← Chapters

အခန်း (၃၁၆-၃၂၀)

Vol. 13 Ch. 316-320

အခန်း (၃၁၆-၃၂၀)

Vol. 13 Ch. 316-320

အပိုင်း(၃၁၆) အလျှော့ပေးလိုက်တာလား

ရင့်ကျက်တဲ့ အမျိုးသမီးရဲ့ လက်ချောင်းတွေထဲ မှော်စွမ်းအင် တစ်ခုခု ပါနေလားတော့ မသိပေမယ့် သူမထိလိုက်တဲ့ နေရာတိုင်း အလွန်အမင်း သက်သောင့်ရှိတာကို ရန်ကိုင် ခံစားလိုက်ရပြီး နောက်ဆုံးမှာတော့ အလွန်အမင်း သက်သောင့်သက်သာ ရှိတဲ့ အခြေအနေထဲ ရန်ကိုင် ရောက်ရှိသွားခဲ့တယ်။

သာယာတဲ့ ရွာလေးက သူရဲကောင်းတို့ ကျဆုံးရာနေရာပဲ ဆိုတဲ့ စကားပုံက တကယ်ကို မမှားပါဘူး။

ရန်ကိုင်လည်း ယွန်လီရဲ့ နှိပ်နယ်မှုကို အလွန်အမင်း ကျေနပ်နေပြီး နောက်ဆုံးမှာတော့ မျက်လုံးပိတ်ကာ ထိုသာယာဖွယ်ကောင်းတဲ့ ခံစားမှုကို ကြည်နူးနေလိုက်တယ်။

ရန်ကိုင်က ခေါင်းမာတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ရှန်ချင်းလော့က ထိုမိန်းကလေး သုံးယောက်ကို သူ့ကို ပြုစုဖို့ စေလွှတ်လိုက်မှာတော့ သူကလည်း ဘူးခံငြင်းနေလို့ ဘယ်ဖြစ်ပါ့မလဲ။ ပြီးတော့ သူတောင်းဆိုချင်တာကိုလည်း တောင်းဆိုလို့ ရတယ်လို့ ရှန်ချင်းလော့က ပြောခဲ့တယ်။ ထို့ကြောင့် ရန်ကိုင်က ယွန်လီရဲ့ နှိပ်နှယ်ပေးမှုကို စိတ်ထဲ ထားမနေခဲ့ပါဘူး။

ထိုမိန်းကလေး သုံးယောက်က အလှတစ်မျိုးစီကို ပိုင်ဆိုင်ထားပြီး အလွန်အမင်း ဆွဲဆောင်မှု ရှိလှတဲ့ မိန်းကလေးတွေဆိုတာ မေးစရာတောင် မလိုပါဘူး။

အခု ထိုလှပတဲ့ မိန်းကလေးက သူမဘက်ကနေ အရင်စပြီး ရန်ကိုင်ကို ပြုစုနေတာဆိုတော့ ရန်ကိုင်ကလည်း မငြင်းဆန်းတော့ပါဘူး။

စံအိမ်တစ်ခုလုံးက တစ်ခဏတာ တိတ်ဆိတ်နေခဲ့တယ်။ ရန်ကိုင်ရော၊ ထိုလှပတဲ့ အမျိုးသမီးရော နှစ်ယောက်စလုံး အသံတစ်သံမှ မထွက်ကြပါဘူး။ ကိုယ့်အလုပ်မှာသာ ကိုယ်အာရုံ စိုက်နေခဲ့ကြတယ်။

အချိန်တွေ ကုန်လာတာနဲ့ အမျှ ရင့်ကျက်တဲ့ အမျိုးသမီးရဲ့ အသက်ရှူသံက အနည်းငယ် လေးလံလာတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။ သူမ ကိုယ်အပူချိန်တောင် အနည်းငယ် တိုးလာခဲ့သလို သူမရဲ့ နှလုံးခုန်သံလည်း မြန်ဆန်လာခဲ့ပါတယ်။

ရည်ရွယ်ပြီး လုပ်တာလား၊ မတော်တဆ ဖြစ်သွားတာပဲလား ဆိုတာကို မသိပေမယ့် သူ့ကိုနှိပ်နှယ်ပေးစဉ်တွင် ရင့်ကျက်တဲ့ အမျိုးသမီး ယွန်လီရဲ့ ပျော့အိနေတဲ့ ရင်သားအစုံက သူ့ကျောပြင်ကို ခဏခဏ ပွတ်တိုက်သွားခဲ့တယ်။

ချယ်ရီဖူးလေးနှစ်ဖူးက သူ့ကျောပြင်ကို ရံဖန်ရခါ ဖိကပ်သွားခဲ့ပြီး ထိုကဲ့သို့ ဖိကပ်သွားသည့် အချိန်တိုင်း ရန်ကိုင်ကျောရိုး တစ်လျှောက် တုန်တက်သွားလေ့ ရှိတယ်။

ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့ပြီး သူ့မျက်နှာ အမူအရာကလည်း ကိုးယိုးကားယား ဖြစ်လာခဲ့တယ်။

ထိုရင့်ကျက်တဲ့ အမျိုးသမီး ယွန်လီက ပီလော့ပြောခဲ့တဲ့ အတိုင်းတော့ မဖြစ်နိုင်ဘူးမလားဟင်၊ ၁၀နှစ်ယောက် အထီကျန်စွာ နေထိုင်လာရပြီးနောက် အခုအချိန်မှာ သူမက သားကောင်ကို မြင်တာနဲ့ အချိန်မရွေး ခုန်အုပ်တော့မယ့် ဆာဆောင်နေတဲ့ ဝံပုလွေ တစ်ကောင်တော့ မဟုတ်လောက်ပါဘူးမလား။

အဲ့လိုမှမဟုတ်ရင် အခုလို နှိပ်နယ်ပေးတာနဲ့တင် ဘာလို့ အခုလိုတွေ ဖြစ်လာရတာလဲ။

ရင့်ကျက်တဲ့ အမျိုးသမီးရဲ့ ပြောင်းလဲမှုနှင့်အတူ အခန်းထဲမှာလည်း သူနဲ့အမျိုးသမီးတို့ နှစ်ယောက်ထဲ ရှိနေတာ ဖြစ်တဲ့အတွက် ရန်ကိုင် စိတ်ထဲ အတွေးမျိုးစုံတို့ ဖြတ်သန်းသွားခဲ့တယ်။

တကယ်တော့ ယွန်လီက အဲ့လောက်ကြီး အသက်မကြီးပါဘူး။ အများဆုံးမှ အသက်၂၅လောက်ပဲ ရှိဦးမှာပါ။ သူမကို ငယ်ရွယ်တဲ့ မိန်းမပျိုလေး တစ်ယောက်လို့ မပြောနိုင်တော့ပေမယ့် သူမက ပျိုရွယ်လှပမှုရဲ့ အထွတ်အထိပ် အချိန်အခါကို ရောက်နေတာပါ။

အရေးအကြီးဆုံးက သူမက သာမန်မိန်းမငယ်လေးတွေနဲ့ မတူပဲ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ပေးစွမ်းနိုင်ပါတယ်။ သူမက သူမယောကျ်ားနဲ့ တစ်လသာ ကုန်ဆုံးခဲ့ပြီး ကျန်တဲ့ ၁၀နှစ်လုံးလုံးကို မုဆိုးမဘဝနဲ့ ကုန်ဆုံးခဲ့ရတာပါ။

လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကဆိုရင် သူမက အဆသက်၁၅နှစ်လောက်ပဲ ရှိဦးမှာပါ။ အံ့အားသင့်စရာကောင်းတဲ့ အရသာကို ခံစားရပြီး ထိုအရသာကို မခံစားရတော့ပဲ အချိန်အတော်ကြာအောင် ကုန်ဆုံးခဲ့ရတယ် ဆိုတော့ ထိုအမျိုးသမီးမှာ မကျေနပ်နိုင်သေးတဲ့ ဆန္ဒတွေတော့ ရှိနေဦးလောက်မှာပါ။

ရန်ကိုင်ရဲ့ ကိုးယိုးကားယား အခြေအနေကို သတိပြုမိတာနဲ့ ယွန်လီက ကျော့ရှင်းစွာ ပြုံးလိုက်ပြီး ရန်ကိုင်ဆီကနေ ခွာလိုက်ရင်း ညင်သာစွာ ပြောလိုက်တယ် “သခင်ငယ်လေး၊ မိန်းကလေးပီလော့ ရောက်လာဖို့ သိပ်မကြာတော့ဘူး”

“အင်း” ယွန်လီက သူ့ကို သတိပေးနေမှန်း သိတဲ့အတွက် ရန်ကိုင်က ခေါင်းပြန်ညိတ်ပြလိုက်ပြီး တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားခဲ့တယ်။

ရင့်ကျက်တဲ့ အလှလေးလည်း အံ့အားသင့်သွားခဲ့တယ်။ ရန်ကိုင်က ဒီလောက်အထိ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ထားနိုင်မယ်လို့ သူမတကယ်ပဲ မထင်ထားခဲ့ပါဘူး။

တစ်ခဏကြာပြီးနောက် စံအိမ်အပြင်ဘက်ကနေ ပီလော့ရဲ့ အံ့ကြိတ်သံနဲ့အတူ အမောတကော အသက်ရှူရင်း ကျိန်ဆဲနေတဲ့ အသံတို့ ထွက်ပေါ်လာခဲ့တယ်။ သူမက ကျင့်ကြနေရာမှာ အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်ရှိနေတာပါ။ ဒါပေမယ့် ရို့ယုနဲ့ ရို့ချင်တို့ကြောင့် သူမအာရုံ ပျက်သွားခဲ့တယ်။ ဒါပေမယ့် ရှန်ချင်းလော့က အမိန့်ပေးထားတာဖြစ်လို့ မကျေနပ်ပေမယ့် ခပ်မြန်မြန်ပဲ ရောက်အောင် လာခဲ့ရပါတယ်။

“ရန်ကိုင်” ခါးလေးထောက်ရင်း ပီလော့က အောက်ထပ်ကနေ အော်ခေါ်လိုက်တယ်။ သူမရဲ့ မျက်ဝန်းထဲ မကျေနပ်သည့် အရိပ်အယောင်တို့ကို အထင်သား မြင်တွေ့နိုင်ပါတယ်။

ရန်ကိုင်က မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်နားသွားကာ သူမရှေ့တည့်တည့်ဆီ ခုန်ချလိုက်တယ်။

“မိန်းမတစ်ယောက်ဆိုတာ အိန္ဒြေရှိရှိနဲ့ နေသင့်တာကို နင်က ဘာလို့ မိန်းမရိုင်းကြီးလို လုပ်နေတာလဲ” ရန်ကိုင်က အရွှန်းဖောက်လိုက်တယ်။

“နင့်ကိစ္စကိုသာ နင်အာရုံစိုက်စမ်းပါ” ပီလော့က ပြန်ပြောလိုက်ပြီး ရန်ကိုင်ကို သုန်မှုန်စွာနဲ့ စိုက်ကြည့်လိုက်ကာ “ငါကို ကျေနပ်အောင် လုပ်ပေးလိုက်နိုင်လို့ နင်ကို ကြိုက်သွားမယ်လို့ လာမထင်နဲ့နော်။ ငါနောက်တစ်ကြိမ် သေသေချာချာ ထပ်ပြောလိုက်မယ်။ သခင်မသာ အမိန့်မပေးထားရင် နင့်အဒေါ်ဖြစ်တဲ့ ငါက အခုလိုလာပြီး အချိန်ကုန်ခံနေမှာ မဟုတ်ဘူး… ဟန့်”

“ကောင်ပြီလေ… အဲ့ဒါဆိုရင်လည်း အဲ့ပစ္စည်း ငါ့ကိုပြန်ပေး” ရန်ကိုင်က သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။

“ဘာပစ္စည်းလဲ” ပီလော့က ဒေါသတကြီး ပြန်မေးလိုက်တယ်။

“နားကပ်အစုံလိုက်လေ”

ပီလော့က အလျင်စလို နောက်ဆုတ်လိုက်ပြီး ရန်ကိုင်ကို ခါးသီးစွာ ကြည့်လိုက်ရင်း “နင်ဘာလို့ ပြန်လိုချင်တာလဲ”

“နင့်ကို စိတ်ကျေနပ်အောင် လုပ်ပေးတာ အကျိုးမှမရှိတာ။ ဘာလို့ ငါ့ပစ္စည်းကို ပြန်မယူရမှာလဲ။ လာစမ်းပါ… မြန်မြန် ပြန်ပေးစမ်းပါ” ရန်ကိုင်က အေးစက်စွာ ပြောလိုက်တဘ်။

“ဟေး ဟေး ဟေး၊ နင်က ယောကျ်ားရော စစ်ရဲ့လား” ပီလော့က ထေ့ငေါ့ပြောလိုက်တယ် “ပေးပြီးသား ပစ္စည်းကို ပြန်ယူက နင်က အရမ်းကပ်စေး နည်းလွန်းမနေဘူးလား”

“အဲ့ဒါ နင့်အပြစ်ပဲလေ” ရန်ကိုင်က လှောင်ပြောင်လိုက်တယ် “အခု နင်ငါ့ကို ပြန်ပေးမလား၊ မပေးဘူးလားပဲပြော”

“ဘယ်တော့မှ မပေးဘူး” ပီလော့က ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်တယ် “ငါနင့်ကို ပြန်ပေးမှာ မဟုတ်ဘူး။ နင်ငါ့ကို ပေးပြီးမှာတော့ အဲ့ပစ္စည်းတွေက အခု ငါ့ဟာ ဖြစ်သွားပြီ။ ငါနင့်ကို ဘယ်တော့မှ ပြန်ပေးမှာမဟုတ်ဘူး”

“နင်ကျိန်းသေပြီလား”

“အင်း”

“ကောင်းတယ်” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး နန်းတော်ဆီ ခပ်မြန်မြန်ပဲ လမ်းလျှောက်သွားလိုက်တယ်။

“နင်ဘယ်သွားဖို့ ကြိုးစားနေတာလဲ” ပီလော့က ရုတ်တရက် သံသယဝင်သွားကာ ရန်ကိုင်လမ်းကနေ ပိတ်ရပ်လိုက်တယ်။

“သူမရဲ့ ရတနာစံအိမ်ကနေ နင်က ရတနာတစ်ခုကို ခိုးခဲ့တယ်လို့ နင်သခင်မကို သွားပြောမလို့လေ” ရန်ကိုင်က နတ်ဆိုးဆန်ဆန် ပြုံးလိုက်ရင်း ပြောလိုက်တယ်။

“နင်… နင်…” ပီလော့က ယိုင်တိယိုင်တိုင်နဲ့ နောက်ကို အလိုလို ဆုတ်လိုက်မိပြီး ရန်ကိုင်ကို တုန်တုန်ရီရီနဲ့ လက်ညိုးထိုးရင်း ဒေါသတကြီး ပြောလိုက်တယ် “နင်ဘာလို့ အဲ့လောက်တောင် ရက်စက်ရတာလဲ၊ နင်နှလုံးသားမဲ့တဲ့ကောင်၊ အရှက်မရှိတဲ့ ကောင်စုတ်။ နင်ပဲ အဲ့ပစ္စည်းတွေကို ရတနာစံအိမ်ကနေယူပြီး ငါ့ကို ပေးခဲ့တာလေ။ အဲ့နေ့တုန်းကပဲ နင်ပြော…”

“အဲ့နေ့တုန်းက ငါဘာမှ မပြောခဲ့ပါဘူး” ရန်ကိုင်က သူမကို မောက်မာစွာနဲ့ ပြုံးပြလိုက်တယ်။

အရူးမလေး၊ နင်လိုပါသေးတယ်။ ဘာကိစ္စမှ မရှိပဲနဲ့ ဒီသခင်လေးက နင့်အပေါ် ဒီလောက် ကြင်နာမယ်လို့ ထင်နေတာလား

“အဲ့နေတုန်းက ဆေးပုလင်းနှစ်ပုလင်းကလွဲပြီး ငါဘာပစ္စည်းမှ မယူခဲ့ပါဘူးနော်” ရန်ကိုင်က တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။

“အဲ့လို မလုပ်ကြေးလေ” ပီလော့လေသံက အနည်းငယ် ခြောက်ကပ်လာခဲ့တယ်။ အခြားတစ်ယောက်ရဲ့ ပစ္စည်းတွေကို ယူပြီးတဲ့အခိုက် မတရားမှုကို ခံစားရတာ ဘယ်လိုမျိုးလဲဆိုတာ ပီလော့ နားလည်သွားခဲ့ပါပြီ။ အခုအချိန်မှာတော့ သူမရဲ့ ဒေါသကို မျိုသိပ်ထားရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိပါဘူး။

ရန်ကိုင်အလောင်းကို အပိုင်းတစ်ထောင်လောက် ဖြစ်အောင် ဆုတ်ဖြဲပစ်ချင်နေပေမယ့် သူမမျက်နှာထက်မှာတော့ နူးညံ့ညင်သာတဲ့ အမူအရာကို ဆင်မြန်းထားပါသေးတဘ်။

ရန်ကိုင်ကို မကျေမနပ်နဲ့ စိုက်ကြည့်လိုက်ရင်း အားနည်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လေသံနဲ့ တောင်းဆိုလိုက်တယ် “နင်က အဲ့လိုလူမျိုးတော့ မဟုတ်ပါဘူးမလား၊ မဟုတ်ဘူးမလားဟင်။ အခု ငါနင့်ကို မယဉ်မကျေး ဆက်ဆံမိတာရယ်၊ နင်နဲ့ငါ့ကြားက အရင်က မကျေမနပ်ချက်ကလေးတွေ ရှိခဲ့တာရယ်၊ အဲ့ဒါလေးတွေ အတွက်နဲ့ နင်က ငါနဲ့သခင်မကြားမှာ နားလည်မှု လွဲမှားအောင် လုပ်တော့မလို့လား။ နင်ငါအပြစ်ပေးခံရတာကို အဲ့လောက်တောင် မြင်ချင်နေတယ်ပေါ့”

ပီလော့က သနားဖွယ်ကောင်းတဲ့ အမူအရာကို ဆင်မြန်းရင်း တောင်းပန်လိုက်တယ်။ သူမရဲ့ မျက်လုံးတွေရဲ့ မျက်ရည်တွေနဲ့ ဝဲနေခဲ့ပြီး သူမပုံစံက မတရားခံရတဲ့ မိန်းမငယ်လေး တစ်ယောက်နဲ့တောင် တူနေပါသေးတယ်။

ဒါပေမယ့် ရန်ကိုင်ကတော့ သူမပုံစံကို မမြင်သလို ဟန်ဆောင်ကာ အေးစက်စက်လေသံနဲ့ ပြောလိုက်တယ် “အဲ့အတွက်ကတော့ အားနာပါတယ်။ ကတယ်တော့ ငါက အရှက်မဲ့ပြီး ရက်စက်တတ်တဲ့ လူတစ်ယောက်ပဲလေ။ တစ်ခုခုကို မကျေနပ်ဘူးဆိုရင် ငါက မဖြေရှင်းပဲ မနေတတ်တဲ့ လူမျိုး။ နင်က ငါ့ကို ရန်စခဲ့မှတော့ ငါလည်း နင့်ကို ကျိန်းသေ သင်ခန်းစာ ပြန်ပေးရမှာပေါ့”

“နင်… ငါမှတ်ထားမယ်” သနားဖွယ်ဆောင်ရင်း ချဉ်းကပ်တာက အလုပ်မလုပ်မှန်း သိလိုက်တာနဲ့ ပီလော့က ထိုဈေးပေါတဲ့ အပြုအမူကို ချက်ချင်း ဖယ်ထုတ်လိုက်ပြီး ခါးခါးသီးသီး အံကြိတ်ရင်း မေးလိုက်တယ် “နင်ဘာလိုချင်တာလဲ…”

“ဘာမှ မလိုပါဘူး၊ ငါပျင်းနေလို့။ နင့်ရဲ့သခင်မရဲ့ စကားလေး ဘာလေး ပြောရင်ကောင်းမလားလို့”

ပီလော့ရဲ့ အစစ်အမှန်ချီတို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။

ရန်ကိုင်ကတော့ ဘာမှမထူးခြားသွားတဲ့ ပုံစံနဲ့ မတ်တပ်ရပ်နေခဲ့ပြီး စိတ်ထဲကနေ လှောငပြောင်လိုက်တယ်။ သူမရဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၇လေးနဲ့ သူ့ကို ဖိနှိပ်နိုင်မယ် ထင်နေရင်တော့ ပီလော့က သူ့ကို တကယ်အထင်းသေးသွားပါပြီ။ သူမ တစ်ခုခုလုပ်ဖို့ကို သူတကယ်ပဲ မျှော်လင့်မိပါတယ်။ အဲ့လိုမှပဲ ဒေါသထွက်ထွက်နဲ့ ရှန်ချင်းလော့ဆီ သွားပြီး သူ့ကို ဒီကနေ ထွက်သွားခွင့်ပေးဖို့ အခွင့်ကောင်း တစ်ခုရှာလို့ ရမှာလေ။

ထိုအတွဲက အချိန်အတော်ကြာအောင် တစ်ယောက်နဲ့ တစ်ယောက် စောင့်ကြည့်နေပြီး ရုတ်တရက်ပြီး ပီလော့က သူမရဲ့ အရှိန်အဝါကို ပြန်ရုတ်လိုက်ကာ ပြောလိုက်တယ် “နင်လိုချင်တာကိုပြော၊ ငါသဘောတူတယ်”

ကလေးဘဝက‌နေ အခုအချိန်အထိ သူမပထမဆုံး ယောက်ျားတစ်ယောက်ဆီကနေ ရခဲ့ဖူးတဲ့ လက်ဆောင်က သူမကို တကယ်ပဲ ပြဿနာအကြီးကြီး ဖြစ်သွားစေခဲ့ပါပြီ။

အခုအချိန်ကစပြီး ငါ့ကို သတ်မယ်ဆိုရင်တောင် အခြားတစ်ယောက် လက်ဆောင်ပေးတာကို ငါဘယ်တော့မှ မယူတော့ဘူး၊ အထူးသဖြင့် အဲ့ယောကျ်ားတွေ ဆီကနေပဲ သူမရဲ့ ရိုးသားအပြစ်ကင်းစင်တဲ စိတ်လေးကို ရန်ကိုင်က မတရားအနိုင်ကျင့်သွားတယ်လို့ ပီလော့ ခံစားလိုက်ရကာ စိတ်ထဲကနေ ကျိန်ဆိုလိုက်တယ်။

“ငါ့ကို လေးလေးစားစားနဲ့ ဆက်ဆံ ဒါမှမဟုတ် အဲ့နားကပ်တွေကို ပြန်ပေး” ရန်ကိုင်က ပြောလိုက်တယ်။

“သဘောတူတယ်” ပီလော့က ချက်ချင်းပဲ ပြန်ပြောလိုက်တယ် “ပြီးတော့ရော”

“ငါမြို့ထဲ လျှောက်ပတ်ကြည့်ချင်တယ်၊ ငါနဲ့လိုက်ခဲ့ပေး”

“အင်း…”

“ကောင်းတယ်” ရန်ကိုင်က မြူးထူးစွာနဲ့ ရယ်မောလိုက်တယ်။

သူတို့နှစ်ယောက်ထွက်သွားတဲ့အချိန် ကျန်တဲ့သုံးယောက်ကတော့ ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ကြတယ်။

ပီလော့က တကယ်ပဲ အလျှော့ပေးလိုက်တယ်

သင်းရနံ့ မြို့မှာဆိုရင် ပီလော့က တကယ်ပဲ အကြောက်အလန့် ကင်းပါတယ်။ ရှန်ချင်းလော့က လွဲပြီး သူမကို ဘယ်သူမှ အမိန့်မပေးနိုင်ပါဘူး။ ဒါပေမယ့် ဘယ်ကနေ ရောက်လာမှန်း မသိတဲ့ ရန်ကိုင်က သူမကို တကယ်ပဲ နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပါတယ်။

ရင့်ကျက်တဲ့ အမျိုးသမီးနဲ့ ကျန်တဲ့ မိန်းကလေးနှစ်ယောက်က ကိုယ့်မျက်စိ ကိုယ်မယုံနိုင်အောင် ဖြစ်နေခဲ့ကြတယ်။

“ဟုတ်တယ်၊ ငါဝယ်ချင်တာ တစ်ခုခုရှိရင် သူမပေးမယ်လို့ ရှန်ချင်းလော့က ပြောခဲ့တယ်မလား” နန်းတော်ကနေ ထွက်ခွါပြီး လမ်းပေါ်ရောက်တဲ့အချိန် ရန်ကိုင်က ရန်ကိုင်က ရုတ်တရက် ကောက်မေးလိုက်တယ်။

“အင်း” ပီလော့က အားမရှိတဲ့ လေသံလေးနဲ့ ပြန်ပြောလိုက်တယ်။

ဒါပေမယ့် တစ်ခုခုကို တွေးမိသွားပုံရကာ ချက်ချင်းပဲ ဒေါသတကြီး အော်ပြောလိုက်တယ် “နင်က သခင်မကို သူမရဲ့ နာမည်အတိုင်း ခေါ်ရဲတယ်လား”

သူမပြောလို့ မပြီးသေးခင်မှာပဲ ရန်ကိုင်က ဖြတ်ပြောလိုက်တယ်။

“နင့်သခင်မရှေ့မှာတောင် ငါသူမ နာမည်ကို ခေါ်ရဲတယ်။ သူမကတောင် ဘာမှ မဖြစ်တာကို နင်က ဘာဖြစ်နေတာလဲ”

“နင်…” ပီလော့က ဒေါသထွက်ထွက်နဲ့ လက်သီးတင်းတင်း ဆုပ်လိုက်ပြီး “အရမ်းလွန်မလာဖို့ ငါနင့်ကို သတိပေးထားလိုက်မယ်”

ရန်ကိုင်ကတော့ သူမကို လျစ်လျူရှူထားလိုက်ပြီး ရှေ့ကနေသာ လမ်းဆက်လျှောက် သွားနေလိုက်တယ်။ သူ့နောက်မှာတော့ အမုန်းတရားတို့ဖြင့် ပြည့်နေသည့် စူးရဲသည့် အကြည့်တစ်စင်းက သူ့နောက်ကျောကို စူးရဲစွာ စိုက်ကြည့်နေခဲ့တယ်။

မြို့တစ်ပတ် လျှောက်ပတ်ပြီး နောက်ဆုံးမှာတော့ ဆေးဆိုင်တွေ ရှိတဲ့နေရာကို ရောက်လာခဲ့တယ်။

ထိုဆေးဆိုင်က တော်တော်လေး အဆင့်မြင့်ပါတယ်။ သူတို့ ဆိုင်ထဲဝင်လိုက်တာနဲ့ ကောင်တာနောက်က သူဌေးက ခပ်မြန်မြန်ပဲ သူတိုရှေ့ကို ရောက်လာခဲ့တယ်။ သူ့နဖူးကတော့ ချွေးအေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး “မိန်းကလေး ပီလော့ကို နှုတ်ဆက်ပါတယ်။ မိန်းကလေး ပီလော့ ရောက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ဒီအစေခံရဲ့ ဧည့်ဝတ်မကျေပြွန်မှုအတွက် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

ဆိုင်သူဌေးရဲ့ အသံကို ကြားလိုက်တာနဲ့ ဆိုင်ဝန်းထမ်းတွေရော၊ ဆိုင်လာတဲ့ ဈေးဝယ်သူတွေရော အကုန်လုံး မသိမသာ ထွက်ပြေးသွားခဲ့ကြတယ်။ သူတို့ပုံစံက အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်ကို မြင်လိုက်ရတဲ့ အတိုင်းပါပဲ။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဆိုင်ထဲ၌ ဆိုင်သူဌေးနှင့် ရန်ကိုင်တို့ အတွဲ နှစ်ယောက်သာ ကျန်ရစ်ခဲ့တယ်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင် တော်တော်လေး အံ့အားသင့်သွားခဲ့ရတယ်။ ပီလော့ရဲ့ ဂုဏ်သတင်းက သင်းရနံ့မြို့မှာ ဒီလောက်အထိ မွှေးပျံ့နေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

“အင်း” ပီလော့က ခေါင်းပြန်ညိတ်ပြလိုက်တယ်။ သူမပုံစံကို ကြည့်ရတာ အခုလိုမျိုး နေသားကျနေတဲ့ ပုံစံပါပဲ။

“မိန်းကလေး ပီလော့ ဒီနေ့လာတာ … တစ်ခုခု ဝယ်စရာများ ရှိလို့လား” ဆိုင်သူဌေးက သူ့နဖူးထက်က ချွေးအေးတွေကို သုတ်ရင်း စကားလုံးကို သေသေချာချာ ရွေးပြီး မေးလိုက်တယ်။

“ငါဝယ်ဖို့ လာတာမဟုတ်ဘူး။ သူ ဝယ်ဖို့လာတာ။ သူ့ကို ခပ်မြန်မြန် နှုတ်ဆက်လိုက်” ပီလော့က ရန်ကိုင်ကို လက်ညိုးထိုးပြီး ပြောလိုက်တယ်။

“အန်” ဆိုင်သူဌေး ခေါင်းရှုပ်သွားခဲ့တယ်။ ပီလော့ကိုတစ်လှည့်၊ ရန်ကိုင်ကို တစ်လှည့်ကြည့်ရင်း သူ့မျက်လုံးတွေက သံသယအရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့တယ်။

“ခင်ဗျားမှာ စိတ်စွမ်းအင်ကို ပြန်ဖြည့်ပေးနိုင်တဲ့ ဝိဥာဉ်အားဖြည့်ဆေးတွေ ရှိလား” ရန်ကိုင်က တိုက်ရိုက်ပဲ မေးလိုက်တယ်။

“ရှိပါတယ်” ဆိုင်သူဌေးက ပုတ်သင်ညိုလို ခေါင်းညိတ်ပြလိုက်တယ် “ဝိဥာဉ်လေ့ကျင့်ဆေး၊ ဝိဥာဉ်ထောက်ပံ့ဆေး၊ ဝိဥာဉ်အားဖြည့်ဆေး၊ အဲ့ဆေးတွေ အကုန်လုံး ကျွန်တော်တို့မှာ ရှိပါတယ်။ သခင်ငယ်လေးက ဘယ်ဆေးအမျိုးအစားကို လိုချင်တာလဲ မသိဘူး”

“ခင်ဗျားမှာ ဘယ်လောက် ရှိလဲ” ရန်ကိုင်က မေးလိုက်တယ်။

“ဆေးလုံး အရေအတွက်ကတော့ တော်တော်လေး နည်းတယ်။ တစ်မျိုးချင်းစီကို ဆေးသုံး၊လေး ပုလင်းလောက်ပဲ ရှိမယ်။ ဝိဥာဉ်အားဖြည့်ဆေးပဲ ငါးပုလင်းရှိတယ်”

“ငါအားလုံးကို ယူမယ်” ရန်ကိုင်က သာမန်ကာလျှံကာပဲ ပြောလိုက်တယ်။

ဘာပဲဖြစ်ဖြစ် ရှန်ချင်းလော့က ရှင်းမှာဆိုတော့ သူကလည်း ထိုအခွင့်အရေးကို ကောင်းကောင်း အသုံးချရမှာပေါ့။ သူမလို ဧရိယာကီလိုမီတာပေါင်းများစွာကို အုပ်ချုပ်တဲ့ နတ်ဆိုးဘုရင်မ တစ်ယောက်အနေနဲ့ သူမမှာ ငွေရှားလိမ့်မှာ မဟုတ်ပါဘူး”

Martial Peak

အပိုင်း(၃၁၇) လီကောင်းကင်ဆေးအိမ်တော်

“အ… အားလုံးလား” ဆိုင်သူဌေး အံ့ဩသွားခဲ့တယ်။ ပီလော့တောင် နားမလည်နိုင်သည့် အကြည့်နဲ့ ရန်ကိုင်ကို ကြည့်ကာ မေးလိုက်တယ် “အဲ့လောက် အများကြီးယူပြီး နင်ဘာလုပ်မလို့လဲ။ နင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ရောက်သေးတာတောင် မဟုတ်ဘူး”

“အဲ့ဒါ နင့်ကိစ္စမဟုတ်ဘူး” ရန်ကိုင်က ဒီအတိုင်းလေးပဲ ပြန်ပြောလိုက်တယ်။

“မိန်းကလေးပီလော့၊ ဒါက…” ဆိုင်သူဌေးက စိုးရိမ်စွာနဲ့ ပီလော့ဘက်လှည့်ပြီး မေးလိုက်တယ်။

“သူပြောတာ မကြားဘူးလား။ ဒီသခင်ငယ်လေးက အကုန်လိုချင်တယ် ဆိုမှာတော့ အားလုံးကို မြန်မြန် သွားယူလာလိုက်လေ။ ပစ္စည်းအားလုံးကို ထုတ်ပိုးပြီး နန်းတော်ကို ပို့လိုက်။ ပစ္စည်းရတာနဲ့ တစ်ခါတည်း ပိုက်ဆံ ရှင်းပေးလိုက်မယ်” သူမဒေါသတွေကို ရန်ကိုင်အပေါ်မှာ ဖောက်ခွဲလို့ မရမှတော့ သနားစရာကောင်းတဲ့ ဆိုင်သူဌေးအပေါ်မှာပဲ ဖောက်ခွဲရတော့တာပေါ့။

“ဟုတ်..ဟုတ်… ဟုတ်ကဲ့ပါ” ဆိုင်သူဌေးလည်း နည်းနည်းလေးမှ ဆက်ပြီး မတုန့်ဆိုင်းရဲတော့ပါဘူး။

ပီလော့က ဒေါသကြီးတဲ့အတွက် နာမည်ကျော်ပေမယ့် စီးဟွားရေး လုပ်တဲ့နေရာမှာ မျှမျှတတပဲ ဆောင်ရွက်ပါတယ်။ ဘယ်လောက်ပဲ အကြွေးတင်နေပစေ၊ သူမ ပေးမှာပါ။ ဒါကြောင့် ဆိုင်သူဌေးအနေနဲ့ သူ့ပိုက်ဆံမရမှာကို စိုးရိမ်စရာ မလိုပါဘူး။

သူသိချင်နေတာက ထိုလူငယ်က ဘယ်သူလဲ ဆိုတာကိုပါ။ ပီလော့က ထိုကောင့်ကို တော်တော်လေး ဒေါသထွက်သွားတဲ့ ပုံပေါက်ပေမယ့် သူကို တတ်နိုင်သမျှ ကူညီနေပါသေးတယ်။

ဒါပေမယ့် သူနှလုံးသားက ဒရမ်တစ်ခုလို ခုန်နေလို့ ဆိုင်သူဌေးအနေနဲ့ တုန့်ဆိုင်းမနေရဲပါဘူး။ ရန်ကိုင် မှာသွားတဲ့ ဆေးပုလင်းတွေကို ခပ်မြန်မြန်ပဲ ထုပ်ပိုးလိုက်ပြီး ဆိုင်က ကောင်လေး တစ်ယောက်ကို နန်းတော်ဆီ သွားပို့ခိုင်းလိုက်တယ်။

ထိုဆိုင်ဝန်ထမ်းလေး ပီလော့ရှေ့က ဖြတ်လျှောက်သွားတဲ့ အချိန် တစ်ချက်ကလေးတောင် ခေါင်းမော့မကြည့်ခဲ့ပါဘူး။ သူ့ခြေထောက်ကိုသာ တောက်လျှောက် ငုံ့ကြည့်သွားခဲ့ပါတယ်။

ဆေးဆိုင်ကနေ ထွက်လာပြီးနောက် ရန်ကိုင်နဲ့ ပီလော့တို့ အကြည့်ချင်း ဆုံးသွားခဲ့ပြီး “မြို့ထဲက ယောကျ်ား တော်တော်များများက နင့်ကို ကြောက်တဲ့ပုံပဲ”

“ဟန့်” ပီလော့က ဂုဏ်ယူစွာနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ မျက်နှာလေးက မောက်မာသည့် အကြည့်ကို ဆင်မြန်းထားရင်း သူမရဲ့ ရင်ဘတ်ကို ဂုဏ်ယူစွာပုတ်လိုက်ပြီး သာမန်ကာလျှံကာ လေသံနဲ့ ပြောလိုက်တယ် “သူတို့သာ ငါ့ကို တဏှာအကြည့်နဲ့ရင် ငါသူတို့မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက်မှာ”

“အဲ့ဒါ နည်းနည်း မလွန်လွန်းဘူးလား” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး “အလှလေး တစ်ယောက်က အခြားသူတွေရဲ့ အကြည့်ကို ဆွဲဆောင်တယ်ဆိုတာ သဘာဝပဲ။ ဘယ်သူမှ နင့်ကို မကြည့်ရင် နင်လှနေတာကရော ဘာအကျိုးရှိတော့မှာလဲ”

“နင့်ခေါင်းထဲ မဟုတ်တရုတ်တွေနဲ့ပဲ ပြည့်နေတာကိုး” ပီလော့က ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာနဲ့ ပြောလိုက်တယ်။ နင်တို့ မိန်းမလှတစ်ယောက်ကို မြင်လိုက်တာနဲ နင်တို့စိတ်ထဲကို သူမကို စော်ကားပြီးသွားပြီ။ အဲ့လိုရွံရှာစရာ ကောင်းတဲ့ အကြည့်မျိုးနဲ့ ငါအကြည့်မခံချင်ဘူး။

“ယောကျ်ားတိုင်းက အဲ့လိုမဟုတ်ပါဘူး” ရန်ကိုင်က မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ်။

ပီလော့က ရန်ကိုင်ကို အထက်အောက် သေချာအောင် ကြည့်လိုက်ပြီး ရုတ်တရက် ကောက်ပြောလိုက်တယ် “အင်း၊ နင့်ကတော့ အဲ့လိုယောကျ်ားမျိုး ဟုတ်တဲ့ပုံမပေါ်ဘူး။ နင်ငါ့ကို ကြည့်တဲ့ အကြည့်ထဲမှာ မကောင်းတဲ့ စိတ်ဆန္ဒတွေ ပါဝင်မနေဘူး။ နင်က ယောကျ်ားအများစုထက် ပိုသာတယ်ဆိုတာတော့ ငါဝန်ခံပါတယ်”

“မိန်းကလေးပီလော့က တကယ်ကို အမြင်စူးရှတာပဲ” ရန်ကိုင်က ချီးမွန်းစကား ဆိုလိုက်တယ်။

“ကဲအခု… နင်ဘယ်သွားချင်သေးလဲ” ပီလော့က လက်ကလေး နောက်ပစ်ပြီး စိတ်မရှည်တဲ့ပုံနဲ့ မေးလိုက်တယ် “နင်ဝယ်ချင်တာ ဝယ်လို့ ပြီးပြီဆိုရင် ငါပြန်ပြီး လေ့ကျင့်တော့မယ်”

“ငါသွားချင်တဲ့ နေရာတွေ အများကြီး ရှိပါသေးတယ်။ သင်းရနံ့မြို့မှာ ဆေးဆိုင်တစ်ဆိုင်ထက် ရှိတယ်မလား”

“လေး၊ငါးဆိုင်လောက် ရှိတယ်။ နောက်ထပ်ဆေးဆိုင်တွေဆီ နင်သွားချင်သေးတာလား” ပီလော့က အနည်းငယ် အံ့အားသင့်နေသည့် အကြည့်နဲ့ ရန်ကိုင်ကို ကြည့်လိုက်ပြီး “နင်နောက်ထပ် ဝိဥာဉ်အားဖြည့်ဆေးတွေ ထပ်လိုချင်နေသေးတာတော့ မဟုတ်လောက်ပါဘူးနော်”

“ဟုတ်တယ်၊ ငါတကယ်ပဲ လိုနေတာ”

“အဲ့လောက်အများကြီးနဲ့ နင်ဘာလုပ်မလို့လဲ” ပီလော့က ပြောလိုက်ပြီး ရုတ်တရက် သူမ၏ နှုတ်ခမ်းအစုံကို ကွေးလိုက်ကာ “ကောင်းပြီ၊ကောင်ပြီ။ နင်ဝယ်ချင်သေးတယ် ဆိုရင် ငါနင့်ကို ခေါ်သွားပေးမယ်”

တစ်ဖက်လှည့်ကာ လမ်းလျှောက်နေရင်း ပီလော့က ကောက်ကျစ်တော့မယ့် အမူအရာနဲ့ ကြိတ်ပြုံးပြုံးလိုက်တယ်။ ထို့နောက် သူမအမူအရာကို ခပ်မြန်မြန် ပြန်ပြင်လိုက်ပြီး အသာအယာလေး ချောင်းဟန့်ကာ ဘာမှမဖြစ်သလို ဆက်ပြီး ဟန်ဆောင်နေလိုက်တယ်။

သင်းရနံ့မြို့က မသေးပေမယ့် ဆေးရောင်တဲ့ဆိုင်ကတော့ အနည်းငယ်ပဲ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဆေးအများကြီးကို ရောင်းဖို့ဆိုရင် အားကောင်းတဲ့ နောက်ခံရှိဖို့ လိုအပ်ပါတယ်။ ဘဏ္ဏာရေး၊ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ လူအင်အားလည်း အရမ်းလိုပါတယ်။ အဲ့လို ပမာဏမျိုးက သာမန်အင်အားစုလေးတွေ တတ်နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။

ထို့ကြောင့် တစ်မြို့လုံးမှာ ဆေးဆိုင် ငါးဆိုင်ပဲ ရှိနေရခြင်းပါ။

ပီလော့က မမောမပန်းနဲ့ ရန်ကိုင်ကို ဆေးတွေ တစ်ဆိုင်ပြီး တစ်ဆိုင်ဆီ ခေါ်သွားခဲ့တယ်။ နေ့တစ်ဝက်လောက် အချိန်ဖြုန်းပြီးတဲ့ အချိန်မှာတော့ ဆေးဆိုင်လေးဆိုင်ဆီ သူတို့သွားပြီးခဲ့ပါပြီ။ နောက်ဆုံးအနေနဲ့ ပီလော့က ရန်ကိုင်ကို ငါးဆိုင်မြောက် လီကောင်းကင်ဆေးအိမ်တော်ဆီ ခေါ်သွားလိုက်တယ်။

လီကောင်းကင်ဆေးဆိုင်ထဲမှာတော့ ဆိုင်ဝန်ထမ်း ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်လေး တစ်ယောက်က ဒုတိယအထပ်ဆီ အလျင်အမြန် ပြေးတက်သွဦးလိုက်ပြီး တံခါးကို အသာအယာလေး ခေါက်လိုက်တယ်။

ချက်ချင်းပဲ အခန်းထဲကနေ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာခဲ့တယ် “ငိုးမပဲ… ဘာကိစ္စလဲကွာ၊ ဘာကိစ္စပဲ ဖြစ်ဖြစ် ငါ့ကို လာမနှောက်ယှတ်လို့ ပြောထားတယ်မလား။ ငါ့လခွမ်းပဲ၊ ငါမင်းရဲ့ ခွေးခေါင်းကို တစ်စစီ ဆုတ်ဖြဲပစ်ရမှာလား။ ငိုးမပဲ… မင်းအမေကို ငိုးလိုက်ပါလား”

“သခင်လေး၊ မိန်းကလေး ပီလော့အကြောင်း ပြောမလို့ပါ” အစေခံလေးက ထိုကျိန်ဆိုဆဲရေးသံတွေကို မကြားသည့်မလား လျစ်လျူရှူထားလိုက်ပြီး လေးလေးစားစားနဲ့ ပြန်ပြောလိုက်တယ်။

ထရပ်လိုက်တဲ့ အသံနှင့်အတူ အလျင်စလို လောကြီးနေတဲ့ ခြေသံတွေ ထွက်ပေါ်လာခဲ့တယ်။

ဆေးဆိုင်ရဲ့ ပထမထပ်က ဝန်းထမ်းတွေ အားလုံးကတော့ ခါးသီးတဲ့ အမူအရာနဲ့ ရှိနေခဲ့ကြတယ်။ သူတို့တစ်ယောက်ချင်းစီက သူတို့သခင်လေးရဲ့ ခြေသံကြောင့် မျက်နှာကျက်ကြီး ပြိုကျလာမှာကို လန့်နေတဲ့ ပုံပါပဲ။

ခပ်ပြင်းပြင်း အသံနှင့်အတူ အခန်းတံခါး ပွင့်လာခဲ့ပြီး ဝက်ဝံလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အကောင်ထွားထွား လူတစ်ယောက် ထွက်လာခဲ့တယ်။

ထိုလူက အသက် အရမ်းမကြီးသေးပါဘူး။ အလွန်ဆုံးရှိမှ အသက်၂၀လောက်ပဲ ရှိပါဦးမယ်။ သူ့မျက်နှာက ထူထဲသည့် မုတ်ဆိတ်မွှေးတို့ဖြင့် ဖုံးနေခဲ့ပြီး သူ့ပုံစံက လူကြမ်းရုပ်ပေါက်နေခဲ့တယ်။ သူ့မျက်လုံးတွေက သေးငယ်ပြီး မှေးကျဉ်းနေခဲ့ကာ သူ့ရဲ့ ကြောက်မက်ဖွယ်ရာ ခန္ဓာကိုယ်နဲ့ပါ ထပ်ပေါင်းလိုက်တော့ သူ့ပုံစံက တော်တော်လေး ကြောက်ဖို့ကောင်းသွားခဲ့ပါတယ်။

သူက လီကောင်းကင်ဆေးအိမ်တော်ကို ပိုင်တဲ့ မိသားစုရဲ့ သခင်လေး ဖြစ်တဲ့ လီယုပါ။

လီမိသားစု သင်းရနံ့မြို့မှာ အားကောင်းတဲ့ မိသားစုလို့ တစ်ခုလို့ ပြောလို့ရပါတယ်။ လီမိသားစုရဲ့ ခေါင်းဆောင်က သင်းရနံ့မြို့ အကြီးအကဲတွေထဲ တစ်ယောက်ပါ။ သူတို့မိသားစုက ရှန်ချင်းလော့တို့ မျိုးဆက်လက်အောက်မှာ တာဝန်ထမ်းဆောင်လာတာ နှစ်၂၀၀ကျော်သွားခဲ့ပါပြီ။

လီမိသားစုရဲ့ အဓိကအိမ်တော်က သင်းရနံ့မြို့မှာ မတည်ရှိပါဘူး။ အဲ့အစားက အနီးအနားမှာရှိတဲ့ တောင်တန်းတစ်ခုပေါ်မှာ တည်ရှိတာပါ။

လီယု လီကောင်းကင်ဆေးအိမ်တော်မှာ နေနေရတဲ့ အကြောင်းအရင်းက ပီလော့ကြောင့်ပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သူက ပီလော့နဲ့ မတော်တဆ တွေ့ခဲ့မိတယ်။ အဲ့အချိန်က လီယုက ပီလော့ကို အလွန်အမင်း တပ်မက်စွဲလမ်းသွားခဲ့ပြီး ဘယ်လိုပဲပဲ ဖြစ်ဖြစ် ပီလော့ကို သူ့မိန်းမဖြစ်စေရမယ်လို့ ကြုံးဝါးခဲ့တယ်။

ပီလော့က မိသားစုကြီး တစ်ခုက လာတာမဟုတ်သလို၊ အရမ်းကို ရိုးသားအပြင်ကင်းစင်လှတဲ့ မိန်းမပျိုလေး တစ်ယောက်လည်း မဟုတ်သလို၊ မြင့်မြတ်တဲ့ စိတ်နေစိတ်ထား ဟန်ပန်အမူအရာကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေး တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူမက ရှန်ချင်းလော့ရဲ့ အရေးပေးခံရဆုံး လက်ထောက်တစ်ယောက်ပါ။ ထို့ကြောင့် လီမိသားစုက ပီလော့ကို လိုက်မယ့် လီယုရဲ့ အကြံကို ဝိုင်းဝန်းထောက်ခံ အားပေးကြကာ သူ့ကို မြို့ထဲမှာ နေခွင့်ပေးလိုက်ပါတယ်။

ကံမကောင်းစွာနဲ့ လွန်ခဲ့တဲ့ ၁နှစ်လုံးလုံး၊ လီယုက ပီလော့နဲ့ အကြိမ်အနည်းငယ်ပဲ တွေ့ခွင့်ရခဲ့ပြီး အကြိမ်တိုင်းလည်း ပီလော့က ခပ်မြန်မြန်ပဲ လွတ်မြောက်သွားခဲ့ပါတယ်။

လီယုက မောက်မာတယ် ဆိုရင်တောင် ရှန်ချင်းလော့ရဲ့ နန်းတော်ထဲကို မဆင်မခြင်နဲ့ ဝင်မသွားရဲပါဘူး။ ထို့ကြောင့် ပီလော့ နန်းတော်ထဲကို ဝင်ပြေးသွားတာနဲ့ သူမနေနဲ့ မျှော်လင့်ချက် ကင်းမဲ့စွာ လက်လျှော့လိုက်ရုံပဲ တတ်နိုင်ခဲ့ပါတယ်။

သင်းရနံ့မြို့တစ်ခုလုံးက ပီလော့ မတွေ့ချင်ဆုံးလူကို ပြပါဆိုရင် လီယုကိုပဲ ပြရမှာပါ။

သူထက် လေးဆလောက်ကြီး ထိုလူကြမ်းကြီး အကြောင်းကို တွေးလိုက်ရုံနဲ့ ပီလော့တစ်ကိုယ်လုံး ကြက်သီးမွှေးညင်းတို့ ထသွားခဲ့တယ်။

အခန်းအပြင်ဘက်မှာတော့ လီယုက ထိုလူငယ်ဝန်ထမ်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့တယ်။ ထိုလူငယ်လေးက အားမနည်းပါဘူး။ ဒါပေမယ့် လီယုရှေ့မှာတော့ သူက ကြက်ဖကြီး ရှေ့ရောက်နေတဲ့ ကြက်ပေါက်လေးနဲ့ မခြားနားကာ လီယုက သူ့ပုခုံးကနေ ဖမ်းကိုင်လိုက်တဲ့အချိန် တစ်ခါတည်း လေပေါ် မြောက်သွားခဲ့ရပါတယ်။

“ပီလော့ ဘာဖြစ်လို့လဲ” လီယုက အလျင်စလိုနဲ့ မေးလိုက်တယ်။

နဖူးကနေ ချွေးအေးတို့ စီးကျနေပေမယ့် ထိုလူငယ်လေးက ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်ပါတယ် “နန်းတော်ထဲကနေ ပီလော့ထွက်လာတာနဲ့ အသိပေးဖို့ သခင်လေးက အမိန့်ပေးထားတယ်လေ။ အဲ့ဒါကြောင့် အခု ပီလော့ နန်းတော်ထဲကနေ ထွက်လာလို့ သခင်လေးကို လာအသိပေးတာ”

“သူမ ထွက်လာတာလား” လီယုက ရုတ်တရက် အူမြူးသွားခဲ့ပြီး လူငယ်လေးကို ဘေးဘက်ကို ပစ်လိုက်ပြီး ရှေ့ကို တစ်ဟုန်ထိုး ပြေးထွက်သွားလိုက်တယ်။ ဒါပေမယ့် ခြေသုံးလှမ်း လှမ်းပြီးတာနဲ့ ရပ်တန့်လိုက်ပြီး ပြန်လှည့်ကာ မေးလိုက်တယ် “အခု ပီလော့ ဘယ်မှာလဲ”

ကောင်လေးက ကိုးယိုးကားယား အမူအရာနဲ့ ပြန်ပြောလိုက်တယ် “မိန်းကလေး ပီလော့က လီကောင်းကင်ဆေးအိမ်တော်ကို လာနေတဲ့ လမ်းမှာပါ”

“ဟန်” လီယုရဲ့ အမူအရာက ရုတ်တရက် အေးခဲသွားခဲ့ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်တယ် “မင်းရဲ့ ခွေးမျက်လုံးက အမြင်မမှားတာ သေချာလား”

“အဲ့ဒါအမှန်ပါပဲ သခင်လေး။ မိန်းကလေး ပီလော့က လီကောင်းကင်ဆေးအိမ်တော်ကို လာနေတာပါ”

“ဒါပေမယ့်… ဘာလို့” လီယုက လူရိုင်းတစ်ယောက် ပုံစံပေါက်နေပေမယ့် သူက တော်တော်လေး ပါးနပ်ပါတယ်။ ပီလော့က သူမမှာ ရှိသမျှ အစွမ်းအကုန်သုံးပြီး သူ့ကို ရှောင်ရှားဖို့ ကြိုးစားတဲ့ လူမျိုးပါ။ သူမနောက်ကို သူလိုက်ဖမ်းတဲ့ အကြိမ်တိုင်း သူမက နတ်ဆိုးဘုရင်မရဲ့ နန်းတော်ထဲကို ထွက်ပြေးသွားခဲ့တာချည်းပါပဲ။ ဒါဆိုရင် ဘာလို့ သူမက ကျားပါးစပ်ထဲ ခုန်ဆင်းဖို့ လုပ်လိုက်တာလဲ။ သူ့ကိုတောင် အရင်လာပြီး တွေ့တယ်ဆိုတော့လေ။

“သူမ တစ်ယောက်ထဲ လာတာလား” ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရကာ လီယုရဲ့ အကြည့်က အေးစက်သွားခဲ့ပြီး မျက်ဝန်းအစုံကို မှေးစင်းလိုက်ရင်း သုန်မှုန်နေတဲ့ အမူအရာနဲ့ မေးလိုက်တယ်။

“မဟုတ်ပါဘူး…” လူငယ်ဝန်ထမ်းလေးရဲ့ တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြန်ဖြေလိုက်တယ် “ကြည့်ရတာ…. သူမနဲ့အတူ လူငယ်တစ်ယောက် ပါလာတဲ့ပုံပဲ”

“ဟန့်” လီယုကိုယ်ကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့ပြီး ဆေးဆိုင်ရဲ့ ဒုတိထအထပ်ကို တစ်စစီ ဖြစ်သွားလုမတတ် ဖြစ်စေခဲ့တယ်။ ထို့နောက် ရက်စက်တော့မယ့် အပြုံးကို ဆင်မြန်းရင်း “လူငယ်တစ်ယောက်လား ဟတ်… ဘယ်သူတောင်းစားကများ ဒီသခင်လေးရဲ့ မိန်းမကို ကြံရွယ်ချင်နေလဲဆိုတာ ကြည့်ရသေးတာပေါ့ကွာ”

လမ်းမထက် ရန်ကိုင်က သံသယရှိစွာနဲ့ ပီလော့ကို ကြည့်လိုက်တယ်။ သူမ တစ်ခုခုကို ကြံနေတယ် ဆိုတာ သူသိပေမယ့် ဘာကို ကြံနေတာလဲဆိုတာကိုတော့ သူတကယ်ကို စဉ်းစားလို့ မရခဲ့ပါဘူး။

ထိုမိန်းကလေးရဲ့ ပုံစံကို ကြည့်ရတာလည်း အနည်းငယ် ထူးခြားနေခဲ့ပါတယ်။ သူမ မျက်နှာအမူအရာက အနည်းငယ် တောင့်တင်းနေခဲ့ပြီး သူမစိတ်ထဲ တစ်ခုခုကိုလုပ်ဖို့ လွန်ဆွဲနေတဲ့ ပုံစံပါ။

ပီလော့စိတ်ထဲ တကယ်ပဲ လွန်ဆွဲနေမိပါတယ်။ လီယုက အကျိုးသင့်အကြောင်းသင့် နားလည်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ သူမတို့သာ လီကောင်းကင်ဆေးအိမ်တော်ဆီ ရောက်သွားတာနဲ့ ထိုအကောင်က ကျိန်းသေ ပြဿနာရှာလိမ့်မှာပါ။

ထိုကောင်စုတ်သာ လီယုသတ်တာ ခံလိုက်ရရင်…

သူမသူ့ကို ဘယ်လောက်ပဲ မနှစ်သက်ပါစေ၊ သူက လေးစားရတဲ့ ဧည့်သည့်တစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်က ရှိနေပါသေးတယ်။ သူသာ တစ်ခုခု ဖြစ်သွားခဲ့ရင် သူမရဲ့ သခင်မကို ဘယ်လို ရှင်းပြရတော့မှာလဲ။

ဒါပေမယ့် ထိုစိုးရိမ်စိတ်တွေကို ပီလော့က ဘေးချထားလိုက်တယ်။ ပြဿနာတွေက ထိန်းမရအောင် ကြီးထွားလာခဲ့ရင် ရှန်ချင်းလော့ရဲ့ နာမည်ကို ထုတ်ပြောလိုက်ရုံပေါ့။ လီယုက မောက်မာပြီး လုပ်ချင်တာ လုပ်တတ်တဲ့ လူမျိုးဆိုရင်တောင် သူအနေနဲ့ ရှန်ချင်းလော့ကို မျက်နှာသာ မပေးပဲ နေလိမ့်မှာ မဟုတ်ပါဘူး။

ကောင်းတယ်၊ ဒီတစ်ကြိမ် ဒီကောင်စုတ်ကို သင်ခန်းစာ ကောင်းကောင်းလေး ပေးပစ်ရမယ်။ ဒီသခင်မလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ်များ ထင်နေတာလား ဟန့်…

သူမကို ရန်ကိုင် ဘယ်လို ဆက်ဆံခဲ့လဲဆိုတာကို ပြန်တွေးလိုက်တာနဲ့ ပီလော့ ဒေါသထွက်လာခဲ့တယ်။

“ငါတို့ မရောက်သေးဘူးလား” ရန်ကိုင်က မျက်မှောင်ကြုံ့ကာ မေးလိုက်တယ်။ သွားနေတဲ့ အတောအတွင်း ပီလော့ရဲ့ အရှိန်က တဖြည်းဖြည်း နှေးလာခဲ့ပါတယ်။ သူမပုံစံကို ကြည့်ရတာ ဒီနေရာကို လာဖို့ ပြဿတစ်ခုခု ရှိနေတဲ့ ပုံစံပါပဲ။

“ငါတို့ရောက်ပြီ” ပီလော့ရဲ့ လက်ချောင်းသွယ်သွယ်လေး တွေက သူမတိုရှေ့က အဆောက်အအုံကို ညွှန်ပြလိုက်ပြီး “အဲ့ဒါက သင်းရနံ့မြို့တော်ရဲ့ အကြီးဆုံး ဆေးဆိုင်ပဲ။ မြို့ထဲမှာရှိတဲ့ နောက်ဆုံး ဆေးဆိုင်ဆိုရင်လည်း မမှားဘူး”

“ဒါပေမယ့်… ငါတို့ မသွားသင့်ဘူးလားလို့” သူမရဲ့ မောက်မာတဲ့ စရိုက်က ချက်ချင်းပဲ ပြောင်းလဲသွားခဲ့တယ်။ ပီလော့က နောက်တစ်ကြိမ် တုန့်ဆိုင်းသွားခဲ့ပြီး သူမ အရမ်းပဲ ရက်စက်သွားလား ဆိုပြီး တွေးလိုက်တယ်။

“ဟန်” ရန်ကိုင်က သူမကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်တယ်။ သူတော်တော်လေး သိချင်မိသွားခဲ့တယ်။

“အဲ့အိမ်ထဲမှာ ငါမုန်းတဲ့ လူတစ်ယောက်ရှိတယ်”

“ကြည့်ရတာ အရမ်းနောက်ကျသွားတဲ့ ပုံပဲ” ရန်ကိုင်က ရယ်မောလိုက်ပြီး “သူတို့က ငါတို့ကို ကြိုဆိုဖို့ ထွက်တောင် ထွက်လာနေပြီ”

“အန်” ပီလော့ ရုတ်ချည်း တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး ရှေ့ဘက်ကို ချက်ချင်း လှမ်းကြည့်လိုက်တယ်။

လီကောင်းကင်ဆေးအိမ်တော်ကနေ ဝန်ထမ်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူအနည်းငယ် ထွက်လာခဲ့တယ်။

ထိုလူတွေရဲ့ ကျင့်ကြံခြင်းအဆင့်က မနိမ့်ကျပါဘူး။ သူတို့တွေ အားလုံးက ငယ်ရွယ်ကြပေမယ့် သူတို့တစ်ယောက်ချင်းစီက အနည်းဆုံး အစစ်အမှန်ဒြပ်စင်အဆင့်ကို ရောက်နေကြပါတယ်။ သူတို့နှစ်ယောက်ရှေ့ မြန်ဆန်စွာပဲ ရောက်ရှိလာခဲ့ပြီး ပြုံးကာလက်သီးဆုပ်ရင်း နှုတ်ဆက်လိုက်ကြတယ် “မိန်းကလေး ပီတော့၊ ကျွန်တော်တို့ သခင်လေးက မိန်းကလေး လာမှာကို စောင့်နေတာ။ သခင်လေးက မိန်းကလေးကို အထဲကို လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်”

“နင့်သခင်လေးကို ပြောစရာစကား ငါ့မှာ ဘာမှမရှိဘူး” ပီလော့ရဲ့ မျက်နှာက ရွံ့ရှာမှုတို့ဖြင့် ရှုံ့မဲ့သွားခဲ့ပြီး တစ်ဖက်လှည့်လိုက်ကာ ရန်ကိုင် အင်္ကျီလက်စကို ဆွဲလိုက်ရင်း “သွားကြမယ်”

ဒါပေမယ့် ထိုဆိုင်ဝန်ထမ်းတွေက သူတို့နှစ်ယောက်ရဲ့ လမ်းကို ခပ်မြန်မြန်လေး ပိတ်လိုက်ပြီး ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ရင်း “မိန်းကလေးပီလော့၊ မိန်းကလေးသာ ကျွန်တော်တို့နဲ့ အတူမလိုက်လာရင် ဒီနေ့ ကျွန်တော်တို့ ညီအစ်ကိုတွေ အရှင်လတ်လတ် အရေခွံ ဆုတ်ခံရလိမ့်မယ်။ မိန်းကလေး ပီလော့ အနေနဲ့ သခင်လေးကို ဒေါသထွက်အောင် လုပ်ပြီး ကျွန်တော်တို့ ဖိတ်ခေါ်တာကို မငြင်းဆိုဘူးလို့ မျှော်လင့်ပါတယ်”

“နင်တို့ ဘာလုပ်ချင်နေတာလဲ”

တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ အဖွဲ့ခေါင်းဆောင်က ပြန်ပြောလိုက်တယ် “မိန်းကလေး ပီလော့သာ သူဖိတ်ခေါ်တာကို ငြင်းဆန်မယ်ဆိုရင် မိန်းကလေးပီလော့ကို ဘာမှမလုပ်ဘူး ဆိုပေမယ့် မိန်းကလေးနဲ့ အတူပါလာတဲ့ သူကတော့ ဒီမှာပဲ နေခဲ့ရလိမ့်မယ်တဲ့”

“သူလုပ်ရဲလား” ပီလော့ရဲ့ လေသံက ပိုပြီး အေးစက်သွားခဲ့ပြီး သူမရဲ့ မျက်ဝန်းအစုံက အန္တရာယ်များတဲ့ အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။ သူမ ဒီကို လာမိတာတောင် နောင်တရနေခဲ့ပါပြီ။

ရန်ကိုင်ကို ဒီကိစ္စထဲ ဆွဲမထည့်သင့်ဘူးလို့ ပီလော့ တွေးလိုက်တယ်။ ရန်ကိုင်ကိုသာ ဒီနေရာဆီ ခေါ်လာခဲ့ရင် ဘာကောင်းတာမှာ ဖြစ်လာလိမ့်မှာ မဟုတ်ဘူးဆိုတာကို သိပေမယ့် ခေါ်လာဖြစ်အောင်လို့ကို ခေါ်လာမိလိုက်ပါတယ်။

“ဟဟ။ ကြည့်ရတာ မိန်းကလေးပီလော့က ဆုံဖြတ်ချက်ချနိုင်တဲ့ လူမဟုတ်တဲ့ ပုံပဲ။ သခင်ငယ်လေး ကျေးဇူးပြုပြီး ကျွန်တော်တို့နဲ့ လိုက်ခဲ့ပေးပါ” ထိုလူတွေက ဖော်ရွေတဲ့ အပြုံးကို ဆင်မြန်းထားရင် ရန်ကိုင်ဘက် လှည့်လိုက်ပြီး ပြောလိုက်တယ်။

ရန်ကိုင်က မထူးခြားနားသည့် ဟန်ဖြင့် လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့ကာ ပြောလိုက်တယ် “ငါက ဆေးဝယ်ဖို့ပဲ လာတာ။ နင်တို့ နှစ်ယောက်ကြားမှာ ဘာတွေ မကျေနပ်စရာပဲ ရှိရှိ ငါနဲ့ ဘာမှမဆိုင်ဘူး။ အဲ့တော့ ငါ့ကို ဆွဲမထည့်မိစေနဲ့”

Martial Peak

အပိုင်း(၃၁၈) သူ မပျော်ရွှင်ရင် ဘယ်သူမှ ပျော်လိမ့်မှာ မဟုတ်ဘူး

အခု ဘာတွေ ဖြစ်နေလဲဆိုတာကို ရန်ကိုင် နားလည်သွားခဲ့ပါပြီ။ လီယုက ပီလော့ကို ကြိုက်နေတဲ့ ပုံပါပဲ။ သူက ပီလော့ကို အဖော်ပြုပြီး အတူတူလာနေတာကို တွေ့လိုက်ရတော့ လီယုက ဒေါသထွက်သွားခဲ့တာပါ။ ပီလော့ကလည်း ထိုအချက်ကို နားလည်ထားပါတယ်။ ထို့ကြောင့်ပဲ ထိုအချက်ကို အခွင့်ကောင်းယူကာ လီယုကို အသုံးချပြီး သူ့ကို သင်ခန်းစာ ပေးချင်တဲ့ ပုံပါပဲ။

ဒါပေမယ့် အခုတော့ အကြောင်းပြချက် တစ်ခုခုကြောင့် သူမရဲ့ဆုံးဖြတ်ချက်ကို ပီလော့ နောင်တရနေခဲ့ပါပြီ။

ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ ရန်ကိုင်က ပီလော့ကို လှမ်းကြည့်လိုက်တယ်။

ရန်ကိုင် မျက်လုံးထဲက အေးစက်မှုကို ခံစားမိလိုက်တာနဲ့ ပီလော့ တစ်ကိုယ်လုံး တုန်ရီသွားခဲ့တယ်။

“ဒီသခင်ငယ်လေးက ဆေးလုံးတွေ ဝယ်ချင်တယ် ဆိုမှတော့ ကျွန်တော်တို့နဲ့ အထဲကို လိုက်ခဲ့ပေးပါ။ သင်းရနံ့မြို့ရဲ့ အကြီးမားဆုံး ဆေးဆိုင်းတစ်ဆိုင် ဖြစ်တဲ့ လီကောင်းကင်ဆေးအိမ်တော် အနေနဲ့ သခင်ငယ်လေးကို စိတ်မပျက်စေရပါဘူး” ဆိုင်ဝန်ထမ်းက ပြုံးလိုက်ပြီး ရန်ကိုင်ကို ပြောလိုက်တယ်။

အခုအခြေအနေထိ ရောက်လာမှတော့ သူသာ နောက်ပြန်ဆုတ်လိုက်ရင် ထိုလူတွေ အထင်သေးတာကို ကျိန်သေးခံရပါလိမ့်မယ်။ အဲ့အချက်ကို ဘေးဖယ်ထားရင်တောင် သူထွက်သွားချင်တယ် ဆိုရင်တောင် ထွက်သွားနိုင်လိမ့်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ တစ်ဖက်က သေချာပြင်ဆင် ထားတာလေ။

“ပြန်ရောက်တော့မှ ဒီကိစ္စကို ရှင်းကြတာပေါ့” ရန်ကိုင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆိုင်ဝန်ထမ်းတွေနဲ့အတူ လီကောင်းကင်ဆေးအိမ်တော်ထဲကို ဝင်သွားလိုက်တယ်။

ပီလော့၏ အမူအရာလေး အနည်းငယ် သုန်မှုန်သွားခဲ့တယ်။ ဒါပေမယ့် စိုးရိမ်စွာနဲ့ ရန်ကိုင်နောက်ကို အမြန်လိုက်သွားခဲ့တယ်။ သူမမျက်ဝန်းကတော့ မကျေမနပ်မှုနဲ့ နောင်တတို့ဖြင့် ပြည့်နေခဲ့တယ်။

လီကောင်းကင်ဆေးအိမ်တော်ထဲကို ဝင်လိုက်တာနဲ့ ရန်ကိုင်အနေနဲ့ ဆိုင်အနေအထားကို စူးစမ်းဖို့ အခွင့်အရေး တစ်ချက်ကလေးတောင် မရသေးခင်မှာပဲ စူးရှပြီး ရန်လိုတဲ့အကြည့်တစ်ခုကို ခံစားမိလိုက်တယ်။

ရန်ကိုင်လည်း ထိုအကြည့်ရှိရာဆီ ပြန်ပြီး စူးစိုက်ကြည့်လိုက်ကာ သူ့အမူအရာကတော့ အေးစက်နေခဲ့တယ်။

ထိုကဲ့သို့ ထွားကြိုင်းတဲ့ လူမျိုးကို ရန်ကိုင် တစ်ခါမှ မတွေ့ဖူးခဲ့ပါဘူး။ ထိုလူက သာမန်လူထက် ခေါင်းနှစ်လုံး ပိုမြင့်ကာ ကိုယ်လုံးကိုယ်ပေါက်ကလည်း အလွန်အမင်း ကြီးမားထွားကြိုင်း လှပါတယ်။ သူ့ကြွက်သားတစ်ခု ချင်းစီကလည်း အသက်စွမ်းအား၊ ပေါက်ကွဲစွမ်းအားတို့ဖြင့် ပြည့်နေခဲ့ပြီး ဧရာမသားရဲကြီး တစ်ကောင်က သူရှေ့ရောက်နေသလားတောင် ထင်မှတ်ရပါတယ်။

သူ့မျက်ဝန်းအစုံက ပိတ်တော့မတတ် မှေးကျဉ်းနေခဲ့ပြီး အေးစက်စက် အလင်းရောင်တို့ဖြင့် လက်နေခဲ့ကာ သူ့ပါးစပ်ကတော့ အေးစက်စက် အပြုံးတစ်ခုကို ဆင်မြန်းလို့ထားခဲ့တယ်။

မတိုက်ခိုက်ရသေးပေမယ့် ထိုလူသန်ကြီးဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အကြောင့် အနည်းငယ် ဖိနှိပ်သလို ရန်ကိုင် ခံစားလိုက်ရတယ်။ လီယုရဲ့ တိုက်ပွဲစွမ်းရည်က ချူရီမန်လောက် ရှိမယ်လို့ ရန်ကိုင် ခန့်မှန်းလိုက်တယ်။ ပိုတောင် မြင့်ရင် မြင့်နိုင်ပါသေးတယ်။

“လီယု၊ နင်ဘာလုပ်ချင်တာလဲ” ပီလော့ ဆိုင်ခန်းထဲကို ဝင်လာတာနဲ့ ချက်ချင်းပဲ မျက်မှောင်ကြုံ့လိုက်ပြီး ပြောလိုက်တယ် “သူက ငါ့သခင်မရဲ့ ဂုဏ်သရေရှိ ဧည့်သည့်တစ်ယောက်နော်။ နင့်ကိုယ်နင် အရမ်းကြီး စိတ်ကြီးဝင်မနေနဲ့”

“နတ်ဆိုးဘုရင်မရဲ့ ဂုဏ်သရေရှိ ဧည့်သည့်လား” လီယုက တစ်ခဏတာလောက် ကြောင်အသွားခဲ့ပြီးနောက် အထင်အမြင် သေးစွာဖြင့် လှောင်ပြောင်လိုက်ကာ အေးစက်စက် လေသံဖြင့် “သူလား။ သူက ဘယ်သူမို့လို့လဲ။ နတ်ဆိုးဘုရင်မရဲ့ ဂုဏ်သရှေရှိ ဧည့်သည်ဖြစ်ရအောင် သူ့မှာ ဘာအရည်အချင်း ရှိလို့လဲ”

ပီလော့က သူ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေတယ် ထင်ကာ လီယုကလည်း ပီလော့ပြောတာကို မယုံကြည်ခဲ့ပါဘူး။

“ငါတကယ် ပြောနေတာ” ပီလော့က စိုးရိမ်စွာနဲ့ ပြောလိုက်တယ် “သူသာ တစ်ခုခု ဖြစ်သွားကြည့်၊ နင့်အသက်နဲ့ ပြန်ပေးဆပ်ရလိမ့်မယ်။ သခင်မရဲ့ ဒေါသကို ပေါ့သေးသေး မမှတ်နဲ့။ နင့်ရဲ့ လီမိသားစုတောင် နင့်အသက်ကို ကယ်နိုင်မှာ မဟုတ်ဘူး”

“လုံလောက်ပြီ” လီယုက စိတ်မရှည်စွာနဲ့ အော်ဟစ်လိုက်တယ်။ ပီလော့က ရန်ကိုင်ဘက်ကနေ ဝင်ပြောပေးနေတာကို တွေ့ရတော့ လီယုကပိုပြီး ဒေါသထွက်သွားခဲ့ပြီး အေးစက်စက် ပြုံးလိုက်ရင်း “နတ်ဆိုးဘုရင်မရဲ့ ဧည့်သည့် ဖြစ်တော့ရော ဘာဖြစ်လဲ။ သူ မသေသေးသရွေ့ အားလုံး အဆင်ပြေတယ်မလား၊ ငါပြောတာ ဟုတ်တယ်မလား။ ဟန့်… သူ့ရဲ့ ပိန်လီနေတဲ့ လက်တွေ၊ ခြေထောက်တွေကို အရင်ကြည့်လိုက်ဦး။ ဒီသခင်ကလေးက သူ့ကိုတိုက်ခိုက်ဖို မပြောနဲ့ မြင်တာနဲ့တင် အထင်သေးမိတယ်။ သူ့ကို တိုက်ခိုက်ရင်လည်း အခြားသူတွေက အားနည်းသူကို အနိုင်ကျင့်တယ်ဆိုပြီး ပြောနေဦးမယ်”

ထိုစကားကို ကြားလိုက်တော့မှပဲ ပီလော့ စိတ်သက်သာရာ ရသွားခဲ့ပြီး “ကောင်းတယ်၊ နင့်မှာ အသိစိတ်လေးတော့ ရှိသေးသားပဲ”

ပီလော့သာ ကိုယ်တိုင် မတိုက်ခိုက်သရွေ့ အားလုံးက အဆင်ပြေပါတယ်။

ထိုနှစ်ယောက် စကားပြောနေစဉ် ရန်ကိုင်က ဘေးကနေ ထိုင်နားထောင် နေခဲ့တယ်။ အခြေအနေတွေက ထိုအတိုင်းအတာအထိ ရောက်လာတဲ့ အချိန်မှာတော့ ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး “မင်းတို့နှစ်ယောက်ကြားမှာ ရှိတဲ့ မကျေနပ်ချက်တွေကို ကိုယ့်ဘာသာကိုယ်ပဲ ရှင်းသင့်တယ်။ ငါက ဒီကို ဆေးဝယ်ဖို့ပဲ လာခဲ့တာလို့ ပြောပြီးပြီ”

“ဆေးဝယ်ဖို့လား” လီယုက အဓိပ္ပါယ်ရှိရှိနဲ့ ပြုံးလိုက်ပြီး “ငါတို့မှာ တကယ်ပဲ ရောင်စရာ ဆေးလုံးတွေ အများကြီးရှိတယ်။ အခြားသူတွေ ဝယ်ချင်တယ် ဆိုရင် ငါတို့က ဈေးသက်သက်သာသာနဲ့ ရောင်းပေးမှာ။ ဒါပေမယ့် ကောင်စုတ်လေး၊ မင်းဝယ်ချင်တယ် ဆိုရင်တော့ အဲ့လောက် မလွယ်လောက်ဘူး”

“လီယု၊ နင်ဘာလို့ အဲ့လောက် ခေါင်းမာနေရတာလဲ” ပီလော့ရဲ့ အကြည့်က အေးစက်သွားခဲ့ပြီး “လီကောင်းကင်ဆေးအိမ်တော်က ဆေးဆိုင်ဖွင့်ထားတာက စီးဟွားရေးလုပ်ဖို့ မဟုတ်ဘူးလား။ နင်သူ့ကို ရည်ရွယ်ချက်ရှိရှိနဲ့ အရှက်ခွဲဖို့ ကြိုးစားနေတာလား”

“ဟုတ်တယ်၊ ငါသူ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာ၊ အဲ့လိုမလုပ်စေချင်ရင်…. မိန်းကလေးပီလော့ အနေနဲ့ ငါ့ကို လက်ထပ်မယ်လို့ ကတိပေးမှရမယ်။ နင်သာ ငါ့ကိုလက်ထပ်မယ်လို့ ကျိန်ဆိုကတိပေးသရွေ့ ငါအခုချက်ချင်း ဒီကောင်စုတ်လေးရှေ့မှာ ဒူထောက်ဦးတိုက်ပြီး ငါလုပ်ခဲ့တဲ့တာတွေ အကုန်လုံးအတွက် သင့်တော်တဲ့ လျော်ကြေးကို ချက်ချင်း လျော်ပေးလိုက်မယ်” လီယုက ပီလော့ကို ကြည့်လိုက်ပြီး မောက်မာတဲ့ အပြုံးကို ဆင်မြန်းရင်း ပြုံးလိုက်တယ်။

“အိမ်မက်သာ မက်နေလိုက်” ပီလော့က ချက်ချင်းပဲ ငြင်းဆိုလိုက်တယ် “ဒီသခင်မလေးက နင့်ကိုလက်ထပ်မယ့်အစား ခွေးတစ်ကောင်ကိုပဲ လက်ထပ်လိုက်မယ်”

လီယုက သူစကားကြောင့် ဒေါသထွက်ရမယ့်အစား ရယ်တောင် ရယ်လိုက်ပါသေးတယ်။ ပီလော့သာ ဘာမှ မပြောမှသာ သူဒေါသထွက်မိမှာပါ။

ထို့နောက် လီယုက ရန်ကိုင်ကို ကြည့်လိုက်ပြီး ရေခဲတမျှ အေးစက်ပြီး အထင်အမြင်သေးတဲ့ အပြုံးကို ဆင်မြန်းရင်း “ကောင်စုတ်လေး၊ ကြည့်ရတာက မင်းက ကံမကောင်းသွားတဲ့ ပုံပဲ။ သူမက ငါ့ကို လက်ထပ်ဖို့ ငြင်းဆိုတဲ့အတွက် မင်းလည်း မင်းလိုချင်တာကို ဒီလောက် လွယ်လွယ်နဲ့ ဘယ်ရတော့မလဲ”

“မင်းဘယ်ဆေး ဝယ်ချင်တာလဲ” လီယုက ရုတ်တရက် ကောက်မေးလိုက်တယ်။

ပီလော့က လီယုက နောက်တစ်လှမ်းဆုတ် သွားတယ်ထင်ကာ စိတ်သက်သာရာ ရသွားပြီး ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ဝိဥာဉ်အားဖြည့်ဆေး”

“ကောင်းတယ်၊ ငါတို့မှာ အဲ့လိုဆေးလုံးတွေ အများကြီးပဲ ရှိသေးတယ်” လီယုက ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ရမ်းပြလိုက်တယ် “ငါတို့မှာ ရှိတဲ့ ဆေးတွေကို ထုတ်လာခဲ့”

ဆိုင်ဝန်ထမ်းတွေက ခပ်မြန်မြန်ပဲ ခေါင်းညိတ်ပြလိုက်ကာ တစ်ခဏကြာပြီးနောက် ဆေးပုလင်းဒါဇင်ကျော်ကို ထုတ်ယူလာခဲ့တယ်။

“အင်း၊ အဲ့ဆေးလုံးတွေ အားလုံးကို ကျေးဇူးပြုပြီး နန်းတော်ဆီ ပို့ပေးပါလား၊ ရက်နည်းနည်း ကြာတာနဲ့ ငါတို့ ပိုက်ဆံပို့ပေးလိုက်မယ်” ပီလော့က အသာအယာလေး ပြုံးလိုက်ပြီး လီယုကို ကြည့်ကာ “နင်ကြည့်ရတာ အကျိုးသင့် အကြောင်းသင့် မလုပ်တတ်တဲ့ လူမျိုးမဟုတ်ဘူးပဲ”

“ဟဲဟဲ” လီယုက အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီးနောက် ရန်ကိုင်ကို ကြည့်လိုက်ကာ “ဟုတ်တာပေါ့၊ ငါကတော့ အကျိုးသင့် အကြောင့်သင့် မလုပ်တတ်တဲ့ လူမျိုး ဘယ်ဟုတ်မလဲ။ ငါက ဒီသူငယ်ချင်းလေးဆီကနေ မျက်နှာရဖို့ ကြိုးစားနေတာလေ”

“မျက်နှာက ငါ့ဘာသာငါ ရထားတာ၊ အခြားလူ လာပေးထားတာ မဟုတ်ဘူး” ရန်ကိုင်က အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ အခုလို ဘာမဟုတ်တဲ့ ကိစ္စထဲ အလကား သက်သက် ဆွဲထည့်ခံလိုက်ရတာက ရန်ကိုင်ကို တော်တော်လေး မပျော်မရွှင် ဖြစ်သွားစေခဲ့ပါတယ်။

သူသာ မပျော်ရွှင်ရင် ဘယ်သူမှ ပျော်ရွှင်ရလိမ့်မှာ မဟုတ်ပါဘူး။

“အရမ်း ကောင်းတယ်” လီယုက ရယ်မောလိုက်ပြီး “မင်းက အဲ့လို ပြောလာမှာတော့၊ ငါမင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခု၊ ဒီလေးလုံးတွေကို ယူပြီး သင်းရနံ့မြို့ထဲကနေ ထွက်သွားတော့။ ပိုဝေးဝေးသွားလေ ပိုကောင်းလေပဲ။ ဒီတစ်ဘဝလုံး ငါမင်းကို ဘယ်တော့မှ နောက်တစ်ကြိမ် ထပ်မမြင်ရရင် အကောင်းဆုံးပဲ”

“ဒုတိယတစ်ခုကို ရွေးတယ်” ရန်ကိုင်က လီယုကို မထူးခြားနားသည့် အမူအရာနှင့် ပြန်ကြည့်လိုက်ပြီး ချက်ချင်းပဲ သူ့စကားကို ဖြတ်ပြောလိုက်တယ်။

လီယုက တစ်ခဏတာလောက် ကြောင်အသွားခဲ့ပြီး ပျော်ရွှင်စွာ ကြိတ်ပြုံးလိုက်ရင်း “ကောင်းတယ်၊ မင်းလို ရူးသွပ်ပြီး မောက်မာတဲ့ ကောင်စုတ်လေး တစ်ကောင်ကို မတွေ့ရတာတောင် တော်တော်‌ ကြာနေပြီပဲ”

ပြောပြီးတာနဲ့ အနားမှာ ရပ်နေတဲ့ ဆိုင်ဝန်ထမ်း အချို့ကို အချက်ပြလိုက်ပြီး “မင်းတို့တွေ သူနဲ့ နည်းနည်း ကစားပေးလိုက်။ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ဒီဆေးတွေကို မင်းအပိုင်ရလိမ့်မယ်”

ပီလော့က ကြောင်အသွားခဲ့ပြီး ချက်ချင်းပဲ ကန့်ကွက်လိုက်တယ် “ဟေး၊ လီယု အဲ့လောက် လွန်မလာနဲ့နော်။ သူတို့တွေ အားလုံးက အစစ်အမှန်ဒြပ်စင်အဆင့်တွေ ချည်းပဲလေ။ တစ်ယောက်ချင်း တစ်ယောက်ချင်းဆိုရင် ကိစ္စမရှိပေမယ့် အုပ်စုဖွဲ့ပြီး သူ့တစ်ယောက်တည်းကို ဝိုင်းတိုက်ခိုက်ဖို့ ကြိုးစားနေတာကတော့ နင်အနိုင်ကျင့်တာ အရမ်းမလွန်လွန်းဘူးလား”

“သူ့ကို အရမ်းအနိုင်ကျင့်တာလား” လီယုက အထင်အမြင် သေးစွာဖြင့် ပြန်ပြောလိုက်ပြီး “ဒီနေရာမှာ ဒီကောင်စုတ်လေးက ဒီသခင်လေးနဲ့ ပိုက်ဆံစွမ်းအားချင်း မယှဉ်နိုင်ဘူး။ မိသားစု စွမ်းအားချင်းလည်း မယှဉ်နိုင်ဘူး။ အဲ့တော့ သူ့မှာ ငါ့နဲ့ယှဉ်ပြိုင်စရာ ရှိတော့တာဆိုလို့ ခွန်အားပဲ ရှိတော့တာပေါ့။ သူက ငါ့ရှေ့မှာ မောက်မာရဲမှတော့ သူ့မှာ ခွန်အားရှိကြောင်း သက်သေပြမှ ဖြစ်မှာပေါ့”

ဆိုင်ဝန်ထမ်းတွေကလည်း ကြိတ်ပြုံးပြုံး လိုက်ကြတယ်။ အားလုံးက လက်ဆစ်ချိုးရင်း လည်ပင်းကို ဘယ်ချိုး၊ ညာချိုး လုပ်ကာ ရန်ကိုငဆီကို ဖြေးဖြေးချင်း လမ်းလျှောက်သွားလိုက်ပြီး သူ့ကို ဝိုင်းလိုက်ကြတယ်။

ထိုလူငယ်တွေ အားလုံးက သာမညောင်းညာမညတွေ မဟုတ်ပါဘူး။ သူတို့အားလုံးက အနည်းဆုံး အစစ်အမှန်ဒြပ်စင်အဆင့်၃၊ အဆင့်၄ကို ရောက်နေတဲ့ သူတွေပါ။ သူတို့ထဲက တစ်ယောက်ဆိုရင် အစစ်အမှန် ဒြပ်စင်အဆင့်ကို၆ကိုတောင် ရောက်နေခဲ့ပါတယ်။

လီကောင်းကင်ဆေးအိမ်တော်ထဲမှာ ရှိတဲ့ လူအိုကြီး အနည်းငယ်က စောင့်ကြည့်လိုက်တယ်။ သူတို့ အမူအရာတွေက ထုံထုံမှိုင်းမှိုင်းနဲ့ ဖြစ်ကာ မထူးခြားနားသည့် အမူအရာကို အားလုံး ဆင်မြန်းထားကြပါတယ်။ သူတို့တွေက လီမိသားစုမှာ တာဝန်ထမ်းဆောင်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ ဖြစ်ပေမယ့် သူတို့ကိုယ်သူတို့ နိမ့်ကျအောင် လုပ်ပြီး လူငယ်တွေ ကြားက တိုက်ပွဲမှာ ဝင်ပြီး နှောင့်ယှတ်လိမ့်မှာ မဟုတ်ပါဘူး။

သူတို့ ဝင်ရှုပ်ချင်တယ် ဆိုရင်တောင် လီယုက ခွင့်ပြုလိမ့်မှာ မဟုတ်ပါဘူး။ ရန်ကိုင်နဲ့ ပီလော့ အတူတူလာတဲ့ အချက်ကတင် သူတို့ကြားက ဆက်ဆံရေးက သာမန်မဟုတ်ဘူးဆိုတာကို သက်သေပြနေခဲ့ပါပြီ။ သူတို့သာ ဝင်ရှုပ်လိုက်ပါက မြို့ထဲမှာရှိတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေရဲ့ အားရုံကို ဆွဲဆောင်သွားနိုင်သည့် အပြင် ရှန်ချင်းလော့ရဲ့ အာရုံကိုပါ ဆွဲဆောင်သွားနိုင်ကာ အခြေအနေတွေကို ပိုပြီး ဆိုးရွားသွားစေနိုင်ပါတယ်။

လူငယ်တွေကြားက တိုက်ပွဲတွေက သူတို့အချင်းချင်းပဲ ဖြေရှင်းသင့်တာပါ။ သူတို့လို အကြီးတွေ ဝင်ပါသင့်တဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။

ဒါကြောင့်ပဲ ထိုလူအိုကြီးတွေက သူတို့တိုက်ပွဲကို ကြည့်သာကြည့်နေပြီး ဝင်မပါတာပါ။ သူတို့ သခင်လေး အခြားတစ်ယောက်ကို အနိုင်ကျင့်တာကလည်း ပထမဆုံး အကြိမ်မှ မဟုတ်တော့တာကို။ သူတို့ သခင်လေး လူသတ်တာတောင် သာမန်ကိစ္စ တစ်ခု ဖြစ်နေတာကို အခုကိစ္စကတော့ ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။

“ကောင်စုတ်လေး၊ မင်းအတွက် နောင်တရဖို့ အရမ်းနောက်ကျသွားခဲ့ပြီ။ ငါ မင်းရဲ့ ဦးလေးက မင်းကို နောက်တစ်ကြိမ် ထပ်ရွေးချယ်ခွင့် ပေးမှာ မဟုတ်တော့ဘူး” လီယုက ရူသွပ်စွာ ရယ်မောလိုက်တယ်။

ဒါပေမယ့် လီယု ရယ်မောနေတဲ့အချိန် ရန်ကိုင်က စတင်လှုပ်ရှားနေခဲ့ပါပြီ။

အစစ်အမှန်ဒြပ်စင်အဆင့်၃ ဆိုင်ဝန်ထမ်းလေး အနေနဲ့ မှုန်ဝါးဝါး အရိပ်တစ်ခုကိုသာ မြင်တွေ့လိုက်ရပြီး ချက်ချင်းပဲ သူ့တစ်ကိုယ်လုံး လေပေါ်မြောက်တက်သွားခဲ့ကာ သူ့ရင်ဘတ်ထက်မှ စူးရှတဲ့ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီးနောက် ချက်ချင်း သတိလစ်သွားခဲ့တယ်။

ဖုန်း… ဖုန်း… ဖုန်း…

ပုံရိပ်သုံး၊လေးခုလောက် လွင့်ပျံထွက်လာခဲ့တယ်။ အရိုးကျိုးသံနဲ့အတူ မျက်တောင်တစ်ခတ် အတွင်းမှာပဲ လီယုရဲ့ နောက်လိုက်ငယ်သွားတွေ အကုန်လုံး မြေကြီးပေါ်မှာ လဲလျောင်းနေခဲ့ရတယ်။ အစစ်အမှန်ဒြပ်စင်အဆင့်၆ကို ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ ကျန်ခဲ့ပါတယ်။

ဒါပေမယ့် ထိုကျင့်ကြံသူလည်း ရန်ကိုင်အစွမ်းကြောင့် မှင်သက်နေရာမှ အသိပြန်ဝင်မလာ သေးခင်မှာပဲ သူ့ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာတာကို တွေ့လိုက်ရတယ်။

ထိတ်လန့်တကြားနဲ့ ခုခံဖို့ ကြိုးစားလိုက်ပေမယ့် ရန်ကိုင်က ထိုလူရဲ့ အကာအကွယ်ကို အလွယ်တကူ ထိုးဖောက်သွားခဲ့တယ်။ ရန်ကိုင်ရဲ့ လက်သီးမိုးက ထိုကျင့်ကြံသူ ပေါ်သို့ တရစပ်ကျရောက်လာခဲ့တယ်။

ခွပ်…ခွပ်… ခွပ်… ခွပ်

ခရက်… ခရက်…

အစစ်အမှန်ချီနဲ့ ရန်ကိုင် လက်သီးကို မပိတ်ဆို့ နိုင်ခဲ့တဲ့အတွက် သူ့အရိုးတွေ ကျိုးကြေသွားခဲ့ရတယ်။

နောက်ဆုံးမှာတော့ ရန်ကိုင်က ထိုဆိုင်ဝန်ထမ်းရဲ့ ပုခုံးကို ပိတ်ကန်ပစ်လိုက်တယ်။ ထိုလူလည်း လေထဲလွင့်ပျံ ထွက်သွားခဲ့ပြီး မြေကြီးပေါ်‌ ရောက်တာနဲ့ တစ်ခါတည်း တန်းသတိလစ်သွားခဲ့တယ်။

လီယု ချက်ချင်း မျက်ဝန်း မှေးကျဉ်းလိုက်တယ်။ ရန်ကိုင် စတိုက်ခိုက်လိုက်တာနဲ့ ရန်ကိုင် ခွန်အားကို သူချက်ချင်း တန်းသတိပြုမိလိုက်တယ်။ ရန်ကိုင် အစစ်အမှန်ချီရဲ့ စွမ်းအားနဲ့ သန့်စင်မှုက မြင့်မားလွန်းလို့ သူတောင် သူမျက်လုံးသူ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သူ့အသိ ပြန်မဝင်နိုင်သေးခင်မှာပဲ သူ့လက်အောက် ငယ်သားတွေ အကုန်လုံး သတိလစ်ကုန်ကြပါပြီ။

ပီလော့ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ မျက်ဝန်းအစုံက ပြူးကျယ်နေခဲ့ပြီး ရန်ကိုင်ကို ကြည့်တဲ့ သူမရဲ့ အကြည့်က ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ရန်ကိုင်နဲ့ အကြိမ်ပေါင်းများစွာ ဆက်ဆံခဲ့ဖူးပေမယ့် သူနဲ့ပက်သက်ပြီး သူမအများကြီး မသိပါဘူး။ သူနဲ့ပက်သက်ပြီး သူမသိတဲ့ တစ်ခုတည်းသော အရာက သူ့ကျင့်ကြံခြင်းအဆင့်က အရမ်းမမြင့်ဘူး ဆိုတာပါပဲ။

ဒါက ရန်ကိုင်ကို တိုက်ခိုက်တာကို သူမ ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးတာပါ။

မျက်တောင်တစ်ခတ် အတွင်းမှာပဲ အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ အားလုံးကို အမှောက်သိပ်လိုက်နိုင်ခဲ့တယ်။ သူဘယ်လောက်တောင်များ အားကောင်းနေတာလဲ။

ဒါက အစစ်အမှန်ဒြပ်စင်အဆင့်၅ ကျင့်ကြံသူတစ်ယောက်မှာ ရှိသင့်တဲ့ ခွန်အားလား။ ပီလော့၏ စိတ်နှလုံးအစုံက အလိုလို တုန်လှုပ်သွားမိခဲ့တယ်။

သူမရဲ့ သခင်မက ရန်ကိုင်ကို ဘာလို့ ဒီလောက် အလေးထားနေမှန်း ရုတ်ချည်း သူမနားလည်သွားခဲ့တယ်။

ထို အစစ်အမှန်ဒြပ်စင်အဆင့်၅ ကောင်စုတ်က အခြားသူတွေနဲ့ တကယ်ပဲ ကွဲပြားပါတယ်။

လီကောင်းကင်ဆေးအိမ်တော်ထဲမှာ ရှိနေတဲ့ လူအိုကြီးတွေတောင် မျက်လုံးမှေးကျဉ်းမိလိုက်ကြတယ်။ ရန်ကိုင်ဆီကနေ ပေါက်ကွဲ ထွက်ပေါ်လာတဲ့ ခွန်အားက သူတို့လို လူအိုကြီးတွေကို ကတယ်ပဲ အံ့အားသင့်သွားစေနိုင်ခဲ့ပါတယ်။

ရန်ကိုင်က လျှော့လျှော့ပေါ့ပေါ့လေး တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ အားရပါးရနဲ့ကို တိုက်ခိုက်ခဲ့တာပါ။ ထိုအစစ်အမှန် ဒြပ်စင်အဆင့် ဆိုင်ဝန်ထမ်းတွေ အကုန်လုံး အနည်းဆုံး အရိုးဒါဇင်ကျော်လောက် ကျိုးသွားခဲ့ကြပါတယ်။ အစစ်အမှန်ဒြပ်စင်အဆင့်၆ ဆိုင်ဝန်းထမ်းရဲ့ အခြေအနေက ပိုပြီးတော့တောင် ဆိုးရွားပါသေးတယ်။ သူတို့ မြင်ရသလောက်ဆိုရင် ထိုလူအနေနဲ့ အိပ်ရာထဲမှာ နောက်ထပ် ၆လလောက် အနည်းဆုံး လှဲနေရပါလိမ့်မယ်။

ဒီလောက်တောင် အားကောင်းလှတဲ့ လူငယ်တစ်ယောက်ကို သူတို့အရင်တုန်းက ဘာလို့မကြားဖူး ခဲ့ရတာလဲ။

ထိုပရမ်းပတာ အဖြစ်အပျက်ကြား ရန်ကိုင်က မထူးခြားနားသည့် ဟန်ဖြင့် ရပ်နေခဲ့ပြီး ဘေးပတ်လည်က လူငယ်တွေ အားလုံးကို လှည့်ကြည့်လိုက်ကာ အော်ခေါ်လိုက်တယ် “ပီလော့”

“ဟန်” အခုမှပဲ ပီလော့ အသိပြန်ဝင်လာခဲ့ပြီး ခပ်မြန်မြန်ပဲ ပြန်ထူးလိုက်တယ်။

“ဆေးလုံးတွေကို ယူလိုက်၊ ငါတို့သွားကြမယ်”

“အင်း” ပီလော့က ရှေ့တက်သွားလိုက်ပြီး ဆိုင်ဝန်ထမ်း လက်ထဲက ဆေးပုလင်းတွေကို သိမ်ကြုံးယူလိုက်ပြီး ရန်ကိုင်နောက်ကနေ ခပ်မြန်မြန်ပဲ လိုက်သွားလိုက်တယ်။

“ထွက်သွားချင်တာလား” လီယုက မိုးချိန်းသံတမျှ ကျယ်လောင်လှတဲ့ အသံနဲ့ အော်ဟစ်လိုက်တယ်။ ထို့နောက် အားလုံး ခေါင်းထက်ကနေ ခုန်သွားလိုက်ပြီး ရန်ကိုင်ရှေ့ကို ခုန်ဆင်းလိုက်ကာ သူ့လမ်းကို ပိတ်လိုက်ရင်း ရန်ကိုင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး “ငါ့လူတွေကို ဒဏ်ရာရအောင် လုပ်သွားပြီး မင်းက ဒီအတိုင်းလေး လမ်းလျှောက် ထွက်သွားချင်တာလား။ အိမ်မက် မက်နေလိုက်”

“မင်းဘာလိုချင်တာလဲ” ရန်ကိုင်က အေးစက်စက် အကြည့်နဲ့ ပြန်ကြည့်လိုက်တယ်။

“ငါနဲ့ တိုက်ခိုက်ပေး” လီယူက လည်ဆစ်ချိုးလိုက်ပြီး “မင်းငါ့ကို အနိုင်မယူနိုင်ဘူးဆိုရင် ဒီနေရာကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”

“လီယု၊ အရမ်းလွန်မလာနဲ့နော်” ပီလော့ မျက်မှောင်ကြုံ့လိုက်တယ်။

“ငါလိုချင်တာကို ငါရပြီးသွားပြီ။ ငါ့ကို မင်းနဲ့တိုက်ခိုင်းရအောင် မင်းက ဘာမို့လို့လဲ”

ဒါပေမယ့် လီယုက လှောင်ပြောင်လိုက်ပြီး “ဝိဥာဉ် အားဖြည့်ဆေး… လီကောင်းကင်ဆေးအိမ်တော်မှာ ဆန်းကြယ်အဆင့်နိမ့် ဝိဥာဉ် အားဖြည့်ဆေးတစ်လုံး ရှိတယ်”

“စိတ်မဝင်စားဘူး”

ဆန်းကြယ်အဆင့်နိမ့် ဆေးလုံးက တကယ်ပဲ တန်ဖိုးရှိပါတယ်။ ဒါပေမယ့် တစ်လုံးပဲ ရှိတာဆိုတော့ ထိုဆေးလုံးက ရန်ကိုင်ရဲ့ အာလုံကို မဆွဲဆောင်နိုင်ပါဘူး။ ဆေးလုံးက ဘယ်လောက်ပဲ ကောင်းကောင်း တစ်ကြိမ်ပဲ သုံးလို့ရတာလေ။

Martial Peak

အပိုင်း(၃၁၉) သူ့အဆင့်အတန်းက မြင့်တယ်

“ဆန်းကြယ်အဆင့် ဆေးလုံးက မင်းအတွက် မလုံလောက်သေးဘူးလား” လီယုက အနည်းငယ်လေး မျက်မှောင်ကြုံ့မိလိုက်တယ်။ ထိုဆေးလုံးက သာမန် ဆေးလုံးမဟုတ်ပဲ စိတ်စွမ်းအင်ကို ပြန်ဖြည့်ဖို့ သုံးတဲ့ ဆေးလုံးပါ။ ထိုစိတ်စွမ်းအင်ကို ပြန်ဖြည့်ဖို့ သုံးတဲ့ ဆန်းကြယ်အဆင့် ဆေးလုံးက အနည်းဆုံး ငွေဒင်္ဂါး သောင်းကျော် တန်ဖိုးရှိပါတယ်။

ပြီးတော့ ထိုဆန်းကြယ် အဆင့်ဆေးလုံး ဆိုတာက အလွယ်တကူ သန့်စင်လို့ရတဲ့ ဆေးလုံးတွေ မဟုတ်ပါဘူး။ ဟန်မင်းဆက် တစ်ခုလုံးမှာတောင် ဆန်းကြယ်အဆင့် ဆေးပညာရှင်က အယောက်၃၀ထက် မပိုပါဘူး။ ဒါပေမယ့် ရန်ကိုင်က ထိုကဲ့သို့ ရှားပါးတဲ့ ရတနာတစ်ခုကို လျစ်လျူရှုထားခဲ့တယ်။ ထိုကောင်စုတ်လေးရဲ့ စံက အရမ်းကို မြင့်လွန်းမနေဘူးလား။

“စိတ်မဝင်စားဘူး” ရန်ကိုင်က သာမန်ကာလျှံကာ လေသံနဲ့ ပြန်ပြောလိုက်တယ်။

“ကောင်စုတ်” လီယုရဲ့ မျက်ဝန်းအစုံက ရုတ်တရက်ကြီး အေးစက်သွားခဲ့ပြီး သူ့ရဲ့ အစစ်အမှန်ချီစွမ်းအင်တို့က ပေါက်ကွဲထွက်လာခဲ့ကာ “ငါ၊ မင်းရဲ့ ဦးလေးက မင်းစိတ်ဝင်စားတာ၊ မစားတာကို သောက်ဂရုမစိုက်ဘူးကွ။ မင်းဦးလေးက တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားမှာတော့ မင်းမှာ တိုက်ခိုက်ရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိတော့ဘူး”

ပြောပြီးတာနဲ့ လီယုက မာန်သွင်းလိုက်သဖြင့် သူ့ရပ်နေတဲ့ နေရာပတ်ပတ်လည်က မြေကြီးတွေ အကုန်အက်ကွဲကုန်ကာ ကျောက်စကျောက်နတွေလည်း အဘက်ဘက်ကို လွင့်စင်ထွက်ကုန်ပါတယ်။

ခရမ်းရောင်နဲ့ အနက်ရောင် ရောယှတ်နေတဲ့ အလင်းရောင်တို့က လီယုရဲ့ ကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး ချီစွမ်းအင် လှိုင်းလုံးတို့ ထွက်ပေါ်လာခဲ့ကာ ရန်ကိုင်ကို ရိုက်ခတ်သွားခဲ့တယ်။

“လီယု၊ နင်သူတို့ကို ဒဏ်ရာရအောင် လုပ်ရဲရင် နင်သေပြီပဲ” ပီလော့ရဲ့ မျက်နှာလှလှလေးက ဖြူလျော်သွားခဲ့ပြီး အော်ပြောလိုက်ပါတယ်။

ရန်ကိုင်က အစစ်အမှန်ဒြပ်စင်အဆင့် ဆိုင်ဝန်ထမ်းတွေကို တစ်ခဏအတွင်းမှာပဲ အမှောက်သိပ် နိုင်ခဲ့ပေမယ့် ထိုဆိုင်ဝန်းထမ်းတွေရဲ့ ခွန်အားနဲ့ လီယုရဲ့ ခွန်အားက ကမ္ဘာတစ်ခုစီပါ။ တိမ်မိစ္ဆာနယ်မြေမှာတောင် လီယုက တော်တော်လေး ကျော်ကြားပါတယ်။ သူက အထွတ်အထိပ် အဆင့် ပညာရှင် တစ်ယောက် မဟုတ်ပေမယ့် သူ့ရဲ့ အားကောင်းလှတဲ့ တိုက်ပွဲစွမ်းရည်ကြောင့် တိမ်မိစ္ဆာနယ်မြေမှာ လူသိများပါတယ်။ လူငယ်မျိုးဆက်ထဲမှာ သူနဲ့ လက်ရည်တူ ယှဉ်တိုက်နိုင်တဲ့ လူဆိုလို့ နည်းနည်းလေးပဲ ရှိပါတယ်။

ပြီးတော့ လီယုက သွေးဆာတဲ့ လူတစ်ယောက်ပါ။ သူနဲ့ ဆော့ကစားခဲ့တဲ့ လူအကုန်လုံး ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာ ချည်းပါပဲ။ တစ်ယောက်တောင် အသက်မရှင်ခဲ့ပါဘူး။

ရန်ကိုင်က လီယုရဲ့ ပြိုင်ဘက် ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား ဆိုတာကို မသိတဲ့အတွက် ပီလော့အနေနဲ့ ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်ပါ့မလဲ။ တစ်ခုခုသာ မှားယွင်သွားခဲ့ရင် ရှန်ချင်းလော့ကို သူမဘယ်လိုလုပ်ပြီး ရှင်းပြရပါ့မလဲ.

ထိုအတွေးတွေထဲ သူမခေါင်းထဲ ပြေးလွှားနေစဉ် ရန်ကိုင်ဆီကနေ အစစ်အမှန်ချီစွမ်းအင်တို့ ပေါက်ကွဲ ထွက်လာခဲ့တယ်။

အစစ်အမှန် လှိုင်းလုံးနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားခဲ့ပြီး လီယုရဲ့ ပြိုင်ဘက်ကင်းမယ် ထင်ရတဲ့ တိုက်ခိုက်မှုက ချေဖျက်ခြင်း ခံလိုက်ရတယ်။ အသက်တောင် ကောင်းကောင်း မရှုရသေးခင်မှာပဲ လီယုရဲ့ မျက်နှာက မကောင်းဆိုးရွား ဆန်ဆန် ပြုံးနေတာကို ရန်ကိုင် တွေ့လိုက်ရတယ်။

သူ့အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲပြီး ရန်ကိုင်က ခပ်မြန်မြန်ပဲ လေထဲ ခုန်တက်လိုက်တယ်။

သူရပ်နေတဲ့ နေရာကနေ ထက်ရှတဲ့ အလင်းတန်းတို့ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့တယ်။

“အိုး…” လီယုရဲ့ မျက်ဝန်းအစုံက အေးစက်စက် အလင်းတန်းတို့ဖြင့် လက်သွားခဲ့တယ်။ ရန်ကိုင်က သူ့ရဲ့ အလစ်ချောင်း တိုက်ခိုက်မှုကို ရှောင်နိုင်တဲ့အထိ သတိရှိနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

လေထဲမှာ ရပ်နေစဉ်အတွင်း ရန်ကိုင် ပတ်ပတ်လည်ကနေ လောင်မြိုက်နေတဲ့ မီးဘောလုံးတစ်လုံး ထွက်ပေါ်လာခဲ့တယ်။ အစစ်အမှန်ချီကို အဆုံးစွန်အထိ လှည့်ပတ်လိုက်ပြီး ကောင်းကင်ထက်ကနေ သားကောင်ကို ထိုးသုတ်တော့မယ့် သိမ်းငှက်တစ်ကောင်လို ထိုးဆင်းသွားလိုက်တယ်။

သိပ်သည်းလှတဲ့ အပူစွမ်းအင်နဲ့ ဖိအားကို ခံစားမိလိုက်တဲ့ အချိန်မှာတော့ လီယုကလည်း ရန်ကိုင်ရဲ့ တိုက်ခိုက်မှုကို လျစ်လျူမရှု ရဲတော့ပါဘူး။ ရပ်နေမြဲ ပုံစံအတိုင်း ရပ်နေလိုက်ရင်း သူ့လက်နှစ်ဖက်ကို ကောင်းကင်ထက်ဆီ ဆန့်ထုတ်လိုက်တယ်။

ဝုန်း… ဝုန်း… ဝုန်း…

အစစ်အမှန်ချီစွမ်းအင် နှစ်ခုက ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့သွားခဲ့တယ်။ ချီလှိုင်းလုံးတွေ အဘက်ဘက်ကို ပျံ့နှံ့သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးတောင် ပရမ်းပတာ ဖြစ်သွားခဲ့ရတယ်။ ထိုမြေကမ္ဘာ တုန်လှုပ်ဖွယ် ထိပ်တိုက် တွေ့ဆုံမှုကြောင့် လီယုရဲ့ ခြေထောက်တွေ မြေကြီးထဲ ကျွံသွားခဲ့ရတယ်။

လီယု အားနည်းတာကြောင့် မဟုတ်ပါဘူး။ မြေကြီးက ထိုပြင်းထန်တဲ့ ပေါက်ကွဲမှုကို မတောင့်ခံနိုင်တာပါ။ လီယု မတ်တပ်ရပ်လိုက်တဲ့အချိန် သူ့ရပ်နေတဲ့ ပတ်တပ်လည် မြေပြင် တစ်ခုလုံး အက်ရာတို့ဖြင့် ပြည့်နေခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင် မျက်လုံးထဲက အေးစက်မှုတို့က ပိုပြီးသိပ်သည်း ပြင်းထန်လာခဲ့တယ်။ တုန့်ဆိုင်းမနေတော့ပဲ တိုက်ခိုက်မှုထဲ အစစ်အမှန်ချီကို ထပ်ပေါင်းထည့်လိုက်ကာ လီယုကို ထပ်မံဖိချလိုက်ပြန်တယ်။

ရန်ကိုင်ရဲ့ ရည်ရွယ်ချက်ကို သတိပြုမိလိုက်တာနဲ့ လီယုက ဒေါသထွက်နေတဲ့ သားရဲတစ်ကကောင်လို မာန်သွင်းလိုက်ပြီး ရန်ကိုင်ကို တန်ပြန်တိုက်ခိုက်လိုက်တယ်။

သူတို့ နှစ်ယောက်ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကြောင့် သင်းရနံ့မြို့တစ်ဝက်လောက် တုန်ခါသွားခဲ့ရတယ်။ ဘေးပတ်ပတ်လည်က ဆိုင်တွေဆိုရင် တစ်စစီ ဖြစ်ကုန်ကာ ဆိုင်ထဲရှိ လူတွေကလည်း ထိတ်လန့်တကြား အော်ဟစ်ရင်း ထွက်ပြေးဖို့ အလျင်အမြန်ပဲ ကြိုးစားလိုက်တယ်။

လီကောင်းကင်ဆေးအိမ်တော်တောင် ထိခိုက်သွားခဲ့ရပါတယ်။

ရန်ကိုင် အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိသေးပါဘူး။ လီယုရဲ့ တိုက်ခိုက်မှုကို ရှောင်ဖို့ ရည်ရွယ်ချက် မရှိသည့်အလား ထိုနေရာမှာပဲ ဆက်ပြီး မတ်တပ်ရပ်နေခဲ့တယ်။

နေမီးတောက် ပေါက်ကွဲခြင်း…

ရန်ကိုင်ဆီကနေ ပြင်းထန်လှတဲ့ အစစ်အမှန်ချီစွမ်းအင်လှိုင်း သုံးလှိုင်း ထွက်ပေါ်လာခဲ့တယ်။

ဘုန်း…

လီယုရဲ့ ကျန်ရှိနေတဲ့ ခန္ဓာကိုယ်တစ်ဝက်က ချက်ချင်းပဲ မြေကြီးထဲ ကျွံ့ဝင်သွားခဲ့တယ်။ ရန်ကိုင်လည်း တွန်းကန်အားကို သုံးကာ ချက်ချင်းပဲ နောက်ကို ခုန်ဆုတ်လိုက်ပြီး မြေကြီးပေါ်မှာ တည်ငြိမ်စွာနဲ့ မတ်တပ်ရပ်နေလိုက်တယ်။ သူ့အမူအရာက အနည်းငယ် ဖြူလျော်နေခဲ့တယ်။

ထိုထိပ်တိုက်တွေ့ဆုံမှုမှာ လီယု ဒဏ်ရာမရခဲ့ပဲ ရန်ကိုင်သာ အနည်းငယ် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါပေမယ့် မြေကြီးထဲ တစ်ကိုယ်လုံး ကျွံဝင်သွားတဲ့အထိ တွန်းပိုခံလိုက်ရတဲ့ လီယုကတော့ မျက်နှာပျက်သွားရမှာ အသေအချာပါပဲ။

ဘေးပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံတောင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့တယ်။ တိုက်ပွဲကို ကြည့်နေတဲ့ လူအုပ်ကြီးကလည်း ထိတ်လန့်တုန်လှုပ်မှု၊ ကြောက်လန့်မှုတို့ ပြည့်နေသည့် အကြည့်ဖြင့် ရန်ကိုင်ကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့ကြတယ်။ လီယုကို အခုလို အခြေအနေအထိ ရောက်သွားအောင် ရန်ကိုင် လုပ်နိုင်ခဲ့လိမ့်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ထားခဲ့ပါဘူး။

“ဘာဖြစ်တာလဲ” မြို့ထဲက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အပါအဝင် ပုံရိပ်များစွာက ရန်ကိုင်တို့ တိုက်ခိုက်တဲ့ နေရာဆီ ပျံသန်းလာနေခဲ့ကြတယ်။

ရှန်ချင်းလော့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတဲ့ သင်းရနံ့မြို့တော်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာ ရှားသလို ဖြစ်တယ် ဆိုရင်လည်း တိုက်ပွဲ အသေးစားလေးတွေပါပဲ။ ဒါပေမယ့် အခု ရန်ကိုင်နဲ့ လီယုတို့ ထိပ်တိုက်တွေ့ရာကနေ ထွက်ပေါ်လာတဲ့ ပေါက်ကွဲသံက ပြင်းထန်ကျယ်လောင် လွန်းတဲ့အတွက် မြို့ထဲက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေတောင် ဘာဖြစ်တာလဲဆိုတာ လာပြီး စစ်ဆေးခဲ့ရတဲ့ အခြေအနေအထိ ရောက်သွားခဲ့ရပါတယ်။

တိုက်ပွဲမှာ လီယု ပါနေတယ်ဆိုတာကို တွေ့လိုက်တာနဲ့ သူတို့အားလုံး ကြောင်သွားခဲ့ကြတယ်။

ဒါပေမယ့် အဓိက အချက်က ထိပ်တိုက်တွေ့ရာမှာ လီယု ခံလိုက်ရတာပါ။ သူ့တစ်ကိုယ်လုံးက မြေကြီးထဲမှာ နစ်မြုပ်နေပြီး မမျှော်လင့်စွာနဲ့ပဲ သူ့ပြိုင်ဘက်က လူငယ်လေး တစ်ယောက် ဖြစ်နေခဲ့ပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ။ လီယု ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ” အသစ်ရောက်လာတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေက အနားမှာ ရှိနေတဲ့ လူတွေကို ခပ်မြန်မြန် မေးလိုက်ကြတယ်။

“အဲ့လူငယ်လေးက ဘယ်သူလဲ။ သူဘာလို့ လီယုနဲ့ တိုက်ခိုက်နေတာလဲ”

လီမိသားစု ပညာရှင်တွေထဲက တစ်ယောက်က မဲ့ပြုံးပြုံးလိုက်ပြီး “အဲ့ကောင်စုတ်လေး ဘယ်ကနေ ရုတ်တရက်ကြီး ကောက်ပေါ်လာလဲ ဆိုတာ ငါမသိပေမယ့် မိန်းကလေး ပီလော့ ပြောတဲ့ပုံအရ ဆိုရင်တော့ သူက နတ်ဆိုးဘုရင်မရဲ့ ဂုဏ်သရေရှိဧည့်သည်တဲ့”

“နတ်ဆိုးဘုရင်မရဲ့ ဂုဏ်သရေရှိ ဧည့်သည်လား။ ဒါဆိုရင် ဘယ်လိုလုပ်ပြီး ငါတို့ သူအကြောင်း မကြားဖူးရတာလဲ”

“အဲ့အကြောင်းကို အခုမေ့ထားလိုက်ဦး။ အခု ငါတို့ဘာလုပ်ကြမလဲ”

“ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး။ သခင်လေးက အခုလို ခံလိုက်ရမှာတော့ သူဒေါသထွက်သွားမှာ ကျိန်းသေပဲ”

“ဟား… ဟားဟားဟား…” အစောပိုင်းတုန်က ထိပ်တိုက်တွေ့မှုကြောင့် ဖြစ်သွားတဲ့ တွင်းပေါက်ထဲကနေ လီယုက ရယ်မောရင်း ခုန်ထွက်လာခဲ့တယ်။ ထို့နောက် ခေါင်းမော့လိုက်ပြီး ရန်ကိုင်ကို သုန်မှုန်စွာနဲ့ ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲက အေးစက်မှုက အလွန်အမင်း သိပ်သည်းနေခဲ့ပြီး အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ် “ဘယ်သူမှ ငါ့ကို အခုလိုမျိုး မလုပ်ရဲခဲ့ဖူးဘူး။ ကောင်စုတ်လေး၊ မင်းက သတ္တိတော့ ရှိသားပဲ”

ပြောနေရင်းနဲ့ သူ့ကိုယ်ကနေ အနက်ရောင်နဲ့ ခရမ်းရှောင် ရောယှတ်နေတဲ့ အလင်းရောင် နောက်တစ်ကြိမ် ထပ်မံ ထွက်ပေါ်လာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ထိုအလင်းရောင်က လီယုကိုယ်ပေါ်၌ တက်တူးတစ်ခုကို ဖြစ်သွားစေခဲ့ပါတယ်။

“နတ်ဆိုးခရမ်းချီ ခန္ဓာကိုယ်” အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေထဲက တစ်ယောက်က ရုတ်တရက် ထိတ်လန့်တကြား အော်ပြောလိုက်တယ် “လီယုက ဒီအကွက်ကို တကယ်ပဲ သုံးချင်နေတာလား”

“အိုး၊ မဖြစ်တော့ဘူး၊ သခင်လေးက သူ့ကိုယ်ထဲက နတ်ဆိုးချီတွေကို မဖိနှိပ်နိုင်တော့ဘူး။ သခင်လေးကို မြန်မြန်လေး တားကြ”

“အရမ်း နောက်ကျသွားပြီ။ လခွမ်းပဲ… အဲ့ကောင်စုတ်လေးက ဘာလဲကွာ။ သခင်လေးကို ဒီနည်းစနစ် သုံးရလောက်တဲ့အထိ ဘာလို့ တွန်းအား ပေးလိုက်ရတာလဲ မသိဘူး”

ဘေးပတ်လည်ရှိ လူအုပ်ကြီးရဲ့ နဖူးထက် ချွေးစေးတို့ စီးကျလာခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ သူတို့ လုပ်နိုင်တာ ဘာမှ ရှိမနေခဲ့ပါဘူး။ သူ့ကိုယ်ထဲက နတ်ဆိုးခရမ်းချီတွေကို ပျက်ပျယ် သွားစေဖို့အတွက် လီယုအနေနဲ့ ရန်ကိုင်ကို မြန်မြန်လေး အနိုင်ယူနိုင်ဖို့ပဲ သူတို့ မျှော်လင့်ရပါတော့မယ်။

နတ်ဆိုးခရမ်းချီ ဆိုတာက မိစ္ဆာလိုဏ်ဂူထဲမှာ နေထိုင်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်ကနေ ဖြစ်တည်လာတဲ့ သိုင်းပညာရပ်တစ်ခုပါ။

ကျင့်ကြံသူတစ်ယောက်သာ ထိုမိစ္ဆာစိတ်ဝိဥာဉ် တွေဆီကနေ မိစ္ဆာစိတ်ဝိဥာဉ်ချီကို နှစ်ပေါင်းများစွာကြာအောင် စုပ်ယူခဲ့ရင် သူတို့သာ ကံကောင်းပြီး သူတို့ရဲ့ ပါရမီကလည်း မြင့်မားမယ် ဆိုရင်တော့ သိုင်းပညာရပ်တစ်ခုကို နားလည်ကောင်း၊ နားလည်နိုင်ပါလိမ့်မယ်။

နှစ်စဉ်နှစ်တိုင်း မိစ္ဆာလှိုင်ဂူထဲမှာ ဖုံးကွယ်နေတဲ့ ဆန်းကြယ်မှုတွေကို ရှာဖွေဖို့အတွက် ကျင့်ကြံသူများစွာက မိစ္ဆာလိုဏ်ဂူထဲ ဝင်သွားလေ့ရှိတယ်။ ဒါပေမယ့် အများစုကတော့ ဘယ်တော့မှ ပြန်ထွက်မလာနိုင်ခဲ့ကြပါဘူး။

ရံဖန်ရခါတော့ ကံကောင်းထောက်မပြီး အသက်ရှင်လျက် လွတ်မြောက်လာနိုင်တဲ့ လူတွေက ထိုနတ်ဆိုးခရမ်းချီခန္ဓာကိုယ် ပညာရပ်ကို နားလည်သွားနိုင်ခဲ့ကြပါတယ်။

လီယုက ထိုပညာရပ်ကို အောင်အောင်မြင်မြင် လေ့ကျင့်နိုင်ခဲ့တဲ့ လူတွေထဲက တစ်ယောက်ပါ။ ထို့ကြောင့် ထိုသိုင်းပညာရပ်ရဲ့ စွမ်းအားကို မြှင့်တင်ဖို့အတွက် နှစ်စဉ်နှစ်တိုင်း မိစ္ဆာလိုဏ်ဂူဆီ သူသွားရပါတယ်။

နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးတဲ့ အချိန်မှာတော့ ထိုသိုင်းပညာရပ်က သူ့ရဲ့ အရေးပါတဲ့ နေရာကနေ ပါဝင်လာနိုင်ခဲ့ပါတယ်။

နတ်ဆိုးခရမ်းချီခန္ဓာကိုယ်ကို အသက်သွင်းလိုက်တာနဲ့ လီယု ခွန်အားက တစ်ဟုန်ထိုး မြင့်တက်သွားခဲ့ပြီး သူ့မျက်လုံးတွေက ရက်စက်သည့် အလင်းရောင်တို့ဖြင့် လက်နေခဲ့တယ်။

ထို့နောက် ချက်ချင်းပဲ ရန်ကိုင်ဆီကို ခုန်သွားလိုက်တယ်။ ရန်ကိုင်ရှေ့ ရောက်တာနဲ့ သူ့လက်ထဲ သွေးစွန်းနေသည့် တင်းပုတ်ကြီး တစ်လက် ထွက်ပေါ်လာခဲ့တယ်။

ထိုတင်းပုတ်က လူများစွာရဲ့ အသက်ကို နှုတ်ယူပြီးသွားပြီဆိုတာ ကျိန်းသေပါတယ်။

လီယုက အားကုန်ထုတ်တိုက်နေပါပြီ။

ထိုအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ လူအားလုံး လီယုက အလွန်အမင်း ဒေါသထွက်နေပြီဆိုတာ သတိပြုမိလိုက်တယ်။ မဟုတ်ရင် နတ်ဆိုးခရမ်းချီခန္ဓာကိုယ်ကို တုန့်ဆိုင်းခြင်းမရှိ အသက်သွင်းလိုက်မှာ မဟုတ်သလို သူ့လက်နက်ကိုလည်း ချက်ချင်း ဆင့်ခေါ်လိုက်မှာ မဟုတ်ပါဘူး။ သူ့ကြည့်ရတာ ဆက်ပြီး ထိတ်ချန်ထားမယ့် ပုံမပေါက်တော့ပါဘူး။

“ရန်ကိုင်၊ သတိထား။ အခု လီယုက အကျိုးသင့် အကြောင်းသင့် တွေးတတ်တဲ့ လူတစ်ယောက် မဟုတ်တော့ဘူး” ပီလော့ရဲ့ မျက်နှာလှလှလေး ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်ကို အော်ဟစ် သတိပေးလိုက်တယ်။

ဒါပေမယ့် ရန်ကိုင်က သူမကို အေးစက်စက် အကြည်နဲ့ ပြန်လှည့်ကြည့်လိုက်ပြီး အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်တယ်။

ထိုနတ်ဆိုးချီတွေနဲ့ ပြည့်နေတဲ့ တိုက်ခိုက်မှုကို မြင်လိုက်တာနဲ့ ရန်ကိုင်က တုန့်ဆိုင်းမနေတော့ပဲ အစစ်အမှန်ချီ အားလုံးကို သူ့ဒန်ထန်ထဲ ပြန်လည့် သိမ်းဆည်းထားလိုက်တယ်။

ချက်ချင်းပဲ ရွှေရောင်အရိုးခြောက်ထဲမှာ ရှိနေတဲ့ နတ်ဆိုးချီစွမ်းအင်တို့ ပေါက်ကွဲ ထွက်လာခဲ့တယ်။

ဟုန်း….

ကောင်းကင်တစ်ခုလုံးကို အနက်ရောင် တိမ်တိုက်တွေ ဖုံးလွှမ်းသွားသလို သူ့ဘေးပတ်ပတ်လည်ကို အမှောင်ထုက ဆင်းသက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင် တစ်ခုလုံး တစ်မုဟုတ်ချည်း မှောင်ကျသွားစေခဲ့တယ်။ အားလုံးရဲ့ မြင်ကွင်းတွေလည်း ချက်ချင်းပဲ အမှောင်ကျသွားခဲ့ရတယ်။ ဘယ်သူမှ ဘာမှ မမြင်နိုင်ကြတော့ပါဘူး။

ရုတ်တရက် သွေးနီရောင် မျက်ဝန်းတစ်စုံက အမှောင်ထုထဲ ပွင့်အာလာခဲ့တယ်။ လီယုလိုထဲ ထိုမျက်ဝန်းအစုံထဲ သွေးဆာမှု၊ ရက်စက်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။

“ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ မိစ္ဆာချီလဲ” ရန်ကိုင်ရဲ့ ပြောင်းလဲမှုကို မြင်တွေ့လိုက်ရတဲ့ လူအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ကြက်သေသေသွားခဲ့ကြတယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေ အားလုံးက အလွန်အမင်း ထက်ရှပြီး အားကောင်းတဲ့ အမြင်အာရုံဖြစ်တဲ့ ကောင်းကင်စိတ်အာရုံကို ပိုင်ဆိုင်ထားကြတယ်။ ရန်ကိုင်ရဲ့ မိစ္ဆာချီက လီယုထက် တစ်ဆင့်မြင့်တာကို သူတို့ အာရုံမခံမိပဲ ဘယ်နေပါ့မလဲ။

“ဒါက မိစ္ဆာလိုဏ်ဂူထဲကနေ ရခဲ့တဲ့ နောက်ထပ် သိုင်းပညာရပ် တစ်ခုတော့ မဟုတ်လောက်ပါဘူးနော်။ ဒါပေမယ့် သူ့ဟာ လီယုရဲ့ဟာနဲ့ ဘာလို့ တူနေရတာလဲ”

အရောင်ကလွဲပြီး သူတို့နှစ်ယောက်ရဲ့ ပြောင်းလဲမှုကြားမှာ ကွဲပြားတာ ဘာမှသိပ်မရှိပါဘူး။

“မဟုတ်ဘူး၊ မတူဘူး” ပိုပြီး အားကောင်းတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူက အံ့အားသင့်တကြီးနဲ့ ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ကြည့်၊ မင်းတွေ့လား။ သူတို့နှစ်ယောက်ရဲ့ မျက်ဝန်းထဲက အကြည့်တွေက တူပေမယ့် လီယုပုံစံက အသိစိတ်ရှိနေတဲ့ ပုံမပေါက်ဘူး။ သူ့စိတ်ဝိဥာဉ် တစ်ခုလုံးကို ရူးသွပ်မှုက လှိုက်စားတာကို ခံလိုက်ရပုံပဲ။ သူက မသိစိတ်က ပြောတဲ့အတိုင်းပဲ လှုပ်ရှားနေတာ။ ဒါပေမယ့် ဟိုကောင်လေးကတော့… သူက လုံးဝကို တည်ငြိမ်နေသေးတယ်”

“သူ့ကိုယ်ထဲမှာ ရှိတဲ့ မိစ္ဆာချီကို ဖိနှိပ်နိုင်တာများ ဖြစ်နေမလား”

“အဲ့လိုလည်း ဖြစ်နိုင်တယ်”

“ဘ… ဘယ်လို မွန်းစတားလဲဟ” စုဝေးနေတဲ့ လူတွေအားလုံး အံ့အားသင့်တကြီး အော်ပြောမိလိုက်ကြတယ်။ လီကောင်းကင်ဆေးအိမ်တော်က အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေကပဲ စတင်မျက်မှောင် ကြုံ့လိုက်ကြတယ်။

“မင်းတော့သေပြီပဲ၊ ဟဲဟဲ” လီယုက တတွတ်တွတ် ရေရွတ်နေခဲ့တယ်။ သူ့မျက်ဝန်းတွေက ရူးသွပ်မှုတို့ဖြင့် အုံ့ဆိုင်းနေခဲ့ပြီး ရန်ကိုင်ကို သားကောင်တစ်ကောင်ကို ကြည့်သလို စူးစိုက်ပြီး ကြည့်နေခဲ့တယ်။ တင်းပုပ်ကြီးကို လက်ထဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ရန်ကိုင်ဆီ ဖြေးဖြေးချင်း လမ်းလျှောက်သွားလိုက်တယ်။ သူ့ဆီကနေ ထွက်ပေါ်လာတဲ့ ဖိအားက ရန်ကိုင်ကို ဖိနှိပ်ဖို့ အဆက်မပြတ် ကြိုးစားနေခဲ့တယ်။

ရုတ်တရက် ရန်ကိုင်က သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်ပြီး သွေးနီရောင်အသူရာဓါးကို ဆင့်ခေါ်လိုက်တယ်။ ထိုဓါးထွက်ပေါ်လာတာနဲ့ ဘေးပတ်ဝန်းကျင် တစ်ခုလုံးက ကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ်လိုစိတ် ပြင်းထန်လှသည့် ချီစွမ်းအင်တို့ဖြင့် ပြည့်သွားခဲ့တယ်။

“ကောင်းကင်အဆင့် လက်နက်လား” အနားမှာရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေထဲ တစ်ယောက်က အလန့်တကြား အော်ပြောလိုက်တယ်။

ကောင်းကင်အဆင့် လက်နက်တွေက တကယ်ကို ရှားပါးပါတယ်။ အခုနေရာမှာ စုဝေးနေတဲ့ ပညာရှင်တွေထဲမှာတောင် အချို့ကပဲ ကောင်းကင်အဆင့် လက်နက်ကို ပိုင်ဆိုင်ထားကြတာပါ။

ထိုဓါးထွက်ပေါ်လာတာနဲ့ ရန်ကိုင်ဆီကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာချီက ပိုပြီးပြင်းထန် သိပ်သည်းသွားခဲ့တယ်။

ငယ်ငယ် ရွယ်ရွယ်လေးနဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားပြီး ကောင်းကင်အဆင့် လက်နက်တစ်ခုကို ပိုင်ဆိုင်ထားကာ ဖြာယောင်းခြင်းနတ်ဆိုးဘုရင်မရဲ့ ဂုဏ်သရေရှိ ဧည့်သည့်လည်း ဖြစ်တဘ်။

ဒီကောင်စုတ်က ဘယ်သူများလဲ…

ထိုပုံမှန်မဟုတ်တဲ့ အခြေအနေကို သတိပြုမိလိုက်တာနဲ့ လီကောင်းကင်ဆေးအိမ်တော်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်တို့ရဲ့ နဖူးထက် ချွေးအေးတို့ စီးကျလာခဲ့တယ်။

အခြားနတ်ဆိုးဘုရင်တစ်ယောက်ရဲ့ တိုက်ရိုက်မျိုးဆက်များ ဖြစ်နေမလား။ အဲ့လိုသာဆိုရင် လီယုက လီမိသားစုဆီ ပြဿနာအကြီးကြီးကို သယ်လာမိလိုက်ပြီ ဆိုတာတော့ သံသယရှိစရာ မလိုပါဘူး။

“မိန်းကလေးပီလော့၊ မိန်းကလေးပီလော့” လီမိသားစုရဲ့ လူအိုကြီးတွေထဲက တစ်ယောက်က ပီလော့နား တိတ်တိဆိတ် ရောက်လာခဲ့ပြီး သတိထားရင်း တိုးတိုးလေး မေးလိုက်တယ် “ဒီသခင်ငယ်လေးက ဘယ်သူလဲဆိုတာ သိလား”

ပီလော့က ရန်ကိုင်ကို စိုက်ကြည့်နေခဲ့ပြီး သူမရဲ့ ဆွဲဆောင်မှုရှိလှတဲ့ မျက်နှာလေးက အခုအချိန်မှာတော့ သွေးမရှိတော့မတတ် ပြာနှမ်းနေခဲ့ကာ “ငါမသိဘူး၊ သူကို သခင်မက ခေါ်လာခဲ့တာ။ သခင်မပြောတာကတော့ သူက ဂုဏ်သရေရှိ ဧည့်သည့် တစ်ယောက်တဲ့”

“သူ့နဲ့ ပက်သက်ပြီး နည်းနည်းလေးမှ မသိဘူးလား” ထိုပညာရှင်က လက်မလျှော့သေးပါဘူး၊ ပီလော့ဆီကနေများ နည်းနည်းပါပါး သိရမလား ဆိုပြီး ဆက်ပြီး မေးနေလိုက်တယ်။

ဒါပေမယ့် ပီလော့ကတော့ ဖြေးဖြေးချင်းသာ ခေါင်းယမ်းလိုက်ပါတယ်။

ဘုန်း…

သူတို့နှစ်ယောက် စကားပြောနေစဉ် လီယုနဲ့ ရန်ကိုင်ကတော့ စတင်တိုက်ခိုက်နေပါပြီ။ ခရမ်းရောင်ချီတို့ဖြင့် ဖုံးလွှမ်းနေသည့် လီယုရဲ့ တင်းပုတ် ရိုက်ချက်တစ်ချက် စီတိုင်းက ရန်ကိုင်ရဲ့ သွေးနီရောင်ဓါးချီအရိပ်တွေကို ကျေပျက်သွားစေခဲ့တယ်။

Martial Peak

အပိုင်း(၃၂၀) မပြီးသေးဘူးလား

တင်းပုပ်ကို ကိုင်ထားတဲ့ လီယုလက်မောင်းရဲ့ ကြွက်သားတွေက သူတစ်ချက် ဝှေ့ရမ်းလိုက်တိုင်း လှိုင်းလုံးသဖွယ် လှုပ်ရှားသွားခဲ့တယ်။ ရိုက်ချက် တစ်ချက်စီတိုင်းက အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပါတယ်။

ရန်ကိုင်ကိုယ်ကို ဝန်းရံနေတဲ့ ချီဓါးသွား ထောင်ပေါင်းများစွာအနေနဲ့ ဘာမှတောင် မလုပ်ရသေးခင်မှာပဲ လီယုရဲ့ ရိုက်ချက်ကြောင့် ပျက်စီးသွားခဲ့ရတယ်။

ရန်ကိုင်ရဲ့ အမူအရာက ခက်ထန်သွားခဲ့တယ်။ ထို့နောက် ရန်ကိုင်က အသူရာဓါးကို ဝှေ့ရမ်းလိုက်ပြီဂ လေဟာနယ်ကိုတောင် ပိုင်းဖြတ်သွားမလားလို့ ထင်ရတဲ့ အစစ်အမှန်ချီနဲ့ ဖွဲ့စည်းထားတဲ့ မရေမတွက်နိုင်သော အနက်ရောင်ဓါးချီလှိုင်းတွေကို လီယုဆီ ပစ်လွှတ်လိုက်တယ်။

လီယုက ရူးသွပ်စွာ ရယ်မောလိုက်ပြီး ရန်ကိုင်ရဲ့ တိုက်ခိုက်မှုကို ရှောင်ရှားဖို့ မကြိုးစားပဲ သူ့ရဲ့ တင်းပုပ်နဲ့ ထိပ်တိုက် တွေ့ပေးလိုက်တယ်။

ဘုန်းဆိုတဲ့ မြေကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေတဲ့ အသံနှင့်အတူ အနက်ရောင်ဓါးချီလှိုင်းတွေ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့တယ်။ လီယုတစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့ပေမယ့် ဒဏ်ရာတော့ မရခဲ့ပါဘူး။ ထို့နောက် တင်းပုပ်ကို ဝှေ့ရမ်းရင်း ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်တယ်။

အနက်ရောင် နတ်ဆိုးချီထဲမှာ နစ်မြုပ်နေတဲ့ ရန်ကိုင် မျက်ဝန်းအစုံက အေးစက်ပြီး ထက်ရှတဲ့အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။

ကျားဖြူ တံဆိပ်တော်၊ နွားသိုး တံဆိပ်တော်

ကျားဟိန်းသံ၊ နွာအော်သံတို့နှင့်အတူ ဧရာမသားရဲပုံရိပ် နှစ်ခု ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်တဲ့ သတ်ဖြတ်လိုသည့် အရှိန်အဝါကို ထုတ်လွှတ်ရင်း လီယုဆီ ပြေးဝင်သွားခဲ့တယ်။

ဝုန်း…

သားရဲနှစ်ကောင် ဒုန်ဆိုင်းပြေးမှုကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး လီယုမျက်ဝန်းထဲက ရူးသွပ်မှုတို့ကလည်း ပိုပြီး ပြင်းထန်လာခဲ့တယ်။ ကြောက်ရွံသည့် အရိပ်အယောင် စိုးစဉ်းမျှ မပြပဲ ရူးသွပ်စာ ရယ်မောရင်း မာန်သွင်းလိုက်ပြီး “ကောင်းတယ်၊ ကောင်းတယ်။ ဒါပေမယ့် မလုံလောက်သေးဘူး။ မင်းသေတဲ့ အချိန်ကျရင် မင်းသွေးတွေ အကုန်လုံး ခမ်းခြောက်သွားတဲ့အထိ ငါသောက်မယ်။ မင်းက အဲ့လိုလုပ်ဖို့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်တယ်”

သူ့ဆီ ပြေးဝင်လာနေတဲ့ သားရဲပုံရိပ် နှစ်ခုကို ကြည့်ရင်း လီယုက တင်းပုပ်ကို နှစ်ကြိမ်တိုင်တိုင် ဝှေ့ရမ်းလိုက်တယ်။ လီယုရဲ့ ရိုက်ချက်ကြောင့် သားရဲပုံရိပ် နှစ်ခုစလုံး လွင့်ပျံ ထွက်သွားခဲ့ပြီး ပျောက်ကွယ်သွားခဲ့တယ်။

ဒါပေမယ့် သားရဲပုံရိပ် နှစ်ခုကို သူတိုက်ခိုက်နေတဲ့ အချိန်မှာပဲ ရန်ကိုင်က သိပ်သည်းလှတဲ့ အစစ်အမှန်ချီတို့ဖြင့် ဖွဲ့စည်းထားသည့် ချီဓါးသွားသုံးစင်ကို ဖန်တီးနိုင်ခဲ့ပြီး လီယုရဲ့ ရင်ဘတ်ဆီ ပစ်လွှတ်လိုက်တယ်။

လွန်ခဲ့တဲ့ နှစ်လတုန်းကသာဆိုရင် ရန်ကိုင်အနေနဲ့ သူ့ချီစွမ်းအင်ကို အခုလို ကျွမ်းကျင်စွာ မထိန်းချုပ်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ရှောင်ဖူချန်းရဲ့ ချီထိန်းချုပ်တဲ့ ကျင့်စဉ်ကို တိမ်ဖုံးတောင်ထွတ်၌ အချိန်အတော်ကြာအောင် လေ့ကျင့်ပြီးနောက် နတ်ဆိုးချီစွမ်းအင်အပေါ် သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းက တစ်ဟုန်ထိုး တိုးတက်သွားခဲ့ပါတယ်။

ထိုစွမ်းရည်ကို ပြီးပြည့်စုံတဲ့အဆင့်ထိ မကျွမ်းကျင် သေးပေမယ့် သူ့ထိန်းချုပ်နိုင်စွမ်းက အရင်ကထက် အများကြီး ပိုသာသွားခဲ့ပါပြီ။

ဘန်း… ဘန်း… ဘန်းး… နတ်ဆိုးချီစွမ်းအင် နှစ်ခု ထိပ်တိုက်တွေ့သွားတာနဲ့ အဘက်ဘက်သို့ ချီလှိုင်းလုံးတွေ ပျံ့နှံ့သွားခဲ့ပြီး လမ်းမထက်မှ ကျောက်တုံးတွေ အက်ကွဲသွားကုန်ကာ ကျောက်စကျောက်နေတွေ လွင့်ပျံထွက်ကုန်ကြတယ်။

“အား…” ပီလော့ရဲ့ ပါးစပ်ကလေးက ကြက်ဦတစ်လုံး ပစ်ထည့်လို့ ရလောက်တဲ့အထိ ပွင့်အာနေခဲ့ပြီး သူမရှေ့က မြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာနဲ့ ငေးမောကြည့်နေခဲ့တယ်။ တိုက်ပွဲစကတည်းက ရန်ကိုင်ရဲ့ ခွန်အား ကန့်သတ်ချက်က ပီလော့ထင်မှတ် ထားတဲ့ အတိုင်းအတာကို အဆက်မပြတ် ချိုးဖျက်သွားခဲ့ပြီး ဒီကောင်စုတ် ဘယ်လောက်အထိတောင် သန်မာနေတာလဲဆိုပြီးတော့တောင် ပီလော့ကိုတောင် အတွေးများသွားစေခဲ့ပါတယ်။

ထိုလူငယ်လေးရဲ့ နက်နဲဆန်းကြယ်မှုက ပီလော့ နားလည်နိုင်တာထက်ကို သိသိသာသာကြီး ကျော်လွန်သွားခဲ့ပါပြီ။

“သခင်လေး…” လီမိသားစုက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများစွာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပေမယ့် သိပ်မကြာခင်မှာပဲ တစ်ဖန်ပြန်လည် တည်ငြိမ်သွားကြတယ်။ သူတို့ ကောင်းကင်စိတ်အာရုံနဲ့ ဖြန့်ကျက် စစ်ဆေးလိုက်တဲ့အချိန် လီယုရဲ့ အသက်စွမ်းအင် ပျောက်ကွယ်သွားခြင်း မရှိပဲ သူပိုပြီးဒေါသထွက်လာတာကို သူတို့ တွေ့ရှိလိုက်ရတယ်။

“ဒီကောင်စုတ်လေးက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ။ သူ တကယ်ပဲ လီယုကို ထိပ်တိုက်ရင်ဆိုင်နိုင်တယ် ဟားဟားဟား၊ ဒီအကြောင်းကို ကြားတဲ့အချိန်ကျ ခွေအိုးကြီးလီ မျက်နှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာကို ငါတကယ်ကို မြင်ချင်လိုက်တာ” လီယု အနိုင်ကျင့်ခံနေရတာကို မြင်လိုက်ရတော့ ရန်ကိုင်နဲ့ လီယုတိုက်ပွဲကို ကြည့်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေထဲက တစ်ယောက်က အကျယ်ကြီး အော်ဟစ် ရယ်မောလိုက်တယ်။

လီဝူဂျိက လီမိသားစုရဲ့ ခေါင်းဆောင်ဖြစ်သလို အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ပညာရှင်လည်း ဖြစ်ပြီး သင်းရနံ့မြို့ရဲ့ အကြီးအကဲတွေထဲ တစ်ယောက်လည်း ဖြစ်ပါတယ်။

“နတ်ဆိုးဘုရင်မနဲ့ အကြီးအကဲတွေ သားရဲဘုရင်ရဲ့ နယ်မြေဆီ သွားနေတာ ဘယ်လောက်တောင် ဆိုးလိုက်လဲ၊ မဟုတ်ရင် သူတို့လည်း ဒီတိုက်ပွဲကို သိသွားမှာ” ပွဲကြည့်နေတဲ့ လူတွေထဲက တစ်ယောက်က ပြောလိုက်တယ်။

လီမိသားစု အိမ်တော်က အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျွမ်းကျင်သူတွေက ခါးသီးတဲ့ အမူအရာကို ဆင်မြန်းရင်း ထိုလူတွေကို ဒေါသတကြီး ကြည့်လိုက်ကြတယ်။

ရန်ကိုင်ရဲ့ အေးစက်တဲ့ အမူအရာက ပိုမို အေးစက်လာခဲ့ပြီး လီယု အရှိန်အဝါ ပြောင်းလဲသွားတာကို ခံစားမိလိုက်တဲ့အတွက် မသိမသာလေး မျက်မှောင်ကြုံလိုက်မိတယ်။

ရုတ်တရက် အနက်ရောင် နတ်ဆိုးချီထုထဲကနေ ခရမ်းဖျော့ဖျော့ အလင်းရောင်တို့ ထွက်ပေါ်လာခဲ့တယ်။ စထွက်လာတုန်းက မီးတောက်လေး တစ်ခုသာ ဖြစ်ပေမယ့် သိပ်မကြာခင်မှာပဲ ဧရာမ မီးတောက်ကြီး တစ်ခု ဖြစ်သွားခဲ့တယ်။

ရှူး… ရှူး… ရှူး…

ခရမ်းရောင် နတ်ဆိုးချီတို့ အမှောင်ထုကို ဖောက်ထွက်လာတာနဲ့ လျှပ်စီးတမျှ အမြန်နှုန်းနဲ့ ရန်ကိုင်ဆီ ပြေးဝင်သွားခဲ့တယ်။

ခရမ်းရောင် နတ်ဆိုးချီက အလွန်အမင်း သိပ်သည်းလှပြီး အစစ်အမှန် မီးတောက် တစ်ခုဖြစ်ပေမယ့် ထိုမီးတောက် ဆီကနေ မည်သည့် အပူစွမ်းအင်ကိုမှ ထုတ်လွှတ်မနေပဲ အရိုးကွဲမတတ် အအေးဓါတ်ကိုသာ ထုတ်လွှတ်နေခဲ့တယ်။

ရန်ကိုင်ရဲ့ နတ်ဆိုးချီကလည်း တန်ပြန်တိုက်ခိုက်လိုက်တယ်။ အနက်ရောင် နတ်ဆိုးချီနဲ့ ခရမ်းရောင် နတ်ဆိုးချီတို့ ထိပ်တိုက် တွေ့သွားခဲ့တဲ့အချိန် ပြင်းထန်တဲ့ ပေါက်ကွဲသံကို မဖြစ်ပေါ်စေပဲ တည်ငြိမ်တဲ့ မျှခြေတစ်ခုကို ဖြစ်သွားစေခဲ့တယ်။ မည်သည့် ဘက်ကမှ အသားစီ မရေသေးပါဘူး။

တစ်ခဏကြာပြီးနောက် ဘေးပတ်ဝန်းကျင် တစ်ခုလုံး ပြန်လည် လင်းထိန်လာခဲ့ပြီး လီယုရဲ့ ထွားကြိုင်းလှတဲ့ ခန္ဓာကိုယ်ကလည်း အားလုံးရှေ့ နောက်တစ်ကြိမ် ပြန်လည် ထွက်ပေါ်လာခဲ့တယ်။

“ဟဲဟဲဟဲ…” လီယုက တင်းပုတ်ကြီးကို ပုခုံးထက်တင်ရင်း ရက်ရက်စက်စက် ပြုံးလိုက်တယ်။

ခရမ်းရောင် နတ်ဆိုးမီးတောက်တွေက မသိလိုက်မသိဘာသာပဲ သူ့ကိုယ်ကို လောင်ကျွမ်းနေတာကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့တယ်။

အရိုးကွဲမတတ် အေးစက်တဲ့ အအေးဓါတ်က မီးတောက်ဆီကနေ ထွက်ပေါ်လာခဲ့ပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

နတ်ဆိုးမီးတောက်က သူ့တစ်ကိုယ်လုံးကို အေးစက်သွားစေရုံမက သူ့ကိုယ်ထဲက အစစ်အမှန်ချီ စွမ်းအင် လှည့်ပတ်မှုကိုလည်း နှေးကွေးသွားစေခဲ့တယ်။

ထိုမီးတောက်က အစစ်အမှန် မီးတောက်မဟုတ်ပဲ ခရမ်းနတ်ဆိုးချီ အတိုင်းအတာ တစ်ခုအထိ သိပ်သည်းသွားရာမှ ဖြစ်တည်လာတဲ့ မီးတောက် တစ်ခုသာ ဖြစ်ပါတယ်။

သူ့ကိုယ်အပူချိန် ကျဆင်းလာတာနဲ့ နတ်ဆိုးချီ ထုတ်လွှတ်နေတဲ့ နှုန်းကလည်း နှေးကွေးသွားခဲ့ပြီး သူ့တစ်ကိုယ်လုံး အလျင်အမြန်ပဲ အေးခဲသွားခဲ့ပြီး သူ့ဆံပင်နဲ့ အဝတ်အစားတွေတောင် အေးခဲကုန်ပါတယ်။

လီယုရဲ့ ပါးစပ်ထက် အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

“မင်းတော့ သေပြီပဲ”

ပြောပြီးတာနဲ့ လီယုကိုယ်ပေါ်က ခရမ်းရောင် တက်တူးတွေက အသက်ဝင်လာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ မီးတောက်မြွေကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ရန်ကိုင်ဆီ ခုန်ဝင်သွားခဲ့တယ်။

“ဒီကောင်စုတ်လေးတော့ ပြီးပြီပဲ” ပွဲကြည့်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေထဲက တစ်ယောက်က ပြောလိုက်တယ်။ လီမိသားစုအိမ်တော်က ပညာရှင်တွေက လွဲလို့ ကျန်တဲ ပွဲကြည့်နေတဲ လူတွေက ဝိုးဝိုးဝါးဝါးနဲ့ အော်ဟစ် အားပေးနေခဲ့ကြတယ်။

ရန်ကိုင်သာ အေးခဲမသွားခဲ့ရင် လီယုကို ရင်ဆိုင်တိုက်ခိုက် နိုင်သေးတယ် ဆိုပေမယ့် အခု သူ့တစ်ကိုယ်လုံး အေးခဲသွားပြီဆိုတော့ လီယုရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ရှောင်ရှားနိုင်ပါတော့မလဲ။

နည်းနည်းလေးတောင် ထိန်းချန်မထားတော့ပဲ လီယုက တင်းပုတ်ကြီးကို ဝှေ့ရမ်းရင်း ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်တယ်။

“ရပ်လိုက်” ပီလော့ အသံကုန် အော်ဟစ်လိုက်တယ်။ ဒါပေမယ့် ရန်ကိုင်ကို သတ်ဖို့သာ သိတော့တဲ့ လီယုက သူမအော်တာကို ဘယ်လိုလုပ်ပြီး အလေးထားပါတော့မလဲ။

ထိုအချိန်မှာပဲ တစ်ဝက်တစ်ပျက် အေးခဲနေတဲ့ ရန်ကိုင်ဆီကနေ သွေးနီရောင်ပွင့်ချပ်တို့ ပေါက်ကွဲထွက်လာခဲ့တယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ထိုအကွဲကွဲ အပြားပြား ဖြစ်နေတဲ့ သွေးနီရောင် ပွင့်ချပ်တွေက ဧရာမသွေးပန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင် တစ်ကိုယ်လုံးကို ဖုံးသွားလိုက်တယ်။

“နောက်ထပ် ကောင်းကင်အဆင့် လက်နက်တစ်ခုလား”

ဘေးကနေ ကြည့်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ အားလုံးရဲ့ မျက်လုံးတွေက အပြင်ကို ပြုတ်ထွက်တော့မတတ် ပြူးကျယ်သွားခဲ့ကြတယ်။

ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

ရန်ကိုင်က ကောင်းကင်အဆင့် လက်နက်တစ်ခုကို ထုတ်သုံးလိုက်ရင် သူ့မှာ နောက်ခံကောင်းကောင်း ရှိလို့ဆိုပြီး နားလည်နိုင်သေးပေမယ့် နောက်ထပ် ကောင်းကင်အဆင့် လက်နက်တစ်ခုကို ထုတ်သုံးလိုက်တဲ့ အချိန်မှာတော့ သူ့ကိုထောက်ပံ့နေတဲ့ နောက်ခံကို သူတို့ အထင်သေးမိသွားပြီဆိုတာ အားလုံး နားလည်လိုက်တယ်။

အနည်းဆုံးတော့ သူ့နောက်ခံက လီမိသားစု သွားအံ့တုလို့ရတဲ့ နောက်ခံမျိုး မဟုတ်ပါဘူး။

ဘယ်လိုအင်အားစုကများ လူငယ်လေး တစ်ယောက်ကို ကောင်းကင်အဆင့် လက်နက်နှစ်ခုတောင် ပေးနိုင်ရတာလဲ။ ပြီးတော့ ထိုလက်နက် နှစ်ခုစလုံးကလည်း တကယ်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ သတ်ဖြတ်တဲ့ လက်နက် အမျိုးအစား တွေချည်းပါပဲ။

လီမိသားစုကတော့ သံမဏိနံရံကို သွားကန်မိပါပြီ။ လီမိသားစုက ဂျီးနီးယပ်ဖြစ်တဲ့ လီယုမှာတောင် ကောင်းကင်အဆင့် လက်နက် တစ်ခုပဲ ရှိပါတယ်။

ထိုလူငယ်လေးက မိစ္ဆာဘုရင်ငါးပါးထဲက တစ်ပါးရဲ့ တိုက်ရိုက်မျိုးဆက်လား ဒါမှမဟုတ် ပုန်းကွယ်နေတဲ့ လျှို့ဝှက်ပညာရှင် တစ်ယောက်ရဲ့ တပည့်လား။

လီမိသားစု အိမ်တော်က လူတွေအနေနဲ့ ပါးစပ်ကြီးတွေ ပွင့်အာနေလို့ အသံတစ်သံတောင် မထွက်နိုင်ကြတော့ပါဘူး။

“မင်းတို့ သောက်ရူးတွေ ဘာရပ်လုပ်နေကြတာလဲ။ လီယုကို မြန်မြန် တားကြလေ” ပွဲကြည့်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေထဲက တစ်ယောက်က အခြေအနေတွေ ထိန်းမရတဲ့အထိ ဆိုးရွားသွားမှာ စိုးတဲ့အတွက် ခပ်မြန်မြန်ပဲ အော်ဟစ် သတိပေးလိုက်တယ်။

“အာ” လီမိသားစုက ပညာရှင်တွေလည်း မှင်သက်နေရာမှ အသိပြန်ဝင်လာခဲ့ကြပြီး တုန့်ဆိုင်းမနေပဲ ချက်ချင်း တိုက်ပွဲဖြစ်ရာဆီ ပြေးဝင်သွားလိုက်တယ်။

ဧရာမသွေးပန်းကြီးရှေ့ ရောက်တာနဲ့ လီယုက တင်းပုတ်ကို ပင့်မြှောက်လိုက်ပြီး အားကုန်သုံးကာ ရိုက်ချလိုက်တယ်။

ပွင့်ချပ် အကာအရံက ချက်ချင်း ကွဲကြေသွားခဲ့ပြီး ရန်ကိုင်လည်း ပွင့်ချပ်ထဲကနေ ထွက်ပေါ်လာခဲ့တယ်။

ရန်ကိုင် လွင့်ထွက်သွားခဲ့ပြီး ချက်ချင်းပဲ သွေးတစ်ပွက် အန်လိုက်ရတယ်။ ဒါပေမယ့် သူ့ကိုယ်ကို ရစ်ပတ်နေတဲ့ နတ်ဆိုးခရမ်းချီတွေကတော့ ပျောက်ကွယ်သွားခဲ့ပါပြီ။

အအေးဓါတ်ကြောင့် အနည်းငယ် တုန်ရီနေပေမယ့် ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး သွေးနီရောင်ပွင့်ချပ် တစ်ထောင်ကို ဆင့်ခေါ်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ အသူရားဓါးနဲ့ ရှေ့တည့်တည့်ဆီ ရက်ရက်စက်စက် ထိုးချလိုက်တယ်။ ဧရာမဓါးလှိုင်းတစ်ခုက လီယုဆီ မြန်ဆန်စွာနဲ့ တိုးဝင်သွားခဲ့တယ်။

လီယုရဲ့ မျက်ဝန်းအစုံ ကျုံ့ဝင်သွားခဲ့တယ်။ အသံအကျယ်ကြီး အော်ဟစ် မာန်သွင်းလိုက်ပြီး တင်းပုတ်ကို ပင့်မြှောက်ကာ သူ့ဆီ တိုးဝင်လာနေတဲ့ ဓါးလှိုင်းကို ခုခံရင်း သူ့ကိုတိုက်ခိုက်နေတဲ့ သွေးနီရောင်ပွင့်ချပ်တွေကိုလည်း အသန်းအသန် ခုခံနေခဲ့တယ်။

“လုံလောက်ပြီ” လီမိသားစုရဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေက အော်ဟစ်ရင်း တိုက်ပွဲထဲကို ဝင်ရောက်လာခဲ့တယ်။ သူတို့ထဲက တစ်ယောက်က ရန်ကိုင်ရှေ့ ပိတ်ရပ်လိုက်ပြီး ကျန်တဲ့သူတွေကတော့ လီယုကို ကာကွယ်ပေးရင်း သူ့ကိုယ်ထဲက နတ်ဆိုးချီတွေကို ဖိနှိပ်နေခဲ့ကြတယ်။

ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်က သူ့လက်ကို အသာအယာလေား ဝှေ့ရမ်းလိုက်ပြီး ပွင့်ချပ်တစ်ထောင်သွေးပန်းနဲ့ အသူရာဓါးချီကို ချက်ချင်းပဲ ကြေပျက်သွားစေလိုက်တယ်။

“သခင်လေး၊ စိတ်လျှော့ပါဦး”

“သွားစမ်းကွာ၊ ငါဒီကောင့်ကို သတ်ရမယ်။ ငါသူ့ကို သတ်ကိုသတ်ရမယ်” လီယုကိုယ်ကနေ အစစ်အမှန်ချီတို့ လှိုင်းလုံးသဖွယ် ထွက်ပေါ်နေခဲ့ပြီး သူ့ရှေ့မှာ ပိတ်ရပ်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်ကို တင်းပုတ်နဲ့ ရိုက်ချလိုက်ရင်း “ငါ့ကို လာပိတ်နေရင် မင်းကိုလည်း ငါသတ်ပစ်မှာနော်”

ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့်ပညာရှင်တွေက အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် လီယုရဲ့ လည်းဂုတ်ထက်ကို ခပ်ဆတ်ဆတ်လေး ရိုက်ချလိုက်တယ်။

ဘန်းဆိုတဲ့ အသံနှင့်အတူ လီယု သတိလစ်သွားခဲ့တယ်။

သူတို့ထဲက ဘယ်သူမှ အခုလိုမျိုး မလုပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ လီယုက သူ့ကိုယ်ထဲက နတ်ဆိုးချီတွေကို ဖိနှိပ်ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။ သူကို့ အတင်အကြပ် သတိလစ်အောင် လုပ်လိုက်တဲ့အတွက် နတ်ဆိုးခရမ်းချီကနေ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးကို သူခံစားရမှာပါ။

ထိုအချက်ကို သိထားတဲ့အတွက် ရန်ကိုင်မှာ အားကောင်းတဲ့ နောက်ခံရှိနေတယ်ဆိုတာ သိနေပေမယ့် တိုက်ပွဲကို ဝင်မစွက်ဖက် ခဲ့ကြာတာပါ။

ဒါပေမယ့် ရန်ကိုင်က နောက်ထပ် ကောင်းကင်အဆင့် လက်နက်တစ်ခုကို ထုတ်လိုက်တဲ့အတွက် သူတို့ဝင်မပါချင်ရင်တောင် ဝင်ပါရပါတော့မယ်။

လီယု ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားရင်တောင် အဲ့လောက် အရေးမကြီးပါဘူး။ အဓိက အချက်က ရန်ကိုင်နောက်က အင်အားစုကို ရန်မစမိဖို့ပါပဲ။

ထိုအင်အားစုက အရမ်းကြောက်မက်ဖွယ် ကောင်းလိမ့်မယ် ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ထိုအင်အားစုက သူတို့လီမိသားစု သွားရန်စလို့ ကောင်းတဲ့ အင်အားစုတစ်ခု မဟုတ်တာ အသေအချာပါပဲ။

ပိုဆိုးတာက ထိုကောင်စုတ်လေးက ရှန်ချင်းလော့ရဲ့ ဂုဏ်သရှေရှိ ဧည့်သည့် ဖြစ်နေပါတယ်။ ထို့ကြောင့် ရန်ကိုင်ကို လွန်လွန်ကဲကဲ သွားရန်စလို့ မကောင်းပါဘူး။

“ဒါဘာအဓိပ္ပါယ်လဲ” ရန်ကိုင်က သူ့ရှေ့မှာ ရှိနေတဲ့ လီမိသားစု အိမ်တော်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူကို မထူးခြားနားသည့် အမူအရာဖြင့် ကြည့်ကာ သူ့ရဲ့ပွင့်ချပ်တစ်ထောင် သွေးပန်းကို ပြန်ဆင့်ခေါ်နေရင်းနဲ့ မေးလိုက်တယ်။

“ဂုဏ်သရေရှိ သခင်ငယ်လေး…” လီမိသားစု အိမ်တော်က အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်က လက်သီးလေးဆုပ်ပြီး ရင်းနှီးဖော်ရွေတဲ့ အပြုံးကို ဆင်မြန်းရင်း “ကျေးဇူးပြုပြီး စိတ်လေးလျှော့ပေးပါ။ နတ်ဆိုးခရမ်းချီခန္ဓာကိုယ် ကြောင့် ကျွန်တော်တို့ သခင်လေးအနေနဲ့ ဘာကိုမှ မဆင်းစား မဆင်ခြင် နိုင်တော့တာကို သခင်ငယ်လေးလည်း မြင်တာပဲလေ။ အခုတိုက်ပွဲ အခြေအနေက တစ်ယောက်သေမှ ပြီးသွားမယ့် တိုက်ပွဲမျိုး ဖြစ်သွားမှာကိုလည်း ဘယ်သူမှ မမြင်ချင်ကြပါဘူး”

ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင်စကား ဆိုလိုက်တယ် “ခင်ဗျားတို့ လီမိသားစုက အရမ်းကို မောက်မာလွန်းနေတာပဲ။ ခင်ဗျားတို့က အခြားတစ်ယောက်ကို တိုက်ခိုက်စေချင်ရင် အဲ့လူက တိုက်ရပြီး ခင်ဗျားတို့က မတိုက်စေချင်တော့ရင် အဲ့လူက ရပ်လိုက်ရမယ်ပေါ့”

“ဒါက…” လီမိသားစုရဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်က ရုတ်ချည်း ဆွံ့အသွားခဲ့ပြီး သူ့မျက်နှာကလည်း ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့တယ်။

ဒါပေမယ့် သူ့အနေနဲ့ ဘာမှ ပြန်မပြောနိုင်ပါဘူး။ တကယ့်တော့ ရန်ကိုင်က သူတို့ဆီ ဆေးဝယ်ဖို့ သက်သက်ပဲ လာခဲ့တာလေ။ သူတို့သခင်လေးကသာ ရန်စ စကားဆိုပြီး ရန်ကိုင်ကို မတိုက်တိုက်အောင် အတင်းလုပ်ခဲ့တာပါ။

ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်က ဘာပြန်ပြောရင် ကောင်းမလဲဆိုပြီး စဉ်းစားနေတဲ့အချိန် ရန်ကိုင်က အသာအယာ‌လေး ပြောလိုက်တယ် “ခင်ဗျားတို့က သူ့ကို သတိလစ်သွားအောင် လုပ်လိုက်မှတော့ ငါကဆက်တိုက် ချင်သေးတယ်ဆိုရင်တောင် တိုက်လို့မှ မရတော့တာ”

“သခင်ငယ်လေးကို ကျေးဇူးတင်ပါတယ်” လီမိသားစု အိမ်တော်က ကျင့်ကြံသူက ပျော်ရွှင်စွာ ပြုံးလိုက်တယ်။ ထိုသခင်လေးက တကယ်ကို အလျှော့ပေး သည်းခံတတ်တာပဲ ဆိုပြီးတော့တောင် သူ့စိတ်ထဲ တွေးနေလိုက်ပါသေးတယ်။

ရန်ကိုင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လှည့်မပြန်ခင် အေးစက်စက်လေသံနဲ့ ပြောလိုက်တယ် “ဒီကိစ္စက ဒီမှာတင် ပြီးသွားမှာ မဟုတ်ဘူး”

ထိုစကားကို ကြားလိုက်တာနဲ့ လီမိသားစုအိမ်တော်က ကျင့်ကြံသူတွေ အားလုံးရဲ့ အမူအရာ ခါးသီးသွားခဲ့ကြတယ်။

All Chapters