← Chapters

ကောင်းကင်ဘုံတံခါးကို သွားရောက်ကြည့်ရှုရန်

Vol. 36 Ch. 504

ကောင်းကင်ဘုံတံခါးကို သွားရောက်ကြည့်ရှုရန်

Vol. 36 Ch. 504

နောက်တစ်နေ့နံနက်။

ကျန်းလန်နှင့် ရှောင်ယွိတို့ လမ်းသွယ်လေးတစ်ခုအတိုင်းလမ်းလျှောက်လာရင်း တိုက်ခတ်လာသည့် လေနုအေးကို ခံစားလျှက် ရှိသည်။

ဆောင်းဦးလေက အေးမြပြီး သူတို့ (၂) ယောက် အပြင်တွင် တစ်ညတာ ကုန်ဆုံးခဲ့ကြသည်။

ရှောင်ယွိအတွက်တော့ ရှားရှားပါးပါး အတွေ့အကြုံတစ်ခုပင်။

"အိမ်မှာနေရတာ ပိုသက်တောင့်သက်သာရှိတယ်ထင်တာပဲ"

တုတ်ထိုးသကြားလုံးများစားရင်း ရှောင်ယွိကဆိုသည်။

ကျန်းလန်က ခေါင်းညိတ်ပြလိုက်သည်။

ရှောင်ယွိအနားတွင် ရှိနေလျှင်တော့ သူ့အတွက်က ဘယ်နေရာမှာနေနေ ကွာခြားမှု မရှိပေ။

"ကျွန်မ အပြင်ထွက်လာတုန်းက လုန်မန် ဓားသိုင်းလေ့ကျင့်နေတာ တွေ့ခဲ့တယ် ၊ တခြားသူတွေလည်း ပြင်းပြင်းထန်ထန် ကျင့်ကြံနေကြတဲ့ပုံပဲ ၊ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲမှာ သူတို့ ပါဝင်ကြမလို့လား"

သေရည်ဆိုင်သို့ရောက်ခါနီးတွင် ရှောင်ယွိက သတိရသွားပြီး မေမြန်းလိုက်ခြင်း ဖြစ်သည်။

ကျန်းလန်က သေရည်ဆိုင်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း...

"ဟုတ်တယ် ၊ သူတို့ (၄)ယောက်လုံး ပါဝင်ရမှာ"

"ဒါဖြင့် အခွင့်အလမ်းကောင်းတိုက်ပွဲမှာ ဘာအကျိုးအမြတ်တွေ ရကြမာလဲ"

"ဒါတော့ ကိုယ်လည်း သေချာမသိဘူ"

မည်သို့သောအကျိုးကျေးဇူးများ ရရှိမည်ကို ကျန်းလန်လည်း သေသေချာချာ မသိရှိပေ။

သူက ခန့်မှန်းကြည့်ရုံသာ တတ်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲက ရိုးရှင်းခြင်း မရှိသည်ကတော့ အမှန်ပင်။

ရှောင်ယွိက စိတ်မကောင်းဟန်ဖြင့်...

"ဒါဆိုရင်တော့ မပါဝင်နိုင်တာ စိတ်မကောင်းစရာပဲ"

ကျန်းလန်က ရှောင်ယွိကို ကြည့်ရင်းမပါဝင်ရသည်မှာ ပိုကောင်းသည်ဟု ခံစားရသည်။

ခွန်လွန်တောင်အတွက် သူမ အမည်ကို အသုံးပြုပြီးပါဝင်ရန်မှာ သူမအတွက် မသင့်တော်ပေ။ သူမ၏ အခြေအနေက အခြားသူများနှင့် မတူဘူး မဟုတ်လား။

သူမသည် ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်ရုံသာမက သူ၏တာအိုလက်တွဲဖော်လည်း ဖြစ်သည်။ ထို့ကြောင့် ရန်သူက ပစ်မှတ်ထားရန် လွယ်ကူသည်။

ရှောင်ယွိက...

"ရှင့်ရဲ့မျက်လုံးတွေက ကျွန်မကို တိုက်ပွဲမဝင်စေချင်ဘူးလို့ ပြောနေသလိုပဲ"

"ဟုတ်တယ် ၊ မပါဝင်စေချင်ဘူး"

"ဟွန့် ရှင်က စိန်ခေါ်ပွဲမှာ အနိုင်ရထားတဲ့သူဆိုတော့ ရှင့်စကားကို ကျွန်မ နားထောင်လိုက်ပါ့မယ် ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေး စိန်ခေါ်ပွဲမှာ အနိုင်ရတယ်ဆိုတာ ကံစွပ်သွားတာပဲ ၊ နောက် အနှစ်တစ်ရာကျရင် ကျွန်မ အနိုင်ရမှာ သေချာတယ်"

ကျန်းလန် ဘာမှမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

ဤနဂါးမလေးက အမြဲတမ်း မာနကြီးလွန်းသည်။

ခဏကြာပြီးနောက်...

ကျန်းလန်နှင့် ရှောင်ယွိတို့ သေရည်ဆိုင်ရှေ့သို့ ရောက်လာကြသည်။

သေရည်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ခါတိုင်းလိုပင် လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။

သားရဲအကင်များနှင့် မုန်လာဥများကို ခုတ်ထစ်နေကြသည့် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကိုသာ တွေ့ရသည်။ သူတို့က ကျန်းလန်သင်ပေးထားသည့် ဓားသိုင်းကို လေ့ကျင့်နေကြခြင်း ဖြစ်၏။

သို့သော် သေရည်ဆိုင်ထောင့်တစ်နေရာတွင် နောက်ထပ်လူတစ်ယောက် ရှိနေခဲ့သည်။

သေရည်သောက်နေသည့် လုန်ရဲ့။

လုန်ရဲ့ကို တွေ့သည်နှင့် ကျန်းလန်နှင့် ရှောင်ယွိ ခေါင်းကိုက်သွားကြသည်။ ဤနေရာကတော့ တကယ့်ကို ဖရိုဖရဲ ဖြစ်တော့မည်ပင်။

ဟုန်ယာက ကျန်းလန်ကို တွေ့သည်နှင့် သတိပေးစကားဆိုသည်။

"အကောင်းစားသေရည်လိုချင်ရင်တော့ နေ့လည်ထိ စောင့်ရမယ်"

ကျန်းလန်က ခေါင်းညိတ်လိုက်ပြီး အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးထံသွားလိုက်သည်။

သူတို့၏ဓားသိုင်း မည်မျှတိုးတက်လာသည်ကို သိချင်လေသည်။

လုန်မန်ကတော့ နဂါးဓားကိုကိုင်ကာ ကျန်းလန်သင်ပေးထားသည့် ဓားသိုင်းပညာကို အသုံးပြုကာ တောရိုင်းသားကင်များကို တစ်လွှာပြီးတစ်လွှာ လှီးဖြတ်နေသည်။

ကျန်းလန်က လုန်မန်ကို အကဲခတ်ရင်း...

"လက်စသတ်တော့ ငါသင်ပေးထားတဲ့ဓားသိုင်းနဲ့ ဟင်းချက်နေတာကိုး"

ရှောင်ယွိက လုန်ရဲ့ကို နှုတ်ဆက်လိုက်သော်လည်း သေရည်မူးနေသည့် လုန်ရဲ့က ရှောင်ယွိကို မမှတ်မိပေ။

လုန်ယွီအသွင်မဟုတ်ဘဲရှောင်ယွိအသွင် ပြောင်းထားခြင်းကြောင့် မမှတ်မိခြင်းလည်း ဖြစ်နိုင်သည်။

"ဝှစ် ဝှစ်"

ဓားချက်အောက်တွင် အသားကင်များက အလွှာလိုက် ခုတ်ပိုင်းပြီးသား ဖြစ်သွားသည်။

ကောင်ငယ်လေး လှီးဖြတ်နေသည့် မန်လာဥများမှာလည်း စီစီရီရီ လှီးဖြတ်ပြီးသား ဖြစ်သွားသည်။

ထို့နောက် သူတို့ (၂)ယောက် ဓားများကို ပြန်လည်သိမ်းဆည်းလိုက်ကြ၏။ လေ့ကျင့်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

ထိုအခါမှ သူတို့ဘေးနားရောက်နေသည့် ကျန်းလန်နှင့် ရှောင်ယွိကို တွေ့လိုက်ကြသည်။

လုန်မန်က...

"အစ်မ ၊ ယောက်ဖ ၊ အသားကင်စားမလား ကျုပ် ဖြတ်ပေးမယ်"

သူက ပြောရင်း စောစောက ခုတ်ဖြတ်ထားသည့် အသားကင်ပန်းကန်ကို လုန်ရဲ့စားပွဲထက်သို့ ချပေးလိုက်သည်။

ကောင်ငယ်လေးက...

"ဒီတစ်ခေါက် ကျွန်တော် ခုတ်မယ်"

အဋ္ဌမမင်းသားက မကျေမနပ်ဖြင့်...

"အစ်မနဲ့ ယောက်ဖအတွက် ကျုပ်ကိုယ်တိုင် လုပ်ပေးမလို့"

ကောင်ငယ်လေးကလည်း အလျှော့မပေးပေ။

"ဒါ ကျုပ်ဆိုင် ၊ ကျုပ်လည်း အစ်ကိုကြီးတို့အတွက် အသားဖြတ်ပေးချင်တယ်"

"ဘန်း"

လုန်မန်က စကားပြန်ပြောရန် ဟန်ပြင်လုက်စဉ် သေရည်ပန်းကန်ပေါက်ခွဲလိုက်သံကို ကြားလိုက်ရ၏။

အားလုံးက လုန်ရဲ့ကို ကြည့်လိုက်ကြသည်။

လုန်ရဲ့က အဋ္ဌမမင်းသားနဲံ ကောင်ငယ်လေးကို စိုက်ကြည့်ရင်း...

"ချီးပဲဟေ့ ၊ ဒါ ကျုပ်အသက်ကို ကယ်ထားတဲ့အစ်ကိုကြီးကွ ၊ မင်းတို့က သူ့ကို အသားကင် မကျွေးဘူးလား ၊ အကောင်းစားသေရည်မတိုက်ဘူးလား"

ကောင်ငယ်လေးက ခပ်တည်တည်ဖြင့်...

"ကျွန်တော်တို့ဆိုင်မှာ အကောင်းစားသေရည်မရှိဘူး မြင်းသေးတွေပဲရှိတယ်"

"ဘုန်း"

လုန်ရဲ့ က စားပွဲကို လက်ဖြင့် ထုရိုက်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။

သူက ကောင်ငယ်လေးကို ဒေါသတကြီးဖြင့် ကြည့်လိုက်ရင်း...

"ဒါဖြင့် မင်းက ဘာစောင့်နေတာလဲ ၊ ကျုပ်နဲ့ ကျုပ်အစ်ကိုက မြင်းသေးတွေအတူသောက်ပြီး ခွေးချေးတွေအတူစားခဲ့ကြတာ ၊ လောကမှာ ကျုပ်တို့ မကြုံတွေ့ဖူးတာ ဘာမှ မရှိဘူး"

"အခု အစ်ကိုကြီးက မရီးကိုပါ အလည်အပတ်ခေါ်လာတယ် ၊ မင်းပြောတဲ့ မြင်းသေးကို ကျုပ်က ဂရုစိုက်မယ်များ ထင်နေသလား"

"ခွမ်း"

ပြောရင်း လုန်ရဲ့က ပန်းကန်ပြား အလွတ်တစ်ချပ်ကို ကြမ်းပြင်ထက် ပေါက်ခွဲချလိုက်သည်။

ဒါက ဒေါသကို ထုတ်ဖာ်သည့် နည်းလမ်းပင် ဖြစ်သည်။

ကျန်းလန် : "……"

ရှောင်ယွိကတော့ ကျန်းလန်နောက်တွင် ပုန်းနေပြီး ထွက်မလာတော့ပေ။

ဦးလေးလုန်ရဲ့က သူမကို မရီးဟုခေါ်လိုက်လေရာ နဂါးမျိုးနွယ်ကို အလွန်မှ အရှက်ရစေသည့် ကိစ္စပင်။

ထိုအချိန် ကောင်ငယ်လေးက သူတို့ (၂)ယောက်ကို ဆိုင်ဘေးဘက်သို့ ခေါ်သွားပြီး…

"အစ်ကိုကြီးနဲ့အစ်မ ဘေးမှာရပ်နေ"

အဋ္ဌမမင်းသားက ဝိညာဉ်ကျောက်တုံးတစ်တုံးထုတ်ယူကာ ဆိုင်အနောက်ဘက်သို့ လှမ်းပစ်လိုက်သည်။

"ဖီရှိုးရေ အလုပ်ချိန်ရောက်ပြီ"

မကြာမီ ပါးစပ်ထဲတွင် ဝိညာဉ်ကျောက်တုံးတစ်တုံး ကိုက်ချီထားသည့် ဖီရှိုးကောင် ဆိုင်ထဲသို့ ဝင်လာသည်။

ဖီရှိုးဝင်လာသည်နှင့် လုန်မန်နှင့် ကောင်ငယ်လေးက ဆိုင်ထောင့်တစ်နေရာတွင် ပုန်းလိုက်ကြသည်။ ဟုန်ယာကတော့ ကောင်တာနောက်တွင် တိတ်ဆိတ်စွာ ထိုင်ချလိုက်သည်။

ရှောင်ယွိကတော့ ကျန်းလန်နောက်ကွယ်မှနေပြီး ချောင်းကြည့်နေသည်။

ထိုအချိန် ဖီရှိုးကောင်နှင့် လုန်ရဲ့တို့ အကြည့်ချင်းဆုံသွားသည်။ မိတ်ဆွေဟောင်းများပါပေ။

လုန်ယဲ့က ဖီရှိုးကောင်ကို တွေ့သည်နှင့် စားပွဲထက်မှ သေရည်အိုးကိ ကိုင်ပေါက်လိုက်သည်။

"အကောင်စုတ် ၊ ငါ သေရည်နဲ့မြည်းဖို့ မင်းကို ဒီနေ့ သတ်ပစ်မယ်"

"ဝေါ့"

ဖီးရှိုးက အန်ထုတ်တော့မည့်အလား ပါးစပ်ကို ဟလိုက်ရာ လုန်ရဲ့က သူ့မျက်နှာကို ပန်းကန်ပြားတစ်ချပ်ဖြင့် ကာလိုက်သည်။

အတန်ကြာသည်အထိ ဘာမှဖြစ်မလာခဲ့ပေ။

ပန်းကန်ပြားကို အသာပြန်ချလိုက်တော့ သူ့ကို ကြည့်ကာ လှောင်ပြောင်ရယ်မောနေသည့် ဖီရှိုးကောင်ကို တွေ့လိုက်ရသည်။

လုန်ရဲ့ : "……"

ဒီလိုသတ္တဝါက သူ့ကို စော်ကားရဲသလား။

"ဂရား"

နဂါးဟိန်းသံကြီးတစ်သံ ထွက်ပေါ်ာလသည်။

"ဘုန်း"

သေရည်ဆိုင်တစ်ခုလုံး တုန်လှုပ်သွားသည်။

ထို့နောက် နဂါးတစ်ကောင်နှင့် ဖီရှိုးတစ်ကောင် ကောင်းကင်ထက် ပျံတက်သွားကြလေတော့သည်။

ကျန်းလန် : "..."

လုန်ရဲ့၏စားပွဲထက်မှ လွင့်ထွက်လာသည့် သားရဲအကင်ပန်းကန်လေးကို ကျန်းလန် ကိုင်ထားရလေသည်။

စားပွဲများ ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်သဖြင့် တင်စရာနေရာလည်း မရှိတော့ပေ။

နောက်ဆုံး အကင်ပန်းကန်ကို ရှောင်ယွိဆီ ပေးလိုက်တော့ ရှောင်ယွိက တစ်ဖတ်နှိုက်စားလိုက်သည်။

"အရသာကောင်းတယ်"

ကောင်ငယ်လေးနှင့် အခြားသူများ စားပွဲနှင့် ကုလားထိုင်များ ပြန်လည်ပြင်ဆင်ပြီးမှ ကျန်းလန်လည်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ဤသို့သောကိစ္စမျိုးနှင့်  သူတို့အသားကျနေသည်မှာ နှစ်ပေါင်းရာနှင့်ချီနေပြီ ဖြစ်သည်။

“ယောက်ဖနဲ့အစ်မက တိုက်ပွဲမှာ မပါဝင်ဘူးလား“

အရာအားလုံး ပြန်လည်ပြင်ဆင်ပြီးသွားတော့မှ ကံကြမ္မာအခွင့်ကောင်းတိုက်ပွဲအကြောင်းစတင်ပြောဆိုကြသည်။

ရှောင်ယွိက...

"နင်တို့တွေ ဓားသိုင်းလေ့ကျင့်နေကြတာလား"

လုန်မန်က ခေါင်းညိတ်လိုက်ရင်း...

"အင်း ဟုတ်တယ် ၊ ဒါပေမဲ့ ဘာမှန်းမသိသေးပါဘူး"

ရှောင်ယွိက ခေါင်းညိတ်ပြပြီး လုန်မန်ကို ညင်သာစွာ မေးသည်။

"အမေလည်း လာမယ်ဆို"

ဤသည်က နဂါးမျိုးနွယ်၏ ကိစ္စဖြစ်သည့်အတွက် လုန်မန်ကိုသာ မေးမြန်း၍ရလေသည်။

"လာမယ်လို့ပြောတယ် ၊ ကျွန်တော့်ကိုတောင် နည်းနည်းပါးပါး သင်ပြေပးဦးမယ်တဲ့ ၊ အစ်မလည်း အစစ်အမှန်အင်မော်တယ်ဆိုတော့ ကျွန်တော်နဲ့အတူတူ လာသင်ချင်လား"

အဋ္ဌမမင်းသားက ရှောင်ယွိကို မေးလိုက်သည်။

ရှောင်ယွိက ပြုံးလိုက်ရင်း ငြင်းဆန်ရန် ဟန်ပြင်လိုက်စဉ် ကျန်းလန်က ဝင်ပြောလိုက်သည်။

"အဲဒီကိစ္စကတော့ မင်းပဲ မင်းအမေကို မေးကြည့်ပေးပါလား"

ကျန်းလန်က ပြောလိုက်သည့်အတွက် ရှောင်ယွိက မည်သည့်စကားမှ မပြောတော့ဘဲ ငြိမ်သက်သွားလေသည်။

ထို့နောက် ရိုးရိုးသေရည်ပင် ဝယ်ယူကာ ကျန်းလန်နှင့်ရှောင်ယွိ နဝမတောင်ထွတ်သို့ ပြန်ခဲ့ကြသည်။

နဝမတောင်ထွတ်တွင် အချိန်အနည်းငယ် နေထိုင်ပြီးနောက် ကျန်းလန်က ရှောင်ယွိနှင့်အတူ ကျောက်စိမ်းရေကန်သို့ လိုက်ပါသွားသည်။

သူက ရှောင်ယွိကို အသားကျသွားစေရန် ကူညီပေးမည်ဟု ကတိပေးထားသည့်အပြင် ဤကာလအတွင်း ကျင့်ကြံရန်လည်း အချိန်အလုံအလောက် ရရှိလေသည်။

နဝမတောင်ထွတ်နှင့် ကျောက်စိမ်းရေကန် အပြန်ပြန်အလှန်လှန် သွားရောက်ခြင်းက သူ၏ ဉာဏ်အလင်းပွင့်ခြင်း နောက်ဆုံးအပိုင်းအတွက်လည်း ပိုပြီးအဆင်ပြေစေမည် ဖြစ်သည်။

ထိုအချိန်ရောက်ရှိလျှင်တော့ ကျန်းလန် တာအိုအင်မော်တယ် ဖြစ်လာတော့မည် ဖြစ်သည်။

တာအိုအင်မော်တယ်အဆင့်သို့ တက်ရောက်စဉ်တွင် ထူးခြားသည့်ဖြစ်စဉ်များ မဖြစ်ပေါ်နိုင်သော်လည်း ကိုယ်ပိုင်တာအိုလမ်းစဉ် ပြီးပြည့်စုံသည့်အချိန်တွင် ဆန်းကျယ်သော ဖြစ်ရပ်တစ်ခု သေချာပေါက် ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် သူ၏ ကျင့်ကြံြခ်ငးအဆင့် ပေါ်ကောင်း ပေါ်သွားနိုင်သည်။

သို့သော် အရေးမကြီးတော့ပေ။ ထိုအချိန်တွင် သူက ဆရာဖြစ်သူနီးပါး တန်ခိုးစွမ်းအား မြင့်မားနေပြီ ဖြစ်ရာ အန္တရယ် သိပ်မရှိနိုင်တော့ပေ။

အစစအရာရာ အဆင်ပြေသွားလျှင်တော့ အကောင်းဆုံးပင် ဖြစ်သည်။

တန်ခိုးစွမ်းအားပိုမိုမြင့်မားလာရန်မှလွဲပြီး သူ့တွင် မည်သည့်ဆန္ဒမှ မရှိတော့ပေ။

သို့ပေသိ နောက်ဆုံး ဉာဏ်အလင်းပွင့်ခြင်းသို့ မဝင်ရောက်မီ ပထမတောင်ထွတ်သို့ သွားရမည် ဖြစ်သည်။

အများအမြင်တွင် အစစ်အမှန်အင်မော်တယ်ဆင့်သို့ ရောက်ရှိသည်နှင့် ပထမတောင်ထွတ်သို့ သွားရောက်ရပေမည်။

သူသည်လည်း ကောင်းကင်ဘုံတံခါးကို သွားရောက်ကြည့်ရှုချင်နေပြီ ဖြစ်လေတာ့၏။

***

All Chapters