← Chapters

အခန်း (၃၀၆-၃၁၀)

Vol. 13 Ch. 306-310

အခန်း (၃၀၆-၃၁၀)

Vol. 13 Ch. 306-310

အပိုင်း(၃၀၆) ပင့်ကူအမေကြီးရဲ့ အသိုက်

သူမကို အကြိမ်အနည်းငယ်လောက် အော်ခေါ်ပြီးတာတောင် ရှန်ချင်းလော့ နိုးမလာခဲ့ပါဘူး။

အဲ့တော့ နောက်ဆုံးအနေနဲ့ ရန်ကိုင်လည်း လှည့်ကွက်အချို့ကို အသုံးပြုရပါတော့တယ်။ သူ့ရဲ့ လက်အစုံနဲ့ ရှန်ချင်းလော့ရဲ့ ခါးလေးကို ဖြေးဖြေးချင်း ပွတ်သပ်ပေးလိုက်တယ်။ အဲ့လိုမှ မနိုးလာသေးတော့ တဖြည်းဖြည်းနဲ့ အားပိုစိုက်လိုက်ပြီး နောက်ဆုံးမှာတော့ သူ့လက်ချောင်းလေးတွေက သူမရဲ့ ပျော့အိလှတဲ့ ပေါင်မုန့်နှစ်လုံးကြားထဲ ကျဆင်းသွားခဲ့ကာ အကြိမ် အနည်းငယ်လောက် ခပ်ပြင်းပြင်းလေး နှိပ်နယ်ပေးလိုက်တယ်။

သူမ၏ တင်ပါးတွေ ကို အကြမ်းပတမ်း နှိပ်နယ်ပေးလိုက်တော့မှပဲ ရှန်ချင်းလော့ နိုးလာပါတော့တယ်။ မသိလိုက်မသိဘာသာနဲ့ သူမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်လေးကို တွန့်ကွေးမိလိုက်ပြီး လိင်စိတ် နိုးကြွားစေနိုင်တဲ့ ညည်းသံလေးက သူမပါးစပ်ဖျားမှ ထွက်ပေါ်လာခဲ့တယ်။

သူမအသံကို ကြားလိုက်တာနဲ့ ရန်ကိုင်လည်း အသိပြန်ဝင်လာခဲ့ပြီး ခပ်မြန်မြန်ပဲ ရပ်တန့်လိုက်တယ်။

ကျော့ရှင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ မျက်ဝန်းအစုံက ဖြည်းဖြည်းချင်း ပွင့်အားလာတာကို မြင်လိုက်ရချိန်မှာတော့ ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “အလှလေး၊ ခင်ဗျားကိုယ်ခင်ဗျား ထိန်းချုပ်ရမယ်နော်”

သူမ ရမက်ကြွလာတာနဲ့ အကျိုးဆက်တွေက သေးလိမ့်မှာ မဟုတ်ပါဘူး။ တကယ်တော့ ရန်ကိုင် အနေနဲ့လည်း နိုးနိုးချင် ထပ်ပြီး သတိမလစ်ချင်သေးဘူးလေ။

သူမ၏ မျက်ဝန်းအစုံက အနည်းငယ် ရှုပ်ထွေးနေပုံရကာ အဲ့နောက်မှာတော့ သူမ၏ ဟန်ပန်အမူအရာကို ပြန်ထိန်းလိုက်နိုင်ပြီး ဖြစ်ပျက်သွားခဲ့တဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလိုက်တယ်။

ရန်ကိုင်က သူမကိုယ်ကို တစ်ခုခု လုပ်ခဲ့မှန်း သိလိုက်တာနဲ့ ရှန်ချင်းလော့က အံကြိတ်လိုက်ပြီး ရန်ကိုင်ကို စိုက်ကြည့်လိုက်ကာ မေးလိုက်တယ် “ကောင်စုတ်လေး၊ နင်ဘာလုပ်လိုက်တာလဲ”

ဒါပေမယ့်က ရန်ကိုင်က ပြုံးရုံသာ ပြုံးပြလိုက်ပြီး ပုခုံးရှုံ့ပြကာ “ခင်ဗျားကို နှိုးဖို့ပဲ ကြိုးစားလိုက်တာလေ”

သူမကို ပြန်ပြောခွင့်တောင် မပေးတော့ပဲ ရန်ကိုင်က ချက်ချင်း ခေါင်းစဉ်ပြောင်းလိုက်တယ် “ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ”

ရှန်ချင်းလော့က မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခဏလောက် ရုန်းကန်လိုက်တယ်။ သိပ်မကြာခင်မှာပဲ သူမနဲ့ ရန်ကိုင်တို့ နှစ်ယောက်စလုံးက ပင့်ကူပိုးမျှင်အိမ်ထဲ မှာရစ်ပတ်ချုပ်နှောင် ထားခြင်း ခံရပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရသလို ကိုယ်ချင်း ခွဲလို့လည်း မရတာကို တွေ့ရှိလိုက်တယ်။ ထို့ပြင် ပူလောင်နေတဲ့ တစ်ခုခုက သူမရဲ့ ဝမ်းဗိုက်နေရာကို ဖိကပ်နေတာကိုလည်း ရှန်ချင်းလော့ ခံစားမိလိုက်တယ်။

ရှန်ချင်းလော့က အဓိပ္ပါယ်ရှိရှိ ရယ်မောလိုက်ပြီး ရန်ကိုင်ကို ကြည့်လိုက်တယ်။

သူမဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်လိုက်တာနဲ့ ရန်ကိုင်က ရှက်ရွံ့ခြင်းအလျင်းမရှိပဲ ပြန်ပြောလိုက်တယ် “ဒါက ယောကျ်ားတွေရဲ့ အလိုလို တုန့်ပြန်မှုပဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာ မဟုတ်ဘူး။ ခင်ဗျားက အရမ်းကို ဆွဲဆောင်အား ကောင်းလွန်းနေတာကိုပဲ ပြန်ပြီးအပြစ်တင်သင့်တယ်”

ဒါပေမယ့် ရှန်ချင်းလော့က ရန်ကိုင် စကားကြောင့် စိတ်ပျက်သွားပုံ မရပဲ သူမပါးလေးတွေက အနည်းငယ်လေး ပန်းရောင်သန်းသွားခဲ့တယ်။

“ပင့်ကူမျှင်တွေက တော်တော်လေး မာတယ်။ ပင့်ကူမျှင်တွေကနေ လွတ်အောင်လုပ်ဖို့ကတော့ သိပ်ပြီး လွယ်ကူမယ့် ပုံမပေါက်ဘူး” ရန်ကိုင်က မျက်မှောင်ကျုံ့လိုက်ပြီး “ဒါပေမယ့် ကျွန်တော့်ရဲ့ လက်နက်နဲ့ ဆိုရင် အဲ့ပင်ကူမျှင်တွေကို ဖြတ်ပစ်လို့ရတယ်”

“မလုပ်နဲ့” ရှန်ချင်းလော့က ခပ်မြန်မြန်ပဲ တားလိုက်တယ်။ သူမ၏ အမူအရာက တည်ငြိမ်သွားခဲ့ပြီး “အခု ငါတို့နှစ်ယောက်စလုံး အရမ်းကို အားနည်းနေတယ်။ ပင့်ကူမျှင်တွေကနေ လွတ်မြောက်သွားရင်တောင် အဆင့်၆ပင့်ကူတွေ စောင့်ကြပ်နေတဲ့ ဒီနေရာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါတို့သာ သူတို့တွေကို သွားရန်စမိရင် ပိုပြီးတော့ မြန်မြန်ပဲ သေသွားရလိမ့်မယ်”

ရန်ကိုင်လည်း အသာအယာလေး ခေါင်းညိတ်လိုက်တယ်။ ထိုအချက်ကြောင့်ပဲ ပင့်ကူမျှင်တွေကို ချိုးဖျက်ဖို့ သူမကြိုးစားသေးတာပါ။ သူသတိမလစ်ခင်လေး အဆင့်ပင့်ကူ တစ်ကောင်ကို ထိန်းချုပ်လိုက်နိုင်ပေမယ့် ထိုအဆင့်၆ ပင့်ကူတစ်ကောင်နဲ့တင် ဒီကနေ လွတ်မြောက်နိုင်မယ်လို့ အာမမခံနိုင်ပါဘူး။ အခုတော့ ဒီအတိုင်း‌လေး ငြိမ်နေလိုက်တာပဲ ပိုကောင်းပါလိမ့်မယ်။

“အစောပိုင်းတုန်းက၊ ဒီနေရာကို တစ်ခုခုရှာဖို့ လာတာလို့ ခင်ဗျားပြောခဲ့တယ် မလား”

ဒီနေရာက ပင့်ကူအသိုက်ဆိုတာ အသေအချာပါပဲ။ ဒီနေရာက သာမန်ပင့်ကူအသိုက် တစ်ခုမဟုတ်ပါဘူး။ ဒီနေရာမှာ အဆင့်၆ ပင့်ကူတွေ အများကြီး ရှိတဲ့အပြင် မရေမတွက်နိုင်တဲ့ အဆင့်၅နဲ့ အဆင့်၄ ပင့်ကူတွေလည်း ရှိနေပါသေးတယ်။

“ဒီနေရာက ပင့်ကူအမေကြီးရဲ့ အသိုက်ပဲ” ရှန်ချင်းလော့က ဖွဖွလေး ပြန်ပြောလိုက်တယ်။ သူမဆီကနေ ချိုသာပြီး ဖျော့တော့တဲ့ သင်းရနံ့လေး ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်နှာခေါင်းကို ပွတ်သပ်ကျီစယ်သွားခဲ့တယ်။ “ငါတို့ မိသားစုပိုင်ဆိုင်တဲ့ အထူးခန္ဓာကိုယ် တည်ဆောက်ပုံကို ဒီနေရာကနေပဲ ရခဲ့တာ။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက ငါတို့ဘိုးဘေးတွေထဲက တစ်ယောက်က ဒီနေရာကို မတော်တဆ ရောက်လာခဲ့ပြီး အရမ်းအဆိပ်ပြင်းတဲ့ ပင့်ကူတစ်ကောင် ကိုက်တာ ခံလိုက်ရတယ်တဲ့။ သူပြန်သွား နောက်ပိုင်းကျတော့ သူမရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ပြောင်းလဲသွားခဲ့ပြီး မျိုးဆက်အဆင့်ဆင့်ကို လက်ဆင့်ကမ်းသွားခဲ့တယ်”

ဒီကမ္ဘာကြီးထဲမှာ အချို့လူတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက အရမ်းကိုထူးခြားပြီး သာမန်လူတွေနဲ့ ကွဲပြားကြတယ်။

အခုအချိန်ထိ ထိုကဲ့သို့ အထူးခန္ဓာကိုယ် တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ လူတစ်ဦးပဲကို သူတွေ့ခဲ့ဖူးပါသေးတယ်။ ထိုလူကတော့ သူ့ရဲ့ စီနီယာမမလေး ဖြစ်တဲ့ ထွတ်မြတ်ဆေးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ရှနင်းချန်ပါပဲ။

အခုလည်း အဆိပ်မုဆိုးမ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ရှန်ချင်းလော့ကို ထပ်ပြီး တွေ့ခဲ့ပြန်ပါပြီ။ ဒါပေမယ့် ရှနင်းချန်ရဲ့ အထူးခန္ဓာကိုယ်နဲ့ ရှန်ချင်းလော့ရဲ့ အထူးခန္ဓာကိုယ်က မိစ္ဆာဆန်ပါတယ်။

အထူးခန္ဓာကိုယ် အများစုက မွေးရာပါ ပိုင်ဆိုင်လာခဲ့ကြတာ ဖြစ်ပြီး မျိုးဆက်အဆင့်ဆင့်ကို လက်ဆင့်ကမ်းပေးလို့ မရပါဘူး။

ဒါပေမယ့်က ဒီအဆိပ်မုဆိုးမ ခန္ဓာကိုယ်ကတော့ မျိုးဆက်အဆင့်ဆင့်ကို လက်ဆင့်ကမ်းပေးလို့ ရတဲ့ အထူးခန္ဓာကိုယ်မျိုးပါ။

“ငါတို့မျိုးဆက်ရဲ့ ဘိုးဘေးတိုင်း သူတို့ရဲ့ ကျင့်ကြံခြင်းက အဆင့်တစ်ခုကို ရောက်သွားပြီဆိုတာနဲ့ တစ်ခုခုကို ရှာရတော့တာပဲ။ အဲ့ပစ္စည်းကို ရမှပဲ အဆိပ်မုဆိုးမှ အထူးခန္ဓာကိုယ်ရဲ့ စွမ်းရည်အပြည့် အဝကို ထုတ်ဖော်နိုင်လိမ့်မယ်” ရှန်ချင်းလော့က ဆက်ပြီး ရှင်းပြလိုက်တယ် “ဒီနေရာကို ငါတစ်ခု မရောက်ဖူးဘူး။ သွားတဲ့ လမ်းကြောင်းကိုပဲ ငါ့အမေဆီကနေ သိခဲ့ရတာ။ ဒါပေမယ့် အခုလို အလှည့်အပြောင်းတွေ ကြုံပြီးနောက်မှာတော့ ဒီနေရာကို မတော်တဆ ရောက်လာခဲ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဖူး။ ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ ထင်တယ်”

သက်ပြင်းချလိုက်ရင်း ဒီတစ်ကြိမ်က ကံကောင်းတာလား၊ ကံဆိုတာလားဆိုတာ မခွဲတတ်တော့ပါဘူး။

“ရန်ကိုင်လား” သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် သူတို့နှစ်ယောက်စလုံး ချူရီမန်ရဲ့ အသံကို ကြာလိုက်ရတယ်။

သူမက အခုပဲ နိုးလာတဲ့ ပုံပါပဲ။ ရန်ကိုင်က ဘေးပတ်လည်ကို လိုက်ကြည့်လိုက်တဲ့ အချိန် အသံထွက်ပေါ်လာတဲ့ နေရာကို တွေ့လိုက်ရတယ်။ သူတို့နဲ့ မီတာအနည်းငယ် အကွာတွင် လှုပ်ခါနေတဲ့ ပင့်ကူပိုးမျှင်အိမ် တစ်ခုရှိနေခဲ့တယ်။

“အစ်မချူ…” သူရဲ့ ညာဘက်မှ ရှိတဲ့ ပိုးမျှင်အိမ်ကနေ လော့ရှောင်မန်ရဲ့ ထွက်လာခဲ့တယ်။

ဒါက တကယ့်ကို မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ထိုမိန်းကလေး နှစ်ယောက်က ရန်ကိုင်ရဲ့ ဘယ်နဲ့ညာဘက်မှာ ရှိနေခဲ့တယ်။

“ရှောင်မန်၊ မကြောက်နဲ့။ အဲ့ပင့်ကူတွေ အာရုံစိုက်တာကို မခံချင်ဘူးဆိုရင် နင်မလှုပ်တာက အကောင်းဆုံးပဲ”

ချူရီမန်က အခု အခြေအနေမျိုးမှာတောင် တည်ငြိမ်နေနိုင် ပါသေးတယ်။ သူမက လော့ရှောင်မန်ကိုတောင် နှစ်သိမ့်ပေးနေလိုက်ပါသေးတယ်။

“အင်း” လော့ရှောင်မန်က ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်ပြီး လှုပ်ရှားရုန်းကန်နေတာကို ရပ်တန့်လိုက်တယ်။

“ရန်ကိုင်၊ နင်ငါ့ဘေးမှာ ရှိတယ်ဆိုတာ ငါသိတယ်။ ငါနင့်အသံကို သေသေချာချာ ကြားလိုက်တယ်” ချူရီမန်က ညင်သာစွာဖြင့် ခေါ်လိုက်တယ်။ အခုလို အန္တရာယ်များတဲ့ အခြေအနေမျိုးမှာ သူမလည်း အသံအကျယ်ကြီးနဲ့ စကားမပြောရဲပါဘူး။

“နင်ဘာလိုချင်တာလဲ” ရန်ကိုင်က ပြန်မေးလိုက်တယ်။ ထိုမိန်းမက သူသိပ်ပြီး ကြည့်မရပါဘူး။ သူမက ကောင်းကင်စံအိမ်ကို ရောက်လာပြီး ယုတ္တိကျကျ မလုပ်ပဲ နောက်ခံအားကိုးနဲ့ ဂိုဏ်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့တယ်။ သူတို့ကိုလည်း စကားတစ်ခွန်းတောင် မဆိုပဲ တိုက်ခိုက်ခဲ့တယ်။ သူမ တိုက်ခိုက်ခဲ့တာကြောင့်ပဲ စုယန်နဲ့ ကောင်းကင်စံအိမ် ဂိုဏ်းသားတွေနဲ့ သူကွဲထွက်သွားရတာပါ။

“စိတ်ဆိုးနေတုန်းလား” ချူရီမန်က အသာအယာလေး ရယ်မောလိုက်ပြီး သူမလေသံထဲ နောင်တရသည့် အရိပ်အယောင်၊ ရှက်ရွံ့သည့် အရိပ်အယောင်တို့ အနည်းငယ်မျှ မပါဝင်ပဲ “အခုလို အန္တရာယ်မျိုးနဲ့ ရင်ဆိုင် နေရတာတောင် အတိတ်တုန်းက မကျေနပ်ချက်လေး နည်းနည်းလေး အတွက်နဲ့ နင်က ငါ့လို မိန်းမငယ်လေး တစ်ယောက်ကို အညိုးထားတုန်းလား”

“မိန်းမငယ်လေးလား” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်ပြီး “ချူမိသားစုရဲံ အသက်နှစ်ဆယ်တည်းနဲ့ အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်နေတဲ့ ကမ္ဘာကျော် ပထမသခင်မလေးဖြစ်၊ ချူမိသားစုရဲ့ အနာဂတ် မျှော်လင့်ချက်လည်း ဖြစ်၊ မိသားစုကြီး ရှစ်ခုက သခင်လေးတိုင်းရဲ့ အိမ်မက်နတ်သမီးလေးလည်း ဖြစ်တဲ့ နင်က နင့်ကိုယ်နင် မိန်းမငယ်လေးလို့ ခေါ်ရဲတယ်ပေါ့”

ချူရီမန်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “နင်က ငါ့အကြောင်းကို တော်တော်လေး သိထားတဲ့ပုံပဲ။ နင်ကကော ငါ့ကို လေးစားတဲ့ လူတစ်ယောက် ဖြစ်နေတာလား”

“ဟန့်။ နင့်အကြောင်းကို ငါကဘာအတွက်နဲ့ ဂရုစိုက်နေရမှာလဲ” ရန်ကိုင်က အထင်အမြင် သေးစွာဖြင့် “ဒီသခင်လေးက ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံးမိန်းကလေးကို လက်ထဲ ပွေ့ဖက်ထားနေတာ။ သူမရဲ့ နူးညံ့လှတဲ့ ရင်သားတွေဆိုရင်လည်း ငါ့ရင်ဘတ်ကို ဖိကပ်ထားတာ။ မဟုတ်တာတွေ ပြောတာလုံလောက်ပြီ။ နင်ပြောစရာ ရှိတယ်ဆိုရင် ပြောလိုက်တော့”

ရှန်ချင်းလော့က ရန်ကိုင်ရဲ့ လက်ကောက်ဝတ်ကို ခပ်နာနာလေး လိမ်ဆွဲလိုက်တယ်။ ဒါပေမယ့် သူမမျက်လုံးထဲ ဂုဏ်ယူသည့် အရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွားခဲ့ပါတယ်။

အခြားသူတွေ သူမရဲ့ နှစ်လိုဖွယ်ကောင်းမှုကို ချီးကျူးရင် နားမခံသာစရာ ကောင်းလှပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက မကောင်းတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားပြီး အပြင်ပန်းမှာသာ သူမရဲ့ နှစ်လိုဖွယ်ကောင်းမှုကို ချီးကျူးနေတာပါ။ သူတို့ရဲ့ စိတ်ထဲမှာတော့ သူမကို ပြစ်မှားချင် ပြစ်မှားနေမှာလေ။ ဒါပေမယ့် ရန်ကိုင် ချီးကျူးတဲ့ စကားကို ကြားလိုက်ရတဲ့ အချိန်မှာတော့ သူမအရမ်းကို ကျေနပ်မိပါတယ်။ မကျေနပ်တာလေး တစ်ချက်က သူမရင်ဘတ်နဲ့ ပက်သက်ပြီး ပြောဆိုသွားတာကိုပါ။

“အဲ့လိုရွံစရာကောင်းတဲ့ စကားတွေကိုပဲ ပြောတတ်တာလား” ချီရီမန်က မျက်မှောင်ကြုံပြီး မေးလိုက်တယ်။

“နင့်ကို ရန်စသလို ခံစားရတယ် ဆိုရင်လည်း နားမထောင်နဲ့ပေါ့။ နင့်ကိုလည်း ဘယ်သူမှ နားထောင်ခိုင်းနေတာ မဟုတ်ဘူး”

ချူရီမန်က အသာအယာလေး ရယ်မောလိုက်ပြီး “ဒါပေမယ့် နင်ပြောတာမှန်တယ်။ ယောကျ်ားတိုင်းရဲ့ စိတ်ကူးယဉ် နတ်သမီးလေး ဖြစ်တဲ့ အစ်မရှန် ကိုတော့ ငါတကယ်ပဲ မယှဉ်နိုင်ဘူး”

ရှန်ချင်းလော့၏ အရည်လဲ့နေတဲ့ မျက်ဝန်းလေးတွေက မျက်တောင်လေး တဖျတ်ဖျတ်ခတ်လိုက်ပြီး ရန်ကိုင်ကို ဖွဖွလေး နားနားကပ်ကာ ပြောလိုက်တယ် “ဒီမိန်းကလေးက တကယ်ကို အာသွက်၊ လျှာသွက်တာပဲ။ သူမမှာ ငါတို့ကို တောင်းဆိုစရာ တစ်ခုခု ရှိလို့နေမယ်”

ဟုတ်သွားပါပြီ။ ချူရီမန်က ခပ်မြန်မြန်ပဲ ထပ်ပေါင်းပြောလိုက်တယ် “ချူမိသားစုရဲ့ ချူရီမန်က အစ်မရှန်ကို နှုတ်ဆက်ပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အစ်မကို သတိမပြုမိပဲ ရန်စသလို ဖြစ်သွားခဲ့တဲ့အတွက် ညီမရဲ့ မယဉ်ကျေးမှုကို အစ်မရှန် စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်”

ချူရီမန်က နတ်ဆိုးဘုရင်ခြောက်ပါးထဲက တစ်ပါးဖြစ်တဲ့ ရှန်ချင်းလော့ရဲ့ နာမည်ကို ကျိန်းသေ ကြားခဲ့ဖူးရပါမယ်။ ရှန်ချင်းလော့က နတ်ဆိုးဘုရင် ခြောက်ပါးထဲမှာ အားအနည်းဆုံး ဖြစ်ပေမယ့် သူမက အားလုံးထဲမှာ အသက်အငယ်ဆုံးပါပဲ။ ကျန်တဲ့ နတ်ဆိုးဘုရင်ငါးပါးကို သူမက အနှေးနဲ့အမြန် ကျော်ဖြတ်သွားမှာပါ။

လွန်ခဲ့တဲ့ တစ်လတုန်းက သူမဘယ်သူလဲဆိုတာ မသိခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ သိနေခဲ့ပါပြီ။ ထို့ကြောင့် ရှန်ချင်းလော့ကို သူမ မလေးမစား လုပ်လိမ့်မှာ မဟုတ်ပါဘူး။

“ဟဲဟဲ…” ရှန်ချင်းလော့ တခစ်ခစ် ရယ်မောလိုက်ပြီး ပျော်ရွှင်စွာဖြင့် ရန်ကိုင်ကို ပြုံးပြလိုက်ရင်း အသာအယာလေး ပြန်ပြောလိုက်တယ် “ဂျူနီယာညီမလေးချူက တကယ်ကို အပြောချိုတာပဲ။ ဒါပေမယ့် အစ်မကြီးလို့ နင်ခေါ်ခေါ်နေတဲ့ ငါတို့နှစ်ယောက်ကြားက အသက်ကွာခြားချက်က သိပ်ပြီး မကြီးမားလောက်ဘူးနဲ့ တူတယ်နော်”

ချူရီမန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ညင်သာစွာပဲ ပြန်ပြောလိုက်ပါတယ် “အစ်မကြီးက ညီမထက် အသက်ပိုပြီး ပေမယ့် ရုပ်ပိုင်းဆိုင်ရာ အရဆိုရင်တော့ ညီမထက်က် ပိုပြီး ငယ်ရွယ်တာပေါ့။ ညီမတို့ နှစ်ယောက်သာ ဘေးချင်းယှဉ်ပြီး အတူတူ အပြင်သွားမယ်ဆိုရင် အခြားသူတွေက ညီမကို အစ်မကြီးလို့ ထင်မှာ ကျိန်းသေပဲ”

ထိုချီးကျူးစကားကို ကြားလိုက်တာနဲ့ ရှန်ချင်းလော့ မျက်နှာထက်က အပြုံးက ပိုပြီးတောက်ပလာခဲ့တယ်။

ဒီစုန်းမကတော့ ရန်ကိုင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမရဲ့ မျက်ဝန်းတွေအား စိုက်ကြည့်နေတာကို ရပ်တန့်လိုက်တယ်။ သူသာ ဆက်ပြီး စိုက်ကြည့်နေမယ်ဆိုရင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူ “ညီမချူ၊ စိတ်အေးအေးသာ ထားပါ”

ရှန်ချင်းလော့က ချူရီမန်ကို ဆက်မစတော့ပဲ ခပ်မြန်မြန် မေးလိုက်တယ်။ ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မနဲ့ ရင်ဆိုင်နေရချိန်မှာ ချူမိသားစုရဲ့ ပထမသခင်မလေး ဆိုရင်တောင် ဖိအားကြီးကြီးမားမားကို ခံစားရပါတယ်။ တော်ကြာ စကားမှားသွားလို့ တစ်ဖက်လူကို ဒေါသထွက်အောင် လုပ်မိမှဖြင့် ငါးပါးမှောက်ကုန် ပါလိမ့်မယ်။

“ညီမချူက ဘာအကြောင်း ပြောချင်နေတာလဲ”

“ညီမ မလုပ်ရဲပါဘူး” ချူရီမန်က ရိုသေစွာပဲ ပြန်ပြောလိုက်တယ် “ဂျူနီယာညီမလေးက အစ်မကြီးအနေနဲ့ ဒီနေက ထွက်ဖို့ နည်းလမ်းလေးများ ဘာများ ရှိသလားဆိုတာကို မေးချင်တာပါ”

ရှန်ချင်းလော့က ဒီမှာရှိနေတဲ့ လူတွေထဲမှာ အသန်မာဆုံး ပညာရှင် တစ်ယောက်ပါ။ သူမက အခုလက်ရှိအချိန်၌ အဖမ်းခံထားရပေမယ့် သူမမှာသာ သူတို့အားလုံးကို ဒီကနေ အသက်ရှင်လျက် ခေါ်ထုတ်သွားနိုင်ဖို့ အခွင့်အရေး အများဆုံး ရှိတာပါ။ ကျို့ယွမ်မင်လို လူတွေကတော့ ထည့်ပြောနေစရာတောင် မလိုပါဘူး။

“အစ်မကြီးမှာ နည်းလမ်းရှိရင် အစ်မကြီးတို့ ထွက်ပြေးတဲ့အခါ ဒီက ဂျူနီယာညီမလေး နှစ်ယောက်ကိုပါ အတူတူ ခေါ်သွားပေးလို့ ရမလားဟင်” ချူရီမန်က စိတ်အားထက်သန်စွာဖြင့် မေးလိုက်ပြီး “အစ်မကြီးသာ ညီမတောင်းဆိုတာကို လက်ခံပေမယ်ဆိုရင် ကျိန်းသေ နောင်တမရစေရပါဘူး။ ညီမတို့ ချူမိသားစုမှာ ရတနာပုတီးလုံးလို့ခေါ်တဲ့ ကောင်းကင်အထွတ်အထိပ်အဆင့် ရတနာတစ်မျိုးရှိတယ်။ အဲ့ပုတီးစေ့ကို အမြဲတမ်း ဝတ်ဆင်ထားမယ် ဆိုရင် အစ်မရှန်ရဲ့ အလှကို အစဉ်မြဲနေစေလိမ့်မယ်။ အစ်မသာ ညီမတို့ကို ကူညီနိုင်မယ်ဆိုရင် အဲ့ပုတီးလုံးကို အစ်မအတွက် ညီမယူပေးနိုင်ပါတယ်”

ရှန်ချင်းလော့ရဲ့ မျက်ဝန်းအစုံက စိတ်ဝင်စားသွားသည့် အလား တလက်လက်‌ တောက်ပသွားခဲ့တယ်။

ချူရီမန်က ချူမိသားစုရဲ့ ပထမသခင်လေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်ပါတယ်။ သူမက ငယ်ရွယ်သေးပေမယ့် အခြားသူတွေရဲ့ စိတ်ကို ဖတ်တဲ့နေရာမှာတော့ တကယ်ပဲ ကျွမ်းကျင်လှပါတယ်။ သူမသာ ရှန်ချင်းလော့ကို အခြားတန်ဖိုးရှိတဲ့ ရတနာတွေ ပေးမယ်လို့သာ ကတိပေးခဲ့ရင် ရှန်ချင်းလော့က စိတ်ဝင်စားမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ထိုရတနာပစ္စည်းက မိန်းမတစ်ယောက်ရဲ့ အလှကို ထိန်းသိမ်းပေးနိုင်တယ်လေ။

အမြဲတမ်းလှနေချင်တဲ့ မိန်းမဆိုတာ ဘယ်မှာများ မရှိလို့လဲ။

အထူးသဖြင့် ရှန်ချင်းလော့လို ကောင်းကင်တောင် မနာလိုရမယ့် အလှပိုင်ရှင်မျိုးဆို ပိုဆိုးတာပေါ့။ မျက်နှာမှာ အရေးအကြောင်းတွေ ထင်ပြီး သူမမျက်နှာက မျက်တွင်းဟောက်ပက် ဖြစ်လာတာမျိုးက သူမဘဝရဲ့ အပူပန်ရဆုံး ကိစ္စတွေထဲ တစ်ခုဆို မှားလိမ့်မှာ မဟုတ်ပါဘူး။

ရှန်ချင်းလော့ တိတ်ဆိတ်သွားတာကို ကြည့်ပြီး အခွင့်အရေးက ရောက်လာပြီဆိုတာ ချူရီမန်သိလိုက်တယ်။ ထို့ကြောင့် ချူရီမန်က သံကိုပူတုန်း ဆက်ပြီး ထုရိုက်ပေးလိုက်ပါတယ် “အစ်မမှာ အခြားတောင်းဆိုစရာတွေ ရှိသေးတယ်ဆိုရင်လည်း တုန့်ဆိုင်းနေစရာ မလိုပါဘူး။ မေးလို့ရပါတယ်။ ဒီဂျူနီယာ ညီမလေး လုပ်နိုင်တယ်ဆိုရင် ကျိန်းသေ လုပ်ပေးမှာပါ”

“အိုး…တကယ်လား” ရှန်ချင်းလော့ ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်တယ်။

“ဟုတ်တာပေါ့”

“ကောင်ပြီ။ အဲ့လိုဆို ငါနင်နဲ့ ရှောင်မန်လို့ ခေါ်တဲ့ မိန်းကလေး နှစ်ယောက်ကို လိုချင်တယ်”

ချူရီမန်က ကြောင်အသွားခဲ့ပြီး ခပ်မြန်မြန်ပဲ အားတင်းပြုံးလိုက်ကာ မေးလိုက်တယ် “အစ်မရှန်က ဘာကိုဆိုလိုချင်တာလဲ မသိဘူး”

“နင်တို့နှစ်ယောက်ကို စိတ်ဝင်စားနေတဲ့ ကောင်စုတ်လေး တစ်ကောင် ငါ့မှာ ရှိတယ်လေ။ နင်တို့နှစ်ယောက်သာ သူ့အစေခံအဖြစ် တစ်နှစ်ဆောင်ရွက်ပေးမယ်ဆိုရင် ငါဒီနေရာကနေ ထွက်သွားတာနဲ့ နင်တို့ နှစ်ယောက်ကိုပါ ခေါ်သွားပေးမယ်”

“ဟေး…” ရန်ကိုင်လည်း မနေနိုင်တော့ပဲ သူ့ရှေ့က အလှလေးကို ဆိတ်ဆွဲလိုက်ပြီး တည်ငြိမ်စွာနဲ့ ပြောလိုက်တယ် “ ကျွန်တော့်ကို ဘာလို့ ဆွဲထည့်ရတာလဲ။ ကျွန်တော်သူတို့ပေါ် မကောင်းတဲ့ အတွေး တစ်ချို့ရှိခဲ့တယ် ဆိုပေမယ့် အဲ့ဒါက ယောကျ်ားတွေရဲ့ သဘာဝလေ။ ကျွန်တော်သူတို့နဲ့ တကယ်ကို မပက်သက်ချင်တာ”

“ငါက ဒီအတိုင်းပဲ ပြောလိုက်တာပါ။ ငါ့မှာလည်း ဒီကနေ ထွက်ဖို့ နည်းလမ်းမရှိဘူးလေ” ရှန်ချင်းလော့က ပြုံးလိုက်တယ်။

“အဲ့ဒါကို သူတောင်းဆိုတာလား” ချူရီန်မက ပြန်ပြောလိုက်တယ်။ သူမလေသံထဲ မနှစ်မြို့သည့် အရိပ်အယောင်တို့ အတိုင်းသား ပါဝင်နေခဲ့ပါတယ်။ သူမက အတတ်နိုင်ဆုံး ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူမရဲ့ ဒေါသထွက်နေသည့် လေသံကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။

“မဟုတ်ဘူး၊ ငါဘာသာငါ တောင်းဆိုတာ”

“အစ်မရှန်က သူ့အပေါ် တော်တော် ကောင်းတဲ့ပုံပဲ” ချူရီမန်က ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး ဘာလို့ ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မလို လူမျိုးက ထိုကောင်းကင်စံအိမ်က ကောင်စုတ်ကို ကြိုက်နေရတာလဲလို့ တွေးတောလိုက်တယ်။

သူတို့ သိတာ တစ်လတောင် ပြည့်သေးတာမဟုတ်ဘူး။ အဲ့အချိန်ကြားထဲမှာ ဘာတွေများ ဖြစ်ပျက်သွားခဲ့တာလဲ မသိဘူး

“အစ်မရဲ့ တောင်းဆိုချက်ကို စဉ်းစားပါရစေဦး” ချူရီမန်က နှုတ်ခမ်းလေးကို ကိုက်ပြီး ပြောလိုက်တယ်။

“အင်း” ရှန်ချင်းလော့က ဆက်ပြီး တွန်းအား မပေးခဲ့ပဲ အသာအယာလေးသာ ခေါင်းညိတ်လိုက်တယ်။

Martial Peak

အပိုင်း(၃၀၇) နားသာနားထောင်

“ပင့်ကူအိမ်ထဲ၌ ရန်ကိုင်က ရှန်ချင်းလော့ကို ကြည့်လိုက်ပြီး ခင်ဗျား ကျွန်တော့်ကိုများ ကြိုက်နေတလား… အခုလိုမျိုးတောင် ရက်ရောနေတာဆိုတော့လေ”

ရှန်ချင်းလော့က ရှက်သွေးလေး ဖြာသွားခဲ့ပြီး ရန်ကိုင်ကို ပြန်ကြည့်လိုက်ကာ မေးလိုက်တယ် “ငါကြိုက်တော့ရော ဘာဖြစ်လဲ”

ရန်ကိုင်က ကြက်သေသေသွားခဲ့ပြီး “အဲ့တော့ ခင်ဗျားက နွားအို မြက်နုစားဖို့ လုပ်နေတာပေါ့…အာ၊ နာတယ်ဟ”

ရှန်ချင်းလော့က လှောင်ပြောင်လိုက်ပြီး ရန်ကိုင်ရဲ့ ခါးကို ခပ်နာနာလေး လိမ်ဆွဲလိုက်ပြီး အံကြိတ်ကာ ပြောလိုက်တယ် “နွားအို မြက်နုစားဖို့လုပ်တယ် ဟုတ်လား။ ဒီဘုရင်မက နင့်ကို ကြိုက်နေတာကတောင် နင့်ရဲ့ တစ်ဘဝလုံးစာ ကောင်းချီးနဲ့ ညီမျှနေပြီ”

“အဲ့လို ကောင်းချီးမျိုးကို လက်မခံရဲပါဘူးဗျာ” ရန်ကိုင်က သူမကို ထိတ်လန့်တကြားနဲ့ ကြည့်လိုက်တယ်။ သူ့နားပင် သူမယုံနိုင်တော့ပါဘူး “ခင်ဗျားက ကျွန်တော့်ကို ကြိုက်တယ် ဆိုရင်တောင် ကျွန်တော်က ခင်ဗျားနဲ့ အတူရှိနိုင်မှာ မဟုတ်ဘူး။ အဲ့ဒါကို ဘာလို့ ကျွန်တော့်ကို ဖြာယောင်းသွေးဆောင်ဖို့ ကြိုးစားနေရတာလဲ”

ရှန်ချင်းလော့၏ မျက်နှာအမူအရာက ရုတ်ချည်း အလွန်အမင်း အေးစက်သွားခဲ့ပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး “နင့်ငါ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စိတ်ကြိုက်ကိုင်တွယ် ပြီးသွားတာတောင် နင်က ကိုယ်လုပ်ခဲ့တာအတွက် ကိုယ်ကိုယ်တိုင် တာဝန်မယူချင်တာလား”

“နည်းနည်းလေးပဲ ထိခိုက်မိတာကို ကျွန်တော်အပေါ်မှာ မှီခိုဖို့ လိုအပ်တယ်လို့ ခင်ဗျားဆုံးဖြတ်လိုက်တယ်ပေါ့” ရန်ကိုင်ကို မဲ့ပြုံးပြုံးလိုက်ပြီး သူမကို ပြန်စိုက်ကြည့်လိုက်ကာ လေးနက်စွာနဲ့ ပြန်ပြောလိုက်တယ် “ပြီးတော့၊ ကျွန်တော်က ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိတဲ့ ကောင်လေး တစ်ယောက်ယောက်ပဲ ရှိသေးတာ။ ခင်ဗျားကို မတွေ့ခင်တုန်းကဆိုရင် ကျွန်တော်က စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အပြစ်ကင်းတာ။ တကယ်တမ်း ဆုံးရှုံးသွားစရာရှိ ကျွန်တော်ကပဲ ဆုံးရှုံးသွားရတာကို။ အဲ့ဒါကြောင့် မျှမျှတတနဲ့ပဲ အားလုံးကို မေ့ပစ်သလို သဘောထားလိုက်ပြီး ဘယ်တုန်းကမှ မဖြစ်ပျက်ခဲ့အတိုင်း နေကြမယ်လေ”

“အရှက်မရှိ လိမ်ညာနေတဲ့ ကောင်စုတ်၊ အဲ့လောက် ကျွမ်းကျင်ပြီး တက်ကြွနေတာကိုတောင် အတွေ့အကြုံမရှိဘူးဆိုပြီး နင်ဘယ်လိုများ ပြောထွက်နိုင်ရတာလဲ” ရှန်ချင်းလော့က ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်နေရင်း ရုတ်တရက် ကျော့ရှင်းစွာ ကောက်ကာငင်ကာနဲ့ ပြုံးလိုက်ပြီး “ငါတို့ အဆိပ်မုဆိုးမခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မျိုးဆက်တစ်ခုစီတိုင်းက မိန်းမတစ်ယောက်စီတိုင်းက ယောကျ်ားတစ်ယောက်ကိုပဲ ချစ်လေ့ရှိကြတယ်။ နင်က နင့်ရဲ့ ပုံရိပ်ကို ငါ့ရဲ့နှလုံးသားထဲမှာ စွဲမြဲသွားအောင် တံဆိပ်ခတ်နှိပ်ခဲ့တယ်ဆိုတော့ ဒီတစ်ဘဝလုံး ငါ့လက်ကနေ လွတ်မြောက်ဖို့ စိတ်တောင် မကူးတော့နဲ့”

“လခွမ်းပဲ… ကောင်းကင်က ဘာလို့ဒီလောက်တောင် ရက်စက်ရတာလဲကွာ” ရန်ကိုင်က မကျေမနပ်နဲ့ အထွန့်တက်လိုက်တယ်။

“ဟဲဟဲ…” ရှန်ချင်းလော့က ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။ သူမမျက်နှာတစ်ခုလုံးက ဂုဏ်ယူသည့် အပြုံးတို့ဖြင့် ပွင့်လန်းနေခဲ့ပြီး အောင်မြင်မှုကို ကြည်နူးသည့် အရိပ်အယောင်တို့က သူမမျက်လုံးထဲ ဖြတ်ပြေးသွားခဲ့တယ်။

ဒါပေမယ့် အဲ့အချိန်မှာပဲ စူးစူးရှရှ အော်ဟစ်သံတစ်သံက အနီးအနားကနေ ထွက်ပေါ်လာခဲ့တယ်။

ထိုအော်သံကြောင့် နိုးလာတဲ့ လူတွေအားလုံးက အသက်အောင့် ထားလိုက်ကြပြီး ဘေးပတ်ဝန်းကျင်ကို နားစွင့်လိုက်ကြတယ်။ ပိုင်းဖြတ်ခံလိုက်ရသည့် အသံနင့်အတူ အရည်‌တွေ ပန်းထွက်လာခဲ့ပြီး နောက်မှာတော့ သူတို့ကို ရစ်ပတ်လွှမ်းခြုံထားတဲ့ ပင့်ကူမျှင်အိမ်က သွေးတွေနဲ့ စွန်းထားသွားတာကို တွေ့ရှိလိုက်ရတယ်။

“သခင်လေး… ထွက်မလာနဲ့။ သူတို့တွေက အပြင်ဘက်မှာ…အား” ထိုကဲ့သို့ အော်ဟစ်လိုက်သံ ထွက်ပေါ်လာပြီးနောက် မည်သည့် လှုပ်ရှားမှုမှ ထပ်မံမတွေ့ရှိ ရတော့ပါဘူး။

တစ်ခဏကြာပြီးနောက် တစ်ခုခုကို ဝါးစားနေသည့် အသံ ထွက်ပေါ်လာခဲ့တယ်။

ရှန်ချင်းလော့၏ မျက်နှာ လှလှလေးက မသိမသာလေး ဖြူလျော်သွားခဲ့တယ်။ သူမရဲ့ နူးညံ့ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်လေးက ရန်ကိုင်ဆီကို အလိုလို တိုးကပ်သွားခဲ့လိုက်ပြီး သူ့လက်မောင်းထဲ ခွေခွေလေး တိုးဝင်သွားခဲ့တယ်။

“ဘိုင်မိသားစုရဲ့ လူတွေထဲက တစ်ယောက်ပဲ…” လော့ရှောင်မန်ရဲ့ တုန်ရီနေတဲ့အသံက သူတို့ဘေးဘက်ကနေ ထွက်ပေါ်လာခဲ့တယ်။ သူမကြောက်ရွံ့တုန်လှုပ်နေပြီ ဆိုတာကို သူမလေသံထဲကနေ ခံစားကြည့်နိုင်ပါတယ်။ သူမက ရင်သားသာ ကြီးပေမယ့် သူတ္တိကတော့ ပဲစေ့လောက်ပဲ ရှိပါတယ်။ ဒီတစ်လလုံးလုံး တုန်လှုပ်ခြောက်ခြားစွာနဲ့ အဆက်မပြတ် ထွက်ပြေးနေခဲ့ရတာ တွေက သူမရဲ့ စိတ်အခြေအနေကို တော်တော်လေး အကျိုးသက်ရောက်သွားတဲ့ ပုံပါပဲ။

ပုံမှန်ဆိုရင် ချူရီမန်က သူမကို နှစ်သိမ့်ပေးလေ့ ရှိပါတယ်။ ဒါပေမယ့် အခုတော့ သူတို့နှစ်ယောက်စလုံးက အဖမ်းခံထားရပြီး သူမကလည်း ချူရီမန်နဲ့ အတူတူ ရှိမနေတဲ့အတွက် ရုတ်တရက်ကြီး အထီးကျန်ကာ အဖော်မဲ့နေသလို ခံစားလိုက်ရပါတယ်။ ထို့အတွက် ကြောင့်ပဲ သူမခံစားနေရသည့် ဖိအားက ဆထက်ထပ်ပိုး တိုးတက်များပြား လာခဲ့ပါတော့တယ်။

“ရှောင်မန်၊ မငိုနဲ့နော်။ မဟုတ်ရင် ပင့်ကူတွေက နင့်ကို သတိထားသွားမိလိမ့်မယ်” ချူရီမန်က အလျင်စလိုနဲ့ လော့ရှောင်မန်ကို နှစ်သိမ့်ပေးလိုက်တယ်။

ဒါပေမယ့် ထိန်းချုပ်မှု လွတ်သွားပြီးနောက် လော့ရှောင်မန်က သူမရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်ပါ့မလဲ။ သူမရဲ့ ပါးစပ်ကလေးကို လက်ကနေးနဲ့ ပိတ်ပြီး ငိုရှိုက်နေခဲ့ပေမယ့် သူမရဲ့ ငိုသံက တဖြည်းဖြည်း ကျယ်လောင်လာခဲ့တဲ့အတွက် အဆင့်၆ပင့်ကူ ဖြစ်တဲ့ နွားသိုးအရွယ်လောက် ရှိတဲ့ ပင့်ကူတစ်ကောင်က သိပ်မကြာခင်မှာပဲ သူမရှေ့ကို ရောက်ရှိလာခဲ့တယ်။ လော့ရှောင်မန်လည်း စူးရှစွာနဲ့ သံကုန်အော်ဟစ် လိုက်ပြီး ချက်ချင်းပဲ သတိလစ်သွားပါတော့တယ်။

ငါတို့အားလုံး ကံဆုးမိုးမှောင်ကျပြီ ထိုကောင်မလေးကတော့ ကျိန်းသေသေပြီလို့ အားလုံးက တွေးနေတာပါ။

သူ့ဘေးနာက အသံတွေကို သေချာနားထောင်နေရင်း ရန်ကိုင်က အသက်ရှူဖို့တောင် မေ့လျော့နေခဲ့ပါတယ်။

ကံကောင်းစွာဖြင့် အကြောင်းပြချက် အချို့ကြောင့် ထိုပင့်ကူကြီးက လော့ရှောင်မန် အရှေ့မှာ တစ်ခဏလောက်သာ ရစ်သီရစ်သီ လုပ်နေပြီး တာနဲ့ အသာအယာ ပြန်ထွက်သွားပါတော့တယ်။

ဟူး… ချူရီမန်က သက်ပြင်းအရှည်ကြီး ချလိုက်တယ်။ အခုမှပဲ သူမစိတ်ထဲက ကြောက်ရွံ့မှုတွေ ပြေပျောက်သွားတော့တယ်။ သူမတစ်ကိုယ်လုံး ချွေးအေးတွေနဲ့ စိုရွှဲနေတာကို ခပ်မြန်မြန်ပဲ သတိပြုမိလိုက်တယ်။

“ငါတို့ အချင်းချင်း စကားပြောရင်တောင် ထွက်ပြေးဖို့ မကြိုးစားသရွေ့ သူတို့က ငါတို့ကို လျစ်လျူရှုထားမှာပဲ” ရန်ကိုင်က စဉ်းစားလိုက်ပြီး ပြောလိုက်တယ်။

ကံမကောင်းစွာဖြင့် ဘိုင်မိသားစုက ကျင့်ကြံသူက လျှို့ဝှက်ပညာရပ် တစ်ခုခုကို အသုံးပြုပြီး ထွက်ပြေးဖို့ ကြိုးစားတာကြောင့် အသတ်ခံလိုက်ရတာပါ။

ရန်ကိုင် ပြောတာကို ကြားလိုက်တော့မှပဲ အားလုံးက အနည်းငယ်လေး စိတ်သက်သာရာ ရသွားခဲ့တယ်။ ရုတ်တရက် လူတိုင်း၏ ပြင်းပြတဲ့ အသက်ရှူသံတို့ ထွက်ပေါ်လာခဲ့တယ်။ အစတုန်းကတော့ ပင့်ကူတွေကို ကြောက်လို့ သူတို့ရဲ့ အသက်ရှူသံနှင့် နှလုံးခုန်သံတွေကိုတောင် ဖိနှိပ်ထားခဲ့ရတာပါ။

“အစ်ကိုကျို့၊ အစ်ကိုကျို့…” ယွမ်ရှီက ရုတ်တရက် ခေါ်လိုက်တယ်။

“ငါဒီမှာ ရှိတယ်” ကျို့ယွမ်မင်က ခပ်မြန်မြန် ပြန်ထူးလိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ် “ညီအစ်ကိုတို့၊ မင်းတို့ အဆင်ပြေကြလား”

“သိပ်တော့ အဆင်မပြေဘူး” ကူထန်းလော့က ဝင်ပြောလိုက်တယ်။

“ငါတို့အားလုံးက ဒီပင့်ကူပိုးမျှင်အိမ်တွေထဲမှာ ပိတ်မိနေတော့ အခုလောလောဆယ်တော့ လှုပ်ရှားလို့ ရဦးမှာ မဟုတ်သေးဘူး” ယွမ်ရှီက ဆက်ပြောလိုက်တယ် “ဒီပင့်ကူပိုးမျှင်အိမ်တွေကနေ ဖောက်ထွက်လို့ရတယ်။ ဒါပေမယ့် အစ်ကိုကျို့လည်း သိပါတယ်။ အပြင်ဘက်မှာက ပင့်ကူတွေ အများကြီးရှိနေတယ်လေ။ အဲ့တော့ ငါတို့ အပြင်ဘက်က‌ ကောင်တွေကို ဘယ်လိုရင်ဆိုင်ရရင် ကောင်းမလဲ”

ကျို့ယွမ်မင်လည်း ပြန်မဖြေနိုင်ခဲ့ပါဘူး။ ပင့်ကူတွေမှာ အဆင့်၆ပင့်ကူ ၂၀၊၃၀လောက် ရှိနေပါတယ်။ ဒါပေမယ့် သူတို့ဘက်မှာတော့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ ၅ယောက်၊၆ယောက် လောက်ပဲ ရှိပါတယ်။

တကယ်တမ်းသာ တိုက်ကြမယ်ဆိုရင် သူတို့ အသာလေး ရှုံးနိမ့်သွားမှာပါ။ ပြီးတော့ ထိုပင့်ကူတွေရဲ့ ပင့်ကူမျှင်တွေ ပစ်လွှတ်တဲ့ စွမ်းရည်ကလည်း တော်တော်လေး ကြောက်ဖို့ကောင်းလှပါတယ်။ သူတို့က ပြန်တိုက်ခိုက်နိုင်တယ် ဆိုရင်တောင်မှပဲ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက် ဖို့ကတော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

“ငါလခွမ်းပဲ၊ ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲကွာ” ယွမ်ရှီက ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး “အပြင်မှာ ပင့်ကူတွေ ဘာလို့ ဒီလောက် အများကြီး ရှိနေရတာလဲ”

ရှန်ချင်းလော့က မရယ်ပဲ မနေနိုင်အောင် ဖြစ်မိသွားကာ ထိုလူတွေကို ငြှောင့်နဲ့ ဝင်ထိုးပေးလိုက်တယ် “ကံကြမ္မာအကျိုးပေးတာလေ”

ကျို့ယွမ်မင်က ဒေါသထွက်သွားခဲ့ပြီး ရက်ရက်စက်စက် ဆဲရေးတိုင်းထွာပါတော့တယ် “မိန်းမပျက်မ၊ ဒီကနေ ငါမလွတ်ပါစေနဲ့လို့သာ ဆုတောင်းနေသိလား၊ ငါသာ လွတ်သွားခဲ့ရင်… အနှေးနဲ့အမြန် နင့်ကို သေတာထက် ဆိုးတာကို ခံစားရအောင် ငါနင့်ကို လုပ်ပြမယ်။ ဒီအရှင်သခင်ရဲ့ ခွကြားအောက်မှာ နင့်ကို တောင်းပန်ငိုကြွေးရအောင် လုပ်ပြမယ်”

ရှန်ချင်းလော့၏ မျက်နှာက ရုတ်တရက် ရေခဲတမျှ အေးစက်သွားခဲ့ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်လိုက်တယ်။ သူမ ပြန်ပြောချင်ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။

ဒီမှာရှိနေတဲ့ လူတွေအကုန်လုံး တစ်ယောက်မှ မတိုက်ခိုက်နိုင် ကြတဲ့အတွက် စကားလုံးနဲ့ စစ်ဖြစ်မယ်ဆိုရင် မိန်းမတစ်ယောက်က ယောကျ်ားတစ်ယောက်ရဲ့ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေက ညစ်ညစ်ပတ်ပတ် စကားလုံးတွေနဲ့သာ ပြန်ပြီး ဆဲရေးတိုင်းထွာ နေမယ်ဆိုရင် သူမဂုဏ်သိက္ခာကိုတောင် ညစ်ပတ်စွန်းထင်း သွားစေနိုင်ပါတယ်။

“ဟားဟားဟား” ရှန်ချင်းလော့က တိတ်ဆိတ်နေတာကို တွေ့လိုက်ရတော့ ယွမ်ရှီက ဝါးလုံးကွဲ အော်ဟစ်ရယ်မောလိုက်ပြီး “အစ်ကိုကျို့၊ ဒီမိန်းမက တကယ့်ကို ဒဏ္ဏာရီလာ ပုဂ္ဂိုလ်ကြီး တစ်ယောက်ပဲ။ အစ်ကိုရဲ့ အသက်စွမ်းအင် အဆီအနှစ်တွေကို အကုန်ပြောင်အောင် စုပ်ယူသွားမှာကိုလည်း သတိထားဦးနော်”

ကူထန်းလော့က ရယ်မောလိုက်ပြီး “ကောင်းတာတစ်ချက်က အစ်ကိုကျို့က တစ်ယောက်တည်း ဖြစ်မနေတာပဲ။ အစ်ကိုကျို့ကို ကူညီဖို့ ငါတို့ ညီအစ်ကိုတွေ အများကြီး ရှိနေသေးတယ်လေ”

“မှန်လိုက်တာကွာ၊ ဒီမုန်းတိုင်းကနေ လွတ်မြောက်အောင် စောင့်ပေါ့ကွာ။ အဲ့ကျမှပဲ အဲ့မိန်းမပျက်မကို ငါတို့ ညီအစ်ကိုတွေ အကုန်လုံး မရပ်မနား ဝိုင်းပြီး မုဒိန်းကျင့်ကြမယ်။ ကမ္ဘာအကျော်ကြားဆုံး မိန်းမပျက်မက ဘယ်နှစ်ရက်၊ ဘယ်နှစ်ည တောင့်ခံနိုင်လဲဆိုတာက ကြည့်ရတာပေါ့”

“ညီအစ်ကိုယု၊ မင်းက ယင်ယန်စုပ်ယူခြင်းကျင့်စဉ်ကို လေ့ကျင့်တယ်မလား။ ဘယ်သူ့ကျင့်စဉ်က ပိုကောင်းမယ် ထင်လဲ။ မင်းရဲ့ ကျင့်စဉ်လား၊ အဲ့မိန်းမပျက်မရဲ့ ဖြာယောင်းညို့ယူခြင်း နည်းစနစ်လား”

ညီအစ်ကိုယုက ရက်စက်သည့် အပြုံးကို ဆင်မြန်းလိုက်ရင်း “ကျင့်စဉ်ချင်း ယှဉ်လိုက်မယ်ဆိုရင် ငါ့ရဲ့ကျင့်စဉ်က ဒီမိန်းမပျက်မရဲ့ ကျင့်စဉ်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်ပါ့မလဲ။ ဒီမိန်းမပျက်မက ညလုံးပေါက် ကျေနပ်အားတရကြီး အော်ဟစ်ညီးတွားနေကြလေ။ ယန်အဆီအနှစ်တွေကို စုပ်ယူပြီးခံရလို့ သေသွားတဲ့ ယောကျ်ားတွေဆိုရင်လည်း များလွန်းလို့ အုတ်ဂူတောင် မဖို့နိုင်တော့ဘူး။ ကျင့်စဉ်တွေကိုသာ အသုံးမပြုဘူးဆိုရင် ဒီမိန်းမပျက်မက ငါ့ကို ရပ်တန့်ပေးဖို့ တောင်းဆိုနေရလိမ့်မယ် ဆိုတာကို ဒီအရှင်သခင်က အပြည့်အဝ ယုံကြည်ထားတယ်”

“ဟားဟားဟား။ ညီအစ်ကိုယွမ်ရဲ့ ပုံစံက တကယ်လန်းတာပဲ”

“ညီအစ်ကိုဘန်၊ လွန်ခဲ့တဲ့ ရက်တုန်းက မိန်းကလေး တော်တော်များများကို မင်းလက်ခံလိုက်ရသေးတယ်ဆို။ သူတို့အားလုံးက အပျိုစင်အလှလေးတွေ မလား။ ဒီကနေ လွတ်မြောက်နိုင်ခဲ့ပြီး ငါတို့ကိုလည်း နည်းနည်းပေးရမယ်နော်။ ပျော်စရာရှိ အားလုံး အတူတူ ပျော်သင့်တာပေါ့လို့”

“ညီအစ်ကိုယုပြောတဲ့ အကြံက မဆိုးဘူး” ကျိုယွမ်မင် လေသံပြဲကြီးနဲ့ ဝင်ထောက်ခံလိုက်တယ်။ အခုလို ကပ်ဆိုးမျိုးနဲ့ ရင်ဆိုင်နေရပေမယ့် မိန်းကလေးတွေ အကြောင်းတွေးမိလိုက်တဲ့ အချိန်မှာတော့ သူ့အသက်ရှူသံက လေးလံလာခဲ့ပြီး “အဲ့အချိန်ကျရင် အဲ့နတ်ဆိုးဘုရင်မရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်မယ်။ ပြီးရင် သူမကို ကာမအားတိုးဆေး တိုက်ပြီး ညီအစ်ကိုဘန်ရဲ့ မိန်းကလေး အသစ်ကလေးတွေနဲ့ ငါတို့ ကစားနေတာကို ထိုင်ကြည့်ခိုင်းရမယ်။ ဒီမိန်းမပျက်မ ဘယ်လို ညည်းတွားနေမလဲဆိုတာကို ငါတို့ ထိုင်ကြည့်ရတာပေါ့ကွာ”

“ဟားဟားဟား။ အဲ့အချိန်ကျရင် ဒီမောက်မာတဲ့ နတ်ဆိုးဘုရင်မက သူမကို လုပ်ပေးဖို့ ငါတို့ကို လာပြီးတောင်းဆိုနေရလိမ့်မယ်”

“ငါတို့ သူမနဲ့ အကြိမ်တစ်ထောင်လောက် ကစားပြီးတာနဲ့ သူမကို ကမ္ဘာပေါ်မှာရှိတဲ့ အညစ်ပတ်၊ အစုတ်ပြတ်ဆုံး ဆောင်ကြာမြိုင်ဆီ ရောင်းစားပစ်ရမယ်။ အဲ့လိုမှပဲ သူတောင်းစားတွေ၊ ဒုက္ခတတွေနဲ့ အမှိုက်တွေက သူမကို မြည်းစမ်းနိုင်မှ။ အဲ့မှာ နှစ်အနည်းငယ်လောက် ကြာအောင် နေပြီးသွားပြီဆိုရင် ကမ္ဘာဆွဲဆောင်မှု အရှိဆုံး မိန်းကလေးဆိုတာကို အသာထားလိုက်ဦး။ ခွေးရိုင်းတွေတောင် သူမရဲ့ ချဉ်စုတ်နေတဲ့ အနံအသက်ကို တောင့်မခံနိုင်မှာ စိုးရတယ်”

“ဟားဟားဟား…”

…

သူတို့ရဲ့ ယုတ်ညစ်တဲ့ စကားတွေက ပိုပိုပြီး ရိုင်းဆိုင်းလာခဲ့ပါတယ်။ အခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့အတွက် ထိုမိစ္ဆာနယ်မြေက ကျင့်ကြံသူတွေက သူတို့ရင်ထဲက ကြောက်ရွံ့မှုတွေကို ရှန်ချင်းလော့က ညစ်ညမ်းတဲ့ စကားတွေနဲ့ စော်ကားရန်စရင်း ဖြေဖျောက်နေကြပါတယ်။

ထိုစကားတွေကို ကြားလိုက်တာနဲ့ ရှန်ချင်းလော့၏ မျက်နှာက ပိုပြီး အေးစက်လာခဲ့ပြီး သူမ၏ အသက်ရှူသံကလည်း ပိုမို မြန်ဆန်လာခဲ့တယ်။ သူမ၏ ခန္ဓာကိုယ်လေးက ဒေါသကြောင့် တဆတ်ဆတ် တုန်ရင်နေခဲ့ပြီး သူမ၏ မျက်လုံးတွေဟာဆိုရင်လည်း ပြင်းထန်လွန်းတဲ့ သတ်ဖြတ်လိုစိတ်တို့နဲ့ ပြည့်လျမ်းနေခဲ့ပါတယ်။ အခု သူမရဲ့ ဒေါသဟာ ဘယ်တုန်းကမှ မရောက်ခဲ့ဖူးတဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိခို့ နေခဲ့ပါပြီ။

သူမဘေးနားမှာ ရှိနေတဲ့ ရန်ကိုင်တောင် ထိုစကားတွေကြောင့် အလိုလို ဒေါသထွက်လာမိခဲ့တယ်။

“ငါသူတို့တွေကို သတ်ပစ်မယ်၊ အနှေးအမြန် သူတို့ တစ်ယောက်ချင်းစီကို ခွေးဝဲစားတွေလို သစ်ပစ်မယ်” ရှန်ချင်းလော့က အံလေးကြိတ်၊ လက်သီးလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားရင်း ပြောလိုက်တယ်။

သူမက ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မပါ။ သူမကို ထိုကဲ့သို့ ယုတ်ညစ်သည့် စကားလုံးတွေကို စော်ကားဖို့ကို အသာထား၊ ဘယ်ယောကျ်ားကမှ သူမကို တိုက်ရိုက်မကြည့်ရဲ ကြပါဘူး။ ဒါပေမယ့် အခု သူတို့အားလုံး သားရဲတွင်းထဲ ရောက်နေတဲ့အချိန် သားရဲဘုရင်ရဲ့ အစေခံတွေက သူမကို အဆက်မပြတ် စော်ကား၊ ကျိန်ဆဲ ရန်စနေခဲ့ပါတယ်။

“စိတ်မပူနဲ့။ ခင်ဗျားဒေါသတွေကို ခင်ဗျားအစား ကျွန်တော် ဖွင့်ထုတ်ပေးမယ်” ရန်ကိုင်က ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်တယ်။

“ဟင်” ရှန်ချင်းလော့က ရုတ်တရက် သူ့ကို ကြည့်လိုက်တယ်။

“ကဲ၊ နားသာ နားထောင်စမ်းပါ” ရန်ကိုင်က ဆန်းဆန်းကြယ်ကြယ် ပြုံးလိုက်ပြီး သူ့မျက်နှာက တဖြည်းဖြည်း အေးစက်လာခဲ့တယ်။ ထိုမိစ္ဆာကျင့်ကြံသူတစ်သိုက်က ရှန်ချင်းလော့ကို ညစ်ပတ်တဲ့ စကားမျိုးစုံနဲ့ အဆက်မပြတ် ပြောဆို ရန်စနေခဲ့တယ်။

အဲ့လို ပြောဆိုရန်စနေတဲ့ အချိန်မှာပဲ သူတိုထဲ တစ်ယောက် ကြောက်လန့်တကြား စူးစူးဝါးဝါးနဲ့ အော်ဟစ်လိုက်တယ်။ ရုတ်တရက် သူတို့ပါးစပ်တွေ အကုန်လုံး ပိတ်သွားခဲ့ကြတယ်။

“ညီအစ်ကိုယွမ်၊ ဘာဖြစ်တာလဲ။ မင်းဘာဖြစ်သွားတာလဲ” ကျိုယွမ်မင်က ကမန်းကတန်းနဲ့ မေးလိုက်တယ်။ ထိုအော်သံက ယွမ်ရှီဆီကနေ ထွက်ပေါ်လာတယ် ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် အခု ယွမ်ရှီရဲ့ အသံကို မ ကြားရတော့ပါဘူး။

“ညီအစ်ကိုယွမ်”

ကျန်တဲ့လူတွေလည်း ယွမ်ရှီနာမည်ကို အော်ခေါ်နေကြပေမယ့် ယွမ်ရှီဆီကနေ ပြန်ထူးသံ ထွက်ပေါ်မလာခဲ့ပါဘူး။

ကြောက်လန့်ဖွယ်ကောင်းတဲ့ ခံစားချက်တစ်ခုက လူအုပ်ကြီးကို တဖြည်းဖြည်း ဖုံးအုပ်လာခဲ့တယ်။ ဒါပေမယ့် ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ မသိသေးခင်မှာပဲ နောက်ထပ် အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့တယ်။

အော်ဟစ်လိုက်တာနဲ့ ညီအစ်ကိုယုက သူ့ရဲ့ သိုင်းပညာရပ်ကို ခပ်မြန်မြန်ပဲ ထုတ်သုံးလိုက်တယ်။

ဒါပေမယ့် ထိုကဲ့သို့လုပ်လိုက်တာက ပင့်ကူတွေရဲ့ အာရုံကို

ပိုမိုဆွဲဆောင်လိုက်သလို ဖြစ်သွားခဲ့ပြီး ပင့်ကူရှစ်ကောင်လောက် သူ့ဆီကို ရောက်လာပါတော့တယ်။ အသက်ရှူစာ အကြိမ်အနည်းငယ် အတွင်းမှာပဲ ညီအစ်ကိုယုက တစစီဖျက်စီး ခံလိုက်ရတဲ့ အလောင်းတစ်လောင်း ဖြစ်သွားခဲ့ပါပြီ။

အားလုံး တိတ်ဆိတ်သွားခဲ့ပြီး ဘယ်သူမှ ဆက်ပြီး စကားမပြောရဲတော့ပါဘူး။

ရှန်ချင်းလော့ရဲ့ မျက်ဝန်းအစုံက အံ့အားသင့်သည့် အရိပ်အယောင်တို့ဖြင့် လက်နေခဲ့တယ်။ ထို့နောက် ရန်ကိုင်ကို သံသယအကြည့်နဲ့ ကြည့်လိုက်တယ်။ ဒါပေမယ့် ရန်ကိုင်က ပြုံးရုံသာ ပြုံးလိုက်ပြီး လေသံတိုးတိုးလေးနဲ့ ပြောလိုက်တယ် “မပြီးသေးဘူး”

ပြောပြီးတာနဲ့ နောက်ထပ် ထိတ်လန့်တကြား အော်ဟစ်သံတစ်သံ ထပ်မံ ထွက်ပေါ်လာခဲ့တယ် “ညီအစ်ကိုဘန်၊ ပင့်ကူတွေထဲက တစ်ကောင်က မင်းဆီလာနေတယ်”

“ဘာ” တုန်လှုပ်ခြောက်ခြားနေတဲ့ အော်သံတစ်သံ ထွက်ပေါ်လာခဲ့တဘ်။ ညီအစ်ကိုဘန်က သေမှာကို ထိုင်ပြီး စောင့်ဆိုင်းနေမယ့် လူမျိုးမဟုတ်ပါဘူး။ ထို့ကြောင့် အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး သူ့ကို ရစ်ပတ်ထားတဲ့ ပင့်ကူပိုးမျှင်အိမ်ကို ဖျက်စီးလိုက်တယ်။ ဒါပေမယ့် ပင့်ကူပိုးမျှင်အိမ်ကနေ ထွက်ပေါ်လာရုံပြ ရှိသေး၊ ဓါးသွားလိုထက်ရှသည့် ပင့်ကူခြေထောက် တစ်ချောင်းက သူ့ခေါင်းပေါ် တည့်တည့်ကျလာခဲ့တယ်။

ကြက်သွေးရောင် သွေးပန်းတို့ ပွင့်လန်းလာမှုနှင့်အတူ များစွာသော ခေါင်းပြတ်တွေလည်း မြေခခဲ့ရတယ်။ သွေးတွေဆိုရင်လည်း စမ်းချောင်းအသေးစားလေး အလား တသွင်သွင်စီးကျလို့ နေခဲ့ပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ” ကျို့ယွမ်မင်က အော်ဟစ်လိုက်တယ်။

ထွက်ပြေးဖို့ မကြိုးစားသရွေ့ အကျယ်ကြီး အော်ဟစ်စကား ပြောရင်တောင် ဘာမှမဖြစ်ဘူးလို့ သူတို့ထင်ထားတာပါ။ ဒါပေမယ့် မမျှော်လင့်ပဲ သူတို့ရဲ့ အော်ကျယ် အော်ကျယ် စကားသံတွေက ထိုပင့်ကူတွေကို အာရုံစိုက်မိသွားစေတဲ့ ပုံစံပါပဲ။

ထိုအချိန်တွင် ကျို့ယွမ်မင်ရှေ့ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အဆင့်၆ပင့်ကူ တစ်ကောင်က သူ့ဆီကို ဖြေးဖြေးချင်း ချဉ်းကပ်လို့ လာနေခဲ့တယ်။

“ညီအစ်ကိုတို့၊ ပင့်ကူတွေက လက်လွတ်စပယ် သတ်ဖြတ်နေကြပြီ။ ငါတို့ အခုထွက်ပြေးမှပဲ အဆင်ပြေလိမ့်မယ်။ ကျို့ယွမ်မင် အော်ဟစ်ကြုံးဝါးလိုက်ပြီး ပင့်ကူပိုးမျှင်အိမ်ကို ဖျက်စီးကာ သူ့ဆီ ချဉ်းကပ်လာနေတဲ့ အဆင့်၆သားရဲကို တိုက်ခိုက်လိုက်တယ်။

ကျိုယွမ်မင် စတင်တိုက်ခိုက်တာကို မြင်လိုက်တာနဲ့ ကျန်တဲ့လူတွေလည်း မတုန့်ဆိုင်းရဲတော့ပါဘူး။ သူတို့အားလုံးလည်း ရှိရှိသမျှ အားကုန်ထုတ်သုံးကာ ပင့်ကူပိုးမျှင်အိမ်တွေထဲကနေ ထွက်ပြေးလိုက်ကြတယ်။

ဖူးဖူးဖူး….

ချက်ချင်းပဲ ဘေးပတ်ဝန်းကျင် အနီးအနားမှာ ရှိနေတဲ့ ပင့်ကူအကောင်၂၀၊၃၀လောက်က ထိုမိစ္ဆာကျင့်ကြံသူတွေဆီ ခုန်ဝင်လာကာ ပင့်ကူမျှင်တွေနဲ့ ပစ်လွှတ်လိုက်ကြတယ်။ သိပ်မကြာခင်မှာပဲ ထိုထွက်ပြေးဖို့ ကြိုးစားတဲ့လူတွေ အကုန်လုံး အဖမ်းခံလိုက်ရပြီး ပင့်ကူမျှင်တွေနဲ့ တုပန်နှောင်ခြင်း ခံလိုက်ရကာ ပင့်ကူမျှင်တွေနဲ့ ချည်နှောင်ထားခြင်း ခံရတဲ့ မံမီရုပ်အလောင်းတွေ ဖြစ်ကုန်ပါတယ်။

Martial Peak

အပိုင်း(၃၀၈) ငါးရက်အကန့်အသတ်

နွားသိုးအရွယ်လောက် ရှိတဲ့ ဧရာမပင့်ကူကြီးက အဖြစ်အပျက် တစ်ခုလုံးကို ဘေးကနေသာ ထိုင်ကြည့်နေခဲ့ပါတယ်။ ထို့နောက် ထိုလူတွေဆီ ဖြေးဖြေးချင်း သွားလိုက်ပြီး ပင့်ကူမျှင်တွေကို ထပ်မံပစ်လွှတ်လိုက်ကာ ထိုလူတွေကို အတွင်းထဲဆီ ဆွဲခေါ်သွားပါတော့တယ်။

သူတို့အသက်တွေ အတွက်ထပ်ပြီး စိုးရိမ်စရာ မလိုတော့မှန်း သိလိုက်တော့မှပဲ ထိတ်လန့်ကြောက်လန့် နေတဲ့ လူတွေအားလုံး စိတ်သက်သာရာ ရသွားခဲ့ကြတယ်။ ဒါပေမယ့် ထိုပင့်ကူတွေက ဘာစိတ်ကူးပေါင်ကူးပေါက်ပြီး လူတွေ ထသတ်ကြမှန်း သူတို့ နားမလည်နိုင်ကြသေးပါဘူး။

ဒါပေမယ့် သူတို့ အပြည့်အဝ စိတ်သက်သာရာ မရသေးခင်မှာပဲ လူတွေကို စိတ်ရူးပေါက်ပြီး ထသတ်တဲ့ ပင့်ကူက သူ့ရဲ့ ထက်ရှတဲ့ ရှေ့ခြေထောက်ကို မြှောက်ပြီး ရက်ရက်စက်က် ထိုးချလိုက်ပါတယ်။

ဖူး…

သွေးတွေ ပန်းထွက်လာခဲ့ပြီး အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့ကာ ကျို့ယွမ်မင်၏ ခန္ဓာကိုယ်ကို ပင့်ကူခြေထောက်က ထိုးဖောက်သွားခဲ့တယ်။ ကျို့ယွမ်မင်က နာကျင်စွာ အော်မြည်ရင်း မြေကြီးထက် လူးလှိမ့်နေခဲ့တယ်။ ဒါပေမယ့် ပင့်ကူက သူ့ကို ဆက်ပြီးတော့ ဂရုမစိုက်တော့ပါဘူး။ ကျန်တဲ့ပင့်ကူတွေကိုပဲ သူ့အား ဆွဲခေါ်သွားခိုင်းလိုက်တယ်။ သူဆွဲခေါ်သွားခေါ်ခံရတဲ့ လမ်းကြောင်းတစ်လျှောက် သွေးကြောင်းရာကြီး ကျန်ခဲပါတယ်။

ကျို့ယွမ်မင်သာမက မိစ္ဆာနယ်မြေရှိ ကျင့်ကြံသူတွေ အားလုံး ထိုပင့်ကူခြေထောက်စာ မိသွားခဲ့ပါတယ်။ ကံမကောင်းတဲ့ လူတွေဆိုရင် နေရာမှာတင် ပွဲချင်းပြီး သတ်ခံလိုက်ရပြီး ကျန်တဲ့လူတွေကတော့ အကြောက်လွန်ကာ သတိလစ်သွားကြပါတယ်။

အဆုံးမရှိတဲ့ အော်ဟစ်သံတွေနဲ့အတူ ကျင့်ကြံသူတွေ တစ်ယောက်ပြီး တစ်ယောက်က ဆွဲခေါ်သွားခံခဲ့ရတယ်။

ချူရီမန်၏ လှပတဲ့ မျက်ဝန်းအစုံက ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ သူမမျက်နှာကထက် ထိတ်လန့်တုန်လှုပ် နေသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နိုင်ပါတယ်။ ကျို့ယွမ်မင် ပြောတာကို ကြားပြီးနောက် သူမလည်း သူ့စကားကို အဟုတ်ထင်ကာ ထွက်ပြေးဖို့ လုပ်လိုက်ပါသေးတယ်။

သူမသာ ထွက်ပြေးခဲ့မယ် ဆိုရင် သူတို့လို အဆုံးသတ်သွားမှာ အသေအချာပါပဲ။

ကံကောင်းစွာဖြင့် သူမထွက်ပြေးဖို့ မကြိုးစားခင် ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ နှစ်ယောက်ကို ကြည့်လိုက်မိပါတယ်။ ထိုနှစ်ယောက်က ဘာမှမလုပ်ပဲ ဒီအတိုင်း ငြိမ်နေတာကို တွေ့လိုက်ရတော့ သူမလည်း သူတို့အတိုင်းပဲ ဒီအတိုင်း ငြိမ်နေဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ သူမက အံ့ကြိတ်ပြီး မျှော်လင့်ချက် အလုံးစုံကို ရှန်ချင်းလော့အပေါ် စုပုံထားလိုက်တာပါ။

အခုတော့ သူမက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိုက်တဲ့ ပုံပါပဲ။

အခုဆို တိမ်မိစ္ဆာနယ်မြေက မိစ္ဆာကျင့်ကြံသူတွေ အကုန်လုံး ပင့်ကူခြေထောက်စာ မိပြီး အခြားပင့်ကူတွေရဲ့ ဆွဲခေါ်သွားခြင်းကို ခံလိုက်ရပါပြီ။ မိစ္ဆာသားရဲတွေက ထိုသွေးဆာနေတဲ့ သူတို့ရဲ့ အပေါင်းအပါကို ကြည့်လိုက်ပြီး ထိုကောင်က ဘာလို့ ထဖောက်ပြီး လူတွေထသတ်လဲ ဆိုတာကို သူတို့ နားမလည်နိုင်ကြပါဘူး။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပင့်ကူတွေအားလုံး သူတို့နေရာဆီ သူတို့ပြန်သွားကာ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေလိုက်ကြတယ်။

“ဘာလို့လဲ…” ကျို့ယွမ်မင်က အားနည်းစွာနဲ့ ပြောလိုက်တယ်။ သူ့လက်က သူ့ဝမ်းဗိုက်နေရာကို ဖိထာားခဲ့ပြီး ထိုနေရာမှ သွေးတွေကလည်း အဆက်မပြတ် စီးကျလို့ နေခဲ့ပါတယ်။ သူ့ရဲ့ လျှို့ဝှက်ကျင့်စဉ်ကိုလည်း လှည့်ပတ်လို့ မရခဲ့ပါဘူး။ သွေးတွေက စီးကျနေဆဲ ဖြစ်ပြီး သူ့အသံက အရမ်းကို တိုးညင်းနေခဲ့တယ် “ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ”

ထိုသားရဲတွေက သူတို့တိမ်မိစ္ဆာနယ်မြေက လူတွေကိုပဲ ပလိန်းကြီး ပစ်မှတ်ထားခဲ့တာပါ။ ထိုအချက်က ကျို့ယွမ်မင်ကို ခေါင်းရှုပ်သွားစေခဲ့တယ်။

“ကံကြမ္မာအကျိုးပေးတာပဲ။ ဟားဟားဟား” ရန်ကိုင်ရဲ့ အော်ဟစ်ရယ်မောသံက သူ့နားထဲ ပျံ့လွင့်သွားခဲ့တယ်။

“နင်ဘာလုပ်လိုက်တာလဲ” ရှန်ချင်းလော့က မယုံကြည်နိုင်သည့် မျက်ဝန်းအစုံဖြင့် ရန်ကိုင်ကို ကြည့်လိုက်ပြီး မေးလိုက်တယ်။

သူမဒေါသကို ကူပြီး ဖြေဖျောက်ပေးမယ်လို့ ရန်ကိုင်က သူမကို ပြောခဲ့ပါတယ်။ ပြီးတာနဲ့ ချက်ချင်းပဲ ထိုလူတွေက ပင့်ကူတိုက်ခိုက်တာကို ခံရပါတော့တယ်။ ရန်ကိုင်သာ ထိုကိစ္စက သူနဲ့ဘာမှ မသက်ဘူးလို့ လာပြောရင် သူမယုံလိမ့်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ရန်ကိုင် လှုပ်ရှားတာကိုလည်း သူမ မတွေ့ခဲ့ရပါဘူး။ အဲ့လိုဆို သူက ထိုအဆင့်၆သားရဲကို ဘယ်လိုထိန်းချုပ်လိုက်တာလဲ။

“လန်းတယ်မလား” ရန်ကိုင်က ဘဝင်ခိုက်နေတဲ့ အပြုံးကို ဆင်မြန်းရင်း မေးလိုက်တယ်။

ရှန်ချင်းလော့၏ အဆုံးမရှိတဲ့ ဆွဲဆောင်မှုတို့ဖြင့် ပြည့်နေသည့် မျက်ဝန်းထဲ ထူးဆန်းသည့် အလင်းတို့ လက်သွားခဲ့တယ်။ ထို့နောက် ချစ်စိတ်ပြင်းပြသည့် အရိပ်အယောင်တို့က သူမမျက်ဝန်းထဲ လင်းလက်သွားခဲ့တယ်။

ရုတ်တရက် ခြေဖျားလေးထောက်လိုက်ပြီး သူမ၏ နီစွေးနေတဲ့ နှုတ်ခမ်းသားလေးတွေနဲ့ ရန်ကိုင် နှုတ်ခမ်းအစုံကို ဖိကပ်နမ်းရှိုက်လိုက်တယ်။

“အွန့်…” ရန်ကိုင်လည်း အလစ်အငိုက် ချောင်းနမ်းခံလိုက်ရတဲ့ အတွက် ရှန်ချင်းလော့ကို ဖက်ထားတဲ့ သူ့လက်နှစ်ဖက်က အားစိုက်မိသွားခဲ့ပြီး ထိုမိစ္ဆာမရဲ့ နူးညံ့လှတဲ့ ခန္ဓာကိုယ်ကို သူ့ဆီ တွန်းကပ်လိုက်သလို ဖြစ်သွားခဲ့ကာ သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်က ပေါင်းစပ်သွားမတတ် ဖြစ်သွားခဲ့တယ်။

သူမရဲ့ နီစွေးနေတဲ့ နှုတ်ခမ်းပါးအစုံက ပျော့ပျောင်းပြီး အနည်းငယ်လေး ပူနေခဲ့ပါတယ်။ သူ့စိတ်တွေ ကြွလာရုံမက သူမနှုတ်ခမ်းသားထက်က အရသာလေးကြောင့် သူ့အရိုးတွေ ပျော့ခွေသွားတော့မလို ရန်ကိုင် ခံစားလိုက်ရတဘ်။

သူတို့နှစ်ယောက် တပ်မက်စွာ နမ်းရှိုက်နေရင်း ရှန်ချင်းလော့၏ အသက်ရှူသံမှ ထူးဆန်းသည့် ရနံ့တို့ ထွက်ပေါ်လာတဲ့အတွက် ရှန်ချင်းလော့လည်း ရန်ကိုင်နဲ့ နမ်းနေတာကို ချက်ချင်း ရပ်တန့်လိုက်ရတယ်။

ရန်ကိုင်ကို စိုက်ကြည့်နေရင်း ပြုံးလိုက်ပြီး နောက်ပြောင်လိုဟန်ဖြင့် ပြောလိုက်တယ် “ငါတို့ အကြာကြီး နမ်းလို့ မဖြစ်ဘူး။ ငါ… ငါသာ စိတ်ကြွလာမယ်ဆိုရင် အဆုံးသတ်က ကောင်းလိမ့်မှာ မဟုတ်ဘူး”

ရန်ကိုင်ပြုံးလိုက်ပေမယ့် သူ့အမူအရာကတော့ တော်တော်လေး ခါးသီးနေခဲ့ပါတယ်။ နှုတ်ခမ်းလေးကို သပ်လိုက်ရင်း ရန်ကိုင်က ပြောလိုက်တယ် “ငါ့လခွမ်း၊ နင်မိစ္ဆာမ၊ သနားစရာ ကောင်းတဲ့ ငါ့လို လူငယ်လေး တစ်ယောက်က နင့်လက်ထဲကို ရောက်သွားမှာတော့ ငါ့ရဲ့အဆုံးသတ်က ဘယ်လိုလုပ်ပြီး ကောင်းပါတော့မလဲ”

“ဟွန့်၊ ငါ့ကို ဒီလောက်အထိ အသားယူရတာကတောင် နင့်တစ်ဝလုံးရဲ့ ကောင်းချီးနဲ့ ညီမျှနေပြီ” ရှန်ချင်းလော့ အဓိပ္ပါယ်တွေနဲ့ ပြည့်နေတဲ့ အသံလေးနဲ့ ပြောလိုက်တယ် “အခြားယောကျ်ားတွေဆို ငါ့ကို ငေးကြည့်ခွင့်တောင် မရဘူး။ ဒါပေမယ့် နင်ကတော့ ငါ့ဆီကနေ တော်တော်များများကို ခိုးယူပြီးသွားခဲ့ပြီ”

“အရင်ဆုံးပြောရမယ်ဆိုရင် အမြဲတမ်း ငါကချည်းပဲ စခဲ့တာမဟုတ်ဘူး” ရန်ကိုင်က တိုက်ရိုက်ပဲ ပြောလိုက်တယ်။

“နင်တို့ နှစ်ယောက် ဘာလုပ်နေတာလဲ” ချူရီမန်က တိုးညင်းတဲ့ လေသံလေးနဲ့ မေးလိုက်တယ်။

“အဆုံးမရှိတဲ့ ငါတို့ရဲ့ အချစ်တွေကို ဖွင့်လှစ်ပြနေတာလေ”

“အရှက်မဲ့လိုက်တာ” ချူရီမန်က ခပ်မြန်မြန်ပဲ ပြန်အော်ပြောလိုက် ပြီးတာနဲ့ တိတ်ဆိတ်သွားခဲ့တယ်။ သူမရဲ့ မျက်နှာလှလှလေး ဟာဆိုရင်ဖြင့် နီးမြန်းလို့နေခဲ့ပါတယ်။

သူတို့ဘက်ကနေ ထူးဆန်းတဲ့ အသက်ရှူသံကို ခံစားမိနေတာလည်း မထူးဆန်းတော့ပါဘူး

အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး နေက အရှေ့ အရပ်ကနေ ထွက်လာခဲ့ကာ အနောက်ဘက်ကနေ ပြန်ဝင်သွားခဲ့တယ်။

ပင့်ကူတွေ သူတို့ကို ဖမ်းထားခဲ့တာ အချိန်အတော် ကြာသွားခဲ့ပါပြီ။ အဖမ်းခံရတဲ့ လူအားလုံးကလည်း ပင့်ကူပိုးမျှင်အိမ်ထဲမှာ ပိတ်မိနေခဲ့ပြီး ထွက်ပြေးလို့ မလွတ်မြောက် နိုင်ခဲ့ပါဘူး။ ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ နှစ်ယောက်လည်း အစဉ်အမြဲ ပူးကပ်နေခဲ့ပြီး ခွဲခွါလို့ မရခဲ့ပါဘူး။ ထိုမိစ္ဆာမက သူမရဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်လှပါတယ်။

သူမရဲ့ အသက်ရှူဟန်၊ ကြည့်တဲ့အကြည့်နဲ့ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက ရန်ကိုင်ရဲ့ ခံစားချက်တွေကို ပရမ်းပတာ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ အထူးခန္ဓာကိုယ်ကြောင့် ရန်ကိုင်လည်း ရမ်းသန်ပြီး မလုပ်ရဲခဲ့ပါဘူး။ သူမကိုလည်း အရမ်းကြီး မစနောက်ရဲအတွက် ဒီရက်အတောအတွင်းက သူ့အတွက် တော်တော်လေး ပျင်းစရာ ကောင်းနေခဲ့တယ်။

ချူရီမန်က သူမကိုယ်သူမ တည်ငြိမ်အောင် ကြိုးစားနေခဲ့တယ်။ အစကနေ အဆုံးထိ မည်သည့် ထိန်လန့်သည့် အရိပ်အယောင်ကိုမှ သူမထုတ်ဖော် ပြသခြင်း မရှိခဲ့ပါဘူး။ လော့ရှောင်မန်ကတော့ နေ့စဉ်နှင့်အမျှ ငိုကြွေးနေခဲ့ပြီး သူမအရမ်းကြောက်နေမှန်း သိသာပါတယ်။

ဘိုင်ယွမ်ဖုန်းကတော့ နိုးနေခဲ့တာ ကြာပါပြီ။ အရှေ့က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ကြားလိုက်ရပြီးနောက် သူလည်း တိတ်ဆိတ်နေခဲ့ပါတယ်။

တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေ အကုန်လုံးကတော့ အဆုံးသတ် မကောင်းခဲ့ပါဘူး။ အချို့က တစ်စစီ ဆုတ်ဖြဲခံခဲ့ရကာ အချို့ကတော့ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ရပါတယ်။

ဒီနေ့မှာတော့ သူ့ဘေးပတ်ဝန်းကျင်ကို ကောင်းကင် စိတ်အာရုံနဲ့ စစ်ဆေးနေတဲ့အချိန် အရမ်းအားကောင်းတဲ့ သွေးစွမ်းအင်ကို သူခံစားမိလိုက်တယ်။

ထိုတည်ရှိမှုရဲ့ ခွန်အားနဲ့ ထိုတည်ရှိမှုကနေ ထွက်ပေါ်နေတဲ့ သတ်ဖြတ်လိုစိတ်တို့က အဆင့်၆ ပင့်ကူတွေထက် အဆပေါင်းများစွာ ပိုပြီး သာလွန်ပါတယ်။ ထိုတည်ရှိက အခုမှ နိုးထာလာသည့် ပုံရပြီး ထိုနေရာမှာ အရင်ကတည်းက ရှိနေသည့်ပုံပါပဲ။

ရှန်ချင်းလော့ကို အသိမပေးရ သေးခင်မှာပဲ ကမ္ဘာတစ်လုံးလို လေးလံလှတဲ့ ဖိအားက သူတို့အားလုံးပေါ် သက်ရောက်လာခဲ့တယ်။ ထိုဖိအားကြောင့် မြေပြင်တွေ အက်ကွဲကာ ကောင်းကင်တောင် တုန်ခါသွားတော့မလား ထင်မှတ်ရပါတယ်။

သူတို့မမြင်နိုင်တဲ့ တစ်နေရာရာကနေ တစ်ခုခုက သူတို့စူးစိုက်ကြည့်နေတယ်လို့ အားလုံး ခံစားလိုက်ရတဘ်။

ထိုမမြင်နိုင်တဲ့ အကြည့်အောက်၌ ဘယ်သူပဲဖြစ်ဖြစ် အကုန်လုံးက သေးငယ်သွားသလို ခံစားရကာ ခေါင်းမော့ပြီးတော့တောင် ပြန်မကြည့်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ရှန်ချင်းလော့က ခပ်မြန်မြန်ပဲ အော်လိုက်တယ် “မလှုပ်နဲ့”

“အန်” ရှန်ချင်းလော့ပုံစံက တစ်ခုခုကို သိနေတဲ့ ပုံစံပေါက်နေတဲ့ အတွက် ရန်ကိုင်လည်း မနေနိုင်တော့ပဲ မေးလိုက်တယ်။

“သူမပဲ” ရှန်ချင်းလော့၏ မျက်ဝန်းအစုံက အနည်းငယ် တုန်ခါနေခဲ့ပြီး အလွန်အမင်းကို ရှုပ်ထွေးသည့် အကြည့်တို့က သူမမျက်နှာထက် ထင်ဟပ်နေခဲ့တယ်။

“ဘယ်သူလဲ”

“ပင့်ကူအမေကြီး” ရှန်ချင်းလော့က အသာအယာလေး ပြန်ပြောလိုက်တယ်။ “အဆင့်၇မိစ္ဆသားရဲပေါ့။ ငါတို့ထဲက ဘယ်သူမှ သူမရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး”

“အဆင့်၇လား” ရန်ကိုင်က သက်ပြင်းရှိုက်လိုက်မိတယ်။

“အင်း” ရှန်ချင်းလော့က တည်ငြိမ်စွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး “ဒီမိစ္ဆာသားရဲတွေက ဒီနေရာမှာ ဘာလို့ လွတ်လွတ်လပ်လပ် နေနိုင်တယ်လို့ နင်ထင်လဲ။ အဆင့်၆ မိစ္ဆာသားရဲ တစ်ကောင်ရဲ့ အမြူတေက အရမ်းကို တန်ဖိုးကြီးတယ်။ ပြီးတော့ ဒီနေရာမှ အဆင့်၆ ပင့်ကူတွေ အများကြီး ရှိနေတာ။ ပင့်ကူအမေကြီးက စောင့်ကြည့်နေလို့သာ မဟုတ်ရင် ဒီမှာရှိတဲ့ ပင့်ကူတွေ အကုန်အသတ်ခံလိုက်ရတာ ကြာပြီ”

အဆင့်၇ မိစ္ဆာသားရဲက စောင့်ကြပ်နေမှတော့ ဒီနေရာကို တစ်ယောက်ယောက်က ရှာတွေ့သွားခဲ့ရင်တောင် ရတဲ့တန်ဖိုးနဲ့၊ ပြန်ပေးဆပ်ရမယ့် တန်ဖိုးက ညီမညီ ပြန်ဆန်းစစ်သွားရပါလိမ့်မယ်။

“ဒါပေမယ့် အချိန်အများစုကိုတော့ ပင့်ကူအမေကြီးက မျိုးဟွာတာ၊ ဒါမှမဟုတ် အိပ်စက်တာနဲ့ပဲ ကုန်ဆုံးလေ့ရှိတယ်။ ဒါကြောင့် ဒီနေရာကို တစ်ယောက်ယောက်က လာပြီးမတိုက်ခိုက် သရွေ့ သူမက ဘာမှလုပ်လိမ့်မှာ မဟုတ်ဘူး” ရှန်ချင်းလော့က တိုးတိုးလေး ပြောလိုက်တယ် “အဲ့နေရာက ပင့်ကူရုပ်ထုကို ကြည့်လိုက်”

ရှန်ချင်းလော့ ညွှန်ပြတဲ့နေရာကို လှမ်းကြည့်လိုက်တဲ့အခါ ပင့်ကူရုပ်ထု တစ်ခုကို ရန်ကိုင် တွေ့လိုက်ရတယ်။ ထိုပင့်ကူရဲ့ ရုပ်ထုက အခုအသိုက်ထဲမှာ ရှိနေတဲ့ ပင့်ကူတွေရဲ့ ပုံစံနဲ့ ဆင်တူပါတယ်။

“ပင့်ကူအမေကြီးက အဲ့နေရာမှာ နေတယ်။ ငါလာရှာတဲ့ သူမရဲ့အဆိပ်ကလည်း အဲ့နေရာမှာပဲ ရှိနေလိမ့်မယ်။ ဒီကမ္ဘာကြီးထဲမှာ အဆိပ်မုဆိုးမ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ လူတွေပဲ အဲ့ကျောက်တုံးရုပ်ထုထဲ လွတ်လွတ်လပ်လပ်နဲ့ ဝင်ထွက်သွားလာ နိုင်လိမ့်မယ်”

“ပင့်ကူအမေကြီးက နင့်ရဲ့သွေးစွမ်းအားကို ခံစားနိုင်လား”

“အဲ့၊ ခံစားနိုင်လောက်တယ်” ရှန်ချင်းလော့က ခေါင်းညိတ်ပြလိုက်တယ်။ သူမ ဒီနေရာကို ရောက်ဖူးတာ ပထမဆုံးအကြိမ်ပါ။ ထို့ကြောင့် သူမကိုယ်တိုင်လည်း မသေချာပါဘူး။

“အဲ့လိုဆိုရင် သူမငါတို့ကို လွှတ်ပေးမလားဆိုတာကို နင်သူမနဲ့ ဆွေးနွေးကြည့်သင့်တယ်” ရန်ကိုင်က အကြံပေးလိုက်တယ်။

“ငါကြိုးစားကြည့်ရတာပေါ့” ရှန်ချင်းလော့က နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး ကတိတွေကိုတော့ မပေးခဲ့ပါဘူး။

မျက်လုံးလေးကို ပိတ်လိုက်ပြီး သူမအမေ ချန်ရစ်ခဲ့တဲ့ နည်းလမ်းအတိုင်း ပင့်ကူအမေကြီးကို ဆက်သွယ်ဖို့ ကြိုးစားလိုက်တယ်။

တစ်ခဏကြာပြီးနောက် နှစ်လိုဖွယ်ကောင်းတဲ့ အသံတစ်သံက လူတိုင်းရဲ့ နားထဲ ပျံ့လွင့်လာခဲ့တယ်။

“နင်က အဆိပ်မုဆိုးမခန္ဓာကိုယ် ပိုင်ဆိုင်တဲ့ မျိုးဆက်ကလား”

ရန်ကိုင် အမူအရာ ပြောင်းလဲသွားခဲ့ပြီး ဟိုဘက်၊ သည်ဘက် လှည့်ကာ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလိုက်တယ်။ ဒါပေမယ့် ဘာကိုမှာ ရှာလို့မတွေ့ခဲ့ပါဘူး။ ထိုအသံက အရမ်းကို ဆွဲမက်ဖွယ် ကောင်းပြီး မိန်းမလှလေး တစ်ယောက်က သူတို့နားနား ကပ်ပြောနေသလိုပါပဲ။ ထိုအသံကြောင့် သူတို့ စိတ်တွေတောင် ယိမ်းထိုးကုန်ရပါပြီ။

ရန်ကိုင် ရုတ်တရက် သက်ပြင်းရှိုက်လိုက်တယ်။

ကောင်းကင်စိတ်အာရုံသုံးပြီး လူတွေနဲ့ ဆက်သွယ်နိုင်တဲ့ မိစ္ဆာသားရဲ တစ်ကောင်။

အခုလိုစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာသားရဲ တစ်ကောင်ကို သူတွေ့ကြုံဖူးတာ ပထမဆုံးအကြိမ်ပါ။ အဆင့်၆ မိစ္ဆာသားရဲက ထိုကဲ့သို မပြောဆို၊ မဆက်သွယ်နိုင်ပေမယ့် ပင့်ကူအမေကြီးကတော့ ထိုကဲ့သို့ လုပ်နေနိုင်ခဲ့ပါတယ်။

ရှန်ချင်းလော့က ခပ်မြန်မြန်ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်ပါတယ် “ဟုတ်ပါတယ်။ ဒီဂျူနီယာက ပင့်ကူအမေကြီးကို နှုတ်ဆက်ပါတယ်။

“ဖေးယန်က နင်နဲ့ ဘာတော်လဲ” ပင့်ကူအမေကြီးက မေးလိုက်တယ်။

“ဖေးယန်က ကျွန်မအမေပါ” ရှန်ချင်းလော့က ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။

“အခုဆို အနှစ်သုံးဆယ်တောင် ရှိသွားခဲ့ပြီ… ဒီမျိုးဆက်ကလည်း အရွယ်ရောက်လာတဲ့ ပုံပဲ။ ဒါပေမယ့် ဘာလို့ နင့်ရဲ့ခွန်အား အရမ်းနိမ့်ကျနေရတာလဲ”

ရှန်ချင်းလော့က မဲ့ပြုံးပြုံးလိုက်ပြီး “ဂျူနီယာက မတော်တဆ ဖြစ်ရပ်သေးသေးလေး တစ်ခုကို ကြုံတွေ့ခဲ့ရလို့ပါ။ ရက်အနည်းငယ် ကြာပြီးသွားရင် အရင်အတိုင်း ပြန်ကောင်းသွားမှာပါ”

“အင်း” ပင့်ကူအမေကြီးက ပြန်ထူးလိုက်ပြီး ခဏလောက် ကြာအောင် တိတ်ဆိတ်နေပြီးနောက် ဆက်ပြောလိုက်တယ် “နင်က ဒီနေရာကို ရှာတွေ့သွားမှာတော့ နင်လာရှာတဲ့ အရာကို ငါပေးပြီး နင့်ကို ပြန်ထွက်သွားခွင့် ပေးမယ်။ တကယ်တော့ နင်က ငါ့ရဲ့ မျိုးဆက်လို့ ယူဆလို့ ရတယ်လေ”

အဖြစ်အပျက်တွေက အခုလို ဖြစ်လာတော့ ရှန်ချင်းလော့က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး ခပ်မြန်မြန် ကောက်မေးလိုက်တယ် “ဒီဂျူနီယာကို ခွင့်လွှတ်ပေးပါ ပင့်ကူအမေကြီး။ ဒါပေမယ့် ကျွန်မနဲ့ အတူလာခဲ့တဲ့ လူတွေကိုကော ပြန်ထွက်သွားခွင့် ပေးလို့ရမလား”

ရန်ကိုင်က ရှန်ချင်းလော့ အံ့အားသင့်စွာဖြင့် ကြည့်လိုက်တယ်။ ထိုမိစ္ဆာမက သူတို့အတွက် အခုလိုမျိုး တောင်းဆိုပေးလိမ့်မယ်လို့ သူတကယ်ကို မထင်ထားခဲ့ပါဘူး။

ဟန့်… ပင့်ကူအမေကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ကျယ်လောင်စွာဖြင့် ပြန်ပြောလိုက်တယ် “အဲ့လူတွေက ငါ့အသိုက်ထဲ ဝင်လာရဲတယ်။ ပြန်ထွက်ဖို့ကတော့ စိတ်ကူးသာ ယဉ်နေလိုက်တော့။ ငါ့ကလေး ဖြစ်တဲ့ နင်ကလွဲပြီး ကျန်တဲ့လူတွေ အားလုံး သေရမယ်”

“ပင့်ကူအမေကြီး၊ ကျေးဇူးပြုပြီး ပြန်စဉ်း…”

“တော်ပြီ”

ရှန်ချင်းလော့က အံကြိတ်ပြီး ရန်ကိုင်ကို ကြည့်လိုက်တယ်။ သူမ မျက်ဝန်းထဲ လွန်ဆွဲနေသည့် အရိပ်အယောင်တို့ ဖြတ်သန်းသွားခဲ့ပြီး တစ်ခဏကြာပြီးနောက် သူမ၏ တည်ငြိမ်သည့် ဟန်ပန်အမူအရာကို ပြန်လည်ရရှိသွားခဲ့ကာ ပြတ်သားသည့် လေသံဖြင့် “ပင့်ကူအမေကြီးရယ် ကျေူးဇူးပြုပြီးတော့ ကျွန်မကို ဒီတစ်ယောက်ကိုတော့ ခေါ်သွားခွင့်ပြုပါ”

“မောက်မာလိုက်တာ” ပင့်ကူအမေကြီးရဲ့ အသံထဲ စိတ်ပျက်သည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။ ထို့နောက် သူမရဲ့ လက်အောက်ငယ်သားတွေက ပင့်ကူပိုးမျှင်အိတ် အမျိုးမျိုးနားဆီ ချဉ်းကပ်လာခဲ့တယ်။

“မေ့လိုက်တော့။ နင့်ကို သေချာဆုံးဖြတ်ဖို့အတွက် ငါးရက်အချိန်ပေးမယ်။ ငါးရက်ကြာပြီး ငါပြန်နိုးလာလို့ နင်က တစ်ယောက် ထွက်မသွားချင်သေးဘူးဆိုရင်…အဲ့ကျ နင်လည်းပဲ ထွက်သွားစရာ မလိုတော့ဘူး” ထိုအေးစက်စက်စကားကို ပြောလိုက်ပြီးနောက် ပင့်ကူအမေကြီးက နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့ပါတယ်။

ချူရီမန်နဲ့ လော့ရှောင်မန်တို့၏ ခန္ဓာကိုယ်လေးတွေက တုန်ရင်နေခဲ့ပါတယ်။ ရှန်ချင်းလော့နဲ့ ပင်ကူအမေကြီးတို့ ပြောခဲ့တဲ့ စကားတွေကို သူမတို့လည်း ကြားခဲ့ရပါတယ်။ သူမတို့လည်း ရန်ကိုင်နည်းတူ ထိုကဲ့သို အားကောင်းလှသည့် ပင့်ကူသားရဲကြီး ဒီကမ္ဘာကြီးမှာ တည်ရှိမယ် မထင်ထားသဖြင့် ကြောက်လန့်သွားခဲ့ မိကြပါတယ်။

အနီးအနားမှာ ရှိတဲ့ ဘိုင်ယွမ်ဖုန်းက ခြောက်ကပ်ကပ် လေသံဖြင့် “အဲ့တော့ ငါးရက်ကြာပြီးရင် ငါတို့အားလုံး သေရမှာပေါ့”

သူတို့အားလုံးက စိုးရိမ်နေကြပေမယ့် ပင့်ကူတွေက မလှုပ်ရှားသေးတဲ့ အတွက် သူတို့စိတ်ထဲ အနည်းငယ်တော့ မျှော်လင့်ထားမိပါသေးတယ်။ ဒါပေမယ့် ပင့်ကူအမေကြီးရဲ့ စကားကို ကြားလိုက်ရပြီးချိန်မှာတော့ ငါးရက်ကြားပြီးတဲ့ အချိန် သေမင်းက သူတို့ကို တွေ့ဖို့ စောင့်နေတယ်ဆိုတာကို သိလိုက်ရပါပြီ။ ထိုကဲ့သို ကံကြမ္မာမျိုးကို သူတို့က ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။

Martial Peak

အပိုင်း(၃၀၉) နင်မယုံဘူးဆိုရင် နင့်ဘာသာနင် ကြည့်လိုက်တော့

သိပ်မကြာခင် သေတော့မှာကို သိလိုက်ရတဲ့အတွက် ဘိုင်ယွမ်ဖုန်းက ရုတ်တရက် အော်ပြောလိုက်တယ် “ရန်ကိုင်၊ မင်းအဖေငါက မင်းလုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်စေရမယ်”

“ငိုးမပဲရမယ်။ မင်းသောက်ပြဿနာ မင်းဘာသာမင်း ရှင်းပါလား” ရန်ကိုင်က ပြန်ပြီးကျိန်ဆဲလိုက်တယ်။

“ဟေးဟေး…” ဘိုင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး ရက်စက်ယုတ်မာသည့် အမူအရာနဲ့ ပြန်ပြောလိုက်တယ် “မင်းသာ မြေပြင်တစ်ခုလုံးကို မထိုးချခဲ့ရင် ငါတို့အားလုံး ဘာလို့ ဒီနေရာမှ အဖမ်းခံနေရမှာလဲ”

“ငါသာ အဲ့လိုမလုပ်ခဲ့ရင်လည်း မင်းအခုအချိန်အထိ အသက်ရှင်နေမှာတောင် မဟုတ်ဘူး။ မင်းတို့အားလုံး ကျို့ယွမ်မင်နဲ့ သူ့အပေါင်းအပါတွေ သတ်တာခံရပြီးလောက်ပြီ” ရန်ကိုင်က ပြန်ပြီး လှောင်ပြောင်လိုက်တယ်။ ဘိုင်ယွမ်ဖုန်းက အခုအချိန်မှာ ယုတ္တိကျကျ စဉ်းစား တွေးတောနိုင်ခြင်း မရှိတော့ပါဘူး။

“ဒီသခင်လေးက ဘိုင်မိသားစုရဲ့ ပထမသခင်လေးကွ၊ သူတို့တွေလား… ငါ့ကိုသတ်ရဲမှာ” ဘိုင်ယွမ်ဖုန်းက နှာခေါင်းရှုံ့လိုက်ပြီး “ငါဘယ်သူလဲဆိုတာ ထုတ်ပြောလိုက်သရွေ့ သူတို့တွေက ငါ့ကိုသတ်မယ့်အစား ငါ့ကို ဓါးစာခံလုပ်ပြီး ဘိုင်မိသားစုက အဖိုးတန်ပစ္စည်းတွေနဲ့ ပြန်ပြီး လဲလှယ်မှာ”

“မင်းက မသေနိုင်ပေမယ့် မိန်းကလေးချူနဲ့ မိန်းကလေးလော့ တို့သာ အဲ့ကောင်တွေ လက်ထဲရောက်သွားရင် သူမတို့ရဲ့ သန့်စင်မှုကို ဆုံးရှုံးသွားမယ်ဆိုတာ ကျိန်းသေတယ်။ သူတို့ကို ရွေးချယ်ခွင့် ပေးခဲ့ရင် အဲ့ကောင်တွေ လက်ထဲမှာ အဖမ်းခံမယ့်အစား ပင့်ကူတွေဆီမှာပဲ အဖမ်းခံချင်လိမ့်မယ်ဆိုတာ ငါယုံတယ်”

“သူတို့ရဲ့ သန့်စင်မှုကို ဘယ်သူက ဂရုစိုက်နေလို့လဲ။ ငါကကော သူတို့ရဲ့ သန့်စင်မှုဆိုတာကြီးကို ဘာလို့ ဂရုစိုက်နေရမှာလဲ” ဘိုင်ယွမ်ဖုန်းက အကျယ်ကြီး အော်ပြောလိုက်တယ်။

ထိုစကားတွေကို ပြောပြီးတာနဲ့ ထိုကဲ့သို့ အကျယ်ကြီး အော်မပြောသင့်ဘူးဆိုတာ သိတဲ့အတွက် ချက်ချင်းပဲ တိတ်သွားခဲ့တယ်။

“ဘိုင်ယွမ်ဖုန်း….နင်က အခုလိုလူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါတကယ်ကို…” လော့ရှောင်မန်၏ ဝမ်းနည်းနေတဲ့ အသံလေး ထွက်ပေါ်လာခဲ့တယ်။ သူမလေသံထဲ စိတ်ပျက်မှုတွေနဲ့ ရွံရှာမှုတို့ အတိုင်းသား ပါဝင်နေခဲ့တယ်။

မိန်းကလေး တစ်ယောက်ရဲ့ သန့်စင်မှုဆိုတာက သူမတို့ရဲ့ အသက်ထက်တောင် ပိုပြီး အရေးကြီးပါတယ်။ အဲ့အချိန်ကျရင် လော့ရှောင်မန်က ထိုမိစ္ဆာကျင့်ကြံသူတွေ ဖမ်းဆီးပြီးအရှက်ခွဲမှာကို ခံမယ့်အစား ကိုယ့်ကိုယ်ကိုပဲ သတ်သေပစ်လိုက်မှာပါ။

ချူရီမန်က ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “လူတိုင်းက ကိုယ့်အသက်ကို တန်ဖိုးအထားဆုံးပဲ။ ရှောင်မန်၊ သူ့ကို အာရုံစိုက်မနေနဲ့တော့”

သူမလေသံထဲ ဝမ်းနည်းမှု၊ စိတ်ပျက်မှု … မည်သည်တို့မှ ပါဝင်မနေခဲ့။ အဲ့အစား အေးစက်မှု တစ်ခုတည်းသာ ပါဝင်နေခဲ့တယ်။

“သေတော့မယ်ဆိုရင် ဘိုင်မိသားစုက လူတွေက ငကြောက်တွေ ဖြစ်ကုန်ကြတော့တာပဲ” လော့ရှောင်မန်က လှောင်ပြောင်လိုက်တယ်။

“ဟန့်၊ ပြောချင်တာသာပြော” ဘိုင်ယွမ်ဖုန်းက နောင်တရသည့် အရိပ်အယောင် စိုးစဉ်းမျှ မပြပဲ ချက်ချင်း ပြန်ပြောလိုက်တယ်။ သူက ထိုမိန်းကလေးနှစ်ယောက်ကို ရန်စပြီးသွားခဲ့ပါပြီ။ ဒီနေရာကနေ လွတ်မြောက်နိုင်ခဲ့ရင်တောင် ထိုနှစ်ယောက်က ချက်ချင်းလက်ငင်း သူ့ရန်သူ ဖြစ်မလာနိုင်ဘူး ဆိုပေမယ့် ထိုနှစ်ယောက်နဲ့တော့ ဘယ်တော့မှ ပြန်ပက်သက်လို့ ရတော့လိမ့်မည် မဟုတ်ပါဘူး။

ရန်ကိုင်နဲ့ ရှန်ချင်းလော့တို့ကတော့ တိတ်တဆိတ်နဲ့ပဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။

အချိန်အတော်ကြာပြီးနောက် ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး “နင်ထွက်သွားချင်ရင် ထွက်သွားလို့ရတယ်။ ပင့်ကူအမေကြီးကလည်း နင့်ကို ဒီနေရာမှာပဲ ချုပ်ထားမယ့် ပုံစံမဟုတ်ပါဘူး”

ရှန်ချင်းလော့က ဖြေးဖြေးချင်း ခေါင်းခါယမ်းလိုက်ပြီး “ဒါပေမယ့် ငါအခုထွက်သွားခဲ့ရင် နင်က ငါနဲ့အတူ လိုက်ထွက်နိုင်မှာ မဟုတ်ဘူးလေ”

ရန်ကိုင် အမူအရာက ချက်ချင်း ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်း လေးနက်သွားခဲ့တယ်။ ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ဆက်ပြောလိုက်တယ် “ငါတို့ကြားက ဆက်ဆံရေးက ငါ့ကို အခုလောက် ဂရုစိုက်ပေးရလောက်တဲ့အထိ ရင်းနှီးတာလဲ မဟုတ်ပဲနဲ့။ ချူရီမန် ပြောသလိုပဲ လူတွေဆိုတာ သူတို့ကိုယ်သူတို့ တန်ဖိုးအထားဆုံးပဲလေ”

ရှန်ချင်းလော့က သူ့ကို ပြန်ပြီး ပြုံးပြလိုက်တယ်။

“နင်က ဒီကိစ္စကို ပေါ့ပျက်ပျက်လို့ သဘောထားနေတာတော့ မဟုတ်ပါဘူးနော်” ရန်ကိုင်က မျက်မှောင်လေး အသာအယာ ကြုံ့ရင်း မေးလိုက်တယ်။

“အဆိပ်မုဆိုးမ ခန္ဓာကိုယ်ကို ပိုင်ဆိုင်တဲ့ မိန်းမတွေက သူတို့တစ်ဘဝလုံးမှာ ယောကျ်ားတစ်ယောက်ကိုပဲ ချစ်ရမယ်လို့ ငါနင့်ကို ပြောခဲ့ဖူးတယ်လေ။ ငါနင့်ကို ဘယ်တုန်းကများ အတည်မချစ်ခဲ့ပဲ နေလို့လဲ” ရှန်ချင်းလော့က သက်ပြင်းဖွဖွလေး ချလိုက်ပြီး “ငါရဲ့ အသိစိတ်ပင်လယ်ထဲကို နင်တိုးဝင်လာခဲ့လို့သာ မဟုတ်ရင် နင့်သေတာ၊ ရှင်တာကို ငါဂရုစိုက်နေခဲ့မှာ မဟုတ်ဘူး။ ကောင်းစုတ်လေး နင်က အရှက်လည်း မဲ့သလို နှာကလည်း ကြီးလေးတယ်။ နင်နဲ့ တွေ့တဲ့ မိန်းကလေးတွေရဲ့ သန့်စင်မှုကို စွန်းထင်းသွားခြင်း မခံရအောင် ငါနင့်ကို သတ်ပစ်ခဲ့သင့်တာ။ ဒါပေမယ့် ငါအဲ့လို မလုပ်နိုင်တော့ဘူး”

ရှန်ချင်းလော့က သူသေမှာကို ထိုင်မကြည့်နေနိုင်ပါဘူး။ ဒါမှမဟုတ် သူမရဲ့ လျှို့ဝှက်ကျင့်စဉ် ပြီးပြည့်စုံခြင်း အဆင့်ကို ဘယ်တော့မှ မရောက်တော့မှာကို လက်ခံနိုင်တယ်ဆိုရင်ပေါ့။ အချစ်စေ့က သူမနှလုံးသားထဲ အမြစ်တွယ်နေခဲ့ပြီးပါပြီ။ အပင်ပေါက် လာဖို့ဆိုတာက အချိန်ပဲ လိုတာပါ။

သူမရဲ့ စိတ်ခံစားချက်တွေ အထွတ်အထိပ်ကို‌ ရောက်ရှိလာချိန်မှာတော့ သူမချစ်ရတဲ့ ယောကျ်ားနဲ့အတူ တစ်ညတာကို ကုန်ဆုံးရပါလိမ့်မယ်။

ပြီးတော့ အဆိပ်မုဆိုးမ ခန္ဓာကိုယ် ပိုင်ရှင်တွေက လူတစ်ယောက်ကို ချစ်မိသွားပြီဆိုတာနဲ့ သူမတို့တွေက သာမန်မိန်းမတွေထက်ကို ပိုပြီး ချစ်စိတ်ပြင်းပြကြပါတယ်။

ဒါကြောင့် ထိုအဆိပ်မုဆိုးမခန္ဓာကိုယ် ပိုင်ရှင် အမျိုးသမီးတွေရဲ့ ဘဝက တကယ်ကို နာကျည်းစရာ ကောင်းပါတယ်။

တစ်ဖက်မှာက သူမချစ်ရတဲ့ လူရဲ့ သေဆုံးခြင်း၊ တစ်ဖက်မှာတော့ လျှို့ဝှက်ကျင့်စဉ် ပြီးပြည့်စုံခြင်းအဆင့်။

သူတို့ရဲ့ကျင့်စဉ်ကို စွန့်ပစ်လိုက်မယ် ဆိုရင်တောင် သူမတို့ နှလုံးသားထဲ ပျံ့နှံ့လာတဲ့ အချစ်ဆိပ်ကိုတော့ တားဆီးနိုင်လိမ့်မှာ မဟုတ်ပါဘူး။

ရှန်ချင်းလော့ရဲ့ အမေဖြစ်တဲ့ ဟန်ဖေးယန်လည်း ထိုအဖြစ်အပျက်ကို လက်တွေ့ရင်ဆိုင် ရခဲ့ပါတယ်။ သူမက စိတ်လွတ်သွားခဲ့ပြီး ချစ်ရတဲ့ ယောကျ်ားနဲ့ တစ်ညတာ အတူကုန်ဆုံးခဲ့မိလိုက်တယ်။ နောက်တစ်နေ့ နိုးလာတော့မှပဲ လွန်ခဲ့တဲ့ညက ဘာတွေ ဖြစ်ပျက်သွားတယ် ဆိုတာကို သတိရလိုက်ပြီး သူမတစ်ဘဝလုံးကို နောင်တ၊ နာကျင်မှုတို့ဖြင့် အသက်ဆက်သွားခဲ့ရပါတယ်။

ရန်ကိုင်ရဲ့ မျက်ဝန်းအစုံက အလွန်အမင်း လေးနက်လာခဲ့ပြီး ရှန်ချင်းလော့ရဲ့ မျက်ဝန်းအစုံထဲ တည့်တည့်စိုက်ကြည့်လိုက်တယ်။ သူမရဲ့ နှလုံးသားထဲက အစစ်အမှန် အတွေးကို သူမြင်ချင်နေတဲ့ ပုံပါပဲ။

ရှန်ချင်းလော့က ပြုံးပြလိုက်ပြီး တုန့်ဆိုင်းမနေပဲ သူမရဲ့ အသိစိတ်ပင်လယ်ကို ဖွင့်လှစ်ပေးလိုက်ကာ တိုးတိုးလေး ပြောလိုက်တယ် “နင်ငါ့ကို မယုံဘူးဆိုရင် နင့်ဘာသာနင် ကြည့်လိုက်တော့”

ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ပေမယ့် တုန့်ဆိုင်းမနေတော့ပဲ သူ့ရဲ့ကောင်းကင်စိတ်အာရုံနဲ့ ရှန်ချင်းလော့ရဲ့ အသိစိတ်ပင်လယ်ထဲ ဝင်ရောက်သွားခဲ့တယ်။

အသိစိတ်ပင်လယ်ထက်တွင် ရှန်ချင်းလော့ရဲ့ ပုံရိပ်က တင်ပလင်ခွေ ထိုင်နေခဲ့ပြီး ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်တယ် “ငါ့ရဲ့ ပုံရိပ်ကို မထိနဲ့။ အဲ့ပုံရိပ်က ငါ့ဝိဥာဉ်ကို ကိုယ်စားပြုနေတာ။ နင်သာ ထိလိုက်ရင် အကျိုးဆက်က မတွေးရဲစရာ ဖြစ်သွားလိမ့်မယ်”

“ငါသိတယ်” ရန်ကိုင်က အသာအယာလေး ပြန်ပြောလိုက်တယ်။

ဝိဥာဉ်နှစ်ခုသာ ပေါင်းစပ်သွားမယ်ဆိုရင် ခန္ဓာကိုယ်ချင်း ယှတ်စပ်နေတဲ့ အချိန်မှာ ခံစားရတာထက် အဆ၁၀၀၀လောက် ပိုပြီး ပြင်းထန်ကောင်းမွန်လှတဲ့ အတွေ့အကြုံကို ခံစားရပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒတွေသာ မခိုင်မြဲဘူးဆိုရင် ရလဒ်ကတော့ သာယာမှုထဲမှာ နစ်မြောသွားပြီး အရူးတွေ ဖြစ်သွားကြပါလိမ့်မယ်။

ရန်ကိုင်လည်း ထိုအချက်ကို နားလည်ထားတဲ့အတွက် မဆင်မခြင် မလှုပ်ရှားရဲပါဘူး။

ရှန်ချင်းလော့ရဲ့ ဝိဥာဉ်ပုံရိပ်က သူမရဲ့ လက်ကို ဝှေ့ရမ်းလိုက်ပြီး အလင်းလုံးလေး တစ်လုံးကို ရန်ကိုင်ဆီ လှမ်းပို့ပေးလိုက်တယ်။

ထိုအလင်းလုံးလေးထဲက အချက်အလက်တွေကို စုပ်ယူပြီးသွားတာနဲ့ ရန်ကိုင်က ရှန်ချင်းလော့ရဲ့ စိတ်ခံစားချက်တွေ၊ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးနဲ့ ပက်သက်နေတဲ့ သူမရဲ့ အတွေးတွေ အကုန်လုံးကို နားလည်သွားခဲ့တယ်။

သူမရဲ့ လျှို့ဝှက်ကျင့်စဉ်နဲ့ ပက်သက်တဲ့ အချက်အလက် အချို့ကိုလည်း သူနားလည်သွားခဲ့သလို သူမရဲ့ ကံကြမ္မာကိုလည်း သိရှိသွားခဲ့တယ်။

ရန်ကိုင် ရှေ့က မရေမတွက်နိုင်တဲ့ မြင်ကွင်းတွေက တကယ့်အစစ်အမှန်တွေလို အသက်ဝင်လွန်းလှပါတယ်။

အချိန်အတော်ကြာပြီးနောက် သူမရဲ့ အသိစိတ်ပင်လယ်ထဲကနေ ရန်ကိုင် ပြန်ထွက်လာလိုက်တယ်။

အကြည့်ချင်း ဆုံးသွားတာနဲ့ ရှန်ချင်းလော့က ပျော်ရွှင်စွာ ပြုံးပြီး ပြောလိုက်တယ် “အခု နင်ငါ့ကို ယုံပြီလား”

ဒီတစ်ကြိမ်မှာတော့ ရန်ကိုင်အနေနဲ့ မယုံလို့လည်း မရတော့ပါဘူး။ ထိုမိန်းမရဲ့ လျှို့ဝှက်ကျင့်စဉ်က ဒီလောက်ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ သူတကယ်ကို ထင်မထားခဲ့ပါဘူး။

မဲ့ပြုံးပြုံးလိုက်ရင်း ရန်ကိုင်က မေးလိုက်တယ် “ငါ့ကိုယ်ငါပဲ ဂုဏ်ယူသင့်လား၊ ဒါမှမဟုတ် ကံဆိုးတယ်လို့ပဲ ပြောရမလား”

ရှန်ချင်းလော့ သူ့အပေါ်ရှိနေတဲ့ ခံစားချက်တွေက အတုအယောင် မဟုတ်ဘူးဆိုတာ သူသိသွားခဲ့ပါပြီ။ ဒါပေမယ့် နောက်ဆုံးတော့လည်း သူ့အသက်ကို ပေးဆပ်ရဦးမှာပါပဲ။

ရှန်ချင်းလော့ရဲ့ မျက်နှာက ရုတ်ချည်း မဲမှောင်သွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ် “ငါတို့မိသားစုထဲက ဘယ်မိန်းမကမှ သူမတို့ ချစ်ရတဲ့ လူကို မသတ်ချင်ဘူး။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါ အချစ်ဆိပ်က တောင့်မခံနိုင်လောက်တဲ့အထိကို ပြင်းထန်လာတယ်။ ဒါကြောင့် ဘယ်လိုပဲ ခွဲခွဲနေ နောက်ဆုံးတော့ သူတို့ ချစ်တဲ့လူဆီ ရောက်သွားရတာပဲ။ အဲ့လိုနဲ့ပဲ စိတ်ရှိသည်ဖြစ်စေ၊ စိတ်မရှိသည် ဖြစ်စေ သူမတိုရဲ့ အပျိုစင်ဘဝကို သူမတို့ ချစ်ရတဲ့ လူဆီ ပေးလိုက်ရတယ်။ အပြန်အလှန် အနေနဲ့ သူတို့အသက်ကို သူမတို့က ပြန်ယူရတယ်”

သူတို့ချစ်ရတဲ့ မိန်းမရဲ့ အချစ်ဆိပ်ကို ဖြေဖျောက်ဖို့အတွက်က ကိုယ့်အသက်ကို စတေးပေးရတယ် ဆိုတာမျိုးက အရမ်းကို စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဇာတ်လမ်း တစ်ခုဆိုပေမယ့် နောက်ဆုံးတော့ ဘယ်ယောကျ်ားကများ အဲ့လို ကံကြမ္မာမျိုးကို လက်ခံချင်ပါ့မလဲ။

“ဒီပြဿနာကို ဖြေရှင်းဖို့ မကြိုးစားဘူးလား”

“ငါလည်း ဖြေရှင်းဖို့ ကြိုးစားခဲ့တာပဲ။ ဒါပေမယ့် ဘယ်ကနေ စတင်ရမလဲဆိုတာ ငါမှမသိတာ” ရှန်ချင်းလော့က ဖြေးဖြေးချင်း ခေါင်းခါလိုက်တယ်။

“အဲ့အကြောင်း မပြောကြရအောင်” ရန်ကိုင်က ခေါင်းညိတ်လိုက်တယ်။

“အင်း”

“နင်က ငါ့ကို မထားခဲ့ချင်ဘူး ဆိုမှတော့ အတူတူထွက်လို့ရမယ့် နည်းလမ်းတစ်ခုကို စဉ်းစားကြတာပေါ့”

“ငါးရက်ကြာလို့ ပင့်ကူအမေကြီး နောက်တစ်ကြိမ် နိုးလာရင် ငါသူမနဲ့ နောက်တစ်ကြိမ် ဆွေးနွေးကြည့်လိုက်မယ်”

“သူမသဘောမတူရင်ရော” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်တယ်။

“သူမသဘောတူတဲ့အထိ ငါဆက်ပြီး တောင်းဆိုနေမှာပေါ့” ရှန်ချင်းလော့က ပါးလေးမို့လိုက်တယ်။ သူမမျက်နှာထက်မှာတော့ စိတ်ပူသည့် အရိပ်အယောင်တို့ကို အထင်းသား မြင်တွေ့နိုင်ပါတယ်။

အခြားတစ်ဖက်မှာတော့ ရန်ကိုင် မျက်ဝန်းအစုံက တောက်ပသွားခဲ့ပြီး တိတ်တဆိတ်နဲ့ မေးလိုက်တယ် “နင့်ရဲ့ ခွန်အားအပြည့်အဝကို ပြန်ရခဲ့ရင်ရော ဒီကနေ လွတ်မြောက်နိုင်မှာလား”

“လွတ်နိုင်လောက်တယ်” ရှန်ချင်းလော့က ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် အခုငါ့ရဲ့ လက်ရှိခွန်အားက အစစ်အမှန်ဒြပ်စင်အဆင့်၃ ကျင့်ကြံသူတစ်ယောက်ရဲ့ ခါန်အားလောက်ပဲ ရှိတာ။ အပြည့်အဝ ပြန်ကောင်းဖို့ဆိုရင် လတော်တော်များများ လိုလိမ့်ယ်”

“အဲ့ကိစ္စနဲ့ပက်သက်ပြီး ငါနင့်ကို ကူညီနိုင်တယ် ထင်တာပဲ” ရန်ကိုင်က အဓိပ္ပါယ်ရှိရှိနဲ့ ပြုံးလိုက်တယ်။ ရှန်ချင်းလော့ရဲ့ အတွေးတွေကို တွေ့မြင်သွားပြီးနောက် သူမနားမှာရှိနေရတာ အရင်ကထက် ပိုပြီး သက်သောင့်သက်သာ ရှိလာခဲ့တယ်။

သူမက ရမက်၊တဏှာတို့ရဲ့ အမှတ်အသား ဖြစ်တယ်လို့ အပြင်ကမ္ဘာတွင်သာမက၊ တိမ်မိစ္ဆာနယ်မြေမှာပါ ကျော်ကြားနေတာပါ။ ဒါပေမယ့် သူမနဲ့ ကိုယ်ဆိုင် ဆက်ဆံကြည့်လိုက်တော့မှပဲ သူမရဲ့ နှလုံးသားထဲက လုံးဝကို သန့်စင်တဲ့ စက္ကူဖြူတစ်ရွက် ဖြစ်နေတာကို သူတွေ့ရှိလိုက်ရပါတယ်။

“နင်ဘာလုပ်ဖို့ စဉ်းစားနေတာလဲ” ရှန်ချင်းလော့ကလည်း သိချင်တာနဲ့ မေးလို်ကတယ်။

ရန်ကိုင်က သူ့အင်္ကျီလက်စကို လှုပ်ခါလိုက်ပြီး ဆေးပေါင်းအဆီအနှစ်ခု အနည်းငယ်ကို ထုတ်ယူလိုက်ကာ “ဒါကို မျိုချလိုက်”

ရှန်ချင်းလော့က ရန်ကိုင်ကို သံသယအကြည့်ဖြင့် ကြည့်လိုက်ပေမယ့် ငြင်းဆန်ခြင်း မရှိပဲ ပါးစပ်လေးဟပြီး မျိုချလိုက်ပါတယ်။ သူမက ဆေးပေါင်းအဆီအနှစ်ကို သူမရဲ့ ပန်းနုရောင်လျှာလေးနဲ့ အသာအယာလေး လျှက်လိုက်တယ်။

“နင့်ရဲ့ ပြန်လည်ကုသခြင်း ပညာရပ်ကို မြန်မြန်လှည့်ပတ်ပြီး အဲ့ဒါကို သန့်စင်လိုက်တော့”

ရန်ကိုင် မပြောရင်တောင် ထိုဆေးပေါင်းအဆီအနှစ်က သူမရဲ့ နှုတ်ခမ်းအစုံနဲ့ ထိတွေ့လိုက်တာနဲ့ သူမမျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ခပ်မြန်မြန်ပဲ မျက်လုံးပိတ်လိုက်ကာ လျှို့ဝှက်ကျင့်စဉ်ကို လှည့်ပတ်လိုက်ပါတယ်။

သူမရဲ့ ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားရတာက လျှို့ဝှက်ကျင့်စဉ်ကနေ ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရလို့ပါပဲ။ ဒါပေမယ့် ထိုဘေးထွက်ဆိုးကျိုး ဆိုတာက အတွင်းဒဏ်ရာ တစ်မျိုးပဲလေ။

ဆေးပေါင်းအဆီအနှစ်ရဲ့ အကူအညီနဲ့ဆိုရင် သူမခွန်အားကို အမြန်ဆုံး ပြန်ရနိုင်မှာပါ။

ပင့်ကူအမေကြီး နောက်တစ်ကြိမ် နိုးလာဖို့ ငါးရက်သာ လိုတော့ပေမယ့် ဆေးပေါင်းအဆီအနှစ်ရဲ့ အကူအညီနဲ့ဆိုရင် သူမရဲ့ ခွန်အားကို ငါးရက်မတိုင်ခင် ပြန်ရမှာပါ။

အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီး ရှန်ချင်းလော့ဆီကနေ ထွက်ပေါ်လာတဲ့ ချီစွမ်းအင်လှိုင်းတွေက ပိုပြီး သန်မာအားကောင်းလာခဲ့တယ်။

ပြောင်းလဲမှုကို သတိပြုမိလိုက်တာနဲ့ ချူရီမန်က ရှန်ချင်းလော့တို့ ရှိတဲ့ ပင့်ကူပိုးမျှင်အိမ်ဆီ လှမ်းကြည့်လိုက်တယ်။ သူမရဲ့ မျက်ဝန်းအစုံတို့ကတော့ ဘာလုပ်ရင်ကောင်းမလဲ၊ လုပ်လိုက်ရင် ကောင်းမလား ဆိုတဲ့ အတွေးရိပ်တို့ဖြင့် ပြည့်နှက်နေခဲ့တယ်။

ဒီနေရာမှ ရက်ပေါင်းများစွာ ပိတ်မိနေပြီးနောက် သူမရဲ့ ခွန်အား အပြည့်အဝကို ပြန်ရပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် ဘေးနားမှာက အဆင့်၆ပင့်ကူတွေ အများကြီးက ကင်းလှည့်နေတာလေ။ ပင့်ကူပိုးမျှင်အိမ်ကို ချိုးဖျက်နိုင်တယ် ဆိုပေမယ့် ထိုပင့်ကူတွေ လက်က လွတ်လိမ့်မယ်လို့ အာမမခံနိုင်ပါဘူး။

ဒါပေမယ့် ရှန်ချင်းလော့ရဲ့ ရုတ်တရက် လှုပ်ရှားမှုက သူမစိတ်ထဲက မျှော်လင့်ချက် မျိုးစေ့လေးကို ရေငတ်နေချိန် ရေလောင်းပေးလိုက်သလို ဖြစ်သွားခဲ့တယ်။

ဒါပေမယ့်… ရှန်ချင်းလော့ တောင်းဆိုတဲ့ အခြေအနေက ချူရီမန်ကို တုန့်ဆိုင်းသွားစေခဲ့ပါတယ်။

တကယ်တော့ သူမက မိသားစုကြီး ရှစ်ခုထဲက ချူမိသားစုရဲ့ ပထမသခင်မလေးလေ။ သူမက လူမသိ၊ သူမသိတဲ့ ဂျူနီယာတစ်ယောက်ရဲ့ အစေခံတစ်ယောက် ဘယ်လိုလုပ်ပြီး ဖြစ်ချင်မှာလဲ။ သူမအဆင့်အတန်းကို အသာထာဦး။ လော့ရှောင်မန်ရဲ့ အဆင့်အတန်းကတောင် ထိုကောင်စုတ်ထက် ပိုမြင့်ပါတယ်။ ထိုသတင်းသာ ပေါက်ကြားသွားခဲ့ရင် ချူမိသားစုနဲ့ ခရမ်းဖန်းတောင်ကြားတို့ လုံးဝမျက်နှာ ပျက်ရပါလိမ့်မယ်။

ပြီးတော့ အစေခံအဖြစ် ၁နှစ်ကြာအောင် လုပ်ရမှာပါ။ ထိုတစ်နှစ်အတောအတွင်း ထိုအရှက်မရှိတဲ့ ကောင်စုတ်က ဘာတွေ ထလုပ်မယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ဘူးလေ။

သုံးရက်ကြာပြီးနောက် …

ရှန်ချင်းလော့က သူမ၏ နှစ်လိုဖွယ်ကောင်းတဲ့ မျက်ဝန်းအစုံကို ရုတ်တရက် ဖွင့်လိုက်တယ်။ သူမမျက်ဝန်းအစုံက တလက်လက် တောက်ပနေခဲ့ပြီး သူမ၏ နူးညံ့ပျော့ပျောင်းတဲ့ ခန္ဓာကိုယ်လေးကလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တို့ဖြင့် ပြည့်ဝနေခဲ့ပါတယ်။

“ပိုကောင်းလာပြီလား” ရန်ကိုင် အလျင်စလို မေးလိုက်တယ်။

“အင်း” ရှန်ချင်းလော့က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ရန်ကိုင်ကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်တယ် “နင်က တော်တော်‌လေး အဖုံးအကွယ် ကောင်းတာပဲ။ နင့်မှာ ဒီလောက် အံ့ဩဖွယ်ကောင်းတဲ့ ရတနာတစ်ခု ရှိနေလိမ့်မယ်လို ့ဘယ်ူက ထင်ထားမိမှာလဲ”

ဒါပေမယ့် ရန်ကိုင်ကို ချီးကျူးပြောဆိုပြီးနောက် ရှန်ချင်းလော့က ရန်ကိုင်ရင်ဘတ်ကို ခပ်နာနာလေး လိမ်ဆွဲလိုက်ပြီး အံ့ကြိတ်ကာ ပြောလိုက်တယ် “နင့်မှာ ဒီလောက်အံ့ဩဖွယ်ကောင်းတဲ့ ရတနာရှိမှန်း အစောကြီးကတည်းက ငါ့ကို ဘာလို့ မပြောခဲ့တာလဲ။ ကောင်စုတ်လေး၊ နင့်ပစ္စည်းတွေကို ငါလုယူသွားမှာကို နင်ကြောက်နေတာမလား”

ရှက်သွားတာနဲ့ ရန်ကိုင်က ရှက်ကိုးရှက်ကန်း ရယ်မောလိုက်တယ်။

သူမရဲ့ အတွေးတွေကို အစောကြီးကတည်းက သူသိခဲ့ရင် သူမရဲ့ ခွန်အားအပြည့်အဝ ပြန်ရအောင် သူကူညီပေးခဲ့မှာပါ။

“နင်ပြန်ကောင်းသွားပြီ ဆိုတော့၊ ဒီကနေ မြန်မြန် ထွက်သွားကြတာပေါ့” ရန်ကိုင်က သူမရဲ့ နူးညံ့လှတဲ့ လက်ကလေးကို ဖိညစ်လိုက်တယ်။

ရှန်ချင်းလော့ မျက်နှာထက် တုန့်ဆိုင်းနေသည့် အမူအရာ ပေါ်လာခဲ့ပြီး ကောက်ကာငင်ကာနဲ့ တိုးတိုးလေး ပြောလိုက်တယ် “ငါတို့ဒီရောက်နေပြီ ဆိုမှာတော့ ပင့်ကူအမေကြီးရဲ့ အဆိပ်အနည်းငယ်ကို ငါယူသွားချင်သေးတယ်။ အခုမှ မယူသွားနိုင်ရင် နောက်တစ်ကြိမ် လာယူနိုင်တော့မည် မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူမက ပင့်ကူအမေကြီးကို လုံးဝ ထွက်သွားစေမိမှာ ဖြစ်လို့ပါပဲ”

“အောင်မြင်မှာ ကျိန်းသေလား”

“အောင်မြင်နိုင်ပါတယ်။ ဟိုပင့်ကူကို နင်ထိန်းချုပ်လို့ ရသေးလား”

“အင်း”

“ကောင်းတယ်။ အဲ့လိုဆိုရင် နည်းနည်းလေး ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်ပေးပါလား”

“ကောင်းပြီ” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။ ထို့နောက် သူထိန်းချုပ်ထားတဲ့ ပင့်ကူကို တိတ်တဆိတ် အမိန့်ပေးလိုက်တယ်။

Martial Peak

အပိုင်း(၃၁၀) ကျေးဇူးပါပဲ

တစ်ခဏကြာပြီးနောက် အဆင့်၆သားရဲက အကြောင်းပြချက် မရှိပဲ သူ့ရဲ့ အပေါင်းအပါတွေကို စတင်တိုက်ခိုက်ပါတော့တယ်။ အခြားပင့်ကူတွေလည်း ထိုပင့်ကူရူးသွပ်နေတာကို သတိပြုမိတာနဲ့ ချက်ချင်း တိုက်ပွဲထဲ ဝင်လာပါတော့တယ်။

ရှန်ချင်းလော့က ပင့်ကူပိုးမျှင်အိမ်၌ အပေါက်တစ်ပေါက် ဖောက်ပြီး ထိုအပေါက်ကနေ တိတ်တဆိတ် ထွက်ခွါသွားလိုက်တယ်။ ထို့နောက် ရန်ကိုင်နားထဲသို့ သူမအသံ ပျံ့လွင့်လာခဲ့တယ် “မလှုပ်နဲ့၊ အဲ့မှာပဲ ငါ့ပြန်လာတာကို စောင့်နေ”

ရန်ကိုင်လည်း အစီအစဉ်မရှိပဲ လှုပ်ရှားလိမ့်မှာ မဟုတ်ပါဘူး။ သူ့အသက်ရှူသံကို တည်ငြိမ်အောင် လုပ်လိုက်ပြီး အပြင်ဘက်က အခြေအနေကို သေချာစစ်ဆေးလိုက်တယ်။

သူထိန်းချုပ်ထားတဲ့ ပင့်ကူက အခုအချိန်မှာ ဒေါသထွက်နေခဲ့ပြီး သူ့ရဲ့အပေါင်းအပါတွေနဲ့ တိုက်ခိုက်နေခဲ့ပါတယ်။ အဆင့်၆ပင့်ကူ တစ်ကောင်ရဲ့ တိုက်ခိုက်မှုက ပင့်ကူတွေကို အချိန်အနည်းငယ်တော့ ဆွဲထားနိုင်မှာပါ။

တိုက်ခိုက်နေတဲ့ ပင့်ကူတွေက သူတို့ရဲ့ အပေါင်းအပါက ဘာလို့ ရူးသွပ်သွားလဲဆိုတာ နားမလည်နိုင်သေးတဲ့ပုံပါပဲ။ အစောပိုင်း တုန်းကလည်း ထိုကောင်က တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေကို ရူးသွပ်စွာနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အချိန်အနည်းငယ်လောက် ကြာအောင် တိုက်ခိုက်ပြီးချိန်မှာတော့ ထိုပင့်ကူတွေလည်း စိတ်မရှည်တော့တဲ့ပုံပါပဲ။ စွမ်းအားတွေကို ဆက်ပြီး ထိန်ချန်မထားတော့ပဲ ထိုရူးသွပ်နေတဲ့ကောင်ကို အတည်ပေါက်နဲ့ စတင်တိုက်ခိုက်ပါတော့တယ်။ ရူးသွပ်နေတာက ဆေးမမှီမှတော့ မကယ်တော့ရုံပေါ့။

အသက်ရှူစာ အကြိမ်အနည်းငယ် အတွင်းမှာပဲ ရန်ကိုင် ထိန်းချုပ်ထားတဲ့ အဆင့်၆မိစ္ဆာသားရဲက သူ့ရဲ့ အဆုံးသတ်ကို ရောက်ရှိသွားခဲ့ပါတယ်။

“ရန်ကိုင်” ချူရီမန်က ရုတ်တရက် အော်ခေါ်လိုက်တယ်။

ရန်ကိုင် မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိသလို ချူရီမန် ခေါ်နေတာကိုလည်း ပြန်မထူးခဲ့ပါဘူး။

“အစ်မရှန် သူ့ခွန်အားကို ပြန်ရသွားပြီလား” ချူရီမန်က စိတ်အားထက်သန်းစွာနဲ့ မေးလိုက်တယ်။

ရန်ကိုင်က တိတ်ဆိတ်နေဆဲပါ။

ချူရီမန်က မဲ့ပြုံးပြုံးလိုက်ပြီး “ရန်ကိုင်၊ နင်က အဲ့လောက်အထိ စိတ်ထားသေးသိမ်တဲ့ လူတော့ မဟုတ်ဘူးမလား။ ငါနင့်ကို ရန်စခဲ့တယ်ဆိုတာကို ငါဝန်ခံပါတယ်။ အဲ့အတွက် ငါ့ကို တောင်းပန်ခွင့်လေးတောင် မပေးတော့ဘူးလား”

“မလိုပါဘူး။ ကြီးကျယ်မြင့်မြတ်တဲ့ မိန်းကလေးချူရဲ့ တောင်းပန်စကားကို ငါဘယ်လိုလုပ်ပြီး လက်ခံရဲပါ့မလဲ” ရန်ကိုင်က အေးစက်စက်လေသံနဲ့ ပြန်ပြောလိုက်တယ်။

ချူရီမန်က ပေါ့ပါးစွာနဲ့ ရယ်မောလိုက်ပြီး “ကောင်းပြီ၊ ကောင်းပြီ။

ငါမှားခဲ့ပါတယ်။ ငါတကယ်ပဲ မှားခဲ့ပါတယ်။ နင့်တို့ ကောင်းကင်စံအိမ်ဆီ လူတွေခေါ်ပြီး ငါပြဿနာ မရှာခဲ့သင့်တာပါ။ တကယ့်တော့ နင့်နဲ့ပက်သက်ပြီးတော့ ငါလည်း ဘာလုပ်ရ ဘာကိုင်ရမှန်း မသိဖြစ်သွားခဲ့တာ။ နင့်ရဲ့ တိုက်ပွဲစွမ်းရည်က အရမ်းကို ကောင်းလွန်းနေတာလေ။ ငါတို့နှစ်ယောက် ယှဉ်တိုက်မယ်ဆိုရင်တောင် ဘယ်သူနိုင်မယ်ဆိုတာ ပြောဖို့ခက်တယ်။ ကောင်းကင်စံအိမ်လို ဂိုဏ်းသေးသေးလေးမှာ နင့်လိုတပည့် တစ်ယောက် ရှိနေတယ်ဆိုတာ ငါတကယ်ကို မယုံကြည်နိုင်ဘူး”

“ငါ့ကို မြှောက်ပင့်မနေနဲ့တော့။ အဲ့လိုမျိုး ပြောနေတာကို ကြားရတာ ငါ့နားထဲ ပိုးကောင်တွေ ရွစိထိုးနေသလိုပဲ”

“ဟဲဟဲ၊ ကောင်းပါပြီ။ နင်နဲ့ငါ နှစ်ယောက်စလုံးက လက်တွေ့ကျတဲ့ လူတွေဆိုတော့ တိုက်ရိုက်ပဲ ပြောတော့မယ်” ချူရီမန်က ပြုံးလိုက်ပြီး “အစ်မချန် ပြန်လာရင် ငါနဲ့လော့ရှောင်မန်ကိုပါ အတူခေါ်သွားပေးဖို့ ပြောပေးလို့ ရမလား။ သူမသာ ငါတို့နှစ်ယောက်ကို အတူခေါ်သွားမယ်ဆိုရင် ငါတို့ချူမိသားစုက သူမကို ကျိန်းသေပြန်ပြီး ကျေးဇူးဆပ်မှာပါ”

“သူမကို ပြောမယ်၊ မပြောဘူးဆိုတာ နင့်သဘော။ ငါနဲ့ ဘာမှ ဆိုင်တာမဟုတ်ဘူး” ရန်ကိုင်က မျက်မှောင်ကြုံ့ကာ တိုက်ရိုက်ပဲ ပြောချလိုက်တယ်။

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ နင်နဲ့ ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မကြားက ဆက်ဆံရေးက တော်တော်လေး နီးကပ်တယ်ဆိုတာ ငါသိတယ်။ သူမက အခြားယောကျ်ားတွေကို ဆက်ဆံသလို ဆက်ဆံတာ မဟုတ်ဘူး။ နင်သာ ပြောပေးမယ်ဆိုရင် အစ်မရှန်က ငါတို့ကိုပါ အတူ ခေါ်သွားပေးမှာ ကျိန်းသေတယ်”

ချူရီမန်၏ အသံက ရုတ်တရက် တိုးညှင်းသွားခဲ့ပြီး “နင်သာ ငါနဲ့ရှောင်မန်ကို နင့်ရဲ့အစေခံအဖြစ် နေပေးဖို့ မတောင်းဆိုသရွေ့ အခြားနင်ကြိုက်တဲ့ ဘယ်တောင်းဆိုချက်မဆို တောင်းဆိုလို့ရတယ်။ ငါတို့ချူမိသားစုက မိန်းမပျိုတစ်ယောက်ကို လက်ထပ်ချင်တယ် ဆိုရင်တောင် အဖေကျိန်းသေ သဘောတူအောင် ငါကူညီပေးနိုင်တယ်။ …အို ဒါပေမယ့် ဒီအကြောင်းတွေကို အစ်မရှန်ရှေ့မှာ မပြောဖို့တော့ သတိရပေါ့နော်။ တော်ကြာ သူမ မနာလိုနေဦးမယ်”

ရန်ကိုင်၏ သည်းခံမှုက တဖြည်းဖြည်းနဲ့ လျော့ပါးလာခဲပြီး နောက်ဆုံးမှာတော့ သူ့မျက်နှာက ရှုံ့မဲ့သွားခဲ့ပြီး ရွံရှာစက်ဆုပ်စွာနဲ့ ပြောလိုက်တဘ် “ငါပြောပြီးသွားပြီလေ။ သူမ နင်တို့ကို ကယ်မကယ် ဆိုတာက ငါနဲ့ဘာမှ မဆိုင်ဘူး။ ဘာလို့ မဟုတ်တုတ်က စကားတွေချည်းပဲ လာပြောနေရတာလဲ”

ချူရီမန်က အလွန်အမင်း စိတ်ဓါတ်ကျသွားခဲ့ပြီး ငိုတော့မယ့် မျက်နှာလေးနဲံ “ဒါပေမယ့် ငါ့ရဲ့ မျှော်လင့်ချက်တွေကို နင့်အပေါ်ပဲ ပုံအပ်ထားနိုင်တာလေ။ နင်သာ ကူမပြောပေးဘူးဆိုရင် ဒီကပ်ဆိုးကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး” ပြောနေရင်းနဲ့ သူမစကားလုံးတွေက အထစ်ထစ် အငေါ့ငေါ့ ဖြစ်ကုန်ပြီး “နင်… နင်ငါတို့ကို တကယ်ပဲ ဒီနေရာမှာ သေသွားအောင် ထားရက်တယ်ပေါ့”

သူမက သနားအောင် ဟန်ဆောင်နေမှန်းသိတော့ ရန်ကိုင်က ပိုပြီး ရွံရှာသွားခဲ့ပြီး ပြန်ပြီးတော့တောင် မပြောတော့ပါဘူး။

အစကတည်းက ထိုအစီအစဉ် ချတတ်တဲ့ မိန်းမကို သူကြည့်မရတာပါ။

“ရန်ကိုင်၊ ရန်ကိုင်…” ချူရီမန်က စိတ်ပျက် အားလျော့သွားခဲ့ခြင်း မရှိပဲ သူ့နာမည်ကို ထပ်ကာထပ်ကာနဲ့ အဆက်မပြတ် အော်ခေါ်နေခဲ့တယ်။

သူတို့နှစ်ယောက်ကြားက စကားပြောသံက တိုးပေးမယ့် သူတို့နဲ့ အနီးအနားမှာ ရှိတဲ့ လော့ရှောင်မန်ကတော့ အကုန်လုံးကို ကြားခဲ့ပါတယ်။

ရန်ကိုင်က ရက်ရက်စက်စက်နဲ့ သူမတို့ကို ဒီနေရာမှာ ထားခဲ့မယ် ဆိုတာကို ကြာလည်းကြားရော လော့ရှောင်မန်က တုန်လှုပ်ခြောက်ခြား သွားခဲ့ပြီး သူမရဲ့ မျက်နှာက လူသေကောင်လို ဖြူလျော်သွားခဲ့တယ်။ သူက ကြောက်လန့်တကြား ငိုကြွေးလိုက်ပြီး တိုးတိုးလေး အော်မေးလိုက်တယ် “အစ်မချူ၊ ငါတို့ဘာလုပ်သင့်လဲ”

ချူရီမန်က ဖွဖွလေး သက်ပြင်းချလိုက်ပြီး ရန်ကိုင်ကို အကူအညီတောင်းမယ့် အစီအစဉ်ကို လက်လျော့လိုက်ကာ ခြောက်သွေ့တဲ့ အပြုံးကို ဆင်မြန်းရင်း “စောင့်နေ၊ ငါတို့ ဒီမှာ မသေနိုင်ပါဘူး”

အမွှေးတိုင်းတစ်ချောင်းစာ ကုန်ဆုံးသွားပြီး နောက်မှာတော့ အနီရောင်ပုံရိပ်တစ်ခုက ရန်ကိုင်ရှေ့ ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ သူမရဲ့ လက်ချောင်းလေးကို ဝှေ့ရမ်းလိုက်တာနဲ့ ရန်ကိုင်ကို ချုပ်နှောင်ထားတဲ့ ပင့်ကူမျှင်တွေက တစ်စစီ ဖြစ်သွားခဲ့တယ်။

“သွားမယ်” ရှန်ချင်းလော့က အလျင်စလို ပြောလိုက်ပြီး လက်တစ်ဖက်နဲ့ ရန်ကိုင်ကို ဖမ်းကိုင်လိုက်ရင်း မြေကြီးကို အသာအယာ ကန်ကျောက်ကာ လေပေါ် ပျံတက်သွားလိုက်တယ်။

ရန်ကိုင်ရဲ့ အမူအရာက လေးနက်တည်ကြည် သွားခဲ့ပြီး ခပ်မြန်မြန်ပဲ သူမနဲ့ အမှီလိုက်လိုက်တယ်။ သူ့က ကောင်းကင်စိတ်အာရုံနဲ့ ဘေးပတ်ဝန်းကျင်ကို ဖြန့်ကျက်စစ်ဆေးနေတော့ ပင့်ကူအမေကြီးရဲ့ သွေးစွမ်းအားက လျင်မြန်စွာနဲ့ တဖြည်းဖြည်း အားကောင်းလာနေတာကို သတိထားမိခဲ့ပါတယ်။ ရှန်ချင်းလော့ရဲ့ လှုပ်ရှားမှုက ပင့်ကူအမေကြီးကို နိုးသွားစေတဲ့ ပုံပါပဲ။

“အစ်မရှန်” ချူရီမန်က အလျင်လိုနေတဲ့ အသံလေးနဲ့ အံကြိတ်ပြီး အော်ခေါ်လိုက်တယ်။ သူမမျက်နှာထက်မှာတော့ အနည်းငယ် တုန့်ဆိုင်းနေသည့် အမူအရာတို့ကို မြင်တွေ့နေရပါသေးတယ်။

ဒါပေမယ့် အခုက သူမရဲ့ မာနနဲ့ ပက်သက်ပြီး ဂရုစိုက်နေရမယ့် အချိန်မဟုတ်တာကို သူမကောင်းကောင်း သိထားပါတယ်။ ရှန်ချင်းလော့သာ ထွက်သွားခဲ့ရင် သူမနဲ့ လော့ရှောင်မန်က ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားနိုင်တော့မှာ မဟုတ်ပါဘူး။

“အစ်မရှန်၊ အရင်တောင်းဆိုချက်ကို ကျွန်မသဘောတူတယ်။ ကျေးဇူးပြုပြီး ကျွန်မနဲ့ လော့ရှောင်မန်ကို အတူခေါ်သွားပေးပါ” ချူရီမန်က အော်ပြောလိုက်တယ်။

ရှန်ချင်းလော့က မျက်မှောင်လေး ကြုံ့လိုက်ပြီး ချူရီမန်ကို လှမ်းကြည့်လိုက်တယ်။ သူမ လက်ကောက်ဝတ်ကို လှုပ်ခါလိုက်တာနဲ့ ပန်းရောင်ဖဲကြိုးနှစ်စ ထွက်ပေါ်လာခဲ့ပြီး ချူရီမန်နဲ့ လော့ရှောင်မန်ကို ရစ်ပတ်သွားခဲ့ကာ လေပေါ်ဆွဲခေါ်သွားခဲ့တယ်။

ရှန်ချင်းလော့က သူမတို့နှစ်ယောက်ကို စွန့်ပစ်မထားခဲ့မှန်း သိလိုက်ရတော့ ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်စလုံး ပျော်သွားခဲ့တယ်။

“ကိုယ့်ဆွေမျိုးကို သစ္စာဖောက်ပြီး အကြီးအကဲတွေ အကြံပေးတာကိုတောင် ဂရုမစိုက်ပဲ နေတယ်ဆိုတော့ ထွက်ပြေးဖို့ကို အိမ်မက်သာ မက်နေလိုက်တော့” ပင့်ကူအမေကြီးရဲ့ ဒေါသထွက်နေသည့် အသံထွက်ပေါ်လာခဲ့တယ်။ ထိုအသံထဲ မည်သည့် ညို့ငင်ဆွဲဆောင်မှုတို့မှ မပါတော့။ ပင့်ကူအမေကြီးရဲ့ အသံက ဒေါသတို့နဲ့သာ ပြည့်နေခဲ့တယ်။

ပြောနေရင်း ထူထဲလှတဲ့ အဖြူရောင်ပင့်ကူမျှင် နှစ်မျှင်က လေထုကို ထိုးဖောက်ပြီး သူတို့ဆီ တိုးဝင်လာခဲ့တယ်။ ထိုပင့်ကူမျှင်က အရမ်းကို မြန်ဆန်လှပါတယ်။ ပင့်ကူမျှင်က ရှန်ချင်းလော့နဲ့ ရန်ကိုင်တို့ရှေ့ ရောက်လာတဲ့အတွက် သူတို့လည်း အလျင်စလို ကာကွယ်လိုက်ရတယ်။

တိုက်ခိုက်မှုချင်း ထိပ်တိုက် တွေ့ဆုံရာကနေ ယွမ်ချီတို့ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ပင့်ကူမျှင်နှစ်ခုလည်း တားဆီးခံလိုက်ရတယ်။ ဒါပေမယ့် ယွမ်ချီပေါက်ကွဲရာကနေ ထွက်ပေါ်လာတဲ့ အားကြောင့် ရှန်ချင်းလော့ကိုင်ထားတဲ့ ဖဲကြိုးနှစ်ကြိုးထဲက တစ်ကြိုးက ပြတ်ထွက်သွားခဲ့ပြီး လော့ရှောင်မန်လည်း မြေကြီးပေါ် ပြုတ်ကျသွားခဲ့တယ်။

အသံကုန်အော်ဟစ်လိုက်ပြီး လော့ရှောင်မန်၏ အရည်လဲ့နေတဲ့ မျက်ဝန်းအစုံက တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နေခဲ့ကာ သူမ၏ နှလုံးခုန်သံတောင် ရပ်တန့်သွားခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်က ချူရီမန်ခါးကို တွန်းကန်လိုက်ပြီး သူမကို လော့ရှောင်မန်ရှီရာဆီ တွန်းပို့လိုက်တယ်။ သူတို့နှစ်ယောက်စလုံး မြေပေါ်မရောက်ခင်မှာပဲ ချူရီမန်က လော့ရှောင်မန်ရဲ့ အဝတ်စကို လှမ်းဖမ်းနိုင်ခဲ့တယ်။

“အစ်မချူ…”လော့ရှောင်မန်က အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ပြီး သူမ၏ မျက်ဝန်းတွေမှ မျက်ရည်တို့ အဆက်မပြတ် စီးကျလာပါတော့တယ်။ သူမ အသက်ရှူလိုက်တိုင်း မို့မောက်နေတဲ့ တောင်နှစ်လုံးက အထက်အောက် လှုပ်ခါနေခဲ့တယ်။ သူမမျက်နှာက တစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

“ငါနင့်ကို ဖမ်းမိသွားပြီ။ စိတ်မပူနဲ့တော့၊ ငါနင့်ကို လွှတ်ချထားခဲ့မှာ မဟုတ်ဘူး” ချူရီမန်က ပြုံးလိုက်ပြီး လော့ရှောင်မန်ကို အကြောက်ပြေအောင် နှစ်သိမ့်ပေးလိုက်တယ်။

ရှန်ချင်းလော့က ခပ်မြန်မြန်ပြ ရန်ကိုင်ကို အဓိပ္ပါယ်အပြည့်နဲ့ ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းလေးကတော့ တစ်ဖက်သား၏ ဝိဥာဉ်တစ်ခုလုံးကို ဗြောင်းဆန်သွားစေနိုင်သည့် အပြုံးကို ဆင်မြန်းလို့ ထားခဲ့တယ်။

ရန်ကိုင်ကတော့ ပုခုံးသာ ရှုံ့ပြလိုက်တယ်။ ခုနတုန်းက သူကန်လိုက်တာက အလိုလို လုပ်မိလိုက်တာပါ။ လုံဝကို မသိလိုက်၊ မသိဘာသာပဲ အလိုလို ကန်မိလိုက်တာပါ။

ရုတ်တရက် အောက်ဘက်ကနေ ဘိုင်ယွမ်ဖုန်းက ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့တယ် “ငါတို့ကိုလည်း နင်တို့နဲ့ အတူခေါ်သွားလေ။ မိန်းမပျက်မတွေ… နင်ငါ့ကို ဒီမှာ ဘယ်လိုလုပ်ပြီး တစ်ယောက်ထဲ ထားခဲ့နိုင်ရတာလဲ။ ငါသရဲ ဖြစ်သွားရင်တောင် နင်တို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

ချူရီမန်နဲ့ လော့ရှောင်မန်တို့ရဲ့ မျက်နှာတွေကတော့ ရွံရှာစက်ဆုပ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ ဘိုင်ယွမ်ဖုန်းရဲ့ အော်သံကို ကြာလိုက်ရပေမယ့် အေးစက်စက် အမူအရာနှင့် မကြားချင်ယောင်သာ ဆောင်နေခဲ့တယ်။

လူတစ်ယောက်နဲ့ အတူခရီးသွားပြီး အနိမ့်အမြင့် အခက်အခဲတွေကို အတူရင်ဆိုင်ရတော့မှပဲ ထိုလူတစ်ယောက် အကြောင်းကို ကောင်းကောင်း သိနိုင်ပါလိမ့်မယ်။ ဘိုင်ယွမ်ဖုန်းက ပုံမှန်မှာသာ လူတော်လူကောင်းလေး တစ်ယောက်လို ပြုမူနေတာပါ။ သူမတို့က သူ့ကို အရမ်းကြီး အကောင်းမမြင်ပေမယ့် ကိစ္စတစ်ခုခု ကြုံတာနဲ့ ပထမအဆင့် မိသားစုတစ်ခုရဲ့ အကြီးဆုံး သခင်လေးတစ်ယောက်ရဲ့ ဂုဏ်ပုဒ်အတိုင်း သင့်တင့်လျောက်ပတ်စွာ ပြုမူဆောင်ရွက်လေ့ ရှိပါတယ်။

မိသားစုနောက်ခံ အရဖြစ်စေ၊ သူ့ကိုယ်ပိုင်စွမ်းအား အရဖြစ်စေ၊ အားလုံးက အဆင့်မနိမ့်ပါဘူး။ ထို့ကြောင့် သူ့ရင်ခွင်ထဲ တိုးဝင်ချင်တဲ့ မိန်းမငယ်လေးတွေ ရှားပါးလိမ့်မှာ မဟုတ်ဘူးဆိုတာကို ပြောစရာတောင် မလိုပါဘူး။

ဒါပေမယ့် သူတို့ ဒုက္ခရောက်တာနဲ့ ဘိုင်ယွမ်ဖုန်းက သူ့ရဲ့ ဟန်ဆောင် မျက်နှာဖုံးကို ခွါချလာခဲ့ပါတယ်။

ယောကျ်ားတစ်ယောက် အနေနဲ့ သူက ခွေးချီးနဲ့ ဘာမှ မကွာပါဘူး။ ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်စလုံးက သူ့ကို နည်းနည်းတောင်မှ မသနားပါဘူး။

တည်ငြိမ်အေးချမ်းပြီး ခရစ်စတယ်လို ကြည်လင်နေတဲ့ ကန်ရေပြင်ဘေးတွင် လူသုံးယောက် ထိုင်နေခဲ့တယ်။

သူတို့ရှေ့မှာတော့ မီးပုံတစ်ခု ရှိနေခဲ့ပြီး ရန်ကိုင်က ငါးအချို့ကို ကင်နေခဲ့တယ်။

လော့ရှောင်မန်နဲ့ ချူရီမန်က ရန်ကိုင်ရဲ့ ရှေ့တည့်တည့်မှာ ထိုင်နေခဲ့ပြီး သူမတို့ရှေ့က ကောင်လေးကို ကိုးယိုးကားယား အကြည့်နှင့် ကြည့်နေခဲ့တယ်။

ရေပွက်သံနှင့်အတူ ရှန်ချင်းလော့၏ ကျက်သရေရှိလှတဲ့ ပုံရိပ်လေးက ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်။ ရေချိုးပြီးသွားတာနဲ့ သူမရဲ့ နှင်းဖြူရောင် အသားအရေက စိုပြေချောမွတ်နေခဲ့ပြီး အလွန်အမင်းကို ဆွဲဆောင်မှု ရှိနေခဲ့တယ်။ သူမ၏ ကျောက်စိမ်းသဖွယ် ချောမွတ်လှတဲ့ သွယ်လျတဲ့ ခြေဗလာအစုံကလည်း အလွန်အမင်းကို နှစ်လိုဖွယ် ကောင်းနေခဲ့ပါတယ်။

အမျိုးပေါင်း ၁၀၀၀၀လောက် ကွဲပြားသည့် ညို့ငင်မှုတို့ ထုတ်လွှတ်နေရင်း သူမ၏ ပါးလျပြီး နူးညံ့ကာ နီးစွေးသည့် နှုတ်ခမ်းအစုံက လွတ်လပ်သည့် အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့တယ်။ သူမမို့မောက်နေတဲ့ ရင်သားအစုံနှင့် ထွတ်မြတ်တောင်ကြားလေးကိုပဲ အဝတ်ဖုံးထားခဲ့ပြီး ကျန်တဲ့နေရာတွေ အကုန်လုံးကို လှစ်ဟာပြထားခဲ့ပါတယ်။

ထိုကဲ့သို့ စွဲမက်မြတ်နိုးဖွယ် ကောင်းပြီး ရမက်သွေးကြွဖယ် ပုံရိပ်ကို မြင်လိုက်ရချိန်မှာတော့ ရန်ကိုင်သာ နှလုံးခုန်သံ မြန်သွားရုံမက လော့ရှောင်မန် နဲ့ ချူရီမန်တို့ မျက်နှာတွေကလည်း ရှက်သွေးဖြန်းဖြန်း ဖြာကာ ရဲတွတ်နီမြန်းသွားခဲ့တယ်။ သူတို့အားလုံး၏ အသက်ရှူသံတွေ မြန်ဆန်လာခဲ့ပါပြီ။

သုံးယောက်စလုံး ချက်ချင်းပဲ အကြည့်လွှဲလိုက်ပြီး ထိုစုန်းမကို စိတ်ထဲကနေပဲ ကျိန်ဆဲလိုက်တယ်။

“ဟဲဟဲဟဲ…” ထိုသုံးယောက်၏ အမူအရာကို ကြည့်ရင်း ရှန်ချင်းလော့က ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။

ရေကန်အစွန်းနား ရောက်တာနဲ့ ဖြစ်သလို ကောက်ဝတ်လိုက်ပါတဘ်။ အဝတ်က သူမရဲ့ ကိုယ်တစ်ဝက်ကိုပဲ ဖုံးထားခဲ့ပါတယ်။ ထို့နောက် ကျက်သရေရှိစွာပြီး ရှေ့တက်သွားလိုက်ပြီး ရန်ကိုင်နားထိုင်ချလိုက်တယ်။

“နင့်ကိုယ်နင် နည်းနည်းလေး ထိန်းလို့ မရဘူးလား” ရန်ကိုင်က ကူကယ်ရာမဲ့စွာနဲ့ မေးလိုက်တယ်။

“လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်စရာ လိုလို့လား” ရှန်ချင်းလော့က တောက်ပစွာ ပြုံးလိုက်ပြီး “ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ထိပြီး တစ်ကြိမ်မကလည်း နမ်းပြီးသွားတာကို၊ ဘာလို့ ဟိတ်ကြီးဟန်ကြီးနဲ့ နေနေရဦးမှာလဲ”

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်လည်း ရန်ကိုင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြတယ်။ သူတို့ မျက်ဝန်းအစုံက ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ရန်ကိုင်နဲ့ ရှန်ချင်းလော့ကြားက ဆက်ဆံရေးက သာမန်မဟုတ်ဘူးလို့ သူမတွေးထားပေမယ့် သူမမျက်လုံးနဲ့ တပ်အပ်မမြင် ရသေးတဲ့အတွက် သူတို့ဘယ်လောက် ရင်းနှီးလဲဆိုတာ သူမမသိပါဘူး။

ဒါပေမယ့် သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ဒီလောက် နီးနီးကပ်ကပ် ထိုင်နေတာကို မြင်လိုက်ရတော့ သူတို့နှစ်ယောက်သာ ချစ်သူတွေ မဟုတ်ရင် ဘယ်မိန်းမကများ အခုလိုမျိုး အရှက်မဲ့စွာ ပြုမူနေပါ့မလဲ။

ကမ္ဘာဆွဲဆောင်မှု အရှိဆုံး မိန်းမလှလေးက သူနဲ့ ချစ်ကြိုက်နေတာလား ချူရီမန်က တွေးတောလိုက်ပြီး ရန်ကိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ ရန်ကိုင်ဆီကနေ ဖုံကွယ်ထားတဲ့ အရှိန်အဝါကို ပေးစွမ်းနေပြီး သူ့ခွန်အားက မဆိုးပေမယ့် နောက်ဆုံးတော့က သူက အစစ်အမှန်ဒြပ်စင်အဆင့်၄မှာသာ ရှိသေးတဲ့ လူငယ်လေး တစ်ယောက် ဖြစ်နေတုန်းပဲလေ။

အဲ့ဒါကို သူက ဘယ်လိုလုပ်ပြီး ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံးဖြစ်တဲ့ ဖြာယောင်းခြင်းနတ်ဆိုးကို သူ့ကိုကြိုက်သွားအောင် လုပ်နိုင်လိုက်တာလဲ။

ချူရီမန်က ရန်ကိုင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေလိုက်ပြီး နောက်တော့မှပဲ သူမကိုယ်သူမ ပြန်ထိန်းနိုင်ခဲ့တယ်။

ရန်ကိုင်ကတော့ သူမတို့ကို လျစ်လျူရှုထားလိုက်ပြီး ငါးကိုသာ ဆက်ကင်နေခဲ့တယ်။

ငါးကင်နံ့လေး ပျံ့နှံ့လာတာနဲ့ ချူရီမန်နှင့် လော့ရှောင်မန်တို့၏ ဗိုက်လေးတွေကနေ တဂွီဂွီ အော်မြည်ပါတော့တယ်။ သူမတို့ နှစ်ယောက်စလုံး ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့တယ်။

သူမတို့နှစ်ယောက်စလုံးက မိစ္ဆာကျင့်ကြံသူတွေလိုက်တာကို တစ်လလုံးလုံး မရပ်မနားနီပါး ထွက်ပြေးနေရတာပါ။ ပြေးနေတဲ့ အတောအတွင်း ကောင်းကောင်းလေးတောင် မနားခဲ့ရပါဘူး။ ထိုအတောအတွင်း ဗိုက်စာပေမယ့် စားဖို့အချိန် မရခဲ့ပါဘူး။

နောက်ဆုံး ပြေးဖို့ အားမရှိတဲ့ အချိန်မှာကျတော့ ပင့်ကူတွေ ဖမ်းတာကို ခံလိုက်ရပြန်ပါတယ်။ အခုမှပဲ သူမတို့တွေ ကောင်းကောင်း အနားယူနိုင်တာပါ။

“ကျွန်မတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အစ်မရှန်” ချူရီမန်က အားတင်းကာ အပြုံးတစ်ခုကို ဖျစ်ညစ်ပြုံးလိုက်ရင်း ရုတ်တရက် ကောက်ပြောလိုက်တယ်။

ရှန်ချင်းလော့က ပြန်ပြုံးပြလိုက်ပြီး “ငါတို့ကြားက သဘောတူညီချက်တစ်ခုပြလေ။ ကျေးဇူးတင်စကားတွေ ဘာတွေ ပြောစရာ မလိုပါဘူး”

“ဒါပေမယ့် အစ်မရှန်ကြောင့်သာ မဟုတ်ခဲ့ရင် ရှောင်မန်နဲ့ ကျွန်မလည်း ပင့်ကူအသိုက်ထဲကနေ အသက်ရှင်လျှက် လွတ်လာခဲ့မှာ မဟုတ်ဘူးလေ” ချူရီမန်က အသာအယာလေး ခေါင်းခါလိုက်တယ်။

ပြောပြီးတာနဲ့ ရန်ကိုင်ကို ကိုးယိုးကားယား အမူအရာနဲ့ ကြည့်လိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြောလိုက်တယ် “နင့်ကိုလည်း ကျေးဇူးတင်ပါတယ်”

ရန်ကိုင်က အကန်မမြန်ခဲ့ရင် လော့ရှောင်မန်ကို သူမကယ်တင်နိုင်ခဲ့ လိမ့်မှာ မဟုတ်ဘူးဆိုတာကို ချူရီမန် သိပါတယ်။

ဒါပေမယ့်က ရန်ကိုင်က ဘာမှမကြားသည့် အလား သူမကို လျစ်လျူရှူထားခဲ့တယ်။

ချူရီမန်စိတ်ထဲ ခါးသီးသွားခဲ့တယ်။

All Chapters