ခိုက်မယ် ဆိုရင်တောင် သူရှိနေတဲ့ မြေနေရာ တစ်ခုလုံးကို ကျတ်တီးမြေဖြစ်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပါ။

ပြီးတော့ ထိုလက်ဝါးရာက မကြာသေးခင်ကမှ ရှိခဲ့တာမဟုတ်။ အနည်းဆုံး လွန်ခဲ့တဲ့နှစ်ဝက်၊ ဒါမှမဟုတ် ၁နှစ် လောက်ကတည်းက ရှိခဲ့တာ ဖြစ်ရပါမယ်။ အဲ့လောက်ကြာခဲ့ပေမယ့် ဒီနေရာ တစ်ခုလုံးကတော့ ကျတ်တီးမြေဖြစ်နေတုန်းပါပဲ။ ထိုအချက်နဲ့တင် လက်ဝါးချက်က ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။

သူ့ထိတ်လန့်မှု မပြယ်သေးခင်မှာပဲ ရန်ကိုင် တစ်စုံတစ်ခုကို ပြန်သတိရလိုက်တယ်။ လင်တိုင်းရှု။ တစ္ဆေဘုရင် တောင်ကြားက ဂူလီနှင့် ပန်းပေါင်းတစ်ထောင် နန်းတော်က အဖွားအိုကြီးတို့ ဒီနေရာကို လာတုန်းက လင်းတိုင်ရှုက အဖွားအိုကြီးကို မေးခွန်းတစ်ခု မေးခဲ့ပါတယ်။ သူမအဖြေကတော့ သေမင်းတောင်ထဲမှာ ထူးခြားတာ တစ်ခုခု ဖြစ်ဟွားခဲ့လို့ အဆင့်၅၊အဆင့်၆ သားရဲတွေ တောင်အတွင်းပိုင်းထဲမှ ထွက်ပြေးလာတာ ဖြစ်ရပါမယ်တဲ့။

အချိန်ကလည်း ကွက်တိလောက်ပါပဲ။ ဒီလက်ဝါးရာကို ဖန်တီးခဲ့တဲ့ လူက သေမင်းတောင်ရဲ့ ပြောင်းလဲမှုတွေနဲ့ တကယ်ပဲ ဆက်စပ်နေတာလား။ “ငါတို့ ဒီမှာဆက်ပြီး မနေသင့်တော့ဘူး” နတ်ဆိုးအိုကြီးက ရန်ကိုင်ကို သတိပေးလိုက်တယ်။

“ဟုတ်တယ်” ရန်ကိုင်လည်း အဝေးတစ်နေရာကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ယန်မီးတောက်တောင်ပံကို ခတ်ကာ ဦးတည်ချက် တစ်ခုဆီ ပျံသန်းသွားလိုက်တယ်။ အရင်တုန်းက ပတ်ဝန်းကျင်ကို ကျယ့်ကျယ်ပြန့်ပြန့် မစစ်ဆေးနိုင်တဲ့အတွက် ယန်မီးတောက်တောင်ပံကို အသုံးမပြုရဲခဲ့။ ဒါပေမယ့် အခုအချိန်က အရင်ကနဲ့ မတူတော့။ သူ့မှာ နတ်ဘုရား စိတ်အာရုံ ရှိနေခဲ့ပြီ။ နတ်ဘုရား စိတ်အာရုံနဲ့ဆိုရင် ၁၀ကီလိုမီတာ အတွင်းမှာရှိတဲ့ အရားအားလုံးကို သူသိနိုင်ပါပြီ.။ ထို့အကြာင် သူပျံသန်းနေတာကို အခြားသူတွေ မြင်သွားမှာကို စိုးရိမ်စရာ မလိုတော့ပါ။

နာရီဝက် ကြာပြီးနောက် ရန်ကိုင် သေမင်းတောင်ထဲကနေ ပျံသန်းထွက်လာခဲ့တယ်။ မြေကြီးပေါ် ဆင်းလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်ကို အရင်ဆုံး တစ်ချက် စစ်ဆေးလိုက်ပြီး နောက်သွားမယ့် ဦးတည်ချက်ကို သတ်မှတ်လိုက်ကာ ဖြေးဖြေးချင်း လမ်းလျှောက်သွားလိုက်တယ်။

‘‘သခင်လေးက ကောင်းကင်စံအိမ်ကို ချက်ချင်း မပြန်ချင်သေးဘူးလား’’ ရန်ကိုင် သွားနေတဲ့လမ်းက ကောင်းကင်စံအိမ်ဆီ ပြန်တဲ့လမ်းမဟုတ်မှန်း သိလိုက်ရသည်တွင် နတ်ဆိုးအိုကြီးက တစ်ခုခုကို နားလည်သွားပြီး ရုတ်တရက် မေးလိုက်တယ်။

“ကောင်းကင်စံအိမ်ကို အရင်မပြန်သေးဘူ။ ဆေးဘုရင် တောင်ကြားဆီ အရင်သွားရမယ်” ရန်ကိုင်က ပြန်ပြောလိုက်တယ်။

အနက်ရောင်စာအုပ်၏ ၅မျက်နှာမြောက် စာရွက်က ဆေးဘုရင်တောင်ကြားဆီ ရည်ညွှန်းထားခဲ့တယ်။ ဆေးဘုရင်တောင်ကြားဆီ ဘာလို့သွားရမလဲဆိုတာကို ပြောမထားခဲ့ပေမယ့် စာအုပ်က ထိုနေရာကို ရည်ညွှန်းထားမှတော့ သူ့အတွက် အကျိုးရှိနိုင်သည့် တစ်ခုခု ရှိလို့ပဲ ဖြစ်ရမှာပေါ့။ အစတုန်းကတော့ ဆေးဘုရင်တောင်ကြားဆီ မသွားခင် သူ့ခွန်အားကို အရင်ဆုံး တိုးမြှင့်ချင်ခဲ့တယ်။ ဒါပေမယ့် မမြင်နိုင်တဲ့ အလှည့်အပြောင်းတွေကြောင့် လင်းတိုင်ရှုနှင့်အတူ သေမင်းတောင်ကို ရောက်ရှိလာခဲ့ရတယ်။

အခု သူ့သိုင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်သွားခဲ့လေပြီ။ ခွန်အားကို လုံလောက်အောင် တိုးမြှင့်ပြီးသွားပြီ ဖြစ်တဲ့အတွက် ဆေးဘုရင်တောင်ကြားဆီ သွားလို့ရပါပြီ။

အစစ်အမှန် ဒြပ်စင်အဆင့် ရောက်ပြီးနောက် သူ့အမြန်နှုန်းက အရင်ကထက် အများကြီး ပိုမိုမြန်ဆန်လာခဲ့တယ်။ လှုပ်ရှားမှု ပညာရပ်ကို အသက်သွင်းလိုက်တာနဲ့ မီတာထောင်ပေါင်းများစွာကို မျက်တောင်တစ်ခတ်အတွင်း သူသွားနိုင်ပါတယ်။

ဒါပေမယ့် လှုပ်ရှားမှု ပညာရပ်ကို အကြိမ်အနည်းငယ်လောက် အသုံးပြုပြီးချိန်မှာတော့ သူရပ်တန့်လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ လှုပ်ရှားမှုပညာရပ်ကို အသုံးပြုရတာ အစစ်အမှန်ချီ အရမ်းကုန်လို့ပါပဲ။

နှစ်ရက်ကြာပြီးနောက် သေမင်းတောင်မှ ကီလိုမီတာထောင်ပေါင်းများစွာ အကွာသို့ ရန်ကိုင်သွားလာခဲ့ပြီးပါပြီ။ ဒါပေမယ့် သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း အချိန်အတော်ကြာအောင် သွားလာပြီးနောက် သူ့စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေသလို ခံစားလိုက်ရတယ်။ ဒါက သူ့ကိုယ်ပိုင် ခံစားချက်တစ်ခုမဟုတ်။ သူ့ကို တစ်စုံတစ်ယောက်က အဝေးတစ်နေရာကနေ ထောက်လှမ်းနေသည့်အခါ ခံစားရသည့် ခံစားမျိုးပါ။

ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ပြီး ခံစားချက်လာရာ နေရာဆီ လှမ်းကာ စူးစိုက်ကြည့်လိုက်တယ်။ ကီလိုမီတာဒါဇင်ကျော်လောက်မှာ ပုံမှန်မဟုတ်တာ တစ်ခုခု ဖြစ်နေတယ်လို့ သူရေးတေးတေးလေး ခံစားမိနေပါတယ်။

မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့ရတယ်။ နတ်ဘုရား စိတ်အာရုံက ကီလိုမီတာ ဒါဇင်ကျော် အကွာအဝေးမှာ ဖြစ်ပျက်နေတာကို အာရုံခံနိုင်ရုံသာမက အဖြစ်အပျက်တွေရဲ့ အသေးစိတ် အခြေအနေကိုပါ မြင်နိုင်ပါတယ်။

‘‘အမှတ်အသားလား” ရန်ကိုင် မျက်ခုံးပင့်လိုက်တယ်။ ဘာလို့ ခိုးလိုးခုလု ခံစားနေရလဲဆိုတာ အခုမှပဲ သူနားလည်သွားတော့တယ်။

ကျိမိုနှင့်လန်ရှန်းတို့၏ ဝိဥာဉ်ပေါ်တွင် အမှတ်အသား တစ်ခုစီ သူချထားခဲ့ပါတယ်။ အခု သူနှင့်ကီလိုမီတာ ဒါဇင်ကျော်အကွာတွင် ကျိမိုနှင့်လန်ရှန်းတို့ နှစ်ယောက်ထဲက တစ်ယောက်က အန္တရာယ်နဲ့ ကြုံတွေ့နေတာပဲ ဖြစ်ရပါမယ်။ ထို့ကြောင့်ပဲ သူစိတ်မသက်သာသလို ခံစားနေရခြင်းပါပဲ။

ကျိမိုလား…လန်ရှန်းလား။

ထိုအကြောင်းကို တွေးရင်း အခြားတစ်ဖက်ဆီ ရန်ကိုင် ပြေးထွက်သွားလိုက်တယ်။

ရန်ကိုင်၏ ယူဆချက်မမှားခဲ့ပါ။ သူနှင့်ကီလိုမီတာဒါဇင်ပေါင်းများစွာ အကွာရှိ နေရာတွင် ကျိမိုရှိနေခဲ့ပြီး အခုအချိန်မှာတော့ သူမက ဘုရားမမှ အသက်ရှင်နိုင်မည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါတယ်။ ရန်ကိုင်နားကနေ သူမထွက်သွားခဲ့တုန်းက သူမသိုင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်၆မှာပါ။ ဒါပေမယ့် အခုတော့ သူမသိုင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်၇ကို ရောက်နေခဲ့ပါပြီ။

သူမ၏ နောက်ခံပါထပ်ပေါင်း ပြောရမယ်ဆိုရင်တော့ သူမကို လူငယ်မျိုးဆက်တွေထဲက ခေါင်းဆောင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အခုတော့ သူမက လွတ်လမ်းမရှိတဲ့ အကျဉ်းအကျပ်ထဲ ရောက်လို့နေခဲ့တယ်။

သူမဝမ်းဗိုက်နေရာတွင် ရှည်လျားသည့် ဒဏ်ရာကြီး တစ်ခုရှိနေခဲ့ပြီး သူမအဝတ်အစားတွေကတော့ သွေးတိုဖြင့် ရဲရဲနီနေခဲ့ပါတယ်။ သူမအသက်ရှုသံက ကြမ်းတမ်းနေခဲ့ကာ သူမမျက်နှာလေးကတော့ ဖြူလျော်လို့ နေခဲ့တယ်။ အခုလို ကျဉ်းထဲ ကျပ်ထဲ ရောက်နေခဲ့ပေမယ့် သူမတစ်ချက်ကလေးတောင် အော်ဟစ်ညီးတွားမနေခဲ့။ အံတင်းတင်း ကြိတ်ပြီးတော့သာ ဆိုးရွာလှတဲ့ အခြေအနေကို ဆက်ပြီးရင်ဆိုင်နေခဲ့တယ်။

သေမင်းတောင်က ထွက်တုန်းက ကံမကောင်းလှသဖြင့် သားရဲတွေ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ သူမ၏ ဝိဥာဉ်ထိန်းချုပ်ခြင်းအင်းဆက်ကို သုံးပြီး ထိုသားရဲတွေထဲက တစ်ကောင်ကိုသာ ထိန်းချုပ်ဖို့ မကြိုးခဲ့ဘူးဆိုရင် အခုအချိန်လောက် သူမမြစ်ဝါမြစ်ဆီ ရောက်နှင့်နေပါပြီ။

ထိုသားရဲတွေနဲ့ တိုက်ပွဲမှာ သူမဒဏ်ရာ တော်တော်လေး ရသွားခဲ့တယ်။ သူမထိန်းချုပ်ခဲ့တဲ့ သားရဲတောင် ထိုတိုက်ပွဲမှာ သေသွားခဲ့ရတယ်။ ထိုကပ်ဆိုးကနေ လွတ်မြောက်ရုံပဲရှိသေး… ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပဲ အခြားတစ်ယောက်ရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ထပ်မခံလိုက်ရပြန်တယ်။

သူမကို တိုက်ခိုက်ခဲ့တဲ့လူက ရန်ကိုင်ရှာနေတဲ့ ဝူချန်းရီပါပဲ။ ဝူချန်းရီရဲ့ သိုင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်၈ကို ရောက်နေခဲ့ပါပြီ။ ဝူချန်းရီထက် အဆင့်တစ်ဆင့် နိမ့်ကျတဲ့အပြင် ကျိမိုက သားရဲတွေရဲ့ ဝိုင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာပါရနေခဲ့တယ်။ ထို့ပြင် ဝူချန်းရက ဘာဒဏ်ရာမှ မရထားသလို ကျိမိုကို ထိပ်တိုက်ရင်ဆိုင်ပြီး တိုက်ခိုက်တာလည်းမဟုတ်။ ထို့ကြောင့်တိုက်ပွဲစတာနဲ့ ကျိမိုက ချက်ချင်း အောက်စည်း ရောက်သွားခဲ့ရပြီး ဒဏ်ရာရရသွားခဲ့ရကာ သူမအခြေအနေကို ပိုမိုဆိုးရွားသွားစေခဲ့တယ်။

ထက်ရှတဲ့ ဓါးချီအမျှင်တန်းတွေ နီးကပ်လာတာကို မြင်လိုက်တာနဲ့ ကျိမိုအမူအရာ လေးနက်သွားခဲ့ပြီး ချက်ချင်းပဲ ကြေးနီရောင် ဒိုင်းကာတစ်ခုကို ထုတ်ကာ ထိုတိုက်ခိုက်မှုကို ခုခံလိုက်တယ်။ “သားရဲတွေကို ထိန်းချုပ်တဲ့ နည်းလမ်း ငါ့ကိုပေးမယ်ဆိုရင် ငါနင့်အသက်ကို ချမ်းသာပေးမယ်” ဝူချန်းရီက သူ့လက်ထဲက ဓါးနဲ့ကျိမိုကို ချိန်ရင်း ခြားနားမှုမရှိသည့် လေသံဖြင့် ပြောလိုက်တယ်။

သီးခြားကမ္ဘာကြီးထဲတွင် တန်းလန်မင်းဆက်က ကျင့်ကြံသူတွေရဲ့ သားရဲထိန်းချုပ်ပညာရပ် စွမ်းအားကို သူမြင်တွေ့ခဲ့ရပြီးပါပြီ။ ထို့အချိန်ကတည်းက ထိုပညာရပ်ကို မရရအောင် ယူမယ်လို့ သူစိတ်ပိုင်းဖြတ်ထားခဲ့တာပါ။ အဲ့လိုစိတ်ပိုင်း ဖြတ်ထားတာကြောင့်လည်း ကျိမိုကို အလစ်ချောင်းတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

“အိမ်မက်သာ မက်နေလိုက်” ကျိမိုက အံကြိတ်ရင်း ဒေါသတကြီး ပြန်ပြောလိုက်တယ်။

ဝူချန်းရီက ပြန်ပြီးလှောင်ပြောင်လိုက်တယ် “ငါနင့်ကို လက်လျှော့ဖို့ နောက်ဆုံး အခွင့်အရေးပေးမယ်။ နင့်ကိုဖမ်းဖို့ ငါ့ကို ဆက်ပြီးတွန်းအား ပေးနေမယ်ဆိုရင်တော့ သေဖို့တောင်းပန်ရအောင် ငါနင့်ကို လုပ်ပြမယ်။ နင့်လို ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး တစ်ယောက်ကို ကစားချင်တဲ့လူလည်း အများကြီးရှိမှာပဲ’’

အေးစက်စက် အလင်းရောင်တစ်ခု ကျိမိုမျက်လုံးထဲ လက်သွားခဲ့ပြီး ဆွဲဆောင်ရှိစွာ ပြုံးလိုက်ရင်း “နင်လည်း စိတ်ဝင်စားတယ်မလား”

ကံမကောင်းစွာြဖင့် ဝူချန်းရီ၏ အမူအရာက ရေခဲတုံးလို အေးစက်နေဆဲပင် ဖြစ်ပြီး သူပြန်ပြောလိုက်တဲ့ စကားကြောင့် ကျိမို အလွန်အမင်း ဒေါသထွက်သွားခဲ့ရတယ် “ငါက ရက်စက်တဲ့ဓါးချီကို လေ့ကျင့်တာ။ နင့်လိုမိန်းမပျက် တစ်ယောက်က ငါ့စိတ်ကို လှုပ်ရှားစေနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် ငါ့ကိုဆွဲဆောင်မယ့် အကြံအစည်ကို လက်လျှော့ထားလိုက်တော့။ ဒါပေမယ့် ငါ့မှာတဏှာကြီးတဲ့ ဆရာတစ်ယောက်တော့ ရှိတယ်။ သူဆိုရင်တော့ နင့်ကိုလိုလိုလားလား လက်ခံမှာ ကျိန်းသေတယ်”

ကျိမို၏ အပြုံးလှလှလေးက ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ဝူချန်းရီကို ကြမ်းကြမ်းတမ်းတမ်း ကျိန်ဆဲလိုက်တယ် “သေချင်းဆိုး၊ အသေဆိုးနဲ့ သေမယ့်ကောင်”

All Chapters