← Chapters

အခန်း (၃၀၁-၃၀၅)

Vol. 13 Ch. 301-305

အခန်း (၃၀၁-၃၀၅)

Vol. 13 Ch. 301-305

အပိုင်း(၃၀၁) နင်တို့က သတ္တိရှိသားပဲ

တောအုပ်တစ်ခုရဲ့ အတွင်းပိုင်းထဲမှာတော့ ချူရီမန်နဲ့ သူ့အဖွဲ့ဟာ အစွမ်းကုန်သုံးပြီး ထွက်ပြေးနေခဲ့ကြတယ်။ သူမနောက်မှာတော့ လော့ရှောင်မန်နှင့် ဘိုင်ယွမ်ဖုန်းတို့ ရှိနေခဲ့ပြီး နှစ်ယောက်စလုံး၏ အဝတ်အစားတွေဟာလည်း ဖရိုဖရဲတွေ ဖြစ်နေခဲ့တယ်။ ပြီးတော့ မူလက ဒါဇင်ကျော်လောက် ရှိတဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေက အခုမှာတော့ တစ်ဝက်လောက်သာ ရှိပါတော့တယ်။

ပြေးနေတဲ့အချိန် လော့ရှောင်မန်၏ မို့မောက်နေတဲ့ ရင်သားအစုံက ကြမ်းရမ်းစွာဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပြီး ယုန်ဖြူဖြူ နှစ်ကောင်က သူမအင်္ကျီထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာနဲ့တောင် တူနေပါသေးတဘ်။

သာမန်အချိန်သာ ဆိုရင်တော့ ဘိုင်ယွမ်ဖုန်းနဲ့ ထိုသွေးဆူးတဲ့ လူတွေက အခုလို မြင်ကွင်းမျိုးကို လျစ်လျူရှုထားခဲ့လိမ့်မည် မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ သူတို့မှာ မျက်စိအစာကျွေးဖို့ အချိန်ရှိမနေခဲ့ပါဘူး။ နောက်တစ်နေ့ နေထွက်မှာကို မြင်ရပါ့မလားတောင် မသေချာတာကို ထိုကဲ့သို့ မြင်ကွင်းကို ဘာလို့ အာရုံစိုက်နေရဦးမှာလဲ။

သူတို့နောက်မှာတော့ လူအုပ်တစ်ဖွဲ့ရှိနေခဲ့တယ်။ အခုလို မရင်းနှီးတဲ့ နေရာကို ရောက်လာခဲ့တဲ့အတွက် သူတို့အားလုံး လမ်းပျောက်သွားခဲ့ပြီး ချူရီမန်နောက်ကနေ ဘူးမသိဘားမသိနဲ့ လိုက်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။

အခုလို အရှိန်မျိုးနဲ့ ပြေးနေတဲ့အတွက် သူတို့ရဲ့ အစစ်အမှန်ချီတွေက မြန်ဆန်စွာပဲ ကုန်ဆုံးလာခဲ့တယ်။ သိပ်မဝေးတဲ့ နေရာက တောင်တစ်လုံးကို မြင်လိုက်ရချိန်မှာတော့ ချူရီမန်က ခပ်မြန်မြန်ပဲ အမိန့်ပေးလိုက်တယ် “ရှေ့က တောင်ကုန်းဆီ ရောက်တာနဲ့ ငါတို့ ခဏတစ်ဖြုတ် အနားယူကြမယ်။ နောက်ကလိုက်နေတဲ့ လူတွေလည်း ငါတို့ကို အချိန်ခဏလေးအတွင်း လိုက်မှီလိမ့်မှာ မဟုတ်ပါဘူး။ အားပြန်ဖြည့်ပြီးတော့မှပဲ ငါတို့ဆက်သွားကြမယ်”

သူမပြောတာကို ကြားလိုက်တော့မှပဲ အဖွဲ့သားတွေ စိတ်သက်သာရာ ရသွားခဲ့တယ်။ သူတို့ ရက်ပေါင်းများစွာ ကြာအောင် အဆက်မပြတ် ပြေးလွှားနေခဲ့ရတာပါ။ သူတို့တွေအားလုံး မောပန်းနေခဲ့ကြပါပြီ။ ပြီးတော့ အစစ်အမှန်ချီစွမ်းအင်တွေကလည်း ခမ်းခြောက်သွားတော့မှာပါ။

တစ်ခဏကြာပြီးနောက် ချူရီမန် ဦးဆောင်တဲ့ အဖွဲ့သားတွေက တောင်ကုန်လေး ဆီသို့ ရောက်ရှိလာခဲ့တယ်။ တစ်ယောက်ချင်းစီက နေရာတစ်ခုစီ ရှာပြီး ချီအားဖြည့်ဆေး အသီးသီးကို ကိုယ်စီကိုယ်စီ ထုတ်ယူလိုက်ကာ အလျင်အမြန်ပဲ အားပြန်ဖြည့်ကြပါတော့တယ်။

ချူရီမန်နဲ့ လော့ရှောင်မန်တို့က တောင်ပေါ်ကနေ စီးဆင်းနေတဲ့ စမ်းချောင်းနဲ့ သူတို့ရဲ့ မျက်နှာတွေကို ဆေးကြောပြီး လည်းချောင်းတွေကို ပြန်ပြီးစိုစွတ်သွားစေလိုက်ပါတယ်။

ဆွဲဆောင်မှုရှိလှတဲ့ အနီရောင်မိန်းကလေးကို တွေ့တဲ့နေကစပြီး သူတို့ရဲ့ ကံကြမ္မာဆိုးက စတင်ခဲ့တာပါ။ သူတို့နဲ့အတူ ဒီနေရာကို ရောက်လာခဲ့တဲ့ သုံးယောက်တည်းသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေကလည်း ထိုမိန်းမသတ်တာကို ခံခဲ့ရတယ်။ အဲ့နောက်မှာတော့ ချူရီမန်၏ ဦးဆောင်မှုနှင့်အတူ အဖွဲ့သားတွေက အနီးအနား ပတ်ဝန်းကျင်ကို လိုက်လံစူးစမ်းပါတော့တယ်။

ဒါပေမယ့် သူတို့ရောက်နေတဲ့ နေရာအကြောင်း သေချာမစူးစမ်း ရသေးခင်မှာပဲ မိစ္ဆာကျင့်ကြံသူ တစ်ဖွဲ့ဝိုင်းတိုက်တာကို ခံခဲ့ရတယ်။ ပြန်ခုခံတိုက်ခိုက်ပြီး ထွက်ပြေးလာနိုင်ခဲ့ပေမယ့် အနီးအနားမှာ ရှိတဲ့ မိစ္ဆာကျင့်ကြံသူတွေကို အသိပေးသလို ဖြစ်သွားခဲ့တယ်။

သူတို့အဖွဲ့ရဲ့ ခွန်အားကလည်း မနိမ့်ကျပါဘူး။ ဒါပေမယ့် သူတို့ရင်ဆိုင်ရတဲ့ ရန်သူအရေအတွက်က အရမ်းများနေခဲ့ပါတယ်။ ရက်တွေ ကြာလာတာနဲ့အမျှ သူတို့နောက်လိုက်နေတဲ့ ရန်သူ အရေအတွက်ကလည်း တဖြည်းဖြည်းနဲ့ များလာခဲ့တဲ့အတွက် ချူရီမန်လည်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရတယ်။

သူမအတွက် ရွေးချယ်စရာ ရှိတော့တာဆိုလို့ နောက်ကလိုက်နေတဲ့ အဖွဲ့သားတွေကို တောအုပ်ထဲ မျှားခေါ်သွားပြီး ထွက်ပြေးလွတ်မြောက်နိုင်မယ့် အခွင့်အရေးတစ်ခုရှာပြီး ထွက်ပြေးဖို့ပါပဲ။

မိန်းကလေး နှစ်ယောက်က ထိုင်ချလိုက်တယ်။ သူတို့လည်း တော်တော်လေး မောပန်းနေခဲ့ပါပြီ။

“အစ်မချူ၊ ဒီနေရာက ဘယ်နေရာလဲ” လော့ရှောင်မန်၏ မျက်လုံးဝိုင်းဝိုင်းကြီးတွေက မျက်ရည်တို့ဖြင့် ဝဲနေခဲ့တယ်။

လော့ရှောင်မန်၏ ရုတ်ချည်း မေးခွန်းကို ကြားလိုက်ရချိန် ချူရီမန်က တစ်ခဏတာလောက် တုန့်ဆိုင်းသွားခဲ့ပေမယ့် ချီတုံချတုံနဲ့ ပြန်ဖြေပေးလိုက်ပါတယ် “ငါထင်တာသာ မမှားဘူးဆိုရင် ဒီနေရာက တိမ်မိစ္ဆာနယ်မြေပဲ ဖြစ်ရမယ်”

“ဘာ၊ တိမ်မိစ္ဆာနယ်မြေ ဟုတ်လား” လော့ရှောင်မန်က ထိတ်လန့်တကြားက အော်ပြောလိုက်တယ်။ အစကတည်းက ကြောက်လန့်မှုတွေ ပြည့်နေတဲ့ သူမ၏ မျက်လုံးဝိုင်းဝိုင်းကြီးတွေက အခုအချိန်မှာတော့ တုန်လှုပ်ခြောက်ခြားမှုတွေနဲ့ပါ ပြည့်နေခဲ့ပါပြီ။

ကျန်ရှိနေတဲ့ လူအားလုံးကလည်း ချူရီမန်ကို ထိတ်လန့်တကြား လှမ်းကြည့်လိုက်ကြတယ်။ ဘိုင်ယွမ်ဖုန်းက မျက်မှောင်ကြုံ့လိုက်ပြီး ကတုန်ကယင်လေသံနဲ့ မေးလိုက်တယ် “သခင်မလေးချူ၊ ဒီနေရာက တိမ်မိစ္ဆာနယ်မြေလို့ ဘာလို့ပြောတာလဲ”

ချူရီမန်က ဘိုင်ယွမ်ဖုန်းကို ကြည့်လိုက်ပြီး သက်သက်သာသာနဲ့ ပြန်ပြောလိုက်တယ် “တိမ်မိစ္ဆာနယ်မြေအပြင် ဘယ်နေရာမှာများ မိစ္ဆာကျင့်ကြံသူတွေ ဒီလောက်အများကြီး ရှိနေလို့လဲ။ သူတို့ တိုက်ခိုက်တဲ့ ပုံစံနဲ့ အပြုအမူတွေကို နင်တို့ သတိမပြုမိဘူးလား”

“အဲ့တစ်ချက်တည်းနဲ့တင် ဒီနရာကို တိမ်မိစ္ဆာနယ်မြေလို့ ပြောလို့မရဘူးလေ…” ဘိုင်ယွမ်ဖုန်းက အမှန်တရားကို လက်မခံနိုင် ဖြစ်နေခဲ့တယ် “ဖြစ်နိုင်တာက… ဒီနေရာက အခြားမိစ္ဆာဂိုဏ်းတစ်ခုခုရဲ့ ပိုင်နက်နယ်မြေလည်း ဖြစ်နိုင်သေးတာပဲလေ”

ဒါပေမယ့် ချူရီမန်က ဖွဖွလေးသာ ရယ်မောလိုက်ပြီး ယုံကြည်ချက် အပြည့်ရှိတဲ့လေသံနဲ့ ပြောလိုက်တယ် “ဒီနေရာက တိမ်မိစ္ဆနယ်မြေဆိုတာ ကျိန်းသေတယ်”

“အဲ့လိုဆိုရင်… ငါတို့ဘာလုပ်သင့်လဲ” လော့ရှောင်မန်က ပြိုတော့မယ့် မျက်နှာအမူအရာနဲ့ မေးလိုက်တယ်။ အဖွဲ့ခေါင်းဆောင် တစ်ယောက်ရဲ့ အမူအရာကို ထိန်းသိမ်းထားနိုင်တဲ့ ချူရီမန်နဲ့ မတူညီစွာပဲ လော့ရှောင်မန်ရဲ့ မျက်နှာကတော့ တဖြည်းဖြည်း ဖြူလျော်လာနေခဲ့တယ်။

“ငါလည်းမသိဘူး” ချူရီမန်က ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။ ဒီတစ်ကြိမ် သူမက ကောင်းကင်စံအိမ်က လူတွေကို ဖမ်းဖို့အတွက် အဖွဲ့သားတွေကို ဦးဆောင်လာခဲ့တာပါ။ ဒါပေမယ့် အခုလိုမျိုး ကီလိုမီတာသောင်းပေါင်းများစွာ ကွာဝေးတဲ့ တိမ်မိစ္ဆာနယ်မြေဆီ ပို့ဆောင်ခြင်း ခံလိုက်ရမယ်လို့တော့ တစ်ခါမှ မထင်ထားခဲ့ပါဘူး။

သူမလုပ်ဖို့ လာခဲ့တဲ့ ကိစ္စကတစ်ခု၊ ဖြစ်ပျက်သွားတာက တစ်ခု၊ ကွာခြားချက်က အရမ်းကို ကြီးမားလွန်းပါတယ်။

တိမ်မိစ္ဆာနယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိနေပါတယ်။ မိစ္ဆာကျင့်ကြံသူတွေကလည်း နေရာတိုင်းလိုလိုမှာပါ။ သူမတို့အဖွဲ့မှာတော့ ကာကွယ်ပေးမယ့် ပညာရှင်အဆင့် ကျင့်ကြံသူ တစ်ယောက်မှ မရှိပါဘူး။ ဒီပုံစံနဲ့ဆို တိမ်မိစ္ဆာကျွန်းကန လုံလုံခြုံခြုံနဲ့ ထွက်သွားဖို့ မဖြစ်နိုင်ပါဘူး။

ပိုဆိုးသွားတာက အခုတိမ်မိစ္ဆာနယ်မြေနဲ့ ပြင်ပကမ္ဘာကြီးက စစ်ဖြစ်နေကြာတာပါ။ သူမတို့အဖွဲ့သာ မိစ္ဆာကျင့်ကြံသူတွေ လက်ထဲကျသွားခဲ့မယ် ဆိုရင်တော့ အကျိုးဆက်ကတော့ မတွေးရဲစရာပါပဲ။

ထိုအချက်က မဟာအလှပိုင်ရှင်တွေ ဖြစ်တဲ့ ချူရီမန်နဲ့ လော့ရောင်မန်တို့အတွက်ဆို ပိုမှန်ပါလိမ့်မယ်။ သူတို့သာ အသက်ရှင်လျက် အဖမ်းခံလိုက်ရမယ် ဆိုရင် သူမတို့ကို စောင့်ကြိုနေမှာကတော့ သေတာထက်ဆိုးရွားတဲ့ ကံကြမ္မာပါပဲ။

“အခုတော့ အားပြန်ဖြည့်ဖို့ကိုပဲ အာရုံစိုက်ဦး။ ငါတို့ကို လိုက်ဖမ်းနေတဲ့အဖွဲ့မှာ ပညာရှင်တွေ အများကြီးမရှိတာကို ကျေးဇူးတင်ရမယ်။ အဟုတ်ရင် အခုအချိန်လောက်ဆို ငါတို့အဖမ်းခံနေရပြီ” ချူရီမန်က နက်နက်နဲနဲ သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်။

“အင်း” လော့ရှောင်မန်က ခေါင်းလေးညိတ်ပြီး နာခံစွာနဲ့ အစစ်အမှန်ချီကို ပြန်ဖြည့်ပါတော့တယ်။

အဖြွ့က နာရီဝက်လောက်ပဲ အချိန်ဖြုန်းရသေး၊ ချူရီမန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ခပ်မြန်မြန် ပြောလိုက်တယ် “အချိန်စေ့ပြီ။ တစ်ယောက်ယောက် လာနေတယ်”

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံးလည်း အားပြန်ဖြည့်နေရာမှာ ချက်ချင်း နိုးလာခဲ့ပြီး သူမနောက်ကနေ တိတ်တဆိတ် လိုက်ပါသွားလိုက်တယ်။

လွန်ခဲ့တဲ့အတွင်း ချူရီမန်၏ ရန်သူကို ကြိုတင်ထောက်လှမ်းနိုင်စွမ်း ကြောင့်သာ အန္တရာယ်များတဲ့ အခြေအနေ များစွာကနေ လွတ်မြောက်ခဲ့ရတာပါ။ အစစ်အမှန်ဒြပ်စင်အဆင့်၉ လေးနဲ့ ရန်သူတွေကို ဘယ်လိုလုပ်ပြီး ကြိုတင်ထောက်လှမ်း နိုင်တယ်ဆိုတာ သူတို့နားမလည်ပေမယ့် သူမနားမှာ အချိန်အတော်ကြာ ရှိနေပြီ ဖြစ်တဲ့ လူတွေကတော့ သူမရဲ့ ဆုံးဖြတ်ချက်တွေကို အထွန့်တက်ခြင်း အရှင်းမရှိပဲ လိုက်နာကြပါတယ်။

…

ရန်ကိုင်နဲ့ ရှန်ချင်းလော့က တောအုပ်ကိုဖြတ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ လမ်းလျှောက်နေခဲ့တယ်။ လွန်ခဲ့တဲ့ တစ်လလုံးလုံး သူမနဲ့ အတူတကွ နေထိုင်ပြီးတဲ့ အချိန်မှာတော့ ထိုဆွဲဆောင်မှုရှိလှတဲ့ မိန်းမက တော်တော်လေး နှစ်သက်ဖို့ ကောင်းတယ် ဆိုတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ သူမက နူးညံ့သိမ်မွေ့ပြီး အရမ်းကိုလည်း ဆွဲဆောင်မှုရှိလှပါတယ်။

သူမက အသက်၂၇နှစ် ရှိပြီဆိုပေမယ့် သူမ၏ မဟာဆန်သည့် အလှကြောင့် အသက်၁၀ကျော် မိန်းကလေးတစ်ယောက်နဲ့ မခြားနား ဖြစ်နေခဲ့ပါတယ်။ ကွဲပြားသွားတာဆိုလို့ သူမရဲ့စိတ်နေစိတ်ထားပါ။ ရင်ကျင့်တဲ့ မိန်းမတစ်ယောက်မှာသာ ရှိနိုင်တဲ့ စိတ်နေစိတ်ထားပေါ့။

ထိုစိတ်နေစိတ်ထား အမူအရာဟန်ပန်ကပဲ သူမကို ပိုပြီး ဆွဲဆောင်အား ကောင်းသွားစေတာပါ။ သူမရဲ့ တစ်ဖက်သားကို ညို့ယူနိုင်တဲ့ ဆွဲဆောင်မှုနဲ့ ထပ်ပေါင်းလိုက်တော့ ရှန်ချင်းလော့ဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ယောကျ်ားသား အားလုံးတို့ရဲ့ အိမ်မက်ဆိုး ဖြစ်သွားခဲ့ပါတယ်။

ရန်ကိုင်က အခုနောက်ပိုင်း ပိုပြီးတည်ငြိမ်လာခဲ့ပါတယ်။ အရင်ကလိုမျိုး အစ်မကြီးဒါက… အစ်မကြီး အဲ့ဒါက ဆိုပြီး အော်မနေတော့ပါဘူး။ အဲ့ဒါက ရန်ကိုင်အပေါ် ရှန်ချင်းလော့ရဲ့ လေးစားစိတ်ကို တဖွားဖွားတိုးဟွားလာစေခဲ့တယ်။

အခုလို တည်ငြိမ်တဲ့ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ၁၇နှစ် အရွယ် လူငယ်တစ်ယောက်ဆိုတာ တော်တော်လေး ရှားသွားပါပြီ။

သူတို့နှစ်ယောက်က မြန်ဆန်စွာပဲ ရင်းနှီးသွားပေမယ့် သူတို့နှစ်ယောက် စကားအများကြီး မပြောဖြစ်ခဲ့ပါဘူး။ အချိန်အများစုမှာတော့ ရန်ကိုင်က ငြိမ်သက်စွာနဲ့ ရှန်ချင်းလော့ နောက်ကနေပဲ လိုက်နေခဲ့ပါတယ်။ ကျန်တဲ့အချိန် အများစုကိုတော့ ကျင့်ကြံရင်းနဲ့သာ ကုန်ဆုံးစေခဲ့ပါတယ်။

အခုလို မဟာအလှပိုင်ရှင် တစ်ယောက်နဲ့ အတူခရီးသွားရတာက ရန်ကိုင်ကို တော်တော်လေး ကျေနပ်ပီတိ ဖြစ်မိစေပါတယ်။ အနည်းဆုံးတော့ သူအထီး မကျန်ရတော့ဘူးလေ။

ရှန်ချင်းလော့ ပြောတဲ့ပုံအရဆို သူမက တစ်ခုခုရှာဖို့ အခုတစ်ကြိမ် ထွက်လာခဲ့တာပါ။ ထိုအရာက သူမအတွက် အရမ်းကို အရေးပါပါတယ်။ သူမ အမေတုန်းကလည်း ထိုပစ္စည်းကို ရှာခဲ့ရသလို သူမအဘွားတုန်းကလည်း ထိုပစ္စည်းကို ရှာခဲ့ရပါတယ်။ အခုတော့ သူမအလှည့် ရောက်လာခဲ့ပါပြီ။

ဒါပေမယ့် သူမအစီအစဉ်တွေက မကြာသေးခင်က အဖြစ်အပျက် တွေကြောင့် ပျက်စီးကုန်ခဲ့ရတယ်။ မထွက်ခွါခင်တုန်းက သူမရဲ့ ခွန်အားနဲ့ဆိုရင် ဘာခက်ခဲမှုကိုမှ သူမကြုံရလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ လျှို့ဝှက်ကျင့်စဉ်က ဘေးထွက်ဆိုးကျိုးကို သူမခံစားနေရပါတယ်။ အဲ့အပြင် သူမခွန်အားကလည်း သိသိသာသာကို ထိုးကျသွားခဲ့ပါတယ်။ အခု သူမက အစစ်အမှန်ဒြပ်စင်အဆင့်၃နဲ့ တူညီတဲ့ ခွန်အားကိုပဲ ပြန်လည်ရရှိပါသေးတယ်။ သူမရှာနေတဲ့ ပစ္စည်းရှိတဲ့ နေရာက အရမ်းကို အန္တရာယ်များပါတယ်။

သူမရဲ့ အရင်ခွန်အားကို ပြန်လည် မရရှိသေးပဲနဲ့ ထိုနေရာကို သွားတာက ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတာနဲ့ မခြားပါဘူး။

ဒါပေမယ့် သူတို့နှစ်ယောက်က တောအုပ်အတွင်း ရက်နှစ်ဆယ်လောက် ကြာအောင် လမ်းလျှောက်ပြီးတာတောင် တိကျတဲ့ နေရာတစ်ခုစီ အခုထိ မရောက်သေးပါဘူး။

လမ်းလျှောက်နေရင်း ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး သူမကို သံသယအကြည့်နဲ့ ကြည့်ကာ မေးလိုက်တယ် “အလှလေး၊ ကျွန်တော် ခင်ဗျားကို မေးခွန်းတစ်ခု မေးချင်တယ်”

“ဟင်” ရှန်ချင်းလော့က သွားနေတာကို ရပ်တန့်လိုက်ပြီး ရန်ကိုင်ဆီ လှမ်းကြည့်လိုက်တယ်။

“ခင်ဗျား… လမ်းပျောက်နေတာလား” ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ်။

မသိမသာလေး တုန်ရင်သွားခဲ့ပြီး ရှန်ချင်းလော့၏ မျက်နှာက တစ်မျိုးတစ်ဖုံး ပြောင်းလဲသွားခဲ့ကာ ချင်ချင်းပဲ အကြည့်လွှဲပစ်လိုက်တယ်။

“အန်…” ရန်ကိုင် ကြောင်အသွားခဲ့လေပြီ။

“ခင်ဗျား တကယ်ကြီး လမ်းပျောက်နေတာတော့ မဟုတ်လောက်ပါဘူးနော်”

ရှန်ချင်းလော့ ရှက်သွားခဲ့ပြီး အေးစက်စွာ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်တယ် “လမ်းပျောက်တော့ရော ဘာဖြစ်လဲ။ ထူးဆန်းလို့လား”

ရန်ကိုင်က မဲ့ပြုံးပြုံးလိုက်ပြီး “ခင်ဗျားလမ်းပျောက် နေတယ်ဆိုရင်လဲ ပြောလိုက်ရောပေါ့။ ကျွန်တော့်မှာတော့ ခင်ဗျားမှာ ဦးတည်ချက် တစ်ခုရှိတယ်ထင်ပြီး ခင်ဗျားနောက်ကနေ လိုက်နေတာ”

ဒီရက်အတောအတွင်း သူမက ထိတ်လန့်သည့် အရိပ်အယောင် မပြသလို ဘာထူးဆန်းသည့် အမူအရာကိုမှလည်း မပြပါဘူး။ ထို့ကြောင့် ရန်ကိုင်က သူမနောက်ကနေပဲ တိတ်ဆိတ်စွာဖြင့် လိုက်နေခဲ့တာပါ။ ဒါပေမယ့် တူညီတဲ့ မြင်ကွင်းကိုပဲ ထပ်ခါထပ်ခါ မြင်လာရတော့ ရန်ကိုင်လည်း မနေနိုင်ပဲ မေးမိလိုက်တာပါ။

ဒါပေမယ့် ဘယ်လိုပဲဖြစ်နေဖြစ်နေ သူမက အထွဝ်အထပ်အဆင့် ကျွမ်းကျင်သူ တစ်ယောက် ဖြစ်နေတုန်းပဲလေ။ အဲ့ဒါကို သူမက ဘယ်လိုလုပ်ပြီး လမ်းပျောက်သွားရတာလဲ။ တစ်ခုခုတော့ ထူးဆန်းနေပါတယ်။

“နင်ဘာမှ သိတာလည်း မဟုတ်ပဲနဲ့” ရှန်ချင်းလော့က မကျေမနပ်နဲ့ ရေရွတ်လိုက်ပြီး နှာခေါင်းလေးကို အသာအယာလေး ပွတ်လိုက်ရင်း “ဒီတောထဲမှာ ကီလိုမီတာရာပေါင်းများစွာကို လွှမ်းခြုံထားတဲ့ လူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်တဲ့ သဘာဝအစီအရင် တစ်ခုရှိနေတယ်။ ငါ့ခွန်အား အပြည့်အဝကိုသာ ပြန်ရမယ်ဆိုရင် ဒီအစီအစဉ်ထဲကနေ ထွက်ပေါ်ရှာဖို့က အသာအယာလေးပဲ။ ဒါပေမယ့် အခုတော့ ငါတို့ ကံပေါ်မှာပဲ မှီခိုရတော့မယ်”

ပြောပြီးတာနဲ့ သူမက ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီးနောက် ခါးသီးစွာနဲ့ ပြောလိုက်တယ် “အာလုံးကို နိဂုံးချုပ်ရမယ်ဆိုရင် အခုလို ဖြစ်သွားရတာတွေ အကုန်လုံးက နင့်ကြောင့်ချည်းပဲ”

“ခင်ဗျားကြီးတော်ကိုပဲ ကျွန်တော့်အပစ် လုပ်လိုက်ပါလား” ရန်ကိုင်က ဒေါသတကြီး ပြန်ပြောလိုက်တယ်။

“ငါအဆင့်ချိုးဖျက်ဖို့ ကြိုးစားနေတုန်း ငါ့စွမ်းအင်တွေ အားလုံးကို စုပ်ယူသွားတာ ဘယ်သူလဲ။ လျှို့ဝှက်ကျင့်စဉ်ကနေ ဘေးထွက်ဆိုးကျိုး ခံစားရအောင် ငါ့ကိုလုပ်ခဲ့တာ ဘယ်သူလဲ။ ငါ့ခွန်အားကို အခုအတိုင်းအတာအထိ နိမ့်ကျသွားအောင် လုပ်တာ ဘယ်သူလဲ” ရှန်ချင်းလော့ ရန်ကိုင်ကို မေးခွန်းတွေနဲ့ တရစပ်ပစ်လွှတ်လိုက်တယ်။

ဒီတောအုပ်ဆီ ရန်ကိုင်ကို ခေါ်လာတုန်းက လျှို့ဝှက်ကျင့်စဉ်ကနေ ဘေးထွက်ဆိုးကျိုး ခံစားရလိမ့်မယ်လို့ သူမဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ အခုတော့ အခြေအနေတွေ အားလုံးက သူမထိန်းချုပ်မှုရဲ့ အပြင်ဘက်ကို ရောက်ကုန်ပါပြီ။

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ အကုန်လုံးက ကျွန်တော့်အပြစ်ပဲ ဟုတ်ပြီလား” ရန်ကိုင်က ထိုကိစ္စအတွက် အပြစ်ရှိသလို ခံစားနေရပါသေးတယ်။ ပြီးတော့ သူမနဲ့ ငြင်းခုံဖို့ကလည်း အရမ်းကို ပျင်းရိလွန်းနေတယ်လေ။ သူသာ ပြန်ပြီးငြင်းခုံနေမယ် ဆိုရင်တော့ ဘယ်တော့မှ ငြင်းလို့မနိုင်မှာကိုလည်း သိနေပါသေးတယ်။

ထို့ကြောင့် ငြင်းနေမယ့်အစာ ကောင်းကင်စိတ်အာရုံကိုသာ ထုတ်လွှတ်လိုက်တယ်။ ဒါပေမယ့် ချက်ချင်းပဲ သူ့ရဲ့ ကောင်းကင်စိတ်အာရုံ စူးစမ်းနိုင်တဲ့ အကွာအဝေးက ၁ကီလိုမီတာတောင် မရှိတော့တာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။

ရှန်ချင်းလော့က ရန်ကိုင်ကို စိတ်ဝင်တစား ကြည့်လိုက်ပြီး ပြုံးရင်း သက်ပြင်း အသာအယာလေး ချလိုက်ကာ “ငါအရင်တုန်းကလည်း တွေးခဲ့ဖူးတယ်။ ဒါပေမယ့် နင်ကကို ထူးဆန်းနေတာ၊ ဟုတ်တယ်မလား။ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်စိတ်အာရုံကို အသုံးပြုနေနိုင်တယ်။ ဒါပေမယ့် အင်မော်တယ် တက်လှမ်းခြင်း အဆင့်မရောက်ပဲ ဒီတောအုပ်ထဲကနေ ထွက်နိုင်မှာ မဟုတ်ဘူး။ နင့်ခွန်အားကို ချွေတာထားတာ ပိုကောင်းလိမ့်မယ်”

“အလှလေး၊ ငါတို့မှာ ပြဿတစ်ခု ရှိနေပြီ” ရန်ကိုင်က သူမဆီ လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။

“ဟင်”

ဒါပေမယ့် သူပြောပြီးရုံလေး ရှိသေး၊ လေထဲက လူရိပ်၇ခု၊၈ခု လောက်က ခုန်ဆင်းလာလိုက်ပြီး သူတို့နဲ့ မနီးမဝေးမှာ ဆင်းသက်လိုက်တယ်။

ရှန်ချင်းလော့၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး သူမမျက်လုံးအစုံက ကျဉ်းမြောင်းသွားခဲ့ကာ အသစ်ရောက်လာတဲ့ လူတွေကို စစ်ဆေးကြည့်လိုက်တယ်။

ထိုလူသစ်တွေကို တွေ့လိုက်တာနဲ့ ရှန်ချင်းလော့၏ အမူအရာက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစ်ယောက်ပုံစံသို့ ချက်ချင်း ပြောင်းလဲသွားခဲ့တယ်။

သူမ၏ ပြောင်းလဲမှုကို ကြည့်ရင်း ရန်ကိုင်လည်း သူမကို မလေးစာပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။ သူမက တကယ်ပဲ မိစ္ဆာဘုရင်ခြောက်ပါးထဲ တစ်ပါးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။ ထိုလွှမ်းမိုးနိုင်စွမ်း ကြီးမားတဲ့ ပုံပန်းဟန်ပန်နဲ့ အရှိန်အဝါက သာမန်လူတွေ တုပလို့ ရတဲ့အရာမျိုး မဟုတ်ပါဘူး။ တစ်ချိန်းတည်းမှာပဲ ရန်ကိုင်က အသစ်ရောက်လာတဲ့ လူတွေကို သတိထားကြည့်လိုက်တယ်။

“ဟ…” ထိုလူ၆ယောက်၊၇ယောက်က ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ ရှိနေတဲ့ အရိပ်အယောင်ကို တွေ့လို့ ဒီနေရာကို ရောက်လာတာပါ။ သူတို့တွေက ချူရီမန်တို့အဖွဲ့ နောက်ကို လိုက်နေတဲ့ လူတွေပါ။ ဒါပေမယ့် ရှန်ချင်းလော့၏ မျက်နှာနှင့် အနီရောင် အဝတ်အစားတွေကိုပါ တွေ့လိုက်ရချိန်မှာတော့ အလျင်စလိုပဲ ချက်ချင်းပဲ နောက်ပြန်ဆုတ်လိုက်တယ်။

ရှန်ချင်းလော့က ချိုသာစွာပြုံးလိုက်ပြီး ထိုလူတွေကို သာမန်လျှံကာဖြင့် လှမ်းကြည့်လိုက်တယ်။ သူမ၏ အရှိန်အဝါက ပိုပြီးပြင်းထန်လာခဲ့တယ်။

သူမက သူတို့ကို ကြည့်နေကြောင် သတိထားမိလိုက်တာနဲ့ ထိုလူတွေ အကုန်လုံး စိတ်ဓါတ်ကျသွားခဲ့တယ်။ သူတို့အားလုံး သတိထားရင် ကူကယ်ရာမဲ့စွာနဲ့ စောင့်နေလိုက်ကြတယ်။

“ဘယ်သူတွေကများ ငါ့လမ်းကို လာပိတ်ရဲတာလို့ပေါ့။ လတ်စသတ်တော့ သားရဲဘုရင်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်နေတာကိုး” ရှန်ချင်းလော့ နူးညံ့ပြီး တည်ငြိမ်တဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။ သူမ၏ လေသံထဲ အထင်သေးသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့ကာ အေးစက်မှု တစ်စွန်းတစ်စလည်း ပါဝင်နေခဲ့တယ်။

အသစ်ရောက်လာတဲ့ လူတွေအားလုံး တုန်ရီသွားခဲ့ကြတယ်။ သူမ မျက်နှာတွေ အကုန်လုံး သွေးမရှိတော့သလို ဖြူလျော်သွားခဲ့တယ်။ သူတို့ထဲက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က ရှေ့တက်လိုက်ပြီး လေးစားစွာနဲ့ လက်သီးဆုပ်ကာ တုန်တုန်ရီရီနှင့် ပြောလိုက်တယ် “အစေခံ ကျို့ယွမ်မင်က နတ်ဆိုးဘုရင်မကို နှုတ်ဆက်ပါတယ်။ နတ်ဆိုးဘုရင်မ ဒီမှာ ရှိနေမှန်း ကျွန်တော်တို့ မသိလို့ပါ။ ကျွန်တော်ကို အပြစ်လုပ်မိတာလေးများ ရှိရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”

စကားပြောနေတဲ့ အချိန်အတွင်း သူ့မျက်လုံးအစုံက အောက်ကိုသာ ငုံကြည့်နေခဲ့ပြီး ရှန်ချင်းလော့နဲ့ မျက်လုံးချင်း တည့်တည့် စိုက်မကြည့်ရဲခဲ့ပါဘူး။

“နတ်ဆိုးဘုရင်မကို နှုတ်ဆက်ပါတယ်” ကျန်ရှိနေတဲ့ လူတွေအားလုံးကလည်း ချက်ချင်း ဦးညွှတ်လိုက်တယ်။ သူတို့အပြုအမူကနေ ရှန်ချင်းလော့ကို သူတို့ဘယ်လောက်တောင် ကြောက်ရွံ့ကြောင်း မြင်တွေ့နိုင်ပါတယ်။

အားလုံးက လက်သီးဆုပ်ထားရင်း ထိုနေရာမှာပဲ တုန်တုန်ရီရီနဲ့ မတ်တပ်ရပ်နေခဲ့ကြတယ်။

ဟန့်… ရှန်ချင်းလော့က နှာခေါင်းရှုံ့လိုက်တာနဲ့ ထိုလူတွေအားလုံး လန့်ဖြန့်သွားခဲ့ကြတယ်။ “နင်တို့သတ္တိက မသေးပါလား… ငါ့ကိုတောင် အခုလိုမျိုး စကားလာပြောရဲတယ် ဆိုတော့လေ”

ပြောပြီးတာနဲ့ သူမ၏ အမူအရာက ဖြေးဖြေးချင်း ပြောင်းလဲသွားခဲ့ပြီး အဆုံးမရှိတဲ့ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နေသည့် သူမမျက်နှာက သတ်ဖြတ်လိုစိတ်တို့ဖြင့် ရုတ်ချည်း ပြည့်သွားခဲ့တယ်။

Martial Peak

အပိုင်း(၃၀၂) ကြီးစိုးချယ်လှယ်ခြင်း

ရှန်ချင်းလော့ မေးတာကို ကြားလိုက်တာနဲ့ သူတို့အားလုံး စိတ်ထဲ၌ ညီးတွားမိလိုက်ကြကာ ချွေးအေးတို့က နဖူးထက်မှ စီးကျလာပါတော့တယ်။ ဒီမိစ္ဆာမက ဘာလို့ ဒီနေရာမှာ ရောက်နေရတာလဲ။ ကောင်းကင်ဘုံက သူတို့အပေါ် ဘာလို့ ဒီလောက် ရက်စက်ရတာလဲ။

“ဘယ်ဟုတ်ပါ့မလဲ” ကျို့ယွမ်မင်က အလိုလို တံတွေးတစ်လုတ် မျိုးချမိလိုက်ပြီး “လေးစားရပါသော နတ်ဆိုးဘုရင်မ၊ ကျွန်တော်တို့တွေက တိမ်မိစ္ဆာနယ်မြေဆီ ကျူးကျော်ဝင်ရောက်လာတဲ့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတစ်သိုက်နောက်ကို လိုက်နေတာပါ။ နတ်ဆိုးဘုရင်မကို ရန်စဖို့ မရည်ရွယ်ပါဘူး။ ကောင်းကင်ဘုံကို သက်သေထားပြီး ကျိန်ဆိုရဲပါတယ်”

“အိုး၊ တကယ်လား…” ရှန်ချင်းလော့က အသာအယာလေး ပြန်ပြောလိုက်တယ်။ သူမ၏ နှစ်လိုဖွယ်ကောင်းတဲ့ လေသံက အနည်းငယ်လေး လေသံနိမ့်သွားခဲ့တယ်။ ဒါပေမယ့် ထိုသာယာဖွယ်ကောင်းတဲ့ လေသံကို ကြားလိုက်တဲ့အခါ ရှိနေတဲ့ လူအားလုံးက ကျေနပ်မှုကို မခံစားရရုံမက ပိုပြီးတော့ နေရထိုင်ရ ခက်လာခဲ့ပါတယ်။ သူတို့ ကျောပြင်တွေဆို ချွေးအေးတွေနဲ့ စိုရွှဲနေခဲ့ပြီး ဘယ်သူမှ အသံတစ်သံတောင် မထွက်ရဲကြပါဘူး။

ရှန်ချင်းလော့က လက်ကလေးမြှောက်လိုက်ပြီး သူမ၏ လက်သည်းခွံလေးကို ပွတ်သပ်နေလိုက်တယ်။ ထို့နောက် သာမန်ကာလျှံကာ လေသံဖြင့် ပြောလိုက်တယ် “နင့်အပြစ်တွေကို နင်သိတယ် ဆိုမှတော့ တောင်းပန်တဲ့အနေနဲ့ နင့်အသက်ကို ဘာလို့ မပေးလိုက်တာလဲ။ ဒီဘုရင်မကို ကိုယ်တိုင်ဆောင်ရွက်ရအောင် တွန်းအားပေးနေတာလား”

ကျို့ယွမ်မင်းတစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရင်သွားခဲ့တယ်။ သူ့ခြေထောက်အစုံ ပျော့ခွေသွားခဲ့ပြီး မြေကြီးပေါ် ဒူးထောက်လျက်သား ဖြစ်သွားခဲ့တယ်။ ထို့နောက် သွေးတွေ စီးကျလာတဲ့အထိ မြေကြီးနဲ့ခေါင်းကို ဦးတိုက်ပါတော့တယ်။

သူ့နောက်မှာရှိနေတဲ့ အဖွဲ့သားတွေလည်း ကြောက်ရွံ့မှုကြောင့် တုန်ရီနေခဲ့ကြတယ်။ ချွေးစေးတွေက သူတို့မျက်နှာထက် အဆက်မပြတ် စီးကျနေခဲ့ပြီး သူတို့ခေါင်းတွေကိုလည်း မေးစေ့နဲ့ ရင်ဘတ် ထိုတော့မတတ် ငုံ့ထားခဲ့ကြတယ်။

ရှန်ချင်းလော့နောက်မှာ တိတ်တဆိတ် မတ်တပ်ရပ်နေတဲ့ ရန်ကိုင်၏ အကြည့်တို့ လက်သွားခဲ့တယ်။

ဒါက ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မရဲ့ တကယ့် အစစ်အမှန် ပုံစံလား။

ဘာတွေ ဖြစ်နေလဲဆိုတာ သူလဲ သေချာမသိပေမယ့် ရှန်ချင်းလော့နဲ့ ထိုလက်အောက်ငယ်သားတွေရဲ့ ခေါင်းဆောင်ကြားမှာ မကျေနပ်ချက် တစ်ခုခုရှိတဲ့ပုံပါပဲ။ ထို့ကြောင့် သူမက သူတို့ကို သီးသန့်ကြီး ခက်ခဲအောင် လုပ်နေတာပါ။

ဒါပေမယ့် အခုလက်ရှိ ရှန်ချင်းလော့ရဲ့ ခွန်အားက အရင်ခွန်အားနဲ့ တစ်ခြားစီပါပဲ။ ထို့ကြောင့် သူမက အခု အခွင့်အရေးကို သုံးကာ သူ့တို့ကို ခြောက်နေခြင်းဖြစ်ပါတယ်။

“ဟဲဟဲ…” ရှန်ချင်းလော့က ကစားလိုဟန်ဖြင့် ပြုံးလိုက်ပြီး အခြားတစ်ဖက်ကို ကြည့်ကာ “ထတော့၊ ဒီဘုရင်မက နောက်နေတာကို နင်တို့က အတည်မှတ်နေကြတာပဲ…”

ဒါပေမယ့် ကျို့ယွမ်မင်ကတော့ မလှုပ်ရှားရဲသေးပါဘူး။ ထိုမိစ္ဆာမရဲ့ သူအနေနဲ့ ယုံကြည်လိမ့်မှာ မဟုတ်ပါဘူး။ သူသာ မတ်တပ်ရပ်လိုက်တာနဲ့ ရှန်ချင်းလော့က သူ့ကို တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်မှာပါ။

အဲ့အစားက သူက ထပ်ခါထပ်ခါ မြေကြီးနဲ့ ခေါင်းနဲ့ တိုက်နေခဲ့ပြီး “နတ်ဆိုးဘုရင်မရဲ့ သနားကြင်နာမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ကျေးဇူးအများကြီး တင်ပါတယ်”

ထိုကောင့်ကို အေးစက်စက်အကြည့်နဲ့ စိုက်ကြည့်နေရင်း ရှန်ချင်းလော့ရဲ့ အသံက ရုတ်ချည်း အေးစက်သွားခဲ့တယ် “နင်တို့ဆရာဆီ ပြန်သွားပြီး ပြောလိုက်တယ်။ လွန်ခဲ့တဲ့တစ်လက ငါ့အပေါ်တင်ခဲ့တဲ့ အကြွေးကို မကြာခင်မှာပဲ ငါကိုယ်တိုင် လာတောင်းမယ်လို့၊ ထွက်သွားစမ်း”

သူမစကားကို ကြားတာနဲ့ ကျို့ယွမ်မင်းတို့က ခပ်မြန်မြန် ကုန်းရုံးထလိုက်ပြီး ခေါင်းနဲ့ခြေထောက်နဲ့ ထိုလုမတတ် ဦးညွှတ်ကာ အော်ပြောလိုက်တယ် “နင်ဆိုးဘုရင်မ ပြောတဲ့စကားကို ဒီအစေခံက ခေါင်းဆောင်ဆီ ကျိန်းသေပြန်တင်ပြပေးမှာပါ”

“အသက်၁၀ရှိုက်စာအတွင်း နင်တို့ကို မြင်နေရဦးမယ် ဆိုရင်တော့ နင်တို့ကို ဒီမှာပဲ တစ်သက်လုံးနေရအောင် လုပ်ပေးလိုက်မယ်”

ရွှစ် ရွှစ် ရွှစ်

ထိုလူတွေအားလုံး မြေကြီးကို ကန်ကျောက်လိုက်ပြီး မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးသွားလိုက်တာ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ရှန်ချင်းလော့ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်။

ဟွန့်… ရှန်ချင်းလော့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားရင်း ပြောလိုက်တယ် “သွားစို့”

ရန်ကိုင်ကတော့ ရှန်ချင်းလော့ရဲ့ နောက်ကနေပဲ တိတ်တဆိတ် လိုက်သွဦးလိုက်တယ်။ ထိုနတ်ဆိုးမရဲ့ နည်းလမ်းတွေနဲ့ ပက်သက်ပြီး ရန်ကိုင် တော်တော်လေး လေးစားမိသွားခဲ့တယ်။

ရှန်ချင်းလော့ လမ်းလျှောက်နှုန်းက ပိုမိုမြန်ဆန်လာခဲ့ပြီး သိပ်မကြာခင်မှာတော့ သူမသွားနေတဲ့ နှုန်းက လေအလျင်အလား မြန်ဆန်လာခဲ့တယ်။

“ဘာလို့ အဲ့လောက်မြန်မြန် ပြေးနေတာလား။ သူတို့ကို မောင်းထုတ်ပြီးသွားပြီ မဟုတ်ဘူးလား” ရန်ကိုင်က သူမနောက်ကနေ လိုက်နေရင်း စိတ်ရှုပ်ရှုပ်နဲ့ မေးလိုက်တယ်။

“အဲ့ဒါ ခဏပဲရမှာ။ ကျို့ယွမ်မင်က ငတုံးမဟုတ်ဘူး။ ခဏကြာလို့ ငါပြောတဲ့ စကားအသွားအလာကို ပြန်ဆန်းစစ်လိုက်တာနဲ့ ဟာကွက်တွေကို သူတွေ့သွားမှာပဲ။ ငါနဲ့ မိုးကြိုးသွားသားရဲ ဘုရင်ရဲ့ ဆက်ဆံရေးက ကောင်းတာမဟုတ်ဘူး။ ပြီးတော့ မကြာသေးခင်ကပဲ သူချုံခိုတိုက်ခိုက်တာကို ငါခံခဲ့ရတာ။ အဲ့ မိုးကြိုးသွားသားရဲ ဘုရင်ရဲ့ လက်အောက်ငယ်သွားတွေသာ ငါတို့ကို ဖမ်းမိသွားမယ် ဆိုရင် အားလုံး ပြီးဆုံးသွားပြီ” ရှန်ချင်းလော့ တစ်ကြိမ်၌ မီတာတစ်ရာကို ပျံလွှားနေရင်း အလျင်စလို ရှင်းပြနေလိုက်တယ်။

“ဟင်…” ရန်ကိုင် မျက်နှာအမူအရာ ထူးဆန်းသွားခဲ့တယ်။

“ခင်ဗျားက မိုးကြိုးသွားသားရဲဘုရင်နဲ့ တစ်တန်းတည်းမှာရှိတဲ့ နတ်ဆိုးဘုရင်ခြောက်ပါးထဲက တစ်ပါးပဲလေ။ သူက နောက်လိုက်တွေခေါ်ပြီး ခင်ဗျားကို ချုံခိုတိုက်ခိုက်တယ် ဆိုတော့ သူနဲ့ခင်ဗျားကြားမှာ ပြဿနာအကြီးကြီး မတက်ထားရင် သူက ခင်ဗျားရဲ့ အလှကို စွဲလမ်းသွားလို့ပဲ နေမှာ။ မိန်းမလှတစ်ယောက်ရဲ့ ဆွဲဆောင်အားက တကယ်ကို အားကောင်းတာပဲ”

“နင့်ပါးစပ်ကို ပိတ်ထား” ရှန်ချင်းလော့က ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး သူမအမူအရာကတော့ ရေခဲတမျှ အေးစက်သွားခဲ့တယ်။ ရန်ကိုင်က ပြုံးလိုက်ပြီး ပုခုံးရှုံ့ပြလိုက်ကာ သူမပြောတဲ့အတိုင်း တိတ်တိတ်လေး နေပေးလိုက်တယ်။

ထိုလူ၆ယောက်၊၇ယောက် အဖွဲ့က ကီလိုမီတာ ဒါဇင်ကျော်လောက ထွက်ပြေးပြီးချိန်မှာတော့ ပြေးနေတာကို ရုတ်တရက် ရပ်တန့်လိုက်တယ်။

“ဘာဖြစ်လို့လဲ အစ်ကိုကျို့” အင်မော်တယ် တက်လှမ်းခြင်း အဆင့်၂ မှာရှိနေတဲ့ အခြားကျင့်ကြံသူတစ်ယောက်က မေးလိုက်တယ်။

ကျို့ယွမ်မင်က မျက်မှောင်ကြုံ့လိုက်ပြီး ရှန်ချင်းလော့နဲ့ တွေ့ခဲ့တဲ့ နေရာဆီ ပြန်လှည့်ကြည့်လိုက်တယ်။ တစ်ခုခုကို တွေးတောလိုက်ပြီးနောက် သူက မေးလိုက်တယ် “တစ်ခုခုလွဲနေတယ်လို့ မင်းတို့ မထင်ဘူးလား”

“ဘာလွဲနေတာလဲ”

“သူမက ငါတို့ကို ဘာလို့ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာလဲ” ကျို့ယွမ်မင်က ပိုပိုပြီး သံသယကြီးမားလာခဲ့ကာ “လွန်ခဲ့တဲ့ တစ်လတုန်းက ခေါင်းဆောင်က လူတွေခေါ်ပြီး သူမကို ချုံခိုတိုက်ခိုက်ခဲ့တယ်။ ပြီးတော့ သူမနဲ့ ခေါင်းဆောင်ကြားမှာလည်း မကျေနပ်ချက်တွေ တော်တော်များများ ရှိနေခဲ့သေးတယ်။ လွန်ခဲ့တဲ့ တစ်လက အဖြစ်အပျက်နဲ့ပါဆိုရင် ငါတို့သူမနဲ့ တွေ့တာနဲ့ အကုန်လုံးတောင် အသတ်ခံလိုက်ရနိုင်တယ်”

“ဒါပေမယ့် အဲ့လိုဖြစ်ရမှာကို သူမက ငါတို့ကို ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးလိုက်တာလဲ”

တွေးနေရင်း သူ့မျက်ခုံးအစုံက ပိုပိုပြီး တွန့်ကွေးလာခဲ့တယ်။ တစ်ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်တယ် “ချုံခိုတိုက်ခိုက်တဲ့ အချိန်တုန်းက အဲ့မိစ္ဆာမကို ဖမ်းမမိခဲ့ပေမယ့် သူမက ခေါင်းဆောင်ရဲ့ ရိုက်ချက်ကို တည့်တည့်ကြီး ခံလိုက်ရတယ်တဲ့”

“အဲ့ဒါဟုတ်တယ်။ ပြီးတော့ သူမ အခြေအနေကို ကြည့်ရတာ တစ်ခုခု လွဲနေသလိုပဲ။ အဲ့တိုက်ပွဲမှာ သူမက ပြင်းပြင်းထန်ထန် ဒဏ်ရရသွားပြီး ပြန်မကောင်းသေးတာ ဖြစ်ရမယ်”

“ခေါင်းဆောင်ကြောင့် ရတဲ့ ဒဏ်ရာက ဒီလောက်မြန်မြန်နဲ့ ပြန်သက်သာသွားမှာ မဟုတ်ဘူး” ကျို့ယွမ်မင်က ပြောနေရင်း သူ့မျက်လုံးထဲ အလင်းတစ်ချက် လက်သွဦးခဲ့ပြီး “သူမက ဒဏ်ရာက ပြန်မကောင်းသေးတာပဲ ဖြစ်ရမယ်။ မဟုတ်ရင် ငါတို့ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးလိုက်မှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ညီအစ်ကိုယွမ်ရဲ့ ညီလေးက သူမကို တစ်ချက်ပဲ ကြည့်လိုက်တာတောင် သူမက သူ့ကို ချက်ချင်း သတ်ပစ်လိုက်တယ် … အဲ့မိစ္ဆာမက အရမ်းကို ရက်စက်လွန်းတာကို သူမက ငါတို့ကို ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ပါ့မလဲ”

သူ့ညီအကြောင်း ပါလာတာနဲ့ ယွမ်ရှီရဲ့ ရုပ်ဆိုးဆိုးမျက်နှာထက် ဒေါသနဲ့ မုန်းတီးမှု အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ရက်ရက်စက်စက် ကျိန်ဆဲလိုက်တယ် “သူမရဲ့ သွေးမျိုးဆက် အထူးပညာရပ် အကူအညီနဲ့ အရင်မျိုးဆက် နတ်ဆိုးဘုရင်မက သူမရဲ့ ကျင့်ကြံခြင်းကို သူမဆီ ပေးအပ်ခဲ့ပြီး အဲ့မိန်းမပျက်မဲ့ ခွန်အားက အရမ်းမြင့်မားနေခဲ့လိုသာပေါ့။ မဟုတ်ရင် အဲ့ခွေးမကို အစောကြီးကတည်းက ငါသတ်ပစ်လိုက်တာ ကြာနေပြီ”

ကျို့ယွမ်မင်က သူ့နောက်လိုက်ငယ်သားတွေကို ကြည့်လိုက်ပြီး အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ကာ “ညီအစ်ကိုယွမ်၊ မင်းသာ မင်းညီအတွက် လက်စားပြန်ချေချင်တယ် ဆိုရင် အခုအချိန်က အကောင်းဆုံး အခွင့်အရေးပဲ”

ထိုစကားကို ကြားလိုက်တာနဲ့ လူတိုင်း ကြောင်အသွားခဲ့တယ်။ ထိဖြာယောင်းခြင်း နတ်ဆိုးဘုရင်မကို ဆန့်ကျင့်မယ် အတွေးမျိုး သူတို့ထဲက ဘယ်သူမှ မတွေးရဲပါဘူး။

“ဘာလဲ၊ မင်းတို့ကြောက်နေတာလား” ကျို့ယွမ်မင်က လှောင်ပြောင်လိုက်ပြီး “သူမ ငါတို့ကို လွှတ်ပေးလိုက်တာက သူမက ငါတို့ကို မတိုက်ခိုက်နိုင်လို့ပဲ။ ဘာဖြစ်ရဦးမှာလဲ။ သူမက ငါတို့ကို တိုက်ခိုက်လို့ မနိုင်မှာကို စိုးရိမ်နေတာကွ”

ယွမ်ရှီက သဘောတူသည့် ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး “ညီအစ်ကိုယွမ် ပြောတာ ယုတ္တိရှိတယ်။ ဒါပေမယ့်… နောက်ဆုံးတော့လည်း အဲ့ဒါက ခန့်မှန်းချက် သက်သက်ပဲ ဖြစ်နေမယ် ဆိုရင်ကော။ သူမက ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ပဲ သူမဒဏ်ရာက ပြန်ကောင်းနေပြီ ဆိုရင်ကော”

“သိအောင်လို့တော့ စမ်းကြည့်ရမှာပေါ့” ကျို့ယွမ်မင်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး “အဲ့ဒါကြောင့် မင်းတို့တွေကို ငကြောက်လို့ ငါပြောတာ”

အားလုံးက အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက်က ကြည့်လိုက်ကြတယ်။ သူတို့အားလုံးက လှုပ်ရှားရမှာကို တုန့်ဆိုင်းနေခဲ့ကြတယ်။ တကယ်တမ်း ဝန်ခံရမယ်ဆိုရင် ကျို့ယွမ်မင် ပြောတာကလည်း ယုတ္တိရှိပါတယ်။ ဒါပေမယ့် အားလုံးက ခန့်မှန်းချက် သက်သက်ပဲလေ။

အားလုံးက တုန့်ဆိုင်းနေတာကို မြင်တွေ့လိုက်ရချိန်မှာတော့ ကျို့ယွမ်မင်က ထပ်ပြီး တွန်းအားပေးလိုက်တယ် “ငါ့ရဲ့ ညီအစ်ကိုရောင်းရင်းတို့၊ သူမက ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မနော်။ သူမကို မြည်းစမ်းချင်စိတ် မင်းတို့မှာ နည်းနည်းလေးတောင် မရှိဘူးလား။ သူမကို မင်းတို့အောက်မှာ အပြတ်ကျုံးနိုင်မယ့် အခွင့်အရေး တစ်ခုနော်။ ဒီလို မိန်းမမျိုးနဲ့ အတူတူ အိမ်ခွင့်ရဖို့အတွက် သေရမယ်ဆိုရင်တောင် မထိုက်တန်တာ မို့လို့လား”

ရှန်ချင်းလော့ရဲ့ နူးညံ့ပျော့အိတဲ့ ခန္ဓာကိုယ်လေး၊ သူမရဲ့ ချိုမြိန်တဲ့ လေသံလေး၊ သူတို့ရှေ့မှာ သူမ ဝတ်လစ်စလစ် ဖြစ်နေတဲ့အကြောင်းကို စိတ်ကူးယဉ်ရင်း သူမကို သူတို့စိတ်ကြိုက် ဆော့ကစားနိုင်တဲ့ အကြောင်းကို မြင်ယောင်ရင်း၊ သူမရဲ့ ညည်းသံလေးတွေကို စိတ်ကူးယဉ် ကြားယောင်ရင်း သူတို့အားလုံးရဲ့ အသက်ရှူသံတွေ လေးလံလာခဲ့တယ်။

ကျို့ယွမ်မင်က ထပ်ပြီး လောင်စာ ဖြည့်ပေးလိုက်တယ် “ပြီးတော့ သူမက သူမရဲ့ မျိုးဆက်တွေဆီ သူမရဲ့ ခွန်အားကို လက်ဆင့်ပေးနိုင်တယ် ဆိုတော့ သူမရဲ့ ခွန်အားကို ငါတို့ဆီ လက်ဆင့်ကမ်းပေးလို့ ရမယ်ဆိုရင်ကော။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉နော်။ ငါတို့က အကျိုးအမြတ်ကို ခွဲဝေယူမယ် ဆိုရင်တောင် အနည်းဆုံးအဆင့်၂ဆင့် မချိုးဖျက်နိုင်တဲ့လူ ရှိမှာမဟုတ်ဘူး”

အားလုံး စိတ်ဝင်စားသွားခဲ့ပါပြီ။

ရက်စက်ကြမ်းကြုတ်မယ့် အလင်းရောင်တို့ ယွမ်ရှီမျက်လုံးထဲ ဖြတ်ပြေးသွားခဲ့ပြီး ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ညီအစ်ကိုကျို့ ပြောတာ မှန်တယ်။ သူမရဲ့ အလှကို မြည်းစမ်းခွင့် ရပြီး သူမရဲ့ ကျင့်ကြံခြင်းကို လုယူနိုင်မယ် ဆိုရင်… စွန့်စားဖို့ လုံလောက်သွားပြီ”

သေချာစဉ်းစား ဆုံးဖြတ်ပြီး ရှိနေတဲ့ လူအားလုံး အံကြိတ်ပြီး ခေါင်းညိတ်လိုက်ကြတယ်။ ကျို့ယွမ်မင်က ရယ်မောလိုက်ပြီး “မင်းတို့အားလုံးက ညီအစ်ကိုကောင်းတွေပဲ။ ကဲ့ ငါတို့ဆုံးဖြတ်ပြီးပြီဆိုတော့ မနှောင့်နှေးသင့်တော့ဘူး။ သူတို့နောက် မြန်မြန် လိုက်ကြတာပေါ့”

ရန်ကိုင်နဲ့ ရှန်ချင်းလော့က ဦးတည်ချက် အမျိုးမျိုးပြောင်းရင်း တောအုပ်ထဲ ပျံသန်းနေခဲ့တယ်။ ဒါပေမယ့် နေ့တစ်ဝက်ကြာပြီးနောက် သူတို့နောက်ကနေ ခြေသံတွေကို ကြားလိုက်ရတယ်။

ရှန်ချင်းလော့၏ အမူအရာ သုန်မှုန်သွားခဲ့ပြီး အံ့ကြိတ်ကာ “ငါတို့ကို တွေ့သွားပြီ” ပြီးတာနဲ့ သွားနေတာကို ရပ်လိုက်ပြီး သူမကိုယ်သူမ တည်ငြိမ်အောင် လုပ်လိုက်ကာ နှစ်ယောက်စလုံး ပြင်ဆင်ထားလိုက်ကြတယ်။

“သူတို့ပဲ” ရန်ကိုင် ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ထုတ်လွှတ်ပြီး စစ်ဆေးကြည့်ပြီးနောက် သူတို့နောက်လိုက်လာတဲ့ လူတွေက အစောပိုင်းတုန်းက သူတို့နဲ့ တွေ့ခဲ့တဲ့ လူတွေမှန်း သိလိုက်တာနဲ့ သူ့မျက်နှာ အမူအရာက သုန်မှုန်သွားခဲ့တယ်။

ရှန်ချင်းလော့ ပြောခဲ့တဲ့အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ပါပြီ။ သူမက သူတို့ကို ခြောက်ပြီး ထွက်ပြေးစေလိုက်ပေမယ့် သူမရဲ့ သရုပ်ဆောင်မှုမှာ ဟာကွက်တွေ ပါဝင်နေခဲ့ပါသေးတယ်။ ပင်လယ်ထဲက သွေးတစ်စက်တည်း ဆိုပေမယ့် ငါးမန်းတွေကတော့ ထိုသွေးတစ်စက်တည်းကို အနံခံလိုက်ရှာနိုင်ပါတယ်။

“နတ်ဆိုးဘုရင်မ” တစ်ခဏကြာပြီးနောက် ကျို့ယွမ်နဲ့ သူ့နောက်လိုက် ငယ်သားတို့ ရန်ကိုင်နဲ့ ရှန်ချင်းလော့ရှေ့ ထွက်ပေါ်လာခဲ့တယ်။ သူတို့အားလုံးက နည်းနည်းလောက် စိုးရိမ်နေခဲ့ကြပေမယ့် အပြင်မှာတော့ ထုတ်မပြခဲ့ပါဘူး။ သူတို့အကြည်တွေက အထက်အောက် အစုံအဆန် ရွေ့လျားနေခဲ့ပြီး သူတို့မျက်ဝန်းတွေက အဓိပ္ပါယ်ရှိတဲ့ အလင်းရောင်တို့ဖြင့် လက်နေခဲ့တယ်။ အခုတော့ မသမာသည့် အကြည့်တို့ဖြင့် ရှန်ချင်းလော့ကို ကြည့်ရဲနေခဲ့ပါပြီ။

“ဒါဘာသဘောလဲ” ရှန်ချင်းလော့က အေးစက်စက်လေသံနဲ့ မေးလိုက်တယ်။

“ဟဟ… နတ်ဆိုးဘုရင်မနောက်ကို မှီခို့ တော်တော်လေး အချိန်ယူလိုက်ရတယ်။ နတ်ဆိုးဘုရင်မရဲ့ အရှိန်က တော်တော်လေး မြန်တာပဲ” ကျို့ယွမ်မင်က အရင်ကလို နိမ့်ချမနေတော့ပါဘူး။ သူက သူ့ရဲ့ ခန့်မှန်းချက်ကို စစ်ဆေးကြည့်ချင်နေတာပါ။ ၈၀ရာခိုင်နှုန်းလောက် သူ့ခန့်မှန်းထားတဲ့အတိုင်း ဖြစ်မယ်လို့ ယုံကြည်ပေမယ့် ၁၀၀ရာခိုင်နှုန်း ယုံကြည်ချင်ပါသေးတယ်။

သူတို့ခွဲသွားကြတာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် သူမတို့ကို မှီဖို့အတွက် သူတို့ တော်တော်‌လေး အချိန်ဖြုန်းခဲ့ရပါတယ်။ သူမသာ တစ်ခုခုကို ဖုံးကွယ်မထားခဲ့ရင် ဘာလို့ ဒီလောက် မြန်မြန်ပြေးနေရမှာလဲ။

“မဟုတ်တာတွေ လုံလောက်ပြီ၊ နင်ဘာလို့ ဒီကို ရောက်နေတာလဲ” ရှန်ချင်းလော့က စိတ်မရှည်စွာနဲ့ မေးခွန်းထုတ်လိုက်တယ်။ သူမရဲ့ လေသံက ပိုပြီး အေးစက်လာခဲ့တယ်။

“ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ ခေါင်းဆောင် သားရဲဘုရင်က နတ်ဆိုးဘုရင်မနဲ့ တွေ့ရင် ဒီသေးငယ်တဲ့ လက်ဆောင်လေးကို ပေးပေးခဲ့ဖို့ ကျွန်တော်တို့ကို မှာကြားခဲ့တာကို မေ့သွားလို့ပါ။ လွန်ခဲ့တဲ့လက ကိစ္စတွေအတွက် ဒီလက်ဆောင်လေးနဲ့ ကြေအေးပေးပြီး ဆက်ပြီး ဒေါသမထွက်ဖို့ မျှော်လင့်ပါတယ်တဲ့” ပြောနေရင်းနဲ့ ကျို့ယွမ်မင်က ပစ္စည်းတစ်ခုကို ရှန်ချင်းလော့ဆီ လှမ်းပစ်ပေးလိုက်တယ်။

ထိုပစ္စည်းကနေ ထူးဆန်းတဲ့ အရှိန်အဝါတို့ ထွက်ပေါ်နေခဲ့ပါတယ်။ ထိုပစ္စည်းက အဆင့်မြင့်တဲ့ လက်နက်တစ်ခု ကျိန်းသေဖြစ်ရပါမယ်။

သူပစ်လိုက်တဲ့အခိုက် ကျို့ယွမ်မင်က ထိုလက်နက်ထဲ သူ့ရဲ့အစစ်အမှန်ချီကို ဖြည့်သွင်းခဲ့လိုက်ပါတယ်။ သာမန်ကာလျှံကာ ပုံစံမျိုးနဲ့ ပစ်လိုက်တယ် ဆိုပေမယ့် တကယ်တော့ ထိုလှမ်းပစ်လိုက်တဲ့ အချက်ထဲ လျှို့ဝှက်တိုက်ခိုက်မှု တစ်ခု ပါနေတယ်လို့ ဆိုရမှာပါ။

ရှန်ချင်းလော့က ထိုလက်နက်ကို ခပ်မြန်မြန် လှမ်းဖမ်းလိုက်တယ်။ သူမက ပြင်ဆင်ထားခဲ့ပေမယ့် ထိုလက်နက်ကို ဖမ်းလိုက်တဲ့အခါ သူမရဲ့ ခန္ဓာကိုယ်လေး မသိမသာလေး တုန်ရင်သွားခဲ့ပြီး သူမလက် တစ်ခုလုံး ထုံကျင်သွားခဲ့တယ်။ သူမရဲ့ အခြေအနေကို မြင်တွေ့လိုက်ရတာနဲ့ ထိုလူတွေအားလုံး နတ်ဆိုးအပြုံး ပြုံးလိုက်ကြတယ်။

“ကျို့ယွမ်မင်၊ နင်သေချင်နေတာလား” ရှန်ချင်းလော့က ဒေါသတကြီး အော်ဟစ်လိုက်တယ်။

ဒါပေမယ့် ကျို့ယွမ်မင်က လှောင်ပြောင်ဟန်ဖြင့် ပြုံးလိုက်ပြီး “အို… ဒီအစေခံရဲ့ ပေါ့ဆမှုကို ခွင့်လွှတ်ပေးပါ နတ်ဆိုးဘုရင်မ၊ ဒီအစေခံက အားသုံးတာ နည်းနည်းလေး များသွားတဲ့ပုံပဲ။ ဒါပေမယ့် သခင်မရဲ့ ဒီလောက်ခွန်အားနဲ့တောင် ဘာလို့ မကိုင်တွယ်နိုင်ရတာလဲ။ ဖြစ်နိုင်တာက… သခင်မရဲ့ ခွန်အားအများစုကို ဆုံးရှုံးထားတာလား”

ထိုမေးခွန်းကို မေးလိုက်တာနဲ့ ကျို့ယွမ်မင်ရဲ့ အသံက ပိုပြီး ခက်ထန်လာခဲ့တယ်။ သူ့မျက်လုံးအစုံထဲ မကောင်းသည့် အလင်းရောင်တို့ဖြင့် လက်သွားခဲ့ပြီး ရှန်ချင်းလော့ရဲ့ ခန္ဓာကိုယ်ကို အထက်အောက်စုံဆန် ကြည့်နေလိုက်တယ်။

ရှန်ချင်းလော့၏ အမူအရာ မသိမသာလေး ပြောင်းလဲသွားခဲ့တယ်။ သူမရဲ့ လက်ရှိအခြေအနေကို တွေ့မြင်သွားပြီမှန်း သိလိုက်တာနဲ့ သူမကလည်း ဆက်ပြီး ဖုံးကွယ်ဖို့ မကြိုးစားတော့ပဲ အဲ့အစား ဂုဏ်ယူစွာ ရယ်မောလိုက်ပြီး “ဟန့်၊ ငါ့ခွန်အား တော်တော်များများကို ဆုံးရှုံးထားတယ် ဆိုရင်တောင် နင်တို့လို အမှိုက်တွေကို သတ်ဖို့ကတော့ လုံလောက်တာထက် ပိုနေသေးတယ်”

ပြောပြီးတာနဲ့ သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်ဝန်းအစုံက ရုတ်ချည်း တောက်ပလာခဲ့ပြီး အဆုံးမရှိတဲ့ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နေသည့် သိပ်သည်းတဲ့ အလင်းရောင်တို့ကို ထုတ်လွှတ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ဘေးပတ်ဝန်းကျင်တစ်ခုလုံးကို သင်းပျံ့တဲ့ ရနံ့တို့ ပျံ့လွင့်လာခဲ့တယ်။ ထိုရနံ့ကို ရှူရှိုက်မိတာနဲ့ လူအားလုံးရဲ့ နှလုံးခုန်သံ မြန်ဆန်လာခဲ့ပြီး သူတို့သွေးတွေ စတင်ဆူပွက်လာခဲ့တယ်။

ရန်ကိုင်တောင် တစ်ခဏတောက် စိတ်ရှုပ်ထွေး သွားခဲ့ရပါတယ်။ ဒါပေမယ့် ခပ်မြန်မြန်ပဲ အသိပြန်ဝင်လာခဲ့ပါတယ်။ အစစ်အမှန်ချီကို ဒန်တန်ထဲ ပြန်လည့် ပို့လွှတ်လိုက်ပြီးနောက် အသူရာဓါးကို ထုတ်ကာ ရွှေရောင်အရိုးခြောက်ထဲက မိစ္ဆာချီစွမ်းအင်တွေကို ထုတ်ယူအသုံပြုလိုက်တယ်။

အနက်ရောင် အငွေ့တွေကို သူ့ကို ဖုံးလွှမ်းသွားစေလိုက်ပြီးနောက် ကျို့ယွမ်မင်ကို ရိုက်ချလိုက်တယ်။

Martial Peak

အပိုင်း(၃၀၃) အဆိပ်မုဆိုးမ ခန္ဓာကိုယ်

ရန်ကိုင်၏ တုန့်ပြန်မှုက တကယ်ကို မြန်ဆန်လှပါတယ်။ ရှန်ချင်းလော့က ညို့ငင်ခြင်းနည်းစနစ်ကို ထုတ်သုံးလိုက်တာနဲ့ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ပါတယ်။

ရန်ကိုင်၏ သူမ၏ ညို့ငင်မှုကနေ မြန်ဆန်စွာ ရုန်းထွက်လာနိုင်ခဲ့တဲ့ အတွက် ရှန်ချင်းလော့တောင် အံ့အားသင့်သွားခဲ့ရပါတယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့်တောင် သူမရဲ့ ညို့ငင်မှုကနေ အလွယ်တကူ ရုန်းမထွက်နိုင်တာက ရန်ကိုင်က အလွယ်တကူ လွတ်မြောက်သွားနိုင်ခဲ့ပါတယ်။

ဒီအကောင်စုတ်ရဲ့ တကယ့်နောက်ခံက ဘာများလဲ

တွင်းပေါက်ထဲက ထွက်လာတဲ့ မြွေတစ်ကောင်လို အသူရာဓါးက အနက်ရောင်မြူထုထဲကနေ တိုးထွက်လာခဲ့ပြီး ကျို့ယွမ်မင်ရဲ့ လည်ပင်းဆီ တိုးဝင်သွားခဲ့တယ်။

ကျို့ယွမ်မင်ရဲ့ ရှုပ်ထွေးပြီး ဗလာဖြစ်နေတဲ့ မျက်ဝန်းအစုံက ရုတ်တရက် အေးစက်စက် အလင်းရောင်တို့ဖြင့် လက်သွားခဲ့ပြီး အထင်သေးသည့် လှောင်ပြုံးတစ်ခု သူ့မျက်နှာထက် ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင် အမူအရာလည်း ချက်ချင်းပဲ မည်းမှောင်သွားခဲ့တယ်။ ခပ်မြန်မြန်ပဲ တိုက်စစ်ကနေ ခံစစ်ကို ပြောင်းလိုက်ပြီး အစစ်အမှန်ချီအားလုံးကို ခုခံတဲ့နေရာမှာ အသုံးပြုလိုက်ပါတယ်။

ဒင်… ရန်ကိုင် နောက်ဘက်ကို ဒယိမ်းဒယိုင် ဆုတ်လိုက်ရပြီး နောက်ဆုံးမှာတော့ ရှန်ချင်းလော့ ဘေးနာကို ရောက်သွားခဲ့တယ်။ အသူအရာဓါးကို ကိုင်ထားတဲ့ သူ့လက်က အနည်းငယ် တုန်ရင်နေခဲ့ပြီး သူ့သွေးစီးဆင်းမှုတွေလည်း ပရမ်းပတာ ဖြစ်လို့ နေခဲ့ပါတယ်။ အမောတကော အသက်ရှူလိုက်ရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်တယ်။

“ဟဟဟ” ကျို့ယွမ်မင်က အထင်အမြင်သေးစွာ ရယ်မောလိုက်ပြီး ညစ်ပတ်သည့် အကြည့်တို့ကတော့ သူမျက်နှာထက် ဟီးလေးခိုနေခဲ့တယ်။ နှုတ်ခမ်းကို သပ်လိုက်ပြီး ရှန်ချင်းလော့ကို မမှိတ်မသုံ စိုက်ကြည့်လိုက်ကာ လှောင်ပြောင် ရန်စလိုက်တယ် “နတ်ဆိုးဘုရင်မရဲ့ ပုံရိပ်ယောင် ညို့ငင်ခြင်းကျင့်စဉ်က တကယ်ကို ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်။ တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတာပဲ”

ရှန်ချင်းလော့၏ လှပတဲ့ မျက်နှာလေးက ရေခဲတမျှ အေးစက်နေခဲ့တယ်။ ကျို့ယွမ်မင်က အစကတည်းက ပြင်ဆင်ထားတာ အသိသာကြီးပါ။

“နတ်ဆိုးဘုရင်မသာ အထွတ်အထိပ် အခြေအနေမှာ ရှိနေမယ်ဆိုရင် ခင်ဗျားရဲ့ နည်းစနစ်ကို ငါလည်း တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဟဲဟဲ..” ကျို့ယွမ်မင်က ရယ်မောလိုက်ပြီး အော်ပြောလိုက်တယ် “ညီအစ်ကိုတို့၊ နတ်ဆိုးဘုရင်မက သိပ်ပြီး အခြေအနေ ကောင်းတဲ့ပုံ မပေါက်ဘူး။ သူမက ငါတို့အတွက် လွယ်ကူတဲ့ သားကောင်တစ်ကောင်ပဲ။ မင်းတို့ ခွန်အားကိုလည်း အရမ်းအလွန်အကျွံ မသုံးမိစေနဲ့။ မမြည်းမစမ်းရချင်း သူမရဲ့ ခန္ဓာကိုယ်လေးကို ထိခိုက်သွားစေလို့ မဖြစ်ဘူး”

“ညီအစ်ကိုကျို့ရာ စိတ်အေးအေးသာ ထားစမ်းပါ။ ငါတို့ ညင်သာမှာပါ” ယွမ်ရှီက ရှေ့တက်လိုက်ပြီး ရှန်ချင်းလော့ကို ဆွဲစားပစ်တော့မယ့် အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။ သူ့မျက်နှာထက် ကြောက်ရွံ့သည့် အရိပ်အယောင် တစ်စွန်းတစ်စကိုမှ မတွေ့ရတော့ပါဘူး။

“ဟဲဟဲဟဲ…” ကောက်ကျစ်ဥာဏ်များမှုတို့ဖြင့် ပြည့်နေသည့် ရယ်မောသံတို့ ပဲ့တင်ထပ်နေခဲ့တယ်။ အစကတော့ သူတို့တွေ အားလုံး မဝင့်မရဲ ဖြစ်နေပေမယ့် ရှန်ချင်းလော့ရဲ့ ညို့ငင်ခြင်း နည်းစနစ်ကို အလွယ်တကူ တောင့်ခံနိုင်တာကို သိလိုက်ရချိန်မှာတော့ သူတို့ရဲ့ သတ္တိတွေက ချက်ချင်း မိုးထိုးသွားခဲ့တယ်။

ရှန်ချင်းလော့က အလွန်အမင်း ဒေါသထွက်နေခဲ့ပေမယ့် ကျော့ပြင်းက ဘယ်သူ့ကိုမှ ဂရုမစိုက်သည့်ကို ဆင်မြန်းထားရင်း ညင်သာစွာဖြင့် ပြောလိုက်တယ် “ဒီဘုရင်မကို ဒီလောက်လွယ်လွယ်နဲ့ အနိုင်ယူနိုင်မယ်လို့ နင်တို့ထင်နေတာလား”

ကြောက်ရွံ့သည့် အရိပ်အယောင် တစ်စွန်းတစ်မှ မပါဝင်တဲ့ သူမ၏ တည်ငြိမ်တဲ့ အမူအရာကို မြင်လိုက်ရချိန်မှာတော့ ကျို့ယွမ်မင် နှလုံးခုန်မြန်သွားခဲ့ပြီး အလိုလို တုန့်ဆိုင်းမိသွားခဲ့တယ်။

တစ်ခဏကြာပြီးနောက် အံ့ကြိတ်ပြီး ပြောလိုက်တယ် “ညီအစ်ကိုတို့၊ အခု မြှားကလည်း ပစ်ပြီးသွားပြီ၊ ငါတို့မှာ ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး။ ငါတို့က ဒီမိန်းမပျက်မကို ရန်စပြီးသွားမှတော့ သူမသာ လွတ်မြောက်သွားခဲ့မယ် ဆိုရင် ဘယ်လိုအကျိုးဆက်က ငါတို့ကို စောင့်ဆိုင်းနေမလဲဆိုတာ မင်းတို့အားလုံး သိတယ်မလား”

ရှန်ချင်းလော့ရဲ့ စိတ်နေဟိတ်ထားနဲ့ နည်းလမ်းတွေ အရဆိုရင် သူမသာ သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကနေ လွတ်မြောက်သွားပါက ကမ္ဘာမြေအဆုံး ရှောင်တိမ်းပုန်းအောင်း နေမယ်ဆိုရင်တောင် သူမလက်ကနေ လွတ်မြောက်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

အခြေအနေက ဘယ်လောက်တောင် လေးနက်လာပြီလဲ ဆိုတာ သိလိုက်တာနဲ့ ထိုလူတွေအားလုံး အံကြိတ်လိုက်ပြီး လက်သီးတင်းတင်းဆုပ်ကာ ခေါင်းညိတ်လိုက်ကြတယ်။

“အားလုံးက ဒီလိုဖြစ်လာပြီ ဆိုမှတော့ ငါတို့မှာ ရွေးချယ်စရာ တစ်ခုပဲ ကျန်တော့တယ်။ ငါတို့သာ ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး မိန်းမကို မြည်းစမ်းနိုင်ခွင့် ရမယ်ဆိုရင် သေမှာကို ဘာလို့ ကြောက်နေရဦးမှာလဲ” ကျို့ယွမ်မင်၏ အသံက ရုတ်တရက် အေးစက်သွားခဲ့ပြီး “ညီအစ်ကိုပန်၊ မင်းရဲ့ ငါတို့အားလုံးထဲမျာ အားအနည်းဆုံးဆိုတော့ အဲ့မှာရှိနေတဲ့ ခွေးစုတ်လေးကို ကိုယ်တွယ်လိုက်။ မင်းကိစ္စကို လက်စတသတ်ပြီးတာနဲ့ ငါတို့ကို မြန်မြန်လာကူပေး”

ပဲတောင့်ရှည်လို့ လူတစ်ယောက်က ရန်ကိုင်ရှိနေတဲ့ နေရာဆီ လှမ်းကြည့်လိုက်ပြီး အထင်သေးစွာ ရယ်မောလိုက်ရင်း “ကိစ္စမရှိဘူး”

ရှန်ချင်းလော့က မထူးခြားနားသည့် အပြုံးကို ဆင်မြန်းထားရင်း အစစ်အမှန်ချီစွမ်းအင်တို့ကို တိတ်တဆိတ် စုဆောင်းထားနေလိုက်တယ်။ သူမ၏ လက်ကို ရုတ်တရက် ဝှေ့ရမ်းလိုက်ပြီး အော်ဟစ်ကြုံးဝါးလိုက်တယ် “ဒီဘုရင်မကို လာရန်စရဲမှာတော့ နင်တို့အားလုံး ငရဲသွားဖို့ ပြင်ထားလိုက်တော့”

ခရစ်စတယ်ပုံစံ ပိုးချည်မျှင်တစ်ခုက ကောင်းကင်တစ်ခွင်လုံးကို အုပ်မိုးသွားခဲ့ပြီး ကျို့ယွမ်မင်တို့ တစ်ဖွဲ့လုံးကို လွှမ်းခြုံသွားခဲ့တယ်။ ထိုလူတွေ အကုန်လုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ ဖြစ်ကြပေမယ့် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းကြီး မမြင့်ပါဘူး။ သူတို့ထဲက အများစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၂ကိုပဲ ရောက်သေးတာဖြစ်ပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့်၃ကို ရောက်နေတဲ့သူဆိုလို့ ကျို့ယွမ်မင် တစ်ယောက်ပဲ ရှိတာပါ။

ရှန်ချင်းလော့က တိုက်ခိုက်လာတဲ့ အချိန်မှာတော့ သူတို့အားလုံးက လျှို့ဝှက်ကျင့်စဉ် အသီးသီးကို လှည့်ပတ်လိုက်ပြီး လက်နက်မျိုးစုံကို ထုတ်ကာ ခုခံလိုက်ကြတယ်။

ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ချီဓါးသွားတစ်ထောင် နီးပါးကို ဖန်တီးလိုက်တယ်။ ထို့နောက် ချီဓါးသွားတွေကို သူ့ရန်သူဆီ တွန်းပို့လိုက်တဲ့အချိန် တစ်ချိန်တည်းမှာပဲ ပွင့်ချပ်တစ်ထောင် သွေးပန်းကိုလည်း ဆင့်ခေါ်လိုက်တယ်။

ထိုပွင့်ချပ်တစ်ထောင် သွေးပန်းထွက်ပေါ်လာတာနဲ့ ပတ်ဝန်းကျင်လေထု တစ်ခုလုံး သွေးနီရောင်ပွင့်ချပ်တို့ဖြင့် ပြည့်သွားခဲ့တယ်။

သူ့ရန်သူတွေအကုန်လုံးက အင်မော်တယ်တက်လှမ်းခြင်း အဆင့်တွေ ဖြစ်နေတဲ့အတွက် ရန်ကိုင်က ထိန်ချန်ဖို့ မကြိုးစားခဲ့ပါဘူး။

ထိုမြန်ဆန်ပြီး ပြင်းထန်လှသည့် တိုက်ခိုက်မှုက သူ့ပြိုင်ဘက်ရဲ့ ခုခံမှုကို ရှုပ်ထွေးသွားစေခဲ့တယ်။ ရှန်ချင်းလော့က လက်ကွက်အစုံလိုက်လို မြန်ဆန်စွာ ဖန်တီးလိုက်ပြီး ခရစ်စတယ်ပိုးချည်မျှင်တွေကို ဖန်တီးကာ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူနှစ်ယောက်ကို တစ်မုဟုတ်ချည်း ရစ်ပတ်သွားစေလိုက်တယ်။

ထိုကျင့်ကြံသူတွေက ရန်သူအဖွဲ့ရဲ့ အားအနည်းဆုံး သူတွေပါ။ ရှန်ချင်းလော့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို သတိပြုမိလိုက်တဲ့အချိန် သူတို့တစ်ကိုယ်လုံးကို ပိုးချည်မျှင်တွေက အရစ်လိုက်အရစ်လိုက် ရစ်ပတ်ပြီးနေတာကို တွေ့လိုက်ရတယ်။

ရန်ကိုင်က အခွင့်ကောင်း အရယူကာ ကျားဖြူတံဆိပ်တော်နှင့် နွားသိုးတံဆိပ်တော်ကို ခပ်မြန်မြန်ပဲ ဖန်တီးလိုက်တယ်။ ကမ္ဘာမြေတစ်ခွင်လုံးကို တုန်ခါသွာစေလောက်သည့် ဟိန်းသံနှင့်အတူ ကျားဖြူနှင့် နွားသိုးက မာန်ဖီရင်း ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူ နှစ်ယောက်ဆီ ပြေးဝင်သွားတယ်။

သွေးနီရောင် ပွင့်ချပ်တစ်ထောင်ကလည်း သားရဲပုံရိပ်နှစ်ခု နောက်ကနေ ဆင့်ကာ လိုက်ပါသွားခဲ့တယ်။ ပွင့်ချပ်တစ်ခုချင်းစီက အဆင့်မြင့်လက်နက်တစ်ခုရဲ့ ထက်ရှမှုနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။ အလွန်အမင်း စူးဝါးလှတဲ့ အော်ဟစ်သံတို့ ထွက်ပေါ်လာတာနဲ့ ကျို့ယွမ်မင်နှင့် သူအပေါင်းအပါတွေ အကုန်လုံး ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကြတယ်။

ဖူး…ဖူး…ဖူး…

သွေးတွေ နေရာအနှံ့ ပြန့်နှံ့သွားခဲ့တယ်။

ရှန်ချင်းလော့ရဲ့ မျက်လုံးထဲ အံ့အားသင့်သွားသည့် အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားခဲ့တယ်။ ရန်ကိုင်ရဲ့ တိုက်ခိုက်မှုက ဒီလောက်အထိ အားကောင်းလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါဘူး။ ထိုကဲ့သို့ ပြင်းထန်လှသည့် တရစပ်တိုက်ခိုက်မှုမျိုးက သာမန် အစစ်အမှန်ဒြပ်စင်အဆင့်၄ ကျင့်ကြံသူတစ်ယောက် ထုတ်ဖော်နိုင်တာမျိုး မဟုတ်ပါဘူး။

လက်သီးလေးကို တင်းတင်းဆုပ်လိုက်ပြီး ရှန်ချင်းလော့က ခရစ်စတယ် ပိုးမျှင်တွေကို ချုံပစ်လိုက်ကာ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူနှစ်ယောက်ကို တစ်စစီ ဖြစ်သွားစေလိုက်တယ်။ အသက်ရှူချိန် အနည်းငယ်အတွင်းမှာပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၁ ကျင့်ကြံသူနှစ်ယောက်က ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရပါတယ်။

ထိုကိစ္စပြီးတာနဲ့ ရှန်ချင်းလော့ရဲ့ ကိုယ်ကနေ ခရစ်စတယ်ပိုးမျှင်တွေ ထပ်မံထွက်ပေါ်လာခဲ့ပြီး ကျန်ရှိနေတဲ့ လူအားလုံးကို ရစ်ပတ်သွားခဲ့ပြန်ပါတယ်။ သူမ၏ ပုံရိပ်က လက်သွားခဲ့ပြီး ရန်ကိုင်နားကို ရောက်ရှိလာခဲ့ကာ သူမ၏ သွေးသွယ်နူးညံ့လှတဲ့ လက်ကလေးနဲ့ ရန်ကိုင်လက်မောင်းကို ဖမ်းကိုင်လိုက်ရင်း အော်ပြောလိုက်တယ် “ပြေးတော့”

ရန်ကိုင်က ပွင့်ချပ်တစ်ထောင်သွေးပန်းကို ပြန်ဆင့်ခေါ်လိုက်ပြီး လှုပ်ရှားမှုပညာရပ်ကို အသက်သွင်းကာ ရှန်ချင်းလော့နှင့်အတူ ချက်ချင်းပဲ ထွက်ပြေးပါတော့တယ်။

ရှန်ချင်းလော့က အခုအချိန်မှာ အစစ်အမှန်ဒြပ်စင်အဆင့်၃နှင့် တူညီည့် ခွန်အားကိုပဲ အသုံပြုနိုင်ပါသေးတယ်။ သူနဲ့ အတူပူးပေါင်းပြီး အင်မော်တယ် တက်လှမ်းခြင်းအဆင့်၁ ကျင့်ကြံသူ နှစ်ယောက်ကို သတ်ဖြတ်နိုင်တယ် ဆိုတာက သူမလုပ်နိုင်တာ အကုန်ပါပဲ။

အစောပိုင်းတုန်းက အဖြစ်အပျက်က တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားတာ ဆိုပေမယ့် သူမသုံးစွဲလိုက်ရတဲ့ အစစ်အမှန်ချီက နည်းနည်းလေး မဟုတ်ပါဘူး။ သူတို့သာ ဆက်နေမယ် ဆိုရင် ကျိန်သေးခံစားရပါလိမ့်မယ်။

“မိန်းမပျက်မ” ကျို့ယွမ်မင်၏ ဒေါသတကြီး အော်ဟစ်သံက နောက်ဘက်မှ ထွက်ပေါ်လာခဲ့တယ်။ ရှန်ချင်းလော့က တစ်ချက်ပဲ တိုက်ခိုက်နိုင်လိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ သူမ ထွက်ပြေးသွားတော့မှပဲ ရှန်ချင်းလော့က အစကတည်းက တိုက်ခိုက်ဖို့ကို မရည်ရွယ်ထားမှန်း သူနားလည်လိုက်ရပါတယ်။

အသက်ရှူရှိုက်စာ အချိန်အနည်းငယ် ကုန်ဆုံးသွားပြီး နောက်မှာတော့ ကျို့ယွမ်မင်နှင့် သူအပေါင်းအပါတွေက ပိုးမျှင်တွေရဲ့ ရစ်နှောင်မှုကနေ ရုန်းထွက်လာနိုင်ခဲ့ကြတယ်။ သူတို့ တစ်ယောက်ချင်းစီက ရှန်ချင်းလော့ ထွက်ပြေးသွားတဲ့ နေရာကို အနည်းငယ် ကြောက်ရွံ့နေသည့် ပုံစံဖြင့် လှမ်းကြည့်လိုက်ကြတယ်။

နောက်ဆုံးတော့ မိစ္ဆာဘုရင်ဆိုတာ မိစ္ဆာဘုရင် ဖြစ်နေတုန်းပါပဲ။ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတယ် ဆိုရင်တောင် သူတို့ကို အလွယ်တကူ ရင်ဆိုင်လို့ မရပါဘူး။

“ငါတို့ အခုဘာလုပ်သင့်လဲ” ယွမ်ရှီက သုန်မှုန်စွာနဲ့ မေးလိုက်တယ်။

ကျို့ယွမ်မင်က မုန်းတီးမှုအပြည့်နဲ့ အံ့ကြိတ်လိုက်ပြီး “မင်းတို့ တစ်ဘဝလုံးကို သူမလက်ကနေ အမြဲတမ်း ထွက်ပြေးမနေ ချင်ဘူးဆိုရင် ငါတို့သူမနောက်လိုက်ပြီး သတ်ပစ်မှပဲ ရလိမ့်မယ်”

“ညီအစ်ကိုကျို့ ပြောတာမှန်တယ်” ကျန်တဲ့လူတွေအားလုံးကလည်း ခေါင်းညိတ် သဘောတူလိုက်ကြတယ်။ တုန့်ဆိုင်းမနေတော့ပဲ သူတို့အားလုံး ရန်ကိုင်နှင့် ရှန်ချင်းလော့နောက်သို့ ပြေးလိုက်သွားကြတယ်။

ရန်ကိုင်လက်ကို ဆွဲကိုင်လိုက်တုန်းက သူ့ကို သူမနဲ့အတူ ဆွဲခေါ်လာချင်ခဲ့တာပါ။ ဒါပေမယ့် ထွက်ပြေးတော့မှပဲ ရန်ကိုင်ရဲ့ အမြန်နှုန်းက သူမအောက် မနိမ့်ကျတာကို တွေ့ရှိလိုက်ရတယ်။ သူ့ခြေထောက်က မြေပြင်နဲ့ တစ်ချက်ထိလိုက်တိုင်း လှုပ်ရှားမှု ပညာရပ်တစ်ခုကို အသက်သွင်းလိုက်ကာ တစ်ခဏအတွင်းမှာပဲ မီတာများစွာ အကွာသို့ ရောက်ရှိသွားခဲ့တယ်။

အစွမ်းကုန် သုံးပြေးနေတဲ့အချိန် ရှန်ချင်းလော့၏ မို့မောက်နေသည့် ရင်အစုံက ရန်ကိုင်၏ လက်မောင်းကို ခဏခဏ ပွတ်တိုက်နေတဲ့ အတွက် ရှန်ချင်းလော့လည်း ရှက်လာခဲ့ပြီး သိပ်မကြာခင်မှာပဲ ရန်ကိုင် လက်မောင်းကို လွှတ်ပေးလိုက်တယ်။

“မလုပ်နဲ့” ရန်ကိုင်က သူမကို အလျင်စလို ရပ်တန့်လိုက်တယ် “ကျွန်တော့်ရဲ့ လှုပ်ရှားမှု ပညာရပ်က အကွာအဝေး တိုတိုလေးကိုပဲ သွားလို့ရတာ။ ကျွန်တော့်ရဲ့ ယွမ်ချီကလည်း ကုန်တော့မှာ။ အဲ့အချိန်ကျရင် ခင်ဗျားရဲ့ အကူအညီကို ကျွန်တော်ကျိန်းသေ လိုအပ်တော့မှာ” ရန်ကိုင်က အလျင်စလို သူမလက်ကို ပြန်ဖမ်းကိုင်လိုက်တယ်။

“အင်း” ရှန်ချင်းလော့က အသာအယာလေး ခေါင်းညိတ်လိုက်ပြီး ရန်ကိုင် လက်မောင်းကို ဆက်ကိုင်ထားလိုက်ကာ တောအုပ်ထဲကို တစ်ဟုန်ထိုး ပြေးဝင်သွားခဲ့တယ်။

နာရီဝက်ကြာပြီးနောက် ကျို့ယွမ်မင်တို့အဖွဲ့က ရန်ကိုနဲ့ ရှန်ချင်းလော့ နောက်ကို လိုက်နေတုန်းပါပဲ။

ရှန်ချင်းလော့ကိုသာ လွတ်မြောက်ခွင့်ပေးလိုက်ရင် ဘယ်လို အကျိုးဆက်ကို ရင်ဆိုင်ရမယ် ဆိုတာ သူတို့အားလုံး သိထားကြပါတယ်။ ထို့ကြောင့် အစွမ်းကုန်သုံးကာ သူမနောက်ကို လိုက်နေရခြင်းပါ။

ရှန်ချင်းလော့က မုန်းတီးမှုအပြည့်နဲ့ အံကြိတ်လိုက်ပြီး ဒေါသတကြီးနဲ့ ပြောလိုက်တဘ် “ဒီတစ်ကြိမ် ငါလွတ်မြောက်ခဲ့မယ် ဆိုရင် အဲ့ကောင်တွေကို သေတာဆိုးတဲ့ ကံကြမ္မာကို ပြန်မြည်းစမ်းခိုင်းရမယ်”

ရန်ကိုင်က ခပ်မြန်မြန်ပဲ ကောက်ပြောလိုက်တယ် “သူတို့သာ ကျွန်တော်တို့ကို ဖမ်းမိသွားမယ်ဆိုရင် ဘာဖြစ်မယ် ဆိုတာကို ခင်ဗျားပိုပြီး စိတ်ပူသင့်တယ်”

ရှန်ချင်းလော့၏ အသားအရေက ရုတ်ချည်း ဖြူလျော်သွားခဲ့ပြီး သူမနှလုံးလေး လှိုင်းထန်သွားခဲ့ကာ သူမတစ်ကိုယ်လုံး တုန်ရီသွားခဲ့တယ်။

ရုတ်တရက် သူမမျက်နှာလေးက ရှက်သွေးလေး ဖြာသွားခဲ့ပြီး ခိုင်မာပြတ်သွားစွာနဲ့ ပြောလိုက်တယ် “ငါ့ကံတရားကသာ အဲ့လို ဖြစ်မယ်ဆိုရင်… အဲ့အချိန်မတိုင်ခင်၊ ငါ့ခန္ဓာကိုယ်ကို နင့်ဆီ အရင်ပေးလိုက်မယ်။ ဘာပဲဖြစ်ဖြစ် နင်က အရမ်းကြီး ဆိုးရွားတာမှ မဟုတ်တာ။ အနည်းဆုံးတော့ အဲ့သေချင်းဆိုးတွေထက် ပိုကောင်းသေးတယ်လေ”

“အာ…” ရန်ကိုင်က သူမကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ပြီး ရယ်တစ်ဝက်၊ ငိုတစ်ဝက်နှင့် “ကျွန်တော့်ရဲ့ နတ်သမီးလေးရယ်၊ ကျွန်တော်က ခင်ဗျားကို ချစ်ခွင့်ပန်ခဲ့တယ် ဆိုပေမယ့်လည်း ကျွန်တော်သာ ခင်ဗျားကို လက်ခံလိုက်ရင် အဆုံးသတ် ကောင်းလိမ့်မှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်သိတယ်။ ဒါပေမယ့် ကျွန်တော် ငြင်းဆန်ဖို့ကိုပဲ ရွေးချယ်ရပါလိမ့်မယ်”

ရှန်ချင်းလော့က ရန်ကိုင်ကို ခါးသီးစွာနဲ့ ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “အဲ့တော့ နင်သိပြီးနေပြီပေါ့”

“သိတာပေါ့”

အခုလို သေခြင်းရှင်ခြင်း အခိုက်အတန့်မျိုးမှာ ဘာကိုမှ ဖုံးကွယ်မထားချင်တော့တဲ့ အတွက် ရှန်ချင်းလော့က သက်ပြင်းချုလိုက်ပြီး ရှင်းပြလိုက်တယ် “ငါ့မှာ အဆိပ်မုဆိုးမ ခန္ဓာကိုယ်လို့ ခေါ်တဲ့ အထူးခန္ဓာကိုယ် တည်ဆောက်ပုံရှိတယ်”

“ငါရာဂစိတ်ကြွလာပြီဆိုရင့် ငါ့ခန္ဓာကိုယ်က အရည်မှန်သမျှ အဆိပ်သင့်လာလိမ့်မယ်၊ ငါ့အသက်ရှူတိုင်း ထွက်ပေါ်လာခဲ့ လေလည်း အပါအဝင်ပေါ့” ရှန်ချင်းလော့က ရန်ကိုင်ကို အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်ပြီး “ငါနင့်ကို နမ်းလိုက်တဲ့ အကြိမ်တုန်းက နင်ဘာလို့ သတိလစ်သွားလဲဆိုတာ နားလည်သွားပြီမလား”

ရန်ကိုင်က သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး ထိုချိုမြိန်ပြီး အရသာလေးကို ပြန်ပြီး တွေးတောလိုက်တယ်။

“ငါ့စိတ်အခြေအနေက ပိုပြီးပြင်းထန်လာလေ၊ အဆိပ်က ပိုပြင်းလာလေပဲ။ အရင်အကြိမ်တုန်းက အပြစ်သေးသေးလေးပဲ ရှိသေးတယ်။ နင့်ကို ဘယ်သူက အဲ့လောက်ရဲတင်းဖို့ ပြောလို့လဲ”

ဒါပေမယ့်က ရန်ကိုင်က အရူးတစ်ယောက်လို ပြုံးလိုက်ပြီး “ကျွန်တော့်မှာလည်း ရွေးစရာမှာ မရှိတာကို။ အကြောင်းပြချက် မရှိပဲ ကျွန်တော့်ကို ဖမ်းဖို့ ခင်ဗျားကို ဘယ်သူက ပြောခဲ့လို့လဲ။ … ခင်ဗျားခန္ဓာကိုယ်က အရည်မှန်သမျှ ဆိုတော့လေ… ခင်ဗျားသိပါတယ်… ဟိုအောက်က ဟာကောအပါအဝင်ပဲလား”

ရှန်ချင်းလော့၏မျက်နှာက တစ်မုဟုတ်ချည်း ရဲရဲနီသွားခဲ့ပြီး ကျိန်ဆဲပါတော့တယ် “အရှက်မဲ့လွန်းလိုက်တာ”

ရန်ကိုင်က တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ် “ခင်ဗျားသာ တစ်ယောက်ယောက်နဲ့ ချစ်တင်းနှောခဲ့ရင် အဲ့တစ်ယောက်က သေသွားမှာပေါ့၊ ဟုတ်တယ်မလား”

“ဟုတ်တယ်” ရှန်ချင်းလော့က အသက်ပြင်းပြင်း ရှူလိုက်ပြီး ထိုကောင်စုတ်ကို သူမရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြခဲ့မိလိုက်တဲ့ အတွက် နောင်တရချင်သလို ဖြစ်သွားခဲ့တယ်။ ထိုအယုတ်တမာကောင်က သူ့ခေါင်းထဲ ပေါ်လာသမျှ စကားလုံးတိုင်းကို ပြောရဲတဲ့ ကောင်ပါ။ သူက တကယ်ကို အရှက်မဲ့လွန်းပါတယ်။

ရန်ကိုင်က ရုတ်တရက် အကြည့်လွှဲလိုက်ပြီး မေးလိုက်တယ် “အဲ့လိုဆိုရင်လေ… ကျွန်တော်ခင်ဗျားကို စိတ်ပါလာအောင် လုပ်ပြီး ဟိုကောင်တွေကို တံတွေးနဲ့ ထွေးခိုင်းမယ်ဆိုရင်ရော”

“နင်နည်းနည်းလေး လောက်တော့ လေးနက်ပေးလို့ မရဘူးလား” ရှန်ချင်းလော့ ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး။ ထိုကောင်စုတ်ရဲ့ စိတ်တစ်ခုလုံက ဘာတွေနဲ့ ပြည့်နေတာပါလိမ့်။

“ကျွန်တော်က အတည်ပြောနေတာကို” ရန်ကိုင်က ဗြောင်ဗြောင်ရှင်းရှင်းပဲ ပြန်ပြောလိုက်တယ်။

သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် စကားပြောနေကြပေမယ့်လို့ သူတို့သွားနေတဲ့ ခြေလှမ်းတွေကတော့ တစ်ချက်ကလေးတောင် ရပ်မသွားခဲ့ကြပါဘူး။ ပြေးနေရင်းနဲ့ သူတို့ရှေ့က မြင်ကွင်းက ပြောင်းလဲသွားခဲ့တယ်။ တောအုပ်ထဲကနေ သူတို့ထွက်လာနိုင်ခဲ့ပါပြီ။

သူတို့ရှေ့မြင်ကွင်းကြောင့် ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ နှစ်ယောက်စလုံး သွားနေတာကို ရပ်တန့်လိုက်ကြတယ်။

သူတို့နဲ့ မနီးမဝေးမှာတော့ အဖွဲ့နှစ်ဖွဲ့ ရှိနေခဲ့တယ်။ တစ်ဖွဲ့က အခြားတစ်ဖွဲ့ကို ဝိုင်းထားခဲ့ပါတယ်။

ရန်ကိုင် လှမ်းကြည့်လိုက်တဲ့အခါ ကြောင်အသွားခဲ့ရတယ်။ အဝိုင်းခံထားရတဲ့ အဖွဲ့က ချူရီမန်၊ ရင်သားကြီးကြီးနဲ့ မိန်းကလေး လော့ရှောင်မန်နှင့် ဘိုင်မိသားစုက ဘိုင်ယွမ်ဖုန်းတို့ ဦးဆောင်တဲ့ အဖွဲ့ ဖြစ်နေခဲ့ပါတယ်။

ပြီးတော့ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ သုံးလေးယောက်နှင့်အတူ မြေကြီးပေါ်မှာ လဲကျသေဆုံးနေတဲ့ လူများစွာ ရှိနေခဲ့ပါတယ်။ သွေးတွေဆိုရင်လည်း ရေအလား စီးကျလို့ နေခဲ့ပါတယ်။

သူတို့ကို ဝိုင်းနေတဲ့ အဖွဲ့ကတော့ ချူရီမန်တို့အဖွဲ့ကို ရက်စက်ကြမ်းကြုတ်သည့် အကြည့်တို့ဖြင့် ကြည့်နေခဲ့ကြတယ်။ အထူးသဖြင့် ချူရီမန်နဲ့ လော့ရှောင်မန်တို့ပါ။

ချူရီမန်ကတော့ မဲ့ပြုံးပြုံးနေခဲ့ပြီး လော့ရှောင်မန်၏ မျက်နှာကတော့ ဖြူလျော်နေခဲ့ပါတယ်။ မိန်းကလေးနှစ်ယောက် ကျောချင်းယှဉ် မတ်တပ်ရပ်နေခဲ့ပြီး အသက်ရှူသံတွေက ပြင်းထန်ကြမ်းရမ်း နေခဲ့ကာ သူတို့၏ အစစ်အမှန်ချီတွေ ဆိုရင်လည်း ကုန်ဆုံးတော့လု မတတ် ဖြစ်နေခဲ့ပါတယ်။

ရက်ပေါင်းများစွာ ကြအောင် ထွက်ပြေးလာပြီးနောက် နောက်ဆုံးမှာတော့ တိမ်မိစ္ဆာနယ်မြေက မိစ္ဆာကျင့်ကြံသူတွေ ဝိုင်းတာ ခံလိုက်ရပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲကို ဆင်နွှဲပြီးချိန်မှာတော့ လူအယောက်များစွာ သတ်ဖြတ်ခံလိုက်ရပြီး လုံးဝ အဝိုင်းခံလိုက်ရပါတယ်။

သူတို့ ထွက်ပြေးဖို့ မလွတ်မြောက် နိုင်တော့ဘူးလို့ တွေးနေတဲ့ အချိန်မှာပဲ ရန်ကိုင်နဲ့ ရှန်ချင်းလော့က ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။

Martial Peak

အပိုင်း(၃၀၄) အဲ့တော့ နင်တို့လည်း အစကတည်းက ခုခံဖို့ အင်အားမဲ့နေတာပေါ့

ရန်ကိုင်နှင့် ရှန်ချင်းလော့တို့က ပေါ့ဆခဲ့တာ မဟုတ်ပါဘူး။ အဲ့အစား သူတို့နှစ်ယောက်က အစောပိုင်းတုန်းက စကားများနေ ခဲ့ကြတဲ့အတွက် သူတို့ရှေ့မှာ လူတွေရှိနေတယ် ဆိုတာကို သတိမထားမိသွားတာပါ။

သူတို့နှစ်ယောက် ပေါ်လာတာနဲ့ လူအားလုံးရဲ့ အာရုံကို ချက်ချင်းပဲ ဆွဲဆောင်သွားခဲ့တယ်။

ချုရီမန်တို့ အဖွဲ့ကို ဝိုင်းထားတဲ့ အဖွဲ့ရဲ့ လူအင်အားက ချူရီမန်တို့ အဖွဲ့ထက် များစွာ သာလွန်ပါတယ်။ ခွန်အားရော၊ အရည်အတွက်ရောပါ သာနေတာပါ။ သူတို့တွေက မိန်းကလေး နှစ်ယောက်ကို ချောင်ပိတ်မိနေတဲ့ သားကောင်နှစ်ကောင်လို ကြည့်နေကြာတာပါ။ သေခါနီး အခိုက်အတန့်လေးမှာ သူတို့တွေ ဘယ်လိုရုန်းကန် ကြိုးစားကြဦးမလဲ ဆိုတာကို သူတို့တွေ မြင်ချင်နေတဲ့ပုံပါပဲ။

အလှလေး တစ်ယောက် အသက်ရှင်ဖို့အတွက် အသည်းအသန် ခုခံရုန်းကန်နေရတာကို ကြည့်ရတာ တကယ်ကို ကြည့်ပျော်ပါတယ်။ အထူးသဖြင့် ရင်သားကြီးကြီးနဲ့ လော့ရှောင်မန်ပေါ့။ သူမ တုန်လှုပ်သွားတာနဲ့ သူမ၏ ရင်သားအစုံက နိမ့်ချည်မြင့်ချည်နဲ့ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပါတယ်။ သူမကို ကြည့်နေတဲ့ ယောကျ်ားတွေ မျက်လုံးတွေဟာဆိုရင်လည်း ရမက်ဆန္ဒတို့ဖြင့် ပြည့်လျမ်းနေခဲ့ပါတယ်။

သူတို့တွေက အထက်စီး ရောက်နေပေမယ့် ထိုလူတွေက ချူရီမန်တို့ကို တိုက်ခိုက်ဖို့ အလျင်လို မနေပါဘူး။ အဲ့အစား သူတို့တွေက မိန်းမလေး နှစ်ယောက်ကို တဏှအကြည့်ဖြင့် ကြည့်ရင်း အရှက်မဲ့စွာဖြင့် လှောင်ပြောင်နေခဲ့ပါတယ်။

“ဟဟဟ… နောက်ထပ် တစ်ယောက်ရောက်လာတာပါလား” ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ ပေါ်လာတဲ့အချိန် ချူရီမန်တို့ အဖွဲ့ကို ဝိုင်းထားတဲ့ အဖွဲ့ထဲက အစစ်အမှန်ဒြပ်စင်အဆင့်၈ ကျင့်ကြံသူ တစ်ယောက်က ရယ်မောလိုက်ပြီး ရှန်ချင်းလော့ တစ်ကိုယ်လုံး စားတော့ဝါးတော့ မတတ် စိုက်ကြည့်လိုက်တယ်။

ရှန်ချင်းလော့က ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံး မိန်းမဆိုတာ သံသယရှိစရာ မလိုပါဘူး။ သူမက အဆုံးမရှိတဲ့ စွဲမက်နှစ်လိုဖွယ် ကောင်းမှုကို ပိုင်ဆိုင်ထားတာပါ။ ထို့ကြောင့် သူမ၏ပုံစံနှင့် အရှိန်အဝါက ချူရီမန်နှင့် လော့ရှောင်မန်တို့ထက် ပိုပြီး ဆွဲဆောင်မှုရှိတာ မေးခွန်းထုတ်စရာ မလိုပါဘူး။

အခု မိစ္ဆာမရှန်ချင်းလော့၏ ပုံပန်းသွင်ပြင်က ဖရိုဖရဲ ဖြစ်နေပြီး သင်းပျံ့သည့် ချွေးစက်တွေနဲ့ စိုရွှဲနေခဲ့ကာ သူမ၏ ပါးလေးတွေကလည်း နီရဲနေခဲ့ပါတယ်။ ထို့ကြောင့် သူမ၏ ပုံစံက အရင်ကထက် ပိုပြီး နှစ်လိုဖွယ် ကောင်းနေခဲ့ပါတယ်။

ထိုလူသန်ကြီးက ရှန်ချင်းလော့ကို မီးတောက်မတတ် အကြည့်နဲ့ စိုက်ကြည့်လိုက်ပြီး အော်လိုက်တယ် “အစ်ကိုကြီး၊ ဒီမှာကြည့်စမ်း၊ နောက်ထပ် အလှလေး တစ်ယောက် ထပ်ရောက်လာပြန်ပြီ။ ဒီတစ်ယောက်က ဟိုနှစ်ယောက်ထက်တောင် ပိုပြီး ဆွဲဆောင်မှု ရှိသေးတယ်”

“ကောင်းတယ်၊ မွေးကတည်းကနေ အခုအချိန်အထိ ဒီလောက် အံ့ဩဖွယ်ကောင်းတဲ့ မိန်းမကို တစ်ခါမှ မမြည်းစမ်းဖူးသေးဘူး။ အစ်ကိုကြီး အသားကို စားပြီးသွားရင် ကျွန်တော်တို့က အရိုးကို ကိုက်ရမှာပေါ့။ ပြီးတော့ ငါတို့ရဲ့ ညီငယ်လေးတွေလည်း သူတို့ရဲ့ ဝေစုကို ရမှာပေါ့။ ဒီလို မိန်းမတစ်ယောက်နဲ့ အကြိမ်တစ်ထောင် လောက် ကစားရရင်တောင် ဘယ်တော့မှ ပျင်းစရာ ကောင်းသွားမှာ မဟုတ်ဘူး” နောက်တစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ အော်ဟစ်လိုက်တယ်။

“နောက်ထပ် မိန်းကလေး နှစ်ယောက်လည်း ရှိသေးတယ်။ အဲ့နှစ်ယောက်က ဒီမိန်းမလောက် မကောင်းပေမယ့် သူတို့တွေ ကိုယ်တိုင်က အလှလေးတွေချည်းပဲ။ ကောင်းကင်က ငါတို့ကို ကောင်းချီပေးတာပဲ”

“ဟဟဟ…”

ထိုလူအုပ်ရဲ့ စကားကြောင့် ချူရီမန်နှင့် လော့ရှောင်မန်တို့၏ မျက်နှာ ဖြူလျော်သွားခဲ့ပြီး ရှန်ချင်းလော့၏ မျက်နှာ အမူအရာလည်း သုန်မှုန်သွားခဲ့တယ်။

ဒါပေမယ့် ထိုအဖွဲ့ထဲ၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ရှိနေခဲ့ပါတယ်။ ထိုလူက ရှန်ချင်းလော့၏ မျက်နှာကို ခဏလောက် ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် သူ့မျက်နှာ တစ်ခုလုံး ဖြူစွတ်သွားခဲ့ပြီး အော်ဟစ်လိုက်တယ် “အားလုံး ပါးစပ်ပိတ်ထားစမ်း”

ထိုအော်သံကို ကြားလိုက်တာနဲ့ အားလုံး အရယ်တိတ်သွားခဲ့တယ်။

“ဘာဖြစ်လို့လဲ အစ်ကိုကြီး” အားလုံးက စိတ်ရှုပ်ထွေးစွာနဲ့ မေးမြန်းလိုက်တယ်။ သူတို့ခေါင်းဆောင်ရဲ့ မျက်နှာအမူအရာက ဘာလို့ ရုတ်တရက် ဖြူလျော်သွားမှန်း သူတို့ထဲက တစ်ယောက်မှ နားမလည်နိုင်ကြပါဘူး။

ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူရဲ့ နဖူးက ချွေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး ရုတ်တရက် လက်သီးဆုပ်ကာ ရှန်ချင်းလော့ကို ဦးညွှတ်လိုက်ပြီး “သားရဲဘုရင်ရဲ့ အစေခံ ကူထန်းလော့က နတ်ဆိုးဘုရင်မကို နှုတ်ဆက်ပါတယ်”

အခြားသူတွေက ရှန်ချင်းလော့ ဘယ်သူဆိုတာ မသိကြပေမယ့် သူကတော့ သူမမျက်နှာကို ကျိန်းသေမှတ်မိပါတယ်။ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်လုံးထောင့်စွန်း၌ မှဲ့ရှိသည့် တစ်မိုးအောက်တွင် တစ်ယောက်သာ ရှိနိုင်သည့် အလွန်အမင်း ဆွဲဆောင်မှု ရှိလှသည့်မိန်းမ တစ်ယောက်…

အဲ့မိန်းမက ရက်စက်ပြီး သတ်ဖြတ်လိုစိတ် ကြီးမားတဲ့ ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မ မဖြစ်ရင် ဘယ်သူဖြစ်ရဦးမှာလဲ။

သူမကို အနည်းငယ်လေးတောင် မလေးမစား လုပ်ရဲတဲ့ ဘယ်ယောကျ်ားကိုမဆို သူမက အပိုင်းတစ်ထောင်လောက် ဖြစ်အောင် ဆုတ်ဖြဲပစ်တာပါ။ အခုတော့ ထိုပုဇွန်ခေါင်းနဲ့ ကောင်တွေက သူမကို ဘယ်လိုလေးများ မြည်းစမ်းလိုက်ရရင်ဖြင့်၊ ပြီးတော့ အသားကို မြည်းစမ်းပြီး အရိုးစွတ်ပြုပ်ကို သောက်မယ်လို့ ပြောတဲ့ လူကလည်း ရှိသေး။

အကုန်လုံး‌ သေပြီ သူမရဲ့ စရိုက်နဲ့ဆိုရင် သူတို့ထဲက ဘယ်သူမှ ဒီနေ့ အသက်ရှင်လျက် ထွက်သွားနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ရှန်ချင်းလော့ကို အတတ်နိုင်ဆုံး လေးစားစွာနဲ့ ဆက်ဆံနေချိန် ကူထန်းလော့ရဲ့ နှလုံးသား တစ်ခုလုံးကတော့ အေးခဲတော့လုမတတ် ဖြစ်နေခဲ့တယ်။ စိတ်အားတက်ကြွနေတဲ့ ခံစားချက်တွေ၊ အလှလေး နှစ်ယောက်ကို မြည်းစမ်းလိုက်ရရင်ဖြင့် ဘယ်လောက်တောင် ကောင်းလိုက်မလဲ ဆိုတဲ့ ခံစားချက်တွေ အကုန်လုံး ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး အခုအချိန် သူတို့စိတ်ထဲမှာ ရှိနေတာခံစားချက် ဆိုလို့ ကြောက်ရွံ့မှုပဲ ရှိပါတော့တယ်။

ခွေးသူတောင်းစားတွေ… သေမင်းက မလာတာတောင် သေမင်းကို သွားရှာနေသေးတယ်။ မင်းတို့ သေချင်နေတယ် ဆိုရင်တောင် ငါတို့ကို လာဆွဲမထည့်နဲ့လေကွာ

အခုအချိန်လောက်ဆို သူက ထိုမိန်းကလေး နှစ်ယောက်ကို မြည်းစမ်းနေရမှာပါ။ ဒါပေမယ့် အခုတော့ မမြည်းစမ်းရတဲ့ အပြင် မဟာကပ်ဆိုးကြီးကိုပါ ရန်စမိသွားခဲ့ပါပြီ။ အဖြစ်အပျက်တွေ ပြောင်းလဲတာ အရမ်းကို မြန်ဆန်လိုက်ပါလား။

အခုအချိန်မှာ ကူထန်းလော့ ဘယ်လောက်တောင် စိတ်ဓါတ်ကျနေမလဲ ဆိုတာကို ပြောဖို့တောင် လိုမယ် မထင်တော့ပါဘူး။

ပြီးတော့ ထိုနတ်ဆိုးမကို ကြည့်ရတာလည်း စိတ်ကောင်းဝင်နေတဲ့ ပုံမပေါက်ပါဘူး။ ဒီတစ်ကြိမ်တော့ လွတ်မြောက်ဖို့ လုံးဝ မျှော်လင့်ချက် မရှိတော့ပါဘူး။

ကူထန်းလော့ လေးစားစွာနဲ့ ပြုမူနေတာကို ကြည့်ရင်း ကျန်ရှိနေတဲ့ လူအားလုံး ကြောင်သွားခဲ့ကြတယ်။ အဲ့နောက် သူတို့ခေါင်းဆောင် ပြောတဲ့ စကားတွေကို ပြန်စဉ်းစားကြည့်လိုက်ကြတယ်။ သူတို့ ခေါင်းဆောင်က ထိုမိန်းမကို နတ်ဆိုးဘုရင်မလို့ ခေါ်ခဲ့ပါတယ်။ အဲ့မိန်းမကလွဲပြီး ဘယ်သူကများ သူတို့ကိုယ်သူတို့ နတ်ဆိုးဘုရင်မလို့ နာမည်တပ်ခေါ်ရဲမှာလဲ။

ထိုကဲ့သို့ စဉ်းစားမိလိုက်တာနဲ့ အားလုံး၏ ကြည်းနူးပျော်ရွှင်နေတဲ့ စိတ်ခြေအနေက တစ်ချက်တည်း ချောက်ထဲကို ထိုးကျသွားခဲ့တယ်။ ဘယ်လိုလုပ်ပြီး ဒီမိန်းကို သွားရန်စမိရတာလဲကွာ

အခြေအနေတွေက မြန်ဆန်စွာ ပြောင်းလဲနေခဲ့ပြီး ချူရီမန်က အသစ်ရောက်လာတဲ့ လူနှစ်ယောက်ကို လှမ်းကြည့်လိုက်တဲ့အချိန် ရန်ကိုင်ကို တွေ့လိုက်တာနဲ့ အလျင်စလို အော်ခေါ်လိုက်တယ် “ရန်ကိုင်”

ဒါပေမယ့် ရန်ကိုင်ကတော့ သူမကို ပြုံးရုံသာ ပြုံးပြလိုက်ပြီး မြန်မြန်ထွက်သွားဖို့ အသိပေးတဲ့ အနေနဲ့ ရှန်ချင်းလော့ရဲ့ လက်ကို ဖျစ်ညစ်လိုက်တယ်။ သူတို့နောက်ကို အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ များစွာ လိုက်နေတာကို သတိပြုမိရပါမယ်။

ရှန်ချင်းလော့ကလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်တယ်။ လူအုပ်ကြီးကို လျစ်လျူရှုထားလိုက်ပြီး စကားတစ်ခွန်းတောင် မပြောတော့ပဲ ရန်ကိုင်နဲ့ အတူတူ ထွက်သွားလိုက်တယ်။

ရန်ကိုင်က သူမကို လျစ်လျူရှုဖို့ လုပ်နေတာကို တွေ့လိုက်တော့ ချူရီမန်က ရှက်ကိုးရှက်ကန်းနဲ့ အရုပ်ဆိုးဆိုး အပြုံးကို ဆင်မြန်းရင်း တောင်းဆိုလိုက်တယ် “ရန်ကိုင်၊ နင်ငါ့တို့ကို ဒီမှာ အသေခံခိုင်းဖို့ လုပ်နေတာတော့ မဟုတ်ပါဘူးနော်။ အခြေအနေတွေက ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ ငါတို့တွေက အတူတူလာခဲ့ကြတာပဲလေ”

ရှန်ချင်းလော့ ဘယ်လောက်တောင် အားကောင်းမှန်း ချူရီမန် သတိပြုမိပါတယ်။ အစောပိုင်းတုန်းက သူမက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ သုံးယောက်ကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို သတ်သွားတာပါ။ ထိုမိန်းကို သူမသိပ်မကျေနပ်ပေမယ့် ထိုမိန်းမလက်ထဲ ရောက်သွားတာနက ထိုကောင်စုတ်တွေ လက်ထဲ ရောက်သွားတာထက်တော့ အများကြီး သာပါသေးတယ်။

ထိုနေ့တုန်းက သူမက ရန်ကိုင်ကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်။ အခုတော့ သူတို့နှစ်ယောက် အတူတူ ထပ်မံ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ သူတို့ကြားမှာ ပြောစရာမလိုတဲ့ ရင်းနှီးမှု ရှိနေတဲ့ပုံပါပဲ။ ထို့ကြောင့် ချူရီမန်က သူမရဲ့ မျှော်လင့်ချက် အားလုံးကို ရန်ကိုင်ပေါ်မှာသာ စုပြုံထားလိုက်တယ်။

ရှန်ချင်းလော့သာ ဝင်ပါဖို့ ဆုံးဖြတ်လိုက်မယ် ဆိုရင် သူမတို့တွေ ဒီကပ်ဆိုးကနေ ကျိန်းသေ လွတ်မြောက်နိုင်မှာပါ။

“ရန်ကိုင်၊ ကျေးဇူးပြုပြီး ငါတို့ကို ကယ်ပါဦး” လော့ရှောင်မန်ကလည်း တောင်းဆိုလိုက်တယ်။ သူမရဲ့ မျက်ဝန်းအစုံက မျှော်လင့်ချက်နှင့် တောင်းဆိုသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့ပါတယ်။

“ဟဟ… ငါတို့အချင်းချင်း သိလို့လား” ရန်ကိုင်က ပြုံးလိုက်ပြီး မထူးခြားနားသည့် အမူအရာနှင့် သူမတို့ကို စိုက်ကြည့်လိုက်တယ်။

ရန်ကိုင်ကိုယ်တိုင်က မြစ်ဖိုဖြတ်ဖို့ ကြိုးစားနေတဲ့ ရွံဗုဒ္ဓပါ။ သူ့အသက်ကိုတောင် အာမမခံနိုင်တာကို အခြားသူတွေအတွက် ဘာလို့ ဂရုစိုက်နေရဦးမှာလဲ။

ပြီးတော့ ချူရီမန်က လူတွေ ခေါ်လာပြီး ကောင်းကင်စံအိမ်ကို လာတိုက်လို့ပဲ သူနဲ့ စုယန်တို့ ကွဲသွားခဲ့ရတာပါ။ သူမတို့ကြောင့်ပဲ စုယန်နဲ့ သူ့ရဲ့နေ့ရက်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးနေရမယ့် အစား အခိုက်အတန့်တိုင်းကို ကြောက်ရွံ့မှုနဲ့ ဖြတ်သန်းနေရခဲ့ရတယ်။

ထိုမိန်းမနဲ့ သူ့ရဲ့အဖော်တွေက သူအခု ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးရဲ့ ဇာတ်မြစ်လို့တောင် ဆိုနိုင်ပါတယ်။ ရန်ကိုင်က သူမတို့ကို သီးသန့်ကြီး ခက်ခဲအောင် မလုပ်တာကိုတောင် ကြင်နာတယ်လို့ ဆိုနိုင်နေပါပြီ။

“ငါလေ ၊ ရန်ကိုင်၊ ငါလော့ရှောင်မန်လေ၊ ငါတို့အရင်တုန်းကလည်း အချင်းချင်း တွေ့ခဲ့ဖူးပါတယ်” ရန်ကိုင်က သူမတို့ကို တကယ်ကြီး မမှတ်မိတယ် ထင်ပြီး ကြောက်လန့်တကြားနဲ့ အသည်းအသန် ရှင်းပြပါတော့တယ်။ ထို့နောက် တုန်လှုပ်ခြောက်ခြားနေတဲ့ လေသံလေးနဲ့ ထပ်ပြောလိုက်ပါသေးတယ် “ငါနင့်ကို တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီး ငါတို့ကို ကယ်ပေးပါ”

“နင်တို့ကို ကယ်လို့ ငါဘာရမှာ မို့လို့လဲ” ရန်ကိုင်က ရယ်မောလိုက်ပြီး ရှန်ချင်းလော့နဲ့အတူ အဝေးကို ထွက်သွားလိုက်တယ်။

“နင်ဘာကိုပဲ တောင်းဆိုဆို၊ ငါနဲ့အစ်မချူ နှစ်ယောက်စလုံး နင်တောင်းဆိုတာကို လိုက်လျောပေးမယ်”

“ငါနင့်ကို လိုချင်တယ် ဆိုရင်ရော၊ နင်သဘောတူမှာလား” လော့ရှောင်မန် ချက်ချင်းပဲ ပြောစရာ စကားမဲ့သွားခဲ့ရတယ်။ ချူရီမန်လည်း ချက်ချင်း အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်တယ်။ သူ့မ မျက်နှာထက် ရန်ကိုင်ကို ရွံရှာသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နိုင်ပါတယ်။

“သွားကြစို့” ရန်ကိုင်က ရှန်ချင်းလော့ကို တိုးတိုးလေး ပြောလိုက်တယ် “ကျွန်တော်တို့မသွားခင်၊ အဲ့နှစ်ယောက်ကို အနိုင်မကျင့်အောင် သူတို့ကို နည်းနည်းလေး ခြောက်လိုက်ပါလား”

“နင်သူတို့ နှစ်ယောက်ကို ကြိုက်နေတာလား” ရှန်ချင်းလော့က ရန်ကိုင်ကို သံသယအကြည့်နဲ့ ကြည့်လိုက်တယ်။

“ခင်ဗျား ထင်သလို မဟုတ်ဘူး။ သူတို့ကို ဒီအတိုင်း ထားသွားရတာ တစ်မျိုးကြီး ဖြစ်နေလို့” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး “တကယ်တော့၊ ကျွန်တော်က စိတ်ထားနူးညံ့တဲ့ သူလေးလေ”

ရှန်ချင်းလော့က အသာအယာလေး ရယ်မောလိုက်ပြီး သူမ အော်ပြောဖို့ လုပ်နေစဉ်မှာပဲ ကျို့ယွမ်မင်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့တယ် “အဲ့မှာရပ်နေစမ်း၊ မိန်းမပျက်မ”

ထိုအော်သံကို ကြားလိုက်တာနဲ့ ရန်ကိုင်နှင့် ရှန်ချင်းလော့တို့ နှစ်ယောက်စလုံး၏ အမူအရာ ပြောင်းလဲသွားခဲ့တယ်။ ချူရီမန်နဲ့ လော့ရှောင်မန်တို့ကို ဆက်ဂရုမစိုက်တော့ပဲ ချက်ချင်းပဲ ထွက်ပြေးပါတော့တယ်။

ကူထန်းလော့ကတော့ မျက်မှောင်ကြုံ့လိုက်ပြီး အကျယ်ကြီး အော်လိုက်တယ် “ညီအစ်ကိုကျို့၊ ခင်ဗျားလား”

ကျို့ယွမ်မင်က တစ်ခဏတာလောက် အံ့အားသင့်သွားခဲ့ပြီး ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်တယ် “ညီအစ်ကိုကူ၊ အဲ့မိန်းမပျက်မ ရှန်ချင်းလော့ကို မြန်မြန်လေး တားပေးစမ်းပါ”

“အာ…” ကူထန်းလော့ ကြောက်ရွံ့တုန်လှုပ် သွားခဲ့တယ်။ ဒီနေ့ သူ့ရဲ့ ဘိုးဘေးမျိုးဆက် ၈ခုစလုံး အခေါင်းထဲကနေ သူ့ကို ကျိန်ဆဲနေလောက်ပါပြီ။ သူ့ရဲ့ အသုံးမဝင်တဲ့ နောက်လိုက်တွေသာမက ကျို့ယွမ်မင်က လုံးဝကို ရူးသွပ်နေခဲ့ပါပြီ။

မင်းတို့ အားလုံးရူးနေရင်တောင် ငါ့ကိုတော့ ဆွဲမထည့်နဲ့လေကွာ

“ဒါက တစ်ဘဝလုံးမှာ တစ်ကြိမ်ပဲ ရမယ့်အခွင့်အရေးနော်၊ အဲ့မိစ္ဆာမက ပြင်ပြင်းထန်ထန် ဒဏ်ရာရပြီး သူ့ခွန်အား တော်တော်များများကို ဆုံးရှုံးနေတာ” ကျို့ယွမ်မင်က ခပ်မြန်မြန်ပဲ ပြန်ပြီး အော်ပြောလိုက်တယ်။

ကူထန်းလော့က ချက်ချင်းပဲ ခါးမတ်ကာ မတ်တပ်ရပ်လိုက်တယ်။ ထိုရက်စက်တဲ့ မိန်းမက ဘာလို့ထွက်ခွါဖို့ အလျင်လိုနေလဲ ဆိုတာကို သူအခုမှပဲ နားလည်သွားပါတော့တယ်။ သူမကို ရန်စတဲ့ စကားတွေကိုတောင် လျစ်လျူရှုသွားတယ်ဆိုတော့လေ။

အဲ့တော့ သူမက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာလား

ချက်ချင်းပဲ ကူထန်းလော့ရဲ့ မျက်နှာထက်က ကြောက်ရွံ့တုန်လှုပ်သည့် အရိပ်အယောင်တို့က တစ်မုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ လက်ကွက်မျိုးစုံကို ဖန်တီးလိုက်ပါတယ်။ သူ့လက်ကနေ ရွှေဝါရောင်အလန်းတွေ ထွက်ပေါ်လာခဲ့ပြီး ထွက်ပြေးနေတဲ့ ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ နှစ်ယောက်ကို ပိတ်ဆို့လိုက်တယ်။

ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ နှစ်ယောက်စလုံး အရှိန်မထိန်းနိုင်ပဲ ထိုအကာအရံကို ဝင်တိုက်မိကာ နောက်ပြန်လွင့်စင်လာခဲ့တယ်။

မြေကြီးပေါ် လဲကျသွားတာနဲ့ ကျို့ယွမ်မင်တို့အဖွဲ့က ရန်ကိုင်တို့ နှစ်ယောက်ကို ချက်ချင်း ဝိုင်းလိုက်ကြတယ်။

“သေစမ်း” ရန်ကိုင်က အကျယ်ကြီး အော်ဟစ် ကျိန်ဆဲလိုက်တယ်။ သူ့ရဲ့ ခွေးကံကြမ္မာက တော်တော်လေး စိုးရွားနေတဲ့ ပုံပါပဲ။ ထွက်ပြေးဖို့ ကြိုးစားလိုက်တိုင်း ရန်သူတွေနဲ့ပဲ ထပ်တွေ့ နေခဲ့ရတယ်။

“ဟဟဟ” ကျို့ယွမ်မင်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး ရှန်ချင်းလော့ကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း အေးစက်စွာ ကျိန်ဆဲလိုက်တယ် “မိန်းမပျက်မ၊ နင်လွတ်မှာ မဟုတ်တော့ဘူး။ စွမ်းအင်ကို ဖြုန်းမနေနဲ့တော့”

ရှန်ချင်းလော့က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး ကူထန်းလော့ကို ရက်စက်စွာ စိုက်ကြည့်လိုက်ပြီး ရေခဲတမျှ အေးစက်သည့် လေသံနှင့် ပြောလိုက်တယ် “ကူထန်းလော့၊ နင်သေချင်နေတာလား”

ကူထန်းလော့ လည်ပင်းလေး ကျုံ့သွားခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ရူးသွပ်စွာ ရယ်မောလိုက်ရင်း “နတ်ဆိုးဘုရင်မက နောက်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်က ဘယ်သေချင်ပါ့မလဲ။ ဒီနေ့ ကျွန်တော့်ရဲ့ နောက်လိုက် တော်တော်များများက နတ်ဆိုးဘုရင်မကို ရန်စမိတော့ ကျွန်တော်က နတ်ဆိုးဘုရင်မကို သေသေချာချာ တောင်းပန်ချင်တော့ အရှင်သခင်မကို နေခိုင်းရတာပေါ့”

“နင်မသေချင်ဘူးဆိုရင် သူတို့အားလုံးကို သတ်ပစ်လိုက်။ အဲ့လိုဆိုရင် ဒီနေ့ဖြစ်ပျက် ခဲ့တာတွေအတွက် နင်တို့အားလုံးကို ငါခွင့်လွှတ်ပေးမယ်” ရှန်ချင်းလော့က အေးစက်စွာနဲ့ အမိန့်ပေးလိုက်တယ်။

ဒါပေမယ့် ကျို့ယွမ်မင်က လှောင်ပြောင်လိုက်ကာ “မိန်းမပျက်မ၊ ငါတို့အားလုံးကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတုန်းလား။ နင်ကိုယ်နင် အထွတ်အထိပ် အခြေအနေမှာ ရှိနေတယ်လို့ ထင်နေသေးတာတော့ မဟုတ်ပါဘူးနော်။ နင့်မှာ ဘာလှည့်ကွက်ပဲ ကျန်နေပစေ၊ နင်ဒီနေ့ ဒီကနေ အသက်ရှင်လျက် မလွတ်မြောက်စေရဘူး။ ငါက နင့်ကို ရန်စရဲမှတော့ ငါလုပ်ခဲ့တဲ့ ကိစ္စကို တစ်ခါတည်း လတ်စသတ်သွားရမှာပေါ့”

“အဲ့ဒါမှန်တယ်” ယွမ်ရှီက ရှေ့တက်လိုက်ပြီး ရှန်ချင်းလော့ကို စိုက်ကြည့်လိုက်ကာ “နင်အသက်ရှင်ချင်တယ်ဆိုရင် ခုခံနေတာကို ရပ်လိုက်တော့။ ဘာအကျိုးအမြတ်မှ မရပဲ နင့်ကို သတ်ရမှာ နှမြောစရာကြီး”

အခြေအနေတွေက ပိုဆိုးရွားလာတာကို သတိပြုမိလိုက်တာနဲ့ ရှန်ချင်းလော့၏ မျက်ဝန်းအစုံက အထင်သေးမှုတို့ဖြင့် ပြည့်သွားခဲ့ပြီး မောက်မာစွာ ရယ်မောလိုက်ကာ “ငါသာ ရှိသမျှ ခွန်အား အကုန်ထုတ်သုံးမယ် ဆိုရင် အနည်းဆုံးတော့ နင်တို့သုံးယောက်ကို ငါနဲ့အတူ ဆွဲခေါ်သွားလို့ ရတာပေါ့။ နင်တို့လာချင်တယ် ဆိုရင်လည်း လာပေါ့”

ထိုစကားကို ကြားလိုက်တာနဲ့ များစွာသော အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အကုန်လုံး မျက်မှောင်ကြုံ့လိုက်ကြတယ်။ သူတို့၏ အမူအရာတွေကလည်း ကိုးယိုးကားယား ဖြစ်သွားခဲ့ကြပါတယ်။

ရှန်ချင်းလော့ရဲ့ သေခါနီး ကျားကုတ်ကျားခဲ့ တိုက်ခိုက်မှုကို ကြောက်လို့သာ သူတို့က သူမကို ဝိုင်းထားပေမယ့် ဘယ်သူမှ အရင်စ မတိုက်သေးတာပါ။ ဆင်ပိန်ကျွဲလောက် ရှိတယ်ဆိုတဲ့ စကားအတိုင်း ဆင်ပိန်ရင်တောင် အနည်းဆုံးကျွဲလောက် ရှိသေးတာပဲလေ။

နောက်ဆုံးတော့လည်း သူမက ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အဝိုင်းခံထားရပေမယ့် ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မက ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မ ဖြစ်နေတုန်းပါပဲ။

“ကြည့်ရတာတော့… နင်တို့ကိုယ်တိုင်ကလည်း ထွက်ပြေးနေရတဲ့ လူတွေပဲကိုး” ချူရီမန်က ရန်ကိုင်နဲ့ ရှန်ချင်းလော့ကို စပ်စုလိုစိတ်နဲ့ လှမ်းကြည့်လိုက်တယ်။ သူမမျက်ဝန်းထဲ ရန်ကိုင်တို့ ဒုက္ခရောက်နေတာကို ကြည်နူးပျော်ရွှင်နေသည့် အရိပ်အယောင်တို့ လက်သွားခဲ့တယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ထိုအနီရောင် ဝတ်စုံနဲ့ မိန်းမရဲ့ ခွန်အားက တကယ်ကို ကြောက်စရာကြီးပါ၊ အခုကျမှ ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေ ရောက်သွားခဲ့ရတာလဲ။

သူတို့ ဒုက္ခနေရာကို ကြည့်ရင်း သူမပျော်သွားခဲ့ပေမယ့် သူမတို့ အခြေအနေကလည်း ရန်ကိုင်တို့နဲ့ ဘာမှမကွာဘူးဆိုတာကို ချက်ချင်း သတိရလိုက်တယ်။ ချူရီမန်လည်း သက်ပြင်း အမောကြီး ချလိုက်မိတယ်။

လော့ရှောင်မန်၏ မျက်ဝန်းအစုံက နောက်တစ်ကြိမ် အသက်မဲ့သွားသလို ဖြစ်ကာ အလင်းရောင် မမြင်ရအောင် ကောင်းကင်တစ်ခုလုံးကို တိမ်မဲတွေက ဖုံးအုပ်သွားခဲ့သလို သူမမျက်ဝန်းအစုံကလည်း မှိုင်းဝေသွားခဲ့ပါတယ်။

သူမရဲ့ မျှော်လင့်ချက် အကုန်လုံးကို ရန်ကိုင်နဲ့ ချူရီမန်အပေါ်မှာ ပုံအပ်ထားတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ ထိုနှစ်ယောက်ကလည်း သူတို့ဒုက္ခနဲ့ သူတို့ တိုင်ပတ်နေခဲ့ပါပြီ။ သူမရဲ့ မျှော်လင့်ချက်တွေ အကုန်လုံးက ဟာသတစ်ခု ဖြစ်သွားခဲ့ရလေပြီ။

Martial Peak

အပိုင်း(၃၀၅) ပြက်လုံးကြီး

“တိုက်ပွဲစတာနဲ့ အခွင့်အရေး ရှာပြီး ထွက်ပြေးတော့” ရှန်ချင်းလော့ ရန်ကိုင်ကို တိုးတိုးလေး ပြောလိုက်ပြီးနောက် တစ်ဖက် ရန်သူတွေဆီ စိုက်ကြည့်လိုက်တယ်။

ဒါပေမယ့် ရန်ကိုင်ကတော့ သူမပြောတာကို မကြားသည့်အလား မျက်မှောင်ကြုံ့ကာ အတွေးထဲ မျောနေခဲ့တယ်။

“ဟေး” အတွေးထဲမျောနေတဲ့ ရန်ကိုင်က ရှန်ချင်းလော့က တံတောင်နဲ့တွတ်ပြီး ခေါ်လိုက်တယ်။

ရန်ကိုင်က ရုတ်တရက် အသိပြန်ဝင်လာခဲ့ပြီး ရှုပ်ထွေးသည့် အကြည့်နှင့် ရှန်ချင်းလော့ကို တိုးတိုးလေး ပြောလိုက်တယ် “ငါတို့မှာ အခွင့်အ‌ရေး ရှိနိုင်သေးတယ်”

“ဟန်” ရှန်ချင်းလော့က ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။

“ဒီအောက်မှာ တစ်ခုခုရှိနေတယ်” ရန်ကိုင်က မြေကြီးကို ဖြေးဖြေးလေး ပုတ်ကြည့်လိုက်တယ်။

အစောပိုင်းတုန်းက ပတ်ဝန်းကျင်ကနေ အကူအညီလေးများ ရလိုရငြား ကောင်းကင်စိတ်အာရုံနဲ့ ဖြန့်ကျက်စစ်ဆေး ကြည့်လိုက်တာပါ။ ဒါပေမယ့် မထင်မှတ်ပဲ သူတို့အောက်၌ အသက်စွမ်းအင် အရိပ်အယောင်ကို အာရုံခံမိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

ပြီးတော့… သူတို့ ရပ်နေတဲ့ နေရာအောက်မှာ ရှိနေတဲ့ သက်ရှိ အရေအတွက်ကလည်း တော်တော်လေး များပြားပါတယ်။ အချို့သက်ရှိ တွေရဲ့ အသက်စွမ်းအင်ဆိုရင် အရမ်းကို အားကောင်းလှပါတယ်။

သူဘေးပတ်လည်ကို စူးစမ်းကြည့်လိုက်တဲ့ အချိန် အနီးအနား ပတ်ဝန်းကျင်က တစ်ခုခု ထူးခြားနေတာကို သတိပြုမိလိုက်တယ်။ သူတို့ ရပ်နေတဲ့ နေရာမှစ၍ ဘေးပတ်ဝန်းကျင် မီတာတစ်ထောင်အတွင်း၌ မည်သည့် သစ်ပင်မှ ပေါက်ရောက်ခြင်း မရှိပဲ စက်ဝိုင်းပုံသဏ္ဏာန်မြေပြန့်ကြီး ဖြစ်နေခဲ့တယ်။

မြေအောက်ထဲမှာ တစ်ခုခုရှိနေပါတယ်။ ဘာလဲဆိုတာ သူမသိပေမယ့် အရဲတော့ စွန့်ကြည့်ရမှာပါပဲ။

အနည်းဆုံးတော့ ထိုခွေးသူတောင်းစား အနည်းငယ်လောက်ကို သူနဲ့အတူ ဆွဲခေါ်သွားနိုင်ပါသေးတယ်။

“တိုက်” ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ တိုးတိုးတိတ်တိတ် ပြောနေတာကို ကြည့်ရင်း ကျုံးယွမ်မင်က အော်လိုက်တယ်။ ထိုနှစ်ယောက် ဘာတွေပြောနေတာလဲဆိုတာ သူမသိပေမယ့် တစ်ခုခုကို ကြံစည်နေတယ် ဆိုတာကိုတော့ သူသိပါတယ်။ ထို့ကြောင့် သူဆက်ပြီး မတုန့်ဆိုင်းတော့ပါဘူး။ အစစ်အမှန်ချီစွမ်းအင်ကို အဆုံးစွန်ထိ လှည့်ပတ်လိုက်ပြီး အားကောင်းတဲ့ တိုက်ကွက်တွေကို ထုတ်ဖော်လိုက်တယ်။

ကျုံးယွမ်မင်က စတင်ပြီး ဦးစီးဦးဆောင် တိုက်ခိုက်တာကို မြင်လိုက်ရချိန်မှာတော့ ကျန်တဲ့လူတွေလည်း ဆက်ပြီး တုန့်ဆိုင်း မနေတော့ပါဘူး။

“အသက်ဆယ်ရှိုက်စာလောက် သူတို့ကို အချိန်ဆွဲထားပေး” ရန်ကိုင်က အော်ဟစ်လိုက်ပြီး ကြယ်အမှတ်အသား သိုင်းပညာရပ်ကို ထုတ်ဖော်ဖို့ စတင်ပြင်ဆင်ပါတော့တယ်။

“နင်ဘာလုပ်ဖို့ ကြိုးနေတာလဲ” ရှန်ချင်းလော့က အလန့်တကြား လှမ်းမေးလိုက်ပြီး တုန့်ဆိုင်းမနေတော့ပဲ သူမလက်က ငွေရောင်လက်ကောက်ကို ချက်ချင်းပဲ အသက်သွင်းလိုက်တယ်။

တစ်ချိန်းတည်မှာပဲ ပန်းရောင်ယပ်တောင် တစ်ချောင်းကိုပါ ဆင့်ခေါ်လိုက်တယ်။ ထိုယပ်တောင်ထက်တွင် ယောကျ်ားနှင့် မိန်းမတို့ လိင်ချင်းယှတ်စပ်နေသည့် ပုံစံအမျိုးမျိုးတို့ကို ရေးချယ်ထားပါတယ်။ ထိုပုံတွေအားလုံးက တကယ်ကို အသက်ဝင်လှပါတယ်။

ရှန်ချင်းလော့က ယပ်တောင်ထဲ အစစ်အမှန်ချီစွမ်းအင်ကို ဖြည့်သွင်းလိုက်ပြီး သူမလက်ကို အသာအယာလေး ဝှေ့ရမ်းလိုက်တယ်။ ယပ်တောင်က ပုံတွေက အသက်ဝင်လာပြီး ယောကျ်ားနှင့် မိန်းမပုံတို့ကလည်း စတင်လှုပ်ရှားလာခဲ့ရုံသာမက ယပ်တောင်ဆီမှ ဆွဲဆောင်မှု အားကောင်းပြီး လိင်စိတ်ကြွစေနိုင်တဲ့ ညည်းသံတွေပါ ထွက်ပေါ်လာခဲ့တယ်။

အလင်းစက်ဝိုင်းတစ်ခုက ပေါက်ကွဲထွက်လာခဲ့ကာ ရှန်ချင်းလော့ကို ဗဟိုပြုပြီး အားလုံးကို ရစ်ပတ်လွှမ်းခြုံသွားခဲ့တယ်။ သူမ၏ ဆွဲဆောင်မှု ရှိလှသည့် မျက်နှာထက်မှာတော့ နှစ်လိုဖွယ်ကောင်းသည့် အပြုံးတစ်ခု ပွင့်လန်းလာခဲ့ပြီး သူမ၏ ပုံရိပ်ကို ပုံပြီး ညို့ငင်အားကောင်း သွားစေခဲ့တယ်။ မို့မောက်နေသည့် ရင်အစုံမှ လုံးဝိုင်းနေသည့် အောက်ခြေ၊ နူးညံ့သေးသွယ်လှသည့် ခါးနှင့် ယိမ်းထိုးလှုပ်ရမ်းနေသည့် သူမ၏ တင်ပါးအထိ၊ သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းဆီကနေ မခုခံနိုင်လောက်သည့် ညို့ငင်ဆွဲဆောင်မှုတို့ ဖြာထွက်နေခဲ့ပြီး သူမနားမှာ ရှိနေတဲ့ လူအားလုံးကို မိန်းမောသွားစေခဲ့တယ်။

ရှိနေတဲ့ လူအားလုံး ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ချူရီမန်တို့ အဖွဲ့ဖြစ်စေ၊ တိမ်မိစ္ဆာနယ်မြေက မိစ္ဆာကျင့်ကြံသူတွေ ဖြစ်စေ သူတို့အားလုံး တစ်မုဟုတ်ချည်း မိန်းမောတွေ တွေဝေသွားခဲ့တယ်။ ခွန်အားနိမ့်ကျင်တဲ့ လူတွေဆိုရင် အဆုံးမရှိတဲ့ စိတ်ကူးယဉ် ပုံရိပ်ယောင်ထဲမှာ လုံးဝကို နစ်မြောသွားပါတော့တယ်။ သူတို့ရဲ့ မျက်လုံးတွေက တလက်လက် တောက်ပနေခဲ့ပြီး ထိုပုံရိပ်ယောင်တွေကနေ လွတ်မြောက်အောင် ရုန်းမထွက်နိုင်တော့ပေ။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ ဆီမှတောင် ညည်းသံလေးတွေ ထွက်ပေါ်လာခဲ့တယ်။ သူတို့ခြေထောက်တွေဆို တွန့်လိမ်ကွေးကောက်လို့ နေခဲ့ပြီး အလိုလို ဒူးထောက်မိသွားခဲ့ကာ သူတို့ရဲ့ မျက်နှာလေးတွေဟာ ဆိုရင်လည်း ပန်းရောင်သန်းလို့ နေခဲ့ပါတယ်။

ယပ်တောင်ထက် ယောကျ်ားနှင့် မိန်းမပုံရိပ်တို့က အသက်ဝင်လာပြီး လူတိုင်းရဲ့ စိတ်ထဲနှစ်မြုပ် စိမ့်ဝင်ဖို့ အသည်းအသန် ကြိုးစားနေခဲ့တယ်။ သူတို့တွေက သူတို့ရဲ့ပျော်ရွှင်မှုကို အားလုံးနဲ့ အတူမျှဝေခံစားဖို့ ကြိုးစားနေသည့်နှင့်တောင် တူနေပါသေးတယ်။

နူးညံ့ပြီး မိသားစုရဲ့ အကာအကွယ်အောက်မှာ အမြဲနေထိုင်လာရတဲ့ ရိုးသားအပြစ်ကင်းစင်တဲ့ ချူရီမန်နဲ့ လော့ရှောင်မန်တို့က ထိုကဲ့သို့ မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရချိန် သူတို့အနေနဲ့ မတုန့်ပြန်ပဲ ဘယ်နေပါ့မလဲ။

ကျို့ယွမ်မင်က ချက်ချင်း ကြောက်လန့်သွားခဲ့ပြီး အစစ်အမှန်ချီကို လှည့်ပတ်ကာ ငွေရောင်လက်ကောက်၏ တိုက်ခိုက်မှုကို ခုံခံဖို့ ကြိုးစားလိုက်တယ်။ ထိုကဲ့သို့ ကြိုးစားနေရင်းနဲ့လည်း အားလုံးကို အော်ဟစ် သတိပေးလိုက်ပါသေးတယ် “အားလုံးသတိထားကြ။ အဲ့လက်နက်က သူမရဲ့ ချင်းလော့ယပ်တောင်ပဲ”

ထိုသတိပေးသံကို ကြားလိုက်တာနဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေအားလုံး ဖြူလျော်သွားခဲ့ကြတယ်။ သူတို့အားလုံး ဘာလုပ်ရ ဘာကိုင်ရမှန်း မသိဖြစ်ကုန်ကာ ပုံရိပ်ယောင်တိုက်ခိုက်မှုကို ခုခံဖို့သာ အကောင်းဆုံး အားစိုက်လိုက်ကြတယ်။

ထိုလက်နက်ရဲ့ စွမ်းအားကို သူတို့သိပါတယ်။ ထိုလက်နက်က သူမတို့ မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ပစ္စည်းတစ်ခုပါ။ ထိုလက်နက်ရဲ့ နာမည်ကတောင် မျိုးရိုးကနေပဲ ဆင်းသက်လာခဲ့တာပါ။

ချင်းလော့ ယပ်တောင်နဲ့ဆိုရင် ဖြာယောင်းခြင်းနတ်ဆိုးဘုရင်မရဲ့ ခွန်အားက တော်တော်လေးကို မြင့်တက်သွားပါလိမ့်မယ်။ အားလုံးက ပြန်ဆုတ်ဖို့ လုပ်နေတာကို တွေ့လိုက်တော့ ရှန်ချင်းလော့က ပိုပြီး နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး ချိုသာစွာ ရယ်မောလိုက်တယ်။ သူမ၏ နှစ်လိုဖွယ်ကောင်တဲ့ အသံက အလွန်ချိုသာလှတဲ့ တေးသံတစ်ပုဒ်လိုပဲ လူတိုင်း၏ စိတ်ကို ယိမ်းယိုင်သွားစေနိုင်ပါတယ်။

“မိန်းမပျက်မ” ကျို့ယွမ်မင်က အကျယ်ကြီး အော်ဟစ် ကျိန်ဆဲလိုက်တယ်။ သူ့မျက်နှာက နီရဲနေခဲ့ပြီး ရှန်ချင်းလော့၏ တိုက်ခိုက်မှုကို အံကြိတ်ခုခံလိုက်ရင်း “နင်ဘယ်လောက် ထိန်းထားနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့။ နင့်ရဲ့ အစစ်အမှန်ချီ ကုန်သွားတာနဲ့ နင့်အဝတ်အစားတွေကို စုတ်ဖြဲပြီး အားလုံးရှေ့မှာ နင့်ကို မုဒိန်းကျင့်ပြမယ်”

ရှန်ချင်းလော့၏ အမူအရဦက ရုတ်တရက် အေးစက်သွားခဲ့ပြီး သူမ၏ လက်ကို ဝှေ့ရမ်းလိုက်ကာ ငွေရောင်လက်ကောက်၏ အရှိန်နှင့် ပြင်းအားကို မြင့်တင်လိုက်တယ်။

ရုတ်တရက်ကြီး ကြယ်တာရာ ကောင်းကင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။ နေ့တာကုန်ဆုံးသွားပြီး ညအချိန်သို့ ရောက်ရှိသွားသည့်အလား ကြယ်ရောင်တို့ တလက်လက်နဲ့ လင်းလက် တောက်ပနေခဲ့ပြီး ရန်ကိုင်လက်နောက်ဘက်ကနေ ကြယ်စင်တန်းတို့ ပေါက်ကွဲထွက်ပေါ်လာခဲ့တယ်။

အစစ်အမှန် ချီစွမ်းအင်လှိုင်းတို့လည်း‌ ပေါက်ကွဲထွက်ပေါ်လာခဲ့တယ်။ လှိုင်းတစ်လှိုင်းချင်းစီရဲ့ ပြင်းအားက အရင်လှိုင်းတွေထက် ပိုပိုပြင်းထန်လာခဲ့တယ်။ အခုသူတို့ကို ဝိုင်းတိုက်ခိုက်နေတဲ့ အင်မော်တယ်တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေတောင် ထိုတိုက်ကွက်ကို အထင်မသေးရဲပါဘူး။

ကျို့ယွမ်မင်ရဲ့ သူ့ရဲ့ အပေါင်းအပါတွေက ရန်ကိုင်၏လက်နှင့်အတူ မြင့်တက်လာတဲ့ ကြယ်တာရာ ကောင်းကင်ကြီးကို အံ့အားသင့်စွာနဲ့ ငေးကြည့်နေကြတယ်။

ရှန်ချင်းလော့၏ မျက်ဝန်းအစုံတို့ လင်းလက်သွားခဲ့ပြီး သူမလည်း ရန်ကိုင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်မိတယ်။ ရန်ကိုင်က အခုလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ သိုင်းပညာရပ် တစ်ခုကို ဖုံးကွယ်ထားလိမ့်မယ်လို့ သူမတစ်ခါမှ မထင်ထားမိခဲ့ပါဘူး။

ထိုတိုက်ကွက်သာ အခုရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေထဲက ဘယ်တစ်ယောက်ကိုပဲ ထိထိ ထိုတစ်ယောက်ကတော့ ကျိန်းသေသေရပါလိမ့်မယ်။

လူအုပ်ကြီးက ကြောက်ရွံ့တုန်လှုပ်မှု အပြည့်နဲ့ ငေးကြည့်နေချိန်တွင် ရန်ကိုင်က အားလုံးမထင်မှတ်ထားစွာပြ သူ့လက်နဲ့ မြေကြီးပေါ်ကို ထိုးချလိုက်တယ်။

ဘုန်း… မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားခဲ့ပေမယ့် ကျို့ယွမ်မင်နဲ့ ကျန်တဲ့သူတွေ အားလုံး အလိုလို စိတ်သက်သာရာ ရသွားခဲ့တယ်။ ရန်ကိုင် ကြယ်အမှတ်အသားရဲ့ သားကောင် ဖြစ်သွားမှာကို သူတို့ တော်တော်လေး ထိတ်လန့်နေခဲ့တာပါ။

ခရက်…ခရက်…

အက်ကွဲသံတို့ ပျံ့နှံ့လာခဲ့တယ်။ အားလုံးက ရန်ကိုင် ထိုးချလိုက်တဲ့ နေရာဆီ လှမ်းကြည့်လိုက်ကြတယ်။ ရန်ကိုင် ထိုးချလိုက်တဲ့ နေရာမှစ၍ အက်ကွဲကြောင်းတို့က အဘက်ဘက်ကို မြန်ဆန်စွာဖြင့် ပျံနှံ့လာခဲ့တယ်။

တစ်ခုခုမှားနေတယ်လို့ ခံစားမိလိုက်ပြီး ကျို့ယွမ်မင် မျက်မှောင်ကြုံ့လိုက်တယ်။ ထိုသိုင်းပညာရပ်က အံ့မခန်းလိလိ အားကောင်းတယ် ဆိုရင်တောင် အခုလို အကျိုးသက်ရောက်မှုမျိုးကို ဖြစ်စေမှာ မဟုတ်ပါဘူး။

ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက် စစ်ဆေးကြည့်လိုက်ပါတယ်။ ထိုကဲ့သို့ စစ်ဆေးလိုက်တာနဲ့ သူ့အမူအရာက ရုတ်ချည်း တောင့်တင်းသွားခဲ့ပြီး အားလုံးကို အော်ဟစ် သတိပေးလိုက်တယ် “မကောင်းတော့ဘူး။ အောက်ခြေက ခေါင်းလောင်းကြီး၊ ပြီးတော့…”

သူ့စကားကို ဆုံးအောင် ပြောလို့မပြီးသေးခင်မှာပဲ ဘုန်းဆိုတဲ့ မြည်သံနှင့်အတူ မီတာတစ်ထောင် ပတ်ပတ်လည် တစ်ခုလုံး ပြိုကျသွားခဲ့တယ်။

ရန်ကိုင်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “သွားလိုက်တော့”

ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်ပြီး စစ်ဆေးလိုက်တဲ့ အချိန် မြေပြိုမှုကြောင့် အောက်ခြေမှာ ရှိနေတဲ့ သက်ရှိတွေ အကုန်လုံးကို သတိပေးလိုက်သလို ဖြစ်သွားပြီဆိုတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ သူတို့သာ အခုမထွက်သွားဘူးဆိုရင် အရမ်းကို နောက်ကျသွားလိမ့်မှာပါ။

သူ့လက်ကို ရှန်ချင်းလော့၏ ခါးတစ်ဝက် လှမ်းဖက်လိုက်တယ်။ ရှန်ချင်းလော့ကတော့ သူ့ကို ကြည့်ရုံသာ ကြည့်လိုက်ပြီး နည်းနည်းလေးတောင် မခုခံခဲ့ပါဘူး။ ထို့နောက် သူတို့နှစ်ယောက် လေထဲ ပျံတက်သွားလိုက်ကြတယ်။

ကျို့ယွမ်မင်နဲ့ သူ့နောက်လိုက်တွေကလည်း ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ ထွက်ပြေးသွားတာကို ဒီအတိုင်း ဘယ်ကြည့်နေပါ့မလဲ။ သူတို့အားလုံးကို လေထဲကို ပျံတက်လိုက်ကြပြီး ရန်ကိုင်တို့ နောက်ကို လိုက်ဖို့ ကြိုးစားနေစဉ်မှာပဲ အောက်ခြေကနေ အသံဗလံ အမျိုးမျိုးကို သူတို့ ကြားလိုက်ရတယ်။

တစ်ကောင်ကောင်က သူတို့ဆီ တစ်ခုခုကို ထွေးထုတ်နေတဲ့ အသံပါပဲ။

“အား…” ယွမ်ရှီက အသံပြဲကြီးနဲ့ အော်ဟစ်လိုက်တယ်။ ထိုအော်သံကို ကြားလိုက်တာနဲ့ ကျို့ယွမ်မင်က ကြောက်ရွံ့တုန်လှုပ် သွားခဲ့ပြီး ငုံ့ကြည့်လိုက်တဲ့အချိန် ဧရာမပင့်ကူအုပ်ကြီးကို မြင်တွေ့လိုက်ရတယ်။ ထိုပင့်တွေက အရွယ်အစား အမျိုးမျိုးရှိကြပြီး အရောင်အမျိုးမျိုး ရှိကြပါတယ်။ သူတို့ထဲက တစ်ကောင်ဆိုရင် နွားသိုးအရွယ်အစားလောက် ရှိပြီး ထိုအကောင်ကပဲ ယွမ်ရှီကို သူ့ရဲ့ပင့်ကူအိမ်ထဲမှာ ဖမ်းဆီးကာ ပင့်ကူမျှင်တွေနဲ့ ရစ်ပတ်ရင်း တရွတ်တိုက် ဆွဲခေါ်သွားခဲ့တာပါ။

တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ထိုပင့်ကူမျှင်တွေ ဘယ်လောက်တောင် ခိုင်ခံကြောင်း မြင်တွေ့နိုင်ပါတယ်။ ယွမ်ရှီက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာတောင် ထို့ပင်ကူမျှင်တွေထဲကနေ ရုန်းမထွက်နိုင်ခဲ့ပါဘူး။

ဖူး ဖူး ဖူး…

ပင့်ကူမျှင်တွေ ထိုပင့်ကူတွေရဲ့ ပါးစပ်ထဲကနေ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့တယ်။ ထိုပင့်ကူမျှင်တွေ ပင့်ကူအိမ်တွေ အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကျင့်ကြံသူတွေ အားလုံးကို ဖမ်ဆီးဖို့ ကြိုးစားလိုက်တယ်။

အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ် အတွင်းမှာပဲ ကျင့်ကြံသူ အများစုက အဖမ်းခံလိုက်ရပြီး တရွတ်တိုက် ဆွဲခေါ်သွားခြင်း ခံလိုက်ရပါတယ်။ လျင်မြန်မှုကို အသားပေး လေ့ကျင့်ထားတဲ့ ကျင့်ကြံသူတွေပဲ လေထဲမှာ ပျံသန်းနေနိုင်ပြီး အခုထိ အဖမ်းမခံ ရသေးတာပါ။

ဒါပေမယ့် … အရမ်းကို နောက်ကျလွန်းသွားပါပြီ။

ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့တောင် ပင့်ကူမျှင်များစွာနဲ့ ထိမှန်ခြင်း ခံလိုက်ရပြီး အောက်ခြေသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရပါတယ်။

“ငါလခွမ်းပဲ” ရန်ကိုင်ရဲ့ အမူအရာက တစ်မုဟုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့ အစစ်အမှန်ချီကို အဆုံးစွန်အထိ လှည့်ပတ်လိုက်ပြီး ထိုပင့်ကူမျှင်တွေကို အသူရာဓါးနဲ့ ပိုင်းဖြတ်ဖို့ ကြိုးစားလိုက်တယ်။

အသူရာဓါးက ကောင်းကင်အဆင့် လက်နက်တစ်ခုပါ။ ဓါးရဲ့ ထက်ရှမှုဟာ ဆိုရင်လည်း တကယ့်ကို ထိပ်တန်းပါပဲ။ ထို့ကြောင့် ထိုပင့်ကူမျှင်တွေဆီကနေ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေက ရုန်းမထွက်နိုင်ရင်တောင် ရန်ကိုင်က အသူဓါးအားကိုးနဲ့ ထိုပင့်ကူမျှင်တွေကို အလွယ်လေး ဖြတ်တောက် ပစ်နိုင်ပါတယ်။

“ဒီနေရာပဲ” ရှန်ချင်းလော့က အော်ဟစ်လိုက်ပြီး မြေကြီးကို စိုက်ကြည့်ရင်း “လတ်စသတ်တော့ ဒီနေရာဖြစ်နေတာကိုး”

“ဟင်” ရန်ကိုင်က သိချင်စိတ်နဲ့ မေးမြန်းလိုက်တယ်။

“ငါရှာနေတဲ့ ပစ္စည်းက ငါတို့အောက်မှာ ရှိနေတာ” ရှန်ချင်းလော့၏ မျက်ဝန်းအစုံက ပျော်ရွှင်သည့် အရိပ်အယောင်တို့ဖြင့် ပြည့်သွားခဲ့တယ်။

“ခင်ဗျားက ပင့်ကူအသိုက်ကို ရှာနေတာလား” ရန်ကိုင်က ကြားကြားချင် ကြောင်သွားခဲ့ပေမယ့် သူမက အဆိပ်မုဆိုးမ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်လို့ ပြောခဲ့ဖူးတာကို ချက်ချင်း ပြန်သတိရလိုက်တယ်။

သူမရဲ့ အဆိပ်မုဆိုးမ ခန္ဓာကိုယ်က အဲ့ပင့်ကူတွေနဲ့ ဆက်စပ်နေတာလား

“အိုး၊ မဟုတ်သေးဘူး၊ ပင့်ကူမျှင်တွေထဲမှာ အဆိပ်ပါတယ်” ရှန်ချင်းလော့က တစ်ခုခုကို မှတ်မိသွားသည့်အလား သူမ၏ မျက်နှာက ချက်ချင်းပဲ ဖြူလျော်သွားခဲ့တယ်။

သူမခွန်အား အထွတ်အထိပ် အခြေအနေမှာ ရှိနေစဉ်တုန်းက ဒီနေရာကို ရောက်လာခဲ့မယ်ဆိုရင် ထိုပင့်ကူမျှင်တွေထဲမှာ ပါဝင်တဲ့ အဆိပ်ကို သူမကြောက်ရွံ့နေလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ သူမခွန်အားက ဟိုးအောက်ကို ထိုးကျနေခဲ့တာပါ။ ထို့ကြောင့် အဆိပ်တွေကို သူမမတားဆီးနိုင်တော့ပါဘူး။

“ခင်‌ဗျား အစောကြီးကတည်းက ဘာလို့မပြောတာလဲ” ရန်ကိုင်က မကျေမနပ်နဲ့ အော်ဟစ်လိုက်တယ်။ သူ့လည်း အဆိပ်ရဲ့ အကျိုးအာနိသင်တွေကို စတင်ခံစားလာရပါပြီ။ သူ့ခွန်အားက တဖြည်းဖြည်း ကျဆင်းလာနေခဲ့ပြီး သူ့အသိစိတ်ဆိုရင်လည်း တဖြည်းဖြည်း ဝေဝါးလာနေခဲ့ပါပြီ။

သူထွက်ပြေးလို့ မလွတ်မြောက် နိုင်ခဲ့ရုံမက ပိုပြီးဆိုးရွားတဲ့ အခြေအနေ မှာတောင် ချောင်ပိတ်မိနေခဲ့ပါသေးတယ်။ မြေအောက်ထဲမှဦ ရှိနေတဲ့ သက်ရှိတွေကို ရန်စမိရင် တော်တော်လေး ဒုက္ခများသွားလိမ့်မယ် ဆိုတာကို သူသိထားခဲ့ပေမယ့် ဒီလောက် ပင့်ကူ အများကြီးကို ရန်စမိလိုက်လိမ့်မယ်လို့တော့ မထင်ထားခဲ့ပါဘူး။

နွားသိုးတစ်ကောင်လောက် ရှိတဲ့ အကြီးဆုံးပင့်ကူကြီးတွေက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပင့်ကူတွေပါ။ ပြီးတော့ ဘေးပတ်လည်မှာလည်း အနည်းဆုံးအကောင် ၂၀၊ ၃၀လောက် ရှိတဲ့ ပင့်ကူတွေ ရှိနေပါသေးတယ်။

ဒါပေမယ့် သူသာ အခုလိုမလုပ်ခဲ့ရင် ကျို့ယွမ်မင်တို့ရဲ့ လက်ကနေ လွတ်နိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ထိုလူတွေ ဖမ်းတာခံရပြီး အသတ်ပစ်ခံရမှာထက် အခုလိုမျိုး ဆွဲချခံရတာက ပိုကောင်းတယ် လို့တောင် ဆိုနိုင်ပါသေးတယ်။

ထိုကဲ့သို့ တွေးရင်းနဲ့ ရန်ကိုင် အသိစိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။

ဒါပေမယ့ သူလုံးဝ သတိမလစ်သေးခင် အချိန်တွင် ရန်ကိုင်က သူ့လက်နှစ်ဆက်ကို ဆန့်ထုတ်လိုက်ပြီး အားပျော့တဲ့ အလင်းလုံးလေး တစ်လုံးကို ပစ်လွှတ်လိုက်ပြီး ထိုအလင်းလုံးက ပင့်ကူတွေထဲက တစ်ကောင်ရဲ့ ကိုယ်ထဲ ဝင်ရောက်သွားခဲ့တယ်။

အောင်မြင်သွားပြီ မှန်းသိလိုက်တာနဲ့ ရန်ကိုင်၏ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်က ကွေးတက်သွားပြီး ရှန်ချင်းလော့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်ရင်း သူတို့နှစ်ယောက်‌ မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်။

ထိုအဆိပ်ပင့်ကူက တစ်ချက်လောက်တော့ ကြောင်သွားခဲ့ပေမယ့် ဘာမှမဖြစ်သည့်အလား သူ့အလုပ် သူဆက်လုပ်နေခဲ့တယ်။ သူ့ပါးစပ်ကနေ ပင့်ကူမျှင်တွေကို ထွေးထုတ်လိုက်ပြီး ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ နှစ်ယောက်ကို ရစ်ပတ်ကာ ဆွဲခေါ်သွားခဲ့တယ်။

အချိန်အတိုင်းအတာ တစ်ခုအထိ ကြာပြီးနောက် ရန်ကိုင်က သတိပြန်ရလာခဲ့တယ်။ သူ့တစ်ကိုယ်လုံး နုံးချိနေဆဲဖြစ်ပြီး လှုပ်လို့ရှားလို့လည်း မရခဲ့ပါဘူး။ သူနဲ့ရှန်ချင်းလော့တို့ နှစ်ယောက်စလုံး ပိုးချည်မျှင်အိမ်လို အရာထဲမှာ ပိတ်လှောင်ထားခြင်း ခံရပါတယ်။

ပိုးချည်မျှင်ထဲကနေ အပြင်ဘက်မှာလည်း ပိုးအိမ်နဲ့တူတဲ့ အရာတွေ အများကြီး ရှိနေတာကို ရန်ကိုင် မသဲမကွဲ မြင်တွေ့လိုက်ရတယ်။

ထိုပိုးမျှင်အိမ်တွေကို သူနည်းနည်း ရင်းနှီးနေသလို ခံစားနေရပါတယ်။ သေချာစဉ်းစား ကြည့်လိုက်ပြီးနောက် ထိုပိုးမျှင်အိမ်တွေက ရှန်ချန်းလော့ သူမကိုယ်သူမ ပိတ်လှောင်ခဲ့တဲ့ ခရစ်စတယ်ပိုးမျှင်အိမ်နဲ့ ဆင်တူနေတာကို တွေ့လိုက်ရတယ်။

ပိုးမျှင်အိမ်တွေက လှုပ်နေခဲ့ပါတယ်။ ရန်ကိုင်က ကောင်းကင် စိတ်အာရုံကို အသာအယာ ထုတ်လွှတ်ပြီး စစ်ဆေးလိုက်တဲ့ အချိန် ထိုပင့်ကူပိုးအိမ်တွေထဲ၌ ကျင့်ကြံသူ များစွာ ရှိနေတာကို တွေ့လိုက်ရတယ်။ ထိုကျင့်ကြံသူတွေက အခုမှ နိုးလာကြည့်ပုံပင်။ ထို့ကြောင့် ပင့်ကူပိုးအိမ်တွေထဲကနေ ရုန်းထွက်ဖို့ ကြိုးစားနေတာပါ။

ဒါပေမယ့် သူတို့တွေက အဆိပ်မိထားတာကို ထိုပင့်ကူပိုးမျှင်အိမ်ထဲကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်နိုင့်ပါ့မလဲ။

ထိုအခိုက်မှာပဲ သူ့ရင်ဘတ်မှ နွေးထွေးသည့် အသက်ရှူသံကို ခံစားလိုက်ရပြီး သူ့နှခေါင်းနား တစ်ဝိုက် လာရောက် ပွတ်သပ်နေတဲ့ သင်းရနံ့ ဖျော့ဖျော့လေးကို ရလိုက်တယ်။ ရန်ကိုင် ငုံကြည့်လိုက်တဲ့အချိန် ပထမဆုံး တွေ့လိုက်ရတာကတော့ ပျော့ပျောင်းလှတဲ့ အနက်ရောင်ဆံကေသာတွေပါပဲ။

ရှန်ချင်းလော့က အိပ်စက်နေဆဲ ဖြစ်ပြီး သူ့ရင်ခွင်ထဲ၌ တိုးခွေ့နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်နှစ်ခုက တစ်ခုနှင့်တစ်ခု တင်းတင်းကြပ်ကြပ် ဖိကပ်နေပြီး ရန်ကိုင်ရဲ့ လက်မောင်းနှစ်ဖက်ကတော့ သူမရဲ့ ခါးသိမ်သိမ်လေးကို ပွေ့ဖက်လို့ ထားခဲ့ပါတယ်။

သူ့လက်နှစ်ဖက်က ပျော့ပျောင်းလှတဲ့ ခန္ဓာကိုယ်လေးနဲ့ သူ့ရင်ဘတ်ကို ဖိကပ်နေတဲ့ အိတိတိ တောင့်ပို့နှစ်လုံးကို ခံစားမိလိုက်ချိန်မှာတော့ ရန်ကိုင်လည်း စိတ်ကြွလာခဲ့တယ်။

All Chapters