အခန်း (၃၂၆-၃၃၀)
Vol. 14 Ch. 326-330
အပိုင်း(၃၂၆) မိစ္ဆာလိုဏ်ဂူ
“အို့၊ ဒါနဲ့ ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်ကို နင်ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ” ရန်ကိုင်က အသာအယာလေး မျက်မှောင်ကြုံ့ရင်း မေးလိုက်တယ် “လော့ရှောင်မန်က အဲ့လောက် အရေးမကြီးဘူး။ သူမရဲ့ ခရမ်းဖန်းတောင်ကြားက အရမ်းကြီး မဆိုးပေမယ့် နင့်ရဲ့ လွှမ်းမိုးနိုင်စွမ်းနဲ့ ယှဉ်ရင် နည်းနည်း နိမ့်ကျနေသေးတယ်။ ဒါပေမယ့် ချူရီမန်က ချူမိသားစုက လူတစ်ယောက်ပဲ”
“သူတို့ရဲ့ နောက်ခံတွေအကြောင်းကို ငါသိပါတယ်” ရှန်ချင်းလော့က ညင်သာစွာ ပြုံးလိုက်ပြီး “ဒါပေမယ့် ငါသူတို့ကို ဒီအတိုင်း လွှတ်မပေးလိုက်နိုင်ဘူး။ မနက်ဖြန် တိုက်ပွဲကွင်းပြင်ဆီ သူတို့ကို ခေါ်သွားဖို့ ငါဆုံးဖြတ်ထားတယ်”
“တိုက်ပွဲကွင်းပြင်လား” ရန်ကိုင်က စိတ်အားထက်သန်စွာနဲ့ မေးလိုက်တယ်။
“အင်း၊ ဟန်မင်းဆက်က အင်အားစု အများစုက ငါတို့ တိမ်မိစ္ဆာနယ်မြေကို အခုတိုက်ခိုက်ဖို့ လုပ်နေကြတာလေ” ချူရီမန်က သာမန်ကာလျှံကာနဲ့ ပြန်ပြောလိုက်တယ်။
“သူတို့ကို တိုက်ပွဲကွင်းပြင်ဆီ ခေါ်သွားပြီး ဘာလုပ်မလို့လဲ”
“ငါ့မှာလည်း ငါ့အကြောင်းပြချက်နဲ့ ငါရှိတယ်လေ။ ဘာလို့လဲ နင်လည်း ငါနဲ့လိုက်ချင်လို့လား”
“မဟုတ်ပါဘူး၊ ကျေးဇူးတင်ပါတယ်” ရန်ကိုင်က ခါးဆန့်လိုက်ပြီး အသာအယာလေး ရယ်မောလိုက်ရင်း “အခုမှပဲ လွတ်လပ်မှုကို ပြန်ရတာကို ငါက နင့်နောက်လိုက်ပြီး နင်းထိန်းချုပ်တာကို ဘာလို့ ခံနေရဦးမှာလဲ’
“ဟန့်၊ ဘယ်လောက်တောင် ကျေးဇူးမသိတဲ့လူလဲ။ ငါနင့်အပေါ် ကောင်းကောင်းမွန်မွန်နဲ့ ဆက်ဆံပေးတာကို နင်က ငါ့ကို မုန်းတီးနေတယ်ပေါ့” ရှန်ချင်းလော့က ရန်ကိုင်ကို ခါးသီးစွာနဲ့ စိုက်ကြည့်လိုက်တယ်။
“အာ…”
မျက်မှောင်ကြုံ့လိုက်ရင်း ရန်ကိုင်က တစ်ခုခုကို ရုတ်တရက် သတိရသွားကာ “ဟုတ်ပြီ၊ ငါနင့်ကို မေးချင်နေတာ အခုမှပဲ မေးခွင့်ရတော့တဘ်။ မိစ္ဆာလိုဏ်ဂူနဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေ ဆိုတာ ဘာလဲ”
ရှန်ချင်းလော့က ရုတ်တရက် အံ့အားသင့်သွားခဲ့ရပြီး “နင်ဘယ်ကနေ ကြားခဲ့တာလဲ”
“လီယုနဲ့ တိုက်ခိုက်တဲ့ နေ့တုန်းက အခြားသူတွေ ပြောနေတာကို ငါကြားခဲ့တာ။ လီယုက မိစ္ဆာလိုဏ်ဂူက မိစ္ဆာစိတ်ဝိဥာဉ်ချီတွေကို စုပ်ယူရင်း ခရမ်းနတ်ဆိုးခန္ဓာကိုယ် ပညာရပ်ကို နားလည်ခဲ့တာတဲ့”
ထိုစကားကို ကြားလိုက်တာနဲ့ ရှန်ချင်းလော့က ခေါင်းညိတ်လိုက်ပြီး လီယုနဲ့ သူဘာလို့ တိုက်ပွဲဖြစ်ခဲ့လဲ ဆိုတာကိုတော့ ဆက်ပြီး မမေးမြန်းခဲ့ပါဘူး။ သူမရဲ့ အသိဥာဏ်နဲ့ဆိုရင် ထိုတိုက်ပွဲက ပီလော့ကြောင့် ဖြစ်တယ်ဆိုတာ အစကတည်းက နားလည်ထားပြီးသားပါ။
သူမအတွေးတွေကို ပြန်စုစည်းလိုက်ပြီး ပြန်ပြောလိုက်တယ် “မိစ္ဆာလိုဏ်ဂူဆိုတာ မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ ပြည့်နေတဲ့ ထူးခြားပြီး အန္တရာယ်များတဲ့ နေရာတစ်ခုပဲ။ လီယုရဲ့ ခရမ်းနတ်ဆိုးချီခန္ဓာကိုယ် သိုင်းပညာရပ်က အဲ့ကနေရခဲ့တာ။ ဒါပေမယ့် အခုတော့ အဲ့သိုင်းပညာရပ်ရဲ့ အစွမ်းအပြည့်အဝကို သူအသုံးမချ နိုင်သေးဘူး။ ဘာလို့လဲ နင်လည်း အဲ့နေရာကို သွားချင်လို့လား”
“ငါသွားဖို့ စဉ်းစားထားတယ်” ရန်ကိုင်က မငြင်းခဲ့ပါဘူး။ ထိုခရမ်းနတ်ဆိုးချီကို သန့်စင်လိုက်တုန်းက ထိုစွမ်းအင်က သူ့ကိုယ်ထဲမှာရှိတဲ့ ရွှေရောင်အရိုးခြောက်ရဲ့ စွမ်းအင်နဲ့ ဆင်တူတယ်လို့ ခံစားမိခဲ့ရပါတယ်။ ထို့ကြောင့် သူလည်း ထိုနေရာအကြောင်း စိတ်ဝင်စားမိသွားတာပါ။ ထိုမိစ္ဆာလိုဏ်းဂူရဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက ဘယ်လိုဆန်းကြယ်မှုတွေကို ဖုံးကွယ်ထားလဲ ဆိုတာကို သူသိချင်နေပါပြီ။
သူသာ ကံကောင်းခဲ့ရင် အဲ့နေရာမှာပဲ ရွှေရောင်အရိုးခြောက်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။
အခု ကမ္ဘာကြီးတစ်ခုလုံးက ပရမ်းပတာတွေ ဖြစ်နေပြီး တိုက်ပွဲသံတို့ကလည်း နေရာအနှံ့မှာ ပျံ့နေခဲ့ပါတယ်။ သူ့ခွန်အားက အရမ်းကို နိမ့်ကျသေးတဲ့အတွက် တိုက်ပွဲတစ်ခုလုံးရဲ့ ယေဘုယျအခြေအနေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားအောင် ဘယ်လိုမှ မလုပ်နိုင်သေးဘူးဆိုတာကို ရန်ကိုင် နားလည်ထားပါတယ်။ နောက်ဖြစ်ပျက်လာမယ့် အရာတွေက နေရာကောင်းတစ်ခု ရှာပြီး သူ့ကျင့်ကြံခြင်းအဆင့်နဲ့ ခွန်အားကို တိုးမြှင့်ထားမှ တော်ကာရာ ကျပါမယ်။
“နင်လည်း အဲ့နေရာဆီ သွားချင်တာလား…”ရှန်ချင်းလော့က မျက်မှောင်ကြုံ့လိုက်တယ်။ သူမပုံစံကို ကြည့်ရုံနဲ့တင် ရန်ကိုင်ကို ထိုနေရာဆီ မသွားစေချင်တာ သိသာပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူမပါးစပ်ဖျားကနေ သက်ပြင်းချသံလေး ထွက်ပေါ်လာခဲ့ပြီး “ကောင်ပြီလေ၊ နင်လည်း မိစ္ဆာကျင့်စဉ်တစ်ခုခုကို လေ့ကျင့်ထားတာ ဆိုတော့ အဲ့နေရာကို သွားတာက နင့်အတွက် တစ်ခုခုတော့ အကျိုးထူးမှာပေါ့။ ဒါပေမယ့် မိစ္ဆာလိုဏ်းဂူက ယင်ယန်တစ္ဘေဘုရင်ရဲ့ ပိုင်နက်ထဲမှာ တည်ရှိတာ။ အဲ့နေရာက သင်းရနံ့မြို့ထက် အများကြီး ဆိုးတယ်။ အဲ့နေရာကို ပြောရမယ်ဆိုရင် နေရာတိုင်းမှာ ရှိနေတဲ့ လူအားလုံးက နင့်ရန်သူလို့တောင် ပြောလို့ရတယ်။ ဒါကြောင့်… မနက်ဖြန်ကျရင် ပီလော့ကို လိုက်ပို့ခိုင်းလိုက်မယ်။ သူမလမ်းသိတယ်။ သူမနဲ့ ဆိုရင် လမ်းမှာတွေ့ကြုံရမယ့် အခက်အခဲအချို့ကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မယ်”
“ကောင်းတယ်”
နောက်တစ်နေ့ နေထွက်ချိန်မှာတော့ ပီလော့ ပြေးထွက်လာခဲ့တယ်။
ထိုနေ့ကတည်းက စပြီး ထိုနှစ်လိုဖွယ်ကောင်းတဲ့ ပီလော့လေးက သူ့ရှေ့တစ်ခါမှ ထွက်ပေါ်မလာခဲ့တော့ပါဘူး။ အခု ရန်ကိုင်နဲ့ ပထမဆုံးအကြိမ်အဖြစ် နောက်တစ်ကြိမ် ပြန်တွေ့လိုက်ရချိန် မှာတော့ ပီလော့လေး ရှက်သွားဖြာသွားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကို သားရဲတစ်ကောင်လို စူးစူးဝါးဝါး စိုက်ကြည်လိုက်ပြီး ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပါတယ် “နင့်ကို မိစ္ဆာလိုဏ်းဂူဆီ ခေါ်သွားပေးဖို့ သခင်မက ငါ့ကို ညွှန်းကြားလိုက်တယ်။ ကောင်စုတ်လေး၊ နင်သေချင်နေတယ် ဆိုရင်တောင် ငါ့ကိုပါ အဲ့လိုနေရာမျိုးဆီ ဆွဲမခေါ်သွားသင့်ဘူးလေ။ ငါကို အခုလိုမျိုး ပြေးလွှားနေရအောင် လုပ်တာ အရမ်းကို စိတ်ပျက်ဖို့ ကောင်းတာပဲ”
ရန်ကိုင်က ရှက်ကိုးရှက်ကန်းနဲ့ ရယ်မောလိုက်ပြီး ခေါင်းလေးကို ပွတ်ရင်း ပြောလိုက်တယ် “ကြိုပြီး ကျေးဇူးတင်ထားလိုက်မယ်”
“ကောင်းပြီ၊ ကောင်းပြီ။ နင့်မှာ လုပ်စရာ၊ထုပ်စရတွေ ရှိသေးလား။ မရှိတော့ရင် အခုပဲ သွားကြမယ်။ အဲ့နေရာက သင်းရနံ့မြို့နဲ့ တော်တော်လေး ဝေးတယ်။ အသွဦးပြန်အဆို အနည်းဆုံး ရက်နည်းနည်းလောက်တော့ ကြာလိမ့်မယ်”
“ကောင်းပြီ၊ သွားကြစို့”
သူတို့နှစ်ယောက် နန်းတော်ထဲကနေ ထွက်ဖို့ လုပ်နေတုန်းမှာပဲ ချူရီမန်၊ လော့ရှောင်မန်နဲ့ ရှန်ချင်းလော့တို့နဲ့ သွားတိုးခဲ့တယ်။ သူမတို့ ပုံစံအရတော့ အစကတည်းက သူတို့ကို ဒီနေရာမှာ စောင့်နေတဲ့ ပုံစံပါပဲ။
သူလှမ်းကြည့်လိုက်တဲ့အချိန် ချူရီမန်နဲ့ လော့ရှောင်မန်တို့က အသနားခံနေတဲ့ အမူအရာလေးနဲ့ သူ့ကို လှမ်းကြည့်နေတာကို တွေ့လိုက်ရတယ်။ သူမတို့ပုံစံအရ ရန်ကိုင်ကို စကားနည်းနည်း ပါးပါးလောက် ကူပြောပေးဖို့ တောင်းဆိုနေတဲ့ ပုံပါပဲ။
ဒါပေမယ့် မျက်မှောင်ကြုံးလိုက်ပြီးနောက်မှာတော့ ထိုနှစ်ယောက်ကို မမြင်ချင်ယောင် ဆောင်ထားလိုက်တယ်။
ရှန်ချင်းလော့က သူတို့အသက်ကို မယူဖို့ ဆုံးဖြတ်ထားမှတော့ သူတို့ကို သူမနဲ့အတူ ခေါ်သွားရမယ့် အခြားရည်ရွယ်ချက် တစ်ခုခု ရှိမှာပါ။ အဲ့လိုအခြေအနေမျိုးက သူတို့အတွက် သွားကူပြောပေးနေလို့ ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။
“ငါနင်တို့ကိုပါ တစ်ခါတည်း ခေါ်သွားမယ်။ နေ့တစ်ဝက်ကြာရင် လမ်းခွဲကြတာပေါ့။ ငါနဲ့အတူသွားတော့ နင်တို့ အချိန်ကုန်၊ လူပင်ပန်းတာ သက်သာတာပေါ့” ရှန်ချင်းလော့က ပြုံးလိုက်ပြီး သူမလက်ကို ဝှေ့ရမ်းလိုက်တယ်။ နူးညံ့လှတဲ့ ချီစွမ်းအင်က သူတို့အားလုံးကို ရစ်ပတ်သွားပြီး ရှန်ချင်းလော့နဲ့အတူ သင်းရနံ့မြို့ထဲကနေ ပျံထွက်သွားခဲ့တယ်။
ထိုလေပြေလေညင်းလို နူးညံ့လှတဲ့ ချီစွမ်းအင် သူ့ကို လာရစ်ပတ်တာကို ခံစားမိလိုက်တာနဲ့ ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်တယ်။ ထိုဖြာယောင်းခြင်း နတ်ဆိုးဘုရင်မရဲ့ လက်ထဲကနေ ထွက်ပြေးဖို့ ကြိုးစားတာက အချည်းနှီးအလုပ်မှန်း သိလိုက်တာနဲ့ ချူရီမန်နှင့် လော့ရှောင်မန်တို့ နှစ်ယောက်စလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့တယ်။
လေထဲပျံသန်းသွားလိုက်တာနဲ့ တစ်ခဏ အတွင်းမှာပဲ မီတာထောင်ကျော်ကို ရောက်ရှိသွားခဲ့တယ်။
ပျံသန်းနေရင်းနဲ့ ရှန်ချင်းလော့က ရန်ကိုင်ကို တိုးတိုးလေး ပြောလိုက်တယ် “မိစ္ဆာလိုဏ်ဂူက ယင်ယန်တစ္ဆေဘုရင်ရဲ့ နယ်မြေထဲမှာ ရှိတာဆိုပေမယ့် ငါ့ရဲ့အမှတ်အသားနဲ့ ဆိုရင် ဘယ်သူမှ နင့်ကို ပြဿနာရှာရဲမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နင်နဲ့ ပီလော့တို့ နှစ်ယောက်စလုံး ပြဿနာတွေကို အတတ်နိုင်ဆုံး ရောင်ရှားသင့်တယ်။ အဲ့နေရာက လူတွေက သင်းရနံ့မြို့တော်က လူတွေလို ဆက်ဆံလို့ ကောင်းတဲ့ လူတွေမဟုတ်ဘူး။ ပီလော့က နင့်ကို အဲ့နေရာအထိပဲ ခေါ်သွားပေးမှာ၊ ပြီးရင် သူမဘာသာ သူမ ပြန်လာမှာ”
“အင်း” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
“မိစ္ဆာလိုဏ်ဂူထဲမှာ နေနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေ အများကြီးပဲ ရှိတယ်။ နှစ်စဉ်နှစ်တိုင်း လူတော်တော်များများက မိစ္ဆာလိုဏ်ဂူကနေ အကျိုးအမြတ်တွေ ရခဲ့ကြပေမယ့် သေတဲ့လူက အကျိုးအမြတ် ရတဲ့လူထက် အများကြီး ပိုများတယ်။ လိုဏ်ဂူထဲ ရောက်ရင် အတွင်းပိုင်းထဲကို အရမ်းကြီး တိုးမဝင်သွားနဲ့။ အားကောင်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ တွေ့ရင် နေသေလိမ့်မယ်”
“မိစ္ဆာစိတ်ဝိဥာဉ်တွေက ဘာတွေလဲ” ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။
“မိစ္ဆာစိတ်ဝိဥာဉ်တွေက…. နတ်ဆိုးချီနဲ့ မိစ္ဆာချီတွေရဲ့ အစိုင်အခဲ ပုံစံလို့ ပြောလို့ရတယ်။ အဲ့မိစ္ဆာစိတ်ဝိဥာဉ်တွေက အသိစိတ်မရှိဘူး။ ဒါပေမယ့် သူတို့သာ အခြားသက်ရှိ တစ်ကောင်ကောင်ကို အာရုံခံမိလိုက်တာနဲ့ ချက်ချင်း တန်းတိုက်ခိုက်တာပဲ”
“အဲ့နေရာမှာ သိုင်းပညာရပ်တွေအပြင် အခြားဘာတွေ ရနိုင်သေးလဲ” ရန်ကိုင်က ထပ်မေးလိုက်တယ်။ ရှန်ချင်းလော့က ထိုနေရာနဲ့ တော်တော်လေး ရင်းနှီးတဲ့ပုံပါပဲ။ ထို့ကြောင့် ထိုနေရာဆီ မသွားခင် ရသလောက် သတင်းအချက် အလက်တွေကို သူစုဆောင်းသွားရပါမယ်။
“သိုင်းပညာရပ်တွေ အပြင်၊ အဲ့မိစ္ဆာစိတ်ဝိဥာဉ်ကို နင်သတ်လိုက်နိုင်တာနဲ့ သူတို့ရဲ့ အဆီအနှစ်တွေက ကျကျန်ခဲ့လိမ့်မယ်။ အဲ့အဆီအနှစ်ကို သန့်စင်ပြီး စုပ်ယူလိုက်ရင် နင့်ကျင့်ကြံခြင်းကို တိုးတက်လာစေနိုင်တယ်။ အဲ့အကြောင်းကြောင့်ပဲ မိစ္ဆာလိုဏ်ဂူက အန္တရာယ်များပေမယ့် နှစ်စဉ်နှစ်တိုင်း ကျင့်ကြံသူများစွာက မိစ္ဆာလိုဏ်ဂူဆီ သွားကြတာ။ မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေ အပြင် အခြားအပြင်ကမ္ဘာက ကျင့်ကြံသူတွေကလည်း ရုပ်ဖျက်ပြီး မိစ္ဆာလိုဏ်းဂူထဲကို လာလေ့ရှိတယ်”
“ငါသိပြီ” ရန်ကိုင်က ခေါင်းညိတ်လိုက်တယ်။
“ဒါပေမယ့် အချို့ ထူးခြားတာတွေကို ပိုင်ဆိုင်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေလည်း ရှိသေးတယ်။ ဥပမာပြောရမယ်ဆိုရင် လီယုရဲ့ ခရမ်းနတ်ဆိုးချီခန္ဓကိုယ် ပညာရပ်ကို ပိုင်ဆိုင်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေပေါ့။ ဒါပေမယ့် အဲ့က သိုင်းပညာရပ်တွေ အားလုံးက မိစ္ဆာသိုင်းပညာရပ်တွေ ချည်းပဲ။ နောက်ထပ် ဥပမာတစ်ခုက ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့ အဆီအနှစ်ကို ပိုင်ဆိုင်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေပဲ။ အဲ့မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ အဆီအနှစ်ကို စုပ်ယူလိုက်မယ်ဆိုရင် စုပ်ယူလိုက်တဲ့ သူရဲ့ စိတ်စွမ်းအင်ကို တိုးတက်သွားစေနိုင်တယ်”
“အဲ့လိုအံ့ဩစရာ ကောင်းတာတွေလည်း ရှိတာလား” သူ့စိတ်စွမ်းအင်ကို တိုးတက်အောင် လုပ်နိုင်တဲ့ အဖိုးတန်တဲ့ ရတနာတစ်ခု ရှိတယ်ဆိုတာကို ကြားလိုက်တာနဲ့ ရန်ကိုင် ချက်ချင်း စိတ်ဝင်စားသွားခဲ့တယ်။
“မိစ္ဆာလိုဏ်ဂူထဲမှာ အဲ့လိုရတနာတွေ တကယ်ပဲ ရှိတယ်။ ဒါပေမယ့် ရနိုင်၊ မရနိုင်ကတော့ နင့်ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်လိမ့်မယ်” ရှန်ချင်းလော့က အသာအယာလေး ပြုံးလိုက်ပြီး ပြောလိုက်တယ်။
“အင်း၊ အဲ့လိုရတနာတွေတောင် တကယ် ရှိတယ်ဆိုတော့ ကမ္ဘာကြီးတကယ်ကို ကျယ်ပြောပြီး ဆန်းကြယ်လှတာပဲ” သေမင်းတောင်ထက် အတွေ့အကြုံ ပြီးခဲ့တဲ့ အချိန်ကစပြီး ကမ္ဘာကြီးဘယ်လောက်တောင် ကျယ်ပြန့်ဆန်းကြယ်လဲ ဆိုတာကို ရန်ကိုင် သတိပြုမိလာခဲ့တယ်။
“မိစ္ဆာလိုဏ်ဂူက အခြားတစ်နေရာနဲ့ ဆက်စပ်နေတယ်လို့ ငါအမေပြောတာ ငါကြားဖူးတယ်…” ရှန်ချင်းလော့က တခစ်ခစ် ရယ်မောရင်း ပြောလိုက်တယ်။
“အခြားတစ်နေရာလား… ဘယ်နေရာလဲ”
“နတ်ဆိုးကမ္ဘာ…” အဖွဲ့ထဲမှာ ရှိနေတဲ့ လူအားလုံးရဲ့ မျက်ဝန်းအစုံက လက်သွားခဲ့တယ်။ ထိုကဲ့သို့ နေရာရှိတယ် ဆိုတာ သူတို့တစ်ခါမှ မကြားခဲ့ဖူးပါဘူး။
“အဲ့နေရာ တကယ်ရှိတယ်ဆိုတာ အမှန်ဖြစ်ရင်လည်း ဖြစ်နေနိုင်တာပဲလေ။ ဘယ်သူက သေချာ သိမှာလဲ။ အဲ့လိုမှ မဟုတ်ရင် မိစ္ဆာစိတ်ဝိဥာဉ်တွေက မိစ္ဆာလိုဏ်ဂူကလွဲပြီး အခြားနေရာမှာ ဘာလို့ မရှိလဲဆိုတာကို ဘယ်လို ရှင်းပြရမှာလဲ”
“နင်နောက်နေတာမလား” ရန်ကိုင်က အသာအယာလေး လှောင်ပြောင်လိုက်တယ်။
“ဟဲဟဲ… အဲ့အကြောင်းကို ငါ့အဖွားဆီကနေ ငါ့အမေကြားခဲ့တာ…” ရှန်ချင်းလော့က ပြုံးကာ ပြန်ပြောလိုက်တယ်။
“ရန်ကိုင်၊ နင်မိစ္ဆာလိုဏ်ဂူဆီ အတွေ့အကြုံရှာဖို့ သွားတာလား” ချူရီမန် မေးလိုက်တဲ့အချိန် သူမရဲ့ မျက်ဝန်းအစုံက တလက်လက် တောက်ပနေခဲ့တယ်။
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။
“ငါတို့ကိုကော နင်နဲ့အတူ ခေါ်သွားလို့ မရဘူးလား။ ငါလည်း အဲ့နေရာမှာ အတွေ့အကြုံရှာချင်လို့” ချူရီမန်က ချိုသာစွာ ပြုံးလိုက်ပြီး ပြောလိုက်တယ်။
ထိုစကားကို ကြားလိုက်တာနဲ့ ရှန်ချင်းလော့က အဓိပ္ပါယ်ပါသည့် အကြည့်နဲ့ သူမကို လှမ်းကြည့်လိုက်တယ်။
ချူရီမန်က ခြောက်ကပ်ကပ်နဲ့ ပြုံးလိုက်ပြီး “ငါသူ့ကို ကူညီပေးနိုင်တယ်လေ။ ဘာပဲဖြစ်ဖြစ် လူပိုများရင် ပိုပြီးလုံခြုံတယ်လေ။ ပြီးတော့ ငါ့ရဲ့ ခွန်အားကလည်း နိမ့်ကျတာမှ မဟုတ်တာ”
“စိတ်အေးအေးသာ ထားစမ်းပါ။ ငါနင်တို့နှစ်ယောက်ကို ဒုက္ခရောက်အောင် မလုပ်ပါဘူး” ရှန်ချင်းလော့က အသာအယာလေး ပြောလိုက်ပြီး “နင်တို့ကို တိုက်ပွဲကွင်းပြင်ဆီ ခေါ်သွားတယ် ဆိုတာက မိစ္ဆနယ်မြေကို လာတိုက်တဲ့လူတွေ ဘယ်လိုတွေ ပြုမူလဲဆိုတာ နင်တို့ကို ပြချင်လို့ပဲ”
ချူရီမန်က တစ်ခဏတာလောက် ငေးမောကြောင်အ သွားခဲ့ပြီးနောက် ချက်ချင်းပဲ တစ်ခုခုကို နားလည်သွားလိုက်တယ်။
“တကယ်တော့ လူဆိုး၊ လူကောင်းဆိုတာ နင်တို့ထင်သလို ခွဲခြားတာ မဟုတ်ဘူး။ ဒီကမ္ဘာကြီးမှာ အဖြူနဲ့အမဲဆိုတာ အမြဲဒွန်တွဲနေတာပဲလေ” ရှန်ချင်းလော့ရဲ့ ပျော့ပျောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ လေသံထဲ လေးနက်ပြီး ကူကယ်ရာမဲ့နေသည့် အရိပ်အယောင်တို့ ပါဝင်နေခဲ့တယ်။
နေ့တစ်ဝက်ကြာပြီးနောက် သူတို့တွေ လမ်းခွဲလိုက်ကြတယ်။ ရှန်ချင်းလော့က ချူရီမန်နဲ့ လော့ရှောင်မန်တို့ နှစ်ယောက်ကို ဆက်ပြီး ခေါ်သွားလိုက်ပြီး ရန်ကိုင်နဲ့ ပီလော့ကတော့ ယင်ယန်တစ္ဆေဘုရင်ရဲ့ နယ်မြေဆီ ဆက်သွားလိုက်ကြတယ်။
ယင်ယန်တစ္ဆေဘုရင်ရဲ့ ပုံစံက မိစ္ဆာတစ္ဆေတစ်ကောင်လို ပုံစံပါ။ မိစ္ဆာဘုရင်ခြောက်ပါးထဲမှာ သူ့ခွန်အားက ထိပ်ဆုံးအဆင့်ထဲမှာ ပါဝင်ပြီး ရင်ဆိုင်ရခက်တဲ့ ပြိုင်ဘက်တစ်ယောက်ဆိုလဲ မမှားပါဘူး။ တစ်ချိန်တုန်းက ယင်ယန်တစ္ဆေဘုရင်က ရှန်ချင်းလော့အပေါ် ရည်ရွယ်ချက် တစ်ချို့ရှိကာ မကောင်းတဲ့ နည်းလမ်းတွေ သုံးပြီး သူမကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါသေးတယ်။
အရင်ဖြာယောင်းခြင်း နတ်ဆိုးဘုရင်မ အမြန်လာကယ်ခဲ့လိုပဲ ရှန်ချင်းလော့ ကံကောင်းသွားခဲ့တာပါ။ ထို့ကြောင့် ရှန်ချင်းလော့နဲ့ ယင်ယန်တစ္ဆေဘုရင်ကြားက ဆက်ဆံရေးက ကောင်းမွန်မနေခဲ့ပါဘူး။
သူမတို့ အုပ်ချုပ်တဲ့ ပိုင်နက်နှစ်ခုကြား မကြာခဏ သဘောထား ကွဲလွဲမှုတွေ ဖြစ်ကြပါတယ်။
ထို့ကြောင့် ပီလော့မှာ ရှန်ချင်းလော့ရဲ့ အမိန့်ရှိနေပေမယ့် တစ္ဆေဘုရင်ကို သစ္စာရှိတဲ့ လူတွေရဲ့ အာရုံကို ဆွဲဆောင်မိမှာ စိုးတဲ့အတွက် အတတ်နိုင်ဆုံး ပြဿနာမဖြစ်အောင် ရှောင်ရှားသွားရပါလိမ့်မယ်။
သတိထားရင်း သူတို့နှစ်ယောက် ခရီးဆက်နေခဲ့ကြတယ်။ လမ်းတစ်လျှောက် မည်သည့်ပြဿနမှာ မတွေ့ကြုံခဲ့ရတဲ့အတွက် သူတို့ခရီးက တော်တော်လေး ချောမွေ့ခဲ့တယ်လို့ ပြောလို့ရပါတယ်။
တစ်ခါတစ်ရုံ အချို့ ကျင့်ကြံသူတွေ တွေ့ခဲ့ရပေမယ့် ဘာမှတော့ မဖြစ်ခဲ့ကြပါဘူး။
သုံးရက်ကြာပြီးနောက် မိစ္ဆာလိုဏ်ဂူရှိရာ ၃ကီလိုမီတာ ပတ်လည်အတွင်းသို့ သူတို့ ရောက်ရှိလာခဲ့တယ်။
ထိုနေရာကို ရောက်တာနဲ့ ပီလော့က ရပ်လိုက်ပြီး အရှေ့ကို လက်ညိုးထိုး ညွှန်ပြရင်း “နင်သွားချင်တဲ့ နေရာက အရှေ့မှာပဲ”
“အင်း” ရန်ကိုင်လည်း ပီလော့ ထိုးပြတဲ့အရှေ့ဘက်ကို လှမ်းကြည့်လိုက်ပေမယ့် သူထင်ထားသလို မည်သည့် နတ်ဆိုးချီကိုမှ အာရုံမခံမိလိုက်တဲ့အတွက် အံ့အားသင့်သွားခဲ့ရတယ်။
“ဟေး၊ကောင်စုတ်လေး၊ နင်အဲ့ကိုသွားရင် ကိုယ့်ကိုယ်ကို မသေအောင်လည်း အကောင်းဆုံး ဂရုစိုက်ဦး” ပီလော့က မပျော်မရွှင်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က ပီလော့ကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ကောက်ကာငင်ကာနဲ့ ရယ်မောလိုက်ကာ “ဘာလဲ…. ငါ့ကို စိတ်ပူနေတာလား။ နင့်ငါ့ကိုများ ကြွေသွားတာလား”
“သေလိုက်ပါလား” ပီလော့က အော်ဟစ်လိုက်တယ် “ဒီသခင်မလေးကများ နင့်ကို ကြိုက်ရမှာလား။ နင့်ကို ကြိုက်မယ့်အစား ခွေးချီးပုံကိုပဲ သွားကြိုက်လိုက်မယ်။ ငါတို့ကြားမှ ဘာမှ မရှိတော့ဘူး။ ငါနင့်ကို သတိပေးဦးမယ်၊ နောက်ဆုံးအကြိမ်တုန်းက ဖြစ်ခဲ့တာတွေ အားလုံးကို နင်မေ့ထားလိုက်တော့နော်။ ငါတို့ နှစ်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် ဘာမှ အကြွေးမတင်တော့ဘူး။ အဲ့နေ့က အကြောင်းကို အခြားသူတွေကို လိုက်ပြောရဲ ပြောကြည့် ငါနင့်ကို သင်းကွပ်ပစ်မယ်”
ပီလော့က သူ့ကို ဆူပူနေတုန်းက ရန်ကိုင်က သူမဆီ ပြေးဝင်သွားလိုက်ပြီး ပီလော့ခါးကို လှမ်းဆွဲလိုက်ရင်း သူမကို သူ့ရင်ဘတ်ဆီ ဆွဲသွင်းလိုက်ကာ သူမရဲ့ နှုတ်ခမ်းအစုံကို တစ်ခါတည်း အားရပါးရ နမ်းရှိုက်ပစ်လိုက်တယ်။
“အင်း… အွန်း….” ဗြုန်းစားကြီး အနမ်းခံလိုက်ရတဲ့အတွက် ပီလော့က ရန်ကိုင်လက်ထဲကနေ ရုန်းထွက်ဖို့ အသည်းအသန် ကြိုးစားပါတော့တယ်။
ဒါပေမယ့် ရန်ကိုင်က ခပ်မြန်မြန်ပဲ သူမကို ပြန်လွှတ်ပေးလိုက်ပြီး ရယ်ကာမောကာနဲ့ ထွက်ပြေးသွားပါတော့တယ်။
“သေနာကောင်” ပီလော့မျက်နှာက ရှက်လွန်းလို့ နီရဲနေခဲ့ပြီး နှုတ်ခမ်းလေးကို ကိုက်ရင်း ရန်ကိုင်ကို အော်ဟစ် ကျိန်ဆဲလိုက်တယ်။
ငါအသက်ရှင်နေသရွေ့ ဘယ်ယောကျ်ားကိုမှ ငါ့ကို ထိခွင့်မပြု နိုင်တော့ဘူး ပီလော့က သူမဘာသာ သူမ ကျိန်ဆိုလိုက်တယ်။
ရန်ကိုင် သူမမြင်ကွင်းကနေ ပျောက်သွားတဲ့အထိ စောင့်နေလိုက်ပြီးမှပဲ နှာခေါင်းရှုံ့ကာ ထွက်သွားလိုက်တယ်။
နောက်ဆုံး ၃ကီလိုမီတာ အကွာကို ဖြတ်ပြီးသွားတဲ့ အချိန် အနက်ရောင် တွင်းပေါက်တစ်ပေါက်ကို ရန်ကိုင် တွေ့လိုက်ရတယ်။ တွင်းပေါက်နားမှာ ရပ်နေစဉ် လေးအေးတစ်ချက်က သူ့ကို ပွတ်သပ် တိုက်ခတ်သွားခဲ့တယ်။ ရန်ကိုင်တစ်ကိုယ်လုံး အေးစက်သွားခဲ့ရုံသာ မက သူ့စိတ်ဝိဥာဉ်ပါ မသက်မသာဖြစ်သလို ခံစားလိုက်ရတယ်။
မိစ္ဆာလိုဏ်ဂူ ဆိုတဲ့ အတိုင်းပါလား တကယ်ကို ပုံမှန်မဟုတ်ဘူးပဲ… ရန်ကိုင်က တိတ်တဆိတ် တွေးတောလိုက်တယ်။
သူ့ကိုယ်ထဲက အအေးဓါတ်တွေကို အစစ်အမှန်ချီကို လှည့်ပတ်ကာ ချေဖျက်လိုက်ပြီးနောက် တွင်းပေါက်ထဲကို ခုန်ဆင်းသွားလိုက်တယ်။
Martial Peak
အပိုင်း(၃၂၇) ဘာလဲလှယ်ချင်တာလဲ
ထိုတွင်းပေါက်က တော်တော်နက်ပါတယ်။ ခုန်ဆင်းသွားတာ တော်တော်လေး ကြာသွားတာအောင် အောက်ခြေကို သူမရောက်သေးခဲ့ပါဘူး။
ရုတ်တရက် တိုက်ခိုက်သံတွေကို သူကြားလိုက်ရပြီး အလင်းရောင် လက်သွားတာကို ရန်ကိုင် မြင်တွေ့လိုက်ရတယ်။ တစ်ယောက်ယောက်က သိုင်းပညာရပ် တစ်မျိုးမျိုးကို အသုံးပြုနေတာပါ။
ရှန်ချင်းလော့ ပြောတာတွေကို ပြန်စဉ်းစားနေလိုက်ရင်း ချက်ချင်းပဲ သတိကပ်ထားလိုက်တယ်။ မိစ္ဆာလိုဏ်ဂူက အရမ်းအန္တရာယ်များပေမယ့် လိုဏ်ဂူထဲမှာ အတွေ့အကြုံ ရှာဖို့လာတဲ့ ကျင့်ကြံသူ အဖွဲ့တွေ အများကြီး ရှိပါတယ်။ ဝင်ဝင်လာချင်း အဖွဲ့တစ်ဖွဲ့ကို တန်းပြီး တွေ့ရလိမ့်မယ်လို့ ရန်ကိုင် မထင်ထားခဲ့ပါဘူး။
နေရာတစ်ခုက ပိုပြီးအန္တရာယ်များလေး အဲ့မှာရှိနေတဲ့ ရတနာတွေက ပိုပြီး အဖိုးတန်လေပါပဲ။ မိစ္ဆာလိုဏ်ဂူက အန္တရာယ်များပေမယ့် လိုဏ်ဂူထဲမှာ ရှိတဲ့ရတနာတွေကလည်း တကယ်ကို တန်ဖိုးရှိပါတယ်။
ကမ္ဘာကြီးတစ်ခုလုံး စစ်မီးတို့ဖြင့် လောင်ကျွမ်းနေပြီး ပရမ်းပတာ ဖြစ်နေတာကြောင့်သာ မဟုတ်ရင် လိုဏ်ဂူထဲမှာ ကျင့်ကြံသူတွေ ပိုပြီးများများ ရှိနေမှာပါ။
လူတွေ စုဝေးလာတာများရင် အချင်းချင်း စကားတွေ များကြပြီး တိုက်ပွဲတွေ ဖြစ်ပွါးကာ သွေးမြေစီးတတ်ကြပါတယ်။ ထိုစကားက ရှေးခေတ် အချိန်ကတည်းက အခုအချိန်ထိ မှန်ကန်တဲ့ ဆိုရိုးစကား တစ်ခုပါ။
တစ်ခဏကြာပြီးနောက် တိုက်ခိုက်သံတွေနဲ့ တလက်လက်ထနေတဲ့ အလင်းရောင်တို့က ပိုပြီးပြတ်သား ကြည်လင်လာခဲ့တယ်။
ထိုအသံတွေကို နားထောင်ရင်း လူလေးယောက် ရှိတယ်ဆိုတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။ ထိုလေးယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က မြင့်လည်းမမြင့်သလို၊ နိမ့်လည်း မနိမ့်ပါဘူး။ အကုန်လုံးက အစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူတွေ ချည်းပါပဲ။
ဆင်းသက်လာနေရင်း ရန်ကိုင်က ကောင်းကာင်းစိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး တိတ်တဆိတ် စစ်ဆေးကြည့်လိုက်တဲ့အခါ များစွာသော မိစ္ဆာအရှိန်အဝါတွေကို အာရုံခံမိလိုက်တယ်။ ထိုအရှိန်အဝါတွေက ခွန်အားအရ အမျိုးမျိုး ကွဲပြားနေတာ အရှိန်အဝါတွေ အားလုံးက သူကြားခဲ့ရတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေပဲ ဖြစ်ရပါမယ်။
ကျင့်ကြံသူတွေရဲ့ အရှိန်အဝါတွေကိုလည်း သူအာရုံခံမိပါတယ်။ ဒါပေမယ့် ကျင့်ကြံသူတွေရဲ့ အရှိန်အဝါတွေက တစ်ကွဲတစ်ပြားစီ ဖြစ်နေခဲ့ပြီး အကုန်လုံးက ကိုယ့်အဖွဲ့နဲ့ကိုယ် ရှိနေခဲ့ကြပါတယ်။
မည်သည့် အန္တရာယ်ကိုမှ အာရုံမခံမိသေးပေမယ့် ရန်ကိုင်က သူ့ရဲ့ ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ပြန်ရုတ်သိမ်းလိုက်တယ်။
ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးတဲ့အခါ အန္တရာယ် မရှိတာ မဟုတ်ပါဘူး၊ ရှိပါတယ်။ စစ်ဆေးနေတဲ့အချိန် ကိုယ့်ရဲ့ စိတ်ဝိဥာဉ်သာ တိုက်ခိုက်ခံလိုက်ရမယ်ဆိုရင် မိမိရဲ့ ဝိဥာဉ် ထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။
အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေတောင် သူတို့ရဲ့ ကောင်းကင်စိတ်အာရုံကို အသုံးပြုတဲ့အချိန် သေသေချာချာ သတိပြုပြီး အသုံးပြုရပါတယ်။
လက်ဖက်ရည်ခွက်တစ်ဝက်စာလောက် ကုန်ဆုံးပြီးတဲ့ အချိန်မှာတော့ ရန်ကိုင် မြေကြီးပေါ်သို့ ရောက်လာခဲ့တယ်။
သူနဲ့ သိပ်မဝေးတဲ့ အရှေ့တစ်နေရာမှာတော့ လူလေးယောက်က သိုင်းပညာရပ် မျိုးစုံကို ထုတ်သုံးရင်း တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေခဲ့ကြတယ်။ တစ်ယောက်က ဆုတ်နေတဲ့အချိန် အခြားတစ်ယောက်က ဝင်တိုက်ရင်း လေးယောက်သား စည်းချက်ညီညီ၊ အချိတ်အဆက် မိမိနဲ့ တိုက်ခိုက်နေခဲ့ကြတယ်။
သူတို့နဲ့ တိုက်ခိုက်နေတဲ့ အရာတွေကတော့ မှုန်ဝါးဝါး မျက်နှာတွေနဲ့ လူသားပုံစံအကောင်တွေပါ။ ထိုအကောင်တွေရဲ့ ခန္ဓာကိုယ်က မှုန်ဝါးနေပြီး မသိရင် ပုံရိပ်ယောင်လို့တောင် ထင်မှတ်သွားနိုင်ပါတယ်။
လေခွင်းသံနှင့်အတူ ဒေါသတကြီးအော်ဟစ်သံ နှင့် အော်ဟစ်မြည်ကြွေးသံတို့ မြည်ဟည်းနေခဲ့တယ်။ ထိုအကောင်တွေက အရမ်းကြီး မသန်မာပေမယ့် သတ်ဖို့ကတော့ အရမ်းခက်ပါတယ်။
အဲ့ကောင်တွေက မိစ္ဆာစိတ်ဝိဥာဉ်တွေပဲ ဖြစ်ရမယ်။ တကယ်ကို ထူးဆန်းတဲ့ ကောင်တွေပဲ…
ရန်ကိုင်က ထိုလေးယောက်နောက်မှာ ထိုင်နေပေမယ့် သူတို့ထဲက ဘယ်သူမှ သူရှိနေတာကို သတိမပြုမိပဲ သူတို့ရှေ့က တိုက်ပွဲကိုသာ အာရုံစိုက်နေခဲ့ပါတယ်။
နားလည်မှုလွဲမှားတာတို့တွေ မဖြစ်ရအောင်လို့ ရန်ကိုင်က ရည်ရွယ်ချက် ရှိရှိနဲ့ အသံထွက်စေလိုက်တယ်။
ကျင့်ကြံသူလေးယောက်စလုံး ရုတ်တရက်ကြီး အံအားသင့်သွားခဲ့ကြကာ အလျင်စလို နောက်ပြန် လှည့်ကြည့်လိုက်ကြတယ်။
ထို့နောက် သူတို့လေးယောက်ထဲက တစ်ယောက်က တိုက်ပွဲကနေ ထွက်လာလိုက်ပြီး ရန်ကိုင်ရှေ့ကို ရောက်ရှိလာခဲ့တယ်။
ရန်ကိုင်ကတော့ မထူးခြားနားသည့် ဟန်ဖြင့်သာ မတ်တပ်ရပ်နေခဲ့ပြီး ရန်လိုသည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြပဲ နေရာမှာပဲ တိတ်တဆိတ်နဲ့ မတ်တပ်ရပ်နေခဲ့တယ်။
သူရှေ့မှာ မတ်တပ်ရပ်နေတဲ့ လူငယ်က ရန်ကိုင်ကို တစ်ခဏကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ရန်ကိုင်ရဲ့ အပြုအမူကို သတိထားမိသွားကြာ သူ့မျက်ဝန်းထဲ တစ်ခုခုကို နားလည်သွားသည့် အရိပ်အယောင် လက်သွားခဲ့ပြီး ခေါင်းညိတ်ပြကာ ပြုံးလိုက်တယ်။
ရန်ကိုင်ကလည်း ခေါင်းပြန်ညိတ်ပြလိုက်ပြီးနောက် မိစ္ဆာလိုဏ်ဂူရဲ့ ပတ်ဝန်းကျင်ကို လှည့်ပတ်စစ်ဆေးနေလိုက်တယ်။
ဒီမြေအောက်လိုဏ်ဂူ သူအရင်ရောက်ဖူးတဲ့ ကောင်းကင်အမွေအနှစ် လိုဏ်ဂူနဲ့ တော်တော်လေး တူပါတယ်။ မတူတာကတော့ မိစ္ဆာလိုဏ်ဂူက ခြောက်ကပ်ပြီး အရိုင်းဆန်လွန်းလှပါတယ်။ လိုဏ်ဂူလမ်းတွေကလည်း အရမ်းကို ရှုပ်ထွေပြီး လေတဝှီဝှီတိုက် ခတ်နေတဲ့ ဂူလမ်းကြောင်း များစွာလည်း ရှိနေပါသေးတယ်။
မြေအောက်လိုဏ်ဂူ တစ်ခုဖြစ်ပေမယ့် လိုဏ်ဂူတစ်ခုလုံးက မဲမှောင်မနေခဲ့ပါဘူး။ နေရာတိုင်းမှာ မှိတ်တုတ်မှိတ်တုတ် အလင်းရောင်လေးတွေကို မြင်တွေ့ရပါတယ်။ အချို့ အလင်းရောင်လေးတွေက ပိုးစုန်းကြူးရဲ့ မီးအလင်းရောင်နဲ့ တူပြီး အချို့ကတော့ စုန်းမီးတောက်တွေနဲ့ တူပါတယ်။ မသိရင် တိမ်မိစ္ဆာနယ်မြေရဲ့ ဝိဥာဉ်တို့ကြေးချွတ်သန့်စင်ရာ ဘုံမြေလို့တောင် ထင်ရနိုင်ပါတယ်။
တစ်ခဏလောက်ကြာအောင် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ရန်ကိုင် စိတ်ထဲ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့တယ်။
နတ်ဆိုးအိုကြီးသာ ဒီနေရာမှာ ရှိနေခဲ့ရင် ထိုအစိမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေက သူ့အတွက် အရသာရှိလှတဲ့ စားကောင်းသောက်ဖွယ်တွေ ဖြစ်မှာ သံသယရှိစရာ မလိုပါဘူး။ ဆိုးသွားတာက သူမက ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေမှာနတ်ဆိုးချီကို စုပ်ယူဖို့ ကျန်နေရစ်ခဲ့တာပါ။
သူ့ရှေ့မှာရှိနေတဲ့ အဖွဲ့ထဲက တစ်ယောက်က ထွက်လာပြီး ရန်ကိုင်ကို စောင့်ကြည့်နေတဲ့အတွက် တိုက်ခိုက်ဖို့ သုံးယောက်ပဲ ရှိတော့ပါတယ်။ ဒါပေမယ့် ထိုသုံးယောက်ကလည်း ဖိနှိပ်ခံရတဲ့ ပုံမပေါ်ပါဘူး။ သိုင်းပညာရပ်မျိုးစုံကို ထုတ်သုံးရင်း သိပ်မကြာခင်မှာပဲ အစိမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်။
စူးစူးရှရှ နာနာကျင်ကျင် အော်မြည်သံတွေနဲ့အတူ ထိုအစိမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တို့ရဲ့ ခန္ဓာကိုယ်က ပြိုလဲကျကာ လေထဲမှာပဲ ပျောက်ကွယ်သွားခဲ့တယ်။
ကျန်ရှိခဲ့တာဆိုလို့ ထိုးဖောက်မြင်ရတဲ့ မြူလုံးလို ဘာလိုလို အလုံးတွေပါ။ အလုံးတစ်လုံး ချင်းစီတိုင်းမှာလည်း မိစ္ဆာချီစွမ်းအင် အနည်းငယ်စီ ပါရှိနေခဲ့ပါတယ်။
မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ အဆီအနှစ်ပဲ ထိုအလုံးလေးတွေက ဘာတွေလဲဆိုတာ ရန်ကိုင် ခပ်မြန်မြန်ပဲ သိသွားခဲ့တယ်။
မိစ္ဆာလိုဏ်ဂူကို လာတဲ့ကျင့်ကြံသူတွေက အထူးသဖြင့် မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ အဆီအနှစ်အတွက် လာခဲ့ကြတာပါ။ မိစ္ဆာစိတ်ဝိဥာဉ်ကို စုပ်ယူပြီး သန့်စင်ရင် အမျိုးမျိုးသော အကျိုးကျေးဇူးတွေ ရရှိနိုင်တာကိုး။
ဒါပေမယ့် သူအခုတွေ့ရတဲ့ အစိမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ အဆီအနှစ်က အနည်းငယ် အားနည်းပုံပေါက်ပြီး စွမ်းအင်လည်း သိပ်မပါပါဘူး။
ထိုအာနည်းလှတဲ့ မိစ္ဆာအဆီအနှစ်ကို မြင်လိုက်တာနဲ့ ရန်ကိုင် စိတ်ဝင်စားမှု ကင်းမဲ့သွားရတယ်။
ရန်ကိုင်ရဲ့ တည်ငြိမ်ပြီး ထူမးခြားနားသည့် အမူအရာကို သတိပြုမိလိုက်တာနဲ့ ကျင့်ကြံသူလေးယောက်စလုံး တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြတယ်။ သူတို့ထဲက တစ်ယောက်က တည်ငြိမ်ဟန်ရတဲ့ မိန်းကလေး အဖွဲ့သားကို ကြည့်ကာ ပြောလိုက်တယ် “ရုန့်မေ၊ အဆီအနှစ်ကို မြန်မြန် သွားစုဆောင်းလိုက်”
“အင်း” ကောင်မလေးက ခေါင်းညိတ်လိုက်ပြီး သူမအိတ်ထဲက ပုလင်လေးတစ်ပုလင်းကို ထုတ်ယူလိုက်ကာ ပုလင်းထဲကို အစစ်အမှန်ချီ အနည်းငယ် ဖြည့်သွင်းလိုက်ပြီး မိစ္ဆာအဆီအနှစ်ဆီ ညွှန်ပြလိုက်တယ်။
ထိုပုလင်းလေးက မိစ္ဆာအဆီအနှစ်တွေ အားလုံးကို စုပ်ယူသွားပြီးတဲ့ အခါ ကောင်မလေးက ပုလင်းကို အသာအယာလေး လှုပ်ခါလိုက်ပြီး ပြုံးလိုက်တယ်။ သူမရဲ့ ကြည်လင်လှတဲ့ မျက်ဝန်းအစုံထဲ ကျေနပ်နေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နိုင်ပါတယ်။
ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး အဖြစ်အပျက် တစ်ခုလုံးကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေခဲ့တယ်။
လူငယ်လေးက ထိုအရာကို သတိပြုလိုက်တာနဲ့ ပြုံးလိုက်ပြီး လက်သီးဆုပ်ကာ ရန်ကိုင်ကို သွားနှုတ်ဆက်လိုက်တယ် “ဒီတစ်ယောက်ရဲ့ နာမည်က ထောင်ရန်ပါ၊ ဒီက တာအိုရောင်းရင်းရဲ့ နာမည်ဘယ်လို ခေါ်လဲ သိလို့ရမလား”
“ရန်ကိုင်”
“အဲ့တော့ ညီအစ်ကိုရန်ပေါ့” ထောင်ရန်က ရယ်မောလိုက်တယ်။ ထို့နောက် ဓါးတစ်စင်းလို ဖြောင့်စင်နေတဲ့ မျက်ခုံးအစုံကို ပင့်လိုက်ပြီး ပွင့်ပွင့်လင်းလင်းနဲ့ ပြောလိုက်တယ် “ညီအစ်ကိုရန်ကို ကြည့်ရတာ ဒီနေရာနဲ့ မရင်းနှီးဘူး ထင်တယ်”
“အင်း” ရန်ကိုင်က ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။ မိစ္ဆာလိုဏ်ဂူထဲ အခွင့်အရေးတွေနဲ့ အန္တရာယ်တွေကို ရှန်ချင်းလော့က သူ့ကို ပြောပြခဲ့တယ် ဆိုပေမယ့် မိစ္ဆာအဆီအနှစ်တွေကို ထည့်သိမ်းထားနိုင်တဲ့ ပုလင်းအကြောင်းကိုတော့ တစ်ခါမှ မပြောပြခဲ့ပါဘူး။
“ဒီနေရာကို ညီအစ်ကိုရန် ပထမဆုံးအကြိမ် ရောက်ဖူးတာလား”
“အင်း”
“အံ့ဩစရာ မဟုတ်တော့ပါဘူးလေ” ထောင်ရန်က ဖော်ရွေစွာ ပြုံးလိုက်တယ်။ မောက်မာတဲ့ အမူအရာ မပြသလို ရန်လိုတဲ့ အရိပ်အယောင်လည်း နည်းနည်းလေးမှ မပြပါဘူး။
ထိုအချက်နဲ့တင် တိမ်မိစ္ဆာနယ်မြေရဲ့ ကျင့်ကြံသူနဲ့ ပက်သက်ပြီး သူသတိထားတဲ့ အချက်အလက်တွေကို ပြန်ပြီး ဆန်းစစ်ဖို့ လိုလာပြီလို့ ရန်ကိုင် တွေးလိုက်တယ်။ အပြင်ဘက်ကမ္ဘာမှာ ပြောနေတဲ့ တိမ်မိစ္ဆာနယ်မြေနဲ့ ပက်သက်တဲ့ သတင်းတွေ၊ ကောလဟာလတွေ အကုန်လုံးက ချဲ့ကားပြောထားတာ တွေချည်းပါ။ တိမ်မိစ္ဆာနယ်မြေမှာ ရှိနေတဲ့ ကျင့်ကြံသူတိုင်းက သွေးဆာပြီး ရက်စက်တဲ့ လူတွေ မဟုတ်ကြပါဘူး။
အကောင်းနဲ့ အဆိုးဆိုတာ အမြဲတမ်း ဒွန်တွဲနေတာပါ။ အကောင်းရှိရင် အဆိုးရှိသလို အဆိုးရှိရင် အကောင်းလည်း ရှိပါတယ်။
ရန်ကိုင်နဲ့ ထောင်ရန်က စကားပြောနေစဉ် ကျန်တဲ့လူငယ် သုံးယောက်က ရန်ကိုင်ကို တိတ်တဆိတ် စစ်ဆေးနေခဲ့တယ်။ သူတို့တစ်ယောက်ချင်းစီက ရန်ကိုင်ကို စိတ်ဝင်စားမိသလို လှောင်လည်း လှောင်ပြောင်ချင်မိကြပါတယ်။
မိစ္ဆာလိုဏ်ဂူထဲကို တစ်ယောက်ထဲ ဝင်လာရဲတဲ့ လူတစ်ယောက် ရှိလိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုတော့ မိစ္ဆာလိုဏ်ဂူထဲကို တစ်ယောက်တည်း ဝင်လာရဲတဲ့ အရူးတစ်ယောက် သူတို့ရှေ့မှာ ရှိနေခဲ့ပါပြီ။
‘သေခြင်းတရား’ ဆိုတဲ့ စကားလုံးကို ဘယ်လို ရေးရမလဲဆိုတာ မသိတဲ့ကောင်ပဲ
“အဲ့ဒါက ဘာပုလင်းလဲ” ရန်ကိုင်က မိန်းကလေး လက်ထဲက ပုလင်းလေးကို ကြည့်ရင်း မေးလိုက်တယ်။ ထောင်ရန်ဆီကနေ မည်သည့် ရန်လိုမှုကိုမှ မခံစားရတဲ့အတွက် ရန်ကိုင်လည်း သတင်းအချက်အလက် နည်းနည်းလောက် စုဆောင်းသွားဖို့ ဆုံးဖြတ်လိုက်တယ်။
“ဒါက…” ထောင်ရန်က မိန်းကလေး လက်ထဲက ပုလင်းကို ယူလိုက်ပြီး ရန်ကိုင်ရှေ့မှာ လှုပ်ခါပြလိုက်တယ်။ သေချာကြည့်မယ် ဆိုရင် ပုလင်းထဲမှာ အစိမ်းရောင်သန်းနေတဲ့ အရည်တွေ ရှိနေတာကို မြင်တွေ့ရပါလိမ့်မယ် “ဒါက စိတ်ဝိဥာဉ်သန့်စင်ပုလင်းပဲ၊ ဒီပုလင်းက ဒီမိစ္ဆာလိုဏ်ဂူကို အတွေ့အကြုံ ရှာဖို့လာတဲ့ လူတိုင်းသုံးတဲ့ အသုံးအဆောင် တစ်ခုပဲ”
“ဘာအတွက် သုံးတာလဲ”
ထိုအသစ်ရောက်လာတဲ့ လူငယ်လေးက ဘာဆိုဘာမှ မသိတာကို တွေ့လိုက်ရတော့ ထောင်ရန်က ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး နဖူးကိုပွတ်ရင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်တယ် “ညီအစ်ကိုယန်၊ မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်သေရင် အဆီအနှစ်တွေ ကျကျန်ခဲ့တယ် ဆိုတာကို သိတယ်မလား”
“အင်း”
“မိစ္ဆာစိတ်ဝိဥာဉ်တွေကနေ ကျကျန်ခဲ့တဲ့ အဆီအနှစ်တွေကို စုပ်ယူရင် အကျိုးကျေးဇူး အများကြီး ရနိုင်ပေမယ့် … အဆီအနှစ်တွေက စုပ်ယူသန့်စင်ဖို့ ထင်သလောက် မလွယ်ကူဘူး။ ဘာလို့လဲဆိုတော့ အဆီအနှစ်ထဲမှာ မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ မိစ္ဆာအရှိန်အဝါ အကြွင်းအကျန်တွေ ရှိနေလို့ပဲ။ မိစ္ဆာစိတ်ဝိဥာဉ်တွေက ပိုအားကောင်းလေ အဲ့မိစ္ဆာအရှိန်အဝါ အကြွင်းအကျန်တွေက ပိုပြီး အားကောင်းလေပဲ။ အဆီအနှစ်ကို စုပ်ယူမယ်ဆိုရင် အဲ့မိစ္ဆာ အရှိန်အဝါ အကြွင်းအကျန်တွေကို သန့်စင်ပြီးတော့မှပဲ စုပ်ယူလို့ရတယ်”
ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။ ထိုမိစ္ဆာအဆီအနှစ်ထဲ ပုန်းကွယ်နေတဲ့ မိစ္ဆာအရှိန်အဝါ အကြွင်းအကျန်ကို သူအာရုံခံမိပါတယ်။ ထိုမကောင်းတဲ့ အကြွင်းအကျန် စိတ်ဆန္ဒတွေကို ဘယ်သူမှ တိုက်ရိုက် စုပ်ယူလို့မရပါဘူး။ အဲ့လိုစုပ်ယူလိုက်တာနဲ့ သူတို့စိတ်နဲ့ဝိဥာဉ် ထိခိုက်သွားရတာပဲ အဖတ်တင်ပါလိမ့်မယ်။
“အဆီအနှစ်ကို စုပ်ယူဖိုအ့တွက် အချိန်လိုတယ်။ ဒါပေမယ့် မိစ္ဆာလိုဏ်ဂူဆိုတာမျိုးက လုံခြုံတဲ့ နေရာမှမဟုတ်တာ။ နေရာတိုင်းလိုလိုက အန္တရာယ်တွေနဲ့ ပြည့်နေတာလေ။ အဆီအနှစ်ကိုသာ ထိုင်ပြီး သန့်စင်စုပ်ယူနေမယ် ဆိုရင် ကိုယ်သေလို့ သေသွားမှန်းတောင် သိလိုက်နိုင်မှာ မဟုတ်ဘူး” ထောင်ရန်က အသာအယာလေး ရယ်မောလိုက်ပြီး “အဲ့အချိန်က ဒီစိတ်ဝိဥာဉ်သန့်စင်ပုလင်းက အသုံးဝင်လာပါလေရော၊ ဒီပုလင်းလေးတွေက အဲ့မိစ္ဆာစိတ်ဝိဥာဉ်အဆီအနှစ်တွေကို သိပ်ဆည်းထားနိုင်တယ်။ အဲ့လိုနဲ့ လုံခြုံတဲ့ နေရာကောင်း တစ်ခု ရှာတွေ့ပြီဆိုရင် ပုလင်းထဲကနေ အဆီအနှစ်ကို ပြန်ထုတ်ယူပြီး သန့်စင်လို့ရတယ်”
“ငါသိပြီ” ရန်ကိုင် နားလည်သွားခဲ့တယ်။ ဒီလောက်အထိ ရှုပ်ထွေးလိမ့်မယ်လို့ သူတစ်ခါ မထင်ထားခဲ့ပါဘူး။ အနာဂတ်ကျရင် တစ်နေရာရာဆီ သွားမယ်ဆိုရင် သူပိုပြီး ဂရုစိုက်ဖို့ လိုလာပါပြီ။
“စိတ်ဝိဥာဉ်သန့်စင်ပုလင်းက မိစ္ဆာအရှိန်အဝါ အကြွက်ငအးကျန်တွေကို သန့်စင်နိုင်တဲ့အပြင် အဆီအနှစ်က ပုလင်းထဲမှာ ရှိတာကြာလေ သန့်စင်ရတာ ပိုလွယ်လေပဲ။ ဒါပေမယ့် အဲ့လိုလုပ်တာက စိတ်ဝိဥာဉ်သန့်စင်ပုလင်ကို ထိခိုက်စေနိုင်တယ်။ အဲ့ဒါကြောင့် ပုလင်းထဲမှာ အဆီအနှစ်ကို အကြာကြီး ထည့်ထားတာ မကောင်းဘူး၊ အခွင့်အရေး တစ်ခုရှာပြီး အဆီအနှစ်ကို မြန်မြန်သန့်စင်လိုက်တာ အကောင်းဆုံးပဲ”
“ညီအစ်ကိုထောင်ရဲ့ လမ်းညွှန်ပေးမှုအတွက် အများကြီး ကျေးဇူးတင်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်တယ်။
“ညီအစ်ကိုရန်က အရမ်းယဉ်ကျေးလွန်းနေတာပဲ” ထောင်ရန်က ဖွဖွလေး ပြုံးလိုက်တယ်။ ရှင်းပြပြီးတာနဲ့ မျက်မှောင်ကြုံလိုက်ပြီး ဝေခွဲမရ ဖြစ်နေသည့်ဟန်ဖြင့် ခဏလောက်ကြအောင် တုန့်ဆိုင်းနေပြီးနောက် မိန်းကလေးအဖွဲ့သားဆီ လှည့်ပြီး ပြောလိုက်တယ် “ဂျူနီယာညီမလေး၊ ငါ့ကို ပုလင်းတစ်ပုလင်းလောက် ပေးပါလား”
အရမ်းကြီး မတွေးတော့ပဲ ကောင်မလေးကလည်း အိတ်ထဲကနေ ပုလင်းတစ်ပုလင်း ထုတ်ယူလိုက်ပြီး ထောင်ရန်ကို ပေးလိုက်တယ်။
ထောင်ရန်က ပုလင်းကို ရလိုက်တာနဲ့ ခင်မင်ရင်းနှီးစွာနဲ့ ရယ်မောရင်း ရန်ကိုင်ကို ပေးလိုက်တယ် “အနည်းဆုံးတော့ ပုလင်းတစ်ပုလင်းလောက် ဆောင်ထားတာ အကောင်းဆုံးပဲ၊ ညီအစ်ကိုရန်ရေ။ မဟုတ်ရင် တော်တော်လေး အခက်ကြုံနိုင်တယ်”
“စီနီယာအစ်ကို” ထောင်ရန်က သူစိမ်းတစ်ယောက်အား စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို အလွယ်တကူ ပေးပစ်လိုက်တာ မြင်တော့ ကျန်တဲ့လူငယ်သုံးယောက်က အလန့်တကြား အော်ဟစ်လိုက်ကြတယ်။
စိတ်ဝိဥာဉ်သန့်စင်ပုလင်း ဆိုတာမျိုးက တန်ဖိုးမကြီးပေမယ့် သန့်စင်ထုလုပ်ဖို့က တော်တော်လေး ကရိကထ များပါတယ်။ သူတို့မှာတောင် ပုလင်း၃ပုလင်းပဲ ပါလာခဲ့တာပါ။
ဒါပေမယ့် အခုတော့ သူတို့ရဲ့ စီနီယာအစ်ကိုက ပုလင်းတစ်ပုလင်းကို အခုမှတွေ့တဲ့ သူစိမ်းတစ်ယောက်ဆီ ပေးပစ်နေခဲ့ပါတယ်။
“ဒီနေရာကို အတွေ့အကြုံ ရှာတဲ့လူတွေအားလုံး တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း ရိုင်းပင်းကူညီသင့်တယ်” ထောင်ရန်က သူ့ရဲ့ ဂျူနီယာသုံးယောက်ဆီ လှည့်ကြည့်လိုက်ပြီး သူတို့ကို တိတ်တိတ်နေဖို့ မျက်စိနဲ့ အချက်ပြလိုက်တယ်။
ရန်ကိုင်က စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို ကိုင်ရင်း မျက်မှောင်ကြုံ့နေလိုက်တယ်။
သူစိမ်းတစ်ယောက်က လိုလိုလားလားနဲ့ အခုလို ပစ္စည်းမျိုးကို သူ့ကို လာပေးနေတယ်ဆိုတော့ ရန်ကိုင်လည်း အနည်းငယ် သံသယဝင်မိတာ သဘာဝပါပဲ။ ထောင်ရန်တို့ အဖွဲ့သားတွေဆီကနေ မည်သည့် ရန်လိုသည့် အရိပ်အယောင်ကိုမှ မခံစားမိပေမယ့် နောက်ဆုံးတော့လည်း သူတို့တွေ သူစိမ်းတွေပဲလေ။ အခုလို အရမ်းကို ရက်ရက်ရောရော ပြုမူနေတာက တယ်ကို အံ့အားသင့်စရာ ကောင်းနေပါတယ်။
ထို့ကြောင့် ရန်ကိုင်လည်း သံသယဝင်မိတာပေါ့။ ထောင်ရန်က သူ့ဆီကနေ တစ်ခုခု အကူအညီတောင်းချင်လို့ အခုလို ရက်ရောနေတာလည်း ဖြစ်နိုင်တာပဲလေ။
ဒါပေမယ့် သူတို့က အခုမှတွေ့ဖူးတာလေ၊ သူတို့ သူ့ဆီက ဘာနဲ့လဲလှယ်ချင်တာလဲ။
ပုလင်းကို လက်ထဲကိုင်းထားပြီးတဲ့အတွက် ရန်ကိုင်လည်း ငြင်းဆန်ဖို့ တုန့်ဆိုင်းနေမိခဲ့တယ်။ တစ်ယောက်ယောက်က ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ ကိုယ့်ကို လက်ဆောင်လာပေးတဲ့ အခါမျိုးမှာ တိုက်ရိုက်ကြီး ငြင်းဆန်လိုက်တာက ရိုင်းရာကျပါတယ်။ သူသိချင်နေတဲ့ မေးခွန်းက သူတို့ကို ဘာပြန်ပေးရမှာလဲ။ ရန်ကိုင်က သူ့ဘာသာ တစ်ယောက်တည်း စဉ်းစားနေလိုက်တယ်။
အနက်ရောင်စာအုပ်ထဲမှာဆိုရင် ဆေးပေါင်းရည်၊ ဆေးပေါင်းနို့နှစ်၊ ဆေးပေါင်းအဆီအနှစ်နဲ့ ယင်ယန်မွန်းစတားဂျင်ဆင်းတို့ပဲ ရှိပါတယ်။ အဆုံးမဲ့ပင်လယ်ကျွန်းက ရခဲ့တဲ့ လက်နက်တွေ၊ ရတနာတွေကလွဲလို့ သူ့မှာ သူတို့ကို ပြန်ပေးစရာ ဘာမှ ရှိမနေခဲ့ပါဘူး။
သူ့မှာ ကျန်ရှိတော့တာဆိုလို့ ဆေးလုံးတွေပဲ ရှိပါတော့တယ်။ ထိုဆေးလုံးတွေက လင်းတိုင်ရှု သူ့ကို ပေးထားခဲ့တာပါ။ ရှန်ချင်းလော့ရဲ့ ရတနာစံအိမ်ဆီကနေ ယူခဲ့တဲ့ ကောင်းကင်အဆင့် ဆေးပုလင်း နှစ်ပုလင်းလည်း ရှိပါသေးတယ်။ +
Martial Peak
အပိုင်း(၃၂၈) အဝေးကို ကြိုမမြင်တတ်ဘူး
သူ့ပစ္စည်းတွေထဲ လိုက်ရှာကြည့်လိုက်ပြီးတော့မှပဲ သူ့တော်တော်လေး ဆင်းရဲမှန်း ရန်ကိုင် သိလိုက်တယ်။
တစ်ခဏလောက် စဉ်းစားပြီးနောက် ထိုဝိဥာဉ်သန့်စင်ပုလင်းအတွက် ကောင်းကင်အဆင့် ဆေးလုံးတွေကိုပဲ ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ကောင်းကင်အဆင့် ဆေးလုံးတွေက တန်ဖိုးမသေးလှပါဘူး။ ဒါပေမယ့် ထိုဆေးပုလင်းက ရှန်ချင်းလော့ရဲ့ ရတနာစံအိမ်ထဲက ရလာတာပါ။ ကောင်းကင်အဆင့် ဆေးတစ်ပုလင်းက အနည်းဆုံး ငွေဒင်္ဂါး ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ကျသင့်ပါတယ်။
ထိုတန်ဖိုးက စိတ်ဝိဥာဉ်သန့်စင်ပုလင်းရဲ့ တန်ဖိုးနဲ့ ကာမိလောက်မှဦပါ။
သူ့ရဲ့ ကောင်းကင်စိတ်အာရုံက အနက်ရောင်စာအုပ်ထဲက သိုလှောင်နေရာလွတ်ထဲ ကူးကလန်သွားလာနေတဲ့အချိန် ရန်ကိုင် မျက်မှောင်ကြုံ့မိလိုက်တယ်။ တစ်ခဏတာသာ ဆိုပေမယ့် အခြားသူတွေ အမြင်မှာတော့ ရန်ကိုင်က မိန်းမောတွေဝေ သွားတယ်လို့သာ ထင်မြင်မိမှာပါ။
ထောင်ရန်က သူတို့ရဲ့ အဖိုတန်း စိတ်ဝိဥာဉ်သန့်စင်ပုလင်း တစ်ပုလင်းကို ရန်ကိုင်အား ပေးလိုက်တာကို သူတို့သဘောမတွေ့ ပေမယ့် ထောင်ရန်က သူတို့ရဲ့ စီနီယာအစ်ကိုကြီး ဖြစ်နေတဲ့အတွက် မပေးချင်ပေးချင်နဲ့သာ ပေးလိုက်ရပါတယ်။
ဒါပေမယ့် သူတို့ထဲက ဘယ်သူမှ သူတို့ရဲ့ စီနီယာအစ်ကိုကြီး အရမ်းရက်ရောလွန်းတယ်လို့၊ မဆင်မခြင်နိုင်လွန်းတယ်လို့ မတွေးကြပါဘူး။ သူတို့နဲ့ ရန်ကိုင်က အခုမှ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဖူးတာပါ။ အကြောင်းပြချက် တစ်ချို့ကြောင့် ရန်ကိုင်ကို မျက်နှာသာ ပေးချင်တယ် ဆိုရင်တောင်မှ အခုလောက်ထိ ကောင်းပြနေစရာ မလိုပါဘူး။
ရန်ကိုင်က ရုတ်တရက် တွေဝေ မိန်းမောသွားတာပြီး ဘာမှမသိသလို ပြုမူနေတာကို တွေ့လိုက်ရတဲ့အခါ သူတို့ ပိုပြီး စိတ်ပျက်သွားခဲ့ရတယ်။
ရုန်မေလို့ ခေါ်တဲ့ မိန်းကလေးက ရန်ကိုင်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ် “တစ်ယောက်ယောက်က နင့်ကို လက်ဆောင်ပေးနေတာကို နင်က ကျေးဇူးတင်စကားလေးတောင် မပြောပါဘူး။ နင် ရုတ်တရက်ကြီး ဆွံ့အသွားတာလား”
ကျန်တဲ့နှစ်ယောက်ကလည်း အေးစက်စက် မျက်နှာထားကို ဆင်မြန်းရင်း သူတို့ရဲ့ မကျေနပ်ချက်တွေကို နည်းနည်းလေးတောင် ဖုံးကွယ်ထားဖို့ မကြိုးကြပါဘူး။
ရန်ကိုင်က တစ်ခဏတာလောက် ကြောင်အသွဦးခဲ့ပြီး ခပ်မြန်မြန်ပဲ သူတို့ဘက်လှည့်ကာ အသာအယာလေး ပြောလိုက်တယ် “ငါတောင်းပန်ပါတယ်။ တစ်ခုခုအကြောင်း တွေးမိသွားလို့ပါ”
“ပြီးပြီလား” ရုန်မေက ဒေါသတကြီး လှောင်ပြောင် ထေ့ငေါ့လိုက်တယ်။ သူမပုံစံအရတော့ ရန်ကိုင် ကျေးဇူးတင်စကား မပြောတဲ့အထိကို ကျေနပ်မယ့် ပုံမပေါက်ပါဘူး။
“အင်း” ထို့နောက် ဆေးပုလင်းတစ်ပုလင်းကို ထောင်ရန်ဆီ ပစ်ပေးလိုက်ပြီး လက်သီးဆုပ်ကာ ပြောလိုက်တယ် “ငါတို့နောက်တစ်ကြိမ်မှ ပြန်တွေ့ကြတာပေါ့”
လုပ်စရာရှိတာကို လုပ်ပြီးတာနဲ့ ရန်ကိုင်က ချက်ချင်းပဲ လှည့်ထွက်သွားလိုက်တယ်။
“ဟေး…” ရုန်မေက ရန်ကိုင်ကနေ ပြေးလိုက်ဖို့ ကြိုးစားပေမယ့် သူမက ခြေနှစ်လှမ်း၊ သုံးလှမ်းပဲ လှမ်းရသေးချိန်မှာ ရန်ကိုင်က သူမ မြင်ကွင်းကနေ ပျောက်ကွယ်သွားတာကို မြင်တွေ့လိုက်ရတော့ မနေနိုင်တော့ပဲ ဒေါသတကြီး အော်ဟစ်လိုက်တယ် “ဒီကောင်စုတ်ကတော့….”
“မင်းတို့အားလုံး… ဟာ….” ထောင်ရန်က သူ့ရဲ့ ဂျူနီယာညီမလေးနဲ့ ညီလေးတို့ကို ကြည့်ရင်း ခေါင်းခါယမ်းလိုက်တယ်။ သူတို့ကို ပြစ်တင်ပြောဆိုခြင်း မရှိပေမယ့် သူတို့တွေကို မကျေနပ်ဘူး ဆိုတာကိုတော့ သူ့မျက်နှာကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
“စီနီယာအစ်ကို” အရပ်ရှည်ရှည်၊ ပိန်ပိန်နဲ့ တစ်ယောက်က ထောင်ရန်ကိုင် မေးခွန်းထုတ်သလိုနဲ့ ပြောလိုက်တယ် “သူက အဲ့လောက်ထိ ထိုက်တန်လို့လား”
“ဟုတ်တယ်၊ ဟုတ်တယ်၊ သူက အဲ့လောက်ထိ အရေးကြီး တန်ဖိုးရှိတဲ့ ပုံလည်းမပေါက်ဘူး။ သူ့အဝတ်အစားတွ ဆိုရင်လည်း သာမန်ပဲကို အဲ့ဒါနဲ့များ သူ့ဆီ စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို ဘာလို့ ပေးလိုက်ရတာလဲ” ရုန်မေက ဇဝေဇဝါ ဖြစ်နေသည့် အမူအရာနဲ့ မေးလိုက်တယ်။ ထို့နောက် သူမဘာသာ တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်နေလိုက်တယ် “ဘယ်လောက်တောင် ကျေးဇူးမသိတတ်တဲ့ ကောင်စုတ်လဲ။ ကျေးဇူးတင်စကားလေးတောင် ပြောမသွားဘူး”
“သူဘာလို့ ငါတို့ကို ကျေးဇူးတင်ရမှာလဲ။ သူကလည်း ငါတို့ဆီက စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို အလကား ယူခဲ့တာမှ မဟုတ်တာ” ထောင်ရန့်အကြည့်က ရုန်မေလက်ထဲက ဆေးပုလင်းဆီ ရောက်သွားပြီး ပြောလိုက်တယ် “နင်တို့ဘာသာ နင်တို့ ဖွင့်ကြည့်လိုက်”
“ကောင်းပြီလေ” ရုန်မေက နှုတ်ခမ်းလေး ဆူလိုက်ပြီး စိတ်ကောက်နေတဲ့ ကလေးတစ်ယောက် ပုံစံနဲ့ “ဆေးပုလင်းလေး တစ်ပုလင်းပဲ မဟုတ်ဘူးလား။ ဒီထဲမှာပါတဲ့ ဆေးလုံးတွေက စိတ်ဝိဥာဉ်သန့်စင်ပုလင်းနဲ့ တန်ဖိုးတူညီမှာ ဖြစ်နိုင်လို့လား၊ ဟွန့်”
မကျေမနပ်နဲ့ အထွန့်တက်နေရင်း ဆေးပုလင်းအဖုံးကို ဖွင့်လိုက်ပြီး ဆေးရနံ့ကို ရှူရှိုက်ကြည့်လိုက်တယ်။ သူမရဲ့ မျက်နှားလေးက ရုတ်ချည်း ဖြူလျော်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်စွာနဲ့ ထောင်ရန်ကို ကြည့်လိုက်တယ်။
ထိုအရာကို မြင်လိုက်တာနဲ့ ထောင်ရန်က အသာအယာလေး သက်ပြင်းချလိုက်တယ်။
“မဖြစ်နိုင်ဘူး….” ရုန်မေရဲ့ မျက်နှာက အံ့အားသင့်မှုတို့ဖြင့် ပြည့်နေပြီး အမှန်တရားကို မယုံကြည်နိုင်သေးတဲ့ ပုံပါပဲ။ ထို့နောက် ဆေးပုလင်းထဲက ဆေးလုံးတစ်လုံးကို ချက်ချင်း ထုတ်ယူလိုက်ပြီး ထိုဆေးလုံးကို တုန်တုန်ရီရီနဲ့ သေချာစစ်ဆေးလိုက်တယ်။ ကျန်တဲ့ နှစ်ယောက်လည်း ရုန်မေနားသွားကာ ဆေးရနံ့ကို သွားရှူလိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ထိတ်လန့်တကြားနဲ့ အော်ဟစ်လိုက်တယ် “ကောင်းကင်အဆင့် ဆေးလုံးတွေ”
“သေချာကြည့်ဦး” ထောင်ရန်က အခြားသူတွေထက် ပိုပြီး အမြင်စူးရှတာ သိသာပါတယ်။ တစ်ချက်ကြည့်ရုံနဲ့တင် ဆေးလုံးရဲ့ အရည်အသွေးကို တန်းသိသွားခဲ့ပါတယ်။
“ဒါက… ကောင်းကင် အထွတ်အထိပ်အဆင့် ဆေးလုံးလား” သူ့ဂျူနီယာသုံးယောက်ရဲ့ မျက်နှာကတော့ ရှုံ့မဲ့မနေတော့ပဲ အပျော်တွေနဲ့ ပြည့်နေခဲ့ပါတော့တယ်။
“ကောင်းကင်အထွတ်အထိပ်အဆင့် ချီပြန်ဖြည့်ဆေးလုံးတွေ” ထောင်ရန်က ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး “ငါ့ကို ပြောစမ်းပါ၊ အဲ့ဆေးလုံးတွေက စိတ်ဝိဥာဉ်သန့်စင်ပုလင်းနဲ့ တန်ဖိုးညီရဲ့လား”
ရုန်မေရဲ့ မျက်နှာလေးက ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့ကာ “အင်း”
ထိုလေးယောက်က မိစ္ဆာလိုဏ်ဂူဆီ အတွေ့အကြုံရှာဖို့ လာခဲ့တာ ဖြစ်တဲ့အတွက် အစစ်အမှန်ချီ ပြန်ဖြည့်ဆေးတွေ၊ ကုသရေး ဆေးလုံတွေကို ကျိန်းသေ သယ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ယူလာတဲ့ ဆေးလုံးတွေက အမြင့်ဆုံးမှာ ကောင်းကင်အဆင့်နိမ့် ဆေးလုံးတွေပါ။ ရန်ကိုင် သာမန်ကာလျှံကာနဲ့ သူတို့ဆီ ပစ်ပေးလိုက်တဲ့ ဆေးလုံးတွေက သူတိုယူလာတဲ့ ဆေးလုံးတွေထက်တောင် ပိုပြီး အဆင့်မြင့်နေပါသေးတယ်။
အဆင့်နှစ်ဆင့်ပဲ ဆိုပေမယ့် အရည်အသွေး ကွာခြားချက်ကတော့ ကောင်းကင်နဲ့မြေကြီး ဝေးကွာသလို ကွာခြားပါတယ်။
တစ်ခါတစ်ရံမှာ ဆေးကောင်းတွေရဲ့ တန်ဖိုးက ငွေနဲ့တောင် တိုင်းတာလို့ မရပါဘူး။ အထူးသဖြင့် သေရေးရှင်ရေး အခြေအနေကို ကြုံတွေ့တဲ့ အချိန်လိုမျိုးမှာပေါ့။
“အဲ့ကောင်လေးက ဘယ်သူလဲ မသိဘူး။ အရမ်းကို ရက်ရောတာပဲ” ပိန်ပိန်ပါးပါး ပုံစံနဲ့ ဂျူနီယာက သက်ပြင်းရှိုက်လိုက်ပြီး သူ့မျက်နှာကတော့ ထိတ်လန့်အံ့အားသင့်မှုတွေနဲ့ ပြည့်နေခဲ့တယ်။
သူတို့တွေ အကုန်လုံး ဘယ်လိုမှာ နားမလည်နိုင်တော့ပါဘူး။ သူတို့ရဲ့ စီနီယာအစ်ကိုနဲ့ ထိုလူငယ်လေးက အခုမှ ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးတာပါ။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးရှိလှတဲ့ ရတနာတွေကို အပြန်အလှန်ပေးရင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်သူက ပိုပြီး ရက်ရောလဲ ဆိုတာကို ပြိုင်နေခဲ့ကြတယ်။
“ငါက သူ့ကို မက်မွန်းသီး တစ်လုံး ပေးလိုက်တယ်။ သူက ငါ့ကို ကျေးဇူးတင်တဲ့ အနေနဲ့ လက်ဆောင်တစ်ခု ပြန်ပေးတယ်။ အဲဒါပါပဲ” ထောင်ရန်က ပြောနေရင်းနဲ့ သူ့ဂျူနီယာသုံးယောက်ကို အပြစ်တင်လိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ရင်း “သူ့ရဲ့ အစစ်အမှန် အဆင့်အဆန်းက ဘာပဲဖြစ်နေဖြစ်နေ နင့်ရဲ့ စီနီယာအစ်ကိုကြီးက သူနဲ့သူငယ်ချင်း ဖြစ်ချင်ရုံပဲ။ အခုတော့ မင်းတို့၊နင်တို့တွေကြောင့် ငါလုပ်ခဲ့တာတွေ အကုန်လုံး အချည်းနှီး ဖြစ်သွားခဲ့ရပြီ”
ထိုကဲ့သို့ ဆူပူကြိမ်းမောင်း ခံလိုက်ရတဲ့အတွက် ဂျူနီယာသုံးယောက်လည်း အပြစ်ရှိသလို ခံစားလိုက်ကြရတယ်။
ထို့နောက် ရုန်မေက သိချင်စိတ်ဖြင့် မေးလိုက်တယ် “သူက မိတ်ဆွေဖွဲ့ထိုက်တယ်လို့ စီနီယာအစ်ကို ဘယ်လိုသိတာလဲ။ လူအမျိုူးမျိုး စိတ်အထွေထွေပဲလေ။ အကယ်၍ သူက ကောက်ကျစ်ယုတ်မာတဲ့ လူတစ်ယောက် ဖြစ်နေရင်ကော”
ထောင်ရန်က ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး “သူ့မှာသာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတယ်ဆိုရင် သူရှိနေတယ်ဆိုတာကို ငါတို့သိသွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ အသံပေးခဲ့မှာ မဟုတ်ဘူး”
ရောက်တာတဲ့ ရန်ကိုင်က ဘာလို့ဆူဆူညံညံ လုပ်ခဲ့လဲဆိုတာကို သူတို့သုံးယောက် အခုမှပဲ နားလည်သွားခဲ့တယ်။ လတ်စသတ်တော့က သူက ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေတာကိုး။
အဲ့လိုလုပ်မှပဲ သူတို့ သူ့ကို အထင်အမြင် မလွဲတော့မှာလေ။
သူအဲ့လိုလုပ်တာကို ကြည့်ရင် သူကိုယ်တိုင်ကာ ပြဿနာမဖြစ်ချင်ဘူး ဆိုတာ သိသာပါတယ်။
“ပြီးတော့” ထောင်ရန်မျက်ဝန်းထဲ သတိပေးလို့သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး “ခုဏတုန်းက သူ့ပုံစံအရဆို သူ ဒီနေရာကို မသိတာ အသိအသာကြီးပဲ၊ အဲ့ဒါကိုတောင် သူက ဒီကို တစ်ယောက်တည်း လာရဲတယ်ဆိုတော့ သူက သန်မာလိမ့်မယ်ဆိုတာ သံသယရှိစရာ မလိုဘူး”
“မဟုတ်ရင်လည်း မဟုတ်နိုင်ဘူးလေ။ သူက ငါတို့ထက်တောင် ပိုပြီးငယ်နေသေးတာကို” ရုန်မေက ထောင်ရန် ပြေတာကို မယုံတာ အသိသာကြီးပါ။
“အသက်ဆိုတာ ကျင့်ကြံသူတွေအတွက် အဲ့လောက်ကြီး အရေးမကြီးတော့ဘူး။ သူက ငါတို့လေးယောက်ကို တစ်ယောက်တည်း ရင်ဆိုင်နေရတာတောင် သူ့ပုံစံက အသာအယာပဲ။ နည်းနည်းလေးတောင် စိုးရိမ်ပူပန်နေတဲ့ ပုံမပေါက်ဘူး။ အဲ့ဒါက ဘာကို ပြောချင်တာလဲ။ သူက ငါတို့ သူ့ကို တိုက်ခိုက်မှာကို လုံးဝ မကြောက်ဘူးဆိုတာပဲ။ ငါတို့အားလုံးကို သူတစ်ယောက်တည်းနဲ့ အနိုင်ယူဖို့ ယုံကြည်ချက် အပြည့်ရှိတယ်လို့ ပြောတာပဲ။ အဲ့ဒါကြောင့်ပဲ ငါသူနဲ့ မိတ်ဆွေဖွဲ့ချင်ခဲ့တာ”
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” ကျန်သုံးယောက်က ထိတ်လန့်သွားတဲ့ အမူအရာနဲ့ အဆက်မပြတ် ခေါင်းခါယမ်းရင်း “ငါမယုံဘူး”
ထောာင်ရန်က သူ့ရဲ့ ဂျူနီယာသုံးယောက်ကို စိတ်ပျက်သွားတဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး “မင်းတို့၊ နင်တို့အားလုံးက အရမ်းကို အမြင်ကျဉ်းလွန်းကြတယ်။ ကမ္ဘာကြီးမှာ ဂျီးနီယပ်တွေဆိုတာ မှိုလိုပေါလို့၊ အားကောင်းတဲ့ ပါရမီရှင်တွေက နေရာတိုင်းမှာ ပေါ်ထွက်နေတာ။ တစ်ခုခုကို ဆုံးဖြတ်တော့မယ် ဆိုရင် အနာဂတ်ကို ကြိုကြည့်ပြီးတော့ ဆုံးဖြတ်တတ်ရတယ်”
ဒါပေမယ့် ရုန်မေက ရယ်မောလိုက်ပြီး “စီနီယာအစ်ကိုက အဲ့လိုပြောနေရင်တောင် ငါမယုံဘူး။ ဟဲဟဲ… ကမ္ဘာပေါ်မှာ ဂျီးနီးယပ်တွေ အများကြီး ရှိတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် သူ့အသက်အရွယ်လေးနဲ့ ငါတို့ကို သတ်နိုင်တယ် ဆိုရင်တော့ အဲ့လူက ဂျီးနီးယပ်မဟုတ်တော့ဘူး၊ မွန်းစတား ဖြစ်သွားပြီ”
ကျန်တဲ့ နှစ်ယောက်လည်း ခေါင်းညိတ်လိုက်တယ်။ သူတို့ စီနီယာအစ်ကိုရဲ့ စကားတွေကို မယုံတာ အသိသာကြီးပါ။
“ဟာ…” သူ့ဂျူနီယာသုံးယောက်ကိုသာ ဆက်ပြီး ရှင်းပြနေရင် ကျွဲပါးဆောင်းတီးသလိုပဲ အချိန်ပဲပုပ်သွားမယ်ဆိုတာကို နားလည်လိုက်တဲ့အတွက် ထောင်ရန်က သက်ပြင်းချလိုက်ပြီး “မင်းတို့သုံးယောက်… ငါ့စကားတွေကို သေချာမှတ်ထား။ ဒီကမ္ဘာကြီးမှာ ရှင်သန်နိုင်ဖို့ဆိုရင် မင်းတို့ ခွန်အားမရှိရင် မရှိလို့ရတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားနိုင်စွမ်း ကင်းမဲ့လို့တော့ မရဘူး။ ဘယ်သူကို ရန်မစသင့်ဘူးလဲ၊ ဘယ်သူနဲ့ မိတ်ဆွေ ဖြစ်သင့်လဲဆိုတာကို မင်းတို့အားလုံး သေချာမြင်တတ်ရမယ်။ အဲ့လိုလုပ်နိုင်မှပဲ မင်းတို့ အသက်ရှည်ရှည် နေနိုင်လိမ့်မယ်”
“ကောင်းပြီ၊ ကောင်းပြီ၊ စီနီယာအစ်ကိုက အခုလို ဆုံးမဩဝါဒ ချွေရတာကို အရမ်းနှစ်သက်မှန်း ငါသိတယ်၊ ဒါပေမယ့် ငါတို့ အခုသွားသင့်နေပြီ၊ ဟိုကောင်က အခုဆို ငါတို့ရှေ့ကိုတောင် ရောက်နေပြီ” ရုန်မေက ထောင်ရန်ဆီ လမ်းလျှောက်သွားလိုက်ပြီး သူ့အင်္ကျီလက်စကို ဆွဲကာ “ငါတို့ မြန်မြန်သွားသင့်တယ်၊ သူ့နောက်ကိုသာ အမှီလိုက်နိုင်မယ်ဆိုရင် သူမှာ စီနီယာအစ်ကို ပြောသလို ခွန်အားရှိမရှိ သိရတာပေါ့။ စီနီယာအစ်ကို ဆက်ပြီးပြောနေရင်လည်း အပိုပဲ ဖြစ်နေမှာ၊ လက်တွေ့က သီအိုရီထက် ပိုပြီး ထိရောက်မှုရှိတယ် စီနီယာအစ်ကိုရဲ့”
“ကောင်းတယ်” ထောင်ရန်က ခေါင်းညိတ်လိုက်ပြီး သွားတဲ့ အရှိန်ကို မြင့်လိုက်တယ်။
တကယ်ဆိုရင် ရန်ကိုင်က ဘာကိုအားကိုးပြီး ဒီနေရာဆီ လာရဲဆိုတာက သူလည်း သိချင်နေမိတာပါ။
ကီလိုမီတာ များစွာ အဝေးမှာတော့…
ရန်ကိုင်က မျက်မှောင်ကြုံပြီး သူ့ရှေ့မှာရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်လို့ခေါ်တဲ့ တစ္ဆေပုစံ သတ္တဝါကို ကြည့်နေခဲ့တယ်။
သေသေချာချာ စစ်ဆေးကြည့်လိုက်တဲ့အခါ ထိုတစ္ဆေပုံစံ အကောင်က တစ်ဝက်တစ်ပျက် အစိုင်အခဲအဆင့်မှာ ရှိနေပြီး လက်တွေ၊ ခြေတွေလည်း မရှိတာကို တွေ့ရှိလိုက်ရတယ်။
တစ်ခဏကြာပြီးနောက် ရန်ကိုင်က ထိုအကောင်ဆီ လမ်းလျှောက်သွားလိုက်တယ်။
မိစ္ဆာစိတ်ဝိဥာဉ်တွေက အသိစိတ်မရှိပေမယ့် အသက်စွမ်းအင်ကိုတော့ အရမ်း အာရုံခံစားလွယ်ပါတယ်။ သက်ရှိတစ်ကောင်က သူတို့ရဲ့ ပတ်ပတ်လည် အကွာအဝေး တစ်ခုအတွင်းသို့ ဝင်ရောက်လာတာကို ခံစားမိလိုက်တာနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှာဖြစ်ပြီး သူတို့ရဲ့ သားကောင် မသေမချင်း လက်လျှော့သွားလိမ့်မှာ မဟုတ်ပါဘူး။
ရန်ကိုင်က မိစ္ဆာစိတ်ဝိဥာဉ်နဲ့ မီတာဒါဇင်ကျော်လောက် အကွာအဝေးကို ရောက်လာတဲ့ အချိန်မှာတော့ မိစ္ဆာစိတ်ဝိဥာဉ်က သူ့ကို တွေ့ရှိသွားခဲ့တယ်။
ထို့နောက် အော်ဟစ်မြည်တမ်းရင်း ချက်ချင်းပဲ ရန်ကိုင်ဆီ ပြေးဝင်သွားလိုက်တယ်။
လေထုက တစ်မုဟုတ်ချည်း ရေခဲတမျှ အေးစက်သွားခဲ့ပြီး လေတိုးသံတို့ကလည်း သူ့နားထဲ တဝှီဝှီ မြည်နေခဲ့တယ်။
မိစ္ဆာစိတ်ဝိဥာဉ်က သူ့နားရောက်လာတာနဲ့ ရန်ကိုင်က အစစ်အမှန်ယန်ချီကို သုံးပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တယ်။
လက်ဝါးချက်စာ မိသွားတာနဲ့ မိစ္ဆာစိတ်ဝိဥာဉ်က ဒယီးဒယိုင်နဲ့ နောက်ပြန်ဆုတ်လိုက်ရတယ်။ ထို့နောက် ရန်ကိုင် လက်ဝါးချက် ထိသွားတဲ့နေရာမှ မီးတောက်တို့ ထွက်ပေါ်လာခဲ့ပြီး ထိုမိစ္ဆာစိတ်ဝိဥာဉ်ကို စတင်လောင်ကျွမ်းပါတော့တယ်။
အစစ်အမှန်ယန်ချီကို မိစ္ဆာစွမ်းအင်သုံးပြီး မိစ္ဆာစိတ်ဝိဥာဉ်က အမြန်အဆန်ပဲ ခုခံလိုက်ပေမယ့် ရန်ကိုင် လက်ဝါးချက်က ထိုအကောင်ကို တော်တော်လေး ထိခိုက်သွားစေတဲ့ပုံပါပဲ။ မိစ္ဆာစိတ်ဝိဥာဉ် ကိုယ်ကနေ ထွက်ပေါ်နေတဲ့ အစိမ်းရောင် အလင်းရောင်က သိသိသာသာကို မှိန်ကျသွားခဲ့တယ်။
အော်ဟစ်မြည်ကြွေး နေတာကို ရပ်တန့်လိုက်ပြီး မိစ္ဆာစိတ်ဝိဥာဉ်က တစ်ခဏတာလောက် ကြောင်သွားခဲ့တယ်။ မကြာခင်မှာပဲ အသိပြန်ဝင်လာခဲ့ပြီး တစ်ဖက်လှည့်ကာ ရန်ကိုင်နဲ့ ဆန့်ကျင်ဘက် အရပ်ဆီ ချက်ချင်းပဲ ထွက်ပြေးသွားပါတော့တယ်။
ရန်ကိုင်က တစ်ခဏတာလောက် ကြောင်သွားခဲ့ပြီး တစ်ခုခု မူမမှန်သလို ခံစားလိုက်ရကာ ထိုမိစ္ဆာစိတ်ဝိဥာဉ်နောက် ပြေးလိုက်သွားလိုက်တယ်။
မိစ္ဆာစိတ်ဝိဥာဉ်က အစိုင်းအခဲပုံစံ မဖွဲ့တည်နိုင်သေးပေမယ့် သူ့ရဲ့ အရှိန်ကတော့ တော်တော်လေးကို မြန်ဆန်ပါတဘ်။ အချိန်အတော်ကြာ လိုက်ပြီးတော့မှပဲ ထိုမိစ္ဆာစိတ်ဝိဥာဉ်ကို ရန်ကိုင် မှီသွားခဲ့တယ်။ နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်မံ တိုက်ခိုက်လိုက်ရ ပြီးတဲ့နောက်မှာတာ့ မိစ္ဆာစိတ်ဝိဥာဉ်လေး ပျောက်ကွယ်သွားခဲ့ရပြီး မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေသာ ကျန်ရစ်ခဲ့တယ်။
ဖြစ်စဉ်တစ်ခုလုံးက ရန်ကိုင် ထင်ထားတာထက်တောင် ပိုပြီး လွယ်ကူ သက်သာနေပါသေးတယ်။
ထောင်ရန်တို့ မိစ္ဆာစိတ်ဝိဥာဉ်ကို တိုက်ခိုက်နေခဲ့တာကို ကြည့်ပြီး မိစ္ဆာစိတ်ဝိဥာဉ်တစ်ကောင်ကို အနိုင်ယူဖို့ တော်တော်လေး ခက်ခဲမယ်လို့ သူထင်ထားခဲ့တာပါ။
ရှေ့ဆက်မသွားသေးပဲ နေရာမှာပဲ ရပ်နေရင်း ဖြစ်ပျက်ခဲ့တာတွေ အကုန်လုံးကို ပြန်စဉ်းစားကြည့်လိုက်တယ်။
မိစ္ဆာစိတ်ဝိဥာဉ်တွေက မသေမချင်း လက်လျှော့မယ့် ကောင်တွေ မဟုတ်ဘူးလို့ သူကို ပြောခဲ့ကြပါတယ်။ ဒါပေမယ့် ထိုအကောင်က တိုက်နေရင်း တန်းလန်းကြီးနဲ့ ဘာလို့ ထွက်ပြေးသွားခဲ့ရတာလဲ။ ပြီးတော့ ထိုမိစ္ဆာစိတ်ဝိဥာဉ်ကို သတ်ဖို့ ဘာလို့ ဒီလောက် လွယ်ကူနေရတာလဲ။
မိစ္ဆာစိတ်ဝိဥာဉ်က ငါ့ရဲ့ အစစ်အမှန်ယန်ယွမ်ချီ ဖိနှိပ်တာကို ခံလိုက်ရလို့များ ဖြစ်နေမလား
တစ်ခဏကြာအောင် စဉ်းစားလိုက်ပြီးနောက် သူ့ရဲ့ အစစ်အမှန်ယန်ယွမ်ချီ ကြောင့်ပဲ ဖြစ်ရမယ်လို့ ရန်ကိုင် ကောက်ချက်ချလိုက်တယ်။
မိစ္ဆာသက်ရှိတွေနဲ့ ရင်ဆိုင်ရာမှာ သူ့ရဲ့ အစစ်အမှန်ယန်ယွမ်ချီက အားသာချက်ကြီး တစ်ခုအဖြစ် အမြဲတမ်း ရှိနေခဲ့ပါတယ်။ ထိုအစစ်အမှန် ယန်ယွမ်ချီကိုပဲ သုံးပြီး ရွှေရောင်အရိုးခြောက်ထဲမှာ ရှိတဲ့ မိစ္ဆာစွမ်းအင်တွေကို သူဖိနှိပ်လာခဲ့တာပါ။
ထိုအကြောင်းကို စဉ်းစားမိလိုက်တာနဲ့ ရန်ကိုင် ကြောင်အသွားခဲ့ရသလို စိတ်လည်း လှုပ်ရှားသွားခဲ့ရတယ်။
ထို့နောက် စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို ထုတ်ယူလိုက်ပြီး ရုန်မေလုပ်တဲ့ ပုံစံအတိုင်း ပုလင်းထဲကို အစစ်အမှန်ချီ ထည့်သွင်းလိုက်ပြီး မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အဆီအနှစ်ဆီ ညွှန်လိုက်တယ်။ ထိုကဲ့သို့ လုပ်လိုက်တာနဲ့ စိတ်ဝိဥာဉ်သန့်စင်ပုလင်းက သူ့ရှေ့မှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို ချက်ချင်းပဲ စုပ်ယူသွားခဲ့တယ်။
ကျေကျေနပ်နပ်နဲ့ ခေါင်းညိတ်ရင်း ရန်ကိုင်က တိုးတိုးလေး ရယ်မောလိုက်တယ်။
ထို့နောက် စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို ပြန်သိမ်းထားလိုက်ပြီး မြန်မြန်ဆန်ဆန်ပဲ ခရီးဆက်လိုက်တယ်။
ဒီနေရာမှာ ကျင့်ကြံသူတွေ အများကြီး ရှိမနေပါဘူး။ ရှိနေတဲ့ ကျင့်ကြံသူတွေ အားလုံးကလည်း တကွဲတပြား ဖြစ်နေကြာတာပါ။ ထို့ကြောင့် ရန်ကိုင်က အခြားကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တိုးမိမှာကို စိတ်ပူစရာ မလိုပဲ အေးအေးသက်သာနဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်လို့နေခဲ့တယ်။
နေ့တစ်ဝက်အတွင်းမှာပဲ စိတ်ဝိဥာဉ်သန့်စင်ပုလင်းက မိစ္ဆာစိတ်ဝိဥာဉ် အကောင်၂၀ရဲ့ အဆီအနှစ်တွေနဲ့ ပြည့်သွားခဲ့တယ်။ ဒါပေမယ့် ထိုအဆီအနှစ်တွေထဲမှာ ပါဝင်တဲ့ စွမ်းအင်တွေက အရမ်းကြီး မများပြားဘူးလို့ ရန်ကိုင် ခံစားနေခဲ့ရတယ်။ ထိုကြောင့် ထိုအဆီအနှစ်တွေထဲမှာ ပါဝင်တဲ့ စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူလိုက်မယ် ဆိုရင်တောင် သူ့ကျင့်ကြံခြင်းကို အရမ်းကြီး အထောက်အကူ ပေးနိုင်လိမ့်မှာ မဟုတ်ပါဘူး။
Martial Peak
အပိုင်း(၃၂၉) လျော်ပေးစရာ မလိုဘူး
ရန်ကိုင်အနောက်ဘက် ကီလိုမီတာ ဒါဇင်ကျော် အကွာလောက်မှာတော့ ထောင်ရန်နဲ့ သူ့အဖွဲ့တို့ ရှိနေခဲ့တယ်။ သူတို့တွေက ပတ်ဝန်းကျင်ကို သတိထားရင်း လမ်းလျှောက်နေခဲ့ကြာကာ အချိန်အတော် ကြာသွားသည့်တိုင်အောင် မည်သည့် မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်တစ်လေကိုမှ မတွေ့ခဲ့ရသဖြင့် စိတ်ရှုပ်သွားခဲ့ရတယ်။
“ဒီနေရာက ဘာလို့ ဒီလောက်တောင် ငြိမ်းချမ်းနေရတာလဲ” ရုန်မေက မျက်မှောင်ကြုံရင်း ပြောလိုက်တဘ်။
ထောင်ရန်က ဘေးပတ်ဝန်းကျင်ကို သံသယအပြည့်နဲ့ သတိထားကြည်ရင်း ရုတ်တရက် အံ့အားသင့်သွားသည့် အမူအရာနဲ့ ပြောလိုက်တယ် “မိစ္ဆာစိတ်ဝိဥာဉ်တွေ အားလုံး အသတ်ခံလိုက်ရတာ ဖြစ်နေလောက်တယ်”
“ဒီမိစ္ဆာလိုဏ်ဂူရဲ့ အပြင်မှာဘက်မှာ ကျင့်ကြံသူက နည်းနည်းလေးပဲ ရှိတာကို ဘယ်သူကများ မိစ္ဆာစိတ်ဝိဥာဉ်တွေ အားလုံးကို သတ်ပစ်သွားရတာလဲ” ရုန်မေက ရုတ်တရက် ရယ်မောလိုက်ပြီး တစ်ခုခုကို တွေးမိသွားပုံရကာ ထောင်ရန်ဘက်လှည့်ပြီး ထိတ်လန့် အံ့အားသင့်နေသည့် အမူအရာနဲ့ “စီနီယာအစ်ကို၊ နင်ဆိုလိုတာက…”
“အင်း၊ မိစ္ဆာလိုဏ်ဂူရဲ့ အတွင်းပိုင်းထဲကနေ ပြန်လာတဲ့ လူတစ်ယောက်ကိုမှ ငါတို့မတွေ့ရသေးဘူး။ အဲ့တော့ ဖြစ်နိုင်တာက ငါတို့ရှေ့မှာ ရှိနေတဲ့ လူတစ်ယောက်ယောက်ကပဲ မိစ္ဆာစိတ်ဝိဥာဉ်တွေ အကုန်လုံးကို ရှင်းပစ်သွားတာ ဖြစ်နိုင်တယ်”
ထောင်ရန်ရဲ့ အကြည့်က ထက်ရှသွားခဲ့ပြီး “သူ့ရဲ့ စွမ်းအားကို ငါအထင်သေးမိသွားတဲ့ ပုံပဲ။ သူက အရမ်း သန်မာရုံမကလို့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို ဖိနှိပ်နိုင်တဲ့ အရမ်းကို အားကောင်းတဲ့ သိုင်းပညာရပ်တွေကိုလည်း လေ့ကျင့်ထားတဲ့ ပုံပဲ။ မဟုတ်ရင် သူ့ရဲ့ စွမ်းအားက အရမ်းကို အံ့အားသင့်ဖွယ် ကောင်းနေရင်တောင် မိစ္ဆာစိတ်ဝိဥာဉ်တွေ အားလုံးကို ဒီလောက်မြန်မြန်နဲ့ ရှင်းပစ်နိုင်မှာ မဟုတ်ဘူး”
ထောင်ရန့် ဂျူနီယာသုံးယောက်စလုံး တုန်လှုပ်ခြောက်သွားခဲ့ပြီး သူတို့ထဲက ဘယ်သူမှ ရန်ကိုင်ကို ဆက်ပြီး အထင်မသေးရဲ တော့ပါဘူး။
ရန်ကိုင်က စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို ကိုင်ရင်း သူ့ရှေ့က မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို စုပ်ယူဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် အချိန်အတော် ကြာသွားတာတောင် ဘာမှမထူးခြားလာခဲ့ပါဘူး။
ရန်ကိုင်က စိတ်ရှုပ်ရှုပ်နဲ့ မျက်မှောင် ကြုံ့နေလိုက်တယ်။
အချိန်အတော်ကြာအောင် သေချာစစ်ဆေး ကြည့်ပြီးတော့မှပဲ သူနားလည်သွားခဲ့တယ်။ သူ့ရဲ့စိတ်ဝိဥာဉ်သန့်စင်ပုလင်းက ပြည့်မှတ်ကို ရောက်နေခဲ့ပါပြီ။ ထို့ကြောင့် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို ဆက်ပြီး မစုပ်ယူနိုင်တော့တာပါ။
ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ ရန်ကိုင်က ခေါင်းခါယမ်းလိုက်ပြီး မဲ့ပြုံးပြုံးလိုက်တယ်။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ရှေ့မှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်် အဆီအနှစ်တွေ အားလုံးကို တိုက်ရိုက်စုပ်ယူလိုက်တယ်။
အစစ်အမှန်ယန်ယွမ်ချီကို သုံးပြီး သန့်စင်လိုက်တာနဲ့ မိစ္ဆာစိတ်ဝိဥာည် အဆီအနှစ်က သန့်စင်တဲ့ စွမ်းအင်တွေ အဖြစ်ပြောင်းလဲသွားခဲ့ပြီး ရွှေရောင်အရိုးခြောက်၏ စုပ်ယူခြင်းကို ခံလိုက်ရတယ်။
လွယ်လွယ်လေးပါလား
ထိုစွမ်းအင် အစုအဝေးကို စုပ်ယူလိုက်တာနဲ့ ရွှေရောင်အရိုးခြောက်က ထူးထူးခြားခြား တုန့်ပြန်လာခဲ့တယ်။ ရွှေရောင်အရိုးခြောက်က ထိုစွမ်းအင်တွေကို တော်တော်လေး ကြိုက်နှစ်သက်တဲ့ ပုံပါပဲ။
ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေက ရွှေရောင်အရိုးခြောက်အတွက် တော်တော်လေး အကျိုးရှိတဲ့ ပုံပါပဲ။ ထိုအချက်ကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင်လည်း ပျော်ရွှင်စွာနဲ့ ပြုံးလိုက်တယ်။
လီယုရဲ့ ခရမ်နတ်ဆိုးချီကို စုပ်ယူသန့်စင်လိုက်တုန်းကလည်း ထိုခံစားချက်ကို သူရရှိခဲ့ဖူးပါတယ်။ ထို့ကြောင့် ဒီနေရာက ရွှေရောင်အရိုးခြောက်အတွက် သုခဘုံတစ်ခု ဖြစ်မယ်လို့ ခန့်မှန်းပြီး လာခဲ့လိုက်တာ သူခန့်မှန်းခဲ့တဲ့အတိုင်း တကယ် ဖြစ်နေခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို သန့်စင်ရတာ သူ့အတွက် အရမ်းကို လွယ်ကူပါတယ်။ ထို့ကြောင့် ရန်ကိုင်က စိတ်ဝိဥာဉ်သန့်စင်ပုလင်းထဲက မိစ္ဆာစိတ်ဝိဥာဉ်အဆီအနှစ်တွေ အားလုံးကို တစ်ခါတည်း စုပ်ယူပစ်လိုက်တယ်။
၁၅တောင် မကြာသေးခင်မှာပဲ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အခု၂၀စလုံးကို သူသန့်စင်ပြီးသွားခဲ့ပါပြီ။
ရွှေရောင်အရိုးခြောက် ပျော်နေတယ်လို့ ရန်ကိုင် ရုတ်တရက်ကြီး ခံစားလိုက်ရတယ်။
သူစိတ်ပျက်သွားတာက ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေက သူ့ခွန်အားကိုသာ တိုးတက်စေပြီး ဥာဏ်အလင်း ပွင့်သွားအောင် ၊ သိုင်းပညာရပ်တွေကို ပိုပြီး နားလည်သွားအောင် မကူပေးနိုင်သလို သူ့စိတ်စွမ်းအင်ကို တိုးတက်အောင်လည်း မလုပ်ပေးနိုင်ခဲ့ပါဘူး။
အဲ့လိုဆိုရင်တောင် အခုရသလောက်နဲ့ပဲ ရန်ကိုင် ကျေနပ်ပါတယ်။ ထူးခြားတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေက အရမ်းကို ရှားပါးတယ်ဆိုတာ ရန်ကိုင်သိပါတယ်။ တစ်ခုတွေ့ရင်တောင် ကံကောင်းတယ်လို့ ဆိုလို့ ရနေပါပြီ။
သူဆက်သွားဖို့ လုပ်နေတုန်းမှာပဲ သူ့စိတ်ထဲ တစ်ခုုခကို ခံစားရလိုက်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်တယ်။
တစ်ခဏလောက် မျက်မှောင်ကြုံ့နေလိုက်ပြီးနောက် ရန်ကိုင်က ထိုနေရာဆီ ပြေးသွားလိုက်တယ်။
နာရီဝက်ကြာပြီးနောက် တိုက်ပွဲဖြစ်နေသည့် အသံတို့ကို သူကြားလိုက်ရတယ်။ သူမော့ကြည့်လိုက်တဲ့အခါ သိုင်းပညာရပ်တွေ ထုတ်သုံးရာကနေ ထွက်ပေါ်လာတဲ့ အလင်းရောင်တွေကို တွေ့မြင်လိုက်ရတယ်။
ရန်ကိုင် လှမ်းကြည့်လိုက်တဲ့အခါ အဖွဲ့တစ်ဖွဲ့က အတူတူပူးပေါင်းပြီး မိစ္ဆာစိတ်ဝိဥာဉ်အနည်းငယ်ကို မိန်းမငယ်လေး တစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းတိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်။
သူတို့တွေ အသုံးပြုနေတဲ့ သိုင်းပညာရပ်တွေက အနည်းငယ် မိစ္ဆာဆန်ပါတယ်။ သူတို့အားလုံးရဲ့ လက်တွေက ဖြူစွတ်နေပြီး တစ္ဆေလက်သည်းတွေနဲ့တောင် တူနေပါသေးတယ်။ သေသေချာချာ လေ့လာကြည့်ပြီးတဲ့နောက် ထိုလူတွေက သိုင်းပညာရပ်တစ်ခုကို အသုံးပြုလိုက်တဲ့အချိန်တိုင်း စူးရှတဲ့ ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာကာ လေထုကို ထိုးခွဲသွားပြီး မိစ္ဆာစိတ်ဝိဥာဉ်တွေဆီ ပြေးဝင်သွားခဲ့တယ်။
ထိုသိုင်းပညာရပ်ကို သုံးလိုက်တဲ့အချိန် ထွက်ပေါ်လာတဲ့ တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နေရတဲ့ အကောင်တွေက မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့တောင် အနည်းငယ် ဆင်တူနေခဲ့ပါတယ်။
ရန်ကိုင်ရဲ့ အာရုံကို ဆွဲဆောင်သွားတာက ထိုလူငယ်တွေ ရင်ဆိုင်နေရတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက သူရင်ဆိုင်ခဲ့ရတဲ့ အကောင်တွေနဲ့ မတူပါဘူး။
သူတွေ့ခဲ့တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေ အားလုံးက အစိမ်းရောင်တွေ ချည်းပါပဲ။ ဒါပေမယ့် ထိုအဖွဲ့တိုက်ခိုက်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက သွေးလို နီရဲနေခဲ့ပါတယ်။
ပြီးတော့ ထိုမိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ ခွန်အားက အစိမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေထက် ပိုပြီးအားကောင်းပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက အစိမ်းရောင်ကောင်တွေနဲ့ ယှဉ်ရင် လူနဲ့ပိုပြီး ဆင်တူပါတယ်။
ထို့ကြောင့် ထိုအဖွဲ့ရဲ့ လူအရေအတွက်က ထောင်ရန်တို့ အဖွဲ့ထက် များပေမယ့် ထိုမိစ္ဆာစိတ်ဝိဥာဉ်တွေကို အနိုင်ယူဖို့ အချိန်အတော်ကြာ ယူနေခဲ့ရပါတယ်။
မိစ္ဆာစိတ်ဝိဥာဉ် လေး၊ငါးကောင်က အော်ဟစ်မြည်ကြွေးရင်း တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကာ အတူတူပူးပေါင်းပြီး ဆုတ်လိုက်၊ တိုက်လိုက်နဲ့ ထိုအဖွဲ့သားတွေကို တိုက်ခိုက်နေခဲ့ကြတယ်။
ဒါပေမယ့် လူငယ်ကျင့်ကြံသူ အဖွဲ့က အထက်စီးကနေ တိုက်ခိုက်နိုင်နေခဲ့ပါတယ်။ တစ်ခဏကြာပြီးနောက် အနီရောင်မိစ္ဆာစိတ်ဝိဥာဉ်က တဖြည်းဖြည်း မှိန်သွားခဲ့ပြီး သေဆုံးသွားခဲ့တယ်။ တိုက်ပွဲမျှခြေကလည်း တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့ရတယ်။
အမျိုးမျိုးသော သိုင်းပညာရပ်တွေကို ထုတ်သုံးရင်း လူငယ်ကျင့်ကြံသူ အဖွဲ့က မိစ္ဆာစိတ်ဝိဥာဉ်တွေကို အထက်စီးကနေ ဖိနှိပ်တိုက်ခိုက်နေခဲ့တယ်။
မမျှော်လင့်စွာနဲ့ သေခါနီးဆဲဆဲ ဖြစ်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်က တိုက်ပွဲကနေ ပြေးထွက်သွားခဲ့ပြီး ရန်ကိုင်ဆီ တိုက်ရိုက် ပြေးဝင်သွားလိုက်တယ်။
ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပေမယ့် ရှောင်တော့ မရှောင်ခဲ့ပါဘူး။ အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး သူ့ဆီပြေးဝင်လာနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်ဆီ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တယ်။
ခေါင်းတည့်တည့် ထိမှန်သွားတာနဲ့ ထိုမိစ္ဆာစိတ်ဝိဥာည်က နာကျင်စွာ အော်ကြွေးရင်း တစ်ခါတည်း သေဆုံးသွားခဲ့တယ်။ ထိုမိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အဆီအနှစ်က သူတွေ့ခဲ့ရတဲ့ အစိမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ အဆီအနှစ်တွေထက် ပိုပြီး အဆင့်မြင့်ပါတယ်။
ထိုမိစ္ဆာစိတ်ဝိဥာည်တွေကို ရန်ကိုင်အနေနဲ့ စိတ်ကူးဖို့ စိတ်ကူးမရှိပါဘူး။ ဒါပေမယ့် ရွှေရောင်အရိုးခြောက် မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အဆီအနှစ်ကို တစ်ကြိမ် စုပ်ယူပြီးသွားပြီး အရသာကို နှစ်ခြိုက်သွားတာကြောင့်လားတော့ မသိ သူ့ရှေ့မှာရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို တစ်ခါတည်း တန်းစုပ်ယူလိုက်တယ်။
ရန်ကိုင်လည်း ကြောင်အသွားခဲ့ပြီး ကူကယ်ရာမဲ့ သွားခဲ့ရတယ်။
အနားမှာရှိနေတဲ့ ကျင့်ကြံသူအဖွဲ့က မိစ္ဆာစိတ်ဝိဥာဉ်ကို ရန်ကိုင်က လက်ဝါးတစ်ချက်တည်းနဲ့ သတ်လိုက်တာကို မြင်တွေ့လိုက်ရတဲ့အခါ အကုန်လုံး အံ့အားသင့်သွားခဲ့ရတယ်။ ဒါပေမယ့် ရန်ကိုင်က သူတို့ရှေ့မှာတင် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို တိုက်ရိုက်စုပ်ယူလိုက်တာကို တွေ့လိုက်ရတဲ့အခါ ထပ်မံ အံ့အားသင့်သွားခဲ့ရပြန်ပါတယ်။
“ဟေး၊ ရောင်းရင်း၊ မင်းနည်းနည်း လွန်တယ်လို့ မထင်ဘူးလား” အုပ်ထဲက လူငယ်တစ်ယောက်က သုန်မှုန်နေတဲ့ မျက်နှာထားနဲ့ ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်ရင်း ပြောလိုက်တယ်။
“အင်း၊ တောင်းပန်ပါတယ်။ မရည်ရွယ်ပဲ ဖြစ်သွားတာပါ” သူရှင်းပြနေလို့လည်း ဘာမှထူးမှာ မဟုတ်မှန်း သိတဲ့အတွက် ရန်ကိုင်က သူမှားမှန်း တိုက်ရိုက် ဝန်ခံလိုက်တယ်။
“မရည်ရွယ်ပဲနဲ့လား” ထိုလူငယ်က လှောင်ပြောင်လိုက်ပြီး “ငါတို့ရှေ့မှာတင် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို တိုက်ရိုက် စုပ်ယူပြီးတာတောင် မရည်ရွယ်ပဲ လုပ်မိတာလို့ ပြောနေတုန်းလား”
ရန်ကိုင်ရဲ့ အရင်လက်ဝါးချက်က သူ့ကို အံ့အားသင့်သွားခဲ့စေပေမယ့် သူက မကြောက်ပါဘူး။ သူ့တို့ဘက်မှာ လူ၇ယောက်၊ ၈ယောက်လောက် ရှိတာလေ။ ပြီးတော့ ရန်ကိုင်ပေးတဲ့ အကြောင်းပြချက်ကလည်း ယုတ္တိမရှိပါဘူး။
တစ်ပါးသူရဲ့ ရတနာကို သူတို့ရှေ့မှာတင် ဓါးပြတိုက်သွားတာက မရည်ရွယ်ပဲ ဖြစ်သွားတာလား။
သူတို့မိတ်ဆွေ ပြောတာကို နားထောင်ရင်း ၊ အဖွဲ့ထဲက ကျန်တဲ့လူတွေကလည်း ရှေ့တက်လာလိုက်ပြီး ရန်ကိုင်ကို အေးစက်စွာ စိုက်ကြည့်လိုက်ကြတယ်။
သူတို့ခေါင်းဆောင် ဖြစ်တဲ့ မိန်းမငယ်လေး တစ်ယောက်သာ ဒီအတိုင်း ရပ်နေခဲ့ပါတယ်။ သူမက အံ့အားသင့်နေသည့် မျက်နှာ အမူအရာနဲ့ ရန်ကိုင်ကို စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ မျက်ဝန်းထဲ တုန်လှုပ်ခြောက်ခြားသည့် အရိပ်အယောင်တို့ ထွက်ပေါ်နေခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်လေးကတော့ မသိမသာလေး တုန်ရင်နေခဲ့တယ်။
သူမခံစားခဲ့ရတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နှိပ်စက်မှုကို ချက်ချင်းပဲ ပြန်သတိရလိုက်တယ်။
“ရောင်းမရင်း၊ မင်းအခြေအနေကိုလည်း မင်းပြန်ကြည့်သင့်တယ်။ ငါတို့ တစ္ဆေဘုရင်တောင်ကြားက အထွတ်အထိပ် အင်အားစု တစ်ခု မဟုတ်ပေမယ့် ငါတို့ကို အလွယ်တကူ အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေရင်တော့ မင်းမှားသွားလိမ့်မယ်” ရန်ကိုင်ကို စကားစပြောတဲ့ လူငယ်ကပဲ ရန်ကိုင်ကို လှောင်ပြောင်လိုသည့် အမူအရာနဲ့ စိုက်ကြည့်ကာ ပြောလိုက်တယ်။
ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး အသာအယာလေး ပြန်ပြောလိုက်တယ် “ငါအလျော်ပြန်ပေးမဘ်”
“အလျော်ပေးဖို့လား၊ ငါတို့ကို ဘာနဲ့ အလျော်ပြန်ပေးမှာလဲ” ထိုလူငယ်က နှာခေါင်းရှုံ့လိုက်တယ်။
“မိလိုဘူး” ရန်ကိုင်က ပြန်မပြောရသေးခင်မှာပဲ အဖွဲ့ခေါင်းဆောင် ဖြစ်တဲ့ မိန်းမငယ်လေးက လူအုပ်ထဲကနေ ထွက်လာလိုက်ပြီး ပြောလိုက်တယ်။ သူမမျက်ဝန်းထဲက တုန်လှုပ်ခြောက်ခြားသည့် အရိပ်အယောင်တို့ ထွက်ပေါ်နေခဲ့ပြီး ရန်ကိုင်ကို ကြည့်ရင်း ပြောလိုက်တယ် “နင်ငါတို့ကို အလျော်ပေးစရာ မလိုဘူး”
“ဂျူနီယာညီမ….” လူငယ်လေးက မိန်းမငယ်လေးကို အံ့အားသင့်နေသည့် အမူအရာနဲ့ ကြည့်လိုက်တယ်။ သူမဘာလို့ အခုလို ပြောမှန်း သူတကယ်ကို နားမလည်နိုင်ခဲ့ပါဘူး။
“ငါသူ့ကို သိတယ်၊ ဒီလို ကိစ္စသေးသေးလေး အတွက်နဲ့ သူနဲ့ ဆက်ပြီး စကားမများနဲ့တော့” မိန်းမငယ်လေးက မထူးခြားနားသည့် ဟန်ဖြင့် ပြောလိုက်တယ်။ ရန်ကိုင်ကို ကြည့်နေရင်း ကျိမိုနဲ့အတူ ရန်ကိုင်ကို ဆွဲဆောင်ဖြာယောင်းဖို့ ကြိုးစားခဲ့သည့် အချိန်တွေကို ပြန်သတိရလိုက်ကာ သူမမျက်နှာလေး အနည်းငယ် နီမြန်းသွားခဲ့တယ်။
အဲ့ကောင်မ ကျိမို၊ သူက မစွမ်းနိုင်ဘူးဆိုပြီး ငါ့ကို လာဆွဲဆောင် စည်းရုံးတယ်၊ နောက်ဆုံးတော့ ငါတို့ကိုယ်တိုင်ပဲ သူအသားယူတာ ခံလိုက်ရတယ်
“ဂျူနီယာညီမက သူ့ကို သိတာလား” ထိုလူငယ်လေးက အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်ကို ကြည့်လိုက်၊ မိန်းမငယ်လေးကို ကြည့်လိုက် လုပ်နေခဲ့တယ်။
“အင်း၊ သူငါ့အသက်ကို ကယ်ခဲ့ဖူးတယ်” မိန်းမငယ်လေးက အပြုံးလေးပြုံးရင် ပြောလိုက်တယ်၊ ဒါပေမယ့် ထိုမိန်းမငယ်လေးရဲ့ အပြုံးက အနည်းငယ် တောင့်တင်းနေသလို ဖြစ်နေခဲ့တယ်။
“မိန်းကလေးလန်၊ ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့ကြပြန်ပြီနော်” ရန်ကိုင်က ထိုမိန်းမငယ်လေးကို နှုတ်ဆက်လိုက်တယ်။
ကျိမိုနဲ့ လန်ရှန်တို့ရဲ့ ဝိဥာဉ်ထက်မှာ ရန်ကိုင်က အမှတ်အသား ချထားခဲ့ပါတယ်။ ထို့ကြောင့် သူတို့သာ သူနဲ့နီးကပ်နေခဲ့ရင် သူတို့ တည်ရှိနေတာကို ရန်ကိုင် ခံစားမိပါလိမ့်မယ်။ လန်ရှန်းကို ဒီနေရာမှာ လာတွေ့ရလိမ့်မယ်လို့ သူတကယ်ကို မထင်ထားမိပါဘူး။
“အင်း၊ ငါတို့ထပ်တွေ့ ကြပြန်ပြီ” လန်ရှန်က ခေါင်းညိတ်ပြလိုက်တယ်။ အခုမှပဲ သူမ စိတ်သက်သာရာ ရနိုင်တော့တယ်။ ထိုကောင်စုတ်က အတိတ်အကြောင်းတွေကို ပြန်အစမဖော်သလို သူမကို ထပ်ပြီးနှိပ်စက်ဖို့ မကြိုးစားတော့တဲ့ ပုံပါပဲ။
ရန်ကိုင်က ရက်စက်ကြမ်းကြုတ် အရိုင်းဆန်တဲ လူတစ်ယောက် မဟုတ်ဘူးဆိုတာ ဟိုးအရင်ကတည်းက သူမသိခဲ့ပေမယ့် ရန်ကိုင်နား ရှိနေရင် အလိုလို ထိတ်လန့်နေမိခဲ့ပါတယ်။
သူတို့နှစ်ယောက် ရင်းနှီးနေတာကို တွေ့လိုက်ရတော့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေလည်း ရန်ကိုင်နဲ့ စကားများနေတာကို ရပ်လိုက်ကြတယ်။ သုန်မှုန်နေတဲ့ လူငယ်လည်း ရန်ကိုင်ကို အရင်လို ရန်မလို တော့ပါဘူး။
“မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို မင်းအရင်ဆုံး သန့်စင်လိုက်သင့်တယ်။ အဲ့အဆီအနှစ်ကို မင်းကိုယ်ထဲ စုပ်ယူပြီးလို့ မြန်မြန် မသန့်စင်ရင် မင်းဒုက္ခရောက်လိမ့်မယ်”
လန်ရှန်းက တိုးတိုးလေး ပြောလိုက်ပြီး တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို ကြည့်ကာ “ကျန်တဲ့ အဆီအနှစ်တွေ အကုန်လုံးကို မြန်မြန် စုဆောင်းလိုက်ကြတယ်၊ ဒါပေမယ့် သတိတော့ ထားဦးနော်။ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို အခြားတစ်ယောက်ယောက် အလစ်အငိုက်နဲ့ ဝင်ပြီး လုယူသွားဦးမယ်”
ကျန်တဲ့လူတွေ အားလုံးက ခပ်မြန်မြန်ပဲ ခေါင်းညိတ်ပြိလိုက်ပြီး ထိုအဆီအနှစ်တွေကို ခပ်မြန်မြန်ပဲ သွားစုဆောင်းကြပါတော့တယ်။
ရန်ကိုင်က အသာအယာလေး ရယ်မောလိုက်ပြီး အစစ်အမှန်ယန်ကျင့်စဉ်ကို လှည့်ပတ်လိုက်တယ်။
ထိုအနီရောင် မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အဆီအနှစ်ထဲ ပါဝင်တဲ့ စွမ်းအင်က အစိမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အဆီအနှစ်ထဲ ပါဝင်ထက် စွမ်းအင်ထက် ပိုပြီး များပြားပါတယ်။
တစ်ခဏကြာပြီးနောက် ရန်ကိုင်က သက်ပြင်းဖွဖွလေး ချလိုက်ရင်း ပြောလိုက်တယ် “ပြီးပြီ”
“ပြီးပြီလား” သုန်မှုန်နေတဲ့ လူငယ်လေးက ထိတ်လန့်တကြားနဲ့ ပြောလိုက်ပြီး မျက်မှောင်ကြုံကာ ရန်ကိုင်ကို ကြည့်လိုက်ပြီး “ရောင်းရင်း၊ မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အဆီအနှစ်ကို သန့်စင်ရတာ အဲ့လောက် မလွယ်ကူဘူး။ မင်း အပြည့်အဝ သန့်စင်ပြီးတာ သေချာလို့လား။ အဲ့ဒါက ဟာသမဟုတ်ဘူးနော်၊ အပြည့်အဝ မသန့်စင်ရသေးဘူးဆိုရင် မင်းကိုယ်ထဲမှာ အန္တရာယ်ကို ထည့်သိမ်းထားသလို ဖြစ်နေလိမ့်မယ်”
ထိုလူငယ်က ကောင်းမွန်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သတိပေးနေတာပါ။ လန်ရှန်းက သူမရဲ့ အသက်ကို ကယ်ခဲ့တယ်လို့ ပြောပြီးခဲ့တဲ့ အချိန်ကစပြီး ထိုလူငယ်က ရန်ကိုင်ကို ကောင်းကောင်းမွန်မွန်နဲ့ ဆက်ဆံလာခဲ့ပါတယ်။
“အဆင်ပြေတယ်၊ ငါက အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်ထားတာ။ အဲ့တော့ မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ အဆီအနှစ်ကို သန့်စင်ရတာ ငါ့အတွက် တော်တော်လေး လွယ်ကူတယ်” ရန်ကိုင်က အသာအယာလေး ပြောလိုက်တဘ်။
“ငါသိပြီ၊ ရောင်းရင်းက မိစ္ဆာစိတ်ဝိဥာဉ်ကို လက်ဝါးတစ်ချက်တည်းနဲ့ သတ်နိုင်လိုက်တာကို အံ့အားသင့်နေမိတာ၊ ရောင်းရင်းရဲ့ ခွန်အားက မနိမ့်ကျတဲ့အပြင် ရောင်ရင်းရဲ့ အစစ်အမှန်ချီက မိစ္ဆာစိတ်ဝိဥာဉ်တွေကိုပါ ဖိနှိပ်လို့ ရနေတာကိုး” ထိုသုန်မှုန်နေတဲ့ လူငယ်က ပြုံးကာ ရယ်မောရင်း ပြောလိုက်တယ်။
“ကောင်းတယ်၊ ငါ့နာမည်က ချန်ရီပါ၊ ဒီက ရောင်းရင်းကို ရန်စမိသလိုက်သလိုများ ဖြစ်ခဲ့ရင် အတည်မယူဖို့ မျှော်လင့်ပါတယ်”
“ကောင်တယ်၊ ငါက ရန်ကိုင်ပါ”
တစ်ဖက်က ပြန်လည် သင့်မြတ်ချင်မှတော့ သူကကော ဘာလို့ ငြင်းဆန်နေရဦးမှာလဲ။ ပြီးတော့ ရန်ကိုင်က အဲ့လိုပြဿနာလေးတွေကို စိတ်ထဲမထားပါဘူး။ တကယ်တော့ အဲ့လို ဖြစ်သွားရတာကလည်း သူ့အမှားကြောင့်ပဲလေ။
Martial Peak
အပိုင်း(၃၃၀) နှောင်ဖွဲ့ခြင်းကင်းဂိုဏ်း
မိစ္ဆာလိုဏ်ဂူရဲ့ တစ်နေရာ၌ တစ္ဆေဘုရင်တောင်ကြား တပည့်တွေက တင်ပလင်ခွေ ထိုင်ရင်း အားပြန်ဖြည့်နေခဲ့ကြတယ်။ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ပြီးနောက်မှာတော့ သူတို့လည်း အားပြန်ဖြည့်ဖို့ လိုအပ်ပါတယ်။
အခုလို အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ နေရာမျိုး၌ မိမိခွန်အားက အထွတ်အထိပ်ကို ရောက်ရှိနေမှပဲ မိမိရဲ့ လုံခြုံရေးကို စိတ်ချရနိုင်ပါတယ်။
သူတို့အားလုံး အားပြန်ဖြည့်နေကြပေမယ့် ပတ်ဝန်းကျင်ကိုလည်း လျစ်လျူရှုထမထားခဲ့ပါဘူး။ အားပြန်ဖြည့်နေတုန်း မိစ္ဆာစိတ်ဝိဥာဉ်များ ပေါ်လာမလားဆိုပြီး ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးနေခဲ့တယ်။
ရန်ကိုင်က လန်ရှန်းကို စူးစမ်းရင်း တဆတ်ဆတ်နဲ့ ခေါင်းညိတ်လိုက်တယ်။ တစ်နှစ်လောက် ခွဲခွါပြီးနောက် ထိုအေးစက်စက် မိန်းကလေးက တော်တော်လေး တိုးတက်လာခဲ့ပါပြီ။
အဖွဲ့ထဲမှာဆိုရင် လန်ရှန်းက အားမကောင်းဆုံး မဟုတ်သလို အသက်အကြီးဆုံးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဖွဲ့သား အားလုံးကို သူမကပဲ အမိန့်ပေးနေတာပါ။ အားလုံးက သူမရဲ့ အမိန့်အတိုင်း လုပ်ဆောင်ကြာရတာပါ။
ထိုကဲ့သို့ အမိန့်ပေးနိုင်တာက တစ္ဆေဘုရင်တောင်ကြားရှိ သူမရဲ့ အဆင့်အတန်းကြောင့်လည်း ပါပါတယ်။ ပိုပြီး အရေးကြီးတာက သူမက တားမြစ်နေရာတွေမှာ အတွေ့အကြုံ တော်တော်များများ ရှိခဲ့ပြီးလို့ပဲ ဖြစ်ပါတယ်။
အသားအနည်းငယ် မည်းတဲ့ လူငယ်လေးချန်ရီက ရန်ကိုင်ကို အဓိပ္ပါယ်ရှိရှိ ပြုံးပြရင်း သူ့နားမှာ လာထိုင်လိုက်တယ်။
သူ့ပုံအရတော့ ရန်ကိုင်က တစ္ဆေဘုရင်တောင်ကြားက လက်ရွေးစင် တပည့်နှစ်ယောက်ကို သတ်ထားတာကို မသိသေးသည့် အပြင် လန်ရှန်းနဲ့ သူ့ကြားမှာ မကျေနပ်ချက်တွေ ရှိတယ်ဆိုတာကိုလည်း မသိသေးတဲ့ ပုံပါပဲ။
“နင်ဘာလို့ ဒီကို ရောက်နေတာလဲ” ရန်ကိုင်က သိချင်စိတ်နဲ့ မေးကြည့်လိုက်တယ်။ မိစ္ဆာလိုဏ်ဂူမှာ လန်ရှန်းနဲ့ လာတိုးလိမ့်မယ်လို့ သူတကယ်ကို ထင်မထားခဲ့ပါဘူး။
ရန်ကိုင်ရဲ့ ကောင်းကင်စိတ်အာရုံ အမျှင်တန်းက လန်ရှန်း စိတ်ဝိဥာဉ်မှာ တံဆိပ်ခတ်နှိပ်ထားတဲ့အတွက် လန်ရှန်းရှိနေတာကို သူသတိပြုမိပါတယ်။ ဒါပေမယ် လန်ရှန်းကတော့ သူရှိနေတာကို သတိမပြုမိနိုင်ပါဘူး။
“ငါဒီမှာ ရောက်နေတာ သဘာဝပဲလေ” လန်ရှန်းက ပြုံလိုက်ရင်း “ဒီနေရာက ဘာနေရာလဲဆိုတာ နင်သိလို့လား”
“မိစ္ဆာလိုဏ်ဂူလေ” ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး တစ်ခုခုကို နားလည်သွားပုံရကာ “ဒီနေရာက ယင်ယန်တစ္ဆေဘုရင်ရဲ့ နယ်မြေထဲမှာလေ… တစ္ဆေဘုရင်တောင်ကြား၊ အဲ့တော့ တစ္ဆေဘုရင်တောင်ကြားက တိမ်မိစ္ဆာနယ်မြေထဲမှာပေါ့”
“အင်း” လန်ရှန်းက အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
ရန်ကိုင်က ရုတ်တရက် မေးလိုက်တယ် “တစ္ဆေဘုရင်တောင်ကြားနဲ့ ယင်ယန်တစ္ဆေဘုရင်ကြားမှာ ဆက်ဆံရေး တစ်ခုခု ရှိနေတာလား”
“ငါတို့ဂိုဏ်းရဲ့ နာမည်မှာ တစ္ဆေဘုရင် ဆိုတာ ပါနေပေမယ့် ငါတို့နဲ့ ယင်ယန်တစ္ဆေဘုရင်က တကယ်တော့ ဘာမှ မပက်သက်ဘူး၊ ငါတို့အားလုံးက နယ်မြေတစ်ခုတည်းမှာ ရှိနေတာ” ချန်ရီက ပြုံးရင်း ဝင်ပြောလိုက်တယ် “ညီအစ်ကိုရန်ကို ကြည့်ရတာ တိမ်မိစ္ဆာနယ်မြေနဲ့ သိပ်ပြီး မရင်းနှီးတဲ့ပုံပဲ”
“အင်း” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်တယ်။
ချန်ရီက ရယ်ကာမောကာနဲ့ ပြောလိုက်တယ် “ညီအစ်ကိုရန် သိချင်တာ ရှိရင် ဒီက ချန်ရီကို မေးလို့ရပါတယ်။ မင်းက ဂျူနီယာညီမလေးရဲ့ အသက်ကယ် ကျေးဇူးရှင် ဖြစ်နေမှာတော့ ငါတို့တစ္ဆေဘုရင်တောင်ကြားရဲ့ သူငယ်ချင်း တစ်ယောက်ပဲပေါ့။ ငါသိချင်လို့ မေရဦးမယ်… ညီအစ်ကိုရန်က ဘယ်ကလာတာလဲ”
“စီနီယာအစ်ကို” လန်ရှန်းက အော်လိုက်တယ်။ ရန်ကိုင် ဘယ်ကနေ လာခဲ့လဲ ဆိုတာ သိတဲ့အတွက် ထိုအကြောင်းက ဆွေးနွေးလို့ ကောင်းတဲ့ အရာတစ်ခုမဟုတ်မှန်း သူမသိထားပါတယ်။
အရင်တုန်းက ဆိုရင် ကောင်းကင်စံအိမ်ဆိုတာ လူမသိသူမသိ ဂိုဏ်းတစ်ခုပါ။ ဒါပေမယ့် အခုနတ်ဆိုးအရှင်သခင် ထွက်ပေါ်လာမှုကြောင့် ကောင်းကင်စံအိမ်ဆိုတာ ကျင့်ကြံသူတွေ ကြားမှာ ကျော်ကြားနေခဲ့ပါပြီ.
နတ်ဆိုးအရှင်သခင် ထွက်ပေါ်လာမှုကြောင့် ကောင်းကင်စံအိမ် တစ်ခုလုံး ဖျက်စီးခံခဲ့ရပါတယ်။ ထိုအကြောင်းကို အပြင်ကမ္ဘာက ကျင့်ကြံသူတွေသာမက တိမ်မိစ္ဆာနယ်မြေက ကျင့်ကြံသူတွေလည်း သိကြပါတယ်။
နတ်ဆိုးဘုရင် ထွက်ပေါ်လာမှုက တိမ်မိစ္ဆာနယ်မြေဆီ စစ်ပွဲတွေကို သယ်ဆောင်လာခဲ့တယ်။ ထိုအရာက လူတိုင်းမြင်ချင်တာမျိုး မဟုတ်ပါဘူး။
လန်ရှန်းရဲ့ ရုတ်ချည်း ပြောင်းလဲသွားမှုကို သတိပြုမိလိုက်ပြီးနောက် ချန်ရီက ကိုးယိုးကားယားနဲ့ ပြုံးလိုက်ပြီး လက်ဝှေ့ရမ်းကာ “ကောင်းပြီ၊ ငါမမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ။ ညီအစ်ကိုရန် အနေနဲ့ စိတ်ထဲထားစရာ မလိုပါဘူး”
ဒါပေမယ့် လန်ရှန်းရဲ့ ပုံစံက သူ့သိချင်စိတ်ကို ပိုပြီး ပြင်းပြသွားစေခဲ့တယ်။ ရန်ကိုင်က ဘယ်နေရာကနေ လာခဲ့တာလဲ။
ရန်ကိုင်က ဖွဖွလေးသာ ပြန်ပြီး ပြုံးပြလိုက်တယ်။
“ဒါပေမယ့် နင်ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာရတာလဲ” လန်ရှန်းက ကောက်ကာငင်ကာနဲ့ မေးလိုက်တယ်။ ကောင်းကင်စံအိမ်နဲ့ ဒီနေရာက ကီလိုမီတာသောင်းပေါင်းများစွာ ကွာဝေးတာကို သူမသိထားပါတယ်။
“ဒီနေရာက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ကြားလို့ လာခဲ့တယ်”
ချန်ရီနဲ့ လန်ရှန်းတို့ နှစ်ယောက်စလုံး ကြက်သေသေသွားခဲ့ကြပြီး မဲ့ပြုံးပြုံးမိလိုက်ကြတယ်။
“နင့်သတ္တိက မသေးပါဘား၊ စိတ်ဝင်စားရုံ သက်သက်နဲ့ ဒီနေရာကို တစ်ယောက်တည်း လာရဲတယ်ပေါ့…” လန်ရှန်းက ခေါင်းခါယမ်းလိုက်ပေမယ့် ရန်ကိုင် ဘယ်လောက် အားကောင်းကြောင်း ပြန်သတိရလိုက်တဲ့ အခါမှာတော့ သူမလည်း အရမ်းကို အံ့အားမသင့်မိခဲ့ပါဘူး။
သူ့မှာ ဒီနေရာကို တစ်ယောက်တည်း လာပြီး စူးစမ်းရဲလောက်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားရင် ပိုင်ဆိုင်းထားနိုင်တာပဲလေ
“အိုး၊ ဟုတ်ပြီ၊ နင်တို့ တိုက်ခိုက်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက ဘယ်လိုလုပ်ပြီး အနီရောင်တွေ ဖြစ်နေရတာလဲ။ ငါတွေ့ခဲ့တဲ့ ကောင်တွေ အားလုံးက အစိမ်းရောင်ချည်းပဲ” ရန်ကိုင်က သိချင်စိတ်နဲ့ မေးမြန်းလိုက်တယ်။
“ဟားဟားဟား” ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်ကို အပျော်သက်သက် လာတယ်ဆိုတာကို နားလည်လိုက်ပြီး ချန်ရီက အကျယ်ကြီး အော်ဟစ် ရယ်မောလိုက်တယ်။ ဒီနေရာကို လာတဲ့လူတိုင်း မိစ္ဆာလိုဏ်ဂူအကြောင်း မသိတဲ့လူ ဘယ်သူရှိလို့လဲ။
လန်ရှန်းမျက်နှာရှုံ့မဲ့သွားခဲ့ပြီး ရယ်ချင်စိတ်ကို မနည်း ပြန်ထိန်းလိုက်ရတယ်။
ကျန်ရှိနေတဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေလည်း ရန်ကိုင်ကို မနေနိုင်ပဲ လှမ်းကြည့်လိုက်မိကြတယ်။
ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရင်း ရန်ကိုင်လည်း ရှက်ကိုးရှက်ကန်းလေးနဲ့ နှာခေါင်းပွတ်လိုက်တယ်။
“အဟမ်း” လန်ရှန်းက အသာအယာလေး ချောင်းဟန့်လိုက်ပြီး သူမရဲ့ အမူအရာကို ပြန်တည်လိုက်ပြီး ရန်ကိုင်ကို မေးလိုက်တယ် “အစိမ်းရောင်ကောင်တွေနဲ့ အနီရောင်ကောင်တွေကြားက ကွာခြားချက်က ဘာလဲဟုတ်လား”
“အန်း၊ ရှင်းရှင်း ပြောရမယ်ဆိုရင်တော့ အနီရောင်တွေက အစိမ်းရောင်တွေထက် ပိုပြီးသန်မာတယ်”
“ဒီလိုမျိုးဟာ… မိစ္ဆာလိုဏ်ဂူထဲမှာ အတွင်းပိုင်းထဲကို တိုးသွားလေ ငါတို့ရင်ဆိုင်တွေ့ရတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက ပိုပြီး အစွမ်းထက်လာလေပဲ။ လိုဏ်းဂူရဲ့ အပြင်ဘက်ပိုင်းမှာ တွေ့ရတဲ့ အစိမ်းရောင်ကောင်တွေက ရင်ဆိုင်ရလွယ်တယ်။ ဒါပေမယ့် လိုဏ်ဂူအတွင်းပိုင်းထဲကို ဆက်သွားတာနဲ့ အနီရောင်၊ ခမ်းရောင်နဲ့ နောက်ဆုံး အနက်ရောင်ကောင်တွေကို တွေ့လာရလိမ့်မယ်။ မိစ္ဆာစိတ်ဝိဥာဉ်တွေက ပိုပြီး သန်မလာလာလေ သူတို့ရဲ့ ခန္ဓာကိုယ်ကလည်း အစစ်အမှန်နဲ့ ပိုပြီး နီးကပ်လာလေပဲ။ အနက်ရောင်ကောင်တွေ မှာဆိုရင် ခန္ဓာကိုယ်တောင် ရှိတယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် စဦးကျင့်ကြံသူတွေတောင် အဲ့အနက်ရောင်ကောင်တွေနဲ့ တွေ့ရင် ပြန်ဆုတ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး။ အစစ်အမှန်ဒြပ်စင်အဆင့်မှာ ရှိနေတဲ့ ငါတို့တွေကျတော့ ငါတို့အားလုံး အတူတူ ပူးပေါင်းမယ် ဆိုရင်တော့ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်ကို သတ်နိုင်လိမ့်မယ်၊ ဒါပေမယ့် အနက်ရောင်ကောင်တွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ ထွက်ပြေးရုံကလွဲပြီး လုပ်စရာ မရှိဘူး။ ငါတို့သာ ထွက်မပြေးနိုင်ဘူး ဆိုရင်တော့ ကျိန်းသေ သေပြီပဲ”
လန်ရှန်းပြောတာကို ကြားလိုက်ရတာနဲ့ ရန်ကိုင် မျက်ခုံးနှစ်ခု ပူးကပ်သွားခဲ့တယ်။ လီယုရခဲ့တဲ့ ခရမ်းနတ်ဆိုးချီခန္ဓကိုယ် ပညာရပ်က ထိုခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေဆီကနေ ရတာပဲ ကျိန်းသေ ဖြစ်ရပါမယ်။
“ငါအခုနားလည်ပြီ” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်ပြလိုက်တယ်။
“ပြီးတော့ အဲ့မိစ္ဆာစိတ်ဝိဥာဉ် လေးမျိုးအပြင် ညီအစ်ကိုရန် အထူးဂရုစိုက်သင့်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တစ်မျိုး ရှိသေးတယ်” ချန်ရီက လေးနက်တဲ့ အမူအရာနဲ့ သတိပေးလိုက်တယ်။
“အို…” ချန်ရီရဲ့ လေးနက်တဲ့ အမူအရာကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင်လည်း စိတ်ဝင်စားသွားခဲ့တယ်။ ထို့ကြောင့် မအောင့်အည်း နိုင်တော့ပဲ မေးလိုက်မိတယ် “ဘယ်လို မိစ္ဆာစိတ်ဝိဥာဉ် မျိုးလဲ”
“ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ပဲ” ချန်ရီက လေးနက်တည်ကြည်တဲ့ မျက်နှာထားနဲ့ ပြန်ပြောလိုက်တယ် “အဲ့ဝိဥာဉ် အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်တွေက အခြားမိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ အတူတူပဲ။ ဒါကြောင့် အဲ့ကောင်တွေနဲ့ ကျန်တဲ့လေးကောင်ကို ခွဲဖို့က တော်တော်လေး ခက်ခဲတယ်။ ဒါပေမယ့် အဲ့လိုကောင်တွေနဲ့ တွေ့ပြီဆိုရင်လည်း ညီအစ်ကိုရန်ကို ငါအကြံပေးချင်တာ တစ်ခုရှိတယ်၊ ပြေးသာပြေး”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ သူတို့က ဝိဥာဉ်ပညာရပ်တွေ ပိုင်ဆိုင်ထားတယ်လေ” ချန်ရီမျက်နှာ မဲ့သွားခဲ့ပြီး “ငါတို့က အစစ်အမှန်ဒြပ်စင်အဆင့်ပဲ ရှိသေးတော့ ငါတို့သာ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်ကို ရင်ဆိုင်ရမယ်ဆိုရင် ငါတို့ကိုယ်ငါတို့ ခုခံကာကွယ်နိုင်မှာ မဟုတ်ဘူး။ ညီအစ်ကိုရန်၊ မင်းမှာ ဝိဥာဉ်အကာအကွယ် ရတနာရှိလား”
ရန်ကိုင်က ခေါင်းခါပြလိုက်တယ်။
“အဲ့လိုဆိုရင် အဲ့လိုကောင်တွေနဲ့ တွေ့ရင် တော်တော်လေး ပြဿနာတက်လိမ့်မယ်” ချန်ရီက အသာအယာလေး မျက်မှောင်ကြုံ့လိုက်ပြီး “ဒိနေရာကို လာတဲ့လူတိုင်း စိတ်ဝိဥာဉ် တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် ဝိဥာဉ်အကာအကွယ် ရတနာတွေ သယ်လာလေ့ရှိကြတယ်။ အကာအကွယ် ရတနာက အဆင့်မြင့်တယ်ဆိုရင် စိတ်ဝိဥာဉ်တိုက်ခိုက်မှုကို အနည်းနဲ့ အများဆိုသလို ကာကွယ်နိုင်လိမ့်မယ်။ ညီအစ်ကိုရန်က အစစ်အမှန်ယန်ကျင့်စဉ်ကို လေ့ကျင့်ထားတော့ နည်းနည်းပါးပါးတော့ ကာကွယ်နိုင်မှာပေါ့”
“အဲ့ဒါ အရေးမကြီးပါဘူး၊ အဲ့လို ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်လောက် တွေ့ရလောက်တဲ့အထိ ငါ့ကံက မဆိုးသေးဘူးလို့ ထင်တာပဲ” ရန်ကိုင်က ပြုံးလိုက်တယ်။
သူ့မှာ ဝိဥာဉ်အကာအကွယ် ရတနာ မရှိပေမယ့် ဝိဥာဉ်အကာအကွယ် ပညာရပ် ဖြစ်တဲ့ ဝိဥာဉ်နန်းတော် ရှိပါတယ်။ ထိုပညာရပ်ရဲ့ ကာကွယ်နိုင်စွမ်းကလည်း အဲ့လောက်ကြီး မနိမ့်ကျပါဘူး။
ထို့ကြောင့် ရန်ကိုင်က ချန်ရီရဲ့ သတိပေးမှုကို အဲ့လောက်ကြီး အလေးမထားပါဘူး။
“ကောင်းတယ်၊ ဝိဥာဉ် အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်တွေကလည်း တကယ်ကို မြင်တွေ့ရဖို့ ခဲယဉ်းတယ်” ချန်ရီက ခေါင်းညိတ်လိုက်တယ်။
စကားလေးဘာလေး နည်းနည်းပါးပါး ပြောပြီးတဲ့ နောက်မှာတော့ သူတို့ကြားက လေထုက ပိုပြီး သက်သောင့်သက်သာ ဖြစ်လာခဲ့တယ်။
သူတို့စကား ပြောနေတုန်းမှာပဲ ထူးဆန်းတဲ့ အသံတစ်သံက အဝေးဆီမှ သူတို့နားထဲသို့ ပျံ့လွင့်လာခဲ့တယ်။ ထိုအသံက ထက်ရှပြီး ခြောက်ခြားဖွယ်ကောင်းကာ လေတိုးသံနဲ့ တစ္ဆေအော်ကြွေးသံတို့ ပေါင်းစပ်ထားတာနဲ့တောင် တူပါသေးတယ်။
ထိုအသံကို ကြားလိုက်တဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ အကုန်လုံး အသံထွက်ပေါ်ရာ နေရာဆီ လှမ်းကြည့်လိုက်ကြတယ်။
“အဲ့ဘက်မှာ လှုပ်ရှားမှုရှိတယ်” ချန်ရီက တိုးတိုးလေး ပြောလိုက်တယ်။
“အင်း၊ တစ်ချက်လောက် သွားကြည့်ရအောင်” လန်ရှန်းက ခေါင်းညိတ်ပြလိုက်တယ်။
ရန်ကိုင်က ဘာမှ မမေးခဲ့လိုက်ရပေမယ့် သူတို့ရဲ့ လေးနက်နေတဲ့ မျက်နှာအမူအရာတွေကို ကြည့်ရုံနဲ့တင် ဒီတစ်ခါ မိစ္ဆာစိတ်ဝိဥာဉ်က တော်တော်လေး ထူးခြားသွားပြီဆိုတာ သူသိလိုက်တယ်။
“သွားကြမယ်” ချန်ရီက ခပ်မြန်မြန်ပဲ အမိန့်ပေးလိုက်ပြီး ရန်ကိုင်ဘက် လှည့်ကာ “ညီအစ်ကိုရန်၊ မင်းစိတ်ထဲ မထားဘူးဆိုရင် ငါတို့နဲ့ အတူလိုက်ခဲ့လေ”
“ကောင်းတာပဲ” ရန်ကိုင်က ချက်ချင်းပဲ ခေါင်းညိတ်လိုက်တယ်။ သူက ထိုလူတွေရဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို မတော်တဆ ယူသွားမိခဲ့ပါတယ်။ လျော်ကြေးကလည်း ပြန်မပေးရသေးဘူးဆိုတော့ သူတို့နဲ့ အတူသွားတာကပဲ ပိုကောင်းပါလိမ့်မယ်။ သူကူညီနိုင်တာ ရှိရင်လည်း ပြန်ကူညီပေးနိုင်တာပေါ့။
သူတို့လမ်းလျှောက်နေစဉ် လန်ရှန်းက ရည်ရွယ်ချက် ရှိရှိနဲ့ နောက်ချန်နေခဲ့ပြီး ရန်ကိုင်နဲ့ ဘေးချင်းယှဉ် လမ်းလျှောက်နေလိုက်တယ်။
“စိတ်မပူပါနဲ့၊ ငါနင့်ကို အဲ့လိုမျိုး နောက်တစ်ကြိမ် မလုပ်တော့ပါဘူး” လန်ရှန်းက သူနဲ့သူမကြားက မကျေနပ်ချက်တွေ အကြောင်းကို စိတ်ပူနေသေးတယ်ထင်ပြီး ပြောလိုက်တယ်။
“နင်မလုပ်တော့ဘူး ဆိုတာ ငါသိတဘ်” လန်ရှန်းက ခေါင်းခါယမ်းလိုက်ပြီး “ငါနင့်ကို တစ်ခုခု ပြောချင်တာ”
“အို၊ နင်ဘာပြောချင်လို့လဲ”
လန်ရှန်းက အသာအယာလေး ရယ်မောလိုက်ပြီး “ငါတို့ မိစ္ဆာလိုဏ်ဂူဆီ ဘာလို့ လာရလဲဆိုတာကို နင့်ကို ပြောချင်တာ”
“အန်၊ နင်တို့လုပ်ရမယ့် တာဝန်ကို ပြောချင်တာလား” ရန်ကိုင် ခေါင်းရှုပ်သွားခဲ့တယ်။
“တကယ်တော့ ငါတို့ တစ်ယောက်ယောက်ကို ရှာနေတာ”
“တစ်ယောက်ယောက်ကို ရှာနေတာလား”
“အင်း၊ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်အချို့ကို သတ်ပြီး ထွက်ပြေးသွားတဲ့ အပြင်တွေ ဒီမှာ ရှိနေတယ်။ ငါတို့တစ္ဆေဘုရင်တောင်ကြားက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းနဲ့ သိပ်မဝေးတဲ့အတွက် ငါတို့လည်း ဒီကိစ္စထဲ ဆွဲထည့်ခံလိုက်ရတာပဲ”
သူမအမူအရာကို ကြည့်ရုံနဲ့တင် လန်ရှန်းက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းကို မကူညီချင်ဘူးဆိုတာ သိသာပါတယ်။
အသာအယာလေး ရယ်မောလိုက်ပြီး “အဲ့နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက နင်တို့တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို မကြာခဏ အနိုင်ကျင့်လို့လား။ နင့်ကြည့်ရတာ သူတို့ကို မကူညီချင်တဲ့ ပုံပဲ”
“ဟန့်၊ ငါတကယ်ကို သူတို့ကို မကူညီချင်တာ” လန်ရှန်းက မကျေမနပ်နဲ့ ပြောလိုက်တယ်။ ပြီးတာနဲ့ ဆက်ပြီး ပြောလိုက်တယ် “ငါနင့်ကို ကြိုပြောထားရတဲ့ အကြောင်းအရင်းက နင်က တိမ်မိစ္ဆာနယ်မြေက မဟုတ်ဘူးဆိုတာ ငါသိလို့ပဲ။ ပြီးတော့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေ လိုက်ဖမ်းနေတဲ့ ကျင့်ကြံသူတွေကလည်း အပြင်ဘက် ကမ္ဘာကပဲ။ နင့်ရဲ့ မိတ်ဆွေတော် အန္တရာယ်ထဲ ရောက်နေတဲ့အချိန် နင်ဆုံးဖြတ်ရ ခက်ခဲနေမှာစိုးလို့ ငါပြောတာ”
“မိတ်ဆွေတွေလား” ရန်ကိုင်က လှောင်ပြောင်လိုက်တယ် “ငါ့ဂိုဏ်းက ရှိမှမရှိတော့တာ၊ ငါ့မှာ ဘယ်လိုလုပ်ပြီး မိတ်ဆွေတွေ ရှိရဦးမှာလဲ”
လန်ရှန်းအမူအရာ အနည်းငယ် မှိန်ကျသွားခဲ့ပြီး တိုးတိုးလေး ပြောလိုက်တယ် “ကောင်းကင်စံအိမ်နဲ့ ပက်သက်ပြီးတော့ … ငါလည်း စိတ်မကောင်းပါဘူး”
ရန်ကိုင်က နှာခေါင်းရှုံ့လိုက်တယ်။
ရှန်ချင်းလော့ရဲ့ လွှမ်းမိုးမှုကြောင့်လား တော့မသိ၊ ကောင်းကင်စံအိမ် ပျက်စီးသွားတာကြောင့်လားတော့ မသိ၊ ကောင်းတာ၊ ဆိုးတာကို ရန်ကိုင် သိပ်ဂရုမစိုက်တော့ပါဘူး။ ထိုလူဆိုး၊ လူကောင်းတွေ ဆိုတဲ့ ကမ္ဘာကြီးရဲ့ ယုံကြည်မှုတွေကို သူသောက်ဂရုကို မစိုက်တော့ပါဘူး။
“နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လိုက်ဖမ်းနေတဲ့ လူတွေက ဘယ်သူလဲ” ရန်ကိုင်က နည်းနည်း သိချင်သွားခဲ့တဘ်။
“မိန်းမတစ်ယောက်လွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ” လန်ရှန်းက လှောင်ပြောင်ပြောဆိုလိုက်တယ် “နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေက မိန်းမမရှိပဲ တစ်ညတောင် အိမ်နိုင်တဲ့ လူတွေ မဟုတ်ဘူး၊ သိပြီလား”
“အာ… အင်း၊ ငါနားလည်သွားပြီ” ထိုအေးစက်စက် လန်ရှန်းက အခုလိုမျိုး ဗွင်းဗွင်းကြီး ပြောချလိမ့်မယ်လို့ သူတကယ်ကို မထင်ထားခဲ့ပါဘူး။
“ဒါပေမယ့် ဒီတစ်ကြိမ်က မိန်းကလေး တစ်ယောက်တည်း မဟုတ်ဘူး။ အမွှာနှစ်ယောက်ပဲ။ သူတို့နှစ်ယောက်စလုံးက အရမ်းကို လှပပြီး အရမ်းကိုလည်း သန်မာတယ်။ သူတို့နှစ်ယောက်တည်းနဲ့တင် ဒီနေရာမှာ မုန်တိုင်း ထန်သွားစေခဲ့တာလေ” လန်ရှန်းရဲ့ မျက်ဝန်းအစုံက အနည်းငယ် လက်သွားခဲ့တယ်။
ထိုလူတွေ ကံဆိုးမိုးမှောင်ကျတာကို သူမ ပျော်နေတဲ့ ပုံပါပဲ “သူတို့နှစ်ယောက်တည်းနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူဒါဇင်ကျော်ကို သတ်သွားတာ။ ဒါပေမယ့် နောက်ဆုံး မနိုင်တော့လို့နဲ့တူတယ်။ ဆက်မတိုက်တော့ပဲ ထွက်ပြေးသွားခဲ့တယ်”
“နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းကို နင်တော်တော်လေး မကျေမနပ် ဖြစ်နေတဲ့ ပုံပဲ” ရန်ကိုင်က သူမကို ကြည့်လိုက်ပြီး ရယ်ကာမောကာနဲ့ “နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတစ်ယောက်က ငါတို့ရဲ့ အလှလေးပေါ်မှာ သူတို့ရဲ့ ရမက်ဆန္ဒတွေကို ဖွင့်ထုတ်ဖို့ ကြိုးစားခဲ့လို့လား”
“ဟွန့်” လန်ရှန်က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး ရန်ကိုင်မေးတာကို မဖြေပဲ တစ်ဖက်သို့ မျက်နှာလှည့်လိုက်တယ်။
“ဟဲဟဲ…” ရန်ကိုင်က ရယ်မောလိုက်ပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံရကာ “အဲ့မိန်းကလေး နှစ်ယောက်ကိုတွေ့ရင် ဘာလုပ်မယ်လို့ နင်စဉ်းစားထားလဲ”
“ငါလည်း မသိဘူး” လန်ရှန်းက ခေါင်းခါယမ်းလိုက်ပြီး “အဲ့ကိစ္စတွေမှာ ငါဝင်မပါချင်ဘူး။ ဆရာကတောင် ပြောသေးတယ်၊ ငါတို့အနေနဲ့ တကယ်ကြီး ကူပေးစရာမလိုဘူးတဲ့၊ ကူရှာပေးတယ်လို့ ဟန်ဆောင်လိုက်ရင် ရပြီတဲ့။ သူတို့ကို ဖမ်းမိရင်တော့… အဲ့ကျမှ တွေးတာပေါ့”
“ကောင်းတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်တယ်။