← Chapters

အခန်း (၃၁၁-၃၁၅)

Vol. 13 Ch. 311-315

အခန်း (၃၁၁-၃၁၅)

Vol. 13 Ch. 311-315

အပိုင်း(၃၁၁) သင်းရနံ့မြို့တော်

လဝက်ကြာပြီးနောက်… သင်းရနံ့မြို့တော် အပြင်ဘက် …

ဒီမြို့က အပြင်ဘက်ကမ္ဘာမှာရှိတဲ့ မြို့ကြီးတွေနဲ့ မခြား စည်ကားပါတယ်။ ဒီနေရာက ဖြာယောင်းခြင်း နတ်ဆိုးခြင်းဘုရင်မ နေတဲ့ နေရာဆိုလည်း မမှားပါဘူး။

တိမ်မိစ္ဆာနယ်မြေက တော်တော်လေး ကျယ်ပြန်တဲ့အတွက် တိမ်မိစ္ဆနယ်မြေကို အစိတ်အပိုင်းခြောက်ခုပိုင်းပြီး ဘုရင်ခြောက်ပါးက တစ်နေရာစီ အုပ်ချုပ်ပါတယ်။

သင်းရနံ့မြို့တော်ကနေ ဗဟိုပြု၍ ပတ်ပတ်လည် ကီလိုမီတာထောင်ပေါင်းများစွာကို ရှန်ချင်းလော့က ပိုင်ဆိုင်ပါတယ်။

လွန်ခဲ့တဲ့ ရက်တောအတွင်းက ရှန်ချင်းလော့၊ ရန်ကိုင်၊ ချူရီမန် နဲ့ လော့ရှောင်မန်တို့က အခြားမိစ္ဆာဘုရင်တွေရဲ့ နယ်မြေအသီးသီးကို ဖြတ်သန်းသွားလာခဲ့ရပါတယ်။ ထို့ကြောင် သွားနေတဲ့ အတောအတွင်း သူတို့အဆက်မပြတ် သတိထားခဲ့ရပါတယ်။

အခုသင်းရနံ့ မြို့တော်ကို ရောက်တော့မှပဲ သူတို့အားလုံး စိတ်သက်သာရာ ရသွားခဲ့တယ်။

နှစ်ပတ်ကြာအောင် အတူတူ ခရီးသွားပြီးတဲ့နောက် တိမ်မိစ္ဆာနယ်မြေ အပေါ်ရန်ကိုင်ရဲ့ သဘောထား ပြောင်းလဲသွားတဲ့အပြင် ချူရီမန်နဲ့ လော့ရှောင်မန်တို့ရဲ့ အထင်အမြင်တွေပါ ပြောင်းလဲသွားခဲ့ပါတယ်။

သူတို့ကြားခဲ့တဲ့ ကောလဟာလတွေ အရဆို တိမ်မိစ္ဆာနယ်မြေက မိစ္ဆာကျင့်ကြံသူတွေနဲ့ ပြည့်နေပြီး နတ်ဆိုးတွေ သောင်းကျန်းကာ လူတိုင်းလူတိုင်းက မကောင်းမှုကို ကျူးလွန်းထားကြတာပါ။

ဒါပေမယ့် ရှန်ချင်းလော့နဲ့ အတူတူ ခရီးသွားပြီးတဲ့အတွက် တိမ်မိစ္ဆာနယ်မြေက သူတို့ ကြားခဲ့ဖူးတဲ့ ကောလဟာလတွေနဲ့ တခြားစီ ဖြစ်နေတာကို‌ တွေ့ရှိလိုက်ရတယ်။ အနည်းဆုံးတော့ ရှန်ချင်းလော့ ပိုင်ဆိုင်ထားတဲ့ နေရာက တော်တော်လေးကို ငြိမ်းချမ်းပါတယ်။

တိမ်မိစ္ဆာနယ်မြေမှာ မိစ္ဆာကျင့်ကြံသူတွေ အများကြီး ရှိတယ်ဆိုတာ မှန်ပါတဘ်။ ဒါပေမယ့် ဒီမှာ ရှိနေတဲ့ လူအများစုက သာမန်လူတွေပါပဲ။

သူတို့ရဲ့ ဂိုဏ်းမှာ ရှိနေစဉ် အတောအတွင်း အပြစ်တစ်ခုခု လုပ်မိတဲ့အတွက် တိမ်မိစ္ဆာနယ်မြေဆီ ထွက်ပြေးလာရတဲ့ ကျင့်ကြံသူတွေလည်း အများကြီးပါ။ ရန်မစသင့်တဲ့ အင်အားစုတွေကို ရန်စမိလို့ တိမ်မိစ္ဆာနယ်မြေဆီ ထွက်ပြေးလာရတဲ့ လူတွေလည်း အများကြီးပါပဲ။

ပြီးတော့ သူတို့လေ့ကျင့်တဲ့ ကျင့်စဉ်တွေက ထူးဆန်းပြီး နတ်ဆိုးဆန်တယ်လို့ သတ်မှတ်ခံရကာ ပြင်ပကမ္ဘာကနေ ထုတ်ပယ်ခြင်း ခံရပြီး တိမ်မိစ္ဆာနယ်မြေဆီ ရောက်လာတဲ့ လူတွေလည်း ရှိပါတယ်။

တိမ်မိစ္ဆာနယ်မြေမှာရှိတဲ့ လူအများမှာ သူတို့ရဲ့ ခါးသီးနာကျင်ဖွယ် ကောင်းတဲ့ အတိတ်တွေ ရှိပါတယ်။ မလိုအပ်ပဲ မိစ္ဆာဆန်နေကြတာ မဟုတ်ပါဘူး။

“ဒီကမ္ဘာကြီးက သူတို့ရဲ့ အမှန်တရား ဆိုတာကို အသိအပြုတ် ပြုကြတယ်။ သူတိုနှလုံးသားထဲက အမှောင်ထုတွေကိုကျတော့ ရှောင်ဖယ်ထားကြတယ်။ အဲ့လို လေ့ကျင့်တာတွေနဲ့ ခံစားချက်တွေကို ကျတော့ မိစ္ဆာတဲ့… ဒါတွေအားလုံးက တစ်ဖက်လှည့်ပြီး ပါးရိုက်နေတာနဲ့ အတူတူပဲ” ရှန်ချင်းလော့က ကူကယ်ရာကင်းမဲ့တဲ့ လေသံနဲ့ ပြောလိုက်တယ်။

သူမက တိမ်မိစ္ဆာနယ်မြေရဲ့ မိစ္ဆာဘုရင် ခြောက်ပါးထဲက တစ်ပါးဖြစ်ပြီး ကီလိုမီတာထောင်ပေါင်းများစွာ ကျယ်ဝန်းတဲ့ ဧရိယာကို အုပ်ချုပ်နေပေမယ့် လူသားတွေရဲ့ စိတ်ထဲ စွဲမြဲနေတဲ့ အယူအဆတွေနဲ့ ပက်သက်ရင်တော့ သူမကိုယ်တိုင်လည်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး။

ရန်ကိုင်လည်း နတ်ဆိုးအိုကြီး ပြောခဲ့ဖူးတာကို ရုတ်တရက် ပြန်အမှတ်ရလိုက်တယ်။

လူသားဆိုတာ ဘာလဲ။ မိစ္ဆာဆိုတာကရော ဘာလဲ။ လူသားနဲ့ မိစ္ဆာတွေ အားလုံးက အတူတူချည်းပဲ။

လူတိုင်းရဲ့ နှလုံးသားထဲမှာ နတ်ဆိုးဆိုတာ ရှိပါတယ်။

သူတို့ ရှေ့ဆက်သွားနေချိန် ရန်ကိုင်က မြို့တော်ရဲ့ စည်ကားသိုက်မြိုက်မှုကြောင့် အံ့အားသင့်နေခဲ့ရပါတယ်။

သူသာ တိမ်မိစ္ဆာနယ်မြေက မထွက်ခွါရသေးတာကို မသိခဲ့ရင် သင်းရနံ့မြို့တော်ဆိုတာ အပြင်ကမ္ဘာက မြို့တစ်မြို့လို့ပဲ ထင်မှတ်မိမှာပါ။

သင်းရနံ့ မြို့တော်က အပြင်ကမ္ဘာက မြို့ကြီးတွေနဲ့ ဘာမှ မကွာခြားပါဘူး။ လမ်းတွေဆိုရင် ဈေးသည်တွေ၊ ဈေးတယ်သူတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ကျင့်ကြံသူတွေကလည်း သာမန်လူတွေကြား ရောနှောပြီး လှည့်ပတ်ကြည့်နေပါတယ်။ တိုက်ပွဲဖြစ်တယ်၊ အနိုင်ကျင့်တယ် ဆိုတာတွေကိုလည်း မတွေ့ရပါဘူး။

ထူထဲတဲ့ နတ်ဆိုးချီကို ထုတ်လွှတ်နေတဲ့ ကျင့်ကြံသူအချို့ကို တစ်ခါတစ်ရံ တွေ့ရပေမယ့် ထိုလူတွေက အခြားသူတွေကို ခက်ခဲအောင် မလုပ်ကြပါဘူး။

အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ကျင့်ကြံသူတွေ ကင်းလှည့်နေတာကို ရန်ကိုင် ခဏခဏ မြင်တွေ့ခဲ့ရပါတယ်။ ထိုလူတွေက မြို့တော်ရဲ့ ဥပဒေနဲ့ ပက်သက်ပြီး တာဝန်ယူထားရတဲ့ မြို့တော်ရဲ့ အစောင့်အကြပ်တွေ ဖြစ်လောက်ပါတယ်။

အခြားသူတွေကို နှောင့်ယှတ်တဲ့လူ၊ တိုက်ခိုက်တဲ့လူတွေ ဘယ်သူမဆို ထိုအစောင့်အကြပ်တွေကိုရဲ့ တိုက်ခိုက်ဖမ်းဆီးခြင်းကို ခံရပါလိမ့်မယ်။

တိမ်မိစ္ဆာနယ်မြေ တစ်ခုလုံးတွင် သင်းရနံ့မြို့တော်က အလုံခြုံဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ နတ်ဆိုးဘုရင်မ ရှန်ချင်းလော့ရဲ့ စည်းကြပ်ကွပ်ကဲမှုအောက်၌ သင်းရနံ့ မြို့တော်က ပိုပြီး စည်ကား သိုက်မြိုက်လာခဲ့တယ်။ ရာဇဝတ်မှုကို ကျူလွန်းတဲ့ လူတွေလည်း တကယ်ကို နည်းပါးပါတယ်။

ထိုအချိန်တွင် နတ်ဆိုးဘုရင်မ ရှန်ချင်းလော့က အနက်ရောင် မျက်နှာလွှားဇာကို ဝတ်ဆင်ပြီး အဖွဲ့တစ်ခုကို ဦးဆောင်ရင်း လူအုပ်ထဲ ရောနှောသွားလာနေခဲ့တယ်။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ကလည်း ရှန်ချင်းလော့ နောက်ကနေ လိုက်သွားရင်း မြို့ထဲမြင်ကွင်းတွေကို တိတ်တဆိတ် လေ့လာလို့ နေခဲ့တယ်။ သူမတို့နှစ်ယောက်ရဲ့ နှလုံးသားထဲ လေးစားမှုတို့ လှိုက်တက်လာခဲ့တယ်။

ဒီလိုမြို့တော်ကြီး တစ်ခုလုံးကို ငြိမ်းချမ်းအောင် လုပ်ထားနိုင်တယ် ဆိုတော့ ရှန်ချင်းလော့က အရည်အချင်း မရှိတဲ့လူ ကျိန်းသေ မဖြစ်နိုင်ပါဘူး။ သူတို့ လမ်းလျှောက်နေရင်း ရန်ကိုင်က သွားနေတာကို ရုတ်တရက် ရပ်လိုက်တယ်။

ရန်ကိုင် ရပ်လိုက်တာကို သတိပြုမိလိုက်တာနဲ့ ရှန်ချင်းလော့က နောက်လှည့်ပြီး မေးလိုက်တယ် “ဘာဖြစ်လို့လဲ”

ရန်ကိုင်က ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး “အလှလေး၊ စကားပုံတစ်ခု ရှိတယ်လေ ‘ကမ္ဘာကြီးဆိုတာ အံ့ဩစရာတွေနဲ့ ပြည့်နေတာတဲ့။ အဲ့ဒါကြောင့် လူဆိုတာ တစ်နေရာတည်းမှာပဲ အမြဲမနေသင့်ဘူးတဲ့’

ထိုအလှလေးရဲ့ မျက်နှာသာပေးခံရတာက တော်တော်လေး ပျော်ရွှင်ဖွယ်ကောင်းပေမယ့် တစ်နေ့ ရှန်ချင်းလော့များ စိတ်မထိန်းတော့ပဲ သူ့ကိုများ စားလိုက်ရင်ဖြင့် အကြောင်းကို တွေးရင် ရန်ကိုင် စိတ်သောက ရောက်မိပါတယ်။

ပြီးတော့ စုယန်နဲ့ ခွဲတာ တော်တော်လေး ကြာနေပြီ ဖြစ်တဲ့အတွက် သူမအကြောင်းကိုလည်း သူစုံစမ်းချင်ပါသေးတယ်။

သူပြောတာကို နားထောင်ရင်း ရှန်ချင်းလော့ မျက်လုံးထဲ အလင်းတစ်ချက် လက်သွားခဲ့တယ်။ ရန်ကိုင် ဘာတွေးနေလဲ ဆိုတာ သူမချက်ချင်းပဲ သိလိုက်ပါတယ်။ အပြုံးတစ်ခုကို ဆင်မြန်းလိုက်ပြီး ရန်ကိုင်ဆီ လမ်းလျှောက်သွားလိုက်ကာ သူ့လက်မောင်းကို ဖမ်းကိုင်လိုက်ကာ ဖျော့ဖျော့ သင်းရနံ့လေးကို မှုတ်ထုတ်လိုက်တယ် “နင်လမ်းလျှောက် ထွက်သွားနိုင်မယ်လို့ ထင်နေတာလား”

“နင့်ကိုယ်နင် ပြန်ထိန်းပါဦး” ရန်ကိုင် အမူအရာက ခါးသီးသွားခဲ့တယ်။ ဒါက သူအစိုးရိမ်ဆုံး အရာပါ။

ရှန်ချင်းလော့က သူ့ကိုထွက်သွားခွင့် မပေးမှာကို သူစိုးရိမ်နေခဲ့တာပါ။ လမ်းတစ်လျှောက် သူထွက်ပြေးဖို့ အကြိမ်များစွာ ကြိုးစားခဲ့ပေမယ့် သူထွက်ပြေးဖို့ မလုပ်ရသေးခင်မှာပဲ ရှန်ချင်းလော့က သူ့ကို မိသွားခဲ့ပါတယ်။

ရှန်ချင်းလော့ရဲ့ ခွန်အားနဲ့ဆိုရင် သူမသာ သူ့ကို မျက်စိတောက်ထောက် ကြည့်နေမယ်ဆိုရင် သူ့မှာ ထွက်ပြေးဖို့ အခွင့်အရေး မရှိပါဘူး။

“အပြင်မှာဆိုရင် နေရာတိုင်းမှာ ပရမ်းပတာ ဖြစ်နေတာ။ နင်သာ နင့်လာသာနင် တစ်ယောက်တည်း ထွက်သွားမယ်ဆိုရင် ဘေးကင်းမှာ မဟုတ်ဘူး။ အခုလောလောဆယ် ဒီမှာနေတာ နင့်အတွက် အကောင်းဆုံးပဲ”

“ဘယ်လောက်ကြာအောင်လဲ…”

“ငါ့စိတ်အခြေအနေပေါ် မူတည်တယ်၊ ဟဟ…”

ရန်ကိုင် အမူအရာက ပိုပြီး သုန်မှုန်သွားခဲ့တယ်။

ငါ့လခွမ်းပဲ။ ငါသာ ဒီနေရာမှာ ဆက်နေရမယ်ဆိုရင် တစ်နေ့ကျ ဒီမိစ္ဆာမရဲ့ သားကောင် ဖြစ်သွားမှာ အသေအချာပဲ။

ချူရီမန်နဲ့ လော့ရှောင်မတို့ နှစ်ယောက်က ရန်ကိုင် ဒုက္ခရောက်နေတာကို အပြုံးကြီးပြုံးရင်း ဘေးကနေ ရပ်ကြည့်နေခဲ့တဘ်။

ရန်ကိုင်က ရှန်ချင်းလော့ ထိန်းချုပ်ထားတာကို ခံနေရပါတယ်။ အစစ်အမှန်ချီကို လှည့်ပတ်လို့ မရတဲ့အပြင် ထိုစုန်းမက တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်နေကြတဲ့ စုံတွဲလို ဟန်ဆောင်နေပါသေးတယ်။ ရန်ကိုင်နဲ့ လက်ချင်း ချိတ်ထားပြီး ကျော့ကျော့မော့မော့လေး လမ်းလျှောက်နေခဲ့တယ်။

ကံကောင်းစွာဖြင့် သူမက မျက်နှာကို မျက်နှာလွှားဇာဖြင့် ဖုံးကာထားခဲ့ပါတယ်။ သူမသာ မျက်နှာကိုမအုပ်ပဲ အခုနေရာမှာ ထွက်ပေါ်လာခဲ့ရင် သင်းရနံ့မြို့တော် တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားပါလိမ့်မယ်။

အချိန် တစ်ခဏလေးအတွင်းမှာပဲ သူတို့လေးယောက် ရှန်ချင်းလော့ရဲ့ နန်းတော်ဆီ ရောက်ရှိလာခဲ့တယ်။

ထိုကြီးကျယ်ခမ်းနားတဲ့ နန်းတော်က ကြီးမြတ်တဲ့ ဂုဏ်အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပြီး ဧရိယာတော်တော် များများကို နေရာယူထားခဲ့ပါတယ်။ နန်းတော်ကလည်း ကျောက်စိမ်းရုပ်ထု၊ နဂါးရုပ်ထု နှင့် ဖီးနစ်ရုပ်ထုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

နန်းတော်ရဲ့ အတွင်းဘက် တစ်ခုလုံးကလည်း လုံးဝကို ငြိမ်သက်အေးချမ်း နေပါတယ်။ လူများများစားစား သိပ်မရှိတဲ့ပုံပါပဲ။

လှည့်ပတ်ကြည့်လိုက်တဲ့အခါ စင်္ကြံလမ်းများစွာ ရှိနေတာကို တွေ့လိုက်ရသလို စမ်းချောင်းလေးတွေ စီးဆင်းနေတဲ့ အသံကိုလည်း ကြားလိုက်ရပါတယ်။

“ငါ့နန်းတော်ထဲမှာ အစေခံအနည်းငယ်က လွဲပြီး အခြားဘယ်သူမှ မရှိဘူး။ နန်းတော်က အခုလိုပဲ အမြဲတမ်းခြောက်ကပ် နေတာ။ အဲ့ဒါကြောင့် နင်တို့ အရမ်းကြီး သတိထားနေစရာ မလိုဘူး” ရှန်ချင်းလော့က ညင်သာစွာနဲ့ ရှင်းပြလိုက်တယ်။

နန်းတော်ထဲ ပြန်ရောက်တော့မှပဲ ရှန်ချင်းလော့ အနေနဲ့ စိတ်ရှိလက်ရှိသလို နေထိုင်နိုင်ပါတော့တယ်။ မျက်နှာလွှားဇာကို ချွတ်လိုက်ပြီး အညောင်းအညာ ပြေအောင် အကြောဆန့်လိုက်တယ်။ သူမရဲ့ အံ့ဩဖွယ်ကောင်းတဲ့ အမို့အမောက်၊ ကောက်ကြောင်း အဖြာဖြာကို ရန်ကိုင်တို့ အထင်းသား မြင်တွေ့လိုက်ရတယ်။

“ဘယ်သူလဲ” တေးသီချင်းလေးလို ချိုမြတဲ့ အသံလေးနဲ့အတူ ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပုံရိပ်တစ်ခုက သူတို့ဆီ လျင်မြန်စွာ ရောက်ရှိလာခဲ့တယ်။

“ငါပဲ” ရှန်ချင်းလော့က သက်သောင့်သက်သာ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။

ထိုပုံရိပ်က တစ်ခဏတာလောက် ရပ်တန့်သွားခဲ့ပြီး ရုတ်တရက်ကြီး တစ်ရှိန်ထိုး ပြေးလာလိုက်တယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ချိုမြပြီး ကိုယ်လုံးကိုယ်ပေါက် သေးသေးနဲ့ မိန်းကလေး တစ်ယောက်က အားလုံးရှေ့ ထွက်ပေါ်လာခဲ့တယ်။

“ငါ့ရဲ့ဘုရင်မ၊ နောက်ဆုံးတော့ ပြန်လာပြီပေါ့” ထိုမိန်းကလေးက အသက်၂၀လောက်ပဲ ရှိသေးတဲ့ ပုံပါပဲ။ ရှန်ချင်းလော့ကို မြင်လိုက်တဲ့အချိန် သူမမျက်ဝန်းထဲ အပျော်တွေနဲ့ ပြည့်သွားခဲ့ပြီး စိက်သက်သာရာ ရသွားသည့် အရိပ်အယောင်တို့လည်း ထွက်ပေါ်လာခဲ့တယ်။

သူအနေနဲ့ ပျော်လွန်းလို့ အပျော်မျက်ရည်တွေတောင် ကျလာခဲ့ပါတယ်။ သူမ ငိုနေစဉ်က သူမရဲ့ မို့မောက်နေတဲ့ ယုန်ဖြူနှစ်ကာင်က နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့တယ်။

တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ထိုမိန်းကလေးက အလှဂဟေး တစ်ယောက်မှန်း ပြောနိုင်ပါတယ်။

သူမမှာ ရှည်လျားတဲ့ ဆံသားတွေ၊ ကျော့ရှင်းပြီး သွယ်လျတဲ့ မျက်ခုံးအစုံနဲ့ တောက်ပပြီး နှစ်လိုဖွယ်ကောင်းတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပါတယ်။ သူမ၏ နှာတံလေးက ဖြောင့်စင်းနေပြီး ပါးလေးတွေက အနည်းငယ် နီးမြန်းနေခဲ့ပါတယ်။ အသက်တစ်ခါ ရှူလိုက်တိုင်း ပွင့်ချပ်လေးတွေလို ပါးလွှာတဲ့ သူမ၏ နှုတ်ခမ်းပါးလေးတွေက လှုပ်ခတ်သွားခဲ့ပြီး သူမမျက်နှာထက် ပန်းပေါင်းစုံ ပွင့်လန်းလာသလားတောင် ထင်မှတ်ရပါတယ်။

သူမ၏ နို့နှစ်ရောင် အသားအရေကလည်း အလင်းရောင်အောက် တောက်ပနေခဲ့ပါတယ်။ သူမ၏ ကျက်သရေရှိလှပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်လေးနဲ့ပါ ဆိုတော့ ထိုမိန်းကလေးက အလွန်အမင်းကို စွဲမက်နှစ်လိုဖွယ်ကောင်းလှပါတယ်။

သူမကို မြင်လိုက်တာနဲ့ ရန်ကိုင်လည်း မနေနိုင်ပဲ ခေါင်းညိတ်မိလိုက်တယ်။ အခုလို စွဲမက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိလှတဲ့ မိန်းကလေးကပဲ ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မရဲ့ အစေခံဖြစ်ထိုက်ပါတယ်။

ကောင်းကင်စိတ်အာရုံနဲ့ တိတ်တဆိတ် စစ်ဆေးကြည့်လိုက်တဲ့ အခါ ထိုမိန်းကလေးက အစစ်အမှန် ဒြပ်စင်အဆင့်၇ကို ရောက်ရှိနေတာကို တွေ့လိုက်ရတယ်။ သူမက ချူရီမန်လောက် မသန်မာပေမယ့် ချူရီမန်ထက်တော့ ၁နှစ်၊၂နှစ်ယောက် ငယ်ရွယ်ပါသေးတယ်။

ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးတာကို ခံလိုက်ရချိန် မိန်းမငယ်လေးရဲ့ အမူအရာက ရုတ်ချည်းလေးနက်သွားခဲ့ပြီး ရန်ကိုင်ကို အေးစက်စက် အကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။

ဟိုး… သူမရဲ့ အာရုံခံစားမှုက အရမ်းကို ထက်ရှတာပဲ ရန်ကိုင်က ဖွဖွလေး ရယ်မောလိုက်ပြီး သူမရဲ့ အကြည့်ကို လျစ်လျူရှုထားလိုက်တယ်။

ကောင်မလေးက မသိမသာလေး မျက်မှောင်ကြုံ့လိုက်တယ်။ ရှန်ချင်းလော့က ထိုလူသုံးယောက်ကို ဘာလို့ ဒီနေရာဆီ ခေါ်လာမှန်း သူမနားမလည် နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဆက်မမေးတော့ပဲ ရန်ကိုင်ကို လျစ်လျူရှုထားလိုက်ပြီး စိတ်အားသန်စွာနဲ့ မေးလိုက်တယ် “သခင်မ၊ သားရဲဘုရင်က သူ့နောက်လိုက်တွေနဲ့ သမင်မကို ချုံခိုက်တိုက်ခိုက်ခဲ့ တယ်လို့ ကြားတယ်။ သခင်မ ဒဏ်ရာမရခဲ့ဘူးမလား”

“ငါက အကောင်းအတိုင်းပဲလေ” ရှန်ချင်းလော့က အသာအယာလေး ခေါင်းယမ်းလိုက်ပြီး “အဲ့ဒါနဲ့ ပက်သက်ပြီး ဘာမှ စိတ်ပူစရာ မရှိဘူး”

“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ သားရဲဘုရင်က တကယ်ကို ယုတ်ညံ့လွန်းတယ်။ အဲ့ကိစ္စနဲ့ ပက်သက်ပြီး အကြီးအကဲတွေက သူနဲ့တောင် တိုက်ခိုက်တော့မလို ဖြစ်သွားခဲ့တယ်။ အခု မိသားစုကြီးရှစ်ခုနဲ့ အပြင်ကမ္ဘာက အင်အားစုတွေက ထွတ်မြတ်နယ်မြေကို တိုက်ခိုက်ဖို့ လုပ်နေကြတယ်။ သင်းရနံ့ မြို့တော်က လူတွေအများကြီးလည်း ဆင့်ခေါ်ခံလိုက်ရတယ်။ အကြီးအကဲက ပြောသေး…”

“အဲ့အကြောင်းကို မနက်ဖြန်မှ ပြောကြာတာပေါ့။ အခုက နည်းနည်း ပင်ပန်းနေတယ်” ရှန်ချင်းလော့က ကြားဖြတ်ပြောလိုက်ပြီး “အဲ့ကိစ္စတွေနဲ့ ပက်သက်ပြီး သူတို့ကြိုက်သလို ဆုံးဖြတ်လို့ ရတယ်လို့ အကြီးအကဲတွေကို ပြောလိုက်”

“ဟုတ်ကဲ့ပါ၊ သခင်မ” ကောင်မလေးက လေးနက်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး ထိုသုံးယောက်ကို သံသယအကြည်နဲ့ ကြည့်ကာ “သူတို့သုံးယောက်…”

ရှန်ချင်းလော့က ချူရီမန်နဲ့ လော့ရှောင်မန်တို့ကို မျက်မှောင်ကြုံကာ ကြည့်နေလိုက်ပြီးနောက် ရုတ်တရက် ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။ သူမလက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး မှိန်ဖျဖျ အလင်းတန်းနှစ်ခုကို ထိုနှစ်ယောက်ဆီ ပစ်လွှတ်လိုက်တယ်။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယေဦက်စလုံး အနည်းငယ်လေး တုန်ရင်သွားခဲ့ပြီး နောက် သူတို့ မတုန့်ပြန်နိုင်သေးခင်မှာပဲ သူတို့ရဲ့ အစစ်အမှန်ချီကို လှည့်ပတ်လို့ မရတော့တာကို တွေ့ရှိလိုက်ရတယ်။

“အစ်မရှန် ဘာလို့ အခုလို လုပ်ရတာလဲ” ချူရီမန်က မဲ့ပြုံးပြုံးလိုက်ရင်း မေးလိုက်တယ်။

“အိုး၊ ဘာမှ မဟုတ်ပါဘူး” ရှန်ချင်းလော့က တခစ်ခစ် ရယ်မောလိုက်ပြီး “ပီလော့၊ အဲ့မိန်းကလေး နှစ်ယောက်ကို သင်းရနံ့ဧည့်ဆောင်ဆီ ခေါ်သွားလိုက်”

“အင်း” ပီလော့က ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်ကို စပ်စုလိုစိတ် အပြည့်နဲ့ ကြည့်လိုက်ရင်း သင်းရနံ့ဧည့်ဆောင်မှာ အကျယ်ချုပ် ချထားရလောက်တဲ့အထိ ထိုနှစ်ယောက်က သခင်မကို ဘယ်လိုများ ရန်သွားစလိုက်လဲဆိုတာကို တွေးတောနေလိုက်တယ်။

သူမက ထိုကိစ္စနဲ့ ပက်သက်ပြီး ဇဝေဇဝါ ဖြစ်နေပေမယ့် ထပ်မမေးခဲ့ပဲ လက်ခုပ်လေး တီးလိုက်တယ်။

သိပ်မကြာခင်မှာပဲ ငယ်ရွယ်တဲ့ မိန်းမအနည်းငယ်‌ ရောက်ရှိလာခဲ့တယ်။ သူတို့တစ်ယောက်ချင်းစီက ပန်းလေးတစ်ပွင့်လို လှပနေခဲ့ပြီး သူမတို့ရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း နိမ့်ကျခြင်း မရှီပါဘူး။ သူတို့အားလုံး အစေခံ အဝတ်အစားကို ဝတ်ဆင်ထားကြပါတယ်။

“သူတို့ကို သင်းရနံ့ဧည့်ဆောင်ဆီ ခေါ်သွားလိုက်” ပီလော့က မြန်ဆန်စွာပဲ အမိန့်ပေးလိုက်တယ်။

“ဟုတ်ကဲ့ပါ”

“သူတို့ကို ကောင်းကောင်း ဂရုစိုက်လိုက်ဦး။ သူတို့ကို စိတ်မကျေမနပ် ဖြစ်အောင်လည်း မလုပ်မိစေနဲ့” ရှန်ချင်းလော့က ထပ်ပြောလိုက်တယ်။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက် ကူကယ်ရာမဲ့တဲ့ အပြုံးတို့ကို ဆင်မြန်းရင်း ပြန်ပြီး အထွန့်တက်ဖို့ မကြိုးစားတော့ပဲ ထိုအစေခံတွေ နောက်ကနေသာ လိုက်သွားလိုက်တယ်။

“သူ့ကိုရော” ပီလော့က ရန်ကိုင်ကို လက်ညိုးထိုးပြလိုက်ပြီး မေးလိုက်တယ်။ သူမစိတ်ထဲမှာတော့ သံသယတွေနဲ့ ပြည့်လို့ပေါ့။ ဘာလို့လဲဆိုတော့ သူမရဲ့ သခင်မက ယောကျ်ားတစ်ယောက်ကို နန်းတော်ဆီ ဘယ်တုန်းကမှ ခေါ်မလာခဲ့ဖူးတာကိုး။ နတ်ဆိုးဘုရင်တွေ လာရင်တောင် သူတို့ကို နန်းတော်ဆီ ဖိတ်မခေါ်ပဲ အခြားတစ်နေရာမှသာ လက်ခံတွေ့ဆုံပါတယ်။

“သူလား…” ရှန်ချင်းလော့က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး အလင်းစီးကြောင်းလေး တစ်ခုကို ရန်ကိုင်ဆီ ပစ်လွှတ်လိုက်တယ်။

ရန်ကိုင်အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး အစစ်အမှန်ချီကို လှည့်ပတ်လိုက်တယ်။ ဒါပေမယ့် အစစ်အမှန်ချီကို ချိတ်ပိတ်မထားတာကို တွေ့ရှိလိုက်ရပြီး အဲ့အစား သူ့ခန္ဓာကိုယ်ပေါ်၌ အမှတ်အသား တစ်ခုရှိနေတာကို တွေ့ရှိလိုက်ရတယ်။

“သူ့ကို ဆိတ်ငြိမ်ဖီးနစ်စံအိမ်ဆီ အနားယူဖို့ ခေါ်သွားလိုက်” ရှန်ချင်းလော့က ချိုသာစွာ ပြုံးလိုက်ပြီး ရန်ကိုင်ကို ကြည့်လိုက်တယ်။

ရန်ကိုင်က တည်ငြိမ်ဟန်ဆောင်နေပမယ့် သူ့စိတ်ထဲမှာတော့ မကျေမနပ်ချက်တို့ဖြင့် ပြည့်နေခဲ့ပါတယ်။

“ဆိတ်ငြိမ်ဖီးနစ်စံအိမ်လား…” ပီတော့က အံ့အားသင့်တကြီးနဲ့ ပြောလိုက်တယ်။ သူမရဲ့ တောက်ပတဲ့ မျက်ဝန်းအစုံက အံ့အားသင့်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ထိုနေရာက နန်းတော်ရဲ့ အတွင်းဘက်အကျဆုံး အပိုင်းမှာ တည်ရှိတာဖြစ်ပြီး နန်းတော်ထဲမှာ ရှိတဲ့ အကောင်းဆုံး စံအိမ်ဆိုရင်လည်း မမှားပါဘူး။ ထိုနေရာက သူမရဲ့ သခင်မ ကြီးပြင်းလာတုန်းက နေခဲ့တဲ့ နေရာပါ။

အိပ်ရာ၊ လိုက်ကာတွေနဲ့ ခေါင်းအုံးတွေ အကုန်လုံးက သူမသခင်မက အရင်တုန်းက အသုံးပြုခဲ့တဲ့ ဟာတွေပါ။ သူမသခင်မရဲ့ သင်းရနံ့တို့ စွဲကပ်နေသည့် အခြားပစ္စည်းတွေလည်း ရှိပါသေးတယ်။ အရေးကြီးဆုံးကတော့ ရှန်ချင်းလော့ရဲ့ ကလေးဘဝ မှတ်ဥာဏ်တွေပါ။

ဘယ်လိုလုပ်ပြီး ထိုကဲ့သို့ သီးခြားနေရာတစ်ခုကို ယောကျ်ားတစ်ယောက် နေဖို့အတွက် ရုတ်တရက်ကြီး ပေးလိုက်ရတာလဲ။

Martial Peak

အပိုင်း(၃၁၂) ကြိုက်တာ တောင်းဆိုလို့ရတာလား

ပီလော့ကလည်း တစ်ချိန်တုန်းက ဆိတ်ငြိမ်ဖီးနစ်စံအိမ်မှာ နေခွင့်ရဖို့အတွက် ရှန်ချင်းလော့ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ရှန်ချင်းလော့ကတော့ လုံးဝကို ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဘယ်ကမှန်းမသိတဲ့ ယောကျ်ားတစ်ယောက်ကို ရှန်ချင်းလော့က ဆိတ်ငြိမ်ဖီးနစ်စံအိမ်မှာ နေခွင့်ပေးနေခဲ့တယ်။ ပီလော့ အံ့အားမသင့်ပဲ ဘယ်နေပါတော့မလဲ။

ဒီကောင်စုတ်ရဲ့ နောက်ခံက ဘာများလဲ။ သခင်မက သူ့ကို ဘာလို့ အရမ်းအလေးထားနေရတာလဲ

သူမက ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ တောက်လျှောက် စိုက်ကြည့်နေလိုက်ကာ တုန့်ဆိုင်းမှုနဲ့ သိပ်သည်းလှတဲ့ မနာလိုမှုတို့က သူမရဲ့ လှပတဲ့ မျက်ဝန်းထဲ ထင်ဟပ်လို့နေခဲ့တယ်။

“တစ်ချိန်လုံး တောက်လျှောက် ပြေးနေခဲ့ရတော့ နင်လည်း ပင်ပန်းနေမှာပဲ။ ဒီနေ့ ကောင်းကောင်းလေး အနားယူလိုက်။ ငါအလုပ်ကို အရင်ပြီးအောင် လုပ်လိုက်ဦးမယ်။ ငါ့ကိစ္စပြီးသွားတာနဲ့ ငါနင်နဲ့ စကားလာပြောမယ်” ရှန်ချင်းလော့က ချိုသာစွာ ပြောလိုက်တယ်။

ရန်ကိုင် မျက်နှာအမူအရာ ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ သူမက ရှန်ချင်းလော့ကိုသာ ငေးကြောင်ပြီး စိုက်ကြည့်နေလိုက်ကာ စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပါဘူး။

အားနည်းနေချိန် ဦးညွှတ်သင့် ဦးညွှတ်ရပါလိမ့်မယ်။

ပီလော့က လက်ခုပ်တီးပြီး အစေခံတွေကို ခေါ်ဖို့လုပ်နေတုန်းမှာပဲ ရှန်ချင်းလော့က ကောက်ပြောလိုက်တယ် “နင်ကိုယ်တိုင် သူ့ကို ဆိတ်ငြိမ်ဖီးနစ်စံအိမ်ဆီ ခေါ်သွားပေးလိုက်တယ်”

ပီတော့က တုန်ရီသွားခဲ့ပြီး သူမရဲ့ အံ့အားသင့်မှုကို မဖုံးနိုင်၊ မဖိနိုင်တဲ့အထိ ဖြစ်သွားခဲ့ရပေမယ့် အလျင်စလိုပဲ ခေါင်းညိတ်ပြလိုက်ပါတယ် “ဟုတ်ကဲ့ပါ”

ရှန်ချင်းလော့က ကိုယ်ကိုညွှတ်လိုက်ပြီး ရန်ကိုင်ကို တိုးတိုးလေး ပြောလိုက်တယ် “ကောင်စုတ်လေး၊ သူမကို အရမ်းအနိုင် မကျင့်နဲ့နော်။ သူမနဲ့ငါက အတူတူ ကြီးလာတာ။ သူမက ငါ့ရဲ့ အဖိုးတန်ညီမလေးဆိုလည်း မမှားဘူး”

“ငါသိပြီ” ရန်ကိုင်က ကူကယ်ရာမဲ့စွာနဲ့ ရယ်မောလိုက်တယ်။

“သွားကြစို့”

ပီလော့က ရန်ကိုင်ကို ဦးဆောင်ခေါ်သွားလိုက်တယ်။

ထိုစွဲဆောင်မှုရှိလှတဲ့ မိန်းကလေးနောက်ကနေ လိုက်ရင်း ရန်ကိုင်က ဘေးပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးသွားခဲ့တယ်။ ရှန်ချင်းလော့ရဲ့ နန်းတော်က တကယ်ကို တိတ်ဆိတ်လှပါတယ်။ အပြင်ဘက် သင်းရနံ့မြို့ထဲမှာသာ လူပေါင်းစုံတို့နဲ့ ဆူညံစည်းကား နေပေမယ့် နန်းတော်ထဲမှာတော့ အရမ်းကို ဆိတ်ငြိမ်အေးချမ်း နေခဲ့ပါတယ်။ နေရာတိုင်းကလည်း သင်းပျံ့တဲ့ ရနံ့တို့ဖြင့် မွှေးပျံ့နေခဲ့တယ်။ လမ်းတစ်ခုချင်းစီက သန့်စင်နေပြီး ဖုန်တစ်စက်တောင် မတွေ့ရပါဘူး။

သွားနေရင်းနဲ့ အစေခံတွေကိုလည်း တွေ့ခဲ့ရပါတယ်။ အစေခံတွေက ပီလော့ကို တွေ့တာနဲ့ ရိုရိုသေသေ နှုတ်ဆက်လိုက်ပြီး ရှန်ကိုင်ကို စပ်လိုစပ်စုစိတ်နဲ့ ကြည့်လိုက်ကြတယ်။ ဒါပေမယ့် လမ်းတစ်လျှောက် ယောကျ်ားအစေခံ တစ်ယောက်တောင် မတွေ့ခဲ့ပါဘူး။

တစ်ခဏကြာပြီးနောက် သူတို့နှစ်ယောက် ဆိတ်ငြိမ်ဖီးနစ်စံအိမ်ဆီ ရောက်လာခဲ့တယ်။

ဆိတ်ငြိမ်ဖီးနစ်စံအိမ်က နာမည်အတိုင်း တိတ်ဆိတ်ငြိမ်သက် အေးချမ်းပြီး သုံးထပ်မြင့်ပြီး သေးလည်းမသေ၊ ကြီးလည်းမကြီးတဲ့ အဆောက်အဦး တစ်ခုပါ။ စံအိမ်နားမှာတော့ သပ်သပ်ရပ်ရပ် စိုက်ပျိုးထားတဲ့ ပန်းဥယျာဉ်တို့ စီနေခဲ့တယ်။

“ဟေး…” ပီလော့က ရန်ကိုင်ကို အော်ခေါ်လိုက်ပြီး ခပ်မြန်မြန်ပြ ရန်ကိုင်ရှေ့ကနေ ပိတ်ရပ်လိုက်ကာ ပြောလိုက်တယ် “နင့်ခြေထောက်ကို သတိထား။ အဲ့ပန်းပွင့်တွေပေါ် မနင်းမိစေနဲ့။ အဲ့ပန်းတွေ အကုန်လုံးက သခင်မကိုယ်တိုင် စိုက်ပျိုးထားခဲ့တာတွေ”

“အင်း…” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။ သူမလေသံထဲ သူ့ကို မကျေမချမ်း ဖြစ်နေသည့် အရိပ်အယောင်တို့ ပါဝင်နေပေမယ့် ရန်ကိုင်ကတော့ ဂရုမစိုက်ပါဘူး။ အစကတည်းက ထိုကောင်းမလေးက သူ့ကို ကြည့်မရတာလေ။

ကောင်စုတ် ပီလော့က စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲလိုက်တယ်။ ထိုကောင်စုတ်လေးက နည်းနည်းလေးမှ အထင်ကြီးဖို့ မကောင်းပါဘူး။ သူ့ရဲ့ အဝတ်အစား၊ စိတ်နေစိတ်ထားက အစ အားလုံးက တစ်ခုမှ မမြင့်မြတ်ပါဘူး။ သူမရဲ့ သခင်မက အဲ့ကောင်ကို ဘာလို့ အရမ်းကြီး အလေးထား နေရတာလဲ။

ပြီးတော့ သူမရဲ့ သခင်မက သူမကို အနိုင်မကျင့်ဖို့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့ပါသေးတဘ်။

သူက ငါကို နိုင်မှာမို့လို့လား ပီလော့ တကယ်ကို နားမလည် နိုင်ခဲ့ပါဘူး။

ရှန်ချင်းလော့က ရန်ကိုင်ကို တလေးတစားနဲ့ ဆက်ဆံဖို့ အမိန့်ပေးထားတာကြောင့်သာ မဟုတ်ရင် သူမအနေနဲ့ ထိုကောင်စုတ်ကို သင်ခန်းစား တစ်ခုလောက်တော့ ပေးပြီးသွားပါပြီ။

အဆောက်အဦးထဲကို ဝင်ပြီးတာနဲ့ သူတို့နှစ်ယောက်က ဒုတိယထပ်ကို လမ်းလျှောက်သွားလိုက်တယ်။ ပီလော့က တံခါးကို ဖွင့်လိုက်တဲ့အချိန် ပျော်ရွှင်သည့် အရိပ်အယောင်တို့ သူမမျက်နှာထက် ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်ကို လျစ်လျူရှုထားလိုက်ကာ အလျင်စလို အထဲကို ပြေးဝင်သွားလိုက်တယ်။

သူမ ပထမဆုံး လုပ်လိုက်တာက အခန်းအလယ်မှာ ရှိတဲ့ မွေ့ရာပျော့ပျော့ကြီးဆီ ပြေးသွားလိုက်တာပါ။ ကုတင်နား ရောက်တာနဲ့ ကုတင်ပေါ် တစ်ခါတည်း ခုန်တက်လိုက်ပြီး သူမတစ်ရပ်စာလောက် ရှည်တဲ့ ခေါင်းအုံးကြီးကို ပွေ့ဖက်လိုက်ပါတယ်။ ခေါင်းအုံးကို ဖက်ထားရင်းနဲ့ ဖက်လုံးမှာ စွဲကပ်နေတဲ့ သင်းရနံ့ ဖျော့ဖျော့လေးကို ရှူရှိုက်နေလိုက်တယ်။

ထိုသင်းရနံ့ကို ရှူရှိုက်နေတဲ့ အချိန် သူမမျက်နှာက ဖုံးဖိမရနိုင်တဲ့ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ဒါက သခင်မရဲ့ ခေါင်းအုံးပဲ။ ဒီခေါင်းအုံးက တစ်ချိန်က သခင်မအုံးခဲ့တဲ့ ခေါင်းအုံး၊ သခင်မရဲ့ သင်းရနံ့ကိုတောင် ရနေသေးတယ်

သူမစိတ်တစ်ခုလုံး တလှပ်လှပ် ဖြစ်နေသလို ပီလော့ ခံစားလိုက်ရပြီး သူမ၏မျက်နှာလေးက တဖြည်းဖြည်းနဲ့ နီရဲလာခဲ့တယ်။

ရန်ကိုင်ကတော့ သူမကိုကြည့်ရင်းနဲ့ မျက်မှောင်ကြုံ့မိလိုက်သလို ရယ်လည်း ရယ်ချင်မိသွားတယ်။ ထိုမိန်းကလေးက ရှန်ချင်းလော့ကို နှလုံးသားနဲ့ နင့်နင့်နဲနဲကို လေးစားကြည်ညိုနေတဲ့ ပုံပါပဲ။ မဟုတ်ရင် အခုလိုမျိုး လုပ်နေလိမ့်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် မိန်းကလေးက ထိုနေရာမှာ လှဲနေတဲ့အချိန် သူမရဲ့ လုံးဝိုင်းပြီး စွံ့ကားလှတဲ့ တင်ပါးတွေကို ရန်ကိုင် လှမ်းမြင်နေခဲ့ရတယ်။

အခန်းကို သေချာလှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ရန်ကိုင်က ခေါင်းညိတ်လိုက်တယ် “မဆိုးဘူး”

ပီလော့က ကုတင်ပေါ် လှဲနေရာမှ ချက်ချင်း နိုးလာခဲ့တယ်။ ခပ်မြန်မြန်ပဲ အိပ်ရာပေါ်ကနေ ထလိုက်ပြီး သူမရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ ရန်ကိုင်ကို စိုက်ကြည့်လိုက်ကာ အံ့ကြိတ်ရင်း ပြောလိုက်တယ် “မဆိုးဘူးလို့ နင်ပြောလိုက်တာလား”

ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်တယ်။ ဒီအိပ်ခန်းက မိန်းမတွေအတွက် သီးသန့် ဒီဇိုင်းဆွဲထားတာပါ။ ဒီလိုအိပ်ခန်းမှာ နေဖို့ဆိုတာက သူ့အတွက် နည်းနည်းလေး ထူးဆန်းနေပါတယ်။ ထို့ကြောင့် မဆိုးဘူးဆိုတာက သူ့ရဲ့ အမြင့်ဆုံး သတ်မှတ်ချက်ပါပဲ။

“ဟဟ…ကောင်းတယ်၊ ကောင်းတယ်” ပီလော့က အံ့ကြိတ်လိုက်ပြီး ဒေါသတကြီး ပြန်ပြောလိုက်တယ် “ဒီနေရာက သခင်မက ကြီးပြင်းလာတုန်းက နေခဲ့တဲ့ နေရာပဲ။ ဒီနေရာနေခွင့်ရဖို့ သခင်မကို ငါအချိန်အကြာကြီး တောင်းဆိုခဲ့ပေမယ့် သခင်မက ငါ့ကို ဘယ်တုန်းကမှ ခွင့်မပြုခဲ့ဘူး။ ဒါပေမယ့် အခုမှပဲ ဘယ်ကနေ ရေက်လာမှန်း မသိတဲ့ ကောင်စုတ်လေး တစ်ကောင်က သခင်မပေးတဲ့ အခွင့်အရေးကို တန်ဖိုးထားရကောင်းမှန်း မသိရုံမကလို့ အထင်အမြင်တောင် သေးလိုက်သေးတယ်”

“အန်…” ရန်ကိုင်က သူမကို ကြောင်တောင်တောင် အကြည့်နဲ့ ပြန်ကြည့်လိုက်တယ်။ သူမက သူ့ကို ဘာလို့ဒီလောက် ရန်လိုနေလဲဆိုတာ ရန်ကိုင် စဉ်းစားမရနိုင်အောင် ဖြစ်နေခဲ့ရပါတယ်။

နှာခေါင်းလေးကို အသာအယာလေး ပွတ်လိုက်ပြီး ရှက်ရွံ့စွာနဲ့ ပြန်ပြောလိုက်တယ် “မိန်းကလေး ပီလော့၊ နင်ငါ့ကို တစ်ခုခုများ နားလည်မှု လွဲနေတာလား”

“ဟန့်၊ နင့်ကိုယ်နင် ဘာထင်နေလို့လဲ” ပီလော့က ဒေါသတကြီး မတ်တပ်ရပ်လိုက်ပြီး ခေါင်းအုံးကို လက်ထဲကိုင်ထားရင်း အခန်းထဲကနေ ခြေဆောင့်ကာ ထွက်သွားလိုက်တယ်။

“နင်က ခေါင်းအုံးကိုပါ တစ်ခါတည်း ယူသွားဖို့ စီစဉ်ထားတာလား” ရန်ကိုင်က မေးလိုက်တယ်။

“ဒါက သခင်မက အုံးခဲ့ဖူးတဲ့ ခေါင်းအုံးပဲ” ပီလော့က ချက်ချငး်ပဲ ပြန်ပက်လိုက်တယ်။ နောက် သွားနေရင်းနဲ့ ရပ်လိုက်ပြီး ကုတင်ရှိရာဆီ ပြန်သွားလိုက်တယ်။ ကုတင်ပေါ်မှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေ အားလုံးကို ခပ်မြန်မြန်ပဲ ထုပ်ပိုးလိုက်ပြီး “ဒါတွေ အားလုံးက သခင်မ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေပဲ”

ရန်ကိုင်ကို ကျားပေါက်မလေး တစ်ကောင်လို ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ပီလော့က အားလုံးကို သူမလက်ထဲ ပိုက်ရင်း မောက်မာစွာနဲ့ ခြေဆောင့်ကာ ထွက်သွားလိုက်တယ်။

ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ရတယ်။ ထိုမိန်းကလေးက ရှန်ချင်းလော့ကို ကြည်ညိုလေးစားတယ် ဆိုတာ သူမသိပေမယ့် အခုဟာ ပိုင်ဆိုင်လိုစိတ် ပြင်းထန်းလွန်းနေတယ်လို့သာ ပြောနိုင်ပါတော့မယ်။

ဒါပေမယ့် နောက်ဆုံးတော့လည်း ဒါတွေက သူနဲ့မသက်ဆိုင်ဘူးလေ။ ထို့ကြောင့် ထိုအတွေးတွေကို ဘေးဖယ်ထားလိုက်ပြီး ကုတင်ပေါ်မှာသာ တင်ပလင်ခွေ ထိုင်နေလိုက်တယ်။

သူသင်းရနံ့မြို့တော်မှာ အချိန်အကြာကြီး နေလို့ မဖြစ်ပါဘူး။ ရှန်ချင်းလော့ ကျင့်စဉ်က သူ့ရဲ့အသက်ကို တောင်းဆိုနေတာဆိုတော့ သူသာ ဆက်နေမယ်ဆိုရင် သူမလက်မှာ ကျိန်းသေသေရပါလိမ့်မယ်။

ဒါပေမယ့် အခုတော့ ထိုစုန်းမက သူမရဲ့ ခွန်အားအပြည့်အဝကို ပြန်ရသွားခဲ့ပါပြီ။ ရန်ကိုင် ပြေးချင်ရင်တောင် ပြေးလို့ရနိုင်တော့မည် မဟုတ်ပါဘူး။

အခုလို အဆုံးသတ်မယ်မှန်း အစောကြီးကတည်းက သိခဲ့ရင် သူမကို ဆေးပေါင်းအဆီအနှစ် ပေးခဲ့မှာ မဟုတ်ပါဘူး။ အဲ့အချိန်တုန်းက ရွေးချယ်စရာ မရှိလို့ လုပ်ခဲ့တယ် ထားပါဦး။ အခုသူ့ပုံစံက ကျားလိုဏ်ဂူထဲကနေ လွတ်မြောက်လာပြီး ဝံပုလွေလိုဏ်ဂူထဲမှာ ပိတ်မိနေသလို ဖြစ်နေခဲ့ရပါတယ်။

ပိုဆိုးးတာက ထိုမိစ္ဆာမက သူ့ကိုယ်ပေါ်မှာ စိတ်ဝိဥာဉ် အမှတ်အသား တစ်မျိုးမျိုးကို ချန်ရစ်ထားခဲ့ပါတယ်။

သူထွက်သွားချင်တယ် ဆိုရင် ထိုစိတ်ဝိဥာဉ် အမှတ်အသား ကိစ္စကို အရင်ရှင်းရပါလိမ့်မယ်။

မျက်လုံးပိတ်လိုက်ပြီး ရန်ကိုင်က သူ့ခန္ဓာကိုယ်ကို သေချာ စစ်ဆေးလိုက်တယ်။

ကောင်းကင်စိတ်အာရုံက ခန္ဓာကိုယ်အတွင်းပိုင်းကို စစ်ဆေးဖို့အတွက် မဟုတ်ပေမယ့် ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးဖို့အတွက်ဆိုရင်လည်း အရမ်းကြီး မခက်ခဲပါဘူး။

အသက်ရှူရှိုက်စာ အကြိမ်အနည်းငယ် ကြာပြီးတဲ့ အချိန်မှာတော့ သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်ကြား နစ်မြုပ်နေတဲ့ အားကောင်းပြီး ဖျော့တော့တဲ့ စွမ်းအင်တစ်ခုကို ရန်ကိုင် ခံစားမိလိုက်တယ်။

ချက်ချင်းပဲ အစစ်အမှန် ချီစွမ်းအင်ကိုသုံးကာ ထိုအမှတ်အသားကို ဖျက်စီးဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ အားထုတ်မှုက အချည်းနှီး ဖြစ်သွားခဲ့ပါတယ်။

ရွှေရောင်အရိုးခြောက်က နတ်ဆိုးစွမ်းအင်ကိုသုံးပြီး ဖျက်စီးဖို့ ကြိုးစားခဲ့ပေမယ့် သူကျရှုံးခဲ့ရပါတယ်။

ထိုအမှတ်အသားက အရမ်းကို ဒဏ်ခံနိုင်ပါတယ်။ သူ့ခန္ဓာကိုယ်ကို ဘာမှ ဒုက္ခမပေးသလို အစစ်အမှန်ချီစွမ်းအင် လှည့်ပတ်တာကိုလည်း နည်းနည်းလေးတောင် အနှောက်အယှတ် မဖြစ်စေပါဘူး။ အဲ့အစား ထိုအမှတ်အသားက အနက်ရောင်ညအမှောင်ထုထဲ မီးပြတိုက်အဖြစ် ဆောင်ရွက်နေမှာပါ။ သူဘယ်သွားသွား ရှန်ချင်းလော့က သူရှိနေတဲ့ နေရာကို သိနေမှာပါ။

နတ်ဆိုးအိုကြီးသာ ရှိနေရင် အားလုံးအဆင်ပြေသွားပါပြီ။ ဒီစွမ်းအင်က ဘာလဲဆိုတာ နတ်ဆိုးအိုကြီး ကောင်းကောင်း သိပါလိမ့်မယ်။ ဒါပေမယ့် နတ်ဆိုးအရှင်သခင် အဖြစ်အပျက် ကတည်းက နတ်ဆိုးအိုကြီးက ရစ်ခွေနဂါးစမ်းချောင်းထဲမှာ နတ်ဆိုးချီတွေကို စုပ်ယူနေခဲ့ပါတယ်။ သူအခု ဘယ်လို ဖြစ်နေလဲဆိုတာကိုတောင် ရန်ကိုင် မသိပါဘူး။

အမှတ်အသားကို ဖယ်ဖို့ကြိုးစားနေရင်း ကောင်းကင်စိတ်အာရုံတစ်ခုက သူ့ဘေးမှာ မျောနေတာကို ရန်ကိုင် ရုတ်တရက် သတိထားမိလိုက်တယ်။

“ကောင်စုတ်လေး၊ နင်ဘာလုပ်နေတာလဲ” ရှန်ချင်းလော့၏ အသံက သူ့နားထဲ ရုတ်တရက် ပျံ့လွင့်လာခဲ့တယ်။ သူမလေသံထဲ မကျေမနပ် ဖြစ်နေသည့် အရိပ်အယောင် တစ်ချို့ကို မြင်တွေ့နိုင်ပါတယ်။

“အိပ်တော့မလို့” ရန်ကိုင်က မျက်လုံးလှန်လိုက်ပြီး ထိုမိန်းမရဲ့ ရက်စက်တဲ့ နည်းလမ်းတွေကို ကျိန်ဆဲလိုက်တယ်။ ထိုအမှတ်အသားနဲ့ ဆိုရင် သူ့ရဲ့တည်နေရာကို သူမသိနိုင်တယ် ဆိုပေမယ့် အမှတ်အသားကို ဖယ်ရှားဖို့ ကြိုးစားတာတောင် သူမရဲ့ အာရုံကို ဆွဲဆောင်နိုင်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။

ရှန်ချင်းလော့က ကျိတ်ရယ်လိုက်ပြီး “အချိန်ဖြုန်း မနေနဲ့တော့။ အဲ့အမှတ်အသားက ဝိဥာဉ်ရှာဖွေခြင်း အမှတ်အသားပဲ။ ငါသာ ကိုယ်တိုင် မဖယ်ရှားပေးသရွေ့ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် တစ်ယောက်လာပြီး ကူညီပေးနိုင်မယ် ဆိုရင်တောင် အဲ့အမှတ်အသားကို ဖယ်ရှားပေးနိုင်မှာ မဟုတ်ဘူး။ နင့်ကိုယ်ထဲမှာ အဲ့အမှတ်အသား ရှိနေသရွေ့ နင်ဘယ်ပြေးပြေး ငါနင့်ကို ရှာနိုင်တယ်”

“အဲ့လိုလုပ်ဖို့ မလိုပါဘူး” ရန်ကိုင်က ခါးသီးတဲ့ အမူအရာနဲ့ ပြန်ပြောလိုက်တယ်။

“ဟဲဟဲ…” ရှန်ချင်းလော့က ပျော်ရွှင်စွာနဲ့ တခစ်ခစ် ရယ်မောလိုက်ပြီး “နင့်ကို ဘယ်သူက သစ္စာမရှိဖို့ ပြောလို့လဲ။ နင်သာ နည်းနည်းလေး ပိုရိုးသားခဲ့ရင် ငါအခုလိုမျိုး လုပ်စရာ လိုမှာမဟုတ်ဘူး။ ဒီညတော့ နားလိုက်တော့။ မနက်ဖြန်ကျရင် ငါနင့်ကို လာရှာမယ်လို့ ငါကတိပေးတယ်”

“နင်လုပ်ချင်သလိုသာ လုပ်တော့”

“ဟန့်၊ နှလုံးသားမဲ့တဲ့ ကောင်စုတ်” ရှန်ချင်းလော့က ကျိန်ဆဲလိုက်ပြီး ကောင်းကင်စိတ်အာရုံကို ပြန်သိမ်းလိုက်တယ်။

ကူကယ်ရာမဲ့စွာနဲ့ပဲ ရန်ကိုင်လည်း ဝိဥာဉ်ရှာဖွေခြင်း အမှတ်အသားကို ဖျက်စီးမယ့် အစီအစဉ်ကို လက်လျှော့လိုက်ရတယ်။

နောက်တစ်နေ့…

တင်ပလင်ခွေ ထိုင်နေရင်း လေ့ကျင့်နေတုန်း လှေကားထစ်ဆီကနေ ထွက်ပေါ်လာတဲ့ ခြေသံတွေကြောင့် ရန်ကိုင် လေ့ကျင့်နေရာကနေ နိုးလာခဲ့တယ်။

တစ်ခဏကြာပြီးနောက် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့တယ်။

“ဝင်လာခဲ့”

တံခါးပွင့်သွားတာနဲ့ ကျော့ရှင်းပြီး ရင့်ကျက်တဲ့ မိန်းမတစ်ယောက် အခန်းထဲ ဝင်လာခဲ့တယ်။ သူမမျက်နှာက‌ နွေးထွေးမှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ထိုမိန်းမ အသက်ဘယ်လောက် ရှိပြီလဲဆိုတာ သူမပြောနိုင်ပေမယ့် သူမရုပ်ရည် အရဆိုရင်တော့ အသက်၂၅ကျော်မယ့်ပုံ မပေါက်ပါဘူး။ သူမက အံ့ဩဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါတယ်။ မက်မွန်းသီးနဲ့ မျက်ဝန်းအစုံကလည်း ရွှန်းစိုတောက်ပ နေခဲ့ပါတယ်။

သူမကိုယ်ကနေ ထွက်ပေါ်နေတဲ့ ဖျော့တော့တဲ့ ကိုယ်သင်းရနံ့က တစ်ဖက်သားကို ထုံမှိုင်းသွားစေနိုင်ပါတယ်။ နူးညံ့ပြီး နှင်းလို ဖြူဖွေးနေတဲ့ အသားအရေက သူမရဲ့ မွေးရာပါ ဆွဲဆောင်မှု တစ်ခုပါပဲ။ သူမက ရှန်ချင်းလော့နဲ့ တန်းတူ မဟုတ်ရင်တော့ ရှန်ချင်းလော့ထက်တော့ အရမ်းကြီး နိမ့်မနေပါဘူး။

ရန်ကိုင်ကို ချိုသာစွာပြုံးပြလိုက်ပြီး နူးညံ့စွာ ပြောလိုက်တယ် “သခင်ငယ်လေး မနေ့ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား”

“အင်း” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

ထိုရင့်ကျက်တဲ့ အလှလေးက ရှေ့တက်လိုက်ပြီး သူ့ဘေးနာဆီ လမ်းလျှောက်လာလိုက်ကာ ရည်မွန်စွာနဲ့ ဦးညွှတ်လိုက်ပြီး “ကြားရတာ ဝမ်းသာစရာပဲ။ ဒီအစေခံက သခင်လေး လိုအပ်တာတွေကို လုပ်ဆောင်ပေးဖို့ သခင်မက လွှတ်လိုက်တာပါ။ သခင်ငယ်လေး အနေနဲ့ ကျွန်မကို ယွန်လီလို့ ခေါ်နိုင်ပါတယ်”

“အဲ့နှစ်ယောက်လည်း သခင်ငယ်လေးရဲ့ လိုအပ်တာတွေကို လုပ်ဆောင်ပေးဖို့ ရောက်လာခဲ့တာပါ” သူမကိုယ်သူမ မိတ်ဆက်နေရင်း ယွန်လီက ခပ်မြန်မြန်ပဲ ခေါင်းညိတ်လိုက်ပြီး အစေခံအဝတ်အစားကို ဝတ်ဆင်ထားတဲ့ ငယ်ရွယ်လှပတဲ့ မိန်းကလေး နှစ်ယောက်ကို ချက်ချင်းပဲ ဆင့်ခေါ်လိုက်တယ်။

သူတို့ထဲက တစ်ယောက်က နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်ပုံရကာ အခြားတစ်ယောက်တော့ ကျော့ရှင်းပြီး ရည်မွန်ပုံ ရပါတယ်။

ရင်ကျက်တဲ့ အလှလေးဖြစ်စေ၊ ထိုမိန်းမငယ်လေး နှစ်ယောက်ဖြစ်။ သူတို့သုံးယောက်စလုံးက ကိုယ်ပိုင်အလှနဲ့ ကိုယ်ပိုင် နှစ်လိုဖွယ်ကောင်းမှုတို့ကို ပိုင်ဆိုင်ထားကြပါတယ်။

“ဒါကရို့ယု” မိန်းမလှက နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်ပုံရတဲ့ မိန်မငယ်လေးကို မိတ်ဆက်ပေးပြီးနောက် ကျော့ရှင်းပြီး ရည်မွန်တဲ့ မိန်းကလေးကို တစ်ဖန် မိတ်ဆက်ပေးလိုက်ပါတယ် “ပြီးတော့ ဒါက ရို့ချင်ပါ”

“ရို့ယု၊ ရို့ချင်က သခင်ငယ်လေးကို နှုတ်ဆက်ပါတယ်” ထိုမိန်းကလေး နှစ်ယောက် သပ်ရပ်ကျနစွာနဲ့ ဦးညွှတ်လိုက်တယ်။ သူမတို့ရဲ့ အပြုအမူ ဖြစ်စေ၊ စိတ်နေစိတ်ထား ဖြစ်၊ အကုန်လုံးက မြင့်မြတ်တဲ့ အိမ်တော်ကြီးတွေက သခင်မလေးတွေအောက် မနိမ့်ကျပါဘူး။ သူမတို့ကို ပြောရမယ်ဆိုရင်တော့ တကယ့်ကို အပြစ်ပြောစရာမရှိအောင် ပြီးပြည်စုံလှပါတယ်။

ရန်ကိုင်လည်း တစ်ခဏလောက် ကြောင်အ‌ငေးမော သွားမိခဲ့တယ်။ ထိုအလှလေးသုံးယောက်ကို ရှန်ချင်းလော့က ဘာလို့သူ့ဆီ ပို့လိုက်လဲ ဆိုတာ ရန်ကိုင် မတွေးတောနိုင် ဖြစ်နေခဲ့တယ်။ သုံးယောက်ထဲက ဘယ်တစ်ယောက်ပဲ ဖြစ်ဖြစ် ယောကျ်ားတိုင်းရဲ့ သူမတို့အပေါ် အောင်နိုင်လိုစိတ်ကို နိုးကြားလာစေနိုင်ပါတယ်။

သစ်လွင်ပြီး စွဲမက်ဖွယ်ကောင်းတဲ့ မိန်းကလေးကို ဘေးဖယ်ထားရင်တောင် ထိုရင့်ကျက်တဲ့ အမျိုးသမီးရဲ့ စိတ်နေသဘောထားက ရှန်ချင်းလော့အောက် အနည်းငယ်ပဲ နိမ့်ကျတာပါ။ ပြီးတော့ သူမရဲ့ ကိုယ်ပိုင်အားသာချက် ဖြစ်တဲ့ အလွန်အမင်း ဖွံ့ထွားလှတဲ့ ခန္ဓာကိုယ်လည်း ရှိပါသေးတယ်။ သူမရဲ့ နွေးဦးလိုတောက်ပနေတဲ့ မျက်ဝန်းအစုံကိုပါ ထပ်ပေါင်း ထည့်လိုက်မယ် ဆိုရင်တော့ သူမဆီကနေ အဆုံးမရှိတဲ့ ဆွဲဆောင်မှုတို့ စဉ်ဆက်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒါက အပျော့နည်းနဲ့ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ သူမရဲ့ အကြံအစည်လား ရန်ကိုင်ရဲ့ နှလုံးခုန်သံ အနည်းငယ် မြန်ဆန်သွားခဲ့တယ်။

မိန်းမလှယွန်လီက ပြုံးရင်း ပြောလိုက်တယ် “သခင်ငယ်လေး သင်းရနံ့မြို့တော်မှာ ရှိနေတုန်း သခင်ငယ်လေးရဲ့ ဝေယျာဝစ္စ ကိစ္စအဝဝကို ကျွန်မတို့ကပဲ တာဝန်ယူလုပ်ပေးရမယ်လို့ သခင်မက ပြောထားတယ်”

“အဲ့လို ခင်ဗျားတို့ သုံးယောက်ကို အားကိုးရတော့မှာပေါ့” ရန်ကိုင်က ဟက်ဟက်ပက်ပက် မရှိတဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ်။

“ဟုတ်တာပေါ့၊ သခင်ငယ်လေးက လေစားရတဲ့ ဧည့်သည်ပဲလေ” ယွန်လီက ပြုံးလိုက်ပြီး ကျော့မော့စွာနဲ့ ပြန်ပြောလိုက်တယ်။ ဒါပေမယ့် သူမ မျက်နှာကလေးက အနည်းငယ်လေး နီရဲသွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ် “သခင်ငယ်လေး တောင်းဆိုတဲ့ ဘယ်တောင်းဆိုချက်ကိုမဆို ဒီအစေခံက ဖြည့်ဆည်းပေးရမယ်လို့ သခင်မက ပြောတယ်”

“ဘယ်တောင်းချက်မဆိုလား” ထိုစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို နားလည်သွားသည့်အလား ရန်ကိုင် နှလုံးရုတ်ချည်း တင်းကြပ်သွားခဲ့တယ်။

ရန်ကိုင် မေးတာကို ကြားလိုက်တာနဲ့ ရင့်ကျက်တဲ့ မိန်းမလှလေးက ညင်သာစွာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူမက စင်လုံးချော အပြစ်ကင်းတဲ့ ခန္ဓာကိုယ်၊ စိတ်နေစိတ်ထားတို့ကို ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် ရန်ကိုင်မေးတာကို ခေါင်းညိတ်ပြလိုက်ပြီးနောက် ရန်ကိုင်ကို ကြည့်ရမှာကိုတောင် ကြောက်လာခဲ့ပါတယ်။

Martial Peak

အပိုင်း(၃၁၃) ရှောင်ရှားခြင်း

ထိုသုံးယောက်ကို ဘာရည်ရွယ်ချက်နဲ့ ရှန်ချင်းလော့က သူ့ဆီပို့လိုက်တာလဲ ဆိုသာ သူမသိပေမယ့် သူမတို့ရဲ့ ဝန်ဆောင်မှုကို သူအထွန့်တက်လို့ မရဘူးလေ။

ဆိတ်ငြိမ်ဖီးနစ်စံအိမ်ရဲ့ ဒုတိယထပ်မှာ အိပ်ခန်းကလွဲပြီး ဘာမှမရှိပါဘူး။ ပထမထပ်မှာတော့ ကျောက်စိမ်းဖြူကနေ ထုလုပ်ထားတဲ့ ဧရာမရေချိုးကန်တစ်ကန် ရှိနေခဲ့ပါတယ်။ တတိယအထပ်မှာတော့ ဘာဆိုဘာမှ မရှိပဲ ထိုအထပ်က ရှုခင်းကြည့်ဖို့သက်သက်သာ လုပ်ထားတဲ့ပုံပါပဲ။

ယွန်လီ၊ ရို့ယုနဲ့ ရို့ချင်တို့နဲ့ အတူ ရန်ကိုင်က ပထမထပ်က ရေချိုးကန်ဆီ ဆင်းလာခဲ့တယ်။

ရေချိန်းကန်ထဲမှာ ပါးလျတဲ့ ရေခိုးမြူတို့ ရစ်သိုင်းနေပြီး ပန်းပွင့်တို့ရဲ့ ရနံ့ကို သယ်ဆောင်ားခဲ့တဘ်။ ကန်တစ်ခုလုံက ရေပူတွေနဲ့ ပြည့်နေခဲ့ပြီး ပွင့်ချပ်မျိုးစုံတို့ကိုလည်း ရေကန်ထဲ ထည့်ထားခဲ့တယ်။

ရန်ကိုင်လည်း ကြောင်ပြီး ကြည့်နေလိုက်မိတယ်။

သူလိူ လူလေလူလွင့် ယောကျ်ားကြီး တစ်ယောက်က ပွင့်ချပ်တွေနဲ့ ပြည့်နေတဲ့ ရေကန်ထဲမှာ ရေချိုးမှာက ရန်ကိုင် အတွက်တော့ နည်းနည်းလေး ကိုးယိုးကားယား နိုင်နေခဲ့ပါတယ်။

“သခင်ငယ်လေး၊ ရေချိုးလို့ ရပါပြီ” ထိုရင့်ကျက်တဲ့ အလှလေးယွန်လီက အစကနေအဆုံးထိ ပြုံးနေခဲ့ပါတယ်။ သူမရဲ့ သာယာကြည်နူးဖွယ် အမူအရာက တစ်ချက်ကလေးတောင် ပျောက်ကွယ်မသွားခဲ့ပါတယ်။

ရန်ကိုင်လည်း မသိလိုက်မသိဘာသာ ခေါင်းညိတ်မိလိုက်တဘ်။

ဒါပေမယ့် တစ်ခဏကြာအောင် စောင့်နေပြီးနောက်၊ ယွန်လီဖြစ်စေ၊ ရို့ယုနဲ့ ရို့ချင်ဖြစ်စေ၊ သူတို့သုံးယောက်စလုံး ထွက်သွားမယ့်ပုံ မပေါက်တာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ ထို့နောက် ထိုသုံးယောက်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ မေးလိုက်တယ် “ခင်ဗျားတို့ရဲ့ … သခင်မက ကျွန်တော့်ကိုပါ ရေကူချိုးပေးဖို့ အမိန့်ပေးထားတာတော့ မဟုတ်ဘူးမလားဟင်”

ထိုမေးခွန်းကို ကြားလိုက်တာနဲ့ ယွန်လီက ပြုံးလိုက်ပြီး ကျက်သရေရှိစွာနဲ့ ပြန်ပြောလိုက်တယ် “သခင်ငယ်လေးသာ ဆန္ဒရှိတယ် ဆိုရင်… ကျွန်မတို့ အစေခံတွေကလည်း ကူပြီး ချိုးပေးရမှာပေါ့… သခင်လေး တောင်းဆိုတဲ့ တောင်းဆိုချက် မှန်သမျှကို လိုက်နာရမယ်လို့ သခင်မက အမိန့်ပေးထားတယ်လေ”

သူမလို ရင့်ကျက်နေတဲ့ လူတစ်ယောက်တောင် စကားအဆုံးပိုင်း နားကို ရောက်တာနဲ့ သူမအသံက တဖြည်းဖြည်း တိုးညင်းသွားခဲ့ပါတယ်။ သူမရဲ့ မျက်နှာလေးဆိုရင်လည်း ပိုပိုနီလာခဲ့ပါတယ်။

အနားမှာရှိနေတဲ့ ရို့ယုနဲ့ ရို့ချင်တို့၏ ခန္ဓာကိုယ်တွေဆိုရင်လည်း တောင့်တင်းလာခဲ့ကြပါတယ်။

“အဲ့လိုလုပ်ဖို့ မလိုပါဘူး။ ခင်ဗျားတို့အားလုံး ထွက်သွားလို့ ရပါတယ်” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းပြီး ပြောလိုက်တယ်။

ရင့်ကျက်တဲ့ အမျိုးသမီးရဲ့ မက်မွန်းပန်းလို မျက်လုံးထဲ အံ့အားသင့်မှုတို့ ဖြတ်ပြေးသွားခဲ့ပြီး ရန်ကိုင်ကို နောက်တစ်ကြိမ် သေချာကြည့်လိုက်တယ်။ ရို့ယုနဲ့ ရို့ချင်တို့က ရန်ကိုင်စကားကို ကြားလိုက်တဲ့အချိန် သေဒဏ်ကနေ လွတ်မိန့်ပေးခံလိုက်ရတဲ့ လူတွေလိုပဲ စိတ်သက်သာရာ ရသွားတဲ့ပုံစံနဲ့ သက်ပြင်းချလိုက်ကြတယ်။

အလှလေး သုံးယောက် ထွက်သွားပြီးနောက် ရန်ကိုင်က အဝတ်အစား ချွတ်လိုက်ကာ ရေချိုးကန်ထဲကို ဆင်းသွားလိုက်တယ်။

ရေချိုးကန်ထဲက ရေအပူချိန်က အရမ်းမပူသလို အရမ်းကြီးလည်း မအေးပါဘူး။ ရေကန်ထဲ စိမ်လို့ကောင်းတဲ့ အနေအထားပါပဲ။

ရေချိုးကန်ထဲ ရေစိမ်နေရင်း ရန်ကိုင်အတွေးတို့ ပြေးလွှားနေခဲ့တယ်။ လေဟာနယ်လျှောက်လမ်းကနေ ကွဲထွက်သွားပြီးနောက် စုယန်တို့ အခြေအနေ ဘယ်လိုရှိလဲဆိုတာ သူတော်တော်လေး သိချင်နေပါပြီ။ ကီလိုမီတာ၁၀၀၀၀ကို တစ်ခဏအတွင်း သွားလာပြီးနောက် အခုစုယန် ဘယ်ရောက်နေလိမ့်မှာလဲ။

ကောင်းကင်စံအိမ် အဖွဲ့သားတွေရော အခြေအနေ ဘယ်လိုရှိနေလဲ။ ဆရာဖိုးဖိုးနဲ့ အကြီးအကဲလေးယောက်တို့ရဲ့ တိုက်ပွဲကကော ဘယ်လိုလဲ။

ထိုအကြောင်းတွေကို တွေးလိုက်တာနဲ့ ရန်ကိုင် ဂနာမငြိမ် ဖြစ်လာခဲ့တယ်။ စံအိမ်အပြင်ဘက်မှာတော့ ပီလော့က ရှေ့သွား၊နောက်ဆုတ်နဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့တယ်။

သူမရဲ့ သခင်မက ထိုကောင်စုတ်အပေါ် ဘာလို့ ဒီလောက်ကောင်း နေရလဲဆိုတာကို သူမတကယ်ပဲ နားမလည်နိုင်ပါဘူး။ ထိုကောင့်ကို နန်းတော်ရဲ့ အကောင်းဆုံး စံအိမ်ကို ပေးထားရုံမကလို့ အကောင်းဆုံး အစေခံသုံးယောက်ကိုလည်း သူ့ရဲ့ ကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးဖို့ လွှတ်ပေးလိုက်ပါသေးတယ်။

ထိုသုံးယောက်အနေနဲ့ သူမတို့ရဲ့ အလှဖြစ်စေ၊ ကိုယ်နေဟန်ပန်၊ စိတ်နေစိတ်ထား ဖြစ်စေ၊ အကုန်လုံးက နန်းတော်ရဲ့ ထိပ်ဆုံးအစေခံ တွေထဲမှာ ပါဝင်ပါတယ်။ ထိုကဲ့သို့ ဝန်ဆောင်မှုမျိုးက အခြားနတ်ဆိုးဘုရင်တွေတောင် ရတဲ့ ဝန်ဆောင်မှုမျိုး မဟုတ်ပါဘူး။

ထိုကောင်စုတ်နဲ့ ပက်သက်ပြီး သူမရဲ့ အမြင်ကို ပြောရမယ် ဆိုရင်တော့ ထိုကောင်စုတ်က ကောင်းတဲ့ကောင် တစ်ကောင် မဟုတ်ပါဘူး။ သူအခု ယွန်လီ၊ ရို့ယုနဲ့ ရို့ချင်တို့ကို ဝါးမြို့ဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား။

သူမစိတ်ထဲ ထိုအတွေးတို့ ဖြတ်ပြေးသွားတာနဲ့ ပီလော့က ချက်ချင်းပဲ မခံမရပ်နိုင် ဖြစ်သွားခဲ့ပြီး ထိုမိန်းကလေး သုံးယောက် အတွက် မတရားသလို ခံစားလိုက်ရတယ်။ ယွန်လီက မုဆိုးမ ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ထိုအချိန်ကတည်းက သူမက မည်သည့် ယောကျ်ားနဲ့မှ မထိတွေ့ခဲ့တာပါ။ ရို့ချင်နဲ့ ရို့ယုတို့က သူမနဲ့အတူ ငယ်ငယ်လေး ကတည်းက ကြီးပြင်းလာတဲ့အတွက် သူမတို့တွေက ပီလော့နဲ့ ညီအစ်မတွေလို ဖြစ်နေပါပြီ။ သူမတို့ နှစ်ယောက်စလုံးက ရိုးသားပြီး အပြစ်ကင်းစင်တဲ့ မိန်းမငယ်လေးတွေပါ။ ထိုကောင်စုတ်ကသာ သူမတို့ရဲ့ သန့်စင်မှုကို စွန်းထင်းသွားလိုက်မယ် ဆိုရင်တော့…

အဲ့ကောင်စုတ်ကို သင်းကွပ် ပစ်ရမယ် ပီလော့ရဲ့ မျက်ဝန်းအစုံက သတ်ဖြတ်လိုစိတ်တို့ဖြင့် လက်သွားခဲ့ပြီး သူမစိတ်ထဲ ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်တယ်။

ဒါပေမယ့် သူမရဲ့ ဒေါသက အထွတ်အထိပ်ကို ရောက်ပြီး ပေါက်ကွဲတော့မလို ဖြစ်နေတဲ့ အချိန်မှာပဲ စံအိမ်ထဲကနေ ယွန်လီ၊ ရို့ယုနဲ့ ရို့ချင်တို့ အတူတူ ထွက်လာတာကို တွေ့လိုက်ရတယ်။

“….” ပီလော့ ကြောင်အသွားခဲ့ပြီး ချက်ချင်းဆိုသလို ပျော်သွားခဲ့တယ်။ ထို့နောက် ခပ်မြန်မြန် ပြေးသွားလိုက်ပြီး ရို့ယုနဲ့ ရို့ချင်တို့၏ လက်ကိုကိုင်ရင်း အလျင်စလို မေးလိုက်တယ် “နင်တို့ အဆင်ပြေကြလား။ သူနင်တို့ကို စော်ကား၊ မော်ကြားလုပ်ဖို့ မကြိုးစားခဲ့ဘူးမလား၊ သူမလုပ်ခဲ့ဘူးမလား”

ရို့ယုနဲ့ ရို့ချင်တို့ ရှက်သွေးဖြန်းဖြန်း ဖြာသွားခဲ့ပြီး ခပ်မြန်မြန်ပဲ ခေါင်းခါလိုက်တယ်။

ရင့်ကျ်တဲ့ ယွန်လီက နွေးထွေးစွာ ပြုံးလိုက်ပြီး “ပီလော့အာ၊ နင်က အတွေးလွန်နေတာပဲ။ သခင်ငယ်လေးက အရှက်မရှိတဲ့ မွာပွေတဲ့ လူတစ်ယောက်နဲ့ မတူပါဘူး။ သူက တကယ်ကို တည်ငြိမ်ပြီး လေးစားဖို့ ကောင်းတယ်”

“သူမလုပ်ခဲ့ဘူးလား” ပီလော့က အံ့အားသင့်သွားခဲ့ပြီး “သူ့ကို သခင်မရဲ့ အမိန့်ကို မပြောခဲ့ဘူးလား”

“ငါပြောခဲ့တယ်၊ ဒါပေမယ့် သူက ငါတို့ကို ဘာမှ မလုပ်ခဲ့ဘူး” ယွန်လီက အသာအယာလေး ခေါင်းညိတ်လိုက်တယ်။

“သူနင့်တို့ကို တစ်နည်းနည်းနဲ့ အသားမယူ ခဲ့ဘူးမလား” ပီလော့က ထပ်မေးလိုက်တယ်။

“မယူခဲ့ဘူး” ယွန်လီလည်း ရယ်မောလိုက်ပြီး “နင်မယုံဘူးဆိုရင် ယုအာနဲ့ ချင်အာ တို့ကို မေးလို့ရတယ်”

ပီလော့က ထိုနှစ်ယောက်ကို သံသယအကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။

ရို့ချင်က အသာအယာလေး ခေါင်းယမ်းလိုက်ပြီး ရှက်ရှက်နဲ့ ပြောလိုက်တယ် “အစ်မပီလော့၊ နင်ပုံစံက တကယ့်ကို အလန့်တကြားနဲ့။ နင်ပြောခဲ့တုန်းက သူက ငါ့ကိုကြံရွယ်တော့မှာ လို့တောင် ထင်ခဲ့တာ”

“ထူးဆန်းတယ် … ဘယ်လိုလုပ်ပြီး အဲ့လို ဖြစ်နိုင်မှာလဲ။ ဒိကောင်စုတ်က ကောက်ကျစ်ပြီး ယုံကြည်လို့ ရတဲ့ လူတစ်ယောက် မဟုတ်ဘူးလို့ ငါ့ရဲ့ မသိစိတ်က ပြောနေတယ်။ နင်တို့ကို အဲ့ကောင်က စော်ကား၊ မော်ကား မလုပ်ပဲ နေလိမ့်မှာ မဟုတ်ဘူး …”

ပီလော့က မျက်မှောင် ကြုံ့လိုက်ပြီး တစ်ခုခုကို တွေးမိသွားပုံရကာ “ဟုတ်တယ်၊ အဲ့လိုပဲ ဖြစ်ရမယ်။ သူအခု စိတ်မပါသေးတာပဲ ဖြစ်ရမယ်။ ယောကျ်ားတွေ အားလုံးက လင်းတလို ကောင်တွေ ချည်းပဲ။ နတ်ဆိုးဘုရင်တွေ ကိုယ်စား လာတဲ့ အရှင်သခင်ငယ်တွေကိုလည်း နင်တို့တွေ့တယ်မလား။ သူတို့ထဲက ဘယ်သူများ နင့်တို့ရဲ့ အလှကိုကြည့်ပြီး သရေမကျလို့လဲ။ သူတို့ အကြည့်တွေက နင်တို့ရဲ့ အဝတ်အစားတွေကို စုတ်ဖြဲပြီး ကုတင်ပေါ်မှ အကြမ်းပတမ်း လုပ်ဖို့ မစောင့်နိုင်တော့လောက်တဲ့ တဏှာဆန္ဒတွေနဲ့ ပြည့်နေတာ”

သူမပြောတာကို နားထောင်ရင်း ရို့ယုနဲ့ ရို့ချင်တို့ ချက်ချင်း စိုးရိမ်ကြောက်လန့် လာခဲ့ပြန်ပါတယ်။

“ဒီကောင်က သူတော်ကောင်းယောင် ဆောင်နေတာပဲ ဖြစ်ရမယ်။ သူက နင်တို့အပေါ် အရင်ဆုံး ညင်ညင်သာသာနဲ့ ဆက်ဆံပြမယ်။ နင်တို့က သူ့အပေါ် ရင်းနှီးလာပြီ ဆိုတာနဲ့ နင်တို့ရဲ့ ကိုယ်ကိုပါမက နှလုံးသားကိုပါ တစ်ခါတည်း အပိုင်သိမ်းပစ်လိုက်မှာ။ သူက အကောက်ကျစ်ဆုံးနဲ့ အရက်စက်ဆုံး လူစားပဲ” ပီလော့က သူမရဲ့ ခန့်မှန်းမှုနဲ့ ပက်သက်ပြီး ၁၀၀ ရာခိုင်နှုန်း ယုံကြည်ချက် အပြည့်ရှိတဲ့ လေသံနဲ့ ပြောလိုက်တယ်။

“အာ…” ရို့ယုနဲ့ ရို့ချင်တို့ နှစ်ယောက်စလုံး ထိတ်လန့်သွားခဲ့တယ်။

ဒါပေမယ့် ပိုပြီးရင့်ကျ်တဲ့ ယွန်လီကတော့ ကြက်သေသေသွားခဲ့တယ် “ပီလော့၊ သူတို့ကို ခြောက်မနေနဲ့။ သခင်ငယ်က အဲ့လို ကောက်ကျစ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူးနော်… ပြီးတော့ သူက အဲ့လိုလုပ်မယ် ဆိုရင်တောင် … ငါတို့က ခုခံနိုင်မှာမှ မဟုတ်တာ”

ပီလော့က ယွန်လီကို ဒေါသတကြီး ကြည့်လိုက်တယ်။ ထို့နောက် ရုတ်တရက်ကြီး သူမဆီ ပြေးသွားလိုက်ပြီး ယွန်လီရဲ့ အရည်ရွှမ်းနေတဲ့ ရင်အစုံကို အားရပါးရ ဆုပ်နယ်လိုက်ကာ စနောက်လိုတဲ့ လေသံနဲ့ ပြောလိုက်တယ် “အစ်မယွန်ကို ကြည့်ရတာက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတဲ့ ပုံပဲ။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ယောကျ်ားတွေ အားလုံးကို ငြင်းဆန်ခဲ့တာက အစ်မယွန် တစ်ချိန်လုံး သည်းခံနေခဲ့တာပဲ ဖြစ်ရမယ်။ အခု အခွင့်အရေး ရလာပြီဆိုတော့ အစ်မယွန်လည်း ငြိမ်မနေချင်တော့တာမလား”

ပီလော့က ရုတ်တရက်ကြီး ပြေးဝင်လာပြီး သူမ၏ အထိမခံနိုင်တဲ့ နေရာဖြစ်တဲ့ ရင်အသားအစုံကို အားရပါးရ ဆုပ်နယ်လိုက်တဲ့ အတွက် ရင့်ကျက်တဲ့ အလှလေးယွန်လီက ပီလော့လက်မောင်းထဲ ပျော့ခွေ ကျသွားမတတ် ဖြစ်သွားခဲ့ရတယ်။ သူမ၏ မျက်နှာထက် စိတ်ပါသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ရုန်းကန်ရင်း ပြန်ပြောလိုက်တယ် “နင်ဘာ… အင်း… ဘာတွေ ပြောနေတာလဲ”

“အို… ဒီလောက်တောင် စိတ်ပါနေပြီလား။ ကြည့်ရတာ မှန်နေတဲ့ပုံပဲ” ပီလော့က လွှတ်မပေးရုံက ပိုပြီးကြမ်းကြမ်းတမ်းတမ်း ဆုယ်နယ်လိုက်ပါတယ်။ ဆုပ်နယ်နေရင်း အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး ပျော့ပျောင်းတဲ့ လျှပ်စီးတုန်ခါခြင်း ကိုအသုံးပြုကာ သူမရဲ့ လက်ချောင်းထိပ်လေးမှတစ်ဆင့် တုန်ခါလှိုင်းတွေကို ထုတ်လွှတ်ကာ ထိုမို့မောက်နေတဲ့ ရင်သားအစုံကို ဆုပ်နယ်လိုက်တယ်။

“အင်း…” ရမက်သွေးကြွဖွယ်ကောင်းတဲ့ ညည်းသံတို့ ရင့်ကျက်တဲ့ အလှလေးရဲ့ ပါးလျတဲ့ နှုတ်ခမ်းအစုံမှ ထွက်ပေါ်လာခဲ့ပြီး သူမရဲ့ မက်မွန်ပန်းလို မျက်ဝန်းအစုံက ဝေဝါးသွားခဲ့ပြီး သူမရဲ့ အသားအရေ ကလည်း ကြက်သွေးရောင်လို နီရဲလာခဲ့တယ်။

ထိုညည်းသံတွေကို ကြားလိုက်တာနဲ့ ရို့ယုနဲ့ ရိုချင်တို့လည်း တစ်မျိုးမျိုး ထူးဆန်းသလို ခံစားလိုက်ရတယ်။

ပီလော့က လူယုတ်မှာအပြုံး ပြုံးလိုက်ပြီး ယွန်လီလည်ပင်းဆီ ခေါင်းလေးငုံ့လိုက်တယ်။ ထို့နောက် ပန်းနုရောင် လျှာလေးကို ထုတ်လိုက်ပြီး ယွန်လီ၏ နားသီးလေးတွေကို လျှက်ပေးလိုက်တယ်။

ယွန်လီရုတ်တရက် အော်ဟစ်ညည်းလိုက်တယ်။

ရို့ယုနဲ့ ရို့ချင်တို့ နှစ်ယောက်စလုံး ကြောင်အနေခဲ့ကြပြီး သူမတိုရဲ့ မျက်နှာတွေ ဆိုရင်လည်း လုံးဝကို နီရဲနေခဲ့ပါတယ်။

ပီလော့က သူမတို့ရဲ့ သခင်လိုမျိုး ညို့ငင်တဲ့ ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားမှန်း သူမတို့ သိထားပေမယ့် အခုလိုမျိုး သူမရဲ့ သားကောင်တောင် မခုခံနိုင်တဲ့အတွက် အဆင့်မြင့်မြင့် ကျွမ်းကျင်နေလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။

“ကောင်မလေး၊ ပြဿနာရှာနေတာ ရပ်လိုက်တော့” နောက်ဆုံးမှာတော့ ရင့်ကျက်တဲ့ အမျိးသမီး ယွန်လီက သူမရင်ထဲ အပူမီးကို ပြန်လည် ငြိမ်းသတ်နိုင်လိုက်ပြီး ပီလော့ရဲ့ မိစ္ဆာလက်ထဲကနေ ရုန်းထွက်နိုင်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့ ခြေထောက်လေးတွေက အနည်းငယ် တုန်ရင်နေခဲ့ပြီး မတ်တပ်ရပ်ဖို့ တော်တော်လေး ကြိုးစားနေခဲ့ရတယ်။ သူမရဲ့ ခွန်အားတစ်အောင်စ လေးကိုတောင် ထုတ်မသုံးနိုင်တော့ပဲ သူမရဲ့ အသံကလည်း အနည်းငယ် ကိုးယိုးကားယား ဆန်နေခဲ့တယ်။

“ဟဲဟဲ၊ ကျိန်းသေသွားပြီ။ ရင့်ကျက်တဲ့ မိန်းမတစ်ယောက်ရဲ့ တုန့်ပြန်မှုက တကယ်ကို ကွဲပြားတာပဲ” ပီလော့က သူမရဲ့ နှုတ်ခမ်းအစုံကို ဆွဲဆောင်မှုရှိစွာ သပ်လိုက်တယ်။

“အရူးလုပ်နေတာ ရပ်လိုက်တော့၊ နင်အဲ့လိုလုပ်ချင်တယ် ဆိုရင် ချန်းယင်နဲ့ ချန်းဟန်တို့ကို ဘာလို့ သွားမရှာတာလဲ။ သခင်မက သူတို့ကို ညို့ငင်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ဖို့ အမိန့်ပေးထားတယ်။ ငါ၊ ရို့ယုနဲ့ ရို့ချင်တို့က သခင်ငယ်လေးအတွက် မနက်စာ သွားပြင်ပေးရဦးမယ်။ နောက်ကျနေရင် ကောင်းလိမ့်မှာ မဟုတ်ဘူး”

ယွန်လီက ခပ်မြန်မြန် ပြောလိုက်ပြီး ပီလော့ကို တစ်ချက် ကြည့်လိုက်တယ်။ ပီလော့အကြောင်း သူမသိထားတဲ့အတွက် ခပ်မြန်မြန်ပဲ ရို့ယုနဲ့ ရိုချင်တို့နဲ့အတူ ထွက်ပြေးပါတော့တယ် “နင်တို့နှစ်ယောက်လည်း လာခဲ့၊ သွားကြမယ်”

“အိုး” ရို့ချင်နဲ့ ရို့ယုလည်း ယွန်လီကိုမှီအောင် နောက်ကနေ အမြန် လိုက်သွားခဲ့တယ်။

“အစ်မယွန်၊ ညကျရင် ငါလာရှာမယ်နော်” ပီလော့က နောက်ကနေ အော်ပြောလိုက်တယ်။

ထိုအော်သံကို ကြားလိုက်တာနဲ့ ယွန်လီက နောက်ပြန်လှည့်ပြီး ပီလော့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်ကာ “ငါ၊ ရို့ချင်နဲ့ ရို့ယုက ဒီည ဒီမှာပဲ ရှိနေမှာ။ နင်သတ္တိရှိတယ်ဆိုရင် ငါတို့က ကြိုဆိုပြီးသားပဲ”

ရေချိုးပြီးနောက် ရန်ကိုင်က အသစ်ဆတ်ဆတ် လျှော်ဖွပ်ထားတဲ့ အဝတ်တစ်စုံကို ယူဝတ်လိုက်တယ်။

ထိုအဝတ်အစားတွေက ရှန်ချင်းလော့ကိုယ်တိုင် အစေခံတွေကို သွားဝယ်ခိုင်းထာတာပါ။ ထိုအဝတ်အစားတွေ ဝတ်လိုက်တာနဲ့ ရန်ကိုင်က ပိုချောသွားခဲ့ကာ သူ့ပုံစံကလည်း မြင့်မြတ်တဲ့ သခင်လေးတွေလို ဖြစ်သွားခဲ့တယ်။

ရင့်ကျက်တဲ့ အလှလေးယွန်လီနဲ့ ဘာမှမသိ အပြစ်ကင်းစင်တဲ့ ရို့ယုနဲ့ ရို့ချင်တို့တောင် ရှက်သွေးဖြာသွားခဲ့တယ်။

စံအိမ်ရဲ့ ထမင်းစားခန်းထဲတွင် အမျိုးမျိုးသော စားစရာတို့ဖြင့် ပြည့်နေသည့် မနက်စာကို ရန်ကိုင်အတွက် ပြင်ဆင်ပေးထားခဲ့တယ်။

ယွန်လီက ရန်ကိုင်ဘေးနားတွင် မတ်တပ်ရပ်ကာ ဟင်းပွဲတစ်ခုစီတိုင်းကို ကိုယ်တိုင်ကိုယ်ကျ ခပ်ထည့်ပေးနေရင်း ပြောနေခဲ့တယ် “အဲ့ဟင်းပွဲတွေ အားလုံးက ကျွန်မတို့ သုံးယောက်ကိုယ်တိုင် ပြင်ဆင်ပေးထားတာပါ။ သခင်ငယ်လေး ပူတုန်း စားသင့်တယ်နော်”

ရန်ကိုင်ကို ကြည့်လိုက်ပြီး ယွန်လီက ရုတ်တရက် နွေးထွေးစွာ ပြုံးလိုက်ကာ “သခင်ငယ်လေးက နည်းနည်းလေး ပိန်တဲ့ပုံပဲ။ အပြင်မှာ တောက်လျှောက် ပြေးလွှားနေရလို့ ဖြစ်လိမ့်မယ်။ ဟုတ်တယ်မလား။ အခုအချိန်ကို အခွင့်ကောင်းယူပြီး သခင်ငယ်လေး အဝဗိုက်ဖြည့်ထားသင့်တယ်”

“အင်း” ရန်ကိုင်က အသာအယာ ခေါင်းပြန်ညိတ်ပြလိုက်ပြီး မေးလိုက်တယ် “ခင်ဗျားတို့ရဲ့ သခင်မကော”

“သခင်မမှာ ဒီနေ့ ဖြေရှင်းရမယ့် အရေးကြီး ကိစ္စတွေ ရှိနေတယ်” ယွန်လီက ပြုံးရင်း ပြန်ပြောလိုက်တယ်။

“အိုး၊ သူမက ငါနဲ့အတူ မနက်စာလာစားမယ် ထင်နေတာ” ရန်ကိုင်လည်း မသိမသာလေး မျက်မှောင် ကြုံ့မိလိုက်တယ်။

ရန်ကိုင် ပြောတာကို ကြားလိုက်တာနဲ့ ရင့်ကျက်တဲ့ အလှလေးယွန်လီနဲ့ မိန်းကလေး နှစ်ယောက်စလုံးကို ရန်ကိုင်ကို အံ့အားသင့်တကြီး ကြည့်လိုက်ကြတယ်။ ရန်ကိုင်က ဘယ်ကလဲ၊ ဘယ်သူလဲဆိုတာ သူမတို့တွေကို တကယ်ကို သိချင်နေမိပါတယ်။

ရှန်ချင်းလော့က သူနဲ့အတူလာထိုင်ပြီး မနက်စာကို အတူတူစားမယ်လို့ ပြောရဲတယ်ဆိုတော့… ထိုကဲ့သို့ အခွင့်အရေးမျိုးက နတ်ဆိုးဘုရင်ငါးပါးတောင် မရတဲ့ အခွင့်အရေးပါ။

“အဲ့လိုဆိုတော့၊ သူမကို တွေ့ချင်တယ်ဆိုရင် ဘယ်နေရာမှာ သွားရှာရမလဲ” ရန်ကိုင်က စားနေရင်း မေးလိုက်တယ်။

ယွန်လီက ခပ်မြန်မြန်‌လေး ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “နောက်ရက်အနည်းငယ်အတွင်း သူမ အလုပ်ရှုပ်နေလိမ့်မယ်လို့ သခင်မက ပြောတယ်။ အဲ့ဒါကြောင့် သခင်လေးမှာသာ တောင်းဆိုစရာ ရှိတယ်ဆိုရင် ပီလော့နဲ့ တိုက်ရိုက်ပြောသင့်တယ်။ သူမက အပြင်မှာ မနက်ကတည်းက စောင့်နေတာ”

“ကြည့်ရတာ သူမက ငါ့ကို ရှောင်နေတဲ့ပုံပဲ” ရန်ကိုင်က မပျော်မရွင်နဲ့ ပြောလိုက်တယ်။ မနေ့တုန်းက သူ့ကိုလာတွေ့ပါမယ်လို့ ရှန်ချင်းလော့က သူ့ကို ကတိပေးခဲ့ပါတယ်။ ဒါပေမယ့် သူမက ချက်ချင်းကြီး စိတ်ပြောင်းလိုက်မယ်လို့ သူမထင်ထားခဲ့ပါဘူး။ သူထွက်သွားမယ့် အကြောင်း ကျိန်းသေပြောမယ် ဆိုတာကို သူမခန့်မှန်းထားမိတဲ့ပုံပါပဲ။

စားပြီးတာနဲ့ ရန်ကိုင်က သက်သောင့်သက်သာ အမူအရာနဲ့ အပြင်ကို လမ်းလျှောက်ထွက်လိုက်တယ်။

ထိုနှစ်လိုစွဲမက်ဖွယ်ကောင်းတဲ့ မိန်းကလေး ပီလော့က တကယ်ပဲ သူ့ကို အပြင်မှာ ရပ်စောင့်နေခဲ့ပါတယ်။ သူမက မျက်မှောင်ကြုံရင်း ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။ သူ့ကို အမြင်မကြည်တာ အသိသာကြီးပါ။ ဒါပေမယ့် ရှန်ချင်းလော့ကိုယ်တိုင် အမိန့်ပေးထားတာ ဆိုတော့ သူမကဘက်ကလည်း မငြင်းနိုင်ဘူးလေ။

“မိန်းကလေး ပီလော့” ရန်ကိုင်က ခေါ်လိုက်တယ်။

“ဟန့်” ပီလော့က နှာခေါင်းရှုံ့လိုက်တယ်။ ရန်ကိုင်ကို အမြင်မကြည်ဘူးဆိုတာကို သူမရဲ့ အထင်အမြင်သေးပြီး မောက်မာတဲ့ အမူအရာကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

ပီလော့ရဲ့ ထိုပုံစံကို မြင်ရလိုက်တာနဲ့ ရန်ကိုင်က ခြောက်ကပ်စွာ ရယ်မောလိုက်ပြီး ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “နင်ရဲ့ သခင်မကို ငါတွေ့ချင်တယ်”

ပီလော့က ပိုပြီးသုန်မှုန်စွာ မျက်မှောင်ကြုံ့လိုက်ပြီး “သခင်မက အကြီးအကဲတွေနဲ့ အလုပ်ကိစ္စဆွေးနွေးရင်း အလုပ်ရှုပ်နေတယ်။ နင့်ကို တွေ့ဖို့ အချိန်မရှိဘူး”

“သူတို့ ဆွေးနွေးတာ ဘယ်တော့လောက် ပြီးမလဲ”

“ရက်နည်းနည်းတော့ ပြီးလိမ့်မှာ မဟုတ်ဘူး။ ဒီတစ်ကြိမ် သခင်မက သင်းရနံ့မြို့ကနေ ထွက်သွားတာ ၂လ‌တောင် ကြာသွားတာ ဆိုတော့ သူမကိုယ်တိုင် ဖြေရှင်းရမယ့် ကိစ္စတွေ တစ်ပြုံတစ်ခေါင်းကြီးပဲ ရှိနေတယ်”

ရန်ကိုင် အမူအရာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး သူ့စိတ်အခြေအနေက ခပ်မြန်မြန်ပဲ လေးနက်တည်ကြည် သွားခဲ့တယ်။

ပီလော့က တစ်ခဏတာလောက် တုန့်ဆိုင်းနေပြီးနောက် တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြောလိုက်တယ် “ဒါပေမယ့် မနေ့ညက သူမရဲ့ အမှားအတွက် နင့်ကို ရတနာနန်းတော်စံအိမ်ဆီ သွားခွင့်ပေးမယ်လို့ သခင်မက ပြောလိုက်တယ်”

Martial Peak

အပိုင်း(၃၁၄) ရတနာစံအိမ်

“ရတနာစံအိမ်လား” ရန်ကိုင်က မျက်မှောင်ကြုံ့ပြီး ရှန်ချင်းလော့ကို စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်။ ဒီနည်းနဲ့ သူ့ကို ဆွဲဆောင်ဖို့ ကြိုးစားတာလား။

သူ့စိတ်ထဲကနေ တိတ်တဆိတ် ကျိန်ဆဲနေပေမယ့် သူ့ပါးစပ်ကနေတော့ မေးလိုက်ပါသေးတယ် “ရတနာစံအိမ်ထဲမှာ ပစ္စည်းကောင်းတွေ ရှိလို့လား”

“ကောင်စုတ်လေး” ပီလော့က ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး “သခင်မရဲ့ ရတနာစံအိမ်က ရှာပါးပြီး အဖိုးတန်တဲ့ ရတနာတွေနဲ့ ပြည့်နေတာ။ နင်က အခုအားနည်းနေသေးတော့ နင့်ခွန်အားကို တိုးတက်အောင်လုပ်ဖို့ ရတနာစံအိမ်ထဲမှာ တစ်ချက်သွားပတ်ကြည့်လို့ ရတယ်လို့ သခင်မက ပြောလိုက်တယ်”

“အဲ့လိုဆိုရင် နင်ကကော ဘာကို စောင့်နေသေးတာလဲ” ရန်ကိုင်က ပီလော့ကို ခပ်မြန်မြန်ပဲ နှိုးဆော်လိုက်တယ်။

ရန်ကိုင်မျက်နှာထက်က စိတ်အားထက်သန်ပြီး စိတ်မရှည်သည့် အမူအရာကို မြင်လိုက်ရချိန် မှာတော့ ပီလော့က ရန်ကိုင်ကို ပိုပြီး အမြင်ကတ်သွားပြီး ထိုတောသားကို စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်။

သူမက မလုပ်ချင်တဲ့ ကိစ္စဆိုရင်တောင် ရှန်ချင်းလော့က အမိန့်ပေးလိုက်တာနဲ့ ငြင်းဆိုခြင်း မရှိပဲ သူမတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။

“ငါနဲ့လိုက်ခဲ့” ထို့နောက် ပီလော့က မကျေမနပ်နဲ့ ရှေ့ကနေ ဦးဆောင်ပြီး သွားလိုက်တယ်။

နန်းတော်ထဲ အချိန်အတော်ကြာအောင် လမ်းလျှောက်ပြီးနောက် ခြံဝန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့တယ်။ ထိုခြံဝန်းထဲသို့ ဆယ်မီတာလောက် လျှောက်ဝင်သွားပြီးနောက် ထူးထဲပြီး လေးလံတဲ့ တံခါးတစ်ခုကို တွေ့လိုက်ရတယ်။

တံခါးကို သူမသိတဲ့ ပစ္စည်းတစ်ခုကနေ ထုလုပ်ထားပြီး တော်တော်လေး အိုဟောင်းနေပါတယ်။ တံခါးပုံစံက ထူထဲပြီး အကြမ်းခံမယ့် ပုံပေါက်က အလွန်တကူ ချိုးဖောက်ဝင်လို့ ရမယ့်ပုံမပေါက်ပါဘူး။

ဒါပေမယ့် ထိုတံခါးနဲ့ ပက်သက်ပြီး ထူးခြားတဲ့တစ်ချက်က တံခါးမှာ လက်ကိုင်မရှိသလို သော့ထည့်သွင်းဖို့ အပေါက်ကိုလည်း မတွေ့ရပါဘူး။ တံခါးက လုံးဝကို ပြောင်စဉ်းနေတဲ့ ပျဉ်ချပ်ကြီး တစ်ချပ်နဲ့ တူနေခဲ့ပါတယ်။

တစ်ခဏကြာပြီးနောက် ပီလော့က ဂိတ်ပေါက်မှာရှိတဲ့ ဆဠဂံပုစံက အရာဝတ္ထုကို ဖိချလိုက်တယ်။

တဝုန်းဝုန်း မြည်သံနှင့်အတူ ထိုလေးလံပုံရတဲ့ တံခါးလည်း ပွင့်လာခဲ့ပါတယ်။

ရန်ကိုင်လည်း စိတ်ဝင်တစား စိုက်ကြည့်လိုက်ရင်း အလိုလို ချီးကျူးစကား ဆိုမိလိုက်တယ် “ဒီနေရာမှာ သိမ်းထားတဲ့ ပစ္စည်းတွေက တကယ်ကို လုံခြုံတဲ့ပုံပဲ”

ပီလော့က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ဂုဏ်ယူစွာနဲ့ ဟာသနှောကာ ပြောလိုက်တယ် “အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီရတနာစံအိမ်တစ်ခုလုံးကို အနက်နီရွှေနဲ့ လုပ်ထားတာ။ အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက် လာတိုက်ခိုက်မယ် ဆိုရင်တော့ ဒီရတနာစံအိမ်ထဲ ဘယ်တော့မှ ဝင်ရောက် နိုင်လိမ့်မှာ မဟုတ်ဘူး။ ဒီနေရာက ကမ္ဘာပေါ်မှာရှိတဲ့ အလုံခြုံဆုံး နေရာပဲ”

သူမကြွားဝါပြောနေတာကို နားထောင်ရင်း ရန်ကိုင်က ပြန်ပြီး မငြင်းဆိုခဲ့ပေမယ်။ စိတ်ထဲကနေ အထင်အမြင် သေးနေခဲ့ပါတယ်။

အလုံခြုံဆုံး နေရာချင်းပြိုင်မယ်ဆိုရင် သူ့ရဲ့ အနက်ရောင်စာအုပ်ထဲက လေဟာနယ်က ကမ္ဘာအလုံခြုံးဆုံး သိုလှောင်နေရာပါပဲ။

“လာခဲ့” ပီလော့က ရှေ့ကနေ ဦးစီးဦးဆောင် သွားလိုက်တယ်။

သူတို့နှစ်ယောက် ဝင်ပြီးသွားတာနဲ့ ရတနာစံအိမ် တံခါးက နောက်တစ်ကြိမ် ပြန်ပိတ်သွားခဲ့တယ်။

ရတနာစံအိမ်တံခါးက ပိတ်သွားခဲ့ပေမယ့် အထဲကတော့ မှောင်မနေခဲ့ပါဘူး။ နံရံလေးဖက်လေးတန် စလုံးကို ကျောက်စရစ်ခဲ အရွယ်လောက်ရှိတဲ့ ပုလဲလုံးလေးတွေနဲ့ အလှဆင်ထားခဲ့ပါတယ်။ ပုလဲတစ်လုံးချင်းစီက တလက်လက် တောက်ပနေခဲ့ပြီး ရတနာစံအိမ်တစ်ခုလုံးကို အလင်းပေးနေခဲ့ပါတယ်။

အထဲရောက်တာနဲ့ ပီလော့က မလုပ်ချင်တစ်ဝက်၊ လုပ်ချင်တစ်ဝက်နဲ့ ရန်ကိုင်အား ရတနာတွေနဲ့ စတင်မိတ်ဆက်ပေးပါတော့တယ် “အဲ့နေရာက ရွှေတွေ၊ငွေတွေ ထားတဲ့နေရာ။ ဒီနေရာက ရှားပါးတဲ့ ဆေးပင်တွေ ထားတဲ့နေရာ။ အဲ့ဒါတွေကတော့ ဆေးလုံးတွေ။ ဒါတွေက အဆင့်မြင့်လက်နက်တွေ၊ ပြီးတော့ အဲ့နေရာမှာ ရှိနေတာတွေက ကျင့်စဉ်နဲ့ သိုင်းပညာရပ် မျိုးစုံပဲ… ကောင်းပြီ။ နင့်ဘာသာနင် လိုက်ကြည့်တော့၊ မလိုအပ်ရင် ငါ့ကို လာမမေးနဲ့”

သူမပုံစံကြည့်ရတာ ရန်ကိုင်နားကနေ ထွက်သွားဖို့ မစောင့်နိုင်အောင် ဖြစ်နေတဲ့ပုံပါပဲ။

ရန်ကိုင်လည်း နှာခေါင်းကို ပွတ်လိုက်ပြီး အသာအယာလေး မျက်မှောင်လေး ကြုံ့လိုက်ရင်း “မိန်းကလေး ပီလော့၊ ငါဘယ်လောက် ယူလို့ရလဲဆိုတာ ခင်ဗျားရဲ့ သခင်မ ပြောခဲ့သေးလား”

ပီလော့က အထင်အမြင် သေးစွာနဲ့ လှောင်ပြောင်လိုက်ပြီး “နင်ဘယ်လောက်တောင် လိုချင်နေလို့လဲ”

“မေးကြည့်တာပါ”

ပီလော့၏ အမူအရာက ရုတ်ချည်း‌ အေးစက်သွားခဲ့ပြီး စိတ်တိုတိုနဲ့ ပြန်ပြောလိုက်တယ် “နင်လိုချင်သလောက် ယူလို့ရတယ်လို့ သခင်မက ပြောတယ်”

“အာ…” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ထပ်မမေးတော့ပါဘူး။ အဲ့အစား ဆေးပင်တွေ ရှိတဲ့နေရာဆီကိုပဲ တိုက်ရိုက်သွားလိုက်တယ်။

ရန်ကိုင်က နည်းနည်းတောင် တွန့်ဆုတ်သည့် အရိပ်အယောင် မပြတာကို တွေ့လိုက်တာနဲ့ ပီလော့က သူမဘာသာ သူမရေရွတ်လိုက်တယ် “ဟန့်၊ တောသားက တောသားပါပဲ။ သခင်မက သူ့အပေါ် ဘာလို့ ဒီလောက် ကောင်းနေမှန်း ငါနားကိုမလည်နိုင်ဘူး”

သူမက တစ်ယောက်တည်း ရေရွတ်နေရင်း သိုလှောင် သိမ်းဆည်းထားတဲ့ လက်နက်နေရာဆီ ရောက်ရှိလာခဲ့တယ်။ ထို့နောက် မျက်ရည်စက်ပုံစံ နားကပ်နှစ်ခုကို စိုက်ကြည့်နေလိုက်တယ်။ ထိုနားကပ်အစုံက ထွင်ဖောက်မြင်နိုင်သည့် အပြာရောင် အအရောင်အဝါတို့ဖြင့် ပြည့်နေပြီး ကောင်းကင်ထက်ကနေ ကြည်လင်နေတဲ့ ကောင်းကင်ထက်က ခရစ်စတယ် အပိုင်းအစလေး တစ်ခုနဲ့တောင် တူပါသေးတယ်။

ထိုနားကပ်အစုံကို လက်ထဲမှာ ကိုင်ထားရင်း ပီလော့က ရုတ်ချည်း ပြုံးလိုက်ပါတယ်။ ရန်ကိုင်ကတော့ မိစ္ဆာဆန်ဆန် ပြုံးလိုက်တယ်။

ရှန်ချင်းလော့က သူ့ကို နေအိပ်အကျယ်သဘောမျိုးနဲ့ ဖမ်းချုပ်ထားခဲ့ပါတယ်။ သူမက သူ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိပေမယ့် သူကတော့ အခုလိုမျိုး နေနေရတာ သက်သောင့်သက်သာ မဖြစ်ပါဘူး။ ဒါပေမယ့် သူမရဲ့ ရတနာစံအိမ်ထဲ ရန်ကိုင်ကို ဝင်ခွင့်ပေးလိုက်တာကတော့ တကယ့်ကို အမှားကြီး တစ်ခုပါပဲ။

ရန်ကိုင်သာ ဆန္ဒရှိရင် ရတနာစံအိမ်ထဲမှာ ရှိတဲ့ ပစ္စည်းအကုန်လုံးကို သယ်သွားလို့ ရပါတယ်။ အနက်ရောင်စာအုပ်ရဲ့ သိုလှောင်နေရာလွတ်က ရတနာစံအိမ်ထက် အများကြီး ပိုကျယ်ပါတယ်။

အရင်ဆုံး သူ့ဒန်တန်ထဲက ယန်အရည်စက်ကို ပြန်ဖြည့်ရပါမယ်။ ရွှေရောင်အရိုးခြောက်ထဲမှာရှိတဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားမှာကို သူစိတ်မပူပါဘူး။ အဓိက ပြဿနာက သူ့မှာရှိတဲ့ ယန်အရည်စက်တွေပါ။

ထို့ကြောင့် ရန်ကိုင်က တွေ့သမျှ ယန်အမျိုးအစား ရတနာမှန်သမျှကို အနက်ရောင်စာအုပ်ထဲ ထည့်သိမ်းထားလိုက်တယ်။

ဝိဥာဉ်အားဖြည့် ဆေးပင်တွေနဲ့ ဆေးလုံးတွေက အရမ်းကို ရှားပါးပါတယ်။ ဒါကြောင့်ပဲ ဝိဥာဉ်အားဖြည့် ဆေးပင်၊ ဆေးလုံးကို တွေ့တာနဲ့ တုန့်ဆိုင်းမနေပဲ သူ့ရဲ့ အနက်ရောင်စာအုပ်ထဲ တစ်ခါတည်း တန်းသိမ်းထည့်ထားလိုက်ပါတယ်။

သူ့ရဲ့ ငါးရောင်ခြယ်ဝိဥာဉ် ကြာပန်းက ထပ်မံအဆင့်မြှင့်ဖို့ အတွက် ဝိဥာဉ်အမျိုးအစား ရတနာတွေကို လိုအပ်ပါတယ်။ ပြီးတော့ ထိုဝိဥာဉ်အားဖြည့်ဆေး၊ ဆေးပင်တွေက ကောင်းကောင်စိတ်အာရုံကို လေ့ကျင့်ပေးတဲ့ နေရာမှာလည်း အသုံးဝင်ပါတယ်။

လျှို့ဝှက်ကျင့်စဉ်နဲ့ သိုင်းပညာရပ်တွေကိုတော့ ရန်ကိုင် သိပ်ပြီး စိတ်မဝင်းစားပါဘူး။ ဘယ်လျှို့ဝှက်ကျင့်စဉ်မှ သူနဲ့မလိုက်ဖက်ပါဘူး။ ပြီးတော့ သူတွေတဲ့ သိုင်းပညာရပ်တွေကိုလည်း မကြိုက်တဲ့အတွက် မယူခဲ့ပါဘူး။

ရန်ကိုင်က အဆင့်မြင့် ဝိဥာဉ်ပညာရပ်တွေကို ပိုပြီး စိတ်ဝင်စားပါတယ်။

သူက ကောင်းကင်စိတ်အာရုံကို အသုံးပြုနိုင်ပြီ ဆိုပေမယ့် သူ့မှာ တိုက်ခိုက်ဖို့ ဝိဥာဉ်အမျိုးအစား ပညာရပ် မရှိသေးတဲ့အတွက် ကောင်းကင်စိတ်အာရုံကို ပတ်ဝန်းကျင်ကို စစ်ဆေးဖို့အတွက်ပဲ အသုံးပြုနေခဲ့ရပါတယ်။

ဒါပေမယ့် ကံမကောင်းစွာပဲ မည်သည့် ဝိဥာဉ်ပညာရပ်ကို ရတနာစံအိမ်ထဲ ရှာလို့ မတွေ့ခဲ့ပါဘူး။ တစ်ခါတစ်ရံ မြေကမ္ဘာအဆင့် ဒါမှမဟုတ် အဲ့ထက်အဆင့်နိမ့်တဲ့ ပညာရပ်တွေကို တွေ့ခဲ့ပေမယ့် ထိုပညာရပ်တွေက ရန်ကိုင်ကို ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ ထိုပညာရပ်တွေကို လေ့ကျင့်ရင်တောင် သူ့အတွက် အဲ့လောက် အသုံးဝင်လိမ့်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ထိုပညာရပ်တွေကို လေ့ကျင့်တာက သူ့အတွက် အချိန်ပိုကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။

ရတနာစံအိမ်တစ်ခုလုံးကို ရှာဖွေပြီးနောက် ယန်အမျိုးအစား ဆေးပင်၊ ဆေးလုံး အချို့နှင့် ဝိဥာဉ်အားဖြည့်ပေးနိုင်တဲ့ ရတနာအနည်းငယ်ကိုပဲ တွေ့ခဲ့ပါတယ်။

ထိုနှစ်လိုဖွယ် ကောင်းတဲ့ မိန်းကလေးက အခုအချိန်တွင် နားကပ်တစ်စုံကို ဝတ်ပြီး သူမကိုယ်သူမ မှန်ထဲကြည့်ရင်း ပျော်ရွှင်စွာ ပြုံးနေခဲ့ပါတယ်။

ရန်ကိုင်က သူမရှေ့မှာ ရုတ်တရက်ကြီး ပေါ်လာတဲ့အတွက် ပီလော့လည်း အလန့်တကြား ဖြစ်သွားခဲ့ရတယ်။ သူမရဲ့ မို့မောက်နေတဲ့ ရင်ဘတ်ကို လက်ကလေးနဲ့ ပုတ်ရင်း မျက်မှောင်ကြုံ့ကာ ဒေါသတကြီး ပြောလိုက်တယ် “ဘာလို့ အခုလို ရုတ်တရက်ကြီး ပေါ်လာရတာလဲ။ အခြားလူတွေကို ချောင်းကြည့်ရတာ ပျော်စရာ ကောင်းတယ်လို့ ထင်နေတာလား”

ရန်ကိုင်က လှောင်ပြုံးပြုံးလိုက်ပြီး “နင့်ဘာသာနင် ကိုယ့်ကမ္ဘာထဲမှာ ကိုယ်မျောနေပြီး ပတ်ဝန်းကျင်ကို သတိမပြုမိတာ မဟုတ်ဘူးလား”

သူမအမှားကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောခြင်း ခံလိုက်ရတဲ့အတွက် ပီလော့က ရှက်သွားခဲ့ပြီး နားကပ်တွေကို ချွတ်ကာ နေရာမှာ ပြန်ထားလိုက်ပြီး ထိုနားကပ်ဆီကနေ မခွာချင်ခွါချင်နဲ့ ခွါပြီးမှ ပြောလိုက်တယ် “နင်ရှာချင်တာ ရှာလို့ ပြီးပြီလား”

“အင်း”

“နင်ဘာတွေ ယူခဲ့လဲ”

ရန်ကိုင်က သူ့လက်ထဲကနေ ဆေးပုလင်း နှစ်လင်းကို အသာလေး ထုတ်ပြလိုက်တယ်။ ထိုဆေးပုလင်း နှစ်ပုလင်းကို မြင်လိုက်တာနဲ့ ပီလော့က အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး အသာအယာလေး ရယ်မောလိုက်ကာ “နင်က တကယ်ကို ချွေတာလွန်းတာပဲ။ ငါက နင့်ကို …”

ပြောနေရင်း စကားတစ်ဝက် တစ်ပျက်နဲ့ ရပ်လိုက်ပြီး ပီလော့က သူမ၏ ပန်းနုရောင်လျှာလေးကို တစ်လစ်၊တစ်လစ်နဲ့ ထုတ်လိုက်တယ်။

“ဘာလဲ”

“ဘာမှ မဟုတ်ပါဘူး။ နင်လိုချင်တာ ရပြီဆိုရင် ငါတို့သွားလို့ရပြီ။ ဒါပေမယ့် အဲ့ဆေးပုလင်း နှစ်ပုလင်းကိုပဲ နင်လိုချင်တာ သေချာပြီလား။ နင့်ကျင့်ကြံခြင်းကို တိုးမြှင့်ဖို့အတွက် တစ်ခုခု ရှာယူသင့်တယ်လို့ သခင်မက ပြောလိုက်တာလေ” ပီလော့က မေးလိုက်တယ် “အဲ့ဆေးလုံးတွေက နင့်ခွန်အားကို တိုးမြှင့်ဖို့ လုံလောက်လို့လား”

“လုံလောက်ပါတယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။

“ကောင်းပြီလေ၊ နင်ဘာယူယူ ငါ့ကိစ္စမှ မဟုတ်တာ။ နင်က အဆင်ပြေတယ် ဆိုမှတော့ ငါကကော ဘာလို့ ဂရုစိုက်နေရဦးမှာလဲ။ ဆေးပုလင်းနှစ်ပုလင်းပဲ ဘာလို့ယူလဲဆိုတာကို သခင်မမေးမှ ငါ့ကို လာပြီး အပြစ်မတင်နဲ့”

ရန်ကိုင်က မထူးခြားနားစွာနဲ့ပဲ ခေါင်းညိတ်ပြလိုက်တယ် “အင်း”

ရတနာစံအိမ်ထဲကနေ ထွက်လာတာနဲ့ ပီလော့က တံခါးပို သေချာလေး ပိတ်လိုက်တယ်။ ဒါပေမယ့် သူမလှည့်လိုက်ရုံပဲ ရှိသေး၊ သေတ္တာသေးသေးလေး တစ်လုံးက သူမဆီ ပျံသန်းလာခဲ့တယ်။

ဒါပေမယ့် သေတ္တာကို မြင်ပြီးတာနဲ့ ပီလော့က အလန့်တကြား ထအော်လိုက်တယ်။ သူမအကြည့်က ထိတ်လန့်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ရန်ကိုင်က အသာအယာလေး ပြုံးလိုက်ပြီး “နင်မကြိုက်လို့လား”

“ငါကြိုက်တာပေါ့” ငေးကြောင်ကြောင်နဲ့ ပီလော့က သေတ္တာကို တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ဖွင့်လိုက်တယ်။ သေတ္တာထဲမှာတော့ ရတနာစံအိမ်ထဲ သူမဝတ်ဆင်ခဲ့တဲ့ နားကပ်တစ်စုံ ရှိနေခဲ့ပါတယ်။

“ဒါပေမယ့်…နင်ဘယ်လိုလုပ်ပြီး သိသွားတာလဲ” ပီလော့က စိတ်ရှုပ်ထွေးစွာနဲ့ ရန်ကိုင်ကို မေးလိုက်တယ်။

“နင်ပုံစံကို မြင်လိုက်ရတဲ့ ဘယ်သူမဆို သိမှာပဲ” ရန်ကိုင်က ရယ်မောလိုက်ပြီး “ငါက ကန်းနေတာမှ မဟုတ်တာ”

“ဟဲဟဲ” ပီလော့က သည်းလှိုက်အူလှိုက် ရယ်မောလိုက်ပြီး နားကပ်ကို ခပ်မြန်မြန်ပဲ ထုတ်လိုက်ပြီး ထိုနားကပ်အစုံကို စိုက်ကြည့်နေလိုက်တယ်။ တစ်ခဏကြာပြီးတော့မှပဲ သူမက ရှင်းပြလိုက်တယ် “ဒီနားကပ်အစုံက အဆင့်နိမ့်တယ် ဆိုပေမယ့် ဘာလို့လဲတော့ မသိဘူး၊ အဲ့နားကပ်အစုံစုံကို တွေ့တွေ့ချင်း ငါအရမ်းလိုချင်သွားတာ”

“အဲ့လိုဆိုရင် နင့်သခင်မကို ဘာလို့ သွားမတောင်းတာလဲ။ ငါသိသလောက်ဆိုရင် သူမက နင့်အပေါ် တော်တော် ကောင်းပါတယ်” ရန်ကိုင်က သံသယနဲ့ မေးလိုက်တယ်။

“အဲ့ဒါက… ဒီနားကပ်အစုံက သခင်မရဲ့ အမေ ဝတ်ခဲ့တာလေ။ သူမသာ ဒီနားကပ်ကို မြင်သွားရင် သခင်မ ဝမ်းနည်းသွားမှာကို ငါကြောက်တာ…” ပီလော့က သက်ပြင်းချလိုက်ပြီး ထိုနားကပ်အစုံကို သူမရင်ဘတ်နဲ့ ဖိကပ်ထားလိုက်ရင်း “ဒါကို နင်တကယ်ပဲ ငါ့ကို ပေးတာလား”

“အင်း၊ နင့်ကို ပေးဖို့မဟုတ်ရင် ငါကဘာလို့ ယူလာရဦးမှာလဲ။ နင့်သခင်မ မေးရင် ငါယူလာတာလို့သာ ပြောလိုက်”

“ကျေးဇူးပါပဲ” ပီလော့က ပျော်ရွှင်စွာနဲ့ ကျေးဇူးတင်လိုက်တယ်။ နောက် သူမအမူအရာရှုပ်ထွေးသွားခဲ့ပြီး ချက်ချင်းပဲ တစ်ခုခုကို စဉ်းစားမိသွားပုံရကာ သတိအပြည့်နဲ့ ပြောလိုက်တယ် “နင်… နင်ဘာလို့ ငါအပေါ် အရမ်းကောင်းနေရတာလဲ… နင်ငါ့ကို ကြိုက်သွားလို့ ငါ့ကိုနင့်ပစ်မှတ်အဖြစ် သတ်မှတ်လိုက်တာတော့ မဟုတ်ပါဘူးနော်”

“ငါနင့်ကို တည့်တည့်ပဲ ပြောမယ်၊ ငါယောကျ်ားတွေကို မကြိုက်ဘူး” ပီလော့က ရန်ကိုင်ကို သတိအပြည့်နဲ့ စိုက်ကြည့်ရင်း ပြောလိုက်တယ်။ ပြောနေရင်းနဲ့ သူပြောတာ မှန်မမှန်ဆိုတာကို သိရအောင်လည်း စူးစမ်းနေလိုက်ပါသေးတယ် “အဲ့ဒါကြောင့် နင်ငါ့အပေါ် ဘယ်လောက်ကောင်းအောင်ပဲ ဆက်ဆံဆက်ဆံ၊ ငါစိတ်က ဘယ်တော့မှ ယိမ်းသွားမှာ မဟုတ်ဘူး။ ငါ့နှလုံးသားထဲမှာတော့ သခင်မကပဲ ငါ့ရဲ့ ပြီးပြည့်စုံတဲ့ လက်တွဲဖော်ပဲ”

ရန်ကိုင်လည်း မိုးကြိုးထိမှန်ခံလိုက်ရသလို ဖြစ်သွားကာ ပီလော့က အံ့အားသင့်စွာနဲ့ ကြည့်လိုက်ပြီး “နင်ဆိုလိုတာက… နင်က ရှန်ချင်းလော့ကို ကြိုက်နေတာလား”

“အမှန်ပဲ” ပီလော့ မျက်နှာက ရဲရဲနီသွားခဲ့ပေမယ့် ခေါင်းညိတ်ပြလိုက်ပါသေးတယ်။ ပြီးတော့ ရှက်ရွံ့ပြီး မျှော်လင့်တောင့်တနေတဲ့ အသံလေးနဲ့ ပြန်ပြောလိုက်တယ် “တစ်နေ့ကျရင်၊ အနှေးနဲ့အမြန်ဆိုသလို ငါက သခင်မရဲ့ မိန်းမဖြစ်လာမှာ…”

ထိုအခိုက်အတန့်၌ သူမက ချစ်ကျွမ်းဝင်နေတဲ့ မိန်းမငယ်လေး တစ်ယောက်ရဲ့ အမူအရာကို အပြည့်အဝ ထုတ်ဖော်ထားခဲ့တယ်။ တစ်ခုလေးပါပဲ… သူမ ချစ်ကြိုက်နေတဲ့လူက တကယ့်ကို ဘယ်လိုမှ မမျှော်လင့်ထားစရာ ကောင်းတဲ့ လူတစ်ယောက် ဖြစ်နေတာပါပဲ။

အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ပုတ်သင်ညိုလို ခေါင်းညိတ်လိုက်ကာ ပြောလိုက်တယ် “အဲ့လိုဆိုရင် နင့်ရဲ့ ပျော်ရွှင်မှုကို အမြန်ဆုံးရပါစေလို့ ငါဆုတောင်းပေးပါတယ်၊ မိန်းကလေး ပီလော့”

ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း ပီလော့က ရန်ကိုင်ကို ပြန်ကြည့်လိုက်ပြီး ပြောလိုက်တယ် “အင်း၊ နင့်ပုံစံက အရင်ကလောက် အမြင်ကတ်စရာ မကောင်းတော့ဘူးပဲ”

လက်ဆောင်လေး ပေးလိုက်တာက တော်တော်လေး အကျိုးရှိသွားတာပဲ ရန်ကိုင်က သူ့ဘာသာသူ တွေးလိုက်တယ်။ အနည်းဆုံးတော့ သူမက သူ့ကို အရင်လို အေးစက်စက်နဲ့ မဆက်ဆံတော့ဘူးလေ။

“ဟဟဟ…” ရန်ကိုင်က ဘာပြောရမှန်း မသိတော့ပဲ ကိုးယိုးကားယားနဲ့ ရယ်မောလိုက်တယ်။

ကံကောင်းစွာနဲ့ပဲ ပီလော့က ခပ်မြန်မြန်လေး ထပ်ပြောလိုက်ပါတယ် “ကောင်းတယ်၊ အဲ့လိုဆိုရင် ရတနာစံအိမ်ကို လာရတဲ့ ခရီးက ပြီးသွားပြီပေါ့။ နင်ဒီမှာ နေရတာ ပျင်းနေလို့ရှိရင် မြို့ထဲ လျှောက်လည်လို့ ရတယ်လို့ သခင်မက ပြောတယ်။ နင်သွားမယ်ဆိုရင်လည်း ငါကို လိုက်ပို့ပေးလိုက်တယ်။ အခုသွားချင်လား”

“မလိုပါဘူး။ ကျေးဇူးပါပဲ။ ငါပြန်ပြီးတော့ပဲ လေ့ကျင့်ချင်တယ်” ရန်ကိုင်က ဒီအတိုင်းလေးပဲ ပြန်ပြောလိုက်တယ်။

“အို…” ပီလော့က လှောင်ပြုံးပြုံးလိုက်ပြီး အဓိပ္ပါယ် ရှိရှိ ရယ်မောလိုက်ကာ “အစ်မကြီးယွန်၊ ရို့ယုနဲ့ ရို့ချင်တို့က ဆိတ်ငြိမ်ဖီးနစ်စံအိမ်မှာ ရှိနေမှတော့ နင်အပြင်မထွက်ချင်တာလည်း မထူးဆန်းပါဘူးလေ”

“ပြီးတော့။အ… အဟန်း… နင်တကယ် လုပ်ချင်တယ်ဆိုရင်လေ… နင်သိပါတယ်…အစ်မကြီးယွန်နဲ့ နင်အရင်ဆုံး စသင့်တယ်။ သူမ လက်ထပ်ပြီး တစ်လအကြာမှာပဲ သူမယောကျ်ား သေသွားခဲ့တာ။ အခုဆို ၁၀နှစ်လောက် ရှိသွားပြီ။ သူမက အခုအချိန်ထိ ယောကျ်ားတစ်ယောက်ကိုမှ မစားရသေးတော့ အခုအချိန်လောက်ဆို အစ်မယွန်က အချိန်မရွေး ခုန်အုပ်တော့မယ့် ဆာလောင်နေတဲ့ ကျားတစ်ကောင်နဲ့ မထူးဘူး။ နင်လုပ်စရာ ရှိတာဆိုလို့ ခေါင်းလေး ညိတ်ပြလိုက်ရုံပဲ။ သူမက နင့်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျိန်သေး အဖော်ပြုပေးလိမ့်မယ် ဆိုတာကို ငါယုံတယ်… ကောင်းပြီ။ နင်သူတို့ကို ကောင်းကောင်း ဆက်ဆံဖို့သာ သတိရပါ။ အိုး၊ ဟုတ်သားပဲ၊ အစ်မယွန်က သူမနားရွက်လေးတွေ ပွတ်သပ်ခံရတာကို ကြိုက်တယ်ဆိုတာကိုလည်း မှတ်ထားလိုက်ဦး…” ပီလော့က ရုတ်တရက်ကြီး ရန်ကိုင်ကို စတင် ရှင်းပြပါတော့တယ်။ သူမရဲ့ မျက်နှာလေးဆိုရင် စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်လို့ပေါ့။

ရန်ကိုင်ကတော့ ခေါင်းရိုက်ခံလိုက်ရတဲ့ အရူးတစ်ယောက်လို သူမကို ကြောင်ကြည့်နေခဲ့တယ်။

သူမလို နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမငယ်လေး တစ်ယောက်က ဒီလို ကိစ္စတွေကို ဘယ်လိုလုပ်ပြီး ဒီလောက် လွယ်လွယ်ကူကူ ပြောထွက်နိုင်ရတာလဲ။ သူမကြည့်ရတာလည်း အတွေ့အကြုံ ရှိနေတဲ့ ပုံပါပဲ။ ဒါက နည်းနည်း စိတ်ပူစရာ ကောင်းသွားပါပြီ။ အဲ့အကြောင်းတွေကို သူမ ဘယ်လိုသိတာလဲ။

Martial Peak

အပိုင်း(၃၁၅) ဝိဥာဉ်ကို ကျင့်ကြံခြင်း

ဆိတ်ငြိမ်ဖီးနစ်စံအိမ်၊ ဒုတိယထပ်…

ရန်ကိုင်က တည်ငြိမ်တဲ့ အမူအရာနဲ့ ကုတင်ပေါ်၌ တင်ပလင်ခွေ ထိုင်နေခဲ့တယ်။ သူ့ရဲ့ အသက်ရှူသံက တည်ငြိမ်ပြီး မြန်လည်း မမြန်သလို၊ နှေးလည်း နှေးမနေခဲ့ပါဘူး။

အစစ်အမှန် ယန်ကျင့်စဉ်ကို လှည့်ပတ်ရင်း ရန်ကိုင်က ဆေးပင်အမျိုးမျိုးနဲ့ ဆေးလုံးတွေထဲမှာ ရှိတဲ့ ယန်စွမ်းအင်တွေကို စုပ်ယူနေလိုက်တယ်။

ထိုပစ္စည်းတွေ အကုန်လုံးက ရှန်ချင်းလော့ရဲ့ ရတနာစံအိမ်ကနေ ရလာတာပါ။ ပစ္စည်းအရည်အသွေးတွေကလည်း မနိမ့်ကျပါဘူး။ အရည်အသွေး အနိမ့်ဆုံးက မြေကမ္ဘာအထွတ်အထိပ် အဆင့်မှာ ရှိပြီး အများစုကတော့ ကောင်းကင်အဆင့်တွေ ချည်းပါပဲ။

ရှန်ချင်းလော့လို အထွတ်အထိပ် ပညာရှင်တစ်ယောက်ရဲ့ ရတနာသိုလှောင်ခန်း ထဲကနေ ရလာတဲ့ ပစ္စည်းတွေ ဖြစ်နေမှတော့ ပစ္စည်းအရည်အသွေးက နိမ့်ကျစရာ အကြောင်းမရှိပါဘူး။

အစစ်အမှန်ယန်ကျင့်စဉ်ကို လှည့်ပတ်ရင်း ရန်ကိုင်က ဆေးပင်နဲ့ ဆေးလုံးတွေထဲမှာ ရှိတဲ့ စွမ်းအင်အဆီအနှစ်တွေကို အစစ်အမှန်ယန်ချီအဖြစ် ပြောင်းလဲသန့်စင် နေခဲ့တယ်။

ဆေးဘုရင်တောင်ကြားမှာတုန်းက ရှောင်ဖူချန်းက လျှို့ဝှက်ကျင့်စဉ် တစ်ခုနဲ့ ဆေးရေကန်ကို အသုံးပြုပြီး ရန်ကိုင် သွေးကြောတွေကို ပိုပြီးကျယ်ပြန့်ခိုင်ခံအောင် လုပ်ပေးခဲ့တဲ့အတွက် လေ့ကျင့်ရတာကို ပိုပြီး အဆင်ပြေချေမွေ့ သွားစေခဲ့တယ်။

အခုမှပဲ ဆေးရေကန်က အစွမ်းပြလာခဲ့ပါတယ်။ ဆေးပင်နဲ့ ဆေးလုံးတွေထဲမှာ ရှိတဲ့ အဆီအနှစ်ကို သန့်စင်တဲ့နှုန်းနဲ့ ထိုအဆီအနှစ်တွေကို အစစ်အမှန်ချီအဖြစ် ပြောင်းလဲတဲ့ နှုန်းက ပိုပြီး မြန်ဆန်လာခဲ့ပါတယ်။

ပြီးတော့ နောက်ပိုင်း သူပိုလေ့ကျင့်လေ အကျိုးသက်ရောက်မှုက ပိုကြီးမားလေပါပဲ။

အကြိမ်ဒါဇင်ကျော်လောက် လှည့်ပတ်ပြီးချိန်မှာတော့ ပထမဆုံး ယန်အရည်စက်တောင် မဖြစ်တည် ရသေးခင်မှာပဲ သူသွေးကြောတွေထဲမှာ ရှိတဲ့ စွမ်းအင်တွေက လှိုက်တက်လာခဲ့တယ်။ ထို့နောက် ပျော့ပျောင်းတဲ့ လှိုင်းလုံးတွေက သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာခဲ့ပြီး ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တယ်။

သူ့ခွန်အား တိုးတက်လာတာကို ရန်ကိုင် ခံစားမိလိုက်ပြီး သူ့တစ်ကိုယ်လုံး စိတ်ရော၊ ကိုယ်ပါ သက်သောင့်သက်သာ ရှိသလို ခံစားလိုက်ရတယ်။

အစစ်အမှန်ဒြပ်စင်အဆင့်၅…

အစစ်အမှန်ဒြပ်စင်အဆင့်ကို ဝင်ရောက်ပြီးတာနဲ့ တစ်ဆင့်ချင်းစီကို ချိုးဖျက်ဖို့က ပိုပိုပြီး ခက်ခဲလာခဲ့တယ်။

ဒါပေမယ့ ဒီရက်အတောအတွင်း ရန်ကိုင်က ဆေးပေါင်းရည်တစ်ခွက်ကို မနက်တိုင်းသောက်သုံးကာ သူ့ခန္ဓာကိုယ်ကို ဆေးပေါင်းရည်နဲ့ သန့်စင်ပါတယ်။

ထိုကဲ့သို့ အချိန်အတော်ကြာအောင် ပြုလုပ်လာခဲ့တဲ့အတွက် ရန်ကိုင်ရဲ့ ခန္ဓာကိုယ်နဲ့ သွေးကြောတွေက အရင်ကနဲ့ ဘာမှမဆိုင်တော့ပါဘူး။ အစစ်အမှန်ဒြပ်စင်အဆင့်ရဲ့ အဆင့်သေး အမျိုးမျိုးကို ချိုးဖျက်တဲ့အလုပ်ကတောင် သူ့အတွက် အရမ်းကြီး မခက်ခဲတော့ပါဘူး။

အစစ်အမှန်ဒြပ်စင်အဆင့်၄မှာ ၁လလောက် အခြေတည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် အခု နောက်တစ်ဆင့်ကို ချိုးဖျက်သွားနိုင်ခဲ့ပါပြီ။

ပြင်းထန်တဲ့ မီးတောက်တစ်ခုအလား သူ့ကိုယ်ကနေ ပူပြင်းလှတဲ့ အစစ်အမှန်ချီတွေ ပေါက်ကွဲထွက်လာခဲ့ပြီး အခန်းအပူချိန်ကို မြင့်တက်လာစေခဲ့တယ်။

သူ့အသက်ရှူနှုန်းကို တည်ငြိမ်စေလိုက်ပြီး အစစ်အမှန်ချီကို အခြေကျအောင် လုပ်ဆောင်လိုက်ပြီးနောက် လေထဲက မီးလို ပူပြင်းလှတဲ့ အစစ်အမှန်ချီတွေက ရန်ကိုင်ကိုယ်ထဲ တစ်ဖန် ပြန်လည် တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

ချက်ချင်းပဲ သူ့တစ်ကိုယ်လုံး နွေးထွေးသွားပြီး အလွန်အမင်း သက်သောင့်သက်သာ ရှိသွားခဲ့ပါတယ်။

ထိုအချိန်တွင် ရန်ကိုင်ရဲ့ အစစ်အမှန်ယန်ကျင့်စဉ်က မြန်နိုင်သမျှ မြန်အောင် လှည့်ပတ်နေခဲ့ပါတယ်။ သူ့သွေးကြောတွေကလည်း အဆက်မပြတ် စီးဝင်လာတဲ့ အစစ်အမှန်ယန်ချီတွေကို ဆက်ပြီး သိုလှောင်မထားနိုင်တော့ပါဘူး။

အရည်စက်ကျတဲ့ အသံနှင့်အတူ ယန်အရည်စက်တစ်စက် ဖြစ်တည်လာခဲ့ပြီး ခပ်မြန်မြန်ပဲ သူ့ဒန်တန်ထဲမှာ သိုလှောင်ထားလိုက်တယ်။ ချက်ချင်းပဲ ရန်ကိုင်ရဲ့ ဖောင်းကားလာတဲ့ သွေးကြောတွေက တစ်ဖန်ပြန်လည် ပိန်ကျသွားခဲ့တယ်။

ဒါပေမယ့် သူသန့်စင်ထားတဲ့ ဆေးပင်တွေနဲ့ ဆေးလုံးတွေထဲက စွမ်းအင်တွေက အစစ်အမှန်ယန်ချီက အဖြစ် မြန်ဆန်စွာပဲ ပြောင်းလဲသွားခဲ့ကာ လျှော့ကျသွားတဲ့ သူ့သွေးကြောတွေက အစစ်အမှန်ယန်ချီတွေနဲ့ နောက်တစ်ကြိမ် ပြန်ပြည့်လာခဲ့ပြန်ပါတယ်။

အရည်အစက်ကျသံက ရန်ကိုင်အတွက်တော့ တကယ်ကို နားဝင်ချိုစရာ ကောင်းလှပါတယ်။

ဆေးပင်တွေနဲ့ ဆေးလုံးတွေ အားလုံးထဲက စွမ်းအင်တွေကို စုပ်ယူပြီးနောက်မှာတော့ ယန်အရည်စက် ဒါဇင်ကျော်ကို သူဖန်တီးနိုင်ခဲ့ပါတယ်။ သက်ပြင်းအရှည်ကြီး ချလိုက်ပြီးနောက် ရန်ကိုင် မပြုံးပဲမနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။

သူ့ဒန်တန်ထဲမှာ သိုလှောင်ထားတဲ့ ယန်အရည်စက်က အရင်ကလောက် မများတော့ပေမယ့် ယန်အရည်စက်ရဲ့ သန့်စင်သိပ်သည်းမှုက အရင်ကထက် အများကြီး ပိုသာနေခဲ့ပါပြီ။ ဒါကြောင့် သူ့ဒန်တန်ထဲက ယန်အရည်စက် ပမာဏက နည်းပါးနေရင်တောင် အခုယန်အရည်စက်တွေက အရင်ယန်အရည်စက်တွေက ပိုပြီး အချိန်ကြာကြာ အသုံပြုနိုင်ပါတယ်။

တစ်ခဏလေးတောင် မနားပဲ ရန်ကိုင် နောက်တစ်ကြိမ် မျက်လုံးပိတ်လိုက်တယ်။

အခု ယန်အရည်စက်ကို ဖြည့်တင်းပြီးသွားပြီ ဆိုတော့ သူ့ဝိဥာဉ်ကို အားဖြည့်ရမယ့် အချိန်ရောက်လာပါပြီ။

သူ့စိတ်ဝိဥာဉ်ထဲ ရှန်ချင်းလော့ ခတ်နှိပ်ထားတဲ့ ဝိဥာဉ်ရှာဖွေ အမှတ်အသားက ဝိဥာဉ်သိုင်းပညာရပ် တစ်ခုခု ဖြစ်နိုင်ပါတယ်။

သူ့ကောင်းကင်စိတ်အာရုံသာ သန်မာလာတာနဲ့ ထိုအမှတ်အသားကို ဖျက်စီးပစ်နိုင်ပါလိမ့်မယ်။ သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို သန်မာလာစေချင်တယ် ဆိုရင် တစ်ခုတည်းသော နည်းလမ်းက ဝိဥာဉ်အားဖြည့် ရတနာတွေကို အသုံးပြုပြီး သူ့ဝိဥာဉ်ကို အားကောင်းအောင် လုပ်၊ ဒါမှမဟုတ် သင့်တော်တဲ့ ဝိဥာဉ် ပညာရပ်တစ်ခုကို လေ့ကျင့်ဖို့ပါပဲ။

ဒါပေမယ့် သူအခု လေ့ကျင့်နိုင်တဲ့ ဝိဥာဉ်ပညာရပ်ဆိုလို့ အကာအကွယ် ဝိဥာဉ်ပညာရပ်ဖြစ်တဲ့ ဝိဥာဉ် နန်းတော်ပဲ ရှိပါတယ်။ ဒါပေမယ့် ထိုအကာအကွယ် ဝိဥာဉ်ပညာရပ်ကို လေ့ကျင့်ဖို့အတွက်ဆိုရင် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုကို လိုအပ်ပါသေးတယ်။

ထိုဝိဥာဉ်ပညာရပ်ကို အခုအချိန်မှာ ရန်ကိုင် လေ့ကျင့်လို့ မရသေးပါဘူး။

အဲ့လိုဆို ရန်ကိုင်အနေနဲ့ ထိုစုန်းမရဲ့ ဝိဥာဉ်ရှာအမှတ်အသားကို ဖျက်စီးနိုင်ဖို့အတွက် သူ့ဝိဥာဉ်နဲ့ ကောင်းကင်စိတ်အာရုံကို ဘယ်လို အားကောင်းအောင် လေ့ကျင့်ရပါ့မလဲ။

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး သေချာစဉ်းစား ကြည့်လိုက်တယ်။

သူ့ဝိဥာဉ်ခွန်အားက အလျင်အမြန် တိုးတက်လာခဲ့တဲ့ နှစ်ကြိမ်ကို ပြန်စဉ်းစားကြည့်လိုက်တယ်။ နှစ်ကြိမ်စလုံးကလည်း အန္တရာယ်များတဲ့ နေရာဆီ သူဝင်ရောက်သွားခဲ့တဲ့ အချိန်တွေချည်းပါပဲ။ ထိုအချိန်တုန်းက သူ့စိတ်စွမ်းအင်က ကုန်ခမ်းသွားခဲ့ပြီး ဝိဥာဉ်ကြာပန်းရဲ့ အားဖြည့်ပေးမှုနဲ့ ဖြေးဖြေးချင်း ပြန်ကောင်းလာခဲ့ပါတယ်။ ပြန်ကောင်းလာတဲ့ အချိန်တိုင်း သူ့စိတ်စွမ်းအင်ကလည်း နည်းနည်းချင်းစီ တိုးလာခဲ့ပါတယ်။

ပထမအကြိမ်က သီးခြားကမ္ဘာထဲမှာ အတွေ့အကြုံ ရှာဖို့သွားစဉ် အဖြူရောင်မြူထုထဲကို ဝင်သွားလိုက်မိတဲ့ အကြိမ်တုန်းကပါ။ ဝိဥာဉ်ရှာဖွေခြင်းနှင်းစက်ကို သူတွေ့ခဲ့တဲ့ နေရာဆိုလည်း မမှားပါဘူး။

ဒုတိယအကြိမ်က ရစ်ခွေနဂါးစမ်းချောင်းထဲ သွားတုန်းက ဘေးပတ်ပတ်လည်မှာ ရှိတဲ့ နတ်ဆိုးချီရဲ့ ဆိုးညစ်မှုကြောင့် သူ့ဝိဥာဉ် ဒဏ်ရာရခဲ့ရပါတယ်။

သူ့ဝိဥာဉ် ပြန်လည် သက်သာလာတဲ့ အချိန်မှာတော့ သူ့စိတ်စွမ်းအင်က အဖိုးတန်ဝိဥာဉ် ရတနာတွေ အသုံးပြုပြီး လေ့ကျင့်တာ၊ ဒါမှမဟုတ် ဝိဥာဉ်ပညာရပ် တစ်ခုခုကို လေ့ကျင့်တဲ့ နှုန်းနဲ့ ယှဉ်နိုင်လောက်တဲ့အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။

သာမန်လူတစ်ယောက်အတွက်တော့ ဒီလိုနည်းလမ်းနဲ့ ဝိဥာဉ်ကို လေ့ကျင့်လို့ မဖြစ်နိုင်ပါဘူး။

စိတ်စွမ်းအင် ကုန်ခမ်းသွားခဲ့ရင် ပထမဆုံး အကြိမ်အနေနဲ့ဆို ဝိဥာဉ်က ဘာဒဏ်ရာမှ ခံစားရလိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကြိမ်တွေ ထပ်လာပြီဆိုရင်တော့ ဝိဥာဉ်လည်း ဒဏ်ဖြစ်လာပါလိမ့်မယ်။ ထိုကဲ့သို့ ဒဏ်ဖြစ်လာပြီ ဆိုတာနဲ့ မိမိရဲ့ ဝိဥာဉ် အရင်လို ဘယ်တော့မှ ပြန်ကောင်းလာနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ရန်ကိုင်ကတော့ ကွဲပြားပါတယ်။ သူ့မှာ ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ ကမ္ဘာ့အကောင်းဆုံး ရတနာတွေထဲက တစ်ခုဖြစ်တဲ့ ဝိဥာဉ်ကြာပန်း ရှိနေခဲ့ပါတယ်။ ထိုဝိဥာဉ်ကြာပန်းနဲ့သာ ဆိုရင် သူ့ဝိဥာဉ် ဒဏ်ဖြစ်သွားမှာကို ရန်ကိုင် ကြောက်နေစရာ မလိုတော့ပါဘူး။

မျက်မှောင်ကြုံ့နေရင်း ရန်ကိုင်က အချိန်အတော်ကြာအောင် စဉ်းစားနေလိုက်ပြီးနောက် ထိုအတိုင်း လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူ့စိတ်စွမ်းအင်ကို ပြန်ဖြည့်ဖို့က ပြဿနာတစ်ခု မဟုတ်ပါဘူး။ သူ့မှာ ရှန်ချင်းလော့ရဲ့ ရတနာသိုလှောင်ခန်းကနေ ရလာတဲ့ ဝိဥာဉ်အားဖြည့် ဆေးပင်တွေနဲ့ ဆေးလုံးတွေ အများကြီး ရှိတယ်လေ။ ပြီးတော့ သူ့မှာ ဆေပေါင်းရည်လည်း ရှိနေပါသေးတယ်။

သူ့စိတ်စွမ်းအင်ကို ကုန်ခမ်းသွားအောင် လုပ်ဖို့ကလည်း လွယ်ပါတယ်။ သူ့စိတ်ထဲမှာ သိမ်းဆည်းထားတဲ့ အစစ်အမှန် ဆေးပညာနည်းလမ်း ရှိနေတယ်လေ။

အရင်အကြိမ် ထိုဆေးပညာနည်းလမ်းကို လေ့လာလိုက်တုန်းက သူ့စိတ်စွမ်းအင် အကြိမ်များစွာ ကုန်ခမ်းသွားခဲ့ရပါတယ်။ အဲ့လို ကုန်ခမ်းသွားပြီးတော့မှပဲ အကူအမျိုးအစား စိတ်ဝိဥာဉ် အစီအရင် တစ်ခုကို သူရရှိခဲ့ပါတယ်။

အစစ်အမှန် ဆေးပညာနည်းလမ်းကို ကောင်းကင်စိတ်အာရုံနဲ့ လော့လာရင်တောင် သူ့စိတ်စွမ်းအင်ကို ကုန်ခမ်းအောင် လုပ်နိုင်ပါတယ်။

ဆုံးဖြတ်ချက် ချပြီးတာနဲ့ ရန်ကိုင်လည်း တုန့်ဆိုင်းမနေတော့ပဲ အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာလိုက်တဘ်။

အစစ်အမှန် ဆေးပညာနည်းလမ်းက တကယ်ကို ကျယ့်ပြန့်ပြီး နက်နဲပါတယ်။ သူသာ ဆေးပညာနည်းလမ်း တစ်ခုလုံးကို ကျွမ်းကျင် ကြေညက်သွားစေချင်တယ် ဆိုရင် မရေမတွက်နိုင်တဲ့ နာရီများစွာနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်စွမ်းအင် ပမာဏကို လိုအပ်မယ်ဆိုတာကို မေးစရာတောင် မလိုပါဘူး။

ရန်ကိုင်က ဆေးပညာ လေ့လာရတာကို စိတ်မဝင်စားပေမယ့် သူ့စိတ်စွမ်းအင်ကို ကုန်ခမ်းစေဖို့အတွက် လေ့လာလိုက်ပါတယ်။

တစ်ခဏကြာပြီးနောက် သူ့ခေါင်း ထိုးကိုက်လာတာကို ရန်ကိုင် ခံစားလိုက်ရတယ်။ သူ့တစ်ကိုယ်လုံး မောပန်းလာခဲ့ပြီး သူ့မျက်နှာကလည်း ဖြူလျော်သွာခဲ့တယ်။

သူ့စိတ်စွမ်းအင် ကုန်ခမ်းသွားခဲ့လေပြီ။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ အေးမြတဲ့ ခံစားချက်တစ်ခုက သူ့စိတ်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ဝိဥာဉ်ကြာပန်းက သူ့ဝိဥာဉ်က ဒဏ်ရာကို ပြန်လည်ကုသပေးလိုက်ပါတယ်။

အသက်ရှူချိန် အကြိမ်အနည်းငယ်လောက် ကြာပြီးနောက်မှာတော့ နာကျင်မှုက ပျောက်ကွယ်သွားခဲ့ပြီး သူ့ဝိဥာဉ်ကလည်း အပြည့်အဝ ပြန်ကောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ကုန်ခမ်းသွားတဲ့ စိတ်စွမ်းအင်ကတော့ ပြန်မပြည့်သေးပါဘူး။

ဆေးရေကန်တုန်းက သူ့အတွေ့အကြုံအရဆိုရင် ငါးရောင်ခြယ်ကြာပန်းကိုသာ မှီခိုပြီး သူ့စိတ်စွမ်းအင်ကို ပြန်ဖြည့်မယ်ဆိုရင် အနည်းဆုံး ၄၊၅ နာရီလောက် ကြာမယ်ဆိုတာ ရန်ကိုင် သိထားပါတယ်။

ဘာကြောင့်လဲဆိုတော့ စိတ်စွမ်းအင် ပြန်ဖြည့်တာက အစစ်အမှန်ချီ ပြန်ဖြည့်ရတာထက် အများကြီး ပိုခက်ခဲလို့ပါပဲ။

ထို့နောက် ဝိဥာဉ်အားဖြည့် ဆေးပုလင်းထဲက ဆေးလုံးတွေကို ထုတ်ယူလိုက်ပြီး ဆေပေါင်းရည် အနည်းငယ်နှင့်အတူ သောက်ချလိုက်ကာ ဆေးစွမ်းအင်တွေကို စတင်စုပ်ယူပါတော့တယ်။

ခဏကြာပြီးနောက် သူ့စိတ်စွမ်းအင် ပြန်လည် ပြည့်ဝလာခဲ့တယ်။ ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ထိန်းချုပ်လိုက်ကာ အစစ်အမှန် ဆေးပညာနည်းလမ်းကို နောက်တစ်ကြိမ် လေ့လာလိုက်ပြန်တယ်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။

ရန်ကိုင်က သူ့စိတ်စွမ်းအင်ကို ကုန်ခမ်းအောင် လုပ်ပြီး ဝိဥာဉ်ကို ဒဏ်ရာရအောင်လုပ်လိုက်၊ ထို့နောက် ဝိဥာဉ်ကြာပန်းနဲ့ ပြန်ကုသလိုက်၊ နောက်တစ်ကြိမ် ဒဏ်ရာရအောင် ထပ်လုပ်လိုက်၊ ပြန်ကုသလိုက်နဲ့ လုပ်နေခဲ့တယ်။

တစ်ကြိမ်ပြီးသွားတိုင်းမှာ သူ့စိတ်စွမ်းအင်က နည်းနည်းချင်းစီ တိုးတက်လာခဲ့တယ်။ တိုးတက်မှုက မသိသာပေမယ့် တော်တော်လေးတော့ ကျေနပ်စရာ ကောင်းနေပါသေးတယ်။ အဲ့ဒါတင်မက ရန်ကိုင်က အစစ်အမှန် ဆေးပညာနည်းလမ်းရဲ့ ဆန်းကြယ်မှုတွေကို လေ့လာတဲ့ နေရာမှာပါ ပိုပြီး စိတ်ဝင်စားလာခဲ့ပါတယ်။

အရင်အကြိမ် လေ့လာတုန်းက အကူစိတ်ဝိဥာဉ်အစီအရင်ကိုသာ ရန်ကိုင် လေ့လာနားလည်နိုင်ခဲ့တယ်။ ထိုစိတ်ဝိဥာဉ် အစီအရင် ဆေးလုံးအရည်အသွေးကို တိုးတက်အောင် လုပ်နိုင်တဲ့ အစီအရင် တစ်ခုပါ။

ဥပမာ ပြောရမယ်ဆိုရင် ဆေးပညာရှင်တစ်ယောက်သာ ထိုစိတ်ဝိဥာဉ် အစီအရင်ရဲ့ အကူအညီနဲ့ ကောင်းကင် အထွတ်အထိပ် အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်မယ်ဆိုရင် ထိုဆေးလုံးက ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးအဖြစ် တိုးတက်သွားနိုင်ချေ ရှိပါတယ်။

ဖြစ်နိုင်ချေ ရှိတယ်လို့ပဲ ပြောတာပါ။ ကျိန်းသေးဖြစ်လိမ့်မယ်လို့ မပြောပါဘူး။ ပြီးတော့ ထိုစိတ်ဝိဥာဉ်အစီအရင်ကို သုံးပြီး ဆေးလုံးတွေကို သန့်စင်လေ အစီအရင်ရဲ့ စွမ်းအားက နိမ့်ကျလာလေပါပဲ။

အစစ်အမှန် ဆေးပညာနည်းလမ်းအပေါ် သူ့ရဲ့ နားလည်မှုက ပိုပြီး နက်နဲလာတာနဲ့ နောက်ထပ် အမျိုးမျိုးသော စိတ်ဝိဥာဉ် အစီအရင်တွေ ရှိသေးတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။

ဆေးလုံးအရည်သွေးကို တိုးတက်စေနိုင်တဲ့ အစီအရင်တွေ၊ ဆေးသွေးကြော ဖြစ်ပေါ်လာနှုန်းကို တိုးတက်လာစေနိုင်တဲ့ အစီအရင်တွေ၊ ဆေးလုံး အောင်အောင်မြင်မြင် ဖော်စပ်နိုင်ချေကို တိုးတက်နိုင်စေတဲ့ အစီအရင်တွေနဲ့ အခြား အထောက်အကူ ပေးတဲ့ စိတ်ဝိဥာဉ် အစီအရင် များစွာ ရှိသေးတာကို ရန်ကိုင် တွေ့ရှိလိုက်ရပါတယ်။

ပြီးတော့ ထိုအရာကတွေက အစစ်အမှန် ဆေးပညာနည်းလမ်းရဲ့ အစပဲ ရှိပါသေးတယ်။

အစစ်အမှန် ဆေးပညာနည်းလမ်းထဲမှာ ဘယ်လို နက်နဲပြီး ဆန်းကြယ်တဲ့ လျှို့ဝှက်မှုတွေကို ဖုံးကွယ်ထားလဲဆိုတာ တကယ်ကို ခန့်မှန်းရ ခက်ခဲလှပါတယ်။

စိတ်ဝိဥာဉ် အစီအရင်တွေ အပြင် ဆေးလုံး သန့်စင်တဲ့အချိန် အကောင်းဆုံး ဆေးပစ္စည်းတွေကို ဘယ်လို ရွေးချယ်ရမလဲ ဆိုတာတွေပါ ရှိပါသေးတယ်။

ထိုအချက်အလက်တွေ အကုန်လုံးက ရန်ကိုင် ခေါင်းထဲမှာ တံဆိပ်ခတ်နှိပ်ထားတာပါ။ ထို့ကြောင့် အခွင့်အရေးသာ ရရင် ထိုအချက်အလက်တွေကို ရှနင်းချန်နဲ့ ရှောင်ဖူချန်းဆီ ပြန်လွှဲပေးနိုင်ပါတယ်။

နှစ်ရက်ကြာအောင် သူ့ဝိဥာဉ်ကို အဆက်မပြတ် လေ့ကျင့်ပြီးနောက် ရှန်ချင်းလော့ရဲ့ ရတနာသိုလှောင်ခန်းကနေ ရလာတဲ့ ဝိဥာဉ်အားဖြည့် ပစ္စည်းတွေ အကုန်ကုန်သွားခဲ့ပါပြီ။ ထိုဝိဥာဉ် အားဖြည့် ပစ္စည်းတွေ မရှိတော့ဘူးဆိုရင် ရန်ကိုင်အနေနဲ့ ဆက်ပြီး လေ့ကျင့်လို့ အဆင်မပြေတော့ပါဘူး။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အခပ်မသင့် ဝိဥာဉ်ဒစ်ရာရသွားရင် ဆိုပြီး လိုရမယ်ရနဲ့ ဝိဥာဉ်အားဖြည့်ဆေးပုလင်း တစ်ပုလင်း၊ နှစ်ပုလင်းလောက်ကို ဆောင်ထားတတ်ကြပါတယ်။ ဒါပေမယ့် ဝိဥာဉ်ကို လေ့ကျင့်ဖို့အတွက် သက်သက်နဲ့တော့ ဘယ်သူမှ ဝိဥာဉ်အားဖြည့်ဆေး တွေကို ရန်ကိုင်လို ဖြုန်းပစ်လိုက်မှာ မဟုတ်ပါဘူး။

ထိုဆေးလုံးနဲ့ ဆေးပင်တွေ မရှိပဲ ဆေးပေါင်းရည် သက်သက်နဲ့ ရန်ကိုင်စိတ်စွမ်းအင်ကို ဒီလောက် မြန်မြန် ပြည်မပြည့်စေနိုင်ပါဘူး။

ဆေးပေါင်းရည်က ပြန်လည်ကုသေးပေးနိုင်တဲ့၊ အားပြည့်စေနိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့ အသုံးဝင်မှုက အရမ်းကို ကျယ်ပြန့်လှကာ ဝိဥာဉ်အားဖြည့်ဖို့အတွက် သီးသန့်မဟုတ်ပါဘူး။ ပထမဆုံးတစ်ကြိမ်၊ နှစ်ကြိမ်သုံးတာက အကျိုးသက်ရောက်မှု ရှိပေမယ့် အကြိမ်များလာရင်တော့ အကျိုးသက်ရောက်မှုက လျော့ကျသွားမှာပါ။

တကယ်တော့ ဆေပေါင်းရည်ကို အမျိုးမျိုး အသုံးပြုနိုင်ပါသေးတယ်။ ဆေးဖော်စပ်ရာတွင် ဆေးလုံးတွေရဲ့ အစွမ်းသတ္တိကို တိုးတက်အောင် ဆေးပေါင်းရည် ထပ်ထည့်ပြီး အသုံးပြု့လို့ရသလို ဆေးလုံးအမျိုးမျိုးရဲ့ အကျိုးသက်ရောက်မှုကို ပိုမိုမြန်ဆန်အောင်လို့ ဆေးပေါင်းရည်နဲ့ တွဲပြီး သုံးလို့လည်း ရပါတယ်။

ဝိဥာဉ်အားဖြည့် ဆေးလုံးတွေ မရှိပဲနဲ့ ဆက်ပြီး လေ့ကျင့်မယ်ဆိုရင် သူ့ရဲ့ တိုးတက်မှုက နှေးကွေးသွားပါလိမ့်မယ်။

“အဟန်း” ရန်ကိုင်ခေါင်းထဲ အတွေးမျိုးစုံတို့ ပြေးလွှားနေခဲ့ပြီး မျက်မှောင်ကြုံ့ကာ အနားမှာ စောင့်ဆိုင်းနေတဲ့ လူတွေကို လက်ယပ်ခေါ်လိုက်တယ်။

ဒီသုံးရက်အတောအတွင်း သူက မရပ်မနား လေ့ကျင့်နေခဲ့ပေမယ့် ဆိတ်ငြိမ်ဖီးနစ်စံအိမ်မှာ ရှိနေတဲ့ လူသုံးယောက်ကို သတိပြုမိပါတယ်။ ထိုသုံးယောက်က ရင့်ကျင်တဲ့အလှလေးယွန်လီနဲ့ ရို့ယုနဲ့ ရို့ချင် မိန်းကလေး နှစ်ယောက်ပါပဲ။

ရန်ကိုင်ရဲ့ အခန်းက စံအိမ်ရဲ့ အတွင်းဘက်အကျဆုံး အပိုင်းမှာ ရှိတာပါ။ သူ့အခန်းအနီးမှာတော့ သီးခြားအခန်းတစ်ခုရှိပြီး အစေခံသုံးယောက်က ထိုနေရာမှာ နေကြပါတယ်။

သူခေါ်လိုက်တာနဲ့ တဖြည်းဖြည်း နီးကပ်လာတဲ့ ခြေသံတွေကို ရန်ကိုင် ကြားလိုက်ရတယ်။ ခဏလေးအတွင်းမှာပဲ ယွန်လီ၊ ရို့ယုနဲ့ ရို့ချင်တို့ သူ့အခန်းထဲကို ရောက်လာခဲ့တယ်။

“သခင်ငယ်လေး ဘာများ ခိုင်းချင်လို့ပါလဲ” ယွန်လီက ရန်ကိုင်ကို နွေးထွေးစွာ ပြုံးပြလိုက်ရင်း လေးစားစွာနဲ့ မေးလိုက်တယ်။

“ပီလော့ ဘယ်မှာလဲ”

“မိန်းကလေးပီလော့က သူမစံအိမ် လေ့ကျင့်နေပါတယ်”

“သူမကို သွားခေါ်လိုက်”

“ဟုတ်ကဲ့ပါ၊ သခင်ငယ်လေး” ယွန်လီက တင့်တယ်စွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ရို့ယုနဲ့ ရို့ချင်ဘက် လှည့်ကာ

“မိန်းကလေး ပီလော့ကို သွားခေါ်လိုက်”

မိန်းကလေး နှစ်ယောက်က ခေါင်းညိတ်ပြလိုက်ပြီး ခပ်မြန်မြန်ပဲ ထွက်သွားလိုက်တယ်။

အကြောင်းပြချက် တစ်ချို့ကြောင့်လားတော့မသိ ရင့်ကျက်တဲ့ အလှလေးက ကျန်နေခဲ့ပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ မျက်ဝန်းအစုံနဲ့ ရန်ကိုင်ကို ကြည့်ကာ သိမ်မွေ့ညင်သာစွာနဲ့ မေးလိုက်တယ် “သခင်ငယ်လေးကို ကြည့်ရတာ ပင်ပန်းနေတဲ့ ပုံပဲ။ ဒီရက်အတွင်း ကောင်းကောင်း အနားမယူရလို့လား”

“မဟုတ်ပါဘူး” ရန်ကိုင်က အသာအယာလေး ခေါင်းခါယမ်းလိုက်ပြီး “ငါလေ့ကျင့်နေလို့ပါ”

မိန်းမလှလေးက ကျော့ရှင်းစွာ ပြုံးလိုက်ပြီး သူမ၏ လုံဝိုင်းစွံ့ကားနေတဲ့ တင်ပါးတွေကို လှုပ်ခါရင်း ရှေ့တက်လိုက်ကာ တုန့်ဆိုင်းခြင်းမရှိပဲ ရန်ကိုင်ဘေးနားကို လမ်းလျှောက်သွားလိုက်ပြီး သူ့နောက်ဘက်မှာ ထိုင်ချလိုက်တယ်။

ထို့နောက် သူမရဲ့ ကျောက်စိမ်းသဖွယ် ပျော့ပျောင်းတဲ့ လက်ကလေးနှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ရန်ကိုင်ကို အသာအယာ နှိပ်နယ်ပေးလိုက်တယ်။

“သခင်ငယ်လေးရဲ့ စွမ်းအားကို လိုချင်တပ်မက်တဲ့စိတ်က တကယ်ကို လေးစားစရာပဲ။ ဒါပေမယ့် သခင်ငယ်လေး အနေနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ကိုလည်း မမေ့သင့်ဘူးလေ။ သခင်ငယ်လေး အခုလို ဖြစ်နေတာကိုသာ သခင်မ မြင်သွားရင် ကျွန်မတို့ အစေခံတွေက ကိုယ့်တာဝန် ကိုယ်ကျေ‌အောင် မလုပ်ဘူးဆိုပြီး အထင်ခံရလိမ့်မယ်။ ကံမကောင်းရင် အပြစ်တောင် အပေးခံရနိုင်သေးတယ် သခင်ငယ်လေးရဲ့” ပြောနေရင်းရဲ့ သူမရဲ့ ကျောက်စိမ်းလို ချောမွတ်လှနဲ့ လက်အစုံက တောင့်တင်းနေတဲ့ ကြွက်သားတွေကို လိုက်လံနှိပ်နယ်ပေးနေခဲ့တယ်။ သူမက တကယ်ကို အနှိပ်ကောင်းလှပါတယ်။

All Chapters