← Chapters

ဂိုဏ်းတူမောင်လေး ကျွန်မပျောက်မသွားစေနဲ့

Vol. 36 Ch. 502

ဂိုဏ်းတူမောင်လေး ကျွန်မပျောက်မသွားစေနဲ့

Vol. 36 Ch. 502

နောက်တစ်နေ့နံနက်…

အဋ္ဌမမင်းသားက ကောင်ငယ်လေးကို ကြည့်လိုက်ရင်း…

"ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ စတင်တော့မယ် ၊ ကျုပ်တို့အားလုံး ပါဝင်ရမယ်တဲ့"

ကောင်ငယ်လေးက စိတ်ဝင်တစားဖြင့်…

"ကျွန်တော်တို့ နှစ်ယောက်လုံး တိုက်ခိုက်ရမှာလား ၊ ခင်ဗျားက နဂါးမျိုးနွယ်တွေအတွက် တိုက်ခိုက်မှာလား ၊ ဒါဖြင့် ကျွန်တော်ကရော ၊ ခွန်လွန်တောင်မှာ စာရင်းပေးရမှာလား"

ခွန်လွန်တောင်ကို ပြောပေးရန် အဘိုးဖြစ်သူကို အကူအညီတောင်းလျှင်တော့ စာရင်းသွင်းနိုင်မည် ဖြစ်သည်။ သို့သော် ရွေးချယ်ခံရရန်ကတော့ အနည်းငယ် ခက်ခဲသည်။ ခွန်လွန်တောင်တွင် အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့် ကျင့်ကြံသူများ များစွာရှိလေသည်။

အဋ္ဌမမင်းသားက သေရည်ဆိုင်တစ်ခုလုံးကို သူ့လက်ညှိုးကိုထိုးလိုက်ရင်း…

"မဟုတ်ဘူး… ၊ ကျုပ်တို့အားလုံး ပါဝင်ရမှာ"

သူ လက်ညှိုးထိုးသွားသည့်အထဲတွင် ကောင်တာတွင်ထိုင်နေသည့် ဟုန်ယာနှင့် မြေပဲတောင်းနေသည့် ယန်ရှီးယွင်လည်း ပါဝင်လေသည်။

ယန်ရှီးယွင်က စိတ်ဝင်တစားဖြင့်…

"အစ်ကိုကြီး… ကျွန်မလည်း တိုက်ပွဲဝင်ရမယ်လို့ ပြောနေတာလား"

ကောင်ငယ်လေးက…

"ဒါဆို ဟုန်ယာလည်း ပါတာလား"

အဋ္ဌမမင်းသားက မိန်းကလေး (၂)ယောက်ကို ကြည့်လိုက်ရင်း…

"သူတို့ထဲကတစ်ယောက်က ချီလင်မျိုးနွယ်ကို ကိုယ်စားပြုပြီး နောက်တစ်ယောက်က ဇာမဏီမျိုးနွယ်ကို ကိုယ်စားပြုရမယ်လို့ မင်းထင်တယ် မဟုတ်လား"

ဟုန်ယာက မည်သည့်စကားမှမဆိုဘဲ အဋ္ဌမမင်းသား ဆက်ပြောမည့်စကားကို စောင့်ဆိုင်းနေသည်။

သူမ ဤကိစ္စများကို မသိရသေးသော်လည်း ခွန်လွန်တောင်တွင် ယခုတလော ထိုအကြောင်း ပြောဆိုနေကြသည်။ ထိုသတင်းအမှန်ဖြစ်နိုင်လေသည်။

အထူးသဖြင့် မနေ့က အလင်းတန်းများ ထွက်ပေါ်လာသည်ကို သတိပြုလိုက်မိသည်။ အဋ္ဌမမင်းသား တစ်စုံတစ်ခုကို သိရှိထားရပေမည်။

ယန်ရှီးယွင်က သိချင်သဖြင့် နားစွင့်နေသော်လည်း မြေပဲစားဟန်ဆောင်နေ၏။

အစားအသောက်များကို ထုပ်ပိုးပြီးနောက် သူမက ပြန်ရန်ဟန်ပြင်နေသည်။ သူမ မျက်စိလည်ပြီး သေရည်ဆိုင်သို့ပင် ပြန်ရောက်လာသော်လည်း လက်မလျှော့ချင်မိပေ။

"တကယ်တော့... မဟုတ်ဘူး"

အဋ္ဌမမင်းသားက ခေါင်းခါယမ်းရင်းဆိုသည်။

"မင်းဖြစ်ဖြစ်... ကျုပ်ဖြစ်ဖြစ်... ချီလင်ကောင်မလေးပဲ ဖြစ်ဖြစ် ၊ ဇာမဏီမျိုးနွယ်က မိန်းကလေးပဲ ဖြစ်ဖြစ် ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာ လူတစ်ယောက်အတွက် ကိုယ်စားပြု ယှဉ်ပြိုင်ကြရမယ်"

"ဘယ်သူလဲ"

ယန်ရှီးယွင်က မေးသည်။

ဖြစ်နိုင်လျှင် သူမက မတိုက်ခိုက်ချင်ပေ။

သူမက မကြာခဏ အသတ်ခံနေရသူဖြစ်ရာ တိုက်ပွဲတွင် အနိုင်မရနိုင်ပေ။

ဟုန်ယာက မျက်မှောင်များကြုတ်ထားသော်လည်း စကားမပြောပေ။

ကောင်ငယ်လေးကတော့ သဘောပေါက်သွားဟန်ဖြင့်...

"အဲဒီလူဖြစ်နိုင်မလား"

အဋ္ဌမမင်းသားက ခေါင်းညိတ်ရင်း...

"အဲဒီလူပဲပေါ့"

"ဒါဆို မကြာခင် သူနဲ့ဆက်သွယ်ကြည့်ကြမလား..."

"ကောင်းတယ်... ဒါပေမဲ့ ကျုပ်တို့ ဒက္ခရောက်နိုင်တယ် ၊ ပြီးတော့... ကျုပ်ရဲ့ကောင်းကင်နဂါးဓားကလည်း သွေးဆာနေပြီ"

ယန်ရှီးယွင်က နားမလည်နိုင်စွာဖြင့်...

"ရှင်တို့တွေ... ဘာတွေပြောနေကြတာလဲ"

ဟုန်ယာလည်း နားမလည်နိုင်ပေ။ ဤနှစ်ယေက်တွင် လျှို့ဝှက်ချက်များစွာ ရှိလေသည်။

အထူးသဖြင့် ဓားသိုင်းနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်တစ်ခုဖြစ်ပြီး သူတို့က ထိုသူ၏အမည်ကို တစ်ခါမှ ထုတ်ဖော်ပြောခြင်းမရှိကြောင်း သူမ ရိပ်မိသည်။

အဋ္ဌမမင်းသားနဲ့ ကောင်ငယ်လေးတို့ ယန်ရှီးယွင်နှင့် ဟုန်ယာကို ကြည့်လိုက်ကြသည်။ နောက်ဆုံးတော့ သူတို့ကို အကြောင်းဆုံပြောပြရန် ဆုံးဖြတ်လိုက်သည်။

မိန်းကလေး (၂)ယောက်မှာတော့ စိတ်များ ရှုတ်ထွေးလျှက် ရှိလေတော့၏။

***

ကျန်းလန်က အချိန် (၂)ရက်ခန့် ခြံဝင်းထဲတွင် အေးအေးဆေးဆေး နေထိုင်နေသည်။ တာအိုကိုနားလည်သွားပြီးနောက် စိတ်တည်ငြိမ်ရန် လိုအပ်သည်။

ထို့ကြောင့် ရှောင်ယွိအနားတွင်ပင် အေးချမ်းစွာ အဖော်ပြုပေးနေလေသည်။

ရှောင်ယွိက သူစာဖတ်သည်ကိုတော့ အမြဲတမ်း အနှောက်အယှက် ပေးသူပင်။ သို့သော် ဤသည်ကပင် သူ့အတွက် စိတ်ပျော်ရွှင်ရခြင်း အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

စာဖတ်ခြင်း ၊ ပန်းပင်စိုက်ခြင်းနှင့် ဘဝ၏ အတွေ့အကြုံများစွာ။

ရှောင်ယွိနှင့်အတူဆိုလျှင် သူ့ဘဝသည် တောက်ပပြီး ပျော်စရာကောင်းလေသည်။

ယနေ့တော့ ရှောင်ယွိက လုန်ယွိအသွင် ပြောင်းလဲထားလေသည်။ သူမက သာမန်အခြေအနေများတွင်လည်း လုန်ယွိအသွင်ဖြင့် နေကြည့်ချင်သည်ဟု ဆိုခဲ့သည်။ သို့မှသာ ညဘက်တွင် နဂါးတစ်ဝက်အသွင် ပြောင်းလဲမသွားဘဲ အသားကျနိုင်မည်ဟု ဆိုသည်။

ထိုကိစ္စကို သူမ အသားကျသွားသည်နှင့် နောက်ထပ်အကြောင်းအရာများကို စဉ်းစားနိုင်မည် ဖြစ်သည်။

ဥပမာ - သူတို့ရင်သွေးယူမည့်ကိစ္စမျိုး ဖြစ်သည်။

သို့သော် သူတို့ရင်သွေးလေးက ဥပုံစံဖြင့် ဖြစ်မည်လား ၊ လူသားတစ်ယောက်ပမာဖြစ်မည်လား မသိရသေးပေ။

"ဂိုဏ်းတူမောင်လေး ၊ ရှင့်လိုပဲ ကျွန်မရဲ့ စိတ်နဲ့ခန္ဓာကို ကျင့်ကြံမယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်မလား"

ကျန်းလန် ပခုံးထက်တွင်မိရင်း လုန်ယွိက မေးလိုက်သည်။

ကျန်းလန်က...

"ကိုယ်တော့ အဲဒီလို မထင်ဘူး"

လုန်ယွိက ကျန်းလန်ကို မော့ကြည့်ရင်း ကျန်းလန်၏ မျက်ခုံးများကို လက်ဖြင့်အသာ ထိတွေ့လိုက်သည်။

"ဘာဖြစ်လို့လဲ"

ကျန်းလန်က...

"ဂိုဏ်းတူအစ်မက အမြဲတမ်းသွက်လက်ပြီး သက်ဝင်လှုပ်ရှားနေတဲ့သူလေ ၊ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် အတင်းလုပ်ယူလိုက်မယ်ဆိုရင် အဲဒါ ဂိုဏ်းတူအစ်မရဲ့ စရိုက်နဲ့မကိုက်ညီဘူး ၊ ဒီလိုကိစ္စတွေက အတင်းဖိအားပေးလို့မရဘူး"

"ကိုယ်နဲ့မသင့်တော်တဲ့ ကျင့်ကြံမှုမျိုးကို အတင်းအကျပ်ကျင့်ကြံမယ်ဆိုရင် ကိုယ်တွင်းမိစ္ဆာဝင်လာလိမ့်မယ်"

လုန်ယွိက အလွန်အေးစက်သူ ဖြစ်သော်လည်း ဤသည်က သူမ၏ပင်ကိုယ်စရိုက်မဟုတ်ပေ။ ဟန်ဆောင်ထားသည့် အမူအရာသာ ဖြစ်သည်။

လုန်ယွိနှင့် ပိုမိုရင်းနှီးလာသည်နှင့်အမျှ သွက်လက်ပြီးအသက်ဝင်ခြင်းကသာ သူမ၏ ပုံစံအမှန်ဖြစ်ကြောင်း ကျန်းလန် သိခဲ့ရသည်။

ဤသည်ကလည်း ကောင်းသည့်အချက်ပင် ဖြစ်၏။

လုန်ယွီက ကျန်းလန်နံဘေးတွင်ထိုင်ရင်း မေးစေ့လေးကို လက်နှစ်ဖက်ပေါ်သို့ တင်ထားသည်။

သူမက...

"ဒီလိုဖြစ်ရတာ ဂိုဏ်းတူမောင်လေးကြောင့်ပဲ"

"ဂိုဏ်းတူမောင်လေးက အဘိုးကြီးတစ်ယောက်လို သီးသန့်ဆန်ပေမယ့် ကျွန်မကို သည်းခံတယ် ၊ အလိုလိုက်တယ်လေ ၊ ဒါကြောင့် ကျွန်မက အဲဒီလို ကလေးဆန်သွားတာ ၊ တကယ်ဆိုရင် အိမ်ထောင်ပြုပြီးပြီဆိုကတည်းက ကျွန်မက ပိုပြီးရင့်ကျက်လာသင့်တာ"

"ဂေါက်"

ကျန်းလန် လုန်ယွိခေါင်းကို ခေါက်လိုက်လေသည်။

"ဂိုဏ်းတူမောင်လေး"

လုန်ယွိက မကျေမနပ်ဖြင့် ကျန်းလန်ကို ကြည့်လိုက်သည်။ သူမပုံစံက ချက်ချင်း အေးစက်သွားသည်။

ကျန်းလန်က...

"ဘာမှမဟုတ်ဘူး ၊ ဂိုဏ်းတူအစ်မက အခုတောင်အတော်လေးရင့်ကျက်နေပါပြီ"

လုန်ယွိက ကျန်းလန်၏ခေါင်းကို ရိုက်ရန် လက်လှမ်းလိုက်ရင်း...

"ဟုတ်တယ် ၊ ကျွန်မက ရှင့်ရဲ့ ဂိုဏ်းတူအစ်မ ၊ ရှင်က ကျွန်မရဲ့ ဂိုဏ်းတူမောင်လေး"

ကျန်းလန်က...

"တကယ်ပါ ၊ မင်းက တည်ငြိမ်တယ် ၊ ဒါပေမဲ့ ငြိမ်သက်နေတဲ့ ကိုယ့်ဘဝကို မုန်တိုင်းတစ်ခုလို လှုပ်ခတ်နိုင်စွမ်း ရှိသလို တောင်နဲ့မြစ်ရေတွေလိုလည်း အေးချမ်းတည်ငြိမ်စေတယ် ၊ အသက်မဲ့နေတဲ့ ကိုယ့်ဘဝကို မင်းက ပြန်ပြီးအသက်ဝင်လာအောင် ပြုလုပ်ပေးတာပါ"

"ကိုယ့်အတွက်တော့ မင်းက နွေဦးမှာ ရွာတဲ့ မိုးဖွဲလေးလိုပါပဲ ၊ ကမ္ဘာကြီးတစ်ခုလုံးကို အသစ်ပြောင်းလဲသွားစေပါတယ်ကွာ"

ကျန်းလန်ကို ရိုက်တော့မည့် လုန်ယွိ၏လက်က လေထဲတွင် ရပ်တန့်သွားပြီး သူမက မျက်ခုံးလေးများ တွန့်ချိုးထားသည်။

ကျန်းလန်ကို စိုက်ကြည့်ရင်း...

"သွားပြီ ၊ ဒီညတော့ အသားကျအောင် ကြိုးစားကြည့်မလို့ ၊ အခုတော့ မရတော့ဘူး ၊ ရှင့်စကားတွေကြောင့် ကျွန်မရင်ထဲ တော်တော်ထိသွားပြီ"

ကျန်းလန် : "……"

ထိုအချိန် တစ်စုံတစ်ယောက်က သူ၏နတ်ဘုရားရာထူးနာမည်ကို ရွတ်ဆိုနေကြောင်း ကျန်းလန်သတိထားလိုက်မိသည်။ အဋ္ဌမမင်းသားတို့ အုပ်စုဖြစ်၏။

သူတို့က ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအတွက် ပြောဆိုနေကြသည်လား မသိပေ။

ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲ...

ထိုတိုက်ပွဲက သူ့အတွက် အသုံးဝင်သည်လား မသေချာသော်လည်း ပါဝင်ရသည်က အဆင်ပြေလေသည်။

နဂါးမင်းသားလုန်မန် ၊ ချီလင်မျိုးနွယ်မှ ယန်ရှီးယွင်နှင့် ဇာမဏီမျိုးနွယ်မှ ဟုန်ယာအပါအဝင် လူ (၅) ယောက်က သူ့နာမည်အောက်တွင် ရှိနေသည်။ ဤသည်က ဧကရာဇ်ရှီးဟယ် စီစဉ်ပေးခဲ့ခြင်းပင်။

မဟုတ်လျှင် သူ့တွင် ကောင်ငယ်လေးနှင့် ချင်းမုသာလျှင် ရှိပေလိမ့်မည်။

ခေါ်သံကိုကြည့်လိုက်သည့်အခါ တောင်ကုန်းထက်တွင် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးသာမက ယန်ရှီးယွင်နှင့် ဟုန်ယာပါ ရှိနေကြောင်း တွေ့လိုက်ရသည်။

သူတို့ (၄)ယောက်လုံး ရောက်လာကြခြင်းပင်။

ဤ (၄) ယောက်က နာမည်အောက်မှာ တိုက်ပွဲဝင်ရမည်မို့ သူ့ကို သိရှိသည်မှာ ပြဿနာ မရှိပေ။

သို့ပေသိ သူတို့အားလုံးက ဘာအတွက် ရောက်လာကြသည်လဲ။

သူတို့ကို လမ်းညွှန်ပေးဖို့ တောင်းဆိုနေတာလား။

သူက နဂါးဓားသိုင်းမှလွဲပြီး လုန်မန်ကို အခြားသင်ပြပေးစရာ မရှိပေ။

ကောင်ငယ်လေး ၊ ဟုန်ယာနှင့် ယန်ရှီးယွင်တို့မှာလည်း အင်အားကြီးအုပ်စုများမှ ဆရာများ ရှိပြီးသားဖြစ်လေရာ သူက ဘာမှသင်ပြပေးစရာ မလိုအပ်ပေ။

သူက လုန်ယွိကိုခဏစောင့်ခိုင်းလိုက်ပြီး ထိုသူများကို တုံ့ပြန်လိုက်သည်။

"ခွန်လွန်မှာ အန္တရယ်တစ်ခုခုကြုံတယ်ဆိုရင် မင်းတို့အားလုံး ကျုပ်နာမည်ကို တစ်ကြိမ်အသုံးပြုခွင့် ရှိတယ်"

ထို့နောက် ကျန်းလန်က သားရဲအကင်များကိုအသုံးပြုပြီး လုန်မန်နှင့်ကောင်ငယ်လေးကို နဂါးဓားသိုင်း ဒုတိယဓားကွက် သင်ပေးလိုက်သည်။

လုန်မန်နှင့် ကောငိငယ်လေးတို့က နဂါးဓားသိုင်းကို ကာလရှည်ကြာ လေ့ကျင့်နေကြသည့်တိုင် သူတို့၏ဓားသိုင်းက အရင်အတိုင်းဆိုးရွားနေကြဆဲ ဖြစ်သည်။

နောက်ဆုံး မိုးကြိုးနှစ်ချက်ပစ်ချခံလိုက်ရပြီး သူတို့နှစ်ယောက် လွင့်ထွက်သွားသည်။

ကျန်းလန် လုန်ယွိကို လှည့်ကြည့်လိုက်တော့ သူမက နားမလည်နိုင်စွာဖြင့် ကျန်းလန်ကို ကြည့်နေသည်။ ကျန်းလန်က တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ထုတ်ယူပြီး အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေး၏ပုံကို ပြလိုက်သည်။

လုန်ယွိက နားလည်ဟန်မရှိဘဲ မျက်တောင်လေးများတဖျတ်ဖျတ်ခတ်ရင်း စိတ်ရှုတ်ထွေးနေဟန် ရှိသည်။

ထို့နောက် သူမက မည်သည့်မေးခွန်းမှ မမေးဘဲ ရေပုလဲတစ်လုံးထုတ်ယူကာ ကျန်းလန်ကို ပေးလိုက်သည်။

လုန်ယွိက...

"ဒါက ဂိုဏ်းတူမောင်လေး အတွက်ပါ။  ကျောက်စိမ်းရေကန်က စွမ်းအားတွေ ပါဝင်ပါတယ်"

ကျန်းလန်က ရေပုလဲကို ယူလိုက်သည်။ ထို့နောက် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို စစ်ဆေးကြည့်လိုက်သည့်အခါ ပန်းချီကားက အသုံးပြု၍မရတော့ကြောင်း သိလိုက်ရသည်။

အရင်ကလည်း ထိုသို့ပင် ဖြစ်သည်။ ကျန်းလန် ရေပုလဲရရှိသည်နှင့် ပန်းချီကားကို အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

လုန်ယွိက သူ့ကို ရေပုလဲ ပေးရသည့် အကြောင်းရင်းကို ကျန်းလန် သိရှိလေသည်။ ရေပုလဲကို အသုံးပြုကျင့်ကြံမှသာ သူက အများအမြင်တွင် အစစ်အမှန်အင်မော်တယ်အဖြစ် အလျှင်အမြန် အဆင့်တက်နိုင်မည် မဟုတ်ပါလား။

ရေပုလဲဖြင့်ဆိုလျှင် နောက်ထပ် အနှစ် (၅၀)မှ အနှစ် (၆၀)အတွင်း အစစ်အမှန်အင်မော်တယ် ဖြစ်လာနိုင်ပြီး ကောင်းကင်ဘုံတံခါးသို့ သွားရောက်နိုင်မည် ဖြစ်သည်။

အစကတော့ တာအိုအင်မော်တယ်အဆင့် အောင်မြင်ပြီးမှ ထိုနေရာသို့ သွားချင်သော်လည်း ယခုတော့ အခြေအနေအရပ်ရပ်ကြောင့် ထိုနေရာသို့ အရင်ဆုံး သွားရန်ပေမည်။

တာအိုအင်မော်တယ်အဆင့်ရောက်လျှင် မသိသည့်အရာများကို သိရှိရန် လွယ်ကူသော်လည်း ကောင်းကင်ဘုံတံခါးအတွင်းမှ အန္တရယ်များသည်လည်း သူ့ကို ရှာဖွေတွေ့ရှိရန် လွယ်ကူမည် ဖြစ်ရာ အန္တရယ်များလွန်းလှပေသည်။

"ဂိုဏ်းတူအစ်မ ၊ လျှောက်လည်ချင်လား"

ကျန်းလန်က ရုတ်တရက် မေးလိုက်သည်။

လုန်ယွိက...

"ဟင် ဘယ်ကိုလျှောက်လည်မှာလဲ"

ကျန်းလန်က...

"ဒီကနေ အနီးဆုံးဆိုရင် ချင်းချန်မြို့ကို သွားလည်လို့ရတယ်လေ"

လုန်ယွိသည် ခွန်လွန်တောင်သို့ ရောက်လာပြီးနောက်ပိုင်း အပြင်သို့ သိပ်မထွက်ခဲ့ပေ။

ငယ်စဉ်က ဆရာဖြစ်သူက အပြင်လောကသို့ လိုက်ပို့ဖူးသော်လည်း နောက်ပိုင်း ခွန်လွန်တောာင်တွင်သာ နေထိုင်ခဲ့ရသည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာပြီးနောက် အပြင်ထွက်ရန် အခွင့်အရေး ပို၍ပင် နည်းပါးသွားရသည်။

ပြင်ပလောကသို့ ထွက်မလည်ချင်ဘူးဆိုပါက လိမ်ညာခြင်းသာဖြစ်ပေလိမ့်မည်။

လုန်ယွိက...

"ဂိုဏ်းတူမောင်လေး လိုက်ပို့ပေးမှာမလား"

"အင်း"

ကျန်းလန်က ခေါင်းညိတ်လိုက်သည်။

သူက ဖန်ဆင်းခြင်းသစ်ပင်၏ အမြုတေကို ရရှိထားသူဖြစ်ရာ အာကာသဗလာနယ်အကြောင်း သိမြင်နားလည်ခဲ့သည်။

ထို့ကြောင့် လုန်ယွိကို အပြင်ခေါ်သွားခြင်းက အန္တရယ်ရှိမည် မဟုတ်ပေ။

နောင်တစ်ချိန် လောကကြီး မငြိမ်းချမ်းတော့သည့်အခါ လုန်ယွိ အပြင်ထွက်လည်ပတ်နိုင်မည် မဟုတ်တော့ပေ။

လုန်ယွိက သူမလက်လေးတစ်ဖက်ကို ကျန်းလန်ထံကမ်းပေးလိုက်ရင်း...

"ကျွန်မလက်ကို ကိုင်ထားပေးနော် ၊ ကျွန်မကို ပျောက်မသွားပါစေနဲ့"

***

All Chapters