အခန်း (၃၃၁-၃၃၅)
Vol. 14 Ch. 331-335
အပိုင်း(၃၃၁) ရိုးရိုးသားသား ပူးပေါင်းချင်တာလား
အချိန်အတော်ကြာအောင် လမ်းလျှောက်လာပြီးနောက်…
ရန်ကိုင် မျက်ဝန်းအစုံက တောက်ပသွားခဲ့ပြီး နေရာတစ်ခုဆီ လှမ်းကြည့်လိုက်တယ်။
“ခဏနေဦး” ရန်ကိုင်က လန်ရှန်းလက်ကို လှမ်းဖမ်းကိုင်လိုက်တယ်။
“ရပ်လိုက်” ရန်ကိုင် ပြောတာကို ကြားတာနဲ့ ချန်ရှီက လက်ထောင်ပြလိုက်ပြီး အဖွဲ့ကို စက်ဝိုင်းပုံစံ ပြင်လိုက်ဖို့ အမိန့်ပေးလိုက်တယ်။
“ဘာဖြစ်လို့လဲ” လန်ရှန်းက အံ့အားသင့်စွာနဲ့ မေးလိုက်တယ်။
ဒါပေမယ့် ရန်ကိုင်က ပြန်မဖြေခဲ့ပဲ သူတို့ရှေ့က နေရာကိုသာ စူးစိုက်ပြီး ကြည့်နေလိုက်တယ်။ သူ့အကြည့်က တဖြည်းဖြည်း အေးစက်လာခဲ့ပြီး ရှေ့ကို ပြေးတက်သွားလိုက်ကာ လေထုထဲကို လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်တယ်။
သူရှေ့က လေဟာနယ်ကနေ လှိုင်းတွန့်လေးတွေ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပဲ မမျှော်လင့်ထားတဲ့ လူရိပ်တစ်ခုက အားလုံးရှေ့ ထွက်ပေါ်လာခဲ့တဘ်။
ထိုလူရဲ့ မျက်နှာက အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုတို့ဖြင့် ပြည်နေခဲ့တယ်။ ရန်ကိုင် သူ့ကို ဘယ်လို ရှာတွေ့သွားလဲ ဆိုတာကို စဉ်းစားလို့ မရနိုင်သေးတဲ့ ပုံပါပဲ။ ထို့နောက် ခပ်မြန်မြန်ပဲ နောက်ဆုတ်လိုက်ပြီး သူ့လက်ကို မြှောက်ကာ အော်ဟစ်လိုက်တယ် “နေဦး နေဦး”
တစ်ဖက်လူရဲ့ တစ္ဆေလိုဖြူလျော်နေတဲ့ လက်တွေကို သတိထားမိလိုက်တာနဲ့ ရန်ကိုင် အမူအရာ သုန်မှုန်သွားခဲ့တယ်။
တစ္ဆေဘုရင်တောင်ကြား တပည့်တိုင်းရဲ့ လက်တွေက ထို့ကဲ့သို့ ဖြူစွတ်စွတ် တွေချည်းပါပဲ။
“အာ… ညီအစ်ကိုရန်၊ ရပ်လိုက်” ချန်ရီက အလျင်စလို အော်ဟစ်လိုက်တယ်။ သူ့အော်သံကို ကြားလိုက်တာနဲ့ ရန်ကိုင်လည်း တိုက်ခိုက်တာကို ရပ်တန့်လိုက်တယ်။
“သူက ငါတို့ထဲက တစ်ယောက်ပဲ” ချန်ရီနဲ့ လန်ရှန်းက အလျင်စလို ရှင်းပြလိုက်တယ်။
“ကင်းထောက်တစ်ယောက်လား….” ရန်ကိုင်က မဲ့ပြုံးပြုံးလိုက်တယ်။ ထိုလူက သူတို့ကို ချုံခိုတိုက်ခိုက်ဖို့ စောင့်နေတယ်လို့ သူထင်နေခဲ့တာပါ။ ဒါပေမယ့် ထိုလူက ကင်းထောက်အဖြစ် စေလွှတ်ထားတဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။
ပုန်းနေရာကနေ ထွက်လာရပြီးနောက် ထိုလူငယ်က ထိတ်လန့်တုန်လှုပ်စွာနဲ့ ရန်ကိုင်ကို ငေးကြည့်နေလိုက်တယ်။ ချန်ရီရောက်လာတော့မှပဲ စိတ်သက်သာရာ ရသွားခဲ့ပြီး အသံကျယ်ကျယ်နဲ့ အော်ဟစ်ကျိန်ဆဲလိုက်တယ် “ငါ့လခွမ်းပဲ၊ ဒီကောင်စုတ်က ဘယ်သူလဲဟ”
“သူက ဂျူနီယာညီမလေးလန်ရဲ့ ကျေးဇူးရှင်ပဲ” ချန်ရီက တိုတိုပဲ ရှင်းပြလိုက်တယ်။
ထိုလူငယ်ရဲ့ နာမည်က ချန်ရင် ဖြစ်ပြီး တစ္ဆေဘုရင်တောင်ကြားကနေ ကင်းထောက်အဖြစ် စေလွှတ်ထားခံရတဲ့ လူတစ်ယောက်ပါ။
“တောင်းပန်ပါတယ်၊ နားလည်မှုလွဲသွားတာပါ” ရန်ကိုင်က လက်သီးဆုပ်ပြီး တောင်းပန်လိုက်တယ်။
“နားလည်မှု လွဲတာလား၊ သွားသေလိုက်ပါလား” ချန်ရင်က အော်ဟစ်လိုက်တယ် “ငါက ဖုံးကွယ်တဲ့ လက်နက်တစ်ခုနဲ့ ထူးခြားတဲ့ သိုင်းပညာရပ် တစ်ခုကို အသုံးပြုထားတာ။ စီနီယာအစ်ကို ချန်ရီတောင် ငါ့ကို အာရုံမခံမိတာ မင်းက ငါ့ကို ဘယ်လိုလုပ်ပြီး ချက်ချင်း ရှာတွေ့သွားရတာလဲ”
ထိုလူငယ် ပြောတာကို ကြားလိုက်ရတာနဲ့ အားလုံးလည်း တစ်ခုခု လွဲနေသလို ခံစားလိုက်ရတယ်။
ချန်ရင်ရဲ့ ပြိုင်ဘက်ကင်းတဲ့ နည်းစနစ်တွေကြောင့်သာ မဟုတ်ရင် တစ္ဆေဘုရင်တောင်ကြား အနေနဲ့ သူ့ကို ကင်းထောက်အဖြစ် စေလွှတ်ခဲ့မှာ မဟုတ်ပါဘူး။ ဖုံးကွယ်တဲ့ လက်နက်နဲ့ သူရဲ့ ထူးခြားတဲ့ ပညာရပ် နှစ်ခုပေါင်းလိုက်ရင် သာမန် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူအချို့တောင် သူ့ရဲ့ တည်ရှိမှုကို အာရုံခံမိမှာ မဟုတ်ပါဘူး။
ဒါပေမယ့် အခုတော့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကိုတောင် မရောက်သေးတဲ့ ရန်ကိုင်ဆိုတဲ့ လူငယ်လေးက သူပုန်းနေတာကို တကယ်ပဲ ရှာတွေ့သွားခဲ့ပါတယ်။
သူတို့ဘယ်လိုလုပ်ပြီး အံ့အားမသင့်ပဲ နေနိုင်ပါ့မလဲ။
“ဟုတ်တယ်… ညီအစ်ကိုရန် ခင်ဗျားသူ့ကို ဘယ်လိုလုပ်ပြီး ရှာတွေ့သွားတာလဲ”
ရန်ကိုင်က အသာအယာလေး မျက်မှောင်ကြုံ့လိုက်ပြီး “အဲ… ငါရဲ့ အာရုံက အခြားသူတွေထက် အမြဲတမ်း ပိုပြီး ထက်ရှတာကိုး”
“အဲ့ဒါဖြစ်နိုင်လို့လား” ချန်ရန်က ရန်ကိုင်စကားကို မယုံကြည်ရဲသေးပါဘူး။ ဒါပေမယ့် ရန်ကိုင်က ဘာမှ ဆက်ပြီး မပြောတော့တဲ့အတွက် သူလည်း ဘာဆက်ပြောရမယ်မှန်း မသိတော့ပါဘူး။
လန်ရှန်းက ရန်ကိုင်ကို သံသယအကြည့်နဲ့ လှမ်းကြည့်လိုက်ပြီး သူမမျက်အစုံက လက်သွားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကို ဆက်ပြီး မေးမနေတော့ပဲ ချက်ချင်းပဲ ခေါင်းစဉ် ပြောင်းပစ်လိုက်တယ် “ချန်ရင်၊ နင့်မှာ ငါတို့ကို ပြောစရာ ရှိလို့လား။ နင်တစ်ခုခု ရှာတွေ့လို့လား”
ချန်ရင်က ချက်ချင်းပဲ အသိပြန်ဝင်လာခဲ့ပြီး အပြုံးကြီး ပြုံးရင် “ကျွန်တော် သူမတို့ကို တွေ့သွားပြီ၊ အဲ့မိန်းမပျ….”
“ဟန်” လန်ရှန်းရဲ့ အကြည့်က ရုတ်ချည်း အေးစက်သွားခဲ့တယ်။ သူမလည်း မိန်းမတစ်ယောက်ပါ၊ အဲ့တော့ မိန်းမပျက်ဆိုပြီး သူမရှေ့မှာ လာပြောနေတော့ သူမလည်းဒေါသမထွက်ပဲ ဘယ်နေပါ့မလဲ။
“အဟမ်း…. အဲ့မိန်းကလေးနှစ်ယောက် ရှိနေတဲ့နေရာကို သိသွားကြပြီလား” ချန်ရင်က ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်ပြီး ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “ဒါပေမယ့် အဲ့နှစ်ယောက်က ငါတို့ထင်ထားတာထက် ပိုပြီး သန်မာနေတယ်။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က အဲ့လောက် မမြင်ဘူး။ ဒါပေမယ့် သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်တာနဲ့ သူတို့ခွန်အားက တစ်ဟုန်းထိုး တိုးတက်သွားတော့တာပဲ။ သူတို့က ထူးခြားတဲ့ သိုင်းပညာရပ်တစ်ခုကို လေ့ကျင့်ထားလို့ပဲ ဖြစ်ရမယ်။ မိန်းကလေး နှစ်ယောက်ကြောင့် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတော်တော်များများ သေသွားခဲ့တယ်။ ယုချင်တောင် ကုံးကုံးဖြစ်လုနီးပါး ဖြစ်သွားခဲ့ရသေးတယ်၊ အဲ့အချိန်က ယုချင်ကိုကြည့်ပြီး… ဟားဟားဟား၊ အရမ်းကောင်းတာပဲ”
ချန်ရင်က တကယ်ကို အပြောကောင်းတဲ့ လူတစ်ယောက်ပါ။ မိန်းကလေးနှစ်ယောက်နဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းကြား ဖြစ်ဟွားခဲ့တဲ့ တိုက်ပွဲကို အသေးစိတ်ကျကျ ပြန်လည် ပြောပြနေခဲ့တယ် “အမြဲတမ်း သူ့ကိုယ်သူ သောက်ရမ်းလန်းတဲ့ ပုံစံလုပ်နေတဲ့ ယုချင်လေ သိတယ်မလား၊ မိန်းကလေးနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ဓါးသွားက သူ့ပေါင်ကြားကို သွားမှန်တော့ ကြောက်လန့်တကြားက အသံကုန် ထအော်တော်လေ၊ ဟားဟားဟား”
“ကဲကဲ၊ မင်း မဟုတ်တာတွေ ပြောနေတာ ရပ်လိုက်တော့” လန်ရှန်းရဲ့ မျက်နှာက တဖြည်းဖြည်းနဲ့ ပိုပို သုန်မှုန်လာတာကို သတိပြုမိလိုက်တာနဲ့ ချန်ရီက ခပ်မြန်မြန်ပဲ ဝင်တားလိုက်တယ်။
“ဟတ်… အဟမ်း…” ချန်ရင်က ကိုးယိုးကားယား အမူအရာနဲ့ ခေါင်းလေးကို ကုတ်ရင်း သူ့ပါးစပ်ကို အသာအယာလေး ရိုက်လိုက်ပြီး “ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဒီပါးစပ်စုတ်ကတော့ကွာ၊ ဂျူနီယာ ညီလေးလန်ရှန်၊ ငါပြောခဲ့တာတွေကို စိတ်ထဲမထားနဲ့နော်”
လန်ရှန်းက သုန်မှုန်နေတဲ့ မျက်နှာနဲ့ နှာခေါင်းရှုံ့လိုက်တယ်။ ဒါပေမယ့် အဲ့ဒါက ထိုကောင်ရဲ့ ဖျောက်မရတဲ့ စရိုက်ဆိုတာကိုလည်း နားလည်ထားပါတယ်။ သားရဲတစ်ကောင်က ရုတ်တရက်ကြီး လိမ္မာမလာနိုင်ပါဘူး။
ချန်ရီက အသာအယာလေး ပြုံးလိုက်ပြီး ရယ်ချင်စိတ်ကို ဖိနှိပ်ထားရင်း ခပ်မြန်မြန်ပဲ မေးလိုက်တယ် “နောက်ဆုံး အဲ့ခွေးကောင် ယုချင် ကုံးကုံးဖြစ်သွားလား”
ချန်ရင်က မကျေမနပ်တဲ့ ပုံစံနဲ့ “မဖြစ်လိုက်ဘူး၊ နှမြောစရာကြီးကွာ။ ဒါပေမယ့် နဲနဲလေးပဲ ကပ်လွဲသွားတာ။ သူ့ဟာက အနည်းဆုံးတော့ ဆယ်ရက်ကနေ လဝက်လောက်ထိ ပြန်ထောင်နိုင်မှာ မဟုတ်ဘူး… ဟားဟားဟား ၊ အဲ့လိုခံရတာ နည်းတောင်နည်းသေးတယ်”
သူ့နောက်ဆုံး စကားကို ပြောတဲ့အချိန် လန်ရှန်းကို ပြုံးပြလိုက်တယ်။
“ဟာ၊ ဆိုးလိုက်တာကွာ” ချန်ရီက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး “အဲ့တော့၊ နောက်ဘာဆက်ဖြစ်သွားလဲ။ မိန်းကလေး နှစ်ယောက် ဘာြဖစ်သွားလဲ”
“သူတို့ ထွက်ပြေးသွားတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဟိုးအတွင်းပိုင်းထဲကို ပြေးသွားတာ” ချန်ရင်ရဲ့ အမူအရဦက ရုတ်ချည်း လေးနက်သွားခဲ့ပြီး “သူတို့ ထွက်ပြေးသွားတဲ့ ဘက်မှာ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ အရိပ်အယောင်တွေ ရှိနေတယ်… အများကြီးပဲ၊ သူတို့လည်း သူတို့အကန့်အသတ်ကို ရောက်တော့မယ်လို့ ငါထင်တယ်”
“ဟန်…” ချန်ရီက မျက်မှောင် ကြုံ့လိုက်ပြီး “ယုချင်က ဘာလုပ်ချင်နေတာလဲ”
“သူ့ရဲ့ စရိုက်ကို မင်းသိတယ်မလား။ သူခံစားလိုက်ရမှတော့ သူက ဒီအတိုင်း လွှတ်ပေးလိုက်မယ့် ကောင်မျိုးမဟုတ်ဘူး။ အဲ့ဒါကြောင့် သူက ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်တွေကို ငါတို့နဲ့ အတူပူးပေါင်း သတ်ပြီး အဲ့မိန်းကလေး နှစ်ယောက်ကို လိုက်ဖမ်းချင်နေတာ”
“အဲ့ခွေးသူတောင်းစားကတော့” ချန်ရီက ဒေါသတကြီး ကျိန်ဆဲလိုက်တယ်။
တစ္ဆေဘုရင်တောင်ကြားက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်း အရှက်ခွဲတာကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပါတယ်။ ဒါပေမယ့် တစ္ဆေဘုရင်တောင်ကြား တပည့်တွေအတွက် အရေးပါတဲ့ အဝါရောင်စမ်းရေကန်က နှောင်ဖွဲ့ခြင်းကင်းဂိုဏ်း လက်အောက်မှာ ရှိနေတဲ့အတွက် တစ္ဆေဘုရင်တောင်ကြားက သူတို့ကို မကျေနပ်ရင်တောင် သူတို့အနေနဲ့ အပေးအယူလုပ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး”
ထိုအဝါရောင်စမ်းရေကန်ကို အသုံးပြုနိုင်ဖို့အတွက် တစ္ဆေဘုရင်တောင်ကြားက နှောင်ဖွဲ့ခြင်းကင်ဂိုဏ်းဆီ မိန်းကလေးတွေကို နှစ်စဉ်ပေးပို့ပေးရပါတယ်။ ထိုမိန်းကလေးတွေကို သူတို့ဂိုဏ်းက ယောကျ်ားလေးတွေက အရုပ်အဖြစ် ပြန်အသုံးပြုတာပါ။
ဂိုဏ်းနှစ်ခုကြားက ဆက်ဆံရေးက တင်းမာနေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် အသာစီး မရနိုင်သေးတဲ့အတွက် တိုက်ပွဲမစနိုင်သေးတာပါ။ ထို့ကြောင့်ပဲ ထိုကျဲပါးလှတဲ့ ငြိမ်းချမ်းရေးလေးကို ဆက်ပြီး ထိန်းသိမ်းနေရတာပါ။
ထို့ကြောင့် လန်ရှန်းနဲ့ သူမတို့ အဖွဲ့သားတွေက ထိုနှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေကို မကူညီချင်ရင်တောင် သူတို့မှာ ရွေးချယ်စရာ မရှိပါဘူး။ ဒါပေမယ့် အခု သူတို့လာကူရတာက ယုချင်က ထိုမိန်းကလေးနှစ်ယောက်ရဲ့ အသက်နဲ့ အဝါရောင်စမ်းရေကန်ရဲ့ တစ်လဝင်ခွင့်နဲ့ လဲလှယ်ပေးလို့ပါပဲ။
တစ်လ၊ ထိုတစ်လဆိုတဲ့ အချိန်က တစ္ဆေဘုရင်တောင်ကြား တပည့်တွေအတွက် သူတို့ခွန်အားကို တော်တော်လေး တိုးတက်သွားစေဖို့ လုံလောက်ပါတယ်။ လန်ရှန်နဲ့ တစ္ဆေဘုရင်တောင်ကြားက အကြီးအကဲတွေလည်း ထိုကဲ့သို့ ဆွဲဆောင်မှုမျိုးကို မငြင်းဆန်နိုင်ခဲ့ပါဘူး။
အခုယုချင်က သူတို့နဲ့ အတူပူးပေါင်းပြီး ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်ကို ရှင်းပစ်နေချင်ခဲ့တယ်။ ယုချင်က သူတို့ကို အသုံးချပြီး နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေရဲ့ သေဆုံးမှုကို လျှော့ချဖို့ စီစဉ်ထားတာ အသေအချာပါပဲ။
ထိုဂိုဏ်းနှစ်ဂိုဏ်းက နှစ်ပေါင်းများစွာ ဆက်ဆံလာခဲ့ကြတာပါ။ ထို့ကြောင့် တစ်ယောက်ရဲ့ အကြံကို အခြားတစ်ယောက်က ကြိုသိနေတာလည်း မထူးဆန်းပါဘူး။ ချန်ရီနဲ့လန်ရှန်းက ယုချင်ရဲ့ အကြံကို နားမလည်ပဲ ဘယ်နေပါ့မလဲ။
“ငါတို့ သွားကြမလား၊ မသွားဘူးလား” ချန်ရင်က ချန်ရီနဲ့ လန်ရှန်းကို ကြည့်ပြီး မေးလိုက်တယ်။
ချန်ရီက အံ့ကြိတ်လိုက်ပေမယ့် နောက်ဆုံးတော့ ဘာမှမပြောခဲ့ပဲ လန်ရှန်းကိုသာ ကြည့်လိုက်တယ်။
လန်ရှန်းက လှောင်ပြောင်လိုက်တယ် “ငါတို့သွားရမှာပေါ့၊ ငါတို့ သွားကို သွားရမှာ။ သူတို့ရဲ့ သနားစဖွယ် ကောင်းလှတဲ့ အခြေအနေကို မြင်ရရုံအတွက်နဲ့ ဆိုရင်တောင် ငါတို့ ဒီခရီးကို ကျိန်းသေသွားရမှာ”
သူမစကားကို ကြားလိုက်တာနဲ့ ချန်ရီ စိတ်အားတက်ကြွာလာခဲ့ပြီး ခေါင်းညိတ်လိုက်ရင်း “ကောင်းတယ်၊ ဂျူနီယာ ညီမလေးပြောတာ အဓိပ္ပါယ်ရှိတယ်”
ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ပြီးတာနဲ့ အဖွဲ့တစ်ခုလုံး ချန်ရင်ရဲ့ နောက်ကနေ လိုက်သွားခဲ့ကြတယ်။
လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပြီး မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်တစ်လေတောင် ထွက်ပေါ်မလာခဲ့ပါဘူး။ လမ်းကြောင်းတစ်ခုလုံးက ရှင်းလင်းထားခံရတာ သိသာပါတယ်။
တစ်ခဏကြာပြီးနောက် သူတို့ရှေ့၌ ယောကျ်ားတစ်အုပ် ပေါ်လာခဲ့တဘ်။ ထိုအဖွဲ့ရဲ့ လူအရေအတွက်က တစ္ဆေဘုရင်တောင်ကြားက အဖွဲ့အောက် မနိမ့်ကျပါဘူး။ သွေးစက်တွေ၊ အသားစတွေက နေရာအနှံ့ပြန့်ကျဲနေခဲ့ပြီး အလောင်းတွေဆိုရင်လည်း မြေပေါ်၌ ဟိုတစ်လောင်း၊ ဒီတစ်လောင်း ရှိလို့နေခဲ့ပါတယ်။
အဖွဲ့ကို ဦးဆောင်နေတဲ့ ကောက်ကျစ်ပုံရတဲ့ အသားဖြူဖြူ၊ ပိန်ပါးပါး လူတစ်ယောက်ရဲ့ ခွကြားကတော့ သွေးစွန်းနေခဲ့ပါတယ်။ ဂနာမငြိမ်နဲ့ ထိုင်နေရင်း သူ့နဖူးထက်ကနေ ချွေးစေးတို့ ကျဆင်းနေခဲ့ပြီး သူ့ရဲ့ အနည်းငယ် ဖြူလျော်နေတဲ့ မျက်နှာကတော့ မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေခဲ့ပါတယ်။
သူ့ရဲ့ အေးစက်စက် မျက်လုံးတွေနဲ့ မိစ္ဆလိုဏ်ဂူ အတွင်းပိုင်းထဲကို စိုက်ကြည့်ရင်း အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ် “မိန်းမပျက်မနှစ်ယောက်၊ နင်တို့ လုပ်ခဲ့တာတွေအတွက် အနေဲ့အမြန်တော့ နင်တို့ကို ပြန်ပေးဆပ်ခိုင်းရမယ်။ နင်တို့ကများ ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်၊ ငါ့ရဲ့ အဖိုးတန်နေရာလေးကို ထိခိုက်အောင် လုပ်ရဲတယ်”
လိုဏ်ဂူထဲက အလင်းရောင်က မှိန်နေပေမယ့် ထိုလူရဲ့ ပေါင်ထက်က သွေးတွေတစိမ့်စိမ့် စီးကျနေတဲ့ ပေဝက်လောက်ရှည်တဲ့ ဟက်တက်ကွဲ ဒဏ်ရာကြီးကို လှမ်းမြင်နေရပါတယ်။
သူ့မိစ္ဆာကောင်ရဲ့ ရှေ့မှာတော့ မိန်းမလှလေး တစ်ယောက်က ဒူးထောက်ပြီး သူ့ဒဏ်ရာတွေကို ပတ်တီးစည်းပေးနေခဲ့တယ်။
ထိုအဖွဲ့ကို တွေ့လိုက်တာနဲ့ လန်ရှန်းရဲ့ မျက်ဝန်းအစုံက ရွံရှာစက်ဆုပ်သည့် အရိပ်အယောင်တွေဖြင့် ပြည့်သွားခဲ့တယ်။ ချန်ရီကတော့ ဘေးပတ်ပတ်လည်ကို စိတ်ဝင်တစားဖြင့် လှည့်ပတ်ကြည့်လိုက်ပီး သွားခနဲ့လိုက်တယ် “မင်းဒဏ်ရာက အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးကွာ၊ အသားလေး ပြတ်ရှသွားတာပဲကို။ ယုချင်၊ မင်းဘယ်တုန်းကများ ဒီလောက်ထိ ပျော့ညံ့သွားရတာလဲ”
ယုချင်က ချက်ချင်းပဲ ဒေါတသကြီးနဲ့ အော်ဟစ်ပါတော့တယ် “မင်းမေကြီးတော် ဒဏ်ရာသေးသေးလေးပါလား။ မင်းကြီးတော် အသားလေး ပြတ်ရှသွားတာလား။ အဲ့မိန်းမပျက်မ နှစ်ယောက် ကျိန်းသေ ပြန်ပေးဆပ်ရမဘ်။ သတ်ပေးပါလို့ တောင်ဆိုရတဲ့အထိကို ငါအဲ့မိန်းမပျက်မ နှစ်ယောက်ကို နှိပ်စက်ပြမယ်”
ယုချင်က ဒေါသတကြီးနဲ့ အော်ဟစ်ဆဲဆိုပါတော့တယ်။
ရန်ကိုင်လည်း ထိုနှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေကို စူးစမ်းလိုက်တဲ့အချိန် ထိုနှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားတွေ အားလုံးက အနည်းငယ် ဖြူဖတ်ဖြူလျော် ဖြစ်နေတာကို တွေ့ရှိလိုက်ရတယ်။ သူတို့ပုံစံ ကြည့်ရတာ သူတို့ရဲ့ အသက်စွမ်းအင်နဲ့ သွေးစမ်းအင်တွေ စုပ်ယူခံလိုက်ရတဲ့ ပုံပါပဲ။ သူတို့အားလုံးက ချောမောကြပေမယ့် ထိုဖြူဖတ်ဖတ် အသားအရေက သူတို့ရဲ့ ရုပ်ချောမှုကို ဖျက်စီးသွားခဲ့တယ်။
နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားလေးတပည့် တစ်ယောက်ချင်းစီတိုင်းမှာ သူတို့ကို အဖော်ပြုပေးနေတဲ့ ပန်းလေးတွေ ရှိနေခဲ့ကြပါတယ်။ သူတို့နဲ့ မတူစွာပဲ ထိုမိန်းကလေးတွေရဲ့ အသားအရေက အသက်စွမ်းအင်တို့ဖြင့် ပြည့်နေခဲ့ပြီး သူတို့တစ်ယောက်ချင်းစီက ချိုမြိန်စွာနဲ့ ပြုံးနေခဲ့ကြတယ်။
ထိုမိန်းကလေးတွေ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို ကြည့်တဲ့အကြည့်တွေက ရမက်၊ အလိုဆန္ဒတို့ဖြင့် ပြည့်နေခဲ့တယ်။ လူရှေ့သူရှေ့မှာတောင် သူတို့ရဲ့ဆန္ဒတွေကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့ပါဘူး။ မိန်းကလေးတွေထဲ တစ်ယောက်ဆိုရင် တစ္ဆေဘုရင်တောင်ကြား တပည့်တစ်ယောက်ဆီ သွာပြီး ထိကပါးရိကပါး လုပ်ကာ ဖြာယောင်းသွေးဆောင် လိုက်ပါသေးတယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ သူမနောက်မှာ ရှိနေတဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်က မနာလိုမဖြစ်ရုံမကလို့ သူမရဲ့ စွံကားနေတဲ့ တင်ပါးကိုတောင် လှမ်းပြီး ဖျစ်ညစ်လိုက်ပါသေးတယ်။ ထိုမိန်းကလေးလည်း ချက်ချင်းပဲ ရမက်သွေးကြွစွာနဲ့ ညည်းတွားလိုက်ပါတယ်။
ရန်ကိုင် အမူအရာက ချက်ချင်းပဲ အရုပ်ဆိုးသွားခဲ့တယ်။ ဒီနေရာကို ရောက်ကတည်းက ယောကျ်ားနဲ့ မိန်းမကြားက ဆက်ဆံရေးနဲ့ ပက်သက်ပြီး ကျင့်ကြံကြတဲ့ လူအများကြီး သူတွေ့ခဲ့ဖူးပါတယ်။ ရှန်ချင်းလော့နဲ့ ပီလော့လည်း ပြောစရာ မလိုအောင်ကိုပဲ အထွတ်အထိပ် ကျင့်စဉ်တစ်ခုဖြစ်တဲ့ ညို့ငင်ခြင်းကျင့်စဉ်ကို လေ့ကျင့်ထားကြပါတယ်။ သူတို့နှစ်ယောက်စလုံး အပျိုစင်တွေ ဆိုပေမယ့် သူတို့တွေက ယောကျ်ားနဲ့ မိန်းမကြားက ကိစ္စတွေကို အပြင်ကမ္ဘာက သခင်မလေးတွေထက် ပိုပြီး ရင်းနှီးကြပါတယ်။
ထိုနှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေ လေ့ကျင့်တာကတော့ ယင်နဲ့ယန်ကို စုပ်ယူတဲ့ ကျင့်စဉ်ကို လေ့ကျင့်ကြတဲ့ ပုံပါပဲ။
“နင်တို့တစ္ဆေဘုရင်တောင်ကြားက လူတွေက ရုပ်ဆိုးတယ်ဆိုပေမယ့် အဲ့နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေက ပိုပြီးတော့ကို ရွံစရာကောင်းတယ်” ရန်ကိုင်က လန်ရှန်း နားနားကပ်ပြီး တိုးတိုးလေး ေ ပြာလိုက်တယ်။
“ဘယ်သူ့ကို ရုပ်ဆိုးတယ်လို့ ပြောတာလဲး” လန်ရှန်းက အမြီးတက်နင်းခံရတဲ့ ကြောင်ပေါက်လေးလို ချက်ချင်း ဒေါတသကြီး ပြန်ရန်တွေ့ပါတော့တယ်။
“အဲ၊ ငါပြောတာချင်ကလေ နင်တို့လက်တွေက ဖြူစွတ်နေတာကို ပြောချင်တာပါ။ နင်တို့ လက်တွေက ဖြူစွတ်နေတော့ မသိရင် တစ္ဆေတစ်ကောင်၊ ဒါမှမဟုတ် အလောင်းတစ်လောင်းက ဖြုတ်ယူထားတဲ့ လက်တွေလားလို့တောင် ထင်ရတယ်”
“နင်ဘာသိလို့လဲ။ နှစ်အနည်းငယ်ပဲစောင့်၊ ငါတို့ရဲ့ လျှို့ဝှက်ကျင့်စဉ်ကို အဆင့်တစ်ခုအထိ လေ့ကျင့်ပြီးတာနဲ့ ငါတို့ရဲ့ လက်တွေက နဂိုအတိုင်း ပြန်ဖြစ်သွားမှာ။ ငါတို့ တစ္ဆေဘုရင်တောင်ကြားက လူတွေကို အဲ့နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေနဲ့ လာယှဉ်မပြောနဲ့၊ ဟွန့်”
ရန်ကိုင်က ပခုံးတွန့်ပြလိုက်ပြီး ဘာမှ ဆက်ပြီး မပြောတော့ပါဘူး။
“မင်းတို့ လာပြီဆိုမှတော့ ငါတို့ စလို့ရပြီပေါ့။ ငါတို့ရှေ့မှာ ရှိနေတဲ့ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ် အရေအတွက်က နည်းနည်းများတယ်။ ဒါကြောင့် သူတို့အားလုံးကို အနိုင်ယူဖို့ဆိုရင် ငါတို့အားလုံး ရိုးရိုးသားသားနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်” ယုချင်က သူ့ဘောင်းဘီကို ပြန်ပြင်ဆင်လိုက်ပြီး မောက်မာစွာနဲ့ ချန်ရီကို ကြည့်ပြီး ပြောလိုက်တယ်။
ချန်ရီက နှာခေါင်းရှုံ့ရင်း အေးစက်စက်လေသံနဲ့ ပြန်ပြောလိုက်တယ် “မင်းတို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေက ရိုးရိုးသားသားနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ငါတကယ်ပဲ မျှော်လင့်မိပါတယ်”
Martial Peak
အပိုင်း(၃၃၂) ထိတ်လန့်တုန်လှုပ်သွားခြင်း
အဖွဲ့နှစ်ခု ဆုံပြီးနောက် အစီအစဉ်တွေကို ဆွေးနွေးကာ သူတို့လုပ်ငန်းကို စတင် အကောင်အထည် ဖော်ကြပါတော့တယ်။
ချန်ရီကတော့ တုန့်ဆိုင်းတုန့်ဆိုင်းနဲ့ ခေါင်းဆောင် ရာထူးကို ယူလိုက်ရပြီး သူ့ဘေးမှာတော့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားလေး တပည့်တစ်ယောက်နဲ့ မိန်းကလေး တပည့်တစ်ယောက် ရှိနေခဲ့တယ်။ သူတို့နောက်မှာတော့ ကျန်တဲ့အဖွဲ့သားတွေက ယပ်တောင်ပုံစံနဲ့ စုဝေးနေကြပြီး တိုက်ပွဲအတွက် အဆင်သင့်ပြင်ဆင်ထားခဲ့ကြတယ်။
သူတို့ စထွက်ပြီး သိပ်မကြာခင်မှာပဲ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်နဲ့ ရင်ဆိုင်တွေ့လိုက်ရတယ်။ ထိုခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေဆီကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာချီအရှိန်အဝါက အရင်က သူတို့တွေ့ခဲ့တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေဆီကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာချီအရှိန်အဝါထက် အဆများစွာ ပိုအားကောင်းပါတယ်။ သူတို့ရဲ့ ပုံသဏ္ဏာန် အသွင်အပြင်ကလည်း လူနဲ့ပိုပြီး ဆင်တူလာခဲ့ပါတယ်။
“ဟိုကောင်တွေ လာပြီ” ချန်ရီက အော်ဟစ်သတိပေးလိုက်ပြီး သူ့ကိုယ်ကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်လာခဲ့တယ်။
“ငါတို့ တစ်ဖွဲ့ကို တစ်ကောင်” ယုချင်က အသာအယာလေး ပြောလိုက်တယ်။ ပြီးတာနဲ့ တစ္ဆေဘုရင်တောင်ကြားနဲ့ နှောင်ဖွဲ့ခြင်းဂိုဏ်းတို့ လူစုက ချက်ချင်းပဲ ကွဲထွက်သွားခဲ့ပြီး ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်ကို အသီးသီး ရင်ဆိုင် တိုက်ခိုက် ကြပါတော့တယ်။
စူးရှတဲ့ အော်ဟစ်သံတွေနဲ့ ချောက်ချားဖွယ်ကောင်းတဲ့ အူသံတွေက လူတိုင်းရဲ့ ကျောရိုးတစ်လျှောက်ကို စိမ့်တက်လို့ သွားစေခဲ့တယ်။
ချက်ချင်းပဲ လူတိုင်းက ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်ကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်လိုက်ကြတယ်။
တစ္ဆေဘုရင်တောင်ကြားက တပည့်တွေက ယင်ချီအမျိုးအစား သိုင်းပညာရပ် အမျိုးမျိုးကို အသုံးပြုကာ တက်ညီလက်ညီနဲ့ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်ကို တိုက်ခိုက်နေခဲ့ကြတယ်။
ထိုနည်းတူစွာ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေလည်း သူတို့ရဲ့ ကိုယ်ပိုင်သိုင်းပညာရပ် အမျိုးမျိုးကို အသုံးပြုကာ ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်ကို တိုက်ခိုက်နေခဲ့ကြတယ်။ ခြားနားချက်ကတော့ သူတို့ရဲ့ သိုင်းပညာရပ်တွေက တစ္ဆေဘုရင်တောင်ကြားက သိုင်းပညာရပ်တွေလောက် ထိတ်လန့်ခြောက်ခြားစရာ မကောင်းပဲ အနည်းငယ် ကြည့်ပျော်ရှုပျော် ရှိပါတယ်။
ရန်ကိုင်ကတော့ အစွန်အဖျားကနေသာ မထိတထိနဲ့ တိုက်ခိုက်နေခဲ့ပြီး တကယ်တမ်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း မရှိပါဘူး။ ရန်ကိုင်က လက်ဝါးချက် တစ်ချက်၊ နှစ်ချက်လောက် ရိုက်ထုတ်လိုက် လုပ်ရင်းနဲ့ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ ခွန်အားကို စစ်ဆေးနေခဲ့တယ်။
တစ်ခဏကြာပြီးနောက် ခရမ်းရောင်စိတ်ဝိဥာဉ်တွေရဲ့ ခွန်အားကို သူတော်တော်လေး နားလည်သွားခဲ့ပါပြီ။
ထိုခရမ်းရောင်ကောင်တွေက အနီရောင်ကောင်တွေထက် ပိုပြီး ရင်ဆိုင်ရ ခက်ခဲပါတယ်။ တစ္ဆေဘုရင်တောင်ကြားက တပည့် ၇ယောက်၊ ၈ယောက်လောက်က အထက်စီးကနေ တိုက်ခိုက်နေနိုင်ပေမယ့် တစ်ဟုန်ထိုး ပြေးဝင်မတိုက်ခိုက်ရဲပဲ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ ခွန်အားကို တစ်စတစ်စနဲ့ ယုတ်လျော့အောင် လုပ်နေခဲ့တယ်။
ထိုကဲ့သို့ မိစ္ဆာစိတ်ဝိဥာဉ်မျိုးနဲ့ ရင်ဆိုင်ရရာတွင် တစ္ဆေဘုရင်တောင်ကြားက တပည့်သုံးယောက်သာ တစ်ဟုန်ထိုး ပြေးဝင်သွားလိုက်ပါက သူတို့သုံးယောက်စလုံး တစ်ခါတည်း အသက်ပျောက်သွားနိုင်ပါတယ်။
အဖွဲ့နှစ်ဖွဲ့က အချိန်အတော်ကြာအောင် တိုက်ခိုက်နေခဲ့ပြီး နောက်ဆုံးမှာတော့ ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်ကို သတ်ပစ်နိုင်ခဲ့တယ်။ နှစ်ဖွဲ့စလုံးကလည်း မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် တစ်ခုစီ ရခဲ့ပါတယ်။ အဖွဲ့နှစ်ဖွဲ့စလုံးက ကိုယ်စီကိုယ်စီ ဝိဥာဉ်သန့်စင်ပုလင်းတွေကို ကိုင်ရင်း မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို စုဆောင်ဖို့ လုပ်လိုက်တယ်။
အတူတကွ ပူးပေါင်းလုပ်ဆောင် ပြီးနောက်မှာတော့ နှစ်ဖွဲ့စလုံးက အကျိုးအမြတ် ကောင်းကောင်း ရိတ်သိမ်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လန်ရှန်းက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေရဲ့ လှုပ်ရှားမှုကို အဆက်မပြတ် သတိထားနေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။ ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ တိုက်ခိုက်နေတာတောင် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေကို အဆက်မပြတ် သတိထားနေခဲ့တယ်။
မိစ္ဆာစိတ်ဝိဥာဉ်နှစ်ကောင်ကို သတ်ပစ်ပြီးသွားလို့ တစ္ဆေဘုရင်တောင်ကြားက တပည့်က ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို ဝိဥာဉ်သန့်စင်ပုလင်းထဲ စုပ်ယူဖို့လုပ်နေတုန်းမှာပဲ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက မိန်းကလေး တပည့်တစ်ယောက်က ထိုတပည့်ဆီ ပြေးဝင်သွားလိုက်ပြီး မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို တိုက်ရိုက်စုပ်ယူလိုက်တယ်။
ပြီးတာနဲ့ ချက်ချင်းပဲ သူတို့ရဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ ရှိနေတဲ့ နေရာဆီ ပြန်ပြေးသွားလိုက်တယ်။ ကောင်မလေးရဲ့ မျက်နှာကတော့ ဂုဏ်ယူပြီး ကျေနပ်နေတဲ့ အရိပ်အယောင်တို့ဖြင့် ပြည့်နေခဲ့ပြီး သူမရဲ့ ယောကျ်ားလေးအဖော်ကတော့ သူမနှုတ်ခမ်းလေးကို စုပ်နမ်းလိုက်ပြီး ချီးကျူးလိုက်တယ် “အချစ်လေးက အရမ်းသတ္တိရှိတာပဲ”
“ဟဲဟဲ၊ ငါနင့်ကို ပိုပြီးသန်မာလာစေချင်တာကိုး” ထိုမိန်းမက ညူတူတူ အမူအရာလေးနဲ့ ပြောလိုက်တယ်။
“ယုချင်” ချန်ရီက ထအော်လိုက်ပြီး “မင်းဒါဘာလုပ်တာလဲ”
ယုချင်ကတော့ ရယ်မောလိုက်ပြီး “ငါဘာမှ မလုပ်ဘူးလေ”
“အဲ့အဆီအနှစ်က ငါတို့ဟာလေ၊ အဲ့ဒါကို မင်းဘာလို့ လုယူသွားရတာလဲ” ချန်ရီက ယုချင်ကို အေးစက်စက်နဲ့ စိုက်ကြည့်လိုက်တယ်။
“ချန်ရီ၊ မင်းပြောချင်တာကို ငါနားမလည်ဘူး။ ငါတို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းနဲ့ မင်းတို့ တစ္ဆေဘုရင်တောင်ကြားက အတူတူ ပူးပေါင်းထားတော့ တစ်ဖွဲ့တည်း ဖြစ်နေတာ မဟုတ်ဘူးလား။ အားလုံးက ရိုးရိုးသားသားနဲ့ အတူတူ ပူးပေါင်းပြီး တစ်ယောက်ကို တစ်ယောက် ကူညီဖေးမ နေကြာတာလေ။ ဒီအဆီအနှစ်ကို ငါတို့ ယူလိုက်တာက မင်းတို့ ရလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
“အဲ့လိုဆိုရင် မင်းတို့ သတ်လိုက်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အဆီအနှစ်ကို ငါတို့ကလည်း ယူလို့ ရတယ်ပေါ့” ချန်ရီက ယုချင်ကို သုန်မှုန်စွာနဲ့ ကြည့်ရင်း အေးစက်စက်လေသံနဲ့ ပြောလိုက်တယ်။
“မင်း ယူနိုင်ရင် ယူလို့ရတယ်။ ငါတို့က စိတ်မဆိုးဘူး… ဟားဟား” ယုချင်က ရယ်မောလိုက်ပြီး “ကဲကဲ၊ အဲ့လောက်ကြီးလည်း ဒေါသထွက်မနေပါနဲ့။ မိစ္ဆာအဆီအနှစ် တစ်ခုလေးပဲ မဟုတ်ဘူးလား။ မင်းတို့ တစ္ဆေဘုရင်တောင်ကြား ရမယ့် အဝါရောင်စမ်းရေကန်နဲ့ ယှဉ်ရင် ဒီအဆီအနှစ်လေးက ဘာမှ မဟုတ်ပါဘူးကွာ။ အခုကိစ္စတွေ ပြီးတာနဲ့ အဝါရောင် စမ်းရေကန်ကို မင်းတို့ တစ္ဆေဘုရင်တောင်ကြား တပည့်တွေအတွက် တစ်လတိတိ ဖွင့်ပေးမယ်လို့ ငါကတိပေးတယ်”
ထိုအဝါရောင်စမ်းရေကန်က စကားဝိုင်းထဲ ပါလာတာနဲ့ ချန်ရီ မျက်မှောင် ကြုံ့မိလိုက်တယ်။ တုန့်ဆိုင်းနေပြီး နောက်ဆုံးမှာတော့ ချန်ရီလည်း ထိုကိစ္စနဲ့ ဆက်ပြီး ငြင်းခုံမနေဖို့ ဆုံးဖြတ်လိုက်တယ် “ငါမှတ်ထားမယ်”
ထိုကိစ္စလေးအတွက် ချန်ရီ ဆက်ပြီး စကားမများ ချင်တော့ပါဘူး။ အဝါရောင်စမ်းရေကန်က တစ္ဆေဘုရင်တောင်ကြားက တပည့်တွေအတွက် တကယ့်ကို အားနည်းချက် အကြီးကြီး တစ်ခုပါ။ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းရဲ့ ခွန်အားကြောင့်သာ မဟုတ်ရင် တစ္ဆေဘုရင်တောင်ကြားက ထိုအဝါရောင်စမ်းရေကန်ကို လုယူပြီးတာ ကြာပါပြီ။
အဖွဲ့နှစ်ဖွဲ့က ရှေ့ကို အတူတူ ဆက်သွားနေခဲ့ကြတယ်။ ဒါပေမယ့် အဖွဲ့နှစ်ခုကြားက လေထုက တင်းမာလို့ နေခဲ့တယ်။
ရန်ကိုင်က လန်ရှန်းဘေးနား သွားလိုက်ပြီး သူမကို တိတ်တဆိတ်နဲ့ မေးလိုက်တယ် “အဲ့မိန်းမက မိစ္ဆာအဆီအနှစ်ကို သူမကိုယ်ထဲ ဘယ်လိုလုပ်ပြီး တိုက်ရိုက် စုပ်ယူလို့ ရတာလဲ။ သူမက မိစ္ဆာအဆီအနှစ်ကို တိုက်ရိုက် စုပ်ယူလို့ရတဲ့ ကျင့်စဉ်တစ်ခုကို လေ့ကျင့်ထားတယ် ဆိုတာကိုလည်း ငါအာရုံမခံမိပါလား”
သူမက မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို သူမကိုယ်ထဲ တိုက်ရိုက် စုပ်ယူလိုက်လို့ တစ္ဆေဘုရင်တောင်ကြားက တပည့်က ထိုအဆီအနှစ်ကို ဝိဥာဉ်သန့်စင်ပုလင်းထဲ စုဆောင်းဖို့ အချိန်မရခဲ့တာပါ။ တကယ်တော့ ဝိဥာဉ်သန့်စင်ပုလင်းထဲ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို စုပ်ယူဖို့ဆိုရင် အချိန်နည်းနည်းတော့ ယူရသေးတယ်လေ။
“ဘာလို့လဲဆိုတော့ သူမက အဆောင်အစေခံ တစ်ယောက် ဖြစ်နေလို့ပဲ….” လန်ရှန်းက တိုးတိုးလေး ပြောလိုက်တယ် “သူတို့ရဲ့ ယောကျ်ားလေး အဖော်တွေကိုသာ ပိုပြီး သန်မာအောင် လုပ်ပေးနိုင်မယ်ဆိုရင် ဘယ်လိုဒဏ်ရာပဲရရ၊ ဘယ်လိုပဲ နှိပ်စက်ခံရခံရ အားလုံးကို ခံယူဖို့ အသင့်ပဲ။ အဲ့သူတောင်းစားတွေကို သွားပြီး အထင်မသေးလိုက်နဲ့ဦး။ အဲ့နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားတွေက အဲ့အဆောင်အစေခံတွေကို ထူးခြားတဲ့ ကျင့်စဉ်တစ်ခုကို သုံးပြီး ဦးနှောက်ဆေးထားတာ။ သူတို့တွေက အဲ့မိန်းကလေးတွေရဲ့ အသက်ကို လိုချင်တယ် ဆိုရင်တောင် အဲ့မိန်းကလေးတွေ လိုလိုလားလားနဲ့ သူမတို့ရဲ့ အသက်ကို ပေးလိုက်မှာ”
“ဘယ်လို” ရန်ကိုင် အံ့အားသင့်သွားခဲ့တယ်။ မိန်းမတစ်ယောက်ရဲ့ စိတ်နဲ့ ခန္ဓာကို အပြည့်အဝ အပိုင်သိမ်း ထိန်းချုပ်နိုင်တဲ့ ကျင့်စဉ်၊ တကယ်ကို ရှိန်လောက်စရာပါပဲ။
“အင်း၊ အဲ့အဆောင်အစေခံက ကျိန်းသေ ဒဏ်ရာရသွားလိမ့်မယ်။ ဒါပေမယ့် သူမက အဲ့ဒါကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ ပြီးတော့ အဲ့နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားကလည်း ဂရုစိုက်နေမှာ မဟုတ်ဘူး။ တစ်ယောက်က ပေးတယ်၊ တစ်ယောက်က ယူတယ်။ အဲ့ဒါ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားတွေ ဘယ်လိုအလုပ်လဲ ဆိုတာပဲ။ သူတို့တစ်ယောက်ချင်းစီမှာ အဆောင်အစေခံ တစ်ယောက်ထက်မက ပိုရှိတယ်။ အစေခံ တစ်ယောက် သေသွားရင်တောင် သူတို့ မျက်တောင် တစ်ချက် ခတ်မှာ မဟုတ်ဘူး”
“တိရစ္ဆာန်တွေပဲ” ရန်ကိုင်က အထင်အမြင် သေးစွာနဲ့ ဆိုလိုက်တယ်။
“နင်ပြောတာကတောင် နည်းနေသေးတယ်။ သူတို့တွေက တိရစ္ဆာန်ထက်ကို ဆိုးတဲ့ကောင်တွေ” လန်ရှန်းက လှောင်ပြောင်လိုက်တယ်။
သူတို့နှစ်ယောက် စကားပြောနေတုန်း မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အဆီအနှစ်ကို စုပ်ယူသွားတဲ့ မိန်းကလေးက သူ့မရဲ့ ယောကျာ်းလေး အဖော်အား နမ်းရှိုက်နေတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။ သူတို့နမ်းရှိုက်နေတဲ့ နျုတ်ခမ်းအစုံမှ သားရေတွေ စီးကျနေပြီး မိန်းကလေး ကိုယ်ထဲမှ စွမ်းအင်တွေက ယောကျ်ားလေး ကိုယ်ထဲသို့ စီးဝင်နေခဲ့တယ်။
နမ်းရှိုက်နေတာကို ရပ်လိုက်တဲ့အခါမှာတော့ ယောကျ်ားလေး တပည့်က ကျေနပ်စွာနဲ့ ပြုံးလိုက်တယ်။ သူ့ရဲ့ ဖြူလျော်နေတဲ့ မျက်နှာက အရင်ကထက် ပိုပြီး စိုပြည်လာခဲ့ပါတယ်။ သူနမ်းခဲ့တဲ့ မိန်းကလေးကတော့ အခြေအနေ ကောင်းမွန်သည့် ပုံမရပဲ သူမရဲ့ နှုတ်ခမ်းထောင့်စွန်းမှ သွေးတွေ စီးကျနေခဲ့တယ်။
ဒါပေမယ့် သူမက ထိုအခြင်းအရာကို စိတ်ထဲထားရုံမရာပဲ နှုတ်ခမ်းက သွေးတွေကို သုတ်ပစ်လိုက်ပြီး ယောကျ်ားလေး အဖော်ကို မြတ်နိုးစွာနဲ့ ကြည့်လိုက်တယ်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရတာနဲ့ ရန်ကိုင်လည်း ခေါင်းခါယမ်းမိလိုက်တယ်။ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက အဆောင်အစေခံတွေရဲ့ ဘဝက တကယ်ကို သနားစရာ ကောင်းလှပါတယ်။
နာရီဝက်ကြာပြီးနောက် တစ္ဆေဘုရင်တောင်ကြားက တပည့်တွေက နောက်ထပ် ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်ကို သတ်ပစ်လိုက်နိုင်ခဲ့တယ်။ သူတို့ သတ်ပြီးတာနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက မိန်းကလေး တစ်ယောက်က လုယူဖို့အကြံနဲ့ အဆီအနှစ်ဆီ နောက်တစ်ကြိမ် ပြေးဝင်သွားလိုက်တယ်။
ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်တယ်။ ထို့နောက် အဆီအနှစ် ရှိရာဆီ မိန်းကလေး မရောက်ခင် ကြိုရောက်အောင် ပြေးသွားလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်ကာ ထိုအဆီအနှစ်ကို တိုက်ရိုက် စုပ်ယူလိုက်တယ်။
“အန်” ရန်ကိုင်ရဲ့ အပြုအမူကို မြင်လိုက်တာနဲ့ ယုချင်က အံ့အားသင့်စွာနဲ့ မျက်ခုံးပင့်လိုက်တယ်။ ဒါပေမယ့် ဘာမှ မပြောခဲ့ပဲ မိစ္ဆာဆန်ဆန်သာ ပြုံးနေလိုက်တယ်။
သူတို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက မိန်းမတွေက ဒဏ်ရာရမှာကို မကြောက်တဲ့အတွက် ထိုအဆီအနှစ်တွေကို တိုက်ရိုက်စုပ်ယူရဲတာပါ။
ဒါပေမယ့် ရန်ကိုင်က မိစ္ဆာအဆီအနှစ် ပြီးနေတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ထို့ကြောင့် တစ္ဆေဘုရင်တောင်ကြားက တပည့်တွေက သူ့မျက်နှာကို တံတွေးထွေးရဖို့အရေး သူတို့နှာခေါင်း သူတို့ ဖျက်နေကြတယ်လို့ ယုချင်က တွေးနေခဲ့တာပါ။ ထို့ကြောင့်ပဲ သူက ဘာတစ်ခွန်းမှ မပြောပဲ ဘေးကနေ ပျော်ပျော်ကြီး ထိုင်ကြည့်နေခဲ့တာပါ။
“ကြည့်ရတာ အဆီအနှစ် နှစ်ခု အကြွေးတင်သွားပြီနဲ့ တူတယ်” ရန်ကိုင်က မဲ့ပြုံးပြုံးလိုက်တယ်။
“မလိုပါဘူး။ အဲ့သူတောင်းစားတွေ အလကားယူသွားတာထက် ညီအစ်ကိုရန် ယူသွားတာကတောင် ပိုကောင်းသေးတယ်” ချန်ရီက ရယ်ကာမောကာနဲ့ ပြန်ပြောလိုက်တယ်။ ရန်ကိုင်က အစစ်အမှန် ယန်ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့အတွက် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို နေရာမှာတင် တိုက်ရိုက်စုပ်ယူ လိုက်မယ် ဆိုရင်တောင် ဘာမှ ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။
လန်ရှန်းလည်း ချန်ရီပြောတာကို ခေါင်းညိတ် ထောက်ခံလိုက်တယ်။ သူတို့နှစ်ယောက်က ဘာမှ မပြောမှတော့ ကျန်တဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေက ဘာမှ မပြောတော့ပါဘူး။ အဲ့အစား နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေကို စူးစူးရဲရဲနဲ့ စိုက်ကြည့်လိုက်ကြတယ်။
နောက်ထပ် နေ့တစ်ဝက်အတွင်းမှာ မိစ္ဆာစိတ်ဝိဥာဉ်တွေကို သူတို့ ထပ်မံကြုံတွေ့ခဲ့ရတယ်။ မိစ္ဆာစိတ်ဝိဥာဉ်တစ်ကောင်ကို သူတို့သတ်လိုက်တိုင်း ရန်ကိုင်က ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို စုပ်ယူပစ်လိုက်တယ်။ သူက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက သတ်လိုက်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေရဲ့ အဆီအနှစ်ကိုတောင် စုပ်ယူဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းနဲ့ တစ္ဆေဘုရင်တောင်ကြား ပြဿနာတက်မှာ စိုးတဲ့အတွက် ရန်ကိုင်က ဒီအတိုင်း ငြိမ်နေခဲ့တာပါ။
ရန်ကိုင်က အဆီအနှစ်တွေကို တစ်ခါတည်း တိုက်ရိုက်စုပ်ယူတာကို မြင်ရပါ များလာတော့ ယုချင်က မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး လှောင်ပြောင်လိုက်တယ် “ကောင်စုတ်လေး၊ မင်းဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာကို ငါကြည့်ရသေးတာပေါ့။ အဆီအနှစ်တွေ အများကြီးကို စုပ်ယူပြီးတာတောင် မသန့်စင်ပဲ နေတယ်ဆိုတော့ အနှေးနဲ့အမြန်ပဲ မင်းက မိစ္ဆာလမ်းကြောင်းထဲကို ကျဆင်းသွားတော့မှာ”
ရန်ကိုင်ကတော့ ပြုံးရုံလေး ပြုံးပြီး ပြန်ပြောလိုက်တယ် “မင်းငါ့ကို လာစိတ်ပူပေးနေစရာ မလိုပါဘူး”
“ကောင်ပြီလေ၊ ဆက်ကြည့်ကြတာပေါ့” ယုချင် မျက်ဝန်းထဲ အေးစက်စက် အလင်းရောင်တို့ လက်သွားခဲ့တယ်။
သူတို့ ဆက်သွားနေခဲ့ပေမယ့် မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်တစ်လေကိုတောင် မတွေ့ရတော့ပါဘူး။ လမ်းတစ်ခုလုံးက တိတ်ဆိတ်လို့နေခဲ့တယ်။
အဖွဲ့နှစ်ဖွဲ့က လူတွေက အကြည့်ချင်း ဖလှယ်လိုက်ပြီး အားလုံးက ဘာတွေဖြစ်နေလဲ ဆိုတာကို နားမလည်နိုင်အောင် ဖြစ်နေခဲ့ရတယ်။
သတိ တကြည့်ကြည့်နဲ့ ရှေ့ဆက်နေတုန်း သူတို့နဲ့ သိပ်မဝေးတဲ့ နေရာဆီမှ ပြင်းထန်တဲ့ ချီစွမ်းအင်တို့ ပေါက်ကွဲထွက်လာခဲ့တယ်။
ထိုစွမ်းအင်က မိစ္ဆာစိတ်ဝိဥာဉ်တွေကနေ ထွက်ပေါ်နေတဲ့ မိစ္ဆာချီစွမ်းအင်နဲ့ တူပေမယ့် ပိုပြီ သိပ်သည်းပါတယ်။ ထိုကဲ့သို့ သိပ်သည်းလှတဲ့ ချီစွမ်းအင်တွေ ပေါက်ကွဲထွက်လာတာက အားကောင်းတဲ့ မွန်းစတားတစ်ကောင် ရှိနေပြီဆိုတဲ့ လက္ခဏာပါပဲ။ ထို့ကြောင့် အဖွဲ့နှစ်ခုလုံးမှာ ရှိတဲ့ လူတွေ အကုန်လုံး ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့ကြတယ်။
တစ်ခဏကြာပြီးနောက် ထိုမိစ္ဆာချီက ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ပတ်ဝန်းကျင်လည်း တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့တယ်။
အဖွဲ့သားတွေ အကုန်လုံးက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး တစ်ယောက်အကြည့်ကို တစ်ယောက် နားလည်လိုက်ကြတယ်။
အန္တရာယ်တွေ ပိုများလေ ရရှိနိုင်တဲ့ အကျိုးအမြတ်ကလည်း ပိုများလေပါပဲ။ တစ္ဆေဘုရင်တောင်ကြားနဲ့ နှောင်ဖွဲ့ခြင်းဂိုဏ်းက တပည့်တွေလည်း ထိုအချက်ကို နားလည်ထားပါတယ်။ ဒါပေမယ့် သိပ်သည်းပြင်းထန်လှတဲ့ မိစ္ဆာချီစွမ်းအင်ကို ပြန်စဉ်းစားမိလိုက်ချိန်မှာတော့ သူတို့အားလုံး တုန့်ဆိုင်း သွားခဲ့ကြတယ်။
“ငါတို့ သွားစစ်ဆေးကြမလား၊ မစစ်ဆေးဘူးလား” ယုချင်က တစ်ခဏတာ တုန့်ဆိုင်းနေပြီးနောက် မေးလိုက်တယ်။
ချန်ရီလည်း ဝေခွဲရခက်နေတဲ့အတွက် လန်ရှန်းကိုသာ ကြည့်လိုက်တယ်။
လန်ရှန်းက မျက်မှောင်ကြုံ့လိုက်ပြီး စဉ်းစားနေလိုက်တယ်။ ဒါပေမယ့် သူမကောင်းကောင်း မစဉ်းစားရသေးခင်မှာပဲ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တစ်ယောက် ထအော်လိုက်တယ် “မိစ္ဆာစိတ်ဝိဥာဉ်တွေ”
“ဘာ၊ ဘယ်မှာလဲ” ယုချင်က သူဘေးပတ်ပတ်လည်းကို ကမန်းကတန်း စူးစမ်းလိုက်တယ်။
“ငါတို့နောက်မှာ”
ထိုစကားသံကို ကြားလိုက်တာနဲ့ အားလုံး နောက်ကို လှည့်ကြည့်လိုက်တယ်။ လေအေးတစ်ချက် သူတို့ နောက်ဘက်ကနေ တိုက်ခတ်သွားခဲ့ပြီး အဖွဲ့သားတွေ အားလုံး တုန်ရင်သွားခဲ့ကြတယ်။
သူတို့နဲ့ ကီလိုမီတက်ဝက် အဝေးမှာတော့ …. ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ် တစ်သိုက်က စူးရှတဲ့အော်ဟစ်သံတွေကို ထုတ်လွှတ်ရင်း သူတို့ဆီ ပြေးလာနေခဲ့တယ်။
ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ် တစ်ဒါဇင်ကျော်တောင်ပါ။ တစ္ဆေဘုရင်တောင်ကြားနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက အတူတူ ပူးပေါင်းထားတယ် ဆိုရင်တောင် ဒီလောက် များပြားတဲ့ ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေကိုတော့ ယှဉ်တိုက်နိုင်မှာ မဟုတ်ပါဘူး။
“ဘာလို့ အဲ့လောက် များနေရတာလဲ” ချန်ရီက အော်ဟစ်လိုက်ပြီး သူ့မျက်နှာက တစ်မုဟုတ်ချည်း စက္ကူတစ်ရွက်လို ဖြူလျော်သွားခဲ့တယ်။
“သူ့ဘာသာ ဘယ်လောက်များများ ဘယ်သူက ဂရုစိုက်နေမှာ မို့လို့လဲ၊ ပြေးတော့” ချန်ရင် ခပ်မြန်မြန်ပဲ အော်ပြောလိုက်တယ်။
တုန့်ဆိုင်းမနေတော့ပဲ အဖွဲ့တစ်ခုလုံး လှုပ်ရှားပညာရပ် မျိုးစုံကို အသုံးပြုကာ ကမန်းကတန်း ထွက်ပြေးကြပါတော့တယ်။
“ငါတို့နားမှာလည်း ရှိသေးတယ်” ပြေးနေရင်းနဲ့ ယုချင်က ရုတ်တရက် ထအော်လိုက်တယ်။
ကျန်ရှိနေတဲ့ လူတွေက ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်တာနဲ့ သူတို့နားမှာ စုဝေးနေကြတဲ့ မိစ္ဆာစိတ်ဝိဥာဉ် များစွာကို တွေ့လိုက်ရတယ်။ ထိတ်လန့်ဖွယ်ကောင်းလှတဲ့ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်တွေက သူတို့ပြေးနေတဲ့ လမ်းကြောင်းအတိုင်း ပြေးလွှားနေခဲ့ကြတယ်။ ထိုမိစ္ဆာစိတ်ဝိဥာဉ်တွေက အစောပိုင်းတုန်းက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတဲ့ မိစ္ဆာချီစွမ်းအင်ဆီ ပြေးလွှားနေတဲ့ ပုံပါပဲ။
Martial Peak
အပိုင်း(၃၃၃) ခိုကိုးရာ
အရှေ့မှာ ဘယ်လို အန္တရာယ်တွေက သူတို့ကို စောင့်ကြိုနေလဲဆိုတာ သူတို့ မသိပါဘူး။ ဒါပေမယ့် အနောက်ဘက်၊ ဘယ်ဘက်နဲ့ ညာဘက်မှာတော့ သေခြင်းတရားက သူတို့ကို စောင့်ကြိုနေပါတယ်။
ကီလိုမီဒါတာဒါဇင်ကျော်အောင် မရပ်မနား ပြေးလွှားနေပြီးနောက် အားလုံး ပြေးနေတာကို ရုတ်တရက် ရပ်တန့်လိုက်ကြတယ်။ သူတို့ရှေ့က မြင်ကွင်းကြောင့် သူတို့တွေ အကုန်လုံး မျက်စိပြုတ်ထွက်တော့မတတ် မျက်လုံး ပြူးကျယ်သွားခဲ့တယ်။
သူတို့ အရှေ့ဘက်နေရာတစ်ခုလုံးက ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ ပြည့်နေခဲ့ပါတယ်။ ထိုမိစ္ဆာစိတ်ဝိဥာဉ်တွေက အရှေ့အနောက် လှုပ်ရှားသွားလာရင်း အချင်းချင်း တိုက်ခိုက် နေခဲ့ကြတယ်။
ပြီးတော့ ပိုပိုများပြားတဲ့ ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေက အရပ်လေးမျက်နှာကနေ ပြေးဝင်လာနေကြပြီး ထိုသတ်ဖြတ်ပွဲကို ဝင်ရောက်ဆင်နွှဲနေခဲ့ကြတယ်။ တကယ်ကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ မြင်ကွင်းတစ်ခုပါ။
အံ့ဩဖွယ်ကောင်းတဲ့ အဖြစ်အပျက် များစွာကို မြင်တွေ့ခဲ့ရဖူးတဲ့ ရန်ကိုင်တောင် ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့် အံ့အားသင့်နေခဲ့တယ်။ တစ္ဆေဘုရင်တောင်ကြားနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေ ဆိုရင်တောင် ပြောနေစရာတောင် မလိုတော့ပါဘူး။
အစစ်အမှန် ယန်ကျင့်စဉ်ကို လေ့ကျင့်ထားတဲ့အတွက် မိစ္ဆာစိတ်ဝိဥာဉ်တွေကို ဖိနှိပ်နိုင်တယ် ဆိုပေမယ့် ဒီလောက် များပြားတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ ရင်ဆိုင်ရရင်တော့ သူလည်း ဘာမှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး။ ထိုခရမ်းရောင်ကောင်တွေသာ သူတို့ကို လာတိုက်မယ် ဆိုရင် သူတို့တွေ လုံးဝတောင့်ခံ နိုင်မှာ မဟုတ်ဘူးဆိုတာကို ရန်ကိုင်က သိထားပါတယ်။
အဖွဲ့သားတွေ အာလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့တယ်။ များစွာသော အဖွဲ့သားတွေရဲ့ မျက်ဝန်းတွေဟာဆိုရင် မျက်ရည်၊ တုန်လှုပ်ခြောက်ခြားမှုတို့ ပြည့်နေကာ သူတို့ရဲ့ မျက်နှာတွေမှာတော့ ကြောက်ရွံ့မှုတို့ ထင်ဟပ်နေခဲ့တယ်။ ဘာဆက်လုပ်ရမှန်း မသိတာနဲ့ ထိုနေရာမှာပဲ ကြောင်တောင်တောင်နဲ့ မတ်တပ်ရပ်နေခဲ့မိတယ်။
ရှေ့မှာက ဝံပုလွေ၊ နောက်မှာက ကျား၊ ဘယ်ဘက်နဲ့ ညာဘက်မှာက သေခြင်းတရား၊ အခုလို ကူကယ်ရာ မဲ့နေတဲ့ အခြေအနေမျိုးမှာ သူတို့ ဘယ်အရပ်ဆီ သွားကြရတော့မှာလဲ။
“ညီအစ်ကိုရန်၊ ညီအစ်ကိုရန်” သူတို့နဲ့ သိပ်မဝေးတဲ့ နေရာတစ်ခုစီမှ အသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။
သူ့နာမည် အော်ခေါ်နေတာကို ကြားလိုက်ရသဖြင့် ရန်ကိုင် နောက်လှည့်ကြည့်လိုက်တဲ့အခါ မိစ္ဆာလိုဏ်ဂူထဲကို ဝင်လာတုန်းက တွေ့ခဲ့ရတဲ့ ထောင်ရန်က သူ့ကို လက်ဝှေ့ရမ်းပြနေတာကို တွေ့လိုက်ရတယ်။
သူက မိစ္ဆာလိုဏ်ဂူထဲမှာ မြင်တွေ့ရလေ့ရှိတဲ့ တိုင်လုံအကြီးကြီးတွေ ပေါ်မှာရှိတဲ့ ကျောက်သားပြင်ပေါ်မှာ မတ်တပ်ရပ်နေခဲ့တာပါ။ ထိုတိုင်လုံးကြီးက မြေပြင်ထက်ကနေဆို မီတာ၂၀၊ ၂၀ကျော်လောက် မြင့်ပါတယ်။
ထောင်ရန်ရဲ့ ဘေးမှာတော့ သူ့ဂျူနီယာညီမလေးနဲ့ ဂျူနီယာညီလေးတို့ ရှိနေခဲ့တယ်။
သူတို့နဲ့ သိပ်မဝေးတဲ့ နေရာမှာတော့ ထောင်ရန်တို့ ရပ်နေတဲ့ နေရာလို မြင့်မားတဲ့ စင်မြင့်တစ်ခု ရှိနေခဲ့တယ်။
“အဲ့နေရာကို သွားမယ်” ရန်ကိုင်က အော်ပြောလိုက်ပြီး လန်ရှန်နဲ့ ကျန်တဲ့လူတွေကို ဦးဆောင်ရင်း ကျောက်တိုင်းကြီးဆီ သွားလိုက်တယ်။ အသက်ရှင်ဖို့ မျှော်လင့်ချက် အရိပ်အယောင်ကို တွေ့လိုက်တာနဲ့ ယုချင်နဲ့ ကျန်တဲ့လူတွေလည်း စတင်ပြေးလွှားကြပါတော့တယ်။
အခုလို သေရေး၊ ရှင်ရေး အခြေအနေမျိုးမှာ ရန်ကိုင်က သူ့ခွန်အားကို ဆက်ပြီး ဖုံးကွယ်မနေတော့ပါဘူး။ အစစ်အမှန်ချီကို လှည့်ပတ်လိုက်ပြီး ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်တွေကို လွင့်ပျံထွက်သွားအောင် ရိုက်ထုတ်လိုက်တယ်။ သူတိုက်ခိုက်မှုတိုင်းမှာ အစစ်အမှန် ယန်ချီတို့ ပါဝင်နေခဲ့ပါတယ်။
ထိုကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့ပြီးနောက် ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်အုပ်ကို ဖြတ်ပြီး လမ်းကြောင်းတစ်ခု သူဖောက်နိုင်ခဲ့တယ်။ ထို့နောက် ထောင်ရန်တို့ ရပ်နေတဲ့ စင်မြင့်ဆီ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေနဲ့အတူ ခုန်တက်လိုက်တယ်။
စင်မြင့်က သိပ်မကျယ်ပါဘူး။ ထောင်ရန်တို့ အဖွဲ့က လူလေးယောက်နဲ့ တစ္ဆေဘုရင်တောင်ကြားက တပည်တွေ့နဲ့ဆို လူမကြပ်ပေမယ့် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေ ထပ်လာမယ် ဆိုရင်တော့ ကာတော့မှာ မဟုတ်ပါဘူး။
စင်မြင့်ပေါ် ရောက်တာနဲ့ ရန်ကိုင် လှည့်လိုက်ပြီး ယုချင်တို့ အဖွဲ့ကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။
ကံကောင်းစွာဖြင့် သူတို့မှာလည်း ကိုယ်ပိုင် အသိစိတ်ရှိနေခဲ့ပါတယ်။ အခုအချိန်က တိုက်ခိုက်လို့ ကောင်းတဲ့ အချိန်မဟုတ်ဘူးဆိုတာ သူတို့ သိထားပါတယ်။
ထို့ကြောင့် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေက ကိုယ်ပိုင်လက်နက် အသီးသီးကို ထုတ်လိုက်ကြပြီး နောက်ထပ်ကျောက်တိုင် တစ်တိုင်ဆီ လမ်းဖောက်သွားကြတယ်။
သူတို့လက်နက်တွေက အရောင်မျိုးစုံတို့ ဖြာထွက်နေခဲ့ပါတယ်။ သူတို့လက်နေတွေက မီးနဲ့ လျှပ်စီးဓါတ်ကို အထူးပြုထားတဲ့ တိုက်ခိုက်ရေးလက်နက်တွေပါ။ အခုလို နေရာမျိုးမှာ ထိုကဲ့သို့ လက်နက်တွေကပဲ မိစ္ဆာစိတ်ဝိဥာဉ်တွေကို ကောင်းကောင်း ဒုက္ခရောက်အောင် လုပ်နိုင်မှာပါ။
ကျောက်တိုင် အောက်ခြေမှာတော့ မိစ္ဆာစိတ်ဝိဥာဉ်တွေက စူးရှစွာ အော်မြည်ရင်း ရူးသွပ်နေတဲ့ သားရဲတွေလို အချင်းချင်း တိုက်ခိုက်နေခဲ့ပေမယ့် ကျောက်တိုင်ပေါ်က စင်မြင့်ထက်ကတော့ အရမ်းကို တိမ်ဆိတ် အေးချမ်းနေခဲ့တယ်။
ကျောက်တိုင် အောက်ခြေနဲ့ ကျောက်တိုင်ပေါ် နေရာနှစ်ခုက လုံးဝကို ကွဲပြားခြားတဲ့ ကမ္ဘာကြီး နှစ်ခုလိုပါပဲ။ အခုဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် အားလုံး ခေါင်းရှုပ်နေခဲ့ရပြီး ထိုကျောက်တိုင်းတွေထဲ ဘယ်လို ဆန်းကြယ်မှုတွေကို ဖုံးကွယ်ထားလဲ ဆိုတာကိုလည်း သူတို့အားလုံ စဉ်းစားခန်း ဝင်နေမိလိုက်ကြတယ်။
“ညီအစ်ကိုရန်၊ ငါတို့ ထပ်တွေ့ကြပြန်ပြီ” ထောင်ရန်က ရန်ကိုင်ကို မဲ့ပြုံးပြုံးရင်း ကြည့်လိုက်တယ်။
ရန်ကိုင်က ထောင်ရန်ကို ပြန်လှည့်ကြည့်လိုက်ပြီး ကျေးဇူးတင်စွာနဲ့ လက်သီးဆုပ်ကာ “ညီအစ်ကိုထောင်ကို ကျေးဇူးအများကြီး တင်ပါတယ်”
“ညီအစ်ကိုရန်က အရမ်း ယဉ်ကျေးလွန်းနေတာပဲ”
“ညီအစ်ကိုထောင်က ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”
“ညီအစ်ကိုရန်လိုပဲပေါ့၊ ငါတို့လည်း အဲ့ကောင်တွေ လိုက်တာ ခံရတာလေ…” ထောင်ရန်က ကူကယ်ရာမဲ့စွာနဲ့ ရယ်မောရင်း ပြောလိုက်တယ်။ သူနဲ့ သူ့ရဲ့ဂျူနီယာလေးတွေက ရန်ကိုင်သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း လိုက်သွားလိုက်ခဲ့ကြတယ်။ ဒါပေမယ့် လမ်းတစ်လျှောက်လုံး မိစ္ဆာစိတ်ဝိဥာဉ်တစ်ကောင် တစ်လေတောင် မတွေ့ခဲ့ရပါဘူး။
တစ်ခဏကြာပြီးနောက် ထောင်ရန်က အဖွဲ့ကို ဦးဆောင်ကာ ဦးတည်ချက် ပြောင်းလိုက်ပါတယ်။ သူတို့ စူးစမ်းသွားလာနေရင်း ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်တွေ ရှိနေတဲ့ နေရာဆီ မတော်တဆ ရောက်သွားခဲ့ကာ သီးခြားနေနေတဲ့ ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်ကို တွေ့လိုက်ရတယ်။ တစ်ကောင်တည်း တွေ့တော့ တိုက်ခိုက်မယ်ပေါ့၊ ဒါပေမယ့် တိုက်တောင် မတိုက်ရသေးခင်မှာပဲ ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွါးသွားခဲ့တယ်။
သူတို့နောက်ကနေ မိစ္ဆာစိတ်ဝိဥာဉ် တစ်ပြုံတစ်ခေါင်းကြီး ထွက်ပေါ်လာပြီး သူတို့နောက်ကို ပြေးလိုက်ပါတော့တယ်။ သူတို့လည်း ဆန့်ကျင်ဘက် အရပ်ဆီ ထိတ်လန့်တကြားနဲ့ ထွက်ပြေးရင်း နောက်ဆုံး ဒီနေရာဆီ ရောက်လာခဲ့တာပါ။
“အဲ့မှာရှိနေတဲ့ နှစ်ယောက်လည်း အဲ့အတိုင်းပဲလား” ရန်ကိုင်က ထပ်မေးလိုက်တယ်။ ဘေးပတ်လည်ကို လိုက်ပတ် ကြည့်လိုက်တဲ့အချိန် သူတို့နဲ့ တစ်ကီလိုမီတာ အဝေးမှာရှိတဲ့ စင်မြင့်တစ်ခုပေါ်၌ သေးသွယ်ပုံရိပ် နှစ်ခု ရှိနေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။
သာမန်အချိန်မျိုးမှာ ဆိုရင် ထိုပုံရိပ်နှစ်ခုကို သူကောင်းကောင်း မြင်နိုင်ပါတယ်။ ဒါပေမယ့် ဒီမိစ္ဆာလိုဏ်ဂူက မှောင်နေတဲ့အပြင် လမ်းကြောင်းတစ်လျှောက်မှာလည်း အတားအဆီး များစွာ ရှိနေတဲ့ အတွက် ထိုပုံရိပ်နှစ်ခုကို သူသေချော မမြင်တွေ့နိုင်ခဲ့ပါဘူး။
“သူတို့တွေက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းကနေ လိုက်ဖမ်းနေတဲ့ အမွှာစုံတွဲ နှစ်ယောက်ဖြစ်မယ် ထင်တယ်” လန်ရှန်က ထိုနှစ်ယောက်ကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်တယ်။
ရန်ကိုင်က သဘောတူထောက်ခံတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြလိုက်တယ်။
“အဲ့လူတွေက ညီအစ်ကိုရန်ရဲ့ မိတ်ဆွေတွေလား” ထောင်ရန်က တစ္ဆေဘုရင်တောင်ကြားက တပည့်တွေကို ကြည့်ရင်း ရန်ကိုင်ကို မေးလိုက်တယ်။ ရန်ကိုင် မိစ္ဆာလိုဏ်ဂူထဲ ဝင်လာတဲ့ အချိန်တုန်းက တစ်ယောက်တည်းပါ။ ဒါပေမယ့် အခု သူတို့ရှေ့မှာ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူနဲ့အတူ လူတစ်အုပ်ပါလာခဲ့တယ်။ ပြီးတော့ ထိုလူအုပ်ကလည်း သူနဲ့ ရင်းနှီးနေတဲ့ ပုံစံပါပဲ။ ထိုအခြင်းအရာကို ကြည့်ရင်း ထောင်ရန် အနည်းငယ် အံ့အားသင့်သွားခဲ့မိတယ်။
“အင်း၊ အသိဟောင်းတွေလေ၊ သူတို့ကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ ငါလည်း တကယ်ကို မထင်ထားမိခဲ့ဘူး” ရန်ကိုင်က ရှင်းပြလိုက်တယ်။
ထောင်ရန်က နှစ်ထောင်းအားရစွာနဲ့ ရယ်မောလိုက်ပြီး “ကြည့်ရတာတော့ ညီအစ်ကိုရန်ရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးတွေက ကမ္ဘာအနှံ့မှာ ရှိနေတဲ့ ပုံပဲ။ ဒီလိုနေရာမျိုးမှာတောင် အသိဟောင်းတွေနဲ့ လာတွေ့တယ် ဆိုတော့လေ။ ကောင်းတယ်၊ ကောင်းတယ်၊ ဒီက ရတနာဂိုဏ်းက ထောင်ရန်ပါ”
“ရတနာဂိုဏ်းလား” ချန်ရီက ထိတ်လန့်တကြားနဲ့ အော်ပြောလိုက်တယ်။ လန်ရှန်ရဲ့ အေးစက်စက် မျက်ဝန်းထဲ အံ့အားသင့်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့ပြီး ထောင်ရန်ကို လှမ်းကြည့်လိုက်တယ်။
“ကျုပ်တို့ရဲ့ မလေးစားမှုကို ခွင့်လွှတ်ပေးပါ။ ညီအစ်ကိုထောင်က ကျော်ကြားတဲ့ ရတနာဂိုဏ်းက တပည့်တစ်ယောက် ဖြစ်နေတာကိုး။ ဒီတစ်ယောက်ကိုတော့ ချန်ရီလို့ ခေါ်ပါတယ်။ ကျုပ်တို့က တစ္ဆေဘုရင်တောင်ကြားက တပည့်တွေပါ”
“အဲ့တော့ ညီအစ်ကိုချန်ပေါ့” ထောင်ရန်က ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။ တစ်ဖက်လူက တိမ်မိစ္ဆာနယ်မြေက ဖြစ်နေလို့ဆိုပြီး သူ့အမူအရာက တစ်ချက်ကလေးတောင် ပြောင်းလဲမသွားခဲ့ပါဘူး။
ရန်ကိုင်လည်း အံ့အားသင့်သွားခဲ့တယ်။ ထောင်ရန်က ထိုကျော်ကြားတဲ့ ရတနာဂိုဏ်းက ဖြစ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။
ရတနာဂိုဏ်း…
ထိုဂိုဏ်းက သေးငယ်ပြီး ထူးခြားတဲ့ ဂိုဏ်းတစ်ခုပါ။
ရတနာဂိုဏ်းမှာ ဂိုဏ်းသား တစ်ရာဝန်းကျင်လောက်ပဲ ရှိကာ အဆင့်၃ဂိုဏ်းအများစုထက်တောင် သေးငယ်ပါသေးတယ်။ အရှင်းဆုံး ပြောရမယ်ဆိုရင်တော့ ဂိုဏ်းတွေထဲက အားအနည်းဆုံး ဂိုဏ်းတွေထဲမှာပါဝင်ပါတယ်။ ဒါပေမယ့် ထိုဂိုဏ်းရဲ့ နာမည်က ဆေးဘုရင်တောင်ကြားအောက် မနိမ့်ကျပါဘူး။
ဆေးဘုရင်တောင်ကြားက ဆေးပညာရှင် အဖွဲ့အစည်းကို ကိုယ်စားပြုသလို ရတနာဂိုဏ်းက လက်နက်တွေထုလုပ်တဲ့ ပညာရှင်တွေ စုဝေးနေတဲ့ နေရာကို ကိုယ်စားပြုပါတယ်။
ဒီကမ္ဘာကြီးထဲမှာ ဆန်းကြယ်အထွတ်အထိပ်အဆင့် လက်နက်ကို သန့်စင်နိုင်တဲ့လူ အနည်းငယ်ပဲ ရှိပါတယ်။ ထိုထဲက တစ်ဝက်လောက်က ရတနာဂိုဏ်းကပါ။
ရတနာဂိုဏ်းက တစ်မူထူးခြားတဲ့ ဟန်ပန်နဲ့ လက်နက်ထုလုပ်တာ ဖြစ်တဲ့အတွက် ထိုဂိုဏ်းက ထုလုပ်တဲ့ လက်တွေကို အလွယ်တကူ ခွဲခြားသိနိုင်ပါတယ်။ ထို့ကြောင့် ရတနာဂိုဏ်းက သေးငယ်ပေမယ့် ဂိုဏ်းနာမည်ကတော့ ကမ္ဘာအနှံ့ သင်းပျံ့လို့ပါ။
နှစ်စဉ် ရတနာဂိုဏ်းက လက်နက်၂၀ကျော်ပဲ ထုလုပ်ပါတယ်။
ဒါပေမယ့် ထိုလက်နက်၂၀ထဲမှာ အနိမ့်ဆုံးအဆင့်က ကောင်းကင်အဆင့် ဖြစ်ပါတယ်။ အချို့မိသားစု သေးသေးလေးတွေက ခေါင်းဆောင်တွေမှာတောင် ထိုရတနာဂိုဏ်းက တပည့်တွေလောက် လက်နက်ပေါမကြွယ်ဝပါဘူး။
ထို့ကြောင့် ဒီကမ္ဘာကြီး၌ ဆိုရိုးစကား တစ်ခု ဖြစ်လာပါတယ်။ ရတနာဂိုဏ်းက တပည့်တစ်ယောက်ဆိုတာ လမ်းလျှောက်နေတဲ့ ရတနာပုံကြီးပါတဲ့။
စတွေ့တုန်းကတော့ ထောင်ရန်တို့အဖွဲ့ကို သိပ်ပြီး အာရုံမစိုက်ပေမယ့် သူက ရတနာဂိုဏ်းလာတာကို ပြောတာကို ကြားလိုက်တဲ့ အချိန်မှာတော့ ရန်ကိုင်လည်း ထောင်ရန်တို့ အဖွဲ့ကို သေချာစစ်ဆေးကြည့်လိုက်တယ်။ သူတို့ဝတ်ရုံတွေ၊ လက်နက်တွေနဲ့ အကူပစ္စည်းတွေ အကုန်လုံးက အရမ်းကို ထူးခြားပါတယ်။
ထောင်ရန်ကိုယ်တိုင်က ရတနာဂိုဏ်းက လာတာလို့ ပြောနေခဲ့ပါပြီ။ အဲ့လို ပြောရတာလည်း သူနဲ့ မိတ်ဆွေဖွဲ့ချင်လို့ဆိုတာကို ရန်ကိုင် သိပါတယ်။ ထို့ကြောင့် ရန်ကိုင်လည်း သူလာခဲ့တဲ့ နေရာကို ဆက်ပြီး ဖုံးကွယ်ထားဖို့ မကြိုးစားတော့ပါဘူး။
ထို့ကြောင့် လက်သီးဆုပ်လိုက်ပြီး “ကောင်းကင်စံအိမ်က ရန်ကိုင်ပါ…”
ထိုစကားကို ကြားလိုက်တာနဲ့ ရှိနေတဲ့ လူအားလုံး သက်ပြင်းရှိုက်လိုက်ပြီး ထိတ်လန့်အံ့အားသင့်နေသည့် အကြည့်တို့ဖြင့် ရန်ကိုင်ကို စူးစိုက်ကြည့်လိုက်ကြတယ်။
ရန်ကိုင် ဘယ်ကလာလဲဆိုတာကို အစကတည်းက သိထားတဲ့ လန်ရှန်းတစ်ယောက်သာ ဘာထူးခြားတဲ့ အမူအရာမှ မပြတာပါ။
“မဖြစ်နိုင်ဘူး…” ချန်ရင်က ရေရွတ်လိုက်တယ်။ သူ့မျက်လုံးတွေကတော့ ပြုတ်ထွက်တော့မတတ် ပြူးကျယ်နေခဲ့တယ်။
ချန်ရီက အချိန်အတော်က အေးခဲကြက်သေသသေနေပြီး နောက်မှာတော့ အားတောင့်အားနာနဲ့ ရယ်မောလိုက်ပြီး “ငါသိပြီ၊ ငါချန်ရီရဲ့ မျက်လုံးတွေက ဒီနေ့ တော်တော်လေးကို ပွင့်သွားခဲ့ရတာပဲ”
အဲ့လို ပြောပြီးတာနဲ့ သူ့အသံက တိုးသွားခဲ့ပြီး “ညီအစ်ကိုရန်က ကောင်းကင်စံအိမ်က ဖြစ်နေတာကိုး။ ညီအစ်ကိုရန်ရဲ့ ဂိုဏ်းကတော့ မဟာပညာရှင်ကြီးတွေကို တစ်ယောက်ပြီး တစ်ယောက် မွေးထုတ်နေတော့တာပါပဲ”
အသစ်ထွက်ပေါ်လာတဲ့ နတ်ဆိုးအရှင်သခင်က ကောင်းကင်စံအိမ်ကနေ လာခဲ့တာပါ။ အခု ရန်ကိုင်ကလည်း ကောင်းကင်စံအိမ်ကနေ လာခဲ့တာပါ။ ရန်ကိုင်က နတ်ဆိုးအရှင်သခင်အသစ်နဲ့ တစ်ဂိုဏ်းတည်းကနေ လာခဲ့တာ ဖြစ်တဲ့အတွက် ကြားလိုက်ရတဲ့ လူအားလုံး အံ့အားသင့်သွားခဲ့ရတာပါ။
“ညီအစ်ကို နှစ်ယောက်က အခုလို ပွင့်လင်းပေးတဲ့အတွက် ငါတို့ တစ္ဆေဘုရင်တောင်ကြားကလည်း ညီအစ်ကိုတို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်” ချန်ရီက ပြန်ပြောလိုက်တယ်။
“ကောင်းပြီ၊ ကောင်းပြီ….” လန်ရှန်က အကြိမ်နည်းနည်းလောက် အော်လိုက်ပြီး “နင်တို့တွေ အခုအခြေအနေကို အာရုံမစိုက်နိုင် သေးဘူးလား။ တစ်ခုခုကို မဆွေးနွေးခင် အခုကပ်ဆိုးကနေ ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲဆိုတာကိုပဲ အရင်စဉ်းစား။ ရိုးရိုးသားသား ပြောရရင် နင်တို့ ခေါင်းထဲမှာ ဘာတွေ ရှိနေလဲဆိုတာကို ငါတကယ်ကို နားမလည်နိုင်ဘူး”
“အင်း၊အင်း” ရတနာဂိုဏ်းက ရုန်မေက သဘောတူ ထောက်ခံသည့် ဟန်ဖြင့် ခေါင်းညိတ်လိုက်တယ်။
ကျန်တဲ့လူတွေအားလုံးလည်း မဲ့ပြုံးပြုံးလိုက်ကြတယ်။ ရန်ကိုင်က မျက်ခုံးပင့်လိုက်ပြီး ထောင်ရန်ကို ကြည့်ကာ “ညီအစ်ကိုထောင်က ဒီနေရာကို အရင်ရောက်တာဆိုတော့ အခု အခြေအနေနဲ့ ပက်သက်ပြီး နားလည်သလောက် ရှင်းပြပေးလို့ ရမလား”
“ကံမကောင်းစွာနဲ့ ငါလည်း မသိဘူးလို့ပဲ ပြောနိုင်မယ်။ ငါတို့ ဒီတစ်ကြိမ် လာခဲ့တာက ငါတို့ဆရာက လက်နက်သန့်စင်ဖို့အတွက် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်နည်းနည်း လိုတယ်လို့ပြောလို့။ ဒါပေမယ့် အခုလိုမျိုးတော့ တစ်ခါမှ မဖြစ်ပျက်ခဲ့ဘူးဖူး။ တကယ်တမ်း ပြောရမယ်ဆိုရင် ငါတို့ဒီရောက်တာ မင်းတို့နဲ့ သိပ်မကွာဘူး”
“အင်း..” ရန်ကိုင် မျက်မှောင်ကြုံလိုက်တယ်။ စင်မြင့်ကနေ အောက်ဘက်ကို ငုံကြည့်လိုက်တဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ အနက်ရောင် မြူထုကြီးနဲ့ ဆင်တူတဲ့ ထူတဲလှတဲ့ အနက်ရောင်မိစ္ဆာချီတွေကို မြင်တွေ့လိုက်ရပါတယ်။ ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေထဲ ထိုမိစ္ဆာချီထုထဲ ဟိုမှသည်သို့ ကူးကလန် ခတ်နေခဲ့ကြတယ်။ ထိုကောင်တွေက မိစ္ဆာချီတွေကို စုပ်ယူပြီး သူတို့ကိုယ်သူတို့ သန်မာအောင် လုပ်နေတဲ့ ပုံပါပဲ။ မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင် သေသွားတိုင်း မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် တစ်ခု ကျကျန်ခဲ့တယ်။
အချိန်တွေ ကြာလာတာနဲ့ အမျှ သေဆုံးသွားတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အရေအတွက်က တိုးများလာသလို မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် အရေအတွက်ကလည်း တိုးများလာခဲ့တယ်။
အားလုံးက ထိုအဆီအနှစ်တွေကို ပူးပြင်းတောက်လောင်သည့် အကြည့်တို့ဖြင့် စိုက်ကြည့်ပေမယ့် ဘယ်သူမှ ဆင်းမယူရဲခဲ့ပါဘူး။
မိစ္ဆာစိတ်ဝိဥာဉ်တွေကို အသာထားဦး၊ ထိုသိပ်သည်းလှတဲ့ မိစ္ဆာချီတွေနဲ့ သွားထိမိရင်တောင်မှ အဆုံးသတ် ကောင်းမွန်လိမ့်မှာ မဟုတ်ပါဘူး။
“ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ သိချင်ရင် အဲ့က မိန်းကလေး နှစ်ယောက်ကို သွားမေးတာ အကောင်းဆုံးပါပဲ။ ဘာတွေ ဖြစ်နေလဲဆိုတာ သူတို့က ငါတို့ထက် ပိုသိလောက်တဘ်။ သူတို့ သတိပေးလို့သာ မဟုတ်ရင် ငါတို့လည်း ကျောက်တိုင်တွေပေါ်ကို တက်ရကောင်းမှန်း သိခဲ့မှာ မဟုတ်ဘူး” ထောင်ရန်က မိန်းကလေး နှစ်ယောက်ရှိရာဆီ ကြည့်ရင်း ပြောလိုက်တယ်။
“ချန်ရီ” ယုချင်က ရုတ်တရက် အော်ခေါ်လိုက်တယ်။ မိန်းကလေး နှစ်ယောက်ကို သူလည်း တွေ့သွားတဲ့ ပုံပါပဲ။ သူ့က ရက်စက်တော့မည့် ဟန်ပန်နဲ့ ပြုံးလိုက်ရင်း တစ္ဆေဘုရင်တောင်ကြား အဖွဲ့ဆီ လှမ်းအော်ခေါ်လိုက်တယ် “အဲ့မိန်းကလေးနှစ်ယောက်ကိုသာ အခုဖမ်းပေးနိုင်မယ်ဆိုရင် မင်းတို့အတွက် အဝါရောင်စမ်းရေကန်ကို တစ်လအစား နှစ်လဖွင့်ပေးမယ်”
ထိုစကားကို ကြားလိုက်တာနဲ့ ချန်ရီက လှောင်ပြောင်လိုက်တယ် “ယုချင်၊ မင်းရူးနေတာလား။ မင်းဘေးကိုလည်း အရင်ကြည့်ဦး။ သေမယ်၊ ရှင်မယ် ဆိုတာကိုတောင် မသိနိုင်သေးတာကို မင်းက လက်စားချေဖို့ စဉ်းစား နေသေးတယ်ပေါ့။ မင်းမှာ အဲ့လောက် အချိန်တွေ ပေါနေရင် ဒီအခြေအနေဆိုးကနေ ဘယ်လို ရုန်းထွက်ရမလဲဆိုတာကို အရင်စဉ်းစား သင့်တယ်”
ထိုစကားကို ကြားလိုက်တာနဲ့ ယုချင်ရဲ့ အပြုံးက ပိုပြီး ကြီးမားလာခဲ့ပြီး “ဒီနေ့ ငါဒီမှာ သေရမယ်ဆိုရင်တောင် အဲ့မိန်းမပျက်မနှစ်ယောက်ကို ငါ့ခွကြားအောက်မှာ သေစေချင်တယ်”
“စောက်ရူး” ချန်ရီက ရွံ့ရှာစက်ဆုပ်စွာနဲ့ ပြောလိုက်ပြီး ယုချင်ကို အထင်အမြင်သေးစွာနဲ့ ကြည့်လိုက်တယ်။
“သူ့ရဲ့ မဟုတ်တုတ်က စကားတွေကို နားထောင် မနေတော့နဲ့။ ငါတို့သာ ဒီအခြေအနေဆိုးကြီးကနေ ရုန်းထွက်နိုင်ရင် သူတို့နဲ့ အတူပူးပေါင်းပြီး နောက်တစ်ကြိမ် ဘယ်တော့မှ မလုပ်မလုပ်တော့ဘူး”
ချန်ရီနဲ့ ယုချင်တို့ ပြောတာကို မိန်းကလေး နှစ်ယောက်က ကြားလိုက်တဲ့ ပုံပါပဲ။ ထို့ကြောင့် မိန်းကလေးနှစ်ယောက်က ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး ရန်ကိုင်တို့ကို သတိအပြည့်နဲ့ ကြည့်နေလိုက်ကြတယ်။
ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး ရှေ့တက်သွားလိုက်ကာ “ငါသူတို့ကို သွားမေးလိုက်တယ်”
“အာ…. အဲ့ဒါက အရမ်းအန္တရာယ် များတယ်နော်” ချန်ရီက ထိတ်လန့်တကြားနဲ့ ပြောလိုက်တယ်။ အခု မိစ္ဆာစိတ်ဝိဥာဉ်တွေက အဘက်ဘက်မှာ ရှိနေတာပါ။ ကျောက်တိုင်တွေပေါ်မှာ နေနေရင် အန္တရာယ် ကင်းတယ် ဆိုပေမယ့် ကျောက်တိုင်ပေါ်ကနေ ဆင်းသွားမယ် ဆိုရင်တော့ တစ်ခါတည်း အသက်ပျောက် သွားနိုင်ပါတယ်။
Martial Peak
အပိုင်း(၃၃၄) ဘယ်လိုလုပ်ပြီး နင်ဖြစ်နေတာလဲ
“အဲ့ဒါဟုတ်တယ်၊ မသွားနဲ့” လန်ရှန်းက ခပ်မြန်မြန်ပဲ တားလိုက်တယ် “မိစ္ဆာစိတ်ဝိဥာဉ်တွေ ဝိုင်းတာခံရပြီး ထွက်မပြေးနိုင်ရင် ဘယ်လိုလုပ်မလဲ”
ထောင်ရန်က မျက်မှောင်ကြုံ့လိုက်တယ် “ညီအစ်ကိုရန်၊ ဒီကိစ္စနဲ့ ပက်သက်ပြီး အရင်ဆုံး ဆွေးနွေးသင့်တယ်”
“စိတ်ပူမနေပါနဲ့၊ ငါ့မှာလည်း ငါ့နည်းငါ့ဟန်နဲ့ ရှိပါတယ်” ရန်ကိုင်က အသာအယာလေး ခေါင်းရမ်းလိုက်ပြီး “ငါ့ရဲ့ အစစ်အမှန် ယန်ကျင့်စဉ်က မိစ္ဆာစိတ်ဝိဥာဉ်တွေကို ဖိနှိပ်နိုင်တယ် ဆိုတော့ အဲ့ကောင်တွေ ငါ့နားကို ကပ်ရဲမှာ မဟုတ်ဘူး”
“ဒါပေမယ့် အဲ့မိန်းကလေး နှစ်ယောက်က ဘာတွေဖြစ်နေလဲဆိုတာ နားမလည်ရင်ကော၊ အဲ့လိုဆိုရင် မင်းလုပ်တာတွေ အကုန်လုံးက အချည်းနှီး ဖြစ်မသွားဘူးလား” ချန်ရီက ခေါင်းခါယမ်းရင်း ပြောလိုက်တယ်။ ရန်ကိုင်ရဲ့ အစစ်အမှန်ချီက မိစ္ဆာစိတ်ဝိဥာဉ်တွေကို ကန့်သန်နိုင်ရင်တောင် အခုအခြအနေက အရမ်းကို အန္တရာယ် များလွန်းပါတယ်။ တစ်ခုခုသာ မှားယွင်းသွားရင် သူ့အသက်ကို ဆုံးရှုံးသွားရုံ မကလို့ သူတို့အဖွဲ့ရဲ့ ခွန်အားကလည်း အကြီးအကျယ် လျော့ကျသွားမှာပါ။
အခုအချိန်ထိတော့ သူတို့သာ ကျောက်တိုင်တွေပေါ်မှာ နေနေသရွေ့ မိစ္ဆာစိတ်ဝိဥာဉ်တွေ အားလုံးက သူတို့ကို လျစ်လျူရှုထားကြပါတယ်။ ဒါပေမယ့် မိစ္ဆာစိတ်ဝိဥာဉ်တွေက သူတို့ကို အခုလိုမျိုး အမြဲတမ်း လျစ်လျူရှုထားလိမ့်မယ်လို့ ဘယ်သူက ပြောနိုင်မှာလဲ။
အဲ့လိုအချိန်မျိုးမှာ ရန်ကိုင်သာ သူတို့နဲ့ အတူရှိနေပါက တိုက်ပွဲဖြစ်မယ် ဆိုရင်တောင် သူတို့ရဲ့ အသက်ရှင်နိုင်ချေက ပိုပြီး မြင့်မားပါလိမ့်မယ်။
“အဲ့လိုဆိုရင်…. သူတို့ကို ဒီကိုဘာဖို့ ဘာလို့မပြောတာလဲ” ထိုအချိန်တွင် ရတနာဂိုဏ်းက ကျောင်းရုန်က ဝင်မေးလိုက်တယ်။
အားလုံးက ကိုးယိုးကားယား နိုင်သည့် အကြည့်ဖြင့် သူမဆီ စိုက်ကြည့်လိုက်ကြတယ်။
“…ဘာလို့လဲ” ကျောင်းရုန်က မေးလိုက်တယ်။ သူမရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေက စိတ်ရှုပ်နေသည့် အကြည့်ဖြင့် မျက်တောင်လေး တဖျတ်ဖျတ် ခတ်နေခဲ့တယ်။
ထောင်ရန်က မဲ့ပြုံးပြုံးလိုက်ပြီး “အဲ့မိန်းကလေး နှစ်ယောက်ရဲ့ ညီအစ်ကိုချန်တို့ အဖွဲ့ကြားမှာ မကျေနပ်ချက် တစ်ခုခု ရှိနေတဲ့ပုံပဲ။ ဒါကြောင့် သူတို့ကို ဒီကိုလာခိုင်းဖို့က လုံးဝကို ဖြစ်နိုင်မှာ မဟုတ်ဘူး”
“ငါတို့ဘက်က ရိုးသားကြောင်း ပြဖို့အတွက် ငါကိုယ်တိုင် သွားမှပဲ ရလိမ့်မယ်” ရန်ကိုင်က ပြောလိုက်တယ်။ သူ့စိတ်ကို ဒုံးဒုံးချပြီးတာနဲ့ “ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ ခွန်အားကလည်း နိမ့်ကျတာမှ မဟုတ်တာ။ သူတို့ကိုသာ ငါတို့အဖွဲ့ထဲ ဆွဲခေါ်နိုင်မယ်ဆိုရင် ငါတို့အသက်ရှင်နိုင်ချေကလည်း တော်တော်လေး မြင့်တက်လာလိမ့်မယ်”
“အင်း၊ ညီအစ်ကိုရန် ပြောတာမှန်တယ်” လန်ရှန်းရဲ့ အေးစက်စက် မျက်ဝန်းအစုံက တောက်ပသွားခဲ့ပြီး “နင်သာ သူတို့ကို ငါတို့အဖွဲ့ထဲ ဆွဲခေါ်နိုင်မယ်ဆိုရင် ငါတို့ တစ္ဆေဘုရင်တောင်ကြားက သူတို့ကို မတိုက်ခိုက်ဘူးလို့ ကတိပေးတယ်၊ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက သူတောင်းစားတွေ အတွက်ကတော့ အခုလို အခြေအနေမျိုးက သူတို့က လာရှုပ်ရဲတယ်ဆိုရင်တော့ ငါတို့ကလည်း ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး”
ချန်ရီလည်း အသာအယာလေး ခေါင်းညိတ်ပြလိုက်ပြီး လေးလေးနက်နက်နဲ့ သတိပေးလိုက်တယ် “ညီအစ်ကိုရန်၊ သတိထားသွားဦးနော်၊ အန္တရာယ်များတယ်လို့ ခံဏားမိလိုက်တာနဲ့ ချက်ချင်းသာ ပြန်ပြေးလာလိုက်”
“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး ကျောက်တိုင်ပေါ်ကနေ မိန်းကလေး နှစ်ယောက်ရှိရာဆီ ခုန်သွားလိုက်တယ်။
ရန်ကိုင်ရဲ့ အားကောင်းလှတဲ့ လှုပ်ရှားမှု ပညာရပ်ကို မြင်တွေ့လိုက်တာနဲ့ လူတိုင်း အံ့အားသင့်သွားခဲ့ကြတယ်။
တစ်ခဏအတွင်းမှာပဲ ရန်ကိုင်က မီတာပေါင်းများစွာကို ကျော်ဖြတ်ပြီး မိန်းကလေးနှစ်ယောက် ရှိရာ စင်မြင့်ဆီ ချဉ်းကပ်လို့သွားခဲ့တယ်။
ရန်ကိုင် ချဉ်းကပ်လာနေတာကို သတိပြုမိလိုက်တာနဲ့ မိန်းကလေး နှစ်ယောက်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူမတို့ဆီကနေ အစစ်အမှန်ချီတို့ ပေါက်ကွဲထွက်ပေါ်လာခဲ့တယ်။ သူမတို့ရဲ့ မျက်ဝန်းအစုံးက ရန်ကိုင်အား သတိအပြည့်ဖြင့် စိုက်ကြည့်နေပြီး ခုခံဖို့ကိုလည်း အဆင်သင့် ပြင်ဆင်ထားခဲ့ကြတယ်။
လေထဲတွင် ပျံသန်းနေစဉ် ရန်ကိုင်က အစစ်အမှန်ယန်ချီရဲ့ အရှိန်အဝါကို ထုတ်လွှတ်ပြီး လေထဲမျောနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို ရှောင်ရှားသွားခဲ့တယ်။ ကံကောင်းစွာနဲ့ ထူထပ်သိပ်သည်းလှတဲ့ မိစ္ဆာချီက သူ့ထက်ပိုပြီး ဆွဲဆောင်အား ကောင်းနေခဲ့သောကြောင့် ဘယ်မိစ္ဆာစိတ်ဝိဥာဉ်ကမှ ရန်ကိုင်ကို လာမတိုက်ခဲ့ပါဘူး။
တစ်ခဏကြာအောင် ပျံသန်းပြီးနောက် ရန်ကိုင်က မိန်းကလေး ရှိနေတဲ့ဘက်ကို ကြည့်ပြီး လှမ်းအော်လိုက်တယ် “မိန်းကလေး နှစ်ယောက်တို့၊ နားမည်မှု မလွဲပါနဲ့။ ငါက အခုလက်ရှိ အခြေအနေကြောင်းကို မေးမြန်းဖို့ လာခဲ့တာပါ။ ခင်ဗျားတို့ကို တိုက်ခိုက်ဖို့ လာခဲ့တာ မဟုတ်ပါဘူး”
သူ့အသံကို ကြားလိုက်တာနဲ့ မိန်းကလေး နှစ်ယောက်ရဲ့ ခန္ဓာကိုယ် တုန်ရီလို့ သွားခဲ့ပြီး သူတို့ ကြားလိုက်ရတာကြောင့် မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့ရတယ်။
ထိုနှစ်ယောက် ဘာတွေ တွေးနေလဲဆိုတာ မသိတဲ့အတွက် ၊ ထိုနှစ်ယောက်အား မစိုးရိမ်ရစေအောင် ရန်ကိုင်က ထိုကိစ္စကို ဆက်ပြီး ဖိအားပေးမနေခဲ့ပါဘူး။ လေထဲမှာသာ ဝဲနေရင်း သူ့အသံက တတ်နိုင်သမျှ အရိုးသားဆုံး ဖြစ်အောင် လုပ်လိုက်ပြီး “မိန်းမင…”
ဒါပေမယ့် သူပြောလို့ မပြီးသေးခင်မှာပဲ အခြားတစ်ဖက်က လှမ်းအော်မေးလိုက်တယ် “ရန်ကိုင်၊ နင်လား”
ရန်ကိုင် တံတွေးသီးမတတ် ဖြစ်သွားခဲ့ရပြီး သူ့မျက်နှာထက်မှာလည်း မယုံကြည်နိုင်မှုတို့ အထင်းသားပါ။ ရန်ကိုင် ကြက်သေသေသွားခဲ့ရလေပြီ။
“မဖြစ်နိုင်ဘူး…” ထိုရင်းနှီးတဲ့ အသံကို ကြားလိုက်တာနဲ့ ရန်ကိုင်က အသံကျယ်ကျယ်နဲ့ ရေရွတ်လိုက်တယ်။ တစ်မူထူးခြားတဲ့ အမွှာမိန်းကလေးနှစ်ယောက်ရဲ့ ပုံရိပ် သူ့စိတ်ထဲ ထင်ဟပ်လို့လာခဲ့တယ်။ စင်မြင့်ပေါ်မှာ ရှိနေတဲ့ မိန်းကလေး နှစ်ယောက်ကို ခပ်မြန်မြန်ပဲ သေချာအနီးကပ် စစ်ဆေးကြည့်လိုက်တယ်။ ဟုတ်သွားပါပြီ၊ ထိုဘေးချင်းယှဉ် မတ်တပ်ရပ်နေတဲ့ မိန်းကလေးနှစ်ယောက်က သူတွေးနေတဲ့ မိန်းကလေး နှစ်ယောက်နဲ့ အတူတူပါပဲ။
ထိုမိန်းကလေးနှစ်ယောက်က တစ်ပုံစံတည်း ဖြစ်အောင် ထုလုပ်ထားသည့် ပန်းပုရုပ်လေး နှစ်ရုပ်နဲ့တောင် တူပါသေးတယ်။ သူတို့ရဲ့ အရှိန်အဝါဖြစ်စေ၊ ပုံသဏ္ဏာန်ဖြစ်စေ၊ အသံဖြစ်စေ၊ အားလုံးက ခွဲမရအောင် ဆင်တူနေခဲ့ပါတယ်။
သူတို့နှစ်ယောက်စလုံးရဲ့ ကျော့ရှင်းပြီး သန့်စင်တဲ့ ဟန်ပန်ကြောင့် သူမတို့ရဲ့ အသွင်အပြင်က အရမ်းကို ကျက်သရေ ရှိလှပါတယ်။ သူမတို့ရဲ့ ဘဲဥပုံမျက်နှာလေးတွေက အနည်းငယ် ညိုးကျနေပေမယ့် အမွှာနှစ်ယောက်ရဲ့ လှပတဲ့မျက်ဝန်းအစုံကတော့ တောက်ပတဲ့အလင်းရောင်တို့ဖြင့် တလက်လက် ထနေခဲ့တယ်။
နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ငေးစိုက်ကြည့်နေခဲ့ကြတယ်။
“တကယ်ကို နင်ပဲ” မိန်းကလေး နှစ်ယောက်ထဲက တစ်ယောက်က အော်ပြောလိုက်တယ်။ သူမကြည့်ရတာ အရမ်းပျော်နေတဲ့ ပုံပါပဲ။
ရန်ကိုင်က တုန့်ဆိုင်းမနေတော့ပဲ ကျောက်တိုင်ထက်က စင်မြင့်ပေါ်ဆီ ပြေးတက်သွားလိုက်တယ်။ ထို့နောက် သူတို့ရှေ့တည်တည့်၌ ဆင်းသက်လိုက်ပြီး မယုံကြည်နိုင်စွာနဲ့ မေးလိုက်တယ် “ဘယ်လိုလုပ်ပြီး နင်တို့တွေ ဖြစ်နေရတာလဲ”
တစ္ဆေဘုရင်တောင်ကြားနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းရဲ့ တပည့်ဒါဇင်ကျော်လောက်ကို သတ်သွားတဲ့ လှပတဲ့အမွှာမိန်းကလေး နှစ်ယောက်ကို လိုက်ဖမ်းနေလို့ လန်ရှန်းတို့ ပြောတာ သူကြားခဲ့ရပါတယ်။
အဲ့အချိန်းတုန်းက ထိုကိစ္စကို အဲ့လောက်ကြီး အရေးမစိုက် ဖြစ်ခဲ့ပါဘူး။ တကယ်တော့ ဒီကမ္ဘာကြီးမှာ အမွှာညီအစ်မတွေ ဆိုတာ အများကြီးမရှိပေမယ့် နည်းလည်း မနည်းပါဘူး။
ပြီးတော့ သူသိတဲ့လူတွေထဲမှာ ဘယ်သူကမှာ အမွှာတွေ မဟုတ်ကြပါဘူး။ ထိုနှစ်လိုဖွယ်ကောင်းတဲ့ သွေးတိုက်ပွဲဂိုဏ်းက ညီအစ်မ နှစ်ယောက်ရဲ့ ပုံသဏ္ဏာန်က ဆင်တူပေမယ့် သူမတို့ နှစ်ယောက်က အမွှာတွေ မဟုတ်ကြပါဘူး။
ဒါကြောင့် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လိုက်ဖမ်းနေတဲ့ အမွှာမိန်းကလေး နှစ်ယောက်က သွေးတိုက်ပွဲဂိုဏ်းက ညီအစ်မ နှစ်ယောက် ဖြစ်လိမ့်မယ်လို့ သူတစ်ခါမှ မတွေးခဲ့တာပါ။
ဟူကျောင်းအာ၊ ဟူမေးအာ …
အချိန် အတော်ကြာသွားခဲ့ပြီပဲ။
သူတို့ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်က ကောင်းကင်အမွေ လိုဏ်ဂူထဲမှာပါ။ အဲ့တုန်းက သူတို့သုံးယောက်က ဘေးချင်ယှဉ် လမ်းလျှောက်ပြီး ယင်ယန်လှေကားကို တက်ခဲ့တာပါ။ ယင်စွမ်းအင်က သူတို့ကို ရိုက်ခတ်လိုက်တိုင်း အနွေးဓါတ်ရဖို့အတွက် ဟူကျောင်းအာနဲ့ ဟူမေးအာက ရန်ကိုင်ဆီ ပြေးကပ်လေ့ ရှိပါတယ်။
ထိုအကြောင်းကို ပြန်စဉ်းစားရင်း ကြည်နူးဖွယ် အမှတ်တရတို့က သူ့စိတ်ထဲပြန်လည် ထွက်ပေါ်လာခဲ့ပြီး သူ့ရင်တစ်ခုလုံးအား နွေးထွေးသွားစေခဲ့တယ်။
တစ်ခဏအတွင်းမှာပဲ ၂နှစ် ကုန်ဆုံးသွားခဲ့ပါပြီ။
ရန်ကိုင်လည်း အတွေ့အကြုံမရှိသည့် စဦးဒြပ်စင်အဆင့် ကျင့်ကြံသူဘဝမှ အစစ်အမှန်ဒြပ်စင် အဆင့်၅ ကျင့်ကြံသူတစ်ယောက် အဖြစ်သို့ ရောက်ရှိလာခဲ့ပါပြီ။
ထိုအမွှာပန်းနှစ်ပွင့်လည်း တော်တော်လေး တိုးတက်လာခဲ့ပါပြီ။
မိန်းကလေးတွေထဲက တစ်ယောက်က ရန်ကိုင်ကို ပျော်ရွှင်စွာနဲ့ ငေးစိုက်ကြည့်နေခဲ့တယ်။ တစ်ယောက်ရဲ့ လှပတဲ့မျက်ဝန်းတွေက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေခဲ့ပြီး အခြားတစ်ယောက်ကတော့ အံ့ကြိတ်ရင်း ရန်ကိုင်ကို အော်ခေါ်လိုက်တယ် “ငါလည်း အဲ့ဒါကို သိချင်နေတာ။ နင်လည်း ဒီနေရာကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ”
တွေ့တွေ့ချင်းတော့ ထိုနှစ်ယောက်ကို သူကွဲကွဲပြားပြား မခွဲခြားနိုင်သေးပါဘူး။ ဒါပေမယ့် ထိုစကားကို ကြားလိုက်တာနဲ့ ရန်ကိုင်က ခပ်မြန်မန်ပဲ ပြုံးလိုက်ပြီး “ကျောင်းအာလား”
ထိုစကားကို ကြာလိုက်တာနဲ့ အစ်မကြီးက ချက်ချင်းပဲ ရှက်သွေးဖြာသွားခဲ့ပြီး အံကြိတ်ကာ ပြန်မေးလိုက်တယ် “ကောင်စုတ်လေး၊ နင်ငါ့ကို မှတ်မိနေသေးတာလား”
“ဟားဟား၊ နင်သာ ဘာမှမပြောခဲ့ရင် ငါလည်း နင်တို့ နှစ်ယောက်ကို ခွဲနိုင်မှာ မဟုတ်ဘူး” ရန်ကိုင်က ပျော်ရွှင်စွာ ရယ်မောလိုက်တယ်။ ၂နှစ်လောက် ကြာပြီးနောက် ထိုနှစ်ယောက်က ပိုပြီး ခွဲခြားရ ခက်လာခဲ့ပါတယ်။ သူမတို့ရဲ့ ကွဲပြားတဲ့ စိတ်နေစိတ်ထား ကြောင့်သာမဟုတ်ရင် ရန်ကိုင်လည်း သူမတို့ နှစ်ယောက်ကို ခွဲနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဟူကျောင်းအာက စိတ်ကြီးပါတယ်။ သူမတို့နှစ်ယောက်ထဲမှာ သူမတစ်ယောက်သာ ရန်ကိုင်ကို ကောင်စုတ်လေးလို့ ခေါ်တာပါ”
ထိုနှစ်တုန်းက ရန်ကိုင်က ဟူကျောင်းအာကို သူမရဲ့ တင်ပါးက တစ်ဖက်ကြီးပြီး တစ်ဖက်သေးတယ်လို့ ပြောခဲ့တဲ့အပြင်ကို သူမရဲ့ ပြီးပြည့်စုံပြီလို့ ထင်နေရတဲ့ လှည့်စားမှုက ဟာကွက်များစွာကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ ထိုအချိန်ကတည်းက ဟူကျောင်းအာက ရန်ကိုင်ကို တော်တော်လေး အမြင်မကြည်ခဲ့တာပါ။
“မေးအာလား” ရန်ကိုင်က ညီမလေးကို ခေါင်းညိတ်ပြလိုက်တယ်။
“အင်း” ဟူမေးအာက ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ သူမရဲ့ အရည်လဲ့နေတဲ့ မျက်ဝန်းတွေက ကြည်နူးမှုတို့ဖြင့် ပြည့်နေခဲ့တယ်။
“ဒီလောက်တောင် တပ်တပ်မက်မက်နဲ့ အော်ခေါ်နေရလောက်အောင် နင့်အရည်က အရမ်းကို ထူတာပဲနော်” ဟူကျောင်းအားက ထိုကဲ့သို့ ပြောလိုက်ပေမယ့် သူမမျက်ဝန်းထဲ ပျော်ရွှင်မှုတို့ကို အထင်းသား မြင်တွေ့နိုင်ပါတယ်။
မွေးရပ်မြေက သူငယ်ချင်း တစ်ယောက်ကို မတော်တဆ ပြန်တွေ့မိချိန်ကျ လူတိုင်းက အခုလိုမျိုးချည်းပါပဲ။
သူမရဲ့ မျက်ဝန်းလှလှလေးနဲ့ ရန်ကိုင်ကို သေချာစစ်ဆေး ကြည့်လိုက်ပြီးနောက် ဟူကျောင်းအားက အံ့အားသင့်စွာနဲ့ ပြောလိုက်တယ် “အချိန်တော်တော် ကြာပြီးနောက် နင်တောင် တော်တော်လေး သန်မာလာပြီပဲ”
အရင်တုန်းက ရန်ကိုင်က ပိန်ပိန်ညောင်ညောင်နဲ့ သနားစရာ ကောင်းတဲ့ ကလေးလေး တစ်ယောက်ပါ။ အခုအချိန်မှာတော့ သူ့က အရင်ကလို မဟုတ်တော့ပါဘူး။
ထိုအကြောင်းကို ပြောလိုက်တာနဲ့ ရှက်ရွံ့ဖွယ်ကောင်းတဲ့ အကြောင်းအရာတစ်ခုကို ဟူကျောင်းအာ ပြန်သတိရလိုက်မိတယ်။ အရင်တုန်းက သူမရဲ့ မို့အိမို့မောက်နေတဲ့ ရင်အစုံက ရန်ကိုင်ရဲ့ အရိုးပြိုင်းပြိုင်း နံရိုးတွေနဲ့ ဖိမိလိုက်တုန်းက တော်တော်လေး နာကျင်ခဲ့ရပါတယ်။
“နင်တို့နှစ်ယောက်လည်း ပိုပြီး လှလာပြီပဲ” ရန်ကိုင်က ပြန်ပြောလိုက်တယ်။
မိန်းကလေး နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်တယ်။ အခုအချိန်၌ သူတို့ မျက်နှာတွေက တဖြည်းဖြည်း ပြန်လည် ဝင်းပကြည်လင် လာခဲ့ပါပြီ။
“နင့်အပြောကတော့ ချိုနေတာပဲနော်” ဟူကျောင်းအာက ရန်ကိုင်ကို စိုက်ကြည့်လိုက်ပြီး “နင်အခု ပျံနိုင်ပြီဆိုတော့ အစစ်အမှန်ဒြပ်စင် အဆင့်ကို ရောက်နေတာပဲ ဖြစ်ရမယ်”
“အင်း” ရန်ကိုင်က အသာအယာလေး ခေါင်းညိတ်လိုက်ရင်း ဟူမေးအာကို သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ ရုတ်တရက် အလွန်အမင်း အံ့အားသင့်သွားခဲ့ရပြီး ဟူမေးအာကို ငေးကြောင်ကြောင်နဲ့ စိုက်ကြည့်နေမိလိုက်တယ်။
“ဘာလို့လဲ’ ဟူမေးအာက ရှက်ရှက်နဲ့ ပြန်မေးလိုက်တယ်။ အခုလို စိုက်ကြည့်နေတာကို ခံရတော့ သူမလည်း ရှက်မိတာပေါ့။
“နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က…”
“အစစ်အမှန်ဒြပ်စင်အဆင့်၄လေ” ဟူကျောင်းအာက ရယ်မောရင်းနဲ့ ပြန်ပြောလိုက်တယ်။ ဂုဏ်ယူဝံ့ကြွားသည့် အမူအရာကိုတော့ သူမမျက်နှာထက် အထင်းသား မြင်တွေ့နေခဲ့ရပါတယ်။
ထိုအကြောင်ကို သူမ ပြောဖို့လည်း မလိုပါဘူး။ ရန်ကိုင်က သိပြီးသားပါ။
အစစ်အမှန်ဒြပ်စင်အဆင့်၄ဆိုတာ အရမ်းကို မြင့်လှတယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ထူးဆန်းတာက ထိုညီအစ်မ နှစ်ယောက်စလုံးက အစစ်အမှန်ဒြပ်စင်အဆင့်၄မှာ ရှိနေတာပါ။
ရန်ကိုင်က ဟူမေးအာက အသက် အတူတူလောက်ပါပဲ။ အချိန်အတော်ကြာအောင် အတွေ့အကြုံ များစွာကို ရင်ဆိုင်ပြီး အခွင့်အရေး များစွာကို ရရှိခဲ့ပြီးနောက်မှာတော့ သူ့အနေနဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၅ကို ရောက်ပါသေးတယ်။
ဒါပေမယ့် ဟူမေးအာက သူ့ထက်အဆင့်၁ဆင့်ပဲ နိမ့်ကျနေခဲ့ပါတယ်။ ထိုကျင့်ကြံနှုန်းကို ကြောက်မက်ဖွယ် ကောင်းလှသည့် ကျင့်ကြံနှုန်းလို့ပဲ ပြောရပါတော့မယ်။
သူကို ပိုပြီး အံ့အားသင့်သွားစေတာက ဟူကျောင်းအာရဲ့ ကျင့်ကြံခြင်း အဆင့်ပါ။
သူမက စုယန်နဲ့ အသက်တူ ဖြစ်ပြီး ဂိုဏ်းသုံးဂိုဏ်းရဲ့ လူငယ်ခေါင်းဆောင် သုံးယောက်ထဲက တစ်ယောက် အပါအဝင်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ စုယန်က အစစ်အမှန်ဒြပ်စင်အဆင့်၉ကို ချိုးဖျက်ဝင်ရောက်သွားပြီး အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို ချိုးဖျက်ဝင်ရောက်ဖို့လည်း သိပ်မကြာတော့ပါဘူး။
ဒါပေမယ့် ဟူကျောင်းအာကတော့ အခုအချိန်အထိ အစစ်အမှန်ဒြပ်စင် အဆင့်၄မှာ ရှိနေတုန်းပါပဲ။ သူတို့နှစ်ယောက်ကြားက ကွာခြားချက်က အရမ်းကို ကြီးမားလွန်းနေပါတယ်။
ညီမလေးရဲ့ ကျင့်ကြံနှုန်းက လျှပ်စီးတမျှ မြန်ဆန်နေခဲ့ပြီး အစ်မကြီးရဲ့ ကျင့်ကြံနှုန်းကတော့ ပက်ကျိတစ်ကောင်လို နှေးကွေးသွားခဲ့တယ်။ ထိုအခြေအနေက တကယ်ကို ထူးဆန်ပါတယ်။
ဟူကျောင်းအာရဲ့ အရည်အချင်းနဲ့ဆို သူမအနေနဲ့ အစစ်အမှန်ဒြပ်စင်အဆင့်၄မှာပဲ ၂နှစ်လောက် ရပ်တန့်နေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။
“ကောင်းကင်အမွေအနှစ် လိုဏ်ဂူထဲမှာ နင်တို့ရခဲ့တဲ့ အမွေအနှစ်ကြောင့်မလား” ရန်ကိုင်က ရုတ်တရက် တွေးလိုက်တယ်။
“အင်း” ဟူကျောင်းအာက ဖုံးကွယ်မနေပဲ ခေါင်းညိတ်ပြလိုက်တယ် “ငါတို့ ရခဲ့တဲ့အမွေအနှစ်က အမွှာစိတ်ဝိဥာဉ်ချီ လျှို့ဝှက်ကျင့်စဉ်ပဲ။ အဲ့ကျင့်စဉ်က အမွှာတွေပဲ လေ့ကျင့်လို့ရတဲ့ လျှို့ဝှက်ကျင့်စဉ် တစ်မျိုးပဲ။ ငါနဲ့မေးအာက အမွှာအစစ်တွေ မဟုတ်ပေမယ့် ငါတို့နှစ်ယောက်က တစ်ပုံစံတည်း ဖြစ်နေတဲ့အတွက် အဲ့ကျင့်စဉ်ကို လေ့ကျင့်လို့ ရခဲ့တယ်။ အဲ့လျှို့ဝှက်ကျင့်စဉ်ကို လှည့်ပတ်လိုက်တာနဲ့ ငါတို့ရဲ့ ကျင့်ကြံနှုန်းက နှစ်ဆမြင့်တက်သွားလိမ့်မယ်။ ဒါပေမယ့် မေးအာရဲ စမှတ်က နိမ့်နေတော့ ရသမျှ အကျိုးအမြတ် အားလုံးက သူမဆီပဲ ရောက်ရှိသွားခဲ့တယ်။ သိပ်မကြာသေးခင်ကပဲ သူမကျင့်ကြံခြင်းအဆင့်က အစစ်အမှန်ဒြပ်စင်အဆင့်၄ကို ရောက်သွားခဲ့တာ”
“ဟီးဟီး…. တကယ်ကို အံ့ဩစရာ ကောင်းတာပဲ” ရန်ကိုင်က ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်တယ်။
“နင်ကကော”
“အစစ်အမှန်ဒြပ်စင်အဆင့်၅”
“နင်လည်း မဆိုးပါဘူး” ဟူကျောင်းအာက တခစ်ခစ် ရယ်မောလိုက်ပြီး ဆက်ပြီး မမေးတော့ပါဘူး။ ရန်ကိုင်က ကောင်းကင်အမွေအနှစ်လိုဏ်ဂူထဲက နောက်ဆုံး အမွေအနှစ်ကို ရခဲ့မှန်း သူမ ခန့်မှန်းမိပါတယ်။
သူတို့သုံးယောက် အချိန် တစ်ခဏကြာအောင် စကားပြောပြီးနောက် ဟူကျောင်းအာရဲ့ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့ပြီး ရန်ကိုင်ကို သတိထားကြည့်လိုက်ရင်း “ဟုတ်သားပဲ၊ အဲ့သူတောင်းစားတွေနဲ့ ဘာလုပ်နေတာလဲလို့ ငါနင့်ကို မေးဖို့ မေ့နေခဲ့တာ။ ကောင်းကင်စံအိမ် ဖျက်စီးခံလိုက်ရတာနဲ့ အဲ့အစုတ်အပြတ် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းထဲကို နင်ဝင်သွားလိုက်တာတော့ မဟုတ်ပါဘူးနော်”
“နင်အတွေးလွန်နေတာပဲ” ရန်ကိုင်က မဲ့ပြုံးပြုံးလိုက်တယ်။
“ရပ်လိုက်၊ အနားတိုးမလာနဲ့” ဟူကျောင်းအာက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူမ ညီမလေးရှေ့ မတ်တပ်ရပ်ရင်း အံ့ကြိတ်ကာ “အဲ့ဒါဆို၊ နင်ဘာလို့ အဲ့ရှုပ်ထုတ်တွေနဲ့ အတူရှိနေတာလဲ။ နင်အဲ့သူတောင်းစားတွေနဲ့ အတူရောက်လာတာကို ငါမမြင်လိုက်ဘူးလို့ နင်ထင်နေတာလား။ အဲ့ခွေးသူတောင်းစားတွက ငါတို့နောက်ကို တောက်လျှောက်လိုက်နေတာ။ နင်သာ ငါ့ကို အကြောင်းပြချက် ကောင်းကောင်း မပေးနိုင်ဘူးဆိုရင် ငါနင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ ငါတို့ ညီအစ်မနှစ်ယောက်နား လာဖို့ဆို စဉ်းတောင် မစဉ်းစားနဲ့”
“အစ်မကလည်း… သူက အဲ့လိုလူမျိုးမှ မဟုတ်တာကို” ဟူမေးအာက ရန်ကိုင်ဘက်ကနေ ကူပြောလိုက်တယ်။
“အပေါ်ယံကို သိရုံနဲ့ အတွင်းဘက်ကို သိနိုင်တယ်လို့ မဆိုလိုဘူး၊ ဟွန့်” ဟူကျောင်းအာက သူမညီမလေးကို ဆူပူလိုက်ပြီး “နင်သာ သူတို့ရဲ့ နှလုံးသားထဲက အတွင်းစိတ်ကို မမြင်ရသေးဘူးဆိုရင် သူတို့တွေက လူကောင်းလား၊ လူဆိုးလား ဆိုတာကို နင်သိမှာ မဟုတ်ဘူး”
“ကောင်းပြီ၊ ကောင်းပြီ၊ ငါရှင်းပြမယ်” ရန်ကိုင်က ကူကယ်ရာ မဲ့စွာနဲ့ ပြောလိုက်ပြီး မိစ္ဆာလိုဏ်ဂူကို စရောက်ထဲက အတွေ့အကြုံကို ရှင်းပြလိုက်တယ်။
“နင်တကယ် ပြောနေတာလား” ဟူကျောင်းအာက ခေါင်းလေး စောင်းလိုက်ပြီး ရန်ကိုင်ကို စိုက်ကြည့်လိုက်တယ်။ ရန်ကိုင် မျက်နှာကို သူမသေချာ စိုက်ကြည့်နေလိုက်ပါတယ်။
“ငါဘာလို့ နင့်ကို လိမ်ရမှာလဲ” ရန်ကိုင်က ပြောလိုက်တယ် “ငါနင့်တို့ဆီ လာတုန်းက ဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ မေးမလို့ လာခဲ့တာ။ ဒါပေမယ့် နင်တို့ နှစ်ယောက် ဖြစ်နေလိမ့်မယ်လို့တော့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ အားလုံးက အခုလိုတွေ ဖြစ်လာမှတော့ ငါနဲ့ ပြန်လိုက်ခဲ့ရင် ပိုကောင်းလိမ့်မယ်။ အဲ့လိုဆိုရင် ငါတို့ အတူပူးပေါင်းပြီး ဒီအန္တရာယ်ဆိုးကြီးကနေ ရုန်းထွက်လို့ ရနိုင်တယ်လေ”
“မမ၊ ကျွန်မ သူ့ကို ယုံတယ်။ သွားရအောင်” ဟူမေးအာက ချက်ချင်းပဲ သဘောတူလိုက်တယ်။ သူမက ရန်ကိုင်ကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်နေတာ အသိသာကြီးပါ။
ဟူကျောင်းအာကတော့ အနည်းငယ် တုန့်ဆိုင်းနေခဲ့ပါတယ်။ သူမက ထိုရုပ်ဆိုးဆိုး နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ကောင်တွေနဲ့ တကယ်ကို မပူးပေါင်းမလုပ်ကိုင် ချင်တာပါ။ ဒါပေမယ့် ဒီမှာဆက်နေရင်းလည်း အခြေအနေက ကောင်းလိမ့်မှာ မဟုတ်ဘူးဆိုတာ သူမသိပါတယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ ကမ်းလှမ်းချက်က ယုတ္တိရှိတယ်လို့ တွေးလိုက်ကာ တစ်ခဏတာလောက် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်တယ် “ကောင်းပြီလေ။ ငါတို့ နင်နဲ့လိုက်ခဲ့မယ်။ ဒါပေမယ့် မသွားခင်လေး ငါနဲ့မေးအာက အားပြန်ဖြည့်ဖို့ လိုသေးတဘ်”
ထိုတစ္ဆေဘုရင်တောင်ကြားအဖွဲ့ သူမ အပြည့်အဝ မယုံကြည်သေးတာ အသိသာကြီးပါ။ အနည်းဆုံးတော့ မသွားခင်လေး ကြိုတင်ပြင်ဆင်သွားရပါမယ်။
Martial Peak
အပိုင်း(၃၃၅) အရည်အချင်း အချို့တော့ ရှိသားပဲ
ထိုညီအစ်မ နှစ်ယောက်က တိမ်မိစ္ဆာနယ်မြေထဲကို ရောက်ကတည်းက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ လိုက်ဖမ်းတာကို ခံရပြီး မရပ်မနား ထွက်ပြေးနေခဲ့ရတာပါ။ သူမတို့ရဲ့ အစစ်အမှန်ချီ ပြန်ဖြည့်နှုန်းက မြန်ဆန်နေတာကြောင့်သာ မဟုတ်ရင် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ ဖမ်းတာ ခံရတာ ကြာပါပြီ။
မိစ္ဆာလိုဏ်ဂူထဲ ဝင်လာပြန်တော့ မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ ထပ်မံတိုက်ခိုက် ရပြန်ပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ အစစ်အမှန်ချီက ကုန်ခမ်းလုနီးပါး ဖြစ်သွားခဲ့ရပါတယ်။
“ငါသာ နင်တို့ အစစ်အမှန်ချီ ပြန်ဖြည့်တာကို စောင့်မယ်ဆိုရင် နေ့တစ်ဝက်လောက် စောင့်နေရမှာပေါ့” ရန်ကိုင်က မဲ့ပြုံးပြုံးပြီး ပြောလိုက်တယ်။
“အစစ်အမှန်ချီကို ပြန်မဖြည့်ရသေးပဲနဲ့ ငါတို့ နင့်နောက် လုံးဝမလိုက်နိုင်ဘူး” ဟူကျောင်းအာက ပြတ်ပြတ်သားသားနဲ့ ပြောလိုက်တယ်။ ပြောပြီးတာနဲ့ ဟူကျောင်းအာက နှုတ်ခမ်းဆူလိုက်တယ်။ ထိုပုံစံလေးက အရမ်းကို ချစ်ဖို့ ကောင်းလှပါတယ်။
“ငါနင်တို့ကို ကူညိပေးလနိုင်တယ်” ရန်ကိုင်က အဓိပ္ပါယ်ရှိရှိ ပြုံးလိုက်ပြီး အနက်ရောင် စာအုပ်ထဲကနေ ဆေးပေါင်းအရည် တစ်စက်ကို ထုတ်ယူလိုက်တယ်။ ထို့နောက် သူ့လက်ချောင်းလေးကို ဟူကျောင်းအာဆီ ဆန့်ထုတ်လိုက်ပြီး “ပါးစပ်ဟလိုက်”
ချက်ချင်းပဲ ဟူကျောင်းအာက နာခံစွာနဲ့ သူမပါးစပ်လေးကို ဟပေးလိုက်တယ်။
ထိုအခြင်းအရာကို ကြည့်ရုံနဲ့တင် သူမ ဘယ်လောက်ပဲ ကြမ်းတမ်းတဲ့ စကားတွေကို ပြောနေပါစေ ရန်ကိုင်ကို ယုံကြည်နေသေးတယ် ဆိုတာကိုတော့ ပြသနေခဲ့ပါတယ်။
သူ့လက်ချောင်းကို သူမပါးစပ်ထဲ ထည့်လိုက်တာနဲ့ ဟူကျောင်းအာက အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပဲ တစ်ခုခုကို နားလည်သွားလိုက်တယ်။ သူမရဲ့ မက်မွန်ရောင် မျက်လုံးဝိုင်းဝိုင်းလေးတွေက ပြူးကျယ်သွားခဲ့ပြီး သူမမျက်နှာ တစ်ခုလုံး ရဲရဲနီသွားခဲ့ကာ ဒေါသနဲ့ ရှက်ရွံ့မှုတို့ သူမမျက်နှာထက် ပြည့်လျမ်းသွားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်ကို သူမအတွေးတွေကို ချက်ချင်းပဲ ဖြတ်တောက်လိုက်တယ် “မြန်မြန်၊ စုပ်ယူလိုက်”
ဟူကျောင်းအာက မျက်မှောင်ကြုံ့လိုက်ပေမယ့် ရန်ကိုင် ပြောတဲ့အတိုင်း လိုက်လုပ်လိုက်ပါတယ်။ ချိုမြိန်ပြီးဆန်းသစ်တဲ့ အရသာလေးက သူမလျှာတစ်လျှောက် ပျံ့နှံ့သွားခဲ့တယ်။ ထိုချိုမြိန်လှတဲ့ အရည်လေးကို မျိုချပြီးတာနဲ့ နွေးထွေးတဲ့ စွမ်းအင်တစ်ခုက သူမရင်ဘတ်ဆီမှ ခန္ဓာကိုယ့်အနှံ့ ပျံ့နှံ့သွားခဲ့တယ်။ ကုန်ဆုံးသွားတဲ့ အစစ်အမှန်ချီကလည်း အလျင်အမြန်ပဲ ပြန်လည် ပြည့်ဝလာခဲ့တယ်။
ဟူကျောင်းအာရဲ့ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့တယ်။ သူမရဲ့ အံ့အားသင့်မှုကို မဖုံးဖိနိုင် ဖြစ်နေခဲ့ပြီး ရန်ကိုင်ကို သံသယအကြည့်နဲ့ လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ရန်ကိုင် မျက်ဝန်းတွေက အရင်လိုပဲ ကြည့်လင်နေတာကို တွေ့လိုက်ရတော့ ဟူကျောင်းအာလည်း သူမရဲ့ စိုးရိပ်ပူပန်မှုတွေကို ဘေးထုတ်ပစ်လိုက်တယ်။
ရန်ကိုင် သူမကို ပေးခဲ့တာက အရမ်းကို တန်ဖိုးရှိတဲ့ ရတနာတစ်ခုမှန်း သူမနားလည်ပါတယ်။ ထို့ကြောင့် ရှက်နေတာလေး အတွက်နဲ့ ထိုအရည်စက်ကို သူမ မဖြုန်းတီး ပစ်နိုင်ပါဘူး။ သူမရဲ့ လျှာလေးကို ရန်ကိုင် လက်ချောင်းတစ်ဝိုက် ရစ်ပတ်လိုက်ပြီး စုပ်ယူလိုက်တယ်။
အကြိမ်အနည်းငယ်လောက် လျှက်လိုက်ပြီးနောက် ဟူကျောင်းအာရဲ့ မျက်ဝန်းတွေက အရည်လဲ့လာခဲ့ကာ သူမရဲ့ မျက်နှာလေးကလည်း ပန်းရောင် သန်းလာခဲ့တယ်။
ရန်ကိုင်လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပဲ ရယ်မောမိလိုက်တယ်။ ထို့နောက် သူ့လက်ချောင်းကို ဖြေးဖြေးချင်း ပြန်ဆွဲထုတ်လိုက်တဲ့အခါ ခရစ်စတယ်ရောင် အမျှင်တန်းလေး တစ်ခုက သူ့လက်ချောင်းထက် ကပ်ပါလို့ လာခဲ့တယ်။
“အင်း… အရသာ ရှိတယ်” ဟူကျောင်းအာက ရုတ်တရက် ရေရွတ်လိုက်ပြီး ညည်းသံလေး တစ်သံက သူမနှုတ်ခမ်းထက်မှာ ထွက်သွားခဲ့တယ်။
သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ အမွှေးအမျှင်တွေ အားလုံး ထောင်မတ်သွားခဲ့ရတယ်။ ရန်ကိုင်လည်း သူရှက်နေတာကို အတတ်နိုင်ဆုံး ဖုံးဖိဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် ဟူကျောင်းအာရဲ့ နူးညံ့လှတဲ့ လျှာလေးက သူ့လက်ချောင်းကို ထပ်ခါထပ်ခါ ရစ်ပတ်လိုက်တော့မှပဲ ရန်ကိုင် သက်သာရာ ရသွားခဲ့တယ်။
သူ့ကိုယ်သူ တည်ငြိမ်အောင် ခပ်မြန်မြန် လုပ်လိုက်ပြီးနောက် သူ့လက်ချောင်းကို အင်္ကျီစနဲ့ သုတ်ပစ်လိုက်တယ်။ ပြီးတာနဲ့ နောက်ထပ်ဆေးပေါင်း အရည်တစ်စက်ကို ထုတ်ယူလိုက်ပြီး ဟူမေးအာဘက် လှည့်ကာ “နင့်အလှည့်”
ဒါပေမယ့် ဟူမေးအာက ရှက်ရွံ့စွာနဲ့ ခေါင်းခါလိုက်ပြီး ပုရွက်ဆိတ် အသံလေးနဲ့ ပြောလိုက်တယ် “ငါ… ငါအခုထိ… အဆင်သင့် မဖြစ်….”
ဒီကောင်မလေးကတော့
အခုလို အချိန်မျိုးမှာတောင် သူမက တွေးချင်ရာတွေ လျှောက်တွေး နေနိုင်ပါသေးတယ်။
“မေးအာ၊ သူက နင့်ရဲ့ အစစ်အမှန်ချီကို အမြန်ပြန်ပြည့်စေနိုင်တဲ့ တစ်ခုခုကို ပေးနေတာ။ နင်ထင်နေသလို မဟုတ်ဘူး” ဟူကျောင်းအာက အလျင်စလို ထိုင်ချလိုက်ပြီး ထိုအရည်စက်ကို စတင်သန့်စင်ပါတော့တယ်။ သူမတို့ နှစ်ယောက်က စိတ်ချင်း ဆက်နေတာလေ။ ထို့ကြောင့် သူမညီမလေး တွေနေတာကို ဟူကျောင်းအာ မသိပဲ ဘယ်နေပါ့မလဲ။
“အဲ့ဒါက ရှားပါတဲ့ ရတနာတစ်ခုပဲ။ မြန်မြန်ယူလိုက်လေ” ဟူကျောင်းအာ တိုက်တွန်းလိုက်တယ်။
ဟူကျောင်းအာက သူမရဲ့ အစ်မကြီးနဲ့ ရန်ကိုင်ကို တစ်လှည့်စီ စိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းလေး ညိတ်လိုက်တယ်။ သူမရဲ့ နှစ်လိုဖွယ်ကောင်းတဲ နှုတ်ခမ်းသေးသေးလေးကို ဟလိုက်ပြီး ရန်ကိုင် လက်ချောင်းအား ရစ်ပတ်လိုက်တယ်။ ဟူကျောင်းအာနဲ့ ယှဉ်ရင် ဟူမေးအာက ပိုပြီး အရှက်သည်းပါတယ်။ ထို့ကြောင့် ဆေးပေါင်းအရည်ကို လက်ခံရယူနေတဲ့အချိန် ရဲရဲတင်းတင်းနဲ့ မပြုမူရဲခဲ့ပါဘူး။
“အဲ့ဒါကို မြန်မြန် သန့်စင်လိုက်၊ ငါဒီကနေ စောင့်ကြပ်ပေးမယ်” ရန်ကိုင်က အသာအယာလေး ချောင်းဟန့်လိုက်ပြီး အခြားတစ်ဖက်ဆီ လှည့်လိုက်တယ်။
“အင်း” ထိုနှစ်လိုဖွယ်ကောင်းတဲ့ အမွှာပန်းလေးနှစ်ပွင့်က ခေါင်းညိတ်လိုက်ပြီး သူတို့ရဲ့ လျှို့ဝှက်ကျင့်စဉ်ကို ခပ်မြန်မြန်ပဲ လှည့်ပတ်ပါတော့တယ်။
ချန်ရီ၊ ထောင်ရန်နဲ့ အခြားသူတွေကကတော့ ဘေးပတ်ဝန်းကျင်က မိစ္ဆာစိတ်ဝိဥာည်တွေကို ကြည့်နေခဲ့တယ်။
“ညီအစ်ကိုရန်သွားတာ ဒီလောက်တောင် ကြာနေပြီ၊ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ မသိဘူး” ချန်ရီက မျက်မှောင်ကြုံ့ကာ ပြောလိုက်တယ်။
ဒါပေမယ့် ထောင်ရန်က ရယ်မောလိုက်ပြီး “ညီအစ်ကိုရန်က အသေးစိတ် အချက်အလက်တွေကိုပါ မေးနေတာနဲ့ တူတယ်။ ပြီးတော့ မိန်းကလေး နှစ်ယောက်စလုံးကလည်း သူ့ကို အရမ်းကြီး သတိထားနေတဲ့ ပုံမပေါ်ဘူး”
ကျောက်တိုင်ပေါ်ကနေ လှမ်းကြည့်ရင် ရန်ကိုင်တို့ရဲ့ မျက်နှာတွေကို မမြင်ရပေမယ့် ဝိုးဝဝါး ပုံရိပ်တွေကိုတော့ မြင်နေရပါသေးတယ်။
သူတို့ မြင်ရသလောက်ဆိုရင် ရန်ကိုင်နဲ့ ထိုမိန်းကလေး နှစ်ယောက်က တစ်မီတာ အကွာအဝေးမှာ မတ်တပ်ရပ်နေကြတာပါ။ သူမတို့ နှစ်ယောက်သာ ရန်ကိုင်ကို သတိထားနေမယ် ဆိုရင် ရန်ကိုင်ကို သူမတို့နာ ဘာလို့ ဒီလောက် နီးကပ်ခွင့် ပေးရမှာလဲ။
“အထင်ကြီးစရာပဲ၊ ညီအစ်ကိုရန်က ဆွဲဆောင်အားက မသေးပါလား” ချန်ရီက အလိုလိုနေရင်း ရန်ကိုင်ကို လေးစားမိသွားခဲ့တယ်။
“ဟွန့်” လန်ရှန်က မပျော်မရွှင်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။
သူမနဲ့ ကျိမိုလည်း သီးခြားကမ္ဘာထဲမှာတုန်းက ရန်ကိုင်လက်ထဲ တော်တော်လေး ခံစားခဲ့ရတာပါ။ ရန်ကိုင်ရဲ့ ဆွဲဆောင်နိုင်စွမ်းက ဘယ်လောက်တောင် အထင်ကြီးဖို့ ကောင်းလဲ ဆိုတာကိုလည်း သူမနားလည်ထားပါတယ်။
သူမနဲ့ ကျိမို နှစ်ယောက်စလုံးက ရန်ကိုင်ကို နှိပ်စက်ဖို့ အကောင်းဆုံး လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမတို့တွေက ရန်ကိုင်ကို မမုန်းတော့ရုံ မကလို့ ရန်ကိုင်ပေါ် အကောင်းမြင်စိတ်တို့တောင် ဖြစ်ပေါ်လာပါသေးတယ်။
သူ့မှာသာ ဒီလောက် အားကောင်းတဲ့ ဆွဲဆောင်မှု မရှိရင် သူဘယ်လိုလုပ်ပြီး အဲ့လို လုပ်နိုင်ခဲ့မှာလဲ။
“သူတို့ ပြန်လာနေပြီ” ချန်ရီက ရုတ်တရက် အော်ပြောလိုက်တယ်။ အားလုံး လှည့်ကြည့်လိုက်တဲ့အချိန် ရန်ကိုင်က မိန်းကလေး နှစ်ယောက်နဲ့ ဘေးချင်းယှဉ်ပြီး သူတို့ဆီ ပျံသန်းလာနေတာကို တွေ့လိုက်ရတယ်။
“အံ့အားသင့်စရာပဲ” ထောင်ရန်လည်း ရန်ကိုင်ကို လေးစားအထင်ကြီးမိသွားခဲ့တယ်။
စကားလေး နည်းနည်း ပြောရုံနဲ့တင် မိန်းကလေး နှစ်ယောက်ကို သူ့ဘက်ပါလာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူသာဆိုရင် ထိုမိန်းကလေး နှစ်ယောက်ကို အခုလိုမျိုး မြန်မြန်ဆန်ဆန်နဲ့ သူ့ဘက်ပါလာအောင် စည်းရုံးဖို့ကို အသာထား၊ သူမတို့နဲ့ စကားကောင်းကောင်း ပြောရရင်တောင် ကံကောင်းနေပါပြီ။
အဝေးတစ်နေရာက ကျောက်တိုင်ပေါ်မှာ ရှိနေတဲ့ ယုချင်ကတော့ ထိုအမွှာစုံတွဲကို ကြည့်ရဲ့ သူ့မျက်ဝန်းအစုံက ကျဉ်းမြောင်းသွားခဲ့တယ်။ သူ့မျက်ဝန်းအစုံက ကောက်ကျစ်တော့မယ့် အလင်းရောင်တို့ဖြင့် လက်သွားခဲ့ပြီး သူ့ နှုတ်ခမ်းထောင့်စွန်းက အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့တယ်။
ထိုသုံးယောက်က လမ်းတစ်ဝက်ကို ရောက်တာနဲ့ မတော်တဆ အဖြစ်အပျက်တစ်ခု ဖြစ်ပွါးခဲ့တယ်။
မရေမတွက်နိုင်တဲ့ မိစ္ဆာစိတ်ဝိဥာဉ်တို့ တိုက်ခိုက်နေချိန် မဲနက်နေတဲ့ မိစ္ဆာချီတွေက ရုတ်တရက် နှောက်ယှတ်ခံလိုက်ရသလို ဖြစ်သွားခဲ့ပြီး အကြောင်းပြချက် တစ်ချို့ကြောင့် နဂါပုံစံနတ်ဆိုးချီထုကြီးက မြေပြင်ထက်ကနေ ပေါက်ကွဲထွက်လာခဲ့ကာ ရန်ကိုင်နဲ့ မိန်းကလေး နှစ်ယောက် ရှိနေတဲ့ လေဟာနယ်ကို လွှမ်းခြုံသွားခဲ့တယ်။
“သတိထား” ချန်ရီက ထိတ်လန့်တကြား အော်ဟစ် သတိပေးလိုက်တယ်။
ဒါပေမယ့် သူအသံ မဆုံးသေးခင်မှာပဲ အမှောင်ထုထဲမှ မျက်စိကျိန်းမတတ် အလင်းရောင် တစ်ခု ထွက်ပေါ်လာခဲ့တယ်။ ရန်ကိုင် တစ်ကိုယ်လုံးက နေအသေးစားလေး အလား ထွန်းလင်း တောက်ပနေခဲ့ပြီး အစစ်အမှန်ယန်ချီတွေကလည်း သူ့ကိုယ်ကနေ အဘက်ဘက်သို့ လှိုင်းလုံးသဖွယ် လှိမ့်ထွက်နေခဲ့တယ်။
ထိုအနွေးလှိုင်းက သူတို့အပေါ် ဖြတ်သန်းသွားတဲ့အခါ ဟူကျောင်းအာနဲ့ ဟူမေးအာတို့ နှစ်ယောက်စလုံး စိတ်သက်သာရာ ရသွားခဲ့ကြတယ်။ သူတို့ အရေပြားပေါ်က အအေးဓါတ်တို့ ပျော်ကွယ်သွားခဲ့ပြီး တန်ပြန်တိုက်ခိုက်ဖို့ လုပ်ထားတာကိုလည်း ပြန်ပြီး ရုပ်သိမ်းလိုက်တယ်။
ရှဲ… ရှဲ… ရှဲ…
အနက်ရောင်မိစ္ဆာချီတွေက အလင်းရောင် အကာအရံနဲ့ ထိတွေ့သွားတာနဲ့ ဆူပွက်နေတဲ့ ဆီအိုးထဲကို ပစ်ချခံလိုက်ရသည့်အလား တရှူးရှူး တရှဲရှဲ မြည်သံတို့ ထွက်ပေါ်လာခဲ့ကာ ရန်ကိုင်ရဲ့ အကာအကွယ်ကို နည်းနည်းလေးတောင် မထိုးဖောက်နိုင်ခဲ့ပါဘူး။
“ကောင်းတယ်… အရမ်းကောင်းတယ်” ချန်ရီက ရန်ကိုင် ရှိနေတဲ့ နေရာကို ထိတ်လန့်အံ့အားသင့်နေသည့် အကြည့်ဖြင့် ကြည့်ရင်း အဆက်မပြတ် ချီးမွမ်းနေခဲ့တယ်။
“ညီအစ်ကိုရန်ရဲ့ အစစ်အမှန်ယန်ယွမ်ချီက မိစ္ဆာချီအပေါ် အရမ်း အကျိုးသက်ရောက်မှု ရှိတာပဲ” ထောင်ရန်က စိတ်လှုပ်ရှားစွာနဲ့ ရန်ကိုင် ရှိနေတဲ့ နေရာကို လှမ်းကြည့်လိုက်ရင်း “ဒါပေမယ့် သူ့ရဲ့ အစစ်အမှန်ချီက ဘာလို့ ဒီလောက် သန့်စင်နေရတာလဲ”
ထိုသိပ်သည်းလှတဲ့ မိစ္ဆာချီနဲ့ တစ်ယောက်မှ မထိတွေ့ဘူးပေမယ့် မိစ္ဆာချီစွမ်းအင်က ဘယ်လောက်တောင် ကြောက်မက်ဖို့ ကောင်းကြောင်း သူတို့အားလုံး နားလည်ထားပါတယ်။ ဒါပေမယ့် ရန်ကိုင်ရဲ့ အစစ်အမှန်ယန်ချီက ထိုမိစ္ဆာချီတွေကို တွန်းလှန်နိုင်ပြီး လောင်ကျွမ်းနိုင်စေခဲ့ပါတယ်။
ထိုအချက်က သူသာ မိစ္ဆာစိတ်ဝိဥာဉ်တွေ တိုက်ခိုက်တာကို မခံရသရွေ့ ထိုမိစ္ဆာချီထုထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရတယ်ဆိုတာကို သက်သေပြလို့ နေခဲ့ပါတယ်။
ဟူကျောင်းအာနဲ့ ဟူမေးအာကတော့ ရန်ကိုင်ကို မှီရင်း ပျံသန်းနေခဲ့ကြတယ်။
ရန်ကိုင်က ပိုပြီး ပွင့်လင်းပါတယ်။ ထိုမိန်းကလေး နှစ်ယောက်ကို တိုက်ရိုက်ပဲ ပွေ့ဖက်ထားလိုက်ပြီး အစစ်အမှန်ယန်ချီကို လှည့်ပတ်ရင်း တစ္ဆေဘုရင်တောင်ကြား အဖွဲ့ရှိရာဆီ ပျံသန်းသွားလိုက်တယ်။
ကျောက်တိုင်ပေါ် ရောက်တာနဲ့ ဟူကျောင်းအာက ရန်ကိုင် ပွေ့ဖက်ထားရာကနေ ရုန်းထွက်လိုက်ပြီး အသံတိုးတိုးလေးနဲ့ ရေရွတ်ရင်းကို ရန်ကိုင်ကို ခါးသီးစွာနဲ့ စိုက်ကြည့်နေလိုက်တယ် “နင်စောင့်နေစမ်းပါ၊ နင်ရဲ့ တာဝန်မဲ့မှုအတွက် ငါနင့်ကို ပြန်ပေးဆပ်ရအောင် လုပ်ပေးမယ်”
“ဟားဟား…” ရန်ကိုင်က ခြောက်ကပ်ကပ်နဲ့ ရယ်မောလိုက်ပေမယ့် ပြန်မပြောတာ အကောင်းဆုံးဆိုတာ သိထားပါတယ်။
ထိုညီအစ်မ နှစ်ယောက် ရောက်လာတာနဲ့ အဖွဲ့တစ်ခုလုံး စိတ်အား တက်ကြွလာခဲ့ရတယ်။ တစ်ယောက်ချင်းစီက အားကောင်း၊ လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမလေးတွေပါ။ ဒါပေမယ့် ထိုနှစ်ယောက်က ဘေးချင်းယှဉ် ရပ်နေတော့ ပိုပြီးတော့တောင် တောက်ပသွားပုံရပါတယ်။
လန်ရှန်းက သူမကိုယ်သူမ ထိုနှစ်ယောက်နဲ့ တိတ်တဆိတ် နှိုင်းယှဉ် ကြည့်လိုက်တာနဲ့ မနေနိုင်ပဲ သက်ပြင်းလေး ချလိုက်မိတယ်။
ထိုနှစ်ယောက်ရဲ့ ရုပ်ရည်က သူမထက် အပုံကြီးသားတယ်ဆိုတာကို လန်ရှန်း သိလိုက်တယ်။ သူတို့တစ်ယောက်ချင်းစီးက နိုင်ငံတစ်နိုင်ငံလုံးကို ပြိုပျက်သွားစေနိုင်သည့် ပထမတန်းစား အလှလေးတွေပဲ ဖြစ်ပါတယ်။
“မိန်းကလေးတို့ကို နှုတ်ဆက်ပါတယ်” ချန်ရီက လက်သီးဆုပ်ပြီး ယဉ်ကျေးစွာနဲ့ နှုတ်ဆက်လိုက်တယ်။
“ဟွန့်” ဟူကျောင်းအာက နှာခေါင်းရှုံ့လိုက်တယ်။ သူတို့ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေမယ့် သူမတို့ကို လိုက်ဖမ်းတဲ့ အဖွဲ့တွေထဲမှာ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေအပြင် တစ္ဆေဘုရင်တောင်ကြားက တပည့်တွေပါ ပါတယ်ဆိုတာ သူမသိထားပါတယ်။ ထို့ကြောင့် ဟူကျောင်းအာ အနေနဲ့ သူတို့ကို အလွယ်တကူ ခွင့်လွှတ်ပေးမှာတော့ မဟုတ်ပါဘူး။
ဟူကျောင်းအာရဲ့ အေးစက်စက် အမူအရာကို ခံစားမိလိုက်တာနဲ့ ချန်ရီက မဲ့ပြုံးပြုံးရင်း ရှက်ရှက်နဲ့ ခေါင်းခါလိုက်ပြီး ဘာဆက်ပြောလို ပြောရမယ်မှန်း မသိတော့ပါဘူး။
“ကျောင်းအာ၊ နင်တို့ ဒီကို အရင်ရောက်တာဆိုတော့ ထူးဆန်းတာလေး တစ်ခုခုကိုများ နင်သတိပြုမိသေးလား။ ဘာလို့ အခုလိုတွေ ဖြစ်လာရလဲဆိုတာကို ရှင်းပြနိုင်တဲ့ တစ်ခုခုလေ” ရန်ကိုင်က အားလုံးသိချင်နေတာကို တိုက်ရိုက် မေးလိုက်ရင်း ကျွမ်းကျင်စွာနဲ့ ခေါင်းစဉ် ပြောင်းလိုက်တယ်။
ဟူကျောင်းအာက မျက်မှောင်ကြုံ့နေသေးပေမယ့် ခပ်မြန်မြန်ပဲ ပြန်ပြောလိုက်တယ် “မေးအာနဲ့ ငါက မိစ္ဆာစိတ်ဝိဥာဉ်တွေကို တိုက်ခိုက်နေတုန်းက မြေကြီးထဲကနေ နတ်ဆိုးချီစီးကြောင်းတွေ ပေါက်ကွဲထွက်လာခဲ့တယ်။ အဲ့နတ်ဆိုးချီ ထွက်လာတာနဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေ အကုန်လုံး ထူးထူးခြားခြား ပြုမူကုန်ရော။ တစ်ခုခု မှားယွင်းနေတာကို သတိပြုမိလိုက်တာနဲ့ မေးအာနဲ့ ငါက ခပ်မြန်မြန်ပဲ ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် မိစ္ဆာစိတ်ဝိဥာဉ်တွေ အများကြီးက အဘက်ဘက်ကနေ ရောက်လာတာနဲ့ ငါတို့လည်း ဘာတွေဖြစ်နေမှန်း သေချာမသိရ သေးခင်မှာပဲ ဒီမှာ အဆုံးသတ်သွားခဲ့တာ”
“ခဏနေဦး၊ နတ်ဆိုးချီတွေက မြေကြီးထဲကနေ ထွက်လာတာလား” ချန်ရီက အမူအရာက ရုတ်တရက် တွန့်လိမ်သွားခဲ့ပြီး “ဘယ်နေရာကနေ ထွက်လာတာလဲ ဆိုတာ နင်သိလား”
ဘယ်အရာက အဓိက၊ ဘယ်အရာက သာမဏမှန်း သူမလည်း ခွဲခြားသိတဲ့အတွက် ချန်ရီနဲ့ ဆက်ပြီး ငြင်းခုံမနေတော့ပဲ နေရာတစ်ခုဆီ ညွှန်ပြလိုက်ကာ “အဲ့နေရာပဲ၊ နတ်ဆိုးချီတွေ လှည့်ပတ်နေတာကို နင်တွေ့လား၊ နတ်ဆိုးချီတွေက အဲ့နေရာကနေ ပေါက်ကွဲထွက်လာခဲ့တာ”
ဟူကျောင်းအာ ညွှန်ပြတဲ့ နေရာဆီ လှမ်းကြည့်လိုက်တဲ့အခါ နတ်ဆိုးချီတွေ ရေပန်းလို ဖြာထွက်နေတဲ့ နေရာတစ်ခုကို သူတို့ တွေ့လိုက်ရတယ်။ ထိုနေရာကနေ နတ်ဆိုးချီတွေ ထွက်လာနေတာနဲ့ အမျှ ဘေးပတ်ဝန်းကျင်က နတ်ဆိုးချီထုကလည်း မြင့်တက်လာနေခဲ့တယ်။
“မဖြစ်နိုင်ဘူး” ချန်ရီရဲ့ မျက်နှာက ဖြူလျော်သွားခဲ့ပြီး “ငါတို့ အဲ့လောက် ကံဆိုးနေတာတော့ မဖြစ်နိုင်ဘူးမလား၊ ဟုတ်တယ်မလား”
“ဘာဖြစ်လို့” ရန်ကိုင်က အလျင်စလို ကောက်မေးလိုက်တယ်။ အခုဖြစ်ပျက် နေတာနဲ့ ပက်သက်ပြီး ချန်ရီ တစ်ခုခု သိနေတယ်ဆိုတာကို သိတိပြုမိလိုက်တာနဲ့ ရန်ကိုင် မျက်မှောင်ကြုံ့လိုက်တယ်။
“အဲ့ဒါက မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ ဗဟိုပဲ” ချန်ရီ ဘာမှ မရှင်းပြရသေးခင်မှာပဲ အဝေးတစ်နေရာဆီမှ လူအိုကြီးတစ်ယောက်ရဲ့ အသံထွက်ပေါ်လာခဲ့တယ်။
ထိုအသံကို ကြားလိုက်တာနဲ့ အားလုံး အံ့အားသင့်သွားခဲ့ပြီး အသံထွက်ပေါ်လာရာ နေရာဆီ လှမ်းကြည့်လိုက်ကြတယ်။ အဖွဲ့သစ်တစ်ဖွဲ့ သူတို့ဆီ လျင်မြန်စွာနဲ့ ချဉ်းကပ်လာနေခဲ့ပြီး သူတို့ နောက်မှာတော့ ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ် တစ်သိုက်ကြီး ရှိနေခဲ့တယ်။
နောက်ထပ် အဖွဲ့တစ်ဖွဲ့လည်း ဒီနေရာဆီ မောင်းထုတ်လာခံခဲ့ရတဲ့ ပုံပါပဲ။
ထိုအဖွဲ့ထဲမှာ ပါတဲ့ လူအရေအတွက်က နည်းပါတယ်။ လူကြီးတစ်ယောက်နဲ့ ဂျူနီယာလေးယောက်ပဲ ပါပါတယ်။ ဒါပေမယ့် ထိုလူအိုကြီးက အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။
ထိုလူအိုကြီးရဲ့ ခွန်အားကို သတိပြုမိလိုက်တာနဲ့ အားလုံးရဲ့ မျက်နှာထက် ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက် အရိပ်အယောင်တို့ လက်သွားခဲ့တယ်။ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတွေက ဒီနေရာမှာ ပေါ်လာလေ့ မရှိပါဘူး။ သူတို့တွေက မိစ္ဆာလိုဏ်ဂူရဲ့ ဟိုးအတွင်းပိုင်းထဲဆီပဲ သွားလေ့ရှိတာပါ။
လူအိုကြီဂက သားလေး လေးယောက်ကို ကာကွယ်ပေးနေတဲ့ သိမ်းငှက်အဖေကြီးနဲ့တောင် တူနေပါသေးတယ်။ သူ့ရဲ့ လက်နက်ကို ဝှေ့ရမ်းကာ မိစ္ဆာချီကို တွန်းလှန်နေရင်း လူအိုကြီးရဲ့ အကြည့်က ဟိုမှသည်သို့ ရွေ့လျားနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့အကြည့်က နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ နေရာမှာ ရပ်တန့်သွားခဲ့ပြီး အလျင်စလို အော်ဟစ်လိုက်တယ် “ဘေးဖယ်နေ”
ယုချင်နဲ့ သူအပေါင်းအပါတွေ အားလုံး ခါးခါးသီးသီး ပြုံးလိုက်မိကြတယ်။ ဒါပေမယ့် ထိုလူအိုကြီးရဲ့ စကားကို မနာခံပဲ မနေရဲပါဘူး။ ချက်ချင်းပဲ ဘေးဖယ်ပေးလိုက်ပြီး ထိုလူအိုကြီးနဲ့ သူ့ဂျူနီယာတွေအတွက် လမ်းဖောက်ပေးလိုက်ကြတယ်။
လူအိုကြီးက ဂျူနီယာလေးဘောက်ကို သယ်ရင်း စင်မြင့်ပေါ် ခပ်မြန်မြန် ခုန်တက်လိုက်ပြီး ယုချင်ကို ကြည့်ကာ မေးလိုက်တယ် “နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ဟုတ်တယ်မလား၊ မင်းမှာ အထွန့်တက်စရာ မရှိဘူးမလား”
လူအိုကြီးရဲ့ သိမ်းငှက်လို စူးရှတဲ့ အကြည့်အောက်၌ ယုချင်အနေနဲ့ ရယ်မောရုံသာ တတ်နိုင်ခဲ့ပြီး “စီနီယာ နောက်နေတာပဲ ဖြစ်ရမယ်၊ ဒီစင်မြင့်မှာ နေရာလွတ်တွေ ရှိနေသေးတာပဲကို”
“ကောင်းတယ်” လူအိုကြီးက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။