← Chapters

နတ်ဘုရားရာထူးဆင့်ခေါ်ခံရခြင်း

Vol. 36 Ch. 497

နတ်ဘုရားရာထူးဆင့်ခေါ်ခံရခြင်း

Vol. 36 Ch. 497

ကျန်းလန်သည် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်ထဲတွင် မတ်တတ်ရပ်လျှက်ရှိသည်။ သူက အရှေ့သို့ဆက်မသွားတော့ပေ။

သူ့ပတ်ဝန်းကျင်တွင် အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာသည်ကို ခံစားရသည်။ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ လက်ဆောင်များနှင့် အကြီးအကဲများ ချန်ထားရစ်ခဲ့သည့် စကားများကို ကျန်းလန် ခံစားမိသည်။

ထိုသူများသည် သေချာပေါက် သေဆုံးကြရမည်ကို သိရှိခဲ့ကြသည်။ သို့သော် အချို့သောအရာများကို ပြန်လည်ပေးပို့ရန် ရွေးချယ်ခဲ့ကြသည်။

သူတို့လုပ်ရပ်သည်လည်း မှန်ကန်သည်ဟု ဆိုနိုင်သည်။ သူတို့ပြန်လာလျှင်လည်း ဤနေရာတွင် မည်သို့ ရပ်တည်နိုင်ပါတော့မည်နည်း။ ထို့ပြင် သူ့အတွက် ကောင်းချီးလက်ဆောင်များလည်း ကျန်ရစ်တော့မည် မဟုတ်ပေ။

ကျန်းလန်က ရှေးဟောင်းဧကရာဇ်နန်းတော်မှ အကြီးအကဲများ ချန်ထားခဲ့သည့် ကောင်းချီးလက်ဆောင်များကို အေးအေးဆေးဆေးပင် လက်ခံရယူလိုက်သည်။ သူက ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခဲ့ပြီ ဖြစ်လေရာ စိုးရိမ်စိတ်ဖြင့် တုံ့ဆိုင်းနေစရာ မလိုတော့ပေ။

ထိုအစား လက်ခံစရာရှိသည်ကို လက်ခံပြီး လုပ်စရာရှိသည့်တာဝန်ကို လုပ်လိုက်မည်။ လိပ်ပြာသန့်နေသရွေ့ အဆင်ပြေလေသည်။

အချိန်အတန်ကြာပြီးနောက် အရာအားလုံးက မူလအတိုင်း ပြန်လည်ငြိမ်သက်သွားသည်။ ကျန်းလန်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်သည်။

ထို့နောက် သူ မတ်တတ်ရပ်နေသည့်နေရာတွင် ဓားကျိုးကို ထိုးစိုက်လိုက်သည်။ ယခုအချိန်မှစတင်ပြီး စြင်္ကံလမ်းပေါ်တွင် ထိုးစိုက်ထားသည့်ဓားသည် သူ့ကို ကိုယ်စားပြုလေသည်။

ကောင်းကင်ဘုံပြိုကျမည်ဆိုလျှင် သူထမ်းဆောင်ရမည့်တာဝန်ကို ကျေပွန်အောင် ပြုလုပ်ရမည်။ ဤသည်က သူရရှိခဲ့သည့် ကောင်းချီးလက်ဆောင်များအတွက် အလျော်အစားပင် ဖြစ်၏။

ထို့နောက် ကျန်းလန်က အနိမ့်ပိုင်းနန်းတော်၏ အတွင်းပိုင်းသို့ လှမ်းကြည့်လိုက်သည်။ အထဲတွင် မည်သည့်အရာများ ရှိနိုင်ပါသနည်း။ အထဲတွင် ရှေးဟောင်းဧကရာဇ်နန်းတော်နှင့်ပတ်သက်သည့်မှတ်တမ်းမှတ်ရာများ ရှိကောင်းရှိနိုင်သည်။

သို့သော် လက်ရှိတွင် သူ ဤနေရာတွင် ဆက်မနေနိုင်တော့ပေ။ သူက တန်ခိုးစွမ်းအားလုံလောက်အောင် မမြင့်မားသေးသည့်အတွက် ဤနေရာမှာပင် ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။

ထို့နောက် သူ ပြန်ရန် ဟန်ပြင်လိုက်သည်။

ပြန်ရန်ဟန်ပြင်လိုက်သည်နှင့် သူ ချက်ချင်းပင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော် တံခါးဝသို့ ရောက်ရှိသွားသည်။ ထို့နောက် မှောင်မိုက်နေသည့် အနက်ရောင်အမှောင်ထုကို ကြည့်လိုက်ပြီး ထိုနေရာသို့ ထပ်မသွားတော့ရန် ဆုံးဖြတ်လိုက်သည်။

အမှောင်ထု၏နောက်ကွယ်တွင် ပုန်းအောင်းနေသည့်အရာများက ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ တာအိုအင်မော်တယ်ဖြစ်ပြီးမှ သူတို့ မည်သူဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်၏။

နောက်ဆုံးတော့ ကျန်းလန်၏ စိတ်အာရုံက မရဏဂူထဲသို့ ပြန်လည်ရောက်ရှိလာသည်။

သူ ပြန်ရောက်သည်နှင့် သူ၏တာအိုနယ်မြေက တစ်ချက်လှုပ်ရှားသွားပြီး ဉာဏ်အလင်းပွင့်တော့မည့်အလား ခံစားလိုက်ရသည်။

ကျန်းလန် ချက်ချင်းပင် မရဏဂူထဲမှထွက်ခွာလာပြီး ခြံဝင်းဆီသို့ သွားခဲ့သည်။ ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ရရှိခဲ့သည့် ကောင်းချီးလက်ဆောင်များက သူ့အတွက် အသုံးဝင်ခဲ့သည်။ ဉာဏ်အလင်းပွင့်ခြင်းအဆင့်သို့ ရောက်ရှိခြင်းဖြင့် ထိုကောင်းချီးလက်ဆောင်များအားလုံးကို သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။

သို့သော် အချိန်အနည်းငယ် ယူရပေလိမ့်မည်။ ထို့ပြင် ခြံဝင်းထဲတွင် ဉာဏ်အလင်းပွင့်ခြင်းအဆင့် ဝင်ရောက်ခြင်းက ပိုမိုကောင်းမွန်ပြီး မရဏဂူထဲတွင်တော့ သိပ်ပြီး မသင့်တော်ပေ။

ကျန်းလန် ခြံဝင်းထဲရောက်ရှိလာသည့်အခါ ရှောင်ယွိက ပြန်ရောက်ခြင်း မရှိသေးပေ။ ကျန်းလန် ကျောက်စားပွဲတွင်ထိုင်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျန်းလန်၏ တာအိုနယ်မြေသည် ကျယ်ပြန့်သည်ထက် ကျယ်ပြန့်လာကာ ခြံဝင်းတစ်ခုလုံးသို့ ဖုံးလွှမ်းသွားသည်။ ခြံဝင်းတစ်ခုလုံးက တာအိုနယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားပုံရသည်။

ပြင်ပလောကကို မထိခိုက်ဘဲ နာမ်ဝိညာဉ်ရောင်ပြန်ပညာဖြင့် ဖန်တီးထားသည့် နယ်မြေတစ်ခုအလား ထင်မှတ်ရသည်။ ကျန်းလန်သည်ကား ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ ရရှိခဲ့သည့် တာအိုခြေရာများကို အာရုံပြုရင်း ဉာဏ်အလင်းရရှိသွားတော့သည်။

သူက ကောင်းချီးလက်ဆောင်များကို နားလည်သွားခဲ့ပြီး နောက်ဆုံးတွင် သူ၏ ကိုယ်ပိုင်အဖြစ် သိမ်းပိုက်နိုင်ခဲ့သည်။

ကြယ်စင်ရောင်တောက်ပနေသည့် ကောင်းကင်လမ်းဆီသို့ သူ့ကို ညွှန်ပြလျှက် ရှိလေတော့၏။

***

ညအချိန်…

ရှောင်ယွိ နဝမတောင်ထွတ်သို့ ပြန်ရောက်လာသည်။

သူမက နှုတ်ခမ်းစူလိုက်ရင်း…

"ဂိုဏ်းတူမောင်လေးက လာကြိုမယ်ဆိုပြီး ဘာလို့ လာမကြိုရတာလဲ"

သူမစိတ်ထဲ အနည်းငယ်တော့ ထူးဆန်းနေသည်။

ကျန်းလန်က လာကြိုမည်ဟု ပြောလျှင် လာကြိုတတ်သူ ဖြစ်သည်။ တစ်စုံတစ်ခုက ချုပ်နှောင်ထားခြင်း မရှိလျှင် ကျန်းလန် သူမထံ သေချာပေါက် ရောက်လာမည်ပင်။

ခွန်လွန်တောင်ကများ ကျန်းလန်ကို တစ်ခုခု အလုပ်ခိုင်းထားလေသလား။

မဖြစ်နိုင်ပေ။ ကျန်းလန်မှာ ကျင့်ကြံခြင်းအဆင့်သတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် ထူးချွန်တပည့်ရွေးချယ်ရာတွင်လည်း ပါဝင်နိုင်မည် မဟုတ်ပေ။

နဝမတောင်ထွတ်တွင်လည်း သန့်ရှင်းရေးလုပ်စရာ မရှိတော့ပေ။

သူမက ခြေတစ်ချက်စောင့်လိုက်ရင်း…

"ငါ့ကိုလာကြိုဖို့ ဂိုဏ်းတူမောင်လေး မေ့နေတာနေမှာ"

သူမက ကျန်းလန်ကို ပညာပေးရန် ရည်ရွယ်ပြီး သစ်သားဓားကို ထုတ်ယူလိုက်သည်။

သို့သော် ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် သူမ အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ယနေ့ ခြံဝင်းက အနည်းငယ် ထူးခြားနေသည်။ ပြောင်းလဲမှုက အားနည်းလွန်းသည့်တိုင် သူမ ခံစား၍ ရလေသည်။

ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ဖော်မပြနိုင်လောက်အောင် ပြီးပြည့်စုံသောတာအိုတရားကို နားလည်သဘောပေါက်သွားဟန် ရှိသည်။

ကျန်းလန် နောက်တစ်ကြိမ် ဉာဏ်အလင်းပွင့်ပြန်ပြီလား။ သူမနှင့် မတွေ့သည်မှာ နေ့တစ်ဝက်သာရှိသေးသည် ၊ ယခု ဉာဏ်အလင်းပွင့်သွားခဲ့သည်လား။

ကျန်းလန်ကတော့ သူမ စောင့်ကြည့်မနေပါက ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိသွားစမြဲပင်။ ကျန်းလန်က တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်လာတော့မည်ဖြစ်ရာ ထိုမျှလောက် လွယ်လွယ်နှင့် ဉာဏ်အလင်းပွင့်သည့်အဆင့် ဝင်ရောက်သွားမည်ဟု ထင်မထားခဲ့ပေ။ သို့သော် သူမ မှားယွင်းခဲ့လေသည်။

ရှောင်ယွိ ခြံဝင်းထဲ လမ်းလျှောက်ဝင်လာသည်။

သူမက ကျန်းလန် အနှောက်အယှက်မဖြစ်စေရန် သတိထားလိုက်သည်။ ထို့ပြင် သူမသည်လည်း ဤနေရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပုံရကြောင်း သတိပြုလိုက်မိသည်။

သူမက ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင် တိတ်ဆိတ်စွာ ဝင်ထိုင်ရင်း မေးစေ့ကို လက်နှစ်ဖက်ဖြင့် အသာထောက်ထားသည်။ သူမလည်း ဤနေရာမှာပင် ကျန်းလန်နှင့်အတူ အချိန်အတိုင်းအတာတစ်ခုအထိ ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက်…

မျက်စိတစ်မှိတ်အတွင်းမှာပင် (၅)နှစ်ဆိုသောအချိန်က ကုန်ဆုံးသွားသည်။

ရှောင်ယွိသည် ခြံဝင်းထဲတွင် အချိန် (၅)နှစ်လုံးလုံး နေထိုင်ခဲ့သည်။ သူမ စစ်ဆေးကြည့်သည့်အခါ ခြံဝင်းက အပြင်ဘက်နှင့်ကွဲပြားပြီး မရဏအငွေ့အသက်များ၏ လွှမ်းမိုးမှုမှာလည်း အလွန်နည်းပါးလွန်းသည်။

ထို့ကြောင့် သူမက ကျောက်စိမ်းရေကန်သို့ပြန်သွားရန် မစဉ်းစားတော့ဘဲ ခြံဝင်းထဲတွင်သာ ဆက်လက်နေထိုင်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသည့်အခါ ကျောက်စိမ်းရေကန်သို့ပြန်သွားရန် မတ်တတ်ထရပ်လိုက်သည်။

ပုံမှန်ဆိုလျှင် သူမက နဝမတောင်ထွတ်တွင် ကြာကြာ မနေတတ်ပေ။ သို့ဖြစ်ရာ သူမ ကျောက်စိမ်းရေကန်သို့ ပြန်မလာဘူးဆိုလျှင် အခြားသူများ ရိပ်မိသွားနိုင်သည်။

ကျန်းလန်က လျှို့ဝှက်ထားရသည်ကို သဘောကျသည့်အတွက် သူမသည်လည်း ကျန်းလန်သဘောအတိုင်း လျှို့ဝှက်ထားရမည် ဖြစ်သည်။

ရှောင်ယွိ ကျောက်စိမ်းရေကန်သို့ ပြန်ပြီး နှစ်အနည်းငယ်ကြာမှ ပြန်လာရန် စီစဉ်လိုက်သည်။

***

ကျန်းလန်သည် သူ၏ တာအိုနယ်မြေတွင် မတ်တတ်ရပ်လျှက် ရှိသည်။ သူက အရားအားလုံးကို နားလည်ထားပြီး ဖြစ်သော်လည်း တစ်စုံတစ်ခု လွဲချော်နေသည်ကို ခံစားရသည်။

သူ၏တာအိုနယ်မြေတွင် လုန်ယွိ လစ်လပ်နေလေသည်။ ထို့ကြောင့် နောက်ဆုံးအဆင့် ပြီးပြည့်စုံခြင်းသို့ မရောက်ရှိခဲ့ပေ။

သူ၏ တာအိုနယ်မြေသည် သစ်ပင်များ ၊ မြစ်များ ၊ တောတောင်များဖြင့် မည်သည့်အရာမှ မှားယွင်းခြင်း မရှိခဲ့ပေ။ အာကာသဗလာနယ် ၊ မြေပြင် ၊ မြေအောက်ရေစီးကြောင်း ၊ ကြေးမုံမှန်များနှင့် ကြယ်စင်များစုံလင်သည့် ကောင်းကင်ကြီးများက အလွန်ပင် ကြည့်၍ကောင်းလှသည်။

ထိုအရာများအားလုံးသည် ပြီးပြည့်စုံမှုဆီသို့ ချဉ်းကပ်ခဲ့ကြသော်လည်း နောင်ဆုံး အလှဆင်မှုတစ်ခု လစ်လပ်နေခဲ့သည်။ သူ၏ တာအိုနယ်မြေသည် အထီးကျန်တိတ်ဆိတ်လှသည်။

အထီးကျန်ခြင်းက မကောင်းသည့်အချက်မဟုတ်ပေ။ သို့သော် သူ၏ တာအိုနှလုံးသားနှင့် မကိုက်ညီပေ။ ထို့ကြောင့် သူ၏တာအိုနယ်မြေသည် ပြီးပြည့်စုံလိမ့်မည် မဟုတ်ပေ။

သို့သော် လုန်ယွိကို သူ၏ တာအိုနယ်မြေအတွင်း ခေါ်ယူရန်အတွက် အခွင့်အရေးမရသေးပေ။ ကံကြမ္မာနှင့် အခွင့်အရေးကိုသာ စောင့်ဆိုင်းရမည် ဖြစ်သည်။

သူက အတင်းအကျပ် ဖိအားပေးမည် မဟုတ်ပေ။

ထိုသို့တွေးပြီးသည်နှင့် ကျန်းလန်က သူ၏ တာအိုနယ်မြေမှ ဆုတ်ခွာလာခဲ့သည်။

ခြံဝင်းထဲတွင် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် ရှောင်ယွိကို တွေ့မြင်ရလေသည်။

ရှောင်ယွိကတော့ သူ့ကို ကြည့်နေခြင်းမရှိဘဲ နံဘေးတွင် အိပ်ပျော်လျှက်ရှိသည်။ သူမက အမြဲတမ်း စားပွဲထက်ခေါင်းတင်ကာ မှောက်အိပ်ရသည်ကို သဘောကျသည်လား။

ယခုဆိုလျှင် ရှောင်ယွိတင် မဟုတ်ပေ။ လုန်ယွိအသွင်ဖြင့်ဆိုလျှင်လည်း သူမက အရင်ကလောက် အေးစက်ခြင်း မရှိတော့ပေ။

ကျန်းလန်နှင့်အတူရှိသည့်အခါ ရှောင်ယွိရော လုန်ယွိပါ စိတ်နေစိတ်ထားများ အမူအရာများ တူညီနေပြီ ဖြစ်သည်။ သို့သော် သူမသည် လုန်ယွိအသွင်ဖြင့်မနေဘဲ ရှောင်ယွိအသွင်သို့ မကြာခဏ ပြောင်းလဲနေဆဲ ဖြစ်သည်။

ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ သန့်ရှင်းရေးပြုလုပ်ထားသည့် အရိပ်အယောင်ကို တွေ့မြင်ရသည်။ ရှောင်ယွိက ခြံဝင်းကို သန့်ရှင်းရေး ပြုလုပ်ထားခြင်း ဖြစ်နိုင်သည်။

သို့သော် အချို့နေရာများက ဟောင်းနွမ်းနေသည်ကို ကြည့်ခြင်းအားဖြင့် အချိန်အတော်ကြာခဲ့ပြီဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

သူက ရှောင်ယွိ အိပ်နေသည်ကို မနှိုးဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ သူက အမြဲတမ်း သူမ အိပ်ပျော်နေသည်ကို ငေးကြည့်နေကျပင်။

အရင်က သစ်သားဓားအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းပေးရင်း သူမ အိပ်ပျော်နေသည်ကို မကြာခဏ ကြည့်ရလေ့ရှိသည်။ ထိုစဉ်က သူတို့ လင်မယားပင် မဖြစ်သေးပေ။ အတူတူအိပ်စက်ရန် အိပ်ခန်းထဲသို့ပင် မဝင်ခဲ့ကြသေးသည့် အချိန်ဖြစ်သည်။

နှစ်ယောက်အတူ ခြံဝင်းထဲတွင်ပင် ထိုင်ခဲ့ကြသည်။ လက်ထပ်ပြီးသည့်နောက် သူက အရာများစွာကို ရရှိခဲ့သော်လည်း အချို့ကိုတော့ ဆုံးရှုံးခဲ့ရသည်။

ရန်သူကို ရှုံးနိမ့်ခဲ့ရသူတစ်ယောက်ပမာ လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရသည်။ ထမ်းဆောင်ရမည့်တာဝန်များလည်း များပြားလာပြီး သူ့ကိုယ်သူ ရုန်းမထွက်နိုင်ခဲ့ပေ။

သို့ပေမဲ့…

အိမ်ထောင်ပြုလိုက်ရသည့်အတွက် နောင်တရခြင်းလည်းမရှိသလို နစ်နာသည်ဟုလည်း မခံစားရပေ။

ကျန်းလန်က ရှောင်ယွိထံမှ အကြည့်လွှဲလိုက်ပြီး စာအုပ်တစ်အုပ်ကိုဖတ်ရှုရန်ဟန်ပြင်လိုက်စဉ် ောင်းကင်ထက်မှ အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။

ထိုအလင်းရောင်က ခွန်လွန်တောင်အပြင်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ကောင်းကင်ထက်သို့  ဝင်ရောက်ပျောက်ကွယ်သွားသည်။

ထို့နောက် ကောင်းကင်အမြင့်ထက်တွင် နဂါးအရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ၏ နတ်ဘုရားရာထူးတွင် ပဲ့တင်ထပ်သံ ထွက်ပေါ်လာသည်။

"အဋ္ဌမမင်းသားလား"

ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

ထိုအလင်းတန်းမှာ အဋ္ဌမမင်းသား ဖြစ်လေသည်လား။

မကြာခင် ကောင်းကင်ဘုံမှ ခေါ်သံတစ်သံထွက်ပေါ်လာသည်ကို အာရုံခံလိုက်မိသည်။ ထိုခေါ်သံကို တုံ့ပြန်လိုက်လျှင် ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်သို့ ကျန်းလန် ရောက်ရှိသွားမည် ဖြစ်သည်။

"တစ်ယောက်ယောက်က လုန်မန်ကို ခေါ်သွားတာလား ၊ ဧကရာဇ်ရှီးဟယ်ပဲ ဖြစ်ရမယ်"

ကျန်းလန် တွေးလိုက်သည်။

ဧကရာဇ်ရှီးဟယ်သာလျှင် ထိုသို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်သည့် တစ်ယောက်တည်းသောသူ ဖြစ်သည် မဟုတ်လား။ ထို့ပြင် ခေါ်ဆိုမှု၏ ဗဟိုချက်သည် အဋ္ဌမမင်းသား ဖြစ်ကြောင်း ကျန်းလန် နားလည်လိုက်လေ၏။

အဋ္ဌမမင်းသားတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၆)ခု ရှိသည်။

လက်ဝဲနန်းတော်နှင့် လကျ်ာနန်းတော်များ၏ ရောင်ဝါကတော့ လုန်မန်ထံတွင် အနည်းငယ်မျှသာ ရှိသော်လည်း နတ်ဘုရားရာထူးများကို ဆက်သွယ်ရန် လုံလောက်သည်။

သူ ကောင်းကင်ဘုံသို့ တက်ကြည့်ရန် လိုအပ်သည်။ ထို့ကြောင့် ချက်ချင်းပင် ခေါ်ဆိုမှုကို တုံ့ပြန်လိုက်သည်။

သူက အခြေအနေကို သွားရောက်လေ့လာခြင်း ဖြစ်သော်လည်း ပိုပြီး သတိထားရန် လိုအပ်သည်။ မိုးနဲ့မြေပြိုကျပျက်စီးမည်မှာ နှစ်ပေါင်းရာဂဏန်းခန့်သာ လိုတော့လေရာ သူ့အနေဖြင့် ထိုကဲ့သို့သောကိစ္စများကို လျစ်လျူမရှုနိုင်ပေ။

သို့သော် သူက မကြာမီ တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်တော့မည်ဖြစ်ရာ အလွန်အမင်း စိုးရိမ်ရန်လည်း မလိုအပ်ပေ။

တာအိုအင်မော်တယ်အဆင့် အောင်မြင်ပြီးလျှင်တော့ ပိုမိုမြင့်မားသည့် အဆင့်တစ်ခုကို တက်လှမ်းရမည် ဖြစ်သည်။ ကိုယ့်လမ်းကိုယ်လျှောက်နေသရွေ့တော့ အရာအားလုံး အဆင်ပြေမည် ဖြစ်သည်။

***

All Chapters