အခန်း (၂၆၁-၂၆၅)
Vol. 11 Ch. 261-265
အပိုင်း (၂၆၁) ငါ့ရဲ့နတ်သမီးလေးကို ကြည့်ရတာ အခြေအနေ မကောင်းတဲ့ပုံပဲ
ဝူးချန်ရီ ဘယ်လောက်သန်မာကြောင်း ကျိမိုသိပေသည်။ သူက ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ တက်သစ်စ ကြယ်တစ်လုံး ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။ သူမစီနီယာအစ်ကို ချီရွှယ့်က အဆင့်၆သားရဲကို စီးနင်းပြီး သူ့ကို တစ်လကျော်လောက် ကြာအောင် လိုက်သတ်တာတောင် ဝူချန်းရီက လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့တယ်။ ထိုအချက်ကတင် သူမက ဝူချန်းရီရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူးဆိုတာကို သက်သေပြနေခဲ့ပါပြီ။
လက်သီးတင်းတင်း ဆုပ်ရင်း တုန်တုန်ရီရီနဲ့ ကျိမိုက ပြန်ပြောလိုက်တယ် ‘‘နင့်ကို သားရဲထိန်းချုပ်တဲ့ ပညာရပ်ပေးမယ်ဆိုရင် ငါ့ကိုလွှတ်ပေးမှာလား’’
“နင့်ကို နာကျင်မှု မရှိပဲသေရစေမယ်လို့ပဲ ငါပြောခဲ့တာ။ နင့်ကိုလွှတ်ပေးမယ်လို့ ငါမပြောခဲ့ဘူး” ဝူချန်းရီမျက်နှာကတော့ ရေခဲတုံးလို အေးစက်နေတုန်းပင်။
သူပြောတာကို ကြားလိုက်တဲ့အချိန် ကျိမိုမျက်နှာ ဖြူလျော်သွားခဲ့တယ်။ သူမဒေါသနှင့် ကြောက်ရွံ့မှုကို အတင်းအကြပ် ပြန်မြိုသိပ်ထားလိုက်ရင်း “နင်လိုချင်တာကို ပေးပြီးတာတောင် ငါ့ကိုသတ်ချင်နေတုန်းလား။ နင်အရမ်းရက်စက်လွန်းတယ်။ နင့်မှာ လူသားချင်း စာနာစိတ်နည်းနည်းလေးတောင် မရှိဘူးလား”
ဝူချန်းရီက ဝံ့ကြွားသည့် အမူအရာဖြင့် “အားကောင်းသူကိုသာ လေးစားတာက လူသားသဘာဝပဲလေ။ နင့်လို ငါ့ထက်အားနည်းတဲ့ လူတစ်ယောက်နဲ့ လူသားချင်းစာနာစိတ် ဆိုတာတွေကို ဘာလို့ဆွေးနွေးနေရာဦးမှာလဲ”
ပြောနေရင်း ဝူချန်းရီ၏ အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး သူ့လက်ချောင်းထိပ်မှ ဓါးချီအလင်းတန်းတို့ ထွက်ပေါ်လာခဲ့ကာ သူနှင့်ခြေလှမ်းအနည်းငယ်အကွာရှိ မြေကြီးကို ထိမှန်သွားခဲ့ပါတယ်။ ဓါးချီနှင့် မြေကြီး ထိမှန်သွားတာနဲ့ ထိုနေရာမှ သွေးစက်တို့ ပန်းထွက်လာခဲ့ပါတယ်။ ထိုအရာတွေက ဝူချန်းရီဆီ ကျိမို တိတ်တဆိတ် စေလွှတ်ထားသည့် ဝိဥာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေပဲ ဖြစ်ပါတယ်။
“ခွေးမ” ဝူချန်းရီ ကျိန်ဆဲပါတော့တယ်။ ထိုတန်းလန်မင်းဆက်က မိန်းမပျက်ကကို အမြဲမပြတ် သတိထားနေခဲ့ပေမယ့် သူမမှာ အခုလိုနည်းလမ်းမျိုး ရှိနေလိမ့်ဦးမယ်လို့တော့ သူမထင်ထားခဲ့ပါ။ သူသာ သတိမရှိခဲ့ပဲ ထိုအင်းဆက်တွေထဲက တစ်ကောင်ကောင်သာ သူ့ကိုယ်ထဲ ဝင်သွားလို့ကတော့ သူ့ဘဝဆုံးမှာပါ။
“နင့်ကံကြမ္မာ နင်ယူဆောင်လာခဲ့တာပဲ။ နင့်ကိုဖမ်းမိတာနဲ့ နင့်လက်တွေ၊ ခြေထောက်တွေကို ဖြတ်ပစ်ပြီး သတ်ပေးပါလို့ တောင်းဆိုရအောင် ငါလုပ်ပြမယ်” ဝူချန်းရီ၏ မျက်နှာက သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့တယ်။ သူ့ဓါးကို ဝှေ့ရမ်းလိုက်တာနဲ့ တလက်လက် တောက်ပနေသည့် ဓါးချီတစ်ခု ကျိမိုဆီ ပျံထွက်သွားခဲ့ပါတယ်။
“သေချင်းဆိုး” ကျိမိုက တိုးတိုးလေး ကျိန်ဆဲလိုက်တယ်။ ဝူချန်းရီလို သေအေးတဲ့ လူစားမျိုးနဲ့ ရင်ဆိုင်ရချိန်မှာတော့ သူမလုံးဝကို ကူကယ်ရာမဲ့နေပါတယ်။ သူမဆီ ပျံသန်းလာနေတဲ့ ဓါးချီကို ရှောင်ရှားနိုင်ဖို့အတွက် ကျိမိုက ဝူချန်းရီဆီ လက်ညိုးထိုးလိုက်ပြီး ထူးခြားတဲ့ပုံစံရတဲ့ ဓါးပျံတွေကို ပစ်လွှတ်လိုက်ပါတယ်။
ဝူချန်းရီ၏ ဓါးလှုပ်ရှားသွားခဲ့ပြီး သူ့ဘေးပတ်ပတ်လည် တစ်ဝိုက် မီးပွင့်သွားခဲ့ကာ ကျိမို၏ ဓါးပျံတွေ အကုန်လုံး လွင့်ပျံထွက်သွားခဲ့ပါတယ်။ ကျိမို၏ အမူအရာလေး ခါးသီးသွားခဲ့ပြီး သူမ၏နှုတ်ခမ်းလေးကို ကိုက်လိုက်ပါတယ်။ သူမခန္ဓာကိုယ်ရဲ့ အဓိကကျတဲ့ နေရာတွေကို ရှောင်ရှားနိုင်လိုက်တယ်ဆိုပေမယ့် လုံးဝလွတ်ကျွတ်သွားအောင် ရှောင်နိုင်လိုက်တယ်လို့တော့ မဆိုလိုပါ။ ဓါးချီက သူမပုခုံးကိုတော့ ဖောက်ထွက်သွားခဲ့ပါတယ်။
နာကျင်စွာအော်ဟစ်လိုက်ရင်း ကျိမိုပုခုံးဆီမှ သွေးတို့ပန်းထွက်လာခဲ့တယ်။
လုံးလုံးကို အောက်စီးရောက်နေခဲ့ပေမယ့် သူမက သေမှာကို ထိုင်စောင့်နေမည် လူတစ်ယောက် မဟုတ်ပါ။ ဝူးချန်ရီကို စိတ်ရှုပ်ထွေးအောင် အရင်လုပ်လိုက်ပြီး လက်ကျန်ဝိဥာဉ်ထိန်းချုပ်ခြင်းအင်းဆက်တွေ အကုန်လုံးကို မြေကြီးထဲ ပို့လွှတ်လိုက်ပါတယ်။ ဒါပေမယ့် တစ်ကြိမ်ခံရကာနီး ဖြစ်သွားတဲ့ ဝူချန်းရီက သူ့အကွာအကွယ်ကို လုံးဝမလျှော့ချထားခဲ့ချေ။
ဝူချန်းရီက သူ့ဘေးပတ်ပတ်လည် ၁၀မီတာ ဝန်းကျင်ကို ဓါးချီတွေ ဖြန့်ကျက်လိုက်ပြီး ကျိမို၏ အင်းဆက်တွေ အကုန်လုံးကို သတ်ပစ်လိုက်ပါတယ်.။ ထိုအင်းဆက်တွေထဲ တစ်ကောင်ကောင်သာ သူ့ကိုယ်ထဲ ဝင်ရောက်သွားခဲ့ပါက ကျိမို၏ ထိန်းချုပ်မှုအောက် သူလုံးလုံကျရောက်သွားမှာပါ။ သို့ပေမယ့် ထိုအင်းဆက်တွေက ခန္ဓာကိုယ်ထဲ ရောက်မှသာ ကြောက်ဖို့ကောင်းတာပါ။ ခန္ဓာကိုယ်ထဲ မရောက်ခင်တော့ ထိုကောင်တွေက သာမန်အင်းဆက်တွေနဲ့ ဘာမှမခြားနားပါဘူး။ ဝူချန်းရီ သာမန်ကာလျှံကာဖြင့် ဖြန်ကျက်ထုတ်လွှတ်လိုက်သည့် ဓါးချီတွေက ထိုကောင်တွေကို သတ်နိုင်တာထက်ကို ပိုပါတယ်။
ကျိမိုအဖို့ အကြံကုန်ဂဠုန် ဆားမချက်နိုင်တော့။ ထိုအင်းဆက်တွေကို ဝူချန်းရီဆီ ပို့သည့်နည်းလမ်းက သူမ၏ နောက်ဆုံးအကြံဥာဏ်ပဲ ဖြစ်ပါတယ်။ အခု သူမမှာ ဝူချန်းရီကို ရင်ဆိုင်ဖို့ နည်းလမ်းမရှိတော့ပါ။ သူမ ကူကယ်ရာမဲ့နေတုန်းမှာပဲ ကျိမိုမျက်လုံးတို့ ဝင်းလက်သွားခဲ့ပြီး ဝူချန်းရီနောက်ဘက်ကို ခပ်မြန်မြန် လှမ်းကြည့်လိုက်ပါတယ်။ သူမ၏ ပင်ပင်းနွမ်းနယ်နေတဲ့ မျက်နှာလေးဟာတော့ ချက်ချင်းပဲ အပျော်တွေနဲ့ ပြည့်သွားပါတော့တယ်။
ဝူချန်းရီလည်း ကျိမိုမျက်နှာ အမူအရာ ပြောင်းသွားတာကို သတိပြုမိလိုက်ပါတယ်။ ကျိမို မျက်နှာအမူအရာကို ကြည့်ရင်း ဝူချန်းရီစိတ်ထဲ မလွယ်ကူသလို ခံစားလိုက်ရပါတယ်.။ အဲ့နောက် သူ့မျက်နှာက ရက်စက်မှုတို့ဖြင့် ရုတ်ချည်း ပြည့်နှက်သွားခဲ့ပြီး အချိန်မဖြုန်းတော့ပဲ ကျိမိုကို သူ့ဓါးဖြင့် အားကုန်သုံးပိုင်ချလိုက်တယ်။
ဒါပေမယ့် သူ့ဓါးက ကျိမိုဆီ မရောက်သေးခင်မှာပဲ နောက်ကျောဘက်ကနေ လေခွင်းသံကို ကြားလိုက်သည့်အတွက် ချက်ချင်းပဲ သူ့ဓါးနှင့် နောက်ဘက်ကို ရေပြင်ညီအတိုင်း လွှဲခုတ်လိုက်ပါတယ်။ ဓါးချီနှင့် နီရဲနေတဲ့ လက်သီးတစ်လုံးတို့ ထိပ်တိုက်တွေ့သွားခဲ့တယ်။ ဘုန်း ဆိုတဲ့မည်သံနှင့်အတူ နှစ်ယောက်စလုံး နောက်ပြန်လွင့်သွားခဲ့တယ်။
လူရိပ်အသစ်က မြေကြီးပေါ် ကျသွားခဲ့ပြီး ဝူချန်းရီကတော့ မီတာဒါဇင်ကျော်လောက် နောက်ဆုတ်သွားခဲ့ရပါတယ်။ သူ့မျက်နှာထက် ထိတ်လန့် တုန်လှုပ်သွားသည့် အရိပ်အယောင်ကို မတွေ့ရပါ။ အေးဆေးတည်ငြိမ်သည့် အမူအရာနဲ့ပဲ အသစ်ရောက်လာတဲ့ လူရိပ်ဆီ ကြည့်လိုက်ပါတယ်။ သူ့ကိုတိုက်ခိုက်လိုက်တဲ့ လူရဲ့ မျက်နှာကို မြင်လိုက်ရချိန်မှာတော့ မောက်မာစွာနဲ့ လှောင်ပြောင်လိုက်တယ် “မင်းပဲကိုး”
“ဟဟ၊ အံ့ဩသွားလား” ရန်ကိုင်က ဝူချန်းရီကို ကြည့်ရင်း ထေ့ငေါ့ပြီး ပြောဆိုလိုက်တယ်။ သီးခြာကမ္ဘာထဲမှာတုန်းက ရန်ကိုင်က လက်စားချေဖို့အတွက် ဝူချန်းရီကို လိုက်ရှာနေခဲ့တာပါ။ သို့ပေမယ့် ဝူချန်းရီနဲ့ မတွေ့ပဲ ချီရွှယ့်နှင့် သွားတိုးကာ နှစ်ယောက်သား တိုက်ပွဲဖြစ်သွားခဲ့တယ်။ နောက်ဆုံး ချီရွှယ့် ထွက်ပြေးသွားတဲ့အတွက် ချီရွှယ့်နောက်လိုက်ရင်း အဖြူရောင်မြူထဲ ရောက်သွားခဲ့ရတယ်။
ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် ဝူချန်းရီကို ဒီနေရမှာ လာတွေ့ခဲ့ရတယ်။ ဒါက သံဖိနပ်စီးထားရင်း ကိုယ့်ဖိနပ်ကို အိမ်ထဲမှာ လိုက်ရှာနေသလို ဖြစ်နေပါတယ်။ သူ့စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် ကျိမိုကို ပြုံးစိစိဖြင့် ကြည့်လိုက်ပြီး” ငါ့ရဲ့နတ်သမီးလေးကို ကြည့်ရတာ အခြေအနေ မကောင်းတဲ့ပုံပဲ”
ကျိမိုက ရန်ကိုင်ကို စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်ပြီး ဒေသတကြီး ပြန်ပြောလိုက်တယ် “ဟန့်၊ နင်သာ နည်းနည်းလေးထပ်ပြီး နောက်ကျသွားခဲ့မယ် ဆိုရင် ငါ့ကိုထပ်ပြီး မြင်တွေ့ရတော့မှာ မဟုတ်ဘူး” လအနည်းငယ် ကြာပြီး ရန်ကိုင်ကို ပြန်တွေ့ရလိုက်တဲ့အချိန် သူမဘယ်ကနေ ဘာစပြောလို့ ပြောရမှန်း မသိတော့ပါ။ ဒီဘဝမှာ ရန်ကိုင်ကို ဘယ်တော့မှ ထပ်တွေ့ရစရာ မလိုတော့သလို သူမစိတ်ဝိဥာဉ်လည်း နှိပ်စက်ခံရစရာ မလိုတော့ဘူးလို့ သူမစဉ်းစားနေခဲ့တာပါ။
ဒါပေမယ့် အခု ကောင်းကင်ဘုံက သူမတို့ နှစ်ယောက်ကို နောက်တစ်ကြိမ် ပြန်ဆုံဆည်း ပေးခဲ့လေပြီ။ ဒါပေမယ့် ရန်ကိုင်ကို နောက်တစ်ကြိမ် ပြန်တွေ့ရချိန် သူမဝိဥာဉ်နှိပ်စက်ခံရမှာကို စိုးရိမ်မနေခဲ့၊ အဲ့ဒီအစား ပျော်တော် ပျော်သွားခဲပါတယ်။ အခု သူမက သေရေး၊ရှင်ရေး အန္တရာယ်နှင့် ရင်ဆိုင်တွေ့နေရတာပါ။ ရန်ကိုင်နှင့် ကိစ္စက ဘေးဖယ်ထားလိုက်၊ အခု ရင်ဆိုင်နေရတဲ့ ပြဿနာအကြီးကြီးကို အရင်ဖြေရှင်းရပါဦးမယ်။ အခုအချိန်မျိုးမှာ ဘာက ပိုအရေးကြီးလဲဆိုတာကို တွေးတတ်ဖို့တော့ လိုတာပေါ့။
ရန်ကိုင်က ခေါင်းလေးစောင်းလိုက်ပြီး သူမကို ခေါင်းအစ ခြေအဆုံး စစ်ဆေးလိုက်ကာ သိချင်စိတ်အပြည့်ဖြင့် မေးလိုက်တယ် “နင်က ဆန်းလော့ဘုရားကျောင်းက လက်ရွေးစင် တပည့်တစ်ယောက် မဟုတ်ဘူးလား။ ဘာလို့ အခုလိုတောင် အခြေအနေ ဆိုးနေရတာလဲ”
“နင်က တွေ့တာနဲ့ မဟုတ်တုတ်က စကားတွေ ပြောဖို့ပဲ သိတယ်” ကျိမိုက ခါးသီးစွာ ဆဲဆိုလိုက်ပြီး “သူ့ကိုတိုက်ခိုက်ရင် သတိထားဦး။ သူ့ချီက ငါ့ထက်ပိုပြီး သန့်စင်သလို ငါ့ထက်လည်း ပိုပြီး အဆင့်မြင့်တယ်”
“သူသာ အဲ့လိုမသန်မာခဲ့ရင် သူဝူချန်းရီ ဟုတ်လိမ့်မှာ မဟုတ်ဘူး” ဝူချန်းရီရဲ့ က အစစ်အမှန်ချီက ကျိမိုထက် ပိုပြီး သန့်စင်တာကတော့ ရှင်းပါတယ်။ သူက အစစ်အမှန် ယန်မီးတောက်အရည်ကို ရခဲ့တာလေ။ အစစ်အမှန် ယန်မီးတောက် အရည်ကို ရခဲ့ပြီးတာတောင် သူ့အစစ်အမှန်ချီက ကျိမိုထက် ပိုပြီး မသန့်စင်နေမှာသာ ထူးဆန်းနေမှာပါ။
“မင်းအခုအချိန်ထိ အသက်ရှင်နေသေးလိမ့်မယ်လို့ ငါတယ်ကို ထင်မထားဘူး။ မင်းရဲ့ ကံက နောက်စရာတော့ မဟုတ်ဘူးပဲ” ဝူချန်းရီက ရန်ကိုင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်တယ်။ ဝူချန်းရီအကြည့် သူတို့ အရင်တစ်ခါ တွေ့တုန်းကလိုပဲ အေးစက်သည့် အထင်သေးမှုတို့ဖြင့် ပြည့်နေပါတယ်။
“ဟန့်၊ အရင်သေသွားတဲ့ မင်းဂျူနီယာလေးထက်တော့ ငါကပိုပြီး ကံကောင်းပါသေးတယ်” ရန်ကိုင် မျက်လုံးတွေက ချက်ချင်း အေးစက်သွားခဲ့ပြီး အေးစက်စက် ဓါးမြှောင်လို စူးရှသည့် အကြည့်ဖြင့် ဝူချန်းရီကို စိုက်ကြည့်လိုက်တယ်။
“ဟန့်၊ ငါမင်းအသက်ကို လိုချင်နေမှန်း သိမှတော့ ဘာလို့ငါ့ရှေ့မှာ ထွက်ပေါ်လာတာလဲ။ အထူးသဖြင့် အသက်ရှင်ဖို့အတွက် ကံကိုပဲ အားကိုးနေရတဲ့ မင်းလိုကောင်မျိုးလေ” ဝူချန်းရီ၏ အမူအရာက တစ်ချက်ကလေးတောင် ပြောင်းလဲသွားခြင်းမရှိခဲ့၊ သူ့ဂျူနီယာညီလေးက သူ့အပေါ် လုံးဝသက်ရောက်မှု မရှိသည့်အလား။
“ယောကျာ်းနှစ်ယောက် တိုက်ခိုက်တော့မှာကို ဘာလို့အပိုတွေ ပြောနေသေးတာလဲ” ဝူချန်းရီလက်၌ တော်တော်လေး ခံစားခဲ့ရတဲ့အတွက် ကျိမိုက ဝူချန်းရီကို တော်တော်လေး မုန်းတီးနေခဲ့တာပါ။ ထို့ကြောင့် ရန်ကိုင်ပေါ်လာတာနဲ့ ထိုသကောင့်သားကို ပေါင်းပြီး တိုက်ခိုက်ဖို့ကို မစောင့်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။
ရန်ကိုင် ဘယ်လောက်သန်မာမှန်း သူမသိပေသည်။ သူမတို့နှစ်ယောက်သာ ပူပေါင်းတိုက်ခိုက်မယ်ဆိုရင် ဝူချန်းရီကို ဖိနှိပ်ထားနိုင်လောက်ပါတယ်။ “သူမပြောတာ အဓိပွါယ်ရှိတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပါတယ်။ “ငါလည်း သဘောတူတယ်” ဝူချန်းရီက သူ့ဓါးကို ဖြေးဖြေးချင်း မြှောက်လိုက်ပြီး အေးစက်စက်အမူအရာဖြင့် ခေါင်းညိတ်လိုက်တယ်။
“ငါရှေ့ကနေ တိုက်မယ်။ ရန်ကိုင်၊ နင့်ငါ့ကို နောက်ကနေ ကူပေး” ကျိမိုက ပြောလိုက်တယ်။ “မဟုတ်ဘူး၊ နင်ငါ့ကို ကူပေး” ရန်ကိုင်က ပြန်ငြင်းဆိုလိုက်တယ်။ ကျိမိုကို ဆက်ပြီး ပြောခွင့် မပေးတော့ပဲ ချက်ချင်းပဲ ဝူးချန်းရီဆီ ပြေးဝင်သွားလိုက်ပြီး တရစပ်တိုက်ခိုက်ပါတော့တယ်။ တည်ငြိမ်နေတဲ့ သူ့အရှိန်အဝါက အခုအချိန်မှာတော့ လုံးဝကို ပေါက်ကွဲထွက်လာခဲ့ပါပြီ။
“နင်…” ရန်ကိုင်ဆီကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါကြောင့် ကျိမိုလုံးဝကို ကြောင်အသွားခဲ့ပါတော့တယ်။
သူက အစစ်အမှန် ဒြပ်စင်အဆင့်ကိုတောင် ရောက်နေပြီလား။ အရင်လေးလတုန်းကပဲ ချီသန့်စင်ခြင်းအဆင့်၈ကို သူရောက်ထားတာလေ။ အခု လေးလပဲ ကြာသေးတာကို သူက အစစ်အမှန် ဒြပ်စင်အဆင့်ကို ရောက်နေတယ်ဆိုတော့ သူလေ့ကျင့်တဲ့ အမြန်နှုန်းက အရမ်းကို မွန်းစတာ မဆန်လွန်းနေဘူးလား။
ဒါပေမယ့် အရင်အကြောင်းတွေကို ပြန်တွေးလိုက်တဲ့အချိန်မှာတော့ သူမစိတ်သက်သာရာ ရသွားခဲ့တယ်။ ထိုအကောင်က မွန်းစတားတွေထဲမှာတောင် သာမန်မွန်းစတား တစ်ကောင်မဟုတ်ပေ။ ထို့အကြောင့် အစစ်အမှန် ဒြပ်စင်အဆင့်ကို သူချိုးဖျက်တာက အဲ့လောက်ကြီးလည်း အံ့ဩစရာ မရှိတော့ပါချေ။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ ရန်ကိုင်နှင့် ဝူချန်းရီတို့ အကြိမ်များစွာ ထိပ်တိုက်တွေ့သွားခဲ့တယ်။ ဝူချန်းရီ၏ ဓါးပုံရိပ်တွေက မုန်တိုင်းထန်နေခဲ့ပြီး ရန်ကိုင်၏ လက်သီးချက်တွေကတော့ လျှပ်စီးချက်တွေအလား ရွေ့လျားလို့နေခဲ့တယ်။ သူတို့နှစ်ယောက်၏ တိုက်ခိက်မှုကြောင့် ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်တွေတောင် ပရမ်းပတာ ဖြစ်နေခဲ့ပါတယ်။ အစကတော့ ကျိမိုက ရန်ကိုင်ကို ကူပေးဖို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အခုလက်ရှိ တိုက်ပွဲအခြေအနေအရ သူမဘယ်လို ဝင်ကူလို့ ကူရမှန်း မသိတော့ပါ။
သူတို့နှစ်ယောက်စလုံး နည်းနည်းလေးတောင် ထိန်ချန်မထားပဲ ရှိရှိသမျှ အားကုန်သုံးကာ တိုက်ခိုက်နေခဲ့ကြပါတယ်။ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တို့က တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့သွားခဲ့ပြီး ရောနှောပေါင်းစပ်သွားခဲ့တယ်။ ထိုနှစ်ယောက် တိုက်ခိုက်နေတာကို ကြည့်ရင်း သူမရန်ကိုင်ကို ဘယ်လိုဝင်ကူလို့ ကူရမှန်း မသိတော့ချေ။
ရန်ကိုင် သူမကို ကူညီဖို့ ပြောတာက သူမကို မျက်နှာသာ ပေးတာပါ။ သူလိုချင်တာကတော့ သူမကို ဘေးမှာထိုင်ပြီး အေးအေးဆေးဆေးလေး ထိုင်ကြည့်နေခိုင်းချင်တာပါ။ တကယ်လည်းပဲ ကျိမို ဘာမှဝင်မလုပ်နိုင်ပဲ ဘေးကနေသာ ရပ်ကြည့်နေခဲ့ရပါတယ်။
“အကျင့်မကောင်းတဲ့ကောင်” ကျိမိုက ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး အဝေးကို ဆုတ်သွားလိုက်ပါတယ်။ တိုက်ခိုက်နေစဉ်အတွင်း ဝူချန်းရီ၏ မျက်နှာအမူအရာ လုံးဝကို ပြောင်းလဲသွားခဲ့တယ်။ အမှိုက်တစ်စလို့ သူသတ်မှတ်ထားတဲ့ လူတစ်ယောက်က သူနဲ့ လက်ရည်တူ ယှဉ်တိုက်ခိုက်နိုင်လိမ့်မယ်လို့ ဝူချန်းရီ ဘယ်တုန်းကမှ မထင်မှတ်ထားတာပါ။ ဓါးပုံရိပ်တွေနဲ့ လက်သီးချက်တွေက တစ်ခုခုနှင့် တစ်ခု ထိပ်တိုက်တွေ့ကာ ကျေပျက်သွားခဲ့ကြတယ်။ တစ်ဖက်က သိမ်မွေ့နူးညံ့တဲ့ ဓါးနည်းစနစ်ကို အသုံးပြုပြီး အခြားတစ်ဖက်ကတော့ တုန်လှုပ်ဖွယ်ကောင်းတဲ့ စွမ်းအားကို ထုတ်လွှတ်နေခဲ့တယ်။ တစ်ယောက်ချင်းစီက သူတို့၏ ပြိုင်ဘက်ကင်းတဲ့ ကိုယ်ပိုင်ဟန်ဖြင့် တိုက်ခိုက်နေကြပေမယ့် အခုအချိန်ထိတော့ ဘယ်ဘက်ကမှ အသာမရသေးပါ။
လက်ဖက်ရည် ခွက်တစ်ဝက်စာ သောက်ချိန်အတွင်းမှာပဲ နှစ်ဖက်စလုံးက အကွက်၁၀၀ကျော် ယှဉ်ပြိုင် တိုက်ခိုက် ပြီးသွားပြီပဲ ဖြစ်တယ်။ တိုက်ပွဲချိန် ကြာလာတာနဲ့ အမျှ ဝူချန်းရီ၏ မျက်နှာက ပိုတည်ငြိမ်လာခဲ့ပြီး ရန်ကိုင် စိတ်အခြေအနေကတော့ ပိုပြီးကြမ်းတမ်းလာတဲ့ သူမျက်နှာကလည်း စိတ်လှုပ်ရှားသည့် အမူအရာတိုဖြင့် ပြည့်နေခဲ့ပါတယ်။
ဘုန်း… သူတိုနှစ်ယောက် လူချင်းခွဲလိုက်တယ်။ ဝူချန်းရီက တစ်ချက်ညည်းလိုက်ပြီး နောက်ဘက်ကို လွင့်ပျံသွားခဲ့ကာ သူ့ပါးစပ်ကနေ သွေးတွေ စီးကျနေခဲ့တယ်။ ရန်ကိုင်လည်း ဝူချန်းရီ၏ ဓားချက်ထိမှန် ခံလိုက်ရပြီး သူ့ရင်ဘတ်ကနေ သွေးတွေစီးကျနေခဲ့ပါတယ်။ မီတာသုံးရာလောက် လူချင်းခွာလိုက်ပြီးတဲ့ အချိန်မှာတော့ သူတို့နှစ်ယောက် တည်ငြိမ်စွာဖြင့် မတ်တပ်ရပ်နေလိုက်တယ်။
“ဟဟဟ၊ တကယ်ကို ခံစားလို့ကောင်းတာပဲ” သူဒဏ်ရာရထားခဲ့ပြီး သွေးထွက်နေခဲ့ပေမယ့် ရန်ကိုင်ကတော့ အသည်းလှိုက်အူလှိုက် ရယ်မောနေခဲ့တယ်။ အခုလို တကယ့် အစစ်အမှန် တိုက်ပွဲတစ်ခုက သူ့သွေးတွေကို ဆူပွက်သွားစေခဲ့တယ်။ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ဖျက်စီးဖို့ ကြိုးစားနေတဲ့ ယောကျ်ားနှစ်ယောက် ကြားက တိုက်ပွဲပေါ့။ ဝူချန်းရီကို မုန်းတယ်ဆိုပေမယ့် ထိုကောင်က သန်မာတယ် ဆိုတာတော့ကို သူတကယ်ပဲ လက်ခံထားရပါတယ်.
တကယ်တော့ ဝူချန်းရီဆိုတာ အစစ်အမှန်ဒြပ်စင်အဆင့်၈ ကျင့်ကြံသူတစ်ယောက်ပဲလေ။ သူ့အစစ်အမှန်ချီက အဆင့်ဆင့် သန့်စင်လာခဲ့အတွက် အခုလောက်ဆို ရန်ကိုင် အစစ်အမှန်ချီအရည်အသွေးနှင့် တန်းတူလောက် ရှိနေခဲ့ပါပြီ။
“မင်းတကယ် သန်မာတာပဲ” ဝူချန်းရီက ရန်ကိုင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်တယ်။ တုန်လှုပ်ခြောက်ခြားနေသည့် အရိပ်အယောင် တစ်စွန်တစ်စကိုတော့ ရန်ကိုင်မျက်လုံးထဲ တွေ့မြင်နိုင်ပါတယ်။ ဒုတိယအဆင့် အင်အားစုကလာတဲ့ ကောင်စုတ်လေး တစ်ကောင်က သူ့ကိုယှဉ်တိုက်နိုင်တာကို ဝူးချန်းရီ မယုံကြည်နိုင် ဖြစ်နေခဲ့ရတယ်။
“ကျေးဇူးပါပဲ” ရန်ကိုင်က
“မင်းကို တော်တော်လေး အထင်သေးမိခဲ့တယ် ဆိုတာကို ငါဝန်ခံပါတယ်။ ကြည့်ရတာ ငါ့ဂျူနီယာညီလေးက မင်းလက်ထဲမှာ သေသွားတဲ့ပုံပဲ” ဝူချန်းရီက သူ့ဓါးကို ဝှေ့ရမ်းလိုက်ပြီး လေပေါ်ကို ချိန်ရွယ်လိုက်တယ်။
“မင်းက ငါ့ကိုသတ်ဖို့ သူ့ကို တိတ်တဆိတ် စေလွှတ်လိုက်မှတော့ အဲ့လိုဖြစ်နိုင်ချေကိုလည်း မင်းစဉ်းစားထား သင့်တာပေါ့”
“အဲတော့ မင်းဝန်ခံတယ်ပေါ့” ဝူချန်းရီက သူ့ဓါးကိုဆက်ပြီး လှည့်နေလိုက်တယ်။
“သူ့အတွက် လက်စားခချေချင်နေတာလား” ရန်ကိုင်က လှောင်ပြောင်လိုက်တယ်။
“သူသေတာက သူ့အမှားပဲ၊ ငါနဲ့ဘာမှ မဆိုင်ဘူး။ ဒါပေမယ်ံ ဒီနေ့ မင်းက ငါနဲ့ တိုက်ခိုက်ရဲမှတော့ မင်းလည်း ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ မစဉ်းစားတော့နဲ့” ဝူးချန်းရီ၏ အရှိန်အဝါက ရုတ်တရက် ပြင်းထန်းလာခဲ့ပြီး အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်တယ် “ငါတို့ ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ ဂုဏ်သိက္ခာဆိုတာ အစွန်းထင်းခံလို မဖြစ်သလို ငါ၊ဝူချန်းရီရဲ့ ဂုဏ်သိက္ခာကလည်း မင်းတို့နင်းခြေချင်သလို နင်ခြေလို့ရတဲ့ အရာမျိုးမဟုတ်ဘူး။ မင်းလို လူမသိသူမသိ အမှိုက်တစ်စကို အသာထား၊ မိသားစုကြီး ရှစ်ခုက သားတော်တွေတောင် ငါ့ကိုမော့ကြည့်နေရတာကွ”
“ဓါးခန္ဓာကိုယ်” ဝူးချန်းရီဆီကနေ ဓါးချီတွေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး အလွန်သေးငယ်တဲ့ ဓါးသွားပေါင်း တစ်ထောင်အဖြစ် ပြောင်းလဲသွားကာ သူ့ကိုအဆက်မပြတ် လှည့်ပတ်ဝန်းရံနေခဲ့တယ်။
ထိုသိုင်းပညာရပ်က တိုက်ခိုက်မှုကော၊ ခုခံမှုအတွက်ပါ အသုံးပြုနိုင်ပါတယ်။ ရန်ကိုင်က အရင်တုန်းက ချန်ကျန်းရှန်နဲ့ တိုက်ခိုက်ဖူးတဲ့အတွက် ထိုအကြောင်းကို သိထားပါတယ်။ ဒါပေမယ့် ဝူချန်းရီဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါက ချီကျန်းရှန်ထက် အဆများစွာ ပိုပြီးအားကောင်းပါတယ်။
ထိုတလက်လက် တောက်ပနေတဲ့ ဓါးခန္ဓာကိုယ် ပညာရပ်က တကယ်ကို အားကောင်းတဲ့ သိုင်းပညာရပ်တစ်ခုပါပဲ။
“လာပြီးအသေခံစမ်း။ ငါမင်းကို နာနာကျင်ကျင် ခံစားပြီး သေသွားရအောင် လုပ်ပြမယ်” ဝူချန်းရီက ထူးခြားတဲ့ ဆေးတစ်မျိုးမျိုးကို စားထားသည့်အလား ထူးဆန်းစွာ အော်ဟစ်လိုက်တယ်။ ရန်ကိုင်ကို ချိန်ရွယ်နေတဲ့ သူ့ဓါးဆီမှ ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်စက် အရောင်အဝါတို့ကို ထုတ်လွှတ်နေခဲ့ပါတယ်။
Martial Peak
အပိုင်း (၂၆၂) မင်းပဲသေမလား၊ ငါပဲသေမလား
ဓါးခန္ဓာကို ထုတ်ဖော်ထားတဲ့ ဝူးချန်းရီက ပြိုင်ဘက်ကင်းတဲ့ အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့တယ်။ ဓါးအိမ် မချွတ်ရသေးတဲ့ ဓါးတစ်ချောင်းလို နေရာမှာပဲ ရပ်နေခဲ့ပြီး ဓါးချီပေါင်းများစွာကလည်း သူ့ပတ်ပတ်လည်း မီတာဒါဇင်ဝန်းကျင်၌ လှည့်ပတ်နေခ့ပါတယ်။ ဓါးချီတွေက တရွှီရွှီတရွှီရွှီဖြင့် သူ့ဘေးနားတွင် ဝိုင်းပတ်နေခဲ့ကာ လေထုကိုတောင် ထိုးခွဲသွားတော့မလား ထင်ရပြီး သူ့အောက်ခြေရှိ မြေပြင်တောင် တစစနှင့် ကွဲအက်လာခဲ့ပါတယ်။
ရန်ကိုင်ကတော့ အကြောက်အရွံ့မဲ့စွာဖြင့် ဆက်ပြီးပြုံးမြဲ ပြုံနေခဲ့ပြီး သူ့အစစ်အမှန်ချီကို အဆုံးထိမြှင့်တင်လိုက်ပါတယ်။ သူ့ဆီမှ ပြင်းထန်တဲ့ အရှိန်အဝါတို့ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပတ်ပတ်လည်ကို ဖိနှိပ်သွားခဲ့တယ်။ ဝူချန်းရီက ပြိုင်ဘက်ကင်းတဲ့ အရှိန်အဝါကို ထုတ်ဖော်ချိန် ရန်ကိုင်ကတော့ အရာအားလုံးကို ရူးသွပ်သွားစေနိုင်တဲ့ အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပါတယ်။ တိုက်ပွဲမစခင်ကတည်းက တစ်ယောက်နှင့် ပြိုင်ဆိုင်နေခဲ့ကြတယ်။ သူတို့ပတ်ပတ်လည်ရှိ မြေထုတွေဆိုရင် အက်ကွဲကုန်ပြီး လေထုတောင် ပရမ်းပတာတွေဖြစ်ကုန်ကာ နှစ်ယောက်သာ မုန်တိုင်းမျက်စိအလယ်တွင် ရပ်နေရင်း တစ်ယောက်မျက်လုံး တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။
“လာစမ်းပါ” ဝူချန်းရီက အော်ပြောလိုက်တယ်။ သူ့မျက်နှာထက် ရူးသွပ်မှုတို့ဖြင့် ပြည့်နေခဲ့ပြီး ရန်ကိုင်ဆီ ဓါးချီအလင်းလှိုင်းနှစ်ခု ပစ်လွှတ်လိုက်တယ်။ ထိုကြက်ခြေခတ်ပုံသဏ္ဏာန် ဓါးချီအလင်းတန်းနှစ်ခုက လေထုကိုတောင် ကွဲအက်သွာစေသယောင် ထင်ရပြီး မရပ်တန့်နိုင်တဲ့ ဥက္ကာခဲတစ်ခုအလား ရန်ကိုင်ဆီ ပြေးဝင်သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ရန်ကိုင်က ခြေဆောင့်ချလိုက်သဖြင့် မြေပြင်တစ်ခုလုံးကို တုန်ခါသွားစေခဲ့တယ်။ အက်ကြောင်းတွေက သူရပ်နေရာမှတစ်ဆင့် ဘေးပတ်ပတ်လည်ကို ပင့်ကူအိမ်အလား ပျံ့နှံ့သွားခဲ့ပါတယ်။ လျှပ်စီးတမျှ မြန်ဆန်သော အရှိန်နှုန်းဖြင့် ရန်ကိုင်က ဝူချန်းရီဆီ ပြေးဝင်သွားလိုက်တယ်။ သူနှင့် ဝူချန်းရီကြားက အကွာအဝေး တစ်ဝက်လောက် ရောက်ချိန်မှာတော့ ရန်ကိုင်က ဖျက်စီးအားပြင်းထန်တဲ့ လက်သီးတစ်လုံး ကြက်ခြေခတ်သဏ္ဏာန် ဓါးအလင်းတန်းအလယ် တည့်တည့်ဆီ ပစ်လွှတ်လိုက်တယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ကြက်ခြေခတ်သဏ္ဏာန် ဓါးအလင်းတန်း ဖျက်စီးသွားခဲ့ပြီး ရန်ကိုင် အရှိန်ကတော့ နည်းနည်းလေးတောင် လျော့မသွားခဲ့ပေ။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ဝူချန်းရီ မျက်လုံးသူငယ်အိမ်တစ်ခုလုံး ကျုံ့သွားခဲ့ပြီး အားကုန်သုံးကာ ဓါးချီအလင်းတန်းတွေကို အဆက်မပြတ် ခုတ်ချလိုက်တယ်။ ရန်ကိုင်ကတော့ ထိုဓါးချီအလင်းတန်းတွေကို မြန်ဆန်စွာပဲ ရှောင်တိမ်းသွားခဲ့ပြီး သူမရှောင်တိမ်းနိုင်တဲ့ ဓါးချီအလင်းတွေကိုတော့ လက်သီးနဲ့သာ အရိုင်းဆန်ဆန် ဖျက်စီးသွားခဲ့ပါတယ်။ အသက်ရှုရှိုက်စာ သုံးချိန်အတွင်းမှာပဲ ရန်ကိုင်က ဝူချန်းရီရှေ့ကို ရောက်လာခဲ့ပါတယ်။
ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားကြောင့် ဝူချးန်ရီ၏ အသက်ရှုသံ မြန်ဆန်ကြမ်းတမ်းလာခဲ့လာကာ သိပ်မကြာခင်မှာပဲ သူလုံးဝကို ဖိနှိပ်ထားခံလိုက်ရပါလေပြီ။ အားကုန်အသုံးချပြီး မတိုက်ခိုက်နိုင်တော့တဲ့အတွက် ပြန်ဆုတ်ဖို့ ချက်ချင်းပဲ သူဆုံးဖြတ်ချက်ချလိုက်ပါတယ်။
“မင်းဘယ်ကို ပြေးဖို့ကြိုးစားနေတာလဲ” ရန်ကိုင်က ရက်ရက်စက်စက် ပြုံးလိုက်ရင်း ဝူချန်းရီနောက် ချက်ချင်းပဲ ပြေးလိုက်သွားလိုက်ပါတယ်။ အစစ်အမှန်ချီကို သူ့လက်သီးထက် ဝန်းရံကာ ဝူချန်းရီပေါ် လက်သီးမိုးတွေ အဆက်မပြတ် ရွာချပေးနေခဲ့တယ်။ ဝူးချန်းရီကတော့ သိမ်မွေ့ညင်သာတဲ့ ဓါးရေးနှင့် ရန်ကိုင်၏ လက်သီးချက်တွေကို ချေဖျက်သွားခဲ့ပါတယ်။
ဓါးချက်နှင့် လက်သီးချက်တို့ ထိပ်တိုက်တွေ့တဲ့အချိန် အရောင်တလက်လက် လင်းလက်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ကြားက ထိပ်တိုက်တွေ့ဆုံမှ ဖြစ်ပေါ်လာတဲ့ အဖျက်စီးလှိုင်းလုံးတွေက ဘေးပတ်ပတ်လည်ကို ပျံနှံ့လို့နေခဲ့ပါတယ်။ တိုက်ပွဲစကတည်းက ရန်ကိုင်နှင့် ဝူချန်းရီတို့ နှစ်ယောက်စလုံး ဘယ်သူမှ နှေးနှေးလေး ရွေ့လျားနေခဲ့ကြာတာ မဟုတ်ပါ။ ဒါပေမယ့် တိုက်ပွဲချိန် ကြာလာတာနဲ့ သူတို့နှစ်ယောက်၏ ပုံရိပ်တွေက တဖြည်းဖြည်း ဝေဝါးလာခဲ့ပြီး နောက်ဆုံး တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားသလားလို့ ထင်ရတဲ့အထိတောင် ဖြစ်သွားခဲ့ရပါတယ်။
ပုံရိပ်နှစ်ခု ပေါ်လာတိုင်း နားစူးလှတဲ့ ပေါက်ကွဲသံတို့ ထွက်ပေါ်လာစမြဲပါ။
လက်ဖက်ရည် ခွက်တစ်ဝက်စာ သောက်ချိန်အတွင်းမှာပဲ ထိုနှစ်ယောက်က အကွက်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက် ပြီးသွားခဲ့ပါပြီ။
ဘုန်း…
ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ ပုံရိပ်နှစ်ခု လူချင်းခွဲထွက်လိုက်ပါတယ်။ နှစ်ယောက်စလုံး နောက်ဘက်ကို လွင့်ပျံလာခဲ့ပြီး မြေပြင်ပေါ်ကို အားပြင်းပြင်းနှင့် ကျဆင်းလာခဲ့ကာ မြေကြီးထက် အပေါက်ကြီးတွေကိုတောင် ဖြစ်သွားခဲ့စေခဲ့တဲ့အထိပါပဲ။ မြေကြီးပေါ်ရောက်တာနဲ့ မြေကြီးကိုအားကန်ပြုကာ ရန်ကိုင်နှင့် ဝူချးန်ရီတို့ နှစ်ယောက်စလုံး တစ်ယောက်စီတစ်ယောက် နောက်တစ်ကြိမ် ပြေးဝင်သွားခဲ့ပြန်ပါပြီ။
ကျိမိုကတော့ အဝေးတစ်နေရာဆီမှ တိုက်ပွဲကို မျက်တောင်မခတ်ပဲ ကြည့်နေခဲ့ပါတယ်။ သူမမျက်နှာထက်မှာတော့ အံ့အားသင့်မှုတို့ကို အထင်သား မြင်နေရပါတယ်။ ထိုတိုက်ပွဲကို ရန်ကိုင် နိုင်မနိုင်ဆိုတာကို သူမဘယ်တုန်းကမှ သံသယမရှိခဲ့ပါ။ သူမအံ့အားသင့်ရတာက ရန်ကိုင်ရဲ့ တိုက်ပွဲစွမ်းအားကိုပါ။
“ကောင်စုတ်က ဒီလောက်အထိတောင် သန်မာလာခဲ့ပြီပဲ” ကျိမိုက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။ သူမနှလုံးသားလေးကတော့ ရှုပ်ထွေးတဲ့ ခံစားချက်တို့ဖြင့် ရောထွေးနေခဲ့ပြီး သူမမျက်နှာထက်မှာတော့ ထူးဆန်းတဲ့ အပြုံးတစ်ခုကို ဆင်မြန်းလျက်ပေါ့။
သူတို့နောက်ဆုံးအကြိမ် ခွဲခွာခဲ့တုန်းက ရန်ကိုင်က သူမစီနီယာအစ်ကိုနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ရန်ကိုင်က ချီရွှယ့်ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ပါ။ ထူးဆန်းတဲ့ ပညာရပ်တစ်ခုကိုသုံးပြီး အဆင့်၆သားရဲကို ထိန်းချုပ်နိုင်ခဲ့လိုသာ တိုက်ပွဲအခြေအနေကို ပြောင်းလဲနိုင်ခဲ့တာပါ။ ဒါပေမယ့် အခုနောက်တစ်ကြိမ် ပြန်တွေ့ရချိန်မှာတော့ သူက ဝူချန်းရီနှင့်တောင် လက်ရည်တူ ယှဉ်တိုက်နိုင်နေပါပြီ။
တစ်ဦးချင်းတိုက်ပွဲစွမ်းရည်ကိုသာ နှိုင်းယှဉ်ရမယ်ဆိုရင် ဝူချန်းရီက ချီရွှယ့်ထက် နည်းနည်း ပိုပြီးသန်မာပါတယ်။ ရန်ကိုင် တိုးတက်လာတဲ့နှုန်းကို ကျိမိုကို ပါးစပ်အဟောင်းသာ ဖြစ်စေခဲ့သလို မနာလိုလည်း ဖြစ်စေမိခဲ့ပါတယ်။ အတွေးထဲ၌ တစ်ခဏလောက် နစ်မြောနေပြီးနောက် ရန်ကိုင်နှင့်ဝူချန်းရီတို့က မီတာ၁၀၀၀ကျော်အကွာအဝေးကို ရောက်သွားပြီဆိုတာကို သူမခပ်မြန်မြန်ပဲ သတိပြုမိလိုက်ပါတယ်။ မြေကြီးကို ကန်ကျောက်လိုက်ပြီး ကျိမိုက ထိုနှစ်ယောက်တိုက်ပွဲဆီ ခပ်မြန်မြန်သွားလိုက်တယ်။ တိုက်ပွဲရဲ့ တစ်စွန်းတစ်စလေးကိုတောင် သူမမလွဲချင်ပေ။
အထူးသဖြင့် ထိုနှစ်ယောက်က သူမနှင့် အသက်ရွယ်တူလောက် ဖြစ်နေတဲ့အပြင် မျိုးဆက်တစ်ခုတည်းတဲ့ ကျင့်ကြံသူတွေလည်း ဖြစ်နေပါသေးတယ်။ သွေးစီးကြောင်းအတိုင်းလိုက်သွားနေရင်း နောက်ဆုံးသူတို့နှစ်ယောက် တိုက်ပွဲဖြစ်နေရာဆီသို့ သူမရောက်ရှိလာခဲ့ပါပြီ။ အခု သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် မီတာ၃၀အကွာတွင် မတ်တပ်ရပ်နေကြပါတယ်။
ဝူချန်းရီ၏မျက်နှာက မှိုင်းဝေနေကာ မူလက တည်ငြိမ်ပြီး မောက်မာတဲ့အမူအရာကိုတော့ သူ့မျက်နှာထက် မတွေ့ရတော့ပါ။ အဲ့ဒီအစား သူ့မျက်လုံးထဲ အဆုံးမရှိတဲ့ ဒေါသတို့သာ ရှိနေပါတော့တယ်။ သူမျက်လုံးတွေက နည်းနည်းတုန်ရင်နေခဲ့ပြီး ရန်ကိုင်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့ပါတယ်။
သူ့မျက်နှာက အနည်းငယ် ဖြူလျော်နေခဲ့ပြီး သူ့ပါးစပ်အစွန်းကနေ သွေးတွေစီးကျနေခဲ့ပါတယ်။ သူဒဏ်ရာရထားတာ အသိသာကြီးပါ။ ရန်ကိုင်ကိုယ်မှာလည်း ဓါးဒဏ်ရာတွေနဲ့ပါ။ သူ့အဝတ်အစားတွေဆိုရင် သွေးတွေနဲ့တောင် စွန်းထင်းနေခဲ့ပါတယ်။ အထူးသဖြင့် သူ့လက်သီးနှစ်လုံးစလုံး ဓါးဒဏ်ရာသေးသေးလေးတွေနဲ့ ပြည့်နေခဲ့ပါတယ်။
ဝူချန်းရီရဲ့ ဓါးခန္ဓာကိုယ်က တိုက်ခိုက်တာကော ခုခံတာကိုပါ လုပ်နိုင်တဲ့အတွက် ရန်ကိုင်က ဝူချန်းရီကို တိုက်ခိုက်ချင်တယ်ဆိုရင် သူ့ကိုယ်သူအရင်အနာခံဖို့ လိုပါတယ်။ ဒါပေမယ့် အဲ့လိုဒဏ်ရာတွေနဲ့တောင် ရန်ကိုင်ကတော့ သွေးဆာနေတဲ့ နတ်ဆိုးတစ်ကောင်လို ရယ်မောနေပါသေးတယ်။
နေရောင်အောက်ဝယ် သူ့တစ်ကိုယ်လုံ သွေးတိုးဖြင့် စိုရွှဲနေခဲ့၊ အနက်ရောင်ဆံသားတို့ကလည်း လေနှင့်အတူ တဖျတ်ဖျတ် လှုပ်ခတ်နေခဲ့ပြီး သူ့ရဲ့ ရုပ်ချောချော မျက်နှာလေးဟာလည်း အကြောက်အရွံ့ ကင်းမဲ့စွာဖြင့် ပြုံးနေခဲ့တယ်။ ထိုအခြင်းအရာကိုကြည်း ကျိမိုလေး ရှက်သွေးဖြာသွားခဲ့ပါတယ်။
“ငါအသက်ရှစ်နှစ်မှာ စလေ့ကျင့်တယ်…” ဝူချန်းရီက ရုတ်တရက် ပြောလိုက်တယ်။ သူ့အသံက အနည်းငယ် ကြမ်းရမ်းနေခဲ့ပြီး မတည်မငြိမ် ဖြစ်နေခဲပါတယ်။ “ငါ့ရွယ်တူတွေကြားထဲမှာ ပြိုင်ဘက်ကင်းခဲ့တာ အခုဆို ၁၄နှစ် ရှိခဲ့ပြီ။ ဘယ်သူမှ ငါ့ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘူး။ ဘယ်သူမှလည်း ငါ့ကိုအနိုင်မယူနိုင်ခဲ့ဘူး။ မိသားစုရှစ်ခု ကောင်းချီးပေးသားတော်တွေတောင် ငါ့ကိုမယှဉ်ပြိုင်နိုင်ခဲ့ဘူး။ ဓါးကငါ့လက်ထဲမှာ ရှိနေသရွေ့ ဘယ်သူမှ ငါ့ကိုအနိုင်ယူနိုင်မှာ မဟုတ်ဘူး”
အသက်ပြင်းပြင်း တစ်ချက်လောက် ရှုလိုက်ပြီးနောက် ဝူးချန်းရီ၏ မျက်နှာ ရုတ်တရက် လေးနက်သွားခဲ့ပါတယ် “မင်းက တကယ်ကို အားကောင်းတယ်။ အစစ်အမှန်ဒြပ်စင်အဆင့်၁ လေးနဲ့တောင် ငါ့နဲ့လက်ရည်တူ ယှဉ်တိုက်နိုင်တယ်ဆိုတော့ ငါကိုယ်တိုင်တောင် အမြင်ကျယ်သွားခဲ့ရတယ်။ ဒီကမ္ဘာကြီးထဲမှာ အခြားဂျီးနီးယပ်တွေ မရှိတော့တာ မဟုတ်ဘူး။ ငါကိုယ်တိုင်ကို ဘာမှမသိနားမလည်တာပဲ”
“မသေချင်လေး အဲ့အချက်ကို နားလည်သွားတယ် ဆိုတော့ မင်းလည်း ကျေနပ်သင့်ပါတယ်” ရန်ကိုင်က ပြုံးလိုက်ပါတယ်။
ဝူချန်းရီက သူ့ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ရန်ကိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး “ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်းထင်နေတာလား။ အခုထိ ငါ့ခွန်အား အစစ်အမှန်ကို မင်းကိုမပြရသေးဘူးပဲ”
“ငါလည်း အတူတူပဲလေ” ရန်ကိုင်က ဝူချန်းရီကို အေးစက်စက် အကြည့်ဖြင့် ပြန်ကြည့်လိုက်တယ်။ ဖော်ပြမရနိုင်တဲ့ အပြုံးတစ်ခုဟာတော့ သူ့မျက်နှာထက် ထွက်ပေါ်လို့ လာခဲ့ပါတယ်။
“ကောင်းတယ်။ အဲ့လိုဆိုတော့လည်း မင်းဘယ်လောက်အထိ သန်မာလဲဆိုတာ ငါ့ကြည့်ရသေးတာပေါ့” ဝူချန်းရီက အော်ပြေလိုက်ပါတယ်။
ငယ်စဉ်ကတည်းက သူကအမြဲတမ်း မော့ကြည့်ခံခဲ့ရတဲ့ သူတစ်ယောက်ပါ။ အကြီးအကဲတွေကတောင် သူ့ကို ချီးကျူးခဲ့ရတာပါ။ သူက ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ အဖိုးအတန်းဆုံး တပည့်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူက ဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ မျှော်လင့်ချက်တွေကို သယ်ပိုးထားရသူ တစ်ယောက်ဆိုလည်း မှန်ပါတယ်။ သူသာ ကြီးထွားလာခဲ့ရင် ကြယ်ဓါးကိုးချောင်းဂိုဏ်းက မိသားစုကြီး ရှစ်ခုကိုကျော်လွန်ပြီး ကမ္ဘာကြီးတစ်ခုလုံးကို ကြီးစိုးနိုင်လိ့မ့်မှာလို့ အကြီးအကဲတွေကို ကိုယ်တိုင်ကကို မျှော်လင့်ထားတာပါ။
ထိုကဲ့သို့ မာနာကြီးလူတစ်ယောက်က သူ့ထက် သိုင်းအဆင့်များစွာ နိမ့်တဲ့ လူတစ်ယောက်ကြောင့် ဒဏ်ရာရခဲ့တယ်။ ဝူချန်းရီလို လူမျိုးက ထိုကဲ့သို့စော်ကားမှုမျိုးကို သည်းခံနိုင်လိမ့်မည် မဟုတ်တာပေါ့ လုံးဝကို ကျိန်းသေပါတယ်။ ဒီနေရာကို လာပြီး သူ့အသက်ကို ယူဖို့ကြိုးစားတာ ရန်ကိုင်ပါ။ သူက အရင်စခဲ့တာ မဟုတ်။ ဒါပေမယ့် အခု ရန်ကိုင်က ရပ်ချင်တယ်ဆိုရင်တောင် ဝူချန်းရီကတော့ ဘယ်တော့မှ ရပ်တန့်လိမ့်မည် မဟုတ်ချေ။
သူတို့နှစ်ယောက်ကြားက တိုက်ပွဲက တစ်ယောက်သေမှ ပြီးမယ့်တိုက်ပွဲမျိုးပါ။ ဝူချန်းရီသာ ရှင်မယ်ဆိုရင် ရန်ကိုင် သေရပါမယ်။ အဲ့လိုပဲ ရန်ကိုင်သာ ရှင်မယ်ဆိုရင် ဝူချန်းရီ သေရပါမယ်။ ပထမ၊ ဒုတိယ ဆိုတာကို သူမလိုလားချေ။ လူငယ်မျိုးဆက်တွေထဲမှာ သူသာခေါင်းဆောင် တစ်ယောက်ဖြစ်ရမယ်လို့ ဝူချန်းရီက တွေးထးတာပါ။ သူ့နေရာကို စိတ်ခေါ်နိုင်သည့် လူအားကို သူရှင်းထုတ်ပစ်ရပါမယ်။
ပြောပြီးတာနဲ့ ဝူချန်းရီ၏ အမူအရာက တည်ငြိမ်သွားခဲ့ပြီး အားကောင်းလှတဲ့ ဓါးအရှိန်အဝါတစ်ခုက သူ့ဆီကနေ ထွက်ပေါ်လာခဲ့တယ်။ ကျိမို၏ မျက်နှာလှလှလေးလည်း တောင့်တင်းသွားခဲ့ပြီး ချက်ချင်းပဲ အလျင်စလို နောက်ဆုတ်လိုက်တယ်။ မီတာရာပေါင်းများစွာ ဆုတ်ပြီးတော့မှပဲ သူမရပ်လိုက်တယ်။
ရန်ကိုင် အမူအရာလည်းပဲ လေးနက်သွားခဲ့တယ်။
“ငါ့မှာတစ်ကွက်ပဲ ကျန်တော့တယ်။ မင်းသာ အဲ့အကွက်ကို ခုခံနိုင်ခဲ့ရင် မင်းနိုင်ပြီ။ ဒါပေမယ့် မခုခံနိုင်ရင်တော့… မင်းသေပြီပဲ” ဝူချန်းရီက ပြေလိုက်တယ်။ အစစ်အမှန်ချီစွမ်းအင်တွေက သူ့တစ်ကိုယ်လုံးမှ ထွက်ပေါ်လာခဲ့ပြီး ဓါးသွားတွေအဖြစ် ဖွဲ့စည်းသွားခဲ့ပါတယ်။ သူဖော်ထုတ်ထားတဲ့ ဓါးခန္ဓာကိုယ်တောင် ပြိုပျက်သွားခဲ့ရပါတယ်။
သူက ခုခံဖို့ကို လုံးဝမစဉ်းစားတော့ပါ။ သူ့အစစ်အမှန်ချီတွေ အကုန်လုံးက တိုက်ကွက်တစ်ခုတည်းကိုသာ အားရုံစိုက်ထားပါတော့တယ်။ တစ်ခဏအတွင်းမှာပဲ ဝူးချန်းရီကို ဓါးချီပေါင်းများစွာက ဝန်းရံသွားခဲ့တယ်။
ထိုဓါးသွားတွေက အစစ်အမှန်ချီဖြင့် ဖွဲ့စည်းထားတာပါ။ ဓါးသွားတစ်ချောင်းချင်းစီမှာ ပါဝင်တဲ့စွမ်းအင်တွေက တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့အတွက် ထိုကဲ့သို့တိုက်ခိုက်မှုမျိုးနဲ့ ရင်ဆိုင်ရတဲ့ ဘယ်သူမဆို သူတို့ရွေးချယ်စရာဆိုလို့ ရှောင်တိမ်းဖို့ပြ ရှိပါတော့တယ်။
ဒါပေမယ်ံ ဝူးချန်းရီ၏ တိုက်ကွက်က မပြီးမြောက်သေးပေ။ သူ့ဓါးကိုနောက်တစ်ကြိမ် ဝှေ့ရမ်းလိုက်သည့် အချိန်တွင် နောက်ထပ် ဓါးသွားတစ်ရာ ထပ်မံဖြစ်ပေါ်လာခဲ့ပါတယ်။ နောက်….ဓါးချီတစ်ရာ..နောက်…ဓါးချီတစ်ရာ… သိပ်မကြာခင်မှာပဲ ကောင်းတစ်ခုလုံး ဓါးသွားတို့ဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ကမ္ဘာကြီးတစ်ခုလုံး ဓါးကမ္ဘာကြီးလို့တောင် ထင်မှတ်သွားရနိုင်ပါတယ်။
ရန်ကိုင်လည်း အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး သူ့စွမ်းအားတွေကို ဆက်ပြီးထိန်ချန်ထားဖို့ မကြိုးစားတော့ချေ။ နောက်… သူ့လက်ထဲတွင် အသူရာဓါးထွက်ပေါ်လာခဲ့တယ်။ သူ့သွေးကြောတွေထဲရှိ အစစ်အမှန်ချီတွေက ဒန်တန်ထဲကို ပြန်ဆုတ်သွားခဲ့ပြီး ရွှေရောင်အရိုးခြောက်ထဲရှိ စွမ်းအင်တို့ဖြင့် တစ်မုဟုတ်ချင်း အစားထိုးခံလိုက်ရပါတယ်။
ထူထဲလှသည့် သတ်ဖြတ်လိုစိတ်တိုဖြင့် ပြည့်နေသည့် အနက်ရောင်မြူတို့က ရန်ကိုင်ခန္ဓာကိုယ်ဆီကနေ ထွက်ပေါ်လာခဲ့တယ်။ ရွှေရောင်အရိုးခြောက်ထဲမှာ ရှိတဲ့စွမ်းအင်တွေက သူလေ့ကျင့်တဲ့ ယန်စွမ်းအင်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မိစ္ဆာစွမ်းအင်တွေပါ။ ထိုစွမ်းအင်တွေ ထွက်ပေါ်လာတာနဲ့ လေထုတစ်ခုလုံး သတ်ဖြတ်လိုသည့်၊ ဖျက်စီးလိုသည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်သွားပါတော့တယ်။ ထိုအရှိန်အဝါက အသူရာဓါးထဲမှာ ပါဝင်တဲ့ အရှိန်အဝါနဲ့ အတူတူပါပဲ။
ရန်ကိုင်က ထိုတူညီတဲ့ စွမ်းအင်နှစ်ခုကို တစ်ပြိုင်တည်း အသုံးပြုရတာကတော့ သူ့စွမ်းအင်တွေကို အဆုံးစွန်ထိ မြှင့်တင်နိုင်ဖို့ပါပဲ။ ဒါပေမယ့် ထူးဆန်းစွာပဲ အသူရာဓါးကို ကိုင်ပြီး ရွှေရောင်အရိုးခြောက်ထဲက စွမ်းအင်တွေကို ထုတ်ဖော်လိုက်တဲ့အချိန် ထိုအသူရာဓါးက ရွှေရောင်အရိုးခြောက်ထဲက စွမ်းအင်တွေကို အငမ်းမရ စတင်ဝါးမြိုပါတော့တယ်။
တစ်ခဏအတွင်းမှာပဲ အသူရာဓါးက အနီရောင်နှင့် အနက်ရောင်အလင်းတို့ဖြင့် တလက်လက် တောက်ပနေပါတော့တယ်။ ထိုအနီနက်ရောင်အလင်းက စုပ်ဝဲတစ်ခုအလား ထိုအလင်းရောင် ထွက်ပေါ်လာတာနဲ့ ဘေးပတ်ဝန်းကျင်ရှိ အလင်းရောင်တို့ လုံးဝကို မှိန်ကျသွားရပါတော့တယ်။ ကမ္ဘာကြီးတစ်ခုလုံးတောင် အရောင်အဆင်း မဲ့သွားသလို ထင်မှတ်သွားရနိုင်ပါတယ်။
အဝေးတစ်နေရာမှာ ရပ်နေတဲ့ ကျိမိုကတော့ အဆုံးမဲ့အသူရာ ချောက်ထဲကို ကျသွားသလို ခံစားလိုက်ရပါတယ်။ အသူရာဓါးက စူးရှစွာ မြည်ကြွေးလိုက်ပြီး ဝူချန်းရီ၏ မရေမတွက်နိုင်သည့် ဓါးများစွာကလည်း ထိုမြည်ကြွေးသံနှင့်ပြိုင်တူ တုန့်ပြန်လိုက်ကြပါတယ်။ ဝူချန်းရီ ဖန်တီးထားတဲ့ ဓါးသွားတွေက ပြင်းပြင်းထန်ထန် တုန်ရီနေခဲ့ပြီး သူ့ထိန်းချုပ်မှုကနေ ရုန်းထွက်ဖို့ကြိုးစားနေခဲ့ပါတယ်။ ဝူချန်းရီ၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ့စိတ်ကို တည်ငြိမ်အောင်လုပ်ကာ ချီဓါးသွားတွေကို အမြန်ပြန်ထိန်းချုပ်လိုက်ရပါတော့တယ်။ ရန်ကိုင်လည်း သူမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကြောင်အသွားခဲ့ရပါတယ်။ ဒါပေမယ့် မကြာပါဘူး… သူ့မျက်လုံးတွေက စိတ်လှုပ်ရှားသည့် အရိပ်အယောင်တို့ဖြင့် လက်သွားခဲ့ပြီး အသူရာဓါးထဲကို အစစ်အမှန်ချီတွေ ဆက်ပြီးထည့်သွင်းပါတော့တယ်။
ထိုအချိန်တွင် သူနှင့် ထိုကောင်းကင်အဆင့် အသူရာလက်နက်ကြားတွင် ဆက်သွယ်မှုတစ်ခု ဖြစ်တည်သွားခဲ့ပါပြီ။ အခုအချိန်တွင် အသူရာလက်နက်ကို လက်နက်တစ်ခုလို့ သူမခံစားရတော့ပါ။ အဲ့ဒီအစား သူ့အသွေးအသားတစ်ခုလို သူခံစားလာခဲ့ရတယ်။ ဂျီးနီးယပ်နှစ်ယောက် သူတို့နောက်ဆုံး တိုက်ကွက်အတွက် အကောင်းဆုံး ပြင်ဆင်နေခဲ့ကြတယ်။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စိုက်ကြည့်နေခဲ့ပြီး နှစ်ယောက်စလုံး မျက်လုံးထဲတွင် ရက်စက်ပြီး သနားကြင်နာမှု အရိပ်အယောင် မရှိသည့် ပြတ်သားမှုတို့ကို မြင်တွေ့နေရပါတယ်။
ဓါးသွားနှစ်ထောင်ကျော်ကို စုဆောင်းပြီးချိန်မှာတော့ ဝူချန်းရီ ပြင်ဆင်တာ ပြီးဆုံးသွားခဲ့ပါပြီ။ နောက်ဆုံးဓါးသွားကို စုဆောင်းပြီးချိန်မှာတော့ ဝူချန်းရီ၏မျက်နှာတစ်ခုလုံး သွေးမရှိတော့သည့်အလား ဖြူလျော်သွားခဲ့ပြီး သူ့အရှိန်အဝါလည်း အလျင်အမြန် ထိုးကျသွားခဲ့ပါတော့တယ်။ အခုအချိန်မှာ သူက ကြက်တစ်ကောင်ကိုတောင် မသတ်နိုင်တဲ့ သာမန်လူတစ်ယောက်နဲ့တောင် တူနေပါသေးတယ်။
“အခု တိုက်ကွက်က ငါတို့ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ အဆုံးစွန်သော တိုက်ကွက်ဖြစ်တဲ့ ဓါးသွားတစ်ထောင် ခုတ်ချက်ပဲ” ဝူချန်းရီက အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်ပါတယ်။ သူ့မျက်နှာထက် နောင်တရသည့် အရိပ်အယောင် တစ်စွန်းတစ်စ ဖြတ်ပြေးသွားခဲ့ပြီး “ကံဆိုးစွာနဲ့ပဲ ငါ့လက်ရှိခွန်အားက ဓါးသွားနှစ်ထောင် ကျော်လောက်ကိုပဲ ဆင့်ခေါ်နိုင်သေးတယ်။ အခုတိုက်ကွက်ထဲမှာ ငါလက်ကျန်ချီစွမ်းအင်တွေ အကုန်အစင် ပါဝင်နေတယ်”
သူပြေနေတာကို ထောက်ခံသည့်ပုံနှင့် ရန်ကိုင်က အသူအရာဓါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အကြောက်အရွံ့မဲ့စွာ ပြုံးလိုက်ရင်း “ဒီသိုင်းပညာရပ်ရဲ့ နာမည်ကိုငါမသိပေမယ့် အရမ်းကို ကြောက်ဖို့ကောင်းတယ်ဆိုတာတော့ ငါသိတယ်။ အဲ့ဒါကြောင့် မင်းကိုယ်မင်း ပြင်ဆင်ထားသင့်တယ်”
Martial Peak
အပိုင်း(၂၆၃) ခိုးယူထားသော သိုင်းပညာရပ်
ဘေးကနေ ရပ်ကြည့်နေတဲ့ ကျိမိုက ထိုနှစ်ယောက်ကို အထင်တသေး ကျိန်ဆဲလိုက်တယ်။ ထိုနှစ်ကောင်က တစ်ယောက်ကို တစ်ယောက်ကို သတ်ဖြတ်ဖို့ တော်တော်လေး စိုးရိမ်နေကြပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် အသေသတ်ဖို့အတွက် မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ကြပါတယ်။
ဒါပေမယ့် နောက်ဆုံးအခိုက်အတန့်ကို ရောက်လာတဲ့အချိန်မှာတော့ ရန်ကိုင်နှင့် ဝူချန်းရီတို့ နှစ်ယောက်က ချက်ချင်း မတိုက်ခိုက်သေးပဲ သိုင်းပညာရပ်တွေကို အပြန်အလှန် ချီးမွမ်ခန်းဖွင့်နေခဲ့ကာ သတိပေးနေခဲ့ကြတယ်။
ယောကျ်ားတွေက တကယ်ကို ထူးဆန်းတဲ့ လူတွေပဲ… တိုက်စရာရှိတာတိုက်၊ သတ်စရာရှိတာ မြန်မြန်သတ်လိုက်ရင် ပြီးနေတာကို လျှာအရိုးရှည်နေကြသေးတယ်…။
အကွက်ချ စီစဉ်တတ်တဲ့ မိန်းမတစ်ယောက်အနေနဲ့ ယောကျာ်းတွေက တစ်ခါတစ်ရံ သူမတို့ထက် ပိုပြီးမောက်မာတတ်တယ်ဆိုတာ ကျိမိုနားလည်ထားပါတယ်။ သေတော့မယ့် အချိန်မှာတောင် သူတို့ရဲ့ ကိုယ်ပိုင် မာနာကို အထိခိုက်မခံကြချေ။
သူ့တိုက်ခိုက်မှုက ရန်ကိုင်ကို အသေသတ်နိုင်မယ့်လို့ ယုံကြည်ထားစေတဲ့ ဝူချန်းရီရဲ့ မာနကြောင့် ဝူချန်းရီက ရန်ကိုင်တိုက်ကွက်ကို စိုးစဉ်းမျှ ပူပန်းခြင်းမရှိပဲ ရန်ကိုင်နှင့် စိတ်ရှည်လက်ရှည် စကားပြေနေတာပါ။ ဝူချန်းရီက တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အချိန် အလစ်ချောင်းတိုက်တာကို ရန်ကိုင် မာနက ခွင့်မပြုပဲ ထိပ်တိုက်ရင်သာ ရင်ဆိုင်ခိုင်းပါတယ်။
ဒါက ယောကျာ်းတွေကြားက တိုက်ပွဲပါ။
မိန်းမတစ်ယောက်အနေနဲ့… သူတို့အတွေးတွေက သူမအတွက် ယုတ္တိမရှိပေ။
ဓါးသွားနှစ်ထောင်ကြား ရပ်နေတဲ့ ဝူချန်းရီက ရုတ်တရက် လှုပ်ရှားလိုက်ပါတယ်။ ထိုအခိုက်အတန့်ဝယ် သူ့ပုံရိပ်က လုံးကိုပြောင်းလဲသွားခဲ့ရတယ်။ ထိုတိုက်ခိုက်မှုက ဓါးသိုင်းပညာရပ်တစ်ခုသာ မဟုတ်။ သူတစ်ဘဝလုံး လေ့ကျင့်လာတဲ့ သိုင်းပညာရပ်တစ်ခုလို့တောင် ထင်ရပါတယ်။
ဓါးရေးဟန်ပြလိုက်ပြီး ဓါးသွားထိပ်မှာ ရောင်ခြည်တို့ ထွန်းလင်းတောက်ပလာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ပတ်ပတ်လည်ရှိ ဓါးသွားတွေဟာ စတင်တုန်ခါလာခဲ့ပြီး မြည်သံသဲ့သဲ့ပေးရင်း ကောင်းကင်ကို ထိုးဖောက်တော့ မလားတောင် ထင်မှတ်လာရပါတော့တယ်။
ဓါးသွားနှစ်ထောင်ဟာ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ဓါးသွားတစ်ထောင် ဖြစ်သွားခဲ့တယ်။ ဓါးသွားတစ်ဝက်က နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ် သွားခဲ့ပြန်ပြီးနောက် ဓါသွားငါးရာသာ ကျန်ရှိပါတော့တယ်။
ဓါးသွားသုံးရာ…နှစ်ရာ….တစ်ရာ…ကိုးဆယ်…
နောက်ဆုံး ဓါးသွားတွေ တည်ငြိမ်သွားတာနဲ့ ဝူချန်းရီပါးစပ်မှာ သက်ပြင်းချသံ သဲ့သဲ့ ထွက်ပေါ်လာခဲ့ပြီး နောင်တနှင့် ကူကယ်ရာမဲ့မှုတို့လည်း သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် သက်ပြင်းချပြီးနောက် ဝူချန်းရီမျက်နှာက ရုတ်ချည်း တစ်ဖန် ပြန်လည်တောက်ပလာခဲ့ပြီး အလုံးစုံသော ယုံကြည်ချက်အပြည့်ရှိမှုတို့ကိုလည်း သူ့မျက်နှာထက် တွေ့မြင်လာရတယ်။
ဓါးသွားတွေ တလက်လက် ဖြစ်သွားခဲ့ပြီး ဓါးသွားကိုးဆယ်ဟာ ရန်ကိုင်ဆီ ပြေးဝင်သွားပါတော့တယ်။
ဓါးသွားတစ်ထောင်ခုတ်ချက်…
ထိုတိုက်ကွက်က ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ အားအကောင်းဆုံး သိုင်းပညာရပ်တစ်ခုပါပဲ။ ထိုသိုင်းပညာကို ဂိုဏ်းအတွက် အရမ်းအရေးကြီး၊ ဂိုဏ်းအပေါ် နင့်နေအောင် အကျိုးအမြတ် ပြုစေနိုင်တဲ့ လူတွေကိုပဲ သင်ကြားခွင့်ပေးတာပါ။ ဝူချန်းရီက လူငယ်မျိုးဆက်ထဲမှာ ထိုသိုင်းပညာရပ်ကို လေ့ကျင့်သင်ကြားနိုင်ခဲ့တဲ့ တစ်ယောက်တည်းသော သူပါပဲ။ ထို့ကြောင့် သူ့ကိုဂိုဏ်းက ဘယ်လောက်တန်ဖိုးထားလဲဆိုတာ မြင်တွေ့နိုင်ပါတယ်။
ထိုသိုင်းပညာရပ်ကိုသာ လုံဝကျွမ်းကျင်အောင် လေ့ကျင့်သွားနိုင်ခဲ့မယ်ဆိုရင် ဓါးသွားတစ်သောင်းကို ဖန်တီးနိုင်ပြီး ဓါးတစ်ချောင်းတည်း ဖြစ်အောင် သိပ်သည်းစေနိုင်မှာပါ။ နောက်ဆုံး ကျန်ရှိတဲ့ ဓါးတစ်ချောင်းက တောင်တွေကို ဖျက်ဆီး၊ မြစ်တွေကို ပိုင်းဖြတ်နိုင်လောက်တဲ့အထိ အားကောင်းလှပါတယ်။ ကံဆိုးစွာပဲ ဝူချန်းရီရဲ့ ခွန်အားက ဓါးသွားနှစ်ထောင်ဖွဲ့စည်း ရုံလောက်အထိပဲ လုံလောက်ပါသေးတယ်။ သူ့ချီစွမ်းအင် အားလုံးကို အသုံးပြုခဲ့ပေမယ်ံ ဓါးသွားနှစ်ထောင်ကျော်ကျော်ကိုပဲ သူဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ထို့ကြောင့် နောက်ဆုံး ဓါးသွားကိုးဆယ်အထိပဲ သူသိပ်သည်းနိုင်ခဲ့ခြင်းပါ။
ဒါပေမယ့် ဓါးသွားကိုးဆယ်အထိ သိပ်သည်းစေနိုင်တာတောင် ထိုသိုင်းပညာရပ်ကနေ ထွက်ပေါ်လာတဲ့ စွမ်းအားက တော်တော်လေးကို ကြောက်ဖို့ကောင်းနေပါပြီ။
ကျိမိုတောင် ဝူချန်းရီဆီက ထွက်ပေါ်လာတဲ့ အရှိန်အဝါကြောင့် တုန်ရီသွားခဲ့ရပါတယ်။ ထိုဓါးသွားကိုးဆယ်ကျော်က သူမနှင့် မီတာ၂၀၀၀လောက် ဝေးကွာပေမယ့် ဓါးသွားဆီကနေ ထွက်ပေါ်လာတဲ့ အရှိန်အဝါက သူ့မကို လာရိုက်ခတ်နေပါသေးတယ်။ သူမဘေးနာရှိ လေထုက ဓါးသွားတွေအလား ဖြစ်သွားခဲ့ပြီး သူအရေးပြားကို ပိုင်ဖြတ်နေခဲ့တယ်။ ခြင်သန်းပေါင်း များစွာ ဝိုင်းကိုက်ခံနေရသလို ကျိမိုခံစားလိုက်ရသဖြင့် တိုးညင်းစွာ အော်ညည်းမိလိုက်ပါတယ်။
ထိုဓါးသိုင်းပညာဟာ… သူမနားလည်နိုင်တာရဲ့ အလွန်မှာပါ။
ဝူချန်းရီသာ သူမကို ရင်ဆိုင်ဖို့ ထိုဓါးသိုင်းပညာရပ်ကို အသုံးပြုခဲ့မယ်ဆိုရင် သူမသေမှာ မုချပါပဲ။ ရန်ကိုင်ဆီ အကြည့်ပြောင်းလိုက်ပြီး ထိုတိုက်ကွက်ကို ရန်ကိုင် ဘယ်လိုခုခံမလဲဆိုတာကို သူမစိတ်ကူးကြည့်လိုက်တယ်။
ဒါပေမယ့် သူမတွေ့လိုက်တာကတော့ အနက်ရောင်မြူတွေနဲ့ ဝန်းရံနေတဲ့ ရန်ကိုင်ကိုပါပဲ။ ရန်ကိုင်ပုံစံကို သူမမမြင်ရတော့ပါ။ သူမမြင်နိုင်တာဆိုလို့ အနက်ရောင်မြူတွေထဲက သွေးလိုနီးရဲနေတဲ့ မျက်လုံးနှစ်လုံးကိုပါပဲ။ ထိုမျက်လုံးအစုံက ရူးသွပ်မှု၊ သွေးဆာမှုတို့နှင့် ပြည့်နေပြီး မြင်လိုက်တဲ့သူအပေါင်းကို တုန်လှုပ်ခြောက်ခြား ရင်ဖိုသွားစေနိုင်ပါတယ်။
သူ့ဆီ ပြေးဝင်လာနေတဲ့ ဓါးသွားကိုးဆယ်ကို ရန်ကိုင် မရှောင်ရှားခဲ့ပါ။ အဲ့ဒီအစား အသူရာဓါးကို ပင့်မြှောက်လိုက်ပြီး သူ့ဆီပြေးဝင်လာနေတဲ့ ဓါးသွားတွေဆီ တိုက်ရိုက်ပိုင်းချလိုက်ပါတယ်။
ရန်ကိုင်ကို ဗဟိုပြုက နှလုံးရပ်တန့်သွား စေနိုင်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။ မြေပြင်တစ်ခုလုံး တုန်လှုပ် အက်ကွဲကုန်ပြီး ကျောက်စကျောက်နတို့ အဘက်ဘက်ကို လွင့်ပျံကုန်ကြပါတော့တယ်။
ဒါပေမယ့် အသူရာဓါးဆီကနေတော့ ဓါးချီ၊ ဓါးလှိုင်… စသဖြင့် ဘာဆိုဘာမှ ထွက်ပေါ်မလာခဲ့ပါ။ ထိုဓါးခုတ်ချက်ထဲမှာ ပါဝင်တဲ့ နက်နဲဆန်းကြယ်မှုက ကျိမိုတွေးတော နိုင်တာထက်ကို ကျော်လွန်ပါတယ်။
ထိုခုတ်ချက်ပြီးတာနဲ့ ရန်ကိုင်က သူ့ကိုသူ အကြောဆန့်သလို ဆန့်ထုတ်လိုက်တယ်။ သူ့မျက်နှာထက် ထူးဆန်းသည့် အပြုံးတစ်ခု ရှိနေခဲ့ပြီး အသူရားဓါးကို မြှောက်ကာ သူ့ပုခုံးပေါ်တင်ထားလိုက်တယ်။ သူပြုံးလိုက်တဲ့ သာမန်ကာလျှံကာ အပြုံးထဲတွင် မယိမ်းယိုင်သော ယုံကြည်ချက်တို့ ပါဝင်နေခဲပါတယ်။
ဝူချန်းရီ မျက်လုံးသူငယ်အိမ်တို့ ကျုံ့သွားခဲ့ရတဘ်။ ရန်ကိုင် တိုက်ခိုက်လိုက်တာကို သူမမြင်လိုက်ရဘူးဆိုပေမယ့် သေမင်းခေါ်သံကို ကြားလိုက်ရသလို သူခံစားခဲ့လိုက်ရတယ်။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ ဝူချန်းရီက ဓါးသွားကိုးဆယ်ကို ရန်ကိုင်ဆီ နောက်တစ်ကြိမ် ပစ်လွှတ်လိုက်ပြန်တယ်။ ဒါပေမယ့် အဲ့အချိန်မှာပဲ ပန်ကန်လုံး တစ်လုံးအရွယ် စာလောက်ရှိတဲ့ အနက်ရောင်စုပ်ဝဲတစ်ခုက လေထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။
တကယ်ကို ထူးဆန်းတဲ့ မြင်ကွင်းပါ။ ကောင်းကင်ပြာ ပန်ချီကားချပ်ထဲကို တစ်ယောက်ယောက် မှင်တစ်စက် ချလိုက်သဖြင့် ဖြစ်ပေါ်လာတဲ့ မြင်ကွင်းပုံစံပေါ့။
ရုတ်ချည်း ထွက်ပေါ်လာတဲ့ အနက်ရောင်စုပ်ဝဲက အဘက်ဘက်ကို စတင်ကျယ်ပြန့်လာပါတော့တယ်။ အမှောင်ထုက သူမမြင်နိုင်ရာ အာလုံးကို ဖုံးကွယ်သွားခဲ့ပြီး သူမမြင်နိုင်တာဆိုလို့ အမှောင်ထုတစ်ခုသာ ရှိတော့ကြောင်း ကျိမိုတွေ့ရှိလိုက်ရတယ်။
အဆုံးမဲ့ မှောင်ထုထဲတွင် ရပ်နေရင်း တစ်ခုခု ပေါက်ကွဲသံကို သူမကြားလိုက်ရတယ်။ တစ်ယောက်ယောက်က ဓါးသွားနှင့် ခုတ်ပိုင်းခံရတဲ့ အသံမျိုးပေါ့။
ကျိမို စိတ်နှလုံး တုန်ရီသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အသံထွက်ပေါ်လာတဲ့ နေရာက ရန်ကိုင် ရပ်နေတဲ့ နေရာမို့လို့ပါပဲ။ သူမမတုန့်ပြန်နိုင်သေးခင်မှာပဲ ဝူချန်းရီ ရပ်နေတဲ့ နေရာကနေ နောက်ထပ်ပေါက်ကွဲသံ တစ်သံ ကြားလိုက်ရပြန်တယ်။
ထိုပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်မှာတော့ ကောင်းကင်နှင့် မြေပြင်တစ်ခွင် တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့ပါတယ်။ တစ်ခဏကြာပြီးနောက် အလင်းရောင် တစ်ပိုင်းတစ်စကို ကျိမိုတွေ့ရှိလိုက်ရတယ်။ သူမပတ်ပတ်လည်ရှိ အမှောင်ထုလည်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ် သွားခဲ့ပါပြီ။
အရှေ့ဘက်ကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ သူမရှေ့ရှိ မြင်ကွင်း အဖုံဖုံးဟာ သွေးရောင်တို့ဖြင့် နီစွေးနေခဲ့ပါတယ်။ ကျိမို၏ နှလုံးခုန်သံ မြန်ဆန်လာခဲ့ပြီး စိုးရိမ်တကြီးနဲ့ ရန်ကိုင်ကို လိုက်ရှာလိုက်တယ်။ မကြာခဲ့ပါဘူး… သူမရန်ကိုင်ကို တွေ့လိုက်ရတယ်။ ရန်ကိုင်ကတော့ အရင်နေရမှာပဲ မတ်တပ်ရပ်နေတုန်းပါ။ ဒါပေမယ့် သူ့အဝတ်အစား တွေကတော့ တစ်စစီ စုတ်ပြဲလို့နေခဲ့ပါပြီ။ သူ့ကိုယ်ပေါ်၌ သွေးတွေ ပန်းထွက်နေတဲ သွေးနီရောင် ဓါးခုတ်ရာတွေလည်း ရှိနေခဲ့ပါတယ်။
သူရှုံးသွားတာလား ကျိမိုက သူမပါးစပ်လေးကို မယုံကြည်နိုင်စွာဖြင့် လက်ကလေးနဲ့ အလိုလို အုပ်ထားမိလိုက်တယ်။ သူ့လို ဒီလောက်တောင် ကြောက်ဖို့ကောင်းတဲ့ မွန်းစတားတစ်ကောင်က ဘယ်လိုလုပ်ပြီး အခုလို ရှုံးနိမ့်သွားရတာလဲ
ဝူချန်းရီရှိရာသို့ လှမ်းကြည့်လိုက်ချိန် ဝူချန်းရီက အရင်လိုပဲ ရပ်နေတာကို သူမတွေ့လိုက်ရတယ်။ သူ့ခန္ဓာကိုယ်က လှံတစ်စင်းအလား ဖြောင့်တန်းနေခဲ့ပြီး သူ့မျက်လုံးအစုံကတော့ လွတ်လပ်ပြီး မတားဆီးနိုင်တဲ့ အရှိန်အဝါတို့ကို ထုတ်လွှတ်နေဆဲပါ။ ဓါးကို သူ့ရှေ့တွင့် ဖြောင်းတန်းစွာ ကိုင်ထားခဲ့ပြီး သူ့အဝတ်တွေကတော့ လေနှင့်အတူ အသာအယာ လှုပ်ရှားနေခဲ့တယ်။
သူ့ရင်ဘတ်ထက် အနီရောင်အစက်လေး တစ်စက် ထွက်ပေါ်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ ကျယ်ပြန့်လာခဲ့တယ်။
သူ့ နှုတ်ခမ်းသားလေးတွေ အကြိမ်အနည်းငယ်လောက် လှုပ်ခါသွားခဲ့တယ်။ သူတစ်ခုခုကို ပြောဖို့ ကြိုးစားနေသည့် ပုံပင်။ ဒါပေမယ့် သူမပြောနိုင်ခဲ့ပါ။ တိတ်ဆိတ်စွာနဲ့ပဲ သူ့အမူအရာက တဖြည်းဖြည်း တောင့်တောင့်ကြီး ဖြစ်လာခဲ့တယ်။
အလျှော့မပေး သေးလိုသော၊ တားဆီးမရနိုင်သော သူ့မျက်လုံးထဲမှ အလင်းရောင်တို့ သည်လည်း တစစ ပျောက်ကွယ်သွားခဲ့ကာ နောက်ဆုံး ဗလာကျင်းနေသည့် မျက်ဝန်းတစ်စုံသာ ကျန်ရှိခဲ့ပါတော့တယ်။
သူသေသွားပြီ
ကျိမိုက စိတ်ထဲကနေ အော်ဟစ်လိုက်တယ်။ သို့ပေမယ့် ရုတ်တရက် အဓိပ္ပါယ် မဖော်နိုင်တဲ့ ခံစားချက်တစ်ခု သူမရလိုက်တယ်။ နောက်ဆုံးတော့ သူတို့နှစ်ယောက် စလုံး သေသွားခဲ့တာပါလား။
‘အဟွတ်..အဟွတ်’ ရန်ကိုင် ရပ်နေတဲ့ နေရာကနေ ချောင်းဆိုးသံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျိမိုလည်း အလန့်တကြား ထခုန်မိလိုက်တယ်။ သူမ လှည့်ကြည့်လိုက်တဲ့အချိန် ရန်ကိုင်က အသူရားဓါးကို ထောက်ထားရင်း တုန်တုန်ရီရီနဲ့ မတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်။ နောက်.. သူတဖြည်းဖြည်း လဲပြိုကျသွားခဲ့ပါတော့တယ်။
“ငါ့ရဲ့ နတ်သမီးလေး…” ရန်ကိုင်က သူမဆီကို လှည့်ကြည့်လိုက်ပြီး ဖွဖွလေးပြုံးရင်း “ငါ့ကို လာကူလို့ ရမလား”
ဒီကောင်စုတ်က မသေသေးဘူးပဲ…။ ကျိမို နှလုံးခုန် မြန်သွားခဲ့တယ်။ ရန်ကိုင် ခေါ်ခေါ်ချင်း သူမမသွားသေးပေ။ မျက်လုံးလေး ကလယ်ကလယ်နဲ့ သူမစိတ်ထဲ လွန်ဆွဲနေလိုက်ပါသေးတယ်။ နောက်ဆုံးမှပဲ ရန်ကိုင်ကို သွားကူပေးဖို့ သူမဆုံးဖြတ်လိုက်တယ်။
မီတာနှစ်ထောင် အကွာအဝေးကို အသက်ရှုရှိုက်စာ နှစ်ဆယ်အတွင်းမှာပဲ သူမ ရောက်သွားခဲ့တယ်။ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တို့ဖြင့် ရောထွေးနေသည့် မျက်လုံးအစုံဖြင့် ရန်ကိုင်ကို ကြည့်လိုက်တဲ့အချိန် ကျိမို နှလုံးခုန် မြန်သွားခဲ့တယ်။ အခုအချိန်သာ သူ့ကို သူမသတ်လိုက်မယ် ဆိုရင်…
သူမစိတ်ဝိဥာဉ်ထဲ အမှတ်အသားကိစ္စကို စိတ်ပူစရာ လိုတော့မည်မဟုတ်။
ဒါပေမယ့် သီးခြားကမ္ဘာထဲမှာတုန်းက ရန်ကိုင်က သူမရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး ဘိုင်ရှုမင်နှင့် သူ့ဂျူနီယာညီလေးကို ရင်ဆိုင်ပေးခဲ့ပါတယ်။ သားရဲတွေ ဝန်းရံခံနေရတဲ့ အချိန်တုန်းကလည်း သက်စွန်းဆံဖြား ကြိုးစားပြီး သူမအသက်ကို သူကယ်တင်ပေးခဲ့တယ်။
ထိုအတိတ် မှတ်ဥာဏ်တွေက သူမကို တုန့်ဆိုင်းနေစေခဲ့တယ်။ ထိုအအကြောင်း အရာတွေကို ဘေးဖယ်ထားရင်တောင် ဒီနေ့ ရန်ကိုင်သာ အချိန်မှီ ရောက်မလာခဲ့ပါက ဝူချန်းရီသတ်လို့ သူမသေနှင့်မှာပါ။
အားလုံးကို ပြန်စဉ်စားကြည့်လိုက်တဲ့အချိန် သူ့မရှေ့ရှိ ကောင်လေးက သူမအသက်ကို သုံးကြိမ်တိတိ ကယ်ထားခဲ့ပါတယ်။
ဟူး… ဘယ်လောက်တောင် ခေါင်းကိုက်စရာ ကောင်းလိုက်လဲ…
“ငါ့ကို အဲဒါလှမ်းယူပေးပါလား” ရန်ကိုင်က အမောတကော အသက်ရှုရင်း လှမ်းပြောလိုက်တယ်။
ရန်ကိုင် စကားသံက ကျိမိုအတွေး တွေကို ပြတ်တောက်သွားစေခဲ့တယ်။ သူမ ငုံ့ကြည့်လိုက်တဲ့အခါ မြေကြီးပေါ် ၌ အိတ်သေးသေးလေး တစ်လုံးကို တွေ့လိုက်ရတဲ့အတွက် ကောက်ယူလိုက်ပါတယ်။ ထို့နောက် ရန်ကိုင်ဆီ သွားလိုက်ပြီး အိတ်ကိုပေးရင်း စိတ်အားထက်သန်စွာနဲ့ မေးလိုက်တယ် “အဲဒါဘာကြီးလဲ”
“ဘာမှမဟုတ်ပါဘူး… လက်နက်တစ်ခုပါပဲ” ရန်ကိုင် ရယ်မောရင်း အိတ်လေးကို သူ့ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်တယ်။ ထို့နောက် ကျိမိုကို အချက်ပြလိုက်ပြီး သူမပုခုံးပေါ်လက်တင်ရင်း ကျိမိုကို ထောက်တိုင်သဖွယ် သုံးကာ မတ်တပ်ရပ်လိုက်တယ်။
“ငါ့ကို ဝူချန်းရီဆီ ခေါ်သွားပေး” ရန်ကိုင်က အမိန့်ပေးလိုက်တယ်။
ကျိမိုက ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပေမယ့် နာခံစွာနဲ့ပဲ သူ့ကို ဝူချန်းရီ ရှိရာဆီ ခေါ်သွားပေးလိုက်တယ်။ ဝူချန်းရီနား ရောက်တဲ့အခါမှာတော့ ဝူချန်းရီ တစ်ကိုယ်လုံး နှံ့နှံ့စပ်စပ် စတင်ရှာဖွေပါတော့တယ်။ သိပ်မကြာခင်မှာပဲ ပုလင်တစ်ဝက်လောက်ကို အရည်တွေနဲ့ ပြည့်နေတဲ့ ပုလင်း တစ်ပုလင်းကို သူတွေ့ရှိလိုက်ရတယ်။
“ဟ ဟ ဟ” ရန်ကိုင် မျက်ရည်ထွက်မတတ် ရယ်မောပါတော့တယ်။ သူခန့်မှန်းခဲ့တာ မမှားပါ။ ဝူခန်းရီလည်း ယန်မီးတောက်အရည်ကို ပိုင်ဆိုင်ထားပါတယ်။ သူပိုင်ဆိုင်ထားတာက ချီကျန်းရှန်ဆီက သူရခဲ့တာထက်တောင် ပိုများနေပါသေးတယ်။
“အဲ့ဒါဘာလဲ” ကျိမိုက ရန်ကိုင်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ရင်း မေးလိုက်တယ်။ ထိုပုလင်းထဲရှိ အရည်က သာမန်မဟုတ်မှန်း သူမသိသလို သူမရနိုင်သည့် အရာမျိုး မဟုတ်တာကိုလည်း သူမသိပါတယ်။
“နောက်မှ ပြောပြမယ်” ရန်ကိုင်က ပျော်ရွှင်စွာဖြင့် ပြုံးလိုက်ပြီး “အရင်ဆုံး လုံခြုံတဲ့နေရာ တစ်ခုစီ ငါ့ကို ခေါ်သွားပေးပါဦး။ ငါ့ဒဏ်ရာတွေကို အရင်ကုရဦးမယ်”
………………..
တောအုပ်အတွင်းပိုင်းထဲရှိ လိုဏ်ဂူတစ်ခုထဲတွင် အထက်ပိုင်း၌ ဘာမှဝတ်မထားသည့် ရန်ကိုင်က တင်ပလင်ခွေ ထိုင်နေခဲ့တယ်။ ဝူချန်းရီနဲ့ တိုက်ပွဲတုန်းက ရခဲ့တဲ့ ဒဏ်ရာတွေက အဲ့လောက်ကြီး မပြင်းထန်ချေ။ သူဒဏ်ရာ ပြန်ကုသဖို့ လုပ်ရတဲ့ အကြောင်းအရင်းက ဓါးတာအို ကြောင့်ပါပဲ။
ဝူချန်းရီရဲ့ ဓါးတစ်သောင်း ခုတ်ချက်က သူ့ကိုယ်ထဲ ဖောက်ဝင်သွားခဲ့တယ်။ ထိုအချိန်၌ ရန်ကိုင်က အသူရာဓါးကို ကိုင်ပြီး ရပ်နေခဲ့တာပါ။ အဲ့အချိန်မှပဲ အသူရာဓါးရဲ့ စိတ်ဆန္ဒကို သူရုတ်တရက် နားလည်သွားခဲ့တယ်။
အသူရာဓါးကို ရရှိပြီးနောက်ပြီး သူအသုံးပြုတာဆိုလို့ အခုအကြိမ်ပါအပါ နှစ်ကြိမ်ပဲ ရှိပါသေးတယ်။ ပထမတစ်ကြိမ်က ကောင်းကင်စံအိမ်၌ ဘိုင်ယွမ်ဖုန်းကို ရင်ဆိုင်တိုက်ခိုက် တုန်းက ထုတ်သုံးခဲ့တာပါ။
ထိုအချိန်တုန်းက အသူရာဓါးကို သူသန့်စင်ပြီးစအချိန်ပေါ့။ ဓါးနဲ့လည်း သိပ်မရင်းနှီး သေးတဲ့အတွက် အသူရာဓါးက သူ့အတွက်တော့ ကောင်းကင်အဆင့် သတ်ဖြတ်ရေး လက်နက်တစ်ခုထက် မပိုခဲ့ပေ။
ဒါပေမယ့် အရင်နှစ်အတောအတွင်း အသူရာဓါးကို သူ့ဒန်တန်ထဲမှာ သိမ်းဆည်းပြီး သူ့ယွမ်ချီနဲ့ အဆက်မပြတ် သန့်စင်ခဲ့တဲ့အတွက် ဓါးက သူနဲ့တဖြည်းဖြည်း ပေါင်းစည်းလာခဲ့တယ်။ အခုအချိန်မှာတော့ ဓါးနဲ့သူက တစ်သားတည်း ဖြစ်သွးခဲ့ပါပြီ။ ဒီတစ်ကြိမ် အသူရာဓါးကို အသုံးပြုတဲ့အခါ အသူရာဓါးက သတ်ဖြတ်ရေး လက်နက်တစ်ခုသာ မဟုတ်ပဲ ဓါးမှာ ပြိုင်ဘက်ကင်း စွမ်းရည် တစ်ခုရှိသေးတာကိုလည်း သူထပ်ပေါင်း သိခဲ့ရတယ်။
ထိုပြိုင်ဘက်ကင်း စွမ်းရည်ကတော့ အသူရာဓါးဟာ ပြိုင်ဘက်ရဲ့ ဓါးပညာရပ် တွေကိုစုပ်ယူနိုင်ပြီး ကိုယ့်အတွက် ပြန်အသုံးချနိုင်တာပါ။ ဒါပေမယ့် ထိုစွမ်းရည်က ဓါးပညာရပ်တွေ အတွက်ပါပဲ။
ဝူချန်းရီနှင့် နောက်ဆုံးအခိုက်အတန့်အတွင် အသူရာဓါးက ရန်ကိုင်၏ ရွှေရောင် အရိုးခြောက်ဆီမှ မိစ္ဆာချီအများအပြားကို စုပ်ယူခဲ့ပါတယ်။ အဲ့လိုစုပ်ယူခဲ့လို့ပဲ လေထုထဲ အနက်ရောင်စုပ်ဝဲ ကြီးကိုဖန်တီးနိုင်ခဲ့ပြီး ဝူချန်းရီ၏ ခုတ်ချက်ကို စုပ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ဆုံးဓါးချက်၏ အစွမ်းသတ္တိ ပျောက်ကွယ်သွားခဲ့ပြီး ဓါးတာအိုသာ ကျန်ရစ်ခဲ့ပါတော့တယ်။
ရန်ကိုင်က ထိုဓါးတာကို မရှောင်ခဲ့ချေ။ အဲ့အစား ဓါးတာအိုကို သူ့ခန္ဓာကိုယ် အား စုတ်ဖြဲခွင့်ပေးလိုက်ပါတယ်။ ဓါးတာအို ဆိုရင်တောင် ဓါးတာအိုက သူ့ခန္ဓာကိုယ်ကို ဖောက်ထွက်သွားခဲ့ပါသေးတယ်။ ထို့ကြောင့် အပြင်ပန်းအရ ကြည့်မယ်ဆိုရင်တော့ သူပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့တာပေါ့။
ဓါးတာအို ဆိုတာမျိုးက ဓါးတစ်ချောင်းရဲ့ စိတ်ဝိဥာဉ်ပုံစံကို ပြောတာပါ။ ဓါးတာအိုက ကျင့်ကြံသူမှာဆိုရင်တော့ နတ်ဘုရား စိတ်အာရုံပေါ့။ ဓါးတစ်ချောင်း မရှိပဲနဲ့ ဓါးတာအိုဆိုတာက သဘောတရား တစ်ခုသာ ဖြစ်ပြီး ဓါးသိုင်းပညာရပ်ရဲ့ စွမ်းအား အပြည့်အဝကို ထုတ်ဖော်ပြသ နိုင်လိမ့်မည် မဟုတ်ပါ။
ထိုအချိန်တွင် ရန်ကိုင်က ဝူချန်းရီရဲ့ ဓါးတာအိုကို စုပ်ယူလိုက်ပြီး သူခံခဲ့လိုက်ရတဲ့ ခုတ်ချက်မှ ဓါးတစ်သောင်းခုတ်ချက်ရဲ့ ဆန်းကြယ်မှုတွေကို နားလည်သဘောပေါက်ဖို့ ကြိုးစားလိုက်တယ်။
သူအောင်မြင်ပြီဆိုတာနဲ့ ဓါးတစ်သောင်း ခုတ်ချက် သိုင်းပညာရပ်ကို သူအသုံးပြုနိုင်မှာပါ။ ပြီးတော့ ဓါးတစ်သောင်း ခုတ်သိုင်း သိုင်းပညာရပ်ကလည်း အဆင့်နိမ့် သိုင်းပညာရပ် တစ်ခုမဟုတ်ပါ။
ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး သိုင်းပညာရပ် တစ်ခုဖြစ်မှတော့ ထိုသိုင်းပညာရပ်က ဆန်းကြယ်အဆင့် သိုင်းပညာရပ်တစ်ခု ဖြစ်ရပါမယ်။
အသူရာဓါးဆိုရင်လည်း ဓါးပညာရပ်တွေကို စုပ်ယူနိုင်တဲ့ စွမ်းရည်တစ်ခု ရှိထားပါတယ်။ ထိုစွမ်းရည်နဲ့ အသူရာဂိုဏ်းရဲ့ အထွတ်အမြတ် ရတနာတစ်ခု ဖြစ်လာတာ အံ့ဩစရာတော့ မဟုတ်ပါ။ ဒါပေမယ့် အသူရာဓါးကိုသုံးပြီး အခြားတစ်ယောက်ရဲ့ ဓါးသိုင်းပညာရပ် တွေကို ခိုးယူတာက အရမ်းကို အန္တရာယ် များပါတယ်။ တစ်ချက်ကလေး မှားယွင်းသွားတာနဲ့ ရန်သူရဲ့ သိုင်းပညာရပ်ကို ခိုးယူနိုင်တော့မှာ မဟုတ်ပဲ ထိုသိုင်းပညာရပ်ရဲ့ ထိမှန်းခြင်းကို ခံရမှာပဲ ဖြစ်ပါတယ်။
ရန်ကိုင်က လောမနေခဲ့ချေ။ ဓါးတာအိုကို ဖြေးဖြေးချင်း နားလည်သဘော ပေါက်အောင်သာ လေ့လာနေခဲ့ပါတယ်။ ဓါးတစ်သောင်း ခုတ်ချက်ကို အသုံးပြုတဲ့အချိန် ဝူချန်းရီရဲ့ လှုပ်ရှားမှု၊ အစစ်အမှန် ချီစွမ်းအင်လှုပ်ခတ်မှု စသည့်တို့ကို ရန်ကိုင် ဖြေးဖြေးချင်း သေသေချာချာ လေ့လာစမ်းစစ် နေခဲ့တယ်။ သူထိုအခြေသို့ ရောက်ရှိနေချိန် အသူရာဓါးက မြည်သံပေးကာ ဓါးနှင့်လူကြား ဆက်သွယ်ချက် တစ်ခုဖြစ်နေသလို ထင်ရပါတယ်။
ထိုအချိန်တွင် ကျိမိုက ဝင်ပေါက်၌ ပျင်းရိစွာဖြင့် ရပ်စောင့်နေခဲ့ပြီး ရန်ကိုင်ကို ရှုပ်ထွေးသည့်အကြည့် မကြာခဏ လှည့်လှည့်ကြည့်နေခဲ့တယ်။
ဆံပင်ကို လက်ကလေးနဲ့ ဖွလိုက်ရင်း နှုတ်ခမ်းလေးကို ကိုက်ကာ ထိုကောင်စုတ်ကို အလစ်ဝင်တိုက်ပြီး သတ်လိုက်ရင် ကောင်းမလားဆိုတာကို စဉ်းစားနေခဲ့တဘ်။ သို့ပေမယ့် သူမစိတ်ထဲ လွန်ဆွဲနေခဲ့ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို မချနိုင် ဖြစ်နေခဲ့ရတယ်။
Martial Peak
အပိုင်း(၂၆၄) ကောင်မလေး နင်မီးနဲ့ ကစားမယ်ဆိုရင် သတိထားသင့်တယ်
အချိန်အတော်ကြာအောင် စိတ်ထဲလွန်ဆွဲ နေပြီးနောက် နောက်ဆုံး ခေါင်းခါယမ်းရင်း ကျိမို ထွက်သွားလိုက်တယ်။ ရန်ကိုင်က မျက်လုံး ပွင့်လာခဲ့ပြီး ကျိမို ထွက်သွားရာ အရပ်ဆီ စူးစိုက်ကြည့်နေလိုက်ကာ အပြုံး တစ်ခု သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။
“သခင်လေး၊ အဲ့မိန်းကလေးဆီကနေ သတ်ဖြတ်လိုစိတ် အာရုံခံမိ လိုက်သေးတယ်။ ဒါပေမယ့် အကြောင်း တစ်ခုခုကြောင့် သူမတုန့်ဆိုင်း နေပုံရတယ်။ နောက်ဆုံး သခင်လေးကို သတ်ဖို့မစဉ်းစားတော့ပဲ သူမဘာသာ သူမထွက်သွားလိုက်တယ်” နတ်ဆိုးအိုလူကြီးက လက်ဦးမှု ရယူပြီး ရန်ကိုင်ကို သတိပေးလိုက်တယ်။ ကျိမိုကို သူအစဉ်မပြတ် စောင့်ကြည့်နေတာ ဖြစ်တဲ့အတွက် ကျိမိုအတွေးတွေကို သူသတိပြုမိပါတယ်။
“ငါသိတယ်။ သူမ ရွေးချယ်တာ မှန်သွားတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး နောက်တစ်ကြိမ် မျက်လုံး ပြန်ပိတ်လိုက်တယ်။
နေ့တစ်ဝက် အကြာမှာတော့ ကျိမိုက သစ်သားခြောက်များစွာနှင့် သားရဲကောင်အချို့နဲ့ ပြန်လာခဲ့တယ်။
မီးပုံဖိုလိုက်ပြီး သူမဖမ်းဆီး မိလာတဲ့ သားကောင်တွေကို စတင်ကင်ပါတော့တယ်။ ကျိမိုက မီးပုံဘေးတွင် ထိုင်ရင်း ရန်ကိုင် အနိုးကို စောင့်နေခဲ့တယ်။
၃ရက် ကြာပြီးနောက်မှာတော့…
ကျိမိုက ရန်ကိုင်ကို ကျိန်ဆဲနေတုန်းမှာပြ မှိန်ဖျော့ဖျော့ ဓါးတာအိုက ရန်ကိုင် ဘေးပတ်ပတ်လည်း ဝန်းရံသွားခဲ့တယ်။ ကျိမိုမျက်နှာ ဖြူလျော်သွားခဲ့ပြီး အလန့်တကြား ထခုန်လိုက်ကာ ဓါးတာအို ထွက်ပေါ်လာရာ နေရာကို သတိအပြည့်ဖြင့် လှမ်းကြည့်လိုက်ပါတယ်။
ထို့နောက် ထိန်လန့်အံ့အားသင့်မှုတို့ သူမမျက်နှာထက် အထင်းသာ ထွက်ပေါ်လာပါတော့တယ်။ သူမခံစားမိခဲ့တဲ့ ဓါးတာအိုက ရန်ကိုင် နေတဲ့နေရာ ဆီမှ ထွက်ပေါ်လာနေတာပါ။
ထိုဓါးတာအိုနှင့် ကျိမိုတော်တော်လေး ရင်းနှီးပါတယ်။ ထိုဓါးတာအိုက ဝူချန်းရီ ဓါးတစ်သောင်း ခုတ်ချက်ကို အသုံးပြုတုန်းက သူ့ဆီကနေ ထွက်ပေါ်လာခဲ့ ဖူးပါတယ်။ အခု တူညီတဲ့ ဓါးတာအိုက ရန်ကိုင်ဆီကနေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။
ကျိမိုက ရန်ကိုင် ရှိနေရာအရပ်ကို သံသယအပြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်ပါတယ်။ ဓါးတာအို အရှိန်အဝါက အဆက်မပြတ် ပိုပို အားကောင်းလာနေခဲ့ပြီး လက်ဖက်ရည် တစ်ခွက်သောက်စာ အချိန်လောက်မှာတော့ ဓါးတာအိုက ကျိမိုမျက်နှာကို အနည်းငယ် ဖြူလျော်သွား စေတဲ့အထိ အားကောင်းလာခဲ့ပါတယ်။
သေဆုံးသွားတဲ့ ဝူချန်းရီက နောက်တစ်ကြိမ် တစ်ဖန် ပြန်အသက်ရှင် လာခဲ့ပြီး ဓါးတစ်သောင်း ခုတ်ချက်ကို နောက်တစ်ကြိမ် ပြန်အသက်သွင်း နေသလားတောင် ထင်မှတ်ရပါတယ်။
ဘုန်း……..
ရန်ကိုင် နေတဲ့လိုဏ်ဂူ ပေါက်ကွဲထွက်သွားခဲ့ပြီး အနီရောင်ဖျော့ဖျော့ ထုတ်လွှတ်နေတဲ့ အရိပ်တစ်ခု လိုဏ်ဂူအတွင်းပိုင်း ထဲကနေ ခုန်ထွက်လာခဲ့တယ်။ ကျိမိုက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အလျင်စလို နောက်ဆုတ်လိုက်တယ်။
တော်တော် ဝေးဝေး ရောက်ပြီး ပြန်လှည့်ကြည့်တဲ့ အခါမှာတော့ အသူရာဓါးကို ကိုင်ရင်း မျက်လုံးပိတ်ကာ အမူအရာ မဲ့စွာဖြင့် ထိုင်နေတဲ့ ရန်ကိုင်ကို သူမတွေ့လိုက်ရတယ်။ သူ့ဆီမှ ပြိုင်ဘက်ကင်း အရှိန်အဝါတို့ ထွက်ပေါ်နေခဲ့ပါတယ်။ သူ့လက်ထဲက ဓါးကတော့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလားပေါ့။
အသူရာဓါးက စူးစူးရှရှ မြည်သံပေးလိုက်တာနဲ့ ရန်ကိုင် အစစ်အမှန်ချီက ထပ်မံ သိပ်သည်း သွားခဲ့ပြီး ဓါးသွားတစ်ရာက သူ့ပတ်ပတ်လည်၌ စတင်ထွက်ပေါ်လာခဲ့တယ်။ နောက်… ဓါးသွားတစ်ရာ ထပ်မံပေါ်လာပြန်တယ်။
တစ်ခဏကြာပြီးနောက် ရန်ကိုင် ပတ်ဝန်းကျင်တစ်ခုလုံး ဓါးသွားတွေနဲ့ ပြည့်နေခဲ့ပြီး သူကိုယ်တိုင်က ဓါးကမ္ဘာထဲ ရောက်နေသလားတောင် ထင်မှတ်သွားရပါတော့တယ်။ ဒါက လွန်ခဲ့တဲ့ရက်တုန်းက ဝူချန်းရီ ဓါးသွားတွေကို ထုတ်လွှတ်သည့် ပုံစံနှင့် တစ်ပုံစံတည်းပါ။ ကျိမို သက်ပြင်း ရှိုက်လိုက်ပြီး သူမပါးစပ်လေးကို လက်ကလေးနဲ့ အုပ်လိုက်ပြီး ရန်ကိုင်ကို မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိလိုက်တယ်။
ဒီဓါးသိုင်းပညာရပ်က ကြယ်ဓါးကိုးချောင်းဂိုဏ်းရဲ့ အဆင့်အမြင့်ဆုံး သိုင်းပညာရပ်လို့ ဝူချန်းရီ ကိုယ်တိုင် ပြောခဲ့တာလေ။ အဲ့ဒါကို သူကဘယ်လိုလုပ်ပြီး အသုံးပြုနေနိုင်ရတာလဲ။
ပိုပြီး အံ့အားသင့်စရာ ကောင်းသွားတာက ရန်ကိုင် ထုတ်ဖော်လိုက်တဲ့ ဓါးသွား အရေအတွက် ဝူချန်းရီ ထုတ်ဖော်ခဲ့တဲ့ ဓါးသွားအရေအတွက်ထက် ပိုများနေခြင်းပါ။ ထိုနေ့တုန်းက ဝူချန်းရီက ရှိရှိသမျှ အစစ်အမှန်ချီ အကုန်သုံးတာတောင် ဓါးသွားနှစ်ထောင်ကျော်သာ ထုတ်ဖော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခု ရန်ကိုင်က ဓါးသွားသုံးထောင်ကျော်ကို ထုတ်ဖော်နေနိုင် ခဲ့ပါတယ်။
ဓါသွားသုံးထောင်ကျော်က အခုရန်ကိုင်အတွက် အကန့်အသတ်ပါပဲ။ ထိုဓါးသွား သုံးထောင်ကျော်ကို ထုတ်ဖော်ဖို့က သူ့အတွက် တော်တော်လေး ခက်ခဲပါတယ်။ ကြီးမားတဲ့ အဖျက်စွမ်းအား ကိုပိုင်ဆိုင်ထားတဲ့ ဓါးသွားတစ်ချောင်း ချင်းစီက ရုတ်တရက် အရှေ့ဘက်ကို ပြေးထွက်သွားခဲ့တယ်။
ဟုန်း… ဟုန်း… ဟုန်း… ရန်ကိုင် အရှေ့ဘက်ရှိ မြေနေရာတစ်ခုလုံး ပေါက်ကွဲသံတို့ဖြင့် ဆူညံသွားခဲ့ကာ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို အက်ကွဲသွားစေ မလားတောင် ထင်သွားရစေခဲ့တယ်။
သူ့မျက်လုံးတွေကတော့ ပိတ်နေတုန်းပါပဲ။ ရန်ကိုင်က ဖြစ်ပျက်နေတာ အားလုံးကို သိနေပါတယ်။ သူ့မျက်နှာက မနှိုင်းယှဉ်သာအောင် လေးနက်နေခဲ့ပါတယ်။ ဆန်းကြယ်အဆင့်ဖြစ်တဲ့ ကြယ်ဓါးကိုးချောင်း ဂိုဏ်းရဲ့ အဆင့်အမြင်ဆုံး သိုင်းပညာရပ်က အရမ်းကို အားကောင်းပါတယ်။
ထိုသိုင်းပညာရပ်က ထုတ်ဖော်တဲ့ စွမ်းအားက ကြယ်အမှတ်အသားကနေ ထုတ်ဖော်တဲ့ စွမ်းအင်အောက် မနိမ့်ကျချေ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ထိုသိုင်းပညာရပ်ကို အသုံးပြုဖို့အတွက် လိုအပ်တဲ့ အစစ်အမှန်ချီ ပမာဏကလည်း ကြောက်မခန်းလိလိပင်။ တစ်ကြိမ်အသုံး ပြုပြီးတာနဲ့ ဝူချန်းရီ လုံးဝအားပြတ်သွားတာ အံ့အာသင့်စရာတော့ မဟုတ်ချေ။
ဒါပေမယ့် ဓါးတစ်သောင်းခုတ်ချက်မှာ အားသာချက်တွေ ရှိပါတယ်။ ဓါးတစ်သောင်း ခုတ်ချက် ပညာရပ်မှာ နှစ်ပိုင်းပါပါတယ်။ တစ်ပိုင်းက အစစ်အမှန်ချီနဲ့ ဓါးသွားတွေ ဖန်တီးရတာ ဖြစ်ပြီး နောက်တစ်ပိုင်းက ဓါးသွားတွေကို ပေါင်းစည်းရတာပါပဲ။ ဓါးတစ်သောင်း ပညာရပ်ကိုသာ ပြီးပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်နိုင်မယ်ဆိုရင် နောက်ဆုံးမှာ ဓါးသွားတွေကို ဓါးတစ်ချောင်းတည်းအထိ ပေါင်းစည်းနိုင်ပါလိမ့်မယ်။
ဝူချန်းရီကတော့ ထိုအဆင့်ကို မရောက်သေးတာ အသေအချာပါပဲ။ ရန်ကိုင်လည်း ထိုအဆင့်နဲ့ ဝေးကွာနေဆဲပင်။ ဒါပေမယ့် အခုအဆင့်လောက်ထိ လေ့ကျင့်နိုင်တာနဲ့တင်ကို ရန်ကိုင် တော်တော်လေး ကျေနပ်နေပါပြီ။ နောက်တစ်ခါ အသူရာဓါးနဲ့ တွဲသုံးစရာ ဓါးသိုင်းပညာရပ် မရှိမှာကို စိတ်ပူစရာ မလိုတော့။
ဓါးသိုင်းပညာရပ်ကို လေ့လာနေစဉ်အတွင်း သူ့ကိုယ်တွင်းမှာ တစ်ခုခု ပြောင်းလဲသွားသလို ရန်ကိုင် ခံစားလိုက်ရတယ်။ သွေးကြောတွေထဲ အသိစိတ်ကို မြှပ်ပြီး ဆန်းစစ် ကြည့်လိုက်တဲ့အချိန် သူ့အစစ်အမှန် ချီစွမ်းအင် တွေက ဓါးတစ်ချောင်းလို ထက်ရှလာတာကို သူခံစားမိလိုက်တယ်။ နောက်… ရန်ကိုင် မျက်နှာအမူအရာ တည်ငြိမ်သွားခဲ့ပြီး နေရာမှာပဲ လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် မတ်တပ်ရပ်ပါတော့တယ်။
နာရီဝက်လောက် ကြာပြီးနောက် ရန်ကိုင်ဆီကနေ မမြင်နိုင်တဲ့ အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာခဲ့တယ်။
အစစ်အမှန် ဒြပ်စင်အဆင့်၂ကို သူရောက်ရှိသွားခဲ့ပါပြီ။
ဓါးတစ်သောင်းခုတ်ချက် သိုင်းပညာရပ်ကို နားလည်သဘောက် ပေါက်နိုင်ခဲ့တဲ့ အပြင် ကျင့်ကြံခြင်းအဆင့်ပါ တစ်ဆင့်ထပ်တိုးသွားခဲ့ပါတယ်။ ဝူချန်းရီနဲ့ တိုက်ခိုက်တာ သူ့အဖို့ တော်တော်လေး အကျိုအမြတ် ရလိုက်တယ်လို့ ဆိုရပါမယ်။ တောက်ပစွာ ပြုံးလိုက်ရင်း အသူရာဓါးကို ဘေးချထားလိုက်တယ်။
ခြေသံကြားလို့ နောက်ကို လှည့်ကြည့်လိုက်တဲ့အချိန် ကျိမိုက သိချင်လိုစိတ် အပြည့်ဖြင့် သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
သူနှင့် မီတာတော်တော်ဝေးဝေးမှာ ရပ်နေရင်း သူမမျက်နှာ လှလှလေးက တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိပုံ ဖမ်းထားပေမယ့် သူမမျက်လုံး အနက်ပိုင်းထဲ မှာတော့ သတိချပ်မှု၊ စိုးရိမ်ပူပန်မှုတို့ ရှိနေခဲ့ပါတယ်။ သူမ ရှေ့မှာပဲ ရန်ကိုင်က အစစ်အမှန် ဒြပ်စင်အဆင့်၂ကို ချိုးဖျက်ဝင်ရောက် သွားခဲ့တာလေ။
သူအဆင့်တက်တာ နည်းနည်း ထူးဆန်းနေခဲ့ပါတယ်။ သာမန်လူတွေဆို နောက်တစ်ဆင့် တက်တော့မယ့် အချိန်က အဆင့်တက်တော့မယ့် အရိပ်အယောင်တွေ ပြတတ်ပါတယ်။ ဒါပေမယ့် ရန်ကိုင်ကတော့ ဘာအရိပ်အယောင်မှ မပြပဲ ဗြုန်းစားကြီး အဆင့်ကောက်တတ်သွားတာပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ရန်ကိုင် အခုလို မြန်မြန်ဆန်ဆန်နဲ့ အဆင့်တက်နိုင်တာကို တွေ့လိုက်ရတော့ လေးစားမှုနှင့် မနာလိုမှုတို့ကို ခံစားမိတာတော့ အမှန်ပါ။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှာ ကျိမိုက စကားစလိုက်တယ် “နင်နိုးလာပြီ ဆိုတော့ ငါသွားတော့တယ်” ဝူချန်းရီရဲ့ ဓါးသိုင်းပညာရပ်ကို သူဘယ်လို နားလည်သဘောပေါက် သွားခဲ့လဲဆိုတာကို သူမမမေးခဲ့ပါ။ အဲ့လိုမေးလိုက်တာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများနိုင်တာကိုး။ ကျိမိုက တုံးအတဲ့ မိန်းမတစ်ယောက် မဟုတ်။ မမေးသင့်တဲ့အရာကို မမေးရ၊ မေးသင့်တာကို မေးရမယ်ဆိုတာကို သူမနားလည် ထားပါတယ်။
“နင်ဘယ်ကို သွားမှာလဲ” ရန်ကိုင်က ခေါင်းလေးစောင်းပြီး ပြုံးရင်း မေးလိုက်တယ်။
သွားနေတာကို ရပ်လိုက်ပြီး အသာအယာ ပြန်ပြုံးကာ နှစ်လိုဖွယ်ရှိစွာ ပြုံးလိုက်ရင်း ပြန်ပြောလိုက်တယ် “မေးစရာ လိုသေးလို့လား။ တန်းလန်မင်းဆက်ကိုပဲ ပြန်မှာပေါ့”
ပြောပြီးတာနဲ့ ကျိမိုက ပါးစပ်ကလေးကို အုပ်လိုက်ပြီး ပရောပရီ လုပ်လိုက်ပါတယ် “ ဘာလို့လဲ၊ ငါပြန်လို့ မရဘူးလား”
“ဟုတ်တာပေါ့… နင်ပြန်လို့ ဘယ်ရမလဲ” ရန်ကိုင်က မိန့်မိန့်ကြီး ပြုံးရင်း အမိန့်ပေးတဲ့ ပုံစံနဲ့ ပြန်ပြေလိုက်တယ် “နင်ပြန်လို့မရတော့ဘူး။ အခုကနေစပြီး ငါ့နောက်ကို လိုက်ရမယ်”
ကျိမိုက ကြောင်းသွားပေမယ့် ဆက်ပြီးပြုံးနေနိုင်ပါသေးတယ် “ငါနင့်နောက်ကို ဘယ်လိုလုပ်ပြီး လိုက်နိုင်မှာလဲ။ ငါက တန်းလန်မင်းဆက်က လူတစ်ယောက်ဆိုတာကို နင်မသိတာလည်း မဟုတ်ဘူး။ ငါသာ နင့်နောက် လိုက်မယ်ဆိုရင် ငါသွားတဲ့နေရာတိုင်း လူတိုင်းက ငါ့ကိုမနှစ်မြို့တဲ့ အကြည့်တွေနဲ့ ကြည့်ကြမှာ။ ငါမှာ အဲ့ကိစ္စကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး”
“နင်သာ အဝတ်အစား ပြောင်းလိုက်ရင်း ဟန်မင်းဆက်က လူတွေနဲ့ ဘာမှ ခြားနားသွားတော့မှာ မဟုတ်ဘူး။ နင်ရှိနေသေးရင် ငါ့အတွက် အိပ်ရာနွေးအောင် လုပ်ပေးတာတို့၊ လက်ဖက်ရည် ငဲ့ပေးတာတို့ လုပ်ပေးလို့ ရတာပေါ့” ရန်ကိုင်က အတည်ပေါက်ကြီးနဲ့ ပြောလိုက်တယ်။
ကျိမိုမျက်နှာ အနည်ငယ် ဖြူလျော်သွားပေမယ့် အားတင်းပြီး ဆက်ပြုံးထားလိုက်ကာ “နင်တကယ် အဲ့လို လုပ်စေချင်တာလား”
“နင်ဘယ်လိုထင်လဲ”
နောက်ဆုံး ကျိမိုလည်း သည်းမခံနိုင်တော့တဲ့အတွက် သူမမျက်နှာပေါ်က အပြုံးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး သူမမျက်လုံးတွေက အေးစက်သွားခဲ့ကာ အဆုံးမဲ့အမုန်းတရား တို့ဖြင့် ပြည့်နှက်သွားပါတော့တယ်။ ထို့နောက် ရန်ကိုင်ကို မကျေမနပ်နဲ့ အော်ဟစ် ကျိန်ဆဲပါတော့တယ် “နင်မှာ လူသားချင်း စာနာစိတ် နည်းနည်းလေးတောင် မရှိဘူးလား။ ငါဒီမှာ သုံးရက်လုံးလုံး နင့်ကိုကာကွယ် စောင့်ရှောက်ပေးခဲ့တယ်။ အခုနင် နိုးလားတာနဲ့ ငါ့ကို နင့်အိမ်အစေခံ ဖြစ်စေချင်နေတယ်ပေါ့။ အခုလို ဖြစ်မယ်မှန်းသာသိခဲ့ရင်း နင်အားနည်းနေတုန်း ငါနင့်ကို သတ်ပစ်လိုက်ပါတယ်…”
မပြောသင့်တာတွေကို ပြောမိသွားပြီးမှန်း သိလိုက်တာနဲ့ တစ်ပြိုင်နက် ကျိမိုက သူမပါးစပ်ကလေးကို လက်ကလေးနဲ့ ချက်ချင်း အုပ်လိုက်ပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့ ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။ နောက် ရှက်ကိုးရှက်ကန်း ရယ်လိုက်ပြီး “ငါ… ငါနောက်နေတာနော်။ ငါနင့်ကို တိုက်ခိုက်ဖို့ တကယ်ပဲ မကြိုးစားခဲ့ပါဘူး။ စိတ်မဆိုးနဲ့နော်…”
“ဟဟဟ” ရန်ကိုင် ဝါးလုံးကွဲ ရယ်မောပါတော့တယ်။
ရန်ကိုင် ရယ်မောသံကြီးကို ကြားလိုက်တာနဲ့ ကျိမိုမျက်နှာ လေးနက်တည်ကြည် သွားခဲ့ပြီး သူမနှုတ်ခမ်းလေးကို ကိုက်လိုက်လာ မျက်မှောင်ကြုံ့ထား လိုက်ပါတော့တယ်။ ရန်ကိုင် ဘာတွေးနေလဲဆိုတာ သူမမြင်နိုင်ပေ။
“ဟန်း… ငါနင့်ကို နောက်နေတာပါ” ရန်ကိုင် နောင်ပြောင် ပြုံးလိုက်ရင်း “နင်ကြည့်ရတာ တကယ်ကြီး ငိုတော့မယ့်ရုပ်နဲ့”
“ငါ့ကို နောက်နေတာလား…” ကျိမိုမျက်နှာ တမုဟုတ်ချင်း အေးစက်သွားခဲ့ပြီး အံတင်းတင်း ကြိတ်ရင်း ခါးသီးစွာဖြင့် မေးလိုက်ပါတယ်။
“အင်း” သူပြန်ဖြေလိုက်တယ် “ငါနင့်ကို မခေါ်ထားပါဘူး”
“နင့်ကို စောင့်နေတဲ့ မိန်းကလေး တစ်ယောက် ရှိနေလို့လား” ကျိမိုမျက်လုံးအစုံက ချက်ချင်း တလက်လက် ဖြစ်သွားခဲ့တယ်။ သူမမေးခွန်းကိုတော့ ရန်ကိုင်က အရူးတစ်ယောက်လို ရယ်မောပြီးတော့သာ ပြန်ဖြေလိုက်ပါတယ်။ ရန်ကိုင် ပုံစံကို မြင်လိုက်တာနဲ့ သူမထင်တာ မှန်သွားပြီ ဆိုတာ သိလိုက်တဲ့အတွက် ကျိမို နှာခေါင်းရှုံ့လိုက်ပါတယ်။
သီးခြာကမ္ဘာထဲ ရန်ကိုင် သူမကို ဘယ်လို အရေးတယူ မလုပ်လဲဆိုတာကို ပြန်တွေးမိတဲ့အခါ ခါးသီးမှုတို့က သူမစိတ်ထဲ တိုးဝင်လာခဲ့တယ်။ ထိုခါးသီးစရာ ကောင်းတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးရင်း ကျိမို ပိုပြီးသတ္တိရှိ သွားခဲ့တယ်။ နောက် ရဲရဲတင်းတင်းနှင့် ရန်ကိုင်ဆီ သွားလိုက်ပြီး သူ့လက်ကို ဆွဲကိုင်ကာ သူမရင်ဘတ်ပေါ် ဖိချထားလိုက်ပါတယ်။
“ငါစိတ်ပြောင်းသွားပြီ။ ငါနင့်နဲ့ ပြန်လိုက်ချင်တယ်” ကျိမိုက ရန်ကိုင်မျက်လုံးထဲကို စိုက်ကြည့်လိုက်ပြီး “ဘယ်လို မိန်းမမျိုးကများ နင့်လိုအရှက်မရှီတဲ့ ကောင်စုတ်ကို ဒီလောက်အထိ နာခံအောင် လုပ်နိုင်လဲဆိုတာ ငါတကယ်ကို သိချင်မိတယ်”
သူမကိုကြည့်ရင်း ရန်ကိုင် စိတ်ဝင်တစား ပြုံးလိုက်ပါတယ်။
“နင်မလုပ်ရဲပါဘူး” ကျိမိုက အထင်အမြင် သေးစွာဖြင့် ပြုံးလိုက်ပါတယ်။
“ကောင်မလေး၊ မီးနဲ့ကစားရင် သတိထားသင့်တယ် “ ရန်ကိုင် မုဒိန်းကောင် တစ်ယောက်လို ပြုံးရင်း ပြောလိုက်တယ်။
ကျိုမို မျက်နှာလေး ရှုံ့မဲ့သွားခဲ့ပါပြီ။ သီးခြားကမ္ဘာထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားမိချိန်မှာတော့ သူမလက်ကို ချက်ချင်းပဲ ပြန်ရုတ်လိုက်ပါတော့တယ်။ သူမပုံစံက အဆိပ်ရှိတဲ့ ကင်းမြီးကောင် တစ်ကောင်ကို တွေ့လို့ ရှောင်နေတဲ့ပုံစံမျိုးပါ။ အံတင်းတင်း ကြိတ်ထားရင်း သူမအသက်ရှုသံလည်း တဖြည်းဖြည်း ကြမ်းတမ်းလာခဲ့ပါတယ်။
ဒီကောင်စုတ်နှင့် ယှဉ်ပြီးငါတယ်ကို ဖက်မဖြစ်နိုင်တာပါလား။ ငါ့စိတ်ဝိဥာဉ် ပေါ်က အမှန်အသားနဲ့ဆို ကောင်စုတ်ကိုရန်စ မိလိုက်တာနဲ့ ဒီလိုခြောက်ကပ်ကပ် နေရာကြီးမှာဆို….
သူမတစ်ကိုယ်လုံး ကြက်သီးမွှေးချင်းတို့ ထလာခဲ့ပါပြီ။
“ဟွန့်၊ ငါသွားတော့မယ်။ နင့်ကို ငါ့တစ်ဘဝလုံး ဘယ်တော့မှ ပြန်မတွေ့ရပါစေနဲ့ ဆုတောင်းနေမယ် သိလား။ နင့်မိန်းကလေးကလည်း နင့်ကို ထားသွားပါစေလို့ ငါကောင်းကောင်းကြီး ဆုတောင်းပေနေဦးမှာ။ အဲ့လိုမှာ နင့်လက်ကျန်း တစ်ဘဝလုံး အထီးကျန်နေမှာ” ရန်ကိုင်က ကြမ်းကြမ်းတမ်းတမ်းကို ပြောဆိုပါတော့တယ်။
“ခဏနေဦး” ရန်ကိုင်က မျက်မှောင်ကြုံ့ရင်း ကျိမိုကိုတားလိုက်တယ်။
“နင်လိုတာ ရှိသေးလို့လား” ကျိမို စိတ်နှလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့လေပြီ။ သူမ ရန်ကိုင်နဲ့ တစ်စက္ကန့်လေးတောင် ဆက်မနေချင်တော့တာ အမှန်ပါ။
ဒါပေမယ့် ရန်ကိုင်ကို သတိချပ်ရင်း စူးစိုက်ကြည့်နေတုန်းမှာပဲ ရန်ကိုင်က သူ့အိတ်ထဲကနေ ပုလင်းအနည်းငယ်ကို ထုတ်ယူလိုက်တယ်။ နောက် ပုလင်းနှစ်လုံးထဲကနေ ပုလင်းအသစ်နှစ်လုံးထဲကို အရည်တစ်စက်စီ ပြောင်းထည့်လိုက်တယ်။ ပြီးတာနဲ့ ပုလင်းအသစ်နှစ်လုံးကို ကျိမိုဆီ လှမ်းပစ်ပေးလိုက်တယ်။
ဆေးပုလင်းတွေကို ဖမ်းယူလိုက်ရင်း ကျိမိုက သံသယအပြည့် မေးလိုက်ပါတယ “အဲ့ဒါဘာတွေလဲ”
“ယန်မီးတောက် အရည်တစ်စက်နဲ့ ဝိဥာဉ်သန့်စင့်ခြင်း နှင်းစက် တစ်စက်”
ကျိမိုကြောင်သွားခဲ့ပြီး ရန်ကိုင်ကို အံ့အားသင့်စွာ ငေးကြောင်ကြည့်နေလိုက်တယ်။ သူမခဗျာ ရန်ကိုင်ပြေတာကို မယုံနိုင်လွန်းလို့ ပုလင်းအဖုံးကို ချက်ချင်းဖွင့်ပြီး နမ်းရှိုက်ကြည့်လေရဲ့။
“ဒါတွေကို ငါ့ကိုတကယ်ကြီး ပေးတာလား” ပုလင်းထဲက ပစ္စည်းတွေကို စစ်ဆေးပြီးတာနဲ့ ကျိမိုက ထိုပုလင်းနှစ်လုံးကို သူမသားရတာလေးအလား တင်းတင်းဆုပ်ကိုင်ထားရင်း ရင်ဘတ်နား ဖိကပ်ထားလေရဲ့။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး “ငါနင့်ကို အနိုင်ကျင့်ထားတာရဲ့ လျော်ကြေးလို့ သတ်မှတ်လိုက်ပေါ့” ကျိမို၏ မျက်နှာလေး ရှက်သွေးဖြာသွားခဲ့ပြီး ရန်ကိုင်ကိ အချိန်အတော်ကြအောင် စိုက်ကြည့်နေလိုက်ပြီးနောက် အသာအယာလေး ပြောလိုက်ပါတယ် “နင်… ကြည့်ရတာ ငါမှားသွားတဲ့ပုံပဲ… နင်က ငါထင်သလို လူဆိုးကြီးလုံးလုံးလည်း မဟုတ်သေးပါဘူး”
“ဘယ်လို၊ နင်ငါ့ကို ကြိုက်သွားတာတော့ မဟုတ်ပါဘူးနော်။ နင်စိတ်ပြောင်းရင် အချိန်မှီသေးတယ် ဆိုတာ နင်သိပါတယ်”
“မဟုတ်တာတွေ မပြောနဲ့” ကျိမိုက ပြန်အော်ပြောလိုက်တယ်။ နောက် သူမမျက်နှာ လေးနက်သွားခဲ့ပြီး “စိတ်အေးအေးသာထား။ ငါဒီအကြောင်းတွေကို အပြင်ကို လျှောက်မပြောပါဘူး။ နင် အနာဂတ်ကျ တန်းလန်မင်းဆက်ကို လာြဖစ်ရင် ဆန်းလော့ဘုရားကျောင်းကိုသာ လာခဲ့။ ငါနင့်ကို ကောင်းကောင်း ဧည့်ခံပေးမယ်..ဟဲ ဟဲ ဟဲ” နောက်ဆုံးစကားကို ပြောပြီးတာနဲ့ ကျိမိုဒေါသတကြီး အံကြိတ်လိုက်ပါတယ်။
“ကဲ၊ ငါသွားပြီး ကောင်စုတ်လေးရေ။ ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ဦး” ကျိမိုက တခစ်ခစ်ရယ်မောရင်း လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ ရန်ကိုင်မြင်ကွင်းကနေ ထွက်သွားပျောက်ကွယ် သွားပါတော့တယ်။
နောက်ဆုံးမှာတော့ ရန်ကိုင် ထိန်းချုပ်မှုလက်ကနေ သူမလွတ်မြောက်နိုင်ခဲ့လေပြီ။ ထိုကဲ့သို့ တွေးတောလိုက်မှပဲ သူမနှလုံးသားထဲက အလုံးကြီး ကျသွားခဲ့ရပါတာ့တယ်.
သူမဝိဥာဉ်ထဲမှာ ရန်ကိုင် ဝိဥာဉ်အမှတ်အသားကို တံဆိပ်ခတ်ထားတယ် ဆိုပေမယ့် သူမက တန်းလန်မင်းဆက်မှာလေ။ ရန်ကိုင်ကတော့ ဟိုးဟန်မင်းဆက်မှာ… ဘာကြောက်စရာ ရှိသေးလို့လဲ။ ပြီးတော့ ဂိုဏ်းကို ပြန်ရောက်တာနဲ့ ထိုဝိဥာဉ်အမှတ်အသားကို ဖယ်ရှားပေးဖို့ သူမဆရာကို အကူအညီတောင်းလို့ ရကောင်းရနိုင်ပါသေးတယ်။
ကျိမိုထွက်သွားတဲ့ ဘက်ဆီ အချိန်တစ်ခဏကြာအောင် ငေးစိုက်ကြည့်လိုက်ပြီးနောက် ရန်ကိုင်မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးတော့နဲ့ သူလည်း အခြားတစ်ဖက်ဆီ ကြယ်ပျံတစ်ခု အလျင်နှင့် ပြေးထွက်သွားပါတော့တယ်။
သိပ်မကြာခင်မှာပဲ သူနှင့်ဝူချန်းရီတို့ တိုက်ပွဲဖြစ်ဟွားရာ နေရာဆီ ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ဝူချန်းရီအလောင်းကိုတော့ သူမတွေ့ရတော့ပေ။ အဲ့ဒီအစား တောင်ပို့လိုမြေပုံကြီးတစ်ပုံကိုသာ တွေ့ရပါတယ်။ ထိုအရာက ကျိမိုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။
ဒီမိန်းမက တော်တော်လေး စေ့စပ်သေချာတာပဲ
တစ်ရက်ကြာပြီးနောက် အနီးဆုံးမြို့တစ်မြို့သို့ ရန်ကိုင် ရောက်လာခဲ့တယ်။ လှည်းတစ်စီးကို ငှားလိုက်ပြီးနောက် လှည်းသမားကို သူသွားမယ့် နေရာကို ပြောပြကာ လှည့်တွင်းအောင်းပြီး သူ့သိုင်းအဆင့်ကို အခြေခိုင်သွားအောင် စတင်လေ့ကျင့်ပါတော့တယ်။
Martial Peak
အပိုင်း (၂၆၅) ဝမ်းကွဲရေ … ပြေးတော့
ဆေးဘုရင်တောင်ကြားဆိုတာ တည်ရှိလာတာ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ထိုနေရာက ဆေးပညာရှင်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခု ဖြစ်ပြီး ဆေးဘုရင်တောင်ကြားက တပည့်အများစုကလည်း ထူးချွန်တဲ့ ဆေးပညာရှင် တွေပဲ ဖြစ်ပါတယ်။
ဆေးဘုရင်တောင်ကြားရဲ့ တိုက်ပွဲစွမ်းရည်ကတော့ ဒုတိယအဆင့် အင်အားစုတွေထက် နည်းနည်းလေပဲ ပိုသာပြီဂ ပထမအဆင့် အင်အားစုတွေနဲ့တော့ အဝေးကြီးပါ။ ဒါပေမယ့် ဆေးဘုရင်တောင်ကြား ရဲ့လွှမ်းမိုးမှုက မည်သည့် ပထမအဆင့် အင်အားစုတွေထက်မဆို ပိုပြီးကြီးမားပါတယ်။
ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်လှမ်းသူတွေအတွက် ဆေးလုံးဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာမျိုးတစ်ခုပါ။ ပြီးတော့ ဆေးလိုတွေဆိုတာလည်း ဆေးပညာရှင်တွေပဲ ဖော်စပ်နိုင်တဲ့ အရာတစ်ခု။ ဆေးလောကမှာတော့ ဆေးဘုရင်တောင်ကြားဆိုတာ ဆေးပညာရှင်တိုင်းရဲ့ တော်ဝင်မြေပါပဲ။
ဆေးဘုရင်တောင်ကြားကို လာတဲ့ ဆေးပညာရှင်တိုင်း လေးစားသမှု ရိုသေမှုဖြင့် ပြောဆိုဆက်ဆံရမှာပါ။ ဆေးပညာရှင် တစ်ယောက်ဖြစ်ဖို့ ကြိုးစားသူတိုင်း သူတို့ရဲ့ အဆုံးစွန်သော ရည်မှန်းချက်က ဆေးဘုရင်တောင်ကြားမှာ လေ့ကျင့်ခွင့်ရဖို့နဲ့ ဆေးသူတောင်စင်ရဲ့ အမွေအနှစ်ကို လေ့လာခွင့်ရဖို့ပါပဲ။
ဆေးသူတောင်စင် ဆိုတာ ဆေးဘုရင်တောင်ကြားရဲ့ ပထမဆုံးဂိုဏ်းချုပ်ကြီး ပဲဖြစ်ပါတယ်။ သူက အခုသေဆုံးသွားခဲ့ပြီ ဆိုပေမယ့် အချိန်တိုက်စွားမှုက ဆေးပညာရှင်တွေနဲ့ နှလုံးသားထဲက သူ့နေရာကို မလှုပ်ခတ်နိုင်ခဲ့ပါ။ ဆေးသူတော်စင်က ဆေးဖော်စပ်တဲ့ နည်းလမ်းကို စတင်တီထွင်ခဲ့သူလို့လည်း ကောလဟာလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်.
ဆေးသူတော်စင် ဆေးဖော်စပ်တဲ့ နည်းလမ်းကို မတီထွင်ကဆို ကျင့်ကြံသူတွေက ဆေးပင်တွေကို ဒီအတိုင်းသာ ဝါးစားကြာတာ၊ အရည်ဖျော်သောက် ကြာတာပါ။
ဟုတ်တာပေါ့… ထိုကောလဟာလတွေက ဒဏ္ဏာရီသက်သက်ပါပဲ။ ဒဏ္ဏာတိုင်းကလည်း ချဲ့ကားပြောဆိုတာ များတဲ့အတွက် အမှန်ဆိုပြီး မှတ်ယူလို့တော့ မရပါ။
ဒဏ္ဏာရီဆိုပေမယ့် ဒဏ္ဏာရီထဲ အမှန်တရား အချို့ပါဝင်ပါသေးတယ်။ ဆေးသူတော်စင် ဆိုတာတော့ တကယ်တည်ရှိခဲ့တာပါ။ သူ့ပန်ချီကားချပ်ကို ဆေးဘုရင်တောင်ကြားရဲ့ တားမြစ်နေရာမှာ ချိတ်ဆွဲထားပါတယ်။ နှစ်ပေါင်းများစွာ ကြာတာတောင် ထိုပန်းချီကားချပ်က အနည်းငယ် အရောင်မှိန်သွားခြင်း မရှိခဲ့ပါဘူး။ အဲ့ဒါက တော်တော်လေးတော့ ဆန်းကြယ်နေပါတယ်။
ဆေးဘုရင်တောင်ကြားလို့ ခေါ်ပေမယ့် ထိုနေရာကို တောင်ကြား တစ်ခုထဲမှာ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ တောင်ကြားအစား မီတာထောင်ကျော် မြင်တဲ့ တောင်ဒါဇင်ကျော်ပေါ်မှာ တည်ဆောက်ထားတာပါ။ ထိုတောင်တွေက စက်ဝိုင်းပုံသဏ္ဏာန် ဖြစ်တည်နေခဲ့ပြီး စက်ဝိုင်းအကျယ်အဝန်းကလည်း ကီလိုမီတာ ရာကျော်လောက် ကျယ်ဝန်းပါတယ်။
ထိုကီလိုမီတာ ရာကျော်အကျယ်အဝန်းက ဆေးဘုရင်တောင်ကြား ပိုင်ဆိုင်တဲ့ နေရာပေါ့။ တောင်ထိပ်တစ်ခုစီက အဆင့်မြင့်ဆေးပညာရှင် ကြီးတွေ နေထိုင်ရာနေရာ ဖြစ်ပြီး အချို့ဆေးပညာရှင်ကြီး တွေမှာတော့ တပည့်တပန်း များစွာ ရှိကြပါတယ်။ အချို့ကတော့ တစ်သီးတစ်ခြား နေရတာကို နှစ်သက်ပြီး ဆေးပညာလမ်းစဉ်ထဲမှာသာ သူတို့ဘဝကို မြှပ်နှံထားတတ် ကြပါတယ်။ တောင်တွေပေါ်မှာ ဧကပေါင်းများစွာ ကျယ်ဝန်းတဲ့ ဆေးစိုက်ခင်းတွေ ရှိနေကြပြီး စိုက်ခင်းတွေထဲမှာ စိတ်ဝိဥာဉ်ဆေးပင် မျိုးစုံကို စိုက်ပျိုးထားကြတာပေါ့။
ဆေးဘုရင်တောင်ကြား တစ်ခုလုံးက မရေမတွက်နိုင်တဲ့ ဆေးပစ္စည်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ တောင်ထွတ်တွေရဲ့ အလယ်မှာတော့ တောင်ကြားပုံစံ နေရာတစ်ခုရှိပါတယ်။ ထိုနေရာက တစ်နှစ်ပတ်လုံး စည်ကားနေလေ့ ရှိပြီး အမြဲတစေ ကျင့်ကြံသူတွေနဲ့ ပြည့်နေလေ့ရှိတဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။
အကြောင်းပြချက်ကတော့ ရှင်းပါတယ်။ ထိုတောင်ကြားနေရာမှာ ဆေးဘုရင်တောင်ကြားနဲ့ အပြင်ကမ္ဘာကူးလူး ဆက်သွယ်ဖို့အတွက် တည်ဆောက်ထားတဲ့ မြို့တစ်မြို့ ရှိနေလို့ပါပဲ။
တစ်ယောက်ယောက်က ဆေးဖော်စပ်ချင်တယ်ဆိုရင် ဆေးပစ္စည်းတွေကို အရင်စုစည်းရပါမယ်။ ဆေးပစ္စည်းတွေ စုံပြီဆိုမှာ ဆေးဖော်စပ်ဖို့အတွက် ထိုနေရာကိုလာပြီး ဆေးပညာရှင်တစ်ယောက်ကို အကူအညီတောင်းရပါတယ်။ ဆေးဘုရင်တောင်ကြားက တပည့်တွေက အခကြေးငွေအဖြစ် ရွှေတွေ၊ ငွေတွေကို လက်ခံလေ့မရှိ။ အဲ့ဒီအစား ဖော်စပ်လို့ အောင်မြင်တဲ့ ဆေးလုံးတွေရဲ့ သုံးပုံတစ်ပုံကို ယူပါတယ်။
ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေကို ဘာဆေးပဲ လာဖော်စပ်ခိုင်းခိုင်း… သာမန်အဆင့် ဆေးလုံးပဲဖြစ်ဖြစ်.. ကောင်းကင်အဆင့် ဆေးလုံးပဲ ဖြစ်ဖြစ် .. ဆေးဖော်စပ်တာ ကျရှုံးသွားခဲ့ရင် ဆေးပညာရှင်ကို ဘာမှလုပ်လို့မရ။ ဘာမှလည်း ပြန်တောင်းလို့မရပါ။ ဖော်စပ်လို့ အောင်မြင်သွားရင်တော့ ဆေးလုံးစုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို သူတို့ယူပါတယ်။
ထိုအခကြေးငွေ တောင်းတဲ့နည်းလမ်းက နေ့ခင်းကြောင်တောင်ကြီး ဓါးမြတိုက်တာနဲ့ မခြားပါဘူး။ ကောင်းကင်အဆင့် ဆေးလုံးတစ်လုံစီအတိုင်းက အရမ်းကို အဖိုးတန်ပါတယ်။ ကောင်းကင်အဆင့် ဆေးလုံး ဖော်စပ်ဖို့ ဆေးပစ္စည်းတွေကို ခက်ခက်ခဲခဲ ရှာဖွေစုဆောင်းပြီးနောက် ဆေးဖော်စပ်ခိုင်းလို့ ကျရှုံးသွားခဲ့ရင် ကိုယ့်မှာ ဘာမှ အထွန့်တက်ခွင့် မရှိ။ အောင်မြင်ရင်တော့ ကိုယ်ပိုင်ဆိုင်တာရဲ့ သုံးပုံတစ်ပုံကို သူတို့ဆီ ပြန်ပေးရပါသေးတယ်။
အဲ့လိုဆိုရင်တောင် ဆေးဘုရင်တောင်ကြားကို လာပြီး ဆေးဖော်စပ်ခိုင်းတဲ့လူ နည်းသွားလားဆိုရင် နည်းကိုနည်းမသွားခဲ့။
ဘာလို့လဲဆိုတော့ ဆေးပညာရှင်တစ်ယောက် ဆေးဖော်စပ်ရာမှာ ကျရှုံးနိုင်တဲ့ အခွင့်အရေးက တော်တော်လေး နည်းပါးလို့ပါပဲ။ ပြီးတော့ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ရင်လည်း ဖြစ်ပေါ်လာတဲ့ ဆေးလုံးအရည်အသွေးက အပြင်ဘက်က ဆေးပညာရှင်တွေ ဖော်စပ်တဲ့ ဆေးလုံးအရည်အသွေးထက် ပိုပြီးမြင့်မားလေ့ ရှိတာကြောင့်လည်း ပါပါတယ်။
ကိုယ့်ပစ္စည်းတွေ ဆုံးရှုံးနိုင်ပြီး သုံးပုံတစ်ပုံကို ပေးရမယ်ဆိုရင်တောင် ကျင့်ကြံသူတွေက လိုလိုလားလားနဲ့ ဆေးဘုရင်တောင်ကြားဆီ လာပြီး ဆေးဖော်စပ်ခိုင်းလေ့ ရှိပါတယ်။ တကယ့်တော့ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်ကို ဖော်စပ်တဲ့ ဆေးလုံးအရည်အသွေးက အပြင်ဘက်က ဆေးပညာရှင် ဖော်စပ်တဲ့ ဆေးလုံး အရည်အသွေးထက် ပိုပြီးမြင့်မားတယ်လေ။ ကျရှုံးနိုင်ချေဆိုရင်လည်း ဆေးဘုရင်တောင်ကြားက အခွင့်အရေး ပိုနည်းပါတယ်။ အဲ့တော့ ဆေးဘုရင်တောင်ကြားဆီပဲ လာပြီး ဆေးဖော်စပ်ခိုင်းကြာတာပေါ့။
ဆေးဘုရင်တောင်ကြားက ဟန်မင်းဆက်မှာပဲ ကျော်ကြားတာမဟုတ်။ ဘေးပတ်ဝန်းကျင် တိုင်းပြည်တွေက ကျင့်ကြံသူတွေတောင် ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေဆီ လာပြီးဆေးဖော်စပ်ခိုင်းလေ့ ရှိပါတယ်။
ဆေးဘုရင်တောင်ကြား အကြီးအကဲတွေက တောင်းဆိုချက်တိုင်းကို လိုက်လျောသည်တော့ မဟုတ်။ ဖော်စပ်ခိုင်းတဲ့ ဆေးလုံးအဆင့်က အနည်းဆုံး ကောင်းကင်အဆင့်၊ ဒါမှမဟုတ် ဆန်းကြယ်အဆင့်လောက်မှ ဖော်စပ်ပေးတာပါ။ ပြီးတော့ အခကြေးကလည်း သာမန်ထက်ပိုပြီး များပြားပါတယ်။
ဆေးဘုရင်တောင်ကြားမှာ အကြီးအကဲချုပ်၁၀ ယောက်ရှိပါတယ်။ တစ်ယောက်ချင်းစီ အမြင့်ဆုံး တောင်ထွတ်တစ်ခုစီ ပိုင်ဆိုင်ထားပြီး ဆေးပညာလမ်းစဉ်မှာ မြင့်မားတဲ့အဆင့်ကို ရောက်ရှိနေတဲ့လူတွေပါ။
ဆေးဘုရင်တောင်ကြား တပည့်အများစုတောင် ထိုမွန်းစတား အိုကြီးတွေကို မြင်ရခဲ့ပါတယ်။ ထိုလူအိုကြီးတွေ အားလုံးက အသက်၆၀ ကျော်တွေ ဖြစ်ကြပြီး သူတို့တစ်ဘဝလုံး ဆေးပညာကို သုတေသနပြုရင်း အချိန်ကုန်ဆုံး လာခဲ့ကြာတာပါ။ ထူးခြားပြီး ရှားပါးတဲ့ ပစ္စည်းတွေကိုသာ ဆုလာဒ်အဖြစ် ပေးပါမှ ထိုလူအိုကြီးတွေက ဆေးဖော်စပ်ပေးဖို့ တောင်းဆိုချက်တွေကို လက်ခံလေ့ရှိတာ ဖြစ်ပါတယ်။
တောင်ကြားမြို့လေးဟာ ဆိုရင်ဖြင့် ဆိုင်ပေါင်းမျိုးစုံဖြင့် စည်းကားလို့နေပါတယ်။ ဒါပေမယ့် ထိုဆိုင်ခန်းတွေကို ဆေးဘုရင်တောင်ကြားက ပိုင်တာမဟုတ်။ ဆိုင်ခန်း၉၀ ရာခိုင်နှုန်းကျော်ကို ဂိုဏ်းကြီးတွေနဲ့ အင်အားစုတွေက ပိုင်ဆိုင်ထားတာပါ။
တကယ်တော့ ဆေးဘုရင်တောင်ကြားဆိုတာ ဆေးပညာရှင်တို့ စုဝေးရာ နေရာပဲလေ။ ထို့ကြောင့် ဒီနေရာမှာ ဆိုင်ခန်းတွေဖွင့်ပြီး ဆေးပင်တွေရောင်း၊ ရှားပါးပစ္စည်းတွေ စုစည်း၊ အသိသညာ တိုးဟွားအောင်လုပ် စသဖြင့်ပေါ့။
ဒါပေမယ့် ဆေးဘုရင်တောင်ကြားက ဘယ်အင်အားစုနဲ့မှ ပူးပေါင်းလေ့မရှိပဲ ကြားနေသာ နေလေ့ရှိတယ်။ တောင်ကြားလေးထဲတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားပါတယ်။ ဒီနေရာကို ကျင့်ကြံသူများစွာ လာရောက်လေ့ရှိပေမယ့် ထိုစည်းမျဉ်းကို ဘယ်သူမှ မချိုးဖောက်ရဲကြပါ။
မြို့ထဲမှာ တိုက်ခိုက်တာနဲ့ ဆေးဘုရင်တောင်ကြားက လက်ကလေးတစ်ချောင်းတောင် မြှောက်စရာမလို။ ကျန်တဲ့အင်အားစုတွေက ဆေးဘုရင်တောင်ကြားဆီက မျက်နှာရဖို့အရေး တိုက်ခိုက်တဲ့လူတွေကို မြို့ထဲကနေ နှင်ထုတ်မှာပါ။ ဒါပေမယ့် မြို့ထဲကနေ ထွက်သွားတာနဲ့ သူတို့လုပ်ချင်တာ လုပ်လို့ရပါပြီ။ တိုက်ခိုက်မလား၊ သတ်မလား… သူတို့စိတ်ရှိတိုင်းပေါ့။ ဆေးဘုရင်တောင်ကြားက လုံးဝဝင်ရှုပ်လိ့မ်မည် မဟုတ်ချေ။ ထို့ကြောင့် ကီလိုမီတာထောင်ကျော် ကျယ်ဝန်းတဲ့ အတွင်းမြို့လေးနဲ့ ပြင်ပကမ္ဘာက ခြားနာတဲ့ ကမ္ဘာနှစ်ခုလို ဖြစ်နေပါတယ်။
တောင်တွေဝန်းရံထားတဲ့ တောင်ကြားမြို့လေးဟာ ဆိုရင်ဖြင့် စည်ကားပြီး ငြိမ်းချမ်းလို့နေကာ အပြင်ဘက် ကီလိုမီတာ အနည်းငယ် ဝန်းကျင်ကတော့ မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေနဲ့ ပြည့်လို့နေပါတယ်။ ရန်ငြိုးရန်စ ရှိတဲ့လူတွေက တောင်ကြားထဲမှာ မတိုက်ခိုက်ရဲတဲ့အတွက် အပြင်ထွက်လာပြီးမှာသာ သူတို့ကြားက မကျေနပ်ချက်တွေကို ဖြေရှင်းလေ့ ရှိကြပါတယ်။
ဒီနေ့မှာတော့ လှည်တစ်စီးက ဆေးဘုရင်တောင်ကြားနှင့် ကီလိုမီတာ၅၀ အကွာမှာ ရပ်တန့်နေခဲ့တယ်။ လှည်းမောင်းသမားက ကြာပွတ်ကို သိမ်းလိုက်ပြီး လှည့်အတွင်းပိုင်းကို ကြည့်ကာ အော်ပြောလိုက်တယ် “ညီငယ်လေး၊ ဆေးဘုရင်တောင်ကြားကို ရောက်ပြီဟေ့”
“ဘယ်လို” ရန်ကိုင်က ကျင့်ကြံနေရာကနေ နိုးထလာခဲ့ပြီး ပျော်ရွှင်စွာ ပြုံးလိုက်ရင်း လိုက်ကာကိုဖွင့်ပြီး အပြင်ဘက်ကို ကြည့်လိုက်တဲ့အချိန် ကြောင်အသွားခဲ့ရလေတယ် “ဒါကဘယ်နေရာကြီးလဲ”
ပတ်ဝန်းကျင်တစ်ခုလုံးက ဘာဆိုဘာမျှမရှိတဲ့ လွင်တီးခေါင်ပြင်ကြီး ဖြစ်နေပါတယ်။
လှည်းသမားက ရန်ကိုင်ကို ရိုးရိုးလေး ပြုံးပြလိုက်ပြီး ရှင်းပြလိုက်တယ် “ညီငယ်လေး မသိဘူးနဲ့တူတယ်။ ဆေးဘုရင်တောင်ကြားရဲ့ အပြင်ဘက် ဧရိယာက အရမ်းကို အန္တရာယ်များတော့ သာမန်လူတွေ အနားမသွားရဲဘူး။ ဆေးဘုရင်တောင်ကြားကို သွားချင်တဲ့လူရှိတိုင်း ဒီနေရာအထိပဲ ငါခေါ်လာပေးနိုင်တယ်။ အဲ့လိုမှ မဟုတ်ပဲ ဆက်သွားလိုက်မယ် ဆိုရင်တော့ သေခြင်းတရားက ငါတို့ကို စောင့်ကြိုနေလိမ့်မယ်”
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တာကို မြင်လိုက်ရတော့ လှည်းသမားက ဆေးဘုရင်တောင်ကြားရဲ့ အခြေအနေကို ချက်ချင်းပဲ ရှင်းပြလိုက်တယ်။
လှည်းသမား ရှင်းပြတာကို နားထောင်ပြီးနောက် ရန်ကိုင် စိတ်အေးသွားခဲ့တယ်။ အစကတော့ လှည်းသမားက သူ့ကိုဒီနေရာဆီ လှည့်ဖျား ခေါ်လာခဲ့တယ် ထင်နေတာပါ။ ရှင်းပြတာကို နားထောင်ပြီးတော့မှပဲ အခြေအနေက သူထင်တားသလို မဟုတ်မှန်း သိလိုက်ရပါတယ်။
နောက်ဆုံးတော့ ထိုကိစ္စနဲ့ ပက်သက်ပြီး သူစိုးရိမ်စရာ မလိုတော့ပါ။ တကယ့်တော့ အခုနေရာနဲ့ ဆေးဘုရင်တောင်ကြားက သိပ်ပြီးဝေးတော့တာမှ မဟုတ်တာ။ သူ့အိတ်ထဲက ငွေတစ်ပြားကို ထုတ်ကာ လှည်းသမားဆီ ပစ်လိုက်ပြီးနောက် လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ တောင်တန်းတွေဆီ ပြေးထွက်သွားပါတော့တယ်။
ဆေးဘုရင်တောင်ကြား အပြင်ဘက်ဧရိယာက အန္တရာယ်များတယ်လို့ လှည်းသမားက သူ့ကိုပြောခဲ့ပေမယ့် ကိုယ်တိုင် မြင်လိုက်ရတော့မှပဲ အခြေအနေက သူထင်ထားတာထက် ပိုဆိုးနေတာကို တွေ့လိုက်ရပါတယ်။
၃၀ ကီလိုမီတာ ကျော်လောက်ကို ဖြတ်သန်းပြီးချိန်မှာတော့ တိုက်ပွဲ၄၊၅ပွဲကို သူမြင်တွေ့ခဲ့ပြီးပါပြီ။ လမ်းအတိုင်း သွားနေရင်း မကြာသေးခင်ကမှ သေထားတဲ့ အလောင်း လတ်လတ်ဆတ်ဆတ် တွေကိုတောင် သူတွေ့ခဲ့ရပါတယ်။
တိုက်ပွဲတွေကို မြင်တွေ့ခဲ့ရပေမယ့် ကြားဝင်ရှုပ်ဖို့ သူမစဉ်းစားခဲ့။ အဲ့ဒီအစား တိတ်တဆိတ်နဲ့ပဲ သူ့လမ်းသူသွားနေလိုက်တယ်။ ရုတ်ချည်း သူ့နောက်ဘက်ကမှ ဒေါသတကြီး အော်ဟစ်သံနှင့် တိုက်ခိုက်သံတို့ ထွက်ပေါ်လာခဲ့ကာ အဝတ်စလေ တဖျတ်ဖျတ်ခတ်သံတို့လည်း သူနှင့်တဖြည်းဖြည်း နီးကပ်လာခဲ့ပါတယ်။
မျက်မှောင်ကြုံ့လိုက်ရင်း ရန်ကိုင် နောက်လှည့်ကြည့်လိုက်တယ်။ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်က သူ့ဆီကို တစ်ဟုန်ထိုး ပြေးလာနေခဲ့တယ်။ မိန်းကလေးက အသက်၁၆နှစ်လောက်သာ ရှိသေးပြီး တော်တော်လေး လှပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူမမျက်လုံး ဝိုင်းဝိုင်းကြီးတွေက တုန်လှုပ်ခြောက်ခြား မှုတို့ဖြင့် ပြည့်နေပြီး ခြေကုန်သုတ်ပြေးနေခဲ့ပါတယ်။
သူမနောက်မှာတော့ အပူတပြင်း လိုက်လံနေတဲ့ ပုံရိပ်၇ခု၊ ၈ခုလောက် ရှိနေတာပေါ့။ သူတို့မျက်နှာတွေက သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နေခဲ့ပြီး ဓါးကိုလွှဲရမ်းရင်း ကြမ်းတမ်းတဲ့ စကားလုံးတွေကိုလည်း နှုတ်ကနေ အဆက်မပြတ် ကျိန်ဆဲနေခဲ့ပါတယ်။
“ခွေးမ၊ အဲ့နေရာမှာ ရပ်နေစမ်း” ဒေါသတကြီး အော်သံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ ဒါပေမယ့် ကောင်းမလေးကတော့ ပိုပြီးတော့ မြန်အောင်သာ ပြေးလိုက်ပါတယ်။
“မြန်မြန်၊ အဲ့ကောင်မကိုတောင်ကြားထဲ မဝင်သွားစေနဲ့။ သူမသာ တောင်ကြားထဲ ဝင်သွားရင် ငါတို့သူမကို ဘယ်တော့မှ ဖမ်းမိတော့မှာ မဟုတ်ဘူး” ကောင်မလေးက ဆေးဘုရင်တောင်ကြားဆီ ပြေးနေမှန်း သိလိုက်တာနဲ့ လိုက်နေတဲ့ လူအုပ်ထဲက တစ်ယောက်က အပူတပြင်း အော်ပြောလိုက်တယ်။
ဆေးဘုရင်တောင်ကြားက တိုက်ခိုက်ခြင်းကို တားမြစ်ထားပါတယ်။ ကောင်မလေးသာ တောင်ကြားထဲ ဝင်သွားတာနဲ့ အားလုံးပြီးသွားပါပြီ။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ကောင်မလေးက ရန်ကိုင်နား ရောက်လာခဲ့တယ်။
ရန်ကိုင်က သူမကို ကြည့်နေမှန်း သိလိုက်တာနဲ့ ပုလဲရောင်သွားဖြူတွေ ပေါ်အောင် ပြုံးလိုက်ပြီး အသံကုန်အော်ဟစ်ပါတော့တယ် “ဝမ်းကွဲ၊ ပြေးလေ။ ဘာကြောင်ကြည့်နေတာလဲ”
ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး သူ့မျက်နှာလည်း အေးစက်သွားခဲ့တယ်။ ဒါပေမယ့် သူမတုန့်ပြန်နိုင်သေးခင်မှာပဲ ကောင်မလေးက သူ့ကိုကျော်ပြီး ပြေးသွားခဲ့ပါပြီ။
“လခွမ်း၊ ခွေးမမှာ အဖော်ရှိတယ်ဟ။ မြန်မြန်၊ နှစ်ယောက်စလုံးကို လွတ်မသွားစေနဲ့။ ယောကျာ်းကိုသတ်။ မိန်းမကိုဖမ်း” ၇ရက်၇လီ မစားရ မသောက်ရတဲ့ မြေခွေးတစ်ကောင်လို သူတို့အရှိန်က ရုတ်ချည်း မြင့်တက်သွားခဲ့ပြီး ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်ပါတယ်။
ကောင်မလေး ဖြစ်စေ၊ ကောင်မလေးနောက် လိုက်နေတဲ့ အဖွဲ့ဖြစ်စေ သူတို့နှစ်ဖက်စလုံးက ခွန်အားက အရမ်းကိုမမြင့်ပါ။ သိုင်းအဆင့် အမြင့်ဆုံးသူကလည်း အစစ်အမှန်ဒြပ်စင်အဆင့် ၃၊၄သာ ရှိပါတယ်။
သူတို့ခွန်အားက ရန်ကိုင်ကို မျက်တောင် တစ်ချက်ခတ်သွားအောင်တောင် မစွမ်းဆောင်နိုင်ပါ။ ဒါပေမယ့် သူနဲ့ဘာမှမဆိုင်ပဲ သူ့ကိုပလိန်းကြီး ဆွဲထည့်သွားတာကတော့ ရန်ကိုင်ကို တော်တော်လေး ဒေါသထွက်သွားစေခဲ့ပါတယ်။
လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုပြီး အရှေ့ကို ပြေးထွက်သွားလိုက်တာ တစ်ခဏအတွင်းမှာပဲ အပြာရောင်ဝတ်စုံ ဝတ်ထားတဲ့ ကောင်းမလေး ဘေးနား ရောက်သွားခဲ့တယ်။ အံ့အားသင့်နေတဲ့ အမူအရာနဲ့ ကောင်မလေးက ရန်ကိုင်ကို လှည့်ကြည့်လိုက်တယ်။ ရန်ကိုင်ကတော့ မကောင်းကြံမယ့် ရုပ်နဲ့ပေါ့။ “ဝမ်းကွဲ…” ရန်ကိုင်က အတည်ပေါက် လေသံကြီးနှင့် အော်ခေါ်လိုက်တယ်။
“ဟဲဟဲ” ကောင်မလေးမျက်နှာ ကြက်ဟင်းခါးသီး ဝါးထားရသည့် ရုပ်နှင့်… သူမတစ်ကိုယ်လုံး ကြက်သီးမွှေညင်းတို့ ထသွားခဲ့တယ်။ ရန်ကိုင် အရမ်းမြန်လိမ့်မယ်လို့ သူမဘယ်တုန်းကမှ မထင်းထားခဲ့ပါ။ သူမ၏ ကိုးယားကိုးယား ရယ်သံလေး မဆုံးသေးခင်မှာပဲ ရန်ကိုင်မျက်နှာက အေးစက်သွားခဲ့ပြီး ကောင်မလေး လက်ကို ဖမ်းကိုင်လိုက်ပါတယ်။
ကောင်းမလေး မျက်နှာ သုန်မှုန်သွားခဲ့ပြီး ရန်ကိုင် လက်ကနေ ရုန်းထွက်နိုင်ရန် အလို့ငှာ ရန်ကိုင်ကို လက်ဝါးနှင့် ရိုက်ချလိုက်ပါတယ်။ ရန်ကိုင်ကလည်း ဘယ်ငြိမ်ခံနေပါ့မလဲ… ချက်ချင်းပဲ သူ့လက်ဝါးနှင့် ကောင်မလေး လက်ဝါးကို တန်ပြန်လိုက်ပါတယ်။
သူမမတုန့်ပြန်နိုင်ခင်မှာပဲ ရန်ကိုင်က ကောင်မလေးခါးကို လက်တစ်ဖက်နှင့် ဖမ်းကိုင်လိုက်ပြီး နောက်တစ်လက်တစ်ဖက်က ကောင်မလေး၏ လက်ကောက်ဝတ်ကို ဖမ်းချုပ်ထားလိုက်တယ်။
“နင်… နင်ဘာလုပ်နေတာလဲ၊ မြန်မြန်ပြေးလေ” လူအုပ်က သူမနှင့် နီးကပ်လာတာကို တွေ့လိုက်တာနဲ့ ကောင်မလေးက ထိတ်လန်ံတကြား အော်ဟစ်လိုက်လေတယ်။
ရန်ကိုင်က နှာခေါင်းသာ ရှုံ့လိုက်ပြီး ကောင်မလေးကို နောက်က လိုက်လာနေတဲ့ လူအုပ်ဆီ ပစ်ပေါက်လိုက်ပါတယ်။ “နင်…” ကောင်မလေး၏ မျက်လုံးအစုံက ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။ ရန်ကိုင် အခုလိုမျိုး လုပ်လိမ့်မယ်လို့ သူမဘယ်တုန်းကမှ ထင်မထားခဲ့တာ အမှန်ပါ။