← Chapters

အခန်း (၃၄၆-၃၅၀)

Vol. 14 Ch. 346-350

အခန်း (၃၄၆-၃၅၀)

Vol. 14 Ch. 346-350

အပိုင်း (၃၄၆) ပြဿနာ အသစ်နဲ့တော့ အခြေအနေတွေ ပိုရှုပ်ထွေး သွားခဲ့လေပြီ

အချိန်က အလွန်အမင်း နှေးကွေးစွာနဲ့ ကုန်ဆုံးနေခဲ့တယ်။

သေခြင်းတရားနဲ့ ခြေတစ်လှမ်းလောက်ပဲ ကွာတော့တဲ့ အချိန်မှာတော့ သူတို့အားလုံး မယုံကြည်နိုင်လောက်အောင်ကို လေးနက်လာခဲ့ကြတယ်။ အားလုံးရဲ့ နှလုံးခုန်သံတွေက မြန်ဆန်နေခဲ့ပြီး ချွေးအေးတို့ကလည်း သူတို့ နဖူးထက်မှ စီးကျလို့ နေခဲ့တယ်။

အားလုံးရဲ့ စိတ်အာရုံ အလုံးစုံကတော့ အစစ်အမှန်ယန်ယွမ်ချီနဲ့ ဖန်တီးထားတဲ့ အလင်းအကာအရံ တွေပေါ်မှာ ရှိနေခဲ့တယ်။

အလင်းအကာအရံ တစ်ခု ကျိုးပျက်သွားတိုင်း အားလုံးရဲ့ စိတ်နှလုံးအစုံက ပိုပို လေလံလာခဲ့တယ်။

လိုဏ်ဂူတစ်ခုလုံးကို မိစ္ဆာချီစွမ်းအင်တွေ ဖုံးလွှမ်းပြီး သိပ်မကြာခင်မှာပဲ အလင်းအကာအရံ အခု၂၀စလုံး ကျိုးပျက်သွားခဲ့တယ်။ ဒါပေမယ့် ရန်ကိုင်က အလင်းအကာအရံ အသစ်တွေကို ကြိုတင်ကာရံထားတဲ့အတွက် အားလုံး သေဘေးကနေ ကင်းလွတ်ခဲ့ရတယ်။

လိုဏ်ဂူတစ်ခုလုံး မိစ္ဆာချီတွေနဲ့ ပြည့်စဉ်နေစဉ်၊ မိစ္ဆာစိတ်ဝိဥာဉ်တွေ ကလည်း ဦးတည်ချက် မဲ့စွာနဲ့ သွားလာနေတုန်း အောက်ခြေမှ အေးစိမ့်လှသည့် ယင်ချီတို့ ထွက်ပေါ်လာခဲ့တယ်။

အပူအချိန်က လျင်မြန်စွာ ကျဆင်းသွားခဲ့တယ်။

အလင်းအကာရံထဲမှာ ရှိနေတဲ့ လူအားလုံးက အစစ်အမှန်ဒြပ်စင် အဆင့် ကျင့်ကြံသူတွေ ချည်းပါပဲ။ သူတို့ရဲ့ အစစ်အမှန်ချီနဲ့သာ သူတို့ကိုယ်သူတို့ ကာကွယ်ထားလိုက်မယ်ဆိုရင် သာမန် အအေးဓါတ်လောက်က သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့် အခုအချိန်၌ ကျင့်ကြံခြင်းအဆင့် အနည်းငယ် နိမ့်ကျတဲ့ လူတွေရဲ့ ဆံပင်က အအေးဓါတ်ကြောင့် အေးခဲလာနေခဲ့ပြီး သူတို့ အသက်ရှုလိုက်တိုင်း ရေခဲငွေ့တို့ ထွက်လာနေခဲ့တယ်။

သူတို့ထဲ၌ အသန်မာဆုံးတောင် အေးစိမ့်သလို ခံစားလာခဲ့ရပါတယ်။ အအေးဓါတ်ကို လုံးဝမမှုတဲ့ ရန်ကိုင်ကလွဲလို့ ကျန်တဲ့လူတွေ အကုန်လုံး အအေးဒဏ်ကို ခံစားနေခဲ့ကြရပါတယ်။

အလင်းအကာအရံ အပြင်ဘက်ရှီ မိစ္ဆာချီပင်လယ်လည်း လူတိုင်းရဲ့ ဝိဥာဉ်ကို အေးခဲသွားစေနိုင်သည့် အေးခဲငရဲ အဖြစ်သို့ ပြောင်းလဲသွားသလားတောင် ထင်မှတ် ရပါတယ်။

ဒုတ်… ဒုတ်… မိစ္ဆာစိဝိဥာဉ်စမ်းဆီကနေ ထွက်ပေါ်နေတဲ့ နှလုံးခုန်သံက ဘယ်တော့မှ ရပ်တန့်မသွားခဲ့ပဲ တဖြည်းဖြည်းနဲ့ ပိုပို ကျယ်လောင်လာခဲ့ကာ နောက်ဆုံးမှာတော့ နှလုံးခုန်သံ တစ်ချက် မြည်ဟီးသွားတိုင်း ရန်ကိုင်တို့ ရပ်နေတဲ့ ကျောက်တိုင် တစ်ကြိမ် တုန်ခါသွားခဲ့တယ်။

ပွက်… ပွက်… ပွက်…

ယင်ချီပူပေါင်းတွေက တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားခဲ့ပြီး အမျိုးမျိုးသော အေးစက်စက် အနက်ရောင် မိစ္ဆာချီတွေကို ပရမ်းပတာ ဖြစ်သွားစေခဲ့တယ်။

အစစ်အမှန် ယန်ယွမ်ချီ အလွှာတစ်လွှာ ပျက်စီးသွားတိုင်း ရန်ကိုင် အမူအရာက ပိုပို သုန်မှုန်လာခဲ့တယ်။

ခဏကြာပြီးနောက် မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ အူတိုင်ဆီမှ တရစပ်နှလုံးခုန်သံတို့ ထါက်ပေါ်လာခဲ့တယ်။

ထိုနှလုံးခုန်သံ ထွက်ပေါ်လာတာနဲ့ အရာအားလုံး တိတ်ဆိတ်သွားခဲ့တယ်။

အားလုံးက စိုးရိမ်ကြောင့်ကြ နေသည့် အမူအရာနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တယ်။ သူတို့ မျက်ဝန်းထဲ ဘာတွေ ဖြစ်နေလို့ ဖြစ်နေမှန်း မသိသည့် အရိပ်အယောင်တို့ကိုလည်း အထင်းသား မြင်တွေ့နေခဲ့ရတယ်။

ဒါပေမယ့် ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို အဖြေမထုတ် နိုင်သေးခင်မှာပဲ ထိတွေ့မိသူတိုင်းကို အေးခဲတောင့်တင်း သွားစေနိုင်တဲ့ ကိုးထပ်မြောက် ငရဲကမ္ဘာက ဖြစ်တည်လာသည့် အရိုးကွဲမတတ် အေးစိမ့်လှသည့် ယင်ချီကို သယ်ဆောင်ရင်း

ထာဝရနှင်းဖုံးနေတဲ့ နှင်းဖုံးတောင်တွေဆီက အေးခဲလေပြင်းတွေနှင့် အလားသဏ္ဏာန် တူညီသည့် အေးစက်စက် စွမ်းအင်လှိုင်းလုံးကြီးက အလင်းအကာရံကို ရိုက်ခတ်လာခဲ့တယ်။

ခရက်…

အစစ်အမှန်ယန်ယွမ်ချီနဲ့ ဖန်တီးထားတဲ့ အလင်းအကာရံက ချက်ချင်းပဲ အေးခဲသွားခဲ့တယ်။ အကာအရံထဲ ရှိနေတဲ့ လူအားလုံး မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်အောင် ဖြစ်ပျက်သွားခဲ့ရတယ်။ ရန်ကိုင်ရဲ့ သန့်စင်လှတဲ့ အစစ်အမှန် ယန်ယွမ်ချီ အကာအရံက ထိုယွမ်ချီတွေနဲ့ ထိတွေ့မိတာနဲ့ ချက်ချင်းပဲ အေးခဲခံလိုက်ရတယ်။ ဘယ်လိုဟာသလဲ… ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါပေမယ့် အမှန်တရားကတော့ အားလုံးရဲ့ မျက်စိရှေ့ ဖြစ်ပျက်နေခဲ့ပါတယ်။

အေးစိမ့်လှသည့် ယင်ချီအပြင် မိစ္ဆာချီတွေကပါ အလင်းအကာရံကို တိုက်ခိုက်နေတဲ့အတွက် ထိုအစစ်အမှန် ယန်ယွမ်ချီ အကာအရံတွေက အရင်ထက် နှစ်ဆအမြန်နှုန်းဖြင့် ပျက်စီးလာခဲ့တယ်။

“မကောင်းတော့ဘူး” ချန်ရီက ခါးသီးမှုတို့ ပြည့်လျမ်းနေသည့် မျက်ဝန်းအစုံဖြင့် လျင်မြန်စွာ ပျက်စီးကျိုးပျက်နေသည့် အကာအရံတွေကို ကြည့်ရင်း ရေရွတ်လိုက်တယ်။

အားလုံးရဲ့ စိတ်ထဲ ငါတို့သာ ဆက်ပြီး တောင့်ခံနိုင်ရင် အသက်ရှင်နိုင်သေးတယ် ဆိုတဲ့ မျှော်လင့်ချက် အရိပ်အယောင်တို့ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ထိုရုတ်တရက် ပြောင်းလဲမှုကြောင့် အားလုံးရဲ့ မျှော်လင့်ချက် အရိပ်အယောင်လေးတွေ ကြေမွ ပျက်စီးသွားခဲ့ရတယ်။ ကောင်းကင်ကြီးက သူတို့ကို စွန့်ပစ်လိုက်တယ်လို့ အားလုံး ခံစားလိုက်ရတယ်။

သူ့အသံ မပျောက်ကွယ် သေးခင်မှာပဲ ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိစ္ဆာချီတွေ အကုန်လုံး မိစ္ဆာစိတ်ဝိဥာဉ်စမ်း အူတိုင်ဆီ ရုတ်တရက် ပြန်စီးဝင်ကုန်ခဲ့ကြတယ်။ မိစ္ဆာချီထဲ သွားလာနေသည့် မိစ္ဆာစိတ်ဝိဥာဉ်တွေတောင် မိစ္ဆာစိတ်ဝိဥာဉ်စမ်း အူတိုင်ဆီ စုပ်ယူခံလိုက်ရပါတယ်။

မိစ္ဆာစိတ်ဝိဥာဉ်စမ်းဆီကနေ မိစ္ဆာချီတွေ စီးထွက်မလာတော့ပဲ မိစ္ဆာစိတ်ဝိဥာဉ်စမ်းက မိစ္ဆာလိုဏ်ဂူထဲမှာ ရှိတဲ့ အရာအားလုံးကို စုပ်ယူဝါးမြိုနေခဲ့တယ်။

မရေမတွက်နိုင်တဲ့ စူးရှတဲ့ အော်ဟစ်သံတွေက လိုဏ်ဂူထဲ ပဲ့တင်ထပ်နေခဲ့တယ်။

ကျောက်တိုင်ပေါ်က စင်မြင့်ပေါ်၌ ရှိနေသည့် ရန်ကိုင်တို့ကြောင့် ထိုစုပ်အားကို ခံစားလိုက်ရတယ်။ ဒါပေမယ့် အလင်းအကာအရံက ထိုစုပ်ယူအား တော်တော်များများကို ခုခံပေးထားတဲ့အတွက် သူတို့ထဲက ဘယ်သူမှ မိစ္ဆာစိတ်ဝိဥာဉ်စမ်းထဲ စုပ်ယူခြင်း မခံလိုက်ရပါဘူး။

သူတို့သာ အစစ်အမှန်ချီကို လှည့်ပတ်ထားသရွေ့ ကျန်ရှိနေတဲ့ စုပ်ယူအားကို တောင့်ခံနိုင်ပါလိမ့်မယ်။

“ဘာတွေဖြစ်နေတာလဲ” ချန်ရီ အပြင်ဘက်ကို လှည့်ကြည့်မိလိုက်တဲ့အချိန် အရင်က မိစ္ဆာစိတ်ဝိဥာဉ်စမ်း ရှိနေခဲ့တဲ့ နေရာက တစ္ဆေဖြူရောင် တောက်ပနေတာကို တွေ့လိုက်ရတယ်။

ထိုအလင်းက အရမ်း မလင်းပါဘူး။ ဒါပေမယ့် အခုလို ဘေးပတ်ဝန်ကျင် တစ်ခုလုံးကို အမှောင်ထုက ဖုံးလွှမ်းနေတဲ့ အချိန်မျိုးမှာတော့ ထိုအလင်းမှိန်မှိန်လေးက စူးရှစွာ တောက်ပနေခဲ့ပါတယ်။

မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်… ထိုအလင်းဖြူဖြူလေးက မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

ထိုအလင်းဖြူက လူအိုကြီး လိုချင်ခဲ့တဲ့ အဖိုးတန် ရတနာတစ်ခုပါ။ အခု သူလိုချင်ခဲ့တဲ့ အဖိုးတန် ရတနာ ထွက်ပေါ်လာတဲ့ အချိန်မှာတော့ လူအိုကြီးက တမလွန်ဘဝကို ရောက်နှင့်နေခဲ့ပါပြီ။ သူ့အနေနဲ့ ထိုအဖိုးတန် ရတနာလေးကို မြင်တောင် မမြင်လိုက်ရပါဘူး။

အားလုံးက ထိုမိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ကို စူးစိုက်ကြည့်နေတဲ့အချိန် ထိုအဆီအနှစ်က နှလုံးတစ်ခုလို အဆက်မပြတ် ခုန်နေခဲ့ပြီး တစ်ကြိမ်ခုန်တိုင်း ခုန်တိုင်းမှာ ဘေးပတ်ဝန်းကျင်က စွမ်းအင်တွေကို စုပ်ယူသွားတာကို အားလုံး သတိပြုမိလိုက်တယ်။

တဖြည်းဖြည်းနဲ့ ထိုအလင်းရောင် မှိန်မှိန်လေးက တစ်ဟုန်ထိုး တိုးဝင်လာနေတဲ့ မိစ္ဆာချီတွေ ဖုံးလွှမ်းသွားတာကို ခံလိုက်ရတယ်။ အလင်းရောင်လည်း ပျောက်ကွယ်သွားခဲတ့ယ်။

ခွမ်း…

နောက်ထပ် အလင်းအကာအရံ တစ်ခု ကျိုးပျက်သွားခဲ့ပြန်ပါပြီ။

ရန်ကိုင်က နောက်ထပ် ယန်အရည်စက် အစက်၂၀ကို အသုံးပြုပြီး အလင်းအကာအရံ အသစ်တွေ ထပ်မံကာရံဖို့ လုပ်နေတုန်းမှာပဲ လန်ရှန်းက အံ့အားသင့်တကြီး ထအော်လိုက်တယ် “မိစ္ဆာစိတ်ဝိဥာဉ်ချီတွေ ပြန်လျော့ကျသွားပြီ”

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး စိတ်အား တက်ကြွသွားခဲ့ပြီး သူမ ငေးကြည့်နေတဲ့ အရပ်ဆီ လှမ်းကြည့်လိုက်ကြတယ်။ ဟုတ်ပါတယ်… မိစ္ဆာလိုဏ်ဂူရဲ့ ဆန့်ကျင်ဘက် အရပ်ဆီမှ အလင်းမှိန်မှိန်လေးကို သူတို့ လှမ်းတွေ့လိုက်ရပါပြီ။

“ဟားဟားဟား၊ ကောင်းကင်ကြီးက ငါတို့ကို ပစ်ပယ်မထားဘူးပဲ” ချန်ရီက ပျော်ရွှင်စွာ အော်ဟစ် ရယ်မောလိုက်တယ်။ သေမင်းရဲ့ အေးစက်စက် လက်ကြီးက သူတို့အသက်ကို ချွေယူဖို့ လုပ်နေစဉ်မှာပဲ အမှောင်ထုထဲက ထိုအလင်းရောင် မှိန်မှိန်လေးက သူတို့အားလုံး အသက်ရှင်ဖို့ မျှော်လင့်ချက် မီးတောက်လေးတွေကို တစ်ဖန်ပြန်လည် လောင်ကျွမ်းလာစေခဲ့တယ်။

အခုနှုန်းအတိုင်းသာ ဆိုရင် လိုဏ်ဂူထဲမှာ ရှိနေတဲ့ မိစ္ဆာချီတွေအားလုံး မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်ထဲ စုပ်ယူခံရဖို့က သိပ်မကြာတော့ပါဘူး။

ဒါပေမယ့် ရန်ကိုင်က မျက်မှောင်ကြုံ့လိုက်ပြီး အားလုံးကို အော်ဟစ် သတိပေးလိုက်တယ် “မိစ္ဆာချီတွေ မရှိတော့တာနဲ့ ငါတို့အားလုံး ချက်ချင်း ထွက်သွားကြမယ်၊ ဒီနေရာက အရမ်းကို အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပြီ”

“နင်ဘာပြောချင်တာလဲ” ရန်ကိုင် ပြောတာကို ကြားလိုက်ရချိန် လန်ရှန်း ကြောင်သွားခဲ့ရပြီး ပြန်မေးလိုက်တယ်။

“အရမ်းကို အားကောင်းလွန်တဲ့ တစ်ခုခု၊ ဒါမှမဟုတ် တစ်ယောက်ယောက် ဖြစ်တည်နေခဲ့ပြီ” ရန်ကိုင်က မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ အူတိုင်းကို ကြည့်ရင် အလွန်အမင်း လေးနက်၊ နက်နဲလှသည့် အမူအရာနဲ့ ပြောလိုက်တယ်။

အခြားသူတွေက ကောင်းကင် စိတ်အာရုံကို အသုံးမပြုနိုင်ပေမယ့် ထိုအူတိုင်ကနေ ဖြာထွက်နေတယ့် ကြောက်မက်ဖွယ် ကောင်းလှသည့် စွမ်းအင်လှိုင်းတွေကို ခံစားမိပါတယ်။ ဒါပေမယ့် ရန်ကိုင်က သူတို့ ခံစားမိတာထက်ကို ပိုပြီး ခံစားမိပါတယ်။

ကျန်ရှိနေတဲ့ မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ မိစ္ဆာချီတွေ အားလုံးက မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ အူတိုင်ထဲ စုပ်ယူခံလိုက်ရကာ သိပ်သည်းလှတဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ပြီးတော့ ထိုသိပ်သည်းလှတဲ့ စွမ်းအင်လုံးကြီးက ပုံစံတစ်ခုအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲနေခဲ့ပါတယ်။

မိစ္ဆာစိတ်ဝိဥာဉ်စမ်းရဲ့ အလယ်တည့်တည့်၌ ထွက်ပေါ်လာခဲ့သည့် မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်က အသွင်းတစ်ခုကို ယူနေတာပါ။

တစ်ခဏကြာပြီးနောက် မိစ္ဆာချီတွေ အားလုံးက သူတို့ ထွက်သွားလို့ ရလောက်တဲ့အထိ လျော့ကျသွားခဲ့ပါပြီ။

“သွားကြမယ်” ရန်ကိုင်က အော်ဟစ်လိုက်ပြီး စင်မြင့်ပေါ်ကနေ ခုန်ချလိုက်ကာ လိုဏ်ဂူထွက်ပေါက်ဆီ ပြေးထွက်သွားလိုက်တယ်။ ကျန်တဲ့လူတွေ အားလုံးကလည်း သူနောက်ကနေ နီးကပ်စွာနဲ့ လိုက်သွားခဲ့ကြတယ်။

ထွက်ပြေးဖို့ အခွင့်အရေး ရလာပြီ ဖြစ်တဲ့အတွက် တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ ဖြစ်စေ၊ ရတနာဂိုဏ်းက တပည့်တွေ ဖြစ်စေ၊ ခြေနှစ်ယောက် အပိုပေါက်ပြီး ဘာလို့ မွေးမလာရတာလဲ ဆိုပြီး ကျိန်ဆဲရင်း ကြောက်လန့်နေတဲ့ ယုန်တွေလို အလျင်အမြန် ထွက်ပြေးကြပါတော့တယ်။

သူတို့ရဲ့ လှုပ်ရှားမှု ပညာရပ်တွေကော၊ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်သည့် လက်နက်တွေကိုပါ သုံးပြီး ထွက်ပြေးကြပါတော့တယ်။

အမြန်နှုန်းအရဆိုင် ရန်ကိုင်က အမြန်ဆုံးဖြစ်ပြီး အားလုံးရဲ့ ရှေ့ကနေ ဦးဆောင်နေခဲ့တယ်။ ဟူညီအစ်မ နှစ်ယောက်ကတော့ ဆန်းကြယ်တဲ့ နည်းလမ်းတစ်ခုနဲ့ သူမတို့နှစ်ယောက်ရဲ့ အစစ်အမှန်ချီကို ချိတ်ဆက်ပြီး ရန်ကိုင် နောက်ကနေ ထပ်ကြပ်မခွါ လိုက်ပါလာနေခဲ့တယ်။

ဒါပေမယ့် ၁၀ကီလိုမီတာကျော်လောက် ပြေးထွက်လာပြီးတဲ့ နောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဟိန်းသံတစ်ခု သူတို့ အနောက်ဘက် ဆီကနေ ထွက်ပေါ်လာခဲ့တယ်။

နှစ်ပေါင်းများစွာ အိပ်စက်နေရာမှ နိုးထလာတဲ့ သားရဲတစ်ကောင်လို အော်သံကြောင့် လိုဏ်ဂူတစ်ခုလုံး တုန်ခါသွားခဲ့တယ်။ တစ်ခဏကြာပြီးနောက် ပြင်းထန်လှတဲ့ လေပြင်းတွေက သူတို့ကို ဖြတ်သန်း တိုက်ခတ်သွားခဲ့တယ်။ သူတို့သာ အပြေးမမြန်ခဲ့ရင် ထိုလှိုင်းလုံးတွေကြောင့် အခုအချိန်လောက်ဆို ပြင်းပြင်းထန်ထန် ဒဏ်ရာရရင်ရ၊ မရရင် အသက်ပျောက်နေခဲ့ရပါပြီ။

ထို မသိရသေးတဲ့ သတ္တဝါကြီးက ဘယ်လောက်တောင် ကြောက်မက်ဖွယ် ကောင်းတာကို သေသေချာချာ သိရှိလိုက်ပြီးတဲ့ နောက်မှာတော့ အားလုံးရဲ့ မျက်နှာက စက္ကူဖြူတစ်ရွက်လို ဖြူလျော်သွားခဲ့တယ်။ အစစ်အမှန်ချီ လှည့်ပတ်နှုန်းကို တိုးမြှင့်လိုက်ပြီး သူတို့ရဲ့ အရှိန်ကို ချက်ချင်းပဲ တိုးမြှင့်လိုက်တယ်။

“ဟိုမှာပဲ၊ ဝင်ပေါက်က ဟိုမှာ” ချန်ရင်က အရင်တုန်းက ကင်းထောက် တစ်ယောက် အဖြစ် ဆောင်ရွက်ခဲ့တဲ့အတွက် မိစ္ဆာလိုဏ်ဂူထဲက လမ်းကြောင်းတွေကို အခြားသူတွေထက် ပိုပြီး ရင်းနှီးကျွမ်းဝင်နေခဲ့တယ်။ ထို့ကြောင့် မိစ္ဆာလိုဏ်ဂူရဲ့ ဝင်ပေါက်ကို ခပ်မြန်မြန်ပဲ သူတို့ ရှာတွေ့သွားခဲ့ပါတယ်။

နေ့အလင်းရောင် မှိန်မှိန်လေးကို မြင်တွေ့လိုက်ရတဲ့ အချိန် အားလုံး စိတ်သက်သာရာ ရသွားခဲ့တယ်။ ထိုငရဲတမျှ ကြောက်မက်ဖွယ် ကောင်းတဲ့ နေရာကြီးထဲ အချိန်နည်းနည်းလေးတောင် သူတို့ ဆက်မနေချင်ကြတော့ပါဘူး။

ဒါပေမယ့် ဝင်ပေါက်ကနေ ၂ကီလိုမီတာလောက်ပဲ ဝေးတော့တဲ့ အချိန်၌ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်အုပ် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူတို့ဆီ ပျံသန်းလာခဲ့တယ်။

ရန်ကိုင် မျက်မှောင်ကြုံ့လိုက်ပြီး ထိုလူအုပ်ကို သတိချပ်ကာ ကြည့်လိုက်တယ်။

ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေ အကုန်လုံးက သိပ်သည်းလှတဲ့ မိစ္ဆာချီကို ပိုင်ဆိုင်ထားကြပြီး ရက်စက်ပြီး သွေးဆာတဲ့ အရှိန်အဝါတို့က သူတို့ကိုယ်ကနေ ဖြာထွက်နေခဲ့တယ်။ ထိုလူတွေက လူကောင်းတွေ မဟုတ်တာ ကျိန်းသေပါတယ်။

အစောပိုင်းတုန်းက ထွက်ပေါ်လာခဲ့တဲ့ ဟိန်းသံကြီးက အနီးအနားမှာ ရှိနေတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့် ပညာရှင်တွေကို ဆွဲဆောင်သွားမိမှာ မလွဲမသွေပါပဲ။ ဒါပေမယ့် ရန်ကိုင်ကို စိတ်ဓါတ်ကျသွားစေတာက သူတို့အဖွဲ့ မိစ္ဆာလိုဏ်ဂူထဲကနေ ထွက်လာတာကို ထိုအင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူအဖွဲ့ မြင်တွေ့သွားတာကိုပါပဲ။ သူတို့က မိစ္ဆာလိုဏ်ဂူထဲကနေ ထွက်လာတာဆိုတော့ အထဲမှာ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို အနည်းနဲ့အများတော့ သိထားမှာပါပဲ။

သူတို့နှစ်ဖွဲ့ကြားက အကွအာအဝေးက တဖြည်းဖြည်း နီးကပ်လာပြီးတဲ့ နောက်မှာတော့ ထိုအင်မော်တယ် တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူအဖွဲ့က လှမ်းအော်လိုက်တယ် “ကောင်စုတ်လေးတွေ၊ အဲ့မှာ ရပ်နေလိုက်စမ်း”

ထိုအမိန့်ပေးသံလို အော်သံကို ကြားလိုက်တာနဲ့ အားလုံး စိတ်ညစ်သွားခဲ့တယ်။

အန္တာရာယ်ဆိုးကြီးကနေ ထွက်ပြေးလွတ်မြောက် လာနိုင်ခဲ့ပြီး နောက်ဆုံး လွတ်တော့မယ် အချိန်မှာပဲ လမ်းပိတ်ခံလိုက်ရတာက တကယ်ကို ခံစားလို့ကောင်းတဲ့ ခံစားချက် တစ်ခု မဟုတ်ပါဘူး။

“သူတို့တွေက တစ္ဆေဘုရင်ရဲ့ မွန်းစတားနဲ့ နတ်ဆိုးလေးကောင်ပဲ” လန်ရှန်းရဲ့ အမူအရာ မည်းမှောင်သွားခဲပြီး မသိမသာနဲ့ ရန်ကိုင်နား ကပ်ပြီး တိုးတိုးလေး ပြောလိုက်တယ် “သူတို့အားလုံးက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊၈ ကျင့်ကြံသူတွေ ချည်းပဲ။ ငါတို့ သူတို့ကို တိုက်လို့ နိုင်မှာ မဟုတ်ဘူး”

ရန်ကိုင်က ထိုလေးယောက်ကို မတော်တဆ သွားရန်စ မိလိုက်မှာကို စိုးရိမ်တဲ့အတွက် လန်ရှန်းက အခုလို အလျင်စလို ရှင်းပြလိုက်ရတာပါ။ ပြီးတော့ ထိုလေးယောက်က သူတို့ရဲ့ မကောင်းသတင်းတွေကြောင့် တိမ်မိစ္ဆာနယ်မြေမှာ ကျော်ကြားနေတဲ့ လူတွေပါ။

သူတို့လေးယောက်က အဖွဲ့လိုက်တိုက်ခိုက်တဲ့ နေရာမှာ အရမ်းကို ကျွမ်းကျင်ကြပါတယ်။ လေးယောက်သားသာ စုပေါင်းတိုက်ခိုက်မယ် ဆိုရင် အင်မော်တယ် တက်လှမ်းခြင်း အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကိုတောင် အချိန်အတော်ကြာအောင် ယှဉ်တိုက်ခိုက်နိုင်ပါတယ်။ ထို့ကြောင့် သူတို့မှာ ရန်သူများပေမယ့် အခုအချိန်ထိ ခြေမကျိုး၊ လက်မကျိုးနဲ့ အကောင်းအတိုင်း အသက်ရှင်လျက် နေနေရသေးတာပါ။

ပိုဆိုးတာက ထိုလေးယောက်စလုံးက ယင်တစ္ဆေဘုရင်နဲ့ ရင်းနှီးကြတဲ့ လူတွေပါ။

သူတို့ရဲ့ စရိုက်ကလည်း အရမ်းကို ရက်စက်ပါတယ်။ သူတို့ကို နည်းနည်းလေး ဒေါသထွက်အောင် လုပ်မိလိုက်တာနဲ့ သတ်ပစ်ဖို့ ဝန်လေးနေတဲ့ လူတွေ မဟုတ်ကြပါဘူး။

ရန်ကိုင်လည်း ဘာလုပ်ရမယ် ဆိုတာကို နားလည်ပြီးသားပါ။ ထို့ကြောင့် အော်သံကို ကြားလိုက်တာနဲ့ သူ့အနေနဲ့ မရပ်ချင်ပေမယ့် ခပ်မြန်မြန်ပဲ သွားနေတာကို ရပ်တန့်လိုက်ပါတယ်။

လူအိုကြီးလေးယောက်က အရောင်မတူ၊ ပုံစံတူတဲ့ ဝတ်ရုံတွေကို ဝတ်ဆင်ထားရင်း ရန်ကိုင်တို့အဖွဲ့ဆီ ဘေးချင်းယှဉ် ပျံသန်းလာလိုက်ကြတယ်။

ထိုလေးယောက်စလုံးက အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်နဲ့ ခရမ်းရောင် ဝတ်စုံအသီးသီးကို ဝတ်ဆင်ထားကြပါတယ်။

လူအိုကြီး လေးယောက်က ရန်ကိုင်တို့ ဦးခေါင်းထက် ပျံဝဲနေလိုက်ပြီး မောက်မာစွာနဲ့ ရန်ကိုင်တို့အ ဖွဲ့ကို ငုံကြည့်လိုက်တယ်။ လူအိုကြီးလေးယောက်ထဲ အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးက အမိန့်ပေးတဲ့ လေသံနဲ့ စတင်ပြီး စစ်ဆေး မေးမြန်းပါတော့တယ် “မင်းဘယ်သူလဲ၊ ဒီနေရာမှာ ဘာတွေ ဖြစ်ခဲ့တာလဲ”

ရန်ကိုင်က မသိမသာလေး မျက်မှောင်ကြုံလိုက်ပြီး ပြန်ပြောလိုက်တယ် “စီနီယာတို့၊ ကျွန်တော်တို့က ဒီနေရာကို အတွေ့အကြုံရဖို့ လာခဲ့တဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေပါ။ ဒီနေရာမှ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပက်သက်ရင်တော့ ကျွန်တော်တို့လည်း မသိပါဘူး”

“မင်းမသိဘူးလား” အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးက အေးစက်စက် နှာခေါင်းရှုံ့လိုက်တယ်။ ရန်ကိုင် ပြောတာကို သူမယုံတာ အသိသာကြီးပါ။

“အရေမရ အဖတ်မရတွေ တော်လောက်ပြီ၊ သူ့ကို လမ်းသာပြခိုင်းလိုက်” အစိမ်းရောင် ဝတ်စုံနဲ့ လူအိုကြီးက ပြောလိုက်တယ်။

“ကောင်းပြီလေ” အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးက ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပဲ ရန်ကိုင်ဘေးနား ရောက်သွားခဲ့တယ်။

ရန်ကိုင်က အစစ်အမှန်ချီကို လှည့်ပတ်လိုက်ချင်ပေမယ့် ထိုလှည့်ပတ်ချင်တဲ့ စိတ်ကို ချက်ချင်းပဲ ပြန်ဖိနှိပ်ထားလိုက်တယ်။ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊၈ ကျင့်ကြံသူ တစ်ယောက်ရှေ့မှာ ရန်ကိုင်ဆိုတာ ဘာမှ မဟုတ်ပါဘူး။ အခုလို လေးယောက် စုနေတဲ့ အခါမျိုးမှာဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပါဘူး။

အလျင်စလိုနဲ့ မဆင်မခြင် ပြုမူတာက အခြေအနေတွေကို ပိုဆိုရွားသွားစေနိုင်ပါတယ်။

အပြာရောင် ဝတ်စုံနဲ့ လူအိုကြီးက ရန်ကိုင်ကို အလွယ်တကူ ဖမ်းခေါ်သွားကာ အရှေ့ဘက်ကို ပျံသန်းသွားလိုက်တယ်။ ရန်ကိုင်ရဲ့ ကျင့်ကြံခြင်းကို ချိတ်ပိတ်ဖို့ နည်းနည်းလေးတောင် မကြိုးစားခဲ့ပါဘူး။

“မင်းတို့ အားလုံး အရင်ထွက်သွားနှင့်လိုက်၊ ငါထွက်လာတော့မှပဲ မင်းတို့ကို လာရှာမယ်” ရန်ကိုင်က သူ့အဖွဲ့သားတွေဆီ လှမ်းအော်ပြောလိုက်ပြီး သိပ်မကြာခင်မှာပဲ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ လေးယောက်နဲ့အတူ အားလုံးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ်။

“ရန်ကိုင်” ဟူညီအစ်မ နှစ်ယောက်စလုံး ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့တယ်။ အခုလို ထွက်ပြေးလို့ လွတ်နေခါနီးမှာ ဘာလို့ အခုလို ဖြစ်သွားခဲ့ရတာလဲ။

Martial Peak

အပိုင်း (၃၄၇) မွန်းစတား နဲ့ နတ်ဆိုးလေးယောက်

အပြာရောင်ဝတ်ရုံနဲ့ လူအိုကြီးက ရန်ကိုင်ကို ဖမ်းခေါ်သွားရင်း ကျန်တဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ လေးယောက်နဲ့အတူ မိစ္ဆာလိုဏ်ဂူ အတွင်းပိုင်းထဲကို ဝင်ရောက်သွားခဲ့တယ်။

ဒါပေမယ့် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူအိုကြီးက နောက်ပြန်လှည့်ကြည့်လိုက်တယ်။ ထို့နောက် မိစ္ဆာဆန်ဆန် ပြုံးလိုက်ပြီး သူ့မျက်လုံးတွေထဲ သားကောင်ကို တွေ့တဲ့ မြေတစ်ကောင်ရဲ့ မျက်လုံးတွေလို အစိမ်းရောင် အလင်းရောင်တို့ဖြင့် လက်သွားခဲ့တယ်။

လူအိုကြီးရဲ့ အစိမ်းရောင်မျက်ဝန်းထဲ ဟူညီအစ်မ နှစ်ယောက်တို့ရဲ့ ပုံရိပ် ထင်ဟပ်သွားခဲ့တယ်။ ထို့နောက် ညီအစ်မ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ် တုန်ခါသွားခဲ့ပြီး သူမတို့ကိုယ်ကနေ အစိမ်းရောင် မှိန်မှိန်လေး တောက်ပလာခဲ့တယ်။

ညီအစ်မ နှစ်ယောက်စလုံး ထိုပြောင်းလဲမှုကို သတိပြုမိလိုက်တာနဲ့ သူမတို့သူမ အလျင်စလို စစ်ဆေးလိုက်တယ်။ ဒါပေမယ့် သူမတို့ ဘာဒဏ်ရာမှ မရလိုက်ဘူးဆိုတာကို မကြာခင်မှာပဲ တွေ့ရှိခဲ့တယ်။

ဒါပေမယ့် လန်ရှန်းရဲ့ အမူအရာက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး စိုးရိမ်ပူပန်စွာနဲ့ ပြောလိုက်တယ် “အရိပ်အမှတ်အသား”

တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ အားလုံး ဟူညီအစ်မ နှစ်ယောက်ကို ဂရုဏာ သက်စွာနဲ့ ကြည့်လိုက်ကြတယ်။

“အရိပ်အမှတ်အသားလား၊ အဲ့ဒါဘာလဲ” ဟူကျောင်းအာက စိုးရိမ်စွာနဲ့ မေးလိုက်တယ်။

လန်ရှန်းရဲ့ မျက်နှာက စိုးရိမ်မှု၊ ကူကယ်ရာ မဲ့မှုတို့ဖြင့် ပြည့်နေခဲ့ပြီး တစ်ခဏလောက် တုန့်ဆိုင်းနေပြီးနောက် ရှင်းပြလိုက်တယ် “မွန်းစတားနဲ့ မိစ္ဆာလေးယောက်ထဲမှာ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူက အရမ်းကို တဏှာကြီးတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ နင်တို့ နှစ်ယောက်ကို သူအကြိုက် တွေ့သွားတဲ့ ပုံပဲ။ အရိပ်အမှတ်အသားက သူ့ရဲ့ ကိုယ်ပိုင် နည်းစနစ် တစ်ခုပဲ။ အရိပ်အမှတ်အသား ထိမှန်ခြင်း ခံလိုက်ရပြီ ဆိုတာနဲ့ နင်တို့နှစ်ယောက် ဘယ်နေရာကိုပဲ ရောက်နေ၊ ရောက်နေ သူနင်တို့ကို အာရုံ ခံနိုင်လိမ့်မယ်။ အရိပ်အမှတ်အသားကို သုံးပြီးတော့လည်း နင်တို့ရဲ့ အတွေးတွေနဲ့ စိတ်ခံစားချက်တွေကို ရှုပ်ထွေးသွားအောင် သူလုပ်နိုင်တယ်။ နင်သာ သူနဲ့ တော်တော်လေး နီးကပ်နေခဲ့မယ် ဆိုရင် အရိပ်အမှတ်အသားကို သုံးပြီးတော့ အတိုင်းအတာ တစ်ခုအထိ နင်တို့ကို ထိန်းချုပ်လို့ရတယ်”

လန်ရှန်း ပြောတာကို နားထောင်ရင်း ဟူညီအစ် နှစ်ယောက်ရဲ့ မျက်နှာ လှလှလေးတွေက ချက်ချင်းပဲ ဖြူလျော်သွားခဲ့တယ်။

“ပိုဆိုးတာက နင်တို့ကိုယ်ကနေ ထွက်ပေါ်နေတဲ့ အစိမ်းရောင် အရှိန်အဝါက နင်တို့တွေဟာ လူအိုကြီးရဲ့ ပညာရပ် ထိမှန်ထားခြင်း ခံခဲ့ရတဲ့ လူတွေလို့ ညွှန်ပြနေတာနဲ့ အတူတူပဲ။ နင်တို့သာ အပြင်ထွက်မယ် ဆိုရင် နင်တို့ဆီကနေ ထွက်ပေါ်နေတဲ့ အစိမ်းရောင်ကို မြင်လိုက်တဲ့ ဘယ်သူမဆို နင်တို့တွေက အဲ့သူတောင်းစားအိုကြီးရဲ့ အရိပ်အမှတ်အသား ထိမှန်းထားခြင်း ခံရတဲ့ လူတွေမှန်း တန်းသတိပြုမိလိမ့်မယ်”

လန်ရှန်းက ဆက်ပြီး ပြောလိုက်တယ် “အခုက သူက မိစ္ဆာလိုဏ်ဂူထဲက ကိစ္စနဲ့ အာရုံများနေလို့ နင်တို့ဆီကို အာရုံ လှည့်မလာနိုင်သေးဘူး။ ဒါပေမယ့် သူက အရိပ်အမှတ်အသားကို နင်တို့ဆီ ချန်ထားခဲ့တဲ့အတွက် သူပြန်ထွက်လာတာနဲ့ နင်တို့ကို ကျိန်းသေ လာပြန်ရှာလိမ့်မယ်”

“သူနင့်ကို ကိုယ်တိုင် လာမရှာရင်တောင် သူ့ဆီကနေ မျက်နှာသာ ရဖို့အတွက် အချို့လူတွေက နင်တို့ကို ဖမ်းပြီး သူ့ဆီခေါ်သွားလိမ့်မှာ အသေအချာပဲ။ အကျဉ်းချုပ် ပြောရမယ်ဆိုရင် နင်တို့က လုံးဝကို ဆိုးရွားတဲ့ အခြေအနေတစ်ခုထဲကို ရောက်နေတာ” ချန်ရီက ဝင်ပြောလိုက်တယ်။

“ဒီနည်းစနစ်ကို ချိုးဖျက်နိုင်မယ့် နည်းလမ်း မရှိဘူးလား” ဟူကျောင်းအာက မေးလိုက်တယ်… သူမ မျက်နှာတစ်ခုလုံးက သုန်မှုန်လို့ နေခဲံပါတယ်။

အင်မော်တယ် တက်လှမ်းခြင်းအဆင့်၉ ကျင့်ကြံသူတိုင်း အဲ့နည်းစနစ်ကို ဖျက်စီးနိုင်မှာ မဟုတ်ဘူး။ နင်တို့မှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ တစ်ခုက သူ့ကို သတ်ဖို့၊ နောက်တစ်ခုက သူ့ထက် ပိုပြီး ခွန်အားမြင့်မားတဲ့ လူကိုရှာဖို့” လန်ရှန်းက သူမရဲ့ နှုတ်ခမ်းလေးကို ကိုက်ပြီး ပြောလိုက်တယ်။

လန်ရှန်းရဲ့ နောက်ဆုံး စကားကို ကြားပြီးတာနဲ့ ဟူညီအစ်မ နှစ်ယောက်စလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့တယ်။

ဟူညီအစ်မ နှစ်ယောက် ဘယ်လို အခြေအနေထဲ ရောက်နေလဲဆိုတာ ရန်ကိုင် မသိပါဘူး။ ဒါပေမယ့် လူအိုကြီး မျက်လုံးထဲ ဖြတ်ပြေးသွားသည့် အစိမ်းရောင်းအလင်းကို သူအသေအချာ မြင်တွေ့ခဲ့ရပါတယ်။

ရန်ကိုင် အမူအရာက ချက်ချင်းပဲ ထက်ရှပြီး အေးစက်လာခဲ့တယ်။

အစိမ်းရောင် ဝတ်ရုံနဲ့ လူအိုကြီး လုပ်လိုက်တာက သာမန် ဘာမဟုတ်တဲ့ ကိစ္စလေး တစ်ခုသာ ဖြစ်တဲ့အတွက် ကျန်တဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူသုံးယောက်ရဲ့ အာရုံစိုက်ခြင်းကို မခံလိုက်ရပါဘူး။

အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတွေရဲ့ အမြန်နှုန်းကြောင့် မိစ္ဆာလိုဏ်ဂူ ဝင်ပေါက်ကနေ သူတို့ နဂိုရှိနေခဲ့တဲ့ ကျောက်တိုင်တွေ နေရာဆီ ရောက်ဖို့ အချိန်အနည်းငယ်ပဲ ကြာခဲ့ပါတယ်။

အခုအချိန်၌ မိစ္ဆာစိတ်ဝိဥာဉ်စမ်းလည်း မရှိတော့သလို မိစ္ဆာချီလည်း မရှိတော့ပါဘူး။ အဲ့အစား မိစ္ဆာစိတ်ဝိဥာဉ်စမ်း နေရာမှာ နက်မှောင်နေတဲ့ ပိုးအိမ်တစ်ခုသာ ရှိနေခဲ့တယ်။

ထိုပိုးအိမ်ရဲ့ အပေါ်ယံ အခွံမှာတော့ လူ့သွေးကြောတွေလို ယှတ်ဖြာနေတဲ့ မျဉ်းကြောင်းလေးတွေ ရှိနေခဲ့တယ်။

ဒါပေမယ့် ထိုပိုးအိမ်က ၁၅ပေကနေ ပေ၂၀လောက်အထိ မြင့်ကာ အေးစက်စက် အရှိန်အဝါတို့ကို ထုတ်လွှတ်နေခဲ့တယ်။ ပိုးအိမ်ရဲ့ အပြင်ဘက်မှာတော့ နတ်ဆိုးချီနဲ့ ဖန်တီးထားတဲ့ ရေဘဝဲလက်တံလို အမျှင်တန်းလေးတွေ ရှိနေခဲ့တယ်။

ဒုတ်… ဒုတ်…

ပိုးအိမ်ထဲကနေ ထွက်ပေါ်နေတဲ့ နှလုံးခုန်သံကို သူတို့ ငါးယောက်စလုံး ကြားခဲ့ရပါတယ်။ ထိုနှလုံးတစ်ချက် ခုန်လိုက်တိုင်း ထွက်ပေါ်လာတဲ့ တုန်ခါလှိုင်းတွေကြောင့် ရန်ကိုင်နဲ့ လူအိုကြီး လေးယောက်တို့ရဲ့ ဝိဥာဉ်နဲ့ ကောင်းကင်စိတ်အာရုံတို့ တုန်ခါသွားခဲ့ရတယ်။

အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးက ရန်ကိုင်ကို ဖမ်းကိုင်ထားရင်း မျက်မှောင်ကြုံ့လိုက်တယ်။ ထို့နောက် သူ့လက်ကို ဝှေ့ရမ်းလိုက်ပြီး အကာအရံ တစ်ခုဖန်တီးကာ ထိုတုန်ခါလှိုင်တွေကို ကာကွယ်ထားလိုက်တယ်။

“အဲ့ဒါဘာကြီးလဲ” အဝါရောင်ဝတ်စုံနဲ့ လူအိုကြီးက ရေရွတ်လိုက်တယ်။

သူတို့ လေးယောက်စလုံးက အသက်ရှင်သန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သလို သူတို့ရဲ့ အသိဥာဏ်ကလည်း အလွန်အမင်း ကျယ်ပြန့်လှပါတယ်။ ဒါပေမယ့် ထိုပိုးအိမ်ကနေ ထွက်ပေါ်နေတဲ့ အလွန်အမင်း ကြီးမားလှတဲ့ ဖိအားကို သူတို့ ခံစားမိနေခဲ့ပြီး ထိုပိုးအိမ်ထဲက အရာက ရန်စလို့ ကောင်းတဲ့ အရာတစ်ခု မဟုတ်မှန်း သူတို့ ခံစားမိပေမယ့် ပိုအိမ်ထဲက အကောင်က ဘာမှန်း သူတို့ထဲက ဘယ်သူမှ မသိကြပါဘူး။

မိစ္ဆာချီတွေဆို သိပ်သည်းလွန်းလို့ သာမန် မျက်စိနဲ့တောင် မြင်နိုင်နေခဲ့ပါတယ်။

သူတို့လေးယောက်စလုံး ထိုကဲ့သို့ တူညီတဲ့ ဖြစ်စဉ်ကို တစ်ကြိမ်သာ မြင်တွေ့ခဲ့ဖူးပါတယ်။

နတ်ဆိုးအရှင်သခင် အသစ်ကို တွေ့တုန်းကပေါ့။

လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူတို့လေးယောက်စလုံး ယင်တစ္ဆေဘုရင်နောက် လိုက်ပြီး နတ်ဆိုးအရှင်သခင် အသစ်ကို ဖူးမြော်မြင်တွေ့ခွင့် ရခဲ့ပါတယ်။

နတ်ဆိုးအရှင်သခင်ရဲ့ မိစ္ဆာချီက သူတို့ရှေ့မှာ မြင်တွေ့နေခဲ့ မိစ္ဆာချီအဆင့်ထိ ရောက်နေခဲ့ပါပြီ။ ထိုနတ်ဆိုးအရှင်သခင်က အစစ်အမှန် နတ်ဆိုး၊ အစစ်အမှန် မိစ္ဆာ ဖြစ်တယ်လို့တောင် ယင်တစ္ဆေဘုရင်က သူတို့ကို ပြောခဲ့ပါသေးတယ်။

ထိုနတ်ဆိုးအရှင်သခင်ရှေ့ သူတို့ကိုယ်သူတို့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူလို့တောင် ခေါ်ဆိုဖို့ မထိုက်တန်ပါဘူး။

“ကောင်စုတ်လေး၊ ငါမင်းကို နောက်တစ်ကြိမ် ထပ်မေးမယ်၊ အဲ့ပိုးအိမ်က ဘာကြီးလဲ၊ မင်းမသိဘူးလို့ ပြောတာ ဒီလူအိုကြီးက မင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်စီးပစ်ပြီး မင်းကို ဒီနေရာမှာ သေသွားတဲ့အထိ နေရအောင် လုပ်ပေးလိုက်မယ်။ မင်းသိသမျှ ပြောပြမှပဲ ဒီလူအိုကြီးက မင်းကို သွားခွင့်ပေးမယ်” လူအိုကြီးက ရန်ကိုင်ကို ကြည့်ရင်း အေးစက်စက် လေသံနဲ့ ပြောလိုက်တယ်။

လူအိုကြီးရဲ့ ခြိမ်းခြောက်စကားကို ကြားတာနဲ့ ရန်ကိုင် အမူအရာ အရုပ်ဆိုးသွားခဲ့ပြီး နောက်ဆုံးမှာတော့ အမှန်အကန်အတိုင်းပဲ ပြန်ဖြေဖို့ ဆုံးဖြတ်လိုက်တယ် “အဲ့ဒါက မိစ္ဆာစိတ်ဝိဥာဉ်စမ်းထဲကနေ ထွက်ပေါ်လာခဲ့တာ”

“မိစ္ဆာစိတ်ဝိဥာဉ်စမ်း” လူအိုကြီး လေးယောက်စလုံးရဲ့ အမူအရာ ပြောင်းလဲသွားခဲ့ကြတယ်။ အပြာရောင် ဝတ်စုံနဲ့ လူအိုကြီးရဲ့ လေသံထဲ စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တို့ကို အထင်းသား ခံစားမိနိုင်ပါတယ်။

“ဟုတ်တယ်” ရန်ကိုင်က ခေါင်းညိတ်ပြလိုက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို အသေးစိတ်ကျကျ ပြန်ရှင်းပြလိုက်ပါတယ်။

ရန်ကိုင် ရှင်းပြနေတာကို နားထောင်ရင်း လူအိုကြီး လေးယောက်စလုံး ပိုပို ရင်ခုန် စိတ်လှုပ်ရှားလာခဲ့ရတယ်။ အခုအချိန်၌ ပိုးအိမ်ကို ကြည့်သည့် သူတို့ အကြည့်တွေက လောဘရမက် တို့ဖြင့် ပြည့်နေခဲ့ပါပြီ။

“ငါတို့ ဘာလုပ်ကြမလဲ” ကျန်တဲ့ လူအိုကြီး သုံးယောက်က အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ မေးလိုက်တယ်။

အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးလည်း စိတ်လှုပ်ရှား ရင်ခုန်နေခဲ့ရပါတယ်။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းဆိုတာ အရမ်းကို ပေါ်လာခဲ့ပါတယ်။ ပေါ်လာတဲ့ အချိန်တိုင်းလည်း ထိုမိစ္ဆာစိဝိဥာဉ်စမ်းက အံ့အားသင့်ဖွယ်ကောင်းလှသည့် ရတနာများစွာတို့ဖြင့် ထွက်ပေါ်လာလေ့ ရှိပါတယ်။ မိစ္ဆာစိတ်ဝိဥာဉ်စမ်းက ရတဲ့ ရတနာတွေက အင်မော်တယ် တက်လှမ်းခြင်း အထက်အဆင့်တွေတောင် သားရေယိုရလောက် တဲ့အထိ တန်ဖိုးကြီးတဲ့ ရတနာတွေပါ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာ ထွက်ပေါ်လာတဲ့ မိစ္ဆာစိတ်ဝိဥာဉ်စမ်းက သူတို့ ကြားခဲ့ဖူးတာတွေနဲ့ တစ်ခြားစီ ဖြစ်နေခဲ့ပါတယ်။ အခု မိစ္ဆာစိတ်ဝိဥာဉ်စမ်းက သူတို့ ကြားခဲ့ဖူးတဲ့ မိစ္ဆာစိတ်ဝိဥာဉ်စမ်းနဲ့ ကွဲပြားနေတဲ့အတွက် အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးလည်း ဆုံးဖြတ်ချက် ချရခက်နေခဲ့တယ်။

“ငါတို့အားလုံး အင်မော်တယ် တက်လှမ်းခြင်း အဆင့်၉ကို ချိုးဖျက်ဝင်ရောက်ဖို့ သိမ်မဝေးတော့ပေမယ့် ချိုးဖျက်တဲ့ နေရာမှာ ကူညီပေးဖို့အတွက် သင့်လျော်တဲ့ အရင်းအမြစ်တစ်ခုကို အခုထိ ရှာလို့မတွေ့နိုင်သေးဘူး။ ငါတို့သာ ဒီအခွင့်အရေးကို လွဲချော်သွားခဲ့ရင် နောက်တစ်ခါ ဘယ်လောက်ကြာအောင် ထပ်စောင့်ရမလဲ ဆိုတာကို ဘယ်သူမှ သိလိမ့်မှာ မဟုတ်ဘူး” ခရမ်းရောင် ဝတ်စုံနဲ့ လူအိုကြီးက စွန့်စားချင်တဲ့အတွက် သူ့ရဲ့ အပေါင်းအပါတွေကို ဆွဲဆောင်လိုက်တယ်။

“သဘောတူတယ်” အစိမ်းရောင် ဝတ်စုံနဲ့ အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် လူအိုကြီး နှစ်ယောက်စလုံး အသီးသီး ခေါင်းညိတ်လိုက်ကြတယ်။

သူတို့သုံးယောက်က စွန့်စားဖို့ သဘောတူနေမှတော့ အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးလည်း ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့တယ်။ သူဘာလို့ တုန့်ဆိုင်းနေရတာလဲ ဆိုတာက အဖြစ်အပျက်တွေ အားလုံးက မြင်သလောက် မရိုးရှင်းဘူးလို့ သူရဲ့ မသိစိတ်က ပြောနေလို့ပါပဲ။

အချိန်တစ်ခဏတာလောက် တုန့်ဆိုင်းနေပြီးနောက် အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးရဲ့ မျက်ဝန်းထဲ ပြတ်သားသည့် အရိပ်အယောင်တို့ လက်သွားခဲ့ပြီး ခေါင်းညိတ်လိုက်တယ် “ကောင်းပြီ”

ဆုံးဖြတ်ချက် ချပြီးတာနဲ့ လူအိုကြီးက ရန်ကိုင်အား မီတာသုံးဆယ် အကွာဆီ လွင့်ပစ်လိုက်တယ်။

မြေကြီးပေါ် မရောက်သေးခင်မှာပဲ ကြောက်မက်ဖွယ်ကောင်းသည့် အားတစ်ခုက သူ့ကိုယ်ထဲ စိမ့်ဝင်လာတာကို ရန်ကိုင် ခံစားမိလိုက်တယ်။ သူ့ကိုယ်ထဲ စိမ့်ဝင်လာတဲ့ အားက ပြင်းထန်လွန်းလို့ သူ့ရဲ့ အစစ်အမှန်ယန်ယွမ်ချီတောင် အပြည့်အဝ ဖိနှိပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဘုန်းဆိုတဲ့ မြည်သံနဲ့ အတူ ရန်ကိုင် မြေကြီးနဲ့ မိတ်ဆက်လိုက်ရပြီး သွေးတစ်ပွက် အန်လိုက်ရတယ်။ သူ့အရိုး တော်တော်များများ ကျိုးကြေသွားခဲ့ပြီး သူ့မျက်နှာဆိုရင် လုံးဝကို ဖြူလျော်လို့ နေခဲ့ပါတယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ အပြာရောင် ဝတ်စုံနဲ့ လူအိုကြီးက လှောင်ပြောင်သရော်လိုက်တယ် “ဟေး၊ ဒီလူအိုကြီးက သူ့စကား သူ့တည်တယ်နော်။ မင်းဘာသာ သွားချင်ရင် ထွက်သွားလို့ရပြီ”

ရန်ကိုင်က လူအိုကြီးကို စူးရဲစွာနဲ့ တိတ်တဆိတ် ပြန်လှည့်လိုက်တယ်။ သူ့မျက်ဝန်းအစုံကတော့က ဖုံးဖိမရနိုင်တဲ့ မုန်းတီးမှုတို့ဖြင့် ပြည့်နေခဲ့ပါတယ်။

သူ့ကို သွားခွင့် ပေးခဲ့တာလား။ သူ့ရဲ့ အစစ်အမှန်ယန်ယွမ်ချီက သန့်စင် သိပ်သည်းလွန်းနေတာကြောင့်သာ မဟုတ်ရင် လူအိုကြီးရဲ့ ချီကြောင့် သူ့ဒန်တန် ပျက်စီးသွားနိုင်ပါတယ်။ သူ့ဒန်တန်သာ ပျက်စီးသွားခဲ့ရင် သူ့ကျင့်ကြံခြင်းလည်း ပျက်စီးသွားမှာ ဖြစ်သလို ရန်ကိုင်လည်း ဒုက္ခိတတစ်ယောက် ဖြစ်သွားမှာပါ။

သူ့သာ သာမန်သေမျိုး တစ်ယောက် ဖြစ်သွားခဲ့ရင် သူ့ကို စောင့်ကြိုနေမယ့် အဆုံးသတ်က သေခြင်းတရားပါပဲ။ သာမန် သေမျိုးတစ်ယောက်က အခုလို နေရာမျိုးမှာ ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်ပါ့မလဲ။

ကံကောင်စွားနဲ့ လူအိုကြီးက သူ့ကို ခပ်ဝေးဝေးဆီ လွင့်ပစ်လိုက်ပြီးနောက် တစ်ချက်ကလေးတောင် ပြန်လှည့်မကြည့်တော့ပါဘူး။ ထို့ကြောင့် ရန်ကိုင် ဒုက္ခိတ တစ်ယောက် ဖြစ်မသွားခဲ့ဘူးဆိုတာကို သူမသိခဲ့ပါဘူး။

လူအိုကြီးသာ သိခဲ့ရင် သူ့ရဲ့စရိုက်အရ ရန်ကိုင်ကို ဒီအတိုင်း လွှတ်ပေးမှာ မဟုတ်တာ အသေအချာပါပဲ။

နည်းနည်းလေးတောင် အချိန်မဖြုန်းတော့ပဲ ရန်ကိုင်က တင်ပလင်ခွေ ထိုင်လိုက်ကာ အနက်ရောင်စာအုပ်ထဲကနေ ဆေးပေါင်းရည် တစ်စက်ကို ထုတ်ယူလိုက်ပြီး ချက်ချင်းပဲ သောက်သုံးလိုက်တယ်။

တစ်ခဏကြာပြီးနောက် တိုက်ပွဲသံတို့ သူ့နားထဲ ပျံ့လွင့်လာခဲ့တယ်။

ထိုမွန်းစားတားနှင့်နတ်ဆိုး လေးယောက်ထဲက တစ်ယောက်ချင်းစီက အားကောင်းလှပါတယ်။ သူတို့ လေးယောက်သာ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၌ ပြိုင်ဘက်ကင်းတယ် ဆိုတာ ချဲ့ကား ပြောနေတာ မဟုတ်ပါဘူး။ အခုအချိန်၌ သူတို့လေးယောက်သား ပူးပေါင်းပြီး ထူးဆန်းသည့် အနက်ရောင် ပိုးအိမ်ကို တိုက်ခိုက်နေခဲ့ကြတယ်။

ပိုးအိမ်ထဲက အလွန်အမင်း ကျယ်လောင်လှသည့် ဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး နောက် တစ်ခုခု ကျိုးပျက်သွားသည့် အသံ ထွက်ပေါ်လာခဲ့တယ်။

အပြာရောင်ဝတ်စုံနဲ့ လူအိုကြီးက ထိတ်လန့် ၊ စိတ်လှုပ်ရှားနေတဲ့ အသံနဲ့ အော်ဟစ်လိုက်တယ် “ဟုတ်သွားပြီ၊ ဒီကောင်က အစစ်အမှန် မိစ္ဆာတစ်ကောင်ပဲ၊ အစစ်အမှန် မိစ္ဆာတစ်ကောင်ဟ”

ထိုအော်ဟစ်သံ ပြီးနောက် တိုက်ပွဲက ပိုပြီးပြင်းထန် လာခဲ့တယ်။ တိုက်ပွဲကို မမြင်ရပေမယ့် ပိုးအိမ်ထဲက အကောင်က လူအိုကြီး လေးယောက်ကြောင့် နိုးထလာခဲ့ရပြီး ထိုလေးယောက်ကို ပြန်တိုက်ခိုက်နေတယ်ဆိုတာကို ခန့်မှန်းကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

သိပ်မကြာခင်မှာပဲ လိုဏ်ဂူတစ်ခုလုံး မိစ္ဆာချီတွေနဲ့ တဖြည်းဖြည်း ပြည့်နှက်လာခဲ့တယ်။ ထွက်ပေါ်နေတဲ့ အလင်းရောင် မှိန်မှိန်လေးတွေတောင် အမှောင်ထုရဲ့ ဖုံးလွှမ်းသွားခြင်းကို ခံလိုက်ရပါပြီ။

ရန်ကိုင်က ထိုအခြင်းအရာတွေကို အတတ်နိုင်ဆုံး လျစ်လျူရှုထားလိုက်ပြီး အားပြန်ဖြည့်နေရာမှာ အာရုံစိုက်ထားလိုက်တယ်။

ဒါပေမယ့် သူ့ကိုယ်ထဲက တစ်ခုခုက အဆက်မပြတ် လှုပ်ရှားနေတာကို ရန်ကိုင် သတိပြုမိလိုက်တယ်။ သူ့ရဲ့ အစစ်အမှန် စီးကြောင်းတွေတောင် ဝရုန်းသုန်းကား ဖြစ်သွားခဲ့ရပါတယ်။

အံ့အားသင့်သွားတာနဲ့ ရန်ကိုင်လည်း သူ့ခန္ဓာကိုယ်ကို ခပ်မြန်မြန်ပဲ စစ်ဆေးကြည့်လိုက်တယ်။ မကြာခင်မှာပဲ သူ့ကိုယ်ထဲရှိ တစ်ခုခုက အပြင်ဘက်ရှိ တစ်ခုခုကို တုန့်ပြန်နေတာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။

တစ်ခဏတာလောက် အံ့အားသင့်သွားခဲ့ပြီးနောက် ရန်ကိုင်က အာရုံနှစ်ခုခွဲကာ တစ်ခုက တိုက်ပွဲကို အာရုံစိုက်ပြီး နောက်တစ်ခုက အားပြန်ဖြည်နေတဲ့ နေရာမှာ အာရုံစိုက်နေလိုက်တယ်။

တိုက်ပွဲကတော့ ပြင်းထန်လို့ နေခဲ့ပါတယ်။ ဘာတွေ ဖြစ်နေလဲ ဆိုတာ သူမမြင်နိုင်ပေမယ့် လူအိုကြီးလေးယောက်တို့ တိုက်ခိုက်ရာကနေ ထွက်ပေါ်လာတဲ့ အသံနဲ့တင် အနက်ရောင်ပိုးအိမ်ထဲက ထွက်ပေါ်လာတဲ့ သတ္တဝါက အပြည့်အဝက အားမပြည့်သေးပေမယ့် အလွယ်အတူ သတ်လို့ရနိုင်တဲ့ အကောင်တစ်ကောင် မဟုတ်ဘူးဆိုတာ ရန်ကိုင် သိလိုက်တယ်။

ထိုမိစ္ဆာက သူတို့မျှော်မှန်းထားတာထက် အများကြီး ပိုသန်မာနေခဲ့ပါတယ်။

ရန်သူရဲ့ အထင်သေးမိသွားပြီ ဆိုတာကို သိလိုက်ရင်တောင် လူအိုကြီး လေးယောက်အတွက် ပြန်ဆုတ်ဖို့က နောက်ကျနေခဲ့ပါပြီ။ ထို့ကြောင့် အံကြိတ်ပြီး ဆက်တိုက်ရုံသာ တတ်နိုင်ပါတော့တယ်။

အချိန်တွေ ကုန်လာတာနဲ့ အမျှ ရန်ကိုင်ရဲ့ ဒဏ်ရာတွေလည်း ပိုပြီး သက်သာလာခဲ့တယ်။

ရုတ်တရက် တစ်ဖက်စီမှ ကျယ်လောင်ပြင်းထန်လှတဲ့ ဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့တယ်။ မိစ္ဆာက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတဲ့ပုံပဲ။ တစ်ချိန်တည်းမှာပဲ လူအိုကြီး လေးယောက်လည်း နာကျင်စွာနဲ့ အော်ဟစ်လိုက်တယ်။ ဒါပေမယ့် လေးယောက်ထဲက နှစ်ယောက်ရဲ့ အသံက ရုတ်တရက် တိတ်သွားခဲ့တယ်။

သေသွားတာလား…

ရန်ကိုင် မျက်ဝန်းအစုံထဲ အလင်းတစ်ချက် လက်သွားခဲ့ပြီး အေးစက်စက် လက်တစ်စုံက သူ့နှလုံး ဆုပ်ကိုင်လိုက်သလို ရန်ကိုင် ခံစားလိုက်ရတယ်။

“ပြန်ဆုတ်မယ်” အပြာရောင်ဝတ်စုံနဲ့လူအိုကြီးက အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေတဲ့ အသံနဲ့ အော်ဟစ်လိုက်တယ်။

အသံပျောက်သွားတာနဲ့ ချက်ချင်းပဲ အလင်းတင်းနှစ်ခုက ရန်ကိုင်ခေါ်ပေါ် ဖြတ်ပြေးသွားခဲ့တယ်။ လူအိုကြီးနှစ်ယောက် ထွက်ပြေးသွားခဲ့ပါပြီ။

ဒါပေမယ့် မိစ္ဆာက ဆက်မလိုက်ပဲ မကျေမနပ်နဲ့ အော်ကြွေးလိုက်ရင်း သူ့နေရာမှပဲ ကျန်ရစ်နေခဲ့တယ်။

ရန်ကိုင်ရဲ့ အကြောအချဉ်တို့ တောင့်တင်းသွားခဲ့ပြီး အတွေးများစွာတို့ သူ့ခေါင်းထဲ ဖြတ်ပြေးသွားခဲ့ကာ နှလုံးခုန်နှုန်းလည်း မြန်ဆန်သွားခဲ့ရတယ်။

သူ့ကိုယ်က မသိရတဲ့ တစ်ခုခုက အဆက်မပြတ် လှုပ်ရှားနေခဲ့ပါတယ်။ ထိုအရာက သူ့ကို့ အရှေ့ဘက်ဆီ သွားဖို့ တွန်းအားပေးနေခဲ့ပါတယ်။

တစ်ခဏတာလောက် တုန်ဆိုင်းနေပြီးနောက် ရန်ကိုင်က စိတ်ခိုင်ခိုင်ထားလိုက်ကာ မိစ္ဆာရှိနေတဲ့ အရပ်ဆီ ခပ်မြန်မြန်ပဲ တစ်လှမ်းပြီး တစ်လှမ်း လှမ်းရင်း လမ်းလျှောက်သွားလိုက်တယ်။

Martial Peak

အပိုင်း (၃၄၈) ငါက မိစ္ဆာဗိုလ်ချုပ် မန်ကဲပဲ

ကီလိုမီတာ ဒါဇင်ကျော် အကွာအဝေးလောက်မှာတော့ တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေက ဟူညီအစ်မ နှစ်ယောက်နှင့်အတူ မိစ္ဆာလိုဏ်ဂူဆီ ပျံသန်းနေခဲ့ကြတယ်။

“နင်တို့ ဘာလို့ လိုက်လာတာလဲ” ဟူကျောင်းအာက ဆက်ပြီး ပျံသန်းနေရင်း ပြုံးကာ လှည့်မေးလိုက်တယ်”

“နင်တို့လည်း အတူတူပဲ မဟုတ်ဘူးလား၊ နင်တို့ကကော ဘာလို့ ပြန်သွားနေတာလဲ” လန်ရှန်းက ပြန်ပြောလိုက်တယ်။

“သူနဲ့ ငါတို့ကြားက ဆက်ဆံရေးက နင်တို့နဲ့ မတူဘူး” ဟူကျောင်းအာက ပြန်ပြောလိုက်တယ်။ ဒါပေမယ့် အခြားသူတွေရဲ့ ကသိကအောက် အကြည့်တွေကို ခံစားမိလိုက်တဲ့ အချိန်မှာတော့ သူမပြောလိုက်တဲ့ စကားက အခြားအဓိပ္ပါယ်တစ်ခု သက်ရောက်နေတာကို ချက်ချင်း နားလည်သွားလိုက်ပြီး ခပ်မြန်မြန်ပဲ ပြန်ရှင်းပြလိုက်တယ် “ငါတို့ ညီအစ်မ နှစ်ယောက်က သူနဲ့ သိလာခဲ့တာကြာပြီ။ ငါတို့ရဲ့ သွေးတိုက်ပွဲဂိုဏ်းနဲ့ သူ့ရဲ့ ကောင်းကင်စံအိမ် ဆိုတာလည်း အိမ်နီးချင်းတွေပဲ”

သူမ အလျင်စလို ရှင်းပြနေတာကို နား‌ထောင်ရင်း ရန်ကိုင်က ဟူညီအစ်မနှစ်ယောက်နဲ့ ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ ဆိုတာကို သူတို့အားလုံး နားလည်သွားခဲ့တယ်။ သူတို့မှာ အခုလို အတိတ်သမိုင်းကြောင်း ရှိနေခဲ့တာကိုး။

“နင်တို့သာ ငါတို့နဲ့ လိုက်လာရင် နင်တို့အားလုံး သေသွားနိုင်တယ်နော်” ဟူကျောင်းအာက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်တယ်။

ဒါပေမယ့် လန်ရှန်းက အထင်အမြင်သေးစွာဖြင့် အားကျမခံ ပြန်ပြောလိုက်တယ် “နင်တို့တောင် သွားနိုင်သေးရင် ငါတို့ကကော ဘာလို့ မသွားနိုင်ရမှာလဲ။ ငါတို့တွေက ယင်တစ္ဆေဘုရင်ရဲ့ ပိုက်နက်ထဲမှာ ရှိတဲ့ တစ္ဆေဘုရင်တောင်ကြားက တပည့်တွေပဲ။ အဲ့ မွန်းစတားနဲ့ နတ်ဆိုး လေးယောက်က အကြောင်းမရှိပဲ ငါတို့ကို သတ်လိမ့်မှာ မဟုတ်ဘူး”

ချန်ရီက သဘောတူ ထောက်ခံသည့် သဘောဖြင့် ခေါင်းညိတ်လိုက်ပြီး “ဂျူနီယာညီမလန် ပြောတာ မှန်တယ်၊ ဒါပေမယ့် ညီအစ်ကိုထောင်၊ ငါတို့နဲ့ မလိုက်ခင် သေသေချာချာ စဉ်းစား ဆုံးဖြတ်သင့်တယ်နော်”

ထောင်ရန်က စိတ်အေးလက်အေး ဟန်ပန်နဲ့ ပြုံးလိုက်ပြီး ပြောလိုက်တယ် “ငါတို့လေးယောက်စလုံးက ရတနာဂိုဏ်းက တပည့်တွေလေ၊ ငါတို့ သေလိမ့်မှာကို မဟုတ်တာ၊ အဲ့လူအိုကြီး လေးယောက်မှာ အသိတရား ရှိနေသေးသရွေ့ ငါတို့ကို သတ်ဖို့ ကြိုးစားလိမ့်မှာ မဟုတ်ဘူး”

“နင်တို့အားလုံး… ဟူး…” ဟူကျောင်းအာက သက်ပြင်းချလိုက်ပြီး ဘာမှ ဆက်မပြောတော့ပါဘူး။ ထိုအဖွဲ့သားတွေက အကူအညီ ပေးချင်လို့သာ အကြောင်းပြချက်တွေ ပေးနေတယ် ဆိုတာကို သူမသိပါတယ်။

တကယ်တော့ ရန်ကိုင်က သူတို့အသက်ကို အကြိမ်များစွာ သေမင်းလက်ကနေ ကယ်တင်ခဲ့တာလေ။ အခုက ရန်ကိုင်က အန္တရာယ်များတဲ့ အခြေအနေထဲ ရောက်နေတဲ့ သူတို့သာ ရန်ကိုင်ကို ဒီအတိုင်း ထားရစ်စွန့်ပစ် ခဲ့မယ်ဆိုရင် သူတို့ နှလုံးသားတွေက စားဝင်အိပ်ပျော် နိုင်လိမ့်မှာ မဟုတ်ပါဘူး။

ကံမကောင်းစွာနဲ့ သူတို့တွေ အားလုံး ရင်ဆိုင်ရမှာက အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊၈လောက် ရှိတဲ့ ပညာရှင် လေးယောက် ဖြစ်နေခဲ့တယ်။

သူတို့ လုပ်နေတဲ့ပံဒက ပုရွက်ဆိတ်တွေက သစ်ပင်တစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေတာနဲ့ မခြားပါဘူး။

မိစ္ဆာလိုဏ်ဂူဆီ ပျံသန်းနေရင်း ရုတ်တရက်ကြီး သူတို့အရှေ့ဘက် ကျယ်လောင်တဲ့ ဟိန်းသံကြီး တစ်သံ ထွက်ပေါ်လာခဲ့တယ်။ အဲ့နောက် ချက်ချင်းဆိုသလိုပဲ ဟူညီအစ်မ နှစ်ယောက်ရဲ့ ကိုယ်ကနေ ထွက်ပေါ်နေတဲ့ အစိမ်းရောင် အရှိန်အဝါလည်း ပျောက်ကွယ်လို့ သွားခဲ့တယ်။

သူတို့အားလုံး ပျံသန်းနေတာကို ရပ်တန့်လိုက်ကြပြီး ထိုထူဆန်းသည့်ဖြစ်စဉ်ကို ငေးကြောင် ကြည့်နေမိလိုက်ကြတယ်။

“ဘာတွေ ဖြစ်သွားတာလဲ” ဟူမေးအာက ရေရွတ်လိုက်တယ်။ ဘာတွေ ဖြစ်လို့ ဖြစ်သွားမှန်း သူမ လုံးဝကို နားမလည် နိုင်ခဲ့ပါဘူး။ “အရိပ်အမှတ်အသားက လူအိုကြီး သေရင်သေသွားမှပဲ ပျက်စီးသွားနိုင်မယ်လို့ နင်တို့တွေ ပြောခဲ့တယ်မလား”

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံး ကြောင်သွားခဲ့ကြရတယ်။ ထို့နောက် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အားလုံးကို ပြန်တွေးလိုက်ပြီးနောက် ဟူညီအစ်မ နှစ်ယောက်ကို ကြည့်လိုက်၊ ဟိုးအရှေ့ဘက်ကို ကြည့်လိုက် လုပ်နေမိခဲ့ကြတယ်။

“ဖြစ်တော့ မဖြစ်နိုင်ဘူးမလားဟင်…. အခုမှ ၁၅မိနစ်ပဲ ရှိသေးတာလေ…” ချန်ရီက သူ့မျက်စိရှေ့ ဖြစ်ပျက်နေတာကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။

လူအိုကြီး လေးယောက်နဲ့ ခွဲထွက်လာခဲ့တာ နာရီဝက်တောင် မပြည့်သေးပါဘူး။ ဒါပေမယ့် သူတို့ ထင်သလိုလည်း မဟုတ်ဘူးဆိုရင် အရိပ်အမှတ်အသားက ဘာလို့ ရုတ်တရက်ကြီး ပျောက်ကွယ်သွားရတာလဲ။

သူတို့လေးယောက်သာ ပူးပေါင်းတိုက်ခိုက်မယ် ဆိုရင် အင်မော်တယ် တက်လှမ်းခြင်းအဆင့်၌ ပြိုင်ဘက်ကင်းတယ်လို့ ပြောနိုင်တဲ့ လူအိုကြီးလေးယောက်က ဘယ်လို အန္တရာယ်နဲ့များ ကြုံတွေ့ခဲ့ရတာလဲ။ ၁၅မိနစ်တောင် မရှိတတ်၊ ရှိတတ် အချိန်လေးအတွင်းမှာ သူတို့ရဲ့ အသက်တွေကို ဘယ်လိုလုပ်ပြီး ဆုံးရှုံးသွားခဲ့ရတာလဲ။

ရွှစ်… ရွှစ်….

လေးတိုးသံနှစ်သံကို ကြားလိုက်တာနဲ့ သူတို့တစ်ဖွဲ့လုံး မော့ကြည့်လိုက်တဲ့အချိန် မွန်းစတားနဲ့နတ်ဆိုး လေးယောက်ထဲက နှစ်ယောက်က သူတို့ဆီ လျင်မြန်စွာနဲ့ ချဉ်းကပ်လာနေတာကို တွေ့လိုက်ရတယ်။

သူတို့ ထဲက တစ်ယောက်က ရန်ကိုင်ကို ခေါ်သွားခဲ့တဲ့ အပြာရောင်ဝတ်ရုံနဲ့ လူအိုကြီး ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ခရမ်းရောင်ဝတ်ရုံနဲ့ လူအိုကြီးပါ။ အဝါရောင်နဲ့ အစိမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် လူအိုကြီးတို့ နှစ်ယောက်ကိုတော့ မတွေ့ရတော့ပါဘူး။

ပြီးတော့ ထိုလူအိုကြီး နှစ်ယောက်က အရင်လို မောက်မာတဲ့ အငွေ့အသက်တို့ကို သယ်ဆောင်မထားတော့ပါဘူး။ သူတို့ နှစ်ယောက်စလုံးရဲ့ အသားအရေက ဖြူလျော်နေခဲ့ကြပြီး သွေးစတွေကလည်း သူတို့ ပါးစပ်ထောင့်စွန်း၌ ကပ်ပေနေခဲ့ပါတယ်။ အကြွင်းအကျန် အနက်ရောင် အငွေ့တွေကလည်း သူတို့ခန္ဓာကိုယ်ထက် ရစ်ပတ်လို့ နေခဲ့ပါတယ်။ ထိုအကြွင်းအကျန် အနက်ရောင် အငွေ့တွေက အဆိပ်ပြင်းတဲ့ မြွေသေးသေးလေးတွေလို သူတို့ခန္ဓာကိုယ်ထဲ ရစ်ပတ်လို့ နေခဲ့ကြပါတယ်။

သူတို့ နှစ်ယောက်စလုံး ပြင်းပြင်းထန်ထန် ဒဏ်ရာရလာခဲ့တာ အသေအချာပါပဲ။ အပြာရောင်ဝတ်ရုံနဲ့ လူအိုကြီးရဲ့ လက်တစ်ဖက်ဆိုရင် တွဲလောင်းကျနေခဲ့ပြီး ခရမ်းရောင် ဝတ်ရုံနဲ့နဲ့ လူအိုကြီးရဲ့ ရင်ဘတ်၌လည်း ဒဏ်ရာကြီး တစ်ချက် ရှိနေခဲ့တယ်။ သေချာသာ အနီးကပ်ကြည့် မယ်ဆိုရင် ထိုဒဏ်ရာကြီးက သွေးနီရောင် အပေါက်ငါးပေါက် ဖြစ်နေတယ် ဆိုတာကို သတိပြုမိပါလိမ့်မယ်။ သူအသက်တစ်ချက် ရှူလိုက်တိုင်း ထိုအပေါက်ငါးပေါက်မှ သွေးတွေ စီးထွက်လာလို့ နေခဲ့ပါတယ်။

ရန်ကိုင်ကို ဘယ်နေရာမှာမှ မတွေ့လိုက်ရတာကို သတိပြုမိလိုက်တဲ့ အချိန်မှာတော့ အဖွဲ့သားအားလုံး တုန်လှုပ်ခြောက်ခြား သွားခဲ့ကြတယ်။

လူအိုကြီး နှစ်ယောက်က အဖွဲ့သားတွေကို တစ်ချက်ကလေးတောင် ကြည့်မသွားခဲ့ပဲ အပြတ်အသတ် အနှက်ခံလိုက်ရတဲ့ ခွေးနှစ်ကောင်လို အမြီးကုတ်ပြီးတော့သာ အရှိန်ကုန်တင် ပြေးနေခဲ့ပါတယ်။ သူတို့ နှစ်ယောက်စလုံး တစ်ခုခုကြောင့် အလွန်အမင်း ကြောက်ကြောက်ရွံ့ရွံ့နဲ့ ထွက်ပြေးလာခဲ့ရတာကို ထိုလူအိုကြီး နှစ်ယောက်ရဲ့ အမူအရာကို ကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

ထိုလူအိုကြီး နှစ်ယောက်စလုံး အနောက်ကနေ ကျားလိုက်ခံနေရသည့် ခွေးတစ်ကောင်လို အမြီးကုပ်ပြီး ပြေးနေတာကို တွေ့လိုက်ရသည့်အခါ အဖွဲ့သားတွေ အကုန်လုံး တောင့်တောင့်ကြီး ဖြစ်ကုန်ကြပါတော့တယ်။

နာရီဝက်အတွင်းမှာပဲ လူအိုကြီး လေးယောက်ထဲက နှစ်ယောက်သေဆုံး သွားခဲ့ပြီး ကျန်တဲ့နှစ်ယောက်က အပြင်းအထန် ဒဏ်ရာရကာ ထွက်ပြေးလာခဲ့ရပါတယ်။ သူတို့ အရှေ့မှာ ရှိနေတောက သေမင်းခံတွင်းပါ။ အရှေ့ကိုသာ ဆက်သွားနေမယ် ဆိုရင် သူတို့ကို စောင့်ကြိုနေမှာက သေခြင်းတရားကလွဲပြီး အခြားမရှိပါဘူး။

ရန်ကိုင် အသက်ရှင်နေလား၊ မရှင်တော့ဘူးလား ဆိုတာကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် ထိုလူအိုကြီး နှစ်ယောက်ရဲ့ အခြေအနေ အရတော့ ရန်ကိုင်ကတော့ တမလွန်ကို ရောက်နေဖို့ များနေပါပြီ။

“အစ်မကြီး…” ဟူမေးအာက အသာအယာလေး ပြောလိုက်တယ်။ သူမအကြည့်ထဲ ပြတ်သားသည့် ဆုံးဖြတ်ချက်တို့ ပါဝင်နေခဲ့တယ်။

“အင်း” ဟူကျောင်းအာကလည်း ခေါင်းညိတ်လိုက်တယ်။ သူမ အမူအရာက အလွန်အမင်း တည်ငြိမ်နေခဲ့ပြီး စကားတစ်ခွန်းမှ ဆက်ပြောမနေတော့ပဲ မိစ္ဆာလိုဏ်ဂူ ရှိရာအရပ်ဆီ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် ပြေးထွက်သွားလိုက်တယ်။

တစ္ဆေဘုရင်တောင်ကြား နှင့် ရတနာဂိုဏ်းက တပည့်တွေက အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ဟူညီအစ်မ နှစ်ယောက်ကနေ ပြေးလိုက်သွားခဲ့ကြတယ်။

ရန်ကိုင်က အစစ်အမှန်ချီကို လှည့်ပတ်ပြီး တိုက်ပွဲဖြစ်ပွါးရာ နေရာဆီ သတိအပြည့်ဖြင့် လမ်းလျှောက် သွားနေခဲ့ကြတယ်။

မကြာသေးခင်ကပဲ အစိမ်းရောင်နဲ့ အဝါရောင် ဝတ်ရုံဝတ် လူအိုကြီးတို့ရဲ့ အလောင်းကို သူတွေ့ခဲ့ရပါတယ်။ ထို လူအိုကြီး နှစ်ယောက်ကို မြင်လိုက်တော့ ရန်ကိုင်လည်း မတုန်လှုပ်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရတယ်။

ထိုလူအိုကြီး နှစ်ယောက်က ပြိုင်ဘက်ကင်းတဲ့ ခွန်အားကို မပိုင်ဆိုင်ထားပေမယ့် သူတို့တွေက လန်ရှန်းက သန်မာတယ်လို့ မှတ်ချက်ပေးရလောက်တဲ့အထိ အားကောင်းတဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်၇၊အဆင့်၈ ကျင့်ကြံသူတွေပါ။

သူတို့ ပြောနေကြတဲ့ အစစ်အမှန် မိစ္ဆာလို့ခေါ်တဲ့ ကောင်က လူအိုကြီး လေးယောက်ရဲ့ ပူးပေါင်းတိုက်စစ်ကို ချိုးဖျက်ပြီး လေးယောက်ထဲ နှစ်ယောက်ကို ဒီလောက် အချိန်တိုအတွင်း သစ်ပစ်လိုက်နိုင်တယ် ဆိုတော့ ထိုအစစ်အမှန် မိစ္ဆာဆိုတဲ့ ကောင်ရဲ့ ခွန်အားက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလိမ့်မယ် ဆိုတာ အသေအချာပါပဲ။

အစိမ်းရောင်နဲ့ အဝါရောင် ဝတ်ရုံတတ် လူအိုကြီးနှစ်ယောက် စလုံး ဆိုးဆိုးရွားရွား သေဆုံးခဲ့ကြရတဲ့ ပုံပါပဲ။ သူတို့ထဲက တစ်ယောက်က အသားပုံ ဖြစ်နေခဲ့ပြီး အခြားတစ်ယောက်ကတော့ တစ်စစီ ဆုတ်ဖြဲထားခံရပါတယ်။ သူတို့ရဲ့ ဒဏ်ရာကို ကြည့်ရုံနဲ့တင် ထိုလူအိုကြီး နှစ်ယောက်အနေနဲ့ ပြန်တိုက်ချိန်တောင် မရလိုက်ပဲ ချက်ချင်း သတ်ပစ်ခံလိုက်ရတယ်ဆိုတာ အသေအချာကြီးပါ။

သိပ်မဝေးတဲ့ တစ်နေရာမှ လေးလံတဲ့ အသက်ရှူသံကို ကြားလိုက်တဲ့အတွက် ရန်ကိုင်လည်း အသက်ရှူသံ ထွက်ပေါ်လာတဲ့ နေရာဆီ အလျင်အမြန် လှမ်းကြည့်မိလိုက်တယ်။

သူနဲ့ ဒါဇင်မီတာ အကွာအဝေးလောက်၌ မီတာများစွာလောက် ရှည်လျားသည့် လှံတံတို့ဖြင့် မြေပြင်ပေါ် ဖိကပ်ထားခြင်း ခံရသည့် ဝတ်လစ်စလစ် ဖြစ်နေတဲ့ ကြံခိုင်တောင့်တင်းတဲ့ လူထွားကြီး တစ်ယောက် ရှိနေခဲ့တယ်။

အစစ်အမှန် မိစ္ဆာ…

ထိုကောင်က အနက်ရောင် ပိုးအိမ်ကနေ မွေးဖွားလာတဲ့ အစစ်အမှန် နတ်ဆိုးတစ်ကောင် ဖြစ်သလို မိစ္ဆာလိုဏ်ဂူထဲက မိစ္ဆာစိတ်ဝိဥာဉ် များစွာနဲ့ မိစ္ဆာစိတ်ဝိဥာဉ်စမ်းကနေ ထွက်ပေါ်လာတဲ့ မိစ္ဆာချီတို့ ရောနှောပေါင်းစပ်ပြီးတော့မှ ဖြစ်တည်လာသည့် မိစ္ဆာတစ်ကောင်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထိုကောင်က မိစ္ဆာစိတ်ဝိဥာဉ်တွေနဲ့ ကွဲပြားစွာပဲ ပြီးပြည်စုံတဲ့ ခန္ဓာကိုယ်၊ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းကို ပိုင်ဆိုင်ထားပါတယ်။ တကယ်တမ်း ပြောရမယ်ဆိုရင် ထိုအစစ်အမှန် မိစ္ဆာက သာမန် လူတစ်ယောက်နဲ့တောင် ဘာမှ မခြားနားပါဘူး။

တစ်ခုတည်း ကွဲပြားခြားနားချက် သူ့တစ်ကိုယ်လုံးက အနက်ရောင် တက်တူးတွေနဲ့ ပြည့်နေတာပါပဲ။ တက်တူး တစ်ခုချင်းစီတိုင်း၌ ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်တို့ ပါဝင်နေခဲ့တယ်။

ရန်ကိုင် ရောက်ရှိလာတာကို အာရုံခံမိလိုက်တာနဲ့ ထိုမိစ္ဆာက ရန်ကိုင်ကို တစ်ချက်သာ ကြည့်လိုက်ပြီး ဆက်ပြီး ဂရုမစိုက်တော့ပါဘူး။

တစ်ချိန်တည်းမှာပဲ သူ့ဆီမှာ ဝဲနေတဲ့ နတ်ဆိုး အရှိန်အဝါက ရန်ကိုင်ထံ ရိုက်ခတ်လို့ လာခဲ့တယ်။

မိစ္ဆာချီတို့ ပေါက်ကွဲထွက်လာတာနဲ့ ရန်ကိုင်က နေရာမှာပဲ တည်တည်ငြိမ်ငြိမ်နဲ့ မတ်တပ်ရပ်နေခဲ့ပြီး သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ယန်အရည်တစ်စက် သုံး၍ ဒိုင်းကာ တစ်ခုကို ဖန်တီးလိုက်တယ်။

မိစ္ဆာချီက ရန်ကိုင့် ဒိုင်းကာနဲ့ ထိပ်တိုက်တွေ့သွားခဲ့ပြီးနောက် ရန်ကိုင် အနေနဲ့ နောက်ကို ခြေနှစ်လှမ်း၊ သုံးလှမ်းသာ ဆုတ်လိုက်ရပြီး သူ့ဒိုင်းကာကတော့ ကျိုးပျက်သွားခြင်း မရှိခဲ့ပါဘူး။

မိစ္ဆာက ရန်ကိုင်ကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ ထိုအားနည်းကောင်စုတ်က သူ့ရဲ့ သာမန်ကာလျှံကာ ရိုက်ချက်ကို ခုခံနိုင်လိမ့်မယ်လို့ သူလည်း အနည်းငယ် အံ့အားသင့်သွားခဲ့ရတယ်။ ထို့နောက် သွားပေါ်အောင် ပြုံးရယ်လိုက်တယ်။

အဲ့နောက် သူ့ရင်ဘတ်ဆီ စိုက်ဝင်နေတဲ့ လှံကို လက်တစ်ဖက်နဲ့ တင်းတင်း ဆုပ်ကိုင်ရင်း ဖြေးဖြေးချင်း ဆွဲနှုတ်လိုက်တယ်။

ထိုလှံက နတ်ဆိုးနဲ့မိစ္ဆာလေးယောက် ပိုင်ဆိုင်တဲ့ လက်နက်တစ်ခုပါ။ လေးယောက်သား ထွက်ပြေးချိန် ရဖို့အတွက် ထိုလှံ အကူအညီနဲ့ အစစ်အမှန် မိစ္ဆာဆိုတဲ့ ကောင်ကို မြေကြီးပေါ် ဖိကပ်ခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ လေးယောက်ထဲ၌ နှစ်ယောက်ပဲ လွတ်မြောက်ခဲ့ပါတယ်။

လှံကို ဖြေးဖြေးချင်း ဆွဲထုတ်နေတဲ့ အချိန် မိစ္ဆာမျက်နှာထက် မည်သည့် နာကျင်မှုကိုမှ မမြင်တွေ့ရပဲ စိတ်လှုပ်ရှားမှုကိုသာ မြင်တွေ့နေခဲ့ရပါတယ်။ ဒဏ်ရာကနေ သွေးတွေ စီးထွက်နေခဲ့ပေမယ့် ထိုအကောင် စိတ်လှုပ်ရှား နေခဲ့ပါတယ်။

ပိုပြီး ထူးဆန်းတာက ထိုမိစ္ဆာရဲ့ ဒဏ်ရာကနေ စီးထွက်လာတဲ့ သွေးတွေက အနီရောင်မဟုတ်ပဲ ခရမ်းရောင် ဖြစ်နေတာပါပဲ။

ထိုမိစ္ဆာကို လွတ်မြောက်ဖို့ အခွင့်အရေး မပေးတော့ပဲ ရန်ကိုင်က စတင်လှုပ်ရှားလိုက်တယ်။

ချွမ်ချွမ်… မြည်သံနှင့်အတူ ချိန်းကြိုးတစ်ခုက ရန်ကိုင်ဆီကနေ မိစ္ဆာပြေးဝင်သွားခဲ့တယ်။ ထိုချိန်းကြိုးတစ်ခုလုံးက သန့်စင်တဲ့ အပူစွမ်းအင် အရှိန်အဝါတို့ဖြင့် ပြည့်နေခဲ့တယ်။

ထိုအပူစွမ်းအင်ကို ခံစားမိတာနဲ့ မိစ္ဆာတစ်ကိုယ်လုံး တုန်ခါသွားခဲ့ပြီး သူ့ကိုယ်ထက် ဝဲပတ်နေတဲ့ အနက်ရောင် နတ်ဆိုးချီတွေလည်း သူ့ကိုယ်ထဲ ချက်ချင်းပဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။

ချိန်းကြိုးက မိစ္ဆာအား တော်တော်လေး အနှောက်အယှတ် ပေးနိုင်သည့် မှော်ဆန်ဆန် စွမ်းအင်တို့ ပါဝင်နေသည့် ဆူညံ့သံ တစ်မျိုးမျိုးကို ချက်ချင်းပဲ ထုတ်လွှတ်လိုက်တယ်။

ထို့နောက် ချိန်းကြိုးရဲ့ ပြီးပြည့်စုံတဲ့ ပုံစံ ထွက်ပေါ်လာခဲ့တယ်။ ချိန်းကြိုးက တစ်မီတာတောင် မရှည်ပါဘူး။ ချိန်းကြိုးရဲ့ အစွန်းမှာတော့ သတ္တုလည်ပတ် တစ်ခု ရှိနေခဲ့ပါတယ်။ ထိုသတ္တုလည်ပတ်ရဲ့ ပုံစံက ခွေးလည်ပတ် ပုံစံ တစ်ခုနဲ့ အတူတူပါပဲ။ မိစ္ဆာချုပ်နှောင် ချိန်းကြိုး… ရန်ကိုင်က ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေကနေ ထိုလက်နက်ကို ရပြီးကတည်းက သူ့ရဲ့ အစစ်အမှန်ယန်ယွမ်ချီနဲ့ သန့်စင်လာခဲ့တာပါ။ ထိုလက်နက်က အချိန်အတော်ကြာအောင် နိုးထမည့် အရိပ်အယောင် နည်းနည်းလေးတောင် မပြခဲ့ပါဘူး။ ဒါပေမယ့် မကြာသေးခင်ကပဲ ထိုလက်နက်က ရုတ်တရက်ကြီး စတင်လှုပ်ရှားလာခဲ့ပါတယ်။ (နတ်ဆိုးချုပ်နှောင် ချိန်းကြိုးစား မိစ္ဆာချုပ်နှောင် ချိန်းကြိုးဆိုပြီး ပြန်ပြင်သုံးသွားပါမယ်)

မိစ္ဆာချုပ်နှောင် ချိန်းကြိုး ကြောင့်သာ မဟုတ်ရင် ရန်ကိုင်လည်း အရဲစွန့်ပြီး အခုလိုမျိုး ရှေ့တက်လာရဲခဲ့မှာ မဟုတ်ပါဘူး။

မိစ္ဆာချုပ်နှောင် ချိန်းကြိုးက ကောင်းကင်စံအိမ် တည်ထောင်သူ ချန်ခဲ့တဲ့ လက်နက်တစ်ခုပါ။ ထိုလက်နက်ကို ရစ်ခွေနဂါးစမ်းချောင်း အောက်ခြေမှာ ရှိနေတဲ့ မိစ္ဆာအရှင်သခင်ရဲ့ မိစ္ဆာချီတွေကို ချိတ်ပိတ်ထားဖို့ အသုံးပြုခဲ့တာပါ။ ထို့ကြောင့် မိစ္ဆာချုပ်နှောင် ချိန်းကြိုးကို သူ့ရှေ့မှာ ရှိနေတဲ့ မိစ္ဆာကောင်ပေါ်မှာလည်း အသုံးပြုလို့ ရပါတယ်။

မိစ္ဆာချုပ်နှောင် ချိန်းကြိုး အပြည့်အဝ ထွက်ပေါ်လာတာနဲ့ မိစ္ဆာလည်း ရုတ်တရက် ကြောက်လန့်တုန်လှုပ် သွားခဲ့ပြီး ချက်ချင်း ဆိုသလိုပဲ ရန်ကိုင်ကို သတိအပြည့်နဲ့ ကြည့်လိုက်တယ်။ သူ့အမူအရာ အိမ်မက်ဆိုးတစ်ခုကို မြင်တွေ့လိုက်ရသလိုမျိုး ဖြစ်နေခဲ့ပြီး အော်ဟစ်လိုက်တယ် “မိစ္ဆာချီကို ဖိနှိပ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ သန့်စင်တဲ့ ယန်လက်နက် တစ်ခုလား”

မိစ္ဆာက ကြောက်လန့်တကြား အော်ဟစ်နေစဉ် သူ့ရင်ဘတ်က လှံကို အားကုန်သုံးကာ ဆွဲထုတ်လိုက်တယ်။ သူ့ဒဏ်ရာကိုလည်း စိတ်ပူမနေနိုင်တော့ပါဘူး။ ထို့နောက် လှံတံကို မိစ္ဆာချုပ်နှောင် ချိန်းကြိုးရှိရာဆီ လှမ်းပစ်လိုက်တယ်။

လေဟာနယ် အက်ကွဲသံနှင့်အတူ လှံတံက နေရာရွေ့ပြောင်းလိုက် သလိုမျိုး မိစ္ဆာချုပ်နှောင် ချိန်းကြိုးရဲ့ ရှေ့ ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့တယ်။

ဒါပေမယ့် ထိုတိုက်ကွက် ကောင်းကင်တစ်ခွင်ကို တုန်လှုပ်သွားစေနိုင်တယ် ဆိုရင်တောင် အကျုံးမဝင်တဲ့ ရုန်းကန်လှုပ်ရှားမှု တစ်ခု ဖြစ်နေတုန်းပါပဲ။

မိစ္ဆာချုပ်နှောင် ချိန်းကြိုးဆီကနေ တောက်ပလွန်းတဲ့ ရွှေရောင်အလင်းရောင်တို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်။ လှံတံက မိစ္ဆာချုပ်နှောင် ချိန်းကြိုးကို ဘာမှရှိမနေသည့် လေဟာနယ် တစ်ခုကို ဖြတ်သန်းသွားသလို ဖြတ်သန်းသွားခဲ့တယ်။

ထိုု့နောက် ရွှေရောင်အလင်းရောင်တို့ ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ မိစ္ဆာချုပ်နှောင် ချိန်းကြိုးက မိစ္ဆာရဲ့ လည်ပင်းထက် ရောက်ရှိလို့ နေခဲ့ပါတယ်။

ဆီပူအိုးထဲ ထည့်ကြော်ခံလိုက်ရသလို တရှဲရှဲ မြည်သံနှင့်အတူ မိစ္ဆာရဲ့ ကိုယ်ကနေ အဖြူရောင်မီးခိုးတွေ ထွက်ပေါ်လာခဲ့တယ်။ သူ့ကိုယ် အပြင်ဘက်၌ ရှိနေသည့် မိစ္ဆာချီတွေလည်း ချက်ချင်းပဲ ဖိနှိပ်ခံလိုက်ရတယ်။

ထိုတရှဲရှဲ မြည်သံနှင့်အတူ မိစ္ဆာရဲ့ ထွားကြိုင်းလှတဲ့ ခန္ဓာကိုယ်ကြီးက ဒယီးဒယိုင် ဖြစ်လာခဲ့တယ်။ မိစ္ဆာက သူ့လက်နှစ်ဖက်နဲ့ မိစ္ဆာချုပ်နှောင် ချိန်းကြိုးကို သူ့လည်ပင်းကနေ အတင်းအကြပ် ဆွဲဖြုတ်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမယ့် သူဘယ်လောက်ပဲ ကြိုးစားကြိုးစား ကျောက်တောင်ကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်နေခဲ့ကာ ချိန်းကြိုးလည်ပတ်က နည်းနည်းလေးတောင် လှုပ်ခါသွားခြင်း မရှိပဲ အကျိုးဆက် အနေနဲ့ သူ့လက်တွေပဲ တန်ပြန်လောင်ကျွမ်းခြင်း ခံလိုက်ရပါတယ်။

မိစ္ဆာချုပ်နှောင်ချိန်းကြိုးက တလက်လက် တောက်ပလာခဲ့တယ်။

မိစ္ဆာကို ဝန်းရံနေသည့် နတ်ဆိုးချီတွေလည်း ယိမ်းထိုးမှေးမှိန် လာခဲ့တယ်။

အားနှစ်ခုက အပြင်းအထန် ပြိုင်ဆိုင်နေခဲ့ကြတယ်။

ရန်ကိုင်က ထိုပုံမှန်မဟုတ်တဲ့ တိုက်ပွဲကို ကြည့်ရင်း ခပ်မြန်မြန်ပဲ နောက်ပြန်ဆုတ်နေလိုက်တယ်။

ထိုမိစ္ဆာက သူ့တို့လို လူသားတွေ ပြောဆိုတဲ့ ဘာသာစကားကို ပြောဆိုနိုင်လိမ့်မယ်လို့ သူတကယ်ကို မထင်ထားခဲ့ပါဘူး။

တကယ်တော့ ထိုမိစ္ဆာ ဘယ်လို ဖြစ်တည်မွေးဖွားလာလဲ ဆိုတာကို သူ့မျက်လုံးနဲ့ တပ်အပ် မြင်တွေ့ခဲ့ရတာပါ။ ထိုကဲ့သို့ မွေးဖွားဖြစ်တည် လာတဲ့ အကောင်မျိုးက အခုလိုမျိုး ကြွယ်ဝတဲ့ အသိဥာဏ်ကို မပိုင်ဆိုင် ထားသင့်ပါဘူး။ အဲ့အစား ဘာကိုမှ နားမလည် မသိသေးတဲ့ မွေးကင်းစ ကလေးတစ်ယောက်လို ဖြစ်နေသင့်ပြီး မသိစိတ်အရ တုန့်ပြန်တတ်တဲ့ မိစ္ဆာတစ်ကောင်သာ ဖြစ်နေသင့်ပါတယ်။

ဒါပေမယ့် ထိုမိစ္ဆာက တစ်ချက် ကြည့်လိုက်ရုံနဲ့တင် မိစ္ဆာချုပ်‌နှောင် ချိန်းကြိုးကို မှတ်မိနေသည့်အပြင် သူတို့ လူသားတွေ ပြောဆိုတဲ့ ဘာသာစကားကိုလည်း ပြောဆိုနေနိုင်ခဲ့ပါတယ်။ အခြေအနေတွေက သူထင်ထားတာထက် ပိုပြီး ရှုပ်ထွေးနေခဲ့ပါတယ်။

ရန်ကိုင် မျက်ဝန်းအစုံက တဖျတ်ဖျတ် လက်သွားခဲ့တယ်။ အခု ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဘယ်လို ရှင်းပြလို့ ရှင်းပြရမှန်း ရန်ကိုင် မသိတော့ပါဘူး။

မိစ္ဆာနဲ့ မိစ္ဆာချုပ်နှောင် ချိန်းကြိုးကြားက တိုက်ပွဲက အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာလောက် အချိန်အတွင်းမှာပဲ ပြီးဆုံးသွားခဲ့တယ်။

မိစ္ဆာချုပ်နှောင်ချိန်းကြိုးက နတ်ဆိုးချီတွေကို အပြည့်အဝ ဖိနှိပ်ထားလိုက်တဲ့အတွက် မိစ္ဆာလည်း အကျိုးမဲ့ ရုန်းကနေတာကို ရပ်တန့်လိုက်ရတယ်။ အဲ့အစား မိစ္ဆာက ရုန်းကန်နေခြင်း မရှိတော့ပဲ တင်ပလင်ခွေ ထိုင်လိုက်ကာ လှောင်ပြုံးပြုံးရင်း ရန်ကိုင်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တယ်။

သေရတော့မှာကို တုန်လှုပ်ခြောက်ခြားနေသည့်၊ ကြောက်ရွံ့နေသည့် အရိပ်အယောင်ကို သူ့မျက်နှာထက် နည်းနည်းလေးတောင် မမြင်တွေ့ရပါဘူး။ အဲ့အစား သူ့မျက်နှာ တစ်ခုလုံးက သိလိုစိတ်၊ စူစမ်းလိုစိတ်တို့ဖြင့် ပြည့်နေခဲ့တယ်။

“ကောင်စုတ်လေး၊ ငါက မိစ္ဆာဗိုလ်ချုပ် မန်ကဲပဲ။ မင်းက ငါ့ရဲ့ ဝိဥာဉ်ကိုယ်ပွါးကို ဒုက္ခပေးရဲမှတော့ ဒီအရှင်သခင်က မင်းကို ကျိန်းသေမှတ်ထားမယ်၊ အနာဂတ်မှာ အခွင့်အရေးသာ ရကြည့်၊ ဒီအရှင်သခင်ရဲ့ အဓိကခန္ဓာကိုယ်က မင်းကို သေတာထက် ဆိုးရွားတဲ့ ကံတရားကို ပေးမြည်းစမ်းခိုင်းမယ်၊ ဟားဟားဟားဟား”

Martial Peak

အပိုင်း (၃၄၉) မိစ္ဆာအသွင်းပြောင်းလဲခြင်း တိုက်ကွက်

တိုက်ပွဲမြေဆီ ရောက်လာသည့် အချိန်၌ ဟူညီအစ် နှစ်ယောက်စလုံး သက်ပြင်းရှိုက်လိုက် မိကြတယ်။ အပျက်အစီးပုံကြီးကို ကြည့်ရင်း တိုက်ပွဲ ဘယ်လောက်တောင် ပြင်းထန်ခဲ့လဲ ဆိုတာ သူမတို့ ခန့်မှန်းမိလိုက်တယ်။ ရက်ရက်စက်စက် အသတ်ဖြတ်ခံထားရသည့် အစိမ်းရောင်နဲ့ အဝါရောင် ဝတ်ရုံဝတ် လူအိုကြီးတို့ရဲ့ အလောင်းတို့က တိုက်ပွဲဘယ်လောက်‌တောင် ပြင်းထန်ခဲ့ကြောင်း မီးမောင်းထိုးပြလို့ နေခဲ့တယ်။

မိန်းမလှလေး နှစ်ယောက်က ကြောက်ကြောက်ရွံ့ရွံ့နဲ့ တုန်လှုပ်ခြောက်ခြားနေစဉ် အဝေးတစ်နေရာမှာ ရပ်နေတဲ့ ရန်ကိုင်ကို ရုတ်တရက် သတိပြုမိလိုက်တယ်။

ရန်ကိုင်က ချိန်းကြိုးတစ်ခုကို ကိုင်ထားရင်း ထိုနေရာမှာပဲ အမူအရာ ကင်းမဲ့စွာနဲ့ မတ်တပ်ရပ်နေခဲ့ကာ အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအင်တို့က သူ့ကို ဝန်းရံထားလို့ နေခဲ့တယ်။

ရွှစ်… ရွှစ်… ရွှစ်…

သိပ်မကြာခင်မှာပဲ တစ္ဆေဘုရင်တောင်ကြားနဲ့ ရဝနာဂိုဏ်းက တပည့်တို့ ရောက်ရှိလာခဲ့တယ်။ ရောက်ရောက်ချင်း ထူးခြားနေသည့် လေထုအခြေအနေကို ချက်ချင်း သတိပြုမိလိုက်ပြီး ရန်ကိုင်ကို စိတ်ဝင်တစား လှမ်းကြည့်လိုက်ကြတယ်။

ဒါပေမယ့် အခု လက်ရှိ အခြေအနေက အားလုံး မျှော်မှန်းထားတာထက် ပိုပြီး ကောင်းမွန်နေခဲ့ပါတယ်။ အနည်းဆုံးတော့ ရန်ကိုင် မသေခဲ့သလို ပြင်းပြင်းထန်ထန်လည်း ဒဏ်ရာ ရမနေခဲ့ပါဘူး။ သူ့အရှိန်အဝါက ငြိမ်သက်နေတဲ့ ကန်ရေပြင်တစ်ခုလို တည်ငြိမ်နေခဲ့တယ်။

ထိုအချက်ကို သေချာစစ်ဆေး ပြီးတော့မှပဲ အားလုံး စိတ်သက်သာရာ ရသွားခဲ့ကြတယ်။

ထိုလူတွေ ရောက်လာတာကို ရန်ကိုင် သတိမပြုမိတာ မဟုတ်ပါဘူး။ အဲ့အစားက သူက မိစ္ဆာမပျောက်ကွယ်ခင် နောက်ဆုံး ပြောသွားခဲ့တဲ့ စကားတွေကို စဉ်းစားနေခဲ့တာပါ။

စကား နည်းနည်းလေးပဲ ပြောသွားခဲ့တာ ဆိုပေမယ့် သူသိလိုက်ရတဲ့ အကြောင်းအရာ အသစ်တွေကတော့ အများကြီးပါ။

မိစ္ဆာဗိုလ်ချုပ် မန်ကဲ… ဒါက မိစ္ဆာက သူ့ကိုယ်သူ ခေါ်ခဲ့တာပါ။ နာမည်ကို ကြားလိုက်ရုံနဲ့တင် ထိုနာမည် ပိုင်ရှင်က မြင့်မားတဲ့ အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်မှန်း ချက်ချင်း တန်းသိနိုင်ပါတယ်။

ပြီးတော့ မိစ္ဆာ နောက်ထပ် ပြောခဲ့တာလည်း ရှိပါသေးတယ်၊ သူက ဝိဥာဉ်ကိုယ်ပွါး တစ်ခုပါပဲတဲ့။

မွန်းစတားနဲ့ နတ်ဆိုးလေးယောက် ပူးပေါင်းတိုက်ခိုက်တာတောင် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာလောက် အချိန်အထိ တောင့်မခံနိုင်ခဲ့ပါဘူး။ နှစ်ယောက်ဆိုရင် အသတ်ခံလိုက်ရပြီး ကျန်တဲ့ နှစ်ယောက်ဆိုရင်လည်း ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရပါတယ်။

သူတို့တွေက အဆင့်မြင့် လက်နက်ဖြစ်တဲ့ လှံတံကို အသုံးပြုပြီး မိစ္ဆာကို မြေကြီးနဲ့ ဖိကပ်နိုင်ခဲ့ပေမယ့် မိစ္ဆာကတော့ ထိုလှံကို ဘာမှမဟုတ်သည့်အလား အသာအယာလေး ဆွဲနှုတ်နိုင်ခဲ့ပါတယ်။

ဝိဥာဉ်ကိုယ်ပွါးတောင် ဒီလောက်တောင် ကြောက်မက်ဖွယ် ကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင် ထားနေခဲ့ပါပြီ။ သူ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်သာဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းနေလိုက်မလဲ။

မိစ္ဆာရဲ့ အစစ်အမှန် ခွန်အားက ရန်ကိုင် အသိဥာဏ်ရဲ့ အလွန်၌ ဖြစ်သလို သူ့တွေးထင်ထားတာ ထက်လည်း အများကြီး ပိုပြီး အားကောင်းပါတယ်။ ထိုအချက်က သူ့ကို တော်တော်လေး ထိတ်လန့် သွားစေခဲ့ပါတယ်။

ကံကောင်းစွာနဲ့ ထိုကောင်က မိစ္ဆာဖြစ်နေတဲ့အတွက် မိစ္ဆာချုပ်နှောင် ချိန်းကြိုးက သူ့ကို အကူအညီ ပေးနိုင်ခဲ့ပါတယ်။ ထိုကောင်သာ မိစ္ဆာြဖစ်မနေခဲ့ရင် ရန်ကိုင် ခွန်အားက အခုထက် ၁၀ကျော်လောက် များပြားနေရင်တောင် ဘာမှ လုပ်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

မိစ္ဆာဗိုလ်ချုပ် မန်ကဲက နောက်ဆုံး စကား ပြောပြီးသွားတာနဲ့ သူ့ဝိဥာဉ်ကိုယ်ပွါးက ဆက်ပြီး တောင့်မခံနိုင်တော့မှန်း သိလိုက်တဲ့အတွက် မခုခံတော့ပဲ ဒီအတိုင်းလေးပဲ ထိုင်နေလိုက်တယ်။

သူပျောက်ကွယ်သွားပြီးနောက် ကျန်ရစ်ခဲ့တဲ့ အရာကတော့ သိပ်သည်းလှတဲ့ စွမ်းအင်တို့ ပါဝင်နေတဲ့ မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ် တစ်ခုပါ။

ထိုအဆီအနှစ်က မိစ္ဆာစိတ်ဝိဥာဉ်စမ်းကနေ ဖြစ်တည်လာတဲ့ အဖိုးတန် ရတနာတစ်ခုပါ။

အခုအချိန်၌ ထိုအဆီအနှစ်က ရန်ကိုင့် သွေးကြောထဲ စုပ်ယူခြင်း ခံလိုက်ရပါပြီ။

မိစ္ဆာချုပ်နှောင် ချိန်းကြိုး၌လည်း တိုက်ပွဲတုန်းက အရှိန်အဝါမျိုး မရှိတော့ပါဘူး၊ အခုအချိန်၌ မိစ္ဆာချိန်းကြိုးက အရောင်မှိုင်းနေတဲ့ သာမန်ချိန်းကြိုး တစ်ချောင်းနဲ့ မခြားနားတော့ပါဘူး။ ဒါပေမယ့် ထိုအချိန်းကြိုးထဲ ဖုံးကွယ်နေတဲ့ အသက်စွမ်းအင် တစ်ခုကိုတော့ ခံစားမိနေခဲ့ပါတယ်။ ထို့ကြောင့် ထိုချိန်းကြိုးကို အစစ်အမှန်ယန်ယွမ်ချီနဲ့ အားဖြည့်ပေးသရွေ့ တစ်ချိန်ချိန်မှာတော့ ပြန်ပြီး တောက်ပလာလိမ့်မှာပါ။

တကယ်တော့ ဒီချိန်းကြိုးက ကောင်းကင်စံအိမ် တည်ထောင်သူ ချန်ရစ်ခဲ့တဲ့ လက်နက်တစ်ခုလေ၊ ပုံစံက ထိုင်းမှိုင်း အိုဟောင်း နေတာကလွဲလို့ အလွယ်တကူ ပျက်းစီးသွားမယ့် လက်နက်တစ်ခု မဟုတ်ပါဘူး။

သက်ပြင်းဖွဖွလေး တစ်ချက်ချလိုက်ပြီးနောက် သူ့ရင်ဘတ်တစ်ခုလုံး မီးလောင်ကျွမ်းနေသလို ပူလောင်လာခဲ့တယ်။ ဒီနေ့မှာတော့ ဒီကမ္ဘာကြီးရဲ့ အကန့်အသတ်ကို ကျော်လွန်နေသည့် ခွန်အားကို ပိုင်ဆိုင်ထားသည့် မိစ္ဆာဗိုလ်ချုပ် မန်ကရဲ့ ဝိဥာဉ်ကိုယ်ပွါးကို သူမြင်တွေ့ခဲ့ရတယ်။ ထို့အဖြစ်အပျက်က သိုင်းပညာလမ်းစဉ်ရဲ့ အထွတ်အထိပ်သို့ ရောက်ရှိချင်သည့် သူ့စိတ်ဆန္ဒကို တစ်ဖန်ပြန်လည် လောင်ကျွမ်းသွားစေခဲ့ပါတယ်။

အံတင်းတင်းကြိတ်လိုက်ပြီးနောက် ရန်ကိုင် အမူအရာက လှိုင်းတံပိုးမရှိသည့် ပင်လယ်ပြင်လို တည်ငြိမ်သွားခဲ့ပြီး သူ့အကြည့်ထဲ ပြတ်သားသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့တယ်။

“ရန်ကိုင်…” ရန်ကိုင်က ရုတ်ထုကြီးတစ်ရုပ်လို နည်းနည်းလေးတောင် လှုပ်ရှားခြင်းမရှိပဲ ရပ်နေတာကို မြင်ရတာ အချိန်ကြာလာတဲ့ အချိန်မှာတော့ ဟူညီအစ်မ နှစ်ယောက်လည်း စိုးရိမ်စွာနဲ့ အော်ခေါ်မိလိုက်တယ်။

“ငါအဆင်ပြေတယ်” ရန်ကိုင်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး မိစ္ဆာချုပ်နှောင် ချိန်းကြိုးကို ဒန်တန်ထဲ ပြန်သိမ်းထားလိုက်ပြီးနောက် လူအုပ်ကြီးဘက်လှည့်ကာ ပြောလိုက်တယ် “တံခါးပိတ်ကျင့်စဉ် ဝင်ဖို့အတွက် နေရာတစ်ခုလောက် ငါသိချင်တယ်”

“အကောင်းဆုံး နေရာကို ငါသိတယ်၊ ဒီကနေလည်း သိပ်မဝေးဘူး” ချင်ရင်က အလျင်စလို ကောက်ပြောလိုက်တယ်။

“ကောင်းတယ်၊ မင်းပဲ ဦးဆောင်သွားလိုက်တော့”

မိစ္ဆာလိုဏ်ဂူထဲရှိ လိုဏ်ဂူတစ်ခုထဲတွင် ရန်ကိုင်က တင်ပလင်ခွေ ထိုင်နေခဲ့ကာ ဧရာမမိစ္ဆာအဆီအနှစ်ကြီးကို သန့်စင်နေခဲ့တယ်။

သူအခု ရှိနေတဲ့ လိုဏ်ဂူက ချန်ရင် မတော်တဆ ရှာတွေ့ခဲ့တဲ့ နေရာတစ်ခုပါ။ ဒီနေရာကို မိစ္ဆာစိတ်ဝိဥာဉ်တွေ လာလေ့ မရှိတဲ့အတွက် ဒီလိုဏ်ဂူက မိစ္ဆာလိုဏ်ဂူထဲရှိ အားပြန်ဖြည့်ဖို့၊ အနားယူဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်နေခဲ့ပါတယ်။

ရန်ကိုင်က အကျိုးအမြတ် ကြီးကြီးမားမား ရိတ်သိမ်းခဲ့ရတယ် ဆိုတာကို တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက တပည့်တွေ အကုန်လုံး သိထားကြပါတယ်။ သူတို့လည်း ဂိုဏ်းဆီ ပြန်ဖို့ အလျင်လို မနေတဲ့အတွက် အနားယူပြီး ရန်ကိုင်ကို စောင့်နေဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ထိုစောင့်နေတဲ့ အချိန်အတွင်း လူတိုင်းက သူတို့ ရရှိထားတဲ့ မိစ္ဆာအဆီအနှစ်တွေကို စတင် သန့်စင်ကြပါတော့တယ်။

တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက မိစ္ဆာစိတ်ဝိဥာဉ် အခုလေးဆယ်စီ ရရှိခဲ့ပါတယ်။ ထို့နောက် ညီတူညီမျှ ခွဲဝေလိုက်တဲ့ အချိန်မှာတော့ တစ်ယောက်ကို အနည်းဆုံး ငါးခုစီ ရခဲ့ပါတယ်။

ဟူညီအစ်မနှစ်ယောက်က မိစ္ဆာအဆီအနှစ် အခု၁၀၀ ရရှိခဲ့ပါတယ်။

ညီအစ်မနှစ်ယောက်က တစ္ဆေဘုရင်တောင်ကြားနဲ့ ရတနာဂိုဏ်းက မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေ ပြည့်နေတဲ့ စိတ်ဝိဥာဉ်သန့်စင် ပုလင်းတစ်ပုလင်းစီ ပြန်ပေးခဲ့ပေမယ့် သူတို့နှစ်ဖွဲ့စလုံးကတော့ ယတိပြတ်ပဲ ငြင်းဆန်ခဲ့ပါတယ်။

အားလုံးက မျှော်လင့်ထားတာထက် ပိုရနေခဲ့ပြီးပါပြီ။ အဲ့လို ရနေပြီးတာကြောင့် ဟူညီအစ်မ နှစ်ယောက်ကို သူတို့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါတော့မလဲ။ နောက်တစ်ချက်က ထို မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေ အားလုံးက ရန်ကိုင် သူတို့ကို ပေးထားခဲ့တာပါ။

နှစ်ဖွဲ့စလုံးက အပြင်းအထန် ငြင်းဆိုနေတော့ ဟူညီအစ်မ နှစ်ယောက်လည်း ဆက်ပြီး တွန်းအား ပေးမနေတော့ပါဘူး။ ညီအစ်မ နှစ်ယောက်လည်း ထိုင်ချလိုက်ပြီး အမွှာစိတ်ဝိဥာဉ်ချီ ကျင့်စဉ်ကို လှည့်ပတ်လိုက်တယ်။

မိစ္ဆာစိတ်ဝိဥာဉ် အဆီအနှစ်တွေကို သူမတို့ စုပ်ယူတဲ့ နှုန်းက အခြားသူတွေထက် အဆများစွာ ပိုပြီး မြန်ဆန်ပါတယ်။ သူမတို့ရဲ့ အမြန်နှုန်းက ထိုလူထူးလူဆန်း ရန်ကိုင်နဲ့ မယှဉ်နိုင်ပေမယ့် သာမန်လူတွေထက်တော့ အဆများစွာ မြန်ဆန်နေတုန်းပါပဲ။

အားလုံးက ထိုင်ချလိုက်ပြီး မိစ္ဆာအဆီအနှစ်တွေကို သန့်စင်နေတဲ့အချိန် ရန်ကိုင်လည်း သူရခဲ့တဲ့ အဆီအနှစ်ကို သန့်စင်နေခဲ့တယ်။

ဒါပေမယ့် ရန်ကိုင်ရခဲ့တဲ့ ဧရာမအဆီအနှစ်ကြီးက သာမန် မိစ္ဆာအဆီအနှစ်တွေနဲ့ သိသိသာသာကို ကွဲပြားနေခဲ့ပါတယ်။

ဝိဥာဉ်အမျိုးအစား မိစ္ဆာစိတ်ဝိဥာဉ် ချန်ရစ်ခဲ့တဲ့ မိစ္ဆာအဆီအနှစ်တောင် အခုအဆီအနှစ်နဲ့ ယှဉ်လိုက်ရင် ကလေးနဲ့ လူကြီး ယှဉ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

သန့်စင်နေတဲ့ အတောအတွင်း ရွှေရောင်အရိုးခြောက် အဆက်မပြတ် တုန်ခါနေခဲ့ပါတယ်။

သူ့ရဲ့ အစစ်အမှန် ယန်ယွမ်ချီကို ဒန်တန်ထဲ ပြန်သိမ်းထားလိုက်ပြီးနောက် အခု ရန်ကိုင်ပုံစံက မိစ္ဆာဗိုလ်ချုပ် မန်ကဲလိုမျိး သူ့တစ်ကိုယ်လုံးက အနက်ရောင်နတ်ဆိုးချီတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။

ဒါပေမယ့် သူတို့ နှစ်ယောက်ကြား သိသာတဲ့ ကွဲပြားချက်တစ်ခု ရှိနေခဲ့ပါတယ်။ မိစ္ဆာဗိုလ်ချုပ် မန်ကဲ သူ့ရဲ့ ခွန်အားကို အပြည့်အဝ ထိန်းချုပ်နိုင်သလို သူ့ရဲ့ မိစ္ဆာချီကိုလည်း ကြိုက်တဲ့အချိန် ပြန်ရုတ်သိမ်းနိုင်ပါတယ်။ ထို့ကြောင့် သူ့ပုံစံက အနက်ရောင်အငွေ့ တွေနဲ့ ဝန်းရံထားခြင်း ခံရတဲ့ လူတစ်ယောက်နဲ့ မခြားနာပါဘူး။ သူ မျက်တောင်ခတ်လိုက်တဲ့ အချိန်မှပဲ သူ့မျက်ဝန်းအစံဒက အနီရောင်တောက်ပနေတာကို သတိပြုမိပါလိမ့်မယ်။

အေးစိမ့်လှသည့် နတ်ဆိုးအရှိန်အဝါက ရန်ကိုင်ဆီကနေ ထွက်ပေါ်လာခဲ့ပြီး လိုဏ်တစ်ခုလုံး ရေခဲတွေနဲ့ ဖုံးလွှမ်းသွားခဲ့တယ်။

အပြင်ဘက်မှာ ရှိနေတဲ့ လူတွေလည်း တစ်ခုခု ထူးခြားနေတာကို အလျင်အမြန်ပဲ သတိပြုမိလိုက်ကြတယ်။ လိုဏ်ဂူ အတွင်းပိုင်းက စိမ့်ထွက်လာတဲ့ အအေးဓါတ်က အပြင်ဘက်က လူတွေဆီ အလျင်အမြန်ပဲ ရောက်ရှိလာခဲ့တယ်။

ထိတ်လန့် တကြား အော်ဟစ်ရင်း အဖွဲ့သားတွေ အကုန်လုံး မီတာတစ်ထောင်လောက် အကွာဆီ ချက်ချင်း ပြေးထွက်သွားလိုက်ကြတယ်။ မီတာတစ်ထောင် အကွာလောက်အထိ ခြေကုန်သုတ်ပြေးပြီး တော့မှပဲ သူတို့အားလုံး နောက်ပြန် လှည့်ကြည့်လိုက်ကြတယ်။

ဒါပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင်း သူတို့ နှလုံးသားကို လက်ကြီးတစ်ဖက်က ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရတယ်။ အအေးဓါတ်က ပြင်းထန် လွန်းတာကြောင့် လေထုတောင် တဖြည်းဖြည်း အေးခဲလာခဲ့ကာ လိုဏ်ဂူကြမ်းပြင်တွေရော၊ နံရံတွေပါ ရေခဲတွေ ဖြစ်ကုန်ပါတယ်။

သူတို့အားလုံး ရှေးဦးရေခဲကမ္ဘာတစ်ခုကို ရောက်သွားသလို ခံစားလိုက်ရတယ်။

အကွာအဝေး တော်တော်များများအထို ဆုတ်လာခဲ့ပေမယ့် အအေးဓါတ်ကြောင့် သူတို့တွေ တုန်ရီနေခဲ့ရပါတယ်။

“ဘာတွေ ဖြစ်နေတာလဲ” ချန်ရင်က ဘာမှနားမည်သည့် အမူအရာနဲ့ ရေရွတ်လိုက်တယ် “ဒီအအေးဓါတ်က မိစ္ဆာစိတ်ဝိဥာဉ်စမ်းမှာ ငါတို့ ကြုံတွေခဲ့ရတဲ့ အအေးဓါတ်နဲ့ အရမ်း ဆင်တူနေရတာလဲ”

ကျောက်တိုင်ပေါ်မှာ သူရှိနေတဲ့ စဉ်အခါတုန်းက ထိုအအေးဓါတ်ကို သူတို့ ခံစားမိခဲ့ဖူးပါတယ်။ ဒါပေမယ့် ထိုအချိန်တုန်းကနဲ့ ယှဉ်ရင် အခုအအေးဓါတ်က ပိုပြီး ကြောက်ဖို့ ကောင်းပါတယ်။

“ရန်ကိုင်ရော အဆင်ပြေပါ့မလား” ဟူမေးအာက သူမရဲ့ အစ်မကြီး တိုးတိုးလေး ကပ်မေးလိုက်တယ်။

ဟူကျောင်းအာက ခေါင်းညိတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေလိုက်တယ် “အခုလိုတွေ ဖြစ်လာရတာ သူ့ကြောင့်ပဲ ဖြစ်ရမယ်၊ ရန်ကိုင်က သူ့ကိုယ်သူ ဒုက္ခရောက်အောင် လုပ်မယ့်သူ မဟုတ်တော့ သူအဆင်ပြေမှာပါ”

ရန်ကိုင် အခြေအနေ ဘယ်လို ရှိနေလဲ ဆိုတာ ဟူကျောင်းအာလည်း သေချာ မသိပါဘူး။ ဒါပေမယ့် သူမရဲ့ ညီမလေးကို အမှန်အတိုင်း မပြောရဲတဲ့အတွက် အခုလို လှည့်ပတ် ပြောလိုက်ရတာပါ။

လန်ရှန်လည်း သဘောတူ ထောက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး “လူကောင်းတွေက အသက်ရှည်ရှည် မနေရပေမယ့် လူဆိုး၊ လူမိုက်တွေကတော့ နှစ်တစ်ထောင်လောက် အသက်ရှည်ရှည် နေရတယ်တဲ့၊ ရန်ကိုင်က အသက်ရှည်ရှည် နေရမယ့် ကံကြမ္မာ ပါလာမှာတော့ ဒီနေရာမှာ ဘာလို့ သေသွားရမှာလဲ”

“ဟန်…” ချန်ရီက မျက်ဝန်းမှေးကျဉ်းလိုက်ပြီး အရွှန်းဖောက်လိုက်တယ် “ဂျူနီယာညီမလေးလန်၊ နင့်ရဲ့ စကားတွေက ဘာလို့ ဒီလောက် ခါးသီးနေရတာလဲ”

“နင်စကားမပြောရလို့ သေသွားမှာလာ” လန်ရှန်းက ချန်ရီကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။

“ဟေး ဟေး…” ရန်ကိုင်က ရယ်သာ ရယ်လိုက်တယ်။

ရန်ကိုင်က သူ့အေးစိမ့်လှတဲ့ လေထုကို နည်းနည်းလေးတောင် ဂရုမစိုက်ပဲ တည်တည်ငြိမ်ငြိမ်နဲ့သာ ထိုင်နေခဲ့တယ်။ ထိုရေခဲတမျှ အေးစက်လှတဲ့ အအေးဓါတ်က သူ့ကို မသက်မသာ မဖြစ်စေရုံ မကလို့ သူ့အား သာယာမက်မောဖွယ်ကောင်းသည့် ကြည်နူးမှုကိုတောင် ပေးစွမ်းနေခဲ့ပါတယ်။

အရင်အချိန်တွေတုန်းက ရွှေရောင်အရိုးခြောက်ထဲ၌ သိုလှောင်ထားသည့် စွမ်းအင်တွေကို အသုံးပြုလိုက်တိုင်းက ထိုစွမ်းအင်တွေက မိစ္ဆာစွမ်းအင်တွေ သီးသန့်ဖြစ်နေတာကို ရန်ကိုင်ခံစားခဲ့ရတယ်။ ဒါပေမယ့် အခုအချိန်၌ မိစ္ဆာစွမ်းအင်သာ အေးခဲစွမ်းအင်တို့ပါ ရှိနေခဲ့ပါတယ်။ ထိုစွမ်းအင်နှစ်ခုက တစ်ခုနှင့်တစ်ခု အားဖြည့်ပေးနေခဲ့ပြီး အရင်ကထက် ပိုပြီး ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတို့ကို ထုတ်လွှတ်နေခဲ့တယ်။

လိုဏ်ဂူထဲ၌ နေနဲ့လကို မမြင်ရတဲ့အတွက် အချိန်တွေက ဘယ်လောက်ကြာလို့ ကြာမှန်းမသိ ကုန်ဆုံးသွားခဲ့တယ်။

ဧရာမ အဆီအနှစ်ကြီးက နောက်ဆုံး စွမ်းအင် အရည်တစ်စက်ကို သန့်စင်ပြီးတဲ့ အချိန်မှာတော့ နှစ်ပေါင်းများစွာ ကြာအောင် အိပ်စက်နေတဲ့ ရွှေရောင်အရိုးခြောက် နိုးထလာခဲ့ပါပြီ။

ထိုအချိန်၌ ရွှေရောင်အရိုးခြောက်ကို ချုပ်နှောင်ထားသည့် မမြင်နိုင်တဲ့ ကြိုးတွေက လုံးဝကို ကျိုးပျက်သွားခဲ့ရပါတယ်။

ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးချီတွေ ပေါက်ကွဲထွက်လာခဲ့ပြီး ရန်ကိုင်ကို ဗဟိုပြုကာ အဘက်ဘက်သို့ ပျံ့နှံ့သွားခဲ့တယ်။ လိုဏ်ဂူတစ်ခုလုံး အဆုံးမဲ့ အမှောင်ထုထဲသို့ ကျရောက်သွားခဲ့ရတယ်။ နတ်ဆိုးချီတွေ ပေါက်ကွဲထွက်လာတာနဲ့ သားရဲအရှင် နဂါးတစ်ကောင် ကောင်းကင်ထက် ပျံတက်သွားသလို ပြင်းထန်လှသည့် မြည်ကြွေးသံနှင့် ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းသံတို့ ထွက်ပေါ်လာခဲ့တယ်။

ရန်ကိုင် မျက်ဝန်းအစုံ ချက်ချင်း ပွင့်သွားခဲ့ပြီး သူ့မျက်ဝန်းထဲက ကြက်သွေးရောင် အရောင်အဝါတို့က တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားခဲ့ကာ သာမန် အဖြူ၊ အနက်ရောင် ပြန်ဖြစ်သွားခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ရွှေရောင်အရိုးခြောက်နဲ့ ပက်သက်တဲ့ နက်နဲဆန်းကြယ်မှုတွေ အကုန်လုံးကို ရန်ကိုင် နားလည်သွားခဲ့ရတယ်။

နတ်ဆိုးချီ အမှောင်ထုထဲ ရန်ကိုင် မျက်ဝန်းအစုံက တလက်လက် တောက်ပနေခဲ့တယ်။

ရန်ကိုင်က သူ့လက်ညိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သူ့နဖူးထက် အလျားလိုက် ဖြေးဖြေးချင်း ရွေ့သွားစေလိုက်ပြီး အသာအယာလေး ရေရွတ်လိုက်တယ် “မိစ္ဆာအသွင်ပြောင်းလဲခြင်း”

သူ့ခန္ဓာကိုယ်က အောက်ခြေမရှိတဲ့ တွင်းပေါက်တစ်ခုလို ဘေးပတ်ဝန်းကျင်၌ ရှိနေသည့် နတ်ဆိုးချီတွေကို ရုတ်တရက်ဆိုသလို သည်းကြီးမည်းကြီး စုပ်ယူပါတော့တယ်။

နတ်ဆိုးချီတွေက သာမန်မျက်လုံးနဲ့ မြင်နိုင်လောက်တဲ့ အတိုင်းအတာ တစ်ခုအထိ သိပ်သည်းသွားခဲ့ပြီး ရန်ကိုင်တစ်ကိုယ်လုံးကို အလျင်အမြန် ဖုံးအုပ်သွားခဲ့တယ်။

အသက်ရှူရှိုက်စာ အချိန် တစ်ခုအတွင်းမှာပဲ လေထုထဲ၌ ရှိနေသည့် နတ်ဆိုးချီတွေ အားလုံးက ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင့် ကိုယ်ပေါ်၌ ရှိနေသည့် အနက်ရောင် တက်တူးတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။

ထိုတက်တူးတွေက အမျိုးမျိုးသော ထူးဆန်းသည့် ပုံစံတွေ အနေနဲ့ ရှိနေခဲ့ပြီး သူ့မျက်နှာက လွဲပြီး သူ့ခန္ဓာကိုယ် ကိုးဆယ်ရာခိုင်နှုန်း လောက်ကို အပိုင်သိမ်းထားခဲ့တယ်။

ထို့နောက် ဖြေးဖြေးချင်း မတ်တပ်ရပ်လိုက်တယ်။ ရန်ကိုင်ရဲ့ အမူအရာနဲ့ အရှိန်အဝါကတော့ အရင်အတိုင်း ရှိနေဆဲပါပဲ။ ဝမ်းနည်းမှု၊ ပျော်ရွှင်မှု အရိပ်အယောင်တို့ကို သူ့မျက်နှာထက်၌ မမြင်တွေ့နေခဲ့ရပါဘူး။ သူ့မျက်ဝန်းအစုံကတော့ ရေခဲတမျှ အေးစက်သည့် အအေးဓါတ်တို့ကို ထုတ်လွှတ်နေခဲ့တယ်။

ဒါပေမယ့် သူ့ရဲ့ လက်ရှိ အခြေအနေက အရင်ကနဲ့ အများကြီး ကွားခြားသွားတာကို ရန်ကိုင် အသေအချာ သတိပြုမိလိုက်တယ်။

အရင်ကလိုမျိုး သူ့တစ်ကိုယ်လုံးကို မိစ္ဆာချီတွေ ဝန်းရံမထားတော့ပါဘူး။ သူ့ရဲ့ အခုပုံစံက တက်တူတွေကလွဲလို့ သာမန်လူတစ်ယောက်နဲ့ ဘာမှ မကွာပါဘူး။ သူသာ အဝတ်တွေ မချွတ်ပဲ နေမယ်ဆိုရင် ရန်ကိုင်က သာမန်ရန်ကိုင်နဲ့ ဘာမှ ကွာခြားနေလိမ့်မှာ မဟုတ်ပါဘူး။

အကြီးမားဆုံး ကွာခြားချက်က သူ့ရဲ့ တိုက်ပွဲစွမ်းရည်က သာမန်အခြေအနေမှာထက် အများကြီး ပိုအားကောင်းလာခဲ့တာပါ။

သူ့ရဲ့ ကျင့်ကြံခြင်း မတိုးတက်ခဲ့သလို သူ့ရဲ့ အဆင့်လည်း တိုးတက်သွားခြင်း မရှိခဲ့ပေမယ့် ထိုဧရာမ မိစ္ဆာအဆီအနှစ်ကို သန့်စင်ပြီး ရွှေရောင်အရိုးခြောက်ရဲ့ ဖုံးကွယ်နေတဲ့ ဆန်းကြယ်မှုတွေကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။

ရန်ကိုင် ရပ်နေစဉ် ကမ္ဘာကြီးတစ်ခုလုံး တုန်ခါနေဟန် ထင်ရပြီး သူ့ဘေးနားက လေထုတစ်လျှောက် လှိုင်းတွန့်လေးတွေ ဖြတ်သန်းသွားခဲ့တယ်။ သူ့ဘေးပတ်ပတ်လည်က အရာမှန်သမျှ ပြိုကျ ပျက်စီးတော့မလားလို့တောင် ထင်မှတ်ရပါတယ်။

ပြိုင်ဘက်ကင်းတဲ့ မိစ္ဆာအရှိန်အဝါက ရန်ကိုင်ဆီကနေ ထွက်ပေါ်လာခဲ့တာနဲ့ မီတာတစ်ထောင် အကွာအဝေးမှာ ရပ်နေတဲ့ သူ့အဖွဲ့သားတွေ အားလုံး ချက်ချင်းဆိုသလို သတိပြုမိလိုက်ကြတယ်။ သူတို့ရဲ့ မျက်လုံးတွေက ပြုတ်ထွက်တော့မတတ် ပြူးကျယ်နေခဲ့ပြီး ကြောက်ရွံ့မှုကြောင့် သူတို့ တစ်ကိုယ်လုံး ထိန်းချုပ်မရအောင် တုန်ရီနေခဲ့တယ်။

သူ့လက်ကို အရှေ့ဘက်သို့ အသာအယား ထိုးချလိုက်တဲ့အချိန် တစ်ခုခု ကျိုးပဲ့သွားသံ ထွက်ပေါ်လာခဲ့တယ်။

ထိုသာမန်ကာ လျှံကာ လက်သီးတစ်ချက်ထဲ မြေကမ္ဘာ တစ်ခုလုံးကို အက်ကွဲသွားစေနိုင်သည့် စွမ်းအင်တို့ ပါဝင်နေခဲ့ပါတယ်။

သာမန် အင်မော်တယ် တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်သာ သူ့ရှေ့မှာ လာရပ်နေမယ်ဆိုရင် သူ့ရဲ့ လက်သီးတစ်ချက်ကြောင့် တစ်ခါတည်း လွင့်ပျံထွက်သွားလိမ့်မယ်လို့ ရန်ကိုင် ခံစားနေခဲ့ရတယ်။

သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်တာနဲ့ မြေပုံစံ နတ်ဆိုးချီ အမျှင်တန်း တစ်ခုက အေးခဲနေတဲ့ ဂူနံရံဆီ ပြေးဝင်သွားခဲ့တယ်။ နတ်ဆိုးချီနဲ့ ထိတွေ့သွားတဲ့ အေးခဲနေသည့် ဂူနံရံထက် အပေါက်တစ်ပေါက် ဖြစ်သွားခဲ့တယ်။

ကောင်းကင် စိတ်အာရုံကို သုံးပြီး စစ်ဆေးကြည့်လိုက်တယ်။ ထိုအပေါက်က မီတာဒါဇင်ကျော်ထိ နက်တာကို ရန်ကိုင် တွေ့ရှိလိုက်ရတယ်။

ဘယ်လောက်တောင် ပြင်းလိုက်တဲ့ အားလဲ ရန်ကိုင်က ပြုံးလိုက်ပြီး အသစ်ရရှိလိုက်တဲ့ ခွန်အားကို တော်တော်လေး ကျေနပ်သွားခဲ့တယ်။

ထို့ပြင် သူ့ရဲ့ အသက်စွမ်းအင်နဲ့ သွေးစွမ်းအားကလည်း မကြုံစဖူးတဲ့ အတိုင်းအတာ တစ်ခုအထိ ရောက်ရှိသွားတယ်လို့ ရန်ကိုင် ခံစားမိလိုက်တယ်။ သူခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူ့အသက်စွမ်းအင်နဲ့ သွေးစွမ်းအားက အရင်ကထက် လေးဆ၊ ငါးဆလောက် ပိုပြီး သန်မာလာပါတယ်။

သွေးစွမ်းအား ပိုပြီး အားကောင်းလာလေ အားပြန်ဖြည့်နှုန်းနဲ့ ဒဏ်ရာပြန်သက်သာနှုန်း ပိုပြီး မြန်ဆန်လာလေပါ။ ပြင်ပ ရုပ်ခန္ဓာ ခွန်အားနဲ့ အမြန်နှုန်းက လူတစ်ယောက်ရဲ့ သွေးစွမ်းအားနဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။

မိစ္ဆာအသွင်ပြောင်းလဲမှု အခြေအနေထဲ ဝင်ရောက်သွားပြီးနောက် သူ့ရဲ့ သွေးစွမ်းအားက အတိုင်းအတာတစ်ခုအထိကို မြင့်တက်သွားခဲ့ပါတယ်။

Martial Peak

အပိုင်း (၃၅၀) ခွဲခွာခြင်း

လိုဏ်ဂူအဝင်ပေါက် အပြင်ဘက်၌ ဟူညီအစ်မ နှစ်ယောက်က တစ္ဆေဘုရင်တောင်ကြား နှင့် ရတနာဂိုဏ်းက တပည့်တွေနဲ့ ရန်ကိုင်အား စိုးရိမ်တကြီး စောင့်ဆိုင်းနေခဲ့တယ်။

ရန်ကိုင် တံခါးပိတ် ကျင့်စဉ် ဝင်သွားခဲ့တာ လဝက်ကြာသွားခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်အထိ သူထွက်မလာခဲ့သေးပါဘူး။ အဲ့အစား သူတံခါးပိတ်ကျင့်စဉ် ဝင်နေတဲ့ လိုဏ်ဂူရဲ့ ဘေးပတ်ပတ်လည် မီတာပေါင်းများစွာက ရေခဲနယ်မြေ အဖြစ် ပြောင်းလဲလို့ သွားခဲ့ပါပြီ။

“ညီအစ်ကိုရန်က ဘာလို့ အခုထိ ထွက်မလာသေးရတာလဲ။ မတော်တဆ တစ်ခုဖြစ်သွားခဲ့တာတော့ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား” ချန်ရီက ရှေ့တိုး နောက်ဆုတ် လမ်းလျှောက်နေရင်း ရေရွတ်လိုက်တယ်။

ဒါပေမယ့် ထိုစကားတွေကို ပြောပြီးတာနဲ့ စူးရှပြီး အေးစက်တဲ့ အကြည့်သုံးခုက သူ့တည့်တည့် ကျလာတဲ့အတွက် ချန်ရီရဲ့ လည်ပင်းလေး ကျုံ့ဝင်သွားခဲ့ပြီး ကိုးယိုးကားယားနဲ့ ပြုံးလိုက်ရတယ်။

ချန်ရီက ကူကယ်ရာမဲ့စွာနဲ့ ပြုံးလိုက်တယ် “ငါတို့ထဲက တစ်ယောက်မှ အင်မော်တယ် တက်လှမ်းခြင်း အဆင့် မရောက်သေးတာ ဆိုးလိုက်တာကွာ၊ မဟုတ်ရင် အထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကောင်းကင် စိတ်အာရုံကိုသုံးပြီး စစ်ဆေးကြည့်လို့ရမှာ”

ထောင်ရန်က ခေါင်းခါယမ်းပြီး ပြန်ပြောလိုက်တယ် “မဖြစ်နိုင်ဘူး၊ ကောင်းကင် စိတ်အာရုံကို အသုံးပြုနိုင်ရင်တောင် အထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ မသိရသေးခင်မှာပဲ ငါတို့ရဲ့ ကောင်းကင် စိတ်အာရုံက အေးခဲသွားလိမ့်မယ်”

သူပြောတာကို နားထောင်ရင်း အားလုံး မထိတ်လန့်ပဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကာ ပိုပို စိုးရိမ်လာမိခဲ့ကြတယ်။

အသင်္ချေလောက်လို့ ထင်မှတ်ရတဲ့ အချိန်တစ်ခု ကုန်ဆုံးပြီးသွားနောက် ရန်ကိုင် တံခါးပိတ်ကျင့်စဉ် ဝင်နေတဲ့ လိုဏ်ဂူဘေးက ရေခဲနယ်မြေ တစ်ခုလုံး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ပြီး တလက်လက် တောက်ပနေတဲ့ ခရစ်တုံးလေးတွေ အဖြစ် ပြောင်းလဲသွားခဲ့တယ်။

ထိုအခြင်းအရာကို မြင်လိုက်တာနဲ့ အားလုံး ပြုံးလိုက်ကြပြီး အလျင်စလို အော်ခေါ်လိုက်ကြတယ်။

“မင်း နောက်ဆုံး ထွက်လာခဲ့ပြီပေါ့၊ မင်းသာ လိုဏ်ဂူထဲမှာ ဆက်ပြီး နေနေဦးမယ် ဆိုရင် ငါတို့လည်း အထဲကို အတင်းတိုးဝင်လာမိတော့မှာ” ချန်ရီက ရန်ကိုင် ထွက်လာတာကို မြင်လိုက်တာနဲ့ ရယ်ကာမောကာနဲ့ ပြောလိုက်တယ်။

ရန်ကိုင်က အသာအယာလေး ပြုံးလိုက်ပြီး လူအုပ်ကြီးကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ် “အားလုံးကို တောင်းပန်ပါတယ်၊ ငါမင်းတို့ကို စိတ်ပူမိစေခဲ့ပြီ”

“နင်ထွက်ပြီဆိုတော့ ငါတို့ စထွက်လို့ ရပြီပေါ့၊ အခုလောလောဆယ် မိစ္ဆာလိုဏ်ဂူရဲ့ အခြေအနေက သိပ်ကောင်းနေတာ မဟုတ်ဘူး” လန်ရှန်းက စိတ်ဆောနေတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။

ထောင်ရန်လည်း ထောက်ခံသည့် သဘောနှင့် ခေါင်းညိတ်လိုက်တယ်။

မိစ္ဆာလိုဏ်ဂူကနေ အားကောင်းလှတဲ့ စွမ်းအင်လိုဏ်းတို့ ထွက်ပေါ်လာသည့် အချိန်တုန်းက မိစ္ဆာလိုဏ်ဂူဆီ မွန်းစတားနှင့် နတ်ဆိုးလေးယောက် ရောက်ရှိလာခဲ့တယ်။ အစစ်အမှန် မိစ္ဆာအသစ် ထွက်ပေါ်လာတဲ့ သတင်းတွေ ပျံ့နှံ့သွားပြီးနောက် ရန်ကိုင် တံခါးပိတ်ကျင့်စဉ် ဝင်နေတဲ့ အတောအတွင်း မိစ္ဆာလိုဏ်ဂူဆီ မရေမတွက်နိုင်တဲ့ အင်မော်တယ် တက်လှမ်းခြင်း အဆင့်တွေ ရောက်ရှိလာခဲ့တယ်။

ဒီနေရာမှာ ကြာကြာနေနေရင် ပြဿနာ များလာနိုင်ပါတယ်။

မိစ္ဆာလိုဏ်ဂူရဲ့ ဝင်ပေါက်မှာ ကီလိုမီတာ သုံးဆယ် အကွာအဝေး၌….

လူငယ်တစ်သိုက်က ရပ်တန့် အနားယူ နေခဲ့ကြတယ်။

ချန်ရီက သူ့ရဲ့ သိချင်စိတ်ကို မအောင့်အည်းနိုင်တော့တဲ့ အဆုံး ကောက်ကာငင်ကာနဲ့ မေးလိုက်တယ် “ညီအစ်ကိုရန်၊ မွန်းစတားနဲ့ နတ်ဆိုးလေးယောက်ထဲမှာ ၂ယောက်က သေပြီး ၂ယောက်က အပြင်းအထန် ဒဏ်ရာ ရသွားခဲ့တယ်။ ဒါပေမယ့် မင်းကျတော့ ဘာလို့ ဘာမှမဖြစ်ပဲ အကောင်းအတိုင်း ရှိနေရတာလဲ။ ပြီးတော့ မင်းကြည့်ရတာ တော်တော်လေး အကျိုးအမြတ် ရလာခဲ့တဲ့ပုံပဲ”

ထိုစကားကို ကြားလိုက်တာနဲ့ အားလုံးရဲ့ အကြည့်က ရန်ကိုင်ဆီ ရောက်ရှိသွားခဲ့တယ်။ သူတို့လည်း အဲ့နေရာမှာ ဘာတွေ ဖြစ်ပျက်နေခဲ့လဲ ဆိုတာကို သိချင်နေခဲ့တာပါ။

ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်ပြီး ပြန်ပြောလိုက်တယ် “လူအိုကြီး လေးယောက်နဲ့ မိစ္ဆာကောင်တို့ တိုက်ခိုက်ပြီးနောက် ငါက အကျိုးအမြတ် နည်းနည်းလေး ဝင်ယူလိုက်တာပါပဲ။ နှစ်ဖက်စလုံးက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတာလေ၊ အဲ့ဒါနဲ့ နှစ်ဖက်စလုံး ပြန်ဆုတ်သွားတဲ့ အချိန် ငါက ကံကောင်းပြီး အကျိုးအမြတ် နည်းနည်း ရခဲ့တာ”

“အာ…” ချန်ရီက မဲ့ပြုံးပြုံးလိုက်ပြီး “ကျိန်းသေသွားပြီ၊ ညီအစ်ကိုရန်ရဲ့ ကံက အရမ်း ကောင်းတာပဲ၊ အခုလိုမျိုး ကိစ္စတောင် ဖြစ်ခဲ့ရတယ်လို့”

ထောင်ရန်က ရယ်မောလိုက်ပြီး ထပ်ပြောလိုက်တယ် “မွန်းစတားနဲ့ နတ်ဆိုးလေးယောက် မင်းကို ခေါ်သွားခဲ့တာက မင်းကို လက်ဆောင်ပေးလိုက်သလို ဖြစ်နေတာပါလား။ အဲ့သူတောင်းစားအိုကြီးတွေ ကြက်ခိုးဖို့ လုပ်ပေမယ့် ကြက်မရပဲ ဆန်ပဲ ဆုံးခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့တဲ့ပုံပဲ… ဟားဟား”

“ဘာလို့ ငါ့ကို မခေါ်သွားခဲ့ရတာလဲကွာ” ချန်ရင်က စိတ်ပျက်ပျက်နဲ့ ရေရွတ်လိုက်တယ်။

လန်ရှန်းက လှောင်ပြောင်လိုက်တယ် “ရန်ကိုင်အစား နင်တို့ထဲက တစ်ယောက်ယောက်ကိုသာ ခေါ်သွားခဲ့မယ်ဆိုရင် အခုအချိန်လောက်ဆို နင်တို့ကို အခုလိုမျိုး မြင်တွေ့ရတော့မှာ မဟုတ်ဘူးသိလား၊ သူ့လိုမျိုး ကံကောင်းဖို့က အဲ့လောက် လွယ်တယ်လို့ ထင်နေတာလား၊ အခပ်မသင့်ရင် အသက်ပါ ပါသွားနိုင်တယ်ဟဲ့”

ချန်ရင်က ရယ်မောလိုက်ပြီး “ငါလည်း အတည်ပြောနေတာာမှ မဟုတ်တာ”

ရန်ကိုင်အတွက် ထိုကဲ့သို့ အကျိုးအမြတ် ကောင်းကောင်း ရဖို့ဆိုတာ ကောင်းကင်ကို တက်တာထက် ပိုပြီး ခက်ခဲတယ်ဆိုတာကို သူတို့ ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။ ရန်ကိုင် ထုတ်မပြောခဲ့ပေမယ့် ကြီးမားလှတဲ့ အန္တရာယ်တွေကို သူရင်ဆိုင်တွေ့ခဲ့ရလိမ့်မယ် ဆိုတာကို အားလုံး သိကြပါတယ်။ မွန်းစတားနဲ့ နတ်ဆိုးလေးယောက် လက်ကနေ အသက်ရှင်လျက် လွတ်မြောက် နိုင်ခဲ့တာတောင် တကယ်ကို အံ့အားသင့်စရာ ကောင်းနေပါပြီ။

ရန်ကိုင်နဲ့ အတူရှိနေခဲ့တဲ့ အချိန်အတောအတွင်း သူ့ရဲ့ ကြောက်မက်ဖွယ် ခွန်အားနှင့် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည့် နည်းလမ်းများစွာကို အကြိမ်များစွာ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ရန်ကိုင်က သာမန် အစစ်အမှန်ဒြပ်စငအဆင့် ကျင့်ကြံသူ တစ်ယောက် မဟုတ်ဘူးဆိုတာ သူတို့ အားလုံး သိထားပါတယ်။

“ဘာပဲဖြစ်ဖြစ်ပါ” ချန်ရီက နွေးထွေးစွာနဲ့ ပြုံးလိုက်ပြီး ရန်ကိုင်ရဲ့ ပုခုံးကို ပုတ်ရင်း “ဒီတစ်ကြိမ် မိစ္ဆာလိုဏ်ဂူဆီ လာတဲ့ ခရီးမှာ ငါတို့ တစ္ဆေဘုရင်တောင်ကြားက ညီအစ်ကိုရန်ကို အသက်များစွာ အကြွေးတင်ခဲ့တယ်။ နောက်ပိုင်း ညီအစ်ကိုရန် လိုအပ်တာ တစ်ခုခု ရှိရင် ငါနဲ့ ငါ့ရဲ့ ညီအစ်ကိုတွေ အားလုံး ညီအစ်ကိုရန်ကိုင် အတတ်နိုင်ဆုံး ကူညီပေးမယ်၊ ငါတို့ အသက်တွေကို ပေးဆပ်ရမယ် ဆိုရင်တောင်ပေါ့”

တစ္ဆေဘုရင်တောင်ကြားက တပည့်တွေ အားလုံး ခေါင်းညိတ်လိုက်ကြတယ်။

ထောင်ရန်ကလည်း ရယ်ကာမောကာနဲ့ ပြောလိုက်တယ် “ငါတို့ကိုလည်း ထည့်တွက်လိုက်၊ ငါတို့ ညီအစ်ကို၊ ညီအစ်မတွေ တိုက်ခိုက်တဲ့ နေရာမှာ အားမကောင်းပေမယ့် လက်နက်တွေနဲ့ ပက်သက်လာရင်တော့၊ ဟဲဟဲ…။ ညီအစ်ကိုရန် သန့်စင်ချင်တဲ့ လက်နက်တစ်ခုခု ရှိရင် ရတနာဂိုဏ်းဆီလာပြီး ငါ့ကိုသာ လာရှာလိုက်”

“ကောင်းပြီ” ရန်ကိုင်က ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်လိုက်တယ်။

“အခု ငါတို့ ရောက်နေတဲ့ နေရာက တစ္ဆေဘုရင်တောင်ကြားနဲ့ သိပ်ပြီး ဝေးတော့တာလည်း မဟုတ်ဘူး။ အဆင်ပြေမယ်ဆိုရင် ညီအစ်ကိုရန် ငါတို့ဆီ ဘာလို့ ရက်နည်းနည်းလောက် လိုက်မလည်တာလဲ” ချန်ရီက စိတ်အားထက်သန်စွာနဲ့ ဖိတ်ခေါ်လိုက်တယ်။

“သူလာလို့ မရဘူး” လန်ရှန်းက ပုံမှန်လေသံနဲ့ပဲ ဝင်ပြောလိုက်တယ်။

“ဂျူနီယာညီမလေးလန်ရှက အရမ်းကို အေးစက်လွန်းတာပဲ” ချန်ရီ သက်ပြင်းချလိုက်မိပြီး ခေါင်းကိုက်သလို ခံစားလာလိုက်ရတယ်။ သူက ရန်ကိုင်နဲ့ သူတို့ကြားက ဆက်ဆံရေးကို ပိုပြီး ခိုင်မြဲအောင် လုပ်ချင်ပေမယ့် လန်ရှန်းက သူ့ကို မျက်နှာသာ နည်းနည်းလေးတောင် မပေးပဲ ချက်ချင်းပဲ ဝင်တားလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး။

“နင်ဘာသိလို့လဲ၊ ငါက သူ့ကောင်းကျိုးအတွက် ပြောနေတာ” လန်ရှန်းက ချန်ရီကို ပြန်စိုက်ကြည့်လိုက်ပြီး “ဆရာ သူ့ကိုသိတယ်၊ သူသာ တစ္ဆေဘုရင်တောင်ကြားဆီ သွားရင် မနက်ဖြန် နေထွက်တာကို မြင်ရတော့မှာ မဟုတ်ဘူး”

ချန်ရီလည်း ခဏတာလောက် ကြောင်သွားခဲ့ပြီးနောက် သူတို့ရဲ့ အကြီးအကဲဖြစ်တဲ့ ဂူလီနဲ့ ကောင်းကင်စံအိမ် ဂိုဏ်းချုပ်ကြား မကျေနပ်ချက် အကြီးကြီး ရှိတယ်ဆိုတာကို ချက်ချင်းပဲ ပြန်သတိရလိုက်တယ်။

ထိုအကြောင်းကို တွေးမိလိုက်တာနဲ့ ရန်ကိုင်ကို သူတို့ဂိုဏ်းဆီ ဖိတ်ခေါ်မယ့် အကြံကို ချက်ချင်းပဲ စွန့်ပစ်လိုက်တယ်။ ခေါင်းခါယမ်းလိုက်ပြီး ထောင်ရန် ဘက်လှည့်ကာ “ညီအစ်ကိုထောင်ကော ဘယ်လိုလဲ၊ မင်းဘာဆက်လုပ်မယ်လို့ စဉ်းစားထားလဲ”

ထောင်ရန်က ရယ်မောလိုက်ပြီး “ညီအစ်ကိုချန်က ငါတို့ကိုကော မဖိတ်ခေါ်တော့ဘူးလား။ တစ္ဆေဘုရင်တောင်ကြားက ဘယ်လို နေရာမျိုးလဲဆိုတာကို ငါက သိချင်နေတာ။ ငါတို့ အနေနဲ့ ညီအစ်ကိုချိန်တို့နဲ့အတူ လိုက်လို့ရမလား ဆိုတာကို သိတော့ သိချင်မိသား”

“ညီအစ်ကိုထောင် လိုက်တာထက် ပိုကောင်းတာ မရှိတော့ဘူး” ချန်ရီက နှစ်ခြိုက်အားရစွာနဲ့ ရယ်မောလိုက်ပြီး ပြောလိုက်တယ်။

“အဲ့လိုဆိုရင် ဒီမှာပဲ ငါတို့ လမ်းခွဲကြတာပေါ့၊ နင့်ကိုယ်နင်လည်း ဂရုစိုက်ဦး” လန်ရှန်းက ရန်ကိုင်ကို ကြည့်ပြီး ပြောလိုက်တယ်။

ရန်ကိုင်က ပြန်ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

“သွားကြစို့၊ ညီအစ်ကိုရန်နဲ့ မိန်းမပျိုလေး နှစ်ယောက်၊ အခွင့်ကြုံရင် ပြန်တွေ့ကြတာပေါ့” ချန်ရီက အားလုံးကိုယ်စား လက်သီးဆုပ်ပြီး ရန်ကိုင်နဲ့ ဟူညီအစ်မ နှစ်ယောက်ကို နှုတ်ဆက်စကား ဆိုလိုက်တယ်။

“အင်း၊ မင်းတို့ကိုယ် မင်းတို့လည်း ဂရုစိုက်ကြဦး” သူ့ရဲ့ မိတ်ဆွေ အသစ်တွေဖြစ်တဲ့ တစ္ဆေဘုရင်တောင်ကြားနှင့် ရတနာဂိုဏ်းက တပည့်တွေ ထွက်သွားတာကို ကြည့်ရင်း ရန်ကိုင်က ပြန်ပြီး လက်သီးဆုပ် နှုတ်ဆက်စကား ဆိုလိုက်တယ်။

“အပြင်ကမ္ဘာက လူတွေ ပြောနေကြတဲ့ မိစ္ဆာကျင့်ကြံသူတွေ ဆိုတာလည်း အဲ့လောက်ကြီး ဆိုးတာလည်း မဟုတ်ပါဘူး” သူတို့ သုံးယောက်ပဲ ကျန်တော့သည့် အချိန်၌ ဟူမေးအာက ရုတ်တရက် ကောက်ပြောလိုက်တယ် “အနည်းဆုံးတော့၊ တစ္ဆေဘုရင်တောင်ကြားက လူတွေက အရမ်း သဘောကောင်းတယ်”

ဟူကျောင်းအာကလည်း ခေါင်းညိတ်လိုက်ပြီး ဝင်ပြောလိုက်တယ် “ကောင်းတယ်၊ ဆိုတယ် ဆိုတာ ကိုယ့်အမြင်ပေါ်မှာပဲ မူတည်တယ်”

ရန်ကိုင် ဟူကျောင်းအာကို ပြုံးပြီး ကြည့်လိုက်တယ်။ ဟူကျောင်းအာ ရှက်သွေးလေး ဖြာသွားခဲ့ပြီး ရန်ကိုင်ကို ပြန်စိုက်ကြည့်လိုက်ကာ “ကောင်စုတ်လေး၊ နင့်ကိုငါ ခွင့်မလွှတ်သေးဘူးနော်”

“ငါ့ကို ခွင့်မလွှတ်တာလား၊ ဘာကို ခွင့်မလွှတ်သေးတာလဲ” ရန်ကိုင်က ဟူကျောင်းအာ ဘာကို ပြောချင်နေမှန်း နားမလည်တဲ့အတွက် စိတ်ရှုပ်သွားခဲ့ရတယ်။

ခါးသီးစွာနဲ့ ရန်ကိုင်ကို ကြည့်နေလိုက်ပြီးနောက် အရင်ကိစ္စနဲ့ ပက်သက်ပြီး သူမ ပြန်အစမဖော်ချင်တော့ပါဘူး။ ထို့ကြောင့် ခေါင်းသာ ခါရမ်းလိုက်ပြီး “ထားလိုက်တော့၊ နင်အခု ဘယ်သွားဖို့ စီစဉ်ထားလဲ”

ရန်ကိုင်လည်း တုန့်ဆိုင်းသွားမိခဲ့ပြီး သူဘယ်သွားရင် ကောင်းမလဲ ဆိုတာကို တွေးရင်း ထိုနေရာမှာပဲ ကိုးယိုးကားယား အမူအရာနဲ့ မတ်တပ်ရပ်နေမိလိုက်တယ်။

ရန်ကိုင်ရဲ့ ရှုပ်ထွေးပြီး ဗလာဖြစ်နေတဲ့ မျက်ဝန်းတွေကို ကြည့်နေရင်း ဟူညီအစ်မ နှစ်ယောက်ရဲ့ နှလုံးသားလေးတွေ နာကျင်လို့ သွားခဲ့ရတယ်။

သူမတို့ရှေ့မှာ ရှိနေတဲ့ အားကောင်းပြီး ဆန်းကြယ်တဲ့ လူငယ်လေးက မိစ္ဆာလိုဏ်ဂူထဲမှာ တုန်းကလို လွှမ်းမိုးနိုင်စွမ်းအပြည့်နဲ့ မိမိကိုယ်ကို ယုံကြည်ချက် အပြည့်ရှိနေတဲ့ စစ်သည်တော် တစ်ယောက် မဟုတ်တော့ပါဘူး။ အဲ့အစား ရန်ကိုင်ပုံစံက လမ်းပျောက်သွားလို့ ဘယ်အရပ်၊ ဘယ်နေရာဆီ သွားရမှန်း မသိဖြစ်နေတဲ့ ကလေး တစ်ယောက်နဲ့တောင် တူနေပါသေးတယ်။

ရန်ကိုင်ရဲ့ အကျိုးသက်ရောက်မှု လွှမ်းမိုးခံလိုက်ရသောကြောင့် လားတော့မသိပေမယ့် ဟူညီအစ်မနှစ်ယောက်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်သွားခဲ့တယ်။

“တိမ်မိစ္ဆာနယ်မြေကနေ ငါတို့ အရင်ဆုံး ထွက်သွားသင့်တယ်” ဟူကျောင်းအာက စကားစလိုက်ပြီး တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်တယ်။ ရန်ကိုင် အခုလိုမျိုး စိတ်ဓါတ်ကျနေတဲ့ ပုံစံကို သူမဆက်ပြီး မကြည့်ရက်နိုင်တော့ပါဘူး။

“ကောင်းပြီ” ရန်ကိုင် မျက်ဝန်းအစုံက တစ်ဖန်ပြန်ကြည်လင် လာခဲ့ပြီး ပြတ်သားသည့် အရိပ်အယောင်တို့က သူ့မျက်ဝန်းထဲ လက်နေခဲ့တယ်။ အခုအချိန်၌ သူဘယ်သွားလို့ သွားရမှန်း မသိပေမယ့် သူ့ကိုယ်သူ သန်မာသထက် သန်မာလာအောင် လုပ်နေရမယ်ဆိုတာတော့ သေချာ သိထားပါတယ်။

သိုင်းတာအိုရဲ့ အထွတ်အထိပ်ဆီ လျှောက်လှမ်းဖို့က သူ့အတောင်းတရဆုံး ဆန္ဒတစ်ခုပါ။ ဘယ်ရာကမှ သိုင်းပညာရဲ့ အထွတ်အထိပ်ကို ရှာဖွေတဲ့ သူ့လမ်းမှာ ဝင်ရောက် တားဆီးလို့ မရနိုင်ပါဘူး။

တစ်ခဏလောက် ရပ်တန့်လိုက်ပြီး ရန်ကိုင်က ပြောလိုက်တယ် “နင်တို့ နှစ်ယောက်ကော ဘယ်သွားမှာလဲ၊ သွေးတိုက်ပွဲဂိုဏ်းဆီ ပြန်သွားမှာလား”

“မသွားဘူး” ဟူကျောင်းအာက မဲ့ပြုံးပြုံးလိုက်ပြီး “စစ်ပွဲမပြီးသေးတဲ့အထိ ငါတို့ ပြန်လို့မရဘူး၊ ငါတို့သာ ပြန်သွားလိုက်မယ်ဆိုရင် အခြေအနေတွေက ပိုပြီး ခက်ခဲသွားလိမ့်မယ်”

ကောင်းကင်စံအိမ်ကြောင့် သွေးတိုက်ပွဲဂိုဏ်းနှင့် မုန်တိုင်းစံအိမ်တို့ နှစ်ခုစလုံး စစ်ပွဲ၌ ရှေ့တန်းကနေ တိုက်ခိုက်ဖို့ ဟန်မင်းဆက် အတွင်းမှာ ရှိတဲ့ အင်အားစု အသီးသီးရဲ့ တွန်းအားပေးခြင်းကို ခံခဲ့ရပါတယ်။ သူတို့သာ အခုအချိန်၌ ပြန်သွားလိုက်မယ်ဆိုရင် သွေးတိုက်ပွဲဂိုဏ်းအတွက် ပိုပြီး ပြဿနာကြီးသွားတာပဲ အဖတ်တင်ပါလိမ့်မယ်။

“အဲ့လိုဆိုရင် ဂိုဏ်းက အခြားလူတွေကိုပဲ သွားရှာကြတာပေါ့” ဟူမေးအာက အကြံပေးလိုက်တယ် “တိုက်ခိုက်ဖို့ လုပ်တုန်းက ငါတို့ဂိုဏ်းက လူငါးဆယ်ကျော်က နယ်မြေတစ်ခုတည်းမှာ အတူတူ ချပေးခံလိုက်ရတာ။ သူတို့တွေလည်း အနီးအနားမှာပဲ ရှိလိမ့်မယ်”

“နင်ကော” ဟူကျောင်းအာက ရန်ကိုင်ကို လှမ်းကြည့်လိုက်တယ်။

“ငါလည်း နင်တို့နောက်ပဲ လိုက်ရတာပေါ့” ရန်ကိုင်က ပုခုံးတွန့်ကာ ပြောလိုက်တယ်။ သူလည်း ကောင်းကင်စံအိမ်နဲ့ ပက်သက်တဲ့ သတင်းအကြောင်း စုံစမ်းဖို့ နေရာတစ်ခုလောက် ရှာချင်နေတာပါ၊ အထူးသဖြင့် လင်းတိုင်ရှုနဲ့ စုယန်တို့ သတင်းပေါ့။

ဟူညီအစ်မနှစ်ယောက်ကို ကြည့်နေရင်းရဲ့ ရန်ကိုင်က ရုတ်တရက် ကောက်ပြုံးလိုက်ပြီး “ဒါပေမယ့် အဲ့ဒါမတိုင်ခင်၊ နင်တို့ကိုယ်နင်တို့ အရင်ဆုံး ရုပ်ဖျက်သွားသင့်တယ်”

“ဟန်၊ နင်ဘာပြောချင်တာလဲ” ဟူကျောင်းအာက မျက်မှောင် ကြုံ့လိုက်တယ်၊

“နှောင်ဖွဲ့ခြင်းကင်းဂိုဏ်းက ကောင်တွေ လိုက်တာ ခံရပြီးတာတောင် အခုထိ သင်ခန်းစာ မရသေးဘူးနဲ့တူတယ်”

ရုတ်တရက် ရန်ကိုင် ပြောချင်တာကို နားလည်သွားတာနဲ့ ဟူကျောင်းအာ ရှက်သွေးဖြာသွားခဲ့ပြီး ရန်ကိုင်ကို ဒေါသတကြီး ပြန်စိုက်ကြည့်ကာ ပြောလိုက်တယ် “လှပနေတာက ငါတို့ ညီအစ်မ နှစ်ယောက်ရဲ့ အပြစ်လား၊ နင့်လိုမျိုး တဏှာကြီးတဲ့ လူတွေသာ အများကြီး ရှိမနေခဲ့ရင် ငါတို့ အခုလို ပြဿနာတွေ ဘယ်လိုလုပ်ပြီး ကြုံရပါ့မလဲ။ နင်တို့ အားလုံးက ငါတို့ ညီအစ်မနှစ်ယောက် ဘယ်သွားသွား ၊ ရန်စလိုက်၊ နှောင့်ယှတ်လိုက် လုပ်နေတာ၊ အရမ်းကို စိတ်ပျက်ဖို့ ကောင်းတာပဲ”

သူမပါးစပ်က ဘယ်လိုပဲ ပြောနေပါစေ၊ ဟူကျောင်းအာနဲ့ ဟူမေးအာတို့ နှစ်ယောက်စလုံး ရုပ်ဖျက်သွားလာခဲ့ပါတယ်။

တကယ်တော့ ဒီနေရာမှာ ရှိနေတဲ့ အကျင့်စာရိတ္တ ခြစားထားခံရတဲ့ လူအရေအတွက် အပြင်ကမ္ဘာထက် သိသိသာသာကို ပိုများပါတယ်။

တစ်ခဏကြာပြီးနောက် မိန်းကလေး နှစ်ယောက် ပြင်ဆင်တာ ပြီးဆုံးသွားခဲ့ပါပြီ. သူမတို့ နှစ်ယောက်မှာ သင့်လျော်တဲ့ ကိရိယာ တန်ဆာပလာတွေ မရှိလို့ ပြီးပြည့်စုံစွာ ရုပ်မဖျက်နိုင်ခဲ့ပေမယ့် သူမတို့ရဲ့ ပုံစံတွေက အရင်လို မြင်မြင်ချင်း ချစ်မြတ်နိုးသွာရမယ့် ပုံစံတွေ မဟုတ်တော့ပါဘူး။

အစ်မကြီးရဲ့ ပုံစံက တောအရပ်က ညစ်ပတ်ပေရေနေတဲ့ မိန်းကလေး တစ်ယောက်နဲ့ တူနေခဲ့ပြီး သူမရဲ့ ဆံပင်တွေ၊ အဝတ်အစားတွေ နှစ်မျိုးစလုံးက ဖရိုဖရဲတွေ ဖြစ်နေခဲ့ပါတယ်။ အငယ်မလေးရဲ့ မျက်နှာကတော့ ကျောက်ပေါက်မာတွေနဲ့ ပြည့်နေခဲ့ပြီး မြင်တာနဲ့ နောက်တစ်ကြိမ် မကြည့်ချင်မိအောင် ဖြစ်သွားလိမ့်မှာပါ။

ရုပ်ဖျက်ပြီးတနဲ့ ညီအစ်မနှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ရယ်မောလိုက်ကြတယ်။

သူတို့ရဲ့ မျက်နှာတွေက ရုပ်ဖျက်ထားလို့ ကြည့်မကောင်းပေမယ့် သူမတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ မြင်သူတိုင်း သတိမပြုမိပဲ မနေနိုင်အောင် ပြီးပြည့်စုံတဲ့ ကောက်ကြောင်း အဖြာဖြာတို့နဲ့ ပြည့်စုံနေဆဲပါ။

သူတို့သုံးယောက် သတိတကြည့်ကြည့် တိမ်မိစ္ဆာနယ်မြေကို ဖြတ်သန်းသွားလာနေခဲ့တယ်။ အခြားသူတွေနဲ့ မတွေ့မိအောင်လည်း အတတ်နိုင်ဆုံး ရှောင်ရှား သွားလာနေခဲ့ပါတယ်။

ရန်ကိုင်ရဲ့ စိတ်စွမ်းအား တိုးတက်လာခဲ့တာက အခုနေရာမှာ တော်တော်လေး အသုံးဝင်လာခဲ့ပါတယ်။ အခုအချိန်၌ ရန်ကိုင်က ဘေးပတ်ဝန်းကျင် ကီလိုမီတာသုံးဆယ် ကျော်လောက်ကို သူ့ရဲ့ ကောင်းကင်စိတ်အာရုံနဲ့ အသက်တစ်ရှိုက်စာ အတွင်းမှာပဲ စစ်ဆေးကြည့်နိုင်ပါတယ်။

ထိုကဲ့သို့ စစ်ဆေးနိုင်တဲ့အတွက် အန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ခဲ့ပြီး ရှောင်ရှားသွားလာနိုင်ခဲ့ပါတယ်။

သူသာမရှိခဲ့ရင် ဟူညီအစ်မ နှစ်ယောက်အနေနဲ့ တိမ်မိစ္ဆာနယ်မြေ ထဲကနေ အခုလိုမျိုး လွယ်လွယ်ကူကူနဲ့ လွတ်မြောက် လာနိုင်ခဲ့မှာ မဟုတ်ပါဘူး။

တစ်လလောက် ကြာပြီးတဲ့ အချိန်မှာတော့ ထိုသုံးယောက်က ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖြတ်ကျော်လာနိုင်ပြီး တိမ်မိစ္ဆာနယ်မြေထဲကနေ ထွက်ခွါလာနိုင်ခဲ့တယ်။

တစ်လလောက် အဆက်မပြတ် ပြေးလွှား၊ တိုက်ခိုက်၊ ပုန်းရှောင် လာရပြီးတဲ့ နောက်မှာတော့ ရန်ကိုင်နဲ့ ဟူညီအစ်မတို့ သုံးယောက်စလုံး ခြေကုန်လက်ပမ်း ကျနေခဲ့ကြလေပြီ။

လမ်းခရီးတစ်လျှောက် အန္တရာယ်တွေကို ကြုံတွေ့ခဲ့ရပေမယ့် အန္တရာယ်အများဆုံး ဖြစ်ရပ်ဆိုလို့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်လေး ကျင့်ကြံသူ တစ်ယောက်ကို မတော်တဆ ထိပ်တိုက် တွေ့ခဲ့ရတာပါပဲ။ ဝိဥာဉ်ပညာရပ် အကူအညီနဲ့ ထိုကျွမ်းကျင်သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် အငိုက်ဖမ်း ချောင်းတိုက်နိုင်ခဲ့တယ်။ အငိုက်ဖမ်း တိုက်ခိုက်ပြီးတာနဲ့ သုံးယောက်စလုံး ခပ်မြန်မြန်ပဲ ထွက်ပြေးလာခဲ့ကြတာပါ။

ထိုတိုက်ပွဲအတွင်း ရန်ကိုင် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမယ့် ဟူညီအစ်မ နှစ်ယောက်ရဲ့ ပြုစုစောင့်ရှောက် ပေးမှုနှင့် ဆေးပေါင်းရည်များစွာကို သောက်သုံးခဲ့မှုကြောင့် နှစ်ရက်၊ သုံးရက်အတွင်းမှာပဲ အပြည့်အဝ ပြန်လည်ကောင်းမွန် လာခဲ့တယ်။

တစ်လလောက် အတူအချိန် ကုန်ဆုံးခဲ့ရပြီးနောက် ဟူညီအစ်မ နှစ်ယောက်က ရန်ကိုင်ကို အကြွင်းမဲ့နီးပါ ယုံကြည်လို့ လာခဲ့ပါတယ်။

စိတ်ကြီးတဲ့ ဟူကျောင်းအာတောင် ရန်ကိုင်ကို လွန်ခဲ့တဲ့ ၂နှစ်တုန်းက ကောင်စုတ်လေး တစ်ယောက်လို မဆက်ဆံရဲတော့ပါဘူး။ သူမတို့ကို ကာကွယ်ဖို့အတွက် သူမတို့ရှေ့ တုန့်ဆိုင်းခြင်းမရှိ မားမားမတ်မတ် ရပ်တည်ခဲ့သလို ဆန်းကြယ်မှုတွေကို တစ်ခုပြီးတစ်ခု ဖန်တီးပြနေတာကို မြင်ရတော့ ထိုလူငယ်လေးအပေါ် သူမရဲ့ အထင်အမြင်တို့ ဖြေးဖြေးချင်း ပြောင်းလဲလာခဲ့ရတယ်။

သူ့ရဲ့ ကာကွယ်မှုမရှိပဲနဲ့ ဘယ်လို ဆိုးရွားတဲ့ ကံကြမ္မာက သူမတို့ ညီအစ်မနှစ်ယောက်ကို စောင့်ကြိုနေမယ် ဆိုတာကို ဟူကျောင်းအာ မတွေးရဲနိုင်အောင် ဖြစ်ခဲ့ရတယ်။

All Chapters