← Chapters

အခန်း (၂၈၆-၂၉၀)

Vol. 12 Ch. 286-290

အခန်း (၂၈၆-၂၉၀)

Vol. 12 Ch. 286-290

အပိုင်း(၂၈၆) ဂိုဏ်းခေါင်းဆောင် ဒုက္ခရောက်နေပြီ

ဒီတစ်ကြိမ် တိမ်တိုက်မိစ္ဆာကျွန်းရဲ့ အလစ်ဝင်တိုက်ခိုက် မှုကြောင့် ဆေးဘုရင်တောင်ကြား အနေနဲ့ တော်တော်လေး ထိခိုက်သွားခဲ့ရပါတယ်။ တပည့်ပေါင်းများစွာ သေဆုံးသွားခဲ့ရပြီး အကြီးအကဲ သုံးယောက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ ဆေးပညာပြိုင်ပွဲကို လာပြိုင်တဲ့ အင်အားစုအသီးသီးက ဆေးပညာရှင် တော်တော်များများလည်း အဖမ်းခံလိုက်ရပါတယ်။

အင်အားစုကြီးတွေလည်း တော်တော်လေး ဆုံးရှုံးခဲ့ရပါတယ်။ ဆေးဘုရင်တောင်ကြားရဲ့ တောင်ထိပ်ဆယ်နှစ်ခုမှာဆို အလောင်းတွေ ပုံထပ်နေခဲ့ပြီး သွေးတွေဆိုလည်း မြစ်သဖွယ် စီးဆင်းလို့ နေပါတယ်။ တစ်ချိန်က သန့်စင်မြင့်မြတ်တဲ့ နေရာဟာ ဆိုရင်ဖြင့် အခုအချိန်မှာတော့ သွေးစွန်းနေတဲ့ ကုန်းမြေကြီး တစ်ခု ဖြစ်နေခဲ့ပါတယ်။ တောင်ကြားမြို့တော်မှာရှိတဲ့ ဆိုင်ခန်းတွေ၊ အိမ်တွေဆိုရင်လည်း အကုန်လုံး ပျက်စီးပြိုကျ နေခဲ့ပါပြီ။

မိစ္ဆာတိမ်တိုက်ကျွန်းရဲ့ ဒီတစ်ကြိမ် အပြုအမူက အင်အားစု အသီးသီးကို ဒေါသထွက်သွားစေခဲ့တယ်။ တစ်နေ့အတွင်မှာပဲ မိသားစုကြီးရှစ်ခုကတောင် တိမ်တိုက်မိစ္ဆာကျွန်းကို တန်ပြန်တိုက်ခိုက်ပြီး ဖမ်းဆီးခံရတဲ့ ဆေးပညာရှင်တွေကို ပြန်လည်ကယ်ဆယ်ဖို့ အစီအစဉ်တွေကို လူလွှတ်ပြီး ဆွေးနွေးခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ရှောင်ဖူချန်း ပြောတဲ့စကားက ရောက်လာတဲ့ လူအားလုံးကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့ပါတယ်။

နတ်ဆိုးအရှင်သခင် ပြန်လာခဲ့ပြီ။ ဒါက တိမ်တိုက်မိစ္ဆာကျွန်းက အင်မော်တယ်တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် မသေခင် ပြောခဲ့တဲ့စကားပါ။

တိမ်တိုက်မိစ္ဆာကျွန်းက အလွန်အမင်း ကျယ်ပြန့်ပြီး မရေမတွက်နိုင်တဲ့ မိစ္ဆာကျင့်ကြံသူတွေနဲ့ ဆရာသခင်တွေ စိုးမိုးတဲ့ နေရာတစ်ခုပါ။ တိမ်တိုက်မိစ္ဆာကျွန်းက အလွန်အမင်း ကျယ်ဝန်းတဲ့အတွက်ကြောင့် ထိုနေရာကို နေရာကြီးခြောက်ခု ခွဲထားခဲ့ပါတယ်။ နေရာတစ်ခုဆီကို နတ်ဆိုးဘုရင် တစ်ဦးစီက အုပ်ချုပ်ပါတယ်။ သာမန်အခြေအနေ တွေမှာဆို ထိုနတ်ဆိုးဘုရင်တွေက တစ်ယောက်ကိစ္စ တစ်ယောက် ဝင်နှောက်ယှတ်လေ့ မရှိပါဘူး။

နတ်ဆိုးဘုရင် ခြောက်ဦးအထက်မှာတော့ နတ်ဆိုးအရှင်သခင်ပဲ ရှိပါတော့တယ်။ ထိုနတ်ဆိုးအရှင်သခင် နေရာက လစ်လပ်နေတာ နှစ်ရာပေါင်းများစွာ ကြာခဲ့ပါပြီ။

နတ်ဆိုးအရှင်သခင်ရဲ့ နေရာကို ရဖို့ဆိုတာ မလွယ်ကူပါဘူး။ နတ်ဆိုးဘုရင် တစ်ဦးချင်းစီက မိသားစုကြီးရှစ်ခုက ထိပ်တန်းအဆင့် ဆရာသခင်တွေထက်ကို ပိုအားကောင်းပါတယ်။ ပြီးတော့ ထိုနတ်ဆိုးဘုရင် တစ်ဦးချင်းစီမှာလည်း မရေမတွက်နိုင်တဲ့ နောက်လိုက်ငယ်သား များစွာရှိပါတယ်။ မိစ္ဆာတိမ်တိုက်ကျွန်းကို နှစ်ပေါင်းများစွာကြာအောင် အုပ်စိုးလာပြီးတာတောင် နတ်ဆိုးအရှင်သခင် ဆိုတဲ့ဂုဏ်ပုဒ်ကို ဘယ်သူမှ မယူရဲသေးပါဘူး။

လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ တုန်းက မိစ္ဆာတိမ်တိုက်ကျွန်းမှာ နတ်ဆိုးအရှင်သခင် တစ်ဦးပေါ်ထွက်ခဲ့ဖူးပါတယ်.။ ထိုနတ်ဆိုးအရှင်သခင်ရဲ့ ခွန်အားနဲ့ နည်လမ်းတွေက တကယ်ကို ခက်ခဲနက်နဲလွန်းတဲ့အတွက် ဒေသကြီးတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့ မရေမတွက်နိုင်တဲ့ အသက်ပေါင်းများစွာကို ဇီဝိန်ခြွေပစ်နိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မိသားစုကြီးရှစ်ခုက အတူတကွ လက်တွဲပြီး မဟာစစ်ပွဲကြီးကို ဆင်နွှဲခဲ့ပါတယ်။ မိသားစုကြီးရှစ်ခုက ခေါင်းဆောင်တွေ စုပေါင်းပြီးမှပဲ ထိုနတ်ဆိုးအရှင်သခင်ကို ဝံပုလွေငိုကြွေးခြင်း ချောက်နက်ထက်မှာ သတ်ပစ်နိုင်ခဲ့ပါတယ်။

ထိုစစ်ပွဲတွင် မိသားစုကြီးရှစ်ခုက ကျွမ်းကျင်သူ ဆရာသခင်များစွာကို ဆုံးရှုံးခဲ့ရပါတယ်။ နှစ်ရာစုနှစ်ပေါင်း များစွာ ကြာတော့မှပဲ သူတို့ရဲ့ အထွတ်အထိပ် ခွန်အားကို ပြန်ရခဲ့တာပါ။

ဒါပေမယ့် အခုတော့ မိစ္ဆာတိမ်တိုက်ကျွန်းမှာ နောက်ထပ် မိစ္ဆာအရှင်သခင် တစ်ယောက် ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ထို့ကြောင့် အင်အားစုအသီးသီးက ဆရာသခင်တွေ မထိတ်လန့်ပဲ ဘယ်နေပါ့မလဲ။

အခြားတစ်ယောက်သာ နတ်ဆိုးအရှင်သခင် အသစ်ပေါ်လာပြီးလို့ ပြောလာခဲ့ရင် သူတို့ယုံလိမ့်မှာ မဟုတ်ပါဘူး။ ဘယ်သူမှလည်း မယုံချင်ကြပါဘူး။ ဒါပေမယ့် အခုပြောနေတဲ့လူက ရှောင်ဖူချန်းပါ။

ကမ္ဘာကြီးတစ်ခုလုံးက ဘယ်အင်အားစုက အေးအေးဆေးဆေး မနေနိုင်ကြတော့ပါဘူး။ မမြင်နိုင်တဲ့ လက်တစ်စုံက အားလုံးရဲ့ နှလုံးသားကို ဖျစ်ညစ်ထားသည့်အလား အားလုံးရဲ့ စိတ်ထဲက စိုးရိမ်ပူပန်မှုတို့က တဖြည်းဖြည်း ကြီးထွားလာနေခဲ့တယ်။ ဒီလိုနဲ့ နတ်ဆိုးအရှင်သခင် အသစ်အကြောင်း သိရအောင် အင်အားစုအသီးသီးက မိစ္ဆာတိမ်တိုက်ကျွန်းဆီ သူလျှိုတွေကို စေလွှတ်ကြပါတော့တယ်။

ဒါပေမယ့် သူလျှိုတွေ ပြန်ပို့တဲ့ သတင်းက သူတို့အဖို့ ပိုပြီးတော့တောင် ယုံဖို့ခက်နေခဲ့ပါတယ်။

ဆန်းကြယ်တဲ့ နတ်ဆိုးအရှင်သခင်တစ်ဦးက မိစ္ဆာတိမ်တိုက်ကျွန်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ပိုဆိုးတာက ထိုလူက ပေါ်လာရုံပဲ ရှိသေး၊ နတ်ဆိုးဘုရင်ခြောက်ပါးစလုံးကို အနိုင်ယူခဲ့ပြီး အခု မိစ္ဆာတိမ်တိုက်ကျွန်းတစ်ခုလုံးကို ကြီးစိုးနေခဲ့ပါတယ်။ အခြေအနေက သူတို့ထင်ထားတာထက် အများကြီး ပိုဆိုးနေခဲ့ပါတယ်။

…

တိမ်ဖုံးတောင်ထိပ်ထက်၊ ရန်ကိုင်က ရှောင်ဖူချန်းကို နှုတ်ဆက်စကား ပြောနေခဲ့တယ်။ ဆေးဘုရင်တောင်ကြားဆီ သူလာခဲ့ရတဲ့ အကြောင်းအရင်းက အနက်ရောင်စာအုပ်က ညွှန်ကြားလို့ပါပဲ။ အခု သူလိုချင်တာလည်း ရသွားပြီဖြစ်သလို ကောင်းကင်စံအိမ်ဆီကနေ ထွက်လာတာလည်း ကြာနေပြီဖြစ်တဲ့အတွက် သူ့ဂိုဏ်းဆီ ပြန်ရပါတော့မယ်။

တစ်နေ့ကျ ရန်ကိုင်က တိမ်ဖုံးတောင်ထွတ်ဆီကနေ ထွက်ခွါသွားလိမ့်မယ်လို့ မျှော်လင့်ထားပြီးသားပါ။ ထို့ကြောင့် ရန်ကိုင်၏ ထွက်ခွါမှုနှင့် ပက်သက်ပြီး နည်းနည်းလေးတောင် အံ့အားသင့်မသွားခဲ့ပါဘူး။ အဲ့အစား ညင်သာစွာပဲ ပြောလိုက်တယ် “ဆေးဘုရင်တောင်ကြားကို အခြားရည်ရွယ်ချက် တစ်ခုအတွက်နဲ့ ရောက်လာတယ် ဆိုတာ ငါသိပေမယ့် မင်းက တိမ်ဖုံးတောင်ထွတ်ဆီ ရောက်လာခဲ့မှတော့ တိမ်ဖုံးတောင်ထွတ်ရဲ့ တပည့်တစ်ယောက်ပဲ။ နောက်ပိုင်း ဒီနေရာဆီ မင်းလာလည်ချင်တယ် ဆိုရင် အချိန်မရွေးသာ လာခဲ့။ ငါတို့မင်းကို အမြဲတမ်း ကြိုဆိုနေမယ်”

“ဟုတ်ကဲ့ပါ” ရန်ကိုင်က သူ့စိတ်ထဲ အပြစ်ရှိသလို ခံစားနေရပေမယ့် ပြန်ပြီးတော့သာ ခေါင်းညိတ်ပြလိုက်ပါတယ်။

ရှနင်းချန်က ရန်ကိုင်နဲ့ ခွဲခွာရမှာကို တုန့်ဆိုင်းနေမိပေမယ့် ရန်ကိုင်က သွားရမှာ ဖြစ်တာကို သိတော့ သူမလည်း ရန်ကိုင်ကို ဆွဲထားဖို့ မကြိုးစားခဲ့ပါဘူး။

ပြီးတော့ ရန်ကိုင်က မနေ့ညကတည်းက ဒီအကြောင်းကို သူမနဲ့ ဆွေးနွေးပြီးသွားခဲ့ပါပြီ။ အဲဒါအပြင် ယန်မီးတောက်အရည်တစ်စက်၊ ဝိဥာဉ်သန့်စင်ခြင်း နှင်းစက်တစ်စက်နဲ့ ဆေးပေါင်းရည် များစွာကိုလည်း သူမဆီကို ပေးခဲ့ပါသေးတယ်။ ရှနင်းချန်က အခု အစစ်အမှန်ဒြပ်စင်အဆင့်၇ကို ရောက်နေပါပြီ။ ထိုပစ္စည်းတွေနဲ့ဆို အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို တက်ဖို့ သူမအတွက် အခက်အခဲ မရှိတော့ပါဘူး။

ရန်ကိုင်က ယန်မီးတောက်အရည်တစ်စက်ကို ဒေါင်ချင်းယန်ဆီလည်း ပေးခဲ့ပါသေးတယ်။ ထို့ပြင် ရန်ကိုင်က အစစ်အမှန် ဆေးပညာနည်းလမ်းထဲမှာ သူသိခဲ့တဲ့ စိတ်ဝိဥာဉ်အစီအရင်တွေနဲ့ ဗဟုသုတ အချက်အလက် အားလုံးကို ရှနင်းချန်အား သင်ပေးခဲ့ပါသေးတယ်။ ပြီးတော့ ရှောင်ဖူချန်းကို ထိုအချက်အလက်တွေကို ကူးပြောင်းပေးလိုက်ဖို့ကိုလည်း ပြောခဲ့ပါသေးတယ်။

ထိုစိတ်ဝိဥာဥ် အစီအရင်ရဲ့ အကူအညီနဲ့ဆို ရှောင်ဖူချန်းအနေနဲ့ ဆန်းကြယ်အဆင့်အထက်က ဆေးလုံးကို သန့်စင်ကောင်း သန့်စင်နိုင်ပါလိမ့်မယ်။ ထိုဆေးလုံးက စိတ်ဝိဥာဉ်အဆင့် ဆေးလုံး အစစ်အမှန် မဟုတ်ပေမယ့် ရှောင်ဖူချန်း တစ်သက်တာဆန္ဒကိုတော့ ကျေနပ်စေနိုင်ပါတယ်။

လူအိုကြီးရှောင်၊ ဒေါ်လေးလန်နှင့် ဒေါ်လေးရှန်တို့က သူ့အပေါ် အရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် သူပြန်လုပ်ပေးနိုင်တာဆိုလို့ စိတ်ဝိဥာဉ်အစီအရင်တွေ ပြန်ပေးတာပဲ တတ်နိုင်ခဲ့ပါတယ်။ တောင်ပေါ်ကနေ ဆင်းလာတာနဲ့ အစစ်အမှန်ချီကို အဆုံးစွန်ထိ လှည့်ပတ်လိုက်ပြီး ကောင်းကင်စံအိမ်ဆီ တစ်ဟုန်ထိုးပြေးပါတော့တယ်။

၇ရက်၊၈ရက် ကြာပြီးနောက် ကောင်းကင်စံအိမ်ဆီ ရန်ကိုင် ပြန်ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် ကောင်းကင်စံအိမ်ဆီ သူပြန်ရောက်လာတဲ့အချိန် တစ်ခုခု မူမမှန် ဖြစ်နေတာကို ရန်ကိုင် ခံစားမိလိုက်တယ်။

ကောင်းကင်စံအိမ် တစ်ခုလုံး နတ်ဆိုးချီစွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ပါတယ်။ ရန်ကိုင်က အရှိန်မြှင့်ပြီး ကောင်းကင်စံအိမ်ထဲ ပြေးဝင်သွားတဲ့အချိန် ကောင်းကင်စံအိမ်ရှိ လေထုတစ်ခုလုံးက အုံ့မှိုင်းနေတာကို ခံစားမိလိုက်တယ်။ အချို့တပည့်တွေဆိုရင် အထုပ်အပိုးတွေ ပြင်ပြီး ဂိုဏ်းကနေ ထွက်သွားဖို့တောင် ပြင်ဆင်နေကြပါပြီ။

“စီနီယာအစ်ကို” ရန်ကိုင်က ဘာတွေ ဖြစ်နေလဲဆိုတာ နားမလည် နိုင်သေးတာနဲ့ ထွက်သွားဖို့လုပ်နေတဲ့ တပည့်တစ်ယောက်ကို တားလိုက်ပါတယ်။

“ဘာလဲကွာ” ထိုလူက စိတ်မရှည်စွာနဲ့ ပြန်အော်ဟစ်လိုက်ပြီး သူ့ကို တားလိုက်တဲ့လူက ရန်ကိုင်မှန်း သိလိုက်ရချိန်မှာတော့ “မင်းက ရန်ကိုင်လား” ပြောပြီးတာနဲ့ သူ့အမူအရာက အနည်းငယ် ရိုကျိုးသွားခဲ့ပါတယ်။ တကယ်တော့ လွန်ခဲ့တဲ့တစ်နှစ်က ရန်ကိုင်နဲ့ ဘိုင်ယွမ်ဖုန်းကြားက တိုက်ပွဲက သူ့ကို နာမည်တော်တော်လေး ကျော်ကြားသွားစေခဲ့တာကိုး။

“ဂိုဏ်းမှာ ဘာတွေဖြစ်နေတာလဲ။ မင်းတို့အားလုံးက ဘယ်ကို သွားဖို့ လုပ်နေတာလဲ” ရန်ကိုင်က အလျင်စလို မေးလိုက်တယ်။

“အဲ့ဒါက ပြောဖို့ခက်တယ်” ထိုလူက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်ပြီး ရန်ကိုင် ဖမ်းဆုပ်ထားရာကနေ ရုန်းထွက်လိုက်ကာ “ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို မင်းဘာသာမင်း သွားမေးသင့်တယ် “

ပြောပြီးတာနဲ့ ထိုလူက ချက်ချင်း လှည့်ထွက်ပြီး ပြေးထွက်သွားခဲ့ပါတယ်။ ရန်ကိုင်က စိတ်ရှုပ်ရှုပ်နဲ့ မျက်မှောင်ကြုံ့မိလိုက်တယ်။ ဒါပေမယ့် သူ့နှလုံးသား တစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားတဲ့အတွက် သူ့ဆီ ပျံသန်းလာနေတဲ့ အဖြူရောင်ပုံရိပ်လေးကို လှမ်းကြည့်လိုက်တယ်။

သူမက စုယန်ပါပဲ။

အတိတ်တုန်းကလိုပဲ စုယန်က အေးစက်ပြီး လှပနေတုန်းပါပဲ။ သူမကို တစ်နှစ်လောက် မမြင်တွေ့လိုက်ရတာနဲ့ သူမရဲ့ ကျင့်ကြံခြင်းအဆင့်က သိသိသာသာ တိုးတက်လာခဲ့ပါတယ်။ သူမဆီကနေ ထွက်ပေါ်နေတဲ့ အေးခဲအရှိန်အဝါက အရင်ကထက်တောင် ပိုပြီးအားကောင်းလာခဲ့ပါတယ်။ ရန်ကိုင်နဲ့ အကြည့်ချင်း ဆုံသွားတော့မှပဲ သူမရဲ့ အေးစက်စက် စိတ်နေစိတ်ထားနဲ့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ဘယ်အရာကို မဆိုအေးခဲစေနိုင်တဲ့ သူမ၏ အေးခဲအရှိန်အဝါက ပျော့ပျောင်းသွားခဲ့ရပါတယ်။

သင်းပျံတဲ့ လေညင်းနှင့်အတူ သူမက ရန်ကိုင်ရှေ့သို့ ရောက်လာခဲ့ပြီး ထူးခြားလှပစွာ ပြုံးလိုက်ရင်း “နင်ပြန်လာခဲ့ပြီ”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်တယ် “ဒီမှာ ဘာတွေ ဖြစ်သွားခဲ့တာ” စုယန်၏ တောက်ပတဲ့ မျက်လုံးတွေက ရုတ်တရက် မှုန်မှိုင်းသွားခဲ့ပြီး ရန်ကိုင် လက်မောင်းကို ဆုပ်ကိုင်လိုက်ရင်း ပြောလိုက်တယ် “အများကြီး ဖြစ်ပျက်သွားခဲ့တယ်။ ငါနင့်ကို လမ်းလျှောက်ရင်း ပြောပြမယ်”

ထိုနားရောက်တာနဲ့ စုယန်၏ ခန္ဓာကိုယ်လေးက လေပေါ်ဝဲသွားခဲ့တယ်။ ရန်ကိုင်ကလည်း အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး သူမနောက်ကို မှီအောင် လိုက်ပါတော့တယ်။ အစစ်အမှန်ချီစွမ်းအင်ကို အာရုံခံမိလိုက်တာနဲ့ စုယန်ကို ရန်ကိုင်ကို အံ့အားသင့်တကြီး လှည့်ကြည့်လိုက်ပြီး “နင်အစစ်အမှန်ဒြပ်စင် အဆင့်၃ကိုတောင် ရောက်နေပြီလား”

ရန်ကိုင်က ပြုံးလိုက်ပြီး “အင်း”

“နင်တိုးတက်တာ အရမ်းမြန်တာပဲ”

“စီနီယာအစ်မလည်း အတူတူပါပဲ။ စီနီယာအစ်မက အခုဆို အစစ်အမှန်ဒြပ်စင်အဆင့်၈ကိုတောင် ရောက်နေပြီလေ” စုယန်၏ ကျင့်ကြံခြင်းအဆင့် ဘာလို့ ဒီလောက်မြန်မြန် တိုးတက်လာရလဲ ဆိုတာကို ရန်ကိုင် အံ့အားသင့်နေခဲ့ပါတယ်။ သူကတော့ အမျိုးမျိုးသော အခွင့်အရေးတွေကြောင့်သာ အဆင့်တက်မြန်ခဲ့တာပါ။ ဒါပေမယ့် စုယန်က ကောင်းကင်စံအိမ်မှာပဲ ထိုင်လေ့ကျင့်နေရုံနဲ့တင် ဒီလောက်မြန်မြန် တိုးတက်လာနိုင်ခဲ့ပါတယ်။ သူမမှာသာ သူ့လိုမျိုး တူညီတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ အခွင့်အလမ်းတွေသာ ရခဲ့မယ်ဆိုရင် အခုထက်တောင် ပိုပြီးမြန်မြန် တိုးတက်လာဦးမှာပါ။

ရန်ကိုင်ရဲ့ ချီးကျူးစကားကို ကြားလိုက်တာနဲ့ စုယန်က ရှက်သွေးဖြားသွားခဲ့ပြီး ကျေနပ်ပျော်ရွှင်နေတဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ် “ရေခဲနှလုံးသား လျှို့ဝှက်ကျင့်စဉ်က ငါ့ရဲ့ စိတ်အခြေအနေပေါ်မှာ မူတည်တယ်လေ။ လွန်ခဲ့တဲ့ တစ်နှစ်အတွင်း ငါ့စိတ်အခြေအနေက တော်တော်လေး တိုးတက်လာတော့ ငါ့ရဲ့ ခွန်အားကလည်း မြန်မြန်ဆန်ဆန် တိုးတက်လာတာပေါ့”

ရန်ကိုင်က ပြုံးလိုက်တယ်။ သူမက ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ကျော်လွှားနိုင်ခဲ့တဲ့အတွက် သူမရဲ့ စိတ်စွမ်းအားက တော်တော်လေး တိုးတက်လာခဲ့ပါပြီ။ ရန်ကိုင်က မိစ္ဆာဆန်ဆန် ရယ်မောလိုက်ပြီး သူ့နှုတ်ခမ်းကို သူမ နှုတ်ခမ်းအစုံဆီ ရုတ်တရက် ဖိချလိုက်ပါတယ်။

စုယန်က ရန်ကိုင်ရဲ့ အသက်နဲ့မလိုက်အောင် ရဲတင်းမှုအတွက် အနည်းငယ် စိတ်ဓါတ်ကျသွားခဲ့ပေမယ့် ခုခံဖို့တော့ မကြိုးစားခဲ့ပါဘူး။

“ကျွန်တော်တို့ အခုဘယ်ကို သွားနေတာလဲ” ရန်ကိုင်က စုယန်နောက် လိုက်နေရင်းကနေ မျက်မှောင်ကြုံကာ မေးလိုက်တယ် “ကျွန်တော်တို့က ဂိုဏ်းချုပ် တံခါးပိတ်ကျင့်စဉ် ဝင်နေတဲ့ နေရာဆီ သွားနေတာလား”

စုယန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး သူမ အမူအရာက ရုတ်တရက် ဝမ်းနည်းစိတ်ပျက်သွားကာ “နင်ပြန်လာရင် သူ့ဆီခေါ်လာပေးဖို့ ဂိုဏ်းချုပ်က ငါ့ကို အမိန့်ပေးထားတယ်။ ငါတို့ အခုချက်ချင်း ဂိုဏ်းချုပ်ဆီ သွားရမယ်”

“ဂိုဏ်းချုပ်က ဘာဖြစ်သွားလို့လဲ” ရန်ကိုင်က စုယန်၏ စိတ်ဓါတ်ကျနေသည့် အမူအရာကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ ကောက်မေးလိုက်တယ်။

စုယန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှပဲ ပြန်ပြောလိုက်တယ် “ဂိုဏ်းချုပ်ဒဏ်ရာ ရထားတယ်။ ပြီးတော့ ဒဏ်ရာကလည်း ပေါ့..”

“ဂိုဏ်းချုပ်ကို ဘယ်သူတိုက်ခိုက်ခဲ့တာလဲ” ရန်ကိုင် အမူအရာ ချက်ချင်း သုန်မှုန်သွားခဲ့တယ်။ သူ့ရဲ့ ဆရာဘိုးဘိုး ဖြစ်တဲ့ လင်းတိုင်ရှုရဲ့ ခွန်အားက မန်ဝူရအောင် မနိမ့်ကျပါဘူး။ သူ့ရဲ့ အရည်အချင်းကလည်း မဆိုးပါဘူး။ သူ့တပည့်နှစ်ယောက်ရဲ့ ကိစ္စကြောင့်သာ မဟုတ်ရင် ဂိုဏ်းချုပ်က အင်မော်တယ်တက်လှမ်းခြင်းအဆင့်ကို ကျော်လွန်သွားတာ ကြာပါပြီ။

ဒီလို အားကောင်းတဲ့ ဆရာသခင်တစ်ယောက်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တယ်ဆိုတော့ ၊ ပြီးတော့ စုယန်ရဲ့ အမူအရာအရ လင်းတိုင်ရှု ရခဲ့တဲ့ ဒဏ်ရာက သေးလိမ့်မှာ မဟုတ်ပါဘူး။ ဘယ်သူကများ သူ့ရဲ့ဆရာဘိုးဘိုးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိက်သွားခဲ့တာလဲ။

“ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်ပဲ”

“ဘယ်လို” ရန်ကိုင် ထိတ်လန့် အံ့အားသင့်သွားခဲ့ပြီး “ဒါပေမယ့် သူက..”

“အင်း၊ ဟုတ်တယ်။ ဒါပေမယ့် ရစ်ခွေနဂါးစမ်းချောင်းကနေ သူလွတ်မြောက်လာနိုင်ခဲ့ပြီ။ ပြီးတော့ မိစ္ဆာကျင့်စဉ် တစ်ခုကိုလည်း မခန့်မှန်းနိုင်တဲ့ အဆင့်ထိ လေ့ကျင့်ထားတဲ့ ပုံပဲ။ အဲ့နေ့ တိုက်ပွဲမှာပဲ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ အကုန်လုံး ပြင်းပြင်း ထန်ထန် ဒဏ်ရာရခဲ့တာ။ စတုတ္ထအကြီးအကဲဆိုတာ နေရာမှာပဲ အသတ်ခံလိုက်ရတယ်။ မရေမတွက်နိုင်တဲ့ တပည့်တွေလည်း သေဆုံးခဲ့ရတယ်…” စုယန်၏ အသံက တုန်ရီလို့နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “အဲ့တုန်းက ဂိုဏ်းချုပ်က အပြင်းအထန် ခုခံခဲ့တာကြောင့်သာ မဟုတ်ရင် အခုအချိန်လောက်ဆို ကောင်းကင်စံအိမ်…”

“ဘယ်တုန်းက ဖြစ်ခဲ့တာလဲ”

“လွန်ခဲ့တဲ့ တစ်လကျော်တုန်းက” စုယန်က ခေါင်းခါပြီး သက်ပြင်းချလိုက်ကာ “အဲ့ဒါနဲ့တင် တိုက်ပွဲနောက်ဆက်တွဲ ပြီးပြတ်မသွားသေးဘူး။ လက်ကျန် နတ်ဆိုးချီတွေက ကောင်းကင်စံအိမ်တစ်ခုလုံးကို ပျံ့နှံ့လာခဲ့တယ်။ တပည့်တွေအားလုံးက သူတို့ရဲ့ လက်နက်တွေကို သုံးပြီး အဲ့နတ်ဆိုးချီ တိုက်စားမှုကနေ ခုခံခဲ့ရတယ်။ အများစုဆိုရင် အထုပ်အပိုးပြင်ပြီး ဂိုဏ်းကနေတောင် ထွက်သွားကုန်ကြပြီ”

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး နောက်ဆုံး ဂိုဏ်းထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့တယ်။

ဒါပေမယ့် ရစ်ခွေနဂါးစမ်းချောင်းထဲကနေ ဒုတိယတပည့် လွတ်မြောက်လာခဲ့တာ ဘယ်သူမှ ကြိုတင်မမြင်နိုင်တဲ့ အဖြစ်အပျက် တစ်ခုပါ။ နှစ်ပေါင်းများစွာကြာအောင် ရစ်ခွေနဂါးစမ်းချောင်းထဲမှာ မရေမတွက်နိုင်တဲ့ လူတွေကို အကျဉ်းချခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူမှ အသက်ရှင်လျက် မလွတ်မြောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်ကတော့ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့ပါတယ်။

ထိုနှစ်တုန်းက လင်းတိုင်ရှုက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းဆီးခဲ့ပေမယ့် သူတို့ကြားက ဆရာ၊တပည့် ဆက်ဆံရေးကြောင့် ဒုတိယတပည့်ကို ရက်ရက်စက်စက် မသတ်ရက်ခဲ့ပါဘူး။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပြီး ရစ်ခွေနဂါးစမ်းချောင်းထဲမှာ အကျဉ်းချထားခဲ့တာပါ။ ဒါပေမယ့် အဲ့လိုလုပ်လိုက်တာကြောင့် ၁၀နှစ်ကြာပြီးနောက်မှာ ကောင်းကင်စံအိမ်ဆီ ကပ်ဆိုးတစ်ခုကို ဖိတ်ခေါ်လိုက်သလို ဖြစ်လာလိမ့်မယ် ဆိုတာကိုတော့ သူမသိခဲ့ပါဘူး။

သူသာ သိခဲ့ရင် လင်းတိုင်ရှုက ဒုတိယတပည့်ကို အသက်ရှင်သန်ခွင့် ပေးလိမ့်မှာ မဟုတ်ပါဘူး။ သူတို့စကားပြောနေရင်းနဲ့ သိပ်မကြာခင်မှာပဲ ဂိုဏ်းချုပ်နေတဲ့ နေရာဆီ ရောက်လာခဲ့တယ်။ ဒါပေမယ့် အထဲမဝင်ရသေးခင်မှာပဲ နတ်ဆိုးချီစွမ်းအင်တွေ သူ့ဆီ လာရိုက်ခတ်တာကို ခံစားမိလိုက်တဲ့ ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်တယ်။

“အထဲဝင်သွားလိုက်၊ ဂိုဏ်းချုပ်က နင့်ကိုစောင့်နေတယ်” စုယန်က ညင်သာစွာဖြင့် ရန်ကိုင်ကို ပြောလိုက်တယ်။ ရန်ကိုင်လည်း ခေါင်းညိတ်လိုက်ပြီး တံခါးဖွင့်ကာ အထဲကို ဝင်သွားလိုက်တယ်။ ဒါပေမယ့် သူ့ကို ကြိုဆိုနေတဲ့ မြင်ကွင်းကြောင့် ရန်ကိုင် ကျောရိုးတစ်လျှောက်စိမ့်တက်သွားခဲရတယ်။

လွန်ခဲ့တဲ့ တစ်နှစ်တုန်းက လင်းတိုင်ရှုက တစ္ဆေဘုရင်တောင်ကြားက ဂူလီနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူ့အမူအရာက အလွန်အမင်းကို ဆိုးရွားနေခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးကို ထူထဲလှသည့် အနက်ရောင်အငွေ့တွေက ဖုံးလွှမ်းနေခဲ့ပြီး လင်းတိုင်ရှု အနေနဲ့ သူ့ကိုယ်ထဲ စိမ့်ဝင်နေတဲ့ နတ်ဆိုးချီစွမ်းအင်ကို မဖိနှိပ်နိုင် ဖြစ်နေခဲ့ရတယ်။

ရန်ကိုင် ဝင်လာတာကို အာရုံခံမိလိုက်တာနဲ့ အိပ်ရာပေါ်၌ လဲလျောင်းနေတဲ့ လင်းတိုင်ရှု၏ လက်ချောင်းတွေက အနည်းငယ် လှုပ်ရှားလာခဲ့ပြီး သူ့မျက်လုံးတွေကို ကြိုးစားဖွင့်ကြည့်လိုက်တယ်။

သူ့နှလုံးသားတစ်ခုလုံးကို ဖျစ်ညစ်လိုက်သလို ရန်ကိုင် ခံစားလိုက်ရတယ်။ ချက်ချင်းပဲ သူရှေ့ကို တက်သွားလိုက်ပါတယ်။ အိမ်ထဲမှာ လင်းတိုင်ရှုအပြင် သူ့ကို စောင့်ရှောက်နေတဲ့ ကောင်းကင်စံအိမ်က ဆေးပညာရှင် တစ်ယောက်ပဲ ရှိပါတယ်။ ဆေးပညာရှင်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း သိပ်မမြင့်ပါဘူး။ အစစ်အမှန်ဒြပ်စင်အဆင့်၇၊၈လောက်သာ ရှိပါတယ်။

“ဆရာဦးလေး၊ ဂိုဏ်းချုပ်အခြေအနေ ဘယ်လိုလဲ” ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ်။ ဒါပေမယ့် လူကြီးကတော့ ဖြေးဖြေးချင်းသာ ခေါင်းခါယမ်းလိုက်ပြီး “အခြေအနေက မဟန်ဘူး။ သိပ်မကြာခင်မှာပဲ သူ…”

Martial Peak

အပိုင်း(၂၈၇) သေမင်းနှင့် လက်တစ်ကမ်း

အခန်းထဲဝယ်…

ရန်ကိုင်က လင်းတိုင်ရှု လဲလျောင်းနေရာဆီ လမ်းလျှောက်သွားလိုက်ပြီး သူ့လက်ချောင်းနှစ်ချောင်းကို လင်းတိုင်ရှု၏ လက်ကောက်ဝတ်ပေါ် တင်လိုက်ကာ အာရုံစိုက်လိုက်တယ်။

သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ဆန်းစစ်ကြည့်ပြီးတာနဲ့ ရန်ကိုင် စိတ်တစ်ခုလုံး သုန်မှုန်သွားခဲ့ရပါတယ်။ လင်းတိုင်ရှုရဲ့ ကိုယ်တွင်း အင်္ဂါတွေ အကုန်လုံး ပျက်စီးနေပြီး အရိုးတော်တော်များများ ကလည်း ကျိုးနေခဲ့ပါတယ်။ သူ့အသက်စွမ်းအင်ကလည်း တဖြည်းဖြည်း လျော့ပါးနေခဲ့ပြီး သူ့သွေးစွမ်းအားဆိုရင် လုံးဝကို မရှိတော့ပါဘူး။

သူ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ အစစ်အမှန် ချီစွမ်းအင်ဆိုရင် အားနည်းပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်နေကာ သူ့သွေးကြောတွေ ဆိုရင်လည်း ပေါက်ပြဲနေသဖြင့် သူ့ရဲ့ လျှို့ဝှက်ကျင့်စဉ်ကိုတောင် လှည့်ပတ်လို့ မရတော့ပါဘူး။

အဲ့ဒါတင် မကသေးပါဘူး။ လင်းတိုင်ရှုရဲ့ ကိုယ်ထဲမှာ သူ့ရဲ့ အသက်စွမ်းအင်နဲ့ အစစ်အမှန်ချီစွမ်းအင်ကို တိုက်စားပစ်နေတဲ့ နတ်ဆိုးချီပမာဏ အများကြီး ကျန်ရှိနေပါသေးတယ်။ နောက်ဆုံးကျန်ရှိနေတဲ့ အစစ်အမှန်ချီစွမ်းအင်ကိုသာ သူ့နှလုံးကို ကာကွယ်ဖို့ အသုံးမပြုခဲ့ဘူးဆိုရင် လင်းတိုရှု အစောကြီးကတည်းက သေသွားလောက်ပါပြီ။

သူ့ဒဏ်ရာတွေက ပြင်းထန်တယ်ဆိုတဲ့ စကားလုံးနဲ့ လင်းတိုင်ရှုရဲ့ အခုလက်ရှိ အခြေအနေကို ဖော်ပြဖို့ မလုံလောက်သေးပါဘူး။ လင်းတိုင်ရှု အခုအချိန် အသက်ရှင်နေသေးတာတောင် တော်တော်လေး ဆန်းကြယ်နေပါပြီ။ အခုသူ့ပုံစံနဲ့ဆို အချိန်မရွေး အသက်ထွက်သွားနိုင်ပါတယ်။

သူ့နောက်ဆုံး ချီစွမ်းအင်ကို အသုံးပြုပြီး နှလုံးသားကို ကာကွယ်ထားခဲ့တာက ရန်ကိုင် ပြန်လာတာကို စောင့်ဖို့ပါပဲ။ တကယ့်တော့ ထိုအန္တရာယ်များတဲ့ သီးခြားကမ္ဘာထဲကို အတွေ့ရှာဖို့ ဆိုပြီး ရန်ကိုင်ကို သူကိုယ်တိုင် ပို့ခဲ့တာလေ။ ဒါပေမယ့် အခုထိ ရန်ကိုင်နဲ့ ပက်သက်တဲ ဘာသတင်းကိုမှ သူမကြားရသေးပါဘူး။

“ဂိုဏ်းချုပ် အခြေအနေကို ပိုကောင်းစေနိုင်မယ့် ဆေးများ ခင်ဗျားမှာ မရှိဘူးလား” ရန်ကိုင်က မေးလိုက်တယ်။

ဒါပေမယ့် ဆေးပညာရှင်ဖြစ်တဲ့ သူ့ရဲ့ဆရာဦးလေးက လှောင်ပြုံးပြုံးရင်း ခေါင်းသာ ခါယမ်းလိုက်ပြီး “ဂိုဏ်းချုပ်ရဲ့ လက်ရှိအခြေအနေနဲ့ဆို ဘယ်ဆေးကများ သူ့ဒဏ်ရာကို သက်သာအောင် လုပ်နိုင်မှာမို့လို့လဲ။ အရင်တုန်းက ဂိုဏ်းချုပ်ကို ငါ့မှာရှိတဲ့ ဆေးတွေ ပေးခဲ့သေးတယ်။ ဒါပေမယ့် အခုငါ့မှာ ပေးစရာ ဆေးမကျန်တော့ဘူး”

ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။ သူ့ဆရာဘိုးဘိုးရဲ့ ခန္ဓာကိုယ်က အခုအချိန်မှာ အရမ်းကို အားနည်းလွန်းနေပါတယ်။ သူ့အသက်ကို သေမင်းဂိတ်ပေါက်ကနေ ချက်ချင်း ပြန်ဆွဲခေါ်နိုင်မယ့် ဆေးလုံးတွေသာ မရှိဘူးဆိုရင် အခြားဆေးတွေ သွားကျွေးလို့လည်း အပိုပါပဲ။ ထိုဆေးလုံးတွေကို တိုက်တာကို သူ့ကို ကူညီပေးနေတာ မဟုတ်တော့ပဲ မြန်မြန်သေအောင် လုပ်နေတာနဲ့ အတူတူပဲ ဖြစ်သွားပါလိမ့်မယ်။

ကံကောင်းစွာဖြင့် သူအခု ဒီရောက်နေခဲ့ပါပြီ။ ရန်ကိုင်က မျက်မှောင်တစ်ချက် ကြုံ့လိုက်ပြီးနောက် ပြောလိုက်တယ် “ဆရာဦးလေး၊ အပြင်ကို အရင်ထွက်ပေးပါလား။ ကျွန်တော့်မှာ ဂိုဏ်းချုပ်ကို ပြောစရာလေးရှိလို့”

ထိုဆေးပညာရှင်က အစပိုင်းတော့ တုန့်ဆိုင်းနေပေမယ့် နောက်ဆုံးမှာတော့ မတ်တပ်ရပ်လိုက်ပြီး အခန်းထဲကနေ ထွက်သွားပေးလိုက်တယ်။ ရန်ကိုင်က ဂိုဏ်းချုပ်ကို ဘာပြောချင်နေလဲ ဆိုတာ သူမသိပေမယ့် ရန်ကိုင် ပြန်လာရင် သူ့ဆီကို ချက်ချင်း ခေါ်ခဲ့ဖို့ ဂိုဏ်းချုပ်က အရင်ကတည်း အားလုံးကို အမိန့်ပေးထားပါတယ်။ ဂိုဏ်းချုပ်က ရန်ကိုင်ကို အရမ်းတန်ဖိုး ထားပါတယ်။

ဆရာဦးလေး ထွက်သွားတဲ့အချိန်ထိ စောင့်ပြီးနောက်မှာတော့ ရန်ကိုင်က အနက်ရောင်စာအုပ်ထဲက ဆေးပေါင်းအဆီအနှစ် အနည်းငယ်ကို ထုတ်ယူလိုက်ပါတယ်။ သူအရမ်းကြီး မသုံးရဲပါဘူး။ လက်သည်းခွံတစ်ဝက်စာလောက်ကိုပဲ ထုတ်သုံးခဲ့ပါတယ်။

ဆေးပေါင်းအဆီအနှစ်က လင်းတိုင်ရှုရဲ့ အသက်ကို ကယ်နိုင်မလား ဆိုတာ သူမသိပေမယ့် အခုအချိန်မှာ အားကိုးစရာဆိုလို့ ဆေးပေါင်းအဆီအနှစ်ပြ ရှိတော့တာလေ။ တကယ်တော့ ဆေးပေါင်းအဆီအနှစ် ဆိုတာကလည်း ဆေးလုံးသန်းပေါင်းများစွာရဲ့ အဆီအနှစ်တွေကို စုပ်ယူပြီး နှစ်ပေါင်းများစွာ ကြာမှ ဖြစ်တည်လာခဲ့တာပါ။

လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး ဆေးပေါင်းအဆီအနှစ်ကို လက်ဖက်ရည်ခွက်ထဲ ထည့်ဖျော်လိုက်ပါတယ်။ ထို့နောက် လက်ဖက်ရည်ခွက်ကို လင်းတိုင်ရှု ပါးစပ်နား တေ့ပေးလိုက်ပြီး သူ့ပါးစပ်ထဲ ဖြေးဖြေးချင်း လောင်းထည့်ပေးလိုက်ပါတယ်။

လက်ဖက်ရည် ခွက်တစ်ဝက်ပဲ ဆိုပေမယ့် လင်းတိုင်ရှုအနေနဲ့ ထိုခွက်တစ်ဝက်ကို သောက်ဖို့ အချိန်တော်တော်လေး ကြာခဲ့ပါတယ်။ ထို့နောက် ရန်ကိုင်က သူ့လက်ကို လင်းတိုင်ရှု၏ ရင်ဘတ်ပေါ် ဖွဖွလေး တင်လိုက်ပြီး အစစ်အမှန်ချီကိုသုံးကာ ဆေးစွမ်းအင်ကို ကူညီချေဖျက်ပေးလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး သူ့ဆရာဘိုးဘိုး ကိုယ်ထဲက အခြေအနေတွေကို လေ့လာဆန်းစစ်ကြည့်နေလိုက်တယ်။ ဆေးပေါင်းအဆီအနှစ်ကို စတင်သန့်စင်လိုက်တာနဲ့ အစက ဖျော့တော့တော့ ဖြစ်နေတဲ့ လင်းတိုင်ရှုရဲ့ အသက်စွမ်းအင်က တစ်ဖန်ပြန်လည် အားကောင်းလာခဲ့ပြီး သူ့ကိုယ်ထဲက သွေးစီးနှုန်ကလည်း အရင်ထက် ပိုပြီး မြန်ဆန်လာခဲ့တယ်။ သူ့နှလုံးခုန်သံတောင် အရင်ကထက် ပိုပြီးအားကောင်းလာခဲ့ပါတယ်။

အလုပ်ဖြစ်တယ်ဟ

ရန်ကိုင်က ပြုံးလိုက်ပြီး သူ့အစစ်အမှန်ချီစွမ်းအင်ကို နည်းနည်းလေး ပိုအားကောင်းစေလိုက်တယ်။ အခုမှပဲ သူစိတ်သက်သာရာ ရနိုင်ခဲ့ပါတော့တယ်။ ရန်ကိုင်က ကောင်းကင်ဘုံကို ခပ်မြန်မြန်ပဲ ကျေးဇူးတင်လိုက်တယ်။ အခုလေးတင်ပဲ လင်းတိုင်ရှုက အရမ်းကို အားနည်းနေခဲ့တာပါ။ ဆေးပေါင်းအဆီအနှစ်ရဲ့ ဆေးစွမ်းအင်ကိုသာ တောင့်မခံနိုင်ခဲ့ဘူးဆိုရင်၊ ပြီးတော့ သူ့ရဲ့အသက်စွမ်းအင်ကိုသာ အမြန်ဆုံး ပြန်ရမလာခဲ့ရင် ရန်ကိုင် လုပ်ရပ်က လင်းတိုင်ရှုကို သေးတွင်းဆီ အတင်းတွန်းပို့သလို ဖြစ်သွားလိမ့်မှာပါ။

ဒီလူက သူ့အဖေရဲ့ ဆရာဖြစ်သလို သူ့ရဲ့ ဆရာဘိုးဘိုးလဲ ဖြစ်ပါတယ်။ အဲ့တော့ သူမစိုးရိမ်ပဲ ဘယ်နေနိုင်ပါ့မလဲ။ ကံကောင်းစွာဖြင့် ဆေးပေါင်းအဆီအနှစ်က သူ့ကို စိတ်မပျက်စေခဲ့ပါဘူး။

ခဏကြာပြီးနောက် လင်းတိုင်ရှုရဲ့ ဒန်တန်က အစစ်အမှန်ချီစွမ်းအင် တွေနဲ့ တစ်ဖန်ပြန်ပြည့်လာခဲ့ပါတယ်။ ရန်ကိုင်ကပါ ထပ်ပြီး ကူညီပေးနေတာကြောင့် ထိုအစစ်အမှန်ချီတွေက သူ့သွေးကြောတွေထဲ စီးဝင်သွားကြာ ပျက်စီးပေါက်ပြဲနေတဲ့ သွေးကြောတွေကို ပြန်လည်ပြင်ဆင် ပေးပါတော့တယ်။ ကောင်းကင်စိတ်အာရုံကို သုံးပြီး ဆန်းစစ်လေ့လာနေတဲ့အတွက် လင်းတိုင်ရှုရဲ့ ကိုယ်တွင်းအင်္ဂါတွေ ပြန်ကောင်းလာတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။

စက္ကူတစ်ရွက်လို ဖြူစွတ်နေတဲ့ လင်းတိုင်ရှုရဲ့ မျက်နှာက တဖြည်းဖြည်း အရောင်ပြန်သမ်းလာခဲ့ပြီး လင်းတိုင်ရှုလည်း အလိုလို သက်ပြင်းချမိလိုက်တယ်။ နောက်ဆုံး သူခံစားနေရတဲ့ နာကျင်မှုက တဖြည်းဖြည်း ပြန်သက်သာလာခဲ့ပါပြီ။

အခုမှပဲ ရန်ကိုင်လည်း သက်ပြင်းချနိုင်တော့တယ်။ ဆေးပေါင်းအဆီအနှစ်က သေခါနီးလူတစ်ယောက်ကို သေမင်းခံတွင်းကနေ တကယ်ပဲ ပြန်ခေါ်နိုင်ခဲ့ပါတယ်။

အမွှေးတိုင်တစ်တိုင်စာလောက် ကြာပြီးတဲ့အချိန်မှာတော့ တံခါးအပြင်ဘက်ကနေ ခြေသံတွေ ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင်လည်း မျက်မှောင်ကြုံ့လိုက်ပြီး နားစွင့်ကြည့်လိုက်ပါတယ်။

ခဏကြာပြီးနောက် လူတစ်စုက တံခါးရှေ့ကို ရောက်လာခဲ့တယ်။ စုရွှမ်းဝူရဲ့ အသံကို ရန်ကိုင် ချက်ချင်းပဲ ကြားလိုက်ရတယ်။

“ရန်ကိုင်ပြန်လာပြီဆို”

စုယန်က ညင်သာစွာနဲ့ ပြန်ဖြေလိုက်တယ် “အင်း၊ သူအထဲမှာ ရှိတယ်”

အကြီးအကဲချုပ် ဝေရှီတုန်းရဲ့ အသံက ထပ်မံထွက်ပေါ်လာခဲ့ပါတယ် “မင်းက ဂိုဏ်းချုပ်နားမနေပဲ ဒီနေရာမှာ ဘာလုပ်နေတာလဲ”

သူက ကောင်းကင်စံအိမ်ရဲ့ ဆေးပညာရှင်ကို မေးနေတာပါ။

ဒါပေမယ့် ဆေးပညာရှင်က ရိုးရှင်းစွာပဲ ပြန်ပြောလိုက်ပါတယ် “တူလေးရန်က ဂိုဏ်းချုပ်နဲ့ သီးသန့် ဆွေးနွေးစရာ ရှိလို့တဲ့…”

“အရူး၊အပေါလို လုပ်မနေတော့နဲ့” ဝေရှီတုန်းက အော်ဟစ်လိုက်တယ် “ဂိုဏ်းချုပ်က သတိလစ်နေတာကို သူတို့ဘယ်လိုလုပ်ပြီး သီးသန့်ဆွေးနွေးနိုင်မှာလဲကွ”

ဂိုဏ်းချုပ်က ရန်ကိုင်ကို ဘာလို့ ဒီလောက် အလေးထားမှန်း ဝေရှီတုန်း နားမလည်နိုင်ခဲ့ပါဘူး။ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သတိမလစ်ခင် အချိန်လေးမှာတောင် ရန်ကိုင် ပြန်ရောက်လာတာနဲ့ သူ့ဆီ ချက်ချင်းခေါ်လာဖို့ အမိန့်ပေးခဲ့ပါသေးတယ်။

သူက ချီသန့်စင်ခြင်းအဆင့်၁ နဲ့ ဘိုင်ယွမ်ဖုန်းကို အနိုင်ယူနိုင်ခဲ့တယ် ဆိုရင်တောင် ရန်ကိုင်ကို ဒီလောက်အလေးထားနေဖို့ မလိုပါဘူး။ ဂိုဏ်းချုပ်က ရန်ကိုင်ကို ကောင်းကင်စံအိမ်ရဲ့ နောင်တက်မယ့် ဂိုဏ်းချုပ် လုပ်စေချင်တာတော့ မဟုတ်ဘူးမလား။

ထိုအတွေးက ဝေရှီတုန်းကို တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။ သူနဲ့ ရန်ကိုင်ကြားက ဆက်ဆံရေးက မပြေပြစ်ပါဘူး။ ဒါကြောင့် ရန်ကိုင် ဂိုဏ်းချုပ် ဖြစ်လာမှာကိုလည်း သူမမြင်ချင်ပါဘူး။

ထိုနားရောက်တာနဲ့ ဝေရှီတုန်းက အဖွဲ့ကို ဦးဆောင်ပြီး ဂိုဏ်းချုပ်ရှိနေတဲ့ အခန်းထဲ ဝင်လာလိုက်ပါတယ်။ သို့ပေမယ့် အခန်းထဲကို ဝင်လာလိုက်တာနဲ့ သူတို့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် အကြီးအကဲ လေးယောက်စလုံး ထိတ်လန့် သွားခဲ့ကြရတယ်။ ရန်ကိုင်က သူ့လက်နှစ်ဖက်ကို လင်းတိုင်ရှုရဲ့ ရင်ဘတ်ပေါ်တင်ပြီး အစစ်အမှန်ချီစွမ်းအင်တွေကို လင်းတိုင်ရှု ကိုယ်ထဲ ထည့်သွင်းပေးနေခဲ့ပါတယ်။

“ခွေးသူတောင်းစား” ဝေရှီတုန်းက ဒေါသတကြီး အော်ဟစ်ဆဲရေးလိုက်တယ်။ အခုအချိန်မှာ ဂိုဏ်းချုပ်က အလွန်အမင်း အားနည်းနေတာလေ။ သူ့ကို ထိတာ၊ကိုင်တာ လေးကတောင်မှာ နာကျင်စေတာကို သူ့ကိုယ်ထဲ အစစ်အမှန်ချီတွေ ထည့်သွင်းပေးနေမှတော့ သူက ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်ပါတော့မလဲ။

ဒါက သူ့ကို သတ်နေတာပဲ မဟုတ်ဘူးလား။

ဒေါသထွက်ထွက်နဲ့ ဝေရှီတုန်းက သူ့လက်ဝါးကို မြှောက်လိုက်ပြီး ရန်ကိုင်ရှိရာဆီ ရိုက်ချလိုက်တယ်။ စုယန်ရဲ့ မျက်ဝန်းအစုံထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့တယ်။ ဒါပေမယ့် သူမ မတုန့်ပြန်ရသေးခင်မှာပဲ စုရွှမ်းဝူက ဝေရှီတုန်းရဲ့ လက်ဝါးချက်ကို တားပြီးသွားပါပြီ။ လက်ဝါးနှစ်ခုက လေထဲတွင် ထိပ်တိုက် တွေ့သွားခဲ့ပြီး ပတ်ပတ်လည် လေထုတစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားစေခဲ့ပါတယ်။

“ဒုတိယညီလေးစု၊ မင်းဘာလုပ်တာလဲ” ဝေရှီတုန်းက စုရွှမ်းဝူကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်တယ်။ စုရွှမ်းဝူက သူ့ဒေါသကို ပြန်မြိုသိပ်ထားလိုက်ပြီး မျက်မှောင်ကြုံ့ကာ ပြန်ပြောလိုက်တယ် “ပထမ စီနီယာအစ်ကိုက ဘာလုပ်ဖို့ ကြိုးစားနေတာလဲလည်း ငါလည်း မေးချင်နေတာ”

ဝေရှီတုန်းရဲ့ အသံက တိမ်ဝင်သွားခဲ့ပြီး “ငါဘာလုပ်နေတာလဲ ဟုတ်လား။ အဲ့ခွေးကောင်လေး ဘာလုပ်နေတာလဲဆိုတာ မင်းတို့ မမြင်ဘူးလား။ ငါတို့ဂိုဏ်းချုပ်ကို အဲ့ကောင်စုတ် သတ်နေတာကို ဒီအတိုင်း ဘေးနားမှာ ရပ်ပြီး ကြည်နေစေချင်တာလား”

“ခင်ဗျားပါးစပ်ကို ပိတ်ထားလိုက်စမ်း” ရန်ကိုင်က နောက်ပြန်လှည့်လိုက်ပြီး အေးစက်စက်အမူအရာနှင့် ကြမ်းကြမ်းတမ်းတမ်း ကျိန်ဆဲလိုက်ပါတယ်။

အကြီးအကဲချုပ် ဝေရှီတုန်းကို သူကြည့်မရဘူးဆိုတာ မှန်ပါတ်။ အထူးသဖြင့် အကြီးအကဲချုပ်က တစ်ချိန်လုံးကို သူ့ကို လိုက်ပြီး ခက်ခဲအောင် လုပ်နေတာကိုး။ ဒါပေမယ့် အခုအချိန်မှာတော့ ဝေရှီတုန်းက ဂိုဏ်းချုပ်ကို တကယ်ပဲ စိတ်ပူနေမှန်း သိတဲ့အတွက် သူလည်း ဘာမှမပြောပဲ ငြိမ်နေခဲ့တာပါ။ ဒါပေမယ့် ထိုသောက်အဖိုးကြီးရဲ့ နိမိတ်မရှိ နမာမရှိ ကြက်သရေတုံးတဲ့ မဟုတ်တုတ်က စကားတွေကို ကြားလိုက်တဲ့ အချိန်မှာတော့ ရန်ကိုင်လည်း ငြိမ်မနေနိုင်တော့ပါဘူး။ သူဒေါသ ထွက်သွားခဲ့ရပါပြီ။

ဝေရှီတုန်းလည်း ကြောင်သွားခဲ့ရတယ်။ ထိုကောင်းစုတ်လေးက ဒီလိုလေသံမျိုးနဲ့ သူ့ကို ကျိန်ဆဲရဲလိမ့်မယ်လို့ သူတကယ်ကို ထင်မထားခဲ့ပါဘူး။ ဒါပေမယ့် အကြီးအကဲချုပ်က အသိပြန်ဝင်လာပြီး ရန်ကိုင်ကို သင်ခန်းစာပေးဖို့ လုပ်နေစဉ်မှာပဲ ချောင်းဆိုးသံ သဲ့သဲ့ကို ကြားလိုက်ရပြီး မကြာပါဘူး လင်းတိုင်ရှုရဲ့ အသံထွက်ပေါ်လာခဲ့တယ် “အားလုံး စကားမများကြနဲ့”

အသံက အားနည်းပေမယ့် ထိုအသံက တကယ်ပဲ လင်းတိုင်ရှုရဲ့ အသံပါ။ ကောင်းကင်စံအိမ်က အကြီးအကဲ လေးယောက်စလုံး အံ့အားသင့်သွားခဲ့ကြတယ်။ သူတို့ မျက်လုံးတွေက ပြုတ်ထွက်တော့မတတ် ပြူးကျယ်နေပြီး သူ့တို့တွေရဲ့ မျက်နှာတွေဆိုရင်လည်း မယုံကြည်နိုင်မှုတို့ ပြည့်နေခဲ့ပါတယ်။

“ဂိုဏ်းချုပ်လား” ဝေရှီတုန်းက အော်မေးလိုက်တယ်။ ထို့နောက် အံ့အားသင့်စွာဖြင့် ကုတင်ရှိရာကို လှမ်းကြည့်လိုက်တဲ့အချိန် လင်းတိုင်ရှုက သူ့မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်လိုက်ပြီး သူ့ကို ပြန်ကြည့်နေတာကို တွေ့လိုက်ရတယ်။

“ဂိုဏ်းချုပ်၊ နိုးပြီလား” စုရွှမ်းဝူက ရှေ့တက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနှင့် မေးလိုက်တယ်။ တတိယအကြီးအကဲ ဟဲဘေရှူနှင့် ပဥ္စမအကြီးအကဲ ယုကျိကျိုင်းတို့ကလည်း စုရွှမ်းဝူနောက်ကနေ ခပ်မြန်မြန် လိုက်လာလိုက်ကြပါတယ်။

“ဂိုဏ်းချုပ်…” ဂိုဏ်းခေါင်းဆောင် နိုးလားတာ သေချာသွာတာနဲ့ အကြီးအကဲတွေရဲ့ မျက်လုံးတွေက ရုတ်တရက် စိုစွတ်လာခဲ့ပြီး အသံတွေတောင် တုန်ရင်လာခဲ့ပါတယ်။ အထူးသဖြင့် ဝေရှီတုန်းပေါ့။ ဂိုဏ်းချုပ် နိုးလာတာက မဟူရာလို မှောင်မိုက်နေတဲ့ ညမှာ လထွက်လာသလိုမျိုး၊ သူတို့ရင်ထဲ လေးလံနေတဲ့ ကျောက်တုံးကြီး ပြုတ်ကျသွားသလိုမျိုး၊ ရှိနေတဲ့ အကြီးအကဲ လေးယောက်စလုံး ခံစားလိုက်ရပါတယ်။

အခုလို အရေးအကြီးတဲ့ အခိုက်အတန့်မျိုးမှာ ကောင်းကင်စံအိမ်က ဂိုဏ်းချုပ်မရှိပဲ ဆက်လက် မတည်ရှိနိုင်တော့ပါဘူး။

“မင်းတို့အားလုံး အရင်ထွက်သွားနှင့်” ဂိုဏ်းချုပ်က တိုးညင်းစွာနဲ့ ပြောလိုက်တယ်။

“ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်” အားလုံးက နည်းနည်းလေးတောင် တုန့်ဆိုင်းမနေခဲ့ပါဘူး။ လေးလေးစားစားနဲ့ ဦးညွှတ်ပြီး အခန်းထဲကနေ အလျှိုလျှို ထွက်သွားလိုက်ကြပါတယ်။ ထွက်သွားရင်းနဲ့လည်း ရန်ကိုင်ကို စပ်စုလိုစိတ်နဲ့ စူးစမ်းကြည့်လိုက်တယ်။ ဘယ်လိုဆန်းကြယ်မှုကများ ဂိုဏ်းချုပ်လို သေမင်းခံတွင်းနား ရောက်နေတဲ့ လူတစ်ယောက်ကို ချက်ချင်း ပြန်ကောင်းမွန်စေတာလဲဆိုတာ သူတို့အားလုံး သိချင်နေခဲ့ကြပါတယ်။

နောက်ဆုံးတစ်ယောက် ထွက်သွားတာနဲ့ အခန်းတံခါးကိုပါ တစ်ခါတည်း ပိတ်သွားလိုက်ပါတယ်။ ရန်ကိုင်က လင်းတိုင်ရှုကို ပြုံးပြလိုက်ပြီး “ဆရာဘိုးဘိုးကို နှုတ်ဆက်ပါတယ်”

လင်းတိုင်ရှုက ရန်ကိုင်ကို ကြည့်လိုက်ပြီး တိုးလျတဲ့ လေသံနဲ့ ပြောလိုက်တယ် “ကောင်းတယ်။ မင်းပြန်ရောက်လာတာ ကောင်းတယ်” ပြောပြီးတာနဲ့ သူ့အမူအရာက ပြေလျော့သွားခဲ့ပြီး ပြန်အိပ်ပျော်သွားခဲ့ပါတယ်။ ဒါပေမယ့် အရင်တုန်းကလို ထာဝရအနားယူတာမျိုး မဟုတ်ပဲ ခဏတစ်ဖြုတ် အနားယူအားပြန်ဖြည့်နေတာပါ။ ရန်ကိုင်လည်း သက်ပြင်း တစ်ချက် ချလိုက်တယ်။

အိမ်အပြင်ဘက်မှာ ရှိနေတဲ့ အကြီးအကဲ လေးယောက်က ရှုပ်ထွေးသည့် အကြည့်ဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ ကောင်းကင်စံအိမ်က ဆေးပညာရှင်လည်း အတူတူပါပဲ။ လွန်ခဲ့တဲ့နာရီဝက်တုန်းက လင်းတိုင်ရှုက သေတော့မယ့် လူနဲ့ မခြားပါဘူး။ ဒါပေမယ့် အခု သူပြန်နိုးလာတဲ့ အချိန်မှာတော့ သူ့ပုံစံအရဆို တော်တော်လေး ပြန်သက်သာလောက်နေပါပြီ။ သူ့အသက်စွမ်းအင်နဲ့ သွေးစွမ်းအား ဆိုရင်လည်း အတိုင်းအတာ တစ်ခုထိ ပြန်ပြည့်သွားသည့် ပုံပါပဲ။

“ဘယ်လို ဆန်းကြယ်တဲ့ ဆေးလုံးကများ ဂိုဏ်းချုပ်ကို မင်းပေးလိုက်တာလဲ” ဝေရှီတုန်းက ဆေးပညာရှင်ကို မေးလိုက်တယ်။

ဒါပေမယ့် ဆေးပညာရှင်က ခေါင်းသာ ခါယမ်းလိုက်ပြီး “ဘာမှ မပေးလိုက်ဘူး။ အဲ့အချိန်တုန်းက ဂိုဏ်းချုပ်ရဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းနေပြီ။ သူ့ကိုသာ ကျုပ်က ဆေးသွားတိုက်ရင် သူ့ကို အသေသတ်နေတာနဲ့ ဘာခြားတော့မှာလဲ”

လူအိုကြီး သုံးယောက်စလုံး အံ့အားသင့်သွားခဲ့ကြတယ်။

“အဲ့ရန်ကိုင်ကောင်လေး လုပ်လိုက်တာ ဖြစ်ရမယ်” ရို့ကျိကျိုင်က တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြောလိုက်တယ်။ ဂိုဏ်းချုပ်ရဲ့ ဒဏ်ရာ ဘယ်လောက်တောင် ပြင်းထန်လဲဆိုတာ သူတို့အားလုံး သတိပြုမိပါတယ်။ ဂိုဏ်းချုပ်ရဲ့ ဒဏ်ရာက သူတို့ကူညီနိုင်တာရဲ့ အပြင်ဘက်မှာ ဆိုတာကိုလည်း သူတို့အားလုံး သိထားကြပါတယ်။ ဒါပေမယ့် ထိုကောင်စုတ်လေး ပြန်လာတာနဲ့ ဂိုဏ်းချုပ်ကို သတိလစ်နေရာကနေ နိုးလာအောင် လုပ်နိုင်ခဲ့ပါတယ်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ဟဲဘေရှူက ရန်ကိုင်မှာ ထိုကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတာကို မယုံကြည်နိုင်သေးပါဘူး “သူ့အဆင့်နဲ့ ဘာများ လုပ်နိုင်မှာမို့လို့လဲ။ ပြီးတော့ သူ့က အံ့အားသင့်စရာ ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားရင်တောင် ဒီလောက် အံ့အားသင့်ဖွယ်ကောင်းတဲ့ ကုသရေး ဆေးလုံးကို ဘယ်ကနေ ရလာတာလဲ။ သေခါနီးလူကိုတောင် ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့ ဆေးလုံးမျိုးလေ”

ဝေရှီတုန်းက မျက်မှောင်ကြုံ့လိုက်ပြီး ရေရွတ်လိုက်တယ် “ဒါက တကယ်ကို ထူးဆန်းလွန်းတယ်…”

စုရွှမ်းဝူကတော့ အေးစက်စွာသာ နှာခေါင်းရှုံ့လိုက်ပြီး “ဂိုဏ်းချုပ် နိုးလာတာက မင်္ဂလာတစ်ခုပဲ။ သူဘယ်လို ပြန်ကောင်းလာလဲ ဆိုတာ ဘာလို့ အဲ့လောက်ကြီး ဂရုစိုက်နေရတာလဲ။ ဂိုဏ်းချုပ် ဒဏ်ရာတွေ ပြန်ကောင်းအောင် စောင့်ပြီးတော့မှပဲ သူ့ကို မေးလိုက်ပေါ့။ အခု အချိန်ခန့်မှန်းနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”

“အင်း၊ ဒုတိယညီလေးပြောတာ မှန်တယ်” အကြီးအကဲချုပ်ရဲ့ အမူအရာက တဖြည်းဖြည်း ပြေလျော့သွားခဲ့တယ်။ ဂိုဏ်းချုပ်နိုးလာတာက မင်္ဂလာရှိတဲ့ အဖြစ်အပျက် တစ်ခုပါ။ အဲ့ဒါကို ဂိုဏ်းချုပ်ဘာလို့ နိုးလာလဲဆိုတာကို လိုက်ပြီး စူစမ်းနေရမှာလဲ။

“ကောင်းတယ်။ ငါပြန်ပြီး ငါ့ဒဏ်ရာတွေကို ဆက်ကုသလိုက်ဦးမယ်” ဝေရှီတုန်းက ပြောလိုက်တယ်။ ကျန်တဲ့ အကြီးအကဲတွေလည်း အကြီးအကဲဝေ နောက်ကို ခပ်မြန်မြန်ပဲ လိုက်သွားလိုက်ကြတယ်။ သူတို့တွေလည်း လွန်ခဲ့တဲ့ တစ်လကျော်က တိုက်ပွဲကြောင့် အနည်းနှင့် အများဆိုသလို ဒဏ်ရာရခဲ့ကြပါတယ်။ အချိန်အတော်ကြာ ကုသပြီးတော့မှပဲ သူတို့အခြေအနေက နည်းနည်း ပိုကောင်းလာခဲ့ပါ။ သူတို့ ရထားတဲ့ ဒဏ်ရာတွေက လုံးဝကို ပျောက်ကင်းသွားပြီလို့တော့ မဆိုလိုပါဘူး။

နောက်ရက်အတောအတွင်း ရန်ကိုင်က လင်းတိုင်ရှုကို အဆက်မပြတ် ပြုစုပေးနေခဲ့ပြီး ဆေးပေါင်းအဆီအနှစ်ကို ပုံမှန်တိုက်ကျွေးပေးနေခဲ့တယ်။ ဒီလိုနဲ့ပဲ ငါးရက်ကြာပြီး နောက်မှာတော့ လင်းတိုင်ရှုရဲ့ ဒဏ်ရာတွေက လုံးဝပျောက်ကင်းသွားခဲ့ပါပြီ။

သူ့မှာ ကျန်ရှိနေတဲ့ ပြဿနာဆိုလို့ သူ့ကိုယ်ထဲက နတ်ဆိုးချီတွေပါပဲ။

Martial Peak

အပိုင်း(၂၈၈) ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ် အဆင့်၂

ရက်အနည်းငယ် ကြာပြီးနောက်…

လူအိုကြီးရဲ့ မျက်လုံးထဲ နက်နဲတဲ့ အလင်းရောင်တို့ ပုန်းကွယ်နေတာကို ရန်ကိုင် သတိထားမိလိုက်တယ်။ နောက်ဆုံးတော့ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ရပြီးနောက် သူစကား ပြောလာနိုင်ခဲ့ပါပြီ “မင်းဘာဆေး ငါ့ကိုတိုက်ခဲ့လဲဆိုတာ ငါမေးမှာမဟုတ်သလို ဘယ်ကနေ ရခဲ့လဲဆိုတာကိုလဲ ငါမေးမှာမဟုတ်ဘူး။ အခုကနေ ငါသေခါနီးကနေ ပြန်ရှင်လာရတာ ငါ့ရဲ့ စိတ်စွမ်းအားကြောင့်ပဲ။ ငါ့မှာလွှတ်မချ နိုင်သေးတဲ့ ကိစ္စတွေရှိသေးလို့ ငါပြန်ရှင်လာနိုင်ခဲ့တာ။ ငါပြန်ရှင်လာနိုင်ခဲ့တာက မင်းနဲ့ ဘာမှမဆိုင်ဘူး”

ရန်ကိုင်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ခေါင်းညိတ်ပြလိုက်တယ် “ဒီတပည့် နားလည်ပါတယ်”

လင်းတိုင်ရှုရဲ့ စကားလုံးတွေက ကျေးဇူးမသိတတ်တဲ့ ပုံစံပေါက်နေပေမယ့် တကယ်တမ်းကျတော့ သူထိုစကားကို ပြောရတာက ရန်ကိုင်ကို ကာကွယ်ချင်တာကြောင့်ပါ။ သေခါနီးလူတစ်ယောက်ကိုတောင် ပြန်ရှင်စေနိုင်တဲ့ ဆေးလုံးဆိုတာမျိုးက လူတိုင်း လိုချင်တဲ့ အရာပါ။ ရန်ကိုင်မှာသာ အဲ့လိုဆေးလုံး ပိုင်ဆိုင်ထားတယ် ဆိုတာကိုသိရင် လူတိုင်းက သူ့ကို အာရုံစိုက်လာမှာ။

“ဆရာဘိုးဘိုး၊ ကျွန်တော့်ဆီ ဒါကို ငှားပေးလို့ ကျေးဇူးတင်ပါတယ်ဂ ရန်ကိုင်က သိုလှောင်အိတ်ကို သူ့အင်္ကျီလက်စထဲနေ ထုတ်ပြီး လင်းတိုင်ရှုကို ပြန်ပေးလိုက်ပါတယ်။ ဒါပေမယ့် လင်းတိုင်ရှုက လက်မခံခဲ့ပါဘူး။ အဲ့အစား ပြုံးပြီးတော့သာ “ဒါက ဆရာဘိုးဘိုးကနေ မင်းကို ပေးခဲ့တာလေ။ ငါက ဘယ်လိုလုပ်ပြီး ပြန်ယူလို့ ဖြစ်ပါ့မလဲ”

ရန်ကိုင်က ရယ်မောလိုက်ပြီး “ကျွန်တော် အဲ့ပစ္စည်းကို မလိုတော့ဘူး”

အခုသူ့မှာ အနက်ရောင်စာအုပ် ရှိနေပြီဖြစ်တဲ့အတွက် ထိုသိုလှောင်အိတ်ကို မလိုတော့ပါဘူး။ ဒါပေမယ့် လင်းတိုင်ရှုက ခေါင်းခါယမ်းပြီးတော့သာ “အဲ့ဒါက အခုမင်းဟာ ဖြစ်နေပြီ။ မင်းအတွက် အသုံးမဝင်တော့ဘူး ဆိုရင် အခြားတစ်ယောက်ကို ပေးလိုက်ပေါ့။ ဆရာဘိုးဘိုး အဲ့ဒါကို လက်ဆောင်တစ်ခုအဖြစ် မင်းကို ပေးခဲ့တာ”

ရန်ကိုင်က ခေါင်းသာ ညိတ်လိုက်ပါတယ်။ ဆက်ပြီး တိုက်တွန်း မနေတော့ပါဘူး။ ထို့နောက် သိုလှောင်အိတ်ကို သူ့အင်္ကျီလက်စထဲ ပြန်ထည့်ထားလိုက်ပါတယ်။

မျက်မှောင်ကြုံ့လိုက်ရင်း ရန်ကိုင်က မေးလိုက်တယ် “ဆရာဘိုးဘိုးရဲ့ ဒဏ်ရာတွေ…” လင်းတိုင်ရှုက ပြုံးလိုက်ပြီး “အဲ့လောက်ကြီး မပြင်းထန်တော့ပါဘူး။ ငါ့ခွန်အားကို အထွတ်အထိပ်ထိ ပြန်ရပြီးသွားပြီ။ ငါ့ရဲ့ လက်ရှိ အခြေအနေက တစ်နည်းနည်းနဲ့ ငါ့ရဲ့ အလွန်မှာ ရှိနေသလိုပဲ”

ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က ပျော်သွားခဲ့ပြီး ဆက်မေးလိုက်တယ် “ဆရာဘိုးဘိုး၊ ဆရာဘိုးဘိုးရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးချီတွေက အကုန်မကုန် သေးဘူးမလား…”

လင်းတိုင်ရှုက တစ်ချက်လောက် တွေးပြီးတော့မှပဲ အဖြေပြန်ပေးလိုက်တယ် “ငါလည်း အဲ့အချက်ကို သတိပြုမိတယ်။ မင်းပေးတဲ့ ဆန်းကြယ်တဲ့ ဆေးကို ငါသန့်စင်ပြီးတဲ့ နောက်ပိုင်းမှာ ငါသာ ငါ့ကိုယ်ထဲက နတ်ဆိုးချီတွေကို အကုန်အစင် သန့်စင်နိုင်သရွေ့ နောက်တစ်ဆင့်ကို ချိုးဖျက်နိုင်လိမ့်မယ်လို့ အာရုံရနေတယ်”

လင်းတိုင်ရှုက အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီ ဖြစ်တဲ့အတွက် နောက်တစ်ဆင့်ကို ချိုးဖျက်တော့မယ် ဆိုတာက အင်မော်တယ်တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်တော့မယ်လို့ ဆိုလိုတာပါ။

အင်မော်တယ်တက်လှမ်းခြင်းအထက်အဆင့် ဆိုတာက ပထမအဆင့် အင်အားစုတွေမှာတောင် တစ်ယောက်၊နှစ်ယောက်လောက်ပဲ ရှိတာပါ။ ကမ္ဘာပေါ်က အင်အားအကြီးဆုံး အင်အားစုတွေမှာတောင် အင်မော်တယ်တက်လှမ်းခြင်းအထက်အဆင့် တွေဆိုတာ ရှားပါတယ်။

လင်းတိုင်ရှုသာ အင်မော်တယ်တက်လှမ်းခြင်းအထက် အဆင့်ကိုသာ တက်လှမ်းနိုင်မယ်ဆိုရင် ကောင်းကင်စံအိမ်အတွက် သတင်းကောင်း တစ်ခုဖြစ်မှာပါ။

ဆေးပေါင်း အဆီအနှစ်က လူတစ်ယောက်ရဲ့ စွမ်းရည်ကို တိုးတက်စေနိုင်တာလား ဆေးပေါင်းအဆီအနှစ်မှာ အဲ့လိုထူးခြား အံ့ဩဖွယ်ကောင်းတဲ့ အစွမ်းရှိလား၊ မရှိဘူးလားဆိုတာ ရန်ကိုင် မသိပါဘူး။ တကယ်တော့ ရှေးဟောင်းရေတွင်းထဲက ဆေးစွမ်းအင် အသိပ်သည်းဆုံး အဆီအနှစ် တစ်ခုဖြစ်တဲ့အတွက် အဲ့လိုစွမ်းရည် ရှိရင်တောင် ယုတ္တိရှိပါတယ်။

“ဂရမ်းမာစတာကို ဂုဏ်ပြုပါတယ်” ရန်ကိုင်က လင်းတိုင်ရှုအတွက် တကယ် ပျော်နေခဲ့တာပါ။ ဒုတိယတပည့်ကြောင့်သာ လင်းတိုင်ရှုက အင်မော်တယ်တက်လှမ်းခြင်းအဆင့်က နောက်တစ်ဆင့်ကို ဆက်မတက် နိုင်ခဲ့တာပါ။ မဟုတ်ရင် အင်မော်တယ်တက်လှမ်းခြင်းအထက် အဆင့်ကို ချိုးဖျက်သွားတာ ကြာပေါ့။

လင်းတိုင်ရှုကလည်း ပြုံးလိုက်ပြီး ဖြေးဖြေးချင်း ခေါင်းခါယမ်းလိုက်တယ်။

သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့ပြန်တယ် “ဆရာဘိုးဘိုးရဲ့ ဒုတိယတပည့်က ရစ်ခွေနဂါးစမ်းချောင်းကနေ တကယ်ပဲ လွတ်မြောက်သွားခဲ့တာလား”

ထိုစကားကို ကြားလိုက်တဲ့အချိန် လင်းတိုင်ရှု မျက်လုံးထဲ နာကျည်းသည့် အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့ပြီး သက်ပြင်းချ ခေါင်းညိတ်ကာ “ဟုတ်တယ်… အဲ့နှစ်တုန်းက ငါကိုယ်တိုင် သူ့ရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်ခဲ့ပြီး ရစ်ခွေနဂါးစမ်းချောင်းထဲမှာ အကျဉ်းချထားခဲ့တာ။ ဒါပေမယ့် ရစ်ခွေနဂါးစမ်းချောင်းက ထွက်ပြေးလွတ်မြောက် နိုင်လိမ့်မယ်လို့တော့ ငါတကယ်ကို မထင်ထားခဲ့ဘူး။ ငါ့ခန်းမှန်းရမယ်ဆိုရင် ရစ်ခွေနဂါးစမ်းချောင်းထဲမှာ မယုံနိုင်လောက်တဲ့ အခွင်းအရေးတစ်ခုကို သူကြုံတွေ့ခဲ့ရတာပဲ ဖြစ်ရမယ်။ အဲ့ဒါကြောင့်ပဲ သူ့ခွန်အားကို ပြရရုံမကလို့ သူ့အရင်ခွန်အားကိုပါ ကျော်လွန်ပြီး သူ့ရဲ့ နတ်ဆိုးကျင့်စဉ်နည်းနစ်စကို နောက်တစ်ဆင့် ထပ်တက် သွားစေတာ ဖြစ်ရမယ်”

ရစ်ခွေနဂါးစမ်းချောင်းကို ကောင်းကင်စံအိမ် ဘိုးဘေးက အားကောင်းတဲ့ မိစ္ဆာတစ်ကောင်နဲ့ တိုက်ခိုက်ရင်းနဲ့ ဖန်တီးခဲ့တာပါ။ ထိုမိစ္ဆာသေတုန်းက တစ်ခုခု ကျန်ခဲ့တာ ဖြစ်ရပါမယ်။ လင်းတိုင်ရှုရဲ့ ဒုတိယတပည့် ကံကောင်းပြီး ထိုမိစ္ဆာရဲ့ အမွေအနှစ်ကို ရသွားခဲ့တာ ဖြစ်ပါလိမ့်မယ်။

“သူက ရစ်ခွေနဂါးစမ်းချောင်းက လွတ်မြောက်သွားရုံတင် မဟုတ်ဘူး၊ တိမ်တိုက်မိစ္ဆာကျွန်းရဲ့ နတ်ဆိုးအရှင်သခင်တောင် ဖြစ်နေပြီ”

“ဘယ်လို” ရန်ကိုင်က ထိတ်လန့်သွားသဖြင့် အော်ဟစ်လုမတတ် ဖြစ်သွားခဲ့ပြီး “သူက အသစ်တက်လာတဲ့ နတ်ဆိုးအရှင်သခင်လား”

ဒီတစ်ကြိမ်မှာတော့ လင်းတိုင်ရှု အံ့ဩရမယ့် အလှည့်ရောက်သွားပါပြီ “မင်းသူ့ကို တွေ့ပြီးသွားပြီလား”

“ကျွန်တော့် သူ့ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးသေးဘူ။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဆေးဘုရင်တောင်ကြားကို တိမ်တိုက်မိစ္ဆာကျွန်းက ဝင်တိုက်ခိုက်ခဲ့တယ်။ အဲ့လိုတိုက်ခိုက်ရတာကလည်း သူအမိန့်ပေးလို့တဲ့”

“အခု လက်ရှိအခြေအနေ ဘယ်လိုရှိလဲ။ ငါ့ကို မြန်မြန်ပြောစမ်းပါဦး” လင်းတိုင်ရှုက ဆေးဘုရင်တောင်ကြားက အဖြစ်အပျက်ကို သိသည့်ပုံမပေါ်ပါဘူး။

ကောင်းကင်စံအိမ်က ထိုအဖြစ်အပျက်နဲ့ ပက်သက်တဲ့ သတင်းတွေး မရခဲ့တာ မဟုတ်ပါဘူး။ အဲ့အစား လင်းတိုင်ရှုက ထိုအချိန်းတုန်းက သတိလစ်နေတာကြောင့်ပါပဲ။ သူက တစ်လကျော်လောက် သတိလစ်နေတဲ့အတွက် ကောင်းကင်စံအိမ်က အကြီးအကဲတွေလည်း သူ့ကို အသိပေးဖို့ အခွင့်အရေး မရခဲ့ပါဘူး။

“ဆေးပညာပြိုင်ပွဲရဲ့ နောက်ဆုံးနေ့မှာ၊ တိမ်တိုက်မိစ္ဆာကျွန်းက ဆေးဘုရင်တောင်ကြားကို ဝင်တိုက်ပြီး အင်အားစုအသီးသီးရဲ့ အဓိကမျိုးဆက်တွေနဲ့ ဆေးဘုရင်တောင်ကြားက ဆေးပညာရှင်တွေ အများကြီးကို ဖမ်းခေါ်သွားခဲ့တယ်” ရန်ကိုင်က သူတွေ့ကြုံခဲ့ရတာတွေကို ပြန်ပြောပြလိုက်ပါတယ်။

လင်းတိုင်ရှု၏ အမူအရာက တဖြည်းဖြည်း သုန်မှုန်လာခဲ့ပြီး ရန်ကိုင် ပြောတာ နောက်ဆုံးနား ရောက်ချိန်မှာတော့ သူ့အမူအရာက လုံးဝကို ပျက်ယွင်းသွားခဲ့ပါတယ်။

“မင်းပြောတာသာ မှန်မယ်ဆိုရင်…လွန်ခဲ့တဲ့၆လ ဒါမှမဟုတ် အဲ့ထက်စောစော ကတည်းက အဲ့ကောင်က ရစ်ခွေနဂါးစမ်းချောင်းထဲက ထွက်သွားနိုင်နေပြီ။ အခုအချိန်ထိ ကောင်ကင်စံအိမ်ကို မတိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာက…” သူ့အမူအရာက ပိုပြီးလေးနက်လာခဲ့ပြီး “အခြေအနေက တော်တော်လေး ဆိုးရွားသွားပြီ”

“ဆရာဘိုးဘိုး ဘာကိုဆိုလိုတာလဲ” ရန်ကိုင်က စိုးရိမ်စွာနဲ့ မေးလိုက်တယ်။

“နတ်ဆိုးအရှင်သခင်သာ ကောင်းကင်စံအိမ်ကနေ ထွက်ပေါ်လာမှန်း အပြင်ဘူတွေ သိသွားခဲ့ရင်… အဲ့လိုဆိုရင်…” လင်းတိုင်ရှု၏ အမူအရာ အရုပ်ဆိုးသွားခဲ့တယ်။

ကောင်းကင်စံအိမ်က ဒုတိယအဆင့် အင်အားစု တစ်ခုပါ။ နတ်ဆိုးအရှင်သာ ကောင်ကင်စံအိမ်ကနေ ထွက်ပေါ်လာမှန်း အပြင်လူတွေ သိသွားပါက အင်အားစုကြီးတွေက ကောင်းကင်စံအိမ်ဆီ လာပြီး မေးခွန်းထုတ်တော့မှာပါ။

ပြီးတော့ နတ်ဆိုးအရှင်သခင် ပေါ်လာတာကြောင့်ပဲ ဆေးဘုရင်တောင်ကြား တိုက်ခိုက်ခံခဲ့ရပြီး ဆေးသူတော်စင်ရုပ်ထုလည်း ဖျက်စီးခံခဲ့ရပါတယ်။ အဲ့တစ်ချက်တည်းနဲ့တင် ကမ္ဘာအခြေခံအုတ်မြစ်ကို ယိုင်နဲ့သွားစေနိုင်ပါတယ်။ ဒါပေမယ့် အဲ့နှစ်ခုသာ ပေါင်းလိုက်ရင်ကော…

“စုယန်မိန်းကလေးကို သွားတွေ့လိုက်ဦး။ တစ်နှစ်တောင် ကြာသွားခဲ့ပြီ။ မင်းတို့ နှစ်ယောက် စကားကောင်းကောင်း မပြောရသေးဘူးဆိုတာ ငါသိတယ်။ ဒီလူအိုကြီးလည်း ရက်အနည်းငယ်လောက် တံခါးပိတ်ကျင့်စဉ် ဝင်လိုက်ဦးမယ်” လင်တိုင်ရှုက ခပ်မြန်မြန်ပဲ ပြောလိုက်ပါတယ်။ အခု ဖြစ်လာမယ့် ကပ်ဆိုးကြီးကို ဖြေရှင်းဖို့ သူခေါင်းစားရပါဦးမယ်။

ကမ္ဘာကြီးမှာ နံရံတွေ မရှိပါဘူး။ ထို့ကြောင့် နတ်ဆိုးအရှင်သခင်က ကောင်းကင်စံအိမ်ကနေ ထွက်ပေါ်လာတယ် ဆိုတဲ့ သတင်းက နေရာအနှံ့ဆီ ပျံ့နှံ့သွားဖို့ သိပ်ကြာတော့မှာ မဟုတ်ပါဘူး။ ထိုသတင်းသာ ပျံ့သွားပြီ ဆိုတာနဲ့ ကောင်းကင်စံအိမ်က တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရတော့မှာပါ။

ဂိုဏ်းချုပ်အိမ်ကနေ ထွက်လာပြီးတာနဲ့ ရန်ကိုင် သက်ပြင်းချလိုက်တယ်။ အခုလို ကပ်ဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ သူ့ရဲ့ နည်းပါးလှတဲ့ ခွန်အားက ဂိုဏ်းကို ဘာအထောက်အကူမှ ဖြစ်စေမှာ မဟုတ်ပါဘူး။

ကောင်းကင်စံအိမ်ထက် ပျံသန်းနေရင်း အောက်ဘက်ကို စူးစမ်းကြည့်လိုက်တဲ့အချိန် အခြေအနေက မဟန်တာကို သတိထားမိလိုက်တယ်။ တပည့်တွေက ဂိုဏ်းကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားနေကြပြီး ဘယ်သူမှလည်း သူတို့ကို တားဖို့ မကြိုးစားကြပါဘူး။

စုယန်ရဲ့ အိမ်လေးရှေ့ ရောက်တာနဲ့ ရန်ကိုင်က ခပ်မြန်မြန်ပဲ မြေကြီးပေါ် ဆင်းလိုက်တယ်။

သူမအခန်းတံခါးကို တွန်းဖွင့်လိုက်တဲ့အချိန် စုယန်က ကုတင်ပေါ်တွင် ကမ္ဘာကြီးပြောင်းလဲမှုတွေ မသက်ရောက်နိုင်တဲ့ နှစ်တစ်ထောင် ရေခဲရုပ်ထုတစ်ခုလို ထိုင်နေတာကို တွေ့လိုက်ရတဘ်။

ရန်ကိုင် ရောက်လာတာကို မြင်လိုက်တာနဲ့ စုယန်က သူမမျက်လုံးကို ဖြေးဖြေးချင်း ဖွင့်လိုက်တယ်။ သူမ၏ ကျော့ရှင်းပြီး အေးစက်စက် မျက်နှာထက် ရှက်ရွံ့မှုအချို့ ရောပြွမ်းနေတဲ့ အပြုံးလေးတစ်ပွင့် ပွင့်လန်းလာခဲ့တယ်။

ရန်ကိုင်က သူ့နှလုံးခုန်နှုန်းကို တည်ငြိမ်အောင် လုပ်လိုက်ရင်း ရှေ့တိုးလိုက်ပြီး စုယန်ဘေးနား ထိုင်ချလိုက်တယ်။ အကြည့်ချင်း ဆုံသွားတဲ့အချိန်တွင် ရန်ကိုင် အကြည့်က အဆုံးမရှိတဲ့ ရမက်ဆန္ဒတို့ဖြင့် ပြည့်နေခဲ့ပြီး စုယန်၏ အကြည့်ကတော့ လေငြိမ်နေတဲ့ ကန်ရေပြင်တစ်ခုလိုပဲ တည်ငြိမ်နေကာ အဆုံးမရှိတဲ့ လှပမှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

ထိုအခိုက်အတန့်တွင်… ရန်ကိုင်စိတ်ထဲ သူမနှင့်သူ့ကြားက စည်းကို ကျော်ဖြတ်ပြီး ထိုအံ့ဩဖွယ်ကောင်းသည့် နှုတ်ခမ်းဖူးလေးကို စုပ်နမ်းပြီး သူမ၏ အသားအရေကို ထိတွေ့ခံစားကား နှစ်ယောက်သား အတူတကွ ယှတ်စပ်ချင်စိတ်ကလွဲလို့ အခြားမည်သည့်အတွေးတို့မှ သူ့စိတ်ထဲ မရှိတော့ပါဘူး။ ပုံမှန်အားဖြင့် ရန်ကိုင်က အဲ့လိုလုပ်ခဲ့ရင်တောင် စုယန်က ငြင်းဆန်လိမ့်မှာ မဟုတ်ဘူးဆိုတာ သူသိပါတယ်။

ဒါပေမယ့် … သူ့နှလုံးသားထဲက ထူးဆန်းတဲ့ ခံစားချက်တစ်ခုက သူ့ကို ထိန်းချုပ်ဖို့ ပြောနေခဲ့တယ်။

သူနဲ့စုယန်ကြားက အခုလက်ရှိ ဆက်ဆံရေးက ယင်ယန်းပေါင်းစည်းခြင်း ကျင့်စဉ်ကြောင့်ပါပဲ။ သူမနဲ့ သူ့ကြားက ဆက်ဆံရေးက သူနဲ့စီနီယာမမလေး ရှနင်းကြားက ဆက်ဆံရေးနဲ့ မတူပါဘူး။ သူတို့နှစ်ယောက်ကြားမှာ ရှနင်းချန်နဲ့တုန်းကလို စကားတွေပြောပြီး ကြည်နူးခဲ့တဲ့ အခိုက်အတန့်တွေ မရှိခဲ့ဖူးပါဘူး။

ဒါပေမယ့် သူကောင်းကင်စံအိမ်ကို ပြန်လာတာနဲ့ စုယန်နဲ့ သူနှစ်ယောက်စလုံး ကာမအမိုက်အမှောင်ထဲ ချက်ချင်း စီးမျောသွားခဲ့ပါတယ်။ ထိုကဲ့သို့ ဆက်ဆံရေးမျိုးက တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားတစ်ခုလုံး ပုံအပ်ပြီး ချစ်တဲ့ ယောကျ်ားနှင့် မိန်းမကြားက အချစ်မျိုး မဟုတ်တော့ပါဘူး။

အဲ့အစား ကျင့်စဉ်ရဲ့ အလိုဆန္ဒကိုသာ ဖြည့်ဆည်းပေးနေတာနဲ့ တူပါတယ်။ ထိုကဲ့သို့ ခံစားချက်က ရန်ကိုင်ကို သူ့ကိုယ်သူတောင် ရွံရှာသွားစေခဲ့ပါတယ်။

သူရရှိခဲ့တဲ့ ယင်ယန်မွန်းစတားဂျင်ဆင်း ဆိုရင်လည်း အခုအချိန်ထိ အသုံးမဝင် သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူနဲ့စုယန်ကြားက ဆက်ဆံရေးက အချစ်မရှိပဲ အလိုဆန္ဒသက်သက်ကြောင့် ဖြစ်တည်လာတာ မို့လို့ပါပဲ။

ယင်ယန်မွန်းစတားဂျင်ဆင်း အစွမ်းကို အသုံပြုချင်တယ်ဆိုရင် အခုအတိုင်း ဆက်သွားနေလို့ မရပါဘူး။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကြောင့် ဖြစ်လာတာပါဆိုတဲ့ အချက်က ငြင်းဆန်လို့ မရတဲ့ အမှန်တရား တစ်ခုဖြစ်ပေမယ့် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဒီအတိုင်း သူဆက်မသွားချင်ပါဘူး။

အချစ်ကြောင့် ဖြစ်တည်လာတဲ့ ဆက်ဆံရေး…. ဒီကမ္ဘာပေါ်မှာ အတွဲဘယ်လောက် များများကများ အဲ့လိုဆက်ဆံရေးမျိုး ရဖူးလို့လဲ။ လက်ထပ်ထားတဲ့ သက်ကြီးပိုင်း စုံတွဲတွေထဲမှာတောင် အခုလိုဆက်ဆံရေးမျိုး ရှိတာ ရှားပါတယ်။

“နင်ဘာအကြောင်းတွေ တွေးနေတာလဲ” ရန်ကိုင်မျက်လုံးထဲ တောင့်တင်နေတဲ့ ရမက်မီးတွေ ပျောက်ကွယ်သွားတာကို သတိထားမိလိုက်တာနဲ့ စုယန်က ရန်ကိုင်ကို ကြင်နာသိမ်မွေ့စွာဖြင့် မေးလိုက်တယ်။

ဒီတစ်ကြိမ်တုန်းက အတိတ်တုန်းကနဲ့ လုံးဝ ကွာခြားပါတယ်။ အတိတ်တုန်းကဆိုရင် ရန်ကိုင် ကောင်းကင်စံအိမ်ကို ပြန်ရောက်ပြီး သူတို့နှစ်ယောက် ဆုံပြီးဆိုတာနဲ့ အဝတ်အစားတွေ ချွတ်ပြီး သူတို့ရဲ့ လိုအင်ဆန္ဒကို ချက်ချင်း တန်းဖြည်းဆည်းကြာတာပါ။

“ကျွန်တော် စီနီယာအစ်မရဲ့ ခန္ဓာကိုယ်ကို လိုချင်တယ်” ရန်ကိုင်က ပြုံးရင်း ပြောလိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ စုယန်၏ လည်တိုင်တစ်လျှောက် နီမြန်းသွားခဲ့ပြီး တိုးတိုးလေး ပြန်ပြောလိုက်တယ် “နင့်အပိုင်ဖြစ်နေပြီပဲလေ”

“ဒါပေမယ့် စီနီယာအစ်မရဲ့ နှလုံးသားကိုပါ ကျွန်တော် ပိုင်ဆိုင်ချင်သေးတယ်” စုယန်က ရန်ကိုင်ကို သံသယအကြည်နဲ့ မော့ကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ သူမမျက်ဝန်းအစုံက ပျော်ရွှင်မှုနှင့် တောက်ပလာခဲ့ပါပြီ။

“ကျွန်တော်ပြောတာကို စီနီယာအစ်မ နားလည်တယ်မလား” ရန်ကိုင်က ပြုံးပြလိုက်တယ်။ စုယန်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။

သူနဲ့စုယန်ကြားမှာ ဘာလိုအပ်နေလဲဆိုတာ အခုမှပဲ ရန်ကိုင် နားလည်သွားပါတော့တယ်။ ဒါပေမယ့် စုယန်က ထိုအချက်ကို ဟိုးအရင်ကတည်းက မြင်ထားတာပါ။ အမျိုးသမီးတွေက ယောကျ်ားတွေ ရှေ့မှာဆို အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတတ်ကြပါတယ်။ အထူးသဖြင့် သူမတို့ချစ်တဲ့‌ ယောကျ်ားတွေ ရှေ့မှာပေါ့။ သူတို့ရဲ့ အချို့အပြုအမူတွေက မသင့်တော်ဘူးဆိုတာကို သိနေရင်တောင်မှပေါ့။

သူမတို့စိတ်ထဲ လိုချင်တောင့်တ နေရင်တောင် သူတို့ သတိမပြုမိသေးသရွေ့ သူမက မိန်းမတစ်ယောက် အပြင်ကို ထုတ်ပြောလိမ့်မှာ မဟုတ်ပါဘူး။

ဒါက ဥာဏ်ပညာကြီးမားပြီး ကျော့ရှင်းကျက်သရေရှိတဲ့ မိန်းမတွေပြုမူတဲ့ပုံစံပါ။ သူကိုယ်တိုင်ကို ရှာတွေ့စေတာကမှာ သူမချစ်တဲ့ ယောကျ်ားကို ပိုပြီးရင့်ကျက် လာစေနိုင်မှာလေ။

“ငါတို့ ဒါကို အတူတူ လုပ်ကြမလား” ရန်ကိုင်က ခေါင်းလေးစောင်းပြီး ပြုံးကာ မေးလိုက်တယ်။ စုယန်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။ မှိုင်းဝေသည့် အကြည်တို့ သူမ၏ နှစ်လိုဖွယ်ကောင်းသည့် မျက်လုံးထဲ ထွက်ပေါ်လာခဲ့တယ်။

ယောကျ်ားနဲ့ မိန်းမဟာ မတူညီကြပါဘူး။ မိန်းမတွေအတွက်ကတော့ သူမတို့ရဲ့ ပထမဆုံးအချစ်ဦးယောကျ်ားက သူမတို့စိတ်ထဲ အမြဲတမ်း အကောင်းအထင်အမြင်ကို ကျန်ရစ်စေလေ့ရှိပါတယ်။ သူတို့ ပထမဆုံးအကြိမ်အဖြစ် အတူတူ စလေ့ကျင့်ခဲ့ကတည်းက ဒီလောက် အချိန်အတော်ကြာကြီး စောင့်ရမယ်ဆိုတာကို သိထားပေမယ့်လည်း စုယန်က ထိုအချိန်ကလည်း သူမရဲ့ စိတ်နဲ့ခန္ဓာအလုံးစုံကို ရန်ကိုင်ဆီ ပေးအပ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့တာပါ။

သူမစောင့်နေတဲ့ တစ်ခုတည်းသော အရာက ရန်ကိုင်က ထိုအချက်ကို သတိပြုမိမယ့် အချိန်ပါပဲ၊ အခုရန်ကိုင်က နောက်ဆုံးတော့ ထိုအရာကို နားလည်သွားခဲ့ပါပြီ။ စုယန်လည်း သူမချစ်သူက သူမမျှော်လင့်နေတဲ့ အရာကို သတိပြုမိသွားတော့ မပျော်ပဲ ဘယ်နေပါ့မလဲ။

ထိုအခိုက်အတန့် ၌ သူနှင့်စုယန်ကြားက ဆက်ဆံရေး ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကြောင့် ဆိုတာထက် ယောကျ်ားနှင့် မိန်းမကြားက အချစ်ကြောင့်လို့ ပြောရင် ပိုမှန်သွားပါပြီ။ အခုတော့ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ရဲ့ အကျိုသက်ရောက်မှုက ပျောက်ကွယ်သွားတော့မယ် ဆိုရင်တော့ သူတို့နှစ်ယောက်က အလွယ်တကူ တစ်ယောက်နဲ့တစ်ယောက် ခွဲသွားလိမ့်မှာ မဟုတ်ပါဘူး။

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုပြီးနီးကပ်လာခဲ့ပါပြီ။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး သူတို့ရဲ့ နှလုံးသားနှစ်ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းတဲ့ အဆင့်အထိကို မရောက်သေးပေမယ့် တစ်နေ့ကျ ထိုအဆင့်ကို ရောက်နိုင်မယ့် မျှော်လင့်ချက်တို့ ရှိလာခဲ့ပါပြီ။

အတူတကွ မျက်နှာချင်းဆိုင် ထိုင်နေရင်း ရန်ကိုင် နှုတ်ခမ်းအစုံက ကွေးတက်သွားခဲ့ပြီး သူ့လက်နှစ်ဖက်ကို စုယန်ပေါင်ပေါ် တင်ထားလိုက်တယ်။ စုယန်ကလည်း သူမ၏ ကျောက်စိမ်းသဖွယ် ဖြူစွတ်ချောမွတ်တဲ့ လက်ဝါးနှစ်ဖက်ကို ရန်ကိုင် လက်ဝါးနှစ်ဖက်ပေါ် တင်လိုက်ပါတယ်။

ချည်သားထက်တောင် ပိုပြီး နူးညံ့သလို ရေခဲ့လိုလည်း သန့်စင်လှပါတယ်။ စုယန်၏ နူးညံ့လှတဲ့ လက်အစုံနဲ့ ထိတွေ့ရတာ အရမ်းကို သက်သောင့်သက်သာ ရှိလွန်းပါတယ်။

တစ်ယောက်လက် တစ်ယောက် ညင်သာစွာ ကိုင်ထားရင်း တစ်ယောက်နဲ့ တစ်ယောက် နွေးထွေးစွာ ပြုံးပြလိုက်ပြီး ကိုယ်စိ မျက်လုံးပိတ်လိုက်ကာ သူတို့ရဲ့ လျှို့ဝှက်နည်းစနစ်ကို စတင်လှည့်ပတ်ပါတော့တဘ်။

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ရဲ့ ပထမအဆင့်တွင် ခန္ဓာကိုယ်ချင်း ထိတွေ့ဖို့ လိုအပ်ပါတယ်။ အဲ့လိုမှပဲ ယွမ်ချီတွေ လွတ်လွတ်လပ်လပ် စီးဆင်းနိုင်မှာပါ။ ထိုအဆင့်က အခြေခံအဆင့်သာ ဖြစ်ပေမယ့် ထိုအဆင့်မှာလည်း တကယ်ကို ဆွဲဆောင်အားပြင်းလှတဲ့ အချက်တစ်ချက် ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေ့ကျင့်တိုင်း နွေးထွေးပြီး ချစ်စိတ်ပြင်းပြလှတဲ့ အတွေးအကြုံကို ခံစားရလို့ပါပဲ။ ဒါက ရန်ကိုင် အရင်တုန်းက လုပ်ခဲ့တဲ့ဟာပါ။

ဒါပေမယ့် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ရဲ့ ဒုတိယအဆင့် သူ့တို့ရဲ့ စိတ်နဲ့ ဆက်စပ်နေပါတယ်။ ထိုအဆင့်မှာဆိုရင် အနည်းငယ်လေး ထိတွေ့တာကတောင် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို အသက်ဝင်နိုင်ပါတယ်။

ရန်ကိုင်ရဲ့ ရုတ်တရက် ရှာဖွေတွေ့ရှိမှုက သူတို့နှစ်ယောက်ကို အဆင့်သစ် တစ်ခုသို့ တိုးတက်သွားစေခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် အတူတကွ လေ့ကျင့်တဲ့အခါ ကျင့်ကြံရတာ ပိုပြီးမြန်ဆန်လာသလို ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိလာခဲ့ပါတယ်။

Martial Peak

အပိုင်း(၂၈၉) ရစ်ခွေနဂါးစမ်းချောင်းကို စူးစမ်းခြင်း

တတိယအဆင့်ကို ရောက်တာနဲ့ သူတို့နှစ်ယောက်ရဲ့ နှလုံးသားနှင့် စိတ်အစုံကြားမှာ ဆက်သွယ်မှု တစ်ခုဖြစ်ပေါ်လာပါလိမ့်မယ်။ သူတို့နှစ်ယောက်က မီတာပေါင်း၂၀၀၀လောက် ဝေးကွာနေတာတောင်မှ သူတို့ကိုယ်ထဲရှိ အစစ်အမှန်ချီတွေက အချင်းချင်း ပဲ့တင်ထပ်နေမှာ ဖြစ်ပြီး ထိုတည်ငြိမ်တဲ့ ဖြစ်စဉ်က စဉ်ဆက်မပြတ် ဖြစ်ပျက်နေမှာပါ။

သူတို့နှစ်ယောက်သာ အတူတူ ရှိနေမယ် ဆိုရင်တော့ သူတို့ရဲ့ ခွန်အားက ကြောက်မခန်းလိလိ တိုးတက်သွားမှာ ဖြစ်ပြီး ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ် တိုက်ခိုက်မှု ပညာရပ်တွေရဲ့ စွမ်းရည်အပြည့်အဝကို ထုတ်သုံးနိုင်မှာပါ။

ရန်ကိုင်ကိုယ်ထဲရှိ အစစ်အမှန်ချီစွမ်းအင်တွေက စုယန်ကိုယ်ထဲသို့ စီးဝင်နေပြီး စုယန်ကိုယ်ထဲရှိ အစစ်အမှန်ချီတွေကတော့ ရန်ကိုင်ကိုယ်ထဲ စီးဝင်နေခဲ့ပါတယ်။ အစစ်အမှန်ချီစွမ်းအင် နှစ်ခုက တစ်ခုနှင့် တစ်ခု အပြန်လှန်သန့်စင်နေခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ အစစ်အမှန်ချီစွမ်းအင်ဟာလည်း တဖြည်းဖြည်းနဲ့ ပိုပြီးသန့်စင်လာခဲ့တယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ သူတို့ရဲ့ အစစ်အမှန်ချီတွေတွင် ပေါင်းစပ်သွားခဲ့တာ မဟုတ်တော့ပဲ သူတို့ရဲ့ အသိစိတ်တွေတောင် ပေါင်းစပ်လာခဲ့ကြပါတယ်။

ထိုမမြင်နိုင်တဲ့ ထိယှတ်မှုက သူတို့ဝိဥာဉ်နှစ်ခုကြား အားကောင်းတဲ့ ဆက်သွယ်မှုနဲ့ တောင့်တမှုတို့ကို ဖြစ်စေခဲ့တယ်။ ထို့ကြောင့် စကားမပြောပဲနဲ့တောင် တစ်ယောက်ရဲ့ တည်ရှိမှုကို တစ်ယောက်က သိနိုင်ပြီး သူတို့ကြားက အနည်းငယ်သော ထိတွေ့မှုကတောင် သူတို့ရဲ့ ခန္ဓာကိုယ်တွေကို တုန်ရီသွားစေနိုင်ပါတယ်။

ရန်ကိုင်ကိုယ်မှ နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး စုယန်ရဲ့ ကိုယ်မှ ဖီးနစ်ငှက် မြည်ကြွေးသံ ထွက်ပေါ်လာခဲ့တယ်။

အခန်းလေးထဲ သူတို့နှစ်ယောက် လေ့ကျင့်နေစဉ်တွင် တောက်ပနေတဲ့ နဂါးနှင့်ဖီးနစ်ပုံရိပ်တို့ ဖြေးဖြေးချင်း ထွက်ပေါ်လာခဲ့တယ်။ သေချာသာ အနီးကပ်ကြည့်လိုက်မယ် ဆိုရင် ရန်ကိုင်နှင့် စုယန်တို့၏ ကျောဘက်တွင် နဂါးနှင့်ဖီးနစ်တို့ အသာအယာ ကူးခတ်လှုပ်ရှားနေတာကို တွေ့မြင်နိုင်ပါတယ်။ သူတို့နှစ်ယောက်၏ စုံတွဲကျင့်စဉ်က အရင်ကထက် ပိုပြီး မြန်မြန်ဆန်ဆန် လှည့်ပတ်လာခဲ့ပါပြီ။

ဒီတစ်ကြိမ် သူတို့လေ့ကျင့်တာ ငါးရက်တောင် ကြာသွားခဲ့ပါတယ်။ ငါးရက်ကြာအောင် ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို လှည့်ပတ်ခဲ့သည့် အတွက် တစ်နှစ်ကြာခွဲခွာလိုက်ရလို့ သူတို့ကြား ဖြစ်တည်နေသည့် လွမ်းဆွတ်မှုတို့ ပြေပျောက်သွားခဲ့ပါပြီ။

ဒီတစ်ကြိမ်မှာတော့ ရန်ကိုင်သာမက စုယန်ပါ တော်တော်လေး တိုးတက်လာခဲ့ပါတယ်။

သူတို့နှစ်ယောက်စလုံး အသားချင်း မထိတွေ့ခဲ့ပေမယ့် ထိုစုံတွဲကျင့်စဉ်က သူတို့နှစ်ယောက်ကြားက စိတ်ခံစားချက်တွေကို ကြီးကြီးမားမား ခိုင်မြဲသွားစေခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အတောအတွင်း စုယန်က သူမ၏ စိတ်စွမ်းအားကို စဉ်ဆက်မပြတ် တိုးတက်အောင် လုပ်ဆောင်ပြီး သူမစိတ်ထဲက လိုအင်ဆန္ဒတွေကို အဆက်မပြတ် ဖိနှပ်ခုခံနေခဲ့ရတာပါ။ အခုတစ်ကြိမ်မှာသာ ရန်ကိုင်က ပြန်ရောက်တာနဲ့ သူ့လိုအင်ဆန္ဒတွေကို စုယန်အပေါ် ဖွင့်ထုတ်ခဲ့မယ်ဆိုရင် ထိုတစ်နှစ်လုံးလုံး စုယန်ကြိုးစားခဲ့သမျှ အားလုံး သဲထဲရေသွန် ဖြစ်ရကုန်လိမ့်မှာပါ။

သူမ၏ အနာဂတ်အတွက် ရန်ကိုင်အနေနဲ့ ငြိမ်သက်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

သူမဆီကနေ မထွက်ခွါခင် ရန်ကိုင်က ဆေးပေါင်းရည်၊ ဆေးပေါင်းနို့နှစ်နှင့် ဆေး‌ပေါင်းအဆီအနှစ်တို့ ထည့်ထားတဲ့ လင်းတိုင်ရှုသူ့ကို လက်ဆောင် အဖြစ်ပေးခဲ့တဲ့ သိုလှေဦင်အိတ်ကို စုယန်ဆီ ပေးခဲ့လိုက်တယ်။

ဆေးပေါင်းရည်ကိုသာ နေ့စဉ် သောက်သုံးမယ် ဆိုရင် မိမိရဲ့ ခန္ဒာကိုယ်ဖွဲ့စည်းပုံကို တိုးတက်စေနိုင်ပါတယ်။ ထိုကဲ့သို့ အခွင့်အရေးမျိုးကို သူတစ်ယောက်ထဲ ခံစားနေလို့ ဘယ်ဖြစ်ပါ့မလဲ။ သူ့မိန်းကလေးတွေနဲ့ အတူတူ ဝေမျှရမှာပေါ့။

စုယန်၏ အရည်အချင်းက အစကတည်းက ထိပ်တန်းအဆင့်မှာ ရှိနေတာပါ။ သူမ၏ ခန္ဒာကိုယ်ဖွဲ့စည်းပုံကိုသာ ထပ်မံ အဆင့်မြှင့် တင်နိုင်မယ်ဆိုရင်တော့ သူမရဲ့ အနာဂတ်က အကန့်အသတ် ရှိတော့မှာ မဟုတ်ပါဘူး။

ပြီးတော့ ရန်ကိုင်က သူမကို ယန်မီးတောက်အရည်တစ်စက်နှင့် ဝိဥာဉ်သန့်စင်ခြင်း နှင်းစက်လည်း ပေးခဲ့ပါသေးတယ်။ ယန်မီးတောက် အရည်ကို သန့်စင်လိုက်တာနဲ့ သူမရဲ့ အစစ်အမှန်ချီကို ပိုမို သန့်စင်လာစေမှာ ဖြစ်ပြီး ဝိဥာဉ်သန့်စင်ခြင်း နှင်းစက်ကတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် တက်လှမ်းသည့် အခါကျ သူမကို တော်တော်လေး အထောက်အကူ ပေးနိုင်ပါတယ်။

ထိုဝိဥာဉ်သန့်စင်ခြင်း နှင်းစက်ကို သိပ်မကြာခင်မှာပဲ သူမအသုံးပြု ရတော့မှာပါ။

စုယန်အိမ်လေးဆီကနေ ထွက်လာတာနဲ့ ရန်ကိုင်က ရစ်ခွေနဂါးစမ်းချောင်းဆီ ချက်ချင်းပဲ သွားလိုက်တယ်။ ရစ်ခွေနဂါးစမ်းချောင်းနား ရောက်လာတာနဲ့ ရစ်ခွေနဂါစမ်းချောင်း အောက်ခြေကနေ ထွက်ပေါ်နေတဲ့ နတ်ဆိုးချီတွေကို တွေ့မြင်လိုက်ရတယ်။

ရစ်ခွေနဂါးစမ်းချောင်း၏ အပေါ်ဘက် ကီလိုမီတာဒါဇင် ဝန်းကျင်တစ်ခုလုံး နတ်ဆိုးချီတွေနဲ့ ဖုံးလွှမ်းနေခဲ့ပါတယ်။ ဂိုဏ်းချုပ်၏ ဒုတိယတပည့် လွတ်မြောက်သွားကတည်း ရစ်ခွေနဂါးစမ်းချောင်းက အခုလိုတွေ ဖြစ်သွားခဲ့တာပါ။

ဒီနေရာမှာ နတ်ဆိုးချီတွေ အလွန်အမင်း သိပ်သည်းနေတာက ရေတိုအတွက် သိပ်ပြီး ကိစ္စမရှိပေမယ့် အချိန်ကြာလာရင်တော့ ထိုနတ်ဆိုးချီတွေက ဘေးပတ်ပတ်လည်ကို ပျံ့နှံ့လာနိုင်ပါတယ်။ အဲ့အခါကျ ရစ်ခွေနဂါးစမ်းချောင်းမှ ကီလိုမီတာ ရာကျော် ဝန်းကျင်လောက်က အမှန်တရားလမ်းစဉ် ကျင့်ကြံသူတွေအတွက် တားမြစ်ဇုန်တစ်ခု ဖြစ်သွားပါလိမ့်မယ်။

ဒီနေရာမှ ဂိုဏ်းသုံးဂိုဏ်းရှိ တပည့်တွေ အကုန်လုံးကိုလည်း သက်ရောက်ပါလိမ့်မယ်။

အရင်အချိန် အတောအတွင်း သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်က လူတွေက ကောင်းကင်စံအိမ်ကို မေးခွန်းထုတ်ဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ကောင်းကင်စံအိမ် ဂိုဏ်းချုပ်က သေမလို ဖြစ်နေသည့် အပြင် အကြီးအကဲ ငါးယောက်ထဲက တစ်ယောက်ကပါ အသတ်ခံလိုက်တာကို သိလိုက်ရလိုက်ချိန်မှာတော့ ထိုလူတွေလည်း ဘာဆက်လုပ်ရမှန်း မသိတော့ပါဘူး။

ရန်ကိုင် ခံစားချက်နဲ့ မတူညီစွာပဲ နတ်ဆိုးအိုကြီးကတော့ အရမ်းကို ပျော်နေခဲ့ပါတယ်။ ရန်ကိုင် ခွင့်ပြုချက်ကိုတောင် မမေးတော့ပဲ ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးချီတွေကို သူ့ရဲ့ ဝိဥာဉ်ဖျက်စီးခြင်း အရိုးထဲ စုပ်ယူပါတော့တယ်။ ဝိဥာဉ်ဖျက်စီးခြင်း အရိုးကလည်း ရေထဲရောက်နေတဲ့ ရေမြှပ်တစ်ခုအလား ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးချီတွေကို အဆက်မပြတ် စုပ်ယူပါတော့တယ်။

အမှန်တရားလမ်းစဉ် ကျင့်ကြံသူတွေအတွက် ရက်စက်ပြီး ရွံရှာစရာ ကောင်းတဲ့ မိစ္ဆာတွေက နတ်ဆိုးအိုကြီးအတွက်တော့ အရသာရှိလှတဲ့ အစားအစာတွေ ဖြစ်နေခဲ့ပါတယ်။ ထိုမိစ္ဆာချီတွေက သူ့ဝိဥာဉ်ကို အားဖြည့်ပေးနေရုံမက ဝိဥာဉ်ဖျက်စီးခြင်းအရိုးကိုပါ ပြန်လည်ပြုပြင်ပေးနေခဲ့ပါတယ်။

အခုကောင်းကင်စံအိမ်ရဲ့ အခြေအနေက နတ်ဆိုးအိုကြီးအတွက်တော့ နိဗ္ဗာန်ဘုံ တစ်ခုလိုပါပဲ။

ရစ်ခွေနဂါးစမ်းချောင်းအစွန်းနား ရောက်လာတာနဲ့ ရန်ကိုင်က ချောက်ထဲကို စိုက်ကြည့်လိုက်တယ်။ ထိုချောက်တစ်ခုလုံးက မည်းမှောင်နေပြီး အဆုံးမရှိတဲ့ နတ်ဆိုးချီတွေကို ထုတ်လွှတ်နေခဲ့ပါတယ်။

“ဒီနတ်ဆိုးချီ ကိစ္စကို ရှင်းပြနိုင်မယ့် အကြောင်းအရာ တစ်ခုခုခင်ဗျား ရှာလို့တွေ့လား” ရန်ကိုင်က မျက်မှောင်ကြုံ့ပြီး မေးလိုက်တယ်။

“ဘာမှ သိပ်ထူးခြားတာ မရှိပါဘူး။ ဒီအစေခံအိုကြီး သတိပြုမိတာဆိုလို့ ချောက်နက်ထဲကို ပိုဆင်လေ၊ နတ်ဆိုးချီက ပိုပြီးသိပ်သည်းလာလေ ဆိုတာကိုပါပဲ။ ဒါပေမယ့် အခု ဒီက နတ်ဆိုးချီတွေက အရင်ကနဲ့ သိပ်မတူတော့သလိုပဲ” နတ်ဆိုးအိုကြီးက ပြောလိုက်တယ်။

“ဘယ်လို မတူတာလဲ” ရန်ကိုင်က မေးလိုက်ပါတယ်။

“အရင်တုန်းကနဲ့ ယှဉ်ရင် အခုဒီနေရာက နတ်ဆိုးချီက ပိုပြီး သိပ်သည်းလာခဲ့သလို ပိုပြီးသန့်စင်လာတယ်။ အရင်တုန်းကဆိုရင် အောက်မှာ နတ်ဆိုးချီတွေကို ဖိနှိပ်နေတဲ့ အရာတစ်ခုခု ရှိနေသလိုပဲ။ သခင်လေး စုပ်ယူခဲ့တဲ့ ယန်စွမ်းအင်တွေကို ထုတ်လွှတ်ပေးတဲ့ ရတနာကပဲ နတ်ဆိုးချီတွေကို ဖိနှိပ်နေခဲ့တာ ဖြစ်ရမယ်။ ဒါပေမယ့် အခု အဲ့ရတနာက တော်တော်လေး အားပျော့သွားပြီ”

ရန်ကိုင်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ဘာမှတော့ မပြောခဲ့ပါဘူး။

ဒီနေရာမှာရှိတဲ့ ယန်ချီတွေက အရင်ကထက် ပိုပြီး နည်းပါးသွားတာကို သူလည်း သတိပြုမိပါတယ်။

ခဏကြာပြီးနောက် ရန်ကိုင်က ချောက်ထဲကို ခုန်ချလိုက်တယ်။ ဆင်းနေရင်း အစစ်အမှန်ချီကို သုံးလိုက်ပြီး သူ့နေထိုင်ခဲ့ဖူးတဲ့ ကျောက်ဂူလေးထဲကို ခုန်ဝင်လိုက်တယ်။

ကျောက်ဂူလေးကတော့ အရင်အတိုင်း ရှိနေတုန်းပါပဲ။ စုယန်နဲ့ ရှနင်းချန်တို့ သယ်လာခဲ့တဲ့ ပစ္စည်းတွေတောင် အကောင်းအတိုင်း ရှိနေတုန်းပါပဲ။ ကွဲပြားသွားတာ တစ်ခုလေးကတော့ ဝင်ပေါက်မှာရှိနေတဲ့ ပန်းအိုးနှစ်အိုးထဲ ပန်းတွေ ခြောက်သွေ့သွားခြင်းပါပဲ။

ထိုပန်းအိုးနှစ်အိုးက မန်ဝူရဆီကနေ ရလာခဲ့တာပါ။ အခုတော့ နတ်ဆိုးချီကြောင့် အိုးထဲမှာရှိတဲ့ ပန်းပွင့်တွေ ခြောက်သွေ့သွားခဲ့ပါပြီ။

ပန်းအိုးနှစ်ကြားမှာတော့ အပေါက်ကလေး တစ်ပေါက်ရှိနေခဲ့တယ်။ ထိုအပေါက်က ယင်ယန်မွန်းစတားဂျင်းဆင်း အမြစ်ကုပ်တွယ်ခဲ့တဲ့ နေရာပါ။ ဒါပေမယ့် အခုတော့ ယင်ယန်မွန်းစတားဂျင်ဆင်းကို မတွေ့ရတော့ပါဘူး။ တိုက်ပွဲနေ့ပြီးနောက် ယင်ယန်မွန်းစတားဂျင်းဆင်းက အားလုံးမြင်ကွင်းမှာ ပျောက်ကွယ်သွားခဲ့ပါတယ်။

ယင်ယန်မွန်းစတားဂျင်ဆင်းက ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်ထားတဲ့ စိတ်ဝိဥာဉ် ပစ္စည်းတစ်ခုပါ။ ထို့ကြောင့် ပတ်ဝန်းကျင်က သိပ်အခြေအနေ မဟန်တော့ဘူးဆိုတာကို သိလိုက်တာနဲ့ ယင်ယန်မွန်းစတားက သူ့ဘာသာ ထွက်ပြေးပုန်းအောင်း နေလိုက်တာပါ။

မြင့်တက်လာတဲ့ နတ်ဆိုးချီတွေနဲ့ နတ်ဆိုးအရှင်သခင် ထွက်ပေါ်လာတာကို ထိုယင်ယန်မွန်းစတားဂျင်းဆင်းက သတိပြုမိလောက်ပါတယ်။ ထို့ကြောင့်ပဲ ပုန်းအောင်းနေတာ ဖြစ်လောက်ပါတယ်။

ဒါပေမယ့် … ထိုအကောင်က အဝေးကြီးတော့ သွားပုန်းမနေ လောက်ပါဘူး။

ထိုယင်ယန်မွန်းစတားဂျင်ဆင်းက ယင်ချီနဲ့ ယန်ချီကို စုပ်ယူရှင်သန် ကြီးထွားတာပါ။ ထို့ကြောင့် ရစ်ခွေနဂါစမ်းချောင်းအပြင် သူ့မှာ သွားစရာနေရာ ရှိလိမ့်မှာမဟုတ်ပါဘူး။

မျက်လုံးပိတ်လိုက်ပြီး ကောင်းကင်စိတ်အာရုံကိုသုံးကာ ရန်ကိုင်က ယင်ယန်မွန်းစတားဂျင်ဆင်းကို ရှာဖွေကြည့်လိုက်တယ်။ ထိုနေရာ တစ်ဝိုက်ကို ကောင်းကင်စိတ်အာရုံနဲ့ ဖြန့်ကျက် စစ်ဆေးလိုက်တာနဲ့ ရစ်ခွေနဂါးစမ်းချောင်းအောက်ခြေမှ အန္တရာယ် အရိပ်အယောင် တစ်စွန်းတစ်စကို သူခံစားမိလိုက်တာနဲ့။ ထို့ကြောင့် ရစ်ခွေနဂါစမ်းချောင်း အောက်ခြေကို ဆက်လက် မရှာဖွေတော့ပဲ အပေါ်ပိုင်းနေရာတွေကိုသာ ဆက်ပြီး ရှာဖွေနေလိုက်ပါတယ်။

ခဏအကြာမှာတော့ ရန်ကိုင် ပြုံးလိုက်တယ်။ ယင်ယန်မွန်းစတားဂျင်ဆင်း ပုန်းနေတဲ့ နေရာကို သူတွေ့သွားပါပြီ။ သူထင်ထားသလိုပါပဲ ယင်ယန်မွန်းစတားဂျင်ဆင်းက အဝေးကြီး သွားပုန်းမနေပါဘူး။ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးတဲ့ တောင်တစ်လုံးမှာ သွားပုန်းနေတာပါ။

ရန်ကိုင်က ကောင်းကင်စိတ်အာရုံကိုသုံးပြီး ယင်ယန်မွန်းစတား ဂျင်ဆင်းကို ဆက်သွယ်လိုက်တယ်။ ရင်းနှီးနေတဲ့ အရှိန်အဝါကို အာရုံခံမိလိုက်တာနဲ့ ယင်ယန်မွန်းစတားဂျင်းဆင်က သူ့ဆီကို ခပ်မြန်မြန်ပဲ ပြေးလာခဲ့ပါတယ်။

ခဏကြာပြီးနောက်မှာတော့ အနီနဲ့အဖြူ ရောယှတ်နေတဲ့ ယင်ယန်မွန်းစတား ဂျင်ဆင်းက သူ့ရှေ့မှာ ပြန်ပေါ်လာခဲ့ပြီး သူ့ရင်ဘတ်ထဲ တစ်ခါတည်း ခုန်ဝင်လိုက်တယ်။ ယင်ယန်မွန်းစတားဂျင်ဆင်းကို ကြည့်ရတာ ကြောက်လန့်နေတဲ့ ပုံပါပဲ။

ရန်ကိုင်လည်း ရယ်မောလိုက်ပြီး ယင်ယန်မွန်းစတားဂျင်ဆင်းကို ယန်အရည်စက်တစ်စက် တိုက်ကျွေးလိုက်တယ်။ အဲ့တော့မှပဲ ယင်ယန်မွန်းစတား ဂျင်ဆင်း၏ အမူအရာ အနည်းငယ် ပြေလျော့သွားခဲ့ပါတယ်။

“စိတ်မပူတော့နဲ့။ ငါမင်းကို အိမ်အသစ်ဆီ ခေါ်သွားပေးမယ်။ အဲ့နေရာမှာက လုံးဝကို လုံခြုံတယ်။ မင်းကို ဘယ်သူမှ နှောင့်ယှတ်တော့မှာ မဟုတ်ဘူး” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်ပြီး ယင်ယန်မွန်းစတားဂျင်းဆင်းကို အနက်ရောင် စာအုပ်ထဲ ပို့လိုက်တယ်။

အနက်ရောင်စာအုပ်ထဲ သက်ရှိတွေကို ထည့်သွင်းလို့ မရပေမယ့် ဆေးပင်တွေကိုတော့ ထည့်လို့ရပါမယ်။ ယင်ယန်မွန်းစတား ဂျင်ဆင်းက အသိစိတ်ရှိတယ် ဆိုပေတော့ နောက်ဆုံးတော့လည်း ယင်ယန်မွန်းစတားဂျင်ဆင်းက ဆေးပင်တစ်ပင် ဖြစ်နေတုန်းပဲလေ။ ထို့ကြောင့် ယင်ယန်မွန်းစတားဂျင်ဆင်း အနေနဲ့ အနက်ရောင် စာအုပ်ထဲမှာ နေတာက ပြဿနာမရှိပါဘူး။

အနက်ရောင် စာအုပ်ထဲ ရောက်တာနဲ့ ယင်ယန်မွန်းစတား ဂျင်ဆင်းက သူ့ရဲ့ အိမ်အသစ်ကို လိုက်လံစူးစမ်းပါတော့တယ်။ သိပ်မကြာခင်မှာပဲ ဆေးပေါင်းရည်ရဲ့ တည်ရှိမှုကို ရှာတွေ့သွားခဲ့ပါတယ်။ ချက်ချင်းပဲ ဆေးပေါင်းရည်ရှိရာဆီ ပြေးထွက်သွားလိုက်တယ်။

ရန်ကိုင် စိတ်နှလုံး တစ်ခုလုံး တင်းကြပ်သွးခဲ့ပြီး ကောင်းကင် စိတ်အာရုံကိုသုံးကာ အနက်ရောင်စာအုပ်ကို ထိန်းချုပ်လိုက်ပြီး သူ့ရဲ့ အဖိုးတန်ရတနာကို ဖွက်ထားလိုက်တယ်။

ဆေးပေါင်းရည်က ရုတ်တရက် ပျောက်ကွယ်သွားတာကို တွေ့လိုက်တာနဲ့ ယင်ယန်မွန်းစတားဂျင်ဆင်းလည်း ကြောင်သွားခဲ့တယ်။ ထို့နောက် ဟိုခုန်လိုက်၊ ဒီခုန်လိုက်နဲ့ ဆေးပေါင်းရည်ကို လိုက်လံရှာဖွေပါတော့တယ်။

“ဆယ်ရက်ကြာတိုင်း၊ ငါမင်းကို တစ်စက်ပေးမယ်၊ အဲ့ဒါကြောင့် ဒီမှာပဲ လိမ်လိမ်မာမာနဲ့နေ” ရန်ကိုင်က ကူးကယ်ရာမဲ့စွာနဲ့ ကောင်းကင်စိတ်အာရုံကို သုံးပြီး ယင်ယန်မွန်းစတားဂျင်ဆင်းကို သတိပေးလိုက်ရပါတယ်။ အဲ့တော့မှပဲ ယင်ယန်မွန်းစတားဂျင်ဆင်းလည် ငြိမ်ကျသွားပါတော့တယ်။

ယင်ယန်မွန်းစတားဂျင်ဆင်းကိစ္စကို ကိုင်တွယ်ပြီးသွားတာနဲ့ ရန်ကိုင်က လိုဏ်ဂူလေးထဲက ပစ္စည်းတွေကို အနက်ရောင်စာအုပ်ထဲ ပြောင်းရွေ့သည့် အလုပ်ကို စတင်လုပ်ဆောင်ပါတော့တယ်။ လိုဏ်ဂူထဲက ပစ္စည်းမှန်သမျှ အနက်ရောင်စာအုပ်ထဲကို မြန်ဆန်စွာပဲ ရောက်ရှိသွားခဲ့တယ်။ မြက်ပင်လေးတစ်ပင်တောင် မကျန်ခဲ့ပါဘူး။

ထို့နောက် လိုဏ်းဂူထဲကနေ ထွက်လာလိုက်ပြီး ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေကို ငုံ့ကြည့်လိုက်တယ်။ ပြီးတာနဲ့ အတွေးစခန်းထဲ နစ်မြောသွားပါတော့တယ်။

ရန်ကိုင် အတွေးတွေကို သိနေသည့်အလား နတ်ဆိုးအိုကြီး မေးလိုက်တယ် “သခင်လေးက အောက်ကို ဆင်းကြည့်ချင်လို့လား”

“အင်း” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ အောက်ခြေတွင် နက်နဲသည့် ဆန်းကြယ်မှု တစ်ခုခု ရှိရပါမယ်။ မဟုတ်ရင် လင်းတိုင်ရှုရဲ့ ဒုတိယတပည့် အနေနဲ့ သူ့ခွန်အားကို ပြန်ရပြီး သူ့ရဲ့မိစ္ဆာကျင့်စဉ်လည်း အဆင့်မြင့်သွားဖို့ မဖြစ်နိုင်ပါဘူး။

ဒီနေရာက ကောင်းကင်စံအိမ်ဘိုးဘေးနဲ့ အားကောင်းတဲ့ နတ်ဆိုးတစ်ကောင်တို့ ကြားက တိုက်ပွဲကြောင့် ဖြစ်လာခဲ့တာပါ။ ထို့ကြောင့် ဆန်းကြယ်မှု တစ်ခုခုကိုများ ရှာတွေ့မလား ဆိုသည့် မျှော်လင့်ချက်ဖြင့် ရန်ကိုင်လည်း အောက်ကို ဆင်းရှာချင်တာပါ။

သိပ်သည်းလှသည့် နတ်ဆိုးချီက လူအများစုကို ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေဆီ ဆင်းပြီး ရှာဖွေစူးစမ်းလို့ မရအောင် လုပ်နေသည့် အကာအရံတစ်ခုအဖြစ် တည်ရှိနေခဲ့တယ်။ များစွာသော မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေတောင် ဒီလောက်အားကောင်းတဲ့ တိုက်စားစွမ်းအင်တွေကို တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ရန်ကိုင်မှာတော့ နတ်ဆိုးအိုကြီးရဲ့ အကူအညီ ရှိပါတယ်။ ပြီးတော့ ရွှေရောင်အရိုးခြောက်ကလည်း နတ်ဆိုးချီတွေကို စုပ်ယူနိုင်တယ်လေ။ အဲ့တော့ သူအောက်ဆင်းကြည့်လို့ ဘာမှတော့ မဖြစ်နိုင်လောက်ပါဘူး။

ထိုအကြောင်းကို စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင်က ဆုံးဖြတ်ချက် ချလိုက်ပြီး ချောက်နက်ထဲကို တိုက်ရိုက် ခုန်ဆင်းသွားလိုက်ပါတယ်။ နတ်ဆိုးအိုကြီးလည်း ရန်ကိုင်၏ ရဲတင်းမှုကြောင့် နောက်တစ်ကြိမ် ထိတ်လန့်သွားခဲ့ရပြန်ပါတယ်။

လေတိုက်ခတ်သံတွေကို ရန်ကိုင် ကြားနေခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ သူကျဆင်းတဲ့ အရှိန်က ပိုမြန်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ မီတာထောင်ကျော်လောက်အထိ သူကျဆင်းပြီးသွားခဲ့ပါပြီ။

နောက်တစ်ခဏအတွင်းမှာပဲ ရန်ကိုင်က ယန်မီးတောက်တောင်ပံကို အသက်သွင်းလိုက်ပြီး ချက်ချင်းပဲ အပေါ်ကို ပျံတက်သွားလိုက်တယ်။ ထို့နောက် နာကျင်နေသည့် အမူအရာနှင့် အောက်ကို ငုံ့ကြည့်နေလိုက်တယ်။ သူ့အကြည့်ထဲ ရစ်ဝဲနေသည့် ကြောက်ရွံ့မှု တစ်စွန်းတစ်စကို မြင်တွေ့နိုင်တယ်။

နတ်ဆိုးချီ အစုအဝေးထဲကို သူကျဆင်းသွားတာနဲ့ ရက်စက်သွေးဆာပြီး ပုန်းကွယ်နေတဲ့ အရှိန်အဝါ တစ်ခုက သူ့ဝိဥာဉ်ကို လာတိုက်ခိုက်တာကို ရန်ကိုင် ခံစားမိလိုက်တယ်။ အန္တရာယ်များပြီး မမြင်နိုင်တဲ့ တိုက်ခိုက်မှုတစ်ခုကို ကာကွယ်ဖို့ တကယ်ကို ခက်ခဲပါတယ်။

ရန်ကိုင်က ဝိဥာဉ်ကို အဆက်မပြတ် လေ့ကျင့်နေခဲ့တယ် ဆိုရင်တောင် ထိုတိုက်ခိုက်မှုက တော်တော်လေး ကြောက်ဖို့ကောင်းတာကိုတော့ သူဝန်ခံရပါမယ်။ နတ်ဆိုးအိုကြီးကတော့ ဘာကိုမှ အာရုံမခံမိသလို တိုက်ခိုက်မှုကိုလည်း မခံရတဲ့အတွက် အေးအေးဆေးဆေးပါပဲ။

ရစ်ခွေနဂါးစမ်းချောင်းရဲ့ ကျောက်နံရံကို မှီရင်း ရန်ကိုင်က ချောက်နက်ထဲကို စူးစိုက်ကြည့်လိုက်ပြီး ခဏလောက် တုန့်ဆိုင်းနေပြီးနောက် နောက်တစ်ကြိမ် ထပ်ဆင်းသွားပြန်တယ်။

အောက်ခြေက အနက်ရောင် နတ်ဆိုးချီတွေက အသိစိတ် ရှိနေသည့်အလား ရန်ကိုင်ကို ဝန်းရံလာခဲ့တယ်။ ထိုနတ်ဆိုးချီ အလွှာထုထဲကို သူဝင်ရောက်လိုက်တာနဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှု တစ်ခုက သူ့ကို တိုက်ခိုက် လာပြန်ပါတယ်။

သူ့ခန္ဓာကိုယ်က သန်းပေါင်းများစွာသော ပုရွက်ဆိတ်တွေ ဝိုင်းကိုက်တဲ့ နာကျင်မှုကို ခံစားနေရပြီး သူ့ဝိဥာဉ်ကတော့ အပ်ထောင်းပေါင်းများစွာ ထိုးစိုက်ခံရသည်နှင့် တူညီသော နာကျင်မှုကို ခံစားနေခဲ့ရတယ်။ ရူးသွပ်စွာ အော်ကြွေးသံ၊ အော်မြည်သံတို့က သူ့နားထဲ ပဲ့တင်ထပ်လို့ နေခဲ့ပါတယ်။ ငရဲကိုးထပ် အောက်ခြေကို ထိုးကျသွားသလို ရန်ကိုင် ခံစားလိုက်ရတယ်။

Martial Peak

အပိုင်း(၂၉၀) ဝိဥာဉ်သိုင်းပညာရပ် တစ်ခုကို လေ့ကျင့်ခြင်း

ရန်ကိုင် အမူအရာ ရှုံ့မဲ့သွားခဲ့ပေမယ့် ကံကောင်းစွာနဲ့ပဲ ဒီတစ်ကြိမ်မှာ‌တော့ သူ့စိတ်ကို ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ နာကျင်နေသေးတယ် ဆိုပေမယ့် အရင်ကလိုတော့ လုံးဝ အကူအညီ မဲ့မနေပါတော့ဘူး။

သူ့ဝိဥာဉ်က ထပ်မံ ဒဏ်ရာရလာတာနဲ့ ရွစိရွစိ ခံစားချက်တစ်ခုကို ရုတ်တရက် သူရရှိလိုက်တယ်။ ဝိဥာဉ်ကြာပန်းက သူ့ကို နောက်တစ်ကြိမ် ကူညီခဲ့ပြန်ပါပြီ။ အေးမြတဲ့ ခံစားချက် တစ်ခုက သူ့စိတ်ထဲ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး နာကျင်မှုကို သက်သာသွားစေခဲ့ပါတယ်။

လေထဲတွင် မျောနေရင်း ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ပတ်ဝန်းကျင်သစ်နှင့် နေသားကျအောင် လုပ်ပြီးမှ အောက်ကို ဆက်ပြီးဆင်းသက်လိုက်တယ်။

နောက်ထပ် မီတာ၁၀၀၀လောက် ဆင်းသက်ပြီးချိန်မှာတော့ အနက်ရောင် နတ်ဆိုးချီရဲ့ တိုက်ခိုက်မှုက ပိုပြီးပြင်းထန် ထက်ရှလာတဲ့အတွက် ရန်ကိုင်လည်း အောက်ကိုဆင်းနေတာကို ရပ်တန့်လိုက်ရပါတယ်။

အခု နောက်တစ်ကြိမ် ရပ်တန့်သွားတာနဲ့ ရန်ကိုင်က သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တယ်။ ဒါပေမယ့် ရစ်ခွေနဂါးစမ်းချောင်းရဲ့ အောက်ခြေကိုတော့ သူမမြင်နိုင်သေးပါဘူး။

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။ သူခံစားရတဲ့ နာကျင်မှုက အရမ်းကို ပြင်းထန်တာကိုး။

အဖြူရောင်မြူထုထဲမှာ ပိတ်မိနေတဲ့ အချိန်တုန်းက သူ့ဝိဥာဉ်က အဆက်မပြတ် တိုက်ခိုက်ခြင်း ခံခဲ့ရပေမယ့် ဒီနေရာကမှာတော့ သူ့ဝိဥာဉ်သာ တိုက်ခိုက်ခံရရုံမက နတ်ဆိုးချီကနေ ထွက်ပေါ်နေတဲ့ မကောင်းတဲ့ စိတ်ဆန္ဒတွေကလည်း သူ့စိတ်ထဲကို မကောင်းတဲ့ စိတ်ဆန္ဒတွေ ဝင်ရောက်အောင် လုပ်ဆောင်နေခဲ့ပါတယ်။

ဝိဥာဉ်ကို သန်မာအောင် လုပ်ဖို့နဲ့ စိတ်စွမ်းအားကို လေ့ကျင့်ဖို့ အတွက် ဆိုရင်တော့ ဒီနေရာက နိဗ္ဗာန်ဘုံပါပဲ။ သူလုပ်ဖို့ လိုတာက အောက်ကို ဖြေးဖြေးချင်းဆင်းပြီး သူ့စိတ်စွမ်းအားကို တိုးတက်အောင် လုပ်ဖို့ပါပဲ။

သူသာ ဒီနေရာမှာ အချိန်အတော်ကြာအောင် လေ့ကျင့်နိုင်မယ် ဆိုရင် အသိစိတ်ပင်လယ်ကို ဖွင့်ဖိုဆိုတာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။

ကံမကောင်းစွာနဲ့ ဒီမှာ အချိန်အကြာကြီး သူနေလို့ မရပါဘူး။ သူသာ အဲ့လိုနေလိုက်မယ် ဆိုရင် ပတ်ပတ်လည်ရှိ မိစ္ဆာအရှိန်အဝါ တွေကြောင့် သူ့စိတ်ပျက်စီး သွားနိုင်ပါတယ်။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရန်ကိုင်က ရုတ်တရက် နတ်ဆိုးအိုကြီးကို မေးလိုက်တယ် “နတ်ဆိုးအိုကြီး၊ ခင်ဗျားမှာ ဝိဥာဉ်သိုင်းပညာရပ်တွေ ရှိလား။ ခုခံတဲ့ ဝိဥာဉ် သိုင်းပညာရပ်တွေ ဆိုရင်တော့ အကောင်းဆုံးပေါ့”

“ရှိတယ်” နတ်ဆိုးအိုကြီးက ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်တယ်။

“ခင်ဗျားမှာ ရှိနေတာတောင် ဘာလို့ တစ်ချက်ကလေးတောင် မပြောခဲ့ရတာလဲ” ရန်ကိုင်က မကျေမနပ်နဲ့ ပြောလိုက်တယ်။

“ဒီအစေခံအိုကြီး တတ်ကျွမ်းထားတဲ့ သိုင်းပညာရပ်တွေနဲ့ လျှို့ဝှက်ကျင့်စဉ်တွေ အကုန်လုံးက အရမ်းကို မိစ္ဆာဆန်တယ်လေ။ သခင်လေးက အဲ့လို မိစ္ဆာဆန်တဲ့ ကျင့်စဉ်တွေ၊ သိုင်းပညာရပ်တွေကို မလေ့ကျင့်ချင်ဘူးဆိုတော့ ဒီအစေခံအိုကြီးကလည်း မပြောပဲ နေလိုက်တာ” နတ်ဆိုးအိုကြီး မတရားခံရတဲ့ ပုံစံနဲ့ ပြန်ပြောလိုက်တယ်။

“ဒီဝိဥာဉ် အကာအကွယ် ပညာရပ်ကကော အဲ့လိုပဲလား” ရန်ကိုင်က မေးလိုက်တယ်။

“အဲ့လိုပဲလို့ ပြောလို့ရပေမယ့် သခင်လေးသာ ဒီနေရာမှာ လေ့ကျင့်မယ်ဆိုရင် အဲ့ပညာရပ်ကို လေ့ကျင့်ဖို့အတွက် ရက်စက်ပြီး မိစ္ဆာဆန်တဲ့ နည်းလမ်းတွေ လိုတော့မှာ မဟုတ်ဘူး။ ဒီနေရာတစ်ခုလုံးက နတ်ဆိုးချီတွေနဲ့ ပြည့်နေတာ ဆိုတော့ အဲ့ဝိဥာဉ် အကာအကွယ် ပညာရပ်လေ့ကျင့်ဖို့ အသင့်တော်ဆုံး နေရာပဲ”

“ကောင်းတယ်၊ အဲ့လိုဆိုရင် ဘာမှ ထပ်ပြောစရာ မလိုတော့ပါဘူး။ ကျုပ်ကို အဲ့ဝိဥာဉ်ပညာရပ် မြန်မြန်သင်ပေးစမ်းပါ”

“အင်း…”

နတ်ဆိုးအိုကြီးရဲ့ မှတ်ဥာဏ်က ဝေးဝါးနေတုန်းပါပဲ။ ရန်ကိုင်နဲ့ အတူရှိနေခဲ့တာ ၂နှစ်ကြာပြီးသွားပြီ ဆိုပေမယ့် သူ့မှတ်ဥာဏ် အများစုကတော့ ပျောက်နေတုန်းပါပဲ။ ဒါပေမယ့် ရန်ကိုင်က အမိန့်ပေးနေတော့ နတ်ဆိုးအိုကြီး အချိန်အတော်ကြာအောင် ခက်ခက်ခဲခဲနဲ့ စဉ်းစားပြီးနောက် ထိုဝိဥာဉ် ပညာရပ်ကို ရန်ကိုင်ဆီ လွှဲပေးလိုက်တယ်။

ဝိဥာဉ် နန်းတော်…

နတ်ဆိုးအိုကြီး ပြောပုံအရတော့ ဒီဝိဥာဉ် ပညာရပ်ကို လေ့ကျင့်ချင်တယ် ဆိုရင် အသိစိတ်ပိုင်ဆိုင်ထားတဲ့ သက်ရှိတွေကို ရှာပြီး ထိုသက်ရှိတွေကို အရင်ဆုံးနှိပ်စက်ကာ သတ်ပစ်ရပါမယ်။ ကြောက်ရွံ့မှု၊ မုန်းတီးမှုနှင့် နာကြည်းမှုကို ကြုံတွေ့ပြီးသွားတဲ့ ထိုသက်ရှိတွေကို ဝိဥာဉ်နန်းတော်ကို လေ့ကျင့်ဖို့ အသုံးပြုနိုင်ပါတယ်။

ကျင့်ကြံသူတစ်ယောက် အကြွင်းအကျန် ဝိဥာဉ်တွေကို အသုံးပြုပြီး သူရဲ့စိတ်ထဲမှာ ဝင်္ကပါပုံစံ ခံစစ်တစ်ခုကို တည်ဆောက်ရမှဦပါ။

ထိုစိတ်ဝိဥာဉ်တွေက ဝင်္ကပါတည်ဆောက်ဖို့ လိုအပ်တဲ့ အုတ်တွေနဲ့ အတူတူပါပဲ။ သူတို့ နှိပ်စက်ခံရတဲ့ အကြိမ်အရေ များလေ၊ သူတို့ စိတ်ထဲ မကျေမနပ်ချက်တွေနဲ့ ပိုသိပ်သည်းလေ အုတ်အရည်အသွေးက ပိုကောင်းလေပါပဲ။ မကျေမနပ်ချက်တွေနဲ့ စုပြုံနေတဲ့ အကြွင်းအကျန် ဝိဥာဉ်တွေနဲ့သာ ဝင်္ကပါကို တည်ဆောက်လိုက်မယ် ဆိုရင် ဝင်္ကပါရဲ့ ခုခံနိုင်စွမ်းက အများကြီး ပိုမြင့်သွားမှာပါ။

ဒါပေမယ့် ဒီဝိဥာဉ် ပညာရပ်ကို တိုက်ခိုက်မှုနဲ့ ခုခံမှု နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။

ရန်သူက စိတ်စွမ်းအားကို သုံးပြီးတိုက်ခိုက်မယ် ဆိုရင် သူတို့ရဲ့ ကောင်းကင်စိတ်အာရုံက ဝင်္ကပါထဲ ရောက်သွားပြီး ပိတ်မိနေမှာပါ။ နောက်ဆုံးမှာတော့ ဝင်္ကပါကို တည်ဆောက်ဖို့ အသုံးပြုထားတဲ့ အကြွင်းအကျန် ဝိဥာဉ်တို့ရဲ့ မကျေနပ်ချက်တွေကြောင့် တဖြည်းဖြည်း အားအင်ကုန်ခမ်းသွားမှာပါ။

ဝိဥာဉ်နန်းတော်မှာ ပြီးပြည့်စုံခြင်း အဆင့်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အကြွင်းအကျန် ဝိဥာဉ်တွေကို စုဆောင်းနိုင်သမျှ ဝင်္ကပါကို ပိုပြီးအားကောင်းအောင် လုပ်နိုင်သောကြောင့် ပါပဲ။ ထိုဝိဥာဉ် သိုင်းပညာရပ်က အသိစိတ်ပင်လယ် ပတ်ပတ်လည်ကို တံတိုင်းခတ်ဖို့ အသုံးပြုတာနဲ့ မခြားပါဘူး။

အခုလို မကျေမနပ်ချက်တွေ ပြည့်နေတဲ့ နတ်ဆိုးချီကတော့ ထိုဝိဥာဉ်ပညာရပ်ကို လေ့ကျင့်ဖို့အတွက် အကောင်းနေရာဆိုလည်း မမှာပါဘူး။ ထိုဝိဥာဉ်ပညာရပ်ကို လေ့ကျင့်နေရင်း ရန်ကိုင်မျက်နှာက ပြုံးယောင်သန်းလာခဲ့တယ်။

ခဏကြာပြီးနောက်မှာတော့ ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီး ဘေးပတ်လည်မှာ ရှိနေတဲ့ မကောင်းတဲ့ စိတ်ဆန္ဒတွေကို စုပ်ယူပြီး ဝင်္ကပါကို ဘယ်လို တည်ဆောက်ရမလဲဆိုတာ သူနားလည်သွားခဲ့ပါပြီ။

ဖြစ်စဉ်တစ်ခုလုံးက အရမ်းကို ရိုးရှင်းပါတယ်။ ရန်ကိုင်ကလည်း ကောင်းကင် စိတ်အာရုံကို အသုံးပြုနိုင်နေပြီ ဆိုတော့ အားလုံးက အဆင်ပြေသွားတာပေါ့။

နောက်ရက်အနည်းငယ်အတွင်း ရန်ကိုင်က ဘေးပတ်ဝန်းကျင်ရှိ နတ်ဆိုးအရှိန်အဝါတွေကို သူ့စိတ်ထဲသို့ စုပ်ယူကာ ထိုနတ်ဆိုးအရှိန်အဝါတွေကို အုတ်၊အုတ်ချပ်တွေ အဖြစ်ပြောင်းပြီး ဝင်္ကပါကို တည်ဆောက်ရင်း အလုပ်ရှုပ်နေခဲ့တယ်။

အချိန်တွေ ကြာလာတာနဲ့ ရန်ကိုင်၏ အပြုအမူတွေကလည်း ပိုပြီး မြန်ဆန်လာခဲ့တယ်။ ရစ်ခွေနဂါးစမ်းချောင်းထဲတွင် တစ်လလုံးလုံး နေရင်း ဝိဥာဉ်နန်းတော် ဝိဥာဉ်ပညာရပ်ကို ရန်ကိုင် လေ့ကျင့်နေခဲ့တယ်။

ဘေးပတ်လည်ရှိ နတ်ဆိုးအချီ အမျှင်တန်းတစ်ခုကို ကောင်းကင်စိတ်အာရုံကို သုံးကာ သူ့စိတ်ထဲသို့ ဖမ်းယူလိုက်ပြီးနောက် ထိုနတ်ဆိုးချီ အမျှင်တန်းကို အုတ်အဖြစ် ပုံသွင်းလိုက်တယ်။ ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ လုပ်ဆောင်ပြီးတဲ့ နောက်မှာတော့ သူ့စိတ်ထဲရှိ ဝင်္ကပါက တဖြည်းဖြည်းနဲ့ ပုံပေါ်လာခဲ့ပါပြီ။

တစ်လကြာအောင် ခက်ခက်ခဲခဲ ကြိုးစားပြီး နောက်မှာတော့ သူ့စိတ်စွမ်အား ပိုပြီးတိုးတက်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ အခုဆိုရင် သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို ကီလိုမီတာ၂၀ အကျယ်ထိတောင် ဖြန့်ကျက်နေနိုင်ပါပြီ။

စိတ်စွမ်းအားကို လေ့ကျင့်ရတာက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူတွေ အတွက်တောင် အရမ်းကို ခက်ခဲပါတယ်။ ကောင်းကင်စိတ်အာရုံကို တိုးတက်အောင် လေ့ကျင့်ရတာက ကောင်းကင်ကို တက်ရသလိုပဲ ခက်ခဲလှပါတယ်။

ဝိဥာဉ်ကို လေ့ကျင့်ရတာက ခန္ဓာကိုယ်ကို လေ့ကျင့်ရတာထက် အများကြီး ပိုခက်ခဲပါတယ်။ အရိုးရှင်းဆုံး နည်းလမ်းကတော့ ဝိဥာဉ်ကျင့်စဉ်တစ်ခုကို လေ့ကျင့်တာ၊ ဒါမှမဟုတ် ဝိဥာဉ်ခွန်းအားကို တိုးတက်စေနိုင်တဲ့ အဖိုးတန်ရတနာတွေကို အသုံးပြုတာပါပဲ။

ဒါပေမယ့် ရန်ကိုင်ကတော့ ရစ်ခွေနဂါစမ်းချောင်းထဲ နေရင်း ဝိဥာဉ်ကြာပန်းရဲ့ အကူအညီနဲ့ သူ့စိတ်စွမ်းအားကို တဖြည်းဖြည်း တိုးတက်အောင် လုပ်နေခဲ့တယ်။ ဆယ်ရက်ကြာပြီး နောက်မှာတော့ သူ့ရဲ့ ဝိဥာဉ်နန်းတော် ပညာရပ်က အလယ်အလတ် ပြီးမြောက်ခြင်း အဆင့်ကို ရောက်ရှိသွားခဲ့ပါပြီ။

အသိစိတ်ပင်လယ်ကို မလေ့ကျင့်နိုင်သေးပေမယ့် သူ့စိတ်ပတ်ပတ်လည်ကို အားကောင်းတဲ့ ဝင်္ကပါတစ်ခုက ကာရံထားတယ် ဆိုတာကိုတော့ ရန်ကိုင် ခံစားမိပါတယ်။ အပို အကာအကွယ် အလွှာက ရစ်ခွေနဂါးစမ်းချောင်းကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာစွမ်းအင်ကနေ ဖြစ်တည်လာခဲ့တာပါ။

ဒါပေမယ့် ထိုအရာကို ရန်ကိုင်ကို အကျိုးသက်ရောက်မှု မရှိခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ဝိဥာဉ်နန်းတော် ပညာရပ်ကို စလေ့ကျင့် ကတည်းက ရန်ကိုင် ထိုမိစ္ဆာစွမ်းအင်တွေကို သူ့ရဲ့ အရှိန်အဝါနဲ့ မှတ်သားထားလိုက် တာကြောင့်ပါပဲ။

အခု သူ့ရဲ့ ဝိဥာဉ်နန်းတော်က ပြီးပြည့်စုံ သွားပြီဆိုတော့ ရန်ကိုင်လည်း စပ်သပ်ဖို့ လက်ယားနေပါပြီ။ အခုအချိန်မှတော့ ရစ်ခွေနဂါးစမ်းချောင်းထဲမှာ ရှိတဲ့ မကောင်းတဲ့ စိတ်ဆန္ဒတွေကို ရန်ကိုင်အပေါ်ကို အနည်းငယ်မျှ အကျိုးသက်ရောက်မှု မရှိတော့ပါဘူး။

ဒါကြောင့် အောက်ဆီသို့ သူပိုပြီး မြန်မြန် ဆင်းလာနိုင်ခဲ့တယ်။ မီတာ၂၀၀၀အထိ ရောက်လာတာတောင် သူ့ဝိဥာဉ်နန်းတောက် နည်းနည်းလေးမှ လှုပ်မသွားခဲ့ပါဘူး။ မီတာ၃၀၀၀၊ သူ့ခံစစ်က အဆင်ပြေနေတုန်းပါပဲ။

ဒါက ဝိဥာဉ်နန်းတော်ရဲ့ ခံစစ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဘေးပတ်လည်ရှိ နတ်ဆိုးချီတွေက သူ့ကို ဘာကြောင့် ထိခိုက်အောင် မလုပ်နိုင်တာလဲ ဆိုတာကတော့ ရန်ကိုင်က ရစ်ခွေနဂါစမ်းချောင်းထဲမှာ ရှိတဲ့ နတ်ဆိုးချီတွေကို ယူပြီး ဝိဥာဉ်နန်းတော်ကို ဖန်တီးထားတာကိုး။

သူ့ဝိဥာဉ်အကာအကွယ်နဲ့ ဘေးပတ်ပတ်လည်မှာ ရှိတဲ့ နတ်ဆိုးချီတွေက တူညီနေမှာတော့ သူ့ရဲ့ ကောင်းကင် စိတ်အာရုံကို ဘယ်လိုလုပ်ပြီး ထိခိုက်အောင် လုပ်နိုင်ပါတော့မလဲ။

“ဒီဝိဥာဉ်ပညာရပ်က အခုလို နေရာမျိုးမှာ တကယ်ကို ကီးကိုက်တာပဲ” ရန်ကိုင်က ပြုံးလိုက်တယ်။

ခဏကြာပြီးတဲ့ နောက်မှာတော့ ရစ်ခွေနဂါးစမ်းချောင်းထဲမှာ ရှိတဲ့ နတ်ဆိုးချီတွေက ဘယ်လောက်‌တောင် ကြောက်ဖို့ကောင်းပြီး သိပ်သည်းလဲဆိုတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ သူ့မှာသာ ဝိဥာဉ်နန်းတော်ရဲ့ အကာအကွယ် မရှိခဲ့ရင် သူ့ဝိဥာဉ်က တစ်မုဟုတ်ချည်း ဖျက်စီးခံရမှာပါ။

“ဒီနတ်ဆိုးချီတွေရဲ့ ပင်းမအရင်းအမြစ်က အရှေ့မှာပဲ” နတ်ဆိုးအိုကြီးက ရုတ်တရက် ပြောလိုက်တယ်။

“ယန်ချီတွေရဲ့ အရင်းအမြစ်ကလည်း အဲ့နေရာမှာပဲ” သူ့ရင်ဘတ်ရှိ မူလယန်က ပြင်းပြင်းထန်ထန် လှုပ်ရှားလာတာကို ခံစားမိလိုက်တာနဲ့ ရန်ကိုင် ပျော်သွားခဲ့တယ်။

သူ့ရှေ့က ယန်ချီစွမ်းအင်ကို ထုတ်လွှတ်ပေးနေတဲ့ အရင်းအမြစ်က ဘာပဲ ဖြစ်နေပါစေ အဖိုးတန်တဲ့ ရတနာတစ်ခု ဖြစ်နေမှာကတော့ မလွဲမသွေပါပဲ။ ထိုအကြောင်းကို တွေးရင်း ရန်ကိုင် အရှိန်မြှင့်လိုက်တယ်။ ရစ်ခွေနဂါးစမ်းချောင်း ချောက်နက်ကြီးက ရှည်လျားလွန်းပြီး အဆုံးမရှိတဲ့ ပုံပါပဲ။

ချောက်နက်ထဲတွင် လမ်းလျှောက်နေရင်း ဖြူဖွေးနေတဲ့ အရိုးဖြူများစွာကို ရန်ကိုင် တွေ့လိုက်ရတယ်။ ထိုအရိုးတွေက ရစ်ခွေနဂါးစမ်းချောင်းထဲမှာ အကျဉ်းချခံထားရတဲ့ ကောင်းကင်စံအိမ်က တပည့်တွေပါပဲ။

ချောက်နက်ရဲ့ ဘေးနှစ်ဖက်မှာတော့ အနက်ရောင်အသီးတွေန သီးနေတဲ့ သစ်ပင်တိုလေးတွေ ရှိနေခဲ့တယ်။

ဒီလိုနေရာမျိုးမှာတောင် ပေါက်နိုင်တဲ့ အပင်တွေ ရှိသေးတာပဲ။ ရန်ကိုင်က အသီးတစ်လုံးကို ခူးကြည့်လိုက်ပြီး စစ်ဆေးကြည့်လိုက်တဲ့အခါ အသီးတစ်လုံးလုံးက နတ်ဆိုးချီတွေနဲ့ ပြည့်နေတာကို တွေ့ရှိလိုက်ရပါတယ်။

“မိစ္ဆာစိတ်ဝိဥာဉ်အသီးတွေ… အဲ၊ ဒီလိုအသီးတွေက ဒီနေရာမှာ တကယ်ရှိနေတာပဲ” နတ်ဆိုးအိုကြီး အံ့အားသင့်စွာနဲ့ ရေရွတ်လိုက်ပြီး “သခင်လေးတို့ ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်က ဒီလိုနေရာမှာ အသက်ရှင်နေနိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ဘူးပါလေ”

“သူက ဒီနေရာမှာနေပြီး ၁၀နှစ်လုံးလုံး ဘာတွေစားလဲလို့ ကျုပ်လဲ တွေးနေခဲ့တာ” ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး ကျန်တဲ့အသီးတွေ အကုန်လုံးကို ခူးလိုက်ကာ အနက်ရောင်စာအုပ်ထဲ ပစ်ထည့်ထားလိုက်တယ်။

ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်က အသီးတွေကို အကုန်ခူးမသွားခဲ့ပါဘူး။ အမှတ်တရ အဖြစ် ချန်ထားခဲ့ချင်တာလည်း ဖြစ်နိုင်တာပဲလေ။

ဒါပေမယ့် အများကြီးတော့ မကျန်တော့ပါဘူး။ နှစ်လုံး၊ သုံးလုံးလောက်ပဲ ကျန်တော့တာပါ။ ပြီးတော့ ထိုအသီးတွေက ကောင်းတဲ့အသီးတွေလည်း မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အသီးတစ်လုံးလုံးက နတ်ဆိုးချီတွေနဲ့ ပြည့်နေတာကိုး။

အရှေ့ဘက်ကို ဆက်လျှောက်သွားနေရင်းနဲ့ နတ်ဆိုးချီထုထဲ မသဲမကွဲ ပုံရိပ်တစ်ခုကို ရန်ကိုင် တွေ့လိုက်ရတယ်။ ရန်ကိုင် မျက်ဆုံး ကျုံ့သွားခဲ့ပြီး နေရာမှာပဲရုတ်တရက် အေးခဲသွားခဲ့ကာ သတိအပြည့်နဲ့ အရှေ့ဘက်ကို စူးစိုက်ကြည့်နေလိုက်ရင်း အစစ်အမှန်ချီကို တိတ်တဆိတ် လှည့်ပတ်ထားလိုက်တယ်။

ဒီလိုနေရာမျိုးမှာ သူ့ရဲ့ ကောင်းကင် စိတ်အာရုံကို အသုံးမပြုရဲပါဘူး။ ကောင်းကင်စိတ်အာရုံက ဝိဥာဉ်နန်းတော်ကနေ ထွက်သွားလိုက်တာနဲ့ ချက်ချင်း ပျက်စီးသွားလိမ့်မှာကိုး။ ထို့ကြောင့်ပဲ ထိုပုံရိပ် တည်ရှိနေတာကို သူသတိ မပြုမိတာပါ။

ဒါပေမယ့် ထိုပုံရိပ်ကနေ ထူးခြားတဲ့ ခံစားချက်တစ်ခုကို ရန်ကိုင် ရနေခဲ့တယ်။

ထိုပုံရိပ်ဆီကနေ မည်သည့်အသက်စွမ်းအင်ကိုမှ သူမခံစာခဲ့ရပါဘူး။ သို့ပေမယ့် ထိုပုံရိပ်က တင်ပလင်ခွေ ထိုင်နေခဲ့ကာ အနက်ရောင် နတ်ဆိုးချီတွေကလည်း သူ့ဘေးနားမှာ သိပ်သည်းစွာ ရှိလို့နေခဲ့ပါတယ်။

“သေနေပြီ” နတ်ဆိုးအိုကြီးက ပြောလိုက်တယ်။ ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီး ထိုပုံရိပ်ဆီ ဖြေးဖြေးချင်း တိုးသွားလိုက်တယ်။

အနီးရောက်သွားတဲ့ အချိန်မှာတော့ ထိုပုံရိပ်ရဲ့ လည်ပင်းမှာ ရစ်ပတ်နေတဲ့ ချိန်းကြိုးတစ်ချောင်းကို သူတွေ့လိုက်ရတယ်။ ချိန်းကြိုးက အရမ်းကြီး မရှည်ပါဘူး။ မီတာဝက်လောက်ပဲ ရှိပါတယ်။

ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့တယ်။

ဘာလို့လဲဆိုတော့ သူခံစားမိနေခဲ့တဲ့ ယန်စွမ်းအင်ရဲ့ အရင်းအမြစ်က ထိုချိန်းကြိုး ဖြစ်နေလို့ပါပဲ။ ထိုချိန်းကြိုးကနေ ထွက်ပေါ်နေတဲ့ ယန်ချီအရှိန်အဝါက သူ့ရဲ့အစစ်အမှန်ယန်ယွမ်ချီထက် အများကြီး ပိုသိပ်သည်းပါတယ်။

ပြီးတော့ သူ့ဆီက အစစ်အမှန်ချီက ထိုချိန်းကြိုးကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါနဲ့ အနည်းငယ် ဆင်တူနေတာကို ရန်ကိုင် ခံစားမိလိုက်တယ်။

ဒါပေမယ့် အဲ့ဒါကလည်း အံ့ဩစရာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်တုန်းက ထိုချိန်းကြိုးဆီကနေ ထွက်ပေါ်နေတဲ့ ယန်ချီတွေကို သူစုပ်ယူခဲ့တာကိုး။

ထိုလူရဲ့ အဝတ်အစားတွေက ဖုန်ဖြစ်ကုန်ပါပြီ။ သူ့ခန္ဓာကိုယ်ကလည်း ခြောက်သွေ့နေခဲ့ပါတယ်။ ဒါပေမယ့် ထိုပိန်းပါးခြောက်သွေ့နေတဲ့ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတွေကို ထုတ်လွှတ်နေပါသေးတယ်။ ရစ်ခွေနဂါစမ်းချောင်းထဲမှာရှိတဲ့ နတ်ဆိုးချီတွေအားလုံးက ထိုလူရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေခဲ့တာပါ။

သေချာအနီးကပ် မကြည့်တာတောင် ထိုလူရဲရင်ဘတ်မှာ ကြီးမားတဲ့ ဒဏ်ရာတစ်ခုရှိနေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။

All Chapters