← Chapters

အခန်း (၃၃၆-၃၄၀)

Vol. 14 Ch. 336-340

အခန်း (၃၃၆-၃၄၀)

Vol. 14 Ch. 336-340

အပိုင်း(၃၃၆) မိစ္ဆာစိတ်ဝိဥာဉ်စမ်း

ထိုလူအိုကြီး ထွက်ပေါ်လာတာနဲ့ ထွက်ပြေးသွားတဲ့ မိစ္ဆာစိတ်ဝိဥာဉ် များစွာကို ကြည့်ရုံနဲ့တင် ထိုလူအိုကြီး ဘယ်လောက် သန်မာလဲ ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ထို့ကြောင် ယုချင်အနေနဲ့ အမိန့်ပေးခံရလို့ မပျော်ရင်တောင် မကျေနပ်သည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြတာက ပိုကောင်းတာကို သူသိထားပါတယ်။

စင်မြင့်ပေါ် ရောက်တာနဲ့ လူငယ်လေးယောက်ရဲ့ အကြည့်က နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းရဲ အဆောင်မိန်းကလေးတွေဆီ ရောက်သွားခဲ့တယ်။ မိန်းကလေးတွေကလည်း မျက်တောင်လေး ပုတ်ခတ်ပုတ်လုပ်ရင်း ကောင်လေးတွေကို မြူစွယ်ဖို့ ကြိုးစားလိုက်တယ်။ ထိုမိန်းကလေးတွေက သူမတို့ရဲ့ ယောကျ်ားလေး အဖော်တွေ မနာလိုမှာကို မစိုးရိမ်သလို ဘေးပတ်ဝန်းကျင်က ဆိုးရွားလှသည့် အခြေအနေကိုလည်း တစ်ချက်ကလေးတောင် ဂရုမစိုက်ပါဘူး။

“မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆီအနှစ်တွေကို စုပ်ယူတာ ခံချင်တယ်ဆိုရင် အဲ့မိန်းမတွေကို ဆက်ပြီး စိုက်ကြည့်နေလိုက်” လူအိုကြီးက သူ့ရဲ့ ဂျူနီယာလေးယောက်ကို သတိပေးလိုက်တယ်။

လူအိုကြီး ပြောတာကို ကြားလိုက်မှပဲ လူငယ်လေးယောက်လည်း အသိပြန်ဝင်လာခဲ့ပြီး ရှက်ရှက်နဲ့ ချက်ချင်းပဲ အကြည့်လွှဲလိုက်ကြတယ်။

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက မိန်းကလေးတွေက ယောကျ်ားလေး တစ်ယောက်နဲ့ ဆက်ဆံရင် အဲ့ယောကျ်ားလေးဆီက ကျင့်ကြံခြင်း အဆီအနှစ်တွေကို စုပ်ယူပြီး သူမတို့ရဲ့ ယောကျ်ားလေး အဖော်တွေဆီ ပြန်ပေးပါတယ်။

ဒါကြောင့်ပဲ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက အဆောင်အစေခံတွေကို အခြားယောကျ်ားလေးတွေနဲ့ ဆက်ဆံဖို့ကို မတားမြစ်ထားပါဘူး။ တကယ်ဆိုရင် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားလေးတွေက သူတို့ရဲ့ အဆောင်အစေခံတွေကို အခြားယောကျ်ားလေးတွေနဲ့ ဆက်ဆံဖို့ကို ပိုပြီးတော့တောင် အားပေးပါသေးတယ်။ အဲ့လိုမှ သူတို့က ပိုပြီး သန်မလာလာမှာကိုး။

ပြီးတော့ အဆောင်မိန်းကလေးတွေက ထိုတူညီတဲ့ အပြုအမူကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် အမျိုးမျိုးသော ဆန်းကြယ်တဲ့ နည်းစနစ်တွေကိုလည်း လေ့ကျင့်ထား ကြပါသေးတယ်။ ထို့ကြောင့် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားလေးတပည့်တွေရဲ့ အမြင်၌ အဆောင်အစေခံတွေက လူတွေ မဟုတ်ကြပဲ အသုံးဝင်တဲ့ ပစ္စည်းတွေသာ ဖြစ်ကြပါတယ်။

လူတိုကြီးက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းရဲ့ နည်းလမ်းတွေနဲ့ ရင်းနှီးပါတယ်။ ထို့ကြောင့် သူ့ရဲ့ အတွေ့အကြုံမရှိတဲ့ ဂျူနီယာလေးတွေက နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ လက်မှာ ခံစားရမှာစိုးလို့ သူက သတိပေးလိုက်တာပါ။

အခြေချပြီးနောက် လူအိုကြီးရဲ့ မျက်ခုံးအစုံက ကြုံ့သွားခဲ့တယ်။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းလို့ ခေါ်နေတဲ့ နေရာကို ငေးစိုက်ကြည့်နေရင်း လူအိုကြီးရဲ့ မျက်ဝန်းထဲ လောဘကြီးသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

သူ့လက်ကို ချန်ရီဆီ ဝှေ့ရမ်းလိုက်ရင်း လှမ်းပြောလိုက်တယ် “တစ္ဆေဘုရင်တောင်ကြားက ကောင်စုတ်လေး၊ မင်းကြည့်ရတာ မိစ္ဆာစိတ်ဝိဥာဉ်စမ်းအကြောင်း သိထားတဲ့ပုံပဲ။ သူတို့တွေက ဘာမှမသိ နားမလည်ပဲနဲ့ မသေရအောင် ရှင်းပြလိုက်စမ်းကွာ”

“ကောင်းပြီလေ” ချန်ရီက ရန်ကိုင်နဲ့ သူ့အပေါင်းအပါတွေကိုလည်း ရှင်းပြချင်တာပါ။ အခု လူအိုကြီးက ပြောလာပြီဆိုမှတော့ သူလည်း ရေငုံနှုတ်ပိတ်နေစရာ မလိုတော့ပါဘူး။

“မိန်းမငယ်လေး နှစ်ယောက် ပြောတမမှားဘူး။ မိစ္ဆာစိတ်ဝိဥာဉ်စမ်း ဆိုတာက နာမည်အတိုင်းပဲ မိစ္ဆာချီစွမ်းအင်တွေ ထွက်ပေါ်နေတဲ့ ရေပန်းတစ်ခုလို့ ပြောလို့ရတယ်။ အဲ့ဒါက ကျင့်ကြံသူတွေ အတွက် အရမ်းကို အန္တရာယ်များတယ်။ ဒါပေမယ့် မိစ္ဆာစိတ်ဝိဥာဉ်တွေ အတွက်တော့ အခွင့်အရေးကြီး တစ်ခုပဲ။ သူတို့ကိုသာ မိစ္ဆာစိတ်ဝိဥာဉ်စမ်းက မိစ္ဆာချီတွေကို အချိန် လုံလုံလောက်လောက်သာ စုပ်ယူခွင့် ပေးလိုက်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဲ့ကောင်တွေက ပိုသန်မာလာပြီး ပိုပြီး လူပုံစံပေါက်လာလိမ့်မယ်။ အဲ့ဒါကြောင့် မိစ္ဆာစိတ်ဝိဥာဉ်စမ်း ထွက်ပေါ်လာတာနဲ့ နေရာအနှံ့က မိစ္ဆာစိတ်ဝိဥာဉ်တွေက ဒီနေရာဆီ ပြေးလာကြတာ” ချန်ရီက ဖြေးဖြေးချင်း ရှင်းပြလိုက်တယ်။

“မိစ္ဆာစိတ်ဝိဥာဉ်စမ်း ထွက်ပေါ်လာတဲ့ အချိန်တိုင်း မိစ္ဆာလိုဏ်ဂူထဲက အခြေအနေတွေက မတည်မငြိမ် ဖြစ်လာလိမ့်မယ်။ မင်းတို့ မြင်တဲ့အတိုင်းပဲ မိစ္ဆာချီကို ရဖို့အတွက်နဲ့ အဲ့ကောင်တွေက အချင်းချင်းတောင် ပြန်သတ်နေကြတာ။ အခုအချိန်မှာတော့ အဲ့ကောင်တွေက မိစ္ဆာချီတွေကိုပဲ သည်းကြီးမည်းကြီးနဲ့ စုပ်ယူနေလိမ့်မယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ…. အဲ့ကောင်တွေက စိတ်ရူးပေါက်သွားပြီဆိုရင်တော့ ငါတို့ကိုပါ လာပြီး တိုက်ခိုက်လိမ့်မယ်။ ငါတို့ကကို ကံဆိုးနေတာ။ မိစ္ဆာစိတ်ဝိဥာဉ်စမ်း ဆိုတာ နှစ်ပေါင်းများစွာ ကြာတာတောင် ပေါ်လာလေ့ရှိတာ မဟုတ်ဘူး။ မိစ္ဆာလိုဏ်ဂူထဲ ငါတို့ဝင်လာတဲ့ အခါကျမှ တိုက်တိုက်ဆိုင်ဆိုင်ကြီး လာတိုးရတယ်လို့ကွာ”

“အာ… အဲ့လိုဆိုရင်… ငါတို့ ဘာလုပ်သင့်လဲ” ရတနာဂိုဏ်းက ကျောင်းရုန်က ထိတ်လန့်တကြားနဲ့ မေးလိုက်တယ် “သူတို့ ငါတို့ကို လျစ်လျူရှုထားတုန်း ထွက်ပြေးသင့်လား”

“ငါတို့ ဘယ်ကို ထွက်ပြေးရမှာလဲ” ချန်ရီက မဲ့ပြုံးပြုံးလိုက်ပြီး “ထွက်ပြေးစရာ နေရာမှ မရှိတော့တာ။ ငါတို့သာ ဒီမှာ ဆက်နေရင် အချိန်ပိုကြာကြာ‌လေး အသက်ရှင်နိုင်ပေမယ့် ထွက်ပြေးဖို့ ကြိုးစားမယ် ဆိုရင်တော့ ငါတို့ အသေစောလိမ့်မယ်”

“ဟေး၊ ဟေး၊ ကောင်စုတ်လေး ပြောတာ မှန်တယ်” လူအိုကြီးက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး “အခုလို အခြေအနေမျိုးထဲ ရောက်တာနဲ့ ဒီလူအိုကြီးနဲ့ အခြားကျွမ်းကျင်သူတွေတောင် မဟုတ်တာကို မင်းတို့ကလေးလေးတွေက ထွက်ပြေးချင်တယ်ပေါ့။ အိမ်မက်ထဲမှာပဲ စိတ်ကူးနေလိုက်တယ်”

မိစ္ဆာဆန်ဆန် ပြုံးရင်း လူအိုကြီးက ရုတ်တရက် ပြောလိုက်တယ် “ဒီလူအိုကြီးနဲ့ အတူလက်တွဲပြီး ပူးပေါင်းတိုက်ခိုက်မယ် ဆိုရင်ရော ဘယ်လိုလဲ။ အဲ့လိုဆိုရင် ငါတို့ အသက်ရှင်နိုင်ချေ ရှိသေးတယ်”

ချန်ရီက လူအိုကြီးကို ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်ကာ “စီနီယာရဲ့ အစီအစဉ်က ဘယ်လိုလဲ”

“ဘာမှမဟုတ်ပါဘူး၊ အားလုံး တိုက်ခိုက်ဖို့ပဲ လိုတာ” လူအိုကြီးက စူးစူးဝါးဝါး ရယ်မောလိုက်ပြီး “မင်းတို့ရဲ့ ခွန်အားက အရမ်းကြီး မမြင့်မားပေမယ့် ကံကောင်စွာနဲ့ပဲ လူက အများကြီး ဖြစ်နေခဲ့တယ်။ မင်းတို့ လုပ်ဖို့လိုတာက စင်မြင့်ပေါ်မှာနေပြီး မိစ္ဆာစိတ်ဝိဥာဉ်တွေ ထွက်သွားတဲ့အထိ ခုခံပေးဖို့ပဲ။ မင်းတို့အားလုံးက ဒီနေရာကို လာရဲမှတော့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို ခုခံဖို့အတွက် အထူးပြုလုပ်ထားတဲ့ လက်နက်တွေကို သယ်လာခဲ့မှာပေါ့၊ ဟုတ်တယ်မလား”

“ကောင်းပြီ” ချန်ရီက ခေါင်းညိတ်လိုက်တယ်။ သူတို့တွေက ရန်ကိုင်လို ဘာမှ မပြင်ဆင်ပဲ လာခဲ့တဲ့ လူတွေ မဟုတ်ပါဘူး။ သူတို့က မိစ္ဆာလိုဏ်ဂူထဲ ဝင်လာရဲမှတော့ သင့်လျော်တဲ့ လက်နက်များစွာကို အစောကတည်းက ကြိုတင်ပြင်ဆင်လာခဲ့တာပေါ့။ ဒါပေမယ့် အခုအချိန်ထိ ဘယ်လက်နက်ကိုမှ သူတို့ မသုံးရသေးပါဘူး။

“ကောင်းတယ်၊ ငါတို့ တိုက်ခိုက်နေတဲ့အချိန် ကိုယ့်အသက်ကို ဘယ်သူမှ အာမခံနိုင်မှာ မဟုတ်ဘူး… မင်းတို့ အကူအညီ လိုတယ်ဆိုရင်တော့ ဒီလူအိုကြီးက မင်းတို့ ကူညီပေးနိုင်တယ်” လူအိုကြီးက ပြုံးရင်း ခေါင်းညိတ်လိုက်တယ်။

ချန်ရီက မဲ့ပြုံးပြုံးလိုက်ပြီး လက်သီးဆုပ်ကာ လေးစားစွာဖြင့် “ဒီချန်က စီနီယာကို ကြိုပြီး ကျေးဇူးတင်ထားရမှာပေါ့”

လူအိုကြီးက စိတ်ကောင်းစေတနာနဲ့ သူတို့အဖွဲ့ကို ကူညီစောင့်ရှောက်ပေးမယ် ဆိုတာကြီးကို ချန်ရီ မယုံတာ အသိသာကြီးပါ။ တကယ်တမ်း သူအတည်ပြောနေတယ် ဆိုရင်တောင် ဘေးနားမှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ဆို သူလည်း အနှေးနဲ့အမြန် သေရမှာပါပဲလေ။ အဲ့ဒါကို အလှုပ်ရှုပ်ခံပြီး သူ့ကိုယ်သူ ဖိအားများအောင် ဘာလို့ လုပ်ရမှာလဲ။ သူတို့တွေက မိတ်ဆွေတွေလည်း မဟုတ်သလို ဆွေမျိုးတွေလည်း မဟုတ်ပါဘူး။ သူတို့တွေ အကျိုးတူ ပူးပေါင်းထားတဲ့ လူတွေသက်သက်ပါပဲ။

အခြေအနေ တစ်ခုခုကြောင့်သာ လူအိုကြီးက အခုလို ပြောတာ ဖြစ်ရမှာပါ။

“အရေးကြီးတဲ့ အခိုက်အတန့် ရောက်ရင် ဒီလူအိုကြီးက မင်းတို့ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက် ကူညီပေးနိုင်တယ်၊ ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခု ရှိတယ်” လူအိုကြီးက မိစ္ဆာဆန်ဆန် ပြုံးရင်း ပြောလိုက်တယ်။

“ဘယ်လိုအခြေအနေမျိုးလဲ” ချန်ရီက မေးလိုက်တယ်။

လူအိုကြီးက မိစ္ဆာစမ်းရှိတဲ့နေရာဆီ လောဘတကြီး ကြည့်လိုက်ပြီးနောက် ခပ်မြန်မြန်ပဲ ပြောလိုက်တယ် “ငါတို့သာ ဒီအန္တရာယ်ဆိုးကြီးကနေ လွတ်မြောက်သွားနိုင်ခဲ့မယ် ဆိုရင် ဒီလူအိုကြီးက အဲ့စမ်းထဲမှာ ရှိတာမှန်သမျှ အကုန်လိုချင်တယ်”

“ကောင်းတယ်၊ ဒီက ဂျူနီယာကလည်း အသက်ပဲ ရှင်ချင်တာ” ချန်ရီက လေးလေးနက်နက်နဲ့ ပြန်ပြောလိုက်တယ်။

“အဲ့စမ်းထဲမှာ ဘာရှိတာလဲ” ရန်ကိုင်က တိုးတိုးလေး မေးလိုက်တယ်။ ချန်ရီက သူ့တောင်းဆိုချက်ကို လက်ခံလိုက်ပြီးနောက် လူအိုကြီး အရမ်းပျော်သွားကို မြင်တော့ ထိုစမ်းထဲမှာ တန်ဖိုးရှိတာ တစ်ခုခု ရှိရမယ်လို့ ရန်ကိုင် ခန့်မှန်းလိုက်တယ်။

“မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်” ရန်ကိုင်က ပြန်ပြောလိုက်တယ် “ဒါပေမယ့် အဲ့စမ်းထဲမှာ ရှိနေတဲ့ အဆီအနှစ်က အရမ်းကို ထူးခြားတဲ့ အဆီအနှစ်တစ်ခုပဲ”

“အရမ်းထူးခြားတဲ့ အဆီအနှစ်လား” ရန်ကိုင်လည်း စိတ်လှုပ်ရှား သွားခဲ့တယ်။ အချို့ထူးခြားတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက စိတ်စွမ်းအင်ကို တိုးမြှင့်ပေးနိုင်တဲ့ အရာတွေ၊ ဒါမှမဟုတ် အားကောင်းတဲ့ သိုင်းပညာရပ်တွေ ပါဝင်နေတယ်လို့ ရှန်ချင်းလော့ သူ့ကို ပြောခဲ့ဖူးပါတယ်။

ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ထဲမှာလည်း ရတနာတစ်ခုခု ရှိနေတာလား။

ဒါပေမယ့် အခုသူတို့ ကြုံတွေ့နေရတဲ့ အခြေအနေကို ပြန်စဉ်းစားလိုက်ပြီးနောက် လှုပ်ရှားနေတဲ့ ရန်ကိုင်ရဲ့ စိတ်လေး တစ်ဖန်ပြန်လည် တည်ငြိမ်သွားခဲ့တယ်။ အခုအချိန်မှာ သူအသက်ရှင်နိုင်ဖို့ အရေးအကြီးဆုံးပါ။

အဖွဲ့နှစ်ဖွဲ့က ကျောက်တိုင် နှစ်တိုင်ပေါ်တွင် ရပ်နေရင်း စိုးရိမ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ကြတယ်။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းကနေ မိစ္ဆာချီတို့ ထွက်ပေါ်လာတာနဲ့ အမျှ အောက်ခြေရှိ မိစ္ဆာချီတွေကလည်း တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်။ သေဆုံးသွားတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အရေအတွက်ကလည်း တဖြည်းဖြည်း များပြားလာခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကလည်း တလက်လက် တောက်ပလို့ နေခဲ့ပါတယ်။ ထိုမိစ္ဆာစိတ်ဝိဥာည် အဆီအနှစ်တွေကို ကြည့်ရင်း အားလုံး သရေကျလာမိခဲ့တယ်။

သူတို့သာ ခုန်ဆင်းလိုက်သရွေ့ အကျိုးအမြတ် ကြီးကြီးမားမား ရိတ်သိမ်းနိုင်မှာ အသေအချာပါပဲ။ ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေက မိစ္ဆာလိုဏ်ဂူထဲမှာ ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေကို ရက်ပေါင်းများစွာ ကြာအောင် အမဲလိုက်ပြီးမှ ရလာတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေထက်တောင် ပိုပြီး များပြားပါသေးတယ်။

မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေက ပိုပိုထွက်ပေါ်လာတယ်ဆိုတော့ အနည်းဆုံး မိစ္ဆာစိတ်ဝိဥာဉ် အကောင်၁၀၀ကနေ ၂၀၀ လောက်အထိ သေဆုံးပြီးသွားလောက်ပါပြီ။ ဒါပေမယ့် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်များစွာက အခြားမိစ္ဆာစိတ်ဝိဥာဉ်တွေ စုပ်ယူတာ ခံရရင် ခံရ၊ မခံရရင် မိစ္ဆာချီထုထဲ ပျော်ဝင်သွားခဲ့ပါတယ်။

ဒါပေမယ့် ရတနာပုံကြီးက သူတို့ရှေ့မှာ ရှိနေရင်တောင် ဘယ်သူမှ အောက်ကို ခုန်ဆင်းမသွားရဲ၌ါဘူး။ အဲ့အစား ထိုအဆီအနှစ်တွေ ပျောက်ကွယ်သွားတာကိုသာ ရင်နာနာနဲ့ ထိုင်ကြည့်နေခဲ့ရပါတယ်။ သူတို့ နှလုံးသားလေးတွေ တဆစ်ဆစ် ကိုက်ခဲ့လို့ နေပါပြီ။

အချိန်တစ်ခဏ ကြာပြီးနောက် အောက်ဘက်မှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက စူးစူးရှရှ အော်ဟစ်လိုက်ပြီး သူတို့ရဲ့ ခရမ်းခန္ဓာကိုယ်တွေက တလက်လက် တောက်ပလာခဲ့တယ်။ ဘေးပတ်ဝန်းကျင် အပူအချိန်ကလည်း တစ်ဟုန်ထိုး ကျဆင်းသွားခဲ့ပြီး မီတာထောင်ကျော် ဧရိယာတစ်ခုလုံး ရေခဲနယ်မြေ ဖြစ်သွားခဲ့တယ်။

“အားလုံး အဆင့်သင့် ပြင်ထားကြတော့၊ အသက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားကြနော် ကောင်စုတ်လေးတို့၊ ဟားဟားဟားဟား” လူအိုကြီးက ရုတ်တရက် တဟားဟားနဲ့ ရယ်မောလိုက်တယ်။

ထိုလူအိုကြီး ရယ်မောပြီးတာနဲ့ အောက်ဘက်မှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေက ရုတ်တရက်‌ ကျောက်တိုင်ပေါ် ခုန်တက်လာကာ စင်မြင့်ပေါ်ရှိ ကျင့်ကြံသူ အဖွဲ့တွေ သည်းကြီးမည်းကြီးနဲ့ စတင်တိုက်ခိုက်ပါတော့တယ်။

မြည်ကြွေးသံတွေ ပဲ့တင်ထပ်သွားခဲ့ပြီး ရန်ကိုင်တို့ အဖွဲ့ကို မိစ္ဆာစိတ်ဝိဥာဉ် ၆ကောင်၊၇ကောင်လောက်က အမြန်အဆန်ပဲ ဝိုင်းရံသွားလိုက်ကြတယ်။

သူတို့အားလုံးက အခုအချိန်ကို စောင့်ဆိုင်းနေခဲ့ကြတာပါ။ မိစ္ဆာစိတ်ဝိဥာဉ်တွေ ခုန်တက်လာတာကို မြင်လိုက်တာနဲ့ ရန်ကိုင်တို့လည်း စတင်တိုက်ခိုက်ပါတော့တယ်။

ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တွေ အားကောင်းပေမယ့် ထိုကျင့်ကြံသူတွေရဲ့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတွေ ရင်ဆိုင်ရချိန်မှာတော့ သူတို့ရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ ခွန်အားကလည်း ဘာမှမလုပ်နိုင်တော့ပါဘူး။ ထိုမိစ္ဆာစိတ်ဝိဥာဉ်တွေက ချက်ချင်း မသေသွားခဲ့ပဲ ကျင့်ကြံသူတွေနဲ့ သူတို့ကြား မျှချေတစ်ခု ဖြစ်သွားခဲ့တယ်။

မိစ္ဆာစိတ်ဝိဥာဉ်တွေက ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲကို အစပျိုးလာချိန်မှာတော့ ရန်ကိုင်တို့ကလည်း အစွမ်းကုန် ပြန်လည်တိုက်ခိုက်ခဲ့ကြတယ်။

တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေက သူတို့ရဲ့ လက်နက်တွေကို နောက်ဆုံး ထုတ်လာခဲ့လေပြီ။

တစ္ဆေဘုရင်တောင်ကြားက မိစ္ဆာစိတ်ဝိဥာဉ်တွေကို ထိန်းချုပ်ဖို့အတွက် လက်နက်နှစ်ခု ပြင်ဆင်လာခဲ့ပါတယ်။ တစ်ခုက မီးစွမ်းအင် အမျိုအးစား လက်နက်တစ်ခုဖြစ်ပြီး ကျန်တဲ့တစ်ခုကတော့ လျှပ်စီးစွမ်းအင် အမျိုးအစား လက်နက်တစ်ခု ဖြစ်ပါတယ်။

ထိုလက်နက်နှစ်ခု သုံးပြီး သူတို့တွေက မီးတောက်နဂါးတစ်ကောင်ကို ဆင့်ခေါ်လိုက်ပြီး မိစ္ဆာစိတ်ဝိဥာဉ်တွေ အားလုံးကို ဝါးမြိုလိုက်တယ်။ မြောက်မြားစွာသော လျှပ်စီးတန်းတွေကတော့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို နေရာမှာပဲ လှုပ်မရအောင် ဖြစ်သွားစေခဲ့ပါတယ်။

ထိုလက်နက်နှစ်ခုက မြေကမ္ဘာအထွတ်အထိပ်အဆင့် လက်နက် နှစ်ခုဖြစ်ပြီး မိစ္ဆာစိတ်ဝိဥာဉ်တွေအပေါ် ရန်ကိုင်ရဲ့ အစစ်အမှန် ယန်ချီလောက် အကျိုးသက်ရောက်မှု မရှိပေမယ့် အနည်းဆုံးတော့ မိစ္ဆာစိတ်ဝိဥာဉ် များစွာကို အခက်အခဲမရှိ ထိန်းထားနိုင်ပါသေးတယ်။

ရတနာဂိုဏ်းက ထောင်ရန်က တစ္ဆေဘုရင်တောင်ကြားက ပိုပြီး ကြွယ်ဝချမ်းသားပါတယ်။ သူက ကောင်းကင်အဆင့် လက်နက်ကို ထုတ်ယူလိုက်ပြီး လောင်ကျွမ်းနေတဲ့ မီးတောက်ငှက်တစ်ကောင်ကို ဆင့်ခေါ်ကာ မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်ကို ချက်ချင်း လွှမ်းခြုံသွားစေလိုက်ပြီး ဖြေးဖြေးချင်း လောင်ကျွမ်းနေစေလိုက်တယ်။

မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်က အော်ဟစ်ရင်း ထိုမီးတောက်ထဲကနေ ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့ပါတယ်။

ဂိုဏ်းနှစ်ဂိုဏ်းစလုံးက လက်နက်အားကိုးနဲ့ မိစ္ဆာစိတ်ဝိဥာဉ်ည လေးကောင်ကို တစ်ပြိုင်တည်း အသာလေး ရင်ဆိုင်နိုင်ခဲ့တယ်။

ဟူညီအစ်မ နှစ်ယောက်ကလည်း စည်းချက်ညီညီနဲ့ အတူတူ ပူးပေါင်းတိုက်ခိုက်နေခဲ့တယ်။ မိစ္ဆာစိတ်ဝိဥာည်တွေကို ထိန်းချုပ်ဖို့ အထူးပြုလုပ်ထားတဲ့ လက်နက်တွေ သူမတို့မှာ မရှိပေမယ့် အမွှာစိတ်ဝိဥာဉ်ချီကျင့်စဉ်ကို အသုံးပြုလိုက်တဲ့ အချိန်မှာတော့ သူတို့ရဲ့ ခွန်အားက တစ်ဟုန်ထိုး မြင့်တက်သွားခဲ့တယ်။ ထို့ကြောင့် ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်က သူမတို့အတွက် ဘာမှ မဟုတ်တော့ပါဘူး။

နောက်ဆုံးမှာတော့ ရန်ကိုင်က နောက်ဆုံးမိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်ကို သူတစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်လိုက်တယ်။ ယန်အရည်စက်ကို အသုံးပြုကာ သွေးနီရောင်ဓါးတစ်ချောင်း ဖန်တီးလိုက်ပြီး မိစ္ဆာစိတ်ဝိဥာဉ်ကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေလိုက်တယ်။

သူရဲ့ တိုက်ကွက်တစ်ခု စီတိုင်းက ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ ကိုယ်ရောင်ကို သိသိသာသာ မှိန်ကျသွားစေခဲ့တယ်။

သူ့မှာ ကောင်းကင်အဆင့် လက်နက်ဖြစ်တဲ့ အသူရာဓါး ရှိနေပေမယ့် ယန်အရည်ကို သုံးတာက ပိုပြီးအကျိုးသက်ရောက်မှု ရှိမယ်ထင်လို့ ယန်အရည်စက်ကိုပဲ သုံးလိုက်တာပါ။

အခု လက်တွေ့ စမ်းသပ်ကြည့်ပြီးတဲ့ နောက်မှာတော့ သူ့အတွေး မှန်ကန်တယ်ဆိုတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။

တိုက်ပွဲစကတည်းက ရန်ကိုင်တို့အဖွဲ့က သူတို့ဆီ ပြေးဝင်လာတဲ့ မိစ္ဆာစိတ်ဝိဥာဉ် ခြောက်ကောင်စလုံးကို အသာအယာလေး ထိန်းထားနိုင်ခဲ့တယ်။

ထိုအချက်ကို သတိပြုမိလိုက်တာနဲ့ သူတို့ တော်တော်လေး စိတ်သက်သာရာ ရသွားခဲ့ပြီး အဖွဲ့သားတွေရဲ့ တိုက်ခိုက်မှုတွေကလည်း ပိုပြီးချောမွတ်လာခဲ့ကာ တဖြည်းဖြည်းနဲ့ အထက်စီးကို ရောက်ရှိလာခဲ့တယ်။

သိပ်မကြာခင်မှာပဲ ရန်ကိုင် ရင်ဆိုင်တိုက်ခိုက်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်က သေဆုံးသွားခဲ့တယ်။ မသေခင်လေး စူးစူးရှရှ အော်ဟစ်လိုက်ပြီးနောက် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရန်ကိုင်က နည်းနည်းလေးတောင် တုန့်ဆိုင်းမနေပဲ ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို တိုက်ရိုက် စုပ်ယူလိုက်တယ်။ ပြီးတာနဲ့ ဟူညီမနှစ်ယောက်ကို သွားကူးပေးလိုက်ပါတယ်။

ဟူကျောင်းအာလည်း ရန်ကိုင်ကို အံ့အားသင့်စွာနဲ့ မကြည့်ရ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။ ရန်ကိုင် ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်ကို တစ်ယောက်ချင်း ယှဉ်တိုက်ပြီး သူမတို့ ညီအစ်မနှစ်ပေါင်းထက် ပိုပြီးမြန်မြန် သတ်ပစ်နိုင်လိမ့်မယ်လို့ ဟူကျောင်းအာ မထင်ထားခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၂နှစ် အတောအတွင်း ဒီကောင်စုတ်လေးရဲ့ ခွန်အားက တော်တော်လေး တိုးတက်လာတဲ့ပုံပဲ။ ကြည့်ရတာ ငါသူ့ကို အထင်သေးမိသွားပြီနဲ့ တူတယ်

ရန်ကိုင်တို့ အဖွဲ့က ခရမ်းရောင်မိစ္ဆာစိတ်ဝိဥာဉ်တွေကို အလွယ်တကူ ရင်ဆိုင်နေနိုင်သလို လူအိုကြီးနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေလည်း သူတို့ရင်ဆိုင်နေရတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို အလွယ်တကူနဲ့ ထိန်းထားနိုင်ခဲ့တယ်။ တကယ်တော့ လူအိုကြီးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်လေ။ ပြီးတော့ သူခေါ်လာတဲ့ ဂျူနီယာလေးယောက်ရဲ့ ခွန်အားကလည်း နိမ့်ကျတာမှ မဟုတာ။ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေနဲ့ပါ ပေါင်းလိုက်တော့ သူတို့အဖွဲ့ရဲ့ ခွန်အားက ရန်ကိုင်တို့ အဖွဲ့ထက်တောင် ပိုပြီး မြင့်မားနေပါသေးတယ်။

လူအိုကြီးက မိစ္ဆာစိတ်ဝိဥာဉ်တွေကို ရင်ဆိုင်နေတဲ့အချိန် ရန်ကိုင်တို့ အဖွဲ့ကိုလည်း လှမ်းလှမ်းပြီး စစ်ဆေးနေခဲ့တယ်။ ရန်ကိုင်တို့အဖွဲ့က ပထမလှိုင်းမှာတင် အသတ်ခံလိုက်ရမှာကို သူစိုးရိမ်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ရန်ကိုင့် အစစ်အမှန်ချီရဲ့ သန့်စင်မှုနဲ့ ခွန်အားကို မြင်လိုက်ရပြီး နောက်မှာတော့ လူအိုကြီး မျက်လုံးထဲ အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး “အရမ်းကောင်တယ်၊ ကောင်လေး… ဒီဘက်ကိုလာပြီး ဒီလူအိုကြီးနဲ့ အတူတူ မပူးပေါင်းချင်ဘူးလား။ ဒီလူအိုကြီးက မင်းကို အသက်ရှင်အောင် ကူညီပေးနိုင်တယ်”

ရန်ကိုင် ပြသခဲ့တဲ့ ခွန်အားကနဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေကိုပါ ထိန်းချုပ်ကန့်သတ်နိုင်တယ် ဆိုတဲ့ အချက်ကို ပေါင်းလိုက်မယ် ဆိုရင် လူအိုကြီးသာ ရန်ကိုင်ကို သူတို့ဘက် ဆွဲခေါ်နိုင်လိုက်တာနဲ့ သူတို့အဖွဲ့ရဲ့ ခွန်အားက သိသိသာသာ တိုးတက်လာမှာ အသေအချာပါပဲ။

ပြီးတော့ ရန်ကိုင် ပြသခဲ့တဲ့ ခွန်အားကလည်း လူအိုကြီးကို အံ့အားသင့်သွားစေမိသလို အထင်လည်း ကြီးသွားမိစေခဲ့တယ်။

Martial Peak

အပိုင်း(၃၃၇) အလင်းအကာအရံ

လူအိုကြီး ပြောတာကို ကြားလိုက်တာနဲ့ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေ အားလုံး လက်သီးတင်းတင်း ဆုပ်လိုက်ပြီး ရန်ကိုင်ဆီ လှမ်းကြည့်လိုက်ကြတယ်။

ရန်ကိုင်နဲ့ သူတို့ကြားက ဆက်ဆံရေးက အဆင်ပြေတယ်ဆိုတာကို ထောင်ရန်နဲ့ ချန်ရီတို့ သိထားပေမယ့် အမျာဆုံးမှ လမ်းကြုံလို့ သိသွားတဲ့ အသိတွေပါ။ ရန်ကိုင်သာ ထွက်သွားချင်တယ်ဆိုရင် သူတို့လည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

တကယ်တမ်း ချက်ကျလက်ကျနဲ့ ပြောရမယ်ဆိုရင် ထိုလူအိုကြီးအဖွဲ့ ရန်ကိုင် သွားပေါင်းမယ်ဆိုရင် သူ့အတွက် ပိုပြီးတော့တောင် အကျိုးရှိပါသေးတယ်။

ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ အားလုံးစိုးရိမ်သွားခဲ့ကြတယ်။

ဒါပေမယ့် ရန်ကိုင်က စင်မြင့်ပေါ်ကနေ လေပေါ်ပျံဝဲက ဟူညီအစ်မ နှစ်ယောက်ကို တိုက်ခိုက်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေရင်း ပြန်ပြောလိုက်တယ် “စီနီယာရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်”

စကား ကြားကြားချင် လူအိုကြီးက တစ်ခဏတာလောက် ကြောင်သွားခဲ့ပြီးနောက် အဓိပ္ပါယ်ရှိရှိနဲ့ ပြန်ပြောလိုက်တယ် “ကောင်စုတ်လေး၊ အဲ့လောက်ကြီးလည်း ခေါင်းမာမနေစမ်းပါနဲ့။ မင်းသား ဒီလူအိုကြီးနဲ့ ပူးပေါင်းမယ်ဆိုရင် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ငါးခုတိုင်းရဲ့ တစ်ခုကို မင်းကိုပေးမယ်။ ဘယ်လိုလည်း၊ ဒီလူအိုကြီးရဲ့ ပူးပေါင်းရင် မင်းလည်း မနစ်နာ စေရပါဘူးကွာ”

“မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်” ရန်ကိုင်က ပြတ်ပြတ်သားသားပဲ ငြင်းဆိုလိုက်တယ်။ ထိုလူအိုကြီးက ကောင်းတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဟူညီအစ်မ နှစ်ယောက်ရဲ့ လုံခြုံရေးကို မစိုးရိမ်ရင်တောင် သူ့ကိုယ်သူတော့ ကျားတွင်းထဲ အရောက်ခံမှာ မဟုတ်ပါဘူး။

“ကောင်းပြီ၊ ကောင်းပြီ၊ ဒီလူအိုကြီးလည်း ဆက်မပြောတော့ပါဘူး” လူအိုကြီးက အပြင်ပန်းမှာသာ ရန်ကိုင် ငြင်းလိုက်သည့် ကိစ္စကို စိတ်ထဲမထားဟန်ဖြင့် ပြန်ပြောလိုက်ပေမယ့် ထိုကဲ့သို့ ပြောလိုက်သည့် အချိန် သူ့မျက်လုံးထဲ အေးစက်က် အလင်းရောင်တို့ လက်သွားခဲ့တယ်။

ကောင်စုတ်လေးက ဒီလူအိုကြီးရဲ့ ကြင်နာမှုကို ပုတ်ထုတ်ရဲတယ်ပေါ့… ဟန့်

ရန်ကိုင်က လူအိုကြီးရဲ့ ကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်တာကို တွေ့လိုက်ရတော့မှပဲ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းမှ တပည့်တို့ စိတ်သက်သာရာ ရသွားခဲ့ကြသလို ရန်ကိုင်ကိုလည်း ကျေးဇူးတင်မိသွားခဲ့တယ်။ ဟူညီအစ်မ နှစ်ယောက်ပဲ ရန်ကိုင်ကို တောက်လျှောက် ပြုံးပြနေနိုင်ခဲ့ပါတယ်။

ဘာမှကို ထပ်ပြောစရာ မလိုတော့ဘူးလေ။ အနက်ရောင် မက်မွန်သီးရွာက ပြန်လာကတည်းက ရန်ကိုင်နဲ့ သူမတို့ကြားက ဆက်ဆံရေးက အကျိုးအမြတ် ပေးလိုက်ရုံနဲ့ ပျက်စီးသွားနိုင်တယ့် ဆက်ဆံရေးမျိုးမှ မဟုတ်တာ။ ထို့ကြောင့် ရန်ကိုင် သူမတို့ကို စွန်းပစ်သွားလိမ့်မယ်လို့ ဟူညီအစ်မနှစ်ယောက်က စဉ်းကိုမစဉ်းစား ခဲ့ဖူးတာပါ။

သိပ်မကြာခင်မှာပဲ ဟူညီအစ်မနှစ်ယောက်က ရန်ကိုင်ရဲ့ အကူအညီနဲ့ မိစ္ဆာစိတ်ဝိဥာဉ်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ ရန်ကိုင်က သူ့ရဲ့ စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို ဟူညီအစ်မ နှစ်ယောက်ဆီ ပစ်ပေးလိုက်ပြီး “အဲ့ပုလင်းနဲ့ စုပ်ယူလိုက်၊ တိုက်ရိုက် စုပ်ယူဖို့ မကြိုးစားနဲ့”

“အင်း” ဟူကျောင်းအာက စိတ်ဝိဥာဉ်သန့်စင်ပုလင်းကို မမြင်ဖူး၊ မကြားခဲ့ဖူးဘူး ဆိုပေမယ့် ရန်ကိုင် ပြောတာကို ကြားလိုက်တဲ့ အချိန်မှာတော့ ထိုပုလင်းကို ဘာအတွက် အသုံးပြုလဲဆိုတာ သူမ ချက်ချင်း နားလည်လိုက်တယ်။ အစစ်အမှန်ချီကို ပုလင်းထဲ ထည့်သွင်းလိုက်ပြီး သူမရှေ့မှာ ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်အဆီအနှစ်ကို ပုလင်းထဲ စုပ်ယူလိုက်တယ်။

ဟူကျောင်းအာကို ကူညီပြီးသွားတာနဲ့ ရန်ကိုင်က တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းသားတွေကို သွားကူပေးလိုက်ပြန်ပါတယ်။

ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက်မှာတော့ မိစ္ဆာစိတ်ဝိဥာဉ် ခြောက်ကောင်စလုံးကို အမြတ်ဖြတ် သုတ်သင်နိုင်ခဲ့တယ်။ ဒါပေမယ့် ထူးဆန်းတာ တစ်ချက်က ထိုဘာကိုမှ မကြောက်ရွံ့သည့် မိစ္ဆာစိတ်ဝိဥာည်တွေက ရန်ကိုင်ရဲ့ အစစ်အမှန်ယန်ချီနဲ့ ထိတွေ့တာနဲ့ ထွက်ပြေးဖို့ ကြိုးစားကြတာပါ။

ပထမလှိုင်းပြီးလို့ အမောတောင် မဖြေနိုင်သေးခင်မှာပဲ နောက်ထပ် မိစ္ဆာစိတ်ဝိဥာဉ် တစ်အုပ်က ကျောက်တိုင်ပေါ် ထပ်တက်လာပြီး သူတို့ကို ထပ်မံတိုက်ခိုက်လာခဲ့ပြန်ပါတယ်။

ချက်ချင်းပဲ ရန်ကိုင်တို့အဖွဲ့က နောက်ထပ် ပြင်းထန် ကြမ်းတမ်းတဲ့ တိုက်ပွဲကို ဆင်နွှဲရပြန်ပါတယ်။

ထိုကဲ့သို့ အကျဉ်းအကြပ် အခြေအနေမျိုးမှာ သူတစ်ယောက်တည်းနဲ့ မိစ္ဆာစိတ်ဝိဥာဉ်နှစ်ကောင်ကို တစ်ပြိုင်တည်း ယှဉ်တိုက်ခိုက်နိုင်တာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။

ထိုကောင်တွေကို အလျင်အမြန် မသုတ်သင်နိုင်တာနဲ့ ရန်ကိုင့် အစစ်အမှန်ချီရဲ့ အားနည်းချက်တို့ ထွက်ပေါ်လာခဲ့တယ်။

ရန်ကိုင်ရဲ့ အစစ်အမှန်ချီက မိစ္ဆာစိတ်ဝိဥာဉ်တွေကို ထိန်းချုပ်ကန့်သတ်နိုင်ပါတယ်။ ထိုကဲ့သို့ ကန့်သတ်နိုင်တာကြောင့်ပဲ မိစ္ဆာစိတ်ဝိဥာဉ်တွေက ရန်ကိုင်နဲ့ တိုက်ခိုက် မတိုက်ခိုက်တော့ပဲ သူ့ကို ရှောင်ရှားကာ အခြားသူတွေကို လိုက်လံတိုက်ခိုက်ကြပါတယ်။

သိပ်မကြာခင်မှာပဲ ထိုမိစ္ဆာစိတ်ဝိဥာဉ်တွေကို လိုက်ပြီး တိုက်ခိုက်နေရလို့ ရန်ကိုင်တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စိုရွှဲနေခဲ့ပါတယ်။ တည်ငြိမ်နေတဲ့ အနေအထားကလည်း တဖြည်းဖြည်းနဲ့ ကျိုးပျက်ဖို့ နီးကပ်လာနေခဲ့ပါပြီ။

ကံကောင်းစွာနဲ့ အဖွဲ့သားတွေ အကုန်လုံးထဲ အားနည်းတဲ့သူ မပါဝင်သည့်အပြင် သူတို့နဲ့အတူ အားကောင်းသည့် လက်နက်တွေကိုပါ သယ်ဆောင်လာကြသည့်အတွက် အခုလို အရေးကြီးတဲ့ အခြေအနေမျိုးမှာတောင် မိစ္ဆာစိတ်ဝိဥာဉ်တွေကို ထိန်းထားနိုင်ခဲ့ပါတယ်။

အချိန်တွေ ကုန်လာတာနဲ့အမျှ သူတို့ရင်ဆိုင်နေရတဲ့ ဖိအားက ပိုပိုကြီးမားလာခဲ့တယ်။ မိစ္ဆာတစ်အုပ်ကို တိုက်လို့ မပြီးသေးခင်မှာပဲ နောက်ထပ်တစ်အုပ်က ထပ်မံ ရောက်ရှိလာခဲ့တယ်။

“ဂျူနီယာညီမလေး၊ နင်နဲ့ ကျန်တဲ့လူတွေ အကုန်လုံး နဂါးငါးကောင် တံဆိပ်တော်ကို အသုံပြုပြီး ညီအစ်ကိုရန်ကို ကူညီပေးလိုက်” ရန်ကိုင်ရဲ့ ကိုးယိုးကားယား အခြေအနေကို မြင်တွေ့လိုက်ရပြီးနောက် ထောင်ရန်က အော်ပြောလိုက်တယ်။

“ကောင်းပြီ” ကျောင်းရုန်နဲ့ ကျန်တဲ့လူတွေက အလျင်အမြန်ပဲ တံဆိပ်တော်တစ်ခုကို ဖန်တီးလိုက်တယ်။

ကျောင်းရုန်တို့ ထုတ်လာတဲ့ လက်နက်အသစ်မှာ နဂါးငါးကောင်ပုံ ရေးထွင်းထားပါတယ်။ ကျောင်းရုန်နဲ့ ရတနာဂိုဏ်းက တပည့်တွေရဲ့ အစစ်အမှန်ချီနဲ့ ပေါင်းစပ်သွားပြီးနောက် ထိုနဂါးငါးကောင် ရုပ်ပုံက အသက်ဝင်လာခဲ့ပြီး နဂါးငါးကောင်ပုံရိပ်အဖြစ် ပြောင်းလဲသွားခဲ့တယ်။

ထိုနဂါးငါးကောင်ပုံရိပ်က လေထဲတွင် ပျံဝဲနေရင်း ရှောင်ခြည်တန်းတစ်ခုစီက သူတို့ရဲ့ ပါးစပ်တစ်ခုစီမှ ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာစိတ်ဝိဥာဉ်တွေဆီ တိုးဝင်သွားခဲ့တယ်။

ထိုအလင်းတန်းတွေ မိစ္ဆာစိတ်ဝိဥာဉ်ကို ထိမှန်းသွားတာနဲ့ သူတို့တွေ နေရာကနေ လှုပ်မရအောင် ရစ်ပတ်ချုပ်နှောင် ထားလိုက်ကြတယ်။ ရန်ကိုင်လည်း ပျော်သွားခဲ့ပြီး ယန်အရည်စက်ဖြင့် ဖန်တီးထားသည့် ဓါးကို ဆွဲကိုင်ရင်း ချုပ်နှောင်ထားခံရတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေဆီ ပြေးဝင်သွားလိုက်ပြီး ထိုကောင်တွေကို ခပ်မြန်မြန်ပဲ နိဂုံးချုပ်ပေးလိုက်တယ်။

လူသုံးယောက်က ရန်ကိုင်ကို သွားကူပေးနေပေမယ့် သူတို့ရဲ့ ဖွဲ့စည်းပုံက မပျက်စီးသွားရုံမကလို့ ပိုပြီးတော့တောင် တည်ငြိမ်လာပါသေးတယ်။

လူတိုင်းက လိုအပ်ရင် သူတို့စွမ်းအင်ကို ခပ်မြန်မြန် ပြန်ဖြည့်နိုင်အောင် အစစ်အမှန်ချီစွမ်းအင် ပြန်ဖြည့်ဆေးတွေကို သယ်ဆောင်လာခဲ့ကြပါတယ်။

ဆေးမလိုအပ်တဲ့ လူတွေကတော့ ရန်ကိုင်နဲ့ ဆေးပေါင်းအရည်တစ်စက်ကို မျိုချခဲ့တဲ့ ဟူညီအစ်မ နှစ်ယောက်တို့ပါပဲ။

နဂါးငါးကောင်တံဆိပ်တော်ရဲ့ အကူအညီ နှင့်အတူ ရန်ကိုင်တို့ဘက်က တစ်ဖန်ပြန်လည် အသာစီး ရလာခဲ့တယ်။

အခြားတစ်ဖက် ကျောက်တိုင်ပေါ်က အခြေအနေကတော့ အနည်းငယ် ကျပ်တည်းနေခဲ့တယ်။

သူတို့ဘက်မှာ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက် ရှိပေမယ့် သူတို့ရဲ့ စုစုပေါင်း လူအရေအတွက်က ရန်ကိုင်တို့ဘက်ထက် နည်းတဲ့အပြင် သူတို့မှာ ရတနာဂိုဏ်းက တပည့်တွေလို အဆင့်မြင့်တဲ့ လက်နက်တွေ ပါမလာခဲ့ပါဘူး။ ထို့ကြောင့် သူတို့ရဲ့ တိုက်ပွဲဝင်စွမ်းရည်က မြင့်မားပေမယ့် မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ရန်ကိုင်တို့ထက် ပိုပြီး ခက်ခဲနေခဲ့ပါတယ်။

ရန်ကိုင် လက်စွမ်းပြနေတာကို မြင်တွေ့လိုက်တော့ လူအိုကြီးရဲ့ မျက်လုံးထဲ မကျေမနပ်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။ သူက ဒီမှာ ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံး ဖြစ်ပေမယ့် ရန်ကိုင်လောက်တောင် အသုံးမဝင် ဖြစ်နေခဲ့ပါတယ်။ ဒါက သူ့ကို တော်တော်လေး မျက်နှာ ပျက်သွားစေခဲ့ပါတယ်။

ထို့ကြောင့် သူတို့ဘက်ကမှာ မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်ကို လက်ဝါးချက်တစ်ချက် ရိုက်ထုတ်လိုက်ပြီး ရန်ကိုင်တို့ဆီ တွန်းပို့လိုက်တယ်။

မိစ္ဆာစိတ်ဝိဥာဉ်တွေမှာ အသိစိတ် မရှိပါဘူး။ သူတို့တွေက သားကောင်ကို မြင်တာနဲ့ ပြေးတိုက်ခိုက်တဲ့ ကောင်တွေပါ။ လူအိုကြီးက သူတို့ကို ရန်ကိုင်တို့ဘက်ဆီ တွန်းပို့လိုက်ပေမယ့် သူတို့က လူအိုကြီးတို့ဘက်ဆီ ပြန်သွားလိမ့်မှာ မဟုတ်ပါဘူး။ နီးစပ်ရာ သားကောင်ကိုပဲ ပြေးပြီးတိုက်ခိုက်မှာပါ။

ထို့ကြောင့် လူအိုကြီးက မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်ကို ရန်ကိုင်တို့ဘက်ဆီ တွန်းပို့လိုက်တာက ဟူညီအစ်မ နှစ်ယောက် ကျဉ်းထဲကျပ်ထဲ ရောက်သွားစေခဲ့တယ်။

သူမတို့ နှစ်ယောက် အတူပူးပေါင်းပြီး မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်ကို ရင်ဆိုင်နိုင်ပေမယ့် မိစ္ဆာစိတ်ဝိဥာဉ်သုံးကောင်ကိုတော့ မရင်ဆိုင်နိုင်ပါဘူး။

ဟူညီအစ်မ နှစ်ယောက် ကျဉ်းထဲကျပ်ထဲ ရောက်သွားတာကို မြင်တော့ ရန်ကိုင် မျက်ဝန်းအစုံက သတ်ဖြတ်လိုစိတ်တို့ဖြင့် လက်သွားခဲ့တယ်။ ထိုခွေးအိုကြီးက လူကောင်းတစ်ယောက် မဟုတ်ဘူးဆိုတဲ့ သူ့ရဲ့ သံသယကလည်း ပိုပြီး ခိုင်မြဲသွားခဲ့ရတယ်။ ရန်ကိုင်က သူရင်ဆိုင်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်ကို လွှတ်ပေးလိုက်ပြီး ဟူညီအစ်မ နှစ်ယောက်ဆီ ချက်ချင်းပဲ ပြေးဝင်သွားလိုက်တယ်။

သူမတို့ဆီ ပြေးဝင်သွားလိုက်ပေမယ့် အချိန်မှီ မရောက်နိုင်ဘူးဆိုတာကို သိတဲ့အတွက် ရန်ကိုင် ယန်အရည်စက်တစ်စက်ကို ဟူညီအစ်မနှစ်ယောက်ဆီ ခပ်မြန်မြန်ပဲ လှမ်းပစ်လိုက်တယ်။

ထို့နောက် သူ့ရဲ့ ပြောင်မြောက်လှတဲ့ အစစ်အမှန်ချီ ထိန်းချုပ်နည်းကို အသုံးပြုကာ ထိုယန်အရည်စက်ကို စက်ဝိုင်းခြမ်းပုံစံ အလင်းအကာအရံ တစ်ခုအဖြစ် ဖန်တီးလိုက်ပြီး ဟူညီအစ်မ နှစ်ယောက်ကို လွှမ်းခြုံသွားစေလိုက်တယ်။

အခုအချိန်၌ ရှောင်ဖူးချန်း သင်ကြားပေးခဲ့တဲ့ အစစ်အမှန်ချီ ထိန်းချုပ်နည်းတွေက တကယ်ကို အသုံးဝင်လာခဲ့ပါပြီ။

လူအိုကြီး တွန်းပို့လိုက်တဲ့ မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်က ထိုအကာအရံနဲ့ ထိတွေ့မိသွားတာနဲ့ ရုတ်တရက် နှစ်ကောင်စလုံး နာနာကျင်ကျင် စူးစူးရှရှနဲ့ အော်မြည်လိုက်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေက တဖြည်းဖြည်း လောင်ကျွမ်းလို့လာခဲ့တယ်။

ချက်ချင်းပဲ မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်စလုံး အလျင်စလို နောက်ပြန်ဆုတ်လိုက်ကြတယ်။

ဟူညီအစ်မနှစ်ယောက်နဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်တောင် ချက်ချင်းပဲ အလျင်စလို နောက်ပြန်ဆုတ်လိုက်တဲ့ အတွက် သူမတို့ရဲ့ တိုက်ခိုက်မှုတွေက လေကိုသာ ထိမှန်သွားခဲ့ရတယ်။

ရန်ကိုင်က ထိုမြင်ကွင်းကို ထိတ်လန့်အံ့အားသင့်စွာနဲ့ ငေးကြည့်နေမိလိုက်တယ်။

အမှန်အတိုင်း ပြောရရင် သူလည်း အခုလို ဖြစ်လာလိမ့်မယ်လို့ တကယ်ကို မျှော်လင့်မထားခဲ့ပါဘူး။

“မဖြစ်နိုင်ဘူး။ တကယ်ကြီးလား” ချန်ရီနဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေလည်း ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပြီး သူမမြင်နေရတာကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြတယ်။

“သတိထား၊ အားလုံး အာရုံစိုက်ကြဦး” လူအိုကြီး တွန်းပို့လိုက်တဲ့ မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်နဲ့ ဟူညီအစ်မကို တိုက်ခိုက်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်က ဟူညီအစ်မကို မတိုက်ခိုက်နိုင်တော့ ထိုနှစ်ယောက်ကို မတိုက်ခိုက်တော့ပဲ ကျန်တဲ့လူတွေဆီ ပြေးဝင်သွားတာ မြင်လိုက်တော့ လန်ရှန်းက အော်ဟစ်လိုက်ပြီး အားလုံးကို သတိပေးလိုက်တယ်။

ရုတ်တရက်ကြီး ဟူညီအစ်မ နှစ်ယောက်ကလွဲပြီး ကျန်တဲ့လူတွေအားလုံး ဖိအားများသွားခဲ့ကြရတယ်။

“ဟေး၊ ညီအစ်ကိုရန်၊ အဲ့လိုကတော့ မမျှတဘူးနော်” ချန်ရီက မဲ့ပြုံးပြုံးရင်း ကူကယ်ရာ မဲ့စွာနဲ့ အော်ပြောလိုက်တယ်။

ဟူညီအစ်မနှစ်ယောက်က လုံခြုံသွားပေမယ့် ကျန်တဲ့လူတွေကတော့ အကြီးအကျယ် ဒုက္ခရောက်နေကြပါပြီ။

“တောင်းပန်ပါတယ်၊ ငါလည်း အဲ့လိုဖြစ်မယ်မှန်း မသိလိုက်ဘူး” ရန်ကိုင်လည်း ကိုးယိုးကားယား အမူအရာနဲ့ တောင်းပန်လိုက်တယ်။ ကံကောင်းစွာနဲ့ ထိုတိုးများလာတဲ့ ဖိအားကို သူပါခံစားလိုက်ရတာပါ။ အဲ့လိုမှမဟုတ်ရင် သူ့အပြုအမူကြောင့် ကျန်တဲ့လူတွေသာ တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် သူလည်း တောင်းပန်လို့ ရတော့မှာ မဟုတ်ပါဘူး။

ထိုမိစ္ဆာစိတ်ဝိဥာဉ် နှစ်ကောင်နဲ့ ရင်ဆိုင်နေတုန်းက သူ့ရဲ့ မတော်တဆ ရှာဖွေတွေ့ရှိမှုကြီးရဲ့ အားသာချက်ကို ဘယ်လိုအသုံးချရင် ကောင်းမလဲဆိုပြီး ရန်ကိုင် စဉ်းစားနေခဲ့တယ်။

ရုတ်တရက် အံ့အားသင့်စရာကောင်းတဲ့ အကြံဥာဏ်တစ်ခု သူ့စိတ်ထဲ ဖြတ်ပြေးသွားခဲ့တယ်။

ရတနာဂိုဏ်းက တပည့်သုံးယောက် ရင်ဆိုင်တိုက်ခိုက်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်ကို အလျင်စလို ပစ်ပယ်လိုက်ပြီး ချက်ချင်းပဲ လေထဲ ပျံတက်သွားလိုက်တယ်။

အားလုံးရဲ့ အံ့ဩစိတ်ရှုပ်နေတဲ့ အကြည့်တွေကို လျစ်လျူရှုထားလိုက်ပြီး သူ့ဒန်တန်ထဲကနေ ယန်အရည်စက် တစ်စက်ကို အလျင်အမြန် ထုတ်ယူလိုက်ကာ သူ့လက်ထဲနှစ်ခုကြားထဲ သိပ်သည်းသွားစေလိုက်တယ်။

ထို့နောက် အစစ်အမှန်ချီ ထိန်းချုပ်နည်းကို အသုံးပြုကာ ရန်ကိုင်က ထိုယန်အရည်စက်ကို စက်ဝိုင်းပြတ်အကာအရံ တစ်ခုအဖြစ် ပြောင်လဲပစ်လိုက်တယ်။ ဒီတစ်ကြိမ် အကာအရံကတော့ ကျောက်တိုင် မျက်နှာပြင်တစ်ခုလုံး ဖုံးအုပ်သွားခဲ့ပါတယ်။ အရင်အကာအရံနဲ့ မတူတာက အခုအကာအရံက ပိုပြီး ပါးသလို ပိုပြီးတော့ အရောင်မှိန်နေခဲ့ပါတယ်။

ထိုအလင်းအကာအရံ ကျရောက်လာတာနဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေ အကုန်လုံး ထွက်ပြေးကြပါတော့တယ်။

ဒါပေမယ့် ထိုပါးလျတဲ့ အလင်းအကာရံက မိစ္ဆာစိတ်ဝိဥာဉ်တွေ အတွက် အတားအဆီး တစ်ခုသာသာပါပဲ။ ထိုကောင်တွေသာ ရူးရူးသွပ်သွပ်နဲ့ သည်းကြီးမည်းကြီး တိုက်ခိုက်မယ်ဆိုရင် ထိုအလင်းအကာအရံက အသက်ရှူစာ အကြိမ်အနည်းငယ် အတွင်းမှာပဲ ပျက်စီးသွားလိမ့်မှာပါ။

ထိုအခြင်းအရာကို သတိပြုမိလိုက်တာနဲ့ ရန်ကိုင်က သူ့ဒန်ထဲက ယန်အရည်စက်တွေကို တစ်စက်ပြီးတစ်စက် ထုတ်ယူလိုက်ပြီး ထိုအရည်စက်တွေကို အလင်းအကာအရံတွေအဖြစ် ထပ်မံဖန်တီးလိုက်တယ်။

ထို့နောက် သူ့ရဲ့ ချီထိန်းချုပ်ခြင်း နည်းလမ်းနဲ့ ထိုအလင်းအကာရံတွေကို တစ်ခုပေါ် တစ်ခုထပ်တင်လိုက်တယ်။ ယန်အရည်စက် အစက်၂၀လောက် အသုံးပြုပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ပြောင်မြောက်လှတဲ့ အလင်းအကာအရံကို ဖန်တီးလို့ ပြီးသွားခဲ့တယ်။

ထိုအလွှာ၂၀အလင်း အကာအရံထဲမှာ နေရင် လုံးဝလုံခြုံလိမ့်မယ်လို့ ဘယ်သူမှ မပြောရဲပေမယ့် ထိုမိစ္ဆာစိတ်ဝိဥာဉ်တွေကိုတော့ အသာလေး ကိုင်တွယ်နိုင်ပါတယ်။

“ဒါက…” အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရတယ်။

အခုမှပဲ သူတို့အားလုံး စိတ်အေးသက်သာနဲ့ အမောဖြေနိုင်ကြပါတော့တယ်။ ထိုအံ့အားသင့်စရာ ကောင်းလှသည့် အလွှာ၂၀အလင်းအကာအရံကို မြင်တွေ့လိုက်ရချိန်မှာတော့ အားလုံးလည်း အံ့အားမသင့်ပဲ မနေနိုင်ကြတော့ပါဘူး။

ပတ်ဝန်းကျင်က မိစ္ဆာစိတ်ဝိဥာဉ်တွေက အလင်းအကာအရံနားမှာ ဝေ့လည်ကြောင်ပတ် လုပ်နေပေမယ့် ဘယ်ကောင်ကမှ အကာအရံနား မချဉ်းကပ်ရဲခဲ့ပါဘူး။ တစ်ခါတစ်ရံ တစ်ကောင်တစ်လေက တိုက်ခိုက်ဖို့ လုပ်လိုက်ပေမယ့် အလင်းအကာရံနဲ့ ထိတွေ့လိုက်တာနဲ့ လောင်ကျွမ်း ခံလိုက်ရတဲ့အတွက် ချက်ချင်းပဲ ပြန်ဆုတ်လိုက်ရပါတယ်။

အချိန်အတော်ကြာအောင် ကြက်သေသေ နေပြီးနောက် အားလုံးက ကိုးယိုးကားယား အကြည့်နဲ့ ရန်ကိုင်ကို ဝိုင်းကြည့်လိုက်ကြတယ်။

ရန်ကိုင်ကို ကြည့်တဲ့ ဟူညီအစ်မ နှစ်ယောက်ရဲ့ အကြည့်တွေက လောင်မြိုက်လို့ နေခဲ့ပါတယ်။

“အဲ့ဒါကို ရုတ်တရက် စိတ်ကူးပေါက်ပြီး လုပ်ကြည့်လိုက်တာ။ ဒီလောက်အထိ အလုပ်ဖြစ်လိမ်မယ်လို့တော့ ငါမထင်ထားခဲ့ဘူး” ရန်ကိုင်က ကိုးယိုးကားယား အမူအရာနဲ့ ပြုံးလိုက်ရင်း ရယ်မောလိုက်တယ်။

“အရမ်းကို အံ့ဩဖို့ကောင်းတာပဲ…” ချန်ရီက အံ့အားသင့်စွာနဲ့ ရန်ကိုင်ကို ချီးကျူးလိုက်တယ်။

အားလုံးလည်း ခေါင်းညိတ်လိုက်ကြပြီး သူတို့ရဲ့ မျက်ဝန်းအစုံက လေးစားမှုတို့ဖြင့် ပြည့်နေခဲ့ကြတယ်။

အံ့အားသင့်နေရာမှ အသိပြန်ဝင်လာပြီးနောက် ထိုအလွှာ၂၀ အလင်းအကာအရံကို စစ်ဆေးကြည့်လိုက်တဲ့အချိန် အားလုံး နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့ရပြန်တယ်။ ထိုအလွှာ၂၀ အလင်းအကာအရံကို ဖန်တီးဖို့ အစစ်အမှန်ယန်ချီ ဘယ်လောက်များများကို ရန်ကိုင် အသုံးပြုခဲ့ရမလဲ။

သူ့မှာ ဘယ်လိုလုပ်ပြီး ဒီလောက် အစစ်အမှန်ချီ အများကြီး ရှိနေရတာလဲ။ အဲ့လောက်များပြားတဲ့ အစစ်အမှန်ချီတွေကို အသုံးပြုပြီးတာတောင် ဘာမှမဖြစ်သလို အမူအရာနဲ့ မတ်တပ်ရပ်နိုင်သေးတာလဲ။

“မွန်းစတားပဲ၊ အစစ်အမှန် မွန်းစတားပဲ” လန်ရှန်းက ပြောလိုက်တယ်။

အားလုံးလည်း သူမပြောတာကို ထောက်ခံသည့် အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

သူတို့မသိတာ တစ်ချက်က အလင်းအကာရံ တစ်ချပ်က ရန်ကိုင် သွေးကြောတွေထဲမှာ ရှိတဲ့ အစစ်အမှန်ချီအားလုံးကို သုံးပြီး ဖန်တီးထားတာပါ။ ထို့ကြောင့် အလင်းအကာအရံ အချပ်၂၀က ရန်ကိုင်သွေးကြောထဲမှာ ရှိတဲ့ အစစ်အမှန်ချီ အဆ၂၀စာနဲ့ ညီမျှပါတယ်။ အဲ့လောက် များပြားတဲ့ ချီစွမ်းအင်နဲ့ ဖန်တီးထားတဲ့ အကာအရံက အံ့အားသင့်စရာကောင်းတဲ့ ခုခံနိုင်စွမ်း မရှိပဲ ဘယ်နေပါ့မလဲ။

ပြီးတော့ ရန်ကိုင့် အစစ်အမှန်ချီရဲ့ သိပ်သည်းဆနဲ့ သန့်စင်မှုက သူ့ကျင့်ကြံခြင်းအဆင့်က အများကြီး ပိုမြင့်နေပါတယ်။

နှိုင်းယှဉ်ပြောရမယ် ဆိုရင် ထိုအလင်းအကာအရံရဲ့ ခုခံနိုင်စွမ်းက အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ ဆယ်ယောက် ခုခံနေတာနဲ့ အတူတူပါပဲ။

ထိုအကာအရံက သူတို့ကို ကာကွယ်ပေးထားမှတော့ အခု အန္တရာယ်ဆိုးကြီးကို ကျော်ဖြတ်ဆို့တာ ကိတ်မုန့်လှီးသလောက် လွယ်ကူသွားခဲ့ပါပြီ။

“ကောင်လေး၊ ဒီလူအိုကြီးတို့ကိုကော ကူညီပေးလို့ မရဘူးလား” လူအိုကြီးက သူ့ရဲ့ မာနကို ခဝါချပြီး မေးလိုက်တယ်။ သူ့လို အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက်ကတောင် ရန်ကိုင်လိုမျိုး အားကောင်းလှတဲ့ အကာအရံတစ်ခုကို မဖန်တီးနိုင်ပါဘူး။ ထို့ကြောင့် အခုလို အခြေအနေမျိုးမှာ သူ့မာနကို ခဝါချပြီး အကူအညီ တောင်းဖို့ပဲ ရှိပါတော့တယ်။

အခုအချိန်မှာတော့ ရန်ကိုင်ရှိနေတဲ့ ကျောက်တိုင်ဟာ ဆိုရင်ဖြင့် မချိုးဖောက်နိုင်တဲ့ ခံတပ်ကြီးတစ်ခု ဖြစ်နေခဲ့ပါပြီ။ သူတို့ အဖွဲ့သားတွေ အကုန်လုံး မတ်တပ်ရပ်ပြီး ဘာမှမလုပ်ပဲ နေရင်တောင် သူတို့ရဲ့ လုံခြုံရေးနဲ့ ပက်သက်ပြီး စိုးရိမ်စရာ မလိုပါဘူး။ ဒါပေမယ့် အကျိုးရလဒ် အနေနဲ့ လူအိုကြီးတို့ ရင်ဆိုင်ရတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အရေအတွက်က သိသိသာသာကို တိုးများလို့ လာခဲ့ကာ သူတို့အတွက် ပိုပြီး ခက်ခဲသွားခဲ့ပါတယ်။

Martial Peak

အပိုင်း(၃၃၈) အကာအကွယ်အစေခံတွေကို စတေးပစ်ခြင်း

အခြေအနေတွေက အခုလို ပြောင်းလဲသွားတာနဲ့ လူအိုကြီးလည်း ရန်ကိုင်ဆီကနေ အကူအညီ တောင်းခံရုံသာ တတ်နိုင်ပါတော့တယ်။

လူအိုကြီး တောင်းဆိုတာကို ကြားလိုက်တာနဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေက အတွင်းကြိတ် လှောင်ပြောင်လိုက်ကြပြီး လူအိုကြီးကို စိုက်ကြည့်လိုက်ကြတယ်။

ရတနာဂိုဏ်းက ကျောင်းရုန်က ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တယ် “အဲ့ခွေးအိုကြီးက ငါတို့ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပြီး အခုတော့ အစ်ကိုရန်ဆီ အကူအညီ လာတောင်းနေတယ်။ အရမ်းကို အရှက်ကင်းမဲ့တာပဲ”

လူအိုကြီးရဲ့ အစောပိုင်းတုန်းက အပြုအမူက အားလုံးရဲ့ အကြည့်အောက်ကနေ ပြေးမလွတ်ခဲ့ပါဘူး။ သူ့အပြုအမူကို မကျေနပ်ပေမယ့် သူ့ရဲ့ ခွန်အားကြောင့်သာ ဘာမှမပြောပဲ ငြိမ်ခံနေတာပါ။

လူအိုကြီးလည်း အားလုံးရဲ့ အထင်အမြင်သေးတဲ့ အကြည့်တွေကို ခံစားမိပါတယ်။ ဒါပေမယ့် မမြင်ချင်ယောင်ဆောင်ကာ အသာအယာလေး ပြောလိုက်တယ် “လူငယ်လေးတွေ၊ အခုလက်ရှိ အခြေအနေကို မင်းတို့ သေချာစဉ်းစား ဆုံးဖြတ်သင့်တယ်နော်။ သိပ်မကြာခင်မှာပဲ မင်းတို့ ငါ့အကူအညီကို လိုရင် လိုလာနိုင်တယ်လေ။ မင်းတို့မှာ အခွင့်အရေး ရှိတုန်း ဒီလူအိုကြီးကို မျက်နှာသာပေးသင့်တယ်၊ မဟုတ်ရင် တော်ကြာ နောင်တရနေရဦးမယ်”

သူ့လေသံက ပေါ့ပါးပြီး သတိပေးတဲ့ပုံစံနဲ့ ပြောနေတယ် ဆိုပေမယ့် နည်းနည်းလေးသာ မြင်တတ်မယ်ဆိုရင် သူခြိမ်းခြောက်နေတယ် ဆိုတာ သိနိုင်ပါတယ်။ သူပြောချင်တာကတော့ မင်းတို့သာ ငါ့ကို အခုမကူညီဘူးဆိုရင် အဲ့အတွက် မင်းတို့ ကျိန်းသေပြန်ပြီး ခံစားရလိမ့်မယ်… အဲ့လိုပါ။

ရန်ကိုင်က စိတ်ထဲ၌ ကြိတ်ပြီး လှောင်ပြောင်လိုက်တယ်။ ဒါပေမယ့် သူ့မျက်နှာကတော့ လေးနက်တဲ့ အမူအရာကို ဆင်မြန်းရင်း ဖြေးဖြေးချင်း ခေါင်းခါလိုက်ပြီး “ကံမကောင်းစွာနဲ့ပဲ၊ ကျုပ်အနေနဲ့ စီနီယာကို အခုကူညီလို့ မဖြစ်နိုင်သေးဘူး၊ ကျုပ်မှာ အစစ်အမှန်ချီ နည်းနည်းလေးတောင် မရှိတော့ဘူး၊ အရင်ပြန်ဖြည့်ရဦးမယ်”

ပြောပြီးတာနဲ့ ရန်ကိုင်က ကတုန်ကရင်နဲ့ ဖြေးဖြေးချင်း ထိုင်ချလိုက်တယ်။

တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေက ထိုအချက်ကို ချက်ချင်း နားလည်လိုက်ပြီး တစ်ယောက်ချင်းစီက အစစ်အမှန်ချီ အားဖြည့်ဆေးတွေကိုထုတ်ယူလိုက်ကာ ရန်ကိုင်ကို လာပေးလိုက်ကြတယ်။

သူတို့တွေက ရန်ကိုင် စကားနဲ့တင် ယုံကြည်သွားတာ မဟုတ်ပေမယ့် အခုလို အခြေအနေမျိုးမှာ ဒါက သူတို့တွေ လုပ်သင့်တာပါ။

ပြီးတော့ ပြင်းထန်တဲ့ တိုက်ပွဲအတွင်းမှာလည်း ရန်ကိုင်က အစစ်အမှန်ချီ များစွာကို ကုန်ဆုံးခဲ့ရသလို အလွှာ၂၀ အလင်းအကာအရံကို ဖန်တီးဖို့လည်း အစစ်အမှန်ချီများစွာကို ကုန်ဆုံးခဲ့ရပါတယ်။ ထို့ကြောင့် သူ့ရဲ့ အစစ်အမှန်ချီကို ပြန်ဖြည့်ဖို့ လိုတာက သဘာဝပါပဲ။

ဟူကျောင်းအာနဲ့ ဟူမေးအာတို့ကတော့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြုံးလိုက်ကြတယ်။

ရန်ကိုင်က လူတစ်ယောက်ရဲ့ ချီစွမ်းအင်ကို တစ်ခဏအတွင်း ချက်ချင်း ပြန်ပြည့်စေနိုင်တဲ့ ဆန်းကြယ်တဲ့ အရည်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုတာ သူမတို့ သိထားပါတယ်၊ အဲ့ဒါကြောင့် ရန်ကိုင်ရဲ့ ပေါက်တတ်ကရ စကားတွေကို သူမတို့ ဘယ်လိုလုပ်ပြီး ယုံပါတော့မလဲ။

ရန်ကိုင် ပြောတာက ယုတ္တိကျနေသလို ရန်ကိုင် လိမ်ပြောနေတာလား၊ တကယ်ပဲ ပြောနေတာလား ဆိုတာကိုလည်း မသိတဲ့အတွက် လူအိုကြီးက ထိုကိစ္စကို ဆက်မပြာတော့ပဲ အသက်မပါတဲ့ ရယ်သံကြီးနဲ့ ရယ်မောလိုက်ပြီး ပြောလိုက်တယ် “ကောင်ပြီလေ၊ မင်းချီကို အရင်ဆုံး မြန်မြန် ပြန်ဖြည့်ထားလိုက်ပေါ့”

ပြောပြီးတာနဲ့ လူအိုကြီးက တိုက်ပွဲကို တစ်ဖန်ပြန် အာရုံစိုက်လိုက်တယ်။

တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေက ပတ်ပတ်လည်ကို အံ့အားသင့်စွာနဲ့ လိုက်ကြည့်နေကြတယ်။ အခုလို သေရေး၊ ရှင်ရေး အခြေအနေမှာ ရန်ကိုင်က ပြီးပြည့်စုံတဲ့ လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အကာအရံတစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ သူတို့ မထင်ထားခဲ့ပါဘူး။

ပြီးတာနဲ့ သူတို့တွေက တစ်ဖက်က တိုက်ပွဲကို စကားတပြောပြောနဲ့ လေ့လာနေလိုက်တယ်။ အားလုံး ယုချင်တို့အဖွဲ့က ဒုက္ခရောက်နေတာကို အရသာခံပြီး ဇိမ်ပြေနပြေနဲ့ ထိုင်ကြည့်နေခဲ့ကြပါတယ်။

လူအိုကြီးက အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်။ သူ့ရဲ့ အစစ်အမှန်ချီက ဘယ်တော့မှ မကုန်ဆုံးတော့မယ့် ပုံစံနဲ့ ရိုက်ချက်တွေကို တစ်ချက်ပြီးတစ်ချက် ရိုက်ထုတ်နေခဲ့တယ်။ တကယ်တော့ သူ့ရဲ့ ရိုက်ချက်တွေက ဒီအတိုင်း သာမန်ကာလျှံကာလေး ရိုက်လိုက်တာ ဆိုပေမယ့် သူတစ်ယောက်နဲ့တင် မိစ္ဆာစိတ်ဝိဥာဉ်လေးကောင်ကို ယှဉ်တိုက်နိုင်နေခဲ့ပါတယ်။

တိုက်ခိုက်နေစဉ်မှာလည်း သူ့နဲ့အတူပါလာတဲ့ ဂျူနီယာလေးယောက်ကို မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပါသေးတယ်။

ထိုအချိန်၌ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေရဲ့ ဘဝကတော့ မိုးပြိုတော့မတတ် ဖြစ်နေခဲ့တယ်။ သူတို့ရဲ့ ခံစစ်ကို ဆက်ထိန်းထားနိုင်ဖို့အတွက် အစစ်အမှန်ချီစွမ်းအင်တွေကို အဆက်မပြတ် ကုန်ဆုံးနေခဲ့ရတယ်။ လူအိုကြီးက အခုလို အချိန်မျိုးမှာ သူတို့ကို ကူညီပေးသင့်ပေမယ့် လုံးဝကို မကူညီပေးခဲ့ပါဘူး။

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျာ်းလေးတပည့်တွေရဲ့ ဖြူလျော်နေတဲ့ အသားအရေက အခုဆို ပိုပြီး ဖြူလျော်နေခဲ့ပါပြီ။ မိန်းကလေးတွေ ဆိုရင်လည်း အရင်လို နန့်တန့်တန့် လုပ်မနေနိုင်တော့ပါဘူး။ အသည်းအသန် တိုက်ခိုက်နေရတဲ့အတွက် သူမတို့ တစ်ကိုယ်လုံး ချွေးစေးတို့ဖြင့် စိုရွှဲနေခဲ့ပါတယ်။

မိစ္ဆာစိတ်ဝိဥာဉ်တွေက အစစ်အမှန်ယန်ယွမ်ချီ အကာအရံဘေးတွင် အားနည်းချက်လေးများ တွေ့မလားဆိုသည့်‌ မျှော်လင့်ချက်ဖြင့် ဟိုယောင်ယောင်၊ သည်ယောင်ယောင် လုပ်နေခဲ့တယ်။ ဒါပေမယ့် ဘယ်နေရာကိုပဲ သူတို့ တိုက်ခိုက်တိုက်ခိုက်၊ ရလဒ်ကတော့ အတူတူပါပဲ။

တစ်ခဏကြာပြီးနောက် သူတို့အားလုံး ထိုအစစ်အမှန်ယန်ယွမ်ချီ အကာအရံအား တိုက်ခိုက်ဖို့ကို လက်လျှော့လိုက်ပြီး လူအိုကြီးတို့ အဖွဲ့ကို သွားတိုက်ခိုက်လိုက်တယ်။

ချက်ချင်းပဲ အခြေအနေက အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်ရှိသွားခဲ့တယ်။ လူအိုကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့ခွန်အားကို ဆက်ပြီး ထိန်းချန်ထားမနေတော့ပါဘူး။ သူ့လက်နက်ကို ထုတ်ယူလိုက်ပြီး အမျိုးမျိုးသော အားကောင်းတဲ့ သိုင်းပညာရပ်တွေကို တစ်ခုပြီးတစ်ခု ထုတ်သုံးလိုက်တယ်။

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေရဲ့ အခြေအနေက ပိုပြီး ဆိုးရွားသွားခဲ့တယ်။ မိစ္ဆာစိတ်ဝိဥာဉ်တွေ အရမ်းများလာတော့ သူတို့လည်း ဆက်ပြီး မရင်ဆိုင်နိုင်တော့ပါဘူး။

“စီနီယာ၊ စီနီယာ” ယုချင်က စိုးရိမ်စွာနဲ့‌ အော်ဟစ်လိုက်ပြီး “ကျွန်တော်တို့ကို ကူညီပေးပါဦးဗျာ”

နှောင်ဖွဲ့ခြင်းကင်း ဂိုဏ်းသား အရေအတွက်က တစ္ဆေဘုရင်တောင်ကြားက တပည့်အရေအတွက်ထက် ပိုများတယ် ဆိုပေမယ့် သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက ယင်ယန်စုပ်ယူခြင်း နည်းစနစ်တွေကို သုံးပြီး မြင့်တက်လာခဲ့တာပါ။ သူတို့ရဲ့ အစစ်အမှန်ချီက အဆင့်တူတွေလောက် မသန့်စင်သလို၊ သူတို့ရဲ့ ကျင့်ကြံခြင်းကလည်း အဆင့်တူတွေလောက် တည်ငြိမ်မှု မရှိပါဘူး။

ထို့ကြောင့် မိစ္ဆာစိတ်ဝိဥာဉ် အများကြီးနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာတော့ သူတို့ရဲ့ ခံစစ်က အလျင်အမြန်ပဲ ပြိုကွဲသွားခဲ့ပါတယ်။ ထို့ကြောင့် နောက်ဆုံးမှာတော့ ယုချင်အနေနဲ့ လူအိုကြီးရဲ့ အကူအညီကို မယူလို့ မဖြစ်တဲ့ အခြေအနေအထိ ရောက်ရှိလာခဲ့ပါတယ်။

“ဟဲဟဲ” လူအိုကြီးက မိစ္ဆာဆန်ဆန် ရယ်မောလိုက်ပြီး “ဒီလူအိုကြီးက ကိုယ့်ဘာသာကိုယ်တောင် အနိုင်နိုင် ခုခံနေရတာ၊ မင်းတို့ကို ဘယ်လိုလုပ်ပြီး လာကူအားမှာလဲကွ”

ယုချင်က စိတ်ထဲ၌ တိတ်တဆိတ် ကျိန်ဆဲလိုက်တယ်။ ထိုလူအိုကြီးက စိတ်ထားကောင်းသည့် လူတစ်ယောက်မှန် သူသိပါတယ်။ ယုချင်က ခပ်မြန်မြန်ပဲ ထပ်ပြောလိုက်တယ် “စီနီယာသာ ဒီအန္တရာယ်ဆိုးကြီးကနေ ကျွန်တော်တို့ကို လွတ်မြောက်အောင် ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းကလည်း စီနီယာကို ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်မှာပါ”

“နားထောင်ကြည့်ရအောင်” လူအိုကြီး မျက်လုံးထဲ လောဘကြီးသည့် အရိပ်အယောင်တစ်ချို့ လက်သွားခဲ့တယ်။

ကျွန်တော်တို့သာ ဂိုဏ်းဆီ အသက်ရှင်လျက် ပြန်သွားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ တစ်ယောက်ချင်းစီက စီနီယာကို အဆောင်အစေခံ တစ်ကောင်စီ ပေးမယ်။ ကျွန်တော်တို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းရဲ့ နည်းလမ်းတွေနဲ့ စီနီယာလည်း ရင်းနှီးတယ်မလား၊ ဒါကြောင့် အဲ့ အဆောင်အစေခံတွေရဲ့ တန်ဖိုးကို စီနီယာလည်း နားလည်မှာပေါ့” သူ့အသက်က သင်္ချိုင်းကုန်း တစ်ဖက်စောင်းနေပြီ ဖြစ်တဲ့အတွက် ယုချင်လည်း အပိုအလိုတွေ ပြောမနေခဲ့ပါဘူး။ ချက်ချင်းပဲ လိုရင်းကို တိုက်ရိုက်ပြောလိုက်တယ်။

ထိုစကားကို ကြားလိုက်တာနဲ့ လူအိုကြီးရဲ့ မျက်ဝန်းအစုံက မကောင်းသည့် အလင်းရောင်တို့ဖြင့် လက်သွားခဲ့ပြီး ရက်ရက်စက်စက်နဲ့ ပြုံးလိုက်တယ် “ဒီလူအိုကြီးက မင်းတို့ နှောင်ဖွဲ့ခြင်းကင်း ဂိုဏ်းသားတွေရဲ့ အဆောင်အစေခံတွေ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ငါသိတယ်။ သူတို့တွေက သူတို့ဆရာတွေရဲ့ ကျင့်ကြံခြင်းကို တိုးမြင့်စေဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင် လျှို့ဝှက်ကျင့်စဉ်တွေနဲ့ ပညာရပ်တွေကို လေ့ကျင့်ထားတယ်မလား။ ပြီးတော့ သူတို့ ဆရာတွေရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးရာမှာလည်း အရမ်းကို အသုံးဝင်တယ်လေ”

“စီနီယာက ကောင်းကောင်း သိထားတာပဲ” ယုချင်က ခေါင်းညိတ်လိုက်တယ်။

လူအိုကြီးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး “ကောင်ပြီလေ၊ မင်းတို့မှာ လူလေးယောက်ရှိတယ် ဆိုတော့ အဆောင်အစေခံ လေးယောက်ပေါ့။ အဆောင်အစေခံ လေးယောက်ရဲ့ ယင်ဓါတ်ကိုသာ စုပ်ယူခွင့်ရမယ်ဆိုရင် ဒီလူအိုကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က တော်တော်လေး မြင့်တက်သွားနိုင်တယ်”

“စီနီယာပြောတာ တကယ်ကို မှန်ပါတယ်” ယုချင်က အလျင်စလိုပဲ ဖားယားလိုတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။ သူ့စိတ်ထဲ အတွင်းကြိတ် ကျိန်ဆဲနေပေမယ့် မျက်နှာကတော့ ဖားယားတဲ့ အပြုံးကို ဆင်မြန်းထားကာ “အဲ့လိုဆိုရင် စီနီယာအနေနဲ့ ကျွန်တော်တို့ကို ကူညီပေးလို့ရမလား”

ဒါပေမယ့် လူအိုကြီး အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်ပြီး “ဒါပေမယ့် မင်းတို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေမှာ အဆောင်အစေခံ တစ်ယောက်ထက်မက ရှိတယ်ဆိုတာကို ငါသိထားတယ်။ မင်းရဲ့ပုံစံကို ကြည့်ရတာ ဂိုဏ်းထဲက မင်းရဲ့ အဆင့်အတန်းက နိမ့်ကျမယ့် ပုံမပေါ်ဘူး။ မင်းမှာ အဆောင်အစေခံ အနည်းဆုံး ၄၊၅ယောက်လောက် ရှိတယ်မလား”

ယုချင်ရဲ့ ပြုံးနေတဲ့ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့တယ်။ ထိုလူအိုကြီးရဲ့ လောဘကို သူတကယ်ပဲ အထင်သေးမိသွားခဲ့ပါပြီ။

“ကောင်စုတ်လေး၊ မင်းကံတော်တော်ကောင်းတာပဲ” လူအိုကြီးက ပြုံးလိုက်ပြီး “ဒီလူအိုကြီးက မင်းကို ကူညီပေးနိုင်တယ်။ ဒါပေမယ့် ငါ့ကို အဆောင်အစေခံ ၈ယောက် ပေးရမယ်။ ဆိုလိုတာက မင်းတို့ တစ်ယောက်ချင်းစီက ငါ့ကို အဆောင်အစေခံ ၂ယောက်စီ ပေးရမယ်။ မင်းတို့ သဘောတူတာ၊ မတူတာက မင်းကိစ္စ ဒါပေမယ့်… ဟတ်၊ မင်းသာ သေသွားခဲ့ရင် မင်းလည်း အဲ့အဆောင်အစေခံတွေကလို လိုတော့မှာ မဟုတ်ဘူးနော်၊ ဟုတ်တယ်မလား… ဟားဟားဟား”

မလက်ခံလို့ မရတဲ့ အခြေအနေကို ရောက်ရှိနေတဲ့အတွက် ယုချင်အနေနဲ့ လူအိုကြီးရဲ့ တောင်းဆိုချက်ကို လက်မခံချင်ပေမယ့် ရင်နာနာနဲ့ပဲ လက်ခံလိုက်ရပါတယ် “ကောင်ပြီ၊ ကျုပ်လက်ခံတယ်”

“ကောင်စုတ်လေး၊ မင်းက တကယ်ကို ပြတ်သားတာပဲ၊ ကောင်းတယ်၊ ငါတို့ အပေးအယူ ဖြစ်သွားပြီ” လူအိုကြီးက ရယ်မောလိုက်ပြီး သူ့ရဲ့ တိုက်ကွက်တွေက ပိုပြီး ရက်စက် ပြင်းထန်လာခဲ့တယ်။ လူအိုကြီးရဲ့ ကာကွယ်ပေးမှုကို ရရှိပြီးနောက် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ ခံစားနေရတဲ့ ဖိအားကလည်း တော်တော်လေး လျော့ကျသွားခဲ့ရတယ်။

ပေးလိုက်ရတာနဲ့ ထိုက်တန်တယ် ယုချင်က သူ့ကိုယ်သူ ဖြေသိမ့်လိုက်တယ်။

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေမှာ အဆောင်အစေခံ နှစ်ယောက်ထက်မက ရှိတယ်ဆိုတာ မှန်တယ်။ ဒါပေမယ့် အဆောင်အစေခံ တစ်ယောက် ကြီးထွားလာဖို့အတွက် အရင်းအမြစ်နဲ့ အချိန်များစွာ လိုအပ်ပါတယ်။ ထို့ကြောင့် အဆောင်အစေခံ နှစ်ယောက် ဆုံးရှုံးလိုက်ရတယ် ဆိုတာက သူတို့အတွက်တော့ ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ပါဘူး။

ယုချင်က လူအိုကြီးနဲ့ အပေးအယူအကြောင်း ဆွေးနွေးနေစဉ် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက အဆောင်အစေခံတွေကတော့ ယုချင်တို့ ဆွေးနွေးနေတာက သူမတို့နဲ့ ဘာမှ မဆိုင်သည့်အလား နည်းနည်းလေးတောင် စိတ်ပျက်သွာတာမျိုး မရှိခဲ့ပါဘူး။

“မင်းစကာတွေကို မှတ်ထားနော်… မင်းငါ့ကို လှည့်စားရဲရင်တော့… နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းဆီ သွားပြီး ငါ့ကို တင်ခဲ့တဲ့အကြွေးကို လာပြန်တောင်းမယ်” လူအိုကြီးက အေးစက်စက်လေသံနဲ့ ခြိမ်းခြောက်လိုက်တယ်။

ယုချင် စိတ်နှလုံးအစုံ ခုန်ပေါက်သွားခဲ့တယ်။ သူတို့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းကိုများ မကြောက်ရအောင် လူအိုကြီးမှာ ဘယ်လိုနောက်ခံများ ရှိနေတာလဲလို့ ယုချင် တွေးမိလိုက်တယ်။ ထို့နောက် သုန်မှုန်စွာနဲ့ ယုချင်က တုန့်ဆိုင်းခြင်းမရှိ ခေါင်းညိတ်လိုက်ပြီး “ဂျူနီယာက စီနီယာကို ဘယ်လိုလုပ်ပြီး လှည့်စားရဲပါ့မလဲ၊ လူကြီးလူကောင်း တစ်ယောက်က စကားတစ်ခွန်းကို ဘယ်တော့မှ လွယ်လွယ်နဲ့ မပြောတတ်ဘူး”

ထိုစကားကို ကြာလိုက်တာနဲ့ လူတိုင်း အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ကြတယ်။

ယုချင်သာ လူကြီးလူကောင်း တစ်ယောက်ဆိုရင် ကောင်းကင်ဘုံအောက်မှာ လူဆိုးဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။

ထိုအချိန်၌ ရန်ကိုင်နဲ့ သူ့အဖွဲ့က စင်မြင့်ပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေခဲ့ကြတယ်။ အသက်ရှင်ဖို့ မျှော်လင့်ချက် အရိပ်အယောင်လေးကို မြင်တွေ့လိုက်ရလို့ ရခဲ့တဲ့ ပျော်ရွှင်သည့် ခံစားချက်တွေက တစ်ဖန် ပြန်လည် တည်ငြိမ်သွားခဲ့ပါပြီ။ အခုဆိုရင် အားလုံးက ဘေးပတ်ဝန်းကျင်ကို တည်တည်ငြိမ်ငြိမ်နဲ့ စစ်ဆေးလေ့လာနေခဲ့ကြတယ်။

မိစ္ဆာစိတ်ဝိဥာဉ် လှိုင်းက ဘယ်အချိန် အဆုံးသတ်မှန်း မသိတဲ့အတွက် သူတို့စိတ်ထဲ အနည်းငယ် နေမထိထိုင်မထိ ဖြစ်နေခဲ့ရပါတယ်။

လူအိုကြီးနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေကတော့ မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ ဆက်လက် တိုက်ခိုက်နေခဲ့တယ်။ သူတို့ရဲ့ ပြင်းထန်လှတဲ့ တိုက်ခိုက်မှုတွေ အောက်မှာပဲ မိစ္ဆာစိတ်ဝိဥာဉ်တွေက တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားခဲ့တယ်။ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်များစွာ ကျကျန်ခဲ့ပေမယ့် ဘယ်သူ့မှာမှ ကောက်ဖို့ အချိန်မရှိတဲ့အတွက် ထိုမိစ္ဆာစိတ်ဝိဥာည် အဆီအနှစ်တွေက အောက်ခြေမှာ ရှိတဲ့ အနက်ရောင်မိစ္ဆာချီထုရဲ့ စုပ်ယူဝါးမြိုခြင်းကို ခံလိုက်ရတယ်။

ရုတ်တရက် လူအိုကြီးရဲ့ အမူအရဦက ပြောင်းလဲသွားခဲ့ပြီး ဒေါသတကြီး အော်ဟစ်လိုက်တယ် “နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ၊ မင်းတို့ရဲ့ အဆောင်အစေခံတွေကို စတေးပစ်လိုက်တော့”

သူ့လေသံက ခက်ထန်နေခဲ့ကာ နည်းနည်းလေးတောင် ငြင်းဆန်ခွင့်မရှိတဲ့ လေသံမျိုးနဲ့ ပြောလိုက်တာပါ။

“အာ…” ယုချင်က တစ်ခဏတာလောက် အေးခဲသွားခဲ့ပြီး လူအိုကြီးကို စိတ်ရှုပ်ရှုပ်နဲ့ ကြည့်လိုက်တယ်။ လူအိုကြီးက ရုတ်တရက်ကြီး ဘာလို့ အခုလို ပြောလိုက်မှန်း သူတကယ်ကို မစဉ်းစားနိုင် ဖြစ်နေခဲ့ရပါတယ်။

“မင်းမသေချင်ရင် အခုပြ လုပ်လိုက်တော့” လူအိုကြီးက အလျင်စလို ထပ်ပြောလိုက်တယ်၊ သူ့အရှိန်အဝါကနေ အနည်ငယ်း ရန်လိုသည့်ပုံထင်ရသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။

“ဒါပေ…” ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို ယုချင် တကယ်ကို နားမလည်သေးပေမယ့် အခုအချိန်က အဆောင်အစေခံတွေကို စတေးလို့ကောင်းတဲ့ အချိန်မဟုတ်သေးဘူးဆိုတာကို သူနားလည်ထားပါတယ်။ သူတို့မှာ အခုတောင် လူက မလောက်နေတာကို၊ အဆောင်အစေခံကိုပါ စတေးလိုက်မယ် ဆိုရင်တောင့် သူတို့ရဲ့ ခံစစ်က လုံးဝကို ပေါက်ထွက်သွားတော့မှာပါ။

သူလည်း အဲ့လို ဖြစ်ပျက်သွားမှာကို တကယ်ကို မမြင်ချင်ပါဘူး။

“ဒီလူအိုကြီးက မင်းကို အသက်ရှုချိန် ၃ရှိုက်စာ အချိန်ပေးမယ်၊ အဲ့အချိန်အတွင်း အဆောင်အစေခံတွေကို မင်းတို့ မစတေးဘူးဆိုရင် ငါမင်းတို့ အားလုံးကို သတ်ပစ်မယ်” လူအိုကြီးက ခြိမ်းခြောက်လိုက်တယ်။

“စီနီယာအစ်ကို၊ ငါတို့ ဘာလုပ်သင့်လဲ” နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေထဲက တစ်ယောက် ပူပန်ကြောင့်ကြနေတဲ့ အမူအရာနဲ့ ယုချင်ကို မေးလိုက်တယ်။

“စတေးလိုက်” ယုချင်လည်း ဆက်ပြီး မတုန့်ဆိုင်းရဲတော့တဲ့အတွက် ဒေါသတကြီး အော်ပြောလိုက်တယ်။ သူတို့ အခုအချိန်အထိ အသက်ရှင်နေသေးတာက လူအိုကြီးက ရံဖန်ရံခါ သူတို့ကို ကာကွယ်ပေးနေတာကြောင့်ပါ။ လူအိုကြီးသာ သူတို့ကို ဆက်ပြီး မကာကွယ်ပေးတော့ဘူဆိုးရင် သူတို့အားလုံး ကျိန်သေ သေဆုံးသွားရပါလိမ့်မယ်။

သူတို့ရဲ့ အဆောင်အစေခံတွေကို မစတေးချင်ပေမယ့် သူ့မှာ ရွေးချယ်စရာမှ မရှိတော့တာ။

ယုချင်က အမိန့်ပေးလိုက်တာနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေက သူတို့ ရင်ဆိုင်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို အားကုန်သုံးပြီး ခပ်လှမ်းလှမ်း ရောက်သွားအောင် တွန်းထုတ်လိုက်တယ်။ ထို့နောက် သူတို့ မျက်ဝန်းထဲ ပြတ်သားသည့် အလင်းရောင်တို့ လက်သွားခဲ့ပြီး အဆောင်အစေခံ အသီးသီးကို လှမ်းဖမ်းကိုင် လိုက်ကြတယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ လန်ရှန်းက ဆက်ပြီး မကြည့်ရက်နိုင်တော့တဲ့အတွက် ချက်ချင်းပဲ အကြည့်လွှဲလိုက်ပြီး ကောင်ရုန်းနဲ့ ဟူညီအစ်မ နှစ်ယောက်ကို သူမနဲ့အတူ ဆွဲခေါ်သွားလိုက်ကာ “မကြည့်နဲ့တော့”

“အန်၊ ဘာဖြစ်လို့လဲ” ကျောင်းရုန်က သိလိုစိတ်နဲ့ မေးလိုက်တယ်။

ထိုအဆောင်အစေခံတွေကို စတေးပစ်တော့မယ်ဆိုရင် ဘာဖြစ်တော့မယ် ဆိုတာ သူတို့ သိပါတယ်။ ထို့ကြောင့် သူမက အခြားမိန်းကလေးတွေကို မကြည့်တော့ဖို့ ပြောလိုက်တာပါ။

ချန်ရီလည်း သက်ပြင်းဖျော့ဖျော့လေး ချလိုက်ပြီး သူ့မျက်လုံးထဲ သနားသည့် အရိပ်အယောင်တို့ လက်သွားခဲ့တယ်။ တစ္ဆေဘုရင်တောင်ကြားက တပည့်အများစုကလည်း ခေါင်းလေးငိုက်လိုက်ကြပြီး ချက်ချင်းပဲ အကြည့်လွှဲလိုက်ကြတယ်။

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေနဲ့ မကြာခဏ တိုက်ခိုက်ခဲ့ရပြီး အဆောင်အစေခံ တစ်ယောက်ချင်းစီနဲ့လည်း သူတို့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ထိုကံမကောင်းလှတဲ့ မိန်းမတွေကို သူတို့အနေနဲ့ မသနားပဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ထိုမိန်းမတွေက သူမတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို မဆုံးဖြတ်နိုင်တော့သည့် အပြင် သူမတို့က နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ လိုသလို အသုံးချနိုင်တဲ့ အရုပ်တွေ ဖြစ်နေတာပါ။

သူမတို့တွေက ကိုယ့်ကိုယ်ကို ဂရုမစိုက်တတ်တဲ့ လူတွေ မဟုတ်သလို ချို့ယွင်းပြီး မွေးဖွားလာခဲ့တဲ့ လူတွေလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူမတို့တွေ အကုန်လုံးက ဆေးကြောထားခြင်း ခံရပြီး နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားတွေရဲ့ အထူးကိရိယာတွေ၊ ဆေးတွေ၊ နည်းစနစ်တွေနဲ့ လေ့ကျင့်ခြင်းကို ခံလာခဲ့ရတာပါ။

မိန်းကလေး သုံးယောက်လည်း စပ်စုလိုစိတ်ကို မထိန်းနိုင်တော့တဲ့ အတွက် လှည့်ကြည့်လိုက်ကြတယ်။ လန်ရှန်းက မကြည့်နဲ့လို့ ပြောခဲ့ပေမယ့် ကျောင်းရုန်နဲ့ ဟူညီအစ်မ နှစ်ယောက်က လှည့်ကြည့်ဖြစ်အောင် လှည့်ကြည့်လိုက်ပါသေးတယ်။

ဒါပေမယ့် သူမတို့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မိန်းကလေးသုံးယောက်စလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားခဲ့တယ်။

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေနဲ့ အဆောင်အစေခံတွေက အနမ်းချင်း ဖလှယ်နေရင်း အဆောင်အစေခံ လေးယောက်ရဲ့ ခန္ဓာကိုယ်တွေက တုန်ရီလာခဲ့တယ်။ ထို့နောက် ပိုပြီး ပြင်းပြင်းထန်ထန် တုန်ရီလာခဲ့ပြီး သူ့မတို့ရဲ့ မျက်နှာလှလှလေးတွေက တဖြည်းဖြည်း ညိုးခြောက်လာခဲ့တယ်။

သူမတို့ရဲ့ ဆွဲဆောင်မှု ရှိလှတဲ့ ခန္ဓာကိုယ်တွေက အလွန်လျင်မြန်စွာဖြင့် ခြောက်သွေ့လာနေခဲ့တယ်.။ မျက်တောင် တစ်ခတ်အတွင်းမှာပဲ နှစ်ပေါင်းများစွာကို ကျော်ဖြတ်လိုက်ရသလို အဆောင်အစေခံတွေရဲ့ ခန္ဓာကိုယ်က အိုမင်းသွားခဲ့ကြတယ်။

အဆောင်အစေခံတွေရဲ့ အစစ်အမှန်ချီနဲ့ သွေးအဆီအနှစ်တွေက စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး သူမတို့ရဲ့ နှုတ်ခမ်းမှ တစ်ဆင့် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက တပည့်တွေရဲ့ ကိုယ်ထဲ စီးဆင်းသွားခဲ့တယ်။

ထိုကဲ့သို့ ဖြစ်သွားတာနဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေရဲ့ ဖြူလျော်နေတဲ့ မျက်နှာတွေက အရောင်ပြန်သန်းလာခဲ့တယ်။ အခုမှပဲ သူတို့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်လေးတွေက ပြည့်စုံလို့ သွားခဲ့ပါတယ်။

သူတို့ဆီကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါကလည်း လျင်မြန်စွာနဲ့ မြင့်တက်လာနေခဲ့ပါတယ်။

Martial Peak

အပိုင်း(၃၃၉) ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းရဲ့ တားမြစ်ပညာရပ်… ထိုမှတ်ဥာဏ်ဆေးခံထားရတဲ့ အဆောင်အစေခံတွေကို အသုံးပြုပြီးမှပဲ ထိုလူမဆန်သည့် သိုင်းပညာရပ်ကို အသုံးပြုနိုင်ပါတယ်။

ထိုပညာရပ်ကို “မိစ္ဆာ” ဆိုသည့် စကားလုံးနဲ့ ဖော်ပြလို့ မရတော့ပါဘူး။

လက်ဖက်ရည် တစ်ခွက်စာလောက် ကြာပြီးသည့် အချိန်မှာတော့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေရဲ့ အရှိန်အဝါက အထွတ်အထိပ်အထိ ရောက်ရှိသွားခဲ့တယ်။

သူတို့လက်ထဲက အဆောင်အစေခံတွေရဲ့ အသက်စွမ်းအင်နဲ့ အစစ်အမှန်ချီတွေက စုပ်ယူခြင်း ခံလိုက်ရတယ် ဆိုပေမယ့် ထိုကောင်စုတ်တွေကို ကြည့်နေတဲ့ သူမတို့ရဲ့ မျက်ဝန်းထဲ အဆုံးမရှိတဲ့ မြတ်နိုးနှစ်သက်မှုကို မြင်တွေ့နေရပါသေးတယ်။

နင်တို့တွေက အစေခံပဲ ဆိုတာကို သူမတို့ရဲ့ ဝိဥာဉ်တွေထဲမှာ တံဆိပ်ရိုက်နှိပ်ထားတာလေ။

ကျောင်းရုန်နဲ့ ဟူညီအစ်မနှစ်ယောက်တို့ရဲ့ ခန္ဓာကိုယ်ကနေ အစစ်အမှန်ချီစွမ်းအင်တို့ ထိန်းမရနိုင်ပဲ ပေါက်ကွဲထွက်လာခဲ့တယ်။ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေကို ကြည့်နေတဲ့ သူမတို့ရဲ့ အကြည့်တွေက မီးဟုန်းဟုန်း တောက်လို့ နေခဲ့တယ်။

သူမတို့တွေကလည်း မိန်းမတွေပါ။ ထိုအဆောင်အစေခံ မိန်းကလေးတွေ သနားစရာကောင်းစွာနဲ့ သေဆုံးသွားတာကို မြင်လိုက်ရတော့ သူမတို့လည်း ဒေါသထွက်မိတာ သဘာဝပါပဲ။

စတေးမှု ပြီးဆုံးသွားပြီးနောက် ယုချင်က ရယ်မောလိုက်ပြီး သူ့ရင်ခွင်ထဲမှာ ရှိနေတဲ့ ညိုးခြောက်နေတဲ့ ခန္ဓာကိုယ်ကြီးကို လွှတ်ချလိုက်တယ်။ တစ်ချက်ကလေးတောင် ငုံမကြည့်ခဲ့ပါဘူး။ ထိုညိုးခြောက်နေတဲ့ အလောင်းက စင်မြင့်ပေါ်ကနေ လှိမ့်ဆင်းသွားခဲ့ပြီး အနက်ရောင် မိစ္ဆာချီထုထဲ ပျောက်ကွယ်သွားခဲ့တယ်။

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေရဲ့ အရှိန်အဝါကလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့တယ်။ သူတို့ရဲ့ တိုက်ခိုက်မှုတွေက အခုဆိုရင် အရင်ကထက် နှစ်ဆအစွမ်း ထက်လာခဲ့ပါပြီ။ ဒါပေမယ့် လူအိုကြီးကို ကြည့်တဲ့ ယုချင်ရဲ့ အကြည့်ထဲ ဒေါသနဲ့ အမုန်းတရား အရိပ်အယောင် တစ်စွန်းတစ်စကို မြင်တွေ့နိုင်ပါတယ်။

တကယ့် အန္တရာယ်အများဆုံး အခိုက်အတန့်က မရောက်လာသေးတဲ့ အတွက် ထိုအဆောင်အစေခံတွေကို သူ မစတေးပစ်ချင်သေးပါဘူး။

ဒါပေမယ့် လူအိုကြီးက အတင်းအကြပ် လုပ်ခိုင်းတဲ့အတွက် သူ့မှာ ရွေးချယ်စရာ မရှိပဲ လုပ်ခဲ့ရပါတယ်။

လူအိုကြီးလည်း ယုချင်ရဲ အကြည့်ကို သတိပြုမိပါတယ်။ ဒါပေမယ့် ပျော်ရွှင်စွာနဲ့ ရယ်မောလိုက်ပြီး “မင်းက ရက်စက်ပြတ်သားတဲ့ လူတစ်ယောက်ဖြစ်မှန်း ဒီလူအိုကြီး သိသားပဲ။ အနာဂတ်ကျရင်၊ မင်းအနေနဲ့ အောင်မြင်ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်လာမှာ အသေအချာပဲ။ ကောင်စုတ်လေး၊ မင်းရဲ့ ဂျူနီယာ ညီမလေးတွေနဲ့ ဒီမှာ ခဏထိန်းထားလိုက်၊ ဒီလူအိုကြီးက လုပ်စရာရှိတာလေး သွားလုပ်လိုက်ဦးမယ်”

“ကောင်ပြီ” ယုချင်က ခေါင်းပဲ ညိတ်လိုက်တယ်။ ဘာလုပ်စရာ ရှိတာလဲ ဆိုတာကိုတော့ ထပ်မမေးခဲ့ပါဘူး။

အဲ့လိုနဲ့ လူအိုကြီးက လေပေါ်ပျံတက်လိုက်ပြီး စင်မြင့်ပေါ်ကနေ ထွက်ခွါသွားလိုက်တယ်။ သူ ပျံသန်းနေတဲ့အချိန် ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်တစ်ကောင် လူအိုကြီးနောက်ကို အရိပ်တစ်ခုပမာ ထပ်ကြပ်မခွါ လိုက်ပါနေခဲ့တယ်။

“သူဘာလုပ်ချင်နေတာလဲ” လူအိုကြီး မျက်နှာထက်က ကောက်ကျစ်သည့် အပြုံးကို သတိပြုမိလိုက်တာနဲ့ ချန်ရီက သုန်မှုန်စွာဖြင့် ပြောလိုက်တယ်။

လူအိုကြီးက ပျံသန်းနေရင်းနဲ့ ထိုခရမ်းရောင် စိတ်ဝိဥာဉ်ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့တယ်။

“ဒီလူအိုကြီး ရူးသွားတာလား” ချန်ရီက အထင်အမြင်သေးစွာနဲ့ ပြုံးလိုက်ပြီး “မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်ကို ငါ့တို့ မျှားခေါ်ဖို့ ဒီလောက်တောင် ကြိုးစားနေတယ် ဆိုတော့ အဲ့မိစ္ဆာစိတ်ဝိဥာဉ်က ငါတို့အကုန်လုံးကို သတ်နိုင်တယ်လို့ သူထင်နေတာလား”

“ဟားဟားဟား” ရတနာဂိုဏ်းက တပည့်ကတစ်ယောက်က ရယ်မောလိုက်ပြီး “အဲ့လူအိုကြီးက အချိန်ဖြုန်းနေတာပဲ။ မိစ္ဆာစိတ်ဝိဥာဉ်တွေက ညီအစ်ကိုရန်ရဲ့ အလင်းအကာအရံကို ထိလို့တောင် မရဘူးဆိုတာကို မသိဘူးလား”

ဘယ်သူကမှ အသံနှိမ့်ပြီး မပြောတဲ့အတွက် လူအိုကြီးက သူတို့ပြောတာတွေ အကုန်လုံးကို ကြားခဲ့ရပါတယ်။ ဒါပေမယ့် အဲ့လိုဆိုရင်တောင် လူအိုကြီးက ဒေါသမထွက်ခဲ့ပဲ လှောင်ပြုံးပြုံးရင်းနဲ့သာ ထိုမိစ္ဆာစိတ်ဝိဥာဉ်ကို ရန်ကိုင်တို့ အဖွဲ့ဆီ မျှားခေါ်သွားလိုက်တယ်။

လန်ရှန်းရဲ့ အေးစက်စက် မျက်ဝန်းထဲ အလင်းတစ်ချို့ လက်သွားခဲ့ပြီး တစ်ခုခု မူမမှန်တာကို သတိပြုမိလိုက်ကာ အားလုံးကို အော်ဟစ် သတိပေးလိုက်တယ် “သတိထား၊ သူတစ်ခုခု လုပ်ဖို့ကြံနေတာ”

ထောင်ရန်လည်း ခေါင်းညိတ်လိုက်ပြီး သတိချပ်ကာ လူအိုကြီးကို ကြည့်နေလိုက်တယ်။

တစ်ခဏကြာပြီးနောက် လူအိုကြီးနဲ့ မိစ္ဆာစိတ်ဝိဥာဉ်က ကျောက်တိုင်နား ရောက်လာခဲ့တယ်။ အလင်းအကာရံထဲမှာ ရှိနေတဲ့ လူအားလုံးကလည်း လိုအပ်ရင် ပြန်တိုက်နိုင်ဖို့အတွက် ကြိုတင် ပြင်ဆင်ထားလိုက်ကြတယ်။

“ဒီမှာ၊ မင်းတို့အတွက်လက်ဆောင်” လူအိုကြီး အသံအကျယ်ကြီးနဲ့ လှောင်ရယ်လိုက်ရင်း မိစ္ဆာစိတ်ဝိဥာဉ်ကို အလင်းအကာအရံဆီ ရိုက်ထုတ်လိုက်တယ်။ ထို့နောက် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းသားတွေ ရှိနေတဲ့ ကျောက်တိုင်ဆီ ချက်ချင်းပဲ ပြန်သွားလိုက်တယ်။

“စီနီယာ၊ စီနီယာခဏလောက် လွတ်လွတ်လပ်လပ် လှုပ်ရှားချင်လို့ ကျွန်တော်တို့ရဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေကို စတေးခိုင်းလိုက်တာလား” ယုချင်ရဲ့ အမူအရာက လုံးဝကို အရုပ်ဆိုးနေခဲ့တယ်။ သူ့အသံကလည်း မေးခွန်းထုတ်လိုသည့် လေသံတို့ ပါဝင်နေခဲ့တယ်။

“အင်း” လူအိုကြီးက ရိုးရိုးရှင်းရှင်းပဲ ခေါင်းညိတ်ပြလိုက်တယ်။

“ပြီးတော့ အဲ့အချိန်ခဏလေးက… အဲ့မိစ္ဆာစိတ်ဝိဥာဉ်ကို သူတို့တွေဆီ မျှားခေါ်သွားဖို့ အတွက်ပဲပေါ့” ယုချင် အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီး သူ့ရင်ဘတ်ဆို ဖောင်းလိုက်ပိန်လိုက် ဖြစ်နေခဲ့ပါတယ်။

လူအိုကြီးက သူတို့ရဲ့ အဆောင်အစေခံတွေကို အတင်းအကြပ် စတေးခိုင်းရတဲ့အထိ ဘာတွေများ ဖြစ်လို့လဲဆိုပြီး သူက စိုးရိမ်နေတာပါ။ ဒါပေမယ့် လူအိုကြီး မိစ္ဆာစိတ်ဝိဥာဉ်တစ်ကောင်ကို ရန်ကိုင်တို့ အဖွဲ့ဆီ မျှားခေါ်သွားဖို့ သက်သက်နဲ့ သူတို့ရဲ့ အဆောင်အစေခံတွေကို စတေးခိုင်းလိုက်မှန်း သိလိုက်ရချိန်မှာတော့ ယုချင်းလည်း အလွန်အမင်း ဒေါသထွက်သွားခဲ့ရတယ်။

အဲ့လိုလုပ်လိုက်တာ အဆောင်အစေခံ တစ်ယောက် စတေးတာနဲ့တောင် မကာမိပါဘူး။

“မင်းဘာပြောချင်လို့လဲ” လူအိုကြီးက ယုချင်ကို အေးစက်စက်နဲ့ ပြန်စိုက်ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက နိုင်လိုမင်းထက် ပြုမူလို့တဲ့ မောက်မာမှုတွေနဲ့ ပြည်နေခဲ့ပါတယ်။

“ဂျူနီယာ ဘာမှ မပြောချင်ပါဘူး” ယုချင်သွေးတို့ အေးစက်သွားရကာ သူ့ဒေါသကို ခပ်မြန်မြန်ပဲ ပြန်ဖိနှိပ် ထားလိုက်ရတယ်။ အဆောင် အစေခံတွေကို စတေးပစ်ပြီးနောက် သူတို့ ခွန်အားက မြင့်တက်လာတယ် ဆိုပေမယ့် လူအိုကြီးလို အင်မော်တယ် တက်လှမ်းခြင်း အဆင့်တစ်ယောက်ကိုတော့ ယှဉ်မတိုက်နိုင်သေးပါဘူး။

“ကောင်တယ်၊ စောင့်သာ ကြည့်နေလိုက်၊ မင်းတွေ့လိမ့်မယ်၊ သူတို့သာ ဒီလူအိုကြီးဆီကနေ အကူအညီ မတောင်းဘူးဆိုရင် မကြာခင်မှာပဲ သူတို့ဦးခေါင်းခွံနဲ့ မင်းအတွက် အိုးတစ်လုံး လုပ်ပေးရတာပေါ့” လူအိုကြီးက ကြိတ်ပြုံးပြုံးလိုက်တယ်။

ယုချင် ကြောင်သွားခဲ့ပြီး လူအိုကြီးက ရုတ်တရက် ဘာလို့ဒီလောက် ယုံကြည်ချက်တွေ ရှိနေလဲဆိုတာကို သူနားမလည်နိုင်အောင် ဖြစ်သွားခဲ့ရတယ်။

ထိုအချိန်၌ ရန်ကိုင်တို့အဖွဲ့ဆီ မျှားခေါ်လာခံရတဲ့ မိစ္ဆာစိတ်ဝိဥာဉ်က အလင်းအကာရံကို အဆက်မပြတ် တိုက်ခိုက်နေခဲ့တယ်။

ဒါပေမယ့် အလင်းအကာရံနဲ့ ထိတွေ့လိုက်တိုင်း ပြန်တွန်းထုတ် ခံလိုက်ရတယ်။ ပြင်းထန်တဲ့ အစစ်အမှန် ယန်ယွမ်ချီက ထိုမိစ္ဆာစိတ်ဝိဥာဉ်ရဲ့ တိုက်ခိုက်မှုတွေ အကုန်လုံးကို ပျက်ပျယ် သွားစေခဲ့တယ်။ ဒါပေမယ့် အရင် မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ မတူခြားနားစွာပဲ ထိုမိစ္ဆာစိတ်ဝိဥာဉ်က နောက်ပြန်မဆုတ်ခဲ့ပါဘူး။

အကြိမ်များစွာ ကျရှုံးသွားပြီး နောက်မှာတော့ ထိုမိစ္ဆာစိတ်ဝိဥာဉ်က အရင်လို မဆင်မခြင် မတိုက်ခိုက်တော့ပါဘူး။ အဲ့စား ကြည်လင်နေတဲ့ မျက်နှာနဲ့ အလင်းအကာရံထဲမှာ ရှိနေတဲ့ လူတွေကို စိုက်ကြည့်လိုက်ပြီး သူ့ပါးစပ်ကို ဖွင့်ကာ ပြင်းထန်စူးရှတဲ့ အသံနဲ့ အော်ဟစ်လိုက်တယ်။

ထိုအသံက စူးရှပြီး လူတိုင်းရဲ့ နားထဲ ပျံ့လွင့်သွားခဲ့တယ်။ အသံက သူတို့ခေါင်းထဲ ဝင်ရောက်သွားတာနဲ့ တောက်ပတဲ့ ခရမ်းရောင်ရောင်ခြည် စက်ကွင်းတစ်ခုက သူတို့ကို ဖုံးအုပ်သွားခဲ့တယ်။

လူတိုင်းက ထိုမိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အကျိုးသက်ရောက်မှု မရှိတဲ့ တိုက်ခိုက်မှုတွေကို ဇိမ်ပြေနပြေနဲ့ ထိုင်ကြည့်နေခဲ့ကြတာပါ။ ဒါပေမယ့် ရုတ်တရက်ကြီး အခုလိုမျိုး ပြောင်းလဲတိုက်ခိုက်မယ်လို့ သူတို့ထဲက ဘယ်သူမှ မထင်ထားခဲ့ပါဘူး။ သတိပြုမိလိုက်တယ် ဆိုရင်တောင် ကာကွယ်ဖို့တော့ နောက်ကျသွားခဲ့ပါပြီ။

ထိုခရမ်းရောင် ရောင်ခြည်စက်ကွင်းက သူတို့ကို ဖုံးလွှမ်းသွားချိန် အားလုံးရဲ့ အသိစိတ်တွေက တုန်ခါသွားခဲ့ပြီး သူတို့ တစ်ကိုယ်လုံးလည်း နုံးချိသွားခဲ့ရတယ်။ ကြမ်းပြင်ပေါ် လဲကျသွားတဲ့ လူအချို့တောင် ရှိပါသေးတယ်။

သန်းပေါင်းများစွာသော ပုရွက်ဆိတ်တွေက သူတို့စိတ်ကို ကိုက်ခဲနေသလို လူတိုင်း ခံစားလိုက်ရတယ်။

ဟူညီအစ်မ နှစ်ယောက် ပူးပေါင်းမှုတောင် ထိုတိုက်ကွက်ကို မခုခံနိုင်ခဲ့ပါဘူး။ အခုအချိန်၌ သူမတို့ရဲ့ မျက်နှာတွေက နာကျင်မှုကြောင့် ရှုံ့မဲ့နေခဲ့တယ်။

ရန်ကိုင် တစ်ယောက်ပဲ ဘာမှမဖြစ်ပဲ နေတာပါ။ အခြားသူတွေနဲ့ မတူတာက သူက ဝိဥာဉ်ကို စတင်ကျင့်ကြံနေပြီ ဖြစ်သလို ဝိဥာဉ်နန်းတော်ဆိုတဲ့ အကာအကွယ် ဝိဥာဉ်ပညာရပ် တစ်ခုကိုလည်း လေ့ကျင့်ထားပါသေးတယ်။ ထို့ကြောင့် သူအနေနဲ့ ထိုစိတ်ဝိဥာဉ် တိုက်ခိုက်မှုကို ခုခံနိုင်တာ ထူးဆန်းမနေခဲ့ပါဘူး။

“ဝိဥာဉ်ပညာရပ်ပဲ” ချန်ရီက အော်ဟစ်လိုက်တယ် “အဲ့ကောင် ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် တစ်ကောင်ပဲ”

အခုအချိန်၌ ထိုမိစ္ဆာစိတ်ဝိဥာဉ်က သာမန် မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ မတူဘူးဆိုတာကို အားလုံး သတိပြုမိလိုက်ပါပြီ။ သူတို့အားလုံးရဲ့ မျက်နှာတွေက ဖြူလျော်သွားကြပြီး ထိတ်လန့် တုန်လှုပ် ခြောက်ခြားစွာနဲ့ သူတို့ရှေ့မှာ ရှိနေသည့် မိစ္ဆာစိတ်ဝိဥာဉ်ကို စိုက်ကြည့်နေခဲ့ကြတယ်။

ဝိဥာဉ် အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်တွေက မိစ္ဆာလိုဏ်ဂူထဲမှာ ဆိုရင် အရမ်းကို ထူးခြားတဲ့ တည်ရှိမှုတွေလို့တောင် ပြောလို့ရပါတယ်။

ထိုကောင်တွေက သာမန် မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ ပုံစံတူပေမယ့် သူတို့တွေက ဝိဥာဉ် ပညာရပ်တွေကို အသုံးပြုနိုင်ကြပါတယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်အောက်က ကျင့်ကြံသူတွေသာ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်နဲ့ သွားတိုးမယ် ဆိုရင် သူတို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိပါတယ်။

ပြေးမလား… သေမလား…

ဒါပေမယ့် အခုအချိန်က ထွက်ပြေးလို့ ကောင်းတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ယှဉ်တိုက်မယ် ဆိုရင်လည်း ကိုယ့်ကိုယ်ကို သက်သေတာနဲ့ အတူတူပါပဲ။

မိစ္ဆာလိုဏ်ဂူထဲမှာ မိစ္ဆာစိတ်ဝိဥာဉ်တွေက အရမ်းကို ရှားပါးပါတယ်။ သူတို့ရှေ့က အဖြစ်အပျက်ကိုပဲ ဥပမာကြည့်ကြည့်ပါ။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းဆီ အပြေးအလွှား လာနေကြတဲ့ မိစ္ဆာစိတ်ဝိဥာဉ် များစွာ ရှိနေပေမယ့် ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ဆိုလို့ အခုအချိန်ထိ တစ်ကောင်ပဲ ပါလာပါသေးတယ်။ ထိုအချက်ကို ကြည့်ရုံနဲ့တင် ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်တွေ ဘယ်လောက်တောင် ရှားပါးလဲ ဆိုတာကို မြင်တွေ့နိုင်ပါတယ်။

မိစ္ဆာလိုဏ်ဂူကို ပထမဆုံး လာတဲ့ အကြိမ်မှာပဲ မိစ္ဆာစိတ်ဝိဥာဉ်စမ်းနဲ့ တိုးမယ်လို့ ဘယ်တုန်းကမှ အိမ်မက် မမက်ဖူးသလို ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်နဲ့ တွေ့ရလိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။

ဒါပေမယ့် အခုတော့ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်နဲ့ သူတို့ တွေ့နေရပါပြီ။

ရန်ကိုင်က သူ့ကို ကူညီဖို့ ငြင်းဆန်ခဲ့လို လူအိုကြီးက ရည်ရွယ်ချက် ရှိရှိနဲ့ ထိုမိစ္ဆာစိတ်ဝိဥာဉ်ကို သူတို့ဘက်ဆီ မျှားခေါ်လာခဲ့တာပါ။

လူအိုကြီးကို လှည့်ကြည့်လိုက်တဲ့အချိန် ရန်ကိုင်ရဲ့ မျက်ဝန်းအစုံက အေးစက်စက် အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။

ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို သူမကြောက်ပါဘူး။ ဒါပေမယ့် သူတစ်ယောက်ပဲ မကြောက်တာလေ။ အဖွဲ့ထဲမှာ သူ့အပြင် မကြောက်တဲ့လူ ဘယ်သူရှိသေးလို့လဲ။ ထိုမိစ္ဆာစိတ်ဝိဥာဉ် အသုံးပြုလိုက်တဲ့ ဝိဥာဉ်ပညာရပ်က ဧရိယာ အကျိုသက်ရောက်မှု ရှိတဲ့ ဝိဥာဉ်ပညာရပ် တစ်ခုပါ။

ဆိုလိုတာကတော့ ဒီအတိုင်းသာ ဆက်သွားမယ် ဆိုရင် ရန်ကိုင်က လွဲပြီး ကျန်တဲ့လူတွေ အကုန်လုံးရဲ့ စိတ်ဝိဥာဉ်က အနှေးနဲ့အမြန် ဖျက်စီးခြင်း ခံလိုက်ရမှာပါ။ ရလဒ်အနေနဲ့ သူတို့သေရင်သေ၊ မသေရင် အရူးတစ်ယောက် ဖြစ်သွားပါလိမ့်မယ်။

“မြန်မြန်” ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်က သူ့ပါးစပ်ကို နောက်တစ်ကြိပ် ထပ်ဖွင့်လုပ်နေတာကို မြင်တော့ ချန်ရီက အလျင်စလို အော်ဟစ်လိုက်တယ် “တစ်ယောက်ယောက်မှာများ ဝိဥာဉ်အကာအကွယ် ရတနာလေး ဘာလေးများ မရှိကြဘူးလား”

အားလုံးရဲ့အကြည့်က ထောင်ရန်ဆီ တစ်ပြိုင်တည်း ရောက်ရှိလို့သွားခဲ့တယ်။

တစ္ဆေဘုရင်တောင်ကြား တပည့်တွေက မိစ္ဆာလိုဏ်ဂူထဲ မဝင်ခင် ကြိုတင်ပြင်ဆင် လာခဲ့ကြပေမယ့် ဝိဥာည်အမျိုးအစား လက်နက်တွေက ဝိဥာဉ် ပညာရပ်တွေလိုပဲ အရမ်းကို ရှားပါးလှပါတယ်။ ပြီးတော့ ဝိဥာဉ်ပညာရပ်တွေကို ကာကွယ်နိုင်ဖို့ ဆိုရင် ဝိဥာဉ်အကာအကွယ် လက်နက်ရဲ့ အဆင့်ကလည်း မြင့်နေဖို့ လိုပါသေးတယ်။

တစ္ဆေဘုရင်တောင်ကြား တပည့်တွေထဲမှာ ထိုကဲ့သို့ လက်နက်မျိုးကို ကိုင်ဆိုင်ထားနိုင်တဲ့ လူတစ်ယောက်မှ မရှိပါဘူး။

ရတနာဂိုဏ်းက ဖြစ်တဲ့ ထောင်ရန်မှာသာ ဝိဥာဉ် အကာအကွယ် လက်နက် တစ်ခု မရှိခဲ့ရင် ဘယ်သူမှာမှာ ရှိတော့လိမ့်မှာ မဟုတ်ပါဘူး။

ရန်ကိုင်က ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို မကြောက်သေပေမယ့် သူ့ကိုယ်သူပဲ ကာကွယ်နိုင်တာပါ။ စင်မြင့်ပေါ်မှာ လူတွေက အများကြီးပဲ ရှိနေပါတယ်။ ပြီးတော့ ထိုမိစ္ဆာစိတ်ဝိဥာဉ်ရဲ့ ဝိဥာဉ်ပညာရပ်က ဧရိယာလိုက်ကို ထိတာပါ။ ရန်ကိုင်လည်း အခုအခြေအနေကို မကိုင်တွယ်တတ်အောင် ဖြစ်နေခဲ့တယ်။

ကံကောင်းစွာနဲ့ ထောင်ရန်က အားလုံး ခန့်မှန်းထားသလိုပဲ ချမ်းသာလှပါတယ်။ သူ့အိတ်ထဲကနေ လက်စွပ်တစ်ကွင်းကို ထုတ်လိုက်ပြီး ထိုလက်စွပ်ထဲ အစစ်အမှန်ချီကို အလျင်အမြန် ထည့်သွင်းလိုက်တယ်။

ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကလည်း ဝိဥာဉ်ပညာရပ်ကို နောက်တစ်ကြိမ် ထပ်မံ အသုံးပြလိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ ခရမ်းရောင် ရောင်ခြည်စက်ကွင်း တစ်ခု နောက်တစ်ကြိမ် ထပ်ပေါ်လာပြီး အားလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။

ဒါပေမယ့် ထောင်ရန်ရဲ့ လက်စွပ်ဆီကနေ လှိုင်တွန့်လေးတွေ ထွက်ပေါ်လာခဲ့ပြီး ထိုရောင်ခြည်စက်ကွင်းနဲ့ ထိပ်တိုက် တွေ့သွားခဲ့တယ်။

လက်နက်ဆီက လှိုင်းတွန့်တွေနဲ့ ခရမ်း‌ရောင် ရောင်ခြည်စက်ကွင်းတို့ ထိပ်တိုက်တွေ့သွားတာနဲ့ လှိုင်းတွန့်လေးတွေက ချက်ချင်းပဲ ပျက်စီးပျောက်ကွယ်သွားခဲ့ကာ ခရမ်းရောင် ရောင်ခြည်စက်ကွင်း ကတော့ သိသိသာသာကို မှိန်ကျသွားခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ ခရမ်းရောင် ရောင်ခြည်စက်ကွင်းက လုံးဝ ပျောက်ကွယ်သွားခြင်း မရှိခဲ့ပါဘူး။

ထောင်ရန်ရဲ့ အကာအကွယ် အမျိုးအစား ဝိဥာဉ်လက်နက်က ဝိဥာဉ် အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ တိုက်ခိုက်မှုကို အပြည့်အဝ မခုခံနိုင်ခဲ့ပါဘူး။

အားလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့ပြီး နောက်ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်သွားခဲ့တယ်။

ထောင်ရန် ထုတ်ယူလိုက်တဲ့ အကာအကွယ် အမျိုးအစား ဝိဥာဉ် လက်နက်ရဲ့ ကောင်းကျိုးက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် သုံးလိုက်တဲ့ ဝိဥာဉ်ပညာရပ်ရဲ့ စွမ်းအားကို သူတို့တွေ တောင့်ခံနိုင်တဲ့အထိ လျှော့ချပေးနိုင်ခြင်းပါပဲ။

ဒါပေမယ့် ဒါက ရေရှည်အတွက် အဖြေတစ်ခု မဟုတ်သေးပါဘူး။ ဝိဥာဉ် ဒဏ်ရာရတယ်ဆိုတာ ပေါ့သေးသေး ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် သူတို့အတွက် ပြဿနာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။

“အားလုံးကို တောင်းပန်ပါတယ်။ ငါ့မှာလဲ ဒီတစ်ခုပဲ ရှိတယ်” ထောင်ရန်က ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို စိုက်ကြည့်ရင်း အပြစ်ရှိသလို ခံစားရသည့် လေသံနဲ့ ပြောလိုက်တယ်။

“ညီအစ်ကိုထောင်ကလည်း ဘာလို့ တောင်းပန်နေတာလဲ။ အခုကိစ္စက ညီအစ်ကိုထောင်ရဲ့ အပြစ်မှ မဟုတ်တာ။ ညီအစ်ကိုထောင် ကြောင့်သာ မဟုတ်ရင် ဒီတစ်ကြိမ် တိုက်ခိုက်မှုကို ငါတို့တွေ တောင့်ခံနိုင်မှာ မဟုတ်ဘူး” ချန်ရီက နှစ်သိမ့်ပေးလိုက်တယ်။

“အင်း” ချန်ရင်လည်း ခေါင်းညိတ်လိုက်ပြီး “ဒါပေမယ့် နောက်ဘာဆက် လုပ်ရမလဲဆိုတာကို ငါတို့ ကြိုတွေးထားရင် ကောင်းလိမ့်မယ်”

ထောင်ရန်ရဲ့ လက်နက် အကူအညီနဲ့တောင် အများဆုံးမှ နာရီဝက်လောက်ပဲ သူတို့ ဆက်ပြီး တောင့်ခံနိုင်မှာပါ။

ရန်ကိုင်က ဘာမှဝင်မပြောခဲ့ပဲ လူအိုကြီးကိုသာ အေးစက်စက် အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။

ရန်ကိုင်တို့ ပျာယာခတ်နေတာကို ကြည့်ရင် လူအိုကြီးက ဝါးလုံးကွဲ အော်ဟစ် ရယ်မောလိုက်တယ်။ သူ့ကြည့်ရတာ အရမ်း ကျေနပ်နေတဲ့ ပုံပါပဲ။

သူ့ရယ်သံကြီးကို ကြားလိုက်တာနဲ့ အားလုံးက မကျေမနပ်နဲ့ အံကြိတ်လိုက်ကြတယ်။ ထိုလူအိုကြီး သောက်ကျင့်ယုတ်တာ‌ ကြောင့်သာ မဟုတ်ရင် ရန်ကိုင်ရဲ့ အလွှာ၂၀ အလင်းအကာအရံ အကူအညီနဲ့ အခုအချိန်လောက်ဆို သူတို့ အေးအေးဆေးဆေး နေနေလို့ရပါပြီ။ ဒါပေမယ့် လူအိုကြီး သောက်ကျင့် ယုတ်လိုက်တာကြောင့် ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်က သူတို့ကို လာတိုက်ခိုက်နေခဲ့ကာ အားလုံးလည်း ဘာလုပ်ရ ဘာကိုင်ရမှန်း မသိဖြစ်ပြီး ကူကယ်ရာ မဲ့နေခဲ့ကြရတယ်။

“ခွေးသူတောင်းစားကြီး” ကျောင်းရုန်က ရက်ရက်စက်စက် ကျိန်ဆဲလိုက်တယ်။ သူမဆဲတာကို လူအိုကြီး ကြားကြား၊ မကြားကြား သူမ ဂရုမစိုက်တော့ပါဘူး။

“မိတ်ဆွေလေး” လူအိုကြီးက မိစ္ဆာစိတ်ဝိဥာဉ်များစွာကို အဝေးကို တွန်းထုတ်လိုက်ရင်း ပျော်ရွှင်စွာနဲ့ ရန်ကိုင်ကို လှမ်းအော်ခေါ် လိုက်တယ် “အခုကြည့်၊ မင်းတို့ အဖွဲ့သားတွေ အကုန်လုံး ဒုက္ခရောက်နေကြပြီ။ ငါတို့လည်း အခု ဒုက္ခရောက်နေတယ် ဆိုတော့ အတူတူ ပူးပေါင်းကြရင် မကောင်းဘူးလား”

“ခင်ဗျား ဘယ်လိုလုပ်ချင်လို့လဲ” ရန်ကိုင်က မထူးခြားနားသည့် ဟန်ဖြင့် မေးလိုက်တယ်။

“ရှင်းပါတယ်၊ မင်းတို့နေရာက အကာအရံလိုမျိုး အကာအရံ တစ်ခုကို ဒီနေရာမှာ လာပြီး ကာရံပေး၊ ငါက အဲ့ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်နဲ့ မင်းတို့အစား ရင်ဆိုင်ပေးမယ်၊ အဲ့ကောင် မင်းတို့ မရင်ဆိုင်နိုင်တာက မင်းတို့ထဲက ဘယ်သူမှ အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကို မရောက်သေးလို့လေ။ ဒါပေမယ့် ငါက မင်းတို့နဲ့ မတူဘူး။ ဒီလူအိုကြီးက သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူး။ ငါက အင်မော်တယ် တက်လှမ်းခြင်းအဆင့်၅ကို ရောက်ထားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ အဲ့ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်နဲ့ ရင်ဆိုင်ရတာက နည်းနည်းလေးတော့ ကရိကထ များတယ်ဆိုပေမယ့် အဲ့ကောင်ကို သတ်ဖို့ကတော့ အရမ်းကြီး မခက်ခဲပါဘူး။ ကဲ ဘယ်လိုလဲ၊ အခုလို ပူးပေါင်းတာက နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိတယ်မလား”

Martial Peak

အပိုင်း(၃၄၀) ကိုယ့်ပျက်ကိန်း ကိုယ်ဖန်တီးတာ

လူအိုကြီး ပြောတာကို ကြားလိုက်သည့်အချိန် ရုတ်တရက် သူတို့ တစ်ခုခုကို နားလည်သွားလိုက်တယ်။

ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို သူတို့ဆီ မျှားခေါ်လာတာက ရန်ကိုင်ကို သူတို့အတွက် အကာအရံ ဆောက်ပေးအောင် တွန်းအားပေးချင်လို့ကိုး။ ရန်ကိုင်သာ သူတို့အတွက် အကာအရံ တည်ဆောက်ပေးခဲ့ရင် လူအိုကြီး ရင်ဆိုင်နေရတဲ့ ဖိအားကလည်း တော်တော်လေး လျော့ကျသွားပါလိမ့်မယ်။

အဲ့အချိန်က သူလည်း ရန်ကိုင်တို့ အဖွဲ့လိုမျိုး ကျောက်တိုင်ပေါ်က စင်မြင့်ထက်၌ အေးအေးသက်သာနဲ့ ထိုင်နေနိုင်လေပြီ။

မိစ္ဆာစိတ်ဝိဥာဉ်တွေ ပျောက်ကွယ်သွားတဲ့အထိ သူတို့ တောင့်ခံနိုင်မယ်ဆိုရင် ဒီနေရာကနေ အသက်ရှင်လျှက် အေးအေးဆေးဆေး လမ်းလျှောက်ထွက်သွားနိုင်ပါလိမ့်မယ်။

လူအိုကြီးက ရန်ကိုင်တို့ အဖွဲ့ရဲ့ အင်အားကို အားကိုးနေ ရသောကြောင့်သာ မဟုတ်ရင် ဘာလို့ အခုလိုကောက်ကျစ်တဲ့ နည်းလမ်းကို အသုံးပြုမှာလဲ။ ရန်ကိုင် အကာအရံကို ဆောက်ကတည်းက ရန်ကိုင်တို့ နေနေတဲ့ ကျောက်တိုင်ပေါ်က စင်မြင့်ကို အတင်းအကြပ် လုယူလိုက်မှာပေါ့။

ထိုလူအိုကြီးရဲ့ အစီအစဉ်က တော်တော်လေး ကောင်းမွန်တာကို ရန်ကိုင် ဝန်ခံရပါမယ်။

ယုချင်နဲ့ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက လူတွေက ထိုရုတ်ချည်း ပြောင်းလဲသွားတဲ့ ဒရမ်မာဆန်ဆန် မြင်ကွင်းကို မြင်တွေ့လိုက်ရတာနဲ့ ဝါးလုံးကွဲ အော်ဟစ် ရယ်မောလိုက်ပြီး “စီနီယာက တကယ်ကို သဘောထားကြီးတဲ့ လူပဲ။ ဒီဂျူနီယာက စီနီယာကို တကယ်ပဲ လေးစားမိသွားပြီ”

အစောပိုင်းတုန်းက လူအိုကြီးရဲ့ အပြုအမူနဲ့ ပက်သက်ပြီး ယုချင်အနေနဲ့ ဒေါသလည်း ထွက်မိသလို စိတ်လည်း ရှုပ်သွားခဲ့ရပါတယ်။ ဒါပေမယ့် လူအိုကြီးက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ တည်ရှိမှုကို အစကတည်းက သတိပြုမိပြီး အခုလို ဖြစ်လာဖို့အတွက် အစကတည်းက စီစဉ်နေတာကို ယုချင် နားလည်သွားခဲ့တယ်။

ထို့ကြောင့်ပဲ သူ့အစီအစဉ်ကို အကောင်အထည် ဖော်ဖို့အတွက် အချိန်လုံလုံလောက်လောက် ရအောင် ယုချင်နဲ့ သူ့ဂိုဏ်းတူ ညီအစ်ကိုတွေရဲ့ အဆောင်အစေခံတွေကို စတေးခိုင်းလိုက်တာပါ။

“ဟားဟားဟား၊ ဒီလူအိုကြီးက တိုက်ပွဲများစွာကို ဘာအရည်အချင်းမှ မရှိပဲ အသက်ရှင်လျှက် ကျော်ဖြတ်လာနိုင်ခဲ့တာ မဟုတ်ဘူးကွဦ မင်းတို ဒီလူအိုကြီးဆီကနေ ကောင်းကောင်း သင်ယူသင့်တယ်” လူအိုကြီးက မိစ္ဆာဆန်ဆန် ပြုံးလိုက်တယ်။ သူ့ရဲ့ ဂျူနီယာလေးယောက်ကလည်း ပျော်ရွှင်စွာနဲ့ အားပေးအားမြှောက် ပြုလိုက်ကြတယ်။

တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေကတော့ မျက်မှောင် ကြုံ့မိနေခဲ့တယ်။ သူတို့အားလုံးက အလွန်အမင်း ဒေါသထွက်နေခဲ့ပေမယ့် ဘာမှ ပြန်မပြောနိုင်ခဲ့ကြပါဘူး။

“မိတ်ဆွေလေး၊ မင်းဆုံးဖြတ်ပြီးပြီလား” ရန်ကိုင်က သူ့တောင်းဆိုချက်ကို ကျိန်းသေလက်ခံလိမ့်မယ်လို့ လူအိုကြီးက အပြည့်အဝ ယုံကြည်ထားပါတယ်။ ထို့ကြောင့် အလျင်မလိုပဲ အေးအေးဆေးဆေးနဲ့ ရန်ကိုင်နဲ့ ကျန်တဲ့လူတွေက သူ့ဆီကနေ အကူအညီလာတောင်းမှာကို အေးအေးဆေးဆေး စောင့်နေခဲ့တယ်။

သူ့အမြင်အရဆိုရင် ထိုအစစ်အမှန်ဒြပ်စင်အဆင့် ကျင့်ကြံသူ တစ်သိုက်အနေနဲ့ မသေချင်ရင် အနှေးနဲ့အမြန် သူ့ဆီ ကျိန်းသေ လာအကူအညီ တောင်းရပါမယ်။ ဝိဥာဉ်ကိုလည်း မလေ့ကျင့်ရသေးသလို အကာအကွယ် ဝိဥာဉ် ရတနာကလည်း တစ်ခုတည်းပဲ ရှိတော့ သူတို့သာ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် သိပ်မကြာခင်မှာပဲ အားလုံးက ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကြောင့် အရူးဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သေသွားရပါလိမ့်မယ်။

အချိန်နည်းနည်း ပိုကြာသွားရင် သူတို့ရဲ့ ဝိဥာဉ်တွေက ပိုပြီးပြင်းပြင်းထန်ထန် ဒဏ်ရာရပါလိမ့်မယ်။ အဲ့အချိန်ကျ လူအိုကြီးက ရန်ကိုင်တို့ဆီကနေ သူလိုချင်သလောက် ညစ်ထုတ်လို့ ရပါပြီ။ ထို့ကြောင့် အလျင်မလိုပဲ ရန်ကိုင်တို့ သူ့ဆီကနေ အကူအညီ လာတောင်းမှာကို ဇိမ်ပြေနပြေနဲ့ စောင့်နေတာပါ။

ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။

ယုချင်ကတော့ လူအိုကြီးကို တိုးတိုးလေး ပြောလိုက်တယ် “စီနီယာ၊ သူတို့ အကူအညီ လာတောင်းရင် နောက်ထပ် အခြေအနေ တစ်ရပ်ပါ ထပ်ပေါင်းထည့်ပေးလို့ ရမလားဆိုတာ ကျွန်တော်သိချင်တယ်”

မျက်ခုံးပင့်လိုက်ပြီး လူအိုကြီးက သိချင်စိတ်နဲ့ မေးလိုက်တယ် “အို၊ ဘယ်လို အခြေအနေ မျိုးလဲ”

ယုချင်ရဲ့ အကြည့်က ဟူညီအစ်မနှစ်ယောက်ဆီ ချက်ချင်းပဲ ရောက်ရှိသွားခဲ့တယ်။ သူ့မျက်ဝန်းအစုံ ယုတ်မာကောက်ကျစ်သည့် အရိပ်အယောင်တို့ လက်သွားခဲ့ပြီး သူ့ နှုတ်ခမ်းကို သပ်လိုက်ရင်း “အဲ့အမွှာနှစ်ယောက်ကို ကျွန်တော်တို့ဆီ ပေးခိုင်းလိုက်လို့ ရမလား”

လူအိုကြီးက ယုချင်ကို အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်တယ်။ နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းရဲ့ အဆောင်အစေခံတွေ အကြောင်းကို သူကောင်းကောင်း သိထားသလို အဆောင်အစေခံတွေမှာ အဆင့်တွေ ရှိတယ်ဆိုတာကိုလည်း သူသိထားပါတယ်။ ထိုအမွှာနှစ်ယောက်ကိုသာ အဆောင်အစေခံအဖြစ် ပြောင်းပစ်လိုက်မယ် ဆိုရင် နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ယောကျ်ားလေး တပည့်တွေအတွက် တော်တော်လေး အထောက်အကူ ဖြစ်သွားမှာပါ။ ယုချင်က ထိုနှစ်ယောက်ကို ဘာလို့ လိုချင်နေရတာလဲဆိုတာ နားလည်ဖို့ မခက်ပါဘူး။

နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက အဖွဲ့သားတွေက ထိုညီအစ်မ နှစ်ယောက်အား အန္တရာယ်တွေကို လျစ်လျူရှုပြီး မိစ္ဆာလိုဏ်ဂူထဲအထိ လိုက်လံ ဖမ်းဆီးခဲ့တာပါ။ ထိုအချက်ကို ကြည့်ရုံနဲ့တင် ထိုညီအစ်မ နှစ်ယောက်ကို သူတို့ ဘယ်လောက်တောင် လိုချင်နေလဲဆိုတာ သိနိုင်ပါတယ်။

“အဲ့ဒါက အကြံကောင်း မဟုတ်လောက်ဘူး” လူအိုကြီးက မျက်မှောင်ကြုံ့လိုက်တယ်။ ရန်ကိုင်တို့ အဖွဲ့သားတွေရဲ့ ခွန်အားကို သူအရမ်းကြီး အလေးအနက် မထားပေမယ့် အခုအချိန်၌ ရန်ကိုင် အကူအညီကို သူလိုအပ်နေပါတယ်။ သူသာ လွန်လွန်ကဲကဲ တောင်းဆိုလိုက်ရင် ဆန်လည်းဆုံး၊ ကြက်လည်းဆုံး ဘဝ ရောက်သွားရပါလိမ့်မယ်။

“စီနီယာသာ ကူညီပေးမယ်ဆိုရင် နောက်ထပ် အဆောင်အစေခံ လေးယောက် ထပ်ပေးမယ်၊ အဲ့လိုဆို အဆင်ပြေလား” ယုချင်က တိုးတိုးလေး ပြောလိုက်တယ်။

“အဲ့လိုဆိုရင်တော့ စဉ်းစားလို့ ရသေးတယ်…” လူအိုကြီးက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး “ကောင်းပြီ၊ အဲ့မှာ ရှိနေတဲ့ မိန်းမတွေ အားလုံးကို မင်းတို့ရအောင် ဒီလူအိုကြီး ကူညီပေးမယ်၊ ဒါပေမယ့် အဆောင်အစေခံ လေးယောက်ကတော့ မလုံလောက်ဘူး၊ ဒီလူအိုကြီးကို နောက်ထပ် အဆောင်အစေခံ ရှစ်ယောက် ထပ်ပေးမှ အဆင်ပြေလိမ့်မယ်၊ သဘောတူလား”

“အဆောင်အစေခံ ရှစ်ယောက်က အရမ်းများလွန်းတယ်၊ အမွှာနှစ်ယောက်က အဆောင်အစေခံ လေးယောက်နဲ့ လုံးဝကို ထိုက်တန်တယ်။ ဒါပေမယ့် ကျန်တဲ့ မိန်းမ နှစ်ယောက်က… အားလုံးအတွက် စီနီယာကို နောက်ထပ် အဆောင်အစေခံ ခြောက်ယောက် ထပ်ပေးမယ်၊ အဲ့ထက်တော့ ပိုမပေးနိုင်တော့ဘူး” ယုချင် မျက်နှာထက် စိတ်ပျက်နာကျင်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့တယ်။

“ကောင်ပြီလေ၊ အဲ့လိုဆိုလည်း ခြောက်ယောက်ပေါ့။ မှတ်ထားနော်၊ မင်းအခု ဒီလူအိုကြီးကို အဆောင်အစေခံ ခြောက်ယောက် အကြွေးတင်နေပြီ” လူအိုကြီးက ပြုံးလိုက်ပြီး ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။

“ဂျူနီယာ မှတ်ထားပါတယ်” ယုချင်က ခေါင်းညိတ်လိုက်တယ်။ ဒီတစ်ကြိမ် ဆွေးနွေးညှိုနှိုင်းတာနဲ့ ပက်သက်ပြီး သူတော်တော်လေး ကျေနပ်မိပါတယ်။ ထို့နောက် အပြုံးတစ်ခုကို ခပ်မြန်မြန်ပဲ ဆင်မြန်းလိုက်ပြီး “စီနီယာက အားကောင်းတဲ့ ပညာရှင် တစ်ယောက်ဖြစ်ပေမယ့် အလှလေးတွေကိုတောင် စိတ်မဝင်စားဘူး”

သူသာ မိန်းမလှလေးတွေကို ဂရုစိုက်ရင် ဟိုဘက်က မိန်းမလေးယောက်ကို ယုချင်ထံ အလွယ်လေး လွှဲပေးလိုက်လိမ့်မှာ မဟုတ်ပါဘူး။

တစ်ဖက်ကျောက်တုံး စင်မြင့်ပေါ်မှာ ရှိနေတဲ့ အမွှာနှစ်ယောက်က ပြောစရာ မလိုလောက်အောင် နိုင်ငံတစ်နိုင်ငံကို သူမတို့ရဲ့ အလှနဲ့တင် ပျက်စီးစေနိုင်တဲ့ မိန်းမလှလေး နှစ်ယောက်ပါ။ သူမတို့ နှစ်ယောက်နောက်မှာတော့ လန်ရှန်းပါ။ လန်ရှန်းက တော်တော်လေး လှပတယ်လို့ ပြောလို့ရပါတယ်။ နောက်ဆုံး မိန်းကလေး တစ်ယောက်တော့ အရှေ့သုံးယောက်ထက် မချော၊ မလှပပေမယ့် သူမကိုယ်ပိုင် အလှနဲ့တော့ လှနေပါသေးတယ်။

ဒါပေမယ့် လူအိုကြီးက အထင်အမြင်သေး၊ မောက်မာစွာနဲ့ ပြန်ပြောလိုက်တယ် “အလှလေးတွေလား။ မင်းတို့လို လူငယ် ကောင်စုတ်လေးတွေရဲ့ ခေါင်းကပဲ အဲ့လိုအတွေးတွေနဲ့ ပြည့်နေတာ။ ဒီလူအိုကြီးရဲ့ ခွန်အားနဲ့ ဆိုရင် ငါသာ မိန်းမတစ်ယောက်ကို လိုချင်တယ်ဆိုရင် ဘယ်လိုမိန်းမျိုးကို ငါမရနိုင်လို့လဲ”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ စီနီယာပြောတာ မှန်ပါတယ်” ယုချင်က ပုတ်သင်ညိုလို ခေါင်းညိတ်ပြလိုက်တယ်။ လူအိုကြီးက ပိုပြီးရက်ရော သဘောကောင်းလာတယ်လို့ ယုချင် ရုတ်တရက် တွေးမိလိုက်တယ်။

ထို့နောက် တစ်ဖက်ကျောက်တိုင် စင်မြင့်ပေါ်က မိန်းကလေး လေးယောက်ကို နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းဆီ ပြန်ခေါ်သွားပြီး သူ့ရဲ့ သစ္စာရှိ အဆောင်အစေခံအဖြစ် လုပ်ပစ်လိုက်တာကို တွေးရင် ယုချင် အူမြူးနေခဲ့တယ်။

ဒီတစ်ကြိမ် ဆွေးနွေးညှိုနှိုင်းမှု အပြီးမှာတော့ လူအိုကြီးရော၊ ယုချင်ပါ ပျော်နေခဲ့ကြတယ်။ လူအိုကြီးရဲ့ ဂျူနီယာ လေးယောက်လည်း ပျော်နေခဲ့ကြတယ်။

ဘာလို့လဲ ဆိုတော့ လူအိုကြီးသာ အဆောင်အစေခံ ၁၄ယောက် ရမယ်ဆိုရင် သူတို့ တစ်ယောက်ချင်းစီကလည်း ဆုလာဒ်အဖြစ် အဆောင်အစေခံ တစ်ယောက်စီကို လက်ခံရရှိမှာ ဖြစ်တာကြောင့်ပါ။

အဆောင်အစေခံတွေ… သူတို့က သခင်တွေရဲ့ အိပ်ရာကို နွေးထွေးအောင် လုပ်ပေးနိုင်ရုံမကလို့ အရေကြုံရင်လည်း သူတို့ကိုယ်သူတို့ စတေးပြီး သခင်တွေရဲ့ ခွန်အားကို တစ်ဟုန်ထိုး တိုးတက်သွားအောင် လုပ်ပေးနိုင်တယ်လေ။ ဘယ်သူကများ အဲ့လို အရေးပါတဲ့ ပစ္စည်းတစ်ခုကို မလိုချင်ရမှာလဲ။

သူတို့မှာသာ အဆောင်အစေခံ တစ်ယောက် ရှိနေမယ်ဆိုရင် နောင်ပိုင်းကျ သူတို့ အထီးကျန်နေစရာ လိုတော့မှာ မဟုတ်ပါဘူး။

“မိတ်ဆွေလေး၊ မင်းတို့ကို သတိမပေးလို့ ဆိုပြီး ဒီလူအိုကြီးကို အပြစ်မတင်နဲ့နော်၊ မင်းတို့သာ ငါနဲ့ မပူးပေါင်းဘူးဆိုရင် မင်းနဲ့ မင်းမိတ်ဆွေတွေ အားလုံး သေရလိမ့်မယ်” လူအိုကြီးက အောင်နိုင်သူ အပြုံးကို ဆင်မြင်ရင်း ရန်ကိုင်ကို လှမ်းသတိပေးလိုက်တယ်။

“စီနီယာ စိုးရိမ်ဖို့ မလိုပါဘူး” ရန်ကိုင်က မထူးခြားနားသည့် ဟန်ဖြင့် ပြန်ပြောလိုက်တယ်။

“ဟတ်၊ မင်းကြည့်ရတာ ငါရဲ့ ကြင်နာမှုကို တန်ဖိုးမထား တတ်တဲ့ပုံပဲ” လူအိုကြီးရဲ့ အမူအရာက ရှုံ့မဲ့သွားခဲ့ပြီး ရန်ကိုင်ကို လှောင်ပြောင် ပြောဆိုလိုက်တယ် “မင်းဒီလူအိုကြီးဆီကနေ အကူအညီ မတောင်းသရွေ့၊ ငါကလည်း လုံးဝကို ကူညီမှာ မဟုတ်ဘူး”

ရန်ကိုင်က လူအိုကြီးကို ဆက်ပြီး အာရုံမစိုက်တော့ပဲ အလွှာ၂၀ အလင်းအကာအရံ အပြင်ဘက်မှာ ရှိနေတဲ့ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို စိုက်ကြည့်လိုက်တယ်။

ရတနာဂိုဏ်းက တပည့်သုံးယောက်က နဂါးငါးကောင် တံဆိပ်တော်ကို ကိုင်ရင်း စိုးရိမ်ပူပန်စွာနဲ့ ပြင်ဆင်နေခဲ့ကြတယ်။

ယုချင်က လူအိုကြီးနဲ့ ဆွေးနွေးနေတဲ့အချိန် ရန်ကိုင်တို့ အဖွဲ့ကလည်း နောက်ဘာဆက်လုပ်ရမလဲ ဆိုတာကို ဆွေးနွေးနေခဲ့ကြတာပါ။

“ညီအစ်ကိုရန်၊ မင်းသေချာလား” ထောင်ရန်က စိုးရိမ်စွာနဲ့ မေးလိုက်ပြီး သူ့ရဲ့ အကာအကွယ် ဝိဥာဉ်လက်စွပ်ကို ရန်ကိုင်ဆီ လှမ်းပေးလိုက်ကာ “ညီအစ်ကိုရန် သွားမယ်ဆိုရင် ဒါကိုပါ တစ်ခါတည်း ဝတ်သွားသင့်တယ်”

“ဟုတ်တယ်၊ လိုရမယ်ရပေါ့…” လန်ရှန်းလည်း သဘောတူလိုက်တယ်၊ ဒါပေမယ့် သူမရဲ့ မျက်ခုံးအစုံးက တင်းတင်းကြပ်ကြပ် ပူးကပ်နေခဲ့ပါတယ်။

ရန်ကိုင်က အပြင်ထွက်ပြီး ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို သွားသတ်ချင်တယ်လို့ ပြောတုန်းက အားလုံး အံ့အားသင့်သွား ခဲ့ကြရတယ်။ ရန်ကိုင် ရူးနေတယ်လို့တောင် အားလုံး ထင်သွားခဲ့ကြရတဲ့အထိပါ။ ဟူညီအစ်မ နှစ်ယောက်ဆိုရင် အလွန်အမင်း ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်ကို ထိုကဲ့သို့ မလုပ်ဖို့ကိုတောင် အတန်တန် ဖြောင်းဖြလိုက်ပါသေးတယ်။

ဟူမေးအာရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ မျက်ဝန်းလေးတွေဆို မျက်ရည်လေးတွေနဲ့ ဝဲတက်လို့ နေခဲ့ပါတယ်။

“စိတ်မပူပါနဲ့၊ ငါ့မှာလည်း ငါ့နည်းငါ့ဟန်နဲ့ ရှိပါတယ်။ အဲ့ကောင်ကို အနိုင်မယူနိုင်ရင်တောင် ပြန်ဆုတ်လာနိုင်ပါသေးတယ်” ရန်ကိုင်က ဘာမှမထူးခြားသည့် ဟန်ပန်နဲ့ ပြောလိုက်တယ်။

“ကောင်းပြီ၊ မင်းသေချာ ဂရုစိုက်ဦးနော်” ချန်ရီက ပြောလိုက်တယ်။

ရန်ကိုင်ကလည်း ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်က သူ့ပါးစပ်ကို နောက်တစ်ကြိမ် ဖွင့်လိုက်ပြီး ဝိဥာဉ်ပညာရပ်ကို နောက်တစ်ကြိမ် အသုံးပြုဖို့ ပြင်ဆင်လိုက်တယ်။

“အခုပဲ” ရန်ကိုင်က အော်ဟစ်မာန်သွင်းလိုက်ပြီး အလင်းအကာအရံ ထဲကနေ ပြေးထွက်သွားလိုက်တယ်။

ရတနာဂိုဏ်းက တပည့်သုံးယောက်ကလည်း သူတို့ရဲ့ အစစ်အမှန်ချီကို နဂါးငါးကောင် တံဆိပ်တော်ထဲ အလျင်အမြန် ဖြည့်သွင်းလိုက်တယ်။

နဂါးငါးကောင်က အလင်းကြိုးတန်းတွေကို မှုတ်ထုတ်လိုက်ပြီး ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို နေရာကနေ လှုပ်မရအောင် ချုပ်နှောင်ထားလိုက်တယ်။

သူ့ရဲ့ ယန်ချီနဲ့ ဓါးတက်လက် ဖန်တီးလိုက်ပြီး လျှပ်စီးတမျှ မြန်ဆန်သည့် အမြန်နှုန်းဖြင့် မိစ္ဆာစိတ်ဝိဥာဉ်ဆီ ပြေးဝင်သွားလိုက်ပြီး ခရမ်းရောင်ရောင်ခြည် စက်ဝန်းကို ပိုင်းချလိုက်တယ်။

ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ ဝိဥာဉ်တိုက်ခိုက်မှုကို တန်ပြန် တိုက်ခိုက်ဖို့အတွက် ထောင်ရန်က အကာအကွယ် ဝိဥာဉ်လက်စွပ်ကို အသက်သွင်းလိုက်တယ်။

“မြန်လိုက်တာ” အသက်တစ်ရှိက်စာ အတွင်းမှာပဲ ရန်ကိုင်က ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် နားရောက်ရှိသွားခဲ့ပြီး သူ့ရဲ့ ယန်ချီဓါးနဲ့ မိစ္ဆာစိတ်ဝိဥာဉ်ကို အချက်ပေါင်းများစွာ တိုက်ခိုက်ပြီးတာကို မြင်လိုက်ရချိန်မှာတော့ ချန်ရီလည်း အံ့အားသင့်စွာနဲ့ ပြောမိလိုက်တယ်။

ထိုရုတ်တရက် တိုက်ခိုက်မှုကို ကြုံတွေ့လိုက်ရပြီးနောက် မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ အော်သံက ပိုပြီး ပြင်းထန်လာခဲ့ကာ ခရမ်းရောင် ရောင်ခြည်စက်ကွင်းတွေလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ထောင်ရန်လည်း အကာအကွယ် ဝိဥာဉ်လက်နက်ကို ထပ်ခါထပ်ခါ အသက်သွင်းနေခဲ့ပြီး နောက်ဆုံး တောင့်ခံနိုင်ရုံလေးသာ တောင့်ခံနိုင်တဲ့အထိ ဖြစ်သွားခဲ့ရတယ်။

သူ့မျက်နှာက ချက်ချင်းပဲ ဖြူလျော်သွားခဲ့ပြီး သွေးတစ်ပွက် အန်လိုက်ရကာ မြေကြီးပေါ် လဲကျသွားခဲ့တယ်။

အနားမှာ ရှိနေတဲ့ ချန်ရီက အကာအကွယ် ဝိဥာဉ်လက်နက်ကို ခပ်မြန်မြန်ပဲ ကောက်ယူလိုက်ပြီး ထောင်ရန်နေရာကို ဝင်ယူလိုက်တယ်။

“သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတာလား” လူအိုကြီးက ရန်ကိုင်ရဲ့ ရဲတင်းလှတဲ့ အပြုအမူကို မြင်တွေ့လိုက်ရချိန် မှာတော့ သူ့မျက်ဝန်းအစုံက မှေးကျဉ်းသွားခဲ့ပြီး အံ့အားသင့်စွာနဲ့ ပြောလိုက်တယ်။

ပုံမှန်သာဆိုရင် ရန်ကိုင် သေသေ၊ ရှင်ရှင် သူဂရုစိုက်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်၌ ရန်ကိုင်သာ သေသွားခဲ့ရင် သူ့အတွက် အလင်းအကာအရံကို ဖန်တီးပေးမယ့်လူ ရှိတော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် ရန်ကိုင်က ဘေးမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးကို လျစ်လျူရှုထားခဲ့ပြီး ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကိုသာ သည်းကြီးမည်းကြီး တိုက်ခိုက်နေခဲ့တယ်။

အသက်ရှုရှိုက်စာ အကြိမ်အနည်းငယ် အတွင်းမှာပဲ ဝိဥာည်အမျိုးအစား မိစ္ဆာစိတ်ဝိဥာည်ရဲ့ ကိုယ်ရောင်က သိသိသာသာ မှိန်ကျသွားခဲ့တယ်။

ဒါပေမယ့် ထိုကောင်ရဲ့ ခွန်အားက သာမန် ခရမ်းရောင် မိစ္ဆာစိတ်ဝိဥာဉ်ထက် ပိုပြီး သန်မာပါတယ်။ ထို့ကြောင့် ရန်ကိုင့် အစစ်အမှန်ယန်ယွမ်ချီရဲ့ ထိန်းချုပ်ကန့်သတ် ဖိနှိပ်ခြင်းကို ခံနေရတယ်ဆိုရင်တောင် အချိန်တိုအတွင်း ထိုကောင်ကို သတ်ပစ်ဖို့က တော်တော်လေး ခက်ခဲနေပါသေးတယ်။

“ငါတို့ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး” ကျောင်းရုန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး နောက်တစ်ခဏအတွင်းမှာပဲ သူမနဲ့ ရတနာဂိုဏ်းက တပည့်တွေအားလုံးရဲ့ မျက်နှာတွေ ဖြူလျော်သွားခဲ့ကြပြီး နဂါးငါးကောင် တံဆိပ်တော်ရဲ့ အရောင်အဝါလည်း ချက်ချင်းပဲ မှိန်ကျသွားခဲ့တယ်။

ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို ချုပ်နှောင်ထားခဲ့ ကြိုးတွေလည်း ချက်ချင်းပဲ ပျက်စီးသွားခဲ့ပါတယ်။

လွတ်လပ်မှုကို ပြန်ရတာနဲ့ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်က ပိုပြီး ပြင်းထန် ကြမ်းရမ်း လာခဲ့တယ်။ သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့နေခဲ့ပြီး ရန်ကိုင်ဆီ ခရမ်းရောင် အလင်းတန်း တစ်ခုကို ပစ်လွှတ်လိုက်တယ်။

အချိန်မှီ မရှောင်တိမ်းနိုင်တာနဲ့ ခရမ်းရောင် အလင်းတန်းက ရန်ကိုင်ကို ထိမှန်သွားခဲ့တယ်။ ထိုခရမ်းရောင် အလင်းတန်းက သူ့စိတ်ထဲကို ထိုးဖောက် ဝင်ရောက်သွားခဲ့တယ်။

ပြင်းထန်တဲ့ နာကျင်မှုက သူ့ခေါင်းထဲ ပျံ့နှံ့လာခဲ့တယ်။ ထို့ကဲ့သို့ တစ်ယောက်တည်းကို ဦးတည်တိုက်ခိုက်လာတဲ့ တိုက်ခိုက်မှုမျိုးကို သူ့ရဲ့ ဝိဥာဉ်နန်းတော်ကလည်း အကာအကွယ် မပေးနိုင်တော့ပါဘူး။

သူ့ရဲ့ ဝိဥာဉ်နန်းတော်က အသေးစား ပြီးမြောက်ခြင်းအဆင့်ကို ရောက်ရှိထားပြီး သူ့အသိစိတ်ပင်လယ် တစ်ခုလုံးကို ဝန်းရံထားခဲ့ပေမယ့် ထိုအချိန်အခိုက်တန့်တွင် ဝိဥာဉ်နန်းတော်၌ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားခဲ့တယ်။

ရန်ကိုင် အမူအရာ တောင့်တင်းသွားခဲ့ပြီး သူ့လက်နှစ်ဖက်ကလည်း အေးခဲသွားခဲ့ပြီး ဘေးနှစ်ဖက်ဆီ တွဲကျသွားခဲ့တယ်။ ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်က ရန်ကိုင်ဆီကို ပြေးဝင်တိုက်ခိုက်လိုက်တယ်။

မိစ္ဆာစိတ်ဝိဥာဉ်က ရန်ကိုင့်ရင်ဘတ်ကို သူ့လက်သည်းတွေနဲ့ ကုတ်ဆွဲလိုက်တာနဲ့ ရန်ကိုင် ဝတ်ရုံက ပေါက်ပြဲသွားခဲ့ပြီး သူ့ရင်ဘတ်နေရာမှလည်း သွေးတွေပန်းထွက်လာခဲ့တယ်။

“ညီအစ်ကိုရန်…” အကာအရံထဲမှာ ရှိနေတဲ့ လူတွေက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြတယ်။ သူတို့ရဲ့ မျက်နှာက တုန်လှုပ်ခြောက်ခြားမှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

“ဟန့်၊ ကိုယ်သေလမ်း ကိုယ်ရှာနေတာပဲ” လူအိုကြီးက အေးစက်စက်နဲ့ နှာခေါင်းရှုံ့လိုက်တယ်။ သူ့ မျက်နှာ တစ်ခုလုံးက ရှုံ့မဲ့လို့ နေခဲ့ပါတယ်။

သူ့ကျောက်တိုင်က စင်မြင့်ပေါ်မှာ ရန်ကိုင်ကို အလင်းအကာအရံ ဆောက်ခိုင်းစေချင်လို့ ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ကို ရန်ကိုင်တို့ဆီ မျှားခေါ်သွားခဲ့တာပါ။ ဒါပေမယ့် ထိုလူငယ်လေးရဲ့ ခေါင်းမာမှုကို သူအထင်သေးမိခဲ့ပါတယ်။ အခုတော့ အဖြစ်အပျက်တွေက သူထင်မှတ်ထားတာတွေနဲ့ တစ်ခြားစီ ဖြစ်ကုန်ခဲ့ပါပြီ။

ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်တစ်ကောင်ရဲ့ အထူးစွမ်းရည် တစ်ခုဖြစ်တဲ့ အားကောင်းလှသည့် ပစ်မှတ်တစ်ခုတည်းကိုသာ ဦးတည်တိုက်ခိုက်သော စိတ်ဝိဥာဉ် တိုက်ခိုက်မှုကို ခံရမယ်ဆိုရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အသိစိတ်တောင် ပျက်စီးသွားရမှာပါ။

ရန်ကိုင်က အစစ်အမှန်ဒြပ်စင်အဆင့်၅ပဲ ရှိသေးတဲ့ ကျင့်ကြံသူတစ်ယောက်ပါ… သူဘယ်လိုလုပ်ပြီး အသက်ရှင်နိုင်ပါတော့မလဲ။

သူ့ထိုက်နဲ့သူ့ကံပဲ လူအိုကြီးက လှောင်ပြောင်လိုက်တယ်။ သူ့အနေနဲ့ နည်းနည်းလေးတောင် မပျော်နိုင်ပဲ နောင်တတောင် ရမိလိုက်ပါသေးတယ်။

ရန်ကိုင် သေသွားပြီ ဖြစ်တဲ့အတွက် သူ့အခြေအနေက ပိုပြီး ပြဿနာရှိလာပါပြီ။

“အား” ရန်ကိုင်က ရုတ်တရက် အော်ဟစ်လိုက်ပြီး လွင့်ပျံထွက်သွားတဲ့ သူ့ခန္ဓာကိုယ်က လေထဲမှာတင် တန့်သွားခဲ့ပြီး ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်ရဲ့ တိုက်ခိုက်မှုကို အလျင်စလို ရှောင်တိမ်းလိုက်တယ်။

အေးမြတဲ့ ခံစားချက် အထိအတွေ့ တစ်ခုက သူ့ခေါင်းထဲ စီးဝင်လို့ လာခဲ့တယ်။ ဝိဥာဉ်ကြာပန်းက သူ့အသက်ကို နောက်တစ်ကြိမ် ကယ်သွားခဲ့ပြန်ပါပြီ။

“မဖြစ်နိုင်ဘူး” လူအိုကြီးက ထိတ်လန့်တကြား အော်ဟစ်လိုက်တယ်။ သူကိုယ်တိုင်က အင်မော်တယ် တက်လှမ်းခြင်း အဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေတာနဲ့အညီ ရန်ကိုင်ကို ထိမှန်သွားတဲ့ စိတ်ဝိဥာဉ် တိုက်ခိုက်မှုက ဘယ်လောက်တောင် ပြင်းထန်လဲဆိုတာ သူကောင်းကောင်း သိပါတယ်။

ရန်ကိုင်နေရာမှာ သူဆိုရင်တောင် ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ထိပ်တိုက် မရင်ဆိုင်ရဲပါဘူး။ ဒါပေမယ့် သူ့ရှေ့မှာ ရှိနေတဲ့ လူငယ်လေးက ထိုတိုက်ခိုက်မှုကို ထိမှန်သွားပြီးတာတောင် ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ။

တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက လူတွေလည်း အခုမှပဲ စိတ်သက်သာရာ ရသွားခဲ့ကြတယ်။ ရန်ကိုင်မှာ အဆင့်မြင့်တဲ့ ဝိဥာဉ်အကာအကွယ် လက်နက် တစ်ခုခု ရှိနေလို့ပဲ ထိုစိတ်ဝိဥာဉ် တိုက်ခိုက်မှုကနေ အသက်ရှင်သန်နိုင်ခဲ့တာလို့ အားလုံး တွေးလိုက်ကြတယ်။

ဒါပေမယ့် ထိုအဆင့်မြင့်တဲ့ အကာအကွယ် ဝိဥာဉ်လက်နက်က သူ့တစ်ယောက်တည်းကိုပဲ ကာကွယ်နိုင်တာကိုလည်း အားလုံး နားလည်လိုက်ကြတယ်။ မဟုတ်ရင် အစကတည်းက ရန်ကိုင်က သူ့လက်နက်ကို ထုတ်သုံးခဲ့မှာပေါ့။

“ပြန်ချုပ်နှောင်လိုက်” ရန်ကိုင်က ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ်နဲ့ တိုက်ခိုက်ရင်း သူ့နောက်က‌ လူတွေကို လှမ်းအော်လိုက်တယ်။

“ကောင်းပြီ” လန်ရှန်းနဲ့ ဟူညီအစ်မ နှစ်ယောက် ကျောင်းရုန်ဘေးနား ရောက်လာပြီး နဂါးငါးကောင် တံဆိပ်တော်ကို ကောက်ယူလိုက်ကာ သူတို့ရဲ့ အစစ်အမှန်ချီကို တံဆိပ်တော်ထဲ ဖြည့်သွင်းလိုက်ကြတယ်။

All Chapters