← Chapters

အခန်း (၃၂၁-၃၂၅)

Vol. 13 Ch. 321-325

အခန်း (၃၂၁-၃၂၅)

Vol. 13 Ch. 321-325

အပိုင်း(၃၂၁) ကုသခြင်း

ပီလော့က ဝိဥာဉ်အားဖြည့် ဆေးပုလင်းလေးတွေကို သူမလက်ထဲ ပိုက်ထားရင်း ရန်ကိုင်နောက်ကနေ လိုက်သွားလိုက်တယ်။

သူမရဲ့ မျက်ဝန်းအစုံက ရန်ကိုင် နောက်ကျောကို စိုက်ကြည့်နေခဲ့ပြီး မျက်ခုံးလေးတွေကလည်း တွန့်ကွေးနေခဲ့ကာ မျက်ဝန်းအစုံကလည်း ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နေခဲ့တယ်။

ရန်ကိုင်ကို လီကောင်းကင်ဆေးအိမ်တော်ဆီ ခေါ်သွားမိတာကို သူမတကယ် နောင်တရနေမိပါပြီ။

ရန်ကိုင်ကိုသာ လီကောင်းကင်ဆေးအိမ်တော်ဆီ ခေါ်မသွားခဲ့ရင် အခုလို ကိစ္စတွေ ဖြစ်လာခဲ့လိမ့်မှာ မဟုတ်ပါဘူး။ သူမက လီယုကို အသုံးပြုပြီး ရန်ကိုင်ကို သင်ခန်းစားလေးပဲ ပေးချင်ခဲ့တာပါ။ ဒါပေမယ့် အခြေအနေက သူမမျှော်လင့်ထားတာထက် ပိုပြီး ရှုပ်ထွေးသွားခဲ့ကာ ရန်ကိုင်ကို လုံးလုံးကြီး ရန်စမိသလို ဖြစ်သွားခဲ့ပါတယ်။ ရန်ကိုင်က လီယုနဲ့ လက်ရည်တူ ယှဉ်တိုက်နိုင်တဲ့အထိ ဘာလို့ အဲ့လောက်အားကောင်း ရတာလဲ။

သူမတကယ်ကို မစဉ်းစားနိုင်တော့ပါဘူး။ နောက်ထပ် ဘာဆက်လုပ်ရမလဲ မသိတော့သလို သူ့ကို ဘယ်လို မျက်နှာချင်းဆိုင် ရတော့မလဲ ဆိုတာကိုလည်း မသိတော့ပါဘူး။

လမ်းတစ်လျှောက်လုံး ရန်ကိုင်က တိတ်ဆိတ်နေခဲ့ပြီး သူမကို တစ်ချက်ကလေးတောင် စကားမပြောခဲ့ပါဘူး။ ရန်ကိုင်ရဲ့ ထိုအပြုအမူက သူမကို ပိုပြီး စိုးရိမ်သွားစေခဲ့ပါတယ်။

နောက်ဆုံး နန်းတော်ဆီ ပြန်ရောက်သွားတဲ့ အချိန်မှာတော့ ပီလော့လည်း ဆက်ပြီး မအောင့်အည်း နိုင်တော့တဲ့အတွက် ချက်ချင်းပဲ ရန်ကိုင်ရှေ့ကနေ ပိတ်ရပ်လိုက်ပြီး မကျေမနပ်နဲ့ ဒေါသတကြီး ပြောလိုက်တယ် “နင်ဘာလို့ စကားလေး တစ်ခွန်းတောင် မပြောရတာလဲ”

ဒါပေမယ့် ရန်ကိုင်က သူမကို ကြည့်ရုံလေးသာ ကြည့်ပြီး ဘာမှမပြောတဲ့အတွက် ပီလော့ ထပ်မံ မျက်မှောင် ကြုံ့လိုက်ရပြန်တယ်။

“ဟေး” ပီလော့က ရန်ကိုင်ရှေ့ လက်ဝှေ့ရမ်းပြလိုက်ပြီး “နင်ဘာဖြစ်နေတာလဲ။ ဘာလို့ ငါ့ကို အခုလိုမျိုး လျစ်လျူရှုထားရတာလဲ။ နင်က တကယ်ကို အံ့အားသင့်စရာ ကောင်းတဲ့ ဂျီးနီးယပ်တစ်ယောက် ဆိုတာကို ငါတကယ်ပဲ လက်ခံပါတယ်။ အဲ့အကြောင်းပြချက်လေးနဲ့ နင့်ငါ့ကို အခုလိုမျိုး လျစ်လျူရှုထားစရာတော့ မလိုဘူးမလား။ လီကို အသုံးပြုပြီး နင့်ကို သင်ခန်းစာပေးချင်လို့ နင့်ကို လီကောင်းကင်ဆေးအိမ်တော်ဆီ ခေါ်သွားတယ် ဆိုတာကို ငါဝန်ခံတယ်။ ဒါပေမယ့် အဲ့ဒါကလည်း နင့်အပြစ်ပဲလေ။ ဘယ်သူက နင့်ကို သူများအမြင်ကတ်အောင် နေခိုင်းလို့လဲ။ ဒါပေမယ့် အခြေအနေတွေက အခုလိုမျိုး ခြေလွန်လက်လွန် ဖြစ်ကုန်မယ်လို့ ငါမှ မထင်ထားခဲ့တာကို… အဲ့.. အဲ့ဒါကြောင့် ငါတောင်းပန်ပါတယ်။ နင်ထပ်ပြီး ဒေါသထွက်နေစရာ မလိုတော့ပါဘူး”

ပီလော့က မွေးစားခံရတာ ဖြစ်ပြီး သူမက မြင့်မြတ်တဲ့ အရှိန်အဝါကို မပိုင်ဆိုင်ထားပေမယ့် ဘယ်လိုပဲပြောပြော သူမက ရှန်ချင်းလော့ရဲ့ အယုံကြည်ရဆုံး လက်ထောက်တစ်ယောက် ဖြစ်သလို ရှန်ချင်းလော့ ညီမလေးလို ချစ်ရသူလည်း ဖြစ်ပါတယ်။ ပြီးတော့ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ အလှနဲ့ပါဆိုတော့ ပီလော့ရဲ့ စရိုက်က မောက်မာလာခဲ့ပါတယ်။

ပြီးတော့ ရှန်ချင်းလော့ကိုသာ သူမရဲ့ အနာဂတ်ဇနီးအဖြစ် သတ်မှတ်ထားလို့ ဘယ်ယောကျာ်းကိုမှ သူမမျက်လုံးထဲ မထည့်ပါဘူး။

ရန်ကိုင်က ရန်ကိုင်ကို နန်းတော်ဆီ ခေါ်လာပြီး ဆိတ်ငြိမ်ဖီးနစ်စံအိမ်မှာ နေခိုင်းခဲ့ရုံမကလို နန်းတော်ရဲ့ အလှဆုံး အစေခံသုံးယောက်ကို ရန်ကိုင်ရဲ့ ဝေယျာဝစ္စကိစ္စတွေကို လုပ်ဆောင်ပေးဖို့ဆိုပြီး သူ့ဆီပို့ပေးလိုက်ပါသေးတယ်။ ရှန်ချင်းလော့က ရန်ကိုင်ကို အရမ်းမျက်နှာသာ ပေးနေတဲ့အတွက် ပီလော့က မနာလိုဖြစ်ကာ ရန်ကိုင်ကို ပိုပိုပြီး အမြင်ကတ်လာခဲ့တယ်။

သူမက ရန်ကိုင်ကို အစကတည်းက ကြည့်မရခဲ့တာပါ။ ရှန်ချင်းလော့ရဲ့ အမိန့်ကြောင့်သာ ရန်ကိုင်ရှိနေတာကို သည်းခံနေခဲ့တာပါ။ ဒါပေမယ့် ရန်ကိုင်ကို ဘယ်တုန်းကမှ လေးလေးနက်နက်နဲ့ မဆက်ဆံခဲ့ပါဘူး။

ဒီနေ့ ရန်ကိုင်ရဲ့ လီယုထက် မလျော့တဲ့ ခွန်အားကို မြင်လိုက်ရတော့မှပဲ ရန်ကိုင်က အခြားသာမန်ယောကျ်ားတွေနဲ့ မတူပဲ ရှန်ချင်းလော့ကလည်း ရန်ကိုင်ကို ဘာလို့ ထူးထူးခြားခြား အလေးပေးပြီ ဆက်ဆံနေရလဲ ဆိုတာကို နားလည်သွားခဲ့ပါတယ်။

သူမရဲ့ စရိုက်နဲ့ စိတ်နေစိတ်ထားအရ ရန်ကိုင်ကို ရိုးရိုးသားသား ဝန်ခံပြီး တောင်းပန်တာပ သူမရဲ့ အကန့်အသတ် ဖြစ်နေပါပြီ။

မတ်တပ်ရပ်နေရင်း ရန်ကိုင်က မျက်မှောင်ကြုံ့ကာ ပီလော့ကို ကြည့်လိုက်တယ်။

ရန်ကိုင်က ဘာမှပြန်မပြောတာ တွေ့ရတော့ ပီလော့က မပျော်မရွှင် ဖြစ်သွားခဲ့ပြီး “ငါနင့်ကို တောင်းပန်ပြီးသွားပြီလေ။ အဲ့ဒါကိုတောင် နင်ငါ့ကို ခွင့်လွှတ်မပေး နိုင်သေးဘူးလား။ ယောကျ်ားတစ်ယောက် ဖြစ်ပြီး ဘာလို့ အဲ့လောက် စိတ်ထား ကျဉ်းမြောင်း နေရတာလဲမသိဘူး”

ရန်ကိုင် ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပီလော့ရဲ့ အင်္ကျီစကို ဆွဲကာ သူမကို သူ့ဆီဆွဲကပ်လိုက်တယ်။

ပီလော့ရဲ့ မျက်နှာ ဖြူလျော်သွားခဲ့ပြီး ရန်ကိုင်ကို ပြန်တိုက်ခိုက်ဖို့ လုပ်လိုက်ပေမယ့် အစောပိုင်းတုန်းက ရန်ကိုင် ပြသခဲ့တဲ့ ကြောက်မက်ဖွယ် ခွန်အားကို ပြန်စဉ်းစား မိလိုက်တဲ့အချိန်မှာတော့ ဒေါသတကြီး အော်ဟစ်ရုံသာ တတ်နိုင်ခဲ့ပါတယ် “နင်ဘာလုပ်ဖို့လဲ”

“ငါကို နောက်တစ်ကြိမ် အကွက်ချကြံစည်ကြည့်၊ ငါနင့်ကို သတ်ပစ်မယ်” ရန်ကိုင်က ရေခဲတမျှ အေးစက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

ရန်ကိုင်ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ အကြည့်စူးစူးကြီးနဲ့ သူရဲ့ ရေခဲတမျှ အေးစက်နေတဲ့ လေသံကြောင့် ရန်ကိုင် နောက်နေတာ မဟုတ်ဘူးဆိုတာကို ပီလော့သိလိုက်တယ်။ သူမနှလုံးသား တစ်ခုလုံး တင်းကြပ်သွားခဲ့ပြီး ချွေးအေးတို့က သူမနဖူးထက်မှ စီးကျလာပါတော့တယ်။

ပီလော့က ခေါင်းမာမာနဲ့ ပြန်ပက်ဖို့ လုပ်နေတဲ့အချိန်မှာပဲ ရန်ကိုင်က သူမအင်္ကျီစကို ချက်ချင်း လွှတ်ချလိုက်တယ်။ ထို့နောက် သူမျက်နှာ တစ်ခုလုံး ဖြူလျော်သွားခဲ့ပြီး သွေးတစ်ပွက် အန်ချလိုက်တယ်။

သူ့အန်လိုက်တဲ့ သွေးတွေထဲ ခရမ်းစွမ်းအင်တို့ ပါဝင်နေခဲ့ပြီး ထိုစွမ်းအင်တွေက အသက်ရှိနေသည့်အလား လှုပ်ရှားနေခဲ့ပါတယ်။

“အား…” ပီလော့က ထိတ်လန့်တကြား ထအော်လိုက်တယ်။

“ထွက်သွား” ရန်ကိုင်က သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး ပီလော့ကို မီတာဒါဇင်ကျော်လောက် ရောက်သွားအောင် တွန်းပို့လိုက်တယ်။ ထို့နောက် ခရမ်းရောင် မီးတောက်တို့က ရန်ကိုင် တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

အရိုးကွဲမတတ် အေးလှသည့် အအေးဓါတ်တို့ ပျံ့နှံ့လာခဲ့ပြီး ရန်ကိုင်ဆံပင်တွေ၊ အင်္ကျီတွေ အကုန်လုံး ရေခဲစတို့နဲ့ ဖုံးလွှမ်းလာခဲ့ပြီး ချက်ချင်းပဲ ရေခဲတမျှအေးစက်သည့် အရှိန်အဝါတို့ ပေါက်ကွဲထွက်လာခဲ့တယ်။

ခရက်…

ရန်ကိုင်ကို ဗဟိုပြုပြီး မီတာဒါဇင်ကျော် ဝန်းကျင်တစ်ခုလုံး ရေခဲနယ်မြေ ဖြစ်သွားခဲ့တယ်။

ရန်ကိုင်ကို ကြည့်နေတဲ့ ပီလော့ရဲ့လှပတဲ့ မျက်ဝန်းလေးတွေက ပြင်းပြင်းထန်ထန် လှုပ်ခါနေခဲ့တယ်။

အခုပုံစံအရတော့ ရန်ကိုင်က လီယုရဲ့ တိုက်ခိုက်မှုကို အပြည့်အဝ ချေဖျက်နိုင်ခဲ့တဲ့ ပုံမပေါက်ပါဘူး။ လျှို့ဝှက်နည်းလမ်း တစ်ခုခုကို သုံးပြီး ထိုအအေးဓါတ်တွေကို ဖိနှိပ်ထားခဲ့တာ ဖြစ်ရပါမယ်။ ဒါပေမယ့် အခု မဖိထားနိုင်တော့တဲ့အတွက် ထိုအအေးဓါတ်တွေက ပေါက်ကွဲထွက်လာခဲ့တာပါ။

ထိုခရမ်းနတ်ဆိုးစိတ်ဝိဥာဉ် မီးတောက်တွေက မိစ္ဆာလိုဏ်ဂူထဲမှာ ရှိတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေကနေ ဖြစ်တည်လာတာပါ။

ထိုမီးတောက်က အစစ်အမှန် မီးတောက် မဟုတ်ပဲ ခရမ်းနတ်ဆိုးချီ အတိုင်းအတာတစ်ခုအထိ သိပ်သည်းသွားလို့ ဖြစ်တည်လာတဲ့ မီးတောက်ပါ။ လီယုက ထိုခရမ်းနတ်ဆိုးချီတွေကို နှစ်ပေါင်းများစွာ ကြာအောင် စုပ်ယူလာခဲ့တဲ့အတွက် ထိုခရမ်းရောင်မီးတောက် အနည်းငယ်ကို သူ့တိုက်ခိုက်မှုထဲ ထည့်ပေါင်းအသုံးပြုနိုင်တာပါ။

ထိုနတ်ဆိုးချီတွေက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှပါတယ်။ ထိုနတ်ဆိုးချီနဲ့ ထိတွေ့သွားတာနဲ့ မိမိရဲ့ ခွန်အားက လီယုထက် သိသိသာသာ မကျော်လွန်နေသရွေ့ နတ်ဆိုးချီတွေက ဆွေးမြေနေတဲ့ အရိုးထဲက လောက်တွေလိုပဲ တစ်ကိုယ်လုံးကို လှိုက်စားသွားပြီး အေးခဲသွားစေမှာပါ။

ပီလော့က ထိုအကြောင်းကို ကြားသား ကြားဖူးခဲ့ပြီး ဒီနေ့မတိုင်ခင် အထိ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပါဘူး။

“နင်ဒဏ်ရာရနေတာလား” ပီလော့က မေးလိုက်တယ်။ ရန်ကိုင် ဒဏ်ရာရနေတာကို မြင်တော့ သူမစိတ်ထဲ အပြစ်ရှိသလို ခံစားသွားရပြန်တယ်။

“ဒဏ်ရာရတောပေါ့ဟဲ့၊ အဲ့တင်းပုတ်ကြီး ရိုက်တာကို နင်သွားခံကြည့်လေ” ရန်ကိုင်က အံ့ကြိတ်ပြီး အသက်ပြငး်ပြင်း ရှူလိုက်ကာ အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး သူ့ကိုယ်ထဲက ခရမ်းနတ်ဆိုးချီတွေကို ဖိနှိပ်ဖို့ ကြိုးစားလိုက်တယ်။

လီယုက လူငယ်မျိုးဆက်ထဲမှာ တကယ့်ကို ဂျီးနီးယပ် တစ်ယောက်ပါ။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ လာမတာခင်တုန်းက တိုက်ပွဲက သူက အသာစီးရနေတယ် ထင်ရပေမယ့် တကယ်သာ ဆက်တိုက်မယ် ဆိုရင် တိုက်ပွဲရလဒ်က တစ်မျိုးပြောင်းသွားလိမ့်မယ် ဆိုတာကို သူကိုယ်တိုင်ပဲ သိပါတယ်။

သူသာ ဆက်တိုက်မယ်ဆိုရင် သူနိုင်လိမ့်မှာ မဟုတ်ဘူးဆိုတာ ရန်ကိုင် သိပါတယ်။ လီယုဆိုတဲ့ကောင်က သူ့ထက် အဆင့်သေး လေးဆင့် မြင့်တဲ့အပြင်က သူက သာမန်ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်ပါဘူး။

ပြီးတော့ သူအသုံးပြုတဲ့ တင်းပုတ်လက်နက်ကြီးကလည်း တကယ်ကို အဖျက်အား ပြင်းလှပါတယ်။ ပွင့်ချပ်တစ်ထောင်သွေးပန်းကို သုံးပြီး သူ့ကိုယ်သူ ကာကွယ်လိုက်တာတောင် အတွင်းဒဏ်ရာ ရသွားခဲ့ရပါသေးတယ်။

“နင်အခု ဘာလုပ်မလဲ” ပီလော့က စိုးရိမ်စွာနဲ့ မေးလိုက်တယ်။

“ပြန်ကုရမှာပေါ့၊ ဝက်ဦးနှောက်မရဲ့”

“အို… အဲ့ဒါဆိုလည်း မြန်မြန် ပြန်ကြမယ်လေ” ပီလော့က ရှေ့တက်ပြီး ရန်ကိုင်ကို ဆိတ်ငြိမ်ဖီးနစ်စံအိမ်ဆီ တွဲခေါ်သွားပေးလိုက်တယ်။

ရန်ကိုင်က သူမကို ဝက်ဦးနှောက်မဆိုပြီး ဆူပူလိုက်ပေမယ့် ပီလော့ စိတ်မဆိုးပါဘူး။ အနည်းဆုံးတော့ အစောပိုင်းတုန်းကလိုမျိုး ရန်ကိုင်က သူမကို လျစ်လျူရှု မထားတော့ဘူးလေ။

တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ရန်ကိုင်က သူမကို စိတ်မဆိုးတော့ဘူးလေ။

ဆိတ်ငြိမ်ဖီးနစ်စံအိမ်…

ပထမအထပ်က ရေချိုးကန်ဆီ ရောက်တာနဲ့ ရန်ကိုင်က စုတ်ပြဲနေတဲ့ သူ့အဝတ်တွေကို စုတ်ဖြဲပစ်လိုက်ပြီး ရေနွေးကန်ထဲ ချက်ချင်း တန်းစိမ်လိုက်တယ်။

အပြင်ဘက်မှာတော့ မိန်းကလေးသုံးယောက်က ပီလော့ကို ဘာတွေဖြစ်ခဲ့လဲ့ ဆိုတော မေးနေခဲ့ကြတယ်။

“သခင်ငယ်လေး ဘာဖြစ်ခဲ့တာလဲ” ရင့်ကျက်တဲ့ အလှလေးယွန်လီက တစ်ခုခုမှားယွင်းနေမှန်း သိလိုက်တာနဲ့ သိမ်မွေ့တဲ့ လေသံလေးနဲ့ မေးလိုက်တယ်။

“သူ လီယုနဲ့ တိုက်ပြီး ဒဏ်ရာရခဲ့တာ” ပီလော့က တိုးတိုးလေး ပြန်ပြောလိုက်တယ်။

“အန်…” ယွန်လီက သူမရဲ့ နှုတ်ခမ်းအစုံကို လက်ကလေးနဲ့ ပိတ်လိုက်ရင်း ထိတ်လန့်တုန်လှုပ်သွားသည့် လေသံနဲ့ ပြောလိုက်တယ် “သခင်ငယ်လေးက လီမိသားစုရဲ့ သခင်လေးနဲ့ တိုက်ခိုက်ခဲ့တာလား။ ဘယ်လိုလုပ်ပြီး အဲ့လိုတွေ ဖြစ်ကုန်တာလဲ”

“အရမ်းကြီး မေးမနေနဲ့။ အဲ့လို ဖြစ်သွားတာ ငါ့ကြောင့်ပဲ” ပီလော့က သက်ပြင်းချလိုက်ပြီး လက်ထဲတွင် ကိုင်ထားသည့် ဆေးပုလင်းတွေကို ရို့ယုနဲ့ ရို့ချင်ကို ပေးနေရင်း ပြောလိုက်တယ်။

ယွန်လီက သေသေချာချာ စဉ်းစားတွေးတော လိုက်ပြီးနောက် တစ်ခဏကြာပြီးနောက် တစ်ခုခုကို နားလည်သွားလိုက်တယ်။ ဆက်မေးနေတာက ဥာဏ်ရှိတဲ့ အပြုအမူ တစ်ခုမဟုတ်မှန်း သိလိုက်တာနဲ့ သူမလည်း ပီလော့ကို ဆက်ပြီး မမေးတော့ပါဘူး။

“အစ်မယွန် ကျွန်မကို တော်တော် စိတ်ပျက်သွားမှာပဲ။ သူခွင့်လွှတ်ပေးအောင်လို့ ကျွန်မဘယ်လို တောင်းပန်သင့်လဲဟင်” တစ်ခဏကြာပြီးနောက် ပီလော့က ယွန်လီဘက်လှည့်ပြီး ရုတ်တရက် ကောက်မေးလိုက်တယ်။

“တောင်းပန်ဖို့လား” ပီလော့ကို ကြည့်နေတဲ့ ယွန်လီ မျက်လုံးထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီးနောက် အသာအယာလေး ရယ်မောလိုက်ကာ “ပီလော့လေးက သူ့ကို လိုလိုာလားလားနဲ့ တောင်းပန်နေချင်တယ်တဲ့။ ဒီနေ့ နေကများ အနောက်ကထွက်ပြီး အရှေ့က ဝင်နေလား မသိတော့ပါဘူး။ အဲ့လိုကော ဖြစ်နိုင်လား။ သူကို့ နင်…”

“မဖြစ်နိုင်ဘူး” ပီလော့က စူးစူးဝါးဝါး စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ကောက်ကျစ်စွာ ပြုံးလိုက်ရင်း “ဘယ်လို တဏှာအတွေးတွေ တွေးနေတာလဲ။ အစ်မယွန်ရဲ့ မပြေပျောက်နိုင်တဲ့ ဆန္ဒတွေကို ကျွန်မကို ဖြေဖျောက်ပေးစေ ချင်နေတာလား”

“ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်နိုင်မှာလဲ” ယွန်လီက ကြောက်လန့်တကြား ထအော်လိုက်ပြီး ခပ်မြန်မြန်ပဲ ပီလော့နဲ့ ခွါနေလိုက်တယ်။

“ကောင်းတယ်၊ အဲ့လိုဆို ကျွန်မဘယ်လို လုပ်သင့်လဲ ဆိုတာကိုပြော”

လီယွန်က ခပ်မြန်မြန်ပဲ စွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး ရှက်ရွံ့နေတဲ့ လေသံလေးနဲ့ တိုးတိုးလေး ပြောလိုက်တယ် “အဲ့လိုကိစ္စတွေမှာ ဆိုရင် မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အကောင်းဆုံး လက်နက်ပဲ…”

“အစ်မယွန် ခေါင်းက အဲ့လိုအတွေးတွေနဲ့ပဲ ပြည့်နေတာလား။ တော်ပြီ၊ ဆက်မပြောနဲ့တော့” ပီလော့က ဒေါသတကြီး ပြန်ပြောလိုက်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်ရင်း “သူကို သေချာပြုစု ပေးထားလိုက်။ ကျွန်မ ပြန်လာခဲ့မယ်။ သူတစ်ခုခု ဖြစ်သွားရင် ကျွန်မကို အကြောင်းကြားဖို့ မမေ့နဲ့နော်”

“အင်း” ယွန်လီ၊ ရို့ယုနဲ့ ရို့ချင်တို့ သုံးယောက်စလုံး ခေါင်းညိတ်လိုက်တယ်။

ရေချိုးကန်ထဲမှာတော့ ရန်ကိုင်က မျက်လုံးပိတ်ရင်း အစစ်အမှန် ယန်ကျင့်စဉ်ကို လှည့်ပတ်နေခဲ့တယ်။

သူ့သွေးကြောတွေထဲမှာ ရှိနေတဲ့ ခရမ်းနတ်ဆိုးချီတွေကို အစစ်အမှန်ယန်ချီက ဖြေးဖြေးချင်း လောင်ကျွမ်းပစ်နေခဲ့တယ်။ အချို့က သူ့ကိုယ်ထဲကနေ အပြင်ဘက်ကို စွန့်ထုတ်ပစ်ခံရပြီး အချို့ကတော့ သူ့ကိုယ်ပိုင်စွမ်းအင် အဖြစ် ပြောင်းလဲသွားခဲ့ကာ ကျန်ရှိနေတဲ့ စွမ်းအင်အကုန်လုံးကတော့ ရွှေရောင်အရိုးရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတယ်။

ထိုချီရဲ့ သဘာဝက မိစ္ဆာဆန်ပေမယ့် ရွှေရောင်အရိုးခြောက်ထဲမှာ သိုလှောင်ထားတဲ့ မိစ္ဆာချီစွမ်းအင်နဲ့ လုံးဝနီးပါး ဆင်တူပြီး နည်းနည်းလေးသာ ကွဲပြားတာပါ။

ထိုစွမ်းအင်က လီယု လေ့ကျင့်ထားတဲ့ စွမ်းအင်တွေပါ။ ထိုစွမ်းအင်ထဲ သူ့ရဲ့ သိုင်းပညာရပ်အပေါ် နားလည်သဘောပေါက်မှု တွေနဲ့ သူ့ရဲ့ အရှိန်အဝါ အနည်းငယ်တို့ ပါဝင်နေခဲ့တယ်။

လီယု လေ့ကျင့်ထားတဲ့ သိုင်းပညာရပ်တွေ အကုန်လုံးက ရန်ကိုင်နဲ့ တစ်ခုမှ မကိုက်ညီတဲ့အတွက် ထိုအရာတွေ အကုန်လုံးကို ဖယ်ထုတ်ပစ်လိုက်ပါတယ်။

ကျန်ရှိနေတဲ့ စွမ်းအင်တွေက မိစ္ဆာလိုဏ်ဂူထဲက မိစ္ဆာစိတ်ဝိဥာဉ်တွေ ဆီကနေ လီယုစုပ်ယူထားတဲ့ ခရမ်းနတ်ဆိုးစိတ်ဝိဥာဉ်ချီ သက်သက်သာ ဖြစ်တဲ့အတွက် ထိုစွမ်းအင်တွေ အကုန်လုံးကို ရွှေရောင်အရိုးခြောက်က စုပ်ယူသွားခဲ့တယ်။

ထိုစွမ်းအင်တွေကို သူသန့်စင်ပြီးသွားတဲ့ အချိန် ရွှေရောင်အရိုးခြောက်ဆီကနေ မှိန်ဖျဖျ စွမ်းအင်လှိုင်းတို့ ထွက်ပေါ်လာခဲ့တယ်။ ထိုခရမ်းနတ်ဆိုးစိတ်ဝိဥာဉ်က ရွှေရောင်အရိုးခြောက်အတွက် တော်တော်လေး အရသာရှိတဲ့ပုံပါပဲ။ ထိုအချက်ကို တွေ့ရှိလိုက်တာနဲ့ ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်တယ်။

လီယုကနဲ့တိုက်ပွဲမှာ အနိုင်အရှုံး မကွဲပြားခဲ့ပေမယ့် သူ့ကျင့်ကြံခြင်းအဆင့်ကိုတော့ တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပါတယ်။

အခုအချိန်အထိ သူရင်ဆိုင်ခဲ့ရတဲ့ ခက်ခဲတဲ့ ပြိုင်ဘက်တွေဆိုလို့ အနည်းငယ်ပဲ ရှိပါသေးတယ်… ကြယ်ဓါးကိုးချောင်းဂိုဏ်းက ဝူချန်းရီ၊ ချူမိသားစုက ချူရီမန်နဲ့ အခုလီယု တို့ပါပဲ။

သူတို့တစ်ယောက်ချင်းစီက သာမန်ထက် ထူးခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားကြပြီး တစ်ယောက်ချင်းစီတိုင်းရဲ့ ခွန်အားကလည်း ရန်ကိုင် နည်းနည်းလေးတောင် အထင်သေးလို့ မရလောက်အောင် အားကောင်းလှပါတယ်။

ကမ္ဘာကြီးက တကယ်ကို ကျယ်ပြန့်လှပါတယ်။ သူတို့လိုမျိုး ဂျီနီးယပ်တွေ နောက်ထပ် အများကြီး ရှိနေသေးမယ်လို့ ဘယ်သူက သိမှာလဲ။

သူ့မျက်လုံးကို ဖြေးဖြေးချင်း ပြန်ဖွင့်လိုက်တယ်။ အခုအချိန်မှာ သူ့စိတ်ရော ကိုယ်ပါ လန်းဆန်းနေခဲ့တယ်။ သူ့အတွင်းဒဏ်ရာတွေ အကုန်လုံး ပြန်သက်သာသွားခဲ့ပါပြီ။ သူစိမ်နေတဲ့ ရေကန်ရဲ့ အရောင်က ခရမ်းရောင်ဖျော့ဖျော့ သန်းနေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။

ရေကန်ထဲကနေ ထပြီး သူ့ကိုယ်သူ ခြောက်သွေ့အောင် လုပ်လိုက်ပြီးနောက် အဝတ်ဝတ်ကာ စံအိမ်ထဲကနေ ထွက်လိုက်တယ်။

သူထွက်လာတာကို မြင်လိုက်တာနဲ့ ယွန်လီ၊ ရို့ယုနဲ့ ရို့ချင်တို့ အားလုံး ပြုံးလိုက်ကြတယ်။

“သခင်လေးရဲ့ ဒဏ်ရာတွေ သက်သာသွားပြီလား” ယွန်လီက မြန်မြန်ဆန်ဆန်ပဲ ကောက်မေးလိုက်တယ်။

“အင်း” ရန်ကိုင်က အသာအယာလေး ခေါင်းပြန်ညိတ်ပြလိုက်တယ်။

“အိုး၊ ဘုရားမတာပဲ” ယွန်လီက သက်ပြင်းလေး ချလိုက်တယ်။ ထို့နောက် ရို့ယုနဲ့ ရို့ချင်ဘက်လှည့်ကာ “ပီလော့ကို ခပ်မြန်မြန် သွားသတိပေးလိုက်တယ်။ သခင်ငယ်လေး ပြန်သက်သာသွားပြီ ဆိုတာကို သိရင် သူမတော်တော်လေး စိတ်သက်သာရာ ရသွားလိမ့်မယ်”

“ဟုတ်ကဲ့ပါ” ရို့ယုနဲ့ ရို့ချင်တို့ နှစ်ယောက်စလုံး ချက်ချင်း ပြန်ဖြေလိုက်ပြီး ပြေးထွက်သွားလိုက်ကြတယ်။

ယွန်လီက ရန်ကိုင်ကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်တယ် “သခင်လေးရဲ့ ဒဏ်ရာတွေ အကြောင်းကို မေးမြန်းဖို့ လွန်ခဲ့တဲ့ ရက်တွေအတွင်း ပီလော့က ဒီနေရာကို အကြိမ်ကြိမ် လာခဲ့တယ်။ သူမလည်း တော်တော်လေး စိတ်ပူနေတဲ့ ပုံပဲ”

“သူမနဲ့ ထိုက်နဲ့သူမကံပဲလေ” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်တယ်။

ပီလော့ သူ့ကို စိတ်ပူတာက သူ့ကို ဂရုစိုက်လို့ မဟုတ်ပါဘူး။ ရှန်ချင်းလော့ သူမကို အပြစ်ပေးမှာကို ကြောက်လို့ပါ။ ဒီလောက် ရိုးရှင်းတဲ့ အချက်ကိုတောင် သူနားမလည်ပဲ ဘယ်နေပါ့မလဲ။

ယွန်လီက ဖွဖွလေး ရယ်မောလိုက်ပြီး “သူမ ငယ်ငယ်လေးကတည်းက ပီလော့ တစ်ခါမှ ဒီလောက်အထိ မသိတတ်ဖူးဘူး။ သူမက ငယ်ငယ်လေးကတည်းက နန်းတော်ထဲမှာ ကြီးပြင်းလာပြီး သခင်မကလည်း သူမကို အရမ်း အလေးပေးတာဆိုတော့ သခင်ငယ်လေး အနေနဲ့ သူမအဆင့်ထိ လိုက်ပြီး မနှိမ့်ချသင့်ဘူး”

Martial Peak

အပိုင်း(၃၂၂) နင်တော့နာပြီပဲ

“သူမဘာဆက်လုပ်မလဲ ဆိုတာကိုပဲ ကြည့်ရတာပေါ့” ယွန်လီက ပီလော့ဘက်ကနေ အသည်းအသန် ခုခံကာကွယ် ပြောဆိုပေးနေတာကို တွေ့လိုက်ရတော့ ရန်ကိုင်လည်း ဆက်ပြီး စကားနိုင် လုမနေတော့ပါဘူး။

အရင်က ဖြစ်ပျက်တဲ့ ကိစ္စတွေကို သူစိတ်ထဲ မထားပါဘူး။ ပီလော့က သူ့ကို အကွက်ချကြံစည်ခဲ့တာကိုပဲ သူတော်တော်လေး စိတ်ပျက်သွားတာပါ။

ဒီအဖြစ်အပျက် ပြီးတဲ့နောက် နောက်တစ်ကြိမ် ပီလော့ အဲ့လိုမျိုး မလုပ်ရဲလောက်တော့ဘူးလို့ ရန်ကိုင် ယုံကြည်ထားပါတယ်။

ယွန်လီက ခပ်မြန်မြန်ပဲ ထပ်ပေါင်းပြောလိုက်တယ် “သခင်ငယ်လေး ဝယ်လာတဲ့ ဆေးတွေ အကုန်လုံး အခန်းထဲမှာ ရောက်နေပြီနော်။ ဆေးတန်ဖိုးတွေ အားလုံးကိုလည်း ပေးချေပြီးသွားပြီ”

ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

နောက်ခံကောင်းကောင်း ရှိတာ တကယ်ကို အကျိုးများလှပါတယ်။ တစ်ပြားတစ်ချပ်တောင် မကုန်ပဲ သူလိုချင်တဲ့ စိတ်ဝိဥာဉ်အားဖြည့် ဆေးတွေအကုန်လုံးကို သူဝယ်နိုင်ခဲ့ပါတယ်။ အင်အားစုကြီးတွေက သခင်လေးတွေနဲ့ သခင်မလေးတွေ ဒီလောက်ထိ အားကောင်းနေတာလည်း အံ့ဩစရာ မရှိတော့ပါဘူးလေ။

အစကတည်းက အရည်အချင်း ရှိနေတာကို အရင်းအမြစ်ကလည်း မရှားတော့ ထိုသခင်လေး၊ သခင်မလေးတွေက သူတို့နဲ့ ရွယ်တူပြိုင်ဘက်တွေထက် ပိုပြီး မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်ကို ရောက်နေကြတာပေါ့။

ဒီကမ္ဘာကြီး တကယ်ကို တရားမျှတမှု မရှိပါဘူး။

“ပြီးတော့ လီမိသားစုဝင် တစ်ယောက်ကလည်း တစ်ခုခု ပေးဖို့ဆိုပြီး နန်းတော်ဆီ လာသေးတယ်” ရင့်ကျက်တဲ့ အလှလေးက အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်တယ်။

“အို၊ လီမိသားစုလား” ရန်ကိုင် မျက်ခုံးပင့်လိုက်ပြီး သူ့မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားခဲ့တယ်။

“အင်း၊ သူတို့တွေက စိတ်စွမ်းအင် ပြန်ဖြည့်ပေးနိုင်တဲ့ ဆန်းကြယ်အဆင့် ဆေးပုလင်းတစ်ပုလင်း ယူလာခဲ့တာ” ယွန်လီက ပါးစပ်လေးကို လက်ကလေးနဲ့ အုပ်ပြီး ရန်ကိုင်ကို ကြည့်ကာ ရယ်မောလိုက်ရင်း “အဲ့လီမိသားစုဝင်ကလေ အဲ့ဆေးပုလင်းကို ပို့ပြီး လီမိသားစုဆီကနေ တစ်ညလုံး ဒုန်ဆိုင်းပြေးလာတဲ့ ပုံပဲ။ ရောက်တာနဲ့ ဆေးပုလင်းကို သခင်လေးဆီ သေချာပေးပေးပါဆိုပြီး ပြောတာ။ သခင်လေးက ဒဏ်ရာတွေကို ပြန်ကုနေတော့ ဒီအစေခံကပဲ သခင်လေးအစား လက်ခံပေးထားလိုက်တယ်။ သခင်လေး လက်ခံထားချင်လား… ဒါမှမဟုတ် ငြင်းပယ်လိုက်ချင်လား”

“ဘာမဟုတ်တာတွေလဲ” ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး “သူတို့က ဒီလောက်ဆောင်ကို ပေးဖို့အတွက် တစ်ညလုံးတောင် ခရီးနှင်လာတာကို ငါက မယူရင် ရိုင်းရာကျသွားမှာပေါ့”

ရန်ကိုင် အဲ့လိုပြောမယ်မှန်း ကြိုသိထားသည့်အလား ယွန်လီက အသာအယာလေး ခေါင်းညိတ်လိုက်ပြီး “အင်း၊ သခင်လေးသာ ငြင်းပယ်လိုက်မယ်ဆိုရင် လီမိသားစု အနေနဲ့ ဒီတစ်ကြိမ်မှာ တော်တော်လေး မျက်နှာပျက်သွားရမှာ။ ကြီးတဲ့ကိစ္စတွေကို ငယ်အောင်၊ ငယ်တဲ့ ကိစ္စတွေကို ပပျောက်အောင် လုပ်တာ အကောင်းဆုံးပဲ။ သခင်ငယ်လေးက ခွင့်လွှတ်ပြီး သည်းခံပေးတတ်တဲ့ လူတစ်ယောက်မှန်း ဒီအစေခံ သိသားပဲ”

ဒီမြေခွေးမကတော့…

ယွန်လီကို ကြည့်ရင်း ရန်ကိုင် မျက်နှာ ရဲတက်လာခဲ့တယ်။

လီမိသားစု သူ့ကို လက်ဆောင်လာပေးရတဲ့ အကြောင်းအရင်က ဆက်ဆံရေး မပျက်ပြားစေချင်တာရယ်၊ သူ့နောက်ခံကို ကြောက်တာကြောင့်ရယ်ပါ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လီမိသားစုက အင်အားစုကြီး တစ်ခု ဖြစ်နေတုန်းပါပဲ။ လီမိသားစု ဒီလောက်မြန်မြန် တု့န်ပြန်လာတာကိုတော့ ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့မိတယ်။

“ရှန်ချင်းလော့က တကယ်ကို လွှမ်းမိုးနိုင်စွမ်း ကြီးမားတာပဲ” ရန်ကိုင်က တိုးတိုးလေး ပြောလိုက်တယ်။ သူက ရှန်ချင်းလော့ကြောင့် လီမိသားစုက အခုလိုမျိုး သူ့ကို လက်ဆောင် လာပေးတယ်လို့ ထင်နေတာပါ။

သူမသိတာ တစ်ချက်က လီမိသားစုက သူ့ဘယ်ကလာလဲ၊ သူ့နောက်ခံက ဘာလဲဆိုတာ မသိသေးတဲ့အတွက် ရန်ကိုင် နောက်ခံကို သူတို့ မစုံစမ်းရသေးခင်မှာ အခုလို ကောင်းချီးပေးခံထားရသည့် ပါရမီကို ပိုင်ဆိုင်ထားတဲ့ ဂျီးနီးယပ် တစ်ယောက် ရန်မစမိချင်သေးတာပါ။

သူတို့သာ ရန်ကိုင်ကို တိတ်တဆိတ် သတ်ပစ်နိုင်မယ်လို့ တွေးခဲ့ရင် လီမိသားစုက ဘယ်လိုလုပ်ပြီး ဒီလောက် ရက်ရောပါ့မလဲ။ ဒါပေမယ့် ရန်ကိုင်နဲ့ လီယုကြားက တိုက်ပွဲက သင်းရနံ့မြို့ထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်တိုက်ပွဲကို ကျင့်ကြံသူများစွာ ကလည်း ကြည့်နေခဲ့ကြတာပါ။ သူတို့သာ ရန်ကိုင်ကို တိတ်တဆိတ် လုပ်ကြံမယ်ဆိုရင် အားလုံးက လီမိသားစုကို သံသယမဝင်ပဲ မနေသလို ရန်ကိုင် နောက်ခံကိုလည်း စိုးရိမ်ရပါသေးတယ်။ ထို့ကြောင့် ပြေရာပြေကြောင်း လက်ဆောင်လာပေးတာပါ။

ဆန်းကြယ်အဆင့် ဆေးတစ်ပုလင်းက တော်တော်လေး ဈေးကြီးပေမယ့် လီမိသားစု မတတ်နိုင်တာတော့ မဟုတ်ပါဘူး။

ယွန်လီက ရန်ကိုင် ရေရွတ်တဲ့ စကားကို ကြားလိုက်တဲ့အခါ အရင်လိုပဲ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးကို ဆင်မြန်းရင် ပြောလိုက်တယ် “သခင်ငယ်လေးကို ဒီအစေခံ ပြောစရာ တစ်ခုရှိတယ်”

“အို၊ ဘာများလဲ”

“မြို့ထဲမှာရှိတဲ့ သခင်မလေးတွေနဲ့ သခင်လေးတွေက သခင်လေးနဲ့ ရင်းနှီးချင်လို့ သခင်လေးကို ဖိတ်ခေါ်ချင်နေကြတယ်…”

ရန်ကိုင် နောက်ခံက တကယ်ကို ဆန်းကြယ်လှပါတယ်။ အဲ့တော့ မြို့ထဲထဲ အင်အားစု အသီးသီးအာရုံကို မဆွဲဆောင်နိုင်မှသာ တစ်ခုခု ထူးဆန်းနေမှာပါ။ လွန်ခဲ့တဲ့ ရက်အတောအတွင်း သင်းရနံ့မြို့ထဲမှာ ရှိတဲ့ အင်အားစုတွေက ရန်ကိုင်နောက်ခံကို သည်းကြီးမည်းကြီး စုံစမ်းခဲ့ကြပေမယ့် ရန်ကိုင် နောက်ခံကို အသာထား၊ သူ့နာမည်ကိုတောင် မသိခဲ့ရပါဘူး။

အခုလို အခြေအနေမျိုးမှာ သူတို့အကောင်းဆုံး လုပ်နိုင်တာဆို့လို့ လူတို့ရဲ့ လူငယ်မျိုးဆက်တွေကို ရန်ကိုင်အား ဖိတ်ခေါ်ခိုင်းပြီး စကားစမြည် ပြောခိုင်းဖို့ပဲ ရှိပါတော့တယ်။

သူ့မှာသာ နောက်ခံကောင်းကောင်း ရှိခဲ့ရင် ရန်ကိုင်နဲ့ မိတ်ဆွေဖွဲ့ရတာ အမြတ်ပဲပေါ့၊ ဒါပေမယ့် သူ့မှာ အားကောင်းတဲ့ နောက်ခံ မရှိရင်တောင် ရန်ကိုင်ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ပါရမီနဲ့တင် သူ့နဲ့ လိုလိုလားလား မိတ်ဆွေဖွဲ့ချင်တဲ့ လူတွေ အများကြီးပါ။

“မလိုဘူး” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး “ငါ့မှာ သူတို့နဲ့ ဆွေးနွေးစရာ ဘာမှ မရှိဘူး”

ရန်ကိုင် ချက်ချင်းပဲ ငြင်းပယ်လိုက်တာကို မြင်တော့ ယွန်လီ အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ကျော့မော့စွာ ရယ်မောလိုက်ပြီး “ကောင်းပြီလေ”

“ငါပြန်ပြီး လေ့ကျင့်တော့မယ်” ပြောပြီးတာနဲ့ ချက်ချင်းပဲ ရန်ကိုင်က ဒုတိယထပ်က အခန်းဆီ လမ်းလျှောက်သွားလိုက်တယ်။

တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ ရန်ကိုင် နောက်ကျောကို ယွန်လီက အချိန်အတော်ကြာအောင် ငေးစိုက်ကြည့်နေခဲ့တယ်။ ထို့နောက် ခေါင်းလေးကို ခါယမ်းရင်း နွေးထွေးစွာ ပြုံးလိုက်တယ်။ ဒီလောက်တောင် ဆုံးဖြတ်ချက် ပြတ်သားတဲ့ လူငယ်တစ်ယောက်ကို သူမတစ်ခါမှ မမြင်ဖူးပါဘူး။

သူ့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ထက်မြက်တဲ့ အရည်းအချင်း နှစ်ခုပေါင်းလိုက်ရင် သူအခုလို အစွမ်းထက်နေတာ ယုတ္တိမရှိတာတော့ မဟုတ်တော့ပါဘူး။

ဒီရက်အတောအတွင်း ရန်ကိုင်က အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာရင်းနဲ့သာ သူ့အချိန်တွေကို ကုန်ဆုံးစေခဲ့တယ်။ ဒါပေမယ့် သူ့တိုးတက်မှုက အရမ်းကို နှေးကွေးလွန်းလို့ ထိုအစစ်အမှန် ဆေးပညာနည်းလမ်း တစ်ခုလုံးကို အပြည့်အဝကို ဆုပ်ကိုင်နားလည်နိုင်တဲ့အထိဆို ဘယ်လောက်တောင် ကြာမလဲဆိုတာကို မခန့်မှန်းနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ရန်ကိုင်က ထိုကိစ္စကို စိတ်ထဲမထားပါဘူး။ သူ့ရဲ့ အစစ်အမှန် ရည်ရွယ်ချက်က အစစ်အမှန် နည်းလမ်းကို လေ့လာရင်းနဲ့ သူ့စိတ်စွမ်းအင်ကို ကုန်ဆုံးဖို့ပါ။ ထိုထဲမှာ ပါတဲ့ အသိပညာတွေကို ဖမ်းဆုပ်နိုင်ဖို့က ဒုတိယပါ။

ဝိဥာဉ်အားဖြည့်ဆေး များစွာကို သောက်သုံးပြီးသွားတဲ့ အချိန်မှာတော့ သူ့ဝိဥာဉ်က ပိုပြီး အားကောင်းလာခဲ့တယ်။ အခုဆို ကောင်းကင်စိတ်အာရုံကို ပိုပြီးကျယ်ကျယ် ဖြန့်ကျက်လို့ ရသွားပါပြီ။

ဝိဥာဉ်အားဖြည့်ဆေးတွေ အကုန်လုံး မြန်ဆန်စွာနဲ့ ကုန်ဆုံးသွားခဲ့တယ်။ အရမ်းမြန်ဆန်စွာ ကုန်ဆုံးရတဲ့ အကြောင်းအရင်းက ထိုဆေးလုံးတွေရဲ့ အဆင့်က နိမ့်ကျလို့ပါပဲ။ ဆေးလုံးအဆင့်က နိမ့်ကျတော့ သူ့စိတ်စွမ်းအင်ကို မြန်မြန် ပြန်ပြည့်ဖို့ဆိုရင် ဆေးလုံးအများကို သောက်သုံးမှပဲ ရမှာပါ။

လီမိသားစုက သူ့ကို လက်ဆောင်ပေးတဲ့ ဆန်းကြယ်အဆင့် ဝိဥာဉ်အားဖြည့်ဆေးပုလင်းတောင် နှစ်ရက်အတွင်းမှာပဲ ကုန်သွားခဲ့ပါတယ်။

စိတ်စွမ်းအင်ကို ကုန်ခမ်းသွားအောင် လုပ်လိုက်၊ ပြီးတာနဲ့ ဝိဥာဉ်အားဖြည့်ဆေး သောက်ပြီး စိတ်စွမ်းအင်ကို ပြန်ဖြည့်လိုက်၊ အဲ့လိုမျိုး ရန်ကိုင်ကလွဲပြီး ဘယ်သူမှ မလေ့ကျင့်ရဲပါဘူး။ ရန်ကိုင်လိုမျိုးသား လေ့ကျင့်ရဲတဲ့ လူရှိတဲ့ အဲ့လူအနေနဲ့ အရူးဖြစ်ရင်ဖြစ်၊ မဖြစ်ရင်တောင် အနည်းဆုံးတော့ သူ့ဝိဥာဉ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာတော့ ကျိန်းသေပါပဲ။

ရန်ကိုင် ဝိဥာဉ် ဒဏ်ရာမရတဲ့အကြောင်းက သူ့မှာ ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ ဝိဥာဉ်ကြာပန်း ရှိနေလို့ပါပဲ။

၁၀ရက်ကြာပြီးနောက်…

သူ့ဆေးလုံးတွေ အားလုံး ကုန်ဆုံးသွားခဲ့ပါပြီ။ သူ့ဝိဥာဉ်က ပိုပြီး အားကောင်းလာပေမယ့် ရှန်ချင်းလော့ရဲ့ ဝိဥာဉ်ရှာအမှတ်အသားကို ဖျက်စီးဖို့ ကြိုးစားကြည့်လိုက်တဲ့အခါ ထိုဝိဥာဉ်ရှာ အမှတ်အသားကို ဖျက်ဖို့ မပြောနဲ့၊ လှုပ်အောင်တောင် မလုပ်နိုင်ခဲ့ပါဘူး။ ပြီးတော့ ထိုဝိဥာဉ်ရှာ အမှတ်အသားကို ဖျက်စီးဖို့ ကြိုးစားလိုက်တဲ့ အကြိမ်တိုင်း အမှတ်အသားရဲ့ ခံစစ်ကို ရန်စမိလိုက်သလို ဖြစ်သွားပြီး ညို့ငင်ပြီး ဆွဲဆောင်နိုင်လွန်းတဲ့ ပုံရိပ်ယောင်တွေထဲ သူကျရောက်သွားခဲ့ရပါတယ်။

တစ့်နေကျ ထိုစုန်းမကို ကြိုးနဲ့ချည်ပြီး သူမအဝတ်အစားတွေကို စုတ်ဖြဲကာ သူမတင်ပါးကို နားနားလေး ရိုက်ပေးရမယ်လို့ ရန်ကိုင် တွေးလိုက်တယ်။

ရုတ်တရက် တံခါးခေါက်သံကို ရန်ကိုင် ကြားလိုက်ရတယ်။

“ဝင်လာခဲ့” ရန်ကိုင်က ပြောလိုက်တယ်။

တံခါးပွင့်သွားတာနဲ့ ရဲရဲနီနေတဲ့ ဝတ်စုံကို ဝတ်ဆင်ထားသည့် စွဲမက်ဖွယ်ကောင်းသည့် ပီလော့ တခစ်ခစ်ရယ်မောရင်း အခန်းထဲကို ဝင်လာခဲ့တယ်။

သူမ အဝတ်အစားကို မြင်လိုက်တာနဲ့ ရှန်ချင်းလော့ကို တုပပြီး ဝတ်ဆင်ထားတယ်ဆိုတာ တန်းသိနိုင်ပါတယ်။

ရန်ကိုင် အနည်းငယ် ကြောင်အသွားခဲ့ပြီး “နင်ဘာလို့ ဒီကိုလာတာလဲ”

နန်းတော်ကို ပြန်ရောက်တဲ့ ထိုနေ့ကတည်းက ပီလော့က သူ့ကို တစ်ကြိမ်လေးတောင် လာမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် ယွန်လီက ပီလော့ဘက်ကနေ ခဏခဏ ကူပြောပေးနေတာကြောင့် ရန်ကိုင်က အတိတ်ကိစ္စတွေကို အတိတ်မှာပဲ ထားလိုက်တော့မယ့် ဆိုပြီး ဆုံးဖြတ်လိုက်တယ်။

ပီလော့က အခုလိုမျိုး သူ့ကို လာရှာလိမ့်မယ်လို့ ရန်ကိုင် တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

ဒါပေမယ့် အခုအချိန်မှာတော့ ပီလော့က အရင်လို အထက်စီးဆန်ပြီး မောက်မာတဲ့ မိန်းမကလေး တစ်ယောက် မဟုတ်တော့ပါဘူး။ အဲ့အစားက ရန်ကိုင်နဲ့ မျက်နှာချင်း ဆိုင်လိုင်ရတဲ့အချိန် သူမပုံစံက စိုးရိမ်နေတဲ့ပုံစံ ပေါက်နေခဲ့ကာ သူမမျက်လုံးထဲ ရှုပ်ထွေးမှုနှင့် တုန့်ဆိုင်းမှုတို့ကို အထင်းသား မြင်တွေ့နေခဲ့ရပါတယ်။

“ငါနင့်အခြေအနေကို လာစစ်ကြည့်တာ” ပီလော့က ရှက်ကိုးရှက်ကန်း မျက်နှာထားနဲ့ ရန်ကိုင်ကို ကြည့်လိုက်ရင်း ညင်သာတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။

ရန်ကိုင်က အသာအယာလေး ပြုံးလိုက်ပြီး “အရင်က ကိစ္စကို စိတ်ပူနေသေးတယ် ဆိုရင် နင်စိတ်ပူစရာ မလိုတော့ဘူး။ အဲ့ကိစ္စနဲ့ပက်သက်ပြီး ငါဆက်ပြီး ပြဿနာရှာတော့မှာ မဟုတ်ဘူး”

“နင်တကယ် စိတ်မဆိုးတော့တာလား” ပီလော့က ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။

“နင်သာငါ့ကို အခုလိုမျိုး နောက်တစ်ကြိမ် အကွက်ချ မကြံစည်သရွေ့ပေါ့”

“အင်း၊ အဲ့လိုမျိုး နောက်တစ်ကြိမ် ထပ်မလုပ်တော့ဘူးလို့ ငါကတိပေးတဲ့။ အဲ့နေ့တုန်းက ကိစ္စက တကယ်ပဲ မတော်တဆ ဖြစ်သွားတာ” ပီလော့က ပြုံးလိုက်ပြီး ရန်ကိုင်နား လမ်းလျှောက်သွားလိုက်ာ လေသံတိုးတိုးလေးနဲ့ ပြောလိုက်တယ် “သခင်မက အဲ့နေ့ကဖြစ်ခဲ့တဲ့ ကိစ္စကို မေခဲ့ရင်…”

“ငါက အညောင်းအညာပြေလေး ခြေလက်လှုပ်ရှားနေချင် နေတဲ့အချိန် လီယုနဲ့ သွားတွေ့တော့ သူနဲ့ လက်ရည်ဖလှယ် မိလိုက်တာ” ရန်ကိုင်က သာမန်အတိုင်းလေးပဲ ပြန်ပြောလိုက်တယ်။

ပီလော့လည်း ပျောင်ရွှင်စွာ ပြုံးလိုက်တယ်။ သူမရဲ့ သွယ်လျတဲ့ လက်ကလေးကို ရင်ဘတ်ပေါ်တွင် တင်ထားလိုက်ပြီး သက်ပြင်းလေးချလိုက်တယ်။ အခုမှပဲ သူမရင်ထဲက အလုံးကြီး ကျသွားခဲ့ပါတော့တယ်။ ပြီးတော့နဲ့ ပီလော့က ခပ်မြန်မြန်ပဲ ထပ်ပေါင်း ပြောလိုက်တယ် “နင်က လူကောင်းတစ်ယောက်ပဲ။ ငါနင့်ကို တကယ်ပဲ အမြင်မှားသွားခဲ့တယ်”

ပြောလို့ပြီးသွားရုံပဲရှိသေး ရန်ကိုင်က သူမရဲ့ မို့မောက်နေတဲ့ ရင်အစုံကို စူးစိုက်ကြည့်နေတာကို သတိပြုမိလိုက်ပြီး ချက်ချင်းပဲ သူမလက်ကလေးနဲ့ ကာလိုက်ကာ မျက်နှာနီနီလေးနဲ့ ပြောလိုက်တယ် “ဟေး၊ နင်ကြည့်လို့ မဝသေးဘူးလား”

ဒါပေမယ့် ပြောပြီးသွားတာနဲ့ တစ်ခုခုကို စဉ်းစားသွားမိပုံ ရကာ သူမရင်ဘတ်ကို ကွယ်ထားတဲ့ လက်အစုံကို ဘေးဖယ်လိုက်ပြီး ခါးကိုကော့ ရင်ကိုမော့ကာ မထူးခြားနားသည့် အမူအရာကို ဆင်မြန်းရင်း “ကဲ၊ ကြိုက်သလောက်သာ ကြည့်တော့။ နင့်အပေါ် အကြွေးပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်ပေါ့။ တကယ်တော့ နင်စိုက်ကြည့်နေလို့ ငါဘာမှ ဆုံးရှုံးသွားတာမှ မဟုတ်တာ”

ပီလော့ ပြုမူနေတဲ့ ပုံစံကို ကြည့်ရင်း ရန်ကိုင် ရုတ်တရက် ကြက်သေသေသွားခဲ့ရတယ်။

သူ့အပြုအမူကို မြင်လိုက်တာနဲ့ ပီလော့က တခစ်ခစ် ရယ်မောလိုက်ပြီး သူ့နောက်ဘက်ကို သွားကာ ဒူးလေးထောက်လိုက်ပြီး သူမရဲ့ သွယ်လျချောမွတ်တဲ့ လက်အစုံကို ရန်ကိုင် ပုခုံးပေါ်တင်လိုက်ပြီး အသာအယာ နှိပ်နယ်ပေးလိုက်တယ်။

“နင်ဘာလုပ်….” ရန်ကိုင်က အလန့်တကြား ကောက်မေးလိုက်တယ်။

“နေ့တိုင်း ဒီအချိန်ဆို အစ်မယွန်လီက နင့်ကို အခုလို အကြောအချဉ် ဖြေလျှော့ပေးလေ့ မရှိဘူးလား။ ဒီနော့ ငါနင့်ဆီ တောင်းပန်ဖို့ လာခဲ့တာ။ ဒါပေမယ့် နင့်က ငါ့ကို ဒီလောက် လွယ်လွယ်နဲ့ ခွင့်လွှတ်ပေးမယ်လို့ မထင်ထားဘူး။ ဒါကြောင့် နင့်အတွက် အထူးရှားပါးတဲ့ ဝန်ဆောင်မှုတစ်ခုကို ငါလုပ်ပေးမယ်။ နင်ကျေကျေနပ်နပ်နဲ့ လက်ခံလိုက်”

ရန်ကိုင် နောက်တစ်ကြိမ် ကြက်သေသေသွားရပြန်လေပြီ။ ထိုနေ့က ကိစ္စအတွက် ပီလော့စိတ်ထဲ အပြစ်ရှိသလို ခံစားနေရလိမ့်မယ်လို့ ရန်ကိုင် မထင်ထားခဲ့ပါဘူး။

မဟုတ်ရင် သူမအနေနဲ့ သူစိတ်ကျေနပ်ဖို့အတွက် ဘာလို့ အခုလိုမျိုး လိုက်လုပ်နေမှာလဲ။

ဟိုးကနေ့က ယွန်လီရဲ့ နှိပ်နယ်မှုကို သဘောကျတဲ့အတွက် ယွန်လီကို သူ့အား ထိုကဲ့သို့ နေ့တိုင်းနှိပ်နယ်ပေးဖို့ ရန်ကိုင် တောင်းဆိုခဲ့တယ်။ သူ့ဝိဥာဉ်ကို အားကောင်းအောင် လေ့ကျင့်ရတာက တကယ်ကို စိတ်ပင်ပန်းမောပန်း လှပါတယ်။ အဲ့လို မောပန်းပြီး အကြောအချဉ်တွေ တောင့်တင်းနေတဲ့အချိန် ယွန်လီရဲ့ နူညံ့လှတဲ့ လက်ကလေးတွေက သူ့အကြောအချဉ်တွေကို ဖြေလျော့ပေးနေတာကို ခံစားရတာက တကယ်ကို ဇိမ်ရှိလှပါတယ်။

အစကတည်းက အခုလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ပီလော့က ခန့်မှန်းထားတဲ့ ပုံပါပဲ။ သူမရဲ့ ကျွမ်းကျင်မှုက ယွန်လီကို မယှဉ်နိုင်ပေမယ့် အရမ်းကြီး မနိမ့်ကျပါဘူး။

ခဏကြာပြီးနောက် ပီလော့က ရုတ်တရက် ကောက်မေးလိုက်တယ် “ခံစားလို့ကောင်းလား”

“ကောင်းတယ်” ရန်ကိုင်က ပွင့်ပွင့်လင်းလင်းပဲ ပြန်ပြောလိုက်တယ်။

“ကောင်းရုံပဲလား” ပီလော့က ထပ်မေးလိုက်တယ် “အစ်ယွန်လီနဲ့ ယှဉ်ရင်ရော”

“သူမက ပိုကောင်းတယ်” ပီလော့က မကျေမနပ်နဲ့ နှုတ်ခမ်းလေး ဆူလိုက်တယ်။ နောက် တစ်ခုခုကို စဉ်းစားသွားမိပုံရကာ သူမမျက်နှာထက် ကောက်ကျစ်တော့မယ့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တယ်။

ရုတ်တရက် အဆုံးမရှိတဲ့ ဆွဲဆောင်မှုတို့ ပါဝင်နေသည့် ညို့ချက်ပြင်းလှသည့် အသံလေးတစ်သံက ရန်ကိုင်နားထဲ ပျံ့လွင့်လို့လာခဲ့တယ်။ ထို့နောက် ရမက်ကြွဖွယ် ညည်းသံတွေ၊ စွဲမက်ဖွယ်ကောင်းတဲ့ သင်းရနံ့တွေက သူ့ရဲ့ အာရုံငါးပါးကို လွှမ်းမိုးသွားခဲ့တယ်။

သူမျက်လုံး ပြန်ဖွင့်လိုက်တာနဲ့ သူ့မြင်ကွင်းတစ်ခုလုံး ဖောက်ထွင်းမြင်နိုင်တဲ့ ပိုးသားအတွင်းခံလေးတွေကို ဝတ်ဆင်ထားတဲ့ စွဲမက်ဖွယ်ကောင်းတဲ့ မိန်းမငယ်လေးတွေနဲ့ ပြည့်နေခဲ့တယ်။ ကောင်မလေးတွေရဲ့ အသားအရေက ကျောက်စိမ်းတမျှ ချောမွတ်သန့်စင်ပြီး ဝင်းပနေကာ သူကို စနောက်ကျီစယ်နေခဲ့တယ်။

ချက်ချင်းပဲ ရန်ကိုင် အသက်ရှူသံ လေးလံလာခဲ့ပြီး သူ့တစ်ကိုယ်လုံး ပူလောင်းလာခဲ့တယ်။

အခြေအနေက တစ်ခုခု မှားနေမှန်း သတိပြုမိလိုက်တာနဲ့ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို မြန်မြန်ပဲ လှည့်ပတ်လိုက်တယ်။ ယင်ယန်ပေါင်းစည်းခြင်း ကျင့်စဉ်ကို လှည့်ပတ်လိုက်တာနဲ့ သူ့နောက်မှာရှိနေတဲ့ ပီလော့ လုံးဝ ငေးကြောင်သွားခဲ့ရတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ မျက်ဝန်းတွေက ဝေဝါးသွားခဲ့ပြီး သူမတစ်ကိုယ်လုံး နုံးခွေသွားခဲ့တယ်။

ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်က ညို့ငင်ကျင့်စဉ်တွေကို တွန်းလှန်နိုင်တဲ့ ပုံပါပဲ။ အရင်အကြိမ်တုန်းကလည်း ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ် အကူအညီနဲ့ ရှန်ချင်းလော့ရဲ့ ပုံရိပ်ယောင်တွေထဲကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာလည်း သူ့ကို ပုံရိပ်ယောင်တွေထဲကနေ ရုန်းထွက်နိုင်အောင် ကူညီပေးခဲ့ပြန်ပါတယ်။

“နင်ဘာလုပ်လိုက်တာလဲ” ရန်ကိုင် လှည့်ကြည့်လိုက်တဲ့အချိန် ပီလော့ မျက်နှာတစ်ခုလုံး ရဲရဲနီနေတာကို တွေ့လိုက်ရတယ်။ သူမရဲ့ လှပတဲ့မျက်ဝန်းအစုံက အရည်လဲနေခဲ့ပြီး ဝေဝါးနေခဲ့တယ်။ သူမရဲ့ ညို့ငင်ခြင်းကျင့်စဉ် ပျက်စီးသွားလို့ တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရတဲ့ ပုံပါပဲ။

ကံကောင်းစွာနဲ့ပဲ သူမက လက်တည့်စမ်းလိုက်ရုံ အဆင့်ပါပဲ။ ရန်ကိုင်ကို အန္တရာယ်ပေးဖို့အထိ မစဉ်းစားခဲ့ပါဘူး။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးကလည်း အရမ်းကို မပြင်းထန်ခဲ့ပဲ သူမကို စိတ်ရှုပ်ထွေး ဝေဝါးသွားစေရုံလေးပဲ ဖြစ်သွားခဲ့တာပါ။

“ငါနင့်ကို ဇိမ်ရှိအောင် လုပ်ပေးချင်ရုံလေးပါ…” ပီလော့က အမောတကော အသက်ရှူရင်း ပြန်ပြောလိုက်တယ်။ သူမတစ်ကိုယ်လုံးက အားမရှိတော့သလို ဖြစ်နေခဲ့ပြီး ရန်ကိုင်ကို တုန်လှုပ်ခြောက်ခြားစွာနဲ့ ကြည့်လိုက်ကာ “နင်ဘာလုပ်လိုက်တာလဲ။ ငါဘာလို့ ဘေးထွက်ဆိုးကျိုးကို ခံစားရတာလဲ”

“နင်က ညို့ငင်တဲ့ကျင့်စဉ်ကို လေ့ကျင့်တာလား” ရန်ကိုင်က ရယ်မောလိုက်တယ်။ ပီလော့ လေ့ကျင့်တဲ့ ကျင့်စဉ်က ရှန်ချင်းလော့ လေ့ကျင့်တဲ့ ကျင့်စဉ်နဲ့ တူညီနေတဲ့အတွက် သူတကယ်ကို အံ့အားသင့်သွားခဲ့ရတယ်။

“အင်း…” ပီလော့က အသာအယာလေး ပြန်ပြောလိုက်တယ်။ သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အသွင်အပြင်နဲ့ ရမက်ကြွဖွယ် ညည်းသံတို့က ရန်ကိုင်ခေါင်းထဲ ပဲ့တင်ထပ်လို့ နေခဲ့တယ်။

ထိုတစ်ချက်တည်းက သူမရဲ့ ညို့ငင်ခြင်းကျင့်စဉ်ထက်ကို ပိုပြီး အစွမ်းထက်ပါတယ်။

ဒါပေမယ့်က ရန်ကိုင်က ရယ်မောလိုက်ပြီး “နင်တော့ နာပြီပဲ။ ငါ့ကို အကွက်ချမကြံစည်ပါနဲ့လို့ ငါနင့်ကို အခုပဲ ပြောခဲ့တာကို နင်က ထပ်လုပ်ရဲတယ်ပေါ့။ ကြည့်ရတာ နင့်ကိုပေးတဲ့ သင်ခန်းစာက မလုံလောက်သေးဘူးနဲ့ တူတယ်”

Martial Peak

အပိုင်း(၃၂၃) သခင်လေးရန်က မိန်းမပွေတဲ့ လူတစ်ယောက် မဟုတ်ပါဘူး

ပြုံးဖြဲဖြဲလုပ်ရင်း ရန်ကိုင်က ပီလော့ကိုယ်ပေါ်ကို တိုက်ရိုက်ဖိချလိုက်ကာ သူမရဲ့ မို့မောက်နေတဲ့ ရင်အစုံကို အားရပါးရ ဆုပ်နယ်ပွတ်သပ် ပါတော့တယ်။

အံ့ဩဖွယ်ကောင်းလှတဲ့ အိပျော့ပျော့ အထိအတွေ့ကို ခံစားမိလိုက်တာနဲ့ သူ့တစ်ကိုယ်လုံး လောင်ကျွမ်းလာသလို ရန်ကိုင် ခံစားလိုက်ရတယ်။ သူ့သွေးတွေ ဆူပွက်လာပြီး နှလုံးခုန်နှုန်း မြန်လာသလို အောက်ဘက်က ညီလေးကလည်း ပူလာခဲ့တယ်။

တကယ်တော့ စုယန်နဲ့အတူ အတူတူလေ့ကျင့်ခဲ့တာ တော်တော်လေး ကြာသွားခဲ့ပါပြီ။

ထိုအချိန်အတောအတွင်း အလှမျိုးစုံကို သူတွေ့ခဲ့ရပေမယ့် သူ့ဆန္ဒတွေကို အတင်းအကြပ်ကို ဖိနှိပ်ထားခဲ့ရပါတယ်။ ထိုကဲ့သို့ ဖိနှိပ်ထားရပါများတော့ သူ့ဆန္ဒတွေက ပေါက်တော့မတတ် မီးတောင်တစ်လုံးလို ဖြစ်လာခဲ့ပါတယ်။ ဒီကနေ့ ပီလော့က သူမရဲ့ ညို့ငင်ခြင်းကျင့်စဉ်ကို ထုတ်သုံးလိုက်တဲ့ အချိန်မှာတော့ သူ့စိတ်ထဲ အချိန်အတော်ကြာအောင် ဖိနှိပ်ထားခဲ့ရတဲ့ မီးတောင်က ထပေါက်သွားခဲ့ပါတယ်။

“ဟေး၊နင်… နင်ဘာလုပ်နေတာလဲ” ပီလော့က ထိတ်လန့် တုန်လှုပ်သွားခဲ့ပြီး ရန်ကိုင်ကို တွန်းထုတ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် သူမရဲ့ ကျင့်စဉ်ကနေ ဘေးထွက်ဆိုးကျိုးကို ခံစားခဲ့ရတော့ သူမရင်သားအစုံကို ရန်ကိုင် ပွတ်သပ်နေတာကို ရပ်တန့်ဖို့တောင် ခွန်အားမရှိတာကို ရန်ကိုင်တစ်ကိုယ်လုံးကို တွန်းထုတ်ဖို့ ဘယ်လိုလုပ်ပြီး ခွန်အားရှိပါတော့မလဲ။

ရန်ကိုင် အသက်ရှူလိုက်တိုင်း ထွက်ပေါ်လာတဲ့ လေပူတွေက သူမမျက်နှာထက်ကို ပွတ်သပ်သွားတိုင်း သူမနှလုံး တစ်ခုလုံး ကြောက်ရွံ့မှုနှင့် ရမက်ဆန္ဒတို့ဖြင့် တုန်ရီသွားခဲ့တယ်။

စုတ်ဖြဲသံနှင့်အတူ ပီတော့ရဲ့ အနီရောင်ဝတ်စုံ စုတ်ဖြဲလိုက်ခံရပြီး သူမရဲ့ ကျောက်စိမ်းဖြူရောင် အသားအရေတို့ အထင်းသား ထွက်ပေါ်လာခဲ့တယ်။ လေအေး တစ်ချက် ပွတ်တိုက်သွားတဲ့အခိုက် ပီလော့ တစ်ကိုယ်လုံး ကြက်သီးမွှေးညင်း ထသွားခဲ့ရတယ်။

“သူတောင်းစား” ပီလော့က အံ့ကြိတ်ရင်း ကျိန်ဆဲလိုက်တယ်။ သူမမျက်ဝန်းအစုံက ကြောက်ရွံ့မှုနဲ့ စိတ်ရှုပ်မှုတို့ဖြင့် ပြည့်နေခဲ့တယ်။ သူမလက်သီးလေးတွေကို တင်းတင်းဆုပ်လိုက်ပြီး ရန်ကိုပုခုံးကို ထိုးလိုက်တယ်။

“အား….” ရန်ကိုင်ကို အသာအယာလေး ထုရိုက်လိုက်တာနဲ့ မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ထုံကျင်သွားတဲ့ ခံစားချက်တစ်ခုက သူမရင်ဘတ် ထက်ဆီမှ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားခဲ့တယ်။ ထိုခံစားချက်ကြောင့် ပီလော့လည်း ရမက်သွေးကြွစွာ ညည်းလိုက်မိပြီး သူမအသံက အခန်းထဲ ပဲ့တင်ထပ်သွားခဲ့တယ်။ သူမလည်း တော်တော်လေး ရှက်သွားခဲ့တယ်။

သူမငုံ့ကြည့်လိုက်တဲ့အချိန် ထိုသေနာကောင် သူမရဲ့ ချယ်ရီသီးလေးတွေကို အားရပါးရ စုပ်နေတာကို တွေ့လိုက်ရတယ်။ သူရဲ့ လက်ကြမ်းကြမ်းကြီးကလည်း သူမခန္ဓာကိုယ်အနှံ့ စိတ်ကြိုက် ပွတ်သပ်နေခဲ့တယ်။ သူတစ်ချက် ပွတ်သပ်လိုက်တိုင်း သူမကျောရိုးတစ်လျှောက် ကျေနပ်အားရမှုကြောင့် စိမ့်တက်သွားခဲ့တယ်။

“မလုပ်နဲ့…” ပီလော့က တိုးညင်းစွာ အော်လိုက်တယ်။ တင်းတင်းဆုပ်ထားတဲ့ သူမရဲ့ လက်သီးလေးက ပြေလျော့သွားခဲ့ပြီး တောင့်တင်းနေတဲ့ သူမတစ်ကိုယ်လုံးကလည်း တဖြည်းဖြည်း ပြေလျော့သွားခဲ့တယ်။ ထို့နောက် သူမရဲ့ လက်ချောင်းလေးတွေထဲက တစ်ချောင်းကို ရန်ကိုင်ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး သူမနှုတ်ခမ်းပါထက်မှ ရမက်သွေးကြွဖွယ် ညည်းသံတို့ အဆက်မပြတ် ထွက်ပေါ်မှာလာခဲ့တယ်။

သူမဆက်ပြီး မခုခံတော့သလို ရုန်းလည်းမရုန်းတော့ပါဘူး။ သူမမျက်နှာကတော့ ကျေနပ်အားရမှုတို့ဖြင့် ပြည့်နေခဲ့တယ်။ သူမရဲ့ လှပတဲ့ မျက်ဝန်းအစုံက ဝေဝါးသွားခဲ့ပြီး ကျောက်စိမ်းဖြူရောင် အသားအရေက ပန်းနုရောင် သန်းလို့သွားခဲ့တယ်။

ချိုမြိန်တဲ့ သင်းရနံ့တစ်ခုက သူမခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပြီး ပီလော့က သူမရဲ့ တင်ပါးတွေကို ဖြေးဖြေးချင်း စတင်လှုပ်ရမ်းနေခဲ့တယ်။ သူမပုံစံက ရန်ကိုင်ကို လုပ်ပေးပါဆိုပြီး တောင်းဆိုနေတဲ့ပုံ ပေါက်နေခဲ့ပါတယ်။

ရန်ကိုင် ကြောင်အသွားခဲ့ရပါပြီ.

သူက ပီလော့ကို သင်ခန်းစာလေး ပေးချင်ရုံပါ။ မိန်းမငယ်လေး တစ်ယောက်ကို အခုလို လုပ်ရတာက အနည်းငယ် ပိုတယ် ဆိုပေမယ့် သူ့ပစ်မှတ်က ပီလော့ ဖြစ်နေတဲ့အတွက် သူလုပ်တာက ပိုတယ်လို့ ရန်ကိုင် မထင်တော့ပါဘူး။

ပီလော့က ညို့ငင်ခြင်းကျင့်စဉ်ကို လေ့ကျင့်ထားတဲ့အတွက် ယောကျ်ားနဲ့ မိန်းမကြားက ကိစ္စတွေနဲ့ ပက်သက်ပြီး ရင်းနှီးပြီးသား ဖြစ်မှာပါ။ ထို့ကြောင့် အခုလိုလုပ်တာကပဲ သူ့ကို နောက်တစ်ခါ ထပ်ပြီး အကွက်ချမကြံစည်ရဲတော့အောင် သူမကို မမေ့နိုင်တဲ့ သင်ခန်းစာတစ်ခု ပေးလိုက်တာပါ။

ဒါပေမယ့် ထိုစုန်းမက သူ့ကို ဆက်ပြီး မခုခံတော့တဲ့အပြင် သူနဲ့တောင် စိတ်ပါလက်ပါ ပူးပေါင်းကာ သာယာကြည်နူး နေပါသေးတယ်။

သူ့အတွက်တော့ အခုအဖြစ်အပျက်က တကယ်ကို ဝမ်းသားစရာပါ။

ရန်ကိုင် ဆက်ပြီးတော့ ထိန်းမထားတော့ပါဘူး။ ထို့ကြောင့် သူမကိုယ်ပေါ်မှာ ကျန်ရှိနေတဲ့ အဝတ်အစားတွေ အကုန်လုံးကို စုတ်ဖြဲလိုက်တယ်။

ရန်ကိုင်ရဲ့ အကြမ်းပတမ်း အပြုအမူကြောင့် သူမဘာသာ သူမ သာယာကြည်နူးနေတဲ့ ပီလော့က သူမခေါင်းပေါ်ကို ရေအေးနဲ့ လောင်းချခံလိုက်ရသလို ချက်ချင်း အသိဝင်လာခဲ့တယ်။ ထို့နောက် ခုခံတဲ့ပုံစံ ချက်ချင်း ပြင်ဆင်လိုက်ပြီး ကြောက်လန့်တကြားနဲ့ ပြောလိုက်တယ် “မလုပ်ပါနဲ့၊ မလုပ်ပါနဲ့… အဲ့ဒါကလွဲပြီးတော့…”

“နင်နောက်နေတာလား….” ရန်ကိုင်က သူမကို စိုက်ကြည့်လိုက်ပြီး မျက်မှောင်ကြုံလိုက်တယ်။ လုပ်မယ် ပြင်ပြီးတော့မှ ပီလော့က မလုပ်နဲ့လို့ ပြောလို့ သူမလုပ်ပဲ နေရမှာလား။

“နင်မလုပ်ပဲ မနေနိုင်ဘူးဆိုရင် အစ်မယွန်လီကို ငါခေါ်ပေးလို့ရတယ်။ အစ်မယွန်လီနဲ့တောင် မလုံလောက်သေးဘူးဆိုရင် ရို့ယုနဲ့ ရို့ချင်ကိုပါ ထပ်ခေါ်လို့ရတယ်။ သခင်မက သူတို့သုံးယောက်ကို နင့်လိုအပ်တာ မှန်သမျှကို ဖြည့်ဆည်းပေးဖို့အတွက် သီးသန့်လွှတ်လိုက်တာ။ နင်ဘာကိုပဲ တောင်းဆိုဆို သူတို့က နင့်ရဲ့ဆန္ဒကို ကျိန်းသေဖြည့်ဆည်းပေးမှာ” ပီလော့က ဆွဲမိဆွဲရာနဲ့ ယွန်လီ၊ ရို့ယုနဲ့ ရို့ချင်တို့ကိုပါ တစ်ခါတည်း ဆွဲထည့်လိုက်တယ်။ “အဆင်ပြေတယ်မလား၊ ငါသူတို့ သုံးယောက်ကို အခုပဲ ခေါ်လိုက်မယ်လေ”

“မလိုဘူး၊ ငါနင့်ကိုပဲ လိုချင်တာ”

ပီလော့ရဲ့ မျက်နှာက ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ပြီး ရှက်လွန်းလို့ သူမမျက်နှာက ရဲရဲနီသွားခဲ့တယ်။ ပီလော့က တိတ်တဆိတ်နဲ့ ရန်ကိုင်ရဲ့ ချောမောလှတဲ့ မျက်နှာကို တစ်ချက်ကြည့်လိုက်တယ်။ ထို့နောက် သူ့ရဲ့ တောင့်တင်းတဲ့ ရင်ဘတ်ဆီ ကျဆင်းသွားခဲ့ပြီး နောက်ဆုံးမှာတော့ သူမအကြည့်က ထောင်မတ်နေတဲ့ သူ့ရဲ့ နဂါးဆီ ရောက်ရှိသွားခဲ့တယ်။ ထိုနဂါးကို မြင်လိုက်တာနဲ့ ပီလော တုန်လှုပ်ခြောက်ခြား သွားခဲ့ပြီး အလန့်တကြား ထအော်လိုက်တယ်။

ရှက်ရွံ့မှုကြောင့် သူမမျက်နှာက ရဲရဲနီနေခဲ့ပြီး ချက်ချင်းပဲ အကြည့်လွှဲလိုက်တယ်။ ထို့နောက် တိုးလျတဲ့ လေသံလေးနဲ့ မေးလိုက်တယ် “နင်… အခြားကွဲပြားတဲ့ တစ်ခုခုကို စမ်းကြည့်ချင်လား”

“ဘာကိုလဲ” ရန်ကိုင် ကြောင်သွားရပြန်လေပြီ။

“အင်း..အဲ့ဒါက… ဘယ်လိုလဲဆိုတော့…” ပီလော့က သူမရဲ့ နှုတ်ခမ်းလေးကို ကိုက်ပြီး ရန်ကိုင် နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်တယ်။

“အန်” ရန်ကိုင်က စိတ်ရှုပ်ထွေးစွာနဲ့ သူမကို ပြန်စိုက်ကြည့်လိုက်တယ်။

ရန်ကိုင် အပြုအမူကို မြင်လိုက်တာနဲ့ ပီလော့က ရန်ကိုင်နားကို သူမပါးစပ်ဖျားစီ ဆွဲကပ်လိုက်ပြီး နောက်တစ်ကြိမ် တိုးတိုးလေး ထပ်ပြောလိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ ခပ်မြန်မြန်နဲ့ သေသေချာချာလေး ရှင်းပြလိုက်ပါတယ်။

ပြောပြီးသွားတဲ့ အချိန်မှာတော့ သူမမျက်နှာလေးက ရှက်ရွံ့မှုကြောင့် မီးတောက်မတတ် ပူလောင်နေခဲ့တယ်။ သူမရဲ့ နှင်းဖြူရောင် အသားအရေဟာဆိုရင် ကြက်သွေးရောင် သန်းနေခဲ့ပြီး သူမရဲ့ မျက်လုံးလေးတွေကလည်း မျက်ရည်တို့ဖြင့် ဝဲတက်လာခဲ့တယ်။

ရန်ကိုင်က နေရာမှာတင် အေးခဲသွားခဲ့ပြီး ပီလော့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ရင်း မေးလိုက်တယ် “အဲ့ဒါက အဆင်ပြေပါ့မလား”

“ပြေတယ်” ပီလော့က ခေါင်ညိတ်ပြလိုက်တယ်။

“နင်အဲ့အကြောင် ဘယ်လိုသိတာလဲ…” ရန်ကိုင်က ပီလော့ရဲ့ အတွေးနဲ့ ပက်သက်ပြီး တကယ်ကို ဉာဏ်မမှီနိုင် ဖြစ်နေခဲ့ရပါပြီ။ ပီလော့နဲ့ယှဉ်ရင် သူက ပိုးပြီးရိုးသားသန့်စင်တယ်လို့တောင် တွေးမိလာခဲ့ပါပြီ။

“ငါက ညို့ငင်ခြင်းကျင့်စဉ်ကို လေ့ကျင့်တာလေ။ အဲ့အကြောင်းတွေကို… သခင်မနဲ့ ငါ့ရဲ့စီနီယာတွေက ပြောပြတာ”

ရန်ကိုင်မသိခဲ့တာ တစ်ချက်က ပီလော့က ညို့ငင်ခြင်းကျင့်စဉ်ကို လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် ရှန်ချင်းလော့က သူမအတွက် သီးသန့်အစေခံနှစ်ယောက် ထားပေးထားတယ် ဆိုတာကိုပါ။ ပီလော့က ထိုမိန်းကလေး နှစ်ယောက်နဲ့အတူ ညို့ငင်ခြင်းကျင့်စဉ်ကို အချိန်အတော်ကြာအောင် လေ့ကျင့်လာခဲ့အတွက် ထိုကဲ့သို့ အလေ့အကျင့်တို့ကို သိရှိလာခဲ့တာပါ။

“အ…နင်ရောကြိုက်…” ရန်ကိုင်က အရူးတစ်ယောက်လို ဘာလုပ်ရ ဘာကိုင်ရမှန်း မသိပဲ နေရာမှာပဲ တောင့်တောင့်ကြီး ထိုင်နေတာကို တွေ့လိုက်ရတော့ ပီလော့က စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။

သူမက မောက်မာပြီး မာနကြီးတဲ့ စုန်းမတစ်ယောက်လိုသာ ပြုမူနေပေမယ့် တကယ်တမ်းမှာတော့ ပီလော့က မိန်းကလေး တစ်ယောက် ဖြစ်နေတုန်းပါပဲ။ သူမက အခုလိုအခြေအနေမျိုးကို ပထမဆုံး ကြုံတွေ့လာရတဲ့ အခါမှာတော့ ပီလော့အနေနဲ့ ရှက်လည်းရှက်မိသလို ဘာဆက်ပြီး လုပ်ရမယ်မှန်းလည်း မသိတော့ပါဘူး။

“ကောင်းတယ်” ရန်ကိုင်က စိတ်လှုပ်ရှားစွာနဲ့ ပြန်ပြောလိုက်တယ်။

“အင်း၊ အဲ့လိုဆိုရင် ငါ့ရဲ့ သန့်စင်မှုကို ညစ်နွမ်းသွားအောင် မလုပ်ပါဘူးလို့ နင်ငါ့ကို အရင်ဆုံး ကတိပေးရမယ်။ အဲ့လိုမှပဲ…” ရန်ကိုင်နဲ့ နေရာချင်း လှဲနေတဲ့အချိန် ပီလော့ မျက်နှာက ပိုပိုပြီး ရဲလာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပီလော့က ရန်ကိုင် အပေါ်ကနေ နေရင်း စွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်ကာ ဖြည်းဖြည်းချင်းနဲ့ သူမရဲ့ နှုတ်ခမ်းပါးအစုံက ရန်ကိုင် ကိုယ်အောက်ပိုင်းဆီသို့ ဖြေးဖြေးချင်း လျှောဆင်းသွားခဲ့တယ်။

သိပ်မကြာခင်မှာပဲ အခန်းတစ်ခုလုံးက ရန်ကိုင်ရဲ့ ညည်းသံတို့ဖြင့် ပြည့်သွားခဲ့တယ်။

ဆိတ်ငြိမ်ဖီးနစ်စံအိမ် အပြင်ဘက်မှာတော့

ရင့်ကျက်တဲ့အလှလေး ယွန်လီနဲ့ မိန်းမငယ်လေး နှစ်ယောက်ဖြစ်တဲ့ ရိုးယုနဲ့ ရိုးချင်တို့က သစ်ရွက်ခြောက်တွေကို လှည်းကျင်းနေတဲ့အချိန် ခြေသံဖွဖွလေးတို့က သူမတို့နားထဲ ပျံ့လွင့်လာခဲ့တယ်။

ယွန်လီက လှည့်ကြည့်လိုက်တော့ မရင်းနှီးတဲ့ မိန်းကလေး နှစ်ယောက်က သူမတို့ဆီ လမ်းလျှောက် လာနေတာကို တွေ့လိုက်ရတယ်။

နန်းတော်ထဲမှာ သူမတို့ မသိတဲ့လူဆိုလို့ အရမ်းကို နည်းပါတယ်။ ထိုနှစ်ယောက်ကို ယွန်လီ မသိပေမယ့် သူတို့နှစ်ယောက်က ဘယ်သူလဲဆိုတာကိုတော့ သူမတို့ သိပါတယ်။

ထိုနှစ်ယောက်က လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူမတို့ရဲ့ သခင်မ ခေါ်လာခဲ့တဲ့ လူတွေပါ။ တစ်ယောက်ကို ချူရီမန်လို့ ခေါ်ပြီး အခြားတစ်ယောက်ကိုတော့ လော့ရှောင်မန်လို့ ခေါ်ပါတယ်။

ထိုနှစ်ယောက်ရဲ့ အစစ်အမှန်ချီက ပိတ်ဆို့ထားခြင်း ခံရပြီး နေအိမ်အကျယ်ချုပ် ကျခံထားရတဲ့ လူတွေလည်း ဖြစ်ပါတယ်။

ရောက်ကတည်းက ဂလန်ဂဆန် မလုပ်တာကြောင့် ထိုနှစ်ယောက်ကို နန်းတော် မြေနေရာထဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားတာပါ။

သူမတို့နှစ်ယောက် ပုံစံကြည့်ရသလောက်ကတော့ ဆိတ်ငြိမ်ဖီးနစ်စံအိမ်ထဲမှာ နေနေတဲ့ သူမတို့ရဲ့ သခင်ငယ်လေးနဲ့ တစ်ခုခု ဆွေးနွေးစရာ ရှိတဲ့ပုံပါပဲ။

ထိုအကြောင်းကို တွေးလိုက်တာနဲ့ ယွန်လီက ကျော့ရှင်းစွာ ပြုံးလိုက်ပြီး ညင်သာတဲ့ လေသံလေးနဲ့ မေးလိုက်တယ် “မိန်မပျိုချူနဲ့ မိန်းမပျိုလော့တို့ ဟုတ်တယ်မလား”

ချူရီမန်က သူမနာမည်ကို ခေါ်လိုက်တဲ့ မိန်းမကို လှည့်ကြည့်လိုက်တဲ့အချိန် သူမမျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ ရှန်ချင်းလော့ရဲ့ နန်းတော်ထဲ အလှလေးတွေနဲ့ချည်း ပြည့်နေတာကို ချူရီမန် အနေနဲ့ မယုံနိုင်အောင် ဖြစ်နေရပါတယ်။

ခပ်မြန်မြန်ပဲ အသိပြန်ဝင်လာခဲ့ပြီး ယဉ်ကျေးစွာနဲ့ ခေါင်းလေးညိတ်ကာ “ဟုတ်ပါတယ်၊ ဒီက အစ်မကြီးကို ဘယ်လိုခေါ်ရမလဲ”

ယွန်လီက တခစ်ခစ် ရယ်မောရင်း ပြန်ပြောလိုက်တယ် “မိန်းကလေးချူက အရမ်းယဉ်ကျေးလွန်း နေတာပဲ။ ဒီကတစ်ယောက်ကို ယွန်လီလို့ ခေါ်လို့ ရပါတယ်”

ချူရီမန်မှာ အလွန်အားကောင်းတဲ့ နောက်ခံရှိတယ် ဆိုတာကို ထိုရင့်ကျက်တဲ့ အလှလေးက သိထားပါတယ်။ သူမက အခုအချိန်မှာ အကျဉ်းသားတစ်ယောက် ဖြစ်နေတယ် ဆိုပေမယ့် သူမက အားကောင်းပြီး မြင့်မြတ်တဲ့ မိသားစုတစ်ခုရဲ့ ချစ်ခင်မြတ်နိုးရတဲ့ သခင်မလေး တစ်ယောက် ဖြစ်နေတုန်းပါပဲ။ ထို့ကြောင့် အဲ့လိုမျိုး အားကောင်းတဲ့ နောက်ခံနဲ့ လူတစ်ယောက်ကို သူမအား အစ်မကြီးဆိုပြီး ဘယ်လိုလုပ်ပြီး ခေါ်ခွင့်ပြုနိုင်ပါ့မလဲ။

ချူရီမန်က ပြုံးလိုက်ပြီး ဆက်ပြီးတော့ မေးမနေခဲ့ပါဘူး။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ယွန်လီက နွေးထွေးစွာ ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ် “မိန်းမပျိုလေး နှစ်ယောက်က သခင်လေးရန်ကိုင်ကို လာရှာတာလား”

“အင်း၊ သူက ဒီမှာနေတယ်ဆိုပြီး နန်းတော်ထဲက လူတွေဆီကနေ ကြားခဲ့တာ။ သူနဲ့ ကိစ္စတစ်ခုခု အကြောင်း ဆွေးနွေးလို့များ ရမလားဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ ဒီနေရာကို လာခဲ့တာ။ အခု သူ့ကို တွေ့လို့ အဆင်ပြေမလား မသိဘူး၊ အဆင်ပြေလားဟင်”

“အခုလား…” ယွန်လီက ဆိတ်ငြိမ်ဖီးနစ်စံအိမ်ရဲ့ ဒုတိယထပ်ဆီ တစ်ချက်လှမ်းကြည့်လိုက်ပြီး ညင်သာစွာ ပြုံးရင်း ပြောလိုက်တယ် “နေ့တိုင်းရဲ့ အခုအချိန်မှာ သခင်လေးရန်က အမြဲတမ်း ခဏတစ်ဖြုတ် အနားယူလေ့ ရှိတယ်”

“အနားယူနေတာလား” ချူရီမန်က အံ့အားသင့်သွားခဲ့ပြီး “သူက အမြဲတမ်း အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား”

“အင်း၊ သခင်လေးက ဒီကိုရောက်ကတည်းက အမြဲတမ်းလိုလို လေ့ကျင့်နေတာ”

ချူရီမန်က အနည်းငယ် ကြောင်အသွားခဲ့ပြီး ချက်ချင်းပဲ ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်တယ်။

သူမနဲ့ လော့ရှောင်မန်တို့ နှစ်ယောက်စလုံးက ကျင့်ကြံတဲ့ နေရာမှာ မပျင်းဘူးဆိုပေမယ့် ရန်ကိုင်လိုမျိုးတော့ တစ်ချိန်လုံး လေ့ကျင့်မနေပါဘူး။ ဒါပေမယ့် အခုလို သူနဲ့ မရင်းနှီးတဲ့ နေရာမျိုးမှာတောင် ရန်ကိုင်က အချိန်ပြည့်နီးပါး ကျင့်ကြံနေတယ် ဆိုတာကို ကြားလိုက်ရတော့ ချူရီမန် အနေနဲ့ ရန်ကိုင်ကို မလေးစားပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။

“ငါနဲ့လိုက်ခဲ့လေ၊ မိန်းကလေး နှစ်ယောက်က သခင်လေးနဲ့ အသိမိတ်ဆွေတွေ ဆိုတော့ သခင်လေးက မတွေ့ပဲ မနေလောက်ပါဘူး” ယွန်လီက တခစ်ခစ် ရယ်မောလိုက်ပြီး တံမြက်စည်းကို ပြန်ချထားလိုက်ပြီးနောက် ရို့ယုနဲ့ ရိုချင်ကို ဘာလုပ်ရမလဲ ဆိုတာကို ညွှန်ကြားပြီးတာနဲ့ ထိုမိန်းကလေး နှစ်ယောက်ကို ရန်ကိုင် နေထိုင်ရာဆီ ဦးဆောင်ခေါ်သွားလိုက်တယ်။

ဆိတ်ငြိမ်ဖီးနစ်စံအိမ်ရဲ့ ပတ်ဝန်းကျင်ကို ကြည့်ရင်း ချူရီမန် အနေနဲ့ အနည်းငယ် ခါးသီးသွားခဲ့ရတယ်။ လော့ရှောင်မန်ကတော့ ဒေါသထွက်သွားခဲ့ပြီး ချူရီမန်ကို တိုးတိုးလေး ပြောလိုက်တယ် “အဲ့ကောင်စုတ်က ဒီလို သင်းပျံ့မွှေးကြိုင်တဲ့ ပန်းတွေ ဝန်းရံထားတဲ့ နေရာမှာ နေနေတာပဲ”

သူမတို့နေနေရတဲ့ နေရာကတော့ ရန်ကိုင် နေနေတဲ့ နေရာနဲ့ တခြားစီပါပဲ။ သူမတို့ နေနေရတဲ့ နေရာမှာ အခုလို ရှုခင်းတွေ မရှိသလို သူမတို့ နေနေတဲ့စံအိမ်ကလည်း ရန်ကိုင် နေနေတဲ့ စံအိမ်လို မခမ်းနား၊ မတင့်တယ်ပါဘူး။

ပြီးတော့ သူမတို့ နေရာတဲ့ နေရာက ချောင်ကျပြီး မှောင်မိုက်တဲ့ နေရာမှာပါ။ တည့်တိုးပြောရမယ် ဆိုရင်တော့ သူမတို့က လှောင်အိမ်ထဲမှာ နေနေရတာပါ။

“သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်တစ်ခုလုံး ရှိသလို သူ့လိုတဲ့ကိစ္စမှန်သမျှကို လုပ်ပေးဖို့ အစေခံသုံးယောက်လည်း ရှိတယ်” လော့ရှောင်မန်က မကျေမနပ်နဲ့ အထွန့်တက်လိုက်တယ်။ ထိုအကြောင်းကို တွေးလိုက်တိုင်း သူမ ပိုပိုပြီး ဒေါသထွက်လာခဲ့ရတယ်။ သူမနဲ့ချူရီမန်က လှောင်အိမ်လို အိမ်မျိုးမှာ နေအိမ်အကျယ်ချုပ် ကျနေတဲ့အချိန် ရန်ကိုင်ကတော့ အခုလို ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးနဲ့ ကောင်းစားနေခဲ့တယ်။

ငါတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက သူ့ထက် ပိုမြင့်တာက ငါတို့ကို ပိုစုတ်တဲ့ နေရာမှာ ဘာလို့ နေနေရာတာလဲ။ ဘာလို့လဲ…

“ဝိုး၊ ဒီမှာ ရေချိုးကန်လည်း ရှိတာပဲ” စံအိမ်ထဲကို ဝင်လာတဲ့ အချိန်မှာတော့ လော့ရှောင်မန်က အရင်လို ဆက်ပြီး မတည်ငြိမ်နိုင်တော့ပါဘူး။ သူမတို့ ရှေ့မှာ ရှိနေတဲ့ မနာလိုစွာနဲ့ ကြည့်ရင်း စိတ်ပျက်လက်ပျက်နဲ့ ညီးတွားနေခဲ့တယ် “အစ်မချူ၊ ကျွန်မ အဲ့ရေကန်ထဲမှာ ရေချိုးချင်တယ်။ ကျွန်မတို့ ဒီကို ရောက်ကတည်းက အခုအချိန်ထိ ကောင်းကောင်း ရေချိုးသန့်စင် ရသေးတာမဟုတ်ဘူး”

လော့ရှောင်မန်က အသံကျယ်ကျယ်နဲ့ အခုလို ပြောလာတဲ့အချိန် ချူရီမန်တောင် မသက်မသာ ဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် သူမက ဟန်ပန်အမူအရာကို ဆက်ထိန်းထားလိုက်ပြီး အသာအယာလေး ပြန်ပြောလိုက်တယ် “ရှောင်မန်!”

“အားလုံးက အဲ့အစုတ်ပလုတ် ကောင်ကြောင့်ပဲ” လော့ရှောင်မန်က မကျေမနပ်နဲ့ တိုးတိုးလေး ရေရွတ်လိုက်တယ်။

ရှေ့ကနေ ဦးဆောင်သွားနေတဲ့ ယွန်လီက ရုတ်တရက် နောက်လှည့်ကာ ပြုံးလိုက်ပြီး အသာအယာလေး ပြောလိုက်တယ် “သခင်လေးရန်က ဖြောင့်မတ်ရိုးသားတဲ့ လူတစ်ယောက်ပါ။ နင်တို့ နှစ်ယောက် သူ့ကို အထင်လွဲနေတာနဲ့ တူတယ်။ ခဏနေကျရင် ဒီရေကန်မှာ နင်တို့ကို ရေချိုးခွင့် ပေး၊မပေးကို ငါမေးပေးမယ်။ သခင်လေက နင်တို့နှစ်ယောက် ဒီမှာ ရေချိုးတာကို မကန့်ကွက်လောက်ပါဘူး”

“ငါမချိုးချင်ဘူး၊ အကယ်၍ သူချောင်းကြည့်ခဲ့ရင်ရော…”

ယွန်လီက ပြုံးလိုက်ပြီး ခေါင်းခါယမ်းရင်း “အဲ့ကိစ္စနဲ့ ပက်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး။ သခင်လေးက မိန်းမပွေတတ်တဲ့လူ တစ်ယောက် မဟုတ်ပါဘူး”

သူမမျက်နှာက အနည်းငယ် နီးမြန်းသွားခဲ့ပြီး ဆက်ပြီး ပြောလိုက်တယ် “ရို့ယု၊ရို့ချင်နဲ့ ငါ့ကို သခင်လေးကို ပြုစုစောင့်ရှောက် ပေးဖို့ဆိုပြီး ပို့ပေးလိုက်တာ။ သူဘာကိုပဲ တောင်းဆိုဆို ငါတို့မှာ ကန့်ကွက်ခွင့် မရှိဘူး။ ဒါပေမယ့် သခင်လေးက ငါတို့ကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံသလို မသင့်တော်တဲ့ တောင်ဆိုမှုမျိုးကိုလည်း တစ်ခါမှ မတောင်းဆိုဘူးဖူး။ အဲ့ဒါကြောင့်… နင်တို့ထင်နေသလို ဖြစ်လာလိမ့်မှာ မဟုတ်ဘူးဆိုတာ သံသယရှိစရာ မလိုဘူး”

“သူက တကယ်ပဲ ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်လား” ချူရီမန်ရဲ့ မျက်လုံးထဲ အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။ ရန်ကိုင်က အလှလေး သုံးယောက်ရှေ့မှာတောင် မထူးခြားနားသည့် ဟန်ဖြင့် ဆက်ရှိနိုင်ပြီး တစ်ချိန်လုံးကျင့်ကြံနိုင် လိမ့်မယ်လို့ သူမတကယ်ကို မထင်ထားခဲ့ပါဘူး။

အဲ့လိုသာဆိုရင် ရန်ကိုင်က အခြားလူငယ်တွေနဲ့ ကွဲပြားတယ်လို့ ပြောလို့ရပါပြီ။ ဒါမှမဟုတ် အနည်းဆုံးတော့ သူ့အရည်အချင်းနဲ့ သည်းခံနိုင်စွမ်းက အခြားလူငယ်တွေထက် အများကြီး သာလွန်ကောင်းမွန်ပါတယ်။

သူမသာ သူ့လိုလူမျိုးကို ချူမိသားစုထဲ ဆွဲထည့်ပြီး ကျင့်ကြံခြင်း အရင်းအမြစ် လုံလုံလောက်လောက်သာ ထောက်ပံ့ပေးလိုက်ရင် အနာဂတ်ကျရင် သူက ဒီကမ္ဘာကြီးရဲ့ အထွတ်အထိပ် ကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်လာမှာ မလွဲမသွေပါပဲ။

ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ ချူရီမန်က ရုတ်တရက် ပြုံးလိုက်တယ်။ အခု သူမရဲ့ လွတ်လပ်မှုကို ပြန်ရနိုင်၊ မရနိုင် ဆိုတာကို သူမ မသိသေးပေမယ့် ထိုအကြောင်းကို တွေးလိုက်ရုံနဲ့တင် သူမတော်တော်လေး ကျေနပ်မိပါတယ်။

ဒါပေမယ့် သူမသာ သူမရဲ့ လွတ်လပ်မှုကို ပြန်ရခဲ့ရင် ရန်ကိုင်ကို ချူမိသားစုထဲ အရခေါ်ယူဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုမျိုး ထူးချွန်းတဲ့ လူငယ်ဂျီးနီးယပ် မျိုးဆိုတာ တကယ်ကို ရှားပါးလှပါတယ်။

သူတို့သုံးယောက် စကားတပြောပြောနဲ့ လမ်းလျှောက်လာရင်း သိပ်မကြာခင်မှာပဲ ဒုတိယထပ်သို့ ရောက်ရှိလာခဲ့တယ်။

ယွန်လီက ညင်သာစွာနဲ့ ပြောလိုက်တယ် “သခင်လေးရန်က အထဲမှာ ရှိနေတယ်။ မိန်းကလေးတို့ နှစ်ယောက် ဒီမှာ ခဏစောင့်နေဦး၊ ကျွန်မ သခင်လေးကို သွားအသိပေးလိုက်ဦးမယ်”

“ရပါတယ်” ချူရီမန်က ယဉ်ကျေးစွာနဲ့ ပြန်ပြောလိုက်တယ်။

Martial Peak

အပိုင်း(၃၂၄) သူမ ဘာတွေစားနေတာလဲ

အဲ့လိုနဲ့ ယွန်လီက ပြုံးလိုက်ပြီး တံခါးကိုဖွင့်ဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် တံခါးကို မဖွင့်ရေးသေးခင်မှာပဲ အခန်းထဲကနေ အော်ညည်းသံ တစ်သံကို ကြားလိုက်ရတယ်။

ထိုအသံက တော်တော်လေး ထူးဆန်းပြီး အသံကလည်း မတိုးလှပါဘူး။ ထိုအသံက ယောကျ်ားတစ်ယောက်ရဲ့ အော်ဟစ်သံနဲ့ မိန်းမတစ်ယောက်ရဲ့ မသဲမကွဲ အော်ညည်းသံတို့ နှစ်ခုပေါင်း ရောနှောနေတဲ့ အသံနဲ့ ဆင်တူပါတယ်။ ယောကျ်ားရဲ့ အသံကို သဲသဲကွဲကွဲ ကြားလိုက်ရပေမယ့် မိန်းမရဲ့ အသံက သူမပါးစပ်မှာ တစ်ခုခု ပိတ်နေလို့လားတော့ မသိ၊ မသဲမကွဲ ဖြစ်နေခဲ့ပါတယ်။

ထိုအသံကို ကြားလိုက်ရတဲ့အချိန် အပြင်မှာ ရှိနေတဲ့ မိန်းကလေး သုံးယောက်စလုံး အံ့အားသင့်မှုကြောင့် နေရာမှာပဲ အေးခဲသွားခဲ့ရတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရင့်ကျက်တဲ့ အမျိုးသမီးရဲ့ လည်တိုင်လေးက ပန်းရောင်သန်း သွားခဲ့ပြီး သူမရဲ့ ကျောက်စိမ်းလေးလို ချောမွတ်ဖြူဖွေလှတဲ့ လက်သွယ်သွယ်လေးက အနည်းငယ်လေး တုန်ရီသွားခဲ့ကာ သူမရဲ့ မျက်ခမ်းလေးတွေက တဆတ်ဆတ် တုန်ရီနေခဲ့ပါတယ်။ ဘာဆက်လုပ်ရမှန်း မသိတော့တာနဲ့ နှုတ်ခမ်းလေးကို ကိုက်ပြီး အပြင်မှာပဲ ကြောင်ပြီး မတ်တပ်ရပ်နေမိလိုက်တယ်။

ချူရီမန်က တစ်ခဏတာလောက် ငေးကြောင်သွားပြီးမှပဲ အသိပြန်ဝင်လာခဲ့တယ်။ အသိပြန်ဝင်လာတာနဲ့ တစ်ခုခုကို စဉ်းစားသွားမိပုံရကာ သူမရဲ့ လည်တိုင်လေး ရဲတက်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးကလည်း ရဲရဲနီသွားခဲ့ကာ လက်သီးလေး တင်းတင်းဆုပ်ရင်း စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ် “သေနာကောင်”

လော့ရှောင်မန်က မျက်လုံးလေး ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ရင်း မျက်မှောင်လေးကြုံ့ကာ ဘာမှကိုနားမည်သေးတဲ့ ကလေးငယ်လေး စိတ်ရှုပ်နေတဲ့အခါ ဖြစ်သွားတဲ့ ပုံစံလေးနဲ့ မေးလိုက်တယ် “အစ်မချူ၊ အထဲမှာ ဘာတွေဖြစ်နေတာလဲ။ အဲ့အသံက ဘာအသံတွေလဲ”

“အာ…” ချူရီမန်က လျှပ်စစ်နဲ့ တို့ခံလိုက်ရသလို ဖြစ်သွားပြီး ဘယ်လို ပြန်ဖြေလို့ ပြန်ဖြေရန်မှန်း မသိတဲ့အတွက် စိတ်ကူးထဲ ပေါက်သလိုသာ ဖြေချပေးလိုက်ပါတယ် “အထဲမှာက… သူတို့က … ကျင့်ကြံနေတာ ဖြစ်မှာပေါ့…”

ထိုကဲ့သို့ မဟုတ်တုတ်က စကားတွေ ပြောပြီးတဲ့နောက် ချူရီမန်ရဲ့ မျက်နှာလေးက ပိုပြီး ရဲတက်သွားခဲ့တယ်။

လော့ရှောင်မန်က ချူရီမန်ကို သံသယရှိသလို ကြည့်လိုက်ပြီးနောက် ယွန်လီကို ကြည့်လိုက်ကာ သူမဘာသာ သူမ တစ်ယောက်တည်း ရေရွတ်လိုက်တယ် “ကျင့်ကြံနေတာလား… အဲ့အသံတွေက တိုက်ခိုက်သံတွေနဲ့ ဘာလို့ တူနေရတာလဲ… ပြီးတော့… သူတို့ နှစ်ယောက်စလုံး ဘာလို့ ရှက်သွေးဖြာနေကြတာလဲ”

“ဘာမှမဟုတ်ပါဘူး” ချူရီမန်က ချက်ချင်းပဲ ပြောလိုက်တယ်။ သူမမျက်နှာ တစ်ခုလုံးကို မီးမြိုက်နေသလိုတောင် ခံစားနေရပါပြီ။

အဲ့အချိန်မှာပဲ…

ရုတ်ချည်း အထဲက အသံတွေက ပိုပြီး ပြင်းထန်ကျယ်လောင် လာခဲ့တယ်။ ရောထွေးနေတဲ့ ယောက်ကျ်ားနဲ့ မိန်းမနှစ်ယောက်ရဲ့ အော်သံက အပြင်ဘက်မှာ ရှိနေတဲ့ မိန်းကလေး သုံးယောက်ရဲ့ နားထဲ ပျံ့လွင့်သွားခဲ့တယ်။

ထိုအသံထဲမှာ မှော်စွမ်းအင်တွေ ပါနေသည့်အလား ထိုအသံကို ကြားလိုက်ရတဲ့ လူတိုင်း သူတို့ခြေထောက်တွေ ပျော့ခွေချင်သလို ခံစားလိုက်ရပြီး သူတို့သွေးတွေ ဆူပွက်ချင်လာခဲ့တယ်။

“အား….” လော့ရှောင်မန်က ညင်သာစွာနဲ့ အော်လိုက်ပြီး တုန်လှုပ်ခြောက်ခြားစွာနဲ့ “အစ်မချူ၊ အဲ့သူတောင်းစားက… သူလုပ်နေတာတော့…”

“ဘာလုပ်နေတာလဲ” ချူရီမန်ရဲ့ မျက်ဝန်းအစုံက ချားရဟတ်သဖွယ် လည်ပတ်နေခဲ့ပြီး သူမရဲ့ နှလုံးသား တစ်ခုလုံးလည်း ပရမ်းပတာတွေ ဖြစ်လို့နေခဲ့တယ်။

“အထဲမှာရှိတဲ့ မိန်းမကို သူသတ်လိုက်တာတော့ မဟုတ်ပါဘူးနော်၊ မဟုတ်ဘူးမလား” လော့ရှောင်မန်က တုန်တုန်ရီရီနဲ့ ေပြောလိုက်တယ် “အစ်မချူ၊ ပြန်သွားကြရအောင်၊ ကျွန်မ မအီမသာဖြစ်လာပြီ…”

“ဘာဖြစ်လို့လဲ” ချူရီမန်က အံ့အားသင့်သွားခဲ့ပြီး သူမအမူအရာကို အမြန်အဆန်ပဲ ပြန်ထိန်းလိုက်တယ်။

လော့ရှောင်မန်က ဂနာမငြိမ် ဖြစ်လာကာ ငိုသံလေးနဲ့ ပြောလိုက်တယ် “ကျွန်မ အိမ်သာသွားချင်လာပြီ… သွားကြရအောင်”

“အာ… အန်…” ချူရီမန်ရဲ့ မျက်နှာက ပိုပြီး ရဲတက်သွားခဲ့တယ်။ ဒီမှာ ဆက်မနေသင့်တော့ဘူးလို့ ချူရီမန်လည်း တွေးလိုက်ကာ ယွန်လီကို ပြောဖို့ လုပ်နေတုန်းမှာပဲ သူမတို့ရှေ့ရှိ အခန်းတံခါးက ရုတ်တရက် ပွင့်သွားခဲ့တယ်။

အခန်းတံခါး ပွင့်သွားလို့ လှည့်ကြည့်လိုက်တဲ့အချိန် အခန်းထဲကနေ နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေး တစ်ယောက် ထွက်လာတာကို တွေ့လိုက်ရတယ်။ မိန်းမလေးယောက်စလုံးက ထိုနေရာမှာ ရပ်နေရင်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေခဲ့ကြတယ်။ ထိုစွဲမက်ဖွယ်ကောင်းလှတဲ့ မိန်းမပျိုလေးရဲ့ အဝတ်အစားတွေက စုတ်ပြဲနေပြီး သူမတစ်ကိုယ်လုံး ဖရိုဖရဲ ဖြစ်နေတာကို မိန်းကလေး သုံးယောက်စလုံး သတိပြုမိလိုက်ကြတယ်။

သူမ အသားအရေက ချွေးတို့ဖြင့် စိုရွှဲနေခဲ့ပြီး ပန်းရောင်သန်းနေခဲ့ကာ သူမလက်ထဲမှာတော့ စုတ်ဖြဲခံရပုံ ထင်ရတဲ့ အဝတ်အပိုင်းအစတွေ ရှိနေခဲ့တယ်။

သူမခန္ဓာကိုယ်ကို အထက်အောက် စုံဆန်ကြည့်လိုက်တဲ့အချိန် အနီရောင်အမှတ်အသားတွေ အများကြီး တွေ့လိုက်ရတယ်။ အထူးသဖြင့် သူမရင်သားနေရာမှာပါ။ သူမရဲ့ မို့မောက်နေတဲ့ ရင်အစုံထက်မှာလည်း အနီရောင်လက်ရာကြီးတွေ ရှိနေခဲ့ပါတယ်။

သူမခြေတံရှည်လေးတွေကတော့ အရည်ကြည်လေးတွေနဲ့ လက်နေခဲ့ပြီး အဖြူညစ်ညစ် အရည်တွေက သူမပေါင်တံထက်မှ စီးကျလို့နေခဲ့တယ်။

နောက်ဆုံး သူမနှုတ်ခမ်းနားမှာ အဖြူညစ်ညစ် အရည်စက် အနည်းငယ် ရှိနေခဲ့တယ်။

“အား….” ထိုသုံးယောက်ကို မြင်လိုက်တာနဲ့ ပီလော့က ရုတ်တရက်ကြီး ထအော်လိုက်တယ်။ ထို့နောက် အံကိုကြိတ်၊ ခေါင်းလေးငုံ့ရင်း အားလုံးရဲ့ မြင်ကွင်းကနေ ထွက်ပြေးသွားခဲ့တယ်။

သူမကိုယ်မှာ အဝတ်အစား အပြည့်အစုံ မရှိတော့ပေမယ့် ဒီနန်းတော်အတွင်းမှာ မိန်းမတွေပဲ ရှိတဲ့အတွက် သူမအနေနဲ့ ရှက်ရွံ့သလို မခံစားမိပါဘူး။ သူမအတွက် ပိုအရေးကြီးတာက ထိုသားရဲကောင် ရန်ကိုင်ဆီကနေ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးဖို့ပါ။

ပီလော့က လမ်းလျှောက်တစ်ဝက်၊ ပြေးတစ်ဝက် လုပ်နေတဲ့အချိန် ချူရီမန်၊ ယွန်လီနဲ့ လော့ရှောင်မန်တို့ သုံးယောက်ကတော့ တိတ်ဆိတ်နေခဲ့တယ်။

တစ်ခဏကြာပြီးနောက် လော့ရှောင်မန်က အသိပြန်ဝင်လာခဲ့ကာ ရုတ်တရက် ကောက်မေးလိုက်တယ် “အစ်မချူ၊ သူမဘာတွေ စားနေတာလဲ”

ချူရီမန်က နေရာမှာပဲ တောင့်တင်းအေးခဲသွားခဲ့ပြီးနောက် ဖြေးဖြေးချင်း ခေါင်းခါယမ်းလိုက်တယ်။

ဘာတွေစားနေတာလဲ ဟုတ်လား၊ နှုတ်ခမ်းနားကဟာကို ဘာလို့ မသုတ်တာလဲလို့ မေးရမှာမဟုတ်ဘူးလား

ယွန်လီက ချူရီမန်နဲ့ လော့ရှောင်မန်တို့ ဘက်လှည့်လိုက်ပြီး သူမတို့နဲ့ မျက်လုံးချင်း မဆုံမိအောင် နေကာ အနည်းငယ် တုန်ရီနေတဲ့ လေသံနဲ့ မေးလိုက်တယ် “မိန်းမပျိုးလေးတို့နှစ်ယောက်၊ နင်တို့…. နင်တို့ သခင်လေးရန်နဲ့ တွေ့ချင်သေးလား”

ချူရီမန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမကိုယ်သူကိုယ်သူ တည်ငြိမ်အောင် လုပ်ကာ အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။

ဒီအထိ ရောက်လာပြီး ဒီလောက်အထိ တောင့်ခံပြီးမှတော့ ဘာလို့ ဒီအတိုင်း ပြန်လှည့်သွားရမှာလဲ။

ယွန်လီက ခေါင်းညိတ်လိုက်ပြီး သူမရဲ့ အသက်ရှူသံကို တည်ငြိမ်အောင် လုပ်လိုက်ကာ ခေါ်လိုက်တယ် “သခင်ငယ်လေး၊ မိန်းကလေးချူနဲ့ မိန်းကလေးလော့တို့ လာတွေ့ပါတယ်”

“ဝင်လာခိုင်းလိုက်တယ်”

ယွန်လီက တစ်ခဏတာလောက် အံ့အားသင့်သွားခဲ့ပြီး ချူရီမန်နဲ့ လော့ရှောင်မန်တို့ဘက်လှည့်ကာ ပြောလိုက်တယ် “ကျေးဇူးပြုပြီး ဝင်သွားလိုက်ပါ”

ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက် အသက်ပြင်းပြင်း ရှူလိုက်ပြီး အခန်းထဲကို ဝင်လိုက်တယ်။ သူမတို့ အခန်းထဲကို ဝင်လိုက်တာနဲ့ ယွန်လီက ထိုနေရာကနေ ချက်ချင်းပဲ အားကုန်သုံ ထွက်ပြေးပါတော့တယ်။ သူမပြေးနေတဲ့ ပုံက နောက်ကနေ ကျားလိုက်လို့ ပြေးနေသလားတောင် ထင်မှတ်ရပါတယ်။

အခန်းထဲမှာတော့ ဖရိုဖရဲဖြစ်နေတဲ့ အဝတ်အစားကို ဝတ်ဆင်ထားတဲ့ ရန်ကိုင်က ကျောက်စိမ်းထိုင်ခုံပေါ်တွင် ထိုင်ရင်း အခန်းထဲကို ဝင်လာတဲ့ မိန်းကလေး နှစ်ယောက်ကို ပြုံးပြီး ကြည့်လိုက်တယ်။

အကြည့်ချင်း ဆုံသွားတာနဲ့ ချူရီမန်က အစောပိုင်းတုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို ပြန်တွေးလိုက်မိပြီး သူမရဲ့ မျက်နှာလှလှလေးက ရဲတက်လို့ သွားခဲ့ကာ ချက်ချင်းပဲ ရန်ကိုင်ဆီကနေ အကြည့်ဖယ်ခွါလိုက်တယ်။

လော့ရှောင်မန်က ချူရီမန်နောက်မှာ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ရပ်နေရင်း တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ပြုံးနေတဲ့ ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။

ရန်ကိုင်ကတော့ ဘာမှ မဖြစ်တဲ့ပုံစံနဲ့ သူတို့ကို သာမန်ကာလျှံကာပဲ ပြန်ကြည့်လိုက်တယ်။

ရန်ကိုင်ရဲ့ အကြည့်နဲ့ ရင်ဆိုင်မိချိန်မှာတော့ ချူရီမန် အနေနဲ့ သူမဒီကို ဘာလုပ်ဖို့လာလဲ ဆိုတာကိုတောင် မေ့သွားခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ကာ သူတို့ကြားက လေထုက ဆက်လက် တိတ်ဆိတ်သွားခဲ့တယ်။

အန္တလို့ ထင်ရတဲ့ ထိုခဏတာအချိန် ကုန်ဆုံးသွားပြီးနောက် သူတို့နောက်ဘက်ရှိ လှေကားထက်မှ ခြေသံတို့ ပျံ့လွင့်လာခဲ့ပြီး စွဲမက်ဖွယ်ကောင်းတဲ့ ပီလော့ နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့တယ်။

အခုအချိန်မှာတော့ သူမက အဝတ်အစား အပြည့်အစုံနဲ့ပါ။ သူမ မျက်နှာက ရဲနေဆဲဖြစ်ပေမယ့် အရင်လိုတော့ မရှက်တော့ပါဘူး။ သူမ ပုံစံဖြစ်တဲ့ မောက်မာပြီး စွဲမက်ဖွယ်ကောင်းတဲ့ အရင်ပုံစံကို ပြန်ရသွားခဲ့ပါပြီ။

ချူရီမန်နဲ့ လော့ရှောင်မန်တို့ ရှိနေတာကို တစ်ချက်ကလေးတောင် ဂရုမစိုက်ပဲ အခန်းထဲ ဝင်ပြီးတာနဲ့ ရန်ကိုင်ကို အော်ဟစ်လိုက်တယ် “ဟေး၊ သေနာကောင်၊ ငါနင့်ကို သတိပေးထားမယ်၊ အစောပိုင်းတုန်က ဖြစ်ပျက်သွားတာက ယောကျ်ားတစ်ယောက်က ဘယ်လိုမျိုးလဲဆိုတာ ငါးစူးစမ်းမိချင်လို့ပဲ၊ နင်နဲ့ ဘာမှမဆိုင်ဘူး။ ဒီနေ့ကိစ္စက ဒီမှာတင် အဆုံးသတ်သွားပြီ၊ ငါတို့အကြွေးတွေလည်း ကြေသွာပြီး၊ ဒီကိစ္စကို နောက်တစ်ကြိမ် ထပ်ဖော်စရာ မလိုတော့၊ နင်သိပြီလား”

ရန်ကိုင်က တစ်ခဏတာလောက် ငေးကြောင် ကြည့်နေလိုက်ပြီး မဲ့တဲ့တဲ့နဲ့ ခေါင်းညိတ်ပြလိုက်တယ် “အင်း၊ ငါသိတယ်”

ပီလော့ရဲ့ မျက်ဝန်းအစုံက ကျဉ်းမြောင်သွားခဲ့ပြီး ခြိမ်းခြောက်သလို ဟန်ပန်နဲ့ သူမလက်ကို ဝှေ့ရမ်းလိုက်ရင်း အခိုင်အမာ ပြောလိုက်တယ် “နင်သာ မကောင်းတဲ့အကြံတွေ ကြံရဲမယ်ဆိုရင် ငါနင့်ကို နောင်တရအောင် လုပ်ပေးလိုက်မယ်၊ ဟန့်”

ပီလော့က ရန်ကိုင်ကို နည်းနည်းလေးတောင် မျက်နှာသာ မပေးပဲ ပြောဆို အော်ဟစ်နေတာကို တွေ့ရတော့ လော့ရှောင်မန် စိတ်ထဲ ရဲဘော်ရဲဘက်စိတ်တို့ ပေါက်ဖွားလာခဲ့ပြီး သူမမျက်နှာက အပြုံးပန်းကြီး တစ်ခု ပွင့်လန်းလာခဲ့တယ်။ ထိုသူငယ်ချင်း အသစ်က ရန်ကိုင်ကို ထပ်ပြီး ဆူပူကျိန်းမောင်း ပါစေလို့ လော့ရှောင်မန်က သူမစိတ်ထဲကနေ ဆုတောင်းနေလိုက်တယ်။

ပီလော့က သူမပြောချင်တာ ပြောလို့ ပြီးတာနဲ့ ချက်ချင်းပဲ လှည့်ထွက်သွားဖို့ လုပ်လိုက်တယ်။

“အစ်မကြီး…” လော့ရှောင်မန်က မနေနိုင်တော့ပဲ ပီလော့ကို အော်ခေါ်လိုက်တယ်။

“ဟင်၊ ဘာဖြစ်လို့လဲ” ပီလော့က လော့ရှောင်မန်ကို လှည့်ကြည့်လိုက်တယ်။ သူမမျက်နှာထက် ကြင်နာချိုမြိန်တဲ့ အပြုံး တစ်ခုထွက်ပေါ်လာခဲ့ပြီးနောက် သူမအကြည့်က ဆူဖြိုးနေတဲ့ တောင်ထွတ်နှစ်ခုစီ ရောက်ရှိလို့ သွားခဲ့တယ်။

“အစ်မကြီး၊ အစ်မကြီး ဘာမုန့်စားခဲ့လဲ ဆိုတာ မသိပေမယ့် အစ်မကြီးရဲ့ နှုတ်ခမ်းနားမှာ မု့န်ဖတ်နည်းနည်း ကပ်ကျန်နေသေးတယ်…” လော့ရှောင်မန်က သူမပါးစပ်ဖျားလေးကို လက်ကလေးနဲ့ ညွှန်ပြရင်း အပြုံးကြီးပြုံးကာ ပီလော့ကို ပြောလိုက်တယ်။

“အန်…” ပီလော့က လက်ကလေး ဆန့်ထုတ်လိုက်ပြီး သူမပါးစပ်ဖျားနားမှာ ကပ်နေတဲ့ လော့ရှောင်မန် မုန့်လို့ခေါ်တဲ့ အရာကို ချက်ချင်းပဲ သုတ်ပစ်လိုက်တယ်။ သုတ်ပြီးတာနဲ့ ခါးသီးစွာနဲ့ ရန်ကိုင်ကို တစ်ခဏလောက် ကြည့်နေလိုက်ပြီးနောက် လော့ရှောင်မန် ဘက်လှည့်လိုက်ကာ ချိုမြိန်တောက်ပစွာ ပြုံးရင် “ညီမလေးကို ကျေးဇူးတင်ပါတယ်၊ နောက်တစ်ကြိမ်ကျမှ သေချာလေး ကျေးဇူးတင်တော့မယ်”

“အင်း” လော့ရှောင်မန်က ပျော်ရွှင်စွာနဲ့ ပြန်ပြောလိုက်တယ်။

ထိုအစ်မကြီး ဆိုတဲ့လူက နွေးထွေးကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ သူမ တကယ်ကို မထင်ထားခဲ့ပါဘူး။

လော့ရှောင်မန်ကို ပီလော့ကို ကြည့်ရင်း တစ်ခုခု မှားနေတယ်လို့ ချူရီမန် ခံစာလိုက်ရတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘာမှ ဝင်မပြောပဲ ငြိမ်နေလိုက်ပါတယ်။

ပီလော့ ရောက်လာတာ တကယ့်ကို အချိန်ကိုက်ပါပဲ။

သူမရောက်လာလို့သာ ချူရီမန် အနေနဲ့ သူမအတွေးတွေကို ပြန်စုစည်းချိန် ရသွားပြီး ရန်ကိုင်ဘက် လှည့်ကာ ပြုံးလိုက်ရင်း ပြောလိုက်တယ် “ငါတို့ နောက်ဆုံးအကြိမ် တွေ့ပြီးကတည်းက နင်က တကယ်ကို ဇိမ်ကျနေတာပဲ။ လှပကြီးကျယ်တဲ့ စံအိမ်ထဲမှာ နေရတဲ့အပြင် မိန်းမလှလေးတွေလည်း အများကြီး ရှိနေတော့ နင်ဒီနေရာကနေ မထွက်သွားချင်တော့ဘူးမလား”

ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ကြိတ်ရယ်လိုက်ပြီး ချူရီမန်ကို ပြန်ကြည့်လိုက်ကာ ပြောလိုက်တယ် “မိန်းကလေးချူ ဒီနေ့လာတာက ငါအခုလို နေနေရလို့ ဘယ်လောက် မနာလိုကြောင်း လာပြောတာတော့ မဟုတ်ဘူးမလား။ ပန်းစကားတွေ ပြောဖို့ မလိုပါဘူး။ ပြောချင်တာကိုသာ တိုက်ရိုက်ပြောလိုက်။ အဲ့လို ကွေပတ်သွယ်ဝိုက်ပြီး ဆော့ကစားတတ်တဲ့ မိန်းမတွေကို ငါမုန်းတယ်”

ချူရီမန်ရဲ့ မျက်ဝန်းအစုံက လက်သွားခဲ့ပြီး ခေါင်းလေးညိတ်ကာ ပြုံးမြဲပြုံးရင်း “လိုချင်တာကို တိုက်ရိုက်ပြေတာလား။ ငါတို့နှစ်ယောက် ဒီကနေ ထွက်သွားလို့ရအောင် ငါနင့်ဆီကနေ အကူအညီ တောင်းချင်တာ”

ငါထင်ထားသလို ပါပဲလား

ရန်ကိုင်က မထူးခြားနားသည့် အမူအရာဟန်ပန်ဖြင့် အရွှန်းဖောက်ကာ ပြောလိုက်တယ် “ငါက အဲ့လိုလုပ်ပေးနိုင်တဲ့ ယောကျ်ားတစ်ယောက်နဲ့ တူနေလို့လား”

ဒါပေမယ့် ချူရီမန်ကတော့ စိတ်ဓါတ်ကျမသွားခဲ့ပါဘူး “အနည်းဆုံးတော့ နင့်ရဲ့ အစစ်အမှန်ချီက ပိတ်ဆို့ထားခြင်း မခံရဘူးလေ။ ငါသာ မမေးရင် ငါဘယ်လိုလုပ်ပြီး သိပါ့မလဲ” သက်ပြင်းဖျော့ဖျော့လေး ချလိုက်ပြီးနောက် ချူရီမန်က ဆက်ပြောလိုက်တယ် “ရှောင်မန်နဲ့ ငါက နင်နဲ့ မတူဘူး။ ငါတို့ကျင့်ကြံခြင်းက ချိတ်ပိတ်ခံထားရလို့ ကိုယ်ကိုယ်တောင် ကာကွယ်နိုင်စွမ်း မရှိတော့ဘူး။ ထွက်ပြေးဖို့ဆို ပိုလို့ဝေး။ ပြီးတော့ နင်က ဒီမှာပဲ တစ်သက်လုံး နေသွားမှာလား”

ပြောပြီးတာနဲ့ သူမရဲ့ ပါးစပ်လေးကို လက်ကလေးနဲ့ အုပ်လိုက်ပြီး “ဟုတ်ပါတယ်၊ နင့်မှာ ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မဆိုတဲ့ နောက်ခံရှိနေတော့ နင့်မှာ ကျင့်ကြံခြင်း အရင်းအမြစ်တွေ မရှားဘူးလေ။ ပြီးတော့ စွဲမက်ဖွယ်ကောင်းတဲ့ အလှးလေးတွေက ဝိုင်းပြီး ပြုစုပေးနေတာဆိုတော့ နင်မပြောနဲ့ ဘယ်ယောကျ်ားကမှ ဒီနေရာကနေ မထွက်သွားချင် ဘူးဆိုတာ ငါနားလည်ပါတယ်”

“ငါ့စိတ်ကိုဆွပေးနေတာလား” ရန်ကိုင်က လှောင်ပြောင်လိုက်ပြီး “နင့်ထောက်ချောက်ထဲ အဲ့လောက် လွယ်လွယ်နဲ့ ကျမယ်လို့ ထင်နေတာလား”

နောက်ဆုံးတော့ ချူရီမန် မျက်မှောင်ကြုံ့မိလိုက်လေပြီ။ ရန်ကိုင်က ရင်ဆိုင်ဖို့ လွယ်တဲ့ လူတစ်ယောက် မဟုတ်မှန်း သိတဲ့အတွက် နောက်တစ်နည်းနဲ့ ချဉ်းကပ်ဖို့ ဆုံးဖြတ်လိုက်တယ် “ကောင်ပြီလေ။ ငါပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ ငါနဲ့ရှောင်မန်ကို ဒီကနေ ထွက်သွားနိုင်အောင် ကူညီပေးဖို့အတွက် နင်ဘာအချက်တွေကို တောင်းဆိုချင်လဲ”

“ငါမေးချင်တာကလေ နင်တို့ကို ဒီနေရာကနေ ထွက်သွားနိုင်အောင် ငါကူညီနိုင်လိမ့်မယ်လို့ နင်ဘာလို့ ထင်နေတာလဲ” ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့ပါတယ်။ ချူရီမန်က အရမ်းကို တစ်ကိုယ်ကောင်း ဆန်လွန်းလှပါတယ်။

“နင်နဲ့ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မကြားက ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကို ထည့်စဉ်းစားပြီး ပြောတာ။ ငါတို့က သူမအတွက် အကျဉ်းသားတွေလောက်တောင် တန်ဖိုးမရှိတာကို နင်က စကားနည်းနည်းလေး ကူပြောပေးလိုက်တာနဲ့ သူမက ငါတို့ကို ဘာလို့ မလွှတ်ပေးနိုင်ရမှာလဲ။ အပြန်အလှန်အနေနဲ့ သူမသာ တောင်းဆိုမယ်ဆိုရင် ချူမိသားစုနဲ့ ခရမ်းဖန်းတောင်ကြားက နင်တို့စိတ်ကျေနပ်မယ့် တန်ဖိုးကို ပေးချေပေးမှာ”

ရန်ကိုင်က ထိုကိစ္စနဲ့ ပက်သက်ပြီး စဉ်းစားတဲ့ပုံ လုပ်ပြလိုက်တဲ့ အတွက် ချူရီမန်က အလျင်စလိုပဲ ထပ်ပေါင်း ပြောလိုက်တယ် “ရှောင်မန်နဲ့ ငါ့မှာ သူမကိုတွေ့ဖို့ အခွင့်အရေး မရှိတဲ့အတွက် နင့်ကို ငါ့တို့အတွက် ကူပြောပေးစေချင်တာ။ အဲ့လိုကြောင့်သာ မဟုတ်ရင် ငါနင့်ကို လာတွေ့မှာ မဟုတ်ဘူး”

“ငါလည်း သူမကို အခုတွေ့လို့ မရသေးဘူး” ရန်ကိုင် အေးစက်စက်နဲ့ နှာခေါင်းရှုံ့ပြလိုက်တယ်။

“အခုထိ သူမက နင့်ကို မတွေ့ချင်သေးတာလား” ချူရီမန်ရဲ့ အမူအရာကို ကြည့်ရုံနဲ့တင် သူမရန်ကိုင်ကို မယုံမှန်း သိသာပါတယ်။

“ရှန်ချင်းလော့က အခု သင်းရနံ့မြို့မှာ မရှိဘူး။ ကြားရသလောက်တော့ မြို့ထဲက အကြီးအကဲတွေကို ခေါ်ပြီး မိုးကြိုးသားရဲဘုရင်ရဲ့ နယ်မြေဆီ သွားတယ်လို့ ပြောကြတာပဲ။ နင်ငါ့ကို ယုံတာ၊ မယုံတာက ငါ့ကိစ္စမဟုတ်ဘူး”

ရန်ကိုင်လည်း သင်းရနံ့မြို့ထဲမှာ ရှန်ချင်းလော့ မရှိတာကို လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်မှ ကြားခဲ့တာပါ။ အဲ့တုန်းကလည်း လီယုနဲ့ တိုက်ပွဲဖြစ်နေတုန်း ပွဲကြည့်နေတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ ပြောလို့ ကြားခဲ့ရတာပါ။ နန်းတော်ထဲက လူတွေ ပြောတာ မဟုတ်ပါဘူး။

ထိုအချိန်တုန်းက သူက တိုက်ပွဲထဲကိုသာ စိတ်နှစ်နေပေမယ့် သူ့ပတ်ဝန်းကျင်ကိုလည်း အစဉ်မပြတ် သတိထားနေခဲ့တာပါ။

“အာ…” ချူရီမန်က ထိတ်လန့်တကြား အော်လိုက်တယ်။ သူမမျက်နှာထက် စိတ်လှုပ်ရှားသည့် အရိပ်အယောင် ထွက်ပြေးသွားခဲ့ပြီး ရန်ကိုင်ကို အဆောတလျင် တိုက်တွန်းလိုက်တယ် “သူမက ဒီမှာ မရှိမှတော့ နင်ဘာလို့ ထွက်မသွားသေးတာလဲ။ ဒါမှမဟုတ် ဒီမှာပဲ တစ်သက်လုံးနေဖို့ စီစဉ်ထားတာလား”

“ဒီကနေ ထွက်သွားဖို့လား။ နင့်ငါ့ကို ဘယ်ဆီ သွားစေချင်နေတာလဲ” ရန်ကိုင်လေသံက ရုတ်ချည်း အေးစက်သွားခဲ့ပြီး သူ့မျက်ဝန်းအစုံက နာကျည်းမုန်းတီးမှုတို့ဖြင့် ပြည့်နေခဲ့တယ်။

“နင်သွားလို့….” ချူရီမန်က ပြောနေရင်း တန့်သွားခဲ့တယ်။

ဟုတ်တာပဲ။ သူသာ ဒီကနေ ထွက်သွားရင်… ကောင်းကင်စံအိမ် ကလည်း ပျက်စီးသွားပြီ, အကြီးအကဲတွေ၊ စီနီယာအစ်ကို၊ စီနီယာအစ်မ၊ ဂျူနီယာညီလေးတွေနဲ့ ဂျူနီညာ ညီမလေးတွေ အကုန်လုံးကလည်း တစ်ကွဲတစ်ပြားစီ ဖြစ်နေကုန်ပြီ။ သူဘယ်ကို သွားရမှာလဲ

သူ့မှာ တကယ်ပဲ သွားစရာ နေရာ မရှိတော့တဲ့ ပုံပဲ။

ရန်ကိုင် စကားကို ကြားလိုက်တာနဲ့ ချူရီမန် လျှပ်စစ်နဲ့ တို့ခံလိုက်ရသလို ဖြစ်သွားပြီး ရှက်လည်း ရှက်သွားခဲ့တယ်။

သူမ မသိတာတစ်ချက် ရန်ကိုင်က ရှန်ချင်းလော့ရဲ့ ဝိဥာဉ်ရှာ အမှတ်အသား မိထားတာပါ။ သူကမ္ဘာမြေ အဆုံးထိ ပြေးရင်တောင် ရှန်ချင်းလော့က သူ့ကို ရှာနိုင်ပါတယ်။ ထို့ကြောင့် ထွက်ပြေးဖို့ ကြိုးစားတာက စွမ်းအင်ကုန်၊ အချိန်ဖြုန်းတဲ့ အလုပ်တစ်ခုပဲ ဖြစ်မှာပါ။

Martial Peak

အပိုင်း(၃၂၅)

“အဲ့လိုဆိုရင် ငါနဲ့တူ ချူမိသားစုဆီ လိုက်ခဲ့လေ” ချူရီမန်က ရုတ်တရက် ကောက်ကာငင်ကာနဲ့ ကမ်းလှမ်းလိုက်တယ်။ သူမမျက်လုံးတွေထဲ မကောင်းကြံစည်နေသည့် အရိပ်အယောင် တစ်စွန်းတစ်စမှ ပါဝင်မနေပါဘူး။

ထိုအရာက တကယ့်ကို အခွင့်အရေးကောင်း တစ်ခုပါ။ ရန်ကိုင်နဲ့ ရှန်ချင်းလော့ကြားက ဆက်ဆံရေးက မရှင်းမလင်းပါ။ သူမသာ ရန်ကိုင်ကို မက်လုံးကောင်းကောင်း ပေးနိုင်မယ်ဆိုရင် သူ့ကို ချူမိသားစုထဲ ဆွဲထည့်နိုင်မှာ သံသယရှိစရာ မလိုပါဘူး။ အဲ့လို ဖြစ်သွားတာနဲ့ ဒီတစ်ကြိမ် ခံစားခဲ့ရတဲ့ ဒုက္ခ၊ အခက်အခဲတွေ အားလုံးကို တန်တယ်လို့တောင် ပြောလို့ ရသွားပါပြီ။

ချူရီမန်က တိကျပြတ်သားတဲ့ မိန်းကလေး တစ်ယောက်ပါ။ ထို့ကြောင့် အခုလိုအချိန်မျိုးက ဘာလုပ်သင့်လဲဆိုတာ သူမကောင်းကောင်း သိပါတယ်။

“မိန်းကလေးချူက နောက်နေတာပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား” ရန်ကိုင်က မထူးခြားနားသည့် အမူအရာဖြင့် ချူရီမန်ကို ပြန်စိုက်ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်တယ်။

“ငါအတည် ပြောနေတာ” ချူရီမန်က သူမရဲ့ ဆံပင်ကို နားရွက်နောက်ပေါ် သပ်တင်လိုက်ပြီဂ “နင်ဒီမှာ ရရှိခံစား နေရတာထက် ပိုတဲ့ အရင်းအမြစ်တွေကို ငါပေးနိုင်တယ်။ နင်လိုချင်တဲ့ ဘယ်ကျင့်ကြံခြင်း အရင်းအမြစ် ဖြစ်စေ၊ မိန်းမလှဖြစ်စေ ငါပေးနိုင်တယ်”

“အစ်မချူ…” လော့ရှောင်မန်က အံ့အားသင့်မှုကြောင့် ထအော်လုမတတ် ဖြစ်သွားခဲ့တယ်။ ချူရီမန်က ရန်ကိုင်ကို သူမမိသားစုထဲ ဆွဲခေါ်နိုင်ဖို့အတွက် ဒီလောက်အထိ မက်လုံးပေးလိမ့်မယ်လို့ သူမ တကယ်ကို မထင်ထားခဲ့ပါဘူး။

ချူမိသားစုက ဟန်မင်းဆက်မှာရှိတဲ့ မိသားစုကြီး ရှစ်ခုထဲက တစ်ခုပါ။ ကြွယ်ဝချမ်းသာတဲ့ အမွေအနှစ်နဲ့ ခိုင်မာကျယ်ပြန့်တဲ့ အခြေခံကို ပိုင်ဆိုင်ထားတဲ့ ဟန်မင်းဆက်ရဲ့ အရှင်သခင် တစ်ပါးဆိုလည်း မမှားပါဘူး။ ချူမိသားစုကို ဝင်ခွင့်ရဖို့ အတွက်နဲ့ ကမ္ဘာပေါ်က ကျင့်ကြံသူများစွာက သူတို့ရဲ့ ဝိဥာဉ်ကိုတောင် ရောင်းစားကြမှာပါ။ ဒါပေမယ့် အခြားသူတွေထက် ခေါင်းတစ်လုံး ပိုမြင့်နေတဲ့ ချူမိသားစုက လက်ရွေးစင်တိုင်း၊ ပညာရှင်တိုင်းကို လက်ခံလေ့ရှိတာ မဟုတ်ပါဘူး။

ဒါပေမယ့် အခုတော့…. အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ အများကြီး ဆိုရင်တောင် အခုလောက် မကုန်လောက် ဘူးမလား။

ဒီကောင်စုတ်လေးက ဒီလောက်အထိ ထိုက်တန်လို့လား။

ဒါပေမယ့် လော့ရှောင်မန်က ချူရီမန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး အံ့အားသင့်သွားခဲ့ပေမယ့် ချူရီမန်နဲ့ အတူတူ ပေါင်းသင်းလာတာ ကြာပြီဖြစ်တဲ့အတွက် ချူရီမန်က အခြားသူတွေထက် ပိုပြီး အကွက်ကျော်မြင် တတ်တာကို သိထားပါတယ်။

သူမက ရန်ကိုင်ကို ဒီလောက် မက်လုံးပေးပြီး ချူမိသားစုထဲ ထည့်ဖို့ ဆွဲခေါ်နေမှတော့ သူက အဲ့တန်ဖိုးနဲ့ ထိုက်တန်လို့ပဲ ဖြစ်မှာပါ။

ထိုအချိန်မှာပဲ လော့ရှောင်မန်က ရန်ကိုင်ကို ဆက်ပြီး အထင်မသေးရဲတော့ပါဘူး။ အဲ့အစား ရန်ကိုင်ကို သေသေချာချာလေး လေ့လာဆန်းစစ် နေခဲ့တယ်။

“ဘယ်လိုလဲ၊ ငါပြောတာခဲ့တာတွေ အကုန်လုံးက နောက်နေတာ မဟုတ်ဘူး။ အတည်ပြောနေတာ” ချူရီမန်က ရန်ကိုင်ကို တည်ငြိမ်စွာ ကြည့်လိုက်ရင်း ပြောလိုက်တယ်။

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။ ထိုမိန်းက ကျင့်ကြံခြင်းမှာပါ ထူးချွန်ရုံမကလို့ သူမရဲ့ စိတ်ကလည်း ဒီလောက်အထိ ပြတ်သားပြီး ခိုင်မာလိမ့်မယ်လို့ သူတကယ်ကို မထင်ထားခဲ့ပါဘူး။ ချူရီမန်ကို စတွေ့ပြီးကတည်းက အခုအချိန်ထိ သူမအပေါ် သူ့အမြင်ကို ပြောရမယ်ဆိုရင် သူမသာ နောက်ဆုံးအချိန်အထိ ဆက်လက် အသက်ရှင်သွားနိုင်ပါက အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုကို ရလိမ့်မယ်လို့ ရန်ကိုင် အတပ်ပြောရဲပါတယ်။

“အဲ့ဒါမှ မလုံလောက်သေးရင် ငါတို့ ချူမိသားစုထဲက မိန်းကလေး တစ်ယောက်ကို လက်ထပ်ချင်တယ် ဆိုရင် ငါကိုယ်တိုင်ကလွဲပြီး ကြိုက်တဲ့မိန်းကလေးကို နင်ရွေးချယ်ခွင့် ရှိတယ်။ ငါ့မှာ အရည်အချင်း ရှိပြီး လှပတဲ့ ဝမ်းကွဲတစ်ယောက် ရှိတယ်…”

ရန်ကိုင်က သူမကို ဆော့ကစားလိုဟန်ဖြင့် ကြည့်လိုက်ပြီး “နင်ငါ့ကို မိန်းမလှတွေနဲ့ ဆွဲဆောင်လို့ မရဘူး”

ချူရီမန်က ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပဲ ရယ်ချလိုက်ကာ စနောက်လိုသည့် လေသံဖြင့် ပြောလိုက်တယ် “ဒါပေမယ့် ခုဏတုန်းက ကိစ္စကရော…”

“အဲ့ဒါက မတော်တဆ ကိစ္စပဲ” ရန်ကိုင်က တည်ငြိမ်စွာပဲ ပြန်ပြောလိုက်ပြီး ရှက်ရွံ့သည့်၊ အပြစ်ရှိသလို ခံစားရသည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြပါဘူး။

“ကောင်းပြီ၊ ကောင်းပြီ၊ အဲ့ဒါဆို နင်သဘောတူလား၊ မတူဘူးလား” ချူရီမန်က ပြောလိုက်တယ်။ ရန်ကိုင် တည်ငြိမ်နေတာကို မြင်တော့ သူမ စိတ်ပျက်သွားခဲ့မိတယ်။

သူ့နေရာမှသာ အခြားလူငယ် တစ်ယောက်ဆိုရင် သူမရဲ့ မက်လုံးကို ကြားလိုက်တာနဲ့ ချက်ချင်းနာခံပြီး သဘောတူမှာပါ။ ဒါပေမယ့် သူမကြည့်ရသဘောက်ကတော့ ထိုကောင်စုတ်လေးက သူမရဲ့ မက်လုံးကို နည်းနည်းလေးတောင် စိတ်မဝင်စားသည့် ပုံပါပဲ။

ဒီကောင်စုတ်က ဘယ်လောက်တောင် လောဘကြီးနေတာလဲ

“မလိုဘူး။ ကျေးဇူးပါပဲ။ အခုရှိနေတာနဲ့ ငါအဆင်ပြေတယ်” ရန်ကိုင် သူမနဲ့ နည်းနည်းလေးတောင် အချိန် မဖြုန်းချင်တော့သည့်အလား ပြတ်ပြတ်သားသား ငြင်းဆိုလိုက်တယ်။

ချူရီမန် မျက်နှာ ရှုံ့မဲ့သွားခဲ့ပြီး ချက်ချင်းပဲ ပြန်ပြုံးလိုက်ကာ “ကောင်ပြီလေ၊ အဲ့ကြောင်းကို သေချာစဉ်းစား ကြည့်လိုက်ဦးပေါ့။ နင်စိတ်ပြောင်းသွားပြီ ဆိုရင် အချိန်မရွေး ငါ့ကို လာရှာလို့ ရတယ်။ ချူမိသားစုရဲ့တံခါးက နင့်အတွက် အမြဲတမ်း ဖွင့်ပေးထားမှာပါ”

ရန်ကိုင်နဲ့ အတူတူ ရှိခဲ့ဖူးပါများတော့ သူက အတင်းအကြပ် ခိုင်းလို့ကောင်းတဲ့ လူစားမျိုး မဟုတ်ဘူးဆိုတာ သူမသိပါတယ်။ ရန်ကိုင်ကို သူမမိသားစုထဲ ဆွဲခေါ်ချင်တယ်ဆိုရင် သူ့ကို လွတ်လွတ်လပ်လပ်နဲ့ ရွေးချယ်ခွင့် ပေးမှရမှာပါ။ ဒါပေမယ့် ထိုကိစ္စကိုသာ အဖန်တလဲလဲ ထပ်ပြောနေမယ် ဆိုရင်တော့ သူကို စိတ်ပျက်အောင် လုပ်မိသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။

အခုလို အရမ်းကာရော ပြုမူမိတဲ့အတွက် သူမကိုယ်သူမ စိတ်ပျက်မိသွားခဲ့တယ်။

ဒါပေမယ့် ရန်ကိုင်က ဘာမှမဖြစ်သလို ပြုမူနေတာကို မြင်တော့ သူမ စိတ်ပျက်သလို ခံစားလိုက်ရပြီး အနည်းငယ် စိုးရိမ်မိသွားခဲ့တယ်။

“ဘာပဲဖြစ်ဖြစ် ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မကို ငါနဲ့ရှောင်မန် အတွက် စကားနည်းနည်းလေး ကူပြောပေးလို့ မရဘူးလား”

“ငါသူမကို ပြန်တွေ့ရင်” ရန်ကိုင်က မျက်မှောင် ကြုံ့လိုက်ပြီး ပုခုံးတွန့်ပြလိုက်ကာ “နင်လည်း မြင်တာပဲလေ။ ငါ့နေထိုင်ရတဲ့ နေရာနဲ့ ရတဲ့ ဝန်ဆောင်မှုက နင်တို့ထက် ပိုကောင်ရုံလေးက လွဲပြီး ငါကိုယ်တိုင်ကလည်း အကျဉ်းသား တစ်ယောက်ပဲလေ´

“ကောင်းတယ်” ချူရီမန်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး “ဘာပဲဖြစ်ဖြစ် ငါနင့်ကို ကျေးဇူးတင်ပါတယ်။ ငါတို့သာ ဒီကပ်ဘေးကနေ အသက်ရှင်သန် နိုင်ခဲ့မယ်ဆိုရင် ချူမိသားစုကို ငါပြန်ရောက်တာနဲ့ ကောင်းကင်စံအိမ်ကို ကူပြီးထောက်ခံပေးမယ်”

ရန်ကိုင်မျက်လုံးထဲ ပထမဆုံး အကြိမ်အဖြစ် အလင်းလက်သွားခဲ့ပြီး နောက် တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့တယ်။

ချူရီမန် ပြောလိုက်တဲ့ ထိုစကားက ရန်ကိုင်ကို စိတ်ကျေနပ်သွားစေတာတော့ အမှန်ပါပဲ။

“နင်ပြောတဲ့အတိုင်း ဖြစ်ပါစေ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး မျက်လုံးပိတ်လိုက်ကာ ပြန်ပြီး ကျင့်ကြံနေလိုက်တယ်။

ချူရီမန်က ရန်ကိုင်ကို တစ်ခဏတာလောက် လေ့လာစူးစမ်း ပြီးတဲ့ အချိန်မှာတော့ ရန်ကိုင်က သူမတို့ ရှေ့မှာပဲ ကျင့်ကြံခြင်းအခြေအနေထဲ ရောက်ရှိသွားတာကို တွေ့ရှိလိုက်ရတယ်။ မှင်သေသေနဲ့ လော့ရှောင်မန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ပုခုံးတွန့်ကာ လော့ရှောင်မန်ကို ပြောလိုက်တယ် “သွားကြမယ်”

“အဲ့ဒါအမှန်ပဲ” ရန်ကိုင်က ရုတ်တရက် ကောက်ပြောလိုက်တယ် “နင်တို့ အောက်ထပ်က ရေချိုးကန်ကို သုံးချင်တယ်ဆိုရင် ယွန်လီ၊ ရို့ယုနဲ့ ရို့ချင်တို့ကို ပြောလိုက်။ သူတို့ နင်တို့အတွက် ပြင်ဆင်ပေးလိမ့်မယ်။ ငါက တစ်ခဏလောက် ဒီအခန်းထဲကနေ ထွက်ဖြစ်မှာ မဟုတ်ဘူး”

ချူရီမန် ရှက်သွေးဖြာသွားခဲ့တယ်။ လှေကားထစ်မှာတုန်းက သူမနဲ့ လော့ရှောင်မန်တို့ ပြောခဲ့တဲ့စကားကို ရန်ကိုင် ကြားလိုက်တယ် ဆိုတာ အခုမှပဲ သူမနားလည်သွားတော့တယ်။

“ကျေးဇူးပါပဲ။ အနာဂတ်ကျရင် ငါတို့ ရန်သူမဖြစ်ကြဖို့ မျှော်လင့်ပါတယ်” ချူရီမန်က ရန်ကိုင်ကို နက်နက်နဲနဲ စိုက်ကြည့်လိုက်ပြီး အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။

အောက်ထပ် ရောက်သွားပြီးတဲ့နောက် လော့ရှောင်မန်က မအောင့်အည်း နိုင်တော့ပဲ အသာအယာလေး မေးလိုက်တယ် “အစ်မချူ၊ အဲ့ကောင်စုတ်က အစ်မမျက်လုံးထဲမှာ အဲ့လောက်အထိ တန်ဖိုးရှိတာလား”

ချူရီမန်ကတော့ ပုံမှန် အမူအရာအတိုင်း ရှိနေခဲ့ပြီး တစ်ခဏလောက် စဉ်းစားလိုက်တယ်။ ထို့နောက် ခေါင်းညိတ်လိုက်ကာ “အင်း၊ ငါတွေ့ဖူးတဲ့ ယောကျ်ားတွေအားလုံးထဲမှာ သူက အထင်ကြီးအံ့အားသင့်ဖွယ် အကောင်းဆုံးပဲ။ ပြီးတော့ ငါတို့တွေ့တာ လဝက်ပဲ ရှိသေးပေမယ့် သူက ပိုပြီးသန်မာလာနေပြီ. သူ့ရဲ့ အဆင့်က ငါ့ထက်နိမ့်နေပေမယ့် သူ့ရှေ့ရောက်တိုင်း ဖိအားတစ်မျိုးမျိုးကို အမြဲလိုလို ငါခံစားရတယ်”

“ကျွန်မတို့ရဲ့ အစစ်အမှန်ချီ ပိတ်ဆို့ထားခံရလို့ ဖြစ်မှာပေါ့။ အဲ့လို ပိတ်ခံထားရတာကြောင့်သာ မဟုတ်ရင် သူ့ကို အဲ့လောက်ထိ ကြောက်နေစရာ မလိုပါဘူး”

“မဟုတ်ဘူး…” ချူရီမန်က ဖြေးဖြေးချင်း ခေါင်းခါယမ်းလိုက်ပြီး “ငါရဲ့ မသိစိတ်ကို ငါအမြဲယုံကြည်တယ်။ သူ့ပါရမီက လျူမိသားစုက လျူချင်းယောင်ထက် ပိုမြင့်တယ်လို့ ငါယုံကြည်တယ်”

“အား…. သူက မိသားစုကြီး ရှစ်ခုရဲ့ သခင်လေးတွေ ကြားက နံပါတ်၁ သခင်လေးထက်တောင် ပိုတော်တယ်လို့ အစ်မထင်နေတာလား” လော့ရှောင်မန်ရဲ့ မျက်ဝန်းအစုံက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့တယ်။

“ငါက မိသားစုကြီး ၇ခုကိုပဲ ပြောနေတာ။ ရန်မိသားစုကို ထည့်မှ မတွက်ထားတာ” မဲ့ပြုံးပြုံးလိုက်ရင်း ချူရီမန်က ရန်မိသားစု‌ တိုက်ရိုက်တပည့်တွေ လေ့ကျင့်တဲ့ နည်းလမ်းကို စဉ်းစားလိုက်တယ်။

ထိုအကြောင်းကို စဉ်းစားလိုက်တာနဲ့ ရန်ကိုင်ရဲ့ မျိုးရိုးနာမည်ကလည်း ရန်ဆိုတာ သူမသတိပြုမိလိုက်တယ်။ သူမဖြစ်နိုင်…

မဖြစ်နိုင်လောက်ပါဘူး။ ရန်မိသားစုရဲ့ သခင်လေးတွေကို မမြင်ဖူးပေမယ့် သူတို့တွေရဲ့ အသက်ကိုတော့ သိပါတယ်။ ရန်မိသားစုထဲက အငယ်ဆုံးသခင်လေးပဲ ရန်ကိုင်နဲ့ အသက်ချင်း တူတာပါ။ ထိုသခင်လေးမှာ မွေးရာပါ အားနည်ချက် တစ်ခုရှိတဲ့အတွက် ကျင့်ကြံလို့ မရဘူးလို့ ပြောကြပါတယ်။

ဒါပေမယ့် ရန်ကိုင်ရဲ့ ရက်စက်ကြမ်းကြုတ်သော၊ လွှမ်းမိုးခြယ်လှယ်လွန်းသော၊ ကိုယ်ကိုယ်ကို အထင်ကြီးလွန်းသော စရိုက်က ရန်မိသားစုရဲ့ စရိုက်နဲ့ တိုက်ရိုက်ကို တူပါတယ်။

“ကံကောင်းစွာပဲ၊ သူ့မှာ နောက်ခံမရှိဘူး။ သူ့မှာသာ နောက်ခံရှိခဲ့ရင်၊ ဟဲဟဲ…” ချူရီမန်က ပြုံးရင်း ခေါင်းခါယမ်းလိုက်တယ်။ သူမ မွေးခဲ့တဲ့ အချိန်ကတည်းက ဘယ်ယောကျ်ားကိုမှ ရှိသလို မထင်ခဲ့ပါဘူး။ သခင်လေးတွေထဲက အနည်းငယ်ပဲ သူမဒုတိယအကြိမ် ကြည့်ရလောက်တဲ့အထိ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒီတစ်ယောက်ကတော့ ကွဲပြားပါတယ်။ သူ့ကို အာရုံစိုက်ဖို့ သူမရဲ့ မသိစိတ်က ပြောနေခဲ့ပါတယ်”

သူတို့နှစ်ယောက် စကားပြောရင်းပြောရင်းနဲ့ အပြင်ဘက်ကို ရောက်လာခဲ့တယ်။ ထို့နောက် ယွန်လီကို ရှာကာ သူမတို့အတွက် ရေနွေးပြင်ပေးဖို့ ပြောလိုက်ပြီး ပထမအထပ်က ရေချိုးကန်ထဲ သတိအပြည့်နဲ့ ဝင်သွားလိုက်တယ်။

သူတို့က စိုးရိမ်နေသလောက် ရန်ကိုင်ကတော့ ကျင့်ကြံရာမှာပဲ မျောနေခဲ့ပါတယ်။

လွန်ခဲ့တဲ့ လအတွင်း သူ့စိတ်ထဲ ဖြစ်တည်လာခဲ့တဲ့ နတ်ဆိုးကို ပီလော့ရဲ့ နှုတ်ခမ်းပါးလေး အကူအညီနဲ့ ရှင်းပစ်နိုင်ခဲ့ပါပြီ။ သူ့စိတ်ထဲက နတ်ဆိုးလည်း မရှိတော့ပြီ ဖြစ်တဲ့အတွက် ရန်ကိုင်လည်း စိတ်အေးလက်အေး ကျင့်ကြံလို့ ရသွားခဲ့ပါပြီ။

သူ့စိတ်အခြေအနေလည်း တိုးတက်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။

သူ့စိတ်အခြေအနေ တိုးတက်လာတဲ့အတွက် စိတ်ရော၊ကိုယ်ပါ လန်းဆန်းသွားခဲ့ကာ သူကျင့်ကြံတဲ့နှုန်းပါ ပိုမို မြန်ဆန်လာခဲ့တယ်။

သူ့မှာ စိတ်စွမ်းအင် အားဖြည့်ဆေးတွေ မရှိတော့ပေမယ့် အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာနေခြင်းအား မရပ်တန့်လိုက်ပါဘူး။

သူ့စိတ်အင် ကုန်ခမ်းသွားပြီးနောက် အစစ်အမှန်ချီကို လှည့်ပတ်ရင်း စိတ်စွမ်းအင် ပြန်ပြည့်မယ့်အချိန်ကို စောင့်နေလိုက်ပါတယ်။

ခန္ဓာသန့်စင်ခြင်း မှတ်တမ်းကိုလည်း မေ့လျော့ခြင်း မရှိပဲ လေ့ကျင့်သလို မွှေးရနံ့ကို သုံးပြီးတော့လည်း လေ့ကျင့်ပါတယ်။ အရင်တုန်းက တောက်လျှောက် ပြေးလွှားနေရတဲ့ အတွက် ခန္ဓာသန့်စင်ခြင်း မှတ်တမ်းကို မလေ့ကျင့်ဖြစ်သလို မွှေးရနံ့အိုးကို သုံးပြီးတော့လည်း မလေ့ကျင့်ဖြစ်ပါဘူး။

ဒါပေမယ့် အခုတော့ ပြန်ပြီးတော့ လေ့ကျင့်လို့ ရပါပြီ။

သုံးရက်ကြာပြီးနောက်…

သင်းရနံ့မြို့တော်သို့ ရှန်ချင်းလော့ ပြန်ရောက်လာခဲ့တယ်။ ပြန်ရောက်ရောက်ခြင်း သူမ ပထမဆုံးလုပ်တဲ့ အလုပ်က ဆိတ်ငြိမ်ဖီးနစ်စံအိမ်ကို သွားလည်တာပါ။

ရက်အနည်းငယ် ကြာပြီးနောက် ထိုမိစ္ဆာမက ပိုပိုပြီးတော့ ဆွဲဆောင်မှု ရှိလာပါတယ်။ သူမတစ်ကိုယ်လုံးကနေ ပြိုင်ဘက်ကင်းတဲ့ ဆွဲဆောင်မှု အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့ပါတယ်။ သူမခန္ဓာကိုယ် သေးသွယ်သွယ်လေးက အပြင်ပန်းမှာသာ ပျော့ညံ့ပုံရပေမယ့် အတွင်းပိုင်းမှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တို့ ကိန်းအောင်းနေခဲ့ပါတယ်။

သူမက ကမ္ဘာအလှဆုံး မိန်းမတွေထဲက တစ်ယောက်ဖြစ်သလို ကမ္ဘာပေါ်ရှိ ခွန်အားအကြီးဆုံး ကျွမ်းကျင်သူတွေထဲ တစ်ယောက်ဆိုရင်လည်း ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။

ရှန်ချင်းလော့က နှစ်လိုဖွယ်ကောင်းစွာ ရယ်မောရင်း အရည်လဲ့နေတဲ့ မျက်ဝန်းအစုံနဲ့ ရန်ကိုင်ကို စိုက်ကြည့်လိုက်ကာ “ကောင်စုတ်လေး၊ နင်ဒီရက်အတောအတွင်း လိမ်လိမ်မာမာနဲ့ နေနေတာပဲ”

ရန်ကိုင်က မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပဲ အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်တယ် “ငါ့မှာ ကိုယ်ပိုင်အသိစိတ်ရှိတယ်”

“အခု အဲ့လောက်ကြီး စိတ်မပျက်ပါနဲ့” ရှန်ချင်းလော့က အသာအယာလေး ပြန်ပြောလိုက်တယ် “နင့်ကို ပြုစုဖို့အတွက် အလှလေးသုံးယောက်ကို ငါပို့ပေးလိုက်တယ်၊ အဲ့ဒါကို နင်က အခုထိ တစ်ယောက်ကိုမှ မစားရသေးဘူးလို့ ယွန်လီဆီကနေ ငါပြန်ကြားရတယ်။ နင်ဒီလောက်အထိ တောင့်ခံနိုင်လိမ့်မယ်လို့ ငါတကယ်ကို မထင်ထားမိဘူး” ရှန်ချင်းလော့က ရန်ကိုင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်တယ်။

“ဒါကပုံမှန်ပဲလေ” ရန်ကိုင်က ပြန်ပြောလိုက်တယ်။ ဒါပေမယ့် သူ့စိတ်ထဲ အနည်ငယ် အပြစ်ရှိတယ်လို့တော့ တကယ်ကို ခံစားမိတာ အမှန်ပါ။

ရှန်ချင်းလော့က ရယ်မောလိုက်ပြီး သူ့နားနားကပ်ရင်း တိုးတိုးလေး ပြောလိုက်တယ် “ပီလော့က နည်းစနစ်တွေက မဆိုးဘူးမလား”

“မဆိုးပါဘူး…” သူ့ကို မိသွားပြီမှန်း သိသွားတော့ ရန်ကိုင်မျက်နှာ ချက်ချင်း ရဲတက်သွားခဲ့ပြီး ခပ်မြန်မြန်ပဲ ခေါင်းစဉ်ပြောင်းလိုက်တယ် “စုန်မလေးက ဒီကိုလာပြီး ဘာလာလုပ်တာလဲဟင်”

“ဘာမှမလုပ်ပါဘူး” ရှန်ချင်းလော့က သူမရဲ့ နူးညံ့သိမ်မွေ့လှတဲ့ ကိုယ်လေးကို တွန့်လိုက်ပြီး ရှက်ကိုးရှက်ကန်း မျက်နှာလေးနဲ့ ရန်ကိုင်ဘေးနား ထိုင်ချလိုက်ကာ ပြုံးရင်းမေးလိုက်တယ် “နင်ဒီမှာ နေရတာ ပျင်းနေပြီလား”

“နင်ဘယ်လိုထင်လဲ” ရန်ကိုင်က အေးစက်စက် အကြည့်နဲ့ သူမကို ပြန်စိုက်ကြည့်လိုက်တယ်။

ရှန်ချင်းလော့က ပုခုံးတွန့်ပြလိုက်ပြီး “အဲ့လိုဆို ဘာလို့ အပြင်ထွက်ပြီး လမ်းမလျှောက်ရတာလဲ”

“ငါဘယ်ကို သွားလျှောက်ရမှာလဲ”

“နင်သွားချင်တဲ့ နေရာသွားလေ။ နင့်ကို ဘယ်သူကမှ တားနေတာမှ မဟုတ်တာ”

ရန်ကိုင်က သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီး သူမျက်လုံးထဲ သံသယအရိပ်အယောင်တို့ ဖြတ်ပြေးသွားကာ “ငါဒီကနေ ထွက်သွားလို့ ရတယ်လို့ နင်ပြောတာလား”

“ဟုတ်တာပေါ့၊ နင်ဒီကနေ ထွက်သွားလို့ မရဘူးလို့ ငါဘယ်တုန်းက ပြောခဲ့လို့လဲ၊ ဟားဟား…”

“နင်… နင်… “ ရန်ကိုင် တံတွေးသီးမတတ် ဖြစ်သွားခဲ့တယ်။

“ကောင်းပြီ၊ ကောင်းပြီ၊ ဒေါသမထွက်ပါနဲ့တော့” ရှန်ချင်းလော့က ရုတ်ချည်း လေးနက်သွားခဲ့ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်တယ် “ဒီတစ်ကြိမ် ငါလာတာ နင်သွားချင်တဲ့ နေရာကို သွားလို့ရပြီလို့ ငါလာပြောတာ။ ဘာပဲဖြစ်ဖြစ် ယောကျ်ားတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ဆိုရင် သူ့ကို ဒီအတိုင်း ထိုင်ကြည့်နေလို့မှ မရတာ။ ငါလည်း အဲ့လောက်တော့ အနည်းဆုံး နားလည်ထားပါတယ်”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ့ကို ဒီမှာပဲခေါ်ထားတာက ငါ့နှလုံးသားကို သိမ်းပိုက်နိုင်တယ်လို့ မဆိုလိုဘူး” ရန်ကိုင်က ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ရင်း စိတ်အားထက်သန်စွာနဲ့ ထပ်မေးလိုက်တယ် “အဲ့လိုဆို ဝိဥာဉ်ရှာ အမှတ်အသားကရော….”

“အဲ့ဒါကတော့ ဒီအတိုင်းပဲ ထားလိုက်ဦးမယ်။ မဟုတ်ရင် နင့်ကိုငါ ဘယ်လို ပြန်ရှာရမှာလဲ” ရှန်ချင်းလော့ နှုတ်ခမ်းလေးကို ကိုက်လိုက်ရင်း ဝမ်းနည်းနေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။

“ကောင်းပြီ” ရန်ကိုင်လည်း သူမကို ဆက်ပြီး တွန်းအား မပေးတော့ပါဘူး။

ရှန်ချင်းလော့က သူထွက်သွားလို့ ရတယ်လို့ ပြောပေမယ့် သူမပျော်နိုင်သေးပါဘူး။ အနည်းဆုံးတော့ သူထင်ထားသလို မပျော်နိုင်ခဲ့ပါဘူး။

ထိုမိစ္ဆာမက သူ့အပေါ် မကောင်းတဲ့စိတ် နည်းနည်းလေးတောင် မရှိလို့ သူမနဲ့ ခွဲရတဲ့အခါ သူ မပျော်နိုင်တာ ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ဒီရက်အတောအတွင်း သူ့ကို ဒီနေရာမှ ပိတ်လှောင်ထားပေမယ့် သူမအပေါ် နည်းနည်းလေးမှ မကျေမနပ် မဖြစ်မိပါဘူး။

ပြီးတော့ သူက သူမရဲ့ နာမည်ကို သုံးပြီး ဝိဥာဉ်အားဖြည့်ဆေး အများကြီးကိုလည်း ဝယ်ခဲ့သေးတယ်။ အရှင်းဆုံး ပြောရရင် သူ့အနေနဲ့ ဆုံးရှုံးခဲ့ရတာ ဘာမှမရှိခဲ့ပါဘူး။ သူဘက်ကနေ ကြည့်ရင် အမြတ်ထွက်သွားတယ်လို့တောင် ပြောလို့ရပါသေးတယ်။

ရန်ကိုင်က သူမရဲ့ ဟိုးစိတ်အတွင်းပိုင်းထဲက အတွေးတွေကိုသာ မမြင်တွေ့ခဲ့ရင် ရှန်ချင်းလော့ကို အခုလိုမျိုး ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံလိမ့်မှာ မဟုတ်တာတော့ သေချာပါတယ်။ သူ့အပေါ် မကောင်းတဲ့စိတ်၊ ရှိမှန်း၊ မရှိမှန်းမသိတော့ သူဘက်ကလည်း ဘယ်လိုလုပ်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ ဆက်ဆံနိုင်ပါ့မလဲ။

All Chapters