ပါရမီရှင်
Vol. 37 Ch. 513
သူက အစီအရင်ဖွဲ့စည်းမှုကို ဖြည့်စွက်ရန် ကြိုးပမ်းမည်ဆိုပါက သူက အစီအရင်၏ ဗဟိုမဏ္ဍိုင်ဖြစ်လာမည် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက သူ့ကိုပိုပြီး နားလည်လာစေမည် ဖြစ်သည်။ သို့သော် အမှောင်ထု၏ဖိအားကို သူ တောင့်ခံနိုင်ရန် လိုအပ်သည်။
ထိုအမှောင်ထုက ရုပ်ပိုင်းဆိုင်ရာ ဖိအားမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာဖိအား ဖြစ်သည်။ သူ ဂူထဲသို့ဝင်လာစဉ်က ခံစားရသည့် ခံစားချက်နှင့် အတူတူပင် ဖြစ်သည်။
ထိုဖိအားကို တောင့်မခံနိုင်လျှင် သူ ပျက်စီးသွားမည် ဖြစ်သည်။ ခံနိုင်ရည်ရှိမည်ဆိုလျှင် အစီအရင်ကို ဖြည့်စွက်နိုင်သည့်အပြင် အစီအရင်ကို ပို၍လည်း နားလည်လာမည် ဖြစ်သည်။
တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ စတင်လုပ်ဆောင်တော့သည်။
***
စောင့်နေကြသူများကတော့ စကားပြောနေကြသည်။
"နှစ်တွေအများကြီးကြာနေပြီ ၊ ဒီဂိုဏ်းတူမောင်လေးက အခုထိ မတ်တတ်ရပ်နေတုန်းပဲ ၊ သူ ဘာလုပ်နေတာလဲ"
"တန်ခိုးစွမ်းအားမြင့်မားသူတွေရဲ့လောကကို ငါတော့ သိပ်နားမလည်ဘူး ၊ မင်းတို့နားလည်ကြလား"
"မင်းသာ နားလည်တယ်ဆိုရင် ငါနဲ့ ဒီနေရာမှာ စကားပြောနေဦးမှာလား"
"အမှန်ပဲ ၊ တော်တော်ပျော့ညံ့တာပဲ"
"……"
နောက်တစ်ယောက်က သက်ပြင်းချလိုက်သည်။
"ဘယ်တော့ အပြောင်းအလဲဖြစ်မလဲ မသိဘူး ၊ ဒီအတိုင်းဆက်သွားရင် ကျုပ်ရဲ့ ခံနိုင်ရည်တေါ လျော့နည်းသွားလိမ့်မယ် ၊ သူ့ကို မေးကြည့်ရင်ကောင်းမလား"
နောက်တစ်ယောက်က စကားပြန်မပြောနိုင်ခင်မှာပင် အလင်းတန်းတစ်ခုက ရုတ်တရက် တောက်ပလာသည်။ ကျန်းလန်၏ ခြေထောက်အောက်ရှိ အစီအရင်မှ အလင်းရောင်တောက်ပလာခြင်း ဖြစ်၏။
မြင်ကွင်းကိုတွေ့မြင်ရသူတိုင်း ထိတ်လန့်သွားကြသည်။
နောက်ဆုံးတော့…
ထူးခြားမှုတစ်ခုခု ရှိလာခဲ့ပြီ။
သို့သော် မကြာမီ သူတို့အားလုံး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ အစီအရင်က အလင်းရောင်တောက်ပနေပြီး ထိုအရာက ကျယ်ပြန့်လာသည်ဟု သူတို့ ခံစားရသည်။ အစီအရင်က အတော်ဝေးဝေးသို့ပင် ကျယ်ပြန့်သွားသည်။
"ဒီလိုလုပ်ဖို့ ခွင့်ပြုထားလို့လား ၊ လင်အန်းဘယ်ရောက်သွားလဲ"
တစ်စုံတစ်ယောက်က ရုတ်တရက် မေးလိုက်သည်။
လင်အန်းက ချက်ချင်းပင် အနောက်ဘက်မှ စကားပြန်ပြောလိုက်သည်။
"ကျွန်တော် အနောက်မှာ ရှိပါတယ် ဂိုဏ်းတူအစ်ကို ၊ ဆရာပြောတာက သူ ဘာတွေပဲလုပ်လုပ် မနှောက်ယှက်ရဘူးတဲ့"
သူတို့ ဝင်ရောက်နှောက်ယှက်စရာမလိုပေ။
အမှန်တော့ တောင်သခင် (၅)ယောက် ကျောက်ဂူအပြင်ဘက်တွင် စောင့်ကြပ်နေကြလေသည်။ ပဉ္စမတောင်ထွတ်၏ တောင်သခင်မလည်းရှိနေလေရာ ပြဿနာတစ်ခုခု ရှိလာပါက သူမကကူညီမည် ဖြစ်သည်။
အဋ္ဌမတောင်ထွတ်မှတောင်သခင်နှင့် တတိယတောင်ထွတ်မှ တောင်သခင်မတို့လည်း ရှိနေကြလေရာ ပြဿနာဖြစ်လာပါက ရင်ဆိုင်နိုင်မည်ဖြစ်သည်။
ထိုသို့ပင် မျှော်လင့်ရသည်။
တပည့်တစ်ယောက်က…
"ကြည့်စမ်း ၊ ဂိုဏ်းတူညီလေးကျန်းလန်က အစီအရင်တွေကို ပေါင်းစပ်နေတယ်"
နောက်တစ်ယောက်က…
"အဲဒါတင်မဟုတ်ဘူး ၊ သူက အစီအရင်တွေကို ကျယ်ပြန့်အောင် ချဲ့ထွင်နေသေးတာ"
သူတို့ အံ့သြတုန်လှုပ်သွားကြသည်။
ဤသည်က ကြီးမားသည့် သက်ရောက်မှုတစ်ခု ဖြစ်လာနိုင်လေသည်။
***
အခြားနေရာများတွင်လည်း အစီအရင်ကို ပြင်ဆင်နေကြသူ တပည့်အနည်းငယ် ရှိနေလေသည်။
သူတို့ထဲမှတစ်ယောက်က…
"နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးကျန်းလန် ဒီကိုရောက်နေတာ (၅)နှစ်တောင်ရှိပြီ ၊ ဒါပေမဲ့ ဘာမှလည်း မလုပ်သေးဘူး ၊ သူ ဘာတွေအစီအစဉ်ဆွဲနေလဲ သိချင်လိုက်တာ"
မိန်းကလေးကျင့်ကြံသူတစ်ယောက်က…
"သူက ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ ယောကျ်ားမဟုတ်လား ၊ ကျွန်မတော့သူ့ကို တွေ့ချင်လိုက်တာ"
သူမက ကျန်းလန် ပြုလုပ်မည့်အစီအရင်ထက် ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ ယောကျ်ားက မည်သို့ရှိမည်ကို စိတ်ဝင်စားနေသည်။
သို့သော် ထိုခဏမှာပင် သူတို့လုပ်နေသည့်အလုပ်များကို တစ်စုံတစ်ယောက်က ကြားဝင်နှောက်ယှက်လိုက်သည်ကို နားလည်လိုက်ကြသည်။
အစီအရင်က တောက်ပလာရုံသာမက စတင်လှုပ်ရှားလာသည်။
"ဘာဖြစ်တာလဲ"
သူတို့အားလုံး အနည်းငယ် အံ့သြမှင်တက်သွားကြသည်။ ထို့နောက် ချက်ချင်းပင် ပြဿနာကိုရှာဖွေပြီး တားဆီးရန် ကြိုးစားလိုက်ကြသည်။
သို့သော် သူတို့ လှုပ်ရှားရန်ဟန်ပြင်လိုက်သည်နှင့် တစ်စုံတစ်ယောက်က ပြေးလာပြီး…
"အားလုံးပဲ ၊ နောက်ပြန်ဆုတ်ကြတော့"
အားလုံး မေးခွန်းပင်မမေးကြဘဲ ချက်ချင်း ထွက်ခွာသွားကြသည်။
ကောင်းကင်ဂူထဲတွင် နောက်ပြန်ဆုတ်ခိုင်းခြင်းသည် တစ်စုံတစ်ခု မှားယွင်းနေသောကြောင့် ဖြစ်လေရာ တုံ့ဆိုင်းမနေဘဲ ထွက်ခွာမှသာ အန္တရယ်ကင်းမည် ဖြစ်၏။ ပြဿနာကြီးသည်လား သေးသည်လား စဉ်းစားနေရန် မလိုအပ်ပေ။
အခြားဘက်တွင်လည်း ယန်လင်တို့ (၃)ယောက်မှာ ပုံရိပ်ယောင်အစီအရင်ကို ချိုးဖျက်ရန် ကူညီပေးနေကြသည်။ သို့သော် သူတို့ဘက်ခြမ်းတွင်လည်း အစီအရင်က ရုတ်တရက် ပြောင်းလဲသွားကြောင့် ခံစားလိုက်ရသည်။
ထို့နောက် လူတစ်ယောက်ရောက်လာပြီး သူတို့ကို ပြန်လည်ဆုတ်ခွာကြရန် ပြောဆိုလေသည်။ သူတို့ (၃)ယောက်လည်း တစ်ချက်ပင်မတုံ့ဆိုင်းဘဲ ထွက်ခွာလာခဲ့ကြသည်။
ပြဿနာဖြစ်လျှင် ချက်ချင်းပြန်လည်ဆုတ်ခွာခြင်းက အန္တရယ်ကင်းသည်။ ထွက်ခွာသွားပြီးသည့်နောက် အခြေအနေကို အကြမ်းဖျင်း နားလည်သွားကြသည်။
နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုက အစီအရင်ကို ချဲ့ထွင်နေခြင်း ဖြစ်ဟန်တူသည်။
ခဏကြာပြီးနောက်…
သူတို့ ကျန်းလန် ရှိသည့်နေရာသို့ ရောက်ရှိလာသည်။
ယန်လင်က…
"ဂိုဏ်းတူအစ်ကို ဘာလုပ်နေတယ်လို့ ထင်လဲ"
ဟန်ချီက…
"မသိဘူးလေ ၊ ဒါပေမဲ့ ငါတို့နားမလည်တာတစ်ခုခု လုပ်နေတာတော့ သေချာတယ်"
မေလိကတော့ မည်သည့်စကားမှမဆိုဘဲ ကြည့်ရုံသာ ကြည့်နေလေသည်။
ထိုအရာက တုန်လှုပ်စရာကောင်းလှသည်။ ထိုမျှ တုန်လှုပ်စရာကိစ္စကြီးဖြစ်သွားခြင်းက တကယ်ပဲ ပြဿနာမရှိဘူးလား။
သူတို့ရောက်လာစဉ်က အစီအ၇င်ကို မိုက်ရူးရဲဆန်စွာ ချဲ့ထွင်ခြင်းမပြုလုပ်ရန် သတိပေးထားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းက အသက်အန္တရယ်ရှိသည်ဟု ဆိုသည်။
ထိုခဏတွင် ကျန်းလန်က အစီအရင်ထဲတွင် မတ်တတ်ရပ်လျှက် စတင်တောက်ပလာသည်။ သူက အစီအရင်များကို ပေါင်းစပ်နေဟန် ရှိသည်။
ဟန်ချီက အနည်းငယ် အံ့အားသင့်သွားပြီး…
"ဂိုဏ်းတူအစ်ကိုက သူ့ကိုယ်သူ အစီအရင်ရဲ့ ဗဟိုမဏ္ဍိုင်အဖြစ် အသုံးပြုနေတာလား"
ပထမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုတစ်ယောက်က…
"ဟုတ်တယ် ၊ အဲဒါ တကယ်အန္တရယ်များတယ် ၊ တစ်ခုခုဖြစ်လာနိုင်တယ် ၊ အားလုံးပဲ အပြောင်းအလဲဖြစ်လာရင် ခုခံနိုင်အောင် ပြင်ဆင်ထားကြဟေ့"
လူတိုင်းက ချက်ချင်းပင် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ထားလိုက်ကြသည်။
ထိုခဏတွင် အစီအရင်ထဲတွင် မတ်တတ်ရပ်နေသည့် ကျန်းလန်မှာ အထဲမှအရာအားလုံးကို ခံစား၍ရနေသည်။ သူ ပညာများစွာနှင့် နားလည်မှုများစွာ ရရှိခဲ့သည့်တိုင် လုံလောက်ခြင်း မရှိသေးပေ။ ထို့ကြောင့် အစီအရင်ထဲတွင် အချိန်အနည်းငယ် ထပ်မံနေထိုင်ခဲ့သည်။
သူကိုယ်တိုင်က အစီအရင်တစ်ခု ဖြစ်လာသည်ဟု ခံစားရပြီး အစီအရင်နှင့်သက်ဆိုင်သည့် ဝိညာဉ်စွမ်းအားဖိနှိပ်မှုတစ်ခုက သူ့ခန္ဓာကိုယ်ထက်သို့ ကျရောက်လာသည်။
ထိုအရာက ကြီးမားသည့်တောင်ကြီးတစ်လုံးပမာ ၊ အဆုံးမရှိသည့် ပင်လယ်ပြင်တစ်ခုပမာ ဖြစ်သည်။ ထိုမျှမက သူ့ကို ဖျက်စီးပစ်တော့မည့် မုန်တိုင်းတစ်ခုအလား ထင်မှတ်ရသည်။
မိုးကောင်းကင်တစ်ခုလုံး ပြိုကျလာသည့်အလား ခံစားလိုက်ရသည့်တိုင် ကျန်းလန်၏ စိတ်အစဉ်က ပုံမှန်အတိုင်း တည်ငြိမ်လျှက်ရှိသည်။
***
ထိုခဏတွင် ကျောက်ဂူထဲတွင် ကျန်းလန်ကို ကြည့်နေကြသူများသည် အမှောင်ထုထဲမှထွက်ပေါ်လာသည့် ဖိအားတစ်ခုကို ခံစားလိုက်ကြရသည်။
ထိုဖိအားက မုန်တိုင်းတစ်ခုပမာ ကောင်းကင်ထက်မှ သမုဒ္ဒရာကြီးတစ်စင်း ဆင်းသက်လာသည့်အလား ဖြစ်သည်။ မိုးကောင်းကင်ပြိုကျလာသည့်အလား သူတို့အားလုံး ခံစားလိုက်ကြရသည်။
အားလုံးက သိချင်သွားကြသော်လည်း ခေါင်းမော့ကြည့်ရန် မတတ်နိုင်ဘဲ ခက်ခဲနေကြသည်။ သို့သော် ထိုဖိအားကြီး ကျရောက်လာသည်ကို သူတို့အားလုံး ခံစားနေကြရသည်။
"ဘုန်း"
ကျယ်လောင်သည့်အသံကို မကြားရသည့်တိုင် ခံစားလိုက်မိကြသည်။
အစီအရင်နှင့်ဝေးရာတွင်ရှိနေသည့်သူတို့ပင်လျှင် ခံနိုင်ရည်မရှိဘဲ လဲပြိုသွားကြရလေရာ ဖိအားတစ်ခုလုံးကို တောင့်ခံပေးထားသည့် ကျန်းလန်အနေဖြင့် ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်သည် မဟုတ်လား။
ထိုစဉ်…
ရေစီးဆင်းသံများထွက်ပေါ်လာသည်ကို အားလုံးကြားလိုက်ကြရပြီး ကြောက်မက်ဖွယ်ရာဖိအားကြီးက ထူးဆန်းစွာပင် ပျောက်ဆုံးသွားသည်။
သူတို့ လှမ်းကြည့်လိုက်ကြသည့်အခါ အစီအရင်ထဲတွင် မားမားမတ်မတ် ရပ်တည်နေသည့် ကျန်းလန်ကို တွေ့မြင်လိုက်ကြရသည်။
မူလကောင်းကင်ဂူက ပြောင်းလဲသွားပြီး မြေပြင်က ရေပြင်အဖြစ် ပြောင်းလဲသွားသည်။ ရေကတည်ငြိမ်စွာစီးဆင်းနေပြီး လှိုင်းတစ်ချက်လှုပ်ခတ်နေခြင်းပင် မရှိပေ။
တည်ငြိမ်သည့်ရေပြင်ရှေ့တွင် မုန်တိုင်းတစ်ခုနှင့် သမုဒ္ဒရာကြီးတစ်ခုကို တွေ့မြင်ရသည်။ သို့သော် ထိုအရာများအားလုံးကို လူတစ်ယောက်က ပိတ်ဆို့ထားသည်။
အခြားသူမဟုတ် ၊ ကျန်းလန်ပင် ဖြစ်၏။
သူက တည်ငြိမ်စွာပင် မတ်တတ်ရပ်နေသည်။
ထိုမြင်ကွင်းက အားလုံးကို အံ့သြတုန်လှုပ်သွားစေသည်။ နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးကျန်းလန်သည် ဖိအားကြီးတစ်ခုလုံးကို သူ၏ စိတ်စွမ်းအားဖြင့် တွန်းလှန်ဖိနှိပ်ထားခြင်း ဖြစ်သည်။
"ဘုရားရေ…"
"မင်း အခု သူ့ကို သွားမေးချင်သေးလား ၊ တစ်ခုခုပြောစမ်းပါဦးကွာ"
"သေလေ…"
***
တောင်တက်လမ်းတစ်ဝက်ရှိ ခန်းမဆောင်ထဲတွင်တော့ မြောင်ယွဲ့က ကောင်းကင်ဂူရှိရာသို့ လှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
"ပါရမီရှင်ပဲ…"
မြောင်ယွဲ့က မော့ကျန်းသုန့်ကို ကြည့်လိုက်ရင်း…
"သူက အစီအရင်ကို အပြင်ဘက်က ဖြည့်စွက်ပြုပြင်လိုက်တာမဟုတ်ဘဲ အတွင်းပိုင်းက ဖြည့်စွက်ပြုပြင်လိုက်တာပဲ ၊ ဂိုဏ်းတူအစ်ကို… ကျန်းလန်ကို ပဉ္စမတောင်ထွတ်ကို ပို့လိုက်ပါတော့လား"
သူတို့အားလုံး (၅)နှစ်တိတိ ဤနေရာတွင် ရှိနေခဲ့ကြသည်။ တစ်ယောက်မှ မပြန်ခဲ့ကြပေ။ နောက်ထပ်နှစ်အနည်းငယ် စောင့်ရလျှင်ပင် သူတို့ စောင့်နိုင်ကြသည်။
မော့ကျန်းသုန့်က တည်ကြည်သည့်မျက်နှာထားဖြင့်…
"ဂိုဏ်းတူညီမလေးက လာနောက်နေပြန်ပြီ…"
သူ့မှာ ဒီတပည့်လေးတစ်ယောက်သာ ရှိလေရာ အဘယ်မှာ ပထမတောင်ထွတ်သို့ ပို့နိုင်ပါမည်နည်း။
ဖုန်းယီရှောက်က…
"ဂိုဏ်းတူညီမလေး ၊ နောက်ထပ် ဘာဆက်ဖြစ်မယ်လို့ထင်လဲ"
အစီအရင်ပညာတွင် မည်သည့်တောင်သခင်မှ မြောင်ယွဲ့ကို မမီကြပေ။ မြောင်ယွဲ့သာလျှင် ကျန်းလန်၏အဆင့်ကို သိရှိနိုင်သည်။
မြောင်ယွဲ့က ခေါင်းခါယမ်းလိုက်ရင်း…
"ကျွန်မလည်း မသိဘူး ၊ အဲဒါက ကျန်းလန်ရဲ့ အမြင်နဲ့ပဲဆိုင်တယ်"
အခြားသူများ မည်သည့်စကားမှ ဆက်မပြောကြတော့ပေ။
အဝေးတစ်နေရာတွင်ရှိနေသည့် လုန်ယွိကတော့ ပြဿနာမရှိနိုင်ကြောင်း ခံစားနေရသည်။
ဆရာဒေါ်လေးမြောင်ယွဲ့က ကျန်းလန်၏ အမြင်နှင့်ပင်သက်ဆိုင်သည်ဟု ဆိုသည်။ အခြားအရာများကို ဘေးဖယ်ထားပြီး ကျန်းလန်၏ အမြင်ကိုတွေးကြည့့်မည်ဆိုလျှင် အလွန်ပင်ထူးခြားသာလွန်ကြောင်း သူမ နားလည်သည်။
သူမ၏ဂိုဏ်းတူမောင်လေးသည် အချိန်ပြည့် ဉာဏ်အလင်းပွင့်နေသူ ဖြစ်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်လည်း လူအထင်ကြီးအောင် လုပ်ပြနိုင်ဦးမည် ဖြစ်သည်။
သို့သော်…
အောင်မြင်မှုက ကြီးမားလာသည့်အခါ ကျန်းလန်တစ်ယောက် လျှို့ဝှက်စွာဖြင့် ဆက်လက်ပုန်းအောင်းနေနိုင်ပါတော့မည်လားဟု သူမ သိချင်နေမိလေသည်။
***