အခန်း (၂၉၁-၂၉၅)
Vol. 12 Ch. 291-295
အပိုင်း(၂၉၁) နတ်ဆိုးချုပ်နှောင် ချိန်းကြိုး
ရန်ကိုင်က ထိုပုံရိပ်ကို အချိန်နည်းနည်းကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် လေးအေးစက်တစ်ချက် စုပ်သွင်းလိုက်ကာ အော်ပြောလိုက်တယ် “ဒီလူဘယ်သူလဲ ဆိုတာ ငါသိတယ်”
“ဘယ်သူလဲ”
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ငါတို့ ကောင်းကင်စံအိမ်ရဲ့ တည်ထောင်သူ ဘိုးဘေးကိုယ်တိုင် သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးအရှင်သခင် ဖြစ်ရမယ်”
နတ်ဆိုးအိုကြီးက ကောင်းကင်စံအိမ်ရဲ့ နောက်ကြောင်းနဲ့ ပက်သက်ပြီး ဘာမှ သေချာမသိတဲ့အတွက် ရန်ကိုင်က ရှင်းပြလိုက်တယ်။
ရစ်ခွေနဂါးစမ်းချောင်းက ဓါးချက်တစ်ချက်ကြောင့် ဖြစ်တည်လာမှန်း ကြားလိုက်ရချိန်မှာတော့ နတ်ဆိုးအိုကြီးက ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့ပြီး အနည်းငယ် စိုးရိမ်နေတဲ့ လေသံနဲ့ ပြောလိုက်တယ် “နှဏ်ပေါင်းများစွာ ကြာတာတောင် ဒီနတ်ဆိုးအရှင်သခင်ရဲ့ အသားတွေက မခြောက်သွေ့သွားသေးဘူး။ သူအသက်ရှင်နေတုန်းကဆိုရင် ဒီနတ်ဆိုးအိုကြီးရဲ့ အထွတ်အထိပ် အခြေအနေနဲ့ တူညီနေလောက်တယ်”
ရန်ကို တိတ်တဆိတ် တုန်လှုပ်သွားခဲ့ရတယ်။
ထိုလူက သေသွားတာ နှစ်ပေါင်းများစွာ ကြာပြီးတာတောင့် သူ့ခန္ဓာကိုယ်က အပြည့်အဝ မပျက်စီးသွားခဲ့ သေးပါဘူး။ အဲ့အပြင် ရစ်ခွေနဂါးစမ်းချောင်း တစ်ခုလုံး ပြည့်နှက်သွားစေတဲ့ နတ်ဆိုးချီတွေကိုတောင် ထုတ်လွှတ်ခဲ့ပါသေးတယ်။ သူအသက်ရှင် နေတုန်းကဆိုရင် ဘယ်လောက်တောင်များ စွမ်းအားကြီးမားလိုက်မလဲ။
သူ့ကို သတ်ဖြတ်ခဲ့တဲ့ ကောင်းကင်စံအိမ်ရဲ့ တည်ထောင်သူကကော ဘယ်လောက်တောင်များ ကြောက်ဖို့ကောင်းလိုက်မလဲ။
ထိုခွန်အားအဆင့်မျိုးက အချိန်တိုးလေးအတွင်း ရန်ကိုင် ရရှိနိုင်တဲ့ ခွန်အားမျိုး မဟုတ်ပါဘူး။ ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ် သေသေချာချာ စူးစမ်းလိုက်ပြီးနောက် ရန်ကိုင်က ထိုင်ချလိုက်ကာ ပြုံးလိုက်တယ်။
သူထိုင်လိုက်တဲ့နေရာက ဂိုဏ်းချုပ်၏ ဒုတိယတပည့် ထိုင်လေ့ကျင့်ခဲ့တဲ့ နေရာပဲ ဖြစ်ရပါမယ်။ ထိုနေရာမှာ နှစ်တော်တော်များ ထိုင်သွားခဲ့တဲ့ အကြွင်းအကျန် သဲလွန်စ တစ်ခုခုတော့ ကျန်ခဲ့မှာပါ။
တစ်နည်းဆိုရရင်တော့ ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်က သေဆုံးသွားတဲ့ နတ်ဆိုးအရှင်သခင်က အားကောင်းတဲ့ အမွေအနှစ် တစ်မျိုးမျိုးကို ရရှိခဲ့တဲ့အတွက် သူ့အရင်ခွန်အားကို ပြန်ရရှိပြီး နတ်ဆိုးကျင့်စဉ်မှာ အဆင့်တက်သွားခဲ့ကာ အကျဉ်းချခံထားရာကနေ လွတ်မြောက်သွားခဲ့တာပါ။
ဂိုဏ်းချုပ်က သူ့ကို ရစ်ခွေနဂါးစမ်းချောင်းမှာ ချုပ်နှောင်ထားခဲ့ လိုက်တာ သူ့အတွက် ထိုကဲ့သို့ အခွင်းအရေးကြီးမျိုးကို ဖန်တီးပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။
အရားအားလုံးက မတည်မြဲပါဘူး။ ဘာက ကံကောင်းမှုလဲ၊ ကံဆိုမှုလဲဆိုတာကို ဘယ်သူမှ သေချာ မပြောနိုင်ပါဘူး။
“သခင်လေး…” နတ်ဆိုးအိုကြီးက ရုတ်တရက် အော်ခေါ်လိုက်တယ်။ သူ့လေသံထဲ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်နေသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့ပါတယ် “အဲ့နတ်ဆိုးအရှင်သခင်ရဲ့ ကိုယ်က ချိန်းကြိုးကို သခင်လေး ဖယ်ရှားပေးလို့ရလား”
“ရတာပေါ့” ရန်ကိုင်က ထိုချိန်းကြိုးက သာမန်မဟုတ်တာကို အစောကြီးကတည်းက တွေ့ရှိပြီးသွားပါပြီ။ ထိုချိန်းကြိုးကနေ နေကဲ့သို့ ပူပြင်းလှသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့တဲ့ အတွက် ထိုချိန်းကြိုးက နတ်ဆိုးချီတွေကို ထိန်းချုပ်ဖို့ အထူးသီးသန့် ပြုလုပ်ထားတဲ့ ယန်အထူးပြု ရတနာတစ်မျိုးဆိုတာ သံသယရှိစရာ မလိုပါဘူး။ ရန်ကိုင်လေ့ကျင့်တဲ့ အစစ်အမှန်ယန်ကျင့်စဉ်ကလည်း ထိုလက်နက်နဲ့ လိုက်ဖက်နေမှာတော့ သူက ထိုချိန်းကြိုးကို ဒီအတိုင်း ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ။
ထိုချိန်းကြိုးက နတ်ဆိုးအရှင်ရဲ့ နတ်ဆိုးချီစွမ်းအင်တွေကို ဖိနှိပ်ဖို့ ကောင်းကင်စံအိမ်ရဲ့ တည်ထောင်သူ ဘိုးဘေးချန်ထားခဲ့တာ ဖြစ်ရပါမယ်။ ဒါပေမယ့် ဂိုဏ်းချုပ်၏ ဒုတိယတပည့်ကြောင့် ထိုချိန်းကြိုးက စွမ်းရည်တွေကို ဆုံးရှုံးသွားတဲ့ ပုံပါပဲ။ ထို့ကြောင့် ထိုချိန်းကြိုးကို ဒီနေရာမှာ ထားထားလို့လည်း ဘာအကျိုးမှ မရှိတော့ပါဘူး။
“ဒါပေမယ့် ကျုပ်က လက်မခံရင်ရင်တောင် ခင်ဗျားနဲ့ဘာဆိုင်လို့လဲ” ရန်ကိုင်က သံသယလေသံနဲ့ မေးလိုက်တယ်။
“ဟဲဟဲ…” နတ်ဆိုးအိုကြီးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “သခင်လေးသာ အဲ့ချိန်းကြိုးကို ဖယ်ပေးနိုင်မယ်ဆိုရင် ဒီက အစေခံအိုကြီးက ဒီနတ်ဆိုးအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ကြိုးစားကြည့်လို့ ရတာပေါ့”
“ခင်ဗျားက သူ့ခန္ဓာကိုယ်ကို ဓါးပြတိုက်ချင်နေတာလား” ရန်ကိုင် အမူအရာက မသိမသာလေး ပြောင်းလဲသွားခဲ့တယ်။
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး…” နတ်ဆိုးအိုကြီးက ခပ်မြန်မြန်ပဲ ငြင်းဆိုလိုက်တယ် “ဒီလူရဲ့ ဝိဥာဉ်က ဖျက်စီးခံထားရတာ ကြာသွားပြီ။ သူ့မှာ ခန္ဓာကိုယ် သက်သက်ပဲ ကျန်တာ့တာလေ။ အဲ့တော့ ဒီအစေခံအိုကြီးရဲ့ ဝိဥာဉ်က သူ့ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ကြိုးစားတာကို ဓါးပြတိုက်တယ်လို့ ယူဆလို့ မရဘူးလေ”
“ခင်ဗျားအောင်မြင်နိုင်မယ်လို့ ဘယ်လာက်အထိ ယုံကြည်ချက်ရှိလဲ”
“အင်း၊ နည်းနည်းပါးပါးတော့ ရှိတာပေါ့။ သူအသက်ရှင်နေတုန်းက သူက နတ်ဆိုးအရှင်သခင် တစ်ယောက်လေ။ ပြီးတော့ သူ့အရှိန်အဝါက ဒီအစေခံအိုကြီးရဲ့ အရှိန်အဝါနဲ့ အတူတူပဲ ဆိုတော့ သူ့ခန္ဓာကိုယ်ကို အပိုင်စီးဖို့က ပိုလွယ်ကူသွားတာပေါ့” နတ်ဆိုးအိုကြီးက ပြုံးလိုက်ပြီး “ဒါပေမယ့် တစ်ယောက်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးတာက သခင်လေးထင်သလောက် မလွယ်ကူနေဘူး။ ခန္ဓာကိုယ် တစ်ခုချင်းစီက သူအရင်ပါလာတဲ့ ဝိဥာဉ်နဲ့ အလိုက်ဖက်ဆုံးပဲ။ အဲဒါကြောင့် ဝိဥာဉ်တစ်ခု အတွက် အခြားသူတစ်ယောက်နဲ့ ခန္ဓာကိုယ်ထဲမှာ ရှင်သန်ဖို့ဆိုတာက ခက်တော့ခက်ခဲတယ်”
“ဒါဆိုရင် ကျုပ်ကို မြင်တာနဲ့ ဘာလို့ ကျုပ်ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ချက်ချင်း ကြိုးစားခဲ့တာလဲ” ရန်ကိုင် နှုတ်ခမ်းအစုံက ကွေးတက်သွားခဲတယ်။
နတ်ဆိုးအိုကြီးက ရယ်မောလိုက်ပြီး “အဲ့တုန်းက မဖြစ်မနေ လုပ်လိုက်ရတာ မို့လို့ပါ။ အစေခံအိုကြီး အဲ့နေရာမှ ပိတ်မိနေတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ။ အစေခံအိုကြီးက နိုးလာလာချင်းပဲ သခင်လေးနဲ့ တန်းတွေ့ခဲ့ရတာ။ သခင်လေး မခုခံခဲ့ရင်တောင်မှာ ဒီအစေခံအိုကြီးမှာ ကျရှုံးနိုင်ချေ ရှိသေးတယ်”
“အဲ့လိုဆိုရင် အကျိုးဆက်တွေကကော”
“သခင်လေးရဲ့ ဝိဥာဉ်သာ ဒီအစေခံအိုကြီး ဝါးမြိုတာကို ခံလိုက်ရမယ် ဆိုရင် ဒီအစေခံအိုကြီးက သခင်လေးရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှာပေါ့။ ဒါပေမယ့် အများဆုံးမှ သခင်လေးရဲ့ ခန္ဓာကိုယ်က လဝက်ကနေ တစ်လလောက်ပဲ ဆက်ပြီး ရှင်သန်နိုင်မှာ။ တစ်လကျော်သွားရင်တော့ သခင်လေးရဲ့ ခန္ဓာကိုယ်က ပုပ်သိုးဆွေးမြေ့သွားလိမ့်မယ်။ အဲ့အချိန်ကျရင် ဒီအစေခံအိုကြီး ကောင်းကင်နဲ့ မြေပြင်ကြား သွားလာနေရတဲ့ လေလွင့်ဝိဥာဉ်တစ်ခု ဖြစ်သွားလိမ့်မယ်” နတ်ဆိုးအိုကြီးက အကျိုးဆက်တွေကို ရှင်းပြလိုက်တယ်။ နတ်ဆိုးအိုကြီး ရှင်းပြတာကို ကြားလိုက်တာနဲ့ ရန်ကိုင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့တယ်။
ကံကောင်းစွာနဲ့ ရွှေရောင်အရိုးခြောက်ကို ပိုင်ထားလို့သာပေါ့။ မဟုတ်ရင်တော့ သူ့သေဆုံးမှုက အချည်းနှီး ဖြစ်သွားရပါလိမ့်မယ်။
“အပိုင်းစီးတာက အောင်အောင်၊ မအောင်အောင် စိတ်စွမ်းအင်ကတော့ တော်တော်လေး ကုန်သွားမှာပဲ။ အဲ့ဒါကြောင့်ပဲ အားကောင်းတဲ့ ဝိဥာဉ်တွေတောင် အခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့ မကြိုးစားကြာတာ။ နောက်ဆုံး လုံးဝကို ရွေးစရာမရှိတော့မှပဲ အဲ့လိုလုပ်ကြာတာ များတယ်” နတ်ဆိုးအိုကြီးက စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်တယ်။
“ဒီလူရဲ့ ခန္ဓာကိုယ်ကကော ခင်ဗျားရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီလား”
“အင်း၊ အစေခံအိုကြီး အနေနဲ့ ဒီလူရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ ရနိုင်တယ်။ အောင်မြင်သွားတာနဲ့ အစေခံအိုကြီး အနေနဲ့ ပိုပြီး သန်မာလာနိုင်ပြီး သခင်လေးကို ပိုပြီး ကူညီလာနိုင်လိမ့်မယ်” နတ်ဆိုးအိုကြီးက ရှင်းပြလိုက်တယ်။ ရန်ကိုင်နဲ့ ၂နှစ်လောက် ကြာအောင် အတူတူ နေခဲ့ပေမယ့် ဒီနှစ်ပေါင်းထောင်ကျော်လောက် ရှင်သန်ခဲ့တဲ့ နတ်ဆိုးအိုကြီး ရန်ကိုင်ကို များများ စားစား မကူညီနိုင်ခဲ့ပါဘူး။ အခု သူ့ရှေ့မှာ အခွင်းအရေးက ရောက်နေပြီ ဆိုတော့ သူကလည်း ဘယ်လက်လွှတ်ခံချင်ပါ့မလဲ။
“ကောင်းပြီ။ ငါကလည်း အဲ့ဒါကို မျှော်လင့်နေတာ” ရန်ကိုင်က ပြုံးလိုက်ပြီး နတ်ဆိုးအိုကြီး၏ တောင်းဆိုချက်ကို လိုက်လျောလိုက်တယ်။
ထို့နောက် နတ်ဆိုးအရှင်သခင်နား လမ်းလျှောက်သွားလိုက်ပြီး ချိန်းကြိုးကို လှမ်းကိုင်လိုက်ကာ အစစ်အမှန်ယန်ချီတွေကို ချိန်းကြိုးထဲ ထည့်သွင်းလိုက်တယ်။
နေ့တစ်ဝက်လောက် ကြာပြီးနောက် ချိန်းကြိုးက ရွှေရောင်အလင်းတန်း အဖြစ်ပြောင်းလဲသွားပြီး ရန်ကိုင် ကိုယ်ထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။ ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်လည်း အနည်းငယ် ကြောင်သွားခဲ့တယ်။
အစတုန်းကတော့ ချိန်းကြိုးလိုမျိုး အားကောင်းတဲ့ ရတနာတစ်ခုကို သန့်စင်ဖို့ အချိန်အတော်ကြာကြာ လိုမယ် ထင်ထားခဲ့တာပါ။ ဒီနေရာမှာ ၁လ၊၂လလောက် ကြာအောင် နေဖို့တောင် ပြင်ဆင်ပြီးသွားပါပြီ။ ဒါပေမယ့် ချိန်းကြိုးကို သန့်စင်တာက ဒီလောက်အထိ လွယ်ကူလိမ့်မယ်လို့တော့ သူတစ်ခါ မထင်ထားခဲ့ပါဘူး။
ချိန်းကြိုးပျောက်ကွယ် သွားတာနဲ့ နတ်ဆိုးအရှင်သခင်နား လှည့်ပတ်နေတဲ့ နတ်ဆိုးချီတွေက လွတ်လပ်သွားသည့်အလား ပေါက်ကွဲထွက်လာခဲ့ပြီး ချောက်နက်အပေါ်ကို ထိုးတက်သွားခဲ့တယ်။ ထို့ပြင် နတ်ဆိုးအရှင်သခင်၏ ကိုယ်ကနေလည်း အဆုံးမရှိပုံရတဲ့ နတ်ဆိုးချီတွေ လှိမ့်ထွက်လာပါတော့တယ်။
ရန်ကိုင် မျက်နှာအမူအရာက ချက်ချင်း လေးနက်သွားခဲ့ပြီး ဝိဥာဉ်ဖျက်စီးခြင်း အရိုးကို ချက်ချင်း ဆင့်ခေါ်လိုက်တယ်။
နတ်ဆိုးအိုကြီး၏ ဝိဥာဉ်က ဝိဥာဉ်ဖျက်စီးခြင်း အရိုးထဲ ဝင်ရောက်သွားပြီးနောက် ထိုမှတစ်ဆင့် နတ်ဆိုးအရှင်သခင်၏ ခန္ဓာကိုယ်ထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။
လှိမ့်ထွက်နေတဲ့ နတ်ဆိုးချီတွေလည်း တစ်မုဟုတ်ချည်း ငြိမ်ကျသွားခဲ့တယ်။ နတ်ဆိုးအိုကြီးက ထိုခန္ဓာကိုယ်ကို ထိန်းချုပ်နေလို့ ဖြစ်လောက်ပါတယ်။
ရန်ကိုင်က အကြိမ်အနည်းငယ်လောက် ခေါ်နေပေမယ့် နတ်ဆိုးအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကနေ နတ်ဆိုးချီတွေ ထွက်ပေါ်စီးဆင်းနေတဲ့ ပုံစံအရတော့ နတ်ဆိုးအိုကြီးက ထိုခန္ဓာကိုယ်နဲ့ သဟဇာတ ဖြစ်အောင် လုပ်နေပြီဆိုတာကို ရန်ကိုင် ခန့်မှန်းမိလိုက်တယ်။
သူမသိတဲ့တစ်ချက်က ထိုဖြစ်စဉ်က ဘယ်လောက်ကြာမလဲ ဆိုတာကိုပါပဲ။
ဒါက နတ်ဆိုးအိုကြီးကိုယ်တိုင် တိုက်ခိုက်ရမယ့် တိုက်ပွဲ။ သူဝင်ပြီး ကူညီပေးလို့ မရပါဘူး။ ရွေးချယ်စရာ မရှိတော့တာနဲ့ ရန်ကိုင်က တင်ပလင်ခွေ ထိုင်ချလိုက်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်တယ်။
ဒီနေရာက မိစ္ဆာချီက အရမ်းသိပ်သည်းလွန်းလို့ ရန်ကိုင်အနေနဲ့ ဝိဥာဉ်နန်းတော် ပညာရပ်ကိုတောင် မလေ့ကျင့်နိုင်တော့ပါဘူး။ ကောင်းကင်စိတ်အာရုံက သူ့စိတ်ထဲက ဝင်္ကပါအကာအကွယ်ကနေ ထွက်သွားလိုက်တာနဲ့ နတ်ဆိုးချီတွေ တိုက်စားတာကို ချက်ချင်းပဲ ခံလိုက်ရပါတယ်။ သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင် ဘူးဆိုရင် ဘေးပတ်ဝန်းကျင်ကို နတ်ဆိုးချီတွေကို သူ့စိတ်ထဲသို့ ဆွဲယူလို့ ရတော့လိမ့်မည် မဟုတ်ပါဘူး။
ရန်ကိုင်လည်း ပျင်းလာတာနဲ့ သူသန့်စင်ခဲ့တဲ့ ချိန်းကြိုးကို ထုတ်ယူလိုက်တယ်။
ထိုလက်နက်ရဲ့ အရည်အသွေးက တကယ်မြင့်ပါတယ်။ ပြီးတော့ ချိန်းကြိုးကို လုပ်ထားတဲ့ ပစ္စည်းကိုလည်း သူမသိပါဘူး။ ဒါပေမယ့် ထိုချိန်းကြိုးက ကောင်းကင်စံအိမ် တည်ထောင်သူ ချန်ခဲ့တာ ဖြစ်တဲ့အတွက် ကျိန်းသေအားနည်းလိမ့်မှာ မဟုတ်ပါဘူး။
ချိန်းကြိုးက မီတာဝက်လောက်သာ ရှည်ပြီး အကွင်းကတော့ လူသားလည်ပင်းတစ်ခု ကာရုံလောက်ပါပဲ။ သေချာ အနီကပ် စစ်ဆေးကြည့်လိုက်တော့ ထိုအကွင်းထဲမှာ ရေးထွင်းထားတဲ့ စာလုံးကို ရန်ကိုင် တွေ့လိုက်ရတယ် “နတ်ဆိုးချုပ်နှောင်ချိန်းကြိုး”
သာမန်ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ထိုချိန်းကြိုးက လုံးဝကို အသုံးမဝင်ပါဘူး။ ထိုချိန်းကြိုးက မိစ္ဆာတွေအတွက် သီးသန့်လုပ်ထားတဲ့ ပုံပါပဲ။ ထိုချိန်းကြိုးကို ခဏကြာအောင် စစ်ဆေးလိုက်ပြီးနောက် ရန်ကိုင် ကြောင်သွားခဲ့တယ်။
ဂိုဏ်းချုပ်ရဲ့ ဒုတိယတပည့်က နတ်ဆိုးအရှင်သခင်ဆီကနေ အမွေအနှစ် တစ်ခုခု ရခဲ့ပြီး သူ့ခွန်အားကို ပြန်ရခဲ့ပါတယ်။ ထို့အပြင် သူလေ့ကျင့်တဲ့ မိစ္ဆာကျင့်စဉ်တောင် အဆင့်တက် သွားခဲ့ပါသေးတယ်။ နတ်ဆိုးအရှင်သခင်ဆီက အမွေအနှစ်ကို ရခဲ့မှတော့ ထိုချိန်းကြိုးရဲ့ တည်ရှိမှုကိုလည်း သူသိထားရပါမယ်။
ဒါပေမယ့် ဒုတိယတပည့်က ထိုချိန်းကြိုးကို ယူမသွားခဲ့ပါဘူး။ ထိုအချက်ကို ကြည့်ရုံနဲ့တင် ထိုချိန်းကြိုးက မိစ္ဆာကျင့်ကြံသူတွေကို ဘယ်လောက်တောင် ဒုက္ခပေးနိုင်တယ် ဆိုတာ တွေ့မြင်နိုင်ပါတယ်။
သူသာ အခွင့်အရေး တစ်ခုခုရှာပြီး ထိုချိန်းကြိုးကို ဒုတိယတပည့်ရဲ့ လည်ပင်း၌ စွပ်နိုင်ခဲ့မယ်ဆိုရင် နတ်ဆိုးအရှင်သခင် ဖြစ်ဖြစ်၊ နတ်ဆိုးဘုရင် ဖြစ်ဖြစ်၊ သူတို့ခွန်အားက ကျိန်းသေချိတ်ပိတ်ခြင်း ခံလိုက်ရမှာပါ။
ဒါက ထိုကောင်တွေနဲ့ ရင်ဆိုင်ဖို့ တကယ့်ကို လက်နက်ကောင်းတစ်ခုပါပဲ။
နတ်ဆိုးအရှင်သခင် ဖြစ်လာတဲ့ ဂိုဏ်းတူဦးလေး အကြောင်း တွေးလိုက်ရင်း ရန်ကိုင် ဆုံးဖြတ်ချက် ချလိုက်တယ်။ ထိုလူကြောင့် လင်းတိုင်ရှုအနေနဲ့ သိုင်းလမ်းစဉ်အပေါ်မှ ၁၀နှစ်လောက်ကြာအောင် အဆင့်မတက်နိုင် ဖြစ်ခဲ့ရတယ်။ သူ့အဖေလည်း ထိုကောင့်ကြောင့်ပဲ ဒဏ်ရာရပြီး အခုထိ ပြန်မသက်သာနိုင် ဖြစ်နေခဲ့ရပါတယ်။
ရန်ကိုင်က သိုင်းကျင့်လို့ မရပဲ မွေးဖွားလာခဲ့ရတာက ထိုလူကြောင့်ဆိုလည်း မမှားပါဘူး။ ထို့ကြောင့် သူတို့နှစ်ယောက် ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူး ဆိုရင်တောင် ထိုလူက သူ့ရဲ့ ရန်သူပါပဲ။
ရန်ကိုင်က သူ့ရန်သူတွေကို ဘယ်တော့မှ ကောင်းမွန်တဲ့ ဘဝမှာ နေခိုင်းစေလေ့ မရှိပါဘူး။
အေးစက်စက် အမူအရာကို ဆင်မြန်းရင်း ရန်ကိုင်က ထိုချိန်းကြိုးကို သူ့ကိုယ်ထဲ ပြန်ထည့်ထားလိုက်တယ်။ အစစ်အမှန်ယန်ချီနဲ့သာ ထိုချိန်းကြိုးကို ဖြည်းဖြည်းချင်း ပြုပြင်သွားမယ် ဆိုရင် တစ်နေ့ကျ ထိုချိန်းကြိုးကို ပြန်အသုံးပြုနိုင်ပါလိမ့်မယ်။
ရက်ပေါင်းများစွာကြာအောင် နတ်ဆိုးအိုကြီး ခန္ဓာကိုယ်အသစ်နဲ့ နေသားကျအောင် လုပ်နေခဲ့တယ်။ ရန်ကိုင် ဘဘ်လောက်ပဲ ခေါ်ခေါ် သူပြန်မထူးခဲ့ပါဘူး။ ငါးရက်မြောက်နေ့မှာတော့ နတ်ဆိုးအိုကြီးရဲ့ အားနည်းနေတဲ့ အသံထွက်ပေါ်လာခဲ့တယ် “သခင်လေး…”
“အခြေအနေ ဘယ်လိုလဲ” ရန်ကိုင်က အလျင်စလို မေးလိုက်တယ်။
“အောင်မြင်ခါနီးနေပြီ” နတ်ဆိုးအိုကြီးက အမောတကော အသက်ရှုရင်း ပြောလိုက်တယ်။ သူ့စိတ်စွမ်းအင် တော်တော်လေး ကုန်သွားတဲ့ ပုံပါပဲ။ ဘေးပတ်ဝန်းကျင် တစ်ခုလုံးက နတ်ဆိုးချီတွေနဲ့ ပြည့်နေတာ သူ့အတွက် တော်တော်လေး ကံကောင်းသွားခဲ့တယ်။
“ဒါပေမယ့် အစေခံအိုကြီး အနေနဲ့ ဒီပတ်ပတ်လည်က နတ်ဆိုးချီတွေ အကုန်လုံးကို စုပ်ယူဖို့ လိုသေးတယ်။ မဟုတ်ရင် အစေခံအိုကြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး”
“ဘယ်လောက်ကြာမလဲ”
“အနည်းဆုံး လနဲ့ချီပြီး ကြာလိမ့်မဘ်”
“အရမ်းကြာလွန်းတယ်… ကျုပ် ခင်ဗျားကို အဲ့လောက်အထိ မစောင့်နိုင်ဘူး” ရန်ကိုင်က ပြောရင်း မတ်တပ်ရပ်လိုက်တယ်။
“ကောင်းတယ်၊ သခင်လေး ကိစ္စတွေကို အရင်သွားလုပ်နှင့်လေ။ ဒီက ကိစ္စ ပြီးသွားတာနဲ့ သခင်လေးကို ဒီအစေခံအိုကြီး လာရှာမယ်” ပြောလို့ မပြီးသေးခင်မှာပဲ နတ်ဆိုးအိုကြီးက ရစ်ခွေနဂါးစမ်းချောင်းထဲမှာရှိတဲ့ နတ်ဆိုးချီတွေကို စတင်စုပ်ယူပါတော့တယ်။ ပတ်ပတ်လည်မှာ ရှိတဲ့ နတ်ဆိုးချီတွေကလည်း ဆွဲယူခြင်း ခံလိုက်ရသည့်အလား နတ်ဆိုးအရှင်သခင် ခန္ဓာကိုယ်ထဲကို တိုက်ရိုက်တိုးဝင်သွားပါတော့တယ်။
နတ်ဆိုးအရှင်သခင်ရဲ့ ခန္ဓာကိုယ်က အဆုံးမရှိတဲ့ တွင်းပေါက်တွေအလား နတ်ဆိုးချီတွေကို စုပ်ယူနေခဲ့တယ်။ တစ်ခဏလောက် စောင့်ကြည့်နေ လိုက်ပြီးနောက် ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ယန်မီးတောက်တောင်ပံကို သုံးကာ ရစ်ခွေနဂါးစမ်းချောင်းအပေါ်ကို ပျံတက်သွားလိုက်တယ်။
ကောင်းကင်စံအိမ်က ကျဉ်းထဲကြပ်ထဲ ရောက်နေပါတယ်။
ကောင်းကင်စံအိမ်ရဲ့ တပည့်တော်တော် များများကလည်း စံအိမ်ကနေ ထွက်ခွါကုန်ကြပါပြီ။ အခြားလူတွေကလည်း လင်းတိုင်ရှုရဲ့ အမိန့်အတိုင်း ချက်ချင်း ထွက်သွားကြပါတယ်။
အခုဆို ကောင်းကင်စံအိမ်မှာ လူ၁၀၀လောက်ပဲ ကျန်ရှိပါတာ့တယ်။ ထိုလူတွေက ကောင်းကင်စံအိမ်ကနေ ထွက်ခွါဖို့ ငြင်းဆိုပြီး ကောင်းကင်စံအိမ်နဲ့အတူ ကျဆုံးဖို့ ဆုံးဖြတ်ချက် ချထားတဲ့ လူတွေပါ။
ထိုကဲ့သို့ ဆုံးဖြတ်ချက်ချထားတဲ့ လူတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ လင်းတိုင်ရှုလည်း သူတို့တွေကို ဆက်ပြီး တွန်းအား မပေးတော့ပါဘူး။
စုယန်လည်း ထိုလူတွေထဲက တစ်ယောက်အပါအဝင်ပါပဲ။ လွန်ခဲ့တဲ့ နှစ်လတုန်းက အစစ်အမှန်ဒြပ်စင်အဆင့်၉သို့ အောင်အောင်မြင်မြင်နဲ့ သူမ အဆင့်ချိုးဖျက်သွားနိုင်ခဲ့ပါတယ်။ အခုဆို အင်မော်တယ် တက်လှမ်းခြင်းအဆင့်သို့ ဝင်ရောက်ဖို့ စတင်ပြင်ဆင်နေပါပြီ။
စုယန်နှင့် မျက်နှာချင်းဆိုင်ကာ စုံတွဲကျင့်စဉ်ကို လေ့ကျင့်နေရင်း ရန်ကိုင်က လွန်ခဲ့တဲ့ လအတွင်း ကောင်းကင်စံအိမ်မှာ ဘာတွေ ဖြစ်ပျက်သွားလဲဆိုတာကို စုယန်က ပြန်ရှင်းပြနေတာကို နားထောင်နေလိုက်တယ်။
ခါးသီးတဲ့ ခံစားချက်တစ်ခုက သူ့စိတ်ထဲ ပျံ့နှံ့လာခဲ့တယ်။ တစ်ချိန်တုန်းက ဂုဏ်ယူဖွယ်ကောင်းတဲ့ ဂိုဏ်းကြီးဟာ အခုအချိန်မှာတော့ ပြိုလဲကျလုမတတ် ဖြစ်နေခဲ့ပါပြီ။ ဒါက ဒီမှာ ရှိနေတဲ့ လူပေါင်းများစွာ လက်မခံနိုင်တဲ့ အချက်တစ်ချက်ပါ။ လင်းတိုင်ရှုတောင် မကူညီနိုင်ပါဘူ။
နတ်ဆိုးအရှင်သခင်က ကောင်းကင်စံအိမ်ကနေ ထွက်ပေါ်လာတယ် ဆိုတဲ့ သတင်းက အနှေးနဲ့အမြန် ပျံ့သွားတော့မှာပါ။ လင်းတိုင်ရှုအနေနဲ့ သာမန်တပည့်တွေအတွက် မတရားရာကျမှာ စိုးလို့ ထိုတပည့်တွေကို ဂိုဏ်းကနေ ထွက်သွားဖို့ အမိန့်ပေးရုံပဲ တတ်နိုင်ခဲ့ပါတယ်။
Martial Peak
အပိုင်း(၂၉၂) အဲ့ဒါ… ချူမိသားစုပဲ
ကောင်းကင်စံအိမ်ရဲ့ ပြောင်းလဲမှုတွေကို အနီးအနားမှာ ရှိတဲ့ သွေးတိုက်ပွဲဂိုဏ်းနဲ့ မုန်တိုင်စံအိမ်က လူတွေလည်း မသိပဲ မနေပါဘူး။ လွန်ခဲ့တဲ့ ရက်အတောအတွင်း ဟူညီအစ်မ နှစ်ယောက်က ကောင်းကင်စံအိမ်ဆီ အကြိမ်းပေါင်းများစွာ လာရောက်လည်ပတ်ခဲ့ပြီး စုယန်ကို နှစ်သိမ့်စကား ပြောခဲ့ကြပါတယ်။ ရန်ကိုင် အကြောင်း သတင်းမေးမြန်းဖို့ ကလည်း ပါတာပေါ့။
ဒါပေမယ့် အခြားသော သွေးတိုက်ပွဲဂိုဏ်းသား တွေကတော့ ဟူညီအစ်မ နှစ်ယောက်လို မဟုတ်ကြပါဘူး။ ကောင်းကင် အမွေအနှစ် လိုဏ်ဂူ မဖွင့်ခင်တုန်းက မန်ဝူရက သွေးတိုက်ပွဲဂိုဏ်းရဲ့ အားအကောင်းဆုံး ကျင့်ကြံသူ ၁၀ယောက်နဲ့ တိုက်ခိုက်ပြီး သွေးတိုက်ပွဲဂိုဏ်းကို အရှက်ရစေခဲ့ပါတယ်။
ပြီးတော့ ထိုတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ လုံကျိုင်းရှန်ဆိုရင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီး အခုထိ ပြန်မကောင်းနိုင်သေးပါဘူး။ ထို့ကြောင့် ကောင်းကင်စံအိမ်က အခုလို ကပ်ဘေးကို ရင်ဆိုင်နေရချိန်မှာတော့ သွေးတိုက်ပွဲဂိုဏ်းက အကြီးအကဲတွေက အခွင့်ရေးရတုန်းက အနာပေါ် ဆားပက်ကြပါတယ်။
သွေးတိုက်ပွဲဂိုဏ်းခေါင်းဆောင် ဟူမန်ကလည်း မျက်စိတစ်ဖက်ပိတ်၊ တစ်ဖက်ဖွင့် လုပ်ပြီး လုံကျိုင်းရှန်ကို လုပ်ချင်သလို လုပ်ခွင့် ပေးထားလိုက်တယ်။ မုန်တိုင်းစံအိမ်ကလည်း ကောင်းကင်စံအိမ်ကနေ ထွက်လာတဲ့ တပည့်တွေကို လက်ခံပြီး သူတို့ဆီကနေ ကောင်းကင်စံအိမ်ရဲ့ နှစ်ပေါင်းများစွာ အမွေအနှစ်တွေကို ညစ်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။
ဟုတ်တာပေါ့၊ သူတို့အခြေအနေ ဘယ်လောက် ဆိုးရွားနေလဲ ဆိုတာက ကောင်းကင်စံအိမ်မှာ ရှိနေတဲ့ လူတွေထက် ဘယ်သူမှ ပိုနားမလည် နိုင်ကြပါဘူး။
“ဒီတစ်ကြိမ် ဂိုဏ်းအခြေအနေ ပြေလည်သွားတာနဲ့ ငါတို့ ဘယ်သွားကြမလဲ” စုယန်က ဖွဖွလေး သက်ပြင်းချရင်း မေးလိုက်တယ်။ သူမက ငယ်စဉ်ကတည်းက ကောင်းကင်စံအိမ်မှာ ကြီးပြင်းလာတဲ့တာပါ။ ကောင်းကင်စံအိမ်က သူမအိမ်လို ဖြစ်နေပါပြီ။ ဒါပေမယ့် အခုတော့ ကောင်းကင်စံအိမ်က ကျဉ်းထဲကြပ်ထဲ ရောက်နေခဲ့တယ်။ သူမက အခြားသူတွေထက် ပိုပြီး တည်ငြိမ်တယ် ဆိုရင်တောင် သူမစိတ်ထဲ ဝမ်းနည်းမိသလို ခံစားရမှာတော့ အမှန်အကန်ပါပဲ။
သူမစကားတွေကို ကြားလိုက်တာနဲ့ ရန်ကိုင်က အသာအယာလေး ပြုံးလိုက်ပြီး သူမလက်ကလေးတွေကို ညစ်လိုက်ကြာ စုယန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ ထို့နောက် သူ့လက်ချောင်းလေးနဲ့ သူမလက်ချောင်းလေးတွေနဲ့ ကစားနေလိုက်ပြီး သူမမျက်နှာကို သူ့မျက်နှာနားဆီ ကပ်လိုက်တယ်။ သုန်မှုန်နေတဲ့ စိတ်အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာခဲ့တယ်။
“အဲ့လိုတွေ ဖြစ်လာခဲ့ရင် ဆေးဘုရင်တောင်ကြား တိမ်ဖုံးတောင်ထွတ်ဆီ သွားပြီး ဘဏ္ဏာထိန်းမန်၊ စီနီယာမမလေးနဲ့ သွားပေါင်းကြမယ်လေ” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်တယ်။
ရှောင်ဖူချန်းရဲ့ ဂုဏ်သတင်းနဲ့ဆိုရင် သူတို့လို လူနည်းနည်းလေးကို ကာကွယ်ပေးထားတာက ရှောင်ဖူချန်းကို ဘာမှ ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ သူက ရန်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက် ဆိုပေမယ့် အခု ရန်မိသားစုဆီကို ပြန်လို့မရသေးတော့ စုယန်ကိုလည်း ရန်မိသားစုက ခေါ်သွားလို့ မရသေးပါဘူး။
စုယန်က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ချိုမြစွာ ပြုံးလိုက်ပြီး “ဂျူနီယာညီမလေးရှနဲ့ စကားမပြောရတာတောင် တော်တော် ကြာနေပြီ။ အခု နင်တို့နှစ်ယောက်…”
“ဘာမှ မဖြစ်သေးပါဘူး” ရန်ကိုင်က ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ရင်း ပြောလိုက်တယ်။
“နင်အကောင်းဆုံး ကြိုးစားရမယ်။ ဂျူနီယာညီမလေးရှက အပြစ်ကင်းစင်ပြီး အရမ်းကို ရိုးသားလွန်းတယ်။ ပြီးတော့သူမက အရမ်းကို ချစ်ဖို့ကောင်းသေးတယ်။ သူမကို အခြား ယောကျ်ား တစ်ယောက်ရဲ့ လက်ထဲ ရောက်မသွားစေနဲ့ဦး” စုယန်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်တယ်။
ထိုစကားကို ကြာလိုက်တာနဲ့ ရန်ကိုင်က ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းညိတ်လိုက်တယ်။
ထိုအချိန်တွင် ကောင်းကင်စိတ်အာရုံတစ်ခုက သူတို့ကို ဖြတ်သန်းသွားခဲ့တယ်။ ရန်ကိုင်နှင့် စုယန်တို့ နှစ်ယောက်စလုံး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်စိတ်အာရုံ ထွက်ပေါ်လာတဲ့ နေရာဆီ လှမ်းကြည့်လိုက်တယ် “ဆရာသခင်တစ်ယောက်တော့ ရောက်လာပြီ”
စုယန်က ခပ်မြန်မြန် မတ်တပ်ရပ်လိုက်ပြီး စိုးရိမ်ပူပန်စွာနဲ့ ရန်ကိုင်ကို ကြည့်ပြီး မေးလိုက်တယ် “သူတို့တွေက ဘယ်မှာလဲ’
“အ… စိုးရိမ်နေစရာ မလိုပါဘူး။ သူတို့တွေက အသိတွေပါပဲ” ရန်ကိုင်က မသိမသာလေး မျက်မှောင်ကြုံ့လိုက်တယ်။
အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ရောက်လာတာကို ရန်ကိုင် သတိပြုမိပါတယ်။ အရင်တုန်းကလည်း ထိုကဲ့သို့ ခံစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုကျင့်ကြံသူက သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ ကောင်းကင်စံအိမ် တစ်ခုလုံးကို ဖြန့်ကျက် စစ်ဆေးလိုက်တာဆိုတော့ ကောင်းကင်စံအိမ်က အဘိုးကြီးတွေလည်း သတိပြုမိလိမ့်မှာပါ။
ပြီးတော့ ထိုလူရဲ့ ကောင်းကင်စိတ်ာအာရုံကို သူရင်းနှီးနေပါတယ်။ အနည်းဆုံးတော့ ထိုလူနဲ့ မျက်နှာချင်းဆိုတွေ့မှ ထိုလူ ဘယ်သူလဲဆိုတာ သူပြောနိုင်မှာပါ။ မဟုတ်ရင်တော့ ထိုကောင်းကင်စိတ်အာရုံရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ သူပြောနိုင်ဦးမှာ မဟုတ်သေးပါဘူး။
“ကျွန်တော်တို့ တစ်ချက်လောက် သွားကြည့်သင့်တယ်” လင်းတိုင်ရှုနှင့် အတူ ကောင်းကင်စံအိမ်က အစောင့်အကြပ်တွေ ထွက်ပေါ်လာတာကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင်က တစ်ချက် တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်ပါတယ်။ ထို့နောက် စုယန်အိမ်ကနေ ထွက်လာလိုက်ပြီး အခြားသူတွေနဲ့ သွားပေါင်းလိုက်တယ်။
အနားမရောက်သေးခင်မှာပဲ လင်းတိုင်ရှုပြောတာကို ရန်ကိုင် ကြားလိုက်ရတယ် “ဘယ်ရောင်းရင်းကများ ကျုပ်တို့ရဲ့ ကောင်းကင်စံအိမ်ဆီ လာရောက် လည်ပတ်ရတာပါလဲ”
အဝေးတစ်နေရာကနေ လူအိုကြီး တစ်ယောက်ရဲ့ ခပ်ပြတ်ပြတ်လေသံ ထွက်ပေါ်လာခဲ့တယ် “ဂိုဏ်းချုပ်လင်းပါလား” ထိုစကားသံကို ကြားလိုက်တာနဲ့ ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး အရှိန်မြှင့်ကာ လင်းတိုင်ရှုနှင့် အကြီးအကဲလေးယောက်ဆီ သွားလိုက်ပြီး လင်းတိုင်ရှု နောက်မှာ ရပ်နေလိုက်တယ်။
လင်းတိုင်ရှုနဲ့ စုယန်တို့ ဘေးချင်းယှဉ်ပြီး ရောက်လာတာကို မြင်တော့ အကြီးအကဲ အချို့ရဲ့ မျက်နှာ ရှုံ့မဲ့သွားခဲ့တယ်။ အထူးသဖြင့် စုရွှမ်းဝူပေါ့။ သူ့ရဲ့ မြေးမလေးနဲ့ ရန်ကိုင်ကြားမှာ စီနီယာ၊ ဂျူနီယာထက်ပိုတဲ့ ဆက်ဆံရေး ရှိနေတယ် ဆိုတာ သိထားခဲ့ပေမယ့် သူ့မျက်လုံးနဲ့ တပ်အပ် မြင်လိုက်ရချိန်မှာတော့ အထူးသဖြင့် ရှက်သွေးဖြာနေတဲ့ စုယန်၏ အေးစက်စက် မျက်နှာလေးကို မြင်လိုက်ရချိန်မှာတော့ စုရွှမ်းဝူ မသက်မသာ ခံစားလိုက်ရတယ်။
တစ်ချိန်တည်းမှာပဲ ဒုတိယအကြီးအကဲက ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ ရန်ကိုင်က ရယ်သာ ရယ်လိုက်ပြီး ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။
သိပ်မကြာခင်မှာပဲ လူရိပ်တစ်ခုက သူတို့အားလုံးရှေ့ ထွက်ပေါ်လာခဲ့တယ်။ ထိုလူရဲ့ ပုံပန်းသွင်ပြင်ကို မြင်လိုက်ရပြီးနောက် လင်းတိုင်ရှုက သိလိုစိတ်ဖြင့် မေးမြန်းလိုက်တယ် “ခင်ဗျားက ဒေါင်မိသားစုရဲ့ … လေအစောင့်အကြပ်မလား”
ရယ်မောလိုက်ရင်း ထိုလူအိုကြီးက လက်သီးဆုပ်ကာ ပြောလိုက်တယ် “ဒီလူအိုကြီးက ခင်ဗျားပြောသလိုပါပဲ။ ဒီတစ်ကြိမ်မှာတော့ ကျုပ်က ခင်ဗျားဆီကို ဒီအတိုင်း လာလည်တာပါ။ အရင်ဆုံး အသိမပေးတဲ့အတွက် ခွင့်လွှတ်ပေးနိုင်မယ်လို့ ကျုပ်မျှော်လင့်ပါတယ်”
ရန်ကိုင်အမူအရာ ပြောင်းလဲသွားခဲ့ပြီး ခပ်မြန်မြန်ပဲ မေးလိုက်တယ် “စီနီယာ၊ ဘာတွေဖြစ်ခဲ့တာလဲ”
ဒေါင်မိသားစုရဲ့ လေနဲ့တိမ်အစောင့်အကြပ် နှစ်ယောက်က ဒေါင်မိသားစု သခင်လေးနားမှာပဲ အမြဲတမ်းရှိနေတာပါ။ ဒါပေမယ့် အခုလို အရေးကြီးတဲ့ အချိန်ကြီးမှာ လေအစောင့်အကြပ်က ကောင်းကင်စံအိမ်ဆီ ရုတ်တရက်ကြီး ပေါက်ချလာတာက ဒေါင်ချင်းယန်က သူ့ကိုပြောစရာ အရမ်းအရေးကြီးတဲ့ သတင်းတစ်ခု ရှိနေလို့ပဲ ဖြစ်ရပါမယ်။
မဟုတ်ရင် ဒီလိူအရေးကြီးတဲ့ လူတစ်ယောက်ကို ကောင်းကင်စံအိမ်ဆီ လွှတ်လိုက်မှာ မဟုတ်ပါဘူး။
လေအစောင့်အကြပ်က လှမ်းကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လိုက်ကာ ပြောလိုက်တယ် “သခင်လေးရန်၊ ကောင်းကင်စံအိမ်က ခပ်မြန်မြန် ထွက်ခွါဖို့ သခင်လေးက သတင်းပါးလိုက်မယ်။ မဟုတ်ရင် ပြဿနာအကြီးကြီးနဲ့ သခင်လေး ရင်ဆိုင်ရလိမ့်မယ်”
“နတ်ဆိုးအရှင်သခင်ကြောင့်လား” ရန်ကိုင်က မျက်မှောင်ကြုံလိုက်ပါပြီ။ လေအစောင့်အကြပ်က အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး သူ့အမူအရာကို ခပ်မြန်မြန် ပြန်ထိန်းလိုက်ကာ “သခင်လေးတို့က အစကတည်းက ပြင်ဆင်ပြီးသွားတဲ့ ပုံပဲ”
ကောင်းကင်စံအိမ်ကို ကောင်းကင်စိတ်ာအာရုံနဲ့ စစ်ဆေးလိုက်တုန်းက အရင်တုန်းကလို ဘာလို့ လူအများကြီး မတွေ့ရတော့လဲဆိုတာကို အခုမှပဲ သူနားလည်သွားပါတော့တယ်။
လင်းတိုင်ရှုက ခေါင်းညိတ်လိုက်ပြီး “ငါတို့ ပြင်ဆင်ပြီးသွားပါပြီ”
လေအစောင့်အကြပ်က အလျင်စလို ထပ်ပြောလိုက်တယ် “အဲ့ဒါဆို ဘာလို့ ဒီမှာစောင့်နေသေးတာလဲ။ ခင်ဗျားတို့ မြန်မြန် ထွက်သွားသင့်တယ်။ အခုတစ်ခါ လာနေတဲ့ အင်အားစုက ခင်ဗျားတို့ ကောင်းကင်စံအိမ် ကိုင်တွယ်နိုင်တဲ့ အင်အားစုမျိုး မဟုတ်ဘူး”
“ဘယ်သူတွေ လာနေလို့လဲ” စုရွှမ်းဝူက လူအိုကြီးရဲ့ လေးနက်တဲ့ လေသံကို ကြားလိုက်တာနဲ့ မျက်မှောင်ကြုံ့မိလိုက်ပြီး မေးလိုက်တယ်။
“ချူမိသားစုပဲ” လေအစောင့်အကြပ်က ပြောလိုက်တယ်။
“မိသားစုကြီး ရှစ်ခုထဲက တစ်ခုလား” ဝေရှီတုန်းနဲ့ ကျန်တဲ့လူတွေ အားလုံး ကြက်သေသေသွားကြတယ်။
“မှန်တယ်။ ချူမိသားစုက သူတို့ကို ဦးဆောင်လာခဲ့တာ။ ခရမ်းဖန်းတောင်ကြားက အဖွဲ့သားတွေရော၊ ဘိုင်မိသားစုက အဖွဲ့သားတွေပါ ပါလာသေးတဘ်။ အဲ့အင်အားစု သုံးခုပေါင်းထားတဲ့ အင်အားနဲ့ဆိုရင် ကျုပ်တို့ ဒေါင်မိသားစုတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”
လေအစောင့်အကြပ်က ရိုးသားစွာနဲ့ သတိပေးလိုက်တယ် “ခင်ဗျားတို့ ရဲရင့်ယောင် မဆောင်သင့်တော့ဘူး။ တစ်နေရာရာ ရှာပြီး ပုန်းနေတာ အကောင်းဆုံးပဲ ။ ခင်ဗျားတို့ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိသေးတယ်”
နတ်ဆိုးအရှင်သခင် ကောင်းကင်စံအိမ်ကနေ ထွက်ပေါ်လာတာက မိသားစုကြီးရှစ်ခု ဝင်ပါရတဲ့အထိ အရေးကြီးတယ်ဆိတုာ ရန်ကိုင် နားလည်နိင်ပါတယ်။ တကယ်တမ်း စစ်ဖြစ်လာမယ် ဆိုရင် သူတို့ကပဲ ဦးဆောင်တိုက်ခိုက်ရတာလေ။ ဒါပေမယ့် ဘိုင်မိသားစုနဲ့ ခရမ်းဖန်းတောင်ကြားတို့ပါ ပါလာလိမ့်မယ်လို့တော့ ရန်ကိုင် မမျှော်လင့်ထားခဲ့ပါဘူး။
“သူတို့ဒီကို ရောက်ဖို့ မကြာတော့ဘူး။ ဒီလူအိုကြီးက သူတို့ထက် အရင်စောရောက်ဖို့ အပြေးလာခဲ့ရတာ။ ဒါပေမယ့် သူတို့တွေ ဒီနေရာကို နေ့တစ်ဝက်အတွင်း ရောက်လောက်တယ်”
သူဒီမှာ နေလို့မရပါဘူး။ ချူမိသားစုသာ သူ့ကို တွေ့သွားခဲ့ရင် ရှင်းပြရခက်ပါလိမ့်မယ်။
လေအစောင့်အကြပ်က သတင်းပေးပြီးတာနဲ့ ချက်ချင်း လှည့်ထွက်သွားခဲ့ပါတယ်။
ဝေရှီတုန်းက တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ် “သူဘာလို့ဒီကို လာပြီး သတိပေးရတာလဲ။ သူက ကျုပ်တို့ကို လှည့်စားဖို့ ကြိုးစားနေတာလား”
ဒါပေမယ့် လင်းတိုင်ရှုက အသာအယာ ခေါင်းခါရမ်းလိုက်ပြီး “မဟုတ်ဘူး။ ရန်ကိုင်နဲ့ သူ့ရဲ့သခင်လေးက အသိတွေ။ အခုဒီလို သတိလာပေးတာက ကောင်းမွန်တဲ့ ရည်ရွယ်ချက် သက်သက်နဲ့ပဲ။ သံသယဝင်စရာ မလိုဘူး”
ထိုစကားကို ကြားလိုက်တာနဲ့ အကြီးအကဲတွေ အကုန်လုံးကို ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ လှည့်ကြည့်လိုက်ကြတယ်။ ဒေါင်ချင်းယန်လို လူတစ်ယောက်နဲ့ ရန်ကိုင် ဘယ်လိုသိနေတာလဲ ဆိုတာ သူတို့ လုံးဝကို နားမလည်နိုင်ပါဘူး။
“ကောင်းကင်စံအိမ် အဖွဲ့သားတွေ အကုန်လုံး အထုပ်သိမ်းပြီး ရစ်ခွေနဂါစမ်းချောင်းဘေးမှာ အမွှေးတိုင်းတစ်တိုင်စာအတွင်း စုဆောင်းဖို့ ချက်ချင်း သတိပေးလိုက်တော့” လင်းတိုင်ရှုက အမိန့်ပေးလိုက်တယ်။
ပြောပြီးတာနဲ့ ရန်ကိုင်ဆီ လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ် “ရန်ကိုင်၊ မင်းနေခဲ့”
“ဟုတ်တဲ့ ဂိုဏ်းချုပ်”
အမိန့်လက်ခံရရှိတဲ့ အကြီးအကဲတွေ အကုန်လုံး အလျင်စလို ထွက်သွားခဲ့ကြပြီး ရန်ကိုင်နဲ့ လင်းတိုင်ရှုပဲ ကျန်ခဲ့ပါတယ်။
“ငါတို့ အရင်အသုံးပြုခဲ့တဲ့ လေဟာနယ် လျှောက်လှမ်း ရှိတဲ့ နေရာကို မင်းမှတ်မိသေးလား” လင်းတိုင်ရှုက ရုတ်တရက် မေးလိုက်တယ်။
“တပည့်မှတ်မိပါတယ်”
“ကောင်းတယ်။ အဲ့နေရာကို သွားပြီး မင်းရဲ့အစစ်အမှန်ချီကို အဲ့အထည့် ဖြည့်သွင်းလိုက်။ အဲ့လိုဆိုရင် အဲ့နေရာမှာ ရှိနေတဲ့ စိတ်ဝိဥာဉ်အစီအရင်က အသက်ဝင်လာပြီး လေဟာနယ် လျှောက်လှမ်းကို နောက်တစ်ကြိမ် အသုံးပြုနိုင်လိမ့်မယ်။ လေဟာနယ် လျှောက်လှမ်း ပွင့်သွားတာနဲ့ အားလုံးကို ဦးဆောင်ပြီး ဒီနေရာကနေ ထွက်သွားလိုက်တော့။ ထွက်သွားပြီးတာနဲ့ စိတ်ဝိဥာဉ်အစီအရင်ကို ဖျက်ဆီးပစ်လိုက်။ အားလုံး ပြီးသွားတာနဲ့ နေရာတစ်ခု ရှာပြီး ပုန်းနေလိုက်တော့။ သေချာမှတ်ထား၊ အခြေအနေ အားလုံး မရှင်းလင်းသေးသရွေ့ လူမြင်ကွင်းဆီ ထွက်မလာနဲ့…”
“ဆရာဘိုးဘိုးရော မလိုက်ဘူးလား” ရန်ကိုင်က ပြန်မေးလိုက်တယ်။
“ငါ့ရဲ့ ကောင်းကင်စံအိမ်က ဘာအမှားမှ လုပ်မထားဘူး။ အဲ့တုန်းက ဒီလူအိုကြီး မပြတ်သားနိုင်ခဲ့တာလေး တစ်ချက်ပဲ။ အဲ့အတွက်နဲ့ မင်းတို့အားလုံး ဘာလို့ ခံစားနေရမှာလဲ”
လင်းတိုင်ရှုက ရယ်မောလိုက်ပြီး “ဒီလူအိုကြီးသာ မင်းတို့နဲ့ လိုက်လာခဲ့မယ် ဆိုရင် အားလုံးအတွက် ပိုပြီး ခက်ခဲသွားလိမ့်မယ်။ ငါကျန်ရစ်ခဲ့ပြီး ရောက်လာတဲ့ အင်အားစုတွေကို ရှင်းပြလိုက်မယ်။ နတ်ဆိုးအရှင်သခင်အသစ် ထွက်ပေါ်လာတာ ငါ့ရဲ့ အပြစ်သက်သက်ပဲလေ။ အဲ့အတွက်နဲ့ ကောင်းကင်စံအိမ်ကို ဖျက်စီးဖို့ လိုလို့လားဆိုတာကိုလည်း မေးရမှာပေါ့”
“သူတို့က ဒီကိုလာကတည်းက ဆုံးဖြတ်ပြီးသားကို ဆရာဘိုးဘိုးပေးမယ့် အကြောင်းပြချက်ကို သူတို့က နားထောင်နေပါ့မလား” ရန်ကိုင်က စိုးရိမ်စွာနဲ့ မေးလိုက်တယ်။
“အဲ့ဒါက အရေးမကြီးပါဘူး။ ငါဆုံးဖြတ်ချက် ချပြီးသွားပြီ” လင်းတိုင်ရှုက လုံးဝကို ပြတ်သားပါတယ်။ ထို့နောက် ရုတ်တရက်ကြီး ယုံကြည်ချက် အပြည့်ရှိတဲ့ အပြုံးကို ဆင်မြန်းလိုက်ရင်း “ဘယ်လိုပဲဖြစ်ဖြစ် တိုက်ပွဲဖြစ်လာရင်တောင်မှပဲ သူတို့က ငါ့ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်ဘူး..ဟဲဟဲ”
ရန်ကိုင်က တစ်ခဏတာလောက် ကြောင်အသွားခဲ့ပြီးနောက် “ဆရာဘိုးဘိုး၊ ခင်ဗျား…”
“အမှန်ပဲ။ အားလုံးက မင်းရဲ့ အကူအညီကြောင့်ပဲလေ” လင်းတိုင်ရှုက ခေါင်းညိတ်ပြလိုက်တယ်။
အင်မော်တယ်တက်လှမ်းခြင်း အထက်အဆင့် …
ဆယ်နှစ်တာ အချုပ်အနှောင်ကို ချိုးဖျက်ပြီးနောက် နောက်ဆုံးမှာတော့ အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်သို့ သူချိုးဖျက်သွားနိုင်ခဲ့ပါပြီ။ ဒါက အစောပိုင်းအချိန်မှ အခုအချိန်ထိ ကောင်းကင်စံအိမ်အတွက် တစ်ခုတည်းသော ပျော်ရွှင်စရာ သတင်းပါပဲ။
သူ့ဆရာဘိုးဘိုးက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ရောက်သွားပြီဆိုတာကို သိလိုက်ရတာနဲ့ သူ့စိတ်ထဲက စိုးရိမ်ပူပန်မှုတွေအားလုံး ပျောက်ကွယ်သွားခဲ့ရတယ်။ ထို့ကြောင့် လင်းတိုင်ရှုကို ဆက်ပြီး မတိုက်တွန်းတော့ပဲ ထိုနေရာကနေ ခပ်မြန်မြန် ထွက်လာလိုက်တယ်။
ကောင်းကင်စံအိမ်မှာ ကျန်ရှိတဲ့လူတွေအားလုံး အထုပ်အပိုးတွေ ပြင်ပြီး ရစ်ခွေနဂါးစမ်းချောင်းဘေးမှာ စုစည်းလိုက်ကြတယ်။
သူနဲ့ တစ်နှစ်ကြာအောင် စကားမပြောခဲ့ရတဲ့ စုမူကို ရန်ကိုင် တွေ့လိုက်ရတယ်။ အခြားရင်းနှီးတဲ့ မျက်နှာများစွာကိုလည်း သူတွေ့လိုက်ရပါတယ်။ ပိုပြီး အံ့အားသင့်စရာ ကောင်းတာက စုယန်က အစစ်အမှန်ဒြပ်စင်အဆင့်၉သို့ ချိုးဖျက်နိုင်ခဲ့တာပါ။
“စီနီယာအစ်ကိုရန်…” စုယန်က စိတ်လှုပ်ရှာစွာနဲ့ အော်ဟစ်လိုက်ပြီး သူ့နောက်ကနေ လီယွမ်ရှန်းနဲ့ အခြားသူတွေ လိုက်ပါလာခဲ့ကြတယ်။
“မတွေ့ရတာတောင် ကြာနေပြီနော်” ရန်ကိုင်က ပြုံးပြလိုက်ပြီး လူအုပ်ကြီးကို ဝေ့ကြည့်လိုက်တယ်။ စုမူအပြင် အခြားလူတွေလည်း ရှိနေပါသေးတယ်။ သူတို့အားလုံးက အနည်းဆုံး ချီပြောင်းလဲခြင်း အဆင့်မှာ ရှိနေခဲ့ပါတယ်။
“ဟဲဟဲ… စီနီယာအစ်ကိုလို့ပဲ ခေါ်ရမလား၊ ယောက်ဖလို့ပဲ ခေါ်ရမလား” စုမူက ပြုံးရင်း ရန်ကိုင်ကို ကြည့်လိုက်တယ်။ သူ့ပုံစံအရတော့ စုယန်နဲ့ သူ့ကြားက ဆက်ဆံရေးကို သိပြီးတဲ့ ပုံပါပဲ။
“မင်းသဘောပဲ” ရန်ကိုင်က သူ့နှာခေါင်းကို ပွတ်လိုက်တယ်။
“ယောက်ဖ၊ မင်းက အရမ်းအံ့ဩဖို့ ကောင်းတာပဲ” စုယန်က ရန်ကိုင်ကို ကြည့်လိုက်ပြီး လက်မထောင်ပြကာ တိတ်တဆိတ် ပြောလိုက်တယ် “အစ်မက အမြဲတမ်း တစ်ယောက်တည်း နေရသွားရလိမ့်မယ်လို့ ထင်ထားခဲ့တာ။ သူမရဲ့ နှလုံးသားကို ယောက်ဖက အပိုင်သိမ်းသွားနိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ အရမ်း အံ့ဩဖို့ ကောင်းတာပဲ။ ယောက်ဖ၊ ငါ့အစ်မကို ရဖို့ မင်းဘယ်လို ကြိုးစားခဲ့လဲ ဆိုတာကို ငါ့ကို ပြောပြပါလား”
ဒါပေမယ့် သူ့ပါးစပ်ထဲမှ ထိုစကား ထွက်သွားတာနဲ့ စုယန်က အေးစက်စက်အကြည့်ဖြင့် စုမူကို စိုက်ကြည့်လိုက်တယ်။ စုမူ၏ လည်ပင်းလေး ပုဝင်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပါတယ်။
“အားလုံး စုံပြီလား” ဝေရှီတုန်း၊ စုရွှမ်းဝူနဲ့ ကျန်တဲ့အကြီးအကဲတွေက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း အော်မေးလိုက်တယ်။
“ဂိုဏ်းချုပ်ကော” ဟဲဘေရှူက ရုတ်တရက် ကောက်မေးလိုက်တယ်။
“ဂိုဏ်းချုပ်က သူကျန်ခဲ့မယ်တဲ့” ရန်ကိုင်က ပြောလိုက်တယ်။
“ဘာ” ဝေရှီတုန်းနဲ့ ကျန်တဲ့လူတွေ အားလုံး ကြောင်သွားခဲ့တယ်။
အကြီးအကဲ လေးယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်လုံးတွေက ပြတ်သားသည့် အရိပ်အယောင်တို့ဖြင့် လက်သွားခဲ့တယ်။
ဝေရှီတုန်းက ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ဟဲဟဲ၊ ဂိုဏ်းချုပ်က ကျန်ခဲ့မယ်လို့ ဆုံးဖြတ်ထားမှတော့ ငါလည်း ကျန်ခဲ့ရမှာပေါ့။ ဒုတိယညီလေး… အားလုံးကို မင်းလိုက်စောင့်ရှောက် လိုက်ကွာ”
ဒါပေမယ့် စုရွှမ်းဝူက မာနကြီးစွာနဲ့ ရယ်မောလိုက်ပြီး “ပထမ အစ်ကိုကြီးက နောက်နေတာပဲ။ ကျုပ်လည်း ဂိုဏ်းချုပ်နဲ့အတူ ကျန်ခဲ့မှာပေါ့။ တတိယညီလေး အားလုံးကို မင်းပဲ လိုက်စောင့်ရှောက် လိုက်ကွာ”
ဟဲဘေရှူက ရယ်မောလိုက်ပြီး ယုကျိကျိုင်းဘက် လှည့်ကာ “ငါးယောက်မြောက်ညီလေး၊ မင်းက အငယ်ဆုံးဆိုတော့ အားလုံးကို အားလုံးကို မင်းပဲ လိုက်စောင့်ရှောက်လိုက်ပေါ့နော်”
ယုကျိကျိုင်းက ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်တယ်။ ဒါပေမယ့် သူ့ထက်အငယ်မရှိတော့တဲ့ ပါးလေးကို ကုတ်ပြီး ပြောလိုက်ပါတယ် “ငါလည်း သွားမှာမဟုတ်ဘူး”
Martial Peak
အပိုင်း(၂၉၃) ကဲ၊ အားလုံးအတူတူ ကျန်ခဲ့တာပေါ့
လူအိုကြီးအဖွဲ့က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ဝါးလုံးကွဲ ရယ်မောကြပါတော့တယ်။ စုရွှမ်းဝူ ခပ်မြန်မြန်ပဲ အားလုံးကို ပြောလိုက်ပါတယ် “အဲ့လိုဆိုတော့ ငါတို အတူတူ ကျန်ခဲ့ကြတာပေါ့။ ရန်ကိုင်၊ ဒီကိုလာဦး”
“ဟုတ်၊ အကြီးအကဲစု”
“ဒီကနေ ဘယ်လို ထွက်သွားရမလဲ ဆိုတာကို မင်းသိတယ်လို ဂိုဏ်းချုပ်က ပြောတယ်။ ငါတို့ ကောင်းကင်စံအိမ်ရဲ့ အမွေအနှစ်ကို သေချာကာကွယ်နော်”
“ဟုတ်ကဲ့ပါ”
“ကောင်းပြီ၊ သွားတော့” ဝေရှီတုန်းက သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး တုန့်ဆိုင်းခြင်းအလျင်း မရှိပဲ ကောင်းကင်စံအိမ်ဆီ ပျံသန်းသွားလိုက်ပြီး ကျန်တဲ့ အကြီးအကဲ သုံးယောက်ကလည်း သူ့နောက်ကနေ လိုက်သွားကြတယ်။
“ငါတို့လည်း သွားရမယ်” ရန်ကိုင်လည်း ဆက်ပြီး အချိန်ဆွဲမနေတော့ပါဘူး။ လင်းတိုင်ရှုက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်ကို ချိုးဖျက်သွားသလို အကြီးအကဲ လေးယောက်ရဲ့ ခွန်အားကလည်း အရမ်းကြီး မဆိုးပါဘူး။ သူတို့ရဲ့ ခွန်အားနဲ့ဆိုရင် ကောင်းကင်စံအိမ်ကို လာတဲ့ ဘယ်အင်အားစုကို မဆို တောင့်ခံနိုင်ပါလိမ့်မယ်။
ပြီးတော့ တိုက်ပွဲ ဖြစ်လိမ့်မယ်၊ မဖြစ်ဘူး ဆိုတာကလည်း ကြိုမပြောနိုင်ပါဘူး။
ဒါပေမယ့် ဒီနေရာက လူတွေအကုန်လုံး ထွက်သွဦးရပါမယ်။ ထိုလူတွေက ကောင်းကင်စံအိမ်ရဲ့ အနာဂတ် မျှော်လင့်ချက်တွေပါပဲ။ သူတို့သာ ကျန်နေခဲ့ရင် လင်းတိုင်ရှုကိုပဲ ပိုပြီး အလုပ်ရှုပ်သွားစေမှာပါ။
လူတစ်ရာက ရစ်ခွေနဂါးစမ်းချောင်းရဲ့ သီခြားနေရာတစ်ခုဆီ ရန်ကိုင်ရဲ့ ဦးဆောင်မှု နောက်ကနေ လိုက်သွားကြတယ်။ သိပ်မကြာခင်မှာပဲ ရစ်ခွေနဂါးစမ်းချောင်းဆီ ရောက်လာခဲ့ပြီး နတ်ဆိုးချီတွေ စုဝေးနေတဲ့ နေရာကို ဖြတ်သွားခဲ့ကြတယ်။ စိတ်ဝိဥာဉ်အစီအရင်က ရစ်ခွေနဂါးစမ်းချောင်းအောက်ဘက် မီတာ ထောင်အနည်းငယ်လောက် နေရာမှ ရှိတာပါ။
အားလုံးရဲ့ မျက်နှာက ဖြူလျော်ပြီး ကြောက်လန့်တုန်လှုပ်နေသည့် အရိပ်အယောင်တွေကို လူငယ်မျိုးဆက်တွေရဲ့ မျက်နှာထက် မြင်တွေ့နေရပါတယ်။
စစ်အမှန်ဒြပ်စင်အဆင့်ကိုတောင် မရောက်သေးတဲ့ လူငယ်တွေအတွက် ရစ်ခွေနဂါစမ်းချောင်းဘေးမှာ ရပ်နေရတာက တကယ်ကို တုန်လှုပ်ခြောက်ခြားစရာပါ။
“ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ ဂိုဏ်းတူတွေဦးလေးတွေ ကျွန်တော့် နောက်က လိုက်ခဲ့ကြ။ စုယန်၊ နင်လည်း လိုက်လာခဲ့” ရန်ကိုင်က အော်ပြောလိုက်ပြီး ချောက်နက်ထဲကို ခုန်ချသွားလိုက်တယ်။ ဆရာသခင် ၇ယောက်၊ ၈ယောက်ကလည်း ရန်ကိုင်နောက်ကနေ ခုန်ဆင်းသွားလိုက်ကြတယ်။
စိတ်ဝိဥာဉ်အစီအရင် နေရာကို ရှာဖွေဖို့အတွက် ရန်ကိုင်က ချောက်ကမ်းပါး နံရံကို သေချာစစ်ဆေးလိုက်တယ်။
“ဂိုဏ်းတူတူလေး၊ ငါတို့ဒီမှာ ဘာလုပ်ရမှာလဲ” ပိန်ပိန်ပါးပါးနဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်မှာ ရှိနေတဲ့ ကောင်းကင်စံအိမ်က အကြီးအကဲပိုင်း တစ်ယောက်က မေးလိုက်တယ်။
“စိတ်ဝိဥာဉ် အစီအရင် တစ်ခုကို ရှာနေတာ” ရန်ကိုင်က တိုးတိုးတိတ်တိတ်ပဲ ပြန်ပြောလိုက်တယ်။ သူ့မျက်လုံးတွေက ပြေးလွှားနေခဲ့ပြီးနောက် ခေါင်းညိတ်လိုက်တယ် “ဒီနေရာမှာပဲ”
အားလုံးက ရန်ကိုင် ပြောနေတဲ့ နေရာကိုဆီ လှမ်းကြည့်လိုက်တဲ့ အချိန် သာမန်ကျောက်တုံးနဲ့ ဘာမှ မထူးခြားတဲ့ ကျောက်တုံး တစ်တုံးကို တွေ့လိုက်ရတယ်။
“အားလုံး၊ ဒီထဲကို ချီစွမ်းအင်ဖြည့်သွင်းကြ” ရန်ကိုင်က ပြောပြီးတာနဲ့ သူ့လက်ကို ထိုကျောက်တုံးပေါ် တင်လိုက်ပြီး သူ့ဆီကနေ အစစ်အမှန်ချီ စွမ်းအင်လှိုင်းတွေ စတင်ထွက်ပေါ်လာခဲ့တယ်။
သူ့ရဲ့ အခြားလက်တစ်ဖက်က စုယန်ရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့တယ်။
ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို ရရှိပြီးကတည်းက အခုမှပဲ သူတို့နှစ်ယောက် အတူပူးပေါင်း လုပ်ဆောင်ဖူးတာပါ။ အခုအခြေအနေက တိုက်ပွဲရင်ဆိုင်နေရတာ မဟုတ်ပေမယ့် တိုက်ပွဲရင်ဆိုင်နေရတာနဲ့ မကွာပါဘူး။
သူ့တို့ လက်နှစ်ဖက် ပူးကပ်လိုက်တာနဲ့ အစစ်အမှန်ချီ အစုံက ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး လှည့်ပတ်တဲ့နှုန်းကလည်း အလွန်အမင်း မြန်ဆန်သွားခဲ့တယ်။ ထိုပြောင်းလဲမှုက သူတို့နဲ့ အတူလိုက်လာတဲ့ ဂိုဏ်းတူဦးလေးတွေကို ထိတ်လန့်အံ့ဩသွားစေခဲ့တယ်။
ဒါပေမယ့် သူတို့ဘယ်လိုလုပ်လိုက်လဲ ဆိုတာကို ဘယ်သူမှ မမေးခဲ့ပါဘူး။ အဲ့အစား ရန်ကိုင်တို့ လုပ်တဲ့အတိုင်းသာ လိုက်လုပ်ကြတယ်။
လူ၁၀ယောက်ရဲ့ ပူးပေါင်းအင်အားကြောင့် ကျောက်တုံးက သိပ်မကြာခင်မှာပဲ တုန့်ပြန်လာခဲ့ပါတယ်။ ထိုရုတ်တရက် ပြောင်းလဲမှုက အားလုံးကို ကြောင်အသွားစေခဲ့တယ်။
ရန်ကိုင်က ကျောက်တုံးထဲကို အစစ်အမှန်ချီ ဖြည့်သွင်းနေရင်းနဲ့ ခပ်မြန်မြန်ပဲ ရှင်းပြလိုက်တယ် “ဒီနေရာက အစီအရင်က လေဟာနယ်လျှောက်လှမ်းကို အသက်သွင်းတဲ့ နေရာပဲ။ အဲ့ လေဟာနယ် လျှောက်လှမ်းနဲ့ဆို ဒီနရာကနေ အဝေးကြီးကို အချိန်တစ်ခဏလေးအတွင်း သွားနိုင်တယ်။ ပြီးတော့ အခုပြောနေတဲ့ လေဟာနယ်လျှောက်လှမ်းက ကျွန်တော်တို့ရဲ့ ကောင်းကင်စံအိမ်တည်ထောင်သူ ချန်ခဲ့တာ”
စီနီယာတွေထဲက တစ်ယောက်က မေးလိုက်တယ် “ဘယ်လောက်ဝေးဝေးကို သွားနိုင်လဲ”
“ဒီနေရာက လေဟာနယ်လျှောက်လှမ်းက မီတာ၁၀၀၀၀ အကွာအဝေးကို ခဏလေးအတွင်း ရောက်သွားနိုင်တယ်။ လေဟာနယ်လျှောက်လှမ်းထဲကို ဝင်သွားတာနဲ့ ကျွန်တော်တို့အားလုံး လုံခြုံသွားပြီ”
ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး အံ့အားသင့်သွားခဲ့ကြတယ်။
လေဟာနယ်လျှောက်လှမ်း ဆိုတာမျိုးကို သူတို့ တစ်ခါမှ မြင်တောင် မမြင်ဖူးခဲ့တာ ထိုလေဟာနယ်လျှောက်လှမ်းရဲ့ လုပ်ဆောင်ပုံကို နားလည်ဖို့ဆိုတာကတော့ ပိုပြီးတော့တောင် ဝေးပါသေးတယ်။
“ငါတို့ဂိုဏ်းမှာ ဒီလိုအံ့ဩဖွယ်ကောင်းတဲ့ အမွေအနှစ်တွေ ရှိတယ်ဆိုတာ … ” မေးခွန်းမေးလိုက်တဲ့ ဂိုဏ်းတူဦးလေးက ရေရွတ်လိုက်တယ်။ သူ့မျက်လုံးတွေကတော့ အပြင်ကို ထွက်ကျတော့မတတ် ပြူးကျယ်နေခဲ့ပြီး “ငါတစ်ခါမှ မသိခဲ့ဘူး”
“ငါ… ငါတို့လည်း မသိဘူး” ကျန်တဲ့လူတွေကလည်း ပြောလိုက်ကြတယ်။
“ကောင်းတယ်၊ စုယန်နဲ့ ကျွန်တော်ကလွဲပြီး အားလုံးမှာ လုပ်စရာ တာဝန်အသီးသီးရှိတယ်။ ဂိုဏ်းတူဦးလေး နှစ်ယောက်က တစ်ဖက်မှာ ရှိတဲ့ အခြေအနေကို သွားစစ်ဆေးရမယ်။ ကျန်တဲ့လူတွေက အစစ်အမှန် ဒြပ်စင်အဆင့် မရောက်သေးတဲ့ တပည့်တွေကို ဒီနေရာဆီ ခေါ်လာရမယ်” ရန်ကိုင်က မြန်ဆန်စွာပဲ တာဝန်တွေ ခွဲချပေးလိုက်တယ်။
သူက လူငယ်မျိုးဆက်ထဲက တစ်ယောက်ဖြစ်ပေမယ့် ဂိုဏ်းလျှို့ဝှက်တွေကို သိနေပုံထောက်ရင်တော့ လင်းတိုင်ရှုက သူ့ကို ဘယ်လောက်အလေးထားလဲ ဆိုတာ ပေါ်လွင်နေပါတယ်။ ပြီးတော့ သူ့အစီအစဉ် တွေအကုန်လုံးကလည်း စည်းစနစ်ကျပြီး မေးခွန်းထုတ်စရာ မရှိတဲ့အတွက် စီနီယာတွေကလည်း ဘာမှ မပြောခဲ့ပါဘူး။
အင်မော်တယ်တက်လှမ်းခြင်း အဆင့်၁နဲ့ အဆင့်၂ ကျင့်ကြံသူ နှစ်ယောက်က လေဟာနယ်လျှောက်လှမ်းထဲကို ခပ်မြန်မြန်ပဲ ဝင်သွားလိုက်တယ်။
အားလုံးလည်း ပျံတက်သွားလိုက်ကြတယ်။
ရန်ကိုင်နဲ့ စုယန်သာ စိတ်ဝိဥာဉ် အစီအရင်ကို စီမံဖို့ ကျန်ခဲ့ပါတယ်။
တစ်ခဏကြာပြီးနောက် ရန်ကိုင်ကပြုံးလိုက်ပြီး ရုတ်တရက် ပြောလိုက်တယ် “တကယ်တော့၊ ငါက ရန်မိသားစုက သားတစ်ယောက်ပဲ”
စုယန်၏ မျက်တောင်လေးတွေ အံ့အားသင့်မှုကြောင့် အနည်းငယ် လှုပ်သွားခဲ့ပြီးနောက် မေးလိုက်တယ် “ဟို ဥဩငှက် ရန်မိသားစုကို ပြောတာလား”
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။
“အဲ့အကြောင်းကို အခုဘာလို့ လာပြောပြနေတာလဲ” စုယန်က သူ့ကို သိချင်စိတ်အပြည့်နဲ့ ကြည့်လိုက်တယ်။
ရန်ကိုင်က ပြုံးလိုက်ပြီး “ဘာလို့လဲဆိုတော့ ငါက နင့်ရဲ့ နှလုံးသားကို အပိုင်သိမ်းချင်နေတာလေ။ အဲ့တော့ ငါ့ဘက်ကလည်း ရိုးသားရမှာပေါ့”
ရန်ကိုင်က တိုက်ရိုက်ပွင့်ပွင့်လင်းလင်းကြီး ပြောနေတာကို နားထောင်ရင်း စုယန်၏ နှလုံးသားလေး တစ်ခုလုံး ပျားရည် သောက်လိုက်ရသလိုမျိုး ချိုမြသွားခဲ့တယ်။ သူမရဲ့ ပါးလေးတွေဆို ရှက်ရွံမှုကြောင့် နီရဲနေပြီး ရှက်ရွံ့နေတဲ့ အမူအရာကို သူမမျက်နှာထက် တွေ့မြင်နိုင်ပါတယ်။
သူမတို့ နှစ်ယောက်ကြားက လေထုက ရုတ်တရက်ကြီး သိမ်မွေ့သွားခဲ့တယ်။ သူတို့နှစ်ယောက် အတူရှိလာတာ ကြာပြီဆိုပေမယ့် အခုအချိန်မှာတော့ ယောကျ်ားနဲ့ မိန်းမကြားက ခံစားချက်တွေက ဖူးပွင့်လို့လာခဲ့ပါပြီ။ သူတို့နှစ်ယောက်က ပိုပြီးရင်းနှီးသွားသလို သူတို့နှစ်ယောက်ကြားက အတားအဆီး တွေကလည်း တဖြည်းဖြည်း ကျိုးပျက်သွားခဲ့ပါတယ်။
ရန်ကိုင်၏ ရိုးသားမှုက စုယန်၏ နှလုံးသားလေးကို အပျော်တွေနဲ့ ပြည့်နှက်သွားစေခဲ့တယ်။
ဘယ်မိန်းကလေးကများ သူမချစ်သူ မရိုးသားတာကို မလိုချင်တဲ့လူ ရှိလို့လဲ။ စုယန်လည်း အတူတူပဲပေါ့။
ဘာကြောင့်လဲဆိုတော့ ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို ရခဲ့တဲ့ အချိန်တုန်းက စုယန်နဲ့ ရန်ကိုင်တို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြသေးပါဘူး။ ဒါပေမယ့် နဂါးနဲ့ ဖီးနစ်ကြောင့်ပဲ သူတို့နှစ်ယောက် ချစ်တင်းနှောခဲ့ရတာပါ။ ထို့ကြောင့် ထိုကဲ့သို နှစ်ယောက်သား ပေါင်းလိုက်ရလို့ ကျေနပ်မှုကို သူမ ရရှိခဲ့ပေမယ့် ချစ်မြတ်နိုးမှုကြောင့် ရရှိတဲ့ ပျော်ရွှင်မှုကိုတော့ သူမဆုံးရှုံးသွားခဲ့ပါတယ်။
ဒါပေမယ့် အခုတော့ ရန်ကိုင်က စုယန်၏ နှလုံးသားလေးကို အောင်နိုင်ပြီး တတ်နိုင်သမျှ ကြိုးစားနေခဲ့ပါပြီ။
ထိုအခိုက်အတန့်၌ ဒီနေ့ ကပ်ဘေးကနေ မလွတ်မြောက်နိုင် ရင်တောာင်မှ သူမကျေနပ်သွားပြီလို့ တွေးလိုက်တယ်။
အဟမ်း… ရုတ်တရက် အပေါ်ဘက်ကနေ ချောင်းဟန့်သံ ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင် မော့ကြည့်လိုက်တဲ့အချိန် ဂိုဏ်းတူဦးလေး တစ်ယောက်က ကောင်းကင်စံအိမ်က တပည့်နှစ်ယောက်ကို ခေါ်ပြီး ဆင်းလာနေတာကို တွေ့လိုက်ရတယ်။ ဂိုဏ်းတူဦးလေးက ထိုတပည့်နှစ်ယောက်ကို လေဟာနယ်လျှောက်လှမ်းထဲ ပစ်ထည့်လိုက်တာနဲ့ ရန်ကိုင်တို့ ရှိနေတဲ့ နေရာဝန်းကျင်တစ်ခုလုံး ထိုတပည့်နှစ်ယောက်ရဲ့ အော်ဟစ်သံတွေနဲ့ ပြည့်နှက်သွားခဲ့တယ်။
“ငါ့ကို စိတ်ထဲမထားပါနဲ့… ဆက်ပြီးတော့သာ လုပ်ကြပါ…” ထိုဂိုဏ်းတူဦးလေးက ကန်းမနေပါဘူး။ အဲ့ဒါကြောင့် ရန်ကိုင်နဲ့ စုယန်ကြားက ကြည်နူးစရာ အခိုက်အတန့်လေးကို ကျိန်းသေ မြင်တွေ့ခဲ့မှာပါ။ ထို့ကြောင့် အချိန် မဖြုန်းတော့ပဲ ချက်ချင်း ပျံထွက်သွားလိုက်တယ်။
ဒါပေမယ့် ရန်ကိုင်နဲ့ စုယန်တို့ကကော လူမိသွားတော့မှ ဘယ်လိုလုပ်ပြီး အရင်အတိုင်း ဆက်နေနိုင်ပါတော့မလဲ။ ထိုလူ ထွက်သွားတာနဲ့ ရန်ကိုင်နဲ့ စုယန်နှစ်ယောက်စလုံး ရှက်ကိုးရှက်ကန်း ပြုံးလိုက်ကြတယ်။
“နင့်အတိတ်နဲ့ ပက်သက်ပြီး ငါအကုန်သိချင်တယ်” စုယန်က ရှက်သွေးလေး ဖြားရင်း ရန်ကိုင်နားနား ကပ်ပြောလိုက်တယ်။ အခြားသူတွေ မြင်မြင်၊ မမြင်မြင် သူမဂရုမစိုက်နိုင်တော့ပါဘူး။
“ခဏစောင့်၊ ဒီကနေ လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်တာနဲ့ နင့်ကို ပြောပြမယ်လို့ ငါကတိပေးတယ်”
“ကောင်းတယ်” စုယန်က အသာအယာလေး ခေါင်းလေးညိတ်လိုက်ပြီး နှုတ်ခမ်းလေးကို ကိုက်လိုက်ရင်း “ငါနင်နဲ့ အတူတူ လျှောက်ပတ်သွားချင်တယ်..”
“အဲ့လိုဆိုရင်၊ အားလုံး ပြီးဆုံးသွားတာနဲ့ လက်ချင်းတွဲပြီး ကမ္ဘာအနှံ့ ခြေဆန့်ကြတာပေါ့” ရန်ကိုင်က ပျော်ရွှင်စွာ ပြုံးလိုက်တယ်။
“အင်း” စုယန်လည်း ပြုံးလိုက်တယ်။ သူမ နှလုံးသားလေးက အခုဆို အပျော်တွေနဲ့ ပြည့်လို့ နေခဲ့ပါတယ်။ ထို့နောက် သူမ၏ ခေါင်းလေးကို ရန်ကိုင်ပုံခုံးထက် မှေးတင်ထားလိုက်တယ်။
ရစ်ခွေနဂါးစမ်းချောင်းထဲ နတ်ဆိုးချီတွေ လှည့်ပတ်နေခဲ့ပြီး ကောင်းကင်စံအိမ်ကလည်း မဟာကပ်ဆိုးကြီး တစ်ခုကို သိပ်မကြာခင်မှာ ရင်ဆိုင်ရပါတော့မဘ်။ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က လက်ချင်းချိတ်ထားရင်း အတူတကွ ပူးကပ်နေခဲ့ပါတယ်။
ထိုအခိုက်အတန့်လေးက ဘယ်တော့မှ မကုန်ဆုံးပဲ ထာဝရ တည်ရှိသွားသင့်ပါတယ်။
ထိုနားက ဖြတ်သွားတဲ့ ကောင်းကင်စံအိမ်က တပည့်တွေကတော့ ထိုစုံတွဲကို ရှက်ကိုးရှက်ကန်း အပြုံးတွေနဲ့ စိုက်ကြည့်သွားခဲ့ကြတယ်။
ကောင်းကင်စံအိမ်နဲ့ ၁၀ကီလိုမီတာ အကွာမှာတော့ အဖွဲ့ကြီးတစ်ဖွဲ့က လျင်မြန်စွာနဲ့ ချီတက်နေခဲ့တယ်။
ထိုအဖွဲ့ထဲတွင် အင်မော်တယ်တက်လှမ်းခြင်းအဆင့်၉ ကျင့်ကြံသူ ကိုးယောက်ပါပြီး အင်မော်တယ်တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ ဒါဇင်နဲ့ချီပြီး ပါဝင်ပါတယ်။
ပြီးတော့ အစစ်အမှန်ဒြပ်စင်အဆင့်နဲ့ ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူတွေကလည်း အယောက်၄၀၊၅၀ လောက် ရှိပါတယ်။ အသက်၂၀လောက် ရှိတဲ့ ကောင်မလေး တစ်ယောက်ရဲ့ ဦးဆောင်မှု အောက်မှာပဲ ထိုအဖွဲ့က ကောင်းကင်စံအိမ်ဆီ ချီတက်နေခဲ့တယ်။ သိပ်မကြာခင်မှာပဲ ဂိုဏ်းအစပ်နားသို့ ရောက်ရှိလာခဲ့တယ်။
“ဒါက နတ်ဆိုးအရှင်သခင် မွေးဖွားခဲ့တဲ့ နေရာလား” ထိုအလွန်အမင်း လှပတဲ့ မိန်းမပျိုလေးက မေးလိုက်တယ်။ သူမ ကိုယ်လုံးကိုယ်ပေါက်က ရှည်သွယ်ပြီး တောက်ပတဲ့ မျက်လုံး၊ ဖြူဝင်းတဲ့ သွားနဲ့ ကျောက်စိမ်းသဖွယ် ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားပါတယ်။ သူမက တန်ဖိုးကြီးမားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး သူမ၏ မြင့်မြတ်တဲ့ ကိုယ်နေဟန်ပန် စိတ်နေစိတ်ထားက ရွန်းလဲ့တောက်ပနေ ခဲ့ပါတယ်။
အပြုံးလေးကို ဆင်မြန်းရင်း သူမ၏ မျက်လုံးထဲ အထင်သေးသည့် အရိပ်အယောင် တစ်စွန်းတစ်စ ဖြတ်ပြေးသွားခဲ့ပြီး အသာအယာလေး မေးလိုက်တယ် “ဒါက သာမန် ဒုတိယအဆင့် အင်အားစုလေး တစ်ခုသာသာပဲ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ကြောက်ဖို့ကောင်းတဲ့ နတ်ဆိုးအရှင်သခင်ကို မွေးထုတ်ပေးနိုင်မှာလလဲ”
ချက်ချင်းပဲ အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားတဲ့ လူငယ်လေး တစ်ယောက်က ခေါက်ယပ်တောင် တစ်ချောင်းကို ကိုင်ဆောင်ရင်း ရှေ့တက်ပြီး ပြောလိုက်တယ် “မိန်းမပျိုချူ၊ ဒီနေရာက သာမန်အဆင့်နှစ် အင်အားစု တစ်ခုပဲ ဆိုပေမယ့် အထဲမှာ ပုန်းအောင်းနေတဲ့ ကျားတွေ၊ နဂါးတွေ အများကြီးပဲ ရှိလို့ အထင်မသေးသင့်ဘူး။ ကျွန်တော်နဲ့ ညီအစ်ကိုဖန်တို့ အရင်အကြိမ် လာခဲ့တုန်းကဆို တော်တော်လေး ခံစားခဲ့ရတာ”
အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်က အရင်တုန်းက ရန်ကိုင် အနိုင်ယူခဲ့တဲ့ ဘိုင်ယွမ်ဖုန်းပါ။ ရန်ကိုင် အရှက်ခွဲတာကို ခံစားလိုက်ရတဲ့အတွက် ချက်ချင်း သွားလက်စား ချေချင်ပေမယ့် လင်းတိုင်ရှုနဲ့ မန်ဝူရတို့ ရှိနေတဲ့အတွက် ငြိမ်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။
ထို့ကြောင့် ချူမိသားစုက ကောင်းကင်စံအိမ်က အင်အားစုတစ်ခု ပို့လွှတ်မယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရချိန်မှာတော့ ဘိုင်ယွမ်ဖုန်းလည်း ဘိုင်မိသားစုက ကျွမ်းကျင်သူတွေကို ဦးဆောင်ပြီး ချူမိသားစု သခင်မလေးနဲ့အတူ လိုက်လာခဲ့တာပါ။
သူက ပြုံးပြီး ပြောနေပေမယ့် ချူသခင်မလေးနဲ့တော့ ခြေသုံးအကွာမှာ ရပ်နေခဲ့ပါတယ်။ သူ့မရှေ့၌ ဘိုင်မိသားစုရဲ့ သခင်လေးဆိုတဲ့ မောက်မာမှုကို တစ်စွန်းတစ်စတောင် မတွေ့ရပါဘူး။
ဘိုင်ယွမ်ဖုန်းက မောက်မာပေမယ့် သူ့အခြေအနေကိုတော့ သူသိပါတယ်။ သူက ပထမအဆင့် အင်အားစုတစ်ခုရဲ့ သခင်လေး တစ်ယောက်ဖြစ်ပြီး သူ့ ရွယ်တူတွေကြား ထွန်းသစ်စ ကြယ်တစ်ပွင့် ဆိုပေမယ့် ထိုမိန်းကလေး ရှေ့မှာတော့ သူ့အဆင့်အတန်းက ဘာမှ မဟုတ်တော့ပါဘူး။ သူ့ရှေ့မှာ ရှိနေတာက ချူမိသားစုက အကြီးဆုံးသမီး ဖြစ်တဲ့ သခင်မလေး ချူရီမန်ပါပဲ။
ဘိုင်မိသားစုက မိသာစုကြီး ရှစ်ခုထဲ တစ်ခု ဖြစ်တဲ့ ချူမိသားစုနဲ့ ဘယ်လိုလုပ်ပြီး သွားယှဉ်နိုင်ပါ့မလဲ။
ချူမိသားစုရဲ့ ခွန်အားနဲ့ အမွေအနှစ်ကို ထည့်မတွက်ရင်တောင်မှ အခုမှ အသက်၂၀သာ ရှိသေးတဲ့ ချူရီမန်က အစစ်အမှန်ဒြပ်စင်အဆင့် ၉ကို ရောက်နေခဲ့ပါပြီ။ ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ လူငယ်မျိုးဆက်တွေထဲမှာ လက်တစ်ဆုပ်စာလောက်ပဲ သူမနဲ့ ယှဉ်နိုင်ပါလိမ့်မယ်။
ပြီးတော့ သူမက သိုင်းပညာမှာတင် ပါရမီပါရုံ မဟုတ်ပါဘူး အရမ်းကို လှပလွန်းတဲ့ အလှဂဟေး တစ်ဦးလည်း ဖြစ်ပါသေးတယ်။
ချူမိသားစု သခင်မလေးက အခုလို လှလည်းလှ၊ သိုင်းပညာမှာလည်း ပါရမီပါတော့ မိသားစုကြီး ခုနှစ်ခုထဲ၊ ရန်မိသားစုမပါ၊ ဘယ်သခင်လေးကများ သူမကို လက်မထပ်ချင်ပါ့မလဲ။
ဒါပေမယ့် ချင်မိသားစုခေါင်းဆောင် ချူရှို့ချန်က ကြေညာထားပါတယ် “ချူရီမန်ကို လက်ထပ်ချင်တယ်ဆိုရင် လက်ထပ်နိုင်တယ်၊ ဒါပေမယ့် ချူမိသားစုထဲကို ဝင်ရမယ်။ မွေးလာတဲ့ ကလေးရဲ့ မျိုးရိုးနာမည်ကိုလည်း ချူမျိုးရိုး နာမည်ပဲ ပေးရမယ်။ အခုလိုလုပ်တာ အဓိပ္ပါယ် မရှိဘူးလို့ တွေးတဲ့လူတွေ အကုန်လုံး ထွက်သွားလို့ရတယ်။ မင်းတို့ကို ငါမလိုဘူး”
ထိုတောင်းဆိုချက်က လူငယ်တော်တော် များများရဲ့ ရည်မှန်းချက်ကို ပျက်စီးသွားစေခဲ့တယ်။ ဒါပေမယ့် သူမနား တဝဲဝဲလည်လည် နေပြီး သူမ၏ အလှကို အရသာခံနေတဲ့ လူငယ်တွေလည်း ရှိနေပါသေးတယ်။
ချူရီမန်က ထိုသခင်လေးဆိုတဲ့ လူငယ်အားလုံး သူမနဲ့ ဘယ်တော့မှ နီးကပ်ခွင့် မပေးခဲ့ပါဘူး။ တကယ်တော့ ကောင်းကင်စံအိမ်ဆီ လာမယ့် အင်အားစုကို သူမဦးဆောင်လာရတဲ့ အကြောင်းအရင်းက အခုတလော သူမနား တဝဲလည်လည် လုပ်နေတဲ့ ယင်ကောင်းတွေ တအားများလွန်း တာကြောင့်ပါပဲ။
ဘိုင်ယွမ်ဖုန်း ပြောတာကို ကြားပေမယ့် ချူရီမန်က အသာအယာသာ ရယ်မောလိုက်တယ်။ တစ်ချက်ကလေးတောင် ပြန်လှည့်မကြည့်ပဲ ဆံပင်ကို သူမနားပေါ် သပ်တင်လိုက်ပြီး ပြန်ပြောလိုက်တယ် “သခင်ဘေးဘိုင်က အရင်တုန်းက ကောင်းကင်စံအိမ်ကို လာခဲ့တယ်မလား။ အဲ့တုန်းက သခင်လေးဘိုင်က ကောင်းကင်စံအိမ်က တပည့်တစ်ယောက်ကို ရှုံးနိမ့်ခဲ့တဲ့အပြင် အဖိုးတန် လက်နက်လေးပါ ဖျက်စီးခံလိုက်ရတယ်တဲ့။ အဲ့ဒါ အမှန်ပဲလား”
ဘိုင်ယွမ်ဖုန်း၏ အမူအရာက ချက်ချင်း ခါးသီးသွားခဲ့တယ်။ ထိုမိန်းမပျက်ကို သူ့စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲနေလိုက်ပေမယ့် သူ့မျက်နှာထက်မှာတော့ နှိမ့်ချသည့် အမူအရာကိုသာ ဆင်မြန်းထားပြီး “ဒီသခင်လေး တကယ်ပဲ အဲ့လို အရှက်ခွဲခံခဲ့ရပါတယ်။ သခင်မလေးချူ ရယ်ချင်နေမှာပဲ”
သူတို့နှစ်ယောက် စကားပြောနေတုန်း နောက်ထပ် ကောင်မလေး တစ်ယောက်က သူတို့စကားဝိုင်းထဲ ဝင်လာခဲ့တယ်။ ထိုကောင်မလေးရဲ့ ကိုယ်လုံးကိုယ်ပေါက်က သေးသွယ်ကျစ်လစ်ပါတယ်။ သူမက ချူရီမန်ထက် ခေါင်းတစ်လုံးစာ ပိုပုပေမယ့် သူမရဲ့ ရင်ဘတ်ကတော့ တစ်ကမ္ဘာမှာပါ။ သူမ၏ ရင်ဘတ်က လုံးဝန်းပြီး မို့မောက်နေကာ သူမနားမှာ ရှိနေတဲ့ လူတွေရဲ့ အကြည့်ကို ဆွဲဆောင်နေခဲ့တယ်။
Martial Peak
အပိုင်း(၂၉၄) ထွက်ပြေးခြင်း
ထိုကောင်မလေးက ဒေါသထွက်သွားတာ သိသာပါတယ်။ ချက်ချင်းပဲ ဒေါသထွက်နေတဲ့ ကျားပေါက်လေး တစ်ကောင်လို ကြုံးဝါးလိုက်တယ် “အဲ့ကောင်စုတ် ရန်ကိုင်က ဒီမှာနေတာလား။ စီနီယာအစ်ကိုဖန် ပြန်လာတုန်းက ဒုတိယအဆင့် အင်အားစုက တပည့်တစ်ယောက်တောင် သူ့ကို ရိုက်နှက်နိုင်တယ်လို့ ပြောပြီး တံခါးပိတ် ကျင့်စဉ် ချက်ချင်း တန်းဝင်သွားတယ်။ အဲ့အချိန် ကတည်းက သူ့ကို မတွေ့ရတော့တာ။ အဲ့လို ဖြစ်ရတာ အားလုံးက အဲ့ရန်ကိုင်ကြောင့်ပဲ။ ဒီတစ်ကြိမ် ငါသူ့ကိုဖမ်းပြီး သူလုပ်ခဲ့တာ တွေအတွက် ပြန်ပေးဆပ်ခိုင်းရမယ်”
သူမပြောတဲ့ စီနီယာအစ်ကို ဖန်ဆိုတာက အရင်တုန်းက ကောင်းကင်စံအိမ်ကို လာသွားတဲ့ ဖန်ဟောင်ကို ပြောတာပါ။
လော့ရှောင်မန်နဲ့ ဖန်ဟောင်တို့ နှစ်ယောက်စလုံးက ခရမ်းဖန်းတောင်ကြားရဲ့ လက်ရွေးစင်တွေ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက အတူတူ ကြီးပြင်းလာကြာတာပါ။ ပြီးတော့ သူတို့ကြားမှာလည်း ဆက်ဆံရေး တစ်ခုခု ရှိနေတဲ့ပုံပါပဲ။ သူမရဲ့ အချစ်ကလေးကို လပေါင်းများစွာ မတွေ့ရတော့ ရန်ကိုင်ကို မကျေမချမ်း ဖြစ်တာလည်း မထူးဆန်းပါဘူး။
ချူရီမန်က မဲ့ပြုံးပြုံးလိုက်ပြီး အသာအယာလေး ပြောလိုက်တယ် “ညီမရှောင်မန်၊ နင့်ကိုယ်နင် ထိန်းဦး။ ငါတို့ ဒီတစ်ကြိမ် လာရတဲ့ အဓိက ရည်ရွယ်ချက်က နတ်ဆိုးအရှင်သခင် အကြောင်း မေးမြန်းဖို့ပဲ။ ကျန်တဲ့ အားလုံးက ဒုတိယပဲ။ ငါတို့အတွက် ပိုပြီး ခက်ခဲအောင် မလုပ်နဲ့”
ဒါပေမယ့် လော့ရှောင်မန်က သူမ ပြောတာကို ကျေနပ်သည့်ပုံ မပေါက်ပါဘူး။ နှုတ်ခမ်းလေး ဆူလိုက်ပြီး “ငါဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ရန်ကိုင်ကို ခရမ်းဖန်းတောင်ကြားဆီ ကျိန်းသေ ပြန်ခေါ်သွားရမယ်။ အဲ့လိုမှပဲ သူ့နဲ့စီနီယာအစ်ကိုနဲ့ မျှတတဲ့ တိုက်ပွဲတစ်ခု တိုက်ခိုင်းလို့ ရမှာ။ အဲ့ကျမှပဲ စီနီယာအစ်ကိုရဲ့ နှလုံးသားထဲက အထုံး ပြေသွားမှာ”
အဲ့လိုပြောပြီးတာနဲ့ သူမက ချူရီမန်နား သွားလိုက်ပြီး သူမ၏ လက်မောင်းကို ကိုင်ကာ လှုပ်ရမ်းလိုက်ရင်း ကလေးဆိုးလေး တစ်ယောက်လို “အစ်မချူ၊ သူက ဒုတိယအဆင့် အင်အားစုက တပည့်တစ်ယောက် သာသာပဲ မဟုတ်ဘူးလား။ အစ်မချူတို့ ကိစ္စကြီးတွေကို ကိုင်တွယ်နေတဲ့အချိန် ကျွန်မက လူတွေခေါ်ပြီး သူ့ကို တိတ်တိတ်လေး သွားဖမ်းလိုက်မယ်လေ။ အဲ့လိုဆိုရင် အစ်မရဲ့ အစီအစဉ်တွေကိုလည်း အနှောင့်အယှတ် မဖြစ်တော့ဘူးလေ”
ချူရီမန်က သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ ခေါင်းညိတ်လိုက်တယ် “ကောင်းပြီ။ သူက တကယ်တော့ တပည့်လေး တစ်ယောက်ပဲလေ”
“ဟီးဟီဂ၊ အစ်မချူက အကောင်းဆုံးပဲ” လော့ရှောင်မန်က ပျော်ရွှင်စွာနဲ့ ပြုံးလိုက်တယ်။
ထိုအချိန်တွင် သူမတို့ဘေးနာ၌ မတ်တပ်ရပ်နေသည့် ဘိုင်ယွမ်ဖုန်းက အသာအယာလေး ချောင်းဟန့်လိုက်ပြီး ပြုံးရင်း သတိပေးလိုက်တယ် “ဂျူနီယာညီမလေး လော့၊ ငါနင်တို့ကို နိမ့်ချပြီး အခြားသူကို ဂုဏ်ဖော်ပြောချင်တာတော့ မဟုတ်ပေမယ့် ရန်ကိုင်က အလွယ်တကူ ရင်ဆိုင်လို့ရတဲ့ လူစားမျိုး မဟုတ်ဘူးနော်။ လွန်ခဲ့တဲ့တစ်နှစ် ငါနဲ့သူ တိုက်ခိုက်တုန်းက သူက ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ ရှိသေးတာ။ ဒါပေမယ့် အဲ့ကျင့်ကြံခြင်း အဆင့်နဲ့တောင် သူက ငါ့ကို အနိုင်ယူနိုင်တယ်။ ငါနဲ့ ညီအစ်ကိုဖန်ရဲ့ ခွန်အားက အတူတူလောက်ပဲ ရှိတာ။ အခု တစ်နှစ်ကုန်သွားပြီ။ သူဘယ်လောက်တောင် အားကောင်းလာပြီလဲ ဆိုတာ ခန့်မှန်းဖို့ခက်တယ်။ နင်သူ့ကို ခရမ်းဖန်း တောင်ကြားဆီ ပြန်ခေါ်သွားပြီး ညီအစ်ကိုဖန်နဲ့ တိုက်ခိုက်ခိုင်းမယ် ဆိုရင်တောင်မှ ငါစိုးရိမ်တာက…”
“ဟွန့်၊ ငါ့ရဲ့ စီနီယာအစ်ကိုက ဒုတိယအဆင့် အင်အားစုက ဘာမဟုတ်တဲ့ ကောင်တစ်ကောင်ကို ဘာလို့ ရှုံးရမှာလဲ” လော့ရှောင်မန်က မကျေမနပ်နဲ့ အံ့ကြိတ်လိုက်တယ်။ သူမမျက်လုံးတွေက ဘေးတစ်ဖက်ကို အသာအယာလေး စွေစောင်းလိုက်ပြီး “ကိစ္စကြီးမို့လို့လား… သူက အားကောင်းတယ် ဆိုရင်တောင် စီနီယာအစ်ကို သူ့ကို နိုင်လောက်တဲ့အထိ ငါသူ့ကို ဒဏ်ရာရအောင် လုပ်လိုက်မှာပေါ့”
ဂျူနီယာသုံးယောက် စကားပြောနေတဲ့ အချိန် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၉ ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် မျက်မှောင်ကြုံ့လိုက်ပြီး “သခင်မလေး၊ အခြေအနေတွေက တစ်ခုခု လွဲနေသလိုပဲ။ အဲ့နေရာမှာ လူတွေအများကြီး ရှိနေတယ်”
ချူရီမန်ရဲ့ အမူအရာက မသိမသာလေး ပြောင်းလဲသွားခဲ့ပြီး လေးနက်တဲ့ လေသံနဲ့ မေးလိုက်တယ် “နင်ဘာပြောချင်တာလဲ”
လူအိုကြီးက သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို ထုတ်စစ်ဆေးလိုက်ပြီးနောက် ခါသီးစွာဖြင့် ပြန်ပြောလိုက်တယ် “ကောင်းကင်စံအိမ်က အခုလိုတွေ ဖြစ်လာမယ်ဆိုတာကို ကြိုပြီး ခန့်မှန်းထားတဲ့ပုံပဲ။ အရှေ့မှာတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ ငါးယောက်က စောင့်နေတယ်။ အနောက်မှာတော့ လူတွေ အများကြီး စုဝေးနေတယ်။ အဲ့လူတွေ အကုန်လုံးက ကောင်းကင်စံအိမ်ရဲ့ အဓိကတပည့်တွေပဲနဲ့ တူတယ်။ သူတို့ကြည့်ရတာတော့ ထွက်ပြေးဖို့ လုပ်နေတဲ့ ပုံပဲ”
“အိမ်မက်ပဲ မက်နေလိုက်” ချူရီမန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ခပ်မြန်မြန်ပဲ အမိန့်ပေးလိုက်တယ် “နင်တို့ထဲအချို့သွားပြီး အဲ့အင်မော်တယ်တက်လှမ်းခြင်း အဆင့် ငါးယောက်ကို သွားဖမ်းလိုက်။ ခုခံရဲတယ်ဆိုရင် တစ်ခါတည်း သတ်ပစ်လိုက်တယ်။ ကျန်တဲ့လူတွေ အားလုံး ငါနဲ့လိုက်ခဲ့”
“ဟုတ်ကဲ့ပါ၊ သခင်မလေး”
ဘိုင်ယွမ်ဖုန်းက အင်မော်တယ်တက်လှမ်းခြင်း အထွတ်အထိပ် အဆင့်ဖြစ်တဲ့ လင်းတိုင်ရှုနဲ့ မန်ဝူရ အကြောင်း ပြောထားတဲ့ အတွက် ချူမိသားစုက အင်မော်တယ်တက်လှမ်းခြင်း အဆင့်၉ ကျင့်ကြံသူလေးယောက်ကို လွှတ်ပေးလိုက်တာပါ။
ထိုလူလေးယောက်နဲ့ဆိုရင် ချူမိသားစုက မန်ဝူရနဲ့ လင်းတိုင်ရှုတို့ကို ရင်ဆိုင်နိုင်မယ်လို့ တွေးထားတာပါ။
ထိုအဖွဲ့ကြီးက ချက်ချင်း နှစ်ဖွဲ့ခွဲသွားလိုက်ပြီး အစီအစဉ် ကျနစွာဖြင့် ချီတက်သွားလိုက်တယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ၉ လေးယောက်က အခြားအင်မော်တယ် တက်လှမ်းခြင်းအဆင့်၇၊၈ ကျင့်ကြံသူတွေကို ဦးဆောင်ကာ လင်းတိုင်ရှုတို့ ရှိနေတဲ့ နေရာဆီ သွားလိုက်ပြီး ချူရီမန်က ကျန်တဲ့ လူတွေကို ဦးဆောင်ကာ ရစ်ခွေနဂါးစမ်းချောင်းရှိရာဆီ သွားလိုက်တယ်။
ရစ်ခွေနဂါးစမ်းချောင်းဘေး၌ ရန်ကိုင်က စုယန်နှင့် ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ကြည်နူးနေရင်း သူ့မျက်နှာ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး အဝေးတစ်နေရာဆီ လှမ်းကြည့်လိုက်တယ်။
“ဘာဖြစ်လို့လဲ” ရန်ကိုင် မျက်နှာအမူအရာ ပြောင်းလဲသွားတာကို စုယန်က ချက်ချင်း သတိပြုမိလိုက်ပြီး အလျင်အမြန်ပဲ ကောက်မေးလိုက်တယ်။
“သူတို့ လာနေပြီ” ရန်ကိုင် အမူအရာက လေးလံသွားခဲ့ကာ ခပ်မြန်မြန်ပဲ အော်ပြောလိုက်တယ် “အားလုံး၊ မြန်မြန်လုပ်ကြ၊ ငါတို့ကို ရှာတွေ့သွားပြီ”
အပေါ်မှာ လူငယ်မျိုးဆက်တွေထဲက အယောက်၂၀လောက် ကျန်ရှိနေပါသေးတယ်။ ရန်ကိုင် သတိပေးတာကို ကြားလိုက်တာနဲ့ သူ့ရဲ့ဂိုဏ်းတူဦးလေးတို့ကလည်း ချက်ချင်းပဲ အရှိန်မြှင့်လိုက်ကြပါတယ်။
ကျန်ရှိနေတဲ့ ဂျူနီယာတွေ အကုန်လုံး လေဟာနယ်လျှောက်လှမ်းထဲကို တစ်ယောက်ပြီး တစ်ယောက် ရောက်သွားခဲ့ကြတယ်။
တစ်ခဏကြာပြီးနောက် အားလုံး လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်ခဲ့ပါတယ်။
“ဂိုဏ်းတူတူလေး…” ကျန်ရှိနေတဲ့ ဂိုဏ်းတူဦးလေးတွေက ရန်ကိုင်ဘေးနား ပျံသန်းလာလိုက်ပြီး သူတို့ဆီ ချီတက်လာနေတဲ့ ရန်သူတွေရှိရာဘက်ဆီ စူးစိုက်ကြည့်လိုက်တယ်။
“ခင်ဗျားတို့အားလုံး အရင်သွားနှင့်” ရန်ကိုင်က အမိန့်ပေးလိုက်တယ် “ကျွန်တော်သူတို့ကို ထိန်းထားလိုက်မယ်”
“အင်း” ဘယ်သူမှ တုန့်ဆိုင်း မနေခဲ့ပါဘူး။ ချက်ချင်းပဲ လေဟာနယ်လျှောက်လမ်းထဲ ခုန်ဝင်သွားလိုက်ကြတယ်။
“ဘယ်ပြေးဖို့ ကြိုးစားနေတာလဲ” အဝေးတစ်နေရာကနေ ဒေါသတကြီး အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး အသံက မပျောက်ကွယ်သေးခင်မှာပဲ အလင်းတန်း တစ်တန်းက သူတို့ဆီ တိုးဝင်လာခဲ့တယ်။
သူတို့တွေက ရန်ကိုင် မျှော်လင့်ထားတာထက် စောပြီး ရောက်လာခဲ့ပါတယ်။
ရန်ကိုင်နဲ့ စုယန်တို့၏ အမူအရာ လေးနက်သွားခဲ့တယ်။ အစစ်အမှန် ချီကို အတူတကွ လှည့်ပတ်လိုက်ပြီး တိုးဝင်လာတဲ့ အလင်းတန်းဆီ သူတို့ရဲ့ လက်ဝါးကိုယ်စီနဲ့ ရိုက်ချလိုက်တယ်။
တိုက်ခိုက်မှုနှစ်ခုက တစ်ခုကိုတစ်ခု ပျက်ပျယ်သွားစေခဲ့တယ်။ သိပ်မကြာခင်မှာပဲ လူရိပ်၂၀၊၃၀လောက်က သူတို့ရှေ့တွင် ထွက်ပေါ်လာခဲ့တယ်။
“ရန်ကိုင် ကောင်စုတ်ရေ… ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့ကြပြန်ပြီပေါ့” လူအုပ်ထဲကနေ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဘိုင်ယွမ်ဖုန်းက အပြုံးကြီးပြုံးရင်း အော်ပြောလိုက်တယ်။
ရန်သူတွေ နောက်တစ်ကြိမ် တွေ့ဆုံနေရပြန်ပါပြီ။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဘိုင်ယွမ်ဖုန်းက အပေါ်စီးကနေ ဖြစ်နေတဲ့အတွက် ရန်ကိုင်ကို နည်းနည်းလေးမှ မျက်နှာသာ ပေးမှာ မဟုတ်ပါဘူး။
“နင်က ရန်ကိုင်လား” လော့ရှောင်မန်က သူ့ကို ကြည့်လိုက်ပြီး အထင်အမြင် သေးစွာဖြင့် “ဘာမှလည်း မထူးခြားပါလား။ ငါက နင့်ကို ခေါင်းသုံးလုံ လက်ခြောက်ဖက် ရှိနေတယ် ထင်နေတာ။ တကယ်တမ်း တွေ့လိုက်ရတော့လည်း နင်က သာမန်ကောင်စုတ်လေး တစ်ကောင်နဲ့ ဘာမှ မခြားနားပါလား”
ချူရီမန်က ကြိတ်ပြုံးလိုက်တယ်။ သူမလည်း ထိုကောင်စုတ်လေးနဲ့ ပက်သက်ပြီး အနည်းငယ်တော့ စိတ်ဝင်စားမိပါတယ်။ ဒါပေမယ့် သူမအကြည့်က ရန်ကိုင်ဘေးနား ရောက်သွားချိန်မှာတော့ သူမ မျက်လုံးအစုံက အပ်တစ်ချောင်းစားလောက် ကျဉ်းမြောင်းသွားခဲ့တယ်။
ချူရီမန်က ထိုရေခဲတမျှ အေးစက်တဲ့ မိန်းကလေးဆီမှ ကြီးကျယ်ခမ်းနားတဲ့ ရေခဲ့တောင်ရှေ့မှာ ရပ်နေရတဲ့အချိန် ခံစားရတဲ့ ဖိအားမျိုးကို ခံစားလိုက်ရတယ်။
ဆရာသခင် တစ်ယောက်ပဲ။ ပြီးတော့ ထိုတစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်က သူမအောက် မနိမ့်ကျပါဘူး။ ချူရီမန်၏ လှပတဲ့ မျက်ဝန်းအစုံက အံ့ဩမှုတွေနဲ့ လက်သွားခဲ့တယ်။ အခုလို ချောင်ကျတဲ့ ကောင်းကင်စံအိမ်လို နေရာမျိုးမှာ ထိုကဲ့သို ကောင်းကင်ကို အံတုနိုင်တဲ့ ပါရမီကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေး တစ်ယောက်ရဲ့ တွေ့ရလိမ့်မယ်လို့ သူမတစ်ခါမှ ထင်မထားခဲ့ပါဘူး။
ပြီးတော့ ထိုမိန်းကလေးရဲ့ ခွန်အားက မနိမ့်ကျတဲ့အပြင် သူမရဲ့ အလှဆိုရင်လည်း နိုင်ငံတွေကို ပျက်စီးစေနိုင်တဲ့အထိ လှပါလွန်းပါတယ်။ ချူရီမန်စိတ်ထဲ မနာလိုမိသွားခဲ့တယ်။
ချူရီမန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး သူမစိတ်ထဲက မနာလိုမှုတွေကို ချက်ချင်းပဲ ပျောက်ကွယ်သွားစေလိုက်တယ်။
“ငါတို့ ဒီတစ်ကြိမ် လာခဲ့တာက မေးခွန်းလေးတွေ မေးချင်လို့ပဲ။ အဲ့ဒါကြောင့် နင်တို့နှစ်ယောက် ငါတို့ကို ခက်ခဲအောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်” ချူရီမန်က အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ရန်ကိုင်နဲ့ စုယန်ကိုတစ်ချက်၊ သူတို့နောက်က လေဟာနယ်လျှောက်လမ်းကို တစ်ချက် ကြည့်ရင်း ပြောလိုက်တယ်။
သူမရဲ့ အသိဥာဏ်၊ ဗဟုသုတနဲ့တောင် ရန်ကိုင်တို့ နောက်က အရာက ဘာလဲဆိုတာ သူမမသိပါဘူး။
ရန်ကိုင်က အထင်အမြင်သေးစွာဖြင့် ပြုံးလိုက်ပြီး “သခင်မလေးချူက မေးခွန်းမေးချင်တယ် ဆိုရင် ဘာလို့ ဒီလောက် လူအများကြီး ခေါ်လာခဲ့တာလဲ”
လင်တိုင်းရှုနဲ့ အကြီးအကဲတွေက အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ များစွာနဲ့ တိုက်ခိုက်နေတာကို အစောကြီးကတည်းက ရန်ကိုင် သတိပြုမိတာပါ။ ထိုလူတွေက ကိစ္စတွေကို ကျေအေးစွာနဲ့ ဖြေရှင်းလိုသည့်ပုံ မပေါက်ပါဘူး။
ဒါပေမယ့် ရန်ကိုင်ရဲ့ မောက်မာတဲ့ လေသံကို ဂရုမထားပဲ ဖွဖွလေး ပြုံးလိုက်ပြီး “ငါတို့သာ ခွန်အား မပြခဲ့ရင် နင်တို့က လိမ်လိမ်မာမာနဲ့ ငါတို့နောက်ကို ဘယ်လိုက်လာပါ့မလဲ။ ဒါက ဆွေးနွေးတဲ့ နောက်ထပ် နည်းလမ်းတစ်မျိုးလေ။ နင်တို့ကို မခုခံဖို့ ငါပြောချင်တယ်။ မဟုတ်ရင်တော့ နင်တို့ တော်တော်လေး ခံစားရလိမ့်မယ်”
ရန်ကိုင် မျက်နှာက သုန်မှုန်နေခဲ့တယ်။ သူတို့နဲ့ ဆန့်ကျင်ဘက်မှာတော့ လူ၂၀၊၃၀လောက် ရှိနေခဲ့ပါတယ်။ ပြီးတော့ ထိုလူတွေထဲ အချို့ကလည်း အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေပါ။ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အားလုံးကလည်း သူတို့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ သူနဲ့စုယန်ကို ချိန်ထားတာပါ။
သူတို့သာ နည်းနည်း လှုပ်ရှားလိုက်တာနဲ့ ထိုလူတွေက ချက်ချင်း ရက်ရက်စက်စက် တိုက်ခိုက်မှာပါ။
လေဟာနယ်လျှောက်လမ်းက မီတာပေါင်းများစွာ အကွာမှာ ရှိနေပါတယ်။ ထိုအရာက ပွင့်နေဆဲပါ။ ပွင့်နေဆဲ ဆိုပေမယ့် ပိတ်ဖို့က သိပ်မကြာလောက်တော့ပါဘူး။
ငါတို့ လွတ်ပါ့မလား ရန်ကိုင်က သူ့ဘာသာ တွေးလိုက်ပြီး စုယန်ဆီ လှည့်ကြည့်လိုက်တယ်။ သူမ အမူအရာက ရေငြိမ်လိုပဲ လုံးဝကို တည်ငြိမ်နေပါတယ်။ ကျင့်ကြံသူ ၂၀၊၃၀ကို ရင်ဆိုင် နေရတာတောင် သူမအမူအရာက တစ်ချက်ကလေးတောင် မပြောင်းလဲသွားခဲ့ပါဘူး။
“နင်တို့နှစ်ယောက်က ပူးပေါင်းပြီး မလုပ်ဆောင်ချင်မှတော့ ငါတို့ကလည်း ရွေးစရာ မရှိတော့ဘူးပေါ့။ သူတို့ကို ဖမ်း။ နောက်မှပဲ မေးခွန်းမေးမယ်” ချူရီမန်က အမိန့်ပေးလိုက်တယ်။ အစကနေ အဆုံးထိ ပေါ့ပါးပြီး အေးအေးသက်သက်သာသာရှိတဲ့ သူမမျက်နှာထက်က အပြုံးက ဘယ်တော့မှ မပျောက်ကွယ်သွားခဲပါဘူး။
“ဟုတ်ကဲ့ပါ” အင်မော်တယ်တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ နှစ်ယောက်က သူမနောက်ကနေ ရှေ့ထွက်လိုက်ပြီး ရန်ကိုင်နဲ့ စုယန်ကို အထင်အမြင် သေးစွာ လှောင်ပြောင်လိုက်ရင်း သူတို့နှစ်ယောက်ဆီ ပြေးဝင်သွားလိုက်တယ်။
ရန်ကိုင်က စုယန်၏ နူးညံ့တဲ့ လက်ကလေးကို တင်းတင်း ဆုပ်လိုက်ပြီး တိုးတိုလေး ပြောလိုက်တယ် “နင်အရင်သွားနှင့်။ ငါကို စိတ်မပူနဲ့။ သူတို့ငါ့ကို ထိခိုက်အောင် လုပ်ရဲမှာမဟုတ်ဘူး”
စုယန်က တစ်ခဏတာလောက် တုန့်ဆိုင်းနေပြီးနောက် အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ အခုလို ကျဉ်းကြပ်တဲ့ အခြေအနေနဲ့ ရင်ဆိုင် နေရချိန်မှာတော့ ခေါင်းမာမာနဲ့ ရန်ကိုင် စကားကို ငြင်းဆန်ပြီး သူ့ဘေးနားမှာ ဆက်နေလို့ မဖြစ်ပါဘူး။ သူမက ထုံအတဲ့ မိန်းမ တစ်ယောက်မဟုတ်ပါဘူး။ ရန်ကိုင်ရဲ့ ဇစ်မြစ်ကို သူမသိထားပါတယ်။ ထိုအရာက ရန်ကိုင်ရဲ့ အကောင်းဆုံး အကာအကွယ်ပါ။ သူမသာ ကျန်နေခဲ့မယ် ဆိုရင် အခြေအနေတွေကို ပိုပြီး ဆိုးရွားလာစေနိုင်ပါတယ်။
ထိုအခိုက်အတန့်၌ ရန်ကိုင်နဲ့ စုယန်တို့ နှစ်ယောက် တစ်ယောက် ရည်ရွယ်ချက်ကို တစ်ယောက် နားလည်သွားကြတယ်။
အင်မော်တယ်တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ နှစ်ယောက်က သူတို့နဲ့ ငါးမီတာအတွင်းကို ရောက်ရှိလို့ လာခဲ့ပါပြီ။
ဒါပေမယ့် ထိုအခိုက်အတန့်မှာပဲ…
ရစ်ခွေနဂါးစမ်းချောင်းထဲက နတ်ဆိုးချီစွမ်းအင်တွေက ရုတ်တရက် လှိုက်တက်လာခဲ့ပြီး ဒါဇင်ကျော်တဲ့ အနက်ရောင် နဂါးတွေအဖြစ် ပြောင်းလဲသွားကာ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ရိုက်ချလိုက်တယ်။
ထိုနတ်ဆိုးချီထဲ ပြိုင်ဘက်ကင်းတဲ့ မိစ္ဆာဆန္ဒတွေ ပါဝင်နေခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုက သူတို့အပြင်ပိုင်းကို အရမ်းကြီး မထိခိုက်သွားစေမေပယ့် သူတို့ရဲ့ ဝိဥာဉ်ကို ရိုက်ခတ်သွားတဲ့ အချိန်မှာတော့ ထိုနှစ်ယောက်ကို တစ်ခဏတာတောင် ကြောင်အငေးမော သွားစေခဲ့တယ်။
အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်က ကြောင်အနေခဲ့ပြီး နာကျင်နေတဲ့ အမူအရာကို သူတို့မျက်နှာထက် အထင်းသား မြင်တွေ့နိုင်ပါတယ်။ ထိုနှစ်ယောက်ရဲ့ မျက်လုံးတွေက နီရဲလာခဲ့ပြီး သူတို့ ရှေ့ထွက်လာတဲ့ အကြောင်းပြချက်ကို သတိ မရတော့ပဲ ဘေးနားမှာရှိတဲ့ လူတွေကို လိုက်တိုက်ခိုက် ပါတော့တယ်။
ရန်ကိုင် မျက်လုံးအစုံ တောက်ပသွားခဲ့တယ်။ သူ အဆင်ပြေမနေမှန်း သိလို့ နတ်ဆိုးအိုကြီးက အခုလို နည်းလမ်းကို သုံးပြီး သူ့ကို ကူညီပေးခဲ့တာ ဖြစ်ရပါမယ်။
ကံမကောင်းစွာဖြင့် ထိုအရာက နတ်ဆိုးအိုကြီးရဲ့ အကန့်အသတ် ဖြစ်နေခဲ့တယ်။
“သွားမယ်” ရန်ကိုင်က စုယန်လက်မောင်းကို ဆွဲပြီး လေဟာနယ်လျှောက်လမ်း ရှိရာဆီ ပြေးထွက်သွားလိုက်တယ်။
ထိုရုတ်တရက် ပြောင်းလဲမှုက ချူမိသားစု၊ ဘိုင်မိသားစုနဲ့ ခရမ်းဖန်းတောင်ကြားက ကျင့်ကြံသူတွေ အားလုံးကို ကြောင်သွားစေခဲ့တယ်။ နတ်ဆိုးချီတွေနဲ့ ဖန်တီးထားတဲ့ နဂါးတွေဆီကနေ ထွက်ပေါ်နေတဲ့ နတ်ဆိုးအရှိန်အဝါ တွေကြောင့် သူတို့အားလုံး အဆင်မပြေ ဖြစ်လာခဲ့ကြတယ်။
သူတို့ အသိပြန်မဝင် သေးခင်မှာပဲ ရန်ကိုင်နဲ့ စုယန်က လေဟာနယ်လျှောက်လမ်း ရှိရာဆီ ပြေးထွက်သွားကြပါပြီ။
“သူတို့ကို တားစမ်း” ချူရီမန်က အော်ပြောလိုက်ပြီး ချက်ချင်းပဲ နောက်ကနေလိုက်ကာ တိုက်ခိုက်ပါတော့တယ်။
“နင်တို့ ဘယ်ပြေးဖို့ ကြိုးစားနေတာလဲ” လော့ရှောင်မန်လည်း အလျင်စလို ပြေးလိုက်သွားလိုက်တယ်။ သူမ ချူရီမန်နဲ့ အတူ လိုက်လာရတာက ရန်ကိုင်ကို ဖမ်းပြီး ခရမ်းဖန်းတောင်ကြားဆီ ပြန်ခေါ်သွားကာ ဖန်ဟောင်ရိုက်နှက်တာကို ခံခိုင်းဖို့ပါပဲ။ သူမက ရန်ကိုင် ထွက်ပြေးနေတာကို ဘယ်လိုလုပ်ပြီး ဒီအတိုင်း ငြိမ်ကြည့်နေနိုင့်ပါ့မလဲ။
ထိုမိန်းကလေး နှစ်ယောက် လှုပ်ရှားလိုက်တာနဲ့ ကျန်တဲ့ လူတွေလည်း အသိပြန်ဝင်လာခဲ့ပြီး လှုပ်ရှားမှု ပညာရပ် အသီးသီးကို အသက်သွင်းလိုက်ကြတယ်။
မျက်တောင်တစ်ခတ် အတွင်းမှာပဲ ရန်ကိုင်နဲ့ စုယန်နှစ်ယောက်စလုံး လေဟာနယ်လျှောက်လမ်းထဲကို ခုန်ဝင်သွားလိုက်ကြတယ်။ ရန်ကိုင်က နောက်နေ ဖြစ်ပြီး စုယန်က ရှေ့ကနေပါ။ ရန်ကိုင်က နောက်လှည့်လိုက်ပြီး အစစ်အမှန်ချီစွမ်းအင်ကို လှည့်ပတ်ကာ လေဟာနယ်လျှောက်လမ်း နံရံတွေကို ဖျက်စီးဖို့ ကြိုးစားလိုက်တယ်။
သူက ကောင်းကင်စံအိမ် အဖွဲ့သားတွေ လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်ဖို့အတွက် ထိုလမ်းကြောင်းကို ဖျက်စီးပစ်ချင်နေတာပါ။
ဒါပေမယ့် ချူရီမန်နဲ့ သူမတို့ရဲ့ အင်အားစုက အရမ်းကို မြန်ဆန်လွန်းတဲ့အတွက် ရန်ကိုင်က လေဟာနယ်လျှောက်လမ်းရဲ့ နံရံတွေကို မဖျက်စီးရသေးခင်မှာပဲ သူမနဲ့ နောက်လိုက်တစ်ဝက်လောက်က လေဟာနယ်လျှောက်လမ်းထဲကို ဝင်လာပြီးနေပါပြီ။
ရှေ့ဆုံးကနေ ဦးဆောင်လာတဲ့ ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်စလုံး ထိုပရမ်းပတာ လေဟာနယ်ကြီးကို မြင်လိုက်ရချိန် မနေနိုင်ပဲ တုန်လှုပ်သွားခဲ့တယ်။
ထိုမိန်းကလေး နှစ်ယောက်က လေဟာနယ်လျှောက်လမ်းဆိုတာ ဘာလဲ မသိကြပါဘူး။ ဒါပေမယ့် ရန်ကိုင်က ဒီနေရာကို လာရဲ့အတွက် ဒီနေရာက အန္တရာယ်ရှိမယ့် ပုံမပေါက်ပါဘူး။
ဆုံးဖြတ်ပြီးတာနဲ့ ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက် ရန်ကိုင်ကို တိုက်ခိုက်လိုက်ကြတယ်။ သူတို့ရဲ့ တိုက်ခိုက်မှုတွေ ထိပ်တိုက်တွေ့ သွားတာနဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပရမ်းပတာ လေဟာနယ်တွေကို ပေါက်ပြဲသွားစေခဲ့တယ်။
Martial Peak
အပိုင်း(၂၉၅) ဒါက ဘယ်နေရာကြီးလဲ
သိပ်မကြာခင်မှာပဲ ရန်ကိုင်က သူ့မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တဲ့ အချိန် လေဟာနယ်လျှောက်လှမ်းအပြင်ဘက်ကို ရောက်နေတာကို တွေ့လိုက်ရတယ်။
နောက်တစ်ခဏအတွင်းမှာပဲ ချူရီမန်နဲ့ လော့ရှောင်းမန်တို့ နှစ်ယောက် ရန်ကိုင်နှင့် မနီးမဝေးတွင် ပေါ်လာခဲ့တယ်။ သူတို့ တစ်ယောက်ချင်းစီကြားမှာ အကွာအဝေး တစ်ခုလောက် ခြားနေခဲ့ပါတယ်။ ရုတ်တရက် နေရာအသစ်ကြီးဆီ ရောက်ရှိလာခဲ့ရတဲ့အတွက် သူမတို့နှစ်ယောက်စလုံး၏ မျက်လုံးတွေက စိတ်ရှုပ်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့တယ်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို နေရာအသစ်ဆီ ရောက်လာသည့် ကလေးတစ်ယောက်လို လိုက်လံစူးစမ်းနေလိုက်တယ်။ ဘယ်လောက်တောင် အတွေးထဲ မျောနေလဲ မသိပေမယ့် သူမတို့ နှစ်ယောက်စလုံး ရန်ကိုင်ကို တိုက်ခိုက်ဖို့ မေ့လျော့နေခဲ့တယ်။
ရွှစ်… လူရိပ်တစ်ခု သူတို့နား ရောက်လာခဲ့တယ်။ ဒါပေမယ့် ထိုလူကို မြင်လိုက်တာနဲ့ သူတို့သုံးယောက်စလုံး တုန်ရီသွားခဲ့ကြတယ်။
ထိုလူက ချူရီမန် ခေါ်လာခဲ့တဲ့ ချူမိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူတစ်ယောက်ပါ။ ဒါပေမယ့် အခုတော့ သူ့မှာ ခန္ဓာတစ်ပိုင်းပဲ ရှိပါတော့တယ်။ အခြားတစ်ပိုင်းကတော့ ဘယ်ပျောက်လို့ ဘယ်ရောက်နေလဲ ဆိုတာ သူတို့ မသိကြပါဘူး။ ထိုလူရဲ့ ခန္ဓာကိုယ်က ခါးကနေ တိတိရိရိ ဖြတ်ချခံလိုက်ရတဲ့ ပုံပါပဲ။
သူ့ကိုယ်တွင်း ကလီစာတွေဆိုရင် အပြင်ဘက်ကကို ထွက်နေပြီး သွေးတွေဆိုလည်း နေရာအနှံ့ ပြန့်နေခဲ့ပါတယ်။ တကယ်ကို အသည်းယားစရာ ကောင်းတဲ့ မြင်ကွင်းကြီးပါ။
“ဘယ်လိုတောင်…” ချူရီမန်၏ လှပတဲ့ မျက်ဝန်းအစုံက မယုံကြည်နိုင်မှု တို့ဖြင့် ပြည့်နေခဲ့တယ်။ လော့ရှောင်မန်ရဲ့ မျက်နှာဆိုရင် စက္ကူတစ်ရွက်လို ဖြူလျော်နေခဲ့ပြီး အန်တော့မလိုတောင် ဖြစ်နေခဲ့ပါတယ်။
“ဘယ်လို ကောက်ကျစ်တဲ့ နည်းလမ်းတွေကို နင်သုံးလိုက်တာလဲ” ချူရီမန်က ရုတ်တရက် ရန်ကိုင်ဘက် လှမ်းကြည့်လိုက်ရင်း အေးစက်စက်လေသံနဲ့ မေးလိုက်တယ်။
လေဟာနယ်လျှောက်လမ်း အကြောင်းကို နားမလည်တဲ့အတွက် ရန်ကိုင်က ထိုပရမ်းပတာ ဖြစ်နေတဲ့ လေဟာနယ်ထဲမှာ ထောင်ချောက် တစ်ခုဆင်ပြီး သူမမိသားစုက ဆရာသခင်တွေကို သတ်လိုက်တယ်လို့ ချူရီမန်က ထင်နေတာပါ။
အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူဆိုတာမျိုးက ချူမိသားစုလို မိသားစုကြီးအတွက်တောင် လေ့ကျင့်ပေးဖို့ မလွယ်တဲ့ ကျင့်ကြံသူမျိုးပါ။ ဒါပေမယ့် အခုတော့ ထို အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ ကျင့်ကြံသူက သေသွားခဲ့ရပါပြီ။
ဒါပေမယ့် ရန်ကိုင်က သူမရဲ့ မေးခွန်းကို လျစ်လျူရှုထားလိုက်ပြီး ဘေးပတ်ပတ်လည်ကိုသာ သုန်မှုန်စွာနဲ့ လိုက်ကြည့်နေလိုက်တယ်။
သူနဲ့ ထိုမိန်းကလေး နှစ်ယောက်အပြင် ဘေးပတ်ဝန်းကျင်မှာ အခြား ဘယ်သူမှ မရှိပါဘူး။ လေဟာနယ်လျှောက်လမ်းထဲ အရင်ဝင်သွားတဲ့ ကောင်းကင်စံအိမ်က ဂိုဏ်းတူဦးလေးတွေကို အသာထား၊ သူ့ထက် ခြေတစ်လှမ်းစောပြီး ဝင်သွားတဲ့ စုယန်ကိုတောင် ရန်ကိုင် မတွေ့ပါဘူး။
ပြီးတော့ ဒီနေရာကိုလည်း သူနည်းနည်းလေးမှ ရင်းနှီးသလို မခံစားရပါဘူး။ ဒီနေရာက အရင်တစ်ခေါက်က လေဟာနယ်လျှောက်လမ်းကို အသုံးပြုပြီး သူနဲ့လင်းတိုင်ရှု လာခဲ့တဲ့ နေရာမဟုတ်ပါဘူး။
ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး ကီလိုမီတာ၂၀ ဝန်းကျင်လောက်ကို ရန်ကိုင် စစ်ဆေးကြည့်လိုက်တယ်။ တစ်ခဏ ကြာပြီးနောက် သူ့နှလုံးသားတစ်ခုလုံး ဟိုးအောက်ခြေထိ ဆုံးဆုံး မြုပ်သွားခဲ့ရပါတယ်။
သူနဲ့ ကီလိုမီတာ၂၀ ဝန်းကျင်အတွင်းမှာ လူတွေ တကယ်ပဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ထိုလူတွေက ကောင်းကင်စံအိမ်က လူတွေ မဟုတ်ကြပါဘူး။ ထိုမိန်းကလေး နှစ်ယောက်နဲ့ အတူလိုက်လာတဲ့ အစစ်အမှန်ဒြပ်စင်အဆင့် နဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေပါ။
သူတို့အားလုံး လေဟာနယ်လျှောက်လမ်းထဲကို ဝင်နိုင်ခဲ့ပေမယ့် အကြောင်းပြချက် တစ်ခုခု ကြောင့် အားလုံး တကွဲတပြားစီ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် လူအများကြီး ရှိမနေပဲ ဒါဇင်ကျော်လောက်ပဲ ရှိနေတာ ကံကောင်းသွားပါတယ်။ ထိုအထဲကမှ နှစ်ယောက်၊ သုံးယောက်လောက်ကပဲ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေပါ။
ဒါတွေ အားလုံးက လေဟာနယ်လျှောက်လမ်းထဲမှာ ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲကြောင့်လား ရန်ကိုင်က တွေးလိုက်တယ်။
ဖြစ်နိုင်ချေက ထိုတစ်ချက်ပဲ ရှိပါတယ်။ သူနဲ့ မိန်းကလေး နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် လေဟာနယ်လျှောက်လှမ်း ပျက်စီးသွားခဲ့ပြီး အခုလိုမျိုး အခြားနေရာတစ်ခုဆီ ရောက်လာခဲ့တာပါ။
ထိုခန္ဓာကိုယ်တစ်ပိုင်းနဲ့ လူကတော့ ကံဆိုးသွားတဲ့အတွက် သူ့ခန္ဓာကိုယ်တစ်ပိုင်းက လေဟာနယ် လျှောက်လမ်းထဲမှာ ကျန်ခဲ့တာ ဖြစ်ရပါမယ်။
တော်တော်လေး နီးစပ်သွားတာပဲ အားလုံးကို သေချာစဉ်းစား ပြီးတာနဲ့ ရန်ကိုင်နဖူးထက်မှ ချွေးအေးတို့ စီးကျလာခဲ့တယ်။
လေဟာနယ်ကို ဖြတ်သန်းရတာ ထင်သလောက် မရိုးရှင်းဘူပဲ။ နည်းနည်းလေး ဂရုမပြုမိလိုက်တာနဲ့ ဟိုကောင်လို မသာပေါ်သွားနိုင်တာပဲ
ဒါပေမယ့် စုယန်နှင့် ကောင်းကင်စံအိမ် အဖွဲ့သားတွေ အားလုံးကတော့ လုံလုံခြုံခြုံနဲ့ ထွက်သွားနိုင်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က သူ့ရှေ့ကနေ သွားကြာတာကိုး။
“ဟေး၊ နင့်ကို မေးခွန်းမေးနေတယ်လေ” လော့ရှောင်မန်၏ မျက်နှာက ဖြူလျော်နေဆဲပါ။ ဒါပေမယ့် ရန်ကိုင်က သူမတို့ကို လျစ်လျူရှုထားတာကို မြင်လိုက်တော့ မကျေမနပ် စိတ်တိုင်းမကျ ဖြစ်သွားခဲ့တယ်။
ချောင်ကျတဲ့ နေရာက သာမန်တပည့် တစ်ယောက်ကများ ဘယ်လောက်တောင် ရဲတင်းလိုက်တာလဲ။ သူ့မှာ အရည်းအချင်းလေး နည်းနည်းပါးပါး ရှိတယ် ဆိုရင်တောင် သူ့အစွမ်းလောက်က ဘာမှ ဟုတ်သေးတာ မဟုတ်ဘူး။ အစ်မချူက အားကောင်းတယ်၊ လှပတယ်၊ ကျော်လည်း ကျော်ကြားတယ်။ မိသားစုကြီးရှစ်ခုက သခင်လေးတွေတောင် သူမအာရုံစိုက်တာကို ခံချင်နေတာ။ ဒါပေမယ့် အခုက အစ်မချူက သူ့ကို ကိုယ်တိုင်ကိုယ်ကျ အရင်မေးနေတာကိုတောင် အစ်မချူကို လျစ်လျူရှုထားရဲတယ်။ ဘာလို့ ဒီလောက်တောင် အရှက်မဲ့နိုင်ရတာလဲ။
ထိုအော်သံကို ကြားလိုက်တာနဲ့ ရန်ကိုင် အတွေးထဲကနေ အသိပြန်ဝင်လာခဲ့တယ်။ ထို့နောက် ထိုမိန်းကလေး နှစ်ယောက်ကို အေးစက်စက် မျက်ဝန်းအစုံဖြင့် လှမ်းကြည့်လိုက်တယ်။
ထိုလူတွေရဲ့ အဖွဲ့ကြောင့်သာ မဟုတ်ရင် အခုဆို သူကစုယန်နဲ့ အတူရှိနေရလောက်ပါပြီ။ ပြီးတော့ အန္တာရာယ်တွေနဲ့ ရင်ဆိုင်ရလိမ့်မှာ မဟုတ်ပါဘူး။
သူနဲ့စုယန်တို့ လက်တွဲပြီး ကမ္ဘာအနှံ့ခြေဆန့်ဖို့ သဘောတူထားရုံပဲ ရှိသေး၊ ထိုအဖွဲ့က ပေါ်လာပြီး အားလုံးကို ဖျက်စီးသွားခဲ့တယ်။ အခု စုယန် ဘယ်ရောက်နေလဲ ဆိုတာတောင် သူမသိတော့ပါဘူး။ အခု ရန်ကိုင် စိတ်အခြေအနေ ဘယ်လောက်တောင် ဆိုးရွားနေလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။
“ဒီနေရာက ဘာနေရာလဲ” ချူရီမန်က မျက်ခုံးလေးပင့်လိုက်ပြီး မတ်တပ်ရပ်ကာ ရန်ကိုင်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။
သူမပုံစံက ရှည်သွယ်ပြီး ခြေတံလေးတွေ ဆိုရင်လည်း သွယ်သွယ်လေးတွေပါ။ သူမ၏ မျက်နှာဟာ ဆိုရင်လည်း ကြာပန်းလေးလို လှပတင့်တယ်ပြီး ခါးလေးဆိုရင်လည်း သေးသွယ်ပြီး နူးညံ့လှပါတယ်။ သူမ ဝတ်ဆင်ထားတဲ့ ခရမ်းရောင် ဝတ်စုံနဲ့ ဆိုရင် သူမရဲ့ အလှက သူတော်စင်တွေကိုတောင် ဈာန်လျှော သွားစေနိုင်ပါတယ်။
ပြီးတော့ သူမက ချူမိသားစုရဲ့ ပထမသခင်မလေးပါ။ သူမရဲ့ မာနကြီးပြီး မြင့်မြတ်တဲ့ စိတ်နေစိတ်ထား၊ ကိုယ်နေဟန်ပန်ကြောင့် သူမနား ရှိနေတဲ့ ဘယ်လူငယ်မဆို ဖိအားကြီးကြီး ခံစားရပြီး သူ့မရှေ့ ကြောင်ပေါက်လေး တစ်ကောင်လို ငြိမ်ကုတ်နေစမြဲပါ။
သူမမေးခွန်း မေးလိုက်တာနဲ့ အဖြေက တန်းရပြီးသားပါ။
ဒါပေမယ့် ရန်ကိုင်ကတော့ သူမကို ရွံရှာစွာနဲ့ လှောင်ပြောင်လိုက်ပါတယ် “ဒီနေရာက ဘာနေရာလဲဟုတ်လား။ နင့်လင်ငါက သိမလားဟဲ့”
ရန်ကိုင်ရဲ့ ဆဲရေးစကားကို ကြားလိုက်တာနဲ့ မိန်းကလေး နှစ်ယောက်စလုံး တစ်ခဏတာလောက် အံ့အားသင့်သွားခဲ့တယ်။
လော့ရှောင်မန်ရဲ့ မျက်နှာလှလှလေးက ချက်ချင်းပဲ နီရဲသွားခဲ့ပြီး တုန်ရီနေတဲ့ လေသံနဲ့ ရန်ကိုင်ကို အော်လိုက်တယ် “ကောင်စုတ်လေး၊ နင်ဘယ်လိုတောင် ငါတို့ကို အခုလိုမျိုး ပြန်ပြောရဲတာလဲ”
ချူရီဟန်၏ မျက်နှာထက်မှာတော့ လှောင်ပြုံးတစ်ခု ပေါ်လာခဲ့ပြီး အသာအယာလေး ရယ်မောလိုက်ရင်း “စိတ်ဝင်စားစရာပဲ၊ ငါကို အခုလိုမျိုး ပြောရဲတဲ့ ယောကျ်ားတစ်ယောက်မှ မရှိခဲ့ဖူးသေးဘူး။ နင်က ပထမဆုံးလူပဲ။ နင်မဖြေချင်လည်း ကိစ္စမရှိပါဘူး။ နင့်ကို ဖမ်းမိတာနဲ့ ဖြေးဖြေးချင်း စစ်မေးရမှာပေါ့”
ဒါတွေအားလုံး ရန်ကိုင် စီစဉ်ထားတာလို့ ချူရီမန်က ထင်နေခဲ့တာပါ။ ကံဆိုးစွာဖြင့် ရန်ကိုင်လည်း အခုကိစ္စနဲ့ ပက်သက်ပြီး ဘာကိုမှ မသိပါဘူး။
ရန်ကိုင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အစစ်အမှန်ချီကို လှည့်ပတ်၍ လှုပ်ရှားမှု ပညာကို အသက်သွင်းလိုက်သည်။ ထို့နောက်မှာတော့ သူ့ပုံရိပ်က ဝေဝါးသွားခဲ့ပြီး လျင်မြန်စွာပဲ မိန်းကလေး နှစ်ယောက်ဆီ တိုးဝင်သွားလိုက်တယ်။
အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ယောက် ချူရီမန်နဲ့ လော့ရှောင်မန်တို့ ရှိနေတဲ့နေရာကို ရှာတွေ့သွားပြီဆိုတာ ရန်ကိုင် သိနေပါတယ်။ ထိုလူတွေက အခု ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်ဆီ အပြေးအလွှားနဲ့ လာနေကြပါပြီ။ သူ့အနေနဲ့ ထိုနှစ်ယောက်ထဲက တစ်ယောက်ကို ဓါးစာခံအဖြစ် အရင်ဖမ်းထားရပါမယ်။ အဲ့လိုမှ မဟုတ်ပဲ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့်တွေ ဝိုင်းတာ ခံလိုက်ရမယ် ဆိုရင်တော့ အခြေအနေတွေက လွယ်ကူတော့မှာ မဟုတ်ပါဘူး။
ရန်ကိုင်က ရဲတင်းစွာနဲ့ ပြေးဝင်လာတာကို တွေ့လိုက်ရတော့ လော့ရှောင်မန်က ချက်ချင်းပဲ အော်ပြောလိုက်ပါတယ် “ငါနင်နဲ့ တိုက်မယ်”
သူမခန္ဓာကိုယ်ဆီ အပြာရောင် အရောင်အဝါတို့ ထွက်ပေါ်လာခဲ့တယ်။ ထိုအရောင်အဝါထဲက အချို့က သူမခန္ဓာကိုယ်ကို ကာကွယ်နေခဲ့ပြီး အချို့ကတော့ ရန်ကိုင်ဆီ တိုးဝင်သွားခဲ့ပါတယ်။
ဒါပေမယ့် ရန်ကိုင် အရှိန်ကတော့ နည်းနည်းလေးတောင် လျှော့မသွားခဲ့ပါဘူး။ အစစ်အမှန်ချီတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး လော့ရှောင်မန်၏ သိုင်းပညာရပ်က သူ့အပေါ် နည်းနည်းလေးတောင်မှ အကျိုးသက်ရောက်ခြင်း မရှိခဲ့ပါဘူး။ ကြယ်ပျံတစ်ခုလို ပြေးဝင်လာနေတဲ့ ရန်ကိုင်ကို ကြည့်ရင်း လော့ရှောင်မန်၏ မျက်နှာလေး ဖြူလျော်သွားခဲ့ရတယ်။
“သတိထား” ချူရီမန်က မြန်စွာစွာ အော်ဟစ်သတိပေးလိုက်ပြီး သိုင်းပညာရပ် တစ်မျိုးမျိုးကို သုံးကာ လော့ရှောင်မန်ကို သူမဆီ ဆွဲခေါ်လိုက်တယ်။
ရန်ကိုင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့ဘေးဘက်ကို အားပြင်းပြင်းနဲ့ ထိုးချလိုက်တယ်။ ချက်ချင်းပဲ သူ့ဘေးနေရာက ပြင်းပြင်းထန်ထန် ပေါက်ကွဲသွားခဲ့တယ်။
ထိုပေါက်ကွဲမှု ပြင်းအားက ရန်ကိုင်ကို အနည်းငယ် နောက်ပြန်ဆုတ် သွားစေခဲ့တယ်။ မြေကြီးနဲ့ ခြေထောက်နဲ့ မြဲအောင်တောင် မရပ်ရသေးခင်မှာပဲ ချူရီမန်က ရယ်မောလိုက်ပြီး လေထဲဝဲနေတဲ့ သစ်ရွက်လေးတစ်ရွက်လို သူ့ဆီ ပျံသန်းလာလိုက်တယ်။ သူမအရှိန်က နှေးတယ် ထင်ရပေမယ့် တကယ်တမ်းတော့ အရမ်းကို မြန်ဆန်ပါတယ်။
ထိုသိုင်းပညာရပ်က တကယ်ကို နက်နဲပါတယ်။ ထိုသိုင်းပညာရပ်ကို အသုံးပြုလိုက်တာနဲ့ ချူရီမန်ကို ခြေရာခံလို့ ရတော့လိ့မ့်မည် မဟုတ်ပါဘူး။
ရန်ကိုင်၏ အမူအရာ လေးနက်တည်ကြည် သွားခဲ့တယ်။ ထို့နောက် ကောင်းကင်စိတ်အာရုံကို ခပ်မြန်မြန် ဖြန့်ကျ်လိုက်တယ်။ ချူရီမန်၏ နေရာကို အာရုံခံမိလိုက်တာနဲ့ ထိုနေရာကို နေသုံးစင်းမီးတောက် ပေါက်ကွဲခြင်း ပညာရပ်နဲ့ ထိုးချလိုက်တယ်။
ချူရီမန်က ရုတ်တရက် ပြန်ပေါ်လာခဲ့တယ်။ သူမ၏ ကျော့ရှင်းတဲ့ မျက်နှာလေးဟာ ဆိုရင်ဖြင့် ထိတ်လန့်အံ့ဩမှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။ ချက်ချင်းပဲ သူမ၏ အစစ်အမှန်ချီစွမ်းအင်ကို ထုတ်ဖော်လိုက်တယ်။
တိုးလျလျ အသံနှင့်အတူ ရန်ကိုင်က ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်လိုက်ရတယ်။ ချူရီမန်ကတော့ အပြုံးဖွဖွလေးကို ဆင်မြန်းရင်း ရန်ကိုင်ကို ကြည့်ကာ ပြောလိုက်တယ် “နင့်မှာ အရည်အချင်းတော့ ရှိသားပဲ။ ဒါပေမယ့် အဲ့လောက်ကြီးတော့လည်း မဟုတ်သေးဘူး။ အခုက နင်အကောင်းဆုံး လုပ်နိုင်တာဆိုရင် နာနာ်ခံခံလေးနဲ့ ငါဖမ်းတာကို ခံလိုက်ဖို့ ငါနင့်ကို အကြံပေးချင်တယ်။ မဟုတ်ရင် နင်ကိုယ်နင် အရှက်ခွဲသလို ဖြစ်နေလိမ့်မယ်”
သန်မာတယ်
သူမ၏ စိတ်ပူဟန် မရသည့် လေသံကို နားထောင်ရင်း ရန်ကိုင် မျက်နှာ သုန်မှုန်လာခဲ့တယ်။ သူက ချူရီမန် ဒါမှမဟုတ် လော့ရှောင်မန်ကို ဓါးစာခံအဖြစ် ဖမ်းထားချင်တာပါ။ ဒါပေမယ့် ချူရီမန်က သာမန်ကျင့်ကြံသူ တစ်ယောက် ဟုတ်မနေခဲ့ပါဘူး။ သူသာ အားကုန်သုံးမယ် ဆိုရင် ချူရီမန်ကို အနိုင်ယူနိုင်ပါတယ်။ ဒါပေမယ့် အချိန်ခဏလေး အတွင်းမှာတော့ မဟုတ်ပါဘူး။
အင်မော်တယ် တက်လှမ်းခြင်းအဆင့် သုံးယောက်ကလည်း လျင်မြန်စွာနဲ့ ချဉ်းကပ်လာနေခဲ့ပါတယ်။ ကံကြမ္မာက သူ့ဘက်မှာ ရှိသည့်ပုံမပေါက်ပါဘူး။
“ထွက်ပြေးဖို့ ကြိုးစားနေတာလား” ချူရီမန်၏ မျက်ဝန်းအစုံထဲ ဂုဏ်ယူသည့် အရိပ်အယောင် ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင် ပြန်ပြောတာကိုတောင် စောင့်မနေတော့ပဲ သူ့ဆီကို ပြေးဝင်သွားလိုက်တယ် “ငါဒီမှာရှိနေတာကို နင်က ပြေးလို့လွတ်မယ် ထင်နေတာလား”
“ထွက်သွားစမ်း” ရန်ကိုင်က သူ့လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး ကျားဖြူတံဆိပ်တော်နှင့် နွားသိုးတံဆိပ်တော်ကို အသုံးပြုလိုက်တယ်။
ကြက်သွေးရောင် ကျားနှင့် နွားသိုးတို့ ထွက်ပေါ်လာခဲ့ပြီး မာန်ဖီကာ ချူရီမန်ဆီ ပြေးဝင်သွားလိုက်တယ်။
ချူရီမန်ကလည်း နည်းနည်းလေးတောင် ထိတ်လန့်မသွားခဲ့ပါဘူး။ ကျော့ရှင်းစွာနဲ့ ရယ်မောလိုက်ရင်း “နင်က ဝှက်ဖဲတွေ ကျန်နေသေးတဲ့ပုံပဲ။ ဘိုင်ယွမ်ဖုန်း နင့်ကို ရှုံးသွားတာလည်း အံ့ဩစရာမဟုတ်တော့ပါဘူး”
ပြောနေရင်းနဲ့ သူမလက်ကို ဝှေ့ရမ်းလိုက်ပြီး ရန်ကိုင်ဆီ လက်ဝါးတစ်ချက် ရိုက်လွှတ်လိုက်တယ်။
သားရဲပုံရိပ် နှစ်ခု ချူရီမန်နား မရောက်သေးခင်မှာပဲ သူမ၏
တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရတယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်က ပြုံးလိုက်ပြီး အသူရာဓါးကို ဆင့်ခေါ်လိုက်တယ်။ ထို့နောက် အစစ်အမှန်ယန်ချီတွေကို သူ့ဒန်တန်ထဲ ပြန်စီးဆင်းစေလိုက်ပြီး ရွှေရှောင်အရိုးခြောက်ထဲက မိစ္ဆာစွမ်းအင်တွေကို ထုတ်ယူအသုံးပြုလိုက်တယ်။
ရန်ကိုင် တစ်ကိုယ်လုံးကို အနက်ရောင်မြူတို့ဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး နီရဲနေသည့် မျက်ဝန်းတစ်စုံကိုသာ မြင်တွေ့နိုင်ပါတော့တယ်။
သူ့လက်ထဲက အသူဓါးနဲ့ ပါဆိုတော့ ရန်ကိုင်ပုံစံက နတ်ဆိုးတစ်ကောင်နဲ့တောင် တူသွားပါတော့တယ်။
သွေးဆာတဲ့ အရှိန်အဝါကို ခံစားမိလိုက်တာနဲ့ ချူရီမန်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အော်ဟစ်လိုက်တယ် “ကောင်းကင်စံအိမ်မှာ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတွေ တကယ်ပဲ ရှိနေတာပဲ”
တစ်ချိန်တည်းမှာပဲ သူမလက်ကို ဆန့်ထုတ်လိုက်ပြီး လျှပ်စီးဘောလုံးလေး တစ်လုံးကို သူမလက်ချောင်းထိပ်၌ ဖန်တီးလိုက်တယ်။ ပြီးတာနဲ့ ချက်ချင်းပဲ ရန်ကိုင်ဆီ ပစ်လွှတ်လိုက်ပါတယ်။
ရန်ကိုင်ကတော့ ဓါးတစ်ချက်နဲ့သာ တုန့်ပြန်ခဲ့ပါတယ်။
သူ့ဓါးချက်နဲ့ ထိတွေ့သွားတာနဲ့ လျှပ်စီးဘောလုံးက ပေါက်ကွဲသွားခဲ့ပြီး မြောက်မြားစွာသော လျှပ်စီးလေးတွေအဖြစ် ပြောင်းလဲသွားခဲ့ကာ မီတာပေါင်းများစွာကို ဖုံးလွှမ်းသွားခဲ့တယ်။
ရန်ကိုင်က အရှေ့ကို တိုးသွားလိုက်တယ်။ လျှပ်စီးတွေက သူ့ကို ရိုက်ခတ်နေပေမယ့် ရန်ကိုင် အရှိန်က နည်းနည်းလေးတောင် လျော့မသွားခဲ့ပါဘူး။ အဲ့အစား ခြေတစ်လှမ်းလှမ်းတိုင်း သူ့အရှိန်က ပိုပိုတိုးလားခဲ့တယ်။
ရန်ကိုင်ဆီကနေ ပြင်းထန်လှတဲ့ သတ်ဖြတ်လိုစိတ်ကို ခံစားမိတာနဲ့ ချူရီမန်၏ မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး အလျင်စလို အော်ဟစ်လိုက်တယ် “အကာအကွယ်”
သူ့မ၏ လက်သွယ်သွယ်လေး ရှေ့တွင် ဒိုင်းကာ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပဲ သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ သူမ အသုံးပြုလိုက်တာက အကာအကွယ် ရတနာတစ်ခုဆိုတာ အသေအချာပါပဲ။ ချူမိသားရဲ့ ကြွမ်းဝချမ်းသားမှုနဲ့ ချင့်ချိန် စဉ်းစားကြည့်လိုက်မယ် ဆိုရင်တော့ ထိုအကာအကွယ် ရတနာက အဆင့်မနိမ့်တာကို သတိပြုမိနိုင်ပါတယ်။
ဘုန်းဆိုတဲ့ မြည်သံနှင့်အတူ အသူရာဓါးနဲ့ အကာအရံတို့ ထိတွေ့သွားခဲ့တယ်။ စွမ်းအင်လှိုင်းတွေက ဘေးပတ်ပတ်လည်သို့ ပြင်းထန်စွာနဲ့ ပျံ့လွင့်လာခဲ့တယ်။
ချူရီမန်က မီတာပေါင်းများစွာသို့ ခပ်မြန်မြန် ဆုတ်ခွါလိုက်တယ်။ သူမရဲ့ ခန္ဓာကိုယ်လေးဆိုရင်လည်း တုန်ရီလို့နေခဲ့ပါတယ်။ ဒီတစ်ကြိမ် ထိပ်တိုက် တွေ့ရာမှာ သူမအောက်စီး ရောက်သွားတယ်ဆိုတာ အထင်သား မြင်တွေ့နိုင်ပါတယ်။
သူ့မလက်ထဲက ဒိုင်းကာကို ငုံ့ကြည့်လိုက်ပြီး ချူရီမန်က ခါးသီးစွာ ရယ်မောလိုက်ကာ “နင်မှာ အရည်အချင်းတော့ ရှိသားပဲ။ အစစ်အမှန်ဒြပ်စင်အဆင့်၃ ကျင့်ကြံသူတစ်ယောက်က ငါ့ကို ဒီအထိတောင် တွန်းပို့နိုင်တယ် ဆိုတော့ ကြည့်ရတာ ငါနင့်ကို အထင်သေးမိ သွားတဲ့ပုံပဲ”