နောက်ကွယ်မှ
Vol. 37 Ch. 509
အနောက်ဘက်စွန့်ပစ်နယ်မြေ ၊ တောင်ဘက်ပိုင်း။
ရေစင်ဖြိုခွင်းတောင်တန်း။
ဤနေရာက ရတနာပစ္စည်းများစွာပေါများသလို သားရဲများလည်း ပေါများသည့် ကျယ်ပြောလှသော တောင်တန်းကြီးတစ်ခု ဖြစ်သည်။
သာမန်အင်မော်တယ်များအတွက် ဤနေရာမှ အသက်ရှင်လျှက် ထွက်ခွာလာနိုင်ရန် အလွန်ခက်ခဲသည်။
အစစ်အမှန်အင်မော်တယ်များပင်လျှင် ထိုနေရာသို့မသွားမီ ပြန်လာနိုင်ရန် နေရာတစ်ခုသတ်မှတ်ပြီးမှ သွားလာကြရသည်။ သို့တိုင်အောင် ထိုနေရာမှ ထွက်ခွာလာရန် အချိန် (၁၀)နှစ်ကျော် ကြာပေလိမ့်မည်။
ဤနေရာတွင်ရှိသော အရာအားလုံးသည် ရန်သူဖြစ်နိုင်သည်။
ထူးဆန်းသည်မှာ ဤနေရာသို့လာသူက ကျင့်ကြံခြင်းအဆင့်မြင်မားလေ သူတို့ထက်အဆင့်မြင့်သည့် သားရဲများနှင့် ဝိညာဉ်သတ္တဝါများနှင့် ရင်ဆိုင်ရလေ ဖြစ်သည်။
တာ့လော်အင်မော်တယ်အဆင့်အောက်ဆိုလျှင် ဤတောင်တန်းကို ဖြတ်ကျော်နိုင်ရန် ခဲယဉ်းမည် ဖြစ်သည်။ တာ့လော်အင်မော်တယ်အဆင့်ဆိုလျှင်ပင် ဤနေရာကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။
ယခုတော့ အဋ္ဌမမင်းသားတို့ (၄)ယောက် ဤနေရာသို့ ရောက်ရှိနေကြသည်မှာ အချိန် (၈)နှစ် ရှိပြီ ဖြစ်သည်။
ကောင်ငယ်လေးသည် တောင်ပေါ်လမ်းတစ်လမ်းထက်တွင် ခက်ခဲပင်ပန်းစွာ လမ်းလျှောက်လျှက် ရှိသည်။
"ဒီတောင်ကို ဖြတ်ကျော်ပြီးရင် ငါ လွတ်ပြီထင်တယ် ၊ ဟုန်ယာနဲ့ တခြားသူတွေလည်း ဘယ်လိုနေလဲ မသိဘူး"
သူ့လိုအရေခွံထူသူသည်ပင်လျှင် ခန္ဓာကိုယ်ထက် ဒဏ်ရာများရရှိသည်ဆိုလျှင် အခြားသူများအနေဖြင့် မလွယ်လောက်ပေ။ သို့သော် ထိုသူများအားလုံးက တိုက်စစ်အားကောင်းသူများ ဖြစ်ကြသည့်အတွက် သူ့လောက် သနားစရာကောင်းသည့်အခြေအနေသို့ မရောက်ရှိနိုင်ပေ။
ချီလင်ကောင်မလေးကတော့…
သူမကို ဆုံးရှုံးရမည်လားဟုပင် ကောင်ငယ်လေး ခံစားမိသည်။ သူမကို မရှာခင် နဂါးကောင်နှင့် ဟုန်ယာတို့ကို အရင်ဆုံး ရှာဖွေရပေမည်။
ပျံသန်းသွားရန်ကတော့ မဖြစ်နိုင်ပေ။ သူသာ ပျံသန်းသွားလျှင် အားလုံး၏ ပစ်မှတ်ထားခြင်းကို ခံရပြီး မရေမတွက်နိုင်သည့်သားရဲများ နောက်ကလိုက်လာကြပေလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် ဟုန်ယာကို သွားရှာရမယ်"
ထိုသို့တွေးမိသည့်အခါ ကောင်ငယ်လေး ပြန်လည်စိတ်အားထက်သန်လာသည်။
သူ့အဘိုးတော့ မည်သို့တွေးမည်မသိသော်လည်း ဤနေရာသို့လာရသည်မှာ ပင်ပန်းလွန်းလှသည်။
"ဝှစ်…"
ရောင်ဝါတစ်ခုထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ကောင်ငယ်လေးက ချက်ချင်းပင် သူ၏ အငွေ့အသက်များကို ထိန်းသိမ်းထားလိုက်သည်။ ဤသည်က နှစ်ပေါင်းများစွာကြာပြီးနောက် ရရှိလာသည့်အတွေ့အကြုံပင် ဖြစ်သည်။
သူ၏ တန်ခိုးစွမ်းအားအငွေ့အသက်များကိုထိန်းမထားလျှင် သူ့ကို ရှာတွေ့သွားပြီး တိုက်ခိုက်ခံရမည် ဖြစ်သည်။
အရင်ကတော့ ထိပ်တိုက်ရင်ဆိုင်ခဲ့သော်လည်း ယခုတော့ ပါးနပ်လာခဲ့သည်။ ထိပ်တိုက်ရင်မဆိုင်တော့ဘဲ ပုန်းအောင်းနေပြီးမှ ရန်သူကို ချောင်းမြောင်းတိုက်ခိုက်တတ်လာသည်။
သူ သင်ယူခဲ့သည့် ဓားသိုင်းပညာကို အသုံးပြုသည့်အခါ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားသင်ပေးသည့်ဓားသိုင်းက အလွန်ထူးဆန်းကြောင်း သဘောပေါက်ခဲ့ရသည်။ အနည်းငယ်မတည်မငြိမ်ဖြစ်ပြီး တစ်စုံတစ်ခု လိုအပ်နေသည်ဟု ခံစားရသည့်တိုင် ထူးခြားမှုတစ်ခု ရှိလေသည်။
ဓားကွက်အလှည့်အပြောင်းများကို ထုတ်ဖော်ရန်အတွက် ဓားသိုင်းနည်းစနစ်၏ အဓိကသော့ချက်ကို ကောင်ငယ်လေး အတိအကျ မသိရှိသေးပေ။
လက်သီးနတ်ဘုရား၏ ရည်ရွယ်ချက်က ဘာလဲဆိုသည်ကို မသိရှိသလို ဓားသိုင်း၏ အဓိကသော့ချက်ကို မည်သည့်အချိန်တွင် သင်ပေးမည်ကိုလည်း မသိရပေ။
ဟုန်ယာနှင့် ချီလင်ကောင်မလေးတို့က ထိုဓားသိုင်းကို သင်ယူနိုင်ခြင်း မရှိခဲ့ကြပေ။ သူနှင့် အဋ္ဌမမင်းသားသာလျှင် သင်ယူနိုင်သည်ကိုကြည့်ခြင်းအားဖြင့် လေးနက်သည့်အဓိပ္ပါယ်တစ်ခုခုတော့ ရှိရပေမည်။ ထိုအကြောင်းကို သူနှင့် လုန်မန် အချိန်ကြာမြင့်စွာ စဉ်းစားခဲ့ကြသော်လည်း အဖြေမရခဲ့ကြပေ။
သူ အစ်ကိုကြီးကို မေးမြန်းရန် စိတ်ကူးထားသည်။
သို့သော် လောလောဆယ်တော့ လက်ရှိအခြေအနေကို ဦးစွာရင်ဆိုင်ရန် လိုအပ်သည်။ ယခုတစ်ကြိမ် ရင်ဆိုင်ရသည်ကတော့ ကြောက်မက်ဖွယ်ရာသားရဲတစ်ကောင် ဟုတ်ဟန်မတူပေ။
ကောင်ငယ်လေး သစ်ပင်ကြီးတစ်ပင်နောက်ကွယ်တွင် ပုန်းအောင်းနေသည်။
ထိုအချိန် မြေကြီးထဲမှထွက်လာသည့် လူ (၅)ယောက်ကို တွေ့လိုက်ရသည်။ ထိုသူများ၏ ခန္ဒာကိုယ်ထက်တွင်လည်း ဒဏ်ရာများ ရရှိထားကြသည်။
မြေအောက်နတ်ဆိုးမျိုးနွယ်တွေလား။
ထိုသူများ၏ ရောင်ဝါကို ခံစားလိုက်ရသည့်အခါ ကောင်ငယ်လေး အနည်းငယ် အံ့အားသင့်သွားသည်။ မြေအောက်နတ်ဆိုးများက အဘယ့်ကြောင့် ဤနေရာသို့ ရောက်ရှိနေရပါသနည်း။
ကောင်ငယ်လေးက အပြင်ထွက်ပြီး ထိုသူများနှင့် ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိပေ။ မြေအောက်နတ်ဆိုး (၅)ယောက်မှာ အနည်းဆုံး အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ရှိကြသည်။ ထို့ကြောင့် ကောင်ငယ်လေးအနေဖြင့် သူတို့အားလုံးကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
သူတို့က ဒဏ်ရာများရရှိထားကြသော်လည်း သူတို့အားလုံးကို သတ်ပစ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ကိုယ့်အလုပ်ကိုယ်သာ စိတ်ထဲထားခြင်းက ပိုကောင်းမည် ဖြစ်၏။
"ကျုပ်တို့ တည်နေရာကို အတည်ပြုပြီးပြီ ၊ ဒီနေရာကနေ သိပ်မဝေးဘူး ၊ သေရည်ဆိုင်ကကောင်လေးက ဒီနားတစ်ဝိုက်မှာ ရှိမယ် ၊ အားလုံးပဲ သတိထားကြ ၊ ကျုပ်တို့လူ (၅)ောက်ပဲ ကျန်တော့တယ်ဆိုပေမယ့် လုံလောက်ပါတယ် ၊ (၃)ယောက်က ဇာမဏီကောင်မလေးကို ရှင်းပစ်လိုက် ၊ သူ့ကို ချန်ထားလို့မရဘူး ၊ သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဖျက်စီးပစ်ဖို့ မြေအောက်နတ်ဆိုးဘိုးဘေးပေးလိုက်တဲ့ ပစ္စည်းကို အသုံးပြုလို့ရတယ် ၊ ကျုပ်ကတော့ တိချီနဲ့အတူ သေရည်ဆိုင်ကကောင်လေးကို ရှာမယ်"
သက်လတ်ပိုင်းလူရွယ်တစ်ယောက်က ညွှန်ကြားချက်ပေးသည်။
အခြားသူများက မည်သည့်စကားမှမဆိုဘဲ ခေါင်းညိတ်ပြလိုက်ကြသည်။
သစ်ပင်နောက်ကွယ် အမှောင်ထဲတွင် ပုန်းအောင်းနေသည့် ကောင်ငယ်လေးကတော့ ထိုစကားများအားလုံးကို ကြားနေရသည်။ သူက ထိုသူများနှင့်တိုက်ခိုက်ရလျှင် စိတ်မပူသော်လည်း ဟုန်ယာကို သူတို့က ရှင်းပစ်ချင်နေကြသည်။
ထိုသူများထဲမှ (၃)ယောက်က ဟုန်ယာကို တိုက်ခိုက်သည်နှင့် နောက်ဆက်တွဲဆိုးကျိုးများမှာ တွေးကြည့်၍ပင် မရနိုင်ပေ။
"မဖြစ်ဘူး ၊ သူတို့ ဟုန်ယာနဲ့တွေ့သွားလို့ မဖြစ်ဘူး ၊ သူတို့ကို တားဆီးဖို့ နည်းလမ်းရှာရမယ်"
ကောင်ငယ်လေးပထမဆုံးတွေးမိသည်မှာ ထိုသူ (၅)ယောက်လုံးကို ရှင်းပစ်ရန် ဖြစ်သည်။ သူက အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်ဆိုလျှင်လည်း အရေးမစိုက်ပေ။
ဆုံးဖြတ်ချက် အခိုင်အမာချလိုက်ပြီးနောက် ကောင်ငယ်လေးက စတင်လှုပ်ရှားရန် ကြိုးစားလိုက်သည်။ သူကအရင်ဆုံး ခြုံခိုတိုက်ခိုက်ရန် စီစဉ်ထားသည်။
သူက အမှောင်ထဲတွင် သားရဲတစ်ကောင်ပမာဖြစ်ပြီး သားကောင်ကို စိုက်ကြည့်နေသည်။
မြေအောက်နတ်ဆိုး (၃)ယောက်က ဇာမဏီကောင်မလေးကို ရှာဖွေရန်အတွက် ထွက်ခွာရန် ဟန်ပြင်ကြသည်။
"ဒုန်း…"
ရုတ်တရက် ထောင့်တစ်နေရာမှ အသံတစ်သံ ထွက်ပေါ်လာ၏။
မြေအောက်နတ်ဆိုး (၃)ယောက် ထိတ်လန့်သွားကြပြီး စူးစမ်းရန်အတွက် လှည့်ကြည့်လိုက်ကြသည်။
"ငါ အခွင့်အရေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ"
ထိုသူများ အခြားတစ်ဖက်သို့ လှည့်ကြည့်လိုက်ကြသည်နှင့် ကောင်ငယ်လေးက ပါးစပ်ကိုဟလိုက်ပြီး သားရဲတစ်ကောင်ပမာ မြေပြင်ထက်တွင် လေးဘက်ထောက်လိုက်သည်။
ထို့နောက် ပြင်းထန်လွန်းသည့် တန်ခိုးစွမ်းအားအငွေ့အသက်များ မြင့်တက်လာသည်။ မျက်စိတ်စမှိတ်အတွင်းမှာပင် သူက အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို ခုန်အုပ်လိုက်သည်။
ကောင်ငယ်လေးက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးကြည့်ပြီးသည့်နောက် ရန်သူကို တိုက်ခိုက်ရာတွင် သူ၏သွားများကသာ အထက်ရှဆုံးဖြစ်ကြောင်း နားလည်သည်။ လက်သီးများနှင့် လက်နက်များက ထင်သလောက် အစွမ်းမထက်ပေ။
ထိုခဏမှာပင် ကောင်ငယ်လေးသည် ရန်သူတစ်ယောက်၏ လည်ပင်းကို ကိုက်ဖြတ်ဖွင့်ဖောက်ပစ်လိုက်သည်။ ကောင်ငယ်လေး၏ ကိုက်ဖြတ်မှုကြောင့် မြေအောက်နတ်ဆိုးမှာ လည်ပင်းတစ်ခြမ်းကြေမွသွားပြီး သွေးများ ပန်းထွက်လာသည်။
ကောင်ငယ်လေး၏ အသွင်အပြင်က ပိုမိုကြောက်မက်ဖွယ်ရာကောင်းလာပြီး ရန်သူ၏ ခေါင်းတစ်ခုလုံးကို ကိုက်ဖြတ်ပစ်လိုက်သည်။ သူ အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်ပြီ ဖြစ်၏။
ရုတ်တရက်တိုက်ခိုက်ခံရခြင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
သက်လတ်ပိုင်းလူရွယ်က…
"အားလုံးပဲ… ဒီကောင့်ကိုပဲအရင်ဆုံး ရှင်းပစ်ကြရအောင် ၊ နောက်မှ ဇာမဏီကောင်မလေးကို ရှာကြတော့"
ချက်ချင်းပင် မြေအောက်နတ်ဆိုး (၄)ယောက်ပူးပေါင်းလိုက်ပြီး ကောင်ငယ်လေးကို ချက်ချင်း တိုက်ခိုက်လိုက်ကြသည်။ ကောင်ငယ်လေး၏ ကြောက်မက်ဖွယ်ရာအသွင်အပြင်က ရူးသွပ်လွန်းလှသဖြင့် သူတို့အားလုံး၏စိတ်ကို တုန်လှုပ်စေသည်။
သို့ပေသိ ကောင်လေးသည် သူတို့အားလုံးကို အနိုင်ယူရန် တန်ခိုးစွမ်းအားမလုံလောက်ကြောင်း သိရှိလေရာ တိုက်ပွဲတွင် အားသာချက် မရှိနိုင်ပေ။
"သတ်…"
မြေအောက်နတ်ဆိုး (၄)ယောက်က စကားတစ်ခွန်းမှ မပြောတော့ဘဲ ကောင်ငယ်လေးကို သတ်ဖြတ်ရန် အင်မော်တယ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကာ စတင်တိုက်ခိုက်လိုက်ကြလေ၏။
***
တောင်တစ်ဖက်ခြမ်းတွင် ဟုန်ယာရှိနေပြီး သူမက တောင်ပေါ်သို့ တက်လာသည်။ သူမတွင်တော့ ဒဏ်ရာများစွာ ရရှိထားခြင်း မရှိပေ။
ဤခရီးက သူမအတွက် အလွန်ခက်ခဲသော်လည်း သူမသည် လောကကြီးထဲသို့ ယခုမှခြေချသည့် မိန်းမပျိုတစ်ယောက် မဟုတ်ပေ။ လမ်းတစ်လျှောက်လုံးတွင် သူမက အလွန်သတိထားခဲ့ပြီး ရန်သူများကို သတ်ဖြတ်ရာတွင်လည်း အကြင်နာတရား တစ်ချက်မှ မရှိခဲ့ပေ။
ဤနေရာတွင် သူမ အတွေ့အကြုံများစွာလည်း ရရှိခဲ့သည်။ ရန်သူများကို သတ်ဖြတ်နိုင်သည်မှာလည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် လေ့ကျင့်နိုင်ခဲ့သည်။ အစပိုင်းတွင်တော့ ရန်သူများကို သတ်ဖြတ်ရသည်ကိုပင် စိတ်မကောင်း ဖြစ်မိသေးသည်။
နောက်ပိုင်းတော့ သတ်ဖြတ်ရင်းဖြင့် စိတ်မကောင်းဖြစ်သည့်အကြိမ်အရေအတွက် တဖြည်းဖြည်းလျော့နည်းသွားသည်။ အလွန်တန်ခိုးစွမ်းအားမြင့်မားသည့် ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ သူမကို မည်သူမှ ငဲ့ညှာမည် မဟုတ်ပေ။
လမ်းတစ်လျှောက်လုံးတွင် တွေ့သမျှရန်သူများကိုတော့ သူမက သတ်ဖြတ်ခဲ့ခြင်း မဟုတ်ပေ။ အချို့ရန်သူများကိုတော့ သူမ ရှောင်တိမ်းခဲ့သည်။ စွန့်စားသည်ဆိုခြင်းကလည်း လိုအပ်မှသာ စွန့်စားသင့်သည် မဟုတ်လား။
ကုန်ဆုံးသွားသည့် အချိန် (၈)နှစ်က သူမအတွက် အရေးကြီးသည့် အချိန်ကာလများဖြစ်ခဲ့ပြီး အတော်လေးလည်း ပြောင်းလဲလာခဲ့ည်။ ဤနေရာတွင် သူမကို ကာကွယ်ပေးမည့်သူ မရှိသလို အကြံဉာဏ်ပေးမည့်သူလည်း မရှိပေ။ အရာအားလုံးအတွက် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးခဲ့ရသည်။
ဤနေရာတွင် သူမကြုံတွေ့ရသည့် အန္တရယ်များက ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် တွေ့ကြုံရသည့်အန္တရယ်များနှင့် မိုးနဲ့မြေပမာ ကွာခြားသည်။
"ဘုန်း…"
ရုတ်တရက် တောင်တစ်ဖက်ခြမ်းဆီမှ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
အမှန်ဆိုလျှင် မကြာမီ သူမတို့အုပ်စု ချိန်းဆိုထားသည့် စုရပ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
"ဘယ်သူများလဲ"
အတွေးနှင့်အတူ ဟုန်ယာက အဝေးမှပင် တန်ခိုးစွမ်းအားအသုံးပြုကာ လှမ်းကြည့်လိုက်သည်။
အဋ္ဌမမင်းသားများ ဖြစ်လေမလား။
လုန်မန်က သူတို့ (၄)ယောက်တွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်သည်။ ထို့ကြောင့် အန္တရယ်ကျရောက်ရန် အနည်းဆုံးသူ ဖြစ်သည်။
သို့သော် မကြာမီ နောက်ထပ်ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည့်အတွက် ဟုန်ယာ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုရောင်ဝါက အလွန်အမင်း ကြမ်းတမ်းပြင်းထန်ပြီး သေရည်ဆိုင်မှ ကောင်ငယ်လေး၏ တန်ခိုးစွမ်းအားနှင့် ဆင်တူသည်။
"ရန်သူတွေ ရောက်နေလို့ တိုက်ခိုက်နေတာလား"
ဟုန်ယာက စိတ်ရှုတ်ထွေးသွားသည်။ သို့သော် ကောင်ငယ်လေး၏ အငွေ့အသက်က ရေစင်ဖြိုခွင်းတောင်တန်းမှ ကြောက်မက်ဖွယ်ရာသားရဲများ၏ အငွေ့အသက်နှင့် တူညီခြင်း မရှိပေ။
မဆိုင်းမတွပင် သူမ ရှေ့ဆက်လျှောက်လာခဲ့သည်။
သူမ အလျှင်စလိုတော့ လှုပ်ရှားဝံ့ခြင်း မရှိပေ။ တောနက်ထဲတွင် ဖြစ်လေရာ မည်သည့်အရာမဆို ဖြစ်နိုင်လေသည်။ သူမ အလျှင်လိုလေ အန္တရယ်ကျရောက်ရန် လွယ်ကူလေ ဖြစ်ပေလိမ့်မည်။
အခင်းဖြစ်ရာနှင့် နီးလာသည့်အခါ ဟုန်ယာ မျက်မှောင်ကြုတ်လိုက်မိသည်။ နှစ်ဖက်လုံးမှ တန်ခိုးစွမ်းအားရောင်ဝါများ အားနည်းသွားလေသည်။ ကြည့်ရသည်မှာ တန်ခိုးစွမ်းအားများ အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်နေကြဟန် ရှိသည်။
သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုလား။ မည်သူမှ နောက်ဆုတ်မည့်ဟန် မရှိပေ။
ဟုန်ယာ ချက်ချင်းပင် သူမ၏ခြေလှမ်းများကို အရှိန်မြှင့်တင်လိုက်သည်။ ဤနေရာတွင် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုဖြစ်ခြင်းက ပတ်ဝန်းကျင်တွင် ကွင်းဆက်တုံ့ပြန်မှုများကို အလွယ်တကူ ဖြစ်စေနိုင်သည်။ တစ်ဖက်ဖက်မှ အနိုင်ရခဲ့လျှင်တောင်မှ သားရဲများဝိုင်းလာသည့်အန္တရယ်နှင့် ချက်ချင်းကြုံတွေ့ရဖွယ် ရှိသည်။
သူမ ဆက်လျှောက်လာစဉ်မှာပင် တိုက်ပွဲက ပြီးဆုံးလုနီးပါးဖြစ်သည့်အလား ထိုနေရာတွင် တန်ခိုးစွမ်းအားအတက်အကျများ ပျောက်ကွယ်စပြုလာသည်။
ပြင်းထန်သောရောင်ဝါက သိသိသာသာ အားနည်းသွားသည်ကို ခံစားရသည်။ ကောင်ငယ်လေး ရှုံးနိမ့်ရတော့မည်လား။
ဟုန်ယာက သူမပတ်ဝန်းကျင်မှ တိုက်ပွဲအငွေ့အသက်များကို အာရုံခံလိုက်ရင်း အရှိန်မြှင့်ကာ ရှေ့ဆက်လိုက်သည်။ သူမ တိုက်ပွဲဖြစ်ပွားရာသို့ ချဉ်းကပ်လာသည်။
မကြာမီ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးများ ရောက်လာကြတော့မည် ဖြစ်သည်။ ဘယ်သူပင် အနိုင်ရပါစေ အနိုင်ရသူသည်လည်း လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
ယခု သူမက ပတ်ဝန်းကျင်မှ သားရဲများ သူမကို ရှာတွေ့သွားမည်ကို စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။ တိုက်ပွဲရှိရာသို့သာ အရှိန်မြှင့်လျှက် လျှောက်လာခဲ့သည်။
သူမ ရောက်လာသည်နှင့် အားနည်းဖျော့တော့နေသည့် မြေအောက်နတ်ဆိုးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက ထိုသူကို အရေးမစိုက်ဘဲ တိုက်ပွဲအလယ်ဗဟိုသို့ ဝင်ရောက်လာသည်။
နေရာတစ်ခုလုံးက ပျက်စီးကြေမွနေပြီး အပျက်အစီများအလယ်ရှိ မြေပြင်ထက်တွင် ကောင်ငယ်လေး လဲကျလျှက် ရှိသည်။ ပြင်းထန်လှသည့်ရောင်ဝါက သူ့ခန္ဓာကိုယ်ထက်တွင် မှိန်ဖျော့ဖျော့သာ ကျန်တော့သည်။
ကောင်ငယ်လေးက မတ်တတ်ရပ်ရန် ကြိုးစားနေ၏။ သို့သော် သူ့ခန္ဓာကိုယ်က ရပ်တည်နိုင်စွမ်း မရှိတော့ပေ။ ကြည့်ရသည်မှာ သူလုပ်ရမည့်အလုပ်အများစု ပြီးဆုံးသွားသဖြင့် ခဏမျှ သတိလစ်သွားဟန် ရှိသည်။
ကောင်ငယ်လေးနှင့် မျက်နှာချင်းဆိုင်တွင်တော့ သက်လပ်ပိုင်းလူရွယ်တစ်ယောက် မတ်တတ်ရပ်နေပြီး သူ၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှုများနှင့် ပြည့်နေသည်။
အရူး ၊ ဒီကောင်လေးက အရူးပဲ။
ကောင်လေးသည် ဒဏ်ရာအပြင်းအထန်ရထားသော်လည်း တိုက်ပွဲတွင် အနိုင်ရခဲ့ဟန် ရှိသည်။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်။
တစ်ဖက်လူကိုကြည့်ပြီး ဟုန်ယာ မျက်မှောင်ကြုတ်လိုက်သည်။
ဤနေရာတွင် ရန်သူ (၅)ယောက်ခန့် ရှိခဲ့မည်ဟု သူမ ခန့်မှန်းနိုင်သည်။ (၄)ယောက်က အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
ယခုတော့ (၄)ယောက် အသတ်ခံရပြီး တစ်ယောက်က ဒဏ်ရာအပြင်းအထန် ရရှိထားသည်။
အစစ်အမှန်အင်မော်တယ်၊ နောက်ဆုံးအဆင့်ကျင့်ကြံသူက ထိတ်လန့်တုန်လှုပ်လျှက် ရှိသည်။
တိုက်ပွဲတစ်ခုလုံးကို ကောင်ငယ်လေက တစ်ယောက်တည်း တိုက်ခိုက်ခဲသည်လား။
အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့် မြေအောက်နတ်ဆိုး လော်ကျွင်းက ဇာမဏီမိန်းမပျို ရုတ်တရက်ရောက်လာသည့်အတွက် အံ့အားသင့်သွားပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားသည်။
"ဇာမဏီမျိုးနွယ် ဟုန်ယာပဲ ၊ မးင်း သူ့ဆီက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို မလိုချင်ဘူးလား ၊ အခု ဒီနေရာမှာ ဘယ်သူမှ မရှိဘူး ၊ ဒီကောင်လေးပိုင်ဆိုင်တဲ့ ကံကြမ္မာအခွင့်ကောင်းရောင်ဝါက မင်းရှေ့မှာ ရောက်နေပြီ ၊ ဘာလုပ်ရမယ်ဆိုတာ မင်း နားလည်မှာပါ ၊ ဟုတ်တယ်မလား"
ဟုတ်ပေ၏။
သူမသာ ယခုအချိန် ကောင်ငယ်လေးကို သတ်ဖြတ်လိုက်မည်ဆိုလျှင် ကောင်ငယ်လေးထံမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါများ သူမထံရောက်ရှိလာမည် ဖြစ်သည်။
ဟုန်ယာက လော်ကျွင်းကို တစ်ချက်စိုက်ကြည့်လိုက်ပြီး ကောင်ငယ်လေးဆီသို့ လျှဗာက်သွားလိုက်သည်။
တစ်ဖက်လူပြောသလိုပင် သူမအတွက် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခုကို ထပ်မံရရှိရန် လက်တစ်ကမ်းသာ လိုတော့သည်။ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ပိုမိုရရှိလှင် သူမ၏ အနာဂတ်လမ်းသည် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။
ထို့နောက် သူမလက်ထဲတွင် ဓားရှည်တစ်လက်ပေါ်လာပြီး သူမက ဓားကို တစ်ချက်ဝှေ့ယမ်လးိုက်သည်။
လော်ကျွင်းက ဟုန်ယာကို ကြည့်နေသည်။ အစီအစဉ်က အံ့သြစရာကောင်းလောက်အောင် ချောမွေ့နေသည်ပင်။
သို့သော် ဟုန်ယာက လက်ထဲမှ ဓားရှည်ဖြင့် ရုတ်တရက် သူ့ကို လှမ်းပစ်လိုက်သည်။
ဒဏ်ရာအပြင်းအထန်ရထားသည့် မြေအာက်နတ်ဆိုးမှာ ဓားချက်ကို မခုခံနိုင်ဘဲ လွင့်ထွက်သွားကာ ကျိုးကျနေသည့် သစ်ပင်တစ်ပင်၏ပင်စည်ထက်တွင် သံမှိုဖြင့်ရိုက်လိုက်သည့်ပမာ စိုက်ဝင်သွားသည်။
"ဝှီး"
ဟုန်ယာက ထိုသူကို အရေးမစိုက်တော့ဘဲ ကောင်ငယ်လေးအနားတွင် ထိုင်ချလိုက်သည်။ ဤနေရာက အန္တရယ်များလွန်းသည့်အတွက် သူမ ဆက်မနေနိုင်တော့ပေ။
ကောင်ငယ်လေးကို တွဲထူရန်အတွက် သူ၏လက်ကို ဆုပ်ကိုင်လိုက်စဉ် ဟုန်ယာ၏စိတ်တစ်လုံး ထုံကြဉ်သွားပြီး လက်ကို ပြန်လည်ရုတ်သိမ်းလိုက်ရသည်။
ကောင်ငယ်လေး၏လက်ကို ထိကိုင်လိုက်ခြင်းက သူမကို ထိုသို့ဖြစ်သွားစေခြင်းပင်။
သူမ ကြည့်လိုက်တော့ ကောင်ငယ်လေး၏လက်ထဲတွင် အဖြူရောင်ကြွေပုလင်းတစ်လုံးရှိနေသည်ကို တွေ့လိုက်ရသည်။ ပုလင်းက ကြေမွကွဲအက်နေပြီး အတွင်းမှ အရည်တစ်မျိုးစီးကျလျှက် ရှိ၏။
ထိုဆေးရည်များက သူမစိတ်ကို တုန်လှုပ်သွားစေခြင်း ဖြစ်သည်။
"ဒီဆေးရည်တွေက သူ့အပေါ် သက်ရောက်မှုမရှိပေမယ့် ငါ့ကို ထိခိုက်စေနိုင်တာပဲ ၊ ဒါဆို မြေအောက်နတ်ဆိုးတွေက ငါ့ကို ပစ်မှတ်ထားတာလား"
သူမကို ပစ်မှတ်ထားခြင်းလား။
ဟုန်ယာတွေးလိုက်သည်။
အဖြစ်အပျက်များကို စဉ်းစားရင်း ဟုန်ယာ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။
"လူတွေရဲ့ စိတ်ခံစားချက်တွေက အတော်လေး ရှုတ်ထွေးထာပဲ"
ထို့နောက် သူမက လူငယ်၏လက်ထဲမှ ဆေးရည်များကို မန္တန်ပညာအသုံးပြုကာ ဖယ်ရှားလိုက်သည်။ ထို့နောက် ကောငယ်လေးကို ကျောပိုးရင်း နေရာမှ ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
ထိုအချိန် သစ်ပင်ထက်တွင် သံမှိုဖြင့်နှက်ထားသည့်ပမာ ဓားဖြင့်ထိုးစိုက်ခံထားရသည့် လော်ကျွင်းက မေးခွန်းထုတ်လာသည်။
"ဟုန်ယာသခင်မလေး ၊ မင်း ရောက်လာတဲ့အချိန် မင်း ဝင်မပါဘဲတစ်နေရာမှာ ပုန်းနေလို့ ရတာပဲ ၊ ကျုပ်က ကောင်လေးကို သတ်ဖြတ်ပြီးတဲ့အထိ စောင့်နေပြီးမှ မင်းထွက်လာပြီး ကောင်လေးအတွက် လက်စားချေတဲ့အနေနဲ့ ကျုပ်ကို သတ်ဖြတ်လိုက်လို့ ရတာပဲ ၊ ဒါပေမဲ့ မင်း ဘာလို့ အဲဒီလိုမလုပ်ဘဲ ဒီကောင်လေးကို ကယ်တင်ရတာလဲ"
ထိုသူပြောသလို သူမ ပုန်းအောင်းနေပြီး ကောင်ငယ်လေးသေသည့်အချိန်ကျမှ မြေအောက်နတ်ဆိုးကို သတ်ဖြတ်မည်ဆိုလျှင် ကောင်ငယ်လေးအတွက် လက်စားချေရာလည်း ရောက်သလို ကံကြမ္မာအခွင့်ကောင်းရောင်ဝါကိုလည်း သူမ ရရှိမည် ဖြစ်သည်။
ကောင်ငယ်လေးကို သတ်ဖြတ်ပြီး ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရယူထားသည့် လော်ကျွင်းကို သတ်ဖြတ်ခြင်းဖြင့် သူမက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို အဆုံးသတ် သိမ်းပိုက်နိုင်မည် ဖြစ်၏။
ထိုသို့ဆိုလျှင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကိုလည်း ရရှိမည်ဖြစ်သလို ကောင်ငယ်လေးကို သတ်ဖြတ်သည့်တရားခံလည်း ဖြစ်လာတော့မည် မဟုတ်ပေ။
ဟုန်ယာက ထိုသူကို လှည့်ကြည့်လိုက်ရင်း...
"သူက ကျွန်မအပေါ် ထူးဆန်းတဲ့ ခံစားချက်တွေရှိနေတယ် ၊ လူသားတွေရဲ့စကားအရဆိုရင် သူက ကျွန်မကို သဘောကျနေတယ်"
သွေးများရွှဲနစ်နေသည့် ကြားမှ လော်ကျွင်းက ရယ်မေလာလိုက်သည်။
"လက်စသတ်တော့ သူက မင်းကို သဘောကျနေတာကိုး ၊ ဒါကြောင့် ကျုပ်တို့က မင်းကိုရှင်းပစ်ဖို့ ပြောပြီးတာနဲ့ အရူးတစ်ယောက်လို ပြေးထွက်လာတာ မအံ့သြတော့ပါဘူး ၊ ဒါပေမဲ့ သူ မင်းကို သဘောကျနေတယ်ဆိုတာက သူ့ကိစ္စပဲ ၊ မြင့်မြတ်တဲ့ ဇာမဏီနတ်သမီးဟုန်ယာက သူ့လို သာမန်လူသားတစ်ယောက်ကို သဘောကျနိုင်ပါ့မလား"
ဟုန်ယာက...
"သဘောမကျပါဘူး"
လော်ကျွင်းက...
"ဒါဖြင့် ဘာလို့ သူ့ကိုကယ်တင်ရတာလဲ"
သူ့အမေးစကားမဆုံးခင်မှာပင် ဟုန်ယာက အဖြေပေးလိုက်သည်။
"ကျွန်မက လူသားတစ်ယောက် မဟုတ်ဘူး ၊ ဒါကြောင့် ရှုတ်ထွေးတဲ့ ခံစားချက်တွေ မရှိသလို ဘယ်သူနဲ့မှလည်း လက်ထပ်မှာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ တစ်နေ့မှာ တစ်စုံတစ်ယောက်ကို လက်ထပ်ဖို့ လိုအပ်လာခဲ့ရင် တခြားတစ်ယောက်ကိုတော့ လက်ထပ်မှာမဟုတ်ဘူး ၊ ဒီတစ်ယောက်ကိုပဲ လက်ထပ်မှာသေချာပါတယ်"
ပြောပြီးသည်နှင့် ဟုန်ယာလှည့်ထွက်သွားတော့သည်။
လော်ကျွင်းကတော့ ကောင်ငယ်လေးကို ခေါ်ဆောင်ပြီးထွက်ခွာသွားသည့် ဟုန်ယာကို မှင်တက်စွာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်။
အဖြစ်အပျက်များကို ကြည့်နေသည့် ကျန်းလန်ကတော့ ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်မိ၏။
"သနားစရာကောင်းလိုက်တာ ၊ ဒီစကားတွေကို ဟိုကောင်လေး မကြားနိုင်ရှာဘူး"
ကောင်ငယ်လေးကို ကိုယ်စားပြုသည့်အလင်းစက်လေး အားနည်းမှိန်ဖျော့သွားချိန်တွင် ကျန်းလန်က ချက်ချင်း ချိတ်ဆက်ကြည့်ရှုလိုက်ခြင်း ဖြစ်သည်။
ထို့နောက် ကောင်ငယ်လေး တိုက်ခိုက်နေသည်ကို သူ ကြည့်နေခဲ့သည်။
သို့သော် ကောင်ငယ်လေးက အကူအညီမေတာင်းသည့်အတွက် ကျန်းလန်က အကူအညီမပေးသေးဘဲ သူ့စွမ်းသူ့စဖြင့် တိုက်ခိုက်ခွင့်ပေးထားခဲ့သည်။ နောက်ဆုံးအခိုက်အတန့်ရောက်မှသာ ကူညီရန် ဆုံးဖြတ်ထားသည်။
သို့ပေသိ နောက်ဆုံးအခိုက်အတန့် မရောက်ခင်မှာပင် ဟုန်ယာ ရောက်ရှိလာခဲ့သည်။
အစပိုင်းတွင် သူတွေးထင်ထားသည်မှာ ဟုန်ယာက တွန့်ဆုတ်နေသည့်တိုင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရယူလိမ့်မည်ဟူ၍ ဖြစ်သည်။ မရယူဘူးဆိုလျှင် သေရည်ဆိုင်ပိုင်ရှင်ကို ကြောက်ရွံ့သောကြောင့် ဖြစ်ပေလိမ့်မည်။
သို့သော် သူ့အထင် မှားယွင်းသွားခဲ့သည်။
ဟုန်ယာသည် ကောင်ငယ်လေးကို မချစ်သည့်အတွက် သူတို့နှစ်ယောက် ချစ်သူများ ဖြစ်လာနိုင်မည် မဟုတ်ပေ။
သို့ပေသိ ကောင်ငယ်လေးသာ သူမပြောသည့်စကားများကို ကြားသွားပါက အပျော်လုံးဆို့ပြီး အနည်းဆုံးတော့ အဋ္ဌမမင်းသားကို ကြွားဝါပြောဆိုနိုင်မည် ဖြစ်သည်။
ကောင်ငယ်လေး သတိလစ်နေခြင်းမရှိလျှင် ဟုန်ယာကလည်း ထိုသို့သောစကားများကို ပြောဆိုမည် မဟုတ်ပေ။ ကောင်ငယ်လေး မကြာားနိုင်သောကြေင့်သာ သူမကလည်း ထိုစကားများကို ပြောပြလိုက်ခြင်း ဖြစ်၏။
ထိုအချိန် ကြောက်မက်ဖွယ်ရား သားရဲကြီးများ ရောက်ရှိလာပြီး လောင်ကျွင်းကို တစ်စစီကိုက်ဖြတ်ပစ်လိုက်ကြသည်။
မြေအာက်နတ်ဆိုးသေဆုံးသွားကြောင်း အတည်ပြုပြီးမှ ကျန်းလန်က ဟုန်ယာနှင့် ကောင်ငယ်လေးအခြေအနေကို ကြည့်လိုက်သည်။
ကြောက်မက်ဖွယ်ရာသားရဲကြီးများသည် ဟုန်ယာနောက်သို့ အပြင်းအထန် လိုက်နေကြသည်။ ဤသည်က ကောင်းသည့်ကိစ္စ မဟုတ်ပေ။
ထို့ကြောင့် သူက တိုက်ရိုက်မတိုက်ခိုက်သော်လည်း အနည်းငယ် ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။
***
သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေသည့် အဋ္ဌမမင်းသားမှာ ရုတ်တရက် လက်သီးနတ်ဘုရားမှ ဆက်သွယ်လာသည်ကို သိလိုက်ရသည်။
ထို့နောက် သူ၏ စိတ်အာရုံထဲတွင် သတင်ပေးပို့ချက် မြင်ကွင်းများ ဝင်ရောက်လာသည်။
ကောင်ငယ်လေးက ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီး ဟုန်ယာက သူ့ကိုကျောပိုးကာ သားရဲများအန္တရယ်မှ လွတ်မြောက်အောင် ပြေးလွှားလျှက် ရှိသည်။
"အမလေး များလိုက်တဲ့ သားရဲတွေ ၊ ငါ သွားကူညီမှ ဖြစ်မယ်ထင်တယ် ၊ တော်သေးတယ် သူတို့ရှိနေတဲ့နေရာက ငါနဲ့သိပ်မဝေးလို့ ၊ ဒီကောင်စုတ်လေးကတော့ မိန်းမတစ်ယောက်အတွက်နဲ့ သေလုမျောပါးဒဏ်ရာတွေ ရလာပြန်ပြီ"
လုန်မန် ရေရွတ်လိုက်သည်။
ကောင်ငယ်လေး အဘယ့်ကြောင့် ဒဏ်ရာများ ရရှိသည်ကို မပြောလည်း သိပြီးသားပင်။
ကောင်ငယ်လေးက သာမန်လူတစ်ယောက်မဟုတ်သူလို ငတုံးတစ်ယောက်လည်း မဟုတ်ပေ။
ယခုကဲ့သို့ ဒဏ်ရာအပြင်းအထန် ရရှိထားခြင်းမှာ ဇာမဏီကောင်မလေးကို ကာကွယ်ပေးပြီး တိုက်ပွဲဝင်ခဲ့သောကြောင့်ဖြစ်သည်မှာ သေချာသည်။
"ဒီကောင်က ဇာမဏီကောင်မလေးကို အထိမခံနိုင်ဖြစ်နေတာ ၊ ကြာရင် ဟိုက ရန်သူနဲ့တွေ့ရင်တောင် တိုက်ခိုက်ရဲမှာ မဟုတ်တော့ဘူး"
ထိုသို့တွေးပြီးသည်နှင့် အဋ္ဌမမင်းသားသည် လျှပ်စီးအသွင်းပြောင်းလဲသွားပြီး အရှေ့ဆီသို့ ပြေးထွက်သွားသည်။
လုန်မန် အမြန်ပြေးထွက်သွားသည်ကို တွေ့ရပြီးနောက် ကျန်းလန်က သူတို့ကို အရေးမစိုက်တော့ပေ။
ချီလင်ကောင်မလေးကတော့ တောင်နှင့်ပင်လယ်ကြေးမုံမှန်မှတစ်ဆင့် သူမကို ဆက်သွယ်နိုင်သည်။
သို့သော်…
သူမက တောင်ကို မဖြတ်ကျော်နိုင်ဖြစ်နေသည်။
သူမ၏ တန်ခိုးစွမ်းအား နည်းပါးခြင်းကြေင့်မဟုတ်ဘဲ မျက်စိလည်လမ်းပျောက်နေသောကြောင့် ဖြစ်သည်။
ကူညီစရာရှိသည်များကို ကူညီပေးပြီးနောက် ကျန်းလန် သူတို့အားလုံးထံမှ အကြည့်များကို ရုတ်သိမ်းလိုက်သည်။
သေရည်ဆိုင်ပိုင်ရှင်သည်လည်း သူ့လိုပင် ကြည့်နေမည်လား မပြောတတ်ပေ။
ကောင်ငယ်လေးသည် အားလုံးထဲတွင် အန္တရယ်အများဆုံးဖြစ်သလို တန်ဖိုးအရှိဆုံးလည်း ဖြစ်သည်။
သို့သော် ကောင်ငယ်လေး ဒုက္ခရောက်တိုင်း သေရည်ဆိုင်ပိုင်ရှင်က ထွက်ပေါ်လာလေ့ မရှိသလို ထင်ရှားသည့်အကူအညီများကိုလည်း မပေးခဲ့ပေ။
ကျန်းလန် ထူးဆန်းသည့် ခံစားချက်တစ်ခု ခံစားမိသော်လည်း ထိုအချက်ကို အာရုံစိုက်ရန် မလိုပေ။
သူ (၂)နှစ်ကြာ တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသွားပြီးနောက် အများအမြင်တွင် အစစ်အမှန်အင်မော်တယ်တစ်ယောက် ဖြစ်လာတော့မည် ဖြစ်သည်။
ကောင်ကင်ဘုံတံခါးရှိရာသို့ သွားရောက်ကြည့်ရှုရပေတော့မည်။
***