← Chapters

အခန်း (၂၇၁-၂၇၅)

Vol. 11 Ch. 271-275

အခန်း (၂၇၁-၂၇၅)

Vol. 11 Ch. 271-275

အပိုင်း(၂၇၁) လုံးဝကျရှုံးခြင်း

အသက်ရှူချိန် ဆယ်ရှိုက်စာ ကုန်ဆုံးပြီးနောက်မှာတော့ ဆေးကို ပထမဆုံး သောက်လိုက်တဲ့ ဆေးပညာရှင် မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ သူ့တစ်ကိုယ်လုံး တုန်ရီလာခဲ့ပြီး ချွေးစေးတို့ သူ့နဖူးထက် ထွက်ပေါ်လာပါတော့တယ်။

စင်မြင့်အောက်က လူအုပ်ကြီးထဲကနေ ပင့်သက်ရှိုက်သံကြီး ထွက်ပေါ်လာခဲ့ပါပြီ။ ဂရမ်းမာစတာ ရှောင်ကိုယ်တိုင် သန့်စင်ထားတဲ့ အဆိပ်ဆေးလုံးက ဒီလောက်အထိ လက်စွမ်းပြလိမ့်မယ်လို့ သူတို့ထဲက တစ်ယောက်မှ မမျှော်လင့်ထားခဲ့ပါဘူး။

မကြာပါဘူး… စင်မြင့်ပေါ်ကနေ တဘွတ်ဘွတ် မြည်သံတို့ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပါတော့တယ်။ နောက် ပတ်ပတ်လည် တစ်ခုလုံး သေချင်စရာ ကောင်းလောက်အောင် နံစော်လို့ သွားခဲ့လေပြီ။ ဒါက စင်မြင့်ပေါ်က ဆေးပညာရှင် လေလည် လိုက်တာကြောင့်ပါပဲ။

စင်မြင့်နား ကပ်နေတေဲ့ လူတော်တော်များများက သတိမမူမိပဲ ထိုနံစော်နေတဲ့ အပုပ်နံ့တွေကို ရှူရှိုက်မိပြီး စတင်အော့အန် ကြပါတော့တယ်။ သူတို့ မျက်နှာတွေကတော့ ရှုံ့မဲ့သုန်မှုန်လို့ နေပါတယ်။

ဆေးပညာရှင်ရဲ့ ဖြူလျော်နေတဲ့ မျက်နှာတောင် ချက်ချင်းကြီး နီမြန်သွားပါတယ်။ ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုကြောင့်တော့ မဟုတ်၊ သူလေလည်ရာကနေ ထွက်ပေါ်လာတဲ့ အနံကြောင့်ပါပဲ။

လူအများကြီးရှေ့မှာ အခုလို လေလည်လိုက်တာက တော်တော်ကို ရှက်စရာ ကောင်းပါတယ်။ မရေမတွက်နိုင်တဲ့ လူတွေက သူ့ကို သနားစရာ ကောင်းတဲ့ အကြည့်၊ အထင်အမြင်သေးတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေတာကို မြင်လိုက်ရချိန်မှာတော့ လေလည်လိုက်တဲ့ ဆေးပညာရှင်က ချက်ချင်း ထရပ်ပြီး အရိုက်ခံရတဲ့ လမ်းဘေးခွေး တစ်ကောင်လို စင်မြင့်ပေါ်ကနေ ထပြေးပါတော့တယ်။

“အရည်အချင်း မရှိပဲနဲ့များ ဂရမ်းမာစတာ ရှောင်ရဲ့ တပည့်ရွေးပွဲမှာ လာပြိုင်ချင်နေသေးတယ်။ ကိုယ့်ကိုယ်ကို အထင်ကြီး လွန်းနေတာပဲ”

“မင်းကြောင့် မင်းအဖွား ရှက်ရပြီ။ အိမ်ပြန်ပြီးတော့ပဲ အေးအေးဆေးဆေး နားနေလိုက်တာ မင်းအတွက် ပိုကောင်းမယ်”

“ဘယ်လို ဆေးပညာရှင်ကြီး လဲဟ။ အနာဂတ်မှာ ဆေးပညာရှင်အလုပ်ကို သူဘယ်လို ဆက်လုပ်နိုင်တော့မှာလဲ”

အဆက်မပြတ် လှောင်ပြောင် သရော်သံတွေက သူ့ကျောကို ဆူးနဲ့ထိုးနေသလိုပါပဲ။ ထိုလူငယ်လေးလည်း ဆက်မနေရဲတော့တဲ့အတွက် ချက်ချင်းပဲ လူအုပ်ထဲ တိုးဝင် ပျောက်ကွယ်သွားပါတော့တယ်။

အစောတုန်းက ကိစ္စနဲ့ပက်သက်ပြီး အသိပြန်မဝင်သေးခင်မှာပဲ ‘ဘုတ်ဘုတ်’ ဆိုတဲ့ အသံနှစ်သံကို လူတိုင်း ကြားလိုက်ရတယ်။ အသံလာရာကို လှည့်ကြည့်လိုက်ချိန်မှာတော့ အစောပိုင်းတုန်းက အဆိပ်ဆေးလုံးကို မျိုချလိုက်တဲ့ ဆေးပညာရှင် နှစ်ယောက်ဆီကနေ ဖြစ်နေပါတယ်။ သူတို့ မျက်လုံးတွေက ဗလာဖြစ်နေပြီး တင်ပလင်ခွေ ထိုင်လျက်သား သတိလစ်နေကြတာပါ။

ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်က နှာခေါင်းရှုံ့လိုက်ပြီး ထိုနှစ်ယောက်ကို တစ်ချက်ကလေးတောင် မကြည့်ပဲ စင်ပေါ်ကနေ ကန်ချပစ်လိုက်ပါတယ်။ သူတို့ စရိုက် အပြုအမူက အရမ်းကို မောက်မာဝံ့ကြွားလွန်းပါတယ်။ ထိုနှစ်ယောက်ကိုတောင် ဘာမှ အသုံးမဝင်တဲ့ အမှိုက်တွေကို ကန်ပစ်သလိုမျိုး ကန်ထုတ် ပစ်လိုက်တာပါ။

ဒါပေမယ့် ဘယ်သူမှာတော့ မကန့်ကွက် ရဲခဲ့ပါဘူး။ စမ်းသပ်မှု မတိုင်ခင်ကတည်းက အဆိပ်ဆေးလုံးဆိုတာ ဂရမ်းမာစတာရှောင်ကိုယ်တိုင် သန့်စင်ထားတာလို့ သူတို့ ပြောခဲ့ပြီးသားလေ။ ဝင်ပြိုင်မယ် ဆိုမှတော့ အခုလို ရလဒ်မျိုးကို လက်ခံနိုင်ဖို့အတွက် ကြိုပြီး ပြင်ဆင်ထားရမှာပေါ့။

“သူတို့ မသေသေးဘူး” တစ်ယောက်ယောက်က အော်ပြောလိုက်တယ်။ ထိုနှစ်ယောက်က အသက်ရှူနေသေးပါတယ်။ သတိသာ မရသေးတာပါ။ သူတို့ ဘယ်လို နိုးနိုး၊ ထိုနှစ်ယောက်ကတော့ လုံးဝ နိုးမလာခဲ့ပါဘူး။

“ပူလိုက်တာ” ထိုအသံက စင်မြင့်ပေါ်က ဆေးပညာရှင် တစ်ယောက်ဆီကနေ ထွက်လာတာပါ။ သူ့တစ်ကိုယ်လုံး ရဲရဲနေပြီး သူ့ခေါင်းကနေ အငွေ့တွေတောင် ထွက်နေခဲ့ပါတယ်။ သူ့ခေါင်းကနေ အငွေ့တွေ ဆက်လက် ထွက်ပေါ်နေခဲ့ပြီး သူ့ကိုယ်တိုင်က ဝတ်ထားတဲ့ အဝတ်အစားတွေကို စတင်ဆုတ်ဖြဲပါတော့တယ်။

သိပ်မကြာခင်မှာပဲ သူ့ကိုယ်အပေါ်ပိုင်း တစ်ခုလုံး ဗလာကျင်းသွားခဲ့ပါပြီ။ ပူလွန်းလို့ လားတော့မသိ၊ သူ့ကိုယ် အပေါ်ပိုင်း ဗလာဖြစ်နေတာကိုတောင် သူ့ရင်ဘတ်ကို ဆက်ပြီး ကုတ်ခြစ်နေပါသေးတယ်။

ထိုမြင်ကွင်းကို ကြည့်နေတဲ့ ဒေါင်ချင်းယန်ရဲ့ မျက်နှာလေးက ရဲရဲနီသွားခဲ့ပြီး ချက်ချက်းဆိုသလိုပဲ သူမမျက်လုံးတွေကို လက်နဲ့အုပ်ထားလိုက်ပါတယ်။

လူအုပ်ထဲက လူအနည်းငယ်လောက်က စင်မြင့်ပေါ် တက်လာပြီး ထိုကျင့်ကြံသူကို ပြန်တွဲခေါ်သွားခဲ့ပါတယ်။ သူတို့ ကြည့်ရတာ မိသားစုတစ်ခုတည်း၊ ဒါမှမဟုတ် ဂိုဏ်းတစ်ခုတည်းက လာတဲ့ပုံပါပဲ။ သူသာ ထိုကဲ့သို့ ဆက်လုပ်နေရင် သူလာတဲ့ ဂိုဏ်း၊ ဒါမှမဟုတ် မိသားစုက မျက်နှာ ပျက်ရမှာလေ။

အသက်သုံးဆယ်ရှိုက်စာ ကုန်ဆုံးပြီးနောက်မှာတော့ စင်မြင့်ပေါ် တက်သွားတဲ့ ဆေးပညာရှင်တစ်သုတ် ထုတ်ပယ်ခြင်း ခံလိုက်ရပါတယ်။ အဆိပ်ဆေးလုံး ဘယ်လောက် အစွမ်းထက်လဲဆိုတာက ထိုဆေးပညာရှင်တွေရဲ့ တိမ်းဖုံးတောင်ထွတ်ဆီ ဝင်လိုစိတ်ကို မဖိနှိပ်ထားနိုင်ခဲ့ပါဘူး။ အဲ့အစား ပိုလို့တောင် တိုးသွားစေပါသေးတယ်။

ဂရမ်းမာစတာရှောင်ကိုယ်တိုင် သန့်စင်ထားတဲ့ ဆေးလုံးတွေ အားလုံးက အဆိပ်ဆေးလုံးတွေပါပဲ။ ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့ မတူဘူးပေါ့။ ဆေးလုံးသောက်ပြီးတာနဲ့ အချို့က လေလည်လိုက်မိသလို အချို့က သတိလစ်သွားပါတယ်။ စသဖြင့်ပေါ့…

ပထမတစ်သုတ် ကျသွာတာနဲ့ ချက်ချင်းပဲ နောက်တစ်သုတ်က စင့်မြင့်ပေါ် ထပ်တက်သွားပါတယ်။ အချိန်ကုန်လာတာနဲ့ အမျှ စမ်းသပ်မှု ကျရှုံးတဲ့ လူအရေအတွက်က ပိုပိုများလာပါတယ်။ နောက်ဆုံး လူနှစ်ရာကျော် ဝင်ပြိုင်ပြီးတာတောင် အောင်မြင်တဲ့လူဆိုလို့ တစ်ယောက်မှ မရှိသေးပါဘူး။

စင်မြင့်ပတ်လည်က လေထုတစ်ခုလုံးက အုံ့မှိုင်းလို့ နေပါပြီ။

စင်မြင့်ပေါ်တက်သွားတဲ့ နောက်ဆုံး ဆေးပညာရှင် အသုတ်ထဲက တစ်ယောက်ဆိုရင် အဆိပ်မိသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး ကျောက်တုံးရုပ်ထုလို တောင့်တင်းသွားခဲ့ကာ သတိလစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ထိုလူက သတိလစ်လျက်သားနဲ့ပင် အော်ဟစ်နေခဲ့ပါသေးတယ် “ငါမကျေနပ်ဘူး။ ငါသဘောမတူဘူး။

အဆိပ်ဆေးလုံးလေး တစ်လုံးက ဘယ်လိုလုပ်ပြီး ငါ့ရဲ့ ထူးချွန်လှတဲ့ အရည်အချင်းကို တိုင်းတာနိုင်မှာလဲ။ ငါတိမ်ဖုံးတောင်ဆီ သွားပြီး ဂရမ်းမစတာရှောင်နဲ့ တိုက်ရိုက်စရား‌ ပြောရမယ်။ ဒီက ဂျူနီယာလေးကို နောက်ထပ် အခွင့်အရေး တစ်ခုပေးဖို့ပေါ့”

“သူ့ကို ကန်ချလိုက်” ချင်ကျဲက အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။

ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်ထဲက တစ်ယောက် ကောင်လေးဆီ သွားလိုက်ပြီး နှာခေါင်းရှုံ့ကာ ကန်ချလိုက်ပါတယ်။

ဒါပေမယ့် ထိုသကောင့်သားက စင်ပေါ်ကနေ ကန်ချခံရပြီးတောတောင် ဆက်ပြီး အော်နေခဲ့ပါသေးတယ် “ဂရမ်းမာစတာရှောင်၊ ကျွန်တော်ကမှ ခင်ဗျားရဲ့ အမွေအနှစ်နဲ့ ထိုက်တန်တဲ့လူပါ။ ကျေးဇူးပြုပြီး ဒီဂျူနီယာလေးကို နောက်ထပ် အခွင့်အရေး တစ်ခုပေးပါဦး”

“ဒီကောင်တွေ ရူးသွားပြီ” ရန်ကိုင်က ဘေးပတ်ပတ်လည်ကို ကြည့်ပြီး ခေါင်းခါလိုက်တယ်။

ဒေါင်ချင်းယန်က လေသံတိုးတိုးနဲ့ ရန်ကိုင်ကို ပြန်ပြောလိုက်ပါတယ်

“ဆေးပညာ အသိုင်းအဝိုင်းမှာ ဂရမ်းမာစတာရှောင် ဘယ်လောက် ကြီးမြတ်တယ်ဆိုတာ နင်မှနားမလည်တာကိုး။ အဲ့လူကိုပဲကြည့် … သူလုပ်နေတဲ့ ပုံစံက ရှက်စရာကောင်းပေမယ့် သူ့ကို လှောင်ပြောင်တဲ့လူကို နင်တွေ့လို့လား”

သူမပြောတာ ကြားမှပဲ ရန်ကိုင်က ဘေးပတ်ပတ်လည်ကို လိုက်ကြည့်မိလိုက်တယ်။ ဟုတ်ပါတယ်… သူမပြောသလိုပဲ သူ့ကို လှောင်ပြောင်နေတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ အများစုကတော့ ဘာမှမဖြစ်သလိုမျိုးသာ ရပ်နေကြပြီး အချို့ကတော့ ထိုလူကို သနားစွာဖြင့် ကြည့်နေကြပါတယ်။

“ဂရမ်းမာစတာရှောင်ဆိုတာ ဆေးပညာရှင်တွေရဲ့ မျက်လုံးထဲမှာတော့ အထွတ်အထိပ် တည်ရှိမှု တစ်ခုပဲ။ သူ့ကိုသာ ဆရာတင်လို့ ရမယ်ဆိုရင် အခုလို မျက်နှာပျက်တာလောက်တော့ ဘာဖြစ်မှာမို့လို့လဲ” ဒေါင်ချင်းယန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်ရင်း ပြောလိုက်တယ်။ သူမ မျက်နှာထက်မှာတော့ မျှော်လင့်နေတဲ့ အရိပ်အယောင်တို့ကို မြင်တွေ့နေရပါတယ်။

“စင်ပေါ်တက်ပြီး အဆိပ်ဆေးလုံးကို နင်တကယ် သွားသောက်မှာလား” ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး “အဲ့လူတွေရဲ့ အပြုအမူတွေကိုလည် နင်တွေ့ပြီးသွားပြီပဲ။ သတိလစ်ပြီး မြေကြီးပေါ် ကန်ချခံရတာတောင် ကံကောင်းနေပြီ။ အကယ်၍ စမ်းသပ်မှုကို ကျရှုံးပြီး စင်ပေါ်မှာသာ နင့်အဝတ်တွေကို စုတ်ဖြဲလိုက်မယ် ဆိုရင်တော့… ဟင်းဟင်းဟင်း”

ဒေါင်ချင်းယန်၏ မျက်နှာလှလှလေးဟာ ချက်ချင်းဆိုသလို ဖြူလျော်သွားခဲ့ပါတယ်။

“ဒီမှာ စုနေတဲ့ လူတွေကိုလည်း ကြည့်လိုက်ဦး။ လူငယ်တွေဆို အများကြီးပဲ။ သူတို့လည်း အဲ့မြင်ကွင်းကို မြင်ချင်ကြမှာပါ။ ဟဲဟဲ… ဒေါင်မိသားစုရဲ့ သခင်မလေးက စင်ပေါ်မှာ အဝတ်တွေ စုတ်ဖြဲနေတယ်တို့ ဘာတို့၊ သတင်းသာ ပျံ့သွားကြည့်ပါလား။ နင်တကယ်ကို နာမည်ကျော်သွားမှာ”

“မဖြစ်နိုင်ဘူး…”

“အဲ့လို မဖြစ်ဘူးဆိုရင်တောင် လူမြင်ကွင်းမှာ နင် လေလည် မိလိုက်ရင်ရော”

“အဲ့အကြောင်း မပြောနဲ့” ဒေါင်ချင်ယန်၏ မျက်နှာလေးဟာ ဆိုရင်ဖြင့် ရှုံ့မဲ့လို့ နေလေပြီ။

ရန်ကိုင် ပြောခဲ့တဲ့ ဘယ်လို အဖြစ်အပျက်မဆို သူမလက်ခံနိုင်တဲ့ အတိုင်းအတာထဲ မပါပါဘူး။ ရန်ကိုင် ပြောတဲ့အထဲက တစ်မျိုးမျိုးသာ ဖြစ်ပျက်ခဲ့ရင်တော့ ထိုအဖြစ်အပျက်က သူမတစ်ဘဝလုံးကို အရိပ်ဖုံးသွားမှာပါ။ သူမရဲ့ ကျန်ဘက်ကျန် ဘဝတစ်လျှောက်လုံး လူမြင်ကွင်းထဲ မတွက်ရဲသလို အများရှေ့မှာလည်း နောက်တစ်ကြိမ် ခေါင်းဖော်ရဲလိမ့်မည် မဟုတ်ပါဘူး။

ထို့နောက် ရန်ကိုင်ကို လှည့်ကြည့်လိုက်ပြီး လက်သီးတင်းတင်း ဆုပ်လိုက်ရင်း “နင်ငါ့ကို ခြောက်ဖို့ ကြိုးစားနေတယ်ဆိုတာ ငါသိတယ်။ အဲ့လိုမှပဲ ငါ့အစ်ကိုဆီ ငါပြန်သွားမှာလေ။ အဲ့လို ရုပ်ပျက်ဆင်းပျက် ပုံစံမျိုး ဖြစ်သွားနိုင်တယ် ဆိုရင်တောင် ငါကတော့ ကြိုးစားကြည့်ရဦးမှာပဲ။

ဒီအခွင့်အရေး တစ်ခုအတွက် ငါအကြာကြီး ပြင်ဆင်လာခဲ့ရတာ။ ငါအခု ဒီရောက်နေပြီဟာကို ဘာလို့ အလွယ်တကူ လက်လျှော့ပြီး အိမ်ပြန်ရမှာလဲ”

ပြောနေရင်း သူမအသံက တစ်ချက်ရပ်သွားခဲ့ပြီး ပိုပိုတိုးသွားခဲ့တယ်။ သူမမျက်နှာ တစ်ခုလုံး ခရမ်းချဉ်သီး တစ်လုံးလို ရဲရဲနီနေပြီး ပုရွက်ဆိတ် အော်သံမျိုးနဲ့ “နင်ပြောတဲ့ အတိုင်း ဖြစ်ခဲ့မယ်ဆိုရင်… ငါ့ကို စင်ပေါ်ကနေ ချက်ချင်း ခေါ်သွားပေးပါနော်”

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ ဒေါင်ချင်းယန်က ဆုံးဖြတ်ထားမှတော့ သူကကော ဘာတတ်နိုင်ဦးမှာလဲ။ သူဘယ်လောက်ပဲ ခြောက်ခြောက် အားလုံးက အချည်းပဲ ဖြစ်သွားလိမ့်မယ်ဆိုတာ သူသိပါတယ်။

ရုတ်တရက် လူအုပ်ကြီး တစ်ခုလုံး ဆူဆူညံညံ ဖြစ်သွားခဲ့ပါတယ်

“မြေကမ္ဘာအဆင့်မြင့် ဆေးပညာရှင်တစ်ယောက်၊ သူက ဝမ်းမိသားစုက ဂျီးနီးယပ် ဆေးပညာရှင် တစ်ယောက် မလား။ သူလည်း လာတာပဲလား”

“သူဆိုရင်တော့ ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို အောင်မြင်ကောင်း အောင်မြင်နိုင်လိမ့်မယ် “

“ကောင်းတယ်၊ နောက်ဆုံး စိတ်ဝင်စားစရာ တစ်ခုခုကို မြင်တွေ့ရတော့မှာပဲ”

“ဟိုနေရာကို လှမ်းကြည့်လိုက်၊ သူက ရုံမိသားစုက မြေကမ္ဘာ အလယ်အလတ် အဆင့် ဆေးပညာရှင် တစ်ယောက်ပဲ”

“ပြီးတော့ သူ၊ သူက ချန်မိသားစုက မြေကမ္ဘာ အလယ်အလတ် အဆင့် ဆေးပညာရှင် တစ်ယောက်ပဲ “

“မိသားစု အသီးသီးက ဆေးပညာရှင်တွေ ထွက်လာပြီဆိုတော့ ပွဲကြီးပွဲကောင်းတော့ ကြည့်ရတော့မှာပဲ”

ထိုလူငယ် ဆေးပညာရှင်တွေက မိသားစု အသီးသီးက ပြုစုပျိုးထောင်ထားတဲ့ ဆေးပညာရှင်တွေပါ။ သူတို့ တစ်ယောက်ချင်းစီက ဂရမ်းမာစတာရှောင်ရဲ့ တပည့်ဖြစ်ဖို့ မျှော်မှန်းထားကြသူတွေပါ။

အခုအချိန်ထိ စင်ပေါ်ကို တက်သွားတဲ့ လူတွေက အမည်မသိတဲ့ အင်အားစု ငယ်လေးတွေက ဆေးပညာရှင်တွေပါ။ အဲ့တော့ သူတို့ မအောင်မြင်တာလည်း မဆန်းပါဘူး။ ဒါပေမယ့် အခုတော့ တကယ့် ဆေးပညာရှင်တွေ ရောက်လာပြီဆိုတော့ လူအုပ်ကြီးလည်း စိတ်လှုပ်ရှားလာခဲ့တာပေါ့။

လူအုပ်ကြီးတစ်ခုလုံး စကားပြောသံတို့ဖြင့် ညံသွားခဲ့လေပြီ။ သူတို့လာတော့မှ လူအုပ်ကြီး တစ်ခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားတော့ မြေကမ္ဘာအဆင့် ဆေးပညာရှင် ၁၀ယောက်လည်း နည်းနည်း ဂုဏ်မောက်ချင်သွားပါတယ်။

ဒါပေမယ့် သူတို့ ဂုဏ်ယူဝံ့ကြွားတာကို အခြားသူတွေဆီ ထုတ်ဖော်ပြသမှာတော့ မဟုတ်။ သူတို့ စိတ်ထဲမှာပဲ သိမ်းထားကြတာပါ။ ထို့ကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ပဲ စင်မြင့်ပေါ်ကို တက်သွားလိုက်ပါတယ်။ ပထမဆုံး ချင်ကျဲကို နှုတ်ဆက်လိုက်ပြီးနောက် အဆိပ်ဆေးလုံး ရှိရာဆီ အသီးသီး လမ်းလျှောက်သွားလိုက်ကြတယ်။

“ညီအစ်ကိုဝမ် တစ်ယောက်ပဲ မြေကမ္ဘာအထွတ်အထိပ် အဆင့်ကို ရောက်တာဆိုတော့ ညီအစ်ကိုပဲပဲ အရင်ကြိုးစားသင့်တာပေါ့” ချန်မိသားစုက ဆေးပညာရှင်က ပြုံးရင်း ပြောလိုက်ပြီး ဝမ်ချီရန်အတွက် လမ်းဖွင့်ပေးလိုက်တယ်။ ကျန်တဲ့လူတွေလည်း သူ့အတိုင်းလိုက်ပြီး လမ်းဖွင့်ပေးလိုက်ကြပါတယ်။

ဝမ်ချီရန်က ပြုံးလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်ပါတယ် “အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုဆိုမှတော့ ဒီဝမ်ကပဲ အရင်စရတော့မှာပေါ့”

ပြောပြီးတာနဲ့ တိမ်ဖုံးတောင်ထွတ်ဆီ မျက်နှာမူကာ ဦးညွှတ်လိုက်ပါတယ်။ ပြီးတော့မှပဲ အဆိပ်ဆေးလုံးတစ်လုံးကို ယူပြီး သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်ပါတယ်။ နောက် တင်ပလင်ခွေ ထိုင်ကာ အဆိပ်ဆေးလုံးကို စတင်သန့်စင်ပါတော့တယ်။

သူ့ပုံစံအရဆိုရင် အခုစမ်းသပ်မှုကို အောင်မြင်ရမယ်လို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်နေတဲ့ ပုံပါပဲ။ အဲ့လိုမှမဟုတ်ရင် တိမ်ဖုံးတောင်ဘက်ကို ဦးညွှတ်ခဲ့လိမ့်မည် မဟုတ်ပါဘူး။ တကယ်တော့ တိမ်ဖုံးတောင်ဆိုတာ ရှောင်ဖုရှန်ရဲ့ တောင်ထွတ်ပဲလေ။

ဆေးဘုရင်တောင်ကြားက တပည့်သုံးယောက်လည်း ရယ်မိလိုက်ပါတယ်။ မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဆေးပညာရှင် ဖြစ်တော့ရော ဘာဖြစ်လဲ။ ဂရမ်းမာစတာရှောင် ကိုယ်တိုင် သန့်စင်ထားတဲ့ ဆေးလုံးကို ကောင်းကင်အဆင့် ဆေးပညာရှင်တောင် အရည်းအချင်း မလုံလောက်ရင် သန့်စင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

ဒီဝမ်ချီရန်က သူ့ကိုယ်သူ အရမ်း အထင်ကြီးနေတာပဲ

ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး တိတ်တဆိတ် လှောင်ပြောင်နေလိုက်တယ်။ ဝမ်ချီရန် သူ့ကိုယ်သူ ဘယ်လို အရူးလုပ်မလဲဆိုတာ သူတို့ အရမ်းကို မြင်ချင်နေပါပြီ။

တစ်ခဏကြာပြီးနောက် စင်ပေါ်တက်လာတဲ့ ဆေးပညာရှင် တစ်သုတ်လုံး အဆိပ်ဆေးလုံး တစ်လုံစီသောက်ပြီး ထိုင်စရာ နေရာတစ်ခုရှာကာ သန့်စင်ခြင်း လုပ်ငန်းကို စတင်ပါတော့တယ်။

ထိုးဆေးပညာရှင်တွေက ဆေးလုံးတွေ သန့်စင်နေချိန် စင်အောက်ရှိ လူအုပ်ကြီးကတော့ အသက်တောင် ပြင်းပြင်း မရှုရဲပဲ စင်ပေါ်ကို စိတ်ဝင်တစား ငေးကြည့်နေကြပါတယ်။ သူတိုအရင် စင်ပေါ်တက်သွားတဲ့ လူတွေအားလုံး လက်ဖက်ရည် ခွက်တစ်ဝက်စာ ကြာချိန်လောက်ပဲ တောင့်ခံနိုင်ကြပါတယ်။

ဒါပေမယ့် လက်ဖက်တစ်ခွက်စာ ကြာချိန် အပြီးမှာတော့ မြေကမ္ဘာအဆင့်နိမ့် ဆေးပညာရှင်တစ်ယောက်ရဲ့ ပါးစပ်ထဲကနေ အမြုံ့တွေ ထွက်ပေါ်လာခဲ့တယ်။ သိပ်မကြာပါဘူး နောက်ထပ်တစ်ယောက်က လေလည်ပါတော့တယ်။ မကြာပါဘူး… နောက်ထပ် တစ်ယောက်ပြီး တစ်ယောက် ကျရှုံးသွားခဲ့ကြပါတယ်။ ထိုရလဒ်က စင်အောက်ရှိ လူအုပ်ကြီး တစ်ခုလုံးကို ကြောင်အသွားစေခဲ့ပါတယ်။

ဒီနေရာမှ စုဝေးနေတဲ့ လူတွေထဲမှာ ထိုစင်ပေါ်တက်သွားတဲ့ ဆေးပညာရှင်တွေက သောက်သုံးမကျဘူးလို့ တွေးနေတဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ဒါပေမယ့် ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုက သူတို့ ထင်ထားတာထက် ပိုပြီးခက်ခဲနေတယ်လို့ပဲ တွေးနေကြာတာပါ။

အမွှေးတိုင်တစ်တိုင်း ထွန်းစာလောက် ကြာပြီးတဲ့အချိန်မှာတော့ စင်မြင့်ပေါ်မှာ ဝမ်ချီရန် တစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျန်တဲ့လူအားလုံးကတော့ ဝမ်းနည်းစွာနဲ့ပဲ ထွက်ခွါသွားရပါပြီ။

မရေမတွက်နိုင်တဲ့ လူတွေအားလုံး ရင်တမမနဲ့ စင်မြင့်ပေါ်ကို စူးစိုက် ကြည့်နေခဲ့ကြတယ်။ ဝမ်ချီရန်သာ မအောင်မြင်ဘူးဆိုရင် ဂရမ်းမာစတာရှောင် စစ်ဆေးတဲ့ စမ်းသပ်မှုကို အောင်မြင်တဲ့ လူရှိပါ့မလား ဆိုတာကိုတောင် သူတို့ မသိတော့ပါဘူး။

သိပ်မကြာခင်မှာပဲ ဝမ်ချီရန်၏ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး သူ့မျက်ခုံးကြားကနေ အနက်ရောင်အငွေ့တွေ စတင်ထွက်ပေါ်လာခဲ့ပါတယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ကျောက်တုံးရုပ်ထု တစ်ခုလို ထိုင်နေတဲ့ ချင်ကျဲတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရပါတယ်။ သူ့မျက်လုံးတွေဆိုရင် တလက်လက်‌ တောက်ပနေသယောင် ထင်ရပြီး ဝမ်ချီရန်ရဲ့ အခြေအနေကို သေချာလေ့လာနေခဲ့တယ်။

အချိန်တွေ ကုန်ဆုံးလာတာနဲ့ ဝမ်ချီရန်ဆီကနေ ထွက်ပေါ်လာတဲ့ အနက်ရောင် အငွေ့တွေက ပိုပြီး သိပ်သည်းလာခဲ့ပါတယ်။ ရုတ်တရက် အနက်ရောင် အငွေ့တွေက ပျောက်ခြင်းမလှ ပျောက်သွားခဲ့ပြီး တစ်ချိန်တည်းမှာပဲ ဝမ်ချီရန်လည်း ချောင်းတဟွတ်ဟွတ်ဆိုးကာ အနက်ရောင် သွေးတစ်ပွက် အန်လိုက်ရပါတယ်။

လူအုပ်ကြီးထဲကနေ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့တယ်။ ဝမ်ချီရန်လို ပုံစံမျိုး တစ်ယောက်မှ မဖြစ်ခဲ့ဖူးပါဘူး။ ထို့ကြောင့် စမ်းသပ်မှုကို သူအောင်လား၊ ရှုံးလားဆိုတာကိုလည်း ဘယ်သူမှ မသိပါဘူး။

ဝမ်မိသားစုက သိုင်းပညာရှင်တွေက စင်မြင့်ဆီ ချက်ချင်း တက်လာပြီး ဝမ်ချီရန်ကို ခပ်မြန်မြန်ပဲ တွဲကူပေးလိုက်ပါတယ်။ ဒါပေမယ့် ဝမ်ချီရန်က မလိုဘူးဆိုတဲ့ ပုံစံနဲ့ သူ့လက်ကို ဝှေ့ရမ်းပြလိုက်ပါတယ်။

နည်းနည်းလောက် ရုန်းကန် ကြိုးစားပြီးတော့မှပဲ တည်တည်ငြိမ်ငြိမ်နဲ့ သူမတ်တပ် ရပ်နိုင်ခဲ့ပါတယ်။ ထို့နောက် ချင်ကျဲဆီ မျှော်လင့်ချက်တို့ဖြင့် ပြည့်နေသည့် မျက်လုံးတွေနဲ့ လှည့်ကြည့်လိုက်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာပဲ ချင်ကျဲက ခေါင်းခါပြလိုက်ပြီး သက်ပြင်းချလိုက်တယ် “ကျရှုံးတယ်”

ဝမ်ချီရန်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားခဲ့ပါတယ်။ ဒါပေမယ့် သူအရှုံးမပေးသေးပါဘူး။ ထို့ကြောင့် လက်သီးဆုပ်ပြီး ချင်ကျဲကို မေးလိုက်ပါတယ် “ကျွန်တော်ဘာလို့ ဒီစမ်းသပ်မှုကို ကျရှုံးလဲဆိုတာကို စီနီယာ တစ်ချက်လောက် ပြောပြပေးလို့ ရမလား”

ထိုမေးခွန်းက ဆေးပညာနဲ့ ပက်သက်တာ ဖြစ်တဲ့အတွက် ချင်ကျဲက စိတ်ရှည်ရှည်နဲ့ပဲ ရှင်းပြလိုက်ပါတယ် “တကယ်တော့ မင်းက အောင်မြင်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တာ။ ဒါပေမယ့် ကံမကောင်းစွာပဲ မင်းကျရှုံးသွားခဲ့ရတယ်”

“စီနီယာရဲ့ လမ်းညွှန်မှုအတွက် ဒီဂျူနီယာက ကျေးဇူးတင်ပါတယ်” ဝမ်ချီရန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ချင်ကျဲကို ကျေးဇူးတင်ပြီးနောက် သူ့မိသားစုက တပည့်တွေနဲ့အတူ စင်မြင့်ပေါ်ကနေ ဆင်းသွားလိုက်တယ်။ နေ ဆင်းသွားလိုက်တယ်။

Martial Peak

အပိုင်း(၂၇၂) သူက ဆေးပညာရှင် တစ်ယောက်မဟုတ်ဘူးလား

လူငယ်ဂျီးနီးယပ် ဆေးပညာရှင် တစ်ဦးဖြစ်တဲ့ ဝမ်းချီရန်တောင် ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို ကျရှုံးခဲ့ပါတယ်။ ဒါက အားလုံးတွေးထားတဲ့ ရလဒ်နဲ့ တခြားစီပါပဲ။ ဝမ်ချီရန် ထွက်သွားပြီးနောက် တစ်ခဏကြာတဲ့အထိ ဘယ်သူမှ စင်မြင့်ပေါ်ကို ထပ်တက်မလာခဲ့ပါဘူး။

မိသားစုကြီးတွေက ဂျီးနီးယပ်တွေတောင် စမ်းသပ်မှုကို ကျရှုံးမှတော့ ဘယ်သူကကော ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို အောင်မြင်မယ်လို့ ယုံကြည်ချက် ရှိပါတော့မလဲ။ ပြီးတော့ သူ့တို့ကိုယ်သူတို့ အရှက်ခွဲမိမှာကို ကြောက်တာလည်း ပါတာပေါ့။

ဆေးဘုရင်တောင်ကြားက တပည့်တွေကတော့ အစကနေ အဆုံးထိ စိတ်မရှည်တဲ့ အရိပ်အယောင် နည်းနည်းလေးတောင် မပြပါဘူး။ ကျောက်ရုပ်ကြီးလိုပဲ နေရာမှာသာ မတ်တပ်ရပ်နေခဲ့ပါတယ်။

ဒေါင်ချင်းယန်ဆီ လှည့်ကြည့်လိုက်တဲ့အချိန် ကောင်မလေးက သူမလက်ကို ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်နေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။ သူမကြည့်ရတာ တော်တော်လေး စိုးရိမ်နေတဲ့ ပုံပါပဲ။ ဒါပေမယ့် သူမမျက်နှာထက်မှာတော့ စိတ်အားထက်သန်သည့် အရိပ်အယောင်တို့ကို မြင်တွေ့ နေရပါသေးတယ်။

မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဆေးပညာရှင် တစ်ယောက်တောင် ကျရှုံးခဲ့မှတော့ သူမလို သာမန် အလယ်အလတ် အဆင့်ဆေးပညာရှင် တစ်ယောက်က အောင်မြင်နိုင်ပါ့မလား။

“တစ်ခါတစ်ရံမှာ အခွင့်အရေးတစ်ခုကို လွဲချော်သွားခဲ့ရင် တစ်ဘဝလုံး နောင်တ ရနေတတ်တယ်နော်” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ ဒေါင်ချင်းယန်၏ ခန္ဓာကိုယ်လေး တုန်ရီသွားခဲ့ပါတယ်။ ရန်ကိုင်ဆီ လှည့်ကြည့်လိုက်ပါပြီ။ သူမမျက်လုံးထဲ တွေးတောသည့် အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားခဲ့ပြီးနောက် ပြတ်သားသည့် အရိပ်အယောင်တို့ ထပ်မံ ထွက်ပေါ်လာခဲ့တယ်။ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီးနောက် သူမက ပြောလိုက်တယ်

“အင်း”

ရန်ကိုင်က ပြုံးလိုက်ပြီး ဒေါင်ချင်းယန်နှင့်အတူ စင်ပေါ်ကို တက်သွားလိုက်တယ်။

တစ်ယောက်ယောက်က စင်ပေါ်တက်လာရဲတာကို တွေ့လိုက်ရတော့ လူအုပ်ကြီးတစ်ခုလုံး နောက်တစ်ကြိမ် ဝရုန်းသုန်းကား ဖြစ်သွားပြန်ပါတယ်။ အချို့လူတွေက အားပေးစကားတွေ‌ အော်ဟစ် ပြောဆိုလိုက်ချိန်မှာတော့ ဒေါင်ချင်းယန်က ရှက်ကိုးရှက်ကန်းလေး ပြုံးလိုက်ပါတယ်။

ဒါပေမယ့် တစ်ခဏအတွင်းမှာပဲ လူအုပ်ကြီးက သူမရင်ဘတ်၌ ချိတ်ဆွဲထားသည့် တံဆိပ်ကို သတိပြုမိသွားခဲ့တဘ်။

“သူမက သာမန်အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ယောက်ပဲ…”

“သူမ ဆေးပညာရှင်အဆင့်က အရမ်းနိမ့်လွန်းတယ်။ သူမလည်း နောက်ထပ် အရူးတစ်ယောက် ဖြစ်လောက်မယ်”

“သနားစရာ ကောင်းလိုက်တဲ့ မိန်းကလေးပါလား။ သူမက အရူးတစ်ယောက် ဖြစ်နေရင်တောင် ဒီနေ့ပြီးတာနဲ့ သူမမျက်နှာကို နောက်တစ်ကြိမ် ပြရဲပါတော့မလား”

………

ထိုစကားကို ကြားနေရပေမယ့် ဒေါင်ချင်းယန်က နှုတ်ခမ်းလေးကို ကိုက်ပြီးတော့သာ တိတ်ဆိတ်နေခဲ့ပါတယ်။

ဆေးဘုရင်တောင်ကြားက တပည့်သုံးယောက်ကတော့ သူမကို ပြုံးပြပါတယ်။ မိန်းမလှလေးတွေက ဘယ်နေရာသွားသွား မျက်နှာသာ ရတဲ့ပုံပါပဲ။

“မိန်းကလေး၊ ကျေးဇူးပြုပြီး”

ဒေါင်ချင်းယန်က ပြန်ပြီးခေါင်းညိတ်ပြလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှုကာ ဆေးအိုးရှိတဲ့ နေရာဆီ သွားလိုက်တယ်။ ထို့နောက် အဆိပ်ဆေး တစ်လုံးကို ထုတ်ယူလိုက်ပြီး ရန်ကိုင်ဆီ ပြန်လှမ်းကြည့်လိုက်တယ်။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်တယ် “နင့်ကိစ္စကိုသာ နင်အာရုံစိုက်၊ ငါနင့်ကို စောင့်ကြည့်နေမယ်”

ဒေါင်ချင်းယန်သာ စမ်းသပ်မှုကို ကျရှုံးခဲ့မယ်ဆိုရင် သူက သူမကို စင်ပေါ်ကနေ အဝေးကို ချက်ချင်းခေါ်သွားရပါမယ်။ လူအုပ်ကြီး ရှေ့မှာ သူမကိုယ်သူမ အရှက်ရအောင် လုပ်နေတာကို သူက ဒီအတိုင်း ထိုင်ကြည့်နေလိမ့်မှာ မဟုတ်ပါဘူး။

ပြီးတော့ ဆေးဘုရင်တောင်ကြားက တပည့်တွေအပြင် စင်ပေါ်မှာ ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့ နှစ်ယောက်သာ ရှိပါတယ်။ ရန်ကိုင်က ကိုယ်ရံတော် ဝတ်စုံကို ဝတ်ဆင်ထားတဲ့အတွက် ဆေးဘုရင်တောင်ကြားက တပည့်တွေက သူ့ကို စင်ပေါ်ကနေ ဆင်းသွားဖို့ မပြောခဲ့ပါဘူး။

ဒေါင်ချင်းယန်က အသက်ပြင်းပြင်း တစ်ချက် ရှုလိုက်ပြီး ရင်တထိတ်ထိတ်နဲ့ အဆိပ်ဆေးလုံးကို မျိုးချလိုက်ပါတယ်။ ထို့နောက် ချက်ချင်း တင်ပလင်ခွေ ထိုင်ချလိုက်ပြီး လျှို့ဝှက်ပညာရပ်ကို အသက်သွင်းကာ ဆေးလုံးကို စတင်သန့်စင်ပါတော့တယ်။

ရန်ကိုင်က ဘေးနားမှာ မတ်တပ်ရပ်နေရင်း ဒေါင်ချင်းယန်ကို သတိအပြည့်နဲ့ အဆက်မပြတ် စောင့်ကြည့်နေခဲ့ပါတယ်။

လက်ဖက်ရည် ခွက်တစ်ဝက် ကြာချိန်… သူမ မလှုပ်ရှားသေးပါဘူး။

လက်ဖက်ရည် တစ်ခွက်စာ ကြာချိန်… အခုထိလည် သူမ မလှုပ်ရှားသေးပါဘူး။ ရန်ကိုင်လည်း မနေနိုင်တော့ပဲ ကောင်းကင်စိတ်အာရုံကို သုံးပြီး ဒေါင်ချင်းယန်ကို စစ်ဆေးကြည့်လိုက်တယ်။ သူမကိုယ်ထဲရှိ ချီစွမ်းအင်တွေက ရူးသွပ်စွာ လည်ပတ်နေခဲ့ပြီး သွေးကြောထဲရှိ အကြွင်းအကျန် တစ်မျိုးမျိုးကို လောင်ကျွမ်းနေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။

ထိုအကြွင်းအကျန်တွေက ဆေးလုံးထက အဆိပ်တွေပဲ ဖြစ်ရပါမယ်။

“ဟေး၊ ဒီမိန်းကလေးက တော်တော် တော်တာပဲကွ။ ဒီလောက်အထိတောင် တောင့်ခံနိုင်တယ် ဆိုတော့ သူမက ပေါ့သေးသေး မဟုတ်လောက်ဘူး” လူအုပ်ကြီးထဲ တစ်ယောက်က အံ့ဩတကြီးနဲ့ ပြောလိုက်တယ်။

အခုစပ်သပ်မှုကို လာပြိုင်တဲ့ ဆေးပညာရှင်တွေအထဲမှ မိသားစုကြီးတွေက ပျိုးထောင်ထားတဲ့ ဆေးပညာရှင်တွေ အပါအဝင် ဒေါင်ချင်းယန်လောက် ကြာအောင် တောင့်ခံနိုင်တဲ့ လူဆိုလို့ လူနည်းစုပဲ ရှိပါတယ်။ သာမန်အဆင့် ဆေးပညာရှင်တွေ စင်ပေါ် တက်မပြိုင်တာတော့ မဟုတ်ပါဘူး။ တက်ပြိုင်ဖူးပါတယ်။

ဒါပေမယ့် သူတို့တွေက အသက်ရှုချိန် ဆယ်ရှိုက်စာ ကျော်ကျော်လောက်ပဲ တောင့်ခံနိုင်ရင်တောင် တော်တယ်လို့ ပြောလို့ရနေပါပြီ။ ဒါပေမယ့် ဒေါင်ချင်းယန်ရဲ့ အရည်အချင်းက အာလုံးကို ပင့်သက်ရှိုက်သွားစေခဲ့ပါတယ်။

“သူမ ဘယ်လိုလုပ်ပြီး ဒီလောက်ကြာအောင် တောင့်ခံနိုင်ရတာလဲ။ သူမက ဝမ်ချီရန်ထက်တောင် တော်တဲ့ နောက်ထပ် ဆေးပညာရှင် ဂျီးနီးယပ် တစ်ယောက် ဖြစ်ရမယ်”

“ငါ သူမကိုသိတယ်။ သူမက ဒေါင်မိသားစုရဲ့ သခင်မလေး ဒေါင်ချင်းယန်ပဲ”

“ဘာ၊ ဒေါင်မိသားစုရဲ့ သခင်မလေးလား”

အားလုံးက တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆွေးနွေးနေကြတုန်းမှာပဲ ဒေါင်ချင်းယန်၏ မျက်ခုံးကြားကနေ အနက်ရောင် ဓါတ်ငွေ့တွေ ထွက်ပေါ်လာခဲ့ပြီး သိပ်သည်းသွားခဲ့တယ်။ ပြီးတာနဲ့ ထိုအနက်ရောင် ဓါတ်ငွေ့တွေက သူမခန္ဓာကိုယ်ထဲ ချက်ချင်း တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

ဒေါင်ချင်းယန်လည်း သူမပါးစပ်ကို ချက်ချင်း ဖွင့်လိုက်ပြီး အနက်ရောင် အငွေ့တွေကို ရှုထုတ်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ဒေါင်ချင်းယန်က သူမ၏ မျက်လုံးဝိုင်းဝိုင်း ကြီးတွေကို ဖွင့်လာခဲ့ပါပြီ။

ပထမဆုံးအကြိမ်အဖြစ် ချင်ကျဲက ထိုင်ခုံကနေ မတ်တပ်ရပ်လိုက်ပါတယ်။ သူ့မျက်နှာကတော့ အပြုံးကြီး ပြုံးလို့ပေါ့။ ထို့နောက် ဒေါင်ချင်းယန်ကို ထပ်ခါထပ်ခါ ချီးမွမ်းပါတော့တယ် “ကောင်းတယ်၊ ကောင်းတယ်။ နောက်ဆုံးတော့ ဦးလေးရှောင်ရဲ့ စမ်းသပ်မှုကို တစ်ယောက်ယောက်က အောင်မြင်နိုင်ခဲ့ပြီပဲ”

အောင်သွားတာလား

စင်အောက်မှာ ရှိနေတဲ့ လူးအားလုံး တိတ်ဆိတ်သွားခဲ့ပါပြီ။ ကြားလိုက်ရတဲ့ စကားကြောင့် သူတို့နားတောင် သူတို့ မယုံနိုင် ဖြစ်သွားခဲ့ရပါတယ်။

အစကနေ အခုအချိန်ထိ ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို ဆေးပညာရှင် ပေါင်းများစွာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်။ ဝင်ပြိုင်တဲ့ လူအများစုက နာမည်တစ်လုံးနဲ့ ကျော်ကြားတဲ့ လူတွေချည်းပါပဲ။ မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဆေးပညာရှင်တွေတောင် ဝင်ပြိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူတို့အားလုံး ကျရှူံးခဲ့ရပါတယ်။

အခုတော့ သာမန် အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ယောက်က ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို အောင်သွားပြီတဲ့။ ဘယ်လို ဆန်းကြယ်တဲ့ နည်းလမ်းကိုသုံးပြီး စမ်းသပ်မှုကို ကျော်ဖြတ်သွားလဲဆိုတာ သူတို့ နားမလည်နိုင်အောင် ဖြစ်နေရပါပြီ။

ဒေါင်ချင်ယန်ကိုယ်တိုင်လည်း ကြက်သေသေနေခဲ့ပါတယ်။ မျက်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း ချင်ကျဲကို သူမရဲ့ မျက်လုံး ဝိုင်းဝိုင်းကြီးတွေနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။ ရန်ကိုင်က အသာအယာလေး ချောင်းဟန့်လိုက်ပြီး

“သခင်မလေး ဂရမ်းမစတာရှောင်ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီး ဒီစီနီယာက ပြောနေတယ်”

“အာ…အား” ဒေါင်ချင်းယန် ပုံစံကြည့်ရတာ အခုထိ အသိပြန်မဝင် သေးတဲ့ပုံပါပဲ။

အရင်တုန်းက အေးစက်စက်နဲ့ တည်ငြိမ်သူကြီး ချင်ကျဲတောင် ဒေါင်ချင်းယန်ကို ခင်မင်ရင်းနှီးစွာ ပြုံးပြလိုက်ပြီး ပြောလိုက်ပါတယ်

“ကောင်မလေး… စမ်းသပ်မှုကို ကျော်ဖြတ်သွားနိုင်တဲ့ အတွက် ဂုဏ်ယူပါတယ်။ စမ်းသပ်မှုကို အောင်မြင်သွားခဲ့တဲ့အတွက် နင်က အခုကနေစပြီး ဂရမ်းမာစတာရှောင်ရဲ့ တပည့်ဖြစ်သွားပြီ။ ခဏနေဦး… ဒီချင်က အခုဆို နင့်ကို ဂျူနီယာညီမလေးလို့ ခေါ်ရတော့မှာပေါ့”

အခုမှပဲ ဒေါင်ချင်းယန် အသိပြန်ဝင်လာပါတော့တယ်။ အသိပြန်ဝင်လာတာနဲ့ ရုတ်တရက်ကြီး ထခုန်ပြီး ဝမ်းသာတကြီး အော်ဟစ်ပါတော့တယ်။ သူမရဲ့ မျက်လုံးတွေဆို ဝမ်းသားလွန်းလို့ နီရဲနေလို့ပါ။

စမ်းသပ်မှုကို အောင်မြင်သွားတယ်လို့ ကြားလိုက်တာနဲ့ ပျော်လွန်းလို့ အိန္ဒြေတောင် မထိန်းနိုင်တော့ပဲ အော်ဟစ် ခုန်ပေါက်နေခဲ့ပါပြီ။ အချိန်အတော် ကြာတဲ့အထိ ပြောစရာ စကားရှာမတွေ့ခဲ့ပဲ ပျော်လွန်းလို့ မျက်ရည်တောင် ကျလာခဲ့ပါတယ်။

အချိန်နည်းနည်း ကြာသွားတော့မှပဲ သူမရဲ့ ဟန်ပန်အမူအရာကို ပြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်ပြီး “ယန်အာက စီနီယာအစ်ကိုချင်ကို နှုတ်ဆက်ပါတယ်” ဒီလို ကလေးဆန်ဆန် မိန်းကလေးကိုတော့ ချင်ကျဲလည်း ရုပ်တည်ကြီးနဲ့ မပြောနိုင်တော့ပါဘူး။ ထို့ကြောင့် ရယ်မောလိုက်ရင်း

“ဂျူနီယာညီမလေးက အရမ်းယဉ်ကျေးတာပဲ။ ဦးလေးရှောင်က ဂျူနီယာညီမကို တပည့်အဖြစ် လက်ခံတာက ငါတို့ ဆေးဘုရင်တောင်ကြား အတွက်ဂုဏ်တက်စရာပါ” ထိုကဲ့သို့ နှုတ်ဆက်ပြီးတာနဲ့ သူတို့နှစ်ယောက်ကြားက လေထုက ပျော်ရွှင်ဖွယ် ကောင်းလာခဲ့တဲ့ အတွက် လူအုပ်ကြီးတောင် ထိတ်လန့်သွားခဲ့ရတယ်။

ချင်ကျဲအခုလို ပြုံးနေတာကို သူတို့ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ သူ့ကို ဆေးဖော်စပ်ခိုင်းဖို့ သွားတောင်ဆိုရင်တောင်မှ သူတို့ကပဲ သူ့ကို အကြွေးတင်ထားသလို ရုပ်နဲ့ ပြန်ပြောတာပါ။

ဒါပေမယ့် ဒီကောင်က သွားပေါ်မတတ် ပြုံးဖြဲနေခဲ့ပါတယ်။ သူက အခြားသူတွေနဲ့ အတူတူရှိနေရင် မရယ်မောနိုင်တာ မဟုတ်ပါဘူး။ အဲ့အစား သူက အခြားသူတွေကို မျက်လုံးထဲကို ထည့်မထားတာပါ။

“ဂျူနီယာညီမလေးက စမ်းသပ်မှုကို အောင်မြင်သွားပြီဆိုတော့ ဆေးဘုရင်တောင်ကြားရဲ့ တပည့်ဖြစ်သွားပြီပေါ့။ အခု ဂျူနီယာညီမမှာ လုပ်စရာ မရှိတော့ဘူးဆိုရင် တောင်ကြားထဲ ငါတို့နဲ့ တစ်ခါတည်း လိုက်ခဲ့လေ။ လုပ်စရာ ရှိသေးရင်တော့ ငါ့ကိုပြောပေါ့” ချင်ကျဲက ရယ်မောရင်း ပြောလိုက်တယ်။

ဒေါင်ချင်းယန်က ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်တယ်။ ဆေးဘုရင်တောင်ကြားကို ဝင်နိုင်သွားပြီဆိုတော့ ဒေါင်မိသားစုကို အရင်အသိပေးရပါဦးမယ်။ အခု ဆေးပညာရှင် ဂရမ်းမာစတာရှောင်ရဲ့ တပည့်ဖြစ်သွားပြီဆိုတော့ သူမအစ်ကိုကလည်း သူမကို ဆက်ပြီး တားတော့မှာ မဟုတ်လောက်ပါဘူး။

“စီနီယာအစ်ကို၊ ယန်အားရဲ့ သက်တော်စောင့်လည်း စမ်းသပ်မှုကို ဝင်ဖြေချင်တယ်၊ ရမလား” ဒေါင်ချင်းယန်က ရန်ကိုင်ရှိရာဆီ လှမ်းကြည့်လိုက်ပြီး ပြောလိုက်တယ်။

“သက်တော်စောင့်လား” ချင်ကျဲ မျက်မှောင်ကြုံ့သွားလေပြီ။ ရန်ကိုင်က သက်တော်စောင့် တစ်ယောက်ဖြစ်တဲ့အတွက် သူ့ကို ရွံရှာစက်ဆုပ်တယ်လို့ မဆိုလိုပေမယ့် ရန်ကိုင်ကို အထင်အမြင်သေးတဲ့ အကြည့်တွေကို သူ့မျက်လုံးထဲ၌ အထင်းသား မြင်တွေ့နိုင်ပါတယ်။

“ယန်အာရဲ့ သက်တော်စောင့်က ယန်အာကို ဟိုးကလေးကတည်းက ကာကွယ်ပေးလာတာ ဆိုတော့…”

ချင်ကျဲလည်း ရှက်ကိုးရှက်ကန်း ပြုံးမိလိုက်တယ်။ သူ့ဂျူနီယာညီမလေးနဲ့ သက်တော်စောင့်ကြားက လျှို့ဝှက်အချစ်ဇာတ်လမ်းတို့ ရှိနေတယ်လို့ သူက ထင်နေတာကိုး။

ဆက်ပြီးတော့ မမေးတော့ပဲ ခေါင်းညိတ်ကာ ပြောလိုက်တယ် “သူက ကြိုးစားချင်နေမှတော့ ကြိုးစားကြည့်ပေါ့။ ဘာပဲဖြစ်ဖြစ် ဦးလေးရှောင်ရဲ့ အဆိပ်ဆေးလုံးတွေက အများကြီး ကျန်နေသေးတာပဲလေ”

ဆုံးဖြတ်ပြီးသွားပြီ ဆိုတော့ ချင်ကျဲက သာမန်ကာလျှံကာနဲ့ မေးခွန်းတစ်ခု ကောက်မေးလိုက်တယ် “သူ့ ဆေးပညာရှင်အဆင့်က ဘယ်လောက်လဲ”

ထိုမေးခွန်းကို ကြားလိုက်တာနဲ့ ဒေါင်ချင်းယန်၏ မျက်နှာတစ်ခုလုံး ရှက်သွေး ဖြန်းဖြန်း ဖြာသွားခဲ့ပြီး ပြန်ဖြေလိုက်တယ် “သူက ဆေးပညာရှင် တစ်ယောက် မဟုတ်ဘူး”

“ဆေးပညာရှင် မဟုတ်ဘူးလား”

“…” ချင်ကျဲအမူအရာက သံပရာသီးတစ်လုံး ဝါးလိုက်ရသလို ဖြစ်သွားပြီး ချက်ချင်းပဲ ပြင်းပြင်းထန်ထန် ကန့်ကွက်စကား ဆိုပါတော့တယ် “သူက ဆေးပညာရှင်တောင် မဟုတ်တာကို ဘာလို့ ကြိုးစားကြည့်ချင်နေတာလဲ။ ဆေးပညာဆိုတာ ဘာမှမဟုတ်တဲ့ ပညာရပ်တစ်ခုဆိုပြီး မင်းက အထင်သေးနေတာလား။ ငါတို့ ဆေးဘုရင်တောင်ကြားက ဆေးပညာ နှလုံးသား မရှိတဲ့သူတွေ ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာမဟုတ်ဘူး။ သူလိုလူမျိုးက စမ်းသပ်မှုကို အောင်မြင်နိုင်တယ် ဆိုတာမျိုးကတော့ ထည့်ပြောစရာတောင် မလိုတော့ဘူး”

ရန်ကိုင်ကတော့ သူ့ကို စိုက်ကြည့်ပြီးတော့သာ ပြန်ပြောလိုက်တယ် “ကြီးကြပ်သူကို မေးချင်တာကလေ ဂရမ်းမာစတာရှောင်က ဆေးပညာအကြောင်း မသိတဲ့လူတွေက ဒီစမ်းသပ်မှုမှာ ဝင်ပြိုင်လို့ မရဘူးလို့ ပြောခဲ့လား”

ချင်ကျဲကတော့ ထိုမေးခွန်းကို ရယ်မောလှောင်ပြောင်ပြီးတော့သာ ပြန်ပြောလိုက်တယ် “ဂရမ်းမာစတာရှောင်က အဲ့လို မပြောခဲ့ဘူးဆိုတာ မှန်တယ်။ ဒါပေမယ့် မင်းက ဆေးပညာအကြောင်း ဘာဆိုဘာမှ သိတာမှမဟုတ်တာ။

အဲ့တော့ မင်းရဲ့အနာဂတ်မှာလည်း ဘာမှ ကြီးကြီးမားမား အောင်မြင်လာလိမ့်မှာ မဟုတ်ဘူး။ မင်းရဲ့ ဘဝကို ဆေးပညာထဲ နှလုံးသွင်း မပုံအပ်ချင်ဘူး ဆိုရင်တော့ ဒီနေရာ မင်းတို့လို လူမျိုးတွေ ရှိသင့်တဲ့ နေရာမဟုတ်ဘူး”

ဒါပေမယ့် ရန်ကိုင်ကတော့ သူ့အပြောကြောင့် စိတ်ဓါတ်ကျမသွားခဲ့ပါဘူး။ ရိုးရှင်စွာပဲ ခွန်းတုန့်ပြန်လိုက်ပါတယ် “ဒီဂျူနီယာ သိသလောက်ဆိုရင် ဂရမ်းမာစတာရှောင်က ၂၆နှစ်မှ ဆေးပညာကို စလေ့လာခဲ့တာမလား။ ဒီဂျူနီယာက အခုမှ ၁၇နှစ်ပဲ ရှိသေးတာလေ။ ဂရမ်းမာစတာရှောင်နဲ့ဆို ၁၀နှစ်ကြီးများတောင် ကွာနေသေးတာ”

ဒါက သူများတွေပြောရင်း သူကြားခဲ့တာပါ။

ထိုစကားကို ကြားလိုက်တာနဲ့ ချင်ကျဲ မျက်မှောင်ကြုံ့မိလိုက်ပါပြီ။

ရုတ်တရက် လူအုပ်ထဲက လူအချို့က စတင်အော်ဟစ် ပါတော့တယ် “မင်းကိုယ်မင်း ဘာထင်နေတာလဲ ကောင်စုတ်လေး။ မင်းကများ ဂရမ်းမာစတာရှောင်နဲ့ သွားယှဉ်ချင်သေးတယ်”

“ဂရမ်းမာစတာရှောင်က ကောင်းကင်ဘုံကနေ ပို့လိုက်တဲ့ ဂျီးနီးယပ်ကွ။ သူဆေးပညာကို ၂၆နှစ်မှ လေ့ကျင့်တော့ရော ဘာဖြစ်လဲ။ အနှစ်၄၀၊ အနှစ်၅၀မှ လေ့ကျင့်လည်း အတူတူပဲ ဖြစ်မှာ။ သူက မင်းလို ဘာမဟုတ်တဲ့ ကောင် သွားယှဉ်လို့ရမယ့်သူ မဟုတ်ဘူး”

“တော်လောက်ပြီ” ချင်ကျဲက ဒေါသတကြီး အော်ဟစ်လိုက်တယ်။ လူအုပ်ကြီးလည်း ချက်ချင်းပဲ တိတ်ကျသွားပါတယ်။

ရန်ကိုင်ကို အချိန်အတော်ကြာအောင် ငေးစိုက်ကြည့်နေလိုက်ပြီးနောက် ပြောလိုက်တယ် “မင်းပြောတာလည်း မမှန်တာတော့ မဟုတ်ဘူး။ ဦးလေးရှောင်က စမ်းသပ်မှုမှာ ပါဝင်ဖို့ ဆေးပညာရှင် ဖြစ်ရမယ်လို့ ကန့်သတ်မထားတော့ မင်းလည်း ဝင်ပြိုင်လို့ရတာပဲ။ သွား… အဆိပ်ဆေးလုံး တစ်လုံး သွားယူလိုက်”

ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။ ကျန်ရှိနေတဲ့ ဆေးဘုရင်တောင်ကြားက တပည့်သုံးယောက်ကတော့ နှာခေါင်းသာ ရှုံ့လိုက်ပါတယ်။ ရန်ကိုင်လည်း အဆိပ်ဆေးလုံး တစ်လုံးယူပြီး မျိုချလိုက်တယ်။

အနားမှာရှိနေတဲ့ ဒေါင်ချင်းယန်ကတော့ ရန်ကိုင်ကို စိုးရိမ်စွာနဲ့ ကြည့်နေခဲ့တယ်။ ရန်ကိုင်ကတော့ သူမကို ပြန်ပြီးတော့သာ ပြုံးပြလိုက်ပြီး ထိုင်ချလိုက်ကာ အဆိပ်ဆေးလုံးကို စတင်သန့်စင်ပါတော့တယ်။

အစစ်အမှန် ယန်နည်းစနစ်ကို လှည့်ပတ်လိုက်တာနဲ့ အပူငွေ့တွေက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာတဲ့အတွက် မျက်မှောင်ကြုံ့နေတဲ့ ချင်ကျဲ မျက်မှောင်ကြုံ့နေတာကိုတောင် ပြေလျော့သွားစေခဲ့တယ်။

သူ့ရဲ့ ချီစွမ်းအင်လှိုင်းကို ကြည့်ရုံနဲ့တင် ထိုကောင်းလေးက မရိုးရှင်းဘူးဆိုတာ ချင်ကျဲနားလည်လိုက်တယ်။ ဒီလိုအသက်ငယ်ငယ်နဲ့တောင် အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်နေခဲ့တာဆိုတော့ သူ့အရည်အချင်းက သာမန်မဟုတ်ဘူးပဲ။ သူသာ ဆေးပညာလမ်းစဉ်ကို မလိုက်ပဲ သိုင်းပညာကိုသာ တစိုက်မတ်မတ် အာရုံစိုက် လေ့ကျင့်မယ်ဆိုရင် အထွတ်အထိပ်ကို ရောက်လိမ့်မှာ ကျိန်းသေပါပဲ။

ကျပန်း သက်တော်စောင့် တစ်ယောက်တောင် အစစ်အမှန်ဒြပ်စင်အဆင့် ရောက်နေတာဆိုတော့ ဒေါင်မိသားစုရဲ့ နောက်ခံက ပေါ့သေးသေး မဟုတ်ဘူးပဲ။

အဆိပ်ဆေးလုံးက သူ့ဝမ်းဗိုက်ထဲ ရောက်တာနဲ့ လုံးဝပျော်ဝင် သွားခဲ့ပြီး သူ့သွေးကြောတွေထဲ စီးဝင်သွားတာကို ခံစားမိလိုက်တယ်။

အထွတ်အထိပ်ထဲ ဆေးပညာရှင်တွေထဲမှာ အထွတ်အထိပ် ဖြစ်တဲ့ ဂရမ်းမာစတာရှောင် ကိုယ်တိုင် သန့်စင်ထားတာ ဖြစ်တဲ့အတွက် ဆေးလုံးက ပျော်ဝင်တာ အရမ်းကို မြန်ဆန်လှပါတယ်။ ရန်ကိုင်ရဲ့ အစစ်အမှန် ဒြပ်စင်ကို မဆိုထားနှင့် စဦးဒြပ်စင်အဆင့် ချီစွမ်းအင်နဲ့တောင် ဒီအဆိပ်ဆေးလုံးကို အသာအယာလေး စုပ်ယူနိုင်ပါတယ်။

အဆိပ်ဆေးလုံးက သူ့သွေးကြောတွေထဲ စီးဆင်သွားတာနဲ့ ချက်ချင်း သန့်စင်ခံလိုက်ရပြီး အစစ်အမှန်ယန်ချီ၏ လောင်ကျွမ်းခြင်းကို ခံလိုက်ရတဲ့အတွက် သူ့ကို လုံးဝအန္တရာယ်‌ ပေးနိုင်စွမ်း မရှိခဲ့ပါဘူး။

အကြိမ်အနည်းငယ်လောက် လှည့်ပတ်ပြီးချိန်မှာတော့ သူ့သွေးကြောတွေထဲမှာ ရှိနေတဲ့ နောက်ဆုံးအဆိပ်တွေ အကုန်လုံး ပျောက်ကွယ်သွားခဲ့ပါပြီ။ ကျန်ရှိနေတဲ့ အကြွင်းအကျန် တွေကတော့ သူ့ခေါင်းထက် ဆန်တက်သွားခဲ့ပြီး သူ့ပါးစပ်ထဲ သွားစုပြုံနေခဲ့ပါတယ်။

ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင် ကြောင်အသွားခဲ့ပြီး စိုးရိမ်သွားခဲ့တယ်။

ဒေါင်ချင်းယန် အလှည့်တုန်းက အဆိပ်တွေကို ထုတ်ပယ်ဖို့ လက်ဖက်ရည် တစ်ခွက်စာကြာချိန်ထက် အနည်းငယ်လေး ပိုကြာခဲ့ပါတယ်။

အဲ့ရလဒ်ကတောင် ချင်ကျဲကို အံ့အားသင့်သွားစေခဲ့တယ် ဆိုတော့ သူသာ အသက်ရှုရှိုက်စာ အကြိမ်အနည်းငယ် အတွင်းမှာပဲ အဆိပ်ကို သန့်စင်နိုင်ခဲ့တယ်ဆိုရင် လုံးဝကို မုန်တိုင်းထန်သွားနိုင်ပါတယ်။

အရမ်းမြန်လွန်းတယ်ဟ

ထိုအချက်ကို စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင်က သူ့ပါးစပ်ကို ချက်ချင်းပိတ်လိုက်ပါတယ်။ ထို့နောက် အဆိပ်အကြွင်းအကျန်တွေကို ထွေးမထုတ်ပဲ ငုံထားလိုက်ကာ ဘာမှမဖြစ်သလိုပဲ အစစ်အမှန် ယန်နည်းစနစ်ကို ဆက်လက် လှည့်ပတ်နေလိုက်တယ်။

Martial Peak

အပိုင်း(၂၇၃) တိမ်ဖုံးတောင်ထွတ်

အမွှေးတိုင် တစ်တိုင်စာ ကြာချိန်လောက် ရောက်တဲ့အချိန်မှာတော့ ဘာမှမဖြစ်သလို ထိုင်နေတဲ့ ရန်ကိုင်က အနက်ရောင် အငွေ့တွေကို သူ့နဖူးထက်ကနေ အတင်းအကြပ် ထုတ်ပယ်ဖို့ ကြိုးစားပါတော့တယ်။

ရန်ကိုင်နဖူးထက်ကနေ အနက်ရောင်အငွေ့အနည်းငယ် ထွက်ပေါ်လာတာကို အထင်သား မြင်တွေ့နိုင်ပါတယ်။ ထိုအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ ချင်ကျဲ လုံးဝကို ထိတ်လန့် သွားရပါပြီ။

ရန်ကိုင် ရောက်နေတဲ့အဆင့်က အဆိပ်ဆေးလုံး သန့်စင်ခြင်းရဲ့ နောက်ဆုံးအဆင့်ပါ။ ဒီနေ့ စမ်းသပ်မှုကို ဝင်ပြိုင်ခဲ့တဲ့ ဆေးပညာရှင်တွေ ထဲမှာမှ ဒေါင်ချင်းယန်နဲ့ ဝမ်ချီရန်သာ ထိုအဆင့်ကို ရောက်ရှိခဲ့တာပါ။ ဝမ်ချီရန်ကတော့ လက်တစ်ကမ်း အလိုမှာ ကျရှုံးသွားခဲ့ပြီး ဒေါင်ချင်းယန်ကတော့ အောင်မြင်သွားခဲ့ပါတယ်။

သာမန် အစောင့်အကြပ် တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီအဆင့်ကို ရောက်လာနိုင်ခဲ့ရတာလဲ။

ဆေးပညာမှာ ပါရမီပါတဲ့ ဂျီးနီးယပ်တွေပဲ ထိုကဲ့သို့ လုပ်နိုင်တာပါ။

ချင်ကျဲလည်း ရန်ကိုင်ကိုကြည့်ရင်း ရင်တထိတ်ထိတ် ဖြစ်လာခဲ့တယ်။ သူနှလုံးကတော့ လည်ချောင်းဝမှာ တစ်လို့ပေါ့။ အခုစမ်းသပ်မှုက အောင်မြင်တဲ့ လူတစ်ယောက်ရှိရင်တောင် ကျေနပ်ပြီလို့ ဦးလေးရှောင်က သူ့ကို ပြောခဲ့ဖူးပါတယ်။

အခု ဒေါင်ချင်းယန်က စမ်းသပ်မှုကို အောင်မြင်သွားခဲ့ပါပြီ။ နောက်ထပ်တစ်ယောက်သာ ထပ်ပြီး အောင်မြင်သွားခဲ့မယ် ဆိုရင် … ဦးလေးရှောင်က ပျော်လွန်းလို့ အောင်ငိုနေမလားတောင် မသိတော့ပါဘူး။ တိမ်ဖုံးတောင်ထွတ်မှာသာ ဆက်ခံသူ နှစ်ယောက် ရှိနေခဲ့မယ်ဆိုရင် အနာဂတ်မှာ ထွန်းတောက်လာမယ်ဆိုတာက မြေကြီး လက်ခတ်မလွဲပါပဲ။

ချင်ကျဲ၏ နှလုံးသား တစ်ခုလုံး တင်းကျပ်နေတုန်းမှာပဲ ရန်ကိုင် နဖူးထက်က အနက်ရောင် အငွေ့တွေက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါတယ်။ ချင်ကျဲလည်း ရင်တထိတ်ထိတ်နဲ့ ရန်ကိုင်ကို သေချာစူးစိုက် ကြည့်နေလိုက်ပါပြီ။

အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ နောက်တစ်ခဏအတွင်း အဆုံးအဖြတ် ပေးနိုင်တော့မှာပါ။

သူရင်တထိတ်ထိတ်နဲ့ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့ပေမယ့် ရန်ကိုင်ကတော့ ဘာထူးခြားမှုမှ မပြသခဲ့ပါဘူး။ ထိုနောက် ချင်းကျဲ မျက်ဝန်းအစုံက ရုတ်တရက် ပြူးကျယ်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အနက်ရောင် အငွေ့တွေက ရန်ကိုင် နဖူးထက်ကနေ နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာတာကြောင့်ပါပဲ။

ဘာတွေဖြစ်နေတာလဲ

ချင်ကျဲ လုံးဝကို စိတ်ရှုပ်သွားခဲ့ရပါပြီ။

ရန်ကိုင်ပုံစံက အရှေ့က နှစ်ယောက်နဲ့ လုံးဝကို ကွဲပြားနေခဲ့ပါတယ်။ ဝမ်ချီရန်လို အနက်ရောင်သွေးတွေကို မအန်ထုတ်သလို ဒေါင်ချင်းယန်လိုလည်း အနက်ရောင် အငွေ့တွေကို အပြည့်အဝ မထုတ်ပယ်နိုင်ခဲ့ပါဘူး။

အနက်ရောင် အငွေ့ က သူ့နဖူးကနေ ဘာလို့ ထွက်လိုက် ဝင်လိုက် ဖြစ်နေတာလဲ။ ဒါက ဦးလေးရှောင် ပြောခဲ့တာနဲ့ လုံးဝကို ကွဲပြားနေတယ်။

ရန်ကိုင်ကိုကြည့်ရင်း သူဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ အနက်ရောင် အငွေ့က နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ်သွားပြန်တယ်။

သိပ်မကြာဘူး နောက်တစ်ကြိမ် ပြန်ပျောက်သွားပြန်ပါတယ်။

………

အနက်ရောင် အငွေ့ ပြန်ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေတာကို ကြည့်ရင်း ချင်ကျဲ စိတ်တစ်ခုလုံး အဖျားတက်ချင်လာခဲ့တယ်။ ဒီလို အဖြစ်အပျက်က သူ့ကို နှိပ်စက်နေတာနဲ့ အတူတူပါပဲ။ အထူးသဖြင့် ရန်ကိုင် အပြုအမူက အောင်မြင်မှုနှင့် ရှုံးနိမ့်မှုကြား ကူးကလန် ခတ်နေတဲ့ ပုံစံ ပေါက်နေကာ အခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို ဆော့ကစားနေတာနဲ့ တူပါတယ်။

ထိုကဲ့သို့ ပေါ်လိုက်၊ ပျောက်လိုက် အကြိမ်များစွာ လုပ်ပြီးတဲ့ အချိန်မှာတော့ ရန်ကိုင်က ရုတ်တရက် မျက်စိဖွင့်လိုက်ပြီး မည်းနက်နေတဲ့ အနက်ရောင် အငွေ့တွေကို ထွေးထုတ်လိုက်ပါတယ်။

အနက်ရောင် အငွေ့ကို ထွေးထုတ်ပြီးတာနဲ့ ရန်ကိုင် တစ်ကိုယ်လုံး အားမရှိတော့သည့်အလား သူ့ခေါင်းက လုံးဝကို ငိုက်ကျသွားခဲ့ပြီး စိတ်ပျက်သည့် အရိပ်အယောင်ကို သူ့မျက်နှာထက် အထင်းသား မြင်တွေ့နေခဲ့ရတဘ်။

လခွမ်းပဲ… နောက်ဆုံးတော့ မင်းထွေးထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့

ချင်ကျဲက စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်။ သူ့နေရာမှသာ နှလုံးမကောင်းတဲ့ သူဆိုရင် ရန်ကိုင် အပြုအမူကြောင့် နှလုံးရောဂါ ရပြီးတော့တောင် သေသွားနိုင်ပါတယ်။ ဆဲလည်းဆဲသင့်စရာပါ။

ဒါပေမယ့်… အခုလို အဖြစ်အပျက်မျိုး ဘယ်လိုလုပ်ပြီး ဖြစ်သွားရတာလဲ။

ချင်ကျဲ မျက်မှောင်ကြုံ့လိုက်တယ်။ ရန်ကိုင် အရည်အချင်းက ဦးလေးရှောင် သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်ကို မှီရုံလောက်ပဲ ရှိပါလိမ့်မယ်။ အဲ့ဒါကြောင့်ပဲ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုကြား သူကူးကလန် ခတ်နေရခြင်း ဖြစ်ပါတယ်။

အဲ့လိုပဲ ဖြစ်ရမယ်

“စီနီယာအစ်ကိုချင်…” ဒေါင်ချင်းယန်က ချင်ကျဲကို တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ကြည့်လိုက်ပြီး “သူ့အခြေအနေ ဘယ်လိုလဲဟင်”

ဒေါင်ချင်းယန်အသံကြောင့် ချင်ကျဲလည်း အတွေးများနေရာမှ သတိပြန်ဝင်လာခဲ့ပြီး ရယ်မောရင်း ပြောလိုက်တယ် “အင်း… သူကောင်‌ကောင်း လုပ်ခဲ့ပါတယ်။ သူ့အရည်အချင်းက ဂျူနီယာညီမလေးလောက် မမြင့်ဘူးဆိုပေမယ့် အောင်တယ်လို့တော့ ပြောလို့ရပါတယ် “

သူလည်း‌ အောင်သွားတာလား

ထိုစကားလုံး လူအုပ်ကြီး တစ်ခုလုံးကို ထိတ်လန့် အံ့ဩသွားစေခဲ့တယ်။

အစောပိုင်းတုန်းက စင်မြင့်ပေါ်ကို ဆေးပညာရှင်ပေါင်းများစွာ တက်သွားခဲ့ပေမယ့် သူတို့ထဲက တစ်ယောက်တောင် မအောင်မြင်ခဲ့ပါဘူး။ မြေကမ္ဘာအထွတ်အထိပ်အဆင့် ဆေးပညာရှင် ဖြစ်တဲ့ ဝမ်ရီချန်တောင် ကျရှုံးခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ သာမန် အလယ်အလတ် အဆင့် ဆေးပညာရှင် တစ်ယောက်က စမ်းသပ်မှုကို အောင်မြင်သွားခဲ့ပါပြီ။

ဆေးပညာရှင် အဆင့်က နိမ့်ပေမယ့် သူမက ဒေါင်မိသားစုက သခင်မလေး ဖြစ်နေတုန်းပဲလေ။ ဒေါင်မိသားစုဆိုတာ အားနည်းတဲ့ အင်အားစု တစ်ခုမဟုတ်တဲ့အတွက် အခုလို အရည်အချင်းရှိတဲ့ ဆေးပညာရှင် တစ်ယောက်ကို လေ့ကျင့်ပျိုးထောင် ပေးနိုင်တာက သဘာဝကျပါတယ်။

ဒါပေမယ့် သက်တော်စောင့်လည်း အောင်သွားတယ် ဆိုတာကတော့ ….

ထိုကောင်က ဒေါင်မိသားစု သခင်မလေးရဲ့ သက်တော်စောင့် သာသာပဲလေ။ အဲ့လိုကောင်ကတောင် အောင်သွားတာလား။

“စီနီယာအစ်ကိုချင်၊ ဒီကောင်စုတ်လေးက တစ်နည်းနည်းနဲ့ လိမ်ညာခဲ့တာ ဖြစ်ရမယ်” အချို့လူတွေက စတင်ပြီး အထွန့်တက်လာခဲ့ကြပါပြီ။

“အဲ့ဒါဟုတ်တယ် စီနီယာချင်၊ ဒီကောင်စုတ်က ဆေးပညာဆိုတာ ဘာမှန်းတောင် သိတာမဟုတ်ဘူး။ သာမန်အဆင့် ဆေးပညာရှင်တောင် မဖြစ်သေးတဲ့ လူတစ်ယောက်က ဂရမ်းမစတာရှောင်ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“ဒီစမ်းသပ်မှုကို‌ အောင်မြင်ဖို့ သူအကျင့်ယုတ်တဲ့ နည်းလမ်းတွေကို သုံးခဲ့တာ ဖြစ်ရမယ်။ ငါမကျေနပ်ဘူး”

….

ချင်ကျဲရဲ့ မျက်နှာ ရုတ်ချည်း မည်းမှောင်သွားခဲ့ပါပြီ။ အေးစက်စက် အလင်းရောင်တို့ဖြင့် လက်နေသည့် မျက်ဝန်းအစုံဖြင့် လူအုပ်ကြီးကို စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ ပြောလိုက်တယ် “ဒီအဆိပ်ဆေးလုံးဆိုတာ ဦးလေးရှောင်ကိုယ်တိုင် သန့်စင်ထားတဲ့ ဆေးလုံး။ ဘယ်သူမှ… ငါထပ်ပြောရရင်… ဘယ်သူမှ ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုကို ရှောင်ရှားနိုင်မှာ မဟုတ်ဘူး။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေရင်တောင် အရည်အချင်း မလုံလောက်တာနဲ့ ဆေးလုံးထဲက အဆိပ်တွေကို ထုတ်ပယ်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ မကျေနပ်ရင် ကိုယ်တိုင် ကြိုးစားကြည့်လို့ရတယ်။ ဒါပေမယ့် ရလဒ်ကို မေးခွန်းထုတ်နေတဲ့ လူတွေက ငါတို့ဆေးဘုရင်တောင်ကြားနဲ့ ဦးလေးရှောင်ကို အပုတ်ချတာလို့ ငါသတ်မှတ်မယ်”

ထိုစကားသံ ပျံ့လွင့်သွားတာနဲ့ လူအုပ်ကြီးတစ်ခုလုံး တိတ်ကျသွားခဲ့ပါပြီ။

“ငါ့လခွမ်းပဲရမယ်။ ဆေးပညာအကြောင်း ဘာမှမသိတဲ့ နာမည်မရှိတဲ့ အစေခံတစ်ယောက်ကများ စမ်းသပ်မှုကို အောင်တယ်တဲ့။ ငါမယုံးဘူး” လူအုပ်ထဲက ဆေးပညာရှင် တစ်ယောက်က အံကြိတ်ရင်း စင်ပေါ်တက်လာခဲ့တယ်။

သူ့နောက်ကနေ တစ်ဆင့် လူတွေ တစ်ယောက်ပြီးတစ်ယောက် ထပ်တက်လာခဲ့ပါတယ်။

တစ်ခဏကြာပြီးနောက် လူတွေအများကြီး အဆိပ်မိသွားခဲ့ပါတယ်။

ဆေးအိုးထဲမှာ အဆိပ်ဆေးလုံး အနည်းဆုံး၅၀၀၊ ၆၀၀ လောက်ရှိပါတယ်။ ဒါပေမယ့် ဆေးလုံးတွေက အကုန်မကုန် နိုင်သေးပါဘူ။ သို့ပေမယ့် ဝင်ဖြေတဲ့လူ ရာပေါင်းများစွာထဲမှ ရန်ကိုင်နဲ့ ဒေါင်ချင်းယန်တို့ နှစ်ယောက်သာ စမ်းသပ်မှုကို အောင်မြင်ခဲ့ပါတယ်။

ဝမ်ချီရန်လို ဆင်ပြောင်ကြီး အမြီးကျမှတစ် ဆိုတဲ့ လူတွေလည်း အများကြီး ရှိခဲ့ပါတယ်။ နောက်ဆုံးတော့လည်း နောင်တရရနဲ့ သက်ပြင်းချပြီးတော့သာ စင်ပေါ်ကနေ ဆင်းလာခဲ့ရပါတယ်။

ဂရမ်းမာစတာရှောင် ဒီစမ်းသပ်မှုကို လုပ်ရတဲ့ အကြောင်းအရင်းက တပည့်လက်ခံဖို့ မဟုတ်ပဲ သင့်လျော်တဲ့ ဆက်ခံသူ တစ်ယောက်ကို ရှာဖို့ဆိုတာ အခု အားလုံး နားလည်သွားခဲ့ပါပြီ။

စမ်းသပ်မှု ပြီးဆုံးသွားတဲ့ နောက်မှာတော့ ချင်ကျဲက အပြုံးလေးပြုံးရင်း “ဂျူနီယာညီလေး၊ ဂျူနီယာညီမလေး၊ ငါတို့ အခုပဲ တိမ်ဖုံးတောင်ထွတ်ဆီ သွားကြတော့မလား။ သူ့စမ်းသပ်မှုကို နှစ်ယောက်တောင် အောင်မြင်သွားတယ်ဆိုတာကို သိရင် ဦးလေးရှောင် တော်တော်လေး ပျော်သွားမှာ”

ရန်ကိုင်ကတော့ တိတ်ဆိတ်နေခဲ့ပါတယ်။ သူ့မျက်နှာ အမူအရာက လုံးဝကို ပြောင်းလဲခြင်း မရှိပါဘူး။ အခုလက်ရှိ သူ့ရဲ့ဂုဏ်ပုဒ်က သက်တော်စောင့် တစ်ယောက်ဆိုတော့ အခုလို ကိစ္စတွေနဲ့ ပက်သက်ပြီး သူ့မှာ ဝင်ဆွေးနွေးဖို့ အခွင့်အရေး မရှိပါဘူး။

ဒေါင်ချင်းယန်ကတော့ ပြုံးပြီး ပြန်ပြောလိုက်ပါတယ် “ကျွန်မ အစ်ကိုကို အရင်သွားတွေ့ချင်သေးတယ်”

“ကောင်းပြီ၊ ငါလည်း နင်တို့နဲ့ လိုက်ခဲ့မယ်။ နှုတ်ဆက်စကား ပြောပြီးတာနဲ့ တိမ်ဖုံးတောင်ထွတ်ဆီ တစ်ခါတည်း တန်းသွားကြတာပေါ့”

သူ့ပုံကြည့်ရတာ သူတို့ကို တိမ်ဖုံးတောင်ထွတ်ဆီ ခေါ်သွားချင်နေတာ တစ်ပိုင်းသေနေတဲ့ ပုံစံပါပဲ။

ဒေါင်မိသားစု ဆေးဆိုင်ရဲ့ ဒုတိယထပ်မှာတော့ ဒေါင်ချင်းဟန်က ရှိနေခဲ့ပြီး သူ့မျက်နှာထက်မှာတော့ ကိုးယိုးကားယား အပြုံးတစ်ခု ရှိနေခဲ့တယ်။ ဒေါင်ချင်းယန် ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားတယ် ဆိုတဲ့ သတင်းကို သူကြားပြီးပါပြီ။

သူ့ညီမလေးက ငယ်စဉ်ကတည်းက ဆေးပညာကို အရမ်းနှစ်သက် စွဲလန်းခဲ့တယ်ဆိုတာ သူသိပေမယ့် အခုလို အောင်မြင်မှုမျိုးကို လုပ်ဆောင်နိုင်လိမ့်မယ်လို့တော့ သူတစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

ရှောင်ဖူးချန်းကို ဆရာအဖြစ် အသိအမှန် ပြုနိုင်တာ။ ဒါက ဘယ်သူမှ မငြင်းဆန်နိုင်တဲ့ အံ့ဩဖွယ်ရာ အခွင့်အရေးကြီး တစ်ခုပါ။ ဒါပေမယ့် နောက်ဆုံးတော့လည်း သူမက ကောင်မလေး တစ်ယောက် ဖြစ်နေတုန်းပဲလေ။ သူမ မွေးကတည်းကနေ ကြီးပြင်းလာတဲ့အထိ အလိုလိုက်ခံထားရတာပါ။ အခု သူမက ပတ်ဝန်းကျင် အသစ်တစ်ခုဆီ တစ်ယောက်တည်း သွားရောက်ရမှာ ဆိုတော့ သူမအစ်ကိုဖြစ်တဲ့ သူက မစိုးရိမ်ပဲ ဘယ်နေနိုင်ပါ့မလဲ။

ဒါပေမယ့် သေဘာၤက ရွက်လွှင့်ပြီးနေပြီလေ။ ဒေါင်မိသားစုကသာ ဆေးဘုရင်တောင်ကြားနဲ့ လုံးဝအဆက်အသွယ် ဖြတ်ပြီး ဆေးဘုရင်တောင်ကြားကို ရန်စချင်မှသာ ဒေါင်ချင်းယန်ကို ပြန်ခေါ်ထားမှာပါ။

ဆေးဘုရင်တောင်ကြားနဲ့ အဆက်အသွယ် ဖြတ်ဖို့လား။ ဒါကတော့ လုံးဝကို မဖြစ်နိုင်ပါဘူး။

သူက ထပ်ခါထပ်ခါ ရှက်ကိုးရှက်ကန်း ပြုံးနေစဉ် လေနဲ့တိမ် အစောင့်အကြပ်က သူ့ကို ရုတ်တရက် တိုးတိုးလေး ပြောလိုက်တယ် “သခင်မလေးရယ်၊ သခင်လေးရန်ရယ်၊ ပြီးတော့ ဆေးဘုရင်တောင်ကြားက လူတစ်ယောက်နဲ့တူတယ်။ သူတို့သုံးယောက် ငါတို့ဆီ လာနေတယ် “

ဒေါင်ချင်းယန်လည်း ထိုစကားကြားလိုက်တာနဲ့ ကြောင်အသွားခဲ့ပြီးနောက် ချက်ချင်း မတ်တပ်ရပ်လိုက်ကာ ပြောလိုက်တယ် “ငါနောက်လိုက်ခဲ့”

အောက်ထပ် မအောက်သေးခင်မှာပဲ လှေကားထစ်ဆီကနေ ခြေသံတွေ သူကြားလိုက်ရပါတယ်။ အခန်းတံခါး ဖွင့်လိုက်တာနဲ့ ဒေါင်ချင်းယန်က လှေကားထစ်ပေါ်ကနေ ခုန်ပေါက် ပြေးတက်လာတာကို တွေ့လိုက်ရတယ်။ သူ့ပေါ်ကိုတောင် ခုန်တက်မတက် ဖြစ်သွားပါသေးတယ်။

“အစ်ကိုကြီး၊ အစ်ကိုကြီး၊ ငါလုပ်နိုင်ခဲ့ပြီ” ဒေါင်ချင်းယန်က သတင်ကောင်းကို သူမအစ်ကိုကို ပြောချင်နေတာ တစ်ပိုင်းသေနေပါပြီ။

ဒါပေမယ့် ဒေါင်ချင်းယန်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမခေါင်းလေးကို ခေါက်လိုက်ကာ ပြန်ပြောလိုက်ပါတယ်

“ဘာ၊ ငါလုပ်ခဲ့တယ် ဟုတ်လား။ ဒီလိုအရေးကြီးတဲ့ ကိစ္စကိုတောင် နင်ကငါနဲ့ ကြိုပြီး မတိုင်ပင်ခဲ့ဘူး”

ဒေါင်ချင်းယန်က သူမခေါင်းလေးကို လက်ကလေးနဲ့ ပွတ်လိုက်တယ်။ ဒါပေမယ့် မျက်နှာကတော့ အပြုံးမပျက်ပါဘူး။ ဒေါင်ချင်းဟန် သူမကို ဆူလို့ နည်းနည်းလေးတောင် စိတ်ဆိုးနေတဲ့ ပုံမပေါက်ပါဘူး။

ဒေါင်ချင်းဟန်က ဆက်ပြောဖို့ လုပ်နေစဉ်မှာပဲ သူတို့နောက်ကနေ လိုက်လာတဲ့ ချင်ကျဲက ချောင်းဟန့်လိုက်ပါပြီ။ ချောင်းဟန့်သံ ကြားလိုက်တာနဲ့ ဒေါင်ချင်းဟန်က ချင်ကျဲဆီ လှည့်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ပါတယ် “ဒီက ဂျူနီယာက စီနီယာချင်ကို နှုတ်ဆက်ပါတယ်”

“အင်း” ချင်ကျဲက အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး မျက်မှောင်ကြုံ့ရုံလေး ကြုံ့ကာ ပြောလိုက်တယ် “သခင်လေးဒေါင်၊ မင်းညီမလေးက စမ်းသပ်မှုကို အောင်မြင်သွားတဲ့အတွက် အခု သူမက ငါတို့ဆေးဘုရင်တောင်ကြားရဲ့ တပ ည့်တစ်ယောက် ဖြစ်နေပြီ။ သူမက ဒေါင်မိသားစုဝင် တစ်ယောက်ဆိုပေမယ့် သခင်လေးကို သူမကို ခေါင်းခေါက်ခွင့် မပေးနိုင်တော့ဘူး”

ဒေါင်ချင်းဟန် ကြောင်အသွားခဲ့လေပြီ။

ချင်ကျဲက တုန့်ဆိုင်းတုန့်ဆိုင်းနှင့် ဆက်ပြီး ပြောလိုက်ပြန်ပါတယ် “ဆေးပညာဆိုတာက ထူးခြားတဲ့ လမ်းစဉ်တစ်ခုပဲ။ သခင်လေးတို့ရဲ့ ဓါးတွေ လက်သီးတွေ အသုံးပြုပြီး တိုက်ခိုက်တာနဲ့ မတူပဲ ဆေးပညာမှာ စိတ်အခြေအနေဆိုတာ အရမ်းကို အရေးပါတဘ်။ သခင်လေး နားလည်တယ်မလား။ သခင်လေးသာ သူမခေါင်းကို ခေါက်လိုက်လို့ သူမရဲ့ မှတ်ဥာဏ်ကို ထိခိုက်သွားခဲ့မယ်ဆိုရင် သခင်လေး ဘယ်လို အလျော်ပေးမှာလဲ။ ဂျူနီယာညီမလေးက ဆေးပညာမှာ ပါရမီပါတယ်။ သခင်လေးကြောင့်သာ သူမထိခိုက်သွားခဲ့မယ်ဆိုရင် အဲ့ဒီဆုံးရှုံးမှုကို သခင်လေး တာဝန်ခံနိုင်မယ်လို့ ထင်လား။ သခင်လေး ဦးလေးရှောင်ရဲ့ ဒေါသကို ရင်ဆိုင်နိုင်မယ်လို့ ထင်လား။ သခင်လေးရဲ့ ဒေါင်မိသားစုကကော ဆေးဘုရင်တောင်ကြားရဲ့ အမျက်ကို ခံနိုင်မယ်လို့ ထင်လား”

အခုလို ပျစ်ပျစ်နှစ်နှစ် ဆူပူကြိမ်းမောင်း ခံရပြီးတဲ့နောက်မှာတော့ သခင်လေးဒေါင်က အရိုက်ခံလိုက်ရတဲ့ ခွေးတစ်ကောင်လို လုံးဝကို ငြိမ်ကုတ်သွားခဲ့ကာ အသံတစ်သံတောင် မထွက်ရဲတော့ပါဘူး။

ချင်ကျဲက နှာခေါင်းရှုံ့လိုက်ပြီး သူ့ရဲ့ ဆုံးမဩဝါဒစကားကို ဆက်လိုက်ပြန်ပါတယ် “သခင်လေးက ငါ့ကို စီနီယာလို့ခေါ်တယ်။ ယန်အာက အခုဆို ငါ့ရဲ့ဂျူနီယာညီမလေး ဖြစ်နေပြီ။ သူမရဲ့ အဆင့်အတန်းက သခင်လေးထက်တောင် ပိုမြင့်နေပြီ။ အဲဒါကို သခင်လေးက အထက်စီနီယာဖြစ်တဲ့ သူမကိုများ ဘယ်လိုလုပ်ပြီး လက်နဲ့ရည်ရွဲတာလဲ… ဒီလောက်ရိုးရှင်းတဲ့ ဟာလေးကိုတောင် နားမလည်ဘူးလား… ဟန်”

ဒီတစ်ကြိမ်မှာတော့ ဒေါင်ချင်းဟန် လုံးဝကို ကြက်သေသေ သွားရပါပြီ။ ငိုချင်ပေမယ့် မျက်ရည်က ကျမလာခဲ့။ ဆိုးရွားလိုက်တဲံ ကံတရားပါလား။

ငါကမင်းကို ရိုးရိုးရှင်းရှင်းပဲ နှုတ်ဆက်လိုက်တာလေ။အဲဒါကို မင်းက တစ်ချက်ကလေးတောင် ပြန်နှုတ်မဆက်ဘူး။ မင်းတို့ ဆေးဘုရင်တောင်ကြားက ကောင်တွေက နဖူးပေါ် မျက်လုံးတက်ပေါက်နေတဲ့ ကောင်တွေ ဆိုတာ ငါသိပါတယ်။ ဒါပေမယ့်… သူမက ငါ့ရဲ့ ညီမလေးလေးကွာ၊ မင်းငါ့ကို လှောင်ပြောင်ပြောဆိုတာကို အသာထားဦး။ ငါ့ညီမလေးကိုတောင် ငါဆူလို့ မရတော့ဘူးလားကွာ

ပြီးတော့ သူမက ဆေးဘုရင်တောင်ကြားကို တရားဝင် ဝင်ရောက်ရသေးတာလည်း မဟုတ်ဘူး။ မင်းက ဆေးဘုရင်တောင်ကြား နာမည်ကို အသုံးပြုချင်တယ် ဆိုရင်တော့ မင်းပြဿနာတစ်ခုခု ရှိနေမှာ ငါကြောက်တယ်

ဒေါင်ချင်းဟန်အနေနဲ့ အပြင်ပန်းမှာသာ အလွန်အမင်း စိတ်ဓါတ်ကျနေဟန် ပြပေမယ့် စိတ်ထဲမှာတော့ ချင်ကျဲလို ဩဇာကြီးမားတဲ့ လူတစ်ယောက်က သူ့ ညီမလေးကို ကာကွယ်ပေးနေတာကို သိလိုက်ရတဲ့အတွက် အလွန်အမင်း ဝမ်းသာနေခဲ့တာပါ။ သူမသာ ဆေးဘုရင်တောင်ကြားကို တရားဝင် ဝင်ရောက်သွားတာနဲ့ အခုလို ခါးသီးမှုတွေကို သည်းခံနေစရာ မလိုတော့ပါဘူး။

“ဒီဂျူနီယာက သူ့အမှားသူသိပါပြီ” ဒေါင်ချင်းဟန်က နာခံစွာပဲ ဝန်ခံလိုက်ပါတယ်။

ချင်ကျဲက ခေါင်းညိတ်ရုံလေး ညိတ်လိုက်ပြီး “ကောင်းတယ်။ သခင်လေးက ဦးနှောက်မရှိတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးပဲ။ ကိုယ့်အပြစ် ကိုယ်ဝန်ခံနိုင်တယ်ဆိုတာ တကယ်ကို ကောင်းတဲ့အချက်တစ်ချက်ပဲ”

ထိုစကားကို ကြားလိုက်တာနဲ့ ဒေါင်ချင်းဟန်က အပြုံးတစ်ခုကို မနည်း ဖျစ်ညစ်ပြုံးလိုက်ရပါတယ်။ သူ့မျက်နှာက အချိန်မရွေး ထပြိုတော့မယ့် မိုးလို ရှုံ့မဲ့နေခဲ့ပါတယ်။

သူ့ကို လျစ်လျူရှုထားလိုက်ပြီး ချင်ကျဲက ဒေါင်ချင်းယန်ကို ကြည့်ကြာ ပြောလိုက်တယ် “ဂျူနီယာညီမလေး၊ သခင်လေးဒေါင်နဲ့ စကားဝိုင်းကို ဖြတ်နိုင်သမျှ မြန်မြန်ဖြတ်လာခဲ့ပါ။ ငါအောက်ထပ်ကနေ စောင့်နေမယ်”

ပြောပြီးတာနဲ့ ချက်ချင်းပဲ အောက်ထပ်ကို ဆင်းသွားခဲ့ပါတယ်။ သူဒီကို လာတာက ဒေါင်ချင်းယန်ကို အဖော်ပြုပေးဖို့ပါပဲ။

ချင်ကျဲထွက်သွားတာနဲ့ ဒေါင်ချင်းဟန်က အံကြိတ်ပြီး သူ့ ညီမလေးကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ “ကောင်ပြီလေ။ အခု ငါနင့်ကို စီနီယာဒေါင်လို့ပဲ ခေါ်ရမလား”

“ဟီ… ဟီ…” ဒေါင်ချင်းယန်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး သူမအစ်ကိုဆီ လမ်းလျှောက်သွားလိုက်ကာ ကလေးဆိုးတစ်ယောက်လို ဒေါင်ချင်းဟန် လက်မောင်းကို ဆွဲရမ်းရင်း “အဖေ့ဘက်က…”

ဒေါင်ချင်းဟန်က ကူကယ်မဲ့စွာနဲ့ ခေါင်းခါလိုက်ရုံသာ တတ်နိုင်ပြီး “ငါအဖေ့ကို ပြောလိုက်မယ်။ သူနင့်ကို တားဖို့ကြိုးစားမယ်လို့ ငါမယုံဘူး”

“အင်း၊အင်း။ အဖေက ငါ့လို သမီးလေးရှိတဲ့အတွက် ကျိန်းသေဂုဏ်ယူ နေလိမ့်မယ်” ဒေါင်ချင်းယန်က ခပ်မြန်မြန်ပဲ ခေါင်းလေးညိတ်လိုက်ပါတယ်။ နောက်ဆုံးတော့ သူမရင်ထဲက ကျောက်တုံးကြီး ကျသွားခဲ့ပါပြီ။

ရန်ကိုင်ဘက် လှည့်ကြည့်လိုက်ပြီး ဒေါင်ချင်းဟန်က တိုးတိုးလေး ပြောလိုက်တယ် “မင်းဆေးဘုရင်တောင်ကြားထဲ ရောက်သွားတာနဲ့ သတိထားဖို့လည်း မမေ့နဲ့ဦး။ ပြီးတော့ ဘာကိစ္စပဲ ဖြစ်ဖြစ် ယန်အာကို ဆွဲခေါ်ဖို့ စဉ်းကို မစဉ်းစားနဲ့”

ဟုတ်တာပေါ့… သူက ဆေးသူတော်စင်တောင်ထွတ် ကိစ္စကို ရည်ညွှန်းနေတာပါ။

“ဘာကအရေးကြီးတယ်ဆိုတာ ငါဆုံးဖြတ်တတ်ပါတယ်ကွာ” ရန်ကိုင်က တည်ငြိမ်စွာနဲ့ပဲ ပြန်ပြောလိုက်တယ်။

နာရီဝက်ကြာပြီးနောက် ရန်ကိုင်နဲ့ ဒေါင်ချင်းယန်တို့ အောက်ထပ်ကို ဆင်းလာခဲ့တယ်။

အောက်ထပ်မှာ ရှိနေတဲ့ ချင်ကျဲနှင့် ဆေးဘုရင်တောင်ကြားက တပည့်သုံးယောက်ကတော့ အလွန်အမင်းကို စိတ်မရှည် ဖြစ်နေခဲ့ပါပြီ။ သူတို့ရုပ်ကို မြင်လို့ မသိတဲ့လူသာဆိုရင် သူ့တို့ ဖင်ကို တစ်ယောက်ယောက်က မီးမြှိုက်နေတယ်လို့ ထင်သွားနိုင်ပါတဘ်။

ဆေးဘုရင်တောင်ကြားထဲ၌ တိမ်ဖုံးတောင်ထွတ်က အလယ်ဗဟိုနှင့် အနီးကပ်ဆုံးမှာ တည်ရှိတာပါ။ ဆေးသူတော်စင်တောင်ထွတ်နဲ့ဆို တောင်လေးနှစ်လုံးပဲ ခြားနေတာပါ။

တောင်ထွတ်ဆီ ချဉ်းကပ်လာတာနဲ့ တောင်ထွတ်ဆီ ဦးတည်နေတဲ့ စိမ်းစိုတဲ့ တောအုပ်တွေ ဝန်းရံနေတဲ့ တောင်ပေါ်လမ်းကြမ်းလေးကို မြင်တွေ့နိုင်ပါတယ်။ မြင်ကွင်းတစ်ခုလုံးက အလွန်အမင်း ရင်သက်ရှုမောဖွယ် ကောင်းလှပါတယ်။

တောင်အောက်ခြေမှာတော့ “တိမ်ဖုံးတောင်ထွတ်” ဆိုတဲ့ စကားတွေ ရေးထိုးထားတဲ့ ကျောက်ပြားကြီး တစ်ပြား ရှိနေပါတယ်။ ကျောက်ပြားရဲ့ အောက်ခြေထောင့်စွန်းနားမှာတော့ သွေးနီရောင် စကားလုံးအချို့ ရှိနေခဲ့ပါတယ်။ ထိုစကားလုံးတွေကို သူဖတ်ကြည့်လိုက်မိတဲ့အချိန် ရန်ကိုင်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့ရပါတယ် “ကျူးကျော်သူတွေ သေရမယ်”

Martial Peak

အပိုင်း (၂၇၄) ရှောင်ဖူချန်း

ထိုသွေးနီရောင် စကားလုံးတွေက ဆေးဘုရင်တောင်ကြားရဲ့ ကြီးမြတ်မှုနဲ့ အားကောင်းမှုကို အကျယ်တဝင့် ဖော်ပြနေခဲ့ပါတယ်။

ဆေးဘုရင်တောင်ကြားက လူတွေပဲ သူတို့တောင်ထွတ်ရဲ့ ဝင်ပေါက်မှာ အခုလို ရဲတင်းတဲ့ စကားလုံးတွေကို ရေးထိုးထားရဲတာပါ။

အစောင့်အကြပ်မရှိတဲ့ တောင်ဝင်ပေါက်ကို ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့က ချင်ကျဲနှင့်အတူ ဖြတ်ကျော်လာခဲ့တယ်။

ဒေါင်ချင်းယန်နဲ့ ချင်ကျဲက ထိပ်ဆုံးကနေ ဘေးချင်းယှဉ် လမ်းလျှောက်နေပြီး သူတို့နှစ်ယောက် နောက်မှာတော့ ဆေးဘုရင်တောင်ကြားက တပည့်သုံးယောက် ရှိနေခဲ့ကာ ရန်ကိုင်ကတော့ နောက်ဆုံးမှာ ရှိနေခဲ့ပါတယ်။

ဆေးဘုရင်တောင်ကြားက တပည့်သုံးယောက် ဒေါင်ချင်းယန်ကို ကြည့်တဲ့ အကြည့်တွေထဲမှာ မနာလိုမှု၊ ရိုသေးလေးစားမှုနှင့် ချစ်မြတ်နိုးမှုတို့တောင် ပါဝင်နေခဲ့ပေမယ့် ရန်ကိုင်ကိုတော့ အထင်သေးအမြင်သေးနဲ့ ကြည့်နေခဲ့ပါတယ်။ သူ့နဲ့ စကားတစ်ခွန်း ပြောဖို့တောင် ရွံရှာနေတဲ့ ပုံပါ။

ဆေးပညာရှင်တွေဆိုတာ လူမှုရေးခေါင်းပါး နားမလည်တဲ့ အလွန်အမင်း မောက်မာတဲ့လူတွေပါ။ ပြီးတော့ သူတို့မျက်လုံးတွေ ဆိုရင်လည်း ခေါင်းပေါ်မှာ တက်ပေါက်နေလို့ပေါ့။

ဆေးဘုရင်တောင်ကြားရဲ့ ဆေးပညာရှင်တွေဆိုတာ ဒီလိုပါပဲ။

ဒေါင်ချင်းယန်ဆိုတာက ဒေါင်မိသားစုရဲ့ သခင်မလေး တစ်ယောက်ဖြစ်သလို သူမကိုယ်တိုင်ကလည်း အလှဂဟေး တစ်ယောက်ဆိုတော့ သူတို့က သူမကို ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ဆက်ဆံတာ မထူးဆန်းပါဘူး။ ရန်ကိုင်ကတော့ ဂရမ်းမာစတာရှောင်ရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး တိမ်ဖုံးတောင်ထွတ်ဆီ ဝင်ခွင့်ရခဲ့ပေမယ့် သူက အဆင့်နိမ့်တဲ့ အစေခံတစ်ယောက် သာသာပဲလေ။ ဒါကြောင့်မို့ သူတို့ကိုယ်သူတို့ အဆင့်နိမ့်ပြီး ရန်ကိုင်နဲ့ ဘာလို့စကားသွားပြောရမှာလဲ။

သူနဲ့စကား ပြောမယ့်လူမရှိတဲ့အတွက်ကြောင့် ရန်ကိုင်လည်း တော်တော်လေး ပျင်းရိလာခဲ့တယ်။ ထို့ကြောင့် သူဘာသာသူ တစ်ယောက်တည်း ဘေးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေပါတော့တယ်။

ဒေါင်ချင်းယန်ကတော့ ရန်ကိုင်နဲ့ မတူညီစွာပဲ အခုမှ စပေါက်လာတဲ့ ပျံလွှားငှက်ပေါက်လေး တစ်ကောင်လို… တောင်ခြေကို စရောက်ကတည်းက မရမ်းမနား စကားပြောလာခဲ့တာပါ။ အခု သူမက ဆေးဘုရင်တောင်ကြားဆီ ဝင်ရောက်ပြီး ကြီးကျယ်ခမ်းနားတဲ့ စီနီယာတစ်ယောက်ကို ဆရာအဖြစ် အသိအမှတ် ပြုရတော့မှာလေ။ သူမစိတ်မလှုပ်ရှားပဲ ဘယ်လိုလုပ်ပြီး နေပါ့မလဲ။

ချင်ကျဲကတော့ အရင်လိုပဲ ရုပ်တည်ကြီးနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ပါ။ ဒါပေမယ့် ဒေါင်ချင်းယန်က သူ့ကို မေးခွန်းတစ်ခု မေးလိုက်တိုင်း စိတ်ရှည်ရှည်နဲ့ ပြန်ပြီး ဖြေပေးနေခဲ့ပါတယ်။ သူ့မျက်နှာထက် စိတ်ရှုပ်သည့်၊ စိတ်မရှည်သည့် အရိပ်အယောင်ကို တစ်စွန်းတစ်စတောင် မမြင်ရပါ။

သူတို့နှစ်ယောက်ကြား စကားဝိုင်းကို နားထောင်ရင်း ရန်ကိုင်လည်း အကြောင်းအရာ တစ်ချို့ကို သိလိုက်ရတယ်။

ရှောင်ဖူးချန်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်း တိမ်ဖုံးတောင်ထွတ်မှာ ရှိလာခဲ့တဲ့ တစ်ဦးတည်းသော ဆေးပညာရှင်ပါ။ တိမ်ဖုံးတောင်ထွတ်မှာ သူ့အပြင် အခြားကျန်ရှိတဲ့ လူဆိုလို့ သူအစေခံ နှစ်ယောက်သာ ရှိပါတယ်။ အကျဉ်းချုပ် ပြောရမယ် ဆိုရင်တော့ တိမ်ဖုံးတောင်ထွတ်မှာ ရှောင်ဖူးချန်းရယ်၊ သူ့အစေခံနှစ်ယောက်ရယ် စုစုပေါင်း လူသုံးယောက်ပဲ ရှိတာပါ။

ပြီးတော့ ထိုအစေခံနှစ်ယောက်သာ သိုင်းပညာရှင်တွေ မဟုတ်ပဲ သာမန်လူတွေသာ ဖြစ်ပါတယ်။

ရှောင်ဖူချန်းက ဆေးပညာကိုသာ တစိုက်မတ်မတ် လေ့လာခဲ့ပြီး တစ်ခါမှ လက်မထပ်ခဲ့ဖူးသလို တပည့်တစ်ယောက်မှလည်း မမွေးခဲ့ဖူးပါဘူး။ ဒီနှစ်ကျမှသာ စိတ်ပြောင်းပြီး ရုတ်တရက် ဆက်ခံသူကို ထရှာဖွေတာပါ။

အဲ့ဒါကြောင့် ဒီကနေ့ စမ်းသပ်မှု ဖြစ်လာခဲ့ရတာပေါ့။

“ဂရမ်းမာစတာက ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ” ဒေါင်ချင်းယန်က သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်။

ချင်ကျဲ၏ အမူအရာ မှိန်ကျသွားခဲ့ပြီး ဒေါင်ချင်းယန်၏ မေးခွန်းကို ချက်ချင်း ပြန်မဖြေခဲ့ပါဘူး။ တစ်ခဏလောက် စဉ်းစားပြီးတော့မှပဲ ပြန်ပြောလိုက်တယ် “ဦးလေးရှောင်ရဲ့ အတွေးတွေကို ငါမခန့်မှန်းရဲဘူး။ ကိုယ်တိုင်တွေ့တော့မှပဲ မေးကြည့်လိုက်ပေါ့”

“အို”

တိမ်ဖုံးတောင်ထွတ်ဆီ သွားတဲ့ ခရီးတစ်ဝက်က စိတ်ဝင်စားဖွယ် မကောင်းပါဘူး။ မြင်ကွင်းတစ်ခုလုံးဆို ကျောက်စရစ်တုံးတွေနဲ့ တောင်ပေါ်တောအုပ်တွေနဲ့ ပြည့်လိုပေါ့။ တစ်ခါတစ်ရံ ထွက်လာလေ့ရှိတဲ့ သမင်တို့၊ ယုန်တို့ကိုတောင် မြင်တွေ့ခဲ့ရပါသေးတယ်။

ဒါပေမယ့် နောက်တစ်ဝက်ကို ရောက်တာနဲ့ ကမ္ဘာပေါ်ကနေ ကောင်းကင်ဘုံဆီ တက်လှမ်းလိုက် သလိုပါပဲ။ ကမ္ဘာ့ချီစွမ်းအင်တွေဆို ဘေးနားအနှံ့ လှည်ပတ်နေခဲ့ပြီး ကျင့်ကြံသူတွေ အတွက်တော့ သုခဘုံပါပဲ။ တောင်ပေါ်ဘေဘက်ခြမ်း တွေဆိုလည်း လှပလှတဲ့ ပန်းပေါင်းတို့နဲ့ ပြည့်နေခဲ့ပြီး ထိုပန်းတွေကို မျက်စိတစ်ဆုံးအထိ မြင်တွေ့နိုင်ပါတယ်။ ပန်းတွေက လေနဲ့အတူ ယိမ်းနွဲ့နေသည်မှာ ကချေသည်လေးတွေ ယိမ်းထိုးနေသလားတောင် ထင်မှတ်ရတဲ့အထိ မြင်ကွင်းတစ်ခုလုံးက ဖမ်းစားညို့ယူဖွယ် ကောင်းလှပါတယ်။

“ဒီမှာ ဆေးပင်တွေ အများကြီး ရှိနေတာ တစ်ယောက်မှ လာမခူးကြဘူးလား” တောင်ပေါ်လမ်းတစ်လျှောက် အစောင့်အကြပ် တစ်ယောက်တောင် မမြင်တွေ့ရတဲ့အတွက် ဒေါင်ချင်းယန်လည်း မမေနိုင်တော့ပဲ မေးလိုက်ပါတယ်။

“ဘယ်သူက လာခူးရဲမှာလဲ” ချင်ကျဲက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး “ဆေးဘုရင်တောင်ကြားက ပစ္စည်းတွေကို လာခိုးရဲတဲ့ဘယ်သူမဆို မုချသေရမှာပဲ၊ နည်းနည်းကြာတာနဲ့ များများကြာတာပဲ ကွာမှာ”

ထိုစကားကို ကြားလိုက်တာနဲ့ ဒေါင်ချင်းယန်က လျှာလေးတစ်လစ်တစ်လစ် ထုတ်ပြရုံပဲ တတ်နိုင်ခဲ့ပါတယ်။

တောင်ပေါ်မှာ ကြုံရာကျပန်း ပေါက်နေတဲ့ ဆေးပင်တွေက တန်ဖိုးကြီးတဲ့ ဆေးပင်တွေ မဟုတ်ပါဘူး။ ထိုဆေးပင်လေးတွေ အတွက်နဲ့ ဘယ်သူမှ ဆေးဘုရင်တောင်ကြားကို စော်ကားရန်စ လိမ့်မှာ မဟုတ်ပါဘူး။

နာရီဝက်ကြာပြီးနောက် အားလုံး တောင်ထိပ်ကို ရောက်လို့လာခဲ့ပါပြီ။ တောင်ထိပ်မှာတော့ အိမ်တန်းအရှည်ကြီး တစ်ခုရှိနေခဲ့ပါတယ်။ သို့ပေမယ့် အိမ်တန်းက သိပ်ပြီးတော့ ရှည်လျားမနေခဲ့ပါဘူး။ စုစုပေါင်းမှာ အိမ်၇လုံး၊ ၈လုံးပဲ ရှိပါတယ်။ ပြီးတော့ တစ်ဝက်လောက်က အခုမှ အသစ်စက်စက် ဆောက်ထားတာပါ။

ထိုနေရာက ရှောင်ဖူချန်း သူ့တပည့်အတွက် ပြင်ဆင်ပေးထားတာ ဖြစ်ရပါမယ်။

ထိုနေရာရောက်တာနဲ့ ချင်ကျဲက နောက်ကို လှည့်လိုက်ပြီး ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်ကို ပြောလိုက်တယ် “မင်းတို့သုံးယောက် ဒီမှာစောင့်နေ”

ချက်ချင်းပဲ သူတို့သုံးယောက်စလုံး ပြုံးဖြီးဖြီး လုပ်လိုက်ပြီး ချင်ကျဲကို တောင်ဆိုပါတော့တယ် “ဦးလေးချင်၊ ကျွန်တော်တို့ကို သွားခွင့်ပြုပါနော်”

“အဲ့မှာ မင်းတို့ဘာလုပ်ချင်လို့လဲ” ချင်ကျဲက မပျော်မရွှင်နဲ့ ပြန်ပြီးမေးခွန်း ထုတ်လိုက်တယ်။

သူတို့ထဲက တစ်ယောက်က အချိန်အကြာကြီး မျှော်လင့်တောင့်တ ခဲ့ရသည့်ပုံစံနဲ့ ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “ဆေးဘုရင်တောင်ကြားကို ရောက်ကတည်းက ဂရမ်းမာစတာရှောင်ကို အဝေးကနေပဲ လေးစားသမှု ပြုခဲ့ရတယ်။ အခုတော့ ကျွန်တော်တို့က ဒီနေရာကို ရောက်နေပြီလေ။ အဲ့တော့…”

ချင်ကျဲက တစ်ခဏလောက် မျက်မှောင်ကြုံ့လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကာ “ကောင်းပြီ။ ဒါပေမယ့် မင်းတို့ ပါးစပ်တွေ ပိတ်ထားကြနော်။ ဦးလေးရှောင်က ဆူဆူညံညံတွေကို မကြိုက်ဘူး”

“ကောင်းပြီ။ ကျွန်တော်တို့ တိတ်ဆိတ်နေပေးပါ့မယ်လို့ ကတိပေးပါတယ်” တပည့်သုံယောက်က ချက်ချင်းပဲ သဘောတူလိုက်တယ်။

ထိုတပည့်သုံးယောက်ရဲ့ မျက်နှာက ဖုံးဖိမရတဲ့ အပျော်တွေနဲ့ ပြည့်နေတာကို ရန်ကိုင် အံ့အားသင့်စွာ တွေ့လိုက်ရတယ်။ တည်ငြိမ်သူ ရုပ်တည်ပိုင်ရှင်ကြီး ချင်ကျဲတောင် ပြုံးလို့နေခဲ့ပါတယ်။

ဆေးပညာရှင်တွေရဲ့ နှလုံးသားထဲရှိ ရှောင်ဖူချန်းရဲ့ နေရာက သူထင်ထားတာထက် ကျော်လွန်နေတဲ့ပုံပါပဲ။

ဆေးဘုရင်တောင်ကြားက တပည့်တွေတောင် ရှောင်ဖူးချန်းကို တွေ့ရဖို့အတွက် စိတ်လှုပ်ရှား ပျော်ရွှင်နေကြတယ်ဆိုတော့…

ချင်ကျဲ၏ ဦးဆောင်မှုနှင့်အတူ အားလုံး အိမ်တန်းတွေဆီ တည့်တည့် လမ်းလျှောက်သွားလိုက်ကြတယ်။

ဒါပေမယ့် သူတို့ အဝေးးကြီး မသွားရသေးခင်မှာပဲ မိန်းမနှစ်ယောက် ထွက်ပေါ်လာခဲ့ပြီး သူတို့ကို လာရောက်ဆီးကြို နှုတ်ဆက်ကြတယ်။ ထိုနှစ်ယောက်ကို တကယ့်ကို အလှဂဟေးတွေပါ။ သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ်ကို ပြီးပြည့်စုံလှပြီး မျက်နှာလေးတွေကလည်း အရမ်းကို နှစ်လိုဖွယ် ကောင်းပါတယ်။ ထိုနှစ်ယောက်က နွေးထွေးပြီး ရိုးရိုးယဉ်ယဉ် အပြုံးလေးတွေကို ပြုံးရင်း သူတို့ကို ကြည့်လို့နေခဲ့ပါတယ်။

ထိုအလှဂဟေးနှစ်ယောက်က အသက်၂၅၊၂၆ ဝန်းကျင်လောက်သာ ရှိတယ်လို့ ထင်ရပေမယ့် သူတို့ နှစ်ယောက်ရဲ့ တကယ့် အသက်အစစ်အမှန်ကတော့ ၄၀ကျော်နေပါြပီ။

သူတို့နှစ်ယောက်က လွန်ခဲ့တဲ့ ၂၅နှစ်တုန်းက တိမ်ဖုံးတောင်ထွတ်ဆီ လာပြီး ရှောင်ဖူချန်းဆီမှာ အစေခံအဖြစ် လာရောက်လုပ်ကိုင် ခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၅နှစ်တုန်းက သူတို့နှစ်ယောက် အသက်၁၆၊၁၇ လောက်ပဲ ရှိပါသေးတယ်။

ထိုအလှဂဟေး နှစ်ယောက်စလုံးက ကျင့်ကြံသူတွေ မဟုတ်ကြပါဘူး။ သာမန်လူတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အလှနဲ့ ဆွဲဆောင်မှုကို ဆက်ပြီး ထိန်းသိမ်းထားနိုင်တုန်းပါပဲ။ ဒါက ရှောင်ဖူချန်းရဲ့ နည်းလမ်းတွေကြောင့်ပဲ ဖြစ်ရပါမယ်။

ထိုအမျိုးသမီးနှစ်ယောက် ချဉ်းကပ်လာတာကို မြင်တာနဲ့ ချင်ကျဲ မကျေနပ်သည့် အရိပ်အယောင် တစ်စွန်းတစ်စတောင် မပြပဲ လက်သီးဆုပ်ကာ ယဉ်ကျေးစွာ ပြောလိုက်တယ် “သခင်မတို့၊ သူခေါ်လာခိုင်းတဲ့ လူတွေကို ခေါ်လာပြီလို့ ဦးလေးရှောင်ကို တစ်ချက်လောက် လှမ်းပြောပေးပါလား”

“နှစ်ယောက်တောင်လား” အမျိုးသမီး နှစ်ယောက်ထဲက အဖြူရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးက ရန်ကိုင်နှင့် ဒေါင်ချင်းယန်ကို ကြည့်ပြီး ပြောလိုက်တယ်။

“တပည့်က အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်” ဒေါင်ချင်းယန်က ဘယ်လို ပြောဆိုနှုတ်ဆက်ရမလဲ ဆိုတာ သိပါတယ်။ ထို့ကြောင့် ရန်ကိုင်နှင့်အတူ ချက်ချင်းပဲ နှုတ်ဆက်စကား ဆိုလိုက်တယ်။

လှပတဲ့ အမျိုးသမီးက တခစ်ခစ် ရယ်မောလိုက်ပြီး “ငါ့ကို အန်တီရှန်လို့ ခေါ်လို့ရပါတယ်။ ဒါကတော့ အန်တီလန်ပေါ့”

ဒေါင်ချင်းယန်က ပျော်ရွှင်စွာ တခစ်ခစ် ရယ်မောလိုက်ပြီး နောက်တစ်ကြိမ် ထပ်မံနှုတ်ဆက်လိုက်ပါတယ်။

အန်တီရှန်က‌ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ် “နင်တို့နှစ်ယောက် အရမ်းကြီး စိုးရိမ်နေစရာ မလိုဘူး။ ဒီနေရာကို နင်တို့အိမ်လို့ပဲ သဘောထား။ အခုကနေစပြီး နင်တို့နှစ်ယောက်က ဒီနေရာမှာ အချိန်အတော်ကြာအောင် နေရမှာ။ နင်တို့သာ အရမ်းကြီး သတိထားနေရင် နင်တို့အတွက် နေရတာ သက်သောင့်သက်သာ မဖြစ်ပဲ နေလိမ့်မယ်”

အခြားလှပတဲ့ အမျိုးသမီးဖြစ်တဲ့ အန်တီလန်ကလည်း ရယ်ကာမောကာနဲ့ ပြောလိုက်ပါတယ် “ငါတို့ တိမ်ဖုံးတောင်ထွတ်ဆီ လာတုန်းက နင်တို့အသက်လောက်ပဲ။ ဒါပေမယ့် တစ်ခဏအတွင်းမှာပဲ အနှစ်၂၀က ကုန်ဆုံးသွားခဲ့ပါလား”

ထိုနှစ်ယောက်က အရမ်းကို ဖော်ဖော်ရွေရွေနဲ့ ဆက်ဆံနေတာကို မြင်တော့ ဒေါင်ချင်းယန်၏ အကြောအချဉ်တွေ အားလုံးလည်း တဖြည်းဖြည်း ပြေလျော့သွားခဲ့တယ်။

“သခင်မနှစ်ယောက်၊ ဦးလေး…” ချင်ကျဲက နှုတ်ဆက်စကားတွေ ပြောပြီးတဲ့အချိန်ထိ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေပြီးနောက် နောက်ဆုံး သူမေးချင်တဲ့ မေးခွန်းကို ကောက်မေးလိုက်ပါပြီ။

“ဆရာက အခုဆေးဖော်စပ်နေတယ်။ ဒါပေမယ့် တောင်ကြားမြို့က သတင်းကို ဆရာ့ဆီ ပို့ပြီးသွားပြီဆိုတော့ နင်တို့လေးယောက် ပြန်လို့ရပြီ။ ဆေးဖော်ပြီးသွားတာနဲ့ ဆရာ သူတို့နှစ်ယောက်နဲ့ တွေ့လိမ့်မယ်”

ထိုစကားကို ကြားလိုက်တာနဲ့ ဆေးဘုရင်တောင်ကြား တပည့်သုံးယောက် ဝမ်းနည်းသွားခဲ့ပြီး ချင်ကျဲတောင် အနည်းငယ် စိတ်ပျက်သွားသည့် ပုံပေါက်ပါတယ်။

“အဲ့လိုဆိုတော့လည်း ဒီကကိစ္စတွေကို သခင်မနှစ်ယောက်ဆီပဲ လွှဲထားခဲ့ရတော့တာပေါ့” ချင်ကျဲက သူ့အမူအရာကို ချက်ချင်း ပြန်ပြင်လိုက်ပြီး လက်သီးဆုပ်နှုတ်ဆက်ကာ ဆေးဘုရင်တောင်ကြား တပည့်သုံးယောက်ကို ဦးဆောင်ပြီး တောင်ပေါ်ကနေ ဆင်းသွားလိုက်တယ်။

သူတို့တွေ ထွက်သွားတာနဲ့ အမျိုးသမီးနှစ်ယောက်က ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့ နှစ်ယောက်ကို သင့်တော်ရာ နေရာမှာ နေရာချထားပေးလိုက်ကြတယ်။

နှစ်ပေါင်းများစွာကြာအောင် တိမ်ဖုံးတောင်ထွတ်မှာ ရှောင်ဖူချန်းနဲ့ ထိုအမျိုးသမီး နှစ်ယောက်ပဲ ရှိခဲ့တာပါ။ ရှောင်ဖူချန်းက သူ့အချိန်အများစုကို ဆေးဖော်စပ်ရင်းနဲ့သာ ကုန်ဆုံးနေခဲ့တာပါ။ အချိန်အများစုမှာ သူ့အရိပ်ကိုတောင် မြင်ရတာမဟုတ်။ အဲ့တော့ အမျိုးသမီး နှစ်ယောက်ကလည်း သူတို့အချိန်တွေကို အချင်းချင်း စကားစမြည်‌ ပြောရင်းနဲ့သာ ကုန်ဆုံးခဲ့ရတာပေါ့။ အခုတော့ ရန်ကိုင်နဲ့ ဒေါင်ချင်းယန်တို့ ရောက်လာတဲ့အတွက် သူတို့မှာ အဖော်သစ်တွေ တိုးလာပြီလေ။ အဲ့တော့ သူတို့လည်း ပျော်တာပေါ့။

တိမ်ဖုံးတောင်ထွတ်က အခြားတောင်ထွတ်တွေနဲ့ ကွဲပြားပါတယ်။ တိမ်ဖုံးတောင်ထွတ်မှာ တာမြစ်ကန့်သတ်ထားတဲ့ နေရာဆိုလို့ အနည်းငယ်သာ ရှိပြီး အခြားတောင်ထွတ်တွေလို ဘာမလုပ်ရ၊ ဟိုဟာမလုပ်ရဆိုပြီး မရှိပါဘူး။ မိမိစိတ်ကြိုက် ပြုမူလှုပ်ရှားလို့ ရပါတယ်။

ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့ကို နေရာ ပြင်ဆင်ပေးပြီးသွားတာနဲ့ အမျိုးသမီး နှစ်ယောက်က သူတို့ကို နေသားကျသွားအောင် ထားခဲ့ပြီး ထွက်သွားကြတယ်။

သုံးရက်ကြာပြီးတာတောင် ရှောင်ဖူချန်း၏ အရိပ်ကို မမြင်ရသေးပါဘူး။ အမျိုးသမီး နှစ်ယောက်ကပဲ မကြာခဏ သူတို့ဆီ ရောက်လာပြီး အဆင်ပြေလား၊ ဘာလိုသေးလဲ ဆိုတာကို မေးမြန်းပြီး သူတို့လိုအပ်တာတွေကို သေချာဂရုစိုက်ပေးပါတယ်။

သုံးရက်ကြာပြီးနောက်… ဒေါင်ချင်းယန်က ရှောင်ဖူချန်း ဘယ်အချိန်မှား တံခါးပိတ် ဆေးဖော်စပ်ရာကနေ ထွက်လာမလဲလို့ တွေးတောနေတုန်းမှာပဲ မဝေးတဲ့ တစ်နေရာကနေ ချီစွမ်းအင်လှိုင်းလုံးတို့ လှိမ့်တက်ထွက်ပေါ်လာခဲ့ပါတယ်။

ရန်ကိုင်အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ဒေါင်ချင်းယန်နဲ့ အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် အိမ်အပြင်ဘက်ကို ချက်ချင်း ပြေးထွက်သွားလိုက်တယ်။

အမျိုးသမီးနှစ်ယောက်လည်း ထွက်လာခဲ့ပြီး အခန်းတစ်ခန်းဆီ စိတ်ရှည်ရှည်နဲ့ ငေးမောကြည့်နေခဲ့ကြတယ်။

ဟုတ်တာပေါ့… အဲ့အခန်းက ရှောင်ဖူးချန်း နေနေတဲ့ နေရာလေ။

အသက်ရှုချိန် အနည်းငယ် ကြာပြီးနောက် တစ်ခေါင်းလုံး ဖြူစွတ်နေတဲ့ အသက်၆၀ အရွယ်လောက်ရှိတဲ့ မုတ်ဆိတ်ဖြူအဖိုးကြီး တစ်ဦး အိမ်ထဲကနေ ထွက်လာခဲ့တယ်။ သူ့မျက်နှာက တည်ငြိမ်ပြီး ခန့်ငြားပုံပေါက်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အရေးအကြောင်း အနည်းငယ်ကို သူ့မျက်နှာထက် မြင်တွေ့နေရပါတယ်။

သူ့လက်ထဲမှာတော့ ရွှေဝါရောင်ဆေးလုံး တစ်လုံးကို ကိုင်ထားပြီး သူ့လက်ထဲ ဟိုလှိမ့်ဒီလှိမ့် လုပ်နေကာ ရှေ့ကိုလှမ်းလာလိုက်ရင်း မျက်မှောင်ကြုံနေလိုက်တယ်။

ဒေါင်ချင်းယန် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့ပါပြီ။

သူမ လေးစားခဲ့ရတဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးက အခုသူမရှေ့ကို ရောက်နေခဲ့ပါပြီ။ အခုသူမစိတ်ထဲ ဘယ်လောက်တောင် လှိုင်းထန်နေမလဲဆိုတာကို တွေးတောကြည့်နိုင်ပါတယ်။

ရန်ကိုင်လည်း ထိုဒဏ္ဏာရီလာ ဆေးပညာရှင်ကြီးကို သေချာလေ့လာကြည့်လိုက်ပါတယ်။ အံ့အားသင့်စွာပဲ ထိုလူကြီးဆီကနေ မည်သည့်ချီစွမ်းအင်လှိုင်းကို သူအာရုံခံမရခဲ့ပါဘူး။ မသိရင် ထိုလူကြီးက သာမန်လူတစ်ယောက်လို့တောင် ထင်ရပါတယ်။

ဒါပေမယ့် ရှောင်ဖူချန်းက သာမန်လူတစ်ယောက် မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပါ။

“ဆေးသွေးကြောမရှိဘူး။ ဆေးသွေးကြော မရှိဘူး… ဆေးသွေးကြော မရှိဘူးဆိုရင် ဒါက အသုံးမဝင်တော့ဘူး” ရှောင်ဖူးချန်း၏ မျက်နှာက စိတ်ပျက်နေသည့် ပုံပေါက်နေခဲ့ပြီး တိုးတိုးတိုးတိုးနဲ့ သူ့ဘာသာသူ ရေရွတ်ပြောဆိုနေခဲ့တယ်။

ရန်ကိုင်က ဆေးလုံးကို အဝေးကနေ တစ်ချက်လောက် စူးစမ်းကြည့်လိုက်တဲ့အခါ ဆေးလုံးဆီမှ သိပ်သည်းတဲ့ အရှိန်အဝါတို့ ဖြာထွက်နေတာကို ခံစားမိလိုက်ပါတယ်။ မီတာပေါင်းများစွာ အကွာကနေတောင်မှ ဆေးရနံ့ကို သူရနေခဲ့ပါတယ်။ ဆေးလုံးရဲ့ ပုံစံက အပြစ်အနာကင်းစွာနဲ့ လုံးဝန်းနေခဲ့ပါတယ်။ ထိုဆေးလုံးက ကောင်းကင်အဆင့် ဒါမှမဟုတ် အဲ့ထက်မြင့်တဲ့ ဆေးလုံးပဲ ဖြစ်ရပါမယ်။

ဒါပေမယ့် ရှောင်ဖူချန်းရဲ့ မျက်လုံးထဲမှာတော့ ထိုဆေးလုံးက အခုအချိန်မှာ လုံးဝကို အသုံးမဝင် ဖြစ်နေခဲ့ပါတယ်။

“ဆရာ” အမျိုးသမီး နှစ်ယောက်က ရှောင်ဖူချန်းကို နှုတ်ဆက်လိုက်ပြီး ဒေါ်လေးရှန်ဆိုတဲ့ လူက တိုးတိုးလေး ပြောလိုက်တယ် “ဆရာမျှော်နေတဲ့ ဂျူနီယာမောင်လေး နှစ်ယောက် ရောက်လာပြီ”

“ဟင်” ရှောင်ဖူချန်းက အတွေးထဲ နစ်မျောနေရာကနေ နိုးထလာခဲ့ပြီး သူ့လက်ထဲက ဆေးလုံးကို အမျိုးသမီးနှစ်ယောက်ဆီ ပစ်ပေးလိုက်တယ်။ ထို့နောက် ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့ လှည့်ကြည့်လိုက်ပါပြီ။

“အင်း၊ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်” ဒေါင်ချင်းယန်နား နှစ်ခေါက်သုံးခေါက်လောက် လှည့်ပတ်လမ်းလျှောက်ပြီးနောက် ရှောင်ဖူချန်းက ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။

ထိုအချိန်တွင် ဒေါင်ချင်းယန်အနေနဲ့ သူမအမူအရာကို အတတ်နိုင်ဆုံး ကြိုးစားထိန်းသိမ်းနေခဲ့ရတယ်။ တစ်ချက်ကလေးတောင် မလှုပ်ရှားရဲခဲ့ပါဘူး။

ရန်ကိုင်ဘေးနားကို အကြိမ်နည်းနည်းလောက် လှည့်ပတ်ကြည့်ပြီးနောက် ရှောင်ဖူချန်းက မျက်မှောင်ကြုံ့လိုက်ပြီး “မင်းရဲ့ အရည်အချင်းလည်းပဲ အရမ်းကောင်းတယ်။ ဒါပေမယ့် မင်းရဲ့ သတ်ဖြတ်လိုတဲ့ အရှိန်အဝါက အရမ်းကို သိပ်သည်းလွန်းတယ်”

ရန်ကိုင် တိတ်တဆိတ် အံ့အားသင့်သွားခဲ့ရပါပြီ။

ထိုနှစ်ယောက်ကို သေချာစစ်ဆေးပြီးနောက် ရှောင်ဖူချန်းက မေးလိုက်လေပြီ “မင်းတို့နှစ်ယောက် လက်တစ်ချက်လောက် ဆန့်ထုတ်ကြည့်ပါလား”

ဒေါင်ချင်းယန်နဲ့ ရန်ကိုင်တို့နှစ်ယောက် သူတို့လက်အသီးသီးကို ဆန့်ထုတ်ပေးလိုက်ပါတယ်။ ရှောင်ဖူချန်းက ချက်ချင်းပဲ သူတို့လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်တယ်။ အချိန်အတော်ကြာ စစ်ဆေးပြီးနောက် လူအိုကြီးမျက်နှာထက် အဓိပ္ပါယ်ရှိတဲ့ အပြုံးတို့ ပွင့်လန်းလာခဲ့ပြီး သူ့မျက်လုံးထဲ အလင်းရောင်တစ်ခု လက်သွားခဲ့ကာ ရန်ကိုင်ဆီ တိုက်ရိုက်ကြည့်လိုက်ပြီး ပြောလိုက်တယ် “မင်းက စမ်းသပ်မှုရလဒ်ကို အတုလုပ်ခဲ့တာပဲ”

ရန်ကိုင်လည်း တစ်ခဏလောက် အံ့အားသင့်သွားခဲ့ပြီးနောက် ချက်ချင်းပဲ ချီးမွမ်းလိုက်တယ် “ဂရမ်းမာစတာရဲ့ အမြင်က တကယ်ကို စူးရှတာပဲ”

ဒေါင်ချင်းယန်ကတော့ ကြက်သေသေသွားခဲ့ပြီး ချက်ချင်းပဲ ရန်ကိုင် ဘက်ကနေ ခုခံဖို့ ကြိုးစားပါတော့တယ် “သူမလှည့်စားခဲ့ဘူး။ သူက အဆိပ်ဆေးလုံးကို အားလုံးရှေ့မှာပဲ သောက်ပြီး အနက်ရောင် အငွေ့တွေကိုလည်း အားလုံးရှေ့မှာပဲ ထုတ်ပြခဲ့တာ။ အဲ့ဒါကို သူက ရလဒ်ကို အတုလုပ်ခဲ့တာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ဒါပေမယ့် ရှောင်ဖူချန်းကတော့ ပြန်ပြီးတော့သာ ပြုံးပြလိုက်ပြီး ဆက်ပြောလိုက်တယ် “သူ့အရည်အချင်းက မကောင်းဘူးလို့ ငါပြောနေတာ မဟုတ်ဘူး။ သူ့အရည်အချင်းက နင့်ထက်တောင် ကောင်းသေးတယ်။ ဒါပေမယ့်က သူက ရည်ရွယ်ချက်ရှိရှိနဲ့ အနက်ရောင်ဓါတ်ငွေ့တွေကို နောက်ကျပြီးမှ စွန့်ထုတ်ခဲ့တယ်။ အားလုံးအာရုံစိုက်တာကို သူမခံချင်တာ သိသာနေတာပဲ”

“အာ” ဒေါင်ချင်းယန် နောက်တစ်ကြိမ် ထိတ်လန့်သွားခဲ့ရပြန်လေပြီ။

အမျိုးသမီးနှစ်ယောက်ရဲ့ ရန်ကိုင်ကို ကြည့်တဲ့ အကြည့်တွေထဲမှာတောင် အံ့အားသင့်သည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့ပါတယ်။

ရန်ကိုင်မျက်နှာထက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ပြီး မေးလိုက်တယ် “ဂရမ်းမာစတာ ဘယ်လိုသိသွားတာလဲ”

ရှောင်ဖူချန်းက ရယ်မောလိုက်ပြီး သူ့မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း “စမ်းသပ်မှုကို ငါကိုယ်တိုင်ပဲ စီစဉ်ခဲ့တာလေ။ ငါမသိပဲ ဘယ်နေပါ့မလဲ”

Martial Peak

အပိုင်း(၂၇၅) ဆေးပညာရှင်တစ်ယောက်က သိုင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်မှ မရပ်တည်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ

ရှောင်ဖူချန်း ရှင်းပြပုံအရ အဆိပ်ဆေးလုံးမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိရပါမယ်။ ထိုအဆိပ်ဆေးလုံးတွေကို သန့်စင်တဲ့နည်းလမ်းက မရှုပ်ထွေးပါဘူး။ ဆေးဖောစပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကလည်း တန်ဖိုးမကြီးပါဘူး။ မဟုတ်ရင် အဆိပ်ဆေးလုံး ၃၀၀၊၄၀၀ ရာကျော်လောက်ကို စမ်းသပ်ဖို့ အတွက်သပ်သပ်နဲ့ ရှောင်ဖူချန်း အသုံးပြုနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ထိုအဆိပ်ဆေးလုံးတွေကို လူတစ်ယောက်ရဲ့ ယွမ်ချီသန့်စင်နှုန်းကို သိရှိဖို့ အသုံးပြုနိုင်ပါတယ်။

ဆေးပညာရှင်တွေက ကျင့်ကြံသူတွေပါပဲ။ ဆေးပညာရှင်တွေရဲ့ ခန္ဓာကိုယ်တွေထဲမှာလည်း ယွမ်ချီတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့က ဆေးပညာကိုသာ အဓိကထား အာရုံစိုက်နေတဲ့အတွက် ကျင့်ကြံခြင်းအဆင့် တိုးမြှင့်တာနဲ့ ခွန်အားက သူတို့အတွက် အဓိက မကျတော့ပါဘူး။

အဆိပ်ဆေးလုံးကို မျိုချပြီးနောက် ယွမ်ချီသန့်စင်နှုန်းသာ မြင့်မားမယ်ဆိုရင် အဆိပ်ဆေးလုံးထဲရှိ အဆိပ်တွေကို အလွယ်တကူ သန့်စင်နိုင်ပါတယ်။

ယွမ်ချီ သန့်စင်မှုဆိုတာက အရားများစွာနဲ့ ဆက်စပ်နေပါတယ်။ ဥပမာ… လျှို့ဝှက်နည်းစနစ်(ကျင့်စဉ်)၊ သိုင်းပညာရပ်တေါ၊ ဆေးလုံးတွေ၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ၊ စသဖြင့်ပေါ့။

စမ်းသပ်မှုကို ဝင်ပြိုင်ခဲ့တဲ့ ဆေးပညာရှင်တွေက ဆေးပညာကိုသာ အဓိကထား ဂရုစိုက် လေ့လာတယ်ဆိုပေမယ့် အကြောင်းကိစ္စ အမျိုးမျိုးကြောင့် သူတို့ရဲ့ ယွမ်ချီက သန့်စင်မနေခဲ့ပါဘူး။ ထို့ကြောင့်ပဲ ရှောင်ဖူချန်းရဲ့ စမ်းသပ်မှုကို သူတို့ ကျရှုံးခဲ့ရတာပါ။

သူစလေ့ကျင့်တဲ့ အချိန်ကတည်းက လျှို့ဝှက်နည်းစနစ် တစ်ခုကို ရန်ကိုင် အသုံးပြုခဲ့ပါတယ်။ အဲ့ဒါကတော့ အစစ်အမှန်ယန် လျှို့ဝှက်နည်းစနစ်ပါပဲ။ ထို့ကြောင့် သူ့ရဲ့ ယွမ်ချီသန့်စင်နှုန်းက ရှောင်ဖူချန်း သတ်မှတ်ထားတဲ့ အဆင့်ကို မှီနေတာ အထူးအဆန်း မဟုတ်ပါဘူး။

ဒေါင်ချင်းယန်လည်း အတူတူပါပဲ။ သူမက သူမ မိသားစုက သူမအတွက် အထူးရွေးပေးထားတဲ့ မီးအမျိုးအစား လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ထားတာပါ။ အခု သူမက ချီသ့န်စင်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်နေပါပြီ။ သူမ အစစ်အမှန်ဒြပ်စင်အဆင့်ကို အချိန်မြန်မြန်နဲ့ ဝင်ရောက်နိုင်ဖို့အတွက် ဒေါင်မိသားစုက သူမအတွက် အရင်းအမြစ်များစွာကို အသုံးပြုခဲ့ပါသေးတယ်။ အဲ့တော့ သူမရဲ့ ယွမ်ချီသန့်စင်နေတာလည်း အထူးအဆန်း မဟုတ်ပါဘူး။

ရှောင်ဖူချန်းက ရှက်ကိုးရှက်ကန်း ပြုံးရင်း ဆက်ပြောလိုက်တယ် “တကယ်တော့ ဒီလူအိုကြီးရဲ့ အဆိပ်ဆေးလုံးက ဆေးပညာရှင်တွေရဲ့ ၉၉ရာခိုင်နှုန်းလောက် မအောင်မြင်နိုင်အောင် လုပ်ထားတာ။ ဘာလို့လဲ ဆိုတော့ သူတို့က ကျင့်ကြံခြင်းနဲ့ ယွမ်ချီသန့်စင်နှုန်းကို ဂရုမှမထားတာ။ သူတို့ဆေးဖော်လို့ရှိရင် ဆေးပညာရှင်တွေက သူတို့ဆေးလုံးတွေကို စမ်းသပ်သောက်သုံးလေ့ရှိတယ်။ အဲ့တော့ ဆေးစွမ်းအင် အမျိုးမျိုးက သူတို့ခန္ဓာကိုယ်ထဲမှာ စုဝေးလာပြီး သူတို့ရဲ့ ယွမ်ချီတွေလည်း မသန့်မစင် ဖြစ်လာပါလေရော။ ဒါပေမယ့် ယန်အမျိုးအစား၊ ဒါမှမဟုတ် မီးအမျိုးအစား လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်တဲ့ ပါရမီရှင်တွေအတွက်တော့ ကွဲပြားသွားပြီ”

ရန်ကိုင် ချက်ချင်း နားလည်သွားခဲ့ပါတယ်။ အဆိပ်ဆေးလုံးထဲက အဆိပ်တွေကို သူထုတ်ပယ်တဲ့ အချိန်က ဒေါင်ချင်းယန်ထက် မြန်နေတာ အံ့အားသင့်စရာ မဟုတ်တော့ပါဘူးလေ။

ဒါပေမယ့် ရှောင်ဖူချန်းရဲ့ စမ်းသပ်မှုကို လာပြိုင်တဲ့ လူတွေထဲမှာ ဘယ်သူက ဆေးပညာရှင် မဟုတ်လို့လဲ။ ဆေးပညာရှင် မဟုတ်ဘူးဆိုရင် ရန်ကိုင်လို တစ်ခြားရည်ရွယ်ချက် ရှိတဲ့ လူတွေပဲ လာမှာပါ။

သိသာစွာပဲ ရှောင်ဖူချန်းရဲ့ ဆက်ခံသူဖြစ်ဖို့ အဲ့လောက်မလွယ်ကူပါဘူး။

ဒေါင်ချင်းယန် စမ်းသပ်မှုကို‌ အောင်မြင်ခဲ့တာက ဒေါင်မိသားစုက သူမဆေးပညာ လေ့လာတာကို အားမပေးလို့ပဲ ဖြစ်ပါတယ်။ သူမသာ ငယ်စဉ်ကတည်းက ဆေးပညာကိုသာ အဓိကထား လေ့လာခဲ့မယ်ဆိုရင် ရှောင်ဖူချန်းရဲ့ စမ်းသပ်မှုကို‌ အောင်မြင်လိမ့်မှာ မဟုတ်ပါဘူး။

“ဆေးပညာ လမ်းစဉ်နဲ့ ပက်သက်ပြီးတော့ လူများစွာက မှားယွင်းနေကြတယ်။ ဒီလူအိုကြီးတောင် မှားယွင်းခဲ့တယ်” ရှောင်ဖူချန်းက သက်ပြင်းရှိုက်လိုက်တယ်။ သူ့လေသံထဲ အထီးကျန်မှု၊ နောင်တတို့ကို အထင်းသား ခံစားမိနိုင်ပါတယ်။

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခုခုကို စဉ်းစားမိလိုက်ကာ ပြောလိုက်တယ် “ဂရမ်းမာစတာ ပြောတာသာ မှန်တယ်ဆိုရင် ဆေးပညာမှာ ပါရမီပါတဲ့ ကလေးတစ်ယောက်ရှာပြီး ငယ်ငယ်ကတည်းက လေ့ကျင့်ပေးလိုက်ရင် ပြီးသွားပြီ မဟုတ်ဘူးလား”

“ကလေးလား…” ရှောင်ဖူချန်းက ခေါင်းခါယမ်းလိုက်ပြီး မဲ့ပြုံးပြုံးလိုက်ရင်း “ဒီလူအိုကြီးမှာ အဲ့လောက် အချိန်မရှိတော့ဘူး”

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး ဂရမ်းမာစတာရှောင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်မိတယ်။

အမျိုးသမီးနှစ်ယောက်ထက် ဝမ်းနည်းသည့် အရိပ်အယောင်တို့ ပေါ်လာခဲ့ပေမယ့် တိတ်တဆိတ်သာ နေခဲ့ပါတယ်။

ဒေါင်ချင်းယန်၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ် “ဂရမ်းမစတာ၊ ရှင်…”

ရှောင်ဖူချန်းက ရုတ်တရက် ရယ်မောလိုက်ပြီး လွတ်လပ်အဆင်ပြေ နေသည့် ပုံစံဖြင့် “ကဲ၊ အဲ့တာက အရမ်းကြီးလည်း အလေးအနက် ထားစရာ ကိစ္စမဟုတ်ပါဘူး။ ငါနောက်ထပ် နှစ်တော်တော်များများ အသက်ဆက်ရှင် သန်နိုင်သေးပေမယ့် ဒီတစ်ဘဝလုံး ဆန်းကြယ်အထွတ်အထိပ် အဆင့်ကို ကျော်လွန်ပြီး နောက်တစ်ဆင့်မှာ ဘယ်လိုအဆင့်မျိုး ရှိနေတယ်ဆိုတာ မသိနိုင်မှား စိုးရတယ်”

သူပြောလိုက်တဲ့အချိန် သူ့လေသံထဲ မျှော်လင့်တောင့်တမှုနှင့် နောင်တတို့ကို အထင်းသား ခံစားမိနိုင်ပါတယ်။

သုန်မှုန်ထိုင်းမှိုင်းနေတဲ့ လေထုကို လှုပ်ခါလိုက်ပြီး ဂရမ်းမာစတာရှောင်က ရုတ်တရက် စိတ်အားတက်ကြွစွာနဲ့ ပြောလိုက်တယ် “ငါက စိတ်ဝိဥာဉ်အဆင့်ကို မရောက်နိုင်ပေမယ့် တစ်နေ့ကျ ဒီကမ္ဘာကြီးရဲ့ အချုပ်အနှောင်တွေကို ကျော်ြဖတ်ပြီး စိတ်ဝိဥာဉ်အဆင့် ဆေးပညာရှင် တစ်ယောက်ဖြစ်လာမယ့် တပည့်တစ်ယောက်ကိုတော့ ပျိုးထောင်ချင်မိသေးတယ်။ အဲ့တော့ ငါမင်းတို့နှစ်ယောက်ကိုပဲ အားကိုးရတော့မှာပေါ့”

အဲ့အကြောင်းကြောင့်ပဲ ရှောင်ဖူချန်းက ရုတ်တရက်ကြီး တပည့်လက်ခံဖို့ ဆုံးဖြတ်လိုက်ရခြင်းပါ။ သူ့တစ်ဘဝလုံး ဆေးပညာကိုသာ အရူးတစ်ယောက်လို စွဲစွဲမြဲမြဲ လေ့လာခဲ့ပေမယ့် စိတ်ဝိဥာဉ်အဆင့်ကိုတော့ တက်လှမ်းနိုင်ခြင်း မရှိခဲ့ပါဘူး။ အဲ့တော့ သူနောင်တမရပဲ ဘယ်နေပါ့မလဲ။

ဒါပေမယ့် ဒီကမ္ဘာကြီးမှာ သူက ဆေးပညာလမ်းစဉ်နဲ့ ပက်သက်ပြီး ပြိုင်ဘက်ကင်းတဲ့ အတွေ့အကြုံနဲ့ နားလည်မှုကို ပိုင်ဆိုင်ထားတာလေ။ အဲ့တော့ တစ်နေ့ကျ သူ့ကို ကျော်ဖြတ်သွားနိုင်မယ့် တပည့်တစ်ယောက်ကို ပြုစုပျိုးထောင် နိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ရှောင်ဖူချန်း၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို သတိပြုမိတော့ ရန်ကိုင်က တစ်ခဏလောက် တုန့်ဆိုင်းနေလိုက်ပြီးနောက် ပြောလိုက်ပါတယ် “ဂရမ်းမာစတာရှောင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ဂျူနီယာ တိမ်ဖုံးတောင်ထွတ်ဆီ လာတာက ဆေးပညာကို သင်ယူချင်လို့ မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်တာနဲ့ ရှောင်ဖူချန်းက မျက်မှောင်ကြုံ့လိုက်ပြီး ရန်ကိုင်ဆီ ကြည့်လိုက်ပါတယ်။

“ကျွန်တော့်ရဲ့ ရည်မှန်းချက်က သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိဖို့ပဲ။ ကျွန်တော်သာ ဆေးပညာကို လေ့လာရင် အဲ့ဒါက ကျွန်တော်အတွက် အနှောင့်အယှတ် တစ်ခုပဲ ဖြစ်စေမှာကို စိုးရိမ်ရတယ်” ရန်ကိုင် ဝန်ခံလိုက်ပါပြီ။ သူတိမ်ဖုံးတောင်ထွတ်ဆီ လာတာက ဆေးသူတောင်စင် တောင်ထွတ်ဆီ သွားချင်လို့ပဲလေ။

ရှောင်ဖူချန်းက သူတို့ကို ပွင့်ပွင့်လင်းလင်း ပြောနေတော့ သူကလည်း ရှောင်ဖူချန်းကို မလှည့်စားချင်တော့ပါဘူး။ တိမ်ဖုံးတောင်ထွတ်ဆီ လာတာက ဆေးသူတော်စင်တောင်ထွတ်ဆီ သွားချင်လို့ပါဆိုပြီး တိုက်ရိုက်သွားပြောလို့လည်း မဖြစ်ပါဘူး။ ဒါပေမယ့် ဆေးပညာကလည်း သင်လို့ မဖြစ်ပြန်ပါဘူး၊ မဟုတ်ရင် ဆေးဘုရင်တောင်ကြားမှ သူဘယ်လိုလုပ်ပြီး လွတ်လွတ်လပ်လပ် သွားလာလို့ရမှာလဲ။

သူ့စကားကို ကြားလိုက်တာနဲ့ အမျိုးသမီး နှစ်ယောက်က မကျေနပ်သည့် အကြည့်နှင့် ရန်ကိုင်ဆီ လှမ်းကြည့်လိုက်တယ်။

ဒါပေမယ့် ရှောင်ဖူချန်းက အဓိပ္ပါယ်ရှိရှိသာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “ဆေးပညာရှင်တွေက သိုင်းလမ်းစဉ်ရဲ့ အထွတ်အထိပ်မှာ မရပ်တည်နိုင်ဘူးလို့ ဘယ်သူပြောတာလဲ”

ရန်ကိုင် ချက်ချင်းတုန်လှုပ်သွားခဲ့ပြီး အတွေးထဲ နစ်မြောသွားခဲ့တယ်။

ရှောင်ဖူချန်းနဲ့ ပထမဆုံး တွေ့သည့်အကြိမ်မှာပဲ ရှောင်ဖူချန်းကို ရန်ကိုင် အထင်ကြီးမိသွားခဲ့တယ်။ သူက သင်းချိုင်းကုန်းထဲကို ခြေတစ်ဖက်လှမ်းနေပြီ ဆိုပေမယ့် ကောင်းကင်ဘယ်လောက် မြင့်ကြောင်း စိတ်ခေါ်ချင်သည့် ပြင်းပြသော သူ့စိတ်ဓါတ်က လူငယ်တွေမှာတောင် မရှိသည့် စိတ်ဓါတ်မျိုးပါ။

နောက်ဆုံးမှာတော့ ရှောင်ဖူချန်းက ရန်ကိုင်နဲ့ ဒေါင်ချင်းယန်တို့ နှစ်ယောက်ကို သူ့အား ဆရာအဖြစ် ချက်ချင်း အသိအမှတ် မပြုခိုင်းခဲ့ပါဘူး။ အဲ့ဒီအစား တိမ်ဖုံးတောင်ထွတ်မှာသာ အချိန်အတော်ကြာထိ နေခိုင်းစေခဲ့တယ်။

လာသည့် ရက်အနည်းငယ်အတွင်း ရှောင်ဖူချန်းကို မြင်ရသည့် အကြိမ်အရေအတွက်က နည်းပါလှပါတယ်။ သူပေါ်လာတဲ့ အချိန်မှာတော့ ဒေါင်ချင်းယန်က ဆရာကိုတွေ့တဲ့ တပည့်တစ်ယောက်လို ပြုမူပြောဆိုပြီး ရန်ကိုင်ကတော့ ရှောင်ဖူချန်းကို လူအိုကြီးရှောင်လို့သာ ခေါ်ဆိုခဲ့ပါတယ်။

အမျိုးသမီးနှစ်ယောက်က ထိုနေ့က အဖြစ်အပျက်နဲ့ ပက်သက်ပြီး ရန်ကိုင်ကို သိပ်ပြီး မကျေနပ်ပေမယ့် သူတို့ကိုယ် သူတို့ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ရန်ကိုင်တို့နှစ်ယောက်ကို တွေ့တိုင်း ပြုံးပြနေခဲ့ပြီး သူ့ကို ခက်ခဲအောင် မလုပ်သလို သူတို့လိုအပ်တဲ့ ဝေယျာဝစ္စကိစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။

ရက်တော်တော်ကြာ ကုန်ဆုံးသွားပြီး နောက်ဆုံးမှာတော့ ရှောင်ဖူချန်းက ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့ နှစ်ယောက်ကို သူ့အိမ်ဆီ ဆင့်ခေါ်ခဲ့ပါတယ်။

လူအိုကြီးရှောင်ရှေ့ ရပ်နေချိန်တွင် ရန်ကိုင်က ဘာမှ မထူးခြားသလို ရှိနေပမေယ့် ဒေါင်ချင်းယန်ကတော့ တစ်ကိုယ်လုံး တောင့်တင်းလို့ နေခဲ့ပါတယ်။

ရှောင်ဖူချန်းက ဖွဖွလေးပြုံးလိုက်ပြီး ခေါင်းလေးညိတ်ကာ “ဒီရက်အတောအတွင်း ငါမင်းတို့ကို ဘာမှမသင်ကြားပေးခဲ့ဘူး။ ဒါပေမယ့် တစ်ချိန်လုံး မင်းတို့ရဲ့ စရိုက်ကို ငါလေ့လာစမ်းစစ် နေခဲ့တယ်။ လူတစ်ယောက်ရဲ့ အတွင်စိတ်ကို ထိုးဖောက်မြင်နိုင်ဖို့ အချိန်အတော်ကြာ ယူရပေမယ့် ဒီလူအိုကြီးက နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ပြီး လူများစွာကိုလည်း မြင်ခဲ့ဖူးပြီးပြီ။ ယန်အာ၊ နင်က မိသားစုကြီးတွေကနေ မွေးဖွားလာတဲ့ အလိုလိုက်ခံရထားတဲ့ မိန်းကလေးတွေနဲ့ မတူပဲ ကြင်နာတတ်တယ်။ နင်သာ ဒီလူအိုကြီးရဲ့ အမွေအနှစ်ကို ဆက်ခံမယ်ဆိုရင် တစ်နေ့ကျ ငါ့နာမည် ပျက်လောက်မယ့် ဘယ်အပြုအမူကိုမှ နင်လုပ်လိမ့်မှာ မဟုတ်ဘူးလို့ ငါယုံကြည်တယ်။ နင်သာ ဆန္ဒရှိတယ်ဆိုရင် ဒီလူအိုကြီးက နင့်ကို တပည့်အဖြစ်လက်ခံမယ်”

“တပည့် ဆန္ဒရှိပါတယ်” ဒေါင်ချင်းယန်က အလျင်စလိုပဲ ပြန်ဖြေလိုက်ပါတယ်။ သူမ မျက်နှာထက်မှာ ဆိုရင်တော့ အပြုံးပန်းတွေ ဝေလို့ပေါ့။

ရှောင်ဖူချန်းက ခေါင်းညိတ်လိုက်ပြီးနောက် ရန်ကိုင်ဆီ ကြည့်လိုက်ကာ “မင်းကတော့ သူမနဲ့ မတူတော့ဘူး။ မင်းက ငယ်ပေမယ့် ခက်ခဲမှုတော်တော်များများကို ရင်ဆိုင်ခဲ့ရတဲ့အတွက် မင်းနဲ့ရွယ်တူ အားလုံးထက် ပိုပြီးရင့်ကျင်တယ်။ မင်းရဲ့ချီက မင်းရဲ့စိတ်ဆန္ဒလိုပဲ လူပေါင်းများစွာကို သတ်မှရနိုင်တဲ့ ဓါးတစ်ချောင်းအဖြစ် ပုံသွင်းထားခံရပြီးပြီ။ ဒါပေမယ့် မင်းရဲ့ နည်းလမ်းတွေက ရက်စက်ကြမ်းကြုတ်တယ် ဆိုပေမယ့် ရိုးသားအပြစ် ကင်းစင်တဲ့ လူတွေကို သတ်တဲ့ လူစားထဲမှာ မင်းမပါဘူး”

ရန်ကိုင်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး ပြန်ချေဖဖို့ မကြိုးစားခဲ့ပါဘူး။

လူအိုကြီးတွေရဲ့ မျက်လုံးတွေက တကယ်ပဲ ထက်ရှလှပါလား။

“မင်းနဲ့ ယန်အာရဲ့ လမ်းက တခြားစီပဲ။ အဲ့ဒါကြောင့် မင်းရဲ့ အရည်အချင်းက ယန်အာထက် ပိုမြင့်ပေမယ့် မင်းကို ငါလမ်းစဉ်အတိုင်း လိုက်ရမယ်လို့ တွန်းအားပေးမှာ မဟုတ်ဘူး။ ဥပမာအနေနဲ့ ငါမင်းကို တပည့်အဖြစ် လက်ခံဖို မလုပ်သလို ဆေးပညာလည်း သင်ပေးမှာ မဟုတ်ဘူး”

“ဆရာ” သူမဆရာက ရန်ကိုင်ကို တိမ်ဖုံးတောင်ထွတ်ကနေ နှင်ထုတ်တော့မယ် ထင်ပြီး ထိတ်လန့်တကြား ပြောလိုက်တယ်။

ဒါပေမယ့် ရှောင်ဖူချန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ပြုံးကာ “ဒါပေမယ့်… မင်းက ဒီလူအိုကြီးရဲ့ စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့အတွက် မင်းက ဒီမှာနေဖို့ ကံကြမ္မာပါလာတယ်လို့ပဲ ဆုံးဖြတ်လိုက်မယ်။ ဒါကြောင့် ငါမင်းကို အခြားတန်ဖိုးရှိတာ ပေးပြီး အခုအချိန်အတောအတွင်း တိမ်ဖုံးတောင်ထွတ်မှာ ယန်အာနဲ့ ခဏနေခွင့်ပေးမယ်”

“ကျေးဇူးပါပဲ လူအိုကြီးရှောင်” ရန်ကိုင်လည်း အခုမှပဲ စိတ်သက်သာရာ ရသွားခဲ့တယ်။ ရှောင်ဖူချန်းသာ သူ့ကို တိမ်ဖုံးတောင်ထွတ်ဆီကနေ ထုတ်ပယ်ချင်တယ်ဆိုရင် သူလုပ်နိုင်တာ ဘာမှ ရှိလိမ့်မှာ မဟုတ်ပါဘူး။ အခုတော့ သူက တိမ်ဖုံးတောင်ထွတ်မှ ဆက်ပြီး နေခွင့် ရသွားပြီလေ။ အဲ့တော့ သူစိတ်သက်သာရာ မရပဲ ဘယ်နေပါ့မလဲ။

ဒီနည်းလမ်းနဲ့ဆို ခဲဆွဲနေသလို သူမခံစားရတော့ဘူးလေ။

“ရော့၊ ဒါက အထူးလျှို့ဝှက် ကျင့်စဉ်တစ်ခုကနေ ပွါးယူထားတဲ့ ကျင့်စဉ်တစ်ခုပဲ။ အဲ့ဒါကို သေချာလေ့လာထား။ ဒါပေမယ့် တစ်နေ့ကို တစ်နာရီပဲ လေ့လာလို့ရတယ်ဆိုတာကိုတော့ သေချာမှတ်ထား” ရှောင်ဖူချန်းက သူတို့ကို မှာကြားစရာတွေ မှာကြားပြီးသွားတာနဲ့ မျက်လုံးပြန်ပိတ်လိုက်တယ်။

လျှို့ဝှက်ကျင့်စဉ်ကို လက်ခံရယူပြီးတာနဲ့ ရန်ကိုင်နဲ့ ဒေါင်ချင်းယန်တို့ ရှောင်ဖူချန်း အိမ်ကနေ ပြန်ထွက်လာခဲ့တယ်။

နေ့တစ်ဝက်ကြာပြီးနောက်… အခု လျှို့ဝှက်ကျင့်စဉ်နှင့် တော်တော်လေး ရင်းနှီးသွားပြီ ဖြစ်တဲ့အတွက် ရန်ကိုင်နှင့် ဒေါင်ချင်းယန်တို့ နှစ်ယောက်စလုံး လေ့ကျင့်ဖို့အတွက် ကိုယ်အိမ်အသီးသီးဆီ ပြန်သွားခဲ့ကြတယ်။

ထိုလျှို့ဝှက်ကျင့်စဉ်က ဘယ်လိုကျင့်စဉ်မျိုးဆိုတာ ရန်ကိုင် အဖြေထုတ်လို့ မရခဲ့ပါဘူး။ ကျင့်စဉ်မှာ နာမည်လည်း မရှိ။ ချီလှည့်ပတ်တဲ့ နည်းလမ်းကလည်း တော်တော်လေး ထူးဆန်းပါတယ်။ ဒါပေမယ့် တစ်ချက်ကတော့ လုံးဝကို ရှင်းပါတယ်။ အဲ့ဒါက ခန္ဓာကိုယ်ထဲရှိ သွေးကြော ၁၈၀လုံးကို အသုံးပြုဖို့ လိုအပ်တာပါပဲ။

ရန်ကိုင်နဲ့ နတ်ဆိုးအိုကြီး အတူရှိလာခဲ့တာ အချိန်အတော်ကြာပါပြီ။ ဒါပေမယ့် နတ်ဆိုးအိုကြီးရဲ့ နက်နဲတဲ့ အသိဉာဏ်နဲ့တောင် ဒီကျင့်စဉ်ကို ဘာအတွက် အသုံးပြုလဲဆိုတာ သူနားမလည်နိုင်ခဲ့ပါဘူး။ သူသိတာဆိုလို့ ထိုကျင့်စဉ်ကို လေ့ကျင့်လို့ သူ့ကို အန္တရာယ် မဖြစ်စေဘူးဆိုတာပါပဲ။

ရှောင်ဖူချန်းမှာ အချိန်အများကြီး မကျန်တော့ပါဘူး။ အခုလို ထူးချွန်တဲ့ တပည့်တစ်ယောက်ရဖို့ကိုလည်း သူကိုယ်တိုင် စမ်းသပ်မှုကို စီစဉ်ခဲ့ရတာပါ။ အဲ့လို ခက်ခက်ခဲခဲနဲ့ ရလာတဲ့ တပည့်ကို သူကဘာလို့ ဒုက္ခပေးရမှာလဲ။

အဲ့လိုတွေးပြီးတာနဲ့ ရန်ကိုင်က သူ့စိတ်ကို တည်ငြိမ်စေလိုက်ပြီး တင်ပင်ခွေထိုင်ကာ လျှို့ဝှက်ကျင့်စဉ်ကို စတင်လေ့ကျင့်ပါတော့တယ်။

အချိန်က တဖြည်းဖြည်းနဲ့ ကုန်ဆုံးနေပြီ မျက်တောင်တစ်ခတ် အတွင်းမှာပဲ တစ်လကုန်ဆုံးသွားခဲ့တယ်။

ဒီလအတောအတွင်း ရန်ကိုင်မှာ နားချိန်ဆိုလို့ မရှိသလောက်ပါပဲ။ နေ့တိုင်း မနက်စောစောထပြီး နေထွက်ရာကို မျက်နှာမူကာ ခန္ဓာသန့်စင်ခြင်း မှတ်တမ်းကို လေ့ကျင့်ပါတယ်။ ပြီးတာနဲ့ သူ့ရဲ့ ကျင့်ကြံခြင်းကို ပြန်ပြီး အာရုံစိုက်ရပါတယ်။ ဒီလိုနဲ့ပဲ နေ့ရက်တိုင်းက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တာပေါ့။

ထိုအချိန်အတောအတွင်း ရန်ကိုင်က ဆေးသူတော်စင် တောင်ထွတ် အခြေအနေကိုလည်း ထပ်ခါထပ်ခါ မေးမြန်းခဲ့ပါတယ်။ သင့်လျော်တဲ့ အကြောင်းပြချက် မရှိတဲ့အတွက် ဆေးသူတော်စင် တောင်ထွတ်နား မရောက်ခင်မှာပဲ မောင်းထုတ်ခံခဲ့ရပါတယ်။ ဒါက ရန်ကိုင်ကို တော်တော်လေး ကူကယ်ရာမဲ့သွားစေတာကတော့ မလွဲမသေပါပဲ။

အကောင်းဘက်က ဆိုရင်တော့ တိမ်ဖုံးတောင်ထွတ်ပေါ်က အမျိုးသမီး နှစ်ယောက်က ရန်ကိုင်အပေါ် အရမ်းကောင်းပါတယ်။ နေ့တိုင်း အမျိုးသမီးနှစ်ယောက်က ဆေးစွမ်းအင်း များစွာ ပါဝင်တဲ့ အစားအသောက် အမျိုးမျိုးကို သူနဲ့ ဒေါင်ချင်းယန်ဆီ ချက်ပို့ပါတယ်။ အမျိုးနှစ်ယောက်ရဲ့ အချက်အပြုတ် စွမ်းရည်ကလည်း တကယ်ကို ကောင်းလွန်းပါတယ်။ ရိုးရှင်းတဲ့ ပစ္စည်းတွေနဲ့တောင် အရသာရှိတဲ့ ဟင်းများစွာကို ပြင်ဆင် ချက်ပြုတ်နိုင်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ အမျိုးသမီးနှစ်ယောက်အပေါ် ဒေါင်ချင်းယန်ရဲ့ အထင်အမြင်က ပိုပြီးကောင်းမွန်လာခဲ့တယ်။ တကယ် သူတို့တွေက မိန်းမတွေပဲလေ။ အဲ့တော့ တစ်ယောက်နား တစ်ယောက်ရှိနေတာ သက်သောင့်သက်သာ မရှိသလို ဘယ်ခံစားရပါ့မလဲ။

တစ်ခါကြာအောင် ခါးခါးသီးသီး လေ့ကျင့်ပြီးတာတောင် ရန်ကိုင် ကျင့်ကြံခြင်းအဆင့်နဲ့ ခွန်အားက အများကြီး တိုးမလာခဲ့ပါဘူး။ ရှောင်ဖူချန်း ပေးတဲ့ လျှို့ဝှက်ကျင့်စဉ်ကလည်း သူ့ရဲ့အစစ်အမှန်ချီကို လုံးဝ တိုးမလားစေခဲ့ပါဘူး။ အရှင်းဆုံးပြောရရင် ထိုကျင့်စဉ်က ဘာအကျိုးသက်ရောက်မှုမှ မရှိသည့်ပုံပါပဲ။ ဒါပေမယ့် ရှောင်ဖူချန်း ပြောခဲ့သလိုပဲ ထိုလျှို့ဝှက်နည်းစနစ်ကို ၁နာရီထက် ပိုကြာအောင် လေ့ကျင့်လိုက်တာနဲ့ သူ့အစစ်အမှန်ချီတွေက ဆူပွက်လာခဲ့ပြီး သူ့တစ်ကိုယ်လုံး နာကျင်လာခဲ့ပါတယ်။

ပထမလပြီးနောက် တစ်နေ့မှာတော့ ရန်ကိုင်နဲ့ ဒေါင်ချင်းယန်တို့ မနက်စာ စားနေတုန်း အမျိုးသမီးနှစ်ယောက်က သူတို့ကြီး ခြင်းကြီးတစ်ခြင်းစီ လာပေးခဲ့တယ်။

“အန်တီရှန်၊ ဒါဘာလုပ်ဖို့လဲ” ဒေါင်ချင်းယန်က ဆေးခြင်းတောင်းတွေကို ယူပြီး တစ်တောင်းကို ရန်ကိုင်ဆီ ပေးလိုက်ပြီးနောက် ဇဝေဇဝါ မျက်နှာ အမူအရာနဲ့ မေးလိုက်တယ်။

အန်တီရှန်က ရယ်မောလိုက်ပြီး “ဆရာက နင်တို့နှစ်ယောက်ကို တာဝန်တစ်ခု ပေးလိုက်တယ်”

“တကယ်လား” ဒေါင်ချင်းယန် အရမ်း စိတ်လှုပ်ရှားသွားခဲ့တယ်။ အရှေ့လအတောအတွင်း ဒေါင်ချင်းယန် အနေနဲ့ ကျင့်ကြံရုံက လွဲပြီး ဘာမှမလုပ်ခဲ့ရပါဘူး။ ရှောင်ဖူချန်းကလည်း သူမကို ဘာဆေးပညာမှ မသင်ပေးတော့ ပိုဆိုးသွားတာပေါ့။ အဲ့တော့ သူမလည်း တော်တော်လေး စိတ်ဓါတ်ကျနေခဲ့ရတာပေါ့။

သူမက ရှောင်ဖူချန်းဆီ ဆေးပညာသင်ကြားဖို့ လာခဲ့တာလေ။ ဒါပေမယ့် တစ်လလုံး ဆေးပညာကို မသင်ကြားရတဲ့အပြင် ဆေးလုံးရဲ့ အရိပ်ကိုတောင် မမြင်ခဲ့ရပါဘူး။ အဲ့ဒါကြောင့် သူမစိတ်ထဲ မသက်မသာ ခံစားရတာလည်း အထူးအဆန်းတော့ မဟုတ်။ ဒါပေမယ့် အခုတော့ သူမဆရာက သူမကို တာဝန်တစ်ခု ပေးခဲ့ပြီလေ။ ဆရာပေးတဲ့ တာဝန်ကို အကောင်းဆုံး လုပ်ဆောင်ပြီး ဆရာရဲ့ ချီးကျူးအသိအမှတ်ပြုမှုကို ရယူဖို့ ဒေါင်ချင်းယန် မစောင့်နိုင်အောင် ဖြစ်နေခဲ့ပါပြီ။ ဒီအခွင့်အရေးကိုယူပြီး သူမသိချင်တဲ့ ဆေးပညာနဲ့ ပက်သက်တဲ့ မေးခွန်းတွေကို မေးမြန်းရပါလိမ့်မယ်။

“ဘယ်လိုတာဝန်မျိုးလဲ” ရန်ကိုင်က မေးလိုက်တယ်။

“ဆရာက နင်တို့ ဆေးပင်အချို့ စုဆောင်းခိုင်းလိုက်တယ်” အန်တီလန်က ပြုံးလိုက်ပြီး သူတို့စုဆောင်းရမယ့် ဆေးပင်နာမည်တွေကို ပြောပြလိုက်ပြီး ဆေးပင်ပေါက်ရောက်လေ့ ရှိတဲ့ နေရာ၊ ပုံပန်းသွင်ပြင်တို့ကိုပါ တစ်ခါတည်း‌ ပြောပြလိုက်တယ်။

ဒေါင်ချင်းယန်နဲ့ ရန်ကိုင်က ထိုအချက်အလက်တွေကို သေချာမှတ်သားလိုက်ပြီး ခြင်းတောင်းကိုယ်ဆီ ဆွဲကာ အိမ်ထဲကနေ ထွက်သွားလိုက်ကြတယ်။

All Chapters